{
  "language": "mya",
  "source": "Burmese2021Bible.xml",
  "verses": [
    {
      "book": 1,
      "chapter": 1,
      "verse": 1,
      "text": "အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 2,
      "text": "မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 4,
      "text": "ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​ခွဲ​ထား​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 5,
      "text": "အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အမည်​ဖြင့်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်ဦး​နှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 6,
      "text": "တ​စ်​ဖန်​ဘု​ရား​သ​ခင်​က ရေ​အ​လယ်​၌ မိုး​မျက်​နှာ​ကြက်​ဖြစ်​စေ၊ ရေ​နှင့် ရေ​ချင်း​ခြား​နား​စေ​ဟု အ​မိန့်​တော်​ရှိ​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 7,
      "text": "မိုး​မျက်​နှာ​ကြက်​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​၍၊ မိုး​မျက်​နှာ​ကြက်​အောက်​၌​ရှိ​သော​ရေ​နှင့်၊ မိုး​မျက်​နှာ​ကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်း​ခြား​တော်​မူ​သည်​အ​တိုင်း ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 8,
      "text": "မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 9,
      "text": "တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မိုး​ကောင်း​ကင်​အောက်​၌​ရှိ​သော ရေ​စု​ဝေး​စေ၊ ကုန်း​ပေါ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 10,
      "text": "ကုန်း​ကို​မြေ​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ရေ​စု​ဝေး​ရာ​ကို ပင်​လယ်​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 11,
      "text": "တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​ကို​ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း၊ ပေါက်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 12,
      "text": "မြေ​သည်​မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​မျိုး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မိ​မိ​၌ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 13,
      "text": "ထို​အ​မှု​အ​ရာ​ကောင်းသည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့်နံ​နက်​သည် တ​တိ​ယ​နေ့​ရက် ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 14,
      "text": "တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့်ည​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိ​မိတ်​လ​က္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 15,
      "text": "မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌​တည်​၍ မြေ​ကြီး​လင်း​စ​ရာ အ​လင်း​အိမ်​ဖြစ်​စေ​ဟု၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 16,
      "text": "ထို​သို့ ဘု​ရား​သ​ခင်​သည် အ​လင်း​အိမ်​ကြီး နှစ်​လုံး​တည်း​ဟူ​သော၊ နေ့​ကို​အုပ်​စိုး​ရ​သော​အ​ကြီး​တ​စ်​လုံး၊ ည​ကို​အုပ်​စိုး​ရ​သော အ​ငယ်​တ​စ်​လုံး​နှင့်​တ​ကွ ကြယ်​များ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 17,
      "text": "မြေ​ကြီး​၌ လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​နှင့် ည​ကို​အုပ်​စိုး​၍ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ ဘု​ရား​သ​ခင် ထား​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 18,
      "text": "ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 19,
      "text": "ညဉ့်​ဦး​နှင့် နံ​နက်​သည် စ​တု​တ္ထ​နေ့​ရက်​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 20,
      "text": "တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 21,
      "text": "ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 22,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ များ​ပြား​စွာ မွေး​ဖွား​ကြ​လော့။ ပင်​လယ်​ရေ​များ​ကို ပြည့်​စေ​ကြ​လော့။ ငှက်​တို့​လည်း မြေ​ပေါ်​၌ များ​ပြား​စေ​သ​တည်း​ဟု ထို​တိ​ရ​စ္ဆာန်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍၊"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 23,
      "text": "ညဉ့်​ဦး​နှင့် နံ​နက်​သည် ပ​ဥ္စ​မ​နေ့​ရက်​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 24,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် အ​သက်​ရှင်​သော​သ​တ္တ​ဝါ​မျိုး​တည်း​ဟူ​သော သားယဉ်​တို့​ကို​လည်း​ကောင်း၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​မျိုး​တို့​ကို​လည်း​ကောင်း၊ မွေး​ဖွား​စေ​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 25,
      "text": "ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 26,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​တို့​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီတ​သ​ဏ္ဌာန်​တည်း လူ​ကို ဖန်​ဆင်း​ကြ​စို့။ သူ​သည် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ သားယဉ်​တို့​ကို​လည်း​ကောင်း၊ မြေ​တ​စ်​ပြင်​လုံး​နှင့်​တ​ကွ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အုပ်​စိုး​စေ​ဟု အ​မိန့်​တော်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 27,
      "text": "ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 28,
      "text": "အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 30,
      "text": "မြေ​သား၊ မိုး​ကောင်း​ကင်​ငှက်၊ အသက်​ရှင်​၍ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​စား​စ​ရာ​ဖို့၊ မြက်​ပင်​အ​မျိုး​မျိုး​တို့​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 1,
      "verse": 31,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 1,
      "text": "ထို​သို့ ကောင်း​ကင်​မြေ​ကြီး​နှင့်​တ​ကွ၊ ခပ်​သိမ်း​သော​တန်​ဆာ​တို့​သည် ပြီး​စီး​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 2,
      "text": "သ​တ္တ​မ​နေ့​ရက်​ရောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် ဖန်​ဆင်း​သော​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ခဲ့​ပြီး​သည်​ဖြစ်၍၊ ဖန်​ဆင်း​သ​မျှ​သော အ​မူ​အ​ရာ​တို့​သည် ပြီး​စီး​ပြီး​မှ၊ ထို​သ​တ္တ​မ​နေ့​၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 3,
      "text": "ထို​သ​တ္တ​မ​နေ့​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍ သန့်​ရှင်း​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပြီး​စီး​သော​ကြောင့်၊ ထို​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 4,
      "text": "ဤ​အ​ကြောင်း​အ​ရာ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော​နေ့၊ ဖန်​ဆင်း​ရာ​ကာ​လ၌ ကောင်း​ကင်​နှင့် မြေ​ကြီး​၏ မူ​လ​အ​တ္ထု​ပ္ပ​တ္တိ​ပေ​တည်း။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 5,
      "text": "မြေ​၌ လယ်​ယာ​ပျိုး​ပင်​မ​ပေါက်​မီ၊ လယ်​ယာ​၌​စ​ပါး​ပင်​မ​ကြီး​ပွား​မီ၊ အ​ပင်​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ပေါ်​၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး။ မြေ၌​လုပ်​သော​လူ​လည်း မ​ရှိ​သေး​သည်​ဖြစ်​၍၊"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 6,
      "text": "မြေ​မှ​အ​ခိုး​အ​ငွေ့​ထွက်​သ​ဖြင့် မြေ​တစ်​ပြင်​လုံး​ကို စို​စေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 7,
      "text": "ထို​နောက်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​မှုန့်​ဖြင့် လူ​ကို​ဖန်​ဆင်း​၍၊ သူ၏​နှာ​ခေါင်း​ထဲ​သို့ ဇီ​ဝ​အ​သက်​ကို​မှုတ်​တော်​မူ​လျှင်၊ လူ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 8,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း အ​ရှေ့​မျက်​နှာ၊ ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​လျှင်၊ ဖန်​ဆင်း​တော်​မူ​သော​လူ​ကို ထို​ဥ​ယျာဉ်​၌ နေ​ရာ​ချ​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 9,
      "text": "ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 10,
      "text": "ထို​ဥ​ယျာဉ်​ကို စို​စေ​လို​သော​ငှာ မြစ်​တစ်​မြစ်​သည် ဧ​ဒင်​အ​ရပ်​ထဲ​က​စီး​ထွက်​သ​ဖြင့်၊ ဥ​ယျာဉ်​ပြင်​မှာ လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေး​သွယ်​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 11,
      "text": "ပ​ထ​မ​မြစ်​ကား ဖိ​ရှုန်​အ​မည်​ရှိ၏။ ထို​မြစ်​သည် ရွှေ​ရှိ​သော ဟာ​ဝိ​လ​ပြည်​နား တစ်​လျှောက်​လုံး​ကို စီး​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 12,
      "text": "ထို​ပြည်​မှ​ဖြစ်​သော​ရွှေ​သည် ကောင်း​လှ​၏။ ဗ​ဓေ​လ​သစ်​စေး​နှင့် ရှ​ဟံ​ကျောက်​လည်း​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 13,
      "text": "ဒု​တိ​ယ​မြစ်​ကား ဂိ​ဟုန်​အ​မည်​ရှိ​၏။ ထို​မြစ်​သည် ကု​ရှ​ပြည်​နား​တစ်​လျှောက်​လုံး​ကို စီး​သွား​လေ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 14,
      "text": "တ​တိ​ယ​မြစ်​ကား ဟိ​ဒ​ကေ​လ​အ​မည်​ရှိ၏။ ထို​မြစ်​သည် အာ​ရှု​ရိ​တိုင်း အ​ရှေ့​သို့​စီး​သွား​လေ၏။ စ​တု​တ္ထ​မြစ်​ကား ဥ​ဖ​ရတ်​အ​မည်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 15,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ယူ၍ ဧ​ဒင်​ဥ​ယျာဉ်​ကို ပြု​စု​စောင့်​ရှောက်​စေ​ခြင်း​ငှာ ထား​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 16,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​မှ​တစ်​ပါး၊ ထို​ဥ​ယျာဉ်​၌ ရှိ​သ​မျှ​သော​အ​ပင်​တို့​၏​အ​သီး​ကို သင်​သည်​စား​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 17,
      "text": "ထို​အ​ပင်၏​အ​သီး​ကို​ကား မ​စား​ရ။ စား​သော​နေ့​တွင် ဧ​ကန်​အ​မှန်​သေ​ရ​မည်​ဟု လူ​ကို​ပ​ညတ်​ထား​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 18,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 19,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 20,
      "text": "ထို​သို့​လူ​သည် သား​ယဉ်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက် အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​မည်​ပေး၍​မှည့်​လေ၏။ သို့​သော်​လည်း လူ​နှင့်​တော်​သော​အ​ထောက်​အ​မ မ​ပေါ်​မ​ရှိ​သေး။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 21,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​စေ​တော်​မူ​၍၊ လူ​သည် အိပ်​ပျော်​စဉ်၊ နံ​ရိုး​တစ်​ချောင်း​ကို ဘု​ရား​သ​ခင်​ထုတ်​ပြီး​လျှင်၊ ထို​အ​ရိုး​အ​စား​အ​သား​ကို စေ့​စပ်​စေ​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 22,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 23,
      "text": "လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 24,
      "text": "ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 2,
      "verse": 25,
      "text": "ထို​သူ​လင်​မ​ယား​နှစ်​ဦး​တို့​သည် အ​ဝတ်​မ​ဝတ်​ဘဲ​နေ၍၊ ရှက်​ကြောက်​ခြင်း​နှင့်​ကင်း​လွတ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 1,
      "text": "မြွေ​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော မြေ​တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် လိ​မ္မာ​သည်​ဖြစ်​၍၊ မိန်း​မ​အား၊ သင်​တို့​သည် ဥ​ယျာဉ်၌​ရှိ​သ​မျှ​သော​အ​ပင်​တို့၏​အ​သီး​ကို​မ​စား​ရ​ဟု ဧ​ကန်​စင်​စစ် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​လော​ဟု မေး၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 2,
      "text": "မိန်း​မ​က​လည်း၊ ငါ​တို့​သည် ဥ​ယျာဉ်၌​ရှိ​သော​အ​ပင်​တို့၏ အ​သီး​ကို​စား​ရ​သော အ​ခွင့်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 3,
      "text": "ဥ​ယျာဉ်​အ​လယ်၌​ရှိ​သော အ​ပင်၏​အ​သီး​ကို​ကား၊ သင်​တို့​သည် မ​ကိုင်​မ​စား​ဘဲ နေ​ကြ​လော့။ သို့​မ​ဟုတ်​သေ​မည်​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ​သည်​ဟု မြွေ​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 4,
      "text": "မြွေ​က​လည်း၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​သေ​ရ​မည်​မ​ဟုတ်။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​အ​သီး​ကို​စား​သော​နေ့၌ သင်​တို့​သည် မျက်​စိ​ပွင့်​လင်း​လျက် ကောင်း​မ​ကောင်း​ကို​သိ၍၊ ဘု​ရား​သ​ခင်​ကဲ့​သို့ ဖြစ်​ကြ​လ​တ္တံ့​သည်​ကို၊ ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဟု မိန်း​မ​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 6,
      "text": "ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 7,
      "text": "ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 8,
      "text": "နေ​ဧ​သော​အ​ချိန်​တွင်၊ ထို​ဥ​ယျာဉ်၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​တော်​မူ​သော​အ​သံ​ကို လူ​လင်​မ​ယား​တို့​သည်​ကြား​လျှင်၊ အ​ထံ​တော်​မှ​လွတ်​ခြင်း​ငှာ၊ ဥ​ယျာဉ်​အ​ပင်​တို့​တွင် ပုန်း​ကွယ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 9,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ လူ​ကို​ခေါ်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 10,
      "text": "လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သင်​အား​အ​ဘယ်​သူ​ပြော​သ​နည်း။ မ​စား​ရ​ဟု ငါ​ပ​ညတ်​သော အ​ပင်၏​အ​သီး​ကို​စား​ပြီ​လော​ဟု မေး​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 12,
      "text": "လူ​က​လည်း ကျွန်​တော်၌​အပ်​ပေး​တော်​မူ​သော မိန်း​မ​သည် ထို​အ​ပင်၏​အ​သီး​ကို​ပေး၍ ကျွန်​တော်​စား​မိ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 13,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း​ဟု မိန်း​မ​အား​မေး​တော်​မူ​လျှင်၊ မိန်း​မ​က မြွေ​သည် ကျွန်​တော်​မ​ကို​လှည့်​စား၍၊ ကျွန်​တော်​မ​သည်​စား​မိ​ပါ​ပြီ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 14,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြွေ​ကို​ခေါ်၍ သင်​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့်၊ သား​ယဉ်​သား​ရဲ​အ​ပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံ​ရ၏။ သင်​သည် ဝမ်း​ဖြင့်​သွား၍ မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 15,
      "text": "သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 16,
      "text": "မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 17,
      "text": "ယောက်ျား​ကို​လည်း၊ ထို​အ​ပင်၏​အ​သီး​ကို​မ​စား​ရ​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​သည်​မ​ယား၏​စ​ကား​ကို​နား​ထောင်၍ စား​မိ​သော​ကြောင့်၊ မြေ​သည် သင်၏​အ​တွက် ကျိန်​ခြင်း​ကို ခံ​လျက်​ရှိ၏။ မြေ၏​အ​သီး​ကို တစ်​သက်​ပတ်​လုံး ပင်​ပန်း​စွာ စား​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 18,
      "text": "ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း သင်​အ​ဖို့ မြေ​ပေါက်​စေ​မည်။ လယ်၌​ဖြစ်​သော ဟင်း​သီး​ဟင်း​ရွက်​တို့​ကို သင်​စား​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 19,
      "text": "သင်​ထွက်​ရာ​မြေ​သို့​မ​ပြန်​မီ​တိုင်​အောင်၊ သင်၏​မျက်​နှာ​မှ​ချွေး​ထွက်​လျက် အ​စာ​ကို​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​မြေ​မှုန့်​ဖြစ်၍ မြေ​မှုန့်​သို့ ပြန်​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 20,
      "text": "ထို​အ​ခါ​လူ​သည် မိ​မိ​မ​ယား​ကို ဧ​ဝ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် အ​သက်​ရှင်​သော သူ​အ​ပေါင်း​တို့၏​အ​မိ ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 21,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း၊ လူ​လင်​မ​ယား​ဖို့​သား​ရေ​ဖြင့် ၀တ်​လုံ​ကို​လုပ်၍ ဝတ်​ခြုံ​စေ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 22,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ လူ​သည် ငါ​တို့​တွင် တစ်​ပါး​ပါး​ကဲ့​သို့​ဖြစ်၍၊ ကောင်း​မ​ကောင်း​သိ​တတ်၏။ ယ​ခု​မှာ သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း​ငှာ၊ လက်​ကို​ဆန့်​လျက် အ​သက်​ပင်၏​အ​သီး​ကို​ယူ၍ မ​စား​သင့်​ဟု မိန့်​တော်​မူ၍၊"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 23,
      "text": "လူ​သည် မိ​မိ​ထွက်​သော​မြေ၌​လုပ်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​က လွှတ်​လိုက်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 3,
      "verse": 24,
      "text": "ထို​သို့​လူ​ကို​နှင်​ထုတ်​ပြီး​လျှင်၊ အ​သက်​ပင်​လမ်း​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ်​တို့​ကို ဥ​ယျာဉ်​အ​ရှေ့​ဘက်၌ ထား​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 1,
      "text": "ထို​နောက်၊ လူ​အာ​ဒံ​သည် မ​ယား​ဧ​ဝ​နှင့်​ဆက်​ဆံ​သ​ဖြင့်၊ ဧ​ဝ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​၍၊ ကာ​ဣ​န​ကို​ဖွား​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​လူ​ကို​ငါ​ရ​ပြီ​ဟု ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 2,
      "text": "တစ်​ဖန် သူ့​ညီ​အာ​ဗေ​လ​ကို ဖွား​မြင်​လေ၏။ အာ​ဗေ​လ​ကား သိုး​ထိန်း​ဖြစ်၏။ ကာ​ဣ​န​ကား လယ်​လုပ်​သော​သူ​ဖြစ်​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 3,
      "text": "အ​ချိန်​စေ့​သော​အ​ခါ၊ ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​ပူ​ဇော်​သ​ကာ​ဖို့၊ မြေ​အ​သီး​ကို​ဆောင်​ခဲ့​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 4,
      "text": "အာ​ဗေ​လ​သည်​လည်း၊ မိ​မိ​သိုး​စု​တွင် အ​ဦး​ဖွား​သော​သား​အ​ချို့​နှင့်၊ သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗေ​လ​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို​ပ​မာ​ဏ ပြု​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 5,
      "text": "ကာ​ဣ​န​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာ​ဣ​န​သည်​အ​လွန်​စိတ်​ဆိုး၍ မျက်​နှာ​ပျက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ဆိုး​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ပျက်​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 7,
      "text": "သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 8,
      "text": "ကာ​ဣ​န​က​လည်း လယ်​သို့​သွား​ကြ​ကုန်​အံ့​ဟု ညီ​အာ​ဗေ​လ​ကို​ခေါ်​၍၊ လယ်​သို့​ရောက်​သော​အ​ခါ၊ ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု၍​သတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း သင့်​ညီ​အာ​ဗေ​လ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ကာ​ဣ​န​ကို​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​စောင့်​ရ​သော​သူ​ဖြစ်​ပါ​သ​လော​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ သင်​ညီ​အ​သွေး၏​အ​သံ​သည် မြေ​ထဲ​က ငါ့​ကို​အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 11,
      "text": "သို့​ဖြစ်၍ သင့်​ညီ၏​အ​သွေး​ကို​ခံ​ယူ​ခြင်း​ငှာ၊ မိ​မိ​ပါး​စပ်​ကို​ဖွင့်​သော မြေ​ကြီး၏​ကျိန်​ခြင်း​ကို သင်​သည်​ခံ​ရ​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 12,
      "text": "ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 13,
      "text": "ကာ​ဣ​န​က​လည်း၊ အ​ကျွန်ုပ်​အ​ပြစ်​သည် မ​ဖြေ​နိုင်​အောင်​ကြီး​ပါ​သ​လော။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 14,
      "text": "အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ ကာ​ဣ​န​ကို​သတ်​သော​သူ​မည်​သည်​ကား၊ ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ကာ​ဣ​န​ကို​တွေ့​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​သတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၌​အ​မှတ်​ပေး​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 16,
      "text": "ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 17,
      "text": "ထို​အ​ခါ​ကာ​ဣ​န​သည် မိ​မိ​မ​ယား​နှင့် ဆက်​ဆံ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ဧ​နောက်​ကို​ဖွား​မြင်​လေ​၏။ ကာ​ဣ​န​သည်​လည်း မြို့​ကို​တည်၍ မိ​မိ​သား၏​အ​မည်​အ​လိုက်၊ ထို​မြို့​ကို​ဧ​နောက်​မြို့​ဟု သ​မုတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 18,
      "text": "ဧ​နောက်​သား​ကား၊ ဣ​ရဒ်၊ ဣ​ရဒ်​သား​ကား၊ မ​ဟု​ယေ​လ၊ မ​ဟု​ယေ​လ​သား​ကား၊ မ​သု​ရှ​လ၊ မ​သု​ရှ​လ​သား​ကား၊ လာ​မက်​တည်း။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 19,
      "text": "လာ​မက်​သည်၊ အာ​ဒ​နှင့် ဇိ​လ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​နှင့် အိမ်​ထောင်​ဖက်​ပြု​၍၊"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 20,
      "text": "အာ​ဒ​သည် သား​ယာ​ဗ​လ​ကို​ဖွား​မြင်​လေ၏။ ထို​သား​ကား၊ တဲ၌​နေ​သော​သူ၊ သိုး​နွား​စ​သည်​တို့​ကို မွေး​သော​သူ​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 21,
      "text": "ယု​ဗ​လ​အ​မည်​ရှိ​သော​ညီ​မူ​ကား၊ စောင်း​မျိုး၊ နှဲ​ခ​ရာ​မျိုး​တို့​ကို တီး​မှုတ်​တတ်​သော​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဆ​ရာ​ဖြစ်​လေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 22,
      "text": "ဇိ​လ​သည်​လည်း၊ သား​တု​ဗ​လ​ကာ​ဣ​န​ကို ဖွား​မြင်​လေ၏။ သူ​သည် ပန်း​တဉ်း​သ​မား၊ ပန်း​ပဲ​သ​မား​အ​ပေါင်း​တို့၏​ဆ​ရာ​ဖြစ်​လေ၏။ တု​ဗ​လ​ကာ​ဣ​န၏​နှ​မ​ကား၊ နေ​မ​အ​မည်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 23,
      "text": "လာ​မက်​က​လည်း၊ အာ​ဒ​နှင့် ဇိ​လ၊ ငါ​ပြော​သံ​ကို​မှတ်​ကြ​လော့။ လာ​မက်​မ​ယား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ငါ့​ကို​ထိ​ခိုက်​သော လူ​တစ်​ယောက်​တည်း​ဟူ​သော၊ ငါ့​ကို​ညှဉ်း​ဆဲ​သော​လူ​ပျို​တစ်​ယောက်​ကို ငါ​သတ်​ခဲ့​ပြီ။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 24,
      "text": "ကာ​ဣ​န​သည် ခု​နစ်​ဆ​သော​တ​ရား​ကို​ရ​လျှင်၊ အ​ကယ်၍​လာ​မက်​သည်၊ အ​ဆ​ခု​နစ်​ဆယ် ခု​နစ်​ဆ​သော​တ​ရား​ကို ရ​လိမ့်​မည်​ဟု မိ​မိ​မ​ယား​တို့​ကို​ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 25,
      "text": "အာ​ဒံ​သည်​လည်း မိ​မိ​မ​ယား​နှင့် တစ်​ဖန်​ဆက်​ဆံ​ပြန်​လျှင်၊ မ​ယား​သည် သား​ကို​ဖွား​မြင်၍၊ ရှေ​သ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​သတ်​သော အာ​ဗေ​လ​ကိုယ်​စား၊ တစ်​ပါး​သော​အ​နွယ်​ကို အ​ကျွန်ုပ်​အ​ဖို့ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 4,
      "verse": 26,
      "text": "ရှေ​သ​သည်​လည်း သား​ကို​ရ​၍ ဧ​နုတ်​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​အ​မှီ​ပြု၍ ကိုး​ကွယ်​စ​ပြု​ကြ​လေ​၏၊"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 1,
      "text": "အာ​ဒံ၏​သား​စဉ်​မြေး​ဆက် စာ​ရင်း​ဟူ​မူ​ကား၊ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကာ​လ၌၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 2,
      "text": "လူ​ယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း၍၊ ကောင်း​ချီး​ပေး​တော်​မူ၏။ ဖန်​ဆင်း​သော​နေ့၌​လည်း သူ​တို့​ကို အာ​ဒံ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 3,
      "text": "အာ​ဒံ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော်၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တ​သ​ဏ္ဌာန်​တည်း​သား​ကို​မြင်​ရ၍၊ ရှေ​သ​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 4,
      "text": "ရှေ​သ​ကို ဖွား​မြင်​သော​နောက် အာ​ဒံ​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 5,
      "text": "အာ​ဒံ​သည် အ​သက်​နှစ်​ပေါင်း ကိုး​ရာ​သုံး​ဆယ်​စေ့​သော် သေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 6,
      "text": "ရှေ​သ​သည် အ​သက်​တစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ သား​ဧ​နုတ်​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 7,
      "text": "ဧ​နုတ်​ဖွား​မြင်​သော​နောက်၊ ရှေ​သ​သည် အ​နှစ်​ရှစ်​ရာ​ခု​နစ်​နှစ်​အ​သက်​ရှင်​၍၊ သား​သ​မီး​များ​ကို​မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 8,
      "text": "ရှေ​သ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​တစ်​ဆယ်​နှစ်​နှစ်​စေ့​သော် သေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 9,
      "text": "ဧ​နုတ်​သည် အ​သက်​ကိုး​ဆယ်​ရှိ​သော်၊ သား​ကာ​ဣ​နန်​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 10,
      "text": "ကာ​ဣ​နန်​ဖွား​မြင်​သော​နောက်၊ ဧ​နုတ်​သည် အ​နှစ်​ရှစ်​ရာ​တစ်​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 11,
      "text": "ဧ​နုတ်​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ငါး​နှစ်​စေ့​သော် သေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 12,
      "text": "ကာ​ဣ​နန်​သည် အ​သက်​ခု​နစ်​ဆယ်​ရှိ​သော်၊ သား​မ​ဟာ​လေ​လ​ကို မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 13,
      "text": "မ​ဟာ​လေ​လ​ဖွား​မြင်​သော​နောက်၊ ကာ​ဣ​နန်​သည် အ​နှစ်​ရှစ်​ရာ​လေး​ဆယ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 14,
      "text": "ကာ​ဣ​နန်​သည်၊ အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​တစ်​ဆယ်​စေ့​သော် သေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 15,
      "text": "မ​ဟာ​လေ​လ​သည် အ​သက်​ခြောက်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​ယာ​ရက်​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 16,
      "text": "ယာ​ရက်​ဖွား​မြင်​သော​နောက်၊ မ​ဟာ​လေ​လ​သည် အ​နှစ်​ရှစ်​ရာ​သုံး​ဆယ်​အ​သက်​ရှင်​၍ သား​သ​မီး​များ​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 17,
      "text": "မ​ဟာ​လေ​လ​သည် အ​သက်​နှစ်​ပေါင်း​ရှစ်​ရာ​ကိုး​ဆယ်​ငါး​နှစ်​စေ့​သော် သေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 18,
      "text": "ယာ​ရက်​သည် အ​သက်​တစ်​ရာ​ခြောက်​ဆယ်​နှစ်​နှစ်​ရှိ​သော် သား​ဧ​နောက်​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 19,
      "text": "ဧ​နောက်​ဖွား​မြင်​သော​နောက် ယာ​ရက်​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်​၍ သား​သ​မီး​များ​ကို​မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 20,
      "text": "ယာ​ရက်​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ခြောက်​ဆယ်​နှစ်​နှစ်​စေ့​သော် သေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 21,
      "text": "ဧ​နောက်​သည် အ​သက်​ခြောက်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​မ​သု​ရှ​လ​ကို မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 22,
      "text": "မ​သု​ရှ​လ​ဖွား​မြင်​သော​နောက်၊ ဧ​နောက်​သည် အ​နှစ်​သုံး​ရာ​ပတ်​လုံး ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 23,
      "text": "ဧ​နောက်​အ​သက်​နှစ်​ပေါင်း​သုံး​ရာ​ခြောက်​ဆယ်​ငါး​နှစ်​တည်း။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 24,
      "text": "ဧ​နောက်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။ နောက်​တစ်​ဖန် သူ​သည်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် သိမ်း​ယူ​တော်​မူ​သော​ကြောင့်​တည်း။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 25,
      "text": "မ​သု​ရှ​လ​သည် အ​သက်​တစ်​ရာ​ရှစ်​ဆယ်​ခု​နစ်​နှစ်​ရှိ​သော်၊ သား​လာ​မက်​ကို မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 26,
      "text": "လာ​မက်​ဖွား​မြင်​သော​နောက်၊ မ​သု​ရှ​လ​သည် အ​နှစ်​ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 27,
      "text": "မ​သု​ရှ​လ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ခြောက်​ဆယ်​ကိုး​နှစ်​စေ့​သော် သေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 28,
      "text": "လာ​မက်​သည် အ​သက်​တစ်​ရာ​ရှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် သား​ကို​မြင်၍၊"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 29,
      "text": "ဤ​သူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​သော​မြေ၌​လုပ်၍၊ ပင်​ပန်း​စွာ​ခံ​ရ​သော​ငါ​တို့​အား သက်​သာ​စေ​သော​သူ​ဖြစ်​လိမ့်​မည်​ဟူ၍၊ သူ့​ကို နော​ဧ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 30,
      "text": "နော​ဧ​ဖွား​မြင်​သော​နောက်၊ လာ​မက်​သည် အ​နှစ်​ငါး​ရာ​ကိုး​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 31,
      "text": "လာ​မက်​သည် အ​သက်​နှစ်​ပေါင်း ခု​နစ်​ရာ​ခု​နစ်​ဆယ်​ခု​နစ်​နှစ်​စေ့​သော် သေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 5,
      "verse": 32,
      "text": "နော​ဧ​သည် အ​သက်​ငါး​ရာ​ရှိ၏။ နော​ဧ​သား​ကား၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 1,
      "text": "မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ လူ​တို့​သည်​များ​ပြား၍ သ​မီး​များ​ကို​လည်း ရ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်၏​သား​တို့​သည် လူ​သ​မီး​တို့​လှ​ကြောင်း​ကို​မြင်၍၊ ကိုယ်​စိတ်​ရှိ​သည်​အ​တိုင်း စုံ​ဖက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ဝိ​ညာဉ်​သည် လူ​တို့​တွင်​အ​စဉ်​မ​ဆုံး​မ​ရ။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည်​အ​သား​ဖြစ်၏။ သူ၏​အ​သက်​တမ်း​သည်​လည်း၊ အ​နှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 4,
      "text": "ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 5,
      "text": "မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 6,
      "text": "မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သည်​ကို နောင်​တ​ရ၍၊ နှ​လုံး​တော်​ပူ​ပန်​လျက် ရှိ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ဖန်​ဆင်း​သော​လူ​ကို​လည်း​ကောင်း၊ လူ​မှ​စ၍ သား​များ၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​များ၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို​လည်​ကောင်း မြေ​ကြီး​မျက်​နှာ​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​ကို ဖန်​ဆင်း​သော​ကြောင့် ငါ​နောင်​တ​ရ​သည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 8,
      "text": "နော​ဧ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 9,
      "text": "နော​ဧ​အ​တ္ထု​ပ္ပ​တ္တိ​ဟူ​မူ​ကား၊ နော​ဧ​သည် ဖြောင့်​မတ်​သော​သူ၊ မိ​မိ​အ​မျိုး၌​စုံ​လင်​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 10,
      "text": "နော​ဧ​သည်၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော သား​သုံး​ယောက်​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 11,
      "text": "ထို​အ​ခါ မြေ​ကြီး​သည်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ပုပ်​စပ်​လျက်​ရှိ၏။ မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ကို​ကြည့်​ရှု​သော​ခါ၊ ပုပ်​စပ်​လျက်​ရှိ​သည်​ကို မြင်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ဖောက်​ပြန်​ခြင်း​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 13,
      "text": "ထို​အ​ခါ ဘု​ရား​သ​ခင်​သည်၊ နော​ဧ​အား မိန့်​တော်​မူ​သည်​ကား၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​အ​ဆုံး​သည် ငါ့​မျက်​မှောက်​တွင် ပေါ်​လာ​ပြီ။ သူ​တို့​ကြောင့် မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ အ​ကယ်​စင်​စစ် မြေ​ကြီး​နှင့်​တ​ကွ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 14,
      "text": "ဂေါ​ဖ​ရ​သစ်​သား​ဖြင့်၊ သင်္ဘော​ကို ကိုယ်​ဖို့​တည်​လုပ်​လော့။ အ​ထဲ၌​လည်း အ​ခန်း​များ​ကို​လုပ်​လော့။ အ​တွင်း၊ ပြင်၊ ပတ်​လည်​ကို ထင်း​ရှူး​စေး​နှင့် သုတ်​လော့။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 15,
      "text": "လုပ်​ရ​မည်​ပုံ​ဟူ​မူ​ကား၊ သင်္ဘော​အ​လျား​အ​တောင်​သုံး​ရာ၊ အ​နံ​အ​တောင်​ငါး​ဆယ်၊ အ​မြင့်​အ​တောင်​သုံး​ဆယ်​ရှိ​စေ​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 16,
      "text": "အ​ပေါ်၌​လည်း​အ​မိုး​ကို​လုပ်​ရ​မည်။ ထို​အ​မိုး​အ​ပေါ်​အ​လယ်​ချက်၌၊ ထိပ်​အုပ်​အ​နံ​တစ်​တောင်​အ​ကျယ် ရှိ​စေ​ရ​မည်။ သင်္ဘော​နံ​တစ်​ဖက်၌​လည်း တံ​ခါး​ကို​လုပ်​ရ​မည်။ အောက်​ဆင့်၊ အ​လယ်​ဆင့်၊ အ​ပေါ်​ဆင့်​ဟူ၍၊ သုံး​ဆင့်​ကို​လည်း ရှိ​စေ​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 17,
      "text": "အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 18,
      "text": "သင်၌​မူ​ကား၊ ငါ့​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သင်​သည် သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 19,
      "text": "အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​ထဲ​က၊ အ​ထီး​အ​မ၊ အ​စုံ​တို့​ကို​ယူ၍၊ သင်​နှင့်​အ​တူ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင်္ဘော​ထဲ​သို့ သွင်း​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 20,
      "text": "ငှက်​လည်း​အ​မျိုး​အ​လိုက်၊ သား​လည်း​အ​မျိုး​အ​လိုက်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​လည်း အ​မျိုး​အ​လိုက်၊ အ​ထီး​အ​မ၊ အ​စုံ​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 21,
      "text": "ကိုယ်​စား​စ​ရာ​အ​ဖို့၊ တိ​ရ​စ္ဆာန်​တို့​စား​စ​ရာ​အ​ဖို့၊ စား​အပ်​သော အ​စာ​အ​မျိုး​မျိုး​ကို​ယူ၍ သို​ထား​ရ​မည်​ဟု၊ ဘု​ရား​သ​ခင် မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 6,
      "verse": 22,
      "text": "မှာ​ထား​တော်​မူ​သည်​အ​တိုင်း​လည်း နော​ဧ​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 1,
      "text": "ထို​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် နော​ဧ​ကို တစ်​ဖန်​မိန့်​တော်​မူ​ပြန်​သည်​ကား၊ ဤ​ကာ​လ​အ​မျိုး​တွင် သင်​သည် ငါ့​ရှေ့၌​ဖြောင့်​မတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဖြစ်၍၊ သင်၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့ ဝင်​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 2,
      "text": "မြေ​ကြီး​ပေါ်​မှာ တိ​ရ​စ္ဆာန်​အ​မျိုး​မ​ပျက်​ဆက်​နွယ်​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင် အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ မ​စင်​ကြယ်​သော သား​မျိုး၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​နှစ်​စုံ​စီ၊"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 3,
      "text": "မိုး​ကောင်း​ကင်​ငှက်၊ တစ်​မျိုး​တစ်​မျိုး​တွင်​လည်း အ​ထီး​အ​မ​ခု​နစ်​စုံ​စီ၊ အ​သီး​အ​သီး​တို့​ကို သိမ်း​ယူ​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ယ​နေ့​မှ​စ၍ ခု​နစ်​ရက်​စေ့​လျှင်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​သို့ မိုး​ရွာ​စေ​မည်။ ငါ​ဖန်​ဆင်း​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှ ငါ​ပယ်​ရှင်း​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 5,
      "text": "မှာ​ထား​တော်​မူ​သည်​အ​တိုင်း​လည်း နော​ဧ​ပြု​လေ​၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 6,
      "text": "မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​သော​အ​ခါ၊ နော​ဧ​သည် အ​သက်​ခြောက်​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 7,
      "text": "ရေ​လွှမ်း​မိုး​ခြင်း​ဘေး​ကြောင့်၊ နော​ဧ​သည် မိ​မိ သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်၍၊"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ ငှက်​များ​နှင့် မြေ​ပေါ်​မှာ​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​အ​ထဲ​က၊"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 9,
      "text": "အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 10,
      "text": "ခု​နစ်​ရက်​စေ့​သော​အ​ခါ၊ လွှမ်း​မိုး​အပ်​သော​ရေ​သည် မြေ​ပေါ်၌​ပေါ်​လာ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 11,
      "text": "နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 12,
      "text": "အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ​မိုး​ရွာ​လေ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 13,
      "text": "ထို​နေ့​ရက်​တွင်၊ နော​ဧ​နှ​င့် မိ​မိ​မ​ယား​မှ​စ၍ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော နော​ဧ​သား​သုံး​ယောက်၊ ချွေး​မ​သုံး​ယောက်​တို့​သည် သင်္ဘော​ထဲ​သို့​ဝင်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 14,
      "text": "သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ ပျံ​တတ်​သော​ကြက်​ငှက်​မျိုး၊"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 15,
      "text": "အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​အ​စုံ​တို့​သည်၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ​သို့​ဝင်​ကြ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 16,
      "text": "ထို​သို့​နော​ဧ​ကို ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဝင်​သော​တိ​ရ​စ္ဆာန်​တို့​သည်၊ ခပ်​သိမ်း​သော​တိ​ရ​စ္ဆာန်​တို့​အ​ထဲ​က၊ အ​ထီး​အ​မ​စုံ​လျက်​ဝင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ နော​ဧ​ကို အ​ထဲ​မှာ​ပိတ်​ထား​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 17,
      "text": "ရေ​လွှမ်း​မိုး​ခြင်း​သည်၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မြေ​ကြီး​ပေါ်​မှာ အ​စဉ်​အ​တိုင်း​တိုး​တက်၍၊ သင်္ဘော​ကို မြေ​မှ​ခွာ​လျက် ဆောင်​ယူ​လေ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 18,
      "text": "တစ်​ဖန်​ရေ​သည်​အား​ကြီး၍၊ မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​တက်​သ​ဖြင့်၊ သင်္ဘော​သည် ရေ​မျက်​နှာ​ပေါ်၌ မျော​လျက်​နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 19,
      "text": "နောက်​တစ်​ဖန်​ရေ​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​အား​ကြီး​သ​ဖြင့်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​တောင်​ကြီး​အ​ပေါင်း​တို့​သည် မြုပ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 20,
      "text": "ရေ​မြုပ်​သော​တောင်​တို့​အ​ထက်၌ လွှမ်း​တက်​သော​ရေ​သည် ဆယ်​ငါး​တောင်​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 21,
      "text": "မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့် လူ​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 22,
      "text": "အ​သက်​ရှူ​လျက် ကုန်း​ပေါ်​မှာ​ရှိ​လေ​သ​မျှ​တို့​သည် သေ​ကြ​ကုန်​၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 23,
      "text": "မြေ​မျက်​နှာ​ပေါ်၌ ရှိ​သော​လူ​ဖြစ်​စေ၊ သား​ဖြစ်​စေ၊ တွား​တတ်​သော​အ​ရာ​ဖြစ်​စေ၊ မိုး​ကောင်း​ကင်​ငှက်​ဖြစ်​စေ၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​ရှိ​သ​မျှ​တို့​ကို မြေ​ကြီး​ပေါ်​က​ပယ်​ရှင်း​တော်​မူ၍၊ ပျက်​စီး​ကွယ်​ပျောက်​ခြင်း​သို့ ရောက်​ကြ​ကုန်၏။ နော​ဧ​မှ​စ၍ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော​သူ​တို့​သာ ကျန်​ကြွင်း​ကြ​လေ၏။"
    },
    {
      "book": 1,
      "chapter": 7,
      "verse": 24,
      "text": "ရေ​သည်​လည်း မြေ​ကြီး​ပေါ်​မှာ၊ ရက်​ပေါင်း တစ်​ရာ​ငါး​ဆယ်​ပတ်​လုံး အား​ကြီး​စွာ​တည်​လေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​သည်၊ နော​ဧ​မှ​စ၍ အ​သက်​ရှင်​သ​မျှ​သော​သ​တ္တ​ဝါ၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​အောက်​မေ့၍၊ မြေ​ကြီး​ပေါ်​မှာ လေ​လာ​စေ​တော်​မူ​သ​ဖြင့် ရေ​ငြိမ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 2,
      "text": "နက်​နဲ​ရာ​ရေ​ပေါက်​ရေ​တွင်း​များ၊ မိုး​ကောင်း​ကင်​ပြွန်​ဝ​များ​ကို ဆို့​ပိတ်၍၊ မိုး​ကို​စဲ​စေ​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 3,
      "text": "ရေ​သည်​လည်း မြေ​ပေါ်​မှာ အ​စဉ်​အ​တိုင်း​စီး​သွား၍၊ အ​ရက်​တစ်​ရာ​ငါး​ဆယ်​စေ့​သော​အ​ခါ ယုတ်​လျော့​လေ​၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 4,
      "text": "သ​တ္တ​မ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင် သင်္ဘော​သည် အာ​ရ​ရတ်​အ​မည်​ရှိ​သော​တောင်​ပေါ်​မှာ တင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 5,
      "text": "ဒ​သ​မ​လ​တိုင်​အောင် ရေ​သည်​အ​စဉ်​မ​ပြတ်​ယုတ်​လျော့၍၊ ထို​လ​ဆန်း​တစ်​ရက်​နေ့​တွင် တောင်​ထိပ်​တို့​သည် ပေါ်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 6,
      "text": "ထို​မှ​အ​ရက်​လေး​ဆယ်​ကြာ​လျှင်၊ နော​ဧ​သည် သင်္ဘော​ထဲ၌​လုပ်​ခဲ့​သော ပြတင်း​ပေါက်​ကို​ဖွင့်၍၊ ကျီး​အ​တစ်​ကောင်​ကို လွှတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 7,
      "text": "ထို​ကျီး​အ​သည် မြေ​ပေါ်​မှာ ရေ​မ​ခန်း​မ​ခြောက်​မီ​တိုင်​အောင်၊ သွား​လာ​လျက် နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 8,
      "text": "တစ်​ဖန်​မြေ​မျက်​နှာ​ပေါ်​မှာ ရေ​ကုန်​သည် မ​ကုန်​သည်​ကို​သိ​ခြင်း​ငှာ၊ ချိုး​တစ်​ကောင်​ကို လွှတ်​ပြန်​လေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 9,
      "text": "မြေ​တစ်​ပြင်​လုံး၌ ရေ​ရှိ​သေး​သော​ကြောင့်၊ ချိုး​သည် ခြေ​ဖြင့်​နင်း၍ အ​မော​ဖြေ​စ​ရာ​ကို​မ​တွေ့​သ​ဖြင့်၊ နော​ဧ​ရှိ​ရာ သင်္ဘော​သို့​ပြန်​လာ​လေ၏။ နော​ဧ​သည်​လည်း လက်​ကို​ဆန့်၍၊ ချိုး​ကို​ကိုင်​ယူ​ပြီး​လျှင်၊ မိ​မိ​နေ​ရာ သင်္ဘော​ထဲ​သို့​သွင်း​လေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 10,
      "text": "တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို သင်္ဘော​ထဲ​က​လွှတ်​ပြန်၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 11,
      "text": "ညဉ့်​ဦး​အ​ချိန်၌ ချိုး​သည် နော​ဧ​ထံ​သို့​ပြန်​လာ၍၊ မိ​မိ​ဆိတ်​ယူ​သော သံ​လွင်​ရွက်​ကို မိ​မိ​နှုတ်​သီး​ဖြင့် ဆောင်​ခဲ့​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 12,
      "text": "မြေ​ကြီး​ပေါ်​မှာ ရေ​ကုန်​ကြောင်း​ကို နော​ဧ​သိ​လေ၏။ တစ်​ဖန်​ခု​နစ်​ရက်​နေ​ပြီး​မှ ထို​ချိုး​ကို လွှတ်​ပြန်၏။ နောက်​တစ်​ဖန်​ချိုး​သည် မ​ပြန်​မ​လာ​နေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 13,
      "text": "အ​နှစ်​ခြောက်​ရာ​တစ်​ခု ပ​ထ​မ​လ​ဆန်း​တစ်​ရက်​နေ့​တွင်၊ မြေ​ကြီး​ပေါ်​မှာ ရေ​ခန်း​ခြောက်​သည်​ရှိ​သော်၊ နော​ဧ​သည် သင်္ဘော​မိုး​ကို​ပယ်​ဖျက်၍ ကြည့်​ရှု​သော​အ​ခါ၊ မြေ​မျက်​နှာ​သွေ့​ခြောက်​စ​ရှိ​သည်​ကို မြင်၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 14,
      "text": "ဒု​တိ​ယ​လ၊ နှစ်​ဆယ်​ခု​နစ်​ရက်​နေ့​တွင် မြေ​ကြီး​သွေ့​ခြောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 15,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည်၊ သား၊ မ​ယား၊ ချွေး​မ​တို့​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​က ထွက်​ဆင်း​လော့။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 17,
      "text": "သင်​ထံ​မှာ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်၊ ငှက်​များ၊ သား​များ၊ မြေ​ပေါ်၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ မြေ​ပေါ်​မှာ​သား​ကို​မွေး၍ အ​လွန်​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ ထို​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ကိုယ်​နှင့်​အ​တူ ထုတ်​ဆောင်​လော့​ဟု၊ နော​ဧ​ကို​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 18,
      "text": "ထို​အ​ခါ​နော​ဧ​မှ​စ၍ သား၊ မ​ယား၊ ချွေး​မ​တို့​သည် ထွက်​ဆင်း​ကြ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 19,
      "text": "သား​များ၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ၊ ငှက်​များ၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​သော အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ သင်္ဘော​ထဲ​က​ထွက်​ဆင်း​ကြ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 20,
      "text": "နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။"
    },
    {
      "book": 1,
      "chapter": 8,
      "verse": 22,
      "text": "မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​သည်​လည်း၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ၍၊ သင်​တို့​သည်​များ​ပြား​စွာ​မွေး​ဖွား​လျက် မြေ​ကြီး​ကို​ပြည့်​စေ​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 2,
      "text": "မြေ​တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​အ​စ​ရှိ​သော၊ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သ​မျှ​နှင့်၊ ပင်​လယ်​ငါး​အ​ပေါင်း​တို့​သည်၊ သင်​တို့​ရှေ့​မှာ ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သ​ဘော​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​တိ​ရိ​စ္ဆာန်​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 3,
      "text": "အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သ​မျှ​သည်၊ အ​သီး​အ​ရွက်​ကဲ့​သို့၊ သင်​တို့​စား​စ​ရာ​ဖို့ ဖြစ်​ရ​မည်။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့၌​ငါ​အပ်​ပေး၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 4,
      "text": "သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 5,
      "text": "အ​ကယ်၍ သင်​တို့​အ​သက်​တည်း​ဟူ​သော၊ သင်​တို့​အ​သွေး​ကို ငါ​တောင်း​မည်။ လူ၊ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့၌ ငါ​တောင်း​မည်။ ခပ်​သိမ်း​သော​လူ​တို့၏​ညီ​အစ်​ကို၌၊ လူ၏​အ​သက်​ကို ငါ​တောင်း​မည်။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 6,
      "text": "အ​ကြင်​သူ​သည် လူ၏​အ​သွေး​ကို​သွန်း၏။ ထို​သူ၏​အ​သွေး​ကို လူ​လက်​ဖြင့်​သွန်း​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 7,
      "text": "သင်​တို့​သည် သား​ကို​ဖွား၍ များ​ပြား​ကြ​လော့။ မြေ​ပေါ်​မှာ အ​လွန်​မွေး​ဖွား၍ များ​ပြား​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 8,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​သည်၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 9,
      "text": "သင်​တို့​နှင့်​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော အ​မျိုး​အ​နွယ်​နှင့်​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 10,
      "text": "သင်​တို့​ထံ​မှာ​အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​တည်း​ဟူ​သော ငှက်၊ သား​ယဉ်၊ သား​ရဲ​ရှိ​သ​မျှ သင်္ဘော​ထဲ​က​ထွက်​ဆင်း​သ​မျှ​မှ​စ၍၊ မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​တိုင် ပ​ဋိ​ညာဉ်​ပြု၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 11,
      "text": "သင်​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ရေ​လွှမ်း​မိုး​ခြင်း​အား​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် နောက်​တစ်​ဖန်​မ​ဆုံး​ရ​ကြ။ မြေ​ကြီး​ကို ဖျက်​ဆီး​ဖို့​ရာ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 12,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​တစ်​ဖက်၊ သင်​တို့​နှင့် သင်​တို့​ထံ​မှာ အ​သက်​ရှင်​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​တစ်​ဖက်၌၊ သား​မြေး​အ​စဉ်​အ​ဆက်​မ​ပြတ်၊ ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 13,
      "text": "ငါ၏​သက်​တံ​ကို မိုး​တိမ်၌​ငါ​ထား၏။ ထို​သက်​တံ​သည် မြေ​ကြီး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်၏ သက်​သေ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 14,
      "text": "ငါ​သည် မိုး​ကို​အုံ့​စေ​သော​အ​ခါ၊ မိုး​တိမ်၌ သက်​တံ​သည်​ထင်​ရှား​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 15,
      "text": "ထို​အ​ခါ​ငါ​တစ်​ဖက်၊ သင်​တို့​မှ​စ၍၊ အ​သက်​ရှင်​သော​သ​တ္တ​ဝါ၊ တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့ တစ်​ဖက်၌​ရှိ​သော၊ ငါ၏​ပ​ဋိ​ညာဉ်​ကို​ငါ​အောက်​မေ့​သ​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 16,
      "text": "မိုး​တိမ်၌ သက်​တံ​ရှိ​သည်​ကို ငါ​ကြည့်​ရှု​သ​ဖြင့်၊ ဘု​ရား​သ​ခင်​နှင့် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ စပ်​ကြား​မှာ​ရှိ​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​အောက်​မေ့​မည်။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 17,
      "text": "ဤ​သည်​ကား၊ ငါ​နှင့်​မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​စပ်​ကြား​မှာ၊ ငါ​အ​မြဲ​ဖွဲ့​သော ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​သ​တည်း​ဟု၊ နော​ဧ​ကို ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 18,
      "text": "သင်္ဘော​ထဲ​က​ထွက်​ဆင်း​သော နော​ဧ​သား​တို့၏​အ​မည်​ကား ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း။ ဟာ​မ​သည် ခါ​နာန်၏​အ​ဘ​ဖြစ်၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 19,
      "text": "ဤ​သူ​တို့​သည် နော​ဧ၏​သား​သုံး​ယောက်​ဖြစ်၍ မြေ​ကြီး​တစ်​ပြင်​လုံး၌ နှံ့​ပြား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 20,
      "text": "နော​ဧ​သည် လယ်​လုပ်​သော​အ​တတ်​ကို ပြု​စု၍၊ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 21,
      "text": "စ​ပျစ်​ရည်​ကို​လည်း သောက်၍​ယစ်​မူး​သ​ဖြင့်၊ မိ​မိ​တဲ၌ အ​ဝတ်​မ​ခြုံ​ဘဲ​နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 22,
      "text": "ခါ​နာန်၏ အ​ဘ​ဟာ​မ​သည်၊ မိ​မိ​အ​ဘ၌​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို​မြင်​လျှင်၊ ပြင်​မှာ​ရှိ​သော အစ်​ကို​နှစ်​ယောက်​ကို ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 23,
      "text": "ရှေ​မ​နှင့် ယာ​ဖက်​တို့​သည် အ​ဝတ်​ကို​ယူ၍ ပ​ခုံး​ပေါ်​မှာ​တင်​ပြီး​လျှင်၊ နောက်​သို့​ဆုတ်​သွား၍ မိ​မိ​အ​ဘ၌၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို ဖုံး​ကြ၏။ သူ​တို့​သည်​ပြင်​သို့​မျက်​နှာ​ပြု​သော​ကြောင့်၊ မိ​မိ​အ​ဘ၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို မ​မြင်​ရ။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 24,
      "text": "နော​ဧ​သည် ယစ်​မူ​ခြင်း​ပျောက်၍ နိုး​သော​အ​ခါ၊ မိ​မိ၌​သား​ငယ်​ပြု​သည်​ကို​သိ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 25,
      "text": "ခါ​နာန်​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ။ အစ်​ကို​တို့၏​ကျွန်​တို့၌ ကျွန်​ဖြစ်​ပါ​စေ​ဟု ဆို၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 26,
      "text": "တစ်​ဖန်​ရှေ​မ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ခါ​နာန်​သည် ရှေ​မ၏​ကျွန် ဖြစ်​ပါ​စေ။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 27,
      "text": "ဘု​ရား​သ​ခင်​သည် ယာ​ဖက်​ကို​ကျယ်​စေ​တော်​မူ​သ​ဖြင့်၊ ရှေ​မ၏​တဲ​တို့​တွင် နေ​ပါ​စေ။ ခါ​နာန်​မူ​ကား၊ သူ၏​ကျွန်​ဖြစ်​ပါ​စေ​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 28,
      "text": "နော​ဧ​သည် ရေ​လွှမ်း​မိုး​သော​နောက်၊ အ​နှစ်​သုံး​ရာ​ငါး​ဆယ်​အ​သက်​ရှင်၍၊"
    },
    {
      "book": 1,
      "chapter": 9,
      "verse": 29,
      "text": "အ​သက်​ပေါင်း​ကိုး​ရာ​ငါး​ဆယ်​စေ့​သော် အ​နိ​စ္စ​ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 1,
      "text": "ရေ​လွှမ်း​မိုး​သော​နောက်၊ နော​ဧ​သား ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တို့​မှ​ဆင်း​သက်​သော သား​စဉ်​မြေး​ဆက်​တို့​ကို ဆို​ပေ​အံ့။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 2,
      "text": "ယာ​ဖက်၏​သား​ကား ဂေါ​မာ၊ မာ​ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှက်၊ ထိ​ရတ်​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 3,
      "text": "ဂေါ​မာ​သား​ကား၊ အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော်​ဂ​မ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 4,
      "text": "ယာ​ဝန်​သား​ကား၊ ဧ​လိ​ရှာ၊ တာ​ရှု၊ ကိ​တ္တိမ်၊ ဒေါ​ဒ​နိမ်​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 5,
      "text": "ဤ​သူ​တို့​သည် လူ​အ​မျိုး​မျိုး တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ​နယ်​တို့​ကို ဘာ​သာ​အ​သီး​အ​သီး၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ခွဲ​ဝေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 6,
      "text": "ဟာ​မ​သား​ကား၊ ကု​ရှ၊ မိ​ဇ​ရိမ်၊ ဖု​တ၊ ခါ​နာန်​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 7,
      "text": "ကု​ရှ​သား​ကား၊ သေ​ဘ၊ ဟာ​ဝိ​လ၊ သာ​ဘ​တ၊ ရာ​ဂ​မ၊ သ​တ္တေ​ခါ​တည်း။ ရာ​ဂ​မ​သား​ကား၊ ရှေ​ဘ၊ ဒေ​ဒန်​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 8,
      "text": "ကု​ရှ​သည် သား​နိမ်​ရော​ဒ​ကို​လည်း​ရ​သေး၏။ ထို​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ဦး​စွမ်း​နိုင်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အား​ကြီး​သော​မု​ဆိုး​ဖြစ်၏။ ထို​ကြောင့် စ​ကား​ပုံ၌​ကား၊ ဘု​ရား​ရှေ့​နိမ်​ရော​ဒ၊ အား​ကြီး​မု​ဆိုး၊ ပြု​လုပ်​သည်​လို​ဟု စပ်​ဆို​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 10,
      "text": "သူ၏​နိုင်​ငံ​အ​ဦး​ကား၊ ရှိ​နာ​ပြည်၌ ဗာ​ဗု​လုန်​မြို့၊ ဧ​ရက်​မြို့၊ အ​က္ကဒ်​မြို့၊ ကာ​လ​နေ​မြို့​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 11,
      "text": "ထို​ပြည်​မှ​အာ​ရှု​ရိ​ပြည်​သို့​သွား၍ နိ​နေ​ဝေ​မြို့၊ ရ​ဟော​ဘုတ်​မြို့၊ ကာ​လ​မြို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 12,
      "text": "နိ​နေ​ဝေ​မြို့​နှင့်၊ ကာ​လ​မြို့​စပ်​ကြား​မှာ ကြီး​စွာ​သော​မြို့​တည်း​ဟူ​သော ရေ​သင်​မြို့​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 13,
      "text": "မိ​ဇ​ရိမ်​သား​ကား၊ လု​ဒိမ်​လူ၊ အာ​န​မိမ်​လူ၊ လ​ဟာ​ဗိမ်​လူ၊ န​တ္တု​ဟိမ်​လူ၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 14,
      "text": "ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 15,
      "text": "ခါ​နာန်​သား​အ​ကြီး​ကား၊ ဇိ​ဒုန်။ ထို​နောက် ဟေ​သ။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 16,
      "text": "ထို​နောက် ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 17,
      "text": "ဟိ​ဝိ​လူ၊ အာ​ကိ​လူ၊ သိ​နိ​လူ၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 18,
      "text": "အာ​ဝ​ဒိ​လူ၊ ဇေ​မ​ရိ​လူ၊ ဟာ​မ​သိ​လူ​တည်း။ ထို​နောက် ခါ​နာန်​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် နှံ့​ပြား​ကြ​လေ၏။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 19,
      "text": "ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 20,
      "text": "ဤ​သူ​တို့​သည် သီး​ခြား​သော​အ​မျိုး​အ​နွယ်၊ သီး​ခြား​သော​ဘာ​သာ​အ​လိုက်၊ အ​ပြည်​ပြည်​အ​တိုင်း​တိုင်း၌​နေ​သော ဟာမ​သား​များ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 21,
      "text": "ယာ​ဖက်​ညီ၊ ဟေ​ဗြဲ​လူ​အ​ပေါင်း​တို့၏​အ​ဘ၊ ရှေ​မ​သည်​လည်း သား​များ​ကို​မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 22,
      "text": "ရှေ​မ​သား​ကား၊ ဧ​လံ၊ အာ​ရှုရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 23,
      "text": "အာ​ရံ​သား​ကား၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ၊ မာ​ရှ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 24,
      "text": "အာ​ဖာ​ဇဒ်​သား​ရှာ​လ၊ ရှာ​လ​သား​ဟေ​ဗာ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 25,
      "text": "ဟေ​ဗာ​သည်​လည်း သား​နှစ်​ယောက်​ကို မြင်​လေ၏။ သား​တစ်​ယောက်​ကား၊ ဖာ​လက်​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ့​လက်​ထက်၌ မြေ​ကြီး​ကို​ခွဲ​ဝေ​ကြ၏။ သူ၏​ညီ​ကား၊ ယု​တ္တန်​အ​မည်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 26,
      "text": "ယု​တ္တန်​သား​ကား၊ အာ​လ​မော​ဒဒ်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 27,
      "text": "ဟ​ဒေါ​ရံ၊ ဥ​ဇ​လ၊ ဒိ​က​လ၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 28,
      "text": "ဩ​ဗ​လ​အ​ဘိ​မေ​လ၊ ရှေ​ဘ၊"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 29,
      "text": "ဩ​ဖိ​ရ၊ ဟ​ဝိ​လ၊ ယော​ဗပ်၊ ဤ​သူ​အ​ပေါင်း​တို့​သည် ယု​တ္တန်​သား​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 30,
      "text": "သူ​တို့​နေ​ရာ​မူ​ကား၊ မေ​ရှ​မြို့​မှ​သည် အ​ရှေ့​မျက်​နှာ၌ သေ​ဖာ​တောင်​တိုင်​အောင် ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 31,
      "text": "ဤ​သူ​တို့​သည် သီး​ခြား​သော​အ​မျိုး​အ​နွယ်၊ သီး​ခြား​သော​ဘာ​သာ​အ​လိုက်၊ အ​ပြည်​ပြည်​အ​တိုင်း​တိုင်း​တို့​၌​နေ​သော ရှေ​မ​သား​များ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 10,
      "verse": 32,
      "text": "ဤ​ရွေ့​ကား မိ​မိ​တို့​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​အ​လိုက်​မှတ်​သား​သော နော​ဧ​သား ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​ပေ​တည်း။ ထို​သူ​တို့​သည် ရေ​လွှမ်း​မိုး​သော​နောက်၊ မြေ​ကြီး​ပေါ်​မှာ သီး​ခြား​သော​တိုင်း​ပြည်​တို့​ကို တည်​ထောင်​ကြ​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 1,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ဘာ​သာ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​ကြ​သည်​ဖြစ်၍၊"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 2,
      "text": "အ​ရှေ့​မျက်​နှာ​မှ​ခ​ရီး​သွား​သ​ဖြင့်၊ ရှိ​နာ​ပြည်၌ မြေ​ညီ​ရာ​အ​ရပ်​ကို​တွေ့၍ နေ​ရာ​ချ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 3,
      "text": "သူ​တို့​က​လည်း လာ​ကြ။ အုတ်​လုပ်၍ ခိုင်​မာ​စွာ​ဖုတ်​ကြ​ကုန်​အံ့​ဟု၊ တစ်​ယောက်​ကို တစ်​ယောက်​ပြော​ကြ၏။ ထို​သို့ ကျောက်​အ​ရာ၌​အုတ်​ကို​လည်း​ကောင်း၊ သ​ရွတ်​အ​ရာ၌ ရေ​ညှိ​တစ်​မျိုး​ကို​လည်း​ကောင်း​ရ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 4,
      "text": "လာ​ကြ၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​မည်​ကို​စိုး​ရိမ်၍၊ မြို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သို့​မီ​ရ​သော ရဲ​တိုက်​ကို​လည်း​ကောင်း​တည်​လုပ်​သ​ဖြင့်၊ ကျော်​စော​ကိ​တ္တိ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 5,
      "text": "ထို​သို့ လူ​သား​တို့​တည်​လုပ်​သော​မြို့​နှင့် ရဲ​တိုက်​ကို​ကြည့်​ရှု​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​သက်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ လူ​တစ်​မျိုး​တည်း၊ စ​ကား​တစ်​မျိုး​တည်း​ရှိ​သည်​ဖြစ်၍၊ သူ​တို့​သည် ဤ​အ​မှု​ကို​အ​ဦး​ပြု​ကြ၏။ ယ​ခု​ကြံ​စည်​သ​မျှ​တို့​ကို အ​ဆီး​အ​တား​မ​ရှိ၊ သူ​တို့​ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 7,
      "text": "လာ​ကြ၊ ဆင်း​သက်​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​ချင်း​ချင်း​နား​မ​လည်​စေ​ခြင်း​ငှာ၊ သူ​တို့​စ​ကား​ကို​ရှုတ်​ထွေး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 8,
      "text": "ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​မြို့​ကို​မ​တည်​ဘဲ နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 9,
      "text": "သို့​ဖြစ်၍ ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့၏ စ​ကား​ကို​ရှုတ်​ထွေး၍၊ သူ​တို့​ကို မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သော​ကြောင့်၊ ထို​မြို့​သည် ဗာ​ဗု​လုန်​မြို့​ဟူ၍​တွင်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 10,
      "text": "ရှေ​မ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ ရှေ​မ​သည် အ​သက်​တစ်​ရာ​ရှိ၍၊ ရေ​လွှမ်း​မိုး​သော​နောက်​နှစ်​နှစ်​ကြာ​သော်၊ သား​အာ​ဖာ​ဇဒ်​ကို မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 11,
      "text": "အာ​ဖာ​ဇဒ်​ဖွား​မြင်​သော​နောက်၊ ရှေ​မ​သည် အ​နှစ်​ငါး​ရာ​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 12,
      "text": "အာ​ဖာ​ဇဒ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​ရှာ​လ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 13,
      "text": "ရှာ​လ​ဖွား​မြင်​သော​နောက်၊ အာ​ဖာ​ဇဒ်​သည် အ​နှစ်​လေး​ရာ​သုံး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 14,
      "text": "ရှာ​လ​သည် အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​ဟေ​ဗာ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 15,
      "text": "ဟေ​ဗာ​ဖွား​မြင်​သော​နောက်၊ ရှာ​လ​သည် အ​နှစ်​လေး​ရာ​သုံး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 16,
      "text": "ဟေ​ဗာ​သည် အ​သက်​သုံး​ဆယ်​လေး​နှစ်​ရှိ​သော်၊ သား​ဖာ​လက်​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 17,
      "text": "ဖာ​လက်​ဖွား​မြင်​သော​နောက်၊ ဟေ​ဗာ​သည် အ​နှစ်​လေး​ရာ​သုံး​ဆယ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 18,
      "text": "ဖာ​လက်​သည် အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​ရာ​ဂေါ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 19,
      "text": "ရာ​ဂေါ​ဖွား​မြင်​သော​နောက်၊ ဖာ​လက်​သည် အ​နှစ်​နှစ်​ရာ​ကိုး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​ဖွား​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 20,
      "text": "ရာ​ဂေါ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ သား​စေ​ရောက်​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 21,
      "text": "စေ​ရောက်​ဖွား​မြင်​သော​နောက်၊ ရာ​ဂေါ​သည် အ​နှစ်​နှစ်​ရာ​ခု​နစ်​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 22,
      "text": "စေ​ရောက်​သည်​အ​သက်​သုံး​ဆယ်​ရှိ​သော်၊ သား​နာ​ခေါ်​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 23,
      "text": "နာ​ခေါ်​ဖွား​မြင်​သော​နောက်၊ စေ​ရောက်​သည် အ​နှစ်​နှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 24,
      "text": "နာ​ခေါ်​သည် အ​သက်​နှစ်​ဆယ်​ကိုး​နှစ်​ရှိ​သော်၊ သား​တေ​ရ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 25,
      "text": "တေ​ရ​ဖွား​မြင်​သော​နောက်၊ နာ​ခေါ်​သည် အ​နှစ်​တစ်​ရာ​တစ်​ဆယ်​ကိုး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 26,
      "text": "တေ​ရ​သည် အ​သက်​ခု​နစ်​ဆယ်​ရှိ​သော်၊ သား​အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 27,
      "text": "တေ​ရ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်၊ ခါ​ရန်​တို့​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 28,
      "text": "ခါ​ရန်​သည်​လည်း လော​တ​ကို​မြင်​လေ၏။ ခါ​ရန်​သည်၊ အ​ဘ​တေ​ရ​မ​သေ​မီ၊ မိ​မိ​ဖွား​ရာ​အ​ရပ်၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့၌​သေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 29,
      "text": "အာ​ဗြံ​နှင့်​နာ​ခေါ်​သည် မ​ယား​ကို​ယူ၍၊ အာ​ဗြံ၏ မ​ယား​ကား၊ စာ​ရဲ​အ​မည်​ရှိ၏။ နာ​ခေါ်၏​မ​ယား​ကား၊ ခါ​ရန်၏​သ​မီး​မိ​လ​ခါ အ​မည်​ရှိ၏။ ခါ​ရန်​သည် မိ​လ​ခါ​နှင့် ဣ​သ​ခ၏​အ​ဘ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 30,
      "text": "စာ​ရဲ​မူ​ကား၊ မြုံ​သော​မိန်း​မ​ဖြစ်၍၊ သား​သ​မီး​မ​ရှိ။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 31,
      "text": "တေ​ရ​သည် သား​အာ​ဗြံ​ကို​လည်း​ကောင်း၊ ခါ​ရန်၏​သား​ဖြစ်​သော မြေး​လော​တ​ကို​လည်း​ကောင်း၊ သား​အာ​ဗြံ၏​မ​ယား​ဖြစ်​သော မိ​မိ​ချွေး​မ​စာ​ရဲ​ကို​လည်း​ကောင်း​ခေါ်၍၊ သူ​တို့​သည် ခါ​နာန်​ပြည်​သို့ သွား​ခြင်း​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော ဥ​ရ​မြို့​မှ​ထွက်​သ​ဖြင့်၊ ခါ​ရန်​မြို့​သို့​ရောက်၍​နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 11,
      "verse": 32,
      "text": "တေ​ရ​သည် အ​သက်​နှစ်​ပေါင်း​နှစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ ခါ​ရန်​မြို့၌​သေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အာ​ဗြံ​ကို​ခေါ်​တော်​မူ၍၊ သင်၏​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း​ပေါက်​ဖော်​များ​ထဲ​က ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 2,
      "text": "ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​စေ​မည်။ သင်​သည် ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 3,
      "text": "သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 4,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြံ​ထွက်​သွား၍ လော​တ​လည်း​လိုက်​လေ၏။ အာ​ဗြံ​သည် ခါ​ရန်​မြို့​မှ​ထွက်​သွား​သော​အ​ခါ အ​သက်​ခု​နစ်​ဆယ်​ငါး​နှစ်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 5,
      "text": "အာ​ဗြံ​သည် မ​ယား​စာ​ရဲ၊ အစ်​ကို​သား​လော​တ​နှင့်၊ ဥ​စ္စာ​ရ​တတ်​သ​မျှ​ကို​လည်း​ကောင်း၊ ခါ​ရန်​မြို့၌​ရ​သော လူ​တို့​ကို​လည်း​ကောင်း၊ ယူ​ပြီး​လျှင် ခါ​နာန်​ပြည်​သို့​ရောက်​ခြင်း​ငှာ၊ ထွက်​သွား၍၊ ထို​ပြည်​သို့ ရောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 6,
      "text": "အာ​ဗြံ​သည် ထို​ပြည်​ကို​လျှောက်​သွား၍ ရှိ​ခင်​အ​ရပ်၊ မော​ရေ​သ​ပိတ်​ပင်​သို့​ရောက်​လေ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​ရှိ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 8,
      "text": "ထို​အ​ရပ်​မှ​သွား​ပြန်၍၊ ဗေ​သ​လ​မြို့​အ​ရှေ့၌​ရှိ​သော​တောင်​သို့ ပြောင်း​သ​ဖြင့်၊ ဗေ​သ​လ​မြို့​အ​ရှေ့၊ အာ​ဣ​မြို့​အ​နောက်​စပ်​ကြား​မှာ တဲ​ကို​ဆောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 9,
      "text": "အာ​ဗြံ​သည် ခ​ရီး​သွား​လျက်၊ ပြောင်း​လျက်၊ တောင်​မျက်​နှာ​သို့​ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 10,
      "text": "ထို​နောက်၊ ခါ​နာန်​ပြည်၌ အ​စား​ခေါင်း​ပါး​ခြင်း​ဖြစ်၏။ အ​လွန်​အ​စား​ခေါင်း​ပါး​သော​ကြောင့်၊ အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်၌​တည်း​ခို​ခြင်း​ငှာ သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 11,
      "text": "အဲ​ဂု​တ္တု​ပြည်​နှင့်​နီး​သော​အ​ခါ၊ မိ​မိ​မ​ယား​စာ​ရဲ​ကို၊ သင်​သည် အ​ဆင်း​လှ​သော​မိန်း​မ​ဖြစ်​သည်​ကို​ငါ​သိ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 12,
      "text": "အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​ကို​မြင်​သော​အ​ခါ၊ ဤ​မိန်း​မ​သည် သူ၏​မ​ယား​ဖြစ်၏​ဟု​ဆို​လျက်၊ ငါ့​ကို​သတ်၍ သင့်​ကို​အ​သက်​ချမ်း​သာ​ပေး​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 13,
      "text": "သို့​ဖြစ်၍ သင်​သည် ငါ့​နှ​မ​ဖြစ်​ကြောင်း​ကို​ပြော​ပါ​လော့။ သို့​ပြော​လျှင် သင့်​အ​တွက် ငါ​ကောင်း​စား​လိမ့်​မည်။ သင်၏​ကျေး​ဇူး​အား​ဖြင့် ငါ​အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 14,
      "text": "အာ​ဗြံ​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​အ​ခါ၊ သူ၏​မ​ယား​သည် အ​လွန်​အ​ဆင်း​လှ​သည်​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​မြင်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 15,
      "text": "ဖာ​ရော​ဘု​ရင်၏​မှူး​တော်​မတ်​တော်​တို့​လည်း​မြင်၍၊ ရှေ့​တော်၌​ချီး​မွမ်း​ပြီး​လျှင်၊ နန်း​တော်​သို့​သွင်း​ရ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 16,
      "text": "ဖာ​ရော​ဘု​ရင်​သည် ထို​မိန်း​မ​အ​တွက် အာ​ဗြံ၌​ကျေး​ဇူး​ပြု​သ​ဖြင့်၊ သူ​သည် သိုး၊ နွား၊ မြည်း​ထီး၊ မြည်း​မ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​များ​နှင့်​ကြွယ်​ဝ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​အ​တွက်​ကြောင့်၊ ဖာ​ရော​ဘု​ရင်​မှ​စ၍ နန်း​တော်​သား​တို့​ကို ကြီး​သော​ဘေး​ဒဏ်​ဖြင့် ဆုံး​မ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 18,
      "text": "ဖာ​ရော​ဘု​ရင်​သည်​လည်း​အာ​ဗြံ​ကို​ခေါ်၍၊ သင်​သည်​ငါ၌​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ သူ​သည်​သင်၏​မ​ယား​ဖြစ်​ကြောင်း​ကို၊ ငါ​အား​အ​ဘယ်​ကြောင့် မ​ပြော​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 19,
      "text": "ငါ​သည် သူ့​ကို​သိမ်း​ပိုက်​စေ​ခြင်း​ငှာ၊ သူ​သည် ငါ့​နှ​မ​ဖြစ်​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။ သင်၏​မ​ယား​ကို ယ​ခု​ယူ၍​သွား​လော့​ဟု အ​မိန့်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 12,
      "verse": 20,
      "text": "ထို​သို့​အာ​ဗြံ​အ​မှု​ကို​စီ​ရင်၍၊ မိ​မိ​လူ​တို့​အား​မှာ​ထား​သ​ဖြင့်၊ သူ​တို့​သည် အာ​ဗြံ၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့်​တ​ကွ၊ သ​မီး​မောင်​နှံ​တို့​ကို လွှတ်​လိုက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 1,
      "text": "အာ​ဗြံ​သ​မီး​မောင်​နှံ​တို့​သည်​လည်း၊ လော​တ​နှင့်​တ​ကွ မိ​မိ​တို့၌​ရှိ​သ​မျှ​သော ဥ​စ္စာ​ကို​ယူ၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သ​ဖြင့်၊ ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့ ရောက်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 2,
      "text": "ထို​အ​ခါ အာ​ဗြံ​သည်၊ သိုး၊ နွား​စ​သည်​တို့​ကို​လည်း​ကောင်း၊ ရွှေ​ငွေ​ကို​လည်း​ကောင်း​အ​လွန်​ရ​တတ်​၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 3,
      "text": "တစ်​ဖန်​တောင်​ပိုင်း​မှ​ခ​ရီး​သွား၍၊ ဗေ​သ​လ​နယ်​အ​တွင်း၊ ဗေ​သ​လ​မြို့၊ အာ​ဣ​မြို့​စပ်​ကြား၌၊ အ​ထက်​က​တဲ​ကို​ဆောက်​၍၊"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 4,
      "text": "ယဇ်​ပ​လ္လင်​ကို​တည်​ခဲ့​ဖူး​သော​အ​ရပ်​သို့ ရောက်​ပြန်​လျှင်၊ ထို​အ​ရပ်​တွင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 5,
      "text": "အာ​ဗြံ​နှင့်​အ​တူ​လိုက်​လာ​သော လော​တ​သည်​လည်း သိုး၊ နွား​များ​နှင့် တဲ​အ​များ​ရှိ​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 6,
      "text": "ထို​လူ​နှစ်​ဦး​တို့​သည် အ​တူ​နေ​ခြင်း​ငှာ ထို​မြေ​မ​ဆံ့​နိုင်။ ဥ​စ္စာ​များ​လွန်း၍၊ သူ​တို့​သည်​တစ်​ရပ်​တည်း​မ​နေ​နိုင်​ကြ။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 7,
      "text": "အာ​ဗြံ၏​နွား​ကျောင်း​သား၊ လော​တ၏​နွား​ကျောင်း​သား​တို့​သည်​လည်း ခိုက်​ရန်​ပြု​ကြ၏။ ထို​အ​ခါ၊ ခါ​နာန်​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည် ထို​ပြည်၌​နေ​ကြ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 8,
      "text": "အာ​ဗြံ​က​လည်း၊ ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​လျက်၊ ငါ​နှင့် သင်၌​လည်း​ကောင်း၊ ငါ့​နွား​ကျောင်း​သား​တို့​နှင့်၊ သင့်​နွား​ကျောင်း​သား​တို့၌​လည်း​ကောင်း၊ ခိုက်​ရန်​မ​ရှိ​ပါ​စေ​နှင့်။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 9,
      "text": "မြေ​တစ်​ပြင်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ​သည်​မ​ဟုတ်​လော့။ ငါ​နှင့်​ခွာ၍​နေ​ပါ​လော့။ သင်​သည် လက်​ဝဲ​ဘက်​သို့​သွား​လျှင်၊ ငါ​သည်​လက်​ယာ​ဘက်​သို့​သွား​မည်။ သင်​သည် လက်​ယာ​ဘက်​သို့​သွား​လျှင်၊ ငါ​သည် လက်​ဝဲ​ဘက်​သို့​သွား​မည်​ဟု ဆို​၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 10,
      "text": "ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 11,
      "text": "ယော်​ဒန်​ချိုင့်​တစ်​လျှောက်​လုံး​ကို ရွေး​ချယ်၍၊ အ​ရှေ့​သို့​ပြောင်း​သွား​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ဦး​နှင့် တစ်​ဦး​ကွဲ​ပြား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 12,
      "text": "အာ​ဗြံ​သည် ခါ​နာန်​ပြည်၌​နေ​လေ​၏။ လော​တ​မူ​ကား၊ မြစ်​ပတ်​ဝန်း​ကျင်​မြို့​တို့​တွင်​နေ၍၊ သော​ဒုံ​မြို့​နား​မှာ တဲ​ကို​ဆောက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 13,
      "text": "သော​ဒုံ​မြို့​သား​တို့​သည် ဆိုး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌၊ အ​လွန်​အ​ပြစ်​များ​သော​သူ ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 14,
      "text": "လော​တ​သည် အာ​ဗြံ​နှင့်​ခွာ၍​သွား​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​ကို​ခေါ်၍၊ သင်​ရှိ​သော​အ​ရပ်​က၊ တောင်၊ မြောက်၊ အ​ရှေ့၊ အ​နောက်​သို့​မျှော်​ကြည့်​လော့။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 15,
      "text": "သင်​မြင်​သော မြေ​တစ်​ပြင်​လုံး​ကို၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား၊ ငါ​သည်​ကာ​လ​အ​စဉ်​အ​မြဲ​ပေး​မည်။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 16,
      "text": "သင်၏​အ​မျိုး​အ​နွယ်​ကို မြေ​မှုန့်​ကဲ့​သို့​ငါ​များ​ပြား​စေ​မည်။ သို့​ဖြစ်၍ လူ​သည်​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​လျှင်၊ သင်၏​အ​မျိုး​အ​နွယ်​ကို ရေ​တွက်​နိုင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 17,
      "text": "သင်​ထ၍​မြေ​ကို အ​လျား​အား​ဖြင့်​လည်း​ကောင်း၊ အ​နံ​အား​ဖြင့်​လည်း​ကောင်း လျှောက်​သွား​လော့။ သင်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 13,
      "verse": 18,
      "text": "တစ်​ဖန် အာ​ဗြံ​သည် တဲ​ကို​ပြောင်း​၍၊ ဟေ​ဗြုန်​မြို့၊ မံ​ရေ​သ​ပိတ်​တော​သို့​ရောက်​မှ နေ​ရာ​ကျ၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 1,
      "text": "ထို​ရော​အ​ခါ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်၊ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ​တို့​သည်၊"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 2,
      "text": "သော​ဒုံ​မင်း​ကြီး​ဗေ​ရ၊ ဂေါ​မော​ရ​မင်း​ကြီး​ဗိ​ရ​ရှ၊ အာ​ဓ​မာ​မင်း​ကြီး​ရှိ​နပ်၊ ဇေ​ဘိုင်​မင်း​ကြီး​ရှေ​မ​ဘာ၊ ဗေ​လာ​မင်း​ကြီး​တို့​နှင့် စစ်​တိုက်​ကြ၏။ ဗေ​လ​ပြည်​ကား၊ ဇော​ရ​အ​မည်​လည်း​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 3,
      "text": "ထို​ပြည်​ရှိ​သ​မျှ​တို့​သည်၊ သော​ဒုံ​အိုင်​ဖြစ်​သော​စိ​ဒ္ဒိမ်​ချိုင့်​တွင် နီး​စပ်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 4,
      "text": "တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး ခေ​ဒေါ​ရ​လော​မာ​မင်း​ကြီး​ထံ​ကျွန်​ခံ​ပြီး​လျှင်၊ တစ်​ဆယ်​သုံး​နှစ်​မြောက်​သော​အ​ခါ ပုန်​ကန်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 5,
      "text": "တစ်​ဆယ်​လေး​နှစ်​မြောက်​လျှင်၊ ခေ​ဒေါ​ရ​လော​မာ​မင်း​သည်၊ မိ​မိ​ဘက်​က​နေ​သော မင်း​ကြီး​တို့​နှင့်​တ​ကွ​လာ၍၊ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့၌၊ ရေ​ဖိမ်​လူ​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့၌ ဇူ​ဇိမ်​လူ​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ်​ချိုင့်၌ ဧ​မိမ်​လူ​များ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 6,
      "text": "စိ​ရ​တောင်​ပေါ်​မှာ​ဟော​ရိ​လူ​များ​ကို​လည်း​ကောင်း လုပ်​ကြံ၍၊ တော​နား​မှာ​ရှိ​သော ဧ​လ​ပါ​ရန်​မြို့​တိုင်​အောင် လိုက်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 7,
      "text": "တစ်​ဖန်​ပြန်​လာ၍၊ ကာ​ဒေ​ရှ​ပြည်၊ အင်​မိ​ရှ​ပတ်​မြို့​သို့​ရောက်​ပြီး​လျှင်၊ အာ​မ​လက်​ပြည်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဟာ​ဇ​ဇု​န္တ​မာ​မြို့၌​နေ​သော အာ​မော​ရိ​လူ​များ​ကို​လည်း​ကောင်း လုပ်​ကြံ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 8,
      "text": "ထို​အ​ခါ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး၊ အာ​ဓ​မာ​မင်း​ကြီး၊ ဇေ​ဘိုင်​မင်း​ကြီး၊ ဇော​ရ​တည်း​ဟူ​သော ဗေ​လာ​မင်း​ကြီး​တို့​သည်​ချီ​ထွက်၍၊ စိ​ဒ္ဒိမ်​ချိုင့်၌ စစ်​ပြိုင်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 9,
      "text": "ထို​သို့ ဧ​လံ​မင်း​ကြီး​ခေ​ဒေါ​ရ​လော​မာ၊ ဂေါ​အိမ်​မင်း​ကြီး​တိ​ဒ​လ၊ ရှိ​နာ​မင်း​ကြီး​အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​မင်း​ကြီး​အာ​ရုတ်​တည်း​ဟူ​သော၊ မင်း​ကြီး​လေး​ပါး​နှင့်၊ မင်း​ကြီး​ငါး​ပါး​တို့​သည် စစ်​ပြိုင်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 10,
      "text": "စိ​ဒ္ဒိမ်​ချိုင့်၌ ရေ​ညှိ​အ​ကျိ​အ​ချွဲ​နှင့်​ပြည့်​သော တွင်း​များ​ရှိ​၏။ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး​တို့​သည်​ပြေး၍ ထို​တွင်း​များ၌ ကျ​လေ၏။ ကြွင်း​သော​သူ​တို့​သည် တောင်​သို့​ပြေး​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 11,
      "text": "အောင်​သော​မင်း​တို့​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့၌ ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့် မြို့​ရိ​က္ခာ​ရှိ​သ​မျှ​တို့​ကို ယူ၍​သွား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 12,
      "text": "သော​ဒုံ​မြို့၌​နေ​သော အာ​ဗြံ​အစ်​ကို​သား​လော​တ​နှင့် သူ၏​ဥ​စ္စာ​တို့​ကို​လည်း သိမ်း​ယူ၍​သွား​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 13,
      "text": "ထို​ဘေး​မှ လွတ်၍​ပြေး​သော​သူ​တစ်​ယောက်​သည်၊ ဟေ​ဗြဲ​လူ​အာ​ဗြံ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​သူ၊ ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ၏​အစ်​ကို အာ​မော​ရိ​လူ မံ​ရေ၏​သ​ပိတ်​တော​နား​မှာ​နေ​သော အာ​ဗြံ​ထံ​သို့​ရောက်၍၊ သ​တင်း​ကြား​ပြော​လေ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 14,
      "text": "အာ​ဗြံ​သည် မိ​မိ​အစ်​ကို​သား​ကို ဖမ်း​သွား​ကြောင်း​ကို​ကြား​လျှင်၊ မိ​မိ​အိမ်၌​ဖွား၍ သွန်​သင်​သော​လူ​သုံး​ရာ​တစ်​ဆယ်​ရှစ်​ယောက်​တို့​ကို​စီ​ရင်၍၊ ဒန်​မြို့ တိုင်​အောင်​လိုက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 15,
      "text": "ည​အ​ခါ၊ မိ​မိ​လူ​တို့​ကို​ခွဲ၍ တိုက်​စေ​သ​ဖြင့်၊ လုပ်​ကြံ​ပြီး​လျှင်၊ ဒ​မာ​သက်​မြို့​မြောက်​ဘက် ဟော​ဘ​မြို့​တိုင်​အောင်​လိုက်​ပြန်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 16,
      "text": "ရန်​သူ​တို့​သိမ်း​သွား​သော​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မိ​မိ​အစ်​ကို​သား​လော​တ​နှင့် သူ၏​ဥ​စ္စာ​ကို​လည်း​ကောင်း၊ မိန်း​မ​များ​နှင့်​လူ​များ​ကို​လည်း​ကောင်း၊ တစ်​ဖန်​ဆောင်​ယူ​ခဲ့​လေ​၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 17,
      "text": "ခေ​ဒေါ​ရ​လော​မာ​နှင့်၊ သူ့​ဘက်​က​နေ​သော​မင်း​ကြီး​တို့​ကို လုပ်​ကြံ​ရာ​မှ အာ​ဗြံ​ပြန်​လာ​သော​အ​ခါ၊ သော​ဒုံ​မင်း​ကြီး​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ရှာ​ဝေ​ချိုင့်​တည်း​ဟူ​သော မင်း​ကြီး​ချိုင့်​သို့​ထွက်​သွား၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 18,
      "text": "အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော၊ ရှာ​လင်​မင်း​ကြီး မေ​လ​ခိ​ဇေ​ဒက်​သည်​လည်း၊ မုန့်​နှင့် စ​ပျစ်​ရည်​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 19,
      "text": "ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 20,
      "text": "သင်၏​ရန်​သူ​တို့​ကို သင်၏​လက်၌​အပ်​နှံ​တော်​မူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​လည်း၊ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု မြွက်​ဆို၏။ အာ​ဗြံ​သည်​လည်း ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို၊ ထို​မင်း​အား ဆယ်​ဖို့​တစ်​ဖို့​လှူ​လေ၏။"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 21,
      "text": "သော​ဒုံ​မင်း​ကြီး​က​လည်း၊ လူ​တို့​ကို ကျွန်ုပ်​အား​ပြန်​ပေး​ပါ။ ဥ​စ္စာ​တို့​ကို​ကား၊ ကိုယ်​တိုင်​ယူ​ပါ​လော့​ဟု အာ​ဗြံ​အား​ပြော​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 14,
      "verse": 22,
      "text": "အာ​ဗြံ​က၊ မင်း​ကြီး​သည် အာ​ဗြံ​ကို​ငါ​ရ​တတ်​စေ​ပြီ​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လု​လင်​တို့​သည် စား​ပြီး​သော​အ​ရာ​ကို​လည်း​ကောင်း၊ ကျွန်ုပ်​နှင့်​အ​တူ​လိုက်​လာ​သော​သူ၊ အာ​နေ​ရ၊ ဧ​ရှ​ကော​လ၊ မံ​ရေ​တို့​သည် မိ​မိ​တို့​အ​ဖို့​ကို​ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​သ​ဖြင့်၊ သူ​တို့​ယူ​သော​အ​ဖို့​ကို​လည်း​ကောင်း ထား၍ မင်း​ကြီး၏​ဥ​စ္စာ၊ အပ်​ခြည်​တစ်​မျှင်​ဖြစ်​စေ၊ ခြေ​နင်း​ကြိုး​တစ်​ပင်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ခု​ကို​မျှ​ငါ​မ​ယူ​ဟု ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ကျွန်ုပ်​သည်​လက်​ကို​ချီ၍ အ​ဓိ​ဋ္ဌာန်​ပြု​ပါ​ပြီ​ဟု၊ သော​ဒုံ​မင်း​ကြီး​အား​ပြော​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 1,
      "text": "ထို​နောက်​မှ ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် အာ​ဗြံ​သို့​ရောက်၍၊ အ​ချင်း​အာ​ဗြံ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်၏​အ​ကွယ်​အ​ကာ​ဖြစ်၏။ သင်၏​အ​ကျိုး​သည်​အ​လွန်​ကြီး​လှ၏​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 2,
      "text": "အာ​ဗြံ​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် သား​မ​ရှိ​ဘဲ​သွား​ရ​ပါ၏။ ဤ​ဒ​မာ​သက်​မြို့​သား ဧ​လျာ​ဇာ​သည် အ​ကျွန်ုပ်၏ အ​မွေ​ခံ​ဖြစ်​ရ​ပါ၏။ သို့​ဖြစ်၍ အ​ဘယ်​ကျေး​ဇူး​ကို​ပြု​တော်​မူ​ပါ​မည်​နည်း​ဟု လျှောက်​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 3,
      "text": "တစ်​ဖန်​အာ​ဗြံ​က အ​ကျွန်ုပ်​အား​အ​မျိုး​အ​နွယ်​ကို ပေး​တော်​မ​မူ​ပါ။ အ​ကျွန်ုပ်၏ အိမ်၌​ဖွား​သော​သူ​သည် အ​ကျွန်ုပ်၏​အ​မွေ​ခံ​ဖြစ်​ရ​ပါ​သည်​တ​ကား​ဟု လျှောက်​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 4,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဤ​သူ​သည် သင်၏​အ​မွေ​ခံ​မ​ဖြစ်​ရ။ သင်၏​ကိုယ်​ထဲ​က​ထွက်​သော​သူ​သည် သင်၏​အ​မွေ​ခံ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 5,
      "text": "အာ​ဗြံ​ကို​ပြင်​သို့ ထုတ်​ဆောင်​တော်​မူ၍၊ မိုး​ကောင်း​ကင်​ကို​မျှော်​ကြည့်​လော့။ ကြယ်​များ​ကို​ရေ​တွက်​နိုင်​လျှင် ရေ​တွက်​လော့။ သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 6,
      "text": "အာ​ဗြံ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 7,
      "text": "တစ်​ဖန်၊ ငါ​သည် ဤ​ပြည်​ကို​သင်​အ​မွေ​ခံ​စ​ရာ​ဖို့၊ သင်​အား​ပေး​လို​သော​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော​ဥ​ရ​မြို့​မှ သင့်​ကို​ထုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 8,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ပြည်​ကို အ​ကျွန်ုပ်​အ​မွေ​ခံ​ရ​မည်​ကို အ​ဘယ်​သို့​သိ​ရ​ပါ​အံ့​နည်း​ဟု မေး​လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သုံး​နှစ်​အ​သက်​ရှိ​သော​နွား​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​ဆိတ်​မ​တစ်​ကောင်၊ သုံး​နှစ်​အ​သက်​ရှိ​သော​သိုး​ထီး​တစ်​ကောင်၊ ချိုး​တစ်​ကောင်၊ ခို​သ​ငယ်​တစ်​ကောင်​တို့​ကို​ငါ​ဖို့​ယူ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 10,
      "text": "ထို​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​ယူ၍၊ တစ်​ကောင်​တစ်​ကောင်​ကို ထက်​ဝက်​စီ​ခွဲ​ပြီး​လျှင်၊ ခွဲ​သော​အ​သား​တို့​ကို တစ်​ဖက်​တစ်​ချက်၌​ထား​လေ၏။ ငှက်​ကောင်​တို့​ကို​မ​ခွဲ။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 11,
      "text": "ငှက်​ရဲ​တို့​သည် အ​သေ​ကောင်​တို့​အ​ပေါ်​သို့ ဆင်း​လာ​သော​အ​ခါ၊ အာ​ဗြံ​သည်​နှင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 12,
      "text": "နေ​ဝင်​သော​အ​ခါ၊ အာ​ဗြံ​သည် ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​ပျော်​လျက်၊ ထူ​သော​မှောင်​မိုက်​နှင့်​တွေ့၍၊ ထိတ်​လန့်​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​အ​မျိုး​အ​နွယ်​သည်၊ သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌​ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး​ခံ​ရ​ကြ​လိမ့်​မည်​ကို အ​မှန်​သိ​မှတ်​လော့။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 14,
      "text": "သူ​တို့​ကို​စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ၊ သူ​တို့​သည် များ​စွာ​သော​ဥ​စ္စာ​နှင့် ထွက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 15,
      "text": "သင်​သည်​ဘိုး​ဘေး​တို့​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ရ​လိမ့်​မည်။ အ​သက်​ကြီး​ရင့်​လျက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 16,
      "text": "လူ​မျိုး​လေး​ဆက်​လွန်​သော​အ​ခါ၊ သူ​တို့​သည် ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။ အာ​မော​ရိ​အ​မျိုး​သား​တို့၏​ဒု​စ​ရိုက်​အ​ပြစ်​သည် မ​စုံ​လင်​သေး​ဟု အာ​ဗြံ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 17,
      "text": "တစ်​ဖန် နေ​ဝင်၍​မိုက်​သော​အ​ခါ၊ ခွဲ​ထား​သော​အ​သား​အ​လယ်၌၊ မီး​ခိုး​ထွက်​သော​မီး​ဖို၊ မီး​ထွန်း​လင်း​သော​မီး​ခွက်​သည် ထင်​ရှား​စွာ​လျှောက်​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 18,
      "text": "ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​လျက်၊ အဲ​ဂု​တ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူ​သော၊ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်၊ ဤ​ပြည်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 19,
      "text": "ကေ​နိ​လူ၊ ကေ​န​ဇိ​လူ၊ ကာ​ဒ​မော​နိ​လူ၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 20,
      "text": "ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ရေ​ဖိမ်​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 15,
      "verse": 21,
      "text": "သင်၏​အ​မျိုး​အ​နွယ်​အား ငါ​အပ်​ပေး​ပြီ​ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 1,
      "text": "အာ​ဗြံ၏​မ​ယား​စာ​ရဲ၌ သား​ဖွား​ခြင်း​မ​ရှိ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​သူ​ဟာ​ဂ​ရ​အ​မည်​ရှိ​သော ကျွန်​မ​တစ်​ယောက်​ရှိ​သည်​ဖြစ်၍၊"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 2,
      "text": "စာ​ရဲ​က၊ အ​ကျွန်ုပ်​အား​သား​ဖွား​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မ​မူ။ အ​ကျွန်ုပ်၏​ကျွန်​မ​ထံ​သို့ ဝင်​ပါ​လော့။ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း ရှိ​ကောင်း​ရှိ​ပါ​လိမ့်​မည်​ဟု အာ​ဗြံ​အား​ပြော​ဆို၍၊ အာ​ဗြံ​သည် စာ​ရဲ၏​စ​ကား​ကို နား​ထောင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 3,
      "text": "ထို​သို့​အာ​ဗြံ​သည် ခါ​နာန်​ပြည်၌​ဆယ်​နှစ်​နေ​ပြီး​မှ၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​သည် မိ​မိ​ကျွန်​မ​အဲ​ဂု​တ္တု​ပြည်​သူ​ဟာ​ဂ​ရ​ကို​ယူ၍၊ မိ​မိ​ခင်​ပွန်း​အာ​ဗြံ​သိမ်း​ပိုက်​စေ​ဖို့ အပ်​နှင်း​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 4,
      "text": "အာ​ဗြံ​သည်​လည်း ဟာ​ဂ​ရ​ထံ​သို့​ဝင်၍၊ ဟာ​ဂ​ရ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​လေ၏။ ဟာ​ဂ​ရ​သည် မိ​မိ​တွင်​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ မိ​မိ​သ​ခင်​မ​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 5,
      "text": "စာ​ရဲ​က​လည်း အ​ကျွန်ုပ်​ခံ​ရ​သော​အ​ပြစ်​သည် ကိုယ်​တော်​ခေါင်း​ပေါ်၌ တည်​ရှိ​ပါ​စေ။ အ​ကျွန်ုပ်၏​ကျွန်​မ​ကို ကိုယ်​တော်​ရင်​ခွင်၌ အ​ကျွန်ုပ်​အပ်​နှင်း​ပါ​ပြီ။ သူ​သည် ကိုယ်၌​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ အ​ကျွန်ုပ်​ကို မ​ထီ​မဲ့​မြင်​ပြု​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​အ​မှု​ကို စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​အား​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 6,
      "text": "အာ​ဗြံ​က​လည်း၊ သင်၏​ကျွန်​မ​သည် သင်၏​လက်၌​ရှိ၏။ သူ၌​ပြု​ချင်​သ​မျှ​ပြု​ပါ​လော့​ဟု စာ​ရဲ​အား​ပြန်​ပြော​လျှင်၊ စာ​ရဲ​သည် ကျွန်​မ​ကို​ညှဉ်း​ဆဲ​သ​ဖြင့်၊ ကျွန်​မ​သည် သ​ခင်​မ​ထံ​မှ​ထွက်​ပြေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​တော​လမ်း၌​ရှိ​သော စမ်း​ရေ​တွင်း​နား​မှာ ဟာ​ဂ​ရ​ကို​တွေ့​လျှင်၊"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 8,
      "text": "စာ​ရဲ​ကျွန်​မ​ဟာ​ဂ​ရ၊ အ​ဘယ်​က​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု​မေး​သော်၊ ကျွန်​မ​သည် သ​ခင်​မ​စာ​ရဲ​ထံ​မှ​ပြေး​လာ​ပါ​သည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏​သ​ခင်​မ​ထံ​သို့ ပြန်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​ခံ​လော့​ဟု အ​မိန့်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 10,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သင်၏​အ​မျိုး​အ​နွယ်​ကို မ​ရေ​တွက်​နိုင်​အောင်၊ ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 11,
      "text": "သင်​သည်​ကိုယ်​ဝန်​ဆောင်​သည်​ဖြစ်၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ဣ​ရှ​မေ​လ​အ​မည်​ဖြင့် မှည့်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဆင်း​ရဲ​ဒု​က္ခ​ကို ကြား​သိ​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 12,
      "text": "သူ​သည်​လူ​ရိုင်း​ဖြစ်​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ကို ရန်​ဘက်​ပြု​လိမ့်​မည်။ သူ့​ကို​လည်း​လူ​အ​ပေါင်း​တို့​သည် ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ မိ​မိ​ညီ​အစ်​ကို​အ​ပေါင်း​တို့၏​အ​ပါး၌ နေ​ရ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း မြွက်​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 13,
      "text": "ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 14,
      "text": "ထို​အ​ကြောင်း​ကို​အ​စွဲ​ပြု၍၊ ထို​ရေ​တွင်း​ကို ဗေ​ရ​လ​ဟဲ​ရော​ဟု​သ​မုတ်​ကြ၏။ ကာ​ဒေ​ရှ​မြို့​နှင့် ဗေ​ရက်​မြို့၏​စပ်​ကြား​မှာ​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 15,
      "text": "ထို​နောက်၊ ဟာ​ဂ​ရ​သည်​အာ​ဗြံ​အား သား​ကို​ဖွား​မြင်၏။ အာ​ဗြံ​လည်း ဟာ​ဂ​ရ​တွင်​မြင်​သော​သား​ကို ဣ​ရှ​မေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 16,
      "verse": 16,
      "text": "အာ​ဗြံ​သည်၊ သား​ဣ​ရှ​မေ​လ​ကို ဟာ​ဂ​ရ​ဖွား​မြင်​သော​အ​ခါ၊ အ​သက်​ရှစ်​ဆယ်​ခြောက်​နှစ်​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 1,
      "text": "ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 2,
      "text": "ငါ၏​ပ​ဋိ​ညာဉ်​ကို သင်​နှင့် ငါ​ပြု​မည်။ သင့်​ကို​ငါ​အ​လွန်​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 3,
      "text": "အာ​ဗြံ​သည်​လည်း​ပျပ်​ဝပ်​လျင်၊ ဘု​ရား​သ​ခင်​က၊"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 4,
      "text": "ငါ​ပြု​သော​ပ​ဋိ​ညာဉ်​သည် သင်၌​ရှိ၏။ သင်​သည်​လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 5,
      "text": "နောက်​တစ်​ဖန်​သင်၏​အ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​ရ။ သင်၏​အ​မည်​ကို အာ​ဗြ​ဟံ​ဟု​ခေါ်​ရ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​သင့်​ကို များ​စွာ​သော​လူ​အ​မျိုး​တို့၏ အ​ဘ​အ​ရာ၌​ခန့်​ထား​ပြီ။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 6,
      "text": "ငါ​သည် သင့်​ကို​အ​လွန်​ပွား​များ​စေ​မည်။ သင်​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်၌​လည်း ရှင်​ဘု​ရင်​ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 7,
      "text": "ငါ​သည်​သင်၏​ဘု​ရား၊ သင့်​နောက်၌ သင့်​အ​မျိုး​အ​နွယ်၏​ဘု​ရား​ဖြစ်​မည်​ဟု၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့၌၊ ငါ့​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 8,
      "text": "သင်​သည် ယ​ခု​ဧည့်​သည်​ဖြစ်၍​နေ​သော​ပြည်​တည်း​ဟူ​သော၊ ခါ​နာန်​ပြည်​တစ်​လျှောက်​လုံး​ကို၊ သင်​အား​လည်း​ကောင်း၊ သင့်​နောက်၌​သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​အ​ပိုင်​ပေး​မည်။ သူ​တို့၏​ဘု​ရား​လည်း ငါ​ဖြစ်​မည်​ဟု မိန့်​မြွက်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 9,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သို့​ဖြစ်၍ သင်​နှင့်​တ​ကွ​သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​ရ​ကြ​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 10,
      "text": "သင်​နှင့်​တ​ကွ သင့်​နောက်၌ သင်၏​အ​မျိုး​အ​နွယ်​သည်၊ ငါ့​ရှေ့​မှာ​စောင့်​ရှောက်​ရ​သော ငါ၏​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ သင်​တို့​တွင် သား​ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 11,
      "text": "အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​သည်၊ ငါ​နှင့် သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 12,
      "text": "သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့၌ သား​ယောက်ျား​တိုင်း၊ ကိုယ်​အိမ်၌​ဖွား​သော​သူ​ဖြစ်​စေ၊ ကိုယ်​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​၌ ငွေ​နှင့် ဝယ်​သော​သူ​ဖြစ်​စေ၊ အ​သက်​ရှစ်​ရက်​မြောက်​လျှင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 13,
      "text": "ကိုယ်​အိမ်၌​ဖွား​သော​သူ၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​သည်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ရ​မည်။ ငါ့​ပ​ဋိ​ညာဉ်​လည်း သင်​တို့၏​အ​သား၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 14,
      "text": "အ​ရေ​ဖျား​မ​လှီး၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သား​ယောက်ျား​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ၏။ ထို​သူ​သည် ငါ့​ပ​ဋိ​ညာဉ်​ကို​ဖျက်​လေ​ပြီ​ဟု အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 15,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရဲ​ကို​မူ​ကား၊ စာ​ရဲ​ဟူ​သော အ​မည်​ဖြင့်​မ​ခေါ်​ရ၊ စာ​ရာ​ဟူ​သော​အ​မည်​ဖြင့် ခေါ်​ရ၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 16,
      "text": "သူ့​ကို​ငါ​ကောင်း​ချီး​ပေး၍၊ သူ့​အား​ဖြင့်​လည်း သင်​အား​သား​ကို​ပေး​မည်။ အ​ကယ်​စင်​စစ်​သူ့​ကို ကောင်း​ချီး​ပေး၍၊ သူ​သည် လူ​အ​မျိုး​မျိုး​ဖြစ်​လိမ့်​မည်။ သူ၏​အ​မျိုး​အ​နွယ်၌​လည်း၊ အ​ပြည်​ပြည်​သော​ရှင်​ဘု​ရင်​ဖြစ်​ကြ​လိမ့်​မည်​ဟု၊ အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 17,
      "text": "ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ပျပ်​ဝပ်​လျက်၊ အ​သက်​တစ်​ရာ​ရှိ​သော​သူ​သည် သား​ကို​ရ​လိမ့်​မည်​လော။ အ​သက်​ကိုး​ဆယ်​ရှိ​သော စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်​လော​ဟု ရယ်​လျက်၊ စိတ်​နှ​လုံး​ထဲ​မှာ​အောက်​မေ့​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 18,
      "text": "ဣ​ရှ​မေ​လ​သည် ရှေ့​တော်၌​အ​သက်​ရှင်​ပါ​စေ​သော​ဟု၊ ဘု​ရား​သ​ခင်​ကို လျှောက်​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 19,
      "text": "ဘု​ရား​သ​ခင်​က၊ သင်၏​မ​ယား​စာ​ရာ​သည် သင်​အား​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​လည်း ဣ​ဇာက်​အ​မည်​ဖြင့်​မှည့်​ရ​မည်။ သူ၌​လည်း​ကောင်း၊ သူ့​နောက်​မှ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း ငါ၏​ပ​ဋိ​ညာဉ်​ကို ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 20,
      "text": "ဣ​ရှ​မေ​လ​အ​မှု၌​ကား၊ သင်၏​စ​ကား​ကို ငါ​နား​ထောင်၏။ သူ့​ကို ငါ​ကောင်း​ချီး​ပေး၏။ သူ့​အ​နွယ်​ကို​တိုး​ပွား​စေ၍ သူ့​ကို​အ​လွန်​များ​ပြား​စေ​မည်။ သူ​သည် မင်း​သား​ဆယ်​နှစ်​ပါး​တို့၏​အ​ဘ ဖြစ်​လိမ့်​မည်။ ကြီး​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း ငါ​ပြု​မည်။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 21,
      "text": "သို့​သော်​လည်း၊ နောင်​နှစ်၊ ချိန်း​ချက်​သော​အ​ချိန်​တွင်၊ စာ​ရာ​သည် သင်​အား​ဖွား​လ​တ္တံ့​သော​သား​ဣ​ဇာက်၌၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 22,
      "text": "မိန့်​မြွက်​တော်​မူ​သံ​ငြိမ်း၍ ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​ထံ​မှ တက်​ကြွ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 23,
      "text": "အာ​ဗြ​ဟံ​သည်​လည်း၊ သား​ဣ​ရှ​မေ​လ​မှ​စ၍၊ ကိုယ်​အိမ်၌ ဖွား​သော​သူ​အ​ပေါင်း၊ ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော၊ အာ​ဗြ​ဟံ​အိမ်​နှင့်​ဆိုင်​သော ယောက်ျား​အ​ပေါင်း​တို့​ကို​ယူ၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​နေ့​ချင်း​တွင် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ​၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 24,
      "text": "အာ​ဗြ​ဟံ​သည် ကိုယ်​တိုင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော​အ​ခါ၊ အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 25,
      "text": "သား​ဣ​ရှ​မေ​လ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သော​အ​ခါ၊ အ​သက်​တစ်​ဆယ်​သုံး​နှစ်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 26,
      "text": "တစ်​နေ့​ချင်း​တွင် အာ​ဗြ​ဟံ​နှင့် သား​ဣ​ရှ​မေ​လ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 17,
      "verse": 27,
      "text": "သူ၏​အိမ်၌​ဖွား​သော​သူ၊ တစ်​ပါး​အ​မျိုး​သား၌ သူ၏​ငွေ​နှင့်​ဝယ်​သော​သူ၊ သူ၏​အိမ်​နှင့်​ဆိုင်​သော​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သူ​နှင့်​အ​တူ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​ကြ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မံ​ရေ​သ​ပိတ်​တော​နား​မှာ၊ အာ​ဗြ​ဟံ​အား​ထင်​ရှား​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ နေ​ပူ​သော​အ​ချိန်​တွင် အာ​ဗြ​ဟံ​သည် တဲ​တံ​ခါး​ဝ၌​ထိုင်​လျက်၊"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 2,
      "text": "မျှော်​ကြည့်၍၊ မိ​မိ​ရှေ့​မှာ လူ​သုံး​ယောက်​ရပ်​နေ​ကြ​သည်​ကို​မြင်​သော​အ​ခါ၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ တဲ​တံ​ခါး​ဝ​မှ​ပြေး၍ မြေ​သို့​ဦး​ညွှတ်​ချ​လျက်၊"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 3,
      "text": "အ​ကျွန်ုပ်​သ​ခင်၊ ရှေ့​တော်၌​အ​ကျွန်ုပ်​သည် မျက်​နှာ​ရ​လျှင် ကိုယ်​တော်​ကျွန်​မှ လွန်၍​မ​သွား​ပါ​နှင့်။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 4,
      "text": "ရေ​အ​နည်း​ငယ်​ကို ယူ​ခဲ့​ပါ​ရ​စေ။ ခြေ​ကို​ဆေး​ပြီး​လျှင် သစ်​ပင်​အောက်၌​လျောင်း​နေ​ကြ​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 5,
      "text": "မုန့်​အ​နည်း​ငယ်​ကို​လည်း​ယူ​ခဲ့​ပါ​မည်။ အ​မော​အ​ပန်း​ပြေ​သော​အ​ခါ သွား​ကြ​ပါ​လော့။ ထို​သို့​သော ကျေး​ဇူး​တော်​ကို​ခံ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ ရောက်​ပါ​ပြီ​ဟု​ဆို၏။ ထို​သူ​တို့​က​လည်း၊ ပြော​သည်​အ​တိုင်း​ပြု​ပါ​လော့​ဟု ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 6,
      "text": "အာ​ဗြ​ဟံ​သည်​လည်း၊ တဲ​အ​တွင်း၌​ရှိ​သော စာ​ရာ​ဆီ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင်၊ ဂျုံ​မုန့်​ညက်​သုံး​စ​လယ်​ကို အ​သော့​ပြင်၍ နယ်​ပါ။ ပေါင်​မုန့်​ကို​လုပ်​ပါ​ဟု​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 7,
      "text": "တစ်​ဖန်​နွား​စု​သို့​ပြေး၍ နု​ထွား​ကောင်း​မွန်​သော​နွား​သ​ငယ်​ကို​ယူ​ခဲ့၍၊ လု​လင်၌​အပ်​သ​ဖြင့် မြန်​မြန်​ပြင်​ဆင်​စေ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 8,
      "text": "ထို​နောက်၊ နို့​နှင့် နို့​ဓမ်း​ကို​လည်း​ကောင်း၊ ပြင်​ဆင်​သော နွား​သ​ငယ်​ကို​လည်း​ကောင်း​ယူ၍၊ ထို​သူ​တို့​ရှေ့၌​ထည့်​ပြီး​လျှင်၊ သစ်​ပင်​အောက်၊ သူ​တို့​အ​နား​မှာ​ရပ်​နေ၍၊ သူ​တို့​သည်​စား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 9,
      "text": "ပြီး​သော​အ​ခါ၊ သင်၏​မ​ယား​စာ​ရာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​ကြ​လျှင်၊ တဲ​အ​တွင်း၌​ရှိ​ပါ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 10,
      "text": "ထို​သူ​တို့​တွင် တစ်​ပါး​က​လည်း၊ ဖွား​ချိန်​စေ့​သော​အ​ခါ၊ ငါ​သည် သင့်​ဆီ​သို့ ဆက်​ဆက်​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ သင်၏​မ​ယား​စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​သို့​ဆို​သော​သူ၏​နောက်၌ တံ​ခါး​ဝ​အ​နား​မှာ၊ စာ​ရာ​ရှိ​သော​ကြောင့် ထို​စ​ကား​ကို​ကြား၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 11,
      "text": "ထို​အ​ခါ အာ​ဗြ​ဟံ​နှင့်​စာ​ရာ​သည် အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ စာ​ရာ​သည် မိန်း​မ​တို့၌ ဥ​တု​ရောက်​မြဲ​ရှိ​သည်​အ​တိုင်း မ​ရောက်​ပြီ။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 12,
      "text": "ထို​ကြောင့် စာ​ရာ​က၊ ငါ​လည်း​အို​ပြီ၊ ငါ့​သ​ခင်​လည်း​အို​ပြီ၊ သို့​ဖြစ်၍ ငါ​သည် ပျော်​မွေ့​ခြင်း​ရှိ​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ တိတ်​ဆိတ်​စွာ​ရယ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 13,
      "text": "သင်၏​မ​ယား​စာ​ရာ​က၊ အ​ကယ်၍ ငါ​သည်​အို​ပြီး​မှ၊ သား​ကို​ဖွား​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ အ​ဘယ်​ကြောင့် ရယ်​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ချိန်း​ချက်​သော ဖွား​ချိန်​စေ့​သော​အ​ခါ၊ သင့်​ဆီ​သို့​ငါ​ပြန်​လာ၍၊ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 15,
      "text": "စာ​ရာ​က​လည်း၊ ကျွန်​မ​မ​ရယ်​ပါ​ဟု၊ ကြောက်၍ ငြင်း​လေ၏။ မ​ဟုတ်​ဘူး။ သင်​ရယ်​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 16,
      "text": "ထို​လူ​တို့​သည် ထို​အ​ရပ်​က​ထ၍ သော​ဒုံ​မြို့​သို့ မျက်​နှာ​ပြု​လျက်​သွား​ကြ၏။ အာ​ဗြ​ဟံ​သည်​လည်း သူ​တို့​ကို​ပို့​ခြင်း​ငှာ လိုက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပြု​မည်​အ​မှု​ကို အာ​ဗြ​ဟံ​အား မ​ဖော်​မ​ပြ​ဘဲ ဝှက်​ထား​ရ​မည်​လော။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 18,
      "text": "အာ​ဗြ​ဟံ​သည်​ကြီး​မြတ်၍၊ တန်​ခိုး​နှင့်​ပြည့်​စုံ​သော​လူ​မျိုး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ့​အား​ဖြင့်​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​နောက်၌​ဖြစ်​သော​သား​များ၊ အိမ်​သူ​များ​တို့​အား ပ​ညတ်​မည်​အ​ရာ​ကို ငါ​သိ၏။ သူ​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သို့​လိုက်၍၊ ဟုတ်​မှန်​ဖြောင့်​မတ်​စွာ ကျင့်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ၌​ပြု​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်​ဟု အ​ကြံ​တော်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 20,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၌ ကြွေး​ကြော်​သော​အ​သံ​သည်​ကြီး၍၊ အ​လွန်​အ​ပြစ်​လေး​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 21,
      "text": "ယ​ခု​ငါ​သွား၍ ငါ့​ရှေ့​သို့​ရောက်​ခဲ့​ပြီး​သော ကြွေး​ကြော်​ခြင်း​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​မှန်​ပြု​သည် မ​ပြု​သည်​ကို ငါ​ကြည့်​ရှု​မည်။ မ​ပြု​လျှင် မ​ပြု​ကြောင်း​ကို ငါ​သိ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 22,
      "text": "ထို​သူ​တို့​သည် ထို​အ​ရပ်​မှ​မျက်​နှာ​လှည့်၍ သော​ဒုံ​မြို့​သို့​သွား​ကြ၏။ အာ​ဗြ​ဟံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​လျက်​ရှိ​သေး​၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 23,
      "text": "ထို​အ​ခါ အာ​ဗြ​ဟံ​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို၊ မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ဖျက်​ဆီး​တော်​မူ​မည်​လော။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 24,
      "text": "ထို​မြို့​တွင် ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ရှိ​လျှင်၊ ဖျက်​ဆီး​တော်​မူ​မည်​လော။ ဖြောင့်​မတ်​သော​သူ ငါး​ဆယ်​ပါ​သော​မြို့​ကို သူ​တို့​အ​တွက်​မ​နှ​မြော​ဘဲ ဖျက်​ဆီး​တော်​မူ​မည်​လော။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 25,
      "text": "ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သော​ဒုံ​မြို့၌ ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ သူ​တို့​အ​တွက် ထို​အ​ရပ်​လုံး​ကို​ငါ​နှ​မြော​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 27,
      "text": "တစ်​ဖန်​အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​သည်​မြေ​မှုန့်​နှင့် ပြာ​သက်​သက်​ဖြစ်​သော်​လည်း၊ ဘု​ရား​ရှင်​ကို​ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 28,
      "text": "ဖြောင့်​မတ်​သော​သူ​ငါး​ဆယ်​တို့​တွင် ငါး​ယောက်​မ​ပြည့်​လျှင်၊ ထို​ငါး​ယောက်​မ​ပြည့်​သော​အ​တွက်​ကြောင့်၊ ထို​မြို့​လုံး​ကို ဖျက်​ဆီး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ပြန်​သော်၊ ထို​မြို့၌​လေး​ဆယ့်​ငါး​ယောက်​ကို​ငါ​တွေ့​လျှင်၊ ငါ​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 29,
      "text": "တစ်​ဖန်​တုံ၊ ထို​မြို့၌ လေး​ဆယ်​ကို​တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ ထို​လေး​ဆယ်​အ​တွက် ငါ​မ​ပြု​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 30,
      "text": "တစ်​ဖန်​တုံ၊ အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ။ ထို​မြို့၌​သုံး​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ ထို​မြို့၌ သုံး​ဆယ်​ကို​ငါ​တွေ့​လျှင်၊ ငါ​မ​ပြု​ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 31,
      "text": "တစ်​ဖန်​တုံ၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​လျှောက်​မည်​ဟု အား​ထုတ်​ပါ၏။ ထို​မြို့၌ နှစ်​ဆယ်​ကို​တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ နှစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 32,
      "text": "အို​ဘု​ရား​ရှင်၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ သည်​တစ်​ကြိမ် အ​ကျွန်ုပ်​လျှောက်​ပါ​ရ​စေ​ဦး။ ထို​မြို့၌​တစ်​ဆယ်​ကို တွေ့​ကောင်း​တွေ့​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို​ပြန်​လျှင်၊ တစ်​ဆယ်​အ​တွက် ငါ​မ​ဖျက်​ဆီး​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 18,
      "verse": 33,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြ​ဟံ​နှင့် နှုတ်​ဆက်​ခြင်း​အ​မှု​ကုန်​စင်​ပြီး​မှ၊ ကြွ​သွား​တော်​မူ၏။ အာ​ဗြံ​ဟံ​သည်​လည်း မိ​မိ​နေ​ရာ​အ​ရပ်​သို့ ပြန်​လေ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 1,
      "text": "ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ညဉ့်​ဦး​အ​ချိန်၌ သော​ဒုံ​မြို့​သို့ ရောက်​လာ၏။ လော​တ​သည် မြို့​တံ​ခါး​ဝ၌​ထိုင်​လျက် သူ​တို့​ကို​မြင်​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထ၍ မြေ၌​ဦး​ညွှတ်​ချ​လျက်၊"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 2,
      "text": "အ​ကျွန်ုပ်​သ​ခင်​တို့၊ ကိုယ်​တော်​တို့​ကျွန်​၏​အိမ်​သို့​ဝင်၍ တစ်​ည​လုံး​နေ​ကြ​ပါ။ ခြေ​ကို​ဆေး​ကြ​ပါ။ နံ​နက်​စော​စော​ထ၍ ကြွ​သွား​ကြ​ပါ​လော့​ဟု ဆို​လေ​၏။ ကောင်း​ကင်​တ​မန်​တို့​က၊ ငါ​တို့​သည်​မ​ဝင်၊ တစ်​ည​လုံး​လမ်း၌​နေ​တော့​မည်​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 3,
      "text": "ကျပ်​ကျပ်​သွေး​ဆောင်​သော​ကြောင့် တစ်​ဖန်​လော​တ​နေ​ရာ​သို့​လှည့်၍၊ သူ၏​အိမ်​သို့​ဝင်​ကြ၏။ လော​တ​လည်း၊ သူ​တို့​အ​ဖို့​ပွဲ​လုပ်၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ပေါင်း​ပြီး​မှ၊ သူ​တို့​သည်​စား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 4,
      "text": "ထို​သူ​တို့​သည်​မ​အိပ်​မီ၊ သော​ဒုံ​မြို့​သား ယောက်ျား​အ​ကြီး​အ​ငယ်၊ အ​ရပ်​ရပ်​က​လာ​သော သူ​အ​ပေါင်း​တို့​သည် အိမ်​ကို​ဝိုင်း​၍၊"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 5,
      "text": "လော​တ​ကို​ဟစ်​ခေါ်​လျက်၊ ယ​နေ့​ည​မှာ သင့်​အိမ်​သို့​ဝင်​သော​လူ​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ထို​သူ​တို့​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ငါ​တို့​ထံ​သို့ ထွက်​စေ​လော့​ဟု ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 6,
      "text": "လော​တ​သည်​လည်း၊ တံ​ခါး​ပြင်​မှာ သူ​တို့​ထံ​သို့​ထွက်၍၊ မိ​မိ​နောက်၌ တံ​ခါး​ကို​ပိတ်​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 7,
      "text": "ညီ​အစ်​ကို​တို့၊ အ​ဓ​မ္မ​အ​မှု​ကို ဤ​မျှ​လောက်​မ​ပြု​ကြ​ပါ​နှင့်။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 8,
      "text": "အ​ကျွန်ုပ်​၌ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သော သ​မီး​နှစ်​ယောက်​ရှိ​ပါ၏။ သူ​တို့​ကို သင်​တို့​ထံ​သို့​ထုတ်​ရ​သော​အ​ခွင့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ​ပါ​လော့။ ဤ​လူ​တို့၌ အ​လျှင်း​မ​ပြု​ကြ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အိမ်​မိုး​အ​ရိပ်​ကို​ခို​နေ​ပါ​၏​ဟု တောင်း​ပန်​သော်​လည်း၊"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 9,
      "text": "သူ​တို့​က၊ ဆုတ်​လော့​ဟု​ဆို​ကြ၏။ တစ်​ဖန်​ကား၊ သင်​သည်​တည်း​ခို​ခြင်း​ငှာ​သာ​ရောက်​လာ​သည်​နှင့် တ​ရား​သူ​ကြီး​လုပ်​ရ​မည်​လော။ ယ​ခု​မှာ ထို​သူ​တို့၌​ပြု​သည်​ထက်၊ သင်၌​သာ၍​ဆိုး​သော​အ​မှု​ကို​ပြု​မည်​ဟု​ဆို​လျက်၊ လော​တ​ကို​ကျပ်​ကျပ်​ဖိ၍ တံ​ခါး​ကို​လည်း ပေါက်​ခွဲ​ချိုး​ဖဲ့​ခြင်း​ငှာ ချဉ်း​လာ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 10,
      "text": "ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တို့​သည် လက်​ကို​ဆန့်​၍၊ လော​တ​ကို မိ​မိ​တို့​နေ​ရာ​အိမ်​အ​တွင်း​သို့ ဆွဲ​သွင်း​ပြီး​လျှင်၊ တံ​ခါး​ကို​ပိတ်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 11,
      "text": "အိမ်​တံ​ခါး​နား​မှာ​ရှိ​သော​သူ​အ​ကြီး​အ​ငယ်​တို့​ကို၊ မျက်​စိ​ကန်း​စေ​ခြင်း​ငှာ ဒဏ်​ခတ်​သ​ဖြင့်၊ သူ​တို့​သည်​တံ​ခါး​ကို​ရှာ၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 12,
      "text": "ကောင်း​ကင်​တ​မန်​တို့​က​လည်း၊ ဤ​အ​ရပ်၌ သင်​နှင့်​ဆိုင်​သော​သူ​ရှိ​သေး​သ​လော။ သား​သ​မီး၊ သ​မက်၊ မြို့​ထဲ​မှာ​သင်၌​ရှိ​သ​မျှ​ကို ဤ​အ​ရပ်​က​ထုတ်​ဆောင်​လော့။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 13,
      "text": "ဤ​အ​ရပ်​ကို ငါ​တို့​သည်​ဖျက်​ဆီး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​လွန်​ကြွေး​ကြော်​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​စေ​လွှတ်​တော်​မူ​ပြီ​ဟု လော​တ​အား​ပြော​ဆို​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 14,
      "text": "လော​တ​ထွက်​၍၊ သ​မီး​နှင့်​စုံ​ဖက်​သော​သူ၊ မိ​မိ​သ​မက်​တို့​အား ထ​ကြ၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ကြ၊ ဤ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​သော်​လည်း၊ ကျီ​စား​ဟန်​ရှိ​သည်​ဟု သ​မက်​တို့​ထင်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 15,
      "text": "မိုး​သောက်​သော​အ​ခါ၊ ကောင်း​ကင်​တ​မန်​တို့​သည် လော​တ​ကို​ဆော်​လျက်၊ သင်​သည်​ထ၍ ဤ​အ​ရပ်၌​ရှိ​သော မ​ယား​နှင့် သ​မီး​နှစ်​ယောက်​တို့​ကို ယူ​သွား​လော့။ သို့​မ​ဟုတ်၊ မြို့၏​အ​ပြစ်၌ ဆုံး​ခြင်း​သို့​ရောက်​လိမ့်​မည်​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 16,
      "text": "သူ​သည်​ဖင့်​နွှဲ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သ​နား​တော်​မူ​သော​ကြောင့်၊ ကောင်း​ကင်​တ​မန်​တို့​သည်၊ သူ​နှင့် သူ၏​မ​ယား၊ သူ၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ၍၊ မြို့​ပြင်​သို့ ထုတ်​ဆောင်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 17,
      "text": "ပြင်​သို့​ရောက်​သော​အ​ခါ၊ သင်​သည်​အ​သက်​ချမ်း​သာ​ရ​ခြင်း​ငှာ ပြေး​လော့။ နောက်​သို့​လှည့်၍ မ​ကြည့်​နှင့်။ မြေ​ညီ​သော​အ​ရပ်၌ အ​လျှင်း​မ​နေ​နှင့်။ တောင်​ပေါ်​သို့​ပြေး​လော့။ သို့​မ​ဟုတ် ဆုံး​လိမ့်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 18,
      "text": "လော​တ​က​လည်း၊ အ​ကျွန်ုပ်​သ​ခင် ထို​သို့​မ​ဆို​ပါ​နှင့်။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 19,
      "text": "ယ​ခု​မှာ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​အ​သက်​ချမ်း​သာ​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၌​ပြု​တော်​မူ​သော​က​ရု​ဏာ ကျေး​ဇူး​များ​ပြား​လှ​ပါ၏။ ဘေး​လွတ်၍​တောင်​ပေါ်​သို့ မ​ပြေး​နိုင်​ပါ။ ဘေး​တစ်​စုံ တစ်​ခု​တွေ့၍​သေ​မည်​ကို စိုး​ရိမ်​ပါ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 20,
      "text": "ကြည့်​ပါ။ ထို​မြို့​နီး​ပါ၏။ ပြေး​သာ​ပါ၏။ ငယ်​သော​မြို့​လည်း​ဖြစ်​ပါ၏။ ဘေး​လွတ်၍ ထို​အ​ရပ်​သို့​ပြေး​ပါ​ရ​စေ။ ထို​မြို့​သည် ငယ်​သော​မြို့​မ​ဟုတ်​လော။ သို့​ပြေး​လျှင်၊ အ​သက်​ချမ်း​သာ​ရ​ပါ​မည်​ဟု လျှောက်​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 21,
      "text": "ထို​သူ​က​လည်း၊ ကြည့်​ပါ။ ဤ​အ​မူ​အ​ရာ၌​လည်း သင်၏​စ​ကား​ကို ငါ​နား​ထောင်​စေ​ခြင်း​ငှာ၊ ထို​မြို့​အ​တွက်​တောင်း​ပန်​သော​ကြောင့် ငါ​မ​ဖျက်​ဆီး။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 22,
      "text": "ဘေး​လွတ်​ခြင်း​ငှာ ထို​မြို့​သို့​အ​လျင်​အ​မြန်​ပြေး​လော့။ ထို​မြို့​သို့​မ​ရောက်​မီ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်​ဟု​ဆို​လေ၏။ ထို​ကြောင့် ထို​မြို့​ကို ဇော​ရ​မြို့​ဟု​သ​မုတ်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 23,
      "text": "လော​တ​သည် ဇော​ရ​မြို့​သို့​ဝင်​သော​အ​ခါ၊ မြေ​ကြီး​ပေါ်​မှာ နေ​ထွက်​ချိန်​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 24,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 25,
      "text": "ထို​မြို့​တို့​ကို​လည်း​ကောင်း၊ ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ၌​ပေါက်​သ​မျှ​ကို​လည်း​ကောင်း၊ မှောက်​လှဲ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 26,
      "text": "လော​တ၏​မ​ယား​မူ​ကား၊ နောက်​သို့​လှည့်​ကြည့်၍ ဆား​တိုင်​ဖြစ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 27,
      "text": "နံ​နက်​စော​စော အာ​ဗြ​ဟံ​သည်​ထ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​သော အ​ရပ်​သို့​သွား​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 28,
      "text": "သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ​သော ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို ကြည့်​ရှု၍၊ မီး​ဖို၌​အ​ခိုး​ကဲ့​သို့၊ တစ်​ပြည်​လုံး​အ​ခိုး​တက်​သည်​ကို မြင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 29,
      "text": "ထို​သို့​ဘု​ရား​သ​ခင်​သည် ချိုင့်​ထဲ​မှာ​ရှိ​သော​မြို့​တို့​ကို ဖျက်​ဆီး​သော​အ​ခါ၊ အာ​ဗြ​ဟံ​ကို အောက်​မေ့​တော်​မူ​၏။ လော​တ​နေ​သော​မြို့​တို့​ကို မှောက်​လှဲ​သော​အ​ခါ မှောက်​လှဲ​ရာ​ထဲ​က လော​တ​ကို လွှတ်​လိုက်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 30,
      "text": "လော​တ​သည် ဇော​ရ​မြို့​မှ​ထွက်၍၊ သ​မီး​နှစ်​ယောက်​နှင့်​တ​ကွ တောင်​ပေါ်​မှာ​နေ၏။ ဇော​ရ​မြို့၌​မ​နေ​ဝံ့၍၊ သ​မီး​နှစ်​ယောက်​နှင့်​တ​ကွ ဥ​မင်၌​နေ​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 31,
      "text": "သ​မီး​အ​ကြီး​က၊ ငါ​တို့​အ​ဘ​အို​ပြီ။ မြေ​ကြီး​သား​အ​ပေါင်း​တို့၏ ဘာ​သာ​အ​တိုင်း၊ ငါ​တို့​ထံ​သို့​ဝင်​ရ​သော ယောက်ျား​တစ်​ယောက်​မျှ မြေ​ပေါ်​မှာ​မ​ရှိ။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 32,
      "text": "လာ​ကြ။ ငါ​တို့​အ​ဘ​ကို စ​ပျစ်​ရည်​တိုက်​ကြ​စို့။ ငါ​တို့​အ​ဘ၏​အ​မျိုး​အ​နွယ်​ကို စောင့်​မ၍၊ သူ​နှင့်​အိပ်​ကြ​စို့​ဟု ညီ​မ​ကို​ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 33,
      "text": "ထို​နေ့​ည​မှာ သူ​တို့​သည် အ​ဘ​ကို စ​ပျစ်​ရည်​တိုက်​ပြီး​လျှင်၊ သ​မီး​အ​ကြီး​သည်​ဝင်၍ အ​ဘ​နှင့်​အိပ်​လေ၏။ သူ​အိပ်​ကြောင်း​ကို​လည်း​ကောင်း၊ ထ​ကြောင်း​ကို​လည်း​ကောင်း အ​ဘ​မ​သိ။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 34,
      "text": "နက်​ဖြန်​နေ့​တွင် အ​ကြီး​က​လည်း၊ မ​နေ့​ည​မှာ ငါ​သည် အ​ဘ​နှင့်​အိပ်​လေ​ပြီ။ ယ​နေ့​ည​တစ်​ဖန်​သူ့​ကို စ​ပျစ်​ရည်​တိုက်​ကြ​စို့။ သင်​သည်​ဝင်၍ အ​ဘ၏​အ​မျိုး​အ​နွယ်​ကို စောင့်​မ​ခြင်း​ငှာ၊ သူ​နှင့်​အိပ်​လော့​ဟု ညီ​မ​ကို​ပြော​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 35,
      "text": "ထို​နေ့​ည၌​လည်း သူ​တို့​သည် အ​ဘ​ကို စ​ပျစ်​ရည်​တိုက်​ပြီး​လျှင်၊ အ​ငယ်​သည်​ဝင်၍ အ​ဘ​နှင့် အိပ်​လေ၏။ အိပ်​ကြောင်း​ကို​လည်း​ကောင်း၊ ထ​ကြောင်း​ကို​လည်း​ကောင်း အ​ဘ​မ​သိ။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 36,
      "text": "ထို​သို့​လော​တ၏​သ​မီး​နှစ်​ယောက်​တို့​သည်၊ မိ​မိ​အ​ဘ​အား​ဖြင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 37,
      "text": "သ​မီး​အ​ကြီး​သည်​သား​ကို​ဖွား၍ မော​ဘ​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​သူ​သည် ယ​နေ့​တိုင်​အောင်​ရှိ​သော မော​ဘ​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 19,
      "verse": 38,
      "text": "သ​မီး​အ​ငယ်​သည်​လည်း သား​ကို​ဖွား၍ ဗေ​န​မ္မိ​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​သူ​သည် ယ​နေ့​တိုင်​အောင်​ရှိ​သော အ​မ္မုန်​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 1,
      "text": "တစ်​ဖန်​အာ​ဗြ​ဟံ​သည် တောင်​ပြည်​သို့ ခ​ရီး​သွား​သ​ဖြင့်၊ ကာ​ဒေ​ရှ​မြို့​နှင့် ရှု​ရ​မြို့​စပ်​ကြား​မှာ​နေ၍၊ ဂေ​ရာ​မြို့၌​တည်း​ခို၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 2,
      "text": "ထို​အ​ခါ မိ​မိ​မ​ယား​စာ​ရာ​သည် မိ​မိ​နှ​မ​ဖြစ်​သည်​ဟု၊ သူ​တစ်​ပါး​တို့​အား အာ​ဗြ​ဟံ​ဆို​သော​ကြောင့်၊ ဂေ​ရာ​မင်း​ကြီး​အ​ဘိ​မ​လက်​သည် မိ​မိ​လူ​ကို​စေ​လွှတ်၍၊ စာ​ရာ​ကို​ယူ​စေ​၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 3,
      "text": "ည​အ​ချိန်​တွင်​အိပ်​မက်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​ဆီ​သို့​ကြွ​လာ၍၊ သင်​သည် လူ​သေ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​ယူ​သော​မိန်း​မ​သည် သူ့​မ​ယား​ဖြစ်၏​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 4,
      "text": "အ​ဘိ​မ​လက်​သည်၊ ထို​မိန်း​မ​နှင့် မ​ပေါင်း​ဖော်​သေး​သည်​ဖြစ်၍၊ အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​သော​လူ​မျိုး​ကို ကွပ်​မျက်​တော်​မူ​မည်​လော။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 5,
      "text": "သူ​သည် ငါ​နှ​မ​ဖြစ်၏​ဟု အ​ကျွန်ုပ်​အား ယောက်ျား​ဆို​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​အား​သူ​သည်​ငါ့​မောင်​ဖြစ်၏​ဟု၊ မိန်း​မ​လည်း​ဆို​သည် မ​ဟုတ်​ပါ​လော။ ဖြောင့်​မတ်​သော​သ​ဘော​ရှိ၍၊ သန့်​ရှင်း​သော​လက်​နှင့် ဤ​အ​မှု​ကို​အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 6,
      "text": "ထို​အိပ်​မက်၌ ဘု​ရား​သ​ခင်​က​လည်း၊ မှန်​ပေ၏။ သင်​သည် ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြု​သည်​ကို ငါ​သိ၏။ သင်​သည်​ငါ့​ကို​မ​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သင့်​ကို ငါ​ဆီး​တား​ပြီ။ သို့​ဖြစ်၍ ထို​မိန်း​မ​နှင့်​ပေါင်း​ဖော်​ရ​သော​အ​ခွင့်​ကို ငါ​မ​ပေး။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 7,
      "text": "ယ​ခု​မှာ၊ သူ၏​မ​ယား​ကို သူ့​အား​ပြန်​ပေး​လော့။ သူ​သည် ပ​ရော​ဖက်​ဖြစ်၏။ သင့်​အ​ဖို့​ဆု​တောင်း​လျှင်၊ သင်​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ပြန်၍​မ​ပေး​ဘဲ​နေ​လျှင်၊ သင်​မှ​စ၍၊ သင်​နှင့်​ဆိုင်​သော​သူ​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​သေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 8,
      "text": "နံ​နက်​စော​စော​အ​ဘိ​မ​လက်​သည်​ထ၍၊ မိ​မိ​ကျွန်​အ​ပေါင်း​တို့​ကို​ခေါ်​ပြီး​မှ၊ အ​မူ​အ​ရာ​အ​လုံး​စုံ​ကို​ပြော​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​လွန်​ကြောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 9,
      "text": "အာ​ဗြ​ဟံ​ကို​လည်း အ​ဘိ​မ​လက်​ခေါ်၍၊ သင်​သည်​ငါ​တို့၌ အ​ဘယ်​သို့​ပြု​သ​နည်း။ သင့်​ကို​ငါ​တို့​သည်​အ​ဘယ်​သို့​ပြစ်​မှား​သော​ကြောင့်၊ သင်​သည်​ငါ၌​လည်း​ကောင်း၊ ငါ့​နိုင်​ငံ၌​လည်း​ကောင်း၊ ကြီး​စွာ​သော​အ​ပြစ်​ကို ရောက်​စေ​သ​နည်း။ သင်​သည် မ​ပြု​အပ်​သော​အ​မှု​ကို ငါ၌​ပြု​ပါ​သည်​တ​ကား​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 10,
      "text": "တစ်​ဖန်​အ​ဘိ​မ​လက်​က၊ သင်​သည် အ​ဘယ်​အ​မှု​ကို​မြင်၍ ဤ​သို့​ပြု​သ​နည်း​ဟု အာ​ဗြ​ဟံ​ကို​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 11,
      "text": "အာ​ဗြ​ဟံ​က၊ ဤ​အ​ရပ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ အ​ကျွန်ုပ်၏​မ​ယား​အ​တွက် အ​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​ထင်​သော​ကြောင့်၊ ထို​သို့​ပြု​မိ​ပါ​ပြီ။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 12,
      "text": "သို့​သော်​လည်း သူ​သည်​အ​ကျွန်ုပ်​နှ​မ​မှန်​ပါ၏။ အ​ကျွန်ုပ်​အ​ဘ၏​သ​မီး​ဖြစ်၏။ အ​မိ၏​သ​မီး​မ​ဟုတ်။ အ​ကျွန်ုပ်​မ​ယား​လည်း ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို​အ​ဘ၏ အိမ်​မှ​ခေါ်၍ လည်​စေ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​က၊ သင်​သည်​ငါ၌​ပြု​ရ​သော​ကျေး​ဇူး​ဟူ​မူ​ကား၊ ငါ​သည်​သင်၏​မောင်​ဖြစ်​ကြောင်း​ကို ရောက်​လေ​ရာ​ရာ၌​ပြော​ရ​မည်​ဟု၊ မ​ယား​ကို​မှာ​ထား​ပါ​သည်​ဟု ပြန်​ပြော​လေ​၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 14,
      "text": "ထို​အ​ခါ အ​ဘိ​မ​လက်​သည်၊ သိုး၊ နွား၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​တို့​ကို​ယူ၍၊ အာ​ဗြ​ဟံ​အား​ပေး​လေ၏။ မ​ယား​စာ​ရာ​ကို​လည်း​ပြန်​ပေး​၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 15,
      "text": "အ​ဘိ​မ​လက်​က​လည်း၊ ငါ့​မြေ​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​လို​ရှိ​သည်​အ​တိုင်း နေ​ပါ​ဟု အ​မိန့်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 16,
      "text": "စာ​ရာ​ကို​လည်း၊ သင်​နှင့် သင့်​အ​ပေါင်း​အ​ဖော်​တို့​အ​ဖို့၊ မျက်​နှာ​ဖုံး​များ​ကို ဝယ်​စ​ရာ​ဖို့၊ သင်၏​မောင်​အား ငွေ​တစ်​ထောင်​ကို​ငါ​ပေး​ပြီ​ဟု အ​မိန့်​ရှိ​သ​ဖြင့်၊ သူ​သည်​လည်း အ​ရာ​ရာ၌​အ​ဆုံး​အ​မ​ခံ​ရ​၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 17,
      "text": "အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို​ဆု​တောင်း၍၊ ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​နှင့် သူ၏​မ​ယား၊ သူ၏​ကျွန်​မ​တို့​ကို​အ​နာ​ပျောက်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သား​ကို​ဖွား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 20,
      "verse": 18,
      "text": "အ​ထက်​က အာ​ဗြ​ဟံ၏​မ​ယား​စာ​ရာ​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘိ​မ​လက်​၏​အိမ်​သူ၊ မိန်း​မ​တစ်​ယောက်​မျှ ပ​ဋိ​သ​န္ဓေ​မ​ယူ​စေ​ခြင်း​ငှာ၊ စီ​ရင်​တော်​မူ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ စာ​ရာ​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ၍၊ က​တိ​တော်​ရှိ​သည်​နှင့်​လျော်​စွာ သူ၌​ပြု​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 2,
      "text": "စာ​ရာ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ အာ​ဗြ​ဟံ​အ​သက်​ကြီး​သော​အ​ခါ၊ သူ့​အား​သား​ကို​ဖွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 3,
      "text": "အာ​ဗြ​ဟံ​သည်​လည်း၊ မိ​မိ​ရ​သော​သား​တည်း​ဟူ​သော၊ စာ​ရာ​ဖွား​သော​သား​ကို ဣ​ဇာက်​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြ​ဟံ​သည်​ရှစ်​ရက်​မြောက်​သော​နေ့၌၊ သား​ဣ​ဇာက်​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 5,
      "text": "သား​ဣ​ဇာက်​ကို​မြင်​ရ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 6,
      "text": "စာ​ရာ​က​လည်း၊ ငါ​ရယ်​ရ​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ ဤ​သ​တင်း​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငါ​နှင့်​အ​တူ ရယ်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 7,
      "text": "စာ​ရာ​သည်​သား​ကို​နို့​တိုက်​လိမ့်​မည်​ဟု အာ​ဗြ​ဟံ​အား အ​ဘယ်​သူ​ပြော​နှင့်​ရ​သ​နည်း။ သူ​သည်​အ​သက်​ကြီး​သော​အ​ခါ၊ ငါ​သည်​သား​ကို​ဖွား​ပြီ​ဟူ၍​လည်း​ကောင်း ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 8,
      "text": "ထို​သူ​ငယ်​ဣ​ဇာက်​သည် ကြီး​ပွား၍ နို့​နှင့်​ကွာ​လေ၏။ နို့​ကွာ​သော​နေ့၌ အာ​ဗြ​ဟံ​သည် ပွဲ​ကြီး​လုပ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 9,
      "text": "အဲ​ဂု​တ္တု​အ​မျိုး​သား​ဟာ​ဂ​ရ​တွင် အာ​ဗြ​ဟံ​ရ​သော​သား​သည် ဆဲ​ရေး​သည်​ကို စာ​ရာ​သိ​မြင်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 10,
      "text": "ဤကျွန်​မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ ဤ​ကျွန်​မ၏​သား​သည် အ​ကျွန်ုပ်၏​သား​ဣ​ဇာက်​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု အာ​ဗြ​ဟံ​အား ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 11,
      "text": "အာ​ဗြ​ဟံ​လည်း၊ မိ​မိ​သား​ဖြစ်​သော​ကြောင့်၊ ထို​အ​မှု​အ​လွန်​ခက်​သည်​ဟု ထင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 12,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်​က၊ ထို​သူ​ငယ်​နှင့် သင်၏​ကျွန်​မ​ကြောင့်၊ ဤ​အ​မှု​ခက်​သည်​ဟု မ​ထင်​နှင့်။ စာ​ရာ​ပြော​လေ​ရာ​ရာ၌ သူ၏​စ​ကား​ကို နား​ထောင်​လော့။ အ​ကြောင်း​မူ​ကား၊ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 13,
      "text": "ကျွန်​မ၏​သား​သည် သင်၏​အ​မျိုး​ဖြစ်​သော​ကြောင့်၊ သူ့​ကို​လည်း လူ​မျိုး​ဖြစ်​စေ​မည်​ဟု အာ​ဗြ​ဟံ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 14,
      "text": "အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မုန့်​နှင့် ရေ​ဘူး​ကို​ယူ​သ​ဖြင့်၊ ဟာ​ဂ​ရ​ပ​ခုံး၌​တင်​ပြီး​လျှင်၊ သူ​ငယ်​ကို​အပ်၍ ကျွန်​မ​ကို လွှတ်​လိုက်​လေ၏။ သူ​သည်​လည်း​သွား၍၊ ဗေ​ရ​ရှေ​ဘ​တော၌ လှည့်​လည်​လျက်​နေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 15,
      "text": "ဘူး၌​ရေ​ကုန်​သော​အ​ခါ၊ သူ​ငယ်​ကို ချုံ​ပုတ်​အောက်၌​ထား၍၊"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 16,
      "text": "ငါ​သည်​သူ​ငယ်​သေ​သည်​ကို မ​မြင်​လို​ဟု​ဆို​လျက်၊ ခပ်​ဝေး​ဝေး၊ လေး​တစ်​ပစ်​ခန့်​လောက်​သွား​ပြီး​လျှင်၊ သူ​ငယ်​ရှေ့​မှာ ထိုင်၍​နေ​လေ၏။ ထို​သို့​ထိုင်၍​နေ​စဉ်၊ သူ​သည်​အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 18,
      "text": "ထ​လော့။ လု​လင်​ကို​ကြွ၍ လက်​နှင့်​မ​လော့။ ငါ​သည်​သူ့​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်​ဟု ကောင်း​ကင်​ထဲ​က​ခေါ်၍ ဟာ​ဂ​ရ​အား​မြွက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 19,
      "text": "ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဟာ​ဂ​ရ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ရေ​တွင်း​ကို​မြင်​လေ​သော်၊ သွား၍​ဘူး​ကို ရေ​ဖြည့်​ပြီး​လျှင်၊ လု​လင်​အား ရေ​ကို​တိုက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 20,
      "text": "ထို​လု​လင်​ဘက်၌​လည်း၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ သူ​သည်​ကြီး​ပွား၍ တော၌​နေ​သ​ဖြင့်၊ လေး​သ​မား​ဖြစ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 21,
      "text": "ပါ​ရန်​တော၌​နေ​သည်​ဖြစ်၍၊ သူ့​အ​မိ​သည် အဲ​ဂု​တ္တု​ပြည်​မှ မိန်း​မ​တစ်​ယောက်​ကို​ခေါ်၍ သူ​နှင့် စုံ​ဖက်​စေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 22,
      "text": "ထို​ရော​အ​ခါ၊ အ​ဘိ​မ​လက်​မင်း​နှင့် ဗိုလ်​ချုပ်​မင်း​ဖိ​ကော​လ​တို့​သည် အာ​ဗြ​ဟံ​ကို​ခေါ်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၌ သင့်​ဘက်​မှာ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 23,
      "text": "သို့​ဖြစ်၍ သင်​သည်​ငါ့​ကို​လည်း​ကောင်း၊ ငါ့​သား​ကို​လည်း​ကောင်း၊ ငါ့​မြေး​ကို​လည်း​ကောင်း၊ မ​လှည့်​စား။ ငါ​သည်​သင်၌​ကျေး​ဇူး​ပြု​သ​ကဲ့​သို့ ငါ၌​လည်း​ကောင်း၊ သင်​တည်း​နေ​ရာ ငါ့​ပြည်၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​မည်​ဟု ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ပါ​လော့​ဟု ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 24,
      "text": "အာ​ဗြ​ဟံ​က​လည်း၊ ထို​အ​တိုင်း​ငါ​ကျိန်​ဆို​ပါ​မည်​ဟု ပြန်​ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 25,
      "text": "အ​ဘိ​မ​လက်​မင်း၏​ကျွန်​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​သော ရေ​တွင်း​အ​ကြောင်း​ကြောင့်၊ အာ​ဗြ​ဟံ​သည်​လည်း အ​ဘိ​မ​လက်​မင်း​ကို အ​ပြစ်​တင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 26,
      "text": "အ​ဘိ​မ​လက်​မင်း​က​လည်း၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သည်​ကို ငါ​မ​သိ။ သင်​သည်​ငါ့​ကို​မ​ပြော။ ငါ​လည်း​ယ​နေ့​တိုင်​အောင် မ​ကြား​ရ​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 27,
      "text": "အာ​ဗြ​ဟံ​သည်​လည်း သိုး၊ နွား​တို့​ကို​ယူ​ပြီး​လျှင်၊ အ​ဘိ​မ​လက်​အား​ပေး၍ ထို​နှစ်​ပါး​တို့​သည် ပ​ဋိ​ညာဉ်​ပြု​ကြ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 28,
      "text": "အာ​ဗြ​ဟံ​သည်​လည်း သိုး​သ​ငယ်​မ​ခု​နစ်​ကောင်​တို့​ကို သိုး​စု​နှင့်​ခွဲ​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 29,
      "text": "အ​ဘိ​မ​လက်​က​လည်း၊ ခွဲ​ထား​သော ဤ​သိုး​သ​ငယ်​မ​ခု​နစ်​ကောင်​တို့​သည်၊ အ​ဘယ်​သို့​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 30,
      "text": "အာ​ဗြ​ဟံ​က၊ ဤ​ရေ​တွင်း​ကို​ငါ​တူး​ပြီး​ဟု ဤ​သိုး​သ​ငယ်​မ​ခု​နစ်​ကောင်​တို့​သည် ငါ့​ဘက်၌​သက်​သေ​ဖြစ်​မည်​အ​ကြောင်း သူ​တို့​ကို သင်​သည်​ငါ့​လက်​မှ​ခံ​ယူ​ရ​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 31,
      "text": "သို့​ဖြစ်၍ ထို​အ​ရပ်၌ ထို​နှစ်​ပါး​တို့​သည်​ကျိန်​ဆို​သော​ကြောင့်၊ ထို​အ​ရပ်​ကို ဗေ​ရ​ရှေ​ဘ​ဟု​တွင်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 32,
      "text": "ထို​သို့​ဗေ​ရ​ရှေ​ဘ​အ​ရပ်၌ ပ​ဋိ​ညာဉ်​ပြု​ကြ၏။ အ​ဘိ​မ​လက်​နှင့် ဗိုလ်​ချုပ်​မင်း​ဖိ​ကော​လ​တို့​သည်​ထ၍ ဖိ​လိ​တ္တိ​ပြည်​သို့​ပြန်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 33,
      "text": "အာ​ဗြ​ဟံ​သည် ဗေ​ရ​ရှေ​ဘ​အ​ရပ်၌ မန်​ကျည်း​ပင်​ကို​စိုက်၍၊ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​ပ​တ္ထ​နာ​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 21,
      "verse": 34,
      "text": "ဖိ​လိ​တ္တိ​ပြည်​မှာ ကာ​လ​ရှည်​ကြာ​စွာ​တည်း​နေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 1,
      "text": "ထို​နောက်​မှ ဘု​ရား​သ​ခင်​သည်၊ အာ​ဗြ​ဟံ​ကို​စုံ​စမ်း​ခြင်း​ငှာ၊ အာ​ဗြ​ဟံ​ဟု ခေါ်​တော်​မူ၍ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ​၏​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 2,
      "text": "သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 3,
      "text": "အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မိ​မိ​သား​ဣ​ဇာက်​နှင့် ငယ်​သား​နှစ်​ယောက်​ကို​ခေါ်၍၊ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ခွဲ​ပြီး​မှ၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ထ​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 4,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ မျှော်​ကြည့်၍၊ ထို​အ​ရပ်​ကို​အ​ဝေး​က​မြင်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 5,
      "text": "ငယ်​သား​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ဤ​အ​ရပ်၌​မြည်း​နှင့် အ​တူ​နေ​ရစ်​ကြ​လော့။ ငါ​သည်​သား​နှင့်​အ​တူ ထို​အ​ရပ်​သို့​သွား၍၊ ကိုး​ကွယ်​ခြင်း​ကို​ပြု​အံ့။ ထို​အ​မှု​ပြီး​မှ၊ သင်​တို့​ဆီ​သို့​ပြန်​လာ​ဦး​မည်​ဟု ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 6,
      "text": "ထို​အ​ခါ ယဇ်​ရှို့​စ​ရာ​ထင်း​ကို​ယူ၍၊ သား​ဣ​ဇာက်​အ​ပေါ်​မှာ​တင်​ပြီး​လျှင်၊ မီး​နှင့်​ဓား​ကို မိ​မိ​လက်၌​ကိုင်​လျက်၊ နှစ်​ယောက်​အ​တူ​သွား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 7,
      "text": "သွား​ကြ​စဉ်​တွင်၊ ဣ​ဇာက်​သည် အ​ဘ​အာ​ဗြ​ဟံ​ကို အ​ဘ​ဟု​ခေါ်​လျှင်၊ ငါ့​သား၊ ငါ​ရှိ၏​ဟု​ထူး​လေ​၏။ ဣ​ဇာက်​က​လည်း မီး​ပါ​၏၊ ထင်း​လည်း​ပါ၏။ ယဇ်​ရှို့​စ​ရာ​ဖို့​သိုး​သ​ငယ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 8,
      "text": "အာ​ဗြ​ဟံ​က ငါ့​သား၊ ယဇ်​ရှို့​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​အ​ဖို့​ပြင်​ဆင်​တော်​မူ​လိမ့်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 9,
      "text": "ထို​သို့​နှစ်​ယောက်​အ​တူ​သွား၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် ယဇ်​ပ​လ္လင်​ကို​တည်၍ ထင်း​ကို​ခင်း​ပြီး​လျှင်၊ သား​ဣ​ဇာက်​ကို​ချည်​နှောင်၍၊ ယဇ်​ပ​လ္လင်၌ ထင်း​ပေါ်​မှာ​တင်​ထား၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 10,
      "text": "မိ​မိ​လက်​ကို​ဆန့်၍၊ သား​ကို​သတ်​ခြင်း​ငှာ၊ ဓား​ကို​ကိုင်​ယူ​လေ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 11,
      "text": "ထို​အ​ခါ၊ ထာ​ဝရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ​ဟု ကောင်း​ကင်​ပေါ်​က​ခေါ်​လေ၏။ အာ​ဗြ​ဟံ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 12,
      "text": "ထို​လု​လင်​ကို မ​ထိ​မ​ခိုက်​နှင့်။ အ​လျှင်း​မ​ပြု​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သည်​ဟု ယ​ခု​ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို​ငါ​တောင်း၍၊ သင်​သည်​ငါ့​ကို​မ​ငြင်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 13,
      "text": "ထို​အ​ခါ အာ​ဗြ​ဟံ​သည်​မျှော်​ကြည့်၍၊ မိ​မိ​နောက်​မှာ ချုံ​ပုတ်၌ ချို​ညှိ​လျက်​ရှိ​သော​သိုး​ကို​မြင်​လေ၏။ ထို​သိုး​ကို​သွား၍​ယူ​ပြီး​လျှင်၊ မိ​မိ​သား​ကိုယ်​စား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လေ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 14,
      "text": "ထို​အ​ရပ်​ကို ယေ​ဟော​ဝါ​ယိ​ရေ​ဟု အာ​ဗြ​ဟံ​သ​မုတ်​လေ၏။ ထို​သို့​နှင့်​အ​ညီ၊ တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​တော်​မူ​မည်​ဟု ယ​နေ့​တိုင်​အောင်​ဆို​လေ့​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 15,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ပေါ်​က အာ​ဗြ​ဟံ​ကို​ခေါ်​လျက်၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 16,
      "text": "သင်​သည် ဤ​အ​မှု​ကို​ပြု၍၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို၊ ငါ့​အား​မ​ငြင်း​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 17,
      "text": "ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 18,
      "text": "သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်၊ လူ​မျိုး​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ၏​စ​ကား​ကို​သင်​နား​ထောင်​သော​ကြောင့်၊ ငါ​သည်​ကိုယ်​ကို ကိုယ်​တိုင်​တည်၍​ကျိန်​ဆို၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 19,
      "text": "ထို​အ​ခါ​အာ​ဗြ​ဟံ​သည် ငယ်​သား​တို့​ရှိ​ရာ​သို့ ပြန်၏။ သူ​တို့​သည် ထ​ပြီး​လျှင် ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ လိုက်​သွား​ကြ၏။ ထို​အ​ရပ်၌ အာ​ဗြ​ဟံ​နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 20,
      "text": "ထို​နောက်​မှ၊ အာ​ဗြ​ဟံ​ကြား​သော​သ​တင်း​စ​ကား​ဟူ​မူ​ကား၊ သင်၏​အစ်​ကို​နာ​ခေါ်​မ​ယား​မိ​လ​ခါ​သည် သား​ကို​ဖွား​မြင်​လေ​ပြီ။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 21,
      "text": "သား​အ​ကြီး​ဟု​ဇ၊ သူ့​ညီ​ဗု​ဇ၊ အာ​ရံ​အ​ဘ​ကေ​မွေ​လ၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 22,
      "text": "ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်၊ ဗေ​သွေ​လ​တည်း​ဟူ​သော၊"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 23,
      "text": "သား​ရှစ်​ယောက်​တို့​ကို၊ အာ​ဗြ​ဟံ​အစ်​ကို နာ​ခေါ်၏​မ​ယား​မိ​လ​ခါ ဖွား​မြင်​လေ၏။ ဗေ​သွေ​လ​ကား၊ ရေ​ဗ​က္က​အ​ဘ​တည်း။"
    },
    {
      "book": 1,
      "chapter": 22,
      "verse": 24,
      "text": "ရု​မာ​အ​မည်​ရှိ​သော နာ​ခေါ်၏​မ​ယား​ငယ်​သည်​လည်း တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ၊ မာ​ခါ​တို့​ကို ဖွား​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 1,
      "text": "စာ​ရာ​သည် အ​သက်​တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၏။ ထို​မျှ​လောက်​အ​သက်​ကြီး​သော်၊"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 2,
      "text": "ခါ​နာန်​ပြည်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယ​သာ​ဘ​မြို့၌ သေ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း စာ​ရာ​ကြောင့် ညည်း​တွား​ငို​ကြွေး​ခြင်း​ငှာ​လာ၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 3,
      "text": "အာ​ဗြ​ဟံ​သည် မိ​မိ​မ​ယား​အ​သေကောင်​ရှေ့​က​ထ၍၊ ဟေ​သ​အ​မျိုး​သား​တို့​အား၊"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 4,
      "text": "ငါ​သည် သင်​တို့​ထံ​မှာ​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ပါ၏။ ငါ၏​မ​ယား​အ​သေကောင်​ကို မျက်​ကွယ်​မြှုပ်​မည်​အ​ကြောင်း၊ သင်​တို့​တွင် သင်္ချိုင်း​ကို​ငါ့​အား​အ​ခွင့်​ပေး​ပါ​လော့​ဟု ဆို၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 5,
      "text": "ဟေ​သ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​သ​ခင်၊ နား​ထောင်​ပါ။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 6,
      "text": "ကိုယ်​တော်​သည်၊ အ​ကျွန်ုပ်​တို့​တွင်၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​မင်း​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့၏​သင်္ချိုင်း​များ​တွင်​ရွေး၍၊ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​လော့။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို မ​သင်္ဂြိုဟ်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​မျှ မိ​မိ​သင်္ချိုင်း​ကို​မ​ပေး​ဘဲ​မ​နေ​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​ကြ၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 7,
      "text": "အာ​ဗြ​ဟံ​သည်​ထ၍၊ ထို​ပြည်​သား​တည်း​ဟူ​သော ဟေ​သ​အ​မျိုး​သား​များ​ရှေ့​မှာ ဦး​ညွှတ်​ချ​လျက်၊"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 8,
      "text": "ငါ​သည် ငါ၏​မ​ယား​အ​သေ​ကောင်​ကို မျက်​ကွယ်​မြှုပ်​စေ​ခြင်း​ငှာ သင်​တို့​အ​လို​ရှိ​လျှင်၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 9,
      "text": "သင်​တို့​တွင် ငါ​ပိုင်​ထိုက်​သော​သင်္ချိုင်း​ရှိ​စေ​ခြင်း​ငှာ၊ ဇော​ဟာ​သား​ဧ​ဖ​ရုန်​သည်၊ မိ​မိ​လယ်​ပြင်​အ​စွန်း၌​ရှိ​သော မ​ပ္ပေ​လ​မြေ​တွင်း​ကို၊ အ​ဖိုး​ထိုက်​သ​မျှ​ငွေ​နှင့် ငါ့​အား​ရောင်း​စေ​ခြင်း​ငှာ၊ ငါ့​အ​တွက်​သူ့​ကို​တောင်း​ပန်​ကြ​ပါ​လော့​ဟု နှုတ်​ဆက်၍​ပြော​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 10,
      "text": "ထို​အ​ခါ ဧ​ဖ​ရုန်​သည်၊ ဟေ​သ​အ​မျိုး​သား​တို့​တွင် ထိုင်​လျက်​ရှိ၏။ သို့​ဖြစ်၍ မြို့​တံ​ခါး​သို့​ဝင်​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်၌၊ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်​က၊ ထို​သို့​မ​ဟုတ်​ပါ။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 11,
      "text": "အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​ပါ။ ထို​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ အ​ကျွန်ုပ်​အ​မျိုး​သား​များ​ရှေ့၌၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ပေး​ပါ၏။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​ဟု၊ အာ​ဗြ​ဟံ​အား ပြန်​ပြော​လေ​၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 12,
      "text": "အာ​ဗြ​ဟံ​သည်​လည်း၊ ထို​ပြည်​သား​များ​ရှေ့​မှာ ဦး​ညွှတ်​ချ​လျက်၊ အ​ကယ်၍ ငါ့​စ​ကား​ကို​နား​ထောင်​ပါ။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 13,
      "text": "ထို​လယ်​ပြင်​အ​ဖိုး​ငွေ​ကို ငါ​ပေး​မည်။ ငွေ​ကို​ယူ​ပါ၊ သို့​ဖြစ်​လျှင်၊ ထို​အ​ရပ်၌ ငါ၏​မ​ယား​အ​သေ​ကောင်ကို ငါ​သင်္ဂြိုဟ်​ပါ​မည်​ဟု ပြည်​သား​ပ​ရိ​သတ်​တို့​ရှေ့​မှာ၊ ဧ​ဖ​ရုန်​အား​ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 14,
      "text": "ဧ​ဖ​ရုန်​က​လည်း၊ အ​ကျွန်ုပ်​သ​ခင်၊ နား​ထောင်​ပါ။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 15,
      "text": "ထို​မြေ​သည် ငွေ​လေး​ပိဿာ​အ​ဖိုး​ထိုက်​ပါ၏။ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်၌ အ​ဘယ်​အ​တွက်​ရှိ​သ​နည်း။ ကိုယ်​တော်၏​မ​ယား​အ​သေ​ကောင်ကို သင်္ဂြိုဟ်​ပါ​လော့​ဟု၊ အာ​ဗြ​ဟံ​အား​ပြန်​ပြော၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 16,
      "text": "အာ​ဗြ​ဟံ​သည်​လည်း၊ ဧ​ဖ​ရုန်​စ​ကား​ကို နား​ထောင်​သည်​ဖြစ်၍၊ ကုန်​သည်​သုံး​တတ်​သော​ငွေ​မျိုး၊ ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်​ရှေ့၊ ဧ​ဖ​ရုန်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း၊ ငွေ​လေး​ပိဿာ​ကို​ချိန်၍၊ သူ့​အား​ပေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 17,
      "text": "ထို​သို့​မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​အ​ရပ်၌​ရှိ​သော​ဧ​ဖ​ရုန်၏​လယ်​ပြင်​ကို​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​သော​မြေ​တွင်း​နှင့် သစ်​ပင်​များ၊ ပတ်​ဝန်း​ကျင်​သစ်​ပင်​များ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 18,
      "text": "ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်၌၊ မြို့​တံ​ခါး​သို့​ဝင်​သော​သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ အာ​ဗြ​ဟံ​ဥ​စ္စာ​ဖို့ လုံ​ခြုံ​စွာ​အပ်​ပေး​လေ​၏။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 19,
      "text": "ထို​နောက်​မှ​အာ​ဗြ​ဟံ​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​လယ်​ပြင်​မြေ​တွင်း၌ မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ရ​လေ၏။ ထို​အရပ်​ကား၊ ခါ​နာန်​ပြည် ဟေ​ဗြုန်​အ​ရပ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 23,
      "verse": 20,
      "text": "ထို​လယ်​ပြင်​နှင့် မြေ​တွင်း​ကို၊ အာ​ဗြ​ဟံ​ပိုင်​ထိုက်​သော သင်္ချိုင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ဟေ​သ​အ​မျိုး​သား​တို့​သည် လုံ​ခြုံ​စွာ​အပ်​ပေး​ကြ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 1,
      "text": "အာ​ဗြ​ဟံ​သည်​အို၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ရာ​ရာ၌ သူ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 2,
      "text": "အာ​ဗြ​ဟံ​သည်၊ မိ​မိ​အိမ်​သား​တို့​တွင်​အ​သက်​ကြီး၍ ဘ​ဏ္ဍာ​စိုး​လုပ်​သော​သူ​ကို​ခေါ်​လျက်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 3,
      "text": "သင်​သည်၊ ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​မ​ယူ​ဘဲ၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 4,
      "text": "ငါ့​ပြည်​ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​သွား၍၊ ငါ့​သား​ဣ​ဇာက်​အ​ဖို့ မ​ယား​ကို​ယူ​ရ​မည်​ဟု၊ သင်၏​လက်​ကို ငါ့​ပေါင်​အောက်၌​ထား​ပြီး​မှ၊ ကောင်း​ကင်​မြေ​ကြီး​အ​ရှင်​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍၊ ငါ​ကျိန်​ဆို​စေ​ပါ​မည်​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 5,
      "text": "ကျွန်​က​လည်း၊ မိန်း​မ​သည် ဤ​ပြည်​သို့ မ​လိုက်​မ​လာ​လို​လျှင်၊ ကိုယ်​တော်​ထွက်​လာ​သော​ပြည်​သို့ ကိုယ်​တော်၏​သား​ကို တစ်​ဖန်​ကျွန်​တော်​ခေါ်​သွား​ရ​ပါ​မည်​လော​ဟု မေး​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 6,
      "text": "အာ​ဗြ​ဟံ​က၊ ထို​ပြည်​သို့ ငါ့​သား​ကို​ခေါ်၍​မ​သွား​နှင့်။ သ​တိ​ပြု​လော့။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 7,
      "text": "ငါ့​အ​ဘ၏​အိမ်​မှ​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား​နေ​ရာ​ပြည်​မှ​လည်း​ကောင်း ငါ့​ကို​ခေါ်၍၊ သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ကို​ငါ​ပေး​မည်​ဟု၊ ငါ့​အား​ဗျာ​ဒိတ်​တော်​ပေး၍ ကျိန်​ဆို​တော်​မူ​သော ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သင်​သည်​ထို​ပြည်​မှ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 8,
      "text": "မိန်း​မ​သည် သင်​နှင့်​အ​တူ​မ​လိုက်​လို​လျှင်၊ သင်​သည်၊ ယ​ခု​ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ။ ငါ့​သား​ကို ထို​ပြည်​သို့​ခေါ်၍ မ​သွား​နှင့်​ဟု​ဆို​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 9,
      "text": "ကျွန်​သည် သ​ခင်​အာ​ဗြ​ဟံ၏​ပေါင်​အောက်၌ လက်​ကို​ထား၍ ထို​အ​မှု၌​ကျိန်​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 10,
      "text": "ထို​ကျွန်​သည်​လည်း၊ မိ​မိ​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို စီ​ရင်​သော​သူ​ဖြစ်၍၊ သ​ခင်၏​ကု​လား​အုတ်​စု​ထဲ​က၊ ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ၍​ထ​သွား​သ​ဖြင့်၊ မေ​သော​ပေါ​တာ​မိ​တိုင်း၊ နာ​ခေါ်​မြို့​သို့ ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 11,
      "text": "မိန်း​မ​များ​ရေ​ခပ်​သော ညဉ့်​ဦး​ယံ​အ​ချိန်၌၊ မြို့​ပြင်​ရေ​တွင်း​နား​မှာ ကု​လား​အုတ်​တို့​ကို ဝပ်​စေ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 12,
      "text": "အ​ကျွန်ုပ်၏​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ယ​နေ့​အ​ကျွန်ုပ်​အ​ကြံ​ကို​ထ​မြောက်​စေ၍၊ အ​ကျွန်ုပ်၏​သ​ခင်​အာ​ဗြ​ဟံ၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​ဟု၊ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 13,
      "text": "အ​ကျွန်ုပ်​သည်၊ ဤ​ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ထို​မြို့​သူ​သ​တို့​သ​မီး​တို့​သည်၊ ရေ​ခပ်​ခြင်း​ငှာ​လာ​ကြ​သည်​တွင်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 14,
      "text": "အ​ကြင်​သ​တို့​သ​မီး​ကို၊ ကျွန်ုပ်​သောက်​ခြင်း​ငှာ သင်၏​ရေ​ဘူး​ကို​ချ​ပါ​ဟု​ဆို​သော်၊ သောက်​ပါ၊ သင်၏​ကု​လား​အုတ်​တို့​ကို​လည်း​ရေ​တိုက်​ပါ​မည်​ဟု၊ ပြန်​ဆို​သော​သ​တို့​သ​မီး​သည်၊ ကိုယ်​တော်၏​ကျွန်​ဣ​ဇာက်​ဖို့ ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​ပါ​စေ​သော။ ထို​သို့​အား​ဖြင့်၊ အ​ကျွန်ုပ်၏​သ​ခင်၌​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို၊ အ​ကျွန်ုပ်​သိ​ရ​ပါ​မည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 15,
      "text": "ထို​သို့​လျှောက်​ဆို၍​မ​ပြီး​မီ၊ အာ​ဗြ​ဟံ​အစ်​ကို​နာ​ခေါ်​မ​ယား၊ မိ​လ​ခါ​သား၊ ဗေ​သွေ​လ၏​သ​မီး​ရေ​ဗ​က္က​သည်၊ ရေ​ဘူး​ကို​ထမ်း​လျက် ထွက်​လာ​သည်​ကို​မြင်၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 16,
      "text": "ထို​သ​တို့​သ​မီး​သည်၊ အ​လွန်​အ​ဆင်း​လှ၍၊ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သေး​သော က​ညာ​ဖြစ်၏။ ရေ​တွင်း​သို့​ဆင်း၍၊ ရေ​ဘူး​ကို​ရေ​နှင့်​ဖြည့်​ပြီး​မှ တက်​လာ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 17,
      "text": "ကျွန်​သည်​လည်း၊ ထို​မိန်း​မ​နှင့် တွေ့​ခြင်း​ငှာ​ပြေး၍၊ သင်၏​ရေ​ဘူး၌ ရေ​အ​နည်း​ငယ်​ကို သောက်​ပါ​ရ​စေ​ဟု​ဆို​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 18,
      "text": "မိန်း​မ​က၊ သောက်​ပါ​လော့​အ​ရှင်​ဟု​ဆို​သ​ဖြင့်၊ မိ​မိ​လက်​ပေါ်​မှာ၊ အ​လျင်​အ​မြန်​ရေ​ဘူး​ကို​ချ၍၊ ရေ​ကို​ပေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 19,
      "text": "ရေ​ကို​ပေး​ပြီး​လျှင်၊ သင်၏​ကု​လား​အုတ်​တို့​သည်​လည်း၊ ဝ​စွာ သောက်​စ​ရာ​ဖို့​ရေ​ခပ်​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 20,
      "text": "အ​လျင်​အ​မြန်​ဘူး၌​ရှိ​သော​ရေ​ကို ရေ​တိုက်​ခွက်​ထဲ၌​လောင်း​ပြီး​လျှင်၊ တစ်​ဖန်​ခပ်​ခြင်း​ငှာ​ရေ​တွင်း​သို့​ပြေး၍၊ ကု​လား​အုတ်​အ​ဖို့ ရေ​ခပ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 21,
      "text": "ယောက်ျား​သည် ထို​မိန်း​မ​ကို​အံ့​ဩ၍၊ မိ​မိ​ရောက်​လာ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပြု​စု​တော်​မူ​သည်၊ မ​မူ​သည်​ကို​သိ​လို၍၊ တိတ်​ဆိတ်​စွာ​နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 22,
      "text": "ကု​လား​အုတ်​များ​ကို ရေ​သောက်​စေ​ပြီး​သော​နောက်၊ ယောက်ျား​သည်၊ အ​ချိန်​ငါး​မူး​ရှိ​သော ရွှေ​နှာ​ဆွဲ၊ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​လက်​ကောက်​တစ်​ရံ​ကို​ထုတ်၍၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 23,
      "text": "သင်​သည် အ​ဘယ်​သူ၏​သ​မီး​ဖြစ်​သ​နည်း။ ကျွန်ုပ်​ကို​ပြော​ပါ။ သင်၏​အ​ဘ​အိမ်၌ ကျွန်ုပ်​တို့​တည်း​ခို​စ​ရာ​အ​ရပ်​ရှိ​သ​လော​ဟု မေး​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 24,
      "text": "မိန်း​မ​က၊ ကျွန်ုပ်​သည် နာ​ခေါ်၏​မ​ယား​မိ​လ​ခါ​ဖွား​မြင်​သော၊ ဗေ​သွေ​လ၏​သ​မီး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 25,
      "text": "ကျွန်ုပ်​တို့၌ မြက်​ခြောက်​များ၊ စား​ဖွယ်​သောက်​ဖွယ်​များ​နှင့် တည်း​ခို​စ​ရာ​အ​ရပ်​လည်း​ရှိ​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 26,
      "text": "ထို​အ​ခါ​ယောက်ျား​သည် ဦး​ညွှတ်​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လျက်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 27,
      "text": "က​ရု​ဏာ၊ သ​စ္စာ​တော်​ကို အ​ကျွန်ုပ်​သ​ခင်​မှ ရုပ်​သိမ်း​တော်​မ​မူ​သော၊ အ​ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လမ်း​မှာ​သွား​လျက်​ရှိ​သော အ​ကျွန်ုပ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​သ​ခင်၏​ညီ​အစ်​ကို​တို့​အိမ်​သို့ ပို့​ဆောင်​တော်​မူ​ပါ​သည်​တ​ကား​ဟု မြွက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 28,
      "text": "သ​တို့​သ​မီး​သည်​လည်း​ပြေး၍ အ​မိ၏​အိမ်၌ ဤ​အ​ရာ​များ​ကို ကြား​ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 29,
      "text": "ရေ​ဗ​က္က၌ လာ​ဗန်​အ​မည်​ရှိ​သော မောင်​တစ်​ယောက်​ရှိ၏။ လာ​ဗန်​သည် ယောက်ျား​ရှိ​ရာ ရေ​တွင်း​သို့​ပြေး၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 30,
      "text": "သူ​သည်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ နှ​မ​လက်၌ လက်​ကောက်​ကို​လည်း​ကောင်း​မြင်၍၊ ထို​ယောက်ျား​သည်​ကျွန်ုပ်​ကို ဤ​သို့​ပြော​သည်​ဟု၊ နှ​မ​ရေ​ဗ​က္က​ဆို​သော​စ​ကား​ကို ကြား​သော​အ​ခါ၊ ရေ​တွင်း၌ ကု​လား​အုတ်​အ​နား​မှာ​ရပ်​နေ​သော​ယောက်ျား​ထံ​သို့ ရောက်​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ၊ ကျွန်ုပ်​အိမ်​သို့​ဝင်​ပါ​လော့။ ပြင်၌​အ​ဘယ်​ကြောင့် ရပ်​နေ​သ​နည်း။ အိမ်​ကို​လည်း​ကောင်း၊ ကု​လား​အုတ်​များ​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း၊ ကျွန်ုပ်​ပြင်​ပါ​ပြီ​ဟု​ဆို​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 32,
      "text": "ယောက်ျား​ကို​အိမ်​သို့​သွင်း၍ ကု​လား​အုတ်​တို့​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ သူ​တို့​အား​မြက်​ခြောက်​နှင့် စား​စ​ရာ​ကို​ပေး၏။ ယောက်ျား​ခြေ၊ လိုက်​သော သူ​တို့​ခြေ​ဆေး​ဖို့​ရေ​ကို​လည်း​ပေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 33,
      "text": "သူ့​ရှေ့​မှာ​စား​စ​ရာ​ကို​ထည့်​သော​အ​ခါ၊ သူ​က၊ ကျွန်ုပ်​သည် ကိုယ်​အ​မှု​ကို​မ​ပြော​မီ​မ​စား​လို​ပါ​ဟု​ဆို​လျှင်၊ ပြော​ပါ​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 34,
      "text": "ယောက်ျား​က​လည်း၊ ကျွန်ုပ်​ကား​အာ​ဗြ​ဟံ၏​ကျွန်​ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 35,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်၏​သ​ခင်​ကို အ​လွန်​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည်​ကြီး​မြတ်​ခြင်း​သို့ ရောက်​လေ​ပြီ။ သိုး​စု၊ နွား​စု၊ ရွှေ၊ ငွေ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​တို့​ကို ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 36,
      "text": "ကျွန်ုပ်​သ​ခင်၏​မ​ယား​စာ​ရာ​သည်၊ သ​ခင်​အ​သက်​အို​သော​အ​ခါ၊ သူ့​အား​သား​ကို​ဖွား​မြင်​သ​ဖြင့်၊ ထို​သား​အား​ဥ​စ္စာ​ရှိ​သ​မျှ​ကို သ​ခင်​သည်​အပ်​ပေး​ပြီ။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 37,
      "text": "ကျွန်ုပ်၏​သ​ခင်​က​လည်း၊ သင်​သည်​ငါ​နေ​သော​ခါ​နာန်​အ​မျိုး​သ​မီး​တို့​တွင်၊ ငါ့​သား​ဖို့ မ​ယား​ကို​မ​ရွေး​ဘဲ၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 38,
      "text": "ငါ့​အ​ဘ၏​အိမ်၊ ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​သွား၍၊ ငါ့​သား​ဖို့ မ​ယား​ကို​ယူ​ရ​မည်​ဟု အ​ကျွန်ုပ်​ကို​ကျိန်​ဆို​စေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 39,
      "text": "အ​ကျွန်ုပ်​က​လည်း၊ မိန်း​မ​သည်​မ​လိုက်​လို​လျှင် အ​ဘယ်​သို့​နည်း​ဟု သ​ခင်​ကို​မေး​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 40,
      "text": "သ​ခင်​က၊ အ​ကြင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ရှေ့​တော်၌ ငါ​သွား​လာ၏၊ ထို​ဘု​ရား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို သင်​နှင့်​အ​တူ​စေ​လွှတ်၍၊ သင်​သွား​သော​အ​မှု​ကို ပြု​စု​တော်​မူ​သ​ဖြင့်၊ ငါ့​အ​မျိုး​သား​ချင်း၊ ငါ့​အ​ဘ၏​အိမ်​ထဲ​က ငါ့​သား​ဖို့​မ​ယား​ကို​ယူ​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 41,
      "text": "ငါ့​အ​မျိုး​သား​ချင်း​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သင်​သည် ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ။ ထို​သူ​တို့​သည်​မိန်း​မ​ကို​မ​ပေး​သော်​လည်း၊ သင်​သည် ငါ​ပေး​သော​ကျိန်​ဆို​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​ဟု​ပြော၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 42,
      "text": "ကျွန်ုပ်​သည်​ယ​နေ့​ရေ​တွင်း​သို့ ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သ​ခင် အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ရောက်​လာ​သော​အ​မှု​ကို ယ​ခု​ပြု​စု​တော်​မူ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 43,
      "text": "အ​ကျွန်ုပ်​သည် ရေ​တွင်း​နား​မှာ​ရပ်​နေ၍၊ ရေ​ခပ်​ခြင်း​ငှာ​လာ​သော အ​ကြင်​သ​မီး​က​ညာ​ကို၊ ကျွန်ုပ်​သောက်​ဖို့ သင်၏​ရေ​ဘူး၌​ရေ​အ​နည်း​ငယ်​ကို ပေး​ပါ​ဟု​တောင်း​သော်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 44,
      "text": "သောက်​ပါ။ သင်၏​ကု​လား​အုတ်​တို့​ဖို့​လည်း ရေ​ခပ်​ပါ​မည်​ဟု ပြန်​ဆို​သော​သ​မီး​က​ညာ​သည်၊ ကိုယ်​တော်​ကျွန်၏​သား​ဖို့၊ ခန့်​ထား​တော်​မူ​သော မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု​လျှောက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 45,
      "text": "ထို​သို့​စိတ်​နှ​လုံး၌ လျှောက်​ဆို၍​မ​ပြီး​မီ၊ ရေ​ဗ​က္က​သည် ရေ​ဘူး​ကို ထမ်း​လျက်​ထွက်​လာ​သ​ဖြင့်၊ ရေ​တွင်း​သို့​ဆင်း၍ ရေ​ခပ်​သည်​ကို ကျွန်ုပ်​မြင်​လျှင်၊ ရေ​သောက်​ပါ​ရ​စေ​ဟု သူ့​ကို​တောင်း​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 46,
      "text": "သူ​သည်​အ​လျင်​အ​မြန်​ပ​ခုံး​ပေါ်​က ရေ​ဘူး​ကို​ချ​လျက်၊ သောက်​ပါ​လော့။ သင်၏ ကု​လား​အုတ်​တို့​ကို​လည်း၊ ရေ​တိုက်​ပါ​မည်​ဟု​ဆို​သည်​အ​တိုင်း၊ ကျွန်ုပ်​သောက်​ရ၏။ ကု​လား​အုတ်​တို့​ကို​လည်း ရေ​တိုက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 47,
      "text": "ကျွန်ုပ်​က​လည်း၊ သင်​သည် အ​ဘယ်​သူ၏​သ​မီး​ဖြစ်​သ​နည်း​ဟု​မေး​သော်၊ သူ​က၊ ကျွန်ုပ်​သည် မိ​လ​ခါ​ဖွား​မြင်​သော နာ​ခေါ်​သား​ဗေ​သွေ​လ၏​သ​မီး​ဖြစ်​သည် ဟု​ပြော​ဆို၏။ ကျွန်ုပ်​သည်​လည်း၊ သူ၏​မျက်​နှာ၌ နှာ​ဆွဲ​ကို​လည်း​ကောင်း၊ သူ၏​လက်၌ လက်​ကောက်​တို့​ကို​လည်း​ကောင်း​ထည့်​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 48,
      "text": "ဦး​ညွှတ်​ချ၍၊ ကျွန်ုပ်​သ​ခင်​အစ်​ကို၏​မြေး​ကို သ​ခင်၏​သား​ဖို့​ယူ​စေ​ခြင်း​ငှာ၊ မှန်​သော​လမ်း​ဖြင့်​ပို့​ဆောင်​တော်​မူ​သော ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၍ ကိုး​ကွယ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 49,
      "text": "ယ​ခု​တွင်​သင်​တို့​သည်၊ ကျွန်ုပ်​သ​ခင်၌ သ​စ္စာ​နှင့်​ကျေး​ဇူး​ပြု​မည်၊ မ​ပြု​မည်​ကို​ပြော​ပါ။ ကျွန်ုပ်​သည်​လည်း၊ လက်​ယာ​လမ်း​ဖြစ်​စေ၊ လက်​ဝဲ​လမ်း​ဖြစ်​စေ၊ တစ်​လမ်း​လမ်း​သို့ လိုက်​သွား​ပါ​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 50,
      "text": "လာ​ဗန်​နှင့် ဗေ​သွေ​လ​တို့​က​လည်း၊ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အ​မှု​ဖြစ်၏။ အ​ကျွန်ုပ်​တို့​သည်၊ သင့်​အား ကောင်း​မ​ကောင်း​ကို မ​ပြော​နိုင်​ပါ။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 51,
      "text": "ရေ​ဗ​က္က​သည် သင့်​ရှေ့၌​ရှိ​ပါ၏။ ယူ​သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်၏​သ​ခင်​သား၏​မ​ယား​ဖြစ်​စေ​ဟု ပြန်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 52,
      "text": "ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​ဗြ​ဟံ​ကျွန်​သည် ဦး​ညွှတ်​ချ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 53,
      "text": "ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ​များ​ကို​ထုတ်၍ ရေ​ဗ​က္က​အား​ပေး၏။ သူ၏​အ​မိ၊ မောင်​အား​လည်း၊ အ​ဖိုး​ထိုက်​သော လက်​ဆောင်​ကို​ပေး၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 54,
      "text": "သူ​နှင့် သူ၏​အ​ဖော်​အ​ပေါင်း​တို့​သည်၊ စား​သောက်၍ ည​ကို​လွန်​စေ​ပြီး​မှ၊ နံ​နက်​ယံ၌​ထ​လျက်၊ ကျွန်ုပ်​သည်၊ သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 55,
      "text": "မောင်​နှင့်​အ​မိ​က၊ မိန်း​မ​က​လေး​သည်၊ ကျွန်ုပ်​တို့​ထံ​မှာ၊ ဆယ်​ရက်​ခန့်​လောက်​နေ​ပါ​စေ​ဦး။ နောက်​မှ၊ သူ့​ကို​သွား​ပါ​စေ​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 56,
      "text": "ထို​သူ​က​လည်း၊ ကျွန်ုပ်​ကို​မ​ဆီး​တား​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်ုပ်​ရောက်​လာ​သော​အ​မှု​ကို ပြု​စု​တော်​မူ​ပြီ။ ကျွန်ုပ်​သည် သ​ခင်​ထံ​သို့​သွား​ရ​သော​အ​ခွင့်​ကို ပေး​ပါ​လော့​ဟု​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 57,
      "text": "သူ​တို့​က၊ မိန်း​က​လေး​ကို​ခေါ်၍၊ သူ့​အ​လို​ကို​မေး​ပါ​ဦး​မည်​ဟု​ဆို​သည်​နှင့်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 58,
      "text": "ရေ​ဗ​က္က​ကို​ခေါ်၍ သင်​သည် ဤ​လူ​နှင့်​အ​တူ​ယ​ခု​လိုက်​မည်​လော​ဟု မေး​သော​အ​ခါ၊ ကျွန်ုပ်​လိုက်​ပါ​မည်​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 59,
      "text": "သို့​ဖြစ်၍၊ မိ​မိ​နှ​မ​ရေ​ဗ​က္က​နှင့် သူ၏​အ​ထိန်း​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​ကျွန်​နှင့် သူ၏​လူ​တို့​ကို​လည်း​ကောင်း လွှတ်​လိုက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 60,
      "text": "ရေ​ဗ​က္က​ကို​လည်း၊ သင်​သည်​ကျွန်ုပ်​တို့၏​နှ​မ​ဖြစ်၏။ အ​သောင်း​အ​သိန်း​တို့၏​အ​မိ ဖြစ်​ပါ​စေ​သော။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏ တံ​ခါး​များ​ကို​အ​စိုး​ရ​ပါ​စေ​သော​ဟု ကောင်း​ချီး​ပေး​ကြ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 61,
      "text": "ရေ​ဗ​က္က​နှင့် သူ၏​မိန်း​မ​ငယ်​တို့​သည်​ထ၍၊ ကု​လား​အုတ်​ကို​စီး​လျက်၊ ထို​ယောက်ျား​နှင့်​အ​တူ​လိုက်​ကြ၏။ ထို​သို့ အာ​ဗြ​ဟံ​ကျွန်​သည် ရေ​ဗ​က္က​ကို​ဆောင်​ယူ သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 62,
      "text": "ထို​အ​ခါ တောင်​ပြည်​အ​တွင်း၌​နေ​သော​ဣ​ဇာက်​သည်၊ ဗေ​ရ​လ​ဟဲ​ရော​လမ်း​ဖြင့် ရောက်​လာ​သည်​ဖြစ်၍၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 63,
      "text": "ညဉ့်​ဦး​အ​ချိန်၌ ဆင်​ခြင်​လို​သော​ငှာ၊ တော​အ​ရပ်​သို့​ထွက်​သွား၍၊ မျှော်​ကြည့်​လျှင်၊ ကု​လား​အုတ်​များ​လာ​သည်​ကို မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 64,
      "text": "ရေ​ဗ​က္က​သည်​လည်း၊ မျှော်​ကြည့်၍ ဣ​ဇာက်​ကို​မြင်​သော​အ​ခါ၊ ကု​လား​အုတ်​အ​ပေါ်​မှ​ဆင်း​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 65,
      "text": "ကျွန်ုပ်​တို့​ကို ကြို​ဆို​ခြင်း​ငှာ၊ တော၌​လာ​သော​ထို​သူ​ကား၊ အ​ဘယ်​သူ​နည်း​ဟု ကျွန်​ကို​မေး​လေ​သော်၊ ကျွန်​က၊ ထို​သူ​သည် ကျွန်ုပ်​သ​ခင်​ဖြစ်​ပါ၏​ဟု ပြော​ဆို​သော​စ​ကား​ကို​ကြား​လျှင်၊ ရေ​ဗ​က္က​သည်​မျက်​နှာ​ဖုံး​ကို​ယူ၍ ဖုံး​လေ၏။"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 66,
      "text": "ကျွန်​သည်​လည်း၊ မိ​မိ​ပြု​လေ​သ​မျှ​တို့​ကို ဣ​ဇာက်​အား​ကြား​ပြော​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 24,
      "verse": 67,
      "text": "ဣ​ဇာက်​သည် မိ​မိ​အ​မိ​စာ​ရာ၏​တဲ​သို့ ရေ​ဗ​က္က​ကို​ဆောင်​ယူ၍ စုံ​ဖက်​လေ၏။ ရေ​ဗ​က္က​ကို​ချစ်​နှစ်​မြို့​သ​ဖြင့်၊ အ​မိ​သေ​သော​အ​မှု၌ သက်​သာ​ခြင်း​သို့​ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 1,
      "text": "တစ်​ဖန်​အာ​ဗြ​ဟံ​သည်၊ ကေ​တု​ရ​အ​မည်​ရှိ​သော​မိန်း​မ​နှင့်​စုံ​ဖက်၍၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 2,
      "text": "ထို​မိန်း​မ​သည် ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဗက်၊ ရှု​အာ​တို့​ကို ဖွား​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 3,
      "text": "ယုတ်​ရှန်​သား​ကား၊ ရှေ​ဘ​နှင့်​ဒေ​ဒန်​တည်း။ ဒေ​ဒန်​သား​ကား၊ အာ​ရှု​ရိမ်​လူ၊ လေ​တု​ရှိမ်​လူ၊ လုမ်​မိမ်​လူ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 4,
      "text": "မိ​ဒျန်​သား​ကား၊ ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ၊ ဧ​လ​ဒါ​တည်း။ ထို​သူ​အ​ပေါင်း​တို့​ကား ကေ​တု​ရ​အ​နွယ်​ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 5,
      "text": "အာ​ဗြ​ဟံ​သည်၊ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ဣ​ဇာက်​အား​ပေး​လေ​၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 6,
      "text": "မ​ယား​ငယ်​တို့၌​ရ​သော​သား​တို့​အား​လည်း၊ မိ​မိ​အ​သက်​ရှင်​စဉ်​တွင် ဆု​လာဘ်​များ​ကို​ဝေ​ပေး၍၊ သား​ဣ​ဇာက်​ထံ​မှ အ​ရှေ့​ပြည်​သို့ လွှတ်​လိုက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 7,
      "text": "ထို​နောက် အာ​ဗြ​ဟံ​သည် အ​သက်​ကြီး​ရင့်၍၊ အို​မင်း​ခြင်း၊ နေ့​ရက်​ကာ​လ​ပြည့်​စုံ​ခြင်း​နှင့်​တ​ကွ၊ အ​သက်​ပေါင်း တစ်​ရာ​ခု​နစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 8,
      "text": "အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 9,
      "text": "သား​ဣ​ဇာက်​နှင့် ဣ​ရှ​မေ​လ​တို့​သည်၊ မံ​ရေ​မြို့​ရှေ့​မှာ၊ ဟိ​တ္တိ​အ​မျိုး​သား၊ ဇော​ရ​သား​ဧ​ဖ​ရုန်၏​လယ်​ပြင်​တွင်၊ မ​ပ္ပေ​လ​မြေ​တွင်း၌ အ​ဘ​ကို​သင်္ဂြိုဟ်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 10,
      "text": "ဟေ​သ​အ​မျိုး​သား​တို့​အား အ​ဖိုး​ပေး၍ အာ​ဗြ​ဟံ​ဝယ်​သော​လယ်​ပြင်၌၊ အာ​ဗြ​ဟံ​နှင့် မ​ယား​စာ​ရာ​တို့​ကို သင်္ဂြိုဟ်​ကြ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 11,
      "text": "အာ​ဗြ​ဟံ​သေ​သော​နောက်၊ သား​ဣ​ဇာက်​ကို ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​ဇာက်​သည် ဗေ​ရ​လ​ဟဲ​ရော​မြို့​မှာ​နေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 12,
      "text": "စာ​ရာ၏​ကျွန်​မ၊ အဲ​ဂု​တ္တု​အ​မျိုး​သား​ဟာ​ဂ​ရ​ဖွား​မြင်​သော အာ​ဗြ​ဟံ​သား ဣ​ရှ​မေ​လ၏​သား​စဉ်​မြေး​ဆက်​တည်း​ဟူ​သော၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 13,
      "text": "မိ​မိ​အ​မျိုး​အ​နွယ်​အ​လိုက်၊ ဣ​ရှ​မေ​လ​သား​များ​အ​မည်​ဟူ​မူ​ကား၊ သား​အ​ကြီး န​ဗာ​ယုတ်။ ထို​နောက်​ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 14,
      "text": "မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 15,
      "text": "ဟာ​ဒဒ်၊ တေ​မ၊ ယေ​တု​ရ၊ နာ​ဖိ​ရှ၊ ကေ​ဒ​မာ​တည်း​ဟူ​သော၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 16,
      "text": "ဣ​ရှ​မေ​လ​သား​တည်း။ ထို​သို့​အ​မည်​ရှိ​သော​သူ​တို့​သည်၊ မိ​မိ​မြို့၊ မိ​မိ​ရဲ​တိုက်​အ​လိုက်၊ အ​မျိုး​မျိုး​သော​မင်း​ဆယ်​နှစ်​ပါး​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 17,
      "text": "ဣ​ရှ​မေ​လ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သော်၊ အ​သက်​ချုပ်၍​သေ​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 18,
      "text": "သူ​တို့​သည်​လည်း၊ အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း၊ ဟ​ဝိ​လ​မြို့​မှ​စ၍၊ အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှု​ရ​မြို့​တိုင်​အောင် နေ​ကြ၏။ ထို​သို့ ဣ​ရှ​မေ​လ၏​နေ​ရာ​သည်၊ မိ​မိ​ညီ​အစ်​ကို​အ​ပေါင်း​အ​နား၌ ကျ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 19,
      "text": "အာ​ဗြ​ဟံ​သား​ဣ​ဇာက်၏​အ​ဆက်​အ​နွယ်​ဟူ​မူ​ကား၊ အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 20,
      "text": "ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 21,
      "text": "ဣ​ဇာက်​သည်၊ မိ​မိ​မ​ယား​ရေ​ဗ​က္က​မြုံ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်၍၊ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ စွဲ​ယူ​လေ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 22,
      "text": "ဝမ်း​အ​တွင်း၌ တည်​သော​သူ​ငယ်​တို့​သည်၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကြ၏။ အ​မိ​က​လည်း၊ ထို​သို့​ဖြစ်၍ ငါ၌​အ​ဘယ်​အ​မှု​ရောက်​ပါ​လိမ့်​မည်​နည်း​ဟု ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 24,
      "text": "ဖွား​ချိန်​စေ့​သော​အ​ခါ၊ သူ၏​ဝမ်း၌​သား​အ​မွှာ​ရှိ​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 25,
      "text": "အ​ဦး​ဖွား​သော​သား​သည်၊ အ​မွေး​ပါ​သော​အ​ဝတ်​ကဲ့​သို့​ဖြစ်၍၊ တစ်​ကိုယ်​လုံး​အ​ဆင်း​နီ၏။ သူ့​ကို ဧ​သော​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 26,
      "text": "ထို​နောက်​မှ သူ့​ညီ​သည်၊ အစ်​ကို​ဧ​သော၏​ဖ​နှောင့်​ကို​ကိုင်​လျက် ဖွား​လာ၏။ သူ့​ကို​ကား၊ ယာ​ကုပ်​အ​မည်​ဖြင့် မှည့်​ကြ၏။ ထို​သား​နှစ်​ယောက်​ကို ဖွား​သော​အ​ခါ၊ ဣ​ဇာက်​သည် အ​သက်​ခြောက်​ဆယ်​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 27,
      "text": "သူ​ငယ်​တို့​သည်​ကြီး​ပွား၍၊ ဧ​သော​ကား လိ​မ္မာ​သော​တော​သား​မု​ဆိုး​ဖြစ်​လေ၏။ ယာ​ကုပ်​ကား တဲ၌​နေ​တတ်၍ စိတ်​ကောင်း​သော​သူ​ဖြစ်၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 28,
      "text": "ဣ​ဇာက်​သည်၊ ဧ​သော​ပေး​သော​အ​မဲ​သား​ကို​စား​လေ့​ရှိ​သော​ကြောင့် သူ့​ကို​ချစ်​၏။ ရေ​ဗ​က္က​မူ​ကား ယာ​ကုပ်​ကို​ချစ်၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 29,
      "text": "တစ်​နေ့​သ၌၊ ယာ​ကုပ်​သည် စား​စ​ရာ​ကို ချက်​ပြုတ်​စဉ်​တွင်၊ ဧ​သော​သည် တော​မှ​လာ၍ မော​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 30,
      "text": "ယာ​ကုပ်​အား၊ ထို​နီ​သော​စား​စ​ရာ​နှင့် ငါ့​ကို​ကျွေး​ပါ​လော့၊ ငါ​မော​ပါ​သည်​ဟု​ဆို​လေ၏။ ထို​ကြောင့် သူ၏​နာ​မည်​ကို​ဧ​ဒုံ​ဟု​တွင်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 31,
      "text": "ယာ​ကုပ်​က​လည်း၊ ယ​နေ့​ပင် သင်၏​သား​ဦး​အ​ရာ​ကို၊ ငါ့​အား​ရောင်း​ပါ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 32,
      "text": "ဧ​သော​က၊ ငါ​သေ​လု​ပြီ။ သား​ဦး​အ​ရာ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 33,
      "text": "ယာ​ကုပ်​က​လည်း၊ ယ​နေ့​ပင်​ငါ့​အား ကျိန်​ဆို​ခြင်း​ကို​ပြု​ပါ​ဟု​ဆို​သော်၊ သူ​သည်​ကျိန်​ဆို​သ​ဖြင့်၊ ယာ​ကုပ်​အား မိ​မိ​သား​ဦး​အ​ရာ​ကို​ရောင်း​လေ၏။"
    },
    {
      "book": 1,
      "chapter": 25,
      "verse": 34,
      "text": "ထို​အ​ခါ ယာ​ကုပ်​သည်၊ မုန့်​နှင့် ပဲ​ဟင်း​ကို ဧ​သော​အား​ပေး​သ​ဖြင့်၊ သူ​သည် စား​သောက်​ပြီး​မှ​ထ၍ သွား​လေ၏။ ထို​သို့​ဧ​သော​သည်၊ မိ​မိ​နှင့် ဆိုင်​သော​သား​ဦး​အ​ရာ​ကို မ​ထီ​မဲ့​မြင်​ပြု​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 1,
      "text": "အာ​ဗြ​ဟံ​လက်​ထက် ထို​ပြည်၌​ဖြစ်​ဖူး​သော အ​စာ​ခေါင်း​ပါး​ခြင်း​မှ​တစ်​ပါး၊ နောက်​တစ်​ဖန် အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​ပြန်​သည်​ဖြစ်၍၊ ဣ​ဇာက်​သည် ဖိ​လိ​တ္တိ​မင်း​ကြီး အ​ဘိ​မ​လက်​နေ​ရာ​ဂေ​ရာ​မြို့​သို့ သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သူ့​အား​ထင်​ရှား၍၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​မ​သွား​နှင့်၊ ငါ​ပြော​လ​တ္တံ့​သော​ပြည်၌​နေ​လော့။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 3,
      "text": "ယ​ခု​ဤ​ပြည်၌ တည်း​ခို၍​နေ​လော့။ သင့်​ဘက်​မှာ​ငါ​နေ၍ ကောင်း​ချီး​ပေး​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​ဘ​အာ​ဗြ​ဟံ​အား ငါ​ကျိန်​ဆို​သော​စ​ကား​ရှိ​သည်​အ​တိုင်း​ငါ​ပြု​မည်။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 4,
      "text": "သင်၏​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့​များ​ပြား​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း၊ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်​လည်း၊ လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ငါ​စီ​ရင်​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​မျိုး​မျိုး​တို့​ကို စောင့်​ရှောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 6,
      "text": "ဣ​ဇာက်​သည် ဂေ​ရာ​မြို့၌​နေ​စဉ်​တွင်၊ မြို့​သား​တို့​သည် သူ၏​မ​ယား​အ​ကြောင်း​ကို​မေး​သော​အ​ခါ၊ ရေ​ဗ​က္က​သည် လှ​သော​အ​ဆင်း​အ​ရောင်​ရှိ​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 7,
      "text": "ဤ​ပြည်​သား​ယောက်ျား​တို့​သည် သူ့​အ​ကြောင်း​ကြောင့် ငါ့​ကို​သတ်​မည်​ဟု​စိုး​ရိမ်၍၊ သူ​သည်​ငါ့​မ​ယား​ဖြစ်​သည်​ဟု မ​ပြော​မ​ဆို​ဝံ့၊ ငါ့​နှ​မ​ဖြစ်​သည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 8,
      "text": "ထို​မြို့၌​ကာ​လ​အင်​တန်​ကြာ​နေ​ပြီး​မှ၊ တစ်​နေ့​သ၌၊ ဣ​ဇာက်​သည် မိ​မိ​မ​ယား​ရေ​ဗ​က္က​နှင့်​က​စား​သည်​ကို၊ ဖိ​လိ​တ္တိ​မင်း​ကြီး​အ​ဘိ​မ​လက်​သည် ပြတင်း​ပေါက်​ဝ​က ကြည့်​မြင်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 9,
      "text": "ဣ​ဇာက်​ကို​ခေါ်၍၊ ထို​မိန်း​မ​သည်၊ အ​ကယ်​စင်​စစ် သင်၏​မ​ယား​ဖြစ်၏။ သို့​ရာ​တွင်၊ သူ​သည်​ငါ့​နှ​မ​ဖြစ်၏​ဟု အ​ဘယ်​ကြောင့် သင်​ပြော​ရ​သ​နည်း​ဟု​မေး​သော်၊ ဣ​ဇာက်​က၊ သူ့​အ​တွက်​ကြောင့် ကျွန်ုပ်​သေ​မည်​ကို​စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 10,
      "text": "အ​ဘိ​မ​လက်​မင်း​က​လည်း၊ ငါ​တို့၌ သင်​ပြု​သော​အ​မှု​ကား အ​ဘယ်​သို့​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ သင်၏​မ​ယား​နှင့် အ​မှတ်​တ​မဲ့​သင့်​နေ​လျှင်၊ ငါ​တို့​ခေါင်း​ပေါ်​မှာ သင်​သည် အ​ပြစ်​ရောက်​စေ​လိမ့်​မည်​တ​ကား​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 11,
      "text": "ဤ​သူ​လင်​မ​ယား​ကို ပြစ်​မှား​သော​သူ​သည် ဆက်​ဆက်​အ​သေ​ခံ​ရ​မည်​ဟု မိ​မိ​လူ​အ​ပေါင်း​တို့​ကို မှာ​ထား​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 12,
      "text": "ထို​ပြည်၌ ဣ​ဇာက်​သည်​မျိုး​စေ့​ကို​ကြဲ၍၊ တစ်​နှစ်​ချင်း​တွင် အ​ဆ​တစ်​ရာ​သော​အ​သီး​အ​နှံ​ကို​ရ​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 13,
      "text": "သူ​သည်​ကြီး​ပွား၍၊ အ​လွန်​စည်း​စိမ်း​ကြီး​သည်​တိုင်​အောင် တိုး​တက်​လျက်၊ စီး​ပွား​ဥ​စ္စာ​များ​ပြား​စွာ​ဖြစ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 14,
      "text": "သိုး​စု၊ နွား​စု​များ၊ ကျွန်​များ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ၏။ ထို​ကြောင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 15,
      "text": "အ​ဘ​အာ​ဗြ​ဟံ​လက်​ထက်၌၊ အ​ဘ၏​ကျွန်​တို့​တူး​သော ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို မြေ​နှင့်​ဖို့​ပိတ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 16,
      "text": "အ​ဘိ​မ​လက်​မင်း​က​လည်း၊ သင်​သည် ငါ​တို့​ထက်​တန်​ခိုး​ကြီး၏။ ငါ​တို့​ထံ​မှ​ထွက်​သွား​လော့​ဟု၊ ဣ​ဇာက်​ကို​အ​မိန့်​ရှိ​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 17,
      "text": "ဣ​ဇာက်​သည် ထို​မြို့​မှ​ထွက်​သွား​ပြီး​လျှင်၊ ဂေ​ရာ​ချိုင့်၌​တဲ​ကို ဆောက်၍​နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 18,
      "text": "ထို​အ​ခါ ဣ​ဇာက်​သည်၊ အ​ဘ​အာ​ဗြ​ဟံ​ကျွန်​တို့​တူး၍၊ အ​ဘ​သေ​သော​နောက်၊ ဖိ​လိ​တ္တိ​လူ​တို့​ဖို့​သော​ရေ​တွင်း​တို့​ကို တူး​ဖော်​ပြန်၍၊ အ​ထက်​က အ​ဘ​သ​မုတ်​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 19,
      "text": "ဣ​ဇာက်​ကျွန်​တို့​လည်း၊ ချိုင့်​ထဲ၌​တူး၍ စမ်း​ရေ​တွင်း​ကို တွေ့​ကြ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 20,
      "text": "ဂေ​ရာ​အ​မျိုး​သား​နွား​ကျောင်း​တို့​က​လည်း၊ ဤ​ရေ​သည် ငါ​တို့​ရေ​ဖြစ်၏​ဟု၊ ဣ​ဇာက်၏​နွား​ကျောင်း​တို့​နှင့် လု​ယက်​ပြော​ဆို​ကြ၏။ ထို​သို့ အ​ချင်း​ချင်း​လု​ယက်​ကြ​သော​ကြောင့်၊ ထို​ရေ​တွင်း​ကို ဧ​သက်​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 21,
      "text": "နောက်​တစ်​ဖန် အ​ခြား​သော​ရေ​တွင်း​ကို တူး​ပြန်​ကြ၏။ ထို​ရေ​တွင်း​ကို​လည်း တစ်​ဖန်​လု​ကြ​သော​ကြောင့်၊ သိ​တ​န​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 22,
      "text": "ထို​အ​ရပ်​မှ နေ​ရာ​ပြောင်း၍၊ အ​ခြား​သော​ရေ​တွင်း​ကို​တူး​ကြ၏။ ထို​ရေ​တွင်း​ကို အ​ဘယ်​သူ​မျှ မ​လု​ယက်​သော​ကြောင့်၊ ငါ​တို့​နေ​စ​ရာ​အ​ခွင့်​ကို ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ပြီ​ဖြစ်၍၊ ဤ​ပြည်၌ ငါ​တို့​သည် စီး​ပွား​များ​ကြ​လိမ့်​မည်​ဟု​ဆို​လျက်၊ ထို​ရေ​တွင်း​ကို ရ​ဟော​ဘုတ်​အ​မည်​ဖြင့် မှည့်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 23,
      "text": "တစ်​ဖန်​ထို​အ​ရပ်​မှ ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ပြောင်း​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 24,
      "text": "ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ထင်​ရှား၍၊ ငါ​သည် သင်၏​အ​ဘ​အာ​ဗြ​ဟံ၏​ဘု​ရား​ဖြစ်၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင့်​ဘက်​မှာ​ရှိ၏။ ငါ​သည်​ကောင်း​ချီး​ပေး​မည်။ ငါ၏​ကျွန်​အာ​ဗြ​ဟံ​အ​တွက်၊ သင်၏​အ​မျိုး​အ​နွယ်​ကို​ငါ​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 25,
      "text": "ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​ပ​တ္ထ​နာ​ပြု၏။ တဲ​ကို​လည်း​တည်​ဆောက်၍၊ ကျွန်​တို့​သည် ရေ​တွင်း​ကို​တူး​ကြ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 26,
      "text": "ထို​အ​ခါ အ​ဘိ​မ​လက်​မင်း​သည်၊ အ​ဆွေ​တော်​အ​ဟု​ဇတ်​နှင့် ဗိုလ်​ချုပ်​မင်း​ဖိ​ကော​လ​တို့​ကို​ခေါ်၍၊ ဂေ​ရာ​မြို့​မှ ဣ​ဇာက်​ရှိ​ရာ​သို့​သွား၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 27,
      "text": "ဣ​ဇာက်​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မြင်​ပြင်း၍​နှင်​ထုတ်​ပြီး​မှ၊ အ​ဘယ်​ကြောင့်​လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 28,
      "text": "ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​မှာ​ရှိ​တော်​မူ​ကြောင်း​ကို၊ ငါ​တို့​အ​မှန် သိ​မြင်​သည်​ဖြစ်၍၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 29,
      "text": "ငါ​တို့​သည် သင့်​ကို​မ​ထိ​မ​ခိုက်၊ ကျေး​ဇူး​ကို​သာ​ပြု၍၊ ငြိမ်​ဝပ်​စွာ​လွှတ်​လိုက်​သည်​နည်း​တူ၊ သင်​သည်​ငါ​တို့​ကို​အ​ပြစ်​မ​ပြု​ရ​ဟု၊ ငါ​တို့​တစ်​ဖက်၊ သင့်​တစ်​ဖက်၊ နှစ်​ဖက်​သား​တို့​သည်၊ သ​စ္စာ​က​တိ​ထား၍ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စို့။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ​ဖြစ်​ပါ၏​ဟု ဆို​ကြ​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 30,
      "text": "ဣ​ဇာက်​သည်၊ သူ​တို့​အ​ဖို့ စား​သောက်​ပွဲ​ကို​လုပ်၍၊ အ​တူ​စား​သောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 31,
      "text": "နံ​နက်​စော​စော​ထ၍၊ အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး သ​စ္စာ​ပြု​လိုက်​ပြီး​မှ၊ ဣ​ဇာက်​သည် သူ့​တို့​ကို​လွှတ်​လိုက်၍၊ သူ​တို့​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 32,
      "text": "ထို​နေ့၌​ပင် ဣ​ဇာက်​ကျွန်​တို့​သည်​လာ၍၊ မိ​မိ​တို့​တူး​သော​တွင်း၌ ရေ​တွေ့​ကြောင်း​ကို​ပြော​ဆို​ကြ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 33,
      "text": "ထို​ရေ​တွင်း​ကို ရှေ​ဘ​အ​မည်​ဖြင့်​မှည့်​လေ၏။ ထို​ကြောင့် ထို​အ​ရပ်၌ တည်​သော​မြို့​ကို​ဗေ​ရ​ရှေ​ဘ​မြို့​ဟု ယ​နေ့​တိုင်​အောင်​တွင်​လေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 34,
      "text": "ဧ​သော​သည် အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ဟိ​တ္တိ​အ​မျိုး​သား​ဗေ​ရိ၏​သ​မီး​ယု​ဒိတ်၊ ဟိ​တ္တိ​အ​မျိုး​သား ဧ​လုန်၏​သ​မီး​ဗာ​ရှ​မတ်​တို့​နှင့် အိမ်​ထောင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 26,
      "verse": 35,
      "text": "ထို​မိန်း​မ​တို့​သည် ဣ​ဇာက်​နှင့်​ရေ​ဗ​က္က၌ စိတ်​နှ​လုံး​ပူ​ပန်​စ​ရာ​အ​ကြောင်း​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 1,
      "text": "ထို​နောက် ဣ​ဇာက်​သည်​အို၍ မျက်​စိ​မှုန်​သ​ဖြင့် မ​မြင်​နိုင်​သော​အ​ခါ၊ သား​အ​ကြီး​ဧ​သော​ကို၊ ငါ့​သား​ဟု​ခေါ်​လျှင်၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု ထူး​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 2,
      "text": "အ​ဘ​က​လည်း၊ ယ​ခု​ငါ​အို​လှ​ပြီ။ အ​ဘယ်​သော​အ​ခါ သေ​ရ​မည်​ကို​ငါ​မ​သိ။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 3,
      "text": "မ​သေ​မီ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သင်၏​လက်​နက်​တည်း​ဟူ​သော လေး​နှင့်​မြား​တောင့်​ကို​ဆောင်​ယူ​လျက် တော​သို့​သွား၍၊ ငါ​စား​စ​ရာ​ဖို့ အ​မဲ​ကောင်​ကို​ရ​အောင်​ရှာ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 4,
      "text": "ငါ​မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို​ချက်၍ ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့​ဟု ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 5,
      "text": "ထို​သို့ ဣ​ဇာက်​သည် သား​ဧ​သော​အား​ပြော​ဆို​သော​စ​ကား​ကို၊ ရေ​ဗ​က္က​ကြား​သည်​ဖြစ်၍၊ ဧ​သော​သည် အ​မဲ​သား​ကို​ရ​အောင် တော​သို့​အ​ရှာ​သွား​စဉ်​တွင်၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 6,
      "text": "ရေ​ဗ​က္က​သည် သား​ယာ​ကုပ်​ကို​ခေါ်၍၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 7,
      "text": "သင်၏​အ​ဘ​က၊ ငါ​မ​သေ​မီ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်​မှာ သင့်​ကို ငါ​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ​စား​စ​ရာ​ဖို့​အ​မဲ​သား​ကို​ယူ​ခဲ့၍၊ အ​မဲ​ဟင်း​လျာ​ကို​ချက်​ပါ​ဟု သင်၏​အစ်​ကို​ဧ​သော​အား​ပြော​သည်​ကို ငါ​ကြား​ပြီ။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 8,
      "text": "သို့​ဖြစ်၍ ငါ့​သား၊ ငါ​မှာ​ထား​သ​မျှ​သော​စ​ကား​ကို နား​ထောင်​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 9,
      "text": "ယ​ခု​ဆိတ်​စု​ရှိ​ရာ​သို့​သွား၍၊ ကောင်း​သော ဆိတ်​သ​ငယ်​နှစ်​ကောင်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ပါ​လော့။ သင်၏​အ​ဘ မြိန်​ရှက်​တတ်​သော အ​မဲ​ဟင်း​လျာ​ကို ငါ​ချက်​မည်။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 10,
      "text": "သင်၏​အ​ဘ​မ​သေ​မီ သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ထို​အ​စာ​ကို အ​ဘ​စား​စေ​ခြင်း​ငှာ သင်​သည် အ​ဘ​ထံ​သို့​ပို့​ဆောင်​ရ​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 11,
      "text": "ယာ​ကုပ်​က​လည်း၊ ကျွန်ုပ်​အစ်​ကို​ဧ​သော​ကား အ​မွေး​ရှိ​သော​သူ၊ ကျွန်ုပ်​ကား​ချော​မွတ်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 12,
      "text": "ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​ကို စမ်း​သပ်​ကောင်း​စမ်း​သပ်​လိမ့်​မည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​ကို​လှည့်​စား​သော​သူ​ဟူ၍​ထင်​သ​ဖြင့်၊ ကျွန်ုပ်​သည် မင်္ဂ​လာ​ကို​မ​ရ​ဘဲ ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို​သာ​ခံ​ရ​လိမ့်​မည်​ဟု အ​မိ​ကို​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 13,
      "text": "အ​မိ​ရေ​ဗ​က္က​က​လည်း၊ ငါ့​သား၊ သင်​ခံ​ရ​သော​ကျိန်​ခြင်း​အ​မင်္ဂ​လာ​သည် ငါ၌​သင့်​ရောက်​ပါ​စေ။ ငါ့​စ​ကား​ကို​နား​ထောင်၍ ဆိတ်​သ​ငယ်​တို့​ကို​သာ​ယူ​ခဲ့​ပါ​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 14,
      "text": "သူ​သည်​သွား၍ ဆိတ်​သ​ငယ်​တို့​ကို အ​မိ​ထံ​သို့ ယူ​ခဲ့​သ​ဖြင့်၊ အ​မိ​သည်​လည်း အ​ဘ​မြိန်​ရှက်​တတ်​သော​အ​မဲ​ဟင်း​လျာ​ကို ချက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 15,
      "text": "ထို​အ​ခါ​ရေ​ဗ​က္က​သည် အိမ်​တွင် မိ​မိ​လက်၌​ရှိ​သော သား​ကြီး​ဧ​သော၏​အ​ဝတ်၊ ကောင်း​မွန်​သော​အ​ဝတ်​ကို​ယူ၍၊ သား​ငယ်​ယာ​ကုပ်​ကို​ဝတ်​စေ​လျက်၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 16,
      "text": "ဆိတ်​သ​ငယ်၏​သား​ရေ​ကို​လည်း​ယူ၍ သူ၏​လက်၌​လည်း​ကောင်း၊ လည်​ပင်း​ချော​သော​ဘက်၌​လည်း​ကောင်း ဆင်​ယင်​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 17,
      "text": "မိ​မိ​ချက်​သော​အ​မဲ​ဟင်း​နှင့်​မုန့်​ကို သား​ယာ​ကုပ်​လက်၌​အပ်​ပေး၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 18,
      "text": "ယာ​ကုပ်​လည်း အ​ဘ​ထံ​သို့​သွား၍၊ အ​ဘ​ဟု​ခေါ်​လေ၏။ အ​ဘ​က​လည်း၊ ငါ​ရှိ၏​ငါ့​သား၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 19,
      "text": "ယာ​ကုပ်​က​လည်း၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏။ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ပါ​ပြီ။ ထ၍​ထိုင်​ပါ။ အ​ဘ၏​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​ကို ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​အ​မဲ​သား​ကို​စား​ပါ​လော့​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 20,
      "text": "အ​ဘ​ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ ဤ​မျှ​လောက် လျင်​မြန်​စွာ​တွေ့​ရ​သော​အ​ကြောင်း​ကား၊ အ​ဘယ်​သို့​နည်း​ဟု သား​အား​မေး​လျှင်၊ အ​ဘ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​သော​ကြောင့်၊ လျင်​မြန်​စွာ​တွေ့​ရ​ပါ​သည်​ဟု ပြန်​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 21,
      "text": "ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ သင်​သည် ငါ့​သား​ဧ​သော​မှန်​သည် မ​မှန်​သည်​ကို​သိ​လို၍၊ သင့်​ကို ငါ​စမ်း​သပ်​စေ​ခြင်း​ငှာ၊ ငါ့​ထံ​ပါး​သို့​ချဉ်း​ကပ်​ပါ​လော့​ဟု​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 22,
      "text": "ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​ချဉ်း​ကပ်​၍၊ အ​ဘ​သည်​စမ်း​သပ်​လျက်၊ အ​သံ​ကား ယာ​ကုပ်၏​အ​သံ၊ လက်​တို့​ကား​ဧ​သော၏​လက်​ဖြစ်​ပေ​သည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 23,
      "text": "ထို​သို့​သူ၏​လက်​တို့​သည် ဧ​သော၏​လက်​ကဲ့​သို့ အ​မွေး​ပါ​သော​ကြောင့်၊ ယာ​ကုပ်​ဖြစ်​မှန်း​ကို အ​ဘ​မ​ရိပ်​မိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 24,
      "text": "သို့​ရာ​တွင် တစ်​ဖန်​ကား၊ သင်​သည် ငါ့​သား​ဧ​သော​စင်​စစ် အ​မှန်​ပင်​ဖြစ်​သ​လော​ဟု​မေး​ပြန်​လျင်၊ မှန်​ပါ​သည်​ဟု ဆို၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 25,
      "text": "အ​ဘ​က​လည်း၊ ငါ့​ထံ​ပါး​သို့ သွင်း​ခဲ့​ပါ။ ငါ့​ဝိ​ညာဉ်​သည် သင့်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ ငါ့​သား၏​အ​မဲ​သား​ကို ငါ​စား​အံ့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် အ​ဘ​ထံ​ပါး​သို့​သွင်း၍၊ အ​ဘ​စား​လေ၏။ စ​ပျစ်​ရည်​ကို​လည်း​ပေး၍ အ​ဘ​သောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 26,
      "text": "ထို​နောက် အ​ဘ​က၊ ငါ့​သား​ချဉ်း​ကပ်၍ ငါ့​ကို​နမ်း​ပါ​လော့​ဟု​ဆို​လျှင်၊ ယာ​ကုပ်​သည် ချဉ်း​ကပ်၍ အ​ဘ​ကို​နမ်း​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 27,
      "text": "အ​ဘ​ဣ​ဇာက်​က​လည်း၊ သူ့​အ​ဝတ်၏​အ​နံ့​ကို ခံ၍​ကြည့်​ပါ။ ငါ့​သား၏​အ​နံ့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော လယ်​၏​အ​မွှေး​အ​ကြိုင်​နှင့်​တူ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 28,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 29,
      "text": "သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 30,
      "text": "ယာ​ကုပ်​သည်၊ အ​ဘ​ဣ​ဇာက်​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ၍၊ အ​ဘ​ထံ​မှ ထွက်​သွား​သော​ခ​ဏ​ချင်း​တွင်၊ အစ်​ကို​ဧ​သော​သည် မု​ဆိုး​ပြု​ရာ​မှ​ရောက်​လာ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 31,
      "text": "သူ​သည်​လည်း အ​မဲ​ဟင်း​လျာ​ကို​ချက်၍ အ​ဘ​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ အ​ကျွန်ုပ်​အ​ဘ၏​ဝိ​ညာဉ်​သည်၊ အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ သား၏​အ​မဲ​သား​ကို​ထ၍​စား​ပါ​လော့​ဟု​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 32,
      "text": "အ​ဘ​ဣ​ဇာက်​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏​ဟု​ဆို​လေ​သော်၊ အ​ဘ​ဣ​ဇာက်​သည် အ​လွန်​တုန်​လှုပ်၍ အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 33,
      "text": "အ​မဲ​သား​ကို​ရ၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ပြီး​သော​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​မ​ရောက်​မီ ငါ​သည်​အ​ကုန်​အ​စင်​စား​ပြီး၍၊ သူ့​ကို​ကောင်း​ချီး​ပေး​မိ​ပြီ။ သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ဧ​ကန်​အ​မှန်​ခံ​ရ​လိမ့်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 34,
      "text": "အ​ဘ​ဆို​သော​စ​ကား​ကို​ဧ​သော​ကြား​လျှင်၊ အ​လွန်​ပြင်း​သော​အ​သံ​နှင့် သည်း​ထန်​စွာ​ငို​ကြွေး​လျက်၊ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း​ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု​ဆို​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 35,
      "text": "အ​ဘ​က၊ သင့်​ညီ​သည် လိ​မ္မာ​စွာ​လာ၍၊ သင်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပြီ​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 36,
      "text": "ဧ​သော​က​လည်း၊ သူ့​ကို ယာ​ကုပ်​ဟူ​သော​အ​မည်​ဖြင့် လျောက်​ပတ်​စွာ​မှည့်​ပါ​ပြီ မ​ဟုတ်​လော။ အ​ကျွန်ုပ်​ကို နှစ်​ကြိမ်​လှည့်​စား၍​နိုင်​ပါ​ပြီ။ သား​ဦး​အ​ရိုက်​အ​ရာ​ကို အ​ရင်​ယူ​သွား​ပါ​ပြီ။ ယ​ခု​လည်း​တစ်​ဖန် အ​ကျွန်ုပ်၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ယူ​သွား​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ဖို့ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​ကို​မျှ မ​ခြွင်း​ပါ​သ​လော ဟူ၍​လည်း​ကောင်း ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 37,
      "text": "ဣ​ဇာက်​က​လည်း၊ သူ့​ကို သင်၏​အ​ရှင်​ဖြစ်​စေ​ပြီ။ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သူ၌​ကျွန်​ခံ​စေ​ပြီ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သူ့​ကို​ထောက်​မ​ပြီ။ သို့​ဖြစ်၍ ငါ့​သား၊ သင်၌ အ​ဘယ်​သို့​ပြု​နိုင်​တော့​အံ့​နည်း​ဟု၊ ဧ​သော​အား​ပြန်​ပြော​လျှင်၊"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 38,
      "text": "ဧ​သော​က၊ အို​အ​ဘ၊ ကောင်း​ချီး​မင်္ဂ​လာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ပါ​သ​လော။ အို​အ​ဘ၊ အ​ကျွန်ုပ်​ကို​လည်း ကောင်း​ချီး​ပေး​ပါ​လော့၊ ပေး​ပါ​လော့​ဟု အ​ဘ​အား​ပြော​ဆို​လျက်၊ တစ်​ဖန်​အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 39,
      "text": "အ​ဘ​ဣ​ဇာက်​က​လည်း၊ ကြည့်​ရှု​ပါ။ သင်၏​နေ​ရာ​သည် မြေ​ကြီး၏​ဆီ​ဥ​နှင့်​လည်း​ကောင်း၊ အ​ထက်​မိုး​ကောင်း​ကင်၏​နှင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 40,
      "text": "ဓား​ဖြင့်​အ​သက်​ကို​မွေး​ရ​လိမ့်​မည်။ ညီ၌​ကျွန်​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​စိုး​ရ​သော​အ​ခါ၊ သူ​တင်​သော​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​မှ​ချိုး​ပယ်​လိမ့်​မည်​ဟု ပြန်၍​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 41,
      "text": "အ​ဘ​သည် ယာ​ကုပ်​အား​ပေး​သော ကောင်း​ချီး​မင်္ဂ​လာ​ကြောင့်၊ ဧ​သော​သည် ယာ​ကုပ်​ကို​အ​ငြိုး​ထား၍၊ ငါ့​အ​ဘ​ကြောင့် ညည်း​တွား​ရ​သော​နေ့​ရက်​ကာ​လ​အ​ချိန်​နီး​ပြီ။ ထို​အ​ခါ ငါ့​ညီ​ယာ​ကုပ်​ကို​ငါ​သတ်​မည်​ဟု၊ အ​ကြံ​နှင့်​ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 42,
      "text": "ထို​သို့​သား​ကြီး ဧ​သော​ပြော​သော​စ​ကား​ကို အ​မိ​ရေ​ဗ​က္က​ကြား​လျှင်၊ သား​ငယ်​ယာ​ကုပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​ဧ​သော​သည် သင့်​ကို​သတ်​သ​ဖြင့်၊ သင့်​အ​မှု၌​စိတ်​ပြေ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 43,
      "text": "ထို​ကြောင့်၊ ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​ပါ။ ငါ့​မောင်​လာ​ဗန်​နေ​ရာ ခါ​ရန်​မြို့​သို့​ထ၍ ပြေး​သွား​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 44,
      "text": "သင်၏​အစ်​ကို​စိတ်​ပြေ​သည်​တိုင်​အောင်၊ သူ့​ထံ​မှာ ခ​ဏ​ရှောင်၍​နေ​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 45,
      "text": "သင်၏​အစ်​ကို​စိတ်​ပြေ၍၊ သင်​သည် သူ​၌​ပြု​သော​အ​မှု​ကို သူ​မေ့​လျော့​သော​အ​ခါ၊ ငါ​မှာ​လိုက်၍၊ ထို​အ​ရပ်​မှ​သင့်​ကို ဆောင်​ခဲ့​စေ​မည်။ ငါ့​သား​နှစ်​ယောက်​လုံး​ကို တစ်​နေ့​ချင်း​တွင် အ​ဘယ်​ကြောင့်​ငါ​ရှုံး​ရ​မည်​နည်း​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 27,
      "verse": 46,
      "text": "တစ်​ဖန်​ရေ​ဗ​က္က​သည် ဣ​ဇာက်​ထံ​သို့​သွား၍၊ ကျွန်​မ​သည် ဟေ​သ​အ​မျိုး​သ​မီး​တို့​ကြောင့်၊ ကိုယ်​အ​သက်​ကို​ငြီး​ငွေ့​လှ၏။ ဤ​ပြည်​သူ​သ​မီး​ကဲ့​သို့​သော​သူ၊ ဟေ​သ​အ​မျိုး​သ​မီး​နှင့် ယာ​ကုပ်​အိမ်​ထောင်​ဖက်​ပြု​လျှင်၊ ကျွန်​မ​အ​သက်​ရှင်၍ အ​ဘယ်​ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု ပြော​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 1,
      "text": "ထို​အ​ခါ ဣ​ဇာက်​သည် ယာ​ကုပ်​ကို​ခေါ်၍၊ သင်​သည် ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 2,
      "text": "အ​မိ၏​အ​ဘ ဗေ​သွေ​လ​အ​မျိုး​သား​နေ​ရာ ပါ​ဒ​နာ​ရံ​အ​ရပ်​သို့ ထ၍​သွား​လော့။ သင့်​ဦး​ရီး​လာ​ဗန်၏​သ​မီး​တစ်​စုံ​တစ်​ယောက်​နှင့် အိမ်​ထောင်​ဖက်​ပြု​လော့။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 3,
      "text": "အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍​တိုး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​မျိုး​ကြီး​ဖြစ်​မည်​အ​ကြောင်း​နှင့် များ​ပြား​စေ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 4,
      "text": "အ​ထက်​က အာ​ဗြ​ဟံ​အား​ပေး​တော်​မူ၍၊ သင် ယ​ခု​ဧည့်​သည်​ဖြစ်​လျက်​နေ​သော ဤ​ပြည်​ကို၊ သင်​အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သင့်​အား​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​ပေး​တော်​မူ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လျက် မှာ​ထား၍​လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 5,
      "text": "ထို​သို့​ယာ​ကုပ်​နှင့် ဧ​သော၏​အ​မိ၊ ရေ​ဗ​က္က၏​မောင်၊ ရှု​ရိ​လူ​ဗေ​သွေ​လ​သား လာ​ဗန်​နေ​ရာ ပါ​ဒ​နာ​ရံ​ပြည်​သို့ ယာ​ကုပ်​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 6,
      "text": "ထို​သို့ ဣ​ဇာက်​သည် ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး၍၊ ပါ​ဒ​နာ​ရံ​ပြည်၌ အိမ်​ထောင်​ဖက်​ပြု​စေ​ခြင်း​ငှာ လွှတ်​လိုက်​သော​အ​ကြောင်း​ကို​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု၊ ကောင်း​ချီး​ပေး​သော​အ​ခါ မှာ​ထား​ကြောင်း​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 7,
      "text": "ယာ​ကုပ်​သည်​မိ​ဘ​စ​ကား​ကို နား​ထောင်၍၊ ပါ​ဒ​နာ​ရံ​ပြည်​သို့​သွား​ကြောင်း​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 8,
      "text": "ခါ​နာန်​အ​မျိုး​သ​မီး​တို့​ကို အ​ဘ​ဣ​ဇာက် မ​နှစ်​သက်​ကြောင်း​ကို​လည်း​ကောင်း၊ ဧ​သော​သိ​မြင်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 9,
      "text": "ဣ​ရှ​မေ​လ​ထံ​သို့​သွား၍ အ​ထက်​မ​ယား​တို့​မှ​တစ်​ပါး၊ အာ​ဗြ​ဟံ​သား ဣ​ရှ​မေ​လ​သ​မီး၊ န​ဗာ​ယုတ်​နှ​မ၊ မ​ဟာ​လတ်​နှင့် တစ်​ဖန်​အိမ်​ထောင်​ဖက်​ပြု​ပြန်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 10,
      "text": "ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​ရွာ​မှ​ထွက်၍၊ ခါ​ရန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​တွင်၊"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 11,
      "text": "တစ်​စုံ​တစ်​ခု​သော​အ​ရပ်​သို့​ရောက်၍၊ မိုး​ချုပ်​သော​ကြောင့်၊ ည​ကို လွန်​စေ​မည်​အ​ကြံ​ရှိ​သည်​နှင့်၊ ထို​အ​ရပ်၌ ကျောက်​ကို​ယူ၍ ခေါင်း​အုံး​ဖို့​ထား​ပြီး​လျှင် အိပ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 12,
      "text": "မြင်​ရ​သော​အိပ်​မက်​ဟူ​မူ​ကား၊ မြေ​ကြီး​ပေါ်၌ လှေ​ကား​ထောင်​လျက် အ​ဖျား​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မီ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည်၊ ထို​လှေ​ကား​ဖြင့် ဆင်း​လျက်​တက်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လှေ​ကား​ထက်၌ ရပ်​တော်​မူ​လျက်၊ ငါ​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​အိပ်​သော​မြေ​ကို သင်​နှင့် သင်၏ အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 14,
      "text": "သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 15,
      "text": "ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ သင်​သွား​လေ​ရာ​ရာ​၌ ငါ​စောင့်​မ​မည်။ ဤ​ပြည်​သို့​တစ်​ဖန် ဆောင်​ခဲ့​ဦး​မည်။ က​တိ​ထား​သည်​အ​တိုင်း​မ​ပြည့်​စုံ​မီ၊ သင့်​ကို​ငါ​မ​စွန့်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 16,
      "text": "ယာ​ကုပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ အ​ကယ်​စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​ရပ်၌​ရှိ​တော်​မူ၏။ ရှိ​တော်​မူ​ကြောင်း​ကို​ငါ​မ​သိ။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 17,
      "text": "ဤ​အ​ရပ်​ကား၊ အ​ဘယ်​မျှ​လောက် ကြောက်​မက်​ဖွယ်​ဖြစ်​သည်​တ​ကား။ ဤ​အ​ရပ်​ကား၊ အ​ခြား​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏​ဘုံ​ဗိ​မာန်၊ ကောင်း​ကင်​တံ​ခါး​ဝ​ဖြစ်​သည်​တ​ကား​ဟု၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ ဆို၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 18,
      "text": "နံ​နက်​စော​စော ယာ​ကုပ်​သည်​ထ​၍၊ ခေါင်း​အုံး​သော ကျောက်​ကို​ယူ​သ​ဖြင့်၊ မှတ်​တိုင်​ဖြစ်​စေ​လျက် ထူ​ထောင်​ပြီး​လျှင်၊ ကျောက်​ထိပ်​ဖျား​အ​ပေါ်၌ ဆီ​ကို​လောင်း​လေ​၏။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 19,
      "text": "ထို​အ​ရပ်​ကို​လည်း၊ ဗေ​သ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ထို​မြို့၏ အ​မည်​ဟောင်း​ကား၊ ဥ​လံ​လု​ဇ​ဟူ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 20,
      "text": "ထို​အ​ခါ ယာ​ကုပ်​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​ရှိ​လျက်၊ ငါ​ယ​ခု​သွား​ရာ​လမ်း​မှာ၊ ငါ့​ကို​စောင့်​မ၍ စား​စ​ရာ​အ​စား၊ ဝတ်​စ​ရာ​အ​ဝတ်​ကို ပေး​သ​နား​တော်​မူ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 21,
      "text": "ငါ​သည် တစ်​ဖန် အ​ဘ၏​အိမ်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ၏​ဘု​ရား​ဖြစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ မှတ်​တိုင်​ပြု၍ ငါ​ထူ​ထောင်​သော ဤ​ကျောက်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗိ​မာန်​ဖြစ်​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 28,
      "verse": 22,
      "text": "ပေး​သ​နား​တော်​မူ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​ပါ​မည်​ဟူ၍ သ​စ္စာ​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 1,
      "text": "တစ်​ဖန်​ယာ​ကုပ်​သည် ခ​ရီး​သွား၍၊ အ​ရှေ့​ပြည်​သား​တို့​နေ​ရာ​အ​ရပ်​သို့ ရောက်​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 2,
      "text": "မျှော်​ကြည့်၍ တော​စ၌ ရေ​တွင်း​တစ်​ခု​ကို​မြင်၏။ ထို​တွင်း​ရေ​ဖြင့် သိုး​စု​များ​ကို တိုက်​တတ်​သည်​ဖြစ်၍၊ တွင်း​နား​မှာ သိုး​စု​သုံး​စု​အိပ်​လျက်​ရှိ၏။ ရေ​တွင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 3,
      "text": "သိုး​ထိန်း​အ​ပေါင်း​တို့​သည် ထို​အ​ရပ်၌​စု​ဝေး​သော​အ​ခါ၊ ရေ​တွင်း​ဝ၌ ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်၍၊ သိုး​များ​ကို​ရေ​တိုက်​ပြီး​လျှင်၊ ထို​ကျောက်​ကို မိ​မိ​နေ​ရာ​ရေ​တွင်း​ဝ​ပေါ်​မှာ တစ်​ဖန်​တင်​ထား​လေ့​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 4,
      "text": "ယာ​ကုပ်​က​လည်း၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ ငါ​တို့​သည် ခါ​ရန်​မြို့​က​လာ​ကြ​သည်​ဟု ပြော​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 5,
      "text": "တစ်​ဖန်​ယာ​ကုပ်​က၊ နာ​ခေါ်​သား​လာ​ဗန်​ကို သိ​သ​လော​ဟု​မေး​လျှင်၊ သိ၏​ဟု​ပြန်​ဆို​သော်၊"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 6,
      "text": "သူ​သည်​မာ​ပါ၏​လော​ဟု တစ်​ဖန်​မေး​ပြန်​လျှင်၊ မာ​ပါ၏။ သူ၏​သ​မီး​ရာ​ခေ​လ​သည် သိုး​များ​နှင့်​တ​ကွ​လာ​လိမ့်​မည်​ဟု ဆို​ကြ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 7,
      "text": "ယာ​ကုပ်​က​လည်း၊ နေ့​အ​ချိန် အ​လွန်​များ​စွာ​ရှိ​သေး၏။ သိုး​တို့​ကို စု​ဝေး​ရာ​အ​ချိန်​မ​ဟုတ်​သေး။ ရေ​တိုက်​ပြီး​လျှင်၊ သွား၍​ထိန်း​ကြ​ဦး​လော့​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 8,
      "text": "သူ​တို့​က​လည်း၊ သိုး​ထိန်း​အ​ပေါင်း​စု​ဝေး၍၊ ရေ​တွင်း​ဝ၌ ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​မှ​သာ၊ သိုး​တို့​ကို​ရေ​တိုက်​ရ၏။ သို့​မ​ဟုတ်၊ မ​တိုက်​ရ​ဟု​ပြန်​ဆို​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 9,
      "text": "ထို​သို့​တစ်​ဦး​နှင့် တစ်​ဦး​နှုတ်​ဆက်​ကြ​စဉ်​တွင်၊ ရာ​ခေ​လ​သည်၊ မိ​မိ​အ​ဘ၏​သိုး​တို့​ကို ထိန်း​ရ​သည်​ဖြစ်၍၊ သိုး​တို့​ကို​ဆောင်​လျက်​လာ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 10,
      "text": "ယာ​ကုပ်​သည်၊ မိ​မိ​ဦး​ရီး​လာ​ဗန်၏​သ​မီး​ရာ​ခေ​လ​နှင့် ဦး​ရီး​လာ​ဗန်၏​သိုး​တို့​ကို မြင်​သော​အ​ခါ၊ အ​နီး​သို့​ချဉ်း၍၊ ရေ​တွင်း၌​ဖုံး​အုပ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ဦး​ရီး​လာ​ဗန်၏​သိုး​တို့​ကို ရေ​တိုက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 11,
      "text": "ထို​နောက်၊ ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​နမ်း​၍၊ ကျယ်​သော​အ​သံ​နှင့်​ငို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 12,
      "text": "မိ​မိ​သည် ရာ​ခေ​လ​အ​ဘ၏​တူ၊ ရေ​ဗ​က္က​၏​သား​ဖြစ်​ကြောင်း​ကို ကြား​ပြော​လျှင်၊ ရာ​ခေ​လ​သည်​ပြေး​၍ မိ​မိ​အ​ဘ​အား​ပြန်​ကြား​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 13,
      "text": "လာ​ဗန်​သည် မိ​မိ​တူ​ယာ​ကုပ်၏ သ​တင်း​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကြို​ဆို​ခြင်း​ငှာ အ​လျင်​အ​မြန်​သွား၍၊ ပိုက်​ဖက်​နမ်း​ရှုတ်​လျက်၊ မိ​မိ​အိမ်​သို့​ဆောင်​သွား​လေ၏။ ယာ​ကုပ်​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို​ကြား​ပြော​လျှင်၊"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 14,
      "text": "လာ​ဗန်​က၊ အ​ကယ်​စင်​စစ် သင်​သည်​ငါ့​အ​ရိုး​အ​သား​ပင်​ဖြစ်၏​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 15,
      "text": "ယာ​ကုပ်​သည် တစ်​လ​ခန့်​မျှ​နေ​ပြီး​မှ၊ လာ​ဗန်​က၊ သင်​သည် ငါ့​တူ​ဖြစ်​သော​ကြောင့်၊ အ​ကျိုး​မဲ့​ကျွန်​ခံ​ရ​ပါ​မည်​လော။ ခံ​လို​သော​အ​ခ​ကို ငါ့​အား​ပြော​လော့​ဟု ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 16,
      "text": "ထို​အ​ခါ လာ​ဗန်၌ သ​မီး​နှစ်​ယောက်​ရှိ၏။ အ​ကြီး​ကား၊ လေ​အာ​အ​မည်​ရှိ၏။ အ​ငယ်​ကား၊ ရာ​ခေ​လ​အ​မည်​ရှိ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 17,
      "text": "လေ​အာ​ကား၊ မျက်​စိ​နု​ညံ့၏။ ရာ​ခေ​လ​ကား၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 18,
      "text": "ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ လာ​ဗန်​အား၊ ဦး​မင်း​သ​မီး​အ​ငယ်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ၊ ခု​နစ်​နှစ်​အ​စေ​ခံ​ပါ​မည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 19,
      "text": "လာ​ဗန်​က၊ အ​ခြား​သော​သူ​အား ပေး​စား​သည်​ထက်၊ သင့်​အား​ပေး​စား​သော် သာ၍​ကောင်း၏။ ငါ​နှင့်​အ​တူ​နေ​လော့​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 20,
      "text": "ယာ​ကုပ်​သည်​လည်း၊ ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။ ရာ​ခေ​လ​ကို​ချစ်​သော​ကြောင့်၊ ခု​နစ်​နှစ်​ကို နည်း​သော​နေ့​ရက်​ကဲ့​သို့​ထင်​မှတ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 21,
      "text": "ယာ​ကုပ်​က​လည်း၊ ချိန်း​ချက်​သော အ​ချိန်​စေ့​ပါ​ပြီ။ ကျွန်ုပ်​သည် မ​ယား​နှင့်​ဆက်​ဆံ​ဖို့​ရာ​ပေး​စား​ပါ​ဟု လာ​ဗန်​အား​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 22,
      "text": "လာ​ဗန်​သည် ထို​အ​ရပ်၌​နေ​သော သူ​အ​ပေါင်း​တို့​ကို​စည်း​ဝေး​စေ၍ ပွဲ​လုပ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 23,
      "text": "ညဉ့်​ဦး​အ​ချိန်​ရောက်​မှ၊ ဇိ​လ​ပ​အ​မည်​ရှိ​သော ကျွန်​မ​ကို​သ​မီး​လေ​အာ၌ လက်​ဖွဲ့​လျက်၊ ထို​သ​မီး​ကို​ဆောင်​သွင်း၍၊ ယာ​ကုပ်​သည်​သူ​နှင့်​ဆက်​ဆံ​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 25,
      "text": "နံ​နက်​အ​ချိန်​ရောက်​မှ ယာ​ကုပ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ လေ​အာ​ဖြစ်​ကြောင်း​ကို သိ​မြင်​လျှင်၊ လာ​ဗန်​ထံ​သို့​သွား၍ ကျွန်ုပ်၌​ပြု​သော​အ​မှု​ကား၊ အ​ဘယ်​သို့​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ အ​စေ​ခံ​ရ​ပြီ မ​ဟုတ်​လော။ ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် လှည့်​စား​ရ​သ​နည်း​ဟု​ဆို​သော်၊"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 26,
      "text": "လာ​ဗန်​က၊ ငါ​တို့​ပြည်၌ သ​မီး​အ​ကြီး​ကို​မ​ပေး​စား​မီ၊ အ​ငယ်​ကို​မ​ပေး​စား​ရ။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 27,
      "text": "ခု​နစ်​ရက်​စေ့​အောင်​ငံ့​ဦး​လော့။ နောက်​တစ်​ဖန် ခု​နစ်​နှစ်​အ​စေ​ခံ​ရ​သည်​အ​တွက်၊ ရာ​ခေ​လ​ကို​လည်း သင့်​အား​ပေး​စား​ဦး​မည်​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 28,
      "text": "ယာ​ကုပ်​ဝန်​ခံ၍ ခု​နစ်​ရက်​စေ့​ပြီး​မှ၊ လာ​ဗန်​သည် ဗိ​လ​ဟာ​အ​မည်​ရှိ​သော ကျွန်​မ​ကို​လက်​ဖွဲ့​လျက်၊ သ​မီး​ရာ​ခေ​လ​ကို​ပေး​စား​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 30,
      "text": "ယာ​ကုပ်​သည် ရာ​ခေ​လ​နှင့်​ဆက်​ဆံ၍၊ လေ​အာ​ကို​ချစ်​သည်​ထက်​သာ၍​ချစ်၏။ လာ​ဗန်​ထံ​မှာ တစ်​ဖန်​ခု​နစ်​နှစ်​အ​စေ​ခံ​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 31,
      "text": "လေ​အာ​သည်​အ​မုန်း​ခံ​ရ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ​မြင်၍၊ သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ရာ​ခေ​လ​မူ​ကား​မြုံ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 32,
      "text": "လေ​အာ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့်၊ သား​ကို​ဖွား​မြင်၍ ရု​ဗင်​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘုရား​သည် ငါ၏​ဆင်း​ရဲ​ခံ​ခြင်း​ကို အ​မှန်​ကြည့်​မြင်​တော်​မူ​ပြီ။ သို့​ဖြစ်၍ ယ​ခု​ငါ့​လင်​သည် ငါ့​ကို​ချစ်​လိမ့်​မည်​ဟု ဆို​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 33,
      "text": "တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ငါ​သည်​အ​မုန်း​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား ကြား​သော​ကြောင့်၊ ဤ​သား​ကို​လည်း ပေး​သ​နား​တော်​မူ​ပြီ​ဟု​ဆို​ပြီး​လျှင်၊ ထို​သား​ကို ရှိ​မောင်​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 34,
      "text": "တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ငါ့​လင်​အား သား​သုံး​ယောက်​ကို ငါ​ဖွား​မြင်​သော​ကြောင့်၊ ယ​ခု​တစ်​ခါ​သူ​သည် ငါ​နှင့် ပေါင်း​ဖော်​လိမ့်​မည်​ဟု​ဆို၍၊ ထို​သား​ကို လေ​ဝိ​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 29,
      "verse": 35,
      "text": "တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​ငါ​ချီး​မွမ်း​မည်​ဟု ဆို​သည်​ဖြစ်၍၊ ထို​သား​ကို ယု​ဒ​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​နောက်၊ သား​ပြတ်၍​မ​ဖွား​ဘဲ​နေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 1,
      "text": "ရာ​ခေ​လ​သည် ယာ​ကုပ်​အား သား​မ​ဖွား​ကြောင်း​ကို မိ​မိ​သိ​မြင်​သော​အ​ခါ၊ အစ်​မ​ကို​ငြူ​စူ​သော​စိတ်​ရှိ၍၊ ငါ့​အား သား​ကို​ပေး​ပါ။ သို့​မ​ဟုတ် ငါ​သေ​တော့​အံ့​ဟု ယာ​ကုပ်​ကို ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 2,
      "text": "ယာ​ကုပ်​က​လည်း၊ ငါ​သည် သင့်​အား သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မ​မူ​သော ဘု​ရား​သ​ခင် ကိုယ်​စား​တော်​ဖြစ်​သ​လော​ဟု၊ ရာ​ခေ​လ​ကို အ​မျက်​ထွက်၍​ပြန်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 3,
      "text": "ရာ​ခေ​လ​က​လည်း၊ အ​ကျွန်ုပ်၌ ကျွန်​မ​ဗိ​လ​ဟာ​ရှိ​ပါ၏။ သူ့​ထံ​သို့​ဝင်​ပါ။ သူ​သည် အ​ကျွန်ုပ်​ဒူး​ပေါ်​မှာ သား​ဖွား၍၊ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း​ရှိ​ပါ​လိမ့်​မည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 4,
      "text": "ကျွန်​မ​ဗိ​လ​ဟာ​ကို ယာ​ကုပ်၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ​အပ်၍၊ သူ့​ထံ​သို့ ယာ​ကုပ်​ဝင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 5,
      "text": "ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 6,
      "text": "ရာ​ခေ​လ​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ့​စ​ကား​ကို​ကြား၍ သား​ကို​ပေး​သ​နား​တော်​မူ​ပြီ​ဟု ဆို​သည်​နှင့်​အ​ညီ၊ ထို​သား​ကို ဒန်​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 7,
      "text": "တစ်​ဖန် ရာ​ခေ​လ၏​ကျွန်​မ​ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား နှစ်​ကြိမ်​မြောက်​သော​သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 8,
      "text": "ရာ​ခေ​လ​က၊ ငါ​သည် ငါ့​အစ်​မ​နှင့် ကျပ်​ကျပ်​လုံး​ထွေး၍ နိုင်​ခဲ့​ပြီ​ဟု​ဆို၍၊ ထို​သား​ကို နဿ​လိ​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 9,
      "text": "လေ​အာ​သည်​သား​ပြတ်၍ မ​ဖွား​ဘဲ​နေ​ကြောင်း​ကို မိ​မိ​သိ​မြင်​သော​အ​ခါ၊ မိ​မိ​ကျွန်​မ​ဇိ​လ​ပ​ကို​ယူ၍၊ ယာ​ကုပ်၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ အပ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 10,
      "text": "လေ​အာ၏​ကျွန်​မ​ဇိ​လ​ပ​သည်​လည်း ယာ​ကုပ်​အား သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 11,
      "text": "လေ​အာ​က၊ ကောင်း​ကျိုး​လာ​သည်​ဟု​ဆို၍၊ ထို​သား​ကို ဂဒ်​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 12,
      "text": "တစ်​ဖန်​လေ​အာ၏ ကျွန်​မ​ဇိ​လ​ပ​သည် ယာ​ကုပ်​အား နှစ်​ကြိမ်​မြောက်​သော​သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 13,
      "text": "လေ​အာ​က၊ ငါ၌​မင်္ဂ​လာ​ရှိ၏။ လူ​သ​မီး​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍​ခေါ်​ကြ​လိမ့်​မည်​ဟု ဆို​သ​ဖြင့်၊ ထို​သား​ကို အာ​ရှာ​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 14,
      "text": "ထို​နောက်၊ ဂျုံ​စ​ပါး​ကို စု​သိမ်း​သော​အ​ချိန်​ကာ​လ၌၊ ရု​ဗင်​သည် လယ်​ပြင်​သို့​ထွက်​သွား​ပြီး​လျှင်၊ အ​နု​ဆေး​သီး​ကို​တွေ့၍၊ မိ​မိ​အ​မိ​လေ​အာ​ထံ​သို့ ဆောင်​ခဲ့​လေ၏။ ရာ​ခေ​လ​က​လည်း၊ သင်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​အ​ချို့​ကို​ပေး​ပါ​လော့​ဟု၊ လေ​အာ​ကို​တောင်း​လျှင်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 15,
      "text": "လေ​အာ​က၊ သင်​သည် ငါ့​လင်​ကို​ယူ၍ အ​တွက်​မ​ရှိ​ထင်​သ​လော။ ငါ့​သား၏ အ​နု​ဆေး​သီး​ကို​လည်း ယူ​ချင်​သေး​သည်​တ​ကား​ဟု ဆို​လေ​သော်၊ ရာ​ခေ​လ​က၊ သို့​ဖြစ်​လျှင်၊ သင့်​သား၏​အ​နု​ဆေး​သီး​အ​တွက်၊ လင်​သည် ယ​နေ့​ည​တွင် သင်​နှင့်​အိပ်​ရ​မည်​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 16,
      "text": "ညဉ့်​ဦး​အ​ချိန်၌၊ လယ်​ပြင်​မှ​ယာ​ကုပ်​လာ​သော​အ​ခါ၊ လေ​အာ​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​သွား၍၊ သင်​သည် အ​ကျွန်ုပ်​ထံ​သို့​ဝင်​ရ​မည်။ အ​ကျွန်ုပ်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​နှင့် သင့်​ကို​အ​ကျွန်ုပ်​ငှား​သည်​မှန်​ပါ၏​ဟု ဆို​သ​ဖြင့်၊ ထို​နေ့​ည​တွင် သူ​နှင့်​အိပ်​ရ​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 17,
      "text": "လေ​အာ​စ​ကား​ကို ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား ပ​ဥ္စ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 18,
      "text": "ငါ့​ကျွန်​မ​ကို ငါ့​လင်​အား​ပေး​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​အ​ခ​ကို ပေး​တော်​မူ​ပြီ​ဟု​ဆို၍၊ ထို​သား​ကို ဣ​သ​ခါ​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 19,
      "text": "တစ်​ဖန်​လေ​အာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား ဆ​ဌ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 20,
      "text": "ဘု​ရား​သ​ခင်​သည်၊ ကောင်း​သော​လက်​ဖွဲ့​ကို ပေး​သ​နား​တော်​မူ​ပြီ။ ငါ့​လင်​အား သား​ခြောက်​ယောက်​ကို ဖွား​မြင်​သော​ကြောင့်၊ ယ​ခု​ငါ​နှင့် အ​မြဲ​နေ​လိမ့်​မည်​ဟု​ဆို၍၊ ထို​သား​ကို ဇာ​ဗု​လုန်​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 21,
      "text": "ထို​နောက်​မှ သ​မီး​ကို​ဖွား၍၊ ဒိ​န​အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 22,
      "text": "ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ရာ​ခေ​လ​ကို​အောက်​မေ့​တော်​မူ၏။ သူ၏​စ​ကား​ကို​နား​ထောင်၍၊ သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 23,
      "text": "သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်​လျှင်၊ ငါ​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည်​ပယ်​တော်​မူ​ပြီ​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ခြား​သော​သား​ကို​ထပ်၍ ပေး​တော်​မူ​ပါ​စေ​သော​ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ ထို​သား​ကို ယော​သပ်​အ​မည်​ဖြင့်​မှည့်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 25,
      "text": "ရာ​ခေ​လ​သည် ယော​သပ်​ကို​ဖွား​မြင်​ပြီး​သော​နောက်၊ ယာ​ကုပ်​က၊ အ​ကျွန်ုပ်​သည် ကိုယ်​နေ​ရင်း​ပြည်​သို့​သွား​မည်​အ​ကြောင်း အ​ကျွန်ုပ်​ကို​လွှတ်​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 26,
      "text": "ကျွန်ုပ်​သည်​အ​စေ​ခံ၍​ရ​သော မ​ယား​နှင့်​သား​တို့​ကို​ဆောင်​ယူ၍၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့။ ကျွန်ုပ်​အ​စေ​ခံ​သည်​အ​ကြောင်း​ကို အ​ဘ​သိ​ပါ​သည်​ဟု လာ​ဗန်​အား​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 27,
      "text": "လာ​ဗန်​က၊ သင်၏​စိတ်​နှင့်​တွေ့​ပါ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ကြောင်း​ကြောင့် ငါ့​အား​ကောင်း​ချီး​ပေး​တော်​မူ​သည်​ကို ငါ​ရိပ်​မိ​ပြီ။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 28,
      "text": "ငါ​ပေး​ရ​မည်​အ​ခ​ကို​ပြော​ပါ၊ ငါ​ပေး​မည်​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 29,
      "text": "ကျွန်ုပ်​သည် အ​ဘ၌​အ​ဘယ်​သို့ အ​စေ​ခံ​သည်​ကို​လည်း​ကောင်း၊ အ​ဘ၏​တိ​ရ​စ္ဆာန်​တို့​သည် ကျွန်ုပ်၌ အ​ဘယ်​သို့​ရှိ​နေ​သည်​ကို​လည်း​ကောင်း အ​ဘ​သိ​ပါ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 30,
      "text": "အ​ထက်​က အ​ဘ၏​ဥ​စ္စာ​နည်း​လှ၏။ ယ​ခု​တိုး​ပွား၍ များ​ပြား​လျက်​ရှိ၏။ ကျွန်ုပ်​သွား​လာ​လုပ်​ကိုင်​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘ​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​မှာ၊ ကျွန်ုပ်​သည် ကိုယ်​အိမ်​သူ​အိမ်​သား​တို့​ကို အ​ဘယ်​သော​အ​ခါ ကျွန်ုပ်​ပြု​စု​ရ​ပါ​အံ့​နည်း​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 31,
      "text": "လာ​ဗန်​က​လည်း၊ အ​ဘယ်​အ​ခ​ကို​ပေး​ရ​မည်​နည်း​ဟု မေး​ပြန်​လျှင်၊ ယာ​ကုပ်​က၊ ဘာ​ကို​မျှ​မ​ပေး​ပါ​နှင့်၊ ကျွန်ုပ်၌​ကျေး​ဇူး​တစ်​ခု​ပြု​လို​လျှင်၊ အ​ဘ၏​သိုး​စု၊ ဆိတ်​စု​ကို တစ်​ဖန်​ကျွေး​မွေး​စောင့်​ထိန်း​ပါ​ဦး​မည်။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 32,
      "text": "ယ​နေ့​သိုး​စု၊ ဆိတ်​စု​တစ်​လျှောက်​လုံး​ကို ကျွန်ုပ်​သွား၍၊ ပြောက်​ကျား​သော​ဆိတ်​များ၊ ညို​သော​သိုး​များ​ရှိ​သ​မျှ​တို့​ကို ရွေး​နုတ်​ခွဲ​ထား​ပါ​မည်။ နောက်​မှ ပြောက်​ကျား​သော​ဆိတ်၊ ညို​သော​သိုး​တို့​သည် ကျွန်ုပ်၏​အ​ခ​ဖြစ်​စေ​လော့။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 33,
      "text": "သို့​ဖြစ်၍၊ နောင်​ကာ​လ၌​ကျွန်ုပ်၏​အ​ခ​သည်၊ အ​ဘ​ရှေ့​သို့​ရောက်​သော​အ​ခါ၊ ကျွန်ုပ်၏​ဖြောင့်​မတ်​ခြင်း​သည် ကျွန်ုပ်​ကို​စောင့်​ရှောက်​ပါ​လိမ့်​မည်။ မ​ပြောက်​မ​ကျား​သော​ဆိတ်၊ မ​ညို​သော​သိုး​ရှိ​သ​မျှ​တို့​ကို၊ ကျွန်ုပ်​ခိုး​သော​အ​ကောင်​ဟူ၍ မှတ်​စေ​လော့​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 34,
      "text": "လာ​ဗန်​က​လည်း၊ သင်​ပြော​တိုင်း​ဖြစ်​လော့​ဟု​ဝန်​ခံ၍၊ ထို​နေ့၌​ပင်၊ ပြောက်​ကျား​သော​ဆိတ်​ထီး၊ ပြောက်​ကျား​သော​ဆိတ်​မ၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 35,
      "text": "အ​ဖြူ​ပါ​သော​ဆိတ်​ရှိ​သ​မျှ​တို့​နှင့်၊ အ​ဆင်း​ညို​သော သိုး​ရှိ​သ​မျှ​တို့​ကို​ရွေး၍၊ မိ​မိ​သား​တို့​လက်​သို့ အပ်​ပေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 36,
      "text": "ကိုယ်​နေ​ရာ​အ​ရပ်​နှင့်၊ ယာ​ကုပ်​နေ​ရာ​အ​ရပ်​ကို သုံး​ရက်​ခ​ရီး​ကွာ​စေ​ခြင်း​ငှာ စီ​ရင်​သေး၏။ ယာ​ကုပ်​သည် ကြွင်း​သော​လာ​ဗန်၏​သိုး​ဆိတ်​များ​ကို​ထိန်း​လျက် နေ​ရ​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 37,
      "text": "ထို​အ​ခါ​ယာ​ကုပ်​သည်၊ စိမ်း​သော​လိ​ဗ​နာ​ပင်၊ လု​ဇ​ပင်၊ အာ​ရ​မုန်​ပင်​တို့၏ အ​ခက်​တံ​ဖျာ​များ​ကို​ယူ၍၊ အ​ဖြူ၊ အ​စိမ်း၊ အ​တန့်​တန့်​ပေါ်​အောင် အ​ခွံ​ကို​လှီး​ခွာ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 38,
      "text": "ရေ​သောက်​လာ​သော​သိုး၊ ဆိတ်​အ​ထီး​အ​မ​ယှက်​တင်​စေ​မည်​အ​ကြံ​ရှိ၍၊ ရေ​သောက်​လာ​သော​အ​ခါ၊ အ​ခွံ​ခွာ​ပြီး​သော​တံ​ဖျာ​တို့​ကို ရေ​သောက်​ကျင်း၊ သောက်​ခွက်​တို့၌ သိုး​ဆိတ်​တို့​ရှေ့​မှာ စိုက်​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 39,
      "text": "သိုး​ဆိတ်​တို့​သည် တံ​ဖျာ​များ​ရှေ့​မှာ​ယှက်​တင်၍၊ အ​ပြောက်​အ​ကျား စ​သည်​တို့​ကို ဖွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 40,
      "text": "ယာ​ကုပ်​သည်​သိုး၊ ဆိတ်​သ​ငယ်​တို့​ကို​လည်း​ခွဲ​ထား၍၊ လာ​ဗန်၏​သိုး​စု၊ ဆိတ်​စု​တွင် အ​ဆင်း​ပြောက်​ကျား​သော​အ​ကောင်၊ အ​ဆင်း​ညို​သော​အ​ကောင်​ရှိ​သ​မျှ​တို့​ရှေ့​မှာ သိုး​ဆိတ်​များ​ကို​မျက်​နှာ​ပြု​စေ၏။ မိ​မိ​တိ​ရ​စ္ဆာန်​များ​နှင့် လာ​ဗန်၏​တိ​ရ​စ္ဆာန်​များ​ကို​လည်း မ​ရော​မ​နှော​စေ​ဘဲ၊ တစ်​စု​စီ​ခွဲ​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 41,
      "text": "အား​ကြီး​သော​အ​ကောင်​တို့​သည် ယှက်​တင်​သော​အ​ခါ၊ တံ​ဖျာ​တို့​တွင်​ယှက်​တင်​စေ​ခြင်း​ငှာ၊ ယာ​ကုပ်​သည် တံ​ဖျာ​များ​ကို ရေ​ကျင်း၌၊ သူ​တို့​မျက်​မှောက်​တွင် ထား​တတ်၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 42,
      "text": "အား​နည်း​သော​အ​ကောင်​တို့​ရှေ​မှာ တံ​ဖျာ​တို့​ကို​မ​ပြ​မ​ထား။ ထို​ကြောင့် အား​နည်း​သော​အ​ကောင်​တို့​သည် လာ​ဗန်၏​ဥ​စ္စာ​ဖြစ်​လေ၏။ အား​ကြီး​သော​အ​ကောင်​တို့​မူ​ကား၊ ယာ​ကုပ်၏​ဥ​စ္စာ​ဖြစ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 30,
      "verse": 43,
      "text": "ထို​သို့​ယာ​ကုပ်၌ စည်း​စိမ်​တိုး​ပွား၍၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်၊ မြည်း​အ​များ​ရှိ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 1,
      "text": "ထို​အ​ခါ လာ​ဗန်​သား​တို့​က၊ ငါ​တို့​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ယာ​ကုပ်​သည် ယူ​သွား​လေ​ပြီ​တ​ကား၊ ငါ​တို့​အ​ဘ၏​ဥ​စ္စာ​အား​ဖြင့်၊ သူ၌​ဤ​မည်​သော​စည်း​စိမ်​ရှိ​သ​မျှ​သည် ဖြစ်​လေ​ပြီ​ဟု၊ ဆို​ကြ​သည်​ကို​ယာ​ကုပ်​ကြား၍၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 2,
      "text": "လာ​ဗန်၏ မျက်​နှာ​ကို​ကြည့်​သော​အ​ခါ၊ ရှေ့​က​ကဲ့​သို့​မ​ဟုတ်၊ ခြား​နား​သည်​ကို သိ​မြင်၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဘိုး​ဘေး​နေ​သော​ပြည်၊ သင်၏​အ​မျိုး​သား​ချင်း​ထံ​သို့ ပြန်​သွား​လော့။ ငါ​သည် သင့်​ဘက်၌​ရှိ​နေ​မည်​ဟု ယာ​ကုပ်​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 4,
      "text": "ယာ​ကုပ်​သည် လူ​ကို​စေ​လွှတ်၍၊ ရာ​ခေ​လ​နှင့် လေ​အာ​ကို၊ သိုး​စု​ရှိ​ရာ​တော​သို့​ခေါ်​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 5,
      "text": "သင်​တို့​အ​ဘ၏​မျက်​နှာ​သည် ငါ၌​ရှေ့​က​ကဲ့​သို့​မ​ဟုတ်၊ ခြား​နား​သည်​ကို ငါ​သိ​မြင်၏။ သို့​သော်​လည်း၊ ငါ့​အ​ဘ၏​ဘု​ရား​သ​ခင်​သည်၊ ငါ့​ဘက်၌​ရှိ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 6,
      "text": "သင်​တို့​အ​ဘ၏​အ​မှု​ကို၊ ငါ​တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ငါ​စောင့်​သည်​ကို သင်​တို့​သိ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 7,
      "text": "သင်​တို့​အ​ဘ​သည်​လည်း ငါ့​ကို​လှည့်​စား၍၊ ငါ​ရ​ထိုက်​သော​အ​ခ​ကို ဆယ်​ကြိမ်​လဲ​ခဲ့​ပြီ။ သို့​သော်​လည်း၊ ငါ့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​အ​ခွင့်​ပေး​တော်​မ​မူ။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 8,
      "text": "သူ​က၊ ပြောက်​သော​အ​ကောင်​တို့​သည်၊ သင်၏​အ​ခ​ဖြစ်​စေ​ဟု​ဆို​လျှင်၊ သိုး၊ ဆိတ်​ရှိ​သ​မျှ​တို့​သည် ပြောက်​သော​အ​ကောင်​တို့​ကို​မွေး​ကြ​၏။ ကျား​သော​အ​ကောင်​တို့​သည်၊ သင်၏​အ​ခ​ဖြစ်​စေ​ဟု​ဆို​လျှင်၊ သိုး၊ ဆိတ် ရှိ​သ​မျှ​တို့​သည် ကျား​သော​အ​ကောင်​တို့​ကို မွေး​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 9,
      "text": "ထို​သို့​ဘု​ရား​သ​ခင်​သည်၊ သင်​တို့​အ​ဘ၏​တိ​ရ​စ္ဆာန်​တို့​ကို​နုတ်၍ ငါ့​အား​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 10,
      "text": "ထို​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ ယှက်​တင်​ကြ​သော​အ​ခါ၊ ငါ​မျှော်​ကြည့်၍၊ တိ​ရ​စ္ဆာန်​မ​တို့​နှင့်​ပေါင်း​ဖော်​သော တိ​ရ​စ္ဆာန်​အ​ထီး​တို့​သည်၊ အ​ပြောက်​အ​ကျား​မှ​စ၍၊ အ​ထွေ​ထွေ​သော​အ​ဆင်း​ရှိ​ကြောင်း​ကို အိပ်​မက်၌​ငါ​မြင်​ရ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က​လည်း၊ ယာ​ကုပ်​ဟု အိပ်​မက်၌ ငါ့​ကို​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ၏​ဟု​ငါ​ထူး၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 12,
      "text": "သူ​က​လည်း မျှော်၍​ကြည့်​လော့။ တိ​ရ​စ္ဆာန်​မ​နှင့်​ပေါင်း​ဖော်​သော တိ​ရ​စ္ဆာန်​အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ အ​ပြောက်​အ​ကျား​မှ​စ၍၊ အ​ထွေ​ထွေ​သော အ​ဆင်း​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်၌​လာ​ဗန်​ပြု​သ​မျှ​တို့​ကို​ငါ​မြင်၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 13,
      "text": "ငါ​ကား၊ သင်​သည်​မှတ်​တိုင်​ကို​ဆီ​လောင်း၍၊ ငါ၌​သ​စ္စာ​ပြု​ရာ ဗေ​သ​လ​အ​ရပ်၏​ဘု​ရား​ဖြစ်၏။ ယ​ခု​ထ၍ ဤ​အ​ရပ်​မှ​ထွက်​သ​ဖြင့်၊ အ​မျိုး​သား​ချင်း​တို့​နေ​သော​ပြည်​သို့ ပြန်​သွား​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏​ဟု ယာ​ကုပ်​သည်​ကြား​ပြော​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 14,
      "text": "ရာ​ခေ​လ​နှင့် လေ​အာ​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​အ​ဘ၏​အိမ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ဘယ်​သို့ အ​မွေ​ခံ​ရ​သေး​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 15,
      "text": "သူ​သည်​ကျွန်ုပ်​တို့​ကို တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ကဲ့​သို့ မှတ်​တတ်​သည်​မ​ဟုတ်​လော။ ကျွန်ုပ်​တို့​ကို​ရောင်း​စား​ခဲ့​ပြီ​တ​ကား။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 16,
      "text": "ကျွန်ုပ်​တို့​အ​ဘ​မှ ဘု​ရား​သ​ခင်​ရုပ်​သိမ်း​တော်​မူ​သော စည်း​စိမ်​ရှိ​သ​မျှ​သည် ငါ​တို့​ဥ​စ္စာ၊ ငါ​တို့​သား​သ​မီး​များ​ဥ​စ္စာ​ဖြစ်၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ယ​ခု​တွင်​ပြု​ပါ​လော့​ဟု​ပြန်​ပြော​ကြ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 17,
      "text": "ထို​အ​ခါ​ယာ​ကုပ်​သည်​ထ၍၊ မိ​မိ​သား​မ​ယား​တို့​ကို ကု​လား​အုတ်​ပေါ်​မှာ​စီး​စေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 18,
      "text": "မိ​မိ​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော၊ ပါ​ဒ​နာ​ရံ​အ​ရပ်၌​ရ​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့်၊ ရ​တတ်​သ​မျှ​သော ဥ​စ္စာ​တို့​ကို​ဆောင်​ယူ၍၊ အ​ဘ​ဣ​ဇာက်​နေ​ရာ ခါ​နာန်​ပြည်​သို့ ခ​ရီး​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 19,
      "text": "လာ​ဗန်​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သို့​သွား​ခိုက်​တွင်၊ ရာ​ခေ​လ​သည်၊ သူ၏​တေ​ရပ်​ရုပ်​တု​တို့​ကို ခိုး​ယူ​လေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 20,
      "text": "ယာ​ကုပ်​သည် မိ​မိ​ပြေး​မည်​အ​ကြောင်း​ကို မ​ကြား​မ​ပြော​ဘဲ​နေ၍၊ ရှု​ရိ​လူ​ဖြစ်​သော​လာ​ဗန်​ကို ပ​ရိ​ယာယ်​အား​ဖြင့်​နိုင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 21,
      "text": "ထို​သို့​မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ပါ​လျက် ပြေး​သွား၍၊ မြစ်​တစ်​ဖက်​သို့ အ​လျင်​အ​မြန်​ကူး​ပြီး​လျှင်၊ ဂိ​လဒ်​တောင်​ကို​ရှေ့​ရှု​ပြု​လျက် ခ​ရီး​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 22,
      "text": "ယာ​ကုပ်​ပြေး​ကြောင်း​ကို၊ သုံး​ရက်​မြောက်​သော​နေ့၌ လာ​ဗန်​ကြား​သိ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 23,
      "text": "ညီ​အစ်​ကို​တို့​ကို​ခေါ်၍၊ ခု​နစ်​ရက်​ခ​ရီး​လိုက်​သ​ဖြင့်၊ ဂိ​လဒ်​တောင်​ပေါ်​မှာ​မီ​လေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 24,
      "text": "ဘု​ရား​သ​ခင်​သည် ရှု​ရိ​လူ​လာ​ဗန်​ဆီ​သို့ ည​အ​ချိန်​တွင် အိပ်​မက်၌​ကြွ​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်၊ သ​တိ​ပြု​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 25,
      "text": "ထို​အ​ခါ​ယာ​ကုပ်​သည် မိ​မိ​တဲ​ကို ဂိ​လဒ်​တောင်​ပေါ်​မှာ​ဆောက်​နှင့်​ပြီ။ လာ​ဗန်​သည် လိုက်၍​မီ​သော​အ​ခါ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​တ​ကွ၊ ထို​တောင်​ပေါ်​မှာ​တဲ​ကို ဆောက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 26,
      "text": "လာ​ဗန်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း။ စစ်​တိုက်​ရာ​၌ ဖမ်း​မိ​သော​သူ​တို့​ကို သိမ်း​သွား​သ​ကဲ့​သို့၊ ငါ့​ကို​လှည့်​စား၍၊ ငါ့​သ​မီး​တို့​ကို သိမ်း​သွား​လေ​ပြီ​တ​ကား။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 27,
      "text": "ငါ့​ကို​လှည့်​စား၍၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ​သည် ပျော်​မွေ့​ခြင်း​ကို​ပြု၍​သီ​ချင်း​ဆို​လျက်၊ ပတ်​သာ​နှင့်​စောင်း​တီး​လျက်၊ သင့်​ကို​လွှတ်​လိုက်​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ငါ့​ကို​မ​ကြား​မ​ပြော​ဘဲ​နေ​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 28,
      "text": "ငါ့​သား​သ​မီး​တို့​ကို​ငါ​နမ်း​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့်​အ​ခွင့်​မ​ပေး​သ​နည်း။ သင်​သည် မိုက်​စွာ​ပြု​လေ​ပြီ​တ​ကား။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 29,
      "text": "ယ​ခု​သင့်​ကို ငါ​ညှဉ်း​ဆဲ​နိုင်၏။ သို့​သော်​လည်း၊ မ​နေ့​ည​မှာ သင်၏​အ​ဘ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည်​ကြွ​လာ၍၊ ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်။ သ​တိ​ပြု​လော့​ဟု ငါ့​အား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 30,
      "text": "ယ​ခု​မှာ၊ သင်​သည် မိ​ဘ​အိမ်​ကို အ​လွန်​အောက်​မေ့​သော​ကြောင့်၊ သွား​ရ​သည်​ဟုတ်​စေ​တော့။ ငါ၏​ဘု​ရား​တို့​ကို အ​ဘယ်​ကြောင့်​ခိုး​ယူ​ခဲ့​ရ​သ​နည်း​ဟု ယာ​ကုပ်​ကို ဆို​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 31,
      "text": "ယာ​ကုပ်​က​လည်း၊ သင်​သည်​ကိုယ်​သ​မီး​တို့​ကို အ​နိုင်​သိမ်း​ယူ​ကောင်း​သိမ်း​ယူ​လိမ့်​မည်​ဟု ကျွန်ုပ်​စိုး​ရိမ်​သော​ကြောင့် ထွက်​ပြေး​ရ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 32,
      "text": "သင်၏​ဘု​ရား​တို့​ကို​မူ​ကား၊ အ​ကြင်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ​လော့။ ကျွန်ုပ်​တို့ ညီ​အစ်​ကို​များ​ရှေ့​တွင်၊ သင်၏​ဥ​စ္စာ​ကို​ပြ​ညွှန်၍​ယူ​ပါ​လော့​ဟု၊ လာ​ဗန်​အား ပြန်​ပြော၏။ ရာ​ခေ​လ​ခိုး​ကြောင်း​ကို ယာ​ကုပ်​မ​သိ။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 33,
      "text": "လာ​ဗန်​သည် ယာ​ကုပ်​တဲ၊ လေ​အာ​တဲ၊ ကျွန်​မ​နှစ်​ယောက်​တို့၏​တဲ​သို့​ဝင်၍ ရှာ​သော်​လည်း မ​တွေ့​လျှင်၊ လေ​အာ​တဲ​ထဲ​မှ​ထွက်၍၊ ရာ​ခေ​လ​တဲ​သို့​ဝင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 34,
      "text": "ရာ​ခေ​လ​သည်၊ ထို​ရုပ်​တု​တို့​ကို​ယူ၍ ကု​လား​အုတ်​ကုန်း​နှီး​တန်​ဆာ​ထဲ​သို့ သွင်း​ထား​ပြီး​လျှင်၊ ထို​တန်​ဆာ​ပေါ်​မှာ​ထိုင်​လျက်​နေ၏။ လာ​ဗန်​သည် တစ်​တဲ​လုံး​ကို ရှာ​ဖွေ၍​မ​တွေ့​လျှင်၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 35,
      "text": "ရာ​ခေ​လ​က၊ သ​ခင်​ရှေ့​မှာ​ကျွန်​မ မ​ထ​နိုင်​သည်​ဖြစ်၍၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ မိန်း​မ​တို့၌​ဖြစ်​မြဲ​ရှိ​သည်​အ​တိုင်း၊ ကျွန်​မ၌​ဖြစ်​ပါ​သည်​ဟု အ​ဘ​အား​ဆို​လေ၏။ ထို​သို့​လာ​ဗန်​သည်​ရှာ​ဖွေ၍ ရုပ်​တု​တို့​ကို​မ​တွေ့​ရ။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 36,
      "text": "ထို​အ​ခါ ယာ​ကုပ်​သည်​စိတ်​ဆိုး၍ လာ​ဗန်​ကို​ဆုံး​မ​သည်​ကား၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြစ်​မှား၍၊ အ​ဘယ်​အ​ပြစ်​ရှိ​သော​ကြောင့်၊ ကျွန်ုပ်​ကို ဤ​မျှ​လောက် ပြင်း​ထန်​စွာ​လိုက်​ရ​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 37,
      "text": "ကျွန်ုပ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို​ရှာ​ဖွေ​သည်​ဖြစ်၍၊ သင်၏​ဥ​စ္စာ​ပ​ရိ​ကံ တစ်​စုံ​တစ်​ခု​ကို​တွေ့​မိ​လျှင်၊ သင်၏​ညီ​အစ်​ကို၊ ကျွန်ုပ်​ညီ​အစ်​ကို​တို့​ရှေ့​တွင်၊ ဤ​အ​ရပ်၌​ထား​ပါ။ သူ​တို့​သည်၊ ငါ​တို့​နှစ်​ယောက်​စပ်​ကြား​မှာ​စီ​ရင်​ပါ​စေ။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 38,
      "text": "ကျွန်ုပ်​သည် သင့်​ထံ၌ အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး​နေ​ရာ​တွင်၊ သင်၏​သိုး​မ၊ ဆိတ်​မ​တို့​သည်​ဝမ်း​ပိုး​မ​ပျက်။ ဆိတ်​ထီး၊ သိုး​ထီး​တို့​ကို​ကျွန်ုပ်​မ​စား။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 39,
      "text": "သား​ရဲ​ကိုက်​သတ်​သော အ​ကောင်​ကို သင့်​ထံ​သို့​ကျွန်ုပ်​မ​ဆောင်​ခဲ့၊ ကိုယ်​အ​ရှုံး​ခံ​ရ၏။ နေ့​မှာ​ခိုး​သည်​ဖြစ်​စေ၊ ည​မှာ​ခိုး​သည်​ဖြစ်​စေ၊ သင်​သည် ကျွန်ုပ်​တွင် အ​စား​တောင်း​လေ့​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 40,
      "text": "နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌​လည်း​နှင်း​ခဲ​ကို​လည်း​ကောင်း ခံ​ရ​ပြီ။ အ​အိပ်​ပျက်​ခြင်း​ကို​လည်း​ခံ​ရ​ပြီ။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 41,
      "text": "ထို​သို့၊ ကျွန်ုပ်​သည်​အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး သင်၏​အိမ်၌​နေ၍၊ သင်၏​သ​မီး​နှစ်​ယောက်​အ​တွက်​ကြောင့် ဆယ်​လေး​နှစ်၊ သိုး​ဆိတ်​တို့​အ​တွက်​ကြောင့် ခြောက်​နှစ်​အ​စေ​ခံ​ရ​ပြီ။ သို့​ရာ​တွင်​သင်​သည်၊ ကျွန်ုပ်​အ​ခ​ကို ဆယ်​ကြိမ်​လဲ​ပြီ​တ​ကား။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 42,
      "text": "ယ​ခု​လည်း ကျွန်ုပ်​အ​ဘ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ ဣ​ဇာက်၏​ကြောက်​ရွံ့​ရာ​ဘု​ရား​သည် ကျွန်ုပ်​ဘက်၌​မ​ရှိ​လျှင်၊ သင်​သည် ကျွန်ုပ်​ကို ဧ​ကန်​အ​မှန်​လက်​ချည်း လွှတ်​လိုက်​လိမ့်​မည်​တ​ကား။ အ​ကယ်​စင်​စစ် ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​ကို ဘု​ရား​သ​ခင်​မြင်၍၊ မ​နေ့​ည​မှာ သင့်​ကို​ဆုံး​မ​တော်​မူ​ပြီ​ဟု ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 43,
      "text": "လာ​ဗန်​က​လည်း၊ ဤ​သ​မီး​တို့​သည် ငါ့​သ​မီး​ဖြစ်​ကြ၏။ ဤ​သူ​ငယ်​တို့​သည်၊ ငါ့​သား​ဖြစ်​ကြ၏။ ဤ​တိ​ရ​စ္ဆာန်​တို့​လည်း၊ ငါ့​တိ​ရ​စ္ဆာန်​ဖြစ်​ကြ၏။ မြင်​သ​မျှ​သော ဥ​စ္စာ​သည်​ငါ့​ဥ​စ္စာ​ဖြစ်၏။ ငါ့​သ​မီး​တို့၌​လည်း​ကောင်း၊ သူ​တို့​ဖွား​မြင်​သော ငါ့​သူ​ငယ်​တို့၌​လည်း​ကောင်း၊ အ​ဘယ်​သို့​ငါ​ပြု​နိုင်​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 44,
      "text": "သို့​ဖြစ်၍၊ ယ​ခု​သင်​နှင့် ငါ​စပ်​ကြား၌​သက်​သေ​ဖြစ်​စေ၍၊ ငါ​တို့​နှစ်​ယောက်​သည် ပ​ဋိ​ညာဉ်​ပြု​ကြ​စို့​ဟု ယာ​ကုပ်​အား​ပြန်​ပြော၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 45,
      "text": "ယာ​ကုပ်​သည်​လည်း ကျောက်​ကို​ယူ၍၊ မှတ်​တိုင်​ဖို့​စိုက်​ထူ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 46,
      "text": "ကျောက်​များ​ကို​စု​ထား​ကြ​ပါ​ဟု ညီ​အစ်​ကို​တို့​အား ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ကျောက်​များ​ကို​ယူ၍၊ ကျောက်​ပုံ​ကို​တည်​လုပ်​ပြီး​မှ၊ ထို​ကျောက်​ပုံ​အ​ပေါ်၌ စား​သောက်​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 47,
      "text": "ထို​ကျောက်​ပုံ​ကို လာ​ဗန်​သည် ယေ​ဂါ​သ​ဟာ​ဒု​သ​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​သည် ဂိ​လဒ်​ဟူ၍​လည်း​ကောင်း သ​မုတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 48,
      "text": "လာ​ဗန်​က​လည်း၊ ယ​နေ့​ဤ​ကျောက်​ပုံ​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​သည်​ဟု​ဆို၏။ ထို​ကြောင့် ဂိ​လဒ်​ဟူ၍​သ​မုတ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 49,
      "text": "မိ​ဇ​ပါ​ဟူ၍ သ​မုတ်​ကြ​သေး၏။ အ​ကြောင်း​မူ​ကား၊ လာ​ဗန်​က၊ ငါ​တို့​သည် တစ်​ယောက်​နှင့်​တစ်​ယောက် ခွာ​သွား​ကြ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​သင်၏ စပ်​ကြား၌​စောင့်​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 50,
      "text": "သင်​သည် ငါ့​သ​မီး​တို့​ကို ညှဉ်း​ဆဲ​သည်​ဖြစ်​စေ၊ ငါ့​သ​မီး​တို့​မှ​တစ်​ပါး အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်​စေ၊ ငါ​တို့၌​လူ​သက်​သေ​မ​ရှိ၊ ဘု​ရား​သ​ခင်​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​စေ​တော်​မူ​သ​တည်း ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 51,
      "text": "တစ်​ဖန်​လည်း၊ ငါ​နှင့်​သင်၏​စပ်​ကြား၌ သင်​သည်​တည်​လုပ်​ခဲ့​ပြီး​သော ဤ​ကျောက်​ပုံ​နှင့် ဤ​မှတ်​တိုင်​ကို​ကြည့်​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 52,
      "text": "ငါ​သည် သင့်​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို​မ​ကျော်​ရ။ သင်​သည် ငါ့​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို မ​ကျော်​ရ​ဟု ဤ​ကျောက်​ပုံ​နှင့် ဤ​မှတ်​တိုင်​သည် သက်​သေ​ဖြစ်​စေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 53,
      "text": "အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ နာ​ခေါ်၏​ဘု​ရား​သ​ခင်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​စပ်​ကြား၌ စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​အား​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ မိ​မိ​အ​ဘ​ကြောက်​ရွံ့​ရာ ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 54,
      "text": "ထို​အ​ခါ​ယာ​ကုပ်​သည် တောင်​ပေါ်​မှာ​ယဇ်​ပူ​ဇော်၍၊ ညီ​အစ်​ကို​များ​ကို အ​စာ​စား​စေ​ခြင်း​ငှာ ခေါ်​ဖိတ်​သ​ဖြင့်၊ သူ​တို့​သည်​စား​သောက်၍၊ တောင်​ပေါ်​မှာ​ည​ကို​လွန်​စေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 31,
      "verse": 55,
      "text": "နံ​နက်​စော​စော လာ​ဗန်​ထ၍ မိ​မိ​သား​သ​မီး​များ​ကို​နမ်း​လျက် ကောင်း​ချီး​ပေး​ပြီး​မှ၊ မိ​မိ​နေ​ရာ​ပြည်​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 1,
      "text": "ယာ​ကုပ်​သည်​ခ​ရီး​သွား​ပြန်၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည် ကြို​ဆို​ခြင်း​ငှာ​လာ​ကြ​သည်​ကို၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 2,
      "text": "ယာ​ကုပ်​မြင်​လျှင် ဘု​ရား​သ​ခင်၏​တပ်​တော်​ဖြစ်​သည်​ဟု ဆို၍၊ ထို​အ​ရပ်​ကို မ​ဟာ​နိမ်​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 3,
      "text": "ထို​အ​ခါ ယာ​ကုပ်​သည်၊ အစ်​ကို​ဧ​သော​နေ​ရာ ဧ​ဒုံ​ပြည်​တည်း​ဟူ​သော စိ​ရ​ပြည်​သို့၊ တ​မန်​တို့​ကို မိ​မိ​ရှေ့​မှာ​စေ​လွှတ်၍ မှာ​လိုက်​သည်​ကား၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 4,
      "text": "ကိုယ်​တော်၏​ကျွန်​ယာ​ကုပ်​က၊ ကျွန်​တော်​သည် လာ​ဗန်​ထံ​မှာ​တည်း​ခို၍၊ ယ​ခု​တိုင်​အောင်​နေ​ပါ​ပြီ။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 5,
      "text": "ကျွန်​တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား မိန်း​မ​များ​ရှိ​ကြ​ပါ၏။ ကျွန်​တော်​သည် သ​ခင်၏​စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လျှောက်​ကြား​လိုက်​ပါ​သည်​ဟု၊ ငါ့​သ​ခင်​ဧ​သော​ကို​လျှောက်​ကြ​ဟု မှာ​လိုက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 6,
      "text": "တ​မန်​တို့​လည်း ယာ​ကုပ်​ထံ​သို့​ပြန်​လာ၍၊ ကျွန်​တော်​တို့​သည်၊ ကိုယ်​တော်၏​အစ်​ကို​ဧ​သော​ထံ​သို့ ရောက်​ခဲ့​ပါ​ပြီ။ သူ​သည်​ကိုယ်​တော်​ကို တွေ့​ခြင်း​ငှာ၊ လူ​လေး​ရာ​နှင့်​ချီ​လာ​ပါ​သည်​ဟု လျှောက်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 7,
      "text": "ထို​အ​ခါ​ယာ​ကုပ်​သည်၊ အ​လွန်​ကြောက်၍ စိတ်​ပူ​ပန်​လျှင်၊ မိ​မိ​တွင်​ပါ​သော လူ​စု၊ သိုး​ဆိတ်​စု၊ နွား​စု၊ ကု​လား​အုတ်​များ​တို့​ကို နှစ်​စု​ခွဲ၍​ထား​လေ​၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 8,
      "text": "အ​ကြောင်း​မူ​ကား၊ တစ်​စု​ကို ဧ​သော​တွေ့၍​လုပ်​ကြံ​လျှင်၊ ကြွင်း​သော တစ်​စု​လွတ်​လိမ့်​မည်​ဟု​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 9,
      "text": "တစ်​ဖန်​ယာ​ကုပ်​က၊ အ​ကျွန်ုပ်​အ​ဘ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ ဣ​ဇာက်၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​က၊ သင်၏​ပြည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​ထံ​သို့ ပြန်​လော့။ ငါ​သည်​သင်၌​ကျေး​ဇူး​ပြု​မည်​ဟု မိန့်​တော်​မူ​ပါ​ပြီ။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 10,
      "text": "ကိုယ်​တော်​ကျွန်၌​ပြ​တော်​မူ​သော က​ရု​ဏာ​သ​စ္စာ​တော်​အ​ငယ်​ဆုံး​ကို​မျှ အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။ အ​ကျွန်ုပ်​သည်​အ​ထက်​က၊ ဤ​ယော်​ဒန်​မြစ်​ကို လက်​စွဲ​တောင်​ဝှေး​နှင့်​သာ​ကူး​ပါ၏။ ယ​ခု​မူ​ကား၊ အ​ပေါင်း​အ​သင်း​နှစ်​စု​ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 11,
      "text": "သို့​ဖြစ်၍၊ အ​ကျွန်ုပ်​ကို​အစ်​ကို​ဧ​သော​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ သူ​သည်​လာ၍ အ​ကျွန်ုပ်​ကို​လည်း​ကောင်း၊ သား​မ​ယား​တို့​ကို​လည်း​ကောင်း သတ်​မည်​ဟု အ​လွန်​စိုး​ရိမ်​ပါ​၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 12,
      "text": "ကိုယ်​တော်​က၊ ငါ​သည်​သင်၌ အ​မှန်​ကျေး​ဇူး​ပြု၍၊ မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သော သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ၊ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ​ပါ​ပြီ​ဟု တောင်း​လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 13,
      "text": "ထို​အ​ရပ်၌ တစ်​ည​ပတ်​လုံး​နေ​ပြီး​မှ၊ မိ​မိ​လက်​ရှိ​ဥ​စ္စာ​စု​ထဲ​က အစ်​ကို​ဧ​သော​အား လက်​ဆောင်​ဆက်​စ​ရာ​ဖို့၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 14,
      "text": "ဆိတ်​မ​နှစ်​ရာ၊ ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ၊ သိုး​ထီး​နှစ်​ဆယ်၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 15,
      "text": "နို့​စို့​သား​ငယ်​နှင့်​တ​ကွ၊ နို့​ညှစ်​ကု​လား​အုတ်​မ​သုံး​ဆယ်၊ နွား​မ​လေး​ဆယ်၊ နွား​ထီး​တစ်​ဆယ်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​က​လေး​တစ်​ဆယ်​တို့​ကို​ယူ​၍၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 16,
      "text": "အ​သီး​အ​သီး​တစ်​စု​တ​ခြား​စီ ခွဲ​သန့်​လျက်၊ ကျွန်​တို့ လက်​သို့​အပ်​ပြီး​လျှင်၊ သင်​တို့​သည် ငါ့​ရှေ့​မှာ​ကူး​သွား၍၊ တစ်​စု​နှင့်​တစ်​စု​ကို ခ​ရီး​ကွာ​စေ​လော့​ဟု၊ ကျွန်​တို့​အား​မှာ​ထား​လေ​၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 17,
      "text": "ရှေ့​ဦး​စွာ​သွား​သော​သူ​ကို​လည်း၊ ငါ့​အစ်​ကို​ဧ​သော​သည် သင့်​ကို​တွေ့၍၊ သင်​ကား၊ အ​ဘယ်​သူ၏​လူ​ဖြစ်​သ​နည်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​သ​နည်း။ သင့်​ရှေ့​မှာ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​ကား အ​ဘယ်​သူ၏​ဥ​စ္စာ​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 18,
      "text": "ကိုယ်​တော်​ကျွန်​ယာ​ကုပ်၏​ဥ​စ္စာ​ဖြစ်​ပါ၏။ သ​ခင်​ဧ​သော​အား ဆက်​သ​လိုက်​သော လက်​ဆောင်​ဖြစ်​ပါ၏။ သူ​သည်​လည်း နောက်​မှာ​ရှိ​ပါ၏​ဟု၊ လျှောက်​ရ​မည်​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 19,
      "text": "ထို​နည်း​တူ၊ ဒု​တိ​ယ​သူ၊ တ​တိ​ယ​သူ​မှ​စ၍၊ အ​စု​စု​တို့​နှင့် လိုက်​သော​သူ​အ​ပေါင်း​ကို​လည်း၊ သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​လျှင်၊ ဤ​သို့ လျှောက်​ရ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 20,
      "text": "ကိုယ်​တော်​ကျွန်​ယာ​ကုပ်​သည်​လည်း နောက်​မှာ​ရှိ​ပါ၏​ဟု၊ ကြား​လျှောက်​ရ​မည်​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။ ယာ​ကုပ်​က၊ ယ​ခု​ငါ့​ရှေ့​တွင် ထွက်​သွား​သော​လက်​ဆောင်​ဖြင့်၊ သူ၏​စိတ်​ကို​ငါ​ဖြေ​မည်။ နောက်​မှ မျက်​နှာ​ချင်း​ဆိုင်​တွေ့​သော​အ​ခါ၊ ငါ့​ကို​လက်​ခံ​ကောင်း လက်​ခံ​လိမ့်​မည်​ဟု အ​ကြံ​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 21,
      "text": "ထို​သို့​ယာ​ကုပ်​ရှေ့​မှာ လက်​ဆောင်​သည် အ​ရင်​ကူး​သွား၍၊ သူ​ကိုယ်​တိုင် ထို​ည၌ လူ​အ​စု​အ​ဝေး​နှင့်​အ​တူ အိပ်၍​နေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 22,
      "text": "ည​မ​ကုန်​မီ​ထ၍ မ​ယား​နှစ်​ယောက်၊ ကျွန်​မ​နှစ်​ယောက်၊ သား​တစ်​ဆယ်​နှင့်​တစ်​ယောက်​တို့​ကို ဆောင်​ယူ၍၊ ယ​ဗ္ဗုတ်​ချောင်း​ရေ​တိမ်​ရာ အ​ရပ်​ကို​ကူး​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 23,
      "text": "ထို​သို့​သူ​တို့​ကို​ယူ၍ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​နှင့်​တ​ကွ ချောင်း​တစ်​ဖက်​သို့​ကူး​စေ​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 24,
      "text": "ယာ​ကုပ်​သည်​တစ်​ယောက်​တည်း​နေ​ရစ်၍၊ လူ​တစ်​ဦး​သည် မိုး​လင်း​သည်​တိုင်​အောင် သူ​နှင့်​လုံး​ထွေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 25,
      "text": "ထို​သူ​သည် မိ​မိ​မ​နိုင်​မှန်း​ကို​သိ​လျှင်၊ ယာ​ကုပ်​ပေါင်​ခြံ​ကို​ထိုး၍၊ လုံး​ထွေး​စဉ်​တွင် ပေါင်​ဆစ်​ပြုတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 26,
      "text": "ထို​သူ​က​လည်း၊ ငါ့​ကို​လွှတ်​ပါ၊ မိုး​လင်း​ဆဲ​ရှိ​ပြီ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ကောင်း​ချီး​မ​ပေး​လျှင်၊ မ​သွား​ရ​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 27,
      "text": "ထို​သူ​က​လည်း၊ သင်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ယာ​ကုပ်​ဖြစ်​ပါ​သည်​ဟု ပြန်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 28,
      "text": "နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 29,
      "text": "ယာ​ကုပ်​က​လည်း၊ နာ​မ​တော်​ကား​အ​ဘယ်​သို့​နည်း။ အ​ကျွန်ုပ်​အား ဖော်​ပြ​တော်​မူ​ပါ​ဟု မေး​လျှောက်​လျှင်၊ ငါ့​နာ​မ​ကို​အ​ဘယ်​ကြောင့်​မေး​သ​နည်း​ဟု ဆို၍၊ ထို​အ​ရပ်၌ ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 30,
      "text": "ထို​အ​ရပ်​ကို​ပေ​ညေ​လ​ဟူ၍၊ ယာ​ကုပ်​သည် သ​မုတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ ဖူး​မြင်​ရ​သော်​လည်း၊ အ​သက်​ချမ်း​သာ​ပြီ​ဟု ဆို​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 31,
      "text": "ပေ​နွေ​လ​အ​ရပ်​ကို ယာ​ကုပ်​လွန်​သွား​သော​အ​ခါ၊ နေ​ထွက်​ချိန်​ရှိ၍၊ သူ​သည် ထော့​နဲ့​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 32,
      "verse": 32,
      "text": "ထို​သို့​ယာ​ကုပ်၏​ပေါင်​ခြံ​အ​ကြော​ကြီး​ကို ထိုး​တော်​မူ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေါင်​ချန်၌​ရှိ​သော​အ​ကြော​ကြီး​ကို ယ​နေ့​တိုင်​အောင်​မ​စား ရှောင်​လေ့​ရှိ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 1,
      "text": "ထို​အ​ခါ ယာ​ကုပ်​သည်​မျှော်​ကြည့်၍၊ အစ်​ကို​ဧ​သော​သည် လူ​လေး​ရာ​ပါ​လျက် ချီ​လာ​သည်​ကို​မြင်​လျှင်၊ လေ​အာ၊ ရာ​ခေ​လ၊ ကျွန်​မ​နှစ်​ယောက်​တို့​တွင် သား​များ​တို့​ကို​ဝေ​ပေး​လေ​၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 2,
      "text": "ကျွန်​မ​နှစ်​ယောက်​ကို​ကား၊ သူ​တို့​သား​များ​နှင့်​ရှေ့​က​နေ​စေ၍၊ လေ​အာ​နှင့်​သူ၏​သား​တို့​ကို အ​လယ်၌​လည်း​ကောင်း၊ ရာ​ခေ​လ​နှင့် ယော​သပ်​ကို​နောက်၌​လည်း​ကောင်း ထား​လေ​၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 3,
      "text": "သူ​တို့​ရှေ့​မှာ​ကိုယ်​တိုင်​လွန်​သွား၍၊ ခု​နစ်​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊ အစ်ကိုအနီးသို့ချဉ်း​ကပ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 4,
      "text": "ထို​အ​ခါ ဧ​သော​သည် ကြို​ဆို​ခြင်း​ငှာ​ပြေး​လာ၍၊ လည်​ချင်း​ယက်​လျက်၊ ပိုက်​ဖက်​နမ်း​ရှုတ်​ခြင်း​ကို​ပြု၍၊ နှစ်​ယောက်​စ​လုံး​တို့​သည် ငို​ကြွေး​ကြ၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 5,
      "text": "ထို​နောက်၊ မျှော်​ကြည့်၍၊ မိန်း​မ​များ၊ သူ​ငယ်​များ​ကို​မြင်​လျှင်၊ သင်၌​ပါ​သော ဤ​သူ​တို့​သည်၊ အ​ဘယ်​သူ​နည်း​ဟု​မေး​သော်၊ ကိုယ်​တော်၏​ကျွန်​အား၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော သူ​ငယ်​ဖြစ်​ကြ​ပါ၏​ဟု​ပြန်​ပြော​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 6,
      "text": "ကျွန်​မ​တို့​သည်၊ မိ​မိ​တို့​သား​များ​နှင့်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 7,
      "text": "ထို​နောက်၊ လေ​အာ​သည်​သူ၏​သား​များ​နှင့်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ကြ၏။ ထို​နောက်၊ ယော​သပ်​နှင့်​ရာ​ခေ​လ​သည်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ခြင်း​ကို​ပြု​ကြ၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 8,
      "text": "ဧ​သော​က​လည်း၊ ကျွန်ုပ်​တွေ့​သော တိ​ရ​စ္ဆာန်​စု​အ​ပေါင်း​တို့​သည်၊ အ​ဘယ်​သို့​သော​အ​ရာ​နည်း​ဟု​မေး​လျှင်၊ သ​ခင်၏​စိတ်​တော်​နှင့် တွေ့​စေ​ခြင်း​ငှာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 9,
      "text": "ဧ​သော​က​လည်း၊ ငါ့​ညီ၊ ငါ၌​လုံ​လောက်​အောင်​ရှိ၏။ သင်၏​ဥ​စ္စာ​တို့​ကို ယူ​ထား​ဦး​လော့​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 10,
      "text": "ယာ​ကုပ်​က​လည်း၊ ထို​သို့​မ​ဆို​ပါ​နှင့်။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင်၊ ကျွန်​တော်​ဆက်​သော​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သ​ကဲ့​သို့၊ ကိုယ်​တော်၏​မျက်​နှာ​ကို ဖူး​မြင်​ရ​ပါ၏။ စိတ်​တော်​သည်​လည်း​နူး​ညွတ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 11,
      "text": "ကိုယ်​တော်​ထံ​သို့​ရောက်​သော ကျွန်​တော်၏​မင်္ဂ​လာ​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်၊ ကျွန်​တော်၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ကျွန်​တော်၌​လုံ​လောက်​အောင်​ရှိ​ပါ၏​ဟူ၍ တိုက်​တွန်း​သော​ကြောင့် ခံ​ယူ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 12,
      "text": "ဧ​သော​က​လည်း၊ ခ​ရီး​သွား​ကြ​စို့၊ သင့်​ရှေ့​မှာ​ကျွန်ုပ်​သွား​မည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 13,
      "text": "ယာ​ကုပ်​က၊ သ​ခင်​သိ​သည်​အ​တိုင်း၊ ဤ​သူ​ငယ်​တို့​သည် နု​ငယ်​ပါ၏။ သား​ငယ်​ပါ​သော သိုး၊ ဆိတ်၊ နွား​မ​တို့​သည်​ကျွန်​တော်၌​ပါ​ပါ၏။ တစ်​နေ့​ချင်း​တွင် အ​နှင်​လွန်​လျှင်၊ ရှိ​သ​မျှ​တို့​သည် သေ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 14,
      "text": "ထို​ကြောင့်​သ​ခင်​သည်၊ ကိုယ်​တော်၏​ကျွန်​ရှေ့​မှာ ကြွ​နှင့်​တော်​မူ​ပါ။ ကျွန်​တော်​မူ​ကား၊ ကျွန်​တော်​ဆောင်​ခဲ့​သော တိ​ရ​စ္ဆာန်​များ၊ သူ​ငယ်​များ၊ တတ်​နိုင်​သ​မျှ​အ​တိုင်း၊ သ​ခင်​နေ​ရာ​စိ​ရ​ပြည်​သို့​ရောက်​အောင်၊ တ​ဖြည်း​ဖြည်း​ပို့​ဆောင်​ပါ​မည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 15,
      "text": "ဧ​သော​က​လည်း၊ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်၌​ပါ​သော​သူ​အ​ချို့​တို့​ကို ညီ၌​ထား​ခဲ့​ပါ​ရ​စေ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ အ​ဘယ်​အ​ကြောင်း​ရှိ​ပါ​သ​နည်း။ သ​ခင်၏ စိတ်​တော်​နှင့်​တွေ့​ပါ​စေ​ဟု ပြန်​ဆို​သော်၊"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 16,
      "text": "ဧ​သော​သည်​ထို​နေ့​ချင်း​တွင် စိ​ရ​ပြည်​သို့​ခ​ရီး​သွား၍ ပြန်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 17,
      "text": "ယာ​ကုပ်​လည်း၊ သု​ကုတ်​အ​ရပ်​သို့​ခ​ရီး​သွား၍၊ ကိုယ်​နေ​ဖို့​အိမ်​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​နေ​ဖို့ တင်း​ကုပ်​တို့​ကို​လည်း​ကောင်း၊ ဆောက်​လေ၏။ ထို​ကြောင့် ထို​အ​ရပ်​ကို၊ သု​ကုတ်​ဟူ၍​တွင်​လေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 18,
      "text": "ထို​နောက်​မှ၊ ရှေ​ခင်​မြို့​သို့ ဘေး​မဲ့​ရောက်​လေ၏။ ပါ​ဒ​နာ​ရံ​ပြည်​မှ ပြန်​လာ၍၊ ခါ​နာန်​ပြည်​သို့ ရောက်​သော​လမ်း​ခ​ရီး​တွင်၊ ထို​မြို့​ရှိ​သ​တည်း။ ထို​မြို့​ရှေ့​မှာ​တဲ​ကို ဆောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 19,
      "text": "တဲ​ဆောက်​ရာ​မြေ​အ​ကွက်​ကို ရှေ​ခင်၏​အ​ဘ၊ ဟာ​မော်၏​သား​တို့​တွင်၊ ငွေ​တစ်​ပိဿာ​အ​ဖိုး​ပေး၍ ဝယ်​ရ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 33,
      "verse": 20,
      "text": "ထို​အ​ရပ်၌​လည်း ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ဧ​လေ​လော​ဣ​သ​ရေ​လ​ဟူ၍​သ​မုတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 1,
      "text": "ယာ​ကုပ်​၏​မ​ယား၊ လေ​အာ​ဖွား​မြင်​သော​သ​မီး​ဒိ​န​သည်၊ ထို​ပြည်၏ အ​မျိုး​သ​မီး​တို့​ကို အ​ကြည့်​အ​ရှု​သွား​ရာ​တွင်၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 2,
      "text": "ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 3,
      "text": "နောက်​မှ သူ့​ကို​ချစ်​သော​စိတ်​မ​ကုန်၊ အ​မြဲ​ချစ်၍၊ မေ​တ္တာ​စ​ကား​နှင့် ဖြား​ယောင်း​လျက်​နေ​၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 4,
      "text": "ခ​မည်း​တော်​ဟာ​မော်​ထံ​သို့​လည်း​ဝင်၍၊ ဤ​မိန်း​မ​ကို အ​ကျွန်ုပ်​ကြင်​ဖက်​ဖြစ်​စေ​ခြင်း​ငှာ၊ တောင်း၍​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 5,
      "text": "ယာ​ကုပ်​သည် မိ​မိ​သ​မီး​ဒိ​န​ကို၊ ရှေ​ခင်​မင်း​သား​ရှုတ်​ချ​ကြောင်း​ကို ကြား​သိ​သော်​လည်း၊ မိ​မိ​သား​တို့​သည် တော​အ​ရပ်​မှာ တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ​ရှိ​သည်​ဖြစ်၍၊ သူ​တို့​ကို​ငံ့​လင့်​လျက် တိတ်​ဆိတ်​စွာ​နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 6,
      "text": "ထို​နောက်၊ ရှေ​ခင်​အ​ဘ​ဟာ​မော်​မင်း​သည် ယာ​ကုပ်​နှင့် နှုတ်​ဆက်​ခြင်း​ငှာ​လာ၍၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 7,
      "text": "ယာ​ကုပ်၏​သား​တို့​လည်း သ​တင်း​ကြား​သော​အ​ခါ၊ တော​အ​ရပ်​မှ​ပြန်​ရောက်​ကြ၏။ ထို​မင်း​သား​သည် ယာ​ကုပ်၏​သ​မီး​နှင့်​အိပ်​မိ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌​မိုက်​သော​အ​မှု၊ မ​ပြု​အပ်​သော​အ​ရာ​ကို ပြု​မိ​သော​ကြောင့်၊ သူ​တို့​သည်​စိတ်​နာ၍ အ​လွန်​အ​မျက်​ထွက်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 8,
      "text": "ဟာ​မော်​မင်း​လည်း သူ​တို့​နှင့်​နှုတ်​ဆက်​လျက်၊ ငါ့​သား​ရှေ​ခင်​သည်၊ သင်​တို့​သ​မီး​ကို အ​လွန်​ချစ်​အား​ကြီး​ပါ၏။ ထိမ်း​မြား​ပေး​စား​ကြ​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 9,
      "text": "သင်​တို့​သည် ငါ​တို့​နှင့်​အ​ချင်း​ချင်း​ထိမ်း​မြား​ခြင်း​ကို​ပြု​လျက်၊ သင်​တို့​သ​မီး​ကို ပေး​စား​ကြ​လော့။ ငါ​တို့​သ​မီး​နှင့်​လည်း စုံ​ဖက်​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 10,
      "text": "သင်​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ၍၊ ဤ​ပြည်၌​အ​ဆီး​အ​တား​မ​ရှိ၊ နေ​ရာ​ချ​လျက်၊ ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ကို​ပြု၍၊ အ​ပိုင်​ယူ​ကြ​လော့​ဟု​ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 11,
      "text": "ရှေ​ခင်​က​လည်း၊ သင်​တို့​စိတ်​နှင့် တွေ့​ကြ​ပါ​စေ။ တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 12,
      "text": "ကန်​တော့​ဥ​စ္စာ​ဖြစ်​စေ၊ လက်​ဆောင်​ပ​ဏ္ဏာ​ဖြစ်​စေ၊ နည်း​များ​မ​ဆို၊ တောင်း​သည်​အ​တိုင်း​ပေး​ပါ​မည်။ ဤ​မိန်း​မ​ကို​သာ ငါ့​အား​ထိမ်း​မြား​ပေး​စား​ကြ​ပါ​ဟု၊ မိန်း​မ၏​အ​ဘ​နှင့် မောင်​တို့​အား​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 13,
      "text": "ယာ​ကုပ်၏​သား​တို့​သည်၊ နှ​မ​ဒိ​န​ကို ရှေ​ခင်​မင်း​သား​ရှုတ်​ချ​သော​အ​ကြောင်း​ကို ဆင်​ခြင်၍၊ မင်း​သား​နှင့်​အ​ဘ​ဟာ​မော်​ကို ပ​ရိ​ယာယ်​ဖြင့်​ပြန်​ပြော​သည်​မှာ၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 14,
      "text": "ကျွန်ုပ်​တို့​နှ​မ​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​အား မ​ပေး​စား​နိုင်​ပါ။ ပေး​စား​လျှင်၊ ကဲ့​ရဲ့​ဖွယ်​သော​အ​ကြောင်း​ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 15,
      "text": "သင်​တို့​သည် ကျွန်ုပ်​တို့​ဘာ​သာ​အ​တိုင်း​ပြု၍၊ ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​လျှင်၊ ကျွန်ုပ်​တို့​သည်​ဝန်​ခံ​ကြ​ပါ​မည်။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 16,
      "text": "သို့​ပြု​လျှင်၊ ကျွန်ုပ်​တို့​သ​မီး​ကို သင်​တို့​အား​ပေး​စား၍၊ သင်​တို့၏​သ​မီး​နှင့်​လည်း စုံ​ဖက်​ကြ​သ​ဖြင့်၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်၍၊ တစ်​မျိုး​တည်း​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 17,
      "text": "သို့​မ​ဟုတ် ကျွန်ုပ်​တို့​စ​ကား​ကို​နား​မ​ထောင်၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​လျှင်၊ ကျွန်ုပ်​တို့​သ​မီး​ကို​ယူ၍ သွား​မည်​ဟု​ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 18,
      "text": "ထို​စ​ကား​ကို ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်​နှစ်​သက်၍၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 19,
      "text": "ထို​မင်း​သား​သည်၊ ယာ​ကုပ်၏​သ​မီး​ကို ချစ်​အား​ကြီး​သော​ကြောင့်​လည်း​ကောင်း၊ အ​ဘ၏ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ထက် အ​သ​ရေ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ချက်​ချင်း​ဝန်​ခံ​လေ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 20,
      "text": "ထို​အ​ခါ၊ ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​သည်၊ မိ​မိ​မြို့​တံ​ခါး​သို့​သွား၍၊ မြို့​သား​တို့​နှင့်​နှုတ်​ဆက်​လျက်၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 21,
      "text": "အ​ချင်း​တို့၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့် သင့်​တင့်​ကြ​ပြီ။ ငါ​တို့​ပြည်၌​နေ၍ ဖောက်​ကား​ရောင်း​ဝယ်​မှု​ကို ပြု​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင် ကျယ်​ပေ၏။ သူ​တို့​သ​မီး​များ​နှင့် အိမ်​ထောင်​ဖက်​ပြု​ကြ​စို့။ ငါ​တို့​သ​မီး​များ​ကို​လည်း သူ​တို့​အား​ထိမ်း​မြား​ပေး​စား​ကြ​စို့။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 22,
      "text": "သို့​ရာ​တွင် သူ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​သ​ကဲ့​သို့၊ ငါ​တို့​တွင် ယောက်ျား​တိုင်း အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​မှ​သာ၊ ထို​လူ​တို့​သည်​ငါ​တို့​တွင်​နေ၍ တစ်​မျိုး​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဝန်​ခံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 23,
      "text": "သူ​တို့၏​သိုး​နွား​မှ​စ၍ တိ​ရ​စ္ဆာန်​များ၊ ဥ​စ္စာ​များ​တို့​သည် ငါ​တို့​ဥ​စ္စာ ဖြစ်​ကြ​လိမ့်​မည် မ​ဟုတ်​လော။ သူ​တို့​အ​လို​သို့ လိုက်​ကြ​စို့။ သို့​ပြု​လျှင် သူ​တို့​သည် ငါ​တို့​တွင်​နေ​ကြ​လိမ့်​မည်​ဟု၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 24,
      "text": "ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​ပြော​သော​စ​ကား​ကို၊ မြို့​တံ​ခါး​မှ ထွက်​သော​သူ​အ​ပေါင်း​တို့​သည်​နား​ထောင်၍ ယောက်ျား​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 25,
      "text": "ထို​သို့​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌၊ အ​လွန်​နာ​ကြ​သော​အ​ခါ၊ ယာ​ကုပ်​သား၊ ဒိ​န၏​မောင်​ရှိ​မောင်​နှင့် လေ​ဝိ​ညီ​နောင်​နှစ်​ယောက်​တို့​သည်၊ ဓား​လက်​နက် တစ်​ယောက်​တစ်​စင်း​စီ​စွဲ​ကိုင်​လျက်၊ သ​တိ​မ​ရှိ​သော​ထို​မြို့​ကို​တိုက်၍၊ ယောက်ျား​အ​ပေါင်း​တို့​ကို​သတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 26,
      "text": "ဟာ​မော်​မင်း​နှင့် သား​တော်​ရှေ​ခင်​ကို​လည်း ဓား​လက်​နက်​ဖြင့်​သတ်​ပြီး​လျှင်၊ ဒိ​န​ကို​ရှေ​ခင်​အိမ်​မှ​နုတ်​ယူ၍ ပြန်​သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 27,
      "text": "မိ​မိ​တို့​နှ​မ​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန်​ယာ​ကုပ်​သား​တို့​သည် အ​သေ​သတ်​ပြီး​သော သူ​တို့​ဆီ​သို့​သွား​ပြန်၍၊ မြို့​ကို​လု​ယက်​ဖျက်​ဆီး​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 28,
      "text": "သူ​တို့ သိုး၊ ဆိတ်၊ နွား၊ မြည်း​မှ​စ၍၊ မြို့၌​ရှိ​သ​မျှ၊ လယ်၌​ရှိ​သ​မျှ​သော ဥ​စ္စာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 29,
      "text": "သူ​တို့​သား​မ​ယား၊ သူ​ငယ်​အ​ပေါင်း​ကို​လည်း​ကောင်း​သိမ်း​ယူ၍၊ အိမ်​တို့၌​ရှိ​သ​မျှ​ကို​လည်း လု​ယက်​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 30,
      "text": "ထို​အ​ခါ ယာ​ကုပ်​က၊ သင်​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​ပြီ​တ​ကား။ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တည်း​ဟူ​သော၊ ဤ​ပြည်​သား​တို့​သည် ငါ့​ကို​ရွံ​ရှာ​အောင်​ပြု​ကြ​ပြီ​တ​ကား။ ငါ​တို့၌ လူ​အ​ရေ​အ​တွက်​အား​နည်း​သော​ကြောင့်၊ သူ​တို့​သည်​စု​ဝေး၍ ငါ့​ကို​တိုက်​သတ်​သ​ဖြင့်၊ ငါ​နှင့် ငါ့​အိမ်​သူ​အိမ်​သား​တို့​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု၊ ရှိ​မောင်​နှင့် လေ​ဝိ​တို့​အား​ဆို​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 34,
      "verse": 31,
      "text": "သူ​တို့​က၊ ငါ​တို့​နှ​မ​ကို​ပြည့်​တန်​ဆာ​ကဲ့​သို့​မှတ်၍ ပြု​ရ​မည်​လော​ဟု ပြန်​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 1,
      "text": "ထို​နောက် ဘု​ရား​သ​ခင်​က၊ သင်​ထ၍​ဗေ​သ​လ​အ​ရပ်​သို့​သွား​နေ​လော့။ သင်​သည် အစ်​ကို​ဧ​သော​ထံ​မှ​ပြေး​သော​အ​ခါ၊ သင့်​အား​ထင်​ရှား​သော ဘု​ရား​သ​ခင်​အ​ဖို့၊ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​တည်​လော့​ဟု၊ ယာ​ကုပ်​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 2,
      "text": "ထို​အ​ခါ​ယာ​ကုပ်​သည်​အိမ်​သူ​အိမ်​သား​များ​နှင့်၊ မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​တွင်​ပါ​သော၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​တို့​ကို ပယ်​ပစ်​ကြ​လော့။ အ​ဝတ်​ကို​လဲ၍ သန့်​ရှင်း​ခြင်း​ရှိ​စေ​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 3,
      "text": "ယ​ခု​ထ၍ ဗေ​သ​လ​အ​ရပ်​သို့​သွား​ကြ​စို့။ ငါ​သည်​ဆင်း​ရဲ​ခံ​ရ​သော​ကာ​လ ငါ့​ကို​ထူး၍၊ ငါ​သွား​သော​လမ်း၌​ကြွ​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖို့ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​ငါ​တည်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 4,
      "text": "သူ​တို့​သည်​လည်း၊ မိ​မိ​တို့၌​ပါ​သော​တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​အ​ပေါင်း​တို့​နှင့်၊ နား၌​ပန်​သော​နား​ပန်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ယာ​ကုပ်​အား​ပေး၍၊ ယာ​ကုပ်​လည်း၊ ရှေ​ခင်​မြို့​နား​တွင်​ရှိ​သော သ​ပိတ်​ပင်​အောက်၌ မြှုပ်​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 5,
      "text": "သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 6,
      "text": "ယာ​ကုပ်​သည် မိ​မိ၌​ပါ​သော​သူ​အ​ပေါင်း​နှင့်​တ​ကွ၊ ခါ​နာန်​ပြည် လု​ဇ​မြို့​တည်း​ဟူ​သော၊ ဗေ​သ​လ​အ​ရပ်​သို့​ရောက်​ကြ​သော်၊"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 7,
      "text": "ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထို​အ​ရပ်​ကို ဗေ​သ​လ​အ​မည်​ဖြင့် တစ်​ဖန်​သ​မုတ်​ပြန်​လေ၏။ အ​ကြောင်း​မူ​ကား၊ အစ်​ကို​ထံ​မှ​ပြေး​သော​အ​ခါ၊ ထို​အ​ရပ်၌ ဘု​ရား​သ​ခင်​ထင်​ရှား​တော်​မူ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 8,
      "text": "ရေ​ဗ​က္က၏​အ​ထိန်း​ဒေ​ဗော​ရ​သေ၍၊ ဗေ​သ​လ​အ​ရပ်၌ သ​ပိတ်​ပင်​အောက်​တွင် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လေ၏။ ထို​အ​ပင်​ကို အာ​လု​မ္ဘာ​ကုတ်​ဟူ၍​တွင်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 9,
      "text": "ယာ​ကုပ်​သည် ပါ​ဒ​နာ​ရံ​အ​ရပ်​မှ ပြန်​လာ​သော​နောက်၊ တစ်​ဖန်​ဘု​ရား​သ​ခင်​ထင်​ရှား၍ ကောင်း​ကြီး​ပေး​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 10,
      "text": "သင်​သည် ယ​ခု​ယာ​ကုပ်​အ​မည်​ရှိ၏။ နောင်၌ သင်၏​အ​မည်​ကို ယာ​ကုပ်​ဟူ၍​မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်​ဟု မိန့်​တော်​မူ​လျက် ဣ​သ​ရေ​လ​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 11,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 12,
      "text": "အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​အား ငါ​ပေး​သော​မြေ​ကို သင်​နှင့်​သင်၏​အ​မျိုး​အ​နွယ်​အား ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 13,
      "text": "ထို​သို့​ယာ​ကုပ်​နှင့်​နှုတ်​ဆက်၍ မိန့်​မြွက်​တော်​မူ​ရာ​အ​ရပ်​မှ၊ ဘု​ရား​သ​ခင်​တက်​ကြွ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​နှုတ်​ဆက်၍ မိန့်​မြွက်​တော်​မူ​ရာ​အ​ရပ်၌၊ ယာ​ကုပ်​သည် ကျောက်​တိုင်​ကို​စိုက်၍၊ ကျောက်​ဖျာ​ပေါ်၌​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​လောင်း​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 15,
      "text": "ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ထို​အ​ရပ်​ကို​လည်း၊ ဗေ​သ​လ​ဟူ၍ တစ်​ဖန်​သ​မုတ်​ပြန်​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 16,
      "text": "ထို​နောက်​တစ်​ဖန် ဗေ​သ​လ​အ​ရပ်​မှ ခ​ရီး​သွား​ပြန်၍၊ ဧ​ဖ​ရတ်​မြို့​နှင့်​နီး​သော​အ​ခါ၊ ရာ​ခေ​လ​သည် သား​ဖွား​အံ့​သော​အ​ချိန်​ရောက်၍၊ ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 17,
      "text": "ထို​သို့​ပြင်း​စွာ​ခံ​နေ​ရ​စဉ်​တွင်၊ ဝမ်း​ဆွဲ​က၊ မ​စိုး​ရိမ်​နှင့်၊ သား​ယောက်ျား​ကို ရ​ပြီ​ဟု​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 18,
      "text": "ရာ​ခေ​လ​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ၍၊ နာမ်​ဝိ​ညာဉ်​ထွက်​စဉ်​အ​ခါ၊ ထို​သား​ကို ဗေ​နော​နိ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ဘ​မူ​ကား ဗင်္ယာ​မိန်​အ​မည်​ဖြင့်​မှည့်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 19,
      "text": "ရာ​ခေ​လ​သေ၍၊ ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း​ခ​ရီး​တွင်၊ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 20,
      "text": "ယာ​ကုပ်​လည်း သင်္ချိုင်း​အ​ပေါ်​မှာ မှတ်​တိုင်​ကို​စိုက်​လေ၏။ ထို​မှတ်​တိုင်​ကား၊ ယ​နေ့​တိုင်​အောင် ရာ​ခေ​လ၏​သင်္ချိုင်း​မှတ်​တိုင်​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​သည် တစ်​ဖန်​ခ​ရီး​သွား​ပြန်၍၊ ဧ​ဒါ​လင့်​စင်​ကို​လွန်​ပြီး​မှ တဲ​ကို​ဆောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 22,
      "text": "ထို​အ​ရပ်၌​နေ​သော​အ​ခါ၊ ရု​ဗင်​သည်​သွား၍ အ​ဘ၏​မ​ယား​ငယ်၊ ဗိ​လ​ဟာ​နှင့်​အိပ်​လေ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​ကြား၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 23,
      "text": "ယာ​ကုပ်​သား​တစ်​ကျိပ်​နှစ်​ပါး​ရှိ၏။ လေ​အာ​တွင်​မြင်​သော​သား​ကား၊ ယာ​ကုပ်၏​သား​ဦး ရု​ဗင်၊ အ​စ​ရှိ​သော​ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 24,
      "text": "ရာ​ခေ​လ​သား​ကား၊ ယော​သပ်​နှင့် ဗင်္ယာ​မိန်​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 25,
      "text": "ရာ​ခေ​လ၏​ကျွန်​မ ဗိ​လ​ဟာ​သား​ကား၊ ဒန်​နှင့် နဿ​လိ​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 26,
      "text": "လေ​အာ၏​ကျွန်​မ ဇိ​လ​ပ​သား​ကား၊ ဂဒ်​နှင့် အာ​ရှာ​တည်း။ ဤ​သူ​တို့​ကား၊ ပါ​ဒ​နာ​ရံ​ပြည်၌​ဖွား​မြင်​သော ယာ​ကုပ်၏​သား​များ​တည်း။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 27,
      "text": "ထို​နောက်​ယာ​ကုပ်​သည် အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​တည်း​ခို​ရာ၊ မံ​ရေ​အ​ရပ်၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော​ကိ​ရ​ယ​သာ​ဘ​မြို့၌​နေ​သော၊ အ​ဘ​ဣ​ဇာက်​ထံ​သို့ ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 28,
      "text": "ဣ​ဇာက်​အ​သက်​သည် အ​နှစ်​တစ်​ရာ​ရှစ်​ဆယ်​ပြည့်​စုံ​သည်​ရှိ​သော်၊"
    },
    {
      "book": 1,
      "chapter": 35,
      "verse": 29,
      "text": "အ​သက်​ကြီး​ရင့်​ရာ၊ ကာ​လ​ပြည့်​စုံ​ရာ၌​အ​သက်​ချုပ်၍ အ​နိ​စ္စ​ဖြစ်​သ​ဖြင့်၊ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။ သား​ဧ​သော​နှင့်​ယာ​ကုပ်​တို့​သည် သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 1,
      "text": "ဧ​ဒုံ​အ​မည်​ရှိ​သော ဧ​သော​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 2,
      "text": "ဧ​သော​သည် ဟိ​တ္တိ​အ​မျိုး ဧ​လုန်၏​သ​မီး အာ​ဒ​တစ်​ယောက်၊ ဟိ​ဝိ​အ​မျိုး​ဇိ​ဘောင်​သား အာ​န၏​သ​မီး​အ​ဟော​လိ​ဗာ​မ​တစ်​ယောက်၊ ခါ​နာန်​အ​မျိုး​သ​မီး​နှစ်​ယောက်​နှင့်​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 3,
      "text": "ဣ​ရှ​မေ​လ​သ​မီး​တည်း​ဟူ​သော န​ဗာ​ယုတ်​နှ​မ ဗာ​ရှ​မတ်​တစ်​ယောက်​နှင့်​လည်း​ကောင်း၊ အိမ်​ထောင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 4,
      "text": "ဧ​သော​မ​ယား အာ​ဒ​ဖွား​သော​သား​ကား၊ ဧ​လိ​ဖတ်၊ ဗာ​ရှ​မတ် ဖွား​သော​သား​ရွေ​လ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 5,
      "text": "အ​ဟော​လိ​ဗာ​မ​ဖွား​သော​သား​ကား၊ ယု​ရှ၊ ယာ​လံ၊ ကော​ရ​တည်း။ ဤ​သူ​တို့​ကား၊ ခါ​နာန်​ပြည်၌ ဧ​သော​မြင်​သော​သား​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 6,
      "text": "ဧ​သော​သည် မ​ယား​သား​သ​မီး​နှင့်​တ​ကွ၊ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သိုး​နွား​စ​သည်​တို့​နှင့် တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ခါ​နာန်​ပြည်၌​ရ​တတ်​သော ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း​ယူ၍၊ ညီ​ယာ​ကုပ်​ထံ​မှ ပြောင်း​သွား​လေ​၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​နှစ်​ပါး​တို့​သည် ဥ​စ္စာ​များ​လွန်း​သော​ကြောင့် တစ်​ရပ်​တည်း​မ​နေ​နိုင်​ကြ။ သူ​တို့​နေ​ရာ​မြေ​သည်၊ သူ​တို့​တိ​ရ​စ္ဆာန်​များ​ကြောင့် မ​ဆံ့​နိုင်​ရာ။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 8,
      "text": "သို့​ဖြစ်၍ ဧ​ဒုံ​အ​မည်​ရှိ​သော​ဧ​သော​သည် စိ​ရ​တောင်​ပေါ်​မှာ​နေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 9,
      "text": "စိ​ရ​တောင်​ပေါ်​မှာ ဧ​ဒုံ​အ​မျိုး​သား​တို့၏​အ​ဘ ဧ​သော၏​သား​စဉ်​မြေး​ဆက်​တို့​ကို ဆို​ပေ​အံ့။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 10,
      "text": "ဧ​သော၏​သား​တို့​အ​မည်​ကား၊ မ​ယား​အာ​ဒ​ဖွား​သော​သား​ဧ​လိ​ဖတ်၊ မ​ယား​ဗာ​ရှ​မတ်​ဖွား​သော​သား​ရွေ​လ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 11,
      "text": "ဧ​လိ​ဖတ်​သား​ကား၊ တေ​မန်၊ ဩ​မ​ရ၊ ဇေ​ဖော၊ ဂါ​တံ၊ ကေ​နတ်​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 12,
      "text": "ဧ​သော​သား​ဧ​လိ​ဖတ်၏​မ​ယား​ငယ်၊ တိ​မ​န​ဖွား​သော​သား​ကား၊ အာ​မ​လက်​တည်း။ ဤ​သူ​တို့​သည် ဧ​သော​မ​ယား​အာ​ဒ၏​အ​နွယ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 13,
      "text": "ရွေ​လ​သား​ကား၊ နာ​ဟတ်၊ ဇေ​ရ၊ ရှ​မ္မ၊ မိ​ဇ္ဇ​တည်း။ ဤ​သူ​တို့​သည် ဧ​သော​မ​ယား ဗာ​ရှ​မတ်၏​အ​နွယ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 14,
      "text": "ဇိ​ဘောင်​သား အာ​န၏​သ​မီး၊ ဧ​သော​မ​ယား​အ​ဟော​လိ​ဗာ​မ​ဖွား​သော​သား​ကား၊ ယု​ရှ၊ ယာ​လံ၊ ကော​ရ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 15,
      "text": "ဧ​သော​သား​တို့​တွင် ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ သား​ဦး​ဧ​လိ​ဖတ်၏​သား ဗိုလ်​တေ​မန်၊ ဗိုလ်​ဩ​မ​ရ၊ ဗိုလ်​ဇေ​ဖော၊ ဗိုလ်​ကေ​နတ်၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 16,
      "text": "ဗိုလ်​ဂါ​တံ၊ ဗိုလ်​အာ​မ​လက်​တည်း။ ဤ​ဗိုလ်​တို့​သည်​အာ​ဒ၏​အ​နွယ်၊ ဧ​ဒုံ​ပြည်၌ ဧ​လိ​ဖတ်​ရ​သော​သား​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 17,
      "text": "ဧ​သော​သား​ရွေ​လ၏​သား​ကား၊ ဗိုလ်​နာ​ဟတ်၊ ဗိုလ်​ဇေ​ရ၊ ဗိုလ်​ရှ​မ္မ၊ ဗိုလ်​မိ​ဇ္ဇ​တည်း။ ဤ​ဗိုလ်​တို့​သည် ဧ​သော​မ​ယား​ဗာ​ရှ​မတ်၏​အ​နွယ်၊ ဧ​ဒုံ​ပြည်၌ ရွေ​လ​ရ​သော​သား​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 18,
      "text": "ဧ​သော​မ​ယား အ​ဟော​လိ​ဗာ​မ၏​သား​ကား၊ ဗိုလ်​ယု​ရှ၊ ဗိုလ်​ယာ​လံ၊ ဗိုလ်​ကော​ရ​တည်း။ ဤ​ဗိုလ်​တို့​သည် အာ​န၏​သ​မီး၊ ဧ​သော​မ​ယား အ​ဟော​လိ​ဗာ​မ​သား ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 19,
      "text": "ဧ​ဒုံ​အ​မည်​ရှိ​သော ဧ​သော၏​သား​မြေး​များ၊ သူ​တို့​တွင် ဗိုလ်​လုပ်​သော​သူ​များ၊ ဤ​သို့​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 20,
      "text": "ထို​ပြည်၌​နေ​သော​ဟော​ရိ​အ​မျိုး၊ စိ​ရ၏​သား​ကား၊ လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 21,
      "text": "ဒိ​ရှုန်၊ ဧ​ဇာ၊ ဒိ​ရှန်​တည်း။ ဤ​သူ​တို့​သည် ဧ​ဒုံ​ပြည်၌​ဟော​ရိ​အ​မျိုး၊ စိ​ရ၏​သား​တို့​တွင် ဗိုလ်​လုပ်​သော​သူ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 22,
      "text": "လော​တန်​သား​ကား၊ ဟော​ရိ​နှင့် ဟေ​မံ​တည်း။ လော​တန်​နှ​မ​ကား တိ​မ​န​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 23,
      "text": "ရှော​ဗ​လ​သား​ကား၊ အာ​လ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗ​လ၊ ရှေ​ဖော၊ ဩ​နံတည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 24,
      "text": "ဇိ​ဘောင်​သား​ကား၊ အာ​ယ​နှင့် အာ​န​တည်း။ ထို​အာ​န​ကား၊ အ​ဘ​ဇိ​ဘောင်၏ မြည်း​တို့​ကို ထိန်း​သော​အ​ခါ၊ တော၌​နွေး​သော​စမ်း​ရေ​တွင်း​တို့​ကို​တွေ့​သော သူ​ပေ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 25,
      "text": "အာ​န​သား​ကား၊ ဒိ​ရှုန်​နှင့် သ​မီး​အ​ဟော​လိ​ဗာ​မ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 26,
      "text": "ဒိ​ရှုန်​သား​ကား၊ ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်၊ ခေ​ရန်​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 27,
      "text": "ဧ​ဇာ​သား​ကား၊ ဗိ​လ​ဟန်၊ ဇာ​ဝန်၊ အာ​ကန်​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 28,
      "text": "ဒိ​ရှန်​သား​ကား၊ ဥ​ဇ​နှင့် အာ​ရန်​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 29,
      "text": "ဟော​ရိ​အ​မျိုး​ဗိုလ်​များ​ကား၊ ဗိုလ်​လော​တန်၊ ဗိုလ်​ရှော​ဗ​လ၊ ဗိုလ်​ဇိ​ဘောင်၊ ဗိုလ်​အာ​န၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 30,
      "text": "ဗိုလ်​ဒိ​ရှုန်၊ ဗိုလ်​ဧ​ဇာ၊ ဗိုလ်​ဒိ​ရှန်​တည်း။ ဤ​သူ​တို့​သည် စိ​ရ​ပြည်၌ ဗိုလ်​လုပ်​သော​သူ​တို့​တွင်၊ ဟော​ရိ​အ​မျိုး​ဗိုလ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 31,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၌ အ​စိုး​ရ​သော​မင်း​ကြီး​မ​ရှိ​မီ၊ ဧ​ဒုံ​ပြည်၌​အ​စိုး​ရ​သော​မင်း​ကြီး​ဟူ​မူ​ကား၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 32,
      "text": "ဗော​ရ​သား​ဗေ​လာ​သည် ဧ​ဒုံ​ပြည်၌​မင်း​ပြု၏။ မြို့​တော်​ကား၊ ဒိ​န္နာ​ဗာ​မြို့​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 33,
      "text": "ဗေ​လာ​မင်း​သေ၍ သူ၏​အ​ရာ၌ ဗော​ဇ​ရ​အ​ရပ်​သား၊ ဇေ​ရ၏​သား​ယော​ဗပ်​သည် မင်း​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 34,
      "text": "ယော​ဗပ်​မင်း​သေ၍၊ သူ၏​အ​ရာ၌ တေ​မ​နိ​အ​ရပ်​သား​ဟု​ရှံ​သည် မင်း​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 35,
      "text": "ဟု​ရှံ​မင်း​သေ၍၊ မော​ဘ​လွင်​ပြင်၌ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​သော​သူ၊ ဗေ​ဒဒ်​သား ဟာ​ဒဒ်​သည်၊ ဟု​ရှံ​အ​ရာ၌​မင်း​ပြု​လေ၏။ မြို့​တော်​ကား၊ အာ​ဝိတ်​မြို့​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 36,
      "text": "ဟာ​ဒဒ်​မင်း​သေ၍၊ သူ၏​အ​ရာ၌ မာ​သ​ရက်​အ​ရပ်​သား စာ​မ​လ​သည် မင်း​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 37,
      "text": "စာ​မ​လ​မင်း​သေ၍၊ သူ၏​အ​ရာ၌ မြစ်​နား​မှာ​နေ​သော ရ​ဟော​ဘုတ်​အ​ရပ်​သား ရှော​လ​သည် မင်း​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 38,
      "text": "ရှော​လ​မင်း​သေ၍​သူ၏​အ​ရာ၌၊ အာ​ခ​ဗော်​သား ဗာ​လ​ဟာ​နန်​သည် မင်း​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 39,
      "text": "အာ​ခ​ဗော်​သား​ဗာ​လ​ဟာ​နန်​မင်း​သေ၍ သူ၏​အ​ရာ၌ ဟာ​ဒါ​သည်​မင်း​ပြု​လေ၏။ မြို့​တော်​ကား၊ ပေါ​မြို့​တည်း။ မြောက်​သား​တော်​ကား၊ မေ​ဇ​ဟပ်​သ​မီး မာ​တ​ရက်၏​သ​မီး​မ​ဟေ​တ​ဗေ​လ​တည်း။"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 40,
      "text": "ဧ​သော​မှ​ဆင်း​သက်၍ မိ​မိ​အ​မျိုး​အ​နွယ်၊ နေ​ရာ​အ​ရပ်၊ ခံ​ရ​သော​ဘွဲ့​နာ​မ​အ​လိုက်၊ ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ ဗိုလ်​တိ​မ​နာ၊ ဗိုလ်​အာ​လ​ဝ၊ ဗိုလ်​ယေ​သက်၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 41,
      "text": "ဗိုလ်​အ​ဟော​လိ​ဗာ​မ၊ ဗိုလ်​ဧ​လာ၊ ဗိုလ်​ပိ​နုန်၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 42,
      "text": "ဗိုလ်​ကေ​နတ်၊ ဗိုလ်​တေ​မန်၊ ဗိုလ်​မိ​ဗ​ဇာ၊"
    },
    {
      "book": 1,
      "chapter": 36,
      "verse": 43,
      "text": "ဗိုလ်​မာ​ဂ​ဒျေ​လ၊ ဗိုလ်​ဣ​ရံ​တည်း။ ဤ​သူ​တို့​သည်​မိ​မိ​နေ​ရာ​အ​ရပ်၊ မိ​မိ​ပိုင်​သော​ပြည်၌၊ ဧ​ဒုံ​ဗိုလ်​များ​ဖြစ်​သ​တည်း။ ဧ​သော​သည် ဧ​ဒုံ​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 1,
      "text": "ယာ​ကုပ်​သည် မိ​မိ​အ​ဘ​တည်း​ခို​ရာ​ခါ​နာန်​ပြည်၌​နေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 2,
      "text": "ယာ​ကုပ်​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊ ယော​သပ်​သည် အ​သက်​တစ်​ဆယ်​ခု​နစ်​နှစ်​ရှိ၍၊ အစ်​ကို​တို့​နှင့်​အ​တူ သိုး​ဆိတ်​များ​ကို​ထိန်း​လေ၏။ အ​ဘ၏​မ​ယား​ဗိ​လ​ဟာ​နှင့် ဇိ​လ​ပ၏​သား​တို့​နှင့်​အ​တူ​နေ၍၊ သူ​တို့​အ​ပြစ်​ကို အ​ဘ​အား ကြား​ပြော​တတ်​၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​သည် အ​သက်​ကြီး​စဉ်​အ​ခါ သား​ယော​သပ်​ကို​ရ​သော​ကြောင့်၊ အ​ခြား​သော​သား​အ​ပေါင်း​တို့​ကို​ချစ်​သည်​ထက် ယော​သပ်​ကို​သာ၍​ချစ်၏။ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အင်္ကျီ​ကို​ချုပ်၍​ပေး၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 4,
      "text": "အ​ဘ​သည် မိ​မိ​သား​အ​ပေါင်း​တို့​တွင်၊ ယော​သပ်​ကို​သာ၍​ချစ်​ကြောင်း​ကို၊ အစ်​ကို​တို့​သည် သိ​မြင်​သော​အ​ခါ၊ သူ့​ကို​မုန်း၍ မေ​တ္တာ​စ​ကား​ကို​သူ့​အား မ​ပြော​နိုင်​ကြ။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 5,
      "text": "ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 6,
      "text": "အိပ်​မက်​ကို အ​ဘယ်​သို့​ပြန်​ပြော​သ​နည်း​ဟူ​မူ​ကား၊ ကျွန်ုပ်​မြင်​ရ​သော အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ​လော့။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 7,
      "text": "ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 8,
      "text": "အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 9,
      "text": "တစ်​ဖန်​အိပ်​မက်​ကို​မြင်​ပြန်၍ အစ်​ကို​တို့​အား၊ အ​ခြား​သော​အိပ်​မက်​ကို ကျွန်ုပ်​မြင်​ရ​ပြီ။ နေ၊ လ​နှင့်​တ​ကွ၊ ကြယ်​ဆယ်​တစ်​လုံး​တို့​သည်၊ ကျွန်ုပ်​ကို​ရှိ​ခိုး​ကြ၏​ဟု ကြား​ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 10,
      "text": "ထို​သို့​အ​ဘ​နှင့် အစ်​ကို​တို့​အား​ကြား​ပြော​သော​အ​ခါ၊ အ​ဘ​က၊ သင်​မြင်​သော​အိပ်​မက်​သည် အ​ဘယ်​သို့​နည်း။ ငါ​နှင့်​သင်​၏​အ​မိ၊ သင်၏​အစ်​ကို​တို့​သည် သင့်​ထံ​သို့​စင်​စစ်​လာ၍ ဦး​ညွှတ်​ချ​ရ​မည်​လော​ဟူ၍၊ သူ့​ကို​ဆုံး​မ​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 11,
      "text": "အစ်​ကို​တို့​သည် သူ့​ကို​ငြူ​စူ​ကြ၏။ အ​ဘ​သည် ထို​အ​ရာ​ကို​မှတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 12,
      "text": "အစ်​ကို​တို့​သည် အ​ဘ​၏​သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ​ထိန်း​ခြင်း​ငှာ​သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​သည်​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​သည် သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ ထိန်း​ကြ​သည်​မ​ဟုတ်​လော။ လာ​ပါ။ သင့်​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ​သည်​ဟု​ဆို​သော်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 14,
      "text": "အ​ဘ​က​သွား​ပါ၊ အစ်​ကို​တို့​သည် ချမ်း​သာ​သ​လော၊ သိုး​ဆိတ်​တို့​လည်း ကောင်း​မွန်​စွာ​ရှိ​သ​လော​ဟူ၍ ကြည့်​ရှု​ပြီး​လျှင်၊ ငါ့​အား​သ​တင်း​ကြား​ပြော​ပါ​ဟု မှာ​လိုက်​လျက်၊ ဟေ​ဗြုန်​ချိုင့်​မှ​စေ​လွှတ်​သ​ဖြင့်၊ သူ​သည် ရှေ​ခင်​မြို့​သို့​ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 15,
      "text": "တော၌​လှည့်​လည်​စဉ်​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့်​တွေ့၍ ထို​သူ​က၊ သင်​သည်​ဘာ​ကို​ရှာ​သ​နည်း​ဟု မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 16,
      "text": "အစ်​ကို​များ​ကို​ရှာ၏။ အ​ဘယ်​မှာ​ထိန်း​ကြ​သည်​ကို ပြော​ပါ​ဟု​ဆို​သော်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 17,
      "text": "ထို​သူ​က၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ပြီ။ ဒေါ​သန်​မြို့​သို့​သွား​ကြ​စို့​ဟု သူ​တို့​ပြော​သံ​ကို ကျွန်ုပ်​ကြား​ခဲ့​ပြီ​ဟု​ဆို၏။ ယော​သပ်​သည်​လည်း၊ အစ်​ကို​တို့​ကို​လိုက်​ရှာ၍ ဒေါ​သန်​မြို့​မှာ​တွေ့​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 18,
      "text": "အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 19,
      "text": "ကြည့်​လော့။ အိပ်​မက်​ဆ​ရာ​လာ​ပြီ။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 20,
      "text": "ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 21,
      "text": "ထို​စ​ကား​ကို​ရု​ဗင်​ကြား​လျှင်၊ သူ့​ကို မ​သတ်​ဘဲ​နေ​ကြ​စို့​ဟု​ဆို​လျက်၊ သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 22,
      "text": "တစ်​ဖန်​ရု​ဗင်​က၊ သူ၏​အ​သွေး​ကို​မ​သွန်း​ကြ​နှင့်။ ကိုယ်​လက်​နှင့်​မ​ပြု​ဘဲ၊ တော၌ ဤ​မည်​သော​တွင်း​ထဲ​သို့​ချ​ကြ​စို့​ဟု သူ​တို့​လက်​မှ ယော​သပ်​ကို​နုတ်​ယူ၍၊ အ​ဘ၌ တစ်​ဖန် အပ်​မည်​အ​ကြံ​ရှိ​သည်​နှင့်​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 23,
      "text": "ယော​သပ်​သည် အစ်​ကို​တို့​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ဝတ်​သော​အင်္ကျီ၊ အ​ဆင်း​ထူး​ခြား​သော​အင်္ကျီ​ကို​ချွတ်​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 24,
      "text": "သူ့​ကို​ကိုင်​ယူ၍​တွင်း​ထဲ​သို့​ချ​ကြ၏။ ထို​တွင်း၌​ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​တွင်း ဖြစ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 25,
      "text": "ထို​နောက်​အ​စာ​စား​ခြင်း​ငှာ​ထိုင်​ကြ​စဉ် မျှော်​ကြည့်၍၊ ဣ​ရှ​မေ​လ​အ​မျိုး​သား​အ​စု​အ​ဝေး​သည် ဂိ​လဒ်​ပြည်​မှ​လာ၍ နံ့​သာ​မျိုး၊ ဗာ​လ​စံ​စေး၊ မု​ရန်​စေး​များ​ကို ကု​လား​အုတ်​ပေါ်၌ တင်​ဆောင်​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ခ​ရီး​သွား​ကြ​သည်​ကို​မြင်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 26,
      "text": "ယု​ဒ​က၊ ငါ​တို့​သည် ညီ​ကို​သတ်၍​သေ​ကြောင်း​ကို​ဝှက်​ထား​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 27,
      "text": "ကိုင်​ကြ။ ကိုယ်​တိုင်​မ​ညှဉ်း​ဆဲ​ဘဲ၊ ဣ​ရှ​မေ​လ​လူ​တို့​အား ရောင်း​လိုက်​ကြ​စို့။ သူ​သည် တို့​ညီ၊ တို့​အ​မျိုး​ဖြစ်၏​ဟု အစ်​ကို​တို့​အား​ဆို​သည်​ရှိ​သော်၊ ညီ​အစ်​ကို​တို့​သည် ဝန်​ခံ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 28,
      "text": "ထို​အ​ခါ၊ မိ​ဒျန်​အ​မျိုး​သား​ကုန်​သည်​တို့​သည် ခ​ရီး​သွား​ကြ​စဉ်​တွင်၊ အစ်​ကို​တို့​သည် ယော​သပ်​ကို​တွင်း​ထဲ​က​ဆွဲ​တင်​ပြီး​လျှင်၊ ငွေ​အ​ကျပ်​နှစ်​ဆယ်​အ​ဖိုး​နှင့် ဣ​ရှ​မေ​လ​လူ​တို့​အား​ရောင်း၍၊ ထို​သူ​တို့​သည် ယော​သပ်​ကို​အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 29,
      "text": "ရု​ဗင်​သည်​လည်း တွင်း​သို့​သွား၍၊ တွင်း​ထဲ​မှာ​ယော​သပ်​မ​ရှိ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်​လျက်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 30,
      "text": "ညီ​တို့​ရှိ​ရာ​သို့​သွား၍၊ သူ​ငယ်​မ​ရှိ​ပါ​တ​ကား။ ငါ​သည် အ​ဘယ်​သို့​သွား​ရ​ပါ​မည်​နည်း​ဟု ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 31,
      "text": "သူ​တို့​သည်​လည်း၊ ယော​သပ်​အင်္ကျီ​ကို​ယူ၍၊ ဆိတ်​သ​ငယ်​ကို​သတ်​ပြီး​မှ၊ အင်္ကျီ​ကို​အ​သွေး၌​နှစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 32,
      "text": "ထို​နောက်​မှ၊ အ​ဆင်း​ထူး​ခြား​သော​ထို​အင်္ကျီ​ကို​ပေး​လိုက်၍၊ အ​ချို့​တို့​သည် အ​ဘ​ထံ​သို့​ဆောင်​ခဲ့​လျက်၊ ဤ​အင်္ကျီ​ကို​အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ။ သား၏​အင်္ကျီ ဟုတ်​သည် မ​ဟုတ်​သည်​ကို​ကြည့်​ပါ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 33,
      "text": "ထို​အင်္ကျီ​ကို​အ​ဘ​မှတ်​မိ၍၊ ငါ့​သား၏​အင်္ကျီ​မှန်၏။ သူ့​ကို​ဆိုး​သော​သား​ရဲ​ကိုက်​စား​ပြီ။ အ​ကယ်​၍​ယော​သပ်​ကို အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား​ဟု​ဆို​လျက်၊"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 34,
      "text": "မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ လျှော်​တေ​အ​ဝတ်​ကို​ပတ်​စည်း​သ​ဖြင့်၊ အင်​တန်​ကာ​လ​ပတ်​လုံး၊ သား​ကြောင့် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 35,
      "text": "သား​သ​မီး​အ​ပေါင်း​တို့​သည်၊ အ​ဘ​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ကြိုး​စား​သော်​လည်း၊ သူ​သည် နှစ်​သိမ့်​စေ​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​သား​ရှိ​ရာ မ​ရ​ဏ​နိုင်​ငံ​သို့ စိတ်​မ​သာ​ညည်း​တွား​လျက် ဆင်း​သက်​တော့​မည်​ဟု​ဆို​လေ၏။ ထို​သို့​ယော​သပ်​အ​ဘ​သည် သား​ကြောင့်​ငို​ကြွေး​မြည်​တမ်း​လျက်​နေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 37,
      "verse": 36,
      "text": "ယော​သပ်​ကို​ကား၊ မိ​ဒျန်​လူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ဆောင်​သွား၍၊ ဖာ​ရော​ဘု​ရင်၏​အ​မတ်​ဖြစ်​သော ကိုယ်​ရံ​တော်​မှူး၊ ပေါ​တိ​ဖာ​ထံ​မှာ​ရောင်း​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 1,
      "text": "ထို​ကာ​လ​အ​ခါ ယု​ဒ​သည် ညီ​အစ်​ကို​နေ​ရာ​မှ​သွား၍၊ ဟိ​ရ​အ​မည်​ရှိ​သော၊ အ​ဒု​လံ​အ​မျိုး​သား​ထံ​သို့​ဝင်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 2,
      "text": "ထို​အ​ရပ်၌ ရှု​အာ​အ​မည်​ရှိ​သော၊ ခါ​နာန်​အ​မျိုး​သား၏​သ​မီး​ကို တွေ့​မြင်၍၊ အိမ်​ထောင်​ဖက်​ပြု​လျက်၊"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 3,
      "text": "ထို​မိန်း​မ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်၏။ ထို​သား​ကို ဧ​ရ​အ​မည်​ဖြင့် မှည့်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 4,
      "text": "တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ ဖွား​မြင်​သော​သား​ကို ဩ​နန်​အ​မည်​ဖြင့်​မှည့်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 5,
      "text": "တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်​၍ ဖွား​မြင်​သော​သား​ကို ရှေ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ရှေ​လ​ဖွား​သော​အ​ခါ၊ အ​ဘ​သည်​ခေ​ဇိပ်​မြို့​မှာ​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 6,
      "text": "ထို​နောက်​မှ ယု​ဒ​သည် မိ​မိ​သား​ဦး​ဧ​ရ​ကို တာ​မာ​အ​မည်​ရှိ​သော သ​တို့​သ​မီး​နှင့် စုံ​ဖက်​စေ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 7,
      "text": "ယု​ဒ၏​သား​ဦး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌​ဆိုး​သော​သူ​ဖြစ်၍၊ သူ့​ကို​ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 8,
      "text": "ထို​အ​ခါ ယု​ဒ​သည်​ဩ​နန်​ကို​ခေါ်​ပြီး​လျှင်၊ သင်၏​အစ်​ကို​မ​ယား​ထံ​သို့​ဝင်​၍ သူ​နှင့်​အိမ်​ထောင်​ဖက်​ပြု​သ​ဖြင့်၊ အစ်​ကို​အ​မျိုး​ကို​ဆက်​နွယ်​လော့​ဟု​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 9,
      "text": "ဩ​နန်​သည်​သား​ကို​ရ​လျှင်​မူ​ကား၊ မိ​မိ​သား​မ​မှတ်​ရ​ဟု​သိ၍ အစ်​ကို​အား သား​ကို​မ​ပေး​လို​ဘဲ၊ အစ်​ကို​မ​ယား​ထံ​သို့​ဝင်​သော​အ​ခါ၊ သုက်​ရည်​ကို​ထုတ်၍ စွန့်​လေ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 10,
      "text": "ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ​သော​ကြောင့်၊ ဩ​နန်​ကို​လည်း ကွပ်​မျက်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 11,
      "text": "သား​ငယ်​ရှေ​လ​သည် အစ်​ကို​တို့​သေ​သ​ကဲ့​သို့​သေ​မည်​ဟု ယု​ဒ​သည်​စိုး​ရိမ်၍၊ မိ​မိ​ချွေး​မ​တာ​မာ​ကို​ခေါ်​ပြီး​လျှင်၊ ငါ့​သား​ရှေ​လ​မ​ကြီး​မီ သင်​သည် သင့်​အ​ဘ​၏အိမ်၌ မု​ဆိုး​မ​ပြု၍​နေ​ပါ​ဟု​ဆို​သည်​အ​တိုင်း၊ တာ​မာ​သွား၍ မိ​မိ​အ​ဘ၏​အိမ်၌​နေ​လေ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 12,
      "text": "ကာ​လ​အင်​တန်​ကြာ​လေသော်၊ ရှု​အာ​သ​မီး​ဖြစ်​သော ယု​ဒ​မ​ယား​လည်း​သေ​လေ၏။ ယု​ဒ​သည်​နှစ်​သိမ့်​ပြီး​မှ၊ မိ​မိ​သိုး​မွေး​ညှပ်​သော​သူ​တို့​ရှိ​ရာ​တိ​မ​နတ်​မြို့​သို့ မိ​မိ​အ​ဆွေ အ​ဒု​လံ​အ​မျိုး​ဟိ​ရ​နှင့်​အ​တူ သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 13,
      "text": "မိ​မိ​ယော​က္ခ​မ​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ တိ​မ​နတ်​မြို့​သို့​သွား​ကြောင်း​ကို၊ တာ​မာ​ကြား​လျှင်၊"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 14,
      "text": "မု​ဆိုး​မ​အ​ဝတ်​ကို​ချွတ်၍ မျက်​နှာ​ဖုံး​နှင့် မျက်​နှာ​ကို​ဖုံး​လျက်၊ ကိုယ်​ကို​လည်း​ခြုံ​ရုံ​လျက်၊ တိ​မ​နတ်​မြို့​သို့​သွား​သော​လမ်း​အ​နား၊ ဧ​နိမ်​မြို့​တံ​ခါး​ဝ၌ ထိုင်​နေ​လေ၏။ အ​ကြောင်း​မူ​ကား၊ ရှေ​လ​ကြီး​သော်​လည်း၊ မိ​မိ​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု သိ​မြင်​သော​ကြောင့်​တည်း။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 15,
      "text": "ယု​ဒ​သည်​ထို​မိန်း​မ​ကို​မြင်​သော​အ​ခါ၊ သူ​သည်​မိ​မိ​မျက်​နှာ​ကို​ဖုံး၍ နေ​သော​ကြောင့်၊ ပြည့်​တန်​ဆာ​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်၊"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 16,
      "text": "လမ်း​ကို​လွှဲ၍​အ​နား​သို့​ချဉ်း​ပြီး​လျှင်၊ သင့်​ထံ​သို့ ငါ​ဝင်​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​လေ​သော်၊ မိန်း​မ​က၊ သင်​သည် ကျွန်​မ​ထံ​သို့​ဝင်​လို​သော​ငှာ အ​ဘယ်​ဆု​ကို​ပေး​မည်​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 17,
      "text": "ယု​ဒ​က၊ ဆိတ်​သ​ငယ်​ကို​ပေး​လိုက်​မည်​ဟု ဆို​လေ၏။ မိန်း​မ​က​လည်း၊ မ​ပေး​လိုက်​မီ တစ်​စုံ​တစ်​ခု​သော​အ​ရာ​ကို ပေါင်​ထား​မည်​လော​ဟု​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 18,
      "text": "ယု​ဒ​က အ​ဘယ်​အ​ရာ​ကို​ပေါင်​စေ​ချင်​သ​နည်း​ဟု ပြန်၍​မေး​လေ​သော်၊ မိန်း​မ​က၊ သင်၏​တံ​ဆိပ်၊ စ​လွယ်၊ လက်​စွဲ​တောင်​ဝှေး​တို့​ကို​ပေါင်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ထို​ဥ​စ္စာ​ကို​အပ်၍ မိန်း​မ​ထံ​သို့​ဝင်​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​လေ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 19,
      "text": "ထို​နောက်​မှ၊ မိန်း​မ​သည်​ထ​သွား၍ မျက်​နှာ​ဖုံး​ကို​ချွတ်​ပြီး​လျှင်၊ မု​ဆိုး​မ​အ​ဝတ်​ကို ဝတ်​မြဲ​ဝတ်​ပြန်​လေ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 20,
      "text": "ယု​ဒ​သည် မိန်း​မ၌​ပေါင်​သော​ဥ​စ္စာ​ကို​ရွေး​ယူ​ခြင်း​ငှာ၊ မိ​မိ​အ​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​တွင် ဆိတ်​သ​ငယ်​ကို​ပေး​လိုက်၏။ အ​ဒု​လံ​အ​မျိုး​သား​သည် ထို​မိန်း​မ​ကို​မ​တွေ့​လျှင်၊"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 21,
      "text": "ဧ​နိမ်​မြို့​လမ်း​နား​မှာ ထိုင်​နေ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ထို​အ​ရပ်​သား​တို့​ကို​မေး​လေ​သော်၊ အ​ရပ်​သား​တို့​က ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 22,
      "text": "ယု​ဒ​ထံ​သို့​ပြန်၍၊ ကျွန်ုပ်​သည် ထို​မိန်း​မ​ကို​ရှာ၍​မ​တွေ့။ အ​ရပ်​သား​တို့​က​လည်း၊ ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြောင်း​ကို ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 23,
      "text": "ယု​ဒ​က​လည်း၊ ကျွန်ုပ်​တို့​သည် အ​ရှက်​မ​ကွဲ​မည်​အ​ကြောင်း၊ ယူ​ပါ​လေ​စေ။ ကြည့်​ပါ။ ဤ​ဆိတ်​သ​ငယ်​ကို​ကျွန်ုပ်​ပေး​လိုက်၍ သင်​သည်​မိန်း​မ​ကို​ရှာ၍ မ​တွေ့​ပါ​တ​ကား​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 24,
      "text": "ထို​နောက်​သုံး​လ​ခန့်​လွန်​သည်​ရှိ​သော်၊ သူ​တစ်​ပါး​က၊ သင်၏​ချွေး​မ​တာ​မာ​သည် ပြည့်​တန်​ဆာ​လုပ်၍ မ​တ​ရား​သော​မေ​ထုန်​ပြု​သ​ဖြင့် ကိုယ်​ဝန်​ဆောင်​လျက်​နေ​ပြီ​တ​ကား​ဟု ယု​ဒ​အား​ပြော​ဆို​လျှင်၊ ယု​ဒ​က သူ့​ကို​ထုတ်၍​မီး​ရှို့​စေ​ဟု စီ​ရင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 25,
      "text": "ထုတ်​သော​အ​ခါ၊ တာ​မာ​သည် တံ​ဆိပ်၊ စ​လွယ်၊ တောင်​ဝှေး​တို့​ကို ယော​က္ခ​မ​ထံ​သို့​ပို့​စေ၍၊ ဤ​ဥ​စ္စာ​ကို​ပိုင်​သော​သူ​အား​ဖြင့် ကျွန်​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​ပြီ။ ဤ​ဥ​စ္စာ​တို့​သည်​အ​ဘယ်​သူ၏​ဥ​စ္စာ​ဖြစ်​သည်​ကို ကြည့်​ပါ​လော့​ဟု​မှာ​လိုက်၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 26,
      "text": "ထို​ဥ​စ္စာ​ကို​ယု​ဒ​မှတ်​မိ၍ သူ့၏အ​ပြစ်​ထက် ငါ့​အ​ပြစ်​သာ၍​ကြီး​ပေ၏။ သူ့​အား ငါ့​သား​ရှေ​လ​ကို ငါ​မ​ပေး​စား​ဘဲ​နေ​မိ​ပြီ​ဟု​ပြော​ဆို၏။ နောက်​တစ်​ဖန် သူ့​ကို​မ​ချဉ်း​ကပ်​ဘဲ​နေ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 27,
      "text": "ထို​နောက်​တာ​မာ​သည် သား​ဖွား​ချိန်​ရောက်​လျှင်၊ ဝမ်း​ထဲ​တွင်​သား​နှစ်​ယောက်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 28,
      "text": "ဖွား​စဉ်​တွင် သား​တစ်​ယောက်​သည် လက်​ကို​ထုတ်​ဆန့်၍၊ ဝမ်း​ဆွဲ​က ဤ​သူ​သည်​အ​ရင်​ဖွား​လိမ့်​မည်​ဟု​ဆို​လျက် လက်​ကို​ကိုင်၍ နီ​သော​ကြိုး​နှင့်​စည်း​လေ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 29,
      "text": "သို့​သော်​လည်း ထို​သူ​သည်​မိ​မိ​လက်​ကို​ရုပ်​ပြန်၍ သူ့​အစ်​ကို​ဖွား​သည်​ကို ဝမ်း​ဆွဲ​က၊ သင်​သည် အ​ဘယ်​ကြောင့်​အ​နိုင်​အ​ထက်​ပြု​ရ​သ​နည်း။ အ​နိုင်​အ​ထက်​ပြု​သော​ဤ​အ​မှု​သည် သင်၌​စွဲ​စေ​ဟု​ဆို​လျက် သူ့​ကို​ဖာ​ရက်​အ​မည်​ဖြင့် မှည့်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 38,
      "verse": 30,
      "text": "ထို​နောက်​မှ လက်၌​ကြိုး​နီ​စည်း​သော​ညီ​ဖွား၍၊ သူ့​ကို​ဇာ​ရ​အ​မည်​ဖြင့် မှည့်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 1,
      "text": "ဣ​ရှ​မေ​လ​လူ​တို့​သည် ယော​သပ်​ကို​ဆောင်​သွား၍ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​အ​ခါ၊ အဲ​ဂု​တ္တု​အ​မျိုး​သား​ဖာ​ရော​ဘု​ရင်၏​အ​မတ်​ဖြစ်​သော ကိုယ်​ရံ​တော်​မှူး​ပေါ​တိ​ဖာ​ထံ​မှာ​ရောင်း​ကြ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 3,
      "text": "သူ့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှိ​တော်​မူ၍၊ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​ကြောင်း​ကို သ​ခင်​လည်း​သိ​မြင်၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 4,
      "text": "ထို​ကြောင့် ယော​သပ်​သည် သ​ခင်​ရှေ့၌​မျက်​နှာ​ရ၍ ခ​စား​လျက်​နေ​ရ၏။ သ​ခင်​သည်​လည်း မိ​မိ​အိမ်​တွင် အိမ်​အုပ်​အ​ရာ​နှင့်​ခန့်​ထား၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို​အပ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 5,
      "text": "ထို​သို့​အိမ်​နှင့်​ဥ​စ္စာ​ရှိ​သ​မျှ​ကို အုပ်​စိုး​စေ​သည်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​အ​တွက် ထို​အဲ​ဂု​တ္တု​သား၏​အိမ်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ပေး​တော်​မူ​သော​ကောင်း​ချီး​မင်္ဂ​လာ​သည် အ​တွင်း၊ ပြင်၊ ဥ​စ္စာ​ရှိ​ရှိ​သ​မျှ​အ​ပေါ်​မှာ​လည်း သက်​ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 6,
      "text": "သ​ခင်​သည် မိ​မိ၌​ရှိ​သ​မျှ​ကို​ယော​သပ်​လက်​သို့​အပ်၍၊ မိ​မိ​စား​သော​အ​စာ​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၏။ ယော​သပ်​သည် ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း​လှ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 7,
      "text": "ထို​နောက်​မှ​သ​ခင်၏​မ​ယား​သည် ယော​သပ်​ကို​တပ်​သော​စိတ်​ရှိ၍ ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 8,
      "text": "ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 9,
      "text": "ဤ​အိမ်​တွင်​လည်း ကျွန်​တော်​ထက်​သာ၍ ကြီး​သော​သူ​မ​ရှိ​ပါ။ ကိုယ်​မ​ယား​ဖြစ်​သော သ​ခင်​မ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ ကျွန်​တော်​အား​မ​မြစ်​တား​ပါ။ သို့​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 10,
      "text": "ထို​သို့​သ​ခင်​မ​သည် နေ့​တိုင်း​သွေး​ဆောင်​သော်​လည်း၊ ယော​သပ်​သည် သူ၏​စ​ကား​ကို​နား​မ​ထောင်၊ သူ​နှင့်​အ​တူ​အိပ်​ခြင်း၊ နေ​ခြင်း​အ​မှု​ကို​ရှောင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 11,
      "text": "တစ်​နေ့​သ၌ ယော​သပ်​သည်​အ​မှု​ဆောင်​ခြင်း​ငှာ အိမ်​ထဲ​သို့​ဝင်၍ အိမ်​သား​ယောက်ျား​တစ်​ယောက်​မျှ မ​ရှိ​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 12,
      "text": "သ​ခင်​မ​က ငါ​နှင့်​အ​တူ​အိပ်​ပါ​ဟု​ဆို​လျက်၊ ယော​သပ်​အ​ဝတ်​ကို​ကိုင်​ဆွဲ​လျှင်၊ ယော​သပ်​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​လေ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 13,
      "text": "ထို​သို့​သ​ခင်​မ​လက်၌ မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ကို သ​ခင်​မ​သိ​မြင်​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 14,
      "text": "အိမ်​သား​ယောက်ျား​တို့​ကို​ခေါ်၍၊ သင်​တို့​ကြည့်​ကြ။ ငါ​တို့၌ မ​ရို​မ​သေ​ပြု​စေ​ခြင်း​ငှာ ဤ​ဟေ​ဗြဲ​လူ​ကို သ​ခင်​သွင်း​ထား​ပြီ​တ​ကား။ သူ​သည် ငါ​နှင့်​အ​တူ အိပ်​ခြင်း​ငှာ​ဝင်​လာ၍ ငါ​သည်​ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ရ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 15,
      "text": "ကျယ်​ကျယ်​အော်​ဟစ်​သံ​ကို​ကြား​လျှင်၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​သည်​ဟု​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 16,
      "text": "သ​ခင်​ရောက်​သည်​တိုင်​အောင် ထို​အ​ဝတ်​ကို​မိ​မိ၌​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 17,
      "text": "သ​ခင်​ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သွင်း​ထား​သော ဟေ​ဗြဲ​ကျွန်​သည် ကျွန်ုပ်​ကို​မ​ရို​မ​သေ​ပြု​ခြင်း​ငှာ​ဝင်​လာ​ပါ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 18,
      "text": "ကျွန်ုပ်​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သော​အ​ခါ၊ သူ​သည် မိ​မိ​အ​ဝတ်​ကို​စွန့်၍ ပြင်​သို့​ထွက်​ပြေး​ပါ​သည်​ဟူ​သော​စ​ကား​ဖြင့် ကြား​ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 19,
      "text": "ကိုယ်​တော်၏​ကျွန်​သည် ကျွန်ုပ်၌​ဤ​သို့​ပြု​ခဲ့​ပြီ​ဟု မ​ယား​ပြော​သော​စ​ကား​ကို သ​ခင်​ကြား​လျှင်၊ ယော​သပ်​ကို​အ​မျက်​ထွက်၍၊"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 20,
      "text": "ခေါ်​ပြီး​မှ၊ ရှင်​ဘု​ရင်​ချုပ်​ထား​သော​သူ​တို့​နေ​ရာ ထောင်​ထဲ​မှာ လှောင်​ထား​သ​ဖြင့်၊ ယော​သပ်​သည် ထောင်​ထဲ​မှာ​နေ​ရ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 21,
      "text": "သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ဘက်၌​ရှိ၍ ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့်၊ ထောင်​မှူး​ထံ​မျက်​နှာ​ရ​စေ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 22,
      "text": "သို့​ဖြစ်၍​ထောင်​မှူး​သည် ထောင်၌​ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ယော​သပ်​လက်​သို့​အပ်၍၊ ထောင်​ထဲ​တွင်​ပြု​သ​မျှ​သော​အ​မှု​ကို ယော​သပ်​စီ​ရင်​ရ၏။"
    },
    {
      "book": 1,
      "chapter": 39,
      "verse": 23,
      "text": "ထို​နောက်​ထောင်​မှူး​သည် ထောင်​အ​မှု​ကို​ကိုယ်​တိုင်​ပြန်၍ မ​ကြည့်​မ​ရှု​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​ဘက်​မှာ​ရှိ၍ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 1,
      "text": "ထို​နောက်​မှ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​သည် မိ​မိ​တို့​အ​ရှင်​အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ကို ပြစ်​မှား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 2,
      "text": "ဖာ​ရော​ဘု​ရင်​သည် ထို​အ​မတ်​နှစ်​ယောက်​တည်း​ဟူ​သော ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​တို့​ကို​အ​မျက်​ထွက်၍၊"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 3,
      "text": "ယော​သပ်​အ​ချုပ်​ခံ​ရာ​ထောင်​တည်း​ဟူ​သော ကိုယ်​ရံ​တော်​မှူး၏​အိမ်၌ ချုပ်​ထား​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 4,
      "text": "ကိုယ်​ရံ​တော်​မှူး​သည် သူ​တို့​ကို​ယော​သပ်၌​အပ်၍၊ ယော​သပ်​သည် ပြု​စု​ရ၏။ သူ​တို့​လည်း အင်​တန်​ကာ​လ အ​ချုပ်​ခံ​လျက်​နေ​ရ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 5,
      "text": "ထို​သို့​ထောင်​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင်၏ ဖ​လား​တော်​ဝန်​နှင့် စား​တော်​ဝန်​နှစ်​ယောက်​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့ ကိုယ်​စီ​ဆိုင်​သော​အ​နက်​နှင့်​ပြည့်​စုံ​သော အိပ်​မက်​ကို​တစ်​ည​ချင်း​တွင် တစ်​ယောက်​တစ်​နည်း​စီ​မြင်​မက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 6,
      "text": "နံ​နက်​အ​ချိန်​ရောက်​မှ ယော​သပ်​သည် သူ​တို့​ထံ​သို့​ဝင်၍​ကြည့်​ရှု​သော​အ​ခါ၊ သူ​တို့​မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​သည်​ကို​မြင်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 7,
      "text": "သင်​တို့​သည် ယ​နေ့​အ​ဘယ်​ကြောင့်​မျက်​နှာ​ညှိုး​ငယ်​သ​နည်း​ဟု မိ​မိ​သ​ခင်​အိမ်၌ မိ​မိ​နှင့်​အ​တူ​အ​ချုပ်​ခံ​နေ​ရ​သော ဖာ​ရော​မင်း၏​အ​မတ်​တို့​အား​မေး​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 8,
      "text": "သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 9,
      "text": "ထို​အ​ခါ​ဖ​လား​တော်​ဝန်​သည် မိ​မိ​အိပ်​မက်​ကို ယော​သပ်​အား ကြား​ပြော​သည်​ကား၊ ငါ​မြင်​မက်​သော​အိပ်​မက်​တွင်၊ ငါ့​ရှေ့​မှာ​စ​ပျစ်​နွယ်​ပင်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 10,
      "text": "ထို​စ​ပျစ်​နွယ်​ပင်၌ အ​လက်​သုံး​လက်​ရှိ၏။ ထို​အ​လက်​တို့၌​ပန်း​ငုံ​ကဲ့​သို့​ရှိ၏။ အ​ပွင့်​လည်း​ပွင့်၏။ အ​သီး​ပြွတ်​တို့​လည်း မှည့်​သော​စ​ပျစ်​သီး​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 11,
      "text": "ဖာ​ရော​မင်း၏​ဖ​လား​တော်​ကို​ငါ​ကိုင်​လျက်၊ ထို​စ​ပျစ်​သီး​ကို​ယူ၍ ဖ​လား​တော်၌​ညှစ်​ပြီး​မှ လက်​တော်​တွင်​ဆက်​သည်​ဟု​ပြော​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 12,
      "text": "ယော​သပ်​က​လည်း သင်၏​အိပ်​မက်​အ​နက်​ဟူ​မူ​ကား၊ စ​ပျစ်​နွယ်​သုံး​လက်​တို့​သည် သုံး​ရက်​ဖြစ်​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 13,
      "text": "သုံး​ရက်​လွန်​မှ​ဖာ​ရော​မင်း​သည် သင်၏​ဦး​ခေါင်း​ကို​ချီး​မြှောက်၍ သင်၏​အ​ရာ​ကို​ပြန်​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည်​အ​ထက်​က​ဖ​လား​တော်​ဝန်​ဖြစ်၍ ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန်​ဖ​လား​တော်​ကို ဖာ​ရော​မင်း၏​လက်​တွင်​ဆက်​မြဲ ဆက်​ရ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 14,
      "text": "သင်​သည်​ချမ်း​သာ​ရ​သော​အ​ခါ ကျွန်ုပ်​ကို​အောက်​မေ့၍ ကျေး​ဇူး​ပြု​ပါ​လော့။ ဖာ​ရော​ဘု​ရင်​ကို​လျှောက်၍ ကျွန်ုပ်​ကို​ဤ​အိမ်​မှ​နုတ်​ယူ​ပါ။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 15,
      "text": "အ​ကယ်​စင်​စစ် ကျွန်ုပ်​ကို ဟေ​ဗြဲ​ပြည်​မှ​ခိုး​ယူ​ခဲ့​ကြ၏။ ဤ​ပြည်​မှာ​လည်း ကျွန်ုပ်၌​အ​ပြစ်​မ​ရှိ​ဘဲ ထောင်​ထဲ​မှာ​လှောင်​ထား​ကြ​သည်​ဟု​ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 16,
      "text": "ထို​အိပ်​မက်​အ​နက်​ကောင်း​သည်​ကို စား​တော်​ဝန်​သိ​မြင်​လျှင်၊ ငါ​သည်​လည်း ဖြူ​သော​တောင်း​သုံး​လုံး​ကို ကိုယ်​တိုင်​ရွက်​နေ​သည်​ကို မြင်​မက်​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 17,
      "text": "အ​ပေါ်​တောင်း​တွင် ဖာ​ရော​မင်း​စား​တော်​ခေါ်​ဖို့​ချက်​ပြီး​သော ခဲ​ဖွယ်​စား​ဖွယ် အ​မျိုး​မျိုး​ရှိ၍၊ ငှက်​တို့​သည်​လည်း ငါ​ရွက်​သော​တောင်း​ထဲ​က​နုတ်၍​စား​ကြ​သည်​ဟု ယော​သပ်​အား​ပြော​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 18,
      "text": "ယော​သပ်​က​လည်း၊ သင်၏​အိပ်​မက်​အ​နက်​ဟူ​မူ​ကား၊ တောင်း​သုံး​လုံး​သည် သုံး​ရက်​ဖြစ်​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 19,
      "text": "သုံး​ရက်​လွန်​မှ​ဖာ​ရော​မင်း​သည် သင်၏​ဦး​ခေါင်း​ကို ကိုယ်​နှင့်​ခွာ​မြှောက်​လျက် သစ်​ပင်၌​ဆွဲ​ထား​တော်​မူ​၍၊ ငှက်​တို့​သည် သင်၏​အ​သား​ကို​နုတ်၍​စား​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 20,
      "text": "ထို​နောက်​သုံး​ရက်​လွန်​သော​အ​ခါ၊ ဖာ​ရော​မင်း​ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​ကို ကျွေး​မွေး​တော်​မူ​စဉ်​တွင်၊ ဖ​လား​တော်​ဝန်၏​ဦး​ခေါင်း​နှင့် စား​တော်​ဝန်၏​ဦး​ခေါင်း​ကို ကျွန်​တော်​မျိုး​တို့​တွင်​ဖော်​တော်​မူ၍၊"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 21,
      "text": "အိပ်​မက်​အ​နက်​ကို ယော​သပ်​ဖတ်​သည်​အ​တိုင်း၊ ဖ​လား​တော်​ဝန်​ကို အ​ထက်​အ​ရာ၌ တစ်​ဖန်​ခန့်​ထား​တော်​မူ​သ​ဖြင့်၊ သူ​သည်​ဖ​လား​တော်​ကို ဖာ​ရော​မင်း၏​လက်​တွင် ဆက်​မြဲ​ဆက်​ရ​၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 22,
      "text": "စား​တော်​ဝန်​ကို​မူ​ကား၊ ဆွဲ​ထား​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 40,
      "verse": 23,
      "text": "သို့​သော်​လည်း ဖ​လား​တော်​ဝန်​သည် ယော​သပ်​ကို​မ​အောက်​မေ့​ဘဲ မေ့​လျော့၍​နေ​လေ​၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 1,
      "text": "ထို​နောက်​နှစ်​နှစ်​လွန်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် အိပ်​မက်​ကို​မြင်​မက်​သည်​ကား၊ မိ​မိ​သည် မြစ်​နား၌​ရပ်​နေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 2,
      "text": "အ​ဆင်း​လှ၍​ဝ​သော​နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍ မြစ်​နား​မှာ​ပေါက်​သော​မြက်​ပင်​ကို စား​လျက်​နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 3,
      "text": "ထို​နွား​တို့​နောက်​မှ အ​ဆင်း​မ​လှ၊ ပိန်​သော​နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍ အ​ရင်​နွား​တို့​အ​နား၌ ကမ်း​ပေါ်​မှာ​ရပ်​နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 4,
      "text": "အ​ဆင်း​မ​လှ​ပိန်​သော​နွား​တို့​သည်၊ အ​ဆင်း​လှ၍ ဝ​သော​နွား​ခု​နစ်​ကောင်​တို့​ကို ကိုက်​စား​ကြ၏။ ဖာ​ရော​မင်း​လည်း​နိုး​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 5,
      "text": "တစ်​ဖန်​အိပ်​ပြန်​၍ အိပ်​မက်​ကို​မြင်​မက်​ပြန်​သည်​ကား၊ အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် စ​ပါး​တစ်​ပင်​တည်း၌​ဖြစ်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 6,
      "text": "ထို​နောက်​မှ အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 7,
      "text": "အ​လုံး​သေး​သော​စ​ပါး​ခု​နစ်​နှံ​တို့​သည် အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​ကို​စား​ကြ၏။ ဖာ​ရော​မင်း​လည်း​နိုး၍ အိပ်​မက်​ဖြစ်​သည်​ကို သိ​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 8,
      "text": "နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် စိတ်​ပူ​ပန်၍၊ အဲ​ဂု​တ္တု​ဗေ​ဒင်​တတ် ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​ခေါ်၍ အိပ်​မက်​တော်​ကို ပြန်​ကြား​တော်​မူ၏။ သို့​သော်​လည်း​ရှေ့​တော်၌ အ​နက်​ကို​ဖတ်​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 9,
      "text": "ထို​အ​ခါ​ဖ​လား​တော်​ဝန်​က၊ ကျွန်​တော်​သည်​ကိုယ်​အ​ပြစ်​ကို ယ​နေ့​အောက်​မေ့​ပါ​၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 10,
      "text": "ဖာ​ရော​ဘု​ရင်​သည် ကျွန်​တော်​နှင့် စား​တော်​ဝန်​ကို​အ​မျက်​ထွက်၍ ကိုယ်​ရံ​တော်​မှူး​အိမ်၌ ချုပ်​ထား​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 11,
      "text": "ကျွန်​တော်​တို့​နှစ်​ယောက်​သည် အ​သီး​အ​သီး မိ​မိ​တို့​ကိုယ်​စီ​ဆိုင်​သော အ​နက်​နှင့်​ပြည့်​စုံ​သော​အိပ်​မက်​ကို တစ်​ည​ချင်း​တွင် မြင်​မက်​ကြ​ပါ​၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 12,
      "text": "ကျွန်​တော်​တို့၌​ကိုယ်​ရံ​တော်​မှူး​၏​ကျွန် ဟေ​ဗြဲ​လု​လင်​တစ်​ယောက်​ရှိ၏။ ထို​သူ​အား​ကျွန်​တော်​တို့​သည် ကြား​ပြော၍ သူ​သည်​အိပ်​မက်၏​အ​နက်​ကို ဖတ်​ပါ၏။ တစ်​ယောက်​စီ​မြင်​မက်​သည်​အ​တိုင်း ဖတ်​ပါ​၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 13,
      "text": "ဖတ်​သည်​အ​တိုင်း​လည်း​မှန်​ပါ၏။ ကျွန်​တော်​သည် အ​ရင်​အ​ရာ​ကို​ရ​ပြန်၍၊ စား​တော်​ဝန်​မူ​ကား၊ ဆွဲ​ထား​ခြင်း​ကို​ခံ​ရ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 14,
      "text": "ထို​အ​ခါ​ဖာ​ရော​မင်း​သည်​လူ​ကို​စေ​လွှတ်​၍ ယော​သပ်​ကို ခေါ်​တော်​မူ၏။ ယော​သပ်​သည် ထောင်​ထဲ​က​အ​လျင်​အ​မြန်​ထွက်​ရ၍၊ မုတ်​ဆိတ်​ညှပ်​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို​ပြု​ပြီး​မှ အ​ထံ​တော်​သို့​ဝင်​ရ​၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 15,
      "text": "ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​အိပ်​မက်​ကို​မြင်​မက်​ပြီ။ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်။ သင်​သည် အိပ်​မက်​ကို နား​လည်​သော​ဉာဏ်​နှင့် အ​နက်​ဖတ်​နိုင်​သည်​ကို ငါ​ကြား​ရ​ပြီ​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 16,
      "text": "ယော​သပ်​က​လည်း၊ ကျွန်​တော်​သည် အ​လို​အ​လျောက်​မ​တတ်​နိုင်​ပါ။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​အ​ဖြေ​စ​ကား​ကို ဖာ​ရော​ဘု​ရင်​အား​ပေး​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 17,
      "text": "ဖာ​ရော​မင်း​က​လည်း၊ ငါ​မြင်​မက်​သည်​မှာ၊ မြစ်​နား၌​ငါ​ရပ်​နေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 18,
      "text": "အ​ဆင်း​လှ၍​ဝ​သော နွား​ခု​နစ်​ကောင်​တို့​သည် မြစ်​ထဲ​က​ထွက်၍၊ မြစ်​နား​မှာ​ပေါက်​သော မြက်​ပင်​ကို​စား​လျက်​နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 19,
      "text": "ထို​နွား​တို့​နောက်​မှ၊ အ​ဆင်း​မ​လှ ပိန်​ကြုံ​သော​နွား​ခု​နစ်​ကောင်​တို့​သည် ထွက်​လာ​ကြ၏။ ထို​မျှ​လောက် အ​ရုပ်​ဆိုး​သော​နွား​တို့​ကို အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် တစ်​ခါ​မျှ​မ​မြင်​ရ​စ​ဖူး။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 20,
      "text": "အ​ဆင်း​မ​လှ​ပိန်​သော​နွား​တို့​သည်၊ ဝ​သော​အ​ရင်​နွား​ခု​နစ်​ကောင်​တို့​ကို ကိုက်​စား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 21,
      "text": "စား​ပြီး​သော​နောက်၊ စား​မှန်း​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ရ။ အ​ရင်​ကဲ့​သို့ အ​ရုပ်​ဆိုး​သေး၏။ ငါ​လည်း​နိုး၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 22,
      "text": "တစ်​ဖန်​ငါ​မြင်​မက်​ပြန်​သည်​ကား၊ အ​လုံး​ကြီး၍​ကောင်း​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် စ​ပါး​တစ်​ပင်​တည်း၌​ဖြစ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 23,
      "text": "ထို​နောက်​မှ ညှိုး​နွမ်း​လျက်​အ​လုံး​သေး၍ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ခု​နစ်​နှံ​တို့​သည် ပေါက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 24,
      "text": "အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​သည် ကောင်း​သော​စ​ပါး​ခု​နစ်​နှံ​တို့​ကို စား​ကြ၏။ ထို​အိပ်​မက်​ကို ဗေ​ဒင်​တတ်​တို့​အား​ငါ​ကြား​ပြော၍ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်​ဟု ယော​သပ်​အား​ပြော​ဆို​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 25,
      "text": "ယော​သပ်​က​လည်း၊ ဖာ​ရော​ဘု​ရင်​မြင်​မက်​တော်​မူ​သော အိပ်​မက်​ကား တစ်​ပါး​တည်း​ဖြစ်​ပါ၏။ ဘု​ရား​သ​ခင်​ပြု​လ​တ္တံ့​သော​အ​မှု​ကို ဖာ​ရော​ဘု​ရင်​အား ပြ​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 26,
      "text": "ကောင်း​သော​နွား​ခု​နစ်​ကောင်​တို့​သည် ခု​နစ်​နှစ်​ဖြစ်​ပါ၏။ ကောင်း​သော​စ​ပါး​ခု​နစ်​နှံ​တို့​သည်​လည်း ခု​နစ်​နှစ်​ဖြစ်​ပါ၏။ အိပ်​မက်​တော်​ကား တစ်​ပါး​တည်း​ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 27,
      "text": "ထို​နွား​တို့​နောက်​ထွက်​လာ​သော​နွား၊ ပိန်၍​အ​ရုပ်​ဆိုး​သော နွား​ခု​နစ်​ကောင်​တို့​သည် ခု​နစ်​နှစ်​ဖြစ်​ပါ၏။ အ​ရှေ့​လေ​ဖြင့်​ပျက်​သော စ​ပါး​ဖျင်း​ခု​နစ်​နှံ​တို့​သည်​လည်း၊ အ​စာ​ခေါင်း​ပါး​သော ခု​နစ်​နှစ်​ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 28,
      "text": "ဖာ​ရော​ဘု​ရင်​အား ကျွန်​တော်​လျှောက်​လို​သော​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ပြု​လ​တ္တံ့​သော​အ​မှု​ကို ဖာ​ရော​ဘု​ရင်​အား​ပြ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 29,
      "text": "အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် ဝ​ပြော​သော​နှစ်​ခု​နစ်​နှစ်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 30,
      "text": "ထို​နောက်​မှ အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ပေါ်​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌​အ​လုံး​စုံ​သော​ဝ​ပြော​ခြင်း​သည် တိမ်​မြုပ်​လျက် အ​စာ​ခေါင်း​ပါး​ခြင်း​အား​ဖြင့် တစ်​ပြည်​လုံး​ပျက်​စီး​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 31,
      "text": "အ​စာ​ခေါင်း​ပါး​ခြင်း​သည် အ​လွန်​အား​ကြီး​သော​ကြောင့်၊ အ​ရင်​ဝ​ပြော​ခြင်း၏ လ​က္ခ​ဏာ​မ​ထင်​ရ။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 32,
      "text": "ဖာ​ရော​ဘု​ရင်​သည် ထပ်၍​အိပ်​မက်​မြင်​ရ​သည်​အ​ရာ​မှာ၊ ထို​အ​မှု​ကို ဘု​ရား​သ​ခင် မြဲ​မြံ​ခိုင်​ခံ့​စေ၍ အ​လျင်​အ​မြန်​စီ​ရင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 33,
      "text": "သို့​ဖြစ်၍ ဖာ​ရော​ဘု​ရင်​သည် ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သော​သူ​ကို ရွေး​ချယ်၍ အဲ​ဂု​တ္တု​ပြည်​ကို အုပ်​စိုး​စေ​တော်​မူ​ပါ။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 34,
      "text": "ခန့်​ထား​တော်​မူ​သော​သူ​သည်​လည်း တစ်​ပြည်​လုံး၌ အ​ကြီး​အ​ကြပ်​တို့​ကို​ခန့်​ထား၍၊ ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ပတ်​လုံး တစ်​ပြည်​လုံး​တွင် ငါး​ဖို့​တစ်​ဖို့​ကောက်​ယူ​ကြ​ပါ​စေ။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 35,
      "text": "ထို​သူ​တို့​သည်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​နှစ်​တို့​တွင် ရိ​က္ခာ​ရှိ​သ​မျှ​ကို​စု​ရုံး၍ ဖာ​ရော​ဘု​ရင်​ထံ​တော်၌ စ​ပါး​များ​ကို​ဆည်း​ပူး​ကြ​ပါ​စေ။ မြို့​များ၌​လည်း ရိ​က္ခာ​ကို သို​ထား​ကြ​ပါ​စေ။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 36,
      "text": "သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​အ​စာ​ခေါင်း​ပါး​သော​နှစ် ခု​နစ်​နှစ်​ရောက်​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​စား​စ​ရာ​ဖို့ သို​ထား​လျက်​ရှိ​နှင့်၍ အ​စာ​ခေါင်း​ပါး​သော​ကာ​လ​တွင် ပြည်​တော်​မ​ပျက်​ရ​ဟု ဖာ​ရော​မင်း​အား​လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 37,
      "text": "ထို​သို့​ယော​သပ်​လျှောက်​သော​စ​ကား​ကို ဖာ​ရော​မင်း​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ၍၊"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 38,
      "text": "ဖာ​ရော​မင်း​က၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို​ရ၍ ဤ​ကဲ့​သို့​သော​သူ​ကို အ​ဘယ်​မှာ ရှာ၍​တွေ့​မည်​နည်း​ဟု ကျွန်​တော်​မျိုး​တို့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 39,
      "text": "ယော​သပ်​အား​လည်း၊ ဘု​ရား​သ​ခင်​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို သင့်​အား​ပြ​တော်​မူ​သည်​ဖြစ်၍ သင်​ကဲ့​သို့ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​မ​ရှိ။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 40,
      "text": "သင်​သည်​နန်း​တော်​အုပ်​ဖြစ်​ရ​မည်။ သင်၏​စ​ကား​အ​တိုင်း ငါ၏​ပြည်​သား​အ​ပေါင်း​တို့​ကို ငါ​စီ​ရင်​စေ​မည်။ ရာ​ဇ​ပ​လ္လင်​အား​ဖြင့်​သာ ငါ​သည် သင့်​ထက်​ကြီး​မြတ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 41,
      "text": "တစ်​ဖန်​ကြည့်​ပါ၊ အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို သင်​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု ယော​သပ်​အား​မိန့်​တော်​မူ​လျက်၊"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 42,
      "text": "လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 43,
      "text": "ဒု​တိ​ယ​ရ​ထား​တော်​ကို​စီး​စေ​တော်​မူ၏။ ပျပ်​ဝပ်၍​နေ​ကြ​ဟု သူ့​ရှေ့​မှာ​ဟစ်​ကြ၏။ ထို​သို့​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး​ကို အုပ်​စိုး​စေ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 44,
      "text": "ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​ဖာ​ရော​ဘု​ရင်​မှန်၏။ သို့​ဖြစ်၍ သင်၏​အ​ခွင့်​မ​ရှိ​လျှင် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ဘယ်​သူ​မျှ မိ​မိ​လက်​ခြေ​ကို​မ​ကြွ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 45,
      "text": "ဖာ​ရော​မင်း​သည်​လည်း၊ ဇာ​ဖ​ဏာ​သ​ဖာ​ဏ​တည်း​ဟူ​သော ဘွဲ့​နာ​မ​နှင့် ယော​သပ်​ကို​ချီး​မြှောက်၍ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​နှင့် စုံ​ဖက်​စေ​တော်​မူ၏။ ထို​သို့​ယော​သပ်​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ​နှင့် အ​ထံ​တော်​က​ထွက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 46,
      "text": "ယော​သပ်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ အခွင့်​ရ​သော​အ​ခါ၊ အ​သက်​အ​နှစ်​သုံး​ဆယ်​ရှိ​သ​တည်း။ အ​ထံ​တော်​က​ထွက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး သို့​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 47,
      "text": "ဝ​ပြော​သော​နှစ်​ခု​နစ်​နှစ်​ပတ်​လုံး မြေ​အ​သီး​အ​နှံ​တို့​သည် အ​လွန်​များ​ပြား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 48,
      "text": "ခု​နစ်​နှစ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်​တွင်​ရှိ​သ​မျှ​သော​ရိ​က္ခာ​ကို​စု​ရုံး၍ မြို့​တို့၌ သို​ထား​လေ၏။ မြို့​ပတ်​ဝန်း​ကျင်​လယ်​တို့၌​ရ​သော ရိ​က္ခာ​ကို​မြို့​အ​သီး​အ​သီး​တို့​တွင် သို​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 49,
      "text": "စ​ပါး​ကို​ကား သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​လွန်​များ​စွာ​စု​ထား၍ မ​ရေ​တွက်​နိုင်​အောင်​များ​သော​ကြောင့် မ​ရေ​တွက်​ဘဲ​နေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 50,
      "text": "အ​စာ​ခေါင်း​ပါး​သော​နှစ်​မ​ရောက်​မီ၊ ယော​သပ်​သည် ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ၏​သ​မီး​အာ​သ​နတ်​တွင် သား​နှစ်​ယောက်​တို့​ကို မြင်​ရ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 51,
      "text": "သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 52,
      "text": "နောက်​ရ​သော​သား​ကို​ကား၊ ဧ​ဖ​ရိမ်​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည်​ငါ​ဆင်း​ရဲ​ခံ​ရ​သော​ပြည်၌ ငါ့​ကို​ပွား​များ​စေ​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 53,
      "text": "ထို​နောက် အဲ​ဂု​တ္တု​ပြည်၌​ဝ​ပြော​သော​နှစ် ခု​နစ်​နှစ်​ကုန်​လေ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 54,
      "text": "ယော​သပ်​ပြော​သည်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သော​နှစ်​တို့​သည် ရောက်​စ​ရှိ၏။ ထို​အ​ခါ ခပ်​သိမ်း​သော​ပြည်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​သော်​လည်း အဲ​ဂု​တ္တု​ပြည်၌ ဆန်​စ​ပါး​ရှိ​သေး၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 55,
      "text": "နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် မွတ်​သိပ်​သော​အ​ခါ စား​စ​ရာ​ကို​ရ​ပါ​မည်​အ​ကြောင်း ဖာ​ရော​မင်း​ထံ၌​ကြွေး​ကြော်​ကြ၏။ ဖာ​ရော​မင်း​က​လည်း၊ ယော​သပ်​ထံ​သို့​သွား​ကြ၊ သူ​စီ​ရင်​သည်​အ​တိုင်း​ပြု​ကြ​ဟု အဲ​ဂု​တ္တု​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 56,
      "text": "မြေ​ပြင်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​သော​အ​ခါ၊ ယော​သပ်​သည် စ​ပါး​ကျီ​ရှိ​သ​မျှ​တို့​ကို​ဖွင့်၍ အဲ​ဂု​တ္တု​လူ​တို့​အား​ရောင်း​လေ၏။ ထို​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ အ​စဉ်​အ​တိုင်း အ​စာ​ခေါင်း​ပါး​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 41,
      "verse": 57,
      "text": "ခပ်​သိမ်း​သော​ပြည်​တို့၌​လည်း အ​လွန်​အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အ​သီး​အ​သီး​သော​ပြည်​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​ယော​သပ်​ထံ​သို့ လာ​ရောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 1,
      "text": "အဲ​ဂု​တ္တု​ပြည်၌​စ​ပါး​ရှိ​ကြောင်း​ကို ယာ​ကုပ်​ကြား​သိ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍​နေ​ကြ​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 2,
      "text": "အဲ​ဂု​တ္တု​ပြည်၌ စ​ပါး​ရှိ​ကြောင်း​ကို​ငါ​ကြား​ရ​ပြီ။ ငါ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ထို​ပြည်​သို့​သွား၍ ငါ​တို့​အ​ဖို့​ကို​ဝယ်​ကြ​လော့​ဟု မိ​မိ​သား​တို့​အား​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 3,
      "text": "ယော​သပ်၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 4,
      "text": "ယော​သပ်၏​ညီ ဗင်္ယာ​မိန်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ ယာ​ကုပ်​သည်​မ​စေ​မ​လွှတ်။ အ​ကြောင်း​မူ​ကား၊ သူ၌​ဘေး​ရောက်​ကောင်း​ရောက်​လိမ့်​မည်​ဟု စိုး​ရိမ်​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 5,
      "text": "ထို​အ​ခါ ခါ​နာန်​ပြည်၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော​သူ​တို့​တွင်၊ ဣ​သ​ရေ​လ​သား​တို့​သည် စ​ပါး​ကို​ဝယ်​ခြင်း​ငှာ လာ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 6,
      "text": "ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 7,
      "text": "ယော​သပ်​သည် အစ်​ကို​တို့​ကို​မြင်​လျှင်​သိ၏။ သို့​သော်​လည်း မ​သိ​ဟန်​ဆောင်၍ ကြမ်း​တမ်း​စွာ​ပြော​လျက်၊ သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သ​နည်း​ဟု​မေး၏။ သူ​တို့​က​လည်း၊ အ​စာ​ကို​ဝယ်​ခြင်း​ငှာ ခါ​နာန်​ပြည်​က​လာ​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 8,
      "text": "ယော​သပ်​သည် အစ်​ကို​တို့​ကို​သိ​သော်​လည်း၊ သူ​တို့​သည် ယော​သပ်​ကို​မ​သိ​ကြ။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 9,
      "text": "ယော​သပ်​သည်​သူ​တို့​အ​ကြောင်း​နှင့် မြင်​ရ​သော​အိပ်​မက်​တို့​ကို အောက်​မေ့​လျက်၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏။ ပြည်​တော်၌ အား​နည်း​သော​အ​ရပ်​ကို ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 10,
      "text": "သူ​တို့​က၊ မ​ဟုတ်​ပါ​သ​ခင်။ ကိုယ်​တော်၏​ကျွန်​တို့​သည် အ​စာ​ကို ဝယ်​ခြင်း​ငှာ​သာ​လာ​ကြ​ပါ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 11,
      "text": "ကျွန်​တော်​တို့​သည် တစ်​ယောက်​တည်း​သော​သူ၏​သား ဖြစ်​ကြ​ပါ၏။ ဖြောင့်​မတ်​သော​သူ​လည်း ဖြစ်​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​တို့​သည် သူ​လျှို​မ​ဟုတ်​ပါ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 12,
      "text": "ယော​သပ်​က​လည်း၊ မ​ဟုတ်​ဘူး။ ပြည်​တော်၌​အား​နည်း​သော အ​ရပ်​ကို​ကြည့်​ရှု​ခြင်း​ငှာ လာ​ကြ​ပြီ​ဟု​ဆို​ပြန်၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 13,
      "text": "သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့​သည် ခါ​နာန်​ပြည်၌ တစ်​ယောက်​တည်း​သော​သူ၏​သား၊ ညီ​အစ်​ကို​တစ်​ကျိပ်​နှစ်​ယောက် ဖြစ်​ကြ​ပါ၏။ အ​ငယ်​ဆုံး​သော​သူ​ကား အ​ဘ​နှင့်​အ​တူ​ယ​ခု​ရှိ​ရစ်​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 14,
      "text": "ယော​သပ်​က၊ သင်​တို့​သည်​သူ​လျှို​ဖြစ်​ကြ၏​ဟု ငါ​ဆို​သည်​အ​ရာ​မှာ၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 15,
      "text": "သင်​တို့​ကို အ​ဘယ်​သို့​စုံ​စမ်း​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ငယ်​ဆုံး​သော​ညီ မ​လာ​လျှင်၊ ဖာ​ရော​ဘု​ရင်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့​သည် ဤ​အ​ရပ်​မှ​မ​ထွက်​မ​သွား​ရ။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 16,
      "text": "သင်​တို့​စ​ကား မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း၍​သိ​စေ​ခြင်း​ငှာ သင်​တို့​တွင် တစ်​ယောက်​သော​သူ​ကို​စေ​လွှတ်၍ ညီ​ကို​ဆောင်​ခဲ့​စေ။ ကြွင်း​သော​သူ​တို့​ကို ထောင်​ထဲ​မှာ​ချ​ထား​မည်။ သို့​မ​ဟုတ် ဖာ​ရော​ဘု​ရင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် သင်​တို့​သည်​သူ​လျှို ဖြစ်​ကြ၏​ဟု​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 17,
      "text": "အစ်​ကို​အ​ပေါင်း​တို့​ကို သုံး​ရက်​ချုပ်​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 18,
      "text": "သုံး​ရက်​မြောက်​သော​နေ့၌ ယော​သပ်​သည်​သူ​တို့​ကို​ခေါ်၍၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​ဖြစ်၏။ သို့​ဖြစ်၍ သင်​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 19,
      "text": "သင်​တို့​သည်​ဖြောင့်​မတ်​သော​သူ​မှန်​လျှင်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ထောင်​အိမ်၌​အ​ချုပ်​ခံ​လျက်​နေ​စေ​ပြီး​လျှင်၊ ကြွင်း​သော​သူ​တို့​မူ​ကား သွား​ကြ​လော့။ အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် စ​ပါး​ကို​ယူ၍​သွား​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 20,
      "text": "အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​စ​ကား​မှန်​လိမ့်​မည်။ သင်​တို့ အ​သက်​လည်း ချမ်း​သာ​ရ​လိမ့်​မည်​ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 21,
      "text": "ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 22,
      "text": "ရု​ဗင်​က​လည်း၊ သူ​ငယ်​ကို​မ​ပြစ်​မှား​ပါ​နှင့်​ဟု ကျွန်ုပ်​ဆို​သည်​မ​ဟုတ်​လော။ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​သော​ကြောင့် သူ၏​အ​သွေး​အ​တွက် ယ​ခု​အ​စစ်​ခံ​ရ​ကြ​သည်​ဟု ပြန်၍​ဆို၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 23,
      "text": "ထို​သို့ မိ​မိ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို ယော​သပ်​နား​လည်​သည်​ဟု သူ​တို့​မ​ထင်​ကြ။ အ​ကြောင်း​မူ​ကား၊ ယော​သပ်​သည် စ​ကား​ပြန်​နှင့် သူ​တို့​ကို ပြော​တတ်​သော​ကြောင့်​တည်း။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 24,
      "text": "ထို​အ​ခါ ယော​သပ်​သည် သူ​တို့​ထံ​မှ​ခ​ဏ​ခွာ၍​ငို​လေ၏။ တစ်​ဖန်​လာ​ပြန်၍ နှုတ်​ဆက်​ပြီး​လျှင်၊ ရှိ​မောင်​ကို သူ​တို့​အ​စု​ထဲ​က​ယူ၍ သူ​တို့​ရှေ့​တွင် ချည်​နှောင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 25,
      "text": "ထို​နောက်​သူ​တို့​အိတ်​များ​ကို စ​ပါး​နှင့်​ပြည့်​စေ၍၊ သူ​တို့​ငွေ​ကို​လည်း အ​သီး​အ​သီး​အိတ်​တို့​တွင် ပြန်​ထည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​ကို​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း​စီ​ရင်၍ ထို​သို့​လျှင်​သူ​တို့၌​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 26,
      "text": "သူ​တို့​သည်​လည်း မြည်း​များ​အ​ပေါ်၌​စ​ပါး​ကို​တင်၍ ထွက်​သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 27,
      "text": "စ​ခန်း​သို့​ရောက်​သော​အ​ခါ၊ တစ်​ယောက်​သော​သူ​သည် မြည်း​ကို အ​စာ​ကျွေး​ခြင်း​ငှာ​မိ​မိ​အိတ်​ကို​ဖွင့်​လျှင်၊ အိတ်​ဝ​တွင်​ရှိ​သော ငွေ​ကို​မြင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 28,
      "text": "ညီ​အစ်​ကို​တို့​အား​လည်း ကျွန်ုပ်​ငွေ​ကို​ပြန်​ထား​ပြီ။ ကြည့်​ပါ၊ အိတ်​ထဲ​မှာ​ရှိ​သည်​ဟု​ဆို​သော်၊ သူ​တို့​သည်​စိတ်​နှ​လုံး​လျော့၍ ကြောက်​လန့်​လျက်၊ ငါ​တို့၌​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ဤ​အ​မှု​သည် အ​ဘယ်​အ​မှု​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက်​ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 29,
      "text": "ခါ​နာန်​ပြည် အ​ဘ​ယာ​ကုပ်​ထံ​သို့​ရောက်​လျှင်၊ မိ​မိ​တို့၌​ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​သည်​ကား၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 30,
      "text": "ထို​ပြည်​ကို​အုပ်​စိုး​သော​သူ​သည် ကြမ်း​တမ်း​စွာ​ပြော​လျက်၊ ကျွန်ုပ်​တို့​ကို ထို​ပြည်၌ သူ​လျှို​လုပ်​သူ​ဟူ၍ မှတ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 31,
      "text": "ကျွန်ုပ်​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်​ကြ​ပါ၏။ သူ​လျှို​မ​ဟုတ်​ပါ။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 32,
      "text": "တစ်​ဘ​တည်း​သား၊ ညီ​အစ်​ကို​ချင်း တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ။ အ​ငယ်​ဆုံး​သော​သူ​ကား ခါ​နာန်​ပြည်၌ အ​ဘ​နှင့်​အ​တူ ယ​ခု​ရှိ​ရစ်​ပါ​သည်​ဟု လျှောက်​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 33,
      "text": "ထို​ပြည်​ကို အုပ်​စိုး​သော​သ​ခင်​က၊ သင်​တို့​သည် ဖြောင့်​မတ်​သော​သူ​မှန်​သည်​ကို အ​ဘယ်​သို့ ငါ​သိ​နိုင်​မည်​နည်း​ဆို​သော်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ငါ့​ထံ၌​ထား​ရစ်​ကြ​လော့။ သင်​တို့​အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် အ​စာ​ကို​ယူ၍ သွား​ကြ​လော့၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 34,
      "text": "အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည် သူ​လျှို​မ​ဟုတ်၊ ဖြောင့်​မတ်​သော​သူ​ဖြစ်​သည်​ကို ငါ​သိ​လိမ့်​မည်။ သင်​တို့​ညီ​အစ်​ကို ကို​လည်း ငါ​ပြန်၍​အပ်​မည်။ သင်​တို့​သည် ပြည်​တော်၌ ဖောက်​ကား​ရောင်း​ဝယ်​ရ​ကြ​မည်​ဟု​ဆို​ကြောင်း​ကို ကြား​ပြော​ကြ​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 35,
      "text": "မိ​မိ​တို့​အိတ်​များ​အ​ထဲ​က စ​ပါး​ကို​ထုတ်​သော​အ​ခါ၊ အ​သီး​အ​သီး​ဆိုင်​သော ငွေ​ထုပ်​တို့​သည် မိ​မိ​တို့​အိတ်၌​ရှိ​ကြ၏။ ငွေ​ထုပ်​များ​ကို သူ​တို့​နှင့်​အ​ဘ​သည် မြင်​သော​အ​ခါ ကြောက်​လန့်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 36,
      "text": "အ​ဘ​ယာ​ကုပ်​က​လည်း၊ သင်​တို့​သည် ငါ့​သား​တို့​ကို​လု​ယူ​ကြ​ပြီ။ ယော​သပ်​မ​ရှိ၊ ရှိ​မောင်​မ​ရှိ၊ ဗင်္ယာ​မိန်​ကို​လည်း ယူ​သွား​ချင်​သည်​တ​ကား။ ဤ​အ​မှု​အ​လုံး​စုံ​တို့​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သည်​တ​ကား​ဟု သူ​တို့​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 37,
      "text": "ရု​ဗင်​က​လည်း၊ ကျွန်ုပ်​သည်​ဗင်္ယာ​မိန်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ ကျွန်ုပ်​သား​နှစ်​ယောက်​တို့​ကို သတ်​ပါ​လော့။ သူ့​ကို​ကျွန်ုပ်​လက်၌​အပ်​ပါ။ ကျွန်ုပ်​တစ်​ဖန် အ​ဘ​ထံ​သို့​ပြန်၍ ဆောင်​ခဲ့​ပါ​မည်​ဟု အ​ဘ​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 42,
      "verse": 38,
      "text": "အ​ဘ​က​လည်း၊ သင်​တို့​နှင့်​အ​တူ​ငါ့​သား​မ​သွား​ရ။ သူ၏​အစ်​ကို​သေ​ပြီ။ သူ​သည် တစ်​ယောက်​တည်း​ကျန်​ရစ်၏။ သင်​တို့​သွား​ရာ​လမ်း​ခ​ရီး​တွင် သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 1,
      "text": "ခါ​နာန်​ပြည်​၌ အ​လွန်​အ​စာ​ခေါင်း​ပါး​သည်​ဖြစ်​၍၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 2,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော​စ​ပါး​ကို စား​ကုန်​ပြီး​မှ၊ အ​ဘ​က၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဦး​ဟု​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 3,
      "text": "ယု​ဒ​က​လည်း၊ ထို​သူ​သည် ကျွန်ုပ်​တို့​ကို​ကျပ်​ကျပ်​ခြိမ်း​ခြောက်​လျက်၊ သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 4,
      "text": "ကျွန်ုပ်​တို့​ညီ​ကို​ထည့်​လျှင်​သွား၍ အ​ဘ​စား​ဖို့​ရာ​ဝယ်​ပါ​မည်။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 5,
      "text": "ညီ​ကို​မ​ထည့်​လျှင် မ​သွား​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​က​သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ​ဟု အ​ဘ​အား​ပြန်​ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​က​လည်း၊ သင်​တို့၌​ညီ​ရှိ​မှန်း​ကို ထို​သူ​အား​ပြော၍ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု​ဆို​သော်၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 7,
      "text": "သူ​တို့​က၊ ထို​သူ​သည် ကျွန်ုပ်​တို့၏​အ​ကြောင်း​အ​ရာ​အ​မျိုး​အ​နွယ်​တို့​ကို ကျပ်​ကျပ်​မေး​လျက်၊ သင်​တို့​အ​ဘ​အ​သက်​ရှင်​သေး​သ​လော၊ ညီ​ရှိ​သေး​သ​လော​ဟု မေး​သော​အ​ခါ၊ ကျွန်ုပ်​တို့​သည် သူ၏​စ​ကား​သ​ဘော​သို့​လိုက်၍ ပြန်​ပြော​ရ​ပါ၏။ သင်​တို့​ညီ​ကို​ဆောင်​ခဲ့​ကြ​ဟု သူ​ပြော​မည်​ကို ကျွန်ုပ်​တို့​သည် အ​မှန်​သိ​နိုင်​ပါ​သ​လော​ဟု ဆို​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 8,
      "text": "ယု​ဒ​က​လည်း၊ သူ​ငယ်​ကို ကျွန်ုပ်​နှင့်​အ​တူ​လွှတ်​ပါ။ သို့​ပြု​လျှင် အ​ဘ​မှ​စ၍ ကျွန်ုပ်​တို့​နှင့် သူ​ငယ်​များ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ကျွန်ုပ်​တို့​ထ၍ သွား​ကြ​ပါ​မည်။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 9,
      "text": "ကျွန်ုပ်​သည် သူ၏​အာ​မ​ခံ​ဖြစ်​ပါ​မည်။ ကျွန်ုပ်​တွင် သူ့​ကို​တောင်း​ပါ။ သူ့​ကို​ပြန်၍​မ​ဆောင်၊ အ​ဘ​ရှေ့​မှာ​မ​ထား​လျှင်၊ အ​စဉ်​မ​ပြတ် အ​ပြစ်​ကို​ခံ​ပါ​စေ။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 10,
      "text": "ဤ​မျှ​လောက်​မ​ဖင့်​နွှဲ​လျှင်၊ အ​ကယ်၍ ဒု​တိ​ယ​အ​ကြိမ်​တွင် ပြန်​ရောက်​ပါ​ပြီ​ဟု အ​ဘ​ဣ​သ​ရေ​လ​အား ဆို​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 11,
      "text": "အ​ဘ​ဣ​သ​ရေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ဤ​သို့​ပြု​ကြ​လော့။ ထို​သူ​အား ဆက်​စ​ရာ​ဖို့ သင်​တို့​အိတ်​ဝ​တို့​တွင် ခါ​နာန်​ပြည်​၏​အ​သီး​မျိုး အ​ကောင်း​ဆုံး​တည်း​ဟူ​သော ဗာ​လ​စံ​စေး​အ​နည်း​ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ယူ​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 12,
      "text": "သင်​တို့​လက်၌ ငွေ​နှစ်​ဆ​ကို​လည်း​ယူ​ကြ​လော့။ အိတ်​ဝ​တွင် ဆောင်​ခဲ့​သော​ငွေ​ကို တစ်​ဖန်​လက်၌​ဆောင်​သွား​ကြ​ဦး​လော့။ ထို​အ​မှု​သည် သ​တိ​လစ်​သော​အ​မှု​ဖြစ်​ဟန်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 13,
      "text": "သင်​တို့​ညီ​ကို​လည်း​ယူ၍ တစ်​ဖန်​ထို​သူ​ထံ​သို့ ထ​သွား​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 14,
      "text": "ထို​သူ​သည် သင်​တို့​အစ်​ကို​တစ်​ယောက်​နှင့် ဗင်္ယာ​မိန်​ကို လွှတ်​လိုက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သူ့​စိတ်​နှင့်​တွေ့​ရ​သော​အ​ခွင့်​ကို အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ငါ​သည် သား​ဆုံး​ခြင်း​ကို​ခံ​ရ​လျှင် ခံ​ရ​တော့​မည်​ဟု သား​တို့​အား​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 15,
      "text": "သူ​တို့​သည် ထို​လက်​ဆောင်​ကို​လည်း​ကောင်း၊ မိ​မိ​လက်၌​ငွေ​နှစ်​ဆ​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​ကို​လည်း​ကောင်း၊ ယူ၍​ထ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ယော​သပ်​ရှေ့​မှာ ရပ်​နေ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 16,
      "text": "သူ​တို့​နှင့်​အ​တူ ဗင်္ယာ​မိန်​ပါ​လာ​သည်​ကို ယော​သပ်​မြင်​လျှင်၊ ဝန်​စာ​ရေး​ကို​ခေါ်၍၊ ဤ​သူ​တို့​ကို​အိမ်​သို့​ခေါ်​သွား​လော့။ အ​ကောင်​များ​ကို​သတ်​၍ စား​စ​ရာ​ကို​ပြင်​ဆင်​လော့။ သူ​တို့​သည် ငါ​နှင့်​အ​တူ​မွန်း​တည့်​စာ​ကို စား​ရ​ကြ​လိမ့်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 17,
      "text": "ဝန်​စာ​ရေး​ပြု​၍၊ သူ​တို့​ကို ယော​သပ်​အိမ်​သို့​ခေါ်​သွား​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 18,
      "text": "ယော​သပ်​အိမ်​သို့ ခေါ်​သွား​သော​အ​ခါ၊ သူ​တို့​သည် ငါ​တို့​အိတ်၌ ယ​ခင်​ပြန်​ပေး​သော​ငွေ​ကြောင့် ခေါ်​သွင်း​ပြီ။ သူ​သည်​အ​မှု​ရှာ​လိမ့်​မည်။ ငါ​တို့​ကို အ​ပြစ်​ပြု​သ​ဖြင့် ကျွန်​ခံ​စေ၍၊ မြည်း​တို့​ကို​သိမ်း​လိမ့်​မည်​ဟု ဆို​ကြ​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 19,
      "text": "ယော​သပ်​၏​ဝန်​စာ​ရေး​အ​နီး​သို့ ချဉ်း​ကပ်၍ အိမ်​တံ​ခါး​နား​မှာ​နှုတ်​ဆက်​လျက်၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 20,
      "text": "သ​ခင်၊ ယ​မန်​က အ​ကျွန်ုပ်​တို့​သည် အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​မှန်​လာ​ပါ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 21,
      "text": "စ​ခန်း​သို့​ရောက်၍ အိတ်​များ​ကို​ဖွင့်​သော​အ​ခါ၊ လူ​တိုင်း​ဆိုင်​သော​ငွေ​သည် အ​လျှင်း​မ​လျော့​ဘဲ အိတ်​ဝ​တွင် ရှိ​ပါ၏။ ထို​ငွေ​ကို တစ်​ဖန်​ဆောင်​ခဲ့​ကြ​ပါ​ပြီ။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 22,
      "text": "ယ​ခု​လည်း​အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​ခြား​သော​ငွေ​ကို ကိုယ်​၌​ဆောင်​ခဲ့​ကြ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​တို့​အိတ်​များ၌ အ​ဘယ်​သူ​ထား​သည်​ကို မ​သိ​နိုင်​ပါ​ဟု​ဆို​ကြ​သော်၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 23,
      "text": "ဝန်​စာ​ရေး​က၊ ချမ်း​သာ​ပါ​စေ၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင်၊ သင်​တို့​အ​ဘ​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​အိတ်​များ၌ ဘ​ဏ္ဍာ​ကို​သ​နား​တော်​မူ​ပြီ။ သင်​တို့ ငွေ​ကို​ငါ​ခံ​ရ​ပြီ​ဟု​ဆို​သ​ဖြင့်၊ ရှိ​မောင်​ကို​ထုတ်၍ အပ်​လိုက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 24,
      "text": "ယော​သပ်​အိမ်​သို့​သွင်း​ပြီး​မှ၊ ဝန်​စာ​ရေး​သည် ရေ​ကို​ပေး၍​ခြေ​ဆေး​စေ​၏။ မြည်း​တို့​ကို​လည်း​ကျွေး​လေ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 25,
      "text": "မွန်း​တည့်​ချိန်၌ ယော​သပ်​လာ​လိမ့်​မည်​ဟု သူ​တို့​သည်​မျှော်​လင့်၍ လက်​ဆောင်​ကို​ပြင်​နှင့်​ကြ​၏။ ထို​အိမ်​၌​သူ​တို့​သည် အ​စာ​ကို​စား​ရ​လိမ့်​မည်​ဟု သူ​တို့​သည်​ကြား​လေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 26,
      "text": "ယော​သပ်​သည်​အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကိုယ်​၌​ပါ​သော​လက်​ဆောင်​ကို အိမ်​ထဲ​ယော​သပ်​ထံ​သို့​သွင်း၍ သူ့​ရှေ့​မှာ​ဦး​ညွှတ်​ချ​လျက် နေ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 27,
      "text": "ယော​သပ်​သည်​နှုတ်​ဆက်​ပြီး​လျှင်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော သင်​တို့​အ​ရင်​ပြော​သော အ​သက်​ကြီး​သူ​သည် ကျန်း​မာ​ပါ၏​လော။ အ​သက်​ရှင်​သေး၏​လော​ဟု​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 28,
      "text": "သူ​တို့​က၊ ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​တို့​အ​ဘ​သည် ကျန်း​မာ​ပါ​၏၊ အ​သက်​ရှင်​ပါ​သေး​၏​ဟု​လျှောက်​လျက်၊ ဦး​ညွှတ်​ချ၍ ရှိ​ခိုး​လျက်​နေ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 29,
      "text": "ထို​အ​ခါ ယော​သပ်​သည်​မျှော်​ကြည့်​၍ မိ​မိ​အ​မိ၏​သား၊ မိ​မိ​ညီ​ရင်း​ဗင်္ယာ​မိန်​ကို​မြင်​လျှင်၊ ဤ​သူ​ကား သင်​တို့​အ​ရင်​ပြော​သော သင်​တို့​ညီ​ဖြစ်​သ​လော​ဟု​မေး​လျက်၊ သင့်​ကို ဘု​ရား​သ​ခင်​ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ငါ့​သား​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 30,
      "text": "ညီ​ရင်း​ကို​မြင်​ရ​၍ ကြင်​နာ​သော​စိတ်​ရှိ​သော​ကြောင့် အ​လျင်​အ​မြန်​ထ​သွား​လေ၏။ ငို​ရာ​အ​ရပ်​ကို​ရှာ​သ​ဖြင့်၊ အိပ်​ခန်း​ထဲ​သို့​ဝင်၍ ငို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 31,
      "text": "တစ်​ဖန်​မျက်​နှာ​ကို​သစ်၍ ဣ​န္ဒြေ​ချုပ်​တည်း​လျက် ပြင်​သို့​ထွက်​ပြီး​လျှင်၊ စား​ပွဲ​ကို​ပြင်​ကြ​ဟု အ​မိန့်​ရှိ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 32,
      "text": "ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 33,
      "text": "ညီ​အစ်​ကို​တို့​သည် အ​ကြီး​မှ​စ၍​အ​ငယ်​တိုင်​အောင် အ​ရွယ်​အ​လိုက် ယော​သပ်​ရှေ့​မှာ​ထိုင်​နေ​ကြ​၏။ သူ​တို့​သည် အ​ချင်း​ချင်း​ကြည့်​ရှု​၍ အံ့​ဩ​ခြင်း​ရှိ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 43,
      "verse": 34,
      "text": "ယော​သပ်​သည်​လည်း သူ​တို့​စား​ရန်​အ​ဖို့ အ​သီး​အ​သီး​တို့​ကို မိ​မိ​ထံ​မှ​ပေး​လိုက်၏။ ဗင်္ယာ​မိန်​ရ​သော​အ​ဖို့​သည် အစ်​ကို​တို့​ရ​သော​အ​ဖို့​ထက် ငါး​ဆ​များ​သ​တည်း။ သူ​တို့​သည်​သောက်၍​ပျော်​မွေ့​ခြင်း​သို့ ရောက်​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 1,
      "text": "ယော​သပ်​သည်​လည်း ဝန်​စာ​ရေး​ကို​ခေါ်၍ ထို​သူ​တို့​အိတ်​များ၌ ရိ​က္ခာ​ပါ​နိုင်​သ​မျှ အ​ပြည့်​ထည့်​လော့။ လူ​တိုင်း​ဆိုင်​သော​ငွေ​ကို မိ​မိ​တို့​အိတ်​ဝ​တွင်​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 2,
      "text": "စ​ပါး​အ​ဖိုး​ငွေ​နှင့် ငါ့​ငွေ​ဖ​လား​ကို၊ အ​ငယ်​ဆုံး​သော​သူ၏​အိတ်​ဝ​တွင်​လည်း​ကောင်း ထည့်​ထား​လော့​ဟု မှာ​သည်​အ​တိုင်း ဝန်​စာ​ရေး​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 3,
      "text": "နံ​နက်​မိုး​လင်း​သော​အ​ခါ၊ ထို​သူ​တို့​ကို​မြည်း​များ​နှင့်​တ​ကွ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 4,
      "text": "မြို့​ပြင်​သို့​ရောက်၍ မ​ဝေး​သေး​သော​အ​ခါ၊ ယော​သပ်​သည်​ဝန်​စာ​ရေး​ကို​ခေါ်၍၊ ထို​သူ​တို့​ကို မြန်​မြန်​လိုက်​လော့။ မီ​သော​အ​ခါ သင်​တို့​သည်​ကျေး​ဇူး​ကို မ​ကောင်း​သော​အ​မှု​နှင့် အ​ဘယ်​ကြောင့်​ဆပ်​ကြ​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 5,
      "text": "ငါ့​သ​ခင်​သောက်​သော​ဖ​လား​မ​ဟုတ်​လော။ ထူး​ဆန်း​သော​ဉာဏ်​ကို​ဖြစ်​စေ​တတ်​သော ဖ​လား​မ​ဟုတ်​လော။ သင်​တို့​ပြု​သော​ဤ​အ​မှု​သည် မ​ကောင်း​ပါ​တ​ကား​ဟု ပြော​ဆို​လော့​ဟု မှာ​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 6,
      "text": "ဝန်​စာ​ရေး​လိုက်၍​မီ​သော​အ​ခါ ပြော​ဆို​လေ၏။ သူ​တို့​က​လည်း ဤ​စ​ကား​ကို သ​ခင်​သည် အ​ဘယ်​ကြောင့်​ပြော​ပါ​သ​နည်း။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 7,
      "text": "ကိုယ်​တော်​ကျွန်​တို့​နှင့် ထို​သို့​သော​အ​မှု​ဝေး​ပါ​စေ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 8,
      "text": "ယ​မန်​က​အိတ်​ဝ​တွင် တွေ့​သော​ငွေ​ကို၊ ခါ​နာန်​ပြည်​မှ ကိုယ်​တော်​ထံ​သို့ တစ်​ဖန်​ဆောင်​ခဲ့​ပါ​ပြီ။ သို့​ဖြစ်​လျှင် ကိုယ်​တော်၏​သ​ခင်​အိမ်၌​ရွှေ​ငွေ​ကို အ​ဘယ်​ကြောင့် ခိုး​ရ​ပါ​အံ့​နည်း။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 9,
      "text": "ကိုယ်​တော်၏​ကျွန်​တို့​တွင် မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ။ ကျွန်​တော်​တို့​သည်​လည်း သ​ခင်၏​ကျွန်​ခံ​ကြ​ပါ​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 10,
      "text": "ဝန်​စာ​ရေး​က​လည်း၊ သင်​တို့​စ​ကား​အ​တိုင်း​ဖြစ်​စေ။ သို့​သော်​လည်း မည်​သူ၌​တွေ့​လျှင်၊ ထို​သူ​သည်​ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ပြစ်​လွှတ်​ကြ​စေ​ဟု ဆို​သော်၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 11,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိတ်​များ​ကို မြေ၌​ချ၍​ဖွင့်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 12,
      "text": "ဝန်​စာ​ရေး​သည်​လည်၊ အ​ကြီး​မှ​စ၍ အ​ငယ်​တိုင်​အောင်​ရှာ​သ​ဖြင့် ဗင်္ယာ​မိန်​အိတ်၌​ဖ​လား​ကို​တွေ့၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 13,
      "text": "ထို​အ​ခါ​သူ​တို့​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လူ​တိုင်း​မိ​မိ​မြည်း​ပေါ်​မှာ ဝန်​ကို​တင်​ပြန်​သ​ဖြင့် မြို့​သို့​ပြန်​သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 14,
      "text": "ယု​ဒ​နှင့် ညီ​အစ်​ကို​တို့​သည် ယော​သပ်​အိမ်​သို့​ရောက်၍၊ သူ​သည်​အိမ်၌​ရှိ​သေး​သ​ဖြင့်၊ သူ့​ရှေ့​မှာ​ပျပ်​ဝပ်​လျက် နေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 15,
      "text": "ယော​သပ်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ ငါ​ကဲ့​သို့​သော​ယောက်ျား​သည် ထူး​ဆန်း​သော​ဉာဏ်​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော​ဟု ဆို၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 16,
      "text": "ယု​ဒ​က​လည်း၊ ကျွန်​တော်​တို့​သည်​သ​ခင်​အား အ​ဘယ်​စ​ကား​ဖြင့် လျှောက်​ရ​ပါ​အံ့​နည်း။ အ​ဘယ်​သို့​ပြော​ရ​ပါ​အံ့​နည်း။ ဤ​အ​မှု​နှင့် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​အံ့​နည်း။ ကိုယ်​တော်​ကျွန်​တို့၏​အ​ပြစ်​ကို ဘု​ရား​သ​ခင်​စစ်၍ တွေ့​တော်​မူ​ပြီ။ အ​ကြင်​သူ၌ ဖ​လား​တော်​ကို​တွေ့၏။ ထို​သူ​မှ​စ၍ ကျွန်​တော်​တို့​ရှိ​သ​မျှ​သည် သ​ခင်၏​ကျွန်​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 17,
      "text": "ထို​သို့​ငါ​မ​ပြု​ရ။ အ​ကြင်​သူ၏​လက်၌ ငါ့​ဖ​လား​ကို​တွေ့၏။ ထို​သူ​သည် ငါ့​ကျွန်​ဖြစ်​စေ။ သင်​တို့​မူ​ကား အ​ဘ​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့​ဟု စီ​ရင်​လေ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 18,
      "text": "ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 19,
      "text": "သ​ခင်​က၊ သင်​တို့​သည်​အ​ဘ​ရှိ​သ​လော။ ညီ​ရှိ​သ​လော​ဟု ကျွန်​တော်​တို့​အား မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 20,
      "text": "ကျွန်​တော်​တို့​က၊ ကျွန်​တော်​တို့​အ​ဘ အ​သက်​ကြီး​သော​သူ​ရှိ​ပါ၏။ အ​ဘ​အ​သက်​ကြီး​စဉ်​အ​ခါ​ရ​သော သား​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သူ၏​အစ်​ကို​သေ​ပါ​ပြီ။ သူ့​အ​မိ​ဖွား​သော​သား​တို့​တွင် သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​ပါ၏။ ထို​ကြောင့် သူ၏​အ​ဘ​သည်​သူ့​ကို​ချစ်​ပါ၏​ဟု သ​ခင်​အား ပြန်​လျှောက်​လေ​သော်၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 21,
      "text": "ကိုယ်​တော်​က၊ ထို​သူ​ကို​ငါ​ကြည့်​ရှု​ရ​အောင် ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 22,
      "text": "ကျွန်​တော်​တို့​က ထို​သူ​ငယ်​ကို အ​ဘ​နှင့်​မ​ခွာ​နိုင်​ပါ။ အ​ဘ​နှင့်​ခွာ​လျှင် အ​ဘ​သေ​ပါ​လိမ့်​မည်​ဟု သ​ခင်​အား​လျှောက်​သော်​လည်း၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 23,
      "text": "ကိုယ်​တော်​က၊ သင်​တို့​ညီ​မ​ပါ​လျှင် သင်​တို့​သည် ငါ့​မျက်​နှာ​ကို​နောက်​တစ်​ဖန်​မ​မြင်​ရ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 24,
      "text": "ထို​နောက်​ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ထံ​သို့ ပြန်၍​ရောက်​သော​အ​ခါ၊ သ​ခင်​စ​ကား​တော်​ကို အ​ဘ​အား​ပြန်​ကြား​ပါ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 25,
      "text": "ကျွန်​တော်​တို့​အ​ဘ​က​လည်း၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဟု​ဆို​သော​အ​ခါ၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 26,
      "text": "ကျွန်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် မ​သွား​နိုင်​ပါ။ ညီ​ပါ​လျှင်​သွား​နိုင်​ပါ၏။ ညီ​မ​ပါ​လျှင် ထို​သူ၏​မျက်​နှာ​ကို​မ​မြင်​ရ​ပါ​ဟု ပြန်​ပြော​ပါ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 27,
      "text": "ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​က​လည်း၊ သင်​တို့​သိ​သည်​အ​တိုင်း ငါ့​မ​ယား​သည် ငါ့​အား​သား​နှစ်​ယောက်​ကို​ဖွား၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 28,
      "text": "တစ်​ယောက်​ကား ငါ့​ထံ​မှ​ထွက်​သွား၏။ အ​ကယ်​စင်​စစ် သူ​သည် အ​ပိုင်း​အ​ပိုင်း​ကိုက်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ​ပြီ​တ​ကား​ဟု ငါ​ဆို​ရ၏။ ထို​ကာ​လ​မှ​စ၍ သူ့​ကို​ငါ​မ​မြင်​ရ။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 29,
      "text": "ဤ​သူ​ကို​လည်း ငါ့​ထံ​မှ​ယူ​သွား၍ သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏ​နိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ကျွန်​တော်​တို့​အား​ဆို​ပါ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 30,
      "text": "သို့​ဖြစ်၍ ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​မ​ပါ​လျှင် အ​ဘ၏​အ​သက်​သည် သူ​ငယ်၏​အ​သက်၌ မှီ​လျက်​ရှိ​သော​ကြောင့်၊"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 31,
      "text": "သူ​ငယ်​မ​ရှိ​သည်​ကို​မြင်​သော​အ​ခါ အ​ဘ​သေ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​တို့​သည်၊ ကိုယ်​တော်​ကျွန်​တည်း​ဟူ​သော ကျွန်​တော်​တို့​အ​ဘ​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 32,
      "text": "ကိုယ်​တော်​ကျွန်​က၊ အ​ကျွန်ုပ်​သည် တစ်​ဖန်​သူ​ငယ်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ အ​စဉ်​မ​ပြတ် အ​ဘ​ရှေ့​မှာ​အ​ပြစ်​ကို​ခံ​ပါ​စေ​ဟု​ဆို​သ​ဖြင့်၊ အ​ဘ​ထံ​မှာ သူ​ငယ်၏​အာ​မ​ခံ​ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 33,
      "text": "သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် သူ​ငယ်​အ​တွက်​နေ​ရစ်၍ သ​ခင်​ထံ​ကျွန်​ခံ​ရ​သော​အ​ခွင့်၊ သူ​ငယ်​ကို​ကား အစ်​ကို​တို့​နှင့်​အ​တူ သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။"
    },
    {
      "book": 1,
      "chapter": 44,
      "verse": 34,
      "text": "သူ​ငယ်​သည် ကျွန်​တော်၌​မ​ပါ​လျှင်၊ ကျွန်​တော်​အ​ဘ​ထံ​သို့ အ​ဘယ်​သို့​ကျွန်​တော်​သွား​နိုင်​ပါ​မည်​နည်း။ သို့​ပြု​လျှင် ကျွန်​တော်​အ​ဘ၌​ရောက်​လ​တ္တံ့​သော ဘေး​ဥ​ပဒ်​ကို ကျွန်​တော်​မြင်​ရ​ပါ​လိမ့်​မည်​တ​ကား​ဟု လျှောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 1,
      "text": "ထို​အ​ခါ ယော​သပ်​သည် မိ​မိ​ထံ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ရှေ့​တွင်၊ ဣ​န္ဒြေ​ကို​မ​ချုပ်​တည်း​နိုင်​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​ငါ့​ထံ​မှ ထွက်​သွား​ကြ​ဟု​ဟစ်​၍ မိ​မိ​ဇာ​တိ​အ​ဖြစ်​ကို အစ်​ကို​တို့​အား​ပြ​သော​အ​ခါ၊ အ​ခြား​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ရ။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 2,
      "text": "သူ​သည်​လည်း ကျယ်​သော​အ​သံ​နှင့်​ငို​ကြွေး​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် နန်း​တော်​တိုင်​အောင်​ကြား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 3,
      "text": "အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 4,
      "text": "ယော​သပ်​က​လည်း၊ ကျွန်ုပ်​အ​နီး​အ​ပါး​သို့​လာ​ကြ​ပါ​လော့​ဟု အစ်​ကို​တို့​အား​ဆို​လျှင်၊ သူ​တို့​သည် အ​နီး​အ​ပါး​သို့​ချဉ်း​လာ​ကြ၏။ သူ​က​လည်း ကျွန်ုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောင်း​လိုက်​သော သင်​တို့​ညီ​ဖြစ်​ပါ၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 5,
      "text": "သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 6,
      "text": "မြေ​ပေါ်​မှာ နှစ်​နှစ်​အ​စာ​ခေါင်း​ပါး​ခဲ့​ပြီ။ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း​ကို မ​ပြု​ရ​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 8,
      "text": "သို့​ဖြစ်၍ သင်​တို့​သည် ကျွန်ုပ်​ကို​ဤ​အ​ရပ်​သို့ စေ​လွှတ်​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သ​တည်း။ ကျွန်ုပ်​ကို​ဖာ​ရော​ဘု​ရင်၏​အ​ဘ​အ​ရာ၌​လည်း​ကောင်း၊ နန်း​တော်​အုပ်​အ​ရာ၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​လုံး​ကို အုပ်​စိုး​သော​သ​ခင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 9,
      "text": "အ​လျင်​အ​မြန်​ထ၍ အ​ဘ​ထံ​သို့​သွား​ကြ​လော့။ အ​ဘ​အား​လည်း၊ သား​ယော​သပ်​က၊ ဘု​ရား​သ​ခင်​သည် ကျွန်ုပ်​ကို အဲ​ဂု​တ္တု​ပြည်​လုံး​သ​ခင်​ဖြစ်​စေ​တော်​မူ​ပြီ။ ကျွန်ုပ်​ထံ​သို့​လာ​ပါ၊ မ​ဆိုင်း​ပါ​နှင့်။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 10,
      "text": "အ​ဘ​သည် ဂေါ​ရှင်​အ​ရပ်၌​နေ​ရ​မည်။ ကျွန်ုပ်​အ​နား​မှာ​ရှိ​ရ​မည်။ အ​ဘ​မှ​စ၍ သား​မြေး၊ သိုး၊ နွား​နှင့်​တ​ကွ ရှိ​သ​မျှ​ပါ​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 11,
      "text": "ထို​အ​ရပ်၌ ကျွန်ုပ်​ကျွေး​မွေး​ပါ​မည်။ သို့​မ​ဟုတ် အ​ဘ​မှ​စ၍ အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ရှိ​သ​မျှ​တို့​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​သည်​ဟု ပြော​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 12,
      "text": "ကျွန်ုပ်​သည် ကိုယ်​တိုင်​သင်​တို့​နှင့်​နှုတ်​ဆက်​သည်​ကို၊ သင်​တို့​မျက်​စိ၊ ကျွန်ုပ်​ညီ​ဗင်္ယာ​မိန်​မျက်​စိ အ​မြင်​သား​ဖြစ်၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 13,
      "text": "အဲ​ဂု​တ္တု​ပြည်၌ ကျွန်ုပ်​ရ​သော ဘုန်း​စည်း​စိမ်​မှ​စ၍ သင်​တို့​မြင်​သ​မျှ​တို့​ကို အ​ဘ​အား​ပြော​ရ​မည်။ အ​လျင်​အ​မြန်​ပြု၍ အ​ဘ​ကို ဤ​ပြည်​သို့​ဆောင်​ခဲ့​ရ​မည်​ဟု ဆို​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 14,
      "text": "ညီ​ဗင်္ယာ​မိန်​လည်​ပင်း​ကို​ဖက်၍ ငို​လေ၏။ ဗင်္ယာ​မိန်​သည်​လည်း သူ၏​လည်​ပင်း၌​ငို​လေ၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 15,
      "text": "တစ်​ဖန် အစ်​ကို​ရှိ​သ​မျှ​တို့​ကို​နမ်း၍ သူ​တို့​နှင့်​ငို​သော​နောက် အ​ချင်း​ချင်း​နှုတ်​ဆက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 16,
      "text": "ယော​သပ်​အစ်​ကို​တို့​သည်​ရောက်​လာ​ကြ​ပြီ​ဟု နန်း​တော်၌​သ​တင်း​ကြား၍၊ ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​တို့​သည်​နှစ်​သက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 17,
      "text": "ဖာ​ရော​ဘု​ရင်​သည်​လည်း​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​အား အ​ဘယ်​သို့​ပြော​ရ​မည်​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​သို့​ပြု​ကြ​လော့။ မြည်း​တို့​ကို​ဝန်​တင်၍ ခါ​နာန်​ပြည်​သို့​ပြန်​သွား​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 18,
      "text": "သင်​တို့​အ​ဘ​နှင့် အိမ်​သူ​အိမ်​သား​တို့​ကို​ယူ၍ ကျွန်ုပ်​ထံ​သို့​လာ​ကြ​လော့။ အဲ​ဂု​တ္တု​ပြည်၏​စည်း​စိမ်​ကို​ငါ​ပေး၍၊ သင်​တို့​သည် မြေ​ဩ​ဇာ​ကို​သာ​စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 19,
      "text": "အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍ ဤ​သို့​ပြု​ကြ​လော့။ သင်​တို့​မိန်း​မ​များ၊ သူ​ငယ်​များ​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က​လှည်း​တို့​ကို​ယူ​ပြီး​လျှင် အ​ဘ​ကို​ဆောင်၍​လာ​ခဲ့​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 20,
      "text": "သင်​တို့​ဥ​စ္စာ​များ​ကို မ​နှ​မြော​ကြ​နှင့်။ အဲ​ဂု​တ္တု​ပြည်၏​စည်း​စိမ်​ရှိ​သ​မျှ​သည် သင်​တို့​ဥ​စ္စာ​ဖြစ်၏​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 21,
      "text": "ဣ​သ​ရေ​လ၏​သား​တို့​သည်​ပြု၍၊ ယော​သပ်​သည်​လှည်း​တို့​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​များ​ကို​လည်း​ကောင်း​ပေး၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 22,
      "text": "အစ်​ကို​ရှိ​သ​မျှ​တို့​အား​လည်း​အ​ဝတ်​လဲ​စ​ရာ​ဖို့​ပေး၏။ ဗင်္ယာ​မိန်​အား​လည်း၊ ငွေ​အ​ကျပ်​သုံး​ရာ​နှင့် အ​ဝတ်​လဲ​စ​ရာ​ဖို့ အ​ဝတ်​ငါး​စုံ​ကို ထပ်၍​ပေး၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 23,
      "text": "အ​ဘ​အား​လည်း အဲ​ဂု​တ္တု​ပြည်၏​ကောင်း​သော​အ​ရာ​တို့​ကို​ဆောင်​သော မြည်း​တစ်​ဆယ်၊ လမ်း​ခ​ရီး၌​အ​ဘ​စား​စ​ရာ​ဖို့ စ​ပါး၊ မုန့်၊ ခဲ​ဖွယ်​စား​ဖွယ်​များ​ကို ဆောင်​သော​မြည်း​တစ်​ဆယ်​ကို​ပေး​လိုက်၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 24,
      "text": "သင်​တို့​သည် လမ်း၌​ရန်​မ​တွေ့​ကြ​နှင့်​ဟု​မှာ​ထား​လျက် အစ်​ကို​တို့​ကို လွှတ်​လိုက်၍ သူ​တို့​သည်​သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 25,
      "text": "ထို​သို့​အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား၍၊ ခါ​နာန်​ပြည် အ​ဘ​ယာ​ကုပ်​ထံ​သို့ ရောက်​ကြ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 26,
      "text": "ယော​သပ်​သည် အ​သက်​ရှင်​သေး၏။ အဲ​ဂု​တ္တု​ပြည်​လုံး​ကို​အုပ်​စိုး​ရ၏​ဟု ကြား​ပြော​ကြ​သည်​ရှိ​သော်၊ ယာ​ကုပ်​သည်​စိတ်​နှ​လုံး​လျော့၏။ သူ​တို့​စ​ကား​ကို မ​ယုံ​နိုင်။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 27,
      "text": "သူ​တို့​သည်​လည်း ယော​သပ်​ပြော​သ​မျှ​သော​စ​ကား​တို့​ကို ပြန်​ပြော​ကြ၏။ အ​ဘ​ယာ​ကုပ်​သည် မိ​မိ​စီး​စ​ရာ​ဖို့ ယော​သပ်​ပေး​လိုက်​သော​လှည်း​တို့​ကို မြင်​သော​အ​ခါ စိတ်​နှ​လုံး​အား​ဖြည့်​ပြန်၏။"
    },
    {
      "book": 1,
      "chapter": 45,
      "verse": 28,
      "text": "ဣ​သ​ရေ​လ​က​လည်း၊ တန်​တော့။ ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး၏။ ငါ​မ​သေ​မီ သူ့​ကို​သွား၍​ကြည့်​မည်​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 1,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​နှင့်​တ​ကွ​ခ​ရီး​သွား၍ ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ရောက်​လျှင်၊ မိ​မိ​အ​ဘ​ဣ​ဇာက်​၏ ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ခြင်း​ကို ပြု​လေ​၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 2,
      "text": "ည​အ​ခါ​ဗျာ​ဒိတ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​က၊ ယာ​ကုပ်၊ ယာ​ကုပ် ဟု​ခေါ်​တော်​မူ​လျှင်၊ ယာ​ကုပ်​က​အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင့်​အ​ဘ၏ ဘု​ရား​သ​ခင်​ဖြစ်၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ငါ​သည် ထို​ပြည်၌ သင့်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 4,
      "text": "အဲ​ဂု​တ္တု​ပြည်​သို့ သင်​နှင့်​အ​တူ​ငါ​သွား​မည်။ တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်။ ယော​သပ်​သည် မိ​မိ​လက်​ကို သင်၏​မျက်​စိ​ပေါ်​မှာ​တင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 5,
      "text": "တစ်​ဖန်​ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ထွက်၍၊ သူ​စီး​စ​ရာ​ဖို့ ဖာ​ရော​မင်း​ပေး​လိုက်​သော​လှည်း​တို့​ဖြင့် ဣ​သ​ရေ​လ၏​သား​တို့​သည် အ​ဘ​မှ​စ၍ မိန်း​မ​များ​နှင့် သူ​ငယ်​များ​တို့​ကို​ဆောင်​လျက်၊"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 6,
      "text": "ခါ​နာန်​ပြည်၌​ရ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​လည်း​ယူ၍ အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 7,
      "text": "ယာ​ကုပ်​သည်​ကိုယ်​တိုင်​မှ​စ၍ သား​သ​မီး​မြေး​တည်း​ဟူ​သော အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ ဆောင်​သွား​လေ​၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 8,
      "text": "အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော ဣ​သ​ရေ​လ​သား​တို့၏​အ​မည်​ကား၊ ယာ​ကုပ်​နှင့် သူ၏​သား​များ။ သား​ဦး​ရု​ဗင်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 9,
      "text": "ရု​ဗင်​သား။ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 10,
      "text": "ရှိ​မောင်​သား။ ယေ​မွေ​လ၊ ယာ​မိန်၊ ဩ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန်​အ​မျိုး မိန်း​မ​၏​သား​ရှော​လ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 11,
      "text": "လေ​ဝိ​သား။ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 12,
      "text": "ယု​ဒ​သား။ ဧ​ရ၊ ဩ​နန်၊ ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ။ ထို​သူ​တို့​တွင် ဧ​ရ​နှင့် ဩ​နန်​သည် ခါ​နာန်​ပြည်၌​သေ​သ​တည်း။ ဖာ​ရက်​သား၊ ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 13,
      "text": "ဣ​သ​ခါ​သား။ တော​လ၊ ဖု​ဝါ၊ ယော​ဘ၊ ရှိ​မ​ရုန်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 14,
      "text": "ဇာ​ဗု​လုန်​သား။ သ​ရက်၊ ဧ​လုန်၊ ယာ​လေ​လ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 15,
      "text": "ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​လေ​အာ​သည် ပါ​ဒ​နာ​ရံ​အ​ရပ်၌ ဖွား​သော သား​တည်း။ သ​မီး​ဒိ​န​နှင့်​တ​ကွ၊ သား​သ​မီး​ပေါင်း​သုံး​ဆယ်​သုံး။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 16,
      "text": "ဂဒ်​သား။ ဇိ​ဖျုန်၊ ဟ​ဂ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 17,
      "text": "အာ​ရှာ​သား။ ယိ​မ​န။ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ၊ နှ​မ​စေ​ရ​တည်း။ ဗေ​ရိ​ယ​သား၊ ဟေ​ဗာ​နှင့် မာ​လ​ချေ​လ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 18,
      "text": "ဤ​သူ​တို့​ကား၊ လာ​ဗန်​သည် သ​မီး​လေ​အာ​အား၊ လက်​ဖွဲ့​သော ယာ​ကုပ်​မ​ယား ဇိ​လ​ပ​ဖွား​သော​သား​တည်း။ ပေါင်း​တစ်​ဆယ်​ခြောက်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 19,
      "text": "ယာ​ကုပ်​မ​ယား ရာ​ခေ​လ​သား။ ယော​သပ်​နှင့် ဗင်္ယာ​မိန်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 20,
      "text": "အဲ​ဂု​တ္တု​ပြည်၌ ဩ​န​မြို့၏​ယဇ်​ပု​ရော​ဟိတ် ပေါ​တိ​ဖေ​ရ​သ​မီး​အာ​သ​နတ်​တွင် ယော​သပ်​နှင့်​ရ​သော​သား၊ မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 21,
      "text": "ဗင်္ယာ​မိန်​သား။ ဗေ​လ၊ ဗေ​ခါ၊ အာ​ရှ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 22,
      "text": "ဤ​သူ​တို့​ကား၊ ယာ​ကုပ်​မ​ယား​ရာ​ခေ​လ​ဖွား​သော​သား​တည်း။ ပေါင်း​တစ်​ဆယ်​လေး။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 23,
      "text": "ဒန်​သား။ ဟု​ရှိမ်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 24,
      "text": "နဿ​လိ​သား။ ယာ​ဗေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 25,
      "text": "ဤ​သူ​တို့​ကား၊ လာ​ဗန်​သည် သ​မီး​ရာ​ခေ​လ​အား​လက်​ဖွဲ့​သော ယာ​ကုပ်​မ​ယား ဗိ​လ​ဟာ​ဖွား​သော​သား​တည်း။ ပေါင်း​ခု​နစ်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 26,
      "text": "ယာ​ကုပ်​ချွေး​မ​များ​ကို​မ​ဆို​ဘဲ၊ ယာ​ကုပ်​မှ​ဆင်း​သက်၍၊ သူ​နှင့်​အ​တူ အဲ​ဂု​တ္တု​ပြည်​သို့​သွား​သော လူ​ပေါင်း​ကား၊ ခြောက်​ဆယ်​ခြောက်​ယောက်​တည်း။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 27,
      "text": "အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ရ​နှင့်​သော​သား​နှစ်​ယောက်​ရှိ၏။ သို့​ဖြစ်​၍ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​သော​ယာ​ကုပ်၏​အ​မျိုး​သား​အ​ပေါင်း​ကား ခု​နစ်​ဆယ်​တည်း။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 28,
      "text": "ယော​သပ်​ထံ​သို့ ဂေါ​ရှင်​ပြည်​ကို​သွား​စေ​ခြင်း​ငှာ ယု​ဒ​ကို​အ​ရင်​စေ​လွှတ်​ပြီး​မှ ဂေါ​ရှင်​ပြည်​သို့​ရောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 29,
      "text": "ယော​သပ်​သည်​ရ​ထား​ကို​ပြင်၍ အ​ဘ​ဣ​သ​ရေ​လ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဂေါ​ရှင်​ပြည်​သို့​သွား၍ အ​ဘ​ရှေ့​သို့​ရောက်​သော်၊ အ​ဘ၏​လည်​ပင်း​ကို​ဖက်​လျက် ကြာ​ကြာ​ငို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 30,
      "text": "ဣ​သ​ရေ​လ​က​လည်း၊ ယ​ခု​ငါ​သေ​ပါ​စေ​သော။ သင်၏​မျက်​နှာ​ကို​ငါ​မြင်​ရ​ပြီ။ သင်​သည် အ​သက်​ရှင်​သေး၏​ဟု ယော​သပ်​အား​ဆို​လေ​၏။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 31,
      "text": "ယော​သပ်​က​လည်း၊ ဖာ​ရော​မင်း​ထံ​သို့ ကျွန်ုပ်​သွား​ဦး​မည်။ ခါ​နာန်​ပြည်၌​နေ​သော ကျွန်​တော်​အစ်​ကို​များ၊ ကျွန်​တော်​အ​ဘ၏ အိမ်​သား​များ​တို့​သည် ကျွန်​တော်​ထံ​သို့ ရောက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 32,
      "text": "ထို​သူ​တို့​သည် သိုး​ထိန်း​ဖြစ်​ပါ၏။ သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ပါ၏။ သူ​တို့​သိုး​နွား​မှ​စ၍​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့​ကြ​ပါ​ပြီ​ဟု​လျှောက်​မည်။"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 33,
      "text": "နောက်​တစ်​ခါ သင်​တို့​ကို​ဖာ​ရော​မင်း​ခေါ်၍ သင်​တို့​သည် အ​ဘယ်​သို့ လုပ်​ဆောင်​တတ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 1,
      "chapter": 46,
      "verse": 34,
      "text": "ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ရ​မည်။ သို့​ဖြစ်၍ ဂေါ​ရှင်​ပြည်​မှာ​နေ​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​ဖြစ်​သော​သူ​ကို အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​ရှာ​တတ်​ကြ၏​ဟု အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​များ​တို့​ကို ပြော​ဆို​၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 1,
      "text": "ထို​စ​ကား​အ​တိုင်း ယော​သပ်​သည်​ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကျွန်​တော်​အ​ဘ​နှင့် အစ်​ကို​တို့​သည် သိုး​နွား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို​ဆောင်​လျက် ခါ​နာန်​ပြည်​က​ရောက်​လာ၍၊ ဂေါ​ရှင်​ပြည်၌​ရှိ​ကြ​ပါ​သည်​ဟု​လျှောက်​သ​ဖြင့်၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 2,
      "text": "အစ်​ကို​စု​ထဲ​က​ရွေး၍ ငါး​ယောက်​တို့​ကို အ​ထံ​တော်​သို့​သွင်း​လေ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 3,
      "text": "ဖာ​ရော​မင်း​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့ လုပ်​ဆောင်​လေ့​ရှိ​ကြ​သ​နည်း​ဟု​မေး​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ သိုး​ထိန်း​ဖြစ်​ကြ​ပါ၏​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 4,
      "text": "ခါ​နာန်​ပြည်၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍ သိုး​နွား​ကျက်​စား​ရာ​မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​တို့​သည် ပြည်​တော်၌​တည်း​ခို​ခြင်း​ငှာ လာ​ကြ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​တို့​သည် ဂေါ​ရှင်​ပြည်၌​နေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 5,
      "text": "ဖာ​ရော​မင်း​က​လည်း၊ သင်၏​အ​ဘ​နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့ ရောက်​လာ​ကြ​သည်​ဖြစ်၍၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 6,
      "text": "အဲ​ဂု​တ္တ​ပြည်​သည် သင့်​ရှေ့​မှာ​ရှိ၏။ သင်၏​အ​ဘ​နှင့် သင်၏​အစ်​ကို​တို့​ကို အ​ကောင်း​ဆုံး​သော​အ​ရပ် ဂေါ​ရှင်​ပြည်၌​နေ​ရာ​ချ​လော့။ သူ​တို့​တွင် အ​စွမ်း​သ​တ္တိ​ရှိ​သော​သူ​အ​ချို့​တို့​ကို​တွေ့​လျှင် ငါ၏​သိုး​နွား​အုပ်​အ​ရာ၌​ခန့်​ထား​လော့​ဟု ယော​သပ်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 7,
      "text": "ယော​သပ်​သည် အ​ဘ​ယာ​ကုပ်​ကို​သွင်း၍ ဖာ​ရော​မင်း​ရှေ့​မှာ​ထား​သ​ဖြင့်၊ ယာ​ကုပ်​သည် ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 8,
      "text": "ဖာ​ရော​မင်း​က၊ သင်​သည် အ​သက်​အ​ဘယ်​မျှ​လောက်​ရှိ​ပြီ​နည်း​ဟု ယာ​ကုပ်​အား​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 9,
      "text": "ကျွန်​တော်​သည်​ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၍ လွန်​သော​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ရှိ​ပါ​ပြီ။ ကျွန်​တော်​အ​သက်​ရှင်​သော​နှစ်​ပေါင်း​နည်း၍ ဆိုး​ပါ၏။ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​သော ဘိုး​ဘေး​တို့၏​အ​သက်​တန်း​ကို မ​မီ​ပါ​ဟု လျှောက်​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 10,
      "text": "ဖာ​ရော​မင်း​ကို​ကောင်း​ချီး​ပေး၍ အ​ထံ​တော်​က​ထွက်​သွား​လေ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 11,
      "text": "ဖာ​ရော​မင်း​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ယော​သပ်​သည် အ​ဘ​နှင့်​အစ်​ကို​တို့​ကို နေ​ရာ​ချ၍ အဲ​ဂု​တ္တု​ပြည်၌​အ​ကောင်း​ဆုံး​သော​အ​ရပ် ရာ​မ​သက်​မြေ​ကို​အ​ပိုင်​ပေး၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 12,
      "text": "အ​ဘ​နှင့်​အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​ရှိ​သ​မျှ​တို့​ကို အ​နည်း​အ​များ​အ​လိုက် ကျွေး​မွေး၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 13,
      "text": "အ​လွန်​အ​စာ​ခေါင်း​ပါး၍ တစ်​ပြည်​လုံး​စား​စ​ရာ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​နှင့် ခါ​နာန်​ပြည်​သည်​အား​လျော့​လေ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 14,
      "text": "ပြည်​သား​ဝယ်​သော စ​ပါး​အ​ဖိုး၊ အဲ​ဂု​တ္တု​ပြည်၊ ခါ​နာန်​ပြည်၌ တွေ့​သ​မျှ​သော ငွေ​ကို​ယော​သပ်​စု​သိမ်း၍ နန်း​တော်​သို့​သွင်း​ထား​လေ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 15,
      "text": "အဲ​ဂု​တ္တု​ပြည်၊ ခါ​နာန်​ပြည်၌​ငွေ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည် ယော​သပ်​ထံ​သို့​လာ၍ စား​စ​ရာကို ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော်​တို့​သည် ငွေ​ကုန်​သော်​လည်း ရှေ့​တော်၌ အ​ဘယ်​ကြောင့်​သေ​ရ​ပါ​အံ့​နည်း​ဟု လျှောက်​ကြ​သော်၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 16,
      "text": "ယော​သပ်​က၊ ငွေ​ကုန်​လျှင် တိ​ရ​စ္ဆာန်​များ​ကို​ပေး​ကြ။ တိ​ရ​စ္ဆာန်​အ​တွက် စ​ပါး​ကို​ပေး​မည်​ဟု​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 17,
      "text": "သူ​တို့​သည်​တိ​ရ​စ္ဆာန်​တို့​ကို​ယူ​ခဲ့၍၊ ယော​သပ်​သည် မြင်း၊ သိုး၊ နွား၊ မြည်း​တို့​အ​တွက်​စ​ပါး​ကို​ပေး​သ​ဖြင့် ထို​နှစ်​တွင် တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​အ​တွက် ပြည်​သား​များ​ကို​ကျွေး​မွေး၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 18,
      "text": "ထို​နှစ်​ကုန်​ပြီး​မှ ဒု​တိ​ယ​နှစ်​တွင်​လာ​ကြ​လျှင်၊ ကျွန်​တော်​တို့​ငွေ​ကုန်​ကြောင်း​ကို သ​ခင်​ရှေ့​မှာ​မ​ထိမ်​ဝှက်​ပါ။ ကျွန်​တော်​တို့​တိ​ရ​စ္ဆာန်​များ​ကို​လည်း သ​ခင်​ရ​ပါ​ပြီ။ သ​ခင်​ရှေ့​မှာ ကျွန်​တော်​တို့​ကိုယ်​နှင့်​မြေ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ မ​ကျန်​ပါ။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 19,
      "text": "ရှေ့​တော်၌​အ​ဘယ်​ကြောင့်​သေ၍ ပြည်​တော်​ပျက်​ရ​ပါ​အံ့​နည်း။ အ​စာ​ကို​ပေး၍ ကျွန်​တော်​တို့​နှင့် ကျွန်​တော်​တို့​မြေ​ကို​ဝယ်​ပါ။ ကျွန်​တော်​တို့​သည် မြေ​နှင့်​တ​ကွ ဖာ​ရော​ဘု​ရင်၏​ကျွန်​ခံ​ပါ​မည်။ ကျွန်​တော်​တို့​သည် မ​သေ၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြည်​တော်​သည်​လူ​မ​ဆိတ်​ညံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မျိုး​စေ့​ကို​ပေး​ပါ​ဟု လျှောက်​ကြ​သော်၊"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 20,
      "text": "ယော​သပ်​သည် အဲ​ဂု​တ္တု​မြေ​ရှိ​သ​မျှ​ကို ဖာ​ရော​မင်း​ဖို့​ဝယ်​လေ၏။ အ​စာ​ခေါင်း​ပါး၍ အဲ​ဂု​တ္တု​လူ​တို့​သည်​မ​တတ်​နိုင်​သော​ကြောင့်၊ အ​သီး​အ​သီး​ပိုင်​သော မြေ​အ​ကွက်​တို့​ကို​ရောင်း​ကြ​သ​ဖြင့် မြေ​သည်​ဘ​ဏ္ဍာ​တော်​ဖြစ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 21,
      "text": "လူ​တို့​ကို​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​စွန်း​မှ​သည် တစ်​စွန်း​တိုင်​အောင် မြို့​တို့​သို့​ပြောင်း​စေ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 22,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​မြေ​ကို​ကား​မ​ဝယ်။ သူ​တို့​သည် ဖာ​ရော​မင်း​ကျွေး​မွေး​သည်​အ​တိုင်း ကျွေး​မွေး​သော​အ​စာ​ကို​စား​ရ​ကြ၏။ ထို​ကြောင့် မိ​မိ​တို့​မြေ​ကို​မ​ရောင်း​ရ​ကြ။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 23,
      "text": "ယော​သပ်​က​လည်း၊ သင်​တို့​နှင့်​သင်​တို့​မြေ​ကို ဖာ​ရော​မင်း​ဖို့​ယ​နေ့​ငါ​ဝယ်​ပြီ။ မျိုး​စေ့​ကို​ယူ၍ လယ်​လုပ်​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 24,
      "text": "အ​သီး​အ​နှံ​ကို​ရ​သော​အ​ခါ၊ ငါး​ဖို့​တွင်​တစ်​ဖို့​ကို ဖာ​ရော​မင်း​အား​ဆက်​ရ​ကြ​မည်။ လေး​ဖို့​ကို​ကား သင်​တို့​ယူ၍ နောက်​တစ်​ဖန်​မျိုး​စေ့​ကို ကြဲ​ကြ​လော့။ သင်​တို့​စား၍ အိမ်​သား​များ၊ သူ​ငယ်​များ​တို့​ကို​ကျွေး​ကြ​လော့​ဟု ပြည်​သား​တို့​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 25,
      "text": "သူ​တို့​က​လည်း၊ ကိုယ်​တော်​သည် ကျွန်​တော်​တို့ အ​သက်​ကို​ကယ်​ပါ​ပြီ။ သ​နား​သော​စိတ်​နှင့်​ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​တို့​သည် ဖာ​ရော​ဘု​ရင်၏​ကျွန်​ခံ​ရ​ပါ​မည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 26,
      "text": "ထို​ကြောင့် ဖာ​ရော​မင်း​မ​ပိုင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​မြေ​ကို​ထား၍၊ ဖာ​ရော​မင်း​သည် ငါး​ဖို့​တွင်​တစ်​ဖို့​ကို​ပိုင်​တော်​မူ​စေ​ဟု ယ​နေ့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌​တည်​သော​ဓ​မ္မ​သတ်​ကို ယော​သပ်​စီ​ရင်၍​ထား​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 27,
      "text": "ဣ​သ​ရေ​လ​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည် ဂေါ​ရှင်​အ​ရပ်၌​နေ​သ​ဖြင့်၊ ဥ​စ္စာ​ရ​တတ်၍ တိုး​ပွား​များ​ပြား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 28,
      "text": "ယာ​ကုပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ဆယ်​ခု​နစ်​နှစ်​အ​သက်​ရှင်၍ အ​သက်​နှစ်​ပေါင်း တစ်​ရာ​လေး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 29,
      "text": "ဣ​သ​ရေ​လ​သည်​သေ​ရ​သော​အ​ချိန်​နီး​သော်၊ သား​ယော​သပ်​ကို​ခေါ်၍ ငါ့​ကို​သ​နား​လျှင် သင်၏​လက်​ကို ငါ့​ပေါင်​အောက်၌ ထား​ပါ​လော့။ က​ရု​ဏာ​သ​စ္စာ​နှင့်​အ​ညီ​ငါ၌​ပြု​ပါ။ အဲ​ဂု​တ္တု​ပြည်၌ ငါ့​ကို​မ​သင်္ဂြိုဟ်​ပါ​နှင့်။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 30,
      "text": "ငါ​သည်​ဘိုး​ဘေး​နှင့်​အ​တူ အိပ်​ချင်​ပါ၏။ အဲ​ဂု​တ္တု​ပြည်​မှ ငါ့​ကို​ဆောင်​သွား၍ သူ​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ရ​မည်​ဟု​ဆို၏။ ယော​သပ်​က​လည်း၊ အ​ဘ​ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ဝန်​ခံ​လေ၏။"
    },
    {
      "book": 1,
      "chapter": 47,
      "verse": 31,
      "text": "ငါ့​အား​ကျိန်​ဆို​ခြင်း​ကို​ပြု​ပါ​ဟု ဆို​ပြန်​လျှင်၊ ကျိန်​ဆို​ခြင်း​ကို​ပြု၏။ ဣ​သ​ရေ​လ​သည်​လည်း ခု​တင်​ခေါင်း​ရင်း​ပေါ်​မှာ ကိုး​ကွယ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 1,
      "text": "နောက်​တစ်​ဖန်​ယော​သပ်​သည်၊ အ​ဘ​နာ​ကြောင်း​ကို​ကြား​သ​ဖြင့်၊ သား​နှစ်​ယောက် မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​ကို​ယူ၍​သွား၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 2,
      "text": "သား​ယော​သပ်​လာ​ကြောင်း​ကို ယာ​ကုပ်​သည်​ကြား​လျှင်၊ အား​ထုတ်၍ ခု​တင်​ပေါ်​မှာ​ထိုင်၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 3,
      "text": "ထို​အ​ခါ​ယာ​ကုပ်​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်၊ ခါ​နာန်​ပြည်​လု​ဇ​မြို့၌ ငါ့​အား​ထင်​ရှား၍​ကောင်း​ချီး​ပေး​တော်​မူ​လျက်၊"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 4,
      "text": "ငါ​သည်​သင့်​ကို​တိုး​ပွား​များ​ပြား​စေ​မည်။ သင့်​ကို​များ​စွာ​သော​လူ​ဖြစ်​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် သင့်​နောက်​မှ​ဤ​ပြည်​ကို အ​စဉ်​အ​မြဲ​ပိုင်​စေ​ခြင်း​ငှာ ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 5,
      "text": "သင်​နေ​သော အဲ​ဂု​တ္တု​ပြည်​သို့​ငါ​မ​ရောက်​မီ၊ အဲ​ဂု​တ္တု​ပြည်၌ သင်​ရ​နှင့်​သော​သား​နှစ်​ယောက်၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​တို့​သည် ငါ့​သား​ဖြစ်​ရ​မည်။ ရု​ဗင်​နှင့်​ရှိ​မောင်​ကဲ့​သို့ ငါ့​သား​ဖြစ်​ရ​မည်။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 6,
      "text": "နောက်​မှ​သင်​ရ​သော​သား​တို့​သည် သင်၏​သား​ဖြစ်၍ မိ​မိ​အ​မွေ​ခံ​ရာ​တွင် မိ​မိ​အစ်​ကို​တို့​အ​မည်​ဖြင့် သ​မုတ်​ရ​ကြ​မည်။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 7,
      "text": "ငါ​သည်​ပါ​ဒ​နာ​ရံ​အ​ရပ်​မှ​လာ​သည်​ကာ​လ၊ ခါ​နာန်​ပြည်၌ ခ​ရီး​သွား၍၊ ဧ​ဖ​ရတ်​မြို့​နှင့်​နီး​သော​အ​ခါ၊ သင့်​အ​မိ​ရာ​ခေ​လ​သည် ငါ့​အ​နား​မှာ​သေ​ရှာ၏။ သေ​သော​အ​ရပ် ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း၌ သင်္ဂြိုဟ်​လေ​သည်​ဟု ယော​သပ်​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 8,
      "text": "တစ်​ဖန်​ဣ​သ​ရေ​လ​သည် ယော​သပ်၏​သား​တို့​ကို​ကြည့်​ရှု၍၊ ဤ​သူ​တို့​ကား အ​ဘယ်​သူ​နည်း​မေး​လျှင်၊"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 9,
      "text": "ယော​သပ်​က၊ ဤ​ပြည်၌ အ​ကျွန်ုပ်​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ကျွန်ုပ်၏​သား​ဖြစ်​ပါ​သည်​ဟု အ​ဘ​အား​ဆို​သော်၊ အ​ဘ​က၊ ငါ့​ထံ​သို့​လာ​ပါ​စေ​လော့။ သူ​တို့​ကို​ငါ​ကောင်း​ချီး​ပေး​မည်​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​သည် အ​သက်​ကြီး၍​မျက်​စိ​မှုန်​သ​ဖြင့်၊ မ​မြင်​နိုင်​သော​ကြောင့်၊ သား​တို့​ကို​အ​နီး​သို့​ချဉ်း​ကပ်​စေ၍ ပိုက်​ဖက်​နမ်း​ရှုပ်​လေ၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​က​လည်း၊ ငါ​သည်​သင်၏​မျက်​နှာ​ကို မြင်​ရ​မည်​ဟု​ငါ​မ​ထင်။ ယ​ခု​တွင်​သင်၏​သား​တို့​ကို​ပင် ဘု​ရား​သ​ခင်​ပြ​တော်​မူ​ပြီ​ဟု ယော​သပ်​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 12,
      "text": "ယော​သပ်​သည်​လည်း၊ သား​တို့​ကို​အ​ဘ၏​ဒူး​ကြား​မှ​ထုတ်၍ အ​ဘ​ရှေ့၌​ဦး​ညွှတ်​ချ​စေ၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 13,
      "text": "တစ်​ဖန်​ယော​သပ်​သည်​သား​တို့​ကို​ယူ၍ ဧ​ဖ​ရိမ်​ကို လက်​ယာ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ​လက်​ဝဲ​လက်​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကို လက်​ဝဲ​လက်​နှင့်​ကိုင်​လျက်၊ ဣ​သ​ရေ​လ လက်​ယာ​လက်​သို့​လည်း​ကောင်း​ချဉ်း​ကပ်​စေ၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 14,
      "text": "မ​နာ​ရှေ​သည်​သား​ဦး​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​သည် မိ​မိ​လက်​တို့​ကို​ဆန့်၍ လိ​မ္မာ​စွာ​ပဲ့​ပြင်​လျက်၊ အ​သက်​ငယ်​သော​သူ​ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပြီး​လျှင်၊ လက်​ဝဲ​လက်​ကို မ​နာ​ရှေ၏​ခေါင်း​ပေါ်​မှာ​တင်၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 15,
      "text": "ယော​သပ်​ကို​ကောင်း​ချီး​ပေး​လျက်၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၊ ငါ့​ကို​တစ်​သက်​လုံး ယ​နေ့​တိုင်​အောင် ကျွေး​မွေး​တော်​မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 16,
      "text": "ငါ့​ကို​ခပ်​သိမ်း​သော​ဘေး​ဒဏ်​အ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ ဤ​သူ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သူ​တို့​ကို​ငါ့​အ​မည်​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်၏​အ​မည်​ဖြင့်​လည်း​ကောင်း၊ ထပ်၍​မှည့်​ပါ​စေ​သော။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​ပွား​များ​ပြား​ပါ​စေ​သော​ဟု မြွက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 17,
      "text": "အ​ဘ​သည်​လက်​ယာ​လက်​ကို ဧ​ဖ​ရိမ်၏​ခေါင်း​ပေါ်​မှာ​တင်​သည်​ကို ယော​သပ်​မြင်​လျှင်၊ အား​မ​ရ​သည်​ဖြစ်၍၊"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 18,
      "text": "မ​ဟုတ်​ပါ​အ​ဘ။ ဤ​သူ​သည်​သား​ဦး​ဖြစ်​ပါ၏။ သူ၏​ခေါင်း​ပေါ်​မှာ လက်​ယာ​လက်​ကို​တင်​ပါ​ဟု​ဆို​လျက် အ​ဘ၏​လက်​ကို ဧ​ဖ​ရိမ်​ခေါင်း​ပေါ်​က မ​နာ​ရှေ​ခေါင်း​ပေါ်​သို့ ပြောင်း​ခြင်း​ငှာ​ချီ​လေ၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 19,
      "text": "အ​ဘ​သည်​ငြင်း၍၊ ငါ​သိ၏​ငါ့​သား၊ ငါ​သိ၏။ သူ​သည်​ကြီး​စွာ​သော လူ​စု​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း၊ သူ့​ညီ​သည် သူ့​ထက်​သာ၍​ကြီး​သ​ဖြင့်၊ သူ၏​အ​မျိုး​အ​နွယ်​သည် များ​စွာ​သော​လူ​အ​စု​စု​ဖြစ်​လိမ့်​မည်​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 20,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​သည် သင့်​ကို​ဧ​ဖ​ရိမ်​ကဲ့​သို့​လည်း​ကောင်း၊ မ​နာ​ရှေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ​စေ​သော​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်​အား​ဖြင့် ကောင်း​ချီး​ပေး​ကြ​လိမ့်​မည်​ဟု ထို​နေ့၌ သူ​တို့​ကို​ကောင်း​ချီး​ပေး​လေ၏။ ထို​သို့​မ​နာ​ရှေ​ရှေ့​မှာ ဧ​ဖ​ရိမ်​ကို နေ​ရာ​ချ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​က​လည်း၊ ငါ​သေ​တော့​မည်။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​ရှိ၍၊ သင်​တို့​ကို ဘိုး​ဘေး​နေ​ရာ​ပြည်​သို့ တစ်​ဖန်​ဆောင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 48,
      "verse": 22,
      "text": "ထို​မှ​တစ်​ပါး သင်၏​အစ်​ကို​တို့​အား​ပေး​သည်​ထက် သင့်​အား​သာ၍ ပေး​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​ဓား၊ ငါ့​လေး​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​လက်​မှ နုတ်​ယူ​သော​အ​ရာ​ကို သင့်​အား​ငါ​ပေး​သည်​ဟု ယော​သပ်​ကို​ပြော​ဆို၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 1,
      "text": "ထို​ရော​အ​ခါ၊ ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို​ခေါ်၍၊ သင်​တို့​သည် စည်း​ဝေး​ကြ​လော့။ နောင်​ကာ​လ​အ​ခါ၊ သင်​တို့​၌ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​များ​ကို ငါ​ဟော​ပြော​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 2,
      "text": "ယာ​ကုပ်၏​သား​တို့၊ စည်း​ဝေး၍​ကြား​ကြ​လော့။ အ​ဘ​ဣ​သ​ရေ​လ၏​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 3,
      "text": "အို​ရု​ဗင်၊ သင်​သည် ငါ့​သား​ဦး၊ ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ့​ခွန်​အား​အ​စ​အ​ဦး၊ ဘုန်း​အ​ထွတ်၊ တန်​ခိုး​အ​ထွတ်​ဖြစ်​၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 4,
      "text": "သို့​သော်​လည်း ရေ​ကဲ့​သို့ ပွက်​ထ​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ ထူး​မြတ်​ခြင်း​သို့ မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​ဘ၏​အိပ်​ရာ​ကို​တက်​၍ ညစ်​ညူး​စေ၏။ ငါ့​ခု​တင်​ထက်​သို့ တက်​လေ​ပြီ​တ​ကား။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 5,
      "text": "ရှိ​မောင်​နှင့် လေ​ဝိ​သည်​ညီ​အစ်​ကို​ဖြစ်​၏။ အ​ဓ​မ္မ​အ​မှု​ကို​ကြံ​သည်​အ​တိုင်း ပြီး​စီး​ကြ​ပြီ။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 6,
      "text": "ငါ့​ဝိ​ညာဉ်​သည် သူ​တို့​လျှို့​ဝှက်​ခြင်း​အ​မှု​ထဲ​သို့ မ​ဝင်​ရ။ ငါ့​ဘုန်း​သည် သူ​တို့​စည်း​ဝေး​ရာ​နှင့်​အ​သင်း​မ​ဖွဲ့​ရ။ သူ​တို့​သည်​အ​မျက်​ထွက်၍ လူ​အ​သက်​ကို သတ်​ကြ​ပြီ။ ကိုယ်​အ​လို​သို့​လိုက်၍​မြို့​ကို​ဖြို​ဖျက်​ကြ​ပြီ။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 7,
      "text": "သူ​တို့​ပြင်း​စွာ​ထွက်​သော​အ​မျက်၊ ကြမ်း​တမ်း​စွာ​သော​ဒေါ​သ​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ​သော။ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်​သား​တို့​တွင် သူ​တို့​ကို ငါ​ကွဲ​ပြား ပြန့်​လွင့်​စေ​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 8,
      "text": "အို​ယု​ဒ၊ သင်​သည်​ညီ​အစ်​ကို​တို့ ချီး​မွမ်း​ရ​သော​သူ​ဖြစ်​၏။ သင်၏​လက်​သည် သင်၏​ရန်​သူ​လည်​ပင်း​ပေါ်​မှာ ရှိ​လိမ့်​မည်။ အ​ဘ၏​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ချ​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 9,
      "text": "ယု​ဒ​သည် ခြင်္သေ့​ပျို​ဖြစ်​၏။ ငါ့​သား၊ သင်​သည်​ဖမ်း​ယူ​ကိုက်​စား​ရာ​မှ တက်​လာ​တတ်၏။ ဝပ်​လျက်​နေ၏။ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ခြင်္သေ့​မ​ကဲ့​သို့​လည်း​ကောင်း ဝပ်​တွား​တတ်​၏။ အ​ဘယ်​သူ​နှိုး​ဆော်​ဝံ့​မည်​နည်း။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 10,
      "text": "ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 11,
      "text": "မိ​မိ​မြည်း​ကို​စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း၊ မြည်း​က​လေး​ကို​အ​မြတ်​ဆုံး​သော စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း ချည်​နှောင်​၍၊ မိ​မိ​အ​ဝတ်​ပု​ဆိုး​များ​ကို စ​ပျစ်​သီး​အ​သွေး​တည်း​ဟူ​သော​စ​ပျစ်​ရည်​ဖြင့် လျှော်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 12,
      "text": "သူ၏​မျက်​စိ​သည် စ​ပျစ်​ရည်​နှင့်​နီ​လိမ့်​မည်။ သွား​သည်​လည်း နို့​နှင့်​ဖြူ​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 13,
      "text": "ဇာ​ဗု​လုန်​သည် ပင်လယ်ကမ်း​နား​မှာ​နေ၍၊ သင်္ဘော​ဆိပ်​ဖြစ်​လိမ့်​မည်။ သူ၏​နယ်​သည် ဇိ​ဒုန်​မြို့​တိုင်​အောင် ကျယ်​ဝန်း​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 14,
      "text": "ဣ​သ​ခါ​သည်​တောင်​ကြား​မှာ​ဝပ်​လျက် အား​ကြီး​သော​မြည်း​ဖြစ်​၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 15,
      "text": "ငြိမ်​ဝပ်​ရာ​အ​ရပ်​ကောင်း၍ မြေ​သာ​ယာ​သည်​ကို​မြင်​သ​ဖြင့်၊ မိ​မိ​ပ​ခုံး​ပေါ်​မှာ ထမ်း​ပိုး​ကို​တင်​ထမ်း၍၊ အ​ခွန်​ပေး​သော​ကျွန်​ဖြစ်​လေ​၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 16,
      "text": "ဒန်​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​စုံ​တစ်​ပါး​ကဲ့​သို့၊ မိ​မိ​လူ​တို့​ကို​စီ​ရင်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 17,
      "text": "ဒန်​သည် လမ်း​၌​နေ​သော​မြွေ​ဖြစ်​လိမ့်​မည်။ မြင်း​စီး​သော​သူ​ကို နောက်​သို့ လဲ​စေ​ခြင်း​ငှာ လမ်း​ကြား​မှာ​နေ၍၊ မြင်း​ခြေ​ကို​ကိုက်​တတ်​သော မြွေ​ဆိုး​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 18,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်​လျက်​နေ​ပါ​ပြီ။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 19,
      "text": "ဂဒ်​မူ​ကား၊ စစ်​သူ​ရဲ​တို့​သည် သူ့​ကို​တိုက်​ကြ၍၊ သူ​သည် ပြန်​တိုက်​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 20,
      "text": "အာ​ရှာ၌​ဖြစ်​သော​အ​စာ​သည် အ​ရ​သာ​နှင့်​ပြည့်​စုံ​၍၊ မင်း၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို ထုတ်​ပေး​လိမ့်​မည်။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 21,
      "text": "နဿ​လိ​သည်​လှ​သော​အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍၊ ကျယ်​ဝန်း​သော သ​ပိတ်​ပင်​ဖြစ်၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 22,
      "text": "ယော​သပ်​သည်​သန်​သော​ပျိုး​ပင်၊ ရေ​တွင်း​နား​မှာ သန်​သော​ပျိုး​ပင်​ဖြစ်၏။ အ​ခက်​အ​လက်​တို့​သည် အုတ်​ရိုး​ပေါ်​မှာ​ကျော်​သွား​ကြ​၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 23,
      "text": "လေး​သ​မား​တို့​သည် သူ့​ကို​အ​ငြိုး​ထား၍၊ အ​လွန်​ညှဉ်း​ဆဲ​ပစ်​ခတ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 24,
      "text": "သို့​သော်​လည်း သူ၏​လေး​သည်​အား​မ​လျော့။ သူ​ကိုင်​သော လက်​နက်​တို့​သည်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား၏​လက်​ဖြင့်​လည်း​ကောင်း၊ သိုး​ထိန်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်​ဖြင့်​လည်း​ကောင်း၊"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 25,
      "text": "သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 26,
      "text": "သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 27,
      "text": "ဗင်္ယာ​မိန်​သည် လု​ယူ​ကိုက်​စား​တတ်​သော​တော​ခွေး​ဖြစ်​လိမ့်​မည်။ ဖမ်း​ရ​သော​အ​ရာ​ကို နံ​နက်​အ​ချိန်၌​ကိုက်​စား၍၊ လု​ယူ​သော​အ​ရာ​ကို​လည်း ည​အ​ချိန်၌​ဝေ​ဖန်​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 28,
      "text": "ဤ​သူ​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဆယ်​နှစ်​မျိုး​ဖြစ်၏။ ဤ​စ​ကား​သည်​လည်း သူ​တို့​အ​ဘ​မြွက်​ဆို၍၊ သူ​တို့​အ​သီး​အ​သီး​ခံ​ရ​သော​မင်္ဂ​လာ​ရှိ​သည်​အ​တိုင်း၊ ကောင်း​ချီး​ပေး​သော​စ​ကား​ပေ​တည်း။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 29,
      "text": "တစ်​ဖန်​တုံ၊ ငါ့​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ငါ​သွား​ရ​မည်။ ဟိ​တ္တိ​အ​မျိုး​သား၊ ဧ​ဖ​ရုန်၏​လယ်​ပြင်​တွင်​ရှိ​သော​မြေ​တွင်း၌၊ ငါ့​အ​ဘ​တို့​နှင့်​အ​တူ ငါ့​ကို​သင်္ဂြိုဟ်​ကြ​ပါ။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 30,
      "text": "ခါ​နာန်​ပြည်​မံ​ရေ​မြို့​ရှေ့​မှာ၊ မ​ပ္ပေ​လ​လယ်​ပြင်၌​ရှိ​သော ထို​မြေ​တွင်း​ကို၊ အာ​ဗြ​ဟံ​သည် ကိုယ်​ပိုင်​သော​သင်္ချိုင်း​ဖို့ လယ်​ပြင်​နှင့်​တ​ကွ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်၌ ဝယ်​လေ​ပြီ။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 31,
      "text": "ထို​မြေ​တွင်း၌ အာ​ဗြ​ဟံ​နှင့်​မ​ယား​စာ​ရာ​ကို သင်္ဂြိုဟ်​ကြ​ပြီ။ ဣ​ဇာက်​နှင့် မ​ယား​ရေ​ဗ​က္က​ကို​လည်း​သင်္ဂြိုဟ်​ကြ​ပြီ။ လေ​အာ​ကို​လည်း​ငါ​သင်္ဂြိုဟ်​ပြီ။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 32,
      "text": "ထို​မြေ​တွင်း​ရှိ​သော ထို​လယ်​ပြင်​ကို၊ ဟေ​သ​အ​မျိုး​သား​ရှေ့​မှာ ဝယ်​သ​တည်း​ဟု မှာ​ထား၏။"
    },
    {
      "book": 1,
      "chapter": 49,
      "verse": 33,
      "text": "ထို​သို့​ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို အ​ကုန်​အ​စင်​မှာ​ထား​ပြီး​လျှင်၊ မိ​မိ​ခြေ​တို့​ကို ခု​တင်​ပေါ်​မှာ ရုပ်​သိမ်း​သ​ဖြင့်၊ အ​သက်​ချုပ်၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​လေ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 1,
      "text": "ထို​အ​ခါ​ယော​သပ်​သည် အ​ဘ၏​မျက်​နှာ​ပေါ်​မှာ​ငုံ့၍၊ ငို​လျက်​နမ်း​လျက်​နေ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 2,
      "text": "အ​ဘ၏​အ​လောင်း​ကို နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​စေ​ခြင်း​ငှာ၊ မိ​မိ​ကျွန်​ဆေး​သ​မား​တို့​ကို အ​မိန့်​ရှိ၍၊ သူ​တို့​သည်​နံ့​သာ​မျိုး​နှင့် ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 3,
      "text": "နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​သော​အ​လောင်း​ကို၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း​ထား၍၊ အ​ရက်​လေး​ဆယ်​လွန်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့​သည်​ယာ​ကုပ်​ကြောင့်၊ အ​ရက်​ခု​နစ်​ဆယ် ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​ပြု​ကြ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 4,
      "text": "ငို​ကြွေး​မြည်​တမ်း​သော​နေ့​ရက်​လွန်​သော​အ​ခါ၊ ယော​သပ်​သည် နန်း​တော်​သား အ​ချို့​တို့​ကို​ခေါ်၍၊ သင်​တို့​သည်​ကျွန်ုပ်​ကို​စေ​တ​နာ​စိတ်​ရှိ​လျှင်၊ ဖာ​ရော​ဘု​ရင် ထံ​တော်​သို့​သွား၍၊"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 5,
      "text": "ကျွန်​တော်​အ​ဘ​က၊ ငါ​သေ​တော့​မည်။ ခါ​နာန်​ပြည်၌ ကိုယ်​ဖို့​ငါ​တူး​ဖူး​သော သင်္ချိုင်း​တွင်း၌၊ ငါ့​ကို​သင်္ဂြိုဟ်​ရ​မည်​ဟူ၍ ကျွန်​တော်​ကို​ကျိန်​ဆို​စေ​ပါ​ပြီ။ ထို​ကြောင့် ကျွန်​တော်​သွား၍၊ အ​ဘ​ကို​သင်္ဂြိုဟ်​ပြီး​မှ ပြန်​လာ​ပါ​မည်​အ​ကြောင်း​ကို အ​သ​နား​တော်​ခံ​ပါ​သည်​ဟု နား​တော်​လျှောက်​ကြ​ပါ​လော့​ဟု​ဆို၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 6,
      "text": "ဖာ​ရော​မင်း​က​လည်း၊ သင်၏​အ​ဘ​ကျိန်​ဆို​စေ​သည်​အ​တိုင်း​သွား၍၊ သင်္ဂြိုဟ်​လော့​ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 7,
      "text": "ယော​သပ်​သည် အ​ဘ​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ​ထွက်​သွား၍၊ ဖာ​ရော​မင်း၏ ကျွန်​များ​တည်း​ဟူ​သော နန်း​တော်​အ​ရာ​ရှိ၊ အဲ​ဂု​တ္တု​ပြည်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့်၊"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 8,
      "text": "ယော​သပ်​အိမ်​သား၊ အစ်​ကို​တို့​အိမ်​သား၊ အ​ဘ​အိမ်​သား​ရှိ​သ​မျှ တို့​သည်​လိုက်​ကြ၏။ သူ​ငယ်​တို့​နှင့်​သိုး​နွား​များ​ကို​သာ၊ ဂေါ​ရှင်​ပြည်၌ ကျန်​ရစ်​စေ​ကြ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 9,
      "text": "ထို​သို့​လျှင်​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည် ယော​သပ်​နှင့်​တ​ကွ​လိုက်​သွား​ကြ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 10,
      "text": "ယော်​ဒန်​မြစ်​နား​မှာ အာ​တဒ်​ကောက်​နယ်​တ​လင်း​သို့​ရောက်​သော​အ​ခါ၊ အ​လွန်​ကြီး​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​ပြန်၏။ ယော​သပ်​သည် မိ​မိ​အ​ဘ​ကြောင့် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​ပြု​လေ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 11,
      "text": "ထို​သို့ အာ​တဒ်​ကောက်​နယ်​တ​လင်း၌​ပြု​သော ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို၊ ထို​ပြည်​သား​ခါ​နာန်​လူ​တို့​သည်​မြင်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပြင်း​စွာ​ငို​ကြွေး​မြည်​တမ်း​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။ ထို​ကြောင့် ယော်​ဒန်​မြစ်​နား​မှာ​ရှိ​သော​ထို​အ​ရပ်​ကို၊ အ​ဗေ​လ​မိ​ဇ​ရိမ်​ဟူ၍​သ​မုတ်​ကြ​သ​တည်း။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 12,
      "text": "ယာ​ကုပ်​သား​တို့​သည်၊ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ကြ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 13,
      "text": "ခါ​နာန်​ပြည်​သို့​ဆောင်​သွား၍၊ အာ​ဗြ​ဟံ​သည်​ကိုယ်​ပိုင်​သော​သင်္ချိုင်း​ဖို့၊ ဟိ​တ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်၌​ဝယ်​သော မံ​ရေ​မြို့​ရှေ့၊ မ​ပ္ပေ​လ​လယ်​ပြင်​တွင်​ရှိ​သော မြေ​တွင်း၌​သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 14,
      "text": "ယော​သပ်​သည်​အ​ဘ​ကို​သင်္ဂြိုဟ်​ပြီး​လျှင်၊ အစ်​ကို​များ​မှ​စ၍ မ​သာ​လိုက်​လာ​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​လေ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 15,
      "text": "ယော​သပ်​အစ်​ကို​တို့​သည် အ​ဘ​သေ​သည်​ကို​သိ​မြင်​လျှင်၊ ငါ​တို့​ကို ယော​သပ်​သည် အ​ငြိုး​ထား​ကောင်း​ထား​လိမ့်​မည်။ ငါ​တို့​သည် အ​ထက်​က​သူ့​ကို​ညှဉ်း​ဆဲ​သော​ကြောင့်၊ ငါ​တို့​အား​ဧ​ကန်​အ​မှန်​ပြန်၍ ညှဉ်း​ဆဲ​လိမ့်​မည်​ဟု​စိုး​ရိမ်​လျက်၊"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 16,
      "text": "သူ့​ထံ​သို့​တ​မန်​ကို​စေ​လွှတ်၍၊ ကိုယ်​တော်​အစ်​ကို​တို့​သည် မ​ကောင်း​သော​အ​မှု​ကို ကိုယ်​တော်​အား​ပြု​မိ၍၊"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 17,
      "text": "ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ​ဟု၊ ကိုယ်​တော်​အား ကြား​လျှောက်​ရ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​မ​သေ​မီ ကျွန်​တော်​တို့​ကို မှာ​ထား​ခဲ့​သည်​ဖြစ်၍၊ ယ​ခု​တွင် ခ​မည်း​တော်၏​ဘု​ရား​သ​ခင်​ကျွန်​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။ ထို​သို့​လျှောက်​ကြ​သော​အ​ခါ၊ ယော​သပ်​သည်​မျက်​ရည်​ကျ​လေ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 18,
      "text": "အစ်​ကို​တို့​သည်​လည်း​ဝင်၍ ယော​သပ်​ရှေ့​မှာ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ကြ​ပါ​သည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 19,
      "text": "ယော​သပ်​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကိုယ်​စား​ဖြစ်​သ​လော။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 20,
      "text": "သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 21,
      "text": "ထို​ကြောင့်၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​နှင့် သူ​ငယ်​များ​ကို ကျွန်ုပ်​ကျွေး​မွေး​မည်​ဟု​ဆို​လျက်၊ သူ​တို့​ကို​နှစ်​သိမ့်​စေ၍ မေ​တ္တာ​စ​ကား​ကို​ပြော​လေ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 22,
      "text": "ထို​သို့​ယော​သပ်​သည် မိ​မိ​အ​ဘ၏​အ​မျိုး​သား​တို့​နှင့် အဲ​ဂု​တ္တု​ပြည်၌​နေ၍၊ အ​သက်​တစ်​ရာ​တစ်​ဆယ်​ကို​မီ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 23,
      "text": "ဧ​ဖ​ရိမ်၏​မြေး​ကို​မြင်​ရ၏။ မ​နာ​ရှေ၏​သား၊ မာ​ဓိ​ရ၏​သား​သ​မီး​တို့​ကို​လည်း မိ​မိ​ဒူး​ပေါ်​မှာ​မွေး​စား​ရ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 24,
      "text": "ယော​သပ်​က​လည်း၊ ကျွန်ုပ်​သေ​တော့​မည်။ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့၊ ဤ​ပြည်​မှ​ဆောင်​သွား​တော်​မူ​မည်​ဟု အစ်​ကို​တို့​အား​ဆို၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 25,
      "text": "တစ်​ဖန်​တုံ၊ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​မည်။ ကျွန်ုပ်​အ​ရိုး​တို့​ကို ဤ​အ​ရပ်​မှ​ယူ​သွား​ရ​မည်​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကျိန်​ဆို​စေ၏။"
    },
    {
      "book": 1,
      "chapter": 50,
      "verse": 26,
      "text": "ထို​သို့​ယော​သပ်​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ အ​လောင်း​ကို​ကား၊ နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်၌ တ​လား​နှင့်​ထား​ကြ​လေ၏။ ရှင်မော​ရှေ​စီ​ရင်​ရေး​ထား​သော ကမ္ဘာဦးကျမ်း​ပြီး၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 1,
      "text": "မိ​မိ​တို့​အိမ်​သူ​အိမ်​သား​ပါ​လျက်၊ အ​ဘ​ယာ​ကုပ်​နှင့်​အ​တူ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော ဣ​သ​ရေ​လ​သား​တို့၏​အ​မည်​ဟူ​မူ​ကား၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 2,
      "text": "ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 3,
      "text": "ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 4,
      "text": "ဒန်၊ နဿ​လိ၊ ဂဒ်၊ အာ​ရှာ​တည်း။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 5,
      "text": "ယာ​ကုပ်​အ​မျိုး​သား​ပေါင်း​ကား၊ ခု​နစ်​ဆယ်​တည်း။ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ရှိ​နှင့်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 6,
      "text": "ယော​သပ်​နှင့်​အစ်​ကို​များ​မှ​စ၍၊ ထို​ကာ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်​၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 8,
      "text": "ထို​နောက်​မှ​အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ကို​မ​သိ​သော ရှင်​ဘု​ရင်​သစ်​ပေါ်​လာ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 9,
      "text": "ထို​ရှင်​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထက်​သာ၍​များ​ကြ၏။ သာ၍​အား​ကြီး​ကြ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 10,
      "text": "လာ​ကြ၊ သူ​တို့​ကို လိ​မ္မာ​စွာ​ပြု​ကြ​စို့။ သို့​မ​ဟုတ် သူ​တို့​သည် များ​ပြား​ကြ​လိမ့်​မည်။ နောက်​တစ်​ခါ​စစ်​မှု​ရောက်​လျှင် ငါ​တို့​ရန်​သူ​ဘက်​သို့​ဝင်​စား၍ ငါ​တို့​ကို​တိုက်​သ​ဖြင့်၊ ပြည်​တော်​ထဲ​က​ထွက်​သွား​ကြ​လိမ့်​မည်​ဟု မိ​မိ​လူ​တို့​အား ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 11,
      "text": "ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 12,
      "text": "သို့​သော်​လည်း၊ နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း၊ တိုး​ပွား​များ​ပြား​လျက် ရှိ​ကြ၏။ သူ​တို့​ကြောင့် အဲ​ဂု​တ္တု​လူ​တို့​သည်​စိတ်​ညစ်​၍၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 13,
      "text": "အ​လွန်​ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 14,
      "text": "သ​ရွတ်​နှင့်​အုတ်​လုပ်​သော​အ​မှု၊ လယ်​လုပ်​သော​အ​မှု​အ​မျိုး​မျိုး၌ ခဲ​ယဉ်း​စွာ​စေ​ခိုင်း၍ အ​လွန်​ဆင်း​ရဲ​ပင်​ပန်း​စေ​ကြ၏။ စေ​ခိုင်း​လေ​ရာ​ရာ၌​လည်း ခဲ​ယဉ်း​စွာ​စေ​ခိုင်း​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 15,
      "text": "ရှိ​ဖ​ရ​နှင့် ပု​အာ​အ​မည်​ရှိ​သော ဟေ​ဗြဲ​ဝမ်း​ဆွဲ​မ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 16,
      "text": "သင်​တို့​သည် ဟေ​ဗြဲ​မိန်း​မ​တို့​အား​ဝမ်း​ဆွဲ​လုပ်၍ မွေး​ရာ​အ​ရပ်၌ စောင့်​နေ​သော​အ​ခါ၊ ယောက်ျား​ဖြစ်​လျှင် သေ​စေ၊ မိန်း​မ​ဖြစ်​လျှင် အ​သက်​ရှင်​စေ​ဟု အ​မိန့်​တော်​ရှိ​၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 17,
      "text": "ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 18,
      "text": "အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​လည်း၊ ဝမ်း​ဆွဲ​မ​တို့​ကို​ခေါ်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း။ ယောက်ျား​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ချမ်း​သာ​ပေး​သ​နည်း​ဟု မေး​စစ်​သော်၊"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 19,
      "text": "ဝမ်း​ဆွဲ​မ​တို့​က၊ ဟေ​ဗြဲ​မိန်း​မ​တို့​သည်၊ အဲ​ဂု​တ္တု​မိန်း​မ​ကဲ့​သို့​မ​ဟုတ်၊ သန်​စွမ်း​သော​ကြောင့်၊ ဝမ်း​ဆွဲ​မ မ​ရောက်​မီ သား​ကို​ဖွား​တတ်​ကြ၏​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 20,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ဝမ်း​ဆွဲ​မ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​လူ​အ​မျိုး​သည်​လည်း​များ​ပြား၍ အ​လွန်​အား​ကြီး​ကြ​လေ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 21,
      "text": "ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ သူ​တို့​အိမ်​သူ​အိမ်​သား​များ​ကို ပြု​စု​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 1,
      "verse": 22,
      "text": "ဖာ​ရော​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ ဖွား​မြင်​သော​သူ​ငယ် ယောက်ျား​အ​ပေါင်း​တို့​ကို မြစ်​ထဲ​သို့​ချ​ပစ်​စေ။ မိန်း​မ​ကို​မူ​ကား​အ​သက်​ရှင်​စေ​ဟု မိ​မိ​လူ​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 1,
      "text": "ထို​ကာ​လ၌ လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည်၊ လေ​ဝိ​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဘက်​ပြု​၍၊"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 2,
      "text": "မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 3,
      "text": "နောက်​တစ်​ဖန်​ဝှက်၍​မ​ထား​နိုင်​သော​အ​ခါ၊ ဂ​မာ​ကိုင်း​ပင်​ဖြင့် ရက်​သော​ပု​ခက်​ကို​ယူ၍ ရေ​ညှိ​နှင့်​သစ်​စေး​ဖြင့်​လူး​ပြီး​လျှင်၊ ပု​ခက်​ထဲ​တွင် သူ​ငယ်​ကို​ထည့်​၍ မြစ်​ကမ်း​နား​ကိုင်း​တော၌ ထား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 4,
      "text": "သူ​ငယ်​အစ်​မ​လည်း အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ခြင်း​ငှာ အ​ဝေး၌​ရပ်​နေ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 5,
      "text": "ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ရေ​ချိုး​ခြင်း​ငှာ​ဆင်း​လာ၍၊ ကျွန်​မ​တို့​နှင့် မြစ်​ကမ်း​နား၌​လှည့်​လည်​စဉ်၊ ကိုင်း​တော၌​ပု​ခက်​ကို​မြင်၍ ဆောင်​ယူ​စေ​ခြင်း​ငှာ ကျွန်​မ တစ်​ယောက်​ကို​စေ​လွှတ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 6,
      "text": "ပု​ခက်​ဖုံး​ကို​ဖွင့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ​ငယ်​ကို​မြင်၍၊ သ​နား​သော​စိတ်​ရှိ​လျှင်၊ ဤ​သူ​ငယ်​သည် ဟေ​ဗြဲ​အ​မျိုး​ဖြစ်​လိမ့်​မည်​ဟု​ဆို​ပြီး​သော်၊"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 7,
      "text": "သူ​ငယ်၏​အစ်​မ​က၊ ကိုယ်​တော်​အ​တွက် သူ​ငယ်​ကို​ထိန်း​ရ​သော ဟေ​ဗြဲ​အ​ထိန်း​ကို ကျွန်​မ​သွား၍​ခေါ်​ရ​ပါ​မည်​လော​ဟု ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​အား မေး​လျှောက်​၍၊"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 8,
      "text": "မင်း​သ​မီး​က​သွား​လော့​ဟု အ​ခွင့်​ပေး​လျှင်၊ မိန်း​မ​ငယ်​သွား​၍ သူ​ငယ်၏​အ​မိ​ကို​ခေါ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 9,
      "text": "ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​က၊ ဤ​သူ​ငယ်​ကို​ယူ​သွား၍ ငါ့​ဖို့​ထိန်း​လော။ အ​ခ​ကို ငါ​ပေး​မည်​ဟု​မှာ​ထား​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည် သူ​ငယ်​ကို​ယူ​သွား၍ ထိန်း​လေ၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 10,
      "text": "သူ​ငယ်​ကြီး​ပွား​သော​အ​ခါ၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ထံ​သို့ ပို့​ဆောင်၍ မင်း​သ​မီး​သည် သား​အ​ရာ၌​ခန့်​ထား​လျက်၊ မော​ရှေ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ရေ​ထဲ​က​ငါ​နုတ်​ယူ​သည်​ဟု ဆို​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 11,
      "text": "မော​ရှေ​သည်​ကြီး​သော​အ​ခါ၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့​သွား၍ သူ​တို့​အ​မှု​ထမ်း​ရ​သော​အ​ခြင်း​အ​ရာ​တို့​ကို ကြည့်​ရှု​လေ၏။ မိ​မိ​အ​မျိုး​သား​ဟေ​ဗြဲ လူ​တစ်​ယောက်​ကို၊ အဲ​ဂု​တ္တု​လူ​ရိုက်​သည်​ကို​မြင်​လျှင်၊"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 12,
      "text": "ပတ်​လည်​ကြည့်​ရှု၍ အ​ဘယ်​သူ​မျှ​မ​ရှိ​သည်​ကို​သိ​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​ကို​သတ်၍ သဲ​ထဲ၌​မြှုပ်​ထား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 13,
      "text": "နက်​ဖြန်​နေ့၌​ထွက်​ပြန်​သော်၊ ဟေ​ဗြဲ​လူ​နှစ်​ယောက်​တို့​သည် အ​ချင်း​ချင်း​သတ်​ကြ​သည်​ကို​မြင်​လျှင်၊ သင်​သည်​သင်​၏​အ​ပေါင်း​အ​ဖော်​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု ညှဉ်း​ဆဲ​သော​သူ​အား​မေး​သည်​ရှိ​သော်၊"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 14,
      "text": "ထို​သူ​က၊ အ​ဘယ်​သူ​သည်​သင့်​ကို ငါ​တို့​အ​ပေါ်​မှာ အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌​ခန့်​ထား​သ​နည်း။ အဲ​ဂု​တ္တု​လူ​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို သတ်​လို​သ​လော​ဟု​ပြန်​ဆို၏။ ထို​အ​ခါ မော​ရှေ​သည် မိ​မိ​ပြု​သော​အ​မှု​ထင်​ရှား​ပြီ​ဟု သိ၍​ကြောက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 15,
      "text": "ထို​သ​တင်း​ကို ဖာ​ရော​ဘု​ရင်​ကြား​သော​အ​ခါ၊ မော​ရှေ​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ပြေး၍၊ မိ​ဒျန်​ပြည်​သို့ ရောက်​လျှင်၊ ရေ​တွင်း​နား​မှာ​ထိုင်၍​နား​နေ​လေ၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 16,
      "text": "ထို​အ​ခါ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်၏​သ​မီး ညီ​အစ်​မ​ခု​နစ်​ယောက်​တို့​သည်၊ မိ​မိ​တို့​အ​ဘ၏​သိုး​ဆိတ်​များ​ကို ရေ​တိုက်​ခြင်း​ငှာ​လာ၍​ရေ​ခပ်​ပြီး​လျှင်၊ ရေ​သောက်​ခွက်​တို့​၌ လောင်း​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 17,
      "text": "သိုး​ထိန်း​အ​ချို့​တို့​လည်း​လာ၍ သိုး​ဆိတ်​များ​ကို​မောင်း​ကြ​၏။ ထို​အ​ခါ မော​ရှေ​သည်​ထ၍ ထို​မိန်း​မ​တို့​ဘက်၌​နေ​လျက်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 18,
      "text": "ထို​မိန်း​မ​တို့​သည် အ​ဘ​ရွေ​လ​ထံ​သို့​ရောက်​ကြ​သော်၊ အ​ဘ​က အ​ဘယ်​ကြောင့် ယ​နေ့​အ​လျင်​အ​မြန်​ရောက်​လာ​ရ​ကြ​သ​နည်း​ဟု မေး​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 19,
      "text": "သူ​တို့​က​လည်း၊ အဲ​ဂု​တ္တု​လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​ကို​သိုး​ထိန်း​တို့​လက်​မှ ကယ်​နုတ်၍၊ ရေ​လို​သ​မျှ​ကို​ခပ်​သ​ဖြင့်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​ပါ​သည်​ဟု ပြန်​ပြော​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 20,
      "text": "အ​ဘ​က​လည်း၊ ထို​သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် သူ့​ကို​ပစ်​ထား​ခဲ့​သ​နည်း။ အ​စာ​စား​စေ​ခြင်း​ငှာ သူ့​ကို​ခေါ်​ချေ​ကြ​ဟု ဆို​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 21,
      "text": "မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 22,
      "text": "ထို​မိန်း​မ​ဖွား​သော​သား​ကို ဂေ​ရ​ရှုံ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု​ဆို​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 23,
      "text": "ကာ​လ​အင်​တန်​ကြာ​ပြီး​မှ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် အ​နိ​စ္စ​ရောက်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လည်း အ​စေ​ကျွန်​ခံ​ရ​သော​ကြောင့် ညည်း​တွား​ငို​ကြွေး​ကြ​၏။ ထို​သို့​အ​စေ​ကျွန်​ခံ၍ ငို​ကြွေး​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့ တက်​ရောက်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 24,
      "text": "သူ​တို့ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​လျှင်၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပြု​ခဲ့​ဖူး​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 2,
      "verse": 25,
      "text": "ဘု​ရား​သ​ခင်​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု၍ သူ​တို့​အ​မှု​ကို ဆင်​ခြင်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 1,
      "text": "မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 2,
      "text": "ထို​အ​ခါ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် ချုံ​ထဲ​က​ထွက်​သော မီး​လျှံ၌​ထင်​ရှား၏။ မော​ရှေ​သည်​ကြည့်​သော​အ​ခါ၊ မီး​လောင်၍ ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သည်​ကို မြင်​လျှင်၊"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 3,
      "text": "အ​ဘယ်​ကြောင့် ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သ​နည်း။ ဤ​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို ငါ​သွား၍ ကြည့်​ရှု​မည်​ဟု​ဆို၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 4,
      "text": "မော​ရှေ​သွား၍ ကြည့်​ရှု​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​တော်​မူ​လျှင်၊ မော​ရှေ၊ မော​ရှေ​ဟု ချုံ​ထဲ​က​ခေါ်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု လျှောက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ မ​ချဉ်း​နှင့်။ သင်၏​ခြေ​နင်း​ကို​ချွတ်​လော့။ သင်​နင်း​သော အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 6,
      "text": "ငါ​သည်​သင့်​အ​ဘ၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့၊ မိ​မိ​မျက်​နှာ​ကို ဖုံး​လျက်​နေ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ငါ၏​လူ​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ကို​စေ​ခိုင်း​သော​သ​ခင်​တို့​ကြောင့် သူ​တို့​မြည်​တမ်း​သော​အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​ကို ငါ​သိ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 8,
      "text": "သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 9,
      "text": "ယ​ခု​တွင်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငို​ကြွေး​သော​အ​သံ​သည် ငါ့​ထံ​သို့ တက်​ရောက်၍၊ သူ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို​လည်း ငါ​မြင်​ရ​ပြီ။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 10,
      "text": "ထို​ကြောင့် ယ​ခု​သွား​လော့။ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​မည်​အ​ကြောင်း၊ သင့်​ကို​ဖာ​ရော​ဘု​ရင်​ထံ​သို့ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 11,
      "text": "မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​ထံ​သို့ ဝင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​လျှောက်​လျှင်၊"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 13,
      "text": "မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ရောက်၍၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ သူ​တို့​က၊ ထို​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကား အ​ဘယ်​သို့​နည်း​ဟု အ​ကျွန်ုပ်​ကို​ပြန်၍​မေး​သော​အ​ခါ၊ အ​ဘယ်​သို့​ပြန်​ပြော​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​မေး​လျှောက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ ငါ​ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်၏​ဟူ၍​လည်း​ကောင်း၊ ငါ​ဖြစ်​သည်​ဟု အ​မည်​ရှိ​သော​သူ​သည်၊ ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ပြော​လော့​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 15,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ့​ကို သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​မည်။ ထို​အ​မည်​သည် အ​စဉ်​ငါ့​အ​မည်​ဖြစ်၏။ လူ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ငါ့​ဘွဲ့​နာ​မ​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 16,
      "text": "သွား၍ ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ထင်​ရှား​တော်​မူ​လျက်၊ အ​ကယ်​စင်​စစ် သင်​တို့​ကို​ငါ​အ​ကြည့်​အ​ရှု​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​အား​ပြု​သော​အ​မှု​ကို ငါ​မြင်​ပြီ။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 17,
      "text": "အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 18,
      "text": "သူ​တို့​သည် သင်၏​စ​ကား​ကို​နား​ထောင်၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​များ​ပါ​လျက်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့​ဝင်​သ​ဖြင့်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​တွေ့​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ တော​သို့ သုံး​ရက်​ခ​ရီး​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 19,
      "text": "အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို မ​တွေ့​မ​မြင်​လျှင်၊ သွား​ရ​သော​အ​ခွင့်​ကို သင်​တို့​အား​မ​ပေး​ကြောင်း​ကို ငါ​သိ၏။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 20,
      "text": "ငါ​သည်​လည်း​လက်​ကို​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​ထဲ၌ ငါ​ပြု​လ​တ္တံ့​သော ငါ၏​အံ့​ဖွယ်​သော​အ​မှု​ရှိ​သ​မျှ​တို့​နှင့် ထို​ပြည်​ကို​ဒဏ်​ခတ်​မည်။ ထို​နောက် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​လွှတ်​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 21,
      "text": "ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ မျက်​နှာ​ရ​သော​အ​ခွင့်​ကို​ငါ​ပေး၍၊ သင်​တို့​သည် ထွက်​သွား​သော​အ​ခါ လက်​ချည်း​မ​သွား​ရ​ကြ။"
    },
    {
      "book": 2,
      "chapter": 3,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ မိန်း​မ​တိုင်း​မိ​မိ​အိမ်​နီး​ချင်း၊ မိ​မိ​အိမ်​မှာ​တည်း​သော​သူ၌ ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ​နှင့် အ​ဝတ်​တန်​ဆာ​များ​ကို​တောင်း၍၊ သင်​တို့​သား​သ​မီး​များ​ကို တန်​ဆာ​ဆင်​စေ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏​ဥ​စ္စာ​ကို​လု​ယူ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 1,
      "text": "မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 3,
      "text": "မြေ​ပေါ်​မှာ​ပစ်​ချ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ပစ်​ချ​သ​ဖြင့်၊ လှံ​တံ​သည်​မြွေ​ဖြစ်၍၊ မော​ရှေ​သည် သူ့​ရှေ့​မှ​ပြေး​လေ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​လက်​ကို​ဆန့်၍ သူ့​အ​မြီး​ကို​ကိုင်​ဖမ်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လက်​ကို​ဆန့်၍ ဖမ်း​မိ​သ​ဖြင့်၊ သူ၏​လက်၌ လှံ​တံ​ဖြစ်​ပြန်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 5,
      "text": "သို့​ပြု​လျှင် သူ​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား ထင်​ရှား​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် ယုံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 6,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​လက်​ကို သင်၏​ရင်​ခွင်​သို့​သွင်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​ကို​ရင်​ခွင်​သို့​သွင်း၍​ထုတ်​ပြန်​သော​အ​ခါ၊ လက်​သည် မိုး​ပွင့်​အ​ဆင်း​ကဲ့​သို့ နူ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 7,
      "text": "တစ်​ဖန်​သင်၏​လက်​ကို သင့်​ရင်​ခွင်​သို့​သွင်း​ဦး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​ဖန်​လက်​ကို​ရင်​ခွင်​သို့​သွင်း၍ ထုတ်​ပြန်​သော​အ​ခါ၊ ပ​က​တိ​အ​သား ဖြစ်​ပြန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 8,
      "text": "ထို​သူ​တို့​သည်​သင့်​ကို​မ​ယုံ၊ ပ​ထ​မ​နိ​မိတ်​သက်​သေ​ကို နား​မ​ထောင်​လျှင်၊ နောက်​ဖြစ်​သော​နိ​မိတ်​သက်​သေ​ကို ယုံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 9,
      "text": "သို့​မ​ဟုတ် ထို​နိ​မိတ်​နှစ်​ပါး​ကို​မ​ယုံ၊ သင်၏​စ​ကား​ကို​နား​မ​ထောင်​လျှင်၊ သင်​သည် မြစ်​ရေ​အ​ချို့​ကို​ယူ၍ ကုန်း​ပေါ်​မှာ​သွန်း​လော့။ ထို​သို့ မြစ်​ထဲ​က​ယူ​သော​ရေ​သည် ကုန်း​ပေါ်​မှာ အ​သွေး​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 10,
      "text": "မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ၏​နှုတ်​ကို​အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ စ​ကား​အ​သော​သူ၊ နား​ပင်း​သော​သူ၊ မျက်​စိ​မြင်​သော​သူ၊ မ​မြင်​သော​သူ​တို့​ကို အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​သည် မ​ဟုတ်​လော။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 12,
      "text": "သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 13,
      "text": "မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား အ​မျက်​တော်​ထွက်၍၊ လေ​ဝိ​လူ​အာ​ရုန်​သည် သင်၏​အစ်​ကို​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​သည်​ကောင်း​မွန်​စွာ​ပြော​တတ်​သည်​ကို ငါ​သိ၏။ သူ​သည်​လည်း​သင့်​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ယ​ခု​လာ၏။ တွေ့​မြင်​သော​အ​ခါ ဝမ်း​မြောက်​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 15,
      "text": "သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 16,
      "text": "သူ​သည်​လည်း လူ​တို့​ရှေ့​မှာ​သင်၏​စ​ကား​ပြန်​လုပ်၍၊ သင်၏ နှုတ်​ကိုယ်​စား​ဖြစ်​လိမ့်​မည်။ သင်​သည်​လည်း သူ၏​ဘု​ရား​သ​ခင်​ကိုယ်​စား ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 17,
      "text": "သင်​သည် နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လ​တ္တံ့​သော ဤ​လှံ​တံ​ကို​လည်း၊ သင်၏​လက်၌​ကိုင်​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 18,
      "text": "မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​သွား​လော့။ သင်၏​အ​သက်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ပြီ​ဟု မိ​ဒျန်​ပြည်၌ မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 20,
      "text": "ထို​အ​ခါ၊ မော​ရှေ​သည် မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​ကို​ယူ၍ မြည်း​ကို​စီး​စေ​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လှံ​တံ​တော်​ကို​လက်​စွဲ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍​ရောက်​လျှင်၊ သင်၌ ငါ​အပ်​သော အံ့​ဖွယ်​သော​အ​မှု​အ​လုံး​စုံ​တို့​ကို ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ပြ​လော့။ ထို​သို့​ပြ​သော်​လည်း သူ၏​နှ​လုံး​ကို​ငါ​ခိုင်​မာ​စေ၍၊ သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 22,
      "text": "ဖာ​ရော​ဘု​ရင်​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​သည်​ငါ့​သား​ဖြစ်၏။ ငါ့​သား​ဦး​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 23,
      "text": "ငါ့​သား​သည် ငါ့​အား​ဝတ်​ပြု​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လွှတ်​လော့။ မ​လွှတ်​ဘူး​ဟု ငြင်း​လျှင်၊ သင်၏​သား၊ သင်၏​သား​ဦး​ကို​ပင်​ငါ​ကွပ်​မျက်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 24,
      "text": "ခ​ရီး​သွား​စဉ်​တွင်၊ စ​ခန်း​ဇ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို​တွေ့၍ ကွပ်​မျက်​ခြင်း​ငှာ ရှာ​ကြံ​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 25,
      "text": "ထို​အ​ခါ၊ ဇိ​ပေါ​ရ​သည် ဓား​ကို​ယူ၍ သား၏​အ​ရေ​ဖျား​ကို​လှီး​ဖြတ်​ပြီး​မှ၊ လင်၏​ခြေ​ရင်း၌​ပျပ်​ဝပ်​လျက်၊ အ​ကယ်​စင်​စစ်​သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်​သည်​ဟု ဆို၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 26,
      "text": "ထို​အ​ခါ မော​ရှေ​ကို လွှတ်​တော်​မူ၏။ မ​ယား​က​လည်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကြောင့်၊ သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်၏​ဟု​ဆို​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ရှေ​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​တော​သို့​သွား​လော့​ဟု အာ​ရုန်​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​သည်​သွား​လျှင်၊ ဘု​ရား​သ​ခင်၏​တောင်​ပေါ်၌ မော​ရှေ​ကို​တွေ့၍ နမ်း​ခြင်း​ကို​ပြု၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 28,
      "text": "မော​ရှေ​သည်​လည်း၊ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ မှာ​ထား​တော်​မူ​သ​မျှ​သော နိ​မိတ်​သက်​သေ​တို့​ကို​လည်း​ကောင်း၊ အာ​ရုန်​အား​ကြား​ပြော​လေ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 29,
      "text": "ထို​သူ​ညီ​နောင်​နှစ်​ပါး​တို့​သည်​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 30,
      "text": "အာ​ရုန်​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို​ပြန်​ပြော၍၊ လူ​တို့​ရှေ့​မှာ​နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လေ၏။"
    },
    {
      "book": 2,
      "chapter": 4,
      "verse": 31,
      "text": "ထို​လူ​များ​တို့​သည်​ယုံ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို မှတ်​တော်​မူ​သည်​ကို​လည်း​ကောင်း ကြား​သော​အ​ခါ၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 1,
      "text": "ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 2,
      "text": "ဖာ​ရော​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​လွှတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​သိ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​မ​လွှတ်​ဟု ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 3,
      "text": "သူ​တို့​က​လည်း၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​သည် ကျွန်​တော်​တို့​နှင့် တွေ့​တော်​မူ​ပြီ။ တော​သို့​သုံး​ရက်​ခ​ရီး​သွား၍၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သို့​မ​ဟုတ် ကာ​လ​နာ​ဘေး၊ ဓား​ဘေး​တစ်​စုံ​တစ်​ခု​ဖြင့် ကျွန်​တော်​တို့​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 4,
      "text": "အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က​လည်း၊ မော​ရှေ​နှင့်​အာ​ရုန်၊ သင်​တို့​သည် ဤ​လူ​များ​တို့​ကို အ​ဘယ်​ကြောင့် အ​လုပ်​ပြတ်​စေ​သ​နည်း။ အ​မှု​တော်​ကို​သွား၍ ဆောင်​ရွက်​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 5,
      "text": "တစ်​ဖန်​လည်း​ပြည်​တော်၌ ထို​လူ​တို့​သည် ယ​ခု​များ​ကြ၏။ အ​မှု​မ​ထမ်း​စေ​ခြင်း​ငှာ သင်​တို့​သည် အ​ခွင့်​ပေး​ကြ​သည်​တ​ကား​ဟု ဖာ​ရော​ဘု​ရင်​ဆို၍၊"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 6,
      "text": "ထို​နေ့​ချင်း​တွင်​အ​အုပ်​အ​ချုပ်၊ အ​ကြပ်​အ​ဆော်​တို့​ကို​ခေါ်​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 7,
      "text": "အုတ်​လုပ်​စ​ရာ​ဖို့​ကောက်​ရိုး​ကို လူ​တို့​အား အ​ရင်​ပေး​သ​ကဲ့​သို့​မ​ပေး​နှင့်။ သူ​တို့​သည်​ကောက်​ရိုး​ကို ကိုယ်​ဖို့​ရှာ​ယူ​ကြ​စေ။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 8,
      "text": "အုတ်​ကို​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် အ​ရင်​ကဲ့​သို့​လုပ်​စေ​ရ​မည်၊ အ​လျှင်း​မ​လျော့​စေ​နှင့်။ သူ​တို့​သည်​ပျင်း​ရိ​ကြ၏။ ထို​ကြောင့်​သွား၍ ငါ​တို့ ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​ကြ​စို့​ဟု ကြွေး​ကြော်​တတ်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 9,
      "text": "သို့​ဖြစ်၍ စည်း​ကြပ်​လျက်​လုပ်​စေ​ကြ။ ပင်​ပန်း​စေ​ကြ။ လူ​မိုက်​စ​ကား​ကို နား​မ​ထောင်​စေ​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 10,
      "text": "အ​အုပ်​အ​ချုပ်​အ​ကြပ်​အ​ဆော်​တို့​သည် ထွက်၍၊ ဖာ​ရော​ဘု​ရင်​က ကောက်​ရိုး​ကို​ငါ​မ​ပေး။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 11,
      "text": "ကောက်​ရိုး​ကို တွေ့​နိုင်​ရာ​အ​ရပ်၌​ရှာ​ကြ။ သို့​သော်​လည်း လုပ်​ရ​သော အ​လုပ်​အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဟု လူ​တို့​အား ပြန်​ကြား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 12,
      "text": "သို့​ဖြစ်၍ လူ​တို့​သည် ကောက်​ရိုး​အ​တွက် အ​မှိုက်​ကို​ရှာ​ယူ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 13,
      "text": "အုပ်​ချုပ်​သော​သူ​တို့​က​လည်း၊ ကောက်​ရိုး​ကို​ရ​သည်​ကာ​လ၌ နေ့​တိုင်း​လုပ်​ရ​သည်​အ​တိုင်း၊ ပြီး​အောင်​လုပ်​ကြ​ဟု သူ​တို့​ကို​နှိုး​ဆော်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 14,
      "text": "ဖာ​ရော​မင်း၏​အ​အုပ်​အ​ချုပ်​တို့​သည် ခန့်​ထား​သော ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​ကို သင်​တို့​သည် အ​ရင်​က​လုပ်​သည်​အ​တိုင်း၊ ယ​နေ့​နှင့် မ​နေ့၌ အုတ်​လုပ်​ရ​သော​အ​မှု​ကို အ​ဘယ်​ကြောင့် မ​ပြီး​စီး​စေ​ကြ​သ​နည်း​ဟု စစ်​၍​ရိုက်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 15,
      "text": "ထို​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည်၊ ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​တို့​ကို အ​ဘယ်​ကြောင့်​ဤ​သို့​စီ​ရင်​တော်​မူ​သ​နည်း။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 16,
      "text": "ကိုယ်​တော်​ကျွန်​တို့​အား၊ ကောက်​ရိုး​ကို​မ​ပေး၊ အုပ်​ချုပ်​သော​သူ​တို့​က​လည်း၊ အုတ်​ကို​လုပ်​ကြ​ဟု​ဆို​သ​ဖြင့်၊ ကျွန်​တော်​တို့​သည် အ​ရိုက်​ခံ​ရ​ကြ​ပါ၏။ ကိုယ်​တော် လူ​တို့၌​သာ​အ​ပြစ်​ရှိ​ပါ​သည်​ဟု အော်​ဟစ်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 17,
      "text": "ဖာ​ရော​ဘု​ရင်​က​လည်း၊ သင်​တို့​သည် ပျင်း​ရိ​သည်၊ ပျင်း​ရိ​သည်။ ထို​ကြောင့် ငါ​တို့​သည်​သွား၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ​စို့​ဟု သင်​တို့​ဆို​တတ်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 18,
      "text": "သို့​သော​ကြောင့် ယ​ခု​သွား၍​လုပ်​ကြ။ ကောက်​ရိုး​ကို​မ​ပေး​ရ။ သို့​သော်​လည်း အုတ်​ကို​ပေး​မြဲ​ပေး​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 19,
      "text": "ထို​သို့​နေ့​တိုင်း​လုပ်​ရ​သော အုတ်​အ​ရေ​အ​တွက်၌ အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည် မိ​မိ​တို့၌ အ​မှု​ကြီး​ရောက်​ကြောင်း​ကို သိ​မြင်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 20,
      "text": "ဖာ​ရော​မင်း​ထံ​မှ​ထွက်​သွား​ကြ​စဉ်၊ လမ်း၌​စောင့်​လျက်​နေ​သော မော​ရှေ​နှင့် အာ​ရုန်​ကို​တွေ့​လျှင်၊"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 22,
      "text": "မော​ရှေ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​သွား၍၊ အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို အ​ဘယ်​ကြောင့်​ညှဉ်း​ဆဲ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် စေ​လွှတ်​တော်​မူ​သ​နည်း။"
    },
    {
      "book": 2,
      "chapter": 5,
      "verse": 23,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​ခွင့်​နှင့်​ပြော​ခြင်း​ငှာ၊ ဖာ​ရော​မင်း​ထံ​သို့ ဝင်​သည်​နေ့​မှ​စ၍၊ သူ​သည် ဤ​လူ​မျိုး​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။ ကိုယ်​တော်​သည် ကိုယ်​တော်၏​လူ​တို့​ကို အ​လျှင်း​ကယ်​လွှတ်​တော်​မ​မူ​ပါ​ဟု​လျှောက်၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ဖာ​ရော​မင်း၌ အ​ဘယ်​သို့​ပြု​မည်​ကို သင်​သည် ယ​ခု​သိ​လိမ့်​မည်။ သူ​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို​တွေ့​မြင်၍၊ ငါ​၏​လူ​တို့​ကို လွှတ်​ရ​လိမ့်​မည်။ ကြီး​စွာ​သော တန်​ခိုး​ကို​တွေ့​မြင်၍ သူ​တို့​ကို မိ​မိ​ပြည်​မှ​နှင်​ရ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 2,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်​သည် မော​ရှေ​၌ ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 3,
      "text": "ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား၊ အ​န​န္တ​တန်​ခိုး​ရှင်၊ ဘု​ရား​သ​ခင်​နာ​မ​နှင့် ထင်​ရှား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နာ​မ​အား​ဖြင့် သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 4,
      "text": "သူ​တို့​သည်​အ​ရပ်​ရပ်​လည်​၍၊ ဧည့်​သည်​နေ​ရာ​ပြည်၊ ခါ​နာန်​ပြည်​ကို သူ​တို့​အား ပေး​ခြင်း​ငှာ၊ သူ​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​ပြီ။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 5,
      "text": "အဲ​ဂု​တ္တု​လူ​တို့​သည်​အ​စေ​ကျွန်​ခံ​စေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ ငါ့​ပ​ဋိ​ညာဉ်​ကို​လည်း ငါ​အောက်​မေ့​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 6,
      "text": "ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 7,
      "text": "ငါ​၏​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​ငါ​သိမ်း​ယူ​မည်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ ငါ​သည်​သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 8,
      "text": "ငါ​သည်​လည်း၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ကျိန်​ဆို​သော​ပြည်​သို့​ငါ​ပို့​ဆောင်၍၊ အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု​မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 9,
      "text": "ထို​သို့​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​သော်​လည်း၊ သူ​တို့​သည် အ​လွန်​စိတ်​ပင်​ပန်း​၍ ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​ထံ​သို့​ဝင်၍၊"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 11,
      "text": "သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​ရ​မည်​အ​ကြောင်း ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 12,
      "text": "မော​ရှေ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သည်​ဖြစ်​၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​နှုတ်​နှင့် ပြော​တတ်​သော အ​ကျွန်ုပ်၏​စ​ကား​ကို ဖာ​ရော​မင်း​သည် အ​ဘယ်​သို့​နား​ထောင်​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ လျှောက်​ဆို​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 13,
      "text": "သို့​ရာ​တွင် မော​ရှေ​နှင့် အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ​သို့​လည်း​ကောင်း စေ​ခိုင်း​မှာ​ထား​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့၏​အ​မည်​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​သား​ဦး ရု​ဗင်၏​သား​ကား၊ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တည်း။ ဤ​သူ​တို့​သည် ရု​ဗင်​အ​မျိုး​အ​နွယ်​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 15,
      "text": "ရှိ​မောင်၏​သား​ကား၊ ယ​မွေ​လ၊ ယာ​မိန်၊ ဩ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန်​အ​မျိုး​သ​မီး​မိန်း​မ၏​သား ရှော​လ​တည်း။ ဤ​သူ​တို့​သည် ရှိ​မောင်​အ​မျိုး​အ​နွယ်​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 16,
      "text": "လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ လေ​ဝိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 17,
      "text": "ဂေ​ရ​ရှုံ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ လိ​ဗ​နိ​နှင့် ရှိ​မိ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 18,
      "text": "ကော​ဟတ်​သား​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ ကော​ဟတ်​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​သုံး​နှစ်​ရှိ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 19,
      "text": "မေ​ရာ​ရိ​သား​ကား၊ မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း။ ဤ​သူ​တို့​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 20,
      "text": "အာ​မ​ရံ​သည် မိ​မိ​အ​ရီး​ယော​ခေ​ဗက်​နှင့်​စုံ​ဖက်၍၊ သူ​သည် အာ​ရုန်​နှင့်​မော​ရှေ​ကို​လည်း​ကောင်း၊ သူ​တို့​အစ်​မ​မိ​ရိ​အံ​ကို​လည်း​ကောင်း ဖွား​လေ၏။ အာ​မ​ရံ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 21,
      "text": "ဣ​ဇ​ဟာ​သား​ကား၊ ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 22,
      "text": "ဩ​ဇေ​လ​သား​ကား၊ မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 23,
      "text": "အာ​ရုန်​သည် အ​မိ​န​ဒပ်​သ​မီး၊ နာ​ရှုန်​နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်၍၊ သူ​သည် နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့​ကို ဖွား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 24,
      "text": "ကော​ရ​သား​ကား၊ အဿိ​ရ၊ ဧ​လ​ကာ​န၊ အ​ဗျာ​သပ်​တည်း။ ဤ​သူ​တို့​သည် ကော​ရ​အ​ဆွေ​အ​မျိုး​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 25,
      "text": "အာ​ရုန်​သား​ဧ​လ​ဇာ​သည် ပု​တျေ​လ​သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်၍၊ သူ​သည် ဖိ​န​ဟတ်​ကို​ဖွား​လေ၏။ ဤ​သူ​တို့​သည်​လေ​ဝိ​အ​မျိုး၊ အ​သီး​အ​သီး​တို့၏ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ပါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လော့​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို​ခံ​သော​သူ၊"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 27,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ လျှောက်​ရ​သော​သူ​တို့​သည်၊ ထို​အာ​ရုန်​နှင့် မော​ရှေ​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 28,
      "text": "အဲ​ဂု​တ္တု​ပြည်​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား ဗျာ​ဒိတ်​ထား​တော်​မူ​သော​နေ့​ရက်၌​လည်း၊"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 29,
      "text": "ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 6,
      "verse": 30,
      "text": "မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​နှုတ်​ရှိ​သည်​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​ဘယ်​သို့ နား​ထောင်​ပါ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ​လျှောက်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ သင့်​ကို ဖာ​ရော​ဘု​ရင်၏ ဘု​ရား​အ​ရာ၌ ငါ​ခန့်​ထား၏။ သင်၏​အစ်​ကို​အာ​ရုန်​သည်၊ သင်၏​ပ​ရော​ဖက်​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 2,
      "text": "ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို သင်​သည်​ပြန်​ပြော​ရ​မည်။ ဖာ​ရော​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​လိုက်​ရ​မည်​အ​ကြောင်း​ကို၊ သင်၏​အစ်​ကို အာ​ရုန်​သည် သူ့​ထံ၌​လျှောက်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 3,
      "text": "ငါ​သည်​လည်း ဖာ​ရော​မင်း၏​နှ​လုံး​ကို​ခိုင်​မာ​စေ၍၊ အဲ​ဂု​တ္တု​ပြည်၌ ငါ၏​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​များ​ပြား​စေ​မည်။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 4,
      "text": "သို့​သော်​လည်း ဖာ​ရော​မင်း​သည်​သင်​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်။ ငါ​သည်​လည်း ငါ့​လက်​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​တင်၍ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် ငါ၏​ဗိုလ်​ပါ​များ၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​မည်။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 5,
      "text": "ထို​သို့​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ငါ့​လက်​ကို​ဆန့်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​အ​ထဲ​မှ နုတ်​ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​သိ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 6,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ပြု​ကြ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 7,
      "text": "ဖာ​ရော​ဘု​ရင်​ထံ၌​လျှောက်​ကြ​သော​အ​ခါ၊ မော​ရှေ၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​ရှိ၏။ အာ​ရုန်၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​သုံး​နှစ်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 8,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 9,
      "text": "ဖာ​ရော​ဘု​ရင်​က၊ သင်​တို့​အ​တွက် ထူး​ဆန်း​သော​တန်​ခိုး​ကို​ပြ​လော့​ဟု​ဆို​လျှင်၊ သင်၏​လှံ​တံ​ကို​ယူ၍ ရှေ့​တော်၌​ချ​လော့​ဟု အာ​ရုန်​အား​ပြော​လော့။ လှံ​တံ​သည်​လည်း မြွေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 10,
      "text": "မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​သ​ဖြင့်၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချ၍ မြွေ​ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 11,
      "text": "ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 12,
      "text": "မိ​မိ​တို့​ကိုင်​သော​လှံ​တံ​များ​ကို​ချ၍ မြွေ​ဖြစ်​ကြ​လေ၏။ သို့​သော်​လည်း အာ​ရုန်၏​လှံ​တံ​သည် သူ​တို့၏​လှံ​တံ​များ​ကို မျို​လေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည်​နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 15,
      "text": "နံ​နက်​အ​ချိန်၌ ဖာ​ရော​ဘု​ရင်​ထံ​သို့​သွား​လော့။ သူ​သည် ရေ​ဆိပ်​သို့ သွား​လိမ့်​မည်။ သူ​မ​ရောက်​မီ သင်​သည် မြစ်​ကမ်း​နား​မှာ​ရပ်​နေ​လော့။ မြွေ​ဖြစ်​သော လှံ​တံ​ကို​လည်း လက်​တွင်​ကိုင်​လော့။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 16,
      "text": "ဟေ​ဗြဲ​အ​မျိုး​သား​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​လူ​တို့​သည်​တော၌ ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့​ဟု အ​မိန့်​တော်​ပါ​သော ကျွန်ုပ်​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​တော်​မူ​ပြီ။ ကိုယ်​တော်​သည် ယ​ခု​တိုင်​အောင် နား​မ​ထောင်​ဘဲ​နေ​ပါ​သည်​တ​ကား။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ ငါ​ကိုင်​သော​လှံ​တံ​နှင့် မြစ်​ရေ​ကို​ရိုက်၍ ထို​ရေ​သည် အ​သွေး​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 18,
      "text": "မြစ်၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​လိမ့်​မည်။ မြစ်​ရေ​လည်း​နံ​လိမ့်​မည်၊ အဲ​ဂု​တ္တု​လူ​တို့​သည်​လည်း မြစ်​ရေ​ကို​ရွံ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 19,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​အား သင်၏​လှံ​တံ​ကို​ယူ၍ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ၊ ကန်​ရေ၊ တွင်း​ရေ​ရှိ​သ​မျှ​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့။ ထို​ရေ​ရှိ​သ​မျှ​တို့​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၊ သစ်​ခွက်၊ ကျောက်​အိုး၌​မျှ​မ​ကြွင်း အ​သွေး​ရှိ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 20,
      "text": "မော​ရှေ​နှင့် အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ပြု၍၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချီ၍ မြစ်​ရေ​ကို ရိုက်​သ​ဖြင့်၊ မြစ်​ရေ​ရှိ​သ​မျှ​သည်​အ​သွေး​ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 21,
      "text": "မြစ်၌​ရှိ​သော ငါး​တို့​သည်​လည်း​သေ​ကြ၍၊ မြစ်​ရေ​နံ​သော​ကြောင့်၊ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​ကြ။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​သွေး​နှံ့​ပြား​လျက်​ရှိ​လေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 22,
      "text": "အဲ​ဂု​တ္တု​အ​မျိုး​သား​ဝိ​ဇ္ဇာ​ဆ​ရာ​တို့​လည်း ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ထို​အ​တူ​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 23,
      "text": "နန်း​တော်​သို့​လှည့်​လည်​ပြန်​သွား၍ ထို​အ​မှု​ကို နှ​လုံး​မ​သွင်း​ဘဲ​နေ​လေ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 24,
      "text": "ထို​အ​ခါ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​သော​ကြောင့်၊ သောက်​ရေ​ကို​ရ​ခြင်း​ငှာ မြစ်​နား​မှာ​တွင်း​တူး​ကြ၏။"
    },
    {
      "book": 2,
      "chapter": 7,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကို​ဒဏ်​ခတ်၍ ခု​နစ်​ရက်​ကို​လွန်​စေ​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 2,
      "text": "မ​လွှတ်​ဘူး​ဟု​ငြင်း​လျှင်၊ သင်၏​ပြည်​တစ်​လျှောက်​လုံး​ကို ဖား​တို့​ဖြင့် ဒဏ်​ခတ်​ဦး​မည်။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 3,
      "text": "မြစ်​သည်​လည်း​များ​စွာ​သော ဖား​တို့​ကို​ဖွား​၍၊ သူ​တို့​သည်​သင်​၏​အိမ်၌​လည်း​ကောင်း၊ အိပ်​ခန်း၌​လည်း​ကောင်း၊ အိပ်​ရာ​ပေါ်၌​လည်း​ကောင်း၊ သင်၏​ကျွန်​တို့​အိမ်၌​လည်း​ကောင်း၊ သင်၏​လူ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​မီး​ဖို၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း တက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 4,
      "text": "သင်​မှ​စ၍ သင်၏​လူ၊ သင်၏​ကျွန်​ရှိ​သ​မျှ​တို့​အ​ပေါ်၌ တက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို ကြား​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 5,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​သည် ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ​တို့​အ​ပေါ်​၌ လှံ​တံ​ကို​ကိုင်​လျက်၊ လက်​ကို​ဆန့်၍ အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​သို့ ဖား​များ​ကို​တက်​စေ​ခြင်း​ငှာ​ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 6,
      "text": "အာ​ရုန်​သည် အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ရေ​အ​ပေါ်​မှာ လက်​ကို​ဆန့်​သ​ဖြင့်၊ ဖား​တို့​သည်​တက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​ကို ဖုံး​လွှမ်း​ကြ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 7,
      "text": "ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်​လည်း ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍ ဖား​တို့​ကို အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​သို့ ဆောင်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 8,
      "text": "ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 9,
      "text": "မော​ရှေ​က​လည်း၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ​မှ​ဖား​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး၍၊ မြစ်၌​သာ​နေ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​ကျွန်​များ၊ လူ​များ​အ​ဖို့ အ​ကျွန်ုပ်​တောင်း​ပန်​ရ​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​ဟု လျှောက်​သော်၊"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 10,
      "text": "နက်​ဖြန်​နေ့​တောင်း​ပန်​လော့​ဟု မိန့်​တော်​မူ​သည်​ဖြစ်၍၊ မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ​သော ဘု​ရား​မ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ အ​မိန့်​တော်​အ​တိုင်း​ဖြစ်၍၊"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 11,
      "text": "ဖား​တို့​သည်​ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ၊ ကျွန်​များ၊ လူ​များ​ထံ​မှ​ထွက်​သွား၍ မြစ်၌​သာ​နေ​ကြ​လိမ့်​မည်​ဟု မော​ရှေ​လျှောက်​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 12,
      "text": "အာ​ရုန်​နှင့်​အ​တူ အ​ထံ​တော်​မှ​ထွက်​သွား၍၊ ဖာ​ရော​ဘု​ရင်​အ​ပေါ်​သို့ ထာ​ဝ​ရ​ဘု​ရား​ဆောင်​တော်​မူ​သော ဖား​တို့​အ​ကြောင်း​ကြောင့်၊ မော​ရှေ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လေ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​တောင်း​လျှောက်​သော စ​ကား​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်၊ ဖား​တို့​သည် အိမ်​များ၊ ရွာ​များ၊ လယ်​ပြင်​များ​တို့​တွင် သေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 14,
      "text": "အ​သေ​ကောင်​တို့​ကို​စု​ပုံ၍​ထား​သ​ဖြင့် တစ်​ပြည်​လုံး​နံ​လေ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 15,
      "text": "ဖာ​ရော​မင်း​လည်း၊ သက်​သာ​ရ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 16,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရှိ​သော မြေ​မှုန့်​သည်​ခြင်​ကောင်​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍၊ မြေ​မှုန့်​ကို​ရိုက်​စေ​ခြင်း​ငှာ ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 17,
      "text": "အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍ မြေ​မှုန့်​ကို​ရိုက်​လေ၏။ မြေ​မှုန့်​သည်​လည်း လူ၌​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်၌​လည်း​ကောင်း ခြင်​ကောင်​ဖြစ်​လေ၏။ အဲ​ဂု​တ္တု​ပြည် တစ်​လျှောက်​လုံး၌​မြေ​မှုန့်​ရှိ​သ​မျှ​သည် ခြင်​ကောင်​ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 18,
      "text": "ဝိ​ဇ္ဇာ​ဆ​ရာ​တို့​လည်း၊ ခြင်​ကောင်​တို့​ကို​ဖြစ်​စေ​ခြင်း​ငှာ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ထို​အ​တူ​ပြု၍ မ​တတ်​နိုင်​ကြ။ သို့​ဖြစ်၍ လူ​တို့​နှင့် တိ​ရ​စ္ဆာန်​တို့၌ ခြင်​ကောင်​တို့​သည် ရှိ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 19,
      "text": "ထို​အ​ခါ ဝိ​ဇ္ဇာ​ဆ​ရာ​တို့​က၊ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်၏ တန်​ခိုး​ကြောင့်​ဖြစ်​သည်​ဟု ဖာ​ရော​ဘု​ရင်​အား​လျှောက်​ကြား​ကြ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် နံ​နက်​စော​စော​ထ​လော့။ ရေ​ဆိပ်​သို့​ထွက်​သွား​သော ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်၍ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 21,
      "text": "မ​လွှတ်​ဘဲ​နေ​လျှင် သင်​နှင့်​သင်၏​ကျွန်​များ၊ လူ​များ၊ အိမ်​များ​ထဲ​သို့ ယင်​ရဲ​တို့​ကို ငါ​စေ​လွှတ်​သ​ဖြင့် အဲ​ဂု​တ္တု​လူ​တို့​နေ​သော​အိမ်၊ ရပ်​သော​မြေ​သည် ယင်​ရဲ​နှင့်​အ​ပြည့်​ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 22,
      "text": "ငါ​သည် မြေ​ကြီး​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​စေ​ခြင်း​ငှာ ငါ၏​လူ​တို့​နေ​ရာ​ဂေါ​ရှင်​ပြည်​ကို ထို​နေ့၌​ငါ​ခြား​နား​စေ၍၊ ထို​ပြည်၌ ယင်​ရဲ​မ​ရှိ​ရ။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 23,
      "text": "ထို​သို့ ငါ၏​လူ​တို့​နှင့် သင်၏​လူ​တို့​ကို ငါ​ခြား​နား​စေ​မည်။ နက်​ဖြန်​နေ့၌ ထို​နိ​မိတ်​ထင်​ရှား​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 24,
      "text": "ထို​သို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်၊ အ​လွန်​ကြမ်း​တမ်း​သော ယင်​ရဲ​တို့​သည်၊ ဖာ​ရော​ဘု​ရင်​အိမ်​အ​စ​ရှိ​သော သူ၏​ကျွန်​တို့​အိမ်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရောက်​လာ၍၊ ထို​ယင်​ရဲ​တို့​ကြောင့် အဲ​ဂု​တ္တု​ပြည်​ပျက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 25,
      "text": "ထို​အ​ခါ၊ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​ပြီး​လျှင်၊ သင်​တို့​သည် ဤ​ပြည်၌ သင်​တို့၏​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သော်၊"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 26,
      "text": "မော​ရှေ​က ထို​သို့​မ​ပြု​သင့်။ ပြု​လျှင် အဲ​ဂု​တ္တု​လူ​တို့၏ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​ပါ​မည်။ အဲ​ဂု​တ္တု​လူ​တို့၏ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သူ​တို့​မျက်​မှောက်၌ ယဇ်​ပူ​ဇော်​လျှင်၊ သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ခဲ​နှင့်​ပစ်​ကြ​ပါ​လိမ့်​မည် မ​ဟုတ်​လော။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 27,
      "text": "သို့​ဖြစ်၍ တော၌​သုံး​ရက်​ခ​ရီး​သွား၍ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယဇ်​ပူ​ဇော်​ကြ​ပါ​မည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 28,
      "text": "ဖာ​ရော​ဘု​ရင်​က​လည်း၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား၊ တော၌ ယဇ်​ပူ​ဇော်​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။ သို့​ရာ​တွင် ဝေး​ဝေး​မ​သွား​ရ​ကြ။ ငါ့​အ​ဖို့​တောင်း​ပန်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 29,
      "text": "မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ​ထွက်​သွား၍ ယင်​ရဲ​တို့​သည် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ လူ​များ​ထံ​မှ၊ နက်​ဖြန်​နေ့​သွား​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန်​ဆီး​တား၍ လှည့်​စား​တော်​မ​မူ​ပါ​နှင့်​ဟု​လျှောက်​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 30,
      "text": "ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​သွား၍ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မော​ရှေ​စ​ကား​ကို​နား​ထောင်၍ ယင်​ရဲ​တို့​ကို ဖာ​ရော​ဘု​ရင်​နှင့်​သူ၏​ကျွန်​များ၊ လူ​များ​ထံ​မှာ တစ်​ကောင်​မျှ​မ​ကျန်​စေ​ခြင်း​ငှာ ပယ်​ရှား​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 8,
      "verse": 32,
      "text": "ထို​အ​ခါ၌​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 2,
      "text": "မ​လွှတ်​ဘူး​ဟု​ငြင်း၍ ဆီး​တား​သေး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် လယ်​ပြင်၌​ရှိ​သော တိ​ရ​စ္ဆာန်၊ မြင်း၊ မြည်း၊ ကု​လား​အုတ်၊ သိုး၊ နွား​တို့​အ​ပေါ်၌​ရောက်၍ အ​လွန်​ပြင်း​စွာ​သော​ရော​ဂါ​စွဲ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​လူ​တို့၏​တိ​ရ​စ္ဆာန်​နှင့် အဲ​ဂု​တ္တု​လူ​တို့၏ တိ​ရ​စ္ဆာန်​ကို​ခြား​နား​စေ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော တိ​ရ​စ္ဆာန် တစ်​ကောင်​မျှ​မ​သေ​ရ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 5,
      "text": "နက်​ဖြန်​နေ့၊ အဲ​ဂု​တ္တု​ပြည်၌ ထို​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​မည်​ဟု မှန်​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပြီ​ဟု ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 6,
      "text": "နက်​ဖြန်​နေ့၌ ထို​အ​မှု​ကို​ပြု​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​သေ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့၏ တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 7,
      "text": "ဖာ​ရော​ဘု​ရင်​သည် လူ​ကို​စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​သေ​ကြောင်း​ကို သိ​ရ၏။ သို့​သော်​လည်း နှ​လုံး​ခိုင်​မာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ယူ၍ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ရှေ့၌ မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​စေ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 9,
      "text": "ထို​ပြာ​သည် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ နှံ့​ပြား​သော​အ​မှုန့်​ဖြစ်၍၊ ပြည်​တစ်​လျှောက်​လုံး​တွင် လူ​နှင့်​တိ​ရ​စ္ဆာန်​တို့၌ အ​ခဲ​အ​ကျိတ်​ပြည့်​သော​အ​နာ​ဆိုး​ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​နှင့် အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 10,
      "text": "သူ​တို့​သည်​မီး​ဖို​ထဲ​က​ပြာ​ကို​ယူ၍၊ ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်​လျက်၊ မော​ရှေ​သည် မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​သ​ဖြင့်၊ ထို​ပြာ​သည် လူ​နှင့်​တိ​ရ​စ္ဆာန်​တို့၌ အ​ခဲ​အ​ကျိတ်​ပြည့်​သော​အ​နာ​ဆိုး​ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 11,
      "text": "ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်​အ​နာ​ဆိုး​ကြောင့်၊ မော​ရှေ​ရှေ့၌ မ​ရပ်​မ​နေ​နိုင်။ ထို​အ​နာ​ဆိုး​သည် ဝိ​ဇ္ဇာ​ဆ​ရာ​တို့၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၌​လည်း​ကောင်း​စွဲ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သည်​ဖြစ်၍၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 13,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ နံ​နက်​စော​စော​ထ၍၊ ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်​လျက်၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 14,
      "text": "သို့​မ​ဟုတ် ယ​ခု​ကာ​လ​အ​ခါ​သင်၏​နှ​လုံး၌​လည်း​ကောင်း၊ သင်၏​ကျွန်​များ၊ လူ​များ၌​လည်း​ကောင်း၊ ငါ၏​ဘေး​ဒဏ်​အ​လုံး​စုံ​တို့​ကို သင့်​ရောက်​စေ​မည်။ မြေ​ကြီး​တစ်​လျှောက်​လုံး၌ ငါ​ကဲ့​သို့​သော​သူ​မ​ရှိ​ကြောင်း​ကို သင်​သည်​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 15,
      "text": "ငါ့​လက်​ကို​ငါ​ဆန့်၍ သင်​နှင့်​သင်၏​လူ​တို့​ကို ကာ​လ​နာ​ဖြင့် ဒဏ်​ခတ်​မည်။ သင့်​ကို​လည်း​မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​မည်။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 16,
      "text": "အ​ကယ်​စင်​စစ် ငါ့​တန်​ခိုး​ကို သင်၌​ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​ငါ​ချီး​မြှောက်​ခဲ့​ပြီ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 17,
      "text": "သင်​သည်​ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ၊ သူ​တို့​ကို​စော်​ကား​သေး​သ​လော။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 18,
      "text": "ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 19,
      "text": "ထို​ကြောင့် ယ​ခု​စေ​လွှတ်၍၊ လယ်​ပြင်၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​နှင့် ရှိ​လေ​သ​မျှ​တို့​ကို သိမ်း​ယူ​လော့။ အိမ်​သို့​မ​ဆောင်​လျှင်၊ လယ်​ပြင်၌ တွေ့​သ​မျှ​သော​လူ​နှင့် တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ​မိုး​သီး​ကျ​၍၊ သူ​တို့​သည် သေ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ကြောက်​ရွံ့​သော ဖာ​ရော​ဘု​ရင်၏​ကျွန်​တို့​သည်၊ မိ​မိ​ကျွန်​နှင့် မိ​မိ​တိ​ရ​စ္ဆာန်​တို့​ကို အိမ်​သို့​ပြေး​စေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပ​မာ​ဏ​မ​ပြု​သော​သူ​တို့​သည်၊ မိ​မိ​ကျွန်၊ မိ​မိ​တိ​ရ​စ္ဆာန်​တို့​ကို လယ်​ပြင်၌​ထား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ လူ​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ လယ်​ပြင်၌​ရှိ​လေ​သ​မျှ​သော​အ​ပင်​များ​အ​ပေါ်​မှာ​လည်း​ကောင်း၊ မိုး​သီး​ရွာ​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 23,
      "text": "မော​ရှေ​သည်​မိ​မိ​လှံ​တံ​ကို မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကြိုး​နှင့်​မိုး​သီး​ကို လွှတ်​တော်​မူ၏။ မီး​သည်​လည်း မြေ​ပေါ်​မှာ​ပြေး​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်၌ မိုး​သီး​ရွာ​စေ​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 24,
      "text": "အဲ​ဂု​တ္တု​ပြည်​တည်​ထောင်​သည်​ကာ​လ​မှ​စ၍ တစ်​ခါ​မျှ​မ​ဖြစ်​ဖူး သော မိုး​သီး၊ မီး​နှင့်​ရော၍ အ​လွန်​ပြင်း​ထန်​စွာ​သော မိုး​သီး​ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 25,
      "text": "အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌၊ လယ်​ပြင်​မှာ​ရှိ​သ​မျှ​သော လူ​နှင့်​တိ​ရ​စ္ဆာန်​များ၊ မြက်​ပင်​များ၊ သစ်​ပင်​များ​တို့​ကို မိုး​သီး​ထိ​လေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 26,
      "text": "သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​နေ​ရာ ဂေါ​ရှင်​ပြည်၌ မိုး​သီး​မ​ကျ​မ​ရွာ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 27,
      "text": "ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်​လူ​ကို​စေ​လွှတ်၍၊ မော​ရှေ​နှင့်​အာ​ရုန်​ကို ခေါ်​ပြီး​လျှင်၊ ဤ​အ​မှု၌​ငါ​ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​ပြစ်​များ​ပါ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 28,
      "text": "တန်​ပါ​ပြီ။ အား​ကြီး​သော​မိုး​ကြိုး​နှင့် မိုး​သီး​စဲ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ။ သင်​တို့​ကို​ငါ​မ​ဆီး​မ​တား အ​လျင်​အ​မြန်​လွှတ်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 29,
      "text": "မော​ရှေ​က​လည်း၊ မြို့​ထဲ​က​ကျွန်ုပ်​ထွက်​သွား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျွန်ုပ်​လက်​ဝါး​တို့​ကို​ဖြန့်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို​အ​စိုး​ရ​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ မိုး​ကြိုး​စဲ​လိမ့်​မည်။ မိုး​သီး​လည်း​မ​ကျ​မ​ရွာ​ရ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 30,
      "text": "သို့​သော်​လည်း​ကိုယ်​တော်​နှင့် ကိုယ်​တော်၏​ကျွန်​တို့​သည်၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သေး​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 31,
      "text": "ပိုက်​ဆန်​ပင်၊ မု​ယော​ပင်​ကို​မိုး​သီး​ထိ၏။ မု​ယော​ပင်​သည် အ​သီး​အ​နှံ​နှင့်​ပြည့်​စုံ​ပြီ။ ပိုက်​ဆန်​ပင်​လည်း​အ​သီး​မှည့်​ပြီ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 32,
      "text": "ဂျုံ​စ​ပါး၊ ကောက်​စ​ပါး​ပင်​ကို​ကား​မ​ထိ။ ထို​အ​ပင်​တို့​သည် မ​ပေါက်​ကြ​သေး။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 33,
      "text": "မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်၍ မြို့​ပြင်​သို့​သွား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​ဝါး​တို့​ကို​ဖြန့်​သ​ဖြင့်၊ မိုး​ကြိုး​နှင့်​မိုး​သီး​စဲ​လေ၏။ မြေ​ပေါ်၌​လည်း မိုး​မ​ရွာ။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 34,
      "text": "ထို​သို့​မိုး​မ​ရွာ၍ မိုး​သီး​နှင့်​မိုး​ကြိုး​စဲ​သည်​ကို ဖာ​ရော​ဘု​ရင်​မြင်​လျှင်၊ တစ်​ဖန်​ပြစ်​မှား၍၊ ကျွန်​များ​နှင့်​တ​ကွ နှ​လုံး​ခိုင်​မာ​လျက်​နေ၏။"
    },
    {
      "book": 2,
      "chapter": 9,
      "verse": 35,
      "text": "ထို​သို့​ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ​သည်​ဖြစ်၍၊ မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မ​လွှတ်​ဘဲ​နေ​ပြန်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 1,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​လော့။ ငါ​သည် ဤ​နိ​မိတ်​တို့​ကို သူ​ရှေ့၌​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 2,
      "text": "အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 3,
      "text": "မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 4,
      "text": "သို့​မ​ဟုတ် ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ​နေ​လျှင်၊ ကြည့်​ရှု​လော့။ ကျိုင်း​ကောင်​တို့​ကို သင်၏​ပြည်​သို့ နက်​ဖြန်​ငါ​ဆောင်​ခဲ့​မည်။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 5,
      "text": "မြေ​မ​ထင်​ပေါ်​နိုင်​အောင် သူ​တို့​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​ကြ​လိမ့်​မည်။ မိုး​သီး​မ​ဖျက်၊ သင်​တို့​၌​ကျန်​ကြွင်း​သေး​သ​မျှ​ကို​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ မြေ​၌ ပေါက်​သ​မျှ​သော​အ​ပင်​တို့​ကို​လည်း​ကောင်း စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 6,
      "text": "သင်၏​ဘိုး​ဘေး​တို့​သည် မြေ​ပေါ်​မှာ​ဖြစ်​သည်​ကာ​လ​မှ​စ၍၊ ယ​နေ့​တိုင်​အောင် မ​မြင်​ဖူး​သ​ကဲ့​သို့၊ သင်၏​အိမ်​များ၊ သင်၏​ကျွန်​တို့​အိမ်​များ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၏ အိမ်​များ​တို့​ကို ဖြည့်​ကြ​လိမ့်​မည်​ဟု​ဆို​ပြီး​လျှင်၊ လှည့်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 7,
      "text": "ဖာ​ရော​ဘု​ရင်၏​ကျွန်​တို့​က​လည်း၊ ဤ​လူ​သည် ငါ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နှောင့်​ယှက်​ပါ​လိမ့်​မည်​နည်း။ ထို​သူ​တို့​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။ အဲ​ဂု​တ္တု​ပြည်​ပျက်​ကြောင်း​ကို သိ​တော်​မ​မူ​သေး​သ​လော​ဟု လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 8,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​ကို တစ်​ဖန်​ဖာ​ရော​ဘု​ရင်​ထံ​သို့ သွင်း​ပြန်၍၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သွား​ရ​သော​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 9,
      "text": "မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​သည် သူ​ငယ်၊ သူ​အို၊ သား​သ​မီး၊ သိုး၊ နွား​ပါ​လျက် သွား​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပွဲ​ခံ​ရ​ပါ​မည်​ဟု ပြန်​ဆို​လေ​သော်၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 10,
      "text": "ဖာ​ရော​မင်း​က၊ သင်​တို့​နှင့် သူ​ငယ်​များ​ကို​ငါ​လွှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ရှိ​စေ​သော။ သ​တိ​ပြု၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သည်​တ​ကား။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 11,
      "text": "ထို​သို့​မ​ဖြစ်​ရာ။ အ​ရင်​တောင်း​လျှောက်​သည်​အ​တိုင်း၊ ယောက်ျား​ဖြစ်​သော​သူ​တို့​သာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကြ​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​အ​ထံ​တော်​မှ နှင်​ကြ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍ မိုး​သီး​မ​ဖျက်၊ မြေ​ပေါ်​မှာ ကျန်​ရစ်​သော​အ​ပင်​ရှိ​သ​မျှ​တို့​ကို စား​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 13,
      "text": "မော​ရှေ​သည် မိ​မိ​လှံ​တံ​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဆန့်​သ​ဖြင့်၊ ထို​နေ့​နှင့် ထို​ည​ပတ်​လုံး၊ အ​ရှေ့​လေ​ကို မြေ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​လာ​စေ​တော်​မူ၍၊ နံ​နက်​ရောက်​မှ အ​ရှေ့​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​ခဲ့​လေ​၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 14,
      "text": "ထို​ကျိုင်း​တို့​သည် အဲ​ဂု​တ္တု​ပြည်​လုံး​ကို​လွှမ်း​မိုး၍၊ ပြည်​နယ်​နိ​မိတ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နား​သ​ဖြင့် အ​လွန်​များ​ပြား​ကြ၏။ ထို​သို့​သော ကျိုင်း​တို့​သည် ရှေး​က​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း​မ​ဖြစ်​ရ​လ​တ္တံ့။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 15,
      "text": "မြေ​မည်း​သည်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​ကို​ဖုံး​အုပ်၍ တစ်​ပြည်​လုံး​တွင် မြက်​ပင်​ရှိ​သ​မျှ မိုး​သီး​နှင့် လွတ်​သော​သစ်​သီး​ရှိ​သ​မျှ​ကို စား​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် သစ်​ပင်​မြက်​ပင်​တို့၌ စိမ်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ရစ်။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 16,
      "text": "ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​ကို အ​လျင်​အ​မြန်​ခေါ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လည်း​ကောင်း ငါ​ပြစ်​မှား​ပါ​ပြီ။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 17,
      "text": "သို့​ဖြစ်၍ သည်​တစ်​ခါ ငါ့​အ​ပြစ်​ကို​သည်း​ခံ​ပါ​လော့။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​သေ​ဘေး​တစ်​ခု​ကို​သာ ငါ​မှ​ပယ်​ရှား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ​ဟု​ဆို​သည်​ရှိ​သော်၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 18,
      "text": "မော​ရှေ​သည် အ​ထံ​တော်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​အ​နောက်​လေ​ကို လွှတ်​တော်​မူ​သ​ဖြင့်၊ ထို​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​သွား၍ ဧ​ဒုံ​ပင်​လယ်၌​ချ​ပစ်​လေ၏။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ကျိုင်း​တစ်​ကောင်​မျှ​မ​ကျန်​ရစ်။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 20,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မ​လွှတ်​ဘဲ​နေ​ပြန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 21,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ မှောင်​မိုက် သာ​မ​ည​မ​ဟုတ်၊ စမ်း​သပ်၍​တွေ့​ရ​သော မှောင်​မိုက်​ဖြစ်​စေ​ခြင်း​ငှာ၊ သင်၏​လက်​ကို မိုး​ကောင်း​ကင်​သို့​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 22,
      "text": "မော​ရှေ​သည် မိ​မိ​လက်​ကို​မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​၌ ထူ​ထပ်​သော​မှောင်​မိုက်​သည် သုံး​ရက်​ပတ်​လုံး ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 23,
      "text": "ထို​အ​ခါ တစ်​ယောက်​ကို​တစ်​ယောက် မ​မြင်​နိုင်​ကြ။ သုံး​ရက်​ပတ်​လုံး အ​ဘယ်​သူ​မျှ မိ​မိ​နေ​ရာ​မှ​မ​ထ​ရ​ကြ။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​နေ​ရာ၌ အ​လင်း​ကို​ရ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 24,
      "text": "ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သိုး​နွား​များ​ကို​ထား​ခဲ့​ကြ​စေ။ သူ​ငယ်​များ​ကို ခေါ်​ကြ​စေ​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 25,
      "text": "မော​ရှေ​က​လည်း၊ ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ယဇ်​ကောင်​များ၊ မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို ကိုယ်​တော်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 26,
      "text": "ကျွန်ုပ်​တို့​သည် တိ​ရ​စ္ဆာန်​များ​ကို​ဆောင်​သွား​ရ​မည်။ တစ်​ကောင်​မျှ မ​ကျန်​ရစ်​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​အ​ထဲ​က ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​စ​ရာ​ဖို့ ရွေး​ယူ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​ဘယ်​မည်​သော​အ​ကောင်​နှင့် ဝတ်​ပြု​ရ​မည်​ကို ထို​အ​ရပ်​သို့​မ​ရောက်​မီ မ​သိ​ပါ​ဟု​ဆို​လေ​သော်၊"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏ နှ​လုံး​ကို​ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လွှတ်။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 28,
      "text": "မော​ရှေ​ကို​လည်း၊ ငါ့​ထံ​မှ​ထွက်​သွား​လော့။ နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​အောင် သ​တိ​ပြု​လော့။ ငါ့​မျက်​နှာ​ကို​မြင်​သော​နေ့၌ သေ​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 10,
      "verse": 29,
      "text": "မော​ရှေ​က​လည်း၊ မိန့်​တော်​မူ​ချက်​သည် လျောက်​ပတ်​ပါ၏။ မျက်​နှာ​တော်​ကို နောက်​တစ်​ဖန်​မ​မြင်​ပါ​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 1,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က၊ ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဘေး​တစ်​ပါး​ကို ငါ​ရောက်​စေ​ဦး​မည်။ ထို​နောက် သင်​တို့​ကို​လွှတ်​လိမ့်​မည်။ လွှတ်​သော​အ​ခါ၌​လည်း၊ အ​ကယ်၍ သင်​တို့​ကို​တစ်​ပြိုင်​နက်​နှင်​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​လူ​ယောက်ျား​သည်၊ အိမ်​နီး​ချင်း​ယောက်ျား၌​လည်း​ကောင်း၊ မိန်း​မ​သည် အိမ်​နီး​ချင်း​မိန်း​မ၌​လည်း​ကောင်း၊ ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​တို့​ကို တောင်း​စေ​ခြင်း​ငှာ၊ လူ​များ​တို့​အား​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 3,
      "text": "သူ​တို့​တောင်း​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖြစ်​စေ​တော်​မူ၏။ မော​ရှေ​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်၏​ကျွန်​များ၊ လူ​များ​ရှေ့၌ ကြီး​စွာ​သော​အ​သ​ရေ​ရှိ​လေ၏။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 4,
      "text": "ထို​အ​ခါ မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန်း​ခေါင်​အ​ချိန်၌ အဲ​ဂု​တ္တု​ပြည်​အ​လယ်​သို့​ငါ​ထွက်​သွား​မည်။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 5,
      "text": "နန်း​ထိုင်​သော ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍၊ ကြိတ်​ဆုံ​နောက်၌ ထိုင်​သော ကျွန်​မ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သ​မျှ​သော သား​ဦး​တို့​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​ရှိ​သ​မျှ​တို့​သည် သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 6,
      "text": "အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ရှေး​ကာ​လ၌​မ​ဖြစ်​စ​ဖူး၊ နောင်​ကာ​လ၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 7,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​လူ​တို့​နှင့် ဣ​သ​ရေ​လ​လူ​တို့​ကို ခြား​နား​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​လူ​တစ်​စုံ​တစ်​ယောက်​ကို ခွေး​တစ်​ကောင်​မျှ​မ​ဟိန်း​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 8,
      "text": "ကိုယ်​တော်၏​ကျွန်​ဖြစ်​သော ဤ​လူ​အ​ပေါင်း​တို့​သည်​လည်း ကျွန်ုပ်​ထံ​သို့​လာ၍ ပျပ်​ဝပ်​လျက် ထွက်​သွား​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော်​နောက်၌​လိုက်​သော လူ​အ​ပေါင်း​တို့ ထွက်​သွား​ကြ​ပါ​ဟု ပြော​ဆို​ပြီး​မှ ကျွန်ုပ်​ထွက်​သွား​ပါ​မည်​ဟု လျှောက်​ဆို​သ​ဖြင့်၊ အ​မျက်​ထွက်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ၏။"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ များ​ပြား​မည်​အ​ကြောင်း၊ ဖာ​ရော​ဘု​ရင်​သည် သင်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 2,
      "chapter": 11,
      "verse": 10,
      "text": "မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဖာ​ရော​ဘု​ရင်​ရှေ့​မှာ ဤ​အံ့​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ပြည်​တော်​မှ ထွက်​သွား​ရ​သော​အ​ခွင့်​ကို မ​ပေး​ဘဲ​နေ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၌ မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 2,
      "text": "ဤ​လ​သည် သင်​တို့၌ လ​ဦး​တည်း​ဟူ​သော နှစ်​စဉ်​တွင် ပ​ထ​မ​လ​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 3,
      "text": "သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 4,
      "text": "အိမ်​ထောင်​ငယ်၍ သိုး​သ​ငယ်​တစ်​ကောင်​နှင့် မ​တန်​လျှင်၊ နီး​စပ်​သော​အိမ်​နီး​ချင်း​နှင့် စပ်​ဖက်၍ လူ​မည်​မျှ​ရှိ​သည်​ဟု ရေ​တွက်​ပြီး​လျှင်၊ တစ်​ကောင်​ကို စား​လောက်​သော​သူ​များ​ကို​ထောက်၍ သိုး​သ​ငယ်​တစ်​ကောင်​ကို ယူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 5,
      "text": "သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 6,
      "text": "ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 7,
      "text": "သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 8,
      "text": "အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 9,
      "text": "အ​သား​စိမ်း​သည်​ဖြစ်​စေ၊ ရေ​နှင့်​ပြုတ်​သည်​ဖြစ်​စေ မ​စား​ရ။ ခေါင်း၊ ခြေ​ထောက်၊ အ​သည်း၊ နှ​လုံး​စ​သည်​တို့​နှင့်​တ​ကွ၊ မီး​ကင်​ပြီး​မှ စား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 10,
      "text": "နံ​နက်​တိုင်​အောင် ထို​အ​သား​ကို​မ​ကြွင်း​စေ​ရ။ အ​နည်း​ငယ်​ကြွင်း​လျှင် မီး​နှင့်​ရှို့​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 11,
      "text": "အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 13,
      "text": "သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 14,
      "text": "ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 15,
      "text": "ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 16,
      "text": "ပ​ထ​မ​နေ့၌​လည်း​ကောင်း၊ ခု​နစ်​ရက်​နေ့၌​လည်း​ကောင်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်၌ လူ​တိုင်း​စား​ခြင်း​ကိ​စ္စ​နှင့်​ဆိုင်​သော အ​လုပ်​အ​ဆောင်​မှ​တစ်​ပါး အ​ခြား​သော​အ​လုပ်​ကို မ​လုပ်​မ​ဆောင်​ရ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 17,
      "text": "ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 18,
      "text": "ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​မှ​စ၍ နှစ်​ဆယ်​တစ်​ရက်​နေ့ ညဉ့်​ဦး​တိုင်​အောင်၊ သင်​တို့​သည် တ​ဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 19,
      "text": "ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​အိမ်​များ​၌ တ​ဆေး​မ​ရှိ​ရ။ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​စေ၊ ပြည်​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 20,
      "text": "သင်​တို့​နေ​ရာ​အ​ရပ်​ရပ်​တို့၌ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ တ​ဆေး​မ​ပါ​သော​မုန့်​ကို​သာ​စား​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 21,
      "text": "ထို​အ​ခါ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​သည် အိမ်​ထောင်​များ​အ​သီး​အ​သီး ကိုယ်​စီ​ကိုယ်​စီ သိုး​သ​ငယ်​တို့​ကို​ယူ၍ ပ​သ​ခါ​ပွဲ​ဖို့​သတ်​ကြ​လော့။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 22,
      "text": "ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 24,
      "text": "သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 25,
      "text": "က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့​သည်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 26,
      "text": "သင်​တို့၏​သား​မြေး​တို့​က၊ ဤ​ဝတ်​ကို​ပြု၍ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်၍၊ ငါ​တို့​အိမ်​များ​ကို ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​အိမ်​များ​ကို လွန်​သွား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​သ​ခါ​ယဇ်​ဖြစ်​သ​တည်း​ဟု ပြန်​ပြော​ရ​ကြ​မည်​ဟု မော​ရှေ​ဆို​ပြီး​လျှင်၊ ထို​သူ​တို့​သည်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 28,
      "text": "ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 29,
      "text": "သန်း​ခေါင်​အ​ချိန်​၌၊ ထာ​ဝ​ရ​ဘု​ရား​သည် နန်း​ထိုင်​သော​ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍ ထောင်​ထဲ​မှာ​အ​ချုပ်​ခံ​ရ​သော သူ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့၏​သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 30,
      "text": "ထို​ည​တွင်၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ အဲ​ဂု​တ္တု​လူ​များ​တို့​သည်​ထ​ကြ၍၊ အ​သေ​ကောင်​ကင်း​သော အိမ်​တစ်​အိမ်​မျှ​မ​ရှိ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်၌ ကြီး​စွာ​သော ငို​ကြွေး​ခြင်း​ဖြစ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 31,
      "text": "ထို​ည​ချင်း​တွင် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​တော်​မူ​လျှင်၊ သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထ၍ ငါ့​လူ​စု​ထဲ​က​ထွက်​သွား​ကြ​လော့။ သင်​တို့​တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​သွား၍ ဝတ်​ပြု​ကြ​လော့။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 32,
      "text": "သင်​တို့​တောင်း​သည်​အ​တိုင်း သိုး​နွား​များ​ကို​ယူ၍​သွား​ကြ​လော့။ ငါ့​ကို​လည်း ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 33,
      "text": "အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သေ​ကောင်​ဖြစ်​ကြ​ပြီ​ဟု​ဆို​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က အ​လျင်​အ​မြန်​လွှတ်​ခြင်း​ငှာ ကျပ်​ကျပ်​နှိုး​ဆော်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 34,
      "text": "ထို​လူ​တို့​သည် တ​ဆေး​မ​ရော​သေး​သော​မုန့်​စိမ်း​ကို​ယူ၍ မုန့်​နယ်​သော​ခွက်​တို့​ကို​လည်း အ​ဝတ်​နှင့်​တ​ကွ​ထုပ်၍​ထမ်း​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 35,
      "text": "မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​များ​ကို အဲ​ဂု​တ္တု​လူ​တို့၌​တောင်း​ကြ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 36,
      "text": "တောင်း​သည်​အ​တိုင်း​လည်း၊ ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို အဲ​ဂု​တ္တု​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ ဥ​စ္စာ​များ​ကို​လု​ယူ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 37,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​မိန်း​မ​နှင့် သူ​ငယ်​ကို​မ​ဆို​ဘဲ၊ ယောက်ျား​အ​ရေ​အ​တွက်​အား​ဖြင့် ခြောက်​သိန်း​ခန့်​မျှ​ရှိ​သော​သူ​တို့​သည်၊ ရာ​မ​သက်​မြို့​မှ​ထွက်၍ သု​ကုတ်​အ​ရပ်​သို့ ခ​ရီး​သွား​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 38,
      "text": "အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 39,
      "text": "တ​ဆေး​မ​ရော​ဘဲ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော မုန့်​စိမ်း​ကို​ယူ၍၊ တ​ဆေး​မ​ပါ​သော​မုန့်​ကို​ဖုတ်​ရ​ကြ​၏။ အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်၌ မ​နွှဲ​မ​ဖင့် အ​နှင်​ခံ​ရ​သော​ကြောင့်၊ ကိုယ်​စား​စ​ရာ​ကို​မ​ပြင်​မီ​ကြ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 40,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်၌​ဧည့်​သည်​ဖြစ်၍၊ တည်​နေ​ကြ​သော​ကာ​လ နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ် ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 41,
      "text": "အ​နှစ်​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​ချင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 42,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​အ​တွက်​ကြောင့်၊ ထို​နေ့​ည​ကို အ​ထူး​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား၌​စောင့်​စ​ရာ​ကောင်း၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် စောင့်​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ည​ကား၊ ဤ​သည်​ည​ပေ​တည်း။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 43,
      "text": "ပ​သ​ခါ​ပွဲ​တ​ရား​ဟူ​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​မ​စား​ရ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 44,
      "text": "သို့​ရာ​တွင် ငွေ​နှင့်​ဝယ်​သော​ကျွန်​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ပြီး​လျှင် စား​ရ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 45,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​စေ၊ အ​ခ​စား​သော​ကျွန်​ဖြစ်​စေ၊ မ​စား​ရ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 46,
      "text": "တစ်​အိမ်​တည်း၌​တစ်​ကောင်​ကို​စား​ရ၏။ အ​သား​ကို​အိမ်​ပြင်​သို့​ယူ​မ​သွား​ရ။ အ​ရိုး​ကို​လည်း​မ​ချိုး​ရ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 47,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​ပွဲ​ကို​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 48,
      "text": "သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ​အ​လို​ရှိ​လျှင်၊ သူ၌​ရှိ​သော​ယောက်ျား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ကြ​စေ။ သို့​ပြီး​မှ​ထို​သူ​သည် ပြည်​သား​ကဲ့​သို့​ဖြစ်​သော​ကြောင့်၊ ချဉ်း၍​ထို​ပွဲ​သို့​ဝင်​စေ။ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​မည်​သည်​ကား၊ ထို​ပွဲ၌​ဝင်၍ မ​စား​ရ။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 49,
      "text": "အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​ဆိုင်​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်၌ ပ​ညတ်​ထား​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 50,
      "text": "ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်၌ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြု​ကြ၏။"
    },
    {
      "book": 2,
      "chapter": 12,
      "verse": 51,
      "text": "ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​သွား​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 1,
      "text": "မော​ရှေ​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​ဦး​ဖွား​သော​သူ၊"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 2,
      "text": "လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 3,
      "text": "မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 4,
      "text": "အ​ဗိ​ဗ​လ၊ ယ​နေ့၌​ပင်​သင်​တို့​သည် ထွက်​လာ​ကြ​ပြီ။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 5,
      "text": "သင်​တို့​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​များ၌ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​သော​ပြည်၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ​တည်း​ဟူ​သော နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့​ပို့​ဆောင်​တော်​မူ​ပြီး​မှ၊ ယ​ခု​လ​တွင် သင်​တို့​သည် ဤ​ဝတ်​ကို​ပြု​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 6,
      "text": "ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ပြီး​မှ၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ပွဲ​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 7,
      "text": "တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​သော​ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​၌ တ​ဆေး​ကို မ​တွေ့​မ​မြင်​ရ။ သင်​တို့​နေ​သော​အ​ရပ်​ရပ်​တို့၌​လည်း မ​တွေ့​မ​မြင်​ရ။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 8,
      "text": "ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကြောင့်​ဤ​သို့​ပြု​ရ၏​ဟု ထို​နေ့​၌​သား​မြေး​တို့​အား ကြား​ပြော​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည်၊ သင်၏​နှုတ်၌​တည်​မည်​အ​ကြောင်း၊ ဤ​အ​ရာ​သည် သင်၏​လက်​၌​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ အောက်​မေ့​ဖို့​ရာ​ဖြစ်​ရ​မည်။ အား​ကြီး​သော​လက်​တော်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 10,
      "text": "ထို​ကြောင့်​စီ​ရင်​တော်​မူ​သော ဤ​ထုံး​စံ​ကို၊ မိ​မိ​အ​ချိန်၌ နှစ်​စဉ်​အ​တိုင်း စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 11,
      "text": "သင်​တို့၌​လည်း​ကောင်း၊ ဘိုး​ဘေး၌​လည်း​ကောင်း၊ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပို့​ဆောင်​၍၊ ထို​ပြည်​ကို​ပေး​သ​နား​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 12,
      "text": "သင်​တို့၌ အ​ဦး​ဖွား​သော​သား​အ​ပေါင်း​တို့​နှင့် သင်​တို့၌​ရှိ​သော​တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​သီး​အ​ခြား​ခွဲ​ထား​ရ​ကြ​မည်။ အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 13,
      "text": "မြည်း​မ၌ အ​ဦး​ဖွား​သော​မြည်း​သ​ငယ်​ကို၊ သိုး​သ​ငယ်​နှင့် ရွေး​ရ​မည်။ မ​ရွေး​လို​လျှင်၊ မြည်း​သ​ငယ်​လည်​ပင်း​ကို ချိုး​ရ​မည်။ လူ​သား​တို့​တွင် သား​ဦး​အ​ပေါင်း​ကို ရွေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 14,
      "text": "နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 15,
      "text": "ဖာ​ရော​ဘု​ရင်​သည်၊ ငါ​တို့​ကို အ​လွယ်​တ​ကူ​မ​လွှတ်​ဘဲ​နေ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။ ထို​ကြောင့် အ​ဦး​ဖွား​သော တိ​ရ​စ္ဆာန်​အ​ထီး​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​မည်။ ကိုယ်​သား​တို့​တွင် သား​ဦး​ကို​ရွေး​ရ​မည်​ဟု ပြန်​ဆို​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 16,
      "text": "ဤ​အ​ရာ​သည်​လည်း၊ သင်၏​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​လူ​တို့​ကို ဖာ​ရော​ဘု​ရင်​လွှတ်​သော​နောက်၊ ဖိ​လိ​တ္တိ​ပြည်​ကို လျှောက်​သော​လမ်း​သည် ဖြောင့်​သော်​လည်း၊ ထို​လမ်း​ဖြင့် ဘု​ရား​သ​ခင်​ဆောင်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် စစ်​မှု​ကို​တွေ့​မြင်​သော​အ​ခါ​စိတ်​ပျက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​ပြန်​ကြ​လိမ့်​မည်​ဟု သိ​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 18,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်​သည်၊ သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​နား​တော​လမ်း​ဖြင့်​ဝိုင်း၍ ဆောင်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခင်း​ကျင်း​သော​တပ်​အ​စဉ်​အ​တိုင်း အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သွား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 19,
      "text": "အ​ထက်​ကာ​လ၌ ယော​သပ်​က၊ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​မည်။ ကျွန်ုပ်​အ​ရိုး​တို့​ကို ဤ​အ​ရပ်​မှ​ယူ​သွား​ရ​မည်​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကျပ်​ကျပ်​ကျိန်​ဆို​စေ​သော​ကြောင့်၊ သူ၏​အ​ရိုး​တို့​ကို မော​ရှေ​သည် မိ​မိ၌​ယူ​ဆောင်​လေ၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 20,
      "text": "တစ်​ဖန်​သူ​တို့​သည် သု​ကုတ်​အ​ရပ်​မှ​ထွက်​သွား၍ တော​အ​နား၊ ဧ​သံ​မြို့၌ စ​ခန်း​ချ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 21,
      "text": "သူ​တို့​သည်​နေ့​ည​သွား​နိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည်​နေ့၌​ကား၊ လမ်း​ပြ​ဖို့ မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ ည၌​ကား၊ အ​လင်း​ပေး​ဖို့​မီး​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ရှေ့​က​ကြွ​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 13,
      "verse": 22,
      "text": "နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်၊ ည​အ​ချိန်၌​မီး​တိုင်​ကို သူ​တို့​ရှေ့​မှ ရုပ်​သိမ်း​တော်​မ​မူ။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်​၍၊ ပိ​ဟ​ဟိ​ရုတ်​မြို့​နား၊"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 2,
      "text": "မိ​ဂ​ဒေါ​လ​မြို့​နှင့် ပင်​လယ်​စပ်​ကြား၊ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့​မှာ​တပ်​ချ​စေ​ခြင်း​ငှာ မှာ​လိုက်​လော့။ ထို​မြို့​ရှေ့၊ ပင်​လယ်​ကမ်း​နား​မှာ​တပ်​ချ​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျဉ်း​ကျုပ်​ရာ​သို့​ရောက်​ကြ​ပြီ။ တော​လမ်း​ပိတ်​လျက်​ရှိ၏​ဟု​ဆို​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 4,
      "text": "ငါ​သည်​လည်း၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို​ခိုင်​မာ​စေ​၍၊ သူ​သည် ဣ​သ​ရေ​လ​တို့​ကို လိုက်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ထို​မင်း​နှင့် သူ​၏​စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပြု​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 5,
      "text": "ထို​လူ​တို့​ထွက်​ပြေး​ကြောင်း​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​အား​ကြား​လျှောက်​သ​ဖြင့်၊ သူ​မှ​စ၍ ကျွန်​များ​တို့​သည် မ​နာ​လို​သော​စိတ်​ပေါက်​ပြန်​လျှင်၊ ငါ​တို့​သည် ဤ​သို့​ပြု၍ ဣ​သ​ရေ​လ​လူ​တို့​ကို ငါ​တို့​စေ​ခိုင်း​ရာ​မှ အ​ဘယ်​ကြောင့်​လွှတ်​ရ​သ​နည်း​ဟု ပြော​ဆို​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 6,
      "text": "ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်၊ ရ​ထား​တော်​ကို​ပြင်၍၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို ခေါ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 7,
      "text": "ရွေး​သော​ရ​ထား​ခြောက်​ရာ၊ အဲ​ဂု​တ္တု​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​နှင့်​တ​ကွ၊ ဗိုလ်​မင်း​အ​သီး​အ​သီး​တို့​ကို ခေါ်​ယူ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက်​လေ၏။ သို့​သော်​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဝါ​ကြွား​သော​အ​ခြင်း​အ​ရာ​နှင့် ထွက်​သွား​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 9,
      "text": "ထို​သို့ ဖာ​ရော​ဘု​ရင်၏​မြင်း​တော်၊ ရ​ထား​တော်၊ မြင်း​စီး​သူ​ရဲ​ဗိုလ်​ပါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည်​လိုက်၍ ပိ​ဟ​ဟိ​ရုတ်​မြို့​နား၊ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့၌ ပင်​လယ်​ကမ်း​နား​မှာ​တပ်​ချ​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို မီ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 10,
      "text": "ဖာ​ရော​ဘု​ရင်​သည်​ချဉ်း​လာ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မျှော်​ကြည့်၍၊ အဲ​ဂု​တ္တု​လူ​တို့​စစ်​ချီ​လာ​ကြောင်း​ကို​မြင်​လျှင်၊ အ​လွန်​ကြောက်​လန့်၍ ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 11,
      "text": "မော​ရှေ​ကို​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​သင်္ချိုင်း​မ​ရှိ​သော​ကြောင့်၊ ဤ​တော၌ သေ​စေ​ခြင်း​ငှာ ငါ​တို့​ကို​ဆောင်​ခဲ့​သ​လော။ ငါ​တို့​ကို ဤ​သို့​ပြု၍၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 12,
      "text": "ငါ​တို့​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ အ​စေ​ကျွန်​ခံ​နေ​လျက်​ရှိ​ကြ​ပါ​စေ​ဟု အဲ​ဂု​တ္တု​ပြည်၌​ငါ​တို့​ပြော​ရာ​တွင်၊ ဤ​အ​မှု​ကို​ရည်​ဆောင်၍ ပြော​သည်​မ​ဟုတ်​လော။ ငါ​တို့​သည် ဤ​တော၌​သေ​ရ​သည်​ထက်၊ အဲ​ဂု​တ္တု​လူ​တို့​ထံ၌​အ​စေ​ကျွန်​ခံ​လျှင် သာ၍​ကောင်း​သည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 13,
      "text": "မော​ရှေ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငြိမ်​ဝပ်​စွာ​ရပ်​နေ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ယ​နေ့​ပြ​တော်​မူ​သော ကယ်​တင်​ခြင်း​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ယ​နေ့​မြင်​သော အဲ​ဂု​တ္တု​လူ​တို့​ကို၊ နောက်​တစ်​ဖန်​အ​လျှင်း​မ​မြင်​ရ​ကြ။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 14,
      "text": "သင်​တို့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​တိုက်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​ဆို​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ဘယ်​ကြောင့် ငါ့​ကို​အော်​ဟစ်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တက်​သွား​စေ​ခြင်း​ငှာ​မှာ​လိုက်​လော့။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 16,
      "text": "သင်​မူ​ကား၊ လှံ​တံ​ကို​ချီ​ပြီး​လျှင်၊ ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍ ပင်​လယ်​ရေ​ကို​ခွဲ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 17,
      "text": "ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 18,
      "text": "ထို​သို့​ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 19,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​ရှေ့​မှာ​သွား​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် နောက်၌​လိုက်​သ​ဖြင့်၊ မိုး​တိမ်​တိုင်​သည် သူ​တို့​ရှေ့​က​ရွှေ့၍ နောက်၌​ရပ်​နေ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 20,
      "text": "ထို​သို့ အဲ​ဂု​တ္တု​တပ်​နှင့် ဣ​သ​ရေ​လ​တပ်​စပ်​ကြား​သို့​ရောက်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့၌ မိုက်​သော​မိုး​တိမ်​ဖြစ်၍၊ ဣ​သ​ရေ​လ​လူ​တို့​အား အ​လင်း​ကို​ပေး​လျက်​နေ​သ​ဖြင့်၊ တစ်​ည​လုံး တပ်​တစ်​ဦး​နှင့် တစ်​ဦး​မ​ချဉ်း​နိုင်​ရာ။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 21,
      "text": "မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 22,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့ ရှိ​နေ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 23,
      "text": "အဲ​ဂု​တ္တု​လူ​များ၊ ဖာ​ရော​ဘု​ရင်၌​ပါ​သော မြင်း၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​သည်၊ ပင်​လယ်​အ​လယ်​သို့​လိုက်​ဝင်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 24,
      "text": "နံ​နက်​ယံ၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​မိုး​တိမ်​တိုင်​အား​ဖြင့် အဲ​ဂု​တ္တု​တပ်​ကို ကြည့်​ရှု၍​နှောင့်​ယှက်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 25,
      "text": "သူ​တို့​ရ​ထား​အ​သွား​ခက်​စေ​ခြင်း​ငှာ ရ​ထား​ဘီး​များ​ကို ချို့​တဲ့​စေ​တော်​မူ၏။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​ထံ​မှ ပြေး​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘက်၊ အဲ​ဂု​တ္တု​လူ​တို့​တစ်​ဖက်၌ စစ်​တိုက်​သည်​ဟု​ပြော​ဆို​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပင်​လယ်​ရေ​သည် အဲ​ဂု​တ္တု​လူ​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​အ​ပေါ်​သို့​ပြန်​စေ​ခြင်း​ငှာ၊ ပင်​လယ်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 27,
      "text": "မိုး​လင်း​သော​အ​ခါ၊ မော​ရှေ​သည်​လက်​ကို ပင်​လယ်​ပေါ်​မှာ​ဆန့်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည် အား​ကြီး၍​ပြန်​လာ​သည်​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပြေး​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ပင်​လယ်​အ​လယ်၌​လှဲ​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 28,
      "text": "ထို​သို့ ပင်​လယ်​ရေ​သည်​ပြန်​လာ၍၊ ပင်​လယ်​ထဲ​သို့​လိုက်​ဝင်​သော ဖာ​ရော​ဘု​ရင်၏​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို​လွှမ်း​မိုး​သ​ဖြင့်၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ၊"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 29,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌​မြေ​ပေါ်​မှာ​လျှောက်​သွား၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့​ရှိ​နေ၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 30,
      "text": "ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့၌​ဣ​သ​ရေ​လ​လူ​တို့​ကို၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​ကမ်း​နား​မှာ အဲ​ဂု​တ္တု​လူ​အ​သေ​ကောင်​တို့​ကို မြင်​ရ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 14,
      "verse": 31,
      "text": "ထို​သို့ အဲ​ဂု​တ္တု​လူ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​ကြီး​ကို၊ ဣ​သ​ရေ​လ​လူ​တို့​သည်​မြင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်၏​ကျွန်​မော​ရှေ​ကို ယုံ​ကြည်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 1,
      "text": "ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော နာ​မ​တော်​ရှိ​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 4,
      "text": "ဖာ​ရော​ဘု​ရင်၏​ရ​ထား​နှင့် ဗိုလ်​ခြေ​တို့​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။ ရွေး​သော​ဗိုလ်​မင်း​တို့​သည်၊ ဧ​ဒုံ​ပင်​လယ်​ထဲ၌ မြုပ်​လျက်​ရှိ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 5,
      "text": "နက်​စွာ​သော​အ​ရပ်၌ လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ကျောက်​ကဲ့​သို့ အောက်​သို့​ဆင်း​ကြ၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 6,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် တန်​ခိုး​အား​ဖြင့်​ဘုန်း​ကြီး​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် ရန်​သူ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 7,
      "text": "ကိုယ်​တော် တစ်​ဖက်၌​ထ​သော​သူ​တို့​ကို၊ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​တို့​နှင့် လှဲ​တော်​မူ၏။ အ​မျက်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​အ​မှိုက်​ကဲ့​သို့ မီး​လောင်​စေ​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 8,
      "text": "နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 9,
      "text": "ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 10,
      "text": "ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​များ​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် ကိုယ်​တော်​နှင့်​တူ​ပါ​သ​နည်း။ သန့်​ရှင်း​ခြင်း​အား​ဖြင့် ဘုန်း​ကြီး​တော်​မူ​ထ​သော၊ ချီး​မွမ်း​ခြင်း​ကို​ခံ​စဉ်​တွင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​တော်​မူ​ထ​သော၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​သော၊ ကိုယ်​တော်​နှင့် အ​ဘယ်​ဘု​ရား​တူ​ပါ​သ​နည်း။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 12,
      "text": "လက်​ယာ​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​မြေ​မျို​လေ၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 13,
      "text": "ရွေး​တော်​မူ​သော​လူ​မျိုး​ကို က​ရု​ဏာ​တော်​အား​ဖြင့် ပို့​ဆောင်​တော်​မူ၏။ သန့်​ရှင်း​သော​နေ​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​အား​ဖြင့် လမ်း​ပြ​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 14,
      "text": "လူ​မျိုး​တို့​သည်​သ​တင်း​ကြား​၍ ကြောက်​လန့်​ကြ​လိမ့်​မည်။ ပါ​လေ​တ္တိ​န​ပြည်​သူ​ပြည်​သား​တို့​သည် ပူ​ပန်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 15,
      "text": "ဧ​ဒုံ​ဗိုလ်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း၊ မော​ဘ​သူ​ရဲ​တို့​သည် တုန်​လှုပ်​ခြင်း၊ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 16,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​သည်​လွန်​သွား​သော​အ​ခါ၊ ရွေး​တော်​မူ​သော​ကိုယ်​တော်၏​လူ​တို့​သည် လွန်​သွား​သော​အ​ခါ၊ ထို​လူ​အ​မျိုး​မျိုး​တို့​သည် ကြောက်​သော​စိတ်၊ ထိတ်​လန့်​သော​စိတ်​အား​ကြီး၍ လက်​ရုံး​တော်​တန်​ခိုး​ကြောင့်၊ သူ​တို့​သည်​ကျောက်​ကဲ့​သို့ ငြိမ်​ငြိမ်​နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မွေ​ခံ​တော်​မူ​ရာ​တောင်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော​အ​ရပ်​ထဲ​သို့ ကိုယ်​တော်၏​လူ​တို့​ကို သွင်း​တော်​မူ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​နှင့်​တည်​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​စိုး​စံ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 20,
      "text": "အာ​ရုန်၏​အစ်​မ​ဖြစ်​သော ပ​ရော​ဖက်​မ​မိ​ရိ​အံ​သည် ပတ်​သာ​ကို​ကိုင်၍၊ မိန်း​မ​အ​ပေါင်း​တို့​သည် ပတ်​သာ​တီး​လျက် က​လျက်​လိုက်​သွား​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 21,
      "text": "မိ​ရိ​အံ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ကို ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ကြ​လော့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ​ဟု သူ​တို့​နှင့်​အ​သံ​ပြိုင်၍​ဆို​လေ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 22,
      "text": "ထို​နောက် မော​ရှေ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​ဆောင်​သွား၍၊ သူ​တို့​သည် ရှု​ရ​တော​သို့​ရောက်​ကြ၏။ ထို​တော​၌ သုံး​ရက်​ခ​ရီး​သွား၍ ရေ​ကို​မ​တွေ့​မ​ရ​ကြ။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 23,
      "text": "မာ​ရ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ မာ​ရ​ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ထို​ကြောင့် ထို​အ​ရပ်​ကို မာ​ရ​ဟု​သ​မုတ်​ကြ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 24,
      "text": "လူ​များ​တို့​သည် မော​ရှေ​ကို​အ​ပြစ်​တင်၍​မြည်​တမ်း​လျက်၊ အ​ဘယ်​သို့ သောက်​ရ​ပါ​မည်​နည်း​ဟု​ဆို​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 25,
      "text": "မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 26,
      "text": "သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 15,
      "verse": 27,
      "text": "ထို​နောက်​မှ ရေ​တွင်း​ဆယ်​နှစ်​တွင်း၊ စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​နှင့် ပြည့်​စုံ​ရာ ဧ​လိမ်​ရွာ​သို့​ရောက်၍၊ ထို​အ​ရပ်​တွင် ရေ​ရှိ​ရာ​အ​နား​မှာ​တပ်​ချ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 1,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ဧ​လိမ်​အ​ရပ်​မှ​ထွက်၍ ခ​ရီး​သွား​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ ဒု​တိ​ယ​လ​ဆယ်​ငါး​ရက်​နေ့​တွင်၊ ဧ​လိမ်​အ​ရပ်​နှင့် သိ​နာ​တောင်​စပ်​ကြား​မှာ သိန်​တော​သို့​ရောက်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 2,
      "text": "ထို​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 3,
      "text": "ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 4,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က ကြည့်​ရှု​လော့။ ငါ​သည် သင်​တို့​အ​ဖို့ မိုး​ကောင်း​ကင်​က မုန့်​မိုး​ကို​ရွာ​စေ​မည်။ လူ​တို့​သည်​နေ့​တိုင်း​ထွက်​၍ တစ်​နေ့​စား​လောက်​အောင် သိမ်း​ယူ​ရ​ကြ​မည်။ ငါ၏​တ​ရား​အ​တိုင်း​ကျင့်​မည်​လော၊ မ​ကျင့်​လော​ဟု ထို​သို့​သော​အား​ဖြင့် သူ​တို့​ကို​ငါ​စုံ​စမ်း​မည်။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 5,
      "text": "နေ့​တိုင်း​သိမ်း​ယူ​သော​အ​ရာ​ထက်၊ ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ဆ​ကို သိမ်း​ယူ၍​ပြင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 6,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​သည်​ဟု ယ​နေ့​ညဉ့်​ဦး​ယံ၌ သင်​တို့​သိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 7,
      "text": "နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 8,
      "text": "တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 9,
      "text": "တစ်​ဖန်​သင်​တို့​သည်​အ​ပြစ်​တင်​လျက်၊ မြည်​တမ်း​သော​အ​သံ​ကို ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​လော့​ဟု အာ​ရုန်​ကို မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 10,
      "text": "အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ်​တင်​လျက် မြည်​တမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​ပြီ။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 12,
      "text": "ညဉ့်​ဦး​ယံ၌ သင်​တို့​သည်​အ​မဲ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း မုန့်​နှင့်​ဝ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ကြ​လိမ့်​မည်​ဟု သူ​တို့​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 13,
      "text": "ညဉ့်​ဦး​ယံ၌​ငုံး​ငှက်​တို့​သည် တပ်​ကို​အ​နှံ့​အ​ပြား​တက်​လာ​ကြ၏။ နံ​နက်​ယံ၌​လည်း တပ်​ပတ်​လည်​အ​ရပ်​ရပ်​တွင် နှင်း​ကျ​လျက်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 14,
      "text": "နှင်း​တက်​ပြီး​သော​အ​ခါ၊ နှင်း​ခဲ​ကဲ့​သို့ သေး​သေး​လုံး​လုံး​အ​ရာ​သည် မြေ​မျက်​နှာ​ပေါ်​မှာ​ရှိ​ရစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 15,
      "text": "ထို​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​နည်း​ဟု မ​သိ​သော​ကြောင့်၊ တစ်​ယောက်​ကို​တစ်​ယောက်​မေး​ကြ၏။ မော​ရှေ​က​လည်း၊ ဤ​အ​ရာ​သည်​သင်​တို့​စား​စ​ရာ​ဖို့ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​မုန့်​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 16,
      "text": "လူ​တိုင်း မိ​မိ​တဲ၌​ရှိ​သော​သူ​အ​ရေ​အ​တွက်​နှင့်​အ​ညီ၊ လူ​အ​သီး​အ​သီး​စား​လောက်​အောင် တစ်​ယောက်​တစ်​ဩ​မဲ​စီ သိမ်း​ယူ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သို့​ပြု၍၊ အ​နည်း​အ​များ​အ​လိုက် သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 18,
      "text": "ဩ​မဲ​တောင်း​နှင့်​ခြင်​ကြ​သော​အ​ခါ၊ များ​များ​ရ​သော​သူ​မ​ပို၊ နည်း​နည်း​ရ​သော​သူ မ​လို၊ အ​သီး​အ​သီး​တို့​သည် စား​လောက်​အောင်​သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 19,
      "text": "မော​ရှေ​က​လည်း၊ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ​မ​ကျန်​စေ​နှင့်​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 20,
      "text": "အ​ချို့​တို့​သည် မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ၊ နံ​နက်​တိုင်​အောင် ကျန်​စေ​သ​ဖြင့်၊ ပိုး​ဖြစ်၍​နံ​လေ​သော်၊ မော​ရှေ​သည် အ​မျက်​ထွက်၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 21,
      "text": "ထို​သူ​အ​သီး​အ​သီး​တို့​သည် နေ့​တိုင်း​မိ​မိ​တို့​စား​လောက်​သ​မျှ​ကို သိမ်း​ယူ​ကြ၏။ နေ​ပူ​သော​အ​ခါ​အ​ရေ​ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 22,
      "text": "ခြောက်​ရက်​မြောက်​သော​နေ့၌၊ မုန့်​နှစ်​ဆ​တည်း​ဟူ​သော တစ်​ယောက်​နှစ်​ဩ​မဲ​စီ သိမ်း​ရ​ကြ၏။ ထို​အ​ကြောင်း​ကို ပ​ရိ​သတ်​အုပ်​အ​ပေါင်း​တို့​သည် မော​ရှေ​အား​ကြား​ပြော​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 23,
      "text": "သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 24,
      "text": "မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ နံ​နက်​တိုင်​အောင်​သို​ထား​ကြ၏။ နံ​ခြင်း​နှင့်​ကင်း​လွတ်၏။ ပိုး​လည်း​မ​ရှိ။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 25,
      "text": "မော​ရှေ​က​လည်း၊ ကျန်​သော​အ​ရာ​ကို ယ​နေ့​စား​ကြ​လော့။ ယ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့​ဖြစ်၏။ ယ​နေ့​တွင် ထို​အ​ရာ​ကို​တော၌​မ​တွေ့​ရ။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 26,
      "text": "ခြောက်​ရက်​ပတ်​လုံး​သိမ်း​ယူ​ရ​ကြ၏။ ဥ​ပုသ်​နေ့​တည်း​ဟူ​သော ခု​နစ်​ရက်​မြောက်​သော​နေ့​တွင် မ​ရှိ​မ​တွေ့​ရ​ဟု​ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 27,
      "text": "ခု​နစ်​ရက်​မြောက်​သော​နေ့၌၊ အ​ချို့​တို့​သည်​သိမ်း​ယူ​ခြင်း​ငှာ ထွက်​သွား​ရာ​တွင်၊ ရှာ၍​မ​တွေ့​ရ​ကြ။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 28,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည်​ငါ့​ပ​ညတ်​တ​ရား​များ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငြင်း​ပယ်​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​ဥ​ပုသ်​နေ့​ကို သင်​တို့​အား​ပေး​တော်​မူ​ပြီ။ ထို​ကြောင့် ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ရက်​အ​တွက်​မုန့်​ကို​ပေး​တော်​မူ၏။ လူ​တိုင်း မိ​မိ​နေ​ရာ၌​နေ​စေ၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ မိ​မိ​နေ​ရာ​မှ အ​ဘယ်​သူ​မျှ မ​သွား​စေ​နှင့်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 30,
      "text": "ထို​ကြောင့် လူ​များ​တို့​သည်​ခု​နစ်​ရက်​မြောက်​သော​နေ့၌ ငြိမ်​ဝပ်​စွာ​နေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 31,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​စား​စ​ရာ​ကို မ​န္န​ဟု​ခေါ်​ဝေါ်​ကြ၏။ နံ​နံ​စေ့​ကဲ့​သို့​ဖြစ်၍ ဖြူ​သော​အ​ဆင်း​ရှိ၏။ ပျား​ရည်​နှင့်​ရော​သော​မုန့်​ကြွပ်​နှင့် အ​ရ​သာ​တူ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 32,
      "text": "မော​ရှေ​က​လည်း၊ သင်​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊ တော၌ သင်​တို့​အား​ကျွေး​သော​မုန့်​ကို၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် မြင်​စေ​ခြင်း​ငှာ၊ သူ​တို့​အ​ဖို့​သို​ထား​ရ​သော ဩ​မဲ​တစ်​ဩ​မဲ​ကို ဖြည့်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 33,
      "text": "တစ်​ဖန်​အာ​ရုန်​ကို​လည်း၊ အိုး​တစ်​လုံး​ကို​ယူ၍ မ​န္န​တစ်​ဩ​မဲ​ကို​အ​ပြည့်​ထည့်​ပြီး​လျှင်၊ သင်​တို့​လူ​မျိုး​အ​စဉ်​အ​ဆက်​ဖို့​စောင့်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သို​ထား​လော့​ဟု​ဆို၍၊"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 34,
      "text": "မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​မ​န္န​ကို အာ​ရုန်​စောင့်​စေ​ခြင်း​ငှာ၊ သက်​သေ​တော်​ရှေ့​မှာ​သို​ထား​လေ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 35,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ လူ​နေ​ရာ​ပြည်​သို့​မ​ရောက်​မီ​တိုင်​အောင်၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး မ​န္န​ကို​စား​ကြ၏။ ခါ​နာန်​ပြည်​နယ်​နိ​မိတ်​သို့ မ​ရောက်​မီ​တိုင်​အောင် မ​န္န​ကို​စား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 16,
      "verse": 36,
      "text": "ဩ​မဲ​မူ​ကား၊ ဧ​ဖာ​ဆယ်​စု​တစ်​စု​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သိန်​တော​ထဲ​က​ထွက်၍​ခ​ရီး​သွား​သ​ဖြင့်၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ လူ​များ​သောက်​ဖို့​ရာ​ရေ​မ​ရှိ။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 2,
      "text": "ထို​ကြောင့်​လူ​များ​တို့​က၊ သောက်​ဖို့​ရေ​ပေး​ပါ​ဟု​ဆို၍ မော​ရှေ​ကို​ရန်​တွေ့​ကြ၏။ မော​ရှေ​က​လည်း၊ ငါ့​ကို အ​ဘယ်​ကြောင့်​ရန်​တွေ့​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​ကြ​သ​နည်း​ဟု​ဆို​လေ​၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 3,
      "text": "လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 4,
      "text": "ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍၊ ဤ​လူ​တို့​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ခဲ​နှင့်​ပစ်​လု​ကြ​ပါ​ပြီ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​များ​ရှေ့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​လော့။ မြစ်​ကို​ရိုက်​သော သင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ ဟော​ရပ်​အ​ရပ်​သို့​သွား​လော့။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 6,
      "text": "ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင်​ရှိ​သ​လော၊ မ​ရှိ​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​စုံ​စမ်း၍ ရန်​တွေ့​သော​အ​ကြောင်း​ကြောင့်၊ ထို​အ​ရပ်​ကို မဿာ​နှင့်​မေ​ရိ​ဘ​ဟု သ​မုတ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 8,
      "text": "ထို​အ​ခါ အာ​မ​လက်​လူ​တို့​သည်​လာ၍၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 9,
      "text": "မော​ရှေ​က​လည်း၊ လူ​တို့​ကို​ရွေး၍ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ထွက်​လော့။ နက်​ဖြန်​နေ့၌ ဘု​ရား​သ​ခင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ တောင်​ထိပ်​ပေါ်​မှာ ငါ​ရပ်​နေ​မည်​ဟု ယော​ရှု​အား​ဆို​၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 10,
      "text": "မော​ရှေ​မှာ​လိုက်​သည်​အ​တိုင်း ယော​ရှု​ပြု၍၊ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​လေ၏။ မော​ရှေ၊ အာ​ရုန်၊ ဟု​ရ​တို့​သည် တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 11,
      "text": "မော​ရှေ​သည် လက်​ကို​ချီ​သော​အ​ခါ၊ ဣ​သ​ရေ​လ​လူ​တို့​သည် နိုင်​ကြ၏။ လက်​ကို​ချ​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည်​နိုင်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 12,
      "text": "သို့​ရာ​တွင် မော​ရှေ၏​လက်​သည်​ညောင်း​သော​ကြောင့်၊ သူ​တို့​သည် ကျောက်​ကို​ယူ၍ မော​ရှေ​ကို​ထိုင်​စေ​ပြီး​လျှင်၊ အာ​ရုန်​နှင့် ဟု​ရ​တို့​သည် တစ်​ယောက်​တစ်​ဖက်​နေ၍ သူ၏​လက်​ကို​မ​ကြ၏။ သို့​ဖြစ်၍ နေ​ဝင်​သည်​တိုင်​အောင် သူ၏​လက်​တို့​သည် အ​မြဲ​နေ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 13,
      "text": "ယော​ရှု​သည်​လည်း အာ​မ​လက်​မင်း​နှင့် လူ​များ​တို့​ကို​ဓား​လက်​နက်​ဖြင့် လုပ်​ကြံ​လေ၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​မှု​ကို​အောက်​မေ့​စ​ရာ​ဖို့ စာ​ရေး​ထား၍ ယော​ရှု​အား​ဖတ်​ရွတ်​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ အာ​မ​လက်၏​အ​မှတ်​ရှိ​သ​မျှ​ကို ငါ​ပယ်​ရှင်း​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 15,
      "text": "မော​ရှေ​သည်​လည်း ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​နိဿိ​ဟု သ​မုတ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 17,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ အာ​မ​လက်​လူ​မျိုး၏​လက်​သည် ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်၏​ရန်​ဘက်​ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​ဆက် အာ​မ​လက်​အ​မျိုး​ကို​စစ်​တိုက်​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​သည် မော​ရှေ​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော မော​ရှေ၏​ယော​က္ခ​မ ယေ​သ​ရော​ကြား​သည်​ရှိ​သော်၊"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 2,
      "text": "မော​ရှေ​လွှတ်​ခဲ့​သော​မ​ယား​နှင့်"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 3,
      "text": "သူ၏​သား​နှစ်​ယောက်​ကို​ယူ၍​သွား​လေ၏။ သား​တစ်​ယောက်​ကား၊ ဂေ​ရ​ရှုံ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု အ​ဘ​ဆို​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 4,
      "text": "သား​တစ်​ယောက်​ကား၊ ဧ​လျေ​ဇာ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​သည် ငါ့​ကို​မ​စ၍ ဖာ​ရော​ဘု​ရင်၏​ဓား​မှ ကယ်​လွှတ်​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 5,
      "text": "မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည် မော​ရှေ​မ​ယား​နှင့် သား​တို့​ကို​ယူ၍၊ တော၌ ဘု​ရား​သ​ခင်၏​တောင်​တော်​နား၊ မော​ရှေ​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​လာ​လျှင်၊"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 6,
      "text": "ကိုယ်​တော်၏​ယော​က္ခ​မ​ယေ​သ​ရော​နှင့် ကိုယ်​တော်၏​မ​ယား၊ သား​နှစ်​ယောက်​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ပါ​ပြီ​ဟု မော​ရှေ​အား​ကြား​ပြော​သော်၊"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 7,
      "text": "မော​ရှေ​သည်​ယော​က္ခ​မ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထွက်​၍ ဦး​ချ​နမ်း​ရှုပ်​လျက်၊ ကျန်း​မာ​ကြောင်း​ကို တစ်​ယောက်​နှင့် တစ်​ယောက်​မေး​မြန်း​လျက် တဲ​သို့​ဝင်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​တွက် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​လူ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​တွင်​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ထို​ဆင်း​ရဲ​ဒု​က္ခ​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မော​ရှေ​သည် ယော​က္ခ​မ​အား​ကြား​ပြော​လေ၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ပြု​တော်​မူ​သော​ကျေး​ဇူး​ကြောင့် ယေ​သ​ရော​သည်​ဝမ်း​မြောက်​လျက်၊"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 10,
      "text": "အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​နုတ်​တော်​မူ​ထ​သော၊ လူ​များ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ခြား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် သာ၍​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် မာ​န​ထောင်​လွှား​သော​အ​မှု​အ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​နိုင်​တော်​မူ၏​ဟု​ဆို​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 12,
      "text": "မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 13,
      "text": "နက်​ဖြန်​နေ့၌ မော​ရှေ​သည်၊ လူ​များ​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ထိုင်​လေ၏။ နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင်၊ လူ​များ​တို့​သည် မော​ရှေ​ရှေ့​မှာ​နေ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 14,
      "text": "မော​ရှေ​သည် လူ​များ​တို့​အား​ပြု​သ​မျှ​ကို ယော​က္ခ​မ​မြင်​လျှင်၊ ဤ​လူ​များ​တို့​အား ပြု​သော​အ​မှု​အ​ဘယ်​သို့​နည်း။ သင်​သည် တစ်​ယောက်​တည်း​ထိုင်​လျက်၊ လူ​အ​ပေါင်း​တို့​သည် နံ​နက်​မှ​စ၍​ညဉ့်​ဦး​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​ကြောင့် နေ​ရ​ကြ​သ​နည်း​ဟု​ဆို​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 15,
      "text": "မော​ရှေ​က​လည်း၊ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ယူ​တော်​ကို​ခံ​လို၍ ကျွန်ုပ်​ထံ​သို့​လာ​သော​ကြောင့် ဤ​သို့​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 16,
      "text": "သူ​တို့​သည်​အ​မှု​ရှိ​လျှင် အ​ကျွန်ုပ်​ထံ​သို့​လာ၍ သူ​တို့၏​အ​မှု​ကို ကျွန်ုပ်​ဆုံး​ဖြတ်​ရ၏။ ဘု​ရား​သ​ခင်၏​ပ​ညတ်​တ​ရား​များ​ကို​သင်​ချ​ရ​၏​ဟု ယော​က္ခ​မ​အား ပြော​လျှင်၊"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 17,
      "text": "ယော​က္ခ​မ​က၊ သင်​ပြု​သော​အ​မှု​သည် မ​တော်​မ​သင့်​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 18,
      "text": "သင်​မှ​စ၍ သင်၌​ပါ​သော ဤ​လူ​များ​တို့​သည် အ​မှန်​အား​လျော့​ကြ​လိမ့်​မည်။ ဤ​အ​မှု​သည် သင်၌​အ​လွန်​လေး​၏။ တစ်​ယောက်​တည်း မ​တတ်​နိုင်​သော​အ​မှု​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 19,
      "text": "ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​အ​ကြံ​ပေး​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သင့်​ဘက်၌ ရှိ​တော်​မူ​လိမ့်​မည်။ သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​မှု၌ လူ​များ​တို့၏​အ​မှု​ကို​စောင့်​လျက် ဘု​ရား​သ​ခင်​အ​ထံ​တော်​သို့​ဝင်၍ လျှောက်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 20,
      "text": "သူ​တို့​အား​လည်း ပ​ညတ်​တ​ရား​တော်​များ​ကို သင်​ချ​ရ​မည်။ သူ​တို့​သွား​ရာ​လမ်း၊ ပြု​ရ​သော​အ​မှု​ကို​လည်း​ပြ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 21,
      "text": "ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 22,
      "text": "ထို​သူ​တို့​သည်​ခပ်​သိမ်း​သော​အ​ချိန်​၌ လူ​များ​တို့​ကို တ​ရား​စီ​ရင်​ကြ​စေ။ ကြီး​သော​အ​မှု၌ သင်၏​အ​ယူ​ကို​ခံ​ကြ​စေ။ ငယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​စေ။ သို့​ဖြစ်​လျှင် သူ​တို့​သည်​ဝိုင်း​ညီ၍ အ​မှု​ထမ်း​သ​ဖြင့် သင်​သည်​သက်​သာ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 23,
      "text": "ထို​သို့ ဘု​ရား​သ​ခင်​အ​ခွင့်​နှင့်​ပြု​လျှင် သင်​သည်​ခိုင်​ခံ့​လိမ့်​မည်။ ဤ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​နေ​ရာ​ပြည်​သို့ ငြိမ်​ဝပ်​စွာ​သွား​ကြ​လိမ့်​မည်​ဟု ပြော​ဆို​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 24,
      "text": "မော​ရှေ​သည်​လည်း ယော​က္ခ​မ၏​စ​ကား​ကို​နား​ထောင်​၍ စ​ကား​ရှိ​သည်​အ​တိုင်း ပြု​လျက်၊"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 25,
      "text": "တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က​ရွေး​ကောက်၍ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​သီး​အ​သီး ခေါင်း​အ​ရာ၌​ခန့်​ထား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 26,
      "text": "ထို​သူ​တို့​သည် ခပ်​သိမ်း​သော​အ​ချိန်၌ လူ​တို့​ကို​တ​ရား​စီ​ရင်​ကြ​၏။ ခက်​သော​အ​မှု၌ မော​ရှေ​၏​အ​ယူ​ကို​ခံ​ကြ​၏။ လွယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 18,
      "verse": 27,
      "text": "ထို​နောက် မော​ရှေ​သည် ယော​က္ခ​မ​သွား​ရ​သော​အ​ခွင့်​ကို​ပေး၍၊ သူ​သည် မိ​မိ​နေ​ရာ​သို့​သွား​လေ၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ တ​တိ​ယ​လ တစ်​ရက်​နေ့၌ သိ​နာ​တော​သို့​ရောက်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 2,
      "text": "ရေ​ဖိ​ဒိမ်​အ​ရပ်​က​ထွက်​သွား​ပြီး​မှ သိ​နာ​တော​သို့​ရောက်၍၊ ထို​တော၌ တောင်​ရှေ့​မှာ တပ်​ချ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 3,
      "text": "မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 4,
      "text": "ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​ပြု​သော​အ​ကြောင်း၊ သင်​တို့​ကို ရွှေ​လင်း​တ​အ​တောင်​ဖြင့် ထမ်း၍ ကိုယ်​ဖို့​သိမ်း​ယူ​သော​အ​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ရ​ကြ​ပြီ။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 5,
      "text": "ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 6,
      "text": "သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 7,
      "text": "မော​ရှေ​သည်​ပြန်​လာ၍ လူ​တို့​တွင် အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​အ​လုံး​စုံ​တို့​ကို ပြန်​ပြော​လေ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 8,
      "text": "လူ​အ​ပေါင်း​တို့​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု တ​ညီ​တ​ညွတ်​တည်း ပြန်​ပြော​ကြ၏။ မော​ရှေ​သည်​လည်း သူ​တို့​၏​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း ကြည့်​ရှု​လော့။ သင်​နှင့်​ငါ​ပြော​သော​အ​ခါ လူ​များ​တို့​သည်​ကြား​၍ အ​စဉ်​အ​မြဲ သင့်​ကို​ယုံ​မည်​အ​ကြောင်း၊ မိုး​တိမ်​တိုက်၌ သင့်​ဆီ​သို့​ငါ​လာ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို လူ​များ​တို့​အား ပြန်​ပြော​လေ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း လူ​တို့​ရှိ​ရာ​သို့​သွား​၍၊ ယ​နေ့​နှင့် နက်​ဖြန်၌ သူ​တို့​ကို​သန့်​ရှင်း​စေ​လော့။ သူ​တို့​အ​ဝတ်​ကို​လျှော်​စေ​၍၊"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 11,
      "text": "သုံး​ရက်​မြောက်​သော​နေ့​၌ အ​သင့်​ရှိ​နေ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ သုံး​ရက်​မြောက်​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​ရှေ့၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​မည်။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 12,
      "text": "လူ​တို့​မ​ကျော်​ရ​သော အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သင်​တို့​သည် တောင်​ပေါ်​သို့​မ​တက်၊ တောင်​ခြေ​ရင်း​ကို​မ​ထိ​ရ​အောင် သ​တိ​ပြု​ကြ​ဟု ပြော​လော့။ တောင်​ကို​ထိ​မိ​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​စေ။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 13,
      "text": "ထို​သူ​ကို လက်​နှင့်​မ​ထိ​ရ။ အ​ကယ်​စင်​စစ် ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ သို့​မ​ဟုတ် လှံ​နှင့်​ထိုး​ရ​မည်။ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ အ​သက်​မ​ရှင်​ရ။ တံ​ပိုး​သည် ကြာ​ကြာ​မြည်​သော​အ​ခါ၊ လူ​များ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 14,
      "text": "မော​ရှေ​သည် တောင်​ပေါ်​မှ လူ​တို့​ရှိ​ရာ​သို့​ဆင်း​သက်၍၊ သူ​တို့​ကို သန့်​ရှင်း​စေ၏။ သူ​တို့​သည် မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 15,
      "text": "မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 16,
      "text": "သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 17,
      "text": "မော​ရှေ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လူ​များ​တို့​ကို တပ်​ထဲ​က​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် တောင်​ခြေ​ရင်း​အောက်၌ ရပ်​နေ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ဖြင့်​လွှမ်း​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်​တော်​မူ​သော​ကြောင့်၊ တစ်​တောင်​လုံး မီး​ခိုး​ထွက်​လေ​၏။ မီး​ခိုး​သည်​လည်း မီး​ဖို၏​မီး​ခိုး​ကဲ့​သို့​တက်၍ တစ်​တောင်​လုံး ပြင်း​စွာ​လှုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 19,
      "text": "တံ​ပိုး​မြည်​သံ​သည်​ကြာ​ကြာ​မြည်​လျက်၊ အ​သံ​တိုး၍ ကြီး​သော​အ​ခါ၊ မော​ရှေ​သည်​ခေါ်၍၊ ဘု​ရား​သ​ခင်​သည် စ​ကား​သံ​နှင့်​ထူး​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သိ​နာ​တောင်​ထိပ်​ပေါ်​သို့​ဆင်း​သက်၍၊ မော​ရှေ​ကို တောင်​ထိပ်​ပေါ်​သို့​ခေါ်​တော်​မူ​လျှင်၊ မော​ရှေ​သည်​တက်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည်​ကြည့်​ရှု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ကျော်​ဝင်၍၊ အ​များ​တို့​သည်​သေ​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့် ဆင်း​၍​သ​တိ​ပေး​လော့။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ​ရ​မည်။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 23,
      "text": "မော​ရှေ​က​လည်း၊ လူ​တို့​သည် သိ​နာ​တောင်​သို့​မ​တက်​နိုင်​ကြ​ပါ။ အ​ကြောင်း​မူ​ကား၊ မ​ကျော်​ရ​သော​အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သန့်​ရှင်း​စေ​လော့​ဟု မှာ​ထား​တော်​မူ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လျှောက်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဆင်း​သွား​လော့။ သင်​နှင့် အာ​ရုန်​သာ​လျှင် တက်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​တက်​ခြင်း​ငှာ မ​ကျော်​မ​ဝင်​စေ​နှင့်။ သို့​မ​ဟုတ် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 19,
      "verse": 25,
      "text": "မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​ဆင်း၍ ကြား​ပြော​လေ၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 1,
      "text": "ထို​အ​ခါ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 2,
      "text": "ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 3,
      "text": "ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 4,
      "text": "အ​ထက်​မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​အောင်၊ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 5,
      "text": "ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 6,
      "text": "ငါ့​ကို​ချစ်၍ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင်၊ က​ရု​ဏာ​ကို​ပြ​သော ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 7,
      "text": "သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 8,
      "text": "ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​အောက်​မေ့​လော့။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 9,
      "text": "ခြောက်​ရက်​ပတ်​လုံး အ​လုပ်​မျိုး​ကို​ကြိုး​စား၍ လုပ်​ဆောင်​လော့။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 10,
      "text": "သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား၊ မိန်း​မ၊ တိ​ရ​စ္ဆာန်၊ သင်၏ တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ၊ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​ကို ခြောက်​ရက်​တွင်​ဖန်​ဆင်း​၍ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သ​တ္တ​မ​နေ့​ရက်​ကို ကောင်း​ချီး​ပေး​၍ သန့်​ရှင်း​စေ​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 12,
      "text": "သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 13,
      "text": "လူ​အ​သက်​ကို မ​သတ်​နှင့်။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 14,
      "text": "သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 15,
      "text": "သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 16,
      "text": "ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 17,
      "text": "ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ မ​ယား၊ သူ၏ ကျွန်​ယောက်ျား၊ မိန်း​မ၊ နွား၊ မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ်​မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 18,
      "text": "လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 19,
      "text": "မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 20,
      "text": "မော​ရှေ​က​လည်း၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြစ်​မှား​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း ကိုယ်​တော်​ကို​ကြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 21,
      "text": "လူ​များ​တို့​သည်​လည်း အ​ဝေး၌​ရပ်​နေ​ကြ၏။ မော​ရှေ​မူ​ကား၊ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​ရာ ထူ​ထပ်​သော​မှောင်​မိုက်​သို့ ချဉ်း​ကပ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ကောင်း​ကင်​ဘုံ​မှ သင်​တို့​နှင့် နှုတ်​ဆက်​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ကြ​ပြီ။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 23,
      "text": "ငါ့​ကို​ကိုး​ကွယ်​သော​အ​မှု၌ ကိုယ်​သုံး​ဖို့ ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား​ကို​မ​လုပ်​ရ။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 24,
      "text": "ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 25,
      "text": "သင်​သည် ကျောက်​ယဇ်​ပ​လ္လင်​ကို ငါ့​အ​ဖို့​တည်​လျှင်၊ ဆစ်​သော​ကျောက်​ကို မ​တည်​ရ။ သံ​တန်​ဆာ​ပါ၍ တည်​သော​ယဇ်​ပ​လ္လင်​သည် ညစ်​ညူး​ခြင်း​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 20,
      "verse": 26,
      "text": "သင်၌ ရှက်​စ​ရာ​အ​ကြောင်း မ​ထင်​မ​ပေါ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​သို့ လှေ​ကား​ဖြင့်​မ​တက်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ စီ​ရင်​ရ​သော ဓ​မ္မ​သတ်​ဟူ​မူ​ကား၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 2,
      "text": "ဟေ​ဗြဲ​အ​မျိုး​ဖြစ်​သော ကျွန်​ကို​ဝယ်​လျှင်၊ ခြောက်​နှစ်​သာ​အ​စေ​ကျွန်​ခံ​စေ​ရ​မည်။ သ​တ္တ​မ​နှစ်​ရောက်​သော်၊ ကိုယ်​ဖိုး​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 3,
      "text": "ကျွန်​ခံ​စ​က တစ်​ယောက်​တည်း​ခံ​လျှင်၊ တစ်​ယောက်​တည်း​ထွက်​ရ​မည်။ လင်​မ​ယား​နှစ်​ယောက်​ခံ​လျှင်၊ မ​ယား​နှင့်​တ​ကွ​ထွက်​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 4,
      "text": "သို့​မ​ဟုတ် သ​ခင်​ပေး​စား​သော​မ​ယား​ရှိ၍ ထို​မ​ယား​သည် သား​သ​မီး​ကို​ဖွား​မြင်​လျှင်၊ မ​ယား​နှင့်​သား​သ​မီး​တို့​ကို သ​ခင်​ပိုင်​ရ​မည်။ ကျွန်​မူ​ကား၊ တစ်​ယောက်​တည်း​ထွက်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 5,
      "text": "သို့​မ​ဟုတ် ကျွန်​က၊ ကျွန်​တော်​သ​ခင်​နှင့် မ​ယား​သား​သ​မီး​တို့​ကို ကျွန်​တော်​ချစ်​ပါ၏။ မ​ထွက်​မ​သွား​လို​ပါ​ဟု အ​တည့်​အ​လင်း​ပြော​ဆို​လျှင်၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 6,
      "text": "သ​ခင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့​လည်း​ကောင်း၊ အိမ်​တံ​ခါး​တိုင်​သို့​လည်း​ကောင်း ဆောင်​ယူ၍၊ နား​ရွက်​ကို စူး​ဖြင့်​ဖောက်​ပြီး​မှ၊ ထို​ကျွန်​သည် အ​စဉ်​အ​မြဲ​ကျွန်​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 7,
      "text": "အ​ဘ​သည် သ​မီး​ကို​ကျွန်​ခံ​စေ​ခြင်း​ငှာ​ရောင်း​လျှင် ထို​မိန်း​မ​သည် ကျွန်​ယောက်ျား​ကဲ့​သို့ လွတ်​ရ​သည်​မ​ဟုတ်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 8,
      "text": "သ​ခင်​သည် ထို​မိန်း​မ​ကို သိမ်း​ယူ၍​မ​ကြိုက်​လျှင်၊ ရွေး​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ရ​မည်။ သူ့​ကို လှည့်​ဖြား​မိ​သော​ကြောင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​သို့ ရောင်း​ချ​ပိုင်​သော​အ​ခွင့်​မ​ရှိ။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 9,
      "text": "မိ​မိ​သား၌​ပေး​စား​လျှင်​မူ​ကား၊ သ​မီး​ကဲ့​သို့​ပြု​စု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 10,
      "text": "အ​ခြား​မိန်း​မ​ကို​သိမ်း​ပြန်​လျှင်၊ အ​ရင်​သိမ်း​သော မိန်း​မ၏​အ​ဝတ်​အ​စား​နှင့် မ​ယား​ဝတ်​ကို​မ​လျှော့​ရ။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 11,
      "text": "ထို​သုံး​ပါး​ကို​မ​ပြု​လျှင်၊ ကိုယ်​ဖိုး​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 12,
      "text": "လူ​ကို​အ​သေ​သတ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 13,
      "text": "အ​သေ​သတ်​မည်​အ​ကြံ​မ​ရှိ​ဘဲ၊ သူ၏​လက်၌ လူ​အ​သက်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မူ​လျှင်၊ ပြေး​ရ​သော​အ​ရပ်​ကို ငါ​ခန့်​ထား​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 14,
      "text": "အိမ်​နီး​ချင်း​ကို သတ်​မည်​အ​ကြံ​ရှိ၍ အ​နိုင်​တိုက်​သော​သူ​ကို​ကား၊ ငါ့​ယဇ်​ပ​လ္လင်၌ ခို​လှုံ​သော်​လည်း၊ ဆွဲ​ယူ၍​သတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 15,
      "text": "မိ​ဘ​ကို​အ​သေ​သတ်​သော​သူ​သည်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 16,
      "text": "လူ​ကို​ခိုး​သော​သူ​သည်၊ ရောင်း​သည်​ဖြစ်​စေ၊ သူ၏​လက်၌​ရှိ​သည်​ဖြစ်​စေ၊ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 17,
      "text": "မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 18,
      "text": "လူ​ချင်း​ခိုက်​ရန်​ပြု၍ တစ်​ယောက်​သည် ကျောက်​ခဲ​နှင့် ထု​သည်​ဖြစ်​စေ၊ လက်​သီး​နှင့်​ထိုး​သည်​ဖြစ်​စေ၊ အ​ရိုက်​ခံ​ရ​သော​သူ​သည် မ​သေ​သော်​လည်း၊ အိပ်​ရာ၌ တုံး​လုံး​နေ​ရ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 19,
      "text": "တစ်​ဖန်​ထ၍​တောင်​ဝှေး​နှင့်​သွား​လျှင်​လည်း​ကောင်း၊ ရိုက်​သော​သူ​ကို အ​ပြစ်​လွှတ်​ရ​မည်။ သို့​ရာ​တွင် နာ​သော​သူ​သည် အ​လုပ်​ပျက်​ရ​သည်​အ​တွက်၊ အ​နာ​ပျောက်​စေ​ခြင်း​ငှာ ကု​သ​ရ​သည်​အ​တွက်၊ ငွေ​ကို​လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 20,
      "text": "သ​ခင်​သည် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​တုတ်​နှင့်​ရိုက်၍ ထို​ကျွန်​သေ​လျှင်၊ သ​ခင်​သည် လေး​သော​ဒဏ်​ကို​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 21,
      "text": "သို့​ရာ​တွင် ကျွန်​သည် တစ်​ရက်​နှစ်​ရက်​နာ၍ မ​သေ​ဘဲ​နေ​လျှင်၊ သ​ခင်​သည် ထို​ကျွန်​ကို​ပိုင်​သော​ကြောင့်၊ ဒဏ်​နှင့်​လွတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 22,
      "text": "လူ​ချင်း​ခိုက်​ရန်​ပြု​ကြ၍၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​ကို ထိ​ခိုက်​သ​ဖြင့် ကိုယ်​ဝန်​ပျက်၍ အ​ခြား​သော​အ​နာ​မ​ဖြစ်​လျှင်၊ မိန်း​မ​လင်​စီ​ရင်​သည်​အ​တိုင်း ဒဏ်​ခံ​ရ​မည်။ မင်း​စီ​ရင်​သည်​အ​တိုင်း​လည်း ငွေ​ကို​လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 23,
      "text": "အ​ခြား​သော​အ​နာ​ဖြစ်​လျှင်၊ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 24,
      "text": "မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 25,
      "text": "မီး​လောင်​ခြင်း​အ​တွက် မီး​လောင်​ခြင်း​ကို​လည်း​ကောင်း၊ ရှ​န​ခြင်း​အ​တွက် ရှ​န​ခြင်း​ကို​လည်း​ကောင်း၊ ဒဏ်​ချက်​ရာ​အ​တွက် ဒဏ်​ချက်​ရာ​ကို​လည်း​ကောင်း ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 26,
      "text": "သ​ခင်​သည် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၏​မျက်​စိ​ကို ပျက်​အောင်​ရိုက်​လျှင်၊ မျက်​စိ​ပျက်​သည်​အ​တွက် လွှတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 27,
      "text": "ထို​အ​တူ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၏​သွား​ကို ကျိုး​အောင်​ရိုက်​လျှင်၊ သွား​ကျိုး​သည်​အ​တွက် လွှတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 28,
      "text": "နွား​သည် လူ​ယောက်ျား၊ မိန်း​မ​ကို​ခွေ့၍ လူ​သေ​လျှင်၊ စင်​စစ်​ထို​နွား​ကို ကျောက်​ခဲ​နှင့်​ပစ်၍​သတ်​ရ​မည်။ အ​သား​ကို​လည်း မ​စား​ရ။ နွား​ရှင်​ကို​ကား၊ အ​ပြစ်​လွှတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 29,
      "text": "၎င်း​နည်း နွား​သည် အ​ထက်​က​ခွေ့​ဖူး၍၊ ခွေ့​ကြောင်း​ကို နွား​ရှင်​ကြား​သိ​လျက် မ​ချည်​မ​နှောင်​အ​လွတ်​ထား၍၊ နွား​သည် ယောက်ျား၊ မိန်း​မ​ကို​သတ်​မိ​လျှင်၊ ထို​နွား​ကို ကျောက်​ခဲ​နှင့် ပစ်​သတ်​ရ​မည်။ နွား​ရှင်​ကို​လည်း အ​သေ​သတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 30,
      "text": "သို့​မ​ဟုတ် ငွေ​လျော်​စေ​ဟု​စီ​ရင်​လျှင်၊ စီ​ရင်​သည်​အ​တိုင်း မိ​မိ​အ​သက်​ရွေး​ရန် အ​ဖိုး​ကို​လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 31,
      "text": "သူ​တစ်​ပါး၏​သား​သ​မီး​ကို ခွေ့​လျှင်၊ စီ​ရင်​သည်​အ​တိုင်း​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 32,
      "text": "ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​ခွေ့​လျှင်​မူ​ကား၊ နွား​ရှင်​သည် ကျွန်​ရှင်​အား ငွေ​အ​ကျပ်​သုံး​ဆယ်​ကို​လျော်​ရ​မည်။ နွား​ကို​လည်း ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 33,
      "text": "လူ​သည် တွင်း​ကို​ဖွင့်၍ ထား​သည်​ဖြစ်​စေ၊ တွင်း​ကို​တူး၍ မ​ပိတ်​ဘဲ​ထား​သည်​ဖြစ်​စေ၊ သူ​တစ်​ပါး၏​မြင်း၊ နွား​သည် ထို​တွင်း၌​ကျ​လျှင်၊"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 34,
      "text": "တွင်း​ရှင်​သည် မြင်း၊ နွား​အ​ဖိုး​ကို​လျော်၍ အ​သေ​ကောင်​ကို​ယူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 35,
      "text": "အ​ကြင်​သူ၏​နွား​သည်၊ သူ​တစ်​ပါး၏​နွား​ကို အ​သေ​ခွေ့​လျှင်၊ နွား​ရှင်​နှစ်​ဦး​တို့​သည်၊ အ​သက်​ရှင်​သော နွား​ကို​ရောင်း၍ အ​ဖိုး​ကို​ဝေ​ယူ​ရ​မည်။ သေ​သော​နွား​ကို​လည်း ဝေ​ယူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 21,
      "verse": 36,
      "text": "၎င်း​နည်း နွား​သည် အ​ထက်​က​ခွေ့​ဖူး​ကြောင်း​ကို၊ နွား​ရှင်​သိ​လျက်​နှင့် မ​ချည်​မ​နှောင် အ​လွတ်​ထား​လျှင်၊ နွား​သေ​ကောင်​ကို ကိုယ်​တိုင်​ယူ​ရ​မည်။ ထို​နွား​တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​အ​မှန်​လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 1,
      "text": "လူ​သည် သိုး​နွား​ကို​ခိုး၍ သတ်​သည်​ဖြစ်​စေ၊ ရောင်း​သည်​ဖြစ်​စေ၊ နွား​တစ်​ကောင်​အ​တွက် နွား​ငါး​ကောင်​ကို​လည်း​ကောင်း၊ သိုး​တစ်​ကောင်​အ​တွက် သိုး​လေး​ကောင်​ကို​လည်း​ကောင်း ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 2,
      "text": "သူ​ခိုး​သည် အိမ်​ကို​ထွင်း​ဖောက်​စဉ်၊ သူ​တစ်​ပါး​တွေ့၍ သေ​အောင်​သတ်​သော်​လည်း၊ သေ​စား​မ​သေ​စေ​ရ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 3,
      "text": "သို့​သော်​လည်း နေ​ထွက်​လျှင် သေ​စား​သေ​စေ​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ပြန်​ပေး​စ​ရာ​အ​ကြောင်း​ရှိ၏။ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​လျှင်၊ ခိုး​သည်​ဥ​စ္စာ​အ​တွက် ကိုယ်​ကို​ရောင်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 4,
      "text": "သူ​ခိုး​လက်၌ ခိုး​သော​နွား၊ သိုး​ကို​အ​သက်​ရှင်​လျက် အ​မှန်​တွေ့​လျှင်၊ နှစ်​ဆ​ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 5,
      "text": "သူ့​လယ်၊ သူ့​စ​ပျစ်​ဥ​ယျာဉ်​ကို စား​စေ​သော်​လည်း​ကောင်း၊ မိ​မိ​တိ​ရ​စ္ဆာန်​ကို သူ့​လယ်၌​ထိန်း​ကျောင်း​သော်​လည်း​ကောင်း၊ မိ​မိ​လယ်၊ မိ​မိ​စ​ပျစ်​ဥ​ယျာဉ်​ထဲ​က​အ​ကောင်း​ဆုံး​ကို ထုတ်၍ ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 6,
      "text": "မီး​ရှို့​သော​အ​ခါ မြက်​ပင်​ကြောင့် အ​စဉ်​အ​တိုင်း​လျှောက်​၍​လောင်​လျက်၊ ကောက်​လှိုင်း၊ စ​ပါး​ပင်၊ လယ်၌​ရှိ​သော​အ​ရာ​တို့​ကို လောင်​လျှင်၊ မီး​ရှို့​သော​သူ​သည် အ​မှန်​လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 7,
      "text": "လူ​တစ်​ဦး​သည် အိမ်​နီး​ချင်း​တစ်​ဦး​၌ ရွှေ​ငွေ​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​အပ်​နှံ၍၊ အပ်​နှံ​ခံ​သော​သူ၏​အိမ်​မှ သူ​ခိုး​ခိုး​သွား​လျှင်၊ သူ​ခိုး​ကို​တွေ့​မိ​သော​အ​ခါ နှစ်​ဆ​လျော်​စေ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 8,
      "text": "သူ​ခိုး​ကို​မ​တွေ့​လျှင်၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​နီး​ချင်း​ဥ​စ္စာ​ကို ယူ​သ​လော၊ မ​ယူ​လော​ဟု ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စစ်​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 9,
      "text": "သူ့​ဥ​စ္စာ​ကို ပြစ်​မှား​သည်​အ​မှု​မှာ၊ နွား၊ မြည်း၊ သိုး၊ အ​ဝတ်​အ​စ​ရှိ​သော ပျောက်​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​တွေ့၍၊ ဤ​ဥ​စ္စာ​ကား၊ ငါ၏​ဥ​စ္စာ​ဖြစ်​သည်​ဟု တစ်​စုံ​တစ်​ယောက်​ဆို​လျှင်၊ အ​မှု​သည်​နှစ်​ဦး​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​စစ်​ခံ​ရ​၍၊ တ​ရား​ရှုံး​သော​သူ​သည် နှစ်​ဆ​လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 10,
      "text": "လူ​သည် အိမ်​နီး​ချင်း​လယ်၌ မြည်း၊ နွား၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​ကို အပ်​နှံ၍၊ ထို​တိ​ရ​စ္ဆာန် သေ​သော်​လည်း​ကောင်း၊ ထိ​ခိုက်၍ နာ​သော်​လည်း​ကောင်း၊ သက်​သေ​မ​ရှိ​ဘဲ သူ​တစ်​ပါး​မောင်း၍​သွား​သော်​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 11,
      "text": "အပ်​နှံ​ခံ​သော​သူ​သည် ငါ့​အိမ်​နီး​ချင်း​၏​ဥ​စ္စာ​ကို ငါ​မ​ယူ​ဟု နှစ်​ဦး​သ​ဘော​တူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အ​ကျိန်​ခံ​ရ​လျှင်၊ ဥ​စ္စာ​ရှင်​သည် ဝန်​ခံ​ရ​မည်။ အပ်​နှံ​ခံ​သူ​လည်း မ​လျော်​ရ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 12,
      "text": "သို့​ရာ​တွင် သူ​တစ်​ပါး​ခိုး​သွား​လျှင်၊ အပ်​နှံ​ခံ​သူ​သည် ဥ​စ္စာ​ရှင်​အား​ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 13,
      "text": "သား​ရဲ​ကိုက်​လျှင် သက်​သေ​ဖို့ အ​သေ​ကောင်​ကို​ပြ​စေ။ ပြ​နိုင်​လျှင် အ​လျော်​မ​ခံ​ရ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 14,
      "text": "လူ​သည်​အိမ်​နီး​ချင်း၌ တစ်​စုံ​တစ်​ခု​ကို​ငှား၍ ဥ​စ္စာ​ရှင်​မ​ပါ​ဘဲ သေ​သော်​လည်း​ကောင်း၊ ထိ​ခိုက်၍​နာ​သော်​လည်း​ကောင်း၊ အ​မှန်​လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 15,
      "text": "ဥ​စ္စာ​ရှင်​ပါ​လျှင်၊ ငှား​သော​သူ​သည် မ​လျော်​ရ။ အ​ခ​နှင့် ငှား​လျှင်​မူ​ကား၊ ဥ​စ္စာ​ရှင်​သည် အ​ခ​ကို​သာ​တောင်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 16,
      "text": "မ​ပေး​စား​လို​သော​အ​ပျို​ကို၊ အ​ကြင်​ယောက်ျား​သည် ချော့​မော့၍​သင့်​နေ​လျှင်၊ ကန်​တော့​ဥ​စ္စာ​ကို​ပေး၍ ထို​မိန်း​မ​ကို မ​ယား​အ​ရာ၌ မြှောက်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 17,
      "text": "မိန်း​မ၏​အ​ဘ သ​ဘော​မ​တူ မ​ပေး​စား​လို​လျှင်၊ ကန်​တော့​ရ​သည်​နှင့်​အ​မျှ ငွေ​ကို လျော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 18,
      "text": "စုန်း​မ​ကို အ​သက်​ရှင်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​ရ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 19,
      "text": "တိ​ရ​စ္ဆာန်​နှင့်​သင့်​နေ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော​သူ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 21,
      "text": "တစ်​ပြည်​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​နှောင့်​ယှက်​မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 22,
      "text": "မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို သင်​တို့​သည်​မ​နှောင့်​ယှက်​ရ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 23,
      "text": "နှောင့်​ယှက်​ခြင်း တစ်​စုံ​တစ်​ခု​ကို​ပြု၍ သူ​တို့​သည် ငါ့​အား​အ​နည်း​ငယ်​အော်​ဟစ်​လျှင်၊ ငါ​သည် ထို​အ​သံ​ကို​အ​မှန်​ကြား၍၊"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 24,
      "text": "ငါ​အ​မျက်​ပြင်း​စွာ​ထွက်​လျက် သင်​တို့​ကို ဓား​ဘေး​ဖြင့်​ကွပ်​မျက်​မည်။ သင်​တို့​မ​ယား​များ​သည်​လည်း မု​ဆိုး​မ​ဖြစ်၍၊ သား​သ​မီး​များ​သည်​လည်း မိ​ဘ​မ​ရှိ​သော သူ​ငယ်​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 25,
      "text": "ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 26,
      "text": "အိမ်​နီး​ချင်း​သည် မိ​မိ​စောင်​ကို သင်၌​ပေါင်​ထား​လျှင်၊ မိုး​မ​ချုပ်​မီ ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ခြား​သော​ခြုံ​စ​ရာ​မ​ရှိ။ ကိုယ်​ခြုံ​ဖို့​ဖြစ်၏။ သူ​သည် အ​ဘယ်​သို့​အိပ်​နိုင်​သ​နည်း။ ငါ့​အား​အော်​ဟစ်​လျှင် ငါ​ကြား​မည်။ ငါ​သည် သ​နား​သော​သ​ဘော​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 28,
      "text": "ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​မ​ပြော​ရ။ သင်၏​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​ကို မ​ကျိန်​ဆဲ​ရ။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 29,
      "text": "အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 30,
      "text": "ထို​နည်း​တူ သိုး​နွား​တို့​ကို​ပြု​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး သိုး​နွား​သ​ငယ်​ကို အ​မိ​နှင့်​အ​တူ​နေ​စေ၍၊ အ​ဋ္ဌ​မ​နေ့​ရောက်​မှ ငါ့​အား​ဆက်​ကပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 22,
      "verse": 31,
      "text": "သင်​တို့​သည် ငါ့​ထံ၌ သန့်​ရှင်း​သော​သူ​ဖြစ်​ရ​ကြ​မည်။ တော၌ သား​ရဲ​ကိုက်​သော အ​မဲ​သား​ကို​မ​စား​ရ။ ခွေး​တို့​အား​ပစ်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 1,
      "text": "သင်​သည် မှား​သော​သ​တင်း​စ​ကား​ကို မ​ကြား​မ​ပြော​ရ။ မ​တ​ရား​သော​သူ​တို့​နှင့် ဝိုင်း​ညီ၍ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 2,
      "text": "လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 3,
      "text": "ဆင်း​ရဲ​သော​သူ​ဘက်​၌​လည်း မ​ငဲ့​ကွက်​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 4,
      "text": "သင်​သည် ရန်​သူ​၏​မြင်း​နွား လမ်း​လွဲ​သည်​ကို တွေ့​မြင်​လျှင်၊ အ​မှန်​ပြန်​ပို့​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 5,
      "text": "သင့်​ကို မုန်း​သော​သူ​၏​မြည်း​သည်၊ မိ​မိ​ဆောင်​ရွက်​သော ဝန်​အောက်​မှာ လဲ​နေ​သည်​ကို တွေ့​မြင်​လျှင်၊ မ မ​စ​ဘဲ​နေ​နိုင်​သ​လော။ အ​မှန်​ဝိုင်း​ညီ၍ မ​စ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 6,
      "text": "သင်၌ ဆင်း​ရဲ​သော​သူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ သူ့​ကို မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 7,
      "text": "မ​ဟုတ်​မ​မှန်​သော​အ​မှု​ကို ရှောင်​ရ​မည်။ အ​ပြစ်​မ​ရှိ​သော​သူ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကွပ်​မျက်​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​မ​တ​ရား​သော​သူ​ကို အ​ပြစ်​မ​လွှတ်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 8,
      "text": "သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 9,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ခဲ့​ဖူး​သော​ကြောင့်၊ ဧည့်​သည်​၏​စိတ်​သ​ဘော​ကို သိ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 10,
      "text": "ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်၍ အ​သီး​ကို​သိမ်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 11,
      "text": "သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 12,
      "text": "ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 13,
      "text": "ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 14,
      "text": "တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 16,
      "text": "လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 17,
      "text": "သင်​တို့​တွင် ယောက်ျား​အ​ပေါင်း​တို့​သည်၊ တစ်​နှစ်​လျှင်​သုံး​ကြိမ် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​နှာ​ပြ​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 18,
      "text": "ငါ့​ယဇ်​ကောင်၏​အ​သွေး​ကို၊ တ​ဆေး​ပါ​သော​မုန့်​နှင့်​ရော၍ မ​ပူ​ဇော်​ရ။ ငါ့​ယဇ်​ကောင်​ဆီ​ဥ​ကို နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 19,
      "text": "သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 20,
      "text": "ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 21,
      "text": "ထို​တ​မန်​ကို ရို​သေ​စွာ​ပြု​လော့။ စ​ကား​တော်​ကို နား​ထောင်​လော့။ အာ​ဏာ​တော်​ကို မ​ဆန်​နှင့်။ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို သူ​သည်​မ​လွှတ်။ ငါ့​နာ​မ​သည် သူ၌​တည်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 22,
      "text": "အ​ကယ်​စင်​စစ် သင်​သည်​သူ့​စ​ကား​ကို နား​ထောင်၍ ငါ​ပ​ညတ်​သ​မျှ​အ​တိုင်း​ပြု​လျှင်၊ သင်၏​ရန်​သူ​တို့​ကို ငါ​သည်​ရန်​ဘက်​ပြု​မည်။ သင့်​ကို ဆီး​တား​သော​သူ​တို့​ကို​လည်း ငါ​ဆီး​တား​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 23,
      "text": "ငါ့​တ​မန်​သည် သင့်​ရှေ့၌​သွား၍ သင့်​ကို အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ​သို့ ဆောင်​သွင်း၍၊ သူ​တို့​ကို ပယ်​ရှင်း​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 24,
      "text": "သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 25,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်။ သင်၏​မုန့်​ကို​လည်း​ကောင်း၊ ရေ​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး​တော်​မူ​မည်။ အ​နာ​ရော​ဂါ​ကို​လည်း သင်၏​အ​ထဲ​က နုတ်​ယူ​ပယ်​ရှား​တော်​မူ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 26,
      "text": "သင်၏​ပြည်​တွင် ကိုယ်​ဝန်​ပျက်​သော​သ​တ္တ​ဝါ၊ မြုံ​သော သ​တ္တ​ဝါ​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်၏​အ​သက်​တန်း​ကို ငါ​စုံ​လင်​စေ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 27,
      "text": "ငါ့​ကို​ကြောက်​တတ်​သော​သ​ဘော​ကို သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်၌ ခပ်​သိမ်း​သော​လူ​မျိုး​ကို ငါ​ဖျက်​ဆီး​မည်။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို နောက်​သို့​လှည့်​စေ​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 28,
      "text": "ပျား​တူ​များ​ကို​လည်း သင့်​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​တို့​သည် ဟိ​ဝိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ​တို့​ကို သင့်​ရှေ့​မှာ​နှင်​ထုတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 29,
      "text": "ထို​လူ​များ​ကို တစ်​နှစ်​ချင်း​တွင် သင့်​ရှေ့​မှာ​ငါ​မ​နှင်​ထုတ်။ သို့​ပြု​လျှင် ပြည်​သည် လူ​ဆိတ်​ညံ၍ သား​ရဲ​သည်​သင့်​တစ်​ဖက်၌ များ​ပြား​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 30,
      "text": "သင်​သည်​တိုး​ပွား၍ တစ်​ပြည်​လုံး​ကို ဝင်​စား​သည်​တိုင်​အောင်၊ သူ​တို့​ကို သင့်​ရှေ့​မှာ ဖြည်း​ဖြည်း​ငါ​နှင်​ထုတ်​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 31,
      "text": "သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 32,
      "text": "သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့်​လည်း​ကောင်း၊ သင်​သည်​မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။"
    },
    {
      "book": 2,
      "chapter": 23,
      "verse": 33,
      "text": "သင်​သည် ငါ့​ကို​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သူ​တို့​သည်​ပြု​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် သင့်​ပြည်၌​မ​နေ​ရ​ကြ။ သင်​သည် သူ​တို့​ဘု​ရား​ကို​ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​အ​မှန် ဖြစ်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 1,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 2,
      "text": "သင်​တစ်​ယောက်​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်​ရ​မည်။ အ​ခြား​သော​သူ မ​ချဉ်း​မ​ကပ်​ရ။ လူ​များ​တို့​သည် သင်​နှင့်​အ​တူ​မ​တက်​ရ​ကြ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 3,
      "text": "မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​ချက်​အ​လုံး​စုံ​ကို​လည်း​ကောင်း ပြန်​ကြား၍၊ လူ​များ​အ​ပေါင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့ ပြု​ပါ​မည်​ဟု တစ်​သံ​တည်း​ပြန်​ပြော​ကြ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 4,
      "text": "မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ရေး​ထား​ပြီး​မှ၊ နံ​နက်​စော​စော​ထ၍၊ တောင်​ခြေ​ရင်း၌​ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​နှင့်​အ​မျှ ကျောက်​တိုင် တစ်​ဆယ်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​လေ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ပျို​တို့​ကို စေ​ခိုင်း​သည်​အ​တိုင်း၊ သူ​တို့​သည် နွား​များ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 6,
      "text": "မော​ရှေ​သည်​လည်း၊ အ​သွေး​တစ်​ဝက်​ကို အင်​တုံ၌​ထည့်၍၊ တစ်​ဝက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​လေ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 7,
      "text": "ပ​ဋိ​ညာဉ်​စာ​ကို​လည်း​ယူ၍၊ ပ​ရိ​သတ်​များ​ရှေ့​မှာ ဖတ်​ပြီး​လျှင်၊ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်၊ နား​ထောင်​ပါ​မည်​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 8,
      "text": "မော​ရှေ​သည်​လည်း၊ အ​သွေး​ကို​ယူ၍ လူ​များ​အ​ပေါ်​မှာ​ဖျန်း​လျက်၊ ဤ​အ​သွေး​ကား ဤ​အ​မှု​အ​ရာ​တို့​တွင် သင်​တို့၌ ထာ​ဝ​ရ​ဘု​ရား​ဝန်​ခံ​တော်​မူ​သော ပ​ဋိ​ညာဉ်၏​အ​သွေး​ဖြစ်​သည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 9,
      "text": "ထို​အ​ခါ မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​သည်​တက်၍၊"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို မြင်​ကြ၏။ ခြေ​တော်​အောက်၌ နီ​လာ​ကျောက်​ဖြင့်​ပြီး​သော ကျောက်​ခင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြည်​လင်​သော ကောင်း​ကင်​မျက်​နှာ​ကဲ့​သို့​လည်း​ကောင်း ထင်​လေ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​မှူး​မတ်​တို့​ကို အ​ပြစ်​ပေး​တော်​မ​မူ။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မြင်​ရ​သော်​လည်း၊ စား​သောက်​လျက်​နေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ရှိ​ရာ​တောင်​ပေါ်​သို့ တက်၍​နေ​လော့။ လူ​များ​တို့​အား သွန်​သင်​ဖို့​ရာ ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​သော​ပ​ညတ်​တ​ရား​များ​ကို သင်၌ ငါ​အပ်​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 13,
      "text": "မော​ရှေ​သည် မိ​မိ​လက်​ထောက်​ယော​ရှု​နှင့်​အ​တူ​ထ၍ ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​သို့ တက်​သွား၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 14,
      "text": "အ​သက်​ကြီး​သူ​တို့​အား​လည်း၊ ငါ​တို့​မ​လာ​မီ​တိုင်​အောင် ဤ​အ​ရပ်၌ ငံ့​နေ​ကြ​လော့။ အာ​ရုန်​နှင့်​ဟု​ရ​သည် သင်​တို့၌​ရှိ​သည်​ဖြစ်၍၊ မည်​သည့်​သူ​မ​ဆို အ​မှု​အ​ခင်း​ရှိ​လျှင်၊ သူ​တို့​ထံ​သို့​သွား​စေ​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 15,
      "text": "မော​ရှေ​သည်​တောင်​တော်​ပေါ်​သို့​တက်၍၊ မိုး​တိမ်​သည် တောင်​တော်​ကို လွှမ်း​မိုး၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သိ​နာ​တောင်​ပေါ်​မှာ​ထိ၍၊ မိုး​တိမ်​သည် ခြောက်​ရက်​ပတ်​လုံး​လွှမ်း​မိုး၏။ သ​တ္တ​မ​နေ့​ရက်၌ မိုး​တိမ်​အ​ထဲ​က အ​သံ​တော်​ထွက်၍၊ မော​ရှေ​ကို​ခေါ်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တောင်​ထိပ်​ပေါ်​မှာ လောင်​သော​မီး​ကဲ့​သို့ ထင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ရ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 24,
      "verse": 18,
      "text": "မော​ရှေ​သည် မိုး​တိမ်​အ​ထဲ​သို့​ဝင်​သ​ဖြင့် တောင်​ပေါ်​သို့​ရောက်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး တောင်​ပေါ်​မှာ​နေ​လေ၏။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 2,
      "text": "ငါ့​အား လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ်​နှင့် ငါ့​အား လှူ​သ​မျှ​သော​သူ​တို့၌ သင်​သည် အ​လှူ​ကို​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 3,
      "text": "ခံ​ရ​သော​အ​လှူ​ဟူ​မူ​ကား၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 4,
      "text": "ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 5,
      "text": "အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ၊ အ​ကာ​ရှ​သစ်​သား။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 6,
      "text": "လိမ်း​ရန်​ဆီ​ဖော်​ဖို့၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ၊ နံ့​သာ​မျိုး၊ မီး​ထွန်း​စ​ရာ​ဆီ၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 7,
      "text": "ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော အ​လှူ​ကို​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 8,
      "text": "ငါ​သည် သင်​တို့​တွင်​ကျိန်း​ဝပ်​ရာ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကို​လုပ်​ကြ​စေ။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 9,
      "text": "ငါ​ပြ​သ​မျှ​သော တဲ​တော်​ပုံ၊ တဲ​တော်​တန်​ဆာ​ပုံ​နှင့်​အ​ညီ လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 10,
      "text": "အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို၊ အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ သေ​တ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 11,
      "text": "သေ​တ္တာ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော​ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 12,
      "text": "ရွှေ​လေး​ကွင်း​ကို​သွန်း၍၊ သေ​တ္တာ​လေး​ထောင့်၌ တစ်​မျက်​နှာ​နှစ်​ကွင်း​စီ တပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 13,
      "text": "အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 14,
      "text": "သေ​တ္တာ​ထမ်း​စ​ရာ​ဖို့​တစ်​ဖက်​တစ်​ချက် ရွှေ​ကွင်း​ထဲ​သို့ လျှို​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 15,
      "text": "ထို​ထမ်း​ပိုး​ကို​လည်း သေ​တ္တာ​ရွှေ​ကွင်း​ထဲ​က​မ​နုတ်၊ အ​စဉ်​ရှိ​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 16,
      "text": "ငါ​ပေး​သော​သက်​သေ​ခံ​ချက်​ကို၊ ထို​သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 17,
      "text": "အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို​လည်း ရွှေ​နှင့်​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 18,
      "text": "ရွှေ​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို​လည်း သေ​တ္တာ​အ​ဖုံး​တွင် အ​လျား​တစ်​ဖက်​တစ်​ချက်၌ ထု​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 19,
      "text": "ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို သေ​တ္တာ​ဖုံး​ကိုယ်​ထဲ​က​ထုတ်၍၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌ တစ်​ဖက်​တစ်​ပါး​စီ​လုပ်​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 20,
      "text": "ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်၍၊ သေ​တ္တာ​ဖုံး​ကို​ရှု​လျက်၊ မိ​မိ​အ​တောင်​ကို​ဖြန့်၍ သေ​တ္တာ​ဖုံး​ကို​မိုး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 21,
      "text": "သေ​တ္တာ​အ​ဖုံး​ကို သေ​တ္တာ​ပေါ်​မှာ​တင်​ရ​မည်။ ငါ​ပေး​သော သက်​သေ​ခံ​ချက်​ကို​လည်း သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 22,
      "text": "ထို​အ​ရပ်၌ ငါ​သည်​သင်​နှင့်​တွေ့၍၊ သက်​သေ​ခံ​ချက်​ထား​သော သေ​တ္တာ​ဖုံး​အ​ပေါ်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​စပ်​ကြား​မှာ သင်​နှင့်​နှုတ်​ဆက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ဆင့်​ဆို​ရာ​သ​မျှ​တို့​ကို စီ​ရင်​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 23,
      "text": "အ​လျား​နှစ်​တောင်၊ အ​နံ​တစ်​တောင်၊ အ​မြင့်​တစ်​တောင်​ထွာ​ရှိ​သော စား​ပွဲ​ကို​လည်း အ​ကာ​ရှ​သား​နှင့်​လုပ်၍၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 24,
      "text": "ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။ စား​ပွဲ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 25,
      "text": "အ​နံ​လက်​တစ်​ဝါး​ရှိ​သော ခါး​ပန်း​ကို​လည်း​ကောင်း၊ ခါး​ပန်း​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 26,
      "text": "ရွှေ​လေး​ကွင်း​ကို​လည်း​လုပ်​၍၊ ခြေ​ထောက်​လေး​ခု​အ​ထက် စား​ပွဲ​လေး​ထောင့်​၌ တပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 27,
      "text": "ထို​ရွှေ​ကွင်း​တို့​သည် ခါး​ပန်း​ပေါ်​မှာ​ရှိ​၍၊ စား​ပွဲ​ထမ်း​စ​ရာ ထမ်း​ပိုး​နေ​ရာ​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 28,
      "text": "စား​ပွဲ​ထမ်း​စ​ရာ အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်​၍ ရွှေ​နှင့်​မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 29,
      "text": "စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ဇွန်း၊ အင်​တုံ၊ လောင်း​စ​ရာ​ဖ​လား​များ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 30,
      "text": "ငါ့​ရှေ့၊ စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 31,
      "text": "မီး​ခုံ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်၍၊ မီး​ခုံ​တိုင်​အ​စ​ရှိ​သော အ​လက်​များ၊ ခွက်​များ၊ ဘူး​သီး​များ၊ ကြာ​ပွင့်​များ​တို့​ကို တစ်​စပ်​တည်း​ထု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 32,
      "text": "မီး​ခုံ​တိုင်​တစ်​ဖက်​တစ်​ချက် သုံး​လက်​စီ​ထွက်၍၊ အ​လက်​ခြောက်​လက်​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 33,
      "text": "မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​သုံး​လက်​တွင်၊ တစ်​လက်​တစ်​လက်​၌ ဘူး​ကြာ​ပွင့်​နှင့်​တ​ကွ၊ ဗာ​တံ​သီး​နှင့်​ပုံ​တူ​သော ခွက်​သုံး​ခွက်​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 34,
      "text": "မီး​ခုံ​တိုင်၌​လည်း ဘူး​ကြာ​ပွင့်​နှင့်​တ​ကွ၊ ဗာ​တံ​သီး​နှင့်​ပုံ​တူ​သော ခွက်​လေး​ခွက် ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 35,
      "text": "မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​ခြောက်​လက်​ရှိ​သည်​အ​တိုင်း၊ အ​လက်​နှစ်​ဖက်​အောက်၌​လည်း ဘူး​သီး​တစ်​လုံး​စီ​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 36,
      "text": "ဘူး​များ၊ အ​လက်​များ​တို့​ကို တစ်​ကိုယ်​တစ်​စပ်​တည်း​ဖြစ်​စေ၍၊ မီး​ခုံ​တစ်​ကိုယ်​လုံး​ကို ရွှေ​စင်​နှင့်​ထု​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 37,
      "text": "မီး​ခွက်​ခု​နစ်​လုံး​ကို​လည်း လုပ်​ရ​မည်။ စား​ပွဲ​ကို​လင်း​စေ​ခြင်း​ငှာ ထို​မီး​ခွက်​ကို ထွန်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 38,
      "text": "မီး​ညှပ်​နှင့် မီး​ညှပ်​ခံ​စ​ရာ​ခွက်​တို့​သည်​လည်း ရွှေ​စင်​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 39,
      "text": "မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​စင်​အ​ခွက်​တစ်​ဆယ်​နှင့် လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 25,
      "verse": 40,
      "text": "တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 1,
      "text": "တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့်​ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော၊ ပိတ်​ချော​ကု​လား​ကာ​ဆယ်​ထည်​ဖြင့် တဲ​တော်​ကို​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 2,
      "text": "ကု​လား​ကာ​သည် အ​လျား​နှစ်​ဆယ်​ရှစ်​တောင်၊ အ​နံ​လေး​တောင်​ရှိ၍၊ ကု​လား​ကာ​ချင်း အ​လျား​အ​နံ​တူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 3,
      "text": "ကု​လား​ကာ​ငါး​ထည်​စီ တစ်​စပ်​တည်း​ချုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 4,
      "text": "ကု​လား​ကာ​တစ်​ထည်​ပြင်​ဘက်​မှာ၊ ကု​လား​ကာ​နား​ချင်း​ဆက်​မီ​ရာ၌ ကွင်း​များ​ကို ပြာ​သော​အ​ထည်​နှင့် လုပ်​ရ​မည်။ အ​ခြား​သော ကု​လား​ကာ​ပြင်​ဘက်​မှာ၊ ကု​လား​ကာ​နား​ချင်း ဆက်​မီ​ရာ၌​လည်း ထို​အ​တူ​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 5,
      "text": "ကု​လား​ကာ​တစ်​ထည်​၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား​သော​ကု​လား​ကာ အ​နား​ဆက်​မီ​ရာ၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ကွင်း​ချင်း​ဆိုင်​မိ​အောင် လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 6,
      "text": "ရွှေ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍၊ ထို​ရွှေ​ချောင်း​ဖြင့် ကု​လား​ကာ​များ​ကို ပူး​တွဲ​သ​ဖြင့်၊ တဲ​တော်​တစ်​ဆောင်​တည်း​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 7,
      "text": "တဲ​တော်​ဖုံး​အုပ်​ဖို့ အ​ခြား​သော​ကု​လား​ကာ ဆယ်​တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 8,
      "text": "ကု​လား​ကာ​သည် အ​လျား​အ​တောင်​သုံး​ဆယ်၊ အ​နံ​လေး​တောင်​ရှိ​၍၊ ကု​လား​ကာ ဆယ်​တစ်​ထည်​တို့​သည် အ​လျား​အ​နံ​ချင်း​တူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 9,
      "text": "ကု​လား​ကာ​ငါး​ထည်​တစ်​စပ်၊ ခြောက်​ထည်​တစ်​စပ်​တည်း​ချုပ်၍၊ ဆ​ဋ္ဌ​မ​ကု​လား​ကာ​ကို တဲ​တော်​ဦး၌​ခေါက်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 10,
      "text": "ကု​လား​ကာ​များ​ဆက်​မီ​ရာ​၌၊ ပြင်​ဘက်​က​နေ​သော ကု​လား​ကာ​တစ်​ထည်​အ​နား​မှာ၊ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဆက်​မီ​သော​အ​ခြား​ကု​လား​ကာ​အ​နား​မှာ၊ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 11,
      "text": "ကြေး​ဝါ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍၊ ကွင်း​တို့​၌​လျှို​ပြီး​လျှင်၊ အ​ပေါ်​တဲ​တစ်​ပိုင်း​နှင့် တစ်​ပိုင်း​ပူး​တွဲ​သ​ဖြင့်၊ တဲ​တစ်​ဆောင်​တည်း​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 12,
      "text": "ထို​အ​ပေါ်​တဲ​၌​ပို​သော ကု​လား​ကာ​တစ်​ဝက်​ကို​ကား၊ တဲ​တော်​နောက်​ဖေး​မှာ တွဲ​လွဲ​ဆွဲ​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 13,
      "text": "အ​ပေါ်​တဲ​၌​ပို​သော ကု​လား​ကာ​အ​လျား​နှစ်​တောင်​တွင်၊ တဲ​တော်​ဖုံး​အုပ်​ဖို့ တစ်​ဖက်​တစ်​ချက် တစ်​တောင်​စီ​တွဲ​လွဲ​ဆွဲ​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 14,
      "text": "အ​ပေါ်​တဲ​ဖုံး​အုပ်​ဖို့ အ​နီ​ဆိုး​သော​သိုး​ရေ​ကို​လည်း​ကောင်း၊ ထို​သိုး​ရေ​အ​ပေါ်၌ တ​ဟာ​ရှ​သား​ရေ​ကို​လည်း​ကောင်း​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 15,
      "text": "တဲ​တော်​ကာ​ရန်​ထောင်​ထား​ရ​သော အ​ကာ​ရှ​ပျဉ်​ပြား​တို့​ကို​လည်း လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 16,
      "text": "ပျဉ်​ပြား​သည် အ​လျား​ဆယ်​တောင်၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 17,
      "text": "ထို​ပျဉ်​ပြား​ရှိ​သ​မျှ​တို့၌ ခြေ​ထောက်​နှစ်​ခု​စီ တစ်​တန်း​တည်း​ရှိ​စေ​ခြင်း​ငှာ လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 18,
      "text": "တဲ​တော်​တောင်​ဘက်၌ ကာ​ရန်​ပျဉ်​ပြား နှစ်​ဆယ်​ကို​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 19,
      "text": "ထို​ပျဉ်​ပြား​နှစ်​ဆယ်​တွင်၊ တစ်​ပြား​တစ်​ပြား​အောက်၌ ခြေ​ထောက်​နှစ်​ခု​စီ​စွပ်​စ​ရာ​ဖို့ ငွေ​ခြေ​စွပ်​လေး​ဆယ်​ကို လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 20,
      "text": "ထို​အ​တူ တဲ​တော်​မြောက်​ဘက်၌ ကာ​ရန် ပျဉ်​ပြား​နှစ်​ဆယ်​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 21,
      "text": "ထို​ပျဉ်​ပြား၌​လည်း ငွေ​ခြေ​စွပ်​လေး​ဆယ်၊ တစ်​ပြား​နှစ်​ခု​စီ​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 22,
      "text": "တဲ​တော်​အ​နောက်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​ခြောက်​ပြား​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 23,
      "text": "ထောင့်​တစ်​ဖက်​တစ်​ချက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ပြား​ကို​လည်း​ကောင်း လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 24,
      "text": "အ​ထက်၌​လည်း​ကောင်း၊ အောက်၌​လည်း​ကောင်း၊ ကွင်း​ကို​တပ်​၍​စေ့​စပ်​လျက် ထောင့်​နှစ်​ခု​ကို ပြီး​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 25,
      "text": "ပျဉ်​ပြား​ရှစ်​ပြား၊ ငွေ​ခြေ​စွပ်​ဆယ်​ခြောက်​ခု၊ တစ်​ပြား​နှစ်​ခု​စီ​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 26,
      "text": "တဲ​တော်၌​ကာ​ရ​သော ပျဉ်​ပြား​ကို​လျှို​စ​ရာ​ဖို့ အ​ကာ​ရှ​သား ကန့်​လန့်​ကျင်​တို့​ကို တစ်​ဖက်​ငါး​ချောင်း​စီ လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 27,
      "text": "တဲ​တော်​နောက်​ဖေး၌ ကာ​ရ​သော​ပျဉ်​ပြား​ကို လျှို​စ​ရာ​ဖို့ ကန့်​လန့်​ကျင် ငါး​ချောင်း​ကို​လည်း​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 28,
      "text": "အ​လယ်​ကန့်​လန့်​ကျင်​ကို၊ ထောင့်​တစ်​ဖက်​တစ်​ချက်၌ ဆုံး​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 29,
      "text": "ပျဉ်​ပြား​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​ရ​မည်။ ကန့်​လန့်​ကျင်​လျှို​ဖို့​ရာ ရွှေ​ကွင်း​ကို​လည်း လုပ်၍၊ ကန့်​လန့်​ကျင်​တို့​ကို ရွှေ​နှင့် မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 30,
      "text": "တောင်​ပေါ်​မှာ သင့်​အား​ပြ​သော​ပုံ​နှင့်​အ​ညီ၊ တဲ​တော်​ကို တည်​ဆောက်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 31,
      "text": "တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော​ကု​လား​ကာ​တစ်​ထည်​ကို ချုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 32,
      "text": "ရွှေ​ချ​သော အ​ကာ​ရှ​သား​တိုင်​လေး​တိုင်​အ​ပေါ်​မှာ၊ ထို​ကု​လား​ကာ​ကို ဆွဲ​ထား​ရ​မည်။ ထို​တိုင်​တို့​သည် ရွှေ​တံ​စို့​နှင့်​လည်း​ကောင်း၊ ငွေ​ခြေ​စွပ်​လေး​ခု​နှင့်​လည်း​ကောင်း ပြည့်​စုံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 33,
      "text": "သက်​သေ​ခံ​ချက်​ထား​သော​သေ​တ္တာ​ကို၊ ကု​လား​ကာ​အ​တွင်း​သို့ သွင်း​စ​ရာ​ဖို့ ထို​ကု​လား​ကာ​ကို ရွှေ​ချောင်း​ဖြင့်​ဆွဲ​ကာ၍၊ ဟ​ဂျာ​အ​ရပ်၊ ဟ​ဂျာ​ဟ​ဂျုံ​အ​ရပ် နှစ်​ပါး​စပ်​ကြား၌ အ​ပိုင်း​အ​ခြား​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 34,
      "text": "ဟ​ဂျာ​ဟ​ဂျုံ​အ​ရပ်၌ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်​မှာ၊ သေ​တ္တာ​အ​ဖုံး​ကို တင်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 35,
      "text": "ကု​လား​ကာ​ပြင်​မှာ စား​ပွဲ​ကို​ထား​ရ​မည်။ တဲ​တော်​တောင်​ဘက်​နား​မှာ မီး​ခုံ​ကို​လည်း​ကောင်း၊ မြောက်​ဘက်​နား​မှာ​စား​ပွဲ​ကို​လည်း​ကောင်း၊ တစ်​ဖက်​နှင့် တစ်​ဖက်​ဆိုင်​မိ​အောင် ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 36,
      "text": "တဲ​တော်​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ချယ်​လှယ်​သော ကု​လား​ကာ​တစ်​ထည်​ကို လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 26,
      "verse": 37,
      "text": "ထို​ကု​လား​ကာ​ဖို့ ရွှေ​တံ​စို့​နှင့်​ပြည့်​စုံ​သော အ​ကာ​ရှ​တိုင်​ငါး​တိုင်​ကို​လုပ်၍ ရွှေ​နှင့် မွမ်း​မံ​ရ​မည်။ ကြေး​ဝါ​ခြေ​စွပ်​ငါး​ခု​ကို​လည်း သွန်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 1,
      "text": "တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော ယဇ်​ပ​လ္လင်​ကို၊ အ​ကာ​ရှ​သား​နှင့် လုပ်​ရ​မည်။ အ​မြင့်​လည်း သုံး​တောင်​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 2,
      "text": "ယဇ်​ပ​လ္လင်​လေး​ထောင့်​အ​ပေါ်​မှာ၊ ဦး​ချို​လေး​ချောင်း​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 3,
      "text": "ပြာ​ခံ​စ​ရာ​အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 4,
      "text": "ကြေး​ဝါ​ဆန်​ခါ​ကို​လည်း​ကောင်း၊ ဆန်​ခါ​လေး​ထောင့်​အ​ပေါ်​မှာ ကြေး​ဝါ​လေး​ကွင်း​ကို​လည်း​ကောင်း လုပ်​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 5,
      "text": "ယဇ်​ပ​လ္လင်​ခါး​ပန်း​အောက်၊ အ​လယ်၌​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 6,
      "text": "ယဇ်​ပ​လ္လင်​ထမ်း​စ​ရာ အ​ကာ​ရှ​သား​ထမ်း​ပိုး​တို့​ကို​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 7,
      "text": "ယဇ်​ပ​လ္လင်​ကို​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက်​ကွင်း​များ၌ လျှို​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 8,
      "text": "တောင်​ပေါ်​မှာ သင့်​အား​ပြ​သည်​အ​တိုင်း၊ ထို​ယဇ်​ပ​လ္လင်​ကို အ​ပေါ်​အောက် ဟင်း​လင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ပျဉ်​ပြား​နှင့်​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 9,
      "text": "တဲ​တော်​ဝင်း​ကာ​ရန်​မူ​ကား၊ အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ပိတ်​ချော​နှင့် တောင်​ဘက်၌ ကု​လား​ကာ​ကို​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 10,
      "text": "ထို​ကု​လား​ကာ​ဖို့ တိုင်​နှစ်​ဆယ်၊ တိုင်​ခြေ​စွပ်​နှစ်​ဆယ်​ကို ကြေး​ဝါ​နှင့်​လုပ်၍ တိုင်​တံ​စို့၊ တိုင်​တန်း​တို့​ကို ငွေ​ဖြင့်​ပြီး​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 11,
      "text": "ထို​နည်း​တူ၊ မြောက်​ဘက်၌​ကာ​ရန် အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ ငွေ​တံ​စို့၊ ငွေ​တန်း​ပါ​သော​ကြေး​ဝါ​တိုင်​နှစ်​ဆယ်၊ ကြေး​ဝါ​ခြေ​စွပ်​နှစ်​ဆယ် ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 12,
      "text": "ဝင်း​အ​နောက်​ဘက်​အ​နံ၌​ကာ​ရန်၊ အ​လျား​အ​တောင်​ငါး​ဆယ်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​တစ်​ဆယ်၊ ခြေ​စွပ်​တစ်​ဆယ်​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 13,
      "text": "ဝင်း​အ​ရှေ့​ဘက်၌​လည်း အ​နံ​အ​တောင်​ငါး​ဆယ်​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 14,
      "text": "တံ​ခါး​ဝ​တစ်​ဖက်​တစ်​ချက်၌ ကာ​ရန်၊ အ​လျား​ဆယ်​ငါး​တောင်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​သုံး​တိုင်၊"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 15,
      "text": "ခြေ​စွပ်​သုံး​ခု​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 16,
      "text": "ဝင်း​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး​၍၊ ချယ်​လှယ်​သော ကု​လား​ကာ​အ​တောင်​နှစ်​ဆယ်​နှင့်​တ​ကွ တိုင်​လေး​တိုင် ခြေ​စွပ်​လေး​ခု​ရှိ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 17,
      "text": "ဝင်း​ပတ်​လည်၌​တိုင်​ရှိ​သ​မျှ​တို့​သည် ငွေ​တံ​စို့၊ ငွေ​တန်း၊ ကြေး​ဝါ​ခြေ​စွပ်​နှင့် ပြည့်​စုံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 18,
      "text": "ဝင်း​သည် အ​လျား​အ​တောင်​တစ်​ရာ၊ အ​နံ​ငါး​ဆယ်၊ အ​မြင့်​ငါး​တောင်​ရှိ၍၊ ပိတ်​ချော​နှင့် ကြေး​ဝါ​ခြေ​စွပ်​ဖြင့်​ပြီး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 19,
      "text": "အ​မှု​တော်​ထမ်း​ဖို့ တဲ​တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​တံ​သင်၊ ဝင်း​နှင့်​ဆိုင်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 20,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင်၊ သက်​သေ​ခံ​ချက်​ထား​ရာ​အ​ရပ်​ကို​ကာ​သော ကု​လား​ကာ​ပြင်​မှာ၊ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​စ​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း​၍​ယူ​သော​သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​ရ​ကြ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။"
    },
    {
      "book": 2,
      "chapter": 27,
      "verse": 21,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ညဉ့်​ဦး​မှ​သည် နံ​နက်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည်၊ သား​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 1,
      "text": "သင်၏​အစ်​ကို​အာ​ရုန်​သည်၊ ငါ့​ရှေ့​မှာ​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ​မည်​အ​ကြောင်း၊ သူ​နှင့် သူ၏​သား​တည်း​ဟူ​သော နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ချယ်၍ သင့်​အောက်၌​ခန့်​ထား​လော့။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 2,
      "text": "သင်၏​အစ်​ကို​အာ​ရုန်၌ ဘုန်း​အ​သ​ရေ​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်၍​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 3,
      "text": "အာ​ရုန်​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ခွင့်​ရှိ၍၊ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ​ပေး​သော​ဉာဏ်​ကို​ရ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် ထို​အ​ဝတ်​ကို​လုပ်​ရ​မည်​အ​ကြောင်း မှာ​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 4,
      "text": "လုပ်​ရ​သော​အ​ဝတ်​ဟူ​မူ​ကား၊ ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​လုံ၊ ချယ်​လှယ်​သော​အင်္ကျီ၊ ဗောင်း၊ ခါး​ပန်း​တည်း​ဟူ​သော သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်​ခြင်း​ငှာ၊"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 5,
      "text": "ရွှေ​နှင့် ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​ကို ယူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 6,
      "text": "ထို​ရွှေ​အ​စ​ရှိ​သည်​တို့​နှင့် သင်​တိုင်း​ကို ထူး​ဆန်း​စွာ​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 7,
      "text": "သိုင်း​ကြိုး​နှစ်​ပင်​ရှိ၍၊ သင်​တိုင်း​အ​ပေါ်​နား​ချင်း တွဲ​မိ​စေ​ခြင်း​ငှာ၊ တစ်​ဖက်​တစ်​ချက်​ကို ဆွဲ​ချုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 8,
      "text": "သင်​တိုင်း​အ​ပေါ်​နား၌ ထူး​ဆန်း​သော​ရင်​စည်း​ကို​လည်း၊ သင်​တိုင်း​ကိုယ်​ကဲ့​သို့ ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​ကို​လည်း​ကောင်း လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 9,
      "text": "ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ်​နှစ်​မျိုး​ကို၊"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 10,
      "text": "အ​သက်​အ​ကြီး​အ​ငယ်​အ​လိုက်၊ ကျောက်​နှစ်​လုံး​ပေါ်​မှာ အ​မျိုး​နာ​မည်​ခြောက်​ခု​စီ အ​က္ခ​ရာ​တင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 11,
      "text": "တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ကျောက်​လုပ်​သော အ​လုပ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၏ နာ​မည်​တို့​ကို ထို​ကျောက်​နှစ်​လုံး​အ​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရွှေ​ကျောက်​အိုး​၌ ထည့်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ တပ်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ သူ​တို့​နာ​မည်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​ပ​ခုံး​ပေါ်​မှာ ဆောင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 13,
      "text": "ကျောက်​အိုး​တို့​ကို ရွှေ​နှင့် လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 14,
      "text": "အ​ဆုံး၌​တပ်​ရ​သော​ကြိုး​နှစ်​ပင်​တို့​ကို ရွှေ​စင်​နှင့်​ကျစ်၍​လုပ်​ပြီး​မှ ကျောက်​အိုး၌​တွဲ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 15,
      "text": "ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လည်း​ကောင်း၊ သင်​တိုင်း​ကို​လုပ်​သည်​နည်း​တူ၊ ဗျာ​ဒိတ်​ရင်​ဖုံး​ကို ထူး​ဆန်း​စွာ လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 16,
      "text": "နှစ်​ထပ်​ခေါက်​လျက်၊ အ​လျား​တစ်​ထွာ၊ အ​နံ​တစ်​ထွာ၊ စ​တု​ရန်း​လေး​ထောင့် ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 17,
      "text": "ထို​ရင်​ဖုံး​၌ ကျောက်​မြတ်​ကို​လေး​တန်း​စီ​ရ​မည်။ ပ​ထ​မ​အ​တန်း​ကား၊ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ ပ​တ္တ​မြား၊"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 18,
      "text": "ဒု​တိ​ယ​အ​တန်း​ကား၊ မြ၊ နီ​လာ၊ စိန်၊"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 19,
      "text": "တ​တိ​ယ​အ​တန်း​ကား၊ ဝှါ​ကိ​န္သု၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 20,
      "text": "စ​တု​တ္ထ​အ​တန်း​ကား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​ဖြစ်၍၊ အ​သီး​အ​သီး​တို့​ကို ရွှေ​အိုး​၌​စီ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​ရှိ​သည်​အ​တိုင်း၊ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့ ထို​ကျောက်​တို့၌၊ ထို​တစ်​ဆယ့်​နှစ်​ပါး​သော နာ​မည်​အ​သီး​အ​သီး​တို့​ကို တင်​လျက်၊ ကျောက်​တစ်​လုံး​လျှင် နာ​မည်​တစ်​ပါး​စီ​ပါ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 22,
      "text": "ရင်​ဖုံး​အ​ပေါ်​ထောင့်​နှစ်​ခု၌ ရွှေ​နှစ်​ကွင်း​ကို​လည်း​ကောင်း၊ ကျစ်​သော ရွှေ​ကြိုး​နှစ်​ပင်​ကို​လည်း​ကောင်း​လုပ်​ပြီး​မှ၊ ထို​ရွှေ​နှစ်​ကွင်း​၌​တပ်၍၊ သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ​ရှိ​သော ကျောက်​အိုး​တို့​၌​တွဲ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 26,
      "text": "တစ်​ဖန်​ရွှေ​နှစ်​ကွင်း​ကို​လုပ်၍ သင်​တိုင်း​အောက်​နား​မှာ​ရှိ​သော ရင်​ဖုံး​အောက် ထောင့်​နှစ်​ခု၌​တပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 27,
      "text": "အ​ခြား​သော ရွှေ​နှစ်​ကွင်း​ကို​လည်း​လုပ်၍၊ သင်​တိုင်း​ရှေ့​ဘက်​အောက်​နား၌ ထူး​ဆန်း​သော ရင်​စည်း​အ​ပေါ်​နား​ဆက်​မီ​ရာ​တွင်၊ သင်​တိုင်း​ကိုယ် တစ်​ဖက်​တစ်​ချက်၌ တပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 28,
      "text": "ရင်​ဖုံး​ရွှေ​နှစ်​ကွင်း​ကို သင်​တိုင်း​ရွှေ​နှစ်​ကွင်း​နှင့်​တွဲ​၍၊ ပြာ​သော​ကြိုး​ဖြင့် ပြီး​စေ​ရ​မည်။ ထို​သို့​ရင်​ဖုံး​ကို ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​နား​မှာ ဆွဲ၍၊ သင်​တိုင်း​နှင့်​မ​ကွာ အ​မြဲ​ရှိ​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 29,
      "text": "အာ​ရုန်​သည်​လည်း၊ သန့်​ရှင်း​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အောက်​မေ့​တော်​မူ​စေ​ခြင်း​ငှာ၊ ဗျာ​ဒိတ်​ရင်​ဖုံး၌​ပါ​သော သူ​တို့​နာ​မည်​များ​ကို မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 30,
      "text": "ဗျာ​ဒိတ်​ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့် သု​မိမ်​ကို​သွင်း​ထား​ရ​မည်။ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​ဝင်​သော​အ​ခါ မိ​မိ​နှ​လုံး​အ​ပေါ်​မှာ ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​မှု၌ စီ​ရင်​တော်​မူ​ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 31,
      "text": "သင်​တိုင်း​နှင့်​ဆိုင်​သော ဝတ်​လုံ​ကို၊ ပြာ​သော​အ​ထည်​နှင့်​သာ​လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 32,
      "text": "ဝတ်​လုံ၌​လည်​စွပ်​ပါ၍ လည်​စွပ်​ကို မ​စုတ်​စေ​ခြင်း​ငှာ၊ သံ​ချပ်​လည်​စွပ်​ကွပ်​သ​ကဲ့​သို့၊ ရက်​သော​အ​ထည်​နှင့် ကွပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 33,
      "text": "ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​နှင့်​လုပ်​သော သ​လဲ​သီး​များ​ကို​လည်း​ကောင်း၊ ရွှေ​ဆည်း​လည်း​များ​ကို​လည်း​ကောင်း၊ ဝတ်​လုံ​အောက်​စွန်း​နား​ပတ်​လည်၌၊"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 34,
      "text": "သ​လဲ​သီး​တစ်​လုံး၊ ရွှေ​ဆည်း​လည်း​တစ်​လုံး​စီ​ခြား​လျက်၊ အ​စဉ်​အ​တိုင်း​ဆွဲ​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 35,
      "text": "အာ​ရုန်​သည် အ​မှု​တော်​ကို​ဆောင်၍၊ သန့်​ရှင်း​ရာ​အ​ရပ် ဌာ​န​တော်​အ​ထဲ​မှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထွက်​ဝင်​သော​အ​ခါ၊ သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ ထို​ဝတ်​လုံ​ကို​ဝတ်၍ သူ၏​အ​သံ​ကို ကြား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 36,
      "text": "ရွှေ​စင်​သင်း​ကျစ်​ကို​လည်း​လုပ်၍၊ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း​ခြင်း​ဟု အ​က္ခ​ရာ​တင်​၍၊"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 37,
      "text": "ပြာ​သော​ကြိုး​နှင့် ဗောင်း​ရှေ့၌​ချည်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 38,
      "text": "အာ​ရုန်​သည် ထို​သင်း​ကျစ်​ကို န​ဖူး၌​ဆင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​လှူ​ဒါ​န​နှင့်​ဆိုင်၍၊ သန့်​ရှင်း​စေ​သ​မျှ​သော​အ​ရာ​တို့၌ ပါ​သော​အ​ပြစ်​ကို ဆောင်​ရ​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ၊ အာ​ရုန်၏​န​ဖူး၌ အ​စဉ်​ဆင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 39,
      "text": "ပိတ်​ချော​အင်္ကျီ​ကို​လည်း​လုပ်၍ ချယ်​လှယ်​ရ​မည်။ ဗောင်း​ကို​လည်း ပိတ်​ချော​နှင့်​လုပ်​ရ​မည်။ ခါး​ပန်း​ကို​လည်း ချယ်​လှယ်​သော​အ​လုပ်​နှင့် ပြီး​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 40,
      "text": "အာ​ရုန်၏​သား​တို့ ဘုန်း​အ​သ​ရေ​ကို​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ အင်္ကျီ၊ ခါး​ပန်း၊ ဦး​ထုပ်​များ​ကို​လုပ်​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 41,
      "text": "ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 42,
      "text": "သူ​တို့၌​ရှက်​စ​ရာ​အ​ကြောင်း၊ မ​ထင်​မ​ပေါ်​စေ​ခြင်း​ငှာ၊ ခါး​မှ​ပေါင်​သို့​အ​ထိ ပိတ်​ဘောင်း​ဘီ​ကို ချုပ်၍​ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 28,
      "verse": 43,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ပ​ရိသတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့ ဝင်​သော်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န၌ ယဇ်​ပ​လ္လင်​အ​နား​သို့ ချည်း​ကပ်​သော်​လည်း​ကောင်း၊ အ​ပြစ်​ရောက်၍​မ​သေ​စေ​ခြင်း​ငှာ ထို​သို့​ဝတ်​ရ​မည်။ အာ​ရုန်​မှ​စ၍ သူ၏​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 1,
      "text": "သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 2,
      "text": "တ​ဆေး​မ​ပါ​သော​ဂျုံ​မုန့်၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ပြား၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ကြွပ်​တို့​ကို​လည်း​ကောင်း ယူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 3,
      "text": "ထို​မုန့်​များ​ကို တောင်း​တစ်​လုံး​ထဲ၌​ထည့်​ပြီး​မှ၊ နွား​တစ်​ကောင်၊ သိုး​နှစ်​ကောင်​နှင့်​တ​ကွ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 4,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 5,
      "text": "အ​ဝတ်​တန်​ဆာ​များ​ကို​ယူ၍၊ အင်္ကျီ၊ ဝတ်​လုံ၊ သင်​တိုင်း၊ ရင်​ဖုံး​နှင့် အာ​ရုန်​ကို​ဝတ်​စေ၍၊ ထူး​ဆန်း​သော​သင်​တိုင်း​ရင်​စည်း​နှင့် စည်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 6,
      "text": "သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ ဗောင်း၌​သန့်​ရှင်း​သော​သင်း​ကျစ်​ကို တပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 7,
      "text": "ထို​အ​ခါ လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ သူ၏​ခေါင်း​ပေါ်၌​လောင်း​သ​ဖြင့် သူ့​ကို​လိမ်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 8,
      "text": "သူ၏​သား​တို့​ကို​လည်း ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 9,
      "text": "ခါး​ပန်း​ကို​လည်း​စည်း၍၊ ဦး​ထုပ်​ကို​လည်း​ဆောင်း​စေ​ပြီး​လျှင်၊ သူ​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ဆိုင်​ရ​မည်။ ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 10,
      "text": "ထို​နောက်၊ နွား​ထီး​တစ်​ကောင်​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ တင်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 11,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​နွား​ကို​သတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 12,
      "text": "အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ လက်​ညှိုး​နှင့်​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 13,
      "text": "အ​အူ​ကို​ဖုံး​သော​ဆီ​ဥ​ရှိ​သ​မျှ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 14,
      "text": "နွား၏​အ​သား၊ အ​ရေ၊ ချေး​နု​ကို​ကား၊ တပ်​ပြင်​မှာ​မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 15,
      "text": "သိုး​ထီး​တစ်​ကောင်​ကို​လည်း​ယူ၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 16,
      "text": "ထို​သိုး​ကို​သတ်​ပြီး​လျှင် အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​အ​ပေါ်​နား​ပတ်​လည်၌ ဖျန်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 17,
      "text": "သိုး​ကို​လည်း​အ​ပိုင်း​ပိုင်း​ဖြတ်၍ ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​နှင့် ခြေ​တို့​ကို ဆေး​ကြော​ပြီး​လျှင်၊ ခေါင်း​နှင့်​သား​တစ်​များ​ကို စု​ထား​၍၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 18,
      "text": "သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 19,
      "text": "အ​ခြား​သော​သိုး​ကို​လည်း​ယူ၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 20,
      "text": "ထို​သိုး​ကို​သတ်​ပြီး​လျင် အ​သွေး​ကို​ယူ၍ အာ​ရုန်၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ၏​သား​တို့၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ​တို့၏​လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်၍၊ ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 21,
      "text": "ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍​သား​များ၊ အ​ဝတ်​များ​တို့​သည် သန့်​ရှင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 22,
      "text": "ထို​သိုး​သည် အ​ရာ၌​ခန့်​ထား​ရာ​သိုး​ဖြစ်​သော​ကြောင့်၊ ဆီ​ဥ၊ အ​မြီး၊ အ​အူ​ကို ဖုံး​သော​ဆီ​ဥ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ကို​ဖုံး​သော​ဆီ​ဥ၊ လက်​ယာ​ပ​ခုံး၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​က မုန့်​တစ်​လုံး၊ ဆီ​နှင့်​လုပ်​သော​မုန့်​ပြား​တစ်​ပြား၊ မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ​၍၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 24,
      "text": "အာ​ရုန်​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 25,
      "text": "ထို​အ​ရာ​တို့​ကို သူ​တို့​လက်​မှ​ခံ​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မွှေး​ကြိုင်​သော​အ​နံ့​ဖြစ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်၌ မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​မှာ ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 26,
      "text": "အာ​ရုန်၏​အ​ရာ၌​ခန့်​ထား​ရာ သိုး၏​ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ပြီး​မှ၊ သိုး၏​ရင်​ပတ်​သည် သင်၏​အ​ဖို့ ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 27,
      "text": "ထို​သို့ အာ​ရုန်​နှင့်​သား​တို့၏​အ​ရာ၌ ခန့်​ထား​သော​သိုး​ထဲ​က၊ ချီ​လွှဲ​သော ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​လွှဲ​သော​ရင်​ပတ်​ကို​လည်း​ကောင်း၊ ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​လည်း​ကောင်း သန့်​ရှင်း​စေ​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 28,
      "text": "ထို​ရင်​ပတ်၊ ပ​ခုံး​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​လှူ​သော အာ​ရုန်၏​အ​ဖို့၊ သူ့​သား​တို့​၏​အ​ဖို့​ဖြစ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်၍၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 29,
      "text": "အာ​ရုန်၏ သန့်​ရှင်း​သော​အ​ဝတ်​တန်​ဆာ​ကို၊ သူ​၏​သား​တို့​သည်​အ​မွေ​ခံ​သ​ဖြင့်၊ ဆီ​လိမ်း​ခြင်း​မင်္ဂ​လာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သော​အ​ခါ၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 30,
      "text": "အာ​ရုန်​ကိုယ်​စား ယဇ်​ပု​ရော​ဟိတ်​လုပ်​သော​သား​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဝင်​သော​အ​ခါ ခု​နစ်​ရက်​ပတ်​လုံး​ဝတ်​ဆင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 31,
      "text": "အ​ရာ၌​ခန့်​ထား​ရာ သိုး၏​အ​သား​ကို​ယူ၍၊ သန့်​ရှင်း​ရာ​ဌာ​န၌​ပြုတ်​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 32,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ထို​အ​သား​ကို​လည်း​ကောင်း၊ တောင်း​ထဲ၌​ရှိ​သော မုန့်​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​နား​မှာ စား​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 33,
      "text": "သူ​တို့​ကို​သန့်​ရှင်း​စေ၍၊ အ​ရာ၌​ခန့်​ထား​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ရာ မင်္ဂ​လာ​ပြု​ခြင်း​နှင့် ဆိုင်​သော​အ​ရာ​တို့​ကို၊ သူ​တို့​သည် စား​ရ​ကြ​မည်။ ထို​အ​ရာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​မ​စား​ရ။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 34,
      "text": "အ​ရာ၌​ခန့်​ထား​ရာ​နှင့်​ဆိုင်​သော အ​မဲ​သား​ဖြစ်​စေ၊ မုန့်​ဖြစ်​စေ၊ နံ​နက်​တိုင်​အောင် ကျန်​ကြွင်း​လျှင်၊ ထို​အ​ကြွင်း​ကို​မီး​ရှို့​ရ​မည်။ သန့်​ရှင်း​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​စား​ရ။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 35,
      "text": "ထို​သို့​ငါ​ပ​ညတ်​သ​မျှ​အ​တိုင်း အာ​ရုန်​နှင့်​သူ၏​သား​တို့​အား​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ခြင်း​မင်္ဂ​လာ​ကို၊ ခု​နစ်​ရက်​ပတ်​လုံး​ဆောင်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 36,
      "text": "ထို​မှ​တစ်​ပါး၊ အ​ပြစ်​ဖြေ​ခြင်း​အ​လို​ငှာ၊ နေ့​တိုင်း နွား​ထီး​တစ်​ကောင်​ကို​ပူ​ဇော်၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​ရ​မည်။ ထို​သို့​ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​မှ၊ ပ​လ္လင်​ကို စင်​ကြယ်​စေ​ရ​မည်။ ထို​နောက် သန့်​ရှင်း​စေ​ခြင်း​ငှာ ဆီ​နှင့်​လိမ်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 37,
      "text": "ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သန့်​ရှင်း​စေ​ပြီး​မှ၊ အ​လွန်​သန့်​ရှင်း​သော​ယဇ်​ပ​လ္လင်​ဖြစ်၍၊ ထို​ပ​လ္လင်​နှင့် တွေ့​သ​မျှ​သော​အ​ရာ​တို့​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 38,
      "text": "ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ အ​ခါ​လည်​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို​ယူ၍၊"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 39,
      "text": "နေ့​တိုင်း​အ​စဉ်​မ​ပြတ် နံ​နက်​ယံ၌​တစ်​ကောင်၊ ညဉ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 40,
      "text": "သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 41,
      "text": "အ​ခြား​သော​သိုး​သ​ငယ်​ကို ညဉ့်​ဦး​ယံ၌ ပူ​ဇော်​သော​အ​ခါ၊ နံ​နက်​ယံ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပါ​သည်​နည်း​တူ​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 42,
      "text": "ထို​သို့ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် သင်​နှင့်​ငါ​တွေ့၍ နှုတ်​ဆက်​ရာ​အ​ရပ်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ အ​စဉ်​မ​ပြတ်​မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 43,
      "text": "ထို​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​တွေ့၍၊ ငါ့​ဘုန်း​တော်​အား​ဖြင့် သူ​တို့​ကို​သန့်​ရှင်း​စေ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 44,
      "text": "ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ငါ​သန့်​ရှင်း​စေ​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 45,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ငါ​နေ၍၊ သူ​တို့၏​ဘု​ရား​ဖြစ်​မည်။"
    },
    {
      "book": 2,
      "chapter": 29,
      "verse": 46,
      "text": "ငါ​သည် သူ​တို့​တွင်​နေ​ခြင်း​ငှာ၊ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 1,
      "text": "တစ်​နည်း​ကား၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့် လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 2,
      "text": "ထို​ပ​လ္လင်​သည် အ​လျား​တစ်​တောင်၊ အ​နံ​တစ်​တောင်၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၍၊ အ​မြင့်​နှစ်​တောင်​ရှိ​ရ​မည်။ ဦး​ချို​တို့​ကို​လည်း အ​ကာ​ရှ​သား​ဖြင့် ပြီး​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 3,
      "text": "ပ​လ္လင်​ထိပ်၊ နံ​ရံ၊ ဦး​ချို​တို့​ကို ရွှေ​စင်​နှင့်​မွမ်း​မံ၍၊ အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 4,
      "text": "ရွှေ​တန်​ဆာ​အောက်၊ ပ​လ္လင်​တစ်​ဖက်​တစ်​ချက်​ထောင့်၌ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်၍၊ ပ​လ္လင်​ထမ်း​စ​ရာ​ထမ်း​ပိုး​နေ​ရာ ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 5,
      "text": "ထမ်း​ပိုး​တို့​ကို အ​ကာ​ရှ​သား​နှင့်​လုပ်​၍ ရွှေ​နှင့်​မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 6,
      "text": "ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ သက်​သေ​ခံ​ချက်​ထား​သော​သေ​တ္တာ​ကို ကာ​သော ကု​လား​ကာ​ရှေ့၌ ထို​ပ​လ္လင်​ကို​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 7,
      "text": "အာ​ရုန်​သည် နံ​နက်​တိုင်း မီး​ခွက်​တို့​ကို​ပြင်​သော​အ​ခါ၊ ထို​ပ​လ္လင်​ပေါ်​မှာ မွှေး​သော နံ့​သာ​ပေါင်း​ကို​ရှို့​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 8,
      "text": "ညဉ့်​ဦး​ယံ၌​လည်း မီး​ခွက်​တို့​ကို​ထွန်း​သော​အ​ခါ၊ ထို​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို ရှို့​ရ​မည်။ ထို​သို့ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ​ပြု​ရ​သော နံ့​သာ​ပေါင်း​ရှို့​ခြင်း ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 9,
      "text": "ထို​ပ​လ္လင်​ပေါ်​မှာ​ထူး​ခြား​သော နံ့​သာ​ပေါင်း​ကို မ​ရှို့​ရ။ မီး​ရှို့​သော​ယဇ်​ကို မ​ပြု​ရ။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း မ​ပြု​ရ။ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း မ​ပြု​ရ။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 10,
      "text": "အာ​ရုန်​သည် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍၊ ထို​ပ​လ္လင်၏ ဦး​ချို​တို့၌ အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ရ​မည်။ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​နှစ်​တစ်​ခါ ထို​သို့​ပြု​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​သော ယဇ်​ပ​လ္လင်​ဖြစ်​သည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 11,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်၍ စာ​ရင်း​ယူ​သော​အ​ခါ၊ ဘေး​လွတ်​မည်​အ​ကြောင်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​အ​သက်​ရွေး​ရန်​အ​ဖိုး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 13,
      "text": "ရေ​တွက်၍ စာ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​သည် အ​ကျပ်​တော်​အ​လိုက်၊ ငွေ​အ​ကျပ်​တစ်​ဝက်​စီ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ် ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 14,
      "text": "အ​သက်​နှစ်​ဆယ်​မှ​စ၍၊ ပို​လွန်​သော​သူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်၍၊ ထို​သို့​သော​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 15,
      "text": "ကိုယ်​အ​သက်​ကို​ရွေး​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​သော​အ​ခါ၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် မ​ပို၊ ဆင်း​ရဲ​သော​သူ​တို့​သည် မ​လျှော့​ဘဲ၊ လူ​တိုင်း​အ​ကျပ်​တစ်​ဝက်​စီ ပေး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ရွေး​ငွေ​ကို​ယူ၍ သူ​တို့​အ​သက်​ကို​ရွေး​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​သက်​သေ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​စ​ရိတ်​အ​ဖို့​အ​လို​ငှာ ထား​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 17,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 18,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​လက်​ခြေ​ဆေး​စ​ရာ​ဖို့ ကြေး​ဝါ​ခြေ​ထောက်​ပါ​သော ကြေး​ဝါ​အင်​တုံ​ကို​လုပ်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား၌ ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 19,
      "text": "သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 20,
      "text": "အ​မှု​တော်​ကို​ထမ်း၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​အ​နား​သို့​ချဉ်း​ကပ်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 21,
      "text": "သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ မိ​မိ​တို့​လက်​ခြေ​ကို​ဆေး​ရ​မည်။ ထို​သို့ သူ​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​တို့​သည် စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 22,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 23,
      "text": "သင်​သည်​မြတ်​သော​နံ့​သာ​မျိုး​ကို အ​ကျပ်​တော်​နှင့်​ချိန်​လျက်၊ စင်​ကြယ်​သော​မု​ရန်​စေး အ​ကျပ်​ငါး​ရာ၊ မွှေး​သော​သစ်​ကြံ​ပိုး နှစ်​ရာ​ငါး​ဆယ်၊ မွှေး​သော​ကြံ နှစ်​ရာ​ငါး​ဆယ်၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 24,
      "text": "သစ်​ကြံ​ပိုး တစ်​မျိုး​ငါး​ရာ၊ သံ​လွင်​ဆီ​တစ်​ဟိန်​ကို​ယူ​၍၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 25,
      "text": "ဆေး​သ​မား​အ​တတ်​နှင့် ဖ​ယောင်း​ဆီ​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ လိမ်း​ရန်​ဆီ​တည်း​ဟူ​သော သန့်​ရှင်း​သော​နံ့​သာ​ဆီ​ကို​ဖော်​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 26,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် သက်​သေ​ခံ​ချက် သေ​တ္တာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 27,
      "text": "စား​ပွဲ​နှင့် စား​ပွဲ​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 28,
      "text": "မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပ​လ္လင်​နှင့် ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အင်​တုံ​ခြေ​ထောက်​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ​နှင့်​လိမ်း​သ​ဖြင့်၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 29,
      "text": "ထို​အ​ရာ​တို့​ကို​အ​လွန်​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​သို့​သန့်​ရှင်း​စေ​ရ​မည်။ ထို​အ​ရာ​တို့​နှင့်​တွေ့​သ​မျှ​သော​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 30,
      "text": "အာ​ရုန်​နှင့် သူ​၏​သား​တို့​ကို​လိမ်း၍၊ သူ​တို့​သည် ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 31,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့၌ ဤ​ဆီ​သည်၊ ငါ့​အ​ဖို့​သန့်​ရှင်း​သော လိမ်း​ရန်​ဆီ​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 32,
      "text": "လူ၏​ကိုယ်​ပေါ်​မှာ မ​လောင်း​ရ။ ထို​ဆီ​ကို​ဖော်​သည်​နည်း​တူ၊ အ​ခြား​သော​ဆီ​ကို မ​ဖော်​ရ။ သန့်​ရှင်း​သည်​ဖြစ်၍၊ သန့်​ရှင်း​သည်​ဟု သင်​တို့​သည်​မှတ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 33,
      "text": "ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 34,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ မွှေး​သော နံ့​သာ​မျိုး​တည်း​ဟူ​သော န​တပ်​စေး၊ မွှေး​သော​ငါး​ခွံ၊ ဂါ​လ​ဗန်​စေး၊ စင်​သော​လော​ဗန်​စေး​တို့​ကို အ​ညီ​အ​မျှ​ချိန်​ယူ၍၊"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 35,
      "text": "ဆေး​သ​မား​အ​တတ်​နှင့် နှာ​ဆေး​ကို ဖော်​တတ်​သည်​နည်း​တူ ရော​နှော၍၊ သန့်​ရှင်း​စင်​ကြယ်​သော နံ့​သာ​ပေါင်း​ကို​ဖော်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 36,
      "text": "အ​ချို့​ကို​လည်း ညက်​ညက်​ထောင်း​ပြီး​မှ၊ ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သက်​သေ​ခံ​ချက်​ရှေ့​မှာ​ထား​ရ​မည်။ သင်​တို့​တွင် အ​လွန်​သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 37,
      "text": "ထို​သို့​သော​နံ့​သာ​ပေါင်း​ကို ဖော်​သည်​နည်း​တူ၊ အ​ခြား​သော​နံ့​သာ​ပေါင်း​ကို ကိုယ်​သုံး​ဖို့​မ​ဖော်​ရ။ သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 30,
      "verse": 38,
      "text": "အ​ကြင်​သူ​သည် မိ​မိ​ရှူ​စ​ရာ​ဖို့ ထို​နံ့​သာ​ပေါင်း​နှင့် တူ​အောင်​ဖော်၏။ ထို​သူ​သည် မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 2,
      "text": "နား​ထောင်​လော့၊ ငါ​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ​ကို အ​မည်​ဖြင့်​ခန့်​ထား​၏။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 3,
      "text": "သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 6,
      "text": "သူ​နှင့်​အ​တူ ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား၊ အ​ဟော​လျ​ဘ​ကို​လည်း ငါ​ခန့်​ထား၏။ ငါ​သည် သင့်​အား​မှာ​ထား​သ​မျှ​တို့​ကို လိ​မ္မာ​သော​သူ​အ​ပေါင်း​တို့​သည် လုပ်​တတ်​မည်​အ​ကြောင်း၊ သူ​တို့​နှ​လုံး​ထဲ​သို့ ဉာဏ်​ပ​ညာ​ကို​ငါ​သွင်း​ထား​ပြီ။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 7,
      "text": "ထို​သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော သေ​တ္တာ​အ​ဖုံး၊ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 8,
      "text": "စား​ပွဲ​နှင့် စား​ပွဲ​တန်​ဆာ​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 9,
      "text": "မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော ပ​လ္လင်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှ​င့် အင်​တုံ​ခြေ​ထောက်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 10,
      "text": "အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ​၏​သား​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 11,
      "text": "လိမ်း​စ​ရာ​ဆီ​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌​သုံး​ဖို့ နံ့​သာ​ပေါင်း​မွှေး​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 12,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 13,
      "text": "ငါ​သည် သင်​တို့​ကို​သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ငါ​နှင့် သင်​တို့​၏​သား​စဉ်​မြေး​ဆက်​စပ်​ကြား၌ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ဖို့​ရာ၊ ငါ့​ဥ​ပုသ်​နေ့​ကို စင်​စစ်​စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 14,
      "text": "ဥ​ပုသ်​နေ့​သည် သင်​တို့​အား​သန့်​ရှင်း​သော​ကြောင့် ထို​နေ့​ကို​စောင့်​ရ​ကြ​မည်။ ဥ​ပုသ်​နေ့​ကို​ဖျက်​သော​သူ​တိုင်း အ​သေ​ခံ​ရ​မည်။ ထို​နေ့၌ အ​လုပ်​လုပ်​သော သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 15,
      "text": "ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း၍ ငြိမ်​ရ​သော​ဥ​ပုသ်​နေ့​ဖြစ်၏။ ဥ​ပုသ်​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 16,
      "text": "သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည်၊ ထာ​ဝ​ရ​ပ​ဋိ​ညာဉ် ဖြစ်​စေ​ခြင်း​ငှာ၊ ဥ​ပုသ်​နေ့​ရက်​အ​စဉ်​အ​တိုင်း ဥ​ပုသ်​စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 17,
      "text": "ထို​သို့​စောင့်​လျှင်၊ ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​စပ်​ကြား၌ ထာ​ဝ​ရ​လ​က္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို၊ ခြောက်​ရက်​တွင်​ဖန်​ဆင်း၍၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​လျက် အား​ဖြည့်​တော်​မူ​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 31,
      "verse": 18,
      "text": "ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 1,
      "text": "မော​ရှေ​သည် တောင်​ပေါ်​မှာ ကြာ​မြင့်​စွာ​ရှိ​နေ​ကြောင်း​ကို လူ​များ​တို့​သည် သိ​မြင်​သော​အ​ခါ၊ အာ​ရုန်​ထံ​သို့​စည်း​ဝေး​ကြ၍၊ ထ​ပါ။ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 2,
      "text": "အာ​ရုန်​က​လည်း၊ သင်​တို့​မ​ယား၊ သား​သ​မီး​များ၏​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 3,
      "text": "လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 4,
      "text": "အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 5,
      "text": "အာ​ရုန်​သည် ထို​အ​မှု​ကို​သိ​မြင်​လျှင်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပ​လ္လင်​ကို​တည်၍၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​သော​နေ့​ဖြစ်​သည်​ဟု တပ်​ကို​လည်၍​ကြော်​ငြာ​စေ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 6,
      "text": "နက်​ဖြန်​နံ​နက်​စော​စော လူ​တို့​သည်​ထ၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ပြီး​မှ၊ စား​သောက်​လျက်​ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဆင်း​သွား​လော့။ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော သင်၏​လူ​တို့​သည် ဖောက်​ပြန်​ကြ​ပြီ။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 8,
      "text": "ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 9,
      "text": "ဤ​လူ​မျိုး​ကို ငါ​ကြည့်​မြင်​ပြီ။ လည်​ပင်း​ခိုင်​မာ​သော အ​မျိုး​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 10,
      "text": "သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​တော့။ ငါ​သည် အ​မျက်​ပြင်း​စွာ​ထွက်၍ သူ​တို့​ကို​ဖျက်​ဆီး​မည်။ သင့်​ကို​ကား ကြီး​သော​အ​မျိုး​ဖြစ်​စေ​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 11,
      "text": "မော​ရှေ​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​အား​ကြီး​သော​လက်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ကိုယ်​တော်၏​လူ​တို့​ကို၊ အ​ဘယ်​ကြောင့် အ​မျက်​ပြင်း​စွာ ထွက်​တော်​မူ​သ​နည်း။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 12,
      "text": "အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်​သည် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​ဖြင့်၊ သူ​တို့​ကို​တော​တောင်​များ၌​သတ်၍ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​လို​ငှာ​သာ၊ နုတ်​ဆောင်​လေ​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ဖွယ်​အ​ကြောင်း ရှိ​ရ​ပါ​မည်​နည်း။ ပြင်း​စွာ​သော​အ​မျက်​တော်​ကို ပယ်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ​တို့၌ ဤ​သို့​အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ​ပါ။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 13,
      "text": "ကိုယ်​တော်​က သင်​တို့​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့ ငါ​များ​ပြား​စေ​မည်။ ငါ​ပြော​ခဲ့​သော ဤ​မြေ​ရှိ​သ​မျှ​ကို သင်​တို့​အ​မျိုး​အ​နွယ်​အား ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်​ဟု ကိုယ်​ကို​ကိုယ်​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သော​စ​ကား​ကို ခံ​ခဲ့​ပြီး​သော ကိုယ်​တော်၏​ကျွန် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့​ကို အောက်​မေ့​တော်​မူ​ပါ​ဟု မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အား အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 15,
      "text": "မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​ယူ​လျက်၊ လှည့်၍ တောင်​ပေါ်​က​ဆင်း​သွား​လေ၏။ ထို​ကျောက်​ပြား​နှစ်​မျက်​နှာ၌ အ​က္ခ​ရာ​တင်​လျက်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 16,
      "text": "ထို​ကျောက်​ပြား​တို့​သည် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​ကျောက်​ပြား၊ စာ​သည်​လည်း ဘု​ရား​သ​ခင်​အ​က္ခ​ရာ​တင်​တော်​မူ​သော​စာ ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 17,
      "text": "လူ​များ​ကြွေး​ကြော်​သံ​ကို ယော​ရှု​သည်​ကြား​လျှင်၊ တပ်၌​စစ်​တိုက်​သံ​ကို ကြား​ပါ​သည်​ဟု မော​ရှေ​အား​ဆို၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 18,
      "text": "မော​ရှေ​က​လည်း၊ ငါ​ကြား​သော​အ​သံ​သည် အောင်၍​ကြွေး​ကြော်​သံ​မ​ဟုတ်၊ ရှုံး၍​ငို​ကြွေး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​ဆို​သံ​ဖြစ်​သ​တည်း​ဟု ပြန်​ပြော၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 19,
      "text": "တပ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ နွား​သ​ငယ်​ကို​လည်း​ကောင်း၊ က​ခုန်​ခြင်း​ကို​လည်း​ကောင်း​မြင်​လျှင်၊ မော​ရှေ​သည်​အ​မျက်​ထွက်​သ​ဖြင့် ကျောက်​ပြား​တို့​ကို​ချ၍ တောင်​ခြေ​ရင်း၌​ချိုး​ဖဲ့၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 20,
      "text": "သူ​တို့​လုပ်​သော နွား​သ​ငယ်​ကို​လည်း​ယူ၍ အ​ရည်​ကျို၏။ ညက်​ညက်​ခြေ​ပြီး​မှ ရေ​ပေါ်​မှာ​ဖြူး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သောက်​စေ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 21,
      "text": "အာ​ရုန်​ကို​လည်း​ခေါ်၍၊ သင်​သည်​သူ​တို့၌ ဤ​မျှ​လောက်​ကြီး​သော​အ​ပြစ်​ကို ရောက်​စေ​ခြင်း​ငှာ သူ​တို့​သည် သင်၌​အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 22,
      "text": "အာ​ရုန်​က၊ သ​ခင်၊ အ​မျက်​မ​ထွက်​ပါ​နှင့်။ ဤ​လူ​တို့​သည် မ​ကောင်း​သော အ​ကြံ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 23,
      "text": "သူ​တို့​က​လည်း၊ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော​ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော​သူ၊ ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု အ​ကျွန်ုပ်​အား​ပြော​ဆို​ကြ​လျှင်၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 24,
      "text": "အ​ကျွန်ုပ်​က၊ ရွှေ​ရှိ​သော​သူ​သည်​ချွတ်​စေ​ဟု ဆို​သည်​နှင့်​အ​ညီ၊ သူ​တို့​ပေး​သော ရွှေ​ကို အ​ကျွန်ုပ်​သည်​မီး​ထဲ၌​ထည့်​လျှင်၊ ဤ​နွား​သ​ငယ်​ထွက်​လာ​ပါ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 25,
      "text": "ထို​သို့ အာ​ရုန်​သည်​လူ​များ​ကို ရန်​သူ​တို့​ရှေ့​မှောက်၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​စေ​သည်​ဖြစ်၍၊ အ​ဝတ်​တန်​ဆာ​အ​ချည်း​စည်း​ရှိ​ကြ​ကြောင်း​ကို မော​ရှေ​မြင်​သော​အ​ခါ၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 26,
      "text": "တပ်​တံ​ခါး​ဝ​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​ဘယ်​သူ​နေ​သ​နည်း။ ငါ့​ထံ​သို့ လာ​စေ​ဟု​ဆို​လျှင်၊ လေ​ဝိ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သူ့​ထံ၌​စည်း​ဝေး​ကြ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 27,
      "text": "မော​ရှေ​က​လည်း၊ လူ​တိုင်း​ဓား​လွယ်​လျက် တပ်​တစ်​မျက်​နှာ​တံ​ခါး​မှ တစ်​မျက်​နှာ တံ​ခါး​တိုင်​အောင်​ထုတ်​ချင်း​ခပ်​သွား၍၊ အ​သီး​အ​သီး မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​အ​ပေါင်း​အ​ဖော်၊ မိ​မိ​အိမ်​နီး​ချင်း​ကို​သတ်​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​သည်​ဟု၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 28,
      "text": "မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ လေ​ဝိ​အ​မျိုး​သား​တို့​သည်​ပြု၍၊ ထို​နေ့၌ လူ​သုံး​ထောင်​လောက်​သေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 29,
      "text": "တစ်​ဖန်​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​ကောင်း​ချီး​ပေး​တော်​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​သား၊ ကိုယ်​ညီ​အစ်​ကို​ကို​ထိ​ခိုက်​သော​အား​ဖြင့်၊ သင်​တို့​သည် ယ​နေ့​ကိုယ်​ကို​ချီး​မြှောက်​ကြ​ပြီ​ဟု ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 30,
      "text": "နက်​ဖြန်​နေ့၌​လည်း၊ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ငါ​တက်​သွား၍၊ သင်​တို့​အ​ပြစ်​ဖြေ​နိုင်​လျှင် ဖြေ​စေ​ခြင်း​ငှာ​ပြု​မည်​ဟု မော​ရှေ​သည် လူ​များ​တို့​အား​ဆို​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့​ပြန်​သွား၍၊ အို​ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ​ပါ၏။ မိ​မိ​တို့​အ​ဖို့ ရွှေ​ဘု​ရား​ကို​လုပ်​ပါ​ပြီ။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 32,
      "text": "သို့​သော်​လည်း သူ​တို့​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် လွှတ်​တော်​မူ​ပါ။ သို့​မ​ဟုတ်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​စာ​ရင်း၌ အ​ကျွန်ုပ်​နာ​မ​ကို ချေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 33,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကြင်​သူ​သည်​ငါ့​ကို​ပြစ်​မှား၏၊ ထို​သူ၏​နာ​မ​ကို ငါ့​စာ​ရင်း၌ ငါ​ချေ​မည်။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 34,
      "text": "သို့​ဖြစ်၍ ငါ​မှာ​ထား​သော​အ​ရပ်​သို့ သူ​တို့​ကို ယ​ခု​သွား၍​ပို့​ဆောင်​လော့။ ငါ့​တ​မန်​သည် သင့်​ရှေ့​မှာ​သွား​လိမ့်​မည်။ သို့​သော်​လည်း ငါ​သည်​အ​ကြည့်​အ​ရှု ကြွ​လာ​သော​အ​ခါ၊ သူ​တို့၌​အ​ပြစ်​ပေး​လျက်​ကြွ​လာ​မည်​ကို မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 32,
      "verse": 35,
      "text": "အာ​ရုန်​နှင့် လူ​များ​တို့​သည် နွား​သ​ငယ်​ကို​လုပ်​ကြ​သော​ကြောင့် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော​လူ​တို့၊ ဤ​အ​ရပ်​မှ​ထွက်၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်၌ ငါ​ကျိန်​ဆို​သော​ပြည်​သို့ သွား​ကြ​လော့။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 2,
      "text": "ကောင်း​ကင်​တ​မန်​ကို​လည်း သင်​တို့​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​သည် ခါ​န​နိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​နှင်​ထုတ်၍၊"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 3,
      "text": "နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ သင်​တို့​ကို​ပို့​ဆောင်​လိမ့်​မည်။ သင်​တို့​နှင့်​အ​တူ ငါ​ကိုယ်​တိုင်​မ​သွား။ သင်​တို့​သည် လည်​ပင်း​ခိုင်​မာ​သော လူ​မျိုး​ဖြစ်​သော​ကြောင့်၊ လမ်း၌​သွား​စဉ် သင်​တို့​ကို​ငါ​ဖျက်​ဆီး​မည် စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 4,
      "text": "ထို​မ​ကောင်း​သော​သ​တင်း​ကို လူ​များ​တို့​သည်​ကြား​သော​အ​ခါ၊ ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​ဘယ်​သူ​မျှ တန်​ဆာ​မ​ဆင်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်​ကြ၏။ သင်​တို့​အ​လယ်၌ ချက်​ချင်း​ငါ​ပေါ်​လာ၍ ဖျက်​ဆီး​မည်။ ထို​ကြောင့် သင်​တို့၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​ကို​ငါ​သိ​ခြင်း​ငှာ၊ သင်​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​နှင့်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရပ်​တောင်​ခြေ​ရင်း၌ မိ​မိ​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 7,
      "text": "မော​ရှေ​သည် တဲ​တော်​ကို​ယူ၍ တပ်​ပြင်၌​ခပ်​ဝေး​ဝေး​ဆောက်​ပြီး​လျှင်၊ ပ​ရိ​သတ် စည်း​ဝေး​ရာ​တဲ​ဟူ၍ ခေါ်​ဝေါ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် တပ်​ပြင်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ထွက်​သွား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 8,
      "text": "မော​ရှေ​သည်​တဲ​တော်​သို့ ထွက်​သွား​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည်​ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌​ရပ်​လျက် တဲ​တော်​အ​ထဲ​သို့ မော​ရှေ​ဝင်​သည် တိုင်​အောင် ကြည့်​ရှု​လျက်​နေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 9,
      "text": "မော​ရှေ​သည် တဲ​တော်​အ​ထဲ​သို့​ဝင်​ပြီး​မှ၊ မိုး​တိမ်​တိုင်​ဆင်း​သက်၍ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 10,
      "text": "တဲ​တော်​တံ​ခါး​ဝ၌ မိုး​တိမ်​တိုင်​ရပ်​နေ​သည်​ကို​မြင်​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ဆွေ​ခင်​ပွန်း​ချင်း​ကို နှုတ်​ဆက်​တတ်​သည်​နည်း​တူ၊ မော​ရှေ​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​သည် တပ်​ထဲ​သို့ ပြန်​ဝင်​သော​အ​ခါ သူ၏​လက်​ထောက်​နုန်၏​သား ယော​ရှု​မည်​သော​လု​လင်​သည်၊ တဲ​တော်​မှ​မ​ထွက်​ဘဲ​နေ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 12,
      "text": "မော​ရှေ​က​လည်း၊ ဤ​လူ​တို့​ကို​ပို့​ဆောင်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​တွင် အ​ကျွန်ုပ်​နှင့်​အ​တူ အ​ဘယ်​သူ​ကို စေ​လွှတ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ရ။ သို့​သော်​လည်း ကိုယ်​တော်​က သင့်​ကို​သင်၏​နာ​မ​ဖြင့်​ငါ​သိ၏။ သင်​သည် ငါ့​ရှေ့၌​မျက်​နှာ​ရ​ပြီ​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 13,
      "text": "သို့​ဖြစ်၍ အ​ကျွန်ုပ်​သည်​ရှေ့​တော်၌ မျက်​နှာ​ရ​လျှင်၊ မျက်​နှာ​ရ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​လမ်း​ကို ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 14,
      "text": "ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 15,
      "text": "တစ်​ဖန်​မော​ရှေ​က၊ ကိုယ်​တော်​တိုင်​မ​သွား​လျှင် အ​ကျွန်ုပ်​တို့​ကို ဤ​အ​ရပ်​မှ ပို့​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 16,
      "text": "အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​လျှောက်​သည်​အ​တိုင်း ငါ​ပြု​မည်။ သင်​သည် ငါ့​ရှေ့၌ မျက်​နှာ​ရ​ပြီ။ သင့်​ကို သင်၏​နာ​မ​ဖြင့်​ငါ​သိ၏​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 18,
      "text": "တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 20,
      "text": "သို့​ရာ​တွင် သင်​သည်​ငါ့​မျက်​နှာ​ကို မ​မြင်​နိုင်​ရာ။ ငါ့​မျက်​နှာ​ကို​မြင်​လျှင် အ​သက်​ရှင်​ရ​သော လူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 21,
      "text": "ငါ့​အ​နား​မှာ​နေ​ရာ​တစ်​ခု​ရှိ၏။ သင်​သည်​ကျောက်​ပေါ်​မှာ​ရပ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 22,
      "text": "ငါ့​ဘုန်း​လျှောက်​သွား​သော​အ​ခါ၊ သင့်​ကို​ကျောက်​ကြား၌ ငါ​သွင်း​ထား၍ ငါ​ကြွ​သွား​သည်​အ​ခိုက်၊ သင့်​ကို ငါ့​လက်​နှင့်​ဖုံး​အုပ်​မည်။"
    },
    {
      "book": 2,
      "chapter": 33,
      "verse": 23,
      "text": "ငါ​လက်​ကို သိမ်း​ရုပ်​သော​အ​ခါ၊ ငါ့​ကျော​ကို​သာ​မြင်​ရ​မည်၊ ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​လော့။ သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 2,
      "text": "နက်​ဖြန်​နံ​နက် သင်​သည်​အ​သင့်​နေ​လျက်၊ သိ​နာ​တောင်​ပေါ်​သို့​တက်၍ တောင်​ထိပ်၌ ငါ့​ရှေ့​မှာ​ကိုယ်​ကို​ပြ​လော့။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 3,
      "text": "သင်​နှင့်​အ​တူ အ​ဘယ်​သူ​မျှ​မ​တက်​ရ။ တောင်​တစ်​ပြင်​လုံး၌ လူ​ကို မ​ထင်​ရှား​စေ​နှင့်။ တောင်​ခြေ​ရင်း၌ သိုး​နွား​တို့​ကို ကျက်​စား​ရာ​မ​ပြု​စေ​နှင့်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​ကျောက်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​ပြီး​မှ၊ မော​ရှေ​သည် နံ​နက်​စော​စော​ထ၍ ထို​ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ တက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍၊ ထို​အ​ရပ်၌ မော​ရှေ​အ​နား​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ကြွေး​ကြော်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ရှေ့၌​ကြွ​သွား​တော်​မူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား၊ ချစ်​သ​နား​ခြင်း​မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ကြွယ်​ဝ​တော်​မူ​ထ​သော၊"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 7,
      "text": "အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 8,
      "text": "မော​ရှေ​သည် အ​လျင်​အ​မြန်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​လျက်၊"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 9,
      "text": "အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ငါ​ပ​ဋိ​ညာဉ်​ပြု၏။ မြေ​ကြီး​ပေါ်​မှာ လူ​မျိုး၌ မ​ပြု​စ​ဖူး​သော အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်၏​လူ​မျိုး​ရှေ့​မှာ ငါ​ပြု​မည်။ သင်​တို့​အ​ဖို့ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​ရ​သော​အ​မှု​သည် ကြောက်​မက်​ဖွယ်​သော​အ​မှု​ဖြစ်​ကြောင်း​ကို သင်​ပေါင်း​ဖော်​သော​လူ​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 11,
      "text": "ယ​နေ့​ငါ​မှာ​ထား​သော​စ​ကား​ကို မှတ်​လော့။ သင့်​ရှေ့​မှာ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို ငါ​နှင်​ထုတ်​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 12,
      "text": "သင်​သည် ယ​ခု​သွား​သော​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သင့်​အ​လယ်၌​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 13,
      "text": "သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ဆီး​ရ​မည်။ သူ​တို့​ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖဲ့​ရ​မည်။ သူ​တို့​အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 14,
      "text": "အ​ခြား​သော​ဘု​ရား​ကို သင်​သည်​မ​ကိုး​ကွယ်​ရ။ အ​ပြစ်​ရှိ​ယုံ​လွယ်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 15,
      "text": "သင်​သည် ထို​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့် မှား​ယွင်း​ခြင်း​ကို​ပြု၍၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​သော​အ​ခါ၊ သင့်​ကို​ခေါ်၍ သင်​သည် ထို​ယဇ်​ကောင်​ကို​စား​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 16,
      "text": "သင်​သည် သူ​တို့​သ​မီး​များ​ကို​ယူ၍၊ ကိုယ်​သား​တို့​နှင့် ထိမ်း​မြား​ပေး​စား​သ​ဖြင့်၊ ထို​သ​မီး​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့်​မှား​ယွင်း​ခြင်း​ကို​ပြု၍ သင်၏​သား​တို့​ကို ထို​ဘု​ရား​တို့​နှင့် မှား​ယွင်း​စေ​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 17,
      "text": "သင်​သည် ကိုယ်​အ​ဖို့​သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 18,
      "text": "သင်​သည်​အ​ဗိ​ဗ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကြောင့်၊ ငါ​ပ​ညတ်​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ​တွင် ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား၍ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 19,
      "text": "သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သင်၏​တိ​ရ​စ္ဆာန်​တို့​တွင်​လည်း၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သို့​ရာ​တွင်၊ မြည်း​သား​ဦး​ကို သိုး​သ​ငယ်​နှင့်​ရွေး​ယူ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 20,
      "text": "မ​ရွေး​လို​လျှင်၊ မြည်း​သ​ငယ်၏​လည်​ပင်း​ကို ချိုး​ရ​မည်။ သင်၏​သား​ဦး​အ​ပေါင်း​တို့​ကို ရွေး​ရ​မည်။ ငါ့​ထံ​သို့ အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 21,
      "text": "ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ လယ်​လုပ်​ရာ​ကာ​လ၊ အ​သီး​အ​နှံ​သိမ်း​ရာ​ကာ​လ​ဖြစ်​သော်​လည်း၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 22,
      "text": "ဂျုံ​စ​ပါး​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ ခု​နစ်​သီ​တင်း​ပွဲ​ကို​လည်း​ကောင်း၊ နှစ်​လဲ​သော​အ​ခါ သို​ထား​ပွဲ​ကို​လည်း​ကောင်း​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 23,
      "text": "သင်​တို့​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​နှစ်​လျှင် သုံး​ကြိမ်​မျက်​နှာ​ပြ​ရ​ကြ​မည်။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 24,
      "text": "တစ်​ပါး​အ​မျိုး​သား​များ​ကို သင်​တို့​ရှေ့​က​ငါ​နှင်​ထုတ်၍၊ သင်​တို့​နေ​ရာ​နယ်​ကို ငါ​ကျယ်​စေ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​နှစ်​တွင်​သုံး​ကြိမ် မျက်​နှာ​ပြ​သွား​သော​အ​ခါ၊ သင်၏​မြေ​ကို အ​ဘယ်​သူ​မျှ​မ​တပ်​မက်​ရ။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 25,
      "text": "ငါ့​ယဇ်​ကောင်​အ​သွေး​ကို တ​ဆေး​နှင့် ရော၍ မ​ပူ​ဇော်​ရ။ ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​ကို၊ နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 26,
      "text": "သင်၏​မြေ၌​အ​ဦး​သီး​သော အ​သီး​အ​နှံ​အ​ကောင်း​ဆုံး​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​သို့​ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 27,
      "text": "ဤ​စ​ကား​များ​ကို​ရေး​ထား​လော့။ ဤ​စ​ကား​များ​လာ​သည်​အ​တိုင်း သင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ငါ​ပ​ဋိ​ညာဉ်​ပြု​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 28,
      "text": "ထို​အ​ရပ်​မှာ မော​ရှေ​သည် အ​စာ​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ နေ​လေ၏။ ကျောက်​ပြား​ပေါ်​မှာ ပ​ဋိ​ညာဉ်​စ​ကား၊ ပ​ညတ်​တော်​ဆယ်​ပါး​ကို ရေး​ထား​တော်​မူ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 29,
      "text": "မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​မှ ဆင်း​သက်​သော​အ​ခါ၊ မိ​မိ​နှင့် ဘု​ရား​သ​ခင်​နှုတ်​ဆက်​တော်​မူ​သော​ကြောင့်၊ မိ​မိ​မျက်​နှာ​အ​ရေ​ထွန်း​ပ​ကြောင်း​ကို မိ​မိ​မ​သိ။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 30,
      "text": "အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ မော​ရှေ​ကို​မြင်​သော​အ​ခါ၊ သူ၏​မျက်​နှာ​အ​ရေ ထွန်း​ပ​သော​ကြောင့်၊ သူ​တို့​သည် မ​ချဉ်း​မ​ကပ်​ဝံ့​ကြ။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 31,
      "text": "မော​ရှေ​သည် သူ​တို့​ကို​ခေါ်၍၊ အာ​ရုန်​နှင့် ပ​ရိ​သတ်​သူ​ကြီး​တို့​သည် ချဉ်း​ကပ်​ကြ​လျှင်၊ မော​ရှေ​သည်​နှုတ်​ဆက်​လေ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 32,
      "text": "ထို​နောက် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ကြ​လျှင်၊ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​အား​ဆင့်​ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 33,
      "text": "မော​ရှေ​သည် သူ​တို့​အား​ဟော​ပြော၍​မ​ပြီး​မီ မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဝင်၍​လျှောက်​သော​အ​ခါ၊ မ​ထွက်​မီ​တိုင်​အောင် မျက်​နှာ​ဖုံး​ကို​ချွတ်​ထား၏။ တစ်​ဖန်​ထွက်၍ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 34,
      "verse": 35,
      "text": "သူ၏​မျက်​နှာ​အ​ရေ​ထွန်း​ပ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ကြ​လျှင်၊ တစ်​ဖန်​အ​ထဲ​သို့​ဝင်၍ မ​လျှောက်​မီ​တိုင်​အောင် မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​ပြန်၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 1,
      "text": "မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​ကို စည်း​ဝေး​စေ၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော သင်​တို့​ကျင့်​ဝတ်​တ​ရား​ဟူ​မူ​ကား၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 2,
      "text": "ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် သင်​တို့၌ သန့်​ရှင်း​သော​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငြိမ်​ဝပ်​စွာ​နေ​ရ​သော ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား အ​သေ​ခံ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 3,
      "text": "သင်​တို့​နေ​ရာ​အ​ရပ်၌ ဥ​ပုသ်​နေ့​မှာ မီး​ကို​မ​မွေး​ရ​ဟု ဆင့်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 4,
      "text": "တစ်​ဖန်​မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 5,
      "text": "သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို ပြင်​ဆင်​ကြ​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ် ရှိ​သ​မျှ​သော​သူ​တို့​သည်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 6,
      "text": "ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 7,
      "text": "အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ၊ အ​ကာ​ရှ​သစ်​သား၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 8,
      "text": "လိမ်း​ရန်​ဆီ​ဖော်​ဖို့၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ နံ့​သာ​မျိုး၊ မီး​ထွန်း​စ​ရာ​ဆီ၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 9,
      "text": "ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​အား​လှူ​သော​အ​လှူ​ကို ဆောင်​ခဲ့​ကြ​လော့။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 10,
      "text": "သင်​တို့​တွင် လိ​မ္မာ​သော​သူ​ရှိ​သ​မျှ​တို့​သည်​လာ၍၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 11,
      "text": "တဲ​တော်​နှင့် အ​ပေါ်​တဲ၊ အ​ပေါ်​တဲ​အ​ဖုံး၊ ရွှေ​ချောင်း၊ ပျဉ်​ပြား၊ ကန့်​လန့်​ကျင်၊ တိုင်၊ ခြေ​စွပ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 12,
      "text": "သေ​တ္တာ​နှင့် သူ၏​ထမ်း​ပိုး၊ သေ​တ္တာ​အ​ဖုံး၊ ကာ​ရ​သော​ကု​လား​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 13,
      "text": "စား​ပွဲ​နှင့်​သူ၏​ထမ်း​ပိုး၊ သူ၏​တန်​ဆာ​ရှိ​သ​မျှ​နှင့် ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 14,
      "text": "မီး​ထွန်း​စ​ရာ​ဖို့​မီး​ခုံ​နှင့် သူ၏​တန်​ဆာ၊ မီး​ခွက်​များ၊ မီး​ထွန်း​စ​ရာ​ဆီ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 15,
      "text": "နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်​နှင့် သူ၏​ထမ်း​ပိုး၊ လိမ်း​ရန်​ဆီ၊ မွှေး​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကာ​ရန် ကု​လား​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 16,
      "text": "မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​သော​ပ​လ္လင်​နှင့် ကြေး​ဝါ​ဆန်​ခါ၊ ထမ်း​ပိုး၊ တန်​ဆာ​ရှိ​သ​မျှ၊ အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 17,
      "text": "တဲ​တော်​ဝင်း​ကု​လား​ကာ၊ တိုင်၊ ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ ကာ​စ​ရာ​ကု​လား​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 18,
      "text": "တဲ​တော်​တံ​သင်၊ ဝင်း​တံ​သင်​ကြိုး​များ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 19,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​ဝတ်​ရန် သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု​ဆင့်​ဆို၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 20,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​ထံ​မှ​ထွက်​သွား​ကြ၍၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 21,
      "text": "မိ​မိ​စိတ်​နှ​လုံး​နှိုး​ဆော်​သော​သူ၊ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​ရှိ​သော​သူ အ​ပေါင်း​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​လုပ်​ဖို့​လည်း​ကောင်း၊ အ​မှု​တော်​ထမ်း​စ​ရာ​ဖို့​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို​ဆောင်​လျက် လာ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 22,
      "text": "ကြည်​ညို​သော စေ​တ​နာ​စိတ်​ရှိ​သော ယောက်ျား​မိန်း​မ​တို့​သည်၊ လက်​ကောက်၊ နား​တောင်း၊ လက်​စွပ်၊ နှာ​ခေါင်း​ဘူး၊ ရွှေ​တန်​ဆာ​ရှိ​သ​မျှ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ လှူ​သော​သူ အ​သီး​အ​သီး​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား​ရွှေ​ကို​လှူ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 23,
      "text": "ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး၊ အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ​ရှိ​သော​သူ​တိုင်း ဆောင်​ခဲ့၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 24,
      "text": "ငွေ​နှင့်​ကြေး​ဝါ​ကို လှူ​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား လှူ​လေ၏။ အ​မှု​တော်​နှင့်​ယှဉ်​သော အ​လုပ်​လုပ်​စ​ရာ​ဖို့ အ​ကာ​ရှ​သစ်​သား​ရှိ​သော​သူ​တိုင်း​လည်း ဆောင်​ခဲ့​လေ၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 25,
      "text": "ရက်​ကန်း​တတ်​သော မိန်း​မ​အ​ပေါင်း​တို့​လည်း၊ ကိုယ်​လက်​နှင့်​ရက်၍၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ရက်​သ​မျှ​ကို ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 26,
      "text": "မိ​မိ​ဉာဏ်​နှိုး​ဆော်​သော မိန်း​မ​အ​ပေါင်း​တို့​သည် ဆိတ်​မွေး​ကို ရက်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 27,
      "text": "သူ​ကြီး​တို့​သည်​လည်း၊ ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 28,
      "text": "မီး​ထွန်း​စ​ရာ​ဖို့ လိမ်း​ရန်​ဆီ​ဖော်​ဖို့ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ နံ့​သာ​မျိုး​နှင့် ဆီ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 29,
      "text": "ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သော အ​လုပ်​အ​မျိုး​မျိုး​ရှိ​သ​မျှ​အ​ဖို့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကြည်​ညို​သော စေ​တ​နာ​စိတ်​နှိုး​ဆော်​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 30,
      "text": "တစ်​ဖန်​မော​ရှေ​က၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား​ဗေ​ဇ​လေ​လ​ကို​အ​မည်​ဖြင့် ခန့်​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 31,
      "text": "သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို​လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍​စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ​လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​ကို​ပေး၍၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 34,
      "text": "သူ​နှင့် ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​သည်၊ သူ​တ​ပါး​အား အ​တတ်​သင်​ပေး​နိုင်​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 2,
      "chapter": 35,
      "verse": 35,
      "text": "ထို​သူ​တို့​သည် ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော​လက်​သ​မား၏ အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏​အ​လုပ်၊ ရက်​တတ်​သော​သူ၏​အ​လုပ်၊ အ​နည်း​နည်း လုပ်​တတ်​သော​သူ၏​အ​လုပ်​၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​ပြီ။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 1,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ဆောင်​စ​ရာ​ဖို့၊ အ​မျိုး​မျိုး​သော​အ​လုပ်​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​သွင်း​တော်​မူ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​တို့​သည် အ​လုပ်​လုပ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 2,
      "text": "တစ်​ဖန် မော​ရှေ​သည်၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​သ​ဘော​ကို​ရ၍၊ အ​လုပ်​လုပ်​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 3,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​နှင့် အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တို့​ကို​လုပ်​ကိုင်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ခဲ့​သော​အ​လှူ​ရှိ​သ​မျှ​ကို ထို​သူ​တို့​သည် မော​ရှေ​လက်​မှ​ခံ​ကြ၏။ ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​အ​လှူ​ကို နံ​နက်​တိုင်း​ထပ်၍ ဆောင်​ခဲ့​ကြ​သေး၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 4,
      "text": "ထို​အ​ခါ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး​မိ​မိ​လုပ်​ရာ​မှ၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 5,
      "text": "မော​ရှေ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​လုပ်​ပြီး​လောက်​ရုံ​မျှ​မ​က၊ ပို၍​ဆောင်​ခဲ့​ကြ​ပါ​ပြီ​ဟု ကြား​ပြော​လျှင်၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 6,
      "text": "မော​ရှေ​က၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့​လှူ​ခြင်း​ငှာ အ​ဘယ်​ယောက်ျား​မိန်း​မ​မျှ ထပ်​မံ၍​မ​လုပ်​စေ​နှင့်​ဟု စီ​ရင်၍၊ တစ်​တပ်​လုံး၌ ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​များ​အ​လှူ​ဆောင်​ခြင်း​အ​မှု​ကို ဆီး​တား၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 7,
      "text": "ရ​ခဲ့​သော​ဥ​စ္စာ​သည် အ​လုပ်​ရှိ​သ​မျှ​ကို​ပြီး​စီး​လောက်​ရုံ​မျှ​မ​က ပို​လျက်​ရှိ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 8,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော​သူ​တို့​တွင်၊ ပ​ညာ​ရှိ​သော​သူ​သည် ပိတ်​ချော၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့် ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော​ပိတ်​ချော ကု​လား​ကာ​ဆယ်​ထည်​ကို လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 9,
      "text": "ကု​လား​ကာ​သည် အ​လျား​နှစ်​ဆယ်​ရှစ်​တောင်၊ အ​နံ​လေး​တောင်​ရှိ၍၊ ကု​လား​ကာ​ချင်း အ​လျား​အ​နံ​တူ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 10,
      "text": "ကု​လား​ကာ​ငါး​ထည်​စီ တစ်​စပ်​တည်း​ချုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 11,
      "text": "ကု​လား​ကာ​တစ်​ထည် ပြင်​ဘက်​ကု​လား​ကာ​နား​ချင်း ဆက်​မီ​ရာ၌ ကွင်း​များ​ကို ပြာ​သော​အ​ထည်​နှင့်​လုပ်၍၊ အ​ခြား​သော ကု​လား​ကာ​ပြင်​ဘက် ကု​လား​ကာ​နား​ချင်း ဆက်​မီ​ရာ၌​လည်း ထို​အ​တူ​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 12,
      "text": "ကု​လား​ကာ​တစ်​ထည်၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား​သော​ကု​လား​ကာ​အ​နား ဆက်​မီ​ရာ၌ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း လုပ်​သ​ဖြင့်၊ ကွင်း​ချင်း​ဆိုင်​မိ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 13,
      "text": "ရွှေ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍၊ ထို​ရွှေ​ချောင်း​ဖြင့် ကု​လား​ကာ​များ​ကို ပူး​တွဲ​သ​ဖြင့် တဲ​တော်​တစ်​ဆောင်​တည်း ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 14,
      "text": "တဲ​တော်​ဖုံး​အုပ်​ဖို့ အ​ခြား​သော​ကု​လား​ကာ ဆယ်​တစ်​ထည်​ကို ဆိတ်​မွေး​နှင့် လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 15,
      "text": "ကု​လား​ကာ​သည် အ​လျား​အ​တောင်​သုံး​ဆယ်၊ အ​နံ​လေး​တောင်​ရှိ၍ ကု​လား​ကာ​ဆယ်​တစ်​ထည်​တို့​သည် အ​လျား​အ​နံ​ချင်း​တူ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 16,
      "text": "ကု​လား​ကာ​ငါး​ထည်​တစ်​စပ်၊ ခြောက်​ထည်​တစ်​စပ်​တည်း ချုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 17,
      "text": "ကု​လား​ကာ​များ​ဆက်​မီ​ရာ၌၊ ပြင်​ဘက်​က​နေ​သော ကု​လား​ကာ​တစ်​ထည်​အ​နား​မှာ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဆက်​မီ​သော​အ​ခြား​ကု​လား​ကာ​အ​နား​မှာ ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 18,
      "text": "ကြေး​ဝါ​ချောင်း​ငါး​ဆယ်​ကို​လည်း​လုပ်၍ အ​ပေါ်​တဲ တစ်​ပိုင်း​နှင့်​တစ်​ပိုင်း​ကို ပူး​တွဲ​သ​ဖြင့်၊ တဲ​တစ်​ဆောင်​တည်း ဖြစ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 19,
      "text": "အ​ပေါ်​တဲ​ဖုံး​အုပ်​ဖို့ အ​နီ​ဆိုး​သော သိုး​ရေ​ကို​လည်း​ကောင်း၊ ထို​သိုး​ရေ​အ​ပေါ်၌ တ​ဟာ​ရှ​သား​ရေ​ကို​လည်း​ကောင်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 20,
      "text": "တဲ​တော်​ကာ​ရန်​ထောင်​ထား​သော အ​ကာ​ရှ​ပျဉ်​ပြား​တို့​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 21,
      "text": "ပျဉ်​ပြား​သည် အ​လျား​ဆယ်​တောင်၊ အ​နံ​တစ်​တောင်​ထွာ​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 22,
      "text": "ထို​ပျဉ်​ပြား​ရှိ​သ​မျှ​တို့၌ ခြေ​ထောက်​နှစ်​ခု​စီ တစ်​တန်း​တည်း​ရှိ​စေ​ခြင်း​ငှာ လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 23,
      "text": "တဲ​တော်​တောင်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ဆယ်​ကို​လုပ်၍၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 24,
      "text": "ထို​ပျဉ်​ပြား​နှစ်​ဆယ်​တွင်၊ တစ်​ပြား​တစ်​ပြား​အောက်၌ ခြေ​ထောက်​နှစ်​ခု​စီ စွပ်​စ​ရာ​ဖို့ ငွေ​ခြေ​စွပ်​လေး​ဆယ်​ကို​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 25,
      "text": "ထို​အ​တူ တဲ​တော်​မြောက်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ဆယ်​ကို​လုပ်၍၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 26,
      "text": "ထို​ပျဉ်​ပြား၌​လည်း ငွေ​ခြေ​စွပ်​လေး​ဆယ်၊ တစ်​ပြား​နှစ်​ခု​စီ​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 27,
      "text": "တဲ​တော်​အ​နောက်​ဘက်၌​ကာ​ရန် ပျဉ်​ပြား​ခြောက်​ပြား​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 28,
      "text": "ထောင့်​တစ်​ဖက်​တစ်​ချက်၌​ကာ​ရန် ပျဉ်​ပြား​နှစ်​ပြား​ကို​လည်း​ကောင်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 29,
      "text": "အ​ထက်၌​လည်း​ကောင်း၊ အောက်၌​လည်း​ကောင်း၊ ကွင်း​ကို​တပ်၍​စေ့​စပ်​လျက် ထောင့်​နှစ်​ခု​ပြီး​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 30,
      "text": "ပျဉ်​ပြား​ရှစ်​ပြား၊ ငွေ​ခြေ​စွပ် ဆယ်​ခြောက်​ခု၊ တစ်​ပြား​နှစ်​ခု​စီ​ရှိ​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 31,
      "text": "တဲ​တော်၌ ကာ​ရ​သော​ပျဉ်​ပြား​ကို​လျှို​စ​ရာ​ဖို့ အ​ကာ​ရှ​သား ကန့်​လန့်​ကျင် တို့​ကို၊ တစ်​ဖက်​ငါး​ချောင်း​စီ လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 32,
      "text": "တဲ​တော်​နောက်​ဖေး၌ ကာ​ရ​သော​ပျဉ်​ပြား​ကို​လျှို​စ​ရာ​ဖို့၊ ကန့်​လန့်​ကျင် ငါး​ချောင်း​ကို​လည်း​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 33,
      "text": "အ​လယ်​ကန့်​လန့်​ကျင်​ကို ထောင့်​တစ်​ဖက်​တစ်​ချက်၌ ဆုံး​စေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 34,
      "text": "ပျဉ်​ပြား​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။ ကန့်​လန့်​ကျင်​လျှို​ဖို့​ရာ ရွှေ​ကွင်း​ကို​လည်း​လုပ်၍ ကန့်​လန့်​ကျင်​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 35,
      "text": "တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့်၊ ချယ်​လှယ်​သော​ကု​လား​ကာ​တစ်​ထည်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 36,
      "text": "ထို​ကု​လား​ကာ​ဖို့ ရွှေ​ချ​သော​အ​ကာ​ရှ​သား​တိုင် လေး​တိုင်​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​တိုင်​တို့​သည် ရွှေ​တံ​စို့​နှင့်​ပြည့်​စုံ၍၊ ငွေ​ခြေ​စွပ်​လေး​ခု​ကို​လည်း သွန်း​လေ၏။"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 37,
      "text": "တဲ​တော်​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော အ​ထည်​ပိတ်​ချော​ဖြင့်​ပြီး၍ ချယ်​လှယ်​သော​ကု​လား​ကာ တစ်​ထည်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 36,
      "verse": 38,
      "text": "ထို​ကု​လား​ကာ​ဖို့ တံ​စို့​နှင့်​ပြည့်​စုံ​သော တိုင်​ငါး​တိုင်​ကို​လည်း​ကောင်း လုပ်၍၊ တိုင်​ထိပ်​နှင့် တိုင်​တန်း​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။ ကြေး​ဝါ​ခြေ​စွပ်​ငါး​ခု​လည်း ရှိ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 1,
      "text": "တစ်​ဖန် ဗေ​ဇ​လေ​လ​သည်၊ အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍၊"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 2,
      "text": "သေတ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့် မွမ်း​မံ​လေ၏။ သေ​တ္တာ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော​ရွှေ​တန်​ဆာ​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 3,
      "text": "ရွှေ​လေး​ကွင်း​ကို​သွန်း၍၊ သေ​တ္တာ​လေး​ထောင့်၌ တစ်​မျက်​နှာ နှစ်​ကွင်း​စီ​တပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 4,
      "text": "အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 5,
      "text": "သေ​တ္တာ​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက် ရွှေ​ကွင်း၌​လျှို​ထား​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 6,
      "text": "အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို​လည်း၊ ရွှေ​စင်​နှင့်​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 7,
      "text": "ရွှေ​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို​လည်း၊ သေ​တ္တာ​အ​ဖုံး​တွင် အ​လျား​တစ်​ဖက်​တစ်​ချက်၌ ထု​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 8,
      "text": "ထို​သို့ ခေ​ရု​ဗိမ်​နှစ်​ပါး​ကို၊ သေ​တ္တာ​ဖုံး​ကိုယ်​ထဲ​က​ထုတ်၍၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌ တစ်​ဖက်​တစ်​ပါး​စီ​လုပ်​ပြီး​လျှင်၊"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 9,
      "text": "ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်၍၊ သေ​တ္တာ​ဖုံး​ကို​ရှု​လျက်၊ မိ​မိ​အ​တောင်​ကို​ဖြန့်၍ သေ​တ္တာ​ဖုံး​ကို​မိုး​လျက်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 10,
      "text": "အ​လျား​နှစ်​တောင်၊ အ​နံ​တစ်​တောင်၊ အ​မြင့်​တစ်​တောင်​ထွာ​ရှိ​သော​စား​ပွဲ​ကို​လည်း၊ အ​ကာ​ရှ​သား​နှင့် လုပ်၍၊"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 11,
      "text": "ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။ စား​ပွဲ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 12,
      "text": "အ​နံ​တစ်​လက်​ဝါး​ရှိ​သော ခါး​ပန်း​ကို​လည်း​ကောင်း၊ ခါး​ပန်း​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 13,
      "text": "ရွှေ​လေး​ကွင်း​ကို​လည်း​သွန်း၍ ခြေ​ထောက်​လေး​ခု​အ​ထက်၊ စား​ပွဲ​လေး​ထောင့်၌ တပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 14,
      "text": "ထို​ရွှေ​ကွင်း​တို့​သည် ခါး​ပန်း​ပေါ်​မှာ​ရှိ၍၊ စား​ပွဲ​ထမ်း​စ​ရာ​ထမ်း​ပိုး​နေ​ရာ ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 15,
      "text": "စား​ပွဲ​ထမ်း​စ​ရာ အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့် မွမ်း​မံ​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 16,
      "text": "စား​ပွဲ​တန်​ဆာ​တည်း​ဟူ​သော လင်​ပန်း၊ ဇွန်း၊ အင်​တုံ၊ လောင်း​စ​ရာ ဖ​လား​များ​ကို​လည်း ရွှေ​စင်​နှင့် လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 17,
      "text": "မီး​ခုံ​ကို​လည်း​ရွှေ​စင်​နှင့်​လုပ်၍၊ မီး​ခုံ​တိုင်​အ​စ​ရှိ​သော​အ​လက်​များ၊ ခွက်​များ၊ ဘူး​သီး​များ၊ ကြာ​ပွင့်​များ​တို့​ကို တစ်​စပ်​တည်း​ထု​လေ​၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 18,
      "text": "မီး​ခုံ​တိုင် တစ်​ဖက်​တစ်​ချက် သုံး​လက်​စီ​ထွက်၍၊ အ​လက်​ခြောက်​လက်​ရှိ​၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 19,
      "text": "မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​သုံး​လက်​တွင်၊ တစ်​လက်​တစ်​လက်၌ ဘူး၊ ကြာ​ပွင့်​နှင့်​တ​ကွ ဗာ​တံ​သီး​နှင့် ပုံ​တူ​သော​ခွက်​သုံး​ခွက်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 20,
      "text": "မီး​ခုံ​တိုင်၌​လည်း ဘူး၊ ကြာ​ပွင့်​နှင့်​တ​ကွ ဗာ​တံ​သီး​နှင့်​ပုံ​တူ​သော ခွက်​လေး​ခွက်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 21,
      "text": "မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​ခြောက်​လက်​ရှိ​သည်​အ​တိုင်း၊ အ​လက်​နှစ်​ဖက်​အောက်၌​လည်း ဘူး​သီး​တစ်​လုံး​စီ​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 22,
      "text": "ဘူး​များ၊ အ​လက်​များ​တို့​ကို တစ်​ကိုယ်​တစ်​စပ်​တည်း​ဖြစ်​စေ၍ မီး​ခုံ​တစ်​ကိုယ်​လုံး​ကို ရွှေ​စင်​နှင့်​ထု​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 23,
      "text": "မီး​ခွက်​ခု​နစ်​လုံး၊ မီး​ညှပ်​နှင့် မီး​ညှပ်​ခံ​စ​ရာ​ခွက်​များ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 24,
      "text": "မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ရွှေ​စင်​အ​ခွက်​တစ်​ဆယ်​နှင့် လုပ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 25,
      "text": "တစ်​နည်း​ကား၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့် လုပ်​လေ၏။ ထို​ပ​လ္လင်​သည် အ​လျား​တစ်​တောင်၊ အ​နံ​တစ်​တောင်၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၍ အ​မြင့်​နှစ်​တောင်​ရှိ​လေ၏။ ဦး​ချို​တို့​ကို​လည်း အ​ကာ​ရှ​သား​ဖြင့်​ပြီး​စေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 26,
      "text": "ပ​လ္လင်​ထိပ်၊ နံ​ရံ၊ ဦး​ချို​တို့​ကို ရွှေ​စင်​နှင့် မွမ်း​မံ၍၊ အ​ပေါ်​နား​ပတ်​လည်၌​ကွပ်​သော ရွှေ​တန်​ဆာ​ကို လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 27,
      "text": "ရွှေ​တန်​ဆာ​အောက် ပ​လ္လင်​တစ်​ဖက်​တစ်​ချက်​ထောင့်၌ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်၍ ပ​လ္လင်​ထမ်း​စာ​ရာ ထမ်း​ပိုး​နေ​ရာ​ဖြစ်​၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 28,
      "text": "ထမ်း​ပိုး​တို့​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 37,
      "verse": 29,
      "text": "ဆေး​သ​မား​အ​တတ်​နှင့် ဆေး​ပေါင်း​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ သန့်​ရှင်း​သော လိမ်း​ရန်​နံ့​သာ​ဆီ​ကို​လည်း​ကောင်း၊ နံ့​သာ​မျိုး​နှင့်​ဖော်​သော မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​စင်​ကို​လည်း​ကောင်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 1,
      "text": "တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့်​လုပ်​လေ၏။ အ​မြင့်​လည်း သုံး​တောင်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 2,
      "text": "ယဇ်​ပ​လ္လင်​လေး​ထောင့်​အ​ပေါ်​မှာ ဦး​ချို​လေး​ချောင်း​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 3,
      "text": "အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 4,
      "text": "ကြေး​ဝါ​ဆန်​ခါ​ကို​လုပ်၍ ယဇ်​ပ​လ္လင်​ခါး​ပန်း​အောက်​အ​လယ်၌​ထား၍၊"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 5,
      "text": "ထမ်း​ပိုး​ထား​ရာ ဆန်​ခါ​လေး​ထောင့်၌​တပ်​ရ​သော ကြေး​ဝါ​လေး​ကွင်း​ကို သွန်း​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 6,
      "text": "အ​ကာ​ရှ​သား​ထမ်း​ပိုး​တို့​ကို​လုပ်၍ ကြေး​ဝါ​နှင့် မွမ်း​မံ​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 7,
      "text": "ယဇ်​ပ​လ္လင်​ကို​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက်​ကွင်း​များ၌ လျှို​ထား​လေ၏။ ထို​ယဇ်​ပ​လ္လင်​ကို အ​ပေါ်​အောက် ဟင်း​လင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ပျဉ်​ပြား​နှင့် လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 8,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ စည်း​ဝေး​တတ်​သော​မိန်း​မ​တို့၏ ကြေး​ဝါ​မှန်​များ​ကို​ယူ၍ ကြေး​ဝါ​အင်​တုံ​နှင့် ကြေး​ဝါ​ခြေ​ထောက်​ကို လုပ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 9,
      "text": "တဲ​တော်​ဝင်း​ကာ​ရန်​မူ​ကား၊ အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ပိတ်​ချော​နှင့် တောင်​ဘက်၌ ကု​လား​ကာ​ကို လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 10,
      "text": "ထို​ကု​လား​ကာ​ဖို့ တိုင်​နှစ်​ဆယ်၊ တိုင်​ခြေ​စွပ်​နှစ်​ဆယ်​ကို ကြေး​ဝါ​နှင့်​လုပ်၍ တိုင်​တံ​စို့၊ တိုင်​တန်း​တို့​ကို ငွေ​ဖြင့်​ပြီး​စေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 11,
      "text": "ထို​နည်း​တူ မြောက်​ဘက်၌​ကာ​ရန် အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ ငွေ​တံ​စို့၊ ငွေ​တန်း​ပါ​သော ကြေး​ဝါ​တိုင်​နှစ်​ဆယ်၊ ကြေး​ဝါ​ခြေ​စွပ်​နှစ်​ဆယ်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 12,
      "text": "အ​နောက်​ဘက်၌​ကာ​ရန် အ​လျား​အ​တောင်​ငါး​ဆယ်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​တစ်​ဆယ်၊ ခြေ​စွပ်​တစ်​ဆယ်​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 13,
      "text": "အ​ရှေ့​ဘက်၌​လည်း အ​တောင်​ငါး​ဆယ်​ရှိ​၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 14,
      "text": "တံ​ခါး​ဝ​တစ်​ဖက်​တစ်​ချက်၌​ကာ​ရန် အ​လျား​ဆယ်​ငါး​တောင်​ရှိ​သော ကု​လား​ကာ​နှင့်​တ​ကွ တိုင်​သုံး​တိုင်၊ ခြေ​စွပ်​သုံး​ခု​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 16,
      "text": "ဝင်း​ပတ်​လည်၌​ကာ​သော ကု​လား​ကာ​ရှိ​သ​မျှ​တို့​သည် ပိတ်​ချော​ဖြင့်​ပြီး၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 17,
      "text": "တိုင်​တို့​သည် ကြေး​ဝါ​ခြေ​စွပ်၊ ငွေ​တံ​စို့၊ ငွေ​တန်း​နှင့်​ပြည့်​စုံ၍ တိုင်​ထိပ်​များ​ကို​လည်း ငွေ​နှင့်​မွမ်း​မံ​လေ၏။ ဝင်း​တိုင်​တန်း​ရှိ​သ​မျှ​တို့​သည် ငွေ​တန်း​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 18,
      "text": "ဝင်း​တံ​ခါး​ဝ၌​ကာ​ရန် ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍ ချယ်​လှယ်​သော​ကု​လား​ကာ၊ အ​လျား​အ​တောင်​နှစ်​ဆယ်၊ အ​မြင့်​ငါး​တောင်​ရှိ၍၊ ဝင်း​ကာ​သော​ကု​လား​ကာ​နှင့် တ​ညီ​တည်း​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 19,
      "text": "ဝင်း​တံ​ခါး​ဝ​တိုင် လေး​ခု​ရှိ၍၊ ကြေး​ဝါ​ခြေ​စွပ်​လေး​ခု၊ ငွေ​တံ​စို့၊ ငွေ​တန်း​များ၊ ငွေ​နှင့်​မွမ်း​မံ​သော​ထိပ်​များ​နှင့် ပြည့်​စုံ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 20,
      "text": "တဲ​တော်​တံ​သင်​ဝင်း​ပတ်​လည်၌ စိုက်​သော​တံ​သင်​ရှိ​သ​မျှ​တို့​သည် ကြေး​ဝါ​တံ​သင်​ဖြစ်​ကြ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 21,
      "text": "ဤ​ရွေ့​ကား၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည်၊ လေ​ဝိ​လူ​များ အ​မှု​တော်​ဆောင်​စ​ရာ​တဲ​တော်​ကို ရေ​တွက်​မှတ်​သား​သော သက်​သေ​ခံ​ချက် တဲ​တော်​စာ​ရင်း​ပေ​တည်း။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 22,
      "text": "မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို၊ ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော၊ ဥ​ရိ၏​သား​ဗေ​ဇ​လေ​လ​သည် လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 23,
      "text": "ထို​မှ​တစ်​ပါး၊ ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော လက်​သ​မား​အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏ အ​လုပ်​ကို​လုပ်​တတ်​သော ဒန်​အ​မျိုး​သား အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​လည်း​ရှိ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 24,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြီး​အောင်​လှူ၍ လုပ်​သော​ရွှေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​နှစ်​ရာ​ကိုး​ဆယ်​ခု​နစ်​ပိဿာ​သုံး​ဆယ် ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 25,
      "text": "စာ​ရင်း​ဝင်​သော​ပ​ရိ​သတ်​များ​ပေး​သော ငွေ​ချိန်​ပေါင်း​ကား၊ အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​တစ်​ထောင်​နှင့် တစ်​ဆယ်​ခု​နစ်​ပိဿာ​ခု​နစ်​ဆယ်​ငါး​ကျပ် ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 26,
      "text": "အ​သက်​နှစ်​ဆယ်​မှ​စ၍ ပို​လွန်​သ​မျှ​သော​သူ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ လူ​ခြောက်​သိန်း​သုံး​ထောင် ငါး​ရာ​ငါး​ဆယ်​တို့​သည်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​ချိန်​အ​ကျပ်​တစ်​ဝက်​စီ​ပေး​ရ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 27,
      "text": "ခြေ​စွပ်​တစ်​ခု၌ ငွေ​အ​ခွက်​တစ်​ဆယ်​စီ​ဝင်​သည်​ဖြစ်၍၊ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် တဲ​တော်​ခြေ​စွပ်၊ အ​တွင်း​ကု​လား​ကာ​ခြေ​စွပ်​တည်း​ဟူ​သော ခြေ​စွပ်​တစ်​ရာ​ကို သွန်း​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 28,
      "text": "ကျန်​သော​ငွေ အ​ခွက်​တစ်​ဆယ်​ခု​နစ်​ပိဿာ​ခု​နစ်​ဆယ်​ငါး​ကျပ်​နှင့် တိုင်​တံ​စို့​နှင့် တိုင်​တန်း​တို့​ကို​လုပ်၍ တိုင်​ထိပ်​များ​ကို​မွမ်း​မံ​လေ၏။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 29,
      "text": "လှူ​သော​ကြေး​ဝါ​ပေါင်း​ကား အ​ခွက်​ခု​နစ်​ရာ​နှစ်​ဆယ်​နှင့် လေး​ပိဿာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 30,
      "text": "ထို​ကြေး​ဝါ​နှင့် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​ခြေ​စွပ်၊ ကြေး​ဝါ​ယဇ်​ပ​လ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 38,
      "verse": 31,
      "text": "ကာ​သော​ဝင်း​ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ​ခြေ​စွပ်၊ တဲ​တော်​တံ​သင်၊ ဝင်း​ပတ်​လည်၌​စိုက်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 1,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ၊ ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​နှင့် လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 2,
      "text": "ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့် ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို လုပ်​ရာ​တွင်၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 3,
      "text": "ရွှေ​ကို​အ​ပြား​ခတ်၍ ရွှေ​ကြိုး​ကို​လှီး​ပြီး​မှ၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​ကို ထူး​ဆန်း​စွာ​အ​ပြောက်​ထိုး​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 4,
      "text": "သိုင်း​ကြိုး​နှစ်​ပင်​ကို​လုပ်​၍ သင်​တိုင်း​အ​ပေါ်​နား​ချင်း​တွဲ​မိ​စေ​ခြင်း​ငှာ၊ တစ်​ဖက်​တစ်​ချက်​ကို ဆွဲ​ချုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တိုင်း​အ​ပေါ်​နား၌ ထူး​ဆန်း​သော​ရင်​စည်း​ကို​လည်း သင်​တိုင်း​ကိုယ်​ကဲ့​သို့ ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​နှင့်​လည်း​ကောင်း လုပ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 6,
      "text": "ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​သွေး၍ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​တို့​ကို အ​က္ခ​ရာ​တင်​ပြီး​မှ၊ ရွှေ​ကျောက်​အိုး၌ ထည့်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​ဖို့​ရာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​အ​ပေါ်​မှာ တပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 8,
      "text": "ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လည်း​ကောင်း၊ သင်​တိုင်း​ကို​လုပ်​သည်​နည်း​တူ၊ ရင်​ဖုံး​ကို​ထူး​ဆန်း​စွာ လုပ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 9,
      "text": "ရင်​ဖုံး​နှစ်​ထပ်​ခေါက်​လျက်၊ အ​လျား​တစ်​ထွာ၊ အ​နံ​တစ်​ထွာ၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 10,
      "text": "ထို​ရင်​ဖုံး၌ ကျောက်​မြတ်​ကို လေး​တန်း​စီ​လေ၏။ ပ​ထ​မ​အ​တန်း​ကား ကျောက်​နီ၊ ဥဿ​ဖ​ယား၊ ပ​တ္တ​မြား။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 11,
      "text": "ဒု​တိ​ယ​အ​တန်း​ကား မြ၊ နီ​လာ၊ စိန်။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 12,
      "text": "တ​တိ​ယ​အ​တန်း​ကား ဝှါ​ကိ​န္သု၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 13,
      "text": "စ​တု​တ္ထ​အ​တန်း​ကား မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​ဖြစ်၍၊ အ​သီး​အ​သီး​တို့​ကို ရွှေ​အိုး၌​စီ​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​ရှိ​သည်​အ​တိုင်း တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထို​ကျောက်​တို့၌ ထို​တစ်​ဆယ်​နှစ်​ပါး​သော နာ​မည်​အ​သီး​အ​သီး​တို့​ကို​တင်​လျက် ကျောက်​တစ်​လုံး​လျှင် နာ​မည်​တစ်​ပါး​စီ​ပါ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 15,
      "text": "ရင်​ဖုံး​အ​ပေါ်​ထောင့်​နှစ်​ခု၌၊ ရွှေ​နှစ်​ကွင်း​ကို​လည်း​ကောင်း၊ ရွှေ​ကျောက်​အိုး နှစ်​လုံး​ကို​လည်း​ကောင်း ကျစ်​သော​ရွှေ​ကြိုး နှစ်​ပင်​ကို​လည်း​ကောင်း လုပ်​ပြီး​မှ၊ ထို​ရွှေ​ကွင်း၌​တပ်၍ သင်​တိုင်း​သိုင်း​ကြိုး​အ​ပေါ်​မှာ​ရှိ​သော ကျောက်​အိုး​တို့၌​တွဲ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 19,
      "text": "တစ်​ဖန်​ရွှေ​နှစ်​ကွင်း​ကို​လုပ်၍ သင်​တိုင်း​အောက်​နား​မှာ​ရှိ​သော ရင်​ဖုံး​အောက်​ထောင့်​နှစ်​ခု၌ တပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 20,
      "text": "အ​ခြား​သော​ရွှေ​နှစ်​ကွင်း​ကို​လည်း လုပ်၍ သင်​တိုင်း​အ​ရှေ့​ဘက်​အောက်​နား​နှင့် ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​နား ဆက်​မီ​ရာ​တွင် သင်​တိုင်း​ကို တစ်​ဖက်​တစ်​ချက်၌ တပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 21,
      "text": "ရင်​ဖုံး​ရွှေ​နှစ်​ကွင်း​ကို၊ သင်​တိုင်း​ရွှေ​နှစ်​ကွင်း​နှင့်​တွဲ၍၊ ပြာ​သော​ကြိုး​ဖြင့် ပြီး​စေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ရင်​ဖုံး​သည် ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​မှာ​ဆွဲ၍ သင်​တိုင်း​နှင့် မ​ကွာ​ဘဲ အ​မြဲ​နေ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 22,
      "text": "ထို​မှ​တစ်​ပါး၊ ပြာ​သော​အ​ထည်​ကို​ရက်​ပြီး​မှ၊ သင်​တိုင်း​နှင့်​ဆိုင်​သော ဝတ်​လုံ​ကို ထို​အ​ထည်​နှင့်​သာ လုပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 23,
      "text": "ဝတ်​လုံ၌​လည်​စွပ်​ပါ၍ လည်​စွပ်​ကို​မ​စုတ်​စေ​ခြင်း​ငှာ၊ သံ​ချပ်​လည်​စွပ် ကွပ်​သ​ကဲ့​သို့ ကွပ်​လေ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 24,
      "text": "ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လုပ်​သော သ​လဲ​သီး​များ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 25,
      "text": "ရွှေ​စင်​ဆည်း​လည်း​များ​ကို​လည်း​ကောင်း၊ ဝတ်​လုံ​အောက်​စွန်း​နား​ပတ်​လည်​၌၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 26,
      "text": "သ​လဲ​သီး​တစ်​လုံး၊ ဆည်း​လည်း​တစ်​လုံး​စီ​ခြား​လျက် အ​စဉ်​အ​တိုင်း​ဆွဲ​ထား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မှု​တော်​ကို ဆောင်​ရ​သော​ဝတ်​လုံ​ကို လုပ်၍​ပြီး​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 27,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ရက်​သော​ပိတ်​ချော​အင်္ကျီ​များ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 28,
      "text": "ပိတ်​ချော​ဗောင်း​ကို​လည်း​ကောင်း၊ တင့်​တယ်​သော ပိတ်​ချော ဦး​ထုပ်​များ​ကို​လည်း​ကောင်း၊ ပိတ်​ချော ဘောင်း​ဘီ​များ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 29,
      "text": "ချယ်​လှယ်​သော​ပိတ်​ချော၊ အ​ထည်​ပြာ၊ အ​ထည်​မောင်း၊ အ​ထည်​နီ​ဖြင့်​ပြီး​သော ခါး​ပန်း​ကို​လည်း​ကောင်း လုပ်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 30,
      "text": "မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သန့်​ရှင်း​သော သင်း​ကျစ်​ပြား​ကို​လည်း ရွှေ​စင်​နှင့်​လုပ်၍ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ခြင်း​ဟု​အ​က္ခ​ရာ​တင်၍၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 31,
      "text": "ပြာ​သော​ကြိုး​နှင့် ဗောင်း​အ​ပေါ်​နား၌ ချည်​ထား​လေ​၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 32,
      "text": "ထို​သို့​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​ကြ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 33,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ တဲ​တော်​နှင့် အ​ပေါ်​တဲ​မှ​စ၍၊ ရွှေ​ချောင်း၊ ပျဉ်​ပြား၊ ကန့်​လန့်​ကျင်၊ တိုင်၊ ခြေ​စွပ်​တည်း​ဟူ​သော တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 34,
      "text": "အ​နီ​ဆိုး​သော​သိုး​ရေ​အ​မိုး၊ တ​ဟာ​ရှ​သား​ရေ​အ​မိုး၊ ကွယ်​ကာ​ရာ အ​တွင်း​ကု​လား​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 35,
      "text": "သက်​သေ​ခံ​ချက်​သေ​တ္တာ​နှင့် သူ၏​ထမ်း​ပိုး၊ သူ၏​အ​ဖုံး​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 36,
      "text": "စား​ပွဲ​မှ​စ၍ စား​ပွဲ​တန်​ဆာ​နှင့် ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 37,
      "text": "စင်​ကြယ်​သော​မီး​ခုံ​မှ​စ၍၊ ပြင်​ဆင်​ရ​သော​မီး​ခွက်​များ၊ မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​နှင့် မီး​ထွန်း​စ​ရာ​ဆီ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 38,
      "text": "ရွှေ​ယဇ်​ပ​လ္လင်၊ လိမ်း​ရန်​ဆီ၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး၊ တဲ​တော်​တံ​ခါး​ဝ ကာ​စ​ရာ ကု​လား​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 39,
      "text": "ကြေး​ဝါ​ယဇ်​ပ​လ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပ​လ္လင်​ထမ်း​ပိုး​အ​စ​ရှိ​သော တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် သူ၏​ခြေ​ထောက်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 40,
      "text": "ဝင်း​ကု​လား​ကာ၊ ဝင်း​တိုင်၊ ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ ကာ​စ​ရာ​ကု​လား​ကာ​ကြိုး​များ၊ တံ​သင်​များ​ကို​လည်း​ကောင်း၊ တဲ​တော်​အ​တွင်း၌ အ​မှု​တော်​ကို​ဆောင်​စ​ရာ​တန်​ဆာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 41,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ ဝတ်​ရ​သော​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်၊ သူ၏​သား ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 42,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ပြီး​စီး​အောင် လုပ်​ပြီး​မှ မော​ရှေ​ထံ​သို့​ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 2,
      "chapter": 39,
      "verse": 43,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 2,
      "text": "သင်​သည် ပ​ထ​မ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​ဆောက်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 3,
      "text": "တဲ​တော်​အ​ထဲ​၌၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို သွင်း​ထား၍၊ အ​တွင်း​ကု​လား​ကာ​ဖြင့် ကွယ်​ကာ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 4,
      "text": "စား​ပွဲ​ကို​လည်း​သွင်း​၍၊ စား​ပွဲ​ပေါ်​မှာ ပြင်​ဆင်​ရ​သ​မျှ​တို့​ကို ပြင်​ဆင်​ရ​မည်။ မီး​ခုံ​ကို​လည်း​သွင်း၍၊ မီး​ခွက်​တို့​ကို​ထွန်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 5,
      "text": "နံ့​သာ​ပေါင်း​ရှို့​ရာ ရွှေ​ပ​လ္လင်​ကို သက်​သေ​ခံ​ချက် သေ​တ္တာ​ရှေ့၌​တည်​ထား၍၊ တဲ​တော်​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို​ဆွဲ​ကာ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 6,
      "text": "ယဇ်​ကောင်​ရှို့​ရာ​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌ တည်​ထား​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 7,
      "text": "အင်​တုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ တည်​ထား​၍၊ အင်​တုံ၌​ရေ​ကို​ထည့်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 8,
      "text": "တဲ​တော်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို ဆွဲ​ကာ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 9,
      "text": "လိမ်း​ရန် ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်၌ ရှိ​သ​မျှ​တို့​ကို​လိမ်း​သ​ဖြင့် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို သန့်​ရှင်း​စေ​ရ​မည်။ ထို​သို့​တဲ​တော်​သည် သန့်​ရှင်း​ရ​လိမ့်​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 10,
      "text": "ယဇ်​ကောင်​ရှို့​ရာ​ပ​လ္လင်​နှင့် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လိမ်း၍ သန့်​ရှင်း​စေ​သ​ဖြင့်၊ ထို​ပ​လ္လင်​သည် အ​လွန်​သန့်​ရှင်း​သော​ပ​လ္လင်​ဖြစ်​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 11,
      "text": "အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​လိမ်း၍ သန့်​ရှင်း​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 12,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 13,
      "text": "အာ​ရုန်​သည်​ငါ့​ရှေ့၌၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​နှင့်​ဝတ်​စေ၍ ဆီ​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 14,
      "text": "သူ၏​သား​တို့​သည်​လည်း ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​လျက်၊ သူ​တို့​အ​ဘ​ကို ဆီ​လိမ်း​သ​ကဲ့​သို့၊ သူ​တို့​ကို​ဆီ​လိမ်း​ရ​မည်။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 15,
      "text": "အ​ကယ်​စင်​စစ် သူ​တို့​ဆီ​လိမ်း​ခြင်း​ဘိ​သိက်​သည် သား​စဉ်​မြေး​ဆက်​ပတ်​လုံး၊ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ ဖြစ်​သ​တည်း​ဟု၊"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း မော​ရှေ​ပြု​လေ​၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 17,
      "text": "သ​က္က​ရာဇ်​နှစ်​ခု၊ ပ​ထ​မ​လ၊ ပ​ထ​မ​နေ့၌ မော​ရှေ​သည် တဲ​တော်​ကို​ဆောက်​လေ​၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ခြေ​စွပ်​များ​ကို​နေ​ရာ​ချ၍၊ ပျဉ်​ပြား​များ​ကို​ထောင်​ပြီး​လျှင်၊ ကန့်​လန့်​ကျင်​များ​ကို​လျှို​၍၊ တိုင်​တို့​ကို​ထူ​လေ​၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 19,
      "text": "တဲ​တော်​အ​ပေါ်​မှာ တဲ​ကို​ဖြန့်​မိုး၍ ထို​တဲ​အ​ပေါ်​မှာ​လည်း အ​ထပ်​ထပ် မိုး​ပြန်​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သက်​သေ​ခံ​ချက်​ကို သေ​တ္တာ​ထဲ​မှာ သွင်း​ထား၍၊ သေ​တ္တာ​ကွင်း​တို့၌ ထမ်း​ပိုး​ကို​လျှို၍၊ သေ​တ္တာ​ပေါ်​အ​ဖုံး​ကို​တင်​ပြီး​မှ၊"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 21,
      "text": "သေ​တ္တာ​ကို တဲ​တော်၌​သွင်း၍ ကွယ်​ကာ​ရာ​အ​တွင်း​ကု​လား​ကာ​ကို ကာ​ထား​သ​ဖြင့်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို ကွယ်​ကာ​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စား​ပွဲ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း မြောက်​ဘက်​နား ကု​လား​ကာ​ပြင်​မှာ​ထား၍၊"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 23,
      "text": "စား​ပွဲ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မုန့်​ကို​ပြင်​ဆင်​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ခုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ တောင်​ဘက်​နား စား​ပွဲ​ဆိုင်​ရာ​တွင်​ထား၍၊"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ခွက်​များ​ကို​ထွန်း​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ရွှေ​ပ​လ္လင်​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း ကု​လား​ကာ​ပြင်​မှာ​ထား၍၊"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 27,
      "text": "ထို​ပ​လ္လင်​ပေါ်၌ မွှေး​သော​နံ့​သာ​ပေါင်း​ကို မီး​ရှို့​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 28,
      "text": "တဲ​တော်​တံ​ခါး​ဝ၌​လည်း၊ ကု​လား​ကာ​ကို​ဆွဲ​ကာ​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ​ထား၍၊ ထို​ပ​လ္လင်​ပေါ်၌ မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း ပူ​ဇော်​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 30,
      "text": "အင်​တုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ​ထား၍၊ ဆေး​စ​ရာ​ရေ​ကို အင်​တုံ၌​ထည့်​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ သူ၏​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ထဲ​သို့ ဝင်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 32,
      "text": "ယဇ်​ပ​လ္လင်​အ​နီး​သို့ ချဉ်း​ကပ်​သော်​လည်း​ကောင်း၊ လက်​ခြေ​တို့​ကို ဆေး​ရ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 33,
      "text": "တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ၌​ကာ​သော ကု​လား​ကာ​ကို​ဆွဲ​လေ၏။ ထို​သို့ မော​ရှေ​သည် အ​လုပ်​ကို​ပြီး​စီး​စေ​သ​တည်း။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 34,
      "text": "ထို​အ​ခါ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို​ဖြည့်​လေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 35,
      "text": "ထို​သို့ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ပေါ်၌ နေ​သော​ကြောင့်၊ မော​ရှေ​သည် အ​ထဲ​သို့​မ​ဝင်​ရ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို ဖြည့်​လျက်​နေ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 36,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​လေ​ရာ​ရာ​တွင်၊ မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ ကွာ​မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 37,
      "text": "မိုး​တိမ်​မ​ကွာ​မ​မြောက်​လျှင်၊ မ​ကွာ​မ​မြောက်​မီ​နေ့​တိုင်​အောင်၊ ခ​ရီး​မ​သွား​ဘဲ နေ​ကြ၏။"
    },
    {
      "book": 2,
      "chapter": 40,
      "verse": 38,
      "text": "ခ​ရီး​သွား​လေ​ရာ​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှောက်၌ ထာ​ဝ​ရ​ဘု​ရား၏​မိုး​တိမ်​သည် နေ့​အ​ခါ​တဲ​တော်​အ​ပေါ်​မှာ တည်​နေ၏။ ည​အ​ခါ မီး​လျှံ​ဖြစ်​လျက် တည်​နေ​လေ​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​က အ​သံ​ကို​လွှင့်​လျက် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 2,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​လို​လျှင်၊ ယဉ်​သော​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော နွား၊ သိုး၊ ဆိတ်​ကို​ဆောင်​ခဲ့၍ ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 3,
      "text": "နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 4,
      "text": "ပူ​ဇော်​သော​နွား​၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်​ရ​သ​ဖြင့်၊ သူ၏​အ​ပြစ်​ကို ဖြေ​မည်​အ​ကြောင်း လက်​ခံ​တော်​မူ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ထို​နွား​ကို​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 6,
      "text": "ပူ​ဇော်​သော​သူ​သည် ထို​အ​ကောင်၏​အ​ရေ​ကို​ချွတ်၍ အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 7,
      "text": "အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို​ထည့်၍ မီး​ပေါ်​မှာ ထင်း​ကို​ခင်း​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 8,
      "text": "ထင်း​ပေါ်​မှာ ခေါင်း၊ ဆီ​ဥ၊ သား​တစ်​များ​ကို​တင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 9,
      "text": "ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့် အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 10,
      "text": "သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပ​လ္လင်​မြောက်​ဘက်​နား​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 12,
      "text": "ပူ​ဇော်​သော​သူ​သည် အ​ပိုင်း​ပိုင်း​ဖြတ်၍ ခေါင်း​နှင့် ဆီ​ဥ​ကို​စု​ထား​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​ပေါ်၌​ရှိ​သော ထင်း​မီး​အ​ပေါ်​မှာ​ခင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 13,
      "text": "ခြေ​ထောက်​နှင့် အ​အူ​အ​စ​ရှိ​သည်​တို့​ကို ရေ​နှင့်​အ​ရင်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် တစ်​ကောင်​လုံး​ကို​ဆောင်​ခဲ့၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား ငှက်​ကို​မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ ခို​ဖြစ်​စေ၊ ချိုး​က​လေး​ဖြစ်​စေ ဆောင်​ခဲ့၍​ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 15,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​သို့​ဆောင်​ခဲ့၍၊ ခေါင်း​ကို လိမ်​ဖြတ်​ပြီး​လျှင် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ အ​သွေး​ကို ယဇ်​ပ​လ္လင်​နား​မှာ ညှစ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 16,
      "text": "စ​လုတ်​မှ​စ၍ စ​လုတ်၌​ရှိ​သော​အ​ရာ​ကို ချွတ်​ပြီး​လျှင်၊ ပြာ​စု​ထား​ရာ​အ​ရပ်၊ ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်​နား၌ ပစ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 1,
      "verse": 17,
      "text": "အ​တောင်​ပါ​လျက်​ငှက်​ကောင်​ကို​ခွဲ​ဖွင့်၍၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​ပေါ်၌​ရှိ​သော ထင်း​မီး​အ​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ မုန့်​ညက်​ကို​ဆက်​ရ​မည်။ မုန့်​ညက်​အ​ပေါ်​မှာ ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​လည်း​ထည့်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 2,
      "text": "အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​ကို​ယူ၍၊ ထို​အ​တွက်​အ​တာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 3,
      "text": "ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော အ​ရာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 4,
      "text": "မီး​ဖို၌​ဖုတ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​နှင့်​မုန့်​ညက်​ဖြင့်​လုပ်​သော တ​ဆေး​မဲ့ မုန့်​ပြား​သော်​လည်း​ကောင်း၊ ဆီ​လူး​သော တ​ဆေး​မဲ့​မုန့်​ကြွပ်​သော်​လည်း​ကောင်း ဖြစ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 5,
      "text": "သံ​ပြား​ပူ​နှင့်​လုပ်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော၍ တ​ဆေး​မ​ပါ​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 6,
      "text": "ထို​မုန့်​ကို​ချိုး​ဖဲ့၍ ဆီ​ကို​လောင်း​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 7,
      "text": "အိုး​ကင်း​နှင့်​ကြော်​သော​မုန့်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ ဆီ​ရော​သော​မုန့်​ညက်​နှင့် လုပ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 8,
      "text": "ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​မျိုး​မျိုး​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​အား​ဆက်​ပြီး​မှ၊ သူ​သည် ယဇ်​ပ​လ္လင်​သို့​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 9,
      "text": "ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ထဲ​က အ​တွက်​အ​တာ​ကို​နှိုက်​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 10,
      "text": "ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌ တ​ဆေး​မ​ပါ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​သော​အ​ခါ၊ တ​ဆေး​ကို​မီး​မ​ရှို့​ရ။ ပျား​ရည်​ကို​လည်း​မ​ရှို့​ရ။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 12,
      "text": "အ​ဦး​သီး​သော အ​သီး​အ​နှံ​ကို ပူ​ဇော်​သော​အ​မှု​မှာ၊ တ​ဆေး​နှင့်​ပျား​ရည်​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​သော်​လည်း၊ မွှေး​ကြိုင်​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​မ​ရှို့​ရ။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 13,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လေ​ရာ​ရာ၌ ဆား​ခပ်​ရ​မည်။ သင်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌၊ သင်၏​ဘု​ရား​သ​ခင်​ပ​ဋိ​ညာဉ်​ဆား​ကို မ​ခပ်​ဘဲ​မ​နေ​ရ။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 14,
      "text": "အ​ဦး​သီး​သော​အ​သီး​အ​နှံ​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ စ​ပါး​နှံ​ကို အ​ရည်​စစ်​အောင် မီး​နား​မှာ​ထား၍၊ စ​ပါး​စေ့​ကို ပွတ်​ယူ​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 15,
      "text": "ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​တင်​လျက်၊ ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 2,
      "verse": 16,
      "text": "ပွတ်​ယူ​သော​စ​ပါး​စေ့​အ​ချို့၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​တည်း​ဟူ​သော ထို​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​တွက်​အ​တာ​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 1,
      "text": "နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 2,
      "text": "ပူ​ဇော်​သော​နွား၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 3,
      "text": "အ​အူ​ကို ဖုံး​သော​ဆီ​ဥ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 4,
      "text": "အ​အူ​နှင့်​ဆိုင်​သ​မျှ​သော​ဆီ​ဥ၊ ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​တို့​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ထဲ​က​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ဖို့ ဆက်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 5,
      "text": "အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား သိုး၊ ဆိတ်​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို​ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 7,
      "text": "သိုး​သ​ငယ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 8,
      "text": "ပူ​ဇော်​သော​သိုး၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 9,
      "text": "အ​ကောင်​ဆီ​ဥ၊ ကျော​ရိုး​က​တိ​တိ​ဖြတ်​သော အ​မြီး​ရှိ​သ​မျှ၊ အ​အူ​ကို​ဖုံး​သော အ​ဆီ​ဥ၊ အ​အူ​နှင့်​ဆိုင်​သ​မျှ​သော အ​ဆီ​ဥ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 10,
      "text": "ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​တို့​ကို၊ မိတ်​သ​ဟာ​ယ ယဇ်​ကောင်​ထဲ​က​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ဖို့​ဆက်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 11,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 12,
      "text": "ဆိတ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 13,
      "text": "ဆိတ်​ခေါင်း​ပေါ်​မှာ​မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 14,
      "text": "အ​အူ​ကို​ဖုံး​သော ဆီ​ဥ၊ အ​အူ​နှင့်​ဆိုင်​သ​မျှ​သော ဆီ​ဥ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 15,
      "text": "ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော အ​မြှေး​တို့​ကို၊ မိ​မိ​ပူ​ဇော်​သ​ကာ​ထဲ​တွင် ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖို့​ဆက်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 16,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။ ဆီ​ဥ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​ဆိုင်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 3,
      "verse": 17,
      "text": "သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ နေ​လေ​ရာ​ရာ၌ ဆီ​ဥ​ကို​မ​စား​ရ၊ အ​သွေး​ကို​မ​စား​ရ​ဟု ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​မိ​သည်​အ​ရာ​တွင်၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 3,
      "text": "ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 4,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 5,
      "text": "ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ နွား၏​အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 6,
      "text": "မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော် ကု​လား​ကာ​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 7,
      "text": "တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော နံ့​သာ​ပေါင်း​မွှေး​ကို မီး​ရှို့​ရာ​ပ​လ္လင်​ဦး​ချို​တို့၌ နွား​အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 8,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ပြု​သော နွား၏​ဆီ​ဥ​ကို​ယူ​သ​ကဲ့​သို့၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​အ​အူ​ကို​ဖုံး​သော ဆီ​ဥ၊ အ​အူ​နှင့်​ဆိုင်​သ​မျှ​သော ဆီ​ဥ၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 9,
      "text": "ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော အ​မြှေး​တည်း​ဟူ​သော၊ နွား​ဆီ​ဥ​ရှိ​သ​မျှ​ကို ယူ၍၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 10,
      "text": "နွား၏ ခေါင်း၊ ခြေ​ထောက်၊ အ​အူ၊ ချေး​နု​နှင့်​တ​ကွ အ​ရေ၊ အ​သား​ရှိ​သ​မျှ​တည်း​ဟူ​သော၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 12,
      "text": "နွား​တစ်​ကောင်​လုံး​ကို၊ တပ်​ပြင်​မှာ ပြာ​သွန်​ထား​ရာ ရှင်း​လင်း​သော အ​ရပ်​သို့​ယူ​သွား၍ ထင်း​အ​ပေါ်၌​မီး​ရှို့​ရ​မည်။ ပြာ​သွန်၍​ထား​ရာ​အ​ရပ်၌ မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တ​ရား​ကို​မ​သိ၊ အ​ကျိုး​အ​ပြစ်​ကို မ​ရိပ်​မိ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မူ​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 14,
      "text": "ထို​သို့ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပ​ရိ​သတ်​တို့​သည် အ​သက်​ပျို​သော​နွား​ထီး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့၍​ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 15,
      "text": "ပ​ရိ​သတ်​တွင် အ​သက်​ကြီး​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်၍၊ ထို​နွား​ကို ရှေ့​တော်၌​သတ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 16,
      "text": "ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် နွား​အ​သွေး​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 17,
      "text": "မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍၊ ကု​လား​ကာ​ရှေ့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 18,
      "text": "တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော ပ​လ္လင်​ဦး​ချို​တို့၌ အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 19,
      "text": "နွား​ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 20,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​ကို​ပြု​သ​ကဲ့​သို့၊ ထို​နည်း​တူ ဤ​နွား​ကို​ပြု​သ​ဖြင့်၊ ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​တို့​အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 21,
      "text": "ထို​နောက်​မှ နွား​ကို​တပ်​ပြင်​သို့​ဆောင်​သွား၍၊ အ​ရင်​နွား​ကို မီး​ရှို့​သ​ကဲ့​သို့ ရှို့​ရ​မည်။ ပ​ရိ​သတ်​အ​ဖို့ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 22,
      "text": "မင်း​သည်​လည်း တ​ရား​ကို​မ​သိ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 23,
      "text": "မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို​သိ​သော​အ​ခါ၊ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​ထီး​ကို ပူ​ဇော်​သ​ကာ​ဖို့​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 24,
      "text": "ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်​တွင် သတ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 25,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 26,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပြု​သ​ကဲ့​သို့ ဆီ​ဥ​ရှိ​သ​မျှ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည် မင်း၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 27,
      "text": "ဆင်း​ရဲ​သား​တစ်​စုံ​တစ်​ယောက်​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​ကို လွန်​ကျူး​ပြစ်​မှား၍၊ မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​မိ​သ​ဖြင့် အ​ပြစ်​ရောက်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 28,
      "text": "မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို သိ​သော​အ​ခါ၊ ထို​အ​ပြစ်​အ​တွက် ပူ​ဇော်​သ​ကာ​ဖို့ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​မ​ကို​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 29,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ ထို​ဆိတ်​ကို​သတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 30,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​သွေး​ကို​လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင် ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 31,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 32,
      "text": "သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော​အ​မ​ကို ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 33,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော သိုး​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 34,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ ထည့်​ပြီး​မှ ဖျန်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 4,
      "verse": 35,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ကောင် သိုး​သ​ငယ်​ဆီ​ဥ​ကို​ပြု​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 1,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 2,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မ​စင်​ကြယ်​သော သား​ရဲ၊ သား​ယဉ်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်၏​အ​သေ​ကောင်​အ​စ​ရှိ​သော မ​စင်​ကြယ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို အ​မှတ်​တ​မဲ့​ထိ​မိ​သ​ဖြင့်၊ မ​စင်​ကြယ်​ရာ​သို့​ရောက်၍ အ​ပြစ်​ရှိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 3,
      "text": "လူ၌​ကပ်​သော မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​ကို​လည်း၊ မ​သိ​ဘဲ​ထိ​မိ၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ပြစ်​ရှိ​ရာ​သို့​ရောက်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 4,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​ကို ပြု​မည်​ဟု အ​ကျိုး​အ​ပြစ်​ကို​မ​သိ​ဘဲ ကျိန်​ဆို​လျက် သ​စ္စာ​ပြု၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ရင်​ကျိန်​ဆို​လျက် သ​စ္စာ​ပြု​လေ​ရာ​ရာ၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 5,
      "text": "ထို​သို့​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​လျှင်၊ ထို​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 6,
      "text": "ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ အ​မ​တစ်​ကောင်​ကောင်​တည်း​ဟူ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 7,
      "text": "သိုး​သ​ငယ်​ကို မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၊"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 8,
      "text": "ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့ ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ကို အ​ရင်​ပူ​ဇော်​လျက်၊ ခေါင်း​ကို​လိမ်၍ ဖြတ်​ရ​မည်။ ကိုယ်​ကို ရှင်း​ရှင်း​မ​ခွဲ​ရ။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 9,
      "text": "ထို​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို ယဇ်​ပ​လ္လင်​နံ​ရံ၌​ဖျန်း၍၊ ကြွင်း​သော အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ ညှစ်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 10,
      "text": "ဒု​တိ​ယ​ငှက်​ကောင်​ကို၊ ပ​ညတ်​တ​ရား​အ​တိုင်း မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 11,
      "text": "ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို​မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​သော​သူ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ရာ၌ မုန့်​ညက်​တစ်​ဩ​မဲ​ကို​ဆောင်​ခဲ့၍၊ ဆက်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ကြောင့် ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 12,
      "text": "ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် မုန့်​ညက်​တစ်​လက်​ဆွန်း​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ အ​တွက်​အ​တာ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 13,
      "text": "ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​သည် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 14,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 15,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​သော​အ​ရာ​တို့၌ လွန်​ကျူး​ပြစ်​မှား​မိ​လျှင်၊ ထို​ပြစ်​မှား​ခြင်း​အ​တွက် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို​လည်း​ကောင်း၊ အ​ကျပ်​တော်​အ​လိုက် ချင့်​တွက်၍ ချိန်​သော​အ​လျော်​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 16,
      "text": "ထို​သို့ ဘု​ရား​နှင့်​ဆိုင်​သော​အ​ရာ၌ ပြစ်​မှား​မိ​ရာ​ကို​ပြု​ပြင်​ပြီး​လျှင်၊ ငါး​စု​တစ်​စု​ကို​လည်း​ထပ်၍ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖြစ်​သော သိုး​အား​ဖြင့်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 17,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ပြစ်​မှား​မိ​လျှင်၊ ကိုယ်​ပြစ်​မှား​မှန်း​ကို​မ​သိ​သော်​လည်း၊ အ​ပြစ်​ရောက်၍၊ ထို​အ​ပြစ်​ကို​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 18,
      "text": "ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ အ​ပြစ်​မ​ပါ​သော သိုး​ထီး​ကို​ဆောင်​ခဲ့​ရ​မည်။ တ​ရား​ကို​မ​သိ ပြစ်​မှား​မိ​သော်​လည်း၊ ကိုယ်​ပြစ်​မှား​မှန်း​ကို မ​သိ​သော​သူ​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​လျှင်၊ ထို​သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 5,
      "verse": 19,
      "text": "ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ဖြစ်​သ​တည်း။ အ​ကယ်​စင်​စစ် ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​ရောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 2,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ​အ​တွက် ပေါင်​ထား​သော​ဥ​စ္စာ​အ​တွက်၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​အား မု​သား​စ​ကား​ကို ပြော​သော်​လည်း​ကောင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​ယူ​သော်​လည်း​ကောင်း၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​ကို လှည့်​စား​သော်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 3,
      "text": "ပျောက်​သော​ဥ​စ္စာ​ကို တွေ့​သော​အ​ခါ၊ မု​သား​စ​ကား​ကို​ပြော၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော်​လည်း​ကောင်း၊ ထို​သို့​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 4,
      "text": "ထို​သူ​သည် ပြစ်​မှား၍​အ​ပြစ်​ရောက်​သော​ကြောင့်၊ အ​နိုင်​အ​ထက်​ယူ​သော​ဥ​စ္စာ၊ လှည့်​စား၍​ရ​သော​ဥ​စ္စာ၊ သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ၊ ပျောက်၍​တွေ့​သော​ဥ​စ္စာ၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 5,
      "text": "မ​ဟုတ်​မ​မှန်​ဘဲ​ကျိန်​ဆို၍ ရ​သော​ဥ​စ္စာ​အ​ဖိုး​နှင့်​တ​ကွ၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ပူ​ဇော်​သော​နေ့၌ ဥ​စ္စာ​ရှင်​အား​ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 6,
      "text": "ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 7,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 8,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား​ဆင့်​ဆို​ရ​သော မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ယဇ်​ကောင်​ကို ယဇ်​ပ​လ္လင်​ထင်း​မီး​ပေါ်​မှာ တစ်​ည​လုံး​နံ​နက်​တိုင်​အောင်​ရှိ​စေ၍၊ ယဇ်​ပ​လ္လင်​မီး​သည် အ​စဉ်​လောင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 10,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ပိတ်​အင်္ကျီ၊ ပိတ်​ဘောင်း​ဘီ​ကို​ဝတ်​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ကျွမ်း​လောင်​သော မီး​ရှို့​ရာ​ယဇ်​ပြာ​ကို​ကျုံး၍ ပ​လ္လင်​အ​နား​မှာ​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 11,
      "text": "တစ်​ဖန် အ​ဝတ်​ကို​လဲ၍၊ ထို​ပြာ​ကို တပ်​ပြင်၌​ရှင်း​လင်း​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 12,
      "text": "ယဇ်​ပ​လ္လင်​မီး​သည် မ​သေ​ဘဲ​အ​စဉ်​လောင်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် နံ​နက်​တိုင်း​ထင်း​မီး​ထည့်၍၊ ထင်း​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို​ခင်း​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ​လည်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆီ​ဥ​ကို မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 13,
      "text": "ယဇ်​ပ​လ္လင်​မီး​သည် အ​လျှင်း​မ​သေ​ဘဲ၊ အ​စဉ်​မ​ပြတ်​လောင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 14,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 15,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​တစ်​လက်​ဆွန်း၊ ဆီ​အ​ချို့၊ လော​ဗန်​ရှိ​သ​မျှ​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ​အ​တွက်​အ​တာ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 16,
      "text": "ကြွင်း​သော​အ​ရာ​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင်၊ သန့်​ရှင်း​ရာ​ဌာ​န၌ တ​ဆေး​မ​ပါ​ဘဲ​စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 17,
      "text": "ထို​မုန့်​ညက်​ကို တ​ဆေး​ထည့်၍ မုန့်​မ​လုပ်​ရ။ မီး​ဖြင့် ငါ့​အား​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​ညက်​ကို သူ​တို့​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပေး​ပြီ။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကဲ့​သို့ အ​လွန်​သန့်​ရှင်း​ပေ၏။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 18,
      "text": "အာ​ရုန်၏​သား​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ကို ကိုင်​သော​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ​မည်​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော် ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 19,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 20,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ခံ​သော​နေ့​မှ​စ၍၊ ထာ​ဝ​ရ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ဖြစ်​စေ​ခြင်း​ငှာ၊ မုန့်​ညက်​တစ်​ဩ​မဲ​ကို၊ နံ​နက်​တစ်​ဝက်၊ ည​တစ်​ဝက် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 21,
      "text": "ထို​မုန့်​ညက်​ကို​ဆီ​ထည့်၍၊ သံ​ပြား​ပူ​နှင့်​မုန့်​လုပ်​ပြီး​မှ၊ ဆောင်​ခဲ့၍​ချိုး​ဖဲ့​သ​ဖြင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကျိုး​အ​ပဲ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​စ​ရာ​ဖို့ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 22,
      "text": "အာ​ရုန်​အ​ရာ၌ ဘိ​သိက်​ခံ​သော​သား​သည်​လည်း၊ ထို​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 23,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အ​ကုန်​အ​စဉ်​မီး​ရှို့​ရ​မည်။ အ​လျှင်း​မ​စား​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 24,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 25,
      "text": "သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ မီး​ရှို့​ရာ​ယဇ်​ကောင်​သတ်​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​သတ်​ရ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 26,
      "text": "အ​ပြစ်​ဖြေ​ဖို့​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ဝင်း​အ​တွင်း​တွင် သန့်​ရှင်း​ရာ​ဌာ​န၌​စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 27,
      "text": "ထို​အ​သား​ကို​ထိ​သ​မျှ​သည် သန့်​ရှင်း၏။ အ​သွေး​ဖျန်း​သ​မျှ​သော အ​ဝတ်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န၌​လျှော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 28,
      "text": "ထို​အ​သား​ပြုတ်​သော မြေ​အိုး​ကို​ခွဲ​ရ​မည်။ ကြေး​ဝါ​အိုး​ဖြစ်​လျှင် ပွတ်၍​ရေ​နှင့်​ဆေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 29,
      "text": "ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 6,
      "verse": 30,
      "text": "အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​သွေး​ကို သန့်​ရှင်း​ရာ​ဌာ​န၌ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း​သို့​ဆောင်​ခဲ့​လျှင်၊ ထို​ယဇ်​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 1,
      "text": "ဒု​စ​ရိုက်​ဖြေ​သော ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ အ​လွန်​သန့်​ရှင်း​ပေ၏။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 2,
      "text": "မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၌ ဒု​စ​ရိုက်​ဖြေ​သော​ယဇ်​ကောင်​ကို​သတ်၍ အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 3,
      "text": "အ​မြီး​နှင့်​တ​ကွ အ​အူ​ကို​ဖုံး​သော​ဆီ​ဥ၊"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 4,
      "text": "ခါး​အ​တွင်း​နား၌​ရှိ​သော ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ၊ ကျောက်​ကပ်​နှင့်​တ​ကွ အ​သည်း​ပေါ်၌​ရှိ​သော အ​မြှေး​တည်း​ဟူ​သော ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍​ဆက်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့် ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 6,
      "text": "အ​သား​ကို ယဇ်​ပု​ရော​ဟိတ်​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​ကြ​မည်။ အ​လွန်​သန့်​ရှင်း​ပေ၏။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 7,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၏​တ​ရား​တစ်​ပါး​တည်း​ဖြစ်၍၊ ဒု​စ​ရိုက်​အ​ပြစ် ဖြေ​ခြင်း​ကို​ပြု​သော ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 8,
      "text": "လူ​တစ်​စုံ​တစ်​ယောက်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ မိ​မိ​ပူ​ဇော်​သော​ယဇ်​ကောင်​အ​ရေ​ကို ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 9,
      "text": "မီး​ဖို၌​ဖုတ်​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အိုး​ကင်း၊ သံ​ပြား​ပူ​နှင့်​လုပ်​သော အ​ရာ​ရှိ​သ​မျှ​ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 10,
      "text": "ဆီ​ထည့်​သည်​ဖြစ်​စေ၊ မ​ထည့်​သည်​ဖြစ်​စေ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို အာ​ရုန်၏​သား​အ​ပေါင်း​တို့​သည် အ​ညီ​အ​မျှ​ယူ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ရ​သော မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 12,
      "text": "ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ​ပူ​ဇော်​လျှင်၊ ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ ဆီ​ရော​သော တ​ဆေး​မဲ့​မုန့်​ပြား၊ ဆီ​နှင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​ကြွပ်၊ ဆီ​ရော​သော မုန့်​ညက်​နှင့်​လုပ်၍​ကြော်​သော မုန့်​ပြား​တို့​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 13,
      "text": "ထို​မုန့်​ပြား​မှ​တစ်​ပါး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​နှင့်​တ​ကွ၊ တ​ဆေး​ပါ​သော​မုန့်​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 14,
      "text": "ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​အ​ထဲ​က မုန့်​တစ်​လုံး​ကို ထာ​ဝ​ရ​ဘု​ရား​အား ချီ​မြှောက်​သော ပူ​ဇော်​သ​ကာ​ပြု၍ ထို​မုန့်​ကို မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ဖျန်း​သော ယဇ်​ပု​ရော​ဟိတ်​ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 15,
      "text": "ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ ပူ​ဇော်​သော မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​ကို၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်​စား​ရ​မည်။ နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 16,
      "text": "သို့​မ​ဟုတ် သ​စ္စာ​ပြု၍​ယဇ်​ပူ​ဇော်​သည်​ဖြစ်​စေ၊ ကိုယ်​အ​လို​အ​လျောက် ပူ​ဇော်​သည်​ဖြစ်​စေ၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်၊ ယဇ်​အ​သား​ကို​စား၍ အ​ကြွင်း​ကို​လည်း နက်​ဖြန်​နေ့​စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 17,
      "text": "ကြွင်း​သေး​သော​အ​သား​ကို​လည်း သန်​ဘက်​နေ့၌​မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 18,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 19,
      "text": "မ​စင်​ကြယ်​သော​အ​ရာ​နှင့် ထိ​မိ​သော​ယဇ်​သား​ကို မ​စား​ရ။ မီး​ရှို့​ရ​မည်။ စင်​ကြယ်​သော​သူ​တို့​သာ​လျှင် ထို​ယဇ်​သား​ကို​စား​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို အ​ကြင်​သူ​သည် မ​စင်​ကြယ်​သော​အ​ပြစ်​ရှိ​လျက်​နှင့် စား​မိ၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 21,
      "text": "အ​ကြင်​သူ​သည်​လည်း၊ လူ၌​မ​စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​ပိုး​ရွ အ​စ​ရှိ​သော၊ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​ထိ​မိ၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို​စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 22,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် သိုး၊ ဆိတ်၊ နွား​ဆီ​ဥ​ကို အ​လျှင်း​မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 24,
      "text": "အ​လို​လို​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ၊ သား​ရဲ​ကိုက်၍​သေ​သော တိ​ရ​စ္ဆာန်​ဆီ​ဥ​ကို အ​ခြား​ဖို့​သုံး​ရ​သော်​လည်း၊ အ​လျှင်း​မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 25,
      "text": "အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​သော တိ​ရ​စ္ဆာန်​ဆီ​ဥ​ကို စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 26,
      "text": "သင်​တို့​သည် နေ​လေ​ရာ​ရာ၌ ငှက်​သွေး၊ သား​သွေး​မှ​စ၍ အ​သွေး​မည်​မျှ​ကို​မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 27,
      "text": "အ​ကြင်​သူ​သည် တစ်​စုံ​တစ်​ခု​သော အ​သွေး​ကို​စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 28,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သော​သူ​သည်၊"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 29,
      "text": "မိ​မိ​ပူ​ဇော်​သော​ယဇ်​အ​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ဖို့​ရာ​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရင်​ပတ်​ကို​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ ပြု​စေ​ခြင်း​ငှာ၊ ရင်​ပတ်​နှင့် ဆီ​ဥ​တည်း​ဟူ​သော​မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ရာ​ကို ကိုယ်​တိုင်​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 31,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်၊ ဆီ​ဥ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍၊ ရင်​ပတ်​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် ယူ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 32,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က လက်​ယာ​ပ​ခုံး​ကို ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ဖို့ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 33,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​နှင့် ဆီ​ဥ​ကို၊ အာ​ရုန်၏​သား​တို့​တွင် ပူ​ဇော်​သော​သူ​သည်၊ လက်​ယာ​ပ​ခုံး​ကို မိ​မိ​အ​ဖို့​ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 34,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​များ​ထဲ​က ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို ငါ​နုတ်​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တော်​အား​ဖြင့် ငါ​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 35,
      "text": "ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခန့်​ထား​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​များ​ထဲ​က၊ သူ​တို့​ခံ​ရ​သော​အ​ဖို့ ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 36,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်​မှ ထို​သို့​သော​အ​ဖို့​ကို​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့​ကို​ဘိ​သိက်​ပေး​တော်​မူ​သော​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။ သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 7,
      "verse": 37,
      "text": "ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ သိ​နာ​တော၌ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်​အ​ကြောင်း​မှာ​ထား​တော်​မူ​သော​နေ့၌ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပေး​တော်​မူ​သော မီး​ရှို့​ရာ​ယဇ်​တ​ရား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တ​ရား၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တ​ရား၊ အ​ရာ၌​ခန့်​ထား​ရာ​ယဇ်​တ​ရား၊ မိတ်​သ​ဟာ​ယ​ယဇ်​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 2,
      "text": "သင်​သည် အာ​ရုန်​နှင့် သူ၏​သား​များ၊ အ​ဝတ်​များ၊ လိမ်း​ရန်​ဆီ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​နွား​ထီး၊ သိုး​ထီး​နှစ်​ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ၍၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 3,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​ရှေ့​သို့ ပ​ရိ​သတ်​အ​ပေါင်း​ကို စည်​ဝေး​စေ​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 4,
      "text": "မော​ရှေ​ပြု၍၊ ပ​ရိ​သတ်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​ရှေ့​မှာ စည်း​ဝေး​ကြ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 5,
      "text": "မော​ရှေ​က​လည်း၊ ဤ​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ​ဟု ပ​ရိ​သတ်​တို့​အား ပြော​ဆို​လျက်၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ခေါ်​ခဲ့၍ ရေ​ချိုး​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 7,
      "text": "အာ​ရုန်​ကို အင်္ကျီ​ဝတ်​စေ၍၊ ခါး​ပန်း​ကို​စည်း​စေ​လေ၏။ ဝတ်​လုံ​နှင့် သင်​တိုင်း​ကို​လည်း​ခြုံ​စေ၍၊ ထူး​ဆန်း​သော သင်​တိုင်း​ခါး​စည်း​ဖြင့် စည်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 8,
      "text": "ရင်​ဖုံး​ကို​လည်း​ဆင်​စေ၍၊ ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့်​သု​မိမ်​ကို သွင်း​ထား​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 9,
      "text": "သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ သန့်​ရှင်း​သော​ရွှေ​သင်း​ကျစ်​ပြား​ကို ဗောင်း​ရှေ့၌​တပ်​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လိမ်း​ရန်​ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 11,
      "text": "ထို​ဆီ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ခု​နစ်​ကြိမ်​ဖျန်း၍၊ ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​ကောင်း၊ သန့်​ရှင်​စေ​ခြင်း​ငှာ​လိမ်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 12,
      "text": "လိမ်း​ရန်​ဆီ​ကို အာ​ရုန်​ခေါင်း​ပေါ်​မှာ​လောင်း၍ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ လိမ်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 13,
      "text": "အာ​ရုန်၏​သား​တို့​ကို​လည်း အင်္ကျီ​ဝတ်​စေ၍၊ ခါး​ပန်း​ကို​စည်း​စေ​လျက်၊ ဦး​ထုပ်​ကို​ဆောင်း​စေ​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ထီး​ကို​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 15,
      "text": "နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 16,
      "text": "အ​အူ​ကို​ဖုံး​သော​ဆီ​ဥ​ရှိ​သ​မျှ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 17,
      "text": "အ​ရေ၊ အ​သား၊ ချေး​နု​နှင့်​တ​ကွ နွား​ကောင်​ကို၊ တပ်​ပြင်​မှာ​ရှို့​ရ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပြု​သော သိုး​ထီး​ကို​လည်း​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 19,
      "text": "သိုး​ကို​သတ်​ပြီး​လျှင်၊ မော​ရှေ​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 20,
      "text": "သိုး​ကို​လည်း​အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင်၊ ခေါင်း​မှ​စ၍ သား​တစ်​များ​နှင့်​ဆီ​ဥ​ကို မီး​ရှို့​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 21,
      "text": "ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍၊ သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ခြား​သော​သိုး၊ အ​ရာ၌​ခန့်​ထား​ရာ​သိုး​ကို ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို​သိုး​ခေါင်း​ပေါ်​မှာ တင်​ကြ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 23,
      "text": "သိုး​ကို​သတ်​ပြီး​မှ၊ မော​ရှေ​သည်​အ​သွေး​ကို​ယူ၍၊ အာ​ရုန်၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 24,
      "text": "အာ​ရုန်၏​သား​တို့​ကို​လည်း ခေါ်​ခဲ့၍၊ သူ​တို့​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ​တို့၌ အ​သွေး​ကို​ထည့်​ပြီး​မှ၊ ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 25,
      "text": "ဆီ​ဥ၊ အ​မြီး၊ အ​အူ​ကို​ဖုံး​သော​ဆီ​ဥ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ကို​ဖုံး​သော​ဆီ​ဥ၊ လက်​ယာ​ပ​ခုံး၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​တစ်​လုံး၊ ဆီ​နှင့်​လုပ်​သော​မုန့်​ပြား​တစ်​ပြား၊ မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍၊ မုန့်​များ​ကို ဆီ​ဥ​နှင့် လက်​ယာ​ပ​ခုံး​ပေါ်​မှာ​ထည့်​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 27,
      "text": "အာ​ရုန်၏​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ​၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 28,
      "text": "ထို​အ​ရာ​တို့​ကို သူ​တို့​လက်​မှ​ခံ​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​တူ ရှို့​လေ​၏။ မွှေး​ကြိုင်​သော​အ​နံ့​ရှိ၍ အ​ရာ၌​ခန့်​ထား​ရာ​ယဇ် ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 29,
      "text": "ထို​နောက် မော​ရှေ​သည် ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ၏။ အ​ရာ၌​ခန့်​ထား​ရာ​သိုး၏ ရင်​ပတ်​သည် မော​ရှေ၏​အ​ဖို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 30,
      "text": "တစ်​ဖန် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​ရန်​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း​ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍ သား​များ၊ အ​ဝတ်​များ​တို့​ကို သန့်​ရှင်း​စေ​လေ၏။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 31,
      "text": "မော​ရှေ​သည်၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​လည်း၊ ထို​သိုး၏​အ​သား​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​ပြုတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ထို​အ​သား​ကို​စား​ရ​ကြ​မည်​ဟု ငါ့​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​အ​သား​ကို​လည်း​ကောင်း၊ အ​ရာ၌​ခန့်​ထား​ရာ မုန့်​တောင်း၌​ရှိ​သော​မုန့်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်၌ စား​ကြ​လော့။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 32,
      "text": "ကျန်​ကြွင်း​သော​အ​သား​နှင့် မုန့်​ကို​မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 33,
      "text": "သင်​တို့​ကို အ​ရာ၌​ခန့်​ထား​ရာ ကာ​လ​ခု​နစ်​ရက်​မ​စေ့​မီ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ပြင်​သို့ မ​ထွက်​ရ​ကြ။ ခု​နစ်​ရက်​ပတ်​လုံး အ​ရာ၌​ခန့်​ထား​ခြင်း​မင်္ဂ​လာ​ကို ဆောင်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 34,
      "text": "ယ​နေ့​ပြု​သည်​အ​တိုင်း သင်​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 35,
      "text": "ထို​ကြောင့် သင်​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ၊ ခု​နစ်​ရက်​ပတ်​လုံး​နေ့​ည​မ​ပြတ်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို စောင့်​ရ​ကြ​မည်။ ထို​သို့ ငါ့​အား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆင့်​ဆို​သည်​ဖြစ်၍၊"
    },
    {
      "book": 3,
      "chapter": 8,
      "verse": 36,
      "text": "မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ပြု​ကြ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 1,
      "text": "အ​ဋ္ဌ​မ​နေ့၌ မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 2,
      "text": "အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း သင်​တို့​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​အ​ခါ​လည်​သော နွား​သ​ငယ်​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ​ကြ​လော့။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ထင်​ရှား​တော်​မူ​မည်​ကို ပြော​လော့​ဟု​ဆို​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 5,
      "text": "မော​ရှေ​မှာ​ထား​သော​အ​ရာ​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ချဉ်း​ကပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 6,
      "text": "မော​ရှေ​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဤ​သို့​ပြု​ကြ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်​တို့​အား​ထင်​ရှား​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 7,
      "text": "အာ​ရုန်​အား​လည်း၊ သင်​သည်​ယဇ်​ပ​လ္လင်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ သင်​နှင့်​လူ​များ​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ လူ​များ​ဆောင်​ယူ​ခဲ့​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ပူ​ဇော်၍၊ သူ​တို့​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့​ဟူ၍​လည်း​ကောင်း​ဆို​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 8,
      "text": "အာ​ရုန်​သည်​လည်း၊ ယဇ်​ပ​လ္လင်​သို့​သွား၍ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​သ​ငယ်​ကို သတ်​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 9,
      "text": "သူ၏​သား​တို့​လည်း အ​သွေး​ကို​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ အာ​ရုန်​သည် မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 10,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ဆီ​ဥ၊ ကျောက်​ကပ်၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ ထား​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 11,
      "text": "အ​သား​နှင့်​အ​ရေ​ကို တပ်​ပြင်​မှာ​မီး​ရှို့​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 12,
      "text": "မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​လည်း​သတ်၍၊ သူ၏​သား​တို့​သည် အ​သွေး​ကို ဆက်​ပြီး​လျှင်၊ သူ​သည် ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 13,
      "text": "သူ​တို့​သည် မီး​ရှို့​ရာ​ယဇ်​ကောင်​သား​တစ်​များ​နှင့် ခေါင်း​ကို​ဆက်၍၊ သူ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 14,
      "text": "ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​များ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​နှင့်​အ​တူ ရှို့​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 15,
      "text": "လူ​များ​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့၍၊ လူ​များ​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော ဆိတ်​ကို​ယူ​သတ်​ပြီး​လျှင်၊ ရှေ့​နည်း​အ​တူ အ​ပြစ်​အ​တွက်​ပူ​ဇော်​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 16,
      "text": "မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​လည်း ဆောင်​ခဲ့၍၊ ထို​နည်း​တူ ပူ​ဇော်​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 17,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း ဆောင်​ခဲ့​ပြီး​လျှင်၊ တစ်​လက်​ဆွန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၌ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နား​မှာ မီး​ရှို့​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 18,
      "text": "လူ​များ​အ​တွက် မိတ်​သ​ဟာ​ယ​ယဇ်​နွား​ထီး၊ သိုး​ထီး​ကို​လည်း​သတ်၍၊ သူ၏​သား​တို့​သည် အ​သွေး​ကို​ဆက်​ပြီး​လျှင်၊ သူ​သည် ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 19,
      "text": "အ​မြီး​နှင့်​တ​ကွ အ​အူ​ကို​ဖုံး​သော​ဆီ​ဥ၊ ကျောက်​ကပ်၊ အ​သည်း​အ​မြှေး​တည်း​ဟူ​သော သိုး​နွား​ဆီ​ဥ​ကို၊"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 20,
      "text": "ရင်​ပတ်​ပေါ်​မှာ​တင်၍ ယဇ်​ပ​လ္လင်၌​မီး​ရှို့​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 21,
      "text": "ရင်​ပတ်​နှင့်​လက်​ယာ​ပ​ခုံး​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို​ပြု​လေ၏။ ထို​သို့​ပြု​ရ​မည်​ဟု မော​ရှေ​မှာ​ထား​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 22,
      "text": "အာ​ရုန်​သည် မိ​မိ​လက်​ကို လူ​များ​ရှေ့​သို့​ချီ​လျက်၊ ကောင်း​ချီး​ပေး၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​ရာ​မှ​ဆင်း​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 23,
      "text": "တစ်​ဖန် မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့​ဝင်၍ ထွက်​ပြီး​မှ၊ လူ​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် လူ​များ​တို့​အား​ထင်​ရှား​လေ၏။"
    },
    {
      "book": 3,
      "chapter": 9,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 1,
      "text": "အာ​ရုန်၏​သား​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည်၊ ကိုယ်​စီ​ဆိုင်​သော​လင်​ပန်း​တို့​ကို​ယူ​လျက်၊ မီး​ကို​ထည့်၍ လော​ဗန်​ကို​တင်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော မီး​မ​ဟုတ်၊ ထူး​ခြား​သော​မီး​ကို ရှေ့​တော်၌​ပူ​ဇော်၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 2,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မီး​ထွက်၍၊ သူ​တို့​ကို​လောင်​သ​ဖြင့် ရှေ့​တော်၌​သေ​ကြ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 3,
      "text": "ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 4,
      "text": "မော​ရှေ​သည် အာ​ရုန်၏​ဘ​ထွေး ဩ​ဇေ​လ​သား​မိ​ရှေ​လ​နှင့် ဧ​လ​ဇာ​ဖန်​ကို​ခေါ်၍၊ လာ​ကြ။ သင်​တို့​ပေါက်​ဖော်​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​က၊ တပ်​ပြင်​သို့ ယူ​သွား​ကြ​လော့​ဟု​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 5,
      "text": "သူ​တို့​သည်​လာ၍ အင်္ကျီ​ဝတ်​လျက်​ရှိ​သော​အ​သေ​ကောင်​ကို တပ်​ပြင်​သို့​ယူ​သွား​ကြ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 6,
      "text": "မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​လည်း​သေ​မည်။ လူ​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သင့်​ရောက်​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ သင်​တို့​ဦး​ထုပ်​ကို မ​ချွတ်​နှင့်။ အ​ဝတ်​ကို​မ​ဆုတ်​နှင့်။ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော မီး​လောင်​ခြင်း​ကို​သာ ငို​ကြွေး​မြည်​တမ်း​ကြ​စေ။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 7,
      "text": "သင်​တို့​သေ​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​ပြင်​သို့ မ​ထွက်​နှင့်။ ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ဆီ​သည် သင်​တို့​အ​ပေါ်၌​ရှိ​သည်​ဟု ဆို​သည်​အ​တိုင်း သူ​တို့​ပြု​ကြ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 8,
      "text": "တစ်​ဖန် အာ​ရုန်​အား​ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 9,
      "text": "သင်​နှင့် သင်၏​သား​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ သွန်​သင်​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော​အ​ခါ၊ စ​ပျစ်​ရည်​အ​စ​ရှိ​သော ယစ်​မျိုး​ကို​မ​သောက်​နှင့်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 12,
      "text": "မော​ရှေ​သည်​လည်း၊ အာ​ရုန်​နှင့် ကြွင်း​သော​သား​ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကြွင်း​ကို​ယူ၍ တ​ဆေး​မ​ပါ​ဘဲ ယဇ်​ပ​လ္လင်​နား​မှာ​စား​ကြ​လော့။ အ​လွန်​သန့်​ရှင်း​ပေ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 13,
      "text": "ထို​အ​ကြွင်း​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က သင်​နှင့်​သင်၏​သား​တို့ ခံ​ထိုက်​သော​အ​ဖို့​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​ကြ​မည်။ ထို​ပ​ညတ်​တော်​ကို ငါ​ခံ​ရ​ပြီ။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 14,
      "text": "ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​ကား၊ သင်​နှင့်​တ​ကွ သင်၏​သား​သ​မီး​တို့​သည် စင်​ကြယ်​သော​အ​ရပ်၌ စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က၊ သင်​နှင့်​သင်၏​သား​တို့​သည် ခံ​ထိုက်​သော​အ​ဖို့​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 15,
      "text": "မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကောင် ဆီ​ဥ​နှင့်​တ​ကွ၊ ချီ​မြှောက်​ရာ​ပ​ခုံး၊ ချီ​လွှဲ​ရာ​ရင်​ပတ်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ​ဆောင်​ခဲ့​ရ​ကြ၍၊ ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​နှင့် သင်၏​သား​တို့​သည် ကိုယ်​အ​ဖို့​ယူ​ရ​ကြ​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆို​လေ၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 16,
      "text": "တစ်​ဖန် မော​ရှေ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော​ဆိတ်​ကို ကြိုး​စား၍ ရှာ​သော်​လည်း​မ​တွေ့။ မီး​ရှို့​နှင့်​ပြီ။ ထို​ကြောင့် ကြွင်း​သော​အာ​ရုန်​သား ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို အ​မျက်​ထွက်​လျက်​ဆို​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 17,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​သား​သည် အ​လွန်​သန့်​ရှင်း၏။ သင်​တို့​သည် ပ​ရိ​သတ်​တို့​အ​ပြစ်​ကို​ခံ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ ထို​ယဇ်​သား​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​ကြောင့်​မ​စား​သ​နည်း။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 18,
      "text": "ထို​ယဇ်​သား​အ​သွေး​ကို​လည်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ မ​သွင်း​ပါ​တ​ကား။ အ​ကယ်၍ ငါ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ ထို​ယဇ်​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​မည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 19,
      "text": "အာ​ရုန်​က၊ ယ​နေ့​သူ​တို့​သည် လူ​များ​တို့​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ပါ​ပြီ။ အ​ကျွန်ုပ်၌ ထို​သို့​သော​အ​မှု​ရောက်​သည်​တွင်၊ ယ​နေ့​အ​ပြစ်​ဖြေ​ရာ ယဇ်​သား​ကို​စား​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​ပါ​မည်​လော​ဟု မော​ရှေ​ကို ပြော​ဆို၏။"
    },
    {
      "book": 3,
      "chapter": 10,
      "verse": 20,
      "text": "မော​ရှေ​သည် ထို​စ​ကား​ကို​ကြား​လျှင် ဝန်​ခံ​လေ၏။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​တို့​ကို ခေါ်​တော်​မူ၍၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 2,
      "text": "သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သား​တ​ကာ​တို့​တွင်၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 3,
      "text": "ခွာ​ကွဲ​ပြား၍​စား​မြုံ့​ပြန်​သော​သား​များ​ကို သင်​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 4,
      "text": "သို့​သော်​လည်း၊ စား​မြုံ့​ပြန်​သော​သား၊ ခွာ​ကွဲ​ပြား​သော​သား​တို့​တွင် မ​စား​ရ​သော သား​ဟူ​မူ​ကား၊ ကု​လား​အုတ်​သည်​စား​မြုံ့​ပြန်​သော်​လည်း ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 5,
      "text": "ရှာ​ဖန်​သည်​စား​မြုံ့​ပြန်​သော်​လည်း၊ ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 6,
      "text": "အာ​ရ​န​ဘက်​သည်​စား​မြုံ့​ပြန်​သော်​လည်း ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 7,
      "text": "ဝက်​သည်​ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 8,
      "text": "ထို​သို့​သော တိ​ရ​စ္ဆာန်​အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။ မ​စင်​ကြယ်​ဟု သင်​တို့​မှတ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 9,
      "text": "ပင်​လယ်​ရေ၊ မြစ်​ရေ​အ​စ​ရှိ​သော ရေ၌​နေ​သော တိ​ရ​စ္ဆာန်​တ​ကာ​တို့​တွင်၊ အ​ယက်​နှင့်​အ​ကြေး​ရှိ​သော တိ​ရ​စ္ဆာန်​ကို​သာ​စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 10,
      "text": "အ​ယက်​နှင့်​အ​ကြေး​မ​ရှိ၊ ပင်​လယ်​ရေ၊ မြစ်​ရေ​အ​စ​ရှိ​သော​ရေ၌ လှုပ်​ရှား​လျက် အ​သက်​ရှင်​လျက်​နေ​သော တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် သင်​တို့၌ ရွံ​ရှာ​ဖွယ်​ဖြစ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 11,
      "text": "အ​ယက်​အ​ကြေး​နှင့် မ​ပြည့်​စုံ​သော​ရေ​တိ​ရ​စ္ဆာန်​အ​သား​ကို သင်​တို့​သည်​မ​စား​ရ။ သူ​တို့​အ​သေ​ကောင်​ကို​လည်း ရွံ​ရှာ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 13,
      "text": "သင်​တို့​သည် ရွံ​ရှာ​ဖွယ်​မှတ်၍ မ​စား​ရ​သော​ငှက်​မျိုး​ဟူ​မူ​ကား၊ ရွှေ​လင်း​တ၊ ပင်​လယ်​လင်း​တ၊ လင်း​ယုန်၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 14,
      "text": "ဒါ​ဟ၊ စွန်​မျိုး၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 15,
      "text": "ကျီး​မျိုး​ရှိ​သ​မျှ"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 16,
      "text": "ကု​လား​အုတ်​ငှက်၊ ငှက်​ဆိုး၊ ဥ​ဗျိုင်း၊ သိမ်း​မျိုး၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 17,
      "text": "ဇီး​ကွက်၊ ကြိုး​ကြာ၊ ဣ​ဗိတ်၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 18,
      "text": "ငှက်​ကျား၊ ဝံ​ပို၊ ဝံ​လို၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 19,
      "text": "တော​ငန်း၊ ဒုံး​စပ်​မျိုး၊ ဒုံး​ကု​လား၊ လင်း​နို့​မှ​စ၍၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 20,
      "text": "အ​တောင်​ရှိ​လျက် ခြေ​လေး​ချောင်း​နှင့်​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​ရှိ​သ​မျှ​တို့​သည် သင်​တို့၌ ရွံ​ရှာ​ဖွယ်​ဖြစ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 21,
      "text": "သို့​ရာ​တွင် အ​တောင်​ရှိ​လျက် ခြေ​လေး​ချောင်း​နှင့်​တွား​တတ်၍၊ မြေ​ပေါ်​မှာ ခုန်​စ​ရာ​ဖို့ အ​ခြား​ခြေ​ထက်​ရှည်​သော ခြေ​ထောက်​ရှိ​သော တိ​ရ​စ္ဆာန်​တို့​တွင်၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 22,
      "text": "အာ​ရာ​ဘ​ကျိုင်း​မျိုး၊ သ​လောင်​ကျိုင်း​မျိုး၊ ခ​ရ​ဂ​လ​ကျိုင်း​မျိုး၊ ခါ​ဂပ်​ကျိုင်း​မျိုး​ကို စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 23,
      "text": "အ​တောင်​ရှိ၍ ခြေ​လေး​ချောင်း​နှင့်​တွား​တတ်​သော အ​ခြား​တိ​ရ​စ္ဆာန်​တို့​သည် သင်​တို့၌ ရွံ​ရှာ​ဖွယ်​ဖြစ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 24,
      "text": "ထို​တိ​ရ​စ္ဆာန်​အား​ဖြင့် သင်​တို့​စင်​ကြယ်​ခြင်း ပျက်​တတ်၏။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 25,
      "text": "ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 26,
      "text": "ခွာ​မ​ကွဲ​ပြား​သော​တိ​ရ​စ္ဆာန်၊ စား​မြုံ့​မ​ပြန်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် သင်​တို့၌​မ​စင်​ကြယ်။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သ​မျှ​သော​သူ​တို့​သည် မ​စင်​ကြယ်​ကြ။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 27,
      "text": "ခွာ​မ​ရှိ​သော​သား​အ​မျိုး​မျိုး​တို့​သည် သင်​တို့၌​မ​စင်​ကြယ်​ကြ။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 28,
      "text": "သူ​တို့​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 29,
      "text": "မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​တို့​တွင် ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး၊"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 30,
      "text": "တောက်​တဲ့၊ မြွေ​ပါ၊ သင်း​ချော၊ ပု​တတ်၊ ပုတ်​သင်​တို့​သည် သင်​တို့၌​မ​စင်​ကြယ်​ကြ။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 31,
      "text": "သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 32,
      "text": "ထို​အ​သေ​ကောင်​သည် သစ်​ခွက်၊ အ​ဝတ်၊ အ​ရေ၊ အ​မွေး၊ အိတ်​အ​စ​ရှိ​သော အ​သုံး​အ​ဆောင်​တစ်​စုံ​တစ်​ခု​ပေါ်​သို့​ကျ​လျှင် ထို​အ​သုံး​အ​ဆောင်​မ​စင်​ကြယ်။ ရေ၌​နှစ်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။ ထို​နောက်​စင်​ကြယ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 33,
      "text": "မြေ​ခွက်​တစ်​စုံ​တစ်​ခု​ပေါ်​သို့ အ​သေ​ကောင်​ကျ​လျှင် ထို​မြေ​ခွက် မ​စင်​ကြယ်​သော​ကြောင့် ခွဲ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 34,
      "text": "ထို​မြေ​ခွက်​ရေ​သည်၊ စား​စ​ရာ အ​မဲ​သား​ပေါ်​သို့​ကျ​လျှင်၊ အ​မဲ​သား​မ​စင်​ကြယ်။ ထို​မြေ​ခွက်၌​သောက်​စ​ရာ​ရေ​လည်း မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 35,
      "text": "အ​ကြင်​အ​ရာ​အ​ပေါ်၌ ထို​အ​သေ​ကောင်​ကျ၏။ ထို​အ​ရာ​သည် မီး​ဖို​ဖြစ်​စေ၊ ခုံ​လောက်​ဖြစ်​စေ၊ မ​စင်​ကြယ်​ရာ​သို့​ရောက်၍ သင်​တို့၌​မ​စင်​ကြယ်​သော​ကြောင့် ဖြို​ဖျက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 36,
      "text": "သို့​ရာ​တွင် ရေ​စု​ဝေး​ရာ​စမ်း​ရေ​တွင်း၊ တူး​သော​ရေ​တွင်း​သည် မ​စင်​ကြယ်​ရာ​သို့ မ​ရောက်။ အ​သေ​ကောင်​ကို ထိ​မိ​သော​အ​ရာ​သာ မ​စင်​ကြယ်​ရာ​သို့​ရောက်၏။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 37,
      "text": "ကြဲ​စ​ရာ​မျိုး​စေ့​အ​ပေါ်၌ ထို​အ​သေ​ကောင်​ကျ​လျှင်၊ မျိုး​စေ့​သည် မ​စင်​ကြယ်​ရာ​သို့​မ​ရောက်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 38,
      "text": "ရေ၌​စိမ်​ထား​ပြီး​သော​မျိုး​စေ့​အ​ပေါ်၌ ထို​အ​သေ​ကောင်​ကျ​လျှင်၊ မျိုး​စေ့​သည် သင်​တို့၌​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 39,
      "text": "သင်​တို့​စား​အပ်​သော တိ​ရ​စ္ဆာန်​သေ​လျှင်၊ အ​သေ​ကောင်​ကို ထိ​မိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 40,
      "text": "ထို​အ​သေ​ကောင်​ကို စား​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 41,
      "text": "မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် ရွံ​ရှာ​ဖွယ်​ဖြစ်၍ သင်​တို့​မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 42,
      "text": "ခြေ​မ​ရှိ၊ ဝမ်း​ဖြင့်​သွား​သည်​ဖြစ်​စေ၊ ခြေ​လေး​ချောင်း​ဖြင့်​သွား​သည်​ဖြစ်​စေ၊ ခြေ​လေး​ချောင်း​မ​က​များ​သော ခြေ​ဖြင့်​သွား​သည်​ဖြစ်​စေ၊ မြေ​ပေါ်​တွား​တတ်​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​စား​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 43,
      "text": "တွား​တတ်​သော​တိ​ရ​စ္ဆာန် တစ်​စုံ​တစ်​ခု​အား​ဖြင့် သင်​တို့​သည် ကိုယ်​ကို​ရွံ​ရှာ​ဖွယ် မ​ဖြစ်​စေ​ရ။ ထို​သို့​အား​ဖြင့် ကိုယ်​ညစ်​ညူး​အောင် ကိုယ်၌​မ​စင်​ကြယ်​သည်​ကို မ​ပြု​ရ။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 44,
      "text": "ငါ​သည် သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ ငါ​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည်​လည်း ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ၍ သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန် တစ်​စုံ​တစ်​ခု​အား​ဖြင့်​မျှ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ​ကြ။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 45,
      "text": "ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 11,
      "verse": 46,
      "text": "ဤ​ရွေ့​ကား​စင်​ကြယ်၊ မ​စင်​ကြယ်၊ စား​အပ်၊ မ​စား​အပ်​သော တိ​ရ​စ္ဆာန်​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ၊ သား၊ ငှက်၊ ရေ၌​သွား၍ အ​သက်​ရှင်​သော​တိ​ရ​စ္ဆာန်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​နှင့် ဆိုင်​သော​တ​ရား​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 2,
      "text": "မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို​ဖွား​မြင်​ပြီး​လျှင်၊ ဥ​တု​ရောက်၍ ခု​နစ်​ရက်​မ​စင်​ကြယ်​သ​ကဲ့​သို့ ခု​နစ်​ရက်​မ​စင်​ကြယ်​နေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 3,
      "text": "အ​ဋ္ဌ​မ​နေ့၌ သား​ယောက်ျား​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 4,
      "text": "ထို​နောက် အ​မိ​သည်​စင်​ကြယ်​စေ​ခြင်း​နှင့်​ဆိုင်​သော အ​သွေး​ရှိ၍၊ အ​ရက်​သုံး​ဆယ်​သုံး​ရက်​ပတ်​လုံး နေ​ရ​မည်။ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် မ​စေ့​မီ​တိုင်​အောင် သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ။ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​သွား​ရ။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 5,
      "text": "သား​မိန်း​မ​ကို​ဖွား​မြင်​လျှင်၊ ဥ​တု​ရောက်​သ​ကဲ့​သို့ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မ​စင်​ကြယ်​နေ​ရ​မည်။ စင်​ကြယ်​စေ​ခြင်း​နှင့် ဆိုင်​သော​အ​သွေး​ရှိ၍၊ အ​ရက်​ခြောက်​ဆယ်​ခြောက်​ရက်​ပတ်​လုံး နေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 6,
      "text": "သား​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် ကာ​လ​စေ့​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော သိုး​သူ​ငယ်​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ချိုး​က​လေး​တစ်​ကောင်၊ သို့​မ​ဟုတ် ခို​တစ်​ကောင်​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 7,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍၊ ထို​မိန်း​မ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည် အ​သွေး​သွန်​ခြင်း​အ​ပြစ်​မှ သန့်​ရှင်း​ရ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 12,
      "verse": 8,
      "text": "သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 2,
      "text": "လူ​သည် ကိုယ်​အ​ရေ၌ အ​ဖု​ဖြစ်​စေ၊ ယား​နာ​ဖြစ်​စေ၊ နူ​ကွက်​ဖြစ်​စေ၊ နူ​သော​လ​က္ခ​ဏာ​ပေါ်​လျှင်၊ ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ထံ​သို့ ဖြစ်​စေ၊ သူ၏​သား ယဇ်​ပု​ရော​ဟိတ်​တစ်​စုံ​တစ်​ယောက်​ထံ​သို့​ဖြစ်​စေ ခေါ်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 3,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ၏ အ​ရေ၌​ပေါ်​သော​အ​နာ​ကို ကြည့်​ရှု​သော​အ​ခါ၊ အ​နာ၌​ရှိ​သော အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​နာ​သည် အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်​လည်း​ကောင်း နူ​နာ​မှန်၏။ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို​ကြည့်​ရှု​ပြီး​မှ၊ မ​စင်​ကြယ်​ဟု​စီ​ရင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 4,
      "text": "ကိုယ်​အ​ရေ၌​ရှိ​သော နူ​ကွက်​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ရေ​အောက်၌ စွဲ​ဟန်​မ​ရှိ၊ အ​မွေး​မ​ဖြူ​လျှင်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​သည်၊ အ​နာ​ရှိ​သော​သူ​ကို ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 5,
      "text": "သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ အ​နာ​သည် အ​ရေ၌ မ​တိုး​မ​လျော့​နေ​လျှင်၊ တစ်​ဖန်​ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 6,
      "text": "တစ်​ဖန် သ​တ္တ​မ​နေ့၌​ကြည့်​ရှု၍ အ​နာ​သည် အ​ရေ၌​မ​တိုး​ပွား၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ ယား​နာ​သက်​သက် ဖြစ်၏။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 7,
      "text": "စင်​ကြယ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ပြီး​မှ၊ နောက်​တစ်​ဖန် ယား​နာ​တိုး​ပွား​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​ပြန်၍၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 8,
      "text": "ယား​နာ​တိုး​ပွား​သည်​ကို မြင်​သော​အ​ခါ၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 9,
      "text": "နူ​နာ​စွဲ​သော​သူ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 10,
      "text": "ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု၍၊ အ​ရေ၌​ထ​သော​အ​ဖု​နှင့်​တ​ကွ အ​မွေး​သည်​ဖြူ​လျှင်​လည်း​ကောင်း၊ အ​ဖု၌ အ​သား​စို​ရှိ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 11,
      "text": "ကိုယ်​အ​ရေ၌ ဟောင်း​သော​နူ​နာ​ဖြစ်၏။ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်၍ ချုပ်​ထား​သ​ဖြင့်၊ သူ​သည် မ​စင်​ကြယ်​ဘဲ​နေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 12,
      "text": "နူ​နာ​သည် အ​ရေ၌​တိုး​ပွား၍ အ​နာ​စွဲ​သော​သူ​တစ်​ကိုယ်​လုံး၊ ခေါင်း​ထိပ်​မှ​သည် ခြေ​ဖ​ဝါး​တိုင်​အောင်၊ ယဇ်​ပု​ရော​ဟိတ်​ကြည့်​ရှု​လေ​ရာ​ရာ၌ နူ​နာ​နှံ့​ပြား​လျှင်၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 13,
      "text": "ထို​သို့ တစ်​ကိုယ်​လုံး အ​နာ​နှံ့​ပြား​သော​သူ​သည် စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ် ဆင်​ခြင်၍​စီ​ရင်​ရ​မည်။ တစ်​ကိုယ်​လုံး​ဖြူ​သည်​ဖြစ်၍ စင်​ကြယ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 14,
      "text": "သို့​မ​ဟုတ် အ​သား​စို​ပေါ်​လျှင်​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 15,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​သား​စို​ကို​ကြည့်​ရှု၍ ထို​သူ​သည်​မ​စင်​ကြယ်​ဟု စီ​ရင်​ရ​မည်။ အ​သား​စို​သည် မ​စင်​ကြယ်။ နူ​နာ​အ​မှန်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 16,
      "text": "အ​သား​စို​သည် ခြား​နား၍​ဖြူ​ပြန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ တစ်​ဖန်​လာ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 17,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ အ​နာ​ဖြူ​ပြန်​သည်​ကို​မြင်​လျှင်၊ ထို​အ​နာ​ရှိ​သော​သူ​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​သ​ဖြင့် သူ​သည်​စင်​ကြယ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 18,
      "text": "ကိုယ်​အ​ရေ၌ အ​နာ​စိမ်း​ဖြစ်၍​ပျောက်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 19,
      "text": "အ​နာ​ရွတ်၌ ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ ဖြူ​နီ​သော​အ​နူ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 20,
      "text": "အ​ရေ​အောက်၌​စွဲ​ဟန်​ရှိ၍ အ​မွေး​ဖြူ​လျှင်၊ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ အ​နာ​စိမ်း​ထဲ​က​ထွက်​သော နူ​နာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 21,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ ဖြူ​သော​အ​မွေး​မ​ရှိ၊ အ​ရေ​အောက်၌ မ​စွဲ၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို​ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 22,
      "text": "အ​ရေ၌​တိုး​ပွား​လျှင်၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 23,
      "text": "သို့​မ​ဟုတ် နူ​ကွက်​မ​ရွေ့၊ မ​တိုး​ပွား​လျှင် အ​နာ​စိမ်း​ရွတ်​ဖြစ်၏။ ထို​သူ​စင်​ကြယ်၏​ဟု စီ​ရင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 24,
      "text": "အ​ရေ​အ​သား၌ မီး​လောင်​နာ​ရှိ၍၊ မီး​လောင်​နာ​အ​သား​စို၌ ဖြူ​နီ​သော နူ​ကွက်​ရှိ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 25,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ရ​မည်။ နူ​ကွက်​အ​မွေး​ဖြူ၍ အ​ရေ​အောက်၌ စွဲ​ဟန်​ရှိ​လျှင်၊ မီး​လောင်​နာ​ထဲ​က​ထွက်​သော နူ​နာ​ဖြစ်၏။ ထို​သူ​သည် မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ နူ​နာ​မှန်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 26,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ နူ​ကွက်၌ ဖြူ​သော​အ​မွေး​မ​ရှိ၊ အ​ရေ​အောက်၌​မ​စွဲ၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ကို ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 27,
      "text": "သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ နူ​ကွက်​သည် အ​ရေ၌​တိုး​ပွား​လျှင်၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 28,
      "text": "သို့​မ​ဟုတ် နူ​ကွက်​မ​ရွေ့၊ အ​ရေ၌​မ​တိုး​ပွား၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ မီ​လောင်​နာ​အ​ဖု​ဖြစ်၏။ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ မီး​လောင်​သော အ​နာ​ရွတ်​သက်​သက်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 29,
      "text": "ယောက်ျား​မိန်း​မ​သည်​လည်း၊ ခေါင်း၌​ဖြစ်​စေ၊ မေး၌​ဖြစ်​စေ၊ အ​နာ​ပေါက်၍၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 30,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ အ​ရေ​အောက်၌ စွဲ​ဟန်​နှင့်​တ​ကွ အ​မွေး​ဝါ​ဝါ​ပါး​ပါး​ရှိ​လျှင်၊ ထို​သူ​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ ခေါင်း၌​ဖြစ်​စေ၊ မေး၌​ဖြစ်​စေ၊ ဗောက်​နူ​နာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 31,
      "text": "ထို​အ​နာ​ကို ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ၊ အ​ရေ​အောက်၌ စွဲ​ဟန်​မ​ရှိ၊ နက်​သော​အ​မွေး​လည်း​မ​ရှိ​လျှင်၊ ထို​အ​နာ​ပေါက်​သော​သူ​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 32,
      "text": "သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​နာ​မ​တိုး​ပွား၊ ပါး​သော​အ​မွေး​မ​ရှိ၊ အ​ရေ​အောက်၌​စွဲ​ဟန်​လည်း​မ​ရှိ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 33,
      "text": "ထို​သူ၏ အ​မွေး​ကို​ရိတ်​ရ​မည်။ အ​နာ​အ​မွေး​ကို​ကား မ​ရိတ်​ရ။ တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး ချုပ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 34,
      "text": "သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​ရေ၌​အ​နာ​မ​တိုး​ပွား၊ အ​ရေ​အောက်၌​မ​စွဲ​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 35,
      "text": "စင်​ကြယ်​စေ​ပြီး​မှ၊ နောက်​တစ်​ဖန် ဗောက်​နူ​နာ​တိုး​ပွား​လျှင်၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 36,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု​ပြန်၍ အ​နာ​တိုး​ပွား​သည်​မှန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ဝါ​သော​အ​မွေး​ကို မ​ရှာ​ရ။ ထို​သူ​သည်​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 37,
      "text": "သို့​မ​ဟုတ် ဗောက်​နူ​နာ​သည် ရပ်​နေ​ဟန်​ရှိ၍ နက်​သော​အ​မွေး​ပေါက်​လျှင်၊ အ​နာ​ပျောက်၍ ထို​သူ​သည်​စင်​ကြယ်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​က ထို​သူ​သည် စင်​ကြယ်၏​ဟု​စီ​ရင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 38,
      "text": "ယောက်ျား​မိန်း​မ​သည်​လည်း၊ ကိုယ်​အ​ရေ၌​ဖြူ​သော​နူ​ကွက်​ရှိ၍၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 39,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​သော​အ​ခါ မွဲ​သော​အ​ဆင်း​ရှိ​လျှင်၊ အ​ရေ၌​ပေါက်​သော​ညှင်း​ဖြစ်၏။ ထို​သူ​သည် စင်​ကြယ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 40,
      "text": "ဆံ​ပင်​ကျွတ်​သော​သူ​သည်၊ ခေါင်း​ပြောင်​သော်​လည်း စင်​ကြယ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 41,
      "text": "န​ဖူး​ဆံ​ကျွတ်​သော​သူ​သည် န​ဖူး​ပြောင်​သော်​လည်း စင်​ကြယ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 42,
      "text": "ပြောင်​သော​ခေါင်း၌​ဖြစ်​စေ၊ ပြောင်​သော​န​ဖူး၌​ဖြစ်​စေ၊ ဖြူ​နီ​သော​အ​နာ​ပေါက်​လျှင်၊ ထို​ပြောင်​ရာ၌ ပေါက်​သော​နူ​နာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 43,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု၍၊ ကိုယ်​အ​ရေ၌ နူ​နာ​ထင်​သ​ကဲ့​သို့၊ ပြောင်​ရာ၌​ပေါက်​သော အ​နာ၏​အ​ဖု ဖြူ​နီ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 44,
      "text": "ထို​သူ​သည်​မ​စင်​ကြယ်။ လူ​နူ​ဖြစ်၏။ ခေါင်း၌​အ​နာ​ပေါက်​သော​ကြောင့်၊ အ​လျှင်း​မ​စင်​ကြယ်​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 45,
      "text": "နူ​နာ​စွဲ​သော​သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ခေါင်း​ကို​မ​ဖုံး၊ အ​ထက်​နှုတ်​ခမ်း​ကို​ဖုံး​လျက်၊ မ​စင်​ကြယ်၊ မ​စင်​ကြယ်​ဟု ဟစ်​ကြော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 46,
      "text": "ထို​အ​နာ​စွဲ​သည်​ကာ​လ​ပတ်​လုံး၊ သူ​သည်​ညစ်​ညူး၏။ မ​စင်​ကြယ်​သည်​ဖြစ်၍ တစ်​ယောက်​တည်း​နေ​ရ​မည်။ သူ့​နေ​ရာ​သည် တပ်​ပြင်​မှာ​ရှိ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 47,
      "text": "၎င်း​နည်း နူ​နာ​စွဲ​သော​အ​ဝတ်​သည်၊ ပိတ်​အ​ဝတ်​ဖြစ်​စေ၊ သိုး​မွေး​အ​ဝတ်​ဖြစ်​စေ၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 48,
      "text": "ရက်​ကန်း​ပင်​ဖြစ်​စေ၊ ရက်​ကန်း​သား​ဖြစ်​စေ၊ သား​ရေ​ဖြစ်​စေ၊ သား​ရေ​နှင့်​လုပ်​သော အ​သုံး​အ​ဆောင်​ဖြစ်​စေ၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 49,
      "text": "အ​ဝတ်၌​စွဲ​သော​အ​နာ​သည် ခပ်​စိမ်း​စိမ်း၊ ခပ်​နီ​နီ​ရှိ​လျှင်၊ နူ​နာ​ဖြစ်၏။ ယဇ်​ပု​ရော​ဟိတ်​အား​ပြ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 50,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​နာ​စွဲ​သော​အ​ဝတ်​ကို​ကြည့်​ရှု၍ ခု​နစ်​ရက်​ပတ်​လုံး လုံ​ခြုံ​စွာ​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 51,
      "text": "သ​တ္တ​မ​နေ့၌ တစ်​ဖန်​ကြည့်​ရှု၍ အ​ဝတ်၌​အ​နာ​တိုး​ပွား​လျှင်၊ ရက်​ကန်း​ပင်​ဖြစ်​စေ၊ ရက်​ကန်း​သား​ဖြစ်​စေ၊ သား​ရေ​ဖြစ်​စေ၊ သား​ရေ​နှင့် လုပ်​သော​အ​ရာ​ဖြစ်​စေ၊ မ​စင်​ကြယ်။ စား​တတ်​သော​နူ​နာ​စွဲ​ပြီ။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 52,
      "text": "ထို​အ​ဝတ်​ကို မီး​ရှို့​ရ​မည်။ စား​တတ်​သော​နူ​နာ​စွဲ​သော ရက်​ကန်း​ပင်၊ ရက်​ကန်း​သား၊ ပိတ်​အ​ဝတ်၊ သိုး​မွေး​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်​ကို မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 53,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်၌ အ​နာ​မ​တိုး​ပွား​လျှင်၊"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 54,
      "text": "အ​နာ​စွဲ​သော​အ​ရာ​ကို ဆေး​လျှော်​စေ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​စီ​ရင်၍ တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး လုံ​ခြုံ​စွာ​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 55,
      "text": "ဆေး​လျှော်​ပြီး​မှ ယဇ်​ပု​ရော​ဟိတ်​သည် ကြည့်​ရှု​ပြန်၍၊ အ​နာ​မ​တိုး​ပွား​သော်​လည်း၊ အ​ဆင်း​မ​ခြား​နား​လျှင်၊ မ​စင်​ကြယ်။ မီး​ရှို့​ရ​မည်။ အ​တွင်း၌​ဖြစ်​စေ၊ ပြင်၌​ဖြစ်​စေ၊ ဆွေး​မြေ့​ခြင်း​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 56,
      "text": "ဆေး​လျှော်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​နာ​သည် ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ အ​ဝတ်၊ သား​ရေ၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​ထဲ​က အ​နာ​ကွက်​ကို​ဆုတ်​ဖဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 57,
      "text": "နောက်​တစ်​ဖန် ထို​ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်၌ အ​နာ​ပေါ်​ပြန်​လျှင်၊ တိုး​ပွား​တတ်​သော​အ​နာ​ဖြစ်၏။ ထို​သို့​အ​နာ​စွဲ​သော​ဥ​စ္စာ​ကို မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 58,
      "text": "ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​ကို ဆေး​လျှော်၍ အ​နာ​ပျောက်​လျှင်၊ ဒု​တိ​ယ​အ​ကြိမ်​ဆေး​လျှော်၍ စင်​ကြယ်​ရ၏။"
    },
    {
      "book": 3,
      "chapter": 13,
      "verse": 59,
      "text": "ဤ​ရွေ့​ကား စင်​ကြယ်​သည်၊ မ​စင်​ကြယ်​သည်​ကို​စီ​ရင်​စေ​ခြင်း​ငှာ နူ​နာ​စွဲ​သော ပိတ်​အ​ဝတ်၊ သိုး​မွေး​အ​ဝတ်၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား၊ သား​ရေ​အ​သုံး​အ​ဆောင်​တို့​နှင့်​ဆိုင်​သော​တ​ရား ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 2,
      "text": "နူ​နာ​စွဲ​သော​သူ​သည် စင်​ကြယ်​စေ​သော​နေ့၌ ကျင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 3,
      "text": "ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ခဲ့​ပြီး​မှ ယဇ်​ပု​ရော​ဟိတ်​သည် တပ်​ပြင်​သို့​ထွက်၍ ကြည့်​ရှု​သော​အ​ခါ၊ နူ​နာ​ပျောက်​သည်​မှန်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 4,
      "text": "စင်​ကြယ်​စေ​ခြင်း​ကို​ခံ​ရ​သော ထို​သူ​အ​ဖို့၊ အ​သက်​ရှင်၍​စင်​ကြယ်​သော ငှက်​နှစ်​ကောင်၊ အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​တို့​ကို မှာ​လိုက်၍၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 5,
      "text": "စီး​သော​ရေ​ကို​ထည့်​သော​မြေ​အိုး​ထဲ၌ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 6,
      "text": "အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​နှင့်​တ​ကွ အ​သက်​ရှင်​သော ငှက်​ကို​ယူ၍၊ ငှက်​သွေး​ရော​ပြီး​သော​ရေ၌ နှစ်​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 7,
      "text": "နူ​နာ​စင်​ကြယ်​စေ​ရ​သော​လူ​အ​ပေါ်​မှာ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍၊ ထို​သူ​သည် စင်​ကြယ်​သည်​ဟု စီ​ရင်​ရ​မည်။ ထို​နောက် အ​သက်​ရှင်​သော​ငှက်​ကို ဟင်း​လင်း​သော အ​ရပ်၌​လွှတ်​လိုက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 8,
      "text": "စင်​ကြယ်​စေ​ရ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ မိ​မိ​ဆံ​ပင်​ကို အ​ကုန်​အ​စင်​ရိတ်​ပြီး​မှ၊ စင်​ကြယ်​စေ​ခြင်း​ငှာ ရေ​ချိုး​ရ​မည်။ ထို​နောက်၊ တပ်​ထဲ​သို့​ဝင်၍၊ မိ​မိ​တဲ​ပြင်၌ ခု​နစ်​ရက်​နေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 9,
      "text": "သ​တ္တ​မ​နေ့၌ မိ​မိ​ဆံ​ပင်၊ မုတ်​ဆိတ်၊ မျက်​ခုံး​မွေး​အ​စ​ရှိ​သော ကိုယ်​မွေး​ရှိ​သ​မျှ​ကို​ရိတ်၍၊ မိ​မိ​အ​ဝတ်​ကို​လျှော်​ပြီး​မှ၊ ရေ​ချိုး၍​စင်​ကြယ်​ရ၏။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 10,
      "text": "အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 11,
      "text": "စင်​ကြယ်​စေ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ စင်​ကြယ်​စေ​အပ်​သော​လူ​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 12,
      "text": "သိုး​သ​ငယ်​အ​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​တစ်​လော​ဃ​နှင့်​တ​ကွ ချီ​လွှဲ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 13,
      "text": "ထို​သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၊ သန့်​ရှင်း​ရာ​ဌာ​န၌ သတ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ကို၊ ယဇ်​ပု​ရော​ဟိတ်​ယူ​ပိုင်​သ​ကဲ့​သို့ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​ကို ယူ​ပိုင်၏။ အ​လွန်​သန့်​ရှင်း​ပေ၏။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 14,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ထည့်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 15,
      "text": "ဆီ​အ​ချို့​ကို​လည်း​ယူ၍၊ မိ​မိ​လက်​ဝဲ​လက်​ဝါး၌ လောင်း​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 16,
      "text": "ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့်​တို့​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 17,
      "text": "မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော သူ၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​အ​သွေး​အ​ပေါ်​မှာ ထည့်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 18,
      "text": "မိ​မိ​လက်၌​ကြွင်း​သေး​သော​ဆီ​ကို၊ စင်​ကြယ်​စေ​ရ​သော​သူ၏​ခေါင်း​ပေါ်​မှာ လောင်း၍ ထို​သူအ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး၊ စင်​ကြယ်​စေ​ရ​သော​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 20,
      "text": "မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​သ​ဖြင့် ထို​လူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သူ​သည်​သန့်​ရှင်း​ရ၏။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 21,
      "text": "ထို​သူ​သည်​ဆင်း​ရဲ၍ ဤ​မျှ​လောက်​မ​တတ်​နိုင်​လျှင်၊ ချီ​လွှဲ၍ မိ​မိ​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စ​ရာ​ဖို့၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် သိုး​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​ရော​သော​မုန့်​ညက်​တစ်​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 22,
      "text": "တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ခို​နှစ်​ကောင်၊ သို့​မ​ဟုတ် ချိုး​က​လေး​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​လည်း​ကောင်း​ယူ၍၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 23,
      "text": "မိ​မိ​စင်​ကြယ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့၊ အ​ဋ္ဌ​မ​နေ့၌​ဆောင်​ခဲ့​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 24,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​သိုး​သ​ငယ်​နှင့် ဆီ​တစ်​လော​ဃ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ​ရာ၊ ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 25,
      "text": "ထို​သိုး​သ​ငယ်​ကို​သတ်​ပြီး​လျှင်၊ အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 26,
      "text": "ဆီ​အ​ချို့​ကို​လည်း မိ​မိ​လက်​ဝဲ​လက်​ဝါး၌​လောင်း​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 27,
      "text": "ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 28,
      "text": "မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ပေါ်​မှာ​ထည့်၍၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 29,
      "text": "မိ​မိ၌​ကြွင်း​သေး​သော​ဆီ​ကို ထို​လူ​ခေါင်း​ပေါ်​မှာ​လောင်း၍၊ သူ့​အ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 30,
      "text": "ထို​သူ​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 31,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​ပူ​ဇော်​လျက်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 32,
      "text": "ဤ​ရွေ့​ကား၊ နူ​နာ​စွဲ၍ မိ​မိ​စင်​ကြယ်​စေ​ခြင်း​ငှာ မ​တတ်​နိုင်​အောင် ဆင်း​ရဲ​သော​သူ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 33,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 34,
      "text": "သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 35,
      "text": "အိမ်​ရှင်​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍၊ အ​ကျွန်ုပ်​အိမ်​ကို နူ​နာ​စွဲ​ဟန်​ရှိ​ပါ၏​ဟု​ပြော​ဆို​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 36,
      "text": "ထို​အိမ်၌​ရှိ​သ​မျှ​တို့​သည်၊ မ​စင်​ကြယ်​ရာ​သို့​ရောက်​မည်​ကို စိုး​ရိမ်၍၊ ယဇ်​ပု​ရော​ဟိတ်​သည် နူ​နာ​ကို​အ​ကြည့်​အ​ရှု​မ​ဝင်​မီ၊ ရှိ​သ​မျှ​ကို​ထုတ်​စေ​ခြင်း​ငှာ စီ​ရင်​ရ​မည်။ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​အိမ်​ကို​အ​ကြည့်​အ​ရှု​ဝင်၍၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 37,
      "text": "အ​နာ​ကို​ကြည့်​ရှု​သော​အ​ခါ၊ ကျောက်​ထ​ရံ​ချိုင့်​ရာ​တို့၌ ခပ်​စိမ်း​စိမ်း၊ ခပ်​နီ​နီ​ဖြစ်၍၊ ကျောက်​ထ​ရံ​ထဲ၌ အ​နာ​စွဲ​ဟန်​ရှိ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 38,
      "text": "အိမ်​တံ​ခါး​ပြင်​သို့​ထွက်၍၊ ထို​အိမ်​ကို ခု​နစ်​ရက်​ပတ်​လုံး ပိတ်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 39,
      "text": "သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည် အ​ကြည့်​အ​ရှု​လာ၍၊ ကျောက်​ထ​ရံ၌ အ​နာ​တိုး​ပွား​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 40,
      "text": "အ​နာ​စွဲ​သော ကျောက်​တို့​ကို​နုတ်​ပယ်၍၊ မြို့​ပြင်​မ​စင်​ကြယ်​သော​အ​ရပ်၌ ပစ်​ထား​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​စီ​ရင်၍၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 41,
      "text": "ထို​အိမ်​ကို အ​တွင်း​ပတ်​လည်၌​ခြစ်​စေ​ရ​မည်။ ခြစ်၍​ကျ​သော အ​မှုန့်​ကို​လည်း မြို့​ပြင်​မ​စင်​ကြယ်​သော​အ​ရပ်၌ သွန်​ပစ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 42,
      "text": "အ​ရင်​ကျောက်​အ​စား၌ အ​ခြား​သော​ကျောက်​ကို​ယူ၍ ထည့်​ပြီး​လျှင်၊ အ​သစ်​သော​အင်္ဂ​တေ​နှင့် မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 43,
      "text": "ထို​သို့ ကျောက်​ကို​နုတ်​ပယ်၍ အိမ်​ကို​ခြစ်​ခြင်း၊ အ​သစ်​မွမ်း​မံ​ခြင်း​ကို​ပြု​ပြီး​မှ၊ တစ်​ဖန်​အ​နာ​စွဲ​ပြန်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 44,
      "text": "ယဇ်​ပု​ရော​ဟိတ်​လည်း အ​ကြည့်​အ​ရှု​လာ၍ ထို​အိမ်၌ အ​နာ​တိုး​ပွား​သည်​မှန်​လျှင်၊ စား​တတ်​သော​နူ​နာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 45,
      "text": "ထို​အိမ်​သည် မ​စင်​ကြယ်​သော​ကြောင့်၊ ကျောက်၊ သစ်​သား၊ အင်္ဂ​တေ​ရှိ​သ​မျှ​ကို ဖြို​ဖျက်၍၊ မြို့​ပြင် မ​စင်​ကြယ်​သော​အ​ရပ်​သို့ ယူ​သွား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 46,
      "text": "ထို​မှ​တစ်​ပါး၊ ထို​အိမ်​ကို ပိတ်​ထား​သည်​ကာ​လ​ပတ်​လုံး၊ အ​ထဲ​သို့​ဝင်​မိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 47,
      "text": "ထို​အိမ်၌​အိပ်​သော​သူ၊ စား​သောက်​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 48,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​ကြည့်​အ​ရှု​လာ​သော​အ​ခါ၊ အိမ်​ကို​အ​သစ်​မွမ်း​မံ​ပြီး​မှ အ​နာ​မ​တိုး​ပွား​လျှင်၊ အ​နာ​ပျောက်​သော​ကြောင့် ထို​အိမ်​သည်​စင်​ကြယ်၏​ဟု စီ​ရင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 49,
      "text": "ထို​အိမ်​ကို​စင်​ကြယ်​စေ​ခြင်း​ငှာ ငှက်​နှစ်​ကောင်၊ အာ​ရဇ်​သစ်​သား၊ နီ​မောင်း​သော​ကြိုး၊ ဟုဿုပ်​ပင်​ညွန့်​တို့​ကို​ယူ၍၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 50,
      "text": "စီး​သော​ရေ​ကို​ထည့်​သော မြေ​အိုး​ထဲ၌ ငှက်​တစ်​ကောင်​ကို​သတ်​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 51,
      "text": "အာ​ရဇ်​သစ်​သား၊ ဟုဿုပ်​ပင်​ညွန့်၊ နီ​သော​ကြိုး၊ အ​သက်​ရှင်​သော​ငှက်​ကို​ယူ၍ ငှက်​သွေး​ရော​သော ရေ၌​နှစ်​ပြီး​လျှင်၊ ထို​အိမ်​ကို ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 52,
      "text": "ထို​သို့​ငှက်​သွေး​အ​စ​ရှိ​သည်​တို့​နှင့် ထို​အိမ်​ကို​စင်​ကြယ်​စေ​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 53,
      "text": "အ​သက်​ရှင်​သော​ငှက်​ကို မြို့​ပြင်​ဟင်း​လင်း​သော​အ​ရပ်၌ လွှတ်​လိုက်၍၊ ထို​အိမ်​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ စင်​ကြယ်​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 14,
      "verse": 54,
      "text": "ဤ​ရွေ့​ကား၊ စင်​ကြယ်​သည်၊ မ​စင်​ကြယ်​သည်​ကို ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ၊ ဗောက်​နူ​နာ​အ​စ​ရှိ​သော​နူ​နာ​အ​မျိုး​မျိုး၊ အ​ဝတ်၌​စွဲ​သော​နူ​နာ၊ အိမ်၌​စွဲ​သော​နူ​နာ၊ အ​ဖု၊ ယား​နာ၊ နူ​ကွက်​နှင့်​ဆိုင်​သော နူ​နာ​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​နှင့်​အာ​ရုန်​အား ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 2,
      "text": "သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ရိ​နာ​စွဲ​သော​ယောက်ျား​သည် မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 3,
      "text": "အ​စဉ်​ယို​သည်​ဖြစ်​စေ၊ တစ်​ခါ​တ​လေ​ရပ်​သည်​ဖြစ်​စေ၊ ထို​သူ​သည် မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 4,
      "text": "အိပ်​သ​မျှ ထိုင်​သ​မျှ​သော အိပ်​ရာ​ထိုင်​ရာ​တို့​သည်​လည်း မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 5,
      "text": "သူ၏​အိပ်​ရာ​ကို​ထိ​သော​သူ၊ သူ့​ထိုင်​ရာ​အ​ပေါ်​မှာ​ထိုင်​သော​သူ၊ သူ၏​ကိုယ်​ကို​ထိ​သော​သူ၊ သူ၏​တံ​တွေး​ထိ​မိ​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေး​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 9,
      "text": "ရိ​နာ​စွဲ​သော​သူ​စီး​သော ကုန်း​နှီး​လည်း​မ​စင်​ကြယ်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 10,
      "text": "သူ့​အောက်၌​ရှိ​သော​အ​ရာ​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ ထို​အ​ရာ​တစ်​စုံ​တစ်​ခု​ကို ဆောင်​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 11,
      "text": "ရိ​နာ​စွဲ​သော​သူ​သည်၊ လက်​မ​ဆေး​ဘဲ သူ​တစ်​ပါး​ကို​လက်​နှင့်​ထိ​လျှင်၊ ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 12,
      "text": "ရိ​နာ​စွဲ​သော​သူ​ထိ​သော မြေ​တန်​ဆာ​ကို ခွဲ​ရ​မည်။ သစ်​သား​တန်​ဆာ​ကို ရေ​နှင့်​ဆေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 13,
      "text": "ရိ​နာ​စွဲ​သော​သူ​သည် အ​နာ​ပျောက်​သော​အ​ခါ၊ ပျောက်​သော​နေ့​က​စ၍၊ ခု​နစ်​ရက်​လွန်​မှ မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ စီး​သော​ရေ​နှင့် ကိုယ်​ကို​ချိုး​သ​ဖြင့် စင်​ကြယ်​ရ၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 14,
      "text": "အ​ဋ္ဌ​မ​နေ့၌​လည်း၊ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 15,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ပူ​ဇော်၍၊ ရိ​နာ​စွဲ​သော​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 16,
      "text": "ယောက်ျား​သည် သုက်​ရည်​ထွက်​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 17,
      "text": "သုက်​ရည်​ထိ​သော​အ​ဝတ်၊ သား​ရေ​ရှိ​သ​မျှ​တို့​ကို ရေ​နှင့်​လျှော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 18,
      "text": "ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ ယောက်ျား​သည် မိန်း​မ​နှင့်​သံ​ဝါ​သ​ပြု​လျှင်၊ နှစ်​ယောက်​စ​လုံး ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 19,
      "text": "မိန်း​မ​သည်​ဥ​တု​ရောက်​လျှင်၊ ခု​နစ်​ရက်​ပတ်​လုံး ဥ​တု​မ​စင်​ကြယ်​ရာ၌ နေ​ရ​မည်။ သူ့​ကို​ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 20,
      "text": "ဥ​တု​မ​စင်​ကြယ်​လျက်​အိပ်​သ​မျှ၊ ထိုင်​သ​မျှ​တို့​သည် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 21,
      "text": "သူ၏​အိပ်​ရာ၊ သူ၏​ထိုင်​ရာ​ကို​ထိ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 23,
      "text": "သူ၏​နေ​ရာ​ထိုင်​ရာ​စွန်း​လျှင်၊ ထို​နေ​ရာ​ထိုင်​ရာ​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 24,
      "text": "ဥ​တု​ရောက်​သော​မိန်း​မ​နှင့် သံ​ဝါ​သ​ပြု​သော​သူ​သည် ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်၊ အိပ်​ရာ​ရှိ​သ​မျှ​လည်း မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 25,
      "text": "ဥ​တု​မ​စင်​ကြယ်​ရာ​ကာ​လ​လွန်​မှ၊ သွေး​ယို​နာ​မ​ပျောက်​လျှင်၊ အ​နာ​မ​ပျောက်​မီ​တိုင်​အောင် ဥ​တု​မ​စင်​ကြယ်​လျက် နေ​ရ​သ​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 26,
      "text": "အ​နာ​မ​ပျောက်​မီ​တိုင်​အောင် သူ၏​အိပ်​ရာ​သည် ဥ​တု​မ​စင်​ကြယ်​ရာ အိပ်​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ထိုင်​ရာ​သည်​လည်း​ကောင်း မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 27,
      "text": "ထို​အ​ရာ​တို့​ကို ထိ​သော​သူ​သည်​လည်း မ​စင်​ကြယ်​သော​ကြောင့်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 28,
      "text": "ထို​မိန်း​မ​သည် သွေး​ယို​နာ​ပျောက်၍ ခု​နစ်​ရက်​လွန်​လျှင် စင်​ကြယ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 29,
      "text": "အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​နား၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 30,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ပူ​ဇော်၍၊ ဥ​တု​မ​စင်​ကြယ်​သော​မိန်း​မ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 31,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တွင်​ရှိ​သော ငါ့​တဲ​တော်​ကို ညစ်​ညူး​စေ၍၊ မိ​မိ​တို့​မ​စင်​ကြယ်​ရာ၌ မ​သေ​စေ​ခြင်း​ငှာ၊ သူ​တို့​ကို မ​စင်​ကြယ်​ခြင်း​နှင့် ကင်း​စင်​စေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 32,
      "text": "ဤ​ရွေ့​ကား၊ ရိ​နာ​စွဲ​သော​သူ၊"
    },
    {
      "book": 3,
      "chapter": 15,
      "verse": 33,
      "text": "သုက်​ရည်​ထွက်၍​ညစ်​ညူး​သော​သူ၊ ဥ​တု​ရောက်​သော​မိန်း​မ၊ သံ​ဝါ​သ​ပြု​သော ယောက်ျား​မိန်း​မ၊ မ​စင်​ကြယ်​သော​မိန်း​မ​နှင့် သံ​ဝါ​သ​ပြု​သော​ယောက်ျား စောင့်​ရ​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 1,
      "text": "အာ​ရုန်၏​သား​နှစ်​ယောက်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍ သေ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 2,
      "text": "သင်၏​အစ်​ကို​အာ​ရုန်​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော​အ​ဖုံး​ကို ကွယ်​ကာ​သော ကု​လား​ကာ​အ​တွင်း​သို့ အ​ခါ​ခပ်​သိမ်း​မ​ဝင်​စေ​ခြင်း​ငှာ ဆင့်​ဆို​လော့။ ငါ​သည် သေ​တ္တာ​ဖုံး​အ​ပေါ်၊ မိုး​တိမ်၌​ထင်​ရှား​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 3,
      "text": "အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 4,
      "text": "သန့်​ရှင်း​သော​ပိတ်​ချော​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်၍၊ ပိတ်​ချော​ခါး​ပန်း​ကို စည်း​ရ​မည်။ ပိတ်​ချော​ဗောင်း​ကို​လည်း ဆောင်း​ရ​မည်။ ထို​အ​ဝတ်​တန်​ဆာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ ကိုယ်​ကို​ရေ​ချိုး​ပြီး​မှ ဝတ်​ဆင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 5,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​နှစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​လက်​မှ ခံ​ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 6,
      "text": "အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော မိ​မိ​အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​ပူ​ဇော်၍၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 7,
      "text": "ဆိတ်​နှစ်​ကောင်​ကို​လည်း​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 8,
      "text": "အာ​ရုန်​သည် ထို​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​တစ်​တံ၊ လွတ်​လပ်​လ​ဟာ​အ​ဖို့​တစ်​တံ၊ စာ​ရေး​တံ​နှစ်​တံ​ချ၍၊"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို​ဆောင်​ခဲ့၍ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 10,
      "text": "လွတ်​လပ်​လ​ဟာ​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို၊ အ​သက်​ရှင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆက်၍၊ သူ့​အ​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​လျှင်၊ တော၌ လွတ်​လပ်​လ​ဟာ​သို့ လွှတ်​လိုက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 11,
      "text": "အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို ဆောင်​ခဲ့​ပြီး​လျှင်၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍၊ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို သတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​မီး​ခဲ​နှင့် ပြည့်​သော လင်​ပန်း​ကို​ကိုင်​လျက်၊ ညက်​စွာ​သော နံ့​သာ​ပေါင်း​မွှေး​အ​မှုန့်​ကို မိ​မိ​လက်၌​အ​ပြည့်​ယူ၍၊ ကု​လား​ကာ​အ​တွင်း​သို့ ဆောင်​သွား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 13,
      "text": "ထို​အ​ခါ​သူ​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ နံ့​သာ​ပေါင်း​အ​ခိုး​အ​ငွေ့​သည် သက်​သေ​ခံ​ချက်​အ​ပေါ်​မှာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို မွှန်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို မီး​ပေါ်​မှာ​တင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 14,
      "text": "နွား​အ​သွေး​အ​ချို့​ကို​လည်း​ယူ၍ အ​ရှေ့​မျက်​နှာ​ဘက် သေ​တ္တာ​ဖုံး​အ​ပေါ်၌ လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။ သေ​တ္တာ​ဖုံး​ရှေ့၌​လည်း ခု​နစ်​ကြိမ်​တိုင်​အောင် လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 15,
      "text": "ထို​နောက် လူ​များ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​သတ်၍၊ အ​သွေး​ကို ကု​လား​ကာ​အ​တွင်း​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ နွား​အ​သွေး​ကို ဖျန်း​သ​ကဲ့​သို့၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌​လည်း​ကောင်း၊ ရှေ့၌​လည်း​ကောင်း ဖျန်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပြစ်​မှား​သော အ​ပြစ်​အ​မျိုး​မျိုး​တို့​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​ထဲ​မှာ​နေ​ရ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့ ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 17,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဝင်​သော​အ​ခါ၊ မိ​မိ​အ​ဖို့၊ မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့၊ ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ မ​ထွက်​မီ​တိုင်​အောင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​မှာ အ​ဘယ်​သူ​မျှ​မ​နေ​ရ။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 18,
      "text": "နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​သို့​ထွက်​လာ၍ ထို​ပ​လ္လင်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ နွား​အ​သွေး၊ ဆိတ်​အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပတ်​လည် ဦး​ချို​တို့၌​ထည့်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 19,
      "text": "ယဇ်​ပ​လ္လင်​အ​ပေါ်၌​လည်း ထို​အ​သွေး​ကို​လက်​ညှိုး​နှင့် ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​မှ စင်​ကြယ်​သန့်​ရှင်း​စေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 20,
      "text": "ထို​သို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြီး​စီး​ပြီး​မှ၊ အ​သက်​ရှင်​သော​ဆိတ်​ကို ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 21,
      "text": "အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 22,
      "text": "သူ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို၊ လူ​မ​နေ​သော အ​ရပ်​သို့​ဆောင်​သွား​သော​ထို​ဆိတ်​ကို တော၌​လွှတ်​လိုက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 23,
      "text": "တစ်​ဖန် အာ​ရုန်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့ အ​ရင်​ဝင်​သော​အ​ခါ၊ ဝတ်​သော​ပိတ်​ချော​အ​ဝတ်​ကို​ချွတ်၍ ထို​အ​ရပ်၌​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 24,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ ကိုယ်​ကို​ရေ​ချိုး၍၊ မိ​မိ​အ​ဝတ်​ကို​ဝတ်​ပြီး​မှ တစ်​ဖန်​ထွက်​လာ၍၊ မိ​မိ​မီး​ရှို့​ရာ​ယဇ်၊ လူ​များ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ မိ​မိ​အ​ဖို့​နှင့် လူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 25,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ဆီ​ဥ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 26,
      "text": "လွတ်​လပ်​လ​ဟာ​သို့ ဆိတ်​ကို​လွှတ်​လိုက်​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 27,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဆောင်​သွင်း​သော အ​သွေး​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ တပ်​ပြင်​သို့​ယူ​သွား၍ အ​ရေ၊ အ​သား၊ ချေး​နု​ကို မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 28,
      "text": "မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 29,
      "text": "သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဟူ​မူ​ကား၊ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၌ အ​လုပ်​ကို​အ​လျှင်း​မ​လုပ်၊ ခြိုး​ခြံ​စွာ​ကျင့်​လျက်​နေ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် ကင်း​စင်​မည်​အ​ကြောင်း၊ ထို​နေ့​ရက်၌ ယဇ်​ပု​ရော​ဟိတ်​သည် သင်​တို့​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 31,
      "text": "ထို​နေ့​ရက်​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​တို့​ငြိမ်​ဝပ်​ရာ​ဥ​ပုသ်​နေ့၊ ခြိုး​ခြံ​စွာ​ကျင့်​ရ​သော​နေ့​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 32,
      "text": "အ​ဘ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ အ​ရင်​ယဇ်​ပု​ရော​ဟိတ်​လက်​မှ ဘိ​သိက်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ခံ​သော​သူ​သည်၊ ထို​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော ပိတ်​ချော​အ​ဝတ်​ကို​ဝတ်၍၊"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 33,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖို့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 16,
      "verse": 34,
      "text": "ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း၊ သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အာ​ရုန်​ပြု​လေ၏။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 2,
      "text": "သင်​သည် အာ​ရုန်​နှင့်​သူ၏​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် သိုး၊ ဆိတ်၊ နွား​ကို တပ်​ထဲ​မှာ သတ်​သည်​ဖြစ်​စေ၊ တပ်​ပြင်​မှာ​သတ်​သည်​ဖြစ်​စေ၊"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​သို့​မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​သည် အ​သက်​သတ်​သော အ​ပြစ်​ရှိ​သည်​ဟု​မှတ်​ရ​မည်။ အ​သက်​သတ်​သော ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တော၌​ပူ​ဇော်​သော​ယဇ်​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​စေ​ခြင်း​ငှာ ထို​သို့​စီ​ရင်​ရ​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၌​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း၍၊ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့​မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 7,
      "text": "သူ​တို့​သည် အ​ထက်​က​မှား​ယွင်း​သ​ကဲ့​သို့ နောက်​တစ်​ဖန် နတ်​ဆိုး​တို့​အား​ယဇ်​မ​ပူ​ဇော်​ရ။ ဤ​ပ​ညတ်​သည် သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော် ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​တစ်​စုံ​တစ်​ခု​ကို ပူ​ဇော်​သော​အ​ခါ၊"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​သို့ မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်၏။ သင်​တို့​ပြု​သော​အ​ပြစ်​ကို ဖြေ​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​သင်​တို့​အား ယဇ်​ပ​လ္လင်​ပေါ်​မှာ ငါ​ပေး​ပြီ။ လူ​အ​ပြစ်​ကို​ဖြေ​သော​အ​ရာ​ကား၊ အ​သွေး​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 12,
      "text": "ထို​ကြောင့် သင်​တို့၌ အ​ဘယ်​သူ​မျှ အ​သွေး​ကို​မ​စား​ရ။ သင်​တို့​တွင် တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​လည်း အ​သွေး​ကို​မ​စား​ရ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ့​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည်၊ မု​ဆိုး​လုပ်၍​စား​စ​ရာ​ဖို့ သား၊ ငှက်​ကို​ဖမ်း​မိ​လျှင်၊ အ​သွေး​ကို​သွန်၍ မြေ​နှင့်​ဖုံး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 14,
      "text": "အ​သွေး​သည် ခပ်​သိမ်း​သော​ကိုယ်​ခ​န္ဓာ အ​သက်​ရှင်​ရာ​အ​ကြောင်း​ဖြစ်၏။ ထို​ကြောင့် သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​ကိုယ်​ခ​န္ဓာ၏​အ​သွေး​ကို​မ​စား​ရ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ့​အ​မိန့်​တော်​ရှိ၏။ ခပ်​သိမ်း​သော ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်​သော​ကြောင့်၊ အ​သွေး​ကို​စား​သော​သူ မည်​သည်​ကား၊ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 15,
      "text": "အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၏​အ​သား​ကို စား​သော​ကိုယ်​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​မည်​သည်​ကား၊ စား​လျှင် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ ထို​နောက် စင်​ကြယ်​ခြင်း​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 17,
      "verse": 16,
      "text": "အ​ဝတ်​ကို​မ​လျှော် ရေ​မ​ချိုး​လျှင်၊ ကိုယ်​အ​ပြစ်​ကို​ကိုယ်​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညတ်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 3,
      "text": "သင်​တို့​နေ​ဖူး​သော အဲ​ဂု​တ္တု​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​ပို့​ဆောင်​လ​တ္တံ့​သော ခါ​နာန်​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မ​ကျင့်၊ သူ​တို့​တ​ရား​လမ်း​သို့ မ​လိုက်​ရ​ကြ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 4,
      "text": "ငါ​စီ​ရင်​ချက်​ရှိ​သည်​အ​တိုင်း​ကျင့်၍၊ ငါ့​ပ​ညတ်​တ​ရား​လမ်း​သို့ လိုက်​ခြင်း​ငှာ စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 5,
      "text": "ထို​ကြောင့် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့်​အ​သက်​ရှင်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 6,
      "text": "သင်​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​ပေါက်​ဖော်​တော်​သော​သူ​ကို ချဉ်း၍ သံ​ဝါ​သ​မ​ပြု​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 7,
      "text": "သင်၏​အ​ဘ​နှင့်​သာ​ဆိုင်​သော သင်၏​အ​မိ​ကို မ​ချဉ်း​ရ။ ကိုယ်​အ​မိ​ဖြစ်​သော​ကြောင့် သံ​ဝါ​သ​မ​ပြု​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 8,
      "text": "ကိုယ်​အ​ဘ၏​မ​ယား​မည်​သည်​ကို မ​ချဉ်း​ရ။ အ​ဘ​နှင့်​သာ ဆိုင်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 9,
      "text": "တစ်​အိမ်​တည်း၌ မွေး​ဖွား​သည်​ဖြစ်​စေ၊ အ​ခြား​သော​အ​ရပ်၌ မွေး​ဖွား​သည်​ဖြစ်​စေ၊ သင်၏​နှ​မ​ကို​မ​ချဉ်း​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 10,
      "text": "ကိုယ်​ရင်​သွေး​ဖြစ်​သော သင်၏​မြေး​ကို​မ​ချဉ်း​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 11,
      "text": "အ​မိ​ခြား​သော်​လည်း တစ်​ဘ​တည်း​ဖြစ်​သော နှ​မ​ကို​မ​ချဉ်း​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 12,
      "text": "သင့်​အ​ဘ၏​ပေါက်​ဖော်​ရင်း​ဖြစ်​သော အ​ဘ၏​နှ​မ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 13,
      "text": "သင့်​အ​မိ၏​ပေါက်​ဖော်​ရင်း​ဖြစ်​သော အ​မိ၏​ညီ​အစ်​မ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 14,
      "text": "အ​ဘ၏​ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော မိ​ကြီး​မိ​ထွေး​ဖြစ်​သော အ​ဘ၏​ညီ​အစ်​ကို မ​ယား​ကို​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 15,
      "text": "သား၏​မ​ယား​တည်း​ဟူ​သော ချွေး​မ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 16,
      "text": "ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော ညီ​အစ်​ကို၏​မ​ယား​ကို​လည်း​ကောင်း မ​ချဉ်း​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 17,
      "text": "ကိုယ်​မ​ယား၏​ပေါက်​ဖော်​ရင်း​ဖြစ်​သော မ​ယား၏​သ​မီး၊ မ​ယား၏​မြေး​ကို မ​ချဉ်း​ရ။ မ​တ​ရား​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 18,
      "text": "ကိုယ်​မ​ယား​ကို​နှောင့်​ယှက်​ခြင်း​ငှာ သူ​အ​သက်​ရှင်​စဉ်​တွင် သူ၏​ညီ​အစ်​မ​ကို မ​သိမ်း​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 19,
      "text": "ဥ​တု​ရောက်၍ မ​စင်​ကြယ်​သော​မိန်း​မ​ကို​လည်း မ​ချဉ်း​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 20,
      "text": "ကိုယ်​ကို​ညစ်​ညူး​စေ​လျက်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 21,
      "text": "သင်၏​သား​သ​မီး​တို့​ကို၊ မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 22,
      "text": "မိန်း​မ​နှင့် ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ချင်း​မ​ပေါင်း​ဖော်​ရ။ ရွံ​ရှာ​ဖွယ်​အ​မှု​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 23,
      "text": "ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ၍ တိ​ရ​စ္ဆာန်​နှင့်​မ​ပေါင်း​ဖော်​ရ။ မိန်း​မ​သည်​လည်း မိ​မိ​နှင့် တိ​ရ​စ္ဆာန်၏​ပေါင်း​ဖော်​ခြင်း​ကို​မ​ခံ​ရ။ ရွံ​ရှာ​ဖွယ်​သော ရော​နှော​ခြင်း​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 24,
      "text": "ထို​သို့​သော​အ​မှု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ။ သင်​တို့​ရှေ့​မှာ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​သို့​သော​အ​မှု​ကို​ပြု၍ ညစ်​ညူး​ကြ၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 25,
      "text": "သူ​တို့​ပြည်​သည်​လည်း ညစ်​ညူး၏။ ညစ်​ညူး​သော​အ​ပြစ်​ကြောင့် ငါ​ဆုံး​မ၍၊ ထို​ပြည်​သည် မိ​မိ​သား​တို့​ကို အော့​အန်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 26,
      "text": "သင်​တို့​မူ​ကား၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ထို​ပြည်​သည် သင်​တို့​ရှေ့၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို အော့​အန်​သ​ကဲ့​သို့ တစ်​ဖန်​ညစ်​ညူး​ခြင်း​ကို​ခံ၍၊ သင်​တို့​ကို မ​အော့​အန်​စေ​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ထို​သို့​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မ​ပြု​ရ။ သင်​တို့​ရှေ့၌​ရှိ​သော​ပြည်​သား​တို့​သည် ထို​သို့​သော​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​သော​အား​ဖြင့် သူ​တို့​ပြည်​သည် ညစ်​ညူး​ခြင်း​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 29,
      "text": "ထို​သို့​သော​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​သော​သူ​မည်​သည်​ကား၊ သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 18,
      "verse": 30,
      "text": "သို့​ဖြစ်၍ သင်​တို့​ရှေ့၌​ပြု​ဖူး​သော ထို​ရွံ​ရှာ​ဖွယ်​ထုံး​စံ​ဓ​လေ့​သို့ သင်​တို့​သည်​လိုက်၍၊ ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 3,
      "text": "လူ​တိုင်း ကိုယ်​မိ​ဘ​ကို​ရို​သေ​ရ​မည်။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​လည်း စောင့်​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 4,
      "text": "ရုပ်​တု​ဆင်း​တု​ကို​လည်း မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်​အ​ဖို့ သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 5,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်၊ စိတ်​တော်​နှင့်​တွေ့​အောင် ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 6,
      "text": "ပူ​ဇော်​သော​နေ့​နှင့် နက်​ဖြန်​နေ့၌ စား​ရ​မည်။ သန်​ဘက်​နေ့​တိုင်​အောင် ကျန်​ကြွင်း​လျှင် မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 7,
      "text": "သန်​ဘက်​နေ့၌ အ​နည်း​ငယ်​ကို​မျှ​စား​လျှင် ရွံ​ရှာ​ဖွယ်​ဖြစ်၏။ စိတ်​တော်​နှင့်​မ​တွေ့။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 8,
      "text": "စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 9,
      "text": "ကိုယ်​မြေ၌​ဖြစ်​သော စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင်​မ​ရိတ်​ရ။ သိမ်း​ရာ​တွင် ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 10,
      "text": "ကိုယ်​စ​ပျစ်​သီး​ကို​လည်း အ​ကုန်​အ​စင်​မ​သိမ်း​ရ။ ကျန်​ကြွင်း​သော​အ​သီး​ကို ပြန်၍​မ​ဆွတ်​ရ။ ထို​အ​သီး​ကို​ဆင်း​ရဲ​သော​သူ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 11,
      "text": "သူ့​ဥ​စ္စာ​ကို မ​ခိုး​ရ။ သူ​တစ်​ပါး​ကို မ​လှည့်​စား​ရ။ တစ်​ယောက်​ကို​တစ်​ယောက် မု​သား​စ​ကား​မ​ပြော​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 12,
      "text": "ငါ့​နာ​မ​ကို​တိုင်​တည်၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​ခြင်း​ကို​မ​ပြု​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 13,
      "text": "ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့်​မ​သိမ်း​ရ။ အ​နိုင်​အ​ထက်​ပြု၍ မ​ယူ​ရ။ သူ​ငှား​ခံ​ထိုက်​သော​အ​ခ​ကို တစ်​ည​လုံး​နံ​နက်​တိုင်​အောင် မ​ထား​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 14,
      "text": "နား​ပင်း​သော​သူ​ကို မ​ကျိန်​ဆဲ​ရ။ မျက်​စိ​မ​မြင်​သော​သူ​ရှေ့​မှာ ထိ​မိ၍​လဲ​စ​ရာ​ကို မ​ထား​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 15,
      "text": "တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 16,
      "text": "သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 17,
      "text": "သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 18,
      "text": "သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 19,
      "text": "ငါ၏​ပ​ညတ်​တ​ရား​ကို သင်​တို့​သည်​စောင့်​ရ​ကြ​မည်။ အ​မျိုး​ခြား​သော တိ​ရ​စ္ဆာန်​အ​ထီး​အ​မ​တို့​ကို မ​ယှက်​မ​တင်​စေ​ရ။ ခြား​နား​သော မျိုး​စေ့​ကို​ရော​နှော၍ လယ်၌​မ​ကြဲ​ရ။ ဝါ​နှင့် သိုး​မွေး​ရော၍​ရက်​သော​အ​ဝတ်​ကို မ​ဝတ်​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 20,
      "text": "ထိမ်း​မြား​ဆောင်​နှင်း​လျက်၊ မ​ရွေး​မ​လွှတ်​သေး​သော ကျွန်​မိန်း​မ​နှင့် သင့်​နေ​သော​သူ​သည် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​မည်။ ထို​မိန်း​မ​သည် သူ့​ကျွန်​ဖြစ်​သော​ကြောင့် သေ​ပြစ်​နှင့်​လွတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 21,
      "text": "ယောက်ျား​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​နား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 22,
      "text": "ထို​ယောက်ျား​ပြု​မိ​သော​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​သိုး​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ပူ​ဇော်​ရ​မည်။ ထို​ယောက်ျား​သည် အ​ပြစ်​လွတ်​ခြင်း​သို့​ရောက်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 23,
      "text": "သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍၊ စား​အပ်​သော​အ​ပင်​အ​မျိုး​မျိုး​ကို စိုက်​ပြီး​မှ၊ သုံး​နှစ်​ပတ်​လုံး​သီး​သော​အ​သီး​ကို၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​သီး​ဟူ၍ မှတ်​ရ​မည်။ ထို​အ​သီး​ကို မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 24,
      "text": "စ​တု​တ္ထ​နှစ်​တွင် သီး​သော​အ​သီး​ရှိ​သ​မျှ​သည်​သန့်​ရှင်း၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ဖို့​ရာ ဖြစ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 25,
      "text": "ပ​ဥ္စ​မ​နှစ်​တွင် သီး​သော​အ​သီး​ကို​စား​ရ​မည်။ ထို​သို့​ပြု​လျှင် အ​ပင်​တို့​သည် သာ၍​သီး​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 26,
      "text": "အ​သွေး​ပါ​သော အ​သေ​ကောင်​ကို မ​စား​ရ။ မ​ကောင်း​သော အ​တတ်​ကို​မ​ပြု​စု​ရ။ ကာ​လ​ဗေ​ဒင်​ကို မ​ကြည့်​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 27,
      "text": "ဦး​ခေါင်း​အ​နား​ပတ်​လည်၌ ဆံ​ပင်​ကို​ဝန်း၍​မ​ရိတ်​ရ။ ပါး​မုန်း​ကို​လည်း မ​ရိတ်​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 28,
      "text": "သေ​သော​သူ​အ​တွက် ကိုယ်​အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ သံ​ပူ​မ​ထိုး​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 29,
      "text": "ကိုယ်​သ​မီး​ကို ပြည့်​တန်​ဆာ​ဖြစ်​စေ​ခြင်း​ငှာ မ​ရှုတ်​မ​ချ​ရ။ သို့​ပြု​လျှင် တစ်​ပြည်​လုံး​သည် မ​တ​ရား​သော​မေ​ထုန်​သို့​လိုက်၍၊ အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 30,
      "text": "ငါ့​ဥ​ပုသ်​နေ့​တို့​ကို​စောင့်၍၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရို​သေ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 31,
      "text": "ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ​ခြင်း​ငှာ၊ နတ်​ဝင်​သူ​ကို​မ​မှီ​ဝဲ​ရ။ စုန်း​လုပ်​သူ​ကို​လည်း မ​ရှာ​ဖွေ​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 32,
      "text": "ဆံ​ပင်​ဖြူ​သော​သူ​ရှေ့​မှာ ထ​ရ​မည်။ အ​သက်​ကြီး​သော​သူ၏​မျက်​နှာ​ကို ရို​သေ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 33,
      "text": "သင်၏​ပြည်၌ တည်း​နေ​သော​ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 34,
      "text": "သင်​နှင့်​အ​တူ​နေ​သော ဧည့်​သည်​ကို ကိုယ်​အ​မျိုး​သား​ချင်း​ကဲ့​သို့ မှတ်​ရ​မည်။ ကိုယ်​နှင့်​အ​မျှ ချစ်​ရ​မည်။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 35,
      "text": "တိုင်း​ထွာ​သော​အ​မှု၊ ချိန်​တွယ်​သော​အ​မှု၊ ခြင်​တွက်​သော​အ​မှု၌ မ​တ​ရား​စွာ​မ​ပြု​ရ။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 36,
      "text": "မှန်​သော​ချိန်​ခွင်၊ မှန်​သော​အ​လေး၊ မှန်​သော​ဧ​ဖာ၊ မှန်​သော​ဟိန်​တို့​ကို သုံး​ရ​မည်။ ငါ​သည်​သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 19,
      "verse": 37,
      "text": "သင်​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 3,
      "text": "ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​လျက်၊ ငါ့​သန့်​ရှင်း​သော​နာ​မ​တော်​ကို ရှုတ်​ချ​လျက်၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား​ဆက်​ကပ်​သော​သူ​ကို၊ ငါ​သည် မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 4,
      "text": "မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​ကို ပြည်​သား​တို့​သည် အ​မှု​မ​ထား၊ မ​သတ်​ဘဲ​နေ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 5,
      "text": "ထို​သို့​နေ​သော​သူ​နှင့် သူ၏​အိမ်​သူ​အိမ်​သား​တို့​ကို ငါ​သည်​မျက်​နှာ​ထား၍ ထို​သူ​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ မော​လုတ်​ဘု​ရား​ထံ၌ မှား​ယွင်း​သော​သူ​ကို​လည်း​ကောင်း၊ သူ​တို့​အ​မျိုး​မှ​ပယ်​ရှင်း​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 6,
      "text": "လမ်း​လွဲ၍ နတ်​ဝင်​သူ၊ စုန်း​လုပ်​သူ​နောက်​သို့​လိုက်​လျက်၊ မှား​ယွင်း​သော​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 7,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည် ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 8,
      "text": "ငါ့​နည်း​နိဿ​ယ​တို့​ကို ကျင့်​ဆောင်​ရ​ကြ​မည်။ ငါ​သည် သင်​တို့​ကို သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 9,
      "text": "မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​တိုင်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ မိ​ဘ​ကို ကျိန်​ဆဲ​သော​ကြောင့် သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 10,
      "text": "သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 11,
      "text": "ကိုယ်​အ​ဘ၏​မ​ယား​နှင့် သင့်​နေ​သော​သူ​သည် အ​ဘ​နှင့်​သာ​ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့်၊ ထို​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 12,
      "text": "ယောက်ျား​သည် ကိုယ်​ချွေး​မ​နှင့်​သင့်​နေ​လျှင်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ရွံ​ရှာ​ဖွယ်​သော​ရော​နှော​ခြင်း​ကို ပြု​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 13,
      "text": "မိန်း​မ​နှင့်​ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ခြင်း​ပေါင်း​ဖော်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည်၊ ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို​ပြု​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 14,
      "text": "ယောက်ျား​သည် သ​မီး​နှင့်​အ​မိ​ကို မ​ယား​ပြု​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ သင်​တို့​တွင် မ​တ​ရား​သော​အ​မှု​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သူ​သုံး​ယောက်​တို့​ကို မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 15,
      "text": "ယောက်ျား​သည် တိ​ရ​စ္ဆာန်​နှင့်​ပေါင်း​ဖော်​လျှင် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ထို​တိ​ရ​စ္ဆာန်​ကို​လည်း သတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 16,
      "text": "မိန်း​မ​သည်​လည်း၊ မိ​မိ​နှင့် တိ​ရ​စ္ဆာန်၏​ပေါင်း​ဖော်​ခြင်း​ကို​ခံ​လျှင်၊ ထို​မိန်း​မ​နှင့် တိ​ရ​စ္ဆာန်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 17,
      "text": "ယောက်ျား​သည် အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​ဖြစ်​သော မိ​မိ​နှ​မ​နှင့်​သင့်​နေ​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ ထို​သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​ရှေ့​မှောက်၌ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။ ထို​ယောက်ျား​သည် နှ​မ​နှင့်​သင့်​နေ​သော​ကြောင့်၊ မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 18,
      "text": "ယောက်ျား​သည် ဥ​တု​ရောက်​လျက်​ရှိ​သော​မိန်း​မ​နှင့် သင့်​နေ​လျှင်၊ ထို​သူ​တို့​သည် သ​ဘော​တူ၍ သွေး​သွန်​အ​နာ​ကို​ထင်​ရှား​စေ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 19,
      "text": "အ​ဘ၏​နှ​မ၊ အ​မိ၏​ညီ​မ​နှင့် မ​သင့်​မ​နေ​ရ။ ထို​သို့​သော​ပေါက်​ဖော်​ရင်း​နှင့် သင့်​နေ​သော​သူ​တို့​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 20,
      "text": "အ​ဘ၏​ညီ​အစ်​ကို​မ​ယား​နှင့် သင့်​နေ​လျှင်၊ အ​ဘ၏​ညီ​အစ်​ကို​နှင့်​သာ ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့်၊ ထို​သူ​တို့​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​သ​ဖြင့်၊ တစ်​သက်​လုံး သား​မ​ရ​ဘဲ​နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 21,
      "text": "ညီ​အစ်​ကို၏​မ​ယား​နှင့် သင့်​နေ​လျှင် ညစ်​ညူး​သော​အ​မှု​ဖြစ်၏။ ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့် ထို​သူ​တို့​သည် သား​မ​ရ​ဘဲ​နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 22,
      "text": "သင်​တို့​ကို​ငါ​ပို့​ဆောင်၍ နေ​ရာ​ချ​သော​ပြည်​သည် မ​အော့​အန်​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို ကျင့်​ဆောင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 23,
      "text": "သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့၏ ဘာ​သာ​ဓ​လေ့​သို့​မ​လိုက်​ရ။ သူ​တို့​သည် ထို​သို့​သော​အ​မှု​ခပ်​သိမ်း​တို့​ကို ပြု​သော​ကြောင့် ငါ​ရွံ​ရှာ၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 24,
      "text": "သူ​တို့​ပြည်​တည်း​ဟူ​သော နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​ကို သင်​တို့​သည် အ​မွေ​ခံ​စေ​ခြင်း​ငှာ ငါ​အ​ပိုင်​ပေး​မည်​ဟု ငါ့​အ​မိန့်​တော်​ရှိ​ပြီ။ ငါ​သည် သင်​တို့​ကို အ​ခြား​သော​အ​မျိုး​နှင့်​ခွဲ​ထား​သော သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 25,
      "text": "ထို​အ​ကြောင်း​ကြောင့်၊ စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်၊ မ​စင်​ကြယ်​သော​ငှက်​တို့​ကို ပိုင်း​ခြား​ရ​မည်။ ငါ​ခွဲ​ထား​သည်​အ​တိုင်း၊ မ​စင်​ကြယ်​သော​သား၊ ငှက်၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​ခု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ရွံ​ရှာ​ဖွယ်​မ​ဖြစ်​စေ​ရ။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 26,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​သည်​ဖြစ်၍၊ သင်​တို့​ကို​ငါ​အ​လို​ရှိ​သ​ဖြင့်၊ အ​ခြား​သော​အ​မျိုး​နှင့် ခွဲ​ထား​သော​ကြောင့်၊ ငါ့​အ​ဖို့​သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 20,
      "verse": 27,
      "text": "ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နတ်​ဝင်​သော​သူ၊ စုန်း​လုပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ထို​သို့​သော​သူ​ကို ခဲ​နှင့်​ပစ်​ရ​ကြ​မည်။ သူ၌ သေ​ထိုက်​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျိုး​သား​ချင်း​သေ​သော​သူ​အ​တွက် သင်​တို့​တွင်​အ​ဘယ်​သူ​မျှ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 2,
      "text": "သို့​ရာ​တွင် ပေါက်​ဖော်​ရင်း​တည်း​ဟူ​သော မိ​ဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 3,
      "text": "လင်​မ​နေ​သော က​ညာ​နှ​မ​ရင်း​အ​တွက် ညစ်​ညူး​ခြင်း​ကို ခံ​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 4,
      "text": "အ​မျိုး​သား​ချင်း​သူ​ကြီး​အ​တွက်၊ ကိုယ်​ကို​ကိုယ်​ရှုတ်​ချ၍ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ဆံ​ပင်​ကို​မ​ရိတ်​ရ။ ပါး​မုန်း​ကို​မ​ရိတ်​ရ။ အ​သား၌ ခုတ်​ရှ​ခြင်း​ကို​မ​ပြု​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 6,
      "text": "သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ မိ​မိ​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မိ​မိ​ဘု​ရား​သ​ခင်၏ အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​သော​ကြောင့် သန့်​ရှင်း​ခြင်း​ရှိ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 7,
      "text": "သူ​သည်​ပြည့်​တန်​ဆာ​မိန်း​မ၊ သီ​လ​ပျက်​သော​မိန်း​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း၏။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 8,
      "text": "သင်၏​ဘု​ရား​သ​ခင်​ပွဲ​တော်​ကို ဆက်​သော​ကြောင့်၊ သူ့​ကို​သန့်​ရှင်း​စေ၍၊ သူ​သည် သင့်​အ​ဖို့​သန့်​ရှင်း​ရ​မည်။ သင်​တို့​ကို​သန့်​ရှင်း​စေ​သော ငါ​ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း၏။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 9,
      "text": "ယဇ်​ပု​ရော​ဟိတ်​သ​မီး​သည်၊ ပြည့်​တန်​ဆာ​လုပ်၍ ကိုယ်​ကို​ကိုယ် ရှုတ်​ချ​လျှင်၊ မိ​မိ​အ​ဘ​ကို ရှုတ်​ချ​ရာ​ရောက်၏။ ထို​သူ​ကို မီး​ရှို့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 10,
      "text": "မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင်၊ အ​ဝတ်​တန်​ဆာ​ဆင်​လျက်၊ အ​ရာ၌​ခန့်​ထား၍ မိ​မိ​ခေါင်း​ပေါ်​မှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ခံ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ မိ​မိ​ခေါင်း၌ တန်​ဆာ​ကို​မ​ချွတ်​ရ။ မိ​မိ​အ​ဝတ်​ကို မ​ဆုတ်​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 11,
      "text": "အ​သေ​ကောင်​ကို မ​ချဉ်း​ရ။ မိ​ဘ​အ​တွက် ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 12,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က မ​ထွက်​ရ။ မိ​မိ​ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မ​ရှုတ်​မ​ချ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ဘု​ရား​သ​ခင်၏ ဘိ​သိက်​ဆီ​နှင့်​ဆိုင်​သော သင်း​ကျစ်​ကို ဆောင်း​ရ​သော​သူ​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 13,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ အ​ပျို​က​ညာ​နှင့်​သာ စုံ​ဖက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 14,
      "text": "မု​ဆိုး​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ၊ သီ​လ​ပျက်​သော​မိန်း​မ၊ ပြည့်​တန်​ဆာ​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ မိ​မိ​အ​မျိုး​သား​ချင်း အ​ပျို​က​ညာ​နှင့်​သာ စုံ​ဖက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 15,
      "text": "မိ​မိ​သား​ကို၊ အ​မျိုး​သား​ချင်း​တို့​တွင် မ​ရှုတ်​မ​ချ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို သန့်​ရှင်း​စေ​သည်​ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 16,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်​အား​ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 17,
      "text": "သင်၏​အ​မျိုး​အ​စဉ်​အ​ဆက်​တွင် ကိုယ်၌​အ​ပြစ်​ရှိ​သော​သူ​သည်၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပွဲ​တော်​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 18,
      "text": "မျက်​စိ​ကန်း​သော​သူ၊ ခြေ​ဆွံ့​သော​သူ၊ နှာ​ခေါင်း​ပိ​သော​သူ၊ အင်္ဂါ​ပို​လွန်​သော​သူ၊"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 19,
      "text": "လက်​ကျိုး​သော​သူ၊ ခြေ​ကျိုး​သော​သူ၊"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 20,
      "text": "ကျော​ကုန်း​သော​သူ၊ ပု​သော​သူ၊ မျက်​စိ​နာ​သော​သူ၊ ဝဲ​စွဲ​သော​သူ၊ ယား​နာ​စွဲ​သော​သူ၊ ဝှေး​စေ့​ပျက်​သော​သူ​သည် မ​ချဉ်း​မ​ကပ်​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 21,
      "text": "ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မျိုး​တွင်၊ ကိုယ်၌​အ​ပြစ်​ပါ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်၌​အ​ပြစ်​ပါ​သော​ကြောင့်၊ မိ​မိ​ဘု​ရား​သ​ခင်၏​မုန့်​တော်​ကို ဆက်​ကပ်​အံ့​သော​ငှာ မ​ချဉ်း​မ​ကပ်​ရ။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 22,
      "text": "သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ အ​လွန်​သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ မိ​မိ​ဘု​ရား​သ​ခင်၏ မုန့်​တော်​ကို​စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 23,
      "text": "ကိုယ်၌​အ​ပြစ်​ပါ​သော​ကြောင့်၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​အ​ရပ်​တို့​ကို ရှုတ်​ချ​မည်​ကို စိုး​ရိမ်၍၊ ကု​လား​ကာ​အ​တွင်း​သို့ မ​ဝင်​ရ။ ယဇ်​ပ​လ္လင်​သို့ မ​ချဉ်း​မ​ကပ်​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​ရပ်​တို့​ကို သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 21,
      "verse": 24,
      "text": "မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 2,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ငါ့​အ​ဖို့​သန့်​ရှင်း​စေ​သော​အ​ရာ​အား​ဖြင့်၊ သန့်​ရှင်း​သော ငါ၏​နာ​မ​တော်​ကို​မ​ရှုတ်​မ​ချ​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​ရာ​များ​နှင့် ကိုယ်​ကို​ကိုယ်​ကွာ​စေ​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဣ​သ​ရေ​လ​အ​မျိုး​သား​သန့်​ရှင်း​စေ​သ​ဖြင့်၊ သန့်​ရှင်း​ခြင်း​ရှိ​သော​အ​ရာ​တို့​ကို၊ ကိုယ်​မ​စင်​ကြယ်​လျက်​နှင့် ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား​မည်​သည်​ကား၊ ငါ့​ထံ​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 4,
      "text": "နူ​နာ၊ ရိ​နာ​စွဲ​သော အာ​ရုန်၏​အ​မျိုး​သား​မည်​သည်​ကား၊ မ​စင်​ကြယ်​မီ​တိုင်​အောင် သန့်​ရှင်း​သော​အ​ရာ​ကို​မ​စား​ရ။ အ​သေ​ကောင်​နှင့်​ဆိုင်၍ မ​သန့်​ရှင်း​သော​အ​ရာ​ကို ထိ​သော​သူ၊ သုက်​ရည်​ထွက်​သော​သူ၊"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 5,
      "text": "ညစ်​ညူး​စေ၍ တွား​တတ်​သော​တိ​ရ​စ္ဆာန်​ကို​ထိ​သော​သူ၊ ညစ်​ညူး​ခြင်း​တစ်​စုံ​တစ်​ခု​စွဲ၍ ညစ်​ညူး​သော​သူ၊ ထို​သို့​သော​သူ​ကို ထိ​သ​မျှ​သော​သူ​တို့​သည်၊"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 6,
      "text": "ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ကိုယ်​ကို​ရေ​မ​ချိုး​ဘဲ​နေ​လျှင်၊ သန့်​ရှင်း​သော​အ​ရာ​ကို မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 7,
      "text": "နေ​ဝင်​သော​နောက်​မှ သန့်​ရှင်း​ခြင်း​သို့​ရောက်​သည်​ဖြစ်၍၊ သန့်​ရှင်း​သော​အ​ရာ​သည် သူ​တို့​စား​စ​ရာ​ဖြစ်​သော​ကြောင့်၊ ထို​နောက်​မှ​စား​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 8,
      "text": "အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍ မ​စား​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 9,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ပ​ညတ်​တော်​ကို​ဖျက်​သ​ဖြင့်၊ ကိုယ်​အ​ပြစ်​ကို​ခံ​လျက် မ​သေ​ရ​မည်​အ​ကြောင်း ငါ့​ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 10,
      "text": "တစ်​ပါး​အ​မျိုး​သား​သည် သန့်​ရှင်း​သော​အ​ရာ​ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်၌ တည်း​နေ​သော ဧည့်​သည်​မ​စား​ရ။ သူ​ငှား​လည်း​မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 11,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ကိုယ်​ငွေ​နှင့်​ဝယ်​သော​သူ၊ သူ၏​အိမ်၌​မွေး​သော​သူ​သည် သူ၏​အ​စာ​ကို​စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 12,
      "text": "ယဇ်​ပု​ရော​ဟိတ်​သ​မီး​သည် တစ်​ပါး​အ​မျိုး​သား၏​မ​ယား​ဖြစ်​လျှင်၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​အ​ရာ​ကို မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 13,
      "text": "သို့​ရာ​တွင် လင်​သေ​သော်​လည်း​ကောင်း၊ လင်​နှင့်​ကွာ​သော်​လည်း​ကောင်း၊ သား​မ​ရှိ​ဘဲ မိ​မိ​အ​ဘ​အိမ်​သို့​ပြန်၍ ငယ်​စဉ်​အ​ခါ​နေ​သ​ကဲ့​သို့ နေ​ပြန်​လျှင်၊ အ​ဘ၏​အ​စာ​ကို စား​ရ​မည်။ တစ်​ပါး​အ​မျိုး​သား​မ​စား​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 14,
      "text": "လူ​သည်​သန့်​ရှင်း​သော​အ​ရာ​ကို မ​သိ​ဘဲ​စား​မိ​လျှင်၊ စား​မိ​သော​အ​ရာ၏ အ​ဖိုး​နှင့်​တ​ကွ ငါး​စု​တစ်​စု​ကို​ထပ်၍ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်၍၊ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ရှုတ်​မ​ချ​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 16,
      "text": "ထို​အ​ရာ​တို့​ကို​စား​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို မ​ခံ​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 17,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က သင်​သည် အာ​ရုန်​နှင့်​သူ၏​သား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လို​လျှင်၊"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 19,
      "text": "စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ အ​ပြစ်​မ​ပါ​သော​သိုး၊ ဆိတ်၊ နွား​အ​ထီး​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 20,
      "text": "အ​ပြစ်​ပါ​သော​အ​ကောင်​ကို မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 21,
      "text": "သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ သိုး၊ ဆိတ်၊ နွား​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ​စုံ​လင်​ရ​မည်။ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 22,
      "text": "မျက်​စိ​ကန်း​သော​အ​ပြစ်၊ အ​ရိုး​ကျိုး​သော​အ​ပြစ်၊ အင်္ဂါ​ချို့​တဲ့​သော​အ​ပြစ်၊ မြင်း​ဖု​ရှိ​သော​အ​ပြစ်၊ ဝဲ​နာ၊ ယား​နာ​စွဲ​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား မ​ပူ​ဇော်​ရ။ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​မ​ပြု​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 23,
      "text": "သို့​ရာ​တွင် အင်္ဂါ​ပို​ခြင်း၊ ချို့​တဲ့​ခြင်း​အ​ပြစ်​ရှိ​သော သိုး၊ ဆိတ်၊ နွား​ကို အ​လို​လို ပူ​ဇော်​သ​ကာ​ဖို့​ပူ​ဇော်​ရ​မည်။ သ​စ္စာ​က​တိ​နှင့်​ဆိုင်၍​ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 24,
      "text": "ကြိတ်​နယ်​စုတ်​ပြတ်​ရာ အ​နာ​ရှိ​သော​အ​ထီး​ကို ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​ရ။ သင်​တို့​ပြည်၌ ထို​သို့​သော​အ​ကောင်​ကို ပူ​ဇော်​သ​ကာ​မ​ပြု​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 25,
      "text": "ထို​သို့​သော​အ​ကောင်​ကို တစ်​ပါး​အ​မျိုး​သား​ဆက်​သော်​လည်း ပျက်​သော​အ​ပြစ်​ပါ​သော​ကြောင့်၊ သင်​တို့၏​ဘု​ရား​သ​ခင့်​ပွဲ​တော်​ဖို့ မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင်​စိတ်​တော်​နှင့်​မ​တွေ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 26,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 27,
      "text": "သိုး၊ ဆိတ်၊ နွား​တို့​သည်​မွေး​ဖွား​သော​အ​ခါ ခု​နစ်​ရက်​အ​တွင်း​တွင် သား​ငယ်​ကို အ​မိ​နှင့် မ​ကွာ​စေ​ရ။ အ​ဋ္ဌ​မ​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ဖို့​တော်​သင့်၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 28,
      "text": "နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ သား​အ​မိ​နှစ်​ကောင်​ကို တစ်​နေ့​ချင်း​တွင်​မ​သတ်​ရ။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 29,
      "text": "ကျေး​ဇူး​တော်​ဝန်​ခံ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ ပူ​ဇော်​လော့။ တစ်​နေ့​ချင်း​တွင် စား​ရ​မည်။ နက်​ဖြန်​နေ့​တိုင်​အောင် မ​ကြွင်း​စေ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 30,
      "text": "သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 31,
      "text": "သန့်​ရှင်း​သော​ငါ၏​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​တော်​မူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထင်​မှတ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 22,
      "verse": 32,
      "text": "ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်၍၊ သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 1,
      "text": "တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 2,
      "text": "သင်​တို့​သည် စီ​ရင်​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား၏ ပွဲ​တော်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 3,
      "text": "ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 4,
      "text": "အ​ချိန်​တန်​မှ သင်​တို့​ကြော်​ငြာ​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 5,
      "text": "ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ထာ​ဝ​ရ​ဘု​ရား၏​ပ​သ​ခါ​ပွဲ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 6,
      "text": "၎င်း​လ​ဆယ်​ငါး​ရက်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 7,
      "text": "ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 8,
      "text": "ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​မည်။ သ​တ္တ​မ​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို​မ​လုပ်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 9,
      "text": "တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 10,
      "text": "သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍ စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ အ​ဦး​ရိတ်​သော ကောက်​လှိုင်း​တစ်​စည်း​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 11,
      "text": "သင်​တို့​သည် စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ဥ​ပုသ်​နေ့​လွန်​မှ၊ နက်​ဖြန်​နေ့​တွင် ထို​ကောက်​လှိုင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 12,
      "text": "ကောက်​လှိုင်း​ကို​ချီ​လွှဲ​သော​နေ့၌ အ​ခါ​မ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​ထီး​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 13,
      "text": "ထို​ယဇ်​နှင့်​ဆိုင်​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ဆီ​နှင့်​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ဖြစ်​ရ​မည်။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကား၊ စ​ပျစ်​ရည်​သုံး​လော​ဃ ဖြစ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 14,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​သော​နေ့ မ​ရောက်​မီ၌ မုန့်၊ ဆန်​လှော်၊ စိမ်း​သော​အ​သီး​အ​နှံ​ကို မ​စား​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 15,
      "text": "ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ကောက်​လှိုင်း​ကို ဆောင်​ခဲ့​သော​နေ့၊ ဥ​ပုသ်​နေ့​အ​လွန် နက်​ဖြန်​နေ့​က​စ၍ သီ​တင်း​ခု​နစ်​သီ​တင်း​စေ့​အောင် ရေ​တွက်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 16,
      "text": "သ​တ္တ​မ​ဥ​ပုသ်​နေ့​အ​လွန်​နက်​ဖြန်​နေ့​အ​ထိ အ​ရက်​ငါး​ဆယ်​တိုင်​တိုင် ရေ​တွက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​သစ်​ကို ဆက်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဦး​သီး​သော​အ​သီး၊ တ​ဆေး​ဖြင့်​ဖောင်း​ကြွ​သော မုန့်​ညက်​နှစ်​ဩ​မဲ​နှင့်​လုပ်​သော ချီ​လွှဲ​ရာ​မုန့်​နှစ်​လုံး​ကို သင်​တို့​အိမ်​မှ​ထုတ်​ဆောင်​ခဲ့၍၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 18,
      "text": "ထို​မုန့်​နှင့်​တ​ကွ အ​ခါ​မ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်၊ နွား​သ​ငယ်​အ​ထီး​တစ်​ကောင်၊ ဆိတ်​နှစ်​ကောင်​ကို​ဆက်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 19,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ အ​ခါ​လည်​သော​သိုး​သ​ငယ်​နှစ်​ကောင်​ကို​လည်း​ကောင်း ပူ​ဇော်၍၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 20,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​ဦး​သီး​သော​အ​သီး​မုန့်​နှင့်​တ​ကွ ချီ​လွှဲ​သ​ဖြင့်၊ သိုး​သ​ငယ်​နှစ်​ကောင်​ပါ​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ထို​အ​ရာ​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ သန့်​ရှင်း​သော အ​ရာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 21,
      "text": "ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 22,
      "text": "ကိုယ်​မြေ၌​ဖြစ်​သော​စ​ပါး​ကို ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင် မ​ရိတ်​ရ။ သိမ်း​ရာ​တွင်​ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ထို​အ​ရာ​ကို ဆင်း​ရဲ​သော​သူ၊ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 23,
      "text": "တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 24,
      "text": "သင်​တို့​သည်​သ​တ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌​တံ​ပိုး​မှုတ်​ပွဲ၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​သော​ဥ​ပုသ်​နေ့​ကို စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 25,
      "text": "လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 26,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 27,
      "text": "သ​တ္တ​မ​လ၊ ဒ​သ​မ​နေ့​သည်​လည်း အ​ပြစ်​ဖြေ​ရာ​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​သော​နေ့​ဖြစ်၏။ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို​ဆက်​ကပ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 28,
      "text": "ထို​နေ့၌ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 29,
      "text": "ထို​နေ့၌ ခြိုး​ခြံ​စွာ​မ​ကျင့်​သော​သူ​မည်​သည်​ကား မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 30,
      "text": "ထို​နေ့၌ အ​လုပ်​တစ်​စုံ​တစ်​ခု​ကို​လုပ်​သော​သူ မည်​သည်​ကို၊ သူ၏​အ​မျိုး​မှ ငါ​ပယ်​ရှား​ဖျက်​ဆီး​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 31,
      "text": "အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 32,
      "text": "ထို​နေ့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့၊ ခြိုး​ခြံ​စွာ​ကျင့်​ရ​သော​နေ့​ဖြစ်၏။ န​ဝ​မ​နေ့ ညဉ့်​ဦး​မှ​စ၍ နက်​ဖြန်​ညဉ့်​ဦး​တိုင်​အောင် ဥ​ပုသ်​စောင့်​ရ​မည်​ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 33,
      "text": "တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 34,
      "text": "သင်​တို့​သည်​သ​တ္တ​မ​လ၊ ဆယ်​ငါး​ရက်​နေ့​မှ​စ၍ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သ​ကေ​နေ​ပွဲ​ကို​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 35,
      "text": "ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ အ​လုပ်​ကို​မ​လုပ်​ရ။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 36,
      "text": "ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​မည်။ အ​ဋ္ဌ​မ​နေ့၌​လည်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​မည်။ ထူး​ဆန်း​သော​စည်း​ဝေး​ခြင်း​ဖြစ်၍ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 37,
      "text": "ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​သော အ​လှူ​ဒါ​န၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ နေ့​ရက်​အ​သီး​အ​သီး​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ခြင်း​ငှာ စီ​ရင်​ရ​သော​ဓ​မ္မ​စည်း​ဝေး​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 39,
      "text": "ထို​မှ​တစ်​ပါး၊ သင်​တို့​သည် မြေ​အ​သီး​အ​နှံ​ကို သိမ်း​ယူ​သော​နောက်၊ သ​တ္တ​မ​လ ဆယ်​ငါး​ရက်​နေ့​မှ​စ၍ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ထ​မ​နေ့​နှင့် အ​ဋ္ဌ​မ​နေ့၌ ဥ​ပုသ်​စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 40,
      "text": "ပ​ထ​မ​နေ့၌ ကောင်း​မွန်​သော​သစ်​သီး၊ စွန်​ပ​လွံ​ခက်၊ မိုး​မ​ခ​ပင် အ​စ​ရှိ​သော အ​ရွက်​များ​သော​အ​ပင်၏ အ​ကိုင်း​အ​ခက်​တို့​ကို​ယူ၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​ပတ်​လုံး ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 41,
      "text": "ထို​ပွဲ​တော်​ကို တစ်​နှစ်​တစ်​နှစ်​လျှင်​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခံ​ရ​ကြ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း။ ထို​ပွဲ​တော်​ကို သ​တ္တ​မ​လ၌​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 42,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော​အ​ခါ၊"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 43,
      "text": "သစ်​ခက်​တဲ၌​နေ​စေ​ကြောင်း​ကို သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် သိ​မှတ်​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ ခု​နစ်​ရက်​ပတ်​လုံး​နေ​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 23,
      "verse": 44,
      "text": "မော​ရှေ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ကြား​လေ၏။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 2,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင် သက်​သေ​ခံ​ချက်​ကု​လား​ကာ​ပြင်​မှာ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း၍​ယူ​သော သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင့်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 3,
      "text": "အာ​ရုန်​သည်​လည်း၊ ညဉ့်​ဦး​မှ​သည်​နံ​နက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 4,
      "text": "စင်​ကြယ်​သော​မီး​ခုံ၌ မီး​ခွက်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ အ​စဉ်​အ​မြဲ​ပြင်​ဆင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 5,
      "text": "သင်​သည်​မုန့်​ညက်​ကို​ယူ၍၊ မုန့်​တစ်​လုံး​လျှင် နှစ်​ဩ​မဲ​စီ၊ မုန့်​ဆယ်​နှစ်​လုံး​ကို လုပ်​ပြီး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့ စင်​ကြယ်​သော​စား​ပွဲ​ပေါ်​မှာ မုန့်​တစ်​လုံး​ပေါ်၌ တစ်​လုံး​ကို​ထပ်​ဆင့်၍၊ တစ်​ပုံ​ခြောက်​လုံး​စီ၊ နှစ်​ပုံ​ပုံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော အောက်​မေ့​တော်​မူ​ဖို့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ထို​မုန့်​နှစ်​ပုံ​ပေါ်​မှာ စင်​ကြယ်​သော​လော​ဗန်​ကို တင်​ထား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လက်​မှ​ခံ​ယူ​သော​ထို​မုန့်​ကို၊ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ပုသ်​နေ့​တိုင်း အ​စဉ်​အ​မြဲ​ပြင်​ဆင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 9,
      "text": "ထို​မုန့်​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​သည်​ပိုင်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​သည်၊ ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ အာ​ရုန်​အ​ဖို့ အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 10,
      "text": "အဲ​ဂု​တ္တု​လူ​နှင့် ဣ​သ​ရေ​လ​မိန်း​မ​ရ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ လိုက်​လာ​သော​သား​တစ်​ယောက်​သည်၊ တပ်​ထဲ​မှာ ဣ​သ​ရေ​လ​လူ​နှင့် ရန်​တွေ့​သ​ဖြင့်၊"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 11,
      "text": "နာ​မ​တော်​ကို​ပြစ်​မှား​လျက် ကျိန်​ဆဲ​လေ၏။ ထို​သူ၏​အ​မိ​ကား၊ ဒန်​အ​မျိုး၊ ဒိ​ဗ​ရိ​သ​မီး​ရှေ​လော​မိတ် ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 12,
      "text": "ပြစ်​မှား​သော​သူ​ကို မော​ရှေ​ထံ​သို့​ဆောင်​ယူ​ခဲ့၍ ထာ​ဝ​ရ​ဘု​ရား၏​အ​လို​တော်​ကို မ​သိ​မီ​တိုင်​အောင်​ချုပ်​ထား​ကြ၏။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကျိန်​ဆဲ​သော​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 14,
      "text": "သူ၏​စ​ကား​ကို​ကြား​သော သူ​အ​ပေါင်း​တို့​သည် သူ၏​ခေါင်း​ပေါ်​မှာ လက်​ကို​တင်​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ​စေ။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 15,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ မိ​မိ​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​သော​သူ​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပြစ်​မှား​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို အ​မှန်​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်။ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ နာ​မ​တော်​ကို​ပြစ်​မှား​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 17,
      "text": "လူ​အ​သက်​ကို​သတ်​သော​သူ​သည်​လည်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 18,
      "text": "တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်​လည်း ဥ​စ္စာ​ရှင်​အား တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​လျော်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 19,
      "text": "လူ​သည် အိမ်​နီး​ချင်း​ကို​နာ​အောင်​ပြု​လျှင်၊ သူ့​ကို​ပြု​သည်​အ​တိုင်း ကိုယ်​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 20,
      "text": "အ​ရိုး​ကို​ချိုး​သည်​အ​တွက် အ​ရိုး​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ မျက်​စိ​ကို​ဖျက်​သည်​အ​တွက်၊ မျက်​စိ​ဖျက်​ခြင်း​ကို​လည်း​ကောင်း၊ သွား​ကို​ချိုး​သည်​အ​တွက်၊ သွား​ချိုး​ခြင်း​ကို​လည်း​ကောင်း၊ သူ့​ကို နာ​ကျင်​စွာ​ပြု​သည်​အ​တိုင်း၊ ကိုယ်​တိုင်​နာ​ကျင်​စွာ​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 21,
      "text": "တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်၊ တစ်​ကောင်​အ​တွက်၊ တစ်​ကောင်​ကို ပြန်​ပေး​ရ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 22,
      "text": "ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​သာ စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 24,
      "verse": 23,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ကျိန်​ဆဲ​သော​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်​အ​ကြောင်း မော​ရှေ​ဆင့်​ဆို​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 1,
      "text": "တစ်​ဖန် သိ​နာ​တောင်​ပေါ်​မှာ၊ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 2,
      "text": "သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ထို​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဥ​ပုသ်​စောင့်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 3,
      "text": "ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်​လျက် စ​ပျစ်​ဥ​ယျာဉ်​ကို​သုတ်​သင်၍ အ​သီး​ကို​သိမ်း​လျက်​နေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 4,
      "text": "သ​တ္တ​မ​နှစ်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဥ​ပုသ်​နှစ်၊ တစ်​ပြည်​လုံး​ငြိမ်​ဝပ်​စွာ​နေ၍ ဥ​ပုသ်​စောင့်​ရ​သော​နှစ်​ဖြစ်၏။ လယ်​မ​လုပ်​ရ၊ စ​ပျစ်​ဥ​ယျာဉ်​ကို မ​သုတ်​သင်​ရ၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 5,
      "text": "လယ်၌ အ​လို​လို​ပေါက်​သော​အ​သီး​အ​နှံ​ကို​မျှ မ​ရိတ်​ရ။ မ​သုတ်​သင်​သော စ​ပျစ်​ဥ​ယျာဉ်​အ​သီး​ကို​မျှ မ​ဆွတ်​ရ။ တစ်​ပြည်​လုံး ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နှစ်​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 6,
      "text": "ပြည်​ဥ​ပုသ်​တည်း​ဟူ​သော အ​လို​လို​ဖြစ်​ပွား​သော​အ​ရာ​ရှိ​သ​မျှ​သည်၊ သင်​ကိုယ်​မှ​စ၍ သင်၏​ကျွန်၊ ကျွန်​မ၊ သူ​ငှား၊ ဧည့်​သည်​စား​စ​ရာ၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 7,
      "text": "သင်၏​ပြည်၌​ရှိ​သော သား​ယဉ်​သား​ရဲ စား​စ​ရာ​ဖြစ်​ရ​သည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 8,
      "text": "ဥ​ပုသ်​နှစ် ခု​နစ်​နှစ်​ကို​ရေ​တွက်၍၊ ခု​နစ်​နှစ် ခု​နစ်​လီ​တည်း​ဟူ​သော လေး​ဆယ်​ကိုး​နှစ်​စေ့​ပြီး​မှ၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 9,
      "text": "သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၊ အ​ပြစ်​ဖြေ​ခြင်း​ပြု​ရာ​နေ့၌၊ ယု​ဘိ​လ​တံ​ပိုး​ကို တစ်​ပြည်​လုံး မှုတ်​စေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 10,
      "text": "ငါး​ဆယ်​မြောက်​သော​နှစ်​ကို သန့်​ရှင်း​စေ​သ​ဖြင့်၊ တစ်​ပြည်​လုံး၌ ပြည်​သား​အ​ပေါင်း​တို့​အား၊ လွတ်​ရာ​အ​ခွင့်​ကို​ကြွေး​ကြော်​ရ​မည်။ ယု​ဘိ​လ​နှစ်​ဖြစ်၍၊ လူ​တိုင်း​မိ​မိ​ပိုင်​သော​မြေ၊ မိ​မိ​အ​ဆွေ​အ​မျိုး​ထံ​သို့ ပြန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 11,
      "text": "ငါး​ဆယ်​မြောက်​သော​နှစ်​သည် ယု​ဘိ​လ​နှစ်​ဖြစ်​သော​ကြောင့် လယ်​မ​လုပ်​ရ။ အ​လို​လို​ပေါက်​သော အ​ပင်​ကို​မျှ​မ​ရိတ်​ရ။ မ​သုတ်​သင်​သော စ​ပျစ်​ဥ​ယျာဉ်​အ​သီး​ကို​မျှ မ​ဆွတ်​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 12,
      "text": "ယု​ဘိ​လ​နှစ်​သည် သန့်​ရှင်း​သော​နှစ်​ဖြစ်​သော​ကြောင့်၊ လယ်၌​ရ​သော အ​သီး​အ​နှံ​ကို​သာ​စား​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 13,
      "text": "ယု​ဘိ​လ​နှစ်​တွင် လူ​တိုင်း မိ​မိ​ပိုင်​သော​မြေ​သို့ ပြန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 14,
      "text": "သင်​တို့​သည် အ​ချင်း​ချင်း​ရောင်း​ဝယ်​မှု​ကို​ပြု​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 15,
      "text": "ယု​ဘိ​လ​နှစ်​လွန်၍ လို​သေး​သော​နှစ်​ပေါင်း၊ အ​သီး​အ​နှံ​သီး​လ​တ္တံ့​သော နှစ်​ပေါင်း​ကို​ရေ​တွက်၍ ရောင်း​ဝယ်​မှု​ကို​ပြု​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 16,
      "text": "ထို​သို့ အ​သီး​သီး​ရ​သော နှစ်​များ​ကို​လိုက်၍​ရောင်း​သော​ကြောင့်၊ နှစ်​ပေါင်း အ​နည်း​အ​များ​အ​လိုက် အ​ဖိုး​လျော့​လျက်၊ တိုး​လျက်​ရောင်း​ဝယ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 17,
      "text": "သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 18,
      "text": "သင်​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ကျင့်​စောင့်​လျှင်၊ ထို​ပြည်၌ ဘေး​လွတ်​လျက်​နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 19,
      "text": "မြေ​သည်​လည်း မိ​မိ​အ​သီး​အ​နှံ​ကို​ပေး​သ​ဖြင့်၊ သင်​တို့​သည် ဝ​စွာ​စား၍ ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 20,
      "text": "သင်​တို့​က​လည်း၊ သ​တ္တ​မ​နှစ်​တွင် ငါ​တို့​သည် အ​ဘယ်​သို့​စား​ရ​မည်​နည်း။ လယ်​မ​လုပ်​ရ။ အ​သီး​အ​နှံ​ကို​မ​သိမ်း​ရ​ပါ​တ​ကား​ဟု ဆို​လျှင်၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 21,
      "text": "အ​ဋ္ဌ​မတွင် သင်​တို့​ကို​ငါ​ကောင်း​ကြီး​ပေး၍၊ ထို​နှစ်​တွင် သုံး​နှစ်​အ​ဖို့ အ​သီး​အ​နှံ​ကို​ဖြစ်​စေ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 22,
      "text": "သင်​တို့​သည် အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​လုပ်၍ န​ဝ​မ​နှစ်​တွင် အ​သီး​အ​နှံ​ကို​သိမ်း​ရာ ကာ​လ​တိုင်​အောင် ဟောင်း​သော​အ​သီး​အ​နှံ​ကို စား​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 23,
      "text": "မြေ​ကို သူ​တစ်​ပါး​အ​စဉ်​ပိုင်​စေ​ခြင်း​ငှာ မ​ရောင်း​ရ။ မြေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင်​တို့​သည် ငါ၌​တည်း​သော ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ကြ၏။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 24,
      "text": "သင်​တို့​သည် မြေ​ကို​ပိုင်​လေ​ရာ​ရာ၌ ရွေး​နုတ်​ရ​သော​အ​ခွင့်​ကို ပေး​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 25,
      "text": "သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍၊ မိ​မိ​ပိုင်​သော​မြေ​ကို​ရောင်း​လျှင်​လည်း​ကောင်း၊ သူ၏​ပေါက်​ဖော်​တစ်​စုံ​တစ်​ယောက်​သည် ဝယ်​ခြင်း​ငှာ​လာ​လျှင်​လည်း​ကောင်း၊ မိ​မိ​ပေါက်​ဖော် ရောင်း​သော​ဥ​စ္စာ​ကို ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 26,
      "text": "ထို​မြေ​ကို ရွေး​နုတ်​သော​သူ​တစ်​ယောက်​မျှ မ​ပေါ်​မ​ရှိ၍၊ မြေ​ရှင်​ဟောင်း​သည် ကိုယ်​တိုင်​ရွေး​နုတ်​နိုင်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 27,
      "text": "မိ​မိ​မြေ​သို့ ပြန်​အံ့​သော​ငှာ၊ ရောင်း၍​လွန်​သော နှစ်​ပေါင်း​ကို​ရေ​တွက်​ပြီး​မှ၊ လို​သေး​သော​အ​ဖိုး​ကို အ​ထက်​က​ရောင်း​ခဲ့​သော​သူ​အား ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 28,
      "text": "ပြန်၍​မ​ပေး​နိုင်​လျှင် ရောင်း​ခဲ့​သော​ဥ​စ္စာ​ကို ယု​ဘိ​လ​နှစ်​တိုင်​အောင် ဝယ်​သော​သူ​လက်၌ ရှိ​စေ​ရ​မည်။ ယု​ဘိ​လ​နှစ်​တွင် လက်​လွှတ်၍ အ​ရှင်​ဟောင်း​လက်​သို့ ရောက်​စေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 29,
      "text": "မြို့​ထဲ၌​ရှိ​သော​အိမ်​ကို အိမ်​ရှင်​ရောင်း​လျှင်၊ တစ်​နှစ်​အ​တွင်း​တွင် ရွေး​နုတ်​သော​အ​ခွင့်​ရှိ​စေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 30,
      "text": "တစ်​နှစ်​အ​တွင်း​တွင် မ​ရွေး​နုတ်​လျှင်၊ ထို​အိမ်​ကို​ဝယ်​သော​သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် အ​မြဲ​ပိုင်​ရ​ကြ​မည်။ ယု​ဘိ​လ​နှစ်​ရောက်​သော်​လည်း လက်​မ​လွှတ်​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 31,
      "text": "မြို့​ရိုး​မ​ရှိ၊ ရွာ၌​ရှိ​သော​အိမ်​ကို လယ်​ယာ​ကဲ့​သို့​မှတ်၍ ရွေး​နုတ်​ရ​သော အ​ခွင့်​ရှိ၏။ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 32,
      "text": "သို့​ရာ​တွင် လေ​ဝိ​သား​ပိုင်​သော​မြို့​နှင့် မြို့​အိမ်​တို့​ကို၊ အ​ဘယ်​ကာ​လ​အ​ချိန်​မ​ဆို​ဘဲ ရွေး​နုတ်​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 33,
      "text": "လေ​ဝိ​သား​ပိုင်​သော​မြို့​ကို​လည်း​ကောင်း၊ အိမ်​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​ဝယ်​လျှင်၊ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ လက်​လွှတ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ လူ​အ​မျိုး​သား​တို့​တွင် လေ​ဝိ​သား​တို့​သည်၊ ကိုယ်​နေ​ရာ​မြို့​အိမ်​မှ တစ်​ပါး​အ​ခြား​သော ဥ​စ္စာ​မ​ရှိ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 34,
      "text": "သို့​ဆို​သော်​လည်း၊ လေ​ဝိ​သား​မြို့​နယ်၌​ရှိ​သော လယ်​ယာ​တို့​ကို​မ​ရောင်း​ရ။ အ​စဉ်​အ​မြဲ​ပိုင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 35,
      "text": "သင်၏​အ​မျိုး​သား​ချင်း​သည် ဆင်း​ရဲ၍​လက်​အား​လျော့​သ​ဖြင့် တစ်​ပါး​အ​မျိုး​သား ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​ဖြစ်​လျှင်၊ သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ သူ့​ကို​မ​စ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 36,
      "text": "သူ၌ အ​တိုး​အ​ပွား​ကို​မ​ယူ​ရ။ သင်၏​အ​မျိုး​သား​ချင်း​သည် သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လော့။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 37,
      "text": "အ​တိုး​အ​ပွား​ကို​မျှော်​လင့်၍ ငွေ​ကို​လည်း​ကောင်း၊ စား​စ​ရာ​ကို​လည်း​ကောင်း သူ၌​မ​ချေး​မ​ငှား​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 38,
      "text": "ငါ​သည် ခါ​နာန်​ပြည်​ကို​သင်​တို့​အား​ပေး၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​အံ့​သော​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 39,
      "text": "သင်၏​အ​မျိုး​သား​ချင်း​သည်​ဆင်း​ရဲ၍ သင်၌​အ​ရောင်း​ခံ​လျှင်၊ အ​စေ​ခံ​ကျွန်​ကို​ပြု​သ​ကဲ့​သို့ သူ့​ကို​အ​နိုင်​မ​ပြု​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 40,
      "text": "သူ​သည်​သူ​ငှား​ကဲ့​သို့​လည်း​ကောင်း၊ ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ သင့်​ထံ​မှာ​နေ၍ ယု​ဘိ​လ​နှစ်​တိုင်​အောင် အ​စေ​ခံ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 41,
      "text": "ထို​အ​ခါ သူ​သည် သား​သ​မီး​နှင့်​တ​ကွ​ထွက်၍၊ မိ​မိ​အ​ဆွေ​အ​မျိုး၊ မိ​မိ ဘိုး​ဘ​ပိုင်​သော​မြေ​သို့ ပြန်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 42,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ငါ​နုတ်​ဆောင်​သော ငါ၏​အ​မှု​ထမ်း​ဖြစ်၍၊ အ​စေ​ခံ​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ၊ မ​ရောင်း​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 43,
      "text": "သူ့​ကို ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 44,
      "text": "သင်​သည်​စေ​ခိုင်း​သော​ကျွန်၊ ကျွန်​မ​တို့​ကို၊ သင့်​ပတ်​လည်​ဝန်း​ကျင်​တို့၌ နေ​သော​သာ​သ​နာ​ပ​လူ​တို့​တွင် ဝယ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 45,
      "text": "ထို​မှ​တစ်​ပါး၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို​လည်း​ကောင်း၊ သင်​တို့​ပြည်၌ သူ​တို့​ရ​သော​သား​သ​မီး​များ​ကို​လည်း​ကောင်း ဝယ်၍​ပိုင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 46,
      "text": "သူ​တို့​သည် ကျွန်​သား​ပေါက်​ဖြစ်၍၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​တို့​သည် အ​မွေ​ခံ၍​ပိုင်​ရ​မည်။ ကိုယ်​အ​မျိုး​သား​ချင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​လျှင်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြမ်း​တမ်း​စွာ​မ​စီ​ရင်​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 47,
      "text": "သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​သည် ငွေ​ရ​တတ်၍ သူ၏​အ​နား​မှာ​နေ​သော သင်၏​အ​မျိုး​သား​ချင်း​ဆင်း​ရဲ​သ​ဖြင့်၊ သင့်​အ​နား​မှာ​တည်း​နေ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌​လည်း​ကောင်း၊ သူ၏​သား​မြေး၌​လည်း​ကောင်း၊ ကိုယ်​ကို​ရောင်း​ချ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 48,
      "text": "ရောင်း​ပြီး​မှ ရွေး​နုတ်​သော​အ​ခွင့် ရှိ​စေ​ရ​မည်။ မိ​မိ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် ရွေး​နုတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 49,
      "text": "ဘ​ကြီး၊ ဘ​ထွေး၊ ညီ​အစ်​ကို​တော်​မှ​စ၍ အ​ဆွေ​အ​မျိုး​ပေါက်​ဖော်​ရင်း တစ်​စုံ​တစ်​ယောက်​သည် ရွေး​နုတ်​ရ​မည်။ ကိုယ်​တိုင်​တတ်​နိုင်​လျှင်​လည်း ကိုယ်​ကို​ရွေး​နုတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 50,
      "text": "သ​ခင်​နှင့် ကျွန်​တို့​သည်၊ ရောင်း​ဝယ်​သော​နှစ်​မှ​စ၍ ယု​ဘိ​လ​နှစ်​တိုင်​အောင် နှစ်​ပေါင်း​ကို​ရေ​တွက်​ပြီး​လျှင်၊ နှစ်​ပေါင်း​အ​နည်း​အ​များ​ကို ထောက်၍​လည်း​ကောင်း၊ သူ​ငှား​လုပ်​ရ​သည်​ကာ​လ​ကို ထောက်၍​လည်း​ကောင်း၊ ကိုယ်​အ​ဖိုး​ကို​စီ​ရင်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 51,
      "text": "ယု​ဘိ​လ​နှစ်​မ​ရောက်​မီ၊ အ​စေ​ခံ​ရ​သော နှစ်​ပေါင်း​အ​နည်း​အ​များ​ကို ရေ​တွက်၍၊"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 52,
      "text": "လို​သေး​သော နှစ်​ပေါင်း​အ​နည်း​အ​များ​အ​လိုက် ရွေး​ရန်​အ​ဖိုး​ကို၊ ဝယ်​ရင်း​ငွေ​ထဲ​က နုတ်၍​ပြန်​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 53,
      "text": "ထို​သူ​သည် တစ်​နှစ်​နောက်​တစ်​နှစ်၊ သူ​ငှား​ကဲ့​သို့​နေ​ရ​မည်။ သင့်​မျက်​မှောက်၌ ညှဉ်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 54,
      "text": "ထို​သို့​သော​နည်း​ဖြင့် မ​ရွေး​မ​နုတ်​လျှင်၊ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ သူ့​ကို​သား​မ​ယား​နှင့်​တ​ကွ သ​ခင်​လက်​မှ​လွှတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 25,
      "verse": 55,
      "text": "အ​ကြောင်း​မူ​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ငါ၏​အ​မှု​ထမ်း​ဖြစ်​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​ခဲ့​သော ငါ၏​အ​မှု​ထမ်း​ဖြစ်​ကြ၏။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 1,
      "text": "သင်​တို့​သည် ကိုယ်​အ​ဖို့​ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​ကို မ​ရှိ​စေ​ရ။ သင်​တို့​ပြည်၌​ကိုး​ကွယ်​စ​ရာ မှတ်​တိုင်​ကို​မ​စိုက်​ရ။ ထု​သော​ကျောက်​ကို ထောင်၍​မ​ထား​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 2,
      "text": "ငါ့​ဥ​ပုသ်​နေ့​တို့​ကို​စောင့်၍၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရို​သေ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 3,
      "text": "သင်​တို့​သည်၊ ငါ့​ထုံး​ဖွဲ့​ရာ​လမ်း​သို့​လိုက်၍၊ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​စောင့်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 4,
      "text": "အ​ချိန်​တန်​မှ ငါ​သည်​သင်​တို့​အ​ဖို့ မိုး​ရွာ​စေ​သ​ဖြင့်၊ မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​သီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 5,
      "text": "စ​ပါး​နင်း​နယ်​သော​အ​မှု​သည်၊ စ​ပျစ်​သီး​ညှစ်​ရာ​ကာ​လ​တိုင်​အောင်​လည်း​ကောင်း၊ စ​ပျစ်​သီး​ညှစ်​သော​အ​မှု​သည်၊ မျိုး​စေ့​ကြဲ​ရာ ကာ​လ​တိုင်​အောင်​လည်း​ကောင်း မီ​သ​ဖြင့်၊ သင်​တို့​သည်​ဝ​စွာ​စား၍၊ ကိုယ်​ပြည်၌​ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 6,
      "text": "သင်​တို့​ပြည်၌ စစ်​မှု​ကို​ငါ​ငြိမ်း​စေ၍၊ ခြိမ်း​ခြောက်​သော​သူ​မ​ရှိ​ဘဲ သင်​တို့​သည် အိပ်​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သား​ရဲ​တို့​ကို​လည်း ငါ​ပယ်​ရှား​မည်။ တစ်​ပြည်​လုံး​သည် ဓား​ဘေး​နှင့် ကင်း​လွတ်​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 7,
      "text": "သင်​တို့​သည် ရန်​သူ​များ​ကို​လိုက်၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 8,
      "text": "သင်​တို့​တွင် လူ​ငါး​ယောက်​သည် ရန်​သူ​တစ်​ရာ​ကို လိုက်​လိမ့်​မည်။ လူ​တစ်​ရာ​သည် ရန်​သူ​တစ်​သောင်း​ကို​ပြေး​စေ၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 9,
      "text": "သင်​တို့​ကို​ငါ​စောင့်​မ​သ​ဖြင့် တိုး​ပွား​များ​ပြား​စေ၍၊ သင်​တို့​နှင့်​ငါ​ပြု​သော ပ​ဋိ​ညာဉ်​ကို ငါ​မြဲ​မြံ​စေ​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 10,
      "text": "သို​ထား​သော စ​ပါး​ဟောင်း​ကို​စား၍​မ​ကုန်​မီ၊ စ​ပါး​သစ်​ပေါ်​သော​ကြောင့်၊ အ​ဟောင်း​ကို​ထုတ်​ရ​ကြ​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 11,
      "text": "ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​ခြင်း​မ​ရှိ​ဘဲ သင်​တို့​တွင် တဲ​တော်​ကို​တည်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 12,
      "text": "သင်​တို့​တွင်​လည်း​လှည့်​လည်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 13,
      "text": "အဲ​ဂု​တ္တု​ပြည်၌ အ​စေ​ကျွန်​ခံ​ရ​သော သင်​တို့​ကို​ငါ​လွှတ်၍ နုတ်​ဆောင်​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့၏​ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍ သင်​တို့​ကို​တည့်​မတ်​စေ​ပြီ။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 14,
      "text": "သင်​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဤ​ပ​ညတ်​အ​လုံး​စုံ​ကို​မ​စောင့်၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 15,
      "text": "ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍၊ မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ့​ပ​ညတ်​တ​ရား​ကို​မ​ကျင့်၊ ငါ့​ပ​ဋိ​ညာဉ်​သ​စ္စာ​ကို​ဖျက်​လျှင်၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 16,
      "text": "သင်​တို့၌​ငါ​ပြု​လ​တ္တံ့​သော အ​မှု​ဟူ​မူ​ကား၊ သင်​တို့၌​မျက်​စိ​ပျက်​လျက်၊ စိတ်​ပူ​ပန်​လျက်​ရှိ​စေ​ခြင်း​ငှာ၊ ထိတ်​လန့်​သော​သ​ဘော၊ တူ​လာ၊ ဖျား​နာ​တို့​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​ခန့်​ထား​မည်။ သင်​တို့​သည် မျိုး​စေ့​ကို​ကြဲ​သော်​လည်း အ​ကျိုး​မ​ရှိ။ ရန်​သူ​တို့​သည် အ​သီး​အ​နှံ​ကို​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 17,
      "text": "သင်​တို့​ကို ငါ​မျက်​နှာ​ထား၍၊ ရန်​သူ​ရှေ့​မှာ​ဆုံး​စေ​မည်။ သင်​တို့​သည် ရန်​သူ၏ အုပ်​စိုး​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း၊ ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 18,
      "text": "ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ငါ​ပေး​ဦး​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 19,
      "text": "သင်​တို့ မာ​န​အ​စွယ်​ကို ငါ​ချိုး​မည်။ မိုး​ကောင်း​ကင်​ကို​သံ​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကြီး​ကို​ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ ငါ​ဖြစ်​စေ​သ​ဖြင့်၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 20,
      "text": "သင်​တို့​သည် အ​ချည်း​နှီး​ကြိုး​စား​အား​ထုတ်​ကြ​လိမ့်​မည်။ သင်​တို့​မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​မ​ပေး။ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​မ​သီး​ကြ။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 21,
      "text": "သင်​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​လျှင်၊ သင်​တို့​အ​ပြစ်​အ​လျောက် ခု​နစ်​ဆ​သော​ဘေး​ကြီး​ကို ငါ​သက်​ရောက်​စေ​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 22,
      "text": "သင်​တို့၏​သား​သ​မီး​များ​ကို ချီ​သွား၍၊ သင်​တို့၏​တိ​ရ​စ္ဆာန်​များ​ကို ဖျက်​ဆီး​လျက်၊ သင်​တို့​ကို​နည်း​စေ​ခြင်း​ငှာ၊ သား​ရဲ​များ​ကို​ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သွား​ရာ​လမ်း​မ​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 23,
      "text": "ထို​သို့ ခံ​ရ​သော်​လည်း၊ သင်​တို့​သည်​သ​တိ​မ​ရ၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 24,
      "text": "ငါ​သည်​လည်း သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 25,
      "text": "ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 26,
      "text": "သင်​တို့၏​အ​စာ​အာ​ဟာ​ရ အ​ထောက်​အ​ပင့်​ကို ငါ​ပယ်​ရှား​သော​အ​ခါ၊ မိန်း​မ​တစ်​ကျိပ်​တို့​သည် သင်​တို့၏​မုန့်​ကို မီး​ဖို​တစ်​ဖို၌​ဖုတ်​ပြီး​မှ၊ ထို​မုန့်​ကို​ချိန်​ပေး​သ​ဖြင့် သင်​တို့​သည်​ဝ​စွာ​မ​စား​ရ​ကြ။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 27,
      "text": "ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ ငါ့​စ​ကား​ကို​နား​ထောင်၊ ငါ့​ကို ဆန့်​ကျင်​ဘက်​ပြု​သေး​လျှင်၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 28,
      "text": "ငါ​သည်​လည်း​အ​မျက်​ထွက်၍ သင်​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု​သ​ဖြင့်၊ သင်​တို့​အ​ပြစ်​ကြောင့် ခု​နစ်​ဆ​သော​ဒဏ်​ကို​ပေး​ဦး​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 29,
      "text": "သင်​တို့​သည် ကိုယ်​သား​သ​မီး​တို့၏​အ​သား​ကို စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 30,
      "text": "သင်​တို့​မြင့်​သော​အ​ရပ်​များ​ကို ငါ​ဖြို​ဖျက်၍၊ ရုပ်​တု​ဆင်း​တု​များ​ကို ခုတ်​လှဲ​မည်။ သင်​တို့​အ​သေ​ကောင်​များ​ကို၊ ရုပ်​တု​ဆင်း​တု အ​သေ​ကောင်​အ​ပေါ်​မှာ ပစ်​ချ၍၊ သင်​တို့​ကို​စက်​ဆုပ်​ရွံ​ရှာ​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 31,
      "text": "သင်​တို့​မြို့​များ​ကို​ငါ​ဖျက်​ဆီး၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်​တို့​နံ့​သာ​ပေါင်း အ​မွှေး​အ​ကြိုင်​ကို​ငါ​မ​နမ်း။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 32,
      "text": "တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သော​အ​မှု​ကို၊ ထို​ပြည်၌​နေ​သော သင်​တို့၏​ရန်​သူ​တို့​သည်​မြင်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 33,
      "text": "သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 34,
      "text": "ထို​သို့ သင်​တို့​သည်​ရန်​သူ​ပြည်၌​နေ၍၊ ကိုယ်​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော​ကာ​လ​ပတ်​လုံး ငြိမ်​ဝပ်​စွာ​နေ၍၊ မိ​မိ​ဥ​ပုသ်​နေ့​တို့၌ မွေ့​လျော်​ရ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 35,
      "text": "လူ​ဆိတ်​ညံ​လျက်​နေ​ရ​သော​ကာ​လ​ပတ်​လုံး ငြိမ်​ဝပ်​လိမ့်​မည်။ သင်​တို့​ရှိ​နေ​သော​အ​ခါ၊ ဥ​ပုသ်​နေ့​တို့၌ ပြည်​သည်​မ​ငြိမ်​မ​ဝပ်​ရ။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 36,
      "text": "ရန်​သူ​ပြည်​မှာ​ကျန်​ကြွင်း​သော သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့၊ ထိတ်​လန့်​သော​သ​ဘော​ကို ငါ​ပေး​သွင်း​သ​ဖြင့်၊ သစ်​ရွက်​လှုပ်​သံ​ကြောင့် သင်​တို့​သည်​ကြောက်၍၊ ဓား​ဘေး​မှ​ပြေး​သ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း လဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 37,
      "text": "အ​ဘယ်​သူ​မျှ​မ​လိုက်​ဘဲ ဓား​ဘေး​မှ​ပြေး​သော​သူ​ကဲ့​သို့ တစ်​ယောက်​အ​ပေါ်​မှာ တစ်​ယောက်​လဲ​ကြ​လိမ့်​မည်။ ရန်​သူ​ရှေ့​မှာ ရပ်​နိုင်​သော​တန်​ခိုး​မ​ရှိ​ရ။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 38,
      "text": "ရန်​သူ​ပြည်​သည် သင်​တို့​ကို​မျို​စား၍၊ သာ​သ​နာ​ပ​လူ​တို့​တွင် ဆုံး​ရှုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 39,
      "text": "ကျန်​ကြွင်း​သော​သင်​တို့​သည်၊ ရန်​သူ​ပြည်၌​ကိုယ်​အ​ပြစ်၊ ဘိုး​ဘ​တို့​အ​ပြစ်​ကို​ခံ​လျက်၊ ဘိုး​ဘ​နှင့်​တ​ကွ အား​လျော့​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 40,
      "text": "သို့​ရာ​တွင် သူ​တို့​သည်​ငါ့​ကို​ပြစ်​မှား၍၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ကြောင့်၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 41,
      "text": "ငါ​သည် သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု၍ ရန်​သူ​ပြည်​သို့​ပို့​ဆောင်​သော အ​ကြောင်း​များ​နှင့်​တ​ကွ၊ ကိုယ်​အ​ပြစ်၊ ဘိုး​ဘ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​လျှင်​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော မိ​မိ​တို့​နှ​လုံး​ကို​နှိမ့်​ချ၍၊ မိ​မိ​တို့​အ​ပြစ်​ကြောင့်​ခံ​ရ​သော​ဒဏ်​ကို ဝန်​ခံ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 42,
      "text": "ငါ​သည် ယာ​ကုပ်​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်၊ ဣ​ဇာက်​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်၊ အာ​ဗြ​ဟံ​နှင့်​ပြု​သော ပ​ဋိ​ညာဉ်​ကို​လည်း​ကောင်း၊ ထို​ပြည်​ကို​လည်း​ကောင်း ငါ​အောက်​မေ့​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 43,
      "text": "ထို​ပြည်​သည် သူ​တို့​လက်​မှ​လွတ်၍၊ သူ​တို့​မ​ရှိ​ဘဲ လူ​ဆိတ်​ညံ​လျက်​နေ​စဉ်​တွင် မိ​မိ​ဥ​ပုသ်​နေ့​တို့၌ မွေ့​လျော်​လိမ့်​မည်။ သူ​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍ မ​ထီ​မဲ့​မြင်​ပြု​သော​အ​ပြစ်​ကြောင့်၊ ခံ​ရ​သော​ဒဏ်​ကို ဝန်​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 44,
      "text": "သို့​ရာ​တွင် ရန်​သူ​ပြည်၌​နေ​ကြ​သော​အ​ခါ၊ သူ​တို့​ကို​ရှင်း​ရှင်း​ဖျက်​ဆီး၍၊ သူ​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ပယ်​သည်​တိုင်​အောင် သူ​တို့​ကို​ငါ​မ​စွန့်​ပစ်၊ မ​ရွံ​ရှာ။ ငါ​သည် သူ​တို့၏​ဘု​ရား​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 45,
      "text": "ငါ​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​အံ့​သော​ငှာ သာ​သ​နာ​ပ​လူ​တို့​မျက်​မှောက်၌၊ အဲ​ဂု​တ္တု​ပြည်​မှ​ငါ​နုတ်​ဆောင်​သော သူ​တို့​ဘိုး​ဘေး​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို သူ​တို့​အ​တွက်​ငါ​အောက်​မေ့​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 26,
      "verse": 46,
      "text": "ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ​လက်​တွင်​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 1,
      "text": "တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 2,
      "text": "လူ​သည်​သ​စ္စာ​က​တိ​ပြု၍​ပူ​ဇော်​လျှင်၊ ပူ​ဇော်​အပ်​သော​သူ​သည်၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော် ဖြစ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 3,
      "text": "သင်​သည် အ​ဘယ်​မျှ အ​ဖိုး​ဖြတ်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ယောက်ျား​ကို အ​သက်​နှစ်​ဆယ်​မှ​သည် ခြောက်​ဆယ်​တိုင်​အောင်၊ အ​ကျပ်​တော်​အ​လိုက် ငွေ​အ​ကျပ်​ငါး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 4,
      "text": "မိန်း​မ​ဖြစ်​လျှင်၊ ငွေ​အ​ကျပ်​သုံး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 5,
      "text": "အ​သက်​ငါး​နှစ်​မှ​သည် ဆယ်​နှစ်​တိုင်​အောင်၊ ယောက်ျား​ကို အ​ကျပ်​နှစ်​ဆယ်၊ မိန်း​မ​ကို​အ​ကျပ်​တစ်​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 6,
      "text": "အ​သက်​တစ်​လ​မှ​သည် ငါး​နှစ်​တိုင်​အောင်၊ ယောက်ျား​ကို ငွေ​ငါး​ကျပ်၊ မိန်း​မ​ကို သုံး​ကျပ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 7,
      "text": "အ​သက်​ခြောက်​ဆယ်​လွန်​လျှင်၊ ယောက်ျား​ကို​ဆယ်​ငါး​ကျပ်၊ မိန်း​မ​ကို​တစ်​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 8,
      "text": "သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း၊ မ​တတ်​နိုင်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ချဉ်း​ကပ်၍၊ ယဇ်​ပု​ရော​ဟိတ်​သည် သ​စ္စာ​က​တိ​ပြု​သော​သူ တတ်​နိုင်​သ​မျှ​အ​တိုင်း အ​ဖိုး​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 9,
      "text": "လူ​သည်​တိ​ရ​စ္ဆာန်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်၊ ပူ​ဇော်​သ​မျှ​သည် သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 10,
      "text": "ကောင်း​သည်​ဖြစ်​စေ၊ ညံ့​သည်​ဖြစ်​စေ၊ တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​မ​လဲ​ရ။ လဲ​လို​လျှင်၊ နှစ်​ကောင်​စ​လုံး​သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား​မ​ပူ​ဇော်​အပ်၊ မ​စင်​ကြယ်​သော​တိ​ရ​စ္ဆာန်​ဖြစ်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အား​ပြ၍၊"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 12,
      "text": "ကောင်း​မ​ကောင်း​ရှိ​သည်​အ​လျောက်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖိုး​ဖြတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​ဖြတ်​သည်​အ​တိုင်း အ​ဖိုး​ရှိ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 13,
      "text": "ပူ​ဇော်​သော​သူ​သည်​ရွေး​လို​လျှင်၊ အ​ဖိုး​ရင်း​နှင့် ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 14,
      "text": "လူ​သည်​မိ​မိ​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​စေ​လျှင်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​လျောက်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖိုး​ဖြတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​ဖြတ်​သည်​အ​တိုင်း အ​ဖိုး​ရှိ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 15,
      "text": "ထို​အိမ်​ကို သန့်​ရှင်း​စေ​သော​သူ​ရွေး​လို​လျှင်၊ ဖြတ်​သော​အ​ဖိုး​ရင်း​နှင့် ငါး​စု​တစ်​စု​ကို​ပေး၍ အိမ်​ကို​ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 16,
      "text": "လူ​သည် ကိုယ်​ပိုင်​သော​လယ်​ယာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​စေ​လျှင်၊ မု​ယော​မျိုး​စေ့​ကြဲ​ရ​သည်​အ​တိုင်း အ​ဖိုး​ဖြတ်​ရ​မည်။ မျိုး​စေ့ တစ်​ဩ​မဲ​ကြဲ​ရ​သော လယ်​ကို၊ ငွေ​အ​ကျပ်​ငါး​ဆယ်​နှင့် အ​ဖိုး​ဖြတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 17,
      "text": "ယု​ဘိ​လ​နှစ်​မှ​စ၍ မိ​မိ​လယ်​ကို​သန့်​ရှင်း​စေ​လျှင်၊ ဖြတ်​သည်​အ​တိုင်း အ​ဖိုး​ရှိ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 18,
      "text": "ယု​ဘိ​လ​နှစ်​လွန်​မှ မိ​မိ​လယ်​ကို​သန့်​ရှင်း​စေ​လျှင်၊ နောင်​ယု​ဘိ​လ​နှစ်​မှီ​အောင် လို​သေး​သော​နှစ်​ပေါင်း​ကို၊ ယဇ်​ပု​ရော​ဟိတ်​ရေ​တွက်၍ ဖြတ်​သော​အ​ဖိုး​ရင်း​ငွေ​ကို လျှော့​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 19,
      "text": "မိ​မိ​လယ်​ကို သန့်​ရှင်း​စေ​သော​သူ​သည် ရွေး​လို​လျှင်၊ ဖြတ်​သော​အ​ဖိုး​ရင်း​နှင့် ငါး​စု​တစ်​စု​ကို​ပေး၍ လယ်​ကို​အ​ပိုင်​ယူ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 20,
      "text": "သို့​မ​ဟုတ် လယ်​ကို​မ​ရွေး​လို၊ အ​ခြား​သော​သူ​အား​ရောင်း​မိ​လျှင်၊ နောက်​တစ်​ဖန် မ​ရွေး​ရ။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 21,
      "text": "ယု​ဘိ​လ​နှစ်​တွင် ထို​လယ်​သည်​အ​မှု​လွတ်​သော​အ​ခါ၊ ကျိန်​ဆို​သော​လယ်​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း၍ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 22,
      "text": "လူ​သည်​ကိုယ်​ပိုင်​ရင်း​မ​ဟုတ်၊ ဝယ်​သော​လယ်​ယာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​လျှင်၊"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 23,
      "text": "ယု​ဘိ​လ​နှစ်​တိုင်​အောင်​ဖြတ်​သော​အ​ဖိုး​ကို၊ ယဇ်​ပု​ရော​ဟိတ်​ရေ​တွက်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​သော​နေ့၌ အ​ဖိုး​ဖြတ်​သော​ငွေ​ကို ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 24,
      "text": "ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ ထို​လယ်​ကို​အ​ရင်​ပိုင်၍ ရောင်း​သော​သူ​လက်​သို့ ပြန်​စေ​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 25,
      "text": "အ​ဖိုး​ဖြတ်​လေ​ရာ​ရာ၌ အ​ကျပ်​တော်​အ​လိုက်​ဖြတ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​ပိုင်​ထိုက်​သော တိ​ရ​စ္ဆာန်​သား​ဦး​ကို၊ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း​စေ​ရ။ နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ဥ​စ္စာ​ဖြစ်၏။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 27,
      "text": "မ​စင်​ကြယ်​သော​တိ​ရ​စ္ဆာန်​ဖြစ်​လျှင်၊ အ​ဖိုး​ဖြတ်​သည်​အ​တိုင်း​ရွေး၍၊ ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။ မ​ရွေး​လို​လျှင်၊ အ​ဖိုး​ဖြတ်​သည်​အ​တိုင်း​ရောင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 28,
      "text": "သို့​ရာ​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ကိုယ်​ပိုင်​ရင်း​လယ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အား​ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​ကို မ​ရောင်း​မ​ရွေး​ရ။ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 29,
      "text": "လူ​ကို​ပင် ကျိန်​ဆို၍​ပူ​ဇော်​လျှင်၊ နောက်​တစ်​ဖန်​မ​ရွေး​ရ၊ သတ်​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 30,
      "text": "စ​ပါး​ဖြစ်​စေ၊ သစ်​သီး​ဖြစ်​စေ၊ မြေ​က​ဖြစ်​သ​မျှ​သော​အ​သီး​အ​နှံ ဆယ်​စု​တစ်​စု​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 31,
      "text": "ဆယ်​စု​တစ်​စု​ကို​ရွေး​လို​လျှင်၊ အ​ဖိုး​ရင်း​နှင့်​ငါး​စု​တစ်​စု​ကို ထပ်၍​ပေး​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 32,
      "text": "နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ကြိမ်​လုံး​အောက်၌​သွား​သ​မျှ​သော​အ​ကောင် ဆယ်​စု​တစ်​စု​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 33,
      "text": "ကောင်း​သ​လော၊ ညံ့​သ​လော​ဟု မ​မေး​မ​စစ်​ရ။ တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို မ​လဲ​ရ။ လဲ​လို​လျှင် နှစ်​ကောင်​စ​လုံး​သန့်​ရှင်း​ရ​မည်။ အ​လျှင်း​မ​ရွေး​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 3,
      "chapter": 27,
      "verse": 34,
      "text": "ဤ​ရွေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ မော​ရှေ၌​ထား​တော်​မူ​သော ပ​ညတ်​တော်​များ ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော ဝတ်​ပြု​ရာ​ကျမ်း​ပြီး၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ သိ​နာ​တော​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 2,
      "text": "သင်​နှင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​တို့​တွင်၊ အ​သက်​နှစ်​ဆယ်​လွန်၍၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 3,
      "text": "စစ်​တိုက်​နိုင်​သော​ယောက်ျား​အ​ပေါင်း​တို့​ကို သူ​တို့​အ​ဆွေ​အ​မျိုး အ​သီး​အသီး​အ​လိုက်​စာ​ရင်း​ယူ​လျက်၊ တပ်​ခင်း​ကျင်း၍ ရေ​တွက်​လော့။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 4,
      "text": "အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တစ်​ယောက်​စီ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ သူ​ကြီး​ဖြစ်​သော​လူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး၊ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 6,
      "text": "ရှိ​မောင်​အ​မျိုး၊ ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 7,
      "text": "ယု​ဒ​အ​မျိုး၊ အ​မိ​န​ဒပ်​သား​နာ​ရှုန်။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 8,
      "text": "ဣ​သ​ခါ​အ​မျိုး ဇု​အာ​သား​နာ​သ​နေ​လ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 9,
      "text": "ဇာ​ဗု​လုန်​အ​မျိုး၊ ဟေ​လုန်​သား​ဧ​လျာ​ဘ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 10,
      "text": "ယော​သပ်​သား​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ၊ မ​နာ​ရှေ​အ​မျိုး၊ ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 11,
      "text": "ဗင်္ယာ​မိန်​အ​မျိုး၊ ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 12,
      "text": "ဒန်​အ​မျိုး၊ အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 13,
      "text": "အာ​ရှာ​အ​မျိုး၊ ဩ​က​ရန်​သား​ပါ​ဂျေ​လ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 14,
      "text": "ဂဒ်​အ​မျိုး၊ ဒွေ​လ​သား​ဧ​လျာ​သပ်၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 15,
      "text": "နဿ​လိ​အ​မျိုး၊ ဧ​နန်​သား​အ​ဟိ​ရ​တည်း။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 16,
      "text": "ဤ​သူ​တို့​သည် ပ​ရိ​သတ်​တွင်​ကျော်​စော​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​ရ​သော​သူ ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 17,
      "text": "ထို​သို့​နာ​မည်​ဖြင့်​ရွေး​တော်​မူ​သော ထို​သူ​တို့​ကို၊ မော​ရှေ​နှင့်​အာ​ရုန်​သည် ခေါ်၍၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 18,
      "text": "ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​အ​ပေါင်း​ကို​စည်း​ဝေး​စေ​ပြီး​မှ၊ အ​ဆွေ​အ​မျိုး​စာ​ရင်း​ကို​ဖော်​ပြ၍ အ​နှစ်​နှစ်​ဆယ်​လွန်​သော​သူ​တို့၏ နာ​မည်​ပေါင်း​ကို​မှတ်​သ​ဖြင့်၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 20,
      "text": "ဣ​သ​ရေ​လ၏​သား​ဦး၊ ရု​ဗင်၏​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 21,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 22,
      "text": "ရှိ​မောင်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 23,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​ကိုး​ထောင်​သုံး​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 24,
      "text": "ဂဒ်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 25,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 26,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 27,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 28,
      "text": "ဣ​သ​ခါ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 29,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​လေး​ထောင်​လေး​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 30,
      "text": "ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 31,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​ခု​နစ်​ထောင်​လေး​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 32,
      "text": "ယော​သပ်​မှ​ဆင်း​သက်​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 33,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ရာ​ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 34,
      "text": "မ​နာ​ရှေ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 35,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း သုံး​သောင်း​နှစ်​ထောင်​နှစ်​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 36,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 37,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း သုံး​သောင်း​ငါး​ထောင်​လေး​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 38,
      "text": "ဒန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 39,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခြောက်​သောင်း​နှစ်​ထောင်​ခု​နစ်​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 40,
      "text": "အာ​ရှာ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 41,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​တစ်​ထောင်​ငါး​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 42,
      "text": "နဿ​လိ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 43,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​သုံး​ထောင်​လေး​ရာ ရှိ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 44,
      "text": "ထို​သို့​မော​ရှေ​နှင့် အာ​ရုန်​အ​စ​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော မင်း​ဆယ်​နှစ်​ပါး​တို့​သည်"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 45,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​ယူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 46,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​လူ​ပေါင်း​ကား ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 47,
      "text": "လေ​ဝိ​သား​တို့​သည်၊ ဘိုး​ဘ​အ​မျိုး​အ​လိုက် စာ​ရင်း​မ​ဝင်​ရ​သည်​အ​မှု​မှာ၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 48,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 49,
      "text": "လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော၍​မ​ရေ​တွက်​ရ။ စာ​ရင်း​ထဲ၌​မ​သွင်း​ရ။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 50,
      "text": "လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 51,
      "text": "တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 52,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တပ်​ချ​သော​အ​ခါ၊ အ​လုံး​အ​ရင်း​တစ်​လျှောက်​လုံး၊ လူ​တိုင်း မိ​မိ​ဆိုင်​သော​တပ်​တွင် မိ​မိ​ဆိုင်​သော​အ​လံ​နား​မှာ မိ​မိ​တဲ​ကို​ဆောက်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 53,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 1,
      "verse": 54,
      "text": "မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ မိ​မိ​အ​ဆွေ​အ​မျိုး​နှင့်​ဆိုင်​သော​အ​လံ​အ​နား​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို ရှေ့​ရှု​ပြု၍​နေ​ရာ​ချ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 3,
      "text": "နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ၌၊ ယု​ဒ​တပ်​အ​လံ​နှင့် ဆိုင်​သော​အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ၍ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 4,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 5,
      "text": "ယု​ဒ​တပ်​အ​နား​မှာ၊ ဣ​သ​ခါ​တပ်​ချ၍ ဇု​အာ​သား​နာ​သ​နေ​လ​သည် ဣ​သ​ခါ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 6,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​လေး​ထောင်​လေး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 7,
      "text": "ထို​နောက်၊ ဇာ​ဗု​လုန်​တပ်​ချ၍ ဟေ​လုန်​သား​ဧ​လျာ​ဘ​သည်၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 8,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​ခု​နစ်​ထောင်​လေး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 9,
      "text": "ယု​ဒ​တပ်​နှင့်​ဆိုင်​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား တစ်​သိန်း​ရှစ်​သောင်း​ခြောက်​ထောင်​လေး​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် တပ်​ဦး​အ​ရာ၌​ချီ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 10,
      "text": "တောင်​မျက်​နှာ၌၊ ရု​ဗင်​တပ်​အ​လုံး​အ​ရင်း​သည် ရု​ဗင်​အ​လံ​ကို​ထူ၍ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ရု​ဗင်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 11,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 12,
      "text": "ရု​ဗင်​တပ်​အ​နား​မှာ ရှိ​မောင်​တပ်​ချ၍ ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ​သည်၊ ရှိ​မောင်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 13,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​ကိုး​ထောင်​သုံး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 14,
      "text": "ထို​နောက် ဂဒ်​တပ်​ချ၍၊ ဒွေ​လ​သား​ဧ​လျာ​သပ်​သည်၊ ဂဒ်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 15,
      "text": "သူ​အုပ်​ရ​သော အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ​ငါး​ဆယ် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 16,
      "text": "ရု​ဗင်​တပ်​နှင့်​ဆိုင်​သော အ​လုံး​အ​ရင်း​အ​ရေ​အ​တွက်​ကား တစ်​သိန်း ငါး​သောင်း​တစ်​ထောင်​လေး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။ ဤ​သူ​တို့​သည် ဒု​တိ​ယ​တပ်​အ​ရာ၌ ချီ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 17,
      "text": "ထို​အ​ခါ၊ တပ်​မ​အ​လယ်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့်​တ​ကွ လေ​ဝိ​တပ်​ချီ​ရ​မည်။ တပ်​ချ​သည်​အ​တိုင်း လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​နေ​ရာ၌ မိ​မိ​ဆိုင်​သော​အ​လံ​နှင့်​အ​တူ လိုက်​လျက်​ချီ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 18,
      "text": "အ​နောက်​မျက်​နှာ၌ ဧ​ဖ​ရိမ်​တပ်​အ​လုံး​အ​ရင်း​သည်၊ ဧ​ဖ​ရိမ်​အ​လံ​ကို​ထူ၍ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည်၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 19,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ငါး​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 20,
      "text": "ဧ​ဖ​ရိမ်​တပ်​အ​နား​မှာ မ​နာ​ရှေ​တပ်​ချ၍၊ ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ​သည်၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 21,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ သုံး​သောင်း​နှစ်​ထောင်​နှစ်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 22,
      "text": "ထို​နောက်​ဗင်္ယာ​မိန်​တပ်​ချ၍၊ ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်​သည်၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 23,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ သုံး​သောင်း​ငါး​ထောင်​လေး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 24,
      "text": "ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ တစ်​သိန်း​ရှစ်​ထောင်​တစ်​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် တ​တိ​ယ​တပ်​အ​ရာ၌ ချီ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 25,
      "text": "တပ်​များ​မြောက်​မျက်​နှာ၌၊ ဒန်​တပ်​အ​လုံး​အ​ရင်း​သည် ဒန်​အ​လံ​ကို​ထူ၍ အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ​သည်၊ ဒန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 26,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ခြောက်​သောင်း​နှစ်​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 27,
      "text": "ဒန်​တပ်​အ​နား​မှာ၊ အာ​ရှာ​တပ်​ချ၍ ဩ​က​ရန်​သား​ပါ​ဂျေ​လ​သည်၊ အာ​ရှာ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 28,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​တစ်​ထောင်​ငါး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 29,
      "text": "ထို​နောက်၊ နဿ​လိ​တပ်​ချ၍ ဧ​နန်​သား​အ​ဟိ​ရ​သည်၊ နဿ​လိ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 30,
      "text": "သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ ငါး​သောင်း​သုံး​ထောင်​လေး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 31,
      "text": "ဒန်​တပ်​နှင့်​ဆိုင်​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ တစ်​သိန်း​ငါး​သောင်း​ခု​နစ်​ထောင်​ခြောက်​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် မိ​မိ​တို့​အ​လံ​ပါ​လျက် နောက်​ဆုံး​တပ်​အ​ရာ၌ ချီ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 32,
      "text": "ထို​သို့​နှင့်​အ​ညီ၊ အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​အ​တွက်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တပ် အ​လုံး​အ​ရင်း​လူ​ပေါင်း​ကား၊ ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 33,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော၍​မ​ရေ​တွက်​ရ။"
    },
    {
      "book": 4,
      "chapter": 2,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​အ​လံ​အ​နား​မှာ မိ​မိ​နေ​ရာ​ချ​ခြင်း​ကို​လည်း​ကောင်း၊ မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ချီ​ခြင်း​ကို​လည်း​ကောင်း ပြု​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ၊ အာ​ရုန်​နှင့် မော​ရှေ​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ကို မှတ်​သား​သည်​တွင်၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 2,
      "text": "အာ​ရုန်၏​သား​ဟူ​မူ​ကား၊ သား​ဦး​နာ​ဒပ်၊ ညီ​အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 3,
      "text": "ဤ​သူ​တို့​ကား၊ အ​ဘ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး၍ အ​ရာ၌​ခန့်​ထား​သော အာ​ရုန်၏​သား​ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 4,
      "text": "နာ​ဒပ်​နှင့် အ​ဘိ​ဟု​သည်၊ သိ​နာ​တော​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို​ပူ​ဇော်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သေ​ကြ၏။ သူ​တို့၌ သား​မ​ရှိ​သည်​ဖြစ်၍၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​သည်၊ အ​ဘ​အာ​ရုန်​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 6,
      "text": "သင်​သည် လေ​ဝိ​အ​မျိုး​သား​တို့​ကို​ခေါ်​ခဲ့၍ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​ထံ၌​နေ​ရာ​ချ​လော့။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 7,
      "text": "သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​မှာ၊ အာ​ရုန်​နှင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ဆောင်​ရ​သော အ​မှု​တည်း​ဟူ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 8,
      "text": "သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု​ပြု​စု၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဆောင်​ရ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 9,
      "text": "လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့၌ အပ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး၍ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 10,
      "text": "အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း ခန့်​ထား၏။ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​စောင့်​ရ​ကြ​မည်။ သူ၏​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​သူ​သည် ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 11,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် လေ​ဝိ​သား​တို့​ကို ငါ​ရွေး​ယူ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် အ​ထူး​သ​ဖြင့် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​ငါ​သန့်​ရှင်း​စေ​သော​ကြောင့် သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 14,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သိ​နာ​တော၌ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 15,
      "text": "လေ​ဝိ​သား​တို့​တွင် အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ရေ​တွက်​လော့​ဟု၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 16,
      "text": "မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လေ​ဝိ​သား​တို့​ကို ရေ​တွက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 17,
      "text": "လေ​ဝိ​သား​တို့၏​နာ​မည်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 18,
      "text": "မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ဂေ​ရ​ရှုန်​သား​တို့၏​နာ​မည်​ကား လိ​ဗ​နိ​နှင့်​ရှိ​မိ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 19,
      "text": "မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ကော​ဟတ်​သား​တို့၏​နာ​မည်​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 20,
      "text": "မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် မေ​ရာ​ရိ​သား​တို့၏​နာ​မည်​ကား မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း၊၊ ဤ​သူ​တို့​သည် မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ရေ​တွက်​သော လေ​ဝိ​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 21,
      "text": "ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​လာ​သော လိ​ဗ​နိ​အ​ဆွေ​အ​မျိုး၊ ရှိ​မိ​အ​ဆွေ​အ​မျိုး​တို့​သည် ဂေ​ရ​ရှုန်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 22,
      "text": "ထို​အ​ဆွေ​အ​မျိုး​တို့​ကို​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​ပေါင်း​ကား၊ ခု​နစ်​ထောင်​ငါး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 23,
      "text": "ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​တို့​သည် တဲ​တော်​အ​နောက်​မက်​နှာ၌ နေ​ရာ​ချ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 24,
      "text": "ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး သူ​ကြီး​ကား၊ လေ​လ​သား​ဧ​လျာ​သပ်​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 25,
      "text": "ဂေ​ရ​ရှုန်​သား​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ အ​ပေါ်​တဲ၊ အ​ပေါ်​တဲ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 26,
      "text": "တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကု​လား​ကာ၊ ဝင်း​တံ​ခါး​ဝ၌ ကာ​သော​ကု​လား​ကာ၊ ကြိုး​များ​အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 27,
      "text": "ကော​ဟတ်​မှ​ဆင်း​သက်​သော အာ​မ​ရံ​အ​ဆွေ​အ​မျိုး၊ ဣ​ဇ​ဟာ​အ​ဆွေ​အ​မျိုး၊ ဟေ​ဗြုန်​အ​ဆွေ​အ​မျိုး၊ ဩ​ဇေ​လ​အ​ဆွေ​အ​မျိုး​တို့​သည်၊ ကော​ဟတ်​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 28,
      "text": "တဲ​တော်​ကို​စောင့်​သော​သူ၊ ထို​အ​ဆွေ​အ​မျိုး​တို့​ကို​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​ပေါင်း​ကား၊ ရှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 29,
      "text": "ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည်၊ တဲ​တော်​တောင်​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 30,
      "text": "ကော​ဟတ်​အ​ဆွေ​အ​မျိုး​သူ​ကြီး​ကား၊ ဩ​ဇေ​လ​သား ဧ​လိ​ဇာ​ဖန်​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 31,
      "text": "သူ​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ သေ​တ္တာ၊ စား​ပွဲ၊ ယဇ်​ပ​လ္လင်​များ၊ အ​မှု​တော်​ထမ်း​စ​ရာ​တဲ​တော်​တန်​ဆာ​များ၊ အ​တွင်း​ကု​လား​ကာ အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 32,
      "text": "ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား​ဧ​လာ​ဇာ​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ကို အုပ်၍ တဲ​တော်​စောင့်​သော​သူ​တို့​ကို ကြည့်​ရှု​စီ​ရင်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 33,
      "text": "မေ​ရာ​ရိ​မှ​ဆင်း​သက်​သော မ​ဟာ​လိ​အ​ဆွေ​အ​မျိုး၊ မု​ရှိ​အ​ဆွေ​အ​မျိုး​တို့​သည်၊ မေ​ရာ​ရိ​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 34,
      "text": "ထို​အ​ဆွေ​အ​မျိုး​တို့​ကို​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​ပေါင်း​ကား၊ ခြောက်​ထောင်​နှစ်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 35,
      "text": "မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သူ​ကြီး​ကား၊ အ​ဘိ​ဟဲ​လ​သား​ဇု​ရေ​လ​တည်း။ ဤ​သူ​တို့​သည် တဲ​တော်​မြောက်​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 36,
      "text": "မေ​ရာ​ရိ​သား​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ တဲ​တော်​ပျဉ်​ပြား​များ ကန့်​လန့်​ကျင်​များ၊ တိုင်​များ၊ ခြေ​စွပ်​များ၊ ထို​အ​ရာ​နှင့်​ဆိုင်​သော​တန်​ဆာ​များ အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ဝင်း​တိုင်​များ၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 37,
      "text": "ခြေ​စွပ်​များ၊ တံ​သင်​များ၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 38,
      "text": "မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ အာ​ရုန်၏​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​စောင့်​လျက်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ရှေ့​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။ သူ​တို့​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော​သူ​သည်​ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 39,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လေ​ဝိ​သား​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ အ​သက်​တစ်​လ​ကျော်​ရှိ​သော ယောက်ျား​အ​ပေါင်း​ကား၊ နှစ်​သောင်း​နှစ်​ထောင် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 40,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ အ​သက်​တစ်​လ​ကျော်​ရှိ​သော သား​ဦး​ယောက်ျား​အ​ပေါင်း​တို့​ကို ရေ​တွက်၍ စာ​ရင်း​ယူ​လော့။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 41,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​ယူ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 42,
      "text": "မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​ကို​ရေ​တွက်၍၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 43,
      "text": "အ​သက်​တစ်​လ​ကျော်​ရှိ​သော သား​ဦး​ယောက်ျား​နာ​မည်​ပေါင်း​ကား၊ နှစ်​သောင်း​နှစ်​ထောင်​နှစ်​ရာ​ခု​နစ်​ဆယ်​သုံး​ယောက် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 44,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 45,
      "text": "ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​များ​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း​ယူ​လော့။ လေ​ဝိ​သား​တို့​သည် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 46,
      "text": "လေ​ဝိ​သား​တို့​ထက်​ပို​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဦး နှစ်​ရာ​ခု​နစ်​ဆယ်​သုံး​ယောက်​တို့​ကို ရွေး​ရ​မည်​အ​မှု​မှာ၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 47,
      "text": "အ​ကျပ်​တော်​အ​လိုက် လူ​တစ်​ကိုယ်​လျှင်​ငါး​ကျပ်​စီ​ခံ​ယူ​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 48,
      "text": "ပို​သော​သူ​တို့​ပေး​ရ​သော​အ​ရွေး​ငွေ​ကို၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​ပေး​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 49,
      "text": "လေ​ဝိ​သား​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​တို့​ကို​ရွေး၍ ပို​သေး​သော သား​ဦး​တို့၏​အ​ရွေး​ငွေ​ကို၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 50,
      "text": "မော​ရှေ​သည် အ​ကျပ်​တော်​နှင့်​ချိန်​လျက်၊ အ​ခွက် တစ်​ဆယ်​သုံး​ပိဿာ​ခြောက်​ဆယ်​ငါး​ကျပ်​ကို​ယူ​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 3,
      "verse": 51,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​တော်​အ​တိုင်း ထို​အ​ရွေး​ငွေ​ကို အာ​ရုန်​နှင့် သူ၏​သား​တို့​အား ပေး​လေ၏။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 2,
      "text": "လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​လော့။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 4,
      "text": "အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​နှင့်​ဆိုင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ စောင့်​ရှောက်​ရ​သော​အ​မှု​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 5,
      "text": "တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်​လာ၍၊ အ​တွင်း​ကု​လား​ကာ​ကို​ချ​ပြီး​လျှင်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို အုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 6,
      "text": "ကု​လား​ကာ​အ​ပေါ်​မှာ တ​ဟာ​ရှ​သား​ရေ​နှင့် အုပ်​ပြန်၍ သား​ရေ​အ​ပေါ်​မှာ​လည်း ပြာ​သော​အ​ထည်​ကို​ခင်း​ပြီး​မှ၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 7,
      "text": "ရှေ့​တော်​မုန့်​စား​ပွဲ​ပေါ်​မှာ ပြာ​သော​အ​ထည်​ကို​ခင်း၍၊ လင်​ပန်း၊ ဇွန်း၊ လောင်း​စ​ရာ​ဖ​လား​များ​နှင့်​တ​ကွ၊ အ​မြဲ​ထည့်​ရ​သော​မုန့်​ကို​တင်​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 8,
      "text": "ထို​အ​ရာ​တို့​ကို၊ နီ​သော​အ​ထည်​နှင့် အုပ်​ရ​မည်။ တစ်​ဖန် တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြန်၍ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 9,
      "text": "မီး​ထွန်း​ရာ မီး​ခုံ၊ မီး​ခွက်၊ မီး​ညှပ်၊ မီး​ညှပ်​ခံ​ရာ​ခွက်၊ ဆီ​အိုး​အ​စ​ရှိ​သည်​တို့​ကို ပြာ​သော​အ​ထည်​နှင့်​အုပ်​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 10,
      "text": "ထို​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ တ​ဟာ​ရှ​သား​ရေ​အိတ်​ထဲ၌​သွင်း​ထား၍၊ ထမ်း​ပိုး​ကို​တပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 11,
      "text": "ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပြာ​သော​အ​ထည်​ကို​ခင်း၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​လျှင်၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 12,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပြာ​သော​အ​ထည်​အိတ်​ထဲ၌ သွင်း​ထား၍၊ တ​ဟာ​ရှ​သား​ရေ​ဖြင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​ကို​တပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 13,
      "text": "ယဇ်​ပ​လ္လင်​မှ​ပြာ​ကို​ပယ်​ရှင်း၍ ပ​လ္လင်​ပေါ်​မှာ မောင်း​သော​အ​ထည်​ကို ခင်း​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 14,
      "text": "ထို​ပ​လ္လင်​နှင့်​ဆိုင်​သော အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တည်း​ဟူ​သော​လင်​ပန်း၊ အ​မဲ​သား​ချိတ်၊ တူး​ရွင်း​ပြား၊ အင်​တုံ​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို တင်၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 15,
      "text": "ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 16,
      "text": "ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သား ဧ​လာ​ဇာ၏​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​ဟူ​မူ​ကား၊ မီး​ထွန်း​စ​ရာ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး၊ နေ့​ရက်​အ​စဉ်​အ​တိုင်း​ဆက်​ကပ်​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ လိမ်း​ရန်​ဆီ အ​စ​ရှိ​သော​တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ပြု​စု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 17,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 18,
      "text": "ကော​ဟတ်​အ​ဆွေ​အ​မျိုး​အ​နွယ်​သား​တို့​ကို လေ​ဝိ​သား​စု​ထဲ​က မ​ပယ်​မ​ဖြတ်​နှင့်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 19,
      "text": "သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို ချဉ်း​ကပ်​သော​အ​ခါ သေ​ဘေး​လွတ်၍ အ​သက်​ရှင်​မည်​ဖြစ်​ကြောင်း အာ​ရုန်​နှင့် သူ၏​သား​တို့​သည် အ​ရင်​ဝင်၍ လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​တို့​ကို​ခွဲ​ခန့်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 20,
      "text": "သို့​ရာ​တွင် သန့်​ရှင်း​သော​အ​ရာ​တို့​ကို​ဖုံး​အုပ်​စဉ်​အ​ခါ ကော​ဟတ်​သား​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ထဲ​သို့​ဝင်၍​မ​ကြည့်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 21,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 22,
      "text": "ဂေ​ရ​ရှုန်​အ​နွယ်​သား​တို့​တွင်၊ အ​သက်​သုံး​ဆယ်​လွန်၍​ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ခြင်း​ငှာ အ​လုံး​အ​ရင်း​ဝင်​သော သူ​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​လော့။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 24,
      "text": "ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​တို့​သည် စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 25,
      "text": "အ​တွင်း​တဲ​တော်​ကု​လား​ကာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကု​လား​ကာ၊ အ​ပေါ်​တဲ၊ တ​ဟာ​ရှ​သား​ရေ​အ​ဖုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာတဲ​တော် တံ​ခါး​ဝ၌​ကာ​သော​ကု​လား​ကာ၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 26,
      "text": "တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကု​လား​ကာ၊ ဝင်း​တံ​ခါး​ဝ၌​ကာ​သော ကု​လား​ကာ၊ ကြိုး​များ​အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 27,
      "text": "ဂေ​ရ​ရှုန်​သား​များ​အ​မှု​စောင့်​လေ​ရာ​ရာ၊ ဝန်​ထမ်း​လေ​ရာ​ရာ၌၊ အာ​ရုန်​နှင့်​သူ၏​သား​တို့ ခွဲ​ခန့်​စီ​ရင်​သည်​အ​တိုင်း ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 28,
      "text": "ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည် သူ​တို့​ကို​အုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 29,
      "text": "မေ​ရာ​ရိ​သား​တို့​တွင်​လည်း၊ အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ အ​ပေါင်း​တို့​ကို ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​လော့။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 31,
      "text": "သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​ဟူ​မူ​ကား၊ တဲ​တော်​ပျဉ်​ပြား၊ ကန့်​လန့်​ကျင်၊ တိုင်၊ ခြေ​စွပ်၊"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 32,
      "text": "ဝင်း​တိုင်၊ ခြေ​စွပ်​တံ​သင်၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။ သူ​တို့​ထမ်း​ရွက်​ရ​သော​တန်​ဆာ​တို့​ကို အ​မည်​မှတ်၍​ရေ​တွက်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 33,
      "text": "ဤ​ရွေ့​ကား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်၍၊ ပ​ရိ​သတ်​အ​စည်း​ဝေး​ရာ​တဲ​တော်၌ မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော အ​မှု​ပေ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 34,
      "text": "မော​ရှေ​နှင့်​အာ​ရုန် အ​စ​ရှိ​သော​ပ​ရိ​သတ်​သူ​ကြီး​တို့​သည် ကော​ဟတ်​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား၊ နှစ်​ထောင်​ခု​နစ်​ရာ​ငါး​ဆယ် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 37,
      "text": "ဤ​သူ​တို့​သည်​မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 38,
      "text": "ဂေ​ရ​ရှုန်​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​ကို ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား နှစ်​ထောင်​ခြောက်​ရာ​သုံး​ဆယ်​ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 41,
      "text": "ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် အာ​ရုန်​သည်​ရေ​တွက်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​နေ​ရ​သော ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 42,
      "text": "မေ​ရာ​ရိ​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ဝင်​သော သူ​အ​ပေါင်း​တို့​ကို ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား သုံး​ထောင်​နှစ်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 45,
      "text": "ဤ​သူ​တို့​သည် မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​သည် ရေ​တွက်​သော မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​ပေ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 46,
      "text": "ထို​သို့​နှင့်​အ​ညီ၊ လေ​ဝိ​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ ငါး​ဆယ်​မ​မီ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​တော်​ကို​စောင့်၍ ဝန်​များ​ကို​ထမ်း​ခြင်း​ငှာ ဝင်​သော​သူ​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် မော​ရှေ​နှင့်​အာ​ရုန် အ​စ​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သူ​ကြီး​တို့​သည်​ရေ​တွက်၍ စာ​ရင်း​သွင်း​သော​လူ​ပေါင်း​ကား ရှစ်​ထောင်​ငါး​ရာ​ရှစ်​ဆယ် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 4,
      "verse": 49,
      "text": "မော​ရှေ၌​ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​အ​တိုင်း လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ အ​သီး​အ​သီး​ထမ်း​ရ​သော​ဝန်​တို့​ကို ထောက်၍ မော​ရှေ​ရေ​တွက်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 1,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 2,
      "text": "ငါ​နေ​သော​တပ်​ကို မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နူ​သော​သူ၊ ရိ​နာ​စွဲ​သော​သူ၊ အ​သေ​ကောင်​ထိ၍ မ​စင်​ကြယ်​သော​သူ ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​ကို၊ တပ်​ပြင်​မှာ​နေ​ရာ​ချ​ထား ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 4,
      "text": "မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 5,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 6,
      "text": "လူ​ပြု​တတ်​သော​ဒု​စ​ရိုက်​ကို​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သ​ဖြင့် အ​ပြစ်​ရောက်​သော​ယောက်ျား​မိန်း​မ​သည်၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 7,
      "text": "ထို​အ​ပြစ်​ကို ဖော်​ပြ၍​တောင်း​ပန်​ရ​မည်။ ပြစ်​မှား​သော​အ​တွက်၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ပြစ်​မှား​ခံ​သော​သူ​အား​ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 8,
      "text": "ထို​အ​ပြစ်​အ​တွက် ပေး​သော​ဥ​စ္စာ​ကို​ခံ​ထိုက်​သော အ​မျိုး​သား​ချင်း​မ​ရှိ​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ထို​မှ​တစ်​ပါး အ​ပြစ်​ဖြေ​စေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 9,
      "text": "ယဇ်​ပု​ရော​ဟိတ်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​ပူ​ဇော်၍ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ ဖြစ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 10,
      "text": "လူ​တိုင်း​သန့်​ရှင်း​စေ၍ ယဇ်​ပု​ရော​ဟိတ်​အား လှူ​သ​မျှ​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်၏​ဥ​စ္စာ​ဖြစ်​ရ​မည်​ဟု မိန့် တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 11,
      "text": "တစ်​ဖန်​မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 12,
      "text": "လင်​ရှိ​သော​မိန်း​မ​သည် အ​ခြား​တစ်​ပါး​သော​ယောက်ျား​နှင့် မှား​ယွင်း၍ လင်​ကို​ပြစ်​မှား​လျှင်​လည်း​ကောင်း၊ မှား​ယွင်း​စဉ်​တွင် သူ​တစ်​ပါး​မ​တွေ့​မိ၊ သက်​သေ​မ​ရှိ၊ သီ​လ​ပျက်​သော်​လည်း ထို​အ​မှု​ကို​ဝှက်​ထား၍ လင်​မ​သိ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 14,
      "text": "သီ​လ​ပျက်​သည်​ဖြစ်​စေ၊ မ​ပျက်​သည်​ဖြစ်​စေ၊ လင်​သည်​မ​ယား​ကို မ​ယုံ​လျှင်​လည်း​ကောင်း"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 15,
      "text": "ထို​မိန်း​မ​ပြု​ရ​သော​ပူ​ဇော်​သ​ကာ​ဖို့ မု​ယော​မုန့်​တစ်​ဩ​မဲ​ပါ​လျက် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​သွား​ရ​မည်။ မုန့်​ညက်​ပေါ်​မှာ ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။ မ​ယား​ကို​မ​ယုံ​ခြင်း​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ကို​ဖော်​တင်​ရာ ပူ​ဇော်​သ​ကာ​ဖြစ်၏။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 16,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ပူ​ဇော်​သ​ကာ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 17,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော​ရေ​ကို မြေ​အိုး၌​လောင်း​ပြီး​လျှင်၊ တဲ​တော်၌​ရှိ​သော မြေ​မှုန့်​ကို​ယူ၍ ရေ​ထဲ​မှာ​ထည့်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 18,
      "text": "ထို​မိန်း​မ​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ထား​ပြီး​လျှင်၊ ခေါင်း၌​အ​ချည်း​စည်း​ရှိ​စေ၍၊ မ​ယား​ကို​မ​ယုံ​ခြင်း ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော သ​တိ​ပေး​ရာ​ပူ​ဇော်​သ​ကာ​ကို မိန်း​မ​လက်၌​ထည့်​ရ​မည်။ ကျိန်​ခြင်း​ဘေး​ကို​ဖြစ်​စေ​သော​ရေ​ခါး​ကို၊ ယဇ်​ပု​ရော​ဟိတ်​ကိုယ်​တိုင် ကိုင်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 19,
      "text": "ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​မိန်း​မ​ကို​အ​ကျိန်​တိုက်​လျက် သင်​သည် ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း​မ​ရှိ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို​ဖြစ်​စေ​သော၊ ဤ​ရေ​ခါး​နှင့် ကင်း​လွတ်​စေ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 20,
      "text": "ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း၍ ညစ်​ညူး​ခြင်း​ရှိ​လျှင်၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​ပေါင်​ကို​ပိန်​စေ၍ ဝမ်း​ကို​လည်း​ရောင်​စေ​သ​ဖြင့်၊ သင့်​ကို​ကျိန်​အပ်​သော​သူ၊ အ​ထိမ်း​အ​မှတ်​ပြု၍ လူ​များ​ကျိန်​ဆို​ခြင်း​ကို​ခံ​ရ​သော​သူ ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 22,
      "text": "ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော ဤ​ရေ​သည်​သင်၏​ဝမ်း​ထဲ​သို့​ဝင်၍ ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​ကို​ဖြစ်​စေ​သ​တည်း​ဟု ယဇ်​ပု​ရော​ဟိတ်​သည် ကျိန်​ခြင်း​အ​ကျိန်​တိုက်​လျှင် မိန်း​မ​က၊ အာ​မင်၊ အာ​မင်​ဟု​ဝန်​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 23,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ထို​အ​ကျိန်​တို့​ကို​ရေး​မှတ်၍ တစ်​ဖန် ရေ​ခါး​နှင့်​ချေ​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 24,
      "text": "ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော​ရေ​ခါး​ကို မိန်း​မ​အား​တိုက်​ရ​မည်။ ထို​ရေ​သည် မိန်း​မ​ထဲ​သို့​ဝင်၍ ခါး​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 25,
      "text": "ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်၊ မ​ယား​ကို​မ​ယုံ​ခြင်း​ပူ​ဇော်​သ​ကာ​ကို မိန်း​မ​လက်​မှ​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ​လျက် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဆက်​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 26,
      "text": "မုန့်​ညက်​တစ်​လက်​ဆွန်း​တည်း​ဟူ​သော ပူ​ဇော်​သ​ကာ​အ​တွက်​အ​တာ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍၊ ထို​နောက်​အ​ကျိန်​ရေ​ကို မိန်း​မ​သောက်​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 27,
      "text": "ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ညစ်​ညူး​ခြင်း​ရှိ​လျှင် ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော​ရေ​ကို သောက်​ပြီး​မှ သူ့​အ​ထဲ၌ ရေ​ဝင်၍​ခါး​သ​ဖြင့် ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​သို့​ရောက်၍ ထို​မိန်း​မ​သည် မိ​မိ​အ​မျိုး၌ ကျိန်​အပ်​သော​သူ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 28,
      "text": "သို့​မ​ဟုတ် ထို​မိန်း​မ​သည်​မ​ညစ်​ညူး၊ စင်​ကြယ်​ခြင်း​ရှိ​လျှင်၊ ဘေး​နှင့်​လွတ်၍ ပ​ဋိ​သ​န္ဓေ​ယူ​သော​အ​ခွင့် ရှိ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 29,
      "text": "ဤ​ရွေ့​ကား၊ မိန်း​မ​သည် ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း၍ ညစ်​ညူး​ခြင်း​ရှိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 30,
      "text": "ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​သ​ဘော စွဲ​လမ်း​သော်​လည်း​ကောင်း၊ စောင့်​ရ​သော တ​ရား​ပေ​တည်း။ ယောက်ျား​သည်​မ​ယား​ကို​မ​ယုံ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဤ​တ​ရား​အ​တိုင်း​စီ​ရင်​သ​ဖြင့်၊"
    },
    {
      "book": 4,
      "chapter": 5,
      "verse": 31,
      "text": "ယောက်ျား​သည် အ​ပြစ်​နှင့်​ကင်း​လွတ်၍ မိန်း​မ​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 2,
      "text": "ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 3,
      "text": "စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို​ရှောင်​ရ​မည်။ စ​ပျစ်​ရည်​ချဉ်​နှင့် ယစ်​မျိုး​ချဉ်​ကို​လည်း မ​သောက်​ရ။ စ​ပျစ်​သီး​ဖြင့်​လုပ်​သော​အ​ရည်​ကို အ​လျှင်း​မ​သောက်​ရ။ စ​ပျစ်​သီး အ​စိမ်း​အ​ခြောက်​ကို​လည်း မ​စား​ရ။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 4,
      "text": "ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး စ​ပျစ်​သီး​အ​ဆန်၊ စ​ပျစ်​သီး​အ​ခွံ​မှ​စ၍ စ​ပျစ်​ပင်​က​ဖြစ်​သ​မျှ​ကို မ​စား​ရ။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 5,
      "text": "ခြား​နား​ခြင်း​သ​စ္စာ​စောင့်​သော​ကာ​လ​ပတ်​လုံး၊ ဦး​ဆံ​ကို​မ​ရိတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော ကာ​လ​မ​စေ့​မီ​တိုင်​အောင် သူ​သည် သန့်​ရှင်း​ရ​သ​ဖြင့်၊ မိ​မိ​ဆံ​ပင်​ကို အ​လို​အ​လျောက်​တိုး​ပွား​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော​ကာ​လ​ပတ်​လုံး၊ အ​သေ​ကောင်​ကို မ​ချဉ်း​မ​ကပ်​ရ။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 7,
      "text": "သူ၏​ဘု​ရား​သ​ခင်​အ​ဖို့ သူ၏​ခေါင်း​ကို ခြား​နား​စေ​သော​ကြောင့်၊ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော်​လည်း ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 8,
      "text": "ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 9,
      "text": "သူ့​အ​နား​မှာ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ချက်​ချင်း​သေ၍၊ သူ​သည် ခြား​နား​စေ​သော​ခေါင်း​ကို ညစ်​ညူး​စေ​လျှင်၊ စင်​ကြယ်​စေ​သော​နေ့​တည်း​ဟူ​သော သ​တ္တ​မ​နေ့၌ ဦး​ဆံ​ကို​ရိတ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 10,
      "text": "အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 11,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို​ပူ​ဇော်၍ ထို​သူ၌ အ​သေ​ကောင်​အား​ဖြင့်​ရောက်​သော အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် သူ၏​ခေါင်း​ကို သန့်​ရှင်း​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 12,
      "text": "အ​ရင်​ခြား​နား​စေ​သော​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တစ်​ဖန် ခြား​နား​စေ၍ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ အ​ရင်​ခြား​နား​ခြင်း​ပျက်​သော​ကြောင့် လွန်​သော​ကာ​လ​ပျောက်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 13,
      "text": "ခြား​နား၍​နေ​သော​ကာ​လ​စေ့​ပြီး​မှ၊ နာ​ဇ​ရိ​လူ​စောင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ သူ​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​သို့​လာ၍၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 14,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​မ​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော​ဆိတ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 15,
      "text": "ဆီ​ရော​သော​မုန့်​ညက်​နှင့်​လုပ်​သော​မုန့်​ပြား၊ ဆီ​လူး​သော တ​ဆေး​မဲ့ မုန့်​ကြွပ်​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​တစ်​တောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 16,
      "text": "ထို​ပူ​ဇော်​သ​ကာ​များ​ကို ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​သွင်း၍ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 17,
      "text": "တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​နှင့်​တ​ကွ၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 18,
      "text": "နာ​ဇ​ရိ​လူ​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ မိ​မိ​ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်၍၊ ထို​ဆံ​ကို မိတ်​သ​ဟာ​ယ​ယဇ်​အောက်၌​ရှိ​သော မီး​ထဲ​မှာ​ထည့်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 19,
      "text": "ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​သည် ပြုတ်​သော ဆိတ်​ပ​ခုံး​တစ်​ဖက်၊ တောင်း​ထဲ​က တ​ဆေး​မဲ့​မုန့်​ပြား​တစ်​ပြား၊ တ​ဆေး​မဲ့​မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ၍ နာ​ဇ​ရိ​လူ​လက်၌​ထည့်​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ ထို​အ​ရာ​တို့​သည်၊ ချီ​လွှဲ​ရာ​ရင်​ပတ်၊ ချီ​လွှဲ​ရာ​ပ​ခုံး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ ထို​နောက်​မှ နာ​ဇ​ရိ​လူ​သည် စ​ပျစ်​ရည်​ကို​သောက်​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 21,
      "text": "ဤ​ရွေ့​ကား၊ သ​စ္စာ​ပြု​သော​နာ​ဇ​ရိ​လူ​သည် အ​လို​အ​လျောက် တတ်​နိုင်​သ​မျှ​မှ​တစ်​ပါး မိ​မိ​ခြား​နား​ခြင်း​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​သော ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော တ​ရား​ပေ​တည်း။ သ​စ္စာ​ပြု​သည်​အ​တိုင်း ခြား​နား​ခြင်း​တ​ရား​နှင့်​အ​ညီ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 22,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်​နှင့်​သူ၏​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 23,
      "text": "သင်​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကောင်း​ချီး​ပေး၍ မြွက်​ရ​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု"
    },
    {
      "book": 4,
      "chapter": 6,
      "verse": 27,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​မှာ ငါ့​နာ​မ​ကို​မြွက်​ဆို၍​တင်​လျှင် ငါ​သည်​ထို​သူ​တို့​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 1,
      "text": "မော​ရှေ​သည် တဲ​တော်​ကို​ထူ​ထောင်၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​နှင့် ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဆီ​လူး၍ သန့်​ရှင်း​စေ​ခြင်း​အ​မှု​ကို လက်​စ​သတ်​သော​နေ့၌၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 2,
      "text": "စာ​ရင်း​ဝင်​သော​သူ​တို့​ကို​အုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​တို့၌ မင်း​ဖြစ်​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​တို့​သည်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 3,
      "text": "မင်း​တစ်​ပါး​နွား​ထီး​တစ်​ကောင်​စီ၊ မင်း​နှစ်​ပါး အ​မိုး​ပါ​သော​ရ​ထား​တစ်​ခု​စီ၊ ရ​ထား​ခြောက်​ခု၊ နွား​ဆယ်​နှစ်​ကောင်​တို့​ကို တဲ​တော်​ရှေ့​သို့​ဆောင်​ခဲ့၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း သင်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ဆောင်​ရွက်​စ​ရာ​ဖို့​ခံ​ယူ၍ အ​မှု​ကို​ဆောင်​ရွက်​ရ​သည်​အ​တိုင်း လေ​ဝိ​သား အ​သီး​အ​သီး​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 6,
      "text": "မော​ရှေ​သည် ရ​ထား​နှင့်​နွား​တို့​ကို​ခံ​ယူ၍ လေ​ဝိ​သား​တို့​အား​ပေး​သ​ဖြင့်"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 7,
      "text": "အ​မှု​ဆောင်​ရွက်​စ​ရာ​ရှိ​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်​သော​ဂေ​ရ​ရှုန်​သား​တို့​အား ရ​ထား​နှစ်​ခု​နှင့် နွား​လေး​ကောင်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 8,
      "text": "မေ​ရာ​ရိ​သား​တို့​အား ရ​ထား​လေး​ခု​နှင့် နွား​ရှစ်​ကောင်​တို့​ကို​လည်း​ကောင်း ပေး​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 9,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​မူ​ကို စောင့်​ရ​သော ကော​ဟတ်​သား​တို့​သည် မိ​မိ​တို့​ပ​ခုံး၌ ထမ်း​ရွက်​ရ​သော​ကြောင့်၊ သူ​တို့​အား ရ​ထား​နှင့်​နွား​တို့​ကို​မ​ပေး။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 10,
      "text": "ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ခြား​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့၊ မင်း​အ​သီး​အ​သီး​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း မိ​မိ​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 12,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ပ​ထ​မ​နေ့၌ ယု​ဒ​အ​မျိုး၊ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 13,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 14,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 15,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 16,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 17,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 18,
      "text": "ဒု​တိ​ယ​နေ့၌ ဣ​သ​ခါ​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဇု​အာ​သား နာ​သ​နေ​လ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 19,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 20,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 21,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 22,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 23,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဇု​အာ​သား​နာ​သ​နေ​လ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 24,
      "text": "တ​တိ​ယ​နေ့၌ ဇာ​ဗု​လုန်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဟေ​လုန်​သား​ဧ​လျာ​ဘ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 25,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 26,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 27,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 28,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 29,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဟေ​လုန်​သား​ဧ​လျာ​ဘ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 30,
      "text": "စ​တု​တ္ထ​နေ့၌ ရု​ဗင်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 31,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 32,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 33,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 34,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 35,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 36,
      "text": "ပ​ဥ္စ​မ​နေ့၌ ရှိ​မောင်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဇု​ရိ​ရှ​ဒ္ဒဲ​သား၊ ရှေ​လု​မျေ​လ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 37,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 38,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 39,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 40,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 41,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 42,
      "text": "ဆ​ဋ္ဌ​မနေ့၌ ဂဒ်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဒွေ​လ​သား၊ ဧ​လျာ​သပ်​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 43,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 44,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 45,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 46,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 47,
      "text": "မိတ်​သ​ဟာ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဒွေ​လ​သား ဧ​လျာ​သပ်​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 48,
      "text": "သ​တ္တ​မ​နေ့၌ ဧ​ဖ​ရိမ်​အ​မျိုး​တွင်​မင်း​ဖြစ်​သော အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 49,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 50,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 51,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 52,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 53,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို၊ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 54,
      "text": "အ​ဋ္ဌ​မ​နေ့၌ မ​နာ​ရှေ​အ​မျိုး​တွင် မင်း​ဖြစ်​သော​ပေ​ဒါ​ဇု​ရ​သား ဂါ​မ​လျေ​လ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 55,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 56,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 57,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 58,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 59,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 60,
      "text": "န​ဝ​မ​နေ့၌ ဗင်္ယာ​မိန်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 61,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 62,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 63,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 64,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 65,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်​သည် ပူ​ဇော်​လေ၏၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 66,
      "text": "ဒ​သ​မ​နေ့၌ ဒန်​အ​မျိုး​တွင်​မင်း​ဖြစ်​သော အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 67,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 68,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 69,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 70,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 71,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို အ​မိ​ရှ​ဒ္ဒ​သား​အ​ဟေ​ဇာ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 72,
      "text": "ဧ​ကာ​ဒ​သ​မ​နေ့၌ အာ​ရှာ​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဩ​က​ရန်​သား ပါ​ဂျေ​လ​ဆက်​သော​ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 73,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 74,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 75,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 76,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 77,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဩ​က​ရန်​သား​ပါ​ဂျေ​လ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 78,
      "text": "ဒွါ​ဒ​သ​မ​နေ့၌ န​ဿ​လိ​အ​မျိုး​တွင်​မင်း​ဖြစ်​သော ဧ​နန်​သား​အ​ဟိ​ရ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 79,
      "text": "အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 80,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 81,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 82,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 83,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဧ​နန်​သား​အ​ဟိ​ရ​သည် ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 84,
      "text": "ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည်၊ ယဇ်​ပ​လ္လင်​ကို ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ဆက်​သော ငွေ​အင်​တုံ​ပေါင်း​ဆယ်​နှစ်​လုံး၊ ငွေ​ဖ​လား​ပေါင်း​ဆယ်​နှစ်​လုံး၊ ရွှေ​ဇွန်း​ပေါင်း​ဆယ်​နှစ်​စင်း​တည်း။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 85,
      "text": "ငွေ​အင်​တုံ​အ​ချိန်​ကား တစ်​လုံး​လျှင် တစ်​ပိဿာ​သုံး​ဆယ်​စီ၊ ငွေ​ဖ​လား​အ​ချိန်​ကား တစ်​လုံး​လျှင် ခု​နစ်​ဆယ်​စီ​ရှိ၍၊ ငွေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​လိုက်၊ အ​ခွက်​နှစ်​ဆယ်​လေး​ပိဿာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 86,
      "text": "မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဇွန်း​ဆယ်​နှစ်​စင်း​အ​ချိန်​ကား အ​ကျပ်​တော်​အ​လိုက် ဆယ်​ကျပ်​စီ​ရှိ၍၊ ရွှေ​ချိန်​ပေါင်း​ကား တစ်​ပိဿာ​နှစ်​ဆယ်​ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 87,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ နွား​ပေါင်း​ဆယ်​နှစ်​ကောင်၊ သိုး​ထီး​ဆယ်​နှစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ဆယ်​နှစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​ပေါင်း ဆယ်​နှစ်​ကောင်၊"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 88,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​ဖို့​နွား​ပေါင်း နှစ်​ဆယ်​လေး​ကောင်၊ သိုး​ထီး​ခြောက်​ဆယ်၊ ဆိတ်​ထီး​ခြောက်​ဆယ်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခြောက်​ဆယ် ရှိ​သ​တည်း။ ဤ​ရွေ့​ကား၊ ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နောက်၊ အ​နု​မော​ဒ​နာ​ပြု​ဖို့ ဆက်​သော​ပူ​ဇော်​သ​ကာ​ပေ​တည်း။"
    },
    {
      "book": 4,
      "chapter": 7,
      "verse": 89,
      "text": "မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ခေ​ရု​ဗိမ်​နှစ်​ပါး​ကြား​မှာ၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်၌ တင်​သော အ​ဖုံး​အ​ထက်​က၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သံ​ကို မော​ရှေ​သည်​ကြား၍ ထူး​လေ၏။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အာ​ရုန်​အား​ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 2,
      "text": "မီး​ခွက်​များ​ကို​ထွန်း​သော​အ​ခါ၊ မီး​ခွက်​ခု​နစ်​လုံး​တို့​သည် မီး​ခုံ​တစ်​ဖက်​တစ်​ချက်၌ ထွန်း​လင်း​ရ​မည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 3,
      "text": "မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​ပြု၍ မီး​ခုံ​တစ်​ဖက်​တစ်​ချက်၌ မီး​ခွက်​များ​ကို​ထွန်း​လေ၏။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 4,
      "text": "မီး​ခုံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပြ​တော်​မူ​သော​ပုံ​နှင့်​အ​ညီ မီး​ခုံ​တိုင်​မှ​စ၍ ကြာ​ပွင့်​တိုင်​အောင် ရွှေ​ဖြင့်​တစ်​စပ်​တည်း​ထု​လုပ်​သော မီး​ခုံ​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 6,
      "text": "လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ကောက်၍ စင်​ကြယ်​စေ​လော့။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 7,
      "text": "စင်​ကြယ်​စေ​ခြင်း​ငှာ ပြု​ရ​မည်​အ​မှု​ဟူ​မူ​ကား၊ စင်​ကြယ်​ခြင်း​မင်္ဂ​လာ​ရေ​ကို သူ​တို့​အ​ပေါ်​မှာ​ဖျန်း၍၊ သူ​တို့​သည် တစ်​ကိုယ်​လုံး​ကို​အ​မွေး​ရိတ်​ခြင်း၊ အ​ဝတ်​လျှော်​ခြင်း​ကို​ပြု​သ​ဖြင့် စင်​ကြယ်​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 8,
      "text": "ဆီ​ရော​သော​မုန့်​ညက်​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 9,
      "text": "လေ​ဝိ​သား​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ခေါ်​ခဲ့၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 10,
      "text": "လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့​ဆောင်​ခဲ့၍၊ သူ​တို့​ခေါင်း​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လက်​ကို​တင်​သ​ဖြင့်၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 11,
      "text": "သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော လေ​ဝိ​သား​တို့​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 12,
      "text": "လေ​ဝိ​သား​တို့​သည်​လည်း၊ နွား​ခေါင်း​ပေါ်​မှာ မိ​မိ​တို့​လက်​ကို​တင်၍၊ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ နွား​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်၊ တစ်​ကောင်​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 13,
      "text": "လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့​မှာ​ထား၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 14,
      "text": "ထို​သို့ လေ​ဝိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် တ​ခြား​စီ​ခွဲ​ထား၍၊ သူ​တို့​သည်​အ​ထူး​သ​ဖြင့် ငါ့​လူ​ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 15,
      "text": "ထို​နောက်​မှ လေ​ဝိ​သား​တို့​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​စင်​ကြယ်​စေ၍ ပူ​ဇော်​သ​ကာ၊ ပြု​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး​ကောက်၍၊ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် သူ​တို့​ကို​ငါ​သိမ်း​ယူ၏။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 17,
      "text": "အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင် လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ကိုယ်​အ​ဖို့ သန့်​ရှင်း​စေ​သော​ကြောင့်၊ သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 18,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက်၊ လေ​ဝိ​သား​တို့​ကို ငါ​ယူ၏။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 19,
      "text": "သူ​တို့​သည်​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌၊ ဣ​သ​ရေ​လ​အ​မျိုး​သား ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ ချဉ်း​ကပ်​သော​အ​ခါ၊ ဘေး​ဒဏ်​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က လေ​ဝိ​သား​တို့​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​သည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 20,
      "text": "လေ​ဝိ​သား​အ​မှု၌၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် လေ​ဝိ​သား​တို့​ကို​ပြု​ကြ​လျှင်၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 21,
      "text": "သူ​တို့​သည်​စင်​ကြယ်​ခြင်း​သို့​ရောက်၍ မိ​မိ​တို့​အ​ဝတ်​ကို လျှော်​ကြ၏။ အာ​ရုန်​သည်​လည်း၊ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်၍ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့် စင်​ကြယ်​စေ​လေ၏။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 22,
      "text": "ထို​နောက်​မှ လေ​ဝိ​သား​တို့​သည် အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ကြ၏။ လေ​ဝိ​သား​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း လူ​အ​ပေါင်း​တို့​သည် ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 23,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 24,
      "text": "လေ​ဝိ​သား​တို့​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​လွန်​မှ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 8,
      "verse": 25,
      "text": "အ​သက်​ငါး​ဆယ်​လွန်​မှ​အ​မှု​လွတ်၍ နောက်​တစ်​ဖန်​မ​ဆောင်​ရွက်​ဘဲ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ မိ​မိ​ညီ​အစ်​ကို​တို့​နှင်​အ​တူ ကူ​ညီ၍ အ​လှည့်​လှည့်​စောင့်​ရ​ကြ​မည်။ ထို​သို့ လေ​ဝိ​သား​များ​စောင့်​ရ​သော​အ​မှု​ကို စီ​ရင်​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 1,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ၌ သိန်​တော​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ချိန်း​ချက်​သော​ကာ​လ​အ​ချိန်၌ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 3,
      "text": "စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​သော​ထုံး​စံ​အ​တိုင်း၊ ချိန်း​ချက်​သော ကာ​လ​အ​ချိန်​တည်း​ဟူ​သော ယ​ခု​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ စောင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မော​ရှေ​ဆင့်​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 5,
      "text": "သိန်​တော​တွင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​ကြ၏။ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 6,
      "text": "ထို​နေ့၌ ပ​သ​ခါ​ပွဲ​ကို​မ​ခံ​ရ​မည်​အ​ကြောင်း၊ လူ​အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​သို့ ရောက်​သော​လူ​အ​ချို့​တို့​သည်၊ ထို​နေ့၌ မော​ရှေ​နှင့်​အာ​ရုန်​ထံ​သို့ ချဉ်း​ကပ်၍၊"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 7,
      "text": "အ​ကျွန်ုပ်​တို့​သည် လူ​အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ​ပါ၏။ ချိန်း​ချက်​သော​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​တို့​ကို ဆီး​တား​ပါ​မည်​လော​ဟု မေး​လျှောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 8,
      "text": "မော​ရှေ​က​လည်း၊ နေ​ကြ​ဦး​လော့။ သင်​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ငါ​နား​ထောင်​ဦး​မည်​ဟု ပြန်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 9,
      "text": "ထို​အ​ခါ​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 10,
      "text": "သင်​တို့​အ​မျိုး​သား​သည် အ​သေ​ကောင်​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ​သော်​လည်း​ကောင်း၊ ဝေး​သော​အ​ရပ်​သို့ ခ​ရီး​သွား​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 11,
      "text": "ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပွဲ​ခံ၍၊ သိုး​သ​ငယ်​အ​သား​ကို တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 12,
      "text": "ထို​အ​သား​ကို နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။ အ​ရိုး​ကို​လည်း​မ​ချိုး​ရ။ ပ​သ​ခါ​ပွဲ​နှင့် ဆိုင်​သော အ​ထုံး​အ​ဖွဲ့​ရှိ​သ​မျှ​တို့​ကို​လိုက်၍ ပွဲ​ခံ​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 13,
      "text": "ညစ်​ညူး​ခြင်း​မ​ရှိ၊ အ​ခြား​တစ်​ပါး​သို့ ခ​ရီး​မ​သွား​သော​သူ​သည် ပ​သ​ခါ​ပွဲ​ကို မ​ခံ​ဘဲ​နေ​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​မ​ဆောင်​ခဲ့​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 14,
      "text": "သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ စီ​ရင်​ထုံး​ဖွဲ့၍ ခံ​ရ​သော​ထုံး​စံ​အ​တိုင်း ပွဲ​ခံ​ရ​မည်။ သင်​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ၊ အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ​တို့​သည် ထုံး​စံ​တစ်​ပါး​တည်း​သာ ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 15,
      "text": "တဲ​တော်​ကို​ထူ​ထောင်​သော​နေ့၌၊ မိုး​တိမ်​သည် တဲ​တောင်​ပေါ်​မှာ​တည်၍၊ သက်​သေ​ခံ​ချက်​တဲ​တော်​ကို ဖုံး​အုပ်​လေ၏။ ညဉ့်​ဦး​မှ​စ၍ နံ​နက်​တိုင်​အောင် တဲ​တော်​ပေါ်​မှာ မီး​ကဲ့​သို့​ထင်​လေ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 16,
      "text": "ထို​သို့​အ​စဉ်​ဖြစ်၍ နေ့​အ​ချိန်၌​မိုး​တိမ်​ဖုံး​အုပ်​လျက်၊ ည​အ​ချိန်၌​မီး​ကဲ့​သို့ ထင်​လျက်​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 17,
      "text": "မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ​ကွာ​မြောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​ကြ၏။ မိုး​တိမ်​တည်​လေ​ရာ​ရာ၌​လည်း၊ တဲ​များ​ကို​ဆောက်​ပြန်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​လည်း တဲ​များ​ကို​ဆောက်​ကြ၏။ မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ တည်​နေ​သ​မျှ​သော​ကာ​လ​ပတ်​လုံး သူ​တို့​သည် တဲ၌​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 19,
      "text": "မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ နေ့​ရက်​ကြာ​မြင့်​စွာ​တည်​နေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​မ​သွား​ဘဲ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စောင့်​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 20,
      "text": "မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ နေ့​ရက်​အ​နည်း​ငယ်​မျှ တည်​နေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ သူ​တို့​သည် တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း​လည်း၊ ခ​ရီး​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 21,
      "text": "ညဉ့်​ဦး​ယံ​မှ​စ၍ နံ​နက်​အ​ချိန်​တိုင်​အောင် မိုး​တိမ်​တည်​နေ၍ နံ​နက်​အ​ချိန်၌ မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။ နေ့​ဖြစ်​စေ၊ ည​ဖြစ်​စေ၊ မိုး​တိမ်​မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 22,
      "text": "နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​ဖြစ်​စေ၊ မိုး​တိမ်​သည် တဲ​တော်​ပေါ်​မှာ တည်​နေ​သ​မျှ​သော​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​မ​သွား​ဘဲ တဲ၌​နေ​ကြ၏။ တစ်​ဖန်​မိုး​တိမ်​မြောက်​ပြန်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 9,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း​လည်း ခ​ရီး​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ စောင့်​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 2,
      "text": "သင်​သည် ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တပ်​တို့​ကို​ချီ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မှုတ်​ရ​သော ငွေ​တံ​ပိုး​နှစ်​လုံး​ကို၊ တစ်​လုံး​လျှင် ငွေ​တစ်​တုံး​စီ​ဖြင့် မ​ဆက်​ဘဲ​လုပ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 3,
      "text": "တံ​ပိုး​မှုတ်​သော​အ​ခါ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ သင့်​ထံ၌​စည်း​ဝေး​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 4,
      "text": "တံ​ပိုး​တစ်​လုံး​တည်း​ကို​မှုတ်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​ကို အုပ်​သော​မင်း​တို့​သည် သင့်​ထံ၌​စည်း​ဝေး​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 5,
      "text": "နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ အ​ရှေ့​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 6,
      "text": "ဒု​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ တောင်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ တ​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ အ​နောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ စ​တု​တ္ထ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ မြောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ အ​စဉ်​အ​တိုင်း ချီ​သွား​စေ​ခြင်း​ငှာ နှိုး​ဆော်​သံ​နှင့်​မှုတ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 7,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​စေ​ခြင်း​ငှာ နှိုး​ဆော်​သံ​ကို​မ​ပြု​ဘဲ တံ​ပိုး​မှုတ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 8,
      "text": "အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထို​တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 9,
      "text": "သင်​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ တိုက်​လာ​သော​ရန်​သူ​တို့​ကို စစ်​ချီ​လျှင်၊ နှိုး​ဆော်​သံ​နှင့် တံ​ပိုး​မှုတ်​ရ​မည်။ ထို​အ​ခါ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အောက်​မေ့၍၊ ရန်​သူ​လက်​မှ​ကယ်​တင်​တော်​မူ​မည်။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 10,
      "text": "သင်​တို့​သည် ရွှင်​လန်း​ခြင်း​ကို​ပြု​သော​နေ့၊ ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့​တို့၌ သင်​တို့​ဘု​ရား​သ​ခင်​အောက်​မေ့​တော်​မူ​ဖို့​ရာ၊ သင်​တို့​မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​သ​ကာ​များ​အ​ပေါ်​မှာ တံ​ပိုး​မှုတ်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 11,
      "text": "ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ အ​ရက်​နှစ်​ဆယ်​မြောက်​သော​နေ့​ရက်၌၊ မိုး​တိမ်​သည် သက်​သေ​ခံ​ချက်​တဲ​တော်​မှ ကွာ​မြောက်​သည်​ဖြစ်၍၊"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ခ​ရီး​သွား​ကြ၏။ နောက်​တစ်​ဖန် မိုး​တိမ်​သည် ပါ​ရန်​တော၌​တည်​နေ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 13,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ထ​မ​ခ​ရီး​သွား​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 14,
      "text": "ယု​ဒ​တပ်​အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည်၊ အ​လံ​နှင့်​တ​ကွ ရှေ့​ဦး​စွာ​ချီ​သွား​ကြ၏။ ယု​ဒ​တပ်​ကို၊ အ​မိ​န​ဒပ်​သား​နာ​ရှုန် အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 15,
      "text": "ဣ​သ​ခါ​တပ်​ကို၊ ဇု​အာ​သား​နာ​သ​နေ​လ အုပ်၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 16,
      "text": "ဇာ​ဗု​လုန်​တပ်​ကို၊ ဟေ​လုန်​သား​ဧ​လျာ​ဘ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 17,
      "text": "တဲ​တော်​ကို​ဖြုတ်​ချ၍ ဂေ​ရ​ရှုန်​သား၊ မေ​ရာ​ရိ​သား​တို့​သည် တဲ​တော်​ကို​ထမ်း​လျက် ချီ​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 18,
      "text": "ရု​ဗင်​တပ်​အ​စဉ်​အ​တိုင်း၊ အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ ချီ​သွား​ကြ၏။ ရု​ဗင်​တပ်​ကို ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 19,
      "text": "ရှိ​မောင်​တပ်​ကို ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 20,
      "text": "ဂဒ်​တပ်​ကို ဒွေ​လ​သား​ဧ​လျာ​သပ် အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 21,
      "text": "ကော​ဟတ်​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တန်​ဆာ​တို့​ကို ထမ်း​လျက် ချီ​သွား​ကြ၏။ သူ​တို့​မ​ရောက်​မီ အ​ရင်​သွား​သော​သူ​တို့​သည် တဲ​တော်​ကို ထူ​ထောင်​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 22,
      "text": "ဧ​ဖ​ရိမ်​တပ် အ​စဉ်​အ​တိုင်း​အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဧ​ဖ​ရိမ်​တပ်​ကို အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 23,
      "text": "မ​နာ​ရှေ​တပ်​ကို ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 24,
      "text": "ဗင်္ယာ​မိန်​တပ်​ကို ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန် အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 25,
      "text": "နောက်​ဆုံး​တပ်​တည်း​ဟူ​သော ဒန်​တပ် အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ​ချီ​သွား​ကြ၏။ ဒန်​တပ်​ကို အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 26,
      "text": "အာ​ရှာ​တပ်​ကို ဩ​က​ရန်​သား​ပါ​ဂျေ​လ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 27,
      "text": "နဿ​လိ​တပ်​ကို ဧ​နန်​သား​အ​ဟိ​ရ အုပ်​ရ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 28,
      "text": "ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ချီ​သွား​သော​အ​ခါ တပ်​များ​အ​စဉ်​အ​တိုင်း​ချီ၍ ခ​ရီး​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 29,
      "text": "မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း ငါ​တို့​အား​ပေး​တော်​မူ​မည်​အ​ရပ်​သို့ ငါ​တို့​သည် ယ​ခု​ခ​ရီး​သွား​ကြ၏။ ငါ​တို့​နှင့်​အ​တူ လိုက်၍​လာ​ပါ။ ငါ​တို့​သည် ကျေး​ဇူး​ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​မည် က​တိ​ရှိ​ပါ၏​ဟု မိ​မိ​ယော​က္ခ​မ​မိ​ဒျန်​အ​မျိုး၊ ရွေ​လ​သား၊ ဟော​ဗပ်​အား​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 30,
      "text": "ဟော​ဗပ်​က ငါ​မ​လိုက်​မ​သွား​ပါ၊ ငါ့​နေ​ရင်း​ပြည်၊ ငါ့​အ​ဆွေ​အ​မျိုး​ရှိ​ရာ​သို့ ပြန်​သွား​ပါ​မည်​ဟု မော​ရှေ​အား​ဆို၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 31,
      "text": "မော​ရှေ​က​လည်း၊ ငါ​တို့​ကို စွန့်​ပစ်၍​မ​သွား​ပါ​နှင့်။ သင်​သိ​သည်​အ​တိုင်း ငါ​တို့​သည်​တော၌ စ​ခန်း​ချ​ရ​မည်။ သင်​သည် ငါ​တို့​မျက်​စိ​ဖြစ်​ရ​ပါ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 32,
      "text": "ငါ​တို့​နှင့် အ​တူ​လိုက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​တို့​သည်​ခံ​ရ​သည်​အ​တိုင်း သင်၌​ကျေး​ဇူး​ပြု​ပါ​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 33,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​မှ​ထွက်၍၊ သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ၏။ ထို​သုံး​ရက်​ကွာ​သော​ခ​ရီး​ကို သွား​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သူ​တို့​အ​ဖို့ စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သူ​တို့​ရှေ့​က​သွား​လေ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 34,
      "text": "သူ​တို့​သည် နေ့​အ​ချိန်၌​တပ်​ချီ၍ သွား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ မိုး​တိမ်​သည် သူ​တို့​အ​ပေါ်​မှာ​ရှိ​လေ၏။"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 35,
      "text": "သေ​တ္တာ​တော်​သွား​သော​အ​ခါ၊ မော​ရှေ​က အို​ထာ​ဝ​ရ​ဘု​ရား​ထ​တော်​မူ​ပါ။ ကိုယ်​တော်၏​ရန်​သူ​တို့​သည် လွင့်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​မှ​ပြေး​ကြ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 10,
      "verse": 36,
      "text": "သေ​တ္တာ​တော်​မ​သွား​ဘဲ ရပ်​နေ​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ထောင်​အ​သောင်း​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ဆို​လေ့​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 1,
      "text": "တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 2,
      "text": "လူ​များ​တို့​သည် မော​ရှေ​အား​အော်​ဟစ်၍၊ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သ​ဖြင့် မီး​ငြိမ်း​လေ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​မီး​သည် သူ​တို့​တွင်​လောင်​သော​ကြောင့် ထို​အ​ရပ်​ကို တ​ဗေ​ရ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော​လျက်​ပါ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တောင့်​တ​သော​စိတ်​စွဲ​လမ်း​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း တစ်​ဖန်​ငို​ကြွေး​လျက် ငါ​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို အ​ဘယ်​သူ​ပေး​လိမ့်​မည်​နည်း။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 5,
      "text": "အဲ​ဂု​တ္တု​ပြည်၌ အ​လို​အ​လျောက်​စား​ရ​သော​ငါး​သား၊ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်၊ အ​နီ၊ အ​ဖြူ၊ အ​ရိုင်း​အ​မျိုး​မျိုး​တို့​ကို အောက်​မေ့၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 6,
      "text": "ယ​ခု​မှာ ငါ​တို့​အ​သက်​သည် အား​လျော့​ပြီ။ ဤ​မ​န္န​မှ​တစ်​ပါး တစ်​စုံ​တစ်​ခု​ကို​မျှ​မ​မြင်​ရ​ဟု ဆို​ကြ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 7,
      "text": "မ​န္န​သည်​နံ​နံ​စေ့​နှင့်​တူ၍ ဗ​ဓေ​လ​သစ်​စေ့​ကဲ့​သို့ အ​ဆင်း​ဖြစ်၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 8,
      "text": "လူ​များ​တို့​သည်​လှည့်​လည်​လျက် မ​န္န​ကို​စု​သိမ်း၍ ဆုံ၌​ကြိတ်​ခြင်း၊ ထောင်း​ခြင်း​ကို​ပြု​ပြီး​မှ အိုး​နှင့်​ပြုတ်​ကြ၏။ မုန့်​ပြား​ကို​လည်း လုပ်​ကြ၏။ အ​ရ​သာ​သည် မုန့်​ဆီ​ကြော်​အ​ရ​သာ​နှင့်​တူ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 9,
      "text": "စ​ခန်း​ချ​ရာ​အ​ရပ်၌ ည​အ​ခါ​နှင်း​နှင့်​အ​တူ မ​န္န​ကျ​တတ်၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 10,
      "text": "ထို​အ​ခါ လူ​များ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တဲ​တံ​ခါး​ဝ၌ မိ​မိ​အိမ်​ထောင်​နှင့်​တ​ကွ ငို​ကြွေး​ကြ​သည်​ကို မော​ရှေ​ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ၏။ အ​ပြစ်​ရှိ​သည်​ကို မော​ရှေ​သိ​မြင်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 11,
      "text": "ဤ​လူ​အ​ပေါင်း​တို့​ကို​ထမ်း​စေ​ဟု သူ​တို့​ကို ကိုယ်​တော်​ကျွန်​အ​ပေါ်​မှာ​တင်၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ရှေ့​တော်၌​မျက်​နှာ​မ​ရ​ဘဲ နေ​ရ​ပါ​သ​နည်း။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 12,
      "text": "သူ​တို့​ဘိုး​ဘေး​များ၌ ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍၊ အ​ထိန်း​သည် နို့​စို့​သူ​ငယ်​ကို​ဆောင်​သ​ကဲ့​သို့ ဤ​လူ​တို့​ကို​ပိုက်​ချီ​လျက် ဆောင်​လော့​ဟု အ​ကျွန်ုပ်​အား​မိန့်​တော်​မူ​မည်​အ​ကြောင်း၊ ဤ​လူ​အ​ပေါင်း​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​ဝန်​ဆောင်​ပါ​သ​လော။ ဖွား​မြင်​ပါ​သ​လော။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 13,
      "text": "ဤ​လူ​အ​ပေါင်း​တို့​အား ကျွေး​စ​ရာ​ဖို့​အ​မဲ​သား​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​မှာ​ရ​နိုင်​ပါ​အံ့​နည်း။ သူ​တို့​က အ​ကျွန်ုပ်​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို​ပေး​ပါ​ဟု ငို​ကြွေး​လျက် အ​ကျွန်ုပ်​ကို​တောင်း​ကြ​ပါ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 14,
      "text": "ဤ​လူ​အ​ပေါင်း​တို့​ကို အ​ကျွန်ုပ်​တစ်​ယောက်​တည်း​သာ မ​ဆောင်​ရွက်​နိုင်​ပါ။ ဆောင်​ရွက်​ရ​သော​ဝန်​လည်း လေး​လွန်း​ပါ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 15,
      "text": "ထို​သို့ အ​ကျွန်ုပ်၌​ပြု​တော်​မူ​လျှင်​လည်း​ကောင်း၊ စိတ်​တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို အ​လျင်​အ​မြန်​သေ​စေ​တော်​မူ​ပါ။ ကိုယ်​ဆင်း​ရဲ​ကို ကိုယ်​မ​သိ​မ​မြင်​ပါ​စေ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကျွမ်း​ကျင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို ငါ့​ရှေ့​မှာ​စု​ဝေး​စေ​ပြီး​လျှင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ခေါ်​ခဲ့၍ သင်​နှင့်​အ​တူ​ရပ်​နေ​ကြ​စေ​လော့။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 17,
      "text": "ငါ​သည်​လည်း ထို​အ​ရပ်​သို့​ဆင်း​သက်၍ သင်​နှင့်​နှုတ်​ဆက်​မည်။ သင့်​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို ငါ​ယူ၍ သူ​တို့​အ​ပေါ်​မှာ​တင်​မည်။ ဤ​လူ​တို့​ကို သင်​တစ်​ယောက်​တည်း​သာ ဆောင်​ရွက်​ရ​မည်​မ​ဟုတ်၊ ထို​အ​သက်​ကြီး​သူ​တို့​သည် ဝိုင်း​ညီ၍ ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 18,
      "text": "သင်​သည်​လည်း လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​လော့။ အ​မဲ​သား​ကို စား​ရ​ကြ​မည်။ သင်​တို့​က အ​ဘယ်​သူ​သည် ငါ​တို့​အား အ​မဲ​သား​ကို​ပေး​လိမ့်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်၌​နေ​စဉ်၊ ငါ​တို့​သည်​ချမ်း​သာ​စွာ​နေ​ကြ၏​ဟု ငို​ကြွေး​လျက်​ပြော​ဆို​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​သော​ကြောင့်၊ အ​မဲ​သား​ကို​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် စား​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 19,
      "text": "တစ်​ရက်၊ နှစ်​ရက်၊ ငါး​ရက်၊ ဆယ်​ရက်၊ အ​ရက်​နှစ်​ဆယ်​သာ စား​ရ​ကြ​မည်​မ​ဟုတ်။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 20,
      "text": "သင်​တို့​နှာ​ခေါင်း​ထဲ​က အ​မဲ​သား​ထွက်၍ ရွံ​စ​ရာ​ဖြစ်​သည်​တိုင်​အောင် တစ်​လ​ပတ်​လုံး စား​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ သင်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ထွက်​လာ​ရ​ကြ​သ​နည်း​ဟု ရှေ့​တော်၌​ငို​ကြွေး​လျက် ပြော​ဆို​ကြ​ပြီ​တ​ကား​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 21,
      "text": "မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​နှင့်​ဆိုင်​သော လူ​ယောက်ျား​ပေါင်း ခြောက်​သိန်း​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်​တော်​က တစ်​လ​စား​စ​ရာ​ဖို့ သူ​တို့​အား​အ​မဲ​သား​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား၊"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 22,
      "text": "သူ​တို့​ကို​ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ သိုး​ဆိတ်​နွား​စု​တို့​ကို သတ်​ရ​ပါ​မည်​လော။ သို့​မ​ဟုတ် ဝ​စွာ​ကျွေး​ခြင်း​ငှာ၊ ပင်​လယ်​ငါး​ရှိ​သ​မျှ​တို့​ကို စု​ဝေး​ရ​ပါ​မည်​လော​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ထာ​ဝ​ရ​ဘု​ရား​လက်​တို​သ​လော။ ငါ့​စ​ကား​တည်​မည်၊ မ​တည်​မည်​ကို သင်​သိ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 24,
      "text": "မော​ရှေ​သည်​ထွက်၍ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လူ​များ​တို့​အား​ဆင့်​ဆို​ပြီး​လျှင် အ​မျိုး​သား၊ အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​ကို စု​ဝေး​စေ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ပတ်​လည်၌ ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော​ဝိ​ညာဉ်​အ​ချို့​ကို​ယူ၍ အ​သက်​ကြီး​သူ​ခု​နစ်​ကျိပ်​တို့​အ​ပေါ်​မှာ တင်​တော်​မူ​သ​ဖြင့်၊ ထို​ဝိ​ညာဉ်​သည် သူ​တို့​အ​ပေါ်​မှာ​ကျိန်း​ဝပ်​သော​အ​ခါ၊ သူ​တို့​သည် ပ​ရော​ဖက်​ပြု၍ မ​ပြတ်​မ​စဲ​ဟော​ကြ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 26,
      "text": "ထို​လူ​စု၌​ပါ​သော​သူ ဧ​လ​ဒဒ်​နှင့် မေ​ဒဒ်​တို့​သည် စာ​ရင်း​ဝင်​သော်​လည်း၊ တဲ​တော်​သို့​မ​သွား​ဘဲ တပ်​ထဲ​မှာ​နေ​ရစ်​စဉ်​တွင် သူ​တို့​အ​ပေါ်​မှာ ထို​ဝိ​ညာဉ်​ကျိန်း​ဝပ်​သ​ဖြင့် သူ​တို့​သည်​လည်း​ပ​ရော​ဖက်​ပြု၍ တပ်​ထဲ​မှာ​ဟော​ကြ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 27,
      "text": "လု​လင်​တစ်​ယောက်​သည်​လည်း မော​ရှေ​ထံ​သို့​ပြေး၍၊ ဧ​လ​ဒဒ်​နှင့်​မေ​ဒဒ်​တို့​သည် တပ်​ထဲ​မှာ ပ​ရော​ဖက်​ပြု၍​ဟော​ပါ၏​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 28,
      "text": "မော​ရှေ၏​လက်​ထောက်​ဖြစ်​သော လု​လင်​နုန်​သား​ယော​ရှု​က၊ သ​ခင်​မော​ရှေ၊ သူ​တို့​ကို​ဆီး​တား​တော်​မူ​ပါ​ဟု​ဆို​သော်၊"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 29,
      "text": "မော​ရှေ​က၊ သင်​သည် ငါ့​အ​တွက်​ငြူ​စူ​သော​စိတ်​ရှိ​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​လူ​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဝိ​ညာဉ်​တော်​ကို သူ​တို့​အ​ပေါ်​မှာ​တင်​တော်​မူ​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 30,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​နှင့်​အ​တူ တပ်​ထဲ​သို့​ပြန်​သွား​လေ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 31,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​စေ​လွှတ်၍၊ ငုံး​များ​ကို ပင်​လယ်​မှ​ဆောင်​ခဲ့​သ​ဖြင့်၊ တပ်​ပတ်​လည် တစ်​ရက်​ခ​ရီး​စီ​တိုင်​တိုင်​ကွာ​သော အ​ရပ်​တို့၌၊ မြေ​ပေါ်​မှာ ဒု​နှစ်​တောင်​ခန့်​မျှ ဆင်း​စေ​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 32,
      "text": "လူ​များ​တို့​သည် တစ်​နေ့​လုံး၊ တစ်​ည​လုံး၊ နက်​ဖြန်​လည်း​တစ်​နေ့​လုံး​ထ၍ ငုံး​များ​ကို စု​သိမ်း​ကြ၏။ နည်း​နည်း​သိမ်း​သော​သူ​သည် ဆယ်​ဟော​မဲ​ကို​သိမ်း​ရ၏။ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ ဖြန့်​ထား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 33,
      "text": "သို့​ရာ​တွင် ငုံး​သား​ကို​ကိုက်၍​မ​ဝါး​မီ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​မျက်​တော်​ထွက်၍ အ​လွန်​ပြင်း​သော​ဘေး​နှင့် ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 34,
      "text": "တောင့်​တ​သော​သူ​တို့​ကို သင်္ဂြိုဟ်​ရာ​ထို​အ​ရပ်​ကို ကိ​ဗြုတ်​ဟ​တ္တ​ဝါ​ဟူ​သော အ​မည်​ဖြင့်​မှည့်​လေ၏။"
    },
    {
      "book": 4,
      "chapter": 11,
      "verse": 35,
      "text": "လူ​များ​တို့​သည် ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်​မှ ထွက်​ပြီး​လျှင်၊ ဟာ​ဇ​ရုတ်​အ​ရပ်​သို့ ရောက်၍​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 1,
      "text": "မော​ရှေ​သည် ကု​ရှ​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်၍၊ ထို​မိန်း​မ​ကြောင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​သည် မော​ရှေ​ကို​အ​ပြစ်​တင်​လျက်၊"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 2,
      "text": "အ​ကယ်၍​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​ဖြင့်​သာ ဗျာ​ဒိတ်​ပေး​တော်​မူ​သ​လော။ ငါ​တို့​အား​ဖြင့်​လည်း ပေး​တော်​မ​မူ​လော​ဟု ဆို​ကြ၏။ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 3,
      "text": "မော​ရှေ​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​သော သူ​အ​ပေါင်း​တို့​ထက်​သာ၍ နူး​ညံ့​သိမ်​မွေ့​သော​သ​ဘော​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သုံး​ယောက်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ထွက်​သွား​ကြ​လော့​ဟု မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​အား ချက်​ချင်း​မိန့်​တော်​မူ၍ သူ​တို့​သည်​ထွက်​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​တိုင်​ဖြင့်​ဆင်း​သက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​လျက်၊ အာ​ရုန်​နှင့် မိ​ရိ​အံ​ကို​ခေါ်​တော်​မူ၍၊ သူ​တို့​သည် ချဉ်း​ကပ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​တွင် ပ​ရော​ဖက်​ရှိ​လျှင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၌ ထူး​ဆန်း​သော​ရူ​ပါ​ရုံ​အား​ဖြင့် ကိုယ်​ကို​ပြ​မည်။ သို့​မ​ဟုတ် အိပ်​မက်​အား​ဖြင့် ဗျာ​ဒိတ်​ပေး​မည်။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 7,
      "text": "အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သော ငါ့​ကျွန်​မော​ရှေ​သည် ထို​သို့​မ​ဟုတ်။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 8,
      "text": "သူ၌​ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ နက်​နဲ​သော​စ​ကား​အား​ဖြင့် မ​ပေး၊ ကိုယ်​တိုင်​ကိုယ်​ကြပ် ထင်​ရှား​စွာ​ဗျာ​ဒိတ်​ပေး​မည်။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပုံ​သ​ဏ္ဌာန်​ကို​လည်း မြင်​ရ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ငါ့​ကျွန်​မော​ရှေ​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​ဝံ့​သ​နည်း​ဟု မိန့်​တော်​မူ​လျက်၊"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 9,
      "text": "အ​မျက်​တော်​ထွက်၍ ထာ​ဝ​ရ​ဘု​ရား ကြွ​သွား​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 10,
      "text": "မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ​ကွာ​သွား၏။ မိ​ရိ​အံ​သည်​လည်း၊ နူ​နာ​စွဲ၍ မိုး​ပွင့်​ကဲ့​သို့​ဖြူ​လေ၏။ အာ​ရုန်​ကြည့်၍ မိ​ရိ​အံ​နူ​သည်​ကို​မြင်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 11,
      "text": "အို အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် မိုက်​သော​အ​မှု​ကို​ပြု​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ တင်​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 12,
      "text": "ဖွား​စ​က​ပင် ကိုယ်​အ​သား​တစ်​ဝက်​ပျက်​သော အ​သေ​ကောင်​ကဲ့​သို့ သူ​သည် မ​ဖြစ်​ပါ​စေ​နှင့်​ဟု တောင်း​ပန်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 13,
      "text": "မော​ရှေ​က၊ အို ဘု​ရား​သ​ခင်၊ သူ၏​အ​နာ​ကို​ပျောက်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လေ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​အ​ဘ​သည် သူ၏​မျက်​နှာ​ကို တံ​တွေး​နှင့် ထွေး​ရုံ​မျှ​သာ​ပြု​လျှင်၊ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော။ ယ​ခု​တွင် သူ့​ကို​နှင်​ထုတ်၍ ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​စေ။ ထို​နောက်​မှ တပ်​ထဲ​သို့​တစ်​ဖန်​ဝင်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 15,
      "text": "မိ​ရိ​အံ​ကို​နှင်​ထုတ်၍ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ၏။ မိ​ရိ​အံ​အ​နာ​မ​ပျောက်​မီ​တိုင်​အောင် လူ​များ​တို့​သည် ခ​ရီး​မ​သွား​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 12,
      "verse": 16,
      "text": "ထို​နောက် ဟာ​ဇ​ရုတ်​အ​ရပ်​မှ​ပြောင်း၍ ပါ​ရန်​တော၌​တဲ​ဆောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ထဲ​က အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော​သူ တစ်​မျိုး​တစ်​ယောက်​စီ​ရွေး​ကောက်၍ စေ​လွှတ်​လော့​ဟု၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လူ​တို့​ကို ပါ​ရန်​တော​က စေ​လွှတ်​လေ၏။ စေ​လွှတ်​သော​သူ​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​ကဲ​အ​မှူး​ဖြစ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 4,
      "text": "သူ​တို့​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး၊ ဇ​က္ကု​ရ​သား ရှ​မွာ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 5,
      "text": "ရှိ​မောင်​အ​မျိုး၊ ဟော​ရိ​သား ရှာ​ဖတ်။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 6,
      "text": "ယု​ဒ​အ​မျိုး၊ ယေ​ဖု​န္နာ​သား ကာ​လက်၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 7,
      "text": "ဣ​သ​ခါ​အ​မျိုး၊ ယော​သပ်​သား ဣ​ဂါ​လ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 8,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး၊ နုန်​သား ဩ​ရှေ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 9,
      "text": "ဗင်္ယာ​မိန်​အ​မျိုး၊ ရာ​ဖု​သား ပါ​လ​တိ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 10,
      "text": "ဇာ​ဗု​လုန်​အ​မျိုး၊ သော​ဒိ​သား ဂါ​ဒျေ​လ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 11,
      "text": "ယော​သပ်​သား​တွင် မ​နာ​ရှေ​အ​မျိုး၊ သု​သိ​သား ဂ​ဒ္ဒိ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 12,
      "text": "ဒန်​အ​မျိုး၊ ဂေ​မ​လ္လိ​သား အ​မျေ​လ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 13,
      "text": "အာ​ရှာ​အ​မျိုး၊ မိ​က္ခေ​လ​သား သေ​သု​ရ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 14,
      "text": "နဿ​လိ​အ​မျိုး၊ ဝါ​ဖ​သိ​သား နာ​ဘိ။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 15,
      "text": "ဂဒ်​အ​မျိုး မာ​ခိ​သား ဂွေ​လ​တည်း​ဟူ​သော၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 16,
      "text": "ခါ​နာန်​ပြည်​ကို​စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​သော သူ​တို့၏​အ​မည်​တည်း။ နုန်၏​သား​ဩ​ရှေ​ကို ယော​ရှု​ဟူ​သော​အ​မည်​ဖြင့် မော​ရှေ​မှည့်​လေ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 17,
      "text": "ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​လျက်၊ သင်​တို့​သည် တောင်​မျက်​နှာ​လမ်း​ဖြင့်​သွား၍ တောင်​ရိုး​ပေါ်​သို့​တက်​ကြ​လော့။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 18,
      "text": "ထို​ပြည်​သည် အ​ဘယ်​သို့​သော​ပြည် ဖြစ်​သ​နည်း။ ပြည်​သား​တို့​သည် အား​ကြီး​သ​လော၊ အား​နည်း​သ​လော။ များ​သ​လော၊ နည်း​သ​လော။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 19,
      "text": "သူ​တို့​နေ​သော​ပြည်​သည် ကောင်း​သ​လော၊ မ​ကောင်း​လော။ သူ​တို့​နေ​သော မြို့​ရွာ​တို့​သည် အ​ဘယ်​သို့​နည်း။ တဲ​နှင့် နေ​ကြ​သ​လော။ ခိုင်​ခံ့​သော​မြို့​နှင့် နေ​ကြ​သ​လော။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 20,
      "text": "ထို​မြေ​သည် ကောင်း​သ​လော၊ မ​ကောင်း​လော။ တော​များ​သ​လော၊ နည်း​သ​လော​ဟု ကြည့်​ရှု​ကြ​လော့။ ရဲ​ရင့်​သော​စိတ် ရှိ​ကြ​လော့။ သစ်​သီး​အ​ချို့​ကို​လည်း ယူ​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​လေ၏။ ထို​ကာ​လ​သည် စ​ပျစ်​သီး​မှည့်​စ ကာ​လ​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 21,
      "text": "ထို​သူ​တို့​သည် ဇိ​န​တော​မှ​သွား၍ ဟာ​မတ်​မြို့​သို့​ရောက်​သော​လမ်း​နား၊ ရ​ဟော​ဘ​မြို့​တိုင်​အောင် ခါ​နာန်​ပြည်​ကို​စူး​စမ်း​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 22,
      "text": "တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 23,
      "text": "ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​လျှင် အ​သီး​တစ်​ပြွတ်​ပါ​သော စ​ပျစ်​နွယ်​ပင် အ​ခက်​တစ်​ခက်​ကို​ခုတ်၍ လူ​နှစ်​ယောက်​တို့​သည် ထမ်း​ပိုး​နှင့်​ထမ်း​ကြ၏။ သ​လဲ​သီး၊ သင်္ဘော​သ​ဖန်း​သီး​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 24,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ခုတ်​ယူ​သော စ​ပျစ်​သီး​ပြွတ်​ကို​ထောက်၍၊ ထို​ချိုင့်​ကို ဧ​ရှ​ကော​လ​ချိုင့်​ဟူ​သော​အ​မည်​ဖြင့် မှည့်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 25,
      "text": "အ​ရက်​လေး​ဆယ်​လွန်​မှ ခါ​နာန်​ပြည်​ကို​စူး​စမ်း​သော​အ​မှု ပြီး၍ ပြန်​လာ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 26,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​နေ​ရာ ပါ​ရန်​တော၊ ကာ​ဒေ​ရှ​အ​ရပ်​သို့ ရောက်​သော​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား သ​တင်း​ကြား​ပြော၍ ထို​ပြည်၌​သီး​သော​အ​သီး​ကို ပြ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 27,
      "text": "မော​ရှေ​အား​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​စေ​လွှတ်​သော ပြည်​သို့​ရောက်​ခဲ့​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထို​ပြည်​သည် နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ဖြစ်​ပါ၏။ ဤ​အ​သီး​တို့​ကား ထို​ပြည်၌​သီး​သော​အ​သီး ဖြစ်​ပါ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 28,
      "text": "သို့​ရာ​တွင် ပြည်​သူ​ပြည်​သား​တို့​သည် အား​ကြီး​ပါ၏။ ခိုင်​ခံ့​သော​မြို့​ကြီး​နှင့် နေ​ကြ​ပါ၏။ ထို​မျှ​မ​က အာ​န​က​အ​မျိုး​သား​တို့​ကို​လည်း မြင်​ရ​ပါ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 29,
      "text": "အာ​မ​လက်​အ​မျိုး​သား​တို့​သည် တောင်​ဘက်၌​လည်း​ကောင်း၊ ဟိ​တ္တိ​လူ၊ ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ​တို့​သည် တောင်​ရိုး​ပေါ်၌​လည်း​ကောင်း၊ ခါ​နာ​နိ​လူ​တို့​သည် ပင်​လယ်​နား ယော်​ဒန်​မြစ်​နား၌​လည်း​ကောင်း၊ နေ​ကြ​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 30,
      "text": "ကာ​လက်​က​လည်း ချက်​ချင်း​ချီ​သွား၍ ထို​ပြည်​ကို​သိမ်း​ယူ​ကြ​စို့။ အောင်​နိုင်​ကောင်း​သည်​ဟု​ဆို၍ မော​ရှေ​ရှေ့​မှာ လူ​များ​တို့​ကို​ငြိမ်း​စေ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 31,
      "text": "သူ​နှင့်​အ​တူ​လိုက်​သွား​သော​သူ​တို့​က ထို​ပြည်​သား​တို့​ကို ငါ​တို့​မ​တိုက်​နိုင်။ သူ​တို့​သည် ငါ​တို့​ထက်​သာ၍ အား​ကြီး​ကြ​သည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 32,
      "text": "ငါ​တို့​သွား၍​စူး​စမ်း​သော​ပြည်​သည် မိ​မိ​သား​တို့​ကို ဖျက်​ဆီး​တတ်၏။ ငါ​တို့​တွေ့​မြင်​သော ပြည်​သား​အ​ပေါင်း​တို့​သည် အ​လွန်​အ​ရပ်​မြင့်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 13,
      "verse": 33,
      "text": "ကိုယ်​ကြီး​သော​လူ​အ​မျိုး​အ​နွယ်၊ အာ​န​က​အ​မျိုး​အ​နွယ်​ဖြစ်၍ အ​လွန်​ကြီး​မား​သော​သူ​တို့​ကို​လည်း မြင်​ခဲ့​ကြ​ပြီ။ သူ​တို့​ရှေ့​မှာ ငါ​တို့​သည် ကိုယ်​အ​ထင်​အ​တိုင်း နှံ​ကောင်​ကဲ့​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အ​ထင်​အ​တိုင်း​လည်း ထို​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ မိ​မိ​တို့​စူး​စမ်း​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ကောင်း​သော​သ​တင်း​ကို ကြား​ပြော​ကြ​လေ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 1,
      "text": "ထို​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ မြည်​တမ်း​သ​ဖြင့်၊ တစ်​ည​လုံး​ငို​ကြွေး​ကြ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်​သော​စ​ကား​နှင့် မြည်​တမ်း​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ မ​သေ​ပါ​လေ။ ဤ​တော၌ မ​သေ​ပါ​လေ။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 3,
      "text": "ငါ​တို့​သည်​ဓား​ဖြင့်​သေ၍ သား​မ​ယား​တို့​သည် ရန်​သူ​လက်​သို့​ရောက်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​သည်​မ​ဟုတ်​လော​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​ဆို​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 4,
      "text": "တစ်​ဖန် လူ​တစ်​စုံ​တစ်​ယောက်​ကို​ချီး​မြှောက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြန်​ကြ​စို့​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​ကြ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 5,
      "text": "မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 6,
      "text": "ခါ​နာန်​ပြည်​ကို စူး​စမ်း​သော​လူ​စု​ထဲ​က နုန်၏​သား​ယော​ရှု၊ ယေ​ဖု​န္နာ၏​သား​ကာ​လက်​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ခေါ်​လျက်၊ ငါ​တို့​လျှောက်​သွား၍ စူး​စမ်း​သော​ပြည်​သည် အ​လွန်​တ​ရာ​ကောင်း​သော​ပြည် ဖြစ်​ပါ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​နှစ်​သက်​လျှင်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ထို​ပြည်​သို့ ငါ​တို့​ကို​ဆောင်​သွင်း၍ အ​ပိုင်​ပေး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပြည်​သူ​ပြည်​သား​တို့​ကို မ​ကြောက်​ကြ​နှင့်။ သူ​တို့​သည် ငါ​တို့​စား​စ​ရာ​ဖို့​ဖြစ်​ကြ၏။ သူ​တို့၌ အ​မှီ​တံ​ကဲ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်​ဟု ပြော​ဆို​ကြ​လေ​သော်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 10,
      "text": "ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​နှစ်​ယောက်​ကို ကျောက်​ခဲ​နှင့်​ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ထင်​ရှား​လေ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ရို​မ​သေ ပြု​ကြ​လိမ့်​မည်​နည်း။ သူ​တို့၌ ငါ​ပြ​ခဲ့​ပြီး​သ​မျှ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​ရ သော်​လည်း အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ယုံ​ဘဲ နေ​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 12,
      "text": "သူ​တို့​ကို ကာ​လ​နာ​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်၍ သား၏​အ​ရာ​ကို​နုတ်​မည်။ သူ​တို့​ထက် သင့်​ကို​သာ၍​စည်​ပင်​သော​အ​မျိုး၊ သာ၍​တန်​ခိုး​ကြီး​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 13,
      "text": "မော​ရှေ​က​လည်း၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို​တန်​ခိုး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​လူ​တို့​ထဲ​က နုတ်​ဆောင်​ခဲ့​တော်​မူ​သည်​ဖြစ်၍၊ နောက်​တစ်​ဖန် ဤ​သ​တင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ကြား​ပြန်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 14,
      "text": "ဤ​ပြည်၌​နေ​သော​သူ​တို့​အား သ​တင်း​ပြော​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး၌ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိုး​တိမ်​တော်​သည် သူ​တို့​ကို​လွှမ်း​မိုး​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည် နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်၊ ည​အ​ချိန်၌ မီး​တိုင်​ဖြင့် သူ​တို့​ရှေ့​က​ကြွ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ​ကြ​ပြီ။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 15,
      "text": "ယ​ခု​မှာ၊ ဤ​လူ​မျိုး​ကို လူ​တစ်​ယောက်​ကဲ့​သို့​မှတ်၍ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လျှင်၊ သ​တင်း​တော်​ကို​ကြား​ဖူး​သော လူ​အ​မျိုး​မျိုး​တို့​က၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​တို့​အား ဤ​မည်​သော​ပြည်​ကို ငါ​ပေး​မည်​ဟု ကျိန်​ဆို​သော်​လည်း၊ ထို​ပြည်​သို့ သူ​တို့​ကို​ဆောင်​သွင်း​ခြင်း​ငှာ မ​တတ်​နိုင်​သော​ကြောင့်၊ တော၌​သုတ်​သင်​ပယ်​ရှင်း​ပြီ​ဟု ပြော​ဆို​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 17,
      "text": "ကိုယ်​တော်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သည်း​ခံ​သော​သ​ဘော၊ သ​နား​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို လွန်​ကျူး​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ လူ​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 18,
      "text": "အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့၏​ဘု​ရား​ရှင် တန်​ခိုး​တော်​သည် ကြီး​ပါ​စေ​သော။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 19,
      "text": "အဲ​ဂု​တ္တု​ပြည်​က​ထွက်​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် ဤ​လူ​မျိုး၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သည်​နည်း​တူ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ ယ​ခု​လည်း လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တောင်း​ပန်​သည်​အ​တိုင်း ငါ​လွှတ်၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 21,
      "text": "ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 22,
      "text": "ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 23,
      "text": "သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​ကို အ​ကယ်​စင်​စစ် သူ​တို့​သည်​မ​မြင်​ရ​ကြ။ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​မြင်​ရ။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 24,
      "text": "ငါ့​ကျွန်​ကာ​လက်​မူ​ကား ထူး​ခြား​သော​သ​ဘော​ရှိ၍၊ ငါ့​နောက်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် သူ​သွား​ခဲ့​ပြီး​သော​ပြည်​သို့ သူ့​ကို​ငါ​ဆောင်​သွင်း​သ​ဖြင့် သူ၏​သား​မြေး​တို့​သည် အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 25,
      "text": "အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ချိုင့်​မှာ​နေ​ကြ​သည်​ဖြစ်၍ သင်​တို့​သည် နက်​ဖြန်​နေ့၌​လှည့်​လည်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 26,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 27,
      "text": "ငါ့​ကို​အ​ပြစ်​တင်၍၊ မြည်​တမ်း​သော ဤ​ပ​ရိ​သတ်​ဆိုး​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သည်း​ခံ​ရ​အံ့​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​တို့​ကို ငါ​ကြား​ရ​ပြီ။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 28,
      "text": "သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ့​ကို​ကြား​စေ​ခြင်း​ငှာ ပြော​ကြ​သော စ​ကား​အ​တိုင်း သင်​တို့​ကို​ငါ​ပြု​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 29,
      "text": "သင်​တို့​ကို​ရေ​တွက်၍ စာ​ရင်း​ယူ​သည်​အ​တိုင်း၊ အ​သက်​နှစ်​ဆယ်​လွန်​သော​သူ၊ ငါ့​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​သော​သူ​အ​ပေါင်း​တို့​သည် သေ၍ ဤ​တော၌ အ​သေ​ကောင်​ဖြစ်​လျက် နေ​ရစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 30,
      "text": "ငါ​သည် ဤ​မည်​သော​ပြည်၌ သင်​တို့​ကို​နေ​ရာ​ချ​မည်​ဟု ငါ​ကျိန်​ဆို၏။ ထို​ပြည်​သို့ ယေ​ဖု​န္နာ၏​သား​ကာ​လက်၊ နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ရောက်​ရ။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 31,
      "text": "ရန်​သူ​လု​ယူ​ရာ​ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​တို့​ကို ငါ​ဆောင်​သွင်း၍ သင်​တို့​ပယ်​သော​ပြည်​ကို သူ​တို့​သည်​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 32,
      "text": "သင်​တို့​မူ​ကား၊ ဤ​တော၌​သေ၍ အ​သေ​ကောင်​ဖြစ်​လျက်၊ နေ​ရစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 33,
      "text": "ဤ​တော၌ သင်​တို့​အ​သေ​ကောင်​များ ပျောက်​ပျက်​သည်​တိုင်​အောင်၊ ကိုယ်​သား​သ​မီး​တို့​သည် မိ​ဘ​မှား​ယွင်း​ခြင်း​အ​ပြစ်​များ​ကို ဆောင်၍၊ ဤ​တော၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး လှည့်​လည်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 34,
      "text": "ထို​ပြည်​ကို စူး​စမ်း​ရာ​နေ့​ရက်​ပေါင်း အ​ရက်​လေး​ဆယ်​နှင့်​အ​ညီ၊ တစ်​ရက်​ကို တစ်​နှစ်​ထား၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး ကိုယ်​အ​ပြစ်​ကို​ဆောင်​လျက်၊ ငါ့​စွန့်​ပစ်​ခြင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 35,
      "text": "အ​ကယ်​စင်​စစ် ငါ့​တစ်​ဖက်၌​စည်း​ဝေး​သော ဤ​ပ​ရိ​သတ်​ဆိုး​အ​ပေါင်း​တို့​ကို ထို​သို့​ငါ​ပြု၍ သူ​တို့​သည် ဤ​တော၌ သေ​ကြေ​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 36,
      "text": "မော​ရှေ​စေ​လွှတ်​သော​အ​ခွင့်​နှင့် ခါ​နာန်​ပြည်​ကို စူး​စမ်း၍​ပြန်​လာ​သော​အ​ခါ၊ ထို​ပြည်​ကို​ကဲ့​ရဲ့​သ​ဖြင့် ပ​ရိ​သတ်​အ​ပေါင်း မြည်​တမ်း​စေ​ခြင်း​ငှာ တိုက်​တွန်း​သော​သူ၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 37,
      "text": "ခါ​နာန်​ပြည်​ကို မ​ကောင်း​သော​သ​တင်း ကြား​ပြော​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကာ​လ​နာ​ဘေး​နှင့် သေ​ကြ​လေ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 38,
      "text": "ထို​ပြည်​ကို​စူး​စမ်း၍ သွား​သော​လူ​တို့​တွင် နုန်၏​သား​ယော​ရှု​နှင့် ယေ​ဖု​န္န၏​သား​ကာ​လက်​တို့​သာ အ​သက်​ချမ်း​သာ​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 39,
      "text": "မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား စ​ကား​တော်​များ​ကို ဆင့်​ဆို​သော​အ​ခါ၊ လူ​များ​တို့​သည် အ​လွန်​ညည်း​တွား​လျက် နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 40,
      "text": "နံ​နက်​စော​စော​ထ၍ တောင်​ထိပ်​ပေါ်​သို့​တက်​ပြီး​လျှင် ငါ​တို့​သည် ပြစ်​မှား​ပြီ။ သို့​သော်​လည်း ယ​ခု​အ​သင့်​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သော​ပြည်​သို့ သွား​ပါ​မည်​ဟု​ဆို​ကြ​သော်၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 41,
      "text": "မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​အ​ကြံ မ​ထ​မြောက်​ရ။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 42,
      "text": "မ​သွား​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘက်၌​ရှိ​တော်​မ​မူ။ သွား​လျှင် ရန်​သူ​ရှေ့​မှာ ရှုံး​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 43,
      "text": "အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် သင်​တို့​မ​ရောက်​မီ ရောက်​နှင့်​သည်​ဖြစ်၍၊ သင်​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​သွား​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘက်၌ နေ​တော်​မ​မူ​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 44,
      "text": "သူ​တို့​သည် ခိုင်​ခံ့​သော​စိတ်​နှင့် တောင်​ထိပ်​ထက်​သို့ တစ်​ဖန်​တက်​ကြ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့်​တ​ကွ၊ မော​ရှေ​သည် တပ်​ပြင်​သို့​မ​ထွက်​မ​သွား​ဘဲ နေ​လေ၏။"
    },
    {
      "book": 4,
      "chapter": 14,
      "verse": 45,
      "text": "ထို​အ​ခါ​တောင်​ပေါ်​မှာ​ရှိ​နှင့်​သော အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ဆင်း​လာ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်၍​အောင်​သ​ဖြင့် ဟော​မာ​မြို့​တိုင်​အောင် လိုက်​ကြ​လေ၏။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 2,
      "text": "သင်​တို့​နေ​ရာ​ဖြစ်​သော ငါ​ပေး​သော​ပြည်​သို့ ရောက်၍​နေ​ကြ​သော​အ​ခါ"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 3,
      "text": "သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​သော​သူ​သည်၊ သိုး​သ​ငယ်​ကို​ပူ​ဇော်​လျှင် မီး​ရှို့​ရာ​ယဇ်​ဖြစ်​စေ၊ အ​ခြား​သော​ယဇ်​ဖြစ်​စေ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 5,
      "text": "ယဇ်​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆီ​သုံး​လော​ဃ​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း ပြင်​ဆင်၍​ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 6,
      "text": "သိုး​ကို​ပူ​ဇော်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 7,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​လေး​လော​ဃ​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ကို ပြင်​ဆင်၍ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည်​လေး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်၊ သ​စ္စာ​က​တိ​ရှိ၍​ပူ​ဇော်​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ကို​ပြင်​ဆင်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 9,
      "text": "မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 10,
      "text": "နွား​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​ခြောက်​လော​ဃ​ရော​သော မုန့်​ညက်​သုံး​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည်​ခြောက်​လော​ဃ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 11,
      "text": "နွား​တစ်​ကောင်၊ သိုး​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​သော​အ​ခါ ထို​သို့​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 12,
      "text": "ပြင်​ဆင်​သော သိုး​နွား​အ​ရေ​အ​တွက်​သို့​လိုက်၍၊ တစ်​ကောင်​တစ်​ကောင်​ကို ထို​သို့​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 13,
      "text": "ပြည်​သား​အ​ပေါင်း​တို့​သည် မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​နှင့်​အ​ညီ ပြု​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 14,
      "text": "သင်​တို့​တွင် တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​ခြား​တစ်​ပါး​သော​သူ​ဖြစ်​စေ၊ မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သင်​တို့​ပြု​သည်​နည်း​တူ သူ​သည်​လည်း​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 15,
      "text": "ပ​ရိ​သတ်​အ​ဝင်​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​သည်​ဖြစ်​သည်​နည်း​တူ သူ​သည်​လည်း ဖြစ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 16,
      "text": "သင်​တို့​ကိုယ်​တိုင်​မှ​စ၍ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တစ်​ပါး​တည်း​သော​တ​ရား၊ တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 17,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 18,
      "text": "ငါ​ပို့​ဆောင်​သော​ပြည်​သို့ သင်​တို့​သည်​ရောက်၍၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 19,
      "text": "ထို​ပြည်၌​ဖြစ်​သော မုန့်​ကို​စား​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အား​ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ကို ဆက်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 20,
      "text": "အ​ဦး​နယ်​သော​မုန့်​စိမ်း​ဖြင့် လုပ်​သော​မုန့်​ပြား​ကို ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ပြု၍ ကောက်​နယ်​တ​လင်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​သ​ကဲ့​သို့ ချီ​မြှောက်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 21,
      "text": "သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ အ​ဦး​နယ်​သော​မုန့်​စိမ်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​သော​နေ့​မှ​စ၍၊ မော​ရှေ​အား​ဖြင့် သင်​တို့၌​ထား​တော်​မူ​သော​ပ​ညတ်၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 23,
      "text": "သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်၌ ထား​တော်​မူ​လ​တ္တံ့​သော ပ​ညတ်​အ​လုံး​စုံ​တို့​ကို သင်​တို့​သည်​မ​စောင့်၊ မှား​ယွင်း​ခြင်း​သို့ ရောက်​ကြ​သည်​အ​မှု​မှာ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 24,
      "text": "ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​သိ​ဘဲ​သ​တိ​လစ်၍ မှား​ယွင်း​ခြင်း​သို့​ရောက်​လျှင်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ထုံး​ဖွဲ့​သော​ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​သက်​ပျို​သော​နွား​ထီး​ဖြင့် မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဆိတ်​ဖြင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 25,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​သ​ဖြင့်၊ သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​ကြောင့်၊ ထို​အ​ပြစ်​ကို လွှတ်​ရ​လိမ့်​မည်။ သူ​တို့​သည်​လည်း သ​တိ​လစ်​သော​အ​ပြစ်​ကြောင့်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​တ​ကွ၊ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 26,
      "text": "ထို​သို့​ပြု​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ပြစ်​မှား​သော်​လည်း၊ သ​တိ​လစ်၍ ပြစ်​မှား​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​ကို​လည်း​ကောင်း၊ သူ​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ကို​လည်း​ကောင်း ထို​အ​ပြစ်​မှ​လွှတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 27,
      "text": "လူ​တစ်​စုံ​တစ်​ယောက်​သည် သ​တိ​လစ်၍​ပြစ်​မှား​လျှင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော ဆိတ်​မ​တစ်​ကောင်​ကို ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 28,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သ​တိ​လစ်၍ ပြစ်​မှား​မိ​သော​ထို​သူ​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​သ​ဖြင့် ထို​အ​ပြစ်​ကို​လွှတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 29,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော​သူ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည် သ​တိ​လစ်၍​ပြစ်​မှား​သော​အ​ခါ၊ တစ်​ပါး​တည်း​သော တ​ရား​ကို​စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 30,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ရဲ​ရင့်​စွာ​ပြစ်​မှား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရို​သေ​ရာ​သို့ ရောက်​သည်​ဖြစ်၍၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပ​ညတ်​တော်​ကို လွန်​ကျူး​သော​ကြောင့်၊ ထို​သူ​ကို ရှင်း​ရှင်း​ပယ်​ရှား​ရ​မည်။ မိ​မိ​အ​ပြစ်​ကို မိ​မိ​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 32,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တော၌​ရှိ​ကြ​သော​အ​ခါ၊ တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ထင်း​ခွေ​သော​သူ​တစ်​ယောက်​ကို တွေ့​လေ၏။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 33,
      "text": "တွေ့​သော​သူ​တို့​သည်၊ ထို​သူ​ကို မော​ရှေ၊ အာ​ရုန်၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​သို့ ခေါ်​ခဲ့​ကြ၏။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 34,
      "text": "သူ၏​အ​မှု​ကို​စီ​ရင်​ရာ​လမ်း မ​ထင်​ရှား​သေး​သော​ကြောင့် ချုပ်​ထား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 35,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တပ်​ပြင်​မှာ သူ့​ကို​ကျောက်​ခဲ​နှင့် ပစ်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၍၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 36,
      "text": "ထို​အ​မိန့်​တော်​အ​တိုင်း ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ ကျောက်​ခဲ​နှင့်​ပစ်​ကြ​သ​ဖြင့် သူ​သည်​အ​သေ​ခံ​ရ၏။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 37,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 38,
      "text": "သူ​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ အ​ဝတ်​စွန်း​တို့၌ ဆွဲ​စ​ရာ​ဖို့ ပန်း​ပွား​တို့​ကို​လုပ်၍၊ ပြာ​သော​ကြိုး​နှင့် ချည်​တွဲ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 39,
      "text": "ထို​ပန်း​ပွား​တို့​ကို သင်​တို့​သည်​ကြည့်​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား ပ​ညတ်​တော်​မူ​သ​မျှ​တို့​ကို အောက်​မေ့၍​ကျင့်​ကြ​မည်​အ​ကြောင်း၊ အ​ထက်​က ကိုယ်​အ​လို​သို့​လိုက်​လျက်၊ ကိုယ်​ဉာဏ်​ကို​မှီ​ဝဲ​လျက် မှား​ယွင်း​သ​ကဲ့​သို့ မ​လိုက်​မ​မှီ​ဝဲ၊"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 40,
      "text": "ငါ​ပ​ညတ်​သ​မျှ​တို့​ကို အောက်​မေ့၍​ကျင့်​သ​ဖြင့်၊ သင်​တို့​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း​မည်​အ​ကြောင်း ထို​သို့​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 15,
      "verse": 41,
      "text": "ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 1,
      "text": "လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​သား ဣ​ဇ​ဟာ၏​သား​ကော​ရ​သည်၊ ရု​ဗင်​အ​မျိုး​ဧ​လျာ​ဘ၏​သား ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်၏​သား ဩ​န​တို့​ကို​ခေါ်​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 2,
      "text": "ပ​ရိ​သတ်၌​ကျော်​စော၍ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ၊ အ​စည်း​အ​ဝေး၌ မင်း​ပြု​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ရာ​ငါး​ဆယ်​နှင့်​တ​ကွ၊ မော​ရှေ​ကို​ပုန်​ကန်၍၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 3,
      "text": "မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​လျက်၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း၏။ ပ​ရိ​သတ်​ရှိ​သ​မျှ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​ရ​သ​နည်း​ဟု ဆို​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 4,
      "text": "ထို​စ​ကား​ကို​မော​ရှေ​ကြား​လျှင် ပျပ်​ဝပ်​လျက်​နေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 5,
      "text": "တစ်​ဖန် မော​ရှေ​က၊ အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ သန့်​ရှင်း​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ချဉ်း​ကပ်​စေ​မည်​ကို​လည်း​ကောင်း၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​မည်။ ရွေး​ကောက်​တော်​မူ​သော​သူ​ကို​လည်း အ​နီး​အ​ပါး​သို့ ချဉ်း​ကပ်​စေ​တော်​မူ​မည်။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 6,
      "text": "အို​ကော​ရ​နှင့် ကော​ရ၏​အ​ပေါင်း​အ​သင်း​ရှိ​သ​မျှ​တို့၊ သင်​တို့​ပြု​ရ​မည်​အ​မှု​ဟူ​မူ​ကား၊ လင်​ပန်း​တို့​ကို​ယူ၍၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 7,
      "text": "နက်​ဖြန်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​နှင့်​လော​ဗန်​ကို​တင်​ကြ​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ​သည်၊ သန့်​ရှင်း​သော​သူ ဖြစ်​စေ။ အို​လေ​ဝိ​သား​တို့၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း​ကြ​သည်​ဟု ဆို​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 8,
      "text": "တစ်​ဖန် မော​ရှေ​က၊ အို​လေ​ဝိ​သား​တို့၊ နား​ထောင်​ကြ​ပါ​လော့။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 9,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်၍၊ ပ​ရိ​သတ်​ရှေ့​မှာ ရပ်​လျက်၊ သူ​တို့​အ​မှု​ကို​လည်း စောင့်​စေ​မည်​အ​ကြံ ရှိ​တော်​မူ​သည်​နှင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည်၊ သင်​တို့​ကို အ​နီး​အ​ပါး​သို့​ခေါ်၍ နေ​ရာ​ချ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​နှင့်​ခွဲ​ထား၍၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 10,
      "text": "သင့်​ကို​လည်း​ကောင်း၊ သင့်​ညီ​အစ်​ကို လေ​ဝိ​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​နီး​အ​ပါး၌ နေ​ရာ​ချ​တော်​မူ​သော​ကျေး​ဇူး​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​လည်း ရှာ​ကြ​သည်​တ​ကား။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 11,
      "text": "ထို​ကြောင့် သင်​နှင့်​သင်၏​အ​ပေါင်း​အ​သင်း ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​ကြ​ပြီ​တ​ကား။ အာ​ရုန်​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​ရ​မည်​အ​ကြောင်း၊ သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု ကော​ရ​အား​ဆို​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 12,
      "text": "ဧ​လျာ​ဘ​သား ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​ကို​ခေါ်​ခြင်း​ငှာ စေ​လွှတ်​လေ၏။ သူ​တို့​က​လည်း ငါ​တို့​မ​လာ။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 13,
      "text": "သင်​သည် ဤ​တော၌ ငါ​တို့​ကို​သတ်​လို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​မှ ဆောင်​ခဲ့​သော်​လည်း၊ ငါ​တို့​အ​ပေါ်၌ လုံး​လုံး​မင်း​မ​ပြု​ရ​လျှင်၊ စိတ်​မ​ပြေ​သေး​သည် တ​ကား။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ ငါ​တို့​ကို​မ​ဆောင်၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ပေး​ဘဲ၊ ဤ​လူ​တို့၏​မျက်​စိ​ကို ဖောက်​ချင်​သ​လော။ ငါ​တို့​သည် သင့်​ထံ​သို့​မ​လာ​ဟု ပြန်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 15,
      "text": "မော​ရှေ​သည် အ​လွန်​အ​မျက်​ထွက်၍၊ ဤ​သူ​တို့​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​ဥ​စ္စာ မြည်း​တစ်​ကောင်​ကို​မျှ အ​ကျွန်ုပ်​မ​သိမ်း​ပါ။ သူ​တို့​တွင် တစ်​ယောက်​ကို​မျှ​မ​ညှဉ်း​ဆဲ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်၍၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 16,
      "text": "ကော​ရ​အား​လည်း၊ အာ​ရုန်​နှင့် သင်​အ​စ​ရှိ​သော သင်၏​အ​ပေါင်း​အ​သင်း ရှိ​သ​မျှ​တို့​သည်၊ နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရှိ​ကြ​လော့။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 17,
      "text": "လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လင်​ပန်း​များ​ကို​ယူ၍ လော​ဗန်​ကို​တင်​ပြီး​မှ၊ သင်​နှင့်​အာ​ရုန်​သည်​လည်း မိ​မိ​တို့​လင်​ပန်း​ပါ​လျက်၊ လူ​အ​ပေါင်း​တို့​သည် လင်​ပန်း နှစ်​ရာ​ငါး​ဆယ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 18,
      "text": "ထို​သူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လင်​ပန်း​များ​ကို​ယူ၍ မီး​နှင့်​လော​ဗန်​ကို​တင်​ပြီး​မှ၊ မော​ရှေ၊ အာ​ရုန်​နှင့်​အ​တူ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ရပ်​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 19,
      "text": "ကော​ရ​သည်​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ပ​ရိ​သတ်​အ​ပေါင်း​တို့၌ ထင်​ရှား​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​ပ​ရိ​သတ်​တို့​နှင့်​ခွာ၍ တ​ခြား​စီ​နေ​လော့။ ငါ​သည် သူ​တို့​ကို​ချက်​ချင်း​ဖျက်​ဆီး​မည်​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 22,
      "text": "သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့၏​တဲ​များ​ကို ရှောင်၍​နေ​စေ​ခြင်း​ငှာ၊ ပ​ရိ​သတ်​တို့​အား​ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 25,
      "text": "မော​ရှေ​ထ၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ ဒါ​သန်၊ အ​ဘိ​ရံ​နေ​ရာ​သို့​သွား​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 26,
      "text": "ဤ​လူ​ဆိုး​တို့၏ နေ​ရာ​တဲ​များ​ကို ရှောင်၍​နေ​ကြ​ပါ​လော့။ သူ​တို့၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ထိ​ကြ​ပါ​နှင့်။ သို့​မ​ဟုတ် သူ​တို့​နှင့်​အ​တူ၊ သူ​တို့​အ​ပြစ်​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်​ဟု ပ​ရိ​သတ်​တို့​အား ဆင့်​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 27,
      "text": "လူ​များ​တို့​သည် ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တဲ ပတ်​ဝန်း​ကျင်၌​မ​နေ​ဘဲ ရှောင်​လွှဲ၍​သွား​ကြ​သ​ဖြင့်၊ ဒါ​သန်၊ အ​ဘိ​ရံ​သည်၊ သား​မ​ယား​အ​က​လေး​များ​နှင့်​တ​ကွ ထွက်၍ မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ရပ်​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 28,
      "text": "မော​ရှေ​က​လည်း၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​သည်​အ​လို​လို​မ​ပြု၊ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ၍ ငါ​ပြု​သည်​အ​ကြောင်း​ကို သင်​တို့​သည် အ​ဘယ်​သို့​သိ​ရ​မည်​နည်း ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 29,
      "text": "ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့ ခံ​ရ​သော သေ​ခြင်း၊ ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့ ခံ​ရ​သော ဆုံး​မ​ခြင်း​ကို​သာ ဤ​လူ​တို့​ခံ​ရ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စေ​လွှတ်​တော်​မ​မူ။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 30,
      "text": "သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​သစ်​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ကွဲ​ပွင့်​လျက် ဤ​လူ​တို့​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကို​လည်း​ကောင်း​မျို၍၊ သူ​တို့​သည် အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၌ ပြစ်​မှား​ကြောင်း​ကို သင်​တို့​သည် သိ​နား​လည်​ရ​ကြ​လိမ့်​မည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 31,
      "text": "ပြော​ဆို​ပြီး​သည်​အ​ဆုံး၌၊ သူ​တို့​နင်း​ရာ​မြေ​ကြီး​သည် ကွဲ၍၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 32,
      "text": "မိ​မိ​ခံ​တွင်း​ကို​ဖွင့်​သ​ဖြင့်၊ သူ​တို့​နှင့် သူ​တို့​အိမ်​များ​ကို​လည်း​ကောင်း၊ ကော​ရ​နှင့်​ဆိုင်​သ​မျှ​သော​သူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း မျို​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 33,
      "text": "ထို​သူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ ဆိုင်​သ​မျှ​သော​သူ​တို့​နှင့်​တ​ကွ၊ အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သက်၍၊ သူ​တို့​အ​ပေါ်​မှာ မြေ​စေ့​ပြန်​သ​ဖြင့်၊ သူ​တို့​သည် ပ​ရိ​သတ်​မှ​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 34,
      "text": "သူ​တို့​အော်​ဟစ်​သံ​ကို ပတ်​ဝန်း​ကျင်၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​လျှင်၊ ငါ​တို့​ကို​လည်း မြေ​မျို​ကောင်း​မျို​လိမ့်​မည်​ဟု စိုး​ရိမ်​လျက်​ပြေး​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 35,
      "text": "နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​သူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က မီး​ထွက်၍ လောင်​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 36,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သန့်​ရှင်း​သော​လင်​ပန်း​တို့​ကို မီး​လောင်​ရာ​ထဲ​က ကောက်​ယူ၍၊ မီး​ကို​ပစ်​ချ​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 38,
      "text": "ကိုယ်​အ​သက်​ကို သေ​စေ​ခြင်း​ငှာ ပြစ်​မှား​သော​သူ​တို့၏ လင်​ပန်း​တို့​ဖြင့် ယဇ်​ပ​လ္လင်​ကို ဖုံး​အုပ်​စ​ရာ​ကြေး​ဝါ​ပြား​တို့​ကို လုပ်​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဧ​လာ​ဇာ​ကို ဆင့်​ဆို​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​သော​ကြောင့်၊ ထို​လင်​ပန်း​တို့​သည် သန့်​ရှင်း​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိ​မိတ်​ဖြစ်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 39,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်၊ မီး​လောင်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​ပူ​ဇော်​သော လင်​ပန်း​များ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ကို ဖုံး​အုပ်​စ​ရာ​ကြေး​ဝါ​ပြား​တို့​ကို လုပ်​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 40,
      "text": "ထို​သို့ အာ​ရုန်​အ​မျိုး​မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​သား​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​အား​ဖြင့်၊ ကော​ရ​နှင့် သူ၏​အ​ပေါင်း​အ​သင်း​ကဲ့​သို့ မ​ဖြစ်​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လင်​ပန်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သ​တိ​ပေး​ရာ​နိ​မိတ်​ဖြစ်​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 41,
      "text": "နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​ကို သတ်​ကြ​ပြီ​ဟု​ဆို​လျက်၊ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 42,
      "text": "ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​သော​အ​ခါ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ မျှော်​ကြည့်၍၊ မိုး​တိမ်​သည် တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 43,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ချဉ်း​ကပ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 44,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​ပ​ရိ​သတ်​တို့​ကို ရှောင်၍​နေ​ကြ​လော့။ ငါ​သည် သူ​တို့​ကို ချက်​ချင်း​ဖျက်​ဆီး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​လျှင်၊ သူ​တို့​သည် ပျပ်​ဝပ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 46,
      "text": "မော​ရှေ​က​လည်း၊ သင်​သည် လင်​ပန်း​ကို​ကိုင်၍ ယဇ်​ပ​လ္လင်​ပေါ်​က​မီး​ကို ယူ​ထည့်​ပြီး​လျှင်၊ လော​ဗန်​ကို​လည်း​တင်​လျက်၊ ပ​ရိ​သတ်​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​သွား၍ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က အ​မျက်​တော်​ထွက်၍ ဘေး​ဥ​ပဒ်​ရောက်​လျက်​ရှိ​ပြီ​ဟု၊"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 47,
      "text": "အာ​ရုန်​အား​မှာ​ထား​သည်​အ​တိုင်း၊ အာ​ရုန်​သည်​ယူ၍ ပ​ရိ​သတ်​ထဲ​သို့ ပြေး​လေ၏။ ထို​အ​ခါ လူ​တို့၌​ဘေး​ဥ​ပဒ်​ရောက်​စ ရှိ​သည်​ဖြစ်၍၊ လော​ဗန်​ကို​တင်​သ​ဖြင့် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 48,
      "text": "အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​စပ်​ကြား​မှာ​ရပ်​နေ၍၊ ဘေး​ဥ​ပဒ်​ငြိမ်း​လေ၏။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 49,
      "text": "ကော​ရ​အ​မှု​ကြောင့် သေ​သော​သူ​တို့​ကို​ထား၍ ထို​ဘေး​ဥ​ပဒ်​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ တစ်​သောင်း​လေး​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 16,
      "verse": 50,
      "text": "ထို​ဘေး​ဥ​ပဒ်​ငြိမ်း​ပြီး​မှ၊ အာ​ရုန်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၊ မော​ရှေ​ထံ​သို့​ပြန်​လာ၏။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 2,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ပြီး​မှ၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဣ​သ​ရေ​လ​ဆယ်​နှစ်​မျိုး၌ မင်း​ပြု​သော​သူ​အ​သီး​အ​သီး​ပေး​ရ​သော လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို​ယူ၍၊ လူ​တိုင်း​အ​မည်​ကို သူ့​လှံ​တံ​ပေါ်​မှာ ရေး​ထား​လော့။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 3,
      "text": "လေ​ဝိ​အ​မျိုး၏​လှံ​တံ​ပေါ်​မှာ အာ​ရုန်​အ​မည်​ကို ရေး​ထား​လော့။ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​သူ​ကြီး​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ​ရှိ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 4,
      "text": "ထို​လှံ​တံ​တို့​ကို ငါ​ဗျာ​ဒိတ်​ပေး​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ သက်​သေ​ခံ​ချက်​ရှေ့​မှာ တင်​ထား​လော့။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 5,
      "text": "ငါ​ရွေး​ကောက်​သော​သူ၏ လှံ​တံ​သည် အ​ပွင့်​ပွင့်​လိမ့်​မည်။ ထို​သို့​ပြု​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်၌​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို နောက်​တစ်​ဖန် ငါ​နား​မ​ငြီး​ရာ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 6,
      "text": "မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍၊ မင်း​အ​ပေါင်း​တို့​သည် ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ မင်း​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို ပေး​ကြ၏။ အာ​ရုန်၏​လှံ​တံ​သည် လှံ​တံ​များ၌​ပါ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 7,
      "text": "မော​ရှေ​သည် ထို​လှံ​တံ​တို့​ကို သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တင်​ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 8,
      "text": "နက်​ဖြန်​နေ့၌ သက်​သေ​ခံ​ချက် တဲ​တော်​အ​တွင်း​သို့ မော​ရှေ​ဝင်​သော​အ​ခါ၊ လေ​ဝိ​အ​မျိုး​နှင့်​ဆိုင်​သော အာ​ရုန်၏​လှံ​တံ​သည် အ​ရွက်​ထွက်​လျက်၊ ငုံ​လျက်၊ ပွင့်​လျက်၊ ဗာ​တံ​သီး​ကို​သီး​လျက် ရှိ၏။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 9,
      "text": "မော​ရှေ​သည် လှံ​တံ​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​သို့ ထုတ်​ဆောင်​သ​ဖြင့်၊ သူ​တို့​သည်​ကြည့်​ရှု၍၊ လူ​တိုင်း​မိ​မိ​လှံ​တံ​ကို ယူ​ပြန်​လေ၏။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပုန်​ကန်​သော​သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်၏​လှံ​တံ​ကို သက်​သေ​ခံ​ချက်​ရှေ့၌ ပြန်​ထား၍ အ​မြဲ​ရှိ​စေ​လော့။ ထို​သို့ သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို ငါ​နား​မ​ငြီး​ရာ​ဟု၊"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 11,
      "text": "မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​ပြု​လေ၏။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သေ​ကြေ​ပျက်​စီး​ကြ​ပါ၏။ တစ်​ယောက်​မျှ​မ​ကြွင်း ပျက်​စီး​ရ​ကြ​ပါ၏။"
    },
    {
      "book": 4,
      "chapter": 17,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို ချဉ်း​ကပ်​သော​သူ​တိုင်း သေ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် သေ​ဘေး​သင့်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​ဦး​မည်​လော​ဟု မော​ရှေ​အား လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ သင်​နှင့် သင်၏​သား​မြေး​အ​ဆွေ​အ​မျိုး​တို့​သည်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​အ​ပြစ်၊ သင်​တို့ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် ဆိုင်​သော​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 2,
      "text": "သင်၏​ဘိုး​ဘ​အ​ဆွေ​အ​မျိုး၊ လေ​ဝိ​အ​မျိုး​သား ညီ​အစ်​ကို​ချင်း​တို့​သည်၊ သင်​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​တော်​ကို​ဆောင်​ရွက်​စေ​ခြင်း​ငှာ ခေါ်​ထား​လော့။ သို့​ရာ​တွင် သင်​နှင့်​တ​ကွ သင်၏​သား​တို့​သည်၊ သက်​သေ​ခံ​ချက် တဲ​တော်​ရှေ့​မှာ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 3,
      "text": "လေ​ဝိ​သား​တို့​သည် သင့်​ကို​လည်း​ကောင်း၊ တဲ​တော်​ရှိ​သ​မျှ​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။ သို့​ရာ​တွင် သင်​တို့​နှင့်​သူ​တို့​သည် သေ​ဘေး​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​သည် တဲ​တော်​တန်​ဆာ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​များ​ကို မ​ချဉ်း​ကပ်​ရ​ကြ။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 4,
      "text": "သူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​စောင့်​လျက်၊ တဲ​တော်​အ​မှု​ရှိ​သ​မျှ​ကို ထမ်း​ရ​ကြ​မည်။ မ​ဆိုင်​သော​သူ​သည် သင်​တို့​အ​နီး​သို့ မ​ချဉ်း​မ​ကပ်​ရ။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 5,
      "text": "နောက်​တစ်​ဖန်​အ​မျက်​တော်​ထွက်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ယဇ်​ပ​လ္လင်​ကို စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 6,
      "text": "ထို​သို့ သင်​တို့၏​ညီ​အစ်​ကို လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​က ရွေး​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ထမ်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​သော​ပူ​ဇော်​သ​ကာ​ကဲ့​သို့ သင်​တို့​အား​ငါ​ပေး၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 7,
      "text": "ထို​ကြောင့် သင်​နှင့် သင်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော​အ​မှု၊ ကု​လား​ကာ​အ​တွင်း၌ ဆောင်​ရွက်​စ​ရာ​အ​မှု ရှိ​သ​မျှ​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​ပြု၍ ဆောင်​ရွက်​ရ​ကြ​မည်။ သင်​တို့​အား​ကျေး​ဇူး​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ငါ​ပေး​ပြီ။ မ​ဆိုင်​သော​သူ​သည် အ​နီး​အ​ပါး​သို့​ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 8,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ဆက်​ကပ်​သ​မျှ​သော ပူ​ဇော်​သ​ကာ​တို့​အ​ထဲ​က၊ ငါ့​အား​ချီး​မြှောက်​သော ပူ​ဇော်​သ​ကာ​တို့​ကို သင်၌​အပ်၍၊ သင်​နှင့် သင်၏​သား​တို့​အ​ဖို့ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 9,
      "text": "မီး​သို့​မ​ရောက်၊ သန့်​ရှင်း​သော​အ​ရာ​ထဲ​က သင်​တို့​ဆိုင်​သော​အ​ရာ​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​လှူ​သော​ဥ​စ္စာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် ပူ​ဇော်​လေ​သ​မျှ​တို့​သည် သင်​နှင့် သင်၏​သား​တို့​အ​ဖို့ သန့်​ရှင်း​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 10,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ စား​ရ​မည်။ ယောက်ျား​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။ သင်​တို့​အ​ဖို့ သန့်​ရှင်း​ပေ၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 11,
      "text": "ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပူ​ဇော်​သော ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​တို့​ကို၊ သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ် တ​ရား​အား​ဖြင့်​ငါ​ပေး​ပြီ။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ရွေး၍ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​မျှ အ​ကောင်း​ဆုံး​သော​ဆီ၊ အ​ကောင်း​ဆုံး​သော​စ​ပျစ်​ရည်၊ အ​ကောင်း​ဆုံး​သော​ဂျုံ​စ​ပါး​ကို သင်​တို့​အား​ငါ​ပေး​ပြီ။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ အ​ဦး​မှည့်​သော​သစ်​သီး​ကို​လည်း သင်​ဆိုင်​ရ​မည်။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၌ ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သင်​ဆိုင်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 15,
      "text": "အ​ဦး​ဖွား​သော​သား၊ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ​တို့​ကို သင်​ဆိုင်​ရ​မည်။ သို့​ရာ​တွင် လူ၏​သား​ဦး​နှင့် မ​စင်​ကြယ်​သော တိ​ရ​စ္ဆာန်၏​သား​ဦး​ကို အ​မှန်​ရွေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 16,
      "text": "ရွေး​ရ​သော​သား​တို့​ကို အ​သက်​တစ်​လ​လွန်​မှ၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ဂေ​ရ​နှစ်​ဆယ်​နှင့်​မျှ​သော အ​ကျပ်​တော်​အ​လိုက် ငွေ​ငါး​ကျပ်​နှင့်​ရွေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 17,
      "text": "နွား​သား​ဦး၊ သိုး​သား​ဦး၊ ဆိတ်​သား​ဦး​သည် သန့်​ရှင်း​သော​ကြောင့်​မ​ရွေး​ရ။ သူ၏​အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​ရ​မည်။ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ၍၊ မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 18,
      "text": "အ​သား​မူ​ကား ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ၏​ရင်​ပတ်​နှင့် လက်​ယာ​ပ​ခုံး​ကဲ့​သို့ သင့်​အ​ဖို့ ဖြစ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 19,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ခဲ့​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​ကို သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး​ပြီ။ သင်​အ​စ​ရှိ​သော သင်၏​အ​မျိုး​အ​နွယ်​နှင့်​ဆိုင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆား​နှင့်​ယှဉ်​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 20,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နေ​ရာ​ပြည်၌ သင့်​အ​မွေ​ခံ​ရာ​မြေ၊ သူ​တို့​နှင့်​ရော၍ ပိုင်​သော​အ​ဖို့​မ​ရှိ​ရ။ ငါ​သည်​ကား သူ​တို့​တွင်​သင်​ပိုင်​သော​အ​ဖို့ သင့်​အ​မွေ​ဥ​စ္စာ​ဖြစ်၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 21,
      "text": "လေ​ဝိ​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​သော​ကြောင့်၊ သူ​တို့​အ​မွေ​ခံ​စ​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ငါ​ပေး​ပြီ။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 22,
      "text": "ယ​ခု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ပြစ်​ကို​ခံ၍ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​နီး​အ​ပါး​သို့ မ​ချဉ်း​မ​ကပ်​ရ​ကြ။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 23,
      "text": "လေ​ဝိ​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်၍၊ ကိုယ်​အ​ပြစ်​ကို ကိုယ်​ခံ​ရ​ကြ​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ရော၍ အ​မွေ​မ​ခံ​ရ​ကြ​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 24,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​သော ကိုယ်​ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို၊ လေ​ဝိ​သား​အ​မွေ​ခံ​စ​ရာ​ဖို့ ငါ​ပေး​ပြီ။ ထို​ကြောင့် သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ရော၍ အ​မွေ​မ​ခံ​ရ​ဟု ငါ့​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 25,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် လေ​ဝိ​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 26,
      "text": "သင်​တို့​အ​မွေ​ခံ​စ​ရာ​ငါ​ပေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို သင်​တို့​သည်​ခံ​ယူ​သော​အ​ခါ၊ ထို​အ​ဖို့​ကို ဆယ်​ဖို့​ဖို့​ပြန်၍ တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 27,
      "text": "ထို​ပူ​ဇော်​သ​ကာ​ကို၊ ကောက်​နယ်​တ​လင်း​ထဲ​က​ယူ​သော ဆန်​စ​ပါး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က​ယူ​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​မှတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 28,
      "text": "ထို​သို့​သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ​ခံ​ယူ​သော ဆယ်​ဖို့​တစ်​ဖို့​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​ကြ​မည်။ ထို​ပူ​ဇော်​သ​ကာ​ကို​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အား လှူ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 29,
      "text": "သင်​တို့​ခံ​ရ​သ​မျှ​သော အ​လှူ​တို့​အ​ထဲ​က အ​ကောင်း​ဆုံး​သော​အ​ဖို့ သန့်​ရှင်း​သော​အ​ဖို့​ကို​နုတ်​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 30,
      "text": "သို့​ဖြစ်၍ သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ လေ​ဝိ​သား​တို့​သည် အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​ကို ကောက်​နယ်​တ​လင်း၏​ကျေး​ဇူး၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း၏​ကျေး​ဇူး​ကဲ့​သို့ မိ​မိ​တို့​အ​ဖို့ မှတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 31,
      "text": "ထို​ကြွင်း​သော​အ​ဖို့​ကို၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် စား​ချင်​သော​အ​ရပ်​ရပ်၌ စား​ရ​သော​အ​ခွင့်​ရှိ၏။ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ အ​မှု​စောင့်​သော​အ​တွက် ငါ​ချ​သော​ဆု​ဖြစ်၏။"
    },
    {
      "book": 4,
      "chapter": 18,
      "verse": 32,
      "text": "အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​အား​ဖြင့် အ​ပြစ်​ရောက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ညစ်​ညူး​စေ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​တို့​ကို​ခေါ်၍ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 2,
      "text": "အ​ပြစ်​မ​ပါ၊ တစ်​ခါ​မျှ​ထမ်း​ပိုး​မ​တင်၊ ကွက်​ကျား​ခြင်း​မ​ရှိ၊ အ​ဆင်း​နီ​သော နွား​မ​ပျို​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​မည်​အ​ကြောင်း ဆင့်​ဆို​လော့။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 3,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၌​အပ်၍ တပ်​ပြင်​သို့​ဆောင်​သွား​ပြီး​မှ၊ သူ့​ရှေ့၌ အ​ခြား​သူ​သတ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 4,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည် အ​သွေး​ကို​လက်​နှင့်​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​စူး​စူး၌ ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​ရှေ့​မှာ ထို​နွား​မ၏​အ​ရေ၊ အ​သား၊ အ​သွေး၊ ချေး​နု​နှင့်​တ​ကွ တစ်​ကောင်​လုံး​ကို အ​ခြား​သူ​သည်​မီး​ရှို့​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​လည်း အ​ကာ​ရှ​သစ်​သား၊ ဟုဿုပ်​ပင်​ညွန့်​နှင့် နီ​မောင်း​သော​အ​ထည်​ကို ယူ၍၊ နွား​မ​မီး​လောင်​ရာ​ထဲ​သို့ ပစ်​ချ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 7,
      "text": "ထို​နောက် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​လည်း​ရေ​ချိုး​ပြီး​မှ၊ တပ်​ထဲ​သို့​ဝင်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 8,
      "text": "မီး​ရှို့​သော​သူ​သည်​လည်း၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​လည်း ရေ​ချိုး​ပြီး​မှ၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 9,
      "text": "စင်​ကြယ်​သော​သူ​တစ်​စုံ​တစ်​ယောက်​သည် နွား​မ၏​ပြာ​ကို​စု​သိမ်း၍၊ တပ်​ပြင်​မှာ စင်​ကြယ်​သော​အ​ရပ်၌ ထား​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ဖို့ စင်​ကြယ်​စေ​သော​ရေ​ဖော်​ဖို့၊ ထို​ပြာ​ကို​သို​ထား​ရ​မည်။ အ​ပြစ်​နှင့် ကင်း​စင်​စ​ရာ​ဖို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 10,
      "text": "နွား​မ၏​ပြာ​ကို စု​သိမ်း​သော​သူ​သည်​လည်း၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စဉ်​အ​မြဲ​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 11,
      "text": "လူ​သေ​ကောင်​ကို​ထိ​သော​သူ​သည် ခု​နစ်​ရက်​မ​စင်​ကြယ် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 12,
      "text": "သုံး​ရက်​မြောက်​သော​နေ့၌ ထို​ပြာ​နှင့် ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ စင်​ကြယ်​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​လျှင်၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တိုင်​အောင် မ​စင်​ကြယ်​ရ။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 13,
      "text": "လူ​သေ​ကောင်​ကို​ထိ၍ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို ညစ်​ညူး​စေ၏။ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့် မ​စင်​ကြယ်​ဖြစ်၏။ စင်​ကြယ်​ခြင်း​သို့ မ​ရောက်​သေး။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 14,
      "text": "တဲ၌​လူ​သေ​လျှင် စောင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊ တဲ​သို့​ဝင်​သော​သူ၊ တဲ၌​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 15,
      "text": "မ​ဖုံး​ဘဲ​ဖွင့်​ထား​သော အိုး​ရှိ​သ​မျှ​တို့​သည်​လည်း မ​စင်​ကြယ်​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 16,
      "text": "သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သေ​အ​ရိုး၊ လူ​သင်္ချိုင်း​ကို လယ်​ပြင်၌​တွေ့၍​ထိ​လျှင်၊ ခု​နစ်​ရက်​ပတ်​လုံး မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 17,
      "text": "မ​စင်​ကြယ်​သော​သူ​ဖို့ အ​ပြစ်​ကင်း​စေ​ရာ မီး​ရှို့​သော​နွား​မ၏ ပြာ​အ​ချို့​ကို​ယူ၍၊ စီး​သော​ရေ​နှင့်​အ​တူ အိုး၌​ထည့်​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 18,
      "text": "စင်​ကြယ်​သော​သူ​သည်၊ ဟုဿုပ်​ပင်​ညွန့်​ကို ရေ၌​နှစ်၍​တဲ​ပေါ်​မှာ​လည်း​ကောင်း၊ တန်​ဆာ​များ၊ တဲ၌​ရှိ​သော​လူ​များ​ပေါ်​မှာ​လည်း​ကောင်း၊ လူ​သေ​အ​ရိုး၊ သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သင်္ချိုင်း​ကို​ထိ​သော​သူ​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ရေ​ကို​ဖျန်း​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 19,
      "text": "စင်​ကြယ်​သော​သူ​သည် မ​စင်​ကြယ်​သော​သူ​ကို သုံး​ရက်​မြောက်​သော​နေ့၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ဖျန်း​ရ​မည်။ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ရေ​ချိုး​လျှင်၊ ညဉ့်​ဦး​အ​ချိန်​တွင် စင်​ကြယ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 20,
      "text": "မ​စင်​ကြယ်​သော​သူ​သည် ကိုယ်​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ မ​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ မ​စင်​ကြယ်​ဘဲ​နေ၏။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 21,
      "text": "အ​စဉ်​အ​မြဲ​စောင့်​ရ​သော ပ​ညတ်​ဟူ​မူ​ကား၊ စင်​ကြယ်​သော​ရေ​ကို ဖျန်း​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ထို​ရေ​ကို​ထိ​သော​သူ​လည်း၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 19,
      "verse": 22,
      "text": "မ​စင်​ကြယ်​သော​သူ ထိ​သ​မျှ​သော​အ​ရာ​သည်​လည်း မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ထို​အ​ရာ​ကို​ထိ​သော​သူ​လည်း ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 1,
      "text": "သ​က္က​ရာဇ်​လေး​ဆယ်၊ ပ​ထ​မ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ဇိ​န​တော​သို့​ရောက်၍၊ ကာ​ဒေ​ရှ​အ​ရပ်၌ နေ​ကြ၏။ ထို​အ​ရပ်၌ မိ​ရိ​အံ​သေ၍ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 2,
      "text": "ပ​ရိ​သတ်​တို့ သောက်​စ​ရာ​ရေ​မ​ရှိ​သော​ကြောင့်၊ မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​လျက်၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငါ​တို့​အစ်​ကို​များ​သေ​သော​အ​ခါ၊ ငါ​တို့​လည်း​မ​သေ​ပါ​လေ။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 4,
      "text": "ငါ​တို့​နှင့် ငါ​တို့​တိ​ရ​စ္ဆာန်​များ​ကို သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​ကို ဤ​တော​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 5,
      "text": "ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​စေ၍၊ ဤ​ဆိုး​သော​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ ဤ​အ​ရပ်​သည် လယ်​လုပ်​စ​ရာ​မ​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်၊ စ​ပျစ်​နွယ်​ပင်၊ သ​လဲ​ပင် စိုက်​စ​ရာ​မ​ကောင်း။ သောက်​စ​ရာ​ရေ​မျှ​မ​ရှိ​ဟု မော​ရှေ​ကို​အ​ပြစ်​တင်၍ ဆို​ကြ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 6,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ​အ​စု​အ​ဝေး​မှ​ထွက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​သွား​သ​ဖြင့်၊ ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 8,
      "text": "လှံ​တံ​တော်​ကို​ကိုင်​ယူ၍ သင်၏​အစ်​ကို​အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​များ​ကို စု​ဝေး​စေ​လော့။ သူ​တို့​ရှေ့​မှာ ကျောက်​ကို​မှာ​ထား​လော့။ ကျောက်​သည် မိ​မိ​ရေ​ကို​ပေး​လိ​မ့်​မည်။ ထို​သို့​သင်​သည်​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ၍၊ ပ​ရိ​သတ်​များ​နှင့် သူ​တို့​တိ​ရ​စ္ဆာန်​များ​တို့​အား သောက်​ဖို့​ရေ​ကို​ပေး​ရ​မည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 9,
      "text": "မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လှံ​တံ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​က​ယူ၍၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 10,
      "text": "အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​တို့​ကို​ကျောက်​ရှေ့​မှာ စု​ဝေး​စေ​ပြီး​လျှင်၊ အ​ချင်း​သူ​ပုန်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​တို့​သည်​သင်​တို့​အ​ဖို့ ဤ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​ရ​မည်​လော​ဟု ဆို​လျက်၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 11,
      "text": "မိ​မိ​လက်​ကို​ဆန့်၍ ကျောက်​ကို​လှံ​တံ​နှင့် နှစ်​ကြိမ်​ရိုက်​သ​ဖြင့်၊ ရေ​သည် များ​စွာ​ထွက်၍၊ လူ​ပ​ရိ​သတ်​တို့​နှင့် တိ​ရ​စ္ဆာန်​တို့​သည် သောက်​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော​ကြောင့်၊ ဤ​ပ​ရိ​သတ်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​သည် ပို့​ဆောင်​သော​အ​ခွင့်​ကို​မ​ရ​ကြ​ဟု မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု​သော်​လည်း၊ သူ​တို့​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို ခံ​တော်​မူ​သော​ကြောင့်၊ ထို​ရေ​သည် မေ​ရိ​ဘ​ရေ​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 14,
      "text": "မော​ရှေ​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ကိုယ်​တော့်​ညီ ဣ​သ​ရေ​လ​က၊ အ​ကျွန်ုပ်​တို့​တွေ့​ရ​သော အ​မှု​အ​လုံး​စုံ​တည်း​ဟူ​သော၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 15,
      "text": "အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှာ ကာ​လ​ကြာ​မြင့်​စွာ​နေ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့​သည် အ​ကျွန်ုပ်​တို့​နှင့် ဘိုး​ဘေး​များ​ကို​ညှဉ်း​ဆဲ​ကြောင်း၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 16,
      "text": "အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​သော​အ​ခါ၊ ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ အ​ကျွန်ုပ်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။ ယ​ခု​မှာ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​နိုင်​ငံ​အ​စွန်​အ​နား၊ ကာ​ဒေ​ရှ​အ​ရပ်၌​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 17,
      "text": "ကိုယ်​တော့်​ပြည်​အ​လယ်၌ လျှောက်၍​သွား​ပါ​ရ​စေ။ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို မ​နင်း​ပါ။ တွင်း​ရေ​ကို​လည်း မ​သောက်​ပါ။ ကိုယ်​တော့်​ပြည်​နယ်​ကို မ​လွန်​မီ​တိုင်​အောင်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်​ဟု တောင်း​ပန်​စေ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 18,
      "text": "ဧ​ဒုံ​က​လည်း၊ သင်​သည်​ငါ့​ပြည်​အ​လယ်၌ မ​လျှောက်​မ​သွား​ရ။ လျှောက်​သွား​လျှင်၊ ဓား​လက်​နက်​နှင့် ဆီး​တား​မည်​ဟု​ပြန်​ပြော၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 19,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်။ ကိုယ်​တိုင်​မှ​စ၍ တိ​ရ​စ္ဆာန်​တို့​သည် ကိုယ်​တော့်​ရေ​ကို​သောက်​လျှင် အ​ဖိုး​ကို​ပေး​ပါ​မည်။ အ​ခြား​သော​အ​မှု​ကို​မ​ပြု​ဘဲ၊ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 20,
      "text": "ဧ​ဒုံ​က၊ သင်​သည်​လျှောက်၍​မ​သွား​ရ​ဟု ဆို​လျက်၊ များ​စွာ​သော ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ဆီး​တား​ခြင်း​ငှာ​ထွက်​လာ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 21,
      "text": "ထို​သို့​ဧ​ဒုံ​သည် သူ၏​ပြည်​အ​လယ်၌ လျှောက်​သွား​သော​အ​ခွင့်​ကို ဣ​သ​ရေ​လ​အား မ​ပေး​သော​ကြောင့်၊ ဣ​သ​ရေ​လ​သည် လွှဲ​ရှောင်​လေ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 22,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ​ပြောင်း၍ ဟော​ရ​တောင်​သို့​ရောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 23,
      "text": "ဧ​ဒုံ​ပြည်​စွန်​နား၊ ဟော​ရ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 24,
      "text": "သင်​တို့​သည် မေ​ရိ​ဘ​စမ်း​ရေ​နား​မှာ ငါ့​စ​ကား​ကို​ဆန့်​ကျင်​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​သို့ အာ​ရုန်​သည်​မ​ဝင်​ရ။ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 25,
      "text": "သို့​ဖြစ်၍ အာ​ရုန်​နှင့် သူ၏​သား​ဧ​လာ​ဇာ​ကို​ခေါ်၍ ဟော​ရ​တောင်​ပေါ်​သို့ ဆောင်​သွား​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 26,
      "text": "အာ​ရုန်၏​အ​ဝတ်​ကို​ချွတ်၍ သူ၏​သား​ဧ​လာ​ဇာ​ကို ဝတ်​စေ​ပြီး​မှ၊ အာ​ရုန်​သည် ထို​အ​ရပ်၌​သေ၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 27,
      "text": "မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​ပြု၍၊ သူ​တို့​သည်​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဟော​ရ​တောင်​ပေါ်​သို့ တက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 28,
      "text": "မော​ရှေ​သည် အာ​ရုန်၏​အ​ဝတ်​ကို​ချွတ်၍ သား​ဧ​လာ​ဇာ​ကို​ဝတ်​စေ​ပြီး​မှ၊ အာ​ရုန်​သည် တောင်​ထိပ်၌ သေ​လေ၏။ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် တောင်​ပေါ်​က ဆင်း​လာ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 20,
      "verse": 29,
      "text": "အာ​ရုန်​သည် အ​နိ​စ္စ​ရောက်​ကြောင်း​ကို ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​မြင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည်၊ အာ​ရုန်​အ​တွက် အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် အ​သ​ရိမ်​လမ်း​ဖြင့် လာ​ကြ​သည်​သ​တင်း​ကို တောင်​မျက်​နှာ၌​နေ​သော ခါ​နာန်​အ​မျိုး အာ​ရဒ်​မင်း​ကြီး​ကြား​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍ လူ​အ​ချို့​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​လေ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​က​လည်း၊ ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို အ​ကျွန်ုပ်​တို့​လက်​သို့ အပ်​တော်​မူ​လျှင်၊ သူ​တို့​မြို့​များ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​လေ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ စ​ကား​ကို​နား​ထောင်၍၊ ထို​ခါ​နာန်​အ​မျိုး​သား​တို့​ကို အပ်​တော်​မူ၏။ သူ​တို့​နှင့် သူ​တို့​မြို့​များ​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ထို​အ​ရပ်​ကို ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 4,
      "text": "ဟော​ရ​တောင်​မှ​ထွက်၍ ဧ​ဒုံ​ပြည်​ကို​ဝိုင်း​ခြင်း​ငှာ၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် ချီ​သွား​ကြ​စဉ်၊ အ​သွား​ခက်​သော​ကြောင့်၊ လူ​များ​တို့​သည် စိတ်​အား​လျော့​ကြ၍၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 5,
      "text": "သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 6,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မီး​မြွေ​များ​ကို စေ​လွှတ်​တော်​မူ၍၊ လူ​အ​များ​တို့​သည် အ​ကိုက်​ခံ​ရ​သ​ဖြင့်​သေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 7,
      "text": "ထို​ကြောင့် လူ​များ​တို့​သည် မော​ရှေ​ထံ​သို့​လာ၍ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ကို​ဆန့်​ကျင်​လျက် ပြော​ဆို၍​ပြစ်​မှား​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မြွေ​များ​ကို အ​ကျွန်ုပ်​တို့​မှ ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ​ဟု​လျှောက်​လျှင်၊ မော​ရှေ​သည် လူ​များ​အ​ဖို့ ဆု​တောင်း​လေ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မီး​မြွေ​ရုပ်​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​လော့။ အ​ကိုက်​ခံ​ရ​သော​သူ​တိုင်း ကြည့်​ရှု​လျှင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 9,
      "text": "မော​ရှေ​သည် ကြေး​ဝါ​ဖြင့်​မြွေ​ကို​လုပ်၍ တိုင်​ပေါ်​မှာ​မြှောက်​ထား​ပြီး​လျှင်၊ မြွေ​ကိုက်​သော​သူ​မည်​သည်​ကား၊ ကြေး​ဝါ​မြွေ​ကို​ကြည့်​ရှု​သော​အ​ခါ အ​သက်​ချမ်း​သာ​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 10,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ​ရာ​ပြောင်း၍ ဩ​ဗုတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 11,
      "text": "ဩ​ဗုတ်​အ​ရပ်​မှ​ပြောင်း​ပြန်၍၊ နေ​ထွက်​ရာ​ဘက်၊ မော​ဘ​ပြည်​ရှေ့​တွင်​ရှိ​သော​တော​မှာ၊ ဣ​ဇာ​ဗာ​ရိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 12,
      "text": "ထို​အ​ရပ်​မှ​ပြောင်း၍၊ ဇာ​ရက်​ချောင်း​နား၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 13,
      "text": "ထို​အ​ရပ်​မှ​တစ်​ဖန် ပြောင်း​ပြန်၍၊ အာ​မော​ရိ​ပြည်​နယ်​နှင့်​စပ်​သော တော၌​ရှိ​သော အာ​နုန်​ချောင်း​နား​တစ်​ဖက်​တစ်​ချက်၌ စ​ခန်း​ချ​ကြ၏။ အာ​နုန်​ချောင်း​ကား၊ မော​ဘ​ပြည်၊ အာ​မော​ရိ​ပြည်​စပ်​ကြား အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 14,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​စစ်​တိုက်​စာ၌​ကား၊ ဇာ​ရက်​အ​ရပ်၊ သု​ပ​အ​ရပ်၊ အာ​နုန်​ချောင်း​တို့၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 15,
      "text": "အာ​ရ​ပြည်​သို့​စီး၍ မော​ဘ​ပြည်​အ​နား၌ လျှောက်​သွား​သော ချောင်း​အ​သွယ်​သွယ်​ဟု လာ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 16,
      "text": "အာ​နုန်​ချောင်း​မှ ဗေ​ရ​ရေ​တွင်း​သို့ ခ​ရီး​သွား​ကြ၏။ ထို​ရေ​တွင်း​ကား အ​ခြား​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​ကို​စု​ဝေး​စေ​လော့၊ ရေ​ကို​ငါ​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​ရာ၌ ရည်​ဆောင်​သော ရေ​တွင်း​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 17,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​က၊ အို​တွင်း​ရေ၊ ထွက်​လော့။ ထွက်​အောင် သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 18,
      "text": "တ​ရား​မင်း​စီ​ရင်​သည်​အ​တိုင်း၊ မှူး​မတ်​တို့​သည် ရေ​တွင်း​ကို​တူး​ကြ​ပြီ။ လူ​တို့​တွင် အ​ကဲ​အ​မှူး​တို့​သည် တောင်​ဝှေး​တို့​နှင့် ရေ​တွင်း​ကို​တူး​ကြ​ပြီ​ဟု သီ​ချင်း​ဆို​လေ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 19,
      "text": "ထို​တော​မှ မ​တ္တ​နာ​အ​ရပ်​သို့​လည်း​ကောင်း၊ မ​တ္တ​နာ​အ​ရပ်​မှ န​ဟာ​လျေ​လ​အ​ရပ်​သို့​လည်း​ကောင်း၊ န​ဟာ​လျေ​လ​အ​ရပ်​မှ ဗာ​မုတ်​အ​ရပ်​သို့​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 20,
      "text": "ဗာ​မုတ်​အ​ရပ်​မှ မော​ဘ​ချိုင့်​သို့​လည်း​ကောင်း၊ ယေ​ရှိ​မုန်​မြို့​ကို မျက်​နှာ​ပြု​သော ပိ​သ​ဂါ​တောင်​ထိပ်​သို့​လည်း​ကောင်း ခ​ရီး​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 21,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 22,
      "text": "အ​ကျွန်ုပ်​တို့​သည် မင်း​ကြီး​ပြည်​အ​လယ်၌ လျှောက်၍​သွား​ပါ​ရ​စေ။ လယ်​ယာ​သို့​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်​သို့​လည်း​ကောင်း မ​ဝင်​ပါ။ တွင်း​ရေ​ကို​လည်း မ​သောက်​ပါ။ မင်း​ကြီး ပြည်​ကို​မ​လွန်​မီ​တိုင်​အောင်၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်​ဟု အ​ခွင့်​တောင်း​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 23,
      "text": "ထို​ပြည်​အ​လယ်၌ လျှောက်​သွား​ရ​သော​အ​ခွင့်​ကို၊ ရှိ​ဟုန်​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ပေး။ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆီး​တား​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​တော​သို့​ထွက်၍ ယာ​ဟတ်​မြို့​သို့ ရောက်​ပြီး​လျှင် စစ်​တိုက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 24,
      "text": "ထို​မင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍၊ အာ​နုန်​ချောင်း​မှ​သည် ယ​ဗ္ဗုတ်​ချောင်း​တိုင်​အောင်​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​နေ​ရာ​တိုင်​အောင်​လည်း​ကောင်း၊ ထို​မင်း​ပိုင်​သော​မြေ​ကို သိမ်း​ယူ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား နေ​ရာ​နယ်​စပ်​ကား အား​ကြီး၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 25,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဟေ​ရှ​ဘုန်​မြို့​မှ​စ၍ အာ​မော​ရိ​အ​မျိုး​သား​နေ​သော မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ၍​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 26,
      "text": "ဟေ​ရှ​ဘုန်​မြို့​ကား၊ မော​ဘ​ပြည်​ကို​အ​စိုး​ရ​သော အ​ရင်​ရှင်​ဘု​ရင်​နှင့် စစ်​တိုက်၍ အာ​နုန်​ချောင်း​တိုင်​အောင် ပြည်​ကို​လု​ယူ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​မင်း​နေ​သော​မြို့​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 27,
      "text": "ထို​အ​ကြောင်း​ကို​ရည်​ဆောင်၍ လင်္ကာ​ဆ​ရာ​တို့​က၊ ဟေ​ရှ​ဘုန်​မြို့​သို့​သွား၍ တစ်​ဖန်​တည်​ကြ​စို့။ ရှိ​ဟုန်​ဘု​ရင်​နေ​သော​မြို့​ကို ပြင်​ဆင်​ကြ​စို့။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 28,
      "text": "ရှိ​ဟုန်​ဘု​ရင်​နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်၍ မော​ဘ​ပြည်​အာ​ရ​မြို့​နှင့်​တ​ကွ၊ အာ​နုန်​ချောင်း​နား၊ မြင့်​သော​အ​ရပ်၌ အ​စိုး​ရ​သော​မင်း​တို့​ကို လောင်​လေ​ပြီ။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 29,
      "text": "အို​မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို​ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ ပြေး​ရ​သော​မိ​မိ​သား​သ​မီး​တို့​ကို အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​လက်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​သည် အ​ခွင့်​ပေး​ပြီ​တ​ကား။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 30,
      "text": "တစ်​ဖန်​ငါ​တို့​သည် အာ​မော​ရိ​သား​တို့​ကို တိုက်​ပြန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​ပြည်​သည် ဒိ​ဘုန်​မြို့​တိုင်​အောင် ပျက်​လေ​ပြီ။ မေ​ဒ​ဘ​မြို့​နှင့်​နီး​စပ်​သော နော​ဖာ​မြို့​တိုင်​အောင် သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​ပြီ​ဟု ဆို​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 31,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်၌ နေ​ရ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 32,
      "text": "မော​ရှေ​သည်​လည်း၊ ယာ​ဇာ​မြို့​ကို​စူး​စမ်း​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပြီး​လျှင်၊ ထို​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ အ​ရင်​နေ​သော အာ​မော​ရိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 33,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်၍၊ ဗာ​ရှန်​ပြည်​သို့ ခ​ရီး​သွား​ကြ၏။ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​သည်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့် ဧ​ဒြိ​အ​ရပ်​မှာ​စစ်​တိုက်​ခြင်း​ငှာ ချီ​သွား၏။"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သူ၏​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌ ငါ​အပ်​ပေး​ပြီ။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​ကို ပြု​သ​ကဲ့​သို့၊ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 21,
      "verse": 35,
      "text": "ထို​မင်း​နှင့်​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​လုပ်​ကြံ၍ သူ၏​ပြည်​ကို​သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 1,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 2,
      "text": "အာ​မော​ရိ​အ​မျိုး​သား​တို့၌​ပြု​ကြ​သော အ​မှု​အ​လုံး​စုံ​ကို၊ ဇိ​ဖော်​သား ဗာ​လက်​မင်း​သိ​မြင်​လျှင်၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် များ​ပြား​သော​ကြောင့်၊ မော​ဘ​ပြည်​သား​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ၍၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 4,
      "text": "နွား​သည် မြက်​ပင်​ကို​လှမ်း၍​စား​သ​ကဲ့​သို့ ဤ​အ​လုံး​အ​ရင်း​သည် ငါ​တို့​ပတ်​လည်၌​ရှိ​သ​မျှ​ကို လှမ်း၍​စား​လိမ့်​မည်​ဟု ပူ​ပန်​သော​စိတ်​ရှိ​လျက်၊ မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား ဆို​ကြ၏။ ထို​အ​ခါ ဇိ​ဖော်​သား​ဗာ​လက်​သည်၊ မော​ဘ​ရှင်​ဘု​ရင်​ဖြစ်​သည်​နှင့်၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 5,
      "text": "အ​မ္မုန်​ပြည်၌​စီး​သော မြစ်၏​အ​နား​မှာ​ရှိ​သော ပေ​သော်​မြို့​နေ ဗော​ရ​သား​ဗာ​လမ်​ကို ခေါ်​ပင့်​ခြင်း​ငှာ၊ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ရောက်​လာ​သော လူ​တစ်​မျိုး​သည် မြေ​မျက်​နှာ​ကို​ဖုံး​လွှမ်း​လျက် ငါ့​အ​နား၌​နေ​ရာ​ချ​ကြ​ပြီ။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​သည် ငါ့​ထက်​အား​ကြီး​သော​ကြောင့် သူ​တို့​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင် သူ​တို့​ကို​ငါ​တိုက်၍ ငါ့​ပြည်​မှ​နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်။ ကိုယ်​တော်​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​အပ်​သော​သူ ဖြစ်​သည်​ကို​လည်း​ကောင်း​ငါ​သိ​သည်​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 7,
      "text": "မော​ဘ​ပြည်​သား​အ​သက်​ကြီး​သူ​တို့​နှင့် မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ပြု​စား​ခြင်း​လက်​ဆောင်​ပါ​လျက် သွား၍၊ ဗာ​လမ်​ထံ​သို့​ရောက်​သော​အ​ခါ၊ ဗာ​လက်​မင်း​စ​ကား​ကို ကြား​လျှောက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 8,
      "text": "ဗာ​လမ်​က၊ ယ​နေ့​ည​မှာ ဤ​အ​ရပ်၌​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ငါ​ပြန်​ပြော​မည်​ဟု​ဆို​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​သည် ဗာ​လမ်​ထံ​မှာ​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ သင်၌​ရှိ​သော ဤ​လူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 10,
      "text": "ဗာ​လမ်​က၊ မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​သား​ဗာ​လက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လူ​ကို​စေ​လွှတ်၍၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 11,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ ရောက်​လာ​သော​လူ​အ​များ​သည်၊ မြေ​မျက်​နှာ​ကို ဖုံး​လွှမ်း​လျက်​နေ​ကြ​ပြီ။ သို့​ဖြစ်၍ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင်၊ သူ​တို့​ကို​ငါ​တိုက်၍ နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်​ဟု ခေါ်​ပင့်​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​အား​လျှောက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ဤ​လူ​တို့​နှင့်​အ​တူ မ​လိုက်​မ​သွား​ရ။ ထို​လူ​မျိုး​ကို မ​ကျိန်​ဆဲ​ရ။ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သော​လူ​မျိုး​ဖြစ်​သည်​ဟု ဗာ​လမ်​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 13,
      "text": "နံ​နက်​ရောက်​မှ၊ ဗာ​လမ်​သည်​ထ၍ သင်​တို့​သည် ကိုယ်​ပြည်​သို့ ပြန်​သွား​ကြ​ပါ​လော့။ သင်​တို့​နှင့်​အ​တူ ငါ​လိုက်​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မ​မူ​ဟု ဗာ​လက်​မင်း​စေ​လွှတ်​သော အ​ရာ​ရှိ​တို့​အား ပြန်​ပြော​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 14,
      "text": "ထို​အ​ခါ မော​ဘ​ပြည်​အ​ရာ​ရှိ​တို့​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်​သွား၍၊ ဗာ​လမ်​သည် ကျွန်​တော်​တို့​နှင့် အ​တူ​မ​လိုက်​လို​ပါ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 15,
      "text": "တစ်​ဖန် ဗာ​လက်​မင်း​သည်၊ အ​ရင်​ထက်​အ​ရေ​အ​တွက်​အား​ဖြင့်​များ၍ အ​ရာ​အား​ဖြင့် ဘုန်း​ကြီး​သော​မှူး​မတ်​တို့​ကို စေ​လွှတ်​ပြန်​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 16,
      "text": "သူ​တို့​သည် ဗာ​လမ်​ထံ​သို့​ရောက်​လာ၍ ဇိ​ဖော်​သား​ဗာ​လက်​မင်း​က၊ ကိုယ်​တော်​သည် ငါ့​ထံ​သို့​မ​လာ​မည်​အ​ကြောင်း အ​ဘယ်​အ​ဆီး​အ​တား​မျှ မ​ရှိ​ပါ​စေ​နှင့်။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 17,
      "text": "ငါ​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​မည်။ ကိုယ်​တော်​တောင်း​သ​မျှ​ကို ပေး​မည်။ သို့​ဖြစ်၍​ကြွ​လာ​ပါ။ ဤ​လူ​မျိုး​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​ကြ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 18,
      "text": "ဗာ​လမ်​က​လည်း၊ ဗာ​လက်​မင်း​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော မိ​မိ​နန်း​တော်​ကို​ပင် ပေး​သော်​လည်း၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လွန်​ကျူး၍ အ​မှု​အ​ကြီး​အ​ငယ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ပြု​နိုင်။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 19,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့​ထပ်၍​မိန့်​တော်​မူ​မည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ယ​နေ့​ည​မှာ ဤ​အ​ရပ်၌​နေ​ကြ​ပါ​ဦး​ဟု ဗာ​လက်​မင်း​ကျွန်​တို့​အား ပြန်​ပြော၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 20,
      "text": "ည​အ​ချိန်၌ ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ရှိ​ရာ​သို့​လာ၍၊ ထို​လူ​တို့​သည် သင့်​ကို​ခေါ်​ခြင်း​ငှာ​လာ​လျှင်၊ သူ​တို့​နှင့်​အ​တူ ထ၍​လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​သာ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 21,
      "text": "နံ​နက်​ရောက်​မှ ဗာ​လမ်​ထ၍ မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်၊ မော​ဘ​အ​ရာ​ရှိ​တို့​နှင့်​အ​တူ လိုက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 22,
      "text": "ထို​သို့​လိုက်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​အ​မျက်​တော်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဆီး​တား​ခြင်း​ငှာ လမ်း၌​ရပ်​နေ၏။ ထို​အ​ခါ ဗာ​လမ်​သည် မြည်း​ကို​စီး၍ ငယ်​သား​နှစ်​ယောက်​နှင့် သွား​စဉ်​တွင်၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌ ရပ်​နေ​သည်​ကို မြည်း​သည်​မြင်​လျှင်၊ လမ်း​လွှဲ၍ လယ်​သို့​ဝင်​လေ၏။ ဗာ​လမ်​လည်း မြည်း​ကို​လမ်း​သို့​ပြန်​စေ​ခြင်း​ငှာ ရိုက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည်၊ စ​ပျစ်​ဥ​ယျာဉ်​စောင်​ရန်း​နှစ်​ဘက်​စပ်​ကြား​လမ်း၌ တစ်​ဖန်​ရပ်​နေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မြည်း​သည်​မြင်​ပြန်​သော​အ​ခါ၊ စောင်​ရန်း​တစ်​ဖက်၌​တိုး၍ ဗာ​လမ်၏​ခြေ​ကို ဖိ​လေ၏။ ဗာ​လမ်​လည်း တစ်​ဖန်​ရိုက်​ပြန်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် လွန်​သွား၍ လမ်း​တစ်​ဖက်​ဖက်​မျှ မ​လွှဲ​နိုင်​အောင် ကျဉ်း​မြောင်း​သော​အ​ရပ်၌ ရပ်​နေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 27,
      "text": "မြည်း​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ကို မြင်​ပြန်​သော​အ​ခါ၊ ဗာ​လမ်​အောက်၌ ဝပ်​လျက်​နေ၏။ ဗာ​လမ်​သည်​အ​မျက်​ထွက်၍ တောင်​ဝှေး​နှင့် မြည်း​ကို​ရိုက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 28,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မြည်း၏​နှုတ်​ကို​ဖွင့်​တော်​မူ၍၊ မြည်း​က သင်​သည် ငါ့​ကို​သုံး​ကြိမ်​တိုင်​အောင် ရိုက်​ရ​မည်​အ​ကြောင်း၊ ငါ​သည်​သင်၌ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု ဗာ​လမ်​အား​မေး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 29,
      "text": "ဗာ​လမ်​က၊ သင်​သည် ငါ့​ကို​ကျီ​စား​ပါ​သည်​တ​ကား။ ငါ၌​ဓား​ရှိ​ပါ​စေ​သော။ ဓား​ရှိ​လျှင် သင့်​ကို​ယ​ခု​သတ်​မည်​ဟု မြည်း​အား​ဆို၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 30,
      "text": "မြည်း​က​လည်း၊ ငါ​သည်​ယ​နေ့​တိုင်​အောင် သင်၏​အ​စီး​ကို အ​စဉ်​ခံ​ရ​သော သင်၏​မြည်း​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၌​တစ်​ခါ​မျှ ဤ​သို့​ငါ​ပြု​ဖူး​သ​လော​ဟု ဗာ​လမ်​အား​မေး​လျှင်၊ မ​ပြု​ဘူး​ဟု ပြန်​ပြော၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 31,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​မျက်​စိ​ကို​ဖွင့်​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌​ရပ်​နေ​သည်​ကို ဗာ​လမ်​သည်​မြင်​သ​ဖြင့် ဦး​ချ၍​ပျပ်​ဝပ်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 32,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏​မြည်း​ကို သုံး​ကြိမ်​တိုင်​အောင် အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း။ သင်​သွား​သော​လမ်း​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော​ကြောင့်၊ သင့်​ကို​ဆီး​တား​ခြင်း​ငှာ ငါ​ထွက်​လာ​ပြီ။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 33,
      "text": "မြည်း​သည်​ငါ့​ကို​မြင်၍ သုံး​ကြိမ်​ရှောင်​ခဲ့​ပြီ။ ထို​သို့​မ​ရှောင်​လျှင်၊ အ​ကယ်​စင်​စစ် သင့်​ကို​ငါ​သတ်၍ မြည်း​ကို​အ​သက်​ချမ်း​သာ​ပေး​လေ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 34,
      "text": "ဗာ​လမ်​က​လည်း၊ အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​သည် လမ်း၌ ကန့်​လန့်​နေ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ပါ။ ယ​ခု​မှာ အ​လို​တော်​မ​ရှိ​လျှင် အ​ကျွန်ုပ်​ပြန်​သွား​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 35,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ သူ​တို့​နှင့်​အ​တူ လိုက်​လော့။ သို့​ရာ​တွင် ငါ​မှာ​ထား​သော​စ​ကား​ကို​သာ ဟော​ပြော​ရ​မည်​ဟု ဗာ​လမ်​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည် ဗာ​လက်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ လိုက်​သွား​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 36,
      "text": "ဗာ​လမ်​ရောက်​သော​သ​တင်း​ကို ဗာ​လက်​မင်း​ကြား​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ၊ မော​ဘ​ပြည်​စွန် အာ​နုန်​ချောင်း​နား​မှာ​ရှိ​သော မြို့​တစ်​မြို့​သို့​ထွက်​သွား၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 37,
      "text": "ဗာ​လက်​မင်း​က​လည်း၊ ကိုယ်​တော်​ကို​ခေါ်​ပင့်​စေ​ခြင်း​ငှာ ငါ​သည် အ​ထပ်​ထပ်​စေ​လွှတ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် နှေး​ပါ​သ​နည်း။ ကိုယ်​တော်​ကို ငါ​ချီး​မြှောက်​နိုင်​သည် မ​ဟုတ်​လော​ဟု ဗာ​လမ်​အား​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 38,
      "text": "ဗာ​လမ်​က၊ မင်း​ကြီး​ထံ​သို့ ငါ​လာ​ပါ​ပြီ။ သို့​ရာ​တွင် ငါ​သည်​စ​ကား​တ​ခွန်း​ကို​မျှ ပြော​ပိုင်​သ​လော။ ငါ့​နှုတ်၌ ဘု​ရား​သ​ခင်​ထား​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြော​ပါ​မည်​ဟု ပြန်​ပြော​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 39,
      "text": "ဗာ​လက်​မင်း​နှင့်​အ​တူ​လိုက်၍ ကိ​ရ​ယဿု​ဇုတ်​မြို့​သို့ ရောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 40,
      "text": "ဗာ​လက်​မင်း​သည်​လည်း၊ သိုး​နွား​တို့​ကို​ပူ​ဇော်၍ ဗာ​လမ်​နှင့် အ​ရာ​ရှိ​တို့​အား​ပေး​လိုက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 22,
      "verse": 41,
      "text": "နက်​ဖြန်​နေ့၌ ဗာ​လက်​မင်း​သည် ဗာ​လမ်​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင်​ပြ​ခြင်း​ငှာ ဗာ​လ​ဘု​ရား​နှင့်​ဆိုင်​သော ကုန်း​ရိုး​ပေါ်​သို့ ပို့​ဆောင်​လေ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 1,
      "text": "ထို​အ​ခါ ဗာ​လမ်​က၊ ဤ​အ​ရပ်၌​ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 2,
      "text": "ဗာ​လက်​မင်း​သည်​ပြု​ပြီး​လျှင်၊ ထို​သူ​နှစ်​ပါး​တို့​သည် ယဇ်​ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 3,
      "text": "ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကြို​ဆို​ခြင်း​ငှာ ကြွ​လာ​ကောင်း ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ့​အား​ပြ​တော်​မူ​သ​မျှ​ကို မင်း​ကြီး​အား ငါ​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ဆို​ပြီး​မှ ကုန်း​တစ်​ခု​ပေါ်​သို့ တက်​သွား၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​သည် ဗာ​လမ်​ကို​ကြို​ဆို​တော်​မူ​လျှင်၊ ဗာ​လမ်​က အ​ကျွန်ုပ်​သည် ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​ပြင်​ဆင်၍ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​ထီး​တစ်​ကောင်​စီ​နှင့် သိုး​ထီး​တစ်​ကောင်​စီ​ကို ပူ​ဇော်​ပါ​ပြီ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​နှုတ်၌ စ​ကား​ကို​ထား​လျက်၊ သင်​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်၍ ဤ​သို့​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 6,
      "text": "ဗာ​လမ်​ပြန်​သော​အ​ခါ၊ ဗာ​လက်​မင်း​သည် မော​ဘ​မှူး​မတ်​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မိ​မိ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​နေ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 7,
      "text": "ထို​အ​ခါ​ဗာ​လမ်​သည်၊ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​သည်​ကား၊ မော​ဘ​ရှင်​ဘု​ရင်​ဗာ​လက်​က၊ လာ​ပါ။ ငါ့​အ​ဖို့ ယာ​ကုပ်​အ​မျိုး​ကို​ကျိန်​ဆဲ​ပါ။ လာ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​ကို ပျက်​စီး​ခြင်း​သို့​အပ်​လိုက်​ပါ​ဟု​ခေါ်၍ ငါ့​ကို အာ​ရံ​ပြည်​အ​ရှေ့​တောင်​ရိုး​မှ ဆောင်​ခဲ့​ပြီ။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 8,
      "text": "ဘု​ရား​သ​ခင် ကျိန်​ဆဲ​တော်​မ​မူ​သော​သူ​ကို အ​ဘယ်​သို့​ငါ​ကျိန်​ဆဲ​နိုင်​မည်​နည်း။ ဘု​ရား​သ​ခင်​သည် ပျက်​စီး​ခြင်း​သို့ အပ်​တော်​မ​မူ​သော​သူ​ကို အ​ဘယ်​သို့ ငါ​အပ်​နိုင်​မည်​နည်း။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 9,
      "text": "ကျောက်​ပေါ်​က သူ့​ကို​ငါ​မြင်၏။ တောင်​ပေါ်​က သူ့​ကို​ငါ​ကြည့်​ရှု၏။ ထို​လူ​မျိုး​သည် တစ်​မျိုး​တည်း​နေ၍ အ​ခြား​တစ်​ပါး​သော​လူ​မျိုး​တို့​နှင့် မ​ရော​နှော​ရ။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 10,
      "text": "ယာ​ကုပ်​အ​မျိုး​မြေ​မှုန့်​ကို အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​လေး​စု​တစ်​စု​ကို​မျှ အ​ဘယ်​သူ​ရေ​တွက်​နိုင်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သေ​သ​ကဲ့​သို့ ငါ​သေ​ပါ​စေ​သော။ ငါ့​အ​ဆုံး​သည် သူ၏​အ​ဆုံး​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု မြွက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 11,
      "text": "ဗာ​လက်​မင်း​က​လည်း၊ သင်​သည် ငါ၌​အ​ဘယ်​သို့​ပြု​သ​နည်း။ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့​ပြီ။ သို့​သော်​လည်း သင်​သည် လုံး​လုံး​ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား​ဟု ဗာ​လမ်​အား​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 12,
      "text": "ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နှုတ်၌​ထား​တော်​မူ​သော​စ​ကား​ကို ပြော​ရ​အောင် ငါ​သ​တိ​မ​ပြု​ရ​သ​လော​ဟု ပြန်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 13,
      "text": "ဗာ​လက်​မင်း​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက်​မ​မြင်​ရ​ဘဲ တစ်​ပိုင်း​ကို​မျှ​သာ​ကြည့်​မြင်​ရာ၊ အ​ခြား​သော​အ​ရပ်​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ​လော့။ ထို​အ​ရပ်၌ သူ​တို့​ကို ငါ့​အ​ဖို့ ကျိန်​ဆဲ​ပါ​ဟု​ဆို​လျက်၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 14,
      "text": "ပိ​သ​ဂါ​တောင်​ပေါ်၊ ဇော​ဖိမ်​လယ်​ပြင်​သို့​ဆောင်​သွား၍ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​ပြီး​မှ၊ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 15,
      "text": "ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်​ဟု ဗာ​လက်​မင်း​အား ဆို၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​ကို​ကြို​ဆို၍ သူ၏​နှုတ်၌ စ​ကား​ကို​ထား​လျက်၊ သင်​သည် ဗာ​လက်​မင်း​ထံ​သို့​ပြန်၍ ဤ​သို့​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 17,
      "text": "ဗာ​လမ်​ပြန်​သော​အ​ခါ၊ ဗာ​လက်​မင်း​သည် မော​ဘ​မှူး​မတ်​တို့​နှင့်​တ​ကွ၊ မိ​မိ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း​ဟု မေး​လေ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 18,
      "text": "ထို​အ​ခါ ဗာ​လမ်​သည်၊ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​သည်​ကား၊ အို​ဇိ​ဖော်​သား ဗာ​လက်​မင်း၊ ထ​လော့။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လော့။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 19,
      "text": "ဘု​ရား​သ​ခင်​သည် မု​သား​စ​ကား​ကို​ပြော​အံ့​သော​ငှာ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ နောင်​တ​ရ​အံ့​သော​ငှာ လူ​သား​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ မိန့်​တော်​မူ​ပြီး​မှ၊ စ​ကား​တော်​အ​တိုင်း မ​ပြု​ဘဲ​နေ​တော်​မူ​မည်​လော။ က​တိ​ထား​တော်​မူ​ပြီး​မှ၊ က​တိ​တော်​မ​တည်​ဘဲ နေ​တော်​မူ​မည်​လော။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 20,
      "text": "ကောင်း​ချီး​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ထို​ကောင်း​ချီး​ကို ငါ​မ​ဖျက်​နိုင်။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 21,
      "text": "ယာ​ကုပ်​အ​မျိုး​ကို ညှဉ်း​ဆဲ​သော​အ​မှု၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ပြု​သော နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ရှင်​ဘု​ရင်​ကြွေး​ကြော်​ခြင်း​အ​သံ​ကို သူ​တို့​တွင်​ကြား​ရ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 22,
      "text": "ဘု​ရား​သ​ခင်​သည် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကြံ့​အား​ကြီး​သ​ကဲ့​သို့ အား​ကြီး၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 23,
      "text": "အ​ကယ်​စင်​စစ် ယာ​ကုပ်​အ​မျိုး​ကို၊ ထူး​ဆန်း​သော​အ​တတ်​အား​ဖြင့် မ​နိုင်​ရာ။ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သူ​မျှ မ​ပြု​စား​ရာ။ ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​ပြု​တော်​မူ​ပြီ​တ​ကား​ဟု ယ​ခု​ကာ​လ​ကို​ထောက်၍ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​ဆောင်​လျက် ဆို​လေ့​ရှိ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 24,
      "text": "ဤ​လူ​မျိုး​သည် ခြင်္သေ့​ကဲ့​သို့ ထ​လိမ့်​မည်။ ခြင်္သေ့​ပျို​ကဲ့​သို့ ထွက်​လိမ့်​မည်။ ဖမ်း​မိ​သော​အ​ကောင်​ကို မ​စား​မီ၊ သတ်​အပ်​သော​တိ​ရ​စ္ဆာန်​အ​သွေး​ကို မ​သောက်​မီ​တိုင်​အောင် ငြိမ်​ဝပ်​စွာ​မ​နေ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 25,
      "text": "ဗာ​လက်​မင်း​က​လည်း၊ သူ​တို့​ကို အ​လျှင်း​မ​ကျိန်​ဆဲ​ပါ​နှင့်။ ကောင်း​ချီး​ကို​လည်း အ​လျှင်း​မ​ပေး​ပါ​နှင့်​ဟု ဗာ​လမ်​အား​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 26,
      "text": "ဗာ​လမ်​က၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း ငါ​ပြု​ရ​ပါ​မည်​ဟု မင်း​ကြီး​အား အ​ရင်​ပြော​နှင့်​ပြီ​မ​ဟုတ်​လော​ဟု ဗာ​လက်​မင်း​အား​ပြန်​ပြော၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 27,
      "text": "တစ်​ဖန် ဗာ​လက်​မင်း​က၊ လာ​ပါ​တော့။ အ​ခြား​သော​အ​ရပ်​သို့ ဆောင်​သွား​ပါ​မည်။ ထို​အ​ရပ်၌ သူ​တို့​ကို​ငါ့​အ​ဖို့ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ကောင်း​ရှိ​တော်​မူ​လိမ့်​မည်​ဟု ဗာ​လမ်​အား​ဆို​လျက်၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 28,
      "text": "ယေ​ရှိ​မုန်​မြို့​ကို​မျက်​နှာ​ပြု​သော ပေ​ဂု​ရ​တောင်​ထိပ်​သို့ ဆောင်​သွား​လေ၏။"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 29,
      "text": "ဗာ​လမ်​က​လည်း၊ ဤ​အ​ရပ်၌ ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 23,
      "verse": 30,
      "text": "ဗာ​လက်​မင်း​သည်​ပြု၍၊ ယဇ်​ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ကြောင်း​ကို ဗာ​လမ်​သိ​မြင်​လျှင်၊ ထူး​ဆန်း​သော​အ​တတ်​ကို​ရှာ​ခြင်း​ငှာ အ​ရင်​သွား​သ​ကဲ့​သို့ မ​သွား​ဘဲ၊ တော​သို့​မျက်​နှာ​ပြု​လေ၏။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 2,
      "text": "သို့​ရာ​တွင်၊ မျှော်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မျိုး​အ​နွယ်​အ​လိုက် အ​သီး​အ​သီး​တပ်​ချ​လျက်​နေ​ကြ​သည်​ကို မြင်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ​သက်​ရောက်​တော်​မူ​လျှင်၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 3,
      "text": "သူ​သည် ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​လေ​သည်​မှာ၊ မျက်​စိ​ပွင့်​သော​သူ၊ ဗော​ရ​သား​ဗာ​လမ်၏​စ​ကား၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 4,
      "text": "ဘ​ဝင်​ဖြစ်၍ မျက်​စိ​ပွင့်​လျက် အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 5,
      "text": "အို​ယာ​ကုပ်​အ​မျိုး၊ သင်​တို့၏​တဲ​များ၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့၏ ဘုံ​ဗိ​မာန်​များ​တို့​သည် အ​ဘယ်​မျှ​လောက် တင့်​တယ်​ကြ​သည်​တ​ကား။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 6,
      "text": "ကျယ်​ဝန်း​သော​ချိုင့်​များ၊ မြစ်​နား​မှာ​ရှိ​သော​ဥ​ယျာဉ်​များ၊ ထာ​ဝ​ရ​ဘု​ရား စိုက်​တော်​မူ​သော​အ​ကျော်​ပင်​များ၊ ရေ​နား​မှာ​ပေါက်​သော အာ​ရဇ်​ပင်​များ​ကဲ့​သို့ ဖြစ်​ကြ​သည်​တ​ကား၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 7,
      "text": "ထို​အ​မျိုး၏​ရေ​ပုံး​တို့​မှ ရေ​စီး​လိမ့်​မည်။ ရေ​ပေါ​သော​အ​ရပ်၌ မျိုး​စေ့​ကျ​လိမ့်​မည်။ သူ၏​ရှင်​ဘု​ရင်​သည် အာ​ဂတ်​မင်း​ထက် ဘုန်း​ကြီး၍၊ နိုင်​ငံ​တော်​သည် ချီး​မြှောက်​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​သည် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည်၊ ကြံ့​အား​ကြီး​သ​ကဲ့​သို့ အား​ကြီး၏။ ရန်​သူ​ဖြစ်​သော လူ​မျိုး​တို့​ကို ကိုက်​ဝါး၍၊ အ​ရိုး​တို့​ကို​ချိုး​ဖဲ့​လိမ့်​မည်။ မြား​ဖြင့်​ထုတ်​ချင်း​ခပ်​အောင်​ခွင်း​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 9,
      "text": "ဝပ်​လျက်​နေ၏။ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ခြင်္သေ့​မ​ကဲ့​သို့​လည်း​ကောင်း ဝပ်​တွား​လေ၏။ အ​ဘယ်​သူ နှိုး​ဆော်​ဝံ့​မည်​နည်း။ သင့်​ကို​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ရှိ၏။ သင့်​ကို ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 10,
      "text": "ထို​အ​ခါ ဗာ​လက်​မင်း​သည်၊ ဗာ​လမ်​ကို​အ​မျက်​ထွက်၍ လက်​ခုပ်​တီး​လျက်၊ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့၏။ သင်​သည် သုံး​ကြိမ်​တိုင်​အောင် အ​ကြွင်း​မဲ့ ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 11,
      "text": "ထို​ကြောင့် သင့်​နေ​ရာ​ပြည်​သို့ ပြေး​သွား​လော့။ သင့်​ကို​ချီး​မြှောက်​မည်​ဟု အ​ထက်​က​ငါ​အ​ကြံ​ရှိ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘုန်း​ကို မ​တိုး​ပွား​စေ​ခြင်း​ငှာ ဆီး​တား​လေ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 12,
      "text": "ဗာ​လမ်​က​လည်း၊ ဗာ​လက်​မင်း​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော မိ​မိ​နန်း​တော်​ကို​ပင် ပေး​သော်​လည်း၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို လွန်​ကျူး၍ ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​တစ်​စုံ​တစ်​ခု​ကို ကိုယ်​အ​လို​အ​လျောက် ငါ​မ​ပြု​နိုင်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို ငါ​ပြော​ပါ​မည်​ဟု မင်း​ကြီး​စေ​လွှတ်​သော သံ​တ​မန်​တို့​အား ငါ​ပြော​နှင့်​ပြီ​မ​ဟုတ်​လော။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 14,
      "text": "ယ​ခု​မူ​ကား၊ ငါ့​အ​ဆွေ​အ​မျိုး​တို့​ထံ​သို့ ငါ​သွား​တော့​မည်။ နား​ထောင်​ပါ။ နောင်​ကာ​လ၌ ဤ​လူ​မျိုး​သည် မင်း​ကြီး၏​လူ​မျိုး၌ အ​ဘယ်​သို့ ပြု​မည်​အ​ရာ​ကို မင်း​ကြီး​အား​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ပြန်​ဆို​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 15,
      "text": "ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​လေ​သည်​မှာ၊ မျက်​စိ​ပွင့်​သော​သူ ဗော​ရ​သား ဗာ​လမ်၏​စ​ကား၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 16,
      "text": "ဘ​ဝင်​ဖြစ်၍​မျက်​စိ​ပွင့်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​ကို​ရ၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 17,
      "text": "ထို​အ​ရာ​ကို ငါ​မြင်၏။ သို့​သော်​လည်း ယ​ခု​မ​ဖြစ်​ရ​သေး။ ထို​အ​ရာ​ကို ငါ​ရှု၏။ သို့​သော်​လည်း ဖြစ်​ရ​သော​အ​ချိန်​မ​နီး​သေး။ ကြယ်​တစ်​လုံး​သည် ယာ​ကုပ်​အ​မျိုး၌ ပေါ်​ထွန်း၍၊ ရာ​ဇ​လှံ​တံ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ထင်​ရှား​လိမ့်​မည်။ မော​ဘ​ပြည်​စွန်း​တိုင်​အောင် ထိ​ခိုက်၍ မ​ငြိမ်​မ​ဝပ် ရုန်း​ရင်း​ခတ်​ပြု​တတ်​သော သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 18,
      "text": "ဧ​ဒုံ​ပြည်​ကို​လည်း သိမ်း​ယူ​လိမ့်​မည်။ စိ​ရ​တောင်​သည်​လည်း ရန်​သူ​လက်​သို့ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် ရဲ​ရင့်​စွာ​ပြု​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 19,
      "text": "အ​စိုး​ရ​သော​သူ​တစ်​ပါး​သည်၊ ယာ​ကုပ်​အ​မျိုး​ထဲ​က​ထွက်၍၊ ကျန်​ကြွင်း​သော​မြို့​သူ​မြို့​သား​တို့​ကို ဖျက်​ဆီး​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 20,
      "text": "တစ်​ဖန် အာ​မ​လက်​ပြည်​ကို​ကြည့်​ရှု၍ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​ပြန်​သည်​ကား၊ အာ​မ​လက်​အ​မျိုး​သည် လူ​မျိုး​တ​ကာ​တို့​ထက် အ​ထွတ်​ဖြစ်​ဖူး​သော်​လည်း၊ အ​ဆုံး၌ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 21,
      "text": "တစ်​ဖန် ကေ​နိ​အ​မျိုး​သား​တို့​ကို ကြည့်​ရှု၍ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​ပြန်​သည်​ကား၊ သင်​တို့​နေ​ရာ​သည် အား​ကြီး၏။ ကျောက်​ပေါ်​မှာ အ​သိုက်​ကို​လုပ်​ကြ​ပြီ။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 22,
      "text": "သို့​သော်​လည်း အာ​ရှု​ရိ​မင်း​သည် သိမ်း​ယူ၍​မ​သွား​မီ​တိုင်​အောင်၊ ကေ​နိ​အ​မျိုး​သည် အ​မျက်​ကို​ခံ​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 23,
      "text": "တစ်​ဖန် ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​ပြန်​သည်​ကား၊ အ​လို​လေ့၊ ဤ​အ​မှု​ကို ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​နည်း။"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 24,
      "text": "သင်္ဘော​တို့​သည်​လည်း ခိ​တ္တိမ်​ပြည်​မှ​လာ၍​အာ​ရှု​ရိ​ပြည်​ကို​လည်း​ကောင်း၊ ဟေ​ဗာ​ပြည်​ကို​လည်း​ကောင်း နှောင့်​ယှက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​လည်း ရှင်း​ရှင်း​ပျက်​စီး​ကြ​လိမ့်​မည်​ဟု မြွက်​ဆို​ပြီး​မှ၊"
    },
    {
      "book": 4,
      "chapter": 24,
      "verse": 25,
      "text": "ဗာ​လမ်​သည်​ထ၍ မိ​မိ​နေ​ရာ​အ​ရပ်​သို့​ပြန်​သွား၏။ ဗာ​လက်​မင်း​သည်​လည်း သွား​လေ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​တ္တိမ်​အ​ရပ်၌ နေ​သော​အ​ခါ၊ အ​ချို့​တို့​သည် မော​ဘ​မိန်း​မ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 2,
      "text": "ထို​မိန်း​မ​တို့​သည် မိ​မိ​တို့​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​ရာ​ပွဲ​သို့ ဣ​သ​ရေ​လ​လူ​တို့​ကို ခေါ်​သွား​သ​ဖြင့်၊ ယောက်ျား​တို့​သည် ယဇ်​သား​ကို​စား၍ ထို​ဘု​ရား​ရှေ့​မှာ ဦး​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 3,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ​လွဲ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြစ်​မှား​သော​သူ​တို့​ကို ဘု​ရား​ရှေ့​မှာ​ထင်​ရှား​စွာ ဆွဲ​ထား​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 5,
      "text": "မော​ရှေ​သည် ဣ​သ​ရေ​လ​မင်း​တို့​ကို​ခေါ်၍၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို သင်​တို့​အ​သီး​အ​သီး​ဆိုင်​သည်​အ​တိုင်း ကွပ်​မျက်​ကြ​လော့​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 6,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ယောက်​သည်၊ မော​ရှေ​ရှေ့၌​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ ငို​ကြွေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌​လည်း​ကောင်း၊ မိ​ဒျန်​မိန်း​မ​ကို​လည်း၊ မိ​မိ​ညီ​အစ်​ကို​တို့ ထံ​သို့​ဆောင်​ခဲ့​လေ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 7,
      "text": "ထို​အ​မှု​ကို ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား​ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည် မြင်​လျှင်၊ ပ​ရိ​သတ်​ထဲ​မှာ​ထ၍ လှံ​ကို​ကိုင်​လျက်၊"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 8,
      "text": "ထို​ဣ​သ​ရေ​လ​လူ​ကို တဲ​အ​တွင်း​သို့​လိုက်​ပြီး​မှ၊ ယောက်ျား​ကို ထုတ်​ချင်း​ခပ်​အောင်​လည်း​ကောင်း၊ မိန်း​မ​ကို​ဝမ်း​ပေါက်​အောင်​လည်း​ကောင်း ထိုး​လေ၏။ ထို​သို့​ပြု​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ဘေး​ငြိမ်း​လေ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 9,
      "text": "ထို​ဘေး​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ နှစ်​သောင်း​လေး​ထောင် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​အ​မျက်​ထွက်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မ​ဖျက်​ဆီး​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား၊ ဧ​လာ​ဇာ၏​သား၊ ဖိ​န​ဟတ်​သည် သူ​တို့​တွင် ငါ့​ဘက်၌​စိတ်​အား​ကြီး၍ ငါ့​အ​မျက်​ကို​သူ​တို့​မှ​လွှဲ​ပြီ။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 12,
      "text": "သို့​ဖြစ်၍​သင်​ပြော​ရ​သည်​ကား၊ ငါ၏​ချမ်း​သာ​ပ​ဋိ​ညာဉ်​ကို သူ့​အား​ငါ​ပေး၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 13,
      "text": "သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သော​ကြောင့်၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထို​ပ​ဋိ​ညာဉ်​တည်း​ဟူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော ပ​ဋိ​ညာဉ်​ကို​ရ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 14,
      "text": "မိ​ဒျန်​မိန်း​မ​နှင့် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော ဣ​သ​ရေ​လ​လူ၏​အ​မည်​ကား၊ ရှိ​မောင်​အ​မျိုး၌​ထင်​ရှား​သော အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​သာ​လု၏​သား ဇိ​မ​ရိ​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 15,
      "text": "အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော မိ​ဒျန်​မိန်း​မ​အ​မည်​ကား၊ မိ​ဒျန်​အ​မျိုး၌ ထင်​ရှား​သော​အ​ဆွေ​အ​မျိုး​တွင် အ​ကဲ​အ​မှူး​ဇု​ရ၏​သ​မီး ကော​ဇ​ဘိ​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မိ​ဒျန်​အ​မျိုး​သား​တို့​ကို နှောင့်​ယှက်၍ လုပ်​ကြံ​ကြ​လော့။"
    },
    {
      "book": 4,
      "chapter": 25,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပေ​ဂု​ရ​ဘု​ရား​အ​မှု၌​လည်း​ကောင်း၊ ပေ​ဂု​ရ​ဘု​ရား​ကြောင့် ဘေး​ရောက်​သော​နေ့၌ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​နှ​မ မိ​ဒျန်​မင်း​သ​မီး​ကော​ဇ​ဘိ​အ​မှု၌​လည်း​ကောင်း၊ သင်​တို့​ကို​ပ​ရိ​ယာယ်​များ​အား​ဖြင့် လှည့်​စား​နှောင့်​ယှက်​ကြ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 1,
      "text": "ထို​ဘေး​ငြိမ်း​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 2,
      "text": "အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​ကြ​လော့​ဟု မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 3,
      "text": "သူ​တို့​သည် မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 4,
      "text": "အ​သက်​နှစ်​ဆယ်​လွန်​သော​သူ​တို့​ကို စာ​ရင်း​ယူ​ရ​မည်​အ​ကြောင်း ဆင့်​ဆို​ကြ၏။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 5,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ ဣ​သ​ရေ​လ၏ သား​ဦး​ရု​ဗင်၏​သား​ဟူ​မူ​ကား ဟာ​နုတ်​မှ​ဆင်း​သက်​သော ဟော​နော​ခိ​အ​ဆွေ​အ​မျိုး၊ ဖာ​လု​မှ​ဆင်း​သက်​သော ဖာ​လွိ​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 6,
      "text": "ဟေ​ဇ​ရုံ​မှ​ဆင်း​သက်​သော ဟေ​ဇ​ရော​နိ​အ​ဆွေ​အ​မျိုး၊ ကာ​မိ​မှ​ဆင်း​သက်​သော ကာ​မိတ်​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 7,
      "text": "ဤ​သူ​တို့​သည် ရု​ဗင်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ လေး​သောင်း​သုံး​ထောင်​ခု​နစ်​ရာ​သုံး​ဆယ်​ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 8,
      "text": "ဖာ​လု၏​သား​ဧ​လျာ​ဘ၊ ဧ​လျာ​ဘ၏​သား​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 9,
      "text": "ဤ​ဒါ​သန်၊ အ​ဘိ​ရံ​တို့​သည်​အ​ခြား​မ​ဟုတ်၊ ကော​ရ​အ​ပေါင်း​အ​သင်း​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​အ​ခါ၊ ပ​ရိ​သတ်၌​ကျော်​စော၍ မော​ရှေ​နှင့် အာ​ရုန်​ကို​ဆန့်​ကျင်​ဘက်​ပြု​သော ဒါ​သန်၊ အ​ဘိ​ရံ​ဖြစ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 10,
      "text": "မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​ကို​လည်း​ကောင်း၊ ကော​ရ​ကို​လည်း​ကောင်း​မျို​သ​ဖြင့်၊ ထို​အ​ပေါင်း​အ​သင်း​ဝင်​သူ​တို့​သည် သေ​ကြ၏။ မီး​သည်​လည်း လူ​နှစ်​ရာ​ငါး​ဆယ်​တို့​ကို အ​သက်​ဆုံး​စေ၏။ ထို​သူ​တို့​သည် သ​တိ​ပေး​သော သက်​သေ​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 11,
      "text": "သို့​ရာ​တွင် ကော​ရ၏​သား​သ​မီး​တို့​သည် သေ​ဘေး​နှင့် လွတ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 12,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ရှိ​မောင်၏​သား​ဟူ​မူ​ကား၊ ယေ​မွေ​လ​မှ ဆင်း​သက်​သော ယေ​မွေ​လိ​အ​ဆွေ​အ​မျိုး၊ ယာ​မိန်​မှ​ဆင်း​သက်​သော ယာ​မိ​နိ​အ​ဆွေ​အ​မျိုး၊ ယာ​ခိန်​မှ​ဆင်း​သက်​သော ယာ​ခိ​နိ​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 13,
      "text": "ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး၊ ရှော​လ​မှ​ဆင်း​သက်​သော ရှော​လိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 14,
      "text": "ဤ​သူ​တို့​သည် ရှိ​မောင်​အ​ဆွေ​အ​မျိုး​ဖြစ်၍ လူ​ပေါင်း​ကား၊ နှစ်​သောင်း​နှစ်​ထောင်​နှစ်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 15,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဂဒ်၏​သား​ဟူ​မူ​ကား၊ ဇေ​ဖုန်​မှ​ဆင်း​သက်​သော ဇေ​ဖော​နိ​အ​ဆွေ​အ​မျိုး၊ ဟ​ဂ္ဂိ​မှ​ဆင်း​သက်​သော ဟ​ဂ္ဂိတ်​အ​ဆွေ​အ​မျိုး၊ ရှု​နိ​မှ​ဆင်း​သက်​သော ရှု​နိတ်​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 16,
      "text": "ဩ​ဇ​နိ​မှ​ဆင်း​သက်​သော ဩ​ဇ​နိတ်​အ​ဆွေ​အ​မျိုး၊ ဧ​ရိ​မှ​ဆင်း​သက်​သော ဧ​ရိတ်​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 17,
      "text": "အာ​ရုဒ်​မှ​ဆင်း​သက်​သော အာ​ရော​ဒိ​အ​ဆွေ​အ​မျိုး၊ အ​ရေ​လိ​မှ​ဆင်း​သက်​သော အ​ရေ​လိတ်​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 18,
      "text": "ဤ​သူ​တို့​သည် ဂဒ်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ လေး​သောင်း​ငါး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 19,
      "text": "ယု​ဒ၏​သား​ဟူ​မူ​ကား၊ ခါ​နာန်​ပြည်၌​သေ​သော​ဧ​ရ​နှင့် ဩ​နန်​အ​စ​ရှိ​သော၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 20,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ ရှေ​လ​မှ​ဆင်း​သက်​သော ရှေ​လ​နိ​အ​ဆွေ​အ​မျိုး၊ ဖာ​ရဇ်​မှ​ဆင်း​သက်​သော ဖာ​ရ​ဇိ​အ​ဆွေ​အ​မျိုး၊ ဇေ​ရ​မှ​ဆင်း​သက်​သော ဇေ​ရ​ဟိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 21,
      "text": "ဖာ​ရဇ်၏​သား၊ ဟေ​ဇ​ရုံ​မှ​ဆင်း​သက်​သော ဟေ​ဇေ​ရော​နိ​အ​ဆွေ​အ​မျိုး၊ ဟာ​မု​လ​မှ​ဆင်း​သက်​သော ဟာ​မု​လိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 22,
      "text": "ဤ​သူ​တို့​သည်​ယု​ဒ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ခု​နစ်​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 23,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဣ​သ​ခါ၏​သား​ဟူ​မူ​ကား၊ တော​လ​မှ​ဆင်း​သက်​သော တော​လိ​အ​ဆွေ​အ​မျိုး၊ ဖု​ဝါ​မှ​ဆင်း​သက်​သော ဖု​ဝ​နိ​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 24,
      "text": "ယာ​ရှုပ်​မှ​ဆင်း​သက်​သော ယာ​ရှု​ဘိ​အ​ဆွေ​အ​မျိုး၊ ရှိ​မ​ရုန်​မှ​ဆင်း​သက်​သော ရှိ​မ​ရော​နိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 25,
      "text": "ဤ​သူ​တို့​သည် ဣ​သ​ခါ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ခြောက်​သောင်း​လေး​ထောင်​သုံး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 26,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဇာ​ဗု​လုန်၏​သား​ဟူ​မူ​ကား၊ သ​ရက်​မှ​ဆင်း​သက်​သော သ​ရ​ဒိ​အ​ဆွေ​အ​မျိုး၊ ဧ​လုန်​မှ​ဆင်း​သက်​သော ဧ​လော​နိ​အ​ဆွေ​အ​မျိုး၊ ယာ​လေ​လ​မှ​ဆင်း​သက်​သော ယာ​လေ​လိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 27,
      "text": "ဤ​သူ​တို့​သည် ဇာ​ဗု​လုန်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ခြောက်​သောင်း​ငါး​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 28,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​တွင်"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 29,
      "text": "မ​နာ​ရှေ၏​သား​ဟူ​မူ​ကား၊ မာ​ခိ​ရ​မှ​ဆင်း​သက်​သော မာ​ခိ​ရိ​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 30,
      "text": "ယေ​ဇေ​ရ​မှ​ဆင်း​သက်​သော ယေ​ဇေ​ရိ​အ​ဆွေ​အ​မျိုး၊ ဟေ​လက်​မှ ဆင်း​သက်​သော ဟေ​လ​ကိ​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 31,
      "text": "အ​သ​ရေ​လ​မှ​ဆင်း​သက်​သော အာ​သ​ရေ​လိ​အ​ဆွေ​အ​မျိုး၊ ရှေ​ခင်​မှ ဆင်း​သက်​သော ရှေ​ခေ​မိ​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 32,
      "text": "ရှ​မိ​ဒ​မှ​ဆင်း​သက်​သော ရှ​မိ​ဒိ​အ​ဆွေ​အ​မျိုး၊ ဟေ​ဖာ​မှ​ဆင်း​သက်​သော ဟေ​ဖေ​ရိ​အ​ဆွေ​အ​မျိုး​တည်း။ မာ​ခိ​ရ၏​သား​ဂိ​လဒ်​မှ​ဆင်း​သက်​သော ဂိ​လ​ဒိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 33,
      "text": "ဟေ​ဖာ၏​သား​ဇ​လော​ဖဒ်၌​ကား၊ သား​ယောက်ျား​မ​ရှိ၊ သ​မီး​သက်​သက်​သာ​ရှိ၏။ ဇ​လော​ဖဒ်၏​သ​မီး​တို့​အ​မည်​ကား၊ မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 34,
      "text": "ဤ​သူ​တို့​သည် မ​နာ​ရှေ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ငါး​သောင်း​နှစ်​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 35,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဧ​ဖ​ရိမ်၏​သား​ဟူ​မူ​ကား၊ ရှု​သ​လ​မှ​ဆင်း​သက်​သော ရှု​သ​လိ​အ​ဆွေ​အ​မျိုး၊ ဗေ​ခါ​မှ​ဆင်း​သက်​သော ဗေ​ခ​ရိ​အ​ဆွေ​အ​မျိုး၊ တာ​ဟန်​မှ​ဆင်း​သက်​သော တာ​ဟ​နိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 36,
      "text": "ရှု​သေ​လ၏​သား ဧ​ရန်​မှ​ဆင်း​သက်​သော ဧ​ရ​နိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 37,
      "text": "ဤ​သူ​တို့​သည် ဧ​ဖ​ရိမ်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ သုံး​သောင်း​နှစ်​ထောင်​ငါး​ရာ ရှိ​သ​တည်း။ ဤ​သူ​တို့​သည် ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ယော​သပ်၏​သား​စဉ်​မြေး​ဆက် ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 38,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဗင်္ယာ​မိန်၏​သား​ဟူ​မူ​ကား၊ ဗေ​လ​မှ​ဆင်း​သက်​သော ဗေ​လိ​အ​ဆွေ​အ​မျိုး၊ အာ​ရှ​ဗေ​လ​မှ​ဆင်း​သက်​သော အာ​ရှ​ဗေ​လိ​အ​ဆွေ​အ​မျိုး၊ အ​ဟိ​ရံ​မှ​ဆင်း​သက်​သော အ​ဟိ​ရ​မိ​အ​ဆွေ​အ​မျိုး။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 39,
      "text": "ရှု​ဖံ​မှ​ဆင်း​သက်​သော ရှု​ဖ​မိ​အ​ဆွေ​အ​မျိုး၊ ဟု​ဖံ​မှ​ဆင်း​သက်​သော ဟု​ဖ​မိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 40,
      "text": "ဗေ​လ​သား​အာ​ရ​ဒ​မှ​ဆင်း​သက်​သော အာ​ရ​ဒိ​အ​ဆွေ​အ​မျိုး၊ နေ​မန်​မှ ဆင်း​သက်​သော နေ​မ​နိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 41,
      "text": "ဤ​သူ​တို့​သည် ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 42,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဒန်၏​သား​ဟူ​မူ​ကား၊ ရှု​ဟံ​မှ​ဆင်း​သက်​သော ရှု​ဟ​မိ​အ​ဆွေ​အ​မျိုး​တည်း။ ဤ​သူ​တို့​သည် ဒန်​အ​ဆွေ​အ​မျိုး​ဖြစ်၍၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 43,
      "text": "စာ​ရင်း​ဝင်​သော​ရှု​ဟ​မိ​လူ​ပေါင်း​ကား၊ ခြောက်​သောင်း​လေး​ထောင်​လေး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 44,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် အာ​ရှာ၏​သား​ဟူ​မူ​ကား၊ ယိ​မ​န​မှ​ဆင်း​သက်​သော ယိ​မ​နိ​အ​ဆွေ​အ​မျိုး၊ ယေ​သ​ဝိ​မှ​ဆင်း​သက်​သော ယေ​သ​ဝိတ်​အ​ဆွေ​အ​မျိုး၊ ဗေ​ရိ​မှ​ဆင်း​သက်​သော ဗေ​ရိတ်​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 45,
      "text": "ဗေ​ရိ၏​သား​ဟေ​ဗေ​ရ​မှ​ဆင်း​သက်​သော ဟေ​ဗေ​ရိ​အ​ဆွေ​အ​မျိုး၊ မာ​လ​ချေ​လ​မှ​ဆင်း​သက်​သော မာ​လ​ချေ​လိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 46,
      "text": "အာ​ရှာ၏​သ​မီး​အ​မည်​ကား၊ စာ​ရာ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 47,
      "text": "ဤ​သူ​တို့​သည်​အာ​ရှာ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ ငါး​သောင်း​သုံး​ထောင်​လေး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 48,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် နဿ​လိ၏​သား​ဟူ​မူ​ကား၊ ယာ​ဇေ​လ​မှ​ဆင်း​သက်​သော ယာ​ဇေ​လိ​အ​ဆွေ​အ​မျိုး၊ ဂု​နိ​မှ​ဆင်း​သက်​သော ဂု​နိတ်​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 49,
      "text": "ယေ​ဇေ​ရ​မှ​ဆင်း​သက်​သော ယေ​ဇေ​ရိ​အ​ဆွေ​အ​မျိုး၊ ရှိ​လ္လင်​မှ​ဆင်း​သက်​သော ရှိ​လ္လ​မိ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 50,
      "text": "ဤ​သူ​တို့​သည် နဿ​လိ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ စာ​ရင်း​ဝင်​သော​လူ​ပေါင်း​ကား၊ လေး​သောင်း​ငါး​ထောင်​လေး​ရာ ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 51,
      "text": "ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး၊ စာ​ရင်း​ဝင်​သူ​လူ​ပေါင်း​ကား ခြောက်​သိန်း​တစ်​ထောင်​ခု​နစ်​ရာ​သုံး​ဆယ် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 52,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​တို့​အား အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ ခါ​နန်​ပြည်​ကို​ဝေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 54,
      "text": "လူ​များ​လျှင်​များ​သော​အ​မွေ​မြေ​ကို​လည်း​ကောင်း၊ လူ​နည်း​လျှင် နည်း​သော အ​မွေ​မြေ​ကို​လည်း​ကောင်း၊ အ​နည်း​အ​များ​အ​လိုက် အ​သီး​အ​သီး​တို့​အား အ​မွေ​မြေ​ကို​ဝေ​ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 55,
      "text": "သို့​ရာ​တွင် ထို​ပြည်​ကို စာ​ရေး​တံ​ချ၍ ဝေ​ရ​မည်။ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 56,
      "text": "စာ​ရေး​တံ​ကျ​သည်​အ​တိုင်း မြေ​ကို​ဝေ၍ အ​နည်း​အ​များ​အ​လိုက် ပိုင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 57,
      "text": "ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ဝင်​သော လေ​ဝိ၏​သား​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​သော ဂေ​ရ​ရှော​နိ​အ​ဆွေ​အ​မျိုး၊ ကော​ဟတ်​မှ​ဆင်း​သက်​သော ကော​ဟ​သိ​အ​ဆွေ​အ​မျိုး၊ မေ​ရာ​ရိ​မှ​ဆင်း​သက်​သော မေ​ရော​ရိတ်​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 58,
      "text": "ဤ​သည်​လျှင် လေ​ဝိ​အ​ဆွေ​အ​မျိုး​ဖြစ်၍၊ လိ​ဗ​နိ​အ​ဆွေ​အ​မျိုး၊ ဟေ​ဗြော​နိ အ​ဆွေ​အ​မျိုး၊ မာ​လိ​အ​ဆွေ​အ​မျိုး၊ မု​ရှိ​အ​ဆွေ​အ​မျိုး၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး ပါ​သ​တည်း။ ကော​ဟတ်၏​သား​ကား၊ အာ​မ​ရံ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 59,
      "text": "အာ​မ​ရံ၏​မ​ယား​ကား၊ အဲ​ဂု​တ္တု​ပြည်၌ လေ​ဝိ​မ​ယား​ဖွား​မြင်​သော လေ​ဝိ၏​သ​မီး​ယော​ခေ​ဗက်​တည်း။ ထို​မိန်း​မ​သည် အာ​မ​ရံ၏​မ​ယား​ဖြစ်၍၊ အာ​ရုန်၊ မော​ရှေ၊ နှ​မ​မိ​ရိ​အံ​တို့​ကို​ဖွား​မြင်​လေ၏။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 60,
      "text": "အာ​ရုန်၏​သား​ကား၊ နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 61,
      "text": "နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို ပူ​ဇော်​သော​အ​ခါ သေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 62,
      "text": "အ​သက်​တစ်​လ​လွန်၍ စာ​ရင်း​ဝင်​သော လေ​ဝိ​သား​ယောက်ျား​ပေါင်း​ကား၊ နှစ်​သောင်း​သုံး​ထောင် ရှိ​သ​တည်း။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​သော​ကြောင့်၊ ရော​နှော၍​စာ​ရင်း မ​ဝင်​ရ​ကြ။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 63,
      "text": "ဤ​ရွေ့​ကား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည်၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌​စာ​ရင်း​ယူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ပေ​တည်း။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 64,
      "text": "မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​တို့​သည်၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍၊ ထို​စာ​ရင်း၌​ဝင်​သော​သူ တစ်​ယောက်​မျှ​မ​ပါ။"
    },
    {
      "book": 4,
      "chapter": 26,
      "verse": 65,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည်​တော၌ အ​မှန်​သေ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ ယေ​ဖု​န္နာ၏​သား​ကာ​လက်​နှင့် နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး၊ အ​ရင်​လူ​တစ်​ယောက်​မျှ မ​ကြွင်း​မ​ကျန်​ရ။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 1,
      "text": "ထို​အ​ခါ ယော​သပ်၏​သား၊ မ​နာ​ရှေ​အ​ဆွေ​အ​မျိုး၌​ပါ​လျက်၊ မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖေ​ရ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၏​သ​မီး မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တို့​သည်​လာ၍၊"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 2,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ မင်း​များ၊ ပ​ရိ​သတ်​များ​အ​ပေါင်း​တို့​ရှေ့​မှာ ရပ်​လျက်၊"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 3,
      "text": "အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 4,
      "text": "ထို​သို့ သား​ယောက်ျား​မ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ဘ၏ အ​မည်​သည် အ​ကျွန်ုပ်​တို့​အ​ဆွေ​အ​မျိုး၌ ပျောက်​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ၊ အ​ကျွန်ုပ်​တို့​အား အ​မွေ​ပေး​ပါ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 5,
      "text": "သူ​တို့​အ​မှု​ကို​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဇ​လော​ဖဒ်​သ​မီး​တို့၏​စ​ကား​သည် လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 7,
      "text": "အ​ကယ်​စင်​စစ် သူ​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို သူ​တို့​အား​ပေး​ရ​မည်။ သူ​တို့​အ​ဘ၏ အ​မွေ​ဥ​စ္စာ​သည် သူ​တို့​လက်​သို့​ရောက်​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 8,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ လူ​သည် သား​ယောက်ျား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​အ​မွေ​ဥ​စ္စာ​ကို သူ၏​သ​မီး​လက်​သို့ ရောက်​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 9,
      "text": "သ​မီး​မ​ရှိ​လျှင်၊ သူ၏​အ​မွေ​ဥ​စ္စာ​ကို သူ၏​ညီ​အစ်​ကို​တို့​အား ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 10,
      "text": "ညီ​အစ်​ကို​မ​ရှိ​လျှင်၊ အ​မွေ​ဥ​စ္စာ​ကို ဘ​ကြီး​ဘ​ထွေး​တို့​အား ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 11,
      "text": "ဘ​ကြီး​ဘ​ထွေး​မ​ရှိ​လျှင်၊ သူ၏​အ​ဆွေ​အ​မျိုး၌ နီး​စပ်​ရင်း​ခြာ​သော ပေါက်​ဖော်​အား​ပေး၍၊ ထို​သူ​သည်​ပိုင်​ရ​မည်။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 12,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဤ​အာ​ဗ​ရိမ်​တောင်​ပေါ်​သို့ တက်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ကြည့်​ရှု​လော့။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 13,
      "text": "သို့​ပြီး​မှ၊ သင်၏​အစ်​ကို​အာ​ရုန်​သည် မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​သ​ကဲ့​သို့၊ သင်​သည်​လည်း​သွား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ရိ​သတ်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​အ​ရပ်၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ရုန်း​ရင်း​ခတ်​ပြု​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​စ​ကား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ သူ​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု​သော အ​ပြစ်​ရှိ​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 15,
      "text": "မော​ရှေ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တို့​သည် အ​ထိန်း​မ​ရှိ​သော သိုး​ကဲ့​သို့ မ​ဖြစ်​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​ပ​ရိ​သတ်​တို့​ရှေ့၌ ထွက်​ဝင်​နိုင်​သော​သူ၊ ပြင်​သို့​ထုတ်​ခြင်း၊ အ​တွင်း​သို့​သွင်း​ခြင်း​အ​မှု​ကို တတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​ကို သူ​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​ပါ​စေ​သော​ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဝိ​ညာဉ်​တော်​ကို​ရ​သော နုန်၏​သား​ယော​ရှု​ကို​ခေါ်၍၊ သင်၏​လက်​ကို သူ့​အ​ပေါ်​မှာ​တင်​လော့။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 19,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ သူ့​ကို​ထား၍ မှာ​ခဲ့​လော့။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 20,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ သူ၏​စ​ကား​ကို နား​ထောင်​မည်​အ​ကြောင်း၊ သင်၏​ဘုန်း​အ​သ​ရေ​အ​ချို့​ကို သူ့​အ​ပေါ်၌​တင်​ထား​လော့။"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 21,
      "text": "ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 27,
      "verse": 23,
      "text": "သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ မီး​ဖြင့်​ပြု​သော ငါ၏​အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ အ​ချိန်​တန်​မှ ငါ့​အား​ပူ​ဇော်​ခြင်း​ငှာ သ​တိ​ပြု​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 3,
      "text": "တစ်​ဖန် ဆင့်​ဆို​ရ​မည်​မှာ၊ နေ့​တိုင်း​အ​စဉ်​အ​မြဲ မီး​ရှို့​ရာ​ယဇ်​ဖို့၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 4,
      "text": "နံ​နက်​ယံ၌ သိုး​သ​ငယ်​တစ်​ကောင်၊ ညဉ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 5,
      "text": "သံ​လွင်​သီး​ကို ထောင်း၍​ရ​သော သံ​လွင်​ဆီ​သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 6,
      "text": "ဤ​ရွေ့​ကား၊ သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​စဉ်​အ​မြဲ​ပြု​ရ​သော မီး​ရှို့​ရာ​ယဇ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 7,
      "text": "သိုး​သ​ငယ်​တစ်​ကောင်​နှင့်​အ​တူ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ စ​ပျစ်​ရည်​သုံး​လော​ဃ​ကို ပူ​ဇော်၍၊ သန့်​ရှင်း​ရာ​ဌာ​န၌ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား​အား သွန်း​လောင်း​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 8,
      "text": "အ​ခြား​သော​သိုး​သ​ငယ်​ကို ညဉ့်​ဦး​ယံ၌​ပူ​ဇော်​သော​အ​ခါ၊ နံ​နက်​ယံ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ ပါ​သည်​နည်း​တူ​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့်​ပြည့်​စုံ၍ မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကို ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 9,
      "text": "နေ့​တိုင်း​အ​စဉ်​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ဥ​ပုသ်​နေ့​ရက်၌ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ပါ​လျက်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ​ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 11,
      "text": "လ​ဆန်း​တစ်​ရက်​နေ့၌၊ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 12,
      "text": "နွား​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ၊"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 13,
      "text": "သိုး​သ​ငယ်​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် တစ်​ဩ​မဲ​စီ​တည်း​ဟူ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပူ​ဇော်၍ မီး​ရှို့​ရာ​ယဇ်​ကို ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 14,
      "text": "သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့​ကား၊ နွား​တစ်​ကောင်​နှင့် စ​ပျစ်​ရည်​ခြောက်​လော​ဃ၊ သိုး​တစ်​ကောင်​နှင့် လေး​လော​ဃ၊ သိုး​သ​ငယ်​တစ်​ကောင်​နှင့် သုံး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။ ထို​သို့ လ​တိုင်း​အ​စဉ်​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 15,
      "text": "နေ့​တိုင်း​အ​စဉ်​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ထာ​ဝ​ရ​ဘု​ရား​အား ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 16,
      "text": "ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့၌၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​သ​ခါ​ပွဲ​ဖြစ်၏။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 17,
      "text": "၎င်း​လ​တစ်​ဆယ်​ငါး​ရက်​နေ့၌ ပွဲ​ကို​ခံ​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 18,
      "text": "ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ယဇ်​တည်း​ဟူ​သော အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 20,
      "text": "နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော မုန့်​ညက်​သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 21,
      "text": "သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 22,
      "text": "အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 23,
      "text": "နေ့​ရက်​အ​စဉ် နံ​နက်​တိုင်း​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​မှ​တစ်​ပါး၊ ထို​ယဇ်​များ​ကို ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 24,
      "text": "ထို​သို့ အ​စဉ်​အ​မြဲ​ပူ​ဇော်​သော​မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ခု​နစ်​ရက်​ပတ်​လုံး တစ်​နေ့​တစ်​နေ့​လျှင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 25,
      "text": "သ​တ္တ​မ​နေ့၌​လည်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး၊ သီ​တင်း​ခု​နစ်​သီ​တင်း​စေ့​ပြီး​မှ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​သစ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သော​နေ့၊ အ​ဦး​သီး​သော​အ​သီး​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 28,
      "text": "နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 29,
      "text": "သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင်​တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 30,
      "text": "အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 28,
      "verse": 31,
      "text": "ထို​သို့​အ​စဉ်​အ​မြဲ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​ပြစ်​မ​ပါ​သော ယဇ်​ကောင်​များ​တို့​ကို ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 1,
      "text": "သ​တ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ တံ​ပိုး​မှုတ်​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 3,
      "text": "နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 4,
      "text": "သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 5,
      "text": "အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 6,
      "text": "ထို​သို့​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ လ​ဆန်း​နေ့​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နေ့​တိုင်း​ပြု​သော​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ယဇ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 7,
      "text": "၎င်း​လ၊ ဒ​သ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 8,
      "text": "ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 9,
      "text": "နွား​တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​လျှင် နှစ်​ဩ​မဲ၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 10,
      "text": "သိုး​သ​ငယ်​ခု​နစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 11,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​လည်း၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ထို​သို့​အ​ပြစ်​ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်၊ သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ထပ်၍​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 12,
      "text": "၎င်း​လ တစ်​ဆယ်​ငါး​ရက်​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို​မ​လုပ်​ဘဲ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 13,
      "text": "ပ​ထ​မ​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​ဆယ်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 14,
      "text": "နွား​ဆယ်​သုံး​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ​စီ၊ သိုး​နှစ်​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် နှစ်​ဩ​မဲ​စီ၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 15,
      "text": "သိုး​သ​ငယ်​ဆယ်​လေး​ကောင်​စေ့​အောင်၊ တစ်​ကောင်​လျှင် တစ်​ဩ​မဲ​စီ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 16,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 17,
      "text": "ဒု​တိ​ယ​နေ့၌၊ အ​သက်​ပျို​သော နွား​ထီး​ဆယ်​နှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 18,
      "text": "သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 19,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 20,
      "text": "တ​တိ​ယ​နေ့၌၊ နွား​ထီး​ဆယ်​တစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 21,
      "text": "သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 22,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 23,
      "text": "စ​တု​တ္ထ​နေ့၌ နွား​ထီး​ဆယ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 24,
      "text": "သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 25,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 26,
      "text": "ပ​ဥ္စ​မ​နေ့၌ နွား​ထီး​ကိုး​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 27,
      "text": "သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 28,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 29,
      "text": "ဆ​ဋ္ဌ​မ​နေ့၌၊ နွား​ထီး​ရှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 30,
      "text": "သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 31,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 32,
      "text": "သ​တ္တ​မ​နေ့၌ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 33,
      "text": "သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 34,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 35,
      "text": "အ​ဋ္ဌ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 36,
      "text": "ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 37,
      "text": "သိုး၊ နွား၊ သိုး​သ​ငယ်​အ​နည်း​အ​များ​အ​လိုက်၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 38,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထပ်၍​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 39,
      "text": "ထို​သို့​သ​စ္စာ​က​တိ​ရှိ၍ ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ချိန်း​ချက်​သော​ပွဲ​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား ထပ်၍​ပူ​ဇော်​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 29,
      "verse": 40,
      "text": "ထို​သို့​မော​ရှေ​သည်၊ မိ​မိ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လေ၏။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို မော​ရှေ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​အား ဆင့်​ဆို​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 2,
      "text": "လူ​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ပြော​သော​စ​ကား​ကို မ​ဖျက်​ဘဲ၊ မိ​မိ​နှုတ်​ထွက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 3,
      "text": "မိန်း​မ​သည် အ​ဘ​အိမ်၌​အ​သက်​ငယ်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 4,
      "text": "ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို အ​ဘ​သည်​ကြား​လျက် တိတ်​ဆိတ်​စွာ​နေ​လျှင် ထို​သ​စ္စာ​စ​ကား​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော စ​ကား​ဟူ​သ​မျှ​တို့​သည် တည်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 5,
      "text": "သို့​မ​ဟုတ် အ​ဘ​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား​မည်​မျှ၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ အ​ဘ​မြစ်​တား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား လွှတ်​တော်​မူ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 6,
      "text": "မိန်း​မ​သည် လင်​ရှိ​လျက်၊ သ​စ္စာ​က​တိ​ပြု၍ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​ငှာ နှုတ်​မြွက်​သော​အ​ခါ၊"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 7,
      "text": "လင်​သည်​ကြား​လျှင်​လည်း​ကောင်း၊ ကြား​သော​နေ့၌ တိတ်​ဆိတ်​စွာ​နေ​လျှင်​လည်း​ကောင်း၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား တည်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 8,
      "text": "သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 9,
      "text": "လင်​သေ​သော​မိန်း​မ၊ လင်​နှင့်​ကွာ​သော​မိန်း​မ​သည် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော သ​စ္စာ​က​တိ​အ​လုံး​စုံ​တို့​သည် တည်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 10,
      "text": "လင်​အိမ်၌​ရှိ​စဉ်​အ​ခါ၊ သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကျိန်​ဆို​ခြင်း​အား​ဖြင့် ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 11,
      "text": "လင်​သည်​ကြား​သော်​လည်း မ​မြစ်​တား တိတ်​ဆိတ်​စွာ​နေ​လျှင်၊ ထို​သ​စ္စာ​က​တိ​ရှိ​သ​မျှ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​ရှိ​သ​မျှ​တို့​သည် တည်​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 12,
      "text": "သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ ရှင်း​ရှင်း​ပယ်​ဖျက်​လျှင်၊ သ​စ္စာ​က​တိ​နှင့်​လည်း​ကောင်း၊ စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ လင်​သည် ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 13,
      "text": "ခပ်​သိမ်း​သော​သ​စ္စာ​က​တိ၊ ခြိုး​ခြံ​စွာ​ကျင့်​ခြင်း​နှင့် ဆိုင်​သ​မျှ​သော အ​ချည်​အ​နှောင်​ကျိန်​ဆို​ခြင်း​တို့​ကို၊ လင်​သည် တည်​စေ​ပိုင်​သော​အ​ခွင့်၊ ပယ်​ပိုင်​သော​အ​ခွင့် ရှိ၏။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 14,
      "text": "လင်​သည် တစ်​နေ့​ထက်​တစ်​နေ့ တိတ်​ဆိတ်​စွာ​နေ​လျှင်၊ မ​ယား​ပြု​သော သ​စ္စာ​က​တိ​ရှိ​သ​မျှ​တို့​နှင့် မ​ယား၌ ချည်​နှောင်​ခြင်း​ရှိ​သ​မျှ​တို့​ကို တည်​စေ၏။ ကြား​သော​နေ့၌ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့် တည်​စေ​ပြီ။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 15,
      "text": "ထို​စ​ကား​ကို ကြား​သော​နေ့​နောက်​မှ၊ လင်​သည် ပယ်​အံ့​သော​ငှာ​ပြု​လျှင်၊ မ​ယား​အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 30,
      "verse": 16,
      "text": "ဤ​ရွေ့​ကား၊ မ​ယား​နှင့် လင်​စပ်​ကြား၌​လည်း​ကောင်း၊ အ​ဘ​အိမ်​မှာ အ​သက်​နု​ငယ်​သော​သ​မီး​နှင့် အ​ဘ​စပ်​ကြား၌​လည်း​ကောင်း၊ မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​အ​လျောက် ဣ​သ​ရေ​လ​အ​မျိုး​သား​ဘက်၌​နေ၍ တ​ရား​စီ​ရင်​လော့။ သို့​ပြီး​မှ သင်​သည် မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ သွား​ရ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 3,
      "text": "မော​ရှေ​သည်​လည်း လူ​များ​တို့​ကို​ခေါ်၍၊ အ​ချို့​တို့​သည် လက်​နက်​ကို​ကိုင်​လျက်၊ မိ​ဒျန်​အ​မျိုး​သား​တို့​သို့​စစ်​ချီ၍ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ တ​ရား​စီ​ရင်​စေ။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် တစ်​မျိုး​တစ်​မျိုး​ထဲ​က၊ လူ​တစ်​ထောင်​စီ​ရွေး၍ စစ်​ချီ​စေ​ဟု စီ​ရင်​သည်​အ​တိုင်း၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား အ​ထောင်​အ​သောင်း​တို့​တွင် တစ်​မျိုး​တစ်​မျိုး​ထဲ​က၊ စစ်​တိုက်​လက်​နက်​ပါ​သော​သူ တစ်​ထောင်​စီ၊ လူ​ပေါင်း​တစ်​သောင်း​နှစ်​ထောင်​ကို​အပ်၍၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 6,
      "text": "မော​ရှေ​သည်​ထို​သူ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​လက်​နက်​နှင့်​တ​ကွ၊ မှုတ်​ရာ​တံ​ပိုး​တို့​ကို​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​ကို​လည်း​ကောင်း စစ်​ချီ​စေ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 7,
      "text": "မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် မိ​ဒျန်​အ​မျိုး​သား​တို့​ကို​တိုက်၍ လူ​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 8,
      "text": "အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​တွင် ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တည်း​ဟူ​သော မိ​ဒျန်​မင်း​ကြီး​ငါး​ပါး​ပါ​ကြ၏။ ဗော​ရ​သား​ဗာ​လမ်​ကို​လည်း ဓား​နှင့်​သတ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ မိ​ဒျန်​မိန်း​မ​များ၊ သူ​ငယ်​များ​တို့​ကို လက်​ရ​သိမ်း​ယူ၍၊ သိုး၊ ဆိတ်၊ နွား​အ​စ​ရှိ​သော ဥ​စ္စာ​အ​လုံး​စုံ​တို့​ကို လု​ယူ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 10,
      "text": "မိ​ဒျန်​အ​မျိုး​သား​တို့​နေ​သော မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 11,
      "text": "ဖမ်း​ရ​သော​လူ၊ တိ​ရ​စ္ဆာန်​နှင့်​တ​ကွ၊ လက်​ရ​ဥ​စ္စာ​အ​လုံး​စုံ​တို့​ကို သိမ်း​သွား၍၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 12,
      "text": "မော​ဘ​လွင်​ပြင် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တပ်​ချ​လျက်​နေ​သော မော​ရှေ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​တို့​ထံ​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 13,
      "text": "မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​မှ​စ၍ ပ​ရိ​သတ်​တို့၌ မင်း​အ​ပေါင်း​တို့​သည် ကြို​ဆို​ခြင်း​ငှာ တပ်​ပြင်​သို့​ထွက်​သွား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 14,
      "text": "မော​ရှေ​သည် စစ်​တိုက်​ရာ​မှ​ပြန်​လာ​သော တပ်​မှူး​များ၊ ဗိုလ်​မင်း​များ​တို့​ကို အ​မျက်​ထွက်၍၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 15,
      "text": "သင်​တို့​သည် မိန်း​မ​အ​ပေါင်း​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ရှင်​စေ​ကြ​သ​နည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေ​ဂု​ရ​ဘု​ရား​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​စေ​ခြင်း​ငှာ၊ ဤ​မိန်း​မ​တို့​သည် ဗာ​လမ်​ပေး​သော အ​ကြံ​ကို​လိုက်၍ ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်၌ ဘေး​ရောက်​လေ​သည်​တ​ကား။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 17,
      "text": "ထို​ကြောင့်၊ သူ​ငယ်​ယောက်ျား​အ​ပေါင်း​ကို​လည်း​ကောင်း၊ ယောက်ျား​နှင့်​ဆက်​ဆံ​ဖူး​သော မိန်း​မ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သတ်​ကြ​လော့။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 18,
      "text": "ယောက်ျား​နှင့်​မ​ဆက်​ဆံ​ဖူး​သော မိန်း​မ​ငယ်​အ​ပေါင်း​တို့​ကို၊ မိ​မိ​တို့​အ​ဖို့ အ​သက်​ချမ်း​သာ​ပေး​ကြ​လော့။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 19,
      "text": "သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ​ကြ​မည်။ လူ​ကို​သတ်​သော​သူ၊ အ​သေ​ကောင်​ကို​ထိ​သော​သူ အ​ပေါင်း​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိမ်း​ယူ​သော​သူ​တို့​ကို​လည်း​ကောင်း တ​တိ​ယ​နေ့၊ သ​တ္တ​မ​နေ့၌ စင်​ကြယ်​စေ​ကြ​လော့။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 20,
      "text": "သင်​တို့​အ​ဝတ်​နှင့် သား​ရေ​တန်​ဆာ​ရှိ​သ​မျှ၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ရာ၊ သစ်​သား​ဖြင့်​လုပ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ​ကြ​လော့​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 21,
      "text": "ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​သည်​လည်း၊ စစ်​တိုက်​သွား​သော စစ်​သူ​ရဲ​တို့​ကို​ခေါ်၍၊ မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 22,
      "text": "ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ ကြေး​ဖြူ၊ ခဲ​အ​စ​ရှိ​သော၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 23,
      "text": "မီး​ကို​ခံ​နိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို မီး​အ​လယ်၌​သွား​စေ​သ​ဖြင့် စင်​ကြယ်​စေ​ရ​မည်။ သို့​ရာ​တွင် စင်​ကြယ်​စေ​သော​ရေ​ဖြင့်​လည်း စင်​ကြယ်​စေ​ရ​မည်။ မီး​မ​ခံ​နိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​အ​လယ်၌​သွား​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 24,
      "text": "သ​တ္တ​မ​နေ့၌ မိ​မိ​အ​ဝတ်​ကို​လျှော်​ပြီး​မှ၊ စင်​ကြယ်​ခြင်း​ရှိ၍၊ တပ်​ထဲ​သို့​ဝင်​ရ​ကြ​မည်​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 26,
      "text": "ပ​ရိ​သတ်​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည်၊ ယ​ခု​လက်​ရ​သိမ်း​ယူ​ခဲ့​သော ဥ​စ္စာ၊ လူ၊ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​ယူ၍၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 27,
      "text": "ထက်​ဝက်​ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​မှု​ထမ်း၍ အ​တိုက်​သွား​သော​သူ​တို့​အား​လည်း​ကောင်း၊ တစ်​ဝက်​ကို ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​လည်း​ကောင်း ပေး​ဝေ​လော့။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 28,
      "text": "စစ်​တိုက်​သွား​သော စစ်​သူ​ရဲ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ပေး​ရ​သော​အ​ခွန်​ကို​ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုး​အ​ကောင်​ငါး​ရာ​တွင် တစ်​ကောင်​ကို ကောက်​ယူ​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 29,
      "text": "သူ​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​နှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 30,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​လည်း လူ၊ နွား၊ မြည်း၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​မျိုး​အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်​ဟု၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 31,
      "text": "မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည် ပြု​လေ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 32,
      "text": "စစ်​သူ​ရဲ​တို့​သည် လက်​ရ​သိမ်း​ယူ​ခဲ့၍ ကျန်​ကြွင်း​သော ဥ​စ္စာ​ပေါင်း​ကား သိုး​ခြောက်​သိန်း​ခု​နစ်​သောင်း​ငါး​ထောင်၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 33,
      "text": "နွား​ခု​နစ်​သောင်း​နှစ်​ထောင်၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 34,
      "text": "မြည်း​ခြောက်​သောင်း​တစ်​ထောင်"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 35,
      "text": "ယောက်ျား​နှင့် မ​ဆက်​ဆံ​ဖူး​သော​မိန်း​မ သုံး​သောင်း​နှစ်​ထောင် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 36,
      "text": "စစ်​တိုက်​သွား​သော​သူ​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ကား၊ သိုး သုံး​သိန်း သုံး​သောင်း​ခု​နစ်​ထောင်​ငါး​ရာ ရှိ​သည်​ဖြစ်၍၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 37,
      "text": "ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ သိုး​ခြောက်​ရာ​ခု​နစ်​ဆယ်​ငါး​ကောင်​တည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 38,
      "text": "နွား​သုံး​သောင်း​ခြောက်​ထောင် ရှိ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ နွား​ခု​နစ်​ဆယ်​နှစ်​ကောင်​တည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 39,
      "text": "မြည်း​သုံး​သောင်း​ငါး​ရာ ရှိ​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ မြည်း​ခြောက်​ဆယ်​တစ်​ကောင်​တည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 40,
      "text": "လူ​တစ်​သောင်း​ခြောက်​ထောင် ရှိ​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ခံ​ရ​သော​အ​ခွန်​ကား၊ လူ​သုံး​ဆယ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 41,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ရှေ့​တော်၌​ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ​အ​ခွန်​ကို ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား အပ်​ပေး​လေ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 42,
      "text": "တစ်​ဖန် စစ်​တိုက်​သော​သူ​တို့​လက်​မှ မော​ရှေ​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 43,
      "text": "ပ​ရိ​သတ်​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ကား၊ သိုး​သုံး​သိန်း​သုံး​သောင်း​ခု​နစ်​ထောင်​ငါး​ရာ၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 44,
      "text": "နွား​သုံး​သောင်း​ခြောက်​ထောင်၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 45,
      "text": "မြည်း​သုံး​သောင်း​ငါး​ရာ၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 46,
      "text": "လူ​တစ်​သောင်း​ခြောက်​ထောင် ရှိ​သည်​ဖြစ်၍"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 47,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့ လူ၊ တိ​ရ​စ္ဆာန် အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို မော​ရှေ​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 48,
      "text": "လူ​တစ်​ရာ၊ တစ်​ထောင်​ကို​အုပ်​သော​တပ်​မှူး​များ၊ ဗိုလ်​များ​တို့​သည်​လည်း၊ မော​ရှေ​ထံ​သို့​ချဉ်း​ကပ်၍၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 49,
      "text": "ကိုယ်​တော်​ကျွန်​တို့​သည် အုပ်​သော​စစ်​သူ​ရဲ​တို့​ကို စာ​ရင်း​ယူ​ပြန်၍၊ လူ​တစ်​ယောက်​မျှ မ​လျော့​ပါ။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 50,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သက်​အ​ဖိုး​ကို​ဖြေ​ဖို့​ရာ လူ​အ​သီး​အ​သီး​ရ​သော ရွှေ​တန်​ဆာ၊ လည်​ဆွဲ၊ လက်​ကောက်၊ လက်​စွပ်၊ နား​တောင်း၊ နှာ​ခေါင်း​ဆွဲ​ဘူး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျက် ဆောင်​ခဲ့​ပါ​ပြီ​ဟု လျှောက်​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 51,
      "text": "မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည်၊ ထို​ရွှေ​တည်း​ဟူ​သော လုပ်​ပြီး​သော​တန်​ဆာ ရှိ​သ​မျှ​တို့​ကို ခံ​ယူ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 52,
      "text": "ထို​သို့​စစ်​သူ​ရဲ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​အ​ဖို့​သိမ်း​ယူ၍၊"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 53,
      "text": "တပ်​မှူး​များ၊ ဗိုလ်​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော ရွှေ​ချိန်​ပေါင်း​ကား၊ တစ်​ရာ​ခြောက်​ဆယ်​ခု​နစ်​ပိဿာ​နှင့် အ​ကျပ်​ငါး​ဆယ်​ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 31,
      "verse": 54,
      "text": "တပ်​မှူး​များ၊ ဗိုလ်​များ​ပူ​ဇော်​သော​ရွှေ​ကို မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​တို့​သည်​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အောက်​မေ့​တော်​မူ​ဖို့​ရာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သွင်း​ထား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 1,
      "text": "ရု​ဗင်​အ​မျိုး​သား​နှင့် ဂဒ်​အ​မျိုး​သား​တို့​သည် အ​လွန်​များ​ပြား​သော တိ​ရ​စ္ဆာန်​တို့​နှင့် ကြွယ်​ဝ​သည်​ဖြစ်၍၊ ယာ​ဇာ​ပြည်၊ ဂိ​လဒ်​ပြည်​တို့၌ တိ​ရ​စ္ဆာန်​ကျက်​စား​စ​ရာ​ဖို့ ကောင်း​သည်​ကို​မြင်​ကြ​လျှင်၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 2,
      "text": "မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ အ​စ​ရှိ​သော ပ​ရိ​သတ်​တို့​တွင် မင်း​များ​တို့​ထံ​သို့​လာ၍၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 3,
      "text": "အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​ပ​ရိ​သတ်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား လုပ်​ကြံ​တော်​မူ​သော ဤ​ပြည်​သည် တိ​ရ​စ္ဆာန်​နှင့် တော်​လျော်​ပါ၏။ ကိုယ်​တော် ကျွန်​တို့၌​လည်း တိ​ရ​စ္ဆာန်​များ​ပြား​ပါ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 5,
      "text": "သို့​ဖြစ်၍ ကျွန်​တော်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ ဤ​ပြည်​ကို ကိုယ်​တော် ကျွန်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပါ။ ကျွန်​တော်​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ဆောင်​တော်​မ​မူ​ပါ​နှင့်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 6,
      "text": "မော​ရှေ​က​လည်း၊ သင်​တို့​သည် ဤ​အ​ရပ်၌​နေ​ရစ်၍၊ သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် စစ်​တိုက်​သွား​ရ​မည်​လော။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​ကူး​မ​သွား​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​ကို အ​ဘယ်​ကြောင့်​ဖျက်​ကြ​သ​နည်း။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 8,
      "text": "ပြည်​တော်​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ဘ​တို့​ကို ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​က ငါ​စေ​လွှတ်​သော​အ​ခါ ထို​သို့​ပြု​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 9,
      "text": "ဧ​ရှ​ကော​လ​ချောင်း​သို့​သွား၍ ပြည်​တော်​ကို ကြည့်​မြင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​သွား​မည်​အ​ကြောင်း သူ​တို့​စိတ်​ကို​ဖျက်​ကြ၏။-"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 10,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်​လျက်၊ အ​ကယ်​စင်​စစ် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ငါ​ကျိန်​ဆို၍​ပေး​သော​ပြည်​ကို၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​သူ​တို့​တွင် ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​နှင့် နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ငါ့​နောက်​သို့ လုံး​လုံး​မ​လိုက်​သော​ကြောင့်၊ အ​သက် နှစ်​ဆယ်​လွန်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​မြင်​ရ။ ထို​သူ​နှစ်​ယောက်​သာ ထာ​ဝ​ရ​ဘု​ရား​နောက်​သို့ လုံး​လုံး​လိုက်​ကြ​ပြီ​ဟု ကျိန်​ဆို​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 13,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ကို​ပြု​သော လူ​အ​ပေါင်း​တို့​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​မျက်​ထွက်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​လှည့်​လည်​စေ​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 14,
      "text": "ယ​ခု​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သာ၍​ပြင်း​စွာ အ​မျက်​တော်​ထွက်​စေ​မည်​အ​ကြောင်း၊ သာ၍​ဆိုး​သော​သူ​တည်း​ဟူ​သော သင်​တို့​သည် သင်​တို့​အ​ဘ​များ​ကိုယ်​စား ပေါ်​ထ​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 15,
      "text": "သင်​တို့​သည် နောက်​တော်​သို့​မ​လိုက်​ဘဲ လွှဲ​သွား​ကြ​လျှင်၊ တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တော၌​စွန့်​ပစ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် ဤ​လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား​တို့​အား ပြန်​ပြော၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 16,
      "text": "ထို​သူ​တို့​သည်၊ အ​နီး​အ​ပါး​သို့​ချဉ်း​ကပ်၍၊ ကျွန်​တော်​တို့​သည် ကျွန်​တော်​တို့ တိ​ရ​စ္ဆာန်​များ​အ​ဖို့ ဤ​အ​ရပ်၌​သိုး​ခြံ​တို့​ကို​လည်း​ကောင်း၊ ကျွန်​တော်​တို့ သူ​ငယ်​များ​အ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း တည်​ပါ​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 17,
      "text": "သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ်​သို့ မ​ပို့​မ​ဆောင်​မီ​တိုင်​အောင်၊ ကျွန်​တော်​တို့​သည်​လက်​နက်​ကိုင်​လျက် သူ​တို့​ရှေ့​မှာ​သွား​ပါ​မည်။ ဤ​ပြည်၌ ကျန်​ကြွင်း​သေး​သော လူ​တို့​ကြောင့် ကျွန်​တော်​တို့​သူ​ငယ်​များ​သည် ခိုင်​ခံ့​သော​မြို့၌ နေ​ရ​ပါ​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို မ​ဝင်​စား​မီ​တိုင်​အောင် ကျွန်​တော်​တို့​သည် ကိုယ်​အိမ်​သို့​မ​ပြန်​မ​လာ​ပါ။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 19,
      "text": "ကျွန်​တော်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ သူ​တို့​နှင့်​အ​တူ အ​မွေ​ကို​မ​တောင်း​မ​ခံ​ပါ။ ကျွန်​တော်​တို့​အ​မွေ​ခံ​ရာ​မြေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ ကျ​ပါ​သည်​ဟု လျှောက်​ပြန်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 20,
      "text": "မော​ရှေ​က​လည်း၊ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​နက်​ကိုင်​လျက် စစ်​တိုက်​သွား​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို ရှေ့​တော်​မှ​နှင်​ထုတ်၍ ထို​ပြည်​ကို အောင်​တော်​မ​မူ​မီ​တိုင်​အောင်၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 22,
      "text": "သင်​တို့​ရှိ​သ​မျှ​သည် လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​သွား​လျှင်​လည်း​ကောင်း၊ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့၌ အ​ပြစ်​ကင်း​လွတ်​လျက်၊ ဤ​ပြည်​သို့​ပြန်​လာ၍ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မွေ​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 23,
      "text": "ထို​သို့​မ​ပြု​လျှင်​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​ရှိ​သည်​အ​တိုင်း၊ ထို​အ​ပြစ်​သည် သင်​တို့​ကို လိုက်၍​မီ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 24,
      "text": "သူ​ငယ်​များ​အ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ သိုး​များ​အ​ဖို့ သိုး​ခြံ​တို့​ကို​လည်း​ကောင်း တည်​လုပ်​ကြ​လော့။ ယ​ခု​ပြော​သ​မျှ​အ​တိုင်း ပြု​ကြ​လော့​ဟု​ဆို​လျှင်၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 25,
      "text": "ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​တို့​က၊ ကိုယ်​တော်​ကျွန်​တို့​သည် သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 26,
      "text": "ကျွန်​တော်​တို့​မ​ယား သား​သူ​ငယ်​များ​နှင့် သိုး​နွား​အ​လုံး​စုံ​တို့​သည် ဤ​အ​ရပ်၊ ဂိ​လဒ်​မြို့​တို့၌ နေ​ရစ်​ရ​ပါ​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 27,
      "text": "ကိုယ်​တော်​ကျွန်​အ​ပေါင်း​တို့​မူ​ကား၊ သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စစ်​တိုက်​ခြင်း​ငှာ ကူး​သွား​ပါ​မည်​ဟု လျှောက်​ထား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 28,
      "text": "ထို​အ​မှု​ကြောင့်၊ မော​ရှေ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​တို့​ကို ခေါ်၍၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 29,
      "text": "ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​သီး​အ​သီး​လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​သွား၍၊ သင်​တို့​သည် ထို​ပြည်​ကို​အောင်​ပြီး​လျှင်၊ ထို​အ​မျိုး​သား​တို့​အား ဂိ​လဒ်​ပြည်​ကို အ​ပိုင်​ပေး​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 30,
      "text": "သို့​မ​ဟုတ် သူ​တို့​သည် လက်​နက်​ကိုင်​လျက် သင်​တို့​နှင့်​အ​တူ​မ​ကူး​မ​သွား​လျှင်၊ ခါ​နာန်​ပြည်၌ သင်​တို့​တွင် ကိုယ်​ပိုင်​ရာ​မြေ​ကို​ခံ​ယူ​ရ​ကြ​မည်​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 31,
      "text": "ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ကျွန်​တော်​တို့​သည် ပြု​ကြ​ပါ​မည်။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 32,
      "text": "ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကျွန်​တော်​တို့​သည် လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခါ​နာန်​ပြည်​သို့ ကူး​သွား​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 33,
      "text": "ထို​အ​ခါ​မော​ရှေ​သည် အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏ နိုင်​ငံ​ဆိုင်​သ​မျှ၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​ဆိုင်​သ​မျှ​သော နယ်​မြေ​မြို့​ရွာ​တို့​ကို ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား၊ ယော​သပ်၏​သား မ​နာ​ရှေ​မှ​ဆင်း​သက်​သော မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်၌ အပ်​ပေး​လေ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 34,
      "text": "ဂဒ်​အ​မျိုး​သား​တို့​သည် ဒိ​ဗုန်၊ အ​တ​ရုတ်၊ အာ​ရော်၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 35,
      "text": "အာ​တ​ရုတ်၊ ရှော​ဖန်၊ ယာ​ဇာ၊ ယု​မ္ဘေ​ဟ၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 36,
      "text": "ဗက်​နိ​မ​ရာ၊ ဗေ​သာ​ရန်​မြို့​များ​ကို​လည်း​ကောင်း၊ သိုး​ခြံ​များ​ကို​လည်း​ကောင်း တည်​လုပ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 37,
      "text": "ရု​ဗင်​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ကိ​ရ​ယ​သိမ်၊"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 38,
      "text": "နေ​ဗော၊ ဗာ​လ​မော​န၊ ရှိ​ဗ​မ​မြို့​များ​ကို အ​သစ်​သော​အ​မည်​ဖြင့်​သ​မုတ်၍ တည်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 39,
      "text": "မ​နာ​ရှေ​မှ​ဆင်း​သက်​သော မာ​ခိ​ရ​အ​မျိုး​သား​တို့​သည်၊ ဂိ​လဒ်​မြို့​သို့ သွား၍​သိမ်း​ယူ​ပြီး​လျှင်၊ အ​ရင်​မြို့​သား အာ​မော​ရိ​လူ​တို့​ကို နှင်​ထုတ်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 40,
      "text": "မော​ရှေ​သည် ဂိ​လဒ်​မြို့​ကို မ​နာ​ရှေ၏​သား မာ​ခိ​ရ​အ​မျိုး​သား​တို့​အား​ပေး၍ သူ​တို့​သည်​နေ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 41,
      "text": "မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်​လည်း​သွား၍ ဂိ​လဒ်​ရွာ​များ​ကို​သိမ်း​ယူ​ပြီး​မှ၊ ဟာ​ဝုတ်​ယာ​ဣ​ရ​အ​မည်​ဖြင့် သ​မုတ်​လေ၏။"
    },
    {
      "book": 4,
      "chapter": 32,
      "verse": 42,
      "text": "နော​ဗာ​သည်​လည်း​သွား၍ ကေ​နတ်​မြို့​ရွာ​တို့​ကို​သိမ်း​ယူ​ပြီး​မှ၊ မိ​မိ​အ​မည်​ဖြင့် နော​ဗာ​မြို့​ဟု​သ​မုတ်​လေ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 1,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​စီ​ရင်၍ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုံး​အ​ရင်း​တို့​သည် ခ​ရီး​သွား​ခြင်း​အ​ကြောင်း​အ​ရာ​များ​ကို၊"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း မော​ရှေ​မှတ်​သား၍၊ ထို​ခ​ရီး​သွား​ခြင်း အ​ကြောင်း​အ​ရာ​ပါ​သော​စာ​ရင်း​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 3,
      "text": "ပ​ထ​မ​လ​တစ်​ဆယ်​ငါး​ရက်​နေ့၌ ရာ​မ​သက်​မြို့​မှ ထွက်​လာ​ကြ၏။ ပ​သ​ခါ​ပွဲ​ကို ခံ​ပြီး​သော​နောက်၊ နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​ရှေ့​မှာ ဝါ​ကြွား​သော​အ​ခြင်း​အ​ရာ​နှင့် ထွက်​လာ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သော သား​ဦး​အ​ပေါင်း​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သင်္ဂြိုဟ်​ရ​ကြ၏။ သူ​တို့၏​ဘု​ရား​များ​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရာ​မ​သက်​မြို့​မှ​ပြောင်း၍ သု​ကုတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 6,
      "text": "သု​ကုတ်​အ​ရပ်​မှ​ပြောင်း၍ တော​စပ်​နား၊ ဧ​သံ​မြို့၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 7,
      "text": "ဧ​သံ​မြို့​မှ​ပြောင်း၍ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့​မှာ​ရှိ​သော ပိ​ဟ​ဟိ​ရုတ်​မြို့​သို့ တစ်​ဖန်​လည်၍ မိ​ဂ​ဒေါ​လ​မြို့​ရှေ့၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 8,
      "text": "ပိ​ဟ​ဟိ​ရုတ်​မြို့​မှ​ပြောင်း၍ ပင်​လယ်​အ​လယ်၌ လျှောက်​သွား​သ​ဖြင့် ဧ​သံ​တော​သို့​ရောက်၍၊ ထို​တော​ထဲ၌ သုံး​ရက်​ခ​ရီး​သွား​ပြီး​လျှင်၊ မာ​ရ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 9,
      "text": "မာ​ရ​အ​ရပ်​မှ​ပြောင်း၍ ရေ​တွင်း​ဆယ်​နှစ်​တွင်း​နှင့် စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​ရှိ​သော ဧ​လိမ်​ရွာ​သို့​ရောက်၍ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 10,
      "text": "ဧ​လိမ်​ရွာ​မှ​ပြောင်း၍ ဧ​ဒုံ​ပင်​လယ်​နား​မှာ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 11,
      "text": "ဧ​ဒုံ​ပင်​လယ်​မှ​ပြောင်း၍ သိန်​တော၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 12,
      "text": "သိန်​တော​မှ​ပြောင်း၍ ဒေါ​ဖ​ကာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 13,
      "text": "ဒေါ​ဖ​ကာ​အ​ရပ်​မှ​ပြောင်း၍ အာ​လု​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 14,
      "text": "အာ​လု​ရှ​အ​ရပ်​မှ​ပြောင်း၍ လူ​များ​သောက်​စ​ရာ​ရေ​မ​ရှိ​သော ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 15,
      "text": "ရေ​ဖိ​ဒိမ်​အ​ရပ်​မှ​ပြောင်း၍ သိ​နာ​တော၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 16,
      "text": "သိ​နာ​တော​မှ​ပြောင်း၍ ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 17,
      "text": "ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်​မှ​ပြောင်း၍ ဟာ​ဇ​ရုတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 18,
      "text": "ဟာ​ဇ​ရုတ်​အ​ရပ်​မှ​ပြောင်း၍ ရိ​သ​မ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 19,
      "text": "ရိ​သ​မ​အ​ရပ်​မှ​ပြောင်း၍ ရိ​မ္မုန်​ဖာ​ရက်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 20,
      "text": "ရိ​မ္မုန်​ဖာ​ရက်​အ​ရပ်​မှ​ပြောင်း၍ လိ​ဗ​န​ရွာ၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 21,
      "text": "လိ​ဗ​န​ရွာ​မှ​ပြောင်း၍ ရိဿ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 22,
      "text": "ရိဿ​အ​ရပ်​မှ​ပြောင်း၍ ကေ​ဟ​လာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 23,
      "text": "ကေ​ဟ​လာ​သ​အ​ရပ်​မှ​ပြောင်း၍ ရှာ​ဖာ​တောင်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 24,
      "text": "ရှာ​ဖာ​တောင်​မှ​ပြောင်း၍ ဟာ​ရ​ဒ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 25,
      "text": "ဟာ​ရ​ဒ​အ​ရပ်​မှ​ပြောင်း၍ မ​က္က​လုတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 26,
      "text": "မ​က္က​လုတ်​အ​ရပ်​မှ​ပြောင်း၍ တာ​ဟတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 27,
      "text": "တာ​ဟတ်​အ​ရပ်​မှ​ပြောင်း၍ တာ​ရ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 28,
      "text": "တာ​ရ​အ​ရပ်​မှ​ပြောင်း၍ မိ​သ​ကာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 29,
      "text": "မိ​သ​ကာ​အ​ရပ်​မှ​ပြောင်း၍ ဟာ​ရှ​မော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 30,
      "text": "ဟာ​ရှ​မော​န​အ​ရပ်​မှ​ပြောင်း၍ မော​သ​ရုတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 31,
      "text": "မော​သ​ရုတ်​အ​ရပ်​မှ​ပြောင်း၍ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 32,
      "text": "ဗင်္ယာ​ကန်​အ​ရပ်​မှ​ပြောင်း၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 33,
      "text": "ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်​မှ​ပြောင်း၍ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 34,
      "text": "ယု​ပ္ဘာ​သ​အ​ရပ်​မှ​ပြောင်း၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 35,
      "text": "ဧ​ဗြော​န​အ​ရပ်​မှ​ပြောင်း၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 36,
      "text": "ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်​မှ​ပြောင်း၍ ဇိ​န​တော၊ ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 37,
      "text": "ကာ​ဒေ​ရှ​အ​ရပ်​မှ​ပြောင်း၍ ဧ​ဒုံ​ပြည်​အ​နား​မှာ​ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 38,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ သ​က္က​ရာဇ်​လေး​ဆယ်၊ ပ​ဥ္စ​မ​လ ပ​ထ​မ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​သို့​တက်၍ အ​နိ​စ္စ​ရောက်​လေ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 39,
      "text": "အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​မှာ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ အ​သက်​တစ်​ရာ​နှစ်​ဆယ်​သုံး​နှစ် ရှိ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 40,
      "text": "ခါ​နာန်​ပြည်​တောင်​ပိုင်း၌​နေ​သော ခါ​န​နိ​ရှင်​ဘု​ရင်​အာ​ရဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရောက်​ကြောင်း​ကို ကြား​လေ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 41,
      "text": "သူ​တို့​သည် ဟော​ရ​တောင်​မှ​ပြောင်း၍၊ ဇာ​လ​မော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 42,
      "text": "ဇာ​လ​မော​န​အ​ရပ်​မှ​ပြောင်း၍ ပု​နုန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 43,
      "text": "ပု​နုန်​အ​ရပ်​မှ​ပြောင်း၍ ဩ​ဗုတ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 44,
      "text": "ဩ​ဗုတ်​အ​ရပ်​မှ​ပြောင်း၍ ဣ​ဇာ​ဗာ​ရိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 45,
      "text": "ဣ​ဇာ​ဗာ​ရိမ်​အ​ရပ်​မှ​ပြောင်း၍ ဒိ​ဗုန်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 46,
      "text": "ဒိ​ဗုန်​ဂဒ်​အ​ရပ်​မှ​ပြောင်း၍ အာ​လ​မုန်​ဒိ​ဗ​လ​သိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 47,
      "text": "အာ​လ​မုန်​ဒိ​ဗ​လ​သိမ်​အ​ရပ်​မှ​ပြောင်း၍ နေ​ဗော​တောင်​ရှေ့​တွင် အာ​ဗ​ရိမ်​တောင်​ရိုး၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 48,
      "text": "အာ​ဗ​ရိမ်​တောင်​ရိုး​မှ​ပြောင်း၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 49,
      "text": "ထို​သို့​မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား​မှာ ဗက်​ယေ​ရှိ​မုတ်​မြို့​မှ အာ​ဗေ​လ​ရှိ​တ္တိမ်​မြို့​တိုင်​အောင် စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 50,
      "text": "မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်၍၊"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 51,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 52,
      "text": "ထို​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို နှင်​ထုတ်​ရ​ကြ​မည်။ သူ​တို့​ရေး​သော​အ​ရုပ်၊ သွန်း​သော​ရုပ်​တု​ဆင်း​တု ရှိ​သ​မျှ​တို့​ကို ဖျက်​ရ​ကြ​မည်။ သူ​တို့​လုပ်​သော ကုန်း​ရှိ​သ​မျှ​တို့​ကို ဖြို​ချ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 53,
      "text": "ထို​ပြည်​ကို သင်​တို့​အား ငါ​အ​ပိုင်​ပေး​သော​ကြောင့်၊ ထို​ပြည်​သား​တို့​ကို​နှင်​ထုတ်၍ သင်​တို့​ကိုယ်​တိုင် နေ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 54,
      "text": "သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 55,
      "text": "သင်​တို့​သည် ထို​ပြည်​သူ​ပြည်​သား​တို့​ကို အ​ကုန်​အ​စင်​မ​နှင်​ထုတ်​လျှင်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် သင်​တို့​မျက်​စိ၌ အပ်​ဖျား​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​နံ​ဘေး၌ ဆူး​ကဲ့​သို့​လည်း​ကောင်း ဖြစ်၍၊ သင်​တို့​နေ​သော​ပြည်​မှာ သင်​တို့​ကို​နှောင့်​ယှက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 33,
      "verse": 56,
      "text": "ထို​မှ​တစ်​ပါး သူ​တို့​အား​ငါ​ကြံ​စည်​သည်​အ​တိုင်း သင်​တို့​ကို​ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 2,
      "text": "သင်​တို့​သည် ခါ​နာန်​ပြည်​သို့ ရောက်​ကြ​သော​အ​ခါ၊ သင်​တို့​အ​မွေ​ခံ​ရ​သော ခါ​နာန်​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဟူ​မူ​ကား၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 3,
      "text": "တောင်​မျက်​နှာ​တွင် ဇိ​န​တောင်​မှ ဧ​ဒုံ​ပြည်​အ​နား၌​လျှောက်​လျှင်၊ သော​ဒုံ​အိုင်​အ​ရှေ့​စွန်း​သည် တောင်​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 4,
      "text": "တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် တောင်​မျက်​နှာ​မှ​လည်၍၊ အာ​က​ရ​ဗ္ဗိမ်​ကုန်း​ကို​လျှောက်​လျက် ဇိ​န​ရွာ​သို့​ရောက်​ရ​မည်။ ထို​ရွာ​က​ပြန်၍ ကာ​ဒေ​ရှ​ဗာ​နာ​ရွာ၊ ဟာ​ဇ​ရ​ဒ္ဒါ​ရွာ၊ အာ​ဇ​မုန်​ရွာ​ကို​လျှောက်​သ​ဖြင့်၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 5,
      "text": "အာ​ဇ​မုန်​ရွာ​မှ​ပြန်၍ အဲ​ဂု​တ္တု​ချောင်း​ကို​လိုက်​လျက် ပင်​လယ်၌​ဆုံး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 6,
      "text": "အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​သည် အ​နောက်​အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 7,
      "text": "မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ကြီး​သော​ပင်​လယ်​က​ထွက်၍ ဟော​ရ​တောင်​ကို ရှေ့​ရှု​သွား​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 8,
      "text": "ထို​တောင်​မှ ဟာ​မတ်​လမ်း​ဝ၊ ဇေ​ဒဒ်​ရွာ၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 9,
      "text": "ဇိ​ဖြုန်​ရွာ​ကို​လျှောက်၍ ဟာ​ဇ​ရေ​နန်​ရွာ၌ ဆုံး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 10,
      "text": "အ​ရှေ့​အ​ပိုင်း​အ​ခြား​သည် ဟာ​ဇ​ရေ​နန်​ရွာ​မှ​ထွက်၍ ရှေ​ဖံ​ရွာ​သို့​ရောက်​ပြီး​လျှင်၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 11,
      "text": "အ​ဣ​န​ရွာ​အ​ရှေ့၌​လျှောက်၍ ရိ​ဗ​လ​ရွာ​သို့ သွား​ရ​မည်။ ထို​ရွာ​မှ​ထွက်၍ ဂင်္နေ​သ​ရက်​အိုင်​အ​ရှေ့​ကမ်း​ကို လျှောက်​သ​ဖြင့်၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 12,
      "text": "ယော်​ဒန်​မြစ်​ကို​လိုက်၍ သော​ဒုံ​အိုင်၌​ဆုံး​ရ​မည်။ ဤ​ရွေ့​ကား၊ သင်​တို့ အ​မွေ​ခံ​ရ​သော​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 13,
      "text": "မော​ရှေ​က​လည်း၊ ဤ​ရွေ့​ကား၊ သင်​တို့​သည် စာ​ရေး​တံ​ချ၍ အ​မွေ​ခံ​ရ​သော​ပြည်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မျိုး​ကိုး​မျိုး​နှင့် အ​မျိုး​တစ်​ဝက်၌ ဝေ​ပေး​ရ​သော​ပြည် ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 14,
      "text": "ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား တစ်​ဝက်​တည်း​ဟူ​သော အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​သည် မိ​မိ​တို့​အ​မွေ​ခံ​သော​မြေ​ကို ယော်​ဒန်​မြစ်​အ​ရှေ့၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ထွက်​ရာ​ဘက်၌ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မှာ​ထား​လေ၏။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 16,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 17,
      "text": "အ​မျိုး​သား​တစ်​မျိုး​လျှင် မင်း​တစ်​ပါး​စီ​ရွေး၍၊ ထို​မင်း​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​တို့​နှင့် ဝိုင်း​လျက်၊"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 18,
      "text": "ခါ​နာန်​ပြည်​ကို​ဝေ၍ သင်​တို့​အား အ​မွေ​ပေး​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 19,
      "text": "ရွေး​ရ​သော​မင်း​တို့၏​အ​မည်​ကား၊ ယု​ဒ​အ​မျိုး​သား​ထဲ​က ယေ​ဖု​န္နာ​သား ကာ​လက်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 20,
      "text": "ရှိ​မောင်​အ​မျိုး​သား​ထဲ​က အ​မိ​ဟုဒ်​သား ရှေ​မွေ​လ။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 21,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က ခိ​သ​လုန်​သား ဧ​လိ​ဒဒ်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 22,
      "text": "ဒန်​အ​မျိုး​ကို အုပ်​စိုး​သော​သူ၊ ယော​ဂ​လိ​သား ဗု​က္ကိ။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 23,
      "text": "ယော​သပ်​သား​တို့​တွင် မ​နာ​ရှေ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ ဧ​ဖုဒ်​သား ဟံ​ယေ​လ။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 24,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​ကို အုပ်​စိုး​သော​သူ၊ ရှိ​ဖ​တန်​သား ကေ​မွေ​လ။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 25,
      "text": "ဇာ​ဗု​လုန်​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ ပါ​နက်​သား ဧ​လိ​ဇ​ဖန်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 26,
      "text": "ဣ​သ​ခါ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ အ​ဇ္ဇန်​သား ပါ​လ​တေ​လ။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 27,
      "text": "အာ​ရှာ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ ရှေ​လော​မိ​သား အ​ဘိ​ဟုဒ်။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 28,
      "text": "နဿ​လိ​အ​မျိုး​ကို​အုပ်​စိုး​သော​သူ၊ အ​မိ​ဟုဒ်​သား ပေ​ဒ​ဟေ​လ​တည်း။"
    },
    {
      "book": 4,
      "chapter": 34,
      "verse": 29,
      "text": "ဤ​သူ​တို့​သည် ခါ​နာန်​ပြည်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​မွေ​မြေ​ကို ဝေ​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 1,
      "text": "မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​ခေါ်​တော်​မူ၍၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 2,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် အ​မွေ​ခံ​သော​မြေ၌ လေ​ဝိ​သား​တို့​နေ​စ​ရာ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ မြို့​ပတ်​လည်​နယ်​တို့​ကို​လည်း​ကောင်း ပေး​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 3,
      "text": "ထို​မြို့​တို့​သည် လေ​ဝိ​သား​နေ​စ​ရာ​ဖို့​ဖြစ်၍၊ မြို့​ပတ်​လည်​နယ်​တို့၌ သိုး​နွား အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 4,
      "text": "လေ​ဝိ​သား​တို့​အား​ပေး​သော မြို့​နယ်​တို့​ကို မြို့​ပြင်​ပတ်​လည်၌ အ​တောင်​တစ်​ထောင် ကျယ်​စေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 5,
      "text": "မြို့​ပြင်၊ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်​အ​ရပ်​လေး​မျက်​နှာ၌ နှစ်​ထောင်​စီ​တိုင်း​ထွာ၍၊ ထို​မြေ​အ​လယ်​ချက်၌ မြို့​တည်​ရ​မည်။ ဤ​ရွေ့​ကား၊ မြို့​နယ်​အ​တိုင်း အ​ရှည်​ဖြစ်​ရ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 6,
      "text": "လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင်၊ လူ​ကို​သတ်​သော​သူ​သည် ပြေး၍​မှီ​ခို​ရာ​မြို့ ခြောက်​မြို့​တို့​ကို ရွေး​ထား​ရ​မည်။ ထို​မြို့​များ​အ​ပြင် အ​ခြား​သော မြို့​လေး​ဆယ်​နှစ်​မြို့​တို့​ကို ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 7,
      "text": "ထို​သို့​လေ​ဝိ​သား​တို့​အား ပေး​ရ​သော​မြို့​ပေါင်း​ကား၊ နယ်​နှင့်​တ​ကွ လေး​ဆယ်​ရှစ်​မြို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 8,
      "text": "ထို​မြို့​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော မြေ​ထဲ​က​နုတ်​ရ​မည်။ များ​သော​မြေ​ကို​ရ​သော​သူ​သည် များ​သော​မြို့၊ နည်း​သော​မြေ​ကို​ရ​သော​သူ​သည် နည်း​သော​မြို့​တို့​ကို ပေး​ရ​မည်။ လူ​အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သည်​အ​တိုင်း၊ မိ​မိ​တို့​မြို့​များ​ထဲ​က​နုတ်၍ လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 9,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 10,
      "text": "သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍၊ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 11,
      "text": "လူ​အ​သက်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 12,
      "text": "ထို​မြို့​တို့​ကား၊ လူ​အ​သက်​ကို​သတ်​သော​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍၊ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​တိုင်​အောင်၊ သေ​စား​သေ​စေ​သော​သူ၏ လက်​မှ​လွတ်၍ မှီ​ခို​ရာ​မြို့​ဖြစ်​ရ​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 13,
      "text": "လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ မှီ​ခို​ရာ​မြို့​သုံး​မြို့၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 14,
      "text": "ခါ​နာန်​ပြည်၌ မှီ​ခို​ရာ​မြို့​သုံး​မြို့၊ ပေါင်း​ခြောက်​မြို့​တို့​ကို ရွေး​ထား​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 15,
      "text": "ထို​မြို့​ခြောက်​မြို့​တို့​ကား၊ လူ​အ​သက်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​သော​အ​မျိုး​သား​တို့​သည်​ပြေး၍ မှီ​ခို​ရာ​မြို့​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 16,
      "text": "သို့​ရာ​တွင် လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ၊ သံ​လက်​နက်​နှင့်​ရိုက်​လျှင် လူ​သတ်​ဖြစ်၏။ လူ​သတ်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 17,
      "text": "လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ ကျောက်​ခဲ​နှင့်​ပစ်​လျှင် လူ​သတ်​ဖြစ်၏။ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 18,
      "text": "လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ သစ်​သား​လက်​နက်​နှင့် ရိုက်​လျှင် လူ​သတ်​ဖြစ်၏။ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 19,
      "text": "သေ​စား​သေ​စေ​သော​သူ​သည် လူ​သတ်​ကို​တွေ့​သော​အ​ခါ၊ ကိုယ်​တိုင်​သတ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 20,
      "text": "သူ​တစ်​ပါး​ကို အ​ငြိုး​ထား၍​တွန်း​ချ​သော်​လည်း​ကောင်း၊ သေ​စေ​ခြင်း​ငှာ ချောင်း​မြောင်း၍ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 21,
      "text": "သေ​စေ​ခြင်း​ငှာ မုန်း​သော​စိတ်​ရှိ၍ လက်​နှင့်​ရိုက်​သော်​လည်း​ကောင်း၊ ထို​သို့​ပြု​သော​သူ​သည် လူ​သတ်​ဖြစ်​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​စား​သေ​စေ​သော​သူ​သည် တွေ့​သော​အ​ခါ​သတ်​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 22,
      "text": "သို့​မ​ဟုတ် မုန်း​သော​စိတ်​မ​ရှိ​ဘဲ အ​မှတ်​တ​မဲ့​တွန်း​ချ​သော်​လည်း​ကောင်း၊ မ​ချောင်း​မြောင်း​ဘဲ တစ်​စုံ​တစ်​ခု​နှင့် ပစ်​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 23,
      "text": "သူ၏​ရန်​သူ​မ​ဟုတ်၊ မုန်း​သော​စိတ်​မ​ရှိ၊ သူ့​ကို​မ​မြင်​ဘဲ​လျက် သေ​အောင်​ကျောက်​ခဲ​နှင့် ပစ်​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 24,
      "text": "ယ​ခု​စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​သည် သတ်​သော​သူ​နှင့် သေ​စား​သေ​စေ​သော​သူ စပ်​ကြား၌​တ​ရား​စီ​ရင်၍၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 25,
      "text": "သတ်​သော​သူ​ကို သေ​စား​သေ​စေ​သော​သူ၏​လက်​မှ​နုတ်​သ​ဖြင့်၊ အ​ထက်​က​ပြေး၍ မှီ​ခို​သော​မြို့​သို့ ပြန်​ပို့​ရ​မည်။ ဓ​မ္မ​ဆီ​လောင်း​ခြင်း​ကို​ခံ​ရ​သော ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​တိုင်​အောင် ထို​မြို့၌​နေ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 26,
      "text": "လူ​အ​သက်​ကို​သတ်​မိ​သော​သူ​သည် ပြေး၍ မှီ​ခို​သော​မြို့​နယ်​ပြင်​သို့ ထွက်​သော်၊"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 27,
      "text": "သေ​စား​သေ​စေ​သော​သူ​သည် မြို့​နယ်​ပြင်​မှာ ထို​သူ​ကို​တွေ့၍​သတ်​လျှင်၊ လူ​အ​သက်​ကို​သတ်​သော အ​ပြစ်​မ​ရှိ။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 28,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​တိုင်​အောင်၊ မိ​မိ​မှီ​ခို​သော​မြို့​ထဲ​မှာ နေ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​မင်း သေ​သော​နောက်​မှ၊ ထို​သူ​သည် မိ​မိ​ပိုင်​သော​မြေ​သို့ ပြန်​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 29,
      "text": "ဤ​ရွေ့​ကား၊ သင်​တို့​သည် နေ​လေ​ရာ​ရာ၌ သား​မြေး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 30,
      "text": "လူ​အ​သက်​ကို​သတ်၍ လူ​သတ်​ဖြစ်​သော​သူ​မည်​သည်​ကား၊ သက်​သေ​ခံ​ချက် ရှိ​သည်​အ​တိုင်း အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သို့​ရာ​တွင် သက်​သေ​တစ်​ယောက်​တည်း​သာ​ရှိ​လျှင် မ​သတ်​ရ။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 31,
      "text": "အ​သေ​ခံ​ထိုက်​သော​လူ​သတ်၏ အ​သက်​ဖိုး​ငွေ​ကို မ​ခံ​မ​ယူ​ရ။ သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 32,
      "text": "မှီ​ခို​ရာ​မြို့​သို့​ပြေး​သော​သူ​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​မ​သေ​မီ၊ မိ​မိ​နေ​ရင်း​အ​ရပ်​သို့ ပြန်၍​နေ​မည်​အ​ကြောင်း၊ အ​ရွေး​ငွေ​ကို မ​ခံ​မ​ယူ​ရ။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 33,
      "text": "ထို​သို့ သင်​တို့​နေ​သော​ပြည်​ကို မညစ်ညူးစေရ။ လူအသွေးသည် ပြည်ကိုညစ်​ညူး​စေ​တတ်၏။ လူ​အ​သွေး​ကို သွန်း​သော​သူ၏ အ​သွေး​အား​ဖြင့်​သာ ထို​ညစ်​ညူး​ခြင်း​ကို စင်​ကြယ်​စေ​နိုင်၏။"
    },
    {
      "book": 4,
      "chapter": 35,
      "verse": 34,
      "text": "ငါ​ကျိန်း​ဝပ်၍ သင်​တို့​နေ​သော​ပြည်​ကို မ​ညစ်​ညူး​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကျိန်း​ဝပ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 1,
      "text": "ယော​သပ်​အ​မျိုး​ဖြစ်​သော မ​နာ​ရှေ​နှင့် မာ​ခိ​ရ​တို့​မှ ဆင်း​သက်​သော ဂိ​လဒ်၏​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ မော​ရှေ​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ထံ​သို့​လာ၍၊"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 2,
      "text": "အ​ကျွန်ုပ်​တို့​သ​ခင်​သည် စာ​ရေး​တံ​ချ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခါ​နာန်​ပြည်​ကို အ​မွေ​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အစ်​ကို ဇ​လော​ဖဒ်၏​အ​မွေ​မြေ​ကို သူ၏​သ​မီး​တို့​အား ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​ပါ၏။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 3,
      "text": "ထို​မိန်း​မ​တို့​သည် မိ​မိ​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့် စုံ​ဖက်​လျှင်၊ သူ​တို့​အ​မွေ​မြေ​ကို အ​ကျွန်ုပ်​တို့ မိ​ဘ​အ​စဉ်​အ​ဆက်​အ​မွေ​မှ​နုတ်၍ သူ​တို့​ဝင်​သော​အ​မျိုး၏ အ​မွေ​ထဲ၌​ပါ​သွား​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​အ​မွေ​မြေ​သည် လျော့​ပါ​လိမ့်​မည်။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​ဝင်​သော​အ​မျိုး၏​အ​မွေ၌ အ​မြဲ​တည်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့၏ မိ​စဉ်​ဘ​ဆက်​အ​မွေ​မှ အ​စဉ်​နုတ်​လျက် ရှိ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 5,
      "text": "ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မှာ​ထား​လေ​သည်​မှာ၊ ယော​သပ်​အ​မျိုး​သား​တို့၏​စ​ကား​သည် လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 6,
      "text": "ဇ​လော​ဖဒ်​သ​မီး​တို့၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် အ​လို​ရှိ​သော​သူ​နှင့် စုံ​ဖက်​ပါ​လေ​စေ။ သို့​ရာ​တွင် မိ​စဉ်​ဘ​ဆက် အ​မျိုး​သား​မှ​တစ်​ပါး၊ အ​ခြား​သူ​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​စေ​နှင့်။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​မွေ​မြေ​သည် တစ်​မျိုး​မှ​တစ်​မျိုး​သို့ မ​ပြောင်း​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး မိ​မိ​တို့​မိ​စဉ်​ဘ​ဆက်​အ​မွေ​မြေ၌ နေ​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး တစ်​စုံ​တစ်​မျိုး၌ အ​မွေ​မြေ​ရှိ​သော​မိန်း​မ​သည် မိ​မိ​တို့​မိ​စဉ်​ဘ​ဆက် အ​မျိုး​သား​နှင့် စုံ​ဖက်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​မိ​စဉ်​ဘ​ဆက် အ​မွေ​မြေ​ကို​ခံ​စား​ရ​ကြ​မည်။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 9,
      "text": "အ​မွေ​မြေ​သည် တစ်​မျိုး​မှ​တစ်​မျိုး​သို့ မ​ပြောင်း​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​အ​မွေ​မြေ၌​နေ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဇ​လော​ဖဒ်၏​သ​မီး​မာ​လာ၊"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 11,
      "text": "တိ​ရ​ဇာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ နော​အာ​တို့​သည်​ပြု၍၊ ဘ​ကြီး​သား၊ ဘ​ထွေး​သား​တို့​နှင့် စုံ​ဖက်​ကြ၏။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 12,
      "text": "ထို​သို့ ယော​သပ်​တွင်​မြင်​သော မ​နာ​ရှေ​သား​အ​ဆွေ​အ​မျိုး၌ စုံ​ဖက်​ခြင်း​အ​မှု​ကို​ပြု၍၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​မိ​စဉ်​ဘ​ဆက် အ​မျိုး​တည်​နေ၏။"
    },
    {
      "book": 4,
      "chapter": 36,
      "verse": 13,
      "text": "ဤ​ရွေ့​ကား၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တော​လည်​ရာ​ကျမ်း​ပြီး၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 1,
      "text": "တော​ကြီး​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ သု​ဖ​မြို့​တစ်​ဖက်၊ ပါ​ရန်​မြို့၊ တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​အ​လယ်၌ မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​သော​စ​ကား​များ​ကို ပြန်​ရ​လေ​သည်​မှာ၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 2,
      "text": "ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 3,
      "text": "မော​ရှေ​သည် ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​လည်း​ကောင်း၊ ဧ​ဒြိ​ပြည်၊ အာ​ရှ​တ​ရုတ်​မြို့၌​နေ​သော ဗာ​ရှန်​ဘု​ရင် ဩ​ဃ​ကို​လည်း​ကောင်း လုပ်​ကြံ​ပြီး​မှ၊ သ​က္က​ရာဇ်​လေး​ဆယ်​ပြည့်၊ ဧ​ကာ​ဒ​သ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ မော​ဘ​ပြည်၊ ယော်​ဒန်​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​နှင့်​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍ ဟော​ပြော​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 6,
      "text": "ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဟော​ရပ်​အ​ရပ်၌ ငါ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်၌​နေ​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 7,
      "text": "လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 8,
      "text": "ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 9,
      "text": "ထို​အ​ခါ သင်​တို့​အား​ငါ​ပြော​သည်​ကား၊ သင်​တို့​အ​မှု​ကို ငါ​တစ်​ယောက်​တည်း မ​ထမ်း​နိုင်။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 10,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​များ​ပြား​စေ​တော်​မူ၍၊ သင်​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့ ယ​နေ့​ဖြစ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 11,
      "text": "သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ဆ​အ​ထောင်​အား​ဖြင့် များ​ပြား​စေ​တော်​မူ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​ပင်​ပန်း​ခြင်း၊ အ​မှု​ဆောင်​ရွက်​ခြင်း၊ ရန်​တွေ့​ခြင်း​ဝန်​ကို ငါ​တစ်​ယောက်​တည်း အ​ဘယ်​သို့​ထမ်း​နိုင်​မည်​နည်း။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 13,
      "text": "ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ၍ အ​သ​ရေ​ရှိ​သော​သူ​တို့​ကို သင်​တို့​အ​မျိုး​များ​ထဲ​က ရွေး​ပေး​ကြ​လော့။ သူ​တို့​ကို မင်း​အ​ရာ၌​ငါ​ခန့်​ထား​မည်​ဟု ပြော​ဆို​လျှင်၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 14,
      "text": "သင်​တို့​က ကိုယ်​တော်​ပြော​သည်​အ​တိုင်း ပြု​ကောင်း​ပါ​သည်​ဟု ပြန်​ဆို​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 15,
      "text": "ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 16,
      "text": "တ​ရား​သူ​ကြီး​တို့​အား​လည်း၊ သင်​တို့ ညီ​အစ်​ကို၏​အ​မှု​တို့​ကို​နား​ထောင်၍ အ​မျိုး​သား​ချင်း တ​ရား​တွေ့​သည်​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​နှင့် တွေ့​သည်​ဖြစ်​စေ၊ တ​ရား​သ​ဖြင့်​စီ​ရင်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 17,
      "text": "တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 18,
      "text": "သင်​တို့​ပြု​ရ​သ​မျှ​သော အ​မှု​တို့​ကို​လည်း ထို​အ​ခါ​ငါ​မှာ​ထား​ခဲ့၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 19,
      "text": "ငါ​တို့​သည် ဟော​ရပ်​အ​ရပ်​မှ​ထွက်​သော​နောက်၊ အာ​မော​ရိ​တောင်​သို့ သွား​သော​လမ်း​နား​မှာ ကြောက်​မက်​ဖွယ်​ဖြစ်၍ သင်​တို့​တွေ့​မြင်​သော တော​ကြီး​အ​လယ်၌၊ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း လျှောက်​သွား၍၊ ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ ရောက်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 20,
      "text": "ထို​အ​ခါ​ငါ​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အာ​မော​ရိ​တောင်​သို့ သင်​တို့​သည်​ရောက်​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 21,
      "text": "သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို သင်​တို့​ရှေ့​မှာ ထား​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ တက်​သွား၍ သိမ်း​ယူ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​လည်း​မ​ပျက်​ကြ​နှင့်​ဟု ပြော​ဆို၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 22,
      "text": "ထို​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ထံ​သို့​ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​ရှေ့၌ လူ​တို့​ကို​စေ​လွှတ်​ပါ​မည်။ သူ​တို့​သည် ထို​ပြည်​ကို​စူး​စမ်း​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​လမ်း​သို့​သွား​လျှင် အ​ဘယ်​မြို့​သို့​ရောက်​ရ​မည်​ကို ကြား​ပြော​ကြ​ပါ​လိမ့်​မည်​ဟု၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 23,
      "text": "လျှောက်​ဆို​သော​စ​ကား​ကို ငါ​နှစ်​သက်၍၊ သင်​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​ပေါင်း​တစ်​ကျိပ်​နှစ်​ယောက်​တို့​ကို ရွေး​ထား၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 24,
      "text": "ထို​သူ​တို့​သည် တောင်​ပေါ်​သို့​လှည့်​သွား၍၊ ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​သ​ဖြင့် စူး​စမ်း​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 25,
      "text": "ထို​ပြည်၌​ရ​သော သစ်​သီး​ကို​ထမ်း၍ ဆောင်​ခဲ့​လျက်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သည် ကောင်း​သော​ပြည်​ဖြစ်၏​ဟု ကြား​ပြော​ကြ​သော်​လည်း၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 26,
      "text": "သင်​တို့​သည်​မ​သွား​ဘဲ၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ဆန်​လျက်၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​မုန်း၍ ဖျက်​ဆီး​ချင်​သော​ကြောင့်၊ အာ​မော​ရိ​လူ​တို့ လက်၌​အပ်​လို​သော​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​တ​ကား။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 28,
      "text": "ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 29,
      "text": "ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 30,
      "text": "သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 31,
      "text": "သင်​တို့​လိုက်​လာ​သော လမ်း​တစ်​လျှောက်​လုံး၊ ဤ​အ​ရပ်​တိုင်​အောင် အ​ဘ​သည် သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ချီ​ပိုက်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ခံ​ရာ တော၌​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​ပြု​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 32,
      "text": "သင်​တို့​တဲ​စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သင်​တို့​သွား​လ​တ္တံ့​သော​လမ်း​ကို ပြ​ခြင်း​ငှာ၊ ည​အ​ခါ မီး၌​လည်း​ကောင်း၊ နေ့​အ​ခါ မိုး​တိမ်၌​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ထို​အ​မှု၌ သင်​တို့​မ​ယုံ​ကြ​ပါ​တ​ကား။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 34,
      "text": "သင်​တို့​စ​ကား​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား၍ အ​မျက်​တော်​ထွက်​လျက်၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 35,
      "text": "သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကောင်း​ကို၊ ယေ​ဖု​န္နာ၏​သား ကာ​လက်​မှ​တစ်​ပါး၊ ဤ​ဆိုး​သော​လူ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ ဆက်​ဆက်​မ​မြင်​ရ။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 36,
      "text": "ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် မြင်​ရ၏။ သူ​နင်း​သော​ပြည်​ကို သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ငါ​ပေး​မည်​ဟု ကျိန်​ဆို​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 37,
      "text": "သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 38,
      "text": "သင့်​လက်​ထောက် နုန်၏​သား​ယော​ရှု​သည် ဝင်​စား​ရ​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​မွေ​ခံ​စေ​မည့်​သူ​ဖြစ်​သော​ကြောင့်၊ သူ့​ကို​အား​ပေး​လော့။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 39,
      "text": "ရန်​သူ​လု​ယူ​ရာ​ဖြစ်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​များ၊ ထို​အ​ခါ ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား​မ​သိ​နိုင်​သေး​သော သား​သ​မီး​များ​တို့​သည် ထို​ပြည်​ကို ဝင်​စား၍၊ ငါ​ပေး​သည်​အ​တိုင်း သိမ်း​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 40,
      "text": "သင်​တို့​မူ​ကား၊ လှည့်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 41,
      "text": "သင်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ယ​ခု​သွား၍ စစ်​တိုက်​ပါ​မည်​ဟု ငါ့​အား​လျှောက်​ဆို​လျက်၊ လူ​အ​ပေါင်း​တို့​သည် လက်​နက်​စွဲ​ကိုင်​လျက်၊ တောင်​ပေါ်​သို့​တက်​ခြင်း​ငှာ အ​သင့်​နေ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 42,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ တက်၍​မ​တိုက်​ကြ​နှင့်။ သင်​တို့​ဘက်၌ ငါ​မ​ရှိ။ တိုက်​လျှင် ရန်​သူ​ရှေ့​မှာ ရှုံး​ရ​ကြ​လိမ့်​မည်​ဟု သင်​တို့​အား​ဆင့်​ဆို​ရ​မည်​အ​ကြောင်း၊ ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 43,
      "text": "ငါ​ဆင့်​ဆို​သော်​လည်း သင်​တို့​သည်​နား​မ​ထောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ငြင်း​ဆန်၍ ခိုင်​ခံ့​သော​စိတ်​နှင့် တောင်​ပေါ်​သို့​တက်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 44,
      "text": "ထို​အ​ခါ​တောင်​ပေါ်​မှာ​ရှိ​နှင့်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် သင်​တို့​တစ်​ဖက်၌ ထွက်​လာ​လျက်၊ ပျား​များ​အုံ၍​လိုက်​သ​ကဲ့​သို့ သင်​တို့​ကို​လိုက်၍၊ စိ​ရ​အ​ရပ်၊ ဟော​မာ​မြို့​တိုင်​အောင် ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 45,
      "text": "သင်​တို့​သည်​လည်း ပြန်​လာ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ငို​ကြွေး​ကြ၏။ သို့​သော်​လည်း သင်​တို့​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား နား​ထောင်​နား​ယူ​တော်​မ​မူ။"
    },
    {
      "book": 5,
      "chapter": 1,
      "verse": 46,
      "text": "ထို​ကြောင့် ကာ​ဒေ​ရှ​အ​ရပ်၌ အ​ရင်​နေ​သ​ကဲ့​သို့ ကြာ​မြင့်​စွာ​နေ​ပြန်​ရ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည်​လှည့်၍၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​လျက်၊ စိ​ရ​တောင်​ကို ကြာ​မြင့်​စွာ​လှည့်​လည်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်​ကို လှည့်​လည်​ကြ​ပြီ။ တစ်​ဖန် မြောက်​မျက်​နှာ​သို့ သွား​ကြ​ဦး​လော့။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 4,
      "text": "သင်​သည် လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ညီ​အစ်​ကို ဧ​သော​အ​မျိုး​သား​တို့​နေ​သော စိ​ရ​ပြည်​အ​နား​မှာ သင်​တို့​လျှောက်​သွား​သော​အ​ခါ၊ သူ​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ ထို​ကြောင့် သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​ကို​အ​လျှင်း​မ​ပြု​ကြ​နှင့်။ သူ​တို့​ပြည်​ကို သင်​တို့​အား​ငါ​မ​ပေး။ ခြေ​နင်း​ရာ​ခန့်​ကို​မျှ မ​ပေး။ စိ​ရ​တောင်​ကို ဧ​သော​အား ငါ​အ​ပိုင်​ပေး​ပြီ။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 6,
      "text": "သင်​တို့​သည်​စား​ဖို့​ရာ​အ​စာ​ကို​လည်း​ကောင်း၊ သောက်​ဖို့​ရာ​ရေ​ကို​လည်း​ကောင်း သူ​တို့​ထံ ငွေ​နှင့်​ဝယ်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 7,
      "text": "သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 8,
      "text": "စိ​ရ​ပြည်​မှာ​နေ​သော ငါ​တို့​ညီ​အစ်​ကို ဧ​သော​အ​မျိုး​သား​တို့​အ​နား၌ လျှောက်​လျက် ဧ​လပ်​မြို့၊ ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှ​သွား​သော လွင်​ပြင်​လမ်း​သို့​လိုက်​ပြီး​လျှင်၊ တစ်​ဖန်​လှည့်၍ မော​ဘ​တော​လမ်း​ဖြင့် သွား​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​နှင့်။ စစ်​မ​တိုက်​နှင့်။ သူ​တို့​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး။ အာ​ရ​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 10,
      "text": "ရှေး​ကာ​လ၌ အာ​န​က​အ​မျိုး​သား​ကဲ့​သို့ ကြီး​မြင့်​များ​ပြား​သော​လူ၊ ဧ​မိမ်​အ​မျိုး​သား​တို့​သည် ထို​ပြည်​မှာ​နေ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 11,
      "text": "ထို​သူ​တို့​သည် အာ​န​က​အ​မျိုး​သား​ကဲ့​သို့ အ​လွန်​ကြီး​မား​သော လူ​တို့​အ​ဝင်​ဖြစ်​သည်​ကို လူ​များ​ထင်​မှတ်​ကြ၏။ သို့​ရာ​တွင် မော​ဘ​ပြည်​သား​တို့​သည် ထို​သူ​တို့​ကို ဧ​မိမ်​ဟူ၍​ခေါ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 12,
      "text": "ရှေး​ကာ​လ၌ ဟော​ရိ​လူ​တို့​သည်​လည်း စိ​ရ​ပြည်​မှာ​နေ​ကြ၏။ ထို​သူ​တို့​ကို ဧ​သော​အ​မျိုး​သား​တို့​သည် သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ရ​ကြ​သ​တည်း။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 13,
      "text": "ယ​ခု​ထ၍ ဇေ​ရက်​ချောင်း​ကို​ကူး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် ဇေ​ရက်​ချောင်း​ကို ကူး​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 14,
      "text": "ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ အ​ရင်​ရောက်​သော​ကာ​လ​မှ​စ၍ ဇေ​ရက်​ချောင်း​ကို ကူး​သော​ကာ​လ​တိုင်​အောင် နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ် လွန်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​စစ်​သူ​ရဲ​မျိုး​အ​ပေါင်း​တို့​သည် လူ​အ​လုံး​အ​ရင်း​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ရ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 15,
      "text": "ထို​သူ​တို့ မ​ကွယ်​မ​ပျောက်​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​လုံး​အ​ရင်း​ထဲ​က​ပယ်​ရှား​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 16,
      "text": "စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လူ​စု​ထဲ​က သေ​ကြေ​ကွယ်​ပျောက်​ပြီး​မှ၊"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​မော​ဘ​ပြည်၊ အာ​ရ​နယ်​အ​လယ်၌ ယ​နေ့​လျှောက်​သွား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 19,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​အ​နီး​သို့ ရောက်​သော​အ​ခါ သူ​တို့​ကို​မ​နှောင့်​ယှက်​နှင့်၊ အ​လျှင်း​မ​ပြု​နှင့်။ အ​မ္မုန်​အ​မျိုး​သား​နေ​သော​ပြည်​ကို သင့်​အား​ငါ​အ​ပိုင်​မ​ပေး၊ ထို​ပြည်​ကို လော​တ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​ပြီ​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 20,
      "text": "ထို​ပြည်​ကို​လည်း၊ အ​လွန်​ကြီး​မား​သော သူ​တို့၏​နေ​ရာ​ဖြစ်​သည်​ဟု လူ​များ​ထင်​မှတ်​ကြ၏။ ရှေး​ကာ​လ၌ ထို​သို့​သော​လူ​တို့​သည် နေ​ကြ၏။ သူ​တို့​ကို အ​မ္မုန်​ပြည်​သား​တို့​သည် ဇံ​ဇု​မ္မိမ်​ဟူ၍ ခေါ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 21,
      "text": "ထို​လူ​မျိုး​သည် အာ​န​က​အ​မျိုး​သား​ကဲ့​သို့ ကြီး​မြင့်​များ​ပြား​သော​လူ ဖြစ်​ကြ၏။ သို့​သော်​လည်း စိ​ရ​ပြည်၌​နေ​သော ဧ​သော​အ​မျိုး​သား​ရှေ့​မှာ ဟော​ရိ​လူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ၌ ဧ​သော​အ​မျိုး​သား​တို့​သည် ယ​နေ့​တိုင်​အောင်​နေ​ကြ​သ​ကဲ့​သို့၊ အ​မ္မုန်​အ​မျိုး​သား​တို့​ရှေ့​မှာ ဇံ​ဇု​မ္မိမ်​လူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သ​ဖြ​င့်၊ သူ​တို့​နေ​ရာ၌ အ​မ္မုန်​အ​မျိုး​သား​တို့​သည် နေ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 23,
      "text": "ထို​အ​တူ၊ ဟာ​ဇ​ရိမ်​မြို့​မှ​စ၍ အ​ဇ္ဇာ​မြို့​တိုင်​အောင်​နေ​ဖူး​သော အာ​ဝိမ်​လူ​တို့​ကို၊ က​တ္တော​ရ​မြို့​မှ​ထွက်​သော က​တ္တော​ရိမ်​လူ​တို့​သည် ဖျက်​ဆီး၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 24,
      "text": "သင်​တို့​သည် ထ၍​ခ​ရီး​သွား​သ​ဖြင့် အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ အာ​မော​ရိ​အ​မျိုး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် သူ၏​မြေ​ကို သင်​တို့​လက်၌ ငါ​အပ်​သော​ကြောင့်၊ ထို​မြေ​ကို​သိမ်း​စ​ပြု၍ ထို​မင်း​ကို​စစ်​တိုက်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 25,
      "text": "မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် ယ​နေ့​သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​စ​ရှိ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သင်​တို့၏​သ​တင်း​ကို​ကြား၍ တုန်​လှုပ်​ခြင်း၊ စိုး​ရိမ်​ကြောင့်​ကြ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 26,
      "text": "ငါ​သည်​လည်း၊ ကေ​ဒ​မုတ်​တော​မှ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 27,
      "text": "မင်း​ကြီး၏​ပြည်​အ​လယ်၌ ကျွန်ုပ်​လျှောက်​သွား​ပါ​ရ​စေ။ မင်း​လမ်း​သို့​သာ လိုက်​ပါ​မည်။ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ မ​လွှဲ​ပါ။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 28,
      "text": "စိ​ရ​ပြည်၌​နေ​သော​ဧ​သော​အ​မျိုး​သား၊ အာ​ရ​ပြည်၌​နေ​သော မော​ဘ​အ​မျိုး​သား​တို့​သည် ကျွန်ုပ်၌​ပြု​သ​ကဲ့​သို့ ကျွန်ုပ်​စား​ဖို့​ရာ​အ​စာ​ကို​လည်း​ကောင်း၊ သောက်​ဖို့​ရာ​ရေ​ကို​လည်း​ကောင်း၊ မင်း​ကြီး​သည် ငွေ​နှင့်​ရောင်း​ပါ​လော့။ ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ မ​ရောက်​မီ​တိုင်​အောင် မင်း​ကြီး​ပြည်​အ​လယ်၌ ခြေ​ဖြင့်​သွား​ရုံ​မျှ​သာ​ပြု​ပါ​မည်​ဟု မိတ်​သ​ဟာ​ယ​စ​ကား​နှင့် ပြော​ဆို​သော်​လည်း၊"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 30,
      "text": "ကျွန်ုပ်​တို့​လျှောက်​သွား​ရ​သော​အ​ခွင့်​ကို ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​သည် မ​ပေး။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​ထင်​ရှား​သည်​အ​တိုင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း​ကို သင်​တို့​လက်၌​အပ်​ခြင်း​ငှာ၊ ခက်​ထန်​သော စိတ်​သ​ဘော၊ ခိုင်​မာ​သော​နှ​လုံး​ကို သူ၌​ပေး​သွင်း​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ရှိ​ဟုန်​မင်း​နှင့် သူ၏​မြေ​ကို သင့်​အား​ငါ​ပေး​စ​ပြု၏။ ထို​မြေ​ကို​အ​မွေ​ခံ​အံ့​သော​ငှာ၊ သိမ်း​စ​ပြု​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 32,
      "text": "ထို​အ​ခါ ရှိ​ဟုန်​မင်း​သည် သူ၏​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ယာ​ဟတ်​မြို့​မှာ ငါ​တို့​ကို​တိုက်​ခြင်း​ငှာ ထွက်​လာ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 33,
      "text": "ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း​ကို ငါ​တို့၌​အပ်​တော်​မူ​သ​ဖြင့် သူ​မှ​စ၍​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို ငါ​တို့​သည်​လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 34,
      "text": "ထို​အ​ခါ သူ၏​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်​ယူ၍၊ ယောက်ျား​မိန်း​မ သူ​ငယ်​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 35,
      "text": "တိ​ရ​စ္ဆာန်​များ၊ မြို့​ရွာ၌​လက်​ရ​ဥ​စ္စာ​များ​ကို​သာ ကိုယ်​ဖို့​သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 36,
      "text": "အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​တိုင်​အောင်၊ မြစ်​နား၌ ရှိ​သ​မျှ​သော​မြို့​တို့​တွင် ငါ​တို့​မ​အောင်​နိုင်​သော​မြို့ တစ်​မြို့​မျှ​မ​ရှိ။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လုံး​စုံ​တို့​ကို ငါ​တို့၌​အပ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 2,
      "verse": 37,
      "text": "သို့​ရာ​တွင် အ​မ္မုန်​အ​မျိုး​သား​နေ​သော​မြေ၊ ယ​ဗ္ဗုတ်​မြစ်​နှင့်​ဆိုင်​သော​မြေ၊ တောင်​ရိုး​မြို့​အ​စ​ရှိ​သော၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ချဉ်း​ရ​ကြ။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 1,
      "text": "ထို​အ​ခါ ငါ​တို့​သည်​လှည့်၍၊ ဗာ​ရှန်​ပြည်​သို့ ခ​ရီး​သွား​ကြ၏။ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​သည်​လည်း မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဧ​ဒြိ​အ​ရပ်​မှာ စစ်​တိုက်​ခြင်း​ငှာ​ချီ​လာ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ့​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌​ငါ​အပ်​ပေး​မည်။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု ငါ့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 3,
      "text": "ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ တစ်​ယောက်​မျှ မ​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 4,
      "text": "ထို​အ​ခါ ငါ​တို့​သည် မြို့​ခြောက်​ဆယ်​နှင့်​ပြည့်​စုံ​သော အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​မင်း၏​နိုင်​ငံ​ကို၊ တစ်​မြို့​မျှ​မ​ကြွင်း​စေ​ခြင်း​ငှာ တိုက်​ယူ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 5,
      "text": "ထို​မြို့​ရှိ​သ​မျှ​တို့​သည် မြင့်​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ၊ ကန့်​လန့်​ကျင်​များ​နှင့် ခိုင်​ခံ့​သော​မြို့​ဖြစ်​သ​တည်း။ ထို​မှ​တစ်​ပါး များ​စွာ​သော​ရွာ​တို့​ကို​လည်း တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 6,
      "text": "ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့၊ အ​ရပ်​ရပ်၌ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 7,
      "text": "တိ​ရ​စ္ဆာန်​များ၊ မြို့​ရွာ၌ လက်​ရ​ဥ​စ္စာ​များ​ရှိ​သ​မျှ​တို့​ကို ကိုယ်​ဖို့​သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 8,
      "text": "ထို​အ​ခါ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​ရှိ​သော​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 9,
      "text": "ဟေ​ရ​မုန်​တောင်​ကို ဇိ​ဒုန်​လူ​တို့​သည် စိ​ရုန်​ဟူ၍​လည်း​ကောင်း၊ အာ​မော​ရိ​လူ​တို့​သည် ရှု​နိ​ရ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 10,
      "text": "ချိုင့်၌​ရှိ​သ​မျှ​သော​မြို့​တို့​နှင့် ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊ ဩ​ဃ​မင်း၏​နိုင်​ငံ​အ​ဝင်၊ သာ​လ​က​မြို့၊ ဧ​ဒြိ​မြို့​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 11,
      "text": "အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 12,
      "text": "ထို​အ​ခါ ငါ​တို့​သိမ်း​ယူ​သော​မြေ​ကို၊ အာ​နုန်​မြစ်​နား​တွင်​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​တောင်​တစ်​ဝက်​တိုင်​အောင်၊ မြို့​များ​နှင့်​တ​ကွ ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား ငါ​ပေး၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 13,
      "text": "ဂိ​လဒ်​တောင်​တစ်​ဝက်​နှင့် ဩ​ဃ​မင်း​အ​စိုး​ရ​သော နိုင်​ငံ​အ​ဝင်၊ အ​လွန်​ကြီး​မား​သော လူ​မျိုး​နေ​ရာ​ဟူ၍ ခေါ်​ဝေါ်​သော​အာ​ဂေါ​ဘ​တိုင်း၊ ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​အား ငါ​ပေး၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 14,
      "text": "မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်၊ အာ​ဂေါ​ဘ​တိုင်း​တစ်​တိုင်း​လုံး​ကို ဂေ​ရှု​ရ​ရွာ၊ မာ​ခါ​ရွာ​အ​ထိ​သိမ်း​ယူ​ပြီး​မှ၊ ယ​နေ့​တိုင်​အောင် မိ​မိ​အ​မည်​ကို​လိုက်၍ ဗာ​ရှန်​ဟာ​ဝုတ်​ယာ​ဣ​ရ​ပြည်​ဟု သ​မုတ်​လေ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 15,
      "text": "ဂိ​လဒ်​မြို့​ကို​ကား၊ မာ​ခိ​ရ​အ​မျိုး​သား​တို့​အား​ငါ​ပေး၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 16,
      "text": "ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား​လည်း၊ ဂိ​လဒ်​မြို့​မှ အာ​နုန်​မြစ်​တိုင်​အောင်၊ မြစ်​ကွေ့​သော​မြေ​နှင့်​တ​ကွ၊ အ​မ္မုန်​ပြည်​အ​ပိုင်း​အ​ခြား​ဖြစ်​သော ယ​ဗ္ဗုတ်​မြစ်​တိုင်​အောင် မြေ​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 17,
      "text": "လွင်​ပြင်​နှင့်​တ​ကွ ယော်​ဒန်​မြစ်​နား၊ ဂင်္နေ​သ​ရက်​အ​ရပ်​မှ လွင်​ပြင်​နှင့်​ဆိုင်​သော သော​ဒုံ​အိုင်​အ​ရှေ့၊ အာ​ဇုတ်​ဝိ​သ​ဂါ​မြို့​တိုင်​အောင်၊ မြေ​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း ငါ​ပေး၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 18,
      "text": "ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သည်​နည်း​တူ၊ ညီ​အစ်​ကို​တို့​အား ပေး​တော်​မ​မူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​မ​ယား၊ သား​သူ​ငယ်​များ၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ငါ​ပေး​သော​မြို့​တို့၌ နေ​ရ​ကြ​မည်။ သင်​တို့​တွင် တိ​ရ​စ္ဆာန်​များ​စွာ​ရှိ​သည်​ကို ငါ​သိ၏။ အ​မှု​ပြီး​မှ ငါ​ပေး​နှင့်​သည်​အ​တိုင်း၊ သင်​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး ပိုင်​ထိုက်​သော​မြေ​သို့ ပြန်​လာ​ရ​ကြ​မည်​ဟု သင်​တို့​အား​ငါ​မှာ​ထား၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 21,
      "text": "ထို​အ​ခါ​ယော​ရှု​ကို​လည်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​နှစ်​ပါး၌ ပြု​တော်​မူ​သော​အ​မှု​အ​လုံး​စုံ​ကို သင်​သည်​ကိုယ်​တိုင်​မြင်​ရ​ပြီ။ ထို​အ​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ရောက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​တို့၌ ပြု​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 22,
      "text": "ထို​သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ငါ​မှာ​ထား​လေ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 23,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​ပန်​သည်​ကား၊"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 24,
      "text": "အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​အား တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​တော်​ကို​လည်း​ကောင်း ပြ​စ​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​စီ​ရင်၍ တန်​ခိုး​တော်​ကို​ပြ​သည်​အ​တိုင်း၊ ကောင်း​ကင်​မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​မည်​သော​ဘု​ရား ပြု​နိုင်​ပါ​သ​နည်း။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 25,
      "text": "အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး၍၊ ထို​ကောင်း​မွန်​သော​ပြည်​နှင့် လေ​ဗ​နုန်​တောင်​မှ​စ၍ တင့်​တယ်​သော​တောင်​များ​ကို မြင်​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​တောင်း​ပန်​သော်​လည်း၊"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ငါ့​ကို​အ​မျက်​ထွက်​တော်​မူ​သော​ကြောင့်၊ ငါ့​စ​ကား​ကို နား​ထောင်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ တန်​တော့၊ ဤ​အ​မှု​နှင့်​ဆိုင်​သော​စ​ကား​ကို နောက်​တစ်​ဖန်​မ​လျှောက်​နှင့်။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 27,
      "text": "ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့ တက်​ပြီး​လျှင်၊ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက် လေး​မျက်​နှာ​သို့​မျှော်၍ ထို​ပြည်​ကို​ကြည့်​ရှု​လော့။ ယော်​ဒန်​မြစ်​ကို မ​ကူး​ရ။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 28,
      "text": "သို့​ရာ​တွင် ယော​ရှု​ကို​မှာ​ခဲ့၍ အား​ပေး​လော့။ မ​စ​ထောက်​ပင့်​လော့။ သူ​သည် ဤ​လူ​မျိုး​ရှေ့​မှာ​သွား၍၊ သင်​မြင်​ရ​သော​ပြည်​ကို အ​မွေ​ခံ​စေ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 3,
      "verse": 29,
      "text": "ထို​သို့ ငါ​တို့​သည် ဗက်​ပေ​ဂု​ရ​မြို့​တစ်​ဖက်၌ ရှိ​သော​ချိုင့်​တွင်​နေ​ရ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​သက်​ရှင်၍၊ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​မည်​အ​ကြောင်း၊ သင်​တို့​ကျင့်​စ​ရာ​ဖို့ ငါ​သွန်​သင်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 2,
      "text": "ငါ​မှာ​ထား​သော​စ​ကား၌ သင်​တို့​သည် အ​သစ်​မ​သွင်း​ရ။ အ​လျှင်း​မ​နုတ်​မ​ပယ်​ရ။ ငါ​မှာ​ထား​သည်​အ​တိုင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လ​ပေ​ဂု​ရ​ကြောင့် ပြု​တော်​မူ​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ရ​ကြ​ပြီ။ ဗာ​လ​ပေ​ဂု​ရ၌ ဆည်း​ကပ်​သော​သူ​အ​ပေါင်း​တို့​ကို သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ထဲ​က သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 4,
      "text": "သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သ​မျှ​သော​သင်​တို့​မူ​ကား၊ ယ​နေ့​တိုင်​အောင် အ​သက်​ရှင်​ရ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 5,
      "text": "သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 6,
      "text": "သို့​ဖြစ်၍ ထို​ပ​ညတ်​တ​ရား​တို့​ကို ကျင့်​စောင့်​ကြ​လော့။ သို့​ပြု​လျှင်၊ ထို​ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို ကြား​ရ​သော​လူ​မျိုး​များ​ရှေ့​မှာ၊ သင်​တို့၏​ဉာဏ်​ပ​ညာ​သည် ထင်​ရှား​လိမ့်​မည်။ သူ​တို့​က​လည်း၊ ဤ​ကြီး​မြတ်​သော​လူ​မျိုး​သည် အ​ကယ်​စင်​စစ် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​အ​မျိုး​ဖြစ်၏​ဟု ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 7,
      "text": "ငါ​တို့​သည် ဆု​တောင်း​လေ​ရာ​ရာ၌၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သည်​နည်း​တူ၊ အ​ခြား​သော​ဘု​ရား​ကြည့်​ရှု​ပြု​စု​သော​ကျေး​ဇူး​ကို အ​ဘယ်​မည်​သော​လူ​မျိုး​ကြီး ခံ​ရ​သ​နည်း။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 8,
      "text": "ငါ​သည် ယ​နေ့​သင်​တို့၌​ထား​သော တ​ရား​အ​ပေါင်း​နှင့်​အ​မျှ ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​ရ​သော အ​ဘယ်​လူ​မျိုး​ကြီး ရှိ​သ​နည်း။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 9,
      "text": "သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 10,
      "text": "ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 11,
      "text": "သင်​တို့​သည် အ​နီး​တော်​သို့​ချဉ်း​ကပ်၍၊ တောင်​ခြေ​ရင်း၌ ရပ်​နေ​ကြ၏။ တောင်​ထိပ်​သည် မိုး​ကောင်း​ကင်​အ​လယ်၌ မီး​လောင်​လျက်၊ မည်း​သော​အ​ဆင်း၊ မိုး​တိမ်​တိုက်၊ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် ပြည့်​စုံ​လေ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မီး​ထဲ​က​သင်​တို့​အား မိန့်​မြွက်​တော်​မူ၏။ သင်​တို့​သည် သ​ဏ္ဌာန်​တော်​ကို​မ​မြင်​ရ​ဘဲ၊ စ​ကား​တော်​အ​သံ​ကို​သာ ကြား​ရ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 13,
      "text": "သင်​တို့​ကျင့်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို မိန့်​မြွက်၍ ကျောက်​ပြား​နှစ်​ပြား​ပေါ်၌ ရေး​ထား​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 14,
      "text": "သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌​ကျ​င့်​စ​ရာ​ဖို့ သင်​တို့​အား​ငါ​သွန်​သင်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း၊ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 15,
      "text": "ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​ထဲ​က​သင်​တို့​အား မိန့်​မြွက်​တော်​မူ​သော​အ​ခါ၊ မည်​သည့်​အ​ဆင်း​သ​ဏ္ဌာန်​ကို​မျှ မ​မြင်​ရ​သည်​ဖြစ်၍၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 16,
      "text": "နောက်​တစ်​ဖန် သင်​တို့​သည်​လူ​ယောက်ျား၊ လူ​မိန်း​မ​သ​ဏ္ဌာန်၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 17,
      "text": "မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တိ​ရ​စ္ဆာန်​သ​ဏ္ဌာန်၊ မိုး​ကောင်း​ကင်၌​ပျံ​တတ်​သော ငှက်​သ​ဏ္ဌာန်၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 18,
      "text": "မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​သ​ဏ္ဌာန်၊ မြေ​နိမ့်​ရာ​ရေ၌ နေ​သော​ငါး​သ​ဏ္ဌာန်​ရှိ​သော ရုပ်​တု​ကို၊ သင်​တို့​သည်​ဖောက်​ပြန်၍ ကိုယ်​အ​ဖို့ မ​လုပ်​ရ​မည်​အ​ကြောင်း၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 19,
      "text": "မိုး​ကောင်း​ကင်​ကို​မျှော်၍၊ နေ၊ လ၊ ကြယ်​များ​တည်း​ဟူ​သော မိုး​ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို မြင်​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​အား ဝေ​ငှ​ပေး​ကမ်း​တော်​မူ​သော ထို​တန်​ဆာ​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​သည် သွေး​ဆောင်၍ မ​ရ​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 20,
      "text": "သင်​တို့​သည် ယ​နေ့၌​ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အ​မွေ​ခံ​တော်​မူ​သော လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည် သံ​မီး​ဖို​ထဲ​က​နုတ်၍ ယူ​ဆောင်​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 21,
      "text": "ထို​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ငါ့​ကို​အ​မျက်​တော်​ထွက်၍၊ ငါ​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ကူး​ရ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​တော်​မူ​သော ထို​ပြည်​မြတ်​သို့ မ​ဝင်​စား​ရ​မည်​အ​ကြောင်း ကျိန်​ဆို​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 22,
      "text": "သို့​ဖြစ်၍ ဤ​ပြည်၌​ငါ​သေ​ရ​မည်၊ ယော်​ဒန်​မြစ်​ကို မ​ကူး​ရ။ သင်​တို့​သည်​ကူး၍ ထို​ကောင်း​မွန်​သော​ပြည်​ကို ဝင်​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 23,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့၍၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော အ​ရာ​တို့၏ သ​ဏ္ဌာန်​ရှိ​သော​ရုပ်​တု​ကို မ​လုပ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လောင်​သော​မီး၊ အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 25,
      "text": "သင်​တို့​သည် သား​မြေး​တို့​ကို​ဖွား​မြင်၍၊ ထို​ပြည်၌​ကြာ​မြင့်​စွာ​နေ​ပြီး​မှ၊ တစ်​ဖန် ဖောက်​ပြန်​သ​ဖြင့်၊ သ​ဏ္ဌာန်​တစ်​စုံ​တစ်​ခု​ရှိ​သော ရုပ်​တု​ကို​လုပ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို​ပြု​လျှင်၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 26,
      "text": "ကောင်း​ကင်​မြေ​ကြီး​ကို သင်​တို့​တစ်​ဖက်၌ ယ​နေ့​ငါ​တိုင်​တည်​သည်​ကား၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​သော​ပြည်၌၊ မ​ကြာ​မ​မြင့်​မီ ဆက်​ဆက် ပျောက်​ပျက်​ရ​ကြ​လိမ့်​မည်။ ထို​ပြည်၌ တာ​ရှည်​စွာ အ​သက်​မ​ရှင်​ရ။ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်​တို့​ကို​တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍၊ နှင်​ထုတ်​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​သည် နည်း​နည်း​ကျန်​ကြွင်း​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 28,
      "text": "ထို​အ​ရပ်​တို့၌၊ လူ​လက်​ဖြင့်​လုပ်၍​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ မ​နမ်း​နိုင်​သော​သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို သင်​တို့​သည် ဝတ်​ပြု​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 29,
      "text": "သို့​သော်​လည်း၊ ထို​အ​ရပ်​တို့၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တစ်​ဖန်​ရှာ​လို​သော​အ​ခါ၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 30,
      "text": "သင်​တို့​သည် နောင်​ကာ​လ၌ ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၍၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ၍ စ​ကား​တော်​ကို​နား​ထောင်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 31,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သင်​တို့​ကို စွန့်​ပစ်​ဖျက်​ဆီး​တော်​မ​မူ။ သင်​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို မေ့​လျော့​တော်​မ​မူ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 32,
      "text": "ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​နေ့​မှ​စ၍၊ သင်​တို့ မ​ဖြစ်​မီ လွန်​လေ​ပြီး​သော​ကာ​လ​ပတ်​လုံး၊ မိုး​ကောင်း​ကင်​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် မေး​မြန်း​ကြ​လော့။ ဤ​မျှ​လောက် ကြီး​သော​အ​မှု ဖြစ်​ဖူး​သ​လော။ ဤ​ကဲ့​သို့​သော အ​မှု၏​သ​တင်း​ကို ကြား​ဖူး​သ​လော။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 33,
      "text": "ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သံ​ကို သင်​တို့​သည်​ကြား​သ​ကဲ့​သို့၊ အ​ခြား​သော​လူ​မျိုး​သည် ကြား၍၊ အ​သက်​ချမ်း​သာ​ရ​ဖူး​သ​လော။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 34,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 35,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ထို​အ​ခြင်း​အ​ရာ​တို့​ကို သင်​တို့​အား​ပြ​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 36,
      "text": "သင်​တို့​ကို​သွန်​သင်၍ ကောင်း​ကင်​ထဲ​က စ​ကား​တော်​သံ​ကို ကြား​စေ​တော်​မူ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ကြီး​စွာ​သော​မီး​တော်​ကို​လည်း ပြ​တော်​မူ၍၊ သင်​တို့​သည် မီး​ထဲ​က​စ​ကား​တော်​ကို ကြား​ရ​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 37,
      "text": "သင်​တို့​ဘိုး​ဘေး​များ​ကို ချစ်​တော်​မူ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​အ​နွယ်​ကို ရွေး​ကောက်​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 38,
      "text": "သင်​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ၍၊ ယ​နေ့​ပင်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​မြေ​ထဲ​သို့ သင်​တို့​ကို​သွင်း၍ အ​မွေ​ခံ​စေ​ခြင်း​ငှာ၊ မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်​မှ ရှေ့​တော်၌​နုတ်​ဆောင်​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 39,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​ကောင်း​ကင်​ပေါ်၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်​မှာ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​မှတ်၍ နှ​လုံး၌​သွင်း​မိ​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 40,
      "text": "သင်​တို့​နှင့်​တ​ကွ သား​မြေး​တို့​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ အ​သက်​တာ​ရှည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​ငါ​မှာ​ထား​သော ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်​ဟု မော​ရှေ​သည် ဟော​ပြော​လေ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 41,
      "text": "ထို​အ​ခါ အိမ်​နီး​ချင်း​ကို​အ​ငြိုး​မ​ထား​ဘဲ၊ အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည် ပြေး၍၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 42,
      "text": "အ​သက်​ချမ်း​သာ​ရ​သော မြို့​သုံး​မြို့​တို့​ကို ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌ မော​ရှေ​သည်​ခွဲ​ထား​လေ၏။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 43,
      "text": "ထို​မြို့​တို့၏​အ​မည်​ကား၊ ရု​ဗင်​အ​မျိုး​သား​နေ​ရာ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​အ​မျိုး​သား​နေ​ရာ ဂိ​လဒ်​ပြည်၌​ရာ​မုတ်​မြို့၊ မ​နာ​ရှေ​အ​မျိုး​သား​နေ​ရာ ဗာ​ရှန်​ပြည်၌​ဂေါ​လန်​မြို့​တည်း။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 44,
      "text": "ဤ​ရွေ့​ကား၊ မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​ထား​သော​တ​ရား၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 45,
      "text": "သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​နောက်၊ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏​နိုင်​ငံ​အ​တွင်း၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဖက်၌​ရှိ​သော​ချိုင့်​တွင်၊ မော​ရှေ​ဟော​ပြော​သော​သက်​သေ​စ​ကား၊ စီ​ရင်​ထုံး​ဖွဲ့​သော စ​ကား​တည်း။"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 46,
      "text": "မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​ကြ​သော​နောက်၊ ထို​ရှင်​ဘု​ရင်​နှင့်၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 47,
      "text": "ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တည်း​ဟူ​သော၊ ယော်​ဒန်​မြစ်​အ​ရှေ့၊ နေ​ထွက်​ရာ​ဘက်၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​နှစ်​ပါး​ကို လုပ်​ကြံ၍၊ သူ​တို့​ပြည်​ကို၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 48,
      "text": "အာ​နုန်​မြစ်​နား​မှာ​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဟေ​ရ​မုန်​တောင်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 4,
      "verse": 49,
      "text": "ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် လွင်​ပြင်​နှင့်​တ​ကွ လွင်​ပြင်​နှင့်​ဆိုင်​သော​အိုင်​နား၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား​ငါ​ဟော​ပြော​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို သင်​တို့​သည် သွန်​သင်၍​ကျင့်​ခြင်း​ငှာ သ​တိ​ပြု​မည်​အ​ကြောင်း နား​ထောင်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 2,
      "text": "ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဟော​ရပ်​တောင်၌ ငါ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 3,
      "text": "ထို​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​သာ ပြု​တော်​မူ​သည်​မ​ဟုတ်။ ယ​နေ့​ပင်​အ​သက်​ရှင်၍ ဤ​အ​ရပ်၌​ရှိ​သ​မျှ​သော ငါ​တို့​နှင့် ပြု​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​သင်​တို့​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ မိန့်​မြွက်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 5,
      "text": "ထို​အ​ခါ သင်​တို့​သည် မီး​ကို​ကြောက်၍ တောင်​ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သင်​တို့ စပ်​ကြား​မှာ​ရပ်​နေ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 6,
      "text": "မိန့်​မြွက်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 7,
      "text": "ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 8,
      "text": "အ​ထက် မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက် ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​စွာ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 9,
      "text": "ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌ ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 10,
      "text": "ငါ့​ကို​ချစ်၍ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 11,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 12,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​စောင့်​လော့။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 13,
      "text": "ခြောက်​ရက်​ပတ်​လုံး အ​လုပ်​မျိုး​ကို ကြိုး​စား၍​လုပ်​ဆောင်​လော့။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 14,
      "text": "သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​အ​စ​ရှိ​သော သင်၏​တိ​ရ​စ္ဆာန်၊ သင်၏​တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။ သင်​သည် ငြိမ်​ဝပ်​စွာ​နေ​သ​ကဲ့​သို့၊ သင်၏​ကျွန်​ယောက်ျား မိန်း​မ​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 15,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​ရုံး​တော်​ကို​ဆန့်၍၊ ထို​ပြည်​မှ သင့်​ကို​နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​အ​ကြောင်း​ကြောင့်၊ သင်​သည် ဥ​ပုသ်​နေ့​ကို​စောင့်​ရ​မည်​ဟု သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 16,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 17,
      "text": "လူ​အ​သက်​ကို မ​သတ်​နှင့်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 18,
      "text": "သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 19,
      "text": "သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 20,
      "text": "ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 21,
      "text": "ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​မ​ယား​ကို တပ်​မက်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်၊ လယ်​ယာ၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 22,
      "text": "ထို​စ​ကား​တော်​ကို ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ​မီး၊ မိုး​တိမ်၊ ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​က ကြီး​စွာ​သော​အ​သံ​နှင့် သင်​တို့​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​မိန့်​မြွက်​တော်​မူ၏။ ထပ်၍ မိန့်​မြွက်​တော်​မ​မူ။ ထို​စ​ကား​တော်​ကို​လည်း ကျောက်​ပြား​နှစ်​ပြား​ပေါ်​မှာ​ရေး၍ ငါ၌​အပ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 23,
      "text": "သင်​တို့​သည် မှောင်​မိုက်​ထဲ​က​စ​ကား​သံ​ကို ကြား၍၊ တောင်​ထိပ်​သည် မီး​လောင်​လျက်​ရှိ​သော​အ​ခါ၊ သင်​တို့​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ၊ အ​သက်​ကြီး​သူ​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ်၍၊"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 24,
      "text": "အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပြီ။ မီး​ထဲ​က​စ​ကား​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည် လူ​နှင့် နှုတ်​ဆက်​တော်​မူ​သော်​လည်း၊ လူ​သည် အ​သက်​ရှင်​သေး​သည်​ကို၊ ယ​နေ့၌ အ​ကျွန်ုပ်​တို့​သည် သိ​မြင်​ရ​ပါ​ပြီ။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 25,
      "text": "အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် ယ​ခု​သေ​ရ​ပါ​မည်​နည်း။ ဤ​ကြီး​စွာ​သော​မီး​ဖြင့် အ​ကျွန်ုပ်​တို့​သည် ဆုံး​ရှုံး​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​အ​သံ​တော်​ကို တစ်​ဖန်​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 26,
      "text": "အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော အ​သံ​တော်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​သ​ကဲ့​သို့ အ​ဘယ်​လူ​သ​တ္တ​ဝါ​သည်​ကြား၍ အ​သက်​ရှင်​သ​နည်း။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 27,
      "text": "ကိုယ်​တော်​သည် အ​နီး​အ​ပါး​သို့ ချဉ်း​သွား၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​မိန့်​တော်​မူ​သ​မျှ​ကို ဆင့်​ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​နား​ထောင်၍ ပြု​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 28,
      "text": "ထို​သို့​သင်​တို့​သည် ငါ့​အား​လျှောက်​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် သင့်​အား​လျှောက်​သော စ​ကား​သံ​ကို​ငါ​ကြား​ရ​ပြီ။ လျှောက်​လေ​သ​မျှ​သော​စ​ကား​သည် လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 29,
      "text": "သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့၍ ငါ​ပ​ညတ်​သ​မျှ​တို့​ကို အ​စဉ်​စောင့်​ရှောက်​ချင်​သော​စိတ်​နှင့် ပြည့်​စုံ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 30,
      "text": "တဲ​များ​သို့​ပြန်​သွား​ကြ​လော့​ဟု သူ​တို့​အား​ပြော​လော့။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 31,
      "text": "သင်​မှာ​မူ​ကား၊ ဤ​အ​ရပ်၌ ငါ့​အ​နား​မှာ​ရပ်​နေ​လော့။ သူ​တို့​အား ငါ​အ​ပိုင်​ပေး​သော​ပြည်၌ သူ​တို့​ကျင့်​ဖို့​ရာ သင်​သည်​သူ​တို့​အား​သွန်​သင်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​တို့​ကို ငါ​မြွက်​ဆို​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 32,
      "text": "သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည်​ကျင့်​အံ့​သော​ငှာ စောင့်​နေ​ရ​ကြ​မည်။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မ​ရှောင်​ရ​ကြ။"
    },
    {
      "book": 5,
      "chapter": 5,
      "verse": 33,
      "text": "သင်​တို့​ဝင်​စား​လ​တ္တံ့​သော​ပြည်၌ သင်​တို့​သည် သေ​ဘေး​လွတ်​လျက် ချမ်း​သာ​ရ၍၊ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော လမ်း​အ​ပေါင်း​တို့၌ လျှောက်​သွား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 1,
      "text": "သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 2,
      "text": "ငါ​ပေး​ထား​သော ပ​ညတ်​တ​ရား​တော်​ရှိ​သ​မျှ​တို့​ကို တစ်​သက်​လုံး စောင့်​ရှောက်​မည်​အ​ကြောင်း​နှင့် သင်​တို့၏​အ​သက်​တာ ရှည်​စေ​မည်​အ​ကြောင်း၊ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌​ကျင့်​ဖို့​ရာ သင်​တို့​အား ငါ​သွန်​သင်​စိမ့်​သော​ငှာ၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 3,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်​သည် နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ ချမ်း​သာ​ရ၍ အ​လွန်​ပွား​များ​မည်​အ​ကြောင်း နား​ထောင်​လော့။ သ​တိ​နှင့် ကျင့်​စောင့်​လော့။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 4,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 5,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​လော့။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 6,
      "text": "ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 7,
      "text": "ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 8,
      "text": "ထို​စ​ကား​ကို​လည်း သင်၏​လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 9,
      "text": "အိမ်​တံ​ခါး၊ မြို့​တံ​ခါး​တို့၌ လည်း​ရေး​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 10,
      "text": "သင်​မ​တည်​သော မြို့​ကြီး​မြို့​မြတ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​ဖြည့်​ဘဲ ကောင်း​သော​အ​ရာ​နှင့် ပြည့်​သော​အိမ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 11,
      "text": "သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 12,
      "text": "ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ သင့်​ကို​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 13,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည်။ နာ​မ​တော်​အား​ဖြင့်​လည်း ကျိန်​ဆို​ခြင်း​ကို​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 14,
      "text": "အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သင့်​ပတ်​လည်၌​နေ​သော လူ​မျိုး​တို့၏​ဘု​ရား​ကို မ​ဆည်း​မ​ကပ်​ရ။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 15,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မျက်​ထွက်၍ မြေ​ကြီး​ပြင်​မှာ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 16,
      "text": "သင်​သည် မဿာ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စုံ​အ​စမ်း​မ​ပြု​ရ။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 17,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော​သက်​သေ​ခံ​ချက်၊ စီ​ရင်​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကြိုး​စား၍​စောင့်​ရှောက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 18,
      "text": "သင်​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​သ​ဖြင့်၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​မြတ်​ကို ဝင်​စား၍​နေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​လျောက်​ပတ်​သော အ​မှု​တို့​ကို​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 20,
      "text": "နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 21,
      "text": "သင်​က၊ ငါ​တို့​သည်​အဲ​ဂု​တ္တု​ပြည်၌ ဖာ​ရော​ဘု​ရင်၏​ကျွန်​ဖြစ်၍​နေ​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​နှင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကြီး​မား​ခက်​ထန်​သော​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သ​ရဲ​တို့​ကို အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​နှင့် နန်း​တော်​သား​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​တို့​မျက်​မှောက်၌ ပြု​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 23,
      "text": "ငါ​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွင်း၍ နေ​ရာ​ချ​ခြင်း​အ​လို့​ငှာ၊ ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​တိုင်​အောင် ကျေး​ဇူး​ပြု​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​အ​သက်​ကို​စောင့်​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ကိုယ်​အ​ကျိုး​ကို​ထောက်၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​လျက်၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 6,
      "verse": 25,
      "text": "သို့​ဖြစ်၍ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ရှေ့​တော်၌​ကျင့်​စောင့်​ခြင်း​ငှာ သ​တိ​ပြု​လျှင်၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 1,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွင်း​လျက်၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​နာ​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တည်း​ဟူ​သော၊ သင့်​ထက်​ကြီး​မြင့်​များ​ပြား​သော လူ​မျိုး​ခု​နစ်​မျိုး​တို့​ကို သင့်​ထံ​က​နှင်​ထုတ်၍၊"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 2,
      "text": "တစ်​ဖန် သင့်​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ သူ​တို့​ကို​လုပ်​ကြံ၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ၊ က​ရု​ဏာ​ကို​မ​ပြ​ရ။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 3,
      "text": "သူ​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ သင်၏​သ​မီး​ကို သူ၏​သား​နှင့်​လည်း​ကောင်း၊ သင်၏​သား​ကို သူ၏​သ​မီး​နှင့်​လည်း​ကောင်း ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု​ရ။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သင်၏​သား​ကို ငါ၌​မ​ဆည်း​မ​ကပ်​စေ​ဘဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား ဝတ်​ပြု​စေ​ခြင်း​ငှာ သွေး​ဆောင်​ကြ​လိမ့်​မည်။ ထို​အ​ခါ အ​မျက်​ထွက်၍ သင်​တို့​ကို ချက်​ချင်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 5,
      "text": "သို့​ဖြစ်၍၊ သူ​တို့၌ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။ ထု​သော​ရုပ်​တု ဆင်း​တု​များ​ကို မီး​ရှို့​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​အ​မျိုး​ဖြစ်၏။ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင့်​ကို​ရွေး​ချယ်​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 7,
      "text": "သင်​သည် အ​ခြား​သော​လူ​မျိုး​ထက်​သာ၍​များ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်၍ ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်။ သင်​သည် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​နည်း၏။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်​သော​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​အ​ကျိန်​ကို မ​ဖျက်​လို​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​လက်​မှ အား​ကြီး​သော​လက်​တော်​နှင့် သင့်​ကို ရွေး​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 9,
      "text": "သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မှန်​သော​ဘု​ရား၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​သော သူ​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် ပ​ဋိ​ညာဉ်​စ​ကား​တည်၍ က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား၊"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 10,
      "text": "ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​မှတ်​လော့။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အား​မ​နာ​ဘဲ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 11,
      "text": "သို့​ဖြစ်၍ ယ​နေ့ ငါ​ထား​သော​စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 12,
      "text": "ထို​ပ​ညတ်​တို့​ကို သင်​သည် ကျင့်​ဆောင်​အံ့​သော​ငှာ နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​နှင့် က​ရု​ဏာ​တော်​ကို စောင့်​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 13,
      "text": "သင့်​ကို​ချစ်​သ​ဖြင့် ကောင်း​ချီး​ပေး၍ များ​ပြား​စေ​တော်​မူ​မည်။ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​ဖွား​မြင်​သော သား​တို့​ကို​လည်း​ကောင်း၊ သင်၏​မြေ​အ​သီး​အ​နှံ၊ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ နွား၊ အ​စီး​အ​ပွား၊ သိုး​စု​တို့​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 14,
      "text": "သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 16,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အပ်​ပေး​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ရ​မည်။ သင်၏​မျက်​စိ​သည် သူ​တို့​ကို​မ​သ​နား​ရ။ သူ​တို့​ဘု​ရား​အား ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 17,
      "text": "ထို​လူ​မျိုး​တို့​သည် ငါ့​ထက်​သာ၍​များ၏။ ငါ​သည်​သူ​တို့​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​မည်​နည်း​ဟု သင်​သည်​စိတ်​ထဲ​မှာ အောက်​မေ့​လျက်၊"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 18,
      "text": "သူ​တို့​ကို​မ​ကြောက်​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး၌ ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 19,
      "text": "ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 20,
      "text": "ထို​မှ​တစ်​ပါး၊ ကျန်​ကြွင်း၍ ပုန်း​ရှောင်​လျက်​နေ​သော​သူ​တို့​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပျား​တူ​များ​ကို သူ​တို့​တွင်​စေ​လွှတ်​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 21,
      "text": "သူ​တို့​ကြောင့် ထိတ်​လန့်​ခြင်း​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ တန်​ခိုး​ကြီး၍ ကြောက်​မက်​ဖွယ်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ရှိ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 22,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ထံ​က​တ​ရွေ့​ရွေ့ နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ တော​သား​ရဲ​တို့​သည် သင့်​တစ်​ဖက်၌ များ​ပြား​မည်​ကို စိုး​ရိမ်၍၊ သူ​တို့​ကို​ချက်​ချင်း မ​ပယ်​မ​ရှား​သင့်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 23,
      "text": "သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင်၌​အပ်၍၊ သူ​တို့​မ​ပျက်​စီး​မီ​တိုင်​အောင်၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း​ကို စီ​ရင်​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 24,
      "text": "သူ​တို့​ရှင်​ဘု​ရင်​များ​ကို​လည်း သင့်​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ဘွဲ့​နာ​မ​ကို​ပင် ကောင်း​ကင်​အောက်​မှာ ပယ်​ရှင်း​ရ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ရာ။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 25,
      "text": "သူ​တို့​ထု​သော ရုပ်​တု​ဆင်း​တု​ဘု​ရား​များ​ကို မီး​ရှို့​ရ​မည်။ ရုပ်​တု​ဆင်း​တု၌​ပါ​သော ရွှေ​ငွေ​ကို မ​တပ်​မက်​ရ၊ မ​သိမ်း​မ​ယူ​ရ။ ယူ​လျှင် အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 7,
      "verse": 26,
      "text": "စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင့်​အိမ်​ထဲ​သို့​မ​သွင်း​ရ။ သွင်း​လျှင်၊ သင်​သည် ထို​အ​ရာ​ကဲ့​သို့ ကျိန်​အပ်​သော​အ​ရာ​ဖြစ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ ထို​သို့​သော​အ​ရာ​ကို သင်​သည် အ​ကြွင်း​မဲ့​စက်​ဆုပ်​ရွံ​ရှာ​ရ​မည်။ ကျိန်​အပ်​သော​အ​ရာ​ပင် ဖြစ်​ပေ၏။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 1,
      "text": "သင်​သည် အ​သက်​ရှင်၍ များ​ပြား​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွား၍ ဝင်​စား​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သော ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​ဆောင်​အံ့​သော​ငှာ သ​တိ​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 2,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ချင်​သော​စိတ်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မည်​အ​ကြောင်း၊ လွန်​ခဲ့​ပြီး​သော အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​တော်​မူ​သော လမ်း​ခ​ရီး​တစ်​လျှောက်​လုံး​ကို အောက်​မေ့​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 3,
      "text": "ထို​သို့ သင့်​ကို​နှိမ့်​ချ၍ အ​ငတ်​အ​မွတ်​ခံ​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် ကိုယ်​တိုင်​မ​သိ၊ သင်၏​ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် ကျွေး​မွေး​တော်​မူ​သ​ဖြင့်၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​မွေး​ရ​သည်​ကို သိ​စေ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 4,
      "text": "လွန်​ခဲ့​ပြီး​သော​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​ဝတ်​သော​အ​ဝတ် မ​ဟောင်း​မ​နွမ်း၊ သင့်​ခြေ​လည်း မ​ပွန်း​မ​ရောင်။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 5,
      "text": "အ​ဘ​သည် သား​ကို​ဆုံး​မ​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆုံး​မ​တော်​မူ​သည်​ကို စိတ်​ထဲ​မှာ​အောက်​မေ့​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 6,
      "text": "သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​လမ်း​သို့ လိုက်၍၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ဖြင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​ပြည်၊ ချိုင့်​ထဲ၊ တောင်​ထဲ​က​ပေါက်​သော​မြစ်၊ ချောင်း၊ စမ်း​ရေ​တွင်း၊ ရေ​ကန်​များ​နှင့် ပြည့်​စုံ​သော​ပြည်၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 8,
      "text": "ဂျုံ၊ မု​ယော၊ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်​နှင့် ပြည့်​စုံ​သော​ပြည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 9,
      "text": "ဘာ​မျှ​မ​လို​ဘဲ ဝ​စွာ​စား​ရ​သော​ပြည်၊ သံ​ကျောက်​နှင့်​ပြည့်​စုံ၍၊ တောင်​ထဲ​က​ကြေး​နီ​ကို တူး​ရ​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွား​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 10,
      "text": "ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် ဝ​စွာ​စား​ရ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 11,
      "text": "ယ​နေ့​ငါ​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို သင်​သည်​မ​စောင့်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​သော​အ​ပြစ်​ကို သ​တိ​နှင့်​ရှောင်​လော့။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 12,
      "text": "သင်​သည်​ဝ​စွာ​စား၍ ကောင်း​သော​အိမ်​ကို ဆောက်​လျက်​နေ​ရ​စဉ်၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 13,
      "text": "သင်၏​သိုး​နွား၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဥ​စ္စာ​မျိုး​များ​ပြား​စဉ်​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 14,
      "text": "သင်​သည် မာ​န​ထောင်​လွှား​ခြင်း​သို့ ရောက်၍၊ အ​ထက်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ထ​သော၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 15,
      "text": "မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 16,
      "text": "သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 17,
      "text": "ငါ့​တန်​ခိုး၊ ငါ့​လက်​သ​တ္တိ​အား​ဖြင့် ဤ​စည်း​စိမ်​ကို​ငါ​ရ​တတ်​သည်​ဟု စိတ်​ထဲ​မှာ အောက်​မေ့​ခြင်း​အ​ပြစ်​ကို သ​တိ​နှင့်​ကြဉ်​ရှောင်​လော့။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 18,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ အောက်​မေ့​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို ယ​နေ့​ကဲ့​သို့ တည်​စေ​လို​သော​ငှာ၊ စည်း​စိမ်​ရ​တတ်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 19,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​မေ့​လျော့​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ပျက်​စီး​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သည် သင့်​တစ်​ဖက်၌​သက်​သေ​ခံ၏။"
    },
    {
      "book": 5,
      "chapter": 8,
      "verse": 20,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​များ​ကဲ့​သို့၊ ထို​နည်း​တူ သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 2,
      "text": "အာ​န​က​အ​မျိုး​သား​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း​ဟူ​သော​စ​ကား​ကို သင်​ကြား၍၊ သင်​သိ​သော အာ​န​က​အ​မျိုး​သား​တည်း​ဟူ​သော အ​လွန်​ကြီး​မြင့်​သော​လူ​မျိုး​ကို​လည်း​ကောင်း တိုက်​ယူ​ခြင်း​ငှာ၊ ယ​ခု ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​လု​ပြီ။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 3,
      "text": "သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 4,
      "text": "သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင့်​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော​နောက်၊ သင်​က၊ ငါ့​ကု​သိုလ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​သွင်း၍၊ ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​သည်​ဟူ၍ မ​အောက်​မေ့​ရ။ ထို​လူ​မျိုး​တို့၏ မ​ကောင်း​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှ​နှင်​ထုတ်​တော်​မူ​သည်​ဟူ၍ စိတ်​ထဲ​မှာ အောက်​မေ့​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 5,
      "text": "သင်​ပြု​သော​ကု​သိုလ်​ကြောင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သ​ဘော​ကြောင့်​လည်း​ကောင်း၊ ထို​ပြည်​ကို​သွား၍ ဝင်​စား​ရ​မည်​မ​ဟုတ်။ ထို​လူ​မျိုး​တို့၏​မ​ကောင်း​မှု​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​စ​ကား​တော်​ကို တည်​စေ​လို​သော​ငှာ​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 6,
      "text": "သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ကု​သိုလ်​ကြောင့်၊ ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 7,
      "text": "သင်​သည်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ တော၌​ပြု​မိ​သည်​ကို​မ​မေ့​နှင့်၊ အောက်​မေ့​လော့။ သင်​သည် အဲ​ဂု​တ္တု​ပြည်​ထဲ​က ထွက်​သော​နေ့​မှ​စ၍ ဤ​အ​ရပ်​သို့​ရောက်​သည်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ပြီ။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 8,
      "text": "ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​သ​ဖြင့်၊ သင့်​ကို ဖျက်​ဆီး​လောက်​အောင် အ​မျက်​ထွက်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​ကို ခံ​ယူ​ခြင်း​ငှာ၊ တောင်​ပေါ်​သို့ ငါ​တက်​သော​အ​ခါ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ တောင်​ပေါ်​မှာ​နေ​လေ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 10,
      "text": "သင်​တို့​သည် စည်း​ဝေး​ကြ​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မြွက်​ဆို​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို လက်​ညှိုး​တော်​ဖြင့် ရေး​ထား​သော​ကျောက်​ပြား​နှစ်​ပြား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​အပ်​ပေး​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 11,
      "text": "အ​ရက်​လေး​ဆယ်​စေ့​သော​အ​ခါ၊ ထို​ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ပြား​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပေး​တော်​မူ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 12,
      "text": "သင်​သည်​ထ၍ အ​လျင်​အ​မြန်​ဆင်း​သွား​လော့။ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော သင်၏​လူ​တို့​သည် ဖောက်​ပြန်၍၊ ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ၍၊ ရုပ်​တု​ကို​သွန်း​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 13,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ဤ​လူ​မျိုး​ကို ငါ​ကြည့်​မြင်​ပြီ။ လည်​ပင်း​ခိုင်​မာ​သော အ​မျိုး​ဖြစ်၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 14,
      "text": "သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​လော့။ သူ​တို့​ကို ငါ​ဖျက်​ဆီး​မည်။ သူ​တို့​နာ​မ​ကို​လည်း ကောင်း​ကင်​အောက်​မှာ ငါ​ချေ​မည်။ သင့်​ကို​မူ​ကား၊ သူ​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 15,
      "text": "ထို​အ​ခါ​ငါ​သည် ပ​ဋိ​ညာဉ်​ကျောက်​ပြား​နှစ်​ပြား​ကို ကိုင်​လျက်၊ လှည့်၍ မီး​လောင်​သော​တောင်​ပေါ်​က ဆင်း​လာ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 16,
      "text": "သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ နွား​သ​ငယ်​ရုပ်​တု​ကို သွန်း​ကြောင်း​နှင့် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား​ကြောင်း​ကို ငါ​သည်​ကြည့်​မြင်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 17,
      "text": "လက်​နှစ်​ဖက်​နှင့်​ကိုင်​သော ကျောက်​ပြား​တို့​ကို​ချ၍၊ သင်​တို့​မျက်​မှောက်၌ ငါ​ချိုး​ဖဲ့၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 18,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ငါ​သည်​အ​ရင်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ဘု​ရား​ရှေ့​တော်၌​ပျပ်​ဝပ်၍ အ​ရက်​လေး​ဆယ်​ပတ်​လုံး မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ နေ​ရ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ အ​လွန်​ပြင်း​စွာ​ထွက်​သော အ​မျက်​တော်​အ​ရှိန်​ကို ငါ​ကြောက်၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​စ​ကား​ကို​တစ်​ဖန် နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​ရုန်​ကို​ဖျက်​ဆီး​ခြင်း​ငှာ အ​လွန်​အ​မျက်​ထွက်​တော်​မူ​သော​ကြောင့်၊ အာ​ရုန်​အ​ဖို့​ကို​လည်း ဆု​တောင်း​လေ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 21,
      "text": "သင်​တို့​ဒု​စ​ရိုက်​တည်း​ဟူ​သော သင်​တို့​လုပ်​သော နွား​သ​ငယ်​ကို​ငါ​ယူ​သ​ဖြင့် အ​ရည်​ကျို၍၊ အ​မှုန့်​ဖြစ်​အောင် ညက်​ညက်​ချေ​ပြီး​လျှင်၊ တောင်​ထဲ​က​ထွက်​သော ချောင်း​ရေ​ပေါ်​မှာ ချ​ပစ်​လေ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 22,
      "text": "တ​ဗေ​ရ​အ​ရပ်၊ မဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်၌​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​အောင် ပြု​ကြ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 23,
      "text": "ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သွား၍​ငါ​ပေး​သော​ပြည်​ကို သိမ်း​ယူ​ကြ​လော့​ဟု သင်​တို့​ကို စေ​ခိုင်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ငြင်း​ဆန်​ကြ၏။ ကိုယ်​တော်​ကို​မ​ယုံ၊ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 24,
      "text": "ငါ​သိ​ကျွမ်း​သော​နေ့​မှ​စ၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​လျက်​နေ​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ဖျက်​ဆီး​မည်​ဟု မိန့်​တော်​မူ​သော​ကြောင့်၊ ငါ​သည် အ​ရင်​ပျပ်​ဝပ်​သ​ကဲ့​သို့၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ပျပ်​ဝပ်​လျက်​နေ​ရ၏။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား​လည်း၊ အို​အ​ရှင် ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​အား​ဖြင့် ရွေး​တော်​မူ၍၊ အား​ကြီး​သော​လက်​တော်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော ကိုယ်​တော်၏​အ​မွေ​ဥ​စ္စာ​ဖြစ်​သော ဤ​လူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 27,
      "text": "ကိုယ်​တော်၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကို အောက်​မေ့​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ခိုင်​မာ​သော​သ​ဘော​ရှိ၍၊ ပြစ်​မှား​မိ​သော​ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 28,
      "text": "သို့​မ​ဟုတ် အ​ကျွန်ုပ်​တို့​ကို နုတ်​ဆောင်​တော်​မူ​သော ပြည်​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​ထား​သော​ပြည်​သို့ သူ​တို့​ကို​ဆောင်​သွင်း​ခြင်း​ငှာ မ​တတ်​နိုင်​သော​ကြောင့်​လည်း​ကောင်း၊ သူ​တို့​ကို​မုန်း​သော​ကြောင့်​လည်း​ကောင်း၊ တော၌​သတ်​လို​သော​ငှာ ထုတ်​သွား​ပြီ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​တ​ကား။"
    },
    {
      "book": 5,
      "chapter": 9,
      "verse": 29,
      "text": "ဤ​လူ​တို့​သည်​ကား၊ မ​ဟာ​တန်​ခိုး​တော်​နှင့် လက်​ရုံး​တော်​ကို​ဆန့်​သ​ဖြင့် နုတ်​ဆောင်​တော်​မူ​သော ကိုယ်​တော်၏ အ​မွေ​လူ​ဖြစ်​ကြ​ပါ​သည်​ဟု ငါ​သည် ဆု​တောင်း​လေ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 1,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နည်း​တူ၊ ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ဦး​လော့။ ငါ​ရှိ​ရာ​သို့ တက်​လာ​လော့။ သေ​တ္တာ​ကို​လည်း လုပ်​လော့။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 2,
      "text": "သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း၊ နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​ဦး​မည်။ သင်​သည် ထို​ကျောက်​ပြား​ကို သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 3,
      "text": "ငါ​သည်​လည်း၊ အ​ကာ​ရှ​သစ်​သား​ဖြင့် သေ​တ္တာ​ကို​လုပ်၍၊ အ​ရင်​ကျောက်​ပြား​နည်း​တူ ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ပြီး​မှ၊ ထို​ကျောက်​ပြား​ကို ကိုင်​လျက် တောင်​ပေါ်​သို့​တက်​လေ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 4,
      "text": "သင်​တို့​စည်း​ဝေး​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော ပ​ညတ်​တော်​ဆယ်​ပါး​တို့​ကို၊ အ​ရင်​စာ၌​လာ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​ရေး​ထား၍ ငါ့​အား​ပေး​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 5,
      "text": "ငါ​သည်​လည်း​လှည့်၍ တောင်​ပေါ်​က​ဆင်း​သ​ဖြင့်၊ လုပ်​ပြီး​သော​သေ​တ္တာ​ထဲ၌ ထို​ကျောက်​ပြား​ကို​ထား၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​သေ​တ္တာ​ထဲ၌ ယ​ခု​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 6,
      "text": "ငါ​သည် တောင်​ပေါ်​မှာ အ​ရင်​နေ​သော​ကာ​လ​နှင့်​အ​မျှ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး တစ်​ဖန်​နေ​ပြန်၍၊ ထို​အ​ခါ၌​လည်း ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​မ​ဖျက်​ဆီး​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို​နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထ​လော့။ ဤ​လူ​မျိုး​အား​ပေး​ခြင်း​ငှာ၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​သို့ သူ​တို့​သည်​သွား၍ သိမ်း​ယူ​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့​မှာ ခ​ရီး​သွား​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 10,
      "text": "လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို ထမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်၌​ရပ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ခွင့်​တော်​နှင့် ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ထို​သူ​တို့​ကို ခွဲ​ခန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 11,
      "text": "ထို​ကြောင့် လေ​ဝိ​သား​တို့​သည် ညီ​အစ်​ကို​တို့​နှင့်​ရော၍ အ​ဖို့​ကို​မ​ပိုင်၊ အ​မွေ​ကို​မ​ခံ​ရ။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရားကတိတော်ရှိ​သည်အတိုင်း၊ ထာဝရဘုရားသည် သူ​တို့​ခံ​ရ​သော​အ​မွေ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 12,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​တော်​သို့​လိုက်​သွား​ခြင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 13,
      "text": "သင်၏​အ​ကျိုး​ကို​ထောက်၍ ယ​နေ့​ငါ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်​ခြင်း​အ​မှု​မှ​တစ်​ပါး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​အ​မှု​ကို တောင်း​တော်​မူ​သ​နည်း။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 14,
      "text": "မိုး​ကောင်း​ကင်​နှင့် ကောင်း​ကင်​ဘ​ဝဂ်​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 15,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး၍၊ ယ​နေ့​ရှိ​သ​ကဲ့​သို့၊ သူ​တို့​အ​မျိုး​အ​နွယ်​တည်း​ဟူ​သော သင့်​ကို၊ အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​တွင် ရွေး​ကောက်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 16,
      "text": "သို့​ဖြစ်၍ သင်၏​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​လော့။ နောက်​တစ်​ဖန် ခိုင်​မာ​သော​လည်​ပင်း မ​ရှိ​စေ​နှင့်။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဘု​ရား​တို့၏​ဘု​ရား၊ သ​ခင်​တို့၏​သ​ခင်၊ ကြီး​မြတ်​သော​ဘု​ရား၊ တန်​ခိုး​နှင့်​ပြည့်​စုံ၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ လူ​မျက်​နှာ​ကို​မ​ထောက်၊ တံ​စိုး​ကို​မ​စား​ဘဲ၊"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 18,
      "text": "မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ဘက်၌ တ​ရား​စီ​ရင်၍၊ ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို စုံ​မက်​သ​ဖြင့်၊ အ​ဝတ်​အ​စား​တို့​ကို ပေး​သ​နား​သော​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 19,
      "text": "သို့​ဖြစ်၍ ဧည့်​သည်​တို့​ကို ချစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 20,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ ကိုယ်​တော်၌ ဆည်း​ကပ်​ရ​မည်။ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဂုဏ်​အ​သ​ရေ၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​သည်​အ​တိုင်း၊ ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​ကြီး​တို့​ကို သင့်​အ​ဖို့​ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 10,
      "verse": 22,
      "text": "သင်၏​ဘိုး​ဘေး​တို့​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ခု​နစ်​ဆယ်​မျှ​သာ​ရှိ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆင်း​သွား​ကြ၏။ ယ​ခု​မူ​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 1,
      "text": "သို့​ဖြစ်၍ သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ရ​မည်။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်၊ မှာ​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို အ​စဉ်​စောင့်​ရှောက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 2,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 3,
      "text": "ထူး​ဆန်း​သော​တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် ပြည်​သူ​ပြည်​သား​များ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 4,
      "text": "အဲ​ဂု​တ္တု​စစ်​သူ​ရဲ အ​လုံး​အ​ရင်း​တည်း​ဟူ​သော မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လိုက်​သော​သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၍၊ ယ​နေ့​တိုင်​အောင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 5,
      "text": "ဤ​အ​ရပ်​သို့​မ​ရောက်​မီ၊ တော၌​လှည့်​လည်​စဉ်​တွင် သင်​တို့​အား​ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 6,
      "text": "ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 8,
      "text": "ထို​ကြောင့်၊ သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ကို ကြီး​စွာ​သော​ခွန်​အား​နှင့် ဝင်​စား​မည်​အ​ကြောင်း၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘိုး​ဘေး​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ်​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ သင်​တို့​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 10,
      "text": "သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည်​ကား၊ ယာ​လုပ်​သ​ကဲ့​သို့ မျိုး​စေ့​ကြဲ၍ ခြေ​ဖြင့်​ရေ​လောင်း​ရ​သော ပြည်​တည်း​ဟူ​သော သင်​တို့​ထွက်​လာ​သော အဲ​ဂု​တ္တု​ပြည်​နှင့် တူ​သည်​မ​ဟုတ်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 11,
      "text": "သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည် တောင်​များ၊ ချိုင့်​များ​နှင့်​ပြည့်​စုံ၍ မိုး​ရေ​ကို​သောက်​သော​ပြည်၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 12,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပြု​စု၍ တစ်​နှစ်​ပတ်​လုံး ကြည့်​ရှု​တော်​မူ​သော​ပြည် ဖြစ်၏။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 13,
      "text": "သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စေ့​စေ့​နား​ထောင်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 14,
      "text": "သင်​တို့​သည် စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို​စု​သိမ်း​စေ​ခြင်း​ငှာ အ​ရင်​မိုး၊ နောက်​မိုး​တည်း​ဟူ​သော သင်​တို့​ပြည်​နှင့်​ဆိုင်​သော​မိုး​ရေ​ကို ငါ​ပေး​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 15,
      "text": "သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​အ​ကြောင်း၊ သင်​တို့​တိ​ရ​စ္ဆာန်​များ​အ​ဖို့ လွင်​ပြင်၌​မြက်​ပင်​ကို ငါ​ပေါက်​စေ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 16,
      "text": "သင်​တို့​သည် မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို​စွဲ၍​လမ်း​မ​လွဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု၊ ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 17,
      "text": "သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ မိုး​မ​ရွာ၊ မြေ၏​အ​သီး​အ​နှံ​ကို မ​ဖြစ်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန် ပျောက်​ပျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 18,
      "text": "သို့​ဖြစ်၍ ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို စိတ်၊ နှ​လုံး၌​သွင်း​ထား၍၊ လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 19,
      "text": "ထို​စ​ကား​ကို သင်​တို့​သည် အိမ်၌​ထိုင်​လျက်​နေ​သည်​ဖြစ်​စေ၊ ခ​ရီး​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်​ထ​လျက်​ရှိ​သည်​ဖြစ်​စေ ဟော​ပြော၍၊ သား​သ​မီး​တို့​အား သွန်​သင်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 20,
      "text": "အိမ်​တံ​ခါး​မြို့​တံ​ခါး၌​လည်း ရေး​ထား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 21,
      "text": "သို့​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​တို့​အ​သက်၊ သား​သ​မီး​များ​အ​သက်​တာ​သည်၊ ကောင်း​ကင်၌ အ​သက်​တာ​ရှည်​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​မှာ တာ​ရှည်​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 22,
      "text": "သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် လမ်း​တော်​သို့​လိုက်၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​အံ့​သော​ငှာ သ​တိ​နှင့်​စောင့်​ရှောက်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​မျိုး​ခပ်​သိမ်း​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် ကိုယ်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို အ​စိုး​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 24,
      "text": "သင်​တို့​သည် ခြေ​နှင့်​နင်း​သ​မျှ​သော​အ​ရပ်​ကို ပိုင်​သ​ဖြင့်၊ တော​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ပင်​လယ်​ကမ်း​နား​တိုင်​အောင်​လည်း​ကောင်း၊ မြေ​တစ်​လျှောက်​လုံး​သည် သင်​တို့၏​နိုင်​ငံ​အ​ဝင် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 25,
      "text": "သင်​တို့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​အောင်၊ သင်​တို့​နင်း​သော​မြေ​အ​ရပ်၌ ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 26,
      "text": "ယ​နေ့​ကောင်း​ချီး​ပေး​ခြင်း​နှင့် ကျိန်​ခြင်း​တည်း​ဟူ​သော ဤ​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှာ​ငါ​ထား၏။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 27,
      "text": "ယ​နေ့​ငါ​ဆင့်​ဆို​သော သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို နား​ထောင်​လျှင်​မူ​ကား၊ ကောင်း​ချီး​ပေး​ခြင်း၊"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 28,
      "text": "သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို နား​မ​ထောင်၊ ယ​နေ့ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​ရှောင်၍၊ မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​လျှင်​မူ​ကား ကျိန်​ခြင်း​ကို​ငါ​ထား၏။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 29,
      "text": "သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ဆောင်​သွင်း​တော်​မူ​ပြီး​မှ၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ဂေ​ရ​ဇိမ်​တောင်​ပေါ်၌​လည်း​ကောင်း၊ ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်၌​လည်း​ကောင်း တင်​ထား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 30,
      "text": "ထို​တောင်​တို့​သည် ယော်​ဒန်​မြစ်​အ​နောက်၊ နေ​ဝင်​ရာ​ဘက်​မှာ ခါ​န​နိ​လူ​တို့​နေ​ရာ အ​ရပ်​တည်း​ဟူ​သော၊ မော​ရေ​သ​ပိတ်​တော​အ​နား၊ ဂိ​လ​ဂါ​လ​မြို့​နှင့်​ဆိုင်​သော လွင်​ပြင်၌ ရှိ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 31,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​သွား၍၊ ထို​ပြည်​ကို ဝင်​စား​လျက်​နေ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 11,
      "verse": 32,
      "text": "ယ​နေ့ ငါ​ထား​သ​မျှ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 1,
      "text": "သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 2,
      "text": "သင်​တို့ အ​စိုး​ရ​သော​လူ​မျိုး​တို့​သည် တောင်​ကြီး၊ တောင်​ငယ်​အ​ပေါ်၊ စိမ်း​သော​သစ်​ပင်​အောက်၌ မိ​မိ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 3,
      "text": "သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို​လည်း ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို မီး​ရှို့​ရ​မည်။ ထု​လုပ်​သော ဘု​ရား​ဆင်း​တု​များ​ကို ခုတ်​လှဲ​ရ​မည်။ ထို​အ​ရပ်၌ ထို​ဘု​ရား​တို့၏​နာ​မ​ကို​ပင် ပယ်​ရှင်း​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 4,
      "text": "သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပြု​ရ​ဘဲ၊"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 5,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 6,
      "text": "ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 7,
      "text": "ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 8,
      "text": "ယ​ခု​ကာ​လ၊ ဤ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ ထို​အ​ရပ်၌ လူ​တိုင်း​ကိုယ်​ဉာဏ်​ကို​လိုက်၍ မ​ပြု​ရ​ကြ။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 9,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​ချမ်း​သာ​ထဲ​သို့ သင်​တို့​သည် မ​ဝင်​ရ​ကြ​သေး။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 10,
      "text": "သင်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး၍၊ သင်​တို့​အ​မွေ​ခံ​ရာ​ဖို့ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​သော​အ​ခါ၊ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ သင်​တို့​ကို​ကယ်​နုတ်​တော်​မူ​သ​ဖြင့် ငြိမ်​ဝပ်​စွာ​နေ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 11,
      "text": "နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 12,
      "text": "ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ​တို့​နှင့် ကိုယ်​အ​ဖို့​မ​ရှိ၊ အ​မွေ​မ​ခံ​ရ​ဘဲ၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 13,
      "text": "တွေ့​မြင်​ရာ​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 14,
      "text": "သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 15,
      "text": "သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 16,
      "text": "သို့​ရာ​တွင် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 17,
      "text": "စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တွင် ပူ​ဇော်​သော​တစ်​ဖို့၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ တစ်​စုံ​တစ်​ခု​ကို​မျှ၊ သင်​တို့​သည် ကိုယ်​နေ​ရာ​အ​ရပ်၌ မ​စား​ရ​ကြ။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 18,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ကိုယ်​တိုင်​မှ​စ၍​သား​သ​မီး၊ ကျွန်​ယောက်ျား​မိန်း​မ၊ တည်း​ခို​သော​လေ​ဝိ​သား​တို့​သည် စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 19,
      "text": "မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လေ​ဝိ​သား​တို့​ကို မ​မေ့​လျော့​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 20,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​နေ​ရာ​ပြည်​ကို ကျယ်​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် အ​မဲ​သား​ကို​စား​ချင်​သော​စိတ်​ရှိ၍၊ အ​မဲ​သား​ကို ငါ​စား​မည်​ဟု​ဆို​လျှင်၊ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 21,
      "text": "သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သည် သင့်​နေ​ရာ​နှင့် ဝေး​လွန်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​သိုး​နွား​ကို၊ ငါ​မှာ​ထား​သည်​အ​တိုင်း​သတ်၍၊ သင့်​နေ​ရာ​အ​ရပ်၌ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 22,
      "text": "သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့ စား​ရ​မည်။ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် ရော​နှော၍​စား​ရ​သော​အ​ခွင့် ရှိ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 23,
      "text": "သို့​ရာ​တွင်၊ အ​သွေး​ကို​မ​စား​မည်​အ​ကြောင်း၊ သ​တိ​ပြု​လော့။ အ​သက်​သည် အ​သွေး၌​တည်၏။ အ​သား​နှင့်​တ​ကွ အ​သက်​ကို​မ​စား​ရ။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 24,
      "text": "ထို​ကြောင့် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 25,
      "text": "သင်​သည် ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​တို့​သည် ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း၊ အ​သွေး​ကို​ရှောင်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 26,
      "text": "သင်၌ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​အ​တိုင်း​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သို့ သွား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 27,
      "text": "အ​သား​နှင့် အ​သွေး​ကို​ရော​နှော၍၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။ ယဇ်​ကောင်​အ​သွေး​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ သွန်း​လောင်း၍၊ အ​သား​ကို​စား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 28,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​မြတ်​နိုး​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​စ​ကား​တို့​ကို​စေ့​စေ့​နား​ထောင်၍ စောင့်​ရှောက်​လော့။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 29,
      "text": "သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ရှိ​သော​လူ​မျိုး​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ပြည်၌ သင်​သည် ဝင်၍​နေ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 30,
      "text": "သူ​တို့​သည် သင့်​ရှေ့​မှာ​ပျက်​စီး​သော​နောက်၊ သူ​တို့​အ​ကျင့်​အ​တိုင်း သင်​ကျင့်၍ အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း၊ ထို​လူ​မျိုး​တို့​သည် သူ​တို့​ဘု​ရား​များ​ကို အ​ဘယ်​သို့​ဝတ်​ပြု​သ​နည်း။ ထို​နည်း​တူ ငါ​ပြု​မည်​ဟု သူ​တို့​ဘု​ရား​ဝတ်​ကို မ​မေး​မြန်း​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 31,
      "text": "သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 12,
      "verse": 32,
      "text": "ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 1,
      "text": "သင်​တို့​တွင် ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို မြင်​သော​သူ​သည် ပေါ်​လာ၍၊"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 2,
      "text": "သင်​တို့​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​ကို​ပေး၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​သည် ပြည့်​စုံ​သော်​လည်း၊"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 3,
      "text": "ထို​ပ​ရော​ဖက်​ပြု​သော​သူ၊ အိပ်​မက်​ကို​မြင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ချစ်​သည်​မ​ချစ်​သည်​ကို၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​စမ်း​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 4,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​ရ​ကြ​မည်။ ကြောက်​ရွံ့​သော​စိတ်​နှင့် ပ​ညတ်​တော်​တို့​ကို စောင့်​ရ​ကြ​မည်။ စ​ကား​တော်​ကို နား​ထောင်​လျက် ဝတ်​ပြု၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 5,
      "text": "ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တ​ပြည်​မှ သင်​တို့​ကို ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​လိုက်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော​လမ်း​မှ ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဟော​ပြော​သော​ကြောင့်၊ ထို​ပ​ရော​ဖက်​ပြု​သူ​နှင့် အိပ်​မက်​မြင်​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ပယ်​ရှင်း​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 6,
      "text": "သင်၏​ညီ​အစ်​ကို​ရင်း၊ သင်၏​သား​သ​မီး၊ သင်၏​ရင်​ခွင်၌​နေ​သော​မ​ယား၊ ကိုယ်​ကဲ့​သို့​မှတ်​တတ်​သော အ​ဆွေ​ခင်​ပွန်း တစ်​စုံ​တစ်​ယောက်​က၊ သွား​ကြ​စို့။ သင်​လည်း မ​သိ၊ ဘိုး​ဘေး​တို့​လည်း​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 7,
      "text": "သင့်​ပတ်​လည်​အ​နီး​အ​ဝေး၌ နေ​သော​သူ၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ ကိုး​ကွယ်​သော​ဘု​ရား​ကို ဝတ်​ပြု​ကြ​စို့​ဟု တိတ်​ဆိတ်​စွာ သွေး​ဆောင်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 8,
      "text": "သင်​သည် ဝန်​မ​ခံ​ရ။ သူ၏​စ​ကား​ကို နား​မ​ထောင်​ရ။ သူ့​ကို မြင်​သော​အ​ခါ မ​သ​နား​ရ။ နှ​မြော​သ​ဖြင့် ဝှက်၍​မ​ထား​ရ​ဘဲ၊ သူ့​ကို အ​မှန်​သတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 9,
      "text": "သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စိမ့်​သော​ငှာ၊ သင်​သည် အ​ဦး​ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 10,
      "text": "ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို နုတ်​ဆောင်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လွဲ​စေ​ခြင်း​ငှာ ကြံ​စည်​သော​ကြောင့်၊ ထို​သူ​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 11,
      "text": "ထို​သ​တင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား၍၊ ထို​သို့​သော အ​ဓ​မ္မ​အ​မှု​ကို သင်​တို့​တွင် နောက်​တစ်​ဖန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 12,
      "text": "အ​ဓ​မ္မ​လူ​တို့​သည် သင်​တို့​အ​ထဲ​က​ထွက်၍၊ သင်​တို့​မ​သိ​သော၊"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 13,
      "text": "အ​ခြား​တစ်​ပါး​သော​ဘု​ရား​ထံ​သို့ သွား၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ သူ​တို့​မြို့​သူ​မြို့​သား​တို့​ကို သွေး​ဆောင်​ကြောင်း​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​နေ​စ​ရာ​ဖို့​ပေး​တော်​မူ​သော မြို့​တစ်​စုံ​တစ်​မြို့၌ သင်​သည် သ​တင်း​ကြား​လျှင်၊ ထို​အ​မှု​ကို စေ့​စေ့​မေး​မြန်း စစ်​ကြော​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 14,
      "text": "သ​တင်း​ကြား​သည်​အ​တိုင်း ထင်​ရှား​စွာ ဧ​ကန်​မှန်၍၊ ထို​သို့​သော စက်​ဆုပ်​ဖွယ်​အ​မှု​ကို သင်​တို့​တွင် အ​မှန်​ပြု​မိ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 15,
      "text": "ထို​မြို့​သူ​မြို့​သား​တို့​ကို ဓား​နှင့် လုပ်​ကြံ​ရ​မည်။ မြို့​မှ​စ၍ မြို့၌​ရှိ​သော လူ​နှင့်​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 16,
      "text": "လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို မြို့​လမ်း​မ​အ​လယ်၌​စု​ပုံ၍၊ ထို​မြို့​နှင့်​တ​ကွ လု​ယူ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရ​မည်။ ထို​မြို့​သည် အ​စဉ်​အ​မြဲ အ​မှိုက်​ပုံ​ဖြစ်​ရ​မည်။ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အ​ရှိန်​ကို​ငြိမ်း​စေ၍၊ သင်၏​ဘိုး​ဘေး​တို့​အား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင့်​ကို ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့် များ​ပြား​စေ​တော်​မူ​မည်​အ​ကြောင်း၊ ကျိန်​အပ်​သော​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​သိမ်း​မ​ယူ​ဘဲ၊ အ​လုံး​စုံ​တို့​ကို စွန့်​ပစ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 13,
      "verse": 18,
      "text": "ယ​နေ့ ငါ​မှာ​ထား​သည်​အ​တိုင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ကျင့်​သ​ဖြင့်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ပြု​သော​အ​ခါ၊ ရှေး​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 1,
      "text": "သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သား​ဖြစ်​ကြ၏။ သေ​သော​သူ​အ​တွက် အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ မျက်​မှောင်​ကြား​မှာ အ​မွေး​ကို​မ​ရိတ်​ရ။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 2,
      "text": "သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက်၊ ကိုယ်​တော်​ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​ကို ရွေး​ချယ်​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 3,
      "text": "စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင်​တို့​မ​စား​ရ။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 4,
      "text": "စား​ရ​သော တိ​ရ​စ္ဆာန်​ဟူ​မူ​ကား၊ နွား၊ သိုး၊ ဆိတ်၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 5,
      "text": "သ​မင်၊ ဒ​ရယ်၊ ဆတ်၊ ဂျီ၊ ဒိ​ရှုန်၊ စိုင်၊ ဇ​မေ​ရ​အ​စ​ရှိ​သော၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 6,
      "text": "ခွာ​ကွဲ​ပြား၍ စား​မြုံ့​ပြန်​သော​သား​များ​ကို စား​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 7,
      "text": "သို့​သော်​လည်း စား​မြုံ့​ပြန်​သော​သား၊ ခွာ​ကွဲ​ပြား​သော​သား​တို့​တွင် မ​စား​ရ​သော သား​ဟူ​မူ​ကား၊ ကု​လား​အုတ်၊ အာ​ရ​န​ဘက်၊ ရှာ​ဖန်​တို့​သည် စား​မြုံ့​ပြန်​သော်​လည်း၊ ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌ မ​စင်​ကြယ်။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 8,
      "text": "ဝက်​သည် ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 9,
      "text": "ရေ၌​နေ​သော တိ​ရ​စ္ဆာန်​တ​ကာ​တို့​တွင် အ​ယက်​နှင့်​အ​ကြေး​ရှိ​သော တိ​ရ​စ္ဆာန်​ကို​သာ စား​ရ၏။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 10,
      "text": "အ​ယက်​နှင့်​အ​ကြေး​မ​ရှိ​သော တိ​ရ​စ္ဆာန်​ကို မ​စား​ရ။ သင်​တို့၌ မ​စင်​ကြယ်။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 11,
      "text": "စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ကို စား​ရ​သော အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 12,
      "text": "မ​စား​ရ​သော​ငှက်​ဟူ​မူ​ကား၊ ရွှေ​လင်း​တ၊ ပင်​လယ်​လင်း​တ၊ လင်း​ယုန်၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 13,
      "text": "ဒါ​ဟ၊ စွန်၊ လင်း​တ​ကြမ်း​မျိုး၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 14,
      "text": "ကျီး​မျိုး​ရှိ​သ​မျှ၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 15,
      "text": "ကု​လား​အုတ်​ငှက်၊ ငှက်​ဆိုး၊ ဥ​ဗျိုင်း၊ သိမ်း​မျိုး၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 16,
      "text": "ဇီး​ကွက်၊ ဣ​ဗိတ်၊ ငှက်​ကျား၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 17,
      "text": "ဝံ​ပို၊ ဝံ​လို၊ ကြိုး​ကြာ၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 18,
      "text": "တော​ငန်း၊ ဒုံး​စပ်​မျိုး၊ ဒုံး​ကု​လား၊ လင်း​နို့​မှ​စ၍၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 19,
      "text": "အ​တောင်​ရှိ​လျက် တွား​တတ်​သော တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် သင်​တို့၌ မ​စင်​ကြယ်​သည်​ဖြစ်၍ အ​သား​ကို မ​စား​ရ။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 20,
      "text": "စင်​ကြယ်​သော ငှက်​အ​မျိုး​မျိုး​ကို စား​ရ​သော အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 21,
      "text": "အ​လို​လို​သေ​သော​အ​ကောင်​ကို မ​စား​ရ။ သင်​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​စား​စ​ရာ​ဖို့ ပေး​ရ​မည်။ သို့​မ​ဟုတ် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား ရောင်း​ရ​မည်။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​ကြ၏။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 22,
      "text": "လယ်​ယာ၌ တစ်​နှစ်​တစ်​နှစ်​တွင်​သိမ်း​ရ​သော အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို အ​မှန်​ခွဲ​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 23,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​မှ​စ၍၊ သိုး၊ နွား​တွင် အ​ဦး​ဖွား​သော သား​ငယ်​ဆယ်​ဖို့​တစ်​ဖို့​ကို ရှေ့​တော်​မှာ စား​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ သင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 24,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်​ချီး​ပေး​တော်​မူ​သော​အ​ခါ၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သည် ဝေး​လွန်း၍ ခ​ရီး​ရှည်​လျား​သ​ဖြင့်၊ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်၍ မ​သွား​နိုင်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 25,
      "text": "ထို​ဥ​စ္စာ​ကို ရောင်း​ပြီး​မှ၊ ငွေ​ကို​ကိုင်​လျက်၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့​သွား၍၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 26,
      "text": "စား​ချင်​သော စိတ်​အ​လို​ရှိ​သည်​အ​တိုင်း၊ နွား၊ သိုး၊ စ​ပျစ်​ရည်၊ သေ​ရည်​အ​စ​ရှိ​သော စား​ချင်​သ​မျှ​ကို ဝယ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ စား​သောက်​လျက်၊ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 27,
      "text": "သို့​ရာ​တွင်၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​ဟူ​မူ​ကား၊ သင်​တို့​နှင့်​ရော၍၊ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို​မ​ခံ​ရ​သော​ကြောင့်၊ သူ့​ကို မ​စွန့်​မ​ပစ်​ရ​ဘဲ၊"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 28,
      "text": "တ​တိ​ယ​နှစ်​တွင် သိမ်း​သော​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ထုတ်၍ မြို့​ထဲ​မှာ သို​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 14,
      "verse": 29,
      "text": "သင်​တို့​နှင့်​ရော၍ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို မ​ခံ​ရ​သော လေ​ဝိ​သား၊ သင်​တို့​နေ​ရာ​အ​ရပ်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​များ​တို့​သည် လာ၍ ဝ​စွာ​စား​ရ​ကြ​မည်။ သို့​ဖြစ်​လျှင် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 1,
      "text": "ခု​နစ်​နှစ်​တစ်​ခါ လွှတ်​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 2,
      "text": "လွှတ်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​အား ဥ​စ္စာ​ကို ချေး​ငှား​သော ကြွေး​ရှင်​မည်​သည်​ကား၊ ထို​ကြွေး​ကို လွှတ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​လွှတ်​ခြင်း​ကာ​လ​ဖြစ်​သော​ကြောင့်၊ ထို​ကြွေး​ကို အိမ်​နီး​ချင်း၊ ညီ​အစ်​ကို​ချင်း၌ မ​တောင်း​ရ။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 3,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌ တောင်း​ရ​သော​အ​ခွင့်​ရှိ၏။ ညီ​အစ်​ကို၌​ရှိ​သော ကိုယ်​ဥ​စ္စာ​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 4,
      "text": "သင်၌​ဆင်း​ရဲ​သား​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မွေ​ခံ​ဖို့​ရာ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို​အ​လွန် ကောင်း​ချီး​ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 5,
      "text": "ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​မည်​အ​ကြောင်း စောင့်​ရှောက်​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 6,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား ချေး​ငှား​သော​အ​ခွင့်​မ​ရှိ​ရ။ သင်​သည် လူ​မျိုး​များ​တို့​ကို အ​စိုး​ပိုင်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ကို အ​စိုး​မ​ပိုင်​ရ​ကြ။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 7,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​တွင်၊ မြို့​တစ်​စုံ​တစ်​မြို့၌ ဆင်း​ရဲ​သော ညီ​အစ်​ကို​ချင်း​ရှိ​လျှင်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို၌ သင်​သည် သ​နား​သော​စိတ်​ကို မ​ချုပ်​တည်း​ရ။ လက်​ကို​လည်း မ​ပိတ်​ရ။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 8,
      "text": "သင်၏​လက်​ကို သူ့​အ​ဖို့​ကျယ်​ကျယ်​ဖွင့်၍၊ သူ၏​ဆင်း​ရဲ​ပျောက်​လောက်​အောင် ချေး​ငှား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 9,
      "text": "သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 10,
      "text": "အ​ကယ်​စင်​စစ် သူ့​အား​ပေး​ရ​မည်။ ပေး​သော​အ​ခါ နှ​မြော​သော​စိတ်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​ဒါ​န​ကြောင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ပြု​လေ​ရာ​ရာ၊ လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 11,
      "text": "သင့်​နေ​ရာ​ပြည်၌ ဆင်း​ရဲ​သား​မ​ပြတ်​ရ။ ထို​ကြောင့်၊ သင့်​ပြည်၌ ဆင်း​ရဲ​ငတ်​မွတ်​သော ညီ​အစ်​ကို​ချင်း​တို့​အား သင်၏​လက်​ကို ကျယ်​ကျယ်​ဖွင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 12,
      "text": "သင်၏​ညီ​အစ်​ကို​ချင်း၊ ဟေ​ဗြဲ​အ​မျိုး​ယောက်ျား မိန်း​မ​သည် သင်၌​ကျွန်​ဖြစ်၍၊ ခြောက်​နှစ်​အ​စေ​ခံ​ပြီး​မှ၊ သ​တ္တ​မ​နှစ်​ရောက်​လျှင် လွှတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 13,
      "text": "လွှတ်​သော​အ​ခါ၊ လက်​ချည်း​မ​လွှတ်​ဘဲ၊"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 14,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်၏​သိုး​စု၊ ကောက်​နယ်​တ​လင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က များ​စွာ​ပေး​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 15,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ရွေး​နုတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ယ​နေ့​ငါ​ထား၏။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 16,
      "text": "သို့​ရာ​တွင် ကျွန်​က၊ ကျွန်​တော်​သည် မ​ထွက်​မ​သွား​လို​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော် အိမ်​သူ​အိမ်​သား​တို့​ကို ချစ်​ပါ၏။ နေ၍​ပျော်​ပါ၏ ဟု​ဆို​လျှင်၊"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 17,
      "text": "သင်​သည် စူး​ကို​ယူ၍ တံ​ခါး၌ ကျွန်၏​နား​ရွက်​ကို ဖောက်​ပြီး​မှ၊ သူ​သည် အ​စဉ်​အ​မြဲ​ကျွန်​ခံ​ရ​မည်။ ထို​အ​တူ ကျွန်​မ၌​လည်း ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 18,
      "text": "သင်၏​ကျွန်​ကို​လွှတ်​သော​အ​ခါ ခက်​သည်​ဟူ၍ မ​ထင်​ရ။ အ​ကြောင်း​မူ​ကား၊ ခြောက်​နှစ်​ပတ်​လုံး အ​စေ​ခံ​သ​ဖြင့်၊ သူ​ငှား​ဆောင်​ရွက်​သော အ​မှု​နှစ်​ဆ​ကို သူ​သည်​ဆောင်​ရွက်​လေ​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 19,
      "text": "သင်၏​သိုး​နွား​တို့​တွင် အ​ဦး​ဖွား​သော အ​ထီး​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ရ​မည်။ အ​ဦး​ဖွား​သော​နွား၊ အ​ဦး​ဖွား​သော​သိုး​ကို မ​သုံး​ဆောင်​ရ။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ထို​သိုး​နွား​တို့​ကို နှစ်​စဉ်​မ​ပြတ် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ကိုယ်​တိုင်​စား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 21,
      "text": "ထို​သိုး​နွား​တို့၌ ခြေ​ဆွံ့၊ မျက်​စိ​ကန်း​အ​စ​ရှိ​သော အင်္ဂါ​ချို့​တဲ့​ခြင်း​အ​ပြစ်၊ အ​ခြား​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 22,
      "text": "သင့်​နေ​ရာ​အ​ရပ်၌ စား​ရ​မည်။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 15,
      "verse": 23,
      "text": "သို့​ရာ​တွင် အ​သွေး​ကို မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 1,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗိ​ဗ​လ၊ ည​အ​ခါ၌ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​ကြောင့်၊ အ​ဗိ​ဗ​လ​ကို​မှတ်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​လော့။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 3,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​နေ့​ရက်​ကို တစ်​သက်​လုံး​အောက်​မေ့​ဖို့​ရာ ပ​သ​ခါ​ပွဲ​ခံ​စဉ်၊ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ​ဘဲ၊ တ​ဆေး​မ​ပါ​သော မုန့်​တည်း​ဟူ​သော ဒု​က္ခ​မုန့်​ကို ခု​နစ်​ရက်​ပတ်​လုံး​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​လျင်​တ​ဆော ထွက်​လာ​သ​တည်း။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 4,
      "text": "ခု​နစ်​ရက်​ပတ်​လုံး၊ သင့်​နေ​ရာ​ပြည်၌ တ​ဆေး​ပါ​သော​မုန့် မ​ရှိ​ရ။ ပ​ထ​မ​နေ့​ညဉ့်​ဦး​ယံ၌ ပူ​ဇော်​သော​ယဇ်၏​အ​သား​ကို တစ်​ည​လုံး နံ​နက်​တိုင်​အောင် မ​ကျန်​ကြွင်း​စေ​ရ။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 5,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​အ​ရပ်​ရပ်​တို့​တွင် ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​သော အ​ခွင့်​ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 6,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ချိန်၊ နေ​ဝင်​ရာ​ညဉ့်​ဦး​ယံ​အ​ချိန်၌ ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 7,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​မှာ မီး​နှင့်​ကင်၍​စား​ပြီး​မှ၊ နံ​နက်​အ​ချိန်၌ အိမ်​သို့​ပြန်​သွား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 8,
      "text": "ခြောက်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​မည်။ သ​တ္တ​မ​နေ့၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ ထို​နေ့​ရက်၌ အ​လုပ်​မ​လုပ်​ရ။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 9,
      "text": "စ​ပါး​ကို​ရိတ်​စ​ကာ​လ​နောက်၊ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​သီ​တင်း​လွန်​မှ၊"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 10,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​တိုင်​မှ​စ၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 11,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခု​နစ်​သီ​တင်း​ပွဲ​ကို​ခံ၍ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌​တည်း​ခို​သော လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 12,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို အောက်​မေ့၍၊ ဤ​ပ​ညတ်​တ​ရား​တို့​ကို ကျင့်​စောင့်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 13,
      "text": "စ​ပါး​နှင့် စ​ပျစ်​ရည်​ကို သိမ်း​ယူ​ပြီး​မှ၊ ခု​နစ်​ရက်​ပတ်​လုံး သ​ကေ​နေ​ပွဲ​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 14,
      "text": "ထို​ပွဲ​ခံ​စဉ်၊ ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန် ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌ တည်း​ခို​သော​လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ ခု​နစ်​ရက်​ပတ်​လုံး သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ဓ​မ္မ​ပွဲ​ကို​ခံ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ တိုး​ပွား​လေ​ရာ​ရာ၊ သင်​လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ အ​မှန်​ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 16,
      "text": "အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 17,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ လူ​အ​သီး​အ​သီး​တို့​သည် တတ်​နိုင်​သည်​အ​တိုင်း ဆက်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 18,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​မြို့ ရှိ​သ​မျှ​တို့​တွင်၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​တို့​ကို သင့်​နေ​ရာ​ခ​ရိုင်​များ၌ အ​နှံ့​အ​ပြား​ခန့်​ထား​ရ​မည်။ သူ​တို့​သည်၊ လူ​မျိုး​တို့​တွင် တ​ရား​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 19,
      "text": "သင်​သည် တ​ရား​လမ်း​မှ မ​လွှဲ​ရ။ လူ​မျက်​နှာ​ကို မ​ထောက်​ရ။ တံ​စိုး​ကို မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​မျက်​စိ​ကို ကွယ်​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​စ​ကား​ကို ကောက်​စေ​တတ်၏။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 20,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် အ​သက်​ရှင်၍ အ​မွေ​ခံ​မည်​အ​ကြောင်း၊ ဖြောင့်​သော​တ​ရား​လမ်း​သို့​သာ လိုက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 21,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တည်​သော ယဇ်​ပ​လ္လင်​အ​နား​မှာ အ​ဘယ်​သို့​သော အာ​ရှ​ရ​ပင်​ကို​မျှ မ​စိုက်​ရ။"
    },
    {
      "book": 5,
      "chapter": 16,
      "verse": 22,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မုန်း​တော်​မူ​သော ရုပ်​တု​ဆင်း​တု​ကို မ​တည်​မ​ထား​ရ။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 1,
      "text": "အ​ပြစ်​ပါ​သော သိုး၊ နွား၊ ယုတ်​သော​လ​က္ခ​ဏာ​ပါ​သော သိုး၊ နွား​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။ ထို​သို့​သော​ယဇ်​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 2,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​တို့​တွင်၊ နေ၊ လ၊ မိုး​ကောင်း​ကင်​တန်​ဆာ​အ​စ​ရှိ​သော ငါ​မြစ်​တား​သ​မျှ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး၍၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ရှိ​သည်​ဟု၊"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 4,
      "text": "သင်​သည် သ​တင်း​ကြား၍ စေ့​စေ့​မေး​မြန်း​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​မိ​သည်​မှန်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 5,
      "text": "ထို​ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ပြီး​လျှင်၊ ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 6,
      "text": "သက်​သေ​ခံ​နှစ်​ယောက် သုံး​ယောက်​ရှိ​လျှင် သေ​ထိုက်​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သက်​သေ​ခံ​တစ်​ယောက်​တည်း​ရှိ​လျှင် အ​သေ​မ​ခံ​ရ။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 7,
      "text": "ထို​သူ​ကို အ​သေ​သတ်​စိမ့်​သော​ငှာ၊ သက်​သေ​ခံ​တို့​သည် အ​ဦး​ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ပြု​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင် သင်​တို့​မှ ဒု​စ​ရိုက်​ကို ပယ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 8,
      "text": "သင့်​နေ​ရာ​မြို့​တွင် လူ​အ​သက်​ကို သတ်​ခြင်း​အ​မှု၊ တ​ရား​တွေ့​ခြင်း​အ​မှု၊ လူ​ချင်း​ရိုက်​ပုတ်​ခြင်း​အ​မှု​တို့​သည် မင်း​ရှေ့​သို့​ရောက်၍ မ​စီ​ရင် မ​ဆုံး​ဖြတ်​နိုင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 9,
      "text": "ထို​ကာ​လ​အ​ခါ တ​ရား​သူ​ကြီး​လုပ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​ရှေ့​မှာ အ​စီ​ရင်​ခံ​ရ​မည်။ သူ​တို့​သည်​လည်း စီ​ရင်​ချက်​ကို ဖော်​ပြ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သား​တို့​သည် ဖော်​ပြ​သော စီ​ရင်​ချက်​အ​တိုင်း၊ သင်​သည် ပြု​ရ​မည်။ သူ​တို့​သွန်​သင်​သည်​အ​တိုင်း ပြု​ရ​ခြင်း​ငှာ စောင့်​ရှောက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 11,
      "text": "သူ​တို့​ဖော်​ပြ​သော ဓ​မ္မ​သတ်​စီ​ရင်​ချက်၊ ကြား​ပြော​သော ဆုံး​ဖြတ်​ချက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။ သူ​တို့​ပြ​သော စီ​ရင်​ချက်​မှ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​ရ။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 12,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​မှု​တော်​ကို​စောင့်​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​စ​ကား​ကို နား​မ​ထောင်​ဘဲ ရဲ​ရင့်​စွာ​ပြု​သော​သူ​ကို အ​သေ​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​မှ ဒု​စ​ရိုက်​ကို​ပယ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 13,
      "text": "ထို​သ​တင်း​ကို လူ​ခပ်​သိမ်း​တို့​သည်​ကြား​လျှင် ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့် နောက်​တစ်​ဖန် ရဲ​ရင့်​စွာ မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 14,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် ဝင်​စား၍​နေ​သော​အ​ခါ၊ သင်​က၊ ငါ့​ပတ်​လည်၌​နေ​သော တစ်​ပါး​သော​လူ​မျိုး​အ​ပေါင်း​တို့​နည်း​တူ၊ ငါ​သည် ရှင်​ဘု​ရင်​အ​ရာ၌ တစ်​စုံ​တစ်​ယောက်​ကို ချီး​မြှောက်​မည်​ဟု ဆို​လျှင်၊"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 15,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ၊ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​ကို​သာ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ရ​မည်။ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​မ​ဟုတ်​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ချီး​မြှောက်​ရ။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 16,
      "text": "ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 17,
      "text": "သူ၏​စိတ်​နှ​လုံး​သည် ဖောက်​ပြန်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း များ​စွာ​သော မ​ယား​တို့​ကို မ​ယူ​ရ။ ရွှေ​ငွေ​ကို​လည်း များ​စွာ​မ​ဆည်း​ဖူး​ရ။"
    },
    {
      "book": 5,
      "chapter": 17,
      "verse": 18,
      "text": "ထို​ရှင်​ဘု​ရင်​သည် သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၌ အ​သက်​တာ​ရှည်​စွာ စိုး​စံ​ခြင်း​အ​လို​ငှာ၊ သူ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ဤ​ပ​ညတ်​တ​ရား​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​အောင် သွန်​သင်​မည်​အ​ကြောင်း၊ သူ၏​ညီ​အစ်​ကို​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ မာ​န​ထောင်​လွှား​သ​ဖြင့်၊ တ​ရား​လမ်း​မှ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မည်​အ​ကြောင်း၊ နန်း​တော်​ပေါ်​မှာ ထိုင်​သော​အ​ခါ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်၌​ရှိ​သော ဤ​ဓ​မ္မ​ပ​ညတ်​တ​ရား​စာ​ကို​ရေး​ကူး၍ လက်​ခံ​စာ​ကို တစ်​သက်​လုံး စောင့်​ရှောက်​ကြည့်​ရှု ဖတ်​ရွတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 1,
      "text": "လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​အ​စ​ရှိ​သော လေ​ဝိ​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော၍ အ​ဖို့​မ​ရှိ အ​မွေ​မ​ခံ​ရ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မွေ​တည်း​ဟူ​သော မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို စား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 2,
      "text": "ထို​ကြောင့်၊ သူ​တို့​သည် ညီ​အစ်​ကို​များ​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့၏ အ​မွေ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 3,
      "text": "လူ​တို့​သည် ယဇ်​ပူ​ဇော်​သော​အ​ခါ၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ် ခံ​ရ​သော​အ​ဖို့ ပ​ခုံး​တစ်​ဖက်၊ ပါး​နှစ်​ဖက်၊ အ​အူ​များ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 4,
      "text": "အ​ဦး​သိမ်း​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​မွေး​ကို​လည်း​ကောင်း လှူ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် သူ့​ကို​ရွေး​ကောက်​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တည်း​ခို​သော လေ​ဝိ​သား​တစ်​စုံ​တစ်​ယောက်​သည်၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​ကို ကြည်​ညို​သော​စိတ်​အား​ကြီး၍ ရောက်​လာ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နေ​ရာ​ရ​သော ညီ​အစ်​ကို လေ​ဝိ​သား​အ​ပေါင်း​တို့​နည်း​တူ သူ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 8,
      "text": "သူ၏​အ​မွေ​ကို​ရောင်း၍​ရ​သော ဥ​စ္စာ​မှ​တစ်​ပါး၊ လေ​ဝိ​သား​များ​တို့​နှင့်​အ​တူ အ​ညီ​အ​မျှ​ခံ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 9,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 10,
      "text": "သင်​တို့​တွင် မိ​မိ​သား​သ​မီး​ကို မီး​ဖြင့်​ပူ​ဇော်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​နှင့် ဟော​ပြော​သော​သူ၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ မ​ကောင်း​သော​အ​တတ်​ကို ပြု​စု​သော​သူ၊"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 11,
      "text": "ပြု​စား​တတ်​သော​သူ၊ နတ်​ဆိုး​နှင့်​ပေါင်း​သော​သူ၊ ဝိ​ဇ္ဇာ​အ​တတ်​ကို ပြု​စု​သော​သူ၊ လူ​သေ​ကို​မေး​မြန်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ရ။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 12,
      "text": "ထို​သို့ ပြု​တတ်​သော​သူ အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​တို့​ကြောင့် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 13,
      "text": "သင်​သည်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ စုံ​လင်​ခြင်း​ရှိ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 14,
      "text": "သင်​အ​စိုး​ရ​အံ့​သော လူ​မျိုး​တို့​သည်၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​အား​ဖြင့် ဟော​ပြော​သော​သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။ သင်​မူ​ကား ထို​သို့​ပြု​ရ​အောင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 15,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင့်​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​ထောင်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 16,
      "text": "ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သူ​တို့​စ​ကား​သည် လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 18,
      "text": "သူ​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ သင်​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ၍၊ ထို​ပ​ရော​ဖက်​နှုတ်၌ ငါ့​စ​ကား​ကို ငါ​အပ်​သ​ဖြင့် ငါ​မှာ​ထား​သ​မျှ​တို့​ကို သူ​တို့​အား ဆင့်​ဆို​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 19,
      "text": "ထို​ပ​ရော​ဖက်​သည် ငါ့​အ​ခွင့်​နှင့် ဟော​ပြော​သော ငါ့​စ​ကား​တို့​ကို အ​ကြင်​သူ​သည် နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​ကို ငါ​စစ်​ကြော​မည်။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 20,
      "text": "ငါ​မ​မှာ​ထား​ဘဲ ငါ့​အ​ခွင့်​ကို​ဆောင်၍ ရဲ​ရင့်​စွာ ဟော​ပြော​သော​ပ​ရော​ဖက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​အ​ခွင့်​နှင့် ဟော​ပြော​သော​ပ​ရော​ဖက်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 21,
      "text": "သင်​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မ​မူ​သည်​ကို ငါ​တို့​သည် အ​ဘယ်​သို့​သိ​နိုင်​သ​နည်း​ဟု တွေး​တော​လျှင်၊"
    },
    {
      "book": 5,
      "chapter": 18,
      "verse": 22,
      "text": "ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​ကို​ဆောင်၍ ဟော​ပြော​သည်​အ​တိုင်း အ​မှု​မ​ဖြစ်၊ ဟော​ပြော​သော​စ​ကား မ​ပြည့်​စုံ​လျှင်၊ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မ​မူ၊ ပ​ရော​ဖက်​သည် ရဲ​ရင့်​စွာ​ဟော​ပြော​ပြီ။ သူ့​ကို မ​ကြောက်​ရ။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 1,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်၌​နေ​သော လူ​မျိုး​တို့​ကို သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပယ်​ဖြတ်​တော်​မူ​သ​ဖြင့်၊ သင်​သည် သူ​တို့​အ​ရာ၌ ဝင်​စား၍၊ သူ​တို့​မြို့၊ သူ​တို့​အိမ်၌​နေ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 2,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ပိုင်​ပေး​တော်​မူ​သော ထို​ပြည်​အ​တွင်း၌ မြို့​သုံး​မြို့​တို့​ကို ခွဲ​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 3,
      "text": "လူ​အ​သက်​ကို သတ်​မိ​သော​သူ​အ​ပေါင်း​တို့​သည် ထို​မြို့​သို့ ပြေး​နိုင်​မည်​အ​ကြောင်း၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သုံး​ပိုင်း​ပိုင်း၍ လမ်း​ခ​ရီး​ကို​လည်း ပြင်​ဆင်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 4,
      "text": "လူ​အ​သက်​ကို​သတ်​မိ၍၊ ကိုယ်​အ​သက် ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထို​မြို့​သို့​ပြေး​ရ​သော သူ၏​အ​မှု​ဟူ​ကား၊ လူ​သည် ထင်း​ခုတ်​ခြင်း​ငှာ အ​ဖော်​နှင့်​တော​သို့​သွား၍ သစ်​ပင်​ကို ခုတ်​လှဲ​စဉ်​အ​ခါ၊ ပု​ဆိန်​သည် အ​ရိုး​ကျွတ်၍ အ​ဖော်​ကို ထိ​သော​ကြောင့်၊ မိ​မိ​အ​ဖော်​သေ​အောင် ပြု​မိ​သော​သူ​နှင့်​တူ၍၊ ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​ဘဲ မိ​မိ​အ​ဖော်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည်၊ ထို​မြို့​တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 6,
      "text": "သို့​မ​ဟုတ် သေ​စား​သေ​စေ​သော​သူ​သည် စိတ်​မာန်​ထ​စဉ်​အ​ခါ၊ လူ​သတ်​ကို​လိုက်​လျက် ခ​ရီး​ဝေး​သော​ကြောင့် မီ၍​သတ်​လိမ့်​မည်။ ထို​သို့ မ​သတ်​သင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မိ​မိ​အ​ဖော်​ကို ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို မ​ခံ​ထိုက်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 7,
      "text": "ထို​ကြောင့် မြို့​သုံး​မြို့​ကို ခွဲ​ထား​ရ​မည်​ဟု ငါ​မှာ​ထား၏။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 8,
      "text": "ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် အ​စဉ်​အ​မြဲ လမ်း​တော်​သို့​လိုက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ က​တိ​ထား​သော ပြည်​ရှိ​သ​မျှ​ကို သင့်​အား​ပေး​တော်​မူ၍၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​နေ​ရာ​ပြည်​ကို ကျယ်​ဝန်း​စေ​တော်​မူ​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​သေ​မ​ခံ​ထိုက်​သော​သူ​သည် အ​သေ​ခံ၍ လူ့​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သင့်​အ​ပေါ်​မှာ မ​ရောက်​မည်​အ​ကြောင်း၊ ယ​ခု​ဆို​ခဲ့​ပြီး​သော မြို့​သုံး​မြို့​မှ​တစ်​ပါး၊ အ​ခြား​သော မြို့​သုံး​မြို့​ကို ထပ်၍​ခွဲ​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 11,
      "text": "တစ်​နည်း​ကား၊ မိ​မိ​အ​ဖော်​ကို​ရန်​ငြိုး​ဖွဲ့​သ​ဖြင့် ချောင်း​မြောင်း၍ သေ​အောင်​တိုက်​သော​သူ​သည် ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ ရောက်​သော်​လည်း၊"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 12,
      "text": "သူ့​နေ​ရာ​မြို့၌ အ​သက်​ကြီး​သူ​တို့​သည် လူ​ကို​စေ​လွှတ်၍ ထို​သူ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊ သေ​စေ​ခြင်း​ငှာ သေ​စား​သေ​စေ​သော​သူ၏​လက်၌ အပ်​လိုက်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 13,
      "text": "သင်၏​မျက်​စိ​သည် သူ့​ကို​မ​သ​နား​ရ၊ သင်​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ လူ​အ​သက်​သတ်​ခြင်း​အ​ပြစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 14,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​မှာ အ​မွေ​ခံ​ရာ​မြေ၌ ရှေး​လူ​ဟောင်း​တို့​သည် စိုက်​ထား​နှင့်​သော အိမ်​နီး​ချင်း၏ မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 15,
      "text": "လူ​သည် ပြု​မိ​သော​ဒု​စ​ရိုက်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို စစ်​ကြော​သော​အ​ခါ၊ သက်​သေ​ခံ​တစ်​ဦး​တည်း​ရှိ​လျှင် သူ၏​စ​ကား​မ​တည်​ရ။ သက်​သေ​ခံ​နှစ်​ဦး၊ သုံး​ဦး​အား​ဖြင့် စ​ကား​ရှိ​သ​မျှ​တို့​သည် တည်​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 16,
      "text": "မ​မှန်​သော သက်​သေ​ခံ​တစ်​ယောက်​သည်၊ သူ​တစ်​ပါး​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို​ခံ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 17,
      "text": "တ​ရား​တွေ့​သော​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​လည်း​ကောင်း၊ ထို​ကာ​လ၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​ရှေ့​သို့​လည်း​ကောင်း​လာ​သ​ဖြင့်၊"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 18,
      "text": "တ​ရား​သူ​ကြီး​တို့​သည် စေ့​စေ့​စစ်​ကြော၍ ထို​သက်​သေ​ခံ​သော​သူ​သည် မိ​မိ​အ​ဖော်​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို​ခံ​ပြီး​လျှင်၊"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 19,
      "text": "မိ​မိ​အ​ဖော်၌​ပြု​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း သူ၌​ပြု​ရ​မည်။ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ထို​သို့​ပယ်​ရှား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 20,
      "text": "ကြွင်း​သော​သူ​တို့​သည်​လည်း ထို​သ​တင်း​ကို​ကြား၍ ကြောက်​သော​ကြောင့်၊ နောက်​တစ်​ဖန် ထို​သို့​သော ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 19,
      "verse": 21,
      "text": "သင်၏​မျက်​စိ​သည် မ​သ​နား​ရ။ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊ မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း ဒဏ်​ပေး​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 1,
      "text": "သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ​သွား​သော​အ​ခါ၊ ကိုယ်​ထက်​သာ၍​များ​သော​မြင်း၊ ရ​ထား၊ လူ​တို့​ကို​မြင်​သော်​လည်း မ​ကြောက်​နှင့်။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​ရှိ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 2,
      "text": "စစ်​တိုက်​ချိန်​နီး​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ချဉ်း၍၊"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 3,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​သည် စစ်​တိုက်​ခြင်း​ငှာ ရန်​သူ​တို့​ကို​ချဉ်း​ကြ​ပြီ။ သူ​တို့​ကြောင့် စိတ်​ပျက်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ တုန်​လှုပ်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို​စစ်​တိုက်၍ သင်​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ သင်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​သည်​ဟု လူ​တို့​အား​ပြော​ဆို​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 5,
      "text": "ဗိုလ်​တို့​က​လည်း၊ အိမ်​သစ်​ကို​ဆောက်၍ ဘု​ရား​သ​ခင်၌ မ​အပ်​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့​ပြန်၍ အပ်​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​အိမ်​ကို​အပ်​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 6,
      "text": "စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်၍ စ​ပျစ်​သီး​ကို မ​စား​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​စ​ပျစ်​သီး​ကို စား​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 7,
      "text": "မိန်း​မ​နှင့် လက်​ထပ်၍ မ​သိမ်း​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​မိန်း​မ​ကို​သိမ်း​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု လူ​များ​တို့​အား ပြော​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 8,
      "text": "တစ်​ဖန်​လည်း၊ ဗိုလ်​တို့​က ကြောက်​တတ်​သော သ​ဘော​ရှိ၍ စိတ်​ပျက်​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ်​လျှင် ထို​သူ​စိတ်​ပျက်​သ​ကဲ့​သို့ သူ၏​အ​ဖော်​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု လူ​များ​တို့​အား ပြော​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 9,
      "text": "ဗိုလ်​တို့​သည် လူ​များ​တို့​အား ထို​သို့​ပြော​ပြီး​မှ တပ်​မှူး​တို့​သည် လူ​များ​ကို စစ်​ချီ​စေ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 10,
      "text": "သင်​သည် မြို့​တစ်​စုံ​တစ်​မြို့​ကို တိုက်​ခြင်း​ငှာ ချဉ်း​သော​အ​ခါ၊ စစ်​ငြိမ်း​မည်​အ​ကြောင်း​ကို ဟစ်​ကြော်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 11,
      "text": "ထို​မြို့​သည် စစ်​ငြိမ်း​ရာ​စ​ကား​ပြေ​ကို ပြန်​ပြော၍ မြို့​တံ​ခါး​ကို ဖွင့်​ထား​လျှင်၊ ထို​မြို့၌​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သင့်​အား​အ​ခွန်​ပေး၍ သင့်​အ​မှု​ကို​ထမ်း​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 12,
      "text": "သို့​မ​ဟုတ် စ​ကား​ပြေ​မ​ပြော​ဘဲ သင့်​ကို​စစ်​တိုက်​လျှင်၊ ထို​မြို့​ကို​ဝိုင်း​ထား၍၊"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 13,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ ယောက်ျား​ရှိ​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 14,
      "text": "မိန်း​မ၊ သူ​ငယ်၊ တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော မြို့၌​တွေ့​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို ကိုယ်​ဖို့​သိမ်း၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော သင်၏​ရန်​သူ​လက်​မှ​ရ​သော ဥ​စ္စာ​ကို​စား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 15,
      "text": "ဤ​လူ​မျိုး​နေ​သော မြို့​မှ​တစ်​ပါး သင်​နှင့်​ဝေး​သော မြို့​ရှိ​သ​မျှ​တို့​အား ထို​သို့​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 16,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့၊ ဤ​လူ​မျိုး​နေ​ရာ​မြို့​တို့၌ အ​သက်​ရှူ​သော လူ​သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​မ​ရှင်​စေ​ရ။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 17,
      "text": "ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ၌​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို သင့်​အား​သွန်​သင်၍၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 19,
      "text": "သင်​သည် မြို့​တစ်​စုံ​တစ်​မြို့​ကို တိုက်​ယူ​ခြင်း​ငှာ ကြာ​မြင့်​စွာ​ဝိုင်း​ထား​လျှင်၊ သစ်​ပင်​များ​ကို မ​ခုတ်​မ​ဖြတ်​ရ။ မြေ၌​ပေါက်​သော အ​ပင်​တို့​သည် လူ​အ​သက်​မွေး​ဖို့​ရာ ဖြစ်​သော​ကြောင့် အ​သီး​ကို​သာ​စား​ရ​မည်။ မြို့​ကို​ဝိုင်း​ထား​ရာ အ​မှု​ကို​ဆောင်၍ အ​ပင်​ကို​မ​လှဲ​ရ။"
    },
    {
      "book": 5,
      "chapter": 20,
      "verse": 20,
      "text": "သို့​ရာ​တွင် မ​စား​ရ​သော​သစ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သင်​နှင့်​စစ်​တိုက်​သော​မြို့​ကို မ​အောင်​မီ​တိုင်​အောင်၊ စစ်​တိုက်​ရာ​တန်​ဆာ​တို့​ကို ဆောက်​လုပ်​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 1,
      "text": "သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​တွင်၊ လွတ်​လပ်​သော​အ​ရပ်၌ လူ​အ​သေ​ကောင်​ရှိ​သည်​ကို​တွေ့၍၊ အ​ဘယ်​သူ​သတ်​သည်​ကို မ​သိ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 2,
      "text": "သင်၌ အ​သက်​ကြီး​သူ၊ တ​ရား​သူ​ကြီး​တို့​သည် ထွက်၍၊ ပတ်​ဝန်း​ကျင်​မြို့​ရွာ​များ​တိုင်​အောင် တိုင်း​ထွာ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 3,
      "text": "အ​သေ​ကောင်​နှင့် အ​နီး​ဆုံး​သော​မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထမ်း​ပိုး​တင်​ခြင်း၊ စေ​ခိုင်း​ခြင်း​ကို မ​ပြု​ဖူး​သေး​သော နွား​သ​ငယ်​ကို​ယူ၍၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 4,
      "text": "လယ်​မ​လုပ် မျိုး​စေ့​မ​ကြဲ​နိုင်​အောင် ရေ​မ​ပြတ်​သော​ချောင်း​သို့ ဆောင်​သွား၍၊ ထို​ချောင်း၌ နွား​လည်​ပင်း​ကို ဖြတ်​ပြီး​မှ၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 5,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ချဉ်း၍ တ​ရား​တွေ့​ခြင်း​အ​မှု၊ ရိုက်​ပုတ်​ခြင်း​အ​မှု ရှိ​သ​မျှ​တို့​ကို စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 6,
      "text": "အ​သေ​ကောင်​နှင့် အ​နီး​ဆုံး​သော​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ ထို​ချောင်း၌ လည်​ပင်း​ဖြတ်​ပြီး​သော နွား​မ​အ​ပေါ်​မှာ မိ​မိ​တို့​လက်​ကို​ဆေး​လျက်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 7,
      "text": "ငါ​တို့​လက်​သည် ဤ​အ​သွေး​ကို မ​သွန်း၊ ငါ​တို့​မျက်​စိ​သည် မ​မြင်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 8,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ရွေး​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို သ​နား​တော်​မူ​ပါ။ မ​သေ​ထိုက်​သော​သူ​ကို သတ်​သော​အ​ပြစ်​သည် ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​တော်​မ​မူ​ပါ​နှင့်​ဟု မြွက်​ဆို​ရ​ကြ​မည်။ သို့​ပြု​လျှင် အ​သက်​ကို​သတ်​သော အ​ပြစ်​လွတ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 9,
      "text": "ထို​သို့ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ခါ၊ မ​သေ​ထိုက်​သော​သူ၏ အ​သွေး​ကို ပယ်​ရှင်း​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 10,
      "text": "သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​သွား၍ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သင်​သည် ဖမ်း​ယူ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 11,
      "text": "ဖမ်း​ယူ​သော​သူ​တို့​တွင် အ​ဆင်း​လှ​သော​မိန်း​မ​ကို မြင်၍ စုံ​ဖက်​ခြင်း​ငှာ​အ​လို​ရှိ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 12,
      "text": "သင့်​အိမ်​သို့ သူ့​ကို​ခေါ်​သွား၍၊ သူ​သည် ဦး​ဆံ​ရိတ်​ခြင်း၊ လက်​သည်း​လှီး​ဖြတ်​ခြင်း​ကို​ပြု​လျက်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 13,
      "text": "ဖမ်း​ယူ​ရာ​အ​ဝတ်​ကို ချွတ်​ပယ်၍ တစ်​လ​ပတ်​လုံး မိ​ဘ​တို့​ကို မြည်​တမ်း​လျက် သင့်​အိမ်၌​နေ​ပြီး​သော​နောက်၊ သင်​သည် သူ​နှင့်​စုံ​ဖက်၍ သူ​သည် သင်၏​မ​ယား​ဖြစ်​မည်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 14,
      "text": "နောက်​တစ်​ဖန် သူ့​ကို​မ​ချစ်​လျှင်၊ သူ့​အ​လို​အ​လျောက် သွား​သော​အ​ခွင့်​ကို ပေး​ရ​မည်။ သူ့​ကို​ရှုတ်​ချ​သော​ကြောင့် ငွေ​နှင့်​မ​ရောင်း​ရ၊ ကျွန်​အ​ရာ၌ မ​ထား​ရ။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 15,
      "text": "လင်​ချစ်​သော မ​ယား၊ မုန်း​သော မ​ယား​နှစ်​ယောက်​တို့​သည် သား​ကို​ဖွား၍၊ အ​ဦး​ဖွား​သော​သား​သည် မုန်း​သော​မ​ယား၏​သား​ဖြစ်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 16,
      "text": "ထို​သူ​သည် မိ​မိ​အ​မွေ​ဥ​စ္စာ​ကို ဝေ​သော​အ​ခါ၊ မုန်း​သော​မ​ယား၏​သား​ဦး​ကို နှိမ့်​ချ၍ ချစ်​သော​မ​ယား၏​သား​ကို သား​ဦး​အ​ရာ၌ မ​ချီး​မြှောက်​ရ။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 17,
      "text": "မုန်း​သော​မ​ယား၏​သား​သည် သား​ဦး​ဖြစ်​သည်​ဟု ဝန်​ခံ၍၊ နှစ်​ဆ​သော အ​မွေ​ဥ​စ္စာ​ကို သူ့​အား​ပေး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သား​သည်​အ​ဘ၏ ခွန်​အား​အ​စ​ဦး​ဖြစ်၏။ သား​ဦး​အ​ရိုက်​အ​ရာ​နှင့် ဆိုင်​ပေ၏။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 18,
      "text": "အ​ဘ၌ ဆိုး​သော​သား၊ ခက်​ထန်​သော​သ​ဘော​ရှိ၍ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သား၊ မိ​ဘ​တို့​ဆုံး​မ​သော်​လည်း ဆုံး​မ​ခြင်း​ကို မ​ခံ​သော​သား​ရှိ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 19,
      "text": "မိ​ဘ​တို့​သည် ထို​သား​ကို ဆွဲ​ကိုင်၍၊ မြို့၌ အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 20,
      "text": "အ​ကျွန်ုပ်​တို့​သား​သည် ဆိုး​သော​သူ၊ ခက်​ထန်​သော​သ​ဘော​ရှိ၍ အ​ကျွန်ုပ်​တို့​စ​ကား​ကို နား​မ​ထောင်​သော​သူ​ဖြစ်​ပါ၏။ စား​ကြူး​သော​သူ၊ သောက်​ကြူး​သော​သူ​ဖြစ်​ပါ၏​ဟု မြို့၌ အ​သက်​ကြီး​သူ​တို့​အား လျှောက်​ဆို​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 21,
      "text": "မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 22,
      "text": "သေ​ထိုက်​သော အ​ပြစ်​ရှိ​သော​သူ​ကို သစ်​တိုင်၌ ဆွဲ၍​သတ်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 21,
      "verse": 23,
      "text": "အ​သေ​ကောင်​ကို သစ်​တိုင်၌ တစ်​ည​လုံး​မ​ထား​ရ။ ထို​နေ့​ချင်း​တွင် မြေ၌​ဆက်​ဆက်​မြှုပ်​ရ​မည်။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း​ကို ခံ​ရ​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သည် မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း ထို​သို့​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 1,
      "text": "သင့်​ညီ​အစ်​ကို၏ သိုး​နွား​သည် လမ်း​လွဲ​သည်​ကို ကြည့်၍​မ​နေ​ရ။ ညီ​အစ်​ကို​ထံ​သို့ ဆက်​ဆက်​ပြန်​ပို့​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 2,
      "text": "ညီ​အစ်​ကို ဝေး​သော်​လည်း​ကောင်း၊ သူ့​ကို မ​သိ​သော်​လည်း​ကောင်း၊ ထို​သိုး​နွား​ကို ကိုယ်​အိမ်​သို့ ဆောင်​ခဲ့​ရ​မည်။ ညီ​အစ်​ကို​သည် မ​ရှာ၊ သူ၌ မ​အပ်​မီ​တိုင်​အောင် ကိုယ်​အိမ်၌ ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 3,
      "text": "မြည်း​ဖြစ်​စေ၊ အ​ဝတ်​ဖြစ်​စေ၊ ညီ​အစ်​ကို၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ပျောက်၍ သင်​တွေ့​မိ​လျှင်၊ ကြည့်၍​မ​နေ​ဘဲ ထို​အ​တူ​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 4,
      "text": "ညီ​အစ်​ကို​၏ မြည်း​နွား​သည် လမ်း၌​လဲ​လျက်​ရှိ​သည်​ကို ကြည့်၍​မ​နေ​ရ။ ညီ​အစ်​ကို​နှင့်​ဝိုင်း၍ ဆက်​ဆက် မ​စ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 5,
      "text": "မိန်း​မ​သည် ယောက်ျား​အ​ဝတ်​ကို မ​ဝတ်​ရ။ ယောက်ျား​သည်​လည်း မိန်း​မ​အ​ဝတ်​ကို မ​ဝတ်​ရ။ ထို​သို့​ဝတ်​သော​သူ​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 6,
      "text": "သစ်​ပင်​ပေါ် မြေ​ပေါ်​မှာ ငှက်​သိုက်၌​ငှက်​မ​သည် အ​ဥ​များ၊ သား​ငယ်​များ​ကို ဝပ်​လျက်​နေ​သည်​ကို တွေ့​လျှင်၊ သား​ငယ်​တို့​နှင့်​အ​တူ အ​မိ​ကို​မ​ယူ​ရ။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 7,
      "text": "သင်​သည် ကောင်း​စား၍ အ​သက်​တာ​ရှည်​မည် အ​ကြောင်း၊ သား​ငယ်​တို့​ကို သိမ်း​ယူ​လျှင်​လည်း အ​မိ​ကို​လွှတ်​လိုက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 8,
      "text": "လူ​သည် အိမ်​မိုး​ပေါ်​က​ကျ၍ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် မ​ရောက်​မည်​အ​ကြောင်း၊ အိမ်​အ​သစ်​ကို​ဆောက်​သော​အ​ခါ၊ အ​မိုး​နား​ပတ်​လည်၌ အ​ဆီး​အ​တား​ကို လုပ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 9,
      "text": "စ​ပျစ်​ဥ​ယျာဉ်၌ ခြား​နား​သော မျိုး​စေ့​တို့​ကို ရော​နှော၍ မ​ကြဲ​ရ။ ထို​သို့​ကြဲ​လျှင်၊ မျိုး​စေ့​အ​သီး၊ စ​ပျစ်​ပင် အ​သီး​နှစ်​ပါး​စ​လုံး ပျက်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 10,
      "text": "နွား​နှင့်​မြည်း​ကို ဖက်၍​လယ်​မ​ထွန်​ရ။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 11,
      "text": "ဝါ​နှင့်​သိုး​မွေး​ကို ရော​နှော၍ ရက်​သော​အ​ဝတ်​ကို မ​ဝတ်​ရ။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 12,
      "text": "သင်​ခြုံ​သော​အ​ဝတ်​စွန် လေး​ဘက်၌ ပန်း​ပွား​တို့​ကို​ဆွဲ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 13,
      "text": "လူ​သည် မ​ယား​နှင့်​ထိမ်း​မြား​ဆက်​ဆံ​ပြီး​မှ၊ တစ်​ဖန် ထို​မိန်း​မ​ကို​မုန်း၍၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 14,
      "text": "ငါ​သည် ဤ​မိန်း​မ​နှင့် ထိမ်း​မြား​ဆက်​ဆံ​သော​အ​ခါ၊ က​ညာ​မ​စစ်​ကြောင်း​ကို သိ​ရ​ပြီ​ဟု ထို​မိန်း​မ၌ ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို​ပြု၍ သူ့​အ​သ​ရေ​ကို​ဖျက်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 15,
      "text": "ထို​မိန်း​မ၏ မိ​ဘ​တို့​သည် က​ညာ၏ လ​က္ခ​ဏာ​သက်​သေ​ကို ဆောင်​လျက်၊ မြို့၌ အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​သွား၍၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 16,
      "text": "ထို​မိန်း​မ၏​အ​ဘ​က၊ အ​ကျွန်ုပ်​သ​မီး​ကို ဤ​လူ၌ အ​ကျွန်ုပ်​ပေး​စား​ပါ​ပြီ။ သူ​သည် အ​ကျွန်ုပ်​သ​မီး​ကို​မုန်း၍၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 17,
      "text": "သင်၏​သ​မီး​သည် က​ညာ​မ​စစ်​ကြောင်း​ကို ငါ​တွေ့​ပြီ​ဟု​ဆို​လျက် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို ပြု​ပါ၏။ သို့​ရာ​တွင် ဤ​သည်​ကား၊ အ​ကျွန်ုပ်​သ​မီး၏ က​ညာ​လ​က္ခ​ဏာ​သက်​သေ ဖြစ်​ပါ၏​ဟု အ​သက်​ကြီး​သူ​တို့​အား လျှောက်​ဆို​လျက် ထို​အ​ဝတ်​ကို သူ​တို့​ရှေ့​မှာ​လှန်၍ ပြ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 18,
      "text": "ထို​အ​ခါ မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထို​လူ​ကို​ယူ၍ ရိုက်​ပြီး​မှ၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 19,
      "text": "ငွေ​တစ်​ပိဿာ​ကို လျော်​စေ၍၊ မိန်း​မ၏​အ​ဘ​အား ပေး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​က​ညာ၏​အ​သ​ရေ​ကို ထို​သူ​ဖျက်​လေ​ပြီ။ ထို​မိန်း​မ​သည် သူ၏​မ​ယား​ဖြစ်​ရ​မည်။ တစ်​သက်​လုံး ထို​မိန်း​မ​နှင့်​မ​ကွာ​ရ။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 20,
      "text": "သို့​မ​ဟုတ် လင်​စ​ကား​မှန်၍၊ ထို​မိန်း​မ၌ က​ညာ​လ​က္ခ​ဏာ​သက်​သေ​မ​ရှိ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 21,
      "text": "မြို့​သား​ယောက်ျား​တို့​သည် ထို​မိန်း​မ​ကို အ​ဘ​အိမ်​တံ​ခါး​သို့ ဆောင်​ခဲ့​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် အ​ဘ​အိမ်၌ မ​တ​ရား​သော မေ​ထုန်​သို့​လိုက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ မိုက်​မဲ​သော​အ​မှု​ကို ပြု​လေ​ပြီ။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 22,
      "text": "လင်​ရှိ​သော​မိန်း​မ​နှင့် အ​ခြား​သော​ယောက်ျား သင့်​နေ​သည်​ကို တွေ့​မိ​လျှင်၊ ထို​ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 23,
      "text": "အ​ပျို​က​ညာ​ကို ယောက်ျား​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​မှ၊ အ​ခြား​သော​ယောက်ျား​သည် မြို့​ထဲ​မှာ​တွေ့၍ သင့်​နေ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 24,
      "text": "ထို​သူ​နှစ်​ယောက်​တို့​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ဆောင်​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ မိန်း​မ​သည် မြို့​ထဲ​မှာ​ရှိ​လျက်​ပင် မ​အော်​မ​ဟစ်​သော​ကြောင့်​လည်း​ကောင်း၊ ယောက်ျား​လည်း သူ့​မ​ယား​ကို ရှုတ်​ချ​သော​ကြောင့်​လည်း​ကောင်း၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 25,
      "text": "အ​ပျို​ကို ယောက်ျား​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​မှ အ​ခြား​သော ယောက်ျား​သည် တော၌​တွေ့၍ အ​နိုင်​အ​ထက်​ပြု​လျှင်၊ ထို​ယောက်ျား​တစ်​ယောက်​တည်း​ကို​သာ အ​သေ​သတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 26,
      "text": "သေ​ထိုက်​သော​အ​ပြစ် မ​ရှိ​သော​ထို​မိန်း​မ​ကို သင်​သည် အ​ဘယ်​သို့​မျှ​မ​ပြု​ရ။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် ထို​မိန်း​မ​ကို တော၌​တွေ့၍ မိန်း​မ​အော်​ဟစ်​သော်​လည်း ကူ​ညီ​သော​သူ​မ​ရှိ​သော​ကြောင့်၊ ထို​အ​မှု​သည် လူ​ချင်း​တစ်​ယောက်​ကို တစ်​ယောက် ရန်​ပြု၍​သတ်​သော​အ​မှု​နှင့်​တူ၏။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 28,
      "text": "ယောက်ျား​နှင့် မ​ထိမ်း​မြား​မ​ဆောင်​နှင်း​သေး​သော အ​ပျို​က​ညာ​ကို အ​ခြား​သော​ယောက်ျား​သည်​တွေ့၍ ကိုင်​ဆွဲ​သင့်​နေ​သည်​ကို တွေ့​မိ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 29,
      "text": "ထို​ယောက်ျား​သည် မိန်း​မ၏​အ​ဘ​အား ငွေ​ငါး​ဆယ်​ကို လျော်​ရ​မည်။ ထို​မိန်း​မ​သည်​လည်း သူ၏​မ​ယား​ဖြစ်​ရ​မည်။ သူ့​ကို​ရှုတ်​ချ​သော​ကြောင့် တစ်​သက်​လုံး မ​ကွာ​ရ။"
    },
    {
      "book": 5,
      "chapter": 22,
      "verse": 30,
      "text": "လူ​သည် မိ​မိ​အ​ဘ​နှင့်​သာ​ဆိုင်​သော အ​ဘ၏​မ​ယား​ကို မ​သိမ်း​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 1,
      "text": "ယောက်ျား၏ အင်္ဂါ​လ​က္ခ​ဏာ​မ​စုံ​လင်၊ ချို့​တဲ့​သော​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 2,
      "text": "မျောက်​မ​ထား၍​ရ​သော​သား​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။ ဆယ်​ဆက်​မြောက်​အောင် မ​ဝင်​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 3,
      "text": "အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။ ကာ​လ​အ​စဉ်​မ​ကုန်၊ ဆယ်​ဆက်​မြောက်​အောင် မ​ဝင်​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သူ​တို့​သည် မုန့်​နှင့်​ရေ​ကို​ဆောင်၍ ခ​ရီး​ဦး​ကြို​မ​လာ​ကြ။ သင့်​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ပေ​သော်​မြို့၌​နေ​သော ဗော​ရ​သား​ဗာ​လမ်​ကို ငှား​ကြ၏။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 5,
      "text": "သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​စ​ကား​ကို နား​မ​ထောင်။ သင့်​ကို​ချစ်​သော​ကြောင့် ကျိန်​ဆဲ​ခြင်း​ကို သင်၌ ကောင်း​ချီး​မင်္ဂ​လာ ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 6,
      "text": "သင်​သည် သူ​တို့​ချမ်း​သာ၊ သူ​တို့​စည်း​စိမ်​ကို တစ်​သက်​လုံး​အ​စဉ် မ​ပြု​စု​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 7,
      "text": "ဧ​ဒုံ​အ​မျိုး​သား​ကို​မူ​ကား၊ မ​မုန်း​ရ။ သူ​သည် သင်၏​ညီ​အစ်​ကို ဖြစ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား​ကို​လည်း မ​မုန်း​ရ။ သူ၏​ပြည်၌ သင်​သည် ကျွန်​ခံ​ခဲ့​ဖူး​ပြီ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 8,
      "text": "သူ​တို့​အ​မျိုး​အ​နွယ်​သည် သုံး​ဆက်​မြောက်​မှ​သာ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​ဖြစ်​ရ​သော အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 9,
      "text": "ရန်​သူ​တို့​ကို စစ်​တိုက်​သွား​သော​အ​ခါ၊ မ​တ​ရား​သော​အ​မှု​ရှိ​သ​မျှ​ကို ရှောင်​လော့။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 10,
      "text": "ည​အ​ချိန်၌ ရောက်​တတ်​သော မ​စင်​ကြယ်​သော အ​ကြောင်း​ကြောင့် မ​စင်​ကြယ်​သော​သူ​သည် သင်​တို့​တွင်​ရှိ​လျှင် သူ​သည်​တပ်​ပြင်​သို့ ထွက်​ရ​မည်။ တပ်​ထဲ​သို့ မ​ဝင်​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 11,
      "text": "မိုး​ချုပ်​သော​အ​ခါ ရေ​ချိုး၍၊ နေ​ဝင်​ပြီး​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 12,
      "text": "သင့်​ကျင်​ကြီး​စွန့်​ရာ အ​ရပ်​သည် တပ်​ပြင်၌​ရှိ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 13,
      "text": "တပ်​ပြင်​သို့​ထွက်၍ စွန့်​သော​အ​ခါ၊ ကိုယ်၌​ပါ​သော သစ်​သား​တူး​ရွင်း​နှင့် မြေ၌​တူး​ရ​မည်။ နောက်​တစ်​ဖန်​လှည့်၍ မ​စင်​ကို ဖုံး​အုပ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကယ်​တင်၍ ရန်​သူ​တို့​ကို သင့်​လက်၌​အပ်​ခြင်း​ငှာ၊ သင်၏​တပ်​ထဲ​မှာ သွား​လာ​တော်​မူ၏။ ထို​ကြောင့်၊ သင့်​အ​ထဲ၌ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မြင်၍ သင်​မှ ရှောင်​သွား​တော်​မ​မူ​မည်​အ​ကြောင်း၊ သင်၏​တပ်​သည် သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 15,
      "text": "မိ​မိ​သ​ခင်​ထံ​က​ပြေး၍ သင့်​ထံ​သို့​ရောက်​သော ကျွန်​ကို သ​ခင်၌​မ​အပ်​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 16,
      "text": "ထို​ကျွန်​သည် အ​လို​အ​လျောက်​နေ​ချင်​သော အ​ရပ်၊ သင့်​နေ​ရာ​မြို့ တစ်​စုံ​တစ်​မြို့၌ သင့်​ထံ​မှာ​နေ​ရ​သော အ​ခွင့်​ရှိ၏။ သူ့​ကို မ​ညှဉ်း​ဆဲ​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​တွင် ပြည့်​တန်​ဆာ​မ​ရှိ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​မ​ရှိ​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 18,
      "text": "ပြည့်​တန်​ဆာ​လုပ်၍ ရ​သော​ငွေ၊ ခွေး​ကို​ရောင်း၍ ရ​သော​ငွေ​ကို သ​စ္စာ​က​တိ​ပြေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ မ​သွင်း​ရ။ ထို​သို့​သော​ငွေ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 19,
      "text": "သင်၏​အ​မျိုး​သား​ချင်း၌ အ​တိုး​ယူ၍၊ ငွေ၊ စား​စ​ရာ၊ အ​သုံး​အ​ဆောင်​ကို မ​ချေး​မ​ငှား​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 20,
      "text": "တစ်​ပါး​အ​မျိုး​သား၌ အ​တိုး​ယူ၍ ချေး​ငှား​ရ၏။ သင်​သွား၍ ဝင်​စား​သော​ပြည်​တွင် သင်​ပြု​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ အ​မျိုး​သား​ချင်း၌ အ​တိုး​ယူ၍ ချေး​ငှား​ခြင်း​ကို ရှောင်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 21,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျှင်၊ ထား​သည်​အ​တိုင်း မ​ပြု​ဘဲ​မ​နေ​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ကန်​အ​မှန်​တောင်း​တော်​မူ​မည်။ သင်​သည်​မ​ပြု​ဘဲ​နေ​လျှင် အ​ပြစ်​ရောက်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 22,
      "text": "သ​စ္စာ​က​တိ​မ​ထား​ဘဲ​နေ​လျှင် အ​ပြစ်​မ​ရောက်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 23,
      "text": "သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​အ​လို​အ​လျောက် သ​စ္စာ​က​တိ​ထား၍၊ ကိုယ်​နှုတ်​နှင့်​မြွက်​ဆို​သော စ​ကား​ကို​တည်​စေ၍၊ က​တိ​ရှိ​သည်​အ​တိုင်း​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 24,
      "text": "သင်​သည် အိမ်​နီး​ချင်း၏ စ​ပျစ်​ဥ​ယျာဉ်​ထဲ​သို့ ဝင်​သော​အ​ခါ၊ အ​လို​အ​လျောက် စ​ပျစ်​သီး​ကို ဝ​စွာ​စား​ရ​သော်​လည်း မ​သိမ်း​မ​ယူ​ရ။"
    },
    {
      "book": 5,
      "chapter": 23,
      "verse": 25,
      "text": "အိမ်​နီး​ချင်း၏ စ​ပါး​လယ်​ထဲ​သို့ ဝင်​သော​အ​ခါ၊ စ​ပါး​နှံ​ကို​လက်​နှင့် ဆွတ်​ရ​သော်​လည်း တံ​စဉ်​နှင့်​မ​ရိတ်​ရ။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 1,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မ​ယား​နှင့်​ထိမ်း​မြား၍ ဆက်​ဆံ​ပြီး​မှ တစ်​ဖန် အ​ပြစ်​တင်​စ​ရာ အ​ကြောင်း​ရှိ​သော​ကြောင့် စိတ်​မ​တွေ့​လျှင်၊ ဖြတ်​စာ​ကို​ရေး၍ သူ၌​အပ်​ပေး​သ​ဖြင့် လွှတ်​လိုက်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 2,
      "text": "ထို​မိန်း​မ​သည် လင်​အိမ်​မှ​ထွက်​သွား​သော​နောက်၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 3,
      "text": "နောက်​နေ​သော​လင်​သည်​လည်း သူ့​ကို​မုန်း​လျှင်၊ ဖြတ်​စာ​ကို​ရေး၍ သူ၌​အပ်​သ​ဖြင့် လွှတ်​လိုက်​သည် ဖြစ်​စေ၊ ထို​လင်​သေ​သည်​ဖြစ်​စေ၊"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 4,
      "text": "အ​ရင်​လွှတ်​လိုက်​သော​လင်​ဟောင်း​သည် ညစ်​ညူး​ခြင်း​ရှိ​သော ထို​မိန်း​မ​ကို နောက်​တစ်​ဖန်​မ​သိမ်း​ရ။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စက်​ဆုပ်​ဖွယ်​သော​အ​မှု ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​ပြစ်​မ​ရောက်​စေ​ရ။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 5,
      "text": "အိမ်​ထောင်​ဖက်​ပြု​စ​ရှိ​သော​သူ​သည် စစ်​တိုက်​မ​သွား​ရ။ မင်း​အ​မှု​ကို မ​ဆောင်​ရ။ တစ်​နှစ်​ပတ်​လုံး ကိုယ်​အိမ်၌​အ​လွတ်​နေ၍ မ​ယား​ကို ကျွေး​မွေး​ပြု​စု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 6,
      "text": "ကြိတ်​ဆုံ​အ​ပေါ် ကျောက်​ပြား​ကို​ဖြစ်​စေ၊ အောက်​ကျောက်​ပြား​ကို ဖြစ်​စေ၊ အ​ဘယ်​သူ​မျှ အ​ပေါင်​မ​ယူ​ရ။ ထို​သို့​ယူ​လျှင်၊ သူ့​အ​သက်​ကို အ​ပေါင်​ယူ​သည်​နှင့်​တူ၏။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 7,
      "text": "လူ​သည် မိ​မိ​အ​မျိုး​သား​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ခိုး၍ ကျွန်​အ​ရာ၌ ထား​သည်​ဖြစ်​စေ၊ ရောင်း​သည်​ဖြစ်​စေ၊ ထို​သူ​ခိုး​ကို​တွေ့​မိ​လျှင် အ​သေ​သတ်​ရ​မည်။ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ထို​သို့​ပယ်​ရှား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 8,
      "text": "နူ​နာ​ဘေး​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​တို့ သွန်​သင်​သ​မျှ​အ​တိုင်း သ​တိ​ပြု၍ စေ့​စေ့​စောင့်​ရှောက်​လော့။ သူ​တို့​ကို ငါ​မှာ​ထား​သည်​အ​တိုင်း ကျင့်​စောင့်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 9,
      "text": "သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ခ​ရီး​သွား​ကြ​စဉ်​တွင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိ​ရိ​အံ၌ ပြု​တော်​မူ​သော​အ​မှု​ကို အောက်​မေ့​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 10,
      "text": "သင်​သည် အ​မျိုး​သား​ချင်း၌ တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​လျှင်၊ အ​ပေါင်​ထား​သော​ဥ​စ္စာ​ကို ယူ​ခြင်း​ငှာ သူ့​အိမ်​ထဲ​သို့ မ​ဝင်​ရ။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 11,
      "text": "သင်​သည် အိမ်​ပြင်​မှာ​ရပ်​နေ၍၊ ထို​သူ​သည် အ​ပေါင်​ထား​သော​ဥ​စ္စာ​ကို သင့်​ရှိ​ရာ​အိမ်​ပြင်​သို့ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 12,
      "text": "ထို​သူ​သည် ဆင်း​ရဲ​လျှင်၊ ပေါင်၍​ထား​သော​ဥ​စ္စာ​ကို ပြန်​မ​အပ်​ဘဲ ည​ကို​မ​လွန်​စေ​ရ။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 13,
      "text": "သူ​သည် မိ​မိ​အ​ဝတ်​ကို​ဝတ်​ခြုံ​လျက် အိပ်​ပျော်၍ သင့်​ကို​ကောင်း​ချီး​ပေး​မည် အ​ကြောင်း၊ သူ​ပေါင်၍​ထား​သော ဥ​စ္စာ​ကို နေ​ဝင်​လျှင် ဆက်​ဆက်​ပြန်​အပ်​ရ​မည်။ ထို​သို့​ပြု​သော​အ​မှု​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​မှု ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 14,
      "text": "အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင့်​နေ​ရာ​မြို့​ရွာ​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ငှား​ကို မ​ညှဉ်း​ဆဲ​ရ။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 15,
      "text": "နေ့​စဉ်​မ​ပြတ် သူ့​အ​ခ​ကို ပေး​ရ​မည်။ မ​ပေး​ဘဲ နေ​မ​ဝင်​စေ​နှင့်။ သူ​သည် ဆင်း​ရဲ​သော​ကြောင့် ရ​ထိုက်​သော​အ​ခ​ကို​လည်း စိတ်​စွဲ​လမ်း​လျက် ရှိ​လိမ့်​မည်။ မ​ပေး​ဘဲ​နေ​လျှင် သူ​သည် သင့်​ကို​အ​ပြစ်​တင်၍ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သ​ဖြင့် သင်၌​အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 16,
      "text": "အ​ဘ​သည် သား၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ သား​သည် အ​ဘ၏​အ​ပြစ်​ကြောင့်​လည်း​ကောင်း အ​သေ​မ​ခံ​ရ။ လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့်​သာ အ​သေ​ခံ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 17,
      "text": "တ​ရား​ရှာ​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား​နှင့် မိ​ဘ​မ​ရှိ​သော​သူ​ကို အ​ရှုံး​မ​ပေး​ရ။ မု​ဆိုး​မ​အ​ဝတ်​ကို အ​ပေါင်​မ​ယူ​ရ။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 18,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ထို​ပြည်​မှ ရွေး​နုတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ငါ​ထား၏။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 19,
      "text": "သင်​သည် ကိုယ်​လယ်၌ အ​သီး​အ​နှံ​ကို ရိတ်​သော​အ​ခါ၊ မေ့​လျော့​သော​ကောက်​လှိုင်း​ကို ပြန်၍​မ​ယူ​ရ။ သင်​ပြု​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ ထို​ကောက်​လှိုင်း​ကို တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 20,
      "text": "သင်၏​သံ​လွင်​သီး​ကို ရိုက်​ချွေ​သော​အ​ခါ၊ ကျန်​ကြွင်း​သော​အ​သီး​ကို ပြန်၍ မ​ရိုက်​ချွေ​ရ။ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 21,
      "text": "သင်၏​စ​ပျစ်​ဥ​ယျာဉ်၌ စ​ပျစ်​သီး​ကို ဆွတ်​ယူ​သော​အ​ခါ ပြန်၍ ကောက်​သိမ်း​ခြင်း​ကို မ​ပြု​ရ။ ကျန်​ကြွင်း​သော​အ​သီး​သည် တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ဖြစ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 24,
      "verse": 22,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ငါ​ထား၏။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 1,
      "text": "လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 2,
      "text": "ဆိုး​သော​သူ​သည် အ​ရိုက်​ခံ​ထိုက်​လျှင်၊ တ​ရား​သူ​ကြီး​သည် ကိုယ်​မျက်​မှောက်၌ သူ့​ကို​ချ၍၊ အ​ပြစ်​နှင့်​အ​လျောက် ညီ​မျှ​သော​ဒဏ်​ချက်​ဖြင့် ရိုက်​စေ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 3,
      "text": "သို့​သော်​လည်း ဒဏ်​ချက်​လေး​ဆယ်​ထက် မ​လွန်​စေ​ရ။ လွန်၍ များ​စွာ​သော ဒဏ်​ချက်​ဖြင့်​ရိုက်​လျှင်၊ သင်၏​အ​မျိုး​သား​ချင်း​သည် ယုတ်​ညံ့​သော​သူ ဖြစ်​ဟန်​ရှိ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 4,
      "text": "စ​ပါး​နင်း​နယ်​သော နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 5,
      "text": "အ​တူ​နေ​သော ညီ​အစ်​ကို​တို့​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သေ​သော​သူ၏​မ​ယား​သည် အ​ခြား​တစ်​ပါး​သော​လူ​စိမ်း​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သူ၏​လင်​ညီ​သည် သူ့​ကို​သိမ်း​ယူ​ဆက်​ဆံ၍ မ​ရီး၌ ပြု​အပ်​သော​ဝတ်​ကို​ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၌ အစ်​ကို​အ​မည်​ကို မ​ပျောက်​စေ​ခြင်း​ငှာ၊ အ​ဦး​ဖွား​သော​သား​သည် သေ​သော​ဘ​ကြီး၏ အ​ရိုက်​အ​ရာ​ကို ခံ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 7,
      "text": "ညီ​သည် အစ်​ကို​မ​ယား​ကို မ​ယူ​လို​လျှင်၊ မိန်း​မ​သည် အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​သွား၍၊ ကျွန်​မ၏​လင်​ညီ​သည် အစ်​ကို​အ​မည်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ မ​တည်​စေ​လို​ပါ။ သူ​ပြု​အပ်​သော​ဝတ်​ကို မ​ပြု​လို​ပါ​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 8,
      "text": "မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထို​သူ​ကို​ခေါ်၍ မေး​မြန်း​ရ​ကြ​မည်။ သူ​က​လည်း၊ ထို​မိန်း​မ​ကို အ​ကျွန်ုပ်​မ​ယူ​လို​ပါ​ဟု​ဆို၍ ခိုင်​မာ​စွာ​နေ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 9,
      "text": "သူ၏​မ​ရီး​သည် အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ သူ့​အ​ပါး​သို့​ချဉ်း၍ သူ၏​ခြေ​နင်း​ကို ချွတ်​လျက်၊ သူ၏​မျက်​နှာ၌ တံ​တွေး​ထွေး​လျက်၊ မိ​မိ​အစ်​ကို​အိမ်​ကို မ​ဆောက်​လို​သော​သူ၌ ဤ​သို့​ပြု​သင့်​သည်​ဟု သူ့​အား​ပြန်​ပြော​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 10,
      "text": "နောက်​မှ၊ ထို​သူ​ကို ခြေ​နင်း​ချွတ်​ရ​သော​အ​မျိုး​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး၌ ခေါ်​ဝေါ်​သ​မုတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 11,
      "text": "လူ​ချင်း​ခိုက်​ရန်​ပြု​ကြ​စဉ်​တွင်၊ တစ်​ယောက်​သော သူ၏​မ​ယား​သည် အ​ပါး​သို့​ချဉ်း၍ မိ​မိ​လင်​ကို ကူ​ညီ​လို​သော​ငှာ ခိုက်​ရန်​ပြု​သော​သူ၏ ယောက်ျား​တန်​ဆာ​ကို ကိုင်​ဆွဲ​မိ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 12,
      "text": "ထို​မိန်း​မ​လက်​ကို ဖြတ်​ရ​မည်။ သင်၏​မျက်​စိ​သည် သူ့​ကို​မ​သ​နား​ရ။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 13,
      "text": "သင့်​အိတ်၌ ကြီး​သော​အ​လေး၊ ငယ်​သော​အ​လေး​တည်း​ဟူ​သော ခြား​နား​သော​အ​လေး​ကို မ​ရှိ​စေ​ရ။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 14,
      "text": "သင့်​အိမ်၌ ခြား​နား​သော​ခြင်​စ​ရာ တန်​ဆာ​အ​ကြီး​အ​ငယ်​ကို မ​ရှိ​စေ​ရ။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 15,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ မှန်​ကန်​သော​အ​လေး၊ မှန်​ကန်​သော​ခြင်​စ​ရာ၊ တန်​ဆာ​များ​ကို​သာ သုံး​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 16,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့​နှင့် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 17,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ခ​ရီး​သွား​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 18,
      "text": "သင်​သည် အား​ကုန်၍ မော​လျက်​နေ​စဉ်​တွင်၊ သင့်​နောက်၌ လိုက်​သော​သူ၊ အား​နည်း​သော​သူ​တို့​ကို အာ​မ​လက် အ​မျိုး​သား​တို့​သည် လမ်း၌​ဆီး​ကြို၍ လုပ်​ကြံ​ကြောင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​လော့။"
    },
    {
      "book": 5,
      "chapter": 25,
      "verse": 19,
      "text": "သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ပတ်​လည်၌​နေ​သော ရန်​သူ​အ​ပေါင်း​တို့၏​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အာ​မ​လက်​အ​မျိုး​ကို အောက်​မေ့​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​အောက်၌ သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ ထို​အ​မှု​ကို မ​မေ့​မ​လျော့​ရ။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 1,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည်​ဝင်​စား၍ နေ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 2,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​ကို​ယူ၍ ခြင်း​တောင်း၌​ထည့်​ပြီး​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​တည်​စ​ရာ​ဖို့ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 3,
      "text": "ထို​ကာ​လ၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​သော သူ​ထံ​သို့​ချဉ်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ အ​ကျွန်ုပ်​ရောက်​ပါ​ပြီ​ဟု ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု ယဇ်​ပု​ရော​ဟိတ်​အား ပြော​ဆို​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 4,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည်​လည်း ခြင်း​တောင်း​ကို သင့်​လက်​မှ​ယူ၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့​မှာ ချ​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 5,
      "text": "သင်​က​လည်း၊ အ​ရပ်​ရပ်​သို့ လှည့်​လည်​သော ရှု​ရိ​အ​မျိုး​သား​သည် အ​ကျွန်ုပ်​အ​ဘ ဖြစ်​ပါ၏။ သူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ လူ​အ​နည်း​ငယ်​နှင့်​တ​ကွ တည်း​ခို​စဉ်​တွင် ကြီး​မား​များ​ပြား​သော လူ​မျိုး​ဖြစ်​ပါ၏။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 6,
      "text": "အဲ​ဂု​တ္တု​လူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်၍ ကျပ်​တည်း​စွာ ကျွန်​ခံ​စေ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 7,
      "text": "ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်၍ လျှောက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ပင်​ပန်း​ခြင်း​တို့​ကို ကြည့်​ရှု​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 8,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​သော လက်​ရုံး​တော်​ကို ဆန့်၍ ကြောက်​မက်​ဖွယ်​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ဖြင့် အ​ကျွန်ုပ်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ပြီး​လျှင်၊"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 9,
      "text": "နို့​နှင့်​ပျား​ရည်​စီး​သော ဤ​ပြည်​သို့ ပို့​ဆောင်၍ ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 10,
      "text": "ယ​ခု​မှာ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော​အ​သီး​ကို အ​ကျွန်ုပ်​ဆောင်​ခဲ့​ပါ​ပြီ​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ဆို​လျက်၊ ထို​အ​သီး​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ရ​မည်။ ရှေ့​တော်၌​လည်း ကိုး​ကွယ်​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 11,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​အား ပြု​တော်​မူ​သ​မျှ​သော​ကျေး​ဇူး၌၊ သင်​သည် သင်​နှင့်​အ​တူ တည်း​ခို​သော လေ​ဝိ​သား​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့်​တ​ကွ ပျော်​မွေ့​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 12,
      "text": "သုံး​နှစ်​တွင် ဆယ်​ဖို့​တစ်​ဖို့​ပေး​ရ​သော တ​တိ​ယ​နှစ် ရောက်​သော​အ​ခါ၊ အ​စီး​အ​ပွား​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့​ကောက်​ယူ၍၊ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို သင့်​နေ​ရာ​မြို့​များ၌ ဝ​စွာ​ကျွေး​မွေး​ပြီး​မှ၊"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 13,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သန့်​ရှင်း​သော​ဥ​စ္စာ​တို့​ကို အိမ်​မှ​ထုတ်၍ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​အား​ပေး​ပါ​ပြီ။ ပ​ညတ်​တော်​တို့​ကို မ​လွန်​ကျူး၊ မ​မေ့​လျော့​ပါ။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 14,
      "text": "မ​သာ​အ​မှု​ကို ဆောင်​စဉ်​အ​ခါ ထို​ဥ​စ္စာ​ကို အ​ကျွန်ုပ်​မ​စား​ပါ။ မ​စင်​ကြယ်​သော အ​သုံး​အ​ဆောင်​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ယူ​ပါ။ သေ​သော​သူ​တို့​အ​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ပေး​ပါ။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​ပါ​ပြီ။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 15,
      "text": "ကိုယ်​တော်၏ သန့်​ရှင်း​သော နေ​ရာ​ကောင်း​ကင်​ဘုံ​မှ ငုံ့​ကြည့်၍၊ ကိုယ်​တော်၏ လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​အား ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 16,
      "text": "ယ​ခု​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​ရ​မည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဖြစ်၍ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျင့်​စောင့်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ လမ်း​တော်​သို့ လိုက်​ပါ​မည်၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​ပါ​မည်၊ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟူ၍​လည်း​ကောင်း ယ​နေ့​သင်​သည် ဝန်​ခံ​ပြီ။"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း က​တိ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သင်​သည် ပ​ညတ်​တော် အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်၏ လူ​မျိုး​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 26,
      "verse": 19,
      "text": "ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​တ​ကာ​တို့​ထက် သင်၏​ဂုဏ်​အ​သ​ရေ ကျော်​စော​ကိ​တ္တိ​ကို လွန်​ကဲ​စေ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ယ​နေ့ ဝန်​ခံ​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဟော​ပြော​လေ၏။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၌ အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ လူ​များ​တို့​ကို​မှာ​ထား​သည်​ကား၊ ယ​နေ့​ငါ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 2,
      "text": "သင်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ကြီး​သော​ကျောက်​တို့​ကို ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 3,
      "text": "ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း သင့်​အား​ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ ဝင်​စား​အံ့​သော​ငှာ ကူး​သွား​ပြီး​မှ၊ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို ထို​ကျောက်​ပေါ်​မှာ ရေး​ထား​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 4,
      "text": "ယော်​ဒန်​မြစ်​ကို ကူး​ပြီး​မှ၊ ယ​နေ့​ငါ​မှာ​ထား​သော ကျောက်​တို့​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 5,
      "text": "ထို​အ​ရပ်၌​လည်း သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 6,
      "text": "ယဇ်​ပ​လ္လင်​ကို ကျောက်​နှင့်​တည်​ရ​မည်။ သံ​တန်​ဆာ​ကို မ​သုံး​ဆောင်​ဘဲ၊ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​နှင့် တည်​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ထို​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 7,
      "text": "မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​လည်း ပူ​ဇော်၍၊ ထို​အ​ရပ်​တွင် စား​သောက်​လျက် ရှေ့​တော်၌​ပျော်​မွေ့​ခြင်း​ကို ပြု​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 8,
      "text": "ထို​ကျောက်​ပေါ်​မှာ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို သေ​ချာ​စွာ​ရေး​ထား​ရ​မည်​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 9,
      "text": "တစ်​ဖန် မော​ရှေ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​သား​များ​တို့​က၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သ​တိ​နှင့်​နား​ထောင်​လော့။ ယ​နေ့​သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ လူ​မျိုး​ဖြစ်​လေ​ပြီ။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 10,
      "text": "သို့​ဖြစ်၍၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​ရ​မည်။ ယ​နေ့ ငါ​တို့​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ကျင့်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 11,
      "text": "တစ်​ဖန် မော​ရှေ​သည် ထို​နေ့၌ လူ​များ​တို့​ကို​မှာ​ထား​သည်​မှာ၊"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 12,
      "text": "သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​နောက်၊ လူ​များ​တို့​အား ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ရပ်​ရ​သော​သူ​ဟူ​မူ​ကား၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်၊ ဗင်္ယာ​မိန်​တည်း။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 13,
      "text": "ကျိန်​ခြင်း​အ​လို​ငှာ၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ ရပ်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်၊ ဂဒ်၊ အာ​ရှာ၊ ဇာ​ဗု​လုန်၊ ဒန်၊ နဿ​လိ​တည်း။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 14,
      "text": "ထို​အ​ခါ လေ​ဝိ​သား​တို့​သည် ကြီး​သော​အ​သံ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဟစ်​ကြော်​ရ​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​သော​အ​ရာ၊ လက်​သ​မား​လက်​နှင့် ထု​လုပ်​သော​ရုပ်​တု၊ သွန်း​သော​ဆင်း​တု​ကို​လုပ်၍ မ​ထင်​ရှား​သော​အ​ရပ်၌ ထား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 16,
      "text": "မိ​ဘ​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 17,
      "text": "အိမ်​နီး​ချင်း၏​မြေ​မှတ်​တိုင်​ကို ရွှေ့​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 18,
      "text": "မျက်​စိ​မ​မြင်​သော​သူ​ကို လမ်း​လွဲ​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 19,
      "text": "တ​ရား​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​ကို မ​တ​ရား​သ​ဖြင့် အ​ရှုံး​ပေး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 20,
      "text": "အ​ဘ​နှင့်​သာ​ဆိုင်​သော အ​ဘ၏​မ​ယား​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 21,
      "text": "တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​မျိုး​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 22,
      "text": "အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​တည်း​ဟူ​သော မိ​မိ​အစ်​မ​နှ​မ​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 23,
      "text": "မ​ယား၏​အ​မိ​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 24,
      "text": "အိမ်​နီး​ချင်း​ကို မ​ထင်​မ​ရှား​ရိုက်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 25,
      "text": "အ​ပြစ်​မ​ရှိ​သော သူ၏​အ​သက်​ကို​သတ်​ခြင်း​ငှာ အ​ခ​ကို​ယူ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 27,
      "verse": 26,
      "text": "ဤ​ပ​ညတ်​တ​ရား​စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 1,
      "text": "ယ​နေ့ ငါ​ဆင့်​ဆို​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို သင်​သည်​ကျင့်​စောင့်​ခြင်း​ငှာ၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​ထက် သင့်​ကို ချီး​မြှောက်​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 2,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကောင်း​ချီး​မင်္ဂ​လာ​များ ဟူ​မူ​ကား။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 3,
      "text": "သင်​သည် မြို့၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ တော၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 4,
      "text": "သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 5,
      "text": "ခြင်​တောင်း၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 6,
      "text": "မိ​မိ​အိမ်​ထဲ​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ ပြင်​သို့​ထွက်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 7,
      "text": "သင့်​တစ်​ဖက်၌​ထ​သော ရန်​သူ​တို့​ကို သင့်​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခံ​စေ​တော်​မူ​မည်။ သူ​တို့​သည် တစ်​လမ်း​တည်း​ဖြင့် သင်​ရှိ​ရာ​သို့​လာ​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သင့်​ရှေ့​မှ​ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 8,
      "text": "သင်၏​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​ပေါ်​မှာ မင်္ဂ​လာ​ရောက်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 9,
      "text": "သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​စောင့်၍ လမ်း​တော်​သို့​လိုက်လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​ကို​ကိုယ်​တော်​အ​ဖို့ သ​န့်​ရှင်း​သော​အ​မျိုး အ​စဉ်​အ​မြဲ​ဖြစ်​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 10,
      "text": "သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ဖြင့် ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​သည်​ဟု လူ​မျိုး​ခပ်​သိမ်း​တို့​သည် သိ​မြင်၍ သင့်​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ ဥ​စ္စာ​ပ​စ္စည်း၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​အ​တိုး​အ​ပွား၊ မြေ​အ​သီး​အ​နှံ​များ​ကို ကြွယ်​ဝ​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​တန်​မှ သင်၏​ပြည်၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘ​ဏ္ဍာ​တော်​တိုက်​တည်း​ဟူ​သော မိုး​ကောင်း​ကင်​ကို​ဖွင့်​တော်​မူ​မည်။ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား​ချေး​ငှား​ရ​သော​အ​ခွင့် မ​ရှိ​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​မြီး​မ​ဖြစ်​စေ​ဘဲ ခေါင်း​ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ သင်​သည် အောက်၌​မ​နေ​ရ​ဘဲ အ​ပေါ်၌​သာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ယ​နေ့ ငါ​ဆင့်​ဆို​သော၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ နား​ထောင်​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 14,
      "text": "ယ​နေ့ ငါ​ဆင့်​ဆို​သော စ​ကား​တော်​လမ်း​မှ​ထွက်၍ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နောက်​သို့ လိုက်၍ ဝတ်​မ​ပြု​ဘဲ​နေ​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​ကျေး​ဇူး​တော်​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 15,
      "text": "ယ​နေ့ ငါ​ဆင့်​ဆို​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ စ​ကား​တော်​ကို​နား​မ​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 16,
      "text": "သင်​သည် မြို့၌ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ တော၌ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 17,
      "text": "ခြင်​တောင်း၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 18,
      "text": "သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 19,
      "text": "မိ​မိ​အိမ်​ထဲ​သို့​ဝင်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ ပြင်​သို့ ထွက်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​လျင်​အ​မြန် ပျက်​စီး​ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင်၊ ပြု​လေ​ရာ​ရာ၌ ကျိန်​ဆဲ​ခြင်း၊ နှောင့်​ယှက်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​တို့​ကို သင့်​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 21,
      "text": "သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​မှ သုတ်​သင်​ပယ်​ရှင်း​တော်​မ​မူ​မီ တိုင်​အောင်၊ ကာ​လ​နာ​ကို သင်၌​စွဲ​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တူ​လာ၊ ဖျား​နာ၊ ဒ​လ​ခက်​နာ၊ ခ​ရ​ခ​ရ​နာ​ဖြင့်​လည်း​ကောင်း၊ ဓား​ဘေး၊ လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ အ​ပင်​သေ​ဘေး​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၍၊ သင်​သည်​မ​ပျက်​စီး​မီ​တိုင်​အောင် ထို​ဘေး​တို့​သည် လိုက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 23,
      "text": "သင့်​ခေါင်း​ပေါ်​မှာ မိုး​ကောင်း​ကင်​သည် ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ သင့်​အောက်၌ မြေ​သည် သံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​နေ​ရာ​ပြည်၌​ရွာ​သော မိုး​ရေ​ကို မြေ​မှုန့်၊ ဖုံ​ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​အ​ပေါ်​မှာ​ကျ​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 25,
      "text": "သင်၏​ရန်​သူ​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဒဏ်​ပေး​တော်​မူ​မည်။ သင်​သည် တစ်​လမ်း​တည်း​ဖြင့် သူ​တို့​ရှိ​ရာ​သို့​သွား​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သူ​တို့​ရှေ့​မှ​ပြေး၍ မြေ​ပေါ်​မှာ​ရှိ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ပြောင်း​သွား​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 26,
      "text": "သင်၏​အ​သေ​ကောင်​သည် မိုး​ကောင်း​ကင်​ငှက်၊ တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ရ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 28,
      "text": "ရူး​သော​အ​နာ၊ မျက်​စိ​ကန်း​သော​အ​နာ၊ မိန်း​မော​တွေ​ဝေ​သော​အ​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ၍၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 29,
      "text": "မျက်​စိ​ကန်း​သော​သူ​သည် မှောင်​မိုက်၌ စမ်း​သပ်​ရ​သ​ကဲ့​သို့၊ သင်​သည် မွန်း​တည့်​အ​ချိန်၌​ပင် စမ်း​သပ်​ရ​လိမ့်​မည်။ သင်​ပြု​သော​အ​မှု၌ မ​အောင်​ဘဲ ညှဉ်း​ဆဲ​ခြင်း၊ လု​ယူ​ခြင်း​ကို​သာ ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​တင်​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 30,
      "text": "မိန်း​မ​နှင့် လက်​ထပ်​ပြီး​သော်​လည်း အ​ခြား​သော​သူ​သည် ပေါင်း​ဖော်​ရ​လိမ့်​မည်။ အိမ်​ကို​ဆောက်​သော်​လည်း ကိုယ်​တိုင်​မ​နေ​ရ။ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း စ​ပျစ်​သီး​ကို မ​ဆွတ်​မ​ယူ​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 31,
      "text": "သင့်​နွား​ကို သင့်​မျက်​မှောက်၌ သတ်၍​သေ​သော်​လည်း သင့်​ကိုယ်​တိုင်​မ​စား​ရ။ သင့်​မြည်း​ကို သင့်​ရှေ့​မှောက်၌ အ​နိုင်​အ​ထက်​ယူ​သွား​ပြီး​မှ၊ နောက်​တစ်​ဖန်​ပြန်၍ မ​ပေး​ရ။ သင့်​သိုး​တို့​ကို သင့်​ရန်​သူ၌​အပ်​သော​အ​ခါ ကယ်​နုတ်​သော​သူ မ​ပေါ်​မ​ရှိ​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 32,
      "text": "သင့်​သား​သ​မီး​တို့​သည် သူ​တစ်​ပါး​လက်​သို့​ရောက်၍၊ သင့်​မျက်​စိ​သည် တစ်​နေ့​လုံး မျှော်​ကြည့်​လျက် အား​ကုန်​လိမ့်​မည်။ သင့်​လက်​သည်​လည်း ခွန်​အား​မ​ရှိ​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 33,
      "text": "သင်​မ​သိ​မ​ကျွမ်း​သော​လူ​မျိုး​သည် သင့်​နေ​ရာ​ပြည်၏ အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ သင်​လုပ်​ဆောင်၍​ရ​သော ဥ​စ္စာ​ကို​လည်း​ကောင်း စား​လိမ့်​မည်။ သင်​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​သာ အ​စဉ်​မ​ပြတ်​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 34,
      "text": "ထို​သို့ ကိုယ်​တိုင်​တွေ့​မြင်​သော​အ​မှု​ကြောင့် သင်​သည် အ​ရူး​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 35,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဒူး​နှင့် ခြေ​ထောက်​မ​က၊ ခြေ​ဖ​ဝါး​မှ​စ၍ ဦး​ခေါင်း​ထိပ်​တိုင်​အောင် မ​ပျောက်​နိုင်​သော​အ​နာ​စိမ်း​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 36,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ချီး​မြှောက်​သော​ရှင်​ဘု​ရင်​ကို သင်​နှင့် သင့်​ဘိုး​ဘေး​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော လူ​မျိုး​ရှိ​ရာ​သို့ ဆောင်​သွား​တော်​မူ​သ​ဖြင့်၊ သင်​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 37,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆောင်​သွား​တော်​မူ​သော အ​ပြည်​ပြည်​တို့၌ သင်​သည်​အံ့​ဩ​ရာ၊ ပုံ​ခိုင်း​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 38,
      "text": "သင်​သည် များ​စွာ​သော​မျိုး​စေ့​ကို လယ်​သို့​ယူ​သွား၍ ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​သော​ကြောင့်၊ နည်း​သော​စ​ပါး​ကို သိမ်း​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 39,
      "text": "စ​ပျစ်​ဥ​ယျာဉ်​တို့​ကို စိုက်၍​ပြု​စု​သော်​လည်း၊ ပိုး​များ​ကိုက်​စား​သော​ကြောင့် ကိုယ်​တိုင်​စ​ပျစ်​သီး​ကို မ​ဆွတ်​ရ၊ စ​ပျစ်​ရည်​ကို​လည်း မ​သောက်​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 40,
      "text": "သင့်​နေ​ရာ​အ​ရပ်​ရပ်၌ သံ​လွင်​ပင်​ရှိ​သော်​လည်း၊ အ​သီး​မ​မှည့်​မီ ကြွေ​သော​ကြောင့် သင်​သည် သံ​လွင်​ဆီ​နှင့် ကိုယ်​ကို​မ​လိမ်း​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 41,
      "text": "သား​သ​မီး​ကို​ဖွား​မြင်​သော်​လည်း၊ သူ​တို့​နှင့် မ​ပျော်​မ​မွေ့​ရ။ ရန်​သူ​တို့​သည် သိမ်း​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 42,
      "text": "သင့်​နေ​ရာ​ပြည်၌ သစ်​ပင်​ရှိ​သ​မျှ၊ မြေ​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 43,
      "text": "သင်​နှင့်​အ​တူ​နေ​သော တစ်​ပါး​အ​မျိုး​သား​သည်​မြင့်​လျက်၊ သင့်​အ​ပေါ်​သို့ တက်​လိမ့်​မည်။ သင်​မူ​ကား၊ အောက်​သို့​ဆင်း၍ နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 44,
      "text": "သူ​သည် သင့်​အား​ချေး​ငှား​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်​မူ​ကား၊ သူ့​အား​ချေး​ငှား​သော​အ​ခွင့် မ​ရှိ​ရ။ သူ​သည်​ခေါင်း​ဖြစ်၍၊ သင်​သည် အ​မြီး​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 45,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တ​ရား​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ သင်​သည်​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့်၊ မ​ပျက်​စီး​မီ​တိုင်​အောင် ဤ​ကျိန်​ခြင်း​အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် သင့်​အ​ပေါ်​မှာ သက်​ရောက်​လျက်၊ သင့်​ကို​လိုက်၍​မီ​လျက် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 46,
      "text": "သင့်​အ​ပေါ်၌​လည်း​ကောင်း၊ သင့်​အ​မျိုး​အ​နွယ်​အ​ပေါ်၌​လည်း​ကောင်း၊ အ​စဉ်​မ​ပြတ် နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 47,
      "text": "သင်​သည် ဥ​စ္စာ​ကြွယ်​ဝ​သော​အ​ခါ၊ ဝမ်း​မြောက်​ရွှင်​လန်း​သော​စိတ်​နှင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို မ​ဆောင်​မ​ရွက်​သော​ကြောင့်၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 48,
      "text": "ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ရန်​သူ၏​အ​မှု​ကို သင်​သည် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​နှင့်​တ​ကွ၊ အ​ရာ​ရာ၌ ဆင်း​ရဲ​စွာ ဆောင်​ရွက်​ရ​လိမ့်​မည်။ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​လည်​ပင်း၌ သံ​ထမ်း​ပိုး​ကို တင်​ထား​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 49,
      "text": "ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ လျင်​မြန်​သော​လူ​မျိုး၊ ကြမ်း​တမ်း​သော​မျက်​နှာ​နှင့် ပြည့်​စုံ​လျက်၊ အ​သက်​ကြီး​သူ​ကို မ​ရို​သေ၊ အ​သက်​ငယ်​သူ​ကို မ​သ​နား​တတ်​သော​လူ​မျိုး​ကို၊ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ထာ​ဝ​ရ​ဘု​ရား​သည်​ခေါ်၍ သင့်​ကို တိုက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 51,
      "text": "သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထို​ရန်​သူ​သည် သင်၏​သိုး​သ​ငယ်၊ နွား​သ​ငယ်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​လိမ့်​မည်။ သင့်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​နွား​အ​စီး​အ​ပွား​ကို သင့်​အ​ဖို့ မ​ချန်​မ​ထား​ရ။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 52,
      "text": "သင့်​နေ​ရာ​ပြည်​အ​ရပ်​ရပ်​တို့၌ သင်​ကိုး​စား​သော​မြို့​ရိုး၊ မြင့်၍ ခိုင်​ခံ့​သော မြို့​ရိုး​တို့​သည် မ​ပြို​မ​ကျ​မီ​တိုင်​အောင်၊ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့​ကို ဝိုင်း​ထား​လိမ့်​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်​အ​ရပ်​ရပ်​တို့၌၊ မြို့​ရှိ​သ​မျှ​တို့​ကို​လည်း ဝိုင်း​ထား​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 53,
      "text": "ထို​သို့​ဝိုင်း​ထား၍ ရန်​သူ​သည် ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ ကိုယ်​ရင်​သွေး​တည်း​ဟူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော သား​သ​မီး​တို့၏ အ​သား​ကို သင်​စား​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 54,
      "text": "သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 55,
      "text": "အ​လွန်​နူး​ညံ့​သိမ်​မွေ့​သော ယောက်ျား​သည် စား​စ​ရာ အ​လျှင်း မ​ကျန်​ကြွင်း​သော​ကြောင့်၊ မိ​မိ​သား​သ​မီး၏ အ​သား​ကို စား​ရ​သော်​လည်း၊ မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော​မ​ယား ကျန်​ကြွင်း​သေး​သော သား​သ​မီး​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ ထို​အ​သား​ကို သူ​တို့​အား​မ​ဝေ​မ​ပေး​ဘဲ စား​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 56,
      "text": "သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ အ​လွန်​နူး​ညံ့​သိမ်​မွေ့​သ​ဖြင့် မြေ​ကို မ​နင်း​ဝံ့​သော​မိန်း​မ​သည်​လည်း၊ စား​စ​ရာ​အ​လျှင်း မ​ရှိ​သော​ကြောင့်၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော လင်၊ မိ​မိ​သား​သ​မီး၊ မိ​မိ​ဝမ်း​ထဲ​က ထွက်​သော​အ​ချင်း၊ မိ​မိ​ဖွား​မြင်​သော သူ​ငယ်​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ မိ​မိ​သူ​ငယ်​ကို တိတ်​ဆိတ်​စွာ စား​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 58,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး၍ ကြောက်​မက်​ဖွယ်​သော နာ​မ​တော်​ကို ကြောက်​စေ​ခြင်း​ငှာ၊ ဤ​ကျမ်း​စာ၌​ရေး​ထား​သော ဤ​တ​ရား​တော်​စ​ကား အ​လုံး​စုံ​တို့​ကို သင်​သည် မ​ကျင့်​မ​စောင့်​ဘဲ​နေ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 59,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​ခံ​ရ​သော​ဘေး၊ သင့်​အ​မျိုး​အ​နွယ် ခံ​ရ​သော​ဘေး​တို့​ကို အံ့​ဩ​ဖွယ်​သော​ဘေး၊ အ​လွန်​ကြီး၍ မြဲ​မြံ​သော​ဘေး၊ အ​လွန်​ပြင်း၍ မြဲ​မြံ​သော​ရော​ဂါ​ဝေ​ဒ​နာ ဖြစ်​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 60,
      "text": "ထို​မှ​တစ်​ပါး၊ သင်​ကြောက်​တတ်​သော အဲ​ဂု​တ္တု​ပြည်၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ​သ​ဖြင့်၊ သင်၌ ထို​အ​နာ​ရော​ဂါ​တို့​သည် စွဲ​ကပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 61,
      "text": "ထို​မှ​တစ်​ပါး၊ ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး၍​မ​ထား​သော အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​ကို သင်​သည်​မ​ပျက်​စီး​မီ​တိုင်​အောင်၊ သင့်​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား သက်​ရောက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 62,
      "text": "သင်​သည် အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင် ကြယ်​ကဲ့​သို့​များ​သော်​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့် နည်း​နည်း​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 63,
      "text": "သင့်​ကို ကျေး​ဇူး​ပြု၍ များ​ပြား​စေ​သော​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား ပျော်​မွေ့​တော်​မူ​သည်​နည်း​တူ၊ တစ်​ဖန် သင့်​ကို​ဖျက်​ဆီး၍ အ​ကျိုး​နည်း​စ​ရာ​အ​မှု၌ ပျော်​မွေ့​တော်​မူ​သ​ဖြင့်၊ သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ထဲ​က သင်​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 64,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 65,
      "text": "ထို​လူ​မျိုး​တို့​တွင် သင်​သည် သက်​သာ​ခြင်း​မ​ရှိ​ရာ၊ နေ​ရာ​မ​ကျ​ရာ။ နှ​လုံး​တုန်​လှုပ်​ခြင်း၊ မျက်​စိ​မျှော်၍ အား​ကုန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 66,
      "text": "သင်​သည် အ​သက်​ဆုံး​လု​သည်​ဖြစ်၍၊ နေ့​ည​မ​ပြတ်​စိုး​ရိမ်​လျက် သေ​ဘေး​နှင့် လွတ်​မည်​မ​လွတ်​မည်​ကို မ​သိ​ဘဲ​လျက် နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 67,
      "text": "သင်၏​စိတ်​နှ​လုံး​ထဲ​မှာ ကြောက်​ရွံ့​ရ​သော​အ​ကြောင်း၊ သင့်​မျက်​စိ​နှင့် မြင်​ရ​သော​အ​ရာ​ကြောင့်၊ နံ​နက်​အ​ချိန်၌ သင်​က၊ ည​ရောက်​ပါ​စေ​ဟူ၍​လည်း​ကောင်း၊ ည​အ​ချိန်၌ နံ​နက်​ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း ဆု​တောင်း​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 28,
      "verse": 68,
      "text": "ထို​လမ်း​ကို နောက်​တစ်​ဖန် သင်​မ​မြင်​ရ​ဟု မိန့်​တော်​မူ​သော​လမ်း​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဖန်​သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့ သင်္ဘော​နှင့် ပို့​ဆောင်​တော်​မူ​သ​ဖြင့်၊ ထို​ပြည်​တွင် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရန်​သူ​တို့၌ ရောင်း​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​ဘယ်​သူ​မျှ သင့်​ကို​မ​ဝယ်​လို​ဟု ဣ​သ​ရေ​လ​လူ​မျိုး​တို့​ကို ဟော​ပြော​လေ၏"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 1,
      "text": "၁၇ ဤ​ရွေ့​ကား၊ ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​မှ​တစ်​ပါး၊ မော​ဘ​ပြည်၌ မော​ရှေ​သည် ထို​လူ​မျိုး​နှင့် ပ​ဋိ​ညာဉ်​ပြု​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​စ​ကား​တော် ဖြစ်​သ​တည်း။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 2,
      "text": "တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်​မှာ ဖာ​ရော​ဘု​ရင်၌​လည်း​ကောင်း၊ သူ၏​ကျွန်​အ​ပေါင်း​တို့၌​လည်း​ကောင်း၊ သူ၏​ပြည်​တစ်​လျှောက်​လုံး၌​လည်း​ကောင်း၊ သင်​တို့​မျက်​မှောက်​တွင် ပြု​တော်​မူ​သ​မျှ​တည်း​ဟူ​သော၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 3,
      "text": "ကိုယ်​မျက်​စိ​နှင့်​မြင်​သော အ​လွန်​ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​အ​မှု၊ အ​လွန်​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ၊ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို သင်​တို့​သည် မြင်​ရ​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 4,
      "text": "သို့​သော်​လည်း နား​လည်​နိုင်​သော​နှ​လုံး၊ မြင်​နိုင်​သော​မျက်​စိ၊ ကြား​နိုင်​သော​နား​တို့​ကို ယ​နေ့​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မ​မူ​သေး။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 5,
      "text": "အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့​ကို တော၌ ငါ​ပို့​ဆောင်​တော်​မူ​ပြီ။ သင်​တို့ အ​ဝတ်​သည် မ​ဟောင်း​မ​နွမ်း။ သင်​တို့​စီး​သော​ခြေ​နင်း​လည်း မ​ပျက်။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 6,
      "text": "သင်​တို့​သည် မုန့်​ကို​မ​စား။ စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို မ​သောက်​ဘဲ နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ကြောင်း​ကို သိ​ရ၏။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 7,
      "text": "သင်​တို့​သည် ဤ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့​သည် ငါ​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ ထွက်​လာ​သ​ဖြင့်၊ ငါ​တို့​သည် သူ​တို့​ကို​လုပ်​ကြံ၍၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 8,
      "text": "သူ​တို့​ပြည်​ကို သိမ်း​ယူ​ပြီး​မှ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်၌ ပေး​လေ၏။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 9,
      "text": "သို့​ဖြစ်၍ သင်​တို့​ပြု​လေ​ရာ​ရာ၌ အောင်​နိုင်​မည်​အ​ကြောင်း ဤ​ပ​ဋိ​ညာဉ်​စ​ကား​တို့​ကို စောင့်​ရှောက်၍​ကျင့်​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 10,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ယ​နေ့​ပြု​တော်​မူ သော သ​စ္စာ​ကို သင်​သည်​ခံ၍၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို ကိုယ်​တော်၏​လူ​မျိုး​အ​ရာ၌ ယ​နေ့ ခန့်​ထား​တော်​မူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ထက်​က မိန့်​တော်​မူ၍၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​မျိုး​အ​နွယ်၏ အ​ကဲ​အ​မှူး၊ အ​သက်​ကြီး​သူ၊ မင်း​အ​ရာ​ရှိ၊ ဣ​သ​ရေ​လ​အ​မျိုး​ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ ထင်း​ခုတ်​သော​သူ၊ ရေ​ခပ်​သော​သူ​မှ​စ၍ တပ်၌​ရှိ​သ​မျှ​သော​သူ​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယ​နေ့​ရပ်​နေ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး ဤ​ပ​ဋိ​ညာဉ်၊ ဤ​သ​စ္စာ​ကို သင်​တို့​နှင့်​သာ ငါ​ပြု​သည်​ထက်​မ​က၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 15,
      "text": "ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယ​နေ့​ရပ်​နေ​သော​သူ​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​တွင် ယ​နေ့​မ​ပါ​သော​သူ​တို့​နှင့်​လည်း​ကောင်း ငါ​ပြု၏။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 16,
      "text": "သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ပေါင်း​ဖော်​သော​သူ၊ ခ​ရီး​သွား၍ လမ်း၌​တွေ့​ကြုံ​သော လူ​မျိုး​တို့​ကို သင်​တို့​သိ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 17,
      "text": "သူ​တို့၌​ရှိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု​တို့​ကို မြင်​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 18,
      "text": "ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​ရှောင်​ချင်​သော သ​ဘော​ရှိ​လျက်၊ ထို​လူ​မျိုး​တို့၏ ဘု​ရား​များ​ထံ​သို့ သွား၍​ဝတ်​ပြု​သော​ယောက်ျား၊ မိန်း​မ၊ အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ခါး​စွာ​သော​အ​သီး၊ ဒေါ​န​ကို​သီး​တတ်​သော အ​ပင်​မြစ်​သည် သင်​တို့​တွင် ပေါက်​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 19,
      "text": "ထို​သို့​သော​သူ​သည် ဤ​ကျိန်​ခြင်း​စ​ကား​ကို ကြား​သော​အ​ခါ၊ စိတ်​ခိုင်​မာ​သည်​အ​တိုင်း၊ ငါ​ကျင့်၍ ရေ​ငတ်​ခြင်း​အ​ပေါ်၌ ယစ်​မူး​ခြင်း​ကို ထပ်​ဆင့်​သော်​လည်း၊ ချမ်း​သာ​ရ​မည်​ဟု စိတ်​ထဲ​မှာ ကိုယ်​ကို​ကိုယ် ကောင်း​ချီး​ပေး​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 20,
      "text": "ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 21,
      "text": "ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော ပ​ဋိ​ညာဉ် အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​နှင့်​အ​ညီ၊ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ပြစ်​ပေး​ဖို့​ရာ ခွဲ​ထား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 22,
      "text": "သူ့​နေ​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သော၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 23,
      "text": "အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း။ ဤ​ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကား၊ အ​ဘယ်​သို့​နည်း​ဟု လူ​အ​မျိုး​မျိုး​တို့​သည် မေး​မြန်း​ကြ​လျှင်၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 25,
      "text": "သူ​တစ်​ပါး​တို့​က၊ ထို​သူ​တို့၏ ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​အ​ခါ၊ သူ​တို့​နှင့်​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို သူ​တို့​သည် စွန့်​ကြ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 26,
      "text": "အ​ထက်​က​သူ​တို့​မ​သိ၊ သူ​တို့​အား အ​ဘယ်​အ​ရာ​ကို​မျှ မ​ပေး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 27,
      "text": "ဤ​မည်​သော​ကျမ်း​စာ၌ ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​ကို ဤ​ပြည်၌ သင့်​ရောက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်​သ​ဖြင့်၊"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 28,
      "text": "ပြင်း​စွာ​သော ဒေါ​သ​အ​မျက် အ​ရှိန်​အား​ကြီး​လျက် သူ​တို့​ပြည်​ထဲ​က သူ​တို့​ကို​နုတ်​ပယ်၍၊ ယ​နေ့​တိုင်​အောင် အ​ခြား​တစ်​ပါး​သော​ပြည်​သို့ နှင်​ထုတ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 29,
      "verse": 29,
      "text": "မ​ထင်​ရှား​သော​အ​ရာ​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​ငန်း​အ​တာ​ဖြစ်​ကြ၏။ ဖော်​ပြ​တော်​မူ​သော​အ​ရာ​တို့​သည် ကာ​လ​အ​စဉ်​မ​ပြတ် ငါ​တို့​နှင့် ငါ​တို့​သား​သ​မီး​များ​တို့၏​အ​ငန်း​အ​တာ​ဖြစ်၍၊ ဤ​ပ​ညတ်​တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​ရ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 1,
      "text": "သင့်​ရှေ့၌ ငါ​ထား၍ အ​ထက်​ဆို​ခဲ့​ပြီး​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​နှင့် ကျိန်​ခြင်း​အ​မင်္ဂ​လာ​တို့​သည် သင့်​အ​ပေါ်​မှာ​ရောက်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှင်​ထုတ်​တော်​မူ​ရာ အ​ပြည်​ပြည်​တို့၌ ထို​အ​ရာ​တို့​ကို​အောက်​မေ့​လျက်၊"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 2,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ၍၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​နှင့်​သား​သ​မီး​တို့​သည် စ​ကား​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ နား​ထောင်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 3,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ကုန်​စေ​မည်​အ​ကြောင်း၊ သင့်​ကို​သ​နား​သ​ဖြင့် တစ်​ဖန်​ပြန်​လာ၍၊ အ​ထက်​က အ​ရပ်​ရပ်​နှင်​ထုတ်​ရာ အ​ပြည်​ပြည်​တို့​မှ သိမ်း​ယူ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 4,
      "text": "သင်၏​လူ​အ​ချို့​တို့​သည် မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား သိမ်း​ယူ​ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 5,
      "text": "ဘိုး​ဘေး​တို့ ဝင်​စား​သော​ပြည်​သို့ တစ်​ဖန်​ဆောင်​ခဲ့​တော်​မူ​သ​ဖြင့်၊ သင်​သည် ဝင်​စား​ရ​လိမ့်​မည်။ ထို​အ​ခါ​ကျေး​ဇူး​ပြု​တော်​မူ​ပြန်​သ​ဖြင့်၊ ဘိုး​ဘေး​များ​တို့​ထက် သင့်​ကို​သာ၍ များ​စေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 6,
      "text": "သင်​သည် အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​စေ​ခြင်း​ငှာ၊ သင့်​နှ​လုံး​နှင့် သင့်​အ​မျိုး၏ နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 7,
      "text": "သင်၏​ရန်​သူ​တည်း​ဟူ​သော သင့်​ကို​မုန်း၍ ညှဉ်း​ဆဲ​သော​သူ​တို့​အ​ပေါ်၌​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​ကို သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 8,
      "text": "သင်​သည်​ပြန်​လာ​လျက် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်၍၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 9,
      "text": "သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို​နား​ထောင်၍၊"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 10,
      "text": "ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ပြန်​လာ​လျှင်​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ အောင်​မည်​အ​ကြောင်း​နှင့် သင်၏​သား​သ​မီး၊ တိ​ရ​စ္ဆာန်၊ အ​သီး​အ​နှံ​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း​ကို စီ​ရင်၍ သင့်​အ​ကျိုး​ကို ပြု​စု​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့၌ အား​ရ​ဝမ်း​မြောက်​သ​ကဲ့​သို့ သင်၌​အား​ရ​ဝမ်း​မြောက်၍၊ သင့်​အ​ကျိုး​ကို ပြု​စု​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 11,
      "text": "ယ​နေ့​ငါ​မှာ​ထား​သော ပ​ညတ်​တ​ရား​တော်​သည် သင်​နား​မ​လည်​နိုင်​သော တ​ရား​မ​ဟုတ်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 12,
      "text": "သင်​နှင့်​ဝေး​သည်​မ​ဟုတ်။ တ​ရား​တော်​ကို​ငါ​တို့​သည် နား​ထောင်၍ စောင့်​ရှောက်​မည်​အ​ကြောင်း၊ ကောင်း​ကင်​သို့ အ​ဘယ်​သူ​တက်၍ ငါ​တို့​ထံ​သို့ ဆောင်​ခဲ့​လိမ့်​မည်​နည်း​ဟု မေး​စေ​ခြင်း​ငှာ​ကောင်း​ကင်၌ ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 13,
      "text": "တ​ရား​တော်​ကို ငါ​တို့​သည် နား​ထောင်၍ စောင့်​ရှောက်​မည်​အ​ကြောင်း၊ ပင်​လယ်​ကို အ​ဘယ်​သူ​ကူး၍ ငါ​တို့​ထံ​သို့​ဆောင်​ခဲ့​လိမ့်​မည်​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 14,
      "text": "တ​ရား​တော်​သည် သင်​စောင့်​ရှောက်​ဖို့​ရာ သင်​နှင့်​အ​လွန်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 15,
      "text": "ကြည့်​ပါ​တော့၊ အ​သက်​ရှင်​ခြင်း​ချမ်း​သာ​နှင့် သေ​ခြင်း​ဆင်း​ရဲ​တို့​ကို သင့်​ရှေ့​မှာ ယ​နေ့​ငါ​ထား၏။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 16,
      "text": "သင်​သည် အ​သက်​ရှင်၍ တိုး​ပွား​မည်​အ​ကြောင်း​နှင့် သင်​ဝင်​စား​လ​တ္တံ့​သော​ပြည်၌၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သ​ဖြင့် နောက်​တော်​သို့​လိုက်၍၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု ငါ​မှာ​ထား၏။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 17,
      "text": "သို့​မ​ဟုတ် သင့်​နှ​လုံး​လွဲ​သွား​သ​ဖြင့်၊ သင်​သည် နား​မ​ထောင်​ဘဲ သူ​တစ်​ပါး သွေး​ဆောင်​ရာ​သို့ လိုက်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 18,
      "text": "ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ အ​သက်​တာ​မ​ရှည်၊ ဧ​ကန်​အ​မှန် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သ​တိ​ပေး၏။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 19,
      "text": "အ​သက်​ရှင်​ခြင်း၊ သေ​ခြင်း၊ ကောင်း​ချီး​ပေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်၏။"
    },
    {
      "book": 5,
      "chapter": 30,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ သင်​နှင့် သင့်​အ​မျိုး​အ​နွယ်​သည် အ​သက်​ရှင်​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ စ​ကား​တော်​ကို နား​ထောင်​သ​ဖြင့်၊ အ​သက်​ရှင်​ခြင်း​အ​ကျိုး၊ အ​သက်​တာ​ရှည်​ခြင်း​အ​ကျိုး​ကို ပေး​တော်​မူ​သော ကိုယ်​တော်​ကို ဆည်း​ကပ်​မှီ​ဝဲ​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ နေ​မည်​အ​ကြောင်း​နှင့် ယှဉ်​သော​အ​သက်​တ​ရား​ကို ရွေး​ယူ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​အား ဟော​ပြော၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 1,
      "text": "တစ်​ဖန် မော​ရှေ​သည်​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဟော​ပြော​သည်​ကား၊"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 2,
      "text": "ငါ​သည် ယ​နေ့ အ​သက်​တစ်​ရာ​နှစ်​ဆယ်​စေ့​ပြီ။ သင်​တို့​ရှေ့​မှာ ထွက်​ဝင်​ခြင်း​ငှာ နောက်​တစ်​ဖန် မ​တတ်​နိုင်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယော်​ဒန်​မြစ်​ကို မ​ကူး​ရ​ဟု မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 3,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှာ​ကူး၍၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့​ကို ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ကို သင်​တို့​ဝင်​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ ယော​ရှု​သည်​လည်း သင်​တို့​ရှေ့​မှာ ကူး​ရ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌​လည်း​ကောင်း၊ ဖျက်​ဆီး​တော်​မူ​သော သူ​တို့​ပြည်၌​လည်း​ကောင်း ပြု​သ​ကဲ့​သို့၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့၌ ပြု​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့၌ အပ်​တော်​မူ​သ​ဖြင့်၊ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​အ​တိုင်း၊ သူ​တို့၌ ပြု​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 6,
      "text": "အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 7,
      "text": "တစ်​ဖန် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​တို့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်​သည် သူ​တို့​နှင့်​အ​တူ​သွား၍ အ​မွေ​ခံ​စေ​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 8,
      "text": "သင့်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တိုင်​ကြွ၍ သင်​နှင့်​ရှိ​တော်​မူ​လိမ့်​မည်။ သင့်​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ။ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 9,
      "text": "ဤ​ပ​ညတ်​တ​ရား​ကို မော​ရှေ​သည်​ရေး​ထား၍ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ အ​ပေါင်း​တို့၌​အပ်၍၊"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 10,
      "text": "မှာ​ထား​သည်​ကား၊ ခု​နစ်​နှစ်​စေ့၍ ကျွန်​များ​ကို​လွှတ်​ခြင်း​ငှာ ချိန်း​ချက်​သော​နှစ်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​ရောက်​မှ၊"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 11,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​လ​တ္တံ့​သော အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ ဤ​ပ​ညတ်​တ​ရား​ကို ထို​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​ရွတ်​ရ​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 12,
      "text": "ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​များ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​များ​တို့​သည် ကြား၍ နား​လည်​သ​ဖြင့်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ဤ​ပ​ညတ်​တ​ရား စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ပ​ရိ​သတ်​တို့​ကို စု​ဝေး​စေ​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 13,
      "text": "ထို​သို့​ပြု​လျှင်၊ နား​မ​လည်​သေး​သော သူ​ငယ်​တို့​သည် ကြား​သ​ဖြင့်၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ နေ​သည်​ကာ​လ​ပတ်​လုံး၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​စေ​ခြင်း​ငှာ သင်​ကြ​လိမ့်​မည်​ဟု မှာ​ထား​သ​တည်း။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တဲ​တော်​တွင် မိုး​တိမ်​တိုင်၌ ထင်​ရှား​တော်​မူ၍၊ မိုး​တိမ်​တိုင်​သည် တဲ​တော်​တံ​ခါး​ဝ​အ​ပေါ်​မှာ တည်​နေ၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 16,
      "text": "တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 17,
      "text": "ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 18,
      "text": "သူ​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နောက်​သို့​လွှဲ​သွား၍ ပြု​သော ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့်၊ ထို​အ​ခါ ငါ​သည် ကိုယ်​မျက်​နှာ​ကို ဧ​ကန်​အ​မှန်​လွှဲ​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 19,
      "text": "ယ​ခု​မှာ ဓ​မ္မ​သီ​ချင်း​ကို ရေး​ထား​ကြ​လော့။ ထို​သီ​ချင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ငါ့​အ​ဖို့ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် နှုတ်​ကျက်​ရ​အောင် သင်​စေ​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့၏​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ သူ​တို့​ကို ငါ​ဆောင်​သွင်း​သ​ဖြင့် သူ​တို့​သည် ဝ​စွာ​စား​ရ၍ ဆူ​ဖြိုး​သော​အ​ခါ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​လွှဲ​သွား၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ငါ့​ကို​ပုန်​ကန်၍ ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 21,
      "text": "ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ထို​သီ​ချင်း​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​အ​မျိုး​အ​နွယ်​သည် နှုတ်​ကျက်​မ​မေ့​လျော့​ရ။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ငါ​ဆောင်၍​မ​သွင်း​မီ၊ ယ​ခု​ပင် သူ​တို့​ကြံ​စည်​သော အ​ကြံ​အ​စည်​ကို​ငါ​သိ၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 22,
      "text": "မော​ရှေ​သည်​လည်း၊ ထို​နေ့၌ ဓ​မ္မ​သီ​ချင်း​ကို​ရေး​ထား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​လေ၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 23,
      "text": "တစ်​ဖန် နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆောင်​သွင်း​ရ​မည်။ ငါ​သည် သင်​နှင့်​အ​တူ​ရှိ​မည်​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 24,
      "text": "မော​ရှေ​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို အ​ကုန်​အ​စင်​ရေး​ထား​ပြီး​မှ၊"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​သော လေ​ဝိ​သား​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 26,
      "text": "ဤ​ပ​ည​တ္တိ​ကျမ်း​စာ​သည် သင်​တို့​အ​မျိုး​တစ်​ဖက်၌ သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ ထို​စာ​ကို​ယူ၍ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် အ​နား​မှာ​တင်​ထား​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 27,
      "text": "သင်​တို့​အ​မျိုး​သည် ပုန်​ကန်​တတ်​သော​သ​ဘော၊ ခိုင်​မာ​သော​သ​ဘော​ရှိ​ကြောင်း​ကို ငါ​သိ၏။ ငါ​အ​သက်​ရှင်၍၊ သင်​တို့​တွင်​နေ​စဉ်​အ​ခါ၊ ယ​နေ့​ပင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ကြ​ပြီ။ ငါ​သေ​သော​နောက် ထို​မျှ​မ​က​ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 28,
      "text": "သင်​တို့​အ​မျိုး​အ​နွယ် အ​သက်​ကြီး​သူ၊ အ​ရာ​ရှိ​သူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှာ စု​ဝေး​စေ​ကြ​လော့။ ဤ​စ​ကား​တို့​ကို သူ​တို့​အား​ဟော​ပြော၍ သူ​တို့​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်​မည်။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သေ​သော​နောက်၊ သင်​တို့​သည် လုံး​လုံး​ဖောက်​ပြန်၍ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​သွား​ကြ​လိမ့်​မည်​ကို ငါ​သိ၏။ နောင်​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ကိုယ်​လက်​နှင့် လုပ်​ဆောင်​သော​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်​ဟု သ​တိ​ပေး​လေ၏။"
    },
    {
      "book": 5,
      "chapter": 31,
      "verse": 30,
      "text": "မော​ရှေ​သည် ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 1,
      "text": "အို ကောင်း​ကင်၊ နား​ထောင်​လော့၊ ငါ​ပြော​မည်။ အို​မြေ​ကြီး၊ ငါ​မြွက်​ဆို​သော​စ​ကား​ကို ကြား​လော့။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 2,
      "text": "ငါ့​ဒေ​သ​နာ​သည် မိုး​ရေ​ကဲ့​သို့​စက်​စက်​ကျ၍၊ ငါ့​စ​ကား​သည် နှင်း​ကဲ့​သို့ ဖြည်း​ညင်း​စွာ သက်​ရောက်​လိမ့်​မည်။ နု​သော​ပျိုး​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​ပင်​ပေါ်​မှာ များ​ပြား​သော​မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 3,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဖော်​ပြ​သည်​ဖြစ်၍၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဘုန်း​အာ​နု​ဘော်​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 5,
      "text": "သူ​တို့​သည် ယို​ယွင်း​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​သား​မ​ဟုတ်၊ အ​ညစ်​အ​ကြေး​ကပ်​ကြ၏။ သ​ဘော​ကောက်၍ ဖောက်​ပြန်​သော​အ​မျိုး​ဖြစ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 6,
      "text": "အို ပ​ညာ​မဲ့​သော​လူ​မိုက်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ဤ​သို့​ဆပ်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဖြစ်​စေ​သော​အ​ဘ၊ သင့်​ကို​ဖန်​ဆင်း၍ နေ​ရာ​ချ​သော​သူ ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 7,
      "text": "ရှေး​ကာ​လ​ကို အောက်​မေ့​လော့။ လွန်​လေ​ပြီး​သော​နှစ်​ပေါင်း​များ​ကို ဆင်​ခြင်​လော့။ သင့်​အ​ဘ​ကို​မေး​မြန်း​လျှင် သူ​သည်​ဖော်​ပြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​တို့​ကို​မေး​မြန်း​လျှင် သူ​တို့​သည် ပြော​ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 8,
      "text": "အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​ဖို့​ကား၊ လူ​မျိုး​တော်​တည်း။ ယာ​ကုပ်​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ ဖြစ်​သ​တည်း။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 10,
      "text": "လူ​ဆိတ်​ညံ​သော​အ​ရပ်၊ သား​ရဲ​မြည်၍၊ လွတ်​လပ်​သော​တော​လွင်​ပြင်၌ ယာ​ကုပ်​ကို​တွေ့​တော်​မူ​သော​အ​ခါ ဝန်း​ရံ​ဆီး​ကာ​ခြင်း၊ သွန်​သင်​ခြင်း​ကျေး​ဇူး​ကို​ပြု၍ မျက်​ဆန်​တော်​ကဲ့​သို့ စောင့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 11,
      "text": "ရွှေ​လင်း​တ​သည် အ​သိုက်​ကို​မွှေ​လျက်၊ သား​ငယ်​တို့​အ​ပေါ်​မှာ လှုပ်​ရှား​လျက်၊ အ​တောင်​တို့​ကို​ဖြန့်​လျက်၊ သား​ငယ်​တို့​ကို​ယူ၍ မိ​မိ​အ​တောင်​တို့​ဖြင့် ဆောင်​သ​ကဲ့​သို့၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ ယာ​ကုပ်​ကို​ဆောင်​သွား​တော်​မူ၏။ အ​ခြား​တစ်​ပါး​သော​ဘု​ရား မည်​မျှ​မ​ရှိ။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 13,
      "text": "မြေ​ကြီး​ပေါ်​မှာ မြင့်​မြတ်​သော​အ​ရပ်​တို့၌ နေ​ရာ​ချ​တော်​မူ​သ​ဖြင့်၊ သူ​သည် မြေ​အ​သီး​အ​နှံ​ကို​စား၍ ကျောက်​ထဲ​က​ပျား​ရည်​ကို​လည်း​ကောင်း၊ မီး​ပါ​ကျောက်​ထဲ​က​ဆီ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 14,
      "text": "သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 15,
      "text": "သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 16,
      "text": "သူ​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား​ဖြင့် ငြူ​စူ​စေ​ကြ၏။ ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 17,
      "text": "ဘု​ရား​မ​ဟုတ်​သော နတ်​ဆိုး၊ မ​သိ​ဖူး​သော​ဘု​ရား၊ ဘိုး​ဘေး​တို့ မ​ကြောက်​ဖူး​သော ဘု​ရား​သစ်​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 18,
      "text": "သင်​ဖြစ်​ရာ​မူ​လ​အ​မြစ်​ကို သင်​မ​မှတ်​မိ။ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​မေ့​လျော့​ပြီ။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 19,
      "text": "ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​သော​အ​ခါ၊ အ​မျက်​တော်​ထွက်၍ သား​သ​မီး​တော်​တို့​ကို စွန့်​ပစ်​တော်​မူ​လျက်၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 20,
      "text": "ငါ​သည် ကိုယ်​မျက်​နှာ​ကို သူ​တို့​မှ​လွှဲ​မည်။ သူ​တို့​သည် အ​ဘယ်​သို့​ဆုံး​မည်​ကို ငါ​ကြည့်​မည်။ သ​ဘော​ခိုင်​မာ​သော​အ​မျိုး၊ သ​စ္စာ​မ​ရှိ​သော သား​သ​မီး​ဖြစ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 21,
      "text": "ဘု​ရား​မ​ဟုတ်​သော​အ​ရာ​အား​ဖြင့် ငါ​သည် ငြူ​စူ​သော​စိတ်​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ အ​ချည်း​နှီး​သော​အ​ရာ​အား​ဖြင့် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​ပြီ။ သို့​ဖြစ်၍ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 22,
      "text": "ငါ​သည် အ​မျက်​ထွက်၍​မီး​ရှို့​သ​ဖြင့်၊ အ​နက်​ဆုံး​သော​မ​ရ​ဏ​နိုင်​ငံ​သို့ လောင်​လိမ့်​မည်။ မြေ​နှင့် မြေ​အ​သီး​အ​နှံ​ကို​ကျွမ်း​စေ၍ တောင်​ခြေ​ရင်း​တိုင်​အောင် လောင်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 23,
      "text": "သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​များ​ကို​ငါ​ပို့​မည်။ ငါ့​မြား​တို့​ကို အ​ကုန်​အ​စင်​ပစ်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 24,
      "text": "သူ​တို့​သည် မွတ်​သိပ်​ခြင်း​အ​ရှိန်​ကို​ခံ​ရ၍၊ ပူ​လောင်​ခြင်း​ဘေး၊ ပြင်း​စွာ​သော ဖျက်​ဆီး​ခြင်း​ဘေး​အား​ဖြင့် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သား​ရဲ​တို့၏​သွား​ကို​လည်း​ကောင်း၊ မြေ၌​ကျင်​လည်​သော မြွေ​အ​ဆိပ်​ကို​လည်း​ကောင်း၊ သူ​တို့၌ ငါ​စေ​လွှတ်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 25,
      "text": "အိမ်​ပြင်၌ ဓား​ဘေး၊ အိမ်​အ​တွင်း၌ ကြောက်​မက်​ဖွယ်​သော​ဘေး​သည် လူ​ပျို​နှင့်​အ​ပျို​ကို​လည်း​ကောင်း၊ နို့​စို့​သူ​ငယ်​နှင့် ဦး​ဆံ​ဖြူ​သော​သူ​ကို​လည်း​ကောင်း ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 26,
      "text": "ရန်​သူ၏​မာန်​မာ​န​ကို ငါ​မ​ကြောက်​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 27,
      "text": "ရန်​ဘက်​ပြု​သော​သူ​တို့​သည် ထောင်​လွှား​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​ကို ထာ​ဝ​ရ​ဘု​ရား​မ​ပြု၊ ဘုန်း​ကြီး​သော​ငါ​တို့​လက်​ရုံး​ပြ​ပြီ​ဟု ပြော​မည်​ကို စိုး​ရိမ်​စ​ရာ​မ​ရှိ​လျှင်​လည်း​ကောင်း၊ သူ​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​စေ၍၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 28,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​သ​တိ​မ​ရှိ၊ ဉာဏ်​ကင်း​သော လူ​မျိုး​ဖြစ်​ကြ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 29,
      "text": "ပ​ညာ​ကို​ရ၍ ဤ​အ​မှု​ကို နား​လည်​ကြ​ပါ​စေ​သော။ နောက်​ဆုံး​ကာ​လ၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို ဆင်​ခြင်​ကြ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 30,
      "text": "သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 31,
      "text": "ငါ​တို့၏​ရန်​သူ​များ စီ​ရင်​ဆုံး​ဖြတ်​သော်​လည်း၊ သူ​တို့​ကျောက်​သည် ငါ​တို့​ကျောက်​နှင့်​မ​တူ။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 32,
      "text": "သူ​တို့​စ​ပျစ်​နွယ်​ပင်​သည် သော​ဒုံ​စ​ပျစ်​နွယ်​ပင်​မျိုး၊ ဂေါ​မော​ရ​မြေ၌​ပေါက်​သော အ​ပင်​မျိုး​ဖြစ်၏။ သူ​တို့​စ​ပျစ်​သီး​သည် ခါး​သော​အ​ပင်၏ အ​သီး​ဖြစ်၍၊ စ​ပျစ်​သီး​ပြွတ်​တို့​သည် ခါး​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​ကြ၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 33,
      "text": "သူ​တို့​စ​ပျစ်​ရည်​သည် န​ဂါး​အ​ဆိပ်၊ ပြင်း​ထန်​သော မြွေ​ဆိုး​အ​ဆိပ်​အ​တောက် ဖြစ်၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 34,
      "text": "ဤ​အ​မှု​သည် ငါ့​ထံ​မှာ​သို​ထား​လျက်၊ ငါ့​ဘ​ဏ္ဍာ​တိုက်၌ တံ​ဆိပ်​ခပ်​လျက် ရှိ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 35,
      "text": "အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 36,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​မည်။ ကိုယ်​တော်၏ ကျွန်​တို့​သည် တန်​ခိုး​ကုန်​ကြောင်း၊ အ​ချုပ်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ကြောင်း​ကို မြင်​သော​အ​ခါ၊ သူ​တို့​အ​မှု​ကြောင့် နောင်​တ​ရ​တော်​မူ​လျက်၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 37,
      "text": "သူ​တို့​ဘု​ရား၊ သူ​တို့​ခို​လှုံ​သော​ကျောက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 38,
      "text": "သူ​တို့​ပူ​ဇော်​သော ဆီ​ဥ​ကို​စား၍ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ စ​ပျစ်​ရည်​ကို သောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သူ​တို့​သည်​ထ၍ သင်​တို့​ကို ကွယ်​ကာ​စောင့်​မ​ပါ​လေ​စေ။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 39,
      "text": "ငါ​သည် ကိုယ်​တိုင်​အား​ဖြင့် ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။ ငါ​သည် အ​သက်​ကို​သေ​စေ၏။ အ​သက်​ကို​လည်း ရှင်​စေ၏။ ငါ​သည် အ​နာ​ပေါ်​စေ​ခြင်း​ငှာ ဒဏ်​ခတ်၏။ အ​နာ​ကို​လည်း ပျောက်​စေ၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 40,
      "text": "ငါ​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ပေ၏​ဟု ငါ့​လက်​ကို ကောင်း​ကင်​သို့​ချီ၍ ကျိန်​ဆို၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 41,
      "text": "ငါ​သည် ပြောင်​လက်​သော​ဓား​ကို​သွေး၍၊ တ​ရား​စီ​ရင်​စ​ပြု​လျက် ငါ့​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​မည်။ ငါ့​ကို​မုန်း​သော​သူ​တို့ ခံ​ထိုက်​သော​အ​ပြစ်​အ​လျောက် ငါ​ဆပ်​ပေး​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 42,
      "text": "ငါ့​မြား​တို့​ကို အ​သွေး​နှင့်​ယစ်​မူး​စေ​မည်။ ငါ့​ဓား​သည် အ​သား​ကို​စား​လိမ့်​မည်။ သတ်​သော​သူ၊ လက်​ရ​သော​သူ​တို့၏ အ​သွေး၊ ရန်​သူ​အ​ကဲ​အ​မှူး​တို့၏ ဦး​ခေါင်း​ကို စား​သောက်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 43,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ လူ​မျိုး​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​ကျွန်​တို့​ကို သတ်​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး၍ ကိုယ်​တော်၏​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​တော်​မူ​မည်။ ပြည်​တော်​နှင့် မိ​မိ​လူ​မျိုး​ကို ကယ်​မ​သ​နား​တော်​မူ​မည်​ဟူ​သော၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 44,
      "text": "ဤ​သီ​ချင်း​စ​ကား​ကို မော​ရှေ​သည်​လာ၍ နုန်​သား​ယော​ရှု​နှင့်​အ​တူ လူ​များ​တို့​အား ဟော​ပြော​မြွက်​ဆို၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 45,
      "text": "ထို​သို့ မော​ရှေ​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​ဟော​ပြော​မြွက်​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 46,
      "text": "သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 47,
      "text": "ဤ​အ​မှု​သည် သာ​မ​ည​အ​မှု​မ​ဟုတ်။ သင်​တို့ အ​သက်​နှင့်​ဆိုင်​သော အ​မှု​ဖြစ်၏။ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ဤ​အ​မှု​ကို​စောင့်​ရှောက်​လျှင်၊ ကိုယ်​အ​သက်​တာ ရှည်​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 48,
      "text": "ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ မော​ဘ​ပြည် အာ​ဗ​ရိမ်​တောင်​ရိုး၊ နေ​ဗော​တောင်​ထိပ်​ပေါ်​သို့ တက်၍၊"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 49,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​သော ခါ​နာန်​ပြည်​ကို ကြည့်​ရှု​လော့။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 50,
      "text": "သင့်​အစ်​ကို​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​မှာ​သေ၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​သ​ကဲ့​သို့၊ သင်​သည်​လည်း တက်​သွား​သော ဤ​တောင်​ပေါ်​မှာ​သေ၍၊ သင်၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လော့။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 51,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​ရွာ၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု၍ ပြစ်​မှား​ကြ​ပြီ။"
    },
    {
      "book": 5,
      "chapter": 32,
      "verse": 52,
      "text": "ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော်​လည်း၊ ထို​ပြည်​သို့ မ​ဝင်​စား​ရ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​သည် မ​သေ​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​သော မင်္ဂ​လာ​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​က ကြွ​တော်​မူ၏။ စိ​ရ​အ​ရပ်​မှ ထို​လူ​တို့​အား နေ​ထွက်​တော်​မူ၏။ ပါ​ရန်​တောင်​ပေါ်​က ရောင်​ခြည်​ထွန်း​ပ​တော်​မူ၍၊ သန့်​ရှင်း​သော​သူ အ​ထောင်​အ​သောင်း​တို့​နှင့်​အ​တူ ကြွ​တော်​မူ၍၊ ဓ​မ္မ​မီး​သည် ဣ​သ​ရေ​လ​လူ​တို့​အ​ဖို့၊ လက်​ယာ​လက်​တော်​မှ ထွက်​လေ၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 3,
      "text": "အ​ကယ်​စင်​စစ် ထို​လူ​မျိုး​ကို ချစ်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​ပါး​တွင်​ရှိ​ကြ၏။ သူ​တို့​သည် ခြေ​တော်​ရင်း၌​ပျပ်​ဝပ်၍ စ​ကား​တော်​တို့​ကို နား​ခံ​ကြ​လေ၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 4,
      "text": "ယာ​ကုပ်​အ​မျိုး ပ​ရိ​သတ်​အ​မွေ​ခံ​ရ​သော​ဓ​မ္မ​တ​ရား​ကို မော​ရှေ​သည် ငါ​တို့​အား​ထား၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​မင်း​များ​နှင့်​တ​ကွ၊ အ​မျိုး​အ​နွယ်​များ​တို့​သည် စည်း​ဝေး​သော​အ​ခါ၊ ထို​သူ​သည် ယေ​ရှု​ရုန်​အ​မျိုး၌ ရှင်​ဘု​ရင်​ဖြစ်၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 6,
      "text": "ရု​ဗင်​အ​မျိုး​မ​သေ၊ အ​သက်​ရှင်၍ သူ၏​လူ​တို့​သည် များ​ပါ​စေ​သော။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 7,
      "text": "ယု​ဒ​အ​မျိုး​ကို​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယု​ဒ​စ​ကား​သံ​ကို​နား​ထောင်၍ သူ့​ကို အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​ပါ။ မိ​မိ​လက်​တို့​သည် မိ​မိ​အ​ဖို့ တန်​ပါ​စေ​သော။ သူ့​ကို ရန်​သူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 8,
      "text": "လေ​ဝိ​အ​မျိုး​ကို​ကား၊ သင်၏​သု​မိမ်​နှင့်​ဥ​ရိမ်​သည် မဿာ​အ​ရပ်၌ သင်​စုံ​စမ်း၍၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား​မှာ သင်​ဆန့်​ကျင်​ဘက်​ပြု​သော သင်၏ သန့်​ရှင်း​သူ၌ ရှိ​ပါ​စေ​သော၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 9,
      "text": "ထို​သူ​သည် ကိုယ်​မိ​ဘ​ဖြစ်​သော်​လည်း ငါ​မ​တွေ့​မ​မြင်​ဟု ဆို​တတ်၏။ ကိုယ်​ညီ​အစ်​ကို​ကို​လည်း မ​မှတ်​တတ်။ ကိုယ်​သား​သ​မီး​ကို​လည်း မ​သိ​တတ်။ အ​ကြောင်း​မူ​ကား၊ စ​ကား​တော်​ကို​နား​ထောင်၍ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို စောင့်​ရှောက်​တတ်၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 10,
      "text": "သူ​တို့​သည် စီ​ရင်​တော်​မူ​ချက်​တို့​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ တ​ရား​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း သွန်​သင်​ကြ​လိမ့်​မည်။ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို ရှေ့​တော်၌​လည်း​ကောင်း၊ တစ်​ကိုယ်​လုံး မီး​ရှို့​ရာ​ယဇ်​ကို ယဇ်​ပ​လ္လင်​တော်​ပေါ်၌​လည်း​ကောင်း တင်​ထား​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ သူ၏​ဥ​စ္စာ​ကို ကောင်း​ချီး​ပေး၍ သူ​လုပ်​ဆောင်​သော​အ​မှု​ကို လက်​ခံ​တော်​မူ​ပါ။ သူ့​တစ်​ဖက်၌​ထ၍ သူ့​ကို​မုန်း​သော​သူ​တို့​သည် နောက်​တစ်​ဖန် မ​ထ​နိုင်​အောင် သူ​တို့​ခါး​ကို ချိုး​တော်​မူ​ပါ။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 12,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် အ​ထံ​တော်​ပါး​တွင် လုံ​ခြုံ​စွာ​နေ​ရ​လိမ့်​မည်။ သူ့​ကို အ​စဉ်​အ​မြဲ​ဖုံး​လွှမ်း၍ သူ၏​ပ​ခုံး​ကြား​မှာ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 13,
      "text": "ယော​သပ်​အ​မျိုး​ကို​ကား၊ ထို​အ​မျိုး​နေ​သော​ပြည်​သည် အ​ထက်​မိုး​ကောင်း​ကင် ဘ​ဏ္ဍာ​အား​ဖြင့်​လည်း​ကောင်း၊ အောက်​အ​ရပ်၌ ပုန်း​ကွယ်၍ နက်​နဲ​သော​အ​ရာ အား​ဖြင့်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 14,
      "text": "နေ​ဖြစ်​စေ​သော​ဘ​ဏ္ဍာ၊ လ​ဖြစ်​စေ​သော​ဘ​ဏ္ဍာ​အား​ဖြင့်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 15,
      "text": "အ​သက်​ကြီး​သော​တောင်​ထိပ်၊ မြဲ​မြံ​သော​တောင်​ထဲ​က​ထွက်​သော ဘ​ဏ္ဍာ​အား​ဖြင့်​လည်း​ကောင်း၊"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 16,
      "text": "မြေ​ကြီး​ဘ​ဏ္ဍာ စုံ​လင်​ရာ​အား​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ချုံ၌​နေ​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏ ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 17,
      "text": "သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 18,
      "text": "ဇာ​ဗု​လုန်​အ​မျိုး​ကို​ကား၊ အို​ဇာ​ဗု​လုန်​အ​မျိုး၊ ထွက်​သွား​ရာ​အ​မှု၌ ဝမ်း​မြောက်​လော့။ အို​ဣ​သ​ခါ​အ​မျိုး၊ မိ​မိ​တဲ၌​နေ​လျက် ဝမ်း​မြောက်​လော့။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 19,
      "text": "ထို​အ​မျိုး​တို့​သည် လူ​များ​တို့​ကို တောင်​တော်​သို့​ခေါ်၍၊ တောင်​တော်၌ တ​ရား​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​လိမ့်​မည်။ ပင်​လယ်​စည်း​စိမ်၊ သဲ၌​ဝှက်​ထား​လျက်​ရှိ​သော ဘ​ဏ္ဍာ​ကို​နို့​စို့​ကြ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 20,
      "text": "ဂဒ်​အ​မျိုး​ကို​ကား၊ ဂဒ်​အ​မျိုး​ကို ကျယ်​ဝန်း​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထို​အ​မျိုး​သည် ခြင်္သေ့​ကဲ့​သို့​နေ၍၊ လက်​ရုံး​နှင့်​ဦး​ထိပ်​ကို ဆုတ်​ဖဲ့​တတ်၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 21,
      "text": "ရှေ့​ဦး​စွာ​သော​အ​ဖို့​ကို မိ​မိ​အ​ဖို့​ရွေး​ယူ၍၊ တ​ရား​မင်း​ခွဲ​ဝေ​ရာ ထို​အ​ရပ်၌ လုံ​ခြုံ​ရ၏။ လူ​များ​တို့၏ အ​ကဲ​အ​မှူး​ပြု​လျက် လိုက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​မှု၊ ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို ပြု​လေ၏။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 22,
      "text": "ဒန်​အ​မျိုး​ကို​ကား၊ ဒန်​အ​မျိုး​သည် ခြင်္သေ့​သ​ငယ်​ဖြစ်၍ ဗာ​ရှန်​ပြည်​မှ ခုန်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 23,
      "text": "နဿ​လိ​အ​မျိုး​ကို​ကား၊ အို​နဿ​လိ​အ​မျိုး၊ ကျေး​ဇူး​တော်​နှင့်​ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မင်္ဂ​လာ​နှင့်​ပြည့်​စုံ​လျက်၊ အ​နောက်​ပိုင်း၊ တောင်​ပိုင်း​ကို​ဝင်​စား​လော့။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 24,
      "text": "အာ​ရှာ​အ​မျိုး​ကို​ကား၊ အာ​ရှာ​အ​မျိုး​သည် သား​သ​မီး​ကို​ရ၍ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ညီ​အစ်​ကို​ချင်း၏ စိတ်​နှင့်​တွေ့​ခြင်း၊ မိ​မိ​ခြေ​ကို​ဆီ၌​နှစ်​ခြင်း ရှိ​ပါ​စေ​သော။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 25,
      "text": "သင်၏​တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည် သံ​နှင့်​ကြေး​ဝါ​ဖြင့် ပြီး​ကြ​လိမ့်​မည်။ သင်၏​နေ့​ရက်​ကာ​လ​ဖြစ်​သည်​အ​တိုင်း သင့်​အ​စွမ်း​သ​တ္တိ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 26,
      "text": "သင့်​ကို​ပြု​စု​စေ​ခြင်း​ငှာ ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​လျက်၊ မိုး​ကောင်း​ကင်​ကို စီး​တော်​မူ​သော ယေ​ရှု​ရုန်​အ​မျိုး၏ ဘု​ရား​သ​ခင်​နှင့်​တူ​သော​သူ မ​ရှိ။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 27,
      "text": "ရှေ့​ဦး​စွာ​သော​ဘု​ရား​သ​ခင်​သည် သင့်​ခို​လှုံ​ရာ​ဖြစ်၍၊ နိ​စ္စ​ထာ​ဝ​ရ လက်​ရုံး​တော်​ဖြင့် သင့်​ကို​ထောက်​မ​တော်​မူ၏။ ရန်​သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်၍ သူ​တို့​ကို​ဖျက်​ဆီး​သော​အ​ခွင့် ပေး​တော်​မူ​မည်။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 28,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ဘေး​လွတ်၍ တစ်​မျိုး​တည်း နေ​ရ​လိမ့်​မည်။ ယာ​ကုပ်​အ​နွယ်​သည် စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၌ နေ​ရာ​ကျ၍၊ မိုး​နှင်း​ရည်​လည်း စက်​စက်​ကျ​လိမ့်​မည်။"
    },
    {
      "book": 5,
      "chapter": 33,
      "verse": 29,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 1,
      "text": "ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 2,
      "text": "နဿ​လိ​ပြည်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည်​နှင့်​တ​ကွ အ​ဝေး​ဆုံး​သော ပင်​လယ်​တိုင်​အောင်၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၊"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 3,
      "text": "တောင်​ပြည်​နှင့်​တ​ကွ ဇော​ရ​မြို့​တိုင်​အောင် စွန်​ပ​လွံ​မြို့​တည်း​ဟူ​သော ယေ​ရိ​ခေါ​မြို့​တည်​သော​ချိုင့်​နှင့် လွင်​ပြင်​တို့​ကို ပြ​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ကျိန်​ဆို၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု က​တိ​ထား​သော​ပြည်​ကို ကြည့်​လော့။ သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး၏။ သို့​ရာ​တွင် ကူး၍​မ​သွား​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 5,
      "text": "ထို​သို့​ထာ၀​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထာ၀​ရ​ဘု​ရား၏​ကျွန် မော​ရှေ​သည် မော​ဘ​ပြည်၊ ထို​အ​ရပ်၌​အ​နိ​စ္စ​ရောက်၍၊"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 6,
      "text": "ဗက်​ပေ​ဂု​ရ​မြို့​တစ်​ဖက်၊ မော​ဘ​ပြည်၊ တစ်​စုံ​တစ်​ခု​သော​ချိုင့်၌ သင်္ဂြိုဟ်​တော်​မူ၏။ မော​ရှေ၏​သင်္ချိုင်း​ကို ယ​နေ့​တိုင်​အောင် အ​ဘယ်​လူ​မျှ မ​သိ​ရာ။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 7,
      "text": "မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​အ​ခါ အ​သက်​တစ်​ရာ​နှစ်​ဆယ် ရှိ၏။ သူ၏​မျက်​စိ မ​မှုန်​သေး။ ခွန်​အား​လည်း မ​လျော့​သေး။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​ကို​အောက်​မေ့၍၊ မော​ဘ​လွင်​ပြင်၌ အ​ရက်​သုံး​ဆယ်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 9,
      "text": "မော​ရှေ​အ​တွက် ငို​ကြွေး​မြည်​တမ်း​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​သည် အ​ထက်​က မော​ရှေ၏​လက်​တင်​မင်္ဂ​လာ​ကို ခံ​ရ​သ​ဖြင့်၊ ပ​ညာ​သ​ဘော​နှင့် ပြည့်​စုံ​သော​သူ​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယော​ရှု၏​စ​ကား​ကို​နား​ထောင်​လျက်၊ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ကြ၏။"
    },
    {
      "book": 5,
      "chapter": 34,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​သော​နောက်၊ မော​ရှေ​လက်​ထောက်၊ နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 2,
      "text": "ငါ၏​ကျွန်​မော​ရှေ​သည် အ​နိ​စ္စ​ရောက်​လေ​ပြီ။ သို့​ဖြစ်၍၊ သင်​နှင့် သင်၌​ပါ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယ​ခု​ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို ဝင်​စား​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 3,
      "text": "မော​ရှေ​အား ငါ​က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့​နင်း​သ​မျှ​သော​မြေ​ကို သင်​တို့​အား​ငါ​ပေး​မည်။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 4,
      "text": "တော​ကြီး​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ဟိ​တ္တိ​ပြည်​တစ်​လျှောက်​လုံး​ပါ​လျက်၊ နေ​ဝင်​ရာ​ဘက် ပင်​လယ်​ကြီး​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​နယ် အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 5,
      "text": "သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 6,
      "text": "အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကို သင်​သည် ဤ​လူ​တို့​အား​ဝေ၍ အ​မွေ​ပေး​ရ​မည်။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 7,
      "text": "သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 8,
      "text": "ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 9,
      "text": "သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 10,
      "text": "ထို​အ​ခါ ယော​ရှု​သည် ဗိုလ်​မင်း​များ​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 11,
      "text": "တပ်​တစ်​လျှောက်​လုံး​သို့ သွား​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ သုံး​ရက်​အ​တွင်း​တွင် ဤ​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​ရ​သော​ကြောင့် ရိ​က္ခာ​ကို ပြင်​ဆင်​ရ​ကြ​မည်​အ​ကြောင်း၊ လူ​များ​တို့​အား ဆင့်​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 12,
      "text": "တစ်​ဖန် ယော​ရှု​သည် ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည်၊ သင်​တို့​အား​မှာ​ထား​သော​စ​ကား​ဟူ​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ဤ​ပြည်၌​နေ​ရာ​ချ​တော်​မူ​ပြီ။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 14,
      "text": "သင်​တို့​သား​မ​ယား၊ သူ​ငယ်​များ​နှင့် တိ​ရ​စ္ဆာန်​များ​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် မော​ရှေ​ပေး​သော​ပြည်၌ နေ​ရစ်​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​နေ​ရာ​ချ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား နေ​ရာ​ချ​တော်​မ​မူ​မီ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သူ​တို့​သည် မ​သိမ်း​မ​ယူ​မီ​တိုင်​အောင်၊ သင်​တို့​တွင် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လက်​နက်​ကိုင်​လျက်၊ သင်​တို့​ညီ​အစ်​ကို​များ​ရှေ့​မှာ ကူး၍​မ​စ​ရ​ကြ​မည်​ဟူ​သော စ​ကား​ကို အောက်​မေ့​ကြ​လော့။ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် ယော်​ဒန်​မြစ် နေ​ထွက်​ရာ​ဘက်၌​ပေး၍၊ သင်​တို့​ပိုင်​သော​ပြည်​သို့ ပြန်၍​ဝင်​စား​ရ​ကြ​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 16,
      "text": "ထို​သူ​တို့​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​ကို ကျွန်​တော်​တို့​ပြု​ပါ​မည်။ စေ​လွှတ်​တော်​မူ​သ​မျှ​သော အ​ရပ်​သို့ သွား​ပါ​မည်။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 17,
      "text": "အ​ရာ​ရာ​တို့၌ မော​ရှေ၏​စ​ကား​ကို​နား​ထောင်​သည်​နည်း​တူ ကိုယ်​တော်​စ​ကား​ကို​လည်း နား​ထောင်​ပါ​မည်။ သို့​ဖြစ်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 6,
      "chapter": 1,
      "verse": 18,
      "text": "အာ​ဏာ​တော်​ကို​ဆန်၍၊ မှာ​ထား​တော်​မူ​သ​မျှ​သော​စ​ကား​ကို နား​မ​ထောင်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​တော်​မူ​ပါ။ ရဲ​ရင့်​ခြင်း​ရှိ​တော်​မူ​ပါ​ဟု ယော​ရှု​အား​ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 1,
      "text": "နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 2,
      "text": "ပြည်​သား​အ​ချို့​တို့​က​လည်း၊ ဤ​ပြည်​ကို စူး​စမ်း​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ချို့​တို့​သည် ယ​နေ့​ည​မှာ မြို့​တွင်း​သို့ ဝင်​ပါ​ပြီ​ဟု ယေ​ရိ​ခေါ​မင်း​ကြီး​အား လျှောက်​ကြား​ကြ​သည် ရှိ​သော်၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 3,
      "text": "ယေ​ရိ​ခေါ​မင်း​ကြီး​သည် ရာ​ခပ်​အား သင့်​ဆီ​သို့ ရောက်​လာ၍၊ သင့်​အိမ်​သို့​ဝင်​သော​သူ​တို့​ကို အပ်​လော့။ သူ​တို့​သည် တစ်​ပြည်​လုံး​ကို​စူး​စမ်း​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု အ​မိန့်​တော်​နှင့် စေ​လွှတ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 4,
      "text": "ရာ​ခပ်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​နှင့်​ပြီး​မှ ကျွန်​မ​ဆီ​သို့ လူ​ရောက်​သည်​မှန်​ပါ၏။ သို့​ရာ​တွင် အ​ဘယ်​အ​ရပ်​က​လာ​သည်​ကို မ​သိ​ပါ။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 5,
      "text": "မိုး​ချုပ်၍ တံ​ခါး​ပိတ်​ချိန်​ရှိ​သော​အ​ခါ၊ သူ​တို့​သည် ထွက်​သွား​ကြ​ပါ၏။ အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​သည်​ကို မ​သိ​ပါ။ အ​လျင်​အ​မြန် လိုက်​ကြ​လော့။ မီ​ကောင်း မီ​ပါ​လိမ့်​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 6,
      "text": "သို့​ဆို​သော်​လည်း ထို​သူ​တို့​ကို အိမ်​အ​ပေါ်​သို့ တက်​စေ၍၊ အ​မိုး​ပေါ်​မှာ​ဖြန့်​ထား​သော ပိုက်​ဆန်​ရိုး​ထဲ၌ ဝှက်​ထား​နှင့်​ပြီ။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 7,
      "text": "မင်း​လု​လင်​တို့​သည် ယော်​ဒန်​မြစ်​ကူး​ရာ​လမ်း​သို့ လိုက်​ကြ၏။ မြို့​ပြင်​သို့​ရောက်​ကြ​ပြီး​မှ မြို့​တံ​ခါး​များ​ကို ပိတ်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 8,
      "text": "သူ​လျှို​တို့​သည် မ​အိပ်​မီ မိန်း​မ​သည် သူ​တို့​ရှိ​ရာ အိမ်​မိုး​ပေါ်​သို့​တက်၍၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ဤ​ပြည်​ကို ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​တို့​ကြောက်​လန့်​အား​ကြီး၍ သင်​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြောင်း​ကို​လည်း​ကောင်း ကျွန်​မ​သိ​ပါ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 10,
      "text": "သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​အ​ခါ၊ ဧ​ဒုံ​ပင်​လယ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌​နေ၍ သင်​တို့ ရှင်း​ရှင်း​ဖျက်​ဆီး​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌ သင်​တို့​ပြု​သော​အ​မှု​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကြား​ရ​ကြ​ပြီ။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 11,
      "text": "ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်၍ သင်​တို့​ကြောင့် တစ်​စုံ​တစ်​ယောက်​သော​သူ၌​မျှ ရဲ​ရင့်​ခြင်း​သ​တ္တိ အ​လျှင်း​မ​ကျန်​ကြွင်း​ပါ။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက် ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး၌​လည်း​ကောင်း၊ အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 12,
      "text": "သို့​ဖြစ်၍ သင်​တို့၌ ကျွန်​မ​သည်​ကျေး​ဇူး​ပြု​သော​ကြောင့် သင်​တို့​သည် ကျွန်​မ​ပေါက်​ဖော်​တို့၌ ကျေး​ဇူး​ပြု၍၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 13,
      "text": "ကျွန်​မ​မိ​ဘ၊ ညီ​အစ်​မ၊ မောင်​အ​စ​ရှိ​သော သူ​တို့​နှင့်​ဆိုင်​သ​မျှ​သော သူ​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​ကြ​ပါ။ မှန်​သော​လ​က္ခ​ဏာ​သက်​သေ​ကို​လည်း ပေး​ခဲ့​ကြ​ပါ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 14,
      "text": "ထို​သူ​တို့​က၊ သင်​သည် ငါ​တို့​အ​မှု​ကို​မ​ဖော်​မ​ပြ​လျှင် သင့်​အ​သက်​အ​တွက် ငါ​တို့​အ​သက်​သည် အာ​မ​ခံ​ဖြစ်​စေ​တော့။ ဤ​ပြည်​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခါ၊ သင်၌​သ​စ္စာ​စောင့်၍ ကျေး​ဇူး​ပြု​မည်​ဟု ဝန်​ခံ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 15,
      "text": "ထို​မိန်း​မ​နေ​ရာ​အိမ်​သည် မြို့​ရိုး​နား​မှာ​ရှိ​သော​ကြောင့်၊ ထို​သူ​တို့​ကို ပြတင်း​ပေါက်​က​ကြိုး​နှင့် လျှော့​ချ​လျက်၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 16,
      "text": "သင်​တို့​သည် လိုက်၍​ရှာ​သော​သူ​တို့​နှင့် လွတ်​မည်​အ​ကြောင်း တောင်​ပေါ်​သို့​ပြေး၍ သုံး​ရက်​ပုန်း​နေ​ကြ​ပါ။ ရှာ​သော​သူ​တို့​သည် ပြန်​သော​နောက်​မှ​သွား​ကြ​ပါ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 17,
      "text": "ထို​သူ​တို့​က၊ သင်​သည် ကျိန်​ဆို​စေ​သော​အ​ကျိန်​ကြောင့်၊ ငါ​တို့၌ အ​ပြစ်​မ​ရောက်​ပါ​စေ​နှင့်။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 18,
      "text": "ဤ​ပြည်​သို့ ငါ​တို့​ရောက်​လာ​သော​အ​ခါ၊ ယ​ခု​လျှော့​ချ​သော ပြတင်း​ပေါက်၌ ဤ​ကြိုး​နီ​ကို ချည်​ထား၍၊ သင့်​မိ​ဘ၊ သင့်​မောင်​များ​နှင့် ပေါက်​ဖော်​များ​အ​ပေါင်း​တို့​ကို သင့်​အိမ်၌​ခေါ်​ထား​ရ​မည်။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 19,
      "text": "ထို​အ​ခါ သင့်​အိမ်​ထဲ​က လမ်း​သို့​ထွက်​သွား​သော​သူ မည်​သည်​ကား၊ သေ​လျှင်​သေ​ပြစ်​ကို ကိုယ်​တိုင်​ခံ​စေ၊ ငါ​တို့​သည် အ​ပြစ်​လွတ်​စေ။ သင့်​အိမ်၌ ရှိ​သော​သူ​မည်​သည်​ကို အ​သေ​သတ်​လျှင် သေ​ပြစ်​ကို ငါ​တို့​သည်​ခံ​စေ။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 20,
      "text": "ငါ​တို့​အ​မှု​ကို​လည်း သင်​သည်​ဖော်​ပြ​လျှင်၊ သင်​ယ​ခု​ကျိန်​ဆို​စေ​သော အ​ကျိန်​နှင့် ငါ​တို့​သည် လွတ်​စေ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 21,
      "text": "မိန်း​မ​က၊ သင်​တို့​စ​ကား​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​တော့​ဟု​ဝန်​ခံ​လျက် လွှတ်​လိုက်၍ သူ​တို့​သည် သွား​ကြ၏။ မိန်း​မ​သည်​လည်း ထို​ကြိုး​နီ​ကို ပြတင်း​ပေါက်၌ ချည်​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 22,
      "text": "ထို​သူ​တို့​သည် တောင်​ပေါ်​သို့​ရောက်​အောင်​သွား၍ လိုက်​ရှာ​သော​သူ​တို့ မ​ပြန်​မီ​တိုင်​အောင် သုံး​ရက်​နေ​ကြ၏။ ရှာ​သော​သူ​တို့​သည်​လည်း လမ်း​တစ်​လျှောက်​လုံး ရှာ၍​မ​တွေ့​ကြ။"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 23,
      "text": "ထို​လူ​နှစ်​ယောက်​တို့​သည် လှည့်၍ တောင်​ပေါ်​က​ဆင်း​ပြီး​မှ မြစ်​ကို​ကူး​သ​ဖြင့်၊ နုန်၏​သား​ယော​ရှု​ထံ​သို့ ရောက်၍၊ မိ​မိ​တို့၌ ဖြစ်​သ​မျှ​တို့​ကို ပြန်​ကြား​လျက်၊"
    },
    {
      "book": 6,
      "chapter": 2,
      "verse": 24,
      "text": "အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 1,
      "text": "ယော​ရှု​သည် နံ​နက်​စော​စော​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ရှိ​တ္တိမ်​မြို့​မှ​ပြောင်း၍ ယော်​ဒန်​မြစ်​ကို​မ​ကူး​မီ မြစ်​နား​တွင် စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 2,
      "text": "သုံး​ရက်​စေ့​သော​အ​ခါ၊ တပ်​မှူး​တို့​သည် တပ်​တစ်​လျှောက်​လုံး​သို့​သွား၍၊"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 3,
      "text": "သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 4,
      "text": "သေ​တ္တာ​တော်​နှင့် သင်​တို့​စပ်​ကြား​ကို အ​တောင်​နှစ်​ထောင်​ခြား၍ ခ​ရီး​ကွာ​စေ​ရ​မည်။ လိုက်​ရ​သော​လမ်း​ကို သိ​မည်​အ​ကြောင်း၊ သေ​တ္တာ​တော်​အ​နီး​သို့ မ​ချဉ်း​ဘဲ​လိုက်​ရ​မည်။ ဤ​လမ်း​သို့ သင်​တို့​သည် တစ်​ခါ​မျှ​မ​လိုက်​ကြ​သေး​ဟု လူ​အ​ပေါင်း​တို့​အား မှာ​ထား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 5,
      "text": "ယော​ရှု​က​လည်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​တော်​မူ​မည်​ဟု လူ​များ​တို့​အား မှာ​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 6,
      "text": "တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ လူ​များ​ရှေ့​သို့ ကူး​သွား​ကြ​လော့​ဟု ယော​ရှု​ဆို​သည်​အ​တိုင်း သူ​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း၍ လူ​များ​ရှေ့​သို့​သွား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 8,
      "text": "ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​နား​သို့ ရောက်​သော​အ​ခါ၊ ယော်​ဒန်​မြစ်၌ ရပ်​နေ​ရ​မည်​အ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 9,
      "text": "ယော​ရှု​က​လည်း၊ လာ​ကြ​လော့။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်​လျက်၊"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 10,
      "text": "အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​တွင်​ရှိ၍၊ သင်​တို့​ရှေ့​မှ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဟိ​ဝိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို စင်​စစ်​နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း​ကို အ​ဘယ်​သို့​သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 11,
      "text": "မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သင်​တို့​ရှေ့​မှာ၊ ယော်​ဒန်​မြစ်​ထဲ​သို့​ကူး​သွား​လိမ့်​မည်။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 12,
      "text": "သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​များ​ထဲ​က တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​တို့​ကို ရွေး​ကောက်​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 13,
      "text": "မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​ခြေ​ဖ​ဝါး​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​ကို​နင်း​သော​ခ​ဏ​ချင်း​တွင်၊ မြစ်​ညာ​ရေ​သည် ပြတ်၍ ပုံ့​ပုံ့​ကြွ​လျက်​နေ​လိမ့်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 14,
      "text": "လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​အံ့​သော​ငှာ၊ တဲ​တို့​မှ​ပြောင်း၍ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​ရှေ့​မှာ​သွား​လျက်၊"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 15,
      "text": "ယော်​ဒန်​မြစ်​နား​သို့​ရောက်၍ ခြေ​ဖ​ဝါး​တို့​သည် လျှံ​သော​ရေ​ကို​နင်း​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ထို​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လေ့​ရှိ​သော်​လည်း၊"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 16,
      "text": "မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 3,
      "verse": 17,
      "text": "လူ​များ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မြစ်​အ​လယ်​တွင် မြေ​ပေါ်၌​မြဲ​မြံ​စွာ​နင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌​လျှောက်​သွား​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 1,
      "text": "လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း ယော်​ဒန်​မြစ်​ကို ကူး​ကြ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​က၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 2,
      "text": "လူ​များ​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို ရွေး​ကောက်၍၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 3,
      "text": "သူ​တို့​သည် ယော်​ဒန်​မြစ်​အ​လယ်၊ ယဇ်​ပု​ရော​ဟိတ်​တို့ မြဲ​မြံ​စွာ​နင်း​ရာ၊ ဤ​အ​ရပ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင် ထမ်း​သွား၍၊ ယ​နေ့​ည စ​ခန်း​ချ​ရာ​အ​ရပ်၌ ထား​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 4,
      "text": "ယော​ရှု​သည် ခန့်​ထား​နှင့်​သော ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​ကို​ခေါ်၍၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 5,
      "text": "သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့၊ ယော်​ဒန်​မြစ်​အ​လယ်​သို့ ကူး​သွား၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ လူ​တစ်​ယောက် ကျောက်​တစ်​လုံး​စီ​ယူ၍ ထမ်း​သွား​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 6,
      "text": "သို့​ပြု​လျှင် သက်​သေ​ကို​ရ​ကြ​လိမ့်​မည်။ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 7,
      "text": "သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​အား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​အ​မျိုး အ​ရေ​အ​တွက်​အ​တိုင်း၊ ယော်​ဒန်​မြစ်​ထဲ​က ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ​ပြီး​မှ၊ စ​ခန်း​ချ​ရာ​အ​ရပ်​သို့ ထမ်း​သွား၍ ထား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 9,
      "text": "တစ်​ဖန်​တုံ၊ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့ နင်း​ရာ​အ​ရပ် ယော်​ဒန်​မြစ်​အ​လယ်၌ ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို ယော​ရှု​သည်​စိုက်​ထား၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 10,
      "text": "ယော​ရှု​သည် မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ လူ​များ​တို့​အား​ဆင့်​ဆို​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​သည်​တိုင်​အောင် သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်၌ ရပ်​နေ​ကြ၏။ လူ​များ​တို့​သည်​လည်း ကြိုး​စား၍​ကူး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 11,
      "text": "လူ​များ​အ​ပေါင်း​တို့​သည် အ​ကုန်​အ​စင်​ကူး​ကြ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​မျက်​မှောက်​တွင်​ကူး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 12,
      "text": "ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​တို့​သည် မော​ရှေ​မှာ​ခဲ့​သည်​အ​တိုင်း လက်​နက်​ကို​စွဲ​ကိုင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 13,
      "text": "ထို​အ​မျိုး​သား​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် လေး​သောင်း​ခန့်​မျှ​ရှိ၍၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယေ​ရိ​ခေါ​လွင်​ပြင်​သို့ ကူး​သွား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 14,
      "text": "ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ယော​ရှု​ကို​ချီး​မြှင့်​တော်​မူ၍၊ သူ​တို့​သည် မော​ရှေ​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ ယော​ရှု​ကို​လည်း သူ၏​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 15,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သက်​သေ​ခံ​ချက် သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 16,
      "text": "ယော်​ဒန်​မြစ်​ထဲ​က တက်​လာ​ရ​မည်​အ​ကြောင်း၊ ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 17,
      "text": "ယော်​ဒန်​မြစ်​ထဲ​က တက်​လာ​ကြ​လော့​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား ယော​ရှု​သည် ဆင့်​ဆို​လေ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 19,
      "text": "ပ​ထ​မ​လ၊ ဒ​သ​မ​နေ့​ရက်​တွင်၊ လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ထဲ​က တက်​လာ၍၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​ဘက်​နား​မှာ၊ ဂိ​လ​ဂါ​လ​အ​ရပ်၌ တပ်​ချ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 20,
      "text": "ယော်​ဒန်​မြစ်​ထဲ​က ထုတ်​ယူ​သော ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို ယော​ရှု​သည် ဂိ​လ​ဂါ​လ​အ​ရပ်၌ စိုက်​ထား၏။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လည်း၊ နောင်​ကာ​လ၌ သင်​တို့၏​သား​သ​မီး​တို့​က၊ ဤ​ကျောက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ဘ​တို့​အား​မေး​မြန်း​လျှင်၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 22,
      "text": "သင်​တို့​က၊ ဣ​သ​ရေ​လ​လူ​တို့​သည် မြေ​ပေါ်​မှာ​လျှောက်​သ​ကဲ့​သို့ ဤ​ယော်​ဒန်​မြစ်​ကို ကူး​လာ​ကြ​သည်​ဟု သား​သ​မီး​တို့​အား ကြား​ပြော​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​တို့​သည် အ​စဉ်​အ​မြဲ​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဒုံ​ပင်​လယ်​ကို​ကူး၍ ကမ်း​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင်၊"
    },
    {
      "book": 6,
      "chapter": 4,
      "verse": 24,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ရှေ့​မှာ ပင်​လယ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ကမ်း​တစ်​ဖက်​သို့​မ​ရောက်​မီ​တိုင်​အောင်၊ သင်​တို့​ရှေ့​မှာ မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​ဟု ယော​ရှု​မှာ​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကူး​စေ​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း၊ ပင်​လယ်​နား​မှာ​နေ​သော ခါ​န​နိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကြား​သိ​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သ​တ္တိ​အ​လျှင်း​မ​ကြွင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့် စိတ်​ပျက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 2,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် ကျောက်​ဓား​များ​ကို​လုပ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို တစ်​ဖန်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 3,
      "text": "ယော​ရှု​သည် ကျောက်​ဓား​များ​ကို​လုပ်၍ ဂိ​ဘာ​ရာ​လုတ်​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 4,
      "text": "ထို​သို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​ယောက်ျား​အ​ပေါင်း​တို့​သည် တော၌​သေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 5,
      "text": "ထို​ပြည်​မှ​ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​နှင့်​ကြ​ပြီ။ တော၌ ခ​ရီး​သွား​ရာ​တွင် ဖွား​မြင်​သော​သူ​အ​ပေါင်း​တို့​မူ​ကား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​ကြ​သေး။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 6,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ၍၊ မ​သေ​မ​ပျောက်​မီ​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌ လှည့်​လည်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​ကို ထို​သူ​တို့​သည် မ​မြင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 7,
      "text": "သူ​တို့​ကိုယ်​စား​ဖြစ်​စေ​တော်​မူ​သော သူ​တို့၏​သား​များ​တို့​သည်၊ လမ်း၌ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​သေး​သော​ကြောင့် ယော​ရှု​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​လေ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 8,
      "text": "လူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ပြီး​မှ၊ အ​နာ​မ​ပျောက်​မီ​တိုင်​အောင် တပ်​ထဲ၌ နေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို သင်​တို့​မှ ယ​နေ့ ငါ​ပယ်​ရှင်း​ပြီ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထို​အ​ရပ်​ကို ဂိ​လ​ဂါ​လ​ဟု ယ​နေ့​တိုင်​အောင် ခေါ်​ဝေါ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​လ​ဂါ​လ​အ​ရပ်​တွင်​တပ်​ချ၍၊ ထို​လ တစ်​ဆယ်​လေး​ရက်​နေ့၊ ညဉ့်​ဦး​ယံ၌ ယေ​ရိ​ခေါ​လွင်​ပြင်​မှာ ပ​သ​ခါ​ပွဲ​ကို​ခံ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 11,
      "text": "ပ​သ​ခါ​ပွဲ​ကို ခံ​ပြီး​မှ၊ နက်​ဖြန်​နေ့၌ ခါ​နာန်​စ​ပါး​ဖြင့်​လုပ်​သော တ​ဆေး​မဲ့​မုန့်​နှင့် ပေါက်​ပေါက်​ကို တစ်​နေ့​ချင်း​တွင် စား​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 12,
      "text": "ခါ​နာန်​ပြည် စ​ပါး​ကို​စား၍၊ နက်​ဖြန်​နေ့၌ မ​န္န​ပြတ်​လေ၏။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​န္န​ကို​မ​ရ​ကြ။ ထို​နှစ်​တွင် ခါ​နာန်​ပြည်၌​ဖြစ်​သော အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 13,
      "text": "ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​အ​နား​မှာ​ရှိ​နေ​စဉ် မျှော်​ကြည့်၍၊ လူ​တစ်​ယောက်​သည် ဓား​ကို​ဓား​အိမ်​မှ ထုတ်​ကိုင်​လျက်၊ ကန့်​လန့်​ရပ်​နေ​သည်​ကို မြင်​လျှင်၊ သူ့​ထံ​သို့​သွား၍ သင်​သည် ငါ​တို့​ဘက်၌​နေ​သော​သူ​လော၊ ငါ​တို့​ရန်​သူ​ဘက်၌ နေ​သော​သူ​လော​ဟု​မေး​သော်၊"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 14,
      "text": "ထို​သူ​က၊ ထို​သို့​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော​ဗိုလ်​မှူး​ဖြစ်၍ ယ​ခု​ငါ​လာ​သည်​ဟု​ဆို၏။ ယော​ရှု​သည်​လည်း မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကိုး​ကွယ်​လျက်၊ ကိုယ်​တော်​ကျွန်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊"
    },
    {
      "book": 6,
      "chapter": 5,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော ဗိုလ်​မှူး​က၊ သင်၏​ခြေ​နင်း​ကို ချွတ်​လော့။ သင်​နင်း​သော​အ​ရပ်​ကား မြေ​မြတ်​ဖြစ်​သည်​ဟု ဆို​သည်​အ​တိုင်း ယော​ရှု​ပြု​လေ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 1,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့်၊ ယေ​ရိ​ခေါ​မြို့​သည် ကျပ်​တည်း​စွာ​ပိတ်​ထား​လျက်​ရှိ၍၊ ထွက်​သော​သူ၊ ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ယေ​ရိ​ခေါ​မြို့၊ ယေ​ရိ​ခေါ​မင်း​ကြီး​နှင့်​တ​ကွ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​ကို သင့်​လက်၌ ငါ​အပ်​လေ​ပြီ။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 3,
      "text": "သို့​ဖြစ်၍ မြို့​ကို​လှည့်​ပတ်​ရ​ကြ​မည်။ ဣ​သ​ရေ​လ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ခြောက်​ရက်​ပတ်​လုံး လှည့်​ပတ်​ခြင်း​အ​မှု​ကို ပြု​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 4,
      "text": "ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 5,
      "text": "ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 6,
      "text": "နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 7,
      "text": "လူ​များ​တို့​အား​လည်း၊ သင်​တို့​သွား၍ မြို့​ကို​လှည့်​ပတ်​ကြ​လော့။ လက်​နက်​ကိုင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 8,
      "text": "ယော​ရှု​သည် လူ​များ​တို့​အား​မှာ​ထား​ပြီး​မှ၊ ယု​ဘိ​လ​တံ​ပိုး ခု​နစ်​လုံး​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တံ​ပိုး​မှုတ်​လျက်​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် သူ​တို့​နောက်​သို့ လိုက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 9,
      "text": "တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှေ့​မှာ လက်​နက်​ကိုင်​တို့​သည်​သွား၍၊ ယဇ်​ပု​ရော​ဟိတ်​များ တံ​ပိုး​မှုတ်​လျက်​သွား​ကြ​စဉ်၊ နောက်​တပ်​သား​တို့​သည် သေ​တ္တာ​တော်​နောက်​သို့ လိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 10,
      "text": "ယော​ရှု​က​လည်း၊ သင်​တို့​သည် ကြွေး​ကြော်​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော​နေ့​မ​ရောက်​မီ​တွင် မ​ကြွေး​ကြော်​ရ၊ အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ရ၊ စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​ရ။ ထို​နေ့​ရောက်​မှ ကြွေး​ကြော်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​မှာ​နှင့်​လေ​ပြီ။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 11,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် မြို့​ကို​တစ်​ကြိမ် လှည့်​ပတ်​ဝိုင်း​သွား​ပြီး​လျှင်၊ တပ်​ထဲ​သို့​ဝင်​ပြန်၍ ည​ကို​လွန်​စေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 12,
      "text": "နံ​နက်​စော​စော ယော​ရှု​သည်​ထ၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​ယူ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် ခု​နစ်​ယောက်​တို့​သည် သွား​မြဲ​သွား၍ တံ​ပိုး​မှုတ်​ကြ၏။ လက်​နက်​ကိုင်​တို့​သည် သူ​တို့​ရှေ့​မှာ​သွား၍ ယဇ်​ပု​ရော​ဟိတ်​များ တံ​ပိုး​မှုတ်​လျက်​သွား​ကြ​စဉ်၊ နောက်​တပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နောက်​သို့ လိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 14,
      "text": "ဒု​တိ​ယ​နေ့၌ မြို့​ကို​တစ်​ကြိမ်​လှည့်​ပတ်​ပြီး​မှ တပ်​ထဲ​သို့ ပြန်​လာ​ကြ၏။ ထို​သို့ ခြောက်​ရက်​ပတ်​လုံး ပြု​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 15,
      "text": "သ​တ္တ​မ​နေ့ နံ​နက်​စော​စော မိုး​လင်း​စ​က​ထ၍ အ​ရင်​နည်း​တူ၊ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ကြ၏။ ထို​နေ့၌​သာ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 16,
      "text": "သ​တ္တ​မ​အ​ကြိမ်​တွင် ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ယော​ရှု​က၊ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မြို့​ကို ပေး​တော်​မူ​မည်။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 17,
      "text": "မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို​ကျိန်၍ ထာ​ဝ​ရ​ဘု​ရား၌ အပ်​ရ​မည်။ သို့​ရာ​တွင် ပြည့်​တန်​ဆာ​ရာ​ခပ်​သည် ငါ​တို့​စေ​လွှတ်​သော​တ​မန်​တို့​ကို ဝှက်​ထား​သော​ကြောင့်၊ သူ​နှင့်​တ​ကွ သူ၏​အိမ်၌​ရှိ​သ​မျှ​တို့​အား အ​သက်​ချမ်း​သာ​ပေး​ရ​မည်။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 18,
      "text": "သင်​တို့​သည် ကျိန်​အပ်​သော​အ​ရာ​ကို သ​တိ​နှင့်​ရှောင်​ကြ​လော့။ သို့​မ​ဟုတ် ထို​အ​ရာ​ကို​သိမ်း​ယူ​လျှင် မိ​မိ​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တပ်​ကို​လည်း​ကောင်း အ​ကျိန်​ခံ​စေ၍၊ နှောင့်​ယှက်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 19,
      "text": "ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ၍၊ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ယော​ရှု​သည်​မှာ​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 20,
      "text": "ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 21,
      "text": "မြို့​ထဲ၌​ရှိ​သ​မျှ​သော ယောက်ျား၊ မိန်း​မ၊ အ​ကြီး​အ​ငယ်၊ သိုး၊ နွား၊ မြည်း​ရှိ​သ​မျှ​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 22,
      "text": "ထို​ပြည်​ကို စူး​စမ်း​သော လူ​နှစ်​ယောက်​တို့​အား ယော​ရှု​က၊ သင်​တို့​သည် ကျိန်​ဆို​သည်​အ​တိုင်း၊ ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့​သွား၍၊ သူ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 23,
      "text": "သူ​လျှို​လုပ်​သော​လု​လင်​တို့​သည် ဝင်၍၊ ရာ​ခပ်​နှင့် သူ့​မိ​ဘ၊ သူ့​မောင်​များ၊ သူ၌​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ့​ပေါက်​ဖော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ထုတ်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ​တပ်​ပြင်​မှာ ထား​ပြီး​လျှင်၊"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 24,
      "text": "မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။ သို့​ရာ​တွင် ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 25,
      "text": "ယော​ရှု​သည်​လည်း၊ ပြည့်​တန်​ဆာ​ရာ​ခပ်​နှင့် သူ့​ပေါက်​ဖော်၊ သူ၌​ရှိ​သ​မျှ​တို့​ကို အ​သက်​ချမ်း​သာ​ပေး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယ​နေ့​တိုင်​အောင် နေ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရိ​ခေါ​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ ယော​ရှု​စေ​လွှတ်​သော တ​မန်​တို့​ကို သူ​သည်​ဝှက်​ထား​သော​ကြောင့်​တည်း။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 26,
      "text": "ထို​အ​ခါ​ယော​ရှု​က၊ အ​ကြင်​သူ​သည်​ထ၍ ယေ​ရိ​ခေါ​မြို့​ကို တည်​ပြန်၏။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​အပ်​သော​သူ ဖြစ်​ပါ​စေ။ သူ​သည် သား​ဦး​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍ သား​ထွေး​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်​ပါ​စေ​ဟု ကျိန်​ဆို၏။"
    },
    {
      "book": 6,
      "chapter": 6,
      "verse": 27,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​နှင့်​အ​တူ ရှိ​တော်​မူ၍၊ သူ၏​သ​တင်း​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 1,
      "text": "သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 2,
      "text": "ယော​ရှု​သည်​လည်း၊ ယေ​ရိ​ခေါ​မြို့​မှ လူ​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် ဗေ​သ​လ​မြို့​အ​ရှေ့၊ ဗေ​သ​ဝင်​မြို့​အ​နား​မှာ​ရှိ​သော အာ​ဣ​မြို့​သို့​သွား၍ ထို​ပြည်​ကို ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​သည်​အ​တိုင်း သူ​တို့​သည်​သွား၍၊ အာ​ဣ​မြို့​ကို ကြည့်​ရှု​ပြီး​လျှင်၊"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 3,
      "text": "ယော​ရှု​ထံ​သို့ ပြန်​လာ၍၊ ဤ​လူ​တို့​ကို အ​ကုန်​အ​စင် မ​သွား​ပါ​စေ​နှင့်။ လူ​နှစ်​ထောင် သုံး​ထောင်​လောက်​သွား၍ အာ​ဣ​မြို့​ကို လုပ်​ကြံ​ပါ​စေ။ ထို​မြို့​သို့ သွား​ရာ​တွင် ဤ​လူ​အ​ပေါင်း​တို့​ကို မ​ပင်​ပန်း​ပါ​စေ​နှင့်။ မြို့​သား​တို့​သည်​မ​များ​ပါ​ဟု လျှောက်​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 4,
      "text": "လူ​သုံး​ထောင်​ခန့်​မျှ ချီ​သွား၍ အာ​ဣ​မြို့​သား​တို့​ရှေ့​မှာ ပြေး​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 5,
      "text": "အာ​ဣ​မြို့​သား​တို့​သည် လူ​သုံး​ဆယ်​ခြောက်​ယောက်​တို့​ကို သတ်​ကြ၏။ မြို့​တံ​ခါး​မှ​သည် ရှေ​ဗ​ရိမ်​အ​ရပ်​တိုင်​အောင်​လိုက်၍၊ ထို​အ​ရပ်၌ ဆင်း​ရာ​တွင် လုပ်​ကြံ​ကြ​သော​ကြောင့်၊ လူ​များ​တို့၏​စိတ်​နှ​လုံး​သည် အ​ရည်​ကျို၍ ရေ​ကဲ့​သို့​ဖြစ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 6,
      "text": "ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 7,
      "text": "ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 8,
      "text": "အို​ဘု​ရား​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​တို့​ရှေ့​မှာ ကျော​ကို​လှည့်​ရ​ကြ​သည်​ဖြစ်၍ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ ပြော​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 9,
      "text": "ခါ​န​နိ​လူ အ​စ​ရှိ​သော ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ အ​ကျွန်ုပ်​တို့​ကို​ဝိုင်း၍ အ​ကျွန်ုပ်​တို့၏​နာ​မည်​ကို မြေ​ကြီး​မှ ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်​သော နာ​မ​တော်​အ​ဖို့​အ​လို​ငှာ အ​ဘယ်​သို့ ပြု​တော်​မူ​မည်​နည်း​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထ​လော့။ အ​ဘယ်​ကြောင့် ဝပ်၍​နေ​သ​နည်း။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား​ပြီ။ ငါ​မှာ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လေ​ပြီ။ ကျိန်​အပ်​သော​အ​ရာ​ကို ခိုး​ယူ၍ ပ​ရိ​ယာယ်​ပြု​သ​ဖြင့် မိ​မိ​ဥ​စ္စာ​ထဲ​မှာ​ထား​လေ​ပြီ။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 12,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သော​ကြောင့်၊ ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်၊ ကျော​ကို​လှည့်​ရ​ကြ၏။ ကျိန်​အပ်​သော​သူ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​လျှင် သင်​တို့​နှင့်​အ​တူ ငါ​မ​နေ။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 13,
      "text": "ထ၍ လူ​များ​တို့​ကို သန့်​ရှင်း​စေ​လော့။ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​ဟု ဆင့်​ဆို​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ကျိန်​အပ်​သော​အ​ရာ​သည် သင်​တို့​အ​ထဲ၌​ရှိ၏။ ထို​အ​ရာ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​မီ​တိုင်​အောင် ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်​ကြ။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 14,
      "text": "နက်​ဖြန်​နံ​နက်၌ သင်​တို့​သည် အ​မျိုး​အ​နွယ်​အ​လိုက်​ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား မှတ်​တော်​မူ​သော​အ​ဆွေ​အ​မျိုး​သည်၊ အ​ဆွေ​အ​မျိုး​အ​လိုက် ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ​သော​အ​မျိုး​သည်၊ အိမ်​ထောင်​စုံ​နှင့် ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ​သော​အိမ်​ထောင်​သည် လူ​အ​သီး​အ​သီး​ချဉ်း​ကပ်​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 15,
      "text": "ကျိန်​အပ်​သော​အ​ရာ​ပါ​လျက် မှတ်​တော်​မူ​သော​သူ​မှ​စ၍၊ သူ၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​ဖျက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လေ​ပြီ​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 16,
      "text": "နံ​နက်​စော​စော ယော​ရှု​သည်​ထ၍ ဣ​သ​ရေ​လ​လူ​တို့​ကို အ​မျိုး​အ​နွယ်​အ​လိုက် ဆောင်​ခဲ့​သ​ဖြင့် ယု​ဒ​အ​မျိုး​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 17,
      "text": "ယု​ဒ​အ​မျိုး​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ဇေ​ရိ​အ​ဆွေ​အ​မျိုး​ကို မှတ်​တော်​မူ၏။ ဇေ​ရိ​အ​ဆွေ​အ​မျိုး အိမ်​ထောင်​စုံ အ​သီး​အ​သီး​တို့​ကို ဆောင်​ခဲ့​သ​ဖြင့် ဇာ​ဗ​ဒိ​အိမ်​ထောင်​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 18,
      "text": "ထို​အိမ်​ထောင် လူ​အ​သီး​အ​သီး​တို့​ကို ဆောင်​ခဲ့​သ​ဖြင့် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော​အာ​ခန်​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 19,
      "text": "ယော​ရှု​က​လည်း၊ ငါ့​သား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၍ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ပါ​လော့။ သင်​ပြု​မိ​သော​အ​မှု​ကို ငါ့​အား​ပြော​ပါ​လော့။ ဝှက်၍​မ​ထား​ပါ​နှင့်​ဟု အာ​ခန်​အား​ဆို​လျှင်၊"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 20,
      "text": "အာ​ခန်​က၊ ဟုတ်​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကျွန်​တော်​ပြစ်​မှား​ပါ​ပြီ။ ကျွန်​တော်​ပြု​မိ​သော​အ​မှု​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 21,
      "text": "လု​ယူ​သော​ဥ​စ္စာ​တို့​တွင် မြတ်​သော​ဗာ​ဗု​လုန်​ဝတ်​လုံ၊ ငွေ​နှစ်​ပိဿာ၊ ရွှေ​တုံး​အ​ကျပ်​ငါး​ဆယ်​ကို ကျွန်​တော်​မြင်​သ​ဖြင့်၊ တပ်​မက်၍ သိမ်း​ယူ​မိ​ပါ​ပြီ။ ကျွန်​တော်​တဲ​အ​တွင်း မြေ၌​မြှုပ်​လျက် ငွေ​သည်​အောက်​ဆုံး​ရှိ​ပါ​သည်​ဟု ယော​ရှု​အား ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 22,
      "text": "ထို​အ​ခါ ယော​ရှု​စေ​လွှတ်​သော​သူ​တို့​သည် တဲ​သို့​ပြေး၍ ထို​ဥ​စ္စာ​သည် တဲ​အ​တွင်း​မြေ၌​မြှုပ်​လျက်၊ ငွေ​သည် အောက်​ဆုံး​ရှိ​သည်​ကို တွေ့​သော်၊"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 23,
      "text": "တဲ​ထဲ​က​ထုတ်၍ ယော​ရှု​ထံ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​သို့ ဆောင်​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 24,
      "text": "ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဇေ​ရ​သား​အာ​ခန်​မှ​စ၍ ထို​ငွေ၊ ဝတ်​လုံ၊ ရွှေ​တုံး၊ သား​သ​မီး၊ သိုး​နွား​မြည်း၊ တဲ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို အာ​ခေါ်​ချိုင့်​သို့​ဆောင်​သွား​ပြီး​မှ၊"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 25,
      "text": "ယော​ရှု​က၊ ငါ​တို့​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​သ​နည်း။ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှောင့်​ယှက်​တော်​မူ​မည်​ဟု​ဆို​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ကျောက်​ခဲ​နှင့် ပစ်​ကြ​ပြီး​မှ၊ မီး​ရှို့​ကြ၏။"
    },
    {
      "book": 6,
      "chapter": 7,
      "verse": 26,
      "text": "သူ့​အ​ပေါ်၌ များ​စွာ​သော​ကျောက်​တို့​ကို ပုံ​ထား​ကြ၍ ယ​နေ့​တိုင်​အောင်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အ​မျက်​တော်​အ​ရှိန်​ကို ငြိမ်း​စေ​တော်​မူ၏။ ထို​အ​မှု​ကို​အ​စွဲ​ပြု၍ ထို​ချိုင့်​ကို ယ​နေ့​တိုင်​အောင် အာ​ခေါ်​ချိုင့်​ဟု ခေါ်​ဝေါ်​ကြ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သင်၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို​ခေါ်၍ အာ​ဣ​မြို့​သို့ ထ​သွား​လော့။ အာ​ဣ​မင်း​ကြီး​နှင့် သူ့​လူ​များ၊ သူ့​မြို့၊ သူ့​မြေ​ကို သင့်​လက်၌​ငါ​အပ်​မည်။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 2,
      "text": "ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​အား​ပြု​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့်​မင်း​ကြီး​အား ပြု​ရ​မည်။ သို့​ရာ​တွင် လု​ယူ​သော​ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​များ​ကို ကိုယ်​အ​ဖို့​သိမ်း​ရ​မည်။ မြို့​နောက်​မှာ ကင်း​တပ်​ကို​ထား​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 3,
      "text": "ယော​ရှု​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် အာ​ဣ​မြို့​ကို တိုက်​ခြင်း​ငှာ​ထ​ကြ၏။ ယော​ရှု​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​သုံး​သောင်း​တို့​ကို ရွေး​ချယ်၍ ည​အ​ခါ​စေ​လွှတ်​လျက်၊"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 4,
      "text": "သင်​တို့​သည် ထို​မြို့​ကို​တိုက်​ခြင်း​ငှာ မြို့​နောက်​မှာ ကင်း​ထိုး​လျက်​နေ​ကြ​လော့။ မြို့​နှင့်​ဝေး​ဝေး​ခွာ၍ မ​သွား​ကြ​နှင့်။ တ​ညီ​တ​ညွတ်​တည်း အ​သင့်​နေ​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 5,
      "text": "ငါ​နှင့်​တ​ကွ ငါ၌​ပါ​သော​သူ​အ​ပေါင်း​တို့​သည် မြို့​အ​နီး​သို့ ချဉ်း​ကပ်​မည်။ သူ​တို့​သည် ယ​မန်​ကဲ့​သို့​တိုက်​ခြင်း​ငှာ ထွက်​လာ​ကြ​သော​အ​ခါ၊ ငါ​တို့​သည် သူ​တို့​ရှေ့​မှာ ပြေး​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 6,
      "text": "သူ​တို့​လည်း​လိုက်​ခြင်း​ငှာ မြို့​ထဲ​က​ထွက်၍၊ မြို့​နှင့် ကွာ​မှန်း​ကို​မ​သိ​ဘဲ ခွာ၍​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့​မှာ ငါ​တို့​သည်​ပြေး​သော​အ​ခါ၊ ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ ပြေး​ကြ​ပြီ​ဟု သူ​တို့​ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 7,
      "text": "ထို​အ​ခါ သင်​တို့​သည် ကင်း​ထိုး​လျက် နေ​ရာ​အ​ရပ်​မှ​ထ၍ မြို့​ကို​တိုက်​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 8,
      "text": "တိုက်၍​အောင်​သော​အ​ခါ မြို့​ကို​မီး​ရှို့​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ရ​ကြ​မည်။ ထို​သို့ ငါ​ဆင့်​ဆို​သည်​ဟု ထို​သူ​တို့​အား မှာ​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 9,
      "text": "ယော​ရှု​စေ​လွှတ်​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ကင်း​ထိုး​ခြင်း​ငှာ​သွား၍၊ ဗေ​သ​လ​မြို့​နှင့် အာ​ဣ​မြို့​စပ်​ကြား​တွင် အာ​ဣ​မြို့ အ​နောက်​ဘက်​မှာ​နေ​ကြ၏။ ယော​ရှု​သည် ထို​ည​တွင်​လူ​များ​ထဲ​မှာ နေ​သေး၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 10,
      "text": "နံ​နက်​စော​စော​ထ၍ လူ​များ​တို့​ကို ရေ​တွက်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​အ​တူ အာ​ဣ​မြို့​သို့ အ​ဦး​ချီ​သွား​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 11,
      "text": "ယော​ရှု၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​လိုက်၍ မြို့​အ​နီး​သို့ ရောက်​ပြီး​လျှင်၊ မြို့​မြောက်​ဘက်၌ တပ်​ချ​ကြ၏။ သူ​တို့​နှင့် မြို့​စပ်​ကြား​မှာ ချိုင့်​တစ်​ခု​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 12,
      "text": "တစ်​ဖန် အာ​ဣ​မြို့​အ​နောက်၊ ထို​မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​မှာ ကင်း​ထိုး​စေ​ခြင်း​ငှာ လူ​ငါး​ထောင်​ခန့်​မျှ ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 13,
      "text": "ထို​သို့​လျှင်၊ မြို့​မြောက်​ဘက်​မှာ ဗိုလ်​ခြေ​အ​ပေါင်း​ခင်း​ကျင်း​လျက်၊ အ​နောက်​ဘက်​မှာ​လည်း ကင်း​ထိုး​လျက်၊ အ​သီး​အ​သီး နေ​ရာ​ကျ​ကြ​သော​အ​ခါ၊ ယော​ရှု​သည် ထို​ည​တွင် ချိုင့်​အ​လယ်​သို့ သွား​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 14,
      "text": "ထို​အ​ခြင်း​အ​ရာ​တို့​ကို အာ​ဣ​မင်း​ကြီး​သည်​မြင်​လျှင်၊ မြို့​သား​ယောက်ျား​တို့​သည် စော​စော​ထ၍ အ​လျင်​အ​မြန်​ပြင်​ဆင်​ပြီး​မှ၊ မင်း​ကြီး​သည် လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ၊ ချိန်း​ချက်​သော အ​ချိန်၌ လွင်​ပြင်​သို့ ချီ​သွား​လေ၏။ သို့​ရာ​တွင် မြို့​နောက်​မှာ ကင်း​တပ်​ရှိ​မှန်း​ကို​မ​သိ။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 15,
      "text": "ယော​ရှု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှုံး​ဟန်​ပြု​လျက် တော​လမ်း​ဖြင့် ပြေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 16,
      "text": "သူ​တို့​ကို လိုက်​ခြင်း​ငှာ၊ အာ​ဣ​မင်း​ကြီး​သည် မြို့၌​ရှိ​သ​မျှ​သော ယောက်ျား​တို့​ကို နှိုး​ဆော်​ပြီး​လျှင်၊ မြို့​သား​တို့​သည် ယော​ရှု​ကို​လိုက်၍၊ မြို့​နှင့်​ကွာ​မှန်း​မ​သိ ခွာ​သွား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လိုက်​ဘဲ၊ အာ​ဣ​မြို့​နှင့် ဗေ​သ​လ​မြို့၌ ယောက်ျား​တစ်​ယောက်​မျှ​မ​နေ၊ မြို့​ကို​လှပ်​ထား​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကိုင်​သော​လှံ​ကို အာ​ဣ​မြို့​သို့​ရွယ်​လော့။ ထို​မြို့​ကို သင့်​လက်​သို့​ငါ​အပ်​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် မိ​မိ​ကိုင်​သော​လှံ​ကို ထို​မြို့​သို့​ရွယ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 19,
      "text": "ရွယ်​သော​အ​ခါ၊ ကင်း​တပ်​သား​တို့​သည် ချက်​ချင်း​ထ၍ အ​လျင်​အ​မြန်​ပြေး​လျက် မြို့​ထဲ​သို့​ဝင်​မိ​လျှင်၊ ကြိုး​စား၍​သိမ်း​ယူ​ပြီး​မှ မီး​ရှို့​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 20,
      "text": "အာ​ဣ​မြို့​သား​တို့​သည် ပြန်​ကြည့်၍၊ မြို့​ကို​လောင်​သော မီး၏​အ​ခိုး​သည် မိုး​ကောင်း​ကင်​သို့ တက်​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရပ်​ကို​မျှ ပြေး​ခြင်း​ငှာ မ​တတ်​စွမ်း​နိုင်​ကြ။ တော​သို့​ပြေး​သော​သူ​တို့​သည်​လည်း လိုက်​သော​သူ​တို့​ကို ပြန်​လှန်၍ တိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 21,
      "text": "ကင်း​တပ်​သား​တို့​သည် မြို့​ကို​ရ၍ မြို့၌​မီး​ခိုး​တက်​လျက်​ရှိ​သည်​ကို ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ တစ်​ဖန်​ပြန်​လှည့်၍ အာ​ဣ​မြို့​သား​တို့​ကို တိုက်​သတ်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 22,
      "text": "အ​ခြား​သော​သူ​တို့​သည်​လည်း မြို့​ထဲ​က​ထွက်၍ တိုက်​သော​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​ဣ​လူ​တို့​ကို ညှပ်၍​တိုက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ​မ​လွှတ် မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 23,
      "text": "အာ​ဣ​မင်း​ကြီး​ကို အ​ရှင်​ဖမ်း၍ ယော​ရှု​ထံ​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 24,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လွင်​ပြင်၌​လည်း​ကောင်း၊ လိုက်​ရှာ​ရာ​တော၌​လည်း​ကောင်း၊ အာ​ဣ​မြို့​သား​အ​ပေါင်း​တို့​ကို​လုပ်​ကြံ၍ ဓား​ဖြင့် အ​ကုန်​အ​စင်​သုတ်​သင်​ပြီး​မှ၊ တစ်​ဖန် မြို့​သို့​ပြန်​လာ၍ ဓား​ဖြင့်​လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 25,
      "text": "ထို​နေ့၌ တစ်​သောင်း​နှစ်​ထောင်​ခန့်​မျှ​ရှိ​သော အာ​ဣ​မြို့​သား ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည် သေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 26,
      "text": "အာ​ဣ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို အ​ကုန်​အ​စင် မ​ဖျက်​ဆီး​မီ​တိုင်​အောင် ယော​ရှု​သည် လှံ​ကိုင်​သော​လက်​ကို မ​သိမ်း​မ​ရုပ်။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 27,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​အား မှာ​ထား​တော်​မူ​သော​စ​ကား​အ​တိုင်း၊ တိ​ရ​စ္ဆာန်​များ​နှင့် လက်​ရ​ဥ​စ္စာ​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ဖို့ သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 28,
      "text": "ယော​ရှု​သည်​လည်း အာ​ဣ​မြို့​ကို​မီး​ရှို့၍၊ ယ​နေ့​တိုင်​အောင် ထာ​ဝ​ရ​ဖျက်​ဆီး​ရာ အ​မှိုက်​ပုံ​ဖြစ်​စေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 29,
      "text": "အာ​ဣ​မင်း​ကြီး​ကို ညဉ့်​ဦး​တိုင်​အောင် သစ်​ပင်​တွင်​ဆွဲ​ထား၍၊ မိုး​ချုပ်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း၊ အ​သေ​ကောင်​ကို သစ်​ပင်​က​ချ​ပြီး​လျှင် မြို့​တံ​ခါး​ဝ၌​ပစ်​ထား၍၊ အ​သေ​ကောင်​အ​ပေါ်၌ များ​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 30,
      "text": "ထို​အ​ခါ ယော​ရှု​သည်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှာ​ထား၍ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း၌ ရေး​မှတ်​လျက်​ရှိ​သည်​အ​တိုင်း၊ သံ​တန်​ဆာ​မ​ပါ​မ​သုံး​ဘဲ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​ဖြင့် ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 32,
      "text": "ယော​ရှု​သည်​လည်း၊ ထို​ကျောက်​ပေါ်၌ မော​ရှေ၏​ပ​ညတ်​တ​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ရေး​ကူး​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 33,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး၊ ဗိုလ်​မင်း၊ တ​ရား​သူ​ကြီး​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​ထမ်း​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​နှစ်​ဖက်၌ ရပ်၍၊ အ​မျိုး​သား​စစ်​နှင့် တစ်​ကျွန်း​နိုင်​ငံ​သား​ပါ​လျက်၊ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ လူ​တစ်​ဝက်၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ တစ်​ဝက်​တို့​သည် နေ​ကြ​လျှင်၊"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 34,
      "text": "ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သ​မျှ​သော​ကောင်း​ချီး​မင်္ဂ​လာ​စ​ကား​နှင့် ကျိန်​ခြင်း​အ​မင်္ဂ​လာ​စ​ကား​တည်း​ဟူ​သော တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို ဖတ်​ရွတ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 8,
      "verse": 35,
      "text": "ယော​ရှု​သည် မော​ရှေ​မှာ​ထား​သော စ​ကား​တစ်​ခွန်း​ကို​မျှ မ​ချန်​မ​ထား၊ မိန်း​မ၊ သူ​ငယ်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ပါ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိသတ်​အ​ပေါင်း​တို့​ရှေ့​မှာ အ​ကုန်​အ​စင်​ဖတ်​ရွတ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 1,
      "text": "ယော်​ဒန်​မြစ် အ​နောက်​ဘက်၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ချိုင့်​ထဲ၌​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​တစ်​ဖက်၊ မ​ဟာ​ပင်​လယ်​ကမ်း တစ်​လျှောက်​လုံး၌​လည်း​ကောင်း​နေ​သော ဟိ​တ္တိ၊ အာ​မော​ရိ၊ ခါ​န​နိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​အ​မျိုး​မင်း​ကြီး​အ​ပေါင်း​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 2,
      "text": "ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 3,
      "text": "ဂိ​ဗောင်​မြို့​သား​တို့​သည် ယေ​ရိ​ခေါ​မြို့၊ အာ​ဣ​မြို့၌ ယော​ရှု​ပြု​သော​အ​မှု​ကို ကြား​သော​အ​ခါ၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 4,
      "text": "ပ​ရိ​ယာယ်​ပြု၍ သံ​တ​မန်​လုပ်​လျက်၊ မြည်း​ပေါ်​မှာ ဟောင်း​နွမ်း​သော​အိတ်​တို့​ကို​တင်၍၊ ဟောင်း​နွမ်း​စုတ်​ကွဲ​ဖာ​ပြင်​သော စ​ပျစ်​ရည်​သား​ရေ​ဘူး​တို့​ကို ယူ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 5,
      "text": "ဟောင်း​နွမ်း​ဖာ​ပြင်​သော ခြေ​နင်း​ကို​စီး၍၊ ဟောင်း​နွမ်း​သော​အ​ဝတ်​ကို​လည်း ဝတ်​ကြ၏။ အောက်၍ မှို​တက်​လျက်​ရှိ​သော ရိ​က္ခာ​ကို​သာ​ဆောင်​ခဲ့​လျက်၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 6,
      "text": "ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​တပ်​သို့ ရောက်​လာ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ငှာ၊ ဝေး​သော​ပြည်​က​လာ​ကြ​ပါ​သည်​ဟု ယော​ရှု​နှင့် ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​သည် မ​နေ​သည်​ကို မ​သိ​နိုင်။ အ​ဘယ်​သို့ မိတ်​သ​ဟာ​ယ​ဖွဲ့​နိုင်​သ​နည်း​ဟု ဟိ​ဝိ​လူ​တို့​အား​ဆို​ကြ​လျှင်၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 8,
      "text": "သူ​တို့​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏​ဟု ယော​ရှု​အား လျှောက်​ဆို​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​သော​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 9,
      "text": "သူ​တို့​က၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကြောင့် ကိုယ်​တော်​ကျွန်​တို့​သည် အ​လွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏ သ​တင်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 10,
      "text": "ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်၊ အာ​ရှ​တ​ရုတ်​မြို့​မှာ​နေ​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တို့၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း ကြား​ပါ​ပြီ။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 11,
      "text": "ထို​ကြောင့် အ​ကျွန်ုပ်​တို့၌ အ​သက်​ကြီး​သော​သူ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​က၊ လမ်း​ခ​ရီး​ရိ​က္ခာ​ကို​ယူ၍ သူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား​ကြ​လော့။ ငါ​တို့​သည် သူ​တို့၏​ကျွန်​ဖြစ်​ကြောင်း​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​အ​ကြောင်း​ကို လျှောက်​ထား​ကြ​လော့​ဟု မှာ​လိုက်​ပါ​ပြီ။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 12,
      "text": "ကိုယ်​တော်​ထံ​သို့ ရောက်​အံ့​သော​ငှာ ထွက်​လာ​သော​နေ့၌ ခ​ရီး​ရိ​က္ခာ​ဖို့ ကိုယ်​အိမ်​မှ​ဆောင်​ယူ​ခဲ့​သော ဤ​မုန့်​သည် ပူ​နွေး​လျက်​ရှိ​ပါ၏။ ယ​ခု​ကြည့်​ပါ။ အောက်​လျက် မှို​တက်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 13,
      "text": "စ​ပျစ်​ရည်​ပြည့်​သော ဤ​သား​ရေ​ဘူး​တို့​သည် အ​သစ်​ဖြစ်​သော်​လည်း၊ ယ​ခု​ကြည့်​ပါ စုတ်​ကွဲ​လျက်​ရှိ​ပါ၏။ ဤ​အ​ဝတ် ဤ​ခြေ​နင်း​တို့​သည်​လည်း အ​လွန်​ခ​ရီး​ဝေး​သော​ကြောင့် ဟောင်း​နွမ်း​ပါ​ပြီ​ဟု ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ခွင့်​မ​ပန်​ဘဲ ထို​သူ​တို့၏​ရိ​က္ခာ​ကို​စား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 15,
      "text": "ယော​ရှု​သည်​လည်း သူ​တို့​ကို​စစ်​မှု​နှင့်​လွတ်​စေ၍၊ အ​သက်​ချမ်း​သာ​စေ​မည်​အ​ကြောင်း မိတ်​သ​ဟာ​ယ​ဖွဲ့၏။ ပ​ရိ​သတ်​မင်း​တို့​သည်​လည်း ကျိန်​ဆို​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 16,
      "text": "မိတ်​သ​ဟာ​ယ​ဖွဲ့၍ သုံး​ရက်​လွန်​သော​အ​ခါ၊ ထို​သူ​တို့​သည် အိမ်​နီး​ချင်း​ဖြစ်၍၊ အ​နား​မှာ​နေ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြား​သိ​လျှင်၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 17,
      "text": "ခ​ရီး​သွား၍ သုံး​ရက်​မြောက်​သော​နေ့၌ သူ​တို့​မြို့​ရွာ​သို့ ရောက်​ကြ၏။ သူ​တို့​မြို့​ကား ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 18,
      "text": "ပ​ရိ​သတ်​အ​ကဲ​အ​မှူး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​တို့​ကို မ​လုပ်​ကြံ​ကြ။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​ကဲ​အ​မှူး​တို့​ကို အ​ပြစ်​တင်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 19,
      "text": "အ​ကဲ​အ​မှူး​တို့​က​လည်း၊ ငါ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော​ကြောင့် သူ​တို့​ကို မ​ထိ​မ​ခိုက်​ရ။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 20,
      "text": "သူ​တို့​အား ကျိန်​ဆို​မိ​သော​ကြောင့် အ​ပြစ်​ဒဏ်​ရောက်​မည်​ကို စိုး​ရိမ်၍၊ အ​သက်​ချမ်း​သာ​ပေး​သ​ဖြင့် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 21,
      "text": "အ​ကဲ​အ​မှူး​များ က​တိ​ရှိ​သည်​အ​တိုင်း အ​သက်​ချမ်း​သာ​ပေး၍၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ ထင်း​ခုတ်​သော​သူ၊ ရေ​ခပ်​သော​သူ ဖြစ်​စေ​ရ​မည်​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ပြန်​ပြော​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 22,
      "text": "ယော​ရှု​သည်​လည်း သူ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​လျက်​ပင်၊ ဝေး​သော​အ​ရပ်​က​လာ​ပါ​ပြီ​ဟု​ဆို၍ ငါ​တို့​ကို အ​ဘယ်​ကြောင့်​လှည့်​စား​ကြ​သ​နည်း။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 23,
      "text": "ယ​ခု​မှာ သင်​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သ​ဖြင့်၊ ကျွန်​ခံ၍ ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ထင်း​ခုတ်​ခြင်း၊ ရေ​ခပ်​ခြင်း​အ​မှု​နှင့် တစ်​ယောက်​မျှ​မ​လွတ်​ရ​ဟု​ဆို၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 24,
      "text": "သူ​တို့​က​လည်း၊ ဤ​ပြည်​တစ်​လျှောက်​လုံး​ကို သင်​တို့​အား​ပေး၍၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို သင်​တို့​ရှေ့​မှ ပယ်​ရှင်း​ခြင်း​ငှာ၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​မော​ရှေ​အား မှာ​ထား​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​ကျွန်​တို့​သည် ဆက်​ဆက်​ကြား​သိ၍၊ သင်​တို့​လက်၌ အ​သက်​ဆုံး​မည်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊ ဤ​အ​မှု​ကို ပြု​ပါ​ပြီ။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 25,
      "text": "ယ​ခု​မှာ ကျွန်​တော်​တို့​သည် ကိုယ်​တော်​လက်​တွင်​ရှိ​ပါ၏။ ကျွန်​တော်​တို့၌ ပြု​ကောင်း​ပြု​သင့်​သည်​ဟု စိတ်​တော်​ထင်​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ယော​ရှု​အား ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 26,
      "text": "ထို​သို့​နှင့်​အ​ညီ ယော​ရှု​သည်​ပြု၍၊ သူ​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​လူ​တို့​လက်​မှ ကယ်​နုတ်​သ​ဖြင့်၊"
    },
    {
      "book": 6,
      "chapter": 9,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌​တည်​သော ယဇ်​ပ​လ္လင်​တော်​အ​ဖို့​နှင့် ပ​ရိ​သတ်​တော်​အ​ဖို့ ထို​သူ​တို့​သည် ယ​နေ့​တိုင်​အောင် ထင်း​ခုတ်၍​ရေ​ခပ်​ရ​မည်​အ​ကြောင်း၊ ထို​နေ့၌ စီ​ရင်​လေ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 1,
      "text": "ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 2,
      "text": "ဂိ​ဗောင်​မြို့​သည် မြို့​တော်​ကဲ့​သို့ ကြီး​စွာ​သော​မြို့၊ အာ​ဣ​မြို့​ထက်​ကြီး၍ မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​သော​ကြောင့် အ​လွန်​ကြောက်​ရွံ့​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 3,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်၊ ဟေ​ဗြုန်​မင်း​ကြီး​ဟော​ဟံ၊ ယာ​မုတ်​မင်း​ကြီး​ပိ​ရံ၊ လာ​ခိ​ရှ​မင်း​ကြီး​ယာ​ဖျာ၊ ဧ​ဂ​လုန်​မင်း​ကြီး​ဒေ​ပိ​ရ​တို့​ထံ​သို့ စေ​လွှတ်၍၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 4,
      "text": "ဂိ​ဗောင်​မြို့​သည် ယော​ရှု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​ကြောင့်၊ ထို​မြို့​ကို လုပ်​ကြံ​ခြင်း​ငှာ ငါ့​ထံ​သို့​လာ၍ ငါ​နှင့်​အ​တူ​ကူ​ညီ​ကြ​ပါ​ဟု နှိုး​ဆော်​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 5,
      "text": "ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 6,
      "text": "ဂိ​ဗောင်​မြို့​သား​တို့​သည် ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စေ​လွှတ်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို​ကြည့်​ရှု​လျက် နေ​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ၍ မ​စ​ကယ်​တင်​တော်​မူ​ပါ။ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကျွန်​တော်​တို့​ကို​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​ပါ​ပြီ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 7,
      "text": "ယော​ရှု​သည်​လည်း၊ စစ်​မှု၌​ကျင်​လည်​သော​သူ၊ ခွန်​အား​ကြီး​သော သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​မြို့​မှ တက်​သွား​လေ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​လက်၌ ငါ​အပ်​မည်။ သင့်​ရှေ့​မှာ လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ခံ​မ​ရပ်​နိုင်​ရာ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 9,
      "text": "ယော​ရှု​သည် ဂိ​လ​ဂါ​လ​မြို့​မှ တစ်​ည​လုံး​ချီ​သွား၍၊ ရန်​သူ​တို့​ကို အ​မှတ်​တ​မဲ့​တိုက်​လာ​သ​ဖြင့်၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​ရှုံး​စေ၍၊ ဂိ​ဗောင်​မြို့​အ​နား​မှာ ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့်​သတ်၍၊ ဗေ​သော​ရုံ​မြို့​သို့​သွား​သော​လမ်း၌ လိုက်​လျက်၊ အ​ဇေ​ကာ​မြို့၊ မ​က္က​ဒါ​မြို့​တိုင်​အောင် လုပ်​ကြံ​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 11,
      "text": "ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 12,
      "text": "ထို​သို့ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အပ်​တော်​မူ​သော​နေ့​မှာ၊ ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​ပြီး​လျှင်၊ အို နေ သင်​သည်​ဂိ​ဗောင်​မြို့၌​လည်း​ကောင်း၊ အို လ သင်​သည်​အာ​ယ​လုန်​ချိုင့်၌​လည်း​ကောင်း ငြိမ်​ဝပ်​စွာ​နေ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​တွင် မြွက်​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​အား အ​ပြစ်​ဒဏ်​မ​ပေး​မီ​တိုင်​အောင် နေ​သည် ငြိမ်​ဝပ်​စွာ​နေ၍ လ​သည်​ရပ်​လေ၏။ ယာ​ရှာ၏​စာ၌​ပါ​သည်​ကား၊ မိုး​ကောင်း​ကင်​အ​လယ်၌ နေ​သည်​ရပ်​နေ၏။ ဝင်​မြဲ​ဝင်​အံ့​သော​ငှာ တစ်​နေ့​လုံး​အ​လျှင်း​မ​ပြု​ဟု ပါ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လူ​စ​ကား​ကို နား​ထောင်၍၊ ထို​သို့​သော​နေ့​တစ်​နေ့​မျှ မ​ဖြစ်​စ​ဖူး။ နောက်​တစ်​ဖန်​လည်း​မ​ဖြစ်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 15,
      "text": "ထို​နောက်၊ ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​တပ်​သို့ ပြန်​သွား၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 16,
      "text": "မင်း​ကြီး​ငါး​ပါး​တို့​သည် ပြေး၍ မ​က္က​ဒါ​လိုဏ်​ခေါင်း၌ ပုန်း​လျက်​နေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 17,
      "text": "မ​က္က​ဒါ​လိုဏ်​ခေါင်း၌ ပုန်း​လျက်​နေ​သော မင်း​ကြီး​ငါး​ပါး​ကို တွေ့​ပါ​ပြီ​ဟု ယော​ရှု​အား​ကြား​လျှောက်​လျှင်၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 18,
      "text": "ယော​ရှု​က၊ လိုဏ်​ခေါင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော​ကျောက်​တို့​ကို လှိမ့်​ပုံ၍ လူ​စောင့်​တို့​ကို ထား​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 19,
      "text": "သင်​တို့​မူ​ကား မ​ဆိုင်း​မ​လင့်။ ရန်​သူ​တို့​ကို​လိုက်၍ မီ​သ​မျှ​သော​သူ​တို့​ကို ကွပ်​မျက်​ကြ။ မြို့​ထဲ​သို့ မ​ဝင်​စေ​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့​လက်၌​အပ်​တော်​မူ​ပြီ​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 20,
      "text": "ယော​ရှု​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ၊ ကျန်​ကြွင်း​သော​သူ​အ​ချို့​တို့​သည် ခိုင်​ခံ့​သော​မြို့​သို့​ဝင်၍ နေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 21,
      "text": "လူ​အ​ပေါင်း​တို့​သည် ယော​ရှု​ရှိ​ရာ မ​က္က​ဒါ​တပ်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​လာ​ကြ၏။ ဣ​သ​ရေ​လ​လူ တစ်​စုံ​တစ်​ယောက်​ကို အ​ဘယ်​သူ​မျှ အ​ပြစ်​မ​တင်​ရ။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 22,
      "text": "ယော​ရှု​က​လည်း၊ လိုဏ်​ခေါင်း​ကို​ဖွင့်​ပြီး​လျှင်၊ ထို​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က​ထုတ်၍ ငါ့​ထံ​သို့ ဆောင်​ခဲ့​ကြ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 23,
      "text": "သူ​တို့​သည် ပြု၍၊ ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​ငါး​ပါး​တို့​ကို လိုဏ်​ခေါင်း​ထဲ​က ဆောင်​ခဲ့၍၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 24,
      "text": "ယော​ရှု​ထံ​သို့​ရောက်​ပြီး​မှ၊ ယော​ရှု​သည် မိ​မိ​နှင့်​အ​တူ စစ်​ချီ​သော ဗိုလ်​မင်း​တို့​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​ကို​ခေါ်​လျှင်၊ ချဉ်း​လာ​ကြ။ ဤ​မင်း​ကြီး​တို့၏ လည်​ကုပ်​အ​ပေါ်၌ ခြေ​ကို​တင်​ကြ​ဟု ဗိုလ်​မင်း​တို့​အား​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ချဉ်း​လာ၍ ထို​မင်း​ကြီး​တို့၏ လည်​ကုပ်​အ​ပေါ်၌ ခြေ​ကို​တင်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 25,
      "text": "ယော​ရှု​က​လည်း သင်​တို့​တိုက်​ရ​သော ရန်​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ကဲ့​သို့​ပြု​တော်​မူ​မည်​ဖြစ်၍ မ​ကြောက်​ကြ​နှင့်၊ စိတ်​မ​ပျက်​ကြ​နှင့်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 26,
      "text": "ထို​မင်း​ကြီး​တို့​ကို ဓား​နှင့်​ကွပ်​မျက်၍ သစ်​ပင်​ငါး​ပင်​တို့၌ ဆွဲ​ထား​လေ၏။ ညဉ့်​ဦး​တိုင်​အောင် သစ်​ပင်၌​ဆွဲ​ထား​ပြီး​မှ၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 27,
      "text": "နေ​ဝင်​ချိန်​ရောက်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း သစ်​ပင်​မှ​ချ​ပြီး​လျှင်၊ သူ​တို့​ပုန်း​လျက်​နေ​ရာ လိုဏ်​ခေါင်း၌​ပစ်​ထား၍၊ လိုဏ်​ခေါင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 28,
      "text": "ထို​နေ့၌ ယော​ရှု​သည် မ​က္က​ဒါ​မြို့​ကို​တိုက်​ယူ၍ မြို့​နှင့် မင်း​ကြီး​ကို ဓား​နှင့်​လုပ်​ကြံ​ပြီး​လျှင်၊ မင်း​ကြီး​နှင့်​တ​ကွ မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။ ယေ​ရိ​ခေါ​မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့ မ​က္က​ဒါ​မင်း​ကြီး​ကို ပြု​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 29,
      "text": "ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မ​က္က​ဒါ​မြို့​မှ လိ​ဗ​န​မြို့​သို့​ချီ​သွား၍ တိုက်​သ​ဖြင့်၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ထို​မြို့​နှင့်​မင်း​ကြီး​ကို ဣ​သ​ရေ​လ​လူ​တို့​လက်၌ အပ်​တော်​မူ၍၊ မြို့​နှင့် မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ဓား​နှင့်​လုပ်​ကြံ၍၊ ယေ​ရိ​ခေါ​မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့ ထို​မင်း​ကြီး​ကို ပြု​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 31,
      "text": "ယော​ရှု​သည် ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လိ​ဗ​န​မြို့​မှ လာ​ခိ​ရှ​မြို့​သို့​ချီ​သွား၍ တပ်​ချ​လျက်​တိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 32,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ထို​မြို့​ကို ဣ​သ​ရေ​လ​လူ​တို့ လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ဒု​တိ​ယ​နေ့၌​ရ၍ လိ​ဗ​န​မြို့​ကို​ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 33,
      "text": "ထို​အ​ခါ ဂေ​ဇာ​မင်း​ကြီး​ဟော​ရံ​သည်၊ လာ​ခိ​ရှ​မြို့​ကို ကူ​ညီ​မည်​ဟု လာ​သော​ကြောင့်၊ ယော​ရှု​သည် ထို​မင်း​ကြီး​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​လုပ်​ကြံ​လေ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 34,
      "text": "တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ဧ​ဂ​လုန်​မြို့​သို့​ချီ​သွား၍ တပ်​ချ​လျက်​တိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 35,
      "text": "ထို​နေ့​ချင်း​တွင်​ရ၍ လာ​ခိ​ရှ​မြို့​ကို ပြု​သ​ကဲ့​သို့၊ ထို​မြို့​နှင့် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍ တစ်​နေ့​ချင်း​တွင် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 36,
      "text": "တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဧ​ဂ​လုန်​မြို့​မှ ဟေ​ဗြုန်​မြို့​သို့ ချီ​သွား၍ တိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 37,
      "text": "ရ​သော​အ​ခါ၊ ဧ​ဂ​လုန်​မြို့​ကို ပြု​သ​ကဲ့​သို့ ထို​မြို့​နှင့် မင်း​ကြီး​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သော မြို့​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ဓား​နှင့်​လုပ်​ကြံ၍ မြို့​နှင့်​မြို့​သား​အ​ပေါင်း​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 38,
      "text": "တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဒေ​ဗိ​ရ​မြို့​သို့ ပြန်​လာ၍ တိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 39,
      "text": "ထို​မြို့​နှင့် မင်း​ကြီး​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သော မြို့​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း​ရ၍၊ ဓား​နှင့်​လုပ်​ကြံ​သ​ဖြင့် မြို့​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း ဖျက်​ဆီး​လေ၏။ ဟေ​ဗြုန်​မြို့၊ လိ​ဗ​န​မြို့​နှင့် မင်း​ကြီး​ကို​ပြု​သ​ကဲ့​သို့ ဒေ​ဗိ​ရ​မြို့​နှင့်​မင်း​ကြီး​ကို ပြု​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 40,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ် ရှိ​သ​မျှ​တို့​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အ​သက်​ရှင်​သော​သူ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 41,
      "text": "ကာ​ဒေ​ရှ​ဗာ​နာ​မြို့​မှ​စ၍ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဂေါ​ရှင်​ပြည်​တစ်​လျှောက်​လုံး​နှင့်​တ​ကွ၊ ဂိ​ဗောင်​မြို့​တိုင်​အောင်​လည်း​ကောင်း လုပ်​ကြံ၍၊"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 42,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ​သော​ကြောင့်၊ ထို​ပြည်​များ​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို တစ်​ခါ​တည်း​အောင်​လေ၏။"
    },
    {
      "book": 6,
      "chapter": 10,
      "verse": 43,
      "text": "ထို​နောက် ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဂိ​လ​ဂါ​လ​တပ်​သို့​ပြန်​သွား၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 1,
      "text": "ထို​သ​တင်း​ကို ဟာ​ဇော်​မင်း​ကြီး​ယာ​ဘိန်​သည် ကြား​သော​အ​ခါ၊ မာ​ဒုန်​မင်း​ကြီး​ယော​ဗပ်၊ ရှိ​မြုန်​မင်း​ကြီး၊ အာ​ခ​ရှပ်​မင်း​ကြီး​တို့​ထံ​သို့​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 2,
      "text": "တောင်​ရိုး​မြောက်​ဘက်​အ​ရပ်၊ ဂင်္နေ​သ​ရက်​မြို့ တောင်​ဘက်​လွင်​ပြင်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ အ​နောက်​မျက်​နှာ ဒေါ​ရ​ပြည်​နယ်၌​ရှိ​သော မင်း​ကြီး​များ​ထံ​သို့​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 3,
      "text": "အ​ရှေ့​အ​နောက်၌​နေ​သော ခါ​န​နိ​လူ၊ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ မိ​ဇ​ပါ​ပြည်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌​နေ​သော ဟိ​ဝိ​လူ​တို့​ရှိ​ရာ​သို့​လည်း​ကောင်း​စေ​လွှတ်၍၊"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 4,
      "text": "ထို​မင်း​ကြီး​များ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​လွန်​များ​စွာ​သော ဗိုလ်​ပါ​အ​ပေါင်း၊ မြင်း​များ၊ ရ​ထား​များ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​လာ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 5,
      "text": "ထို​မင်း​ကြီး​အ​ပေါင်း​တို့​သည် စည်း​ဝေး​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တိုက်​ခြင်း​ငှာ​ချီ​လာ၍၊ မေ​ရုံ​အိုင်​နား​မှာ တစ်​စု​တည်း တပ်​ချ​လျက်​နေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည် နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ၊ ထို​သူ​အ​ပေါင်း​တို့​ကို အ​သေ​အပ်​မည်။ မြင်း​တို့၏ ခြေ​ကြော​ကို​ဖြတ်​ရ​မည်။ ရ​ထား​တို့​ကို​မီး​ရှို့​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 7,
      "text": "ယော​ရှု​သည်​လည်း၊ မိ​မိ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ မေ​ရုံ​အိုင်​နား​သို့ အ​မှတ်​တ​မဲ့ စစ်​ချီ၍​တိုက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​လုပ်​ကြံ၍ ဇိ​ဒုန်​ရ​ဗ္ဗာ​မြို့၊ မိ​သ​ရ​ဖော​သ​မိမ်​မြို့ အ​ရှေ့​မျက်​နှာ မိ​ဇ​ပါ​ချိုင့်​တိုင်​အောင်​လိုက်၍ တစ်​ယောက်​ကို​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် မြင်း​တို့၏​ခြေ​ကြော​ကို​ဖြတ်၍ ရ​ထား​တို့​ကို မီး​ရှို့​လေ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 10,
      "text": "ထို​အ​ခါ ယော​ရှု​သည်​ပြန်၍ ဟာ​ဇော်​မြို့​ကို တိုက်​ယူ​သ​ဖြင့်၊ မင်း​ကြီး​ကို ဓား​နှင့်​ကွပ်​မျက်​လေ၏။ ရှေး​ကာ​လ၌ ဟာ​ဇော်​မြို့​သည် ထို​ပြည်​များ​တို့​ကို အုပ်​စိုး​ရ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 11,
      "text": "ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ အ​သက်​ရှင်​စေ​ခြင်း​ငှာ​မ​ထား။ ရှင်း​ရှင်း​ဖျက်​ဆီး၍ မြို့​ကို​လည်း​မီး​ရှို့​လေ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ ထို​မင်း​ကြီး​များ​အ​စိုး​ရ​သော မြို့​ရှိ​သ​မျှ​တို့​နှင့် မင်း​ကြီး​အ​ပေါင်း​တို့​ကို ယော​ရှု​တိုက်​ယူ၍ ဓား​နှင့်​လုပ်​ကြံ​သ​ဖြင့် ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 13,
      "text": "သို့​ရာ​တွင်၊ ဟာ​ဇော်​မြို့​မှ​တစ်​ပါး၊ တောင်​ပေါ်၌​တည်​သော​မြို့​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​သည် မီး​မ​ရှို့​ကြ။ ဟာ​ဇော်​မြို့​တစ်​မြို့​ကို​သာ ယော​ရှု​မီး​ရှို့​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 14,
      "text": "ထို​မြို့​များ၌ လက်​ရ​ဥ​စ္စာ​နှင့် တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ကိုယ်​အ​ဖို့​သိမ်း​ယူ​ကြ၏။ လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ရှိ​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။ တစ်​ယောက်​ကို​မျှ အ​ရှင်​မ​ကျန်​ကြွင်း​စေ​ကြ။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​မော​ရှေ​ကို မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ယော​ရှု​ကို​ဆင့်​ဆို၏။ ယော​ရှု​လည်း ထို​သို့​ပြု​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​သ​မျှ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို လှပ်၍​မ​ထား။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 16,
      "text": "ထို​သို့ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​မှ​စ၍ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၊"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 17,
      "text": "လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဂေါ​ရှင်​ပြည်၊ ချိုင့်​များ၊ လွင်​ပြင်​များ၊ ဣ​သ​ရေ​လ​တောင်၊ ဣ​သ​ရေ​လ​ချိုင့်​နှင့်​တ​ကွ ထို​ပြည်​အ​လုံး​စုံ​ကို ယော​ရှု​သည်​သိမ်း​ယူ၍၊ မင်း​ကြီး​အ​ပေါင်း​တို့​ကို​အောင်​သ​ဖြင့် လုပ်​ကြံ​ကွပ်​မျက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 18,
      "text": "ထို​မင်း​ကြီး​အ​ပေါင်း​တို့​ကို ကာ​လ​ကြာ​မြင့်​စွာ စစ်​တိုက်​ရ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 19,
      "text": "ဟိ​ဝိ​လူ၊ ဂိ​ဗောင်​မြို့​သား​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော မြို့​တစ်​မြို့​မျှ​မ​ရှိ။ အ​ခြား​သော​မြို့​ရှိ​သ​မျှ​တို့​ကို တိုက်၍ အ​နိုင်​သိမ်း​ယူ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လူ​မျိုး​တို့​ကို ကျေး​ဇူး​မ​ပြု၊ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​စေ​မည်​အ​ကြောင်း၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆီး၍ တိုက်​ဝံ့​သည်​တိုင်​အောင် သူ​တို့​စိတ်​နှ​လုံး​ခိုင်​မာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​ရှိ​တော်​မူ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 21,
      "text": "ထို​ကာ​လ​အ​ခါ ယော​ရှု​သည် ချီ​သွား၍၊ အာ​န​က​လူ​တို့​ကို တောင်​ပေါ်​အ​ရပ် ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ​မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်၊ ဣ​သ​ရေ​လ​တောင်​ရှိ​သ​မျှ​တို့​မှ ပယ်​ရှား၍၊ သူ​တို့​မြို့​များ​နှင့်​တ​ကွ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 22,
      "text": "ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 6,
      "chapter": 11,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို မိန့်​တော်​မူ​သ​မျှ​အ​တိုင်း၊ ယော​ရှု​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 1,
      "text": "ယော်​ဒန်​မြစ်​အ​ရှေ့ နေ​ထွက်​ရာ​ဘက်၌၊ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ အ​ရှေ့​လွင်​ပြင်​ရှိ​သ​မျှ​ပါ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍ သိမ်း​ယူ​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 2,
      "text": "အာ​နုန်​မြို့​အ​နား​မှာ အာ​ရော်​မြို့၊ မြစ်​တစ်​ဝက်၊ ဂိ​လဒ်​ပြည်​တစ်​ဝက်​မှ​စ၍ အ​မ္မုန်​ပြည်​စွန်း​အ​ပိုင်း​အ​ခြား ယ​ဗ္ဗုတ်​မြစ်​တိုင်​အောင်​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 3,
      "text": "အ​ရှေ့​မျက်​နှာ၌​လွင်​ပြင်​မှ​စ၍ ဂင်္နေ​သ​ရက်​အိုင်​နှင့် လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​အ​ရှေ့​ဘက် ဗက်​ယေ​ရှိ​မုတ်​မြို့​သို့ သွား​ရာ​လမ်း၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​အ​နား၊ တောင်​မျက်​နှာ​မှ လာ​ရာ​လမ်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ၍၊ ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 4,
      "text": "ဟေ​ရ​မုန်​တောင်​နှင့် သာ​လ​က​ပြည်​ကို​လည်း​ကောင်း၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော ပြည်​စွန်း​တိုင်​အောင် ဗာ​ရှန်​ပြည် တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​စွန်း​တိုင်​အောင် ဂိ​လဒ်​ပြည်​တစ်​ဝက်​ကို​လည်း​ကောင်း အ​စိုး​ရ၍၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​နေ​သော အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 6,
      "text": "ထို​ရှင်​ဘု​ရင်​နှစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် သူ​တို့​ပြည်​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​လေ၏။"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 7,
      "text": "ယော်​ဒန်​မြစ်​အ​နောက်​ဘက်​မှာ လေ​ဗ​နုန်​ချိုင့်၌​ရှိ​သော ဗာ​လ​ဂဒ်​မြို့​မှ​စ၍၊ စိ​ရ​လမ်း​တွင်​ရှိ​သော ဟာ​လက်​တောင်​တိုင်​အောင် တောင်​ပေါ်​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ လွင်​ပြင်​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ်၊ တော​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​နေ​ရာ၊ ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​လုပ်​ကြံ၍၊ ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​ပိုင်​ပေး​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 9,
      "text": "ယေ​ရိ​ခေါ​မင်း​ကြီး​တစ်​ပါး၊ ဗေ​သ​လ​မြို့​အ​နား​မှာ၊ အာ​ဣ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 10,
      "text": "ယေ​ရု​ရှ​လင်​မင်း​ကြီး​တစ်​ပါး၊ ဟေ​ဗြုန်​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 11,
      "text": "ယာ​မုတ်​မင်း​ကြီး​တစ်​ပါး၊ လာ​ခိ​ရှ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 12,
      "text": "ဧ​ဂ​လုန်​မင်း​ကြီး​တစ်​ပါး၊ ဂေ​ဇာ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 13,
      "text": "ဒေ​ဗိ​ရ​မင်း​ကြီး​တစ်​ပါး၊ ဂေ​ဒါ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 14,
      "text": "ဟော​မာ​မင်း​ကြီး​တစ်​ပါး၊ အာ​ရဒ်​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 15,
      "text": "လိ​ဗ​န​မင်း​ကြီး​တစ်​ပါး၊ အ​ဒု​လံ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 16,
      "text": "မ​က္က​ဒါ​မင်း​ကြီး​တစ်​ပါး၊ ဗေ​သ​လ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 17,
      "text": "တာ​ပွါ​မင်း​ကြီး​တစ်​ပါး၊ ဟေ​ဖာ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 18,
      "text": "အာ​ဖက်​မင်း​ကြီး​တစ်​ပါး၊ လာ​ရှ​ရုန်​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 19,
      "text": "မာ​ဒုန်​မင်း​ကြီး​တစ်​ပါး၊ ဟာ​ဇော်​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 20,
      "text": "ရှိ​မ​ရုန်​မင်း​ကြီး​တစ်​ပါး၊ အာ​ခ​ရှပ်​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 21,
      "text": "တာ​နက်​မင်း​ကြီး​တစ်​ပါး၊ မေ​ဂိ​ဒ္ဒေါ​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 22,
      "text": "ကေ​ဒေ​ရှ​မင်း​ကြီး​တစ်​ပါး၊ က​ရ​မေ​လ​တောင်​ပေါ်​မှာ ယော​က​နမ်​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 23,
      "text": "ဒေါ​ရ​ပြည်​နယ်​မှာ ဒေါ​ရ​မင်း​ကြီး​တစ်​ပါး၊ ဂိ​လ​ဂါ​လ​ပြည်​မှာ ဂေါ​အိမ်​မင်း​ကြီး​တစ်​ပါး၊"
    },
    {
      "book": 6,
      "chapter": 12,
      "verse": 24,
      "text": "တိ​ရ​ဇ​မင်း​ကြီး​တစ်​ပါး၊ မင်း​ကြီး​ပေါင်း​သုံး​ဆယ်​တစ်​ပါး​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 1,
      "text": "ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 2,
      "text": "ကျန်​သော​မြေ​ဟူ​မူ​ကား၊ ဖိ​လိ​တ္တိ​ပြည်​မှ​စ၍ ဂေ​ရှု​ရိ​ပြည်​တစ်​လျှောက်​လုံး၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 3,
      "text": "အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 4,
      "text": "တောင်​မျက်​နှာ​မှ​စ၍ အာ​မော​ရိ​ပြည် အာ​ဖက်​မြို့​တိုင်​အောင်၊ ခါ​န​နိ​ပြည်​တစ်​လျှောက်​လုံး​နှင့် ဇိ​ဒုန်​ပြည်​အ​နား​မှာ​ရှိ​သော မာ​ရာ​ပြည်၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 5,
      "text": "နေ​ထွက်​ရာ​ဘက်၊ ဟေ​ရ​မုန်​တောင်​ခြေ​ရင်း၌ ဗာ​လ​ဂဒ်​မြို့​မှ​စ၍ ဟာ​မတ်​ပြည်​အ​ဝင်​တိုင်​အောင် ဂေ​ဗ​လ​ပြည်၊ လေ​ဗ​နုန်​ပြည် တစ်​လျှောက်​လုံး ကျန်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 6,
      "text": "လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 7,
      "text": "ယ​ခု​မှာ ဤ​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​မွေ​ဝေ​ဖန်​လော့။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 8,
      "text": "ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ရှေ​ပေး​သည်​အ​တိုင်း မိ​မိ​တို့​အ​မွေ​မြေ​ကို​ခံ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 10,
      "text": "အ​မ္မုန်​ပြည်​စွန်း​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​မြို့၌ မင်း​ပြု​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန် အ​စိုး​ရ​သော​မြို့​ရှိ​သ​မျှ၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 11,
      "text": "ဂိ​လဒ်​ပြည်၊ ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​နေ​သော​ပြည်၊ ဟေ​ရ​မုန်​တောင်​ရှိ​သ​မျှ၊ သာ​လ​က​ပြည်​တိုင်​အောင် ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 12,
      "text": "အ​လွန်​ကြီး​မား​သော​လူ​မျိုး​ထဲ​က ကျန်​ကြွင်း​သော​သူ၊ အာ​ရှ​တ​ရုတ်​မြို့၊ ဧ​ဒြိ​မြို့၌​မင်း​ပြု​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး ပါ​သ​တည်း။ ထို​မင်း​တို့​ကို မော​ရှေ​သည် လုပ်​ကြံ၍​ပယ်​ရှား​လေ၏။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 13,
      "text": "သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ကြ။ ထို​လူ​မျိုး​တို့​သည် ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 14,
      "text": "လေ​ဝိ​အ​မျိုး​အား အ​မွေ​ကို​မ​ပေး။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​တို့​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​အ​မွေ​ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 15,
      "text": "မော​ရှေ​သည်၊ ရု​ဗင်​အ​မျိုး​သား​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော​ပြည်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 16,
      "text": "အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 17,
      "text": "ဟေ​ရှ​ဘုန်​မြို့​နှင့်​တ​ကွ လွင်​ပြင်၌ ရှိ​သ​မျှ​သော​မြို့၊ ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 18,
      "text": "ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 19,
      "text": "ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​တွင်​တောင်​ပေါ်​မှာ​ရှိ​သော ဇာ​ရက်​ရှာ​ဟာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 20,
      "text": "ဗက်​ပေ​ဂု​ရ​မြို့၊ အာ​ဇုတ်​ပိ​သ​ကာ​မြို့၊ ဗက်​ယေ​ရှိ​မုတ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 21,
      "text": "လွင်​ပြင်၌​ရှိ​သ​မျှ​သော မြို့​တို့​နှင့်​တ​ကွ၊ ဟေ​ရှ​ဘုန်​မြို့၌​မင်း​ပြု​ရ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်၏​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို ပေး​သ​တည်း။ ထို​ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ထို​ရှင်​ဘု​ရင်​ချီး​မြှောက်၍ သူ့​ပြည်၌​နေ​သော​မိ​ဒျန်​မင်း​ကြီး​ငါး​ပါး၊ ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တို့​ကို​လည်း​ကောင်း မော​ရှေ​သည် လုပ်​ကြံ​လေ၏။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 22,
      "text": "ပ​ရော​ဖက်​လုပ်​သော ဗော​ရ​သား​ဗာ​လမ်​ကို​လည်း၊ အ​သေ​ခံ​ရ​သော​သူ​တို့​နှင့်​ရော၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​နှင့်​ကွပ်​မျက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 23,
      "text": "ရု​ဗင်​အ​မျိုး​သား​နေ​ရာ​အ​ပိုင်း​အ​ခြား​ကား၊ ယော်​ဒန်​မြစ်​နှင့် မြစ်​ကမ်း​ပါး​တည်း။ ဤ​ရွေ့​ကား၊ ရု​ဗင်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော မြို့​ရွာ​များ​ပေ​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 24,
      "text": "မော​ရှေ​သည် ဂဒ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သော ပြည်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 25,
      "text": "ယာ​ဇာ​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ ရ​ဗ္ဗာ​မြို့​ရှေ့၌​ရှိ​သော အာ​ရော်​မြို့​တိုင်​အောင် အ​မ္မုန်​ပြည်​တစ်​ဝက်၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 26,
      "text": "ဟေ​ရှ​ဘုန်​မြို့​မှ​စ၍ ရာ​မတ်​မိ​ဇ​ပါ​မြို့၊ ဗေ​တော​နိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​စ၍ ဒေ​ဗိ​ရ​မြို့​နယ်​တိုင်​အောင်​လည်း​ကောင်း​ပါ​သော​ပြည်၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 27,
      "text": "ချိုင့်၌​လည်း၊ ဗေ​သာ​ရံ​မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​အ​စ​ရှိ​သော ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယော်​ဒန်​မြစ်​အ​ပိုင်း​အ​ခြား၊ ဂင်္နေ​သ​ရက်​အိုင်​နား​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​ကျန်​ကြွင်း​သ​မျှ​ကို ပေး​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 28,
      "text": "ဤ​ရွေ့​ကား၊ ဂဒ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော မြို့​ရွာ​များ​ပေ​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 29,
      "text": "မော​ရှေ​သည် မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​အား​အ​မွေ​ပေး၍၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော ပြည်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 30,
      "text": "မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 31,
      "text": "ဂိ​လဒ်​ပြည်​တစ်​ဝက်၊ ဗာ​ရှန်​ပြည်၌ ဩ​ဃ၏​နိုင်​ငံ​အ​ဝင်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် ဧ​ဒြိ​မြို့​တို့​ကို မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား​မြေး​တစ်​ဝက် အ​ဆွေ​အ​မျိုး​အ​လိုက် ပိုင်​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 32,
      "text": "ဤ​ရွေ့​ကား၊ မော​ရှေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ မော​ဘ​လွင်​ပြင်၌ အ​မွေ​ဝေ​ဖန်​သော​ပြည်​များ​ပေ​တည်း။"
    },
    {
      "book": 6,
      "chapter": 13,
      "verse": 33,
      "text": "လေ​ဝိ​အ​မျိုး​အား အ​မွေ​ကို​မ​ပေး။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​အ​မွေ​ဖြစ်​တော်​မူ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 1,
      "text": "ခါ​နာန်​ပြည်၌​လည်း ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည် အ​မွေ​ဝေ​ဖန်၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 3,
      "text": "မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​အား၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ပေး​နှင့်​ပြီ။ လေ​ဝိ​သား​တို့​အား အ​ခြား​သော​အ​မျိုး​နှင့်​ရော၍ အ​မွေ​မ​ပေး။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 4,
      "text": "ယော​သပ်​အ​မျိုး​သား​တို့​သည် မ​နာ​ရှေ​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး နှစ်​မျိုး​ဖြစ်၍၊ လေ​ဝိ​သား​တို့​နေ​စ​ရာ​မြို့၊ သူ​တို့​တိ​ရ​စ္ဆာန်​နှင့် ဥ​စ္စာ​ကို​ထား​စ​ရာ​မြို့​နယ်​မှ​တစ်​ပါး အ​ခြား​သော​မြေ​ကို မ​ပေး။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 5,
      "text": "မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ မြေ​ကို​ဝေ​ဖန်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 6,
      "text": "ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဂိ​လ​ဂါ​လ​မြို့၌ ယော​ရှု​ထံ​သို့​လာ၍၊ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍၊ ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​အား မိန့်​တော်​မူ​သော​စ​ကား​ကို ကိုယ်​တော်​သိ​ပါ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 7,
      "text": "ဤ​ပြည်​ကို​စူး​စမ်း​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏​ကျွန် မော​ရှေ​သည် အ​ကျွန်ုပ်​ကို ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ စေ​လွှတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် အ​သက်​လေး​ဆယ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​စိတ်​ထင်​သည်​အ​တိုင်း ပြန်​ကြား​လျှောက်​ထား​ပါ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 8,
      "text": "အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​သော ညီ​အစ်​ကို​တို့​သည်၊ လူ​များ​စိတ်​ပျက်​စ​ရာ​ကို ပြု​သော်​လည်း၊ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​ပါ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 9,
      "text": "ထို​နေ့​ရက်၌ မော​ရှေ​က၊ သင်​သည် ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ အ​ကယ်၍ သင်​နင်း​ပြီး​သော​မြေ​သည် အ​စဉ်​အ​ဆက် သင်၏​အ​မွေ၊ သင်၏​သား​မြေး​တို့၏​အ​မွေ ဖြစ်​ရ​လိမ့်​မည်​ဟု ကျိန်​ဆို​လေ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​လှည့်​လည်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​မော​ရှေ​အား မိန့်​တော်​မူ​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​နှစ်​လေး​ဆယ်​ငါး​နှစ်​ပတ်​လုံး အ​ကျွန်ုပ်​အ​သက်​ကို ရှင်​စေ​တော်​မူ​သ​ဖြင့်၊ ယ​နေ့​မှာ အ​ကျွန်ုပ်​သည် အ​သက်​ရှစ်​ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 11,
      "text": "သို့​ရာ​တွင် မော​ရှေ​စေ​လွှတ်​သော​နေ့၌ ခွန်​အား​ရှိ​သ​ကဲ့​သို့ ယ​နေ့၌​ရှိ​ပါ၏။ ထို​အ​ခါ ထွက်​ဝင်​ခြင်း​အ​မှု၊ စစ်​တိုက်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​ကဲ့​သို့ ယ​ခု​လည်း​တတ်​စွမ်း​နိုင်​ပါ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 12,
      "text": "သို့​ဖြစ်၍ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဤ​တောင်​ကို အ​ကျွန်ုပ်​အား​ပေး​ပါ။ ဤ​တောင်​ပေါ်​မှာ အာ​န​က​လူ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ကြီး​မား​ခိုင်​ခံ့​သော​မြို့​တို့​နှင့် ပြည့်​စုံ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နေ့၌ ကိုယ်​တော်​သည်​ကြား​ရ​ပြီ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် အ​တူ​ရှိ​တော်​မူ​လျှင်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ထို​သူ​တို့​ကို​နှင်​ထုတ်​ခြင်း​ငှာ အ​ကျွန်ုပ်​တတ်​စွမ်း​နိုင်​ပါ​သည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 13,
      "text": "ထို​အ​ခါ ယော​ရှု​သည် ကောင်း​ချီး​ပေး၏။ ဟေ​ဗြုန်​ပြည်​ကို​လည်း၊ ယေ​ဖု​န္နာ၏​သား​ကာ​လက် အ​မွေ​ခံ​စ​ရာ​ဖို့ အပ်​ပေး​လေ၏။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 14,
      "text": "သို့​ဖြစ်၍ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ ဟေ​ဗြုန်​ပြည်​သည် ယ​နေ့​တိုင်​အောင် ကာ​လက်၏​အ​မွေ​မြေ​ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 14,
      "verse": 15,
      "text": "ဟေ​ဗြုန်​မြို့​သည် အ​ထက်​က ကိ​ရ​ယ​သာ​ဘ​အ​မည်​ရှိ၏။ အာ​ဗ​သည် အာ​န​က​အ​မျိုး​သား​တို့​တွင်​လူ​ကြီး​ဖြစ်၏။ ထို​အ​ခါ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 1,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြေ​ဟူ​မူ​ကား၊ တောင်​မျက်​နှာ၌ ဧ​ဒုံ​ပြည်​နယ်​နှင့် နီး​စပ်​လျက်၊ တေ​မန်​ပြည်​စွန်း​မှ​စ၍ ဇိ​န​တော​ဖြစ်​သော၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 2,
      "text": "တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် သော​ဒုံ​အိုင်၌ တောင်​အ​ကွေ့​မှ​ထွက်၍၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 3,
      "text": "တောင်​မျက်​နှာ​နား၊ အ​က​ရ​ဗ္ဗိမ်​ကုန်း​ကို​လျှောက်​လျက် ဇိ​န​ရွာ​သို့​ရောက်​လေ၏။ တစ်​ဖန် တောင်​မျက်​နှာ​နား၊ ကာ​ဒေ​ရှ​ဗာ​နာ​ရွာ၊ ဟေ​ဇ​ရုန်​ရွာ၊ အာ​ဒါ​ရွာ၊ ကာ​ကာ​ရွာ၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 4,
      "text": "အ​ဇ​မုန်​ရွာ​ကို​လျှောက်​သ​ဖြင့် အဲ​ဂု​တ္တု​ချောင်း​သို့​လိုက်၍ ပင်​လယ်၌​ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 5,
      "text": "အ​ရှေ့​ဘက်၌ သော​ဒုံ​အိုင်​သည် ယော်​ဒန်​မြစ်​ဝ​တိုင်​အောင် အ​ရှေ့​အ​ပိုင်း​အ​ခြား​ဖြစ်၏။ မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​သို့​ဆင်း​ရာ သော​ဒုံ​အိုင်​ကွေ့​မှ​ထွက်၍၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 6,
      "text": "ဗေ​သော​ဂ​လ​ရွာ​သို့​လည်း​ကောင်း၊ ဗေ​သ​ရာ​ဗ​ရွာ မြောက်​နား​မှာ​လျှောက်​လျက် ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 7,
      "text": "အာ​ခေါ်​ချိုင့်​မြောက်​ဘက်​မှ​ထွက်၍ ဒေ​ဗိ​ရ​ရွာ​သို့​လည်း​ကောင်း၊ မြစ်​တောင်​ဘက် အ​ဒု​မ္မိမ်​ကုန်း​ရှေ့၌​ရှိ​သော ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​ကောင်း ရောက်​ပြီး​မှ၊ အင်​ရှေ​မက်​အိုင်၊ အင်္ရော​ဂေ​လ​ရွာ​လမ်း​သို့ လိုက်​လျက်၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 8,
      "text": "ဟိ​န္နုံ​သား၏​ချိုင့်​နား ယေ​ရု​ရှ​လင်​မြို့​တည်ရာ ယေ​ဗု​သိ​အ​ရပ် တောင်​ဘက်​နား​မှာ​လျှောက်၍ ဟိ​န္နုံ​ချိုင့်​အ​နောက်၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ပေါ်​သို့​တက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 9,
      "text": "ထို​တောင်​ပေါ်​မှ ဆင်း​ပြန်၍၊ နေ​ဖ​တော​စမ်း​ရေ​တွင်း​ကို လျှောက်​သ​ဖြင့် ဧ​ဖ​ရုန်​တောင်​နှင့်​ဆိုင်​သော မြို့​များ​သို့​လည်း​ကောင်း၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့ရာ ဗာ​လာ​မြို့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 10,
      "text": "ဗာ​လာ​မြို့ အ​နောက်​ဘက်​နား​မှာ​လျှောက်​လျက် စိ​ရ​တောင်​သို့​လည်း​ကောင်း၊ ခေ​သ​လုန်​တောင်​တည်း​ဟူ​သော ယာ​ရိမ်​တောင် မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ဗက်​ရှေ​မက်​မြို့၊ တိ​မ​နာ​မြို့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 11,
      "text": "ဧ​ကြုန်​မြို့ မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ရှိ​ကြုန်​ရွာ​သို့​လည်း​ကောင်း၊ ဗာ​လာ​တောင်​သို့​လည်း​ကောင်း၊ ယာ​ဗ​နေ​လ​ရွာ​သို့​လည်း​ကောင်း၊ ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 12,
      "text": "အ​နောက်​ဘက်၌ ပင်​လယ်​ကြီး​နှင့် ပင်​လယ်​ကမ်း​ပါး​သည် အ​နောက်​အ​ပိုင်း​အ​ခြား​ဖြစ်၏။ ဤ​ရွေ့​ကား ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် နေ​ရာ​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ယေ​ဖု​န္နာ၏​သား ကာ​လက်​အ​ဖို့ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ၏​မြို့​ကို ချ​ပေး​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 14,
      "text": "ထို​မြို့​ထဲ​က ကာ​လက်​သည် အာ​န​က​သား​သုံး​ယောက်၊ ရှေ​ရှဲ၊ အ​ဟိ​မန်၊ တာ​လ​မဲ​တို့​ကို​နှင်​ထုတ်​သော​နောက်၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 15,
      "text": "ကိ​ရ​ယဿေ​ဖာ​အ​မည်​ဟောင်း​ရှိ​သော ဒေ​ဗိ​ရ​မြို့​သား​တို့​ရှိ​ရာ​သို့ တစ်​ဖန်​ချီ​သွား၍၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 16,
      "text": "ကိ​ရ​ယဿေ​ဖာ​မြို့​ကို တိုက်​ယူ​လုပ်​ကြံ​သော​သူ​အား ငါ​သည်​သ​မီး​အာ​ခ​သ​ကို ပေး​စား​မည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 17,
      "text": "ကာ​လက်​ညီ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​သည် ထို​မြို့​ကို​တိုက်​ယူ၍ ကာ​လက်​သည် သ​မီး​အာ​ခ​သ​ကို သူ့​အား​ပေး​စား​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 18,
      "text": "ထို​မိန်း​မ​သည် ခ​ရီး​သွား​စဉ်​အ​ခါ၊ လယ်​တစ်​ကွက်​ကို အ​ဘ၌​တောင်း​ခြင်း​ငှာ လင်​နှင့်​တိုင်​ပင်​ပြီး​မှ မြည်း​ပေါ်​က​ဆင်း​လေ၏။ အ​ဘ​ကာ​လက်​က အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 19,
      "text": "သ​မီး​က ကောင်​ချီး​ပေး​စေ​ချင်​ပါ၏။ ကိုယ်​တော်​သည် တောင်​မျက်​နှာ​အ​ရပ်​ကို ပေး​ပါ​ပြီ။ စမ်း​ရေ​တွင်း​တို့​ကို​လည်း ပေး​တော်​မူ​ပါ​ဦး​ဟု​တောင်း​သည်​အ​တိုင်း အ​ဘ​သည် အ​ထက်​စမ်း​ရေ​တွင်း၊ အောက်​စမ်း​ရေ​တွင်း​တို့​ကို​ပေး​လေ၏။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 20,
      "text": "ဤ​ရွေ့​ကား၊ ယု​ဒ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​မြေ ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 21,
      "text": "ယု​ဒ​အ​မျိုး​သား​ပိုင်​သော မြို့​များ​ဟူ​မူ​ကား၊ ဧ​ဒုံ​ပြည်​နှင့်​နီး​စပ်​သော တောင်​ပိုင်း၌ ကပ်​ဇေ​လ​မြို့၊ ဧ​ဒေ​ရ​မြို့၊ ယာ​ဂု​ရ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 22,
      "text": "ကိ​န​မြို့၊ ဒိ​မော​န​မြို့၊ အာ​ဒ​ဒါ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 23,
      "text": "ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့၊ ဣ​သ​နန်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 24,
      "text": "ဇိ​ဖ​မြို့၊ တေ​လင်မြို့၊ ဗာ​လုတ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 25,
      "text": "ဟာ​ဇော်​မြို့​သစ်၊ ဟာ​ဇော်​မြို့​ဟောင်း​တည်း​ဟူ​သော ဟေ​ဇ​ရုန်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 26,
      "text": "အာ​မန်​မြို့၊ ရှေ​မ​မြို့၊ မော​လ​ဒ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 27,
      "text": "ဟာ​ဇာ​ဂ​ဒ္ဒ​မြို့၊ ဟေ​ရှ​မုန်​မြို့၊ ဗက်​ပါ​လက်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 28,
      "text": "ဟာ​ဇာ​ရွာ​လ​မြို့၊ ဗေ​ရ​ရှေ​ဘ​မြို့၊ ဗိ​ဇ္ဇော​သ​ယာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 29,
      "text": "ဗာ​လာ​မြို့၊ ဣ​အိမ်​မြို့၊ အာ​ဇင်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 30,
      "text": "ဧ​လ​တော​လဒ်​မြို့၊ ခေ​သိ​လ​မြို့၊ ဟော​မာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 31,
      "text": "ဇိ​က​လတ်​မြို့၊ မာ​ဒ​မ​န္နာ​မြို့၊ သံ​သ​န္နာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 32,
      "text": "လေ​ဗောက်​မြို့၊ ရှိ​လ​ဟိမ်​မြို့၊ အ​အိန်​မြို့၊ ရိ​မ္မုန်​မြို့၊ ရွာ​နှင့်​တ​ကွ မြို့​ပေါင်း​ကား သုံး​ဆယ်​ခြောက်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 33,
      "text": "ချိုင့်၌​လည်း ဧ​ရှ​တော​လ​မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 34,
      "text": "ဇာ​နော​မြို့၊ အင်္ဂ​န္နိမ်​မြို့၊ တာ​ပွါ​မြို့၊ ဧ​နံ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 35,
      "text": "ယာ​မုတ်​မြို့၊ အ​ဒု​လံ​မြို့၊ စော​ခေါ​မြို့၊ အ​ဇေ​ကာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 36,
      "text": "ရှာ​ရိမ်​မြို့၊ အ​ဒိ​သိမ်​မြို့၊ ဂ​ဒေ​ရ​မြို့၊ ဂ​ဒေ​ရော​သိမ်​မြို့၊ ရွာ​နှင့်​တ​ကွ မြို့​ပေါင်း​ကား၊ ဆယ်​ငါး​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 37,
      "text": "ထို​မှ​တစ်​ပါး၊ ဇေ​နန်​မြို့၊ ဟ​ဒါ​ရှ​မြို့၊ မိ​ဂ​ဒ​လ​ဂဒ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 38,
      "text": "ဒိ​လန်​မြို့၊ မိ​ဇ​ပါ​မြို့၊ ယော​က​သေ​လ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 39,
      "text": "လာ​ခိ​ရှ​မြို့၊ ဗော​ဇ​ကတ်​မြို့၊ ဧ​က​လုန်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 40,
      "text": "က​ဗ္ဗုန်​မြို့၊ လာ​မံ​မြို့၊ ကိ​သ​လိတ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 41,
      "text": "ဂ​ဒေ​ရုတ်​မြို့၊ ဗက်​ဒါ​ဂုန်​မြို့၊ နေ​မ​မြို့၊ မ​က္က​ဒါ​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​ခြောက်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 42,
      "text": "ထို​မှ​တစ်​ပါး၊ လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 43,
      "text": "ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 44,
      "text": "ကိ​လ​မြို့၊ အာ​ခ​ဇိပ်​မြို့၊ မ​ရေ​ရှ​မြို့၊ ရွာ​နှင့်​တ​ကွ ကိုး​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 45,
      "text": "ထို​မှ​တစ်​ပါး ဧ​ကြုန်​မြို့​နှင့်​သူ​ဆိုင်​သော မြို့​ရွာ​များ၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 46,
      "text": "ဧ​ကြုန်​မြို့​မှ​စ၍ ပင်​လယ်​တိုင်​အောင်၊ အာ​ဇုတ်​မြို့​နှင့်​နီး​စပ်​သော မြို့​ရွာ​များ၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 47,
      "text": "အာ​ဇုတ်​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊ အဲ​ဂု​တ္တု​မြစ်၊ ပင်​လယ်​ကြီး၊ ပင်​လယ်​ကမ်း​ပါး​တိုင်​အောင်၊ ဂါ​ဇ​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 48,
      "text": "တောင်​ပေါ်၌​လည်း၊ ရှ​မိ​ရ​မြို့၊ ယ​တ္တိ​ရ​မြို့၊ စော​ခေါ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 49,
      "text": "ဒ​န္န​မြို့၊ ဒေ​ဗိ​ရ​မြို့​တည်း​ဟူ​သော၊ ကိ​ရ​ယဿ​န္န​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 50,
      "text": "အာ​နပ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ အာ​နိမ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 51,
      "text": "ဂေါ​ရှင်​မြို့၊ ဟော​လုန်​မြို့၊ ဂိ​လော​မြို့၊ ရွာ​နှင့် တ​ကွ​ဆယ်​တစ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 52,
      "text": "အာ​ရပ်​မြို့၊ ဒု​မာ​မြို့၊ ဧ​ရှန်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 53,
      "text": "ယာ​နုံ​မြို့၊ ဗက်​တာ​ပွါ​မြို့၊ အာ​ဖက်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 54,
      "text": "ဟု​န္တ​မြို့၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့၊ ဇိ​အော​ရ​မြို့၊ ရွာ​နှင့်​တ​ကွ ကိုး​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 55,
      "text": "မောင်​မြို့၊ က​ရ​မေ​လ​မြို့၊ ဇိ​ဖ​မြို့၊ ယု​တ္တ​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 56,
      "text": "ယေ​ဇ​ရေ​လ​မြို့၊ ယော​က​ဒံ​မြို့၊ ဇာ​နော​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 57,
      "text": "က​ဣ​န​မြို့၊ ဂိ​ဘာ​မြို့၊ တိ​မ​န​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 58,
      "text": "ဟာ​လ​ဟု​လ​မြို့၊ ဗက်​ဇု​ရ​မြို့၊ ဂေ​ဒေါ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 59,
      "text": "မာ​ရပ်​မြို့၊ ဗေ​သ​နုတ်​မြို့၊ ဧ​လ​တေ​ကုန်​မြို့၊ ရွာ​နှင့်​တ​ကွ​ခြောက်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 60,
      "text": "ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း​ဟူ​သော ကိ​ရ​ယတ်​ဗာ​လ​မြို့၊ ရ​ဗ္ဗာ​မြို့၊ ရွာ​နှင့်​တ​ကွ နှစ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 61,
      "text": "တော၌​လည်း၊ ဗေ​သ​ရာ​ဗ​မြို့၊ မိ​ဒ္ဒိန်​မြို့၊ သေ​ကာ​က​မြို့၊"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 62,
      "text": "နိ​ဗ​ရှန်​မြို့၊ မေ​လက်​မြို့၊ အင်္ဂေ​ဒိ​မြို့၊ ရွာ​နှင့်​တ​ကွ​ခြောက်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 15,
      "verse": 63,
      "text": "ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ယေ​ဗု​သိ​လူ​တို့​ကို​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​နှင်​ထုတ်​နိုင်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 1,
      "text": "ယော​သပ်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော​မြေ အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ယေ​ရိ​ခေါ​အိုင်​မှ​ထွက်၍ တော​လမ်း​သို့​လိုက်​လျက်၊ ဗေ​သ​လ​တောင်​တစ်​လျှောက်​လုံး​သွား​သ​ဖြင့်၊"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 2,
      "text": "ဗေ​သ​လ​လု​ဇ​မြို့​သို့​လည်း​ကောင်း၊ အာ​ခိ​အ​တ​ရုတ်​မြို့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 3,
      "text": "အ​နောက်​မျက်​နှာ၌ ယာ​ဖ​လေ​တိ​မြို့​သို့​လည်း​ကောင်း၊ အောက်​ဗက်​ဟော​ရုန်​မြို့​သို့​လည်း​ကောင်း၊ ဂေ​ဇာ​မြို့​သို့​လည်း​ကောင်း ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 4,
      "text": "ထို​သို့ ယော​သပ်၏​သား မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 5,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​နေ​သော မြေ​အ​ပိုင်း​အ​ခြား​သည်၊ အ​ရှေ့​ဘက်၌ အ​တ​ရုတ်​အ​ဒ္ဒါ​မြို့​မှ အ​ထက်​ဗက်​ဟော​ရုန်​မြို့​သို့ လိုက်၍၊"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 6,
      "text": "မြောက်​မျက်​နှာ၌ ပင်​လယ်​နား၊ မိတ်​မေ​သ​မြို့​သို့​ထွက်၏။ တစ်​ဖန် အ​ရှေ့​သို့​မျက်​နှာ​ပြု၍ တာ​နတ်​ရှိ​လော​မြို့ အ​ရှေ့​မှာ​လျှောက်​လျက်၊"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 7,
      "text": "ယ​နော​ဟ​မြို့​သို့​လည်း​ကောင်း၊ ယ​နော​ဟ​မြို့​မှ အ​တ​ရုတ်​မြို့၊ နာ​ရတ်​မြို့၊ ယေ​ရိ​ခေါ​မြို့​သို့​လည်း​ကောင်း ရောက်၍ ယော်​ဒန်​မြစ်၌ ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 8,
      "text": "တာ​ပွါ​မြို့​မှ အ​နောက်​သို့​သွား၍ ကာ​န​မြစ်​သို့​လိုက်​လျက် ပင်​လယ်၌ ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 9,
      "text": "ဤ​ရွေ့​ကား၊ မ​နာ​ရှေ​အ​မျိုး​သား​တို့ အ​မွေ​ခံ​ရ​သော​မြေ၌ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​အ​ဖို့ ခွဲ​ထား​သော​မြို့​များ​နှင့်​တ​ကွ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြို့​ရွာ​များ ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 16,
      "verse": 10,
      "text": "ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ၍ အ​ခွန်​ပေး​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 1,
      "text": "ယော​သပ်၏​သား​ဦး​မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော မြေ​ဟူ​မူ​ကား၊ မ​နာ​ရှေ၏ သား​တည်း​ဟူ​သော ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​သည် စစ်​သူ​ရဲ​ဖြစ်၍၊ ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​ကို​ရ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 2,
      "text": "ယော​သပ်၏​သား မ​နာ​ရှေ၏​သား​ယောက်ျား အ​ခြား​တည်း​ဟူ​သော အ​ဗျေ​ဇာ​သား၊ ဟေ​လက်​သား၊ အ​သ​ရေ​လ​သား၊ ရှေ​ခင်​သား၊ ဟေ​ဖာ​သား၊ ရှ​မိ​ဒ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရေး​တံ​ပြု၍ ရ​ကြ​သေး၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 3,
      "text": "သို့​ရာ​တွင် မ​နာ​ရှေ၊ မာ​ခိ​ရ၊ ဂိ​လဒ်၊ ဟေ​ဖာ​တို့​မှ​ဆင်း​သက်​သော ဇ​လော​ဖဒ်၌ သား​ယောက်ျား​မ​ရှိ၊ သ​မီး​သက်​သက်​သာ ရှိ၏။ သူ၏​သ​မီး​တို့​အ​မည်​ကား၊ မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တည်း။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 4,
      "text": "ထို​မိန်း​မ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ မင်း​များ​ရှေ့​သို့ ချဉ်း​ကပ်၍ အ​ကျွန်ုပ်​တို့​ပေါက်​ဖော်​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို အ​ကျွန်ုပ် တို့​အား​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​ပြီ​ဟု လျှောက်၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​အ​ဘ၏​ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 5,
      "text": "ထို​သို့ မ​နာ​ရှေ၏​သ​မီး​တို့​သည် သား​တို့​နှင့်​အ​တူ အ​မွေ​ကို​ခံ​ရ၍၊ မ​နာ​ရှေ၏​သား​အ​ချို့​တို့​သည် ဂိ​လဒ်​ပြည်​ကို ရ​သော​ကြောင့်၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​မှ​တစ်​ပါး၊ မ​နာ​ရှေ​အ​မျိုး​သည် ဆယ်​ဖို့​ကို ရ​သေး၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 7,
      "text": "မ​နာ​ရှေ​ခ​ရိုင်​အ​ပိုင်း​အ​ခြား​သည် အာ​ရှာ​ခ​ရိုင်​မှ ရှေ​ခင်​မြို့​ရှေ့​တွင်​ရှိ​သော မိတ်​မေ​သ​မြို့​သို့​သွား၍ လက်​ယာ​ဘက်၌ အင်​တာ​ပွါ​မြို့​သို့ လိုက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 8,
      "text": "တာ​ပွါ​မြို့​နယ်​ကို မ​နာ​ရှေ​ပိုင်​သော်​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​စွန်း​မှာ​ရှိ​သော တာ​ပွါ​မြို့​ကို ဧ​ဖ​ရိမ်​သား​တို့​သည် ပိုင်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 9,
      "text": "တစ်​ဖန် အ​ပိုင်း​အ​ခြား​သည် ကာ​န​မြစ်​တောင်​ဘက်​သို့​လိုက်၍၊ မ​နာ​ရှေ​မြို့​တို့​တွင် ဧ​ဖ​ရိမ်​မြို့​အ​ချို့​ပါ​သော်​လည်း၊ မြစ်​မြောက်​ဘက်​မြေ​သည် မ​နာ​ရှေ​မြေ​ဖြစ်၍ ပင်​လယ်၌​ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 10,
      "text": "တောင်​ဘက်၌ ဧ​ဖ​ရိမ်​မြေ၊ မြောက်​ဘက်၌ မ​နာ​ရှေ​မြေ​ဖြစ်​လျက်၊ ပင်​လယ်​ကန့်​ကွက်၍ မြောက်​ဘက်၌ အာ​ရှာ​ခ​ရိုင်၊ အ​ရှေ့​ဘက်၌ ဣ​သ​ခါ​ခ​ရိုင်​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 11,
      "text": "ထို​ခ​ရိုင်၌ မ​နာ​ရှေ​အ​မျိုး​ရ​သော ပြည်​သုံး​ပြည်​ဟူ​မူ​ကား၊ ဗက်​ရှန်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ အင်္ဒေါ​ရ​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ တာ​နက်​မြို့​နှင့် သူ့​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် သူ့​မြို့​ရွာ​များ​တို့​ကို ရ​သေး၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 12,
      "text": "သို့​ရာ​တွင် မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် ထို​မြို့​တို့​ကို​မ​သိမ်း​မ​ယူ​နိုင်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် ထို​အ​ရပ်၌ အ​နိုင်​နေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် အား​တိုး​ပွား​သော​အ​ခါ၊ ထို​ခါ​န​နိ​လူ​တို့​ကို အ​ကုန်​အ​စင်​မ​နှင်​ထုတ်​ဘဲ အ​ခွန်​ပေး​စေ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 14,
      "text": "ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​သ​ဖြင့် အ​မျိုး​ကြီး​ဖြစ်၍၊ ကိုယ်​တော်​သည် တစ်​ဖို့​တစ်​ခ​ရိုင်​တည်း​ကို​သာ အ​ဘယ်​ကြောင့်​ပေး​ပါ​သ​နည်း​ဟု ယော​ရှု​အား​မေး​လျှောက်​ကြ​သော်၊"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 15,
      "text": "ယော​ရှု​က၊ သင်​တို့​သည်​အ​မျိုး​ကြီး​ဖြစ်၍ ဧ​ဖ​ရိမ်​တောင်​ကျဉ်း​မြောင်း​လျှင်၊ တော​အ​ရပ်​သို့​သွား၍ ဖေ​ရ​ဇိ​ပြည်၊ ရေ​ဖိမ်​ပြည်၌ ခုတ်​လှဲ​ကြ​လော့​ဟု ပြန်​ပြော၏။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 16,
      "text": "ယော​သပ်​အ​မျိုး​သား​တို့​က​လည်း၊ ဧ​ဖ​ရိမ်​တောင်​သည် အ​ကျွန်ုပ်​တို့​အ​ဖို့ မ​လောက်​ပါ။ ချိုင့်​အ​ရပ် ဗက်​ရှန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ယေ​ဇ​ရေ​လ​ချိုင့်၌​လည်း​ကောင်း​နေ​သော ခါ​န​နိ​လူ​အ​ပေါင်း​တို့​သည် သံ​ရ​ထား​နှင့် ပြည့်​စုံ​ပါ​သည်​ဟု လျှောက်​ပြန်​လျှင်၊"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 17,
      "text": "ယော​ရှု​က၊ သင်​တို့​သည် အ​မျိုး​ကြီး​ဖြစ်၍ ခွန်​အား​ကြီး​သော​ကြောင့်၊ တစ်​ဖို့​တည်း​ကို​သာ မ​ယူ​ရ။"
    },
    {
      "book": 6,
      "chapter": 17,
      "verse": 18,
      "text": "တောင်​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ သစ်​ပင်​များ​လျှင် ခုတ်​လှဲ​ရ​မည်။ ထွက်​ရာ​လမ်း​တို့​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ ခါ​န​နိ​လူ​တို့​သည် ခွန်​အား​ကြီး၍ သံ​ရ​ထား​နှင့် ပြည့်​စုံ​သော်​လည်း၊ သူ​တို့​ကို နှင်​ထုတ်​ကြ​လိမ့်​မည်​ဟု ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တည်း​ဟူ​သော ယော​သပ်​အ​မျိုး​သား​တို့​အား ပြော​ဆို၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ရှိ​လော​မြို့​မှာ​စည်း​ဝေး၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို တည်​ထောင်​ကြ၏။ သူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​နှိမ့်​ချ​လျက်​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 2,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​ခု​နစ်​မျိုး​တို့​သည်၊ အ​မွေ​မြေ​ကို​မ​ခံ​ရ​သေး​သည်​ဖြစ်၍၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 3,
      "text": "ယော​ရှု​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​မြေ​ကို သင်​တို့​သည် မ​သိမ်း​မ​ယူ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 4,
      "text": "သင်​တို့​တွင် အ​မျိုး​တစ်​မျိုး​လျှင် လူ​သုံး​ယောက်​စီ​ရွေး​ကောက်၍ ငါ​စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​သို့​ထ​သွား၍ အ​မွေ​ခံ​သင့်​သည်​အ​တိုင်း ရေး​သား​ပြီး​မှ ငါ့​ထံ​သို့​ပြန်​လာ​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 5,
      "text": "သူ​တို့​သည် ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​ကြ​မည်။ ယု​ဒ​အ​မျိုး​သည် တောင်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။ ယော​သပ်​အ​မျိုး​သည် မြောက်​ဘက်​မိ​မိ​နေ​ရာ၌ နေ​ရ​မည်။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 6,
      "text": "ပြည်​ကို ခု​နစ်​ပိုင်း​ပိုင်း​ခြား​ပြီး​မှ၊ ပြည်​ပုံ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 7,
      "text": "လေ​ဝိ​သား​တို့​သည် သင်​တို့​နှင့်​ရော၍ အ​ဖို့​ကို​မ​ယူ​ရ။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​သည် သူ​တို့​အ​မွေ​ဖြစ်၏။ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ အ​မွေ​မြေ​ကို​ခံ​ယူ​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 8,
      "text": "ထို​လူ​တို့​သည် ထ၍​သွား​သ​ဖြင့်၊ ယော​ရှု​က​လည်း၊ တစ်​ပြည်​လုံး​သို့ လျှောက်၍​ရေး​သား​ပြီး​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်​ဟု ပြည်​ပုံ​ကို ရေး​သား​ခြင်း​ငှာ သွား​သော​သူ​တို့​ကို မှာ​ထား​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 9,
      "text": "သူ​တို့​သည် တစ်​ပြည်​လုံး​သို့ လျှောက်​သွား​သ​ဖြင့်၊ မြို့​ရွာ​ရှိ​သည်​အ​တိုင်း စာ၌​ခု​နစ်​ပိုင်း​ပိုင်း၍ ရေး​သား​ပြီး​မှ ယော​ရှု​နေ​ရာ ရှိ​လော​တပ်​သို့ ရောက်​လာ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 10,
      "text": "ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 11,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​မြေ​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့် ယော​သပ်​အ​မျိုး​သား​တို့​စပ်​ကြား​မှာ​ကျ၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 12,
      "text": "မြေ​အ​ပိုင်း​အ​ခြား​သည် မြောက်​မျက်​နှာ၌ ယော်​ဒန်​မြစ်​မှ​ထွက်၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​နား၌​လည်း​ကောင်း၊ အ​နောက်​ဘက် တောင်​ပေါ်၌​လည်း​ကောင်း လျှောက်​လျက် ဗေ​သ​ဝင်​တော​သို့​ထွက်​သွား၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 13,
      "text": "တစ်​ဖန် တောင်​မျက်​နှာ​သို့​သွား၍ ဗေ​သ​လ​လု​ဇ​မြို့​နား၌ လျှောက်​သ​ဖြင့်၊ အောက်​ဗက်​ဟော​ရုန်​မြို့ တောင်​ဘက်​မှာ​ရှိ​သော တောင်​ခြေ​ရင်း အ​တ​ရုတ်​အ​ဒ္ဒါ​မြို့​သို့ ရောက်​ပြီး​လျှင်၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 14,
      "text": "ထို​တောင်​မှ​ထွက်၍ အိုင်​တောင်​ကွေ့​ကို ဝိုင်း​သ​ဖြင့်၊ ယု​ဒ​အ​မျိုး​သား​နေ​သော ကိ​ရ​ယတ်​ယာ​ရိမ် မြို့​တည်း​ဟူ​သော ကိ​ရ​ယတ်​ဗာ​လ​မြို့​သို့ ထွက်​သွား၏။ ဤ​ရွေ့​ကား အ​နောက်​ဘက်​အ​ပိုင်း​အ​ခြား​တည်း။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 15,
      "text": "တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​စွန်း​မှ အ​နောက်​ဘက်​နား၌ နေ​ဖ​တော​ရေ​တွင်း​သို့ ရောက်​ပြီး​လျှင်၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 16,
      "text": "ဟိ​န္နုံ​သား၏​ချိုင့်​ရှေ့​မှာ၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ခြေ​ရင်း​သို့​လာ၍ ယေ​ဗု​သိ​မြို့​တောင်​ဘက် ဟိ​န္နုံ​ချိုင့်​သို့​လည်း​ကောင်း၊ အင်္ရော​ဂေ​လ​ရွာ​သို့​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 17,
      "text": "မြောက်​ဘက်​နား၌ အင်​ရှေ​မက်​ရွာ​သို့​လည်း​ကောင်း၊ အ​ဒု​မ္မိမ်​ကုန်း​တစ်​ဖက် ဂေ​လိ​လုတ်​ရွာ​သို့​လည်း​ကောင်း၊ ရု​ဗင်​သား​ဗော​ဟန်၏ ကျောက်​သို့​လည်း​ကောင်း ရောက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 18,
      "text": "တစ်​ဖန် အ​ရာ​ဗ​မြို့ မြောက်​မျက်​နှာ​တစ်​ဖက် လွင်​ပြင်​နား​မှာ​လျှောက်၍ အ​ရာ​ဗ​မြို့​သို့​ရောက်​သ​ဖြင့်၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 19,
      "text": "ဗက်​ဟော​ဂ​လ​မြို့ မြောက်​ဘက်​နား​မှာ​လျှောက်၍ သော​ဒုံ​အိုင်​မြောက်​ကွေ့၊ ယော်​ဒန်​မြစ်​ဝ၌ ဆုံး​လေ၏။ ဤ​ရွေ့​ကား တောင်​ဘက်​အ​ပိုင်း​အ​ခြား​တည်း။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 20,
      "text": "ယော်​ဒန်​မြစ်​သည် အ​ရှေ့​ဘက်​ပိုင်း​ခြား​လျက်​ရှိ၏။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြေ​နယ် ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 21,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​များ​ဟူ​မူ​ကား၊ ယေ​ရိ​ခေါ​မြို့၊ ဗေ​သော​ဂ​လ​မြို့၊ ဧ​မ​က္ကေ​ဇဇ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 22,
      "text": "ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 23,
      "text": "အာ​ဝိမ်​မြို့၊ ပါ​ရ​မြို့၊ ဩ​ဖ​ရာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 24,
      "text": "ခေ​ဖာ​ဟာ​မော​နဲ​မြို့၊ ဩ​ဖ​နိ​မြို့၊ ဂါ​ဘ​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​နှစ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 25,
      "text": "ထို​မှ​တစ်​ပါး၊ ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 26,
      "text": "မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 27,
      "text": "ရေ​ကင်​မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊"
    },
    {
      "book": 6,
      "chapter": 18,
      "verse": 28,
      "text": "ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗု​သိ​မြို့၊ ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​လေး​မြို့​တည်း။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​အ​မွေ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 1,
      "text": "ဒု​တိ​ယ​တစ်​ကြိမ်​စာ​ရေး​တံ​ပြု၍၊ ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ယု​ဒ​အ​မွေ​မြေ​အ​တွင်း၌ အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 2,
      "text": "သူ​တို့​အ​မွေ​မြေ၌​ရှိ​သော မြို့​များ​ဟူ​မူ​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 3,
      "text": "ဟာ​ဇာ​ရွာ​လ​မြို့၊ ဗာ​လာ​မြို့၊ အာ​ဇင်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 4,
      "text": "ဧ​လ​တော​လဒ်​မြို့၊ ဗေ​သု​လ​မြို့၊ ဟော​မာ​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 5,
      "text": "ဇိ​က​လတ်​မြို့၊ ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇာ​သု​သ​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 6,
      "text": "ဗက်​လေ​ဗောက်​မြို့၊ ရှ​ရု​ဟင်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​သုံး​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 7,
      "text": "ထို​မှ​တစ်​ပါး၊ အင်​ရိ​မ္မုန်​မြို့၊ တော​ခင်​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊ ရွာ​နှင့်​တ​ကွ လေး​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 8,
      "text": "ထို​မှ​တစ်​ပါး တောင်​မျက်​နှာ၌ ဗာ​လတ်​ဗေ​ရ​ရာ​မတ်​မြို့​တိုင်​အောင် အ​ထက်​ဆို​ခဲ့​ပြီး​သော မြို့​ပတ်​ဝန်း​ကျင် ရွာ​ရှိ​သ​မျှ​ပါ​သ​တည်း။ ဤ​ရွေ့​ကား ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 9,
      "text": "ရှိ​မောင်​အ​မွေ​မြေ​သည် ယု​ဒ​အ​မျိုး​သား​ခံ​သော အ​ဖို့​ထဲ​က​နုတ်​ရ၏။ ယု​ဒ​အ​မျိုး​သား​တို့​အ​ဖို့​သည် ကြီး​ကျယ်​သော​ကြောင့်၊ သူ​တို့​အ​မွေ​မြေ​အ​တွင်း၌ ရှိ​မောင်​အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 10,
      "text": "တ​တိ​ယ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။ သူ​တို့​အ​မွေ​မြေ​အ​ပိုင်း​အ​ခြား​သည် စာ​ရိဒ်​မြို့​မှ​ထွက်၍၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 11,
      "text": "အ​နောက်​သို့​သွား​လျက် မ​ရာ​လ​မြို့၊ ဒ​ဗ္ဗ​ရှက်​မြို့​သို့​လည်း​ကောင်း၊ ယော​က​နံ​မြို့​ရှေ့​မှာ​ရှိ​သော မြစ်​သို့​လည်း​ကောင်း မီ​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 12,
      "text": "တစ်​ဖန် စာ​ရိဒ်​မြို့​မှ နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ​သို့​လှည့်​သ​ဖြင့်၊ ခိ​သ​လု​တ္တာ​ဗော်​မြို့၊ ဒါ​ဗ​ရတ်​မြို့​သို့ ရောက်​ပြီး​လျှင်၊ ယာ​ဖျာ​မြို့​သို့ တက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 13,
      "text": "ထို​မြို့​မှ​စ၍ အ​ရှေ့​ဘက်​နား​မှာ​လိုက်​လျက်၊ ဂိ​တ္တ​ဟေ​ဖာ​မြို့၊ အိ​တ္တ​ကာ​ဇိန်​မြို့၊ ရိ​မ္မုန်​မေ​သော​ရ​နေ​အာ​မြို့​သို့ ရောက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 14,
      "text": "မြောက်​ဘက်၌​လည်း​ဝိုင်း​သ​ဖြင့်၊ ဟ​န္န​သုန်​မြို့​သို့​ရောက်၍ ယိ​ဖ​သေ​လ​ချိုင့်၌ ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 15,
      "text": "ထို​မှ​တစ်​ပါး၊ က​တ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​တည်း​ဟူ​သော ရွာ​နှင့်​တ​ကွ ဆယ်​နှစ်​မြို့​ရှိ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 16,
      "text": "ဤ​ရွေ့​ကား​မြို့​ရွာ​ပါ​လျက် ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 17,
      "text": "စ​တု​တ္ထ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဣ​သ​ခါ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 18,
      "text": "သူ​တို့​အ​ပိုင်း​အ​ခြား​သည် ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု​လုတ်​မြို့၊ ရှု​နင်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 19,
      "text": "ဟာ​ဖ​ရိမ်​မြို့၊ ရှိ​ဟုန်​မြို့၊ အာ​န​ဟာ​ရတ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 20,
      "text": "ရ​ဗ္ဗိတ်​မြို့၊ ကိ​ရှုန်​မြို့၊ အာ​ဗက်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 21,
      "text": "ရေ​မက်​မြို့၊ အင်္ဂ​န္နိမ်​မြို့၊ အင်္ဟ​ဒ္ဒါ​မြို့၊ ဗက်​ပ​ဇ္ဇက်​မြို့​ပါ​လျက်၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 22,
      "text": "တာ​ဗော်​မြို့၊ ရာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​သို့​ရောက်၍ ယော်​ဒန်​မြစ်၌ ဆုံး​လေ၏။ ရွာ​နှင့်​တ​ကွ ဆယ်​ခြောက်​မြို့​ရှိ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 23,
      "text": "ဤ​ရွေ့​ကား​မြို့​ရွာ​ပါ​လျက် ဣ​သ​ခါ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​အ​မွေ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 24,
      "text": "ပ​ဥ္စ​မ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ အာ​ရှာ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 25,
      "text": "သူ​တို့​အ​ပိုင်း​အ​ခြား​သည် ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 26,
      "text": "အာ​လ​မ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​ပါ​လျက်၊ အ​နောက်​မျက်​နှာ၌ က​ရ​မေ​လ​မြို့၊ ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​သို့ ရောက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 27,
      "text": "တစ်​ဖန် နေ​ထွက်​ရာ​ဘက်​သို့​လှည့်၍ ဗက်​ဒါ​ဂုန်​မြို့၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ ယိ​ဖ​သေ​လ​ချိုင့်​ကို​လျှောက်​သ​ဖြင့်၊ မြောက်​မျက်​နှာ​သို့​သွား၍ ဗေ​သ​မက်​မြို့၊ န​ယေ​လ​မြို့၊ ကာ​ဗု​လ​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 28,
      "text": "ဟေ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟ​မ္မုန်​မြို့၊ ကာ​န​မြို့၊ ဇိ​ဒုန်​မြို့​ကြီး​တိုင်​အောင် ရောက်​ပြီး​လျှင်၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 29,
      "text": "ရာ​မ​မြို့၊ ခိုင်​ခံ့​သော​တု​ရု​မြို့၊ ဟော​သ​မြို့​သို့​လှည့်​လျက်၊ ပင်​လယ်​ကမ်း​ပါး​မှ​စ၍ အာ​ခ​ဇိပ်​မြို့​တိုင်​အောင် ပင်​လယ်၌​ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 30,
      "text": "အု​မ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​နှင့်​တ​ကွ ရွာ​ပါ​လျက် နှစ်​ဆယ်​နှစ်​မြို့ ရှိ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 31,
      "text": "ဤ​ရွေ့​ကား မြို့​ရွာ​ပါ​လျက် အာ​ရှာ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 32,
      "text": "ဆ​ဋ္ဌ​မတစ်​ကြိမ် စာ​ရေး​တံ​ပြု၍ နဿ​လိ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 33,
      "text": "သူ​တို့​အ​ပိုင်း​အ​ခြား​သည် ဟေ​လပ်​မြို့၊ အာ​လုန်​မြို့၊၊ ဇာ​န​န္နိမ်​မြို့၊ အာ​ဒ​မိ​မြို့၊ နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့၊ လာ​ကုံ​မြို့​ပါ​လျက် ယော်​ဒန်​မြစ်၌​ဆုံး​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 34,
      "text": "တစ်​ဖန် အ​နောက်​မျက်​နှာ​သို့​လှည့်​သ​ဖြင့် အာ​ဇ​နု​တ္တာ​ဘော်​မြို့၊ ဟု​ကုတ်​မြို့​သို့​ရောက်၍၊ တောင်​ဘက်၌ ဇာ​ဗု​လုန်​ခ​ရိုင်၊ အ​နောက်​ဘက်၌ အာ​ရှာ​ခ​ရိုင်၊ နေ​ထွက်​ရာ​ဘက်၌ ယော်​ဒန်​မြစ် အ​ပိုင်း​အ​ခြား​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 35,
      "text": "ခိုင်​ခံ့​သော​မြို့​များ​ဟူ​မူ​ကား၊ ဇိ​ဒ္ဒိမ်​မြို့၊ ဇေ​ရ​မြို့၊ ဟ​မ္မတ်​မြို့၊ ရ​က္ကတ်​မြို့၊ ဂင်္နေ​သ​ရက်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 36,
      "text": "အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 37,
      "text": "ကေ​ဒေ​ရှ​မြို့၊ အင်​ဟာ​ဇော်​မြို့၊ ဧ​ဒြိ​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 38,
      "text": "ဣ​ရုန်​မြို့၊ မိ​ဂ​ဒ​လေ​လ​မြို့၊ ဟော​ရင်​မြို့၊ ဗေ​သ​နတ်​မြို့၊ ဗက်​ရှေ​မက်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​ကိုး​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 39,
      "text": "ဤ​ရွေ့​ကား မြို့​ရွာ​ပါ​လျက်၊ နဿ​လိ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 40,
      "text": "သ​တ္တ​မ​တစ်​ကြိမ် စာ​ရေး​တံ​ပြု၍ ဒန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 41,
      "text": "သူ​တို့​အ​မွေ​ခံ​ရ​သော မြို့​များ​ဟူ​မူ​ကား၊ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 42,
      "text": "ရှာ​လ​ဗ္ဗိန်​မြို့၊ အာ​ယ​လုန်​မြို့၊ ယေ​သ​လ​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 43,
      "text": "ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 44,
      "text": "ဧ​လ​တေ​က​မြို့၊ ဂိ​ဗ္ဗ​သုန်​မြို့၊ ဗာ​လပ်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 45,
      "text": "ယေ​ဟုတ်​မြို့၊ ဗေ​န​ဗေ​ရက်​မြို့၊ ဂါ​သ​ရိ​မ္မုန်​မြို့၊"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 46,
      "text": "မေ​ယာ​ကုန်​မြို့၊ ရ​က္ကုန်​မြို့၊ ယာ​ဖော​မြို့​ရှေ့​မှာ​ရှိ​သော​မြေ ပါ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 47,
      "text": "ဒန်​အ​မျိုး​သား​ရ​သော​မြေ​သည် ကျဉ်း​မြောင်း​သော​ကြောင့်၊ လဲ​ရှ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​လုပ်​ကြံ​သ​ဖြင့် နေ​ရာ​ချ​ကြ၏။ လဲ​ရှ​မြို့​ကို၊ အ​မျိုး၏​အ​ဘ​ဒန်​ကို အ​စွဲ​ပြု၍၊ ဒန်​မြို့​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 48,
      "text": "ဤ​ရွေ့​ကား​မြို့​ရွာ​ပါ​လျက်၊ ဒန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ခံ​ရ​သော​အ​မွေ​တည်း။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 49,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြေ​တစ်​ပြင်​လုံး​ကို အ​ပိုင်း​အ​ခြား​နှင့်​တ​ကွ ဝေ​ဖန်၍​အ​မွေ​ခံ​ပြီး​မှ၊ နုန်၏​သား​ယော​ရှု​အား အ​မွေ​မြေ​ကို ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 50,
      "text": "သူ​တောင်း​သော​မြို့ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တိ​မ​နဿေ​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း ပေး​သ​ဖြင့်၊ သူ​သည် မြို့​ကို​တည်​ထောင်၍ နေ​လေ၏။"
    },
    {
      "book": 6,
      "chapter": 19,
      "verse": 51,
      "text": "ဤ​ရွေ့​ကား ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၌ ဝေ​ပေး​သော အ​မွေ​ခံ​စ​ရာ​မြေ အ​သီး​အ​သီး​ပေ​တည်း။ ဤ​ရွေ့​ကား၊ ပြည်​ကို​ဝေ​ဖန်​သော​အ​မှု​ပြီး​လေ၏။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို ခေါ်​တော်​မူ၍၊"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 2,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 3,
      "text": "လူ​အ​သက်​ကို သတ်​မည်​ဟု အ​ကြံ​မ​ရှိ​ဘဲ အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည် ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ကြ​လော့။ သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ မှီ​ခို​ရာ​မြို့ ဖြစ်​ရ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 4,
      "text": "ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့ ပြေး​သော​သူ​သည် မြို့​တံ​ခါး​ဝ၌​ရပ်၍၊ ထို​မြို့၌ အ​သက်​ကြီး​သူ​တို့​အား မိ​မိ​အ​မှု​ကို ကြား​ပြော​သော​အ​ခါ၊ သူ​တို့​သည် မြို့​ထဲ​သို့​ခေါ်၍ သူ​တို့​ထံ​မှာ နေ​ရာ​ချ​ရ​ကြ​မည်။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 5,
      "text": "သေ​စား​သေ​စေ​သော​သူ​သည် လိုက်​လာ​လျှင်၊ သူ့​လက်​သို့ သတ်​မိ​သော​သူ​ကို မ​အပ်​ရ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မိ​မိ​အ​ဖော်​ကို အ​ငြိုး​မ​ထား​ဘဲ အ​မှတ်​တ​မဲ့​သတ်​မိ၏။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 6,
      "text": "ထို​သူ​သည် ပ​ရိ​သတ်​ရှေ့​သို့​ရောက်၍ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​မီ​သော်​လည်း​ကောင်း၊ ထို​ကာ​လ ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​သော်​လည်း​ကောင်း ထို​မြို့၌​နေ​ရ​မည်။ ထို​နောက်​မှ ပြန်​လာ၍ အ​ထက်​ပြေး​ရ​သော​မြို့၊ မိ​မိ​နေ​ရင်း​အိမ်၌ နေ​ရ​သော​အ​ခွင့်​ရှိ​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 7,
      "text": "သူ​တို့​သည် ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​တောင်​ပေါ်​မှာ ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ပေါ်​မှာ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 8,
      "text": "ယော်​ဒန်​မြစ်​တစ်​ဖက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​မှာ ရု​ဗင်​ခ​ရိုင်၊ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​ခ​ရိုင်၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့၊ မ​နာ​ရှေ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​တို့​ကို​လည်း​ကောင်း ရွေး​ထား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 20,
      "verse": 9,
      "text": "ဤ​မြို့​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​မှတ်​တ​မဲ့ လူ​အ​သက်​ကို သတ်​မိ​သော​သူ​သည် သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ ပ​ရိ​သတ်​ရှေ့​သို့ မ​ရောက်​မီ​တိုင်​အောင် ပြေး​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ ရွေး​ထား​သော​မြို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 1,
      "text": "လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​ထံ​သို့​ချဉ်း​ကပ်၍၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 2,
      "text": "အ​ကျွန်ုပ်​တို့​နေ​စ​ရာ​ဖို့ မြို့​တို့​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​တို့​မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​ပြီ​ဟု ခါ​နာန်​ပြည်၊ ရှိ​လော​မြို့၌ ပြော​ဆို​ကြ​လျှင်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မိ​မိ​တို့​အ​မွေ​ခံ​ရ​သော​မြေ​ထဲ​က၊ မြို့​နှင့် မြို့​နယ်​တို့​ကို​ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 4,
      "text": "စာ​ရေး​တံ​ပြု၍ ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည် အ​မွေ​ခံ​ရာ​တွင်၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ယု​ဒ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဆယ်​သုံး​မြို့​ကို ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 5,
      "text": "ကြွင်း​သော​ကော​ဟတ်​သား​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဒန်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဆယ်​မြို့​ကို​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 6,
      "text": "ဂေ​ရ​ရှုံ​သား​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ဣ​သ​ခါ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က၊ ဆယ်​သုံး​မြို့​ကို​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 7,
      "text": "မေ​ရာ​ရိ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က၊ ဆယ်​နှစ်​မြို့​ကို​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ ထို​မြို့​တို့​ကို​မြို့​နယ်​နှင့်​တ​ကွ လေ​ဝိ​သား​တို့​အား​ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 9,
      "text": "ယု​ဒ​အ​မျိုး​သား​ခ​ရိုင်၊ ရှိ​မောင်​အ​မျိုး​သား​ခ​ရိုင်​ထဲ​က​ပေး၍ လေ​ဝိ​သား​ဖြစ်​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 10,
      "text": "အာ​ရုန်၏​သား​မြေး​တို့​သည် ပ​ထ​မ​စာ​ရေး​တံ​အား​ဖြင့်​ရ​သော မြို့​တို့၏​အ​မည်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 11,
      "text": "ယု​ဒ​ခ​ရိုင်​တောင်​ကြား၌ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော အာ​န​က​အ​ဘ၊ အာ​ဘ​နေ​သော​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 12,
      "text": "သို့​ရာ​တွင် မြို့​နှင့်​ဆိုင်​သော လယ်​များ၊ ရွာ​များ​တို့​ကို ယေ​ဖု​န္နာ၏​သား ကာ​လက်​အား အ​ပိုင်​ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 13,
      "text": "လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဟေ​ဗြုန်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​အား​ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး၊ လိ​ဗ​န​မြို့​နှင့် မြို့​နယ်၊ ယ​တ္တိ​ရ​မြို့​နှင့် မြို့​နယ်၊ ဧ​ရှ​တေ​မော​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 15,
      "text": "ဟော​လုန်​မြို့​နှင့် မြို့​နယ်၊ ဒေ​ဗိ​ရ​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 16,
      "text": "အ​ဣ​န​မြို့​နှင့် မြို့​နယ်၊ ယု​တ္တ​မြို့​နှင့် မြို့​နယ်၊ ဗက်​ရှေ​မက်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော ထို​ခ​ရိုင်​နှစ်​ခ​ရိုင်​ထဲ​က ကိုး​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 17,
      "text": "ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 18,
      "text": "အာ​န​သုတ်​မြို့​နှင့် မြို့​နယ်၊ အာ​လ​မုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 19,
      "text": "အာ​ရုန်၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​ရ​သော​မြို့​ပေါင်း​ကား၊ မြို့​နယ်​ပါ​သော​မြို့ ဆယ်​သုံး​မြို့​ရှိ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 20,
      "text": "ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​ဖြစ်​သော လေ​ဝိ​သား​တို့​သည် စာ​ရေး​တံ​ပြု၍ ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ရ​သည်​အ​တိုင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 21,
      "text": "လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့​ဖြစ်​စေ​ခြင်း​ငှာ၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 22,
      "text": "ထို​မှ​တစ်​ပါး ဂေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ကိ​ဗ​ဇိမ်​မြို့​နှင့် မြို့​နယ်၊ ဗေ​သော​ရုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 23,
      "text": "ဒန်​ခ​ရိုင်​ထဲ​က ဧ​လ​တေ​က​မြို့​နှင့် မြို့​နယ်၊ ဂိ​ဗ္ဗိ​သုန်​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 24,
      "text": "အာ​ဇ​လုန်​မြို့​နှင့် မြို့​နယ်၊ ဂါ​သ​ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 25,
      "text": "မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က တာ​နက်​မြို့​နှင့် မြို့​နယ်၊ ဂါ​သ​ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 26,
      "text": "ကြွင်း​သော ကော​ဟတ်​သား​အ​ဆွေ​အ​မျိုး​တို့​သည် ရ​သော​မြို့​နယ်​နှင့်​တ​ကွ မြို့​ပေါင်း​ကား ဆယ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 27,
      "text": "လေ​ဝိ​အ​ဆွေ​အ​မျိုး၊ ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ ဗေ​ရှ​တေ​ရ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော နှစ်​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 28,
      "text": "ဣ​သ​ခါ​ခ​ရိုင်​ထဲ​က ကိ​ရှုန်​မြို့​နှင့် မြို့​နယ်၊ ဒါ​ဗ​ရေ​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 29,
      "text": "ယာ​မုတ်​မြို့​နှင့် မြို့​နယ်၊ အင်္ဂ​န္နမ်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 30,
      "text": "အာ​ရှာ​ခ​ရိုင်​ထဲ​က မိ​ရှ​လ​မြို့​နှင့်​မြို့​နယ်၊ အာ​ဗ​ဒုန်​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 31,
      "text": "ဟေ​လ​ကတ်​မြို့​နှင့် မြို့​နယ်၊ ရ​ဟော​ဘ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 32,
      "text": "နဿ​လိ​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂါ​လိ​လဲ​ပြည်၌ ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဟ​မ္မု​ဒ္ဒေါ​မြို့​နှင့် မြို့​နယ်၊ ကာ​တံ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော သုံး​မြို့​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 33,
      "text": "ဂေ​ရ​ရှုံ​သား​တို့​သည်၊ အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​နယ်​နှင့်​တ​ကွ မြို့​ပေါင်း​ကား ဆယ်​သုံး​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 34,
      "text": "ကြွင်း​သော​လေ​ဝိ​သား၊ မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​တို့​အား ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က ယော​က​နံ​မြို့​နှင့် မြို့​နယ်၊ ကာ​တ​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 35,
      "text": "ဒိ​မ​န​မြို့​နှင့် မြို့​နယ်၊ န​ဟာ​လာ​လ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 36,
      "text": "ရု​ဗင်​ခ​ရိုင်​ထဲ​က လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ တော၌ ဗေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယ​ဟာ​ဇ​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 37,
      "text": "ကေ​ဒ​မုတ်​မြို့​နှင့် မြို့​နယ်၊ မေ​ဖတ်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 38,
      "text": "ဂဒ်​ခ​ရိုင်​ထဲ​က၊ လူ​အ​သက်​ကို​သတ်​မိ​သော​သူ မှီ​ခို​ရာ​မြို့၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 39,
      "text": "ဟေ​ရှ​ဘုန်​မြို့​နှင့် မြို့​နယ်၊ ယာ​ဇာ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း​ပေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 40,
      "text": "ကြွင်း​သော​လေ​ဝိ​အ​ဆွေ​အ​မျိုး မေ​ရာ​ရိ​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​နယ်​နှင့်​တ​ကွ မြို့​ပေါင်း​ကား ဆယ်​နှစ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 41,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား နေ​ရာ​နိုင်​ငံ​အ​ဝင်၊ လေ​ဝိ​သား​နေ​သော မြို့​ပေါင်း​ကား၊ မြို့​နယ်​နှင့်​တ​ကွ လေး​ဆယ်​ရှစ်​မြို့​တည်း။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 42,
      "text": "ထို​မြို့​ရှိ​သ​မျှ​တို့​သည် ပတ်​ဝန်း​ကျင်​နယ်​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 43,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပြည်​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သိမ်း​ယူ၍ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 44,
      "text": "ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သ​မျှ​အ​တိုင်း၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ငြိမ်​ဝပ်​ရာ​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​ရှေ့​မှာ အ​ဘယ်​ရန်​သူ​မျှ​မ​ရပ်​နိုင်။ ရန်​သူ​အ​ပေါင်း​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 21,
      "verse": 45,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​လျော့၊ ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 1,
      "text": "တစ်​ဖန် ယော​ရှု​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​သည် ပြု၍၊ ငါ​မှာ​ထား​သ​မျှ​သော စ​ကား​ကို​လည်း နား​ထောင်​ကြ​ပြီ။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 3,
      "text": "ယ​နေ့​တိုင်​အောင် ကြာ​မြင့်​စွာ​သော​ကာ​လ​ပတ်​လုံး သင်​တို့​သည် ညီ​အစ်​ကို​များ​ကို မ​စွန့်​ဘဲ​နေ၍၊ သင်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​မှာ​ထား​တော်​မူ​သ​မျှ​ကို စောင့်​ရှောက်​ကြ​ပြီ။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 4,
      "text": "ယ​ခု​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ညီ​အစ်​ကို​တို့​အား ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ သင်​တို့​ပြန်၍ ကိုယ်​နေ​ရာ​အိမ်​သို့​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သည်​အ​တိုင်း၊ ကိုယ်​ပိုင်​သော​မြေ​သို့​လည်း​ကောင်း သွား​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 5,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​တိုင်း ကျင့်၍၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​ခြင်း၊ လမ်း​တော်​အ​လုံး​စုံ​တို့၌ လိုက်​သွား​ခြင်း၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း၊ ကိုယ်​တော်၌ ဆည်း​ကပ်​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း​ငှာ​ကြိုး​စား၍ သ​တိ​ပြု​ကြ​လော့​ဟု​မှာ​ထား​လျက်၊"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 6,
      "text": "ကောင်း​ချီး​ပေး၍ လွှတ်​လိုက်​လေ၏။ သူ​တို့​သည် ကိုယ်​နေ​ရာ​အိမ်​သို့ သွား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 7,
      "text": "မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​အား မော​ရှေ​သည် ဗာ​ရှန်​ပြည်၌ မြေ​ကို​ပေး​နှင့်​ပြီ။ အ​မျိုး​တစ်​ဝက်​အား ယော​ရှု​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်၌ သူ​တို့​ညီ​အစ်​ကို​များ​နှင့် အ​တူ မြေ​ကို​ပေး၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 8,
      "text": "ယော​ရှု​က​လည်း၊ သင်​တို့​သည် အ​လွန်​ဥ​စ္စာ​ရ​တတ်၍ များ​စွာ​သော တိ​ရ​စ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​ဝတ်​တန်​ဆာ​များ​တို့​ကို​ယူ​ဆောင်​လျက် သင်​တို့​နေ​ရာ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ ရန်​သူ​တို့၌ လု​ယူ၍​ရ​သော​ဥ​စ္စာ​ကို သင်​တို့​ညီ​အစ်​ကို​များ၌ ဝေ​ဖန်​ကြ​လော့​ဟု​မှာ​ထား​လျက်၊ ကောင်း​ချီး​ပေး၍ သူ​တို့​နေ​ရာ​အိမ်​သို့ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ပိုင်​ထိုက်​သော​မြေ၊ ဂိ​လဒ်​ပြည်​သို့​သွား​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​ရာ ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​မှ ထွက်​သွား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 10,
      "text": "ခါ​နာန်​ပြည်၊ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ထင်​ရှား​စွာ​သော ယဇ်​ပ​လ္လင်​ကြီး​ကို တည်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 11,
      "text": "ထို​သို့ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ခါ​နာန်​ပြည်​တစ်​ဖက်၊ ယော်​ဒန်​မြစ်​နား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ကူး​ရာ​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို တည်​ကြ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​တင်း​ကြား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 12,
      "text": "ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် စစ်​ချီ​ခြင်း​ငှာ၊ ရှိ​လော​မြို့၌​စည်း​ဝေး​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​အ​ထဲ​က ရွေး​ကောက်၍၊ လူ​တစ်​ထောင်​ကို​အုပ်​သော အ​ဆွေ​အ​မျိုး သူ​ကြီး​ဆယ်​ပါး​တို့​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့ စေ​လွှတ်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 15,
      "text": "ထို​မင်း​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့​ရောက်၍၊"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါင်း​တို့ မှာ​လိုက်​သည်​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ ယဇ်​ပ​လ္လင်​ကို တည်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်၊ ယ​နေ့​လွှဲ​သွား​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​အ​ပြစ်​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 17,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့​မ​လိုက် လွှဲ​သွား​ရ​မည်​အ​ကြောင်း၊ ပေ​ဂု​ရ​အ​ပြစ်​သည် ငါ​တို့​အ​ဖို့​မ​လောက်​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ ဘေး​ကြီး​ရောက်​သော်​လည်း၊ ယ​နေ့​တိုင်​အောင် ထို​အ​ပြစ်​မ​ရှင်း​လင်း​သေး။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 18,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ နက်​ဖြန်​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 19,
      "text": "သို့​သော်​လည်း သင်​တို့​အ​ပိုင်​ရ​သော​မြေ​သည် မ​စင်​ကြယ်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား အ​ပိုင်​ယူ​တော်​မူ၍၊ တဲ​တော်​ရှိ​ရာ​မြေ​သို့ ကူး​သ​ဖြင့် ငါ​တို့​နှင့်​အ​တူ အ​ပိုင်​ယူ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး၊ အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို ကိုယ်​အ​ဖို့​တည်၍ ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​နှင့်။ ငါ​တို့​ကို​လည်း မ​ပုန်​ကန်​ကြ​နှင့်။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 20,
      "text": "ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 21,
      "text": "ထို​အ​ခါ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​တွင် လူ​တစ်​ထောင်​စီ​အုပ်​သော အ​ကဲ​အ​မှူး​တို့​အား ပြန်​ပြော​လေ​သည်​မှာ၊"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 22,
      "text": "မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် သိ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​လည်း ကိုယ်​တိုင်​သိ​ရ​လိမ့်​မည်။ ပုန်​ကန်​မည်​အ​ကြံ၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မည်​အ​ကြံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်​ဘဲ လွှဲ​သွား​ခြင်း​ငှာ ငါ​တို့​သည် ယဇ်​ပ​လ္လင်​ကို တည်​သည်​မှန်​လျှင်၊ ယ​နေ့ ဘေး​မ​လွတ်​ပါ​စေ​နှင့်။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 23,
      "text": "ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​မည်​အ​ကြံ​ရှိ​လျှင်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် စစ်​ကြော​တော်​မူ​ပါ​စေ။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 24,
      "text": "နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ အို ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌​ပိုင်း​ခြား​လျက် ယော်​ဒန်​မြစ်​ကို ထား​တော်​မူ​ပြီ။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သား​မြေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​ဘဲ​နေ​စေ​မည်​အ​ကြောင်း၊ သင်​တို့​သား​မြေး​တို့​သည် ပြု​ကြ​မည်​ဟု​စိုး​ရိမ်၍ ဤ​အ​မှု​ကို ပြု​ပြီ​မ​ဟုတ်​လော။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 26,
      "text": "သို့​ဖြစ်၍ ငါ​တို့​သည် ယဇ်​ပ​လ္လင်​ကို​တည်​ခြင်း​ငှာ ပြင်​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို ပူ​ဇော်​မည်​အ​ကြံ ရှိ​သည်​မ​ဟုတ်။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 27,
      "text": "ငါ​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​အ​မျိုး​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​မှု​ကို ရှေ့​တော်၌ ဆောင်​ရွက်​ခြင်း​ငှာ​လည်း​ကောင်း၊ နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​လျှင်း​မ​ဆိုင်​ကြ​ဟု ငါ​တို့​သား​မြေး​တို့​အား မ​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​ယဇ်​ပ​လ္လင်​သည် ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၊ ငါ​တို့​သား​မြေး​နှင့် သင်​တို့​သား​မြေး​စပ်​ကြား​မှာ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ တည်​ကြ​ပါ​ပြီ။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 28,
      "text": "နောင်​ကာ​လ၌ သူ​တို့​သည် ငါ​တို့​နှင့် ငါ​တို့​သား​မြေး​တို့​အား ထို​သို့​ပြော​ဆို​လျှင်၊ ငါ​တို့​က ငါ​တို့​အ​ဘ​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို ပူ​ဇော်​ခြင်း​ငှာ​မ​ဟုတ်၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား​မှာ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ တည်​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပုံ​ကို ကြည့်​ကြ​လော့​ဟု ပြန်​ပြော​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ ငါ​တို့​သည်​တိုင်​ပင်​ကြ​ပြီ။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 29,
      "text": "တဲ​တော်​ရှေ့၌​ရှိ​သော ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို တည်၍ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်၍ နောက်​တော်​သို့​မ​လိုက်၊ လွှဲ​သွား​ခြင်း​အ​မှု​သည် ငါ​တို့​နှင့် ဝေး​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 30,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဖိ​န​ဟတ်​နှင့် ပ​ရိ​သတ်​မင်း​များ၊ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​သော အ​ကဲ​အ​မှူး​များ​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​သား​တို့ ပြော​သော​စ​ကား​ကို​ကြား​ရ​သော​အ​ခါ အား​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 31,
      "text": "ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​သား​ဖိ​န​ဟတ်​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​ကြောင်း​ကို ယ​နေ့ ငါ​တို့​သိ​မြင်​ကြ၏။ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​လက်​တော်​မှ ယ​ခု​ကယ်​လွှတ်​ကြ​ပြီ​ဟု ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​အား ပြော​ဆို​ကြ၏။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 32,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​နှင့် မင်း​များ​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး​သား​တို့​နေ​ရာ ဂိ​လဒ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​နေ​ရာ ခါ​နာန်​ပြည်​သို့ ပြန်​လာ၍ သ​တင်း​ကြား​ပြော​သ​ဖြင့်၊"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 33,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ၍ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ၏။ နောက်​တစ်​ဖန် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို လုပ်​ကြံ​အံ့​သော​ငှာ စစ်​ချီ​မည်​ဟု အ​ကြံ​မ​ရှိ​ကြ။"
    },
    {
      "book": 6,
      "chapter": 22,
      "verse": 34,
      "text": "ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို ဤ​ယဇ်​ပ​လ္လင်​သည် ငါ​တို့​စပ်​ကြား​မှာ​သက်​သေ​ခံ​ပါ​စေ​သော​ဟု​ဆို​လျက် ထို​ပ​လ္လင်​ကို ဧ​ဒ​အ​မည်​ဖြင့် မှည့်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင်​နေ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​လွှတ်၍၊ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး​ပေး​တော်​မူ​ပြီး​မှ၊ ယော​ရှု​သည် အ​သက်​ကြီး၍ အို​မင်း​သော​အ​ခါ၊"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော​သူ​များ​နှင့်​တ​ကွ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​သည် အ​သက်​ကြီး​ရင့်၍ အို​မင်း​ပြီ။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 3,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ဤ​လူ​မျိုး​အ​ပေါင်း​တို့၌ ပြု​တော်​မူ​သ​မျှ​ကို သင်​တို့​သည် သိ​မြင်​ကြ​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ​ပြီ။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 4,
      "text": "ယော်​ဒန်​မြစ်​မှ​စ၍ အ​နောက်​ပင်​လယ်​ကြီး​တိုင်​အောင်၊ ငါ​ပယ်​ရှင်း​သ​မျှ​သော လူ​မျိုး​တို့​နှင့်​တ​ကွ ကြွင်း​သေး​သော ဤ​လူ​မျိုး​နေ​သော​ပြည်​ကို သင်​တို့​အ​မျိုး​များ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ငါ​ဝေ​ဖန်​ပြီ။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 5,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ဤ​လူ​မျိုး​တို့​ကို နှင်​ထုတ်၍ သင်​တို့​မ​မြင်​ရ​အောင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့၏​မြေ​ကို သင်​တို့​သည် အ​ပိုင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 6,
      "text": "သို့​ဖြစ်၍ သင်​တို့​သည် မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​လမ်း​မှ လက်​ယာ​ဘက် ဘက်​ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ၊ ပါ​သ​မျှ​အ​တိုင်း ကျင့်​စောင့်​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 7,
      "text": "သင်​တို့​တွင် ကြွင်း​သေး​သော ဤ​လူ​မျိုး​နှင့် မ​ပေါင်း​ဖော်၊ သူ​တို့​ဘု​ရား၏​နာ​မ​ကို မြွက်၍ မ​ကျိန်​ဆို၊ ဝတ်​မ​ပြု​ဦး​မ​ညွှတ်​ဘဲ၊"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 8,
      "text": "ယ​နေ့​တိုင်​အောင်​ကျင့်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၌ ဆည်း​ကပ်​မှီ​ဝဲ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လွန်​ရဲ​ရင့်​သော​စိတ်​ရှိ​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ ကြီး​မား၍​ခွန်​အား​နှင့်​ပြည့်​စုံ​သော လူ​မျိုး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် သင်​တို့​ရှေ့၌ အ​ဘယ်​သူ​မျှ​မ​ရပ်​နိုင်။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 10,
      "text": "သင်​တို့​တစ်​ယောက်​သော်​လည်း အ​ခြား​သော​သူ​တစ်​ထောင်​ကို ပြေး​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ၏။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 11,
      "text": "သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 12,
      "text": "သို့​မ​ဟုတ် သင်​တို့​သည်​ရွေ့​လျော့၍၊ သင်​တို့​တွင် ကျန်​ကြွင်း​သေး​သော ဤ​လူ​မျိုး​တို့၌ မှီ​ဝဲ​လျက်၊ ထိမ်း​မြား​ပေး​စား၍ ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​ရှိ​လျှင်၊"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 13,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နောက်​တစ်​ဖန် ဤ​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မ​မူ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ကောင်း​မွန်​သော​ဤ​ပြည်၌ သင်​တို့​သည် မ​ပျောက်​မ​ပျက်​မီ​တိုင်​အောင် သူ​တို့​သည် သင်​တို့၌​ကျော့​ကွင်း၊ ထောင်​ချောက်၊ သင်​တို့​နံ​စောင်၌ နှင်​တံ၊ သင်​တို့​မျက်​စိ၌ ဆူး​ဖြစ်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 14,
      "text": "ငါ​သော်​ကား၊ မြေ​သား​အ​ပေါင်း​တို့​သွား​ရာ​လမ်း​သို့ ယ​နေ့​သွား​လု​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​ယုတ်​မ​လျော့၊ အ​ကုန်​အ​စင်​ပြည့်​စုံ​ကြောင်း​ကို သင်​တို့​သည် စိတ်​နှ​လုံး​ထဲ​မှာ သိ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 15,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ကောင်း​ကျိုး​အ​ပေါင်း​တို့​သည် သင်​တို့​အ​ပေါ်၌ ရောက်​သ​ကဲ့​သို့၊ ထို​အ​တူ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဤ​ကောင်း​မွန်​သော​ပြည်​မှ သင်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မ​မူ​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ပေါ်၌ ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​ကို ရောက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 6,
      "chapter": 23,
      "verse": 16,
      "text": "သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​လျက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​သွား၍ ဦး​ညွှတ်​ဝတ်​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်၍၊ အ​ရင်​ပေး​တော်​မူ​သော ဤ​ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန်​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ဟော​ပြော၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 1,
      "text": "တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ရှေ​ခင်​မြို့၌ စည်း​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော သူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 2,
      "text": "ထို​အ​ခါ ယော​ရှု​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​လေ​သည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အာ​ဗြ​ဟံ​နှင့် နာ​ခေါ်​တို့၏ အ​ဘ​တေ​ရ​မှ​စ၍ သင်​တို့​ဘိုး​ဘေး​တို့​သည် ရှေး​ကာ​လ၌ မြစ်​ကြီး​တစ်​ဖက်​မှာ​နေ၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို​ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 3,
      "text": "သင်​တို့​အ​ဘ​အာ​ဗြ​ဟံ​ကို မြစ်​ကြီး​တစ်​ဖက်​မှ ငါ​ခေါ်​ပြီး​လျှင်၊ ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့ ပို့​ဆောင်၍ သူ၏​အ​မျိုး​အ​နွယ်​ကို များ​ပြား​စေ​လျက်၊ ဣ​ဇာက်​ကို​ပေး၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 4,
      "text": "ဣ​ဇာက်​အား​လည်း၊ ယာ​ကုပ်​နှင့် ဧ​သော​ကို ငါ​ပေး၍၊ ဧ​သော​အား​လည်း စိ​ရ​တောင်​ကို အ​ပိုင်​ပေး၏။ ယာ​ကုပ်​နှင့် သူ၏​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 5,
      "text": "မော​ရှေ​နှင့်​အာ​ရုန်​ကို ငါ​စေ​လွှတ်၍ အဲ​ဂု​တ္တု​လူ​တို့၌ ပြု​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​ပြည်​ကို ဆုံး​မ​သော​နောက်၊ သင်​တို့​ကို နုတ်​ဆောင်​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 6,
      "text": "ထို​သို့ သင်​တို့​အ​ဘ​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် ဧ​ဒုံ​ပင်​လယ်​သို့​ရောက်၍၊ အဲ​ဂု​တ္တု​လူ​တို့​သည် ရ​ထား​နှင့် မြင်း​စီး​သူ​ရဲ​ပါ​လျက် ထို​ပင်​လယ်​တိုင်​အောင် လိုက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ သင်​တို့​နှင့် အဲ​ဂု​တ္တု​လူ​တို့​စပ်​ကြား​မှာ မှောင်​မိုက်​ကို​ငါ​ထား၍ သူ​တို့​ကို ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၏။ အဲ​ဂု​တ္တု​ပြည်၌ ငါ​ပြု​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ တော၌​လည်း ကာ​လ​ကြာ​မြင့်​စွာ နေ​ရ​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 8,
      "text": "နောက်​တစ်​ဖန် ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​လူ​တို့​ပြည်​သို့ သင်​တို့​ကို ငါ​ပို့​ဆောင်၍၊ သူ​တို့​သည်​စစ်​တိုက်​သော​အ​ခါ သူ​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၍ သူ​တို့​မြေ​ကို သင်​တို့​သည် သိမ်း​ယူ​ကြ၏။ သူ​တို့​ကို သင်​တို့​ရှေ့​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 9,
      "text": "မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်၏​သား​ဗာ​လက်​သည် ထ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သ​ဖြင့်၊ သင်​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ ဗော​ရ၏​သား​ဗာ​လမ်​ကို​ခေါ်​သော​အ​ခါ၊"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 10,
      "text": "ဗာ​လမ်၏​စ​ကား​ကို ငါ​နား​မ​ထောင်​သော​ကြောင့်၊ သူ​သည် အ​ထပ်​ထပ်​ကောင်း​ချီး​ပေး၍ သူ့​လက်​မှ သင်​တို့​ကို ငါ​ကယ်​လွှတ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 11,
      "text": "တစ်​ဖန် သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​သော​အ​ခါ၊ ယေ​ရိ​ခေါ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် သင်​တို့​ကို​စစ်​တိုက်၍ သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 12,
      "text": "သင်​တို့၌ ဓား​နှင့်​လေး​မ​ပါ​ဘဲ၊ သင်​တို့​ရှေ့​မှာ ပျား​တူ​ကို ငါ​စေ​လွှတ်၍၊ အာ​မော​ရိ​မင်း​ကြီး​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 13,
      "text": "သင်​တို့​မ​လုပ်​သော​မြေ၊ မ​တည်​သော​မြို့​တို့​ကို ငါ​ပေး၍ သင်​တို့​သည် နေ​ရ​ကြ၏။ ကိုယ်​တိုင်​မ​စိုက်​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို စား​ရ​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 14,
      "text": "ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍ ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့်​တ​ကွ ဝတ်​ပြု​ကြ​လော့။ မြစ်​ကြီး​တစ်​ဖက်၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော ဘု​ရား​များ​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ​လော့။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 15,
      "text": "သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 16,
      "text": "လူ​များ​တို့​က အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​အ​မှု​သည် အ​ကျွန်ုပ်​တို့​နှင့် ဝေး​ပါ​စေ​သော။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 17,
      "text": "ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘ​တို့​နှင့် ငါ​တို့​ကို​နုတ်​ဆောင်၍၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ငါ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​ပြီ။ ငါ​တို့​သွား​လေ​ရာ​ရာ​အ​ရပ်၊ လျှောက်​လေ​ရာ​ရာ​လူ​မျိုး​တို့​တွင် စောင့်​တော်​မူ​ပြီ။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဤ​ပြည်၌ နေ​သော​သူ အာ​မော​ရိ​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ပါ​မည်။ ထို​ဘု​ရား​သည် ငါ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 19,
      "text": "ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​နိုင်။ ထို​ဘု​ရား​သည် သန့်​ရှင်း​သော​ဘု​ရား၊ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်​တို့ လွန်​ကျူး​ပြစ်​မှား​သော အ​ပြစ်​တို့​ကို သည်း​ခံ​တော်​မ​မူ။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 20,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို ဝတ်​ပြု​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ တစ်​ဖန်​လှည့်၍ ညှဉ်း​ဆဲ​ဖျက်​ဆီး​တော်​မူ​မည်​ဟု ဆို​လျှင်၊"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 21,
      "text": "လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 22,
      "text": "ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ခြင်း​ငှာ ထို​ဘု​ရား​ကို ရွေး​ကြ​ပြီ​ဟု ကိုယ်​အ​မှု၌ ကိုယ်​သက်​သေ​ခံ​ကြ​သည်​ဟု​ဆို​လျှင် သူ​တို့​က၊ သက်​သေ​ခံ​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 23,
      "text": "ယော​ရှု​က၊ သို့​ဖြစ်​လျှင်၊ သင်​တို့​တွင်​ရှိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို​ပယ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ စိတ်​နှ​လုံး​ကို​ညွှတ်​ကြ​လော့​ဟု ဆို​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 24,
      "text": "လူ​များ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ပါ​မည်။ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟု ဝန်​ခံ​ပြီး​မှ၊"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 25,
      "text": "ယော​ရှု​သည် ထို​နေ့၌ လူ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု၍ ရှေ​ခင်​မြို့​မှာ စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို ထား​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 26,
      "text": "ထို​စ​ကား​ကို​လည်း ဘု​ရား​သ​ခင်၏​ဓ​မ္မ​ကျမ်း​စာ၌​ရေး​ထား၍၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​နား​မှာ​ရှိ​သော သ​ပိတ်​ပင်​အောက်၌ ကျောက်​ကြီး​ကို ထောင်​လျက်၊"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 27,
      "text": "ဤ​ကျောက်​သည် ငါ​တို့​အား​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သင်​တို့​အား သက်​သေ​ဖြစ်​ရ​လိမ့်​မည်​ဟု လူ​အ​ပေါင်း​တို့​အား​ပြော​ဆို​ပြီး​မှ၊"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 28,
      "text": "အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​အ​ရပ်​သို့ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 29,
      "text": "ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 30,
      "text": "ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 31,
      "text": "ယော​ရှု​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​တို့​ကို​သိ၍ ယော​ရှု​မ​ရှိ​သည်​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့​လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 32,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော ယော​သပ်၏​အ​ရိုး​တို့​ကို၊ ရှေ​ခင်၏​အ​ဘ ဟာ​မော်၏​သား​တို့​တွင် ငွေ​တစ်​ပိဿာ​နှင့် ယာ​ကုပ်​ဝယ်​သော​ရှေ​ခင်​မြို့​နယ် မြေ​အ​ကွက်၌ သင်္ဂြိုဟ်​ကြ၏။ ထို​မြေ​အ​ကွက်​သည် ယော​သပ်​သား​တို့ အ​မွေ​မြေ​ဖြစ်​သ​တည်း။"
    },
    {
      "book": 6,
      "chapter": 24,
      "verse": 33,
      "text": "အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​လည်း အ​နိ​စ္စ​ရောက်​လေ၏။ သူ၏​သား​ဖိ​န​ဟတ်​အား လူ​များ​ပေး​ခဲ့​သော ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဖိ​န​ဟတ်​ကုန်း၌ သင်္ဂြိုဟ်​ကြ၏။ ယော​ရှု​မှတ်​စာ​ပြီး၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 1,
      "text": "ယော​ရှု အ​နိ​စ္စ​ရောက်​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ရှေ့​ဦး​စွာ​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် ချီ​သွား​ရ​မည်။ ထို​ပြည်​ကို သူ၏​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 3,
      "text": "ယု​ဒ​သည် မိ​မိ​အစ်​ကို​ရှိ​မောင်​အား၊ ခါ​န​နိ​လူ​တို့​ကို​တိုက်​ခြင်း​ငှာ ငါ့​အ​မွေ​မြေ​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ။ သင့်​အ​မွေ​မြေ​သို့​လည်း သင်​နှင့်​အ​တူ ငါ​လိုက်​သွား​မည်​ဟု​ဆို​သည်​အ​တိုင်း ရှိ​မောင်​သည်​လိုက်​သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 4,
      "text": "ယု​ဒ​ချီ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တို့​ကို​အပ်​တော်​မူ​သ​ဖြင့်၊ ဗေ​ဇက်​မြို့၌ လူ​တစ်​ထောင်​ကို သတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 5,
      "text": "အ​ဒေါ​နိ​ဗေ​ဇက်​မင်း​ကို ဗေ​ဇက်​မြို့၌​တွေ့၍၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တို့​ကို​သတ်​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 6,
      "text": "အ​ဒေါ​နိ​ဗေ​ဇက်​သည် ပြေး​လေ၏။ ယု​ဒ​လူ​တို့​သည် လိုက်၍​ဖမ်း​မိ​ပြီး​လျှင် လက်​မ၊ ခြေ​မ​တို့​ကို ဖြတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 7,
      "text": "အ​ဒေါ​နိ​ဗေ​ဇက်​က​လည်း၊ လက်​မ​နှင့် ခြေ​မ​ဖြတ်​သော မင်း​ကြီး​ခု​နစ်​ဆယ်​တို့​သည်၊ အ​ထက်​က ငါ့​စား​ပွဲ​အောက်၌ စား​နုပ်​စား​ပေါက်​ကို ကောက်၍ စား​ရ​ကြ၏။ ငါ​ပြု​ဖူး​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​ပေး​တော်​မူ​ပြီ​ဟု ဆို၏။ ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပို့၍ သူ​သည် ထို​မြို့​မှာ​သေ​လေ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 8,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ယူ၍ ဓား​နှင့်​လုပ်​ကြံ​ပြီး​မှ မီး​ရှို့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 9,
      "text": "ထို​နောက်​တောင်​ပေါ်၌​လည်း​ကောင်း၊ တောင်​မျက်​နှာ၌​လည်း​ကောင်း၊ ချိုင့်​ထဲ၌​လည်း​ကောင်း​နေ​သော ခါ​န​နိ​လူ​တို့​ကို အ​တိုက်​သွား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 10,
      "text": "တစ်​ဖန် ယု​ဒ​အ​မျိုး​သည်၊ ကိ​ရ​ယ​သာ​ဘ​အ​မည်​ဟောင်း​ရှိ​သော ဟေ​ဗြုန်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား၍၊ ရှေ​ရှဲ၊ အ​ဟိ​မန်၊ တာ​လ​မဲ​တို့​ကို​လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 11,
      "text": "တစ်​ဖန် ကိ​ရ​ယဿေ​ဖာ​အ​မည်​ဟောင်း​ရှိ​သော ဒေ​ဗိ​ရ​မြို့​သား​တို့​ရှိ​ရာ​သို့ ချီ​ပြန်၍၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 12,
      "text": "ကာ​လက်​က၊ ကိ​ရ​ယဿေ​ဖာ​မြို့​ကို တိုက်​ယူ​လုပ်​ကြံ​သော​သူ​အား၊ ငါ​သည် သ​မီး​အာ​ခ​သ​ကို ပေး​စား​မည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 13,
      "text": "ကာ​လက်​ညီ​ကေ​နတ်၏​သား ဩ​သံ​ယေ​လ​သည် ထို​မြို့​ကို​တိုက်​ယူ၍၊ ကာ​လက်​သည် သ​မီး​အာ​ခ​သ​ကို သူ့​အား​ပေး​စား​လေ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 14,
      "text": "ထို​မိန်း​မ​သည် ခ​ရီး​သွား​စဉ်​အ​ခါ၊ လယ်​တစ်​ကွက်​ကို အ​ဘ၌​တောင်း​ခြင်း​ငှာ လင်​နှင့်​တိုင်​ပင်​ပြီး​မှ မြည်း​ပေါ်​က​ဆင်း​လေ၏။ အ​ဘ​ကာ​လက်​က၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 15,
      "text": "သ​မီး​က၊ ကောင်း​ချီး​ပေး​စေ​ချင်​ပါ၏။ ကိုယ်​တော်​သည် တောင်​မျက်​နှာ​အ​ရပ်​ကို ပေး​ပါ​ပြီ။ စမ်း​ရေ​တွင်း​တို့​ကို​လည်း ပေး​တော်​မူ​ပါ​ဦး​ဟု တောင်း​သည်​အ​တိုင်း အ​ဘ​သည်​အ​ထက်​စမ်း​ရေ​တွင်း၊ အောက်​စမ်း​ရေ​တွင်း​တို့​ကို ပေး​လေ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 16,
      "text": "မော​ရှေ​ယော​က္ခ​မ၏​သား​မြေး​ဖြစ်​သော ကေ​နိ​အ​မျိုး​သား​တို့​သည်၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ စွန်​ပ​လွံ​မြို့​မှ အာ​ရဒ်​မြို့​တောင်​ဘက်၊ ယု​ဒ​တော​သို့ လိုက်​သွား၍ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 17,
      "text": "တစ်​ဖန် ယု​ဒ​သည် အစ်​ကို​ရှိ​မောင်​နှင့်​အ​တူ​သွား၍ ဇေ​ဖတ်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို လုပ်​ကြံ၍ မြို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​လျှင်၊ ထို​မြို့​ကို​ဟော်​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 18,
      "text": "ယု​ဒ​သည် ဂါ​ဇ​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​ကေ​လုန်​မြို့​နှင့် မြို့​နယ်၊ ဧ​ကြုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း တိုက်​ယူ​လေ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​နှင့်​အ​တူ​ရှိ​တော်​မူ၍၊ သူ​သည် တောင်​ပေါ်​မှာ​နေ​သော သူ​တို့​ကို​နှင်​ထုတ်​လေ၏။ ချိုင့်​သား​တို့​ကို မ​နှင်​ထုတ်​နိုင်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သံ​ရ​ထား​ရှိ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 20,
      "text": "မော​ရှေ​မှာ​ထား​သည်​အ​တိုင်း ဟေ​ဗြုန်​မြို့​ကို ကာ​လက်​အား​ပေး​ကြ၍၊ သူ​သည် အာ​န​က​သား​သုံး​ယောက်​တို့​ကို ထို​မြို့​မှ နှင်​ထုတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 21,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ယေ​ဗု​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 22,
      "text": "ယော​သပ်​အ​မျိုး​သား​တို့​သည်​လည်း၊ ဗေ​သ​လ​မြို့​သို့​ချီ​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 23,
      "text": "လု​ဇ​အ​မည်​ဟောင်း​ရှိ​သော ထို​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ စေ​လွှတ်​သော သူ​လျှို​တို့​သည်၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 24,
      "text": "မြို့​ထဲ​က ထွက်​လာ​သော​လူ​တစ်​ယောက်​ကို တွေ့​မြင်၍၊ မြို့​ထဲ​သို့ ဝင်​သော​လမ်း​ကို ပြ​ပါ​တော့။ သို့​ပြလျှင် သင့်​ကို ချမ်း​သာ​ပေး​မည်​ဟု​ဆို​သော်၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 25,
      "text": "ထို​သူ​သည် မြို့​ထဲ​သို့​ဝင်​သော​လမ်း​ကို ပြ​သ​ဖြင့်၊ သူ​တို့​သည် မြို့​သား​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ ထို​လူ​နှင့် သူ၏​အိမ်​သား​အ​ပေါင်း​တို့​ကို လွှတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 26,
      "text": "ထို​သူ​သည် ဟိ​တ္တိ​ပြည်​သို့​သွား​ပြီး​လျှင်၊ မြို့​ကို​တည်​ထောင်၍ လု​ဇ​အ​မည်​ဖြင့် သ​မုတ်​လေ၏။ ယ​နေ့​တိုင်​အောင် ထို​သို့ ခေါ်​ဝေါ်​ကြ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 27,
      "text": "မ​နာ​ရှေ​အ​မျိုး​သည်၊ ဗက်​ရှန်​မြို့​ရွာ​များ၊ တာ​နက်​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​ရွာ​များ၌​နေ​သော​သူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် အ​နိုင်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 28,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အား​ကြီး​သော​အ​ခါ၊ ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​သော်​လည်း အ​ခွန်​ကို​ဆက်​သွင်း​စေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 29,
      "text": "ထို​အ​တူ ဧ​ဖ​ရိမ်​အ​မျိုး​သည် ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ဂေ​ဇာ​မြို့၌ ရော​နှော​လျက်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 30,
      "text": "ထို​အ​တူ ဇာ​ဗု​လုန်​အ​မျိုး​သည် ကိ​တ​ရုန်​မြို့​သား၊ န​ဟာ​လော​လ​မြို့​သား​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် ရော​နှော​လျက်​နေ၍၊ အ​ခွန်​ပေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 31,
      "text": "ထို​အ​တူ​အာ​ရှာ​အ​မျိုး​သည် အ​က္ခော​မြို့​သား၊ ဇိ​ဒုန်​မြို့​သား၊ အာ​လပ်​မြို့​သား၊ အာ​ခ​ဇိပ်​မြို့​သား၊ ဟေ​လ​ဗ​မြို့​သား၊ အာ​ဖိတ်​မြို့​သား၊ ရ​ဟော​ဘ​မြို့​သား​တို့​ကို မ​နှင်​ထုတ်​ဘဲ၊"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 32,
      "text": "အာ​ရှာ​အ​မျိုး​သား​တို့​သည် ပြည်​သား​ခါ​န​နိ​လူ​တို့​နှင့် ရော​နှော၍ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 33,
      "text": "ထို​အ​တူ နဿ​လိ​အ​မျိုး​သည် ဗက်​ရှေ​မက်​မြို့​သား၊ ဗေ​သ​နတ်​မြို့​သား​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ပြည်​သား​ခါ​န​နိ​လူ​တို့​နှင့် ရော​နှော၍​နေ​ကြ၏။ သို့​ရာ​တွင် ဗက်​ရှေ​မက်​မြို့​သား၊ ဗေ​သ​နတ်​မြို့​သား​တို့​သည် အ​ခွန်​ပေး​လျက် နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 34,
      "text": "အာ​မော​ရိ​လူ​တို့​သည်​လည်း ဒန်​အ​မျိုး​သား​တို့​ကို တောင်​ပေါ်​သို့​နှင်​သ​ဖြင့်၊ ချိုင့်​ထဲ​မှာ နေ​ရ​သော​အ​ခွင့်​ကို​မ​ပေး​ကြ။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 35,
      "text": "အာ​မော​ရိ​လူ​တို့​သည် ဟေ​ရက်​တောင်​ပေါ်​မြို့၊ အာ​ဇ​လုန်​မြို့၊ ရှာ​လ​ဗိမ်​မြို့၌ အ​နိုင်​နေ​ကြ၏။ သို့​ရာ​တွင် ယော​သပ်​အ​မျိုး​သား​တို့​သည် အား​ကြီး​သ​ဖြင့် အာ​မော​ရိ​လူ​တို့​သည် အ​ခွန်​ပေး​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 1,
      "verse": 36,
      "text": "အာ​မော​ရိ​လူ​နေ​ရ​သော​အ​ရပ်​သည် အ​က​ရ​ဗ္ဗိမ်​ကုန်း​နား၊ သေ​လ​မြို့​မှ​စ၍ အ​ထက်​အ​ရပ်​ပေ​တည်း။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည်၊ ဂိ​လ​ဂါ​လ​မြို့​မှ ဗော​ခိမ်​မြို့​သို့​လာ၍၊ သင်​တို့ ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​သို့ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​ဆောင်​ခဲ့​ပြီ။ သင်​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ငါ​မ​ဖျက် အ​စဉ်​အ​မြဲ​စောင့်​မည်။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​သည် ဤ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို လှဲ​ချ​ရ​မည်​ဟု ငါ​ဆို​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 3,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဤ​ပြည်​သား​တို့​ကို သင်​တို့​ရှေ့​မှ ငါ​မ​နှင်​ထုတ်။ သူ​တို့​သည် သင်​တို့​တစ်​ဖက်၌ မု​ဆိုး​လုပ်​လျက်၊ သူ​တို့​ဘု​ရား​တို့​သည်​လည်း သင်​တို့၌ ကျော့​ကွင်း​ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​မိန့်​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 5,
      "text": "ထို​အ​ရပ်​ကို ဗော​ခိမ်​အ​မည်​ဖြင့်​မှည့်၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 6,
      "text": "အ​ထက်​က ယော​ရှု​သည် လူ​များ​တို့​ကို လွှတ်​လိုက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​မြေ​ကို သိမ်း​ယူ​ခြင်း​ငှာ သွား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 7,
      "text": "ယော​ရှု​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သိ​မြင်၍၊ ယော​ရှု​မ​ရှိ​သော​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့ လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 9,
      "text": "ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 10,
      "text": "ယော​ရှု​လက်​ထက် ကာ​လ၌ ဖြစ်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ဘိုး​ဘေး​တို့ စု​ဝေး​ရာ​သို့​ရောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော​အ​မှု​တို့​ကို​လည်း​ကောင်း မ​သိ​သော နောင်​ကာ​လ​အ​မျိုး​သား​တို့​သည် ပေါ်​လာ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 11,
      "text": "ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 12,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ သူ​တို့​ကို ဆောင်​ခဲ့​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​မျိုး​တို့၏ ဘု​ရား​တစ်​ပါး​တို့​နောက်​သို့ လိုက်​လျက်​ဦး​ညွှတ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို ထွက်​စေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ​သော​ကြောင့်၊"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 15,
      "text": "သူ​တို့​သည် ထွက်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ လက်​တော်​အ​ဆီး​အ​တား​နှင့် တွေ့၍ အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 16,
      "text": "သို့​ရာ​တွင် လု​ယူ​သော​သူ​တို့​လက်​မှ ကယ်​လွှတ်​သော တ​ရား​သူ​ကြီး​တို့​ကို ထာ​ဝ​ရ​ဘု​ရား ပေါ်​ထွန်း​စေ​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 17,
      "text": "ထို​တ​ရား​သူ​ကြီး​တို့​စ​ကား​ကို​လည်း သူ​တို့​သည် နား​မ​ထောင်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နှင့်​မှား​ယွင်း၍ ဦး​ညွှတ်​ကြ၏။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​ကျင့်၍ လိုက်​သော​လမ်း​မှ သူ​တို့​သည် အ​လျင်​အ​မြန်​လွဲ​သွား​သ​ဖြင့်၊ ဘိုး​ဘေး​ကျင့်​သည်​အ​တိုင်း မ​ကျင့်​ကြ။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​ကို ပေါ်​ထွန်း​စေ​သော​အ​ခါ သူ​နှင့်​အ​တူ​ရှိ၍၊ သူ့​လက်​ထက်​ပတ်​လုံး ဣ​သ​ရေ​လ​လူ​တို့​ကို ရန်​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ မြည်​တမ်း​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 19,
      "text": "တ​ရား​သူ​ကြီး​သေ​သော​နောက်၊ သူ​တို့​သည် တစ်​ဖန် ဘိုး​ဘေး​ထက်​သာ၍ ဆိုး​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နောက်​သို့​လိုက်​လျက် ဝတ်​ပြု၍ ဦး​ညွှတ်​ကြ၏။ မိ​မိ​တို့​အ​ကျင့်​ဓ​လေ့​နှင့် ကြမ်း​တမ်း​သော​လမ်း​ကို မ​စွန့်​မ​ပယ်​ကြ။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ ဤ​လူ​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်။ သူ​တို့​ဘိုး​ဘေး​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​ကြောင့်၊"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 21,
      "text": "ယော​ရှု​သေ​သော​နောက် ကျန်​ကြွင်း​ရစ်​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​ကို သူ​တို့​ရှေ့​မှ နောက်​တစ်​ဖန် ငါ​မ​နှင်​ထုတ်။"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 22,
      "text": "သူ​တို့​ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ လိုက်​ခြင်း​ငှာ စောင့်​ရှောက်​သ​ကဲ့​သို့ သူ​တို့​သည်​စောင့်​ရှောက်​မည်​လော၊ မ​စောင့်​ရှောက်​လော​ဟု ကျန်​သေး​သော​လူ​မျိုး​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​စုံ​စမ်း​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 7,
      "chapter": 2,
      "verse": 23,
      "text": "ထို​လူ​မျိုး​ကို ယော​ရှု​လက်၌​မ​အပ်၊ အ​လျင်​အ​မြန် မ​နှင်​ထုတ်​ဘဲ​နေ​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 1,
      "text": "ခါ​နာန်​ပြည်၌ တိုက်​သော စစ်​မှု​ရှိ​သ​မျှ​တို့​ကို မ​သိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ စစ်​မှု​ကို​မ​သိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည် စစ်​အ​တတ်​ကို​သင်၍ တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ချန်​ထား​တော်​မူ​သော လူ​မျိုး​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 3,
      "text": "ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဘိုး​ဘေး​တို့​ကို မှာ​ထား​တော်​မူ​သော ပ​ညတ်​များ​အ​တိုင်း​ကျင့်​မည် မ​ကျင့်​မည်​ကို​ထင်​ရှား​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​ကို စုံ​စမ်း​ဖို့​ရာ ဖြစ်​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​တွင်​နေ၍၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 6,
      "text": "သူ​တို့​သ​မီး​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျက်၊ မိ​မိ​တို့​သ​မီး​ကို​ပေး​စား​လျက်၊ သူ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 7,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​တော်​ထွက်၍၊ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှစ်​နှစ်​ပတ်​လုံး ထို​ရှင်​ဘု​ရင်​ထံ၌​ကျွန်​ခံ​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 9,
      "text": "နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ ကာ​လက်​ညီ၊ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​ကို သူ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ စစ်​ချီ​လေ၏။ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်၌ ထာ​ဝ​ရ​ဘု​ရား​အပ်​တော်​မူ​သ​ဖြင့်၊ သူ​သည် ထို​ရှင်​ဘု​ရင်​ကို အောင်​လေ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 11,
      "text": "အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​ပြီး​မှ၊ ကေ​နတ်၏​သား ဩ​သံ​ယေ​လ​သည် သေ​လေ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 12,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 13,
      "text": "ထို​မင်း​သည် အ​မ္မုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​လျက်​ချီ​သွား၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ စွန်​ပ​လွံ​မြို့​ကို သိမ်း​ယူ​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး မော​ဘ​ရှင်​ဘု​ရင် ဧ​ဂ​လုန်​မင်း​ထံ၌ ကျွန်​ခံ​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 15,
      "text": "နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ လက်​ယာ​လက်​ကို​မ​သုံး​တတ်​သော ဗင်္ယာ​မိန်​အ​မျိုး၊ ဂေ​ရ​သား​ဧ​ဟု​ဒ​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။ သူ့​လက်​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် လက်​ဆောင်​ကို မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ ပေး​လိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 16,
      "text": "ဧ​ဟု​ဒ​သည် အ​လျား​တစ်​တောင်​ရှိ​သော သန်​လျက်​ကို​လုပ်၍ လက်​ယာ​ပေါင်​အ​ဝတ်​တွင်း၌ စည်း​ထား​ပြီး​လျှင်၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 17,
      "text": "မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​လေ၏။ ဧ​ဂ​လုန်​သည် အ​လွန်​ဝ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 18,
      "text": "ဧ​ဟု​ဒ​သည် လက်​ဆောင်​ကို​ဆက်​ပြီး​လျှင်၊ လက်​ဆောင်​ကို ထမ်း​သော​သူ​တို့​ကို လွှတ်​လိုက်၍၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 19,
      "text": "ဂိ​လ​ဂါ​လ​မြို့​နား၌​ရှိ​သော ကျောက်​တိုင်​တို့​မှ ကိုယ်​တိုင်​ပြန်​လာ၍၊ ဘု​ရား​ကျွန်​တော်​သည် တိတ်​ဆိတ်​စွာ လျှောက်​စ​ရာ​အ​ကြောင်း​ရှိ​ပါ​သည်​ဟု ဆို​လျှင်၊ ရှင်​ဘု​ရင်​က၊ တိတ်​ဆိတ်​စွာ​နေ​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ထံ​တော်၌ ခ​စား​သော သူ​အ​ပေါင်း​တို့​သည် ထွက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 20,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် ကိုယ်​တိုင် တစ်​ယောက်​တည်း​နေ​တတ်​သော နွေ​နန်း​ဆောင်၌ ထိုင်​နေ​စဉ်၊ ဧ​ဟု​ဒ​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ပါ​ပါ၏​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​သည် ထ​လေ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 21,
      "text": "ဧ​ဟု​ဒ​သည် လက်​ဝဲ​လက်​ကို​ဆန့်​လျက် သန်​လျက်​ကို လက်​ယာ​ပေါင်​မှ​ထုတ်၍ ရှင်​ဘု​ရင်၏​ဝမ်း​ကို​ထိုး​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 22,
      "text": "လက်​ကိုင်​အ​ရိုး​နှင့်​တ​ကွ သန်​လျက်​မြုပ်​ဝင်၍၊ ဝမ်း​ထဲ​က မ​နုတ်​နိုင်​အောင် ဆီ​ဥ​သည် သန်​လျက်​ကို​လွှမ်း​လျက်၊ ချေး​နု​လည်း ထွက်​လျက်​ရှိ​လေ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 23,
      "text": "ထို​အ​ခါ ဧ​ဟု​ဒ​သည် အ​ခန်း​ပြင်​သို့ ထွက်​ပြီး​လျှင် နန်း​တော်​တံ​ခါး​တို့​ကို ပိတ်၍ သော့​ခတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 24,
      "text": "ထွက်​သွား​သော​နောက်၊ ကျွန်​တော်​မျိုး​အ​ချို့​တို့​သည်​လာ၍ နန်း​တော်​တံ​ခါး၌ သော့​ခတ်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ စင်​စစ် နွေ​နန်း​ဆောင်၌ စက်​တော်​ခေါ်​သည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 25,
      "text": "ရှက်​ကြောက်​သည်​တိုင်​အောင် ငံ့​နေ​ပြီး​မှ၊ သူ​တို့​အ​ရှင်​သည် တံ​ခါး​ကို မ​ဖွင့်​သော​ကြောင့်၊ သူ​တို့​သည် သော့​ကို​ယူ၍ ဖွင့်​ကြည့်​သော​အ​ခါ၊ မြေ​ပေါ်​မှာ​လဲ၍ သေ​လျက်​ရှိ​သော မိ​မိ​တို့​အ​ရှင်​ကို တွေ့​မြင်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 26,
      "text": "ထို​သို့ သူ​တို့​သည် ငံ့​နေ​ကြ​စဉ်​တွင်၊ ဧ​ဟု​ဒ​သည် ဘေး​လွတ်​သ​ဖြင့်၊ ကျောက်​တိုင်​တို့​ကို​လွန်၍ စိ​ရပ်​ရွာ​သို့​ရောက်​ပြီး​မှ၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 27,
      "text": "ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 28,
      "text": "သူ​က​လည်း ငါ့​နောက်​သို့ လိုက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ရန်​သူ မော​ဘ​လူ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို​သည်​အ​တိုင်း၊ သူ့​နောက်​မှာ​ဆင်း၍ ယော်​ဒန်​မြစ်​ကူး​ရာ မော​ဘ​ပြည်​သို့​သွား​ရာ​လမ်း​ကို ဆီး​တား​သ​ဖြင့်၊ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကူး​စေ​ရ။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 29,
      "text": "ထို​အ​ခါ ခွန်​အား​ကြီး​သော မော​ဘ​စစ်​သူ​ရဲ​တစ်​ယောက်​မျှ မ​လွတ်​ဘဲ၊ လူ​တစ်​သောင်း​ကို​သတ်၍၊"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 30,
      "text": "မော​ဘ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​လက်၌​ရှုံး​သ​ဖြင့်၊ အ​နှစ်​ရှစ်​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး ငြိမ်း​လေ၏။"
    },
    {
      "book": 7,
      "chapter": 3,
      "verse": 31,
      "text": "ဧ​ဟု​ဒ​နောက်​မှာ အာ​နတ်​သား​ရှံ​ဂါ​ပေါ်​ထွန်း၍၊ တုတ်​ချွန်​နှင့် ဖိ​လိ​တ္တိ​လူ​ခြောက်​ရာ​တို့​ကို သတ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကယ်​လွှတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 1,
      "text": "ဧ​ဟု​ဒ​သေ​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ဖန် ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဟာ​ဇော်​မြို့၌ မင်း​ပြု​သော ခါ​နာန်​ရှင်​ဘု​ရင် ယာ​ဘိန်၌ ရောင်း​တော်​မူ၏။ သူ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ကား၊ ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့၌ နေ​သော​သိ​သ​ရ​တည်း။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 3,
      "text": "ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 4,
      "text": "ထို​ကာ​လ​အ​ခါ လ​ပိ​ဒုတ်​မယား ပ​ရော​ဖက်​မ​ဒေ​ဗော​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 5,
      "text": "သူ​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရာ​မ​မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား၊ ဒေ​ဗော​ရ စွန်​ပ​လွံ​ပင်​အောက်​မှာ​နေ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပ​ရော​ဖက်​မ၏ စီ​ရင်​ခြင်း​ကို​ခံ​အံ့​သော​ငှာ ရောက်​လာ​တတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 6,
      "text": "တစ်​ဖန် ဒေ​ဗော​ရ​သည် လူ​ကို​စေ​လွှတ်၍၊ နဿ​လိ​ခ​ရိုင် ကေ​ဒေ​ရှ​မြို့​မှာ​နေ​သော အ​ဘိ​နောင်၏​သား ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်၊ သင်​သည် နဿ​လိ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က လူ​တစ်​သောင်း​ကို​သွေး​ဆောင်၍ တာ​ဗော်​တောင်​သို့ သွား​လော့။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 7,
      "text": "ငါ​သည်​လည်း ယာ​ဘိန်​မင်း၏​ဗိုလ်​ချုပ် သိ​သ​ရ​နှင့် ရ​ထား​ဗိုလ်​ပါ​များ​ကို သင်​ရှိ​ရာ​ကိ​ရှုန်​မြစ်​သို့ သွေး​ဆောင်၍ သင့်​လက်၌​အပ်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဟု ဆင့်​ဆို​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 8,
      "text": "ဗာ​ရက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ကြွ​လျှင် အ​ကျွန်ုပ်​သွား​ပါ​မည်။ ကြွ​တော်​မ​မူ​လျှင်​မူ​ကား မ​သွား​ပါ​ဟု လျှောက်​သော်၊"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 9,
      "text": "ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 10,
      "text": "ဗာ​ရက်​သည် နဿ​လိ​အ​မျိုး​သား၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်၍ လိုက်​သော​သူ တစ်​သောင်း​နှင့်​တ​ကွ ဒေ​ဗော​ရ​ပါ​လျက် တက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 11,
      "text": "မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 12,
      "text": "အ​ဘိ​နောင်၏​သား ဗာ​ရက်​သည် တာ​ဗော်​တောင်​ပေါ်​သို့ တက်​ကြောင်း​ကို သိ​သ​ရ​အား ကြား​ပြော​လျှင်၊"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 13,
      "text": "သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 14,
      "text": "ဒေ​ဗော​ရ​က​လည်း ထ​လော့။ ယ​နေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို သင့်​လက်၌ အပ်​တော်​မူ​သော​နေ့ ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ ကြွ​တော်​မူ​ပြီ မ​ဟုတ်​လော​ဟု ဆို​လေ​သော်၊ ဗာ​ရက်​သည် လူ​တစ်​သောင်း​နှင့်​တ​ကွ တာ​ဗော်​တောင်​ပေါ်​က ဆင်း​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​မှ​စ၍ သူ၏​ရ​ထား​များ​နှင့် ဗိုလ်​ပါ​စစ်​သည်​များ အ​ပေါင်း​တို့​ကို ဗာ​ရက်​ရှေ့​မှာ ဓား​ဖြင့် ရှုံး​စေ​တော်​မူ​သော​ကြောင့်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​မှ​ဆင်း၍ ခြေ​ဖြင့်​ပြေး​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 16,
      "text": "ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 17,
      "text": "သိ​သ​ရ​သည် ကေ​နိ​အ​မျိုး​သား ဟေ​ဗာ၏​မ​ယား ယေ​လ၏​တဲ​သို့ ခြေ​ဖြင့်​ပြေး၏။ ထို​ကာ​လ၌ ဟာ​ဇော်​ရှင်​ဘု​ရင်​ယာ​ဘိန်​သည် ဟေ​ဗာ​အ​မျိုး​သား​ချင်း ကေ​နိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ရှိ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 18,
      "text": "ယေ​လ​သည် သိ​သ​ရ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်၍၊ သ​ခင်​ဝင်​ပါ၊ ကျွန်​မ​ဆီ​သို့ ဝင်​ပါ။ စိုး​ရိမ်​တော်​မ​မူ​ပါ​နှင့်​ဟု ခေါ်​သည်​အ​တိုင်း၊ သူ​သည် ယေ​လ​နေ​ရာ​တဲ​ထဲ​သို့​ဝင်၍ ယေ​လ​သည် သူ့​ကို စောင်​နှင့်​ခြုံ​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 19,
      "text": "သူ​က​လည်း၊ ငါ​ရေ​ငတ်​သည်၊ ရေ​အ​နည်း​ငယ်​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊ မိန်း​မ​သည် နွား​နို့​ဘူး​ကို​ဖွင့်၍ သောက်​စေ​ပြီး​မှ တစ်​ဖန် ခြုံ​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 20,
      "text": "သူ​က​လည်း၊ တဲ​တံ​ခါး​ဝ၌ နေ​ပါ။ လူ​တစ်​စုံ​တစ်​ယောက်​က ယောက်ျား​ရှိ​သ​လော​ဟု လာ၍​မေး​လျှင် မ​ရှိ​ကြောင်း​ကို ပြော​လော့​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 21,
      "text": "ထို​အ​ခါ ဟေ​ဗာ​မ​ယား​ယေ​လ​သည် သိ​သ​ရ​မော​လျက် အိပ်​ပျော်​စဉ်​တွင်၊ တဲ​တံ​သင်​တစ်​ချောင်း​နှင့် လက်​ရိုက်​ကို​ကိုင်​လျက် သူ့​ထံ​သို့ တိတ်​ဆိတ်​စွာ​သွား၍ တံ​သင်​ကို မြေ၌​စွဲ​စေ​သည်​တိုင်​အောင် သူ၏​နား​ပန်း​ထဲ​သို့ ရိုက်​သွင်း​သ​ဖြင့် သိ​သ​ရ​သည် သေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 22,
      "text": "ဗာ​ရက်​သည် သိ​သ​ရ​ကို လိုက်​ရှာ​သော​အ​ခါ၊ ယေ​လ​ထွက်၍ ကျွန်​မ​ဆီ​သို့ ဝင်​ပါ။ ရှာ​သော​သူ​ကို ပြ​ပါ​မည်​ဟု ကြို​ဆို​လျှင်၊ ဗာ​ရက်​သည် တဲ​ထဲ​သို့​ဝင်၍ သိ​သ​ရ​သေ​လျက်၊ နား​ပန်း၌ တံ​သင်​စူး​လျက်​ရှိ​သည်​ကို မြင်​လေ၏။"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 23,
      "text": "ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​နာန်​ရှင်​ဘု​ရင်​ယာ​ဘိန်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ နှိမ့်​ချ​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 4,
      "verse": 24,
      "text": "သူ​တို့​သည် ထို​ရှင်​ဘု​ရင်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် အ​စဉ်​အောင်​လျက်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 1,
      "text": "ထို​နေ့၌ ဒေ​ဗော​ရ​နှင့် အ​ဘိ​နောင်၏​သား ဗာ​ရက်​တို့​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​တို့​သည် အ​ဦး​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​သည် စေ​တ​နာ​စိတ်​နှင့် မိ​မိ​ကိုယ်​ကို လှူ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 3,
      "text": "အို​ရှင်​ဘု​ရင်​တို့ ကြား​ကြ​လော့။ အို​မင်း​သား​တို့ နား​ထောင်​ကြ​လော့။ ငါ​သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​မည်။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် စိ​ရ​တောင်​ရိုး​ပေါ်​မှ​ကြွ၍ ဧ​ဒုံ​တော​မှ စစ်​ချီ​တော်​မူ​သော​အ​ခါ၊ မြေ​ကြီး​လှုပ်၍ မိုး​ရွာ​သ​ဖြင့် မိုး​တိမ်​တို့​မှ မိုး​ရေ​သည်​စီး​ပါ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 5,
      "text": "တောင်​ရိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​လည်း​ကောင်း၊ သိ​နာ​တောင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​လည်း​ကောင်း တုန်​လှုပ်​ပါ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 6,
      "text": "အာ​နတ်​သား ရှံ​ဂါ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ ယေ​လ​မင်း​လက်​ထက်၌​လည်း​ကောင်း၊ လမ်း​မ​တို့​သည် ဆိတ်​ညံ​လျက်​ရှိ၍ ခ​ရီး​သွား​သော​သူ​တို့​သည် လမ်း​ကြား​တို့၌ လိုက်​သွား​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​ဆက်​ပြတ်​လျက်​ရှိ၏။ ငါ​ဒေ​ဗော​ရ​သည် မ​ပေါ်၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​မိ​မ​ပေါ်​ထွန်း​မီ​တိုင်​အောင် မင်း​ဆက်​ပြတ်​လျက်​ရှိ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​တို့​ကို ရွေး​ယူ​ကြ၏။ ထို​အ​ခါ သူ​တို့​မြို့​များ​ကို ရန်​သူ​တို့​သည် တိုက်​လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား လေး​သောင်း​တွင် ဒိုင်း​လွှား​တစ်​ခု၊ လှံ​တစ်​စင်း​မျှ မ​ရှိ။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 9,
      "text": "စေ​တ​နာ​စိတ်​ရှိ၍ ဆင်း​ရဲ​သား​တို့​တွင် မိ​မိ​ကိုယ်​ကို​လှူ​သော ဣ​သ​ရေ​လ​အ​မျိုး မင်း​တို့​အား​ငါ​စိတ်​နူး​ညွတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 10,
      "text": "ဖြူ​သော​မြည်း​ကို စီး​သော​သူ၊ တ​ရား​မှု​ကို စီ​ရင်​သော​သူ၊ လမ်း၌​သွား​သော​သူ​တို့၊"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 11,
      "text": "ရေ​ကျင်း​များ​အ​နား​မှာ လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​သော​သူ​တို့၏​အ​သံ​ကို ကြား​သော​အ​ခါ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​သော​အ​မှု၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထို​အ​ရပ်​တို့​တွင် ချီး​မွမ်း​ကြ​လိမ့်​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​သည် မိ​မိ​တို့​နေ​သော​မြို့​သို့ ပြန်​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 12,
      "text": "နိုး​ပါ၊ နိုး​ပါ၊ ဒေ​ဗော​ရ။ နိုး​ပါ၊ နိုး​ပါ၊ သီ​ချင်း​ဆို​ပါ၊ အို​ဗာ​ရက်၊ ထ​ပါ၊ အ​ဘိ​နောင်​သား၊ သင်​ဖမ်း​ဆီး​ချုပ်​ထား​သော သူ​တို့​ကို ထုတ်​ပြ​ပါ။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 13,
      "text": "ထို​အ​ခါ ကျန်​ကြွင်း​သော​သူ​တို့​သည် သူ​ရဲ​ကြီး​တို့​ထံ​သို့ ဆင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​သည် အ​စွမ်း​တန်​ခိုး​ကြီး​သော သူ​တို့​ထံ​သို့ ငါ့​အ​ဖို့​ဆင်း​ကြ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 14,
      "text": "အာ​မ​လက်​လူ​နေ​ရာ​အ​နား​မှာ နေ​ရာ​ကျ​သော​သူ​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ထွက်​လာ​ကြ၏။ သူ​တို့​နောက်​မှာ သင်၏​ဗိုလ်​ခြေ​တို့​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ မာ​ခိ​ရ​အ​မျိုး​ထဲ​က​မင်း​များ၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က စီ​ရင်​တတ်​သော သူ​များ​တို့​သည် ထွက်​လာ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 15,
      "text": "ဣ​သ​ခါ​မင်း​တို့​သည်​လည်း၊ ဒေ​ဗော​ရ၌​ပါ၍ ဣ​သ​ခါ​အ​မျိုး​သည် ဗာ​ရက်၏​လက်​ရုံး ဖြစ်၏။ ဗာ​ရက်​နောက်​မှာ ချိုင့်​ထဲ​သို့​ပြေး​လိုက်​ကြ၏။ ရု​ဗင်​အ​မျိုး​နေ​ရာ ချောင်း​အ​သွယ်​သွယ်၌ စိတ်​နှ​လုံး​ပြ​ဌာန်း​ခြင်း များ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 16,
      "text": "နောက်​တစ်​ဖန် သင်​သည် သိုး​မြည်​သံ​ကို နား​ထောင်​ခြင်း​ငှာ တောင်​ကြား​မှာ အ​ဘယ်​ကြောင့် ထိုင်​နေ​သ​နည်း။ ရု​ဗင်​အ​မျိုး​နေ​ရာ ချောင်း​အ​သွယ်​သွယ်၌ စိတ်​နှ​လုံး​တွန့်​တို​ခြင်း​များ​ကြ​သည်​တ​ကား။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 17,
      "text": "ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ၏။ ဒန်​အ​မျိုး​သည် သင်္ဘော​ဆိပ်​အ​နား​မှာ အ​ဘယ်​ကြောင့် နေ​ရစ်​သ​နည်း။ အာ​ရှာ​အ​မျိုး​သည်​လည်း ပင်​လယ်​ကမ်း​နား သင်္ဘော​ဆိုက်​ရာ​ကွေ့​တို့၌ မ​လှုပ်​ဘဲ​ငြိမ်​ဝပ်​စွာ​နေ​သည်​တ​ကား။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 18,
      "text": "ဇာ​ဗု​လုန်​အ​မျိုး​သည် အ​သက်​ကို စွန့်​စား​သည်​တိုင်​အောင် ရဲ​ရင့်၍ နဿ​လိ​အ​မျိုး​သည် မြင့်​သော​တော​အ​ရပ်၌ ထို​နည်း​တူ​ပြု၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 19,
      "text": "ရှင်​ဘု​ရင်​တို့​သည် လာ၍ စစ်​တိုက်​ကြ၏။ ခါ​န​နိ​ရှင်​ဘု​ရင်​တို့​သည် မေ​ဂိ​ဒ္ဒေါ​အိုင်၊ တာ​နက်​မြို့​အ​နား​မှာ တိုက်​သော်​လည်း၊ ငွေ​ကို လု​ယူ၍​မ​ရ​ကြ။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 20,
      "text": "ကောင်း​ကင်​မှ စစ်​ကူ​ကြ၏။ ကြယ်​တို့​သည် လှည့်​ပတ်​စဉ်​အ​ခါ သိ​သ​ရ​ကို စစ်​တိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 21,
      "text": "ကိ​ရှုန်​မြစ်၊ စစ်​မှု​ကြောင့် ကျော်​စော​သော​မြစ်၊ ကိ​ရှုန်​မြစ်​သည် ရန်​သူ​တို့​ကို ပယ်​သွား၏။ အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် ခွန်​အား​ကြီး​သော​သူ​ကို နှိပ်​နင်း​ပြီ။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 22,
      "text": "ထို​အ​ခါ မြင်း​စီး​သူ​ရဲ​တို့​သည် မြင်း​ကို​နှင်​လျက် နှင်​လျက်​စီး​သော​ကြောင့်၊ မြင်း​တို့​သည် မြေ​ကို ခွာ​နှင့်​ထိ​ခိုက်​လျက် ပြေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 23,
      "text": "မေ​ရော​ဇ​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၊ စစ်​သူ​ရဲ​တို့​နှင့်​ဝိုင်း၍ ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ မ​ကူ​ကြ​သော​ကြောင့်၊ မေ​ရော​ဇ​မြို့​ကို ကျိန်​ကြ​လော့။ မြို့​သား​တို့​ကို ပြင်း​စွာ ကျိန်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မှာ​ထား၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 24,
      "text": "ကေ​နိ​အ​မျိုး​သား ဟေ​ဗာ၏​မ​ယား​ယေ​လ​သည်၊ မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော​မင်္ဂ​လာ​ရှိ၏။ တဲ၌​နေ​သော မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 25,
      "text": "ထို​သူ​သည် ရေ​ကို​တောင်း၍ ယေ​လ​သည် နို့​ကို​ပေး၏။ မင်း​သုံး​သော ဖ​လား​နှင့် နို့​ဓမ်း​ကို ဆက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 26,
      "text": "တဲ​တံ​သင်​ကို ယူ၍ လက်​ယာ​လက်​နှင့် လက်​ရိုက်​ကို​ကိုင်​လျက် သိ​သ​ရ​ကို ရိုက်​လေ၏။ သူ၏​ခေါင်း​ကို ထိုး​ရိုက်၍ နား​ပန်း​ကို ထုတ်​ချင်း​ခွင်း​ဖောက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 27,
      "text": "သူ​သည် ယေ​လ​ခြေ​ရင်း၌​ကျ၍ လဲ​လျက် တုံး​လုံး​နေ၏။ ခြေ​ရင်း၌ ကျ​လဲ၍ ကျ​ရာ​အ​ရပ်၌​သေ​လျက် လဲ​နေ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 28,
      "text": "သိ​သ​ရ​အ​မိ​သည် ပြတင်း​ပေါက်​ဝ​ဖြင့် ကြည့်၍ ကု​လား​ကာ​အ​တွင်း၌ နေ​လျက်၊ သူ၏​ရ​ထား​သည် အ​ဘယ်​ကြောင့် လာ​ခဲ​သ​နည်း။ ရ​ထား​ဘီး​တို့​သည် အ​ဘယ်​ကြောင့် နှေး​သ​နည်း​ဟု မြည်​တမ်း​လေ၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 29,
      "text": "ပ​ညာ​ရှိ​သော မင်း​သ​မီး​တို့​သည် ပြန်​လျှောက်​သည်​သာ​မ​က၊ သူ့​ကိုယ်​တိုင် ပြန်​ပြော​သည်​ကား၊"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 30,
      "text": "သူ​တို့​သည် တွေ့၍​ရ​သော ဥ​စ္စာ​ကို​ဝေ​ဖန်​လျက် နေ​ကြ​သည်​မ​ဟုတ်​လော။ စစ်​သူ​ရဲ​တို့​အား အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​စီ၊ သိ​သ​ရ​ဖို့ ပန်း​ဆိုး​သော​အ​ဝတ်၊ ပန်း​ဆိုး၍ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ၊ အောင်​သော​သူ​တို့၏ လည်​ပင်း၌ ဆင်​စ​ရာ​ဖို့ ပန်း​ဆိုး၍​ချယ်​လှယ်​လျက် အ​ဆင်း​အ​ရောင် ထူး​ခြား​သော အ​ဝတ်​တန်​ဆာ​ကို လု​ယူ၍ ဝေ​ဖန်​လျက် နေ​ကြ​သည်​မ​ဟုတ်​လော​ဟု သိ​သ​ရ၏​အ​မိ​သည် ဆို​တတ်၏။"
    },
    {
      "book": 7,
      "chapter": 5,
      "verse": 31,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သော​သူ​တို့​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွက်​သွား​သော နေ​မင်း​ကဲ့​သို့​ဖြစ်​ပါ​စေ​သော​ဟု သီ​ချင်း​ဆို​ကြ၏။ ထို​နောက် အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​လေ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 1,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 2,
      "text": "မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နိုင်၍ ညှဉ်း​ဆဲ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တောင်​ရိုး၌ ခိုင်​ခံ့​သော ဥ​မင်​မြေ​တွင်း​တို့​ကို လုပ်​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 4,
      "text": "တပ်​ချ​သ​ဖြင့်၊ ဂါ​ဇ​မြို့​တိုင်​အောင် မြေ​အ​သီး​အ​နှံ​ကို သုတ်​သင်​ပယ်​ရှင်း​လျက် စား​စ​ရာ​ကို ချန်၍​မ​ထား။ သိုး​နွား​မြည်း​ကို​လည်း ချန်၍​မ​ထား​ကြ။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 5,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့် အ​လွန်​ဆင်း​ရဲ၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 7,
      "text": "ထို​သို့ မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တစ်​ယောက်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​နုတ်​ဆောင်​ပြီ။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 9,
      "text": "အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 10,
      "text": "ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့​နေ​သော အာ​မော​ရိ​ပြည်​သား ကိုး​ကွယ်​သော ဘု​ရား​တို့​ကို မ​ကြောက်​ရွံ့​ကြ​နှင့်​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 11,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 13,
      "text": "ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 15,
      "text": "ဂိ​ဒေါင်​က​လည်း၊ အို​သ​ခင်၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သို့ ကယ်​နုတ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး၌ သာ၍​ဆင်း​ရဲ​ပါ၏။ အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​အ​ဆွေ​အ​မျိုး၌ အ​ယုတ်​ဆုံး​သော သူ​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 17,
      "text": "ဂိ​ဒေါင်​က​လည်း၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​လျှင် အ​ကျွန်ုပ်​နှင့် ယ​ခု​နှုတ်​ဆက်​တော်​မူ​ကြောင်း ထင်​ရှား​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 18,
      "text": "အ​ကျွန်ုပ်​သည် တစ်​ဖန်​လာ​ပြန်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ကိုယ်​တော်​ရှေ့၌ မ​တင်​မီ​တိုင်​အောင်၊ ဤ​အ​ရပ်​က ကြွ​သွား​တော်​မ​မူ​ပါ​နှင့်​ဟု တောင်း​ပန်​လျှင်၊ သင်​သည် ပြန်၍ မ​လာ​မီ​တိုင်​အောင် ငါ​နေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 19,
      "text": "ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​ယူ၍ ဤ​ကျောက်​ပေါ်​မှာ တင်​ထား​လော့။ အ​မဲ​သား​ပြုတ်​ရည်​ကို သွန်း​လောင်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ဂိ​ဒေါင်​သည် ပြု​လေ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 21,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို ဂိ​ဒေါင်​သည် သိ​မြင်​သော​အ​ခါ၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မျက်​နှာ​ချင်း​ဆိုင်၍ မြင်​ရ​ပါ​ပြီ​တ​ကား​ဟု လျှောက်​သော်၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ချမ်း​သာ​ပါ​စေ။ မ​စိုး​ရိမ်​နှင့်။ သင်​သည် သေ​ဘေး​နှင့် လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 24,
      "text": "ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 25,
      "text": "ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​က၊ သင့်​အ​ဘ၏​နွား​ပိုက်​နှင့် အ​သက်​ခု​နစ်​နှစ်​ရှိ​သော ဒု​တိ​ယ​နွား​ထီး​ကို ယူ​ပြီး​လျှင်၊ သင့်​အ​ဘ​တည်​သော ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ဖြို​ဖျက်၍၊ ယဇ်​ပ​လ္လင်​အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​လော့။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 26,
      "text": "ငါ​စီ​ရင်​သည်​အ​တိုင်း၊ ဤ​ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ခုတ်​လှဲ​သော​သစ်​သား​ဖြင့် ဒု​တိ​ယ​နွား​ကို မီး​ရှို့၍ ယဇ်​ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 27,
      "text": "ဂိ​ဒေါင်​လည်း မိ​မိ​ကျွန်​ဆယ်​ယောက်​တို့​ကို ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​လေ၏။ မိ​မိ​အ​ဘ၏ အိမ်​သား​တို့​ကို​လည်း​ကောင်း၊ မြို့​သား​တို့​ကို​လည်း​ကောင်း ကြောက်၍၊ နေ့​အ​ချိန်၌ မ​ပြု​ဝံ့​သော​ကြောင့်၊ ည​အ​ချိန်၌ ပြု၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 28,
      "text": "နံ​နက်​စော​စော မြို့​သား​တို့​သည် ထ​ကြ​သော​အ​ခါ၊ ဗာ​လ​ဘု​ရား၏ ယဇ်​ပ​လ္လင်​သည် ပြို​ပျက်​လျက်၊ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​လည်း​လဲ​လျက်၊ နောက်​တည်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ ဒု​တိ​ယ​နွား​ထီး​ကို ပူ​ဇော်​လျက်​ရှိ​သည်​ကို တွေ့​ကြ​လျှင်၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 29,
      "text": "ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​စစ်​ကြော​လျှင်၊ ဤ​အ​မှု​ကို ယော​ရှ​သား​ဂိ​ဒေါင်​ပြု​ပြီ​ဟု လူ​အ​ချို့​တို့​သည် ဆို​ကြ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 30,
      "text": "ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 31,
      "text": "ယော​ရှ​သည် တစ်​ဖက်၌​နေ​သော သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် ဗာ​လ​ဘု​ရား​ဘက်၌ အ​မှု​စောင့်​မည်​လော။ သူ့​ကို ကယ်​တင်​မည်​လော။ သူ့​ဘက်၌ အ​မှု​စောင့်​သော​သူ​သည်၊ နံ​နက်​မ​လွန်​မီ အ​သေ​ခံ​ပါ​လေ​စေ။ ဗာ​လ​သည် ဘု​ရား​မှန်​လျှင်၊ သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 32,
      "text": "ထို​သို့ ဗာ​လ​ဘု​ရား​သည် သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ ထို​သူ​တစ်​ဖက် မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ဆို​လျက် သူ၏​သား​ကို ထို​နေ့၌ ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် မှည့်​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 33,
      "text": "ထို​အ​ခါ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး​သ​ဖြင့်၊ ယေ​ဇ​ရေ​လ​ချိုင့်​သို့ ကူး​သွား၍ တပ်​ချ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 35,
      "text": "တ​မန်​တို့​ကို မ​နာ​ရှေ​ခ​ရိုင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ တစ်​ဖန် အာ​ရှာ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​သို့ တ​မန်​တို့​ကို စေ​လွှတ်၍၊ ထို​ခ​ရိုင်​သား​တို့​သည်​လည်း စု​ဝေး​ရာ​သို့ လာ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 36,
      "text": "ဂိ​ဒေါင်​သည်​လည်း ဘု​ရား​သ​ခင်​အား၊ ကိုယ်​တော်​သည် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​မှန်​လျှင်၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 37,
      "text": "အ​ကျွန်ုပ်​သည် သိုး​တစ်​ကောင်၏​အ​မွေး​ကို တ​လင်း၌ ထား​ပါ​မည်။ သိုး​မွေး​သည် နှင်း​စို၍၊ မြေ​တစ်​ပြင်​လုံး သွေ့​ခြောက်​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​ဟု တောင်း​လျှောက်​သည်​အ​တိုင်း ဖြစ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 38,
      "text": "နံ​နက်​စော​စော​ထ၍ သိုး​မွေး​ကို​ညှစ်​သ​ဖြင့် နှင်း​ရည်​သည် အင်​တုံ​အ​ပြည့် ရှိ​လေ၏။"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 39,
      "text": "တစ်​ဖန် ဂိ​ဒေါင်​က၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​သာ​လျှောက်​ပါ​ဦး​မည်။ သိုး​တစ်​ကောင်၏​အ​မွေး​နှင့် ယ​ခု​တစ်​ကြိမ်​သာ စုံ​စမ်း​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​ပါ​စေ​ဟု ဘု​ရား​သ​ခင်​အား တောင်း​လျှောက်​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 6,
      "verse": 40,
      "text": "ထို​ည၌​လည်း ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​ဖြင့်၊ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​လျက်​ရှိ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 1,
      "text": "ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် ခေါ်​ဝေါ်​သော ဂိ​ဒေါင်​သည် နံ​နက်​စော​စော​ထ၍၊ ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဟာ​ရုတ်​ရေ​တွင်း​နား​မှာ တပ်​ချ​သ​ဖြင့်၊ မိ​ဒျန်​တပ်​သည် မြောက်​ဘက်၊ မော​ရေ​တောင်​ခြေ​ရင်း​ချိုင့်၌ ရှိ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၌​ပါ​သော​လူ​တို့​သည် အ​လွန်​များ၍၊ သူ​တို့​လက်၌ မိ​ဒျန်​လူ​တို့​ကို ငါ​မ​အပ်​ရ။ အပ်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​က၊ ငါ့​လက်​ရုံး​သည် ငါ့​ကို​ကယ်​တင်​ပြီ​ဟု ငါ့​တစ်​ဖက်၌ ဝါ​ကြွား​လိမ့်​မည်။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 3,
      "text": "သို့​ဖြစ်၍၊ ကြောက်​လန့်​သော​သူ မည်​သည်​ကား၊ ဂိ​လဒ်​တောင်​မှ စော​စော​ပြန်​သွား​စေ​ဟု လူ​များ​တို့​အား ဟစ်​ကြော်​လော့​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ​သ​ဖြင့်၊ လူ​နှစ်​သောင်း​နှစ်​ထောင်​ပြန်​သွား၍ တစ်​သောင်း​ကျန်​ရစ်၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 4,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည် အ​လွန်​များ​သေး၏။ ရေ​ဆိပ်​သို့ ခေါ်​ခဲ့​လော့။ သူ​တို့​ကို ရေ​ဆိပ်​မှာ သင့်​အ​ဖို့ ငါ​စုံ​စမ်း​မည်။ ထို​အ​ခါ ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​သွား​ရ​မည်​ဟု ငါ​ဆို​လျှင်၊ ထို​သူ​သည် သွား​ရ​မည်။ ဤ​မည်​သော​သူ​မ​သွား​ရ​ဟု ငါ​ဆို​လျှင် ထို​သူ​သည် မ​သွား​ရ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 5,
      "text": "ဂိ​ဒေါင်​သည် လူ​တို့​ကို ရေ​ဆိပ်​သို့​ခေါ်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ခွေး​သည် ရေ​ကို​လျက်၍ သောက်​သ​ကဲ့​သို့ လျှာ​နှင့်​လျက်၍ သောက်​သော​သူ​တစ်​စု၊ ဒူး​ထောက်​လျက် ဝပ်၍​သောက်​သော​သူ​တစ်​စု၊ ထို​လူ​နှစ်​စု​ကို ခွဲ​ထား​လော့​ဟု ဂိ​ဒေါင်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 6,
      "text": "ထို​အ​ခါ မိ​မိ​လက်​ခုပ်​နှင့် ရေ​ကို​ယူ​သ​ဖြင့် လျက်၍​သောက်​သော​သူ သုံး​ရာ​ရှိ၏။ ကြွင်း​သော​သူ​အ​ပေါင်း​တို့​သည် ရေ​သောက်​ခြင်း​ငှာ ဒူး​ထောက်၍ ဝပ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လျက်၍ သောက်​သော​သူ သုံး​ရာ​အား​ဖြင့် သင့်​ကို​ငါ​ကယ်​တင်၍ မိ​ဒျန်​လူ​တို့​ကို သင့်​လက်၌​အပ်​မည်။ ကြွင်း​သော​သူ​တို့​ကို မိ​မိ​နေ​ရာ​သို့ ပြန်​သွား​စေ​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 8,
      "text": "ထို​သူ​တို့​သည် စား​စ​ရိတ်​နှင့် တံ​ပိုး​များ​ကို​ယူ၍၊ ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​မိ​နေ​ရာ​သို့ ဂိ​ဒေါင်​သည် လွှတ်​လိုက်​သ​ဖြင့်၊ ထို​သုံး​ရာ​သော​လူ​တို့​ကို​သာ မိ​မိ​နှင့်​အ​တူ ချန်​ထား​လေ၏။ မိ​ဒျန်​လူ​တို့​သည် သူ့​အောက်​ချိုင့်၌ တပ်​ချ​လျက် ရှိ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 9,
      "text": "ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ထ​လော့။ ရန်​သူ​တပ်​ချ​ရာ​သို့ ချီ​သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 10,
      "text": "မ​ချီ​ဝံ့​လျှင် သင်၏​ကျွန်​ဖု​ရ​ကို ရှေ့​ဦး​စွာ​ခေါ်​သွား​လော့။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 11,
      "text": "သူ​တို့​သည် အ​ဘယ်​သို့​ပြော​သည်​ကို ကြား​လိမ့်​မည်။ ထို​နောက်​မှ တပ်​ချ​ရာ​သို့ ချီ​သွား​ခြင်း​ငှာ သင့်​လက်​အား​ကြီး​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် မိ​မိ​ကျွန်​ဖု​ရ​ကို​ခေါ်၍ ရန်​သူ၏​တပ်​ပြင်၌ ကင်း​ထိုး​သော​သူ​ရှိ​ရာ​သို့ သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 12,
      "text": "မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် ချိုင့်၌​အိပ်​လျက်၊ ကျိုင်း​ကောင်​နှင့်​အ​မျှ များ​ကြ၏။ ကု​လား​အုတ်​တို့​သည်​လည်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​တိုင်း​မ​သိ​များ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 13,
      "text": "ဂိ​ဒေါင်​သည် ရောက်​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် မိ​မိ​မြင်​မက်​သော အိပ်​မက်​ကို မိ​မိ​အ​ပေါင်း​အ​ဖော်​အား ပြန်​ပြော​သည်​မှာ၊ ငါ​မြင်​မက်​သည်​ကား၊ မု​ယော​မုန့်​တစ်​ပြား​သည် မိ​ဒျန်​တပ်​ထဲ​သို့​လိမ့်၍ တဲ​တစ်​ဆောင်​ကို​တွေ့​လျှင်၊ ထိ​ခိုက်​မှောက်​လှန်​ဖြို​ချ​လေ၏​ဟု ဆို​သော်၊"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 14,
      "text": "သူ၏​အ​ပေါင်း​အ​ဖော်​က၊ ထို​မုန့်​ပြား​သည် အ​ခြား​မ​ဟုတ် ဣ​သ​ရေ​လ​အ​မျိုး ယော​ရှ​သား​ဂိ​ဒေါင်၏​ဓား​ဖြစ်၏။ ထို​သူ​လက်၌ ဘု​ရား​သ​ခင်​သည် မိ​ဒျန်​အ​မျိုး၊ မိ​ဒျန်​ဗိုလ်​ခြေ​အ​ပေါင်း​ကို အပ်​တော်​မူ​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 15,
      "text": "ထို​အိပ်​မက်​နှင့် အိပ်​မက်​အ​နက်​ကို ဂိ​ဒေါင်​သည်​ကြား​သော​အ​ခါ၊ ကိုး​ကွယ်၍ ဣ​သ​ရေ​လ​တပ်​သို့ ပြန်​ပြီး​လျှင်၊ ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​ဒျန်​ဗိုလ်​ခြေ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 16,
      "text": "ထို​အ​ခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 17,
      "text": "ငါ့​ကို​ကြည့်၍ ငါ​ပြု​သည်​အ​တိုင်း​ပြု​ကြ။ တပ်​ပြင်​သို့ ရောက်​သော​အ​ခါ၊ ငါ​ပြု​သည်​အ​တိုင်း ပြု​ကြ။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 18,
      "text": "ငါ​နှင့် ငါ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ သင်​တို့​သည် တံ​ပိုး​မှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ​လော့​ဟု မှာ​ထား၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 19,
      "text": "ထို​သို့ ဂိ​ဒေါင်​နှင့် သူ၌​ပါ​သော လူ​တစ်​ရာ​တို့​သည် သန်း​ခေါင်​ယံ၌ ကင်း​လဲ​စ​က တပ်​ပြင်​သို့​ရောက်​သ​ဖြင့် တံ​ပိုး​မှုတ်​ကြ၏။ မိ​မိ​ကိုင်​သော အိုး​တို့​ကို​လည်း​ခွဲ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 20,
      "text": "လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 21,
      "text": "သူ​တို့​သည် တပ်​ပတ်​ဝန်း​ကျင်၌ လူ​တိုင်း မိ​မိ​နေ​ရာ​အ​ရပ်​တွင် ရပ်​နေ၍၊ တပ်​သား​အ​ပေါင်း​တို့​သည် ပြေး​လျက်၊ အော်​လျက် ထွက်​ပြေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 22,
      "text": "လူ​သုံး​ရာ​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့်၊ တပ်​သား​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍၊ ဇေ​ရ​ရတ်​အ​ရပ် ဗက်​ရှိ​တ္တ​မြို့​သို့​လည်း​ကောင်း၊ တ​ဗ္ဗတ်​မြို့​နား​မှာ အာ​ဗေ​လ​မ​ဟော​လ မြို့​နယ်​သို့​လည်း​ကောင်း ပြေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 23,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် နဿ​လိ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် အ​ရပ်​ရပ်​ထဲ​က စု​လာ၍၊ မိ​ဒျန်​လူ​တို့​ကို လိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 24,
      "text": "ဂိ​ဒေါင်​သည်​လည်း၊ တ​မန်​တို့​ကို ဧ​ဖ​ရိမ်​တောင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ သင်​တို့​သည် မိ​ဒျန်​လူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် သူ​တို့​အ​ရင်​စောင့်​နေ​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် စု​ဝေး၍၊ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် စောင့်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 7,
      "verse": 25,
      "text": "မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ယောက်၊ ဩ​ရ​ဘ​နှင့်​ဇေ​ဘ​ကို ဖမ်း​ဆီး၍၊ ဩ​ရ​ဘ​ကို ဩ​ရ​ဘ​ကျောက်​ပေါ်၌​လည်း​ကောင်း၊ ဇေ​ဘ​ကို ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ၌​လည်း​ကောင်း သတ်​ပြီး​မှ၊ မိ​ဒျန်​လူ​တို့​ကို​လိုက်​သ​ဖြင့်၊ ဩ​ရ​ဘ၏​ဦး​ခေါင်း​နှင့် ဇေ​ဘ၏​ဦး​ခေါင်း​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်၊ ဂိ​ဒေါင်​ထံ​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 1,
      "text": "ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​သည် မိ​ဒျန်​လူ​တို့​ကို တိုက်​သွား​သော​အ​ခါ၊ ငါ​တို့​ကို​မ​ခေါ်​ဘဲ ငါ​တို့၌ အ​ဘယ်​သို့ ပြု​သ​နည်း​ဟု ကျပ်​ကျပ်​အ​ပြစ်​တင်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 2,
      "text": "ဂိ​ဒေါင်​က​လည်း၊ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​ပြီး​သ​နည်း။ အ​ဗျေ​ဇာ​စ​ပျစ်​သီး သိမ်း​ခြင်း​ထက် ဧ​ဖ​ရိမ်​လိုက်​ကောက်​ခြင်း​သည် သာ၍​ကောင်း​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​သည် မိ​ဒျန်​ဗိုလ်​ချုပ် ဩ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​ပြီ။ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟု ပြန်​ပြော​သော​စ​ကား​ကို သူ​တို့​သည်​ကြား​သော​အ​ခါ စိတ်​ပြေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 4,
      "text": "ဂိ​ဒေါင်​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ၊ သူ၌​ရှိ​သော သူ​သုံး​ရာ​တို့​သည် ပင်​ပန်း​လျက်​နှင့် ကူး၍​လိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 5,
      "text": "သု​ကုတ်​မြို့​သား​တို့​အား​လည်း၊ ငါ့​နောက်​လိုက်​သော​သူ​တို့​အား မုန့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့​သည် ပင်​ပန်း​ကြ​ပြီ။ ငါ​သည် မိ​ဒျန်​မင်း​ကြီး ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မု​န္န​ကို ယ​ခု​လိုက်​ရှာ​ပါ၏​ဟု တောင်း​သော်​လည်း၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 6,
      "text": "သု​ကုတ်​မင်း​တို့​က၊ ငါ​တို့​သည် သင့်​အ​မှု​ထမ်း​တို့​အား မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌ ရှိ​သ​လော​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 7,
      "text": "ဂိ​ဒေါင်​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​ကို ငါ့​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ သင်​တို့ ကျော​ကွဲ​အောင် တော​ဆူး​ပင်​အ​မျိုး​မျိုး​နှင့် ငါ​ရိုက်​မည်​ဟု​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 8,
      "text": "ထို​အ​ရပ်​က ပေ​နွေ​လ​မြို့​သို့ သွား၍၊ သူ​တို့​အား ထို​နည်း​တူ​တောင်း​သော်​လည်း၊ သု​ကုတ်​မြို့​သား​တို့ ပြန်​ပြော​သည်​နည်း​တူ၊ ပေ​နွေ​လ​မြို့​သား​တို့​သည် ပြန်​ပြော​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 9,
      "text": "ဂိ​ဒေါင်​က​လည်း၊ ငါ​သည် တစ်​ဖန် ငြိမ်​ဝပ်​စွာ​လာ​သော​အ​ခါ၊ ဤ​ရဲ​တိုက်​ကို ဖြို​ဖျက်​မည်​ဟု သူ​တို့​အား​ဆို၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 10,
      "text": "ထို​အ​ခါ ဓား​ကိုင်​သော လူ​တစ်​သိန်း​နှစ်​သောင်း သေ​သော​ကြောင့်၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​သား​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သော လူ​တစ်​သောင်း​ငါး​ထောင်​ခန့်​မျှ​သာ ပါ​လျက်၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​သည် ကာ​ကော်​မြို့၌ ရှိ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 11,
      "text": "ဂိ​ဒေါင်​သည် နော​ဗာ​မြို့၊ ယု​ဗ္ဗေ​ဟ​မြို့​အ​ရှေ့၊ တဲ၌​နေ​သူ​တို့​လမ်း​ဖြင့် ချီ​သွား၍၊ မ​စိုး​ရိမ်​ဘဲ​နေ​သော မိ​ဒျန်​တပ်​ကို လုပ်​ကြံ​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 12,
      "text": "မိ​ဒျန်​မင်း​ကြီး​ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ပြေး​သော​အ​ခါ၊ ဂိ​ဒေါင်​သည်​လိုက်၍ တပ်​ကို​ဖျက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 13,
      "text": "ယော​ရှ​သား​ဂိ​ဒေါင်​သည် နေ​မ​ထွက်​မီ စစ်​တိုက်​ရာ​မှ​ပြန်​လာ၍၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 14,
      "text": "သု​ကုတ်​မြို့​သား လု​လင်​တစ်​ယောက်​ကို ဖမ်း​မိ၍​မေး​စစ်​လျှင်၊ ထို​သူ​သည် သု​ကုတ်​မြို့​အ​ရာ​ရှိ၊ အ​သက်​ကြီး​သူ ခု​နစ်​ဆယ်​ခု​နစ်​ယောက်​တို့၏ အ​မည်​အ​သီး​အ​သီး​တို့​ကို ပြော​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 15,
      "text": "ဂိ​ဒေါင်​သည်​လည်း၊ သု​ကုတ်​မြို့​သား​တို့​ရှိ​ရာ​သို့ လာ၍၊ သင်​တို့​က၊ ပင်​ပန်း​သော သင့်​အ​မှု​ထမ်း​တို့​အား ငါ​တို့​သည် မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌​ရှိ​သ​လော​ဟု ငါ့​ကို​ကဲ့​ရဲ့၍ သင်​တို့​ပြော​သော ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို ကြည့်​ကြ​လော့​ဟု​ဆို​လျက်၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 16,
      "text": "ထို​မြို့၌ အ​သက်​ကြီး​သူ​တို့​ကို​ခေါ်၍ တော​ဆူး​ပင်​အ​မျိုး​မျိုး​နှင့် သု​ကုတ်​မြို့​သား​တို့​ကို ဆုံး​မ​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 17,
      "text": "ပေ​နွေ​လ​မြို့ ရဲ​တိုက်​ကို​လည်း ဖြို​ဖျက်၍ မြို့​သား​တို့​ကို ကွပ်​မျက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 18,
      "text": "ထို​အ​ခါ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​အား တာ​ဗော်​မြို့​မှာ သင်​တို့​သတ်​ခဲ့​သော သူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မေး​မြန်း​သော်၊ ထို​သူ​တို့​က၊ ကိုယ်​တော်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​ရှိ​သ​မျှ​သည် ဖြစ်၍၊ ရှင်​ဘု​ရင်​သား၏ အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​ကြ​ပါ၏​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 19,
      "text": "ဂိ​ဒေါင်​က၊ ထို​သူ​တို့​သည် ငါ့​အ​မိ၏​သား၊ ငါ့​ညီ​ဖြစ်​ပါ​သည်​တ​ကား၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​မိ​လျှင်၊ သင်​တို့​ကို ငါ​မ​သတ်​ဘဲ နေ​လိမ့်​မည်​ဟု၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 20,
      "text": "မိ​မိ​သား​ဦး​ယေ​သာ​အား၊ ဤ​သူ​တို့​ကို ထ၍​သတ်​လော့​ဟု ဆို​သော်​လည်း၊ သား​သည် အ​သက်​အ​ရွယ်​ငယ်​သော​ကြောင့်၊ ဓား​ကို​မ​ဆွဲ​မ​ထုတ်​ဘဲ နေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 21,
      "text": "ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​က​လည်း၊ ကိုယ်​တော်​တိုင်​ထ၍ ငါ​တို့​ကို လုပ်​ကြံ​လော့။ လူ​ဖြစ်​သ​ကဲ့​သို့ သူ့​အ​စွမ်း​သ​တ္တိ ဖြစ်​တတ်​သည်​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​သည်​ထ၍ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို သတ်​သ​ဖြင့်၊ သူ​တို့​ကု​လား​အုတ်၏ လည်​ပင်း၌​ဆင်​သော တန်​ဆာ​တို့​ကို ချွတ်​ယူ​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 22,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​လူ​တို့​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​သော​ကြောင့်၊ သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု၊ ဂိ​ဒေါင်​အား လျှောက်​ဆို​ကြ​သော်၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 23,
      "text": "ဂိ​ဒေါင်​က၊ ငါ​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။ ငါ့​သား​လည်း မ​အုပ်​စိုး​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အုပ်​စိုး​တော်​မူ​ရ၏ ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 24,
      "text": "သို့​ရာ​တွင် သင်​တို့​ရှိ​သ​မျှ​သည် လု​ယူ၍​ရ​သော နား​တောင်း​တို့​ကို ပေး​ပါ​မည်​အ​ကြောင်း၊ ငါ​တောင်း​ချင်​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ရန်​သူ​တို့​သည် ဣ​ရှ​မေ​လ​အ​မျိုး​ဖြစ်၍ ရွှေ​နား​တောင်း​ကို ဆင်​တတ်​ကြ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 25,
      "text": "သူ​တို့​က​လည်း၊ စင်​စစ်​ပေး​ပါ​မည်​ဟု​ဆို​လျက် စောင်​ကို​ခင်း၍၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​လု​ယူ၍​ရ​သော နား​တောင်း​များ​ကို ချ​ထား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 26,
      "text": "ဂိ​ဒေါင်​တောင်း​သော ရွှေ​နား​တောင်း​များ​အ​ချိန်​ကား၊ အ​ခွက်​တစ်​ဆယ်​ခု​နစ်​ပိဿာ ရှိ၏။ ထို​မှ​တစ်​ပါး၊ မိ​ဒျန်​မင်း​ကြီး ဝတ်​ဆင်​သော​တန်​ဆာ၊ လည်​ဆွဲ၊ နီ​မောင်း​သော​အ​ဝတ်၊ ကု​လား​အုတ်​လည်​ကြိုး​များ​ကို ရ​သေး၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 27,
      "text": "ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 28,
      "text": "ထို​သို့ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ​ရှုံး၍၊ နောက်​တစ်​ဖန် အ​စိုး​မ​ရ​ဘဲ နေ​ကြ၏။ ဂိ​ဒေါင်​လက်​ထက် အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 29,
      "text": "ယော​ရှ​သား​ယေ​ရု​ဗ္ဗာ​လ​သည် မိ​မိ​အိမ်​သို့​သွား၍​နေ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 30,
      "text": "ဂိ​ဒေါင်​သည် မ​ယား​များ၍၊ ကိုယ်​ရ​သော သား​ခု​နစ်​ဆယ်​ရှိ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 31,
      "text": "ရှေ​ခင်​မြို့၌​နေ​သော မ​ယား​ငယ်​သည် သား​ယောက်ျား​ကို ဖွား​မြင်၍၊ ထို​သား​ကို အ​ဘိ​မ​လက်​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 32,
      "text": "ယော​ရှ​သား​ဂိ​ဒေါင်​သည် အ​သက်​ကြီး​ရင့်​သော် အ​နိ​စ္စ​ရောက်၍၊ အ​ဗျေ​ဇာ​သား​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ၊ အ​ဘ​ယော​ရှ​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 33,
      "text": "ဂိ​ဒေါင်​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဖောက်​ပြန်၍ ဗာ​လ​ဘု​ရား​တို့​နှင့် မှား​ယွင်း​သ​ဖြင့်၊ ဗာ​လ​ဗေ​ရိတ်​ကို ဘု​ရား​အ​ရာ၌ ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 34,
      "text": "ပတ်​ဝန်း​ကျင်​ရန်​သူ​လက်​မှ ကယ်​နုတ်​တော်​မူ​သော မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​အောက်​မေ့​ဘဲ၊"
    },
    {
      "book": 7,
      "chapter": 8,
      "verse": 35,
      "text": "ဂိ​ဒေါင်​တည်း​ဟူ​သော ယေ​ရု​ဗ္ဗာ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြု​သ​မျှ​သော ကျေး​ဇူး​နှင့်​အ​ညီ၊ သူ၏​အ​မျိုး၌ ကျေး​ဇူး​တုံ့ ပြန်၍​မ​ပြု​ဘဲ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 1,
      "text": "ယေ​ရု​ဗ္ဗာ​လ​သား အ​ဘိ​မ​လက်​သည် ရှေ​ခင်​မြို့​သို့​သွား၍ ဦး​ရီး​များ၊ အ​မိ၏​အ​ဆွေ​အ​မျိုး​များ​အ​ပေါင်း​တို့​နှင့် နှုတ်​ဆက်​လျက်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 2,
      "text": "ယေ​ရု​ဗ္ဗာ​လ​သား​ခု​နစ်​ဆယ်​တို့​သည် သင်​တို့​ကို အုပ်​စိုး​ကောင်း​သ​လော။ သား​တစ်​ယောက်​တည်း အုပ်​စိုး​ကောင်း​သ​လော။ ငါ​သည် သင်​တို့၏​အ​ရိုး​အ​သား​စစ်​ဖြစ်​ကြောင်း​ကို မ​မေ့​ကြ​နှင့်​ဟု ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​အား ပြော​ရ​မည်​အ​ကြောင်း​ကို တိုင်​ပင်​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 3,
      "text": "ထို​စ​ကား​ကို ဦး​ရီး​တို့​သည် ရှေ​ခင်​မြို့​သား​တို့​အား အ​ကုန်​အ​စင်​ပြန်​ပြော၍၊ သူ​တို့​က၊ အ​ဘိ​မ​လက်​သည် ငါ​တို့​ညီ​အစ်​ကို​ဖြစ်​သည်​ဟု ဆို​လျက် သူ့​နောက်​သို့ လိုက်​ချင်​သော​စိတ် နူး​ညွတ်​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 4,
      "text": "ငွေ​ခု​နစ်​ဆယ်​ကို ဗာ​လ​ဗေ​ရိတ်​အိမ်​မှ​ထုတ်၍​ပေး​လျှင်၊ အ​ဘိ​မ​လက်​သည် လျှပ်​ပေါ်​သော​သူ​တို့​ကို ထို​ငွေ​နှင့်​ငှား၍ အ​မှု​ကို​ထမ်း​စေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 5,
      "text": "တစ်​ဖန် ဩ​ဖ​ရ​မြို့၌​ရှိ​သော မိ​မိ​အ​ဘ​အိမ်​သို့ သွား၍၊ မိ​မိ​ညီ​အစ်​ကို ယေ​ရု​ဗ္ဗာ​လ​သား ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​လေ၏။ သို့​ရာ​တွင်၊ ယေ​ရု​ဗ္ဗာ​လ​သား​အ​ငယ်​ဆုံး ယော​သံ​သည် ပုန်း​ရှောင်၍​နေ​သော​ကြောင့် ကျန်​ရစ်​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 6,
      "text": "ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး အ​ပေါင်း​တို့​သည် ရှေ​ခင်​မြို့​တွင်​ရှိ​သော အ​ထိမ်း​အ​မှတ် သ​ပိတ်​ပင်​အ​နား​မှာ​စည်း​ဝေး၍ အ​ဘိ​မ​လက်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 7,
      "text": "ထို​အ​မှု​ကို ယော​သံ​သည် ကြား​သိ​သော​အ​ခါ၊ ဂေ​ရ​ဇိမ်​တောင်​သို့ သွား၍၊ တောင်​ပေါ်​မှာ​ရပ်​လျက် အ​သံ​ကို​လွှင့်၍ ကြွေး​ကြော်​လေ​သည်​မှာ၊ အို​ရှေ​ခင်​မြို့​သား​တို့၊ သင်​တို့​စ​ကား​ကို ဘု​ရား​သ​ခင် နား​ထောင်​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 8,
      "text": "သစ်​ပင်​တို့​သည် မိ​မိ​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ခန့်​ထား​လျက် ဘိ​သိက်​ပေး​ခြင်း​ငှာ ထွက်​သွား၍၊ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သံ​လွင်​ပင်​အား လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 9,
      "text": "သံ​လွင်​ပင်​က၊ ဘု​ရား​အ​သ​ရေ၊ လူ​အ​သ​ရေ​ကို ပြု​စု​စ​ရာ ငါ့​အ​ဆီ​အ​ပြား​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 10,
      "text": "တစ်​ဖန် သင်္ဘော​သ​ဖန်း​ပင်​အား၊ ကိုယ်​တော်​ကြွ၍ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သစ်​ပင်​တို့​သည် လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 11,
      "text": "သင်္ဘော​သ​ဖန်း​ပင်​က၊ ငါ၌ ချို​သော​အ​ရ​သာ​နှင့် ကောင်း​သော​အ​သီး​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 12,
      "text": "တစ်​ဖန် စ​ပျစ်​ပင်​အား ကိုယ်​တော်​ကြွ၍ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သစ်​ပင်​တို့​သည် လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 13,
      "text": "စ​ပျစ်​ပင်​က၊ ဘု​ရား၏​စိတ်​နှင့် လူ၏​စိတ်​ကို ရွှင်​လန်း​စေ​သော ငါ့​စ​ပျစ်​ရည်​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 14,
      "text": "တစ်​ဖန် ဆူး​လေ​ပင်​အား ကိုယ်​တော်​ကြွ၍ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သစ်​ပင်​အ​ပေါင်း​တို့​သည် လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 15,
      "text": "ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 16,
      "text": "ယ​ခု​မှာ သင်​တို့​သည် အ​ဘိ​မ​လက်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော​အား​ဖြင့် သ​စ္စာ​တ​ရား​ကို​စောင့်၍၊ ယေ​ရု​ဗ္ဗာ​လ​နှင့် သူ၏​အ​မျိုး​အ​နွယ်​အား ကောင်း​မွန်​စွာ​ပြု​ကြ​ပြီ​လော။ ယေ​ရု​ဗ္ဗာ​လ​သည် ကျေး​ဇူး​ပြု၍ ခံ​ထိုက်​သည်​အ​တိုင်း သူ့​အား ကျေး​ဇူး​ဆပ်​ကြ​ပြီ​လော။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 17,
      "text": "ငါ့​အ​ဘ​သည် သင်​တို့​အ​ဖို့ စစ်​တိုက်၍ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက်၊ သင်​တို့​ကို မိ​ဒျန်​အ​မျိုး​လက်​မှ ကယ်​နုတ်​လေ​ပြီ။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 18,
      "text": "သင်​တို့​သည် ငါ့​အ​ဘ၏​အ​ဆွေ​အ​မျိုး​တစ်​ဖက်၌ ယ​နေ့​ထ၍ သူ၏​သား​ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​ပြီး​လျှင်၊ သူ၏​ကျွန်​မ​တွင် မြင်​သော​သား အ​ဘိ​မ​လက်​သည် သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော​ကြောင့်၊ သူ့​ကို ရှေ​ခင်​မြို့​သား​တို့၏ ရှင်​ဘု​ရင်​ခန့်​ထား​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 19,
      "text": "ယ​ခု​မှာ သင်​တို့​သည် ယေ​ရု​ဗ္ဗာ​လ​နှင့် သူ၏​အ​မျိုး​အ​နွယ်​အား သ​စ္စာ​တ​ရား​အ​တိုင်း ယ​နေ့​ပြု​ပြီး​လျှင်၊ အ​ဘိ​မ​လက်​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ အ​ဘိ​မ​လက်​သည်​လည်း သင်​တို့​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​စေ။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 20,
      "text": "သို့​မ​ဟုတ်​လျှင် အ​ဘိ​မ​လက်​ထဲ​က မီး​ထွက်၍၊ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ကို​လောင်​ပါ​စေ။ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ထဲ​က မီး​ထွက်၍ အ​ဘိ​မ​လက်​ကို လောင်​ပါ​စေ​ဟု ကြွေး​ကြော်​ပြီး​မှ၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 21,
      "text": "အ​လျင်​အ​မြန်​ပြေး၍ အစ်​ကို​အ​ဘိ​မ​လက်​ကို ကြောက်​သော​ကြောင့် ဗေ​ရ​မြို့​သို့ သွား၍​နေ​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 22,
      "text": "အ​ဘိ​မ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ သုံး​နှစ်​စေ့​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 23,
      "text": "ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​နှင့် ရှေ​ခင်​မြို့​သား​စပ်​ကြား​မှာ ဆိုး​သော​ဝိ​ညာဉ်​ကို စေ​လွှတ်​တော်​မူ၍၊ ရှေ​ခင်​မြို့​သား​တို့​သည် အ​ဘိ​မ​လက်၏​သ​စ္စာ​ကို​ဖျက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ ယေ​ရု​ဗ္ဗာ​လ၏​သား​ခု​နစ်​ဆယ်​တို့၌ ကြမ်း​တမ်း​စွာ​ပြု၍ သတ်​မိ​သော​အ​ပြစ်​သည် သူ​တို့​ကို​သတ်​သော သူ​တို့​ညီ​အစ်​ကို အ​ဘိ​မ​လက်​အ​ပေါ်​သို့​လည်း​ကောင်း၊ ညီ​အစ်​ကို​များ​ကို သတ်​သော​အ​မှု၌ ဝိုင်း၍​လက်​ခံ​သော ရှေ​ခင်​မြို့​သား​တို့​အ​ပေါ်​သို့​လည်း​ကောင်း ရောက်​ရ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 25,
      "text": "ရှေ​ခင်​မြို့​သား​တို့​သည် အ​ဘိ​မ​လက်​ကို ချောင်း​မြောင်း​စေ​ခြင်း​ငှာ၊ လူ​တို့​ကို တောင်​ထိပ်​ပေါ်​မှာ​ထား၍ ထို​သူ​တို့​သည် ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့၏ ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ထို​သ​တင်း​ကို​လည်း၊ အ​ဘိ​မ​လက်​သည် ကြား၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 26,
      "text": "ဧ​ဗက်၏​သား​ဂါ​လ​သည် မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​အ​တူ ရှေ​ခင်​မြို့​ဘက်​သို့​ဝင်၍ ရှေ​ခင်​မြို့​သား​တို့​သည် သူ့​ကို​ကိုး​စား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 27,
      "text": "ဥ​ယျာဉ်၌​လည်​လျက် စ​ပျစ်​သီး​ကို သိမ်း​ယူ​လျက် ပျော်​မွေ့​ခြင်း​ကို​ပြု​သ​ဖြင့်၊ မိ​မိ​တို့ ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ဘိ​မ​လက်​ကို ကျိန်​ဆဲ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 28,
      "text": "ဧ​ဗက်၏​သား ဂါ​လ​က​လည်း၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို စောင့်​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​ကား အ​ဘယ်​သူ​နည်း၊ ရှေ​ခင်​ကား အ​ဘယ်​သူ​နည်း။ အ​ဘိ​မ​လက်​သည် ယေ​ရု​ဗ္ဗာ​လ​သား မ​ဟုတ်​လော။ ဇေ​ဗု​လ​သည် သူ၏​အ​မှု​ထမ်း​မ​ဟုတ်​လော။ ရှေ​ခင်​အ​ဘ ဟာ​မော်​လူ​တို့၏​အ​မှု​ကို ထမ်း​ကြ​လော့။ အ​ဘိ​မ​လက်​အ​မှု​ကို အ​ဘယ်​ကြောင့် ထမ်း​ရ​မည်​နည်း။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 29,
      "text": "ဤ​လူ​တို့​သည် ငါ့​လက်​သို့ ရောက်​ပါ​စေ​သော။ သို့​ဖြစ်​လျှင် အ​ဘိ​မ​လက်​ကို ငါ​ပယ်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဘိ​မ​လက်​အား သင်၏​ဗိုလ်​ခြေ​တို့​ကို ပြင်​ဆင်၍ လာ​တော့​ဟူ၍​လည်း​ကောင်း ဆို၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 30,
      "text": "ဧ​ဗက်၏​သား ဂါ​လ​စ​ကား​ကို မြို့​အုပ်​ဇေ​ဗု​လ​ကြား​သော​အ​ခါ အ​မျက်​ထွက်၍"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 31,
      "text": "ပ​ရိ​ယာယ်​အား​ဖြင့် အ​ဘိ​မ​လက်​ထံ​သို့ စေ​လွှတ်​လျက်၊ ဧ​ဗက်၏​သား​ဂါ​လ​သည် မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​အ​တူ ရှေ​ခင်​မြို့​သို့​လာ၍ ကိုယ်​တော်​တစ်​ဖက်၌ မြို့​ကို​ပြင်​ဆင်​ကြ​ပါ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 32,
      "text": "သို့​ဖြစ်၍ ည​အ​ခါ ကိုယ်​တော်​သည် ပါ​သော​သူ​တို့​နှင့်​တ​ကွ​ထ၍၊ တော၌ ချောင်း​မြောင်း​လျက် နေ​တော်​မူ​ပါ။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 33,
      "text": "နံ​နက်​စော​စော နေ​ထွက်​စ​က​ထ၍ မြို့​ကို​တိုက်​တော်​မူ​ပါ။ ဂါ​လ​သည် သူ၌​ပါ​သော လူ​တို့​နှင့်​တ​ကွ ဆီး၍​ကြို​သော​အ​ခါ၊ အ​ဆင်​သင့်​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​ဟု ကြား​လျှောက်​လေ။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 34,
      "text": "အ​ဘိ​မ​လက်​သည် သူ၌​ပါ​သ​မျှ​သော လူ​တို့​နှင့်​တ​ကွ ည​အ​ခါ​ထ၍ တပ်​လေး​တပ်​ခွဲ​ပြီး​လျှင်၊ ရှေ​ခင်​မြို့​ကို ချောင်း​မြောင်း​လျက်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 35,
      "text": "ဧ​ဗက်၏​သား​ဂါ​လ​သည် ထွက်၍ မြို့​တံ​ခါး​ဝ၌​ရပ်​လျှင်၊ အ​ဘိ​မ​လက်​သည် မိ​မိ၌​ပါ​သော သူ​တို့​နှင့်​တ​ကွ ချောင်း​မြောင်း​ရာ​မှ​ထ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 36,
      "text": "ဂါ​လ​သည် ထို​လူ​တို့​ကို မြင်​လျှင်၊ တောင်​ပေါ်​မှ လူ​များ​ဆင်း​လာ​ကြ​သည်​ဟု ဇေ​ဗု​လ​အား​ဆို​သော်၊ ဇေ​ဗု​လ​က တောင်​အ​ရိပ်​သည် လူ​ကဲ့​သို့ ထင်​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 37,
      "text": "တစ်​ဖန် ဂါ​လ​က၊ ကြည့်​ပါ။ လူ​အ​ချို့​တို့​သည် တောင်​ရိုး​ပေါ်​မှ ဆင်း​လာ​ကြ၏။ အ​ချို့​တို့​သည် မော​နေ​နိမ် သ​ပိတ်​တော​လမ်း​ဖြင့်​လာ​ကြ၏​ဟု ပြော​ဆို​လျှင်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 38,
      "text": "ဇေ​ဗု​လ​က၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို ထမ်း​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​သည် အ​ဘယ်​သူ​နည်း​ဟု သင်​ဆို​သော​နှုတ်​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​သ​နည်း။ ထို​လူ​တို့​သည် သင်​မ​ထီ​မဲ့​မြင်​ပြု​သော သူ​မ​ဟုတ်​လော။ ထွက်၍ သူ​တို့​ကို စစ်​တိုက်​ပါ​လော့​ဟု ဆို​သော်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 39,
      "text": "ဂါ​လ​သည် ရှေ​ခင်​မြို့​သား​တို့​ရှေ့​မှာ ထွက်၍ အ​ဘိ​မ​လက်​ကို တိုက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 40,
      "text": "အ​ဘိ​မ​လက်​လိုက်၍ ဂါ​လ​ပြေး​သ​ဖြင့် များ​သော​သူ​တို့​သည် မြို့​တံ​ခါး​ဝ​တိုင်​အောင် အ​ထိ​အ​ခိုက်​ခံ​လျက် လဲ၍​သေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 41,
      "text": "အ​ဘိ​မ​လက်​သည် အ​ရု​မ​မြို့​မှာ​နေ၍ ဇေ​ဗု​လ​သည် ဂါ​လ​နှင့် သူ၏​ညီ​အစ်​ကို​တို့​ကို ရှေ​ခင်​မြို့၌ မ​နေ​စေ​ခြင်း​ငှာ နှင်​ထုတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 42,
      "text": "နက်​ဖြန်​နေ့၌ လူ​များ​တို့​သည် မြို့​ပြင်​သို့ ထွက်​မည်​အ​ကြောင်း​ကို အ​ဘိ​မ​လက်​သည် ကြား​လျှင်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 43,
      "text": "မိ​မိ​လူ​တို့​ကို သုံး​စု​ခွဲ၍ တော၌ ချောင်း​မြောင်း​လျက် နေ​သ​ဖြင့်၊ မြို့​သား​တို့​သည် ထွက်​လာ​ကြ​သော​အ​ခါ ထ၍​လုပ်​ကြံ​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 44,
      "text": "အ​ဘိ​မ​လက်​သည် မိ​မိ​လူ​တစ်​စု​နှင့် မြို့​တံ​ခါး​ဝ​သို့ ပြေး​တက်၍ စောင့်​နေ၏။ အ​ခြား​သော လူ​နှစ်​စု​တို့​သည် တော၌​ရှိ​သော လူ​တို့​ဆီ​သို့​ပြေး၍ သတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 45,
      "text": "အ​ဘိ​မ​လက်​သည် တစ်​နေ့​လုံး​မြို့​ကို တိုက်၍​ရ​သော​အ​ခါ၊ မြို့၌​တွေ့​သော​သူ​တို့​ကို သတ်​ပြီး​လျှင် မြို့​ရိုး​ကို​ဖြို​ဖျက်၍ မြို့​ရာ​ကို ဆား​နှင့် ကြဲ​ဖြန့်​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 46,
      "text": "ထို​သ​တင်း​ကို ရှေ​ခင်​ရဲ​တိုက်​သား​အ​ပေါင်း​တို့​သည် ကြား​လျှင်၊ ဗေ​ရိတ်​ဘု​ရား၏​ကျောင်း၌ ခိုင်​ခံ့​သော အ​ခန်း​ထဲ​မှာ စု​ဝေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 47,
      "text": "ရှေ​ခင်​ရဲ​တိုက်​သား​အ​ပေါင်း​တို့​သည် စု​ဝေး​ကြောင်း​ကို အ​ဘိ​မ​လက်​သည် ကြား​လတ်​သော်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 48,
      "text": "ကိုယ်​တိုင်​မှ​စ၍ ပါ​သော​သူ​အ​ပေါင်း​တို့​သည် ဇ​လ​မုန်​တောင်​သို့ သွား​ပြီး​လျှင်၊ အ​ဘိ​မ​လက်​သည် ပု​ဆိန်​နှင့် သစ်​ခက်​ကို​ခုတ်၍ မိ​မိ​ပု​ခုံး​ပေါ်​မှာ တင်​ထမ်း​လျက်၊ ငါ​ပြု​သည်​ကို သင်​တို့ မြင်​သည်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​ကြ​လော့​ဟု လိုက်​သော​သူ​တို့​အား​ဆို​လျှင်၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 49,
      "text": "သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​အ​တူ အ​သီး​အ​သီး​သစ်​ခက်​တို့​ကို ခုတ်၍ အ​ဘိ​မ​လက်​နောက်​သို့ လိုက်​လျက် ခိုင်​ခံ့​သော​အ​ခန်း​ကို မီး​ရှို့​ကြ၏။ ထို​သို့ ရှေ​ခင်​ရဲ​တိုက်​သား​အ​ပေါင်း​တို့​နှင့်​အ​တူ တစ်​ထောင်​သော ယောက်ျား​မိန်း​မ​တို့​သည် သေ​ကြ​ကုန်၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 50,
      "text": "ထို​နောက်​မှ အ​ဘိ​မ​လက်​သည် သေ​ဗက်​မြို့​သို့​သွား၍ တပ်​ချ​ပြီး​လျှင် တိုက်​ယူ​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 51,
      "text": "သို့​ရာ​တွင် မြို့​ထဲ​မှာ ခိုင်​ခံ့​သော ရဲ​တိုက်​တစ်​ခု​ရှိ၍၊ မြို့​သား ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည် ထို​ရဲ​တိုက်​ထဲ​သို့ ပြေး​ဝင်​ကြ၏။ တံ​ခါး​ကို​လည်း ပိတ်​ထား၍ ရဲ​တိုက်​အ​ပေါ်​သို့ တက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 52,
      "text": "အ​ဘိ​မ​လက်​သည် ရဲ​တိုက်​ကို လာ၍​တိုက်​လျက်၊ ရဲ​တိုက်​တံ​ခါး​ကို မီး​ရှို့​ခြင်း​ငှာ ချဉ်း​ကပ်​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 53,
      "text": "မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို အ​ဘိ​မ​လက်​ခေါင်း​ပေါ်​သို့ ပစ်​ချ၍ ဦး​ခေါင်း​ခွံ​ပေါက်​ကွဲ​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 54,
      "text": "သူ​သည် လက်​နက်​ကိုင်​လု​လင်​ကို အ​လျင်​အ​မြန်​ခေါ်၍ မိန်း​မ​သည် အ​ဘိ​မ​လက်​ကို သတ်​သည်​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​သတ်​လော့​ဟု ဆို​သည်​အ​တိုင်း၊ လု​လင်​သည်​ထိုး၍ အ​ဘိ​မ​လက် သေ​လေ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 55,
      "text": "အ​ဘိ​မ​လက်​သေ​ကြောင်း​ကို ဣ​သ​ရေ​လ​လူ​တို့​သည် သိ​မြင်​လျှင်၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 56,
      "text": "ထို​သို့ အ​ဘိ​မ​လက်​သည် မိ​မိ​ညီ​အစ်​ကို​ခု​နစ်​ဆယ်​တို့​ကို သတ်၍ ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကို ဘု​ရား​သ​ခင် ဆပ်​ပေး​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 9,
      "verse": 57,
      "text": "ရှေ​ခင်​မြို့​သား​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း သူ​တို့​ခေါင်း​ပေါ်​သို့ ဘု​ရား​သ​ခင် ရောက်​စေ​တော်​မူ​သ​ဖြင့်၊ ယေ​ရု​ဗ္ဗာ​လ​သား ယော​သံ​ကျိန်​သော စ​ကား​အ​တိုင်း သူ​တို့​သည် ခံ​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 1,
      "text": "အ​ဘိ​မ​လက်​လက်​ထက်​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော​သူ ဣ​သ​ခါ​အ​မျိုး၊ ဒေါ​ဒေါ​သား​ဖု​ဝါ၏​သား တော​လ​သည် ပေါ်​ထွန်း၍၊ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရှ​မိ​ရ​မြို့​မှာ နေ​လေ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 2,
      "text": "ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး အုပ်​စိုး​ပြီး​မှ သေ၍၊ ရှိ​မ​ရ​မြို့​မှာ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 3,
      "text": "ထို​သူ​လက်​ထက်​နောက်​မှ၊ ဂိ​လဒ်​ပြည်​သား ယာ​ဣ​ရ​သည် ပေါ်​ထွန်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး အုပ်​စိုး၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 4,
      "text": "ထို​မင်း၌​ကား သား​သုံး​ဆယ်​ရှိ၍၊ သူ​တို့​သည် မြည်း​သ​ငယ်​သုံး​ဆယ်​တို့​ကို စီး​လျက် ဂိ​လဒ်​ပြည်၌ ယာ​ဝုတ်​ယာ​ဣ​ရ​အ​မည်​ဖြင့် ယ​နေ့​တိုင်​အောင် ခေါ်​ဝေါ်​သော မြို့​သုံး​ဆယ်​တို့​ကို ကံ​ကျွေး​ပြု​ကြ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 5,
      "text": "ယာ​ဣ​ရ​သေ၍ ကာ​မုန်​မြို့​မှာ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 6,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ မော​ဘ​ဘု​ရား၊ အ​မ္မုန်​ဘု​ရား၊ ဖိ​လိ​တ္တိ​ဘု​ရား​တို့​ကို ဝတ်​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​မ​ပြု စွန့်​ထား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့၌​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ ရောင်း​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 8,
      "text": "ယော်​ဒန်​မြစ်​တစ်​ဖက် အာ​မော​ရိ​လူ​နေ​ရာ ဂိ​လဒ်​ပြည်၌​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ထို​နှစ်​မှ​စ၍ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ညှဉ်း​ဆဲ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 9,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း၊ ယော်​ဒန်​မြစ်​ကို​ကူး၍ ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​ကို တိုက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 10,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ကို စွန့်၍၊ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် သင်​တို့​ကို အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ၊ အ​မ္မုန်​လူ၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 12,
      "text": "ဇိ​ဒုန်​လူ၊ အာ​မ​လက်​လူ၊ မော​နိ​လူ​တို့ ညှဉ်း​ဆဲ​သော​အ​ခါ၌​လည်း၊ သင်​တို့​သည် ငါ့​ကို​ဟစ်​ကြော်၍၊ သူ​တို့​လက်​မှ ငါ​ကယ်​နုတ်၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 13,
      "text": "သို့​သော်​လည်း သင်​တို့​သည် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သော​ကြောင့်၊ နောက်​တစ်​ဖန် ငါ​မ​ကယ်​နုတ်။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 14,
      "text": "သင်​တို့ ရွေး​ယူ​သော​ဘု​ရား​တို့​ကို သွား၍ ဟစ်​ကြော်​ကြ​လော့။ အ​မှု​ရောက်​သော ယ​ခု​ကာ​လ၌ သူ​တို့​သည် ကယ်​နုတ်​ကြ​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့၌ ပြု​တော်​မူ​ပါ။ ယ​ခု တစ်​ကြိမ်​သာ​ကယ်​နုတ်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​လျက်၊"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 16,
      "text": "တစ်​ပါး​အ​မျိုး​သား​ကိုး​ကွယ်​သော ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကြောင့် နာ​ကျင်​သော​စိတ်​နှ​လုံး​ရှိ​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 17,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ ဂိ​လဒ်​ပြည်၌ တပ်​ချ​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မိ​ဇ​ပါ​မြို့​မှာ တပ်​ချ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 10,
      "verse": 18,
      "text": "ဂိ​လဒ်​ပြည်​သား မင်း​များ​တို့​က၊ အ​ကြင်​သူ​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဦး​တိုက်၏။ ထို​သူ​သည် ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့၏​အ​ထွတ်​ဖြစ်​စေ​ဟု တိုင်​ပင်​စီ​ရင်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 1,
      "text": "ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၏။ သူ့​အ​ဘ​ကား ဂိ​လဒ်၊ သူ့​အ​မိ​ကား ပြည့်​တန်​ဆာ​ဖြစ်၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 2,
      "text": "ဂိ​လဒ်၏​မ​ယား ဖွား​မြင်​သော​သား​တို့​သည် ကြီး​သော​အ​ခါ၊ သင်​သည် အ​ခြား​တစ်​ပါး​သော မိန်း​မ၏ သား​ဖြစ်​သော​ကြောင့်၊ ငါ​တို့ အ​ဆွေ​အ​မျိုး​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု ယေ​ဖ​သ​ကို​ဆို၍ နှင်​ထုတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 3,
      "text": "ထို​အ​ခါ ယေ​ဖ​သ​သည် ညီ​တို့​ဆီ​မှ ထွက်​သွား၍ တော​ဘ​ပြည်၌​နေ​သ​ဖြင့်၊ လျှပ်​ပေါ်​သော သူ​တို့​သည် သူ့​ထံ​မှာ​စည်း​ဝေး၍ သူ့​နောက်၌ လိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 4,
      "text": "နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 5,
      "text": "ထို​သို့ အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သော​အ​ခါ၊ ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ယေ​ဖ​သ​ကို တော​ဘ​ပြည်​မှ​ခေါ်​ခြင်း​ငှာ​သွား၍၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 6,
      "text": "ငါ​တို့​သည် အ​မ္မုန်​လူ​တို့​ကို စစ်​တိုက်​ရ​မည်​အ​ကြောင်း၊ လာ၍ ငါ​တို့၏ ဗိုလ်​ချုပ်​မင်း​လုပ်​ပါ​ဟု မှာ​လိုက်​သော်၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 7,
      "text": "ယေ​ဖ​သ​က၊ သင်​တို့​သည် ငါ့​ကို​မုန်း၍ ငါ့​အ​ဘ​အိမ်​မှ နှင်​ထုတ်​သည်​မ​ဟုတ်​လော။ ယ​ခု ဆင်း​ရဲ​ခြင်း​သို့ ရောက်​သော​အ​ခါ၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​လာ​ကြ​သ​နည်း​ဟု ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား ပြော​ဆို၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 8,
      "text": "ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​က​လည်း၊ ထို​ကြောင့် ငါ​တို့​သည် ယ​ခု သင့်​ထံ​သို့ ပြန်​လာ​ပါ၏။ ငါ​တို့​နှင့်​အ​တူ ကြွ၍ အ​မ္မုန်​လူ​တို့​ကို စစ်​တိုက်​ပြီး​လျှင်၊ ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့၏ အ​ထွတ်​လုပ်​ပါ​ဟု ယေ​ဖ​သ​အား​တောင်း​ပန်​ပြန်​သော်၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 9,
      "text": "ယေ​ဖ​သ​က၊ အ​မ္မုန်​လူ​တို့​ကို စစ်​တိုက်​စေ​ခြင်း​ငှာ သင်​တို့​သည် ငါ့​ကို​ပြန်​ပို့၍ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှာ အပ်​တော်​မူ​လျှင်၊ ငါ​သည် သင်​တို့ အ​ထွတ်​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​မည်​လော​ဟု ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား မေး​လေ​သော်၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 10,
      "text": "ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​က၊ သင်​ပြော​သော စ​ကား​အ​တိုင်း ငါ​တို့​မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ငါ​တို့​စပ်​ကြား၌ သက်​သေ​ဖြစ်​တော်​မူ​ပါ​စေ​သော​ဟု ယေ​ဖ​သ​အား ပြန်​ပြော​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 11,
      "text": "ထို​အ​ခါ ယေ​ဖ​သ​သည် ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့်​သွား၍ သူ့​ကို လူ​များ​တို့၏​အထွတ် ဗိုလ်​ချုပ်​မင်း​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ဖ​သ​သည်​လည်း ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မိ​ဇ​ပါ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြန်​ကြား​လျှောက်​ထား၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 12,
      "text": "ထို​နောက်​မှ ယေ​ဖ​သ​သည်၊ အ​မ္မုန်​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ငါ့​နိုင်​ငံ၌ စစ်​တိုက်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​ကို ရန်​ပြု​သ​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 13,
      "text": "အ​မ္မုန်​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ​သော​အ​ခါ၊ ငါ့​မြေ​ကို အာ​နုန်​မြစ်​မှ​စ၍ ယ​ဗ္ဗုတ်​ချောင်း၊ ယော်​ဒန်​မြစ်​တိုင်​အောင် လု၍​ယူ​သော​ကြောင့် ငါ​ပြု၏။ ထို​မြေ​ကို ယ​ခု အ​သင့်​အ​တင့်​ပြန်​ပေး​ပါ​ဟု ယေ​ဖ​သ၏​သံ​တ​မန်​အား ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 14,
      "text": "တစ်​ဖန် ယေ​ဖ​သ​သည် သံ​တ​မန်​ကို အ​မ္မုန်​ရှင်​ဘု​ရင်​ထံ​သို့ စေ​လွှတ်၍၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 15,
      "text": "ယေ​ဖ​သ​မှာ​လိုက်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် မော​ဘ​မြေ၊ အ​မ္မုန်​မြေ​ကို လု​ယူ​သည်​မ​ဟုတ်။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ၍ ဧ​ဒုံ​ပင်​လယ်​အ​နား၊ တော၌ လှည့်​လည်​သ​ဖြင့် ကာ​ဒေ​ရှ​ရွာ​သို့ ရောက်​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 17,
      "text": "ဧ​ဒုံ​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ မင်း​ကြီး​ပြည်​ကို လျှောက်​သွား​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော်​လည်း၊ ဧ​ဒုံ​ရှင်​ဘု​ရင်​သည် နား​မ​ထောင်။ ထို​နည်း​တူ မော​ဘ​ရှင်​ဘု​ရင်​ထံ​သို့ စေ​လွှတ်၍၊ သူ​သည်​လည်း အ​ခွင့်​မ​ပေး​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကာ​ဒေ​ရှ​ရွာ၌ နေ​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 18,
      "text": "နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 19,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် အာ​မော​ရိ​အ​မျိုး ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ငါ​တို့​နေ​ရာ​သို့ ရောက်​အံ့​သော​ငှာ မင်း​ကြီး​ပြည်​ကို လျှောက်​သွား​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော်​လည်း၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 20,
      "text": "ရှိ​ဟုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မ​ယုံ၊ မိ​မိ​ပြည်​ကို လျှောက်​သွား​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​သည်​သာ​မ​က၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ယာ​ဟတ်​မြို့၌ တပ်​ချ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​ဟုန်​မင်း​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့ ဣ​သ​ရေ​လ​အ​မျိုး​လက်၌ အပ်​တော်​မူ၍၊ သူ​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​ပြည်၌​နေ​သော အာ​မော​ရိ​လူ​တို့၏ မြေ​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 22,
      "text": "အာ​မော​ရိ​ပြည် နယ်​မြေ​တစ်​လျှောက်​လုံး​ကို အာ​နုန်​မြစ်​မှ​စ၍ ယ​ဗ္ဗုတ်​ချောင်း​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​စ၍ ယော်​ဒန်​မြစ်​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 23,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ သူ​တို့​ပြည်​ကို နုတ်​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် သိမ်း​ယူ​ရ​မည်​လော။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 24,
      "text": "သင်၏​ဘု​ရား ခေ​မု​ရှ​အ​ပိုင်​ပေး​သော​မြေ​ကို သင်​သိမ်း​ယူ​ရ​သည် မ​ဟုတ်​လော။ ထို​အ​တူ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော သူ​တို့၏​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ရ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 25,
      "text": "သင်​သည် မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​မင်း၏​သား ဗာ​လက်​ထက်​သာ၍ မြတ်​သ​လော။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ရန်​တွေ့​ဖူး​သ​လော။ စစ်​တိုက်​ဖူး​သ​လော။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 26,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ဟေ​ရှ​ဘုန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​ရော်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​နုန်​မြစ်​နား​မှာ​ရှိ​သော မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း အ​နှစ်​သုံး​ရာ​ပတ်​လုံး​နေ​စဉ်​တွင် အ​ဘယ်​ကြောင့် သင်​တို့​သည် မ​ရ​ပြန်​သ​နည်း။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 27,
      "text": "သင့်​ကို ငါ​မ​ပြစ်​မှား။ သင်​သည် စစ်​တိုက်၍ ငါ့​ကို ညှဉ်း​ဆဲ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ အ​မ္မုန်​အ​မျိုး​သား​တို့ စပ်​ကြား​မှာ ယ​နေ့ တ​ရား​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ​စေ​သော​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 28,
      "text": "သို့​သော်​လည်း ယေ​ဖ​သ​မှာ​လိုက်​သော​စ​ကား​ကို အ​မ္မုန်​ရှင်​ဘု​ရင်​သည် နား​မ​ထောင်​ဘဲ​နေ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 29,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ယေ​ဖ​သ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ဂိ​လဒ်​ပြည်၊ မ​နာ​ရှေ​ပြည်​ကို​လျှောက်​လျက် ဂိ​လဒ်​ပြည် မိ​ဇ​ပါ​မြို့​ကို လွန်၍ အ​မ္မုန်​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 30,
      "text": "ယေ​ဖ​သ​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျက်၊ အ​ကယ်၍ ကိုယ်​တော်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​လျှင်၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 31,
      "text": "အ​ကျွန်ုပ်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​ကို ခ​ရီး​ဦး​ကြို ပြု​အံ့​သော​ငှာ အ​ကျွန်ုပ်​အိမ်​တံ​ခါး​ဝ​မှ ထွက်​လာ​သော​သူ မည်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​မှန်​ဆက်​သ၍ မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ထား​ပြီး​မှ၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 32,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ ချီ​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ယေ​ဖ​သ​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 33,
      "text": "အာ​ရော်​မြို့​မှ​စ၍ မိ​န္နိတ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အာ​ဗေ​လ​ခေ​ရ​မိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ မြို့​နှစ်​ဆယ်​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သူ​တို့​ကို တိုက်​သတ်​လေ၏။ ထို​သို့ အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှေ့​မှာ ရှုံး​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 34,
      "text": "ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 35,
      "text": "ယေ​ဖ​သ​သည် သူ့​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ အို ငါ့​သ​မီး၊ သင်​သည် ငါ့​ကို အ​လွန်​နှိမ့်​ချ​ပြီ​တ​ကား။ ငါ့​ကို နှောင့်​ယှက်​သော​သူ​တစ်​ယောက် ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​အား ငါ​လျှောက်​ထား​ပြီ။ နုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​သော်၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 36,
      "text": "သ​မီး​က၊ ခ​မည်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​လျှင်၊ လျှောက်​ထား​သည်​အ​တိုင်း ကျွန်​မ၌​ပြု​ပါ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ခ​မည်း​တော်၏​ရန်​သူ အ​မ္မုန်​အ​မျိုး​သား​တို့၌ ခ​မည်း​တော်၏​စိတ်​ပြေ​စေ​ခြင်း​ငှာ အ​ပြစ်​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 37,
      "text": "သို့​ရာ​တွင် ကျွန်​မ​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ တောင်​ရိုး​ပေါ်​မှာ လှည့်​လည်၍၊ ကျွန်​မ၏ အ​ပျို​က​ညာ​ဖြစ်​ခြင်း​ကို ငို​ကြွေး​မြည်​တမ်း​ရ​မည်​အ​ကြောင်း၊ နှစ်​လ​ပတ်​လုံး အ​လွတ်​နေ​ပါ​ရ​စေ​ဟု အ​ဘ​အား အ​ခွင့်​တောင်း​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 38,
      "text": "အ​ဘ​က၊ သွား​လေ​တော့​ဟု​ဆို​လျက် နှစ်​လ​ကို​ချိန်း​ချက်၍ လွှတ်​လိုက်​လျှင်၊ အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ​သွား၍ တောင်​ရိုး​ပေါ်​မှာ မိ​မိ​အ​ပျို​က​ညာ​ဖြစ်​ခြင်း​ကို ငို​ကြွေး​မြည်​တမ်း​လေ၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 39,
      "text": "နှစ်​လ​စေ့​သော​အ​ခါ အ​ဘ​ထံ​သို့ ပြန်​လာ၍၊ အ​ဘ​သည် သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း​ပြု​လေ၏။ ထို​မိန်း​မ​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 7,
      "chapter": 11,
      "verse": 40,
      "text": "ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်၊ ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ၏​သ​မီး​ကြောင့် တစ်​နှစ်​တစ်​နှစ်​လျှင် လေး​ရက်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ​သွား​ရ​သော ဣ​သ​ရေ​လ​ထုံး​စံ​ဓ​လေ့​ဖြစ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 1,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မြောက်​သို့​ချီ​သွား​လျှင်၊ ယေ​ဖ​သ​အား သင်​သည် ငါ​တို့​ကို​မ​ခေါ်​ဘဲ၊ အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဘယ်​ကြောင့် တိုက်​ခြင်း​ငှာ​သွား​သ​နည်း။ သင့်​အိမ်​ကို သင့်​အ​ပေါ်​မှာ မီး​ရှို့​မည်​ဟု ဆို​ကြ​သော်၊"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 2,
      "text": "ယေ​ဖ​သ​က၊ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​နှင့် ကြီး​သော​အ​မှု ရှိ​စဉ်​အ​ခါ၊ သင်​တို့​ကို ငါ​ခေါ်​သော်​လည်း၊ သင်​တို့​သည် အ​မ္မုန်​လူ​တို့​လက်​မှ ငါ့​ကို မ​ကယ်​မ​နုတ်​ဘဲ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 3,
      "text": "မ​ကယ်​မ​နုတ်​ကြောင်း​ကို ငါ​သည် သိ​မြင်​သော​အ​ခါ၊ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက် အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​လက်၌ အပ်​တော်​မူ၏။ သင်​တို့​သည် ငါ့​ကို တိုက်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ယ​နေ့ လာ​ကြ​သ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 4,
      "text": "ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ဧ​ဖ​ရိမ်​အ​မျိုး​ကို တိုက်​ကြ၏။ ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​တို့​သည် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​ထဲ​က ထွက်​ပြေး၍ အ​မျိုး​မ​စစ်​သော​သူ ဖြစ်​သည်​ဟု ဂိ​လဒ်​ပြည်​သား​တို့​ကို ကဲ့​ရဲ့​ဖူး​သော​ကြောင့်၊ ဧ​ဖ​ရိမ်​လူ​တို့​ကို လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 5,
      "text": "ဂိ​လဒ်​လူ​တို့​သည် ဧ​ဖ​ရိမ်​လူ​တို့​ရှေ့​မှာ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်​တို့​ကို ဆီး​တား၍ ပြေး​လွတ်​သော ဧ​ဖ​ရိမ်​လူ​က၊ ကူး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​သော​အ​ခါ၊ ဂိ​လဒ်​လူ​တို့​က၊ သင်​သည် ဧ​ဖ​ရိမ်​အ​မျိုး​သား ဖြစ်​သ​လော​ဟု မေး​စစ်​သော်၊ သူ​က မ​ဟုတ်​ပါ​ဟု ဆို​လျှင်၊"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 6,
      "text": "သူ​တို့​က၊ ရှိ​ဗော​လက်​ဟူ​သော စ​ကား​ကို ပြော​တော့​ဟု​ဆို​သော်၊ ဧ​ဖ​ရိမ်​လူ​သည် ထို​စ​ကား​ကို ပီ​အောင် မ​ပြော​တတ်​ဘဲ သိ​ဗော​လက်​ဟု ပြော၏။ ထို​သို့​ပြော​သော​သူ​ကို ဖမ်း​ဆီး၍ ယော်​ဒန်​မြစ်​ကူး​ရာ​အ​ရပ်၌ သတ်​ကြ၏။ ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား လေး​သောင်း​နှစ်​ထောင်​သေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 7,
      "text": "ဂိ​လဒ်​ပြည်​သား​ယေ​ဖ​သ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ခြောက်​နှစ်​အုပ်​စိုး​ပြီး​မှ​သေ၍ ဂိ​လဒ်​မြို့​တစ်​မြို့၌ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 8,
      "text": "ယေ​ဖ​သ​နောက်​မှ ဗက်​လင်​မြို့​သား ဣ​ဗ​ဇန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 9,
      "text": "ထို​မင်း​သည် သား​သုံး​ဆယ်၊ သ​မီး​သုံး​ဆယ်​ရှိ၏။ သ​မီး​များ​ကို အ​ခြား​တစ်​ပါး​သို့ စေ​လွှတ်၍ ချွေး​မ​သုံး​ဆယ်​ကို သိမ်း​ထား၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 10,
      "text": "ဣ​ဗ​ဇန်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ခု​နစ်​နှစ်​အုပ်​စိုး​ပြီး​မှ သေ၍ ဗက်​လင်​မြို့၌ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 11,
      "text": "ဣ​ဗ​ဇန်​နောက်​မှ ဇာ​ဗု​လုန်​အ​မျိုး​သား ဧ​လုန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဆယ်​နှစ်​အုပ်​စိုး၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 12,
      "text": "ထို​မင်း​သေ၍ ဇာ​ဗု​လုန်​ခ​ရိုင်၊ အာ​ဇ​လုန်​မြို့၌ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 13,
      "text": "ဧ​လုန်​နောက်​မှ ပိ​ရ​သုန်​မြို့​နေ ဟိ​လေ​လ၏​သား အာ​ဗ​ဒုန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 14,
      "text": "ထို​မင်း​သည် သား​လေး​ဆယ်၊ မြေး​သုံး​ဆယ်​ရှိ၍ သား​မြေး​တို့​သည် ခု​နစ်​ဆယ်​သော မြည်း​သ​ငယ်​တို့​ကို စီး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 12,
      "verse": 15,
      "text": "ပိ​ရ​သုန်​မြို့ နေ​ဟိ​လေ​လ​သား အာ​ဗ​ဒုန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရှစ်​နှစ်​အုပ်​စိုး​ပြီး​မှ​သေ၍ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ပိ​ရ​သုန်​မြို့၊ အာ​မ​လက်​တောင်​ပေါ်​မှာ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 1,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​သို့ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​အပ်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 2,
      "text": "ဒန်​အ​မျိုး၊ ဇော​ရာ​မြို့​သား မာ​နော်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ သူ၏​မ​ယား​သည် မြုံ​သော​ကြောင့် သား​မ​ဖွား။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထို​မိန်း​မ​အား ကိုယ်​ထင်​ရှား၍၊ သင်​သည် မြုံ​သော​ကြောင့် သား​မ​ဖွား​သော်​လည်း၊ ယ​ခု ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 4,
      "text": "သို့​ဖြစ်၍ သ​တိ​ပြု​လော့။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ဋိ​သ​န္ဓေ​ယူ၍ ဖွား​မြင်​လ​တ္တံ့​သော သား​ယောက်ျား​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို မ​ခံ​ဘဲ၊ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​စ​ပြု​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 6,
      "text": "ထို​မိန်း​မ​သည်​လည်း မိ​မိ​ခင်​ပွန်း​ထံ​သို့ သွား၍ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော မျက်​နှာ​ရှိ​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လာ၏။ အ​ဘယ်​က​လာ​သ​နည်း​ဟု အ​ကျွန်ုပ်​လည်း မ​မေး။ သူ​သည်​လည်း မိ​မိ​အ​မည်​ကို​မ​ပြော။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 7,
      "text": "သူ​က​လည်း၊ သင်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ သေ​သော​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ​ဖြစ်​ရ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​မြွက်​ကြောင်း​ကို ပြော​ဆို​လေ၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 8,
      "text": "ထို​အ​ခါ မာ​နော်​က၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​သည် ဖွား​မြင်​လ​တ္တံ့​သော သူ​ငယ်၌ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဘု​ရား​သ​ခင်၏​တ​မန်​တော်​သည် တစ်​ဖန်​လာ၍ သွန်​သင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော်၊"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မာ​နော်​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် လယ်​လုပ်​ရာ​အ​ရပ်၌ ထိုင်​လျက်​ရှိ​သော ထို​မိန်း​မ​ဆီ​သို့ လာ​ပြန်၏။ ထို​အ​ခါ ခင်​ပွန်း​မာ​နော်​မ​ရှိ။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 10,
      "text": "မိန်း​မ​သည် မိ​မိ​ခင်​ပွန်း​ထံ​သို့ အ​လျင်​အ​မြန်​ပြေး၍၊ တစ်​နေ့​က​လာ​သော​သူ​သည် ယ​ခု​လာ​ရောက်​ပြီ​ဟု ကြား​ပြော​လျှင်၊"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 11,
      "text": "မာ​နော်​သည်​ထ၍ မ​ယား​နှင့်​အ​တူ ထို​သူ​ထံ​သို့ သွား​ပြီး​လျှင်၊ သင်​သည် ဤ​မိန်း​မ​အား​ပြော​သော​သူ မှန်​သ​လော​ဟု မေး​သော်၊ မှန်​သည်​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 12,
      "text": "မာ​နော်​က​လည်း၊ ကိုယ်​တော်၏​စ​ကား ပြည့်​စုံ​ပါ​စေ​သော။ သူ​ငယ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ သူ၌ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ ငါ​ပြော​သ​မျှ​ကို မိန်း​မ​ရှောင်​ရ​မည်။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 14,
      "text": "စ​ပျစ်​ပင်​မှ ဖြစ်​သ​မျှ​ကို မ​စား​ရ။ စ​ပျစ်​ရည်​မှ​စ၍ သေ​ရည်​သေ​ရက်​ကို မ​သောက်​ရ။ မ​စင်​ကြယ်​သော​အ​ရာ​ကို မ​စား​ရ။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း စောင့်​ရှောက်​ရ​မည်​ဟု မာ​နော်​အား ပြော​ဆို၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 15,
      "text": "မာ​နော်​က​လည်း၊ ကိုယ်​တော်​အ​ဖို့ ဆိတ်​သ​ငယ်​ကို မ​ပြင်​ဆင်​မီ​တိုင်​အောင် ကိုယ်​တော်​ကို ဆီး​တား​ပါ​ရ​စေ​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား ဆို​လျှင်၊"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ ငါ့​ကို ဆီး​တား​သော်​လည်း သင်၏​စား​စ​ရာ​ကို ငါ​မ​စား။ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လို​လျှင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်​ဟု မာ​နော်​အား ဆို​ပြန်၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို မာ​နော် မ​သိ​သေး။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 17,
      "text": "မာ​နော်​က​လည်း ကိုယ်​တော်​စ​ကား​ပြည့်​စုံ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​အား​မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က၊ အံ့​ဩ​ဖွယ်​ဖြစ်​သော ငါ့​အ​မည်​ကို အ​ဘယ်​ကြောင့်​မေး​သ​နည်း​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 19,
      "text": "မာ​နော်​သည် ဆိတ်​သ​ငယ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ၍ ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လေ၏။ ထို​အ​ခါ မာ​နော်​လင်​မ​ယား​တို့​သည် ကြည့်၍ မြင်​ရ​သော အံ့​ဩ​ဖွယ်​ဟူ​မူ​ကား၊"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 20,
      "text": "မီး​လျှံ​သည် ယဇ်​ပ​လ္လင်​ပေါ်​က မိုး​ကောင်း​ကင်​သို့ တက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယဇ်​ပ​လ္လင်​မီး​လျှံ၌ တက်​လေ၏။ မာ​နော်​လင်​မ​ယား​တို့​သည် ကြည့်၍​မြင်​လျှင် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည်၊ မာ​နော်​လင်​မ​ယား​တို့​အား တစ်​ဖန်​မ​ပေါ်​လာ။ ထို​အ​ခါ မာ​နော်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို သိ၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 22,
      "text": "မာ​နော်​က​လည်း၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​သော​ကြောင့်၊ ဆက်​ဆက်​သေ​တော့​မည်​ဟု မ​ယား​အား​ပြော​သော်၊"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 23,
      "text": "မ​ယား​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​သတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင်၊ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ငါ​တို့​လက်​မှ ခံ​ယူ​တော်​မ​မူ။ ဤ​အ​ခြင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို​လည်း ပြ​တော်​မ​မူ။ ယ​ခု​အ​ခါ၌ ဤ​သို့​သော စ​ကား​ကို​လည်း မိန့်​တော်​မ​မူ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 24,
      "text": "ထို​မိန်း​မ​သည် သား​ယောက်ျား​ကို ဖွား​မြင်၍၊ ရှံ​ဆုန်​အ​မည်​ဖြင့် မှည့်၏။ သူ​ငယ်​သည် ကြီး​ပွား၍ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 13,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား၊ ဒန်​အ​မျိုး​တပ်၌ တစ်​ခါ​တ​လေ နှိုး​ဆော်​စ​ပြု​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 1,
      "text": "တစ်​ရံ​ရော​အ​ခါ၊ ရှံ​ဆုန်​သည် တိ​မ​နတ်​မြို့​သို့ သွား၍၊ ထို​မြို့၌ ဖိ​လိ​တ္တိ​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​ကို မြင်​လျှင်၊"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 2,
      "text": "မိ​ဘ​ထံ​သို့ ပြန်​လာ၍၊ တိ​မ​နတ်​မြို့၌ ဖိ​လိ​တ္တိ​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​ကို မြင်​ခဲ့​ပြီ။ ကျွန်ုပ် ကြင်​ဖက်​ဖြစ်​ဖို့​ရာ တောင်း၍​ပေး​ပါ​ဟု ဆို​သော်၊"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 3,
      "text": "မိ​ဘ​တို့​က၊ သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ဖိ​လိ​တ္တိ​လူ​တို့​တွင် မ​ယား​ကို သွား၍ ယူ​ရ​မည်​အ​ကြောင်း၊ သင်၏​ညီ​အစ်​ကို​သ​မီး ငါ​တို့​အ​မျိုး​သား​ချင်း​သ​မီး​တို့​တွင် မိန်း​မ​တစ်​ယောက်​မျှ မ​ရှိ​လော​ဟု ဆို​သော်​လည်း၊ ရှံ​ဆုန်​က၊ ထို​မိန်း​မ​ကို တောင်း၍​ပေး​ပါ။ အ​လွန်​နှစ်​သက်​ပါ​သည်​ဟု အ​ဘ​အား​ပြော​ဆို၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အား​ဖြင့်၊ ရှံ​ဆုန်​သည် ဖိ​လိ​တ္တိ​လူ​တို့၌ အ​မှု​ရှာ​ကြောင်း​ကို မိ​ဘ​တို့​သည် မ​ရိပ်​မိ​ကြ။ ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 5,
      "text": "ထို​အ​ခါ ရှံ​ဆုန်​သည် မိ​ဘ​နှင့်​တ​ကွ တိ​မ​နတ်​မြို့​သို့ သွား၍၊ တိ​မ​နတ်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​ရောက်​လျှင်၊ ခြင်္သေ့​ပျို​တစ်​ကောင်​သည် သူ့​ကို​တွေ့၍ ဟောက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 6,
      "text": "ထို​အ​ခါ ရှံ​ဆုန်​လက်၌ တစ်​စုံ​တစ်​ခု​မျှ မ​ပါ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဆိတ်​သ​ငယ်​ကို ဆွဲ​ဖြတ်​သ​ကဲ့​သို့ ထို​ခြင်္သေ့​ကို ဆွဲ​ဖြတ်၏။ သို့​ရာ​တွင် မိ​မိ​ပြု​သော​အ​မှု​ကို မိ​ဘ​တို့​အား မ​ကြား​မ​ပြော​ဘဲ နေ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 7,
      "text": "မြို့​သို့​ရောက်၍ မိန်း​မ​နှင့် နှုတ်​ဆက်​သ​ဖြင့် ရှံ​ဆုန်​သည် နှစ်​သိမ့်၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 8,
      "text": "အ​ချိန်​စေ့၍ ထို​မိန်း​မ​ကို​သိမ်း​ယူ​ခြင်း​ငှာ သွား​စဉ်​အ​ခါ၊ ခြင်္သေ့​အ​သေ​ကောင်​ကို ကြည့်​ရှု​အံ့​သော​ငှာ၊ လမ်း​မှ​လွှဲ​သွား၍ ခြင်္သေ့​အ​သေ​ကောင်​ထဲ​မှာ ပျား​အုံ​နှင့် ပျား​ရည်​ရှိ​သည်​ကို တွေ့​မြင်​လျှင်၊"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 9,
      "text": "နှိုက်​ယူ၍​စား​လျက် ခ​ရီး​သွား​လေ၏။ မိ​ဘ​ထံ​သို့​ရောက်​သော် ပေး၍ သူ​တို့​သည်​လည်း စား​ကြ၏။ သို့​ရာ​တွင် ထို​ပျား​ရည်​ကို ခြင်္သေ့​အ​ကောင်​ထဲ​က နှိုက်​ယူ​ကြောင်း​ကို မ​ကြား​မ​ပြော​ဘဲ နေ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 10,
      "text": "အ​ဘ​သည်​လည်း၊ မိန်း​မ​နေ​ရာ​အ​ရပ်​သို့ သွား​ပြန်၍ ရှံ​ဆုန်​သည် လူ​ပျို​ထုံး​စံ​အ​တိုင်း ပွဲ​လုပ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 11,
      "text": "ထို​အ​ရပ်​သား​တို့​သည် ရှံ​ဆုန်​ကို မြင်​သော​အ​ခါ၊ သူ​နှင့်​အ​တူ ပွဲ​ခံ​ခြင်း​ငှာ အ​ပေါင်း​အ​ဖော်​သုံး​ဆယ်​တို့​ကို ခေါ်​ခဲ့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 12,
      "text": "ရှံ​ဆုန်​က​လည်း၊ သင်​တို့​အား စ​ကား​ဝှက်​ကို ငါ​ပြော​မည်။ ပွဲ​ခံ​ရာ​ခု​နစ်​ရက်​တွင် ဖော်​ပြ​နိုင်​လျှင် ခြုံ​ထည်​သုံး​ဆယ်၊ အင်္ကျီ​သုံး​ဆယ်​ကို ငါ​ပေး​မည်။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 13,
      "text": "မ​ဖော်​မ​ပြ​နိုင်​လျှင် သင်​တို့​သည် ခြုံ​ထည်​သုံး​ဆယ်၊ အင်္ကျီ​သုံး​ဆယ်​ကို ငါ့​အား​ပေး​ရ​မည်​ဟု​ဆို​သော် သူ​တို့​က၊ သင့်​စ​ကား​ဝှက်​ကို ငါ​တို့​အား ကြား​ပြော​ပါ​ဟု​ဝန်​ခံ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 14,
      "text": "ရှံ​ဆုန်​က​လည်း၊ စား​တတ်​သော​သူ၏​အ​ထဲ​က အ​စာ၊ သန်​စွမ်း​သော သူ၏​အ​ထဲ​က အ​ချို​ထွက်​လေ​စွ​ဟု ဆို၏။ ထို​စ​ကား​ဝှက်​အ​နက်​ကို သူ​တို့​သည် သုံး​ရက်​ပတ်​လုံး​ရှာ၍ မ​တွေ့​နိုင်​ကြ။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 15,
      "text": "စ​တု​တ္ထ​နေ့​ရောက်​မှ၊ သူ​တို့​က၊ သင်၏​လင်​သည် စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​စေ​ခြင်း​ငှာ သူ့​ကို ချော့​မော့​ရ​မည်။ သို့​မ​ဟုတ် သင်​နှင့်​တ​ကွ သင့်​အ​ဆွေ​အ​မျိုး​ကို မီး​ရှို့​မည်။ ငါ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​ဖိတ်​သ​လော​ဟု ရှံ​ဆုန်၏​မ​ယား​ကို ဆို​သော​ကြောင့်၊"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 16,
      "text": "သူ​သည် လင်​ရှေ့​မှာ​ငို​ကြွေး၍ သင်​သည် ငါ့​ကို​မ​ချစ် မုန်း​ပါ၏။ ငါ့​အ​မျိုး​သား​ချင်း​တို့​အား စ​ကား​ဝှက်​ကို ပြော​သော်​လည်း၊ အ​နက်​ကို ငါ့​အား မ​ပြ​ပါ​တ​ကား​ဟု ဆို၏။ ရှံ​ဆုန်​က​လည်း၊ ငါ​သည် ကိုယ်​မိ​ဘ​ကို​မျှ​မ​ပြ​ဘဲ သင့်​အား ပြ​ရ​မည်​လော​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 17,
      "text": "ပွဲ​ခံ​ရာ​ခု​နစ်​ရက်​စေ့​အောင် လင်​ရှေ့​မှာ ငို​ကြွေး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌ အ​လွန်​ပူ​ဆာ​သော​ကြောင့် အ​နက်​ကို​ဖော်​ပြ၏။ မိန်း​မ​သည်​လည်း အ​မျိုး​သား​ချင်း​တို့​အား ပြန်​ပြော​လေ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 18,
      "text": "မြို့​သား​တို့​သည် ခု​နစ်​ရက်​မြောက်​သော​နေ့ နေ​မ​ဝင်​မီ​လာ၍ ပျား​ရည်​ထက် အ​ဘယ်​အ​ရာ ချို​သ​နည်း။ ခြင်္သေ့​ထက် အ​ဘယ်​အ​ရာ​သန်​စွမ်း​သ​နည်း​ဟု ဖော်​ပြ​ကြ၏။ ရှံ​ဆုန်​က​လည်း၊ သင်​တို့​သည် ငါ့​နွား​မ​ပျို​နှင့်​မ​ထွန်​လျှင် ငါ့​စ​ကား​ဝှက်​အ​နက်​ကို ရှာ၍​မ​တွေ့​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ရှံ​ဆုန်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် အာ​ရှ​ကေ​လုန်​မြို့​သို့ သွား၍ မြို့​သား​သုံး​ဆယ်​ကို သတ်​ပြီး​မှ သူ​တို့​ဥ​စ္စာ​ကို​လု​ယူ၍ စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​သော​သူ​တို့​အား အ​ဝတ်​စုံ​တို့​ကို​ပေး​ပြီး​မှ၊ အ​မျက်​ထွက်၍ မိ​မိ​အ​ဘ​အိမ်​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 14,
      "verse": 20,
      "text": "မ​ယား​ကို​ကား ရှံ​ဆုန်​ပေါင်း​ဖော်​သော အ​ဆွေ​ခင်​ပွန်း​အား ပေး​စား​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 1,
      "text": "နောက်​တစ်​ဖန် ဂျုံ​စ​ပါး​ရိတ်​ရာ ကာ​လ၌ ရှံ​ဆုန်​သည် ဆိတ်​သ​ငယ်​ပါ​လျက်၊ မိ​မိ​မ​ယား​ကို ကြည့်​ရှု​ခြင်း​ငှာ သွား၍၊ သူ့​အ​ခန်း​ထဲ​မှာ သူ​နှင့်​အ​တူ​အိပ်​မည်​ဟု ကြံ​သော်၊ ယော​က္ခ​မ​သည် ဆီး​တား၍၊"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 2,
      "text": "သင်​သည် ငါ့​သ​မီး​ကို ဆက်​ဆက်​မုန်း​သည်​ဟု ငါ​အ​ထင်​ရောက်​သော​ကြောင့်၊ သင့်​အ​ပေါင်း​အ​ဖော်​အား ငါ​ပေး​စား​ပြီ။ သူ့​ညီ​မ​သည် သူ့​ထက်​သာ၍​လှ​သည် မ​ဟုတ်​လော။ အစ်​မ၏​ကိုယ်​စား ညီ​မ​ကို​ယူ​ပါ​တော့​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 3,
      "text": "ထို​အ​မှု​ကို ထောက်၍ ရှံ​ဆုန်​က၊ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့၌ အ​ပြစ်​ပြု​သော်​လည်း၊ သူ​တို့​သည် ငါ့​ကို​အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ဟု ဆို​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 4,
      "text": "သွား၍ မြေ​ခွေး​သုံး​ရာ​တို့​ကို ဖမ်း​ပြီး​မှ၊ မြေ​ခွေး​အ​မြီး တစ်​ခု​နှင့်​တစ်​ခု​ကို ပေါင်း​လျက်၊ အ​မြီး​နှစ်​ခု​ကြား၌ မီး​ရှူး​ကို​စည်း၍၊"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 5,
      "text": "မီး​ရှူး​တို့​ကို မီး​ညှိ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့ စ​ပါး​လယ်​ထဲ​သို့ လွှတ်​လိုက်၍ စ​ပါး​ပင်​ကို​လည်း​ကောင်း၊ ကောက်​လှိုင်း​ကို​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း မီး​လောင်​လေ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 6,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​က​လည်း၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု မေး​မြန်း​သော်၊ တိ​မ​နတ်​မြို့​သား၏​သား​မက် ရှံ​ဆုန်​ပြု​ပြီ။ သူ၏​မ​ယား​ကို သူ၏​အ​ပေါင်း​အ​ဖော်​အား ပေး​စား​ပြီ​တ​ကား​ဟု ပြန်​ပြော​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ထို​မိန်း​မ​နှင့် သူ၏​အ​ဘ​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 7,
      "text": "ရှံ​ဆုန်​က​လည်း၊ ထို​သို့​ပြု​သော​ကြောင့် ငါ​သည် စိတ်​ပြေ​အောင် ပြု​မည်။ စိတ်​ပြေ​ပြီး​မှ ငြိမ်​သက်​စွာ​နေ​မည်​ဟု ဆို​လျက်၊"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 8,
      "text": "သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် တစ်​ပြိုင်​နက် ရိုက်​သတ်​ပြီး​လျှင် ဧ​တံ​ကျောက်​ထိပ်​သို့ သွား၍ နေ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 9,
      "text": "တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​သွား၍ တပ်​ချ​သ​ဖြင့်၊ လေ​ဟိ​အ​ရပ်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 10,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ အ​ဘယ်​ကြောင့် ချီ​လာ​ကြ​သ​နည်း​ဟု​မေး​သော်၊ ငါ​တို့၌ ရှံ​ဆုန်​ပြု​သ​ကဲ့​သို့ သူ့​ကို​ချည်​နှောင်၍ ပြု​ခြင်း​ငှာ ချီ​လာ​သည်​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 11,
      "text": "ထို​အ​ခါ ယု​ဒ​လူ​သုံး​ထောင်​တို့​သည် ဧ​တံ​ကျောက်​ထိပ်​သို့​သွား၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ငါ​တို့​သ​ခင်​ဖြစ်​ကြောင်း​ကို သင်​မ​သိ​သ​လော။ သင်​သည် ငါ​တို့၌ အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​သော်၊ ငါ၌ သူ​တို့​ပြု​သ​ကဲ့​သို့ သူ​တို့၌​ငါ​ပြု​ပြီ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 12,
      "text": "သူ​တို့​က​လည်း၊ သင့်​ကို ချည်​နှောင်၍ ဖိ​လိ​တ္တိ​လူ​တို့​လက်​သို့ အပ်​ခြင်း​ငှာ ယ​ခု ငါ​တို့​လာ​ကြ​ပြီ​ဟု​ဆို​သော်၊ ရှံ​ဆုန်​က၊ သင်​တို့​သည် ကိုယ်​တိုင် ငါ့​ကို​မ​လုပ်​ကြံ​ပါ​ဟု ကျိန်​ဆို​ကြ​လော့​ဟု ဆို​လျှင်၊"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 13,
      "text": "သူ​တို့​က၊ ငါ​တို့​သည် မ​လုပ်​ကြံ​ပါ။ ကျပ်​ကျပ်​ချည်​နှောင်၍ သူ​တို့​လက်၌ အပ်​မည်။ အ​ကယ်​စင်​စစ် ကိုယ်​တိုင်​သင့်​ကို မ​သတ်​ပါ​ဟု​ဆို​လျက် ကြိုး​သစ်​နှစ်​စင်း​ဖြင့် ချည်​နှောင်၍ ကျောက်​ပေါ်​က ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 14,
      "text": "လေ​ဟိ​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ကြွေး​ကြော်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ့​လက်၌ ချည်​သော​ကြိုး​တို့​သည် မီး​ထိ​သော ပိုက်​ဆန်​ရိုး​ကဲ့​သို့ ဖြစ်၍ အ​ချည်​အ​နှောင်​ကျွတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 15,
      "text": "သူ​သည်​လည်း မြည်း​မေး​ရိုး​လတ်​လတ်​ကို​တွေ့၍ ကိုင်​ယူ​ပြီး​လျှင် လူ​တစ်​ထောင်​တို့​ကို သတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 16,
      "text": "သတ်​ပြီး​လျှင် မြည်း​မေး​ရိုး​ဖြင့် အ​ပုံ​ပုံ၊ မြည်း​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​ကို ငါ​သတ်​လေ​ပြီ​ဟု​ဆို​သော​နောက်၊"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 17,
      "text": "မြည်း​မေး​ရိုး​ကို ပစ်​လိုက်၍၊ ထို​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​အ​မည်​ဖြင့် တွင်​လေ၏။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 18,
      "text": "အ​လွန်​ရေ​ငတ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လျက်၊ ကိုယ်​တော်​သည် ဤ​ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကို ကိုယ်​တော်၏​ကျွန်​လက်၌ ပေး​တော်​မူ​ပြီး​မှ၊ ယ​ခု အ​ကျွန်ုပ်​သည် ရေ​ငတ်​သ​ဖြင့်​သေ၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​လက်​သို့ ရောက်​ရ​ပါ​မည်​လော​ဟု လျှောက်​သော်၊"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 19,
      "text": "လေ​ဟိ​အ​ရပ်၌ ချိုင့်​ဝှမ်း​ရာ​ကို ဘု​ရား​သ​ခင်​ဖောက်​တော်​မူ၍ ရေ​ထွက်​လေ၏။ သူ​သည် ရေ​ကို​သောက်​သ​ဖြင့် အ​သက်​ရှူ​ပြန်၍ အား​ဖြည့်​လေ၏။ သို့​ဖြစ်၍ ထို​ချိုင့်​ဝှမ်း​ရာ​ကို အ​ဟ​က္ကော​ရ​အ​မည်​ဖြင့် တွင်၍ ယ​နေ့​တိုင်​အောင် လေ​ဟိ​အ​ရပ်၌ ရှိ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 15,
      "verse": 20,
      "text": "ရှံ​ဆုန်​သည်​လည်း ဖိ​လိ​တ္တိ​လူ​တို့​လက်​ထက် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​အုပ်​စိုး​လေ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 1,
      "text": "နောက်​တစ်​ဖန် ရှံ​ဆုန်​သည် ဂါ​ဇ​မြို့​သို့​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​ကို တွေ့​ပြီး​လျှင် သူ့​ဆီ​သို့​ဝင်၍​နေ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 2,
      "text": "ရှံ​ဆုန်​ရောက်​ကြောင်း​ကို ဂါ​ဇ​မြို့​သား​တို့​သည် ကြား​လျှင် ဝိုင်း​ထား​လျက်၊ မြို့​တံ​ခါး​ဝ၌ တစ်​ည​လုံး​ချောင်း​မြောင်း​လျက်၊ နံ​နက်​မိုး​လင်း​သော​အ​ခါ သူ့​ကို​သတ်​မည်​ဟု​ဆို၍ တစ်​ည​လုံး ငြိမ်​သက်​စွာ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 3,
      "text": "ရှံ​ဆုန်​သည် သန်း​ခေါင်​တိုင်​အောင် အိပ်​ပြီး​မှ၊ သန်း​ခေါင်​အ​ချိန်၌​ထ၍ မြို့​တံ​ခါး​ရွက်​တို့​ကို၊ တံ​ခါး​တိုင် ကန့်​လန့်​ကျင်​နှင့်​တ​ကွ ယူ၍ ပ​ခုံး​ပေါ်​မှာ​တင်​လျက် ထမ်း​သွား၍၊ ဟေ​ဗြုန်​မြို့​ရှေ့၊ တောင်​ပေါ်၌​ပစ်​ထား​လေ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 4,
      "text": "နောက်​တစ်​ဖန် စော​ရက်​ချိုင့်၌​နေ​သော ဒေ​လိ​လ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​ကို ချစ်​ပြန်၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 5,
      "text": "ဖိ​လိ​တ္တိ​မင်း​တို့​သည် ထို​မိန်း​မ​ဆီ​သို့​လာ၍၊ ရှံ​ဆုန်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့်​တည်​သ​နည်း၊ သူ့​ကို ချည်​နှောင်၍ နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ တတ်​နိုင်​မည်​နည်း​ဟု သူ့​ကို​ချော့​မော့၍ စူး​စမ်း​ပါ။ ငါ​တို့​သည် ဝိုင်း၍ ငွေ​ဆယ်​တစ်​ပိဿာ​ကို ပေး​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 6,
      "text": "ဒေ​လိ​လ​က​လည်း၊ သင်၌​ကြီး​သော ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့် တည်​သည်​ကို​လည်း​ကောင်း၊ သင့်​ကို နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို​လည်း​ကောင်း ပြော​ပါ​ဟု ရှံ​ဆုန်​အား တောင်း​ပန်​သော်၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 7,
      "text": "ရှံ​ဆုန်​က၊ တစ်​ခါ​မျှ မ​သွေ့​ခြောက်​သော လျှော်​ကြိုး​စိမ်း​ခု​နစ်​စင်း​နှင့် ငါ့​ကို​ချည်​နှောင်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 8,
      "text": "ထို​အ​ခါ ဖိ​လိ​တ္တိ​မင်း​တို့​သည် တစ်​ခါ​မျှ မ​သွေ့​ခြောက်​သော လျှော်​ကြိုး​စိမ်း​ခု​နစ်​စင်း​တို့​ကို ယူ​ခဲ့၍၊ ထို​မိန်း​မ​သည် ရှံ​ဆုန်​ကို ချည်​နှောင်​လေ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 9,
      "text": "ယောက်ျား​အ​ချို့​တို့​သည် ထို​မိန်း​မ၏ အိပ်​ခန်း​ထဲ​မှ ချောင်း​မြောင်း​လျက် နေ​သည်​ဖြစ်၍ မိန်း​မ​က၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု​ဆို​သော်၊ သူ​သည် မီး​ထိ​သော ပိုက်​ဆန်​ချည်​ကဲ့​သို့ ထို​ကြိုး​တို့​ကို ဖြတ်​လေ၏။ သို့​ဖြစ်၍ သူ၏​ခွန်​အား​ကို မ​သိ​ရ​ကြ။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 10,
      "text": "ဒေ​လိ​လ​က​လည်း၊ သင်​သည် ငါ့​ကို​ကျီ​စား၍ မု​သား​ကို​သာ​ပြော​ပြီ။ သင့်​ကို အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို ယ​ခု​ပြော​ပါ​ဟု ရှံ​ဆုန်​အား တောင်း​ပန်​သော်၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 11,
      "text": "သူ​က၊ မ​သုံး​ဖူး​သော​ကြိုး​သစ်​နှင့် ကျပ်​ကျပ်​ချည်​နှောင်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 12,
      "text": "ဒေ​လိ​လ​သည် ကြိုး​သစ်​တို့​ကို​ယူ၍ ချည်​နှောင်​ပြီး​မှ၊ ထို​အ​ခန်း၌ ချောင်း​မြောင်း​သော သူ​အ​ချို့ ရှိ​နေ​လျက်၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​သည် လက်​ရုံး၌​ချည်​သော ကြိုး​တို့​ကို အပ်​ချည်​ကဲ့​သို့ ဖြတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 13,
      "text": "ဒေ​လိ​လ​က​လည်း၊ ယ​ခု​တိုင်​အောင် သင်​သည် ငါ့​ကို​ကျီ​စား၍ မု​သား​ကို​သာ​ပြော​ပြီ။ အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို ပြော​ပါ​ဟု ရှံ​ဆုန်​အား​တောင်း​ပန်​သော်၊ သူ​က၊ ငါ့​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 14,
      "text": "ဒေ​လိ​လ​သည် သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​ပြီး​မှ၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို​တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍၊ စို့၊ ရက်​ကန်း​စင်​နှင့် ရက်​ကန်း​သား​ပါ​ဆွဲ​နှုတ် လေ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 15,
      "text": "ဒေ​လိ​လ​က​လည်း၊ သင်​သည် ငါ့​ကို​ချစ်​သည်​ဟု စိတ်​နှ​လုံး​မ​ပါ​ဘဲ​လျက် အ​ဘယ်​သို့ ပြော​နိုင်​သ​နည်း။ သင့်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့် တည်​သည်​ကို မ​ပြော။ သုံး​ကြိမ်​တိုင်​အောင် ငါ့​ကို​ကျီ​စား​ပြီ​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 16,
      "text": "ထို​သို့ ဒေ​လိ​လ​သည် နေ့​တိုင်း​ပူ​ဆာ၍ သူ​အ​သက် သေ​လု​အောင် နှောင့်​ယှက်​သော​ကြောင့်၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 17,
      "text": "ရှံ​ဆုန်​သည် မိ​မိ​စိတ်​နှ​လုံး၌ ရှိ​သ​မျှ​အ​တိုင်း​ပြော၍၊ ငါ့​ဆံ​ပင်​ကို တစ်​ခါ​မျှ မ​ရိတ်​သေး။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏ နာ​ဇ​ရိ​လူ​ဖြစ်၏။ ငါ့​ဆံ​ပင်​ကို​ရိတ်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 18,
      "text": "ထို​သို့ မိ​မိ​စိတ်​နှ​လုံး​ထဲ​မှာ ရှိ​သ​မျှ​အ​တိုင်း​ပြော​ကြောင်း​ကို ဒေ​လိ​လ​သိ​လျှင်၊ ဖိ​လိ​တ္တိ​မင်း​တို့​ကို တစ်​ဖန်​ခေါ်၍၊ ယ​ခု​တစ်​ခါ လာ​ကြ​ပါ​ဦး။ သူ​သည် မိ​မိ​စိတ်​နှ​လုံး​ရှိ​သ​မျှ​အ​တိုင်း ပြော​ပြီ​ဟု မှာ​လိုက်​သ​ဖြင့်၊ သူ​တို့​သည် ငွေ​ကို​ဆောင်​ယူ​ခဲ့​လျက် လာ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 19,
      "text": "ဒေ​လိ​လ​သည် ရှံ​ဆုန်​ခေါင်း​ကို မိ​မိ​ဒူး​ပေါ်​မှာ​တင်​လျက် သူ​ကို​အိပ်​စေ​သ​ဖြင့်၊ လူ​တစ်​ယောက်​ကို ခေါ်၍ သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရိတ်​စေ​ပြီး​မှ၊ သူ​ကို​နှောင့်​ယှက်​စ​ပြု၍ သူ၏​ခွန်​အား​သည် လျော့​ပျောက်၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 20,
      "text": "မိန်း​မ​က​လည်း၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍ ထာ​ဝ​ရ​ဘု​ရား စွန့်​တော်​မူ​ကြောင်း​ကို မ​ရိပ်​မိ​သော​ကြောင့်၊ အ​ရင်​ကဲ့​သို့ ငါ​ထွက်၍ အား​ထုတ်​မည်​ဟု အ​ကြံ​ရှိ​သော်​လည်း၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 21,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 22,
      "text": "ရှံ​ဆုန် ဆံ​ပင်​ရိတ်​သော​နောက်၊ တစ်​ဖန်​ပေါက်​ပြန်​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 23,
      "text": "ဖိ​လိ​တ္တိ​မင်း​တို့​ကို၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ရန်​သူ​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ သူ​တို့​ဘု​ရား​ဒါ​ဂုန်​အား ယဇ်​ကြီး​ကို​ပူ​ဇော်၍ ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ စည်း​ဝေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 24,
      "text": "လူ​များ​တို့​သည် ရှံ​ဆုန်​ကို မြင်​သော​အ​ခါ၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ပြည်​ကို ဖျက်​ဆီး၍၊ ပြည်​သား​အ​များ​တို့​ကို သတ်​သော ငါ​တို့၏​ရန်​သူ​ကို၊ ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု မိ​မိ​တို့​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 25,
      "text": "စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခါ၊ ရှံ​ဆုန်​ကို ခေါ်​ခဲ့။ ငါ​တို့​အ​ဖို့ က​စား​ပါ​လေ​စေ​ဟု ဆို​သ​ဖြင့်၊ ရှံ​ဆုန်​ကို ထောင်​အိမ်​မှ​ခေါ်​ခဲ့၍ သူ​သည် က​စား​ရ၏။ သူ​ကို​လည်း ဇ​ရပ်​တိုင်​ကြား​မှာ ထား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 26,
      "text": "ရှံ​ဆုန်​က​လည်း၊ ဇ​ရပ်​တိုင်​တို့​ကို ငါ​မှီ၍​နေ​ရ​အောင် လက်​နှင့်​တွေ့​ပါ​ရ​စေ​ဟု လက်​ဆွဲ​သော လူ​က​လေး​ကို အ​ခွင့်​တောင်း၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 27,
      "text": "ထို​ဇ​ရပ်၌ ယောက်ျား​မိန်း​မ​တို့​သည် အ​ပြည့်​ရှိ​ကြ၏။ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​လည်း ပါ​ကြ၏။ ဇ​ရပ်​မိုး​ပေါ်​မှာ​လည်း သုံး​ထောင်​မျှ​လောက်​သော ယောက်ျား​မိန်း​မ​တို့​သည် ရှံ​ဆုန်​က​စား​သည်​ကို ကြည့်​ရှု​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 28,
      "text": "ရှံ​ဆုန်​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​နှစ်​ဖက်​ကို ဖောက်​သော ဖိ​လိ​တ္တိ​လူ​တို့၌ တစ်​ပြိုင်​နက်​အ​ပြစ်​ဒဏ် ပေး​နိုင်​မည်​အ​ကြောင်း၊ ယ​ခု​တစ်​ကြိမ်​မျှ​သာ ခွန်​အား​ကို ပြန်​ပေး​တော်​မူ​ပါ​ဘု​ရား​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပြီး​မှ၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 29,
      "text": "ဇ​ရပ်​ခေါင်​တိုင်​နှစ်​တိုင်​တို့​ကို လက်​ယာ​လက်၊ လက်​ဝဲ​လက်​နှစ်​ဖက်​နှင့် ကိုင်၍ မှီ​နေ​လျက်၊"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 30,
      "text": "အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​နှင့် အ​တူ​သေ​ပါ​ရ​စေ​ဟု​ဆို​လျက်၊ အား​ထုတ်၍ ကိုယ်​ကို​ညွှတ်​ချ​သ​ဖြင့်၊ ဇ​ရပ်​သည် မင်း​များ၊ လူ​များ​အ​ပေါင်း​တို့​အ​ပေါ်​မှာ လဲ၍ ဖိ​လေ၏။ ထို​သို့ အ​သက်​ရှင်​စဉ်​အ​ခါ သတ်​ခဲ့​သည်​ထက် သေ​စဉ်​အ​ခါ သာ၍​များ​သော​သူ​တို့​ကို သတ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 16,
      "verse": 31,
      "text": "သူ့​ညီ​များ၊ အ​ဆွေ​အ​မျိုး​များ အ​ပေါင်း​တို့​သည်​လာ၍ အ​လောင်း​ကောင်​ကို ထမ်း​သွား​ပြီး​လျှင်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား​တွင် အ​ဘ​မာ​နော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​အုပ်​စိုး​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 1,
      "text": "မိ​က္ခာ​အ​မည်​ရှိ​သော ဧ​ဖ​ရိမ်​တောင်​သား​တစ်​ယောက် ရှိ၏။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 2,
      "text": "သူ​သည် အ​မိ​အား၊ အို​အ​မေ၊ ပျောက်​သော​ငွေ၊ အ​ကျွန်ုပ်​ရှေ့​မှာ ကျိန်​ဆဲ​သော​စ​ကား​ကို​ပြော​သော ငွေ​ဆယ်​တစ်​ပိဿာ​သည် အ​ကျွန်ုပ်၌ ရှိ​ပါ၏။ အ​ကျွန်ုပ်​ယူ​မိ​ပြီ​ဟု ဆို​သော်၊ အ​မိ​က၊ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 3,
      "text": "ထို​ငွေ​ဆယ်​တစ်​ပိဿာ​ကို အ​မိ​အား​ပြန်​ပေး​သော​အ​ခါ၊ အ​မိ​က၊ ငါ့​သား​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို လုပ်​စ​ရာ​ဖို့ ဤ​ငွေ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ငါ​ပူ​ဇော်​နှင့်​ပြီ။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 4,
      "text": "သို့​ဖြစ်၍ ငါ့​သား​အား ယ​ခု​ငါ​ပြန်​ပေး​မည်​ဟု​ဆို​သော်​လည်း၊ သား​သည် ထို​ငွေ​ကို အ​မိ​အား​ပြန်​ပေး၏။ အ​မိ​သည်​လည်း နှစ်​ပိဿာ​ကို​ယူ၍ ပန်း​ထိမ်​သ​မား၌ အပ်​သ​ဖြင့်၊ သူ​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို​လုပ်၍ ရုပ်​တု​တို့​သည် မိ​က္ခာ​အိမ်၌ ရှိ၏။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 5,
      "text": "ထို​လူ​မိ​က္ခာ​သည် ဘု​ရား​ကျောင်း​ရှိ၍၊ သင်​တိုင်း​တော်​နှင့် တေ​ရပ်​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ မိ​မိ​သား​တစ်​ယောက်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 6,
      "text": "ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ။ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 7,
      "text": "ယု​ဒ​အ​မျိုး​နှင့် စပ်​ဆိုင်​သော ဗက်​လင်​ယု​ဒ​မြို့​သား လေ​ဝိ​အ​မျိုး လု​လင်​တစ်​ယောက်​သည်၊ ဗက်​လင်​မြို့​မှာ တည်း​ခို၍ နေ​ပြီး​လျှင်၊"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 8,
      "text": "တစ်​ဖန် ထွက်​သွား၍ တည်း​ခို​စ​ရာ​အ​ရပ်​ကို ရှာ​လျက် ခ​ရီး​သွား​သ​ဖြင့်၊ ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 9,
      "text": "မိ​က္ခာ​က​လည်း၊ သင်​သည် အ​ဘယ်​က လာ​သ​နည်း​ဟု​မေး​သော်၊ လု​လင်​က၊ ငါ​သည် ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သား လေ​ဝိ​လူ​ဖြစ်၏။ တည်း​ခို​စ​ရာ​အ​ရပ်​ကို ရှာ၏​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 10,
      "text": "မိ​က္ခာ​က၊ အ​ကျွန်ုပ်​နှင့်​အ​တူ နေ​ပါ။ အ​ကျွန်ုပ်၏​အ​ဘ၊ အ​ကျွန်ုပ်၏ ယဇ်​ပု​ရော​ဟိတ် လုပ်​ပါ။ အ​ကျွန်ုပ်​သည် တစ်​နှစ်​တစ်​နှစ်​လျှင် ငွေ​အ​ကျပ်​တစ်​ဆယ်​နှင့် အ​ဝတ်​စုံ​ကို​လည်း​ကောင်း၊ စား​စ​ရာ​ကို​လည်း​ကောင်း ပေး​ပါ​မည်​ဟု ပင့်​ဖိတ်​သော​အ​ခါ၊ လေ​ဝိ​လူ​သည်​ဝင်၍၊"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 11,
      "text": "ထို​သူ​နှင့်​အ​တူ​နေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့် သား​ကဲ့​သို့​ဖြစ်​လေ၏။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 12,
      "text": "မိ​က္ခာ​သည်​လည်း၊ ထို​လေ​ဝိ​လု​လင်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သည်​အ​တိုင်း၊ လု​လင်​သည် ယဇ်​ပု​ရော​ဟိတ်​လုပ်၍ မိ​က္ခာ​အိမ်၌ နေ၏။"
    },
    {
      "book": 7,
      "chapter": 17,
      "verse": 13,
      "text": "မိ​က္ခာ​က​လည်း၊ ယ​ခု​မှာ လေ​ဝိ​လူ​သည် ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​ကျေး​ဇူး​ပြု​တော်​မူ​မည်​ကို ငါ​သိ​သည်​ဟု ဆို၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 1,
      "text": "ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​စဉ်၊ ဒန်​အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​စ​ရာ​မြေ​ကို ရှာ​ကြ၏။ ထို​ကာ​လ​တိုင်​အောင် အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင်၊ အ​မွေ​ခံ​ထိုက်​သည်​အ​တိုင်း မ​ခံ​ရ​သေး။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 2,
      "text": "သို့​ဖြစ်၍ ဒန်​အ​မျိုး​သား​တို့​သည် ပြည်​ကို ကြည့်​ရှု​စူး​စမ်း​စေ​ခြင်း​ငှာ မိ​မိ​တို့​အ​မျိုး​သား ခွန်​အား​ကြီး​သော သူ​ရဲ​ငါး​ယောက်​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ် ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ စေ​လွှတ်​လျက်၊ ပြည်​ကို​သွား၍ စူး​စမ်း​ကြ​လော့​ဟု မှာ​လိုက်​ကြ​သည်​အ​တိုင်း၊ သူ​တို့​သည် ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​ပြီး​လျှင် တည်း​ခို၍ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 3,
      "text": "မိ​က္ခာ​အိမ်၌ ရှိ​စဉ်​အ​ခါ၊ လေ​ဝိ​လု​လင်၏ စ​ကား​သံ​ကို​မှတ်​မိ၍၊ သူ့​နေ​ရာ​သို့​ဝင်​လျှင်၊ သင်​သည် ဤ​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ရောက်​သ​နည်း။ ဤ​သူ​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ဘယ်​သို့​လုပ်၍ နေ​သ​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 4,
      "text": "ထို​သူ​က၊ မိ​က္ခာ​သည် ဤ​မည်​သော​အ​မှု ဤ​မည်​သော​အ​ရာ​ကို ပေး၍ ငါ့​ကို​ငှား​သ​ဖြင့်၊ ငါ​သည် သူ၏​ယဇ်​ပု​ရော​ဟိတ် လုပ်​နေ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 5,
      "text": "သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ယ​ခု​ခ​ရီး​သွား​ရာ​တွင် အ​ကြံ​မြောက်​မည် မ​မြောက်​မည်​ကို သိ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို မေး​မြန်း​ပါ​လော့​ဟု တောင်း​ပန်​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​က ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ သင်​တို့​သွား​ရာ​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​တော်​မူ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 7,
      "text": "ထို​လူ​ငါး​ယောက်​တို့​သည် ထွက်​သွား၍ လဲ​ရှ​မြို့​သို့ ရောက်​သ​ဖြင့်၊ မြို့​သား​တို့​သည် ဇိ​ဒုန်​အ​မျိုး​သား​တို့ သ​တိ​မ​ရှိ​သ​ကဲ့​သို့ သ​တိ​မ​ရှိ၊ မ​စိုး​ရိမ်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ကြောင်း​ကို​လည်း​ကောင်း၊ ဆုံး​မ​ပိုင်​သော​မင်း​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဇိ​ဒုန်​အ​မျိုး​သား​တို့​နှင့်​ဝေး၍ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​ကြောင်း​ကို​လည်း​ကောင်း​ကြည့်​ရှု​ပြီး​မှ၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 8,
      "text": "အ​မျိုး​သား​ချင်း​ရှိ​ရာ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​သို့ ပြန်​လာ၍ အ​မျိုး​သား​ချင်း​တို့​က၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​မည်​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 9,
      "text": "သူ​တို့​က၊ ထ၍ သွား​တိုက်​ကြ​ကုန်​အံ့၊ ထို​ပြည်​သည် ကောင်း​မွန်​သော ပြည်​ဖြစ်​သည်​ကို ငါ​တို့​မြင်​ပြီ။ ငြိမ်​ဝပ်​စွာ နေ​ကြ​သေး​သ​လော။ ထို​ပြည်​ကို သိမ်း​ယူ​ဝင်​စား​ခြင်း​ငှာ မ​ဖင့်​နွှဲ​ကြ​နှင့်။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 10,
      "text": "သွား​လျှင် သ​တိ​မ​ရှိ​သော​လူ​မျိုး​နှင့် ကျယ်​ဝန်း​သော​ပြည်​ကို တွေ့​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။ ထို​ပြည်၌ မြေ​ကြီး​ဥ​စ္စာ စုံ​လင်​လျက်​ရှိ​သည်​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 11,
      "text": "ထို​အ​ခါ ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ​မြို့​မှ ဒန်​အ​မျိုး​သား​လူ​ခြောက်​ရာ​တို့​သည် စစ်​တိုက်​လက်​နက်​ပါ​လျက် ချီ​သွား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 12,
      "text": "သွား​ရာ​တွင်၊ ယု​ဒ​ခ​ရိုင် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှာ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​ကို ယ​နေ့​တိုင်​အောင် ဒန်​အ​မျိုး​တပ်​ဟူ၍ တွင်​သ​တည်း။ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့ နောက်​မှာ​ရှိ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 13,
      "text": "ထို​အ​ရပ်​မှ​သွား၍ ဧ​ဖ​ရိမ်​တောင်၌ မိ​က္ခာ​အိမ်​သို့ ရောက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 14,
      "text": "ထို​အ​ခါ လဲ​ရှ​မြို့​ကို စူး​စမ်း​ခြင်း​ငှာ​သွား​သော သူ​ငါး​ယောက်​တို့​က၊ ဤ​အိမ်​တို့၌ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​ရှိ​ကြောင်း​ကို သိ​သ​လော။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဆင်​ခြင်​ကြ​လော့​ဟု အ​မျိုး​သား​ချင်း​တို့​အား​ဆို​သော်၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 15,
      "text": "သူ​တို့​သည် ထို​အ​ရပ်​သို့ လှည့်​သွား​သ​ဖြင့်၊ လေ​ဝိ​လု​လင်​နေ​ရာ မိ​က္ခာ​အိမ်​သို့​ရောက်၍ သူ့​ကို​နှုတ်​ဆက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 16,
      "text": "စစ်​တိုက်​လက်​နက်​ပါ​သော ဒန်​အ​မျိုး​သား​ခြောက်​ရာ​တို့​သည် တံ​ခါး​ဝ၌ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 17,
      "text": "လဲ​ရှ​မြို့​ကို စူး​စမ်း​သော လူ​ငါး​ယောက်​တို့​သည် မိ​က္ခာ​အိမ်​သို့​ဝင်၍၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 18,
      "text": "ထု​သော​ရုပ်​တု၊ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​တို့​ကို ယဇ်​ပု​ရော​ဟိတ်​ရှေ့​မှာ ယူ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​က​လည်း၊ အ​ဘယ်​သို့​ပြု​ကြ​သ​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 19,
      "text": "သူ​တို့​က တိတ်​ဆိတ်​စွာ​နေ​ပါ။ ကိုယ်​တော်​နှုတ်​ကို လက်​နှင့်​ပိတ်၍ အ​ကျွန်ုပ်​တို့​နှင့် ကြွ​ပါ။ အ​ကျွန်ုပ်​တို့​အ​ဘ လုပ်​ပါ။ ယဇ်​ပု​ရော​ဟိတ် လုပ်​ပါ။ တစ်​အိမ်​ထောင်၌​သာ ယဇ်​ပု​ရော​ဟိတ် လုပ်​ကောင်း​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် တစ်​မျိုး​တစ်​နွယ်​လုံး၌ ယဇ်​ပု​ရော​ဟိတ် မ​လုပ်​ကောင်း​သ​လော​ဟု ဆို​ကြ​သော်၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 20,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ဝမ်း​မြောက်၍ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ ထု​သော​ရုပ်​တု​ကို ယူ​လျက်၊ ထို​လူ​စု​ထဲ​သို့ ဝင်​သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 21,
      "text": "ထို​သူ​တို့​သည် သူ​ငယ်​များ၊ တိ​ရ​စ္ဆာန်​များ၊ ဝန်​စ​လယ်​များ​ကို အ​ဦး​သွား​စေ​သ​ဖြင့် ကိုယ်​တိုင်​လိုက်​လျက် လှည့်​သွား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 22,
      "text": "မိ​က္ခာ​အိမ်​နှင့် ဝေး​သော​အ​ခါ၊ မိ​က္ခာ၏ အိမ်​နီး​ချင်း​တို့​သည် စည်း​ဝေး၍၊ ဒန်​အ​မျိုး​သား​တို့​ကို မီ​အောင်​လိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 23,
      "text": "ကြွေး​ကြော်​သော​အ​ခါ၊ ဒန်​အ​မျိုး​သား​တို့​သည် လှည့်​ကြည့်​လျက် သင်​သည် အ​ဘယ်​အ​ခင်း​ရှိ၍ လူ​အ​ပေါင်း​တို့​နှင့် လိုက်​လာ​သ​နည်း​ဟု မိ​က္ခာ​အား​မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 24,
      "text": "မိ​က္ခာ​က၊ သင်​တို့​သည် ငါ​လုပ်​သော​ဘု​ရား​တို့​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား​ကြ​သည်​တ​ကား။ ထို​အ​ရာ​မှ​တစ်​ပါး ငါ၌ အ​ဘယ်​အ​ရာ​ရှိ​သ​နည်း။ သို့​သော်​လည်း သင်​တို့​က၊ အ​ဘယ်​အ​ခင်း​ရှိ​သ​နည်း​ဟု ငါ့​ကို​မေး​ကြ​သည်​တ​ကား​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 25,
      "text": "ဒန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​တွင် သင့်​စ​ကား​ကို မ​ကြား​ပါ​စေ​နှင့်။ သို့​မ​ဟုတ် စိတ်​ဆိုး​သော​သူ​တို့​သည် သင့်​ကို​တိုက်၍ သင့်​အ​သက်​နှင့် သင့်​အိမ်​သား​တို့​အ​သက် ဆုံး​ကောင်း​ဆုံး​လိမ့်​မည်​ဟု ဆို​လျက် ခ​ရီး​သွား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 26,
      "text": "မိ​က္ခာ​သည် သူ​တို့​ကို မိ​မိ​မ​နိုင်​သည်​ကို​သိ၍ မိ​မိ​အိမ်​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 27,
      "text": "ဒန်​အ​မျိုး​သား​တို့​သည်၊ မိ​က္ခာ​လုပ်​သော​အ​ရာ​တို့​နှင့် သူ၌​နေ​သော ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား၍၊ သ​တိ​မ​ရှိ ငြိမ်​ဝပ်​စွာ​နေ​သော လဲ​ရှ​မြို့​သား​တို့​ဆီ​သို့​ရောက်​သ​ဖြင့် ဓား​နှင့်​လုပ်​ကြံ၍ မြို့​ကို​မီး​ရှို့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 28,
      "text": "ဇိ​ဒုန်​မြို့​နှင့်​ဝေး​သော​ကြောင့်​လည်း​ကောင်း၊ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​သော​ကြောင့်​လည်း​ကောင်း၊ ကယ်​နုတ်​သော​သူ မ​ရှိ။ ထို​မြို့​သည် ဗက်​ရ​ဟော​ဘ​မြို့​အ​နား​မှာ​ရှိ​သော ချိုင့်၌​တည်၏။ ထို​အ​ရပ်၌ မြို့​သစ်​ကို​တည်၍ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 29,
      "text": "ထို​မြို့​ကို သူ​တို့​အ​မျိုး၏​အ​ဘ ဣ​သ​ရေ​လ၏​သား ဒန်​အ​မည်​ကို​မှီ​သ​ဖြင့် ဒန်​မြို့​ဟူ၍ တွင်​ကြ၏။ ထို​မြို့​အ​မည်​ဟောင်း​ကား လဲ​ရှ​တည်း။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 30,
      "text": "ဒန်​အ​မျိုး​သား​တို့​သည် မိ​က္ခာ​ထု​သော​ရုပ်​တု​ကို တည်​ထောင်၍ မ​နာ​ရှေ​သား ဂေ​ရ​ရှုံ၏​သား​ယော​န​သန်​နှင့် သူ၏​သား​တို့​သည် သေ​တ္တာ​တော်​ကို သိမ်း​သွား​သည်​နေ့​တိုင်​အောင် ဒန်​အ​မျိုး၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 18,
      "verse": 31,
      "text": "ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ရှိ​လော​မြို့၌ ရှိ​သည်​ကာ​လ​ပတ်​လုံး၊ မိ​က္ခာ​သွန်း​သော​ရုပ်​တု​ကို​လည်း တည်​ထောင်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​သည်​ကာ​လ၊ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း၌ တည်း​ခို​သော လေ​ဝိ​လူ​တစ်​ယောက်​သည်၊ ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သူ မိန်း​မ​တစ်​ယောက်​ကို သိမ်း​ယူ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 2,
      "text": "ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ဗက်​လင်​မြို့ မိ​မိ​အ​ဘ​အိမ်​သို့​သွား​သ​ဖြင့် လေး​လ​နေ​လေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 3,
      "text": "လင်​သည် သူ့​ကို​ချော့​မော့၍ ဆောင်​ခဲ့​ခြင်း​ငှာ ငယ်​သား​တစ်​ယောက်​နှင့် မြည်း​နှစ်​စီး​ပါ​လျက် ထ​သွား၍ ရောက်​သော​အ​ခါ၊ မ​ယား​ငယ်​သည် မိ​မိ​အ​ဘ​အိမ်​ထဲ​သို့ ခေါ်​သွင်း၍၊ အ​ဘ​သည် သ​မက်​ကို​တွေ့​မြင်​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ သိမ်း​ဆည်း​လေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 4,
      "text": "ထို​ကြောင့် သ​မက်​သည် စား​သောက်​လျက်၊ အိပ်​လျက်၊ သုံး​ရက်​ပတ်​လုံး ယော​က္ခ​မ​အိမ်၌​နေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 5,
      "text": "စ​တု​တ္တ​နေ့​ရက် နံ​နက်​စော​စော​ထ၍ ထွက်​သွား​အံ့​သော​ငှာ ပြင်​ဆင်​သော​အ​ခါ၊ ယော​က္ခ​မ​က၊ မုန့်​အ​နည်း​ငယ်​ကို​စား၍ အား​ဖြည့်​ပြီး​မှ သွား​ကြ​ပါ​ဟု သ​မက်​အား ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 6,
      "text": "နှစ်​ယောက်​လုံး​ထိုင်၍ စား​သောက်​လျက် နေ​ကြ၏။ ယော​က္ခ​မ​က​လည်း၊ သ​ဘော​ကျ​ပါ​တော့။ ယ​နေ့​ည​ကို​လည်း လွန်​စေ​သ​ဖြင့် ပျော်​မွေ့​လျက်​နေ​ပါ​တော့​ဟု သ​မက်​အား​ဆို​ပြန်၍၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 7,
      "text": "သ​မက်​သည် သွား​အံ့​သော​ငှာ ထ​သော်​လည်း၊ ယော​က္ခ​မ​သွေး​ဆောင်​သ​ဖြင့် သ​မက်​သည် ထို​အ​ရပ်၌ အိပ်​ပြန်​လေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 8,
      "text": "ပ​ဥ္စ​မ​နေ့​ရက် နံ​နက်​စော​စော​သွား​အံ့​သော​ငှာ ထ​သော​အ​ခါ၊ ယော​က္ခ​မ​က၊ အား​ဖြည့်​ပါ​ဦး​တော့​ဟု​ဆို၍ မွန်း​လွဲ​သည်​တိုင်​အောင် နှစ်​ယောက်​လုံး စား​သောက်​လျက်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 9,
      "text": "ထို​သူ​သည် မ​ယား​ငယ်​နှင့် ငယ်​သား​ကို​ခေါ်၍ သွား​အံ့​သော​ငှာ ထ​ပြန်​သော​အ​ခါ၊ သူ၏​ယော​က္ခ​မ​ဖြစ်​သော ထို​မိန်း​မ၏​အ​ဘ​က၊ ကြည့်​ပါ၊ မိုး​ချုပ်​လု​ပြီ။ ယ​နေ့​ည​ကို​လည်း လွန်​စေ​ပါ​တော့။ နေ့​အ​ချိန် ကုန်​လု​ပြီ။ ဤ​အ​ရပ်၌ အိပ်၍ ပျော်​မွေ့​လျက်​နေ​ပါ​တော့။ နက်​ဖြန်​နံ​နက် စော​စော​ထ၍ ကိုယ်​နေ​ရာ​အ​ရပ်​သို့ သွား​တော့​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 10,
      "text": "သ​မက်​သည် ထို​ည​ကို​မ​လွန်​စေ​ဘဲ ထ​သွား၍ ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့် မ​ယား​ငယ်​လည်း​ပါ​လျက် ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗုတ်​မြို့​အ​နီး​သို့ ရောက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 11,
      "text": "ထို​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မိုး​ချုပ်​သော​ကြောင့် ငယ်​သား​က၊ နား​ထောင်​ပါ​တော့။ ယေ​ဗု​သိ​လူ​နေ​ရာ ဤ​မြို့​သို့​ဝင်၍ အိပ်​ကြ​ကုန်​အံ့​ဟု သ​ခင်​အား​ဆို​သော်၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 12,
      "text": "သ​ခင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​နေ​သော မြို့​သို့​မ​ဝင်၊ ဂိ​ဗာ​မြို့​သို့​သွား​ဦး​မည်။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 13,
      "text": "ဂိ​ဗာ​မြို့၊ ရာ​မ​မြို့ အ​စ​ရှိ​သော တစ်​စုံ​တစ်​ခု​သော​အ​ရပ်၌ ည​ကို​လွန်​စေ​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့​ဟု ငယ်​သား​အား​ဆို​လျက်၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 14,
      "text": "ခ​ရီး​သွား​ပြန်၍ ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ နေ​ဝင်​လေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 15,
      "text": "ဂိ​ဗာ​မြို့​မှာ ည​ကို​လွန်​စေ​မည်​အ​ကြံ​နှင့် မြို့​ထဲ​သို့​ဝင်၍ အ​ဘယ်​သူ​မျှ ဧည့်​မ​ခံ​သေး​သော​ကြောင့် လမ်း​မှာ​ထိုင်​နေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 16,
      "text": "ဂိ​ဗာ​မြို့​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား ဖြစ်​ကြ၏။ သို့​ရာ​တွင် တည်း​ခို​သော ဧ​ဖ​ရိမ်​တောင်​သား လူ​အို​တစ်​ယောက်​ရှိ​သည်​ဖြစ်၍၊ ထို​သူ​သည် ညဉ့်​ဦး​ယံ၌ လယ်​လုပ်​ရာ​မှ​လာ​စဉ်၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 17,
      "text": "မျှော်​ကြည့်၍၊ မြို့​လမ်း​မှာ ဧည့်​သည်​တစ်​ယောက်​ရှိ​သည်​ကို မြင်​လျှင်၊ သင်​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သ​နည်း၊ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 18,
      "text": "ကျွန်ုပ်​တို့​သည် ယု​ဒ​ခ​ရိုင်​ဗက်​လင်​မြို့​မှ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း​သို့ သွား၏။ ကျွန်ုပ်​သည် ဧ​ဖ​ရိမ်​တောင်​သား ဖြစ်၏။ ဗက်​လင်​မြို့​သို့ ခ​ဏ​သွား​ပြီး​မှ ယ​ခု ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့​သွား၏။ အ​ဘယ်​သူ​မျှ ဧည့်​မ​ခံ​သေး။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 19,
      "text": "သို့​ရာ​တွင် မြည်း​ဖို့ မြက်​ခြောက်​နှင့် အ​ခြား​ကျွေး​စ​ရာ​ရှိ၏။ ကိုယ်​နှင့် ကိုယ်​တော်​ကျွန်​မ လိုက်​လာ​သော ငယ်​သား​ဖို့ မုန့်​နှင့်​စ​ပျစ်​ရည်​ရှိ၏။ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု ပြော​ဆို၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 20,
      "text": "လူ​အို​က​လည်း၊ သင်၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။ သင်​လို​သ​မျှ​သည် ငါ့​တာ​ရှိ​စေ​တော့။ လမ်း​မှာ​ည​ကို မ​လွန်​စေ​နှင့်​ဟု​ဆို​လျက်၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 21,
      "text": "မိ​မိ​အိမ်​သို့ ခေါ်​သွင်း၍ မြည်း​တို့​ကို​ကျွေး​လေ၏။ သူ​တို့​သည် ခြေ​ကို​ဆေး၍ စား​သောက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 22,
      "text": "ထို​သို့ ပျော်​မွေ့​လျက်​နေ​ကြ​သော​အ​ခါ၊ ထို​မြို့​သား အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အိမ်​ကို​ဝိုင်း၍ တံ​ခါး​ကို​ရိုက်​ကြ၏။ အိမ်​ရှင် လူ​အို​ကို​လည်း​ခေါ်၍၊ သင့်​အိမ်​သို့ ဝင်​သော​ယောက်ျား​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ထုတ်​ခဲ့​လော့​ဟု ဆို​ကြ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 23,
      "text": "အိမ်​ရှင်​သည်​လည်း ထွက်၍၊ ညီ​အစ်​ကို​တို့၊ ဆိုး​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်။ ဤ​သူ​သည် အ​ကျွန်ုပ်​အိမ်၌ တည်း​ခို​သော​သူ​ဖြစ်၍ အ​ဓ​မ္မ​မ​ပြု​ကြ​ပါ​နှင့်။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 24,
      "text": "အ​ကျွန်ုပ်၌ သ​မီး​က​ညာ​ရှိ​ပါ၏။ သူ၏ မ​ယား​ငယ်​လည်း​ရှိ​ပါ၏။ သူ​တို့​ကို ထုတ်၍​ပေး​ပါ​မည်။ သူ​တို့​ကို ရှုတ်​ချ​ကြ​ပါ။ အ​လို​ရှိ​သည်​အ​တိုင်း ပြု​ကြ​ပါ။ ဤ​ယောက်ျား၌ ဤ​မျှ​လောက်​ဆိုး​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု တောင်း​ပန်​သော်​လည်း၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 25,
      "text": "သူ​တို့​သည် နား​မ​ထောင်​သော​ကြောင့်၊ လေ​ဝိ​လူ​သည် မိ​မိ​မ​ယား​ငယ်​ကို ထုတ်၍​အပ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ည​လုံး​အ​ဓ​မ္မ​ပြု၍ နံ​နက်​တိုင်​အောင်​ရှုတ်​ချ​ပြီး​မှ အ​ရုဏ်​တက်​မှ လွှတ်​လိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 26,
      "text": "အာ​ရုဏ်​တက်​သော​အ​ခါ၊ မိန်း​မ​သည်​လာ၍ မိ​မိ​သ​ခင်​နေ​ရာ အိမ်​တံ​ခါး​ရှေ့​မှာ မိုး​လင်း​သည်​တိုင်​အောင် လဲ​နေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 27,
      "text": "နံ​နက်​အ​ချိန်​ရောက်​မှ သူ၏​သ​ခင်​သည်​ထ၍ အိမ်​တံ​ခါး​ကို ဖွင့်​သ​ဖြင့်၊ ခ​ရီး​သွား​အံ့​သော​ငှာ ထွက်​သော​အ​ခါ၊ မ​ယား​ငယ်​သည် အိမ်​တံ​ခါး​ရှေ့​မှာ​လဲ၍ တံ​ခါး​ခုံ​ကို​လက်​တင်​လျက်​ရှိ​သည် မြင်​သော်၊"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 28,
      "text": "ထ​လော့။ သွား​ကြ​ကုန်​အံ့​ဟု ဆို​သော်​လည်း သူ​သည် ပြန်​မ​ပြော​ဘဲ​နေ၏။ ထို​အ​ခါ ယောက်ျား​သည် သူ့​ကို​မြည်း​ပေါ်​မှာ တင်​သ​ဖြင့် မိ​မိ​နေ​ရာ​သို့ သွား​လေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 29,
      "text": "မိ​မိ​အိမ်​သို့ ရောက်​သော​အ​ခါ ဓား​ကို​ယူ၍ မ​ယား​ငယ်​အ​ကောင်​ကို အ​ရိုး​နှင့်​တ​ကွ ဆယ်​နှစ်​ပိုင်း​ပိုင်း၍ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​သို့ ပေး​လိုက်​လေ၏။"
    },
    {
      "book": 7,
      "chapter": 19,
      "verse": 30,
      "text": "သိ​မြင်​သော​သူ အ​ပေါင်း​တို့​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဤ​ကဲ့​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​ပြု၊ တစ်​ခါ​မျှ မ​ဖြစ်​စ​ဖူး။ ဆင်​ခြင်၍ တိုင်​ပင်​စီ​ရင်​ကြ​လော့​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 1,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 2,
      "text": "ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း၊ ပြည်​သား​အ​ပေါင်း​တို့၏ အ​ကြီး​အ​ကဲ​တို့​သည် စည်း​ဝေး​ကြ​သော်၊ ဘု​ရား​သ​ခင်၏​လူ၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ခြေ​သည်​သူ​ရဲ လေး​သိန်း​နှင့်​တ​ကွ ချဉ်း​ကပ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဇ​ပါ​မြို့​သို့ သွား​ကြောင်း​ကို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ကြား​သိ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ ထို​အ​ဓ​မ္မ​အ​မှု​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​လျှင်၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 4,
      "text": "အ​သေ​ခံ​ရ​သော မိန်း​မ၏​လင် လေ​ဝိ​လူ​က၊ အ​ကျွန်ုပ်​သည် မ​ယား​ငယ်​နှင့်​အ​တူ​လာ၍ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​မှာ ည​ကို​လွန်​စေ​ပါ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 5,
      "text": "ည​အ​ခါ ဂိ​ဗာ​မြို့​သား​တို့​သည် ထ၍ အ​ကျွန်ုပ်​တည်း​ခို​သော​အိမ်​ကို ဝိုင်း​လျက်၊ အ​ကျွန်ုပ်​ကို တိုက်​သတ်​မည် အား​ထုတ်​ကြ​ပါ၏။ မ​ယား​ငယ် သေ​သည်​တိုင်​အောင် ရှုတ်​ချ​ကြ​ပါ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 6,
      "text": "အ​ကျွန်ုပ်​သည်​လည်း မ​ယား​ငယ်​အ​ကောင်​ကို​ယူ၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​မွေ​ခံ​ရာ ပြည်​တစ်​လျှောက်​လုံး​သို့ ပေး​လိုက်​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ဆိုး​ညစ်​သော​အ​မှု၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 7,
      "text": "သင်​တို့​ရှိ​သ​မျှ​သည် ဣ​သ​ရေ​လ​အ​မျိုး ဖြစ်​ကြ​ပါ၏။ ဤ​အ​ရပ်၌ တိုင်​ပင်​စီ​ရင်​ကြ​ပါ​လော့​ဟု ပြော​ဆို​လေ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 8,
      "text": "လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ ထ၍ ငါ​တို့​သည် တစ်​ယောက်​မျှ မိ​မိ​တဲ​သို့​မ​သွား၊ မိ​မိ​အိမ်​သို့​မ​ပြန်။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 9,
      "text": "ဂိ​ဗာ​မြို့၌ အ​ဘယ်​သို့ ပြု​မည်​နည်း​ဟူ​မူ​ကား၊ စာ​ရေး​တံ​ချ၍ အ​တိုက်​သွား​မည်။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 10,
      "text": "ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၌ ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​နှင့်​ညီ​လျော်​စွာ လူ​များ​တို့​သည် ထို​မြို့​သို့​ရောက်၍ အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သူ​တို့​စား​စ​ရိတ်​ကို ပို့​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ လူ​တစ်​ရာ​တွင် တစ်​ဆယ်၊ တစ်​ထောင်​တွင် တစ်​ရာ၊ တစ်​သောင်း​တွင် တစ်​ထောင်​တို့​ကို ရွေး​ကောက်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဂိ​ဗာ​မြို့​တစ်​ဖက်၌​စည်း​ဝေး၍ တစ်​ယောက်​သော​သူ​ကဲ့​သို့ သင်း​ဖွဲ့​လျက်​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဗင်္ယာ​မိန်​ခ​ရိုင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ သင်​တို့​တွင်​ပြု​သော ဤ​အ​ဓ​မ္မ​အ​မှု​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 13,
      "text": "ယ​ခု​မှာ ဂိ​ဗာ​မြို့၌​ရှိ​သော ထို​အ​ဓ​မ္မ​လူ​တို့​ကို ငါ​တို့​ယူ၍​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​မည်​အ​ကြောင်း ထို​လူ​တို့​ကို​အပ်​ကြ​ပါ​ဟု မှာ​လိုက်​ကြ၏။ သို့​ရာ​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်၊ ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 14,
      "text": "ထို​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ၊ အ​မြို့​မြို့​အ​ရွာ​ရွာ​က​ထွက်၍ ဂိ​ဗာ​မြို့၌ စည်း​ဝေး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 15,
      "text": "ထို​အ​ခါ ဂိ​ဗာ​မြို့​သား ယောက်ျား​ကောင်း ခု​နစ်​ရာ​မှ​တစ်​ပါး အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ဗင်္ယာ​မိန် အ​မျိုး​သား​အ​ရေ​အ​တွက်​ကား၊ ဓား​လက်​နက်​စွဲ​ကိုင်​သော​သူ နှစ်​သောင်း​ခြောက်​ထောင်​တည်း။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 16,
      "text": "ထို​လူ​အ​ပေါင်း​တို့​တွင် လက်​ဝဲ​လက်​ကို သုံး​တတ်​သ​ဖြင့်၊ ဆံ​ခြည်​တစ်​ပင်​ကို လောက်​လွှဲ​နှင့်​မှန်​အောင် ပစ်​နိုင်​သော ယောက်ျား​ကောင်း ခု​နစ်​ရာ​ပါ​သ​တည်း။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 17,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​မှ​တစ်​ပါး ဓား​လက်​နက်​စွဲ​ကိုင်၍ စစ်​သူ​ရဲ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရေ​အ​တွက်​ကား လေး​သိန်း​တည်း။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 19,
      "text": "နံ​နက်​စော​စော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထ၍ ဂိ​ဗာ​မြို့​အ​နား၌ တပ်​ချ​ပြီး​မှ၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 20,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ​ချီ​သွား၍ ဂိ​ဗာ​မြို့​ရှေ့​မှာ စစ်​ခင်း​ကျင်း​လျက် နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 21,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က​ထွက်​ပြီး​လျှင်၊ ထို​နေ့​တွင် ဣ​သ​ရေ​လ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို မြေ​ပေါ်​မှာ​လှဲ၍ သတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 22,
      "text": "သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရဲ​ရင့်​သော​စိတ်​ကို​ယူ၍ ပ​ထ​မ​နေ့​တွင် စစ်​ခင်း​ကျင်း​သော​အ​ရပ်၌ တစ်​ဖန် ခင်း​ကျင်း​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 24,
      "text": "ဒု​တိ​ယ​နေ့​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​တို့​အ​နီး​သို့ ချဉ်း​ကြ​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 25,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က ထွက်​ပြီး​လျှင်၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ဣ​သ​ရေ​လ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို မြေ​ပေါ်၌​လှဲ၍ သတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 26,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​အိမ်​တော်​သို့​သွား၍ ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဝပ်​လျက်၊ တစ်​နေ့​လုံး ညဉ့်​ဦး​ယံ​တိုင်​အောင် အ​စာ​ကို​ရှောင်၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 27,
      "text": "ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ပါ​လျက်၊ အာ​ရုန်၏​သား​ဖြစ်​သော ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည်၊ သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​စောင့်​သည်​ဖြစ်၍၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 28,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့ ညီ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန်​သွား၍ တိုက်​ရ​ပါ​မည်​လော၊ မ​သွား​ဘဲ​နေ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​ကြ​လော့။ နက်​ဖြန်​နေ့​တွင် သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 29,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ပတ်​လည်၌ ကင်း​စောင့်​လူ​တို့​ကို ထား​ပြီး​မှ၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 30,
      "text": "တ​တိ​ယ​နေ့​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ ချီ​သွား၍၊ ယ​မန်​ကဲ့​သို့ ဂိ​ဗာ​မြို့​အ​နား၌ စစ်​ခင်း​ကျင်း​လျက် နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 31,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​တိုက်​ထွက်၍ မြို့​နှင့်​ကွာ​သွား​ကြ၏။ ဗေ​သ​လ​မြို့​သို့​သွား​သော​လမ်း၊ ဂိ​ဗာ​တော​ရွာ​သို့ သွား​သော​လမ်း​တွင် ယ​မန်​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး သူ​ရဲ​တို့​ကို လုပ်​ကြံ​စ​ပြု၍ လူ​သုံး​ဆယ်​ခန့်​မျှ သေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 32,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က၊ သူ​တို့​သည် ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ​ရှုံး​ကြ​ပြီ​ဟု ဆို​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ပြေး​ကြ​ကုန်​အံ့၊ သူ​တို့​ကို မြို့​နှင့်​ဝေး​သော​လမ်း​တို့​သို့ သွေး​ဆောင်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 33,
      "text": "ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ​ထ၍ ဗာ​လ​တာ​မာ​မြို့၌ စစ်​ခင်း​ကြ၏။ ကင်း​စောင့်​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ ဂိ​ဗာ​လွင်​ပြင်​မှ ထ​ကြ​သ​ဖြင့်၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 34,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား ယောက်ျား​ကောင်း​တစ်​သောင်း​တို့​သည် ဂိ​ဗာ​မြို့​သို့​ချီ​လာ၍၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဘေး​ရောက်​လု​နီး​သည်​ကို မ​ရိပ်​မိ​သော​ကြောင့်၊ ကျပ်​တည်း​စွာ ဆီး၍​တိုက်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 35,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗင်္ယာ​မိန်​လူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ ရှုံး​စေ​တော်​မူ​သ​ဖြင့်၊ ထို​နေ့​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဓား​လက်​နက်​စွဲ​ကိုင်​သော ဗင်္ယာ​မိန်​လူ နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ​တို့​ကို ပယ်​ရှင်း​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 36,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​ကြ၏။ ဣ​သ​ရေ​လူ​တို့​သည်၊ ဂိ​ဗာ​မြို့​အ​နား၌​ထား​သော ကင်း​တပ်​ကို ကိုး​စား​သော​ကြောင့်၊ အ​စ​က ဗင်္ယာ​မိန်​လူ​တို့​ရှေ့​မှာ​ဆုတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 37,
      "text": "ကင်း​တပ်​သား​တို့​သည် ဂိ​ဗာ​မြို့​သို့ တစ်​ဟုန်​တည်း​ပြေး​ဝင်၍ အ​နှံ့​အ​ပြား​တိုက်​သ​ဖြင့် တစ်​မြို့​လုံး​ကို ဓား​နှင့်​လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 38,
      "text": "မြို့​ထဲ​မှာ ကြီး​စွာ​သော မီး​ခိုး​တက်​စေ​ရ​မည်​အ​ကြောင်း ဣ​သ​ရေ​လ​လူ​တို့​သည် ကင်း​စောင့်​လူ​တို့​အား အ​ကြံ​ပေး​နှင့်​ကြ​ပြီ​ဖြစ်၍၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 39,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် စစ်​တိုက်​ရာ​တွင် ဆုတ်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​က၊ အ​ကယ်၍ သူ​တို့​သည် ယ​မန်​စစ်​ရှုံး​သ​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ​ရှုံး​ကြ​ပြီ​ဟု ဆို​လျက် သူ​ရဲ​တို့​ကို​လုပ်​ကြံ​စ​ပြု၍ လူ​သုံး​ဆယ်​ခန့်​မျှ သေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 40,
      "text": "တစ်​ဖန် မီး​လောင်၍ ထူ​ထပ်​သော​မီး​ခိုး​သည် မြို့​ထဲ​မှာ တက်​စ​ရှိ​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ပြန်​ကြည့်၍ မြို့​ကို​လောင်​သော မီး​လျှံ​သည် မိုး​ကောင်း​ကင်​သို့ တက်​သည်​ကို မြင်​ကြ၍၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 41,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် လှည့်၍​ပြန်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​သည် ဘေး​ရောက်​ကြောင်း​ကို သိ​မြင်​လျှင်၊"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 42,
      "text": "မိန်း​မော​တွေ​ဝေ၍ ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ တော​လမ်း​သို့​ပြေး​သော်​လည်း၊ စစ်​တိုက်​လိုက်​လာ​သော သူ​တို့​သည်​မီ​သ​ဖြင့် ပြေး​သော​သူ​တို့​ကို​လည်း​ကောင်း၊ မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သော​သူ​တို့​ကို​လည်း​ကောင်း တစ်​ပြိုင်​နက် ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 43,
      "text": "ဗင်္ယာ​မိန်​လူ​တို့​ကို ဝိုင်း​လျက်​လိုက်​လျက်၊ နု​ခါ​ရွာ​မှ​စ၍ နေ​ထွက်​ရာ​ဘက်၊ ဂိ​ဗာ​မြို့​အ​နား​တိုင်​အောင် နှိပ်​နင်း​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 44,
      "text": "ထို​အ​ခါ ဗင်္ယာ​မိန်​သူ​ရဲ တစ်​သောင်း​ရှစ်​ထောင်​တို့​သည် လဲ၍​သေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 45,
      "text": "ကြွင်း​သော​သူ​တို့​သည် လှည့်၍ တော​အ​ရပ် ရိ​မ္မုန်​ကျောက်​သို့ ပြေး​ကြ​စဉ်​တွင်၊ လိုက်​သော​သူ​တို့​သည် လူ​ငါး​ထောင်​တို့​ကို လမ်း​မှာ​ဖမ်း​မိ​ကြ၏။ ဂိ​ဒုံ​မြို့​တိုင်​အောင် အ​ပြင်း​လိုက်၍ လူ​နှစ်​ထောင်​တို့​ကို​လည်း သတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 46,
      "text": "ထို​နေ့​တွင် လဲ၍​သေ​သော ဗင်္ယာ​မိန် ဓား​စွဲ​သူ​ရဲ​တို့ အ​ရေ​အ​တွက်​ကား၊ နှစ်​သောင်း​ငါး​ထောင်​တည်း။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 47,
      "text": "လူ​ခြောက်​ရာ​တို့​သည် လှည့်၍ တော​အ​ရပ်​ရိ​မ္မုန်​ကျောက်​ကို မီ​အောင်​ပြေး​သ​ဖြင့်၊ ထို​ကျောက်​အောက်​မှာ လေး​လ​နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 20,
      "verse": 48,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် တစ်​ဖန်​လှည့်၍၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တိုက်​လျက် မြို့​ရွာ၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်​တွေ့​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ တွေ့​သ​မျှ​သော မြို့​ရွာ​တို့​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘယ်​သူ​မျှ မိ​မိ​သ​မီး​ကို ဗင်္ယာ​မိန်​အ​မျိုး​သား၌ မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ မိ​ဇ​ပါ​မြို့​မှာ ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 2,
      "text": "လူ​များ​တို့​သည် ဘု​ရား​သ​ခင့် အိမ်​တော်​သို့​လာ၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ညဉ့်​ဦး​တိုင်​အောင်​နေ​လျက်၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လျက်၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 3,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ယ​နေ့​တစ်​မျိုး ချို့​တဲ့​ရ​သော​အ​မှု​သည် အ​ဘယ်​ကြောင့် ဖြစ်​ရ​ပါ​သ​နည်း​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 4,
      "text": "နက်​ဖြန်​နံ​နက်​စော​စော လူ​များ​တို့​သည်​ထ​ပြီး​လျှင်၊ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 5,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် အ​ဘယ်​သူ​သည် ပ​ရိ​သတ်​အ​ပေါင်း​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း​ဟု မေး​ကြ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သော​သူ​သည် ဧ​ကန်​အ​မှန် အ​သေ​သတ်​ခြင်း​ကို​ခံ​စေ​ဟု ကြီး​စွာ​သော​ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 6,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း၊ ညီ​ဗင်္ယာ​မိန်​အ​တွက် နောင်​တ​ရ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ယ​နေ့​တစ်​မျိုး​ဆုံး​ပြီ။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 7,
      "text": "ငါ​တို့​သည် ကိုယ်​သ​မီး​ကို သူ​တို့​အား​မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သော​ကြောင့်၊ ကျန်​ကြွင်း​သော သူ​တို့​အ​ဖို့ မိန်း​မ​တို့​ကို အ​ဘယ်​သို့ ရ​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 8,
      "text": "ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​တို့​တွင် အ​ဘယ်​သူ​သည် မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း ဟူ၍​လည်း​ကောင်း မေး​မြန်း​လျှင်၊ ဂိ​လဒ်​ပြည်၊ ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ စု​ဝေး​ရာ​တပ်​သို့ မ​ရောက်​မ​လာ​ကြောင်း​ကို သိ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 9,
      "text": "လူ​များ​တို့​ကို ရေ​တွက်​သော​အ​ခါ၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ မ​ပါ။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 10,
      "text": "ထို​အ​ခါ စု​ဝေး​သော​သူ​တို့​သည် စစ်​သူ​ရဲ​တစ်​သောင်း​နှစ်​ထောင်​တို့​ကို စေ​လွှတ်​လျက်၊ သင်​တို့​သည်​သွား၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ​လော့။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 11,
      "text": "သို့​ဆို​သော်၊ ယောက်ျား​အ​ပေါင်း​ကို​လည်း​ကောင်း၊ ယောက်ျား​နှင့်​ဆက်​ဆံ​သော မိန်း​မ​အ​ပေါင်း​ကို​လည်း​ကောင်း၊ ရှင်း​ရှင်း​ပယ်​ရှား​ကြ​လော့​ဟု​မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 12,
      "text": "စစ်​သူ​ရဲ​တို့​သည် ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​သား​တို့​တွင်၊ ယောက်ျား​နှင့် မ​ဆက်​ဆံ​သေး​သော က​ညာ​မိန်း​မ​ပျို​လေး​ရာ​တို့​ကို တွေ့၍ ခါ​နာန်​ပြည်၌ တပ်​ချ​ရာ၊ ရှိ​လော​မြို့​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 13,
      "text": "တစ်​ဖန် စု​ဝေး​သော သူ​အ​ပေါင်း​တို့​သည်၊ ရိ​မ္မုန်​ကျောက်၌​နေ​သော ဗင်္ယာ​မိန်​လူ​တို့​ကို နှုတ်​ဆက်၍ အ​သင့်​အ​တင့်​ခေါ်​ခြင်း​ငှာ လူ​တို့​ကို​စေ​လွှတ်​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 14,
      "text": "ထို​အ​ခါ ဗင်္ယာ​မိန်​လူ​တို့​သည် လာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် အ​ရှင်​ချန်​ထား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မိန်း​မ​တို့​နှင့် ပေး​စား​ကြ၏။ သို့​သော်​လည်း မိန်း​မ​တို့​သည် မ​လောက်​မ​င​ကြ။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 15,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ပြို​ပျက်​ရာ​ကို ပြု​တော်​မူ​သော​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဗင်္ယာ​မိန်​အ​တွက် နောင်​တ​ရ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 16,
      "text": "စု​ဝေး​ရာ​ပ​ရိ​သတ် အ​သက်​ကြီး​သူ​တို့​က​လည်း၊ ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က မိန်း​မ​တို့​ကို ပယ်​ရှင်း​သော​ကြောင့်၊ ကျန်​ကြွင်း​သော သူ​တို့​အ​ဖို့ မိန်း​မ​တို့​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် တစ်​မျိုး​ကို မ​ပျောက်​စေ​ခြင်း​ငှာ သေ​ဘေး​မှ​လွတ်​သော ဗင်္ယာ​မိန်​လူ​တို့ အ​မွေ​ခံ​စ​ရာ​မြေ ရှိ​ရ​မည်။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 18,
      "text": "သို့​သော်​လည်း အ​ကြင်​သူ​သည် ဗင်္ယာ​မိန်​လူ၌ သ​မီး​ကို​ပေး​စား၏။ ထို​သူ​သည် ကျိန်​အပ်​သော​သူ ဖြစ်​စေ​ဟု ဣ​သ​ရေ​လ​လူ​တို့​သည် ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့် ငါ​တို့​သည် ကိုယ်​သ​မီး​တို့​ကို မ​ပေး​စား​ရ​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 19,
      "text": "ဗေ​သ​လ​မြို့​မြောက်​ဘက်၊ ဗေ​သ​လ​မြို့​မှ ရှေ​ခင်​မြို့​သို့​သွား​သော​လမ်း အ​ရှေ့​ဘက်၊ လေ​ဗော​န​မြို့​တောင်​ဘက်၊ ရှိ​လော​မြို့​နယ်​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ နှစ်​စဉ် ပွဲ​ခံ​တတ်​သည်​ဟူ၍​လည်း​ကောင်း၊ တိုင်​ပင်​ကြ​သည်​နှင့် အ​ညီ၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 20,
      "text": "ဗင်္ယာ​မိန်​လူ​တို့​ကို​ခေါ်၍ သင်​တို့​သည် သွား​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​တို့၌ ချောင်း​မြောင်း​လျက်​နေ​ကြ​လော့။ ရှိ​လော​မြို့​သ​မီး​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ က​လျက်​လာ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 21,
      "text": "စ​ပျစ်​ဥ​ယျာဉ်​ထဲ​က ထွက်​ပြီး​လျှင်၊ ထို​မြို့​သ​မီး​တို့​ကို အ​သီး​အ​သီး ကိုယ်​မ​ယား​ဖြစ်​စေ​ဖို့ ဖမ်း​ဆီး၍ ဗင်္ယာ​မိန်​ပြည်​သို့ ဆောင်​သွား​ကြ​လော့။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 22,
      "text": "သူ​တို့​အ​ဘ​နှင့်​မောင်​တို့​သည် ငါ​တို့​ထံ​သို့​လာ၍ အ​မှု​လုပ်​သော​အ​ခါ၊ ငါ​တို့​က ငါ​တို့​မျက်​နှာ​ကို​ထောက်၍ သူ​တို့​ကို သ​နား​ကြ​ပါ။ စစ်​တိုက်​ရာ​တွင် သူ​တို့ အ​သီး​အ​သီး​ဆိုင်​သော​မ​ယား​တို့​ကို သူ​တို့​အ​ဖို့ ငါ​တို့​သည် မ​ချန်​မ​ထား​မိ​ပါ။ သင်​တို့၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ ယ​ခု​ပေး​စား​ကြ​သည်​မ​ဟုတ်​ဟု သူ​တို့​အား ပြန်​ပြော​မည်​ဟု မှာ​ထား​ကြ​သည်​အ​တိုင်း၊"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 23,
      "text": "ဗင်္ယာ​မိန်​လူ​တို့​သည်​ပြု၍ ပွဲ​ခံ​လျက်​က​သော မိန်း​မ​တို့​ကို ကိုယ်​အ​ရေ​အ​တွက်​အ​တိုင်း မ​ယား​ဖြစ်​ဖို့​ရာ ဖမ်း​ဆီး၍ ယူ​သွား​ကြ၏။ ကိုယ်​အ​မွေ​ခံ​ရာ​မြေ​သို့ ပြန်​ရောက်​ပြီး​လျှင်၊ မြို့​တို့​ကို အ​သစ်​ပြင်​ဆင်၍ နေ​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 24,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည်​လည်း ကိုယ်​အ​မျိုး၊ ကိုယ်​အ​ဆွေ​နေ​ရာ ကိုယ်​အ​မွေ​ခံ​ရာ​မြေ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 7,
      "chapter": 21,
      "verse": 25,
      "text": "ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ၊ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။ တ​ရား​သူ​ကြီး မှတ်​စာ​ပြီး၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 1,
      "text": "တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 2,
      "text": "ထို​သူ၏​အ​မည်​ကား ဧ​လိ​မ​လက်။ မ​ယား​အ​မည်​ကား​နော​မိ။ သား​နှစ်​ယောက်​အ​မည်​ကား မ​ဟာ​လုန်​နှင့် ခိ​လျုန်​တည်း။ သူ​တို့​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​လျက်၊ မော​ဘ​ပြည်​သို့​သွား၍ နေ​ကြ၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 3,
      "text": "နော​မိ၏​ခင်​ပွန်း ဧ​လိ​မ​လက်​သည် သေ၍ မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​သည် ကျန်​ရစ်​ကြ၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 4,
      "text": "သား​တို့​သည် မော​ဘ​ပြည်​သူ ဩ​ရ​ပ​နှင့်​ရု​သ​အ​မည်​ရှိ​သော မိန်း​မ​နှစ်​ယောက်​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၍၊ ထို​ပြည်​မှာ ဆယ်​နှစ်​ခန့်​မျှ​နေ​ပြီး​မှ၊"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 5,
      "text": "ထို​သား​နှစ်​ယောက် မ​ဟာ​လုန်​နှင့်​ခိ​လျုန်​တို့​သည် သေ၍ နော​မိ​သည်​သား​မ​ရှိ၊ ခင်​ပွန်း​လည်း​မ​ရှိ ကျန်​ရစ်​လေ၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 6,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​ကြည့်​အ​ရှု​ကြွ၍ မုန့်​ကို​ပေး​သ​နား​တော်​မူ​ကြောင်း​ကို ထို​မိန်း​မ​သည် မော​ဘ​ပြည်၌​ကြား​သော​အ​ခါ၊ မော​ဘ​ပြည်​မှ ပြန်​သွား​မည်​ဟု ချွေး​မ​နှစ်​ယောက်​နှင့်​အ​တူ​ထ၍၊"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 7,
      "text": "တည်း​ခို​ရာ​အ​ရပ်​က ထွက်​ပြီး​လျှင် ယု​ဒ​ပြည်​သို့​ရောက်​လို​သော​ငှာ သွား​ကြ၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 8,
      "text": "သို့​ရာ​တွင် ချွေး​မ​နှစ်​ယောက်​တို့​အား၊ သင်​တို့​သည် ကိုယ်​အ​မိ​အိမ်​သို့ ပြန်​သွား​ကြ​လော့။ သေ​လွန်​သော​သူ၌​လည်း​ကောင်း၊ ငါ၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 9,
      "text": "သင်​တို့​နှစ်​ယောက်​သည် နောက်​ရ​သော​လင်​အိမ်၌ ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျက် သူ​တို့​ကို နမ်း​လေ၏။ သူ​တို့​သည်​လည်း၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လျက်၊"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 10,
      "text": "အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ၊ ကိုယ်​တော်၏ အ​မျိုး​ထံ​သို့ လိုက်​သွား​ပါ​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 11,
      "text": "နော​မိ​က​လည်း၊ ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​နှင့်​အ​တူ အ​ဘယ်​ကြောင့် လိုက်​ရ​မည်​နည်း။ သင်​တို့​လင်​ရှာ​ဖို့ ငါ၏​ဝမ်း၌ သား​ရှိ​သေး​သ​လော။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 12,
      "text": "ငါ့​သ​မီး​တို့ ပြန်​သွား​ကြ​လော့။ ငါ​သည်​အ​သက်​အ​ရွယ်​လွန်၍ လင်​နှင့်​မ​နေ​သင့်။ သို့​မ​ဟုတ် မျှော်​လင့်​စ​ရာ​ရှိ​သေး​သည်​ဟု ငါ​ဆို​လျှင်​လည်း​ကောင်း၊ ယ​နေ့​ည​မှာ လင်​နေ​လျှင်​လည်း​ကောင်း၊ သား​တို့​ကို​လည်း ဖွား​မြင်​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 13,
      "text": "ထို​သား​တို့​သည် ကြီး​ပွား​သည်​တိုင်​အောင် ငံ့​နေ​လိမ့်​မည်​လော။ လင်​မ​နေ​ဘဲ သူ​တို့​ကို မျှော်​လင့်​လိမ့်​မည်​လော။ ငါ့​သ​မီး​တို့ ထို​သို့​မ​ဖြစ်​ရ။ ထာ​ဝ​ရ​ဘု​ရား လက်​တော်​သည် ငါ၌​ကန့်​လန့်​ရှိ​သည်​ကို သင်​တို့​အ​တွက် ငါ​အ​လွန်​ကြင်​နာ​သော စိတ်​ရှိ​သည်​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 14,
      "text": "သူ​တို့​သည် တစ်​ဖန် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ ထို​အ​ခါ​ဩ​ရ​ပ​သည် ယော​က္ခ​မ​ကို​နမ်း၍ မိ​မိ​အ​မျိုး​သား​တို့​ထံ ပြန်​သွား၏။ ရု​သ​မူ​ကား၊ ယော​က္ခ​မ၌ မှီ​ဝဲ​ဆည်း​ကပ်​လျက် နေ​သေး၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 15,
      "text": "နော​မိ​က​လည်း၊ သင့်​အစ်​မ​သည် အ​မျိုး​သား​ရင်း ဘု​ရား​ရင်း​တို့​ထံ​သို့ ပြန်​သွား​ပြီ။ အစ်​မ​နောက်​သို့ လိုက်​သွား​ပါ​ဟု​ဆို​သော်၊"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 16,
      "text": "ရု​သ​က၊ ကျွန်​မ​သည် ကိုယ်​တော်​ကို မ​စွန့်​ပါ​ရ​စေ​နှင့်။ နောက်​တော်​သို့​မ​လိုက်​ဘဲ ပြန်​သွား​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်။ ကိုယ်​တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်​မ​လိုက်​ပါ​မည်။ ကိုယ်​တော်​အိပ်​လေ​ရာ​ရာ၌ ကျွန်​မ​အိပ်​ပါ​မည်။ ကိုယ်​တော်​အ​မျိုး​သည် ကျွန်​မ​အ​မျိုး၊ ကိုယ်​တော်​ဘု​ရား​သည် ကျွန်​မ​ဘု​ရား ဖြစ်​ပါ​စေ။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 17,
      "text": "ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 18,
      "text": "ရု​သ​သည် လိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော​စိတ်​ရှိ​သည်​ကို နော​မိ​သည်​သိ​မြင်​သော် တိတ်​ဆိတ်​စွာ​နေ​လေ၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 19,
      "text": "ထို​သူ​နှစ်​ယောက်​တို့​သည် ခ​ရီး​သွား၍ ဗက်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​ဖြစ်၍၊ ဤ​သူ​ကား နော​မိ​ဟုတ်​သ​လော​ဟု မေး​ကြ၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 20,
      "text": "သူ​က​လည်း နော​မိ​ဟူ၍ မ​ခေါ်​ပါ​နှင့်။ မာ​ရ​ဟူ၍ ခေါ်​ပါ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​အား အ​လွန်​ခါး​သော​အ​ရာ​ကို ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 21,
      "text": "ငါ​သည် ကြွယ်​ဝ​ပြည့်​စုံ​လျက် ထွက်​သွား၏။ ယ​ခု​မူ​ကား ဆင်း​ရဲ​လျက် တစ်​ကိုယ်​တည်း​ရှိ​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ပို့​ပြန်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​နှိမ့်​ချ၍ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ကို​ဆင်း​ရဲ​စေ​တော်​မူ​သည် ဖြစ်၍၊ နော​မိ​အ​မည်​ဖြင့် အ​ဘယ်​ကြောင့် ငါ့​ကို​ခေါ်​ကြ​သ​နည်း​ဟု ပြန်​ပြော၏။"
    },
    {
      "book": 8,
      "chapter": 1,
      "verse": 22,
      "text": "ထို​သို့​မော​ဘ​ပြည်​မှ လိုက်​လာ​သော မော​ဘ​ပြည်​သူ ချွေး​မ​ရု​သ​နှင့်​အ​တူ နော​မိ​သည်​ပြန်​လာ၍၊ မု​ယော​စ​ပါး​ကို ရိတ်​စ​ကာ​လ၌ ဗက်​လင်​မြို့​သို့​ရောက်​ကြ၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 1,
      "text": "နော​မိ၏​လင် ဧ​လိ​မ​လက်၏ အ​ဆွေ​အ​မျိုး​တွင် အ​လွန်​ရ​တတ်​သော ပေါက်​ဖော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မည်​ကား ဗော​ဇ​တည်း။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 2,
      "text": "မော​ဘ​ပြည်​သူ​ရု​သ​က၊ ကျွန်​မ​သည် လယ်​ပြင်​သို့​သွား၍ စိတ်​နှင့်​တွေ့​သော​သူ​နောက်​မှာ စ​ပါး​ကျန်​ကို ကောက်​ပါ​ရ​စေ​ဟု နော​မိ၌​အ​ခွင့်​ပန်​လျှင်၊ နော​မိ​က၊ သွား​တော့​ငါ့​သ​မီး​ဟု ဆို၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 3,
      "text": "ရု​သ​သည်​သွား၍ စ​ပါး​ရိတ်​သော​သူ​တို့​နောက်​မှာ၊ စ​ပါး​ကျန်​ကို ကောက်​သည်​တွင်၊ ဧ​လိ​မ​လက်၏​အ​ဆွေ​အ​မျိုး ဗော​ဇ​ပိုင်​သော​လယ်၌ အ​မှတ်​တ​မဲ့ နေ​ရာ​ကျ၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 4,
      "text": "ထို​အ​ခါ​ဗော​ဇ​သည် ဗက်​လင်​မြို့​က​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ရိတ်​သော​သူ​တို့​အား ဆို​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 5,
      "text": "ဗော​ဇ​က​လည်း၊ ထို​မိန်း​မ​ငယ်​သည် အ​ဘယ်​သူ​နှင့် ဆိုင်​သ​နည်း​ဟု လယ်​ခေါင်း​အား​မေး​သော်၊"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 6,
      "text": "လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 7,
      "text": "သူ​က​လည်း၊ ကျွန်​မ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နောက်၌ ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျက်​ဝင်​သ​ဖြင့်၊ နံ​နက်​မှ​စ၍ ယ​ခု​ခ​ဏ တဲ၌​နေ​သော​အ​ချိန်​တိုင်​အောင် လုပ်​နေ​ပါ​ပြီ​ဟု ပြော​ဆို​လျှင်၊"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 8,
      "text": "ဗော​ဇ​သည် ရု​သ​ကို​ခေါ်၍၊ နား​ထောင်​ပါ၊ ငါ့​သ​မီး။ အ​ခြား​သော​လယ်​သို့​သွား၍ စ​ပါး​ကျန်​ကို မ​ကောက်​နှင့်။ ဤ​အ​ရပ်​က​မ​ထွက်​ဘဲ၊ ငါ့​ကျွန်​မ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 9,
      "text": "သူ​တို့​ရိတ်​သော လယ်​ကွက်​ကို​ကြည့်​မှတ်၍ သူ​တို့​နောက်၌ လိုက်​လော့။ လု​လင်​တို့​သည် သင့်​ကို မ​နှောင့်​ယှက်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ။ ရေ​ငတ်​သော​အ​ခါ၊ အိုး​ထား​ရာ​သို့​သွား၍ လု​လင်​ခပ်​သော​ရေ​ကို သောက်​တော့​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 10,
      "text": "ရု​သ​သည် မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်၍ ကိုယ်​တော်​သည် ကျွန်​မ​ကို သိ​မှတ်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ စိတ်​တော်​နှင့်​တွေ့​ရ​ပါ​သ​နည်း​ဟု လျှောက်​လေ၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 11,
      "text": "ဗော​ဇ​က​လည်း၊ သင်၏​လင် သေ​သော​နောက်၊ သင်​သည် ယော​က္ခ​မ​အား​ပြု​စု​သ​မျှ​ကို​လည်း​ကောင်း၊ သင်​သည် မိ​ဘ​နှင့် မွေး​ဖွား​ရာ​ဌာ​န​ပြည်​ကို​စွန့်၍ အ​ထက်​က မ​သိ​ဖူး​သော​ပြည်​သို့ လာ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အား သေ​ချာ​စွာ​ပြော​ကြ​ပြီ။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 12,
      "text": "သင့်​အ​မှု၏​အ​ကျိုး​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် အ​တောင်​တော်​အောက်၌ ခို​လှုံ​ခြင်း​ငှာ ချဉ်း​ကပ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော​ဆု​ကို ချ​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်၊"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 13,
      "text": "ရု​သ​က​လည်း သ​ခင် ကျွန်​မ​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​စေ။ ကျွန်​မ​သည် ကိုယ်​တော်​ကျွန်​မ​တို့​နှင့် မ​တူ​သော်​လည်း၊ ကိုယ်​တော်​သည် လော​က​ဝတ်​စ​ကား​ကို​ပြော၍ ကျွန်​မ​ကို​နှစ်​သိမ့်​စေ​ပါ​ပြီ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 14,
      "text": "ဗော​ဇ​က​လည်း၊ စား​သောက်​သော​အ​ချိန် ရှိ​ပြီ။ လာ၍ မုန့်​ကို​စား​လော့။ ပုံး​ရည်၌ စား​စ​ရာ​ကို နှစ်​လော့​ဟု ခေါ်​ဆို​သည်​အ​တိုင်း၊ ရု​သ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နှင့်​အ​တူ ထိုင်​လျှင်၊ ဗော​ဇ​သည် ပေါက်​ပေါက်​ကို​လှမ်း၍ ပေး​သ​ဖြင့်၊ သူ​သည် ဝ​စွာ​စား​ပြီး​မှ ချန်​ထား​သေး၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 15,
      "text": "စ​ပါး​ကျန်​ကို​ကောက်​ခြင်း​ငှာ ထ​သွား​သော​အ​ခါ၊ ဗော​ဇ​သည် လု​လင်​တို့​အား၊ ထို​မိန်း​မ​သည် ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​စေ၊ အ​ရှက်​မ​ခွဲ​ကြ​နှင့်။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 16,
      "text": "ရိတ်​ပြီး​သော​စ​ပါး​အ​ချို့​ကို​လည်း သူ​အ​ဖို့​ချ​ထား​လော့။ ကောက်​ယူ​ပါ​စေ။ အ​ပြစ်​မ​တင်​ကြ​နှင့်​ဟု မှာ​ထား၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 17,
      "text": "ရု​သ​သည် ထို​လယ်၌ ညဉ့်​ဦး​တိုင်​အောင် စ​ပါး​ကျန်​ကို​ကောက်၍ ရ​သော​စ​ပါး​ကို​နယ်​ပြီး​လျှင် မု​ယော​ဆန်​တစ်​ဧ​ဖာ​ခန့်​မျှ ရှိ၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 18,
      "text": "ထို​ဆန်​ကို​ယူ၍ မြို့​ထဲ​သို့​ဝင်​သ​ဖြင့်၊ ကောက်၍​ရ​သော​ဆန်​ကို​လည်း ယော​က္ခ​မ​အား​ပြ၏။ ဝ​စွာ​စား​ပြီး​မှ ချန်​ထား​သော​အ​ရာ​ကို​လည်း ထုတ်၍​ပေး​သေး၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 19,
      "text": "ယော​က္ခ​မ​က​လည်း၊ ယ​နေ့ အ​ဘယ်​မှာ​စ​ပါး​ကျန်​ကို​ကောက်​သ​နည်း။ အ​ဘယ်​မှာ​လုပ်​သ​နည်း။ သင်​သိ​မှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု​မြွက်​ဆို​လျှင်၊ ရု​သ​က ယ​နေ့ ကျွန်​မ​လုပ်​သော​သူ၏​အ​မည်​ကား၊ ဗော​ဇ​ဖြစ်​ပါ​သည်​ဟု ယော​က္ခ​မ​အား ကြား​ပြော​သော်။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 20,
      "text": "ယော​က္ခ​မ​က၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့၌ ကျေး​ဇူး​မ​ပြတ် ပြု​တော်​မူ​သေး​သော ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊ ထို​သူ​သည် ငါ​တို့​နှင့်​ပေါက်​ဖော်​တော်​သော​သူ၊ နီး​စပ်​သော အ​မျိုး​သား​ချင်း​အ​ဝင် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ချွေး​မ​အား ပြော​ဆို၏။"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 21,
      "text": "ထို​သူ​က၊ ငါ့​စ​ပါး​ရိတ်​ခြင်း​အ​မှု မ​ပြီး​မီ​တိုင်​အောင်၊ ငါ့​လူ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့​ဟု ဆို​ကြောင်း​ကို​လည်း မော​ဘ​အ​မျိုး​သ​မီး ရု​သ​သည် ကြား​ပြော​သော်၊"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 22,
      "text": "နော​မိ​က၊ ငါ့​သ​မီး၊ သင်​သည် သူ၏​ကျွန်​မ​တို့​နှင့် ပေါင်း​ဖော်​ကောင်း၏။ အ​ခြား​သော​လယ်၌ သူ​တို့​သည် သင့်​ကို​မ​တွေ့​စေ​ကောင်း​ဟု၊ ချွေး​မ​ရု​သ​အား​ပြော​သည်​အ​တိုင်း၊"
    },
    {
      "book": 8,
      "chapter": 2,
      "verse": 23,
      "text": "သူ​သည် မု​ယော​စ​ပါး၊ ဂျုံ​စ​ပါး​ရိတ်​ခြင်း​အ​မှု ပြီး​သည်​တိုင်​အောင် ဗော​ဇ၏​ကျွန်​မ​တို့၌ မှီ​ဝဲ​လျက်၊ စ​ပါး​ကျန်​ကို​ကောက်၍ ယော​က္ခ​မ​ထံ​မှာ နေ​လေ၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 1,
      "text": "တစ်​ဖန် ယော​က္ခ​မ​နော​မိ​က၊ ငါ့​သ​မီး၊ သင့်​ကို​ချမ်း​သာ​စေ​ခြင်း​ငှာ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကို သင့်​အ​ဖို့ ငါ​မ​ရှာ​ရ​သ​လော။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 2,
      "text": "သင်​ပေါင်း​ဖော်​သော ကျွန်​မ​တို့၏​သ​ခင် ဗော​ဇ​သည် ငါ​တို့​ပေါက်​ဖော်​ဖြစ်​သည် မ​ဟုတ်​လော။ ယ​နေ့​ည​မှာ ကောက်​နယ်​တ​လင်း၌ မု​ယော​စ​ပါး​ကို လှေ့​လျက်​နေ၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 3,
      "text": "သင်​သည် ရေ​ချိုး​ခြင်း၊ ဆီ​လိမ်း​ခြင်း၊ အ​ဝတ်​တန်​ဆာ​ဆင်​ခြင်း​ကို ပြု​ပြီး​လျှင် ကောက်​နယ်​တ​လင်း​သို့ သွား​တော့။ သူ​သည် စား​သောက်​ခြင်း​အ​မှု​ကို​မ​ပြီး​မီ ကိုယ်​ကို​မ​ပြ​နှင့်။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 4,
      "text": "သူ​အိပ်​သော​အ​ခါ၊ အိပ်​ရာ​အ​ရပ်​ကို​မှတ်​ပြီး​မှ ဝင်၍ သူ့​ခြေ၌​ဖုံး​သော အ​ဝတ်​ကို​ဖွင့်​ပြီး​လျှင် အိပ်​တော့။ သင်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သူ​ပြော​လိမ့်​မည်​ဟု​ဆို​သော်၊"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 5,
      "text": "ရု​သ​က၊ မိ​ခင်​မှာ​ထား​သ​မျှ​တို့​ကို ပြု​ပါ​မည်​ဟု ဝန်​ခံ​လျက်၊"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 6,
      "text": "ကောက်​နယ်​တ​လင်း​သို့ သွား၍ ယော​က္ခ​မ​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​လေ၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 7,
      "text": "ဗော​ဇ​သည်​စား​သောက်၍ ရွှင်​လန်း​လျက်၊ စ​ပါး​ပုံ​အ​နား​သို့​သွား၍ အိပ်​သော​အ​ခါ၊ ရု​သ​သည် တိတ်​ဆိတ်​စွာ​ချဉ်း​ကပ်၍ သူ့​ခြေ၌​ဖုံး​သော​အ​ဝတ်​ကို ဖွင့်​ပြီး​လျှင် အိပ်​လေ၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 8,
      "text": "သန်း​ခေါင်​အ​ချိန်၌ ယောက်ျား​သည်​လန့်၍ လှည့်​သ​ဖြင့်၊ မိန်း​မ​သည် ခြေ​ရင်း၌​ရှိ​သည်​ကို သိ​လျက်၊"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 9,
      "text": "သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ​သည် ကိုယ်​တော်၏ ကျွန်​မ​ရု​သ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း​ဖြစ်​သော​ကြောင့်၊ ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဝတ်​တော်​စွန်း​နှင့် ဖုံး​ပါ​တော့​ဟု ဆို​သော်၊"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 10,
      "text": "သူ​က၊ ငါ့​သ​မီး၊ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် ငွေ​ရ​တတ်​သော​လူ​ပျို၊ ဆင်း​ရဲ​သော​လူ​ပျို တစ်​စုံ​တစ်​ယောက်​ကို မ​မှီ​ဝဲ​ဘဲ​နေ၍၊ အ​ရင်​ပြု​သော​ကျေး​ဇူး​ထက် နောက်​ပြု​သော​ကျေး​ဇူး​သာ၍​ကြီး၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 11,
      "text": "မ​စိုး​ရိမ်​နှင့် ငါ့​သ​မီး။ တောင်း​သ​မျှ​ကို ငါ​ပြု​မည်။ သင်​သည် သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ ဖြစ်​ကြောင်း​ကို ငါ့​လူ​မျိုး​နေ​သော တစ်​မြို့​လုံး​သိ၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 12,
      "text": "ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 13,
      "text": "ယ​နေ့​ည​မှာ နေ​ဦး​တော့၊ ထို​သူ​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း ဝတ်​ကို​ပြု​လို​လျှင် ပြု​ပါ​လေ​စေ။ ကောင်း၏။ မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​မည်။ နံ​နက်​တိုင်​အောင် အိပ်​ဦး​တော့ ဟု​ဆို၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 14,
      "text": "ရု​သ​သည် နံ​နက်​တိုင်​အောင် သူ့​ခြေ​ရင်း​နား​မှာ​အိပ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် သိ​နိုင်​သော​အ​ချိန်​မ​ရောက်​မီ ထ​လေ၏။ ယောက်ျား​က​လည်း၊ မိန်း​မ​သည် ဤ​ကောက်​နယ်​တ​လင်း​သို့ လာ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​နှင့်​ဟု ဆို၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 15,
      "text": "တစ်​ဖန် သင်၌​ပါ​သော တင်း​တိမ်​ကို​ယူ​ခဲ့၍ ဖြန့်​ခင်း​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရု​သ​ဖြန့်​လျက် မု​ယော​စ​ပါး​ခြောက်​ဩ​မဲ​ကို ခြင်၍ သူ့​အ​ပေါ်​မှာ​တင်​သ​ဖြင့်၊ သူ​သည် မြို့​ထဲ​သို့​သွား​လေ၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 16,
      "text": "ယော​က္ခ​မ​ထံ​သို့ ရောက်​သော​အ​ခါ၊ ယော​က္ခ​မ​က အ​ဘယ်​သို့​နည်း​ဟု မေး​လျှင်၊ မိ​မိ၌​ထို​သူ​ပြု​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 17,
      "text": "သူ​က၊ သင်​သည် ယော​က္ခ​မ​ထံ​သို့ လက်​ချည်း​မ​သွား​နှင့်​ဟု ဆို​လျက် မု​ယော​စ​ပါး ခြောက်​ဩ​မဲ​ပေး​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လေ၏။"
    },
    {
      "book": 8,
      "chapter": 3,
      "verse": 18,
      "text": "ယော​က္ခ​မ​က​လည်း၊ ငါ့​သ​မီး၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​ပြီး​လိမ့်​မည်​ကို မ​သိ​မီ​တိုင်​အောင် ထိုင်​နေ​တော့။ ယောက်ျား​သည် ယ​နေ့ ဤ​အ​မှု​ကို​မ​ပြီး​စီး​မီ ငြိမ်​ဝပ်​စွာ​မ​နေ​ဟု ပြော​ဆို၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 1,
      "text": "ထို​အ​ခါ ဗော​ဇ​သည် မြို့​တံ​ခါး​ဝ​သို့​သွား၍ ထိုင်​သ​ဖြင့်၊ မ​နေ့​က​ပြော​သော အ​မျိုး​သား​ချင်း လျှောက်​သွား​သည်​ကို​မြင်​လျှင်၊ အို​မည်​သူ၊ လှည့်၍​ထိုင်​ပါ​တော့​ဟု ခေါ်​သည်​အ​တိုင်း သူ​သည် လှည့်၍​ထိုင်​လေ၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 2,
      "text": "တစ်​ဖန် မြို့​သား​အ​သက်​ကြီး​သူ တစ်​ကျိပ်​တို့​ကို​ခေါ်၍၊ သည်​မှာ​ထိုင်​ပါ​တော့​ဟု ဆို​သည်​အ​တိုင်း သူ​တို့​သည်​လည်း ထိုင်​ကြ၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 3,
      "text": "အ​မျိုး​သား​ချင်း​ကို​လည်း၊ မော​ဘ​ပြည်​မှ​ပြန်​လာ​သော နော​မိ​သည် ငါ​တို့​အစ်​ကို ဧ​လိ​မ​လက်​ပိုင်​သော မြေ​အ​ကွက်​ကို ရောင်း​မည်​ဖြစ်၍၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 4,
      "text": "သင့်​ကို​ငါ​တိုင်​ကြား​လျက်၊ ပြည်​သား​များ၊ ငါ​တို့​အ​မျိုး၌ အ​သက်​ကြီး​သူ​များ​ရှေ့​မှာ ဝယ်​ပါ​တော့​ဟု ပြော​မည်​အ​ကြံ​ရှိ​ပါ၏။ သင်​သည် ရွေး​လို​လျှင်​ရွေး​ပါ​တော့၊ မ​ရွေး​လို​လျှင် ကျွန်ုပ်​အား​ကြား​ပြော​ပါ​တော့။ သင်​မှ​တစ်​ပါး ရွေး​ပိုင်​သော​သူ​မ​ရှိ။ သင့်​နောက်​မှာ ကျွန်ုပ်​နေ​ရာ​ကျ​သည်​ဟု ဆို​သော်၊ အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​ရွေး​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 5,
      "text": "ဗော​ဇ​က​လည်း၊ ထို​လယ်​ကွက်​ကို နော​မိ​လက်​မှ ဝယ်​သော​နေ့​ရက်​တွင်၊ သေ​သော​သူ၏ အ​မွေ​ဥ​စ္စာ​အား​ဖြင့် သူ၏​နာ​မည်​ကို ထောက်​မ​ခြင်း​ငှာ၊ သူ၏​မ​ယား မော​ဘ​အ​မျိုး​သ​မီး ရု​သ​ကို​လည်း ဝယ်​ရ​သေး​သည်​ဟု​ဆို​သော်၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 6,
      "text": "အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​သည် ကိုယ်​အ​ဖို့​မ​ရွေး​နိုင်​ပါ။ ရွေး​လျှင် ကိုယ်​အ​မွေ​ဥ​စ္စာ​ကို​ဖျက်​မည် စိုး​ရိမ်​စ​ရာ​ရှိ၏။ ကျွန်ုပ်​မ​ရွေး​နိုင်​သော​ကြောင့်၊ ကျွန်ုပ်​ရွေး​ပိုင်​သော​အ​ရာ​ကို ကိုယ်​အ​ဖို့​ရွေး​ပါ​တော့​ဟု ပြန်​ပြော၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 7,
      "text": "ဣ​သ​ရေ​လ ရှေး​ထုံး​စံ​ဟူ​မူ​ကား၊ ရွေး​ခြင်း​အ​မှု၊ ဥ​စ္စာ​လဲ​ခြင်း​အ​မှု​ကို မြဲ​မြံ​စေ​ခြင်း​ငှာ တစ်​ယောက်​သော​သူ​သည် မိ​မိ​ခြေ​နင်း​ကို​ချွတ်၍ တစ်​ယောက်​သော​သူ​အား အပ်​လေ့​ရှိ၏။ ထို​သို့​ပြု​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် သက်​သေ​တည်​ရ၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 8,
      "text": "သို့​ဖြစ်၍ အ​မျိုး​သား​ချင်း​က၊ ကိုယ်​အ​ဖို့​ဝယ်​ပါ​တော့​ဟု ဗော​ဇ​အား​ဆို၍ မိ​မိ​ခြေ​နင်း​ကို​ချွတ်၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 9,
      "text": "ဗော​ဇ​က​လည်း၊ ဧ​လိ​မ​လက်​ဥ​စ္စာ၊ ခိ​လျုန်​ဥ​စ္စာ၊ မ​ဟာ​လုန်​ဥ​စ္စာ ဟူ​သ​မျှ​ကို နော​မိ​လက်​မှ​ငါ​ဝယ်၍၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 10,
      "text": "သေ​သော​သူ၏​နာ​မည်​ကို သူ၏​ညီ​အစ်​ကို​စု​ထဲ​က​လည်း​ကောင်း၊ သူ​နေ​ရာ မြို့​တံ​ခါး​ထဲ​က​လည်း​ကောင်း မ​ပြတ်​စေ​ခြင်း​ငှာ၊ သူ၏​အ​မွေ​အား​ဖြင့် သူ၏​နာ​မည်​ကို ထောက်​မ​မည်​အ​ကြောင်း၊ မ​ဟာ​လုန်၏​မ​ယား မော​ဘ​အ​မျိုး​သ​မီး ရု​သ​ကို ငါ၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ ငါ​ဝယ်​သည်​ကို သင်​တို့​သည် ယ​နေ့​သက်​သေ​ဖြစ်​ကြ​ပါ၏​ဟု အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 11,
      "text": "တံ​ခါး​ဝ၌​ရှိ​သော အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​က​လည်း၊ ငါ​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ သင့်​အိမ်​သို့​ရောက်​သော ဤ​မိန်း​မ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တည်​ထောင်​သော မိန်း​မ​နှစ်​ယောက်၊ ရာ​ခေ​လ​နှင့် လေ​အာ​ကဲ့​သို့ ဖြစ်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ဧ​ဖ​ရတ်​အ​ရပ်၌ အ​စွမ်း​သ​တ္တိ​နှင့်​ပြည့်​စုံ၍ ဗက်​လင်​မြို့၌ အ​သ​ရေ​ကျော်​စော​ခြင်း ရှိ​ပါ​စေ​သော။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 12,
      "text": "အ​သက်​ပျို​သော ဤ​မိန်း​မ​တွင်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​လ​တ္တံ့​သော မျိုး​စေ့​အား​ဖြင့် သင်၏​အ​မျိုး​အ​နွယ်​သည် ယု​ဒ​မ​ယား​တာ​မာ ဖွား​မြင်​သော ဖာ​ရက်​အ​မျိုး​အ​နွယ်​ကဲ့​သို့ ဖြစ်​ပါ​စေ​သော​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 13,
      "text": "ဗော​ဇ​သည် ရု​သ​ကို​သိမ်း၍ စုံ​ဖက်​လျက် ဆက်​ဆံ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကြောင့် ရု​သ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 14,
      "text": "မိန်း​မ​တို့​သည်​လည်း နော​မိ​အား၊ သင့်​ကို​ပြု​စု​သော အ​မျိုး​သား​ချင်း​ကို​ယ​နေ့​ဖြတ်​တော်​မ​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​ပါ​စေ​သော။ ယ​ခု​ရ​သော အ​မျိုး​သား​ချင်း​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ အ​သ​ရေ​ကျော်​စော​ပါ​စေ​သော။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 15,
      "text": "သူ​သည်​သင်၏​အ​သက်​ကို ပြု​ပြင်​သော​သူ၊ သင်​အ​သက်​ကြီး​သော​အ​ခါ သင့်​ကို​ကောင်း​မွန်​စွာ ပြု​စု​သော​သူ ဖြစ်​ပါ​စေ​သော။ သင့်​ကို​ချစ်၍ သား​ခု​နစ်​ယောက်​ထက် သင့်​အ​ဖို့​သာ၍​ကောင်း​သော သင်၏​ချွေး​မ​သည် သား​ယောက်ျား​ကို ဖွား​မြင်​ပြီ​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 16,
      "text": "နော​မိ​သည် ထို​သူ​ငယ်​ကို​ယူ၍ ပိုက်​ချီ​လျက်​ထိန်း​လေ၏။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 17,
      "text": "အိမ်​နီး​ချင်း မိန်း​မ​တို့​က​လည်း၊ နော​မိ​သည် သား​ယောက်ျား​ကို​ရ​ပြီ​ဟု ဆို​လျက်၊ ထို​သူ​ငယ်​ကို ဩ​ဗက်​အ​မည်​ဖြင့် မှည့်​ကြ၏။ ဩ​ဗက်​သား​ကား ယေ​ရှဲ။ ယေ​ရှဲ​သား​ကား​ဒါ​ဝိဒ်​တည်း။"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 18,
      "text": "ဖာ​ရက်၏ သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ ဖာ​ရက်​သား ဟေ​ဇ​ရုံ၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 19,
      "text": "ဟေ​ဇ​ရုံ​သား အာ​ရံ၊ အာ​ရံ​သား အ​မိ​န​ဒပ်၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 20,
      "text": "အ​မိ​န​ဒပ်​သား နာ​ရှုန်၊ နာ​ရှုန်​သား စာ​လ​မုန်၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 21,
      "text": "စာ​လ​မုန်​သား ဗော​ဇ၊ ဗော​ဇ​သား ဩ​ဗက်၊"
    },
    {
      "book": 8,
      "chapter": 4,
      "verse": 22,
      "text": "ဩ​ဗက်​သား ယေ​ရှဲ၊ ယေ​ရှဲ​သား ဒါ​ဝိဒ်​တည်း။ ရု​သ​ဝ​တ္တု​ပြီး၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 1,
      "text": "ဧ​ဖ​ရတ်​မြို့​သား ဇု​ဖ၊ တော​ဟူ၊ ဧ​လိ​ဟူ၊ ယေ​ရော​ဟံ​မှ ဆင်း​သက်၍ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရာ​မ​သိမ် ဇု​ဖိမ်​မြို့၌​နေ​သော ဧ​လ​ကာ​န​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 2,
      "text": "ထို​သူ​သည် မ​ယား​နှစ်​ယောက်​ရှိ၏။ တစ်​ယောက်​ကား၊ ဟ​န္န၊ တစ်​ယောက်​ကား ပေ​နိ​န္န​အ​မည် ရှိ၏။ ပေ​နိ​န္န၌ သား​သ​မီး​ရှိ၏။ ဟ​န္န​၌​မ​ရှိ။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 3,
      "text": "ဧ​လ​ကာ​န​သည် ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ခြင်း​ငှာ၊ မိ​မိ​နေ​ရာ​မြို့​မှ ရှိ​လော​မြို့​သို့ နှစ်​တိုင်း​သွား​မြဲ​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ် ဧ​လိ၏​သား​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​သည် ရှိ​လော​မြို့၌ နေ​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 4,
      "text": "ဧ​လ​ကာ​န​သည် ယဇ်​ပူ​ဇော်​အ​ချိန် ရောက်​သော​အ​ခါ၊ မ​ယား​ပေ​နိ​န္န​နှင့် သူ၏ သား​သ​မီး​အ​ပေါင်း​တို့​အား ဝေ​မျှ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 5,
      "text": "ဟ​န္န​ကို​ချစ်​သော​ကြောင့် နှစ်​ဆ​သော​အ​ဖို့​ကို ပေး၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​အား သား​ဖွား​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 6,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ဟ​န္န​စိတ်​ဆိုး​ညစ်​အောင် ရန်​သူ သည် အ​လွန်​နှောင့်​ယှက်​တတ်၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 7,
      "text": "နှစ်​စဉ်​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ သွား​သော​အ​ခါ၊ ရန်​သူ​နှောင့်​ယှက်​သ​ဖြင့် ဟ​န္န​သည် အ​စာ​မ​စား​နိုင်၊ ငို​လျက်​နေ​တတ်၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 8,
      "text": "သူ၏​ခင်​ပွန်း ဧ​လ​ကာ​န​က၊ ဟ​န္န အ​ဘယ်​ကြောင့် ငို​သ​နည်း။ အ​ဘယ်​ကြောင့် မ​စား​ဘဲ​နေ​သ​နည်း။ အ​ဘယ်​ကြောင့် စိတ်​ညှိုး​ငယ်​သ​နည်း။ သား​တစ်​ကျိပ်​ထက် သင်၌ ငါ​သာ၍​ကောင်း​သည် မ​ဟုတ်​လော​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 9,
      "text": "ရှိ​လော​မြို့၌ စား​သောက်​ကြ​သော​နောက်၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တိုင်​နား​မှာ ထိုင်​စဉ်၊"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 10,
      "text": "ဟ​န္န​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ထ၍၊ မျက်​ရည်​များ​စွာ​ကျ​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သည်​ကား၊"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 11,
      "text": "အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 12,
      "text": "ဟ​န္န​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြာ​မြင့်​စွာ ဆု​တောင်း​စဉ်၊ ဧ​လိ​သည် သူ၏​နှုတ်​ကို ကြည့်​မှတ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 13,
      "text": "စိတ်​နှ​လုံး​နှင့် ဆု​တောင်း၍ နှုတ်​ခမ်း​လှုပ်​သော်​လည်း၊ စ​ကား​သံ​မ​ထွက်​သော​ကြောင့်၊ ယစ်​မူး​သည်​ဟု ဧ​လိ​ထင်​လျက်၊"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 14,
      "text": "သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ယစ်​မူး​လိမ့်​မည်​နည်း။ သင်၏ စ​ပျစ်​ရည်​ကို ပယ်​ရှောင်​လော့​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 15,
      "text": "ဟ​န္န​က​လည်း၊ မ​ဟုတ်​ပါ​အ​ရှင်။ ကျွန်​မ​သည် စိတ်​ညှိုး​ငယ်​သော မိန်း​မ​ဖြစ်​ပါ၏။ စ​ပျစ်​ရည်​ကို မ​သောက်​ပါ၊ သေ​ရည်​သေ​ရက်​ကို မ​သောက်​ပါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စိတ်​နှ​လုံး​ကို သွန်း​လောင်း​လျက် နေ​ပါ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 16,
      "text": "ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဓ​မ္မ​မိန်း​မ ဟူ၍ မ​မှတ်​ပါ​နှင့်။ မြည်​တမ်း​စ​ရာ​အ​ကြောင်း၊ ဝမ်း​နည်း​စ​ရာ​အ​ကြောင်း များ​သည်​ဖြစ်၍၊ ယ​ခု​တိုင်​အောင် လျှောက်​နေ​ပါ​သည်​ဟု ပြန်​ပြော​သော်၊ ဧ​လိ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 17,
      "text": "ယ​ခု ဆု​တောင်း​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ပေး​သ​နား​တော် မူ​ပါ​စေ​သော​ဟု မြွက်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 18,
      "text": "ဟ​န္န​က​လည်း၊ ကိုယ်​တော်၏​ကျွန်​မ​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​စေ​သော​ဟု လျှောက်​ပြီး​မှ၊ ခြား​နား​သော​မျက်​နှာ​နှင့် သွား၍ အ​စာ​စား​လေ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 19,
      "text": "ထို​သူ​တို့​သည် နံ​နက်​စော​စော​ထ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုး​ကွယ်​ပြီး​လျှင်၊ ရာ​မ​မြို့​မှာ​ရှိ​သော မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ၏။ ထို​အ​ခါ ဧ​လ​ကာ​န​သည် မ​ယား​ဟ​န္န​နှင့် ဆက်​ဆံ၍ ထာ​ဝ​ရ​ဘု​ရား အောက်​မေ့​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 20,
      "text": "ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 21,
      "text": "ဧ​လ​ကာ​န​သည် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​အ​တူ နှစ်​စဉ် ပြု​ရ​သော​ယဇ်​ကို​လည်း​ကောင်း၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ တက်​သွား​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 22,
      "text": "ဟ​န္န​က၊ နို့​နှင့်​ကွာ​ပြီး​မှ သူ​ငယ်​ကို ဆောင်​သွား​ပါ​မည်။ ထို​အ​ခါ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ရောက်၍ အ​မြဲ​နေ​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 23,
      "text": "ခင်​ပွန်း​ဧ​လ​ကာ​န​က၊ စိတ်​ရှိ​သည် အ​တိုင်း​ပြု​လော့။ နို့​နှင့်​မ​ကွာ​မီ​တိုင်​အောင် နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ က​တိ​တော်​သာ တည်​ပါ​စေ​သော​ဟု ဝန်​ခံ၍၊ မ​ယား​သည် သူ​ငယ်​ကို​နို့​တိုက်​လျက် နို့​မ​ကွာ​မီ​တိုင်​အောင် မ​သွား​ဘဲ​နေ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 24,
      "text": "နို့​ကွာ​ပြီး​မှ၊ အ​သက်​သုံး​နှစ်​ရှိ​သော နွား​တစ်​ကောင်၊ မုန့်​ညက် တစ်​ဧ​ဖာ၊ စ​ပျစ်​ရည်​တစ်​ဘူး​နှင့်​တ​ကွ သူ​ငယ်​ကို​ဆောင်​သွား၍၊ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ရောက်​လေ၏။ ထို​အ​ခါ သူ​ငယ်​သည် အ​သက်​နု​သေး၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 25,
      "text": "နွား​ကို​သတ်၍ သူ​ငယ်​ကို ဧ​လိ​ထံ​သို့​သွင်း​လျက်၊ ဟ​န္န​က၊ ကျွန်​မ၏​သ​ခင်၊"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 26,
      "text": "ကိုယ်​တော် အ​သက်​ရှင်​သည်​အ​တိုင်း၊ ကျွန်​မ​သည် ယ​မန်​တစ်​ခါ ဤ​အ​ရပ်၌ ကိုယ်​တော်​အ​နား​မှာ​ရပ်​လျက် ဆု​တောင်း​သော​မိန်း​မ ဖြစ်​ပါ၏။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 27,
      "text": "ထို​အ​ခါ ဤ​သူ​ငယ်​ကို​ရ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 1,
      "verse": 28,
      "text": "ထို​ကြောင့် ကျွန်​မ​သည် သူ့​ကို ထာ​ဝ​ရ​ဘု​ရား​အား ငှား​ပါ​ပြီ။ သူ​သည် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ငှား​ခံ၍ နေ​ရ​ပါ​မည်​သ​ခင်​ဟု လျှောက်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ဟ​န္န​သည် ပ​တ္ထ​နာ​စ​ကား​ကို မြွက်​ဆို​သည်​ကား၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ရွှင်​လန်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ့​ဦး​ချို​မြင့်​လျက်​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်၍၊ ရန်​သူ​တို့​အား ဝါ​ကြွား​သော​စ​ကား​ကို ပြော​ရ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း။ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 3,
      "text": "ငါ​တို့ ဘု​ရား​သ​ခင်​ကဲ့​သို့​သော ခို​လှုံ​စ​ရာ​မ​ရှိ။ ကိုယ်​ကို​ကိုယ် မ​ချီး​မြှောက်​ကြ​နှင့်။ ဝါ​ကြွား​စော်​ကား​သော စ​ကား​ကို မ​ပြော​ကြ​နှင့်။ အ​ဓ​မ္မ​စ​ကား​ကို နှုတ်​ထဲ​က မ​ထွက်​စေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဗ္ဗ​ညု​တ​ဘု​ရား ဖြစ်​တော်​မူ၏။ အ​မှု​အ​ရာ​တို့​ကို ညှိ​ညွှတ်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 4,
      "text": "သူ​ရဲ​တို့ ကိုင်​သော​လေး​များ​ကျိုး​လျက်၊ လဲ​တတ်​သော​သူ​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​လျက် ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 5,
      "text": "ဝ​စွာ​စား​သော​သူ​တို့​သည် စား​စ​ရာ​ကို​ရ​ခြင်း​ငှာ၊ သူ​ငှား​လုပ်​ရ​ကြ​ပြီ။ ငတ်​မွတ်​သော သူ​တို့​မူ​ကား၊ တစ်​ဖန်​ဝ​ကြ​ပြီ။ မြုံ​သော​သူ​သည် ခု​နစ်​ကြိမ်​တိုင်​အောင် ဖွား​မြင်​ပြီ။ သား​များ​သော​သူ​မူ​ကား၊ တစ်​ဖန်​အား​လျော့​ပြီ။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သေ​စေ​သော​အ​ခွင့်၊ အ​သက်​ရှင်​စေ​သော​အ​ခွင့်၊ မ​ရ​ဏနိုင်​ငံ​သို့ နှိမ့်​ချ​သော​အ​ခွင့်၊ ထ​မြောက်​စေ​သော​အ​ခွင့် ရှိ​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 7,
      "text": "ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပြု၍၊ နှိမ့်​ချ​သော​အ​ခွင့်၊ ချီး​မြှောက်​သော​အ​ခွင့် ရှိ​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 8,
      "text": "ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 9,
      "text": "မိ​မိ​သန့်​ရှင်း​သူ​တို့​ခြေ​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မှောင်​မိုက်၌ တိတ်​ဆိတ်​စွာ နေ​ရ​ကြ​လိမ့်​မည်။ ကိုယ်​အ​စွမ်း​သ​တ္တိ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​နိုင်​ရာ။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို ချိုး​ဖဲ့​တော်​မူ​မည်။ သူ​တို့​အ​ပေါ်၌ မိုး​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် တ​ရား​စီ​ရင်​သ​ဖြင့်၊ ခန့်​ထား​တော်​မူ​သော ရှင်​ဘု​ရင်​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ၍ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ​ကို ချီး​မြှောက်​တော်​မူ​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 11,
      "text": "ထို​နောက်​မှ၊ ဧ​လ​ကာ​န​သည် ရာ​မ​မြို့၌​ရှိ​သော မိ​မိ​အိမ်​သို့​သွား၍၊ သူ​ငယ်​သည် ယဇ်​ပု​ရော​ဟိတ် ဧ​လိ​ရှေ့​တွင် အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 12,
      "text": "ဧ​လိ၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ၊ အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 13,
      "text": "လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 14,
      "text": "အိုး​အ​စ​ရှိ​သည်​တို့၌ ထိုး​ခပ်၍၊ အ​မဲ​ချိတ်​တွင် ပါ​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​တတ်၏။ ရှိ​လော​မြို့​သို့ ရောက်​လာ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား ထို​သို့​ပြု​ကြ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 15,
      "text": "ဆီ​ဥ​ကို မီး​မ​ရှို့​မီ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​သည်​လာ၍၊ ယဇ်​ပု​ရော​ဟိတ်​ဖို့ ကင်​စ​ရာ​အ​မဲ​သား​ကို ပေး​ပါ။ ပြုတ်​သော အ​မဲ​သား​ကို မ​ယူ။ စိမ်း​သော​အ​မဲ​သား​ကို​သာ​ယူ​မည်​ဟု ယဇ်​ပူ​ဇော်​သော​သူ​အား ဆို​တတ်၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 16,
      "text": "ထို​သူ​က၊ ဆီ​ဥ​ကို​အ​ရင် မီး​ရှို့​ပါ​ရ​စေ။ နောက်​မှ ယူ​ချင်​တိုင်း​ယူ​ပါ​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး၊ ယ​ခု​ပေး​ရ​မည်။ သို့​မ​ဟုတ် အ​နိုင်​ယူ​မည်​ဟု ပြော​ဆို​တတ်၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 17,
      "text": "ထို​ယဇ်​ပု​ရော​ဟိတ်​ပျို​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို လူ​များ ရွံ​စ​ရာ​ပြု​သော​ကြောင့်၊ ရှေ့​တော်၌ အ​လွန်​အ​ပြစ်​ကြီး​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 18,
      "text": "သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 19,
      "text": "နှစ်​စဉ်​ပြု​ရ​သော​ယဇ်​ကို​ပူ​ဇော်​ခြင်း​ငှာ၊ သူ၏​မိ​ဘ​သည်​ရောက်​လာ​သော​အ​ခါ၊ အ​မိ​သည် တစ်​နှစ်​မ​ပြတ် သား​အ​ဖို့ အင်္ကျီ​ငယ်​ကို​ချုပ်၍ ဆောင်​ခဲ့​တတ်၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 20,
      "text": "တစ်​ရံ​ရော​အ​ခါ၊ ဧ​လိ​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ငှား​ထား​သော သား​အ​တွက်၊ ဤ​မိန်း​မ​တွင် အ​မျိုး​အ​နွယ်​ကို ပေး​တော်​မူ​ပါ​စေ​သော​ဟု ဧ​လ​ကာ​န​လင်​မ​ယား​ကို ကောင်း​ချီး​ပေး၏။ ထို​သူ​တို့​သည် နေ​ရာ​အိမ်​သို့ ပြန်​သွား​သော​နောက်၊"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ သား​သုံး​ယောက်၊ သ​မီး​နှစ်​ယောက်​တို့​ကို ဖွား​မြင်​လေ၏။ သူ​ငယ်​ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​ပွား​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 22,
      "text": "ဧ​လိ​သည် အ​သက်​အ​ရွယ်​လွန်​သော​အ​ခါ၊ သူ၏​သား​တို့​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့၌ ပြု​သ​မျှ​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ စည်း​ဝေး​သော​မိန်း​မ​နှင့် မှား​ယွင်း​ကြောင်း​ကို လည်း​ကောင်း ကြား​သိ​လျှင်၊"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 23,
      "text": "သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု​သော ဒု​စ​ရိုက်​တို့​ကို လူ​အ​ပေါင်း​တို့​သည် ပြော၍ ငါ​ကြား​ရ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 24,
      "text": "မ​ကောင်း​ဘူး ငါ့​သား​တို့။ ငါ​ကြား​သော သ​တင်း​သည် ကောင်း​သော​သ​တင်း​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ပြစ်​မှား​ရ​မည်​အ​ကြောင်း၊ သင်​တို့​ပြု​ကြ​သည် တ​ကား။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 25,
      "text": "လူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြစ်​မှား​လျှင်၊ တ​ရား​သူ​ကြီး စစ်​ကြော​စီ​ရင်​ရ၏။ လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​လျှင်၊ သူ့​အ​တွက် အ​ဘယ်​သူ တောင်း​ပန်​လိမ့်​မည်​နည်း​ဟု ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် အ​ဘ၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကွပ်​မျက်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 26,
      "text": "သူ​ငယ်​ရှ​မွေ​လ​သည် ကြီး​ပွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ လူ​တို့​ရှေ့၌ မျက်​နှာ​ရ​လေ၏။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 27,
      "text": "ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဧ​လိ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၊ ဖာ​ရော​ဘု​ရင်​ထံ၌​နေ​ရ​သော သင့်​အ​ဘ၏​အ​မျိုး​အား​ငါ​ထင်​ရှား​သည် မ​ဟုတ်​လော။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 28,
      "text": "ငါ၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ့​ရှေ့​မှာ သင်​တိုင်း​ကို​ဝတ်​ခြင်း အ​မှု​ကို စောင့်​ရ​သော ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​အ​ထဲ​က ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ ရှိ​သ​မျှ​တို့​ကို၊ သင့်​အ​ဘ၏​အ​မျိုး​အား ငါ​ပေး​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 29,
      "text": "ငါ့​အိမ်၌ ငါ​စီ​ရင်​သော​ယဇ်၊ ငါ့​ပူ​ဇော်​သ​ကာ​ကို အ​ဘယ်​ကြောင့် ခြေ​နှင့်​ကန်​သ​နည်း။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား တင်​လှူ​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​တွင်၊ အ​မြတ်​ဆုံး​သော​အ​ရာ​ကို ဝ​စွာ​စား​စေ၍၊ သင်၏​သား​တို့​ကို ငါ့​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ချီး​မြှောက်​သ​နည်း။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 30,
      "text": "ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 31,
      "text": "သင်၏​အ​မျိုး​တွင် အို​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​စေ​ခြင်း​ငှာ၊ သင်၏​လက်​ရုံး​နှင့် သင့်​အ​ဆွေ​အ​မျိုး၏ လက်​ရုံး​ကို ငါ​ဖြတ်​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 32,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​အား ငါ​ပေး​သော​စည်း​စိမ်​ရှိ​ရာ အိမ်​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ကြောင်း​ကို သင်​မြင်​ရ​လိမ့်​မည်။ သင်၏​အ​မျိုး​တွင် အို​သော​သူ​တစ်​ယောက်​မျှ အ​စဉ်​မ​ရှိ​ရ။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 33,
      "text": "ငါ၏​ယဇ်​ပ​လ္လင်​မှ ငါ​မ​ပယ်​မ​ဖြတ်​သော သင်၏​အ​မျိုး​သား​သည်၊ သင့်​မျက်​စိ​ပျက်၍ စိတ်​နာ​ကျင်​ဖို့ ရာ​ဖြစ်​လိမ့်​မည်။ သင်၏ သား​စဉ်​မြေး​ဆက်​တို့​သည် အ​သက်​ပျို​စဉ်​ပင် သေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 34,
      "text": "သင်၏​သား ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​နှစ်​ယောက်​တို့၌ ဖြစ်​စေ၍၊ သင့်​အား ငါ​ပေး​သော ပု​ပ္ပ​နိ​မိတ်​ဟူ​မူ​ကား၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​နေ့​ချင်း​တွင် သေ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 35,
      "text": "တစ်​ဖန် ငါ့​စိတ်​နှ​လုံး​အ​လို​သို့​လိုက်၍ သ​စ္စာ​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ မြဲ​သော​အိမ်​ကို သူ့​အ​ဖို့ ငါ​ဆောက်​ပေး​သ​ဖြင့်၊ သူ​သည် ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ရှေ့​မှာ အ​စဉ်​သွား​လာ​ရ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 2,
      "verse": 36,
      "text": "သင်၏​အ​မျိုး၌ ကျန်​ကြွင်း​သော​သူ​တိုင်း သူ့​ထံ​သို့​လာ၍၊ ကျွန်​တော်​သည် မုန့်​အ​နည်း​ငယ်​ကို စား​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​တစ်​စုံ​တစ်​ခု၌ ကျွန်​တော်​ကို စေ​ခိုင်း​ပါ​လော့​ဟု ငွေ​စ၊ မုန့်​စ​ကို​ရ​လို​သော​ငှာ၊ ရှိ​ခိုး​လျက် တောင်း​ပန်​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 1,
      "text": "သူ​ငယ်​ရှ​မွေ​လ​သည်၊ ဧ​လိ​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် နည်း​ပါး၏။ ထင်​ရှား​သော ရူ​ပါ​ရုံ​မ​ရှိ။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 2,
      "text": "တစ်​ရံ​ရော​အ​ခါ ဧ​လိ​သည် မိ​မိ​နေ​ရာ၌ အိပ်​လျက်၊ သူ၏ မျက်​စိ​မှုန်​သော​ကြောင့် မ​မြင်​နိုင်​သည်​ကာ​လ၊"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ရှိ​ရာ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ မီး​ခွက်​မ​သေ​မီ၊ ရှ​မွေ​လ​သည်​လည်း အိပ်​လျက်​ရှိ​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ရှ​မွေ​လ​ကို ခေါ်​တော်​မူ၍၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 5,
      "text": "ဧ​လိ​ထံ​သို့ ပြေး၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​က ငါ​မ​ခေါ်၊ အိပ်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ အိပ်​ပြန်​လေ၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 6,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​သည် ထ​ပြီး​လျှင်၊ ဧ​လိ​ထံ​သို့ သွား၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​သော်၊ ဧ​လိ​က ငါ​မ​ခေါ် ငါ့​သား၊ အိပ်​တော့​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 7,
      "text": "ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​သေး။ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ရ​သေး။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 8,
      "text": "တ​တိ​ယ​အ​ကြိမ် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​ထ​ပြီး​လျှင် ဧ​လိ​ထံ​သို့​သွား၍ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု​ဆို​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို ခေါ်​တော်​မူ​ကြောင်း​ကို ဧ​လိ​သည်​ရိပ်​မိ​လျှင်၊"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 9,
      "text": "သင်​သွား၍ အိပ်​ဦး​တော့၊ နောက်​တစ်​ဖန်​ခေါ်​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန် ကြား​ပါ​သည်​ဟု လျှောက်​ရ​မည်​အ​ကြောင်း ရှ​မွေ​လ​ကို မှာ​ထား​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ မိ​မိ​နေ​ရာ၌ အိပ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ရှေ့​နည်း​တူ လာ​ရပ်​လျက်၊ ရှ​မွေ​လ၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​က၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကြား​ပါ​သည်​ဟု လျှောက်​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​နှစ်​ဖက်​ခါး​စေ​ခြင်း​ငှာ၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တစ်​စုံ​တစ်​ခု​ကို​ပြု​မည်။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 12,
      "text": "ဧ​လိ​အိမ်​သား​တို့​တစ်​ဖက်၌ ငါ​ပြော​သ​မျှ​အ​တိုင်း ထို​နေ့​တွင် ငါ​ပြု​မည်။ ပြု​စ​ရှိ​ပြီး​မှ လက်​စ​သတ်​မည်။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 13,
      "text": "ထို​သူ၏​သား​တို့​သည် ကိုယ်​ယုတ်​မာ​သည်​တိုင်​အောင်၊ ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သူ​သိ​သော်​လည်း ကျပ်​တည်း​စွာ​မ​ဆုံး​မ​ဘဲ နေ​သော​ကြောင့်၊ သူ၏​အိမ်​သား​တို့၌ ငါ​သည် အ​စဉ်​အ​မြဲ​ဒဏ်​ပေး​မည်​ဟု ငါ​ပြော​ပြီ။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 14,
      "text": "ထို​ကြောင့် ဧ​လိ၏​အိမ်​သား​တို့ အ​ပြစ်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​အား​ဖြင့် မ​ဖြေ၊ အ​စဉ်​အ​မြဲ တည်​ရ​မည်​အ​ကြောင်း သူ​တို့​အား ငါ​ကျိန်​ဆို​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 15,
      "text": "ရှ​မွေ​လ​သည် နံ​နက်​တိုင်​အောင် အိပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​ခါး​တို့​ကို ဖွင့်​လေ၏။ မြင်​ရ​သော ရူ​ပါ​ရုံ​ကို ဧ​လိ​အား မ​ကြား​မ​ပြော​ဝံ့။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 16,
      "text": "ဧ​လိ​က၊ ငါ့​သား​ရှ​မွေ​လ​ဟု ခေါ်​လျှင်၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​လေ၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 17,
      "text": "ဧ​လိ​က​လည်း၊ အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​အား ဝှက်​မ​ထား​ပါ​နှင့်။ မိန့်​တော်​မူ​သ​မျှ တစ်​စုံ​တစ်​ခု​ကို ငါ့​အား​ဝှက်​ထား​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း​မ​က သင်၌​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 18,
      "text": "ရှ​မွေ​လ​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ဝှက်​မ​ထား အ​လုံး​စုံ​တို့​ကို ပြန်​ကြား၏။ ဧ​လိ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​လျှင် အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော​ဟု ဝန်​ခံ​လေ၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 19,
      "text": "ရှ​မွေ​လ​သည် အ​စဉ်​အ​တိုင်း​ကြီး၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ​သ​ဖြင့်၊ သူ၏​စ​ကား​တစ်​ခွန်း​မျှ ပျက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 20,
      "text": "သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​စစ်​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် သိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 3,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့၌ အ​ထပ်​ထပ် ထင်​ရှား​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ရှ​မွေ​လ​အား ဗျာ​ဒိတ်​ပေး​တော်​မူ၏။ ရှ​မွေ​လ​စ​ကား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​လေ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 1,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို တိုက်​ခြင်း​ငှာ ချီ​သွား၍၊ ဧ​ဗ​နေ​ဇာ​မြို့​နား​မှာ တပ်​ချ​လျက်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် အာ​ဖက်​မြို့၌ တပ်​ချ​လျက်​နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 2,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​ခင်း​ကျင်း၍ တိုက်​ကြ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သည် စစ်​ရှုံး၍ ရန်​သူ​လက်​တွင် သူ​ရဲ​လေး​ထောင်​ခန့်​မျှ သေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 3,
      "text": "လူ​များ​တို့​သည် တပ်​ထဲ​သို့​ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​က၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ အ​ဘယ်​ကြောင့်​ရှုံး​စေ​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် လာ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ ကယ်​တင်​စေ​ခြင်း​ငှာ၊ ရှိ​လော​မြို့​မှ ဆောင်​ခဲ့​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 4,
      "text": "လူ​များ​တို့​သည် ရှိ​လော​မြို့​သို့ လူ​ကို​စေ​လွှတ်၍၊ ခေ​ရု​ဗိမ်​စပ်​ကြား​မှာ​နေ​သော ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့်​အ​တူ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် ပါ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် တပ်​ထဲ​သို့ ရောက်​သော​အ​ခါ၊ မြေ​ကြီး​အ​သံ မြည်​သည်​တိုင်​အောင် တပ်​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 6,
      "text": "ကြွေး​ကြော်​သံ​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ဟေ​ဗြဲ​တပ်၌​ပြု​သော ကြွေး​ကြော်​သံ​ကြီး​ကား အ​ဘယ်​သို့​နည်း​ဟု မေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ထို​တပ်​ထဲ​သို့​ရောက်​ကြောင်း​ကို သိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 7,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ကြောက်၍၊ ဘု​ရား​သ​ခင်​သည် ဟေ​ဗြဲ​တပ်​ထဲ​သို့ ရောက်​လေ​ပြီ​တ​ကား။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တစ်​ခါ​မျှ ဤ​သို့ မ​ဖြစ်​စ​ဖူး။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 8,
      "text": "ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ တန်​ခိုး​ကြီး​သော ဤ​ဘု​ရား​သ​ခင်၏​လက်​မှ ငါ​တို့​ကို အ​ဘယ်​သူ ကယ်​တင်​လိမ့်​မည်​နည်း။ တော၌ အဲ​ဂု​တ္တု​လူ​တို့​ကို ဘေး​အ​ပေါင်း​နှင့် ဒဏ်​ခတ်​သော​ဘု​ရား​ကား၊ အ​ခြား​မ​ဟုတ် ဤ​ဘု​ရား​ပေ​တည်း။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 9,
      "text": "အို ဖိ​လိ​တ္တိ​လူ​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် သင်​တို့​ထံ၌ ကျွန်​ခံ​ရ​သ​ကဲ့​သို့၊ သူ​တို့​ထံ၌ ငါ​တို့​သည် ကျွန်​မ​ခံ​ရ​မည်​အ​ကြောင်း၊ အား​ယူ၍ ယောက်ျား​ပြု​ကြ​လော့။ ယောက်ျား​ပြု၍ တိုက်​ကြ​လော့​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 10,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ရှုံး​ပြန်၍၊ လူ​တိုင်း မိ​မိ​နေ​ရာ​သို့ ပြေး​လေ၏။ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​ဖြစ်၍၊ ဣ​သ​ရေ​လ ခြေ​သည်​သူ​ရဲ သုံး​သောင်း​တို့​သည် သေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့​ရောက်၍၊ ဧ​လိ၏​သား ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ် နှစ်​ယောက်​တို့​သည် အ​သက်​ဆုံး​လေ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 12,
      "text": "ဗင်္ယာ​မိန် အ​မျိုး​သား​တစ်​ယောက်​သည်၊ စစ်​တိုက်​ရာ​ထဲ​က ပြေး​လာ၍၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက်၊ မိ​မိ​ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက်၊ ထို​နေ့​ချင်း​တွင် ရှိ​လော​မြို့​သို့ ရောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 13,
      "text": "ရောက်​သော​အ​ခါ၊ ဧ​လိ​သည် လမ်း​နား၌ ခုံ​ပေါ်​မှာ​ထိုင်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​အ​တွက် စိတ်​နှ​လုံး​တုန်​လှုပ်​လျက် စောင့်​နေ၏။ ပြေး​သော​သူ​သည် မြို့​ထဲ​သို့​ရောက်၍ သ​တင်း​ပြော​သ​ဖြင့်၊ တစ်​မြို့​လုံး အော်​ဟစ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 14,
      "text": "အော်​ဟစ်​သံ​ကို ဧ​လိ​ကြား​သော်၊ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​ကား၊ အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ထို​သူ​သည် အ​လျင်​အ​မြန်​လာ၍ ဧ​လိ​အား​လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 15,
      "text": "ထို​အ​ခါ ဧ​လိ​သည် အ​သက် ကိုး​ဆယ်​ရှစ်​နှစ်​ရှိ၍ မျက်​စိ​မ​မြင်​နိုင်​အောင် မျက်​ကြော​သေ​နှင့်​ပြီ။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 16,
      "text": "ပြေး​သော​သူ​က၊ အ​ကျွန်ုပ်​သည် စစ်​တိုက်​ရာ​မှ ရောက်​လာ​သော​သူ ဖြစ်​ပါ၏။ စစ်​တိုက်​ရာ​ထဲ​က ယ​နေ့ အ​ကျွန်ုပ်​ပြေး၍ လာ​ပါ၏​ဟု လျှောက်​လျှင်၊ ဧ​လိ​က၊ ငါ့​သား၊ အ​မှု​ကား​အ​ဘယ်​သို့​နည်း​ဟု​မေး​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 17,
      "text": "တ​မန်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ​ပြေး၍ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​ကို ခံ​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်၏​သား၊ ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​နှစ်​ယောက်​တို့​သည် သေ​ပါ​ပြီ။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည်​လည်း ရန်​သူ​လက်​သို့ ရောက်​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 18,
      "text": "ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော် သ​တင်း​ကို​ကြား​သော​အ​ခါ၊ ဧ​လိ​သည် တံ​ခါး​နား​မှာ​ထိုင်​သော ခုံ​ပေါ်​က နောက်​သို့​လန်​ကျ​သ​ဖြင့်၊ လည်​ပင်း​ကျိုး၍ သေ​လေ၏။ အ​သက်​ကြီး၍ ကိုယ်​လေး​သော​သူ ဖြစ်၏။ ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​လေး​ဆယ် အုပ်​စိုး​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 19,
      "text": "သူ၏​ချွေး​မ ဖိ​န​ဟတ်၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၍ အ​ချိန်​နီး​လျက်၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့​ရောက်​ကြောင်း၊ ယော​က္ခ​မ​နှင့်​လင် သေ​ကြောင်း​ကို​ကြား​သော​အ​ခါ၊ ကျော​ကုန်း၍ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ချက်​ချင်း​ခံ​ရ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 20,
      "text": "သေ​လု​သော​အ​ခါ အ​နား​မှာ​ရှိ​သော မိန်း​မ​တို့​က၊ မ​စိုး​ရိမ်​နှင့်။ သား​ယောက်ျား​ကို ဖွား​မြင်​ပြီ​ဟု ဆို​သော်​လည်း ပြန်​မ​ပြော၊ အ​မှု​မ​ထား​ဘဲ​နေ၏။"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 21,
      "text": "တစ်​ဖန် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့ ရောက်​သော​ကြောင့်​လည်း​ကောင်း၊ မိ​မိ​ယော​က္ခ​မ​နှင့် လင်​အ​မှု​ကြောင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ဘုန်း​အ​သ​ရေ​ပျောက်​ခဲ့​ပြီ​ဟု​ဆို​လျက်၊ ထို​သူ​ငယ်​ကို ဣ​ခ​ဗုဒ် အ​မည်​ဖြင့်​မှည့်၍၊"
    },
    {
      "book": 9,
      "chapter": 4,
      "verse": 22,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့ ရောက်​သော​ကြောင့်၊ ဣ​သ​ရေ​လ ဘုန်း​အ​သ​ရေ ပျောက်​ခဲ့​ပြီ​ဟု ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 1,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ယူ၍ ဧ​ဗ​နေ​ဇာ​မြို့​မှ အာ​ဇုတ်​မြို့​သို့ ဆောင်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဒါ​ဂုန်​ကျောင်း​ထဲ​သို့​သွင်း၍ ဒါ​ဂုန်​အ​နား​မှာ ထား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 3,
      "text": "အာ​ဇုတ်​မြို့​သား​တို့​သည် နံ​နက်​စော​စော​ထ​ကြ​သော​အ​ခါ၊ ဒါ​ဂုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရှေ့၌ မြေ​ပေါ်​မှာ​လဲ၍ ပျပ်​ဝပ်​လျက်​ရှိ​သည်​ကို တွေ့​သ​ဖြင့်၊ သူ့​ကို​ယူ၍ သူ၏​နေ​ရာ၌ တင်​ထား​ပြန်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 4,
      "text": "တစ်​ဖန် နက်​ဖြန်​နံ​နက်​စော​စော​ထ​ကြ​သော​အ​ခါ၊ ဒါ​ဂုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရှေ့၌ မြေ​ပေါ်​မှာ​လဲ၍ ပျပ်​ဝပ်​လျက်၊ ခေါင်း​နှင့် လက်​ဝါး​နှစ်​ဖက်​ပြတ်၍ တံ​ခါး​ခုံ​ပေါ်​မှာ​တင်​လျက်၊ ဒါ​ဂုန်၌ ကိုယ်​တိ​တိ​ရှိ​သည်​ကို တွေ့​ကြ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 5,
      "text": "ထို​ကြောင့် ဒါ​ဂုန်၏​ယဇ်​ပု​ရော​ဟိတ်​များ၊ ဒါ​ဂုန်​ကျောင်း​သို့ ဝင်​သော​သူ​များ​တို့​သည်၊ အာ​ဇုတ်​မြို့၌​ရှိ​သော ဒါ​ဂုန်​ကျောင်း​တံ​ခါး​ခုံ​ကို ယ​နေ့​တိုင်​အောင် ကျော်​နင်း​လေ့​မ​ရှိ​ကြ။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 6,
      "text": "အာ​ဇုတ်​မြို့​နှင့် မြို့​နယ်၌​နေ​သော​သူ​တို့​အ​ပေါ်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် လေး​သော​လက်​တော်​နှင့် ဖျက်​တော်​မူ၏။ မြင်း​သ​ရိုက်​အ​နာ​နှင့်​လည်း ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 7,
      "text": "အာ​ဇုတ်​မြို့​သား​တို့​သည် ထို​အ​မှု​ကို​မြင်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့် ငါ​တို့​ဘု​ရား​ဒါ​ဂုန်​အ​ပေါ်​မှာ လေး​သော​လက်​တော်​ကို တင်​တော်​မူ​သည်​ဖြစ်၍၊ ထို​ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ငါ​တို့​တွင်​မ​ရှိ​စေ​ရ​ဟု​ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 8,
      "text": "လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 9,
      "text": "ထို​မြို့​သို့​ဆောင်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ထို​မြို့၌ ကြီး​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို​ပြု၍၊ မြို့​သူ​မြို့​သား အ​ကြီး​အ​ငယ်​တို့​ကို ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ကိုယ်​အ​တွင်း၌ မြင်း​သ​ရိုက်​အ​နာ​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 10,
      "text": "တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 11,
      "text": "လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​သည် ငါ​တို့​နှင့်​ငါ​တို့​လူ​များ​ကို မ​သတ်​စေ​ခြင်း​ငှာ လွှတ်​လိုက်​ကြ​ကုန်​အံ့၊ မိ​မိ​နေ​ရင်း​အ​ရပ်​သို့ သွား​ပါ​လေ​စေ​ဟု ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လွန်​လေး​သော လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ တစ်​မြို့​လုံး​သေ​စေ​တတ်​သော အ​နာ​ရော​ဂါ နှံ့​ပြား​လေ၏။"
    },
    {
      "book": 9,
      "chapter": 5,
      "verse": 12,
      "text": "သေ​ဘေး​နှင့်​လွတ်​သော်​လည်း မြင်း​သ​ရိုက်​နာ​ဖြင့် ဒဏ်​ခတ်​ခြင်း​ကို​ခံ​ရ၍၊ ထို​မြို့​အော်​ဟစ်​သော​အ​သံ​သည် မိုး​ကောင်း​ကင်​သို့ တက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ဖိ​လိ​တ္တိ​ပြည်၌ ခု​နစ်​လ​နေ​ပြီး​မှ၊"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 2,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​လုပ်​သူ​များ​တို့​ကို ခေါ်၍ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ သူ​နေ​ရင်း​အ​ရပ်​သို့ အ​ဘယ်​သို့​သော ပူ​ဇော်​သ​ကာ​နှင့် လွှတ်​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 3,
      "text": "သူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို လွှတ်​လိုက်​လျှင် ကိုယ်​ချည်း မ​လွှတ်​လိုက်​ကြ​နှင့်။ ဒု​စ​ရိုက်​ပူ​ဇော်​သ​ကာ​ကို ဆက်​ဆက်​ပေး​လိုက်​ရ​မည်။ သို့​ပြု​လျှင် ရော​ဂါ​ငြိမ်း​လိမ့်​မည်။ အ​ဘယ်​ကြောင့် လက်​တော်​မ​ရွေ့​သေး​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 4,
      "text": "အ​ဘယ်​အ​ရာ​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ပြန်​ပေး​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​လျှင်၊ ဖိ​လိ​တ္တိ​မင်း အ​ရေ​အ​တွက်​အ​တိုင်း ရွှေ​မြင်း​သ​ရိုက်​ပုံ​ငါး​ခု​နှင့် ရွှေ​ကြွက်​ငါး​ကောင်​ကို​ပေး​လိုက်​ရ​မည်။ သင်​တို့​နှင့် သင်​တို့​မင်း​များ၌ ရော​ဂါ​တစ်​ပါး​တည်း စွဲ​လျက်​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 5,
      "text": "ထို​ကြောင့် မြင်း​သ​ရိုက်​ပုံ၊ မြေ​ကို​ဖျက်​တတ်​သော ကြွက်​ပုံ​တို့​ကို လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ​မည်။ လက်​တော်​သည် သင်​တို့​နှင့် သင်​တို့​ဘု​ရား​အ​ပေါ်၊ သင်​တို့​မြေ​အ​ပေါ်​မှာ ပေါ့​ကောင်း​ပေါ့​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 6,
      "text": "သို့​ဖြစ်၍ ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​လူ​တို့​သည် ခိုင်​မာ​သော စိတ်​နှ​လုံး​ရှိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ခိုင်​မာ​သော စိတ်​နှ​လုံး​ရှိ​ကြ​သ​နည်း။ သူ​တို့​တွင် အ​ထူး​သ​ဖြင့် ပြု​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် လွှတ်​လိုက်၍ ဣ​သ​ရေ​လ​လူ​တို့​သည် သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 7,
      "text": "ယ​ခု​မှာ လှည်း​သစ်​ကို​လုပ်​ပြီး​မှ ထမ်း​ပိုး​မ​တင်၊ သား​ငယ်​ရှိ​သော နွား​မ​နှစ်​ကောင်​ကို လှည်း၌​က၍၊ နွား​သ​ငယ်​တို့​ကို သူ့​နေ​ရာ​သို့ ပို့​ကြ​လော့။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို လှည်း​ပေါ်​မှာ​တင်၍ ပြန်​ပေး​လိုက်​သော ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ရွှေ​တန်​ဆာ​တို့​ကို သေ​တ္တာ​တော်​နား​မှာ အ​ခြား​သော​သေ​တ္တာ၌ ထား​ပြီး​လျှင် လွှတ်​လိုက်၍ သွား​ပါ​လေ​စေ။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 9,
      "text": "သေ​တ္တာ​တော်​သည် မိ​မိ​ပြည်​သို့​သွား​သော​လမ်း ဗက်​ရှေ​မက်​မြို့​သို့​လိုက်​လျှင်၊ ထို​ဘု​ရား​သ​ခင်​သည် ဤ​ဘေး​ကြီး​ကို ငါ​တို့၌ ဖြစ်​စေ​ပြီ။ သို့​မ​ဟုတ် ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငါ​တို့​မ​ခံ၊ အ​လို​လို ခံ​ရ​သည်​ကို သိ​ရ​ကြ​မည်​ဟု စီ​ရင်​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 10,
      "text": "လူ​များ​တို့​သည် ပြု​သ​ဖြင့်၊ သား​ငယ်​ရှိ​သော နွား​မ​နှစ်​ကောင်​ကို လှည်း၌​က၍၊ နွား​သ​ငယ်​တို့​ကို သူ့​နေ​ရာ၌ ချုပ်​ထား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​နှင့်​တ​ကွ ရွှေ​ကြွက်​များ၊ မြင်း​သ​ရိုက်​ပုံ​များ​ပါ​သော သေ​တ္တာ​တော်​ကို လှည်း​ပေါ်​မှာ တင်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 12,
      "text": "နွား​မ​တို့​သည် ဗက်​ရှေ​မက်​လမ်း​သို့ တည့်​တည့်​လိုက်၍ မြည်​တွန်​လျက် သွား​ကြ၏။ လက်​ယာ​ဘက် လက်​ဝဲ​ဘက်​သို့​မ​လွှဲ လမ်း​မ​သို့​သာ လိုက်​ကြ၏။ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဗက်​ရှေ​မက်​မြို့​နယ်​တိုင်​အောင် လိုက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 13,
      "text": "ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ချိုင့်၌ ဂျုံ၊ စ​ပါး​ကို​ရိတ်​လျက် မျှော်​ကြည့်၍ သေ​တ္တာ​တော်​ကို​မြင်​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 14,
      "text": "လှည်း​သည် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်​ထဲ​သို့ ဝင်၍ ကျောက်​ကြီး​အ​နား​မှာ ရပ်​နေ၏။ ထို​သူ​တို့​သည် လှည်း​ကို​ချိုး​ခွဲ​ပြီး​လျှင် နွား​မ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 15,
      "text": "ထို​အ​ခါ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နှင့် ရွှေ​တန်​ဆာ​ပါ​သော သေ​တ္တာ​ကို​ချ၍ ကျောက်​ကြီး​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထို​နေ့​ချင်း​တွင် မီး​ရှို့​ရာ​ယဇ်​မှ​စ၍ ယဇ်​မျိုး​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 16,
      "text": "ထို​အ​မှု​ကို ဖိ​လိ​တ္တိ​မင်း​ငါး​ယောက်​တို့​သည် မြင်​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် ဧ​ကြုန်​မြို့​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား ပြန်​ပေး​သော ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ရွှေ​မြင်း​သ​ရိုက်​ပုံ​တို့​ကား၊ အာ​ဇုတ်​မြို့​ဖို့​တစ်​ခု၊ ဂါ​ဇ​မြို့​ဖို့​တစ်​ခု၊ အာ​ရှ​ကေ​လုန်​မြို့​ဖို့​တစ်​ခု၊ ဂါ​သ​မြို့​ဖို့​တစ်​ခု၊ ဧ​ကြုန်​မြို့​ဖို့​တစ်​ခု ဖြစ်​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 18,
      "text": "ရွှေ​ကြွက်​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တင်​ထား​သော ကျောက်​ကြီး​တိုင်​အောင် ခိုင်​ခံ့​သော​မြို့​ဖြစ်​စေ၊ တော​ရွာ​ဖြစ်​စေ၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​ဆိုင်​သ​မျှ​သော မြို့​ရွာ​အ​ရေ​အ​တွက်​အ​တိုင်း ဖြစ်​သ​တည်း။ ထို​ကျောက်​ကား ယ​နေ့​တိုင်​အောင် ဗက်​ရှေ​မက်​မြို့​သား ယော​ရှု၏​လယ်​ကွက်၌​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 19,
      "text": "ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 20,
      "text": "ဗက်​ရှေ​မက်​မြို့​သား​တို့​က၊ သန့်​ရှင်း​တော်​မူ​သော ဤ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ဘယ်​သူ ရပ်​နေ​နိုင်​သ​နည်း။ ငါ​တို့​အ​ရပ်​က၊ အ​ဘယ်​သူ​ရှိ​ရာ​သို့ ကြွ​သွား​တော်​မူ​မည်​နည်း​ဟု ဆို​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 6,
      "verse": 21,
      "text": "ကိ​ရ​ယတ်​ယာ​ရိမ် မြို့​သား​တို့​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို တစ်​ဖန်​ပို့​ကြ​ပြီ။ သင်​တို့​လာ၍ ဆောင်​သွား​ကြ​ပါ​တော့​ဟု မှာ​လိုက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 1,
      "text": "ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ဆောင်​သွား​သ​ဖြင့်၊ တောင်​ပေါ်​မှာ​ရှိ​သော အ​ဘိ​န​ဒပ်​အိမ်၌​ထား၍ သေ​တ္တာ​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ သူ၏​သား​ဧ​လာ​ဇာ​ကို သန့်​ရှင်း​စေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 2,
      "text": "သေ​တ္တာ​တော်​သည် အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး ကြာ​မြင့်​စွာ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၌​ရှိ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​အောက်​မေ့၍ မြည်​တမ်း​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 3,
      "text": "တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 5,
      "text": "ရှ​မွေ​လ​က​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​ဇ​ပါ​မြို့၌ စု​ဝေး​စေ​ကြ​လော့။ သင်​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း​မည်​ဟု မှာ​ခဲ့​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 6,
      "text": "သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှိ​ရာ​သို့ စစ်​ချီ​ကြ၏။ ထို​သ​တင်း​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ကြား​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ကြောက်၍၊"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 8,
      "text": "ရှ​မွေ​လ​အား၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပါ​လော့​ဟု ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 9,
      "text": "ရှ​မွေ​လ​သည်​လည်း နို့​စို့​သိုး​သ​ငယ်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဆု​တောင်း၍ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 10,
      "text": "ရှ​မွေ​လ​သည် မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​စဉ်​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​တိုက်​ခြင်း​ငှာ ချဉ်း​လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​အ​ပေါ်​မှာ ပြင်း​စွာ​မိုး​ချုန်း​စေ၍၊ သူ​တို့​တပ်​ကို ဖျက်​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ ရှုံး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် မိ​ဇ​ပါ​မြို့​မှ​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ​လျက်၊ ဗက်​ကာ​မြို့​တိုင်​အောင် လိုက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 12,
      "text": "ထို​အ​ခါ ရှ​မွေ​လ​သည် ကျောက်​ကို​ယူ၍ မိ​ဇ​ပါ​မြို့​နှင့် ရှင်​မြို့​စပ်​ကြား​မှာ ထူ​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ယ​ခု​တိုင်​အောင် မ​စ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​ကျောက်​ကို ဧ​ဗ​နေ​ဇာ​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 13,
      "text": "ထို​သို့ ဖိ​လိ​တ္တိ​လူ​တို့​သည် ရှုံး​သ​ဖြင့်၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​သို့ မ​လာ​ကြ။ ရှ​မွေ​လ​လက်​ထက် ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို ဆီး​တား​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 14,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် သိမ်း​ယူ​သော ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ဧ​ကြုန်​မြို့​မှ​စ၍ ဂါ​သ​မြို့​တိုင်​အောင် ပြန်​ပေး​ရ​ကြ၏။ မြို့​နယ်​တို့​ကို​လည်း ဣ​သ​ရေ​လ​လူ​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ နုတ်​ယူ​ကြ၏။ ဣ​သ​ရေ​လ​လူ​နှင့် အာ​မော​ရိ​လူ​တို့​သည်​လည်း စစ်​မ​ရှိ အ​သင့်​အ​တင့်​နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 15,
      "text": "ရှ​မွေ​လ​သည် တစ်​သက်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​လေ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 16,
      "text": "ဗေ​သ​လ​မြို့၊ ဂိ​လ​ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​ကို နှစ်​တိုင်း​လှည့်​ပတ်၍ အ​ရပ်​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး၌​စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ့​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 7,
      "verse": 17,
      "text": "ပြန်​လာ​သော​အ​ခါ၊ မိ​မိ​အိမ်​ရှိ​သော ရာ​မ​မြို့​သို့ ပြန်​လာ၍ ထို​မြို့​မှာ​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လျက်​နေ​လေ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 1,
      "text": "ရှ​မွေ​လ​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိ​မိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ အုပ်​စိုး​ရ​သော​အ​ခွင့်​နှင့် ခန့်​ထား၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 2,
      "text": "သား​ဦး​အ​မည်​ကား ယော​လ၊ ဒု​တိ​ယ​သား​အ​မည်​ကား အ​ဘိ​ရ​တည်း။ ထို​သူ​တို့​သည် ဗေ​ရ​ရှေ​ဗ​မြို့၌ တ​ရား​သူ​ကြီး​လုပ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 3,
      "text": "သို့​ရာ​တွင် အ​ဘ​လမ်း​သို့​မ​လိုက်။ ငွေ​ကို​တပ်​မက်​သော​စိတ်​နှင့် လွဲ​သွား၍ တံ​စိုး​စား​လျက် တ​ရား​ကို​ဖျက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 4,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍၊ ရှ​မွေ​လ​ရှိ​ရာ​အ​ရပ် ရာ​မ​မြို့​သို့​လာ​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 5,
      "text": "ကိုယ်​တော်​သည် အ​သက်​ကြီး​ပါ၏။ ကိုယ်​တော်၏​သား​တို့​သည် ကိုယ်​တော်​လမ်း​သို့ မ​လိုက်​ကြ​ပါ။ လူ​မျိုး​အ​ပေါင်း​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော​ရှင်​ဘု​ရင်​ကို ချီး​မြှောက်​ပါ​လော့​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 6,
      "text": "ထို​သို့ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ပေး​ပါ​လော့​ဟု လျှောက်​သော​အ​မှု​ကို ရှ​မွေ​လ​သည် မ​နှစ်​သက်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​လေ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 8,
      "text": "သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ကျင့်​မိ​သ​မျှ​သော အ​ကျင့်​အ​တိုင်း သင်၌​လည်း​ပြု​ကြ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 9,
      "text": "ယ​ခု​မှာ သူ​တို့​စ​ကား​ကို နား​ထောင်​လော့။ သို့​ရာ​တွင် သ​တိ​ပေး၍ သူ​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ကို ပြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 10,
      "text": "ရှ​မွေ​လ​သည်​လည်း၊ ရှင်​ဘု​ရင်​ကို တောင်း​သော​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ​သ​မျှ​ကို ပြန်​ပြော၍၊"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 11,
      "text": "သင်​တို့​ကို အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ဟူ​မူ​ကား၊ သင်​တို့​သား​များ​ကို​ယူ၍ မိ​မိ​ရ​ထား​ထိန်း၊ မြင်း​ထိန်း​အ​ရာ၌ ခန့်​ထား၍၊ အ​ချို့​တို့​သည်​လည်း သူ၏​ရ​ထား​ရှေ့​မှာ ပြေး​ရ​ကြ​မည်။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 12,
      "text": "လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား၍၊ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း၊ စစ်​တိုက်​တန်​ဆာ၊ ရ​ထား​တန်​ဆာ​ကို​လုပ်​ခြင်း​အ​မှု​များ​ကို ဝေ​ဖန်​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 13,
      "text": "သင်​တို့​သ​မီး​များ​ကို​လည်း ယူ၍၊ ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို ပြင်​ဆင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စား​တော်​ကဲ၊ မုန့်​သည် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ခန့်​ထား​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 14,
      "text": "သင်​တို့​လယ်​ကွက်၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ် အ​ကောင်း​ဆုံး​တို့​ကို​ယူ၍ မိ​မိ​ကျွန်​တို့​အား ပေး​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 15,
      "text": "သင်​တို့​မျိုး​စေ့ စ​ပျစ်​သီး ဆယ်​ဖို့​တစ်​ဖို့​ကို​ယူ၍ သူ၏​အ​ရာ​ရှိ အ​မှု​ထမ်း​တို့​အား ပေး​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 16,
      "text": "သင်​တို့​ကျွန်၊ ကျွန်​မ၊ အ​ကောင်း​ဆုံး​သော လု​လင်၊ မြည်း​များ​ကို​ယူ၍ သူ၏​အ​မှု​ကို လုပ်​ကိုင်​စေ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 17,
      "text": "သင်​တို့​သိုး​စု ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ယူ၍ သင်​တို့​သည် သူ၏​ကျွန်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 18,
      "text": "သင်​တို့​ရွေး​ယူ​သော ရှင်​ဘု​ရင်​ကြောင့်၊ ထို​နေ့၌ သင်​တို့ အော်​ဟစ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မ​မူ​ဟု သ​တိ​ပေး​လေ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 19,
      "text": "သို့​သော်​လည်း လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ အုပ်​စိုး​သော ရှင်​ဘု​ရင်​ကို လို​ချင်​ပါ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 20,
      "text": "အ​ကျွန်ုပ်​တို့​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သော ရှင်​ဘု​ရင်​ရှိ​ရ​မည်။ အ​ကျွန်ုပ်​တို့​ရှေ့​မှာ​ထွက်​ကြွ၍ စစ်​တိုက်​ရ​မည်​ဟု ရှ​မွေ​လ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 21,
      "text": "ထို​သူ​တို့၏ စ​ကား​များ​ကို ရှ​မွေ​လ​သည်​ကြား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 8,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​စ​ကား​ကို​နား​ထောင်၍ သူ​တို့​အ​ဖို့ ရှင်​ဘု​ရင်​ကို ချီး​မြှောက်​လော့​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ သင်​တို့​အ​သီး​အ​သီး နေ​ရာ​မြို့​ရွာ​သို့ ပြန်​သွား​ကြ​လော့​ဟု ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 1,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား အာ​ဖိ၊ ဗေ​ခေါ​ရတ်၊ ဇေ​ရော်၊ အ​ဗျေ​လ​မှ ဆင်း​သက်၍ ကိ​ရှ​အ​မည်​ရှိ​သော ဗင်္ယာ​မိန်​အ​မျိုး​သား​တစ်​ယောက် ရှိ၏။ သူ​သည်​အ​လွန် ခွန်​အား​ကြီး​သော​သူ ဖြစ်၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 2,
      "text": "ထို​သူ၌ ရှော​လု​အ​မည်​ရှိ​သော​သား​တစ်​ယောက်​ရှိ၏။ ထို​သား​သည် အ​ဆင်း​လှ၍ ထူး​ဆန်း​သော သူ​ဖြစ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ထို​သူ​ထက်​သာ၍ အ​ဆင်း​လှ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည် အ​ခြား​သော​သူ​ထက် ပ​ခုံး​အ​ထက်​မှာ အ​ရပ်​သာ၍​မြင့်၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 3,
      "text": "ရှော​လု​အ​ဘ ကိ​ရှ၏​မြည်း​တို့​သည် ပျောက်​သော​ကြောင့်၊ ကိ​ရှ​က၊ သင်​သည် ငယ်​သား​တစ်​ယောက်​ကို​ခေါ်၍ မြည်း​တို့​ကို ရှာ​အံ့​သော​ငှာ ထ​သွား​လော့​ဟု မိ​မိ​သား​ရှော​လု​အား ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 4,
      "text": "သူ​တို့​သည် ဧ​ဖ​ရိမ်​တောင်​အ​ရပ်​နှင့် ရှ​လိ​ရှ​အ​ရပ်​တစ်​လျှောက်​လုံး၌ ရှာ၍​မ​တွေ့​လျှင်၊ တစ်​ဖန် ရှာ​လိမ်​အ​ရပ်​မှ​သည် ဗင်္ယာ​မိန်​အ​ရပ်​များ တစ်​လျှောက်​လုံး၌ မ​တွေ့။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 5,
      "text": "ဇု​ဖ​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊ ရှော​လု​က၊ ပြန်​ကြ​စို့။ သို့​မ​ဟုတ် အ​ဘ​သည် မြည်း​တို့​ကြောင့် မ​စိုး​ရိမ်၊ ငါ​တို့​ကြောင့် စိုး​ရိမ်​လိမ့်​မည်​ဟု ငယ်​သား​ကို​ပြော​ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 6,
      "text": "ငယ်​သား​က၊ ဤ​မြို့၌ အ​သ​ရေ​ထင်​ရှား​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​ရှိ၏။ သူ​ပြော​သ​မျှ​သော စ​ကား​သည် ဧ​ကန်​အ​မှန် ပြည့်​စုံ​တတ်၏။ သူ့​ထံ​သို့ သွား​ကြ​စို့။ ငါ​တို့ သွား​ရ​သော​လမ်း​ကို သူ​ပြ​ကောင်း​ပြ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 7,
      "text": "ရှော​လု​က​လည်း၊ သွား​လျှင် အ​ဘယ်​အ​ရာ​ကို လှူ​ရ​မည်​နည်း။ ငါ​တို့၌​ပါ​သော မုန့်​ကုန်​ပြီ။ ဘု​ရား​သ​ခင်၏​လူ​ကို လှူ​စ​ရာ​အ​လှူ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ ငါ​တို့၌ တစ်​စုံ​တစ်​ခု​ရှိ​သေး​သ​လော​ဟု ငယ်​သား​အား​မေး​သော်၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 8,
      "text": "ငယ်​သား​က၊ ကျွန်​တော်​လက်၌ ငွေ​တစ်​မတ်​ရှိ​ပါ၏။ ငါ​တို့​ကို လမ်း​ပြ​သည်​အ​တွက် ဘု​ရား​သ​ခင်၏​လူ​အား​ပေး​ပါ​မည်​ဟု ရှော​လု​အား​ပြန်​ပြော၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 9,
      "text": "ရှေး​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မေး​မြန်း​ခြင်း​ငှာ​သွား​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ မြင်​သော​သူ​ထံ​သို့ သွား​ကြ​စို့​ဟု ဆို​တတ်​ကြ၏။ ပ​ရော​ဖက်​ဟူ၍​ခေါ်​ဝေါ်​သော​သူ​ကို ရှေး​ကာ​လ၌ မြင်​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 10,
      "text": "ရှော​လု​က​လည်း၊ ကောင်း​ပြီ​သွား​ကြ​စို့​ဟု ငယ်​သား​အား​ဆို​လျက်၊ ဘု​ရား​သ​ခင်၏​လူ​ရှိ​ရာ​မြို့​သို့ သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 11,
      "text": "မြို့​ပြင်​ကုန်း​ပေါ်​သို့ ရောက်​သော​အ​ခါ၊ ရေ​ခပ်​လာ​သော မိန်း​မ​ပျို​တို့​ကို​တွေ့၍၊ ဤ​အ​ရပ်၌ မြင်​သော​သူ​ရှိ​သ​လော​ဟု မေး​သော်၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 12,
      "text": "ရှိ​ပါ၏။ သင်​တို့​ရှေ့​မှာ ရှိ​ပါ၏။ အ​လျင်​အ​မြန်​သွား​တော့။ မြင်​သော​သူ​သည် ဤ​မြို့​သို့ ယ​နေ့​လာ​ပြီ။ လူ​များ​တို့​သည် မြင့်​သော​အ​ရပ်၌ ယ​နေ့​ယဇ်​ပွဲ​ကို ဆောင်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 13,
      "text": "ဆ​ရာ​သည် မြင့်​သော​အ​ရပ်၌ ယဇ်​သား​ကို​စား​အံ့​သော​ငှာ မ​တက်​မီ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​လျှင် ချက်​ချင်း​တွေ့​လိမ့်​မည်။ သူ​မ​ရောက်​မီ လူ​များ​တို့​သည် မ​စား​တတ်​ကြ။ သူ​သည် ယဇ်​ပွဲ၌ ဘု​ရား​ဝတ်​ကို ပြု​တတ်၏။ ဝတ်​ပြု​ပြီး​မှ ခေါ်​ဖိတ်​သော သူ​တို့​သည် စား​တတ်​ကြ၏။ ယ​ခု​မှာ သွား​လျှင် တွေ့​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 14,
      "text": "သူ​တို့​သည် မြို့​ထဲ​သို့​ဝင်၍ ရှ​မွေ​လ​သည် မြင့်​သော​အ​ရပ်​သို့ တက်​သွား​လျက် သူ​တို့​ကို ဆီး၍​ကြို​လေ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 15,
      "text": "ရှော​လု​မ​ရောက်​မီ မ​နေ့၌ ထာ​ဝ​ရ​ဘု​ရား​က၊ နက်​ဖြန်​နေ့၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 16,
      "text": "ဤ​အ​ချိန်၌ ဗင်္ယာ​မိန်​ပြည်​မှ လူ​တစ်​ယောက်​ကို သင်​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သင်​သည် ထို​သူ​ကို ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏​မင်း​အ​ရာ၌ ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​ရ​မည်။ သူ​သည် ငါ၏​လူ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​ရ​လိမ့်​မည်။ ငါ​သည် သူ​တို့​အော်​ဟစ်​သံ​ကို​ကြား၍၊ သူ​တို့​ကို ကြည့်​ရှု​သည်​ဟု ရှ​မွေ​လ​နား​အ​ပါး၌ မိန့်​တော်​မူ​နှင့်​ပြီ။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 17,
      "text": "ရှ​မွေ​လ​သည် ရှော​လု​ကို မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​ပြော​သော​သူ​ကို ကြည့်​လော့၊ ဤ​သူ​သည် ငါ၏​လူ​တို့​ကို အုပ်​ချုပ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 18,
      "text": "ထို​အ​ခါ ရှော​လု​သည် ရှ​မွေ​လ​ရှိ​ရာ တံ​ခါး​ဝ​သို့ ချဉ်း​ကပ်​လျှင်၊ မြင်​သော​သူ၏​အိမ်​ကို ပြ​ပါ​လော့​ဟု တောင်း​ပန်​သော်၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 19,
      "text": "ရှ​မွေ​လ​က၊ ငါ​သည် မြင်​သော​သူ​ဖြစ်၏။ ငါ့​ရှေ့​မှာ မြင့်​သော​အ​ရပ်​သို့ တက်​သွား​လော့။ ယ​နေ့ ငါ​နှင့်​အ​တူ စား​ရ​မည်။ နက်​ဖြန်​နေ့ ငါ​လွှတ်​လိုက်​မည်။ သင့်​စိတ်​နှ​လုံး​ထဲ​မှာ ရှိ​သ​မျှ​ကို​လည်း ငါ​ဖော်​ပြ​မည်။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 20,
      "text": "တ​မြန်​နေ့​က​ပျောက်​သော သင်၏​မြည်း​တို့​ကို မ​အောက်​မေ့​နှင့် တွေ့​လျက်​ရှိ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ဘယ်​သူ​ကို အ​လို​ရှိ​သ​နည်း။ သင်​နှင့် သင်၏​အ​ဆွေ​အ​မျိုး​အ​ပေါင်း​ကို အ​လို​ရှိ​သည်​မ​ဟုတ်​လော​ဟု ရှော​လု​အား​ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 21,
      "text": "ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် အ​ငယ်​ဆုံး​သော​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး​သား​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​ဖြစ်​ပါ​သည်​မ​ဟုတ်​လော။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား​အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ပါ​သ​နည်း​ဟု လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 22,
      "text": "ထို​အ​ခါ ရှ​မွေ​လ​သည် ရှော​လု​နှင့် သူ၏​ငယ်​သား​ကို​ခေါ်၍ အိမ်​ခန်း​ထဲ​သို့ သွင်း​ပြီး​လျှင်၊ ခေါ်​ဖိတ်​သော​သူ သုံး​ဆယ်​တို့​တွင် အ​မြတ်​ဆုံး​သော​အ​ရပ်၌​ထိုင်​စေ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 23,
      "text": "ပွဲ​သူ​ကြီး​ကို​လည်း ခေါ်​ပြီး​လျှင်၊ သင်၌​ငါ​အပ်​ပေး၍​အ​ခြား​စီ​ထား​စေ​ခြင်း​ငှာ၊ ငါ​မှာ​ခဲ့​သော​အ​ဖို့​ကို ယူ​ခဲ့​တော့​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 24,
      "text": "ပွဲ​သူ​ကြီး​သည် ပ​ခုံး​နှင့် ပ​ခုံး​ပေါ်​မှာ​ခင်း​သော​အ​ရာ​ကို ယူ၍ ရှော​လု​ရှေ့​မှာ​ထား​လေ၏။ ရှ​မွေ​လ​က​လည်း၊ ချန်​ထား​သော​အ​ရာ​ကို ယူ၍​စား​တော့။ ခေါ်​ဖိတ်​သော​သူ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း သင့်​အ​ဖို့ ယ​ခု​တိုင်​အောင် သို​ထား​လျက်​ရှိ​ပြီ​ဟု​ဆို၍ ထို​နေ့၌ ရှော​လု​သည် ရှ​မွေ​လ​နှင့်​အ​တူ စား​သောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 25,
      "text": "ထို​သူ​တို့​သည် မြင့်​သော​အ​ရပ်​မှ​ဆင်း၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ ရှ​မွေ​လ​နှင့်​ရှော​လု​တို့​သည် အိမ်​မိုး​ပေါ်​မှာ စ​ကား​ပြော​လျက် နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 26,
      "text": "နံ​နက်​စော​စော​ထ၍ မိုး​လင်း​သော​အ​ခါ၊ ရှ​မွေ​လ​က၊ ထ​လော့။ သင့်​ကို ငါ​လွှတ်​လိုက်​မည်​ဟု ရှော​လု​ကို အိမ်​မိုး​ပေါ်​မှာ ခေါ်​ပြီး​လျှင်၊ ရှော​လု​သည်​ထ၍ ထို​သူ​နှစ်​ယောက်​တို့​သည် ထွက်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 9,
      "verse": 27,
      "text": "မြို့​စွန်း​သို့ ရောက်​သော​အ​ခါ ရှ​မွေ​လ​က၊ သင်၏​ငယ်​သား​ကို ရှေ့​သို့​သွား​စေ​ခြင်း​ငှာ​ပြော​တော့​ဟု ရှော​လု​အား​ဆို​သ​ဖြင့်၊ ငယ်​သား​သည် ရှေ့​သို့​သွား​လေ၏။ ရှ​မွေ​လ​က​လည်း ရပ်​နေ​တော့။ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငါ​ပြန်​မည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 1,
      "text": "ဆီ​ဘူး​ကို​ယူ၍ ရှော​လု၏​ခေါင်း​ပေါ်​မှာ​လောင်း​လေ၏။ တစ်​ဖန်​သူ့​ကို​နမ်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မွေ​တော်​လူ​မျိုး၏ မင်း​အ​ရာ၌​ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 2,
      "text": "ယ​နေ့ ငါ​နှင့်​ကွာ၍ သွား​သော​အ​ခါ၊ ဗင်္ယာ​မိန်​ခ​ရိုင်​စွန်း၊ ဇေ​လ​ဇ​ရွာ၊ ရာ​ခေ​လ​သင်္ချိုင်း​အ​နား​မှာ လူ​နှစ်​ယောက်​ကို တွေ့​လိမ့်​မည်။ သူ​တို့​က၊ သင်​သွား၍ ရှာ​သော​မြည်း​တို့​ကို တွေ့​ပြီ။ သင်၏​အ​ဘ​သည် မြည်း​တို့​ကို အ​မှု​မ​ထား၊ ငါ့​သား​အ​ဖို့ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု​ဆို​လျက် စိုး​ရိမ်​ကြောင်း​ကို ပြော​ကြ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 3,
      "text": "ထို​အ​ရပ်​မှ​လွန်၍ တာ​ဗော်​လွင်​ပြင်​သို့ ရောက်​လျှင်၊ ဆိတ်​သ​ငယ်​သုံး​ကောင်​ကို ဆောင်​သော​သူ​တစ်​ယောက်၊ မုန့်​သုံး​လုံး​ကို ဆောင်​သော​သူ တစ်​ယောက်၊ စ​ပျစ်​ရည်​ဘူး​ကို​ဆောင်​သော​သူ တစ်​ယောက်​တည်း​ဟူ​သော ဗေ​သ​လ​မြို့ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ သွား​သော​သူ သုံး​ယောက်​တို့​နှင့် သင်​သည်​တွေ့​ကြုံ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 4,
      "text": "ထို​သူ​တို့​သည် နှုတ်​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး၍၊ သင်​သည် သူ​တို့​လက်​မှ​ခံ​ယူ​ရ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 5,
      "text": "ထို​နောက်​မှ ဖိ​လိ​တ္တိ​တပ်​ရှိ​ရာ ဘု​ရား​သ​ခင်၏​တောင်​သို့​ရောက်၍ မြို့​သို့​ချဉ်း​ကပ်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​သည် တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စောင်း​ပါ​လျက် ပ​ရော​ဖက်​ပြု​လျက်၊ မြင့်​သော​အ​ရပ်​မှ ဆင်း​လာ​ကြ​သည်​ကို တွေ့​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 6,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သင်​သည် သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု၍ ခြား​နား​သော​သူ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 7,
      "text": "ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​သည် သင်၌​ဖြစ်​သော​အ​ခါ၊ အ​ဆင်​သင့်​သည်​အ​တိုင်း ပြု​လော့။ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 8,
      "text": "သင်​သည်​လည်း ငါ့​ရှေ့​မှာ ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​လည်း မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း​ငှာ သင်​ရှိ​ရာ​သို့​လာ​မည်။ ငါ​လာ၍ သင်​ပြု​ရ​သော အ​မှု​ကို​မ​ပြ​မီ​တိုင်​အောင် သင်​သည်​ငံ့​နေ​ရ​မည်​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 9,
      "text": "ရှော​လု​သည် ရှ​မွေ​လ​ထံ​မှ​ထွက်​သွား​မည်​ဟု လှည့်​သော​အ​ခါ၊ ခြား​နား​သော စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ​အ​လုံး​စုံ​တို့​သည် ထို​နေ့​ချင်း​တွင်​ဖြစ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 10,
      "text": "တောင်​တော်​သို့ ရောက်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​တို့​သည် ဆီး၍ ကြို​ကြ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​လေ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 11,
      "text": "ရှော​လု​သည် ပ​ရော​ဖက်​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​သည်​ကို အ​ထက်​က သိ​ကျွမ်း​သော​သူ​တို့​သည် မြင်​သော​အ​ခါ၊ ကိ​ရှ၏​သား၌ အ​ဘယ်​သို့​ဖြစ်​သ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌ ပါ​သ​လော​ဟု တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​ကြ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 12,
      "text": "ထို​အ​ရပ်​သား တစ်​ယောက်​က၊ သူ​တို့​အ​ဘ​ကား အ​ဘယ်​သူ​နည်း​ဟု​ဆို၍၊ ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌ ပါ​သ​လော​ဟူ​သော​စ​ကား​သည် ပုံ​စ​ကား​ဖြစ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 13,
      "text": "ရှော​လု​သည်​ပ​ရော​ဖက်​ပြု​ပြီး​မှ မြင့်​သော​အ​ရပ်​သို့ သွား၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 14,
      "text": "ရှော​လု၏​ဘ​ထွေး​က၊ သင်​တို့​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သ​နည်း​ဟု ရှော​လု​နှင့်​ငယ်​သား​ကို မေး​လျှင်၊ ရှော​လု​က၊ မြည်း​တို့​ကို​ရှာ​ရ​အောင် သွား၏။ မ​တွေ့​သော​အ​ခါ ရှ​မွေ​လ​ထံ​သို့ ရောက်​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 15,
      "text": "ဘ​ထွေး​က​လည်း၊ ရှ​မွေ​လ​သည် အ​ဘယ်​သို့​ပြော​သ​နည်း။ ငါ့​အား ပြန်​ပြော​ပါ​ဟု တောင်း​ပန်​သော်၊"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 16,
      "text": "မြည်း​တို့​ကို​တွေ့​ပြီ​ဟု ရှ​မွေ​လ​သည် အ​တပ်​ပြော​ကြောင်း​ကို​သာ ရှော​လု​သည် ဘ​ထွေး​အား​ပြန်​ပြော၍၊ ရှ​မွေ​လ​ပြော​သော နိုင်​ငံ​အ​မှု​အ​ရေး​ကို ဘ​ထွေး​အား​မ​ကြား​မ​ပြော​ဘဲ​နေ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 17,
      "text": "တစ်​ဖန် ရှ​မွေ​လ​သည် လူ​များ​တို့​ကို မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်၍ စည်း​ဝေး​စေ​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ အဲ​ဂု​တ္တု​မင်း​အ​စ​ရှိ​သော သင်​တို့​ကို ညှဉ်း​ဆဲ​သော မင်း​အ​ပေါင်း​တို့​လက်​မှ ကယ်​နုတ်​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 19,
      "text": "သင်​တို့​ကို ဒု​က္ခ​ဆင်း​ရဲ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​အ​ထဲ​က ကယ်​တင်​သော သင်​တို့၏​ဘု​ရား​သ​ခင်​ကို ယ​နေ့ သင်​တို့​သည်​ပယ်​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ရှိ​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြီ။ သို့​ဖြစ်၍ အ​မျိုး​အ​သီး​အ​သီး၊ အ​ဆွေ​အ​သီး​အ​သီး​အ​လိုက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ချည်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆို​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 20,
      "text": "အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​ကို ချဉ်း​ကပ်​စေ​ပြီး​မှ၊ ဗင်္ယာ​မိန်​အ​မျိုး​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 21,
      "text": "ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး​အ​လိုက် ချည်း​ကပ်​စေ​ပြီး​မှ၊ မာ​တ​ရိ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ ကိ​ရှ၏​သား ရှော​လု​ကို​လည်း​ကောင်း မှတ်​တော်​မူ​သ​ဖြင့် သူ့​ကို​ရှာ၍​မ​တွေ့​ကြ။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 22,
      "text": "ထို​သူ​သည် လာ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ လှည်း​များ အ​စ​ရှိ​သည်​တို့၌ ပုန်း၍​နေ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 23,
      "text": "သူ​တို့​သည် ပြေး၍ ခေါ်​ခဲ့​ကြ၏။ ရှော​လု​သည် လူ​များ​တို့​တွင် ရပ်​သော​အ​ခါ၊ ပ​ခုံး​အ​ထက်​မှာ အ​ခြား​သော​သူ​ထက် အ​ရပ်​သာ၍​မြင့်၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 24,
      "text": "ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကို ကြည့်​ကြ​လော့။ လူ​ခပ်​သိမ်း​တို့​တွင် သူ​နှင့်​တူ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​အ​သက်​တော်​မြဲ​ပါ​စေ​ဟု ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 25,
      "text": "ရှ​မွေ​လ​သည်​လည်း မင်း​ကျင့်​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော၍ စာ၌​ရေး​မှတ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 26,
      "text": "ရှော​လု​သည်​လည်း ဂိ​ဗာ​မြို့ မိ​မိ​အိမ်​သို့​သွား၍၊ ဘု​ရား​သ​ခင် သွေး​ဆောင်​တော်​မူ​သော လူ​အ​ပေါင်း​အ​သင်း​သည် သူ​နှင့်​အ​တူ လိုက်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 10,
      "verse": 27,
      "text": "အ​ဓ​မ္မ​လူ​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို အ​ဘယ်​သို့ ကယ်​တင်​လိမ့်​မည်​နည်း​ဟု ဆို​လျက်၊ လက်​ဆောင်​ကို မ​ဆက်​ဘဲ မ​ထီ​မဲ့​မြင်​ပြု​သော်​လည်း၊ ရှော​လု​သည် အ​မှု​မ​ထား​ဘဲ​နေ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 1,
      "text": "ထို​နောက်​မှ အ​မ္မုန်​အ​မျိုး​သား​နာ​ဟတ်​သည်​လာ၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​အ​နား​မှာ​တပ်​ချ​လျှင်၊ မြို့​သား​အ​ပေါင်း​တို့​က အ​ကျွန်ုပ်​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု နာ​ဟတ်​မင်း​အား လျှောက်​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 2,
      "text": "အ​မ္မုန်​အ​မျိုး​သား နာ​ဟတ်​က၊ သင်​တို့၌ လက်​ယာ​မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်၍ ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး၌ ငါ​ကဲ့​ရဲ့​ရ​သော​အ​ခွင့်​ကို ပေး​မှ​သာ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 3,
      "text": "ယာ​ဗက်​မြို့​သား အ​သက်​ကြီး​သူ​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ တ​မန်​တို့​ကို စေ​လွှတ်​ခြင်း​ငှာ ခု​နစ်​ရက်​မျှ ငံ့​လင့်​ပါ။ ထို​အ​ခါ ကယ်​တင်​သော​သူ မ​ပေါ်​မ​ရှိ​လျှင် မင်း​ကြီး​ထံ​သို့ ထွက်​ပါ​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 4,
      "text": "တ​မန်​တို့​သည် ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သို့​လာ၍ လူ​များ​တို့​အား​သ​တင်း​ကြား​ပြော​သော်၊ လူ​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 5,
      "text": "ရှော​လု​သည် နွား​စု​နောက်​သို့​လိုက်​လျက် လယ်​လုပ်​ရာ​မှ ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည် အ​ဘယ်​ကြောင့် ငို​ကြွေး​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယာ​ဗက်​မြို့​သား​တို့၏​သ​တင်း​ကို ပြော​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 6,
      "text": "ထို​သ​တင်း​ကို ရှော​လု​ကြား​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သက်​ရောက်၍ ထို​သူ​သည် ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 7,
      "text": "နွား​တစ်​ရှဉ်း​ကို​ယူ၍ ခုတ်​ဖြတ်​ပြီး​မှ၊ သံ​တ​မန်​တို့​လက်​တွင် ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ ပေး​လိုက်၍၊ ရှော​လု​နှင့် ရှ​မွေ​လ​နောက်​သို့ ထွက်၍​မ​လိုက်​သော​သူ၏​နွား​တို့​ကို ဤ​ကဲ့​သို့​ပြု​မည်​ဟု​ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်၍ တ​ညီ​တ​ညွတ်​တည်း ထွက်​လာ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 8,
      "text": "ဗေ​ဇက်​မြို့၌ တပ်​စာ​ရင်း​ယူ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား သုံး​သိန်း၊ ယု​ဒ​အ​မျိုး​သား သုံး​သောင်း​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 9,
      "text": "ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​မှ​လာ​သော တ​မန်​တို့​အား နက်​ဖြန်​နေ့ နေ​ပူ​ချိန်​ရောက်​သော​အ​ခါ ချမ်း​သာ​ရ​မည်​အ​ကြောင်း​ကို၊ မြို့​သား​တို့​အား ကြား​ပြော​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ တ​မန်​တို့​သည်​သွား၍ သ​တင်း​ကြား​ပြော​သ​ဖြင့် ယာ​ဗက်​မြို့​သား​တို့​သည် ဝမ်း​မြောက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 10,
      "text": "အ​ကျွန်ုပ်​တို့​သည် နက်​ဖြန်​နေ့၌ ကိုယ်​တော်​ထံ​သို့ ထွက်​ပါ​မည်။ ကိုယ်​တော်​အ​လို​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု နာ​ဟတ်​မင်း​အား​လျှောက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 11,
      "text": "နက်​ဖြန်​နေ့၌ ရှော​လု​သည် လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​မှ၊ နံ​နက်​ယံ​အ​ချိန်၌ ရန်​သူ​အ​လုံး​အ​ရင်း​ထဲ​သို့​ဝင်၍ နေ​ပူ​ချိန်​တိုင်​အောင် အ​မ္မုန်​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ကျန်​ကြွင်း​သော​သူ တစ်​ယောက်​နှင့် တစ်​ယောက်​ပေါင်း၍ မ​နေ​ရ​သည်​တိုင်​အောင် လူ​အ​ပေါင်း​တို့​သည် ကွဲ​ပြား​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​လူ​တို့​က​လည်း၊ ရှော​လု​သည် ငါ​တို့​ကို အုပ်​စိုး​ရ​မည်​လော​ဟု ဆို​မိ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ထို​သို့​ဆို​မိ​သော​သူ​တို့​ကို​ခေါ်၍ သတ်​ကြ​ကုန်​အံ့​ဟု ရှ​မွေ​လ​အား​ဆို​ကြ​သော်၊"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 13,
      "text": "ရှော​လု​က၊ လူ​တစ်​ယောက်​ကို​မျှ ယ​နေ့​မ​သတ်​ရ၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​တော်​မူ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 14,
      "text": "ရှ​မွေ​လ​က​လည်း၊ ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍ နိုင်​ငံ​တော်​ကို ပြု​ပြင်​ကြ​ကုန်​အံ့​ဟု လူ​များ​တို့​အား​ပြော​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 11,
      "verse": 15,
      "text": "လူ​အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ထို​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သ​ဖြင့်၊ ရှော​လု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 1,
      "text": "ရှ​မွေ​လ​က​လည်း၊ သင်​တို့​ပြော​သ​မျှ​သော​စ​ကား​ကို ငါ​နား​ထောင်၍၊ သင်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ကို ငါ​ချီး​မြှောက်​လေ​ပြီ။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 2,
      "text": "ယ​ခု​မှာ ရှင်​ဘု​ရင်​သည် သင်​တို့​ရှေ့၌ ကြွ​နေ​တော်​မူ၏။ ငါ​သည် အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​ပြီ။ ငါ့​သား​တို့​သည် သင်​တို့၌​ရှိ​ကြ၏။ ငါ​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​နေ့​တိုင်​အောင် သင်​တို့​ရှေ့၌ သွား​ပြီ။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 3,
      "text": "ဤ​အ​ရပ်၌ ယ​ခု ငါ​ရှိ၏။ အ​ဘယ်​သူ၏​နွား​ကို ငါ​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ၏ မြည်း​ကို​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို လှည့်​စား​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို ညှဉ်း​ဆဲ​ဖူး​ပြီ​နည်း။ ကိုယ်​မျက်​စိ​ကို ကွယ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လက်​မှ တံ​စိုး​ကို​ခံ​ဖူး​ပြီ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဘိ​သိက်​တော်​ကို ခံ​သော​သူ​ရှေ့​မှာ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လော့။ သူ့​ဥ​စ္စာ​ကို ငါ​ယူ​မိ​လျှင် ပြန်​ပေး​ပါ​မည်​ဟု ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​အား ပြော​ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 4,
      "text": "သူ​တို့​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို မ​လှည့်​စား​ပါ။ မ​ညှဉ်း​ဆဲ​ပါ။ အ​ဘယ်​သူ၏​ဥ​စ္စာ​ကို​မျှ​မ​ယူ​ပါ​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 5,
      "text": "ရှ​မွေ​လ​က​လည်း၊ သင်​တို့​သည် ငါ့​လက်၌ သူ​တစ်​ပါး၏​ဥ​စ္စာ​ကို ရှာ၍​မ​တွေ့​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို ခံ​သော​သူ​လည်း သက်​သေ​ဖြစ်၏​ဟု​ဆို​လျှင်၊ သူ​တို့​က၊ သက်​သေ​ဖြစ်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 6,
      "text": "တစ်​ဖန် ရှ​မွေ​လ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​ကို ချီး​မြှောက်၍၊ သင်​တို့​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​ခဲ့​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 7,
      "text": "ယ​ခု​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​ဘိုး​ဘေး​များ၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သင်​တို့​အား ငါ​ဆွေး​နွေး​ဟော​ပြော​မည်။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 8,
      "text": "ယာ​ကုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောက်၍၊ သင်​တို့​ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​သော​အ​ခါ၊ မော​ရှေ​နှင့် အာ​ရုန်​ကို​စေ​လွှတ်​သ​ဖြင့် ဘိုး​ဘေး​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်၍ ဤ​ပြည်၌ နေ​ရာ​ချ​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 9,
      "text": "သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သော​အ​ခါ၊ ဟာ​ဇော်​ဗိုလ်​ချုပ်​မင်း သိ​သ​ရ​လက်​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့ လက်​သို့​လည်း​ကောင်း၊ မော​ဘ​ရှင်​ဘု​ရင်​လက်​သို့​လည်း​ကောင်း ရောက်​စေ​တော်​မူ​သ​ဖြင့်၊ ထို​ရန်​သူ​တို့၏ တိုက်​ဖျက်​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 10,
      "text": "တစ်​ဖန် သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​စွန့်၍၊ ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ပြစ်​မှား​ပါ​ပြီ။ သို့​ရာ​တွင် ရန်​သူ​လက်​မှ ကယ်​ချွတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ဝတ်​ပြု​ပါ​မည်​ဟု လျှောက်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ဗ္ဗာ​လ၊ ဗာ​ရက်၊ ယေ​ဖ​သ၊ ရှ​မွေ​လ​တို့​ကို စေ​လွှတ်၍၊ ပတ်​ဝန်း​ကျင် ရန်​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သ​ဖြင့် သင်​တို့​သည် ဘေး​လွတ်​ရ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 12,
      "text": "နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား ရှင်​ဘု​ရင်​နာ​ဟတ်​သည် စစ်​ချီ​မည်​အ​ကြောင်း​ကို သိ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် အ​ရင်​ကဲ့​သို့​မ​ဟုတ်၊ ရှင်​ဘု​ရင်​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​မည်​ဟု သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင် လုပ်​လျက်​ပင် ငါ့​အား​လျှောက်​ထား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 13,
      "text": "ယ​ခု​မှာ သင်​တို့​လို​ချင်၍ ရွေး​ချယ်​သော​ရှင်​ဘု​ရင်​ကို ကြည့်​ရှု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 14,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဝတ်​ပြု​ခြင်း​နှင့်​တ​ကွ အာ​ဏာ​တော်​ကို မ​ဆန်၊ စ​ကား​တော်​ကို နား​ထောင်​လျှင် သင်​တို့​နှင့် သင်​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ အ​မြဲ​လိုက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 15,
      "text": "သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်၊ အာ​ဏာ​တော်​ကို​ဆန်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ဘိုး​ဘေး​တို့​ကို ဆီး​တား​သ​ကဲ့​သို့ သင်​တို့​ကို ဆီး​တား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 16,
      "text": "ယ​ခု​မှာ သင်​တို့​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​လ​တ္တံ့​သော​အ​မှု​ကြီး​ကို ငြိမ်​ဝပ်​စွာ​နေ၍ ကြည့်​ရှု​လော့။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 17,
      "text": "ယ​နေ့ ဂျုံ​စ​ပါး​ရိတ်​ရာ​ကာ​လ​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ငါ​ဆု​တောင်း၍ မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြစ်​မှား​မိ​သော​အ​ပြစ်​သည် ကြီး​ကြောင်း​ကို ရိပ်​မိ​သိ​မြင်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ဆု​တောင်း၍၊ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ချုန်း​ခြင်း​နှင့်​တ​ကွ မိုး​ရွာ​စေ​တော်​မူ၍၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ​ကို အ​လွန်​ကြောက်​ရွံ့​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 19,
      "text": "လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 20,
      "text": "ရှ​မွေ​လ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ဒု​စ​ရိုက်​အ​ပေါင်း​ကို ပြု​မိ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ မ​လွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု​ကြ​လော့။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 21,
      "text": "ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မ​ဟာ​နာ​မ​တော်​ကို​ထောက်၍ မိ​မိ​လူ​တို့​ကို စွန့်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို မိ​မိ​လူ​အ​ရာ၌ ခန့်​ထား​ခြင်း​ငှာ​အ​လို​ရှိ​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 23,
      "text": "ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 24,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ သ​စ္စာ​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ဝတ်​ပြု​ကြ​လော့။ သင်​တို့​အ​ဖို့ အ​ဘယ်​မျှ​လောက် ပြု​တော်​မူ​ပြီး​သည်​ကို အောက်​မေ့​ကြ​လော့။"
    },
    {
      "book": 9,
      "chapter": 12,
      "verse": 25,
      "text": "သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 1,
      "text": "ရှော​လု​သည် တစ်​နှစ်​ကျော် နှစ်​နှစ်​ခန့်​လောက် ဣ​သ​ရေ​လ​အ​မျိုး၌​မင်း​ပြု​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား သုံး​ထောင်​တို့​ကို ရွေး​ကောက်​ပြီး​လျှင်၊ ကိုယ်​တိုင်​နေ​သော မိတ်​မတ်​မြို့​နှင့် ဗေ​သ​လ​တောင်​ပေါ်​မှာ လူ​နှစ်​ထောင်၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့၊ ယော​န​သန်​ထံ​မှာ တစ်​ထောင်​ကို​ထား၍၊ အ​ခြား​သော​သူ​တို့​ကို မိ​မိ​တို့ အ​သီး​အ​သီး​နေ​ရာ​အ​ရပ်​သို့ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 3,
      "text": "ယော​န​သန်​သည် ဂိ​ဗာ​မြို့၌​ရှိ​သော ဖိ​လိ​တ္တိ​တပ်​ကို​လုပ်​ကြံ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့​သည် သ​တင်း​ကြား၏။ ရှော​လု​က​လည်း မြစ်​တစ်​ဖက်၌ နေ​သော​သူ​တို့​သည် ကြား​သိ​စေ​ဟု တစ်​ပြည်​လုံး တံ​ပိုး​မှုတ်​စေ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 4,
      "text": "ရှော​လု​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ကြောင်း​နှင့် ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို​ရွံ​ရှာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ကြား​သိ၍၊ လူ​များ​တို့​သည် ရှော​လု​နောက် ဂိ​လ​ဂါ​လ​မြို့၌ စည်း​ဝေး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 5,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ၊ ရ​ထား​သုံး​သောင်း​နှင့် မြင်း​ခြောက်​ထောင်​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​ရှိ​သော​လူ​များ​ကို​လည်း​ကောင်း စု​ဝေး​စေ​ပြီး​လျှင်၊ စစ်​ချီ​ဗေ​သ​ဝင် မြို့​အ​ရှေ့၊ မိတ်​မတ်​မြို့၌ တပ်​ချ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​ရ​သ​ဖြင့်၊ မိ​မိ​တို့​ကျဉ်း​မြောင်း​လျက်​ရှိ​သည်​ကို သိ​မြင်​သော​အ​ခါ၊ ဥ​မင်၊ တော​အုံ၊ ကျောက်​ကြား၊ တောင်​ထိပ်၊ မြေ​တွင်း​တို့၌ ပုန်း​ရှောင်၍​နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 7,
      "text": "ယော်​ဒန်​မြစ်​တစ်​ဖက်၌ နေ​သော​သူ​အ​ချို့​တို့​သည် ကူး​ပြန်၍၊ ဂဒ်​ပြည်၊ ဂိ​လဒ်​ပြည်​သို့ သွား​ကြ၏။ ရှော​လု​သည် ဂိ​လ​ဂါ​လ​မြို့၌ နေ​သေး၍၊ လူ​အ​ပေါင်း​တို့​သည် သူ့​နောက်၌ တုန်​လှုပ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 8,
      "text": "ရှ​မွေ​လ ချိန်း​ချက်​သည်​အ​တွင်း ရှော​လု​သည် ခု​နစ်​ရက်​ငံ့​လင့်၍၊ ရှ​မွေ​လ​သည် ဂိ​လ​ဂါ​လ​မြို့​သို့ မ​ရောက်၊ လူ​များ​တို့​လည်း​ထွက်​ပြေး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 9,
      "text": "ရှော​လု​က​လည်း၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ကြ​ဟု​ဆို​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လေ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 10,
      "text": "မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ပြီး​သည်​အ​ဆုံး၌ ရှ​မွေ​လ​သည်​လာ၏။ ရှော​လု​သည် ကောင်း​ချီး​ပေး၍ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​လျှင်၊"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 11,
      "text": "ရှ​မွေ​လ​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​သော်၊ ရှော​လု​က၊ လူ​များ​တို့​သည် အ​ကျွန်ုပ်​ထံ​မှ ထွက်​ပြေး​ကြောင်း၊ ကိုယ်​တော်​သည် ချိန်း​ချက်​သော​အ​ချိန်၌ မ​ရောက်​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​သည် မိတ်​မတ်​မြို့၌ စု​ဝေး​ကြောင်း​များ​ကို သိ​မြင်​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 12,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ငါ​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စစ်​ချီ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​တောင်း​ပန်​သေး​ဟု အ​ကျွန်ုပ်​အောက်​မေ့​သ​ဖြင့်၊ ကိုယ်​ကို​အ​နိုင်​ပြု၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မိ​ပြီ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 13,
      "text": "ရှ​မွေ​လ​က​လည်း သင်​သည် မှား​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ကို မ​စောင့်​ပါ​တ​ကား။ စောင့်​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌​သင်၏​အာ​ဏာ​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 14,
      "text": "ယ​ခု​မူ​ကား သင်၏ အာ​ဏာ​မ​တည်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှ​လုံး​တော်​နှင့် ညီ​ညွတ်​သော​သူ​ကို ရှာ​တော်​မူ၏။ ထို​သူ​သည် လူ​မျိုး​တော်​အ​ပေါ်​မှာ​မင်း​ဖြစ်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း​မ​ကျင့်​ဟု ရှော​လု​အား​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 15,
      "text": "ထ၍ ဂိ​လ​ဂါ​လ​မြို့​မှ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​သို့ သွား၏။ ရှော​လု​သည် မိ​မိ၌​ရှိ​သော​လူ​တို့​ကို​ရေ​တွက်၍ ခြောက်​ရာ​ခန့်​မျှ ရှိ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 16,
      "text": "သူ​နှင့် သား​တော်​ယော​န​သန်၊ သူ​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​တွင် နေ​ကြ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် မိတ်​မတ်​မြို့​တွင် တပ်​ချ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 17,
      "text": "လု​ယူ​သော တပ်​သုံး​တပ်​တို့​သည်၊ ဖိ​လိ​တ္တိ​တပ်​မ​ထဲ​က​ထွက်၍ တစ်​တပ်​သည် ရွာ​လ​ပြည် ဩ​ဖ​ရ​မြို့​လမ်း​သို့ လိုက်၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 18,
      "text": "တစ်​တပ်​သည် ဗေ​သော​ရုန်​မြို့​လမ်း​သို့ လိုက်၏။ တစ်​တပ်​သည် တော​ဘက်​မှာ ဇေ​ဘိုင်​ချိုင့်​ကို မျက်​နှာ​ပြု​သော ပြည်​စွန်း​လမ်း​သို့​လိုက်၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 19,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​က၊ ဟေ​ဗြဲ​လူ​တို့​သည် ဓား​လှံ​တို့​ကို မ​လုပ်​စေ​နှင့်​ဟု စီ​ရင်​မြဲ​ရှိ​သော​ကြောင့်၊ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​တွင် ပန်း​ပဲ​တစ်​ယောက်​မျှ မ​ရှိ။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 20,
      "text": "ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တူး​ရွင်း​ကို​ထက်​စေ​ခြင်း​ငှာ၊ ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 21,
      "text": "နောက်​တစ်​ဖန် ထွန်​သွား၊ ပေါက်​တူး၊ သုံး​ခွ​ခက်​ရင်း၊ ပု​ဆိန်၊ ထိုး​တံ​ချွန် တုံး​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 22,
      "text": "သို့​ဖြစ်၍ စစ်​တိုက်​ရာ​ကာ​လ ရှော​လု​နှင့် သား​တော်​ယော​န​သန်​မှ​တစ်​ပါး အ​ဘယ်​သူ၌​မျှ ဓား​လှံ​မ​ရှိ။"
    },
    {
      "book": 9,
      "chapter": 13,
      "verse": 23,
      "text": "တစ်​ဖန် ဖိ​လိ​တ္တိ​တပ်​သား​တို့​သည် မိတ်​မတ်​မြို့ လမ်း​ဝ​သို့ ထွက်၍​နေ​ကြ​စဉ်​တွင်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 1,
      "text": "တစ်​နေ့​သ၌ ရှော​လု၏ သား​ယော​န​သန်​သည် ခ​မည်း​တော်​ထံ၌ အ​ခွင့်​မ​ပန်​ဘဲ၊ လက်​နက်​ဆောင်​လု​လင်​ကို​ခေါ်၍၊ တစ်​ဖက်၌​နေ​သော ဖိ​လိ​တ္တိ​တပ်​သို့ သွား​ကြ​ကုန်​အံ့​ဟု ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 2,
      "text": "ရှော​လု​သည် ဂိ​ဗာ​မြို့​စွန်း၊ မိ​ဂြုန်​ရွာ၊ ရိ​မ္မုန်​ကျောက်​ဆောင်​နား​မှာ နေ၍၊ အ​ထံ​တော်၌ လူ​ခြောက်​ရာ​ခန့်​မျှ ရှိ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 3,
      "text": "သင်​တိုင်း​ဝတ်၍ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော​သူ ဧ​လိ​နှင့်​ဖိ​န​ဟတ်​တို့​မှ ဆင်း​သက်​သော ဣ​ခ​ဗုဒ်၏​အစ်​ကို အ​ဟိ​တုပ်၏​သား အ​ဟိ​ယ​လည်း​ရှိ၏။ ယော​န​သန်​သွား​ကြောင်း​ကို လူ​များ​မ​သိ​ကြ။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 4,
      "text": "ယော​န​သန်​သည် ဖိ​လိ​တ္တိ​တပ်​သို့ သွား​စမ်း​သော လမ်း​ကြား​မှာ၊ တစ်​ဖက်​တစ်​ချက်၌ ကျောက်​ငူ​ရှိ၏။ ကျောက်​ငူ​တစ်​ခု​သည် ဗော​ဇက်၊ တစ်​ခု​သည်​သေ​နေ​အ​မည်​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 5,
      "text": "တစ်​ခု​ကား မြောက်​ဘက်၌ မိတ်​မတ်​မြို့​သို့​လည်း​ကောင်း၊ တစ်​ခု​ကား တောင်​ဘက်၌ ဂိ​ဗာ​မြို့​သို့​လည်း​ကောင်း မျက်​နှာ​ပြု​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 6,
      "text": "ယော​န​သန်​က၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော တပ်​သား​တို့​ဆီ​သို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​မှု​ကို စောင့်​ကောင်း​စောင့်​တော်​မူ​လိမ့်​မည်။ လူ​များ​သော်​လည်း​ကောင်း၊ နည်း​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကို အ​ဆီး​အ​တား​မ​ရှိ​နိုင်​ဟု လက်​နက်​ဆောင်​လု​လင်​အား​ပြော​ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 7,
      "text": "လု​လင်​က၊ စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​ပါ။ လှည့်​သွား​ပါ။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​လိုက်​ပါ​မည်​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 8,
      "text": "ယော​န​သန်​က၊ ထို​လူ​တို့​ဆီ​သို့​သွား၍ ကိုယ်​ကို ပြ​ကြ​ကုန်​အံ့။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 9,
      "text": "သူ​တို့​က နေ​ကြ။ ငါ​တို့​လာ​မည်​ဟု​ဆို​လျှင် သူ​တို့​ဆီ​သို့​မ​သွား​ဘဲ​နေ​ကြ​မည်။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 10,
      "text": "သို့​မ​ဟုတ်၊ လာ​ကြ​ဟု​ဆို​လျှင် သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ၏။ ထို​သို့​သော ပု​ပ္ပ​နိ​မိတ်​ရှိ​ရ၏​ဟု ဆို​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 11,
      "text": "နှစ်​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​သား​တို့​အား ကိုယ်​ကို​ပြ​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​က၊ ဟေ​ဗြဲ​လူ​တို့​သည် ပုန်း​ရှောင်​ရာ​တွင်း​ထဲ​က ထွက်​လာ​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 12,
      "text": "တပ်​သား​တို့​က၊ လာ​ကြ။ တစ်​စုံ​တစ်​ခု​ကို ပြ​မည်​ဟု ယော​န​သန်​နှင့် လက်​နက်​ဆောင်​လု​လင်​အား​ဆို​လျှင်၊ ယော​န​သန်​က၊ ငါ့​နောက်​သို့ လိုက်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု လု​လင်​အား​ဆို​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 13,
      "text": "လေး​ဘက်​တွား​လျက် တက်၍၊ လု​လင်​လည်း​လိုက်၏။ ယော​န​သန်​ရှေ့​မှာ ဖိ​လိ​တ္တိ​လူ​တို့​သည် လဲ၍ လု​လင်​သည် သူ့​သ​ခင့်​နောက်​မှာ လုပ်​ကြံ​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 14,
      "text": "ယော​န​သန်​နှင့် လု​လင်​ပြု​သော ပ​ထ​မ​လုပ်​ကြံ​ခြင်း​အား​ဖြင့် နွား​တစ်​ရှဉ်း​ထွန်​နိုင်​သော မြေ​ကွက်​အ​တွင်း​တွင် လူ​နှစ်​ဆယ်​ခန့်​မျှ သေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 15,
      "text": "စစ်​သူ​ရဲ​များ၊ လယ်​လုပ်​သူ​များ၊ အ​ခြား​သူ​များ​အ​ပေါင်း​တို့​သည် တပ်​သား​များ၊ လု​ယူ​သော​သူ​များ​နှင့်​တ​ကွ တုန်​လှုပ်​ကြ၍၊ မြေ​ကြီး​လည်း လှုပ်​သ​ဖြင့်၊ အ​လွန်​ကြီး​သော​တုန်​လှုပ်​ခြင်း​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 16,
      "text": "ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့၌ ရှော​လု၏​ကင်း​စောင့်​တို့​သည် ကြည့်​ရှု​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​အ​လုံး​အ​ရင်း​သည် လျော့၍ တစ်​ယောက်​ကို​တစ်​ယောက် ထိုး​ရိုက်​လျက်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 17,
      "text": "ရှော​လု​က​လည်း၊ အ​ဘယ်​သူ​ထွက်​သွား​သည်​ကို သိ​ခြင်း​ငှာ လူ​များ​ကို​ရေ​တွက်​ကြ​လော့​ဟု အ​ထံ​တော်၌ ရှိ​သော​သူ​တို့​အား စီ​ရင်​သည်​အ​တိုင်း ရေ​တွက်၍၊ ယော​န​သန်​နှင့် သူ၏​လက်​နက်​ဆောင်​လု​လင် မ​ရှိ။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 18,
      "text": "ထို​ကာ​လ​အ​ခါ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ရှိ​သည်​ဖြစ်၍၊ ရှော​လု​က၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို​ယူ​ခဲ့​ပါ​ဟု အ​ဟိ​ယ​အား​ဆို၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 19,
      "text": "ရှော​လု​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် စ​ကား​ပြော​စဉ်​တွင်၊ ဖိ​လိ​တ္တိ​တပ်၌ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​တိုး​ပွား​သော​ကြောင့်၊ ရှော​လု​က နေ​ဦး​တော့​ဟု ယဇ်​ပု​ရော​ဟိတ်​အား ဆို​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 20,
      "text": "မိ​မိ​နှင့်​လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​လျက် စစ်​ချီ၍​ရောက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် ခုတ်​သ​ဖြင့် အ​လွန်​တပ်​ပျက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 21,
      "text": "အ​ထက်​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​ဘက်​မှာ​နေ၍ အ​ရပ်​ရပ်​တို့​က တပ်​သို့​လိုက်​လာ​သော ဟေ​ဗြဲ​လူ​တို့​သည်​လည်း ရှော​လု​နှင့်​ယော​န​သန်၌ ပါ​သော ဣ​သ​ရေ​လ​လူ​တို့​ဘက်​သို့ ဝင်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 22,
      "text": "ဧ​ဖ​ရိမ်​တောင်၌ ပုန်း​ရှောင်၍​နေ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်​လည်း၊ ဖိ​လိ​တ္တိ​လူ​ပြေး​ကြောင်း​ကို ကြား​သော​အ​ခါ စစ်​ချီ၍ ကျပ်​ကျပ်​လိုက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 23,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ထို​နေ့၌ ကယ်​တင်​တော်​မူ​သ​ဖြင့်၊ စစ်​မှု​သည် ဗေ​သ​ဝင်​မြို့​သို့ လွန်​သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 24,
      "text": "ထို​နေ့၌ ဣ​သ​ရေ​လ​လူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ရှော​လု​က၊ ငါ​သည် ငါ့​ရန်​သူ​တို့၌ ငါ့​စိတ်​ပြေ​မည်​အ​ကြောင်း၊ ညဉ့်​ဦး​ချိန်​မ​ရောက်​မီ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​တို့​အား အ​ကျိန်​ပေး​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​စာ​မ​စား​ရ။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 25,
      "text": "လူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌ ပျား​ရည်​ရှိ​ရာ​တော​သို့ ရောက်​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 26,
      "text": "တော​ထဲ​သို့​ဝင်​သော​အ​ခါ ပျား​ရည်​စက်​စက်​ကျ​လျက် ရှိ​သော်​လည်း၊ အ​ကျိန်​တော်​ကို ကြောက်​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မိ​မိ​လက်​ကို မိ​မိ​ပါး​စပ်၌​မ​ထည့်။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 27,
      "text": "သို့​ရာ​တွင် ခ​မည်း​တော်​သည် လူ​များ​တို့​အား အ​ကျိန်​ပေး​သည်​ကို ယော​န​သန်​မ​ကြား​သော​ကြောင့်၊ မိ​မိ​ကိုင်​သော လှံ​တံ​ဖျား​ကို ပျား​လ​ပို့၌​နှစ်၍ မိ​မိ​လက်​နှင့် ယူ​စား​သ​ဖြင့် မျက်​စိ​ကြည်​လင်​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 28,
      "text": "ခ​မည်း​တော်​က၊ ယ​နေ့ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​များ​တို့​အား ကျပ်​ကျပ် အ​ကျိန်​ပေး​တော်​မူ​ပြီ​ဟု လူ​တစ်​ယောက် ကြား​လျှောက်၏။ လူ​တို့​သည်​လည်း မော​လျက်​နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 29,
      "text": "ယော​န​သန်​က​လည်း၊ ငါ့​အ​ဘ​သည် ပြည်​သား​တို့​ကို နှောင့်​ယှက်​လေ​ပြီ။ ဤ​ပျား​ရည် အ​နည်း​ငယ်​ကို ငါ​စား​သော​ကြောင့် ငါ့​မျက်​စိ​ကြည်​လင်​သည်​ကို ကြည့်​ပါ​တော့။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 30,
      "text": "လူ​များ​တို့​သည် ယ​နေ့​တွေ့​မိ​သော ရန်​သူ၏​ဥ​စ္စာ​ကို​စား​ချင်​တိုင်း​စား​လျှင်၊ အ​ဘယ်​မျှ​လောက် အ​ကျိုး​ကြီး​လိမ့်​မည် တ​ကား။ ဖိ​လိ​တ္တိ​လူ​တို့​ကို​သာ၍ လုပ်​ကြံ​ကြ​လိမ့်​မည်​တ​ကား​ဟု ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 31,
      "text": "ထို​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​ကို မိတ်​မတ်​မြို့​မှ အာ​ဇ​လုန်​မြို့​တိုင်​အောင်​လုပ်​ကြံ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် အ​လွန်​ပင်​ပန်း​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 32,
      "text": "ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍၊ သိုး၊ နွား၊ နွား​သ​ငယ်​တို့​ကို မြေ​ပေါ်​မှာ​သတ်​ပြီး​လျှင် အ​သွေး​နှင့်​တ​ကွ စား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 33,
      "text": "ထို​သို့ လူ​များ​တို့​သည် အ​သွေး​နှင့်​တ​ကွ​စား၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သည်​ဟု ရှော​လု​အား ကြား​လျှောက်​လျှင်၊ သင်​တို့​သည် သ​စ္စာ​ပျက်​ကြ​ပြီ။ ကြီး​စွာ​သော​ကျောက်​ကို ငါ့​ထံ​သို့​ယ​နေ့​လှိမ့်​ခဲ့။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 34,
      "text": "လူ​များ​တို့​တွင် အ​ရပ်​ရပ်​သွား၍ လူ​အ​သီး​အ​သီး မိ​မိ​တို့​သိုး​နွား​ကို ဤ​အ​ရပ်​သို့ ယူ​ခဲ့​ပြီး​လျှင်၊ ဤ​အ​ရပ်၌ သတ်​စား​ကြ​စေ။ အ​သွေး​နှင့်​တ​ကွ​စား၍ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ပြစ်​မှား​စေ​နှင့်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ လူ​များ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​သိုး​နွား​ကို ထို​ည၌​ယူ​ခဲ့၍ ထို​အ​ရပ်၌​သတ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 35,
      "text": "ရှော​လု​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။ ထို​ပ​လ္လင်​ကား ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​သော ပ​ထ​မ​ပ​လ္လင် ဖြစ်​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 36,
      "text": "တစ်​ဖန် ရှော​လု​က၊ ည​အ​ခါ ငါ​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို​လိုက်၍ တစ်​ယောက်​ကို​မျှ မ​ကျန်​ကြွင်း​စေ​ဘဲ၊ မိုး​လင်း​သည်​တိုင်​အောင် ဖျက်​ဆီး​ကြ​ကုန်​အံ့​ဟု​စီ​ရင်၍၊ လူ​များ​တို့​က စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ဝန်​ခံ​ကြ​သော်၊ ယဇ်​ပု​ရော​ဟိတ်​က၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​ကုန်​အံ့​ဟု ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 37,
      "text": "ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ရ​ပါ​မည်​လော။ သူ​တို့​ကို ဣ​သ​ရေ​လ​လူ​တို့​လက်​သို့ အပ်​တော်​မူ​မည်​လော​ဟု ဘု​ရား​သ​ခင့်​ထံ အ​ခွင့်​ပန်​သော်​လည်း၊ ထို​နေ့​တွင် ပြန်​တော်​မ​မူ။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 38,
      "text": "ရှော​လု​က​လည်း၊ လူ​တို့​တွင် အ​ရာ​ရှိ​အ​ပေါင်း​တို့၊ ယ​နေ့ အ​ဘယ်​သူ​ပြစ်​မှား​မိ​သည်​ကို သိ​မြင်​အံ့​သော​ငှာ ချဉ်း၍​လာ​ကြ​လော့။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 39,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​သား ယော​န​သန် ဖြစ်​သော်​လည်း၊ ဆက်​ဆက် သေ​ရ​မည်​ဟု​ဆို​သော်၊ အ​ဘယ်​သူ​မျှ ပြန်၍​မ​လျှောက်​ဝံ့။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 40,
      "text": "ရှော​လု​က​လည်း၊ သင်​တို့​သည် တစ်​ဖက်၊ ငါ​နှင့် ငါ့​သား​ယော​န​သန်​သည် တစ်​ဖက်​နေ​ရ​ကြ​မည်​ဟု​ဆို​လျှင်၊ လူ​များ​တို့​က စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 41,
      "text": "ရှော​လု​က၊ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​သ​ဖြင့်၊ လူ​များ​တို့​သည်​လွတ်​ကြ၍၊ ရှော​လု​နှင့် ယော​န​သန်​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 42,
      "text": "ရှော​လု​က​လည်း၊ ငါ​နှင့်​ငါ့​သား ယော​န​သန်​အ​ဖို့ စာ​ရေး​တံ​ပြု​လော့​ဟု ဆို​သ​ဖြင့်၊ ယော​န​သန်​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 43,
      "text": "ရှော​လု​က​လည်း၊ သင်​ပြု​သော​အ​မှု​ကို​ပြော​လော့​ဟု ယော​န​သန်​အား​ဆို​လျှင်၊ ယော​န​သန်​က၊ အ​ကျွန်ုပ်​ကိုင်​သော လှံ​ဖျား​နှင့် ပျား​ရည်​အ​နည်း​ငယ်​ကို ယူ၍ မြည်း​စမ်း​မိ​ပါ​ပြီ။ ထို​အ​မှု​ကြောင့်​သာ သေ​ရ​ပါ​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 44,
      "text": "ရှော​လု​က​လည်း၊ ယော​န​သန်၊ သင်​သည်​ဆက်​ဆက်​မ​သေ​လျှင်၊ ဘု​ရား​သ​ခင်​သည် ထို​မျှ​မ​က ငါ၌ ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 45,
      "text": "လူ​များ​တို့​က၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ပြု​ပြီး​သော ယော​န​သန်​သည် သေ​ရ​မည်​လော။ ထို​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သူ၏​ဆံ​ခြည်​တစ်​ပင်​မျှ မြေ​ပေါ်​မှာ​မ​ကျ​ရ။ သူ​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ယ​နေ့ ဝိုင်း၍​ပြု​ပါ​ပြီ​ဟု​ဆို​သ​ဖြင့်၊ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ယော​န​သန်​ကို ကယ်​နုတ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 46,
      "text": "ထို​နောက် ရှော​လု​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို​မ​လိုက်။ သူ​တို့​သည် နေ​ရင်း​အ​ရပ်​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 47,
      "text": "ထို​သို့ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စိုး​စံ၍ ပတ်​ဝန်း​ကျင် ရန်​သူ၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ ဧ​ဒုံ​ပြည်​သား၊ ဇော​ဘ​မင်း​များ၊ ဖိ​လိ​တ္တိ​လူ​များ​တို့​ကို​စစ်​တိုက်၍ စစ်​ချီ​လေ​ရာ​ရာ၌ သူ​တို့​ကို​အောင်​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 48,
      "text": "ဗိုလ်​ခြေ​များ​ကို နှိုး​ဆော်၍ အာ​မ​လက်​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို လု​ယက်​ဖျက်​ဆီး​သော သူ​တို့​လက်​မှ ကယ်​နုတ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 49,
      "text": "သား​တော်​ကား ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သ​မီး​တော်​နှစ်​ယောက်​တွင် အ​ကြီး​ကား မေ​ရပ်။ အ​ငယ်​ကား၊ မိ​ခါ​လ​တည်း။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 50,
      "text": "မြောက်​သား​တော်​ကား အ​ဟိ​မတ်၏​သ​မီး အ​ဟိ​နောင်​တည်း။ ဗိုလ်​ချုပ်​မင်း​ကား၊ ဘ​ထွေး​တော်​နေ​ရ​သား အာ​ဗ​နာ​တည်း။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 51,
      "text": "ခ​မည်း​တော် ကိ​ရှ​နှင့် အာ​ဗ​နာ၏​အ​ဘ​နေ​ရ​သည် အ​ဗျေ​လ၏​သား​ဖြစ်၏။"
    },
    {
      "book": 9,
      "chapter": 14,
      "verse": 52,
      "text": "ရှော​လု​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ကျပ်​ကျပ်​စစ်​တိုက်​ရ​ကြ၏။ ခွန်​အား​ကြီး​သော​သူ၊ ရဲ​ရင့်​သော​သူ တွေ့​သ​မျှ​တို့​ကို ရှော​လု​သည် ရွေး​ကောက်​ခန့်​ထား​လေ့​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 1,
      "text": "တစ်​ဖန် ရှ​မွေ​လ​က၊ ထာ​ဝ​ရ​ဘု​ရား၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ သင့်​ကို ဘိ​သိက်​ပေး​မည်​အ​ကြောင်း၊ ငါ့​ကို အ​ထက်​က​စေ​လွှတ်​တော်​မူ​သည်​ဖြစ်၍၊ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​လော့။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 2,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး၌၊ အာ​မ​လက်​အ​မျိုး​ပြု​သော ဆီး​တား​ခြင်း​အ​မှု​ကို ငါ​မှတ်​လျက်​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 3,
      "text": "ယ​ခု​သွား၍ ထို​အ​မျိုး​ကို​လုပ်​ကြံ​လော့။ နှ​မြော​ခြင်း​မ​ရှိ​ဘဲ၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍၊ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​တို့​ကို​သတ်​လော့​ဟု ရှော​လု​အား ဆင့်​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 4,
      "text": "ရှော​လု​သည် လူ​တို့​ကို​စု​ဝေး​စေ၍ တေ​လိမ်​မြို့​မှာ စာ​ရင်း​ယူ​သ​ဖြင့်၊ ခြေ​သည်​သူ​ရဲ နှစ်​သိန်း၊ ယု​ဒ​စစ်​သူ​ရဲ တစ်​သောင်း​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 5,
      "text": "ရှော​လု​သည်​လည်း အာ​မ​လက်​မြို့​သို့​စစ်​ချီ၍ ချိုင့်၌​တပ်​ချ​ပြီး​မှ၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 6,
      "text": "ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 7,
      "text": "ရှော​လု​သည် ဟ​ဝိ​လ​မြို့​မှ​စ၍ အဲ​ဂု​တ္တု​ပြည် တစ်​ဖက်​တစ်​ချက်၌​နေ​သော ရှု​ရ​မြို့​တိုင်​အောင် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​လေ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 8,
      "text": "အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို အ​ရှင်​ဖမ်း​မိ၏။ လူ​အ​ပေါင်း​တို့​ကို ဓား​ဖြင့် ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 9,
      "text": "သို့​ရာ​တွင် ရှော​လု​နှင့် လူ​များ​တို့​သည် အာ​ဂတ်​မင်း​နှင့်​တ​ကွ၊ သိုး နွား​အ​မြတ်​အ​လတ်၊ ဆူ​သော သိုး​သ​ငယ်၊ ကောင်း​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို နှ​မြော၍ ရှင်း​ရှင်း​မ​ဖျက်​ဆီး​ကြ။ အ​သုံး​မ​ဝင် ယုတ်​မာ​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို​သာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ရှ​မွေ​လ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 11,
      "text": "ငါ​သည် ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သည်​အ​မှု​ကြောင့် နောင်​တ​ရ၏။ သူ​သည် ငါ၏​ပ​ညတ်​တို့​ကို​မ​ကျင့်၊ ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​ပြီ​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည် ဝမ်း​နည်း၍ တစ်​ည​လုံး ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 12,
      "text": "နံ​နက်​စော​စော​ထ၍ ရှော​လု​ကို ကြို​ဆို​ခြင်း​ငှာ သွား​သော​အ​ခါ၊ ရှော​လု​သည် က​ရ​မေ​လ​မြို့​သို့​ရောက်၍ အောင်​တိုင်​ကို​စိုက်​ပြီး​မှ၊ လှည့်​လည်​သ​ဖြင့် ဂိ​လ​ဂါ​လ​မြို့​သို့ လွန်​သွား​ကြောင်း​ကို ကြား​သော​ကြောင့်၊ ရှော​လု​ရှိ​ရာ​သို့ သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 13,
      "text": "ရှော​လု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 14,
      "text": "ရှ​မွေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ငါ​ကြား​ရ​သော သိုး​မြည်​သံ၊ နွား​မြည်​သံ​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 15,
      "text": "ရှော​လု​က၊ အာ​မ​လက်​ပြည်​မှ ဆောင်​ခဲ့​ပါ​ပြီ။ လူ​များ​တို့​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ အ​ကောင်း​ဆုံး​သော သိုး​နွား​တို့​ကို နှ​မြော၍၊ ကြွင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 16,
      "text": "ရှ​မွေ​လ​က​လည်း၊ နေ​ပါ​ဦး​လော့။ မ​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ပြော​ပါ​မည်​ဟု ရှော​လု​အား​ဆို​လျှင်၊ ရှော​လု​က ပြော​ပါ​တော့​ဟု​ဆို၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 17,
      "text": "ရှ​မွေ​လ​က​လည်း၊ သင်​သည် ကိုယ်​အ​ထင်​အ​တိုင်း ငယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၏ အ​ထွတ်​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သွား​လော့။ အ​ပြစ်​များ​သော အာ​မ​လက်​အ​မျိုး​သား​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​လော့။ မ​ဖျက်​ဆီး​မီ​တိုင်​အောင် စစ်​တိုက်​လော့​ဟု သင့်​ကို​ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 19,
      "text": "သို့​ဖြစ်၍ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဤ​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့်​ပြု​ဘိ​သ​နည်း​ဟု ပြော​ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 20,
      "text": "ရှော​လု​က၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဧ​ကန်​အ​မှန် နား​ထောင်​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ​သော​လမ်း​သို့ လိုက်​ပါ​ပြီ။ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို​ဆောင်​ခဲ့၍၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 21,
      "text": "သို့​ရာ​တွင် လူ​များ​တို့​သည် ဂိ​လ​ဂါ​လ​မြို့၌ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ​လု​ယူ​သော သိုး နွား၊ ရှင်း​ရှင်း​ဖျက်​ဆီး​အပ်​သော​အ​ရာ အ​ကောင်း​ဆုံး​တို့​ကို သိမ်း​ယူ​ကြ​ပါ​ပြီ​ဟု ပြော​ဆို​ပြန်၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 22,
      "text": "ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ခြင်း၌ အား​ရ​တော်​မူ​သ​ကဲ့​သို့၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ခြင်း၌ အား​ရ​တော်​မူ​မည်​လော။ အ​လို​တော်​သို့​လိုက်​ခြင်း​သည် ယဇ်​မျိုး​ထက်​သာ၍ ကောင်း၏။ နား​ထောင်​ခြင်း​သည် သိုး​ထီး​ဆီ​ဥ​ထက်​သာ၍ ကောင်း၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 23,
      "text": "ငြင်း​ဆန်​သော​သ​ဘော​သည် နတ်​ဆိုး​နှင့် ပေါင်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ ခိုင်​မာ​သော​သ​ဘော​သည် ဗေ​ဒင်​တန်​ဆာ​ကို သုံး​ခြင်း​ကဲ့​သို့​လည်း​ကောင်း အ​ပြစ်​ကြီး၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 24,
      "text": "ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ပြစ်​မှား​ပါ​ပြီ။ လူ​များ​ကို​ကြောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်၏​စ​ကား​ကို​လည်း​ကောင်း လွန်​ကျူး​ပါ​ပြီ။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 25,
      "text": "အ​ကျွန်ုပ်​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 26,
      "text": "ရှ​မွေ​လ​က၊ သင်​နှင့်​အ​တူ ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ရှော​လု​အား​ဆို​ပြီး​မှ၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 27,
      "text": "လှည့်​သွား​သော​အ​ခါ ရှော​လု​သည် ရှ​မွေ​လ၏​ဝတ်​လုံ​စွန်း​ကို ကိုင်​ဆွဲ၍ ဝတ်​လုံ​စုတ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 28,
      "text": "ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 29,
      "text": "ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး၏​အ​စွမ်း​သ​တ္တိ​ဖြစ်​သော ဘု​ရား​သည် မု​သား​သုံး​ခြင်း၊ နောင်​တ​ရ​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ၏။ နောင်​တ​ရ​အံ့​သော​ငှာ​လူ​ဖြစ်​တော်​မ​မူ​ဟု ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 30,
      "text": "ရှော​လု​က အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​မျိုး​သား​ချင်း အ​သက်​ကြီး​သူ​တို့​ရှေ့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့၌​လည်း​ကောင်း၊ အ​ကျွန်ုပ်၏​ဂုဏ်​အ​သ​ရေ​ကို မ​ဖျက်​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 31,
      "text": "ရှ​မွေ​လ​သည် ရှော​လု​နောက်​သို့ လိုက်၍၊ ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 32,
      "text": "ထို​အ​ခါ ရှ​မွေ​လ​က၊ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ဆို​သည်​အ​တိုင်း၊ အာ​ဂတ်​က သေ​ဘေး​သည် စင်​စစ်​လွန်​သွား​ပြီ​ဟု ဆို​လျက် ရွှင်​လန်း​စွာ​လာ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 33,
      "text": "ရှ​မွေ​လ​က၊ မိန်း​မ​များ​တို့​သည် သင်၏​ဓား​ကြောင့် သား​ဆုံး​သ​ကဲ့​သို့၊ သင်၏​အ​မိ​သည် သား​ဆုံး​သော မိန်း​မ​ဖြစ်​ရ​မည်​ဟု​ဆို​လျက်၊ ဂိ​လ​ဂါ​လ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အာ​ဂတ်​ကို အ​ပိုင်း​ပိုင်း ဖြတ်​စေ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 34,
      "text": "ထို​နောက် ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​သွား၍ ရှော​လု​သည် မိ​မိ​နေ​ရာ ဂိ​ဗာ​မြို့၊ နန်း​တော်​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 15,
      "verse": 35,
      "text": "ရှော​လု အ​နိ​စ္စ​မ​ရောက်​မီ​တိုင်​အောင်၊ ရှ​မွေ​လ​သည် နောက်​တစ်​ဖန် အ​ကြည့်​အ​ရှု​မ​လာ။ သို့​ရာ​တွင် ရှ​မွေ​လ​သည် ရှော​လု​အ​တွက် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော​အ​မှု​ကို နောင်​တ​ရ​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 2,
      "text": "ရှ​မွေ​လ​က၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ ရှော​လု​ကြား​လျှင် သတ်​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နွား​မ​တမ်း​ကို​ယူ၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ​လာ​ပြီ​ဟု ပြော​လော့။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 3,
      "text": "ယေ​ရှဲ​ကို​လည်း ယဇ်​ပွဲ​သို့ ခေါ်​ဖိတ်​လော့။ ထို​အ​ခါ သင်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​ပြ​မည်။ ငါ​သည် နာ​မ​ဖြင့် ထုတ်​ပြ​သော​သူ​ကို ငါ့​အ​ဖို့ ဘိ​သိက်​ပေး​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 4,
      "text": "ရှ​မွေ​လ​ပြု၍ ဗက်​လင်​မြို့​သို့ သွား​လေ၏။ ဗက်​လင်​မြို့​သား အ​သက်​ကြီး​သူ​တို့​သည် ရှ​မွေ​လ​နှင့် တွေ့​သော​အ​ခါ တုန်​လှုပ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​လျက် လာ​တော်​မူ​သ​လော​ဟု မေး​လျှောက်​ကြ​သော်၊"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 5,
      "text": "ချမ်း​သာ​ပေး​လျက် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ ငါ​လာ​ပြီ။ မိ​မိ​တို့​ကို သန့်​ရှင်း​စေ​ပြီး​မှ ငါ​နှင့်​အ​တူ ယဇ်​ပွဲ​သို့​လာ​ကြ​ဟု​ဆို​သ​ဖြင့်၊ ယေ​ရှဲ​နှင့် သူ၏​သား​တို့​ကို သန့်​ရှင်း​စေ၍ ယဇ်​ပွဲ​သို့​ခေါ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 6,
      "text": "သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ဧ​လျာ​ဘ​ကို ကြည့်​ရှု၍၊ စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ၏​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 8,
      "text": "တစ်​ဖန် ယေ​ရှဲ​သည် အ​ဘိ​န​ဒပ်​ကို​ခေါ်၍ ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ​ဟု​ဆို၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 9,
      "text": "တစ်​ဖန် ယေ​ရှဲ​သည် ရှိ​မာ​ကို သွား​စေ​သ​ဖြင့်၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​ရွေး​တော်​မ​မူ​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 10,
      "text": "တစ်​ဖန် ယေ​ရှဲ​သည် သား​ခု​နစ်​ယောက်​တို့​ကို ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 11,
      "text": "သင်၌ သား​မ​ရှိ​ပြီ​လော​ဟု ယေ​ရှဲ​အား​မေး​လျှင်၊ ယေ​ရှဲ​က အ​ငယ်​ဆုံး​သော​သား ရှိ​ပါ​သေး၏။ သိုး​တို့​ကို ထိန်း​ကျောင်း​လျက်​နေ​ပါ​သည်​ဟု ပြော​ဆို​သော်၊ ရှ​မွေ​လ​က သူ့​ကို​ခေါ်​စေ​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပါ။ သူ​မ​ရောက်​မီ ပွဲ​သို့​ဝင်၍ မ​ထိုင်​ရ​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 12,
      "text": "စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 13,
      "text": "ရှ​မွေ​လ​သည်​လည်း၊ ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်​ကို​စု​ထဲ​မှာ သူ့​ကို ဘိ​သိက်​ပေး​လေ၏။ ထို​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ ရှ​မွေ​လ​သည်​ထ၍ ရာ​မ​မြို့​သို့ ပြန်​သွား၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​မှ​ထွက်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် နှောင့်​ယှက်​တတ်၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 15,
      "text": "ရှော​လု၏ ကျွန်​တို့​က​လည်း၊ ယ​ခု​မှာ ဘု​ရား​သ​ခင်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို နှောင့်​ယှက်​တတ်​ပါ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 16,
      "text": "ခ​စား​သော ကိုယ်​တော်၏​ကျွန်​တို့​သည်၊ သာ​ယာ​စွာ စောင်း​တီး​တတ်​သော​သူ​ကို ရှာ​ဖွေ​ရ​မည်​အ​ကြောင်း အ​ရှင်​အ​မိန့်​ရှိ​တော်​မူ​ပါ။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ် လာ​သော​အ​ခါ၊ သူ​သည် စောင်း​တီး​သ​ဖြင့် ကိုယ်​တော်​သည် ချမ်း​သာ​ရ​တော်​မူ​မည်​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 17,
      "text": "ရှော​လု​က၊ သာ​ယာ​စွာ တီး​တတ်​သော​သူ​ကို ငါ့​အ​ဖို့​ရှာ​ဖွေ၍ ငါ့​ထံ​သို့ ခေါ်​ခဲ့​ကြ​ဟု ကျွန်​တို့​အား မိန့်​တော်​မူ​သော်၊"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 18,
      "text": "ကျွန်​တစ်​ယောက်​က၊ ကျွန်​တော်​တွေ့​ဖူး​သော ဗက်​လင်​မြို့​သား ယေ​ရှဲ​သား​သည် စောင်း​တီး​သော​အ​တတ်၊ ရဲ​ရင့်​ခြင်း​အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၍၊ စစ်​မှု၌​လည်း​ကောင်း၊ ပ​ညာ​စ​ကား၌​လည်း​ကောင်း လေ့​ကျက်​ပါ၏။ အ​ဆင်း​လည်း လှ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု လျှောက်​သော​ကြောင့်၊"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 19,
      "text": "ရှော​လု​က၊ ယေ​ရှဲ​ရှိ​ရာ​သို့ လူ​ကို​စေ​လွှတ်၍၊ သိုး​ထိန်း​ဖြစ်​သော သင်၏​သား​ဒါ​ဝိဒ်​ကို ငါ့​ထံ​သို့ စေ​လွှတ်​ရ​မည်​ဟု အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 20,
      "text": "ယေ​ရှဲ​သည် မုန့်​တင်​သော​မြည်း၊ စ​ပျစ်​ရည်​ဘူး၊ ဆိတ်​သ​ငယ်​ကို​ယူ၍ မိ​မိ​သား​ဒါ​ဝိဒ်​တွင် ရှော​လု​ထံ​သို့ ပေး​လိုက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 21,
      "text": "ဒါ​ဝိဒ်​သည် ရှော​လု​ထံ​သို့​ရောက်၍​ခ​စား​သ​ဖြင့်၊ ရှော​လု​သည် အ​လွန်​ချစ်၍ လက်​နက်​တော်​ဆောင်​အ​ရာ၌ ခန့်​ထား၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 22,
      "text": "ရှော​လု​သည်​လည်း ယေ​ရှဲ​ရှိ​ရာ​သို့​လူ​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်​ကို ငါ့​စိတ်​နှင့်​တွေ့​သော​ကြောင့် ငါ့​ထံ၌ ခ​စား​ပါ​စေ​ဟု အ​ခွင့်​တောင်း​လေ၏။"
    },
    {
      "book": 9,
      "chapter": 16,
      "verse": 23,
      "text": "ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် စောင်း​ကို​ယူ၍​တီး​သ​ဖြင့် ဆိုး​သော​ဝိ​ညာဉ်​ထွက်​သွား၍၊ ရှော​လု​သည် သက်​သာ​လျက် ပ​က​တိ​ကျန်း​မာ​လျက်​ရှိ​တတ်၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 1,
      "text": "ဖိ​လိ​တ္တိ လူ​တို့​သည် ဗိုလ်​ခြေ​များ​ကို​နှိုး​ဆော်၍ ယု​ဒ​ခ​ရိုင် ရှော​ခေါ​မြို့၌ စု​ဝေး​သ​ဖြင့်၊ ရှော​ခေါ​မြို့​နှင့် အ​ဇေ​ကာ​မြို့​စပ်​ကြား ဒ​မိမ်​အ​ရပ်​မှာ​တပ်​ချ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 2,
      "text": "ရှော​လု​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် စု​ဝေး၍ ဧ​လာ​ချိုင့်​နား​မှာ တပ်​ချ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို​တိုက်​မည်​ဟု စစ်​ခင်း​ကျင်း​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 3,
      "text": "ဖိ​လိ​တ္တိ​လူ​အ​ချို့​တို့​သည် ချိုင့်​တစ်​ဖက်၌ တောင်​ပေါ်​မှာ​ရပ်​လျက်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​သည် ချိုင့်​တစ်​ဖက်၌ တောင်​ပေါ်​မှာ ရပ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 4,
      "text": "ခြောက်​တောင်​နှင့်​တစ်​ထွာ အ​ရပ်​မြင့်​သော ဂါ​သ​မြို့​သား ဂေါ​လျတ်​အ​မည်​ရှိ​သော သူ​ရဲ​သည် ဖိ​လိ​တ္တိ​တပ်​ထဲ​က ထွက်​လာ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 5,
      "text": "သူ​သည် ခေါင်း​ပေါ်​မှာ ကြေး​ဝါ​ခ​မောက်​လုံး​ကို​ဆောင်း၍ အ​ခွက်​ငါး​ဆယ် အ​ချိန်​ရှိ​သော ကြေး​ဝါ​ချပ်​အင်္ကျီ​ကို ဝတ်၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 6,
      "text": "ကြေး​ဝါ​ခြေ​စွပ်​ကို စွပ်​လျက် ပ​ခုံး​ကြား​မှာ ကြေး​ဝါ​ကိ​ဒုန်​လက်​နက်​ကို ဆွဲ​လျက်​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 7,
      "text": "လှံ​ရိုး​ကား ရက်​ကန်း​လက်​လိပ်​နှင့် အ​မျှ​ကြီး၏။ လှံ​ကိုယ်​ကား သံ​ခြောက်​ပိဿာ​အ​ချိန် ရှိ၏။ သူ့​ရှေ့​မှာ​ဒိုင်း​လွှား​ကို ဆောင်​သော​သူ​တစ်​ယောက်​သည် သွား​ရ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 8,
      "text": "ထို​သူ​ရဲ​သည် ရပ်​လျက် သင်​တို့​သည် စစ်​ပြိုင်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ထွက်​လာ​ကြ​သ​နည်း။ ငါ​သည် ဖိ​လိ​တ္တိ​လူ၊ သင်​တို့​သည် ရှော​လု၏​ကျွန် ဖြစ်​ကြ​သည် မ​ဟုတ်​လော။ လူ​တစ်​ယောက်​ကို ရွေး​ကောက်၍ ငါ​နှင့်​တိုက်​ခြင်း​ငှာ လာ​ပါ​စေ။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 9,
      "text": "သူ​သည် ငါ့​ကို​တိုက်၍ သတ်​နိုင်​လျှင် ငါ​တို့​သည် သင်​တို့၏​ကျွန်​ခံ​မည်။ သို့​မ​ဟုတ် ထို​သူ​ကို​ငါ​နိုင်၍​သတ်​လျှင်၊ သင်​တို့​သည် ငါ​တို့၏​ကျွန်​ခံ၍ ငါ​တို့​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်​ဟု ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့​ကို ဟစ်၍​ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 10,
      "text": "တစ်​ဖန် ထို​ဖိ​လိ​တ္တိ​လူ​က၊ ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့​ကို ယ​နေ့​ငါ​ကြိမ်း​ပ၏။ လူ​ချင်း​တိုက်​စေ​ခြင်း​ငှာ လူ​တစ်​ယောက်​ကို​ပေး​ကြ​လော့​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 11,
      "text": "ဖိ​လိ​တ္တိ​လူ​ပြော​သော ထို​စ​ကား​ကို ရှော​လု​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ကြား​လျှင် စိတ်​ပျက်၍ အ​လွန်​ကြောက်​ရွံ့​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 12,
      "text": "ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ဘ​ယေ​ရှဲ​သည် သား​ရှစ်​ယောက်​ရှိ၏။ ရှော​လု​လက်​ထက်၌ ထို​သူ​သည် အ​သက်​ကြီး​သော​သူ၏ အ​ရာ​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 13,
      "text": "ယေ​ရှဲ၏​သား​တို့​တွင် အ​သက်​အ​ကြီး​ဆုံး​သော​သူ သုံး​ယောက်​တို့​သည် စစ်​မှု​ကို​ထမ်း၍ ရှော​လု​နောက်​သို့ လိုက်​ကြ၏။ သူ​တို့​အ​မည်​ကား သား​ဦး​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား ရှိ​မာ​တည်း။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 14,
      "text": "ဒါ​ဝိဒ်​သည် အ​ငယ်​ဆုံး​သော​သား​ဖြစ်၏။ သား​ကြီး​သုံး​ယောက်​တို့​သည် ရှော​လု​နောက်​တော်​သို့ လိုက်​ကြ​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 15,
      "text": "ဒါ​ဝိဒ်​သည် မ​လိုက်၊ ဗက်​လင်​မြို့​မှာ မိ​မိ​အ​ဘ၏​သိုး​တို့​ကို ထိန်း​ကျောင်း​ခြင်း​ငှာ ပြန်​သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 16,
      "text": "ဖိ​လိ​တ္တိ​လူ​သည် အ​ရက်​လေး​ဆယ်​ပတ်​လုံး၊ နံ​နက်​တစ်​ခါ၊ ညဉ့်​ဦး​တစ်​ခါ ချဉ်း​ကပ်၍ ကိုယ်​ကို​ပြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 17,
      "text": "ထို​အ​ခါ ယေ​ရှဲ​သည် မိ​မိ​သား​ဒါ​ဝိဒ်​ကို​ခေါ်၍၊ သင့်​အစ်​ကို​တို့​အ​ဖို့ ဤ​ပေါက်​ပေါက် တစ်​ဧ​ဖာ​နှင့် ဤ​မုန့်​ဆယ်​လုံး​တို့​ကို​ယူ၍ အစ်​ကို​တို့​ရှိ​ရာ​တပ်​တော်​သို့ ပြေး​သွား​လော့။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 18,
      "text": "ဤ​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း ယူ၍ သူ​တို့​တပ်​မှူး​အား​ဆက်​လော့။ သင့်​အစ်​ကို​တို့​သည် ကျန်း​မာ​ခြင်း ရှိ​သည်​မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ သူ​တို့​ထံ​မှာ သက်​သေ​တစ်​စုံ​တစ်​ခု​ကို ခံ​ယူ​လော့​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 19,
      "text": "ထို​ကာ​လ၌ ရှော​လု​မှ​စ၍ ဒါ​ဝိဒ်​အစ်​ကို​တို့​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​လာ​ချိုင့်​မှာ ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 20,
      "text": "ဒါ​ဝိဒ်​သည် နံ​နက်​စော​စော​ထ၍ သိုး​တို့​ကို သိုး​ထိန်း၌​အပ်​ပြီး​လျှင်၊ အ​ဘ​မှာ​လိုက်​သည်​အ​တိုင်း စား​စ​ရာ​ကို​ယူ​သွား၍၊ ရိ​က္ခာ​လှည်း​ထား​ရာ​သို့ ရောက်​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 21,
      "text": "ဣ​သ​ရေ​လ တပ်​သား​တို့​နှင့် ဖိ​လိ​တ္တိ​တပ်​သား​တို့​သည် စစ်​ခင်း​ကျင်း၍ စစ်​တ​လင်း​သို့​ချီ​လျက်၊ စစ်​တိုက်​မည်​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 22,
      "text": "ဒါ​ဝိဒ်​သည် မိ​မိ၌​ပါ​သော​အ​ရာ​တို့​ကို ရိ​က္ခာ​စောင့်​လက်၌ အပ်​ထား​ပြီး​လျှင်၊ တပ်​သား​စု​ထဲ​သို့​ပြေး၍ မိ​မိ​အစ်​ကို​တို့​ကို နှုတ်​ဆက်၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 23,
      "text": "သူ​တို့​နှင့်​ပြော​စဉ်​တွင်၊ ဖိ​လိ​တ္တိ​လူ၊ ဂါ​သ​မြို့​သား ဂေါ​လျတ်​အ​မည်​ရှိ​သော သူ​ရဲ​သည် ဖိ​လိ​တ္တိ​တပ်​ထဲ​က ထွက်​လာ၍ ယ​မန်​ကဲ့​သို့​ပြော​ဆို​သည်​ကို ဒါ​ဝိဒ်​သည် ကြား​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 24,
      "text": "ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ထို​သူ​ကို​မြင်​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့၍ ပြေး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 25,
      "text": "အ​ချို့​တို့​က​လည်း၊ ထို​လူ​ထွက်​လာ​သည်​ကို မြင်​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို​ကြိမ်း​ပ​လျက် ထွက်​လာ​ပါ​သည်​တ​ကား။ သူ့​ကို သတ်​သော​သူ​အား ရှင်​ဘု​ရင်​သည် ကြီး​သော​စည်း​စိမ်​နှင့် ချီး​မြှောက်၍ သ​မီး​တော်​ကို​လည်း ပေး​စား​တော်​မူ​မည်။ ထို​သူ၏​အ​ဆွေ​အ​မျိုး​ကို​လည်း ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မင်း​မှု လွှတ်​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 26,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ထို​ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ဣ​သ​ရေ​လ​အ​မျိုး​ခံ​သော အ​ရှက်​ကွဲ​ခြင်း​ကို ပယ်​ရှင်း​သော​သူ​သည် အ​ဘယ်​အ​ကျိုး​ကို ရ​လိမ့်​မည်​နည်း။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​ရ​မည်​အ​ကြောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မိ​မိ​အ​နား​မှာ​ရှိ​သော​သူ​တို့​အား မေး​မြန်း​လျှင်၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 27,
      "text": "သူ​တို့​က၊ ထို​လူ​ကို သတ်​သော​သူ​သည် ဤ​မည်​သော​အ​ကျိုး​ကို ရ​လိမ့်​မည်​ဟု ယ​မန်​ကဲ့​သို့ ပြန်​ပြော​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 28,
      "text": "ထို​သူ​တို့​နှင့် ဒါ​ဝိဒ်​ပြော​သည်​ကို အစ်​ကို​အ​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် ဒါ​ဝိဒ်​ကို​အ​မျက်​ထွက်၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ​သ​နည်း။ ထို​နည်း​သော​သိုး​တို့​ကို တော​တွင် အ​ဘယ်​သူ​လက်၌ အပ်​ခဲ့​သ​နည်း။ သင့်​မာ​န​ကြီး​ခြင်း၊ သင့်​စိတ်​နှ​လုံး​ဆိုး​ညစ်​ခြင်း​ကို ငါ​သိ၏။ စစ်​ပွဲ​ကို ကြည့်​ရှု​ခြင်း​ငှာ​သာ လာ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 29,
      "text": "ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း။ ယ​ခု​ပြော​စ​ရာ​အ​ကြောင်း မ​ရှိ​လော​ဟု ဆို​သော​နောက်၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 30,
      "text": "အ​ခြား​သော​သူ​တို့​ထံ​သို့ လှည့်၍ ယ​မန်​ကဲ့​သို့​မေး​မြန်း​လျှင်၊ သူ​တို့​သည် ရှေ့​အ​တူ ပြန်​ပြော​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 31,
      "text": "ထို​သို့ ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို ကြား​သော​သူ​တို့​သည် ရှော​လု​ထံ​တော်၌ ကြား​လျှောက်​သော်၊ ဒါ​ဝိဒ်​ကို ခေါ်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 32,
      "text": "ဒါ​ဝိဒ်​က​လည်း ထို​လူ​ကြောင့် အ​ဘယ်​သူ​မျှ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ ကိုယ်​တော်​ကျွန်​သွား၍ ထို​ဖိ​လိ​တ္တိ​လူ​ကို တိုက်​ပါ​မည်​ဟု ရှော​လု​အား​လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 33,
      "text": "ရှော​လု​က၊ သင်​သည် ထို​ဖိ​လိ​တ္တိ​လူ​ကို သွား၍​မ​တိုက်​နိုင်။ သင်​သည် နု​ပျို​သော​သူ​ဖြစ်၏။ ထို​သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ စစ်​သူ​ရဲ​ဖြစ်​ခဲ့​ပြီ​ဟု ဒါ​ဝိဒ်​အား​ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 34,
      "text": "ဒါ​ဝိဒ်​က၊ ကိုယ်​တော်​ကျွန်​သည် အ​ဘ၏​သိုး​တို့​ကို ထိန်း​ကျောင်း​စဉ်​အ​ခါ၊ ခြင်္သေ့​နှင့်​ဝံ​သည်​လာ၍ သိုး​သ​ငယ်​ကို သိုး​စု​ထဲ​က​ကိုက်​ချီ​ပါ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 35,
      "text": "ကျွန်​တော်​လိုက်၍ သတ်​သ​ဖြင့် သိုး​သ​ငယ်​ကို သူ့​ပါး​စပ်​ထဲ​က နုတ်​ပါ၏။ ဝံ​သည် ကျွန်​တော်​ကို ပြန်၍​ကိုက်​သော​အ​ခါ၊ ဝံ၏​မုတ်​ဆိတ်​ကို​ကိုင်၍ ရိုက်​သတ်​ပါ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 36,
      "text": "ကိုယ်​တော်​ကျွန်​သည် ခြင်္သေ့​နှင့်​ဝံ​နှစ်​ကောင်​လုံး​ကို သတ်​ပါ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​သော​ကြောင့်၊ ထို​အ​ကောင်​တစ်​ကောင်​ကဲ့​သို့ ဖြစ်​ပါ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 37,
      "text": "ခြင်္သေ့​လက်၊ ဝံ​လက်​မှ ကျွန်​တော်​ကို ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ ထို​ဖိ​လိ​တ္တိ​လူ​လက်​မှ ကယ်​နုတ်​တော်​မူ​လိမ့်​မည်​ဟု ရှော​လု​အား​လျှောက်​လေ​သော်၊ ရှော​လု​က သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ဒါ​ဝိဒ်​အား​ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 38,
      "text": "ရှော​လု​သည်​လည်း ဒါ​ဝိဒ်​ကို မိ​မိ​အ​ဝတ်​နှင့်​ဝတ်​စေ​သ​ဖြင့်၊ သူ၏​ခေါင်း​ပေါ်​မှာ ကြေး​ဝါ​ခ​မောက်​လုံး​ကို တင်၍၊ သံ​ချပ်​အင်္ကျီ​ကို​လည်း ဝတ်​စေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 39,
      "text": "ဒါ​ဝိဒ်​သည် ဓား​တော်​ကို အ​ဝတ်​ပေါ်​မှာ​စည်း၍ သွား​မည်​ဟု အား​ထုတ်​သော်​လည်း၊ ထို​လက်​နက်​များ​ကို မ​စုံ​စမ်း​သေး။ သို့​ဖြစ်၍ ဒါ​ဝိဒ်​က ဤ​လက်​နက်​တို့​နှင့် ကျွန်​တော်​မ​သွား​နိုင်​ပါ၊ မ​စုံ​စမ်း​ပါ​သေး​ဟု ရှော​လု​အား​လျှောက်၍ ချွတ်​ပြန်​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 40,
      "text": "တစ်​ဖန် မိ​မိ​တောင်​ဝှေး​ကို​ကိုင်​လျက်၊ ချော​သော​ကျောက်​ငါး​လုံး​ကို ချောင်း​ထဲ​က​ရွေး၍၊ သိုး​ထိန်း တန်​ဆာ​တည်း​ဟူ​သော လွယ်​အိတ်၌​ထည့်​ပြီး​မှ၊ လောက်​လွှဲ​ကို​လည်း​ကိုင်၍ ဖိ​လိ​တ္တိ​လူ​ရှိ​ရာ​သို့ ချဉ်း​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 41,
      "text": "ဖိ​လိ​တ္တိ​လူ​သည်​လည်း ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း၍ သူ့​ရှေ့​မှာ ဒိုင်း​လွှား​ကို ဆောင်​သော​သူ​လည်း သွား၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 42,
      "text": "ဖိ​လိ​တ္တိ​လူ​သည် ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​သော​အ​ခါ မ​ထီ​မဲ့​မြင်​ပြု၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် နု​ပျို​သော​သူ၊ ဆံ​ပင်​နီ၍ မျက်​နှာ​လှ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 43,
      "text": "ဖိ​လိ​တ္တိ​လူ​က၊ သင်​သည် တောင်​ဝှေး​နှင့် ငါ့​ထံ​သို့​လာ​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခွေး​ဖြစ်​သ​လော​ဟု​မေး​လျက်၊ မိ​မိ​ဘု​ရား​တို့​ကို​တိုင်​တည်၍ ဒါ​ဝိဒ်​ကို​ကျိန်​ဆဲ​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 44,
      "text": "တစ်​ဖန် ဖိ​လိ​တ္တိ​လူ​က လာ​ခဲ့။ သင့်​အ​သား​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ငါ​ပေး​မည်​ဟု ဒါ​ဝိဒ်​ကို​ဆို၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 45,
      "text": "ဒါ​ဝိဒ်​က​သင်​သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ၏။ ငါ​သည် သင်​ကြိမ်း​ပ​သော ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ပါ​လျက် သင်​ရှိ​ရာ​သို့​လာ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 46,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ငါ့​လက်၌ ယ​နေ့​အပ်​တော်​မူ​သ​ဖြင့်၊ သင့်​ကို​ငါ​သတ်၍ လည်​ပင်း​ကို​ဖြတ်​မည်။ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ အ​သေ​ကောင်​များ​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ယ​နေ့​ငါ​ပေး​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 47,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 48,
      "text": "ဖိ​လိ​တ္တိ​လူ​သည် ထ၍ ဒါ​ဝိဒ်​နှင့်​တွေ့​ခြင်း​ငှာ ချဉ်း​လာ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည်​လည်း ဖိ​လိ​တ္တိ​လူ​နှင့်​တွေ့​ခြင်း​ငှာ ဗိုလ်​ခြေ​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​ပြီး​မှ၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 49,
      "text": "လွယ်​အိတ်​ထဲ​က ကျောက်​တစ်​လုံး​ကို နှိုက်​ယူ၍​လွှဲ​ပစ်၏။ ဖိ​လိ​တ္တိ​လူ၏ န​ဖူး​ကို​မှန်၍ န​ဖူး​ပေါက်​သ​ဖြင့် သူ​သည် မြေ​ပေါ်​မှာ ငိုက်​စိုက်​လဲ​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 50,
      "text": "ထို​သို့ ဒါ​ဝိဒ်​သည် လောက်​လွှဲ​နှင့် ကျောက်​တစ်​လုံး​အား​ဖြင့် နိုင်​လျက် ထိ​ခိုက်၍​သတ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 51,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် ဓား​မ​ပါ​သော​ကြောင့် ပြေး၍ ဖိ​လိ​တ္တိ​လူ​ကို နင်း​လျက်၊ သူ၏​ဓား​ကို ဓား​အိမ်​မှ​နုတ်​ဆွဲ​ပြီး​လျှင် လည်​ပင်း​ကို​ဖြတ်၍ အ​ပြီး​သတ်​လေ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ​တို့၏ သူ​ရဲ​သေ​ကြောင်း​ကို​မြင်​သော​အ​ခါ ပြေး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 52,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ထ၍ ကြွေး​ကြော်​လျက် ချိုင့်​တိုင်​အောင်​လည်း​ကောင်း၊ ဧ​ကြုန်​မြို့ တံ​ခါး​တိုင်​အောင်​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ကြ၏။ ထိ​ခိုက်​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ရှာ​ရိမ်​မြို့ လမ်း​နား​မှ​စ၍ ဂါ​သ​မြို့၊ ဧ​ကြုန်​မြို့​တိုင်​အောင် လဲ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 53,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ၍ သူ​တို့​တဲ​များ​ကို လု​ယူ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 54,
      "text": "ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ၏ ဦး​ခေါင်း​ကို​ယူ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၏။ သူ၏​လက်​နက်​များ​ကို မိ​မိ​တဲ၌​ထား၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 55,
      "text": "ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို တိုက်​ခြင်း​ငှာ ထွက်​သွား​သည်​ကို ရှော​လု​သည်​မြင်​လျှင်၊ ထို​လု​လင်​ကား အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု ဗိုလ်​ချုပ်​မင်း​အာ​ဗ​နာ​ကို မေး၏။ အာ​ဗ​နာ​က​လည်း၊ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ရှင်​သည်​အ​တိုင်း ကျွန်​တော်​မ​သိ​ပါ​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 56,
      "text": "ရှင်​ဘု​ရင်​က၊ ထို​လု​လင်​သည် အ​ဘယ်​သူ၏​သား​ဖြစ်​လိမ့်​မည်​ကို မေး​စစ်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 57,
      "text": "ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ၊ သူ၏​ဦး​ခေါင်း​ကို ကိုင်​လျက် ပြန်​လာ​သော​အ​ခါ၊ အာ​ဗ​နာ​သည်​ခေါ်၍ ရှော​လု​ထံ​သို့ ဆောင်​သွား​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 17,
      "verse": 58,
      "text": "ရှော​လု​က၊ အ​ချင်း​လု​လင်၊ သင်​သည် အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ဗက်​လင်​မြို့​သား ယေ​ရှဲ၏​သား​ဖြစ်​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 1,
      "text": "ထို​သို့​လျှောက်​ပြီး​သည်​နောက်၊ ရှော​လု၏​သား ယော​န​သန် စိတ်​နှ​လုံး​သည် ဒါ​ဝိဒ်​စိတ်​နှ​လုံး​နှင့် စွဲ​ကပ်​လျက်​ရှိ၍ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 2,
      "text": "ထို​နေ့၌ ရှော​လု​သည် ဒါ​ဝိဒ်​ကို​သိမ်း​ဆည်း၍ သူ့​အ​ဘ၏​အိမ်​သို့ နောက်​တစ်​ဖန် သွား​နေ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 3,
      "text": "ယော​န​သန်​သည်​လည်း၊ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ ချစ်​သော​ကြောင့် သူ​နှင့်​အ​တူ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 4,
      "text": "မိ​မိ​ဝတ်​သော​ဝတ်​လုံ​ကို ချွတ်၍ မိ​မိ​အ​ဝတ်​တန်​ဆာ​များ​နှင့် ဓား၊ လေး၊ ခါး​စည်း​တို့​ကို​ပင် ဒါ​ဝိဒ်​အား​ပေး​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 5,
      "text": "ဒါ​ဝိဒ်​သည် ရှော​လု​စေ​ခိုင်း​သ​မျှ​ကို သွား၍ သ​တိ​ပ​ညာ​နှင့်​ပြု​မူ​သော​ကြောင့်၊ စစ်​သူ​ရဲ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် ကျွန်​တော်​မျိုး​မှ​စ၍ လူ​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 6,
      "text": "ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ ပြန်​လာ၍၊ ရောက်​လေ​ရာ​ရာ၌ မိန်း​မ​များ​တို့​သည် ရှော​လု​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​လျက်၊ က​လျက်၊ ပတ်​သာ​အ​စ​ရှိ​သည်​တို့​ကို တီး​လျက်၊ ဣ​သ​ရေ​လ​မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 7,
      "text": "ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 8,
      "text": "ရှော​လု​က၊ သူ​တို့​သည် ဒါ​ဝိဒ်​အား အ​သောင်း​သောင်း၊ ငါ့​အား အ​ထောင်​ထောင်​သာ​ပေး​ကြ​ပြီ။ နိုင်​ငံ​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို ပေး​နိုင်​သေး​သ​နည်း​ဟု အ​လွန်​အ​မျက်​ထွက်၍ ထို​စ​ကား​ကြောင့် စိတ်​ပျက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 9,
      "text": "ထို​နေ့​မှ​စ၍ ဒါ​ဝိဒ်​ကို အ​စဉ်​ချောင်း​မြောင်း​လျက်​နေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 10,
      "text": "နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က၊ ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ ရောက်​သ​ဖြင့်၊ ရှော​လု​သည် နန်း​တော်​အ​လယ်၌ ပ​ရော​ဖက်​ပြု​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​ရင်​ကဲ့​သို့ စောင်း​တီး​လေ၏။ ရှော​လု​သည် လှံ​တိုကို​ကိုင်​လျက် ရှိ၍၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 11,
      "text": "ဒါ​ဝိဒ်​ကို ထ​ရံ​နား​မှာ​ထိုး​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း လှံ​တို​ကို​ထိုး​ပစ်​သော်​လည်း၊ ဒါ​ဝိဒ်​သည် အ​ထံ​တော်​မှ နှစ်​ကြိမ်​ရှောင်​လွှဲ​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 12,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ထံ​မှ​ထွက်၍ ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​သော​ကြောင့်၊ ရှော​လု​သည် ဒါ​ဝိဒ်​ကို​ကြောက်​ရွံ့​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 13,
      "text": "အ​ထံ​တော်​မှ​ရွှေ့၍ လူ​တစ်​ထောင်​အုပ်​အ​ရာ​ကို ပေး၏။ ဒါ​ဝိဒ်​သည် လူ​များ​ရှေ့၌ ထွက်​ဝင်​ရ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 14,
      "text": "ဒါ​ဝိဒ်​သည် အ​ရာ​ရာ၌ သ​တိ​ပ​ညာ​နှင့်​ပြု​မူ၍ သူ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ၏၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 15,
      "text": "ထို​သို့ အ​လွန်​သ​တိ​ပ​ညာ​နှင့် ပြု​မူ​သည်​ကို ရှော​လု​သည်​မြင်​လျှင် သာ၍​ကြောက်​ရွံ့​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ချစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့၌ ဒါ​ဝိဒ်​သည် ထွက်​ဝင်​တတ်၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 17,
      "text": "တစ်​ဖန် ရှော​လု​သည် ဒါ​ဝိဒ်​ကို​ခေါ်၍ ငါ့​သ​မီး​ကြီး မေ​ရပ်​ကို သင့်​အား​ငါ​ပေး​စား​မည်။ သင်​သည် ငါ့​အ​ဖို့ ရဲ​ရင့်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စစ်​တိုက်​ခြင်း​ကို​သာ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​လက်​သည် သူ့​အ​ပေါ်​သို့ မ​ရောက်​စေ​နှင့်။ ဖိ​လိ​တ္တိ​လူ​တို့​လက်​သည် ရောက်​ပါ​စေ​သော​ဟု ရှော​လု​အ​ကြံ​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 18,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ကျွန်​တော်​သည် ရှင်​ဘု​ရင်၏​သ​မက်​တော်​ဖြစ်​ရ​ပါ​မည်​အ​ကြောင်း အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ကျွန်​တော်​အ​သက်​နှင့် ကျွန်​တော် အ​ဆွေ​အ​မျိုး​သည်၊ ဣ​သ​ရေ​လ​နိုင်​ငံ၌ အ​ဘယ်​သို့ မြတ်​ပါ​သ​နည်း​ဟု ရှော​လု​အား လျှောက်၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 19,
      "text": "သို့​ရာ​တွင်၊ ရှော​လု၏​သ​မီး မေ​ရပ်​ကို ဒါ​ဝိဒ်​အား ပေး​စား​ရ​သော​အ​ချိန်​ရောက်​သော​အ​ခါ၊ မေ​ဟော​လ​သိ​အ​မျိုး အ​ဒြေ​လ​အား ပေး​စား​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 20,
      "text": "တစ်​ဖန် ရှော​လု​သ​မီး​မိ​ခါ​လ​သည် ဒါ​ဝိဒ်​ကို​ချစ်၏။ ထို​အ​ကြောင်း​ကို လျှောက်​သော​အ​ခါ၊ ရှော​လု​သည် အား​ရ​လျက်၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 21,
      "text": "ငါ့​သ​မီး​သည် ဒါ​ဝိဒ်​ကို​ကျော့​မိ၍ ဖိ​လိ​တ္တိ​လူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ပေး​စား​မည်​ဟု အ​ကြံ​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 22,
      "text": "နန်း​တော်​သား​အ​ချို့​ကို ခေါ်၍၊ သင်​တို့​သည် ဒါ​ဝိဒ်​နှင့် တိတ်​ဆိတ်​စွာ စ​ကား​ပြော​ရ​မည်​မှာ၊ ရှင်​ဘု​ရင်​သည် သင့်​ကို​စုံ​မက်၍၊ ရှင်​ဘု​ရင်၏ ကျွန်​အ​ပေါင်း​တို့​သည်​လည်း ချစ်​ကြ၏။ သို့​ဖြစ်၍ ရှင်​ဘု​ရင်၏​သ​မက်​တော် ဖြစ်​ကောင်း​ပါ၏​ဟု မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 23,
      "text": "ရှော​လု၏ ကျွန်​တို့​သည် ဒါ​ဝိဒ်​အား​ပြော​ကြ၏။ ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် အ​သ​ရေ​မ​ရှိ​သော ဆင်း​ရဲ​သား​ဖြစ်​လျက်​နှင့် ရှင်​ဘု​ရင်၏ သ​မက်​တော်​လုပ်​ရ​သော​အ​မှု​သည် သာ​မ​ည​အ​မှု ထင်​သ​လော​ဟု ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 24,
      "text": "ရှော​လု​ကျွန်​တို့​က​လည်း၊ ဒါ​ဝိဒ်​သည် ဤ​သို့​ပြော​ဆို​ပါ​သည်​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 25,
      "text": "သင်​တို့​သည် တစ်​ဖန်​ပြော​ရ​မည်​မှာ၊ ရှင်​ဘု​ရင်​သည် ရန်​သူ​တို့၌ စိတ်​တော်​ပြေ​မည်​အ​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့၏ အ​ရေ​ဖျား​တစ်​ရာ​မှ​တစ်​ပါး အ​ခြား​သော​လက်​ဖွဲ့​ရာ​ကို အ​လို​တော်​မ​ရှိ​ဟု မှာ​ထား၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​ဖြင့် ဆုံး​စေ​မည်​ဟု ရှော​လု​အ​ကြံ​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 26,
      "text": "ရှော​လု​ကျွန်​တို့​သည် ထို​စ​ကား​ကို ဒါ​ဝိဒ်​အား​ပြန်​ပြော​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ရှင်​ဘု​ရင်၏ သ​မက်​တော်​ဖြစ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​ကြောင့် ချိန်း​ချက်​သော အ​ချိန်​မ​စေ့​မီ​ထ၍၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 27,
      "text": "မိ​မိ​လူ​တို့​နှင့်​အ​တူ သွား​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​နှစ်​ရာ​တို့​ကို သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်၏​သ​မက်​တော် ဖြစ်​လို​သော​ငှာ၊ သူ​တို့​အ​ရေ​ဖျား​များ​ကို ယူ​ခဲ့၍၊ စုံ​လင်​သော​အ​ရေ​အ​တွက်​အား​ဖြင့် ရှင်​ဘု​ရင်​အား ဆက်​လေ၏။ ရှော​လု​သည်​လည်း သ​မီး​တော်​မိ​ခါ​လ​ကို ပေး​စား​ရ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 28,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​သ​မီး​သည် ချစ်​ကြောင်း​ကို​လည်း​ကောင်း၊ ရှော​လု​သည်​မြင်၍၊"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 29,
      "text": "ကြောက်​ရွံ့​သော​စိတ် စွဲ​လမ်း​လျက် အ​စဉ်​အ​မြဲ ရန်​ငြိုး​ဖွဲ့​လေ၏။"
    },
    {
      "book": 9,
      "chapter": 18,
      "verse": 30,
      "text": "တစ်​ဖန် ဖိ​လိ​တ္တိ​မင်း​တို့​သည် ချီ​သွား​ကြ၏။ ချီ​သွား​ကြ​သည်​နောက် ဒါ​ဝိဒ်​သည် ရှော​လု၏​ကျွန်​အ​ပေါင်း​တို့​ထက် သာ၍ သ​တိ​ပ​ညာ​နှင့်​ပြု​မူ​သ​ဖြင့် အ​လွန်​ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 1,
      "text": "ထို​ကြောင့် ရှော​လု​သည် ဒါ​ဝိဒ်​ကို​သတ်​စေ​ခြင်း​ငှာ၊ သား​တော်​ယော​န​သန်​နှင့် မိ​မိ​ကျွန်​အ​ပေါင်း​တို့​ကို မှာ​ထား​လေ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 2,
      "text": "သား​တော် ယော​န​သန်​သည် ဒါ​ဝိဒ်​ကို​အ​လွန်​ချစ်၍၊ ငါ့​အ​ဘ​ရှော​လု​သည် သင့်​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ၏။ သို့​ဖြစ်၍ နံ​နက်​တိုင်​အောင် ကိုယ်​ကို​သ​တိ​ပြု​သ​ဖြင့် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​ပါ​လော့။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 3,
      "text": "ငါ​ထွက်၍ သင်​ရှိ​ရာ​တော၌ ငါ့​အ​ဘ​ထံ​ခ​စား​လျက်၊ သင့်​အ​မှု၌ စ​ကား​ပြော​မည်။ တွေ့​မြင်​သ​မျှ​ကို သင့်​အား ငါ​ပြန်​ကြား​မည်​ဟု ဒါ​ဝိဒ်​အား​ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 4,
      "text": "ယော​န​သန်​သည် အ​ဘ​ရှော​လု​ထံ၌၊ ဒါ​ဝိဒ်​ဘက်​မှာ​ပြော၍၊ ရှင်​ဘု​ရင်​သည် ကျွန်​တော်​ဒါ​ဝိဒ်​ကို မ​ပြစ်​မှား​ပါ​စေ​နှင့်။ သူ​သည် ကိုယ်​တော်​ကို မ​ပြစ်​မှား​ပါ။ ကိုယ်​တော်၌ အ​လွန်​ကျေး​ဇူး​ပြု​ပါ​ပြီ။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 5,
      "text": "မိ​မိ​အ​သက်​ကို မ​နှ​မြော​ဘဲ ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​ဖို့ ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​သည်​မြင်၍ ဝမ်း​မြောက်​ပါ၏။ သို့​ဖြစ်၍ အ​ကြောင်း​မ​ရှိ​ဘဲ ဒါ​ဝိဒ်​ကို​သတ်​သ​ဖြင့် အ​ဘယ်​ကြောင့် အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို သတ်​သော​အ​ပြစ် သင့်​ရောက်​စေ​ချင်​ပါ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား​ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 6,
      "text": "ရှော​လု​သည် ယော​န​သန်၏​စ​ကား​ကို​နား​ထောင်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည် အ​သေ​မ​ခံ​ရ​ဟု ကျိန်​ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 7,
      "text": "ယော​န​သန်​သည် ဒါ​ဝိဒ်​ကို​ခေါ်၍ အ​ကြောင်း​အ​ရာ၊ အ​လုံး​စုံ​တို့​ကို​ပြော​ပြီး​မှ၊ ရှော​လု​ထံ​သို့​သွင်း​ပြန်၍ အ​ထံ​တော်၌ အ​ရင်​နေ​သ​ကဲ့​သို့ နေ​ရ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 8,
      "text": "တစ်​ဖန် စစ်​မှု​ပေါ်​ပြန်​သော​အ​ခါ၊ ဒါ​ဝိဒ်​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို​တိုက်​လျက်၊ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်၍ သူ​တို့​သည်​ပြေး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 9,
      "text": "ရှော​လု​သည် လှံ​တို​ကို​ကိုင်၍ နန်း​တော်၌​ထိုင်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဆိုး​သော​ဝိ​ညာဉ်​သက်​ရောက်၍၊ ဒါ​ဝိဒ်​သည် စောင်း​တီး​လျက်​နေ​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 10,
      "text": "သူ့​ကို လှံ​တို​နှင့် ထ​ရံ​နား​မှာ​ထိုး​စမ်း​သော်​လည်း၊ အ​ထံ​တော်​မှ ရှောင်​ပြေး​သ​ဖြင့် လှံ​တို​သည် ထ​ရံ​ကို​စူး​လျက်​နေ၏။ ဒါ​ဝိဒ်​သည် ပြေး၍ ထို​ည၌​လွတ်​ရ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 11,
      "text": "ရှော​လု​သည် သူ့​ကို​စောင့်၍ နံ​နက်​ချိန်၌ သတ်​စေ​ခြင်း​ငှာ သူ့​အိမ်​သို့​လူ​ကို​စေ​လွှတ်၏။ ဒါ​ဝိဒ်​မ​ယား မိ​ခါ​လ​က၊ သင်​သည် ယ​နေ့​ည​မှာ ကိုယ်​အ​သက်​ကို မ​ကယ်​မ​လျှင်၊ နက်​ဖြန်​နေ့၌ အ​သေ​ခံ​ရ​လိမ့်​မည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 12,
      "text": "ဒါ​ဝိဒ်​ကို ပြတင်း​ပေါက်​မှ​လျှော့​ချ၍ သူ​သည် အ​လွတ်​ထွက်​ပြေး​လေ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 13,
      "text": "မိ​ခါ​လ​သည်​လည်း၊ တေ​ရပ်​ရုပ်​တု​ကို​ယူ၍ ခု​တင်​ပေါ်​မှာ ထား​ပြီး​လျှင်၊ ဆိတ်​မွေး​ဖြင့်​ရက်​သော ကု​လား​ကာ​နှင့် ခေါင်း​ရင်း​ရှေ့၌​ကာ၍ စောင်​နှင့်​ခြုံ​လေ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 14,
      "text": "ဒါ​ဝိဒ်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ ရှော​လု​စေ​လွှတ်​သော​လု​လင်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​နာ၍ နေ​ပါ​သည်​ဟု မ​ယား​ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 15,
      "text": "ရှော​လု​က​လည်း၊ သူ့​ကို ငါ​သတ်​မည်​အ​ကြောင်း ခု​တင်​နှင့်​တ​ကွ ဆောင်​ခဲ့​ကြ​ဟု ဒါ​ဝိဒ်​ကို အ​ကြည့်​အ​ရှု​စေ​လွှတ်၍၊"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 16,
      "text": "တ​မန်​တို့​သည် ဝင်​ကြ​သော​အ​ခါ ဆိတ်​မွေး​ဖြ​င့် ရက်​သော​ကု​လား​ကာ​နှင့် ခေါင်း​ရင်း​ရှေ့၌ ကာ​လျက်၊ ခု​တင်​ပေါ်​မှာ တေ​ရပ်​ရုပ်​တု ရှိ​ပါ​သည်​တ​ကား။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 17,
      "text": "ရှော​လု​က​လည်း ငါ့​ကို​လှည့်​စား၍ အ​ဘယ်​ကြောင့် ရန်​သူ​ကို လွှတ်​လိုက်​သ​နည်း။ ယ​ခု​လွတ်​အောင် ပြေး​ပါ​ပြီ​တ​ကား​ဟု မိ​ခါ​လ​အား​ပြော​ဆို​လျှင်၊ မိ​ခါ​လ​က ငါ​သွား​မည်။ သို့​မ​ဟုတ် သင့်​ကို​ငါ​သတ်​မည်​ဟု သူ​ပြော​ပါ​သည်​ဟု ရှော​လု​အား ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 18,
      "text": "ထို​သို့ ဒါ​ဝိဒ်​ပြေး၍ ရှော​လု​လက်​မှ​လွတ်​သ​ဖြင့်၊ ရှ​မွေ​လ​ရှိ​ရာ ရာ​မ​မြို့​သို့​ရောက်​လေ၏။ ရှော​လု ပြု​လေ​သ​မျှ​တို့​ကို ပြန်​ကြား​ပြီး​မှ၊ ရှ​မွေ​လ​သည်​သွား၍ နာ​ယုတ်​ရွာ​မှာ​နေ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 19,
      "text": "ဒါ​ဝိဒ်​သည် ရာ​မ​မြို့​နယ်၊ နာ​ယုတ်​ရွာ​မှာ​ရှိ​ကြောင်း​ကို ရှော​လု​သည်​ကြား၍၊"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 20,
      "text": "ဒါ​ဝိဒ်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ စေ​လွှတ်​ပြန်၏။ ပ​ရော​ဖက်​အ​ပေါင်း​အ​သင်း​တို့​သည် ပ​ရော​ဖက်​ပြု​လျက်၊ ရှ​မွေ​လ​စီ​ရင်​လျက်​နေ​သည်​ကို တ​မန်​တို့​သည် တွေ့​မြင်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ရှော​လု၏ တ​မန်​တော်​တို့​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​တို့​သည်​လည်း ပ​ရော​ဖက်​ပြု​ရ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 21,
      "text": "ထို​သ​တင်း​ကို ရှော​လု​သည်​ကြား​လျှင် အ​ခြား​သော​သူ​တို့​ကို စေ​လွှတ်၍၊ သူ​တို့​သည်​လည်း ပ​ရော​ဖက်​ပြု​ရ​ကြ၏။ တ​တိ​ယ​အ​ကြိမ် ရှော​လု​သည်​စေ​လွှတ်၍၊ ထို​အ​တူ​ပြု​ရ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 22,
      "text": "ထို​အ​ခါ ကိုယ်​တိုင်​ရာ​မ​မြို့​သို့​သွား၍၊ စေ​ခု​ရွာ၌​ရှိ​သော ရေ​တွင်း​ကြီး​သို့​ရောက်​သော်၊ ရှ​မွေ​လ​နှင့် ဒါ​ဝိဒ်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ရာ​မ​မြို့​နယ်၊ နာ​ယုတ်​ရွာ​မှာ​ရှိ​ပါ​သည်​ဟု ကြား​လျှောက်​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 23,
      "text": "ထို​အ​ရပ်​သို့​သွား၍၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ​သက်​ရောက်​သ​ဖြင့်၊ နာ​ယုတ်​ရွာ​တိုင်​အောင် ပ​ရော​ဖက်​ပြု​လျက် သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 19,
      "verse": 24,
      "text": "အ​ဝတ်​တော်​ကို​လည်း ချွတ်၍၊ ရှ​မွေ​လ​ရှေ့​မှာ ထို​အ​တူ​ပ​ရော​ဖက်​ပြု​လျက်၊ အ​ဝတ်​မ​ပါ​ဘဲ တစ်​နေ့​နှင့် တစ်​ည လဲ​လျက်​နေ၏။ ထို​ကြောင့် ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌​ပါ​သ​လော​ဟု ဆို​လေ့​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် ရာ​မ​မြို့၊ နာ​ယုတ်​ရွာ​မှ​ပြေး၍ ယော​န​သန်​ထံ​သို့​ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ အ​ဘယ်​အ​ပြစ် ရှိ​သ​နည်း။ ခ​မည်း​တော်​သည် ကျွန်ုပ်​အ​သက်​ကို​ရှာ​မည်​အ​ကြောင်း၊ ကျွန်ုပ်​သည် အ​ဘယ်​ဒု​စ​ရိုက်​ကို ပြု​ဘိ​သ​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 2,
      "text": "ယော​န​သန်​က၊ ဤ​အ​မှု​ဝေး​ပါ​စေ​သော။ သင်​သည် မ​သေ​ရ။ ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​အား​မ​ပြော​ဘဲ အ​မှု​အ​ကြီး​အ​ငယ် တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​မှန်​လျှင် ကျွန်ုပ်​မ​သိ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဝှက်​ထား​မည်​နည်း။ ဤ​အ​မှု​မ​မှန်​ဘူး​ဟု ပြန်​ပြော၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 3,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် သင်၏​မိတ်​ဆွေ​ဖြစ်​ကြောင်း​ကို သင်၏​အ​ဘ​သည် အ​မှန်​သိ​သ​ဖြင့်၊ ယော​န​သန်​စိတ်​မ​သာ ရှိ​မည်​စိုး​ရိမ်၍ သူ​သည် ဤ​အ​မှု​ကို မ​သိ​စေ​နှင့်​ဟု ပြော​ဆို​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​အ​သက်​လည်း ရှင်​သည်​အ​တိုင်း၊ ကျွန်ုပ်​နှင့် သေ​ဘေး​စပ်​ကြား​မှာ အ​သွား​တစ်​လှမ်း​သာ​ရှိ​ပါ​သည်​ဟု အ​ကျိန်​နှင့်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 4,
      "text": "ယော​န​သန်​က​လည်း၊ သင့်​စိတ်​နှ​လုံး အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 5,
      "text": "ဒါ​ဝိဒ်​က၊ နက်​ဖြန်​နေ့​သည် လ​ဆန်း​နေ့​ဖြစ်၍၊ ကျွန်ုပ်​သည် ရှင်​ဘု​ရင်​နှင့်​အ​တူ စား​တော်​ပွဲ​နား​မှာ မ​ထိုင်​ဘဲ​မ​နေ​သင့်။ သို့​သော်​လည်း ကျွန်ုပ်​သွား၍ သုံး​ရက်​နေ့​ညဉ့်​ဦး​တိုင်​အောင် တော၌ ပုန်း​ရှောင်​လျက် နေ​ပါ​ရ​စေ။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 6,
      "text": "သင်၏​အ​ဘ​သည် ကျွန်ုပ်​မ​ရှိ​သည်​ကို မှတ်​မိ​လျှင်၊ ဒါ​ဝိဒ်၏ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် နှစ်​စဉ်​ပွဲ​ခံ​ချိန်​ရှိ​သော​ကြောင့်၊ မိ​မိ​နေ​ရာ ဗက်​လင်​မြို့​သို့ သွား​ရ​မည်​အ​ကြောင်း၊ ကျပ်​ကျပ်​အ​ခွင့်​ပန်​ပါ၏​ဟု​လျှောက်​ပါ။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 7,
      "text": "အ​ဘ​က ကောင်း​ပြီ​ဟု​ဆို​လျှင်၊ ကိုယ်​တော်​ကျွန်​သည် ချမ်း​သာ​ရ​ပြီ။ သို့​မ​ဟုတ် အ​လွန်​စိတ်​ဆိုး​လျှင်၊ ဘေး​ပြု​မည် အ​ကြံ​ရှိ​သည်​ကို သ​ဘော​ကျ​ပါ။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 8,
      "text": "ကိုယ်​တော်​ကျွန်၌ ကျေး​ဇူး​ပြု​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​ကို ကိုယ်​တော်​ကျွန်​နှင့် ဖွဲ့​ပါ​ပြီ။ သို့​သော်​လည်း ကျွန်ုပ်၌​အ​ပြစ်​ရှိ​လျှင် ကိုယ်​တော်​တိုင်​သတ်​ပါ။ အ​ဘယ်​ကြောင့် အ​ဘ​ထံ​သို့ ဆောင်​သွား​ရ​ပါ​မည်​နည်း​ဟု ယော​န​သန်​အား​ဆို၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 9,
      "text": "ယော​န​သန်​က ထို​သို့​သော​အ​မှု ဝေး​ပါ​စေ​သော။ ကျွန်ုပ်​အ​ဘ​သည် သင်၌​ဘေး​ပြု​မည်​ဟု အ​ကြံ​ရှိ​သည်​ကို ကျွန်ုပ်​သည် အ​မှန်​သိ​လျှင် သင့်​အား​မ​ပြော​ဘဲ နေ​လိမ့်​မည်​လော​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 10,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ခ​မည်း​တော်​သည် ကြမ်း​တမ်း​စွာ​ပြန်​ပြော​လျှင်၊ ကျွန်ုပ်​အား အ​ဘယ်​သူ ကြား​ပြော​လိမ့်​မည်​နည်း​ဟု ယော​န​သန်​အား​မေး​သော်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 11,
      "text": "ယော​န​သန်​က၊ ငါ​တို့​သည် တော​သို့​သွား​ကြ​ကုန်​အံ့​ဟု ဒါ​ဝိဒ်​အား​ဆို​လျက်၊ နှစ်​ယောက်​တို့​သည် တော​သို့​ထွက်​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 12,
      "text": "ယော​န​သန်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ နက်​ဖြန်​နေ့၊ သ​ဘက်​နေ့၌ ကျွန်ုပ်​အ​ဘ​ကို​စုံ​စမ်း​သော​အ​ခါ သူ​သည် ဒါ​ဝိဒ်၌ ကောင်း​သော​အ​ကြံ​ရှိ၍ သင့်​ကို​ကျွန်ုပ်​မ​ကြား​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 13,
      "text": "သို့​မ​ဟုတ် ကျွန်ုပ်​အ​ဘ​သည် ဘေး​ပြု​ခြင်း​ငှာ အ​လို​ရှိ၍ သင်​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​မည်​အ​ကြောင်း၊ ကျွန်ုပ် သ​တိ​မ​ပေး မ​လွှတ်​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က ယော​န​သန်​ကို ပြု​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်​အ​ဘ​နှင့် အ​တူ​ရှိ​ခဲ့​ပြီး​သ​ကဲ့​သို့ သင်​နှင့်​အ​တူ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 14,
      "text": "သင်​သည် ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ၌​သာ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​တော်​အ​တိုင်း ကျေး​ဇူး​ပြု​ရ​မည်​မ​က၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​အ​ပေါင်း​တို့​ကို မြေ​ကြီး​ပေါ်​က ပယ်​ရှင်း​တော်​မူ​သော နောက်​မှာ​လည်း၊ ကျွန်ုပ်​အ​မျိုး​အ​နွယ်၌ အ​စဉ်​အ​မြဲ ကျေး​ဇူး​ပြု​ရ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​သ​ဖြင့်​လည်း​ကောင်း၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 16,
      "text": "သ​စ္စာ​ပျက်​လျှင် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ပေး​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်၏ အ​မျိုး​အ​နွယ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်​လည်း​ကောင်း၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 17,
      "text": "ကိုယ်​ဝိ​ညာဉ်​ကို ချစ်​သ​ကဲ့​သို့ ဒါ​ဝိဒ်​ကို​ချစ်​သော​ကြောင့်၊ ချစ်​သော​စိတ်​အား​ကြီး၍ ဒါ​ဝိဒ်​အား အ​ထပ်​ထပ်​ကျိန်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 18,
      "text": "တစ်​ဖန် ယော​န​သန်​က၊ နက်​ဖြန်​နေ့​သည် လ​ဆန်း​နေ့​ဖြစ်၍၊ သင်​ထိုင်​ရာ​အ​ရပ်​လပ်​လျှင် သင်​မ​ရှိ​ကြောင်း ထင်​ရှား​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 19,
      "text": "သင်​သည် သုံး​ရက်​နေ​ပြီး​မှ အ​လျင်​အ​မြန် ဆင်း​လာ​သ​ဖြင့်၊ အ​ရင်​အ​မှု​ရှိ​စဉ် ပုန်း​ရှောင်၍ နေ​ရာ​အ​ရပ်​သို့​ရောက်​လျှင်၊ ဧ​ဇေ​လ​ကျောက်​နား​မှာ နေ​ရ​မည်။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 20,
      "text": "ကျွန်ုပ်​သည်​လည်း၊ စက်​ကို​ပစ်​ဟန်​ပြု၍၊ ထို​ကျောက်​နား​သို့ မြား​သုံး​စင်း​ပစ်​မည်။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 21,
      "text": "မြား​တို့​ကို သွား၍​ရှာ​ချေ​ဟု လူ​က​လေး​ကို စေ​ခိုင်း​သော​အ​ခါ၊ မြား​တို့​သည် နင့်​အ​နား​မှာ​ရှိ၏။ ကောက်​တော့​ဟု သေ​ချာ​စွာ​ပြော​လျှင် လာ​ခဲ့​ပါ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဘေး​မ​ရှိ၊ ချမ်း​သာ​ရ​ပြီ။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 22,
      "text": "သို့​မ​ဟုတ်၊ မြား​တို့​သည် နင့်​ကို​လွန်​ပြီ​ဟု လု​လင်​အား​ဆို​လျှင် သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို လွှတ်​လိုက်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 23,
      "text": "ယ​ခု ငါ​တို့​နှစ်​ယောက် ပြော​သော​အ​မှု​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ကျွန်ုပ်​စပ်​ကြား​မှာ အ​စဉ်​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်​အား ပြော​ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 24,
      "text": "ဒါ​ဝိဒ်​သည် တော၌ ပုန်း​ရှောင်၍​နေ၏။ လ​ဆန်း​နေ့​ရောက်​မှ ရှင်​ဘု​ရင်​သည် စား​တော်​ခေါ်​ခြင်း​ငှာ ထိုင်၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 25,
      "text": "ထုံး​စံ​အ​တိုင်း ထ​ရံ​နား​မှာ ရှင်​ဘု​ရင်​ထိုင်​လျှင်၊ ယော​န​သန်​ထ၍ အာ​ဗ​နာ​သည် ရှော​လု​အ​နား​မှာ​ထိုင်၏။ ဒါ​ဝိဒ်၏ နေ​ရာ​ထိုင်​ရာ​သည် လပ်၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 26,
      "text": "သို့​ရာ​တွင် ရှော​လု​က အ​ကြောင်း​တစ်​စုံ​တစ်​ခု ရှိ​လိမ့်​မည်။ သူ​သည် မ​စင်​ကြယ်။ အ​ကယ်၍ သူ​သည်​မ​စင်​ကြယ်​ဟု ထင်​မှတ်၍ ထို​နေ့၌ တိတ်​ဆိတ်​စွာ​နေ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 27,
      "text": "နက်​ဖြန်​နေ့ လ​ဆန်း​နှစ်​ရက်​နေ့၌ ဒါ​ဝိဒ်၏ နေ​ရာ​ထိုင်​ရာ​သည် လပ်​သော​ကြောင့် ရှော​လု​က၊ ယေ​ရှဲ​သား​သည် စား​ပွဲ​တော်​သို့ မ​နေ့​က​မ​လာ၊ ယ​နေ့​လည်း မ​လာ​ဘဲ အ​ဘယ်​ကြောင့်​နေ​သ​နည်း​ဟု သား​တော်​ယော​န​သန်​အား မေး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 28,
      "text": "ယော​န​သန်​က၊ ဒါ​ဝိဒ်​သည် ဗက်​လင်​မြို့​သို့ သွား​ရ​မည်​အ​ကြောင်း ကျပ်​ကျပ်​အ​ခွင့်​ပန်​လျက်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 29,
      "text": "အ​ကျွန်ုပ် သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့။ အ​ကျွန်ုပ် အ​ဆွေ​အ​မျိုး​တို့​သည် ထို​မြို့၌ ယဇ်​ပွဲ​ကို​ဆောင်​ကြ​ပါ၏။ အ​ကျွန်ုပ်​အစ်​ကို​လည်း မှာ​လိုက်​ပါ​ပြီ။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင် အ​ကျွန်ုပ်​သွား၍ အစ်​ကို​တို့​ကို မြင်​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​ပါ​လော့​ဟု တောင်း​ပန်​ပါ၏။ ထို​ကြောင့် စား​ပွဲ​တော်​သို့ မ​လာ​ပါ​ဟု ရှော​လု​အား လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 30,
      "text": "ထို​အ​ခါ ရှော​လု​သည် ယော​န​သန်​ကို အ​မျက်​ထွက်၍၊ မျောက်​မ​ထား​သော မိန်း​မ၏​သား၊ သင်​သည် ကိုယ်​တိုင် အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ သင့်​အ​မိ​အ​ဝတ်​ကျွတ်၍ အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ ယေ​ရှဲ၏​သား​ဘက်၌ နေ​သည်​ကို ငါ​မ​သိ​သ​လော။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 31,
      "text": "ယေ​ရှဲ၏​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သည်​ကာ​လ​ပတ်​လုံး သင်​နှင့်​သင်၏​နိုင်​ငံ မ​တည်​ရ။ ယ​ခု​စေ​လွှတ်၍ သူ​ကို​ခေါ်​ခဲ့။ သူ​သည် အ​သေ​ခံ​ရ​မည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 32,
      "text": "ယော​န​သန်​က၊ ဒါ​ဝိဒ်​သည် အ​ဘယ်​ကြောင့် အ​သေ​ခံ​ရ​မည်​နည်း။ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား မေး​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 33,
      "text": "ရှော​လု​သည် ယော​န​သန်​ကို​မှန်​စေ​ခြင်း​ငှာ လှံ​တို​ကို လက်​လွှတ်၍ ထိုး​လေ၏။ သို့​ဖြစ်၍ အ​ဘ​သည် ဒါ​ဝိဒ်​ကို သတ်​မည်​အ​ကြံ​ရှိ​သည်​ကို ယော​န​သန်​သည်​သိ​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 34,
      "text": "အ​မျက်​ထွက်၍၊ ထို​လ​ဆန်း​နှစ်​ရက်​နေ့၌ အ​စာ​မ​စား​ဘဲ ထ​သွား၏။ မိ​မိ​အ​ဘ​သည် ဒါ​ဝိဒ်​ကို အ​ရှက်​ခွဲ​သော​ကြောင့် ဒါ​ဝိဒ်​အ​တွက် ညှိုး​ငယ်​သော​စိတ်​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 35,
      "text": "နံ​နက်​ရောက်​မှ ဒါ​ဝိဒ်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ ယော​န​သန်​သည် လူ​က​လေး​ကို​ခေါ်၍ တော​သို့​သွား၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 36,
      "text": "လူ​က​လေး​အား​လည်း ပြေး​တော့။ ငါ​ပစ်​သော မြား​တို့​ကို ရှာ​တော့​ဟု​ဆို၍ လူ​က​လေး​သည်​ပြေး​သော​အ​ခါ သူ့​ကို​လွန်​အောင် မြား​တစ်​စင်း​ကို ပစ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 37,
      "text": "ယော​န​သန်​ပစ်​သော မြား​ကျ​ရာ​အ​ရပ်​သို့ လူ​က​လေး​ရောက်​သော​အ​ခါ၊ ယော​န​သန်​က၊ မြား​တစ်​စင်း​သည် နင့်​ကို​လွန်​ပြီ​မ​ဟုတ်​လော။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 38,
      "text": "ကြိုး​စား၍ အ​လျင်​အ​မြန်​ပြေး​တော့။ မ​နေ​နှင့်​ဟု လူ​က​လေး​နောက်​မှာ ဟစ်​လေ၏။ လူ​က​လေး​သည်​လည်း မြား​တို့​ကို​ကောက်၍ မိ​မိ​သ​ခင့်​ထံ​သို့ ပြန်​လာ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 39,
      "text": "သို့​ရာ​တွင် လူ​က​လေး​သည် ထို​အ​မှု​ကို​နား​မ​လည်။ ယော​န​သန်​နှင့် ဒါ​ဝိဒ်​သာ နား​လည်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 40,
      "text": "ယော​န​သန်​သည် မိ​မိ​လက်​နက်​တို့​ကို လူ​က​လေး၌​အပ်၍ မြို့​ထဲ​သို့​ယူ​သွား​တော့​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 41,
      "text": "လူ​က​လေး​သွား​သော​နောက်၊ ဒါ​ဝိဒ်​သည် တောင်​မျက်​နှာ​အ​ရပ်​က ထ၍ မြေ​ပေါ်​မှာ​ပျပ်​ဝပ်​လျက် သုံး​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပြီး​လျှင်၊ သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်​နမ်း​လျက် မျက်​ရည်​ကျ​လျက်၊ ဒါ​ဝိဒ်​သည်​သာ၍ ပြု​သည်​တိုင်​အောင် ပြု​ကြ၏။"
    },
    {
      "book": 9,
      "chapter": 20,
      "verse": 42,
      "text": "ယော​န​သန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ကျွန်ုပ်​စပ်​ကြား၊ သင့်​အ​မျိုး​အ​နွယ်​နှင့် ကျွန်ုပ်​အ​မျိုး​အ​နွယ် စပ်​ကြား​မှာ အ​စဉ်​အ​မြဲ​ရှိ​တော်​မူ​စေ​သ​တည်း​ဟူ၍ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို တိုင်​တည်​သ​ဖြင့်၊ ငါ​တို့​နှစ်​ယောက်​သည် ကျိန်​ဆို​ကြ​သည်​ကို​ထောက်၍၊ ငြိမ်​ဝပ်​စွာ သွား​တော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​သည် ထ​သွား၍ ယော​န​သန်​လည်း မြို့​ထဲ​သို့ ဝင်​လေ၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​ရှိ​ရာ နော​ဗ​မြို့​သို့​ရောက်၍၊ အ​ဟိ​မ​လက်​သည် ဒါ​ဝိဒ်​နှင့်​တွေ့​သော​အ​ခါ ကြောက်၍၊ သင်​သည် လူ​တစ်​ယောက်​မျှ​မ​ပါ​ဘဲ အ​ဘယ်​ကြောင့် တစ်​ကိုယ်​တည်း​လာ​သ​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 2,
      "text": "ဒါ​ဝိဒ်​က၊ ရှင်​ဘု​ရင် အ​မှု​တော်​တစ်​ခု​ကို​အပ်၍၊ ငါ​စေ​ခိုင်း​မှာ​ထား​သော အ​မှု​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​နှင့်​ဟု မိန့်​တော်​မူ​သော​ကြောင့်၊ ငါ့​ကျွန်​တို့​ကို ဤ​မည်​သော​အ​ရပ် ဤ​မည်​သော​အ​ရပ်၌ ဆိုင်း​လင့်​စေ​ခြင်း​ငှာ အ​ရင်​စေ​လွှတ်​လေ​ပြီ။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 3,
      "text": "သို့​ဖြစ်၍ ကိုယ်​တော်​လက်၌​ရှိ​သော မုန့်​ငါး​လုံး​ကို​သော်​လည်း​ကောင်း၊ တွေ့​သ​မျှ​ကို​သော်​လည်း​ကောင်း၊ ကျွန်ုပ်​လက်​သို့​အပ်​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​အား​တောင်း၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 4,
      "text": "ယဇ်​ပု​ရော​ဟိတ်​က၊ ငါ့​လက်၌ လူ​တိုင်း​စား​ရ​သော မုန့်​မ​ရှိ။ လု​လင်​တို့​သည် မိန်း​မ​ကို​သာ​ရှောင်​လျှင်၊ သန့်​ရှင်း​သော မုန့်​ရှိ​သည်​ဟု ဒါ​ဝိဒ်​အား​ဆို၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 5,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​ထွက်​က​တည်း​က အ​ဘယ်​သူ​မျှ မိန်း​မ​နှင့်​မ​ပေါင်း​ဖော်၊ လု​လင်​တန်​ဆာ​တို့​သည် သန့်​ရှင်း​ပါ၏။ ထို​မုန့်​လည်း လူ​တိုင်း​စား​ရ​သော မုန့်​ကဲ့​သို့​ဖြစ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ယ​နေ့ သန့်​ရှင်း​သော​မုန့်​သစ်​ကို တင်​ထား​လျက်​ရှိ​ပါ၏​ဟု ယဇ်​ပု​ရော​ဟိတ်​အား ပြန်​ပြော​သော်၊"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ရှေ့​တော်​မုန့်​မှ​တစ်​ပါး အ​ခြား​သော​မုန့်​မ​ရှိ​သော​ကြောင့် သန့်​ရှင်း​သော​မုန့်​ကို​ပေး၏။ ထို​ရှေ့​တော်​မုန့်​အ​စား၌ မုန့်​သစ်​ကို တင်​ထား​အံ့​သော​ငှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှ နုတ်​ပယ်​နှင့်​ပြီ။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 7,
      "text": "ထို​နေ့၌ အ​မှု​တော်​ထမ်း​အ​ဝင် သိုး​တော်​ထိန်း​အုပ် ဧ​ဒုံ​အ​မျိုး​သား၊ ဒေါ​ဂ​အ​မည်​ရှိ​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စောင့်​နေ​ရ၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 8,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ကိုယ်​တော်၌ ဓား​လှံ​ရှိ​သ​လော။ အ​မှု​တော်​ကို အ​လျင်​အ​မြန်​ဆောင်​ရ​သော​ကြောင့်၊ ဓား​အ​စ​ရှိ​သော လက်​နက်​တစ်​စုံ​တစ်​ခု​မျှ မ​ပါ​ဟု အ​ဟိ​မ​လက်​အား ပြော​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 9,
      "text": "ယဇ်​ပု​ရော​ဟိတ်​က၊ ဧ​လာ​ချိုင့်၌ သင်​လုပ်​ကြံ​ခဲ့​သော ဖိ​လိ​တ္တိ​လူ ဂေါ​လျတ်၏​ဓား​သည် အ​ဝတ်​နှင့်​ထုပ်​ရစ်​လျက် သင်​တိုင်း​တော်​နောက်​မှာ​ရှိ၏။ ယူ​ချင်​လျင် ယူ​တော့။ အ​ခြား​သော​ဓား​မ​ရှိ​ဟု ဆို​လျှင်၊ ဒါ​ဝိဒ်​က ထို​ဓား​နှင့်​တူ​သော ဓား​မ​ရှိ။ ပေး​ပါ​တော့​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 10,
      "text": "ထို​နေ့၌ ဒါ​ဝိဒ်​သည် ရှော​လု​ကို ကြောက်​သော​ကြောင့် ထ၍ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ထံ​သို့ ပြေး​သွား၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 11,
      "text": "အာ​ခိတ်​မင်း၏​ကျွန်​တို့​က၊ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​လော။ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ် အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု ဤ​သူ​ရှေ့​မှာ အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 12,
      "text": "ထို​စ​ကား​ကို ဒါ​ဝိဒ်​သည်​မှတ်​မိ၍၊ ဂါ​သ​မင်း​ကြီး​အာ​ခိတ်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 13,
      "text": "ရူး​သွပ်​ဟန်​ဆောင်၍ သူ​တို့​ရှေ့​မှာ အ​ရူး​ကဲ့​သို့​ပြု​လျက်၊ တံ​ခါး​ရွက်​ပေါ်၌ ရေး​သား၍ မိ​မိ​တံ​တွေး​ကို မုတ်​ဆိတ်​တွင် ယို​စေ၏။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 14,
      "text": "အာ​ခိတ်​မင်း​က​လည်း ကြည့်​ကြ​လော့။ ဤ​သူ​သည် အ​ရူး​ဖြစ်၏။ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ သွင်း​ကြ​သ​နည်း။"
    },
    {
      "book": 9,
      "chapter": 21,
      "verse": 15,
      "text": "အ​ရူး​ကို ငါ​အ​သုံး​လို​သည်​ဟု သင်​တို့​သည် ထင်​လျက် ငါ့​ရှေ့​မှာ အ​ရူး​လုပ်​စေ​ခြင်း​ငှာ ဤ​သူ​ကို သွင်း​ကြ​သ​လော။ ဤ​သူ​သည် နန်း​တော်​ထဲ​သို့ ဝင်​ရ​မည်​လော​ဟု ကျွန်​တို့​အား​ဆို၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် ထို​အ​ရပ်​မှ​ပြေး၍ အ​ဒု​လံ​ဥ​မင်​သို့ ဘေး​လွတ်​လျက် ရောက်​လေ၏။ သူ့​အစ်​ကို​များ၊ အ​ဆွေ​အ​မျိုး​များ အ​ပေါင်း​တို့​သည် ကြား​လျှင် သူ့​ထံ​သို့​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 2,
      "text": "အ​မှု​ရောက်​သော​သူ၊ ကြွေး​တင်​သော​သူ၊ စိတ်​ညစ်​သော​သူ အ​ပေါင်း​တို့​သည်၊ သူ့​ထံ​မှာ​စု​ဝေး​ကြ၍ လူ​လေး​ရာ​ခန့်​ရှိ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို​အုပ်​ရ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 3,
      "text": "ထို​အ​ရပ်​မှ မော​ဘ​ပြည် မိ​ဇ​ပါ​မြို့​သို့​သွား၍၊ မော​ဘ​ရှင်​ဘု​ရင်​အား၊ ဘု​ရား​သ​ခင်​သည် ကျွန်​တော်၌ အ​ဘယ်​သို့​ပြု​တော်​မူ​မည်​ကို ကျွန်​တော်​မ​သိ​ဘဲ​နေ​စဉ်​တွင်၊ ကျွန်​တော်​မိ​ဘ​သည် ထွက်​လာ၍ ကိုယ်​တော်​ထံ၌ နေ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 4,
      "text": "မော​ဘ​ရှင်​ဘု​ရင်​ထံ​သို့ သွင်း၍၊ ဒါ​ဝိဒ်​သည် ခိုင်​ခံ့​သော​ဥ​မင်၌ နေ​သည်​ကာ​လ​ပတ်​လုံး၊ မိ​ဘ​တို့​သည် မော​ဘ​ရှင်​ဘု​ရင်​ထံ​မှာ နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 5,
      "text": "တစ်​ဖန် ပ​ရော​ဖက်​ဂဒ်​က၊ ခိုင်​ခံ့​သော​ဥ​မင်၌ မ​နေ​နှင့်။ ထွက်၍ ယု​ဒ​ပြည်​သို့​သွား​လော့​ဟု ဒါ​ဝိဒ်​အား ဆို​သည်​အ​တိုင်း ဒါ​ဝိဒ်​သွား၍ ဟာ​ရက်​တော၌​နေ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 6,
      "text": "ထို​အ​ခါ ရှော​လု​သည် ဂိ​ဗာ​မြို့၌ ကုန်း​ပေါ်​တွင် သစ်​ပင်​အောက်​မှာ လှံ​ကို​ကိုင်​လျက်၊ ကျွန်​အ​ပေါင်း​တို့​သည် ခြံ​ရံ​လျက်​နေ​စဉ်​တွင်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည်​ပေါ်​ကြောင်း​ကို ရှော​လု​ကြား၍၊"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 7,
      "text": "အို ဗင်္ယာ​မိန် အ​မျိုး​သား​တို့၊ ယေ​ရှဲ၏​သား​သည် လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို သင်​တို့​ရှိ​သ​မျှ၌ ဝေ​ပေး​နိုင်​သ​လော။ သင်​တို့​ရှိ​သ​မျှ​ကို လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​နိုင်​သ​လော။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 8,
      "text": "ထို​သို့ ပြု​နိုင်​သော​ကြောင့် သင်​တို့​အ​ပေါင်း​သည် ငါ့​တစ်​ဖက်၌ သင်း​ဖွဲ့​ကြ​သ​လော။ ငါ့​သား​သည် ယေ​ရှဲ၏​သား​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြောင်း​ကို တစ်​ယောက်​မျှ​မ​ပြော။ ငါ့​အ​တွက် တစ်​ယောက်​မျှ ဝမ်း​မ​နည်း။ ငါ့​ကျွန်​သည် ယ​နေ့ ပြု​သည်​အ​တိုင်း၊ ငါ့​ကို ချောင်း​မြောင်း​စေ​ခြင်း​ငှာ၊ ငါ့​သား​နှိုး​ဆော်​ကြောင်း​ကို တစ်​ယောက်​မျှ​မ​ပြော​ဘဲ နေ​ကြ​သည်​တ​ကား​ဟု အ​ခြံ​အ​ရံ​တို့​အား ဆို​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 9,
      "text": "ရှော​လု၏​ကျွန်​အုပ် ဧ​ဒုံ​အ​မျိုး​သား ဒေါ​ဂ​က၊ ယေ​ရှဲ၏​သား​သည် အ​ဟိ​တုပ်၏​သား အ​ဟိ​မ​လက်​ရှိ​ရာ နော​ဗ​မြို့​သို့​ရောက်​ကြောင်း​ကို ကျွန်​တော်​မြင်​ပါ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 10,
      "text": "အ​ဟိ​မ​လက်​သည် ယေ​ရှဲ၏​သား​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​မြန်း၍ စား​စ​ရိတ်​ကို​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ ဂေါ​လျတ်၏​ဓား​ကို​လည်း​ကောင်း​ပေး​ပါ၏​ဟု ကြား​လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 11,
      "text": "ရှင်​ဘု​ရင်​သည် အ​ဟိ​တုပ်၏​သား ယဇ်​ပု​ရော​ဟိတ် အ​ဟိ​မ​လက်​နှင့် သူ၏​အ​ဆွေ​အ​မျိုး​တည်း​ဟူ​သော နော​ဗ​မြို့၌​နေ​သော ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 12,
      "text": "ရှော​လု​က​လည်း၊ အ​ဟိ​တုပ်၏​သား​နား​ထောင်​လော့​ဟု ဆို​လျှင်၊ အ​ဟိ​မ​လက်​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​သ​ခင်​ဟု လျှောက်၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 13,
      "text": "ရှော​လု​က​လည်း၊ သင်​နှင့်​ယေ​ရှဲ၏​သား​သည် အ​ဘယ်​ကြောင့် ငါ့​တစ်​ဖက်၌ သင်း​ဖွဲ့​ကြ​သ​နည်း။ သူ​သည် ယ​နေ့​ပြု​သည်​အ​တိုင်း ငါ့​ကို​ပုန်​ကန်​စေ​ခြင်း​ငှာ သင်​သည် မုန့်​နှင့်​ဓား​ကို​ပေး၍ သူ့​အ​ဖို့ ဘု​ရား​သ​ခင့်​ထံ​တော်၌ မေး​မြန်း​ပြီ​တ​ကား​ဟု ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 14,
      "text": "အ​ဟိ​မ​လက်​က၊ ကိုယ်​တော်၏​ကျွန်​တို့​တွင် ဒါ​ဝိဒ်​ကဲ့​သို့ အ​ဘယ်​သူ​သည် သ​စ္စာ​ရှိ​သ​နည်း။ သ​မက်​တော် ဖြစ်​ပါ၏။ စေ​ခိုင်း​တော်​မူ​သော​သူ၊ နန်း​တော်၌ အ​သ​ရေ​ရှိ​သော​သူ ဖြစ်​ပါ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 15,
      "text": "ထို​ကာ​လ၌ အ​ကျွန်ုပ်​သည် ဒါ​ဝိဒ်​အ​ဖို့ ဘု​ရား​သ​ခင့်​ထံ​တော်၌ မေး​မြန်း​စ​ပြု​သ​လော။ ထို​အ​မှု ဝေး​ပါ​စေ​သော။ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​ကျွန်​နှင့် ကျွန်​တော်၏​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်၌​မျှ အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​မှု​ကို အ​ကြီး​အ​ငယ်​အား​ဖြင့်​မျှ မ​သိ​ပါ​ဟု ရှင်​ဘု​ရင်​အား လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 16,
      "text": "ရှင်​ဘု​ရင်​က၊ အ​ဟိ​မ​လက်၊ သင်​နှင့် သင်၏​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဒါ​ဝိဒ်​ဘက်​မှာ​နေ၍၊ သူ​ပြေး​ကြောင်း​ကို သိ​သော်​လည်း ငါ့​အား​မ​ကြား​မ​ပြော​သော​ကြောင့်၊ သူ​တို့​ကို လှည့်၍​သတ်​ကြ​ဟု ခြံ​ရံ​လျက်​ရှိ​သော ခြေ​သည်​တို့​အား အ​မိန့်​တော်​ရှိ​သော်​လည်း၊ ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​လုပ်​ကြံ​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 18,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​က၊ သင်​သည်​လှည့်၍ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြံ​တော့​ဟု ဒေါ​ဂ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​ဒုံ​အ​မျိုး​သား​ဒေါ​ဂ​သည် လှည့်၍ ပိတ်​သင်​တိုင်း​ကို​ဝတ်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ဆယ့်​ငါး​ပါး​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​နေ့၌ သတ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 19,
      "text": "ယဇ်​ပု​ရော​ဟိတ်​ပိုင်​သော နော​ဗ​မြို့​ကို​လည်း တိုက်၍ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍ နွား၊ မြည်း၊ သိုး​တို့​ကို ဓား​နှင့်​လုပ်​ကြံ​လေ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 20,
      "text": "အ​ဟိ​တုပ်၏ သား​ဖြစ်​သော အ​ဟိ​မ​လက်၏​သား​တို့​တွင်၊ အ​ဗျာ​သာ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် လွတ်၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့ ပြေး​လေ၏။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ရှော​လု​သတ်​ကြောင်း​ကို၊ အ​ဗျာ​သာ​သည် ဒါ​ဝိဒ်​အား​ကြား​ပြော​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 22,
      "text": "ဒါ​ဝိဒ်​က၊ ဧ​ဒုံ​အ​မျိုး​သား​ဒေါ​ဂ​သည် ရှော​လု​အား​ပြော​မည်​ဟု သူ့​ကို​တွေ့​သော​နေ့၌ ငါ​ရိပ်​မိ၏။ ငါ​သည် သင်၏ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​ကို သေ​စေ​ခြင်း​ငှာ​ပြု​မိ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 9,
      "chapter": 22,
      "verse": 23,
      "text": "ငါ​နှင့် အ​တူ​နေ​ပါ​လော့။ မ​စိုး​ရိမ်​နှင့်။ ငါ့​အ​သက်​ကို ရှာ​သော​သူ​သည် သင့်​အ​သက်​ကို​ရှာ၏။ ငါ​နှင့်​အ​တူနေ​လျှင် ဘေး​လွတ်​ပါ​လိမ့်​မည်​ဟု အ​ဗျာ​သာ​အား ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 1,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ကိ​လ​မြို့​ကို​တိုက်၍ ကောက်​နယ်​တ​လင်း​တို့​ကို လု​ယူ​ကြောင်း​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 2,
      "text": "အ​ကျွန်ုပ်​သည် ထို​ဖိ​လိ​တ္တိ​လူ​တို့​ကို သွား၍ လုပ်​ကြံ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ၍ ကိ​လ​မြို့​ကို ကယ်​တင်​လော့​ဟု ဒါ​ဝိဒ်​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 3,
      "text": "ဒါ​ဝိဒ်၏​လူ​တို့​က​လည်း၊ ငါ​တို့​သည် ယု​ဒ​ပြည်၌​ပင် ကြောက်​ကြ၏။ ထို​မျှ​မ​က ကိ​လ​မြို့​သို့​ရောက်၍ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ​တို့​နှင့် စစ်​ပြိုင်​သော​အ​ခါ သာ၍ ကြောက်​စ​ရာ​ရှိ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 4,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​သည် ထပ်၍ ထာ​ဝ​ရ​ဘု​ရား​အား​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ထ၍ ကိ​လ​မြို့​သို့ သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 5,
      "text": "ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ကိ​လ​မြို့​သို့​သွား၍ ဖိ​လိ​တ္တိ​လူ​တို့​နှင့်​တိုက်​သ​ဖြင့်၊ ထို​သူ​တို့၏ တိ​ရ​စ္ဆာန်​များ​ကို​ယူ၍ သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်​ကြ၏။ ထို​သို့​ဒါ​ဝိဒ်​သည် ကိ​လ​မြို့​ကို ကယ်​တင်​လေ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 6,
      "text": "အ​ဟိ​မ​လက်၏​သား​အ​ဗျာ​သာ​သည်၊ ဒါ​ဝိဒ်​ရှိ​ရာ​ကိ​လ​မြို့​သို့ ပြေး​လာ​သော​အ​ခါ သင်​တိုင်း​တော်​ပါ​လျက် ရောက်​လာ​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 7,
      "text": "ဒါ​ဝိဒ်​သည် ကိ​လ​မြို့​သို့​ရောက်​ကြောင်း​ကို ရှော​လု​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​ငါ့​လက်​သို့ အပ်​တော်​မူ​ပြီ။ တံ​ခါး​နှင့် ကန့်​လန့်​ကျင်​ရှိ​သော မြို့​ထဲ​သို့​ဝင်​သ​ဖြင့်၊ အ​ချုပ်​ခံ​လျက် နေ​ရ​သည်​ဟု ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 8,
      "text": "ကိ​လ​မြို့​သို့​စစ်​ချီ၍ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ဝိုင်း​ထား​ခြင်း​ငှာ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 9,
      "text": "ရှော​လု​သည် မ​ကောင်း​သော​အ​ကြံ​နှင့် ကြိုး​စား​သည်​ကို ဒါ​ဝိဒ်​သည်​သိ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား၊ သင်​တိုင်း​တော်​ကို ယူ​ခဲ့​ပါ​ဟု​ဆို၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 10,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​က၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု​သည် ကိ​လ​မြို့​သို့​လာ၍ ကိုယ်​တော်၏​ကျွန်​အ​တွက်​ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​သည်​ကို ဆက်​ဆက်​ကြား​ပါ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 11,
      "text": "ကိ​လ​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို သူ၏​လက်၌​အပ်​ကြ​ပါ​လိမ့်​မည်​လော။ ကိုယ်​တော်၏ ကျွန်​ကြား​သည်​အ​တိုင်း ရှော​လု​သည် လာ​ပါ​လိမ့်​မည်​လော။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ကျွန်​အား အ​မိန့်​ရှိ​တော်​မူ​မည်​အ​ကြောင်း​တောင်း​ပန်​ပါ၏​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​သည် လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 12,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​က၊ ကိ​လ​မြို့​သား​တို့​သည် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​ကို ရှော​လု​လက်​သို့ အပ်​ကြ​လိမ့်​မည်​လော​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အပ်​ကြ​ပါ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 13,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် ခြောက်​ရာ​ခန့်​ရှိ​သော မိ​မိ​လူ​တို့​နှင့်​ထ၍ ကိ​လ​မြို့​မှ ထွက်​ပြီး​လျှင်၊ သွား​နိုင်​ရာ​အ​ရပ်​ရပ်​သို့ သွား​ကြ၏။ ဒါ​ဝိဒ်​သည် ကိ​လ​မြို့​မှ အ​လွတ်​ပြေး​ကြောင်း​ကို ရှော​လု​သည်​ကြား၍ ကိုယ်​တိုင်​မ​သွား​ဘဲ​နေ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 14,
      "text": "ဒါ​ဝိဒ်​သည် ဇိ​ဖ​တောင်​အ​စ​ရှိ​သော တော​ကြို​တောင်​ကြား​တို့၌ နေ၍၊ ရှော​လု​သည် နေ့​တိုင်း​ရှာ​သော်​လည်း သူ၏​လက်၌ ဒါ​ဝိဒ်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မ​မူ။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 15,
      "text": "တစ်​ရံ​ရော​အ​ခါ ဒါ​ဝိဒ်​သည် ဇိ​ဖ​တော​အုပ်၌​ရှိ၍၊ သူ၏​အ​သက်​ကို သတ်​မည်​ဟု ရှော​လု​လာ​သည်​ကို သိ​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 16,
      "text": "ရှော​လု၏​သား​ယော​န​သန်​သည် ထ၍ ဒါ​ဝိဒ်​ရှိ​ရာ​တော​အုပ်​သို့ သွား​ပြီး​လျှင်၊ ဘု​ရား​သ​ခင်၌ ခို​လှုံ​အား​ကြီး​စေ​ခြင်း​ငှာ ထောက်​မ​လျက်၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 17,
      "text": "မ​စိုး​ရိမ်​နှင့်။ သင်​သည် ကျွန်ုပ်​အ​ဘ ရှော​လု၏​လက်​မှ​လွတ်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်။ ကျွန်ုပ်​သည်​လည်း သင့်​အောက်​မှာ အ​ရာ​ကြီး​လိမ့်​မည်။ ထို​သို့​ဖြစ်​မည်​ကို ကျွန်ုပ်​အ​ဘ​ရှော​လု​သိ​သည်​ဟု ဆို​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 18,
      "text": "ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ဋိ​ညာဉ်​ဖွဲ့​ကြ​ပြီး​မှ၊ ဒါ​ဝိဒ်​သည် တော​အုပ်၌​နေ၍ ယော​န​သန်​သည် မိ​မိ​အိမ်​သို့​သွား၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 19,
      "text": "တစ်​ဖန် ဇိ​ဖ​သား​တို့​သည် ရှော​လု​ရှိ​ရာ ဂိ​ဗာ​မြို့​သို့​လာ၍၊ ဒါ​ဝိဒ်​သည် ကျွန်​တော်​တို့​နေ​ရာ ယေ​ရှိ​မုန်​မြို့​တောင်​ဘက်​မှာ၊ ဟ​ခိ​လ​တော​ကြို​တောင်​ကြား၌ ပုန်း​လျက်​နေ​သည်​ဖြစ်၍၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 20,
      "text": "အ​ရှင်​မင်း​ကြီး​ကြွ​ချင်​သော စိတ်​အား​ကြီး​သည်​အ​တိုင်း ကြွ​တော်​မူ​ပါ။ ထို​သူ​ကို အ​ရှင်​မင်း​ကြီး​လက်​တော်​သို့ အပ်​သော​အ​မှု​သည် ကျွန်​တော်​တို့​တာ​ရှိ​ပါ​စေ​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 21,
      "text": "ရှော​လု​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သော​သူ ဖြစ်​ပါ​စေ​သော။ သင်​တို့​သည် ငါ့​ကို​သ​နား​ကြ​ပြီ။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 22,
      "text": "ယ​ခု​သွား၍ ပြင်​ဆင်​ကြ​လော့။ သူ​ပုန်း​ရှောင်၍ နေ​ရာ​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ မြင်​ပြီး​သည်​ကို​လည်း​ကောင်း စူး​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​လိ​မ္မာ​သည်​ကို ငါ​ကြား၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 23,
      "text": "ထို​ကြောင့် သူ​ပုန်း​ရှောင်​ခို​လှုံ​ရာ အ​ရပ်​ရပ်​တို့​ကို သေ​ချာ​စွာ​ကြည့်​ရှု​သိ​မှတ်​ပြီး​မှ၊ ငါ့​ထံ​သို့ တစ်​ဖန်​လာ​ကြ​လျှင်၊ သင်​တို့​နှင့် အ​တူ​ငါ​လိုက်​မည်။ သူ​သည် ထို​ပြည်၌​ရှိ​လျှင်၊ ယု​ဒ​အ​မျိုး​သား အ​ထောင်​အ​သောင်း​တို့​တွင် ငါ​ရှာ၍​ထုတ်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 24,
      "text": "သူ​တို့​သည်​ထ၍ ရှော​လု​အ​ရင် ဇိ​ဖ​တော​သို့​သွား​ကြ၏။ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် မော​န​တော၊ ယေ​ရှိ​မုန်​မြို့ တောင်​ဘက်​လွင်​ပြင်၌ ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 25,
      "text": "ရှော​လု​သည်​လည်း လူ​များ​နှင့်​တ​ကွ လာ၍​ရှာ​သည်​ကို ဒါ​ဝိဒ်​သည် ကြား​ပြန်​လျှင်၊ ကျောက်​ကြား​မှ​ထွက်​သွား၍ မော​န​တော၌​နေ၏။ ရှော​လု​ကြား​ပြန်​သော်၊ မော​န​တော၌ ဒါ​ဝိဒ်​ကို​လိုက်၍ ရှာ၏။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 26,
      "text": "ရှော​လု​သည် တောင်​တစ်​ဖက်၌​လည်း​ကောင်း၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တစ်​ဖက်၌​လည်း​ကောင်း၊ သွား​ကြ၍ ရှော​လု​ကို​ကြောက်​သ​ဖြင့်၊ လွတ်​အောင်​ကြိုး​စား​စဉ်​တွင်၊ ရှော​လု​နှင့် သူ၏​လူ​တို့​သည် ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ဝိုင်း၍ ဖမ်း​မိ​လု​ကြ​ပြီ။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 27,
      "text": "ထို​အ​ခါ တ​မန်​ရောက်​လာ၍၊ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ ဖိ​လိ​တ္တိ​လူ​တို့​သည် ပြည်​တော်​ကို တိုက်​လာ​ကြ​ပါ​ပြီ​ဟု ရှော​လု​အား ကြား​လျှောက်​သော​ကြောင့်၊"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 28,
      "text": "ရှော​လု​သည် ဒါ​ဝိဒ်​ကို​လိုက်​ရှာ​ရာ​မှ ပြန်၍ ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။ သို့​ဖြစ်၍ ထို​အ​ရပ်​ကို သေ​လ​ဟ​မ္မ​လေ​ကုပ်​အ​မည်​ဖြင့် သ​မုတ်​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 23,
      "verse": 29,
      "text": "ဒါ​ဝိဒ်​သည် ထို​အ​ရပ်​မှ​သွား၍ အင်္ဂေ​ဒိ​မြို့​နယ်၊ ခိုင်​ခံ့​သော​အ​ရပ်​တို့၌ နေ​လေ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 1,
      "text": "ရှော​လု​သည်​လည်း ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် အင်္ဂေ​ဒိ​တော၌ ရှိ​ပါ၏​ဟု ကြား​လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​တွင် ရွေး​ကောက်​သော လူ​သုံး​ထောင်​တို့​ကို​ခေါ်၍၊ တော​ဆိတ်​နေ​ရာ ကျောက်​တောင်​တို့​အ​ပေါ်​မှာ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ရှာ​အံ့​သော​ငှာ သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 3,
      "text": "လမ်း​နား​မှာ သိုး​ခြံ​ရှိ​ရာ​သို့​ရောက်၍ ဥ​မင်​ကို​တွေ့​သ​ဖြင့်၊ ရှော​လု​သည် အိပ်​မည်​ဟု ဝင်​လေ၏။ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​သည် ထို​ဥ​မင်​နံ​ဘေး တစ်​ဖက်​တစ်​ချက်၌ နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 4,
      "text": "ဒါ​ဝိဒ်၏​လူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​ကို သင့်​လက်၌​ငါ​အပ်​မည်။ သူ၌ သင်​ပြု​ချင်​တိုင်း ပြု​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်​ဟု ကိုယ်​တော်​အား အ​မိန့်​ပေး​တော်​မူ​သော​နေ့​ရက် ရောက်​ပါ​ပြီ​ဟု ဆို​ကြ​လျှင်၊ ဒါ​ဝိဒ်​သည်​ထ၍ ရှော​လု​ဝတ်​လျက်​ရှိ​သော အင်္ကျီ​အောက်​ပိုင်း​ကို တိတ်​ဆိတ်​စွာ လှီး​ဖြတ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 5,
      "text": "ထို​သို့ ရှော​လု၏​အင်္ကျီ​ကို လှီး​ဖြတ်​မိ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် နောက်​တစ်​ဖန် နောင်​တ​ရ၍၊"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ကို​ခံ​ရ​သော ငါ့​အ​ရှင်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သူ​ဖြစ်​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​လက်​ဆန့်​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု မိ​မိ​လူ​တို့​အား​ဆို​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 7,
      "text": "ရှော​လု​ကို​ထိ​ခိုက်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး မြစ်​တား​လေ၏။ ရှော​လု​သည်​လည်း ထ၍ ဥ​မင်​ထဲ​က ထွက်​သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 8,
      "text": "ထို​နောက် ဒါ​ဝိဒ်​သည်​ထ၍ ဥ​မင်​ထဲ​က​ထွက်​လျက်၊ ကျွန်​တော်၏​သ​ခင်​အ​ရှင်​မင်း​ကြီး​ဟု ရှော​လု​နောက်၌ ဟစ်​သ​ဖြင့်၊ ရှော​လု​သည် နောက်​သို့​ကြည့်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် မြေ​ပေါ်၌ ဦး​ချ၍ ပျပ်​ဝပ်​လျက်၊"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 9,
      "text": "ဒါ​ဝိဒ်​သည် ကိုယ်​တော်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သည်​ဟု လူ​အ​ချို့​ပြော​သော​စ​ကား​ကို အ​ဘယ်​ကြောင့် နား​ထောင်​တော်​မူ​သ​နည်း။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 10,
      "text": "ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဥ​မင်​ထဲ​မှာ ကိုယ်​တော်​ကို ကျွန်​တော်​လက်၌ အပ်​တော်​မူ​ကြောင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို​သတ်​စေ​ခြင်း​ငှာ အ​ချို့​တို့​သည် တိုက်​တွန်း​သော်​လည်း၊ ကျွန်​တော်​သည် နှ​မြော​သော​စိတ်​ရှိ၍၊ ငါ့​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ခံ​သူ ဖြစ်​တော်​မူ​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​သည် လက်​ကို​မ​ဆန့်​ဟု အ​ကြံ​ရှိ​ပါ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 11,
      "text": "ထို​မှ​တစ်​ပါး ကျွန်​တော်​အ​ဘ ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​လက်၌ အင်္ကျီ​တော်​အောက်​ပိုင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို မ​သတ်၊ အင်္ကျီ​တော်​အောက်​ပိုင်း​ကို လှီး​ဖြတ်​ရုံ​မျှ​သာ ပြု​သော​ကြောင့်၊ ကျွန်​တော်၌ ဒု​စ​ရိုက်​အ​ပြစ်​မ​ရှိ၊ လွန်​ကျူး​ခြင်း​အ​ပြစ် မ​ရှိ​ကြောင်း​ကို သိ​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ပါ။ သို့​သော်​လည်း ကျွန်​တော်​အ​သက်​ကို သတ်​အံ့​သော​ငှာ လိုက်၍ ရှာ​တော်​မူ​ပါ​သည်​တ​ကား။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​အား ပြစ်​မှား​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 13,
      "text": "ရှေး​ပုံ​စ​ကား​လာ​သည်​အ​တိုင်း၊ ဆိုး​သော​သူ​လက်​မှ ဆိုး​သော​အ​မှု​ထွက်​တတ်၏။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ဘယ်​သူ၏​အ​တွက်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ကို​လိုက်၍ ရှာ​တော်​မူ​သ​နည်း။ ခွေး​သေ​ကောင်​ကို လိုက်၍ ရှာ​တော်​မူ​သ​လော။ ခွေး​လှေး​ကို လိုက်၍​ရှာ​တော်​မူ​သ​လော။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 15,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကြည့်​ရှု၍ ကျွန်​တော်​အ​မှု​ကို​စောင့်​သ​ဖြင့်၊ ကျွန်​တော်​ကို ကိုယ်​တော်​လက်​မှ ကယ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ရှော​လု​အား လျှောက်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 16,
      "text": "ထို​သို့​ဒါ​ဝိဒ်​သည် ရှော​လု​အား အ​ကုန်​အ​စင်​လျှောက်​ဆို​ပြီး​မှ၊ ရှော​လု​က ငါ့​သား​ဒါ​ဝိဒ်၊ ငါ​ကြား​သော စ​ကား​သံ​သည် သင့်​စ​ကား​သံ​လော​ဟု​မေး​လျှင် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လေ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 17,
      "text": "တစ်​ဖန်​လည်း၊ သင်​သည် ငါ့​ထက်​သာ၍ တ​ရား​စောင့်၏။ သင့်​အ​ကျိုး​ကို ငါ​ဖျက်​သော်​လည်း၊ သင်​သည် ငါ၌ အ​ကျိုး​ကျေး​ဇူး​ပြု​ပြီ။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 18,
      "text": "ငါ၌ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​သည်​ကို သင်​သည်​ယ​နေ့​ပြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​လက်၌ အပ်​တော်​မူ​သော်​လည်း၊ သင်​သည် မ​သတ်​ဘဲ​နေ​ပါ​သည်​တ​ကား။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 19,
      "text": "လူ​သည် ရန်​သူ​ကို​တွေ့​လျှင် ချမ်း​သာ​စွာ လွှတ်​လိမ့်​မည်​လော။ သို့​ဖြစ်၍ သင်​သည် ငါ၌​ယ​နေ့​ပြု​သော​ကျေး​ဇူး​ကို ထာ​ဝ​ရ​ဘု​ရား ဆပ်​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 20,
      "text": "ယ​ခု​မှာ​သင်​သည် စင်​စစ် ရှင်​ဘု​ရင်​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ဣ​သ​ရေ​လ​နိုင်​ငံ​သည် သင့်​လက်၌​တည်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ငါ​အ​မှန်​သိ၏။"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 21,
      "text": "သို့​ဖြစ်၍ သင်​သည် ငါ၏​သား​စဉ်​မြေး​ဆက်​တို့​ကို မ​သုတ်​သင်၊ ငါ့​အ​ဆွေ​အ​မျိုး​ထဲ​က ငါ၏​နာ​မ​ကို မ​ပယ်​ရှင်း​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ခြင်း​ကို ပြု​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​ပြီး​မှ၊"
    },
    {
      "book": 9,
      "chapter": 24,
      "verse": 22,
      "text": "ဒါ​ဝိဒ်​သည် ရှော​လု​အား ကျိန်​ဆို​ခြင်း​ကို​ပြု၍ ရှော​လု​သည် မိ​မိ​နေ​ရာ​သို့ သွား၏။ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည်​လည်း ခိုင်​ခံ့​သော​အ​ရပ်​သို့ သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 1,
      "text": "ထို​နောက် ရှ​မွေ​လ​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​သ​ဖြင့်၊ ရာ​မ​မြို့​တွင် သူ၏​အိမ်၌ သင်္ဂြိုဟ်​ကြ၏။ ဒါ​ဝိဒ်​သည် ထ၍ ပါ​ရန်​တော​သို့ သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 2,
      "text": "ထို​အ​ခါ မော​န​အ​ရပ်၌​နေ၍ က​ရ​မေ​လ​မြို့၌ ဥ​စ္စာ​များ​သော သူ​တစ်​ဦး​ရှိ၏။ ထို​သူ​သည် လူ​ကြီး​ဖြစ်၍၊ သိုး​သုံး​ထောင်၊ ဆိတ်​တစ်​ထောင်​ကို ရ​တတ်၏။ က​ရ​မေ​လ​မြို့​မှာ သိုး​မွေး​ကို​ညှပ်၍​နေ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 3,
      "text": "ထို​သူ၏​အ​မည်​ကား နာ​ဗ​လ၊ သူ၏​မ​ယား​အ​မည်​ကား အ​ဘိ​ဂဲ​လ​တည်း။ ထို​မိန်း​မ​သည် ဉာဏ်​ကောင်း၍ အ​ဆင်း​လည်း​လှ၏။ ယောက်ျား​မူ​ကား ခက်​ထန်​သော သ​ဘော​ရှိ၏။ ဆိုး​သော​အ​မှု​ကို​လည်း ပြု​တတ်၏။ ကာ​လက်​အ​ဆွေ​အ​မျိုး ဖြစ်၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 4,
      "text": "နာ​ဗ​လ​သည် သိုး​မွေး​ညှပ်၍​နေ​ကြောင်း​ကို ဒါ​ဝိဒ်​သည် တော၌​ကြား​လျှင်၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 5,
      "text": "လု​လင်​တစ်​ကျိပ်​တို့​ကို​ခေါ်၍ နာ​ဗ​လ​ရှိ​ရာ က​ရ​မေ​လ​မြို့​သို့ သွား​ကြ​တော့။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 6,
      "text": "စည်း​စိမ်​ကြီး​သော ထို​သူ​ကို ငါ့​ကိုယ်​စား နှုတ်​ဆက်၍​ပြော​ရ​မည်​မှာ၊ ကိုယ်​တော်​မှ​စ၍ ကိုယ်​တော်၏​အိမ်၊ ကိုယ်​တော်​နှင့် ဆိုင်​သ​မျှ​တို့၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 7,
      "text": "ကိုယ်​တော်၌ သိုး​မွေး​ညှပ်​သော သူ​များ​ရှိ​ကြောင်း​ကို အ​ကျွန်ုပ်​ကြား​ပါ၏။ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​နေ​သော ကိုယ်​တော်၏​သိုး​ထိန်း​တို့​ကို အ​ကျွန်ုပ်​တို့​သည် မ​ပြစ်​မှား​ပါ။ သူ​တို့​သည် က​ရ​မေ​လ​မြို့​မှာ နေ​သော​ကာ​လ​ပတ်​လုံး၊ သူ​တို့​ဥ​စ္စာ တစ်​စုံ​တစ်​ခု​မျှ မ​ပျောက်​ပါ။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 8,
      "text": "ကိုယ်​တော်၏ လု​လင်​တို့​ကို မေး​မြန်း​ပါ​တော့။ သူ​တို့​သည် ပြော​ကြ​လိမ့်​မည်။ ထို​ကြောင့် ကျွန်ုပ်၏​လု​လင်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ကြ​ပါ​စေ။ အ​ကျွန်ုပ်​တို့​သည် မင်္ဂ​လာ​နေ့၌ ရောက်​ပါ၏။ လက်​တော်၌​ရှိ​သ​မျှ​ကို ကိုယ်​တော်​ကျွန်​များ၊ ကိုယ်​တော်၏​သား​ဒါ​ဝိဒ်​အား သ​နား​တော်​မူ​ပါ​ဟု နှုတ်​ဆက်​ရ​မည်​အ​ကြောင်း​မှာ​ထား၍ လွှတ်​လိုက်၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 9,
      "text": "ဒါ​ဝိဒ်၏​လု​လင်​တို့​သည် နာ​ဗ​လ​ထံ​သို့ ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ပြန်​ပြော​ပြီး​လျှင် တိတ်​ဆိတ်​စွာ နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 10,
      "text": "နာ​ဗ​လ​က​လည်း၊ ဒါ​ဝိဒ်​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှဲ၏​သား​ကား အ​ဘယ်​သူ​နည်း။ ယ​ခု​ကာ​လ သ​ခင်​ကို ပုန်​ကန်​သော ကျွန်​များ​ပါ​တ​ကား။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 11,
      "text": "ငါ​သည် ငါ့​သိုး​မွေး​ကို ညှပ်​သော​သူ​တို့​အ​ဖို့ ပြင်​ဆင်​သော ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​အ​မဲ​သား​ကို​ယူ၍ ငါ​မ​သိ​သော လူ​တို့​အား​ပေး​ရ​မည်​လော​ဟု ဒါ​ဝိဒ်၏​လု​လင်​တို့​အား​ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 12,
      "text": "ဒါ​ဝိဒ်၏ လု​လင်​တို့​သည် လှည့်​သွား၍ ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ဒါ​ဝိဒ်​အား​ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 13,
      "text": "ဒါ​ဝိဒ်​က​လည်း လူ​တိုင်း မိ​မိ​ဓား​ကို ခါး၌​စည်း​စေ​ဟု မိ​မိ​လူ​တို့​အား​ဆို​လျက် မိ​မိ​ဓား​ကို စည်း​လေ၏။ လူ​လေး​ရာ​တို့​သည် ဒါ​ဝိဒ်​နောက်​သို့ လိုက်​ကြ၏။ နှစ်​ရာ​တို့​သည် ဥ​စ္စာ​ပ​စ္စည်း​များ​ကို စောင့်၍ နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 14,
      "text": "လု​လင်​တစ်​ယောက်​သည် နာ​ဗ​လ​မ​ယား​အ​ဘိ​ဂဲ​လ​ထံ​သို့​သွား၍၊ ဒါ​ဝိဒ်​သည် အ​ကျွန်ုပ်​တို့​သ​ခင်​ကို နှုတ်​ဆက်​အံ့​သော​ငှာ တ​မန်​တို့​ကို​တော​မှ​စေ​လွှတ်၍၊ အ​ကျွန်ုပ်​တို့​သ​ခင်​သည် သူ​တို့​ကို​ဆဲ​ပါ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 15,
      "text": "ထို​သူ​တို့​သည် ကျွန်​တော်​တို့၌ အ​လွန်​ကျေး​ဇူး​ပြု​ပါ​ပြီ။ ကျွန်​တော်​တို့​သည် တော​မှာ​နေ၍ သူ​တို့​နှင့် ပေါင်း​ဖော်​သော​ကာ​လ​ပတ်​လုံး အ​ရှုံး​မ​ခံ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​မျှ မ​ပျောက်​ပါ။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 16,
      "text": "ကျွန်​တော်​တို့​သည် သိုး​ထိန်း၍ သူ​တို့​နှင့်​ပေါင်း​ဖော်​သော ကာ​လ​ပတ်​လုံး၊ သူ​တို့​သည် နေ့​ည​အ​စဉ်​ကွယ်​ကာ​လျက် နေ​ကြ​ပါ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 17,
      "text": "သို့​ဖြစ်၍ သ​ခင်​မ​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ပါ​တော့။ အ​ကျွန်ုပ်​တို့​သ​ခင်​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့၌ ဘေး​ပြု​မည်​ဟု စီ​ရင်​ပါ​ပြီ။ သ​ခင်​သည် အ​ဓ​မ္မ​လူ​ဖြစ်​သော​ကြောင့်၊ အ​ဘယ်​သူ​မှ၊ မ​ပြော​မ​လျှောက်​ဝံ့​ပါ​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 18,
      "text": "အ​ဘိ​ဂဲ​လ​သည် မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည်​ဘူး​နှစ်​လုံး၊ ချက်​ပြီး​သော သိုး​ငါး​ကောင်၊ ပေါက်​ပေါက်​ငါး​ဧ​ဖာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး ပျဉ်​အ​ပြား​နှစ်​ရာ​တို့​ကို အ​လျင်​အ​မြန်​ယူ၍ မြည်း​တို့​အ​ပေါ်၌​တင်​ပြီး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 19,
      "text": "ငါ့​ရှေ့​မှာ သွား​ကြ။ ငါ​လိုက်​မည်​ဟု ကျွန်​တို့​အား​ဆို၏။ လင်​နာ​ဗ​လ​ကို အ​လျှင်း​မ​ပြော။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 20,
      "text": "မြည်း​ကို​စီး​လျက်​သွား၍ တောင်​ခြေ​ရင်း၌ ဆင်း​လှည့်​စဉ်​တွင်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တစ်​ဖက်​တစ်​ချက် ဆင်း​လာ၍ တစ်​ယောက်​နှင့်​တစ်​ယောက် တွေ့​ကြုံ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 21,
      "text": "ထို​သို့​မ​တွေ့​မီ ဒါ​ဝိဒ်​က၊ အ​ကယ်​စင်​စစ် ထို​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပျောက်​စေ​ခြင်း​ငှာ၊ တော၌​သူ​ပိုင်​သ​မျှ​တို့​ကို ငါ​သည် အ​ချည်း​နှီး​စောင့်​ပါ​ပြီ​တ​ကား။ ငါ​ကောင်း​သော​အ​မှု​အ​တွက်၊ မ​ကောင်း​သော​အ​မှု​ကို သူ​ပြု​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 22,
      "text": "နက်​ဖြန် မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ​နှင့်​ဆိုင်​သော သူ​အ​ပေါင်း​တို့​တွင် ယောက်ျား​တစ်​စုံ​တစ်​ယောက်​ကို ငါ​ချန်​ထား​လျှင်၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ပြု​တော်​မူ​စေ​သ​တည်း​ဟု ဆို​နှင့်​ပြီ။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 23,
      "text": "အ​ဘိ​ဂဲ​လ​သည် ဒါ​ဝိဒ်​ကို မြင်​သော​အ​ခါ၊ မြည်း​ပေါ်​က အ​လျင်​အ​မြန်​ဆင်း​ပြီး​လျှင် ဒါ​ဝိဒ်​ရှေ့​တွင် မြေ​ပေါ်​မှာ ဦး​ညွှတ်​ချ၍၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 24,
      "text": "သူ၏​ခြေ​ရင်း၌ ဝပ်​တွား​လျက်၊ ကျွန်​မ​သ​ခင်၊ အ​ပြစ်​ရှိ​သ​မျှ​ကို ကျွန်​မ​ခံ​ပါ​မည်။ ကိုယ်​တော်၏​ကျွန်​မ​သည် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 25,
      "text": "ကိုယ်​တော်၏​ကျွန်​မ​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထို​အ​ဓ​မ္မ​လူ နာ​ဗ​လ​ကို ကျွန်​မ​သ​ခင် မှတ်​တော်​မ​မူ​ပါ​နှင့်။ သူ၏​အ​မည်​သည် သူ၏​သ​ဘော​နှင့် ညီ​ညွတ်​ပါ၏။ သူ၏​အ​မည်​ကား နာ​ဗ​လ။ သူ၏​သ​ဘော​ကား မိုက်​ခြင်း​ဖြစ်​သ​တည်း။ သ​ခင်​စေ​လွှတ်​တော်​မူ​သော လု​လင်​တို့​ကို ကိုယ်​တော်​ကျွန်​မ​သည် မ​မြင်​ရ​ပါ။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 26,
      "text": "ယ​ခု​မှာ ကျွန်​မ​သ​ခင်၊ ကိုယ်​တော်​သည် လူ​အ​သက်​ကို​သတ်​ခြင်း​ငှာ မ​သွား​မည်​အ​ကြောင်း ကိုယ်​လက်​နှင့် ကိုယ်​အ​မှု​ကို​စောင့်၍ အ​ပြစ်​ဒဏ်​မ​ပေး​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ဆီး​တား​တော်​မူ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​တော် ကိုယ်​တော်​အ​သက်​လည်း ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကျိုး​တော်​ကို ဖျက်​ဆီး​လို​သော ကိုယ်​တော်၏​ရန်​သူ​တို့​သည် နာ​ဗ​လ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 27,
      "text": "ယ​ခု​မှာ ကိုယ်​တော်၏​ကျွန်​မ​သည် သ​ခင့်​ထံ​သို့ ဆောင်​ခဲ့​သော လက်​ဆောင်​ကို ကျွန်​မ​သ​ခင်​နောက်​တော်​သို့ လိုက်​သော​လု​လင်​တို့​အား ပေး​စေ​တော်​မူ​ပါ။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 28,
      "text": "ကိုယ်​တော်၏​ကျွန်​မ​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ ကျွန်​မ​သ​ခင်​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​မှာ စစ်​တိုက်​သော​ကြောင့်​လည်း​ကောင်း၊ တစ်​သက်​လုံး ကိုယ်​တော်၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​သော​အိမ်​ကို တည်​ဆောက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 29,
      "text": "ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၌ ကျေး​ဇူး​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 31,
      "text": "ကျွန်​မ၏​သ​ခင်​ကိုယ်​တော်​သည် အ​ကြောင်း​မ​ရှိ​ဘဲ လူ​အ​သက်​ကို သတ်​မိ​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​အ​မှု​ကို စောင့်၍၊ အ​ပြစ်​ဒဏ်​ပေး​မိ​သော​ကြောင့်​လည်း​ကောင်း ကျွန်​မ၏​သ​ခင် ကိုယ်​တော်​သည် စိတ်​ညှိုး​ငယ်​ခြင်း၊ ကိုယ်​တိုင်​ကိုယ် အ​ပြစ်​တင်​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၏​သ​ခင်၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ၊ ကိုယ်​တော်၏​ကျွန်​မ​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 32,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ယ​နေ့​ငါ​နှင့် တွေ့​စေ​ခြင်း​ငှာ၊ သင့်​ကို စေ​လွှတ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 33,
      "text": "သင်​ပေး​သော​အ​ကြံ​လည်း မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ယ​နေ့​ငါ​သည် လူ​အ​သက်​ကို သတ်​အံ့​သော​ငှာ၊ မ​သွား​ရ​မည်​အ​ကြောင်း၊ ကိုယ်​လက်​နှင့် ကိုယ်​အ​မှု​ကို​စောင့်၍ အ​ပြစ်​ဒဏ်​မ​ပေး​ရ​မည်​အ​ကြောင်း ဆီး​တား​သော​သင်​သည်​လည်း မင်္ဂ​လာ​ရှိ​စေ​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 34,
      "text": "အ​ကယ်​စင်​စစ် သင့်​ကို ငါ​မ​ညှဥ်း​ဆဲ​ရ​မည်​အ​ကြောင်း၊ ဆီး​တား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည်​ငါ​နှင့် တွေ့​ခြင်း​ငှာ အ​လျင်​အ​မြန်​မ​လာ​လျှင်၊ အ​ကယ်​စင်​စစ် နက်​ဖြန်​မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ၏ လူ​ယောက်ျား တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​ချန်၍​မ​ထား​ဟု အ​ဘိ​ဂဲ​လ​အား ပြော​ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 35,
      "text": "သူ​ဆောင်​ခဲ့​သော လက်​ဆောင်​ကို သူ၏​လက်​မှ​ခံ​ယူ၍၊ သင်​သည် နေ​ရာ​အိမ်​သို့ ငြိမ်​ဝပ်​စွာ​သွား​လော့။ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ သင်၏​မျက်​နှာ​ကို​လည်း ထောက်၍ နေ​မည်​ဟု​ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 36,
      "text": "အ​ဘိ​ဂဲ​လ​သည်​လည်း နာ​ဗ​လ​ထံ​သို့ ပြန်​သွား၍၊ သူ​သည် ရှင်​ဘု​ရင်၏ ပွဲ​ကဲ့​သို့​သော​ပွဲ​ကို မိ​မိ​အိမ်၌​ခံ​သ​ဖြင့်၊ ယစ်​မူး၍ စိတ်​ရွှင်​လန်း​လျက် နေ​သော​ကြောင့်၊ မိုး​မ​လင်း​မီ မ​ယား​သည် အ​လျှင်း​မ​ပြော။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 37,
      "text": "မိုး​လင်း၍ နာ​ဗ​လ​သောက်​သော စ​ပျစ်​ရည်​အ​ရှိန်​ကုန်​သော​အ​ခါ၊ ထို​အ​မှု​များ​ကို မ​ယား​ပြော​သ​ဖြင့် သူ​သည်​နှ​လုံး​သေ၍ ကျောက်​ကဲ့​သို့​ဖြစ်၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 38,
      "text": "ဆယ်​ရက်​လောက်​လွန်​မှ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် နာ​ဗ​လ​သေ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 39,
      "text": "နာ​ဗ​လ​သေ​ကြောင်း​ကို ဒါ​ဝိဒ်​ကြား​သော​အ​ခါ၊ ငါ​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​အ​မှု​ကို စောင့်၍ နာ​ဗ​လ​လက်​မှ နုတ်​တော်​မူ၍၊ ကိုယ်​တော်​ကျွန်​ကို ဒု​စ​ရိုက်​နှင့် ကင်း​လွတ်​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် နာ​ဗ​လ​ပြု​သော ဒု​စ​ရိုက်​ကို သူ့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​တော်​မူ​ပြီ​ဟု ဆို၏။ တစ်​ဖန် လူ​ကို​စေ​လွှတ်၍ အ​ဘိ​ဂဲ​လ​နှင့် လက်​ထပ်​ခြင်း​ငှာ နှုတ်​ဆက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 40,
      "text": "ဒါ​ဝိဒ်၏ ကျွန်​တို့​သည် အ​ဘိ​ဂဲ​လ​ရှိ​ရာ က​ရ​မေ​လ​မြို့​သို့ ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် သ​ခင်​မ​နှင့်​လက်​ထပ်​ခြင်း​ငှာ ကျွန်​တော်​တို့​ကို စေ​လွှတ်​ပါ​ပြီ​ဟု ပြော​ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 41,
      "text": "အ​ဘိ​ဂဲ​လ​သည်​ထ၍ မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် ကျွန်​မ​သ​ခင်၏ ကျွန်​တို့​ခြေ​ကို ဆေး​သော ကျွန်​မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 42,
      "text": "အ​လျင်​အ​မြန်​ထ၍ မိ​မိ​နောက်​လိုက် ကျွန်​မ​ငါး​ယောက်​ပါ​လျက် မြည်း​စီး​သ​ဖြင့်၊ ဒါ​ဝိဒ်​စေ​လွှတ်​သော လူ​တို့​နှင့်​တ​ကွ​လိုက်၍ ဒါ​ဝိဒ်၏​ခင်​ပွန်း ဖြစ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 43,
      "text": "ဒါ​ဝိဒ်​သည် ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​ကို​လည်း သိမ်း၍ ထို​မိန်း​မ​နှစ်​ယောက်​တို့​သည် သူ၏​ခင်​ပွန်း​ဖြစ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 25,
      "verse": 44,
      "text": "ရှော​လု​သည် မိ​မိ​သ​မီး​ဖြစ်​သော ဒါ​ဝိဒ်၏​မ​ယား​မိ​ခါ​လ​ကို၊ ဂ​လ္လိမ်​မြို့​သား​ဖြစ်​သော လဲ​ရှ၏​သား​ဖာ​လ​တိ​အား ပေး​စား​နှင့်​ပြီ။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 1,
      "text": "တစ်​ဖန် ဇိ​ဖ​သား​တို့​သည် ရှော​လု​ရှိ​ရာ ဂိ​ဗာ​မြို့​သို့​လာ၍၊ ဒါ​ဝိဒ်​သည် ယေ​ရှိ​မုန်​မြို့​ရှေ့​မှာ ဟ​ခိ​လ​တောင်၌ ပုန်း​ရှောင်၍ နေ​ပါ​သည်​မ​ဟုတ်​လော​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 2,
      "text": "ရှော​လု​သည် ထ၍ ရွေး​ကောက်​သော ဣ​သ​ရေ​လ​လူ​သုံး​ထောင်​ပါ​လျက်၊ ဇိ​ဖ​တော၌ ဒါ​ဝိဒ်​ကို​ရှာ​ခြင်း​ငှာ သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 3,
      "text": "ရှော​လု​သည် ယေ​ရှိ​မုန်​မြို့​ရှေ့၊ ဟ​ခိ​လ​တောင်​ပေါ်​လမ်း​နား​မှာ တပ်​ချ၏။ ဒါ​ဝိဒ်​သည် တော၌​နေ၍ ရှော​လု​လိုက်​ရှာ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 4,
      "text": "သူ​လျှို​တို့​ကို စေ​လွှတ်၍ ရှော​လု​ရောက်​ကြောင်း​ကို အ​တပ်​သိ၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 5,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် ထ​သွား၍၊ ရှော​လု​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​သ​ဖြင့်၊ ရှော​လု​နှင့် ဗိုလ်​ချုပ်​မင်း နေ​ရ၏​သား​အာ​ဗ​နာ အိပ်​ရာ​အ​ရပ်​ကို ကြည့်​ရှု​လေ၏။ ရှော​လု​သည် ရ​ထား​တပ်​အ​လယ်၌​အိပ်​လျက်၊ တပ်​သား​တို့​သည် ပတ်​လည်၌ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 6,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ရှော​လု​ရှိ​ရာ​တပ်​သို့ ငါ​နှင့်​အ​တူ အ​ဘယ်​သူ​လိုက်​မည်​နည်း​ဟု ဟိ​တ္တိ​အ​မျိုး​သား အ​ဟိ​မ​လက်​နှင့် ဇေ​ရု​ယာ၏​သား ယွာ​ဘ​ညီ အ​ဘိ​ရှဲ​တို့​ကို မေး​လျှင်၊ အ​ဘိ​ရှဲ​က ကျွန်​တော်​လိုက်​ပါ​မည်​ဟု လျှောက်​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 7,
      "text": "ဒါ​ဝိဒ်​နှင့် အ​ဘိ​ရှဲ​တို့​သည် ည​အ​ခါ တပ်​သား​များ​ရှိ​ရာ​သို့​သွား၍ ရှော​လု​သည် ရ​ထား​တပ်​အ​လယ်၌ အိပ်​ပျော်​လျက်၊ လှံ​တော်​သည် ခေါင်း​ရင်း​အ​နား မြေ၌​စိုက်​လျက်၊ အာ​ဗ​နာ​နှင့် တပ်​သား​များ​တို့​သည် ပတ်​လည်၌​အိပ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 8,
      "text": "အ​ဘိ​ရှဲ​က​လည်း၊ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏​ရန်​သူ​ကို ကိုယ်​တော်​လက်၌ ယ​နေ့​အပ်​တော်​မူ​ပြီ။ ထို​ကြောင့် ကျွန်​တော်​သည် မြေ​တိုင်​အောင် လှံ​နှင့် တစ်​ချက်​တည်း​ထိုး​ပါ​ရ​စေ​ဟု ကျွန်​တော်​တောင်း​ပန်​ပါ၏။ နှစ်​ချက်​တိုင်​အောင် မ​ထိုး​ပါ​ဟု ဒါ​ဝိဒ်​ကို​လျှောက်​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 9,
      "text": "ဒါ​ဝိဒ်​က​သူ့​ကို မ​ပြု​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို အ​ဘယ်​သူ​အ​ပြစ်​လွှတ်​လျက် ထိ​ခိုက်​နိုင်​သ​နည်း​ဟု အ​ဘိ​ရှဲ​အား​ပြန်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 10,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ​မည်။ သို့​မ​ဟုတ် သူ​သေ​ချိန်​ရောက်​လိမ့်​မည်။ သို့​မ​ဟုတ် စစ်​တိုက်​ရာ၌ အ​သက်​ဆုံး​လိမ့်​မည်။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ခံ​သူ​ကို ငါ​မ​ထိ​ခိုက်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ခေါင်း​ရင်း​တော်​နား​မှာ​ရှိ​သော လှံ​တော်​နှင့်​ရေ​ဘူး​ကို ယူ၍ သွား​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 12,
      "text": "လှံ​တော်​နှင့်​ရေ​ဘူး​ကို ရှော​လု​ခေါင်း​ရင်း​နား​က ယူ၍​သွား​ကြ၏။ အ​ဘယ်​သူ​မျှ မ​သိ​မ​မြင်၊ အ​ဘယ်​သူ​မျှ မ​နိုး၊ ကြီး​စွာ​သော​အိပ်​ခြင်း​ဖြင့် ထာ​ဝ​ရ​ဘု​ရား အိပ်​စေ​တော်​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် အိပ်​ပျော်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 13,
      "text": "ထို​အ​ခါ​ဒါ​ဝိဒ်​သည် ကျယ်​သော​ချိုင့် တစ်​ဖက်​သို့​ကူး၍၊ ဝေး​သော တောင်​ထိပ်​အ​ပေါ်​မှာ​ရပ်​လျက်၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 14,
      "text": "အို​အာ​ဗ​နာ၊ သင်​သည် မ​ထူး​သ​လော​ဟု လူ​များ​နှင့် နေ​ရ​သား​အာ​ဗ​နာ​ကို ဟစ်​လေ၏။ အာ​ဗ​နာ​က၊ ရှင်​ဘု​ရင်​ကို ဟစ်​သော​သင်​ကား အ​ဘယ်​သူ​နည်း​ဟု ပြန်၍​မေး​လျှင်၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 15,
      "text": "ဒါ​ဝိဒ်​က၊ သင်​သည်​ယောက်ျား​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး၌ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ သို့​ဖြစ်၍ သင်၏​သ​ခင် ရှင်​ဘု​ရင်​ကို အ​ဘယ်​ကြောင့် မ​စောင့်​သ​နည်း။ သင်၏​သ​ခင်​ရှင်​ဘု​ရင်​ကို သတ်​အံ့​သော​ငှာ လူ​တစ်​ယောက်​ဝင်​လေ​ပြီ။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 16,
      "text": "သင်​ပြု​သော​အ​မှု​သည် မ​လျောက်​ပတ်။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော သင်၏​သ​ခင်​ကို မ​စောင့်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​သည် အ​သေ​ခံ​ထိုက်​ပေ၏။ ခေါင်း​ရင်း​တော်​နား​မှာ​ထား​သော ရှင်​ဘု​ရင်၏​လှံ​တော်​နှင့် ရေ​ဘူး​တော်​ရှိ​သည် မ​ရှိ​သည်​ကို ကြည့်​ရှု​လော့​ဟု အာ​ဗ​နာ​အား​ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 17,
      "text": "ရှော​လု​သည် ဒါ​ဝိဒ်​စ​ကား​သံ​ကို သိ၍ ငါ့​သား​ဒါ​ဝိဒ်၊ ငါ​ကြား​သော​စ​ကား​သံ​သည် သင့်​စ​ကား​သံ​လော​ဟု မေး​လျှင် ဒါ​ဝိဒ်​က ကျွန်​တော်​စ​ကား​သံ မှန်​ပါ၏။ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​ဟု လျှောက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 18,
      "text": "တစ်​ဖန်​ဒါ​ဝိဒ်​က၊ သ​ခင်​သည် ကိုယ်​တော်​ကျွန်​ကို အ​ဘယ်​ကြောင့် ဤ​သို့​လိုက်၍​ရှာ​တော်​မူ​သ​နည်း။ ကျွန်​တော်​သည် အ​ဘယ်​သို့​ပြု​ပါ​သ​နည်း။ ကျွန်​တော် အ​ဘယ်​အ​ပြစ် ရှိ​ပါ​သ​နည်း။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 19,
      "text": "ယ​ခု​မှာ ကျွန်​တော်​သ​ခင်​ရှင်​ဘု​ရင်၊ ကိုယ်​တော်​ကျွန်​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကျွန်​တော်​တစ်​ဖက်၌ နှိုး​ဆော်​တော်​မူ​သည် မှန်​လျှင်၊ ယဇ်​ပူ​ဇော်​ခြင်း​ကို​လက်​ခံ​တော်​မူ​ပါ​စေ​သော။ သို့​မ​ဟုတ် လူ​သား​တို့ နှိုး​ဆော်​သည်​မှန်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​ခြင်း​ကို ခံ​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ သူ​တို့​က သွား​တော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို​ဝတ်​ပြု​တော့​ဟု ဆို​လျက် ကျွန်​တော်​ကို ထာ​ဝ​ရ​ဘု​ရား၏​အ​မွေ​တော်​မြေ၌ မ​နေ​စေ​ခြင်း​ငှာ ယ​နေ့​ပင် နှင်​ထုတ်​ကြ​ပါ​သည်​တ​ကား။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 20,
      "text": "သို့​ဖြစ်၍ ကျွန်​တော်​အ​သွေး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မြေ​သို့​မ​ကျ​ပါ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ငုံး​ကို တောင်​ပေါ်​မှာ လိုက်၍​ရှာ​သ​ကဲ့​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခွေး​လှေး​ကို​ရှာ​ခြင်း​ငှာ ထွက်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 21,
      "text": "ရှော​လု​က​လည်း ငါ​ပြစ်​မှား​ပါ​ပြီ။ ငါ့​သား​ဒါ​ဝိဒ် ပြန်​လာ​ပါ။ သင်​သည် ယ​နေ့​ငါ့​အ​သက်​ကို နှ​မြော​သော​ကြောင့်၊ နောက်​တစ်​ဖန် သင့်​ကို​ငါ​မ​ညှဉ်း​ဆဲ။ ငါ​သည်​လူ​မိုက်​ဖြစ်၏။ အ​လွန်​မှား​ယွင်း​ပြီ​ဟု ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 22,
      "text": "ဒါ​ဝိဒ်​က၊ ရှင်​ဘု​ရင်​လှံ​တော်​ရှိ​ပါ၏။ လု​လင်​တစ်​ယောက်​လာ၍ ယူ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 23,
      "text": "လူ​အ​သီး​အ​သီး​တို့​သည် ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ ကိုယ်​တော်​ကို ကျွန်​တော်​လက်၌ အပ်​တော်​မူ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ခံ​သူ​ကို ကျွန်​တော်​မ​ထိ​မ​ခိုက်​ပါ။"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 24,
      "text": "ယ​နေ့ ကိုယ်​တော်​အ​သက်​ကို ကျွန်​တော်​နှ​မြော​သည်​နည်း​တူ ကျွန်​တော်​အ​သက်​ကို ထာ​ဝ​ရ​ဘု​ရား​နှ​မြော၍ ကျွန်​တော်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်​လျှင်၊"
    },
    {
      "book": 9,
      "chapter": 26,
      "verse": 25,
      "text": "ရှော​လု​က၊ ငါ့​သား​ဒါ​ဝိဒ်၊ သင်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ပြု​လေ​ရာ​ရာ၌ အောင်​မြင်​ပါ​စေ​သော​ဟု ဒါ​ဝိဒ်​အား​ဆို​ပြီး​မှ ဒါ​ဝိဒ်​သည် ထွက်​သွား၍ ရှော​လု​သည်​လည်း မိ​မိ​နေ​ရာ​သို့​ပြန်​လေ၏။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 1,
      "text": "တစ်​ဖန်​ဒါ​ဝိဒ်​က၊ ငါ​သည် ရှော​လု​လက်​ဖြင့် ဆုံး​ရှုံး​ရ​သော အ​ချိန်​ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ ဖိ​လိ​တ္တိ​ပြည်​သို့ အ​လျင်​အ​မြန် ပြေး​ကောင်း၏။ သည်​ထက်​ကောင်း​သော​အ​ရာ​မ​ရှိ။ သို့​ပြု​လျှင် ရှော​လု​သည် ဣ​သ​ရေ​လ​ပြည်​နယ်​တွင် ငါ့​ကို ရှာ၍​မ​တွေ့​နိုင်​ကြောင်း​ကို သိ​လျက်၊ အား​လျော့၍ သူ့​လက်​မှ ငါ​လွတ်​လိမ့်​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 2,
      "text": "မိ​မိ၌​ပါ​သော လူ​ခြောက်​ရာ​နှင့်​တ​ကွ ထ၍ ဂါ​သ​မင်း​မော​ခ​သား အာ​ခိတ်​ထံ​သို့ ကူး​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 3,
      "text": "ဒါ​ဝိဒ်​နှင့် သူ၏​လူ​များ​တို့​သည် အ​သီး​အ​သီး မိ​မိ​သား​မ​ယား​ပါ​လျက် ဂါ​သ​မြို့၊ အာ​ခိတ်​မင်း​ထံ​မှာ နေ​ကြ၏။ ဒါ​ဝိဒ်​မ​ယား​နှစ်​ယောက်၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့် နာ​ဗ​လ​မ​ယား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​ပါ​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 4,
      "text": "ဒါ​ဝိဒ်​သည် ဂါ​သ​မြို့​သို့ ပြေး​သွား​ကြောင်း​ကို ရှော​လု​သည်​ကြား၍ နောက်​တစ်​ဖန် မ​လိုက်​မ​ရှာ​ဘဲ နေ၏။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 5,
      "text": "ဒါ​ဝိဒ်​သည် အာ​ခိတ်​မင်း​ထံ​သို့​ဝင်၍၊ ကျွန်​တော်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သည်​မှန်​လျှင် ကျွန်​တော်​နေ​စ​ရာ တော​ရွာ​တစ်​ရွာ​ကို သ​နား​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​သည် မြို့​တော်၌ ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း​ဟု လျှောက်​လေ​သော်၊"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 6,
      "text": "ထို​နေ့၌ အာ​ခိတ်​မင်း​သည် ဇိ​က​လတ်​မြို့​ကို​ပေး၏။ ထို​ကြောင့် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​တို့​သည် ဇိ​က​လတ်​မြို့​ကို ပိုင်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 7,
      "text": "ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​ပြည်၌​နေ​သော နေ့​ရက်​ပေါင်း​ကား တစ်​နှစ်​နှင့်​လေး​လ စေ့​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 8,
      "text": "တစ်​ရံ​ရော​အ​ခါ ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​သည် သွား၍ ဂေ​ရှု​ရိ​လူ၊ ဂေ​ရ​ဇိ​လူ၊ အာ​မ​လက်​လူ​တို့​ကို တိုက်​ကြ၏၊၊ ထို​လူ​မျိုး​တို့​သည် ရှေး​ကာ​လ၌ ရှု​ရ​မြို့​လမ်း​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် အ​မြဲ​နေ​သော​သူ ဖြစ်​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 9,
      "text": "ထို​ပြည်​ကို ဒါ​ဝိဒ်​သည်​လုပ်​ကြံ၍ ယောက်ျား​မိန်း​မ တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​ချမ်း​သာ​မ​ပေး။ သိုး၊ နွား၊ မြည်း၊ ကု​လား​အုတ်၊ အ​ဝတ်​တန်​ဆာ​တို့​ကို သိမ်း​ယူ၍ အာ​ခိတ်​မင်း​ထံ​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 10,
      "text": "အာ​ခိတ်​မင်း​က၊ သင်​တို့​သည် ယ​နေ့ အ​ဘယ်​အ​ရပ်​သို့​သွား၍ တိုက်​သ​နည်း​ဟု မေး​သော်၊ ဒါ​ဝိဒ်​က၊ ယု​ဒ​ပြည်​တောင်​ဘက်၊ ယေ​ရ​မေ​လ​ပြည်​တောင်​ဘက်၊ ကေ​နိ​ပြည်​တောင်​ဘက်​သို့ သွား၍ တိုက်​ပါ​သည်​ဟု လျှောက်၏။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 11,
      "text": "ထို​သို့ ဒါ​ဝိဒ်​ပြု​ပြီ​ဟု ဂါ​သ​မြို့​သို့​လာ၍ သ​တင်း​ကြား​ပြော​မည့်​သူ မ​ရှိ​စေ​ခြင်း​ငှာ ယောက်ျား​မိန်း​မ တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​ချမ်း​သာ​မ​ပေး။ ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​ပြည်၌​နေ​သော ကာ​လ​ပတ်​လုံး ထို​သို့​ပြု​လေ့​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 27,
      "verse": 12,
      "text": "အာ​ခိတ်​မင်း​က၊ ဒါ​ဝိဒ်​သည် မိ​မိ​ကို မိ​မိ​လူ​မျိုး အ​လွန်​စက်​ဆုပ် ရွံ​ရှာ​သည်​တိုင်​အောင် ပြု​ပြီ။ သို့​ဖြစ်၍ ငါ့​ထံ၌ အ​စဉ်​ကျွန်​ခံ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​စ​ကား​ကို​ယုံ​လျက်​ဆို၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 1,
      "text": "ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​အံ့​သော​ငှာ ဗိုလ်​ခြေ​များ​ကို စု​ဝေး​ကြ၏။ အာ​ခိတ်​မင်း​က​လည်း၊ သင်​သည် လူ​များ​ပါ​လျက် ငါ​နှင့်​လိုက်၍ စစ်​တိုက်​သွား​ရ​မည်​ကို ဆက်​ဆက်​သ​ဘော​ကျ​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 2,
      "text": "ဒါ​ဝိဒ်​က၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့​ပြု​နိုင်​သည်​ကို ကိုယ်​တော်​သည် သိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​သော်၊ အာ​ခိတ်​မင်း​က၊ သို့​ဖြစ်၍​သင့်​ကို ငါ့​အ​သက်​စောင့် ဗိုလ်​ချုပ်​အ​ရာ၌ ငါ​ခန့်​ထား​မည်​ဟု​ပြန်​ပြော၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 3,
      "text": "ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 4,
      "text": "ထို​အ​ခါ ဖိ​လိ​တ္တိ​လူ​တို့​သည် စု​ဝေး၍ ရှု​နင်​မြို့​မှာ တပ်​ချ​ကြ၏။ ရှော​လု​သည်​လည်း ဣ​သရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ သူ​တို့​သည် ဂိ​လ​ဗော​မြို့​မှာ တပ်​ချ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 5,
      "text": "ရှော​လု​သည် ဖိ​လိ​တ္တိ​လူ​အ​လုံး​အ​ရင်း​ကို​မြင်​သော​အ​ခါ ကြောက်၍ အ​လွန်​တုန်​လှုပ်​သော စိတ်​နှ​လုံး​ရှိ၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 7,
      "text": "ထို​အ​ခါ ရှော​လု​က၊ နတ်​ဝင်​မိန်း​မ​ကို ရှာ​ကြ​လော့။ ငါ​သွား၍​မေး​မြန်း​မည်​ဟု ကျွန်​တို့​အား ဆို​သည်​အ​တိုင်း၊ ကျွန်​တို့​က အင်္ဒေါ​ရ​မြို့​မှာ နတ်​ဝင်​မိန်း​မ​တစ်​ယောက်​ရှိ​ပါ၏​ဟု လျှောက်​သော်၊"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 8,
      "text": "ရှော​လု​သည် အ​ဝတ်​လဲ၍ ထူး​ခြား​သော အ​ယောင်​ကို​ဆောင်​လျက်၊ ည​အ​ခါ လူ​နှစ်​ယောက်​နှင့်​တ​ကွ ထို​မိန်း​မ​ဆီ​သို့​သွား၍ ရောက်​ပြီး​လျှင်၊ သင်​ပေါင်း​သော​နတ်​ကို​အ​မှီ​ပြု၍ သင့်​အား​ငါ​ပြော​မည့်​သူ​ကို ဖော်​ပါ​လော့​ဟု တောင်း​ပန်​လေ၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 9,
      "text": "မိန်း​မ​က​လည်း၊ ရှော​လု​ပြု​သော​အ​မှု၊ စုန်း​နှင့်​နတ်​ဝင်​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ဖယ်​ရှင်း​သော အ​မှု​ကို သင်​သည်​သိ​လျက်​နှင့် ငါ့​ကို​သေ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​အ​သက်​ကို ကျော့​စမ်း​သ​နည်း​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 10,
      "text": "ရှော​လု​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​မှု​ကြောင့် အ​ဘယ်​အ​ပြစ်​မျှ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​လေ၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 11,
      "text": "မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​ကို ငါ​ဖော်​ရ​မည်​နည်း​ဟု မေး​လျှင်၊ ရှော​လု​က၊ ရှ​မွေ​လ​ကို​ဖော်​ပါ​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 12,
      "text": "မိန်း​မ​သည် ရှ​မွေ​လ​ကို​မြင်​သော​အ​ခါ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍၊ ကိုယ်​တော်​သည် ကျွန်​မ​ကို အ​ဘယ်​ကြောင့် လှည့်​စား​သ​နည်း။ ကိုယ်​တော်​သည် ရှော​လု​ဖြစ်​ပါ၏​ဟု ရှော​လု​အား​ဆို​လျှင်၊"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 13,
      "text": "ရှင်​ဘု​ရင်​က မ​စိုး​ရိမ်​နှင့်။ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​သော်၊ မိန်း​မ​က၊ မြေ​ကြီး​ထဲ​က ဘု​ရား​တက်​လာ​သည်​ကို ကျွန်​မ​မြင်​ပါ​သည်​ဟု လျှောက်၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 14,
      "text": "အ​ဘယ်​သို့​သော အ​ယောင်​ဆောင်​သ​နည်း​ဟု မေး​ပြန်​သော်၊ လူ​အို​တက်​လာ​ပါ၏။ ဝတ်​လုံ​ခြုံ​လျက်​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊ ရှ​မွေ​လ​ဖြစ်​ကြောင်း​ကို ရှော​လု​သည်​ရိပ်​မိ၍ မြေ​ပေါ်​မှာ ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 15,
      "text": "ရှ​မွေ​လ​က​လည်း၊ သင်​သည် ငါ့​ကို​နှောင့်​ယှက်​လျက် အ​ဘယ်​ကြောင့်​ဖော်​သ​နည်း​ဟု ရှော​လု​ကို မေး​သော်၊ ရှော​လု​က၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ပါ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို စွန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အား​ဖြင့် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့် ထူး​တော်​မ​မူ။ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို၊ ကိုယ်​တော်​ပြ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ​ဟု ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 16,
      "text": "ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စွန့်၍ သင့်​ရန်​ဘက်​ဖြစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​ကြောင့် မေး​မြန်း​သေး​သ​နည်း။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း သင်၌​ပြု​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​နိုင်​ငံ​ကို သင့်​လက်​မှ​နုတ်၍၊ သင့်​အိမ်​နီး​ချင်း ဒါ​ဝိဒ်​အား​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ ပြင်း​စွာ​သော​အ​မျက်​ကို အာ​မ​လက်​အ​မျိုး၌ မ​စီ​ရင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​ကို ယ​နေ့ သင်၌​ရောက်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး သင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်။ နက်​ဖြန်​နေ့ သင်​နှင့် သင်၏​သား​တို့​သည် ငါ​နှင့်​အ​တူ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ အ​လုံး​အ​ရင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 20,
      "text": "ထို​အ​ခါ ရှော​လု​သည် မြေ​ပေါ်​မှာ အ​လျား​ပျပ်​ဝပ်​လဲ​နေ၍၊ ရှ​မွေ​လ​စ​ကား​ကြောင့် အ​လွန်​ကြောက်​ရွံ့၏။ တစ်​နေ့​နှင့် တစ်​ည​လုံး အ​ဘယ်​အ​စာ​ကို​မျှ မ​စား​ဘဲ​နေ​သော​ကြောင့် အား​ကုန်​ပြီ။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 21,
      "text": "ထို​မိန်း​မ​သည်​လာ၍ ရှော​လု အ​လွန်​စိတ်​ညစ်​သည်​ကို မြင်​လျှင်၊ ကိုယ်​တော်​ကျွန်​မ​သည် ကိုယ်​တော်​စ​ကား​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ ကိုယ်​တော်​မိန့်​တော်​မူ​သော စ​ကား​ကို နား​ထောင်​ပါ​ပြီ။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 22,
      "text": "သို့​ဖြစ်၍ ယ​ခု​ကိုယ်​တော် ကျွန်​မ၏​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စား​စ​ရာ​အ​နည်း​ငယ်​ကို ရှေ့​တော်၌​တင်​ပါ​ရ​စေ။ ကိုယ်​တော်​ကြွ​သွား​သော​အ​ခါ အား​ပြည့်​စေ​ခြင်း​ငှာ စား​တော်​ခေါ်​ပါ​ဟု လျှောက်​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 23,
      "text": "ရှော​လု​က ငါ​မ​စား​ဟု ငြင်း​ပယ်​လေ၏။ သို့​ရာ​တွင် ကျွန်​တို့​သည် မိန်း​မ​နှင့်​ဝိုင်း၍ အ​နိုင်​ပြု​ကြ​သ​ဖြင့်၊ ရှော​လု​သည် သူ​တို့​စ​ကား​ကို နား​ထောင်၍ မြေ​ပေါ်​က​ထ​ပြီး​လျှင် ခု​တင်​ပေါ်​မှာ ထိုင်​လေ၏။"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 24,
      "text": "ထို​မိန်း​မ​သည် မိ​မိ​အိမ်၌ ဆူ​အောင်​ကျွေး​သော နွား​က​လေး​တစ်​ကောင် ရှိ​သည်​ဖြစ်၍ အ​လျင်​အ​မြန် သတ်​လေ၏။ မုန့်​ညက်​ကို​လည်း​ယူ၍ နယ်​သ​ဖြင့်၊ တ​ဆေး​မဲ့​မုန့်​ကို ဖုတ်​ပြီး​မှ၊"
    },
    {
      "book": 9,
      "chapter": 28,
      "verse": 25,
      "text": "ရှော​လု​နှင့် ကျွန်​များ​တို့​ရှေ့၌ တင်​လေ၏။ သူ​တို့​သည်​စား၍ ထို​ည​တွင် ထ​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 1,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​မှာ စု​ဝေး​စေ​ကြ၏။ ဣ​သ​ရေ​လ လူ​တို့​သည် ယေ​ဇ​ရေ​လ​မြို့​မှာ ရှိ​သော စမ်း​ရေ​တွင်း​အ​နား၌ တပ်​ချ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 2,
      "text": "ဖိ​လိ​တ္တိ​မင်း​တို့​သည် လူ​တစ်​ရာ​တပ်၊ တစ်​ထောင်​တပ်​အ​စဉ်​အ​တိုင်း ချီ​သွား​သ​ဖြင့်၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နောက်​တပ်၌ အာ​ခိတ်​မင်း​နှင့်​အ​တူ လိုက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 3,
      "text": "ဖိ​လိ​တ္တိ​မင်း​တို့​က​လည်း၊ သင်​နှင့်​လိုက်​သော ထို​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ အာ​ခိတ်​မင်း​က၊ ဤ​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လု၏​ကျွန်​ဒါ​ဝိဒ် ဖြစ်​သည်​မ​ဟုတ်​လော။ ကြာ​မြင့်​စွာ ငါ့​ထံ​မှာ​နေ​ပြီ။ ငါ့​ထံ​သို့ ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သူ၌​အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​ဟု ဖိ​လိ​တ္တိ​မင်း​တို့​အား ပြော​ဆို​သော်​လည်း၊"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 4,
      "text": "ဖိ​လိ​တ္တိ​မင်း​တို့​သည် စိတ်​ဆိုး​လျက် ဤ​သူ​ပြန်​ပါ​စေ။ မင်း​နေ​ရာ​ချ​သော အ​ရပ်​သို့ သွား၍​နေ​ပါ​စေ။ ငါ​တို့​နှင့်​အ​တူ စစ်​တိုက်​မ​လိုက်​စေ​နှင့်။ စစ်​တိုက်​ရာ​တွင် ငါ​တို့​ရန်​ဘက်၌ နေ​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ​သည် သူ့​သ​ခင်၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ ငါ​တို့​လူ​များ၏ အ​သက်​ကို​အပ်၍ ပြု​နိုင်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 5,
      "text": "ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သော​အ​ခါ၊ ဤ​ဒါ​ဝိဒ်​ကို ရည်​ဆောင်၍ သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု အ​ပြစ်​တင်​သော​ကြောင့်၊"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 6,
      "text": "အာ​ခိတ်​မင်း​သည် ဒါ​ဝိဒ်​ကို​ခေါ်၍၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မှု​သည်​အ​တိုင်း သင်​သည် ဖြောင့်​မတ်​စွာ​ပြု​ပြီ။ ငါ​နှင့်​အ​တူ တပ်​မှု​တပ်​ရေး၌ သင်​သွား​လာ​ပြု​မူ​ခြင်း​ကို ငါ​အား​ရ​ပြီ။ သင်​သည် ငါ့​ထံ​သို့​ရောက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် သင်၌ အ​ပြစ်​ကို​မ​တွေ့။ သို့​သော် ဖိ​လိ​တ္တိ​မင်း​တို့​သည် သင့်​ကို အ​လို​မ​ရှိ​ကြ။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 7,
      "text": "သို့​ဖြစ်၍ ယ​ခု​ငြိမ်​ဝပ်​စွာ ပြန်​သွား​တော့။ ဖိ​လိ​တ္တိ​မင်း​တို့​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်​ဟု​ဆို​သော်၊"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 8,
      "text": "ဒါ​ဝိဒ်​က ကျွန်​တော်​သည် ကျွန်​တော်​သ​ခင် ရှင်​ဘု​ရင်၏​ရန်​သူ​တို့​ကို စစ်​တိုက်​မ​သွား​စေ​ခြင်း​ငှာ အ​ဘယ်​သို့ ပြု​ဘိ​သ​နည်း။ ကိုယ်​တော်​ထံ​မှာ နေ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​နေ့​တိုင်​အောင် အ​ဘယ်​အ​ပြစ်​ကို တွေ့​တော်​မူ​သ​နည်း​ဟု အာ​ခိတ်​မင်း​အား မေး​လျှောက်​သော်၊"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 9,
      "text": "အာ​ခိတ်​မင်း​က၊ သင်​သည် ငါ့​ရှေ့​မှာ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ကောင်း​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ​တို့​နှင့်​အ​တူ စစ်​တိုက်​မ​လိုက်​စေ​နှင့်​ဟု ဖိ​လိ​တ္တိ​မင်း​တို့​သည် စီ​ရင်​ကြ​ပြီ။"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 10,
      "text": "သို့​ဖြစ်၍ သင်​နှင့်​လိုက်​လာ​သော သင့်​သ​ခင်၏ ကျွန်​တို့​နှင့်​အ​တူ နံ​နက်​စော​စော​ထ၍ မိုး​လင်း​သော​အ​ခါ ပြန်​သွား​တော့​ဟု ဒါ​ဝိဒ်​အား ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 29,
      "verse": 11,
      "text": "ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နံ​နက်​စော​စော​ထ၍ ဖိ​လိ​တ္တိ​ပြည်​သို့ ပြန်​သွား​ကြ၏။ ဖိ​လိ​တ္တိ လူ​တို့​သည်​လည်း၊ ယေ​ဇ​ရေ​လ​မြို့​သို့ ချီ​သွား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 1,
      "text": "သုံး​ရက်​လွန်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည် တောင်​ပြည်​နှင့် ဇိ​က​လတ်​မြို့​ကို တိုက်​သ​ဖြင့်၊ ဇိ​က​လတ်​မြို့​ကို လုပ်​ကြံ၍ မီး​ရှို့​နှင့်​ကြ​ပြီ။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 2,
      "text": "မြို့၌​ရှိ​သော မိန်း​မ​အ​ကြီး​အ​ငယ် တစ်​ယောက်​ကို​မျှ မ​သတ်၊ ရှိ​သ​မျှ​တို့​ကို သိမ်း​သွား​နှင့်​ကြ​ပြီ။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 3,
      "text": "သို့​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​ကို​မီး​ရှို့၍ မ​ယား​သား​သ​မီး​များ​ကို သိမ်း​သွား​ကြောင်း​ကို တွေ့​သ​ဖြင့်၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 4,
      "text": "ငို​သံ​ကို​လွှင့်၍ အား​ကုန်​သည်​တိုင်​အောင် ငို​ကြွေး​ကြ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 5,
      "text": "ဒါ​ဝိဒ်​မ​ယား​နှစ်​ယောက် ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​နှင့် နာ​ဗ​လ​မ​ယား က​ရမေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တို့​သည်​လည်း ပါ​သွား​ကြ​ပြီ။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 6,
      "text": "ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 7,
      "text": "သင်​တိုင်း​တော်​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ပါ​လော့​ဟု အ​ဟိ​မ​လက်၏​သား အ​ဗျာ​သာ​ကို ဆို​လျှင်၊ အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​လေ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 8,
      "text": "ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​အ​လုံး​အ​ရင်း​ကို လိုက်​ရ​ပါ​မည်​လော။ လိုက်​လျှင် မီ​နိုင်​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်၊ လိုက်​လော့။ ဆက်​ဆက်​မီ၍ အ​လုံး​စုံ​တို့​ကို ရ​ပြန်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 9,
      "text": "ဒါ​ဝိဒ်​နှင့် သူ၌​ပါ​သော လူ​ခြောက်​ရာ​တို့​သည် သွား၍ ဗေ​သော်​ချောင်း​သို့ ရောက်​သော​အ​ခါ၊ အ​ချို့​တို့​သည် ထို​ချောင်း​နား​မှာ နေ​ရစ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 10,
      "text": "ဒါ​ဝိဒ်​နှင့် လူ​လေး​ရာ​တို့​သည် လိုက်​ကြ၏။ နှစ်​ရာ​တို့​သည်​မော၍ ဗေ​သော်​ချောင်း​ကို​မ​ကူး​နိုင်​သော​ကြော​င့် နေ​ရစ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 11,
      "text": "လွင်​ပြင်၌ အဲ​ဂု​တ္တု လူ​တစ်​ယောက်​ကို​တွေ့၍ ဒါ​ဝိဒ်​ထံ​သို့ ဆောင်​ခဲ့​သ​ဖြင့်၊ မုန့်​ကို​ပေး၍ ထို​သူ​သည်​စား၏။ ရေ​ကို​လည်း သောက်​စေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 12,
      "text": "သင်္ဘော​သ​ဖန်း​သီး​ပျဉ် တစ်​ဖဲ့၊ စ​ပျစ်​သီး​နှစ်​ပြွတ်​ကို​လည်း ပေး၍ သူ​သည်​စား​သ​ဖြင့် အား​ပြည့်​ပြန်၏။ သုံး​ရက်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ ငတ်​မွတ်​ခဲ့​ပြီ။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 13,
      "text": "ဒါ​ဝိဒ်​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နှင့် ဆိုင်​သ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု မေး​လျှင်၊ ကျွန်​တော်​သည် အာ​မ​လက်​လူ​ထံ၌ ကျွန်​ခံ​ရ​သော အဲ​ဂု​တ္တု​လူ​က​လေး​ဖြစ်​ပါ၏။ သုံး​ရက်​အ​ထက်​က အ​နာ​ရောက်​သော​ကြောင့် သ​ခင်​သည် ပစ်​ထား​ပါ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 14,
      "text": "ခေ​ရ​သိ​ပြည်​တောင်​ပိုင်း၊ ယု​ဒ​ပြည်​နှင့် ကာ​လက်​ပြည်​တောင်​ပိုင်း​ကို တိုက်၍ ဇိ​က​လတ်​မြို့​ကို မီး​ရှို့​ပါ​ပြီ​ဟု​ပြော​ဆို၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 15,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​နိုင်​သ​လော​ဟု မေး​လျှင် သူ​က၊ ကိုယ်​တော်​သည် ကျွန်​တော်​ကို မ​သတ်၊ သ​ခင့်​လက်​သို့ မ​အပ်​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ကျိန်​ဆို​ပါ​တော့။ သို့​ပြု​လျှင် ထို​အ​လုံး​အ​ရင်း​ရှိ​ရာ​သို့ လမ်း​ပြ​ပါ​မည်​ဟု ဆို​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည် ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 16,
      "text": "လူ​က​လေး​သည် လမ်း​ပြ၍ ဒါ​ဝိဒ်​ရောက်​သော​အ​ခါ၊ ထို​လူ​များ​တို့​သည် ဖိ​လိ​တ္တိ​ပြည်​နှင့် ယု​ဒ​ပြည်​ထဲ​က​သိမ်း​ယူ​သော ဥ​စ္စာ​ပ​စ္စည်း​များ​အ​ပေါင်း​တို့​ကြောင့် စား​သောက်​လျက်၊ က​ခုန်​လျက် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 17,
      "text": "ဒါ​ဝိဒ်​သည်​လည်း ညဉ့်​ဦး​မှ​စ၍ နက်​ဖြန်​ညဉ့်​ဦး​တိုင်​အောင် သူ​တို့​ကို​လုပ်​ကြံ​သ​ဖြင့်၊ ကု​လား​အုတ်​ကို စီး၍​ပြေး​သော လု​လင်​လေး​ရာ​မှ​တစ်​ပါး လူ​တစ်​ယောက်​မျှ မ​လွတ်။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 18,
      "text": "အာ​မ​လက်​လူ​တို့​သည် သိမ်း​သွားသ​မျှ​တို့​ကို ဒါ​ဝိဒ်​သည်​ရ​ပြန်၍၊ မိ​မိ​မ​ယား​နှစ်​ယောက်​ကို​လည်း ကယ်​နုတ်​လေ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 19,
      "text": "လူ​အ​ကြီး​အ​ငယ်၊ သား​သ​မီး၊ ဥ​စ္စာ​ပ​စ္စည်း၊ လု​ယူ​သိမ်း​သွား​သ​မျှ​တို့​တွင် တစ်​စုံ​တစ်​ခု​မျှ​မ​ကျန်၊ အ​လုံး​စုံ​တို့​ကို ဒါ​ဝိဒ်​သည် ရ​ပြန်​လေ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 20,
      "text": "ဒါ​ဝိဒ်​သည်​လည်း ထို​သိုး​နွား​များ​ရှေ့​မှာ အ​ရင်​နှင်​သော သိုး​နွား​အ​ပေါင်း​တို့​ကို​လည်း ယူ၍၊ ဤ​ဥ​စ္စာ​သည် ဒါ​ဝိဒ်​ပိုင်​သော လက်​ရ​ဥ​စ္စာ​ဖြစ်​သည်​ဟု ဆို၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 21,
      "text": "မော၍ ဒါ​ဝိဒ်​နောက်​သို့ မ​လိုက်​နိုင်၊ ဗေ​သော်​ချောင်း​နား​မှာ နေ​ရစ်​သော လူ​နှစ်​ရာ​ရှိ​ရာ​သို့ ဒါ​ဝိဒ်​ရောက်၍၊ သူ​တို့​သည် ဒါ​ဝိဒ်​နှင့် သူ့၌​ပါ​သော​လူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​လို​သော​ငှာ ထွက်​လာ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် အ​နီး​သို့​ရောက်​သော​အ​ခါ သူ​တို့​ကို​နှုတ်​ဆက်​လေ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 22,
      "text": "ဒါ​ဝိဒ်​နှင့် လိုက်​သွား​သော​သူ​တို့​တွင် အ​ဓ​မ္မ​လူ​ဆိုး​များ​တို့​က၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့်​မ​လိုက်​သော​ကြောင့်၊ ငါ​တို့​ရ​သော ဥ​စ္စာ​တို့​တွင် သူ​တို့​သား​မ​ယား​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ကို သူ​တို့​အား​မ​ပေး​ရ။ ကိုယ်​သား​မ​ယား​ကို ယူ၍ ထွက်​သွား​ကြ​စေ​ဟု ဆို​ကြ၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 23,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ငါ့​ညီ​အစ်​ကို​တို့ ငါ​တို့​ကို စောင့်​မ၍ ငါ​တို့​ကို​တိုက်​လာ​သော အ​လုံး​အ​ရင်း​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ဥ​စ္စာ​ကို ထို​သို့​မ​ပြု​ရ။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 24,
      "text": "ဤ​အ​မှု၌ သင်​တို့​စ​ကား​ကို အ​ဘယ်​သူ နား​ထောင်​လိမ့်​မည်​နည်း။ စစ်​တိုက်​သွား​သော​သူ ရ​သည်​အ​တိုင်း၊ ဥ​စ္စာ​ကို​စောင့်​လျက် နေ​ရစ်​သော​သူ ရ​စေ။ နှစ်​ပါး​စ​လုံး​တို့​သည် အ​ညီ​အ​မျှ​ခံ​စေ​ဟု စီ​ရင်၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 25,
      "text": "ထို​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး၌ ထို​သို့​သော ထုံး​စံ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​ထုံး​ဖွဲ့​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 26,
      "text": "ဒါ​ဝိဒ်​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ လက်​ရ​ဥ​စ္စာ​အ​ချို့​ကို မိ​မိ​အ​ဆွေ​ခင်​ပွန်း၊ ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ထံ​သို့ ပေး​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ရန်​သူ​လက်​မှ​ရ​ခဲ့​သော ဥ​စ္စာ​ထဲ​က သင်​တို့​အ​ဖို့​လက်​ဆောင်​ကို ကြည့်​လော့​ဟု​မှာ​လိုက်၏။"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 27,
      "text": "ဗေ​သ​လ​မြို့၊ တောင်​ရာ​မုတ်​မြို့၊ ယ​တ္တိ​ယ​မြို့၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 28,
      "text": "အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 29,
      "text": "ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​လူ နေ​ရာ​မြို့​များ၊ ကေ​နိ​လူ နေ​ရာ​မြို့​များ၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 30,
      "text": "ဟော​မာ​မြို့​များ၊ ခေါ​ရာ​ရှန်​မြို့၊ အာ​သက်​မြို့၊"
    },
    {
      "book": 9,
      "chapter": 30,
      "verse": 31,
      "text": "ဟေ​ဗြုန်​မြို့​မှ​စ၍ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တည်း​ခို​တတ်​သော မြို့​ရွာ​အ​ရပ်​ရပ်​သို့ ပေး​လိုက်​သ​တည်း။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 1,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 2,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ရှော​လု​မင်း​နှင့် သူ၏​သား​တို့​ကို​ပြင်း​ထန်​စွာ​လိုက်၍၊ ရှော​လု၏​သား​ယော​န​သန်၊ အ​ဘိ​န​ဒပ်၊ မေ​လ​ခိ​ရွှ​တို့​ကို သတ်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 3,
      "text": "စစ်​တိုက်​ရာ​တွင် ရှော​လု​သည် အ​လွန်​ခံ​ရ၏။ လေး​သ​မား​တို့​ပစ်​သော မြား​မှန်၍ အ​လွန်​နာ​သော​ကြောင့်၊"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 4,
      "text": "လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင် သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍ ငါ့​ကို​ထိုး​ပြီး​မှ မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍ သေ​လေ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 5,
      "text": "ရှော​လု​သေ​သည်​ကို လက်​နက်​ဆောင်​လု​လင် မြင်​လျှင်၊ သူ​သည်​လည်း ထို​ဓား​ကို​ထောင်၍ ရှော​လု​နှင့်​အ​တူ ဓား​ဖျား​ပေါ်​မှာ​လှဲ၍ သေ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 6,
      "text": "ထို​သို့​ရှော​လု​မှ​စ၍ သူ၏​သား​သုံး​ယောက်၊ သူ၏​လက်​နက်​ဆောင်​လု​လင်၊ သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​နေ့​ချင်း​တွင် အ​တူ​သေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​လူ ပြေး​ကြောင်း၊ ရှော​လု​နှင့် သူ၏​သား​သေ​ကြောင်း​ကို ချိုင့်​တစ်​ဖက်၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ နေ​သော ဣ​သ​ရေ​လ​လူ​တို့​သည် သိ​မြင်​လျှင်၊ မြို့​ရွာ​တို့​ကို စွန့်​ပြေး​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍​နေ​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 8,
      "text": "နက်​ဖြန်​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​သည် အ​သေ​ကောင်​တို့၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​ခြင်း​ငှာ​လာ​သော​အ​ခါ၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ၊ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​တို့​သည် လဲ​သေ​လျက်​ရှိ​သည်​ကို တွေ့​မြင်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 9,
      "text": "ရှော​လု၏​ခေါင်း​ကို​ဖြတ်၍ လက်​နက်​တော်​ကို​ချွတ်​ပြီး​မှ သူ​တို့ ရုပ်​တု​ကျောင်း​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 10,
      "text": "လက်​နက်​တော်​ကို​လည်း အာ​ရှ​တ​ရက်​ကျောင်း၌​ထား၍ အ​လောင်း​တော်​ကို ဗက်​ရှန်​မြို့​ရိုး၌ ဆွဲ​ထား​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 11,
      "text": "ရှော​လု၌ ဖိ​လိ​တ္တိ​လူ​တို့ ပြု​သော​အ​မှု​ကို ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​များ​ကြား​လျှင်၊"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 12,
      "text": "သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ထ​သွား၍၊ ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို ဗက်​ရှန်​မြို့​ရိုး​မှ​ချ​ပြီး​လျှင်၊ ယာ​ဗက်​မြို့​သို့​ဆောင်​ခဲ့၍ မီး​ရှို့​ကြ၏။"
    },
    {
      "book": 9,
      "chapter": 31,
      "verse": 13,
      "text": "အ​ရိုး​တို့​ကို​လည်း​ယူ၍ ယာ​ဗက်​မြို့​မှာ သစ်​ပင်​အောက်၌ သင်္ဂြိုဟ်​ပြီး​မှ ခု​နစ်​ရက်​ပတ်​လုံး အ​စာ​ရှောင်​ကြ​သည်။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 1,
      "text": "ရှော​လု​သေ​သော​နောက်၊ ဒါ​ဝိဒ်​သည် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​ရာ​မှ​ပြန်​လာ၍၊ ဇိ​က​လတ်​မြို့၌ နှစ်​ရက်​နေ​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 2,
      "text": "သုံး​ရက်​မြောက်​သော​နေ့​တွင် လူ​တစ်​ယောက်​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက်၊ မိ​မိ​ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက်၊ ရှော​လု​တပ်​က​လာ၍၊ ဒါ​ဝိဒ်​ထံ​သို့​ရောက်​သော်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​ရှိ​ခိုး၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 3,
      "text": "ဒါ​ဝိဒ်​က​လည်း၊ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု​မေး​လျှင်၊ ထို​သူ​က ကျွန်​တော်​သည် ဣ​သ​ရေ​လ​တပ်​က ပြေး၍​လာ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 4,
      "text": "ဒါ​ဝိဒ်​က​လည်း၊ အ​မှု​ကား အ​ဘယ်​သို့​နည်း။ ငါ့​အား​ပြော​ပါ​လော့​ဟု မေး​လျှင်၊ သူ​က ဣ​သ​ရေ​လ​လူ​တို့​သည် စစ်​တိုက်​ရာ​တွင်​ပြေး၍ အ​များ​တို့​သည် လဲ​လျက်​သေ​ပါ​ပြီ။ ရှော​လု​နှင့် သား​တော်​ယော​န​သန်​လည်း သေ​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 5,
      "text": "ထို​သ​တင်း​ကို​ကြား​ပြော​သော လု​လင်​အား ဒါ​ဝိဒ်​က၊ ရှော​လု​နှင့် သား​တော်​ယော​န​သန်​သေ​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​သ​နည်း​ဟု​မေး​ပြန်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 6,
      "text": "ထို​လု​လင်​က၊ ကျွန်​တော်​သည် ဂိ​လ​ဗော​တောင်​ပေါ်​သို့ အ​လို​လို​ရောက်​သော​အ​ခါ၊ ရှော​လု​သည် လှံ​တော်​ကို​မှီ​ထောက်​လျက်​နေ​ပါ၏။ ရ​ထား​စီး​သူ​ရဲ မြင်း​စီး​သူ​ရဲ​တို့​သည် ပြင်း​ထန်​စွာ​လိုက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 7,
      "text": "ရှော​လု​သည် နောက်​တော်​သို့ ကြည့်​သ​ဖြင့် ကျွန်​တော်​ကို​မြင်၍ ခေါ်​ပါ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 8,
      "text": "ကျွန်​တော်​ရှိ​ပါ​သည်​ဟု လျှောက်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ကျွန်​တော်​သည် အာ​မ​လက်​လူ​ဖြစ်​ပါ​သည်​ဟု ပြန်​လျှောက်​ပါ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 9,
      "text": "ရှော​လု​က​လည်း၊ ငါ့​ထံ​သို့​လာ၍ ငါ့​ကို​သတ်​ပါ​တော့။ ငါ့​အ​သက်​မ​သေ​နိုင်​သော​ကြောင့် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏​ဟု​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 10,
      "text": "လဲ​သော​နောက် အ​သက်​မ​ရှင်​နိုင်​သည်​ကို ကျွန်​တော်​သိ​လျှင် သူ့​ထံ​သို့​သွား၍ သတ်​ပါ၏။ ခေါင်း​တော်၌​ဆောင်း​သော ဦး​ရစ်​နှင့် လက်​ရုံး​တော်၌​ဝတ်​သော လက်​ကောက်​ကို ချွတ်​ယူ​ပြီး​လျှင်၊ ကျွန်​တော်​သ​ခင့်​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 11,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​နည်း​တူ​ပြု​ကြ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 12,
      "text": "ရှော​လု​မှ​စ၍ သား​တော်​ယော​န​သန်၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဓား​ဖြင့်​လဲ​သေ​သော​ကြောင့်၊ သူ​တို့​အ​တွက် ညဉ့်​ဦး​တိုင်​အောင် ငို​ကြွေး​မြည်​တမ်း၍ အ​စာ​ကို​ရှောင်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 13,
      "text": "ထို​သ​တင်း​ကို​ကြား​ပြော​သော လု​လင်​အား ဒါ​ဝိဒ်​က၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု​မေး​လျှင်၊ ထို​သူ​က ကျွန်​တော်​သည် တစ်​ပါး​အ​မျိုး​သား​အာ​မ​လက်​လူ​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 14,
      "text": "ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို သတ်​ခြင်း​ငှာ သင့်​လက်​ကို အ​ဘယ်​သို့​ဆန့်​ဝံ့​သ​နည်း​ဟု ဆို​လျက်၊"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 15,
      "text": "လု​လင်​တစ်​ယောက်​ကို ခေါ်၍၊ သူ့​ကို သွား​သတ်​တော့​ဟု ဆို​သည်​အ​တိုင်း၊ လု​လင်​သည် လုပ်​ကြံ၍​သတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 16,
      "text": "ဒါ​ဝိဒ်​က​လည်း၊ သင်၏​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ တည်​စေ။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို ကျွန်​တော်​သတ်​ပါ​ပြီ​ဟု သင့်​နှုတ်​သည် သင့်​ဘက်၌ သက်​သေ​ခံ​လေ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 17,
      "text": "ဒါ​ဝိဒ်​သည် ရှော​လု​နှင့်​သား​တော် ယော​န​သန်​ကြောင့် ငို​ကြွေး​မြည်​တမ်း၍၊"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 18,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​အား သင်​စေ​သော လေး​သီ​ချင်း​တည်း​ဟူ​သော ယာ​ရှာ​စာ၌​ပါ​သော သီ​ချင်း​စ​ကား ဟူ​မူ​ကား၊"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 19,
      "text": "အို​ဣ​သ​ရေ​လ ဂုဏ်​အ​သ​ရေ၊ သင်၏​မြင့်​သော​အ​ရပ်​တို့၌ သင်​သည် အ​သေ​ခံ​လေ​ပြီ။ သူ​ရဲ​တို့​သည် လဲ​သေ​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 20,
      "text": "ထို​သ​တင်း​ကို ဂါ​သ​မြို့၌ မ​ပြော​ကြ​နှင့်။ အာ​ရှ​ကေ​လုန်​မြို့​လမ်း​တို့၌ မ​ကြား​မ​ပြော​ကြ​နှင့်။ ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့​သည် ဝမ်း​မြောက်၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 21,
      "text": "အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 22,
      "text": "သူ​ရဲ​တို့၏​အ​သွေး၊ ခွန်​အား​ကြီး​သော​သူ​တို့၏​ဆီ​ဥ​မှ ယော​န​သန်၏​လေး​သည် နောက်​သို့​မ​လှန်။ ရှော​လု၏​ဓား​တော်​သည် ကိုယ်​ချည်း​ပြန်၍ မ​လာ​တတ်။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 23,
      "text": "ရှော​လု​နှင့် ယော​န​သန်​သည် ချစ်​တတ်​သော​သ​ဘော​ရှိ၍ အ​သက်​ရှင်​စဉ်​အ​ခါ မိတ်​ဆွေ​ဖြစ်​လျက်၊ အ​သက်​သေ​သော​အ​ခါ တစ်​ယောက်​နှင့်​တစ်​ယောက် မ​ကွာ​ဘဲ​လျက် နေ​ကြ၏။ သူ​တို့​သည် ရွှေ​လင်း​တ​ထက်​မြန်၍ ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 24,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ ရှော​လု​ကို ငို​ကြွေး​ကြ​လော့။ သင်​တို့​ကို လှ​သော​က​မ္ဗ​လာ​နီ​နှင့် ဝတ်​စေ၍၊ သင်​တို့​အ​ဝတ်၌​လည်း ရွှေ​တန်​ဆာ​နှင့် ဆင်​စေ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 25,
      "text": "စစ်​တိုက်​ပွဲ၌ သူ​ရဲ​တို့​သည် လဲ​သေ​ကြ​ပြီ။ အို ယော​န​သန်၊ သင်၏ မြင့်​သော​အ​ရပ်​တို့၌ သင်​သည် အ​သေ​ခံ​လေ​ပြီ​တ​ကား။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 26,
      "text": "ငါ့​ညီ​ယော​န​သန်၊ သင့်​ကြောင့် ငါ​ညှိုး​ငယ်​ခြင်း​ရှိ၏။ သင်​သည် ငါ့​မိတ်​ဆွေ​ကြီး​ဖြစ်၍၊ ငါ့​ကို​ချစ်​သော​မေ​တ္တာ​သည် အံ့​ဩ​ဖွယ်​သော​မေ​တ္တာ၊ မိန်း​မ​ကို ချစ်​တတ်​သော မေ​တ္တာ​ထက်​သာ၍ အား​ကြီး​သော​မေ​တ္တာ​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 1,
      "verse": 27,
      "text": "သူ​ရဲ​တို့​သည် လဲ​သေ​ကြ​ပြီ​တ​ကား။ စစ်​တိုက်​လက်​နက်​တို့​သည် ဆုံး​ကြ​ပြီ​တ​ကား​ဟု ပါ​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 1,
      "text": "ထို​နောက် ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​သည် ယု​ဒ​မြို့ တစ်​စုံ​တစ်​မြို့​သို့ သွား​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့​ဟု​မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း အ​ဘယ်​မြို့​သို့ သွား​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဗြုန်​မြို့​သို့​သွား​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 2,
      "text": "ဒါ​ဝိဒ်​သည် မ​ယား​နှစ်​ယောက်၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်၊ နာ​ဗ​လ​မ​ယား က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တို့​နှင့်​တ​ကွ သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 3,
      "text": "မိ​မိ၌​ပါ​သော​လူ​များ၊ အိမ်​ထောင်​များ​တို့​ကို​လည်း ဒါ​ဝိဒ်​သည်​ခေါ်​ခဲ့၍ သူ​တို့​သည် ဟေ​ဗြုန်​မြို့​ရွာ​တို့၌​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 4,
      "text": "တစ်​ဖန် ယု​ဒ​လူ​တို့​သည် လာ၍​ဘိ​သိက်​ပေး​သ​ဖြင့် ဒါ​ဝိဒ်​ကို ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 5,
      "text": "ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​သည် ရှော​လု​ကို သင်္ဂြိုဟ်​ပါ​ပြီ​ဟု ဒါ​ဝိဒ်​အား​ကြား​လျှောက်​သော်၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​ရှိ​ရာ​သို့ တ​မန်​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် သင်​တို့​အ​ရှင်​ရှော​လု၌ က​ရု​ဏာ​ကျေး​ဇူး​ပြု၍ အ​လောင်း​တော်​ကို သင်္ဂြိုဟ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ က​ရု​ဏာ​ကျေး​ဇူး၊ သ​စ္စာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ သင်​တို့​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့် သင်​တို့​ကျေး​ဇူး​ကို ငါ​လည်း​ဆပ်​မည်။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 7,
      "text": "ယ​ခု​မှာ အား​ယူ၍ ရဲ​ရင့်​ခြင်း​သ​တ္တိ ရှိ​ကြ​လော့။ သင်​တို့​အ​ရှင်​ရှော​လု သေ​ပြီ။ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိ​သိက်​ပေး​သ​ဖြင့် ငါ့​ကို​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ​ပြီ​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 8,
      "text": "သို့​ရာ​တွင် ရှော​လု၏​ဗိုလ်​ချုပ်​မင်း​နေ​ရ​သား အာ​ဗ​နာ​သည်၊ ရှော​လု​သား ဣ​ရှ​ဗော​ရှက်​ကို​ယူ၍ မ​ဟာ​နိမ်​မြို့​သို့ ဆောင်​သွား​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 9,
      "text": "ဂိ​လဒ်​ပြည်၊ အာ​ရှာ​အ​မျိုး​သား​များ၊ ယေ​ဇ​ရေ​လ​မြို့​သား​များ၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 10,
      "text": "ရှော​လု၏​သား​ဣ​ရှ​ဗော​ရှက်​သည် အ​သက်​လေး​ဆယ်​ရှိ​သော်၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​စိုး​ရ၍ နှစ်​နှစ်​စိုး​စံ​လေ၏။ ယု​ဒ​အ​မျိုး​မူ​ကား ဒါ​ဝိဒ်​နောက်​သို့​လိုက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 11,
      "text": "ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​အ​မျိုး​ကို အ​စိုး​ရ​သော​နှစ်​ပေါင်း​ကား ခု​နစ်​နှစ်​နှင့်​ခြောက်​လ ဖြစ်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 12,
      "text": "တစ်​ဖန် နေ​ရ​သား အာ​ဗ​နာ​သည် ရှော​လု​သား ဣ​ရှ​ဗော​ရှက်၏ ကျွန်​များ​နှင့်​တ​ကွ၊ မ​ဟာ​နိမ်​မြို့​မှ ဂိ​ဗောင်​မြို့​သို့​သွား၍၊"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 13,
      "text": "ဇေ​ရု​ယာ​သား​ယွာ​ဘ​နှင့် ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဆီး​ကြို​သ​ဖြင့်၊ ဂိ​ဗောင်​ရေ​ကန်​အ​နား​မှာ ဆုံ​မိ​လျက် ရေ​ကန်​တစ်​ဖက်​တစ်​ချက်၌ ထိုင်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 14,
      "text": "အာ​ဗ​နာ​က​လည်း၊ လု​လင်​တို့​သည်​ထ၍ ငါ​တို့​ရှေ့​မှာ က​စား​ကြ​ပါ​လေ​စေ​ဟု ဆို​သော်၊ ယွာ​ဘ​က ထ​ကြ​ပါ​လေ​စေ​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 15,
      "text": "ရှော​လု​သား​ဣ​ရှ​ဗော​ရှက်၏ လူ​ဗင်္ယာ​မိန်​အ​မျိုး​သား တစ်​ကျိပ်​နှစ်​ယောက်​နှင့် ဒါ​ဝိဒ်၏​ကျွန် တစ်​ကျိပ်​နှစ်​ယောက်​တို့​သည် ထ၍ ကူး​လာ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 16,
      "text": "သူ​တို့​သည် လူ​ချင်း​တိုက်၍ လူ​တိုင်း မိ​မိ​တိုက်​ဖက်၏ ခေါင်း​ကို​ကိုင်​လျက်၊ နံ​ဘေး​ကို​ဓား​နှင့်​ထိုး​လျက် တစ်​စု​တည်း လဲ​သေ​ကြ၏။ သို့​ဖြစ်၍ ဂိ​ဗောင်​မြို့​နယ်၌​ရှိ​သော ထို​အ​ရပ်​ကို ဟေ​လ​က​သ​ဇ္ဇု​ရိမ်​ဟူ​သော အ​မည်​ဖြင့် သ​မုတ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 17,
      "text": "ထို​နေ့၌ ပြင်း​စွာ​စစ်​တိုက်၍ အာ​ဗ​နာ​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ရှေ့​မှာ ရှုံး​ကြ​လေ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 18,
      "text": "ဇေ​ရု​ယာ​သား​သုံး​ယောက်၊ ယွာ​ဘ၊ အ​ဘိ​ရှဲ၊ အာ​သ​ဟေ​လ ပါ​ကြ၏။ အာ​သ​ဟေ​လ​သည် တော၌​ကျင်​လည်​သော​ဒ​ရယ်​ကဲ့​သို့ လျင်​မြန်၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 19,
      "text": "အာ​သ​ဟေ​လ​သည် လက်​ယာ​ဘက်​လက်​ဝဲ​ဘက် သို့​မ​လွဲ အာ​ဗ​နာ​ကို​လိုက်၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 20,
      "text": "အာ​ဗ​နာ​သည် နောက်​သို့​ကြည့်၍၊ သင်​သည် အာ​သ​ဟေ​လ​မှန်​သ​လော​ဟု မေး​သော်၊ မှန်​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 21,
      "text": "အာ​ဗ​နာ​က​လည်း၊ လက်​ယာ​ဘက်​သော်​လည်း​ကောင်း၊ လက်​ဝဲ​ဘက်​သော်​လည်း​ကောင်း လှည့်​သွား​လျက်၊ လု​လင်​တစ်​ယောက်​ကို ဖမ်း​ဆီး၍ သူ၏​လက်​နက်​စုံ​ကို လု​ယူ​တော့​ဟု ဆို​သော်​လည်း၊ အာ​သ​ဟေ​လ​သည် မ​လှည့်​ဘဲ လိုက်​သေး၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 22,
      "text": "တစ်​ဖန် အာ​ဗ​နာ​က ငါ့​ကို​မ​လိုက်​နှင့်။ လှည့်​သွား​တော့။ သင့်​ကို မြေ​ပေါ်​သို့​အ​ဘယ်​ကြောင့် ငါ​လှဲ​ရ​မည်​နည်း။ သို့​ပြု​လျှင် သင့်​အစ်​ကို​ယွာ​ဘ​ရှေ့​မှာ ငါ့​မျက်​နှာ​ကို အ​ဘယ်​သို့ ငါ​ပြ​နိုင်​မည်​နည်း​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 23,
      "text": "အာ​သ​ဟေ​လ​သည် နား​မ​ထောင်​သော​ကြောင့်၊ အာ​ဗ​နာ​သည် နောက်​သို့​လှံ​နှင့်​ထိုး​လျှင်၊ ဝမ်း၌​လှံ​ဖျား​ဝင်၍ ကျော​ကို​ထုတ်​ချင်း​ဖောက်​သ​ဖြင့်၊ အာ​သ​ဟေ​လ​သည်​လဲ၍ ထို​အ​ရပ်၌​သေ၏။ အာ​သ​ဟေ​လ လဲ၍​သေ​သော ထို​အ​ရပ်​သို့ ရောက်​သော​သူ​အ​ပေါင်း​တို့​သည် ရပ်​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 24,
      "text": "ယွာ​ဘ​နှင့်​အ​ဘိ​ရှဲ​သည် အာ​ဗ​နာ​ကို​လိုက်၍ ဂိ​ဗောင်​တော​သို့ သွား​သော​လမ်း​နား၊ ဂိ​အာ​မြို့​ရှေ့​မှာ​ရှိ​သော အ​မ္မ​တောင်​သို့​ရောက်​သော​အ​ခါ နေ​ဝင်၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 25,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အာ​ဗ​နာ​နောက်၌ စု​ဝေး၍ တစ်​တပ်​တည်း​ဖွဲ့​လျက် တောင်​ပေါ်​မှာ ရပ်​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 26,
      "text": "ထို​အ​ခါ အာ​ဗ​နာ​က၊ ယွာ​ဘ​ကို​ဟစ်၍၊ ဓား​သွား​သည် အ​စဉ်​မ​ပြတ် ကိုက်​စား​ရ​မည်​လော။ နောက်​ဆုံး၌ ခါး​သော​အ​ရ​သာ​ကို တွေ့​လိမ့်​မည်​ဟု မ​သိ​သော လူ​များ​တို့​သည် ညီ​အစ်​ကို​တို့​ကို​မ​လိုက်၊ ပြန်​စေ​မည်​အ​ကြောင်း သင်​သည်​အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး မ​စီ​ရင်​ဘဲ​နေ​မည်​နည်း​ဟု ဆို​လျှင်၊"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 27,
      "text": "ယွာ​ဘ​က၊ ဘု​ရား​သ​ခင် အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​မ​ပြော​လျှင်၊ မိုး​လင်း​မှ​သာ လူ​များ​တို့​သည် ညီ​အစ်​ကို​တို့​ကို​မ​လိုက်​ဘဲ နေ​ကြ​လိမ့်​မည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 28,
      "text": "တံ​ပိုး​မှုတ်၍ လူ​များ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မ​လိုက်၊ စစ်​မ​တိုက်​ဘဲ ရပ်​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 29,
      "text": "အာ​ဗ​နာ​နှင့် သူ၏​လူ​တို့​သည် တစ်​ည​လုံး လွင်​ပြင်​သို့​လျှောက်​သွား၍ ယော်​ဒန်​မြစ်​ကို​ကူး​ပြီး​လျှင်၊ ဗိ​သ​ရုန်​ပြည်​ကို​လွန်၍ မ​ဟာ​နိမ်​မြို့​သို့ ရောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 30,
      "text": "ယွာ​ဘ​သည်​လည်း အာ​ဗ​နာ​ကို​လိုက်​ရာ​မှ ပြန်၍ လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​သော​အ​ခါ၊ အာ​သ​ဟေ​လ​နှင့် ဒါ​ဝိဒ်၏​ကျွန် တစ်​ကျိပ်​ကိုး​ယောက်​တို့​သည်​မ​ရှိ၊ ဆုံး​ကြ​ပြီ။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 31,
      "text": "ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား၊ အာ​ဗ​နာ၏​လူ​သုံး​ရာ​ခြောက်​ဆယ်​တို့​ကို သေ​အောင်​လုပ်​ကြံ​ကြ​ပြီ။"
    },
    {
      "book": 10,
      "chapter": 2,
      "verse": 32,
      "text": "အာ​သ​ဟေ​လ၏​အ​လောင်း​ကို​ထမ်း​သွား၍ ဗက်​လင်​မြို့၌​ရှိ​သော သူ့​အ​ဘ၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ၏။ ယွာ​ဘ​နှင့် သူ၏​လူ​တို့​သည် တစ်​ည​လုံး​သွား၍၊ မိုး​လင်း​စ​တွင် ဟေ​ဗြုန်​မြို့​သို့​ရောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 1,
      "text": "ရှော​လု​အ​မျိုး​နှင့် ဒါ​ဝိဒ်​အ​မျိုး​တို့​သည် ကြာ​မြင့်​စွာ​စစ်​တိုက်၍၊ ဒါ​ဝိဒ်​သည် အား​တိုး​ပွား​လျက်၊ ရှော​လု​အ​မျိုး​သည် အား​ရွေ့​လျော့​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 2,
      "text": "ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့​တွင် သား​ဦး​ကား၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​တွင်​မြင်​သော​သား အာ​မ​နုန်​တည်း။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 3,
      "text": "ဒု​တိ​ယ​သား​ကား၊ နာ​ဗ​လ​မ​ယား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင်​မြင်​သော​သား ခိ​လပ်​တည်း။ တ​တိ​ယ​သား​ကား၊ ဂေ​ရှု​ရိ​ရှင်​ဘု​ရင်​တာ​လ​မဲ​သ​မီး မာ​ခါ၏​သား အ​ဗ​ရှ​လုံ​တည်း။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 4,
      "text": "စ​တု​တ္တ​သား​ကား၊ ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​တည်း။ ပ​ဥ္စ​မ​သား​ကား၊ အ​ဘိ​တ​လ၏​သား ရှေ​ဖ​တိ​တည်း။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 5,
      "text": "ဆ​ဋ္ဌ​မ​သား​ကား၊ မြောက်​သား​တော် ဧ​ဂ​လာ​တွင်​မြင်​သော​သား ဣ​သ​ရံ​တည်း။ ဤ​ရွေ့​ကား၊ ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တည်း။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 6,
      "text": "ရှော​လု​အ​မျိုး​နှင့်​ဒါ​ဝိဒ်​အ​မျိုး စစ်​တိုက်​ကြ​စဉ်​အ​ခါ၊ အာ​ဗ​နာ​သည် ရှော​လု​အ​မျိုး​ဘက်​မှာ ကိုယ်​ကို​ခိုင်​မာ​စေ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 7,
      "text": "ရှော​လု၌ အဲ​အာ၏​သ​မီး​ရိ​ဇ​ပ​မည်​သော မ​ယား​ငယ်​တစ်​ယောက်​ရှိ၏။ ဣ​ရှ​ဗော​ရှက်​က၊ သင်​သည် ငါ့​အ​ဘ၏​မ​ယား​ငယ်​ကို အ​ဘယ်​ကြောင့်​သိမ်း​သ​နည်း​ဟု အာ​ဗ​နာ​အား​ဆို​လျှင်၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 8,
      "text": "ထို​စ​ကား​ကြောင့် အာ​ဗ​နာ​သည် အ​လွန်​စိတ်​ဆိုး​လျက်၊ ငါ​သည် ယု​ဒ​အ​မျိုး​ကို​ဆီး​တား၍ သင့်​အ​ဘ​ရှော​လု​အ​မျိုး​နှင့် ညီ​အစ်​ကို​အ​ဆွေ​ခင်​ပွန်း​တို့​အား ယ​နေ့​တိုင်​အောင် ကျေး​ဇူး​ပြု​သ​ဖြင့် သင့်​ကို​ဒါ​ဝိဒ်​လက်​သို့ မ​အပ်​နှံ​ဘဲ​နေ​သော်၊ သင်​သည်​ငါ့​ကို ခွေး၏​ဦး​ခေါင်း​ကဲ့​သို့​သာ​မှတ်၍ ထို​မိန်း​မ​အ​တွက် ယ​နေ့​အ​ပြစ်​တင်​ရ​မည်​လော။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် နိုင်​ငံ​တော်​ကို ရှော​လု​အ​မျိုး​မှ​နုတ်၍"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 10,
      "text": "ဒါ​ဝိဒ်၏​အာ​ဏာ​တော်​ကို ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ တည်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​အား​ပြု​မည်​ဟု ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ငါ​လည်း ဒါ​ဝိဒ်​အား​မ​ပြု​ဘဲ​နေ​လျှင်၊ ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် အာ​ဗ​နာ​အား​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော​ကြောင့်၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 11,
      "text": "ဣ​ရှ​ဗော​ရှက်​သည် ကြောက်၍ စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြန်​ဝံ့။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 12,
      "text": "ထို​နောက် အာ​ဗ​နာ​သည် မိ​မိ​အ​တွက် သံ​တ​မန်​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍၊ ပြည့်​ရှင်​မင်း​ကား အ​ဘယ်​သူ​နည်း။ ကျွန်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ကိုယ်​တော်​ထံ​သို့ ပြောင်း​လဲ​စေ​ခြင်း​ငှာ၊ ကျွန်​တော်​သည် ကိုယ်​တော်​ဘက်​သို့ ဝင်​စား​ပါ​မည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 13,
      "text": "ဒါ​ဝိဒ်​က​လည်း ကောင်း​ပြီ။ သင်​နှင့်​ငါ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်။ သို့​ရာ​တွင် ငါ​တောင်း​စ​ရာ​တစ်​ခု​ရှိ၏။ ငါ့​မျက်​နှာ​ကို​မြင်​အံ့​သော​ငှာ လာ​သော​အ​ခါ၊ ရှော​လု​သ​မီး မိ​ခါ​လ​ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မ​ဟုတ် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြန်​ဆို၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 14,
      "text": "ဒါ​ဝိဒ်​သည်​လည်း သံ​တ​မန်​တို့​ကို ရှော​လု​သား ဣ​ရှ​ဗော​ရှက်​ထံ​သို့ စေ​လွှတ်၍၊ ငါ​သည် ဖိ​လိ​တ္တိ​လူ​အ​ရေ​ဖျား​တစ်​ရာ​နှင့် ဝယ်​ယူ​သော ငါ့​မ​ယား​မိ​ခါ​လ​ကို အပ်​လိုက်​ရ​မည်​ဟု မှာ​လိုက်​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 15,
      "text": "ဣ​ရှ​ဗော​ရှက်​သည် စေ​လွှတ်၍ ထို​မိန်း​မ​ကို သူ၏​လင် လဲ​ရှ၏​သား​ဖာ​လ​တိ​လက်​မှ နုတ်​ယူ​လေ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 16,
      "text": "သူ၏​လင်​သည် ငို​ကြွေး​လျက် သူ့​နောက်​သို့ ဗာ​ဟု​ရိမ်​မြို့​တိုင်​အောင်​လိုက်​လေ၏။ အာ​ဗ​နာ​က​လည်း ပြန်​သွား​တော့​ဟု​ဆို​သော် ပြန်​သွား​ရ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 17,
      "text": "အာ​ဗ​နာ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်​လျက်၊ သင်​တို့​သည် အ​ထက်​က ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော​စိတ်​ရှိ​ကြ​သည်​ဖြစ်၍၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 18,
      "text": "ယ​ခု ချီး​မြှောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​ကျွန်​ဒါ​ဝိဒ်​လက်​ဖြင့် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ​လည်း​ကောင်း၊ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ​လည်း​ကောင်း၊ ငါ​ကယ်​နုတ်​မည်​ဟု ဒါ​ဝိဒ်​အ​ဖို့ မိန့်​တော်​မူ​ပြီ​ဟု ဆို​လေ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 19,
      "text": "တစ်​ဖန် အာ​ဗ​နာ​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို​လည်း သွေး​ဆောင်​လေ၏၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး အ​လို​ရှိ​သ​မျှ​အ​ရာ၊ ဗင်္ယာ​မိန်​အ​မျိုး​တ​ညီ​တ​ညွတ်​တည်း အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​အား ပြန်​လျှောက်​ခြင်း​ငှာ​သွား၍၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 20,
      "text": "လူ​နှစ်​ကျိပ်​ပါ​လျက် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​သ​ဖြင့်၊ ဒါ​ဝိဒ်​သည်​ပွဲ​လုပ်၍ အာ​ဗ​နာ​နှင့် သူ၏​လူ​တို့​ကို ကျွေး၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 21,
      "text": "အာ​ဗ​နာ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း​စိုး​စံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျွန်​တော်​ထ​သွား၍ ထို​သူ​အ​ပေါင်း​တို့​ကို ကျွန်​တော်​သ​ခင်၊ ကျွန်​တော်​ရှင်​ဘု​ရင်​ထံ​တော်၌ စု​ဝေး​စေ​ပါ​မည်​ဟု​လျှောက်​ပြီး​မှ၊ ဒါ​ဝိဒ်​လွှတ်​လိုက်၍ သူ​သည် ငြိမ်​ဝပ်​စွာ​သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 22,
      "text": "ထို​အ​ခါ ယွာ​ဘ​နှင့် ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ရန်​သူ​အ​လုံး​အ​ရင်း​ကို လိုက်​ရာ​မှ​ပြန်​လာ၍၊ လက်​ရ​ဥ​စ္စာ​များ​ကို​ယူ​ခဲ့​ကြ၏။ အာ​ဗ​နာ​သည် ဒါ​ဝိဒ်​နှင့်​အ​တူ ဟေ​ဗြုန်​မြို့၌ မ​ရှိ။ ဒါ​ဝိဒ်​သည် လွှတ်​လိုက်၍ သူ​သည်​ငြိမ်​ဝပ်​စွာ သွား​နှင့်​ပြီ။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 23,
      "text": "ယွာ​ဘ​နှင့် သူ၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ နေ​ရ၏​သား အာ​ဗ​နာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​ပြီ။ ရှင်​ဘု​ရင်​သည်​လည်း လွှတ်​လိုက်၍၊ သူ​သည်​ငြိမ်​ဝပ်​စွာ​သွား​ပြီ​ဟု ယွာ​ဘ​အား​ကြား​ပြော​လျှင်၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 24,
      "text": "ယွာ​ဘ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​တော်​မူ​သ​နည်း။ အာ​ဗ​နာ​သည် အ​ထံ​တော်​သို့​လာ​ပြီး​မှ တစ်​ဖန် အ​လွတ်​သွား​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် လွှတ်​လိုက်​တော်​မူ​သ​နည်း။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 25,
      "text": "နေ​ရ၏​သား အာ​ဗ​နာ​သည် ကိုယ်​တော်​ကို​လှည့်​စား၍ ကိုယ်​တော်​ထွက်​ဝင်​တော်​မူ​ခြင်း၊ စီ​ရင်​တော်​မူ​ခြင်း​အ​လုံး​စုံ​ကို သိ​အံ့​သော​ငှာ​သာ လာ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 26,
      "text": "အ​ထံ​တော်​က​ထွက်၍ အာ​ဗ​နာ​နောက်​သို့ တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊ သိ​ရ​ရေ​တွင်း​မှ ခေါ်​လေ၏။ ထို​အ​မှု​ကို ဒါ​ဝိဒ်​မ​သိ။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 27,
      "text": "အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 28,
      "text": "ထို​နောက်​ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ၊ နေ​ရ၏​သား အာ​ဗ​နာ​ကို သတ်​သော​အ​ပြစ်​နှင့် ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လွတ်​ပါ​စေ။ ငါ့​နိုင်​ငံ လွတ်​ပါ​စေ။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 29,
      "text": "ယွာ​ဘ​ခေါင်း၊ သူ့​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏ ခေါင်း​ပေါ်​သို့ ရောက်​ပါ​စေ။ ယွာ​ဘ၏​အ​ဆွေ​အ​မျိုး၌ ရိ​နာ​စွဲ​သော​သူ၊ နူ​နာ​စွဲ​သော​သူ၊ ကျော​ကုန်း​သော​သူ၊ ဓား​ဖြင့်​သေ​သော​သူ၊ ငတ်​မွတ်​သော​သူ မ​ပြတ်​စေ​နှင့်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 30,
      "text": "ထို​သို့​ယွာ​ဘ​နှင့် ညီ​အ​ဘိ​ရှဲ​သည် အာ​ဗ​နာ​ကို​သတ်၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ညီ အာ​သ​ဟေ​လ​ကို ဂိ​ဗောင်​စစ်​တိုက်​ပွဲ၌ အာ​ဗ​နာ​သတ်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 31,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ယွာ​ဘ​နှင့် မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အာ​ဗ​နာ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​လော့​ဟု အ​မိန့်​တော်​ရှိ၍ ကိုယ်​တော်​တိုင် မ​သာ​လိုက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 32,
      "text": "အာ​ဗ​နာ​ကို​ဟေ​ဗြုန်​မြို့၌ သင်္ဂြိုဟ်​ကြ၏။ သင်္ချိုင်း​အ​နား​မှာ ရှင်​ဘု​ရင်​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ငို​ကြွေး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 33,
      "text": "ရှင်​ဘု​ရင်​သည် အာ​ဗ​နာ​အ​တွက် မြည်​တမ်း​သည်​ကား၊ အာ​ဗ​နာ​သည် လူ​မိုက်​ကဲ့​သို့​သေ​သ​လော။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 34,
      "text": "သင်၏​လက်​ကို​မ​ချည်၊ သံ​ချေ​ချင်း​မ​ခတ်​ဘဲ လူ​ဆိုး​လက်​ဖြင့် သေ​သ​ကဲ့​သို့ သေ​ရှာ​ပါ​ပြီ​တ​ကား​ဟု မြွက်​ဆို၏။ လူ​အ​ပေါင်း​တို့​သည်​လည်း တစ်​ဖန် ငို​ကြွေး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 35,
      "text": "မိုး​မ​ချုပ်​မီ ဒါ​ဝိဒ်​သည် စား​တော်​ခေါ်​မည်​အ​ကြောင်း လူ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​က၊ နေ​မ​ဝင်​မီ မုန့်​အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ငါ​မြည်း​စမ်း​လျှင်၊ ထို​မျှ​မ​က ငါ၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​စေ​သ​တည်း​ဟု ကျိန်​ဆို၏"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 36,
      "text": "ထို​အ​မှု​ကို လူ​အ​ပေါင်း​တို့​သည်​မှတ်၍ နှစ်​သက်​ကြ၏။ ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း လူ​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 37,
      "text": "ရှင်​ဘု​ရင်​သည် နေ​ရ၏​သား​အာ​ဗ​နာ​ကို သတ်​စေ​ခြင်း​ငှာ​အ​လို​မ​ရှိ​ဟု ထို​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် လူ​များ​အ​ပေါင်း​တို့​သည် သိ​နား​လည်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 38,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​သား​ဖြစ်​သော​သူ၊ ကြီး​မြတ်​သော​သူ​တစ်​ပါး​သည် ယ​နေ့​ဆုံး​ကြောင်း​ကို သင်​တို့​မ​သိ​သ​လော။"
    },
    {
      "book": 10,
      "chapter": 3,
      "verse": 39,
      "text": "ငါ​သည် ဘိ​သိက်​ခံ​ရ၍ ရှင်​ဘု​ရင်​ဖြစ်​သော်​လည်း ယ​နေ့​အား​နည်း၏။ ဇေ​ရု​သား​ဖြစ်​သော ဤ​သူ​တို့​သည် ငါ့​ထက်​လွန်၍ အား​ကြီး​ကြ၏။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​ကို မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​ပေး​ဆပ်​တော်​မူ​စေ​သ​တည်း​ဟု မိ​မိ​ကျွန်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 1,
      "text": "အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့၌ သေ​ကြောင်း​ကို ရှော​လု၏​သား​သည်​ကြား​သော် အား​လျော့၏။ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည် ပူ​ပန်​သော​စိတ်​ရှိ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 2,
      "text": "ရှော​လု၏​သား၌​ဗာ​နာ​နှင့် ရေ​ခပ်​အ​မည်​ရှိ​သော​သူ​တည်း​ဟူ​သော တပ်​မှူး​နှစ်​ယောက်​ရှိ၏။ သူ​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး ဗေ​ရော​သိ​အ​နွယ် ရိ​မ္မုန်၏​သား​ဖြစ်​ကြ၏။ ဗေ​ရုတ်​မြို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်​အ​ဝင်​ဖြစ်​သော်​လည်း၊"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 3,
      "text": "ဗေ​ရော​သိ​လူ​တို့​သည် ဂိ​တ္တိမ်​မြို့​သို့​ပြေး၍ ယ​နေ့​တိုင်​အောင် တည်း​ခို​လျက်​နေ​ကြ​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 4,
      "text": "ရှော​လု၏​သား​ယော​န​သန်၌ ခြေ​ဆွံ့​သော သား​တစ်​ယောက်​ရှိ​ရစ်၏။ သူ​သည် အ​သက်​ငါး​နှစ်​ရှိ​သော​အ​ခါ၊ ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့် ယော​န​သန်​တို့၏​သ​တင်း​ကို​ကြား​လျှင်၊ အ​ထိန်း​သည် သူ့​ကို​ချီ၍​ပြေး​စဉ်​တွင်၊ အ​လျင်​အ​မြန်​ပြေး​သော​ကြောင့်၊ သူ​ငယ်​သည်​ကျ၍​ခြေ​ဆွံ့၏။ ထို​သူ​ငယ်၏​အ​မည်​ကား မေ​ဖိ​ဗော​ရှက်​တည်း။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 5,
      "text": "ဗေ​ရော​သိ​အ​မျိုး ရိ​မ္မုန်၏​သား​ရေ​ခပ်​နှင့် ဗာ​နာ​တို့​သည် ဣ​ရှ​ဗော​ရှက်​အိမ်​သို့​သွား၍ မွန်း​တည့်​အ​ချိန်၌​ရောက်၏။ ထို​အ​ချိန်၌ ဣ​ရှ​ဗော​ရှက်​သည် အိပ်​တတ်၏။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 6,
      "text": "ထို​ညီ​အစ်​ကို ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည် စ​ပါး​ကို​ထုတ်​ဟန်​ဆောင်၍ အိမ်​အ​လယ်​သို့​ဝင်​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 7,
      "text": "အိပ်​ခန်း​ထဲ အိပ်​ရာ​ပေါ်​မှာ အိပ်​လျက်​နေ​သော ဣ​ရှ​ဗော​ရှက်၏​ဝမ်း​ကို ထိုး၍​သတ်​သ​ဖြင့်၊ ဦး​ခေါင်း​ကို ဖြတ်​ယူ​ပြီး​မှ တစ်​ည​လုံး လွင်​ပြင်​လမ်း​ဖြင့်​ပြေး၍ လွတ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 8,
      "text": "ဣ​ရှ​ဗော​ရှက်၏​ဦး​ခေါင်း​ကို ဟေ​ဗြုန်​မြို့​ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ ကိုယ်​တော်​အ​သက်​ကို​ရှာ​သော ကိုယ်​တော်​ရန်​သူ ရှော​လု၏​သား ဣ​ရှ​ဗော​ရှက်၏​ဦး​ခေါင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​ခံ​ရ​တော်​မူ​သော အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု၌​လည်း​ကောင်း၊ သူ၏​အ​မျိုး​အ​နွယ်၌​လည်း​ကောင်း၊ ယ​နေ့​ဆပ်​ပေး​တော်​မူ​ပြီ​ဟု အ​ထံ​တော်​တွင် လျှောက်​ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 9,
      "text": "ဒါ​ဝိဒ်​က၊ ငါ့​အ​သက်​ကို ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​မှ ရွေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 10,
      "text": "အ​ရင်​တစ်​ခါ လူ​တစ်​ယောက်​သည်​လာ၍ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ပြော​မည်​အ​ကြံ​ရှိ​လျက်၊ ရှော​လု​သေ​ပါ​ပြီ​ဟု ငါ့​အား​ကြား​ပြော​သော​အ​ခါ၊ ထို​သ​တင်း​ကို​ပြော​သော​ကြောင့် ဆု​ကို​ရ​မည်​ဟု ထင်​သော​ထို​သူ​ကို၊ ဇိ​က​လတ်​မြို့၌ ငါ​ကိုင်​ဆွဲ၍ သတ်၏။"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 11,
      "text": "ထို​မျှ​မ​က လူ​ဆိုး​တို့​သည် ဖြောင့်​မတ်​သော​သူ​ကို သူ၏​အိမ်​အ​တွင်း အိပ်​ရာ​ပေါ်​မှာ​သတ်​လျှင်၊ သာ၍ ပြု​သင့်​သည်​မ​ဟုတ်​လော။ ယ​ခု​ပင် သူ၏​အ​သွေး​ကို သင်​တို့၌ ငါ​တောင်း၍ သင်​တို့​ကို​မြေ​ကြီး​ပေါ်​က ပယ်​ရှား​သင့်​သည် မ​ဟုတ်​လော​ဟု ဗေ​ရော​သိ​အ​မျိုး၊ ရိ​မ္မုန်၏​သား ရေ​ခပ်​နှင့် ညီ​ဗာ​နာ​အား ဆို​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 4,
      "verse": 12,
      "text": "လု​လင်​တို့​ကို မိန့်​တော်​မူ၍ ထို​သူ​နှစ်​ယောက်​ကို သတ်​ကြ၏။ လက်​ခြေ​တို့​ကို​ဖြတ်၍ ဟေ​ဗြုန်​ရေ​ကန်​အ​နား​မှာ ဆွဲ​ထား​ကြ၏။ ဣ​ရှ​ဗော​ရှက်၏​ဦး​ခေါင်း​ကို​ကား​ယူ၍ ဟေ​ဗြုန်​မြို့​တွင် အာ​ဗ​နာ​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 1,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​လာ၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 2,
      "text": "အ​ထက်​က ရှော​လု​သည် ကျွန်​တော်​တို့၌ ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 3,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 4,
      "text": "ဒါ​ဝိဒ်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​သုံး​ဆယ်​ရှိ၏။ အ​နှစ်​လေး​ဆယ် စိုး​စံ​လေ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 5,
      "text": "ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​ပြည်​ကို ခု​နစ်​နှစ်​နှင့်​ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​ကို အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 6,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​သည် မိ​မိ​လူ​တို့​ကို​ခေါ်၍၊ ပြည်​သား​ရင်း ယေ​ဗု​သိ​လူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​သွား​လျှင်၊ သူ​တို့​က သင်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ။ မျက်​စိ​ကန်း​သော​သူ​နှင့် ခြေ​ဆွံ့​သော​သူ​တို့​က​လည်း၊ ဒါ​ဝိဒ်​သည် ဤ​မြို့​ထဲ​သို့​မ​ဝင်​ရ​ဟု ဆို​ကာ​မျှ​နှင့် သင့်​ကို​ဆီး​တား​လိမ့်​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 7,
      "text": "သို့​ရာ​တွင် ဒါ​ဝိဒ်​သည် ဒါ​ဝိဒ်​မြို့​တည်း​ဟူ​သော ဇိ​အုန်​ရဲ​တိုက်​ကို တိုက်​ယူ​လေ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 8,
      "text": "ထို​နေ့၌ ဒါ​ဝိဒ်​က၊ အ​ကြင်​သူ​သည် ယေ​ဗု​သိ​လူ​တို့​ကို တိုက်​ဖျက်​ပြီး​မှ ကျုံး​ကို​လွန်၍၊ ဒါ​ဝိဒ်​သည် ဤ​နေ​ရာ​သို့​မ​ဝင်​ရ​ဟု ဒါ​ဝိဒ်​အ​သက်​ကို​မုန်း​လျက် ပြော​ဆို​သော မျက်​စိ​ကန်း​နှင့် ခြေ​ဆွံ့​သော​သူ​တို့​ကို လုပ်​ကြံ၏။ ထို​သူ​သည် ဗိုလ်​ချုပ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် အ​ဦး​တက်၍ ဗိုလ်​ချုပ်​အ​ရာ​ကို​ခံ​ရ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 9,
      "text": "ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ၍ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။ မိ​လ္လော​အ​ရပ် ပတ်​လည်၌​လည်း​ကောင်း၊ အ​တွင်း​ဘက်၌​လည်း​ကောင်း တည်​ဆောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 10,
      "text": "ဒါ​ဝိဒ်​တိုး​ပွား၍ အား​ကြီး​သ​ဖြင့် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 11,
      "text": "တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍ သူ​တို့​သည် နန်း​တော်​ကို​တည်​ဆောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​နှင့် မိ​မိ​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ အ​လို​ငှာ၊ နိုင်​ငံ​ကို​ချီး​မြှောက်​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​သိ​မြင်၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 13,
      "text": "ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့​မှ​ပြောင်း​သော​နောက်၊ ယေ​ရု​ရှ​လင်​မြို့​သူ မ​ယား​ကြီး​မ​ယား​ငယ်​တို့​ကို ထပ်၍​သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 14,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ဒါ​ဝိဒ်​မြင်​သော သား​တို့​အ​မည်​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 15,
      "text": "ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ နေ​ဖက်၊ ယာ​ဖျာ၊"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 16,
      "text": "ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​တည်း။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 17,
      "text": "ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အ​ရာ၌​ခန့်​ထား​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည် ကြား​လျှင်၊ ထို​လူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို​ရှာ၍ လာ​ကြ၏။ ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​သော​အ​ခါ ရဲ​တိုက်​သို့​သွား၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 18,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍​ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 19,
      "text": "ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်​သို့ ဆက်​ဆက်​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 20,
      "text": "ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့​သွား၍ သူ​တို့​ကို​လုပ်​ကြံ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ရေ​ထ၍ ဖြို​ဖျက်​သ​ကဲ့​သို့၊ ငါ့​ရန်​သူ​တို့​ကို ငါ့​ရှေ့​မှာ ဖြို​ဖျက်​တော်​မူ​ပြီ​ဟု ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 21,
      "text": "ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ​ပစ်​ထား​သော ရုပ်​တု​များ​ကို၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 22,
      "text": "တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 23,
      "text": "ဒါ​ဝိဒ်​သည်​လည်း​မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ တည့်​တည့်​မ​တက်​ရ။ သူ​တို့​နောက်​သို့​ဝိုင်း၍ ပိုး​စာ​တော​တစ်​ဖက်၌ ချီ​ရ​မည်။"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 24,
      "text": "ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ ကြိုး​စား​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 5,
      "verse": 25,
      "text": "ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂေ​ဗ​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 1,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​သည် ရွေး​ချယ်​သော​ဣ​သ​ရေ​လ​လူ သုံး​သောင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 2,
      "text": "ခေ​ရု​ဗိမ်​ကြား​မှာ ကျိန်း​ဝပ်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယု​ဒ​ပြည်​ဗာ​လာ​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ၊ မိ​မိ၌​ပါ​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထ​သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှည်း​သစ်​ပေါ်​မှာ​တင်၍ တောင်​ပေါ် အ​ဘိ​န​ဒပ်​အိမ်​ထဲ​က ထုတ်​ကြ၏။ အ​ဘိ​န​ဒပ်၏​သား ဩ​ဇ​နှင့် အ​ဟိ​ဩ​တို့​သည် လှည်း​သစ်​ကို​နှင်​ရ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 4,
      "text": "ဩ​ဇ​သည်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​အ​နား၌​လည်း​ကောင်း၊ အ​ဟိ​ဩ​သည် သေ​တ္တာ​တော်​ရှေ့၌​လည်း​ကောင်း သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 5,
      "text": "ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း​တို့​ကို ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 6,
      "text": "နာ​ခုန်​ကောက်​နယ်​သ​လင်း​သို့ ရောက်​သော​အ​ခါ၊ နွား​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို လှုပ်​ရှား​သော​ကြောင့်၊ ဩ​ဇ​သည် လက်​ကို​ဆန့်၍ သေ​တ္တာ​တော်​ကို​ကိုင်၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို​အ​မျက်​ထွက်၍ သူ၏​အ​ပြစ်​ကြောင့် ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​သည် သေ​တ္တာ​တော်​နား​မှာ သေ​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 8,
      "text": "ဩ​ဇ​ကို ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် ညှိုး​ငယ်​သော​စိတ်​ရှိ၏။ ထို​အ​ရပ်​သည် ယ​နေ့​တိုင်​အောင် ပေ​ရ​ဇာ​ဇ​အ​မည်​ဖြင့် တွင်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 9,
      "text": "ထို​နေ့၌ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် အ​ဘယ်​သို့ ငါ့​ထံ​သို့ ရောက်​ရ​မည်​နည်း​ဟု ဆို​လျက်၊"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 10,
      "text": "မိ​မိ​နေ​ရာ​ဒါ​ဝိဒ်​မြို့​ထဲ​သို့ သေ​တ္တာ​တော်​ကို​မ​ဆောင်​ဘဲ ဂိ​တ္တိ​လူ ဩ​ဗ​ဒေ​ဒုံ​အိမ်​သို့ လမ်း​လွှဲ၍ ဆောင်​သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် သုံး​လ​ပတ်​လုံး ဂိ​တ္တိ​လူ​ဩ​ဗ​ဒေ​ဒုံ​အိမ်၌ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဩ​ဗ​ဒေ​ဒုံ​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သေ​တ္တာ​တော်​ကြောင့် ဩ​ဗ​ဒေ​ဒုံ​နှင့် သူ၌​ရှိ​သ​မျှ​ကို ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး​ကြား​သော​အ​ခါ၊ တစ်​ဖန်​သွား၍ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဒါ​ဝိဒ်​မြို့​သို့ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​သော​သူ​တို့​သည် ခြောက်​လှမ်း​သွား​ပြီး​မှ၊ နွား​နှင့် ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 14,
      "text": "ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 15,
      "text": "ထို​သို့​ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​လျက်၊ တံ​ပိုး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ဒါ​ဝိဒ်​မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် ပြတင်း​ပေါက်​ဖြင့်​ကြည့်၍၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ က​လျက်​ခုန်​လျက်​လာ​သည်​ကို​မြင်၍ စိတ်​နှ​လုံး​ထဲ၌ မ​ထီ​မဲ့​မြင်​ပြု၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို​သွင်း၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်​တွင် သူ့​နေ​ရာ၌​ထား​ကြ​ပြီး​မှ၊ ဒါ​ဝိဒ်​သည်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 18,
      "text": "မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း အ​မှု​ကို​ပြီး​စီး​သော​အ​ခါ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 19,
      "text": "ဣ​သ​ရေ​လ​ပ​ရိ​သတ် ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ် တစ်​ပြား​စီ ဝေ​ငှ​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 20,
      "text": "ထို​နောက် ဒါ​ဝိဒ်​သည် နန်း​တော်​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား၍​ရောက်​သော​အ​ခါ၊ ရှော​လု၏​သ​မီး မိ​ခါ​လ​သည် ဆီး၍​ကြို​လျက်၊ လျှပ်​ပေါ်​သော​သူ​သည် အ​ရှက်​မ​ရှိ​ဘဲ ကိုယ်​အ​ဝတ်​ကို​ချွတ်​သ​ကဲ့​သို့၊ ယ​နေ့ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​များ​ရှေ့​တွင် အ​ဝတ်​တော်​ကို​ချွတ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည်၊ ယ​နေ့​အ​ဘယ်​မျှ​လောက် ဘုန်း​ကြီး​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 21,
      "text": "ဒါ​ဝိဒ်​က​လည်း၊ သင့်​အ​ဘ​နှင့် သူ၏​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏​ကိုယ်​စား၊ ငါ့​ကို​ရွေး​ကောက်၍ ထာ​ဝ​ရ​ဘု​ရား၏​လူ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ပြု​သည်​မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ငါ​က​ခုန်​မည်။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 22,
      "text": "ထို​မျှ​မ​က၊ ငါ​သာ၍​ယုတ်​မာ​မည်။ ကိုယ်​အ​ထင်​အ​တိုင်း ကိုယ်​ကို​သာ၍ နှိမ့်​ချ​မည်၊ သင်​ပြော​သော ကျွန်​မ​များ​မူ​ကား၊ ငါ့​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်​ဟု မိ​ခါ​လ​ကို ပြန်​ပြော၏။"
    },
    {
      "book": 10,
      "chapter": 6,
      "verse": 23,
      "text": "ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် တစ်​သက်​လုံး သား​ကို​မ​ဖွား​မ​မြင်​ရ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ရပ်​ရပ်​တို့၌​ရှိ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သော​ကျေး​ဇူး​ကို ရှင်​ဘု​ရင်​သည်​ခံ​ရ၍၊ နန်း​တော်၌​ငြိမ်​ဝပ်​စွာ နေ​ရ​သော​အ​ခါ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 2,
      "text": "ပ​ရော​ဖက်​နာ​သန်​ကို ခေါ်၍၊ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​မူ​ကား၊ ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 3,
      "text": "နာ​သန်​က၊ အ​ကြံ​တော်​ရှိ​သ​မျှ​အ​တွင်း ပြု​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်၏။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 4,
      "text": "ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် နာ​သန်​သို့ ရောက်၍၊"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 5,
      "text": "ငါ့​ကျွန်​ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ​နေ​စ​ရာ​ဖို့ အိမ်​ကို​ဆောက်​ရ​မည်​လော။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​နေ့​က​စ၍ ယ​နေ့​တိုင်​အောင် အိမ်​နှင့်​ငါ​မ​နေ။ တဲ​အ​မျိုး​မျိုး​နှင့် ငါ​လှည့်​လည်​ပြီ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​လှည့်​လည်​ရာ အ​ရပ်​ရပ်​တို့၌၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည်​ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 8,
      "text": "ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို​ငါ​နုတ်​ယူ၍၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 9,
      "text": "သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား​တို့​တွင် လူ​ကြီး၏​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ကြီး​စွာ​သော ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​ပြီ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 10,
      "text": "ထို​မှ​တစ်​ပါး ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ​အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော​သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 11,
      "text": "ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 12,
      "text": "သင်​သည် အ​သက်​ကာ​လ​စေ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ အိပ်​ပျော်​သော​အ​ခါ သင်၏​ရင်​သွေး၊ သင်​မှ​ဆင်း​သက်​သော သား​ကို ငါ​ချီး​မြှောက်၍ သူ၏​နိုင်​ငံ​ကို​တည်​ထောင်​မည်။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 13,
      "text": "ထို​သား​သည် ငါ၏​နာ​မ​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 14,
      "text": "ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သူ​သည် ဒု​စ​ရိုက်​ကို​ပြု​လျှင် လူ​သုံး​တတ်​သော ကြိမ်​လုံး​နှင့် ငါ​ဆုံး​မ​မည်။ လူ​သား​ရိုက်​တတ်​သ​ကဲ့​သို့​ငါ​ရိုက်​မည်။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 15,
      "text": "သို့​ရာ​တွင် သင့်​ရှေ့​မှာ ငါ​ပယ်​ရှား​သော​ရှော​လု၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 16,
      "text": "သင်၏​အ​မျိုး​အ​နွယ်​နှင့်၊ သင်၏​နိုင်​ငံ​သည် ငါ့​ရှေ့​မှာ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ သင်၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား​ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 17,
      "text": "ထို​ဗျာ​ဒိတ်​တော်​စ​ကား​အ​လုံး​စုံ​တို့​ကို နာ​သန်​သည် ဒါ​ဝိဒ်​အား​ပြန်​ပြော​လေ၏။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 18,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​ထဲ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထိုင်​နေ​လျက်၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို ဤ​မျှ​လောက် ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ အ​ကျွန်ုပ်​အ​မျိုး​သည် အ​ဘယ်​သို့​သော​အ​မျိုး ဖြစ်​ပါ​သ​နည်း။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 19,
      "text": "သို့​ရာ​တွင် အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​ကျေး​ဇူး​တော်​ကို သာ​မ​ည​ကျေး​ဇူး​ဟု ထင်​မှတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​ကို ကြာ​မြင့်​စွာ​သော​ကာ​လ​နှင့် ယှဉ်​လျက်​မိန့်​တော်​မူ​ပါ​သည်​တ​ကား။ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ လူ​တို့​သည် ထို​သို့​စီ​ရင်​လေ့​ရှိ​ပါ​သ​လော။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 20,
      "text": "ဒါ​ဝိဒ်​သည် အ​ဘယ်​သို့​တိုး​တက်၍ လျှောက်​ရ​ပါ​မည်​နည်း။ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကိုယ်​တော်၏​ကျွန်​ကို​သိ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 21,
      "text": "နှုတ်​က​ပတ်​တော်​ကို​ထောက်၍၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သိ​ရ​မည်​အ​ကြောင်း၊ ဤ​ကြီး​စွာ​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 22,
      "text": "သို့​ဖြစ်၍ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့ ကြား​သ​မျှ​အ​တိုင်း ကိုယ်​တော်​နှင့် တူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မည်​မျှ​မ​ရှိ​ပါ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 23,
      "text": "နာ​မ​တော်​ကို​ထင်​ရှား​စေ၍ အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော အ​ခြား​သော​ပြည်​များ၊ သူ​တို့​ဘု​ရား​များ​တို့​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​တွင် လူ​မျိုး​တော်​အ​ဖို့​နှင့် ပြည်​တော်​အ​ဖို့ ကြောက်​မက်​ဖွယ်​သော အ​မှု​ကြီး​တို့​ကို​ပြု​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့​ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​စဉ်​အ​မြဲ ကိုယ်​တော်၏​လူ​ဖြစ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကိုယ်​တော်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​စေ၍၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 25,
      "text": "ယ​ခု​မှာ အို​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကျွန်၌​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်၏ အ​မျိုး​အ​နွယ်၌​လည်း​ကောင်း၊ မိန့်​တော်​မူ​သော စ​ကား​တော်​ကို အ​စဉ်​အ​မြဲ​တည်​စေ​တော်​မူ​ပါ။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 26,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​စိုး​ရ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟူ၍ နာ​မ​တော်​သည် အ​စဉ်​အ​မြဲ ချီး​မြှောက်​ခြင်း​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌​တည်​ပါ​စေ​သော။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​တည်​စေ​မည်​ဟု ကိုယ်​တော်​ကျွန်​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ဤ​ပ​တ္ထ​နာ​ကို ရှေ့​တော်၌ ပြု​ချင်​သော​စိတ်​ရှိ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 28,
      "text": "ယ​ခု​လည်း အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​မှန်​တော်​မူ၏။ စ​ကား​တော်​လည်း မှန်​ပါ၏။ ဤ​ကျေး​ဇူး​ကို ကိုယ်​တော်​ကျွန်၌ က​တိ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 7,
      "verse": 29,
      "text": "သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ အ​စဉ်​အ​မြဲ​တည်​ပါ​မည်​အ​ကြောင်း၊ ကောင်း​ချီး​ပေး​ခြင်း​ငှာ နူး​ညွတ်​သော​စိတ်​ရှိ​တော်​မူ​ပါ။ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ကောင်​ချီး​ပေး​တော်​မူ​သော​မင်္ဂ​လာ​ကို၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် အ​စဉ်​အ​မြဲ​ခံ​ရ​ပါ​စေ​သော​ဟု ဆု​တောင်း​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 1,
      "text": "ထို​နောက်​ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ၍ အောင်​မြင်​သ​ဖြင့်၊ မေ​သေ​ဂ​မ္မာ​မြို့​ကို သိမ်း​ယူ​လေ၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 2,
      "text": "မော​ဘ​ပြည်​ကို​လည်း​လုပ်​ကြံ၍ ပြည်​သား​တို့​ကို မြေ​ပေါ်​မှာ လှဲ​ချ​သ​ဖြင့်၊ ကြိုး​နှင့်​တိုင်း​လျက် သုံး​စု​တွင် နှစ်​စု​ကို​သတ်၏။ တစ်​စု​ကို​ချမ်း​သာ​ပေး၏။ ထို​သို့ မော​ဘ​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 3,
      "text": "ဇော​ဘ​မင်း​ကြီး ရ​ဟော​ဘ၏​သား ဟာ​ဒ​ဒေ​ဇာ​သည် ဥ​ဖ​ရတ်​မြစ်​နား​မြေ​ကို သိမ်း​ယူ​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် တိုက်​ဖျက်၍၊"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 4,
      "text": "ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်၊ ခြေ​သည် သူ​ရဲ​နှစ်​သောင်း​ကို ဖမ်း​ဆီး၍ ရ​ထား​တစ်​ရာ​ကို သိမ်း​ထား​ပြီး​မှ၊ အ​ခြား​သော​မြင်း​ရ​ထား​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​လေ၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 5,
      "text": "ဒ​မာ​သက်​မြို့​နေ ရှု​ရိ​လူ​တို့​သည် ဇော​ဘ​မင်း​ကြီး ဟာ​ဒ​ဒေ​ဇာ​ကို စစ်​ကူ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ရှု​ရိ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို​သတ်​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 6,
      "text": "ရှု​ရိ​ပြည်​ဒ​မာ​သက်​မြို့၌ မြို့​စောင့်​တပ်​ကို​ထား​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 7,
      "text": "ဟာ​ဒ​ဒေ​ဇာ၏​ကျွန်​တို့​စွဲ​ကိုင်​သော ရွှေ​ဒိုင်း​လွှား​များ​ကို ဒါ​ဝိဒ်​သည်​သိမ်း၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 8,
      "text": "ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သော ဘေ​တ​မြို့​နှင့် ဗေ​ရော​သဲ​မြို့​မှ ဒါ​ဝိဒ်​မင်း​ကြီး​သည် များ​စွာ​သော​ကြေး​ဝါ​ကို သိမ်း​သွား၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 9,
      "text": "ဟာ​ဒ​ဒေ​ဇာ၏ တပ်​အ​လုံး​အ​ရင်း​ကို ဒါ​ဝိဒ်​လုပ်​ကြံ​ကြောင်း​ကို၊ ဟာ​မတ်​မင်း​ကြီး​တော​ဣ​သည်​ကြား​လျှင်၊"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 10,
      "text": "မိ​မိ​ရန်​သူ ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည်​စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ၊ မိ​မိ​သား​ယော​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ယော​ရံ​သည် ငွေ​ဖ​လား၊ ရွှေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား​တို့​ကို ဆောင်​လျက်​လာ၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 11,
      "text": "ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ အောင်​မြင်​သော​ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၌ သိမ်း​ယူ​သော ရွှေ​ငွေ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 12,
      "text": "ဇော​ဘ​မင်း​ကြီး ရ​ဟော​ဘ​သား ဟာ​ဒ​ဒေ​ဇာ၏​ဘ​ဏ္ဍာ​ကို​လု​ယူ၍ ရ​သော​ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 13,
      "text": "ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို​လုပ်​ကြံ​ရာ​မှ၊ ဒါ​ဝိဒ်​သည် ပြန်​လာ​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ကြီး၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 14,
      "text": "ဧ​ဒုံ​ပြည်​အ​ရပ်​ရပ်၌ မြို့​စောင့်​တပ်​တို့​ကို​ထား၍၊ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 15,
      "text": "ထို​သို့ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို​စိုး​စံ၍၊ နိုင်​ငံ​တော်​သား​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 16,
      "text": "ဇေ​ရု​ယာ၏​သား​ယွာ​ဘ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ အ​ဟိ​လုပ်၏ သား​ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 17,
      "text": "အ​ဟိ​တုပ်​သား ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ၏​သား အ​ဟိ​မ​လက်​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။ စ​ရာ​ယ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 8,
      "verse": 18,
      "text": "ယော​ယ​ဒ၏​သား​ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။ ဒါ​ဝိဒ်၏​သား​တော်​တို့​သည်​လည်း မင်း​သား​အ​ရာ​နှင့် နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 1,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​က၊ ငါ​သည် ယော​န​သန်​အ​တွက် ကျေး​ဇူး​ပြု​စ​ရာ​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 2,
      "text": "ဇိ​ဘ​အ​မည်​ရှိ​သော ရှော​လု၏ အ​ဆွေ​အ​မျိုး​နှင့်​ဆိုင်​သော ကျွန်​တစ်​ယောက်​ကို အ​ထံ​တော်​သို့​သွင်း၍ ရှင်​ဘု​ရင်​က၊ သင်​သည် ဇိ​ဘ​မှန်​သ​လော​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မှန်​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ဘု​ရား​သ​ခင့်​အ​လို​တော်​အ​တိုင်း ငါ​ကျေး​ဇူး​ပြု​စ​ရာ အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​လျှင် ဇိ​ဘ​က၊ ယော​န​သန်၌ ခြေ​ဆွံ့​သော​သား​တစ်​ယောက် ရှိ​ပါ​သေး၏​ဟု လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​က၊ သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ပြန်​လျှင်၊ ဇိ​ဘ​က၊ လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​သား မာ​ခိ​ရ​အိမ်၌​ရှိ​ပါ​သည်​ဟု လျှောက်၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 5,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် စေ​လွှတ်၍ ရှော​လု၏​သား​ဖြစ်​သော ယော​န​သန်၏​သား မေ​ဖိ​ဗော​ရှက်​ကို၊ လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​သား​မာ​ခိ​ရ အိမ်​မှ​ခေါ်​ခဲ့၍၊"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 6,
      "text": "သူ​သည် အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ ပျပ်​ဝပ်​လျက် ရှိ​ခိုး​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ မေ​ဖိ​ဗော​ရှက်​ဟု ခေါ်​လျှင်၊ ကိုယ်​တော်​ကျွန်​ရှိ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 7,
      "text": "ဒါ​ဝိဒ်​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ဘ ယော​န​သန်​အ​တွက် ငါ​သည်​သင်၌ ဆက်​ဆက်​ကျေး​ဇူး​ပြု​မည်။ သင့်​အ​ဖို့ ရှော​လု​ပိုင်​သ​မျှ​သော​မြေ​ကို ငါ​ပြန်​ပေး​မည်။ သင်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ စား​ရ​မည်​ဟု​ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 8,
      "text": "မေ​ဖိ​ဗော​ရှက်​က၊ ကျွန်​တော်​ကဲ့​သို့​ဖြစ်​ရ​သော ခွေး​သေ​ကောင်​ကို ကိုယ်​တော်​ကြည့်​ရှု​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​ပါ​သ​နည်း​ဟု ဦး​ချ၍​ပြန်​လျှောက်၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 9,
      "text": "ထို​အ​ခါ​ရှင်​ဘု​ရင်​သည် ရှော​လု၏​ကျွန်​ဇိ​ဘ​ကို​ခေါ်၍၊ ရှော​လု​နှင့် သူ၏​အ​ဆွေ​အ​မျိုး​များ ပိုင်​ထိုက်​သ​မျှ​တို့​ကို သင့်​သ​ခင်၏​သား​အား ငါ​ပေး​ပြီ။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 10,
      "text": "သင်​သည် သင်၏​သား​ကျွန်​တို့​နှင့်​တ​ကွ လယ်​လုပ်၍ သင့်​သ​ခင်၏​သား​စား​စ​ရာ​ဖို့ အ​သီး​အ​နှံ​ကို သွင်း​ရ​မည်။ သို့​ရာ​တွင် သင့်​သ​ခင်၏​သား မေ​ဖိ​ဗော​ရှက်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ အ​စာ​စား​ရ​မည်​ဟု မိန့်​တော်​မူ၏။ ဇိ​ဘ၌ သား​တစ်​ဆယ်​ငါး​ယောက်​နှင့် ကျွန်​နှစ်​ဆယ်​ရှိ၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 11,
      "text": "ဇိ​ဘ​က​လည်း၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်​ဟု နား​တော်​လျှောက်၏။ ထို​နောက်၊ မေ​ဖိ​ဗော​ရှက်​သည် ရှင်​ဘု​ရင်၏​သား​ရင်း​ကဲ့​သို့ စား​ပွဲ​တော်၌ အ​စာ​စား​ရ၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 12,
      "text": "မေ​ဖိ​ဗော​ရှက်၌ မိ​က္ခာ​အ​မည်​ရှိ​သော သား​ငယ်​တစ်​ယောက် ရှိ၏။ ဇိ​ဘ​အိမ်၌ နေ​သော​သူ​အ​ပေါင်း​တို့​သည်​လည်း မေ​ဖိ​ဗော​ရှက်၏​ကျွန် ဖြစ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 9,
      "verse": 13,
      "text": "ထို​သို့ မေ​ဖိ​ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ရှင်​ဘု​ရင်၏​စား​ပွဲ​တော်၌ နေ့​တိုင်း​အ​စဉ်​စား​ရ၏။ ခြေ​နှစ်​ဖက်​ဆွံ့​သော​သူ​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 1,
      "text": "ထို​နောက် အ​မ္မုန်​ရှင်​ဘု​ရင်​သည်​သေ၍ သား​တော်​ဟာ​နုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 2,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ ကျွန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် အ​မ္မုန်​ပြည်​သို့​ရောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 3,
      "text": "အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် မိ​မိ​တို့​အ​ရှင်​ဟာ​နုန်​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင် ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ မြို့​တော်​ကို​စစ်​ဆေး​စူ​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ သူ၏​ကျွန်​တို့​ကို​စေ​လွှတ်​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ​သော်။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 4,
      "text": "ဟာ​နုန်​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ကို ယူ​ပြီး​လျှင်၊ မုတ်​ဆိတ်​တစ်​ခြမ်း​ကို​ရိတ်၍ အ​ဝတ်​ကို​တင်​ပါး​တိုင်​အောင်​ဖြတ်​ပြီး​မှ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 5,
      "text": "ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​သော​အ​ခါ၊ ထို​လူ​တို့​သည် အ​လွန်​ရှက်​သော​ကြောင့် သူ​တို့​ကို ဆီး​ကြို​စေ​ခြင်း​ငှာ စေ​လွှတ်၍၊ သင်​တို့​သည် မုတ်​ဆိတ်​မ​ရှည်​မီ​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​မှာ နေ​ကြ​လော့။ ထို​နောက်​မှ ပြန်​လာ​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 6,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ လူ​တို့​ကို​စေ​လွှတ်၍ ဗက်​ရ​ဟော​ဘ​မြို့​နှင့် ဇော​ဘ​မြို့၌​နေ​သော ရှု​ရိ​လူ​ခြေ​သည် သူ​ရဲ​နှစ်​သောင်း၊ မာ​ခ​မင်း​ကြီး၏ လူ​တစ်​ထောင်၊ တော​ဘ​မြို့​သား တစ်​သောင်း​နှစ်​ထောင်​တို့​ကို ငှား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 7,
      "text": "ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင် ယွာ​ဘ​နှင့် ခွန်​အား​ကြီး​သော သူ​ရဲ​အ​လုံး​အ​ရင်း​အ​ပေါင်း​ကို စေ​လွှတ်၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 8,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​သည် ထွက်၍​မြို့​တံ​ခါး​ဝ​မှာ စစ်​ခင်း​ကျင်း​ကြ၏။ ဇော​ဘ​မြို့၊ ရ​ဟော​ဘ​မြို့၊ တော​ဘ မြို့​မှ​လာ​သော​ရှု​ရိ​လူ​နှင့် မာ​ခါ​မင်း​ကြီး၏​လူ​တို့​သည် လွင်​ပြင်၌ တ​ခြား​စီ​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 9,
      "text": "ယွာ​ဘ​သည်​လည်း၊ ရှေ့၌​လည်း​ကောင်း၊ နောက်၌​လည်း​ကောင်း စစ်​မျက်​နှာ​နှစ်​ဖက်​ရှိ​သည်​ကို​မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့​တွင် သန်​မြန်​သော​သူ​ရှိ​သ​မျှ​တို့​ကို ရွေး​ကောက်၍ ရှု​ရိ​လူ​တို့​တစ်​ဖက်၌ စစ်​ခင်း​ကျင်း၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 10,
      "text": "ကြွင်း​သော​သူ​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့​တစ်​ဖက်၌ စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ၊ ညီ​အ​ဘိ​ရှဲ​လက်​သို့ အပ်​လျက်၊"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 11,
      "text": "ရှု​ရိ​လူ​တို့​သည် ငါ့​ကို​နိုင်​လျှင် ငါ​အား​ကူ​ရ​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သင့်​ကို​နိုင်​လျှင် သင့်​အား​ငါ​ကူ​မည်။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 12,
      "text": "ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး၊ ငါ​တို့​ဘု​ရား​သ​ခင့်​မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 13,
      "text": "သူ၌​ပါ​သော လူ​များ​နှင့်​တ​ကွ ရှု​ရိ​လူ​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ ချဉ်း​သွား​သော​အ​ခါ၊ ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 14,
      "text": "ရှု​ရိ​လူ​တို့​ပြေး​သည်​ကို အ​မ္မုန်​အ​မျိုး​သား​တို့​သည် မြင်​လျှင်၊ သူ​တို့​သည်​လည်း အ​ဘိ​ရှဲ​ရှေ့​မှာ​ပြေး၍ မြို့​ထဲ​သို့​ဝင်​ကြ၏။ ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 15,
      "text": "ရှု​ရိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင် တစ်​ဖန်​စည်း​ဝေး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 16,
      "text": "ဟာ​ဒ​ဒေ​ဇာ​မင်း​သည်​လည်း စေ​လွှတ်၍၊ မြစ်​တစ်​ဖက်၌​နေ​သော ရှု​ရိ​လူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဟေ​လံ​မြို့​သို့ ရောက်​လာ​ကြ၏။ ဟာ​ဒ​ဒေ​ဇာ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​သည်​လည်း အုပ်​ရ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 17,
      "text": "ထို​သ​တင်း​ကို​ကြား​လျှင်၊ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ယော်​ဒန်​မြစ်​ကို​ကူး​သ​ဖြင့် ဟေ​လံ​မြို့​သို့ ရောက်​လေ၏။ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်​တစ်​ဖက်၌ စစ်​ခင်း​ကျင်း၍ တိုက်​သော​အ​ခါ၊"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 18,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​ရှေ့​မှာ ပြေး​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ရှု​ရိ​မြင်း​ရ​ထား​စီး​သူ​ရဲ ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ လေး​သောင်း​တို့​ကို​သတ်၍၊ ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​ကို​လည်း ထိ​ခိုက်​သ​ဖြင့် သူ​သည် ထို​အ​ရပ်၌​သေ၏။"
    },
    {
      "book": 10,
      "chapter": 10,
      "verse": 19,
      "text": "ဟာ​ဒ​ဒေ​ဇာ၌ ကျွန်​ခံ​သော​မင်း​ကြီး​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုးရှေ့မှာမိမိတို့ရှုံးသည်ကိုသိမြင်လျှင်၊ ဣသရေလအမျိုးနှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍​ကျွန်​ခံ​ကြ၏။ ထို​သို့ ရှု​ရိ​လူ​တို့​သည် နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား​တို့​ကို စစ်​မ​ကူ​ဝံ့​ကြ။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 1,
      "text": "အ​ခါ​လည်၍ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​ကျွန်​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​ပေါင်း​တို့​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင်​ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 2,
      "text": "နောက်​တစ်​နေ့​ညဉ့်​ဦး​ယံ၌ ဒါ​ဝိဒ်​သည် လျောင်း​စက်​ရာ​မှ​ထ၍ နန်း​တော်​မိုး​ပေါ်​မှာ စင်္ကြံ​သွား​စဉ်​တွင်၊ အ​လွန်​အ​ဆင်း​လှ​သော မိန်း​မ​တစ်​ယောက်​ရေ​ချိုး​သည်​ကို မြင်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 3,
      "text": "ထို​မိန်း​မ​ကား အ​ဘယ်​သူ​နည်း​ဟု​စေ​လွှတ်၍ မေး​မြန်း​လျှင်၊ ဧ​လျံ​သ​မီး၊ ဟိ​တ္တိ​လူ​ဥ​ရိ​ယ၏​မ​ယား ဗာ​သ​ရှေ​ဘ​ဖြစ်​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 4,
      "text": "တစ်​ဖန် လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ ထို​မိန်း​မ​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့၍ ယှက်​တင်​လေ၏။ ထို​မိန်း​မ​သည် မိ​မိ​အ​ညစ်​အ​ကြေး​နှင့် စင်​ကြယ်​အောင်​ပြု၍ မိ​မိ​အိမ်​သို့​ပြန်​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 5,
      "text": "ပ​ဋိ​သ​န္ဓေ​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ကျွန်​မ၌​ပ​ဋိ​သ​န္ဓေ​ရှိ​ပါ၏​ဟု လျှောက်​စေ​သော်၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 6,
      "text": "ဒါ​ဝိဒ်​သည် ယွာ​ဘ​ဆီ​သို့ လူ​ကို​စေ​လွှတ်၍ ဟိ​တ္တိ​လူ​ဥ​ရိ​ယ​ကို ငါ့​ထံ​သို့​စေ​လွှတ်​ရ​မည်​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ယွာ​ဘ​သည်​စေ​လွှတ်၍၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 7,
      "text": "ဥ​ရိ​ယ​ရောက်​လာ​သော​အ​ခါ ဒါ​ဝိဒ်​က၊ ယွာ​ဘ​ကျန်း​မာ၏​လော။ လူ​များ​ကျန်း​မာ၏​လော။ စစ်​တိုက်၍ အောင်​မြင်​သ​လော​ဟု မေး​မြန်း​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 8,
      "text": "သင့်​အိမ်​သို့​သွား၍ ခြေ​ဆေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဥ​ရိ​ယ​သည် နန်း​တော်​မှ​ထွက်၍ သူ​နောက်​မှ ခဲ​ဖွယ်​စား​ဖွယ်​ကို ရှင်​ဘု​ရင်​ပေး​လိုက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 9,
      "text": "သို့​ရာ​တွင် ဥ​ရိ​ယ​သည် မိ​မိ​အိမ်​သို့​မ​သွား​ဘဲ၊ မိ​မိ​အ​ရှင်၏​ကျွန်​အ​ပေါင်း​တို့​နှင့်​အ​တူ နန်း​တော်​တံ​ခါး​ဝ၌ အိပ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 10,
      "text": "ဥ​ရိ​ယ​သည် မိ​မိ​အိမ်​သို့​မ​သွား​ကြောင်း​ကို နား​တော်​လျှောက်​လျှင် ဒါ​ဝိဒ်​က၊ သင်​သည်​ခ​ရီး​သွား​ရာ​မှ ရောက်​လာ​သည်​မ​ဟုတ်​လော။ သင့်​အိမ်​သို့ အ​ဘယ်​ကြောင့် မ​သွား​ဘဲ​နေ​သ​နည်း​ဟု ဥ​ရိ​ယ​ကို​မေး​သော်၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 11,
      "text": "ဥ​ရိ​ယ​က၊ သေ​တ္တာ​တော်​နှင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် တဲ၌​နေ​ကြ​ပါ၏။ သ​ခင်​ယွာ​ဘ​နှင့် သ​ခင်၏​ကျွန်​များ​တို့​သည် လွင်​ပြင်၌​တည်း​ရ​ကြ​ပါ၏။ ကျွန်​တော်​သည် ကိုယ်​အိမ်​သို့​သွား၍ စား​သောက်​လျက် မ​ယား​နှင့်​ပျော်​မွေ့​လျက် နေ​သင့်​ပါ​မည်​လော။ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ထို​သို့​ကျွန်​တော်​မ​ပြု​ပါ​ဟု ဒါ​ဝိဒ်​အား​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 12,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ဤ​မြို့၌ ယ​နေ့​နေ​ဦး​လော့။ နက်​ဖြန်​နေ့​ငါ​လွှတ်​လိုက်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဥ​ရိ​ယ​သည်​ထို​နေ့၊ နက်​ဖြန်​နေ့၊ ယေ​ရု​ရှ​လင်​မြို့၌​နေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 13,
      "text": "ဒါ​ဝိဒ်​သည်​လည်း ဥ​ရိ​ယ​ကို​ခေါ်၍ ရှေ့​တော်၌​စား​သောက်​လျက် ယစ်​မူး​သည်​တိုင်​အောင် သောက်​ရ၏။ သို့​သော်​လည်း ညဉ့်​ဦး​မှာ​မိ​မိ​အိမ်​သို့ မ​သွား​ဘဲ၊ အ​ရှင်၏​ကျွန်​တို့​နှင့်​အ​တူ အိပ်​ခြင်း​ငှာ ထွက်​သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 14,
      "text": "နံ​နက်​မှာ ဒါ​ဝိဒ်​သည် မှာ​စာ​ကို​ရေး၍ ဥ​ရိ​ယ​လက်​တွင် ယွာ​ဘ​သို့ ပေး​လိုက်၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 15,
      "text": "မှာ​စာ​ချက်​ဟူ​မူ​ကား၊ ကျပ်​တည်း​စွာ စစ်​တိုက်​ရာ​တပ်​ဦး၌ ဥ​ရိ​ယ​ကို​ခန့်​ထား​ပြီး​မှ၊ သူ​သည် ရန်​သူ​လက်​သို့​ရောက်၍ သေ​စေ​ခြင်း​ငှာ တပ်​များ​ကို​ရုပ်​သိမ်း​လော့​ဟု ပါ​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 16,
      "text": "အ​မိန့်​တော်​အ​တိုင်း ယွာ​ဘ​သည် မြို့​ကို​ကြည့်​ရှု​ပြီး​မှ၊ ခွန်​အား​ကြီး​သော သူ​ရဲ​ရှိ​ရာ​အ​ရပ်၌ ဥ​ရိ​ယ​ကို​ခန့်​ထား​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 17,
      "text": "မြို့​သား​တို့​သည်​ထွက်၍ ယွာ​ဘ​နှင့်​စစ်​ပြိုင်​သော​အ​ခါ၊ ဒါ​ဝိဒ်၏​ကျွန်​အ​ချို့​တို့​သည် သေ​ကြ၏။ ဟိ​တ္တိ​လူ​ဥ​ရိ​ယ​သည်​လည်း သေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 18,
      "text": "ထို​နောက်​ယွာ​ဘ​သည် စစ်​သ​တင်း​အ​လုံး​စုံ​ကို ဒါ​ဝိဒ်​အား​ကြား​လျှောက်​စေ​ခြင်း​ငှာ လူ​ကို​ခေါ်၍၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 19,
      "text": "သင်​သည် ရှင်​ဘု​ရင်​ထံ​တော်၌ စစ်​သ​တင်း​ကို အ​ကုန်​အ​စင်​ကြား​လျှောက်​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 20,
      "text": "ရှင်​ဘု​ရင်​သည် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် စစ်​ပြိုင်​သော​အ​ခါ၊ မြို့​အ​နီး​သို့ အ​ဘယ်​ကြောင့်​ချဉ်း​ကပ်​ကြ​သ​နည်း။ မြို့​ရိုး​ပေါ်​က ပစ်​မည်​ကို မ​သိ​လော။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 21,
      "text": "ယေ​ရု​ဗ္ဗေ​ရှက်​သား အ​ဘိ​မ​လက်​ကို အ​ဘယ်​သူ လုပ်​ကြံ​သ​နည်း။ သေ​ဗက်​မြို့​မှာ မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို မြို့​ရိုး​ပေါ်​က​ပစ်​ချ၍ အ​ဘိ​မ​လက်​သေ​သည် မ​ဟုတ်​လော။ မြို့​ရိုး​အ​နီး​သို့ အ​ဘယ်​ကြောင့် ချဉ်း​ကပ်​ကြ​သ​နည်း​ဟု မိန့်​တော်​မူ​လျှင်၊ ကိုယ်​တော်၏​ကျွန် ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သေ​ကြောင်း​ကို လျှောက်​ရ​မည်​ဟု မှာ​ထား၍ စေ​လွှတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 22,
      "text": "ယွာ​ဘ​မှာ​ထား​သည်​အ​တိုင်း ထို​တ​မန်​သည်​သွား၍ ဒါ​ဝိဒ်​အား​ကြား​လျှောက်​သည်​ကား၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 23,
      "text": "ရန်​သူ​တို့​သည် အ​မှန်​စင်​စစ် ကျွန်​တော်​တို့​ကို​နိုင်​သ​ဖြင့်၊ လွင်​ပြင်​တိုင်​အောင်​လိုက်၍ တိုက်​ကြ​ပါ၏။ ကျွန်​တော်​တို့​သည်​လည်း မြို့​တံ​ခါး​ဝ​တိုင်​အောင် လှန်၍​တိုက်​ကြ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 24,
      "text": "လေး​သ​မား​တို့​သည် မြို့​ရိုး​ပေါ်​က ကိုယ်​တော်​ကျွန်​တို့​ကို​ပစ်၍ ကိုယ်​တော်​ကျွန်​အ​ချို့ သေ​ကြ​ပါ၏။ ကိုယ်​တော်​ကျွန်​ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သည်​လည်း​သေ​ပါ၏​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 25,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ဤ​အ​မှု​ကြောင့် စိတ်​မ​ပျက်​နှင့်။ စစ်​တိုက်​ပွဲ​တွင် တစ်​ယောက်​တစ်​လှည့် သေ​တတ်၏။ အား​ယူ၍ မြို့​ကို​ကျပ်​တည်း​စွာ​တိုက်​လျက် လုပ်​ကြံ​တိုက်​ဖျက်​ကြ​လော့​ဟု တ​မန်​အား​ဖြင့် ယွာ​ဘ​ကို မှာ​လိုက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 26,
      "text": "ဥ​ရိ​ယ​သေ​ကြောင်း​ကို သူ၏​မ​ယား​ကြား​သော​အ​ခါ၊ ခင်​ပွန်း​ကြောင့် ငို​ကြွေး​မြည်​တမ်း​လျက်​နေ၏။"
    },
    {
      "book": 10,
      "chapter": 11,
      "verse": 27,
      "text": "ငို​ကြွေး​မြည်​တမ်း​ချိန်​လွန်​မှ၊ ဒါ​ဝိဒ်​သည် လူ​ကို​စေ​လွှတ်၍ ထို​မိန်း​မ​ကို နန်း​တော်​သို့​ခေါ်​စေ​သ​ဖြင့်၊ သူ​သည် မိ​ဖု​ရား​အ​ဖြစ်​သို့​ရောက်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ဖြစ်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 1,
      "text": "နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​နာ​သန်​ကို ဒါ​ဝိဒ်​ထံ​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ နာ​သန်​သည်​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ဤ​မည်​သော​မြို့​တွင် သူ​ဌေး​တစ်​ဦး၊ ဆင်း​ရဲ​သား​တစ်​ဦး​ရှိ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 2,
      "text": "သူ​ဌေး​သည် အ​လွန်​များ​စွာ​သော သိုး​နွား​မှ​စ​သည်​တို့​နှင့် ကြွယ်​ဝ​ပြည့်​စုံ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 3,
      "text": "ဆင်း​ရဲ​သား​မူ​ကား၊ မိ​မိ​ဝယ်၍ မွေး​စား​သော​သိုး​မ​က​လေး တစ်​ကောင်​တည်း​မှ​တစ်​ပါး တ​ခြား​သော​ဥ​စ္စာ​မ​ရှိ​ပါ။ ထို​သိုး​မ​က​လေး​သည် အ​ရှင်​နှင့်​လည်း​ကောင်း၊ အ​ရှင်၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း ပေါင်း၍ ကြီး​ပွား၏။ အ​ရှင်၏​အ​စာ​ကို စား​တတ်၏။ အ​ရှင်၏​ရေ​ခွက်၌ သောက်​တတ်၏။ အ​ရှင်၏​ရင်​ခွင်၌​အိပ်၍ သ​မီး​ကဲ့​သို့​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 4,
      "text": "သူ​ဌေး​အိမ်​သို့ ဧည့်​သည်​တစ်​ဦး​ရောက်၍ သူ​ဌေး​သည် ဧည့်​သည်​ကို​လုပ်​ကျွေး​ဖို့ မိ​မိ​သိုး​နွား​များ​ကို နှ​မြော​သော​ကြောင့် မ​ယူ၊ ဆင်း​ရဲ​သား၏ သိုး​မ​က​လေး​ကို​ယူ၍ ဧည့်​သည်​ကို​လုပ်​ကျွေး​ဖို့ ချက်​ပါ​သည်​ဟု လျှောက်​လေ​သော်၊"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 5,
      "text": "ဒါ​ဝိဒ်​သည် ထို​သူ​ဌေး​ကို ပြင်း​စွာ​အ​မျက်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထို​သို့​ပြု​သော​သူ​သည် အ​မှန်​သေ​ရ​မည်။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 6,
      "text": "က​ရု​ဏာ​စိတ်​မ​ရှိ​ဘဲ ထို​အ​မှု​ကို​ပြု​သော​ကြောင့်၊ ထို​သိုး​မ​က​လေး​အ​တွက် လေး​ဆ​ပြန်​ပေး​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 7,
      "text": "နာ​သန်​က​လည်း၊ ထို​သူ​သည်​ကား အ​ခြား​သူ​မ​ဟုတ်။ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဘိ​သိက်​ပေး၍ သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ပြီ။ ရှော​လု​လက်​မှ​လည်း ကယ်​လွှတ်​ပြီ။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 8,
      "text": "သင့်​သ​ခင်၏ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ သင့်​သ​ခင်၏​မ​ယား​တို့​ကို​လည်း​ကောင်း၊ သင်၏​ရင်​ခွင်၌ ငါ​အပ်​ပေး​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​ကို ငါ​ပေး​ပြီ။ ထို​အ​ရာ​များ​မ​လောက်​လျှင် အ​ခြား​တစ်​ပါး​သော​အ​ရာ​ရာ​တို့​ကို ပေး​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 9,
      "text": "သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့် ပြု​ဘိ​သ​နည်း။ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​အ​သက်​ကို ဓား​ဖြင့်​သတ်၍ သူ၏​မ​ယား​ကို သိမ်း​လေ​ပြီ​တ​ကား။ ထို​သူ​ကို အ​မ္မုန်​အ​မျိုး​သား​ဓား​နှင့် သတ်​လေ​ပြီ​တ​ကား။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 10,
      "text": "ယ​ခု​မှာ​သင်​သည် ငါ့​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​မ​ယား​ကို​သိမ်း​သော​ကြောင့်၊ သင့်​အ​ဆွေ​အ​မျိုး​တို့​သည် ဓား​ဘေး​နှင့်​အ​စဉ် တွေ့​ကြုံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၌ ရန်​ဘက်​ပြု​သော​သူ​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အ​ထဲ​က ငါ​ပေါ်​စေ​မည်။ သင့်​မျက်​မှောက်​တွင် သင်၏​မ​ယား​တို့​ကို​ငါ​ယူ၍ သင့်​အိမ်​နီး​ချင်း၌​အပ်​သ​ဖြင့်၊ သူ​သည် နေ​ရှေ့​မှာ သင်၏​မ​ယား​တို့​နှင့် ပေါင်း​ဖော်​လိမ့်​မည်။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 12,
      "text": "သင်​သည် ဤ​အ​မှု​ကို မ​ထင်​မ​ရှား​ပြု​သော်​လည်း၊ နေ​ရှေ့​မှာ​ငါ​လှန်​ပြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ကြား​လေ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 13,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု နာ​သန်​အား​ဝန်​ချ၍ နာ​သန်​က၊ အ​သက်​တော်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အ​ပြစ်​ကို ပယ်​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 14,
      "text": "သို့​သော်​လည်း ကိုယ်​တော်​သည် ထို​သို့​ပြစ်​မှား​သော​အား​ဖြင့်၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​အား​ပေး​သော​ကြောင့်၊ ယ​ခု​မြင်​သော​သား​သည် ဆက်​ဆက်​သေ​ရ​မည်​ဟု ဒါ​ဝိဒ်​အား​လျှောက်​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 15,
      "text": "နန်း​တော်​မှ ထွက်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ဥ​ရိ​ယ​မ​ယား​တွင် ဖွား​မြင်​သော​ဒါ​ဝိဒ်၏​သား​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 16,
      "text": "ဒါ​ဝိဒ်​သည် သူ​ငယ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။ အ​စာ​ကို​ရှောင်​လျက်၊ အ​ထဲ​သို့​ဝင်၍ တစ်​ည​လုံး​မြေ​ပေါ်​မှာ အိပ်​လျက်​နေ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 17,
      "text": "နန်း​တော်​သား အ​သက်​ကြီး​သူ​တို့​သည်​ထ၍ ကိုယ်​တော်​ကို ချီ​ကြွ​အံ့​သော​ငှာ ချဉ်း​ကပ်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​သည်​ငြင်း​ပယ်၍ သူ​တို့​နှင့်​အ​တူ အ​စာ​မ​စား​ဘဲ​နေ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 18,
      "text": "ခု​နစ်​ရက်​စေ့​သော် သူ​ငယ်​သေ၏။ ဒါ​ဝိဒ်၏​ကျွန်​တို့​က​လည်း၊ သူ​ငယ်​အ​သက်​ရှင်​စဉ်​အ​ခါ ငါ​တို့​လျှောက်​သော​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ဖြစ်၍၊ သူ​ငယ်​သေ​ကြောင်း​ကို လျှောက်​လျှင် အ​လွန်​ကိုယ်​ကို​ကိုယ် ညှဉ်း​ဆဲ​တော်​မူ​လိမ့်​မည်​ဟု​ဆို​လျက် သူ​ငယ်​သေ​ကြောင်း​ကို မ​လျှောက်​ဝံ့​ကြ။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 19,
      "text": "သို့​ရာ​တွင် ကျွန်​တို့​သည် တိုး​တိုး​ပြော​သော​စ​ကား​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ သူ​ငယ်​သေ​ကြောင်း​ကို​ရိပ်​မိ​သ​ဖြင့်၊ သူ​ငယ်​သေ​ပြီ​လော​ဟု ကျွန်​တို့​ကို မေး​တော်​မူ၏။ သူ​တို့​က​လည်း သေ​ပါ​ပြီ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 20,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် မြေ​မှ​ထ၍ ရေ​ချိုး​ခြင်း၊ ဆီ​လိမ်း​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို ပြု​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့​သွား၍ ကိုး​ကွယ်၏။ ထို​နောက် နန်း​တော်​သို့​ပြန်​လာ၍ စား​စ​ရာ​ကို​တောင်း​သော​အ​ခါ၊ ကျွန်​တို့​သည် စား​ပွဲ​တော်​ကို​ပြင်၍ မင်း​ကြီး​သည် စား​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 21,
      "text": "ကျွန်​တို့​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့ ပြု​တော်​မူ​သ​နည်း။ သူ​ငယ်​အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​ငယ်​အ​တွက် အ​စာ​ရှောင်​လျက် ငို​ကြွေး​လျက် နေ​တော်​မူ၏။ သူ​ငယ်​သေ​သော​အ​ခါ ထ၍ စား​တော်​ခေါ်​ပါ​သည်​တ​ကား​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 22,
      "text": "ဒါ​ဝိဒ်​က၊ သူ​ငယ်​အ​သက်​ရှင်​စဉ်​အ​ခါ ဘု​ရား​သ​ခင်​သည် ငါ့​ကို​သ​နား​တော်​မူ၍၊ သူ​ငယ်​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ ဆို​နိုင်​သ​နည်း​ဟု အောက်​မေ့​လျက် ငါ​သည်​အ​စာ​ရှောင်၍ ငို​ကြွေး​လျက်​နေ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 23,
      "text": "ယ​ခု​မှာ သူ​ငယ်​သေ​ပြီ။ အ​ဘယ်​ကြောင့် အ​စာ​ရှောင်​ရ​မည်​နည်း။ သူ​ငယ်​ကို​ပြန်၍ ဆောင်​ခဲ့​နိုင်​သ​လော။ သူ​ရှိ​ရာ​သို့ ငါ​သွား​ရ​မည်။ သူ​သည် ငါ​ရှိ​ရာ​သို့ မ​ပြန်​မ​လာ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 24,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​သည် ခင်​ပွန်း​ဗာ​သ​ရှေ​ဘ​ကို နှစ်​သိမ့်​စေ​သ​ဖြင့်၊ သူ့​ထံ​သို့​ဝင်၍ ဆက်​ဆံ​လေ၏။ သူ​သည်​လည်း သား​ယောက်ျား​ကို ဖွား​မြင်၍ ရှော​လ​မုန်​အ​မည်​ဖြင့် အ​ဘ​မှည့်​လေ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို​ချစ်၍​ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့်၊ ပ​ရော​ဖက်​နာ​သန်​ကို စေ​ခိုင်း၍ ယေ​ဒိ​ဒိ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 26,
      "text": "ယွာ​ဘ​သည်​လည်း အ​မ္မုန်​ပြည်၊ ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ မြို့​တော်​ကို​ရ​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 27,
      "text": "ဒါ​ဝိဒ်​ထံ​တော်​သို့ လူ​ကို​စေ​လွှတ်၍၊ ကျွန်​တော်​သည် ရ​ဗ္ဗာ​မြို့​ကို​တိုက်၍ ကန်​တော်​ရှိ​ရာ​မြို့​ကို​ရ​ပါ​ပြီ။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 28,
      "text": "ယ​ခု​မှာ ကြွင်း​သော​လူ​တို့​ကို စု​ဝေး​စေ​သ​ဖြင့်၊ မြို့​နား​မှာ တပ်​တော်​ချ၍ တိုက်​ယူ​တော်​မူ​ပါ။ သို့​မ​ဟုတ် ကျွန်​တော်​ယူ၍ ကျွန်​တော်​အ​မည်​ဖြင့် မြို့​ကို သ​မုတ်​ကြ​လိမ့်​မည်​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 29,
      "text": "ဒါ​ဝိဒ်​သည် လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​သ​ဖြင့်၊ ရ​ဗ္ဗာ​မြို့​သို့ ချီ​သွား၍ တိုက်​ယူ​လေ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 30,
      "text": "မင်း​ကြီး၏​သ​ရ​ဖူ​ကို​ချွတ်​ယူ၍ ခေါင်း​တော်​ပေါ် မှာ​တင်​ကြ၏။ သ​ရ​ဖူ​အ​ချိန်​ကား ကျောက်​မြတ်​ကို​မ​ဆို​ဘဲ ရွှေ​အ​ခွက်​တစ်​ဆယ် ရှိ​သ​တည်း။ မြို့၌​လု​ယူ​သော ဥ​စ္စာ​အ​များ​ကို​လည်း ထုတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 12,
      "verse": 31,
      "text": "မြို့​သား​တို့​ကို​လည်း ထုတ်​ဆောင်၍ လွှ​တိုက်​မှု၊ သံ​ထွန်၊ သံ​ပု​ဆိန်​နှင့်​အ​လုပ်​မှု​ကို လုပ်​စေ၍ အုတ်​ဖို၌​လည်း ကျင်​လည်​စေ၏။ ထို​သို့ ဒါ​ဝိဒ်​သည် အ​မ္မုန်​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့၌ ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု​ရှင်​လင်​မြို့​သို့ ပြန်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 1,
      "text": "ဒါ​ဝိဒ်၏​သား အ​ဗ​ရှ​လုံ၌ တာ​မာ​အ​မည်​ရှိ​သော အ​ဆင်း​လှ​သော​နှ​မ​တစ်​ယောက်​ရှိ၏။ ဒါ​ဝိဒ်၏​သား အာ​မ​နုန်​သည် ထို​နှ​မ​ကို ချစ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 2,
      "text": "ချစ်​အား​ကြီး​သော​ကြောင့် နာ၍​နေ၏။ နှ​မ​တော်​သည် အ​ပျို​က​ညာ​ဖြစ်၏။ သူ၌​အ​ဘယ်​သို့ အ​လို​ပြည့်​စုံ​မည်​ကို အာ​မ​နုန်​သည် ကြံ၍​မ​ရ​နိုင်။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 3,
      "text": "ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ​သား ယော​န​ဒပ်​သည် အာ​မ​နုန်၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်၏။ ထို​ယော​န​ဒပ်​သည် လိ​မ္မာ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 4,
      "text": "ကိုယ်​တော်​သည် ရှင်​ဘု​ရင်၏​သား​တော်​ဖြစ်​လျက် အ​ဘယ်​ကြောင့် တစ်​နေ့​ထက်​တစ်​နေ့ ပိန်​ချုံး​တော်​မူ​သ​နည်း။ ကျွန်​တော်​ကို မ​ပြော​ချင်​သ​လော​ဟု မေး​လျှင်၊ အာ​မ​နုန်​က၊ ငါ့​ညီ​အ​ဗ​ရှ​လုံ၏ နှ​မ​တာ​မာ​ကို တပ်​သော​စိတ်​ရှိ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 5,
      "text": "ယော​န​ဒပ်​က​လည်း၊ ခု​တင်​ပေါ်​မှာ တုံး​လုံး​နေ၍ နာ​ဟန်​ဆောင်​ပါ။ ခ​မည်း​တော်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ​လာ၍ ကျွေး​မွေး​ပါ​စေ။ သူ​ချက်​သော စား​စ​ရာ​ကို အ​ကျွန်ုပ်​သည်​မြင်၍ သူ​လက်၌​စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ ချက်​ပါ​စေ​ဟု အ​ခွင့်​တောင်း​ရ​မည်​ဟု အ​ကြံ​ပေး​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 6,
      "text": "အာ​မ​နုန်​သည် တုံး​လုံး​နေ၍ နာ​ဟန်​ပြု၏။ ရှင်​ဘု​ရင်​သည် အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အာ​မ​နုန်​က၊ အ​ကျွန်ုပ်​နှ​မ​တာ​မာ လာ​ပါ​စေ။ သူ​လက်၌ အ​ကျွန်ုပ်​သည် စား​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှေ့​မှာ မုန့်​ပြား​နှစ်​ပြား​ကို​လုပ်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား အ​ခွင့်​တောင်း​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 7,
      "text": "ဒါ​ဝိဒ်​သည်​လည်း တာ​မာ​အိမ်​သို့ လူ​ကို​စေ​လွှတ်၍၊ သင်၏​မောင် အာ​မ​နုန်​အိမ်​သို့ သွား​ပြီး​လျှင် စား​စ​ရာ​ကို​ချက်​ပေး​ပါ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 8,
      "text": "တာ​မာ​သည် မောင်​အာ​မ​နုန်​အိမ်​သို့​သွား၍ အာ​မ​နုန်​သည် တုံး​လုံး​နေ၏။ တာ​မာ​သည် မုန့်​ညက်​ကို​ယူ၍ နယ်​ပြီး​မှ၊ မောင်​ရှေ့​မှာ မုန့်​ပြား​တို့​ကို​လုပ်၍ ဖုတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 9,
      "text": "ပန်း​ကန်​ပြား​ကို​လည်း​ယူ၍ အာ​မ​နုန်​ရှေ့​မှာ​လောင်း​ထား​သော်​လည်း သူ​သည်​မ​စား​ဘဲ လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှ​ထွက်​သွား​စေ​ဟု ဆို​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ထွက်​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 10,
      "text": "တာ​မာ​အား​လည်း၊ သင့်​လက်၌ ငါ​စား​ရ​အောင် အ​ခန်း​ထဲ​သို့​ယူ​ခဲ့​လော့​ဟု ဆို​သည်​အ​တိုင်း၊ တာ​မာ​သည် မိ​မိ​လုပ်​သော​မုန့်​ပြား​တို့​ကို​ယူ၍ မောင်​အာ​မ​နုန်​ရှိ​ရာ အ​ခန်း​ထဲ​သို့​ဝင်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 11,
      "text": "ထို​သို့ အာ​မ​နုန်​စား​စ​ရာ​ဖို့ ယူ​ခဲ့​သော​အ​ခါ၊ သူ​သည် နှ​မ​လက်​ကို​ဆွဲ၍၊ ငါ့​နှ​မ၊ ငါ​နှင့်​အိပ်​ပါ​ဟု ဆို၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 12,
      "text": "တာ​မာ​က​လည်း မ​ပြု​ပါ​နှင့် ငါ့​မောင်။ ငါ့​ကို မ​ရှုတ်​ချ​ပါ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​သို့​သော​အ​မှု​ကို မ​ပြု​သင့်၊ ဤ​အ​မှု​ဆိုး​ကို မ​ပြု​ပါ​နှင့်။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 13,
      "text": "ပြု​လျှင် ငါ​သည်​ရှက်​ခြင်း​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​မည်​နည်း။ သင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ လူ​မိုက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ကို လျှောက်​ပါ​လော့။ လျှောက်​လျှင် မ​ပေး​စား​ဘဲ နေ​တော်​မ​မူ​ပါ​ဟု ပြော​ဆို​သော်​လည်း၊"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 14,
      "text": "အာ​မ​နုန်​သည် နား​မ​ထောင်။ နှ​မ​ထက်​အား​ကြီး​သ​ဖြင့် အ​နိုင်​ပြု၍ အိပ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 15,
      "text": "တစ်​ဖန် အာ​မ​နုန်​သည် နှ​မ​ကို​အ​လွန်​မုန်း​ပြန်၏။ အ​ရင် ချစ်​အား​ကြီး​သည်​ထက် မုန်း​အား​သာ၍​ကြီး​သ​ဖြင့်၊ သင်​ထ၍​သွား​တော့​ဟု ဆို၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 16,
      "text": "နှ​မ​က​လည်း အ​ကြောင်း​မ​ရှိ​ပါ။ ငါ၌​ပြု​ဖူး​သော​အ​ပြစ်​ထက် ယ​ခု​နှင်​ထုတ်​သော​အ​ပြစ် သာ၍​ကြီး​သည်​ဟု ဆို​သော်​လည်း၊ အာ​မ​နုန်​သည် နား​မ​ထောင်။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 17,
      "text": "အ​စေ​ခံ​ကျွန်​တစ်​ယောက်​ကို ခေါ်၍ ဤ​မိန်း​မ​ကို​နှင်​ထုတ်​လော့။ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လော့​ဟု စီ​ရင်၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 18,
      "text": "အ​ပျို​က​ညာ​ဖြစ်​သော ရှင်​ဘု​ရင်၏​သ​မီး​တော် ဝတ်​တတ်​သည်​အ​တိုင်း၊ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဝတ်​လျက်​ရှိ​သော တာ​မာ​ကို အ​စေ​ခံ​ကျွန်​သည်​နှင်​ထုတ်၍ သူ​နောက်​မှာ တံ​ခါး​ကျင်​ထိုး​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 19,
      "text": "တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 20,
      "text": "မောင်​ရင်း​အ​ဗ​ရှ​လုံ​က​လည်း၊ ငါ့​အစ်​ကို​အာ​မ​နုန်​သည် သင်​နှင့်​အ​တူ​ရှိ​ပြီ​လော။ သို့​သော်​လည်း​ငါ့​နှ​မ တိတ်​ဆိတ်​စွာ​နေ​လော့။ သူ​သည် သင်၏​မောင်​ဖြစ်၏။ ဤ​အ​မှု​ကို​မ​မှတ်​နှင့်​ဟု ဆို​သော်၊ တာ​မာ​သည် မိ​မိ​မောင်​အ​ဗ​ရှ​လုံ​အိမ်၌ ဆိတ်​ညံ​စွာ​နေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 21,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​သည် ထို​အ​မှု​အ​လုံး​စုံ​ကို ကြား​သိ​သော​အ​ခါ၊ အ​လွန်​အ​မျက်​ထွက်၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 22,
      "text": "အ​ဗ​ရှ​လုံ​သည် အစ်​ကို​အာ​မ​နုန်​အား ကောင်း​သော​စ​ကား၊ မ​ကောင်း​သော​စ​ကား​ကို မ​ပြော။ သို့​ရာ​တွင် နှ​မ​တာ​မာ​ကို​ရှုတ်​ချ​သော​ကြောင့် အ​ငြိုး​ထား၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 23,
      "text": "ထို​နောက် နှစ်​နှစ်​စေ့​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ဧ​ဖ​ရိမ်​မြို့​အ​နား၊ ဗာ​လ​ဟာ​ဇော်​ရွာ​မှာ သိုး​မွေး​ညှပ်​ပွဲ​ကို​ခံ၍ ရှင်​ဘု​ရင်၏​သား​တော်​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 24,
      "text": "အ​ဗ​ရှ​လုံ​သည်​လည်း ရှင်​ဘု​ရင်​ထံ​တော်​သို့​သွား၍၊ ကိုယ်​တော်​ကျွန်​သည် သိုး​မွေး​ညှပ်​ပွဲ​ကို ခံ​ပါ၏။ ကျွန်​များ​တို့​ကို​ခေါ်၍ ကိုယ်​တော်​ကျွန်​နှင့်​အ​တူ ကိုယ်​တော်​တိုင်​ကြွ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​က မ​သွား​သင့်​ငါ့​သား၊ လူ​အ​ပေါင်း​တို့​ကို မ​သွား​စေ​နှင့်။ စ​ရိတ်​များ​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု ဆို​သ​ဖြင့်၊ အ​ဗ​ရှ​လုံ သွေး​ဆောင်​သော်​လည်း ကိုယ်​တော်​တိုင်​မ​လိုက်​ဘဲ ကောင်း​ချီး​ပေး၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 26,
      "text": "အ​ဗ​ရှ​လုံ​က​လည်း၊ လိုက်​တော်​မ​မူ​လျှင်၊ နောင်​တော်​အာ​မ​နုန် လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က အ​ဘယ်​ကြောင့် လိုက်​စေ​ရ​မည်​နည်း​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 27,
      "text": "အ​ဗ​ရှ​လုံ​ပူ​ဆာ​သော​ကြောင့် အာ​မ​နုန်​မှ​စ၍ သား​တော်​ရှိ​သ​မျှ လိုက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 28,
      "text": "အ​ဗ​ရှ​လုံ​က​လည်း၊ အာ​မ​နုန်​သည် စ​ပျစ်​ရည်​ကို​သောက်၍ ရွှင်​လန်း​သော​အ​ခါ စောင့်​နေ​ကြ။ အာ​မ​နုန်​ကို ထိုး​ခုတ်​ကြ​ဟု ငါ​ဆို​သော​အ​ခါ၊ သေ​အောင်​လုပ်​ကြံ​ကြ။ မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​စီ​ရင်​သည် မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု မိ​မိ​ကျွန်​တို့​အား မှာ​ထား​နှင့်​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 29,
      "text": "သူ​တို့​သည် အာ​မ​နုန်​ကို ပြု​ကြ၏။ ထို​အ​ခါ ရှင်​ဘု​ရင်၏ သား​တော်​အ​ပေါင်း​တို့​သည် ထ၍ လား​ကို​စီး​လျက် ပြေး​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 30,
      "text": "သူ​တို့​မ​ရောက်​မီ အ​ခြား​သူ​လာ၍၊ အ​ဗ​ရှ​လုံ​သည် အ​ရှင်​မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​ကို သတ်​ပါ​ပြီ။ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ပါ​ဟု နား​တော်​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 31,
      "text": "ရှင်​ဘု​ရင်​သည်​ထ၍ အ​ဝတ်​တော်​ကို​ဆုတ်​လျက် မြေ​ပေါ်​မှာ တုံး​လုံး​နေ၏။ ကျွန်​တော်​အ​ပေါင်း​တို့​သည်​လည်း၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက် အ​နား​တော်၌​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 32,
      "text": "ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ၏​သား​ယော​န​ဒပ်​က၊ အ​ရှင်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​ကို သတ်​လေ​ပြီ​ဟူ​သော​စ​ကား​ကို ယုံ​တော်​မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ယောက်​တည်း​သာ သေ​ပါ​ပြီ။ အ​ဗ​ရှ​လုံ​နှ​မ တာ​မာ​ကို အာ​မ​နုန်​သည် ရှုတ်​ချ​သော​နေ့​မှ​စ၍ ဤ​အ​မှု​ကို​သူ၏ မောင်​စီ​ရင်​ပါ​ပြီ။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 33,
      "text": "ယ​ခု​မှာ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​သည် သေ​ကြ​ပြီ​ဟု​ထင်​လျက် စိတ်​ညှိုး​ငယ်​တော် မ​မူ​ပါ​နှင့်။ အာ​မ​နုန်​တစ်​ယောက်​တည်း​သာ သေ၍ အ​ဗ​ရှ​လုံ​လည်း ပြေး​ပါ​လိမ့်​မည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 34,
      "text": "ထို​အ​ခါ ကင်း​စောင့်​လု​လင်​သည် မျှော်​ကြည့်၍၊ မိ​မိ​နောက်၌ တောင်​ခြေ​ရင်း​လမ်း​မှာ လူ​များ​လာ​သည်​ကို မြင်၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 35,
      "text": "ယော​န​ဒပ်​က​လည်း၊ အ​ရှင်​မင်း​ကြီး၏​သား​တော်​တို့​သည် လာ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​ပြော​သော​စ​ကား မှန်​ပါ၏​ဟု လျှောက်​သည်​အ​ဆုံး၌၊"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 36,
      "text": "ရှင်​ဘု​ရင်၏​သား​တော်​တို့​သည်​ရောက်​လာ၍ အ​သံ​ကို​လွှင့်​လျက် ငို​ကြွေး​ကြ၏။ ရှင်​ဘု​ရင်​နှင့် ကျွန်​တော်​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 37,
      "text": "အ​ဗ​ရှ​လုံ​သည် ပြေး၍ ဂေ​ရှု​ရ​မင်း​ကြီး​အ​မိ​ဟုဒ်​သား တာ​လ​မဲ​ထံ​သို့ သွား၏။ ဒါ​ဝိဒ်​သည် မိ​မိ​သား​ကြောင့် နေ့​တိုင်း ငို​ကြွေး​မြည်​တမ်း​လေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 38,
      "text": "အ​ဗ​ရှ​လုံ​သည် ဂေ​ရှု​ရ​မြို့​သို့ ပြေး​ပြီး​မှ သုံး​နှစ်​နေ၏။"
    },
    {
      "book": 10,
      "chapter": 13,
      "verse": 39,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​မင်း​ကြီး​သည် အာ​မ​နုန်​သေ​သော​ကြောင့်၊ ထို​သူ​ကို အောက်​မေ့​သော​စိတ်​အား​လျော့​သ​ဖြင့် အ​ဗ​ရှ​လုံ​ကို လွမ်း​ဆွတ်​လျက်​နေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 1,
      "text": "ထို​သို့​ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​သို့ ပါ​သွား​ကြောင်း​ကို ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် ရိပ်​မိ​သော​အ​ခါ၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 2,
      "text": "တေ​ကော​မြို့​သို့​စေ​လွှတ်၍ ပ​ညာ​ရှိ​သော​မိန်း​မ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ဆီ​မ​လိမ်း​ပါ​နှင့်။ စိတ်​မ​သာ ညည်း​တွား​ဟန်​ပြု၍ မ​သာ​အ​ဝတ်​ကို ဝတ်​ပါ​တော့။ လူ​သေ​အ​တွက် ကြာ​မြင့်​စွာ ငို​ကြွေး​သော​မိန်း​မ ယောင်​ဆောင်​လျက်၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ဤ​သို့​လျှောက်​ရ​မည်​ဟု သွန်​သင်​လေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 4,
      "text": "ထို​တေ​ကော​မြို့​သူ​မိန်း​မ​သည် အ​ထံ​တော်​သို့​ဝင်၍ မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လျက်၊ အ​ရှင်​မင်း​ကြီး၊ ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 5,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ အ​ဘယ်​အ​မှု​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင် မိန်း​မ​က၊ ကျွန်​တော်​မ​သည် လင်​သေ​သော မု​ဆိုး​မ​ဖြစ်​ပါ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 6,
      "text": "ကိုယ်​တော်​ကျွန်​မ၌ သား​နှစ်​ယောက်​ရှိ​ပါ၏။ ထို​သား​နှစ်​ယောက်​တို့​သည် ခိုက်​ရန်​ပြု​ကြ​ပါ၏။ ဖျန်​ဖြေ​သော​သူ​မ​ရှိ​သော​ကြောင့် တစ်​ယောက်​သည်​တစ်​ယောက်​ကို သေ​သည်​တိုင်​အောင် လုပ်​ကြံ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 7,
      "text": "ယ​ခု​မှာ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကျွန်​မ​တစ်​ဖက်၌ ထ​ကြ၍ အစ်​ကို​ကို​သတ်​သော​သူ​ကို သေ​စား​သေ​စေ​ခြင်း​ငှာ အပ်​ရ​မည်။ အ​မွေ​ခံ​ကို​လည်း ငါ​တို့​ပယ်​ရှင်း​မည်​ဟု ဆို​ကြ​ပါ၏။ ထို​သို့​ပြု​လျှင်၊ ကျွန်​တော်​မ၌ ကျန်​ကြွင်း​သေး​သော​မီး​ခဲ​ကို သူ​တို့​သည် သတ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မ​လင်၏​အ​မည်​ကို​လည်း​ကောင်း၊ အ​ကျန်​အ​ကြွင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​လေ​သော်၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 8,
      "text": "ရှင်​ဘု​ရင်​က သင့်​အိမ်​သို့ ပြန်​သွား​လော့။ သင့်​အ​မှု​ကို ငါ​စီ​ရင်​မည်​ဟု မိန်း​မ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 9,
      "text": "တေ​ကော​မြို့​သူ​မိန်း​မ​က​လည်း၊ အို​အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​ဆွေ​အ​မျိုး၌ အ​ပြစ်​ရောက်​ပါ​စေ။ ရှင်​ဘု​ရင်​နှင့် ရာ​ဇ​ပ​လ္လင်​တော်​သည် အ​ပြစ်​လွတ်​ပါ​စေ​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 10,
      "text": "ရှင်​ဘု​ရင်​က၊ သင်၌​အ​ပြစ်​တင်​သော​သူ​ကို ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ နောက်​တစ်​ဖန် သင့်​ကို မ​နှောင့်​ယှက်​ရ​ဟု မိန့်​တော်​မူ​သော်၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 11,
      "text": "မိန်း​မ​က၊ သေ​စား​သေ​စေ​သော​သူ​တို့​သည် ကျွန်​တော်​မ၏​သား​ကို​သတ်​မည်​ဟု စိုး​ရိမ်​ပါ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​ထူး​သ​ဖြင့် မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​တော်​မူ​ပါ​ဟု လျှောက်​ပြန်​သော်၊ ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​သား၏​ဆံ​ပင်​တစ်​ပင်​မျှ မြေ​ပေါ်​သို့​မ​ကျ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 12,
      "text": "တစ်​ဖန် မိန်း​မ​က​လည်း၊ ကိုယ်​တော်​ကျွန်​မ​သည် အ​ရှင်​မင်း​ကြီး​အား စ​ကား​တစ်​ခွန်း​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​လျှင်၊ လျှောက်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 13,
      "text": "မိန်း​မ​က​လည်း၊ သို့​ဖြစ်​လျှင် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ​တို့​တစ်​ဖက်၌ အ​ဘယ်​ကြောင့် ကြံ​စည်​တော်​မူ​သ​နည်း။ အ​ရှင်​မင်း​ကြီး နှင်​ထုတ်​သော​သူ​ကို တစ်​ဖန်​ခေါ်​တော်​မ​မူ​သ​ဖြင့်၊ ကိုယ်​ကို​အ​ပြစ်​တင်၍ စီ​ရင်​တော်​မူ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 14,
      "text": "ငါ​တို့​သည် သေ​အံ့​သော​သူ ဖြစ်​ကြ၏။ မြေ​ပေါ်​မှာ​သွန်​ပြီး​လျှင် နောက်​တစ်​ဖန်​ကျုံး၍ မ​ယူ​နိုင်​သော​ရေ​နှင့် တူ​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မ​ထောက်​သော်​လည်း၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် အ​စဉ်​နှင်​ထုတ်​ခြင်း​ကို​ခံ၍ မ​နေ​ရ​မည်​အ​ကြောင်း ကြံ​စည်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 15,
      "text": "သို့​ဖြစ်၍ ကျွန်​တော်​မ​သည်​လာ၍ ဤ​အ​မှု​ကို အ​ရှင်​မင်း​ကြီး​အား လျှောက်​ရ​သည်​အ​ကြောင်း​မှာ၊ ကျွန်​တော်​မ​ကြောက်​အောင် လူ​များ​တို့​သည် ပြု​ကြ​ပါ၏။ ကိုယ်​တော်​ကျွန်​မ​က​လည်း၊ ရှင်​ဘု​ရင်​ကို ငါ​လျှောက်​မည်။ ရှင်​ဘု​ရင်​သည် ငါ​တောင်း​ပန်​သည်​အ​တိုင်း ပြု​ကောင်း​ပြု​တော်​မူ​မည်။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 16,
      "text": "ငါ​နှင့် ငါ့​သား​ကို ဘု​ရား​သ​ခင်၏​အ​မွေ​တော်​မြေ​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​သော သူ၏​လက်​မှ ငါ့​ကို​နုတ်​အံ့​သော​ငှာ နား​ထောင်​တော်​မူ​လိမ့်​မည်​ဟု ဆို​ပါ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 17,
      "text": "ကိုယ်​တော် ကျွန်​မ​က​လည်း၊ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး၏ အ​မိန့်​တော်​ကြောင့် ချမ်း​သာ​ရ​မည်။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တော်​မူ၏​ဟု အောက်​မေ့​ပါ၏။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 18,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​က၊ ငါ​မေး​မြန်း​သည်​အ​မှု​ကို မ​ထိမ်​မ​ဝှက်​ပါ​နှင့် ဟု​အ​မိန့်​ရှိ​သော်၊ မိန်း​မ​က အ​ရှင်​မင်း​ကြီး​အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 19,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ဤ​အ​မှု၌ ယွာ​ဘ​သည် သင့်​အား အ​ကြံ​ပေး​သည်​မ​ဟုတ်​လော​ဟု​မေး​သော်၊ မိန်း​မ​က အို​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သော စ​ကား​လမ်း​မှ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ အ​ဘယ်​သူ​မျှ​မ​လွှဲ​နိုင်​ရာ။ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျွန်​ယွာ​ဘ​သည် ကျွန်​တော်​မ​ကို​မှာ​ထား၍ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို သွန်​သင်​ပါ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 20,
      "text": "ပ​ရိ​ယာယ်​ပြု၍ ဤ​သို့​အ​ယောင်​ဆောင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကျွန်​ယွာ​ဘ​သည် စီ​ရင်​ပါ၏။ အ​ရှင်​သ​ခင်​သည်​လည်း မြေ​ကြီး​ပေါ်​မှာ ရှိ​သ​မျှ​တို့​ကို သိ​နိုင်​သည်​တိုင်​အောင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ပ​ညာ​ရှိ​သ​ကဲ့​သို့ ပ​ညာ​ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 21,
      "text": "ထို​အ​ခါ​ရှင် ဘု​ရင်​က၊ ဤ​အ​မှု​ကို ငါ​စီ​ရင်​ရ၏။ သင်​သွား၍ ထို​လု​လင်​အ​ဗ​ရှ​လုံ​ကို တစ်​ဖန်​ခေါ်​ရ​မည်​ဟု ယွာ​ဘ​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 22,
      "text": "ယွာ​ဘ​သည်​လည်း မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် အ​သ​နား​တော်​ခံ​သည်​အ​တိုင်း အ​ရှင်​မင်း​ကြီး ပြု​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ကြောင်း​ကို ကျွန်​တော်​သိ​ပါ​သည်​ဟု ကျေး​ဇူး​တော်​ကို ဝန်​ခံ​လေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 23,
      "text": "ထို​နောက် ယွာ​ဘ​သည်​ထ၍ ဂေ​ရှု​ရ​မြို့​သို့​သွား​သ​ဖြင့်၊ အ​ဗ​ရှ​လုံ​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​လေ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 24,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ မိ​မိ​အိမ်​သို့​သွား​စေ။ ငါ့​မျက်​နှာ​ကို မ​မြင်​စေ​နှင့်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ဗ​ရှ​လုံ​သည် မိ​မိ​အိမ်​သို့​သွား၍ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို မ​မြင်​ရ။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​တွင် အ​ဗ​ရှ​လုံ​ကဲ့​သို့ အ​ဆင်း​လှ၍ ချီး​မွမ်း​ရ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် အ​ပြစ်​တစ်​ခု​မျှ​မ​ရှိ။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 26,
      "text": "ဆံ​ပင်​လေး​သော​ကြောင့်၊ နှစ်​တိုင်း​ဖြတ်၍ တစ်​နှစ်​လျှင် အ​ကျပ်​တော်​အ​တိုင်း အ​ကျပ်​သုံး​ဆယ်​ရ​တတ်၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 27,
      "text": "အ​ဗ​ရှ​လုံ​သည် သား​သုံး​ယောက်​နှင့် တာ​မာ​အ​မည်​ရှိ​သော သ​မီး​တစ်​ယောက်​ကို​မြင်​လေ၏။ သ​မီး​သည် အ​လွန်​လှ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 28,
      "text": "အ​ဗ​ရှ​လုံ​သည် ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို​မ​မြင်​ရ​ဘဲ နှစ်​နှစ်​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့၌​နေ​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 29,
      "text": "ယွာ​ဘ​ကို ရှင်​ဘု​ရင်​ထံ​တော်​သို့ စေ​လွှတ်​မည်​အ​ကြံ​နှင့် ခေါ်​သော​အ​ခါ ယွာ​ဘ​သည်​မ​လာ။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 30,
      "text": "ဒု​တိ​ယ​အ​ကြိမ်​ခေါ်​သော်​လည်း​မ​လာ။ ထို​ကြောင့် ကျွန်​တို့​အား၊ ယွာ​ဘ၏​လယ်​သည် ငါ​တို့​နေ​ရာ နှင့်​နီး​ပြီ။ မု​ယော​စ​ပါး​ရှိ၏။ သွား၍​မီး​ရှို့​ကြ​ဟု စီ​ရင်​သည်​အ​တိုင်း အ​ဗ​ရှ​လုံ၏​ကျွန်​တို့​သည်​မီး​ရှို့​ကြ၏။"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 31,
      "text": "ထို​အ​ခါ ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​အိမ်​သို့​ထ​သွား၍၊ ကိုယ်​တော်၏​ကျွန်​တို့​သည် ကျွန်​တော်​လယ်​ကို အ​ဘယ်​ကြောင့် မီး​ရှို့​ကြ​သ​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 32,
      "text": "အ​ဗ​ရှ​လုံ​က၊ ငါ​သည် ဂေ​ရှု​ရ​မြို့​မှ အ​ဘယ်​ကြောင့် လာ​ရ​သ​နည်း။ ထို​မြို့၌ ယ​ခု​တိုင်​အောင် နေ​ကောင်း​သည်​ဟု လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို ရှင်​ဘု​ရင်​ထံ​တော်​သို့ စေ​လွှတ်​မည်​ဟု ငါ​ခေါ်၏။ ယ​ခု​မှာ ရှင်​ဘု​ရင်၏​မျက်​နှာ​တော်​ကို ငါ​မြင်​ရ​ပါ​စေ။ အ​ပြစ်​ရှိ​လျှင် သတ်​တော်​မူ​ပါ​စေ​ဟု ယွာ​ဘ​အား​ပြော​ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 14,
      "verse": 33,
      "text": "ယွာ​ဘ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​သွား၍ လျှောက်​သ​ဖြင့်၊ အ​ဗ​ရှ​လုံ​ကို ခေါ်​တော်​မူ၏။ အ​ဗ​ရှ​လုံ​သည်​လာ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဦး​ချ​ပျပ်​ဝပ်၏။ ရှင်​ဘု​ရင်​သည် သူ​ကို​နမ်း​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 1,
      "text": "ထို​နောက်​မှ အ​ဗ​ရှ​လုံ​သည် ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့​မှာ ပြေး​ရ​သော​လူ ငါး​ဆယ်​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 2,
      "text": "အ​ဗ​ရှ​လုံ​သည် စော​စော​ထ၍ တံ​ခါး​ဝ​မှာ ရပ်​နေ​တတ်၏။ အ​မှု​ရှိ​သော​သူ​သည် စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​သော​အ​ခါ အ​ဗ​ရှ​လုံ​က၊ သင်​သည် အ​ဘယ်​မြို့​သား​ဖြစ်​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က ကိုယ်​တော်​ကျွန်​သည် ဤ​မည်​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​သား​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 3,
      "text": "အ​ဗ​ရှ​လုံ​က၊ သင့်​အ​မှု​သည် ဟုတ်​မှန်​လျောက်​ပတ်​ပေ၏။ သို့​သော်​လည်း သင့်​အ​မှု​ကို ရှင်​ဘု​ရင်​မှ​စ၍ အ​ဘယ်​သူ​မျှ နား​မ​ထောင်​ဟု ပြော​ဆို​တတ်၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 4,
      "text": "တစ်​ဖန်​တုံ၊ ငါ​သည်​ဤ​ပြည်၌ တ​ရား​စီ​ရင်​သော မင်း​ဖြစ်​ပါ​စေ​သော။ သို့​ဖြစ်​လျှင် တ​ရား​မှု​ရှိ​သော အ​မှု​သည်​အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ၍ ငါ​သည်​တ​ရား​သ​ဖြင့် စီ​ရင်​မည်​ဟု​ဆို​တတ်၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 5,
      "text": "လူ​တစ်​စုံ​တစ်​ယောက်​သည် ရို​သေ​စွာ​ပြု၍ ချဉ်း​ကပ်​သော​အ​ခါ၊ အ​ဗ​ရှ​လုံ​သည် လက်​ကို​ဆန့်၍ ထို​သူ​ကို​ကိုင်​လျက် နမ်း​လေ့​ရှိ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 6,
      "text": "ထို​သို့​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား အ​ဗ​ရှ​လုံ​ပြု၍ သူ​တို့​စိတ်​နှ​လုံး​ကို ခိုး​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 7,
      "text": "လေး​နှစ်​လွန်​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်၍၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို တစ်​ဖန်​ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို အ​ကျွန်ုပ်​ပြု​ပါ​မည်​ဟု ကိုယ်​တော်​ကျွန်​သည် ရှု​ရိ​ပြည် ဂေ​ရှု​ရ​မြို့၌​နေ​သော​အ​ခါ သ​စ္စာ​က​တိ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ကျွန်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း၊ ဟေ​ဗြုန်​မြို့​သို့​သွား၍ သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 9,
      "text": "ရှင်​ဘု​ရင်​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု​မိန့်​တော်​မူ၏။ ထို​အ​ခါ အ​ဗ​ရှ​လုံ​သည်​ထ၍ ဟေ​ဗြုန်​မြို့​သို့​သွား၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 10,
      "text": "သို့​ရာ​တွင် လျှို့​ဝှက်​သော​သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​သို့ အ​နှံ့​အ​ပြား​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သည် တံ​ပိုး​မှုတ်​သံ​ကို​ကြား​သော​အ​ခါ အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့၌ နန်း​ထိုင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 11,
      "text": "အ​ဗ​ရှ​လုံ​ခေါ်​သော လူ​နှစ်​ရာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က ထွက်​သွား​ကြ၏။ သူ​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ​မ​သိ​ဘဲ ကောင်း​သော​စိတ်​နှင့် လိုက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 12,
      "text": "ဒါ​ဝိဒ်၏​တိုင်​ပင်​မတ်၊ ဂိ​လော​မြို့​သား အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​နေ​ရာ​ဂိ​လော​မြို့၌ ယဇ်​ပူ​ဇော်​လျက်​ရှိ၍ အ​ဗ​ရှ​လုံ​ခေါ်​လေ၏။ အ​ဗ​ရှ​လုံ​နောက်​သို့ လိုက်​သော သူ​တို့​သည်​တိုး​ပွား​များ​ပြား​သ​ဖြင့် ပုန်​ကန်​ခြင်း​အ​မှု​အား​ကြီး​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 13,
      "text": "သ​တင်း​ပြော​သော​သူ​တစ်​ယောက်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​ဘက်​သို့ ပါ​သွား​ပါ​ပြီ​ဟု ကြား​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 14,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ငါ​တို့​သည် ထ၍​ပြေး​ကြ​ကုန်​အံ့၊ မ​ပြေး​လျှင် အ​ဗ​ရှ​လုံ​လက်​နှင့်​မ​လွတ်၊ အ​လျင်​အ​မြန် ထွက်​ကြ​ကုန်​အံ့။ သို့​မ​ဟုတ်​လျှင် သူ​သည် ချက်​ချင်း​တိုက်​လာ​သ​ဖြင့်၊ ငါ​တို့​ကို ဘေး​ပြု၍ မြို့​ကို​လည်း ဓား​နှင့်​လုပ်​ကြံ​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တွင် အ​ထံ​တော်၌​ရှိ​သော ကျွန်​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 15,
      "text": "ရှင်​ဘု​ရင်၏ ကျွန်​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​သ​မျှ​တို့​ကို ကိုယ်​တော်​ကျွန်​တို့​သည် ပြု​ပါ​မည်​ဟု​လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 16,
      "text": "ရှင်​ဘု​ရင်​သည် နန်း​တော်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​သွား၏။ သို့​ရာ​တွင် နန်း​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ကိုယ်​လုပ်​တော်​မိန်း​မ​တစ်​ကျိပ်​တို့​ကို ထား​ခဲ့​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 17,
      "text": "ထို​သို့​ရှင်​ဘု​ရင်​နှင့် ကိုယ်​တော်၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် ထွက်​သွား၍ ဗေ​သာ​မေ​ရက်​ရွာ​မှာ စ​ခန်း​ချ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 18,
      "text": "ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် ခြံ​ရံ​လျက်​လိုက်​ကြ၏။ ဂါ​သ​မြို့​မှ လိုက်​လာ​သော​သူ ခြောက်​ရာ​တည်း​ဟူ​သော ဂိ​တ္တိ​လူ​အ​ပေါင်း​နှင့် ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​အ​ပေါင်း​သည် ရှေ့​တော်၌​ချီ​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 19,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​တ္တိ​လူ​အိ​တ္တဲ​အား​လည်း၊ ငါ​တို့​နှင့် အ​ဘယ်​ကြောင့်​လိုက်​သ​နည်း။ ရှင်​ဘု​ရင်​ထံ​သို့ ပြန်၍​နေ​လော့။ သင်​သည် တစ်​ပါး​အ​မျိုး​သား၊ နေ​ရာ​မ​ကျ​သော​ဧည့်​သည်​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 20,
      "text": "မ​နေ့​က​သာ ရောက်​လာ​သည်​ဖြစ်၍၊ ယ​နေ့​ငါ​တို့​နှင့်​အ​တူ အ​ရပ်​ရပ်​လှည့်​လည်​ရ​မည်​လော။ ငါ​သည် သွား​ရ​သော အ​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ရ​သော​ကြောင့်၊ သင်​သည် အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍ ပြန်​လော့။ က​ရု​ဏာ​နှင့် သ​စ္စာ​ရှိ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 21,
      "text": "အိ​တ္တဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ အ​ရှင်​မင်း​ကြီး​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ကယ်၍ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ဆုံး​သည်​ဖြစ်​စေ၊ ချမ်း​သာ​သည်​ဖြစ်​စေ၊ ရှိ​တော်​မူ​ရာ​အ​ရပ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 22,
      "text": "ဒါ​ဝိဒ်​က၊ ချီ​သွား​လော့​ဟု အိ​တ္တဲ​အား မိန့်​တော်​မူ​သ​ဖြင့်၊ ဂိ​တ္တိ​လူ​အိ​တ္တဲ​သည် မိ​မိ၌​ပါ​သော လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​နှင့်​တ​ကွ ချီ​သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 23,
      "text": "ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ပြင်း​စွာ​ငို​ကြွေး​ကြ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည် ချီ​သွား၍၊ ရှင်​ဘု​ရင်​သည် ကိုယ်​တော်​တိုင် ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ လူ​အ​ပေါင်း​တို့​သည်​ကူး၍ တော​လမ်း​သို့ လိုက်​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 24,
      "text": "ဇာ​ဒုတ်​နှင့် လေ​ဝိ​လူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်​ရောက်​လာ၍ သေ​တ္တာ​တော်​ကို ချ​ထား​ကြ၏။ လူ​အ​ပေါင်း​တို့​သည် မြို့​ထဲ​က​ထွက်၍ မ​ကုန်​မီ​တိုင်​အောင် အ​ဗျာ​သာ​သည် ယဇ်​ပူ​ဇော်​လျက်​နေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​သည် ဇာ​ဒုတ်​ကို​ခေါ်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မြို့​ထဲ​သို့​ပြန်​ပို့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စိတ်​တော်​နှင့်​တွေ့​လျှင် ငါ့​ကို​ပို့​ပြန်၍ သေ​တ္တာ​တော်​ကို​လည်း​ကောင်း၊ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ကို​လည်း​ကောင်း ပြ​တော်​မူ​မည်။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 26,
      "text": "သို့​မ​ဟုတ် သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု ငါ့​အား​မိန့်​တော်​မူ​လျှင် ငါ​ရှိ​ပါ၏။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 27,
      "text": "ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​အား​လည်း သင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်၊ ထို​သား​နှစ်​ယောက်​ကို​ခေါ်၍ မြို့​သို့​ငြိမ်​ဝပ်​စွာ ပြန်​သွား​လော့။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 28,
      "text": "သင်​တို့​ကြား​လျှောက်​စေ​သော စ​ကား​မ​ရောက်​မီ ငါ​သည်​တော​လွင်​ပြင်၌ ဆိုင်း​လင့်၍​နေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 29,
      "text": "ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပို့၍ ထို​မြို့၌​နေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 30,
      "text": "ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 31,
      "text": "အ​ဗ​ရှ​လုံ​နှင့် ဝိုင်း၍​ပုန်​ကန်​သော လူ​စု​ထဲ​မှာ၊ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​ကြောင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို မိုက်​သော​အ​ကြံ​ဖြစ်​စေ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 32,
      "text": "တောင်​ပေါ်​သို့ ရောက်​သော​အ​ခါ ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်၏။ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည်​လည်း အင်္ကျီ​ကို​ဆုတ်​လျက် ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 33,
      "text": "ဒါ​ဝိဒ်​က​လည်း၊ သင်​သည် ငါ​နှင့်​အ​တူ​လိုက်​လျှင် ငါ့​ကို​နှောင့်​ယှက်​လိမ့်​မည်။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 34,
      "text": "မြို့​သို့​ပြန်၍ အ​ဗ​ရှ​လုံ​အား၊ အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​သည် ခ​မည်း​တော်​ထံ၌ ကျွန်​ခံ​ဖူး​သည်​နည်း​တူ ကိုယ်​တော်​ထံ၌​ကျွန်​ခံ​ပါ​မည်​ဟု လျှောက်​လျှင်၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို ငါ့​ဘက်​မှာ​နေ၍ ဖျက်​နိုင်​လိမ့်​မည်။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 35,
      "text": "မြို့​တွင် သင်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ရှိ​ကြ​သည်​မ​ဟုတ်​လော။ သို့​ဖြစ်၍ နန်း​တော်၌​ကြား​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​အား ပြန်​ပြော​ရ​မည်။"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 36,
      "text": "သူ​တို့၌ ဇာ​ဒုတ်၏​သား အ​ဟိ​မတ်​နှင့် အ​ဗျာ​သာ၏​သား ယော​န​သန်​သား​နှစ်​ယောက် ရှိ​ကြ၏။ ကြား​နိုင်​သ​မျှ​ကို ထို​သား​တို့​တွင် ငါ့​ထံ​သို့ ပေး​လိုက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 15,
      "verse": 37,
      "text": "ဒါ​ဝိဒ်၏​အ​ဆွေ​ခင်​ပွန်း​ဟု​ရှဲ​သည် မြို့​သို့​ပြန်​သွား၏။ အ​ဗ​ရှ​လုံ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​လေ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် တောင်​ထိပ်​ကို အ​နည်း​ငယ်​လွန်​သော​အ​ခါ၊ မေ​ဖိ​ဗော​ရှက်၏​ကျွန် ဇိ​ဘ​သည် ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့်​တ​ကွ၊ မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​တစ်​ရာ စ​ပျစ်​ရည်​ဘူး​တစ်​လုံး​ကို မြည်း​ပေါ်​မှာ တင်​ဆောင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 2,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ အ​ဘယ်​သို့​ပြု​ခြင်း​ငှာ ဤ​ဥ​စ္စာ​ကို ဆောင်​ခဲ့​သ​နည်း​ဟု ဇိ​ဘ​အား​မေး​လျှင်၊ ဇိ​ဘ​က၊ မြည်း​တို့​သည် နန်း​တော်​သား​များ စီး​ဖို့၊ မုန့်​နှင့်​သစ်​သီး​တို့​သည် လု​လင်​များ​စား​ဖို့၊ စ​ပျစ်​ရည်​သည်​လည်း တော၌​မော​သော​သူ​များ​သောက်​ဖို့ ဖြစ်​ပါ​သည်​ဟု လျှောက်၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ သင့်​သ​ခင်၏​သား​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​လျှင် ဇိ​ဘ​က၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​ပါ၏။ ယ​နေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​အ​ဘ၏​နိုင်​ငံ​ကို ငါ့​အား​ပြန်​ပေး​လိမ့်​မည်​ဟု​ဆို​ကြောင်း​ကို လျှောက်​လေ​သော်၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​က၊ မေ​ဖိ​ဗော​ရှက်​နှင့် ဆိုင်​သ​မျှ​သော​ဥ​စ္စာ​သည် သင့်​ဥ​စ္စာ​ဖြစ်​စေ​ဟု ဇိ​ဘ​အား မိန့်​တော်​မူ၏။ ဇိ​ဘ​က​လည်း၊ အ​ရှင်​မင်း​ကြီး ကျွန်​တော်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ရှိ​ခိုး​အ​သ​နား​တော်​ခံ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 5,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​သည် ဗာ​ဟု​ရိမ်​မြို့​သို့ ရောက်​သော​အ​ခါ၊ ရှော​လု၏​အ​ဆွေ​အ​မျိုး ဂေ​ရ​သား ရှိ​မိ​အ​မည်​ရှိ​သော​သူ​သည် ကျိန်​ဆဲ​လျက် ထွက်​လာ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 6,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​ကို ကျောက်​ခဲ​နှင့်​ပစ်​လေ၏။ လူ​များ​အ​ပေါင်း​နှင့် မှူး​တော်​မတ်​တော်​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက်၊ လက်​ဝဲ​တော်​ဘက်၌ ရှိ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 7,
      "text": "ရှိ​မိ​ကျိန်​ဆဲ​သော​စ​ကား​ဟူ​မူ​ကား၊ သွား​ဟဲ့၊ သွား​ဟဲ့။ လူ​အ​သက်​ကို သတ်​သော​အ​ဓ​မ္မ​လူ၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 8,
      "text": "ရှော​လု၏​နိုင်​ငံ​ကို လု​ယူ၍ သူ၏​အ​ဆွေ​အ​မျိုး​ကို သတ်​သော​အ​ပြစ်​အ​လုံး​စုံ​ကို သင့်​ခေါင်း​ပေါ်​မှာ ထာ​ဝ​ရ​သက်​ရောက်​စေ၍၊ နိုင်​ငံ​တော်​ကို သင်၏​သား အ​ဗ​ရှ​လုံ​လက်၌ အပ်​တော်​မူ​ပြီ။ သင်​သည် လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်​သော​ကြောင့် ကြည့်​ပါ။ အ​မှု​ကြီး ရောက်​လေ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 9,
      "text": "ဇေ​ရု​ယာ​သား အ​ဘိ​ရှဲ​က​လည်း၊ ထို​ခွေး​သေ​ကောင်​သည် အ​ရှင်​မင်း​ကြီး​ကို ကျိန်​ဆဲ​ရ​မည်​လော။ ကျွန်​တော်​သွား၍ သူ၏​လည်​ပင်း​ကို ဖြတ်​ပါ​ရ​စေ​ဟု နား​တော်​လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 10,
      "text": "ရှင်​ဘု​ရင်​က အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ထို​သူ​သည် ကျိန်​ဆဲ​ပါ​လေ​စေ။ ဒါ​ဝိဒ်​ကို ကျိန်​ဆဲ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ​ဆို​ရ​မည်​နည်း ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 11,
      "text": "ကြည့်​ပါ။ ငါ့​ကိုယ်​ထဲ​က​ထွက်​သော ငါ့​သား​ရင်း​သည် ငါ့​အ​သက်​ကို​ရှာ၏။ ထို​ဗင်္ယာ​မိန်​အ​မျိုး​သား​သည် ထို​မျှ​မ​က အ​ခွင့်​ရှိ​လိမ့်​မည်။ သူ့​ကို ရှိ​ပါ​လေ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ဒု​က္ခ​ကို​ကြည့်​ရှု၍ ယ​နေ့ ထို​သူ​ကျိန်​ဆဲ​သည်​အ​တွက် ကောင်း​သော​အ​ကျိုး​ကို ပြန်​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဘိ​ရှဲ​နှင့် ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 13,
      "text": "ဒါ​ဝိဒ်​သည် နောက်​တော်​လိုက်​သူ​တို့​နှင့်​တ​ကွ လမ်း၌​သွား​စဉ်​တွင်၊ ရှိ​မိ​သည် ဒါ​ဝိဒ်​တစ်​ဖက်​တစ်​ချက်၊ တောင်​ခါး​ပန်း​နား​မှာ လျှောက်​သွား​သ​ဖြင့်၊ ကျိန်​ဆဲ​လျက် ကျောက်​ခဲ​နှင့်​ပစ်၍ မြေ​မှုန့်​ကို​လည်း ပက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 14,
      "text": "ရှင်​ဘု​ရင်​မှ​စ၍ နောက်​တော်​သို့ လိုက်​သော​သူ​အ​ပေါင်း​တို့​သည် မော​လျက်၊ ဗာ​ဟု​ရိမ်​မြို့​သို့​ရောက်၍ အ​မော​အ​ပန်း​ဖြေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 15,
      "text": "အ​ဗ​ရှ​လုံ​နှင့် လူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ အ​ဟိ​သော​ဖေ​လ​လည်း ပါ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 16,
      "text": "ဒါ​ဝိဒ်၏​အ​ဆွေ​ခင်​ပွန်း အာ​ခိ​လူ​ဟု​ရှဲ​သည်​လည်း အ​ဗ​ရှ​လုံ​ထံ​သို့ ရောက်​လာ၍၊ ရှင်​ဘု​ရင် အ​သက်​တော်​ရှင်​စေ​သ​တည်း၊ ရှင်​ဘု​ရင်​အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 17,
      "text": "အ​ဗ​ရှ​လုံ​က​လည်း၊ သင်၏​အ​ဆွေ​ခင်​ပွန်း၌ ဤ​သို့​ကျေး​ဇူး​ပြု​သ​လော။ သင်၏​အ​ဆွေ​ခင်​ပွန်း​နှင့်​အ​တူ အ​ဘယ်​ကြောင့် မ​လိုက်​သ​နည်း​ဟု ဟု​ရှဲ​အား​ဆို​လျှင်၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 18,
      "text": "ဟု​ရှဲ​က၊ ထို​သို့​မိန့်​တော်​မ​မူ​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​မှ​စ၍ ဤ​လူ​များ​နှင့် ဣ​သ​ရေ​လ​လူ​များ​အ​ပေါင်း​တို့​သည် ရွေး​ချယ်​သော​သူ​ထံ​မှာ ကျွန်​တော်​ကျွန်​ခံ​ပါ​မည်။ ထို​သူ​ထံ​မှာ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 19,
      "text": "တစ်​ဖန် အ​ကြင်​သူ​ထံ၌ ကျွန်​ခံ​ရ၏။ ထို​သူ၏​သား​ထံ၌ ကျွန်​ခံ​ရ​သည် မ​ဟုတ်​ပါ​လော။ ကျွန်​တော်​သည် ခ​မည်း​တော်​ထံ၌ ကျွန်​ခံ​ရ​သည်​နည်း​တူ ကိုယ်​တော်​ထံ၌​လည်း ကျွန်​ခံ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဗ​ရှ​လုံ​အား လျှောက်​ဆို၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 20,
      "text": "အ​ဗ​ရှ​လုံ​က​လည်း၊ ငါ​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​အ​ကြံ​ပေး​ပါ​ဟု အ​ဟိ​သော​ဖေ​လ​အား​ဆို​လျှင်၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 21,
      "text": "အ​ဟိ​သော​ဖေ​လ​က၊ နန်း​တော်​ကို​စောင့်​စေ​ခြင်း​ငှာ ခ​မည်း​တော်​ထား​ခဲ့​သော ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​တော်​မူ​ပါ။ ခ​မည်း​တော်​သည် ကိုယ်​တော်​အား စက်​ဆုပ်​ရွံ​ရှာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ကြား၍၊ ကိုယ်​တော်​ဘက်၌​နေ​သော​သူ​အ​ပေါင်း​တို့​သည် လက်​အား​ကြီး​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 22,
      "text": "နန်း​တော်​ပေါ်​မှာ အ​ဗ​ရှ​လုံ​အ​ဖို့​မျက်​နှာ​ကြက်​ကို​မိုး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ခ​မည်း​တော်၏ ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​လေ၏။"
    },
    {
      "book": 10,
      "chapter": 16,
      "verse": 23,
      "text": "ထို​ကာ​လ၌ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​သည် ဘု​ရား​သ​ခင့်​ထံ​တော်၌ မေး​လျှောက်၍​ခံ​ရ​သော ဗျာ​ဒိတ်​တော်​ကဲ့​သို့ ဖြစ်၏။ သူ​ပေး​သ​မျှ​သော​အ​ကြံ​ကို ဒါ​ဝိဒ်​နှင့် အ​ဗ​ရှ​လုံ​သည် ဗျာ​ဒိတ်​တော်​ကဲ့​သို့​မှတ်​တတ်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 1,
      "text": "တစ်​ဖန် အ​ဟိ​သော​ဖေ​လ​က၊ ကျွန်​တော်​သည် လူ​တစ်​သောင်း​နှစ်​ထောင်​တို့​ကို ရွေး​ကောက်​ပါ​ရ​စေ။ ယ​နေ့​ည​ပင် ကျွန်​တော်​ထ၍ ဒါ​ဝိဒ်​ကို​လိုက်​ပါ​မည်။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 2,
      "text": "သူ​သည်​မော​လျက် လက်​အား​နည်း​လျက်​နေ​စဉ်​အ​ခါ ကျွန်​တော်​တိုက်၍ သူ့​ကို​ထိတ်​လန့်​စေ​မည်။ သူ၌​ပါ​သော လူ​အ​ပေါင်း​တို့​သည် ပြေး​ကြ၍၊ ရှင်​ဘု​ရင်​ကို​သာ ကျွန်​တော်​လုပ်​ကြံ​ပါ​မည်။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 3,
      "text": "လူ​အ​ပေါင်း​တို့​ကို ကိုယ်​တော်​ထံ​သို့​ဆောင်​ခဲ့​ပါ​မည်။ ကိုယ်​တော်​ရှာ​သော​သူ တစ်​ယောက်​တည်း​ကို​ရ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ပြန်​လာ၍ ငြိမ်​ဝပ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 4,
      "text": "ထို​စ​ကား​ကို အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် နှစ်​သက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 5,
      "text": "ထို​အ​ခါ အ​ဗ​ရှ​လုံ​က၊ အာ​ခိ​လူ​ဟု​ရှဲ​ကို​လည်း​ခေါ်​ခဲ့။ ငါ​တို့​သည် သူ၏​စ​ကား​ကို နာ​ကြား​ကြ​ကုန်​အံ့​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 6,
      "text": "ဟု​ရှဲ​သည်​လာ၍ အ​ဗ​ရှ​လုံ​က၊ အ​ဟိ​သော​ဖေ​လ​သည် ဤ​မည်​သော​အ​ကြံ​ကို ပေး​ပြီ။ သူ၏​စ​ကား​ကို နား​ထောင်​သင့်​သ​လော။ သို့​မ​ဟုတ် သင်​ပြော​လော့​ဟု​ဆို​လျှင်၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 7,
      "text": "ဟု​ရှဲ​က အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​သည် ယ​ခု​ကာ​လ၌ မ​လျော်​ပါ။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 8,
      "text": "ခ​မည်း​တော်​နှင့် သူ၏​လူ​တို့​သည် ခွန်​အား​ကြီး​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ယ​ခု​မူ​ကား တော၌ သား​ငယ်​ပျောက်​သော ဝံ​မ​ကဲ့​သို့ ပြင်း​ထန်​သော​စိတ်​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ၏။ ခ​မည်း​တော်​သည်​လည်း စစ်​သူ​ရဲ​ဖြစ်၍ လူ​များ​တို့​နှင့်​အ​တူ မ​အိပ်​တတ်။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 9,
      "text": "ယ​ခု​မှာ​သူ​သည် မြေ​တွင်း​တစ်​စုံ​တစ်​ခု၌ ပုန်း​လျက်​နေ​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် အ​ခြား​သော​အ​ရပ်၌ ပုန်း​လျက် နေ​ပါ​လိမ့်​မည်။ လူ​အ​ချို့​တို့​သည် အ​ဦး​လဲ၍​သေ​လျှင် ထို​သ​တင်း​ကို​ကြား​သော​သူ​က၊ အ​ဗ​ရှ​လုံ​နောက်​သို့ လိုက်​သော​သူ​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု ကြား​ပြော​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 10,
      "text": "ထို​အ​ခါ ရဲ​ရင့်​သော​သူ၊ ခြင်္သေ့​နှ​လုံး​ကဲ့​သို့ နှ​လုံး​ရှိ​သော​သူ​သည် စိတ်​ပျက်​ပါ​လိမ့်​မည်။ ခ​မည်း​တော်​သည် ခွန်​အား​ကြီး​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ၌​ပါ​သော​သူ​တို့​သည် ရဲ​ရင့်​ခြင်း​သ​တ္တိ​ရှိ​သော​သူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 11,
      "text": "သို့​ဖြစ်၍ ကျွန်​တော်​သည် အ​ကြံ​ပေး​ပါ​မည်။ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကိုယ်​တော်​ထံ၌ စည်း​ဝေး၍ ကိုယ်​တော်​တိုင် စစ်​ချီ​တော်​မူ​ရ​မည်။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 12,
      "text": "ထို​သို့ ခ​မည်း​တော်​ကို​တွေ့​သော​အ​ရပ် တစ်​စုံ​တစ်​ခု၌ သူ့​ထံ​သို့​ရောက်​လျှင်၊ မြေ​ပေါ်​မှာ​နှင်း​ကျ​သ​ကဲ့​သို့ သူ့​ကို​လွှမ်း​မိုး၍ သူ​နှင့်​သူ၌​ရှိ​သော​သူ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 13,
      "text": "၎င်း​နည်း ခ​မည်း​တော်​သည် မြို့​တစ်​မြို့​ထဲ​သို့​ဝင်​လျှင်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြိုး​များ​ကို​ယူ​ခဲ့၍ ထို​မြို့၌ ကျောက်​စ​ရစ်​တစ်​ခု​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ချိုင့်​ထဲ​သို့ ဆွဲ​ချ​ရ​ကြ​မည်​ဟု လျှောက်​လေ​သော်၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 14,
      "text": "အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က၊ အာ​ခိ​လူ​ဟု​ရှဲ​ပေး​သော အ​ကြံ​သည် အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ထက် သာ၍​ကောင်း​သည်​ဟု ပြော​ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗ​ရှ​လုံ၌ ဘေး​ရောက်​စေ​ခြင်း​ငှာ၊ အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ကောင်း​ကို ဖျက်​စေ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 15,
      "text": "ထို​အ​ခါ ဟု​ရှဲ​သည် ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​အား၊ အ​ဟိ​သော​ဖေ​လ​သည် ဤ​မည်​သော​အ​ကြံ​ကို အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​အား ပေး​ပြီ။ ကျွန်ုပ်​သည်​လည်း ဤ​မည်​သော​အ​ကြံ​ကို ပေး​ပြီ။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 16,
      "text": "သို့​ဖြစ်၍ ဒါ​ဝိဒ်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍ ယ​နေ့​ည​မှာ တော​လွင်​ပြင်၌ မ​နေ​ပါ​နှင့်။ အ​လျင်​အ​မြန် ကူး​သွား​ပါ။ သို့​မ​ဟုတ်​လျှင် ရှင်​ဘု​ရင်​နှင့်​လူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ကြား​လျှောက်​မည်​အ​ကြောင်း မှာ​လိုက်​သ​ဖြင့်၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 17,
      "text": "ယော​န​သန်​နှင့် အ​ဟိ​မတ်​သည် မြို့​ထဲ​သို့​ဝင်​လျှင် သူ​တစ်​ပါး​မြင်​မည်​စိုး​သော​ကြောင့်၊ အင်္ရော​ဂေ​လ​ရွာ​နား​မှာ နေ​ရ​စဉ်​တွင်၊ မိန်း​မ​က​လေး​တစ်​ယောက် သွား၍​ပြော​သည်​အ​တိုင်း သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား၍ လျှောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 18,
      "text": "သို့​ရာ​တွင် လူ​က​လေး​တစ်​ယောက်​သည် ထို​သူ​တို့​ကို​မြင်၍ အ​ဗ​ရှ​လုံ​အား လျှောက်​လေ၏။ သူ​တို့​သည် အ​လျင်​အ​မြန်​သွား၍ ဗာ​ဟု​ရိမ်​မြို့​တွင် အိမ်​တစ်​အိမ်​သို့​ဝင်​သ​ဖြင့် ထို​အိမ်​ဝင်း​ထဲ​မှာ​ရှိ​သော ရေ​တွင်း​သို့​ဆင်း၍၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 19,
      "text": "မိန်း​မ​သည် ရေ​တွင်း​ဝ​ကို​ဖုံး​ပြီး​မှ ဆန်​ကို​လှန်း၍​ထား​သော​ကြောင့် ထို​အ​မှု​သည် မ​ထင်​ရှား။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 20,
      "text": "အ​ဗ​ရှ​လုံ၏ ကျွန်​တို့​သည် ထို​အိမ်​သို့​ရောက်၍ အ​ဟိ​မတ်​နှင့် ယော​န​သန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိန်း​မ​အား​မေး​လျှင်၊ မိန်း​မ​က၊ ချောင်း​တစ်​ဖက်​သို့ ကူး​ကြ​ပြီ​ဟု​ပြော​သ​ဖြင့် သူ​တို့​သည် ရှာ၍​မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 21,
      "text": "ပြန်​သွား​သော​နောက် အ​ဟိ​မတ်​နှင့် ယော​န​သန်​သည် ရေ​တွင်း​ထဲ​က​တက်၍ ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့​သွား​ပြီး​လျှင်၊ မြစ်​တစ်​ဖက်​သို့ အ​လျင်​အ​မြန်​ထ၍ ကြွ​တော်​မူ​ပါ။ အ​ဟိ​သော​ဖေ​လ​သည် ကိုယ်​တော်​တစ်​ဖက်၌ ဤ​မည်​သော အ​ကြံ​ကို​ပေး​ပါ​ပြီ​ဟု လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 22,
      "text": "ဒါ​ဝိဒ်​နှင့် လူ​အ​ပေါင်း​တို့​သည်​ထ၍ ယော်​ဒန်​မြစ်​ကို​ကူး​ကြ၏။ မိုး​လင်း​သော​အ​ခါ မ​ကူး​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 23,
      "text": "အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​ပေး​သော​အ​ကြံ​သို့ မ​လိုက်​ကြ​သည်​အ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊ မြည်း​ကို ကုန်း​နှီး​တင်​စေ​ပြီး​လျှင် ထ၍ မိ​မိ​နေ​ရင်း​မြို့ မိ​မိ​အိမ်​သို့​သွား​သ​ဖြင့် အိမ်​မှု​အိမ်​ရေး​များ​ကို စီ​ရင်​ပြီး​မှ လည်​ကြိုး​တပ်၍ သေ​လေ၏။ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 24,
      "text": "ဒါ​ဝိဒ်​သည် မ​ဟာ​နိမ်​မြို့​သို့ ရောက်​လေ၏။ အ​ဗ​ရှ​လုံ​သည်​လည်း ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယော်​ဒန်​မြစ်​ကို ကူး​လေ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 25,
      "text": "အ​ဗ​ရှ​လုံ​သည် ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​အ​ရာ၌ အာ​မ​သ​ကို​ခန့်​ထား၏။ အာ​မ​သ​ကား၊ ယွာ​ဘ​အ​မိ ဇေ​ရု​ယာ၏​ညီ​မ​နာ​ဟတ်​သ​မီး အ​ဘိ​ဂဲ​လ​နှင့် စုံ​ဖက်​သော ဣ​ရှ​မေ​လ​အ​မျိုး​ယေ​သာ၏​သား ဖြစ်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 26,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​ဗ​ရှ​လုံ​သည် ဂိ​လဒ်​ပြည်၌ တပ်​ချ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 27,
      "text": "ဒါ​ဝိဒ်​သည် မ​ဟာ​နိမ်​မြို့​သို့​ရောက်​သော​အ​ခါ၊ အ​မ္မုန်​ပြည် ရ​ဗ္ဗာ​မြို့​သား​နာ​ဟတ်၏​သား ရှော​ဘိ၊ လော​ဒေ​ဗာ​မြို့​သား အ​မျေ​လ၏​သား မာ​ခိ​ရ၊ ဂိ​လဒ်​အ​မျိုး ရော​ဂေ​လိမ်​မြို့​သား ဗာ​ဇိ​လဲ​တို့​က၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 28,
      "text": "ထို​လူ​တို့​သည် တော၌​ရေ​စာ​ငတ်​မွတ်​လျက် ပင်​ပန်း​လျက် နေ​ရ​ပါ​သည်​တ​ကား​ဟု ဆို၍၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​များ​စား​စ​ရာ​ဖို့ ဂျုံ​ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်​မျိုး၊ ပဲ​မျိုး၊"
    },
    {
      "book": 10,
      "chapter": 17,
      "verse": 29,
      "text": "ပျား​ရည်၊ နို့​ဓမ်း၊ သိုး၊ ဒိန်​ခဲ​နှင့်​တ​ကွ အိပ်​ရာ၊ လင်​ပန်း၊ မြေ​ခွက်​များ​ကို ဆောင်​ခဲ့​ကြ​သည်။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် မိ​မိ၌​ပါ​သော လူ​တို့​ကို​ရေ​တွက်၍ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 2,
      "text": "လူ​သုံး​စု​တစ်​စု​ကို ယွာ​ဘ၌​လည်း​ကောင်း၊ တစ်​စု​ကို ဇေ​ရု​ယာ​သား ယွာ​ဘ​ညီ အ​ဘိ​ရှဲ၌​လည်း​ကောင်း၊ တစ်​စု​ကို​ဂိ​တ္တိ​လူ အိ​တ္တဲ၌​လည်း​ကောင်း​အပ်၍၊ ငါ့​ကိုယ်​တိုင်​ချီ​သွား​မည်​ဟု လူ​များ​တို့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 3,
      "text": "လူ​များ​တို့​က​လည်း၊ ကိုယ်​တိုင်​ကြွ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​တို့​ပြေး​သော်​လည်း သူ​တို့​သည် အ​မှု​မ​ထား​ကြ​ပါ။ ကျွန်​တော်​တို့ တစ်​ဝက်​သေ​သော်​လည်း သူ​တို့​သည် အ​မှု​မ​ထား​ကြ​ပါ။ ကိုယ်​တော်​မူ​ကား၊ ကျွန်​တော်​တို့ တစ်​သောင်း​ထက် မြတ်​တော်​မူ၏။ သို့​ဖြစ်၍ ကျွန်​တော်​တို့​ကို မြို့​ထဲ​က​မ​စ​တော်​မူ​လျှင် သာ၍​ကောင်း​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ​သည်​သင်​တို့​အ​လို​သို့​လိုက်​မည်​ဟု မိန့်​တော်​မူ၍ တံ​ခါး​ဝ​နား​မှာ​ရပ်​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် တစ်​ရာ​တပ်၊ တစ်​ထောင်​တပ်​အား​ဖြင့် ချီ​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 5,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ့​မျက်​နှာ​ကို​ထောက်၍ ငါ့​သား​အ​ဗ​ရှ​လုံ​ကို ဖြည်း​ညင်း​စွာ​ပြု​ကြ​လော့​ဟု ယွာ​ဘ၊ အ​ဘိ​ရှဲ၊ အိ​တ္တဲ​တို့​ကို မှာ​ထား​တော်​မူ၏။ ထို​သို့ ရှင်​ဘု​ရင်​သည် အ​ဗ​ရှ​လုံ​အ​တွက် ဗိုလ်​မင်း​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 6,
      "text": "ထို​သို့ လူ​များ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်​အံ့​သော​ငှာ မြို့​ပြင်​သို့​ထွက်၍ ဧ​ဖ​ရိမ်​တော၌ စစ်​ပြိုင်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ရှေ့​မှာ​ရှုံး၍ ထို​နေ့​ချင်း​တွင် ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့် လူ​နှစ်​သောင်း​သေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 8,
      "text": "မြေ​တစ်​ပြင်​လုံး​အ​နှံ့​အ​ပြား တိုက်​ကြ​သ​ဖြင့် ထို​နေ့၌ လူ​ချင်း​သတ်၍ သေ​သည်​ထက် တော၌​ဆုံး​ရှုံး​သော​သူ သာ၍​များ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 9,
      "text": "ဒါ​ဝိဒ်၏​ကျွန်​တို့​သည် အ​ဗ​ရှ​လုံ​ကို​တွေ့​ကြ၏။ သူ​သည် မြည်း​ကို​စီး​လျက်​ပင် မြည်း​သည် ကြီး​သော​သ​ပိတ်​ပင် အ​ကိုင်း​အ​ခက်​အောက်​သို့​ဝင်၍၊ အ​ဗ​ရှ​လုံ၏​ခေါင်း​သည် သ​ပိတ်​ပင်၌​ငြိ​သ​ဖြင့်၊ မိုး​နှင့် မြေ​ကြီး​စပ်​ကြား​မှာ တွဲ​လွဲ​ဆွဲ​လျက်​နေ၍၊ မြည်း​သည် အ​လို​အ​လျောက်​သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 10,
      "text": "မြင်​သော​သူ​တစ်​ယောက်​သည် ယွာ​ဘ​ထံ​သို့ သွား၍၊ သ​ပိတ်​ပင်၌ အ​ဗ​ရှ​လုံ​ဆွဲ​နေ​သည်​ကို ကျွန်​တော်​မြင်​ခဲ့​သည်​ဟု ကြား​ပြော​လျှင်၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 11,
      "text": "ယွာ​ဘ​က၊ သင်​သည် မြင်​ခဲ့​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် သူ့​ကို​ထိုး၍ မြေ​ကြီး​ပေါ်​သို့ မ​ချ​ခဲ့​သ​နည်း။ ထို​သို့​ပြု​လျှင် ငွေ​အ​ကျပ်​တစ်​ဆယ်​နှင့် ခါး​စည်း​ကို ငါ​ပေး​ပြီ​ဟု ပြော​ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 12,
      "text": "ထို​သူ​က ကျွန်​တော်​သည် ကိုယ်​လက်၌ ငွေ​အ​ခွက်​တစ်​ဆယ်​ကို​ပင် ခံ​ရ​သော်​လည်း ရှင်​ဘု​ရင်၏​သား​ကို မ​ပြု​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ကျွန်​တော်​တို့​ကြား​သည်​အ​တိုင်း ရှင်​ဘု​ရင်​က၊ ငါ့​မျက်​နှာ​ကို​ထောက်၍ ငါ့​သား​အ​ဗ​ရှ​လုံ​ကို စောင့်​မ​ကြ​လော့​ဟု ကိုယ်​တော်​နှင့် အ​ဘိ​ရှဲ၊ အိ​တ္တဲ​တို့​ကို မှာ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 13,
      "text": "ကျွန်​တော်​ပြု​မိ​လျှင် ကိုယ်​ကို​လှည့်​စား၍ ကိုယ်​အ​သက်​ရှုံး​ပါ​ပြီ။ ရှင်​ဘု​ရင်​မ​သိ​သော​အ​မှု တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ ကိုယ်​တော်​သည်​လည်း ကျွန်​တော်​တစ်​ဖက်၌ နေ​ပါ​လိမ့်​မည်​ဟု ပြော​ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 14,
      "text": "ယွာ​ဘ​က၊ သင်​နှင့်​အ​တူ ငါ​မ​နေ​အား​ဟု​ဆို​လျက် လှံ​ယဉ်​သုံး​စင်း​ကို​ကိုင်​ယူ၍ သ​ပိတ်​ပင်​အ​လယ်၌ အ​သက်​ရှင်​လျက်​ရှိ​သော အ​ဗ​ရှ​လုံ၏​နှ​လုံး​ကို ထုတ်​ချင်း ခပ်​ထိုး​လေ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 15,
      "text": "လက်​နက်​ဆောင်​လု​လင် တစ်​ကျိပ်​တို့​သည်​လည်း ဝိုင်း၍ အ​ဗ​ရှ​လုံ​ကို အ​သေ​သတ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 16,
      "text": "ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်၍ လူ​တို့​ကို​ဆီး​တား​သ​ဖြင့် ဣ​သ​ရေ​လ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 17,
      "text": "အ​ဗ​ရှ​လုံ​ကို​လည်း​ယူ၍ တော၌ နက်​သော​မြေ​တွင်း​ထဲ​သို့ ချ​ပြီး​မှ ကျောက်​ပုံ​ကြီး​ကို ပုံ​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့​ပြေး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 18,
      "text": "အ​ဗ​ရှ​လုံ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ငါ၏​နာ​မ​သည် မ​ပျောက် အ​မြဲ​တည်​မည်​အ​ကြောင်း၊ သား​မ​ရှိ​ဟု​ဆို​လျက် ရှင်​ဘု​ရင်​ချိုင့်​တွင် ကိုယ်​အ​ဖို့ ကျောက်​တိုင်​ကို​စိုက်၍ မိ​မိ​နာ​မ​ဖြင့်​သ​မုတ်​သော​ကြောင့်၊ ယ​နေ့​တိုင်​အောင် အ​ဗ​ရှ​လုံ၏​အောင်​တိုင်​ဟူ၍ တွင်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 19,
      "text": "ထို​အ​ခါ ဇာ​ဒုတ်၏​သား အ​ဟိ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်၏​ရန်​သူ​တို့​ကို အ​ပြစ်​အ​လျောက် စီ​ရင်​တော်​မူ​ကြောင်း​ကို ကျွန်​တော်​ပြေး၍ သ​တင်း​ကြား​လျှောက်​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျှင်၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 20,
      "text": "ယွာ​ဘ​က၊ ယ​နေ့​သင်​သည် သ​တင်း​မ​ကြား မ​လျှောက်​ရ။ အ​ခြား​သော​နေ့၌​ကြား​လျှောက်​ရ​မည်။ ရှင်​ဘု​ရင်၏​သား​တော်​သေ​သော​ကြောင့် ယ​နေ့​သင်​သည် သ​တင်း​မ​ကြား​မ​လျှောက်​ရ​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 21,
      "text": "ကု​ရှိ​အား သင်​မြင်​သ​မျှ​ကို​သွား၍ ရှင်​ဘု​ရင်​အား ကြား​လျှောက်​လော့​ဟု ဆို​သည်​အ​တိုင်း၊ ကု​ရှိ​သည် ယွာ​ဘ​အား​ဦး​ညွှတ်၍ ပြေး​လေ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 22,
      "text": "တစ်​ဖန် ဇာ​ဒုတ်​သား​အ​ဟိ​မတ်​က၊ သို့​သော်​လည်း ကျွန်​တော်​သည် ကု​ရှိ​နောက်​မှာ ပြေး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​ပြန်​လျှင်၊ ယွာ​ဘ​က ငါ့​သား၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​မ​ဟုတ်​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် ပြေး​သွား​ချင်​သ​နည်း​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 23,
      "text": "ပြေး​ပါ​ရ​စေ​ဟု တစ်​ဖန်​အ​ခွင့်​တောင်း​သော​ကြောင့် ပြေး​လော့​ဟု အ​ခွင့်​ပေး၏။ ထို​အ​ခါ အ​ဟိ​မတ်​သည် လွင်​ပြင်​လမ်း၌​ပြေး၍ ကု​ရှိ​ကို​လွန်​လေ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 24,
      "text": "ဒါ​ဝိဒ်​သည် မြို့​တံ​ခါး​နှစ်​ထပ်​ကြား​မှာ ထိုင်၍​နေ၏။ ကင်း​စောင့်​တစ်​ယောက်​သည် မြို့​ရိုး​တံ​ခါး​အ​ပေါ် ပြ​အိုး​မိုး​အောက်​သို့​တက်၍ မျှော်​ကြည့်​သ​ဖြင့် လူ​တစ်​ယောက်​တည်း ပြေး​လာ​သည်​ကို မြင်​သော​အ​ခါ၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​အား​ဟစ်၍ လျှောက်​လေ၏။ ရှင်​ဘု​ရင်​က​လည်း၊ တစ်​ယောက်​တည်း​ဖြစ်​လျှင် သ​တင်း​ပါ​လိမ့်​မည်​ဟု အ​မိန့်​ရှိ၏။ ထို​သူ​သည် ပြေး​လာ၍ အ​နီး​သို့​ရောက်​သော​အ​ခါ၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 26,
      "text": "ကင်း​စောင့်​သည်​လည်း အ​ခြား​သော​သူ​ပြေး​လာ​သည်​ကို မြင်၍၊ အ​ခြား​သော​သူ​တစ်​ယောက်​တည်း ပြေး​လာ​ပါ​သည်​ဟု တံ​ခါး​သို့​လှည့်၍ ဟစ်​လျှင်၊ ရှင်​ဘု​ရင်​က ထို​သူ၌​လည်း သ​တင်း​ပါ​လိမ့်​မည်​ဟု အ​မိန့်​ရှိ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 27,
      "text": "ကင်း​စောင့်​က​လည်း၊ ရှေ့​လာ​သော​သူ၏ ပြေး​ခြင်း​သည် ဇာ​ဒုတ်​သား အ​ဟိ​မတ်​ပြေး​ခြင်း​နှင့် တူ​သည်​ကို ကျွန်​တော်​ထင်​ပါ​သည်​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က သူ​သည် လူ​ကောင်း​ဖြစ်၏။ ကောင်း​သော သ​တင်း​ပါ​လိမ့်​မည်​ဟု အ​မိန့်​ရှိ​ပြန်၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 28,
      "text": "အ​ဟိ​မတ်​က​လည်း၊ ချမ်း​သာ​ရ​ပါ၏​ဟု​ဟစ်​လျက် ရှင်​ဘု​ရင်​ရှေ့​မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်၊ အ​ရှင်​မင်း​ကြီး​ကို ပုန်​ကန်​သော​လူ​တို့​ကို အပ်​တော်​မူ​သော ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 29,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ့​သား အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​လျှင် အ​ဟိ​မတ်​က၊ အ​ရှင်​မင်း​ကြီး၏​ကျွန်​ယွာ​ဘ​သည် ကိုယ်​တော်​ကျွန် ကို​စေ​လွှတ်​သော​အ​ခါ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ကျွန်​တော်​မြင်​သော်​လည်း သေ​ချာ​စွာ​မ​သိ​ရ​ပါ​ဟု လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 30,
      "text": "ရှင်​ဘု​ရင်​က၊ ဤ​အ​နား​မှာ ရွှေ့၍​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ​သည်​ရွှေ့၍​နေ​လေ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 31,
      "text": "တစ်​ဖန် ကု​ရှိ​ရောက်​လာ၍ အ​ရှင်​မင်း​ကြီး၊ သ​တင်း​ပါ​ပါ၏။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၏ အ​ပြစ်​အ​လျောက် ယ​နေ့​စီ​ရင်​တော်​မူ​ပြီ​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 32,
      "text": "ရှင်​ဘု​ရင်​က၊ ငါ့​သား​အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​သော်၊ ကု​ရှိ​က အ​ရှင်​မင်း​ကြီး၏​ရန်​သူ​များ၊ ကိုယ်​တော်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ ပုန်​ကန်​သော​သူ​များ​အ​ပေါင်း​တို့​သည် ထို​လု​လင်​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 18,
      "verse": 33,
      "text": "ရှင်​ဘု​ရင်​သည် အ​လွန်​နာ​ကျင်​သော​စိတ်​ရှိ​သ​ဖြင့် မြို့​တံ​ခါး​အ​ပေါ်၌​ရှိ​သော တဲ​သို့​တက်၍ တက်​စဉ်​တွင်၊ အို​ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ သင့်​ကိုယ်​စား ငါ​မ​သေ​ပါ​လေ​တ​ကား။ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ငို​ကြွေး​လေ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 1,
      "text": "ရှင်​ဘု​ရင်​သည် အ​ဗ​ရှ​လုံ​ကြောင့် ငို​ကြွေး​မြည်​တမ်း​တော်​မူ​သည်​ဟု ယွာ​ဘ​အား ကြား​ပြော​လေ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 2,
      "text": "ထို​နေ့၌​အောင်​ပွဲ​သည် လူ​အ​ပေါင်း​တို့​တွင် ဝမ်း​နည်း​စ​ရာ​အ​ကြောင်း​ဖြစ်​ပြန်၏။ ရှင်​ဘု​ရင်​သည် သား​တော်​ကြောင့် စိတ်​နာ​ကျင်​တော်​မူ​သည်​ကို လူ​အ​ပေါင်း​တို့​သည် ထို​နေ့၌​ကြား၍၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 3,
      "text": "စစ်​တိုက်​ရာ​မှ​ပြေး​သော သူ​တို့​သည် ရှက်၍ တိတ်​ဆိတ်​စွာ ပြေး​တတ်​သ​ကဲ့​သို့ မြို့​ထဲ​သို့ တိတ်​ဆိတ်​စွာ ပြေး​ဝင်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​သည်​လည်း မျက်​နှာ​ကို​ဖုံး၍၊ အို​ငါ့​သား အ​ဗ​ရှ​လုံ၊ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ကြီး​သော​အ​သံ​နှင့် ငို​ကြွေး​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 5,
      "text": "ယွာ​ဘ​သည် ရှင်​ဘု​ရင်​ထံ အိမ်​ထဲ​သို့​ဝင်၍၊ ကိုယ်​တော်၏​အ​သက်​မှ​စ၍ သား​တော်​သ​မီး​တော်၊ မိ​ဖု​ရား​မောင်း​မ​မိဿံ​တို့၏ အ​သက်​ကို ကယ်​တင်​သော ကိုယ်​တော်​ကျွန်​တို့​ကို ယ​နေ့ အ​ရှက်​ကွဲ​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 6,
      "text": "ရန်​သူ​တို့​ကို​ချစ်၍ အ​ဆွေ​ခင်​ပွန်း​တို့​ကို မုန်း​တော်​မူ၏။ မှူး​မတ်​များ၊ ကျွန်​များ​တို့​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ​ကြောင်း​ကို ယ​နေ့​ထင်​ရှား​စွာ​ပြ​တော်​မူ​ပြီ။ အ​ဗ​ရှ​လုံ​သည် အ​သက်​ရှင်၍ ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​သည် ယ​နေ့​သေ​လျှင် အား​ရ​တော်​မူ​လိမ့်​မည်​ဟု ယ​နေ့​ကျွန်​တော်​သိ​မြင်​ပါ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 7,
      "text": "ယ​ခု​မှာ​ထ​တော်​မူ​ပါ။ ကြွ၍ ကိုယ်​တော်​ကျွန်​တို့​အား နှစ်​သိမ့်​စ​ကား​ကို ပြော​တော်​မူ​ပါ။ ကြွ​တော်​မ​မူ​လျှင် ယ​နေ့​ည​မှာ အ​ထံ​တော်၌ လူ​တစ်​ယောက်​မျှ​မ​နေ​ပါ။ ထို​အ​မှု​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် ကိုယ်​တော်၌ ဖြစ်​လေ​သ​မျှ​သော​အ​မှု​ထက် သာ၍​ဆိုး​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျွန်​တော်​ကျိန်​ဆို​ပါ​သည်​ဟု လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 8,
      "text": "ရှင်​ဘု​ရင်​သည် ထ၍ တံ​ခါး​ဝ၌​ထိုင်​တော်​မူ၏။ ရှင်​ဘု​ရင်​သည် တံ​ခါး​ဝ၌ ထိုင်​တော်​မူ​သည်​ကို လူ​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ဣ​သ​ရေ​လ​လူ​များ​မူ​ကား မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​ကြ​ပြီ။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 9,
      "text": "ထို​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​သည် ဖိ​လိ​တ္တိ​လူ​အ​စ​ရှိ​သော ရန်​သူ​တို့​လက်​မှ ငါ​တို့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။ ယ​ခု​မှာ အ​ဗ​ရှ​လုံ​ကြောင့် နိုင်​ငံ​တော်​မှ ထွက်​ပြေး​တော်​မူ​ရ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 10,
      "text": "ငါ​တို့ ဘိ​သိက်​ပေး၍ ချီး​မြှောက်​သော အ​ဗ​ရှ​လုံ​သည် စစ်​တိုက်​ပွဲ၌​သေ​ပြီ။ ယ​ခု​မှာ ရှင်​ဘု​ရင်​ကို တစ်​ဖန်​ဆောင်​ခဲ့​ရ​မည်​ဟု​မ​ဆို၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​ကြ​သ​နည်း​ဟု အ​ချင်း​ချင်း​အ​ပြစ်​တင်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 11,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ယု​ဒ​အ​မျိုး သက်​ကြီး​သူ​တို့​ထံ​သို့ သွား၍​ပြော​ရ​မည်​ကား၊ ရှင်​ဘု​ရင်​ကို နန်း​တော်​သို့ ပြန်​ပို့​ရ​မည်​အ​မှု​မှာ သင်​တို့​သည် အ​ဘယ်​ကြောင့် နောက်​ကျ​ကြ​သ​နည်း။ ရှင်​ဘု​ရင်​သည် စံ​နန်း​တော်၌ နေ​စဉ်​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ပြော​တတ်​သော​စ​ကား​ကို ကြား​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 12,
      "text": "သင်​တို့​သည် ငါ့​ညီ​အစ်​ကို၊ ငါ့​အ​ရိုး၊ ငါ့​အ​သား​ဖြစ်၍၊ ရှင်​ဘု​ရင်​ကို ပြန်​ပို့​မည့်​အ​မှု​မှာ အ​ဘယ်​ကြောင့်​နောက်​ကျ​ကြ​သ​နည်း ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 13,
      "text": "အာ​မ​သ​အား​လည်း၊ သင်​သည် ငါ့​အ​သား ငါ့​အ​ရိုး​တို့​အ​ဝင်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်​သည် ငါ့​ရှေ့​မှာ ယွာ​ဘ၏​ကိုယ်​စား အ​စဉ် ဗိုလ်​ချုပ်​မင်း​မ​ဖြစ်​လျှင် ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊ ပြော​ကြ​လော့​ဟု မှာ​လိုက်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 14,
      "text": "ထို​သို့​ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​ကို တ​ညီ​တ​ညွတ်​တည်း နှ​လုံး​ညွတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​က ကိုယ်​တော်​ကျွန်​အ​ပေါင်း​တို့​နှင့်​တ​ကွ ကိုယ်​တော်​တိုင်​ပြန်​လာ​တော်​မူ​ပါ​ဟု ရှင်​ဘု​ရင်​အား လျှောက်​စေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 15,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည်​ပြန်၍ ယော်​ဒန်​မြစ်​သို့ ရောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​သည် ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု၍ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ပို့​ခြင်း​ငှာ ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 16,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​ဖြစ်​သော ဗာ​ဟု​ရိမ်​မြို့​သား ဂေ​ရ၏​သား​ရှိ​မိ​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ အ​လျင်​အ​မြန် လိုက်​လာ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 17,
      "text": "သူ​နှင့်​အ​တူ ဗင်္ယာ​မိန်​အ​မျိုး​သား​တစ်​ထောင်၊ ရှော​လု​အ​ဆွေ​အ​မျိုး၏ ကျွန်​ဇိ​ဘ​နှင့် သူ၏​သား တစ်​ကျိပ်​ငါး​ယောက်၊ ကျွန်​နှစ်​ဆယ်​တို့​သည်​လည်း လိုက်​လာ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ယော်​ဒန်​မြစ်​ကို ကူး​ကြ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 18,
      "text": "ကူး​တို့​လှေ​သည် နန်း​တော်​သား​များ​ကို ပို့​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ကို ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ သွား​လာ​လျက်​ရှိ၏။ ယော်​ဒန်​မြစ်​ကို ကူး​တော်​မူ​သော​အ​ခါ၊ ဂေ​ရ၏​သား ရှိ​မိ​သည် ရှေ့​တော်၌​ပျပ်​ဝပ်၍၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 19,
      "text": "ကျွန်​တော်​အ​ရှင်​သည် ကျွန်​တော်​ကို အ​ပြစ်​ပေး​တော်​မ​မူ​ပါ​နှင့်။ အ​ရှင်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​မှ ထွက်​တော်​မူ​သော​နေ့၌ ကိုယ်​တော်​ကျွန်​သည် လွန်​ကျူး​စွာ ပြု​မိ​သော​အ​မှု​ကို မှတ်​တော်​မ​မူ​ပါ​နှင့်။ နှ​လုံး​သွင်း​တော် မ​မူ​ပါ​နှင့်။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 20,
      "text": "ကိုယ်​တော်​ကျွန်​သည် ပြစ်​မှား​မိ​သည်​ကို ကိုယ်​တော်​ကျွန်​သိ​ပါ၏။ သို့​သော်​လည်း ယော​သပ်​အ​မျိုး​သား အ​ပေါင်း​တို့​အ​ရင်၊ ကျွန်​တော်​သည် ယ​နေ့​အ​ရှင်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ လာ​ပါ​ပြီ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 21,
      "text": "ဇေ​ရု​ယာ​သား အ​ဘိ​ရှဲ​က​လည်း၊ ရှိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​အ​ရှင်​ကို ကျိန်​ဆဲ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော​ဟု​ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 22,
      "text": "ဒါ​ဝိဒ်​က၊ အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ယ​နေ့ ငါ့​ရန်​သူ​လုပ်​မည်​အ​ကြောင်း ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် ယ​နေ့​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​လော။ ငါ​သည် ယ​နေ့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဖြစ်​သည်​ကို ငါ​သိ​သည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၍၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 23,
      "text": "ရှိ​မိ​အား​လည်း၊ သင်​သည် အ​သေ​သတ်​ခြင်း​ကို မ​ခံ​ရ​ဟု ကျိန်​ဆို​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 24,
      "text": "ရှော​လု၏​သား မေ​ဖိ​ဗော​ရှက်​သည်​လည်း ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​လာ၏။ ရှင်​ဘု​ရင်​ထွက်​သော​နေ့​မှ​စ၍ ငြိမ်​ဝပ်​စွာ ပြန်​လာ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​သည်​ခြေ​တို့​ကို မ​ပြု​စု၊ မုတ်​ဆိတ်​ကို​မ​ပြင်​ဆင်၊ အ​ဝတ်​ကို မ​လျှော်​ဘဲ​နေ​ပြီ။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ ရှင်​ဘု​ရင်​က မေ​ဖိ​ဗော​ရှက် ငါ​နှင့်​အ​တူ အ​ဘယ်​ကြောင့် မ​လိုက်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 26,
      "text": "အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန်​သည် ခြေ​ဆွံ့​သော​ကြောင့် မြည်း​စီး၍ ကိုယ်​တော်​ထံ​သို့​သွား​ခြင်း​ငှာ မြည်း​ကို ကုန်း​နှီး​တင်​မည်​ဟု ကြံ​စဉ်​အ​ခါ၊ ကျွန်​တော်​ကျွန်​သည် ကျွန်​တော်​ကို လှည့်​စား​ပါ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 27,
      "text": "အ​ရှင်​မင်း​ကြီး​ထံ​တော်၌ ကိုယ်​တော်​ကျွန်​ကို ကုန်း​တိုက်​ပါ​ပြီ။ သို့​ရာ​တွင် အ​ရှင်​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​တော်​မူ၏။ စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 28,
      "text": "ကျွန်​တော်​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် အ​ရှင်​မင်း​ကြီး​ရှေ့​တော်​မှာ လူ​သေ​ဖြစ်​ကြ​သော်​လည်း၊ စား​ပွဲ​တော်၌ စား​သော​သူ​တို့​နှင့်​အ​တူ ကိုယ်​တော်​ကျွန်​ကို နေ​ရာ​ပေး​တော်​မူ​ပြီ။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ထံ​တော်၌ ကျွန်​တော်​မြည်​တမ်း​ရ​သော အ​ခွင့်​သည် အ​ဘယ်​သို့ ရှိ​ပါ​သ​နည်း​ဟု ပြန်​လျှောက်​သော်၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 29,
      "text": "ရှင်​ဘု​ရင်​က သင်၏​အ​မှု​အ​ရာ​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​သ​နည်း။ သင်​နှင့်​ဇိ​ဘ​သည် မြေ​ကို​ဝေ၍ ယူ​ရ​ကြ​မည်​ငါ​စီ​ရင်​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 30,
      "text": "မေ​ဖိ​ဗော​ရှက်​က​လည်း၊ အ​ရှင်​မင်း​ကြီး​သည် နန်း​တော်​သို့​တစ်​ဖန် ငြိမ်​ဝပ်​စွာ​ရောက်​တော်​မူ​သော​ကြောင့်၊ သူ​သည်​အ​လုံး​စုံ​တို့​ကို​ပင်​ယူ​ပါ​စေ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 31,
      "text": "ဂိ​လဒ်​ပြည်​သား ဗာ​ဇိ​လဲ​သည်​လည်း ရော​ဂေ​လိမ်​မြို့​မှ​လာ၍ ရှင်​ဘု​ရင်​ကို ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ခြင်း​ငှာ ကိုယ်​တော်​နှင့်​အ​တူ ကူး​လေ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 32,
      "text": "ဗာ​ဇိ​လဲ​သည် အ​သက်​ရှစ်​ဆယ်​ရှိ၍ အို​သော​သူ​ဖြစ်၏။ ရှင်​ဘု​ရင်​သည် မ​ဟာ​နိမ်​မြို့​မှာ တပ်​ချ​သော​ကာ​လ​ပတ်​လုံး ရှင်​ဘု​ရင်​ကို လုပ်​ကျွေး၏။ အ​လွန်​ရ​တတ်​သော​သူ​လည်း ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 33,
      "text": "ရှင်​ဘု​ရင်​က​လည်း ငါ​နှင့်​အ​တူ​လိုက်​လော့။ ယေ​ရု​ရှ​လင်​မြို့၌ သင့်​ကို​ငါ​နှင့်​အ​တူ ငါ​လုပ်​ကျွေး​မည်​ဟု ဗာ​ဇိ​လဲ​အား​အ​မိန့်​ရှိ​လျှင်၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 34,
      "text": "ဗာ​ဇိ​လဲ​က၊ အ​ရှင်​မင်း​ကြီး​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ​မည်​အ​ကြောင်း ကျွန်​တော်​အ​သက်​သည် အ​ဘယ်​မျှ​လောက် ကျန်​ကြွင်း​ပါ​သေး​သ​နည်း။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 35,
      "text": "ယ​နေ့​ကျွန်​တော်​အ​သက် ရှစ်​ဆယ်​ရှိ​ပါ​ပြီ။ ကောင်း​မ​ကောင်း​ကို ကျွန်​တော်​ပိုင်း​ခြား၍ သိ​နိုင်​ပါ​မည်​လော။ ကိုယ်​တော်​ကျွန်​သည် အ​စား​အ​သောက် အ​ရ​သာ​ကို မြည်း​နိုင်​ပါ​မည်​လော။ သီ​ချင်း​သည်​ယောက်ျား၊ သီ​ချင်း​သည်​မိန်း​မ ဆို​သော​အ​သံ​ကို ကြား​နိုင်​ပါ​မည်​လော။ ကိုယ်​တော်​ကျွန်​သည် အ​ရှင်​မင်း​ကြီး​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 36,
      "text": "ကိုယ်​တော်​ကျွန်​သည် အ​ရှင်​မင်း​ကြီး​နှင့်​အ​တူ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​နည်း​ငယ်​လိုက်​ပါ​မည်။ ရှင်​ဘု​ရင်​သည် ဤ​မျှ​လောက်​ကြီး​စွာ​သော ဆု​ကို အ​ဘယ်​ကြောင့် ချ​ပေး​တော်​မူ​မည်​နည်း။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 37,
      "text": "ကိုယ်​တော်​ကျွန်​သည် နေ​ရင်း​မြို့​တွင် မိ​ဘ​သင်္ချိုင်း​နား​မှာ သေ​ရ​မည်​အ​ကြောင်း၊ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် ကိုယ်​တော်​ကျွန်​ခိ​မ​ဟံ ရှိ​ပါ၏။ အ​ရှင်​မင်း​ကြီး​နှင့်​အ​တူ လိုက်​စေ​တော်​မူ​ပါ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း သူ၌​ပြု​တော်​မူ​ပါ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 38,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ခိ​မ​ဟံ​သည် ငါ​နှင့်​အ​တူ လိုက်​ရ​မည်။ သင်​အ​လို​ရှိ​သည်​အ​တိုင်း သူ၌​ငါ​ပြု​မည်။ သင်​တောင်း​သ​မျှ​ကို​လည်း သင့်​အ​ဖို့ ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 39,
      "text": "လူ​အ​ပေါင်း​တို့​သည်​လည်း ယော်​ဒန်​မြစ်​ကို ကူး​ကြ၏။ ရှင်​ဘု​ရင်​သည် ကိုယ်​တိုင်​ကူး​ပြီး​မှ၊ ဗာ​ဇိ​လဲ​ကို​နမ်း၍ ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​သွား၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 40,
      "text": "ရှင်​ဘု​ရင်​သည် ဂိ​လ​ဂါ​လ​မြို့​သို့ ကြွ​တော်​မူ၏။ ခိ​မ​ဟံ​သည်​လည်း လိုက်​လေ၏။ ယု​ဒ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ဝက်​တို့​သည် ရှင်​ဘု​ရင်​ကို ပို့​ကြ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 41,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ၍၊ ကျွန်​တော်​တို့ ညီ​အစ်​ကို​ဖြစ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ခိုး​ယူ၍ ကိုယ်​တော်​နှင့်​တ​ကွ နန်း​တော်​သား ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​ကို အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ရ​ကြ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 42,
      "text": "ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​သည် ငါ​တို့​နှင့် ပေါက်​ဖော်​တော်​သည်​ဖြစ်၍၊ ဤ​အ​မှု၌ သင်​တို့​သည် အ​ဘယ်​ကြောင့် စိတ်​ဆိုး​ကြ​သ​နည်း။ ရှင်​ဘု​ရင်၏ ရိ​က္ခာ​တော်​ကို ငါ​တို့​စား​ကြ​သ​လော။ ငါ​တို့​အား တစ်​စုံ​တစ်​ခု​သော ဆု​ကို​ပေး​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ကြ၏။"
    },
    {
      "book": 10,
      "chapter": 19,
      "verse": 43,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ ငါ​တို့​သည် ရှင်​ဘု​ရင်၌ ဆယ်​ဖို့​တို့​ကို​ဆိုင်​ကြ၏။ ဒါ​ဝိဒ်​အ​မျိုး​ကို သင်​တို့​ဆိုင်​သည်​ထက် ငါ​တို့​သာ၍​ဆိုင်​ကြ၏။ ရှင်​ဘု​ရင်​ကို ပြန်​ပို့​ခြင်း​အ​မှု​တွင် ငါ​တို့​နှင့်​ရှေ့​ဦး​စွာ မ​တိုင်​ပင်​ဘဲ အ​ဘယ်​ကြောင့် ငါ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​သ​နည်း​ဟု ယု​ဒ​အ​မျိုး​သား​တို့​ကို ပြန်​ပြော​ကြ၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စ​ကား​ထက် ယု​ဒ​အ​မျိုး​သား​တို့​စ​ကား​သည် သာ၍​ခိုင်​ခံ့၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 1,
      "text": "ထို​အ​ခါ ဗင်္ယာ​မိန်​အ​မျိုး ဗိ​ခ​ရိ၏​သား​ရှေ​ဘ အ​မည်​ရှိ​သော အ​ဓ​မ္မ​လူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် တံ​ပိုး​မှုတ်၍၊ အို​ဣ​သ​ရေ​လ အ​မျိုး၊ ငါ​တို့​သည် ဒါ​ဝိဒ်၌​တစ်​ဖို့​ကို​မျှ မ​ဆိုင်။ ယေ​ရှဲ၏​သား​ကို အ​မွေ​မ​ခံ​ထိုက်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ သွား​ကြ​ဟု​ဆို​သ​ဖြင့်၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 2,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ထံ​တော်​မှ​ထွက်၍ ဗိ​ခ​ရိ​သား​ရှေ​ဘ​နောက်​သို့ လိုက်​ကြ၏။ ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား၊ ယော်​ဒန်​မြစ်​မှ​သည် ယေ​ရု​ရှ​လင်​မြို့​တိုင်​အောင် ရှင်​ဘု​ရင်၌ ဆည်း​ကပ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 3,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​သို့ ရောက်​သော​အ​ခါ၊ နန်း​တော်​ကို​စောင့်​စေ​ခြင်း​ငှာ ထား​ခဲ့​သော ကိုယ်​လုပ်​တော်​တစ်​ကျိပ်​တို့​ကို​ယူ၍ လှောင်​အိမ်၌​ထား၏။ ထို​သူ​တို့​ကို ကျွေး​မွေး​သော်​လည်း မ​ပေါင်း​ဖော်။ သူ​တို့​သည် သေ​သည်​တိုင်​အောင် အ​ချုပ်​ခံ၍ မု​ဆိုး​မ​ကဲ့​သို့ နေ​ရ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ သုံး​ရက်​အ​တွင်း​တွင် ယု​ဒ​လူ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ထို​သူ​တို့​နှင့်​အ​တူ ကိုယ်​တိုင်​လာ​ရ​မည်​ဟု အာ​မ​သ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 5,
      "text": "အာ​မ​သ​သည် သွား၍ ယု​ဒ​လူ​တို့​ကို နှိုး​ဆော်​သ​ဖြင့်၊ ချိန်း​ချက်​သော​အ​ချိန်​ကို လွန်​စေ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 6,
      "text": "ဒါ​ဝိဒ်​က​လည်း၊ အ​ဗ​ရှ​လုံ​ပြု​သည်​ထက် ဗိ​ခ​ရိ​သား​ရှေ​ဘ​သည် သာ၍ အ​ပြစ်​ပြု​လိမ့်​မည်။ သင့်​သ​ခင်၏​ကျွန်​တို့​ကို ခေါ်၍ ထို​သူ​ကို​လိုက်​လော့။ သို့​မ​ဟုတ်​သူ​သည် ခိုင်​ခံ့​သော​မြို့ တစ်​စုံ​တစ်​မြို့​ထဲ​သို့​ဝင်၍ ငါ​တို့​လက်​မှ လွတ်​လိမ့်​မည်​ဟု အ​ဘိ​ရှဲ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 7,
      "text": "အ​ဘိ​ရှဲ​နောက်​မှာ ယွာ​ဘ၏​လူ​များ​နှင့် ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​များ​မှ​စ၍ ခွန်​အား​ကြီး​သော​သူ​အ​ပေါင်း​တို့​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​အံ့​သော​ငှာ ယေ​ရု​ရှ​လင်​မြို့​မှ ထွက်​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 8,
      "text": "ဂိ​ဗောင်​မြို့၌​ရှိ​သော ကျောက်​ကြီး​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​မ​သ​သည် သူ​တို့​ရှေ့​သို့ ချီ​သွား​လေ၏။ ယွာ​ဘ​သည် မိ​မိ​ဝတ်​သော​အ​ဝတ်​ကို ခါး၌​စည်း​လျက်၊ ထို​ခါး​စည်း​ပေါ်​မှာ​လည်း ဓား​ကို​အိမ်​နှင့်​တ​ကွ ဆွဲ​လျက်​ထား၏။ သွား​စဉ်​တွင် ဓား​သည် လျှော၍​ကျ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 9,
      "text": "ယွာ​ဘ​က​လည်း၊ မာ၏​လား​ငါ့​ညီ​ဟု အာ​မ​သ​ကို​မေး၍ နမ်း​ဟန်​ဆောင်​လျက် လက်​ယာ​လက်​နှင့် အာ​မ​သ၏​မုတ်​ဆိတ်​ကို ကိုင်၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 10,
      "text": "လက်​ဝဲ​လက်၌​ကိုင်​သော​ဓား​ကို အာ​မ​သ​သည် သ​တိ​မ​ပြု​သော​ကြောင့်၊ ဝမ်း​ကို​ထိုး၍ အ​အူ​ကို​မြေ​ပေါ်​မှာ​ချ၏။ ထပ်၍ မ​ထိုး​သော်​လည်း အာ​မ​သ​သေ​လေ၏။ ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 11,
      "text": "သူ​အ​နား​မှာ ယွာ​ဘ၏​လူ​တစ်​ယောက်​သည်​ရပ်၍ ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​ဘက်၌ နေ​သော​သူ​ဖြစ်​လျှင် ယွာ​ဘ​နောက်​သို့ လိုက်​တော့​ဟု​ဆို၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 12,
      "text": "အာ​မ​သ​သည် လမ်း​မ​အ​လယ်​တွင် မိ​မိ​အ​သွေး၌ လူး​လျက်​ရှိ၏။ လမ်း၌ သွား​လာ​သော​သူ အ​ပေါင်း​တို့​သည် ရပ်၍ နေ​ကြ​သည်​ကို ယွာ​ဘ၏​လူ​မြင်​သော​အ​ခါ၊ အာ​မ​သ​ကို လမ်း​မ​က​ယူ၍ လယ်​ပြင်​သို့​ရွှေ့​ပြီး​လျှင် အ​ဝတ်​နှင့်​ဖုံး​လေ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 13,
      "text": "ထို​သို့ လမ်း​မ​က​ရွှေ့​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ယွာ​ဘ​နှင့်​အ​တူ ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 14,
      "text": "ယွာ​ဘ​သည် ဗက်​မာ​ခ​ပြည်၊ အာ​ဗေ​လ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​တိုင်း​ခ​ရိုင် ရှိ​သ​မျှ​ကို လျှောက်​သွား၏။ ဗေ​ရိ​လူ​အ​ပေါင်း​တို့​သည်​လည်း စု​ဝေး၍ ယွာ​ဘ​နောက်​သို့ လိုက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 15,
      "text": "ရှေ​ဘ​တည်း​ခို​သော ဗက်​မာ​ခ​ပြည်၊ အာ​ဗေ​လ​မြို့​ကို ဝိုင်း​ထား၍၊ ပြင်​မြို့​ရိုး​တစ်​ဖက်​တစ်​ချက်၌ မြေ​ရိုး​ကို​ဖို့​ကြ၏။ ယွာ​ဘ​နှင့် သူ၏​လူ​အ​ပေါင်း​တို့​သည် မြို့​ရိုး​ကို ဖြို​ခြင်း​ငှာ ထိုး​ဖောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 16,
      "text": "ထို​အ​ခါ ပ​ညာ​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် မြို့​ထဲ​က​ဟစ်၍ ဆို​သည်​ကား၊ နား​ထောင်​ကြ၊ နား​ထောင်​ကြ၊ ငါ​သည်​ယွာ​ဘ​နှင့် စ​ကား​ပြော​နိုင်​မည်​အ​ကြောင်း ချဉ်း​လာ​ပါ​ဟု ယွာ​ဘ​အား​လျှောက်​ကြ​လော့ ဟု​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 17,
      "text": "ယွာ​ဘ​သည် ချဉ်း​လာ​သော​အ​ခါ မိန်း​မ​က၊ သင်​သည် ယွာ​ဘ​ဟုတ်​သ​လော​ဟု မေး​လျှင်၊ ငါ​ဟုတ်​သည်​ဟု ဆို​သော်၊ မိန်း​မ​က၊ ကိုယ်​တော်​ကျွန်​မ၏ စ​ကား​ကို နား​ထောင်​တော်​မူ​ပါ​ဟု​ဆို၏။ ယွာ​ဘ​က​လည်း၊ ငါ​နား​ထောင်​လျက်​နေ​သည်​ဟု ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 18,
      "text": "မိန်း​မ​က၊ အ​ကယ်​စင်​စစ် အာ​ဗေ​လ​မြို့​မှာ​တိုင်​ပင်၍ အ​မှု​ကို​ဆုံး​ဖြတ်​ပါ​လေ​စေ​ဟု ရှေး​ကာ​လ၌ ဆို​တတ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 19,
      "text": "ကျွန်​မ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​မှု​မ​လုပ်​ပါ။ သ​စ္စာ​စောင့်​သော​သူ ဖြစ်​ပါ၏။ ကိုယ်​တော်​သည် မြို့​တစ်​မြို့​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​မိ​တစ်​ယောက်​ကို ဖျက်​ဆီး​ခြင်း​ငှာ ရှာ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မွေ​တော်​ကို မျို​ခြင်း​ငှာ အ​ဘယ်​ကြောင့် အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 20,
      "text": "ယွာ​ဘ​က၊ မျို​ခြင်း​အ​မှု၊ ဖျက်​ဆီး​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ဝေး​ပါ​စေ​သော။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 21,
      "text": "ထို​သို့​မ​ဟုတ်​ပါ။ ဧ​ဖ​ရိမ်​တောင်​သား​ဖြစ်​သော ဗိ​ခ​ရိ၏​သား ရှေ​ဘ​အ​မည်​ရှိ​သော သူ​သည် ရှင်​ဘု​ရင်​ဒါ​ဝိဒ်​ကို ပုန်​ကန်​ပြီ။ ထို​သူ​ကို အပ်​လော့။ အပ်​လျှင် ဤ​မြို့​မှ ငါ​ထွက်​သွား​မည်​ဟု ပြော​ဆို​သော်၊ မိန်း​မ​က၊ သူ၏​ဦး​ခေါင်း​ကို ကိုယ်​တော်​ရှေ့​သို့ ပစ်​ချ​ပါ​မည်​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 22,
      "text": "ထို​မိန်း​မ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း မြို့​သား​တို့​ရှိ​ရာ​သို့​သွား​ပြီး​လျှင်၊ သူ​တို့​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ၏ ဦး​ခေါင်း​ကို​ဖြတ်၍ ယွာ​ဘ​ရှေ့​သို့ ပစ်​ချ​ကြ၏။ ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်​သ​ဖြင့်၊ လူ​များ​တို့​သည် ထို​မြို့​မှ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ယွာ​ဘ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပြန်​သွား၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 23,
      "text": "ယွာ​ဘ​သည် ဣ​သ​ရေ​လ​တပ်​သား​အ​ပေါင်း​တို့​ကို​အုပ်​သော ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ ယော​ယ​ဒ​သား ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 24,
      "text": "အ​ဒေါ​နိ​ရံ​သည် အ​ခွန်​တော်​ဝန်​ဖြစ်၏။ အ​ဟိ​လုပ်​သား ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 25,
      "text": "ရှေ​ဝ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 20,
      "verse": 26,
      "text": "ယာ​ဣ​ရ​မြို့​သား ဣ​ရ​သည်​နန်း​တော်​အုပ်​ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 1,
      "text": "ထို​နောက် ဒါ​ဝိဒ်​လက်​ထက်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဂိ​ဗောင်​လူ​တို့​ကို သတ်​သော​ရှော​လု​နှင့် လူ​အ​သက်​ကို​သတ်​တတ်​သော ရှော​လု​အ​မျိုး​ကြောင့် ဤ​အ​မှု​ရောက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 2,
      "text": "ဂိ​ဗောင်​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင်​မ​ဟုတ်၊ ကျန်​ကြွင်း​သော အာ​မော​ရိ​အ​မျိုး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် သူ​တို့​အား သ​စ္စာ​က​တိ​ထား​ကြ​သော်​လည်း၊ ရှော​လု​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ကျိုး​ကို စောင့်​ရှောက်၍ သူ​တို့​ကို​သတ်​မည်​ဟု အား​ထုတ်​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 3,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဂိ​ဗောင်​လူ​တို့​ကို ခေါ်၍၊ သင်​တို့​အ​ဖို့ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မွေ​တော်​ကို ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သို့ အ​ပြစ်​ဖြေ​ရ​မည်​နည်း​ဟု မေး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 4,
      "text": "ဂိ​ဗောင်​လူ​တို့​က၊ ကျွန်​တော်​တို့​သည် ရှော​လု​နှင့် သူ၏​အ​မျိုး၌ ရွှေ​ငွေ​ကို​မ​တောင်း​ပါ။ ကျွန်​တော်​တို့​အ​တွက် ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​ကို​မျှ ကိုယ်​တော်​သည် မ​သတ်​ရ​ဟု ပြန်​လျှောက်​ကြ​သော်၊ သင်​တို့ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 5,
      "text": "သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​နိုင်​ငံ​အ​တွင်း၌ အ​လျှင်း​မ​နေ​ရ​မည်​အ​ကြောင်း သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ကြိုး​စား​သော​သူ၏-"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 6,
      "text": "သား​ခု​နစ်​ယောက်​တို့​ကို ကျွန်​တော်​တို့​လက်​သို့​အပ်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော ရှော​လု​နေ​ရာ​ဂိ​ဗာ​မြို့၌ ထို​သူ​တို့​ကို ကျွန်​တော်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဆွဲ​ထား​ပါ​မည်​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 7,
      "text": "သို့​သော်​လည်း ဒါ​ဝိဒ်​နှင့်​ရှော​လု၏​သား​ယော​န​သန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ယောက်​နှင့်​တစ်​ယောက် သ​စ္စာ​က​တိ​ထား​သော​ကြောင့်၊ ရှင်​ဘု​ရင်​သည် ရှော​လု၏​သား​ယော​န​သန်​မြင်​သော မေ​ဖိ​ဗော​ရှက်​ကို နှ​မြော​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 8,
      "text": "သို့​ဖြစ်၍ ရှင်​ဘု​ရင်​သည် အဲ​အာ​သ​မီး​ရိ​ဇ​ပ​ဖွား​မြင်​သော ရှော​လု၏​သား အာ​မော​နိ​နှင့် မေ​ဖိ​ဗော​ရှက်​နှစ်​ယောက်​မှ​စ၍၊ ရှော​လု၏​သ​မီး​မေ​ရပ်​တွင် မေ​ဟော​လ​သိ​အ​မျိုး ဗာ​ဇိ​လဲ၏​သား​အ​ဒြေ​လ​မြင်​သော သား​ငါး​ယောက်​တို့​ကို​ယူ၍၊"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 9,
      "text": "ဂိ​ဗောင်​လူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆွဲ​ထား၍၊ ထို​သူ​ခု​နစ်​ယောက်​တို့​သည် မု​ယော​စ​ပါး​ရိတ်​စ​ကာ​လ၊ တစ်​နေ့​ချင်း​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ၍ တစ်​ပြိုင်​နက်​သေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 10,
      "text": "အဲ​အာ​သ​မီး​ရိ​ဇ​ပ​သည် စ​ပါး​ရိတ်​စ​ကာ​လ​မှ​စ၍ မိုး​မ​ရွာ​မီ​တိုင်​အောင် လျှော်​တေ​ကို​ယူ၍ ကျောက်​ပေါ်​မှာ အိပ်​စ​ရာ​ဖို့​ခင်း​လျက်၊ နေ့​အ​ချိန်​တွင် အ​လောင်း​ကောင်​အ​ပေါ်၌ ငှက်​မ​နား၊ ည​အ​ချိန်​တွင် သား​ရဲ​မ​ကိုက်​စေ​ခြင်း​ငှာ စောင့်​ရှောက်​လျက်​နေ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 11,
      "text": "ရှော​လု၏​ကိုယ်​လုပ်​တော် အဲ​အာ​သ​မီး ရိ​ဇ​ပ​ပြု​သော​အ​မှု​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ၊"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 12,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ဂိ​လ​ဗော​တောင်၌ ရှော​လု​ကို​သတ်၍၊ အ​လောင်း​တော်​ကို​ဆွဲ​ထား​ရာ ဗက်​ရှမ်​လမ်း​မှ ခိုး​သွား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မြို့​သား​တို့​ရှိ​ရာ​သို့ ရှင်​ဘု​ရင်​သွား၍၊ ရှော​လု​အ​ရိုး​နှင့် သား​တော်​ယော​န​သန်​အ​ရိုး​တို့​ကို​ယူ၍၊"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 13,
      "text": "ထို​အ​ရပ်​မှ​ဆောင်​သွား​သ​ဖြင့်၊ ဆွဲ​ထား​သော သူ​တို့၏​အ​ရိုး​များ​ကို​လည်း စု​သိမ်း​ပြီး​လျှင်၊"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 14,
      "text": "ဗင်္ယာ​မိန်​ပြည်၊ ဇေ​လ​ရွာ၊ ရှော​လု​အ​ဘ​ကိ​ရှ၏​သင်္ချိုင်း၌​သင်္ဂြိုဟ်၍၊ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​ကြ​ပြီး​သည်​နောက်၊ နိုင်​ငံ​တော်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 15,
      "text": "နောက်​တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​စစ်​တိုက်၍၊ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​သည် ဆီး​ကြို၍ တိုက်​လှန်​ကြ​စဉ်၊ ဒါ​ဝိဒ်​သည် မော​ပန်း​လျက်​နေ​လေ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 16,
      "text": "ရေ​ဖိမ်​အ​မျိုး ဣ​ရှ​ဗိ​ဗေ​နုပ်​သည် အ​ချိန်​သုံး​ပိဿာ​ရှိ​သော ကြေး​ဝါ​လှံ​ကို​ကိုင်၍၊ အ​သစ်​သော စစ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ဒါ​ဝိဒ်​ကို သတ်​မည်​ဟု​ကြံ​လေ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 17,
      "text": "ဇေ​ရု​ယာ​သား​အ​ဘိ​ရှဲ​သည် ကူ​ညီ၍ ဖိ​လိ​တ္တိ​လူ​ကို တိုက်​သတ်​လေ၏။ ထို​အ​ခါ ဒါ​ဝိဒ်၏ လူ​တို့​က၊ ဣ​သ​ရေ​လ​အ​လင်း​ကွယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​သည် ကျွန်​တော်​တို့​နှင့်​အ​တူ နောက်​တစ်​ဖန် စစ်​ချီ​ကြွ​တော်​မ​မူ​ရာ​ဟု ကျိန်​ဆို​လျက် လျှောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 18,
      "text": "နောက်​တစ်​ဖန် ဂေါ​ဘ​မြို့​မှာ ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​ကြ​စဉ်၊ ဟု​ရှ​သိ​လူ​သိ​ဗေ​ခဲ​သည် ရေ​ဖိမ်​အ​မျိုး​သာ​ဖ​ကို သတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 19,
      "text": "နောက်​တစ်​ဖန် ဂေါ​ဘ​မြို့​မှာ ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​ကြ​စဉ်၊ ဗက်​လင်​မြို့​သား​ဖြစ်​သော ယ​ဣ​ရ၏​သား ဧ​လ​ဟာ​နန်​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ ကြီး​သော​လှံ​ရိုး​ကို​သုံး​စွဲ​သော ဂိ​တ္တိ​အ​မျိုး ဂေါ​လျတ်၏​ညီ​လာ​ခ​မိ​ကို သတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 20,
      "text": "နောက်​တစ်​ဖန် ဂါ​သ​မြို့​မှ​စစ်​တိုက်​ကြ​စဉ်၊ အ​ရပ်​မြင့်၍ လက်​တစ်​ဖက်၌ လက်​ခြောက်​ချောင်း​စီ၊ ခြေ​တစ်​ဖက်၌ ခြေ​ခြောက်​ချောင်း​စီ၊ ပေါင်း​နှစ်​ဆယ်​လေး​ချောင်း​ရှိ​သော ရေ​ဖိမ်​အ​မျိုး​သား​တစ်​ယောက်​သည်၊"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ကြိမ်း​ပ​သော​အ​ခါ၊ ဒါ​ဝိဒ်​အစ်​ကို ရှိ​မာ၏​သား​ယော​န​သန်​သည် ထို​သူ​ကို သတ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 21,
      "verse": 22,
      "text": "ထို​သူ​လေး​ယောက်​တို့​သည် ဂါ​သ​မြို့၌​နေ​သော ရေ​ဖိမ်​လူ​ကြီး၏​သား​ဖြစ်၍၊ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် ရှော​လု​မင်း​မှ​စ၍ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 3,
      "text": "ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော​ဦး​ချို၊ ငါ၏​ရဲ​တိုက်၊ ငါ​ခို​လှုံ​ရာ၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို​ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 4,
      "text": "ချီး​မွမ်း​အပ်​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​လျှောက်၍၊ ရန်​သူ​တို့​လက်​မှ ကယ်​တင်​ခြင်း​သို့ ရောက်၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 5,
      "text": "သေ​ခြင်း​လှိုင်း​တံ​ပိုး​တို့​သည် ငါ့​ကို​ဝိုင်း​မိ၍ ဖျက်​ဆီး​တတ်​သော ရေ​စီး​ခြင်း​ကြောင့် ငါ​ကြောက်​လန့်​ရ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 6,
      "text": "မ​ရ​ဏ​နိုင်​ငံ၏ ကြိုး​တို့​သည်​ဝိုင်း၍ သေ​မင်း၏​ကျော့​ကွင်း​သည် ငါ့​ကို​ကျော့​မိ​လျက်​ရှိ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 7,
      "text": "ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့​ဝင်​လေ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 8,
      "text": "ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ မိုး​ကောင်း​ကင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 9,
      "text": "နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့် မီး​ခဲ​တောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 10,
      "text": "မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 11,
      "text": "ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ ထင်​ရှား​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 12,
      "text": "မှောင်​မိုက်​တည်း​ဟူ​သော တစ်​ခဲ​နက်​သော​ရေ​နှင့် ထူ​ထပ်​သော​မိုး​တိမ်​တို့​ကို ကိုယ်​တော်၌ ကာ​ရံ​စေ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 13,
      "text": "ရှေ့​တော်၌ ရောင်​ခြည်​ကြောင့် မီး​ခဲ​တောက်​လျက်​ရှိ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို လွှင့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 15,
      "text": "လေး​မြား​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 16,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​တင်၍၊ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ဖွင့်​လှစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 17,
      "text": "အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍၊ တစ်​ခဲ​နက်​သော​ရေ​ထဲ​က ငါ့​ကို ဆယ်​ယူ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 18,
      "text": "ငါ့​ကို​မုန်း​သော သူ​တည်း​ဟူ​သော ငါ​ပြိုင်၍ မ​နိုင်​နိုင်​အောင် ခွန်​အား​ကြီး​သော ရန်​သူ​တို့​လက်​မှ ငါ့​ကို ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 19,
      "text": "ဘေး​ဥ​ပဒ်​ရောက်​သော​ကာ​လ၌ သူ​တို့​သည် ဆီး​တား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​မှီ​ခို​ရာ​ဖြစ်၍၊"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 20,
      "text": "ငါ့​ကို​ကျယ်​ဝန်း​ရာ​အ​ရပ်​သို့ ပို့​ဆောင်​တော်​မူ၏။ ငါ့​ကို​နှစ်​သက်​သော​ကြောင့် ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 21,
      "text": "ငါ​ဖြောင့်​မတ်​ခြင်း​ရှိ​သည်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို​ပေး၍၊ ငါ့​လက်​စင်​ကြယ်​ခြင်း၏​အ​ကျိုး​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ အ​စဉ်​လိုက်၏။ ငါ၏​ဘု​ရား​သ​ခင့်​ထံ​မှ ပြစ်​မှား၍​မ​သွား။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 23,
      "text": "စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​ကို ငါ​သည် မျက်​မှောက်​ပြု၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ မ​လွှဲ။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 24,
      "text": "ရှေ့​တော်​မှာ​ဖြောင့်​မတ်၍ ကိုယ်​ဒု​စ​ရိုက်​ကို ကြဉ်​ရှောင်၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 25,
      "text": "ထို​ကြောင့် ရှေ့​တော်​မှာ ထင်​ရှား​သော​ငါ၏​ဖြောင့်​မတ်​ခြင်း၊ စင်​ကြယ်​ခြင်း​ရှိ​သည်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​အ​ကျိုး​ကို ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 26,
      "text": "သ​နား​တတ်​သော​သူ​အား ကိုယ်​တော်​သည် သ​နား​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​အား ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 27,
      "text": "သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 28,
      "text": "နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ မာ​န​ထောင်​လွှား​သော သူ​တို့​ကို​ကား​ရှုတ်​ချ​ခြင်း​ငှာ ကြည့်​မှတ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 29,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​မီး​ခွက်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်၏​မှောင်​မိုက်​ကို လင်း​စေ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 30,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အ​မှီ​ပြု၍ တပ်​ကို​ဖျက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် မြို့​ရိုး​ကို​ကျော်၍ ဝင်​ပါ​ပြီ။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 31,
      "text": "ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 32,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင် ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 33,
      "text": "ထို​ဘု​ရား​သ​ခင်​သည် ငါ၏​ခွန်​အား၊ ငါ၏​တန်​ခိုး​ဖြစ်၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 34,
      "text": "ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 35,
      "text": "ငါ့​လက်​ကို စစ်​မှု၌​လေ့​ကျက်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ၍၊ ကြေး​ဝါ​လေး​ကို ငါ့​လက်​ရုံး​နှင့် ငါ​တင်​နိုင်၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 36,
      "text": "ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 37,
      "text": "အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 38,
      "text": "အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို​လိုက်​ဖျက်၍၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် မ​ပြန်​ပါ။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 39,
      "text": "သူ​တို့​သည် အ​ကျွန်ုပ် ခြေ​အောက်​မှာ လဲ​လျက်​ရှိ၍၊ မ​ထ​နိုင်​အောင် အ​ကျွန်ုပ်​သည် နှိပ်​နင်း​ပယ်​ရှင်း​ပါ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 40,
      "text": "အ​ကြောင်း​မူ​ကား၊ စစ်​တိုက်​စေ​ခြင်း​ငှာ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ခွန်​အား​ခါး​ပန်း​နှင့်​စည်း၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​ကို အ​ကျွန်ုပ်​အောက်​မှာ လှဲ​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 41,
      "text": "အ​ကျွန်ုပ်​ကို မုန်း​သော ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍ ဖျက်​ဆီး​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 42,
      "text": "သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 43,
      "text": "ထို​အ​ခါ အ​ကျွန်ုပ်​သည် သူ​တို့​ကို မြေ​မှုန့်​ကို​ကဲ့​သို့ ညက်​ညက်​ချေ​ပြီး​မှ၊ လမ်း၌ အ​မှိုက်​ကို​ကဲ့​သို့​နင်း၍ ဖြန့်​ကြဲ​လေ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 44,
      "text": "လူ​စု​တို့​သည် ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​မှ အ​ကျွန်ုပ်​ကို ကယ်​လွှတ်၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏ အ​ကဲ​အ​မှူး ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​တော်​မူ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်​မ​သိ​ဖူး​သော လူ​စု​သည် အ​ကျွန်ုပ်​ထံ၌ ကျွန်​ခံ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 45,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ကို​တောင်း​ပန်၍ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​သည်​ခ​ဏ​ချင်း​တွင် နား​ထောင်​ကြ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 46,
      "text": "ညှိုး​နွမ်း​သည်​ဖြစ်၍ ခို​လှုံ​ရာ​အ​ရပ်​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​ပါ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 47,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည်​ဖြစ်၍ ငါ၏​ကျောက်၌​မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ငါ့​ကို ကယ်​တင်​သော​ကျောက်၏ ဘု​ရား​သ​ခင်၌ ချီး​မြှောက်​ခြင်း ရှိ​ပါ​စေ​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 48,
      "text": "ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 49,
      "text": "ရန်​သူ​တို့​လက်​မှ ငါ့​ကို ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌​ထ​သော သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 50,
      "text": "ထို​ကြောင့် အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 10,
      "chapter": 22,
      "verse": 51,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို ကယ်​တင်​သော​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား၊ ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 1,
      "text": "ဒါ​ဝိဒ်​မြွက်​ဆို​သော နောက်​ဆုံး​စ​ကား​တည်း​ဟူ​သော၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ၍ ဘုန်း​ကြီး​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၌ ချို​မြိန်​စွာ​သီ​ချင်း​ဆို​သော ယေ​ရှဲ၏​သား ဒါ​ဝိဒ်​မြွက်​ဆို​သော ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် ငါ့​လျှာ၌​တည်၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ကျောက်​သည် ငါ့​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ လူ​တို့​ကို အုပ်​စိုး​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လျက် အုပ်​စိုး​ရ​မည်။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 4,
      "text": "မိုး​မ​အုံ့၊ နေ​ထွက်​သော နံ​နက်​အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရွာ​ပြီး​မှ နေ​ပေါ်​ထွန်း​သ​ဖြင့် မြေ၌​ပေါက်​သော မြက်​နု​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 5,
      "text": "ငါ့​အ​မျိုး​အ​နွယ်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မြဲ​မြံ​သည်​မ​ဟုတ်​လော။ သေ​ချာ​စွာ​စီ​ရင်၍ မ​ပျက်​နိုင်​သော နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ဖွဲ့​တော်​မူ​ပြီ။ ထို​ပ​ဋိ​ညာဉ်​သည် ချက်​ချင်း​မ​ပြည့်​စုံ​သော်​လည်း၊ ငါ့​ကို ကယ်​တင်​ရာ​အ​ကြောင်း၊ ငါ​အား​ရ​နှစ်​သက်​ရာ​အ​ကြောင်း ဖြစ်၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 6,
      "text": "အ​ဓ​မ္မ​လူ​အ​ပေါင်း​တို့​မူ​ကား လက်​နှင့်​မ​ကိုင်​သာ၊ ပယ်​ရှား​ရ​သော ဆူး​ပင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 7,
      "text": "ပယ်​ရှား​သော​သူ​သည် သံ​ချပ်​အင်္ကျီ​နှင့် လှံ​တံ​ကို သုံး​ဆောင်​သ​ဖြင့်၊ ဆူး​ပင်​ပေါက်​သော​အ​ရပ်၌​ပင် ရှင်း​ရှင်း​မီး​ရှို့​ရ​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 8,
      "text": "ဒါ​ဝိဒ်၏ အ​မှု​တော်​ထမ်း​သူ​ရဲ​ကြီး​တို့၏​အ​မည်​များ​ဟူ​မူ​ကား၊ ဟ​ပ္ပေါ​နိ​အ​မျိုး ယာ​ရှော​ဘံ​သည် ဗိုလ်​ချုပ်​ဖြစ်၏။ ထို​သူ​သည် လှံ​ကို​ကိုင်​လျက် လူ​သုံး​ရာ​ကို တစ်​ခါ​တည်း​တိုက်၍ လုပ်​ကြံ​လေ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 9,
      "text": "သူ​နောက်​မှာ အ​ဟော​ဟိ​အ​မျိုး ဒေါ​ဒေါ​သား​ဧ​လာ​ဇာ​သည် ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​သော သူ​ရဲ​သုံး​ယောက်​အ​ဝင် ဖြစ်၏။ စစ်​တိုက်​ခြင်း​ငှာ​စု​ဝေး​သော ဖိ​လိ​တ္တိ​လူ​တို့​ကို ကြိမ်း​ပ၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဆုတ်​သွား​သော​အ​ခါ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 10,
      "text": "ထို​သူ​သည် လက်​ညောင်း၍ ဓား၌​မှီ​လျက်​နေ​ရ​သည်​တိုင်​အောင် ထ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့၌ ကြီး​စွာ​သော အောင်​မြင်​ခြင်း​ကို ပြု​တော်​မူ၍၊ သူ​တို့​သည် ရန်​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​သာ ပြန်​လာ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 11,
      "text": "သူ့​နောက်​မှာ ဟ​ရ​ရိ​အ​မျိုး အာ​ဂိ၏​သား​ရှ​မ္မ​သည်​ရှိ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် ပြောင်း​စ​ပါး​စိုက်​သော​လယ်​ကွက်၌ စု​ဝေး၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ပြေး​ကြ​သော​အ​ခါ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 12,
      "text": "ထို​သူ​သည် လယ်​ကွက်​အ​လယ်၌​ရပ်၍ စောင့်​မ​လျက် ဖိ​လိ​တ္တိ​လူ​တို့​ကို​လုပ်​ကြံ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော​အောင်​ခြင်း​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 13,
      "text": "ဗိုလ်​စု​အ​ဝင်​သုံး​ယောက်​တို့​သည် စ​ပါး​ရိတ်​ရာ​ကာ​လ၌၊ ဒါ​ဝိဒ်​ရှိ​ရာ အ​ဒု​လံ​ဥ​မင်​သို့ ဆင်း​သွား၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ရေ​ဖိမ်​ချိုင့်၌ တပ်​ချ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 14,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် ရဲ​တိုက်​တွင်​နေ၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဗက်​လင်​မြို့၌ တပ်​ချ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 15,
      "text": "ဒါ​ဝိဒ်​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဗက်​လင်​မြို့​တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်၍ ငါ့​အား​ပေး​ပါ​စေ​သော​ဟု တောင့်​တ​သော​စိတ်​နှင့် ဆို​သော်၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 16,
      "text": "ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို​ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း၊ ဒါ​ဝိဒ်​သည်​မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​ရေ​ကို သောက်​သော​အ​မှု​သည် အ​ကျွန်ုပ်​နှင့်​ဝေး​ပါ​စေ​သော။ ဤ​ရေ​သည် ကိုယ်​အ​သက်​ကို​မ​နှ​မြော​ဘဲ သွား​သော​သူ​တို့၏ အ​သွေး ဖြစ်​ပါ​သည်​မ​ဟုတ်​ပါ​လော​ဟု လျှောက်၍ မ​သောက်​ဘဲ​နေ၏။ ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ထို​သို့​သော​အ​မှု​တို့​ကို ပြု​ကြ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 18,
      "text": "ဇေ​ရု​ယာ​သား ယွာ​ဘ​ညီ​အ​ဘိ​ရှဲ​သည်​လည်း သူ​ရဲ​သုံး​ယောက်​တွင် အ​ကြီး​ဖြစ်၏။ သူ​သည် လှံ​ကို​ကိုင်၍ လူ​သုံး​ရာ​တို့​ကို တိုက်​ဖျက်​လုပ်​ကြံ​သော​ကြောင့်၊ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ရ​သ​တည်း။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 19,
      "text": "သူ​ရဲ​သုံး​ယောက်​တွင် အ​မြတ်​ဆုံး​ဖြစ်​သည် မ​ဟုတ်​လော။ ထို​ကြောင့် ဗိုလ်​ချုပ်​အ​ရာ​ကို​ရ၏။ သို့​သော်​လည်း ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 20,
      "text": "အ​ထူး​သ​ဖြင့် ပြု​ဖူး​သော ကပ်​ဇေ​လ​မြို့​သား သူ​ရဲ​ယော​ယ​ဒ၏​သား ဗေ​နာ​ယ​သည်​လည်း ခြင်္သေ့​နှင့်​တူ​သော မော​ဘ​လူ​နှစ်​ယောက်​ကို သတ်၏။ ဆောင်း​ကာ​လ၌​လည်း အ​ခြား​သို့​သွား၍ မြေ​တွင်း၌​ရှိ​သော ခြင်္သေ့​ကို သတ်၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 21,
      "text": "ထူး​ခြား​သော​အဲ​ဂု​တ္တု​လူ​ကို​လည်း သတ်၏။ အဲ​ဂု​တ္တု​လူ​သည် လှံ​ကို​ကိုင်​သော်​လည်း၊ ဗေ​နာ​ယ​သည် တောင်​ဝှေး​ကို​သာ​ကိုင်​လျက်​သွား၍ အဲ​ဂု​တ္တု​လူ​လက်​မှ လှံ​ကို​လု​ယူ​ပြီး​လျှင်၊ ထို​လှံ​နှင့် သူ့​ကို​သတ်၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 22,
      "text": "ထို​သို့​သော​အ​မှု​တို့​ကို ယော​ယ​ဒ​သား​ဗေ​နာ​ယ​ပြု၍ သူ​ရဲ​သုံး​ယောက်​အ​ဝင်​နေ​ရာ​ကို ရ၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 23,
      "text": "ဗိုလ်​များ​ထက်​သာ၍ မြတ်​သော်​လည်း၊ ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။ ဒါ​ဝိဒ်​သည် အ​တွင်း​ဝန်​ချုပ်​အ​ရာ​ကို​လည်း ပေး၏။"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 24,
      "text": "ယွာ​ဘ​ညီ အာ​သ​ဟေ​လ​သည်​လည်း ဗိုလ်​စု​အ​ဝင်​ဖြစ်၏။ ထို​အ​တူ ဗက်​လင်​မြို့​နေ၊ ဒေါ​ဒေါ၏​သား ဧ​လ​ဟာ​နန်၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 25,
      "text": "ဟ​ရော​ဒိ​အ​မျိုး ရှ​မ္မ၊ ဟ​ရော​ဒိ​အ​မျိုး ဧ​လိ​က၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 26,
      "text": "ဖာ​လ​တိ​အ​မျိုး ဟေ​လက်၊ တေ​ကော​အ​မျိုး ဣ​ကေ​ရှ၏​သား​ဣ​ရ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 27,
      "text": "အ​နေ​သော​သိ​အ​မျိုး အ​ဗျေ​ဇာ၊ ဟု​ရှ​သိ​အ​မျိုး မေ​ဗု​န္နဲ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 28,
      "text": "အ​ဟော​ဟိ​အ​မျိုး ဇာ​လ​မုန်၊ နေ​တော​ဖာ​သိ​အ​မျိုး မ​ဟာ​ရဲ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 29,
      "text": "နေ​တော​ဖာ​သိ​အ​မျိုး ဗာ​နာ​သား​ဟေ​လက်၊ ဗင်္ယာ​မိန်​အ​မျိုး ဂိ​ဗာ​မြို့​နေ၊ ရိ​ဘဲ၏​သား​အိ​တ္တဲ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 30,
      "text": "ပိ​ရ​သော​နိ​အ​မျိုး ဗေ​နာ​ယ၊ ဂါ​ရှ​ချိုင့်​သား ဟိ​ဒ္ဒဲ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 31,
      "text": "အာ​ဗ​သိ​အ​မျိုး အ​ဗျာ​လ​ဗုန်၊ ဗာ​ဟု​မိ​အ​မျိုး အာ​ဇ​မာ​ဝက်၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 32,
      "text": "ရှာ​လ​ဗော​နိ​အ​မျိုး ဧ​လျာ​ဘ၊ ယာ​ရှင်၏​သား​တို့​တွင် ယော​န​သန်၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 33,
      "text": "ဟာ​ရ​ရိ​အ​မျိုး ရှ​မ္မ၊ ဟာ​ရ​ရိ​အ​မျိုး ရှာ​ရ၏​သား​အ​ဟိ​အံ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 34,
      "text": "မာ​ခါ​သိ​အ​မျိုး အ​ဟ​သ​ဘဲ၏​သား ဧ​လိ​ဖ​လက်၊ ဂိ​လော​နိ​အ​မျိုး အ​ဟိ​သော​ဖေ​လ၏​သား ဧ​လျံ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 35,
      "text": "က​ရ​မေ​လ​အ​မျိုး ဟေ​ဇ​ရဲ၊ အာ​ဘိ​အ​မျိုး ဖာ​ရဲ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 36,
      "text": "ဇော​ဘ​အ​မျိုး နာ​သန်၏​သား​ဣ​ဂါ​လ၊ ဂဒ်​အ​မျိုး​ဗာ​နိ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 37,
      "text": "အ​မ္မုန်​အ​မျိုး ဇေ​လက်၊ ဇေ​ရု​ယာ၏​သား ယွာ​ဘ၏​လက်​နက်​ဆောင်​လု​လင် ဗေ​ရော​သိ​အ​မျိုး န​ဟာ​ရဲ၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 38,
      "text": "ဣ​သ​ရိ​အ​မျိုး ဣ​ရ၊ ဣ​သ​ရိ​အ​မျိုး ဂါ​ရက်၊"
    },
    {
      "book": 10,
      "chapter": 23,
      "verse": 39,
      "text": "ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ၊ ပေါင်း​သုံး​ဆယ်​ခု​နစ်​ယောက်​တည်း။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 1,
      "text": "နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်​တော်​မူ​လျှင်၊ စာ​တန်​သည် ရန်​ဘက်​ပြု၍ ဣ​သ​ရေ​လ​လူ​နှင့် ယု​ဒ​လူ​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​တိုက်​တွန်း​လေ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 2,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ လူ​ပေါင်း​မည်​မျှ​ရှိ​သည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ခ​ရိုင်​ရှိ​သ​မျှ​တို့​ကို လျှောက်​သွား၍၊ လူ​တို့​ကို​ရေ​တွက်​လော့​ဟု အ​ထံ​တော်၌​ရှိ​သော ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 3,
      "text": "ယွာ​ဘ​က​လည်း၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​ကို​ထပ်၍ အ​ဆ​တစ်​ရာ တိုး​ပွား​စေ​သ​ဖြင့်၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​မြင်​မည်​အ​ကြောင်း ပြု​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ဤ​အ​မှု​ကို အ​ဘယ်​ကြောင့် နှစ်​သက်​တော်​မူ​သ​နည်း​ဟု ရှင်​ဘု​ရင်​အား​လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 4,
      "text": "သို့​သော်​လည်း အ​မိန့်​တော်​သည် ယွာ​ဘ​စ​ကား​နှင့် ဗိုလ်​များ​စ​ကား​ကို​နိုင်​သ​ဖြင့်၊ ယွာ​ဘ​နှင့် ဗိုလ်​များ​တို့​သည် လူ​တို့​ကို​ရေ​တွက်​အံ့​သော​ငှာ အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 5,
      "text": "ယော်​ဒန်​မြစ်​ကို​ကူး၍ ဂဒ်​ချိုင့်၌​ရှိ​သော အာ​ရော်​မြို့​အ​ရှေ့​ဘက်၊ ယာ​ဇာ​မြို့​အ​နား​မှာ တပ်​ချ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 6,
      "text": "ဂိ​လဒ်​ပြည်၊ နောက်​သိမ်း​သော​ပြည်၊ ဒန်​ယန်​ပြည်​တို့​ကို လွန်​ပြီး​မှ ဇိ​ဒုန်​ပြည်​သို့​ဝိုင်း​သွား၍၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 7,
      "text": "တု​ရု​ရဲ​တိုက်​သို့​လည်း​ကောင်း၊ ဟိ​ဝိ​မြို့​များ၊ ခါ​နာ​နိ​မြို့​များ အ​လုံး​စုံ​တို့​သို့​လည်း​ကောင်း ရောက်၍၊ ယု​ဒ​ပြည်​တောင်​ပိုင်း၊ ဗေ​ရ​ရှေ​ဘ​မြို့၌ လက်​စ​သတ်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 8,
      "text": "ထို​သို့ တစ်​ပြည်​လုံး​လျှောက်​သွား၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​လွန်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ကြ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 9,
      "text": "ယွာ​ဘ​သည်​လည်း လူ​ပေါင်း​စာ​ရင်း​ကို ရှင်​ဘု​ရင်​အား​ဆက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ ရှစ်​သိန်း၊ ယု​ဒ​အ​မျိုး၌ ငါး​သိန်း ရှိ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 10,
      "text": "ဒါ​ဝိဒ်​သည် လူ​တို့​ကို​ရေ​တွက်​ပြီး​မှ နောင်​တ​ရ၍၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်၏​အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 11,
      "text": "ဒါ​ဝိဒ်​သည် နံ​နက်​အ​ချိန်၌​ထ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဒါ​ဝိဒ်၏​ပ​ရော​ဖက်​ဂဒ်​သို့​ရောက်​လာ၍၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 12,
      "text": "ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ အ​ရာ​သုံး​ပါး​ကို​သင့်​အား ငါ​ပြ၏။ သင်၌ ငါ​ပြု​စ​ရာ​ဖို့ တစ်​ပါး​ပါး​ကို​ရွေး​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 13,
      "text": "ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​သွား၍၊ ပြည်​တော်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​စေ​ရ​မည်​လော။ သို့​မ​ဟုတ် ရန်​သူ​တို့​သည် သုံး​လ​ပတ်​လုံး​လိုက်၍ ကိုယ်​တော်​ပြေး​တော်​မူ​ရ​မည်​လော။ သို့​မ​ဟုတ် ပြည်​တော်၌ သုံး​ရက်​ပတ်​လုံး ကာ​လ​နာ​ရောက်​စေ​ရ​မည်​လော။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သော​သူ​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြန်​လျှောက်​ရ​မည်​ကို စဉ်း​စား​ဆင်​ခြင်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 14,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သို့ ရောက်​ပါ​စေ။ က​ရု​ဏ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 15,
      "text": "ထို​နေ့​နံ​နက်​မှ​စ၍ ချိန်း​ချက်​သော​အ​ချိန်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ကာ​လ​နာ​ကို လွှတ်​လိုက်​တော်​မူ၍၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် လူ​ခု​နစ်​သောင်း​သေ​ကြ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 16,
      "text": "ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ဟု လက်​ကို​ဆန့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု လူ​တို့​ကို​ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ယေ​ဗု​သိ​လူ အ​ရော​န၏​ကောက်​နယ်​တ​လင်း​အ​နား​မှာ ရှိ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 17,
      "text": "လူ​တို့​ကို ဒဏ်​ခတ်​သော ကောင်း​ကင်​တ​မန်​ကို ဒါ​ဝိဒ်​သည်​မြင်​သော​အ​ခါ၊ အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ ဤ​သိုး​တို့​မူ​ကား အ​ဘယ်​သို့​ပြု​မိ​ပါ​သ​နည်း။ လက်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး၌ ရောက်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 18,
      "text": "ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​သည်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 20,
      "text": "ထို​သို့​ရှင်​ဘု​ရင်​သည် အ​ခြံ​အ​ရံ​တော်​နှင့်​တ​ကွ ကြွ​လာ​သည်​ကို အ​ရော​န​သည် ကြည့်၍​မြင်​လျှင်၊ ပြင်​သို့​ထွက်၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဦး​ချ​ပျပ်​ဝပ်​လျက်၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 21,
      "text": "ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ အ​ဘယ်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​လျှင်၊ ဒါ​ဝိဒ်​က၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို​ငြိမ်း​စေ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လို၍၊ သင်၏​ကောက်​နယ်​တ​လင်း​ကို ဝယ်​အံ့​သော​ငှာ​လာ​သည်​ဟု အ​မိန့်​ရှိ​သော်၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 22,
      "text": "အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် စိတ်​တော်​ရှိ​သည်​အ​တိုင်း ယူ၍​ပူ​ဇော်​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ​ရှိ​ပါ၏။ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ၊ နွား​နှင့်​ဆိုင်​သော​တန်​ဆာ​များ ရှိ​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျက်၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 23,
      "text": "အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်၍၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို လက်​ခံ​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 24,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ပေး၍ ငါ​ဝယ်​မည်။ ကိုယ်​ငွေ​မ​ကုန်​ဘဲ​ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ငါ​မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊ ငွေ​အ​ကျပ်​ငါး​ဆယ်​ကို​ပေး၍၊ ထို​ကောက်​နယ်​တ​လင်း​နှင့် နွား​တို့​ကို​ဝယ်​ပြီး​မှ၊"
    },
    {
      "book": 10,
      "chapter": 24,
      "verse": 25,
      "text": "ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​ပြည်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်၍ ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 1,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​သက်​ကြီး​ရင့်၍ အို​သော​အ​ခါ အ​ဝတ်​ခြုံ၍ မ​နွေး​နိုင်။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 2,
      "text": "သို့​ဖြစ်၍ ကျွန်​တို့​က၊ အ​သက်​ပျို​သော​က​ညာ​ကို အ​ရှင်​မင်း​ကြီး​အ​ဖို့ ရှာ​ပါ​ရ​စေ။ သူ​သည် မင်း​ကြီး​ကို​ခ​စား၍ ပြု​စု​ပါ​စေ။ အ​ရှင်​မင်း​ကြီး​ကို နွေး​စေ​ခြင်း​ငှာ ရင်​ခွင်​တော်၌​အိပ်​ပါ​စေ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 3,
      "text": "ထို​သို့​နှင့်​အ​ညီ အ​ဆင်း​လှ​သော​အ​ပျို​မ​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​တွင်​ရှာ၍၊ ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို​တွေ့​သ​ဖြင့် အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 4,
      "text": "ထို​မိန်း​မ​သည် အ​လွန်​အ​ဆင်း​လှ၏။ ရှင်​ဘု​ရင်​ကို​လည်း လုပ်​ကျွေး​ပြု​စု​လေ၏။ သို့​ရာ​တွင် ရှင်​ဘု​ရင်​သိမ်း​တော်​မ​မူ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 5,
      "text": "ထို​နောက် ဟ​ဂ္ဂိတ်​သား အ​ဒေါ​နိ​ယ​သည် ရှင်​ဘု​ရင်​လုပ်​မည်​ဟု အ​ကြံ​ရှိ​လျက်၊ ကိုယ်​ကို​ချီး​မြှောက်၍ ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့၌​ပြေး​ရ​သော လူ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 6,
      "text": "ခ​မည်း​တော်​က၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သူ့​စိတ်​နာ​အောင် တစ်​ခါ​မျှ​မ​ပြော​စ​ဖူး။ ထို​သူ​သည် အ​ဆင်း​လည်း အ​လွန်​လှ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 7,
      "text": "အ​ဗ​ရှ​လုံ​ညီ​လည်း ဖြစ်၏။ သူ​သည် ဇေ​ရု​ယာ​သား​ယွာ​ဘ၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​နှင့်​တိုင်​ပင်၍ သူ​တို့​သည် အ​ဒေါ​နိ​ယ​ဘက်​မှာ နေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 8,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ​အ​စ​ရှိ​သော ဒါ​ဝိဒ်၏​မှူး​ကြီး​မတ်​ကြီး​များ​မူ​ကား၊ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 9,
      "text": "အ​ဒေါ​နိ​ယ​သည် အင်္ရော​ဂေ​လ​မြို့​နယ်​အ​တွင်း၊ ဇော​ဟေ​လက်​ကျောက်​နား​မှာ သိုး၊ နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို သတ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်​သား​မိ​မိ​ညီ​များ​နှင့် ရှင်​ဘု​ရင်၏​ကျွန် ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 10,
      "text": "ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ၊ မှူး​ကြီး​မတ်​ကြီး​မှ​စ​သော ညီ​ရှော​လ​မုန်​ကို​ကား မ​ခေါ်​မ​ဖိတ်။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 11,
      "text": "ထို​အ​ခါ နာ​သန်​သည် ရှော​လ​မုန်​အ​မိ​ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား၍၊ ဟ​ဂ္ဂိတ်၏​သား​အ​ဒေါ​နိ​ယ​သည် ရှင်​ဘု​ရင်​လုပ်​ကြောင်း​ကို ကြား​ပြီ​လော။ တို့​အ​ရှင်​ဒါ​ဝိဒ်​သည် မ​သိ​ပါ​တ​ကား။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 12,
      "text": "ယ​ခု​မှာ သင်၏​အ​သက်​နှင့် ရှော​လ​မုန်၏​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ ကျွန်ုပ်​သည် အ​ကြံ​ပေး​ပါ​ရ​စေ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 13,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​ထံ​တော်​သို့​ဝင်၍၊ အို​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​က သင်၏​သား​ရှော​လ​မုန်​သည် ငါ့​အ​ရာ၌​စိုး​စံ၍ နန်း​ထိုင်​ရ​မည်​ဟု ကိုယ်​တော်​ကျွန်​မ​အား ကျိန်​ဆို​တော်​မူ​ပြီ မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် အ​ဒေါ​နိ​ယ​သည် အ​ဘယ်​ကြောင့် စိုး​စံ​ရ​ပါ​သ​နည်း​ဟု လျှောက်​လော့။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 14,
      "text": "ထို​သို့​အ​ထံ​တော်၌ လျှောက်​စဉ်​တွင်၊ ကျွန်ုပ်​ဝင်၍ သင်၏​စ​ကား​ကို​ထောက်​မ​မည်​ဟု အ​ကြံ​ပေး​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 15,
      "text": "ဗာ​သ​ရှေ​ဘ​သည် ရှင်​ဘု​ရင်​ရှိ​ရာ အ​ခန်း​ထဲ​သို့​ဝင်​လေ၏။ ရှင်​ဘု​ရင်​သည် အ​လွန်​အို၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​သည် လုပ်​ကျွေး​လျက်​နေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 16,
      "text": "ဗာ​သ​ရှေ​ဘ​သည် ဦး​ချ၍ ရှင်​ဘု​ရင်​အား​ရှိ​ခိုး​လျှင်၊ ရှင်​ဘု​ရင်​က အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 17,
      "text": "ဗာ​သ​ရှေ​ဘ​က​လည်း၊ ကျွန်​မ​သ​ခင်၊ ကိုယ်​တော်​က သင်၏​သား​ရှော​လ​မုန်​သည် ငါ့​အ​ရာ၌​စိုး​စံ၍ နန်း​ထိုင်​ရ​မည်​ဟု ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကိုယ်​တော်​ကျွန်​မ​အား​ကျိန်​ဆို​တော်​မူ​ပြီ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 18,
      "text": "ယ​ခု​မှာ အ​ဒေါ​နိ​ယ​သည် စိုး​စံ​ပါ၏။ ကိုယ်​တော်​အ​ရှင်​မင်း​ကြီး​လည်း သိ​တော်​မ​မူ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 19,
      "text": "အ​ဒေါ​နိ​ယ​သည် သိုး​နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​များ​တို့​ကို သတ်​ပြီး​လျှင်၊ မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ၊ ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​တို့​ကို ခေါ်​ဖိတ်​ပါ၏။ ကိုယ်​တော်​ကျွန် ရှော​လ​မုန်​ကို​ကား မ​ခေါ်​မ​ဖိတ်​ပါ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 20,
      "text": "အို​အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​အ​ရှင်​မင်း​ကြီး၏​အ​ရာ၌​စိုး​စံ၍ အ​ဘယ်​သူ​သည်​နန်း​ထိုင်​ရ​မည်​ကို မိန့်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​ကြည့်​လျက် နေ​ကြ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 21,
      "text": "သို့​မ​ဟုတ် ကျွန်​မ​အ​ရှင်​မင်း​ကြီး​သည် ဘိုး​တော် ဘေး​တော်​တို့​နှင့်​အ​တူ ကျိန်း​စက်​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မ​နှင့် သား​ရှော​လ​မုန်​သည် ရာ​ဇ​ဝတ်​ခံ​ရ​သော​သူ​ဖြစ်​ပါ​လိမ့်​မည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 22,
      "text": "ထို​သို့ အ​ထံ​တော်၌​လျှောက်​စဉ်​တွင်၊ ပ​ရော​ဖက်​နာ​သန်​သည်​ဝင်​လျှင် ပ​ရော​ဖက်​နာ​သန်​လာ​ပါ​သည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 23,
      "text": "နာ​သန်​သည်​လည်း ရှေ့​တော်​သို့ ရောက်​သော​အ​ခါ ဦး​ချ​ပျပ်​ဝပ်​လျက်၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 24,
      "text": "အို​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​က ငါ့​အ​ရာ၌ အ​ဒေါ​နိ​ယ​စိုး​စံ၍ နန်း​ထိုင်​ရ​မည်​ဟု မိန့်​တော်​မူ​သ​လော။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 25,
      "text": "သူ​သည် ယ​နေ့​ဆင်း​သွား၍၊ ဆူ​ဖြိုး​သော သိုး​နွား​များ​တို့​ကို​သတ်​ပြီး​လျှင် မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗိုလ်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း​ကောင်း ခေါ်​ဖိတ်​ပါ​ပြီ။ သူ​တို့​သည် အ​ဒေါ​နိ​ယ​ရှေ့​မှာ စား​သောက်​လျက်၊ အ​ဒေါ​နိ​ယ​မင်း​ကြီး​သည် အ​သက်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​လျက် ယ​ခု​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 26,
      "text": "ကိုယ်​တော်​ကျွန်​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ၊ ကိုယ်​တော်​ကျွန် ရှော​လ​မုန်​တို့​ကို​ကား မ​ခေါ်​မ​ဖိတ်​ပါ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 27,
      "text": "အ​ရှင်​မင်း​ကြီး၏​အ​ရာ၌ အ​ဘယ်​သူ​နန်း​ထိုင်​ရ​မည်​ကို ကိုယ်​တော်​ကျွန်​အား ပြ​တော်​မ​မူ​ဘဲ ဤ​အ​မှု​ကို အ​ရှင်​မင်း​ကြီး​စီ​ရင်​တော်​မူ​ပြီ​လော​ဟု လျှောက်၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 28,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​က၊ ဗာ​သ​ရှေ​ဘ​ကို ခေါ်​ခဲ့​ပါ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဗာ​သ​ရှေ​ဘ​သည်​လာ၍ ရှေ့​တော်၌ ရပ်​နေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 29,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ့​အ​သက်​ဝိ​ညာဉ်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 30,
      "text": "သင်၏​သား​ရှော​လ​မုန်​သည် ငါ့​အ​ရာ၌​စိုး​စံ၍ ငါ့​ကိုယ်​စား​နန်း​ထိုင်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တိုင်​တည်၍ သင့်​အား ကျိန်​ဆို​သည်​နှင့်​အ​ညီ ယ​နေ့​ငါ​ပြု​မည်​ဟု တစ်​ဖန် ကျိန်​ဆို​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 31,
      "text": "ဗာ​သ​ရှေ​ဘ​သည် ဦး​ချ​ပျပ်​ဝပ်​လျက်၊ ရှင်​ဘု​ရင်​အား​ရှိ​ခိုး​လျက်၊ အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​သက်​တော်​အ​စဉ်​အ​မြဲ​ရှင်​စေ​သ​တည်း​ဟု မြွက်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 32,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​က​လည်း၊ ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်၊ ပ​ရော​ဖက် နာ​သန်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ​တို့​ကို​ခေါ်​ခဲ့​ပါ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည်​ရှေ့​တော်​သို့ ဝင်​လာ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 33,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ သင်​တို့​အ​ရှင်၏​ကျွန်​များ​ကို ခေါ်၍ ငါ့​သား​ရှော​လ​မုန်​ကို ငါ၏​မြင်း​လား​တော်​ပေါ်​မှာ စီး​စေ​လျက်၊ ဂိ​ဟုန်​မြို့​သို့ ဆောင်​သွား​ကြ​လော့။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 34,
      "text": "ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​နှင့် ပ​ရော​ဖက်​နာ​သန်​သည် ထို​မြို့​မှာ ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ပြီး​လျှင်၊ တံ​ပိုး​မှုတ်၍ ရှော​လ​မုန်​မင်း​ကြီး​သည် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ​လော့။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 35,
      "text": "ထို​နောက် သင်​တို့​လိုက်​လျက် ငါ့​သား​သည် လာ၍​နန်း​ထိုင်​ရ​မည်။ ငါ့​ကိုယ်​စား​ရှင် ဘု​ရင်​ဖြစ်​ရ​မည်။ ထို​သူ​ကို ဣ​သ​ရေ​လ​မင်း၊ ယု​ဒ​မင်း​အ​ရာ၌ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 36,
      "text": "ယော​ယ​ဒ​သား ဗေ​နာ​ယ​က အာ​မင်။ အ​ရှင်​မင်း​ကြီး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ထို​သို့​မိန့်​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 37,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး​ဘက်​မှာ ရှိ​တော်​မူ​သည်​နည်း​တူ ရှော​လ​မုန်​ဘက်​မှာ ရှိ​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ထက် သား​တော်၏​ရာ​ဇ​ပ​လ္လင်​သည် သာ၍​ဘုန်း​ကြီး​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု ရှင်​ဘု​ရင်​ကို ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 38,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ပ​ရော​ဖက်​နာ​သန်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ၊ ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​တို့​သည်​ထွက်၍ ရှော​လ​မုန်​ကို ဒါ​ဝိဒ်​မင်း​ကြီး၏ မြင်း​လား​ပေါ်​မှာ​စီး​စေ​လျက် ဂိ​ဟုန်​မြို့​သို့ ဆောင်​သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 39,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​သည် တဲ​တော်​ထဲ​က ဆီ​ဘူး​ကို​ယူ၍ ရှော​လ​မုန်​ကို ဘိ​သိက်​ပေး​ပြီး​မှ၊ သူ​တို့​သည် တံ​ပိုး​မှုတ်၍၊ ရှော​လ​မုန်​မင်း​ကြီး​သည် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု လူ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 40,
      "text": "လူ​အ​ပေါင်း​တို့​သည် တီး​မှုတ်​လျက် နောက်​တော်​သို့​လိုက်၍၊ မြေ​ကြီး​ကွဲ​မ​တတ်​ရှိ​သည်​တိုင်​အောင် အ​လွန်​ဝမ်း​မြောက်​သော​အ​သံ​ကို ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 41,
      "text": "အ​ဒေါ​နိ​ယ​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် စား​သောက်​ပွဲ​ပြီး​သော​အ​ခါ ထို​အ​သံ​ကို ကြား​ကြ၏။ တံ​ပိုး​မှုတ်​သံ​ကို ယွာ​ဘ​ကြား​လျှင်၊ တစ်​မြို့​လုံး​အုတ်​အုတ် ကျက်​ကျက်​ပြု​သံ​ကား၊ အ​ဘယ်​သို့​နည်း​ဟု​မေး​စဉ်​ပင်၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 42,
      "text": "ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ၏​သား ယော​န​သန်​သည်​လာ​လျှင်၊ အ​ဒေါ​နိ​ယ​က ဝင်​ပါ။ သင်​သည် လူ​ကောင်း​ဖြစ်၍၊ ကောင်း​သော​သ​တင်း​ကို ကြား​ပြော​လိမ့်​မည်​ဟု ဆို​လျှင်၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 43,
      "text": "ယော​န​သန်​က၊ အ​ကယ်​စင်​စစ် ငါ​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​သည် ရှော​လ​မုန်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 44,
      "text": "ရှင်​ဘု​ရင်​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ပ​ရော​ဖက်​နာ​သန်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ၊ ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​တို့​ကို ရှော​လ​မုန်​နှင့်​အ​တူ စေ​လွှတ်​တော်​မူ၍ မြင်း​လား​တော်​ပေါ်​မှာ စီး​စေ​ကြ​ပါ​ပြီ။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 45,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် ပ​ရော​ဖက်​နာ​သန်​တို့​သည် ရှော​လ​မုန်​ကို ဂိ​ဟုန်​မြို့၌ ရာ​ဇ​ဘိ​သိက်​ပေး​ပါ​ပြီ။ ထို​မြို့​မှ ဝမ်း​မြောက်​စွာ​လာ​ပြန်၍၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​သော​အ​သံ​ကို ကိုယ်​တော်​ကြား​ရ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 46,
      "text": "ရှော​လ​မုန်​သည်​လည်း ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​ပါ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 47,
      "text": "ရှင်​ဘု​ရင်၏​ကျွန်​တို့​သည်​လည်း တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား၍ ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်၏​နာ​မ​ကို ခ​မည်း​တော်၏​နာ​မ​ထက် သာ၍​ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ခ​မည်း​တော်၏ ရာ​ဇ​ပ​လ္လင်​ထက် သာ၍ ဘုန်း​ကြီး​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​သည် သာ​လွန်​တော်​ပေါ်​မှာ​ဦး​ချ​လျက်၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 48,
      "text": "ငါ​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​စေ​ခြင်း​ငှာ၊ ငါ့​နန်း​ပေါ်​မှာ ထိုင်​ရ​သော​သူ​ကို ယ​နေ့​ပေး​သ​နား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ကြောင်း​ကို အ​ဒေါ​နိ​ယ​အား ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 49,
      "text": "ထို​အ​ခါ အ​ဒေါ​နိ​ယ​နှင့် ပေါင်း​ဖော်​သော​သူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​သ​ဖြင့် ထ၍ တစ်​ယောက်​တ​ခြား​စီ သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 50,
      "text": "အ​ဒေါ​နိ​ယ​သည်​လည်း ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထ​သွား၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်​နေ၏။"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 51,
      "text": "အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​မင်း​ကြီး​ကို ကြောက်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်၊ ရှော​လ​မုန်​မင်း​ကြီး​သည် ကျွန်​တော်​ကို မ​ကွပ်​မျက်​မည်​အ​ကြောင်း ယ​နေ့​ကျိန်​ဆို​တော်​မူ​ပါ​စေ​ဟု ဆို​ကြောင်း​ကို ရှော​လ​မုန်​အား​လျှောက်​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 52,
      "text": "ရှော​လ​မုန်​က၊ သူ​သည်​လူ​ကောင်း​ဖြစ်​လျှင်၊ ဆံ​ခြည်​တစ်​ပင်​မျှ မြေ​သို့​မ​ကျ​ရ။ အ​ပြစ်​ရှိ​လျှင် အ​သေ​ခံ​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ၍၊"
    },
    {
      "book": 11,
      "chapter": 1,
      "verse": 53,
      "text": "လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ အ​ဒေါ​နိ​ယ​ကို ယဇ်​ပ​လ္လင်​မှ ခေါ်​ခဲ့​သည်​အ​တိုင်း၊ သူ​သည်​လာ၍ ရှော​လ​မုန်​မင်း​ကြီး​ရှေ့​မှာ ဦး​ချ​လေ၏။ ရှော​လ​မုန်​က​လည်း၊ သင့်​အိမ်​သို့ သွား​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် အ​နိ​စ္စ​ရောက်​ရ​သော​အ​ချိန်​နီး​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ပ​ညတ်​ထား​တော်​မူ​သည်​ကား၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 2,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့၏​သွား​ရာ​လမ်း​သို့ ငါ​သွား​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​လော့။ ယောက်ျား၏ ဂုဏ်​သ​တ္တိ​ရှိ​လော့။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 4,
      "text": "သင်၏​သား​မြေး​တို့​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ရှေ့​မှာ သ​မ္မာ​တ​ရား၌​ကျင်​လည်​ခြင်း​ငှာ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ​သော စ​ကား​တော်​တည်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ၌ အောင်​မြင်​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ လမ်း​တော်​သို့​လိုက်၍၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌​ပါ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ​သော​စ​ကား​ကို နား​ထောင်​လော့။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 5,
      "text": "ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် ငါ၌​ပြု​သော​အ​မှု၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ်​နှစ်​ပါး နေ​ရ၏​သား​အာ​ဗ​နာ၊ ယေ​သာ၏​သား​အာ​မ​သ၌ ပြု​သော​အ​မှု​တည်း​ဟူ​သော သူ​တို့​ကို​သတ်၍ စစ်​မ​တိုက်​ဘဲ စစ်​အ​သွေး​ကို​သွန်း​လောင်း​သ​ဖြင့်၊ မိ​မိ​ဝတ်​သော​ခါး​စည်း၊ မိ​မိ​နင်း​သော​ခြေ​နင်း​တို့​ကို စစ်​အ​သွေး​နှင့် လူး​သော​အ​မှု​ကို သင်​သိ​သည်​ဖြစ်၍၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 6,
      "text": "သင်၌​ပ​ညာ​ရှိ​သည်​အ​တိုင်း စီ​ရင်​လျက်၊ ဆံ​ပင်​ဖြူ​သော ထို​သူ၏​ဦး​ခေါင်း​ကို မ​ရ​ဏနိုင်​ငံ​သို့ ငြိမ်​ဝပ်​စွာ​မ​ဆင်း​စေ​နှင့်။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 7,
      "text": "ဂိ​လဒ်​ပြည်​သား ဗာ​ဇိ​လဲ၏​သား​တို့​ကို​ကား ကျေး​ဇူး​ပြု၍ စား​ပွဲ​တော်၌ စား​သော​လူ​စု​ထဲ​သို့ ဝင်​စေ​လော့။ သင့်​အစ်​ကို​အ​ဗ​ရှ​လုံ​ကြောင့် ငါ​ပြေး​ရ​သော​အ​ခါ၊ သူ​တို့​သည် ထို​သို့​သော​ကျေး​ဇူး​ကို​ပြု၍ ငါ့​ထံ​သို့​လာ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 8,
      "text": "ငါ​သည် မ​ဟာ​နိမ်​မြို့​သို့​သွား​သော​နေ့၌ ငါ့​ကို ကြမ်း​တမ်း​စွာ ကျိန်​ဆဲ​သော​သူ၊ ဗင်္ယာ​မိန်​အ​မျိုး​ဗာ​ဟု​ရိမ်​ရွာ​သား၊ ဂေ​ရ၏​သား​ရှိ​မိ​သည် သင့်​လက်၌​ရှိ၏။ သူ​သည် ငါ့​ကို​ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ယော်​ဒန်​မြစ်​နား​သို့ လာ​သော​အ​ခါ၊ သင့်​ကို ငါ​မ​ကွပ်​မျက်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ငါ​ကျိန်​ဆို​သော်​လည်း၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 9,
      "text": "ထို​သူ​ကို အ​ပြစ်​မ​ရှိ​သော​သူ​ကဲ့​သို့ မ​မှတ်​ရ​ဘဲ၊ သင်​သည် လိ​မ္မာ​သော​သူ​ဖြစ်၍ သူ၌​အ​ဘယ်​သို့ စီ​ရင်​သင့်​သည်​ကို သိ​သည်​နှင့်​အ​ညီ၊ ဆံ​ပင်​ဖြူ​သော ထို​သူ၏​ခေါင်း​ကို​အ​သေ​သတ်​ခြင်း​အား​ဖြင့် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​စေ​လော့​ဟု မှာ​ထား​တော်​မူ​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 10,
      "text": "ဒါ​ဝိဒ်​သည် ဘိုး​တော်​ဘေး​တော်​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 11,
      "text": "ဟေ​ဗြုန်​မြို့၌ ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​နှစ်​လေး​ဆယ် စိုး​စံ​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 12,
      "text": "ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ၍၊ အာ​ဏာ​တော်​သည် အ​မြဲ​တည်၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 13,
      "text": "ထို​နောက် ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား၍၊ ဗာ​သ​ရှေ​ဘ​က သင်​သည်​မိတ်​ဆွေ​ဖွဲ့​လျက် လာ​သ​လော​ဟု​မေး​လျှင်၊ မိတ်​ဆွေ​ဖွဲ့​လျက်​လာ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 14,
      "text": "ပြော​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​ပါ​သည်​ဟု​ဆို​သော်၊ မယ်​တော်​က​ပြော​ပါ​ဟု ပြန်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 15,
      "text": "အ​ဒေါ​နိ​ယ​က​လည်း၊ နိုင်​ငံ​တော်​သည် ကျွန်ုပ်​လက်​သို့ ရောက်​သည်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို ရှင်​ဘု​ရင်​အ​ဖြစ်၌ ချီး​မြှောက်​ချင်​သည်​အ​ကြောင်း​ကို​လည်း​ကောင်း မယ်​တော်​သိ​ပါ၏။ သို့​သော်​လည်း နိုင်​ငံ​တော်​သည် ကျွန်ုပ်​လက်​မှ​လွဲ၍ ညီ​တော်​လက်​သို့ ရောက်​ပါ​ပြီ။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 16,
      "text": "ယ​ခု​မှာ တစ်​စုံ​တစ်​ခု​သော​ဆု​ကို မယ်​တော်၌ တောင်း​ချင်​ပါ၏။ မ​ငြင်း​ပါ​နှင့်​ဟု ဆို​လျှင်၊ မယ်​တော်​က ပြော​ပါ​ဟု​ဆို၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 17,
      "text": "သူ​က​လည်း ရှော​လ​မုန်​မင်း​ကြီး​သည် ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို ကျွန်ုပ်​အား​ပေး​စား​တော်​မူ​မည်​အ​ကြောင်း လျှောက်​ပါ​တော့။ မင်း​ကြီး​သည် မယ်​တော်​ကို​ငြင်း​တော်​မ​မူ​နိုင်​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 18,
      "text": "ဗာ​သ​ရှေ​ဘ​က ကောင်း​ပြီ။ သင့်​အ​ဖို့ နား​တော်​လျှောက်​မည်​ဟု​ဆို​ပြီး​မှ၊ အ​ဒေါ​နိ​ယ​အ​ဖို့ နား​တော်​လျှောက်​အံ့​သော​ငှာ ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ သွား၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 19,
      "text": "ရှင်​ဘု​ရင်​သည် မယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထ၍​ဦး​ချ​ပြီး​မှ၊ ပ​လ္လင်​တော်​ပေါ်​မှ ထိုင်​တော်​မူ၏။ မယ်​တော်​ထိုင်​စ​ရာ​ဖို့ စီ​ရင်၍ သူ​သည် လက်​ယာ​တော်​ဘက်​မှာ ထိုင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 20,
      "text": "ထို​အ​ခါ မယ်​တော်​က၊ ငယ်​သော​ဆု တစ်​စုံ​တစ်​ခု​ကို တောင်း​ချင်​သည်​ဖြစ်၍ မ​ငြင်း​ပါ​နှင့်​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က မိ​ခင်၊ တောင်း​ပါ၊ ကျွန်ုပ်​မ​ငြင်း​ပါ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 21,
      "text": "မယ်​တော်​က​လည်း၊ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို နောင်​တော်​အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ​ဟု တောင်း​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 22,
      "text": "ရှော​လ​မုန်​မင်း​ကြီး​က၊ အ​ဒေါ​နိ​ယ​အ​ဖို့ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို​သာ အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း။ နိုင်​ငံ​တော်​ကို​လည်း သူ​အ​ဖို့​တောင်း​ပါ​လော့။ သူ​သည် ကျွန်ုပ်​နောင်​တော်​ဖြစ်၏။ သူ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ၊ ဇေ​ရု​ယာ၏​သား​ယွာ​ဘ​အ​ဖို့ တောင်း​ပါ​လော့​ဟု မယ်​တော်​အား​ပြန်​ပြော​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 23,
      "text": "တစ်​ဖန် အ​ဒေါ​နိ​ယ​သည် ထို​သို့​တောင်း​သော်၊ မိ​မိ​အ​သက်​သေ​စေ​ခြင်း​ငှာ မ​တောင်း​မိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​ထို​မျှ​မ​က ပြု​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 24,
      "text": "ငါ့​ကို​မြဲ​မြံ​စေ​သ​ဖြင့်၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်၍ က​တိ​တော်​နှင့်​အ​ညီ ငါ့​နေ​ရာ​နန်း​တော်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ဒေါ​နိ​ယ​သည် ယ​နေ့​အ​သေ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 25,
      "text": "ယော​ယ​ဒ​သား​ဗေ​နာ​ယ​ကို​စေ​လွှတ်၍၊ အ​ဒေါ​နိ​ယ​ကို သေ​အောင်​လုပ်​ကြံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 26,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း ရှင်​ဘု​ရင်​ခေါ်၍၊ သင်​သည် အာ​န​သုတ်​မြို့၊ သင်​ပိုင်​သော​မြေ​သို့ သွား​လော့။ သင်​သည် အ​သေ​ခံ​ထိုက်​သော်​လည်း ယ​ခု​ငါ​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​ရှေ့​မှာ ထမ်း​လေ​ပြီ။ ငါ့​ခ​မည်း​တော်​ဆင်း​ရဲ​ခံ​လေ​ရာ​ရာ၌ သင်​သည် ဆင်း​ရဲ​ခံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​အ​မျိုး​ကို​အ​ကြောင်း​ပြု၍၊ ရှိ​လော​မြို့၌ မိန့်​တော်​မူ​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း၊ ရှော​လ​မုန်​သည် အ​ဗျာ​သာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ယဇ်​ပု​ရော​ဟိတ်​မ​ဖြစ်​စေ​ခြင်း​ငှာ နှင်​ထုတ်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 28,
      "text": "ယွာ​ဘ​မူ​ကား၊ အ​ဗ​ရှ​လုံ နောက်​သို့​မ​လိုက်​သော်​လည်း၊ အ​ဒေါ​နိ​ယ​နောက်​သို့ လိုက်​သော​သူ​ဖြစ်၍၊ ထို​သ​တင်း​ကို ကြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်​နေ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 29,
      "text": "ယွာ​ဘ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး​ပါ​ပြီ။ ယဇ်​ပ​လ္လင် အ​နား​မှာ​ရှိ​ပါ​သည်​ဟု ရှော​လ​မုန်​မင်း​ကြီး​အား လျှောက်​သော​အ​ခါ၊ ယွာ​ဘ​ကို လုပ်​ကြံ​လော့​ဟု ယော​ယ​ဒ​သား​ဗေ​နာ​ယ​ကို စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 30,
      "text": "ဗေ​နာ​ယ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​သွား၍၊ ရှင်​ဘု​ရင်​ခေါ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ယွာ​ဘ​က ငါ​မ​သွား၊ ဤ​အ​ရပ်​မှာ အ​သေ​ခံ​မည်​ဟု​ဆို၏။ ဗေ​နာ​ယ​က​လည်း၊ ယွာ​ဘ​သည် ဤ​သို့​ပြန်​ပြော​ပါ၏​ဟု နား​တော်​လျှောက်​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 31,
      "text": "ရှင်​ဘု​ရင်​က၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို ယွာ​ဘ​သတ်​သော​အ​ပြစ်​နှင့် ငါ​မှ​စ၍ ငါ့​အ​ဆွေ​အ​မျိုး ကင်း​စင်​မည်​အ​ကြောင်း သူ့​စ​ကား​အ​တိုင်း​ပြု​လော့။ သူ့​ကို​လုပ်​ကြံ၍​သင်္ဂြိုဟ်​လော့။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 32,
      "text": "သူ​သည် မိ​မိ​ထက်​သာ၍ ဖြောင့်​မတ်​ကောင်း​မြတ်​သော​သူ၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ် နေ​ရ၏​သား​အာ​ဗ​နာ​နှင့် ယု​ဒ​ဗိုလ်​ချုပ် ယေ​သာ၏​သား​အာ​မ​သ​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​မ​သိ​ဘဲ​တိုက်၍ ဓား​နှင့်​သတ်​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 33,
      "text": "ထို​သူ​တို့၏ အ​သွေး​သည် ယွာ​ဘ​ခေါင်း၊ သား​မြေး​တို့၏ ခေါင်း​ပေါ်​မှာ အ​စဉ်​သက်​ရောက်​ပါ​စေ။ ဒါ​ဝိဒ်​နှင့် သူ၏​ဆွေ​တော်​မျိုး​တော်၊ နန်း​တော်၊ ရာ​ဇ​ပ​လ္လင်​တော်၌ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ငြိမ်​ဝပ်​ခြင်း​အ​မြဲ​သက်​ရောက်​ပါ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 34,
      "text": "ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် သွား​ပြီး​လျှင်၊ ယွာ​ဘ​ကို တိုက်​သတ်၍ တော​အ​ရပ်၊ ယွာ​ဘ​နေ​ရာ​အိမ်၌ သင်္ဂြိုဟ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 35,
      "text": "ဗိုလ်​ချုပ်​ယွာ​ဘ​အ​ရာ၌ ယော​ယ​ဒ​သား ဗေ​နာ​ယ​ကို​လည်း​ကောင်း၊ အ​ဗျာ​သာ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း​ကောင်း ရှင်​ဘု​ရင်​ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 36,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​သည် ရှိ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိမ်​ကို​ဆောက်၍ နေ​ရ​မည်။ မြို့​ပြင်​သို့​ထွက်၍ အ​ဘယ်​အ​ရပ်​ကို​မျှ မ​သွား​နှင့်။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 37,
      "text": "မြို့​ပြင်​သို့​ထွက်၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ ကူး​သော​နေ့၌ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်​ဟု သ​တိ​နှင့်​မှတ်​လော့။ သင့်​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ သက်​ရောက်​စေ​ဟု မိန့်​တော်​မူ​သော်၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 38,
      "text": "ရှိ​မိ​က၊ အ​မိန့်​တော်​ကောင်း​ပါ၏။ အ​ရှင်​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်၍ ယေ​ရု​ရှ​လင်​မြို့၌ ကြာ​မြင့်​စွာ​နေ​လေ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 39,
      "text": "သို့​ရာ​တွင် သုံး​နှစ်​လွန်​သော​အ​ခါ၊ ရှိ​မိ၏​ကျွန်​နှစ်​ယောက်​တို့​သည် ဂါ​သ​မင်း​ကြီး​မာ​ခါ​သား အာ​ခိတ်​ထံ​သို့​ပြေး၍ ဂါ​သ​မြို့၌​ရှိ​ကြောင်း​ကို ရှိ​မိ​သည်​ကြား​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 40,
      "text": "ထ၍​မြည်း​ကို ကုန်း​နှီး​တင်​ပြီး​လျှင်၊ ကျွန်​တို့​ကို ရှာ​အံ့​သော​ငှာ ဂါ​သ​မြို့၊ အာ​ခိတ်​ထံ​သို့​သွား၍ ကျွန်​တို့​ကို ခေါ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 41,
      "text": "ထို​သို့​ရှိ​မိ​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​သ​မြို့​သို့​သွား၍ ပြန်​လာ​ကြောင်း​ကို ရှော​လ​မုန်​မင်း​ကြီး ကြား​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 42,
      "text": "ရှိ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် မြို့​ပြင်​သို့​ထွက်၍ အ​ခြား​တစ်​ပါး​သော အ​ရပ်​သို့​သွား​လျှင်၊ သွား​သော​နေ့၌ အ​သေ​သတ်​ခြင်း​အ​မှန်​ခံ​ရ​မည်​ကို သ​တိ​နှင့်​မှတ်​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​လျက် သင့်​ကို ငါ​ကျိန်​ဆို​စေ၍ သ​တိ​ပေး​သည်​မ​ဟုတ်​လော။ သင်​က​လည်း ကျွန်​တော်​ကြား​ရ​သော​အ​မိန့်​တော် ကောင်း​ပါ​သည်​ဟု ဝန်​ခံ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 43,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သော ပ​ညတ်​ကို​လည်း​ကောင်း အ​ဘယ်​ကြောင့်​မ​စောင့်​သ​နည်း​ဟု မိန့်​တော်​မူ​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 44,
      "text": "တစ်​ဖန် သင်​သည် ကိုယ်​နှစ်​သက်​သည်​အ​တိုင်း ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၌ ပြု​ဖူး​သော ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို သင်​သိ၏။ သင်၏​ဒု​စ​ရိုက်​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ခေါင်း​ပေါ်​သို့​ရောက်​စေ​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 45,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် မင်္ဂ​လာ​ရှိ၍ ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ တည်​ပါ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 2,
      "verse": 46,
      "text": "ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် အ​မိန့်​တော်​ကို​ခံ၍ ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​သေ​အောင်​လုပ်​ကြံ​လေ၏။ ထို​သို့ နိုင်​ငံ​တော်​သည် ရှော​လ​မုန်​လက်၌ တည်၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 1,
      "text": "ရှော​လ​မုန်​သည် အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​နှင့် မိတ်​ဆွေ​ဖွဲ့​လျက်၊ သ​မီး​တော်​နှင့်​စုံ​ဖက်၍ နန်း​တော်၊ ဗိ​မာန်​တော်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို မ​ပြီး​မီ​တိုင်​အောင် ဒါ​ဝိဒ်​မြို့၌ နေ​ရာ​ပေး​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 2,
      "text": "ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို မ​တည်​သေး​သော​ကြောင့်၊ လူ​များ​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်​တတ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 3,
      "text": "ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ ခ​မည်း​တော်​ဒါ​ဝိဒ်၏ စီ​ရင်​ချက်​တို့​ကို စောင့်​ရှောက်​တတ်၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 4,
      "text": "တစ်​ရံ​ရော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ယဇ်​ပူ​ဇော်​ခြင်း​ငှာ အ​လွန်​မြင့်​မြတ်​သော အ​ရပ်​တည်း​ဟူ​သော ဂိ​ဗောင်​မြို့​သို့​သွား၍ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တစ်​ထောင်​ကို ပူ​ဇော်​လေ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 5,
      "text": "ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ခါ အိပ်​မက်​တွင် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည်​ဆု​ကို တောင်း​လော့​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 6,
      "text": "ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်၏​ကျွန် အ​ကျွန်ုပ်၏​အ​ဘ​ဒါ​ဝိဒ်​သည် ရှေ့​တော်၌ သ​ဘော​ဖြောင့်၍ သ​မ္မာ​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​အ​တိုင်း ကျင့်​သည်​နှင့်​အ​ညီ၊ သူ၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ယ​နေ့​တွင်​ရှိ​သည်​အ​တိုင်း၊ သူ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​သား​ကို သူ့​အား ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ့​အ​ဖို့ ကျေး​ဇူး​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 7,
      "text": "ယ​ခု​မှာ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​ကို အ​ဘ​ဒါ​ဝိဒ်၏​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် သူ​ငယ်​ဖြစ်​ပါ၏။ ထွက်​ဝင်​ခြင်း​ငှာ မ​တတ်​နိုင်​ပါ။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 8,
      "text": "ရွေး​ချယ်​တော်​မူ၍ အ​ရေ​အ​တွက်​အား​ဖြင့် အ​တိုင်း​မ​သိ​များ​ပြား​စွာ​သော ကိုယ်​တော်၏ လူ​မျိုး​ကြီး​အ​လယ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 9,
      "text": "သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်၏​လူ​တို့​ကို တ​ရား​စီ​ရင်​နိုင်​မည်​အ​ကြောင်း ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တတ်​သော​ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 10,
      "text": "ထို​သို့ ရှော​လ​မုန်​တောင်း​လျှောက်​သော ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် တာ​ရှည်​သော​အ​သက်​ကို မ​တောင်း၊ စည်း​စိမ်​ကို​လည်း မ​တောင်း၊ ရန်​သူ​တို့၏​အ​သက်​ကို​လည်း မ​တောင်း၊ တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော​ဉာဏ်​ကို​သာ ကိုယ်​အ​ဖို့​တောင်း​လျှောက်​သော​ကြောင့်၊"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 12,
      "text": "သင်​တောင်း​လျှောက်​သည်​အ​တိုင်း ငါ​ပေး၏။ ရှေး​ကာ​လ၌ သင်​နှ​င့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ဖြစ်၊ နောင်​ကာ​လ၌ မ​ဖြစ်​နိုင်​အောင် ဉာဏ်​ပ​ညာ​နှ​င့်​ပြ​ည့်​စုံ​သော​စိတ်​ဝိ​ညာဥ်​ကို သင့်​အား​ငါ​ပေး၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 13,
      "text": "ထို​မှ​တစ်​ပါး သင်​နှင့်​တူ​သော ရှင်​ဘု​ရင်​တစ်​ယောက်​ကို​မျှ သင့်​လက်​ထက်၌ မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​မ​တောင်း​သော​ဆု၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 14,
      "text": "သင့်​အ​ဘ​ဒါ​ဝိဒ် ကျင့်​သည်​အ​တိုင်း ငါ့​လမ်း​သို့​လိုက်၍ ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​လျှင်၊ တာ​ရှည်​သော အ​သက်​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 15,
      "text": "ရှော​လ​မုန်​သည် နိုး၍ အိပ်​မက်​ဖြစ်​မှန်း​ကို​သိ၏။ တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ ရပ်​လျက်၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်၍ ကျွန်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 16,
      "text": "ထို​အ​ခါ ပြည့်​တန်​ဆာ​မိန်း​မ​နှစ်​ယောက်​သည်​လာ၍ ရှေ့​တော်၌​ရပ်​လျက်၊"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 17,
      "text": "မိန်း​မ​တစ်​ယောက်​က အို​အ​ရှင်၊ ကျွန်​တော်​မ​နှင့် ဤ​မိန်း​မ​သည် တစ်​အိမ်​တည်း​နေ​ကြ​ပါ၏။ တစ်​အိမ်​တည်း​နေ​လျက် ကျွန်​တော်​မ​သည် သား​မျက်​နှာ​ကို မြင်​ပါ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 18,
      "text": "သုံး​ရက်​လွန်​မှ တစ်​ဖန် ဤ​မိန်း​မ​သည် သား​မျက်​နှာ​ကို​မြင်​ပါ၏။ ထို​အိမ်၌ အ​ဘယ်​ဧည့်​သည်​မျှ​မ​ရှိ။ သူ​နှင့် ကျွန်​တော်​မ​နှစ်​ယောက်​တည်း​သာ ရှိ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 19,
      "text": "ဤ​မိန်း​မ​သည် ည​အ​ခါ မိ​မိ​သား​ငယ်​ကို ဖိ၍​အိပ်​မိ​သော​ကြောင့် သား​ငယ်​သေ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 20,
      "text": "သန်း​ခေါင်​ယံ၌ သူ​သည်​ထ၍ ကျွန်​တော်​မ​အိပ်​ပျော်​စဉ်​အ​ခါ ကျွန်​တော်​မ​သား​ငယ်​ကို​ယူ၍ မိ​မိ​ရင်​ခွင်၌ ထား​ပါ၏။ သူ၏​သား​ငယ်​အ​သေ​ကောင်​ကို​မူ​ကား၊ ကျွန်​မ၏​ရင်​ခွင်၌ ထား​ပါ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 21,
      "text": "နံ​နက်​အ​ချိန်၌ ကျွန်​တော်​မ​သည် သား​ငယ်​ကို နို့​တိုက်​မည်​ထ​သော​အ​ခါ၊ သား​ငယ်​သည် သေ​လျက်​ရှိ​ပါ၏။ သို့​ရာ​တွင် ကျွန်​တော်​မ​သည် သေ​သော​သူ​ငယ်​ကို​စေ့​စေ့​ကြည့်​ရှု​သော​အ​ခါ၊ ကျွန်​တော်​မ ဖွား​မြင်​သော​သား​မ​ဟုတ်​ပါ​ဟု လျှောက်၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 22,
      "text": "အ​ခြား​သော မိန်း​မ​က​လည်း မ​ဟုတ်​ဘူး။ အ​သက်​ရှင်​သော သူ​ငယ်​သည် ငါ့​သား၊ သေ​သော​သူ​ငယ်​သည် သင်၏​သား​ဖြစ်၏​ဟု ငြင်း​လေ၏။ အ​ရင်​မိန်း​မ​က​လည်း ထို​သို့​မ​ဟုတ်။ သေ​သော​သူ​ငယ်​သည် သင်၏​သား၊ အ​သက်​ရှင်​သော​သူ​ငယ်​သည် ငါ့​သား​ဖြစ်၏​ဟု ဆို​လေ၏။ ထို​သို့​ရှေ့​တော်၌ လျှောက်​ဆို​ကြ​လျှင်၊"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 23,
      "text": "ရှင်​ဘု​ရင်​က၊ မိန်း​မ​တစ်​ယောက်​က အ​သက်​ရှင်​သော သူ​ငယ်​သည် ငါ့​သား၊ သေ​သော​သူ​ငယ်​သည် သင်၏​သား​ဖြစ်၏​ဟု​ဆို​လျက်၊ တစ်​ယောက်​က ထို​သို့​မ​ဟုတ်။ သင်၏​သား​သေ​ပြီ။ ငါ့​သား​အ​သက်​ရှင်​သည်​ဟု ဆို​သည်​ဖြစ်၍၊"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 24,
      "text": "ဓား​ယူ​ခဲ့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဓား​ကို ရှေ့​တော်​သို့​ယူ​ခဲ့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ အ​သက်​ရှင်​သော​သူ​ငယ်​ကို​ခွဲ၍ ထို​မိန်း​မ​တို့​အား တစ်​ယောက်​တစ်​ဝက်​စီ​ပေး​လော့​ဟု မိန့်​တော်​မူ​သော်၊"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 26,
      "text": "အ​သက်​ရှင်​သော​သူ​ငယ်၏​အ​မိ​သည် မိ​မိ​သား​ကို​အ​လွန်​သ​နား၍၊ အို​အ​ရှင်၊ အ​သက်​ရှင်​သော​သူ​ငယ်​ကို မ​သတ်​ပါ​နှင့်။ ဤ​မိန်း​မ​အား ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​လေ၏။ အ​ခြား​မိန်း​မ​က ငါ​မ​ပိုင်​စေ​နှင့်။ သင်​လည်း မ​ပိုင်​စေ​နှင့်။ ခွဲ​ပါ​လေ​စေ​ဟု ဆို၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 27,
      "text": "ထို​အ​ခါ​ရှင်​ဘု​ရင်​က၊ အ​သက်​ရှင်​သော သူ​ငယ်​ကို​မ​သတ်​နှင့်။ အ​ရင်​မိန်း​မ​အား ပေး​လော့။ သူ​သည် အ​မိ​မှန်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 3,
      "verse": 28,
      "text": "ထို​သို့ ရှင်​ဘု​ရင်​စီ​ရင်​တော်​မူ​သည်​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဉာဏ်​နှင့် ရှင်​ဘု​ရင်​ပြည့်​စုံ​ကြောင်း​ကို သိ​မြင်၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 1,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​လျက်​နေ​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 2,
      "text": "မှူး​တော်​မတ်​တော်​ဟူ​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​သား အာ​ဇ​ရိ၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 3,
      "text": "ရှိ​ရှ​သား ဧ​လိ​ဟော​ရပ်​နှင့် အ​ဟိ​ယ​တို့​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။ အ​ဟိ​လုပ်​သား ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 4,
      "text": "ယော​ယ​ဒ​သား ဗေ​နာ​ယ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 5,
      "text": "နာ​သန်​သား​အာ​ဇ​ရိ​သည် ဝန်​စာ​ရေး​အုပ်​ဖြစ်၏။ နာ​သန်​သား​ဇာ​ဗုဒ်​သည် မင်း​သား​အ​ရာ​နှင့် တိုင်​ပင်​မတ်​ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 6,
      "text": "အ​ဟိ​ရှာ​သည် နန်း​တော်​အုပ်​ဖြစ်၏။ အာ​ဗ​ဒ​သား​အ​ဒေါ​နိ​ရံ​သည် အ​ခွန်​တော်​ဝန်​ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 7,
      "text": "ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​အ​ရပ်​ရပ်၌ ခန့်​ထား​သော ဝန်​စာ​ရေး​တစ်​ကျိပ်​နှစ်​ယောက်​တို့​သည် တစ်​ယောက်​တစ်​လ​စီ ရှင်​ဘု​ရင်​နှင့် နန်း​တော်​သား​တို့​အ​ဖို့ စား​စ​ရာ​ကို ပြင်​ဆင်​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 8,
      "text": "သူ​တို့​အ​မည်​ဟူ​မူ​ကား၊ ဧ​ဖ​ရိမ်​တောင်​ရပ်​မှာ ဟု​ရ၏​သား၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 9,
      "text": "မာ​ကတ်​မြို့၊ ရှာ​လ​ဗိမ်​မြို့၊ ဗက်​ရှေ​မက်​မြို့၊ ဧ​လု​မ္ဘေ​သ​နန်​မြို့​မှာ ဒေ​ကာ၏​သား၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 10,
      "text": "စော​ခေါ​မြို့၊ ဟေ​ဖာ​ပြည်​လုံး​နှင့်​တ​ကွ အ​ရု​ဗုတ်​မြို့​မှာ ဟေ​သက်၏​သား၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 11,
      "text": "ဒေါ​ရ​ပြည်​လုံး​ကို​စီ​ရင်​သော​သူ ရှော​လ​မုန်၏ သ​မီး​တော်​တာ​ဖတ်​နှင့်​စုံ​ဖက်​သော အ​ဘိ​န​ဒပ်၏​သား၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 12,
      "text": "တာ​နက်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် တ​ကွ​ဗက်​ရှန်​မြို့​မှ အာ​ဗေ​လ​မ​ဟော​လ​မြို့​တိုင်​အောင်​မ​က၊ ယုတ်​နန်​မြို့​အ​လွန်၊ ယေ​ဇ​ရေ​လ​မြို့ အောက်​ဇာ​တ​န​မြို့​နှင့် နီး​စပ်​သော ဗက်​ရှန်​မြို့​နယ်​လုံး​ကို​စီ​ရင်​သော အ​ဟိ​လုပ်၏​သား​ဗာ​န၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 13,
      "text": "ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 14,
      "text": "မ​ဟာ​နိမ်​မြို့​မှာ ဣ​ဒေါ၏​သား​အ​ဟိ​န​ဒပ်၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 15,
      "text": "နဿ​လိ​ခ​ရိုင်​ကို စီ​ရင်​သော​သူ၊ ရှော​လ​မုန်၏​သ​မီး​တော် ဗာ​သ​မတ်​နှင့်​စုံ​ဖက်​သော အ​ဟိ​မတ်၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 16,
      "text": "အာ​ရှာ​ခ​ရိုင်​နှင့် အာ​လုပ်​မြို့​မှာ ဟု​ရှဲ၏​သား​ဗာ​နာ၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 17,
      "text": "ဣ​သ​ခါ​ခ​ရိုင်​မှာ​ပါ​ရွာ၏​သား​ယော​ရှ​ဖတ်၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 18,
      "text": "ဗင်္ယာ​မိန်​ခ​ရိုင်​မှာ ဧ​လာ၏​သား​ရှိ​မိ၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 19,
      "text": "အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်၏​နိုင်​ငံ၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏​နိုင်​ငံ၊ ဂိ​လဒ်​ပြည်​မှာ အ​ခြား​သော​မင်း​မ​ရှိ။ တစ်​ပါး​တည်း​စီ​ရင်​သော ဥ​ရိ၏​သား​ဂေ​ဗ​တည်း။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 20,
      "text": "ထို​ကာ​လ၌၊ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား၍ စား​သောက်​ပျော်​မွေ့​လျက် နေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 21,
      "text": "ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 22,
      "text": "တစ်​နေ့​တစ်​နေ့​လျှင် နန်း​တော်၌​ကုန်​သော ရိ​က္ခာ​ဟူ​မူ​ကား၊ ဂျုံ​မုန့်​ညက် ကော​ရ​သုံး​ဆယ်၊ မု​ယော​မုန့်​ညက် ကော​ရ​ခြောက်​ဆယ်၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 23,
      "text": "ဆူ​ဖြိုး​အောင်​ကျွေး​သော နွား​တစ်​ဆယ်၊ ကျက်​စား​ရာ​ထဲ​က နွား​နှစ်​ဆယ်၊ ဆတ်​သ​မင်​ဒ​ရယ်​အ​မျိုး​မျိုး​ကို​မ​ဆို​ဘဲ သိုး​တစ်​ရာ၊ ဆူ​ဖြိုး​အောင်​ကျွေး​သော ငှက်​မျိုး​တည်း။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 24,
      "text": "ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 25,
      "text": "လက်​ထက်​တော်​ကာ​လ​ပတ်​လုံး၊ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် အ​သီး​အ​သီး​မိ​မိ​စ​ပျစ်​ပင်၊ မိ​မိ​သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 26,
      "text": "ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​တော်​များ​နှင့် ဆိုင်​သော မြင်း​တင်း​ကုပ်​လေး​သောင်း၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 27,
      "text": "ဝန်​စာ​ရေး​တို့​သည်​လည်း ရှော​လ​မုန်​မင်း​ကြီး​နှင့် စား​ပွဲ​တော်​သို့ ဝင်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ တစ်​ယောက်​တစ်​လ​စီ စုံ​လင်​စွာ ပြင်​ဆင်​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 28,
      "text": "မု​ယော​စ​ပါး​ကို​လည်း​ကောင်း၊ မြင်း​တော်​များ၊ လား​တော်​များ​ဖို့ မြက်​ခြောက်​ကို​လည်း​ကောင်း၊ အ​လှည့်​သင့်​သည်​အ​တိုင်း နေ​ရာ​အ​ရပ်​သို့ ဆောင်​ခဲ့​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်​သည် များ​စွာ​သော ဉာဏ်​ပ​ညာ​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကျယ်​ဝန်း​သော​နှ​လုံး​ကို​လည်း​ကောင်း ပေး​တော်​မူ​သည်​ဖြစ်၍၊"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 30,
      "text": "ပ​ညာ​တော်​သည် အ​ရှေ့​ပြည်​သား​ပ​ညာ​နှင့် အဲ​ဂု​တ္တု​ပြည်​သား​ပ​ညာ​ကို​လွန်​ကဲ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 31,
      "text": "ရှော​လ​မုန်​သည် ဧ​ဇ​ရ​ဟိတ်​အ​မျိုး ဧ​သန်၊ မ​ဟော​လ​သား ဟေ​မန်၊ ခါ​လ​ကော​လ၊ ဒါ​ရ​ဒ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့​ထက်​သာ၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်၌ ကျော်​စော​လေ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 32,
      "text": "စီ​ရင်​တော်​မူ​သော သု​တ္တံ​စ​ကား​သုံး​ထောင်​နှင့် သီ​ချင်း​တစ်​ထောင်​ငါး​ခု​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 33,
      "text": "လေ​ဗ​နုန်​အာ​ရဇ်​ပင်​မှ​စ၍ အုတ်​ရိုး​နား​မှာ​ပေါက်​တတ်​သော ဟုဿုပ်​ပင်​တိုင်​အောင် မြွက်​ဆို၏။ သား​မျိုး၊ ငှက်​မျိုး၊ ပိုး​ကောင်​မျိုး၊ ငါး​မျိုး​တို့၏​အ​ကြောင်း​ကို​လည်း မြွက်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 4,
      "verse": 34,
      "text": "ရှော​လ​မုန်​မင်း၏ ပ​ညာ​သ​တင်း​ကို​ကြား​သော ရှင်​ဘု​ရင်​အ​မျိုး​မျိုး​စေ​လွှတ်​သော သူ​တို့​သည် ပ​ညာ​စ​ကား​တော်​ကို နား​ထောင်​ခြင်း​ငှာ လာ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 1,
      "text": "ရှော​လ​မုန်​ကို ခ​မည်း​တော်​အ​ရာ၌ ဘိ​သိက်​ပေး​ကြောင်း​ကို တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ကြား​လျှင်၊ ဒါ​ဝိဒ်​နှင့်​အ​စဉ် မိတ်​ဆွေ​ဖွဲ့​သော​သူ​ဖြစ်၍၊ မိ​မိ​ကျွန်​တို့​ကို စေ​လွှတ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 2,
      "text": "တစ်​ဖန် ရှော​လ​မုန်​သည်​လည်း၊ ဟိ​ရံ​ထံ​သို့​စေ​လွှတ်​လျက်၊"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 3,
      "text": "ငါ့​အ​ဘ​ဒါ​ဝိဒ်​သည် အ​ရပ်​ရပ်၌ စစ်​တိုက်​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို အ​ဘ​ခြေ​ဖ​ဝါး​တော်​အောက်​သို့ နှိမ့်​ချ​တော်​မ​မူ​မီ​တိုင်​အောင်၊ မိ​မိ​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မင်း​ကြီး​သိ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 4,
      "text": "ယ​ခု​မူ​ကား၊ ငါ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ရပ်​ရပ်၌​ငြိမ်​ဝပ်​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သ​ဖြင့်၊ ရန်​ဘက်​ပြု​သော​သူ၊ ဆီး​တား​သော​သူ မ​ရှိ​သည်​ဖြစ်၍၊"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​အား သင့်​ကိုယ်​စား သင်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​သော သင်၏​သား​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို တည်​ဆောက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 6,
      "text": "မင်း​ကြီး၏​ကျွန်​တို့​သည် ငါ့​အ​ဖို့ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​တို့​ကို ခုတ်​လှဲ​စေ​ခြင်း​ငှာ စီ​ရင်​ပါ။ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့်​ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ မင်း​ကြီး​စီ​ရင်​သည်​အ​တိုင်း၊ မင်း​ကြီး၏ ကျွန်​တို့​အား အ​ခ​ကို​ပေး​ပါ​မည်။ ဇိ​ဒုန်​အ​မျိုး​သား​တို့​သည် သစ်​ခုတ်​တတ်​သ​ကဲ့​သို့ ငါတို့​တွင် အ​ဘယ်​သူ​မျှ မ​ခုတ်​တတ်​သည်​ကို မင်း​ကြီး​သိ​သည်​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 7,
      "text": "ရှော​လ​မုန်​မင်း၏​စ​ကား​ကို ဟိ​ရံ​မင်း​သည်​ကြား​လျှင် အ​လွန်​ဝမ်း​မြောက်၍၊ ထို​လူ​မျိုး​ကြီး​ကို အ​စိုး​ရ​သော​သား​ကို ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​လျက်၊"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 8,
      "text": "မင်း​ကြီး​မှာ​လိုက်​သော အ​မှု​ကို ငါ​ဆင်​ခြင်​ပြီ။ အာ​ရဇ်​သစ်​သား၊ ထင်း​ရှူး​သစ်​သား​လို​သ​မျှ​ကို ပေး​ပါ​မည်။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 9,
      "text": "ငါ့​ကျွန်​တို့​သည် လေ​ဗ​နုန်​တောင်​မှ ပင်​လယ်​သို့​ချ​ပြီး​လျှင်၊ ဘောင်​လုပ်၍ မင်း​ကြီး​စီ​ရင်​သော​အ​ရပ်​သို့ ပင်​လယ်​လမ်း​ဖြင့် ဆောင်​ခဲ့၍၊ ထို​အ​ရပ်၌​အပ်​သ​ဖြင့် မင်း​ကြီး​ခံ​ယူ​ရ​မည်။ မင်း​ကြီး​သည်​လည်း၊ ငါ၏​နန်း​တော်​သား စား​စ​ရာ​ရိ​က္ခာ​ကို​ပေး၍ ငါ့​အ​လို​ကို​လည်း ပြည့်​စုံ​စေ​ရ​မည်​ဟု ရှော​လ​မုန်​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ပြန်​ပြော၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 10,
      "text": "ထို​သို့​ဟိ​ရံ​သည် ရှော​လ​မုန် အ​လို​ရှိ​သ​မျှ​သော အာ​ရဇ်​သစ်​သား၊ ထင်း​ရှူး​သစ်​သား​ကို ပေး၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 11,
      "text": "ရှော​လ​မုန်​သည်​လည်း၊ ဟိ​ရံ၏​နန်း​တော်​သား​များ စား​စ​ရာ​ဖို့ တစ်​နှစ်​တစ်​နှစ်​လျှင် ဂျုံ​ဆန်​ကော​ရ နှစ်​သောင်း၊ စစ်​ပြီး​သော​ဆီ ကော​ရ​နှစ်​ဆယ်​ကို ပေး၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ရှော​လ​မုန်​အား​ပ​ညာ​ကို​ပေး​တော်​မူ၏။ ဟိ​ရံ​မင်း​နှင့် ရှော​လ​မုန်​မင်း​နှစ်​ပါး​တို့​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 13,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည်​လည်း၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​တွင် လူ​သုံး​သောင်း​တို့​ကို ခွဲ​ခန့်၍၊"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 14,
      "text": "အ​လှည့်​အ​လှည့် တစ်​လ​လျှင်​တစ်​သောင်း​စီ၊ လေ​ဗ​နုန်​တောင်​သို့ စေ​လွှတ်​သ​ဖြင့်၊ ထို​လူ​တို့​သည် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​တစ်​လ၊ ကိုယ်​နေ​ရာ​အ​ရပ်၌ နှစ်​လ​နေ​ရ​ကြ၏။ ထို​လူ​တို့​ကို အ​ဒေါ​နိ​ရံ​အုပ်​ရ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 15,
      "text": "ထမ်း​ရွက်​သော​သူ ခု​နစ်​သောင်း၊ တောင်​ရိုး​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း​တို့​ကို​လည်း စေ​ခိုင်း​တော်​မူ၍၊"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 16,
      "text": "အုပ်​ချုပ်​သော မင်း​အ​ရာ​ရှိ​မှ​တစ်​ပါး လုပ်​ဆောင်​သော​သူ​တို့​ကို စီ​ရင်​သော​သူ သုံး​ထောင်​သုံး​ရာ​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 17,
      "text": "ရှင်​ဘု​ရင်၏ အ​မိန့်​တော်​အ​တိုင်း အိမ်​တော်​တိုက်​မြစ်​အ​ဖို့ ကြီး​သော​ကျောက်၊ အ​ဖိုး​ထိုက်​သော​ကျောက်၊ ဆစ်​ပြီး​သော​ကျောက်​တို့​ကို ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 5,
      "verse": 18,
      "text": "ထို​သို့ ရှော​လ​မုန်​မင်း၏​လက်​သ​မား​တို့​နှင့် ဟိ​ရံ​မင်း၏​လက်​သ​မား​တို့​သည် ဂေ​ဗာ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ၊ အိမ်​တော်​ကို​တည်​ဆောက်​စ​ရာ​ဖို့ သစ်​သား​များ၊ ကျောက်​များ​တို့​ကို ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော သ​က္က​ရာဇ်​လေး​ရာ​ရှစ်​ဆယ်​ပြည့်၊ ရှော​လ​မုန်​မင်း နန်း​စံ​လေး​နှစ်၊ ဇိ​ဖ​အ​မည်​ရှိ​သော ဒု​တိ​ယ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 2,
      "text": "ထို​အိမ်​တော်​အ​လျား​သည် အ​တောင်​ခြောက်​ဆယ်၊ အ​နံ အ​တောင်​နှစ်​ဆယ်၊ အ​မြင့် အ​တောင်​သုံး​ဆယ်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 3,
      "text": "အိမ်​တော်​ဦး​သည်​လည်း အိမ်​တော်​အ​နံ​နှင့်​ညီ၍ အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ ဆယ်​တောင်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 4,
      "text": "အိမ်​တော်​လင်း​စ​ရာ​ဖို့ ကျဉ်း​သော ပြတင်း​ပေါက်​တို့​ကို လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 5,
      "text": "အိမ်​တော်​ပြင်​ထ​ရံ​နှင့် ဗျာ​ဒိတ်​ဌာ​န​တော်​ပြင် ထ​ရံ​ပတ်​လည်၌ အ​ခန်း​တို့​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 6,
      "text": "အောက်​အ​ခန်း​သည် အ​နံ​ငါး​တောင်၊ အ​လယ်​အ​ခန်း အ​နံ​ခြောက်​တောင်၊ အ​ထက်​အ​ခန်း အ​နံ​ခု​နစ်​တောင်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ခန်း​တို့​သည် အိမ်​တော်​ထ​ရံ​ကိုယ်​ထဲ​သို့ မ​ဝင်။ ထ​ရံ​ဆုတ်​လျက်၊ ဆုတ်​လျက်​တက်၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 7,
      "text": "ထို​အိမ်​တော်​ကို တည်​လုပ်​သော​အ​ခါ၊ ထို​အ​ရပ်​သို့​မ​ဆောင်​ခဲ့​မီ ဆစ်​ပြီး​သော ကျောက်​တို့​ဖြင့်​သာ​တည်​လုပ်​သော​ကြောင့်၊ သံ​တူ၊ ပု​ဆိန်၊ သံ​တန်​ဆာ​နှင့်​လုပ်​သော​အ​သံ မ​မြည်​ရ။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 8,
      "text": "အောက်​အ​ခန်း​ထဲ​သို့​ဝင်​သော တံ​ခါး​ဝ​သည် အိမ်​တော်​လက်​ယာ​ဘက်​မှာ ရှိ၏။ လိမ်​သော​လှေ​ကား​ဖြင့် အ​လယ်​အ​ခန်း​သို့​လည်း​ကောင်း၊ အ​လယ်​အ​ခန်း​မှ အ​ထက်​အ​ခန်း​သို့​လည်း​ကောင်း၊ တက်​ရ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 9,
      "text": "အိမ်​တော်​ကို တည်​ပြီး​မှ ထုပ်​များ​တိုင်​များ​ကို အာ​ရဇ်​ပျဉ်​ပြား​နှင့် ဖုံး​အုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 10,
      "text": "ထ​ရံ​အ​ခန်း​တို့​သည်​လည်း အ​မြင့်​ငါး​တောင်​စီ ရှိ၏။ အာ​ရဇ်​ရက်​မ​တို့​သည် အိမ်​တော်​ကို​မှီ​လျက် ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ရှော​လ​မုန်​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 12,
      "text": "ယ​ခု​တည်​ဆောက်​သော အိမ်​တော်​အ​ရာ​မှာ၊ သင်​သည် ငါ​သွန်​သင်​သော​လမ်း​သို့ လိုက်​လျက်၊ ငါ​စီ​ရင်​ချက်​အ​တိုင်း စီ​ရင်၍၊ ငါ​ပ​ညတ်​သ​မျှ​တို့​ကို စောင့်​ရှောက်​လျှင်၊ သင်၏​အ​ဘ​ဒါ​ဝိဒ်​အား ငါ​က​တိ​ထား​သည်​အ​တိုင်း သင်၌​ငါ​ပြု​မည်။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 13,
      "text": "ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​မ​စွန့်။ သူ​တို့​အ​လယ်၌ နေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 14,
      "text": "ထို​သို့​ရှော​လ​မုန်​သည် အိမ်​တော်​ကို​တည်၍ ပြီး​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 15,
      "text": "ကြမ်း​မှ​သည်​အ​မိုး​တိုင်​အောင် အ​တွင်း​ထ​ရံ​ကို အာ​ရဇ်​ပျဉ်​ပြား​နှင့် ဖုံး​အုပ်၍၊ ကြမ်း​ကို​လည်း ဒု​ကြီး​သော​ထင်း​ရှူး​ပျဉ်​ပြား​ဖြင့် ပြီး​စေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 16,
      "text": "အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န၊ ဗျာ​ဒိတ်​ဌာ​န​တော်​အ​ဖို့ အ​လျား​အ​နံ အ​တောင်​နှစ်​ဆယ်​စီ​ကျယ်​သော အိမ်​တော်​တစ်​ပိုင်း​ကို​အ​ခန်း​ကာ၍ ကြမ်း​နှင့် ထ​ရံ​ကို အာ​ရဇ်​ပျဉ်​ပြား​ဖြင့် ပြီး​စေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 17,
      "text": "ထို​အ​ခန်း​ရှေ့​မှာ​တည်​သော ဗိ​မာန်​တော်​အ​လျား​သည် အ​တောင်​လေး​ဆယ်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 18,
      "text": "အိမ်​တော်​အ​တွင်း၌ အာ​ရဇ်​ပျဉ်​ပြား​တို့​သည် ဘူး​သီး​အ​ပြောက်၊ ပန်း​ပွင့်​အ​ပြောက်​နှင့် ပြည့်​စုံ​ကြ၏။ ကျောက်​မ​ပေါ်​စေ​ခြင်း​ငှာ အာ​ရဇ်​သား​နှင့်​ဖုံး​အုပ်​လျက် သာ​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 19,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို တင်​ထား​ရန်၊ အိမ်​တော်​အ​တွင်း၌ ဗျာ​ဒိတ်​ဌာ​န​တော်​ကို ပြင်​ဆင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 20,
      "text": "ဗျာ​ဒိတ်​ဌာ​န​တော်​အ​ခန်း​သည် အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ အ​တောင်​နှစ်​ဆယ်၊ အ​မြင့် အ​တောင်​နှစ်​ဆယ်​ရှိ၏။ ထို​အ​ခန်း​ကို​လည်း​ကောင်း၊ အာ​ရဇ်​သစ်​သား​နှင့်​လုပ်​သော ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 21,
      "text": "ထို​သို့ အိမ်​တော်​အ​တွင်း​ကို ရွှေ​စင်​နှင့်​မွမ်း​မံ​ပြီး​မှ၊ ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့​မှာ ရွှေ​ကြိုး​ဖြင့် အ​ကွယ်​အ​ကာ​ကို ဆွဲ​ထား၍၊ ရွှေ​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 22,
      "text": "အိမ်​တော်​တစ်​အိမ်​လုံး​ကို​လည်း​ကောင်း၊ ဗျာ​ဒိတ်​ဌာ​န​တော်​နား​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ရွှေ​နှင့် အ​ကုန်​အ​စင် မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 23,
      "text": "ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ အ​မြင့်​ဆယ်​တောင်​ရှိ​သော ခေ​ရု​ဗိမ်​နှစ်​ပါး​ကို သံ​လွင်​သား​နှင့်​လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 24,
      "text": "ခေ​ရု​ဗိမ်​အ​တောင်​တို့​သည် တစ်​ဖက်​တစ်​ချက် အ​လျား​ငါး​တောင်​စီ​ရှိ၍၊ အ​တောင်​ဖျား တစ်​ခု​မှ တစ်​ခု​တိုင်​အောင် ဆယ်​တောင်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 25,
      "text": "အ​မြင့်​ဆယ်​တောင်​ရှိ​သည်​ဖြစ်၍၊ ခေ​ရု​ဗိမ်​နှစ်​ပါး​သည် အ​လုံး​အ​ရပ်​ပ​မာ​ဏ​တူ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 26,
      "text": "ထို​ခေ​ရု​ဗိမ်​တို့​ကို အ​တွင်း​အိမ်​တော်​ထဲ​မှာ တင်​ထား​သ​ဖြင့်၊ ခေ​ရု​ဗိမ်​အ​တောင်​တို့​သည် ဖြန့်​လျက်၊"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 27,
      "text": "အ​တောင်​ဖျား တစ်​ဖက်​တစ်​ချက်၌ ထ​ရံ​ကို​မှီ​လျက်၊ အ​လယ်​မှာ အ​တောင်​ဖျား တစ်​ခု​နှင့်​တစ်​ခု​ထိ​လျက် ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 28,
      "text": "ခေ​ရု​ဗိမ်​တို့​ကို​လည်း ရွှေ​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 29,
      "text": "အိမ်​တော်​ထ​ရံ​အ​တွင်း​ဘက်​နှင့် ပြင်​ဘက်၌​ထု​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 30,
      "text": "အိမ်​တော်​အ​တွင်း ကြမ်း​နှင့် ပြင်​ကြမ်း​ကို​လည်း ရွှေ​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 31,
      "text": "ဗျာ​ဒိတ်​ဌာ​န​တော်​ဝင်​ဝ​ဖို့ သံ​လွင်​သား တံ​ခါး​ရွက်​နှစ်​ရွက်​ကို လုပ်၍၊ တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​တို့​သည် ထ​ရံ​ငါး​စု​တစ်​စု​ကို စား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 32,
      "text": "သံ​လွင်​သား​တံ​ခါး​ရွက်​တို့၌ ခေ​ရု​ဗိမ်​အ​ရုပ်၊ အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ကို ထု​လုပ်၍၊ တံ​ခါး​ရွက်​နှင့်​ခေ​ရု​ဗိမ်​အ​ရုပ်၊ စွန်​ပ​လွံ​ပင်​အ​ရုပ်​တို့​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 33,
      "text": "ထို​အ​တူ အိမ်​တော်​ပြင်​ထ​ရံ လေး​စု​တစ်​စု ကျယ်​သော​ဝင်​ဝ​ဖို့ သံ​လွင်​တံ​ခါး​တိုင်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 34,
      "text": "တံ​ခါး​ရွက်​တစ်​ရွက်​လျှင် ပ​တ္တာ​နှစ်​ခု​စီ​ဖြင့် လည်​တတ်​သော ထင်း​ရှူး​သား တံ​ခါး​ရွက်​နှစ်​ရွက်​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 35,
      "text": "တံ​ခါး​ရွက်၌ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် အ​ပွင့်​ပွင့်​သော စွန်​ပ​လွံ​ပင်​အ​ရုပ်​များ​ကို ထု​လုပ်၍ အ​ပြောက်​ကို ရွှေ​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 36,
      "text": "အ​တွင်း​တံ​တိုင်း​ကို​လည်း ဆစ်​သော​ကျောက်​တန်း သုံး​ဆင့်၊ အာ​ရဇ်​သစ်​သား​တန်း တစ်​ဆင့်​နှင့် အ​ထပ်​ထပ်​တည်​လေ၏။"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 37,
      "text": "နန်း​စံ​လေး​နှစ်၊ ဇိ​ဖ​လ​တွင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တိုက်​မြစ်​ကို ချ​ကြ၍၊"
    },
    {
      "book": 11,
      "chapter": 6,
      "verse": 38,
      "text": "နန်း​စံ​ဆယ်​တစ်​နှစ်၊ ဗု​လ​အ​မည်​ရှိ​သော အ​ဋ္ဌ​မ​လ​တွင် အိမ်​တော် အ​ခန်း​ကြီး​အ​ခန်း​ငယ်​တို့​နှင့် ဆိုင်​သ​မျှ​တို့​ကို လက်​စ​သတ်၍ ခု​နစ်​နှစ်​ပတ်​လုံး အိမ်​တော်​ကို တည်​ဆောက်​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 1,
      "text": "တစ်​ဖန် ရှော​လ​မုန်​သည် တစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး နန်း​တော်​ကို​တည်​ဆောက်၍ လက်​စ​သတ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 2,
      "text": "နန်း​တော်​ကို လေ​ဗ​နုန်​တော​သစ်​သား​ဖြင့် ဆောက်၍၊ အ​လျား​အ​တောင်​တစ်​ရာ၊ အ​နံ​အ​တောင်​ငါး​ဆယ်၊ အ​မြင့်​အ​တောင်​သုံး​ဆယ်​ရှိ၏။ အာ​ရဇ်​တိုင်​လေး​စဉ်၊ အာ​ရဇ်​ရက်​မ​များ​နှင့် ဆောက်၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 3,
      "text": "တိုင်​တစ်​စဉ်​လျှင် ဆယ်​ငါး​တိုင်​စီ​ရှိ၍ တိုင်​ပေါင်း​လေး​ဆယ်​ငါး​အ​ပေါ်​မှာ အ​ခြင်​တို့​ကို တင်​လျက်၊ အာ​ရဇ်​ပျဉ်​ပြား​နှင့် မိုး​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 4,
      "text": "အ​လင်း​ဝင်​စ​ရာ ပြ​တင်း​ပေါက်​သုံး​တန်း​စီ အ​ဆင့်​ဆင့်​မျက်​နှာ​ချင်း​ဆိုင်​လျက် တစ်​ဖက်​တစ်​ချက်၌ ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 5,
      "text": "တံ​ခါး​ပေါက်​ရှိ​သ​မျှ တံ​ခါး​တိုင်​ရှိ​သ​မျှ​တို့​သည် စ​တု​ရန်း​လေး​ထောင့်​ဖြစ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 6,
      "text": "တိုင်​များ၊ ထုပ်​ကြီး​များ​နှင့်​ပြည့်​စုံ၍ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ​အ​တောင်​သုံး​ဆယ်​ရှိ​သော က​နား​ပြင်​ကို​လည်း​လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 7,
      "text": "တ​ရား​စီ​ရင်​ရာ က​နား​ပြင်​တည်း​ဟူ​သော တ​ရား​ပ​လ္လင်​တည်​ရာ က​နား​ပြင်​ကို​လည်း​လုပ်၍၊ ကြမ်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် အာ​ရဇ်​ပျဉ်​ပြား​တို့​နှင့် မိုး​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 8,
      "text": "နန်း​တော်​နှင့်​ဆိုင်​သော ထို​က​နား​ပြင်​နှစ်​ဆောင်​စပ်​ကြား​မှာ တံ​တိုင်း​လည်း​ရှိ၏။ ရှော​လ​မုန်​စုံ​ဖက်​သော ဖာ​ရော​ဘု​ရင်၏​သ​မီး​စံ​နန်း​ကို​လည်း တ​ရား​စီ​ရင်​ရာ က​နား​ပြင်​နှင့်​တူ​အောင် ဆောက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 9,
      "text": "တံ​တိုင်း​ကြီး ပြင်​ဘက်​တိုင်​အောင်​လည်း​ကောင်း၊ အ​မြစ်​မှ​စ၍ ထိပ်​တိုင်​အောင်​လည်း​ကောင်း၊ ကျောက်​ဆစ်​ပ​မာ​ဏ​နှင့်​အ​ညီ၊ နှစ်​ဖက်​စ​လုံး လွှ​နှင့်​တိုက်​သော​ကျောက်၊ ထူး​ဆန်း​သော ကျောက်​တို့​ဖြင့် ပြီး​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 10,
      "text": "အ​မြစ်​သည်​လည်း အ​လျား​ရှစ်​တောင်၊ ဆယ်​တောင်​ရှိ​သော​ကျောက်၊ ထူး​ဆန်း​သော​ကျောက်​ကြီး​တို့​ဖြင့်​ပြီး၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 11,
      "text": "အ​မြစ်​ပေါ်​မှာ​လည်း ကျောက်​ဆစ်​ပ​မာ​ဏ​နှင့်​အ​ညီ လုပ်​သော​ကျောက်၊ ထူး​ဆန်း​သော​ကျောက်​နှင့် အာ​ရဇ်​သစ်​သား​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 12,
      "text": "တံ​တိုင်း​ကြီး​သည် ဆစ်​သော​ကျောက်​သုံး​တန်း၊ အာ​ရဇ်​သစ်​ကြီး​တစ်​တန်း​ဖြင့် ပြီး၏။ ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း၊ နန်း​တော်​က​နား​ပြင် တံ​တိုင်း​တို့​သည် ထို​အ​တူ​ပြီး​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 13,
      "text": "ရှော​လ​မုန်​သည်​လည်း၊ လူ​ကို​စေ​လွှတ်၍ တု​ရု​မြို့​မှ ဟိ​ရံ​ကို​ခေါ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 14,
      "text": "ထို​ဟိ​ရံ​ကား၊ နဿ​လိ​အ​မျိုး​မု​ဆိုး​မ​သား​ဖြစ်၏။ သူ၏​အ​ဘ​ကား၊ တု​ရု​အ​မျိုး​သား​ပန်း​တဉ်း​သ​မား​ဖြစ်၏။ သား​သည်​လည်း ကြေး​ဝါ​အ​လုပ်​ခပ်​သိမ်း​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့​လာ၍ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 15,
      "text": "ထို​သူ​သည် အ​မြင့်​တစ်​ဆယ်​ရှစ်​တောင်၊ လုံး​ပတ်​တစ်​ဆယ်​နှစ်​တောင်​ရှိ​သော ကြေး​ဝါ​တိုင်​နှစ်​တိုင်​ကို သွန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 16,
      "text": "တိုင်​အ​ပေါ်​မှာ​တင်​စ​ရာ​ဖို့ အ​မြင့်​ငါး​တောင်​ရှိ​သော ကြေး​ဝါ​တိုင်​ထိပ်​နှစ်​ခု​ကို​လည်း သွန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 17,
      "text": "ကြေး​ဝါ​ကွန်​ရွက်​နှင့် ကြေး​ဝါ​ကြိုး​တို့​ကို​လည်း​လုပ်၍၊ တိုင်​တစ်​တိုင်​လျှင် ကွန်​ရွက်​ခု​နစ်​ခု​စီ​ဖြင့် တိုင်​ထိပ်​ပေါ်​မှာ ဖုံး​လွှမ်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 18,
      "text": "ကြေး​ဝါ​သ​လဲ​သီး​တို့​ကို​လည်း လုပ်၍၊ တိုင်​ထိပ်​ကွန်​ရွက်​အ​ပေါ်​မှာ ထိပ်​တစ်​ခု​လျှင် သ​လဲ​သီး​နှစ်​တန်း​စီ​ဖြင့် တန်​ဆာ​ဆင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 19,
      "text": "က​နား​ပြင်​ထဲ​မှာ စိုက်​ထား​သော ထို​တိုင်​ထိပ်​တို့​သည် ကြာ​ပွင့်​နှင့်​ပုံ​တူ၍ အ​ချင်း​လေး​တောင်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 20,
      "text": "တိုင်​ထိပ်​နှစ်​ခု​တို့​သည် ကွန်​ရွက်​နှင့်​နီး​စပ်​သော ထု​ပိ​ကာ​အ​ပေါ်​မှာ​တည်​လျက်၊ တိုင်​ထိပ်​တစ်​ခု၌ သ​လဲ​သီး​နှစ်​တန်း​စီ​နှင့် အ​လုံး​နှစ်​ရာ​စီ​ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 21,
      "text": "ထို​တိုင်​တို့​ကို ဗိ​မာန်​တော် က​နား​ပြင်​ထဲ​မှာ စိုက်​ထား၍ လက်​ယာ​တိုင်​ကို​ယာ​ခိန်၊ လက်​ဝဲ​တိုင်​ကို ဗော​ဇ​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 22,
      "text": "တိုင်​ထိပ်​အ​ပေါ်​မှာ ကြာ​ပွင့်​အ​ပြောက်​ရှိ​သည်​ဖြစ်၍ တိုင်​တို့​သည်​စေ့​စုံ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 23,
      "text": "အ​ချင်း​ဆယ်​တောင်၊ အ​ဝန်း​အ​တောင်​သုံး​ဆယ်၊ အ​ဇောက်​ငါး​တောင်​ရှိ​သော ကြေး​ဝါ​ရေ​ကန်​ကို​လည်း​လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 24,
      "text": "ရေ​ကန်​အ​နား​ပတ်​အောက်​ပတ်​လည်၌ အ​တောင်​တစ်​တောင်​လျှင် ဘူး​သီး​ဆယ်​လုံး​စီ​စေ့​အောင် ဘူး​သီး​နှစ်​ပတ်​ကို ရေ​ကန်​နှင့်​တစ်​စပ်​တည်း သွန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 25,
      "text": "ထို​ရေ​ကန်​သည် နွား​တစ်​ဆယ်​နှစ်​ခု​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။ နွား​တို့​သည် အ​တွင်း​သို့​နောက်​ခိုင်း၍ အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​သို့ တစ်​မျက်​နှာ​လျှင် သုံး​ခု​စီ​မျက်​နှာ​ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 26,
      "text": "ရေ​ကန်​သည် ဒု​လက်​တစ်​ဝါး​ရှိ၏။ အ​ပေါ်​အ​နား​ပတ်​လည် ဖ​လား​အ​နား​ပတ်​ကဲ့​သို့ ကြာ​ပွင့်​အ​ပြောက်​နှင့် ပြည့်​စုံ၏။ ရေ​ဗတ်​နှစ်​ထောင်​ဝင်၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 27,
      "text": "တစ်​ဖန် အ​လျား​လေး​တောင်၊ အ​နံ​လေး​တောင် အ​မြင့်​သုံး​တောင်​ပ​မာ​ဏ​ရှိ​သော ကြေး​ဝါ​ခုံ​တစ်​ဆယ်​ကို​လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 28,
      "text": "ထို​ခုံ​ပုံ​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ ခုံ​ပတ်​လည်၌ အ​နား​ရစ်​အ​ဆင့်​ဆင့်​ရှိ၍ အ​နား​ရစ်​ကြား​မှာ၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 29,
      "text": "ခြင်္သေ့၊ နွား၊ ခေ​ရု​ဗိမ်​အ​ပြောက်​ရှိ၏။ အ​နား​ရစ်​အ​ပေါ်​မှာ ခုံ​တစ်​ခု​တင်​လျက်​ရှိ၏။ ခြင်္သေ့​နှင့်​နွား​အောက်၌​လည်း အ​ပြောက်​မျိုး​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 30,
      "text": "ခုံ​တစ်​ခု၌ ကြေး​ဝါ​လှည်း​ဘီး​လေး​ခု​စီ၊ ကြေး​ဝါ​ဝင်​ရိုး​နှင့်​တ​ကွ ရှိ၏။ အင်​တုံ​တင်​စ​ရာ​ဖို့ ခုံ​လေး​ထောင့်၌ ပ​ခုံး​တို့​ကို ခုံ​နှင့်​တစ်​စပ်​တည်း သွန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 31,
      "text": "အင်​တုံ​ဝ၌​ပါ​သော အ​ကွပ်​သည် အ​ကျယ်​တစ်​တောင်​ရှိ၏။ အ​ဝ​သည် ဝိုင်း၍ အ​ချင်း​တစ်​တောင်​ထွာ ရှိ၏။ စ​တု​ရန်း​လေး​ထောင့်၌ အ​ပြောက်​နှင့်​ပြည့်​စုံ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 32,
      "text": "ဘီး​လေး​ခု​တို့​သည် ခုံ​မျက်​နှာ​အောက်​မှာ နေ​ရာ​ကျ​လျက်၊ ဝင်​ရိုး​တို့​သည် ခုံ​နှင့်​စပ်​လျက်၊ ဘီး​အ​မြင့် တစ်​တောင်​ထွာ​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 33,
      "text": "ဘီး​ပုံ​ကား ရ​ထား​ဘီး​နှင့်​တူ၏။ ဝင်​ရိုး၊ ဝင်​ရိုး​အိမ်၊ အ​ကန့်၊ အ​ကွပ်​များ​ကို သွန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 34,
      "text": "ခုံ​လေး​ထောင့်၌ တစ်​စပ်​တည်း​သွန်း​သော ပ​ခုံး​လေး​ခု​ရှိ​သ​ဖြင့်၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 35,
      "text": "ထို​ပ​ခုံး​ပေါ်​မှာ လုံး​ပတ်​တစ်​ထွာ​ရှိ​သော ကွင်း​ကို​တပ်၍၊ ခုံ​ပေါ်​မှာ အ​နား​ရစ်​နှင့် ကိုင်​စ​ရာ​များ​တို့​ကို ခုံ​နှင့်​တစ်​စပ်​တည်း​သွန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 36,
      "text": "ကိုင်​စ​ရာ​မျက်​နှာ​နှင့် ခုံ​မျက်​နှာ​ပြင်၌ ခေ​ရု​ဗိမ်၊ ခြင်္သေ့၊ စွန်​ပ​လွံ​ပင်​အ​စ​ရှိ​သော အ​ပြောက်​မျိုး အ​သီး​အ​သီး ထင်​ပေါ်​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 37,
      "text": "ထို​သို့​ပုံ​သ​ဏ္ဌာန်​အ​လုံး​အ​ရပ်​တူ​အောင်၊ အင်​တုံ​တင်​ရာ​ခုံ တစ်​ဆယ်​ကို သွန်း၍​ပြီး​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 38,
      "text": "အ​ဝန်း​လေး​တောင်​ကျယ်၍၊ ရေ​ဗတ်​လေး​ဆယ်​ဝင်​နိုင်​သော ကြေး​ဝါ​အင်​တုံ​တစ်​ဆယ်​ကို​လည်း​လုပ်၍၊ ခုံ​တစ်​ခု​ပေါ်​မှာ အင်​တုံ​တစ်​လုံး​စီ တင်​ထား​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 39,
      "text": "အိမ်​တော်​လက်​ယာ​ဘက်၌ ခုံ​ငါး​ခု၊ လက်​ဝဲ​ဘက်၌​ငါး​ခု​ကို​ထား၍ ရေ​ကန်​ကို​ကား၊ အိမ်​တော်​လက်​ယာ​ဘက် အ​ရှေ့​တောင်​ထောင့်၌ နေ​ရာ​ချ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 40,
      "text": "ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း​လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ လက်​စ​သတ်​သော​အ​ရာ​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 41,
      "text": "တိုင်​နှစ်​တိုင်၊ တိုင်​ထိပ်​အထွတ်​နှစ်​ခု၊ တိုင်​ထိပ်​အ​ထွဋ်​ကို ဖုံး​လွှမ်း​စ​ရာ​ကွန်​ရွက်​နှစ်​ရွက်၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 42,
      "text": "ဖုံး​လွှမ်း​စ​ရာ​ကွန်​ရွက်​တစ်​ရွက်​အ​ဖို့ သ​လဲ​သီး​နှစ်​တန်း​စီ၊ သ​လဲ​သီး​ပေါင်း​လေး​ရာ၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 43,
      "text": "ခုံ​ဆယ်​ခု၊ ခုံ​ပေါ်​မှာ​တင်​ထား​သော အင်​တုံ​ဆယ်​လုံး၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 44,
      "text": "ရေ​ကန်​တစ်​ကန်၊ ရေ​ကန်​ကို​ထောက်​သော နွား​တစ်​ဆယ်​နှစ်​ခု၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 45,
      "text": "အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​တည်း။ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 46,
      "text": "ယော်​ဒန်​ချိုင့်၊ သ​ကုတ်​မြို့​နှင့် ဇာ​သန်​မြို့​စပ်​ကြား​တွင် သ​ရွတ်​လုပ်​စ​ရာ​ကောင်း​သော​မြေ၌ ရှင်​ဘု​ရင်​သွန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 47,
      "text": "ထို​တန်​ဆာ​တို့​သည် အ​လွန်​များ​သော​ကြောင့်၊ ရှော​လ​မုန်​သည် မ​ချိန်​ဘဲ​သွန်း​ထား၏။ ကြေး​ဝါ​အ​ချိန်​ကို အ​ဘယ်​သူ​မျှ​မ​သိ။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 48,
      "text": "ရှော​လ​မုန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော​ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ ရွှေ​စား​ပွဲ၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 49,
      "text": "ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့၊ လက်​ယာ​ဘက်၌ ရွှေ​စင်​မီး​ခုံ​ငါး​ခု၊ လက်​ဝဲ​ဘက်၌​ငါး​ခု၊ ရွှေ​ပန်း​ပွင့်၊ ရွှေ​မီး​ခွက်၊ မီး​ကိုင်​တန်​ဆာ၊"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 50,
      "text": "ရွှေ​စင်​ဖြင့်​ပြီး​သော​ခွက်​များ၊ မီး​ညှပ်၊ လင်​ပန်း၊ ဇွန်း၊ ပြာ​ခံ​စ​ရာ​အိုး​များ၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​တွင်း​ခန်း​တံ​ခါး​နှင့် ဗိ​မာန်​တော်​ပြင်​ခန်း​တံ​ခါး ဆွဲ​ထား​သော ရွှေ​ပ​တ္တာ​များ​တို့​ကို​လုပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 7,
      "verse": 51,
      "text": "ထို​သို့ ရှော​လ​မုန်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ​အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 1,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​သ​နိမ်​အ​မည်​ရှိ​သော သ​တ္တ​မ​လ၌ လုပ်​သော​ပွဲ​အ​တွင်း​တွင် ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ စု​ဝေး​ရောက်​လာ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 4,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍ သန့်​ရှင်း​သော​တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 5,
      "text": "ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်။ အ​တိုင်း​မ​သိ​များ​စွာ​သော သိုး​နွား​တို့​ကို သေ​တ္တာ​တော်​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့​သွင်း၍၊ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 7,
      "text": "ခေ​ရု​ဗိမ်​တို့​သည် မိ​မိ​အ​တောင်​နှစ်​ဖက်​ကို သေ​တ္တာ​တော်​နေ​ရာ​အ​ပေါ်​မှာ ဖြန့်၍၊ သေ​တ္တာ​တော်​နှင့် ထမ်း​ပိုး​တို့​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 8,
      "text": "ထမ်း​ပိုး​တို့​ကို ဆွဲ​ထား​သ​ဖြင့် ထမ်း​ပိုး​ဖျား​တို့​သည် ပြင်​ခန်း၌​မ​ထင်။ သန့်​ရှင်း​ရာ​ဌာ​န၊ ဗျာ​ဒိတ်​ဌာ​န​တော်၌​သာ​ထင်၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 10,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 11,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သည် ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​လျက် ရပ်၍ မ​နေ​နိုင်​ကြ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 12,
      "text": "ရှော​လ​မုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​မှာ​နေ​တော်​မူ​သည်​ဟု စ​ကား​တော်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 13,
      "text": "အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်၊ အ​စဉ်​အ​မြဲ​နေ​တော်​မူ​ရာ ဌာ​န​တော်​ကို အ​ကျွန်ုပ်​တည်​ဆောက်​ပါ​ပြီ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 14,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တပ်​နေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 15,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 16,
      "text": "ငါ၏​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော​နေ့​က​စ၍ ငါ့​နာ​မ​တည်​ရာ​အိမ်​ကို ဆောက်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် မြို့​တစ်​စုံ​တစ်​မြို့​ကို ငါ​မ​ရွေး​သေး​သော်​လည်း၊ ငါ၏​လူ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​ကို​ငါ​ရွေး​ပြီ​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား ဗျာ​ဒိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​သည် အ​ကြံ​ရှိ​သော​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့် ကောင်း​သော​အ​မှု​ကို ပြု​ပြီ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 19,
      "text": "သို့​သော်​လည်း သင်​သည် အိမ်​တော်​ကို မ​ဆောက်​ရ။ သင်၏​သား​ရင်း​သည် ငါ့​နာ​မ​အ​ဖို့​အိမ်​တော်​ကို​ဆောက်​ရ​မည်​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်၊ ငါ​သည် ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏​အ​ရိုက်​အ​ရာ​ကို​ခံ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း ဣ​သ​ရေ​လ​နိုင်​ငံ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​လေ​ပြီ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 21,
      "text": "ငါ​တို့​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​နုတ်​ဆောင်​သော​အ​ခါ၊ သူ​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကျောက်​စာ​ပါ​သော သေ​တ္တာ​တော်​ထား​ရာ​အ​ရပ်​ကို ထို​အိမ်​တော်၌​လုပ်​လေ​ပြီ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 22,
      "text": "တစ်​ဖန် ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့ အ​လယ်​မှာ​နေ၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 23,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ထက်​ကောင်း​ကင်​ဘုံ​နှင့် အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​နှင့်​တူ​သော​ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ရှေ့​တော်၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​သော ကိုယ်​တော်၏​ကျွန်​တို့​အ​ဖို့ ပ​ဋိ​ညာဉ်​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 24,
      "text": "အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို​မ​ဖျက်၊ မိန့်​တော်​မူ​သည်​အ​တိုင်း ယ​နေ့​ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 25,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည် ငါ့​ရှေ့​မှာ​ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​ရှေ့​မှာ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို​သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု​စောင့်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 26,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​သော​စ​ကား​တော်​ကို ယ​ခု​ပြည့်​စုံ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 27,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ ဧ​ကန်​အ​မှန်​ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အထွတ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​ပါ​သ​နည်း။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 28,
      "text": "သို့​သော်​လည်း အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 29,
      "text": "ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 30,
      "text": "ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 31,
      "text": "လူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို​ပြစ်​မှား​သော​ကြောင့်၊ အ​ကျိန်​ခံ​ရ​မည်​ဟု အိမ်​နီး​ချင်း​ဆို​လျက်၊ ဤ​အိမ်​တော်၌ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ကျိန်​တိုက်​လျှင်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 32,
      "text": "ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​နှင့်​အ​လျောက် အ​ကျိုး​ကို​ခံ​ရ၍ အ​ပြစ်​မှ​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 33,
      "text": "ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် ရန်​သူ​ရှေ့​မှာ​ရှုံး​ရ​သော​အ​ခါ၊ ကိုယ်​တော်​ထံ​သို့ ပြန်​လာ၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက်၊ ဤ​အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျှင်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 34,
      "text": "ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့ တစ်​ဖန်​ပို့​ဆောင်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 35,
      "text": "ကိုယ်​တော်​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့် ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို​စွန့်​ပယ်​လျှင်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 36,
      "text": "ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​ကျွန်၊ ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော လမ်း​ကောင်း​ကို ပြ​ညွှန်၍၊ ကိုယ်​တော်၏​လူ​တို့​အား အ​မွေ​ပေး​သော​မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 37,
      "text": "ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 38,
      "text": "ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် အ​သီး​အ​သီး​ခံ​ရ​သော ဘေး​ဒဏ်​ကို​သိ​လျက်၊ ဤ​အိမ်​တော်​သို့ မိ​မိ​တို့​လက်​ဝါး​ကို​ဖြန့်၍၊ တစ်​စုံ​တစ်​ခု​သော ပ​တ္ထ​နာ​စ​ကား​အား​ဖြင့် ဆု​တောင်း​လျှင်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 39,
      "text": "ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌​နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 40,
      "text": "ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သူ​တို့​သည် အ​သက်​ရှင်​သော ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို ကြောက်​ရွံ့​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​သာ​လျှင် လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဆု​တောင်း​သော သူ​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို​သိ​လျက်၊ သူ​တို့​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ။ အ​သီး​အ​သီး​ပြု​ကြ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 41,
      "text": "ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြီး​မြတ်​သော နာ​မ​တော်၏​သ​တင်း​နှင့် တန်​ခိုး​ကြီး၍၊ ဆန့်​တော်​မူ​သော လက်​ရုံး​တော်၏ သ​တင်း​ကို​ကြား​သော​ကြောင့်၊ နာ​မ​တော်​ကို ထောက်​သ​ဖြင့် ဝေး​သော​ပြည်​မှ​ရောက်​လာ၍၊ ဤ​အိမ်​တော်​ကို မှီ​ခို​လျက်​ဆု​တောင်း​လျှင်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 43,
      "text": "ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ကြောက်​ရွံ့​သ​ကဲ့​သို့ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​လျက်၊ နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 44,
      "text": "ကိုယ်​တော်​စေ​ခိုင်း​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​လူ​တို့​သည် ရန်​သူ​တို့​ရှိ​ရာ​သို့ စစ်​ချီ​သော​အ​ခါ၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို မှီ​ခို​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​ကြ​လျှင်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 45,
      "text": "သူ​တို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​စ​ကား​ကို ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို​စောင့်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 46,
      "text": "မ​ပြစ်​မှား​တတ်​သော လူ​တစ်​ယောက်​မျှ​မ​ရှိ​သည် ဖြစ်၍၊ ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ထွက်၍ ရန်​သူ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​သည် ဝေး​သော​ပြည်၊ နီး​သော​ပြည်၊ အ​ခြား​တစ်​ပါး​သော​ပြည်​သို့ သိမ်း​သွား​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 47,
      "text": "ထို​ပြည်၌​အ​ချုပ်​ခံ​စဉ်၊ သူ​တို့​သည်​သ​တိ​ရ၍၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ မ​ဖြောင့်​သော​အ​မှု၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု စိတ်​ပြောင်း​လဲ၍ တောင်း​ပန်​သ​ဖြင့်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 48,
      "text": "သိမ်း​သွား​သော​ရန်​သူ​တို့၏ ပြည်၌​နေ​စဉ်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ထံ​တော်​သို့​ပြန်​လာ၍၊ ဘိုး​ဘေး​တို့​အား ပေး​တော်​မူ​သော​ပြည်၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 49,
      "text": "သူ​တို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို​စောင့်​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 50,
      "text": "ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သော်​လည်း၊ ကိုယ်​တော်​ကို ပြစ်​မှား​လွန်​ကျူး​ခြင်း​အ​ပြစ် အ​လုံး​စုံ​တို့​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ သိမ်း​သွား​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​တို့​ကို သ​နား​စေ​ခြင်း​ငှာ၊ က​ရု​ဏာ​စိတ်​သ​ဘော​ကို ပေး​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 51,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်၏ သံ​မီး​ဖို​ထဲ​က​နုတ်​ယူ​တော်​မူ​သော ကိုယ်​တော်၏​လူ၊ အ​မွေ​ခံ​ရ​တော်​မူ​သော အ​မျိုး​ဖြစ်​ပါ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 52,
      "text": "ကိုယ်​တော်၏​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​အ​လုံး​စုံ​တို့​ကို နား​ထောင်​ခြင်း​ငှာ ကြည့်​ရှု​မှတ်​ယူ​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 53,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်၏​ကျွန်​မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုယ်​တော်​အ​မွေ​ခံ​ရာ​ဖြစ်​စေ​ခြင်း​ငှာ၊ မြေ​ကြီး​သား​အ​မျိုး​မျိုး​ထဲ​က ရွေး​နုတ်​ခွဲ​ထား​တော်​မူ​ပြီ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟု ပ​တ္ထ​နာ​ပြု​လေ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 54,
      "text": "ထို​သို့​ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍​ပြီး​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ရှေ့​မှာ ဒူး​ထောက်​လျက်၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက် နေ​ရာ​မှ​ထ၍၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 55,
      "text": "မတ်​တတ်​နေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို ကျယ်​သော​အ​သံ​နှင့် ကောင်း​ချီး​ပေး​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 56,
      "text": "က​တိ​တော်​ရှိ​သ​မျှ​အ​တိုင်း မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငြိမ်​ဝပ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော က​တိ​တော်​ကောင်း တစ်​ခွန်း​မျှ​မ​ပျက်၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 57,
      "text": "ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​နည်း​တူ ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့​ကို အ​လျှင်း​စွန့်​ပစ်​တော်​မ​မူ​ပါ​စေ​နှင့်။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 58,
      "text": "လမ်း​တော်​တို့​သို့ လိုက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​အား​မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​စိတ်​နှ​လုံး​ကို အ​ထံ​တော်​သို့​သွေး​ဆောင်​တော်​မူ​ပါ​စေ​သော၊"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 59,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​သ​ခင် မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​အ​မှု​ကို စောင့်​စ​ရာ​အ​ကြောင်း ရှိ​သည်​အ​တိုင်း၊ အ​စဉ်​စောင့်​တော်​မူ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ငါ​ဆု​တောင်း​သော ဤ​ပ​တ္ထ​နာ​စ​ကား​သည် နေ့​ည​မ​ပြတ် အ​နီး​တော်၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 61,
      "text": "သင်​တို့​သည် ယ​နေ့​ကျင့်​သ​ကဲ့​သို့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​လမ်း​သို့​လိုက်၍ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ အ​ထံ​တော်၌ စိတ်​နှ​လုံး​စုံ​လင်​ပါ​စေ​သော​ဟု မြွက်​ဆို​လေ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 62,
      "text": "ထို​အ​ခါ ရှော​လ​မုန်​မင်း​ကြီး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 63,
      "text": "နွား​နှစ်​သောင်း​နှစ်​ထောင်၊ သိုး​တစ်​သိန်း နှစ်​သောင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို အ​နု​မော​ဒ​နာ​ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 64,
      "text": "ထို​နေ့၌​လည်း၊ ရှင်​ဘု​ရင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို​ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို မ​ခံ​လောက်။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 65,
      "text": "ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 8,
      "verse": 66,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့၌ လူ​များ​တို့​ကို လွှတ်​လိုက်​တော်​မူ၏။ သူ​တို့​သည် ရှင်​ဘု​ရင်​ကို ကောင်း​ချီး​ပေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ဒါ​ဝိဒ်​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သ​မျှ​သော ကျေး​ဇူး​တော်​ကြောင့်၊ ဝမ်း​မြောက်​ရွှင်​လန်း​လျက် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 1,
      "text": "ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို လက်​စ​သတ်၍၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ ပြည့်​စုံ​သော​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဂိ​ဗောင်​မြို့၌ ထင်​ရှား​တော်​မူ​သ​ကဲ့​သို့၊ ဒု​တိ​ယ​အ​ကြိမ်၌ ထင်​ရှား​တော်​မူ​လျက်၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 3,
      "text": "သင်​သည် ငါ့​ရှေ့​မှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို​ငါ​ကြား​ပြီ။ သင်​တည်​ဆောက်​သော ဤ​အိမ်​ကို သန့်​ရှင်း​စေ၍၊ ငါ့​နာ​မ​ကို အ​စဉ်​တည်​စေ​မည်။ အ​စဉ်​ငါ​ကြည့်​ရှု​လျက် နှ​လုံး​စွဲ​လမ်း​လျက်​နေ​မည်။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 4,
      "text": "သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ဖြောင့်​မတ်​စုံ​လင်​သော စိတ်​သ​ဘော​နှင့် ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု သင့်​အ​ဘ​ဒါ​ဝိဒ်​အား ငါ​က​တိ​ရှိ​သည်​အ​တိုင်း၊ သင်​ထိုင်​ရ​သော ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​ငါ​တည်​စေ​မည်။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 6,
      "text": "သို့​မ​ဟုတ် သင်​နှင့် သင်၏​သား​မြေး​တို့​သည် ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​လျက် ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ပေး​သော​ပြည်​မှ ငါ​ပယ်​ဖြတ်​မည်။ ငါ့​နာ​မ​ဖို့ ငါ​သန့်​ရှင်း​စေ​သော ဤ​အိမ်​တော်​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည်​လည်း တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပုံ​ခိုင်း​ရာ​ကဲ့​ရဲ့​ရာ​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 8,
      "text": "အ​ရပ်​မြင့်​သော ဤ​အိမ်​တော်​ကို​လည်း​လမ်း၌ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​နှင့် ဤ​အိမ်​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု ကဲ့​ရဲ့​သံ​ကို​ပြု​လျက် တစ်​ယောက်​မေး​မြန်း​သော်၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 9,
      "text": "တစ်​ယောက်​က၊ သူ​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သူ​တို့​သည်​စွန့်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​လျက်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​အ​လုံး​စုံ​ကို ရောက်​စေ​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 10,
      "text": "ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​တည်း​ဟူ​သော အိမ်​တော်​နှစ်​ဆောင်​ကို တည်​ဆောက်၍ အ​နှစ်​နှစ်​ဆယ်​စေ့​သော​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 11,
      "text": "တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ရှော​လ​မုန်​လို​ချင်​သ​မျှ​အ​တိုင်း အာ​ရဇ်​သစ်​သား၊ ထင်း​ရှူး​သစ်​သား​နှင့် ရွှေ​အ​ခွက်​တစ်​ရာ​နှစ်​ဆယ်​ကို ပေး​နှင့်​သည်​ဖြစ်၍၊ ရှော​လ​မုန်​မင်း​ကြီး​သည် ဂါ​လိ​လဲ​ပြည်၌ မြို့​နှစ်​ဆယ်​ကို ဟိ​ရံ​မင်း​ကြီး​အား​ပေး၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 12,
      "text": "ရှော​လ​မုန်​ပေး​သော​မြို့​တို့​ကို ဟိ​ရံ​သည် တု​ရု​မြို့​မှ​လာ၍​ကြည့်​ရှု​သော​အ​ခါ အား​မ​ရ။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 13,
      "text": "ငါ့​ညီ၊ ငါ့​အား​ပေး​သော​မြို့​တို့​သည် အ​ဘယ်​သို့​သော​မြို့​နည်း​ဟု​ဆို​လျက်၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 14,
      "text": "ထို​အ​ရပ်​ကို ကာ​ဗု​လ​ဟူ၍ ယ​နေ့​တိုင်​အောင် သ​မုတ်​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 15,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် ငွေ​ခွဲ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ဗိ​မာန်​တော်၊ နန်း​တော်၊ မိ​လ္လော​မြို့၊ ယေ​ရု​ရှ​လင်​မြို့​ရိုး၊ ဟာ​ဇော်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့ ဂေ​ဇာ​မြို့​တို့​ကို တည်​ဆောက်​ခြင်း​ငှာ ငွေ​ခွဲ​ရ​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 16,
      "text": "ဂေ​ဇာ​မြို့​ကို​ကား၊ အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​သည် စစ်​ချီ၍ တိုက်​ယူ​မီး​ရှို့​သ​ဖြင့်၊ မြို့​သား​ခါ​နာ​နိ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ မိ​မိ​သ​မီး၊ ရှော​လ​မုန်၏ ခင်​ပွန်း​အား လက်​ဆောင်​ပေး​နှင့်​လေ​ပြီ။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 17,
      "text": "သို့​ဖြစ်၍ ဂေ​ဇာ​မြို့​ကို ရှော​လ​မုန်​တည်​လေ၏။ ထို​မှ​တစ်​ပါး၊ အောက်​ဗေ​သော​ရုန်​မြို့၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 18,
      "text": "ဗာ​လက်​မြို့၊ တော​အ​ရပ်၊ ပြည်​ထဲ​မှာ တာ​ဒ​မော်​မြို့​တို့​ကို​လည်း တည်​လေ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 19,
      "text": "ဘ​ဏ္ဍာ​တော်​သို​ထား​သော​မြို့​များ၊ ရ​ထား​တော်​ထိန်း​သော​မြို့​များ၊ မြင်း​တော်​ကျွေး​သော​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၊ လေ​ဗ​နုန်​တောင်​ပေါ်၊ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ တည်​ချင်​သော​မြို့​များ​တို့​ကို​လည်း တည်​လေ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 20,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား အ​ကုန်​အ​စင်​မ​ဖျက်​ဆီး​နိုင်​သော​ကြောင့်၊"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 21,
      "text": "ပြည်​တော်၌​ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား၊ အာ​မော​ရိ၊ ဟိ​တ္တိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့​ကို ရှော​လ​မုန်​သည် ယ​နေ့​တိုင်​အောင် လူ​ခွဲ၍​ကျွန်​ခံ​စေ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 22,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကား၊ ရှော​လ​မုန်​သည် ကျွန်​မ​ခံ​စေ။ စစ်​သူ​ရဲ၊ အ​မှု​တော်​စောင့်၊ မှူး​မတ်၊ စစ်​ကဲ၊ ရ​ထား​တော်​အုပ်၊ မြင်း​တော်​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 23,
      "text": "တည်​ဆောက်​ခြင်း​အ​မှု​တော်​ကို စီ​ရင်​သော​သူ အ​မှု​တော်​အုပ် ငါး​ရာ​ငါး​ဆယ်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 24,
      "text": "ဖာ​ရော​ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် ဒါ​ဝိဒ်​မြို့​မှ​ထွက်၍၊ သူ့​အ​ဖို့​ရှော​လ​မုန်​တည်​ဆောက်​သော နန်း​တော်​သို့​ပြောင်း​ပြီး​မှ၊ ရှော​လ​မုန်​သည် မိ​လ္လော​မြို့​ကို​ပြု​ပြင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​တည်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တို့​ကို တစ်​နှစ်​တစ်​နှစ်​လျှင် သုံး​ကြိမ်​ပူ​ဇော်၍၊ ထာ၀​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​သ​ဖြင့် အိမ်​တော်​ကို လက်​စ​သတ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 26,
      "text": "တစ်​ဖန်​ရှော​လ​မုန်​မင်း​ကြီး​သည် ဧ​ဒုံ​ပြည်​တွင်၊ ဧ​ဒုံ​ပင်​လယ်​ကမ်း​နား၌၊ ဧ​လုတ်​မြို့​နှင့်​နီး​စပ်​သော ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ သင်္ဘော​တို့​ကို​တည်​လုပ်၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 27,
      "text": "ပင်​လယ်​ကူး​သော​အ​မှု​ကို နား​လည်​သော မိ​မိ​ကျွန်၊ သင်္ဘော​သား​တို့​ကို ဟိ​ရံ​မင်း​သည် ထို​သင်္ဘော​ပေါ်​မှာ​ရှော​လ​မုန်၏ လူ​တို့​နှင့်​အ​တူ​စီး​စေ၏။"
    },
    {
      "book": 11,
      "chapter": 9,
      "verse": 28,
      "text": "သူ​တို့​သည် ဩ​ဖိ​ရ​မြို့​သို့​သွား၍ ရွှေ​အ​ခွက်​လေး​ရာ​နှစ်​ဆယ်​ကို ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 1,
      "text": "ရှေ​ဘ​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ဂုဏ်​အ​သ​ရေ​နှင့် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သ​တင်း​ကို​ကြား​လျှင်၊ နက်​နဲ​ခက်​ခဲ​သော ပြဿ​နာ​အား​ဖြင့် သူ့​ကို​စုံ​စမ်း​ခြင်း​ငှာ​လာ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 2,
      "text": "နံ့​သာ​မျိုး​နှင့် များ​စွာ​သော​ရွှေ၊ အ​ဖိုး​ထိုက်​သော ကျောက်​တို့​ကို​ဆောင်​သော ကု​လား​အုတ်​များ၊ လိုက်​သော​သူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ ဝင်​သော​အ​ခါ၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ကို ဆွေး​နွေး​မေး​မြန်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 3,
      "text": "သူ​မေး​မြန်း​သော ပြဿ​နာ​ရှိ​သ​မျှ​တို့​ကို ရှော​လ​မုန်​မင်း​ကြီး​သည် ဖြေ​လေ၏။ နား​မ​လည်၍ မ​ဖြေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 4,
      "text": "ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ပ​ညာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ တည်​ဆောက်​သော အိမ်​တော်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 5,
      "text": "စား​ပွဲ​တော်​တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော​အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 6,
      "text": "ကိုယ်​တော်၏​အ​ခြင်း​အ​ရာ​နှင့် ကိုယ်​တော်၏​ပ​ညာ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ကြား​ရ​သော သ​တင်း​စ​ကား​မှန်​ပါ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 7,
      "text": "သို့​သော်​လည်း၊ ကိုယ်​တိုင်​ရောက်၍​မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ အ​ရင်​ကြား​သော​စ​ကား​သည် တစ်​ဝက်​ကို​မျှ​မ​မီ။ ကိုယ်​တော်၏​ပ​ညာ​နှင့် ကိုယ်​တော်၏​စည်း​စိမ်​သည် အ​ကျွန်ုပ်​ကြား​ရ​သော​သ​တင်း​ကို လွန်​ကဲ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 8,
      "text": "ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 9,
      "text": "ကိုယ်​တော်​ကို​နှစ်​သက်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စဉ်​ချစ်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား​ပြော​ဆို၍၊"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 10,
      "text": "ရွှေ​အ​ခွက်​တစ်​ရာ​နှစ်​ဆယ်၊ နံ့​သာ​မျိုး​အ​များ၊ ကျောက်​မြတ်​တို့​ကို ဆက်​လေ၏။ ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး​အား ဆက်​သော နံ့​သာ​မျိုး​နှင့်​အ​မျှ များ​ပြား​သော​နံ့​သာ​မျိုး​သည် နောက်​တစ်​ဖန်​မ​ရောက်။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 11,
      "text": "ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​သင်္ဘော​တို့​သည် အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 12,
      "text": "ထို​အာ​လ​ဂုံ​သစ်​သား​ဖြင့် ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ပွတ်​လုံး​တန်း​နှင့် နန်း​တော်​ပွတ်​လုံး​တန်း​ကို​လည်း​ကောင်း၊ သီ​ချင်း​ဆို​သော​သူ​တို့ စောင်း​နှင့်​တ​ယော​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​သို့​သော အာ​လ​ဂုံ​သစ်​သား​သည် နောက်​တစ်​ဖန်​မ​ရောက်၊ ယ​နေ့​တိုင်​အောင် မ​ပေါ်​လာ။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 13,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် အ​လို​လို​ပေး​သော လက်​ဆောင်​မှ​တစ်​ပါး၊ ရှေ​ဘ​မိ​ဖု​ရား၏​အ​လို​ဆ​န္ဒ​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ သူ​တောင်း​သ​မျှ​ကို​လည်း ပေး​တော်​မူ၏။ ထို​နောက်​မှ မိ​ဖု​ရား​သည် မိ​မိ​ကျွန်​တို့​နှင့်​တ​ကွ မိ​မိ​ပြည်​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 14,
      "text": "ရှော​လ​မုန်​ထံ​သို့ တစ်​နှစ်​တစ်​နှစ်​လျှင် ရောက်​သော​ရွှေ​အ​ချိန်​ကား အ​ခွက်​ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​ပိဿာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 15,
      "text": "ထို​မှ​တစ်​ပါး ကုန်​သည်​များ၊ လှည်း​သ​မား​များ၊ အာ​ရပ်​မင်း​ကြီး​ရှိ​သ​မျှ၊ မြို့​ဝန်​များ​ဆက်​သော​ရွှေ ရှိ​သေး၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 16,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် ရွှေ​ခြောက်​ပိဿာ​စီ​ဖြင့် ဒိုင်း​ကြီး​နှစ်​ရာ၊ သုံး​ပိဿာ​စီ​ဖြင့် ဒိုင်း​ငယ်​သုံး​ရာ​တို့​ကို ထု​လုပ်၍ လေ​ဗ​နုန်​တော​သစ်​သား​နှင့် တည်​ဆောက်​သော နန်း​တော်၌ ထား​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 18,
      "text": "ရှင်​ဘု​ရင်​သည်​လည်း၊ ဆင်​စွယ်​ရာ​ဇ​ပ​လ္လင်​ကြီး​ကို​လုပ်၍ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 19,
      "text": "ရာ​ဇ​ပ​လ္လင်​တော်​သည် လှေ​ကား​ခြောက်​ထစ်​ရှိ၏။ နောက်​ဖေး​ဝိုင်း၏။ ထိုင်​ရာ​တစ်​ဖက်​တစ်​ချက်၌ မှီ​စ​ရာ​လက်​ရုံး​တန်း​နှင့် ပြည့်​စုံ၍၊ လက်​ရုံး​တန်း​အ​နား​မှာ ခြင်္သေ့​နှစ်​ကောင်​ရပ်​နေ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 20,
      "text": "လှေ​ကား​ခြောက်​ထစ်​အ​ပေါ်​တွင် တစ်​ဖက်​တစ်​ချက်၌​လည်း ခြင်္သေ့​တစ်​ဆယ်​နှစ်​ကောင် ရပ်​နေ၏။ ထို​သို့​သော ရာ​ဇ​ပ​လ္လင်​သည် အ​ဘယ်​တိုင်း​နိုင်​ငံ၌​မျှ မ​ရှိ။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 21,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သောက်​သော ဖ​လား​တော်​ရှိ​သ​မျှ​နှင့် လေ​ဗ​နုန်​နန်း​တော်၌ သုံး​သော ဖ​လား​တော်​ရှိ​သ​မျှ​တို့​သည် ငွေ​ဖ​လား​မ​ဟုတ် ရွှေ​ဖ​လား​သက်​သက်​ဖြစ်၏။ ရှော​လ​မုန်​လက်​ထက်၌ ငွေ​ကို အ​လျှင်း​ပ​မာ​ဏ မ​ပြု​တတ်​ကြ။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 22,
      "text": "ရှင်​ဘု​ရင်​သည် တာ​ရှု​သင်္ဘော​ကို ဟိ​ရံ​မင်း​သင်္ဘော​နှင့်​အ​တူ စေ​လွှတ်​သ​ဖြင့်၊ သုံး​နှစ်​တစ်​ခါ တာ​ရှု​သင်္ဘော​သည် ပြန်​လာ၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ မျောက်​များ၊ ဒေါင်း​များ​ကို ဆောင်​ခဲ့​တတ်၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 23,
      "text": "ထို​သို့​ရှော​လ​မုန်​သည် မြေ​ကြီး​ပေါ်​မှာ ရှိ​သ​မျှ​သော ရှင်​ဘု​ရင်​တို့​ထက် ပ​ညာ​နှင့်​စည်း​စိမ်​အား​ဖြင့် လွန်​ကဲ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 24,
      "text": "ရှော​လ​မုန်၏​နှ​လုံး၌ ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော ပ​ညာ​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကြား​ရ​အံ့​သော​ငှာ၊ မျက်​နှာ​တော်​ကို ဖူး​လာ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 25,
      "text": "လာ​သော​သူ​အ​သီး​အ​သီး​တို့​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ၊ စစ်​တိုက်​လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း၊ လား​တို့​ကို နှစ်​တိုင်း​အ​ခွန်​ဆက်​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 26,
      "text": "ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ဆည်း​ပူး၍၊ ရ​ထား​တစ်​ထောင်​နှင့် လေး​ရာ၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း​ထား၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 27,
      "text": "ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 28,
      "text": "ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်၊ ကော​မြို့​မှ​ဆောင်​ခဲ့​ရ၏။ ရှင်​ဘု​ရင်၏​ကုန်​သည်​တို့​သည် အ​ဖိုး​ပေး​လျက် ကော​မြို့၌ ခံ​ယူ​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 10,
      "verse": 29,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​တစ်​ခု​ကို ငွေ​ခြောက်​ပိဿာ​နှင့်​လည်း​ကောင်း၊ မြင်း​တစ်​စီး​ကို တစ်​ပိဿာ​ငါး​ဆယ်​နှင့်​လည်း​ကောင်း ရောင်း​မြဲ​ရှိ၏။ ထို​သို့ ဟိ​တ္တိ​မင်း​ကြီး​နှင့် ရှု​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် အဲ​ဂု​တ္တု​ရ​ထား​နှင့် မြင်း​တို့​ကို​ရ​တတ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 1,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် ဖာ​ရော​ဘု​ရင်၏​သ​မီး​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​မ​ဟုတ်​သော မော​ဘ​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ ဧ​ဒုံ​အ​မျိုး၊ ဇိ​ဒုန်​အ​မျိုး၊ ဟိ​တ္တိ​အ​မျိုး​သား မိန်း​မ​အ​များ​တို့​ကို​ချစ်​တတ်၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ အ​ကယ်​စင်​စစ်​သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ​နောက်​သို့ သင်​တို့၏​စိတ်​နှ​လုံး​ကို လွဲ​စေ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သော်​လည်း၊ ရှော​လ​မုန်​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​ကို တပ်​မက်​သော​စိတ်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 3,
      "text": "မင်း​သ​မီး​ဖြစ်​သော ခင်​ပွန်း​ခု​နစ်​ရာ၊ မောင်း​မ​မိဿံ​သုံး​ရာ​ရှိ၍၊ သူ​တို့​သည် စိတ်​နှ​လုံး​တော်​ကို​လွဲ​စေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 4,
      "text": "ရှော​လ​မုန်​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိန်း​မ​များ​တို့​သည် စိတ်​နှ​လုံး​တော်​ကို အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လွဲ​စေ​သ​ဖြင့်၊ စိတ်​နှ​လုံး​တော်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏​စိတ်​နှ​လုံး​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​မ​ရှိ။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 5,
      "text": "ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​နောက်​သို့ လိုက်၍၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 6,
      "text": "ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၌ လုံး​လုံး​မ​ဆည်း​ကပ်၊ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို ပြု​လေ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 7,
      "text": "ထို​အ​ခါ ရှော​လ​မုန်​သည် ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့် ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မော​လုတ်​အ​ဖို့၊ ယေ​ရု​ရှ​လင်​မြို့ ရှေ့​တော်၌​ရှိ​သော တောင်​ပေါ်​တွင် ကုန်း​တို့​ကို​တည်​လေ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 8,
      "text": "မိ​မိ​တို့​ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ယဇ်​ပူ​ဇော်​သော တစ်​ပါး​အ​မျိုး​သား ခင်​ပွန်း​အ​ပေါင်း​တို့​အ​ဖို့ ထို​သို့​ပြု၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 9,
      "text": "အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ​သော​ဘု​ရား၊ နှစ်​ကြိမ် ထင်​ရှား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 10,
      "text": "ရှော​လ​မုန်​သည် စိတ်​နှ​လုံး​လွှဲ​သွား၍၊ မှာ​ထား​တော်​မူ​သော စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​လျက်၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 11,
      "text": "သင်​သည် ဤ​သို့​ပြု၍ ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​နှင့် ငါ​မှာ​ထား​သော​တ​ရား​ကို မ​စောင့်​ဘဲ​နေ​သော​ကြောင့်၊ နိုင်​ငံ​တော်​ကို သင့်​လက်​မှ ငါ​ဆက်​ဆက်​နုတ်၍ သင့်​ကျွန်​အား ပေး​မည်။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 12,
      "text": "သို့​ရာ​တွင် သင့်​အ​ဘ​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သင့်​လက်​ထက်၌ ငါ​သည်း​ခံ​ဦး​မည်။ သင်၏​သား​လက်​မှ နိုင်​ငံ​တော်​ကို​နုတ်​မည်။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 13,
      "text": "သို့​သော်​လည်း တစ်​နိုင်​ငံ​လုံး​ကို​မ​နုတ်။ ငါ့​ကျွန်​ဒါ​ဝိဒ်​နှင့် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့​ကို​ထောက်၍၊ သင့်​သား​အား ခ​ရိုင်​တစ်​ခ​ရိုင်​ကို ငါ​ပေး​မည်​ဟု ရှော​လ​မုန်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 14,
      "text": "ထို​နောက် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်၌ ရန်​ဘက်​ပြု​သော​သူ ဧ​ဒုံ​အ​မျိုး​သား​ဟာ​ဒဒ်​ကို နှိုး​ဆော်​တော်​မူ၏။ ထို​သူ​သည် ဧ​ဒုံ​ရှင်​ဘု​ရင်​အ​မျိုး ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 15,
      "text": "အ​ထက်​က ဒါ​ဝိဒ်​သည် ဧ​ဒုံ​ပြည်၌​ရှိ၍၊ ဗိုလ်​ချုပ်​ယွာ​ဘ​သည် ဧ​ဒုံ​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​မည်​ဟု ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့် ဧ​ဒုံ​ပြည်၌ ခြောက်​လ​နေ​ပြီး​မှ၊ အ​သေ​ကောင်​များ​ကို မြေ၌​မြှုပ်​စေ​ခြင်း​ငှာ သွား​စဉ်​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 17,
      "text": "ဟာ​ဒဒ်​သည် အ​သက်​ငယ်​လျက်​ပင် အ​ဘ၏​ကျွန် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​တို့​နှင့်​အ​တူ အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​အောင်​ပြေး၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 18,
      "text": "မိ​ဒျန်​ပြည်​မှ​ထွက်၍ ပါ​ရန်​ပြည်​သို့ ရောက်​လေ၏။ တစ်​ဖန် ပါ​ရန်​ပြည်​သား​အ​ချို့​တို့​ကို ခေါ်၍ အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​ထံ​သို့ ရောက်​လေ​သော်၊ ထို​မင်း​သည် အိမ်​နှင့်​မြေ​ကို​ပေး၍ ကျွေး​မွေး​လေ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 19,
      "text": "ဖာ​ရော​ဘု​ရင်​သည် ဟာ​ဒဒ်​ကို​အ​လွန်​ချစ်၍ မိ​မိ​ခင်​ပွန်း မိ​ဖု​ရား​တာ​ပ​နက်၏​ညီ​မ​ကို​ပေး​စား၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 20,
      "text": "တာ​ပ​နက်၏​ညီ​မ​သည် သား​ဂေ​နု​ဗက်​ကို ဖွား​မြင်၍၊ တာ​ပ​နက်​သည် နန်း​တော်၌​နို့​ခွာ​သ​ဖြင့်၊ ဂေ​နု​ဗတ်​သည် နန်း​တော်၌ ဖာ​ရော​ဘု​ရင်၏ သား​များ​နှင့်​အ​တူ​နေ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 21,
      "text": "ဒါ​ဝိဒ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်​ကြောင်း​နှင့် ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​သေ​ကြောင်း​ကို ဟာ​ဒဒ်​သည် အဲ​ဂု​တ္တု​ပြည်၌​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် ကိုယ်​ပြည်​သို့​ပြန်​သွား​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု ဖာ​ရော​ဘု​ရင်​အား တောင်း​ပန်​လေ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 22,
      "text": "ဖာ​ရော​ဘု​ရင်​က၊ သင်​သည်​ကိုယ်​ပြည်​သို့ ပြန်​ချင်​သော​စိတ်​ရှိ​မည်​အ​ကြောင်း ငါ့​ထံ​မှာ​အ​ဘယ်​အ​ရာ လို​သေး​သ​နည်း​ဟု မေး​သော်၊ အ​ဘယ်​အ​ရာ​မျှ​မ​လို​ပါ။ သို့​သော်​လည်း သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်​လေ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 23,
      "text": "ရှော​လ​မုန်၌ ရန်​ဘက်​ပြု​သော​သူ​တ​ခြား၊ ဧ​လျာ​ဒ​သား​ရေ​ဇုန်​ကို ဘု​ရား​သ​ခင် နှိုး​ဆော်​တော်​မူ၏။ ထို​သူ​သည် မိ​မိ​သ​ခင်​ဇော​ဘ​မင်း​ကြီး ဟာ​ဒ​ဒေ​ဇာ​ထံ​မှ​ပြေး၍၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 24,
      "text": "လူ​များ​ကို​စု​ဝေး​စေ​သ​ဖြင့်၊ ဒါ​ဝိဒ်​မင်း​လုပ်​ကြံ​သော​အ​ခါ ဗိုလ်​ချုပ်​လုပ်​လေ၏။ တစ်​ဖန်​ဒ​မာ​သက်​မြို့​သို့​သွား၍ မင်း​ပြု​လျက်​နေ၏၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 25,
      "text": "ဟာ​ဒဒ်​နှောင့်​ယှက်​သော အ​မှု​မှ​တစ်​ပါး ထို​သူ​သည် ရှော​လ​မုန်​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို ရန်​ဘက်​ပြု၏။ ရှု​ရိ​ပြည်​ကို​အ​စိုး​ရ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စက်​ဆုပ်​ရွံ​ရှာ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး ရှော​လ​မုန်၏ ကျွန်​တစ်​ယောက်၊ ဧ​ဖ​ရိမ်​အ​မျိုး၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည်​လည်း ရှင်​ဘု​ရင်​ကို​ပုန်​ကန်၏။ သူ၏​အ​မိ​ကား၊ ဇေ​ရွာ​အ​မည်​ရှိ​သော မု​ဆိုး​မ​တည်း။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 27,
      "text": "ရှင်​ဘု​ရင်​ကို ပုန်​ကန်​သော အ​ကြောင်း​ဟူ​မူ​ကား၊ ရှော​လ​မုန်​သည် မိ​လ္လော​မြို့​ကို​တည်၍၊ ခ​မည်း​တော်​ဒါ​ဝိဒ်၏​မြို့​ရိုး​ပျက်​ကို ပြု​ပြင်​သော​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 28,
      "text": "ယေ​ရော​ဗောင်​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၏။ ကြိုး​စား​အား​ထုတ်​တတ်​သော လု​လင်​ဖြစ်​ကြောင်း​ကို ရှော​လ​မုန်​သည်​မြင်​လျှင်၊ ယော​သပ်​အ​မျိုး​ဆောင်​ရွက်​ရ​သော အ​မှု​ရှိ​သ​မျှ​ကို အုပ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 29,
      "text": "တစ်​ရံ​ရော​အ​ခါ ယေ​ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​ပြင်​သို့ ထွက်​သွား​သည်​ရှိ​သော်၊ ရှိ​လော​မြို့​သား​အ​ဟိ​ယ​သည် ဝတ်​လုံ​သစ်​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ ယေ​ရော​ဗောင်​ကို​ကြို​ဆို၍ လယ်​ပြင်၌ ထို​သူ​နှစ်​ယောက်​တည်း ရှိ​စဉ်​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 30,
      "text": "အ​ဟိ​ယ​သည် မိ​မိ​ဝတ်​သော ဝတ်​လုံ​သစ်​ကို​ကိုင်၍ ဆယ်​နှစ်​ပိုင်း​ဆုတ်​ဖြတ်​ပြီး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 31,
      "text": "ယေ​ရော​ဗောင်​အား၊ ဤ​ဆယ်​ပိုင်း​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ နိုင်​ငံ​တော်​ကို ရှော​လ​မုန်​လက်​မှ ငါ​နုတ်၍ ခ​ရိုင်​ဆယ်​ခ​ရိုင်​ကို သင့်​အား​ပေး​မည်။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 32,
      "text": "ငါ့​ကျွန်​ဒါ​ဝိဒ်​အ​တွက် ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင်၊ ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့​အ​တွက် ရှော​လ​မုန်​သည် တစ်​ခ​ရိုင်​ကို ယူ​ရ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 33,
      "text": "ဆယ်​ခ​ရိုင်​ကို နုတ်​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ့​ကို​စွန့်၍ ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား ခေ​မု​ရှ၊ အ​မ္မုန်​ဘု​ရား မိ​လ​ကုံ​တို့​ကို ကိုး​ကွယ်​သ​ဖြင့်၊ အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့၌​မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ ငါ့​လမ်း​တို့​သို့​မ​လိုက်။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 34,
      "text": "သို့​ရာ​တွင် နိုင်​ငံ​တော်​ကို သူ၏​လက်​မှ​ငါ​မ​နုတ်​သေး။ ငါ​ရွေး​ကောက်၍ ငါ့​ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်​သော ငါ့​ကျွန်​ဒါ​ဝိဒ်​အ​တွက်၊ သား​ရှော​လ​မုန်​သည် တစ်​သက်​လုံး​စိုး​စံ​စေ​ခြင်း​ငှာ ငါ​အ​ခွင့်​ပေး၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 35,
      "text": "ရှော​လ​မုန်၏​သား​လက်​မှ နိုင်​ငံ​တော်​ကို​နုတ်၍ ဆယ်​ခ​ရိုင်​ကို သင့်​အား​ငါ​ပေး​မည်။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 36,
      "text": "ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ကောက်​သော​ယေ​ရု​ရှ​လင်​မြို့​တွင်၊ ငါ့​ရှေ့​မှာ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မီး​ခွက်​သည် အ​စဉ်​ထွန်း​လင်း​လျက် ရှိ​စေ​ခြင်း​ငှာ၊ ရှော​လ​မုန်​သား​အား တစ်​ခ​ရိုင်​ကို​ငါ​ပေး၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 37,
      "text": "သင့်​ကို​ငါ​ရွေး​ယူ၍၊ သင်​သည် ကိုယ်​အ​လို​ဆ​န္ဒ ပြည့်​စုံ​စေ​ခြင်း​ငှာ၊ စိုး​စံ​လျက်​ဣ​သ​ရေ​လ​အ​မျိုး​တွင် မင်း​ပြု​ရ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 38,
      "text": "သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို နား​ထောင်၍၊ ငါ့​ကျွန်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ငါ၏​လမ်း​တို့​သို့ လိုက်​လျက်၊ ငါ့​ရှေ့၌ မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ချက်​ပ​ညတ်​များ​ကို စောင့်​ရှောက်​လျှင်၊ သင်​နှင့်​အ​တူ​ငါ​ရှိ၍ ဒါ​ဝိဒ်​အ​ဖို့ မြဲ​မြံ​သော​အိမ်​ကို ဆောက်​သည်​နည်း​တူ၊ သင့်​အ​ဖို့​ဆောက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ငါ​ပေး​မည်။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 39,
      "text": "ဤ​အ​ကြောင်း​ကြောင့် ဒါ​ဝိဒ်​မင်း​မျိုး​ကို ငါ​နှောင့်​ယှက်​မည်။ သို့​ရာ​တွင် အ​စဉ်​နှောင့်​ယှက်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 40,
      "text": "ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ်​မည်​ဟု အား​ထုတ်​သည်​ရှိ​သော်၊ ယေ​ရော​ဗောင်​သည် ထ၍ အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ရှိ​ရှက်​ထံ​သို့​ပြေး​သ​ဖြင့်၊ ရှော​လ​မုန်​သေ​သည်​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌ နေ​လေ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 41,
      "text": "ရှော​လ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​နှင့်၊ သူ၏​ပ​ညာ​စ​ကား​သည် ရှော​လ​မုန်​ဝ​တ္ထု၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 42,
      "text": "ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ်​စိုး​စံ​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 11,
      "verse": 43,
      "text": "ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ ခ​မည်း​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ၊ ရှေ​ခင်​မြို့​သို့​သွား​ကြ၍ သူ​သည်​လည်း​သွား၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 2,
      "text": "ရှော​လ​မုန်​မင်း​ကြီး​ထံ​မှ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး​သော နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား၍ အဲ​ဂု​တ္တု​ပြည်​မှ ပြန်​လာ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် သူ့​ထံ​သို့​လူ​ကို​စေ​လွှတ်၍ ခေါ်​သ​ဖြင့်၊ စည်း​ဝေး​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သူ​နှင့်​အ​တူ ရော​ဗောင်​ထံ​သို့ ဝင်​လျက်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 4,
      "text": "ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ လေး​သော​ထမ်း​ပိုး​ကို​တင်​ပါ​ပြီ။ ခ​မည်း​တော်​ထံ​မှာ ပင်​ပန်း​စွာ ဆောင်​ရွက်​ရ​သော​အ​မှု၊ တင်​တော်​မူ​သော ထမ်း​ပိုး​လေး​ကို ပေါ့​စေ​တော်​မူ​ပါ။ ထို​သို့​ပြု​တော်​မူ​လျှင်၊ ကျွန်​တော်​တို့​သည် အ​မှု​တော်​ကို​ထမ်း​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 5,
      "text": "ရော​ဗောင်​က​လည်း၊ သင်​တို့​သွား​ကြ​ဦး​လော့။ သုံး​ရက်​လွန်​မှ တစ်​ဖန်​လာ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ​လျှင်၊ သူ​တို့​သည် သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 6,
      "text": "ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် ခ​မည်း​တော်​ရှော​လ​မုန် အ​သက်​ရှင်​စဉ်​အ​ခါ၊ အ​ထံ​တော်၌ ခ​စား​သော​အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်၍၊ ဤ​သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 7,
      "text": "သူ​တို့​က၊ ကိုယ်​တော်​သည် ယ​နေ့​ဤ​သူ​တို့၏​ကျွန်​ခံ​လျက်၊ သူ​တို့​အ​မှု​ကို​စောင့်၍ ကောင်း​သော​စ​ကား​နှင့် ပြန်​ပြော​တော်​မူ​လျှင်၊ သူ​တို့​သည် အ​စဉ် ကိုယ်​တော်၏​ကျွန်​ခံ​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 8,
      "text": "အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို ရော​ဗောင်​သည်​မ​လိုက်။ ခ​စား​မြဲ​ခ​စား​သော မိ​မိ​သူ​ငယ်​ချင်း​တို့​နှင့် တိုင်​ပင်​လျက်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 9,
      "text": "ပြည်​သား​တို့​က၊ ခ​မည်း​တော်​တင်​သော​ထမ်း​ပိုး​ကို ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 10,
      "text": "ထို​သူ​ငယ်​ချင်း​လု​လင်​တို့​က၊ ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ ထမ်း​ပိုး​ကို​လေး​စေ​ပါ​ပြီ။ ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​သော​ပြည်​သား​တို့​အား၊ ကိုယ်​တော်​က၊ ငါ့​လက်​သန်း​သည် ငါ့​ခ​မည်း​တော်​ခါး​ထက်​သာ၍​ကြီး​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 11,
      "text": "ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့်​ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ပြန်​ပြော​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 12,
      "text": "ရှင်​ဘု​ရင်​က၊ သုံး​ရက်​မြောက်​သော​နေ့၌ တစ်​ဖန်​လာ​ကြ​ဦး​လော့​ဟု နေ့​ရက်​ကို ချိန်း​ချက်​သည်​အ​တိုင်း၊ သုံး​ရက်​မြောက်​သော​နေ့၌ ယေ​ရော​ဗောင်​နှင့် လူ​အ​ပေါင်း​တို့​သည် ရော​ဗောင်​ထံ​သို့​ရောက်​လာ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 13,
      "text": "ရှင်​ဘု​ရင်​သည် အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို​မ​လိုက်။ လူ​ပျို​တို့​ပေး​သော​အ​ကြံ​ကို​လိုက်​လျက်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 14,
      "text": "ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း​ထပ်၍ တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့် ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ကြမ်း​တမ်း​စွာ ပြန်​ပြော​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 15,
      "text": "ရှင်​ဘု​ရင်​သည် ပြည်​သား​တို့၏​စ​ကား​ကို နား​မ​ထောင်​ရ​သည်​အ​ကြောင်း​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့​သား​အ​ဟိ​ယ​အား​ဖြင့် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​အား မိန့်​တော်​မူ​သော​စ​ကား​ကို ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း​တည်း။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင် နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့​အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏​အိမ်​ကို ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား​ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 17,
      "text": "သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 18,
      "text": "ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် အ​ခွန်​တော်​ဝန်​အ​ဒေါ​နိ​ရံ​ကို စေ​လွှတ်၍ ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​သည် သူ့​ကို​သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 19,
      "text": "ရော​ဗောင်​မင်း​ကြီး​သည် ရ​ထား​တော်​ကို​အ​လျင်​အ​မြန်​တက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြေး​လေ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သည် ယ​နေ့​တိုင်​အောင် ဒါ​ဝိဒ်​မင်း​မျိုး​ကို ပုန်​ကန်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 20,
      "text": "ယေ​ရော​ဗောင်​ပြန်​လာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ၊ လူ​ကို​စေ​လွှတ်၍၊ ယေ​ရော​ဗောင်​ကို စည်း​ဝေး​ရာ​ပ​ရိ​သတ်​ထံ​သို့ ခေါ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယု​ဒ​အ​မျိုး​မှ​တစ်​ပါး အ​ဘယ်​အ​မျိုး​မျှ ဒါ​ဝိဒ်​မင်း​မျိုး​သို့ မ​ဆည်း​ကပ်။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 21,
      "text": "ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​စစ်​တိုက်၍ နိုင်​ငံ​တော်​ကို ရှော​လ​မုန်​သား ရော​ဗောင်​လက်​သို့ ရောက်​ပြန်​စေ​ခြင်း​ငှာ၊ ဗင်္ယာ​မိန်​အ​မျိုး​နှင့်​တ​ကွ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ရွေး​ချယ်​သော​စစ်​သူ​ရဲ တစ်​သိန်း​ရှစ်​သောင်း​တို့​ကို စု​ဝေး​စေ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 22,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ရှေ​မာ​ယ​သို့​ရောက်၍၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 23,
      "text": "သင်​သည် ရှော​လ​မုန်​သား၊ ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​နှင့် ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး​သား​များ၊ ကျန်​ကြွင်း​သော​သူ​များ​တို့​အား ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 24,
      "text": "သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​သည် ငါ​အ​ခွင့်​ပေး​သော​ကြောင့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​နား​ထောင်၍ စ​ကား​တော်​အ​တိုင်း ပြန်​သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 25,
      "text": "ထို​နောက် ယေ​ရော​ဗောင်​သည် ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို​တည်၍ နေ​ရာ​ချ၏။ ထို​မြို့​မှ​သွား၍ ပေ​နွေ​လ​မြို့​ကို​လည်း တည်၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 26,
      "text": "ယေ​ရော​ဗောင်​က၊ ဤ​နိုင်​ငံ​သည် ဒါ​ဝိဒ်​မင်း​မျိုး​လက်​သို့ ပြန်​ကောင်း​ပြန်​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 27,
      "text": "ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ ယဇ်​ပူ​ဇော်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​သ​ခင် ယု​ဒ​ရှင်​ဘု​ရင် ရော​ဗောင်​ဘက်​သို့ ပြောင်း​လဲ၍၊ ငါ့​ကို​သတ်​ပြီး​မှ ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​ဘက်​သို့ တစ်​ဖန် ဝင်​စား​ကြ​လိမ့်​မည်​ဟု အောက်​မေ့​သော​ကြောင့်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 28,
      "text": "သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 29,
      "text": "ဗေ​သ​လ​မြို့၌​တစ်​ကောင်၊ ဒန်​မြို့၌ တစ်​ကောင်​ကို ထား​သ​ဖြင့်၊"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 30,
      "text": "ပြစ်​မှား​စ​ရာ​အ​ကြောင်း​ကို ပြု​လေ၏။ ပြည်​သား​တို့​သည် နွား​သ​ငယ်​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဒန်​မြို့​တိုင်​အောင် သွား​တတ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 31,
      "text": "ယေ​ရော​ဗောင်​သည်​လည်း၊ မြင့်​သော​အ​ရပ်​ပေါ်​မှာ အိမ်​ကို​ဆောက်၍၊ လေ​ဝိ​သား​မ​ဟုတ်​သော သာ​မ​ည​လူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 32,
      "text": "ယု​ဒ​ပြည်၌​ခံ​သော​ပွဲ​ကဲ့​သို့ အ​ဋ္ဌ​မ​လ တစ်​ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲ​ကို​စီ​ရင်၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်၏။ ထို​သို့ ဗေ​သ​လ​မြို့၌​စီ​ရင်၍၊ မိ​မိ​လုပ်​သော​နွား​သ​ငယ်​တို့​အား ယဇ်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၌ ခန့်​ထား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း ဗေ​သ​လ​မြို့​မှာ နေ​ရာ​ချ၏။"
    },
    {
      "book": 11,
      "chapter": 12,
      "verse": 33,
      "text": "ထို​သို့ ကိုယ်​အ​လို​အ​လျောက် ချိန်း​ချက်​သော အ​ဋ္ဌ​မ​လ​တစ်​ဆယ့်​ငါး​ရက်​နေ့​တွင် ဗေ​သ​လ​မြို့၌ မိ​မိ​လုပ်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ​ပူ​ဇော်၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပွဲ​ကို​လည်း​စီ​ရင်၏။ ယဇ်​ပ​လ္လင်​ပေါ်​မှာ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 1,
      "text": "ထို​အ​ခါ ယေ​ရော​ဗောင်​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ ယဇ်​ပ​လ္လင်​နား​မှာ​ရပ်​နေ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​မှ ဗေ​သ​လ​မြို့​သို့ ရောက်​လာ၍၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​လျက်၊ အို​ယဇ်​ပ​လ္လင်၊ ယဇ်​ပ​လ္လင်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​မျိုး၌ ယော​ရှိ​အ​မည်​ရှိ​သော​သူ​ကို ဖွား​မြင်​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မြင့်​သော​အ​ရပ်၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​သော​သူ​တို့​ကို ထို​သူ​သည် သင့်​အ​ပေါ်​မှာ​ပူ​ဇော်၍၊ လူ​သေ​အ​ရိုး​တို့​ကို​မီး​ရှို့​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 3,
      "text": "ထို​နေ့​ချင်း​တွင် ပု​ပ္ပ​နိ​မိတ်​ကို​လည်း​ပေး၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ပု​ပ္ပ​နိ​မိတ်​ဟူ​မူ​ကား၊ ယဇ်​ပ​လ္လင်​သည်​ကွဲ၍ ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​ပြာ​လည်း ယို​ကျ​လိမ့်​မည်​ဟု ဟော​လေ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 4,
      "text": "ထို​သို့ ဘု​ရား​သ​ခင်၏​လူ​သည် ဗေ​သ​လ​မြို့ ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​သော​စ​ကား​ကို ယေ​ရော​ဗောင်​မင်း​ကြီး​သည် ကြား​လျှင်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မိ​မိ​လက်​ကို​ဆန့်၍ ထို​သူ​ကို​ဖမ်း​ဆီး​ကြ​ဟု​ဆို​လျက်၊ ဆန့်​သော​လက်​သည် သွေ့​ခြောက်၍ နောက်​တစ်​ဖန်​မ​ရုပ်​နိုင်။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​အ​တိုင်း ပေး​သော​ပု​ပ္ပ​နိ​မိတ်​နှင့်​အ​ညီ ယဇ်​ပ​လ္လင်​ကွဲ၍၊ ပြာ​သည်​လည်း ပ​လ္လင်​ပေါ်​က ယို​ကျ​လေ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 6,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 7,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ​နှင့်​အ​တူ​လိုက်၍ အား​ဖြည့်​လော့။ လက်​ဆောင်​ပေး​မည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​လျှင်၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်၏​လူ​က၊ နန်း​တော်​တစ်​ဝက်​ကို ပေး​သော်​လည်း သင်​နှင့်​အ​တူ ငါ​မ​လိုက်။ ဤ​အ​ရပ်၌ မုန့်​ကို​မ​စား၊ ရေ​ကို​လည်း မ​သောက်​ရ။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊ မုန့်​ကို မ​စား​နှင့်။ ရေ​ကို မ​သောက်​နှင့်။ လာ​သော​လမ်း​ဖြင့် မ​ပြန်​နှင့်​ဟု ငါ့​အား​ပ​ညတ်​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား ပြော​ဆို၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 10,
      "text": "ထို​နောက် ဗေ​သ​လ​မြို့​သို့ လာ​သော​လမ်း​ကို​ရှောင်၍ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 11,
      "text": "ထို​ကာ​လ၌ ဗေ​သ​လ​မြို့​တွင် အ​သက်​ကြီး​သော ပ​ရော​ဖက်​တစ်​ယောက်​ရှိ၏။ သူ၏​သား​တို့​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​သည် ထို​နေ့၌ ဗေ​သ​လ​မြို့​မှာ ပြု​သော​အ​မှု​ရှိ​သ​မျှ​နှင့် ရှင်​ဘု​ရင်​အား​ပြော​သော​စ​ကား​များ​ကို အ​ဘ​အား​ပြန်​ကြား​လျှင်၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 12,
      "text": "ယု​ဒ​ပြည်​မှ​လာ​သော ဘု​ရား​သ​ခင်၏​လူ​သည် အ​ဘယ်​လမ်း​ဖြင့် ပြန်​သွား​သည်​ကို မြင်​ကြ​သော​ကြောင့်၊ အ​ဘ​က ထို​သူ​သည် အ​ဘယ်​လမ်း​ဖြင့် ပြန်​သွား​သ​နည်း​ဟု မေး​ပြီး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 13,
      "text": "မြည်း​ကို ကုန်း​နှီး​တင်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သား​တို့​သည် မြည်း​ကို​ကုန်း​နှီး​တင်၍ အ​ဘ​သည် စီး​သွား​လျက်၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်၏​လူ​ကို​လိုက်​လေ၏။ သ​ပိတ်​ပင်​အောက်​မှာ ထိုင်​လျက်​ရှိ​သည်​ကို တွေ့​လျင်၊ သင်​သည် ယု​ဒ​ပြည်​မှ​လာ​သော ဘု​ရား​သ​ခင်၏​လူ မှန်​သ​လော​ဟု​မေး​သော်၊ ငါ​မှန်​သည်​ဟု ပြန်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 15,
      "text": "ပ​ရော​ဖက်​က​လည်း၊ ငါ​နှင့်​အ​တူ ငါ့​အိမ်​သို့​လိုက်၍ မုန့်​ကို​စား​ပါ​လော့​ဟု ခေါ်​ပင့်​လျှင်၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 16,
      "text": "ငါ​သည် သင်​နှင့်​အ​တူ မ​လိုက်​ရ၊ သင့်​အိမ်​သို့ မ​ဝင်​ရ။ ဤ​အ​ရပ်၌ မုန့်​ကို​မ​စား၊ ရေ​ကို​လည်း မ​သောက်​ရ။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ထို​အ​ရပ်၌ မုန့်​ကို​မ​စား​နှင့်။ ရေ​ကို မ​သောက်​နှင့်။ လာ​သော​လမ်း​ဖြင့် မ​ပြန်​နှင့်​ဟု ငါ့​အား​မိန့်​တော်​မူ​ကြောင်း​ကို ပြော​ဆို၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 18,
      "text": "ပ​ရော​ဖက်​က​လည်း၊ ငါ​သည် သင်​ကဲ့​သို့​ပ​ရော​ဖက်​ဖြစ်၏။ သင်​သည် မုန့်​ကို​စား၍ ရေ​ကို​သောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ့​အိမ်​သို့ ခေါ်​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​တ​မန်​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် မှာ​ထား​ပြီ​ဟု မု​သား​သုံး၍​ပြော​ဆို၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 19,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်၏​လူ​သည် ပ​ရော​ဖက်​နှင့်​အ​တူ​ပြန်​လာ၍၊ သူ၏​အိမ်​မှာ မုန့်​ကို​စား၏။ ရေ​ကို​လည်း သောက်၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 20,
      "text": "ထို​သူ​နှစ်​ပါး​တို့​သည် စား​ပွဲ​နား​မှာ​ထိုင်​စဉ်​တွင်၊ ခေါ်​ခဲ့​သော ပ​ရော​ဖက်​သို့ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည်​ရောက်၍၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 21,
      "text": "ယု​ဒ​ပြည်​မှ​လာ​သော ဘု​ရား​သ​ခင်၏​လူ​အား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​ကို နား​မ​ထောင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ညတ်​တော်​ကို​မ​စောင့်၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 22,
      "text": "ဤ​မည်​သော​အ​ရပ်၌ မုန့်​ကို​မ​စား​နှင့်။ ရေ​ကို​မ​သောက်​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​အ​ရပ်​သို့ ပြန်​လာ၍ မုန့်​နှင့်​ရေ​ကို စား​သောက်​သော​ကြောင့်၊ သင်၏​အ​လောင်း​သည် ဘိုး​ဘေး​တို့၏​သင်္ချိုင်း​သို့ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို အော်​ဟစ်၍​ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 23,
      "text": "မုန့်​နှင့်​ရေ​ကို စား​သောက်​ပြီး​မှ၊ ထို​ပ​ရော​ဖက်​သည် ပြန်​လာ​သော ပ​ရော​ဖက်​အ​ဖို့ မိ​မိ​မြည်း​ကို​ကုန်း​နှီး​တင်၍ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 24,
      "text": "လမ်း​မှာ ခြင်္သေ့​တွေ့၍​သတ်၏။ အ​သေ​ကောင်​သည် လမ်း၌​လဲ၍၊ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ​ရပ်​နေ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 25,
      "text": "အ​သေ​ကောင်​သည် လမ်း၌​လဲ၍ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ​ရပ်​နေ​သည်​ကို ခ​ရီး​သွား​သော​သူ​တို့​သည် မြင်​လျှင်၊ အ​သက်​ကြီး​သော ပ​ရော​ဖက်​နေ​သော​မြို့​သို့​လာ၍ သ​တင်း​ပြော​ကြ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 26,
      "text": "ခေါ်​ခဲ့​သော​ပ​ရော​ဖက်​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်​သော ဘု​ရား​သ​ခင်၏​လူ ဖြစ်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ သူ့​ကို​ခြင်္သေ့၌ အပ်​တော်​မူ​သ​ဖြင့်၊ ခြင်္သေ့​သည် ကိုက်​သတ်​လေ​ပြီ​တ​ကား​ဟု ဆို​လျက်၊"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 27,
      "text": "မြည်း​ပေါ်​မှာ ကုန်း​နှီး​ကို​တင်​ကြ​လော့​ဟု သား​တို့​အား​ဆို​သည်​အ​တိုင်း သူ​တို့​သည် ကုန်း​နှီး​တင်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 28,
      "text": "ပ​ရော​ဖက်​သွား၍ အ​သေ​ကောင်​သည် လမ်း၌​လဲ​လျက်၊ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ ရပ်​နေ​လျက်​ရှိ​သည်​ကို တွေ့၏။ ခြင်္သေ့​သည် အ​သေ​ကောင်​ကို မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 29,
      "text": "အ​သက်​ကြီး​သော​ပ​ရော​ဖက်​သည် ဘု​ရား​သ​ခင်၏ လူအ​လောင်း​ကို မြည်း​ပေါ်​သို့​ချီ၍ တင်​ပြီး​လျှင် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍၊ သင်္ဂြိုဟ်​ခြင်း​ငှာ မိ​မိ​မြို့​သို့ ဆောင်​သွား၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 30,
      "text": "အ​လောင်း​ကို မိ​မိ​သင်္ချိုင်း​တွင်း၌ ထား​လျက်၊ အို​ငါ့​ညီ​ဟူ၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 31,
      "text": "သင်္ဂြိုဟ်​ပြီး​မှ သား​တို့​ကို​ခေါ်၍၊ ငါ​သေ​သော​အ​ခါ ဘု​ရား​သ​ခင်၏ လူ​သင်္ချိုင်း​တွင်း၌ သင်္ဂြိုဟ်​ကြ​လော့။ ငါ့​အ​ရိုး​တို့​ကို သူ့​အ​ရိုး​တို့​အ​နား​မှာ ထား​ကြ​လော့။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 32,
      "text": "ဗေ​သ​လ​မြို့ ယဇ်​ပ​လ္လင်​တစ်​ဖက် ရှ​မာ​ရိ​မြို့​ရွာ​တွင်၊ မြင့်​သော​အ​ရပ်​ပေါ်​မှာ ဆောက်​သော အိမ်​များ​တစ်​ဖက်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း ကြွေး​ကြော်​သော​စ​ကား​သည် စင်​စစ်​ပြည့်​စုံ​လိမ့်​မည်​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 33,
      "text": "ထို​နောက်​မှ ယေ​ရော​ဗောင်​သည် မိ​မိ​အ​ဓ​မ္မ​လမ်း​ကို မ​ရှောင်။ သာ​မ​ည​လူ​တို့​ကို မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ထပ်၍​ခန့်​ထား၏။ ယဇ်​ပု​ရော​ဟိတ်​လုပ်​ချင်​သော​သူ​ရှိ​သ​မျှ​ကို ချီး​မြှောက်​သ​ဖြင့်၊ သူ​တို့​သည် မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ် ဖြစ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 13,
      "verse": 34,
      "text": "ထို​သို့​ပြု​သော​ကြောင့် ယေ​ရော​ဗောင်​အ​မျိုး​ကို မြေ​ကြီး​ပြင်​မှ သုတ်​သင်​ပယ်​ရှင်း​စေ​သော​အ​ပြစ် ရောက်​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 1,
      "text": "ထို​အ​ခါ ယေ​ရော​ဗောင်၏​သား အ​ဘိ​ယ​သည်​နာ​သော​ကြောင့်၊"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 2,
      "text": "ယေ​ရော​ဗောင်​သည် မိ​မိ​မ​ယား​ကို​ခေါ်၍၊ သင်​သည် ယေ​ရော​ဗောင်၏ မ​ယား​ဖြစ်​သည်​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ ခြား​နား​သော အ​ဆင်း​အ​ရောင်​ကို ဆောင်​ပြီး​လျှင်၊ ရှိ​လော​မြို့​သို့​ထ​သွား​ပါ​လော့။ ငါ​သည် ဤ​လူ​မျိုး​ကို စိုး​စံ​ရ​မည်​အ​ကြောင်း​ကို​ပြ​သော ပ​ရော​ဖက်​အ​ဟိ​ယ​သည် ထို​မြို့၌​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 3,
      "text": "မုန့်​ဆယ်​လုံး၊ မုန့်​ပြား​အ​ချို့၊ ပျား​ရည်​ဘူး​ကို​ဆောင်​လျက် ပ​ရော​ဖက်​ထံ​သို့ သွား​ပါ​လော့။ သူ​ငယ်၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သူ​ဟော​လိမ့်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 4,
      "text": "ယေ​ရော​ဗောင်​မ​ယား​သည်​ထ၍ ရှိ​လော​မြို့၌ အ​ဟိ​ယ​အိမ်​သို့ သွား​လေ၏။ ထို​အ​ခါ အ​ဟိ​ယ​သည် အ​သက်​ကြီး​သော​ကြောင့် မျက်​စိ​မ​မြင်၊ မှုန်​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယေ​ရော​ဗောင်​မ​ယား​သည် သား​နာ​သော​ကြောင့်၊ သား​အ​တွက်​တစ်​စုံ​တစ်​ခု​ကို တောင်း​အံ့​သော​ငှာ သင့်​ဆီ​သို့ ယ​ခု​လာ၏။ ဤ​မည်​သော​စ​ကား​ဖြင့် ပြန်​ပြော​ရ​မည်။ သူ​သည် လာ​သော​အ​ခါ အ​ခြား​သော မိန်း​မ​ဖြစ်​ယောင်​ဆောင်​လိမ့်​မည်​ဟု အ​ဟိ​ယ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 6,
      "text": "ထို​မိန်း​မ​သည် တံ​ခါး​အ​ထဲ​သို့​ဝင်၍၊ နင်း​သံ​ကို အ​ဟိ​ယ​သည်​ကြား​လျှင်၊ အို​ယေ​ရော​ဗောင်​မ​ယား ဝင်​လော့။ အ​ဘယ်​ကြောင့် အ​ခြား​သော​သူ၏​အ​ယောင်​ကို ဆောင်​သ​နည်း။ ဝမ်း​နည်း​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ သင့်​ဆီ​သို့ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 7,
      "text": "သင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို၊ ယေ​ရော​ဗောင်​ထံ​သို့ သွား၍ ဆင့်​ဆို​ရ​မည်​မှာ၊ သင့်​ကို လူ​စု​ထဲ​က​ငါ​ရွေး၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ချီး​မြှောက်​လျက်၊"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 8,
      "text": "နိုင်​ငံ​တော်​ကို ဒါ​ဝိဒ်​မင်း​မျိုး​လက်​မှ​နုတ်၍ သင့်​အား​ပေး​သော်​လည်း၊ သင်​သည် ငါ့​ကျွန်​ဒါ​ဝိဒ်​ကဲ့​သို့​မ​ဟုတ်။ သူ​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်၏။ ငါ့​ရှေ့​မှာ ကောင်း​သော​အ​ကျင့်​ကို​သာ​ကျင့်​မည်​ဟု စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ကို​ဆည်း​ကပ်၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 9,
      "text": "သင်​မူ​ကား သင့်​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ အ​ပေါင်း​တို့​ကို​လွန်၍ ဒု​စ​ရိုက်​ကို​ပြု​လေ​ပြီ။ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နှင့် သွန်း​သော​ရုပ်​တု​တို့​ကို​လုပ်၍ ငါ့​ကို​သင့်​ကျော​နောက်​သို့ ပစ်​ထား​ပြီ။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 10,
      "text": "ထို​ကြောင့် ယေ​ရော​ဗောင်​အ​မျိုး​အ​ပေါ်​သို့ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်။ ဣ​သ​ရေ​လ​မြို့​ရွာ၌ အ​ချုပ်​ခံ​သော​သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ​ဖြစ်​စေ၊ ယေ​ရော​ဗောင်​အ​မျိုး ယောက်ျား​များ​ကို ပယ်​ဖြတ်​မည်။ လူ​သည် နောက်​ချေး​ကို အ​ကုန်​အ​စင် ကျုံး​သွား​သ​ကဲ့​သို့၊ ကျန်​ကြွင်း​သော ယေ​ရော​ဗောင်​အ​မျိုး​သား​ကို ပယ်​သွား​မည်။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 11,
      "text": "ယေ​ရော​ဗောင်​အ​မျိုး​သား​သည် မြို့​ထဲ​မှာ​သေ​လျှင် အ​သေ​ကောင်​ကို​ခွေး​စား​လိမ့်​မည်။ မြို့​ပြင်​မှာ​သေ​လျှင် မိုး​ကောင်း​ကင်​ငှက် စား​လိမ့်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 12,
      "text": "သင်​ထ၍ ကိုယ်​အိမ်​သို့ သွား​လော့။ မြို့​တံ​ခါး​အ​ထဲ​သို့ ဝင်​သော​အ​ခါ သူ​ငယ်​သေ​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​အ​မျိုး​သား​စု​တွင်၊ ထို​သူ​ငယ်​တစ်​ယောက်​တည်း​သာ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​အ​မျိုး​သား​စု​တွင် ထို​သူ​ငယ်​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၌ ကြည်​ညို​သော​စိတ်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 14,
      "text": "အ​ချိန်​ရောက်​မှ ယေ​ရော​ဗောင်​အ​မျိုး​ကို ပယ်​ဖြတ်​လ​တ္တံ့​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ အ​ဘယ်​အ​ချိန်​နည်း​ဟု​မေး​သော်၊ ယ​ခု​ပင်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 15,
      "text": "အာ​ရှ​ရ​ပင်​တို့​ကို ပြု​စု၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ကြ​သော​ကြောင့်၊ ကျူ​ပင်​ကို ရေ၌​လှုပ်​ရှား​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်၍၊ ဘိုး​ဘေး​တို့​အား​ပေး​တော်​မူ​သော ဤ​ပြည်​ကောင်း​မှ နုတ်​ပယ်​ပြီး​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​မည်။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 16,
      "text": "ကိုယ်​တိုင်​ပြစ်​မှား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏​အ​ပြစ်​တို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​မည်​ဟု ဆင့်​ဆို​လေ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 17,
      "text": "ယေ​ရော​ဗောင်​မ​ယား​သည် ထ​သွား၍၊ တိ​ရ​ဇ​မြို့​တံ​ခါး​ခုံ​သို့​ရောက်​သော​အ​ခါ သူ​ငယ်​သေ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​ငယ်​ကို​သင်္ဂြိုဟ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 19,
      "text": "ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ၊ စစ်​တိုက်​ခြင်း​အ​မှု၊ မင်း​ပြု​ခြင်း​အ​မှု​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 20,
      "text": "ယေ​ရော​ဗောင်​သည် အ​နှစ်​နှစ်​ဆယ်​နှစ်​နှစ် စိုး​စံ​ပြီး​မှ ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သား​တော်​နာ​ဒဒ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 21,
      "text": "ရှော​လ​မုန်​သား​ရော​ဗောင်​သည် ယု​ဒ​ပြည်​ကို စိုး​စံ​လေ၏။ နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ရာ​ဖို့ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 22,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဘိုး​ဘေး​တို့​ပြစ်​မှား​သ​မျှ​ထက် ပြစ်​မှား​သော အ​ပြစ်​များ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 23,
      "text": "မြင့်​သော​တောင်​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ​တို့ အောက်၌​လည်း​ကောင်း၊ ကုန်း​များ၊ ရုပ်​တု​များ၊ အာ​ရှ​ရ​ပင်​များ​ကို တည်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 24,
      "text": "ယု​ဒ​ပြည်၌ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​များ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော ပြည်​သား​မျိုး​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြ​သည်​တ​ကား။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 25,
      "text": "ရော​ဗောင်​မင်း​ကြီး​နန်း​စံ​ငါး​နှစ်​တွင်၊ အဲ​ဂု​တ္တု ရှင်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍၊"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 26,
      "text": "ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​လုပ်​သော ရွှေ​ဒိုင်း​ရှိ​သ​မျှ​ကို​လည်း ယူ​သွား၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 27,
      "text": "ရော​ဗောင်​မင်း​ကြီး​သည် ရွှေ​ဒိုင်း​အ​စား ကြေး​ဝါ​ဒိုင်း​တို့​ကို​လုပ်၍ နန်း​တော်​တံ​ခါး​စောင့် ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 28,
      "text": "ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​သို့​သွား​သော​အ​ခါ၊ ကိုယ်​ရံ​တော်​သား​တို့​သည် ဒိုင်း​တို့​ကို​ဆောင်၍ နောက်​တစ်​ဖန် မိ​မိ​တို့​စောင့်​ရာ​အ​ခန်း​မှာ ပြန်​ထား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 29,
      "text": "ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 30,
      "text": "ရော​ဗောင်​နှင့် ယေ​ရော​ဗောင်​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 14,
      "verse": 31,
      "text": "ရော​ဗောင်​သည်​လည်း ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သူ​တို့​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 1,
      "text": "နေ​ဗတ်၏​သား ယေ​ရော​ဗောင်​မင်း​ကြီး နန်း​စံ​တစ်​ဆယ်​ရှစ်​နှစ်​တွင်၊ အ​ဘိ​ယ​သည် ယေ​ရု​ရှ​လင်​မြို့၌ မင်း​ပြု၍၊ ယု​ဒ​ပြည်​ကို​သုံး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ အ​ဘ​ရှ​လုံ၏​သ​မီး မာ​ခါ​အ​မည်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 3,
      "text": "ခ​မည်း​တော်​ပြု​သော ဒု​စ​ရိုက်​ကို​ပြု​မြဲ​ပြု၍၊ ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စိတ်​နှ​လုံး​စုံ​လင်​သည်​မ​ဟုတ်။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 4,
      "text": "သို့​သော်​လည်း ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သူ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဆွေ​တော်​မျိုး​တော်​ကို ချီး​မြှောက်၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တည်​စေ​သ​ဖြင့်၊ ထို​မြို့၌ ဒါ​ဝိဒ်၏​မီး​ခွက်​ကို ထွန်း​လင်း​စေ​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ဒါ​ဝိဒ်​သည် ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ​အ​မှု​ကို​ထား​လျှင်၊ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ရှောင်၊ ရှေ့​တော်၌ တ​ရား​သ​ဖြင့် ကျင့်​သော​အ​ကြောင်း​တည်း။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 6,
      "text": "ရော​ဗောင်​သား​အ​ဘိ​ယ​နှင့် ယေ​ရော​ဗောင်​တို့​သည် အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 7,
      "text": "အ​ဘိ​ယ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 8,
      "text": "အ​ဘိ​ယ​သည်​ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အာ​သ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင် နန်း​စံ​နှစ်​ဆယ်​တွင်၊ အာ​သ​သည် ယေ​ရု​ရှ​လင်​မြို့၌ လေး​ဆယ်​တစ်​နှစ်​မင်း​ပြု၍ ယု​ဒ​ပြည်​ကို​စိုး​စံ​လေ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 10,
      "text": "အ​ဖွား​တော်​ကား၊ အ​ဘ​ရှ​လုံ၏​သ​မီး မာ​ခါ​ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 11,
      "text": "အာ​သ​သည် အ​ဘီ​တော်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သ​ဖြင့်​ပြု၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 12,
      "text": "ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့​ကို​လည်း​ကောင်း၊ ဘိုး​တော်​ဘေး​တော်​လုပ်​သော ရုပ်​တု​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပြည်​တော်​ထဲ​က ပယ်​ရှား​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 13,
      "text": "အ​ဖွား​တော်​မာ​ခါ​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 14,
      "text": "မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော် ကာ​လ​ပတ်​လုံး၊ အာ​သ​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 15,
      "text": "ခ​မည်း​တော်​လှူ​သော ဥ​စ္စာ၊ ကိုယ်​တိုင်​လှူ​သော ဥ​စ္စာ၊ ရွှေ၊ ငွေ​တန်​ဆာ​များ​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 16,
      "text": "အာ​သ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ ရာ​မ​မြို့​ကို​တည်၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 18,
      "text": "ထို​အ​ခါ ကျန်​ကြွင်း​သော ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို အာ​သ​သည်​ယူ၍ မိ​မိ​ကျွန်​တို့၌​အပ်​သ​ဖြင့်၊ ဒ​မာ​သက်​မြို့​မှာ​နေ​သော ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇုန်​သား တာ​ဗ​ရိ​မုန်၏​သား ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 19,
      "text": "ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​လက်​ဆောင်​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍​လာ​ပါ​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 20,
      "text": "အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​မှ​စ၍ ဂင်္နေ​သ​ရက်​ပြည်​လုံး၊ နဿ​လိ​ပြည်​လုံး​ကို လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 21,
      "text": "ထို​သ​တင်း​ကို ဗာ​ရှာ​သည် ကြား​သော​အ​ခါ၊ ရာ​မ​မြို့​ကို လက်​စ​မ​သတ်​ဘဲ တိ​ရ​ဇ​မြို့၌ နေ​ရ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 22,
      "text": "ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မိန့်​တော်​ကို ကြော်​ငြာ​စေ​သ​ဖြင့်၊ ပြည်​သား​တစ်​ယောက်​မျှ​မ​လွတ်၊ ရှိ​သ​မျှ​တို့​သည် ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား​ကြ၍၊ အာ​သ​မင်း​ကြီး​သည် ဗင်္ယာ​မိန်​ခ​ရိုင်၌​ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို​တည်၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 23,
      "text": "အာ​သ​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​နှင့် တန်​ခိုး​ကြီး​ခြင်း၊ မြို့​များ​ကို​တည်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ သို့​ရာ​တွင် အ​သက်​ကြီး​သော​အ​ခါ ခြေ​တော်၌​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 24,
      "text": "ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ အ​ဘီ​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယော​ရှ​ဖတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 25,
      "text": "ယု​ဒ​ရှင်​ဘု​ရင် အာ​သ​နန်း​စံ​နှစ်​နှစ်​တွင်၊ ယေ​ရော​ဗောင်​သား နာ​ဒဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ၌ မင်း​ပြု၍ နှစ်​နှစ်​စိုး​စံ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 26,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ခ​မည်း​တော်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​လမ်း​သို့ လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 27,
      "text": "ဣ​သ​ခါ​အ​မျိုး၊ အ​ဟိ​ယ​သား​ဗာ​ရှာ​သည် သင်း​ဖွဲ့၍၊ နာ​ဒဒ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဖိ​လိ​တ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို ဝိုင်း​ထား​ကြ​စဉ်၊"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 28,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ရှာ​သည် နာ​ဒဒ်​မင်း​ကို​လုပ်​ကြံ၍ နန်း​ထိုင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 29,
      "text": "နန်း​ထိုင်​သော​အ​ခါ ယေ​ရော​ဗောင်​အ​မျိုး​ရှိ​သ​မျှ​ကို​လည်း လုပ်​ကြံ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကျွန်၊ ရှိ​လော​မြို့​သား အ​ဟိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယေ​ရော​ဗောင်​အ​မျိုး​ကို မ​ဖျက်​မီ​တိုင်​အောင်၊ အ​သက်​ရှူ​သော​သူ တစ်​ယောက်​ကို​မျှ မ​ချန်​မ​ထား။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​သည် ကိုယ်​တိုင်​ပြစ်​မှား​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော​အ​ပြစ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​အ​ကြောင်း​တည်း။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 31,
      "text": "နာ​ဒဒ်​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 32,
      "text": "အာ​သ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဗာ​ရှာ​တို့​သည် အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး​ရန်​ဘက်​ပြု​ကြ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 33,
      "text": "ယု​ဒ​ရှင်​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင်၊ အ​ဟိ​ယ​သား​ဗာ​ရှာ​သည် တိ​ရ​ဇ​မြို့​မှာ​မင်း​ပြု၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​ဆယ်​လေး​နှစ် စိုး​စံ၏။"
    },
    {
      "book": 11,
      "chapter": 15,
      "verse": 34,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ယေ​ရော​ဗောင်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​လမ်း​သို့ လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဗာ​ရှာ​ကို​အ​ကြောင်း​ပြု၍၊ ဟာ​နန်၏​သား​ယေ​ဟု​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 2,
      "text": "သင့်​ကို မြေ​မှုန့်​ထဲ​က​ငါ​ကြွ၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ချီး​မြှောက်​သော်​လည်း၊ သင်​သည် ယေ​ရော​ဗောင်၏​လမ်း​သို့​လိုက်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား၍၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​စေ​ခြင်း​ငှာ ပြု​သော​ကြောင့်၊"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 3,
      "text": "သင်၏​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​တို့​ကို ငါ​ပယ်​ရှား၍၊ သင်၏​အ​မျိုး​ကို နေ​ဗတ်၏​သား​ယေ​ရော​ဗောင်၏ အ​မျိုး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 4,
      "text": "ဗာ​ရှာ၏​အ​မျိုး​သား​သည် မြို့​ထဲ​မှာ​သေ​လျှင်၊ အ​သေ​ကောင်​ကို ခွေး​စား​လိမ့်​မည်။ မြို့​ပြင်​မှာ​သေ​လျှင် မိုး​ကောင်း​ကင်​ငှက်​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 5,
      "text": "ဗာ​ရှာ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​နှင့် သူ၏​တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 6,
      "text": "ဗာ​ရှာ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ တိ​ရ​ဇ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ဧ​လာ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 7,
      "text": "ဗာ​ရှာ​သည် ယေ​ရော​ဗောင်​အ​မျိုး​နှင့်​တူ၍ ထို​အ​မျိုး​ကို လုပ်​ကြံ​သော​အ​ပြစ်၊ မိ​မိ​ပြု​မူ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ရှေ့​တော်၌ ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဗာ​ရှာ​ကို​အ​ကြောင်း​ပြု၍၊ ဟာ​နန်၏​သား​ယေ​ဟု​အား​ဖြင့် ရောက်​လာ​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 8,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​နှစ်​ဆယ်​ခြောက်​နှစ်​တွင်၊ ဗာ​ရှာ​သား​ဧ​လာ​သည် တိ​ရ​ဇ​မြို့၌​နေ၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​နှစ်​စိုး​စံ​သည်​ရှိ​သော်၊"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 9,
      "text": "ရ​ထား​စီး​သူ​ရဲ တစ်​ဝက်​ကို​အုပ်​သော​သူ၊ မိ​မိ​ကျွန်​ဇိ​မ​ရိ​သည်​သင်း​ဖွဲ့၍၊ ဧ​လာ​သည် တိ​ရ​ဇ​မြို့​တွင် နန်း​တော်​အုပ်​အာ​ဇ၏​အိမ်၌ ယစ်​မူး​အောင် သောက်​လျက်​နေ​စဉ်​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 10,
      "text": "ဇိ​မ​ရိ​သည်​ဝင်၍ ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​နန်း​စံ နှစ်​ဆယ်​ခု​နစ်​နှစ်​တွင်၊ ဧ​လာ​ကို​သေ​စေ​ခြင်း​ငှာ လုပ်​ကြံ၍ နန်း​ထိုင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 11,
      "text": "နန်း​ထိုင်​စ​က၊ ဗာ​ရှာ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သတ်၏။ ဗာ​ရှာ​နှင့် ပေါက်​ဖော်​တော်​သော​ယောက်ျား၊ အ​ဆွေ​ဖွဲ့​သော ယောက်ျား​တစ်​ယောက်​ကို​မျှ မ​ချန်​မ​ထား။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ရှာ​ကို​အ​ကြောင်း​ပြု၍ ပ​ရော​ဖက်​ယေ​ဟု​အား​ဖြင့် မိန့်​တော်​မူ​သော စ​ကား​တော်​နှင့်​အ​ညီ၊ ဇိ​မ​ရိ​သည် ဗာ​ရှာ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ဖျက်​ဆီး၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ ဗာ​ရှာ​နှင့် သား​ဧ​လာ​တို့​သည် ကိုယ်​တိုင်​ပြစ်​မှား​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ပြစ်​မှား​စေ​သော အ​ပြစ်​အား​ဖြင့်​လည်း​ကောင်း၊ မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​သော​အ​ကြောင်း​တည်း။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 14,
      "text": "ဧ​လာ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 15,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​နှစ်​ဆယ်​ခု​နစ်​နှစ်​တွင်၊ ဇိ​မ​ရိ​သည် တိ​ရ​ဇ​မြို့၌​ခု​နစ်​ရက်​စိုး​စံ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 16,
      "text": "ထို​သို့ ဇိ​မ​ရိ​သည် သင်း​ဖွဲ့၍ ရှင်​ဘု​ရင်​ကို​သတ်​သည်​ဟု ဖိ​လိ​တ္တိ​ပြည်​ဂိ​ဗေ​သုန်​မြို့​ရှေ့​မှာ တပ်​ချ​သော​သူ​အ​ပေါင်း​တို့​သည် သ​တင်း​ကြား​လျှင်၊ ထို​နေ့​ချင်း​တွင် ဗိုလ်​ချုပ်​မင်း​ဩ​မ​ရိ​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ တပ်​ထဲ​မှာ​ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 17,
      "text": "ဩ​မ​ရိ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ဂိ​ဗေ​သုန်​မြို့​မှ​ထွက်၍၊ တိ​ရ​ဇ​မြို့​ကို ဝိုင်း​ထား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 18,
      "text": "မြို့​ကို​တိုက်၍​ရ​မည်​ဟု ဇိ​မ​ရိ​သည် သိ​သော​အ​ခါ၊ နန်း​တော်​ထဲ​သို့​ဝင်၍ မိ​မိ​အ​ပေါ်​မှာ နန်း​တော်​ကို​မီး​ရှို့​သ​ဖြင့် ကိုယ်​တိုင်​သေ​လေ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ယေ​ရော​ဗောင်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော လမ်း​သို့​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​အ​ကြောင်း​တည်း။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 20,
      "text": "ဇိ​မ​ရိ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​သ​မျှ​တို့​နှင့် ပုန်​ကန်​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 21,
      "text": "ထို​အ​ခါ ပြည်​သား​တို့​သည်​ကွဲ​ပြား၍၊ အ​ချို့​တို့​သည် ဂိ​နတ်၏​သား​တိ​ဗ​နိ​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ သူ့​နောက်​သို့​လိုက်​ကြ၏။ အ​ချို့​တို့​သည် ဩ​မ​ရိ​နောက်​သို့​လိုက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 22,
      "text": "ဩ​မ​ရိ​နောက်​သို့​လိုက်​သော သူ​တို့​သည် ဂိ​နတ်၏​သား​တိ​ဗ​နိ​နောက်​သို့ လိုက်​သော​သူ​တို့​ကို နိုင်​သ​ဖြင့်၊ တိ​ဗ​နိ​သေ၍ ဩ​မ​ရိ​သည် နန်း​ထိုင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 23,
      "text": "ယု​ဒ​ရှင်​ဘု​ရင် အာ​သ​နန်း​စံ​သုံး​ဆယ်​တစ်​နှစ်​တွင်၊ ဩ​မ​ရိ​သည် နန်း​ထိုင်၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို တစ်​ဆယ်​နှစ်​နှစ်​စိုး​စံ၏။ တိ​ရ​ဇ​မြို့၌ ခြောက်​နှစ်​စိုး​စံ​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 24,
      "text": "ရှ​မာ​ရိ​တောင်​ကို တောင်​ရှင်​ရှ​မေ​ရ၌ ငွေ​အ​ခွက်​နှစ်​ဆယ်​နှင့်​ဝယ်၍ တောင်​ပေါ်​မှာ မြို့​ကို​တည်၏။ ထို​မြို့​ကို တောင်​ရှင်​ရှ​မေ​ရ​အ​မည်​ကို အ​စွဲ​ပြု​သ​ဖြင့်၊ ရှ​မာ​ရိ​မြို့​ဟူ၍​သ​မုတ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 25,
      "text": "ဩ​မ​ရိ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဒု​စ​ရိုက်​ကို​ပြု​သ​ဖြင့်၊ မိ​မိ​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​ထက် သာ၍​ဆိုး​ညစ်၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 26,
      "text": "နေ​ဗတ်၏​သား ယေ​ရော​ဗောင်​လိုက်​သော​လမ်း၊ ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ပြစ်​မှား​စေ​သော​ဒု​စ​ရိုက်​အ​ပြစ်​လမ်း​သို့ လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 27,
      "text": "ဩ​မ​ရိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 28,
      "text": "ဩ​မ​ရိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အာ​ဟပ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 29,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​သ နန်း​စံ​သုံး​ဆယ်​ရှစ်​နှစ်​တွင်၊ ဩ​မ​ရိ​သား​အာ​ဟပ်​သည် ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​မင်း​ပြု၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​ဆယ်​နှစ်​နှစ် စိုး​စံ၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 30,
      "text": "ဩ​မ​ရိ​သား​အာ​ဟပ်​သည် မိ​မိ​ရှေ့​မှာ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သာ၍ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 31,
      "text": "နေ​ဗတ်၏​သား ယေ​ရော​ဗောင်​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​လမ်း​သို့​သာ​လိုက်​လျှင်၊ သာ​မ​ည​အ​ပြစ်​ရောက်​မည်​ဟု ထင်​မှတ်​လျက်၊ ဇိ​ဒုန်​မင်း​ကြီး ဧ​သ​ဗာ​လ​သ​မီး ယေ​ဇ​ဗေ​လ​နှင့်​စုံ​ဖက်၍၊ ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 32,
      "text": "ရှ​မာ​ရိ​မြို့​တွင် ဗာ​လ​ဘု​ရား၏​ဗိ​မာန်၌ ဗာ​လ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 33,
      "text": "အာ​ရှ​ရ​ပင်​ကို​လည်း​ပြု​စု၍၊ မိ​မိ​ရှေ့​မှာ​ဖြစ်​ဖူး​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ထက် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ​သာ၍​ပြု၏။"
    },
    {
      "book": 11,
      "chapter": 16,
      "verse": 34,
      "text": "အာ​ဟပ်​လက်​ထပ်၌ ဗေ​သ​လ​မြို့​သား​ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် နုန်၏​သား​ယော​ရှု​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​နှင့်​အ​ညီ၊ သား​ဦး​အ​ဘိ​ရံ​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍၊ သား​ထွေး​စေ​ရပ်​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 1,
      "text": "ဂိ​လဒ်​ပြည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​က၊ ငါ​ကိုး​ကွယ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​အ​ခွင့်​မ​ရှိ​ဘဲ အင်​တန်​ကာ​လ​ပတ်​လုံး မိုး​မ​ရွာ၊ နှင်း​မ​ကျ​ရ​ဟု အာ​ဟပ်​မင်း​အား​မြွက်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဧ​လိ​ယ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 3,
      "text": "သင်​သည် ဤ​အ​ရပ်​မှ ထွက်​သွား​လော့။ အ​ရှေ့​သို့​ပြောင်း၍ ယော်​ဒန်​မြစ်​တစ်​ဖက်၊ ခေ​ရိတ်​ချောင်း​နား​မှာ ပုန်း​ရှောင်၍​နေ​လော့။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 4,
      "text": "ထို​ချောင်း​ရေ​ကို သောက်​ရ​မည်။ ကျီး​အ​တို့​သည် သင့်​ကို​ကျွေး​မွေး​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 5,
      "text": "ဧ​လိ​ယ​သည်​သွား၍ ယော်​ဒန်​မြစ်​တစ်​ဖက်၊ ခေ​ရိတ်​ချောင်း​နား​မှာ​နေ​လေ၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 6,
      "text": "ကျီး​အ​တို့​သည် နေ့​တိုင်း နံ​နက်​တစ်​ခါ၊ ညဉ့်​ဦး​တစ်​ခါ မုန့်​နှင့် အ​မဲ​သား​ကို ဆောင်​ခဲ့​ကြ၏။ ချောင်း​ရေ​ကို​လည်း​သောက်​ရ၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 7,
      "text": "နောက်​တစ်​ဖန် မိုး​မ​ရွာ​သော​ကြောင့် ချောင်း​ရေ​ခန်း​ခြောက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 8,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 9,
      "text": "သင်​ထ​လော့။ ဇိ​ဒုန်​ပြည်၊ ဇ​ရ​တ္တ​မြို့​သို့​သွား၍ နေ​လော့။ ထို​မြို့၌​နေ​သော မု​ဆိုး​မ​တစ်​ယောက်​သည် သင့်​ကို ကျွေး​မွေး​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 10,
      "text": "ဧ​လိ​ယ​သည်​ထ၍ ဇ​ရ​တ္တ​မြို့​သို့​သွား၏။ မြို့​တံ​ခါး​သို့​ရောက်​သော​အ​ခါ၊ မု​ဆိုး​မ​သည် ထင်း​ခွေ​လျက်​ရှိ၏။ ဧ​လိ​ယ​က၊ ငါ​သောက်​စ​ရာ ရေ​အ​နည်း​ငယ်​ကို ခွက်​နှင့် ယူ​ခဲ့​ပါ​လော့​ဟု ဟစ်၍​ဆို၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 11,
      "text": "မိန်း​မ​သည်​ရေ​ကို​ယူ​ခြင်း​ငှာ သွား​စဉ်​တွင်၊ တစ်​ဖန်​ဟစ်၍ မုန့်​တစ်​ဖဲ့​ကို​လည်း သင့်​လက်၌ ယူ​ခဲ့​ပါ​လော့​ဟု ဆို​ပြန်​လျှင်၊"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 12,
      "text": "မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 13,
      "text": "ဧ​လိ​ယ​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်​ဆို​သည်​အ​တိုင်း သွား၍​ပြု​လော့။ သို့​ရာ​တွင် ငါ့​အ​ဖို့ မုန့်​ပြား​ငယ်​တစ်​ပြား​ကို အ​ရင်​လုပ်၍ ယူ​ခဲ့​လော့။ နောက်​မှ သင်​နှင့် သင်၏​သား​ငယ်​အ​ဖို့ လုပ်​လော့။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ အိုး၌​ရှိ​သော​မုန့်​ညက် မ​ကုန်။ ဘူး၌​ရှိ​သော​ဆီ မ​လျော့​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 15,
      "text": "ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 17,
      "text": "ထို​နောက်​မှ အိမ်​ရှင်​မ၏​သား​သည် ပြင်း​ပြ​စွာ​သော အ​နာ​ရော​ဂါ​စွဲ​သော​ကြောင့် အ​သက်​ချုပ်၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 18,
      "text": "မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 19,
      "text": "သင်၏​သား​ကို ငါ့​အား​ပေး​လော့​ဟု​ဆို​လျက်၊ မိန်း​မ​ရင်​ခွင်​ထဲ​က​ယူ၍ မိ​မိ​နေ​ရာ​အ​ထက်​အ​ခန်း​သို့ ဆောင်​သွား​သ​ဖြင့်၊ မိ​မိ​အိပ်​ရာ​ပေါ်​မှာ​ထား​ပြီး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 20,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တည်း​ခို​သော ဤ​မု​ဆိုး​မ၌ ဘေး​ဥ​ပဒ်​ပြု၍၊ သူ၏​သား​ကို သေ​စေ​တော်​မူ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကြွေး​ကြော်​လေ၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 21,
      "text": "တစ်​ဖန် သူ​ငယ်​အ​ပေါ်​မှာ မိ​မိ​ကိုယ်​ကို​သုံး​ကြိမ်​မှောက်​လျက်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​ငယ်၏​ဝိ​ညာဉ်​ကို တစ်​ဖန် ဝင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကြွေး​ကြော်​ပြန်၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 22,
      "text": "ဧ​လိ​ယ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၍၊ သူ​ငယ်၏​ဝိ​ညာဉ်​သည်​ဝင်​သ​ဖြင့်၊ သူ​သည် အ​သက်​ရှင်​ပြန်၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 23,
      "text": "ဧ​လိ​ယ​သည် သူ​ငယ်​ကို အ​ထက်​အ​ခန်း​မှ အောက်​သို့​ယူ​သွား၍ ကြည့်​လော့။ သင်၏​သား​အ​သက်​ရှင်​ပြီ​ဟု​ဆို​လျက် အ​မိ၌​အပ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 17,
      "verse": 24,
      "text": "မိန်း​မ​က​လည်း၊ ဤ​အ​မှု​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်​မ​သိ​ပါ​သည်​ဟု ဧ​လိ​ယ​အား​ဆို၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 1,
      "text": "ကာ​လ​အင်​တန်​ကြာ၍ သုံး​နှစ်​စေ့​သော​အ​ခါ၊ ဧ​လိ​ယ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊ သင်​သည် အာ​ဟပ်​မင်း​အား​သွား၍ ကိုယ်​ကို​ပြ​လော့။ ငါ​သည်​လည်း မြေ​ပေါ်​မှာ​မိုး​ရွာ​စေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 2,
      "text": "ဧ​လိ​ယ​သည် အာ​ဟပ်​မင်း​အား ကိုယ်​ကို​ပြ​အံ့​သော​ငှာ သွား၏။ ထို​အ​ခါ ရှ​မာ​ရိ​မြို့၌ ပြင်း​စွာ​သော အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​ခြင်း​ဘေး​ရှိ၍၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 3,
      "text": "အာ​ဟပ်​မင်း​သည် နန်း​တော်​အုပ်​ဩ​ဗ​ဒိ​ကို ခေါ်၏။ ထို​ဩ​ဗ​ဒိ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​လွန်​ရို​သေ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 4,
      "text": "ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို ပယ်​ဖြတ်​သော​အ​ခါ၊ ဩ​ဗ​ဒိ​သည် ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့်​ရေ​ကို​ပေး၍ ကျွေး​လေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 5,
      "text": "အာ​ဟပ်​က​လည်း၊ တစ်​ပြည်​လုံး​သို့​လှည့်​လည်၍ စမ်း​ရေ​တွင်း​များ၊ ချောင်း​များ​ရှိ​ရာ​အ​ရပ်​ရပ်​သို့ သွား​လော့။ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် မ​သေ၊ မြင်း​နှင့်​လား​တို့​သည် အ​သက်​လွတ်​မည်​အ​ကြောင်း၊ မြက်​ပင်​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ဩ​ဗ​ဒိ​အား​ဆို​လျက်၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 6,
      "text": "သူ​တို့​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​အောင်​ဝေ​ဖန်၍၊ အာ​ဟပ်​နှင့် ဩ​ဗ​ဒိ​သည် လမ်း​တ​ခြား​စီ ထွက်​သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 7,
      "text": "ဩ​ဗ​ဒိ​သည် သွား​စဉ်​အ​ခါ၊ ဧ​လိ​ယ​သည် ဆီး၍​ကြို၏။ ဩ​ဗ​ဒိ​သည် ဧ​လိ​ယ​ကို​သိ၍ ပျပ်​ဝပ်​လျက်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ မှန်​ပါ​သ​လော​ဟု မေး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 8,
      "text": "ဧ​လိ​ယ​က ငါ​မှန်၏။ ဧ​လိ​ယ​သည် ဤ​မည်​သော​အ​ရပ်၌​ရှိ​ပါ၏​ဟု သင့်​သ​ခင်​ထံ​သို့​သွား၍ လျှောက်​လော့​ဟု ပြော​ဆို​သော်၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 9,
      "text": "ဩ​ဗ​ဒိ​က​လည်း၊ ကိုယ်​တော်​ကျွန်၏​အ​သက်​ကို သတ်​စေ​ခြင်း​ငှာ အာ​ဟပ်၌​အပ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့ ပြစ်​မှား​ဘိ​သ​နည်း။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 10,
      "text": "ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​ကို ရှာ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​သ​ခင်​မ​စေ​လွှတ်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ မ​ရှိ​ပါ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​က၊ ဧ​လိ​ယ​မ​ရှိ​ပါ​ဟု လျှောက်​သော​အ​ခါ၊ ကိုယ်​တော်​ကို ရှာ၍​မ​တွေ့​နိုင်​ဟု ထို​တိုင်း​နိုင်​ငံ​သား​တို့​သည် အ​ကျိန်​ကို​ခံ​ရ​ကြ​ပါ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 11,
      "text": "ယ​ခု​မူ​ကား၊ ဧ​လိ​ယ​သည် ဤ​မည်​သော​အ​ရပ်၌​ရှိ​ပါ၏​ဟု သင့်​သ​ခင်​ထံ​သို့​သွား၍ လျှောက်​လော့​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 12,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​သွား၍ အာ​ဟပ်​မင်း​ထံ​မှာ​လျှောက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် အ​ကျွန်ုပ်​မ​သိ​သော​အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​တော်​မူ​လျှင်၊ အာ​ဟပ်​မင်း​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​သော​အ​ခါ အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​မူ​ကား၊ အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ရို​သေ​ပါ​ပြီ။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 13,
      "text": "ယေ​ဇ​ဗေ​လ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တို့​ကို သတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​ပြု​သော​အ​မှု​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တစ်​ရာ​ကို မြေ​တွင်း​ထဲ​မှာ ငါး​ဆယ်​စီ​ဝှက်​ထား​ပြီး​လျှင်၊ မုန့်​နှင့် ရေ​ကို​ပေး၍ ကျွေး​ကြောင်း​ကို အ​ကျွန်ုပ်​သ​ခင် ကြား​တော်​မ​မူ​သ​လော။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 14,
      "text": "ယ​ခု​မူ​ကား၊ ဧ​လိ​ယ​သည် ဤ​မည်​သော​အ​ရပ်၌​ရှိ​ပါ၏​ဟု သင့်​သ​ခင်​ထံ​သို့​သွား၍ လျှောက်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​ဖြစ်၍၊ အာ​ဟပ်​သည် အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်​ဟု ပြန်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 15,
      "text": "ဧ​လိ​ယ​က​လည်း၊ ငါ​ကိုး​ကွယ်​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည် ယ​နေ့​အာ​ဟပ်​မင်း​အား ကိုယ်​ကို​အ​မှန်​ပြ​မည်​ဟု ဆို​ပြန်​သော်၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 16,
      "text": "ဩ​ဗ​ဒိ​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား၍ လျှောက်​သ​ဖြင့်၊ အာ​ဟပ်​သည် ဧ​လိ​ယ​ကို​ကြို​ဆို​အံ့​သော​ငှာ​သွား၍၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 17,
      "text": "တွေ့​မြင်​သော​အ​ခါ၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှောင့်​ယှက်​သော​သူ​မှန်​သ​လော​ဟု​မေး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 18,
      "text": "ဧ​လိ​ယ​က၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​မ​နှောင့်​ယှက်၊ သင်​နှင့် သင့်​အ​ဆွေ​အ​မျိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တ​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား​တို့​ကို​ဆည်း​ကပ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို နှောင့်​ယှက်​ကြ​ပြီ။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 19,
      "text": "သို့​ရာ​တွင် လူ​ကို​ယ​ခု​စေ​လွှတ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက် လေး​ရာ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ယေ​ဇ​ဗေ​လ​စား​ပွဲ၌​စား​သော အာ​ရှ​ရ​ပ​ရော​ဖက်​လေး​ရာ​ကို​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ငါ့​ထံ​သို့ စု​ဝေး​စေ​လော့​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 20,
      "text": "အာ​ဟပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍၊ ပ​ရော​ဖက်​တို့​ကို က​ရ​မေ​လ​တောင်​ပေါ်​မှ စု​ဝေး​စေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 21,
      "text": "ဧ​လိ​ယ​သည် လူ​များ​ရှိ​ရာ​သို့​လာ၍၊ သင်​တို့​သည် ဘာ​သာ​နှစ်​ပါး​စပ်​ကြား​မှာ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ယုံ​မှား​သော​စိတ်​နှင့် နေ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​သ​ခင်​မှန်​လျှင် ထို​ဘု​ရား​ကို ဆည်း​ကပ်​ကြ​လော့​ဟု​ဆို​လျှင်၊ လူ​များ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 22,
      "text": "တစ်​ဖန် ဧ​လိ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​ကား ငါ​တစ်​ယောက်​တည်း ကျန်​ရစ်၏။ ဗာ​လ၏​ပ​ရော​ဖက်​ကား လေး​ရာ​ငါး​ဆယ် ရှိ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 23,
      "text": "နွား​နှစ်​ကောင်​ကို​ပေး​ကြ​လော့။ သူ​တို့​သည် တစ်​ကောင်​ကို​ရွေး၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင် ထင်း​ပေါ်​မှာ တင်​ပါ​လေ​စေ။ မီး​မ​ထည့်​စေ​နှင့်။ ငါ​လည်း နွား​တစ်​ကောင်​ကို​လုပ်၍ ထင်း​ပေါ်​မှာ​တင်​မည်။ မီး​ကို​မ​ထည့်။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 24,
      "text": "သင်​တို့​သည် သင်​တို့​ဘု​ရား​များ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ​လော့။ ငါ​လည်း ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဟစ်​ခေါ်​မည်။ မီး​ဖြင့် ထူး​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​မှန်​ပါ​စေ​ဟု လူ​များ​တို့​အား ပြော​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​က၊ ဧ​လိ​ယ၏​စ​ကား​သည် လျောက်​ပတ်​ပေ​သည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 25,
      "text": "တစ်​ဖန် ဧ​လိ​ယ​က၊ သင်​တို့​သည်​များ​သော​ကြောင့် နွား​တစ်​ကောင်​ကို အ​ရင်​ရွေး၍​လုပ်​ကြ​လော့။ မီး​မ​ထည့်​ဘဲ သင်​တို့​ဘု​ရား​များ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ​လော့​ဟု ဗာ​လ၏​ပ​ရော​ဖက်​တို့​အား ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 26,
      "text": "သူ​တို့​သည် လူ​များ​ပေး​သော​နွား​ကို​ယူ၍ လုပ်​ပြီး​လျှင်၊ အို​ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​ထူး​တော်​မူ​ပါ​ဟု နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ဗာ​လ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ၏။ သို့​ရာ​တွင် ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ​လည်း မ​ရှိ။ သူ​တို့​သည် ကိုယ်​တည်​သော ယဇ်​ပ​လ္လင်​ရှေ့​မှာ က​ခုန်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 27,
      "text": "မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 28,
      "text": "သူ​တို့​သည်​လည်း ကျယ်​သော​အ​သံ​နှင့် ဟစ်၍ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ကိုယ်​အ​သွေး​နှင့် ကိုယ်​ကို​လူး​ခြင်း​ငှာ ဓား၊ သံ​စူး​နှင့် ကိုယ်​ကို​ရှ​စေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 29,
      "text": "မွန်း​လွဲ၍ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ပ​ရော​ဖက်​ပြု​ကြ​သော်​လည်း၊ ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ၊ အ​မှု​ထား​သော​သူ​လည်း မ​ရှိ​သော​အ​ခါ၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 30,
      "text": "ဧ​လိ​ယ​က၊ ငါ့​အ​နီး​သို့​လာ​ကြ​လော့​ဟု လူ​များ​တို့​ကို​ခေါ်​သည်​အ​တိုင်း၊ လူ​အ​ပေါင်း​တို့​သည် အ​နီး​သို့​လာ​ကြ၏။ ထို​အ​ခါ​ဧ​လိ​ယ​သည် ပြို​ပျက်​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ရှင်း​လင်း​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 31,
      "text": "သင်၏​အ​မည်​ကား ဣ​သ​ရေ​လ​ဖြစ်​ရ​မည်​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ယာ​ကုပ်​သား အ​မျိုး​အ​နွယ် အ​ရေ​အ​တွက်​အ​တိုင်း၊ ကျောက်​တစ်​ဆယ်​နှစ်​လုံး​ကို​ယူ၍၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 32,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ၊ မျိုး​စေ့​နှစ်​တင်း​လောက်​ဝင်​နိုင်​သော​ကျုံး​ကို ယဇ်​ပ​လ္လင်​ပတ်​လည်၌ တူး​လေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 33,
      "text": "ထင်း​ကို​စီ၍ နွား​ကို​လည်း အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​လျှင် ထင်း​ပေါ်​မှာ​တင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 34,
      "text": "အိုး​လေး​လုံး​ကို ရေ​နှင့်​အ​ပြည့်​ထည့်၍၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ထင်း​ပေါ်​မှာ​လောင်း​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း သူ​တို့​သည်​လောင်း​ပြီး​မှ၊ တစ်​ဖန် လောင်း​ကြ​ဦး​လော့​ဟု ဆို​သည်​အ​တိုင်း သူ​တို့​သည်​လောင်း​ပြီး​မှ၊ သုံး​ကြိမ်​တိုင်​အောင် လောင်း​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် သုံး​ကြိမ်​တိုင်​အောင် လောင်း​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 35,
      "text": "ရေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်၌​စီး၍ ကျုံး​သည်​လည်း ရေ​နှင့်​ပြည့်​လေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 36,
      "text": "ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ၊ ပ​ရော​ဖက်​ဧ​လိ​ယ​သည် ချဉ်း​လာ၍၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကျွန်​ဖြစ်၍ အ​မိန့်​တော်​အ​တိုင်း ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 37,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဤ​လူ​တို့​စိတ်​သ​ဘော​ကို ပြောင်း​လဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည် သိ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ နား​ထောင်​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 38,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​မီး​သည်​ကျ​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ထင်း၊ ကျောက်၊ မြေ​မှုန့်​ကို​လောင်၍ ကျုံး၌​ရှိ​သော​ရေ​ကို​လည်း ခန်း​ခြောက်​စေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 39,
      "text": "လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ပျပ်​ဝပ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 40,
      "text": "ဧ​လိ​ယ​က​လည်း၊ ဗာ​လ၏​ပ​ရော​ဖက်​တို့​ကို ဖမ်း​ဆီး​ကြ​လော့။ တစ်​ယောက်​ကို​မျှ​မ​လွတ်​စေ​နှင့်​ဟု စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့​ကို ဖမ်း​ဆီး၍ ဧ​လိ​ယ​သည် ကိ​ရှုန်​ချောင်း​သို့ ယူ​သွား​ပြီး​လျှင် ကွပ်​မျက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 41,
      "text": "ထို​နောက်​မှ ဧ​လိ​ယ​က၊ မင်း​ကြီး​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား​ပါ​လော့။ များ​စွာ​သော မိုး​ရွာ​မည့်​အ​သံ​ရှိ​သည်​ဟု အာ​ဟပ်​အား​ပြော​ဆို​လျှင်၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 42,
      "text": "အာ​ဟပ်​သည် စား​သောက်​ခြင်း​ငှာ​တက်​သွား၏။ ဧ​လိ​ယ​သည် က​ရ​မေ​လ​တောင်​ပေါ်​သို့​တက်၍၊ မြေ၌​ပျပ်​ဝပ်​လျက် မျက်​နှာ​ကို ဒူး​ကြား​မှာ​ထား​လျက်၊"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 43,
      "text": "မိ​မိ​ကျွန်​အား သင်​တက်၍ ပင်​လယ်​သို့ ကြည့်​ရှု​လော့​ဟု​ဆို​သည်​အ​တိုင်း၊ ကျွန်​သည်​တက်၍ ကြည့်​ရှု​လျှင်၊ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို၏။ ဧ​လိ​ယ​က၊ ခု​နစ်​ကြိမ်​တိုင်​အောင်​သွား၍ ကြည့်​ရှု​ဦး​လော့​ဟု​ဆို၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 44,
      "text": "ခု​နစ်​ကြိမ်​မြောက်​သော​အ​ခါ၊ လူ​လက်​နှင့်​တူ​သော မိုး​တိမ်​ငယ်​တစ်​ခု​သည် ပင်​လယ်​ထဲ​က​တက်​ပါ၏​ဟု​ဆို​သော်၊ အာ​ဟပ်​မင်း​ထံ​သို့ သွား​လော့။ မိုး​ရွာ၍ ဆီး​တား​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ မင်း​ကြီး​ပြင်​ဆင်၍ ပြန်​သွား​မည်​အ​ကြောင်း လျှောက်​ထား​လော့​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 45,
      "text": "မ​ကြာ​မ​မြင့်​မီ မိုး​ကောင်း​ကင်​သည် မိုး​သက်​မုန်​တိုင်း​နှင့် မည်း၍ ပြင်း​စွာ​မိုး​ရွာ၏။ အာ​ဟပ်​သည် ရ​ထား​စီး၍ ယေ​ဇ​ရေ​လ​မြို့​သို့ သွား၏။"
    },
    {
      "book": 11,
      "chapter": 18,
      "verse": 46,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ယ​အ​ပေါ်​မှာ​ရှိ၍၊ သူ​သည် ခါး​ပန်း​ကို​စည်း​လျက် အာ​ဟပ်​မင်း​အ​ရင် ယေ​ဇ​ရ​လ​မြို့​တံ​ခါး​ဝ​သို့​ပြေး​လေ၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 1,
      "text": "ဧ​လိ​ယ​ပြု​သော​အ​မှု​နှင့် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သော​အ​မှု​ကို၊ အာ​ဟပ်​သည် ယေ​ဇ​ဗေ​လ​အား အ​ကုန်​အ​စင်​ကြား​ပြော၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 2,
      "text": "ယေ​ဇ​ဗေ​လ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​မှ၊ သင့်​အ​သက်​သည် ထို​ပ​ရော​ဖက်​တို့၏ အ​သက်​ကဲ့​သို့ ငါ​မ​ဖြစ်​စေ​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု တ​မန်​ကို ဧ​လိ​ယ​ထံ​သို့​စေ​လွှတ်၍ ကြား​လိုက်၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 3,
      "text": "ထို​အ​ခါ ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့်၊ ထ၍ အ​သက်​လွတ်​အောင် ယု​ဒ​ခ​ရိုင်​ဗေ​ရ​ရှေ​ဘ​မြို့​သို့ သွား၏။ ထို​မြို့၌ ကျွန်​ကို​ထား​ခဲ့၍၊"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 4,
      "text": "သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 5,
      "text": "ရ​သမ်​ပင်​အောက်​မှာ အိပ်​ပျော်၏။ ထို​အ​ခါ ကောင်း​ကင်​တ​မန်​က၊ ထ၍​စား​လော့​ဟု သူ့​ကို​တို့​လျက်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 6,
      "text": "ဧ​လိ​ယ​သည် မျှော်​ကြည့်​သော​အ​ခါ၊ မီး​နှင့်​ဖုတ်​သော​မုန့်​ပြား​နှင့် ခေါင်း​ရင်း၌ ရေ​ဘူး​ရှိ​သည်​ကို​မြင်၍ စား​သောက်​ပြီး​မှ တစ်​ဖန်​အိပ်​ပျော်၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒု​တိ​ယ​အ​ကြိမ်​လာ၍ သူ့​ကို​တို့​လျက်၊ သွား​ရ​မည့်​ခ​ရီး​သည် အ​လွန်​ဝေး​သော​ကြောင့်၊ ထ၍ စား​ဦး​လော့​ဟု​ဆို​သည် အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 8,
      "text": "ဧ​လိ​ယ​သည် ထ၍ စား​သောက်​ပြန်၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို အ​မှီ​ပြု​လျက်၊ အ​ရက်​လေး​ဆယ်​ခ​ရီး​သွား၍ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော ဟော​ရပ်​တောင်​သို့ ရောက်​သ​ဖြင့်၊"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 9,
      "text": "ဥ​မင်​ထဲ​သို့ ဝင်၍​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​သည်​ကား၊ ဧ​လိ​ယ၊ သင်​သည် ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု မေး​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 10,
      "text": "ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 11,
      "text": "နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 12,
      "text": "မြေ​လှုပ်​ခြင်း​နောက်​မှာ မီး​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မီး၌​လည်း ရှိ​တော်​မ​မူ၊ မီး​နောက်​မှာ ဖြည်း​ညင်း​သော​အ​သံ ရှိ၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 13,
      "text": "ထို​အ​သံ​ကို ဧ​လိ​ယ​သည်​ကြား​လျှင်၊ မျက်​နှာ​ကို ဝတ်​လုံ​နှင့်​ဖုံး​အုပ်​လျက်​ထွက်၍ ဥ​မင်​ဝ၌​ရပ်​နေ၏။ ထို​အ​ခါ ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်၌ အ​ဘယ်​သို့​ပြု​လျက်​နေ​သ​နည်း​ဟု အ​သံ​လာ၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 14,
      "text": "ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏​ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို ဓား​နှင့်​သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင် သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ဒ​မာ​သက်​တော​သို့​ပြန်၍ ခ​ရီး​သွား​လော့။ ရောက်​သော​အ​ခါ ဟာ​ဇေ​လ​ကို ရှု​ရိ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 16,
      "text": "နိမ်​ရှိ​သား ယေ​ဟု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။ အာ​ဗေ​လ​မ​ဟော​လ​မြို့​နေ၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို သင့်​ကိုယ်​စား ပ​ရော​ဖက်​အ​ရာ၌​ခန့်​ထား၍ ဘိ​သိက်​ပေး​လော့။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 17,
      "text": "သို့​ဖြစ်၍ ဟာ​ဇေ​လ​ဓား​နှင့် လွတ်​သော​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​ဓား​နှင့် လွတ်​သော​သူ​ကို ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 18,
      "text": "သို့​ရာ​တွင် ဗာ​လ​ရှေ့၌ ဒူး​ထောက်​ခြင်း၊ နမ်း​ခြင်း​ကို မ​ပြု​သော​သူ​အ​ပေါင်း​တည်း​ဟူ​သော ဣ​သ​ရေ​လ အ​မျိုး​သား​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 19,
      "text": "ထို​အ​ရပ်​မှ ဧ​လိ​ယ​သည် သွား​ပြီး​လျှင်၊ နွား​ငါး​ရှဉ်း​နှင့် လယ်​ထွန်​လျက်၊ နောက်​ဆုံး​နွား​ရှဉ်း၌ ကိုယ်​တိုင်​လိုက်​သော ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို​တွေ့၍ အ​နား၌​လျှောက်​စဉ်​တွင်၊ မိ​မိ​ဝတ်​လုံ​ကို သူ့​အ​ပေါ်​မှာ​တင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 20,
      "text": "ဧ​လိ​ရှဲ​သည် နွား​တို့​ကို​ပစ်​ထား၍ ဧ​လိ​ယ​နောက်​သို့​လိုက်​လျက်၊ အ​ကျွန်ုပ်​သည် မိ​ဘ​ကို​နမ်း​ပါ​ရ​စေ။ သို့​ပြီး​မှ ကိုယ်​တော်​နောက်​သို့​လိုက်​ပါ​မည်​ဟု အ​ခွင့်​တောင်း​လျှင်၊ ဧ​လိ​ယ​က ပြန်​သွား​လော့။ ငါ​သည် သင်၌ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု​ဆို​သော်၊"
    },
    {
      "book": 11,
      "chapter": 19,
      "verse": 21,
      "text": "ဧ​လိ​ရှဲ​သည်​ပြန်​သွား၍ နွား​တစ်​ရှဉ်း​ကို​သတ်​ပြီး​မှ၊ နွား​သား​ကို လယ်​ထွန်​သော​တန်​ဆာ​နှင့်​ပြုတ်၍ လူ​များ​တို့​အား​ကျွေး​လေ၏။ သို့​ပြီး​မှ ထ၍ ဧ​လိ​ယ​နောက်​သို့​လိုက်​လျက် လက်​ထောက်​ဖြစ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 1,
      "text": "ရှု​ရိ​ရှင်​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ မင်း​ကြီး​သုံး​ကျိပ်​နှစ်​ပါး​နှင့်​တ​ကွ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​များ​ပါ​လျက် စစ်​ချီ​ပြီး​လျှင် ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ထား၍ တိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 2,
      "text": "သံ​တ​မန်​တို့​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​ထံ၊ မြို့​ထဲ​သို့​စေ​လွှတ်၍၊ ဗင်္ဟာ​ဒဒ်၏​အ​မိန့်​တော်​ကား၊"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 3,
      "text": "သင့်​ရွှေ​ငွေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင့်​သား​မ​ယား အ​ကောင်း​ဆုံး​တို့​ကို​လည်း ငါ​ပိုင်၏​ဟု မှာ​လိုက်​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က အ​ရှင်​မင်း​ကြီး၊ အ​မိန့်​တော်​အ​တိုင်း ငါ​နှင့်​ငါ့​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကိုယ်​တော်၏​ဥ​စ္စာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 5,
      "text": "သံ​တ​မန်​တို့​သည် တစ်​ဖန်​လာ၍ ဗင်္ဟာ​ဒဒ်၏ အ​မိန့်​တော်​ကား၊ သင်​ပိုင်​သော ရွှေ​ငွေ​သား​မ​ယား​တို့​ကို ငါ၌​အပ်​ရ​မည်​ဟု ငါ​မှာ​လိုက်​သည်​အ​မှု​မှာ၊"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 6,
      "text": "နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​သော​အ​ခါ ငါ့​ကျွန်​တို့​ကို ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် သင်​နေ​သော​အိမ်​နှင့် သင့်​ကျွန်​နေ​သော အိမ်​တို့​ကို​စစ်၍ အ​လို​ရှိ​သ​မျှ​တို့​ကို ယူ​စေ​ရ​မည်​ဟု မှာ​လိုက်​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 7,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပြည်​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ ဤ​သူ​သည် အ​ဘယ်​မျှ​လောက် ရန်​ရှာ​ချင်​သည်​ကို ကြည့်​မှတ်​ကြ​ပါ​လော့။ ငါ့​ရွှေ​ငွေ သား​မ​ယား​တို့​ကို​တောင်း၍ မှာ​လိုက်​သော​အ​ခါ ငါ​မ​ငြင်း​ပါ​တ​ကား​ဟု ကြား​ပြော၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 8,
      "text": "အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ပြည်​သား​အ​ပေါင်း​တို့​က၊ ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မ​မူ​ပါ​နှင့်။ ဝန်​ခံ​တော်​မ​မူ​ပါ​နှင့်​ဟု ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 9,
      "text": "သို့​ဖြစ်၍ ရှင်​ဘု​ရင်​က၊ ကိုယ်​တော်​သည် အ​ထက်​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်။ နောက်​မိန့်​တော်​မူ​သည်​အ​တိုင်း မ​ပြု​သင့်​ဟု ငါ​အ​ရှင်​မင်း​ကြီး​အား ပြန်​လျှောက်​ကြ​လော့​ဟု ဗင်္ဟာ​ဒဒ်၏​သံ​တ​မန်​တို့​အား​မှာ​လိုက်​လျှင်၊ ထို​သူ​တို့​သည် သွား၍​လျှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 10,
      "text": "တစ်​ဖန် ဗင်္ဟာ​ဒဒ်​သည် စေ​လွှတ်၍၊ ရှ​မာ​ရိ​မြို့၌​ရှိ​သော မြေ​မှုန့်​သည် ငါ့​နောက်​သို့ လိုက်​သော​သူ​အ​ပေါင်း​တို့​တွင်၊ တစ်​ယောက်​တစ်​လက်​ဆုပ်​စီ စေ့​င​လောက်​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု မှာ​လိုက်​လေ​သော်၊"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ လက်​နက်​စုံ​ကို ချွတ်​သော​သူ​သည် ဝါ​ကြွား​သ​ကဲ့​သို့ ဝတ်​ဆင်​သော​သူ​သည် မ​ဝါ​ကြွား​စေ​နှင့်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 12,
      "text": "ဗင်္ဟာ​ဒဒ်​သည် မင်း​ကြီး​တို့​နှင့်​တ​ကွ တဲ​တော်၌​သောက်​စဉ်၊ ထို​စ​ကား​ကို​ကြား​လျှင် စစ်​ခင်း​ကျင်း​ကြ​ဟု မိ​မိ​ကျွန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မြို့​ရှေ့​မှာ စစ်​ခင်း​ကျင်း​ကြ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 13,
      "text": "ထို​အ​ခါ ပ​ရော​ဖက်​တစ်​ပါး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ထံ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို မြင်​ပြီ​လော။ သင့်​လက်၌ ယ​နေ့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို​ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 14,
      "text": "အာ​ဟပ်​က​လည်း၊ အ​ဘယ်​သူ​အား​ဖြင့် အပ်​တော်​မူ​မည်​နည်း​ဟု မေး​လျှင်၊ မြို့​ဝန်​များ၏​လု​လင်​တို့​အား​ဖြင့် အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ စစ်​မှု​ကို အ​ဘယ်​သူ​စီ​ရင်​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ မင်း​ကြီး​ကိုယ်​တိုင် စီ​ရင်​ရ​မည်​ဟု ဆို၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 15,
      "text": "အာ​ဟပ်​မင်း​သည် မြို့​ဝန်​များ၏ လု​လင်​တို့​ကို ရေ​တွက်၍ နှစ်​ရာ​သုံး​ဆယ်​နှစ်​ယောက်​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ရေ​တွက်​ပြန်​သော် ခု​နစ်​ထောင်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 16,
      "text": "မွန်း​တည့်​အ​ချိန်၌ ထွက်​ကြ၏။ ဗင်္ဟာ​ဒဒ်​မင်း​မူ​ကား၊ ဝိုင်း​သော​မင်း​ကြီး သုံး​ဆယ်​နှစ်​ပါး​တို့​နှင့်​တ​ကွ တဲ​တော်၌ ယစ်​မူး​အောင်​သောက်​လျက် နေ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 17,
      "text": "မြို့​ဝန်​များ၏ လု​လင်​တို့​သည် အ​ရင်​ထွက်​ကြ၏။ ရှ​မာ​ရိ​မြို့​ထဲ​က လူ​ထွက်​ပါ​သည်​ဟု ဗင်္ဟာ​ဒဒ်​မင်း​ထံ​သို့ စေ​လွှတ်၍ ကြား​လျှောက်​လျှင်၊"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 18,
      "text": "စစ်​ငြိမ်း​စေ​ခြင်း​ငှာ ထွက်​သည်​ဖြစ်​စေ၊ စစ်​တိုက်​ခြင်း​ငှာ ထွက်​သည်​ဖြစ်​စေ၊ အ​ရှင်​ဖမ်း​ဆီး​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 19,
      "text": "ထို​သို့​မြို့​ဝန်​များ၏ လု​လင်​တို့​သည် လိုက်​သော​ဗိုလ်​ခြေ​နှင့်​တ​ကွ မြို့​ထဲ​က​ထွက်၍၊"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 20,
      "text": "ရန်​သူ​တို့​ကို လူ​တိုင်း​တစ်​ယောက်​စီ သတ်​ကြ​သ​ဖြင့် ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်​လိုက်​ကြ​သ​ဖြင့် ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မြင်း​စီး၍ မြင်း​စီး​သူ​ရဲ​တို့​နှင့်​အ​တူ အ​လွတ်​ပြေး၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည်​လည်း ထွက်၍ မြင်း​တပ်၊ ရ​ထား​တပ်​များ​ကို​ဖျက်၍ ရှု​ရိ​လူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်​လေ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 22,
      "text": "တစ်​ဖန် ပ​ရော​ဖက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့​လာ၍၊ ကိုယ်​ကို​ခိုင်​ခံ့​စေ​လော့။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို သ​တိ​နှင့်​ဆင်​ခြင်​လော့။ နှစ်​လည်​သော​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍​လာ​လေ​ဦး​မည်​ဟု ဆို၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 23,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်၏​ကျွန်​တို့​က​လည်း၊ သူ​တို့၏​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော​ဘု​ရား​ဖြစ်၏။ ထို​ကြောင့် သူ​တို့​သည် ငါ​တို့​ကို​နိုင်​ပါ၏။ ငါ​တို့​သည် လွင်​ပြင်၌ တစ်​ခါ​တိုက်​ကြ​ကုန်​အံ့။ ထို​သို့​တိုက်​လျှင် စင်​စစ်​နိုင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 24,
      "text": "မင်း​ကြီး​အ​ပေါင်း​တို့​ကို​လည်း ပယ်၍ သူ​တို့​အ​ရာ၌ ဗိုလ်​ချုပ်​တို့​ကို​ခန့်​ထား​တော်​မူ​ပါ။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 25,
      "text": "ရှုံး​သော​မြင်း​တပ်၊ ရ​ထား​တပ်​နှင့်​အ​မျှ များ​သော​တပ်​ကို​ခင်း​ကျင်း​တော်​မူ​ပါ။ လွင်​ပြင်၌​တိုက်၍ ဆက်​ဆက်​နိုင်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​သော​စ​ကား​ကို ရှင်​ဘု​ရင်​သည် နား​ထောင်၍ စီ​ရင်​လေ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 26,
      "text": "နှစ်​လည်​သော​အ​ခါ ဗင်္ဟာ​ဒဒ်​မင်း​သည် ရှု​ရိ​လူ​တို့​ကို​ရေ​တွက်၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို စစ်​တိုက်​အံ့​သော​ငှာ၊ အာ​ဖက်​မြို့​သို့ ချီ​သွား၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 27,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စာ​ရင်း​ဝင်၍ ရိ​က္ခာ​ကို​ပြင်​ဆင်​ပြီး​မှ စစ်​ချီ​ကြ၏။ ရှု​ရိ​လူ​တို့​သည် တစ်​ပြည်​လုံး​အ​နှံ့​အ​ပြား​နေ​လျက်၊ သူ​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​လူ​တို့​သည် ငယ်​သော​ဆိတ်​သ​ငယ်​နှစ်​စု​ကဲ့​သို့ တပ်​ချ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 28,
      "text": "ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှု​ရိ​လူ​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော ဘု​ရား​ဖြစ်၏။ လွင်​ပြင်​ကို​အ​စိုး​ရ​သော ဘု​ရား​မ​ဟုတ်​ဟု ဆို​မိ​သော​ကြောင့်၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို သင့်​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 29,
      "text": "ထို​သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး တစ်​ဖက်​တစ်​ချက်​တွင် တပ်​ချ​လျက်​နေ​ပြီး​မှ၊ သ​တ္တ​မ​နေ့၌​စစ်​ပြိုင်၍ ဣ​သ​ရေ​လ​လူ​တို့​သည် တစ်​နေ့​ချင်း​တွင် ရှု​ရိ​ခြေ​သည်​သူ​ရဲ​တစ်​သိန်း​ကို သတ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 30,
      "text": "ကျန်​သော​သူ​တို့​သည် အာ​ဖက်​မြို့​သို့​ပြေး၍ မြို့​ရိုး​လဲ​သ​ဖြင့် နှစ်​သောင်း​ခု​နစ်​ထောင်​ကို ဖိ​လေ၏။ ဗင်္ဟာ​ဒဒ်​သည် ပြေး၍ မြို့​ထဲ​အ​တွင်း​အ​ခန်း၌ ပုန်း​လျက်​နေ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 31,
      "text": "ဗင်္ဟာ​ဒဒ်၏​ကျွန်​တို့​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား ရှင်​ဘု​ရင်​တို့​သည် သ​နား​တတ်​သော​မင်း​ဖြစ်​ကြောင်း​ကို ကျွန်​တော်​တို့ ကြား​ပါ​ပြီ။ ကျွန်​တော်​တို့​သည် လျှော်​တေ​အ​ဝတ်​ကို​ဝတ်၍၊ ခေါင်း​ပေါ်​မှာ ကြိုး​ကို​ရွက်​လျက်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ ထွက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ အ​သက်​တော်​ကို ချမ်း​သာ​ပေး​ကောင်း​ပေး​ပါ​လိမ့်​မည်​ဟု လျှောက်​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 32,
      "text": "လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ခေါင်း​ပေါ်​မှာ ကြိုး​ကို​ရွက်​လျက်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့​ရောက်​လျှင်၊ ကိုယ်​တော်​ကျွန်​ဗင်္ဟာ​ဒဒ်​က၊ ကျွန်​တော်​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြောင်း​ကို လျှောက်​ကြ​သော်၊ အာ​ဟပ်​မင်း​က၊ ငါ့​အစ်​ကို​သည် အ​သက်​ရှင်​သေး​သ​လော​ဟု မေး၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 33,
      "text": "ထို​သူ​တို့​သည် အာ​ဟပ်​မင်း၏​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ချက်​ချင်း​စ​ကား​အ​ရိပ်​ကို ဖမ်း​လျက်၊ ကိုယ်​တော်​အစ်​ကို​ဟူ၍ မိ​မိ​တို့​သ​ခင်​ကို ခေါ်​ကြ၏။ အာ​ဟပ်​က​လည်း သွား၍ ခေါ်​ကြ​လော့​ဟု စေ​လွှတ်​သည်​အ​တိုင်း ဗင်္ဟာ​ဒဒ်​သည် ထွက်​လာ၍၊ အာ​ဟပ်​မင်း​အ​ခွင့်​နှင့် ရ​ထား​တော်​ပေါ်​သို့ တက်​ရ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 34,
      "text": "ဗင်္ဟာ​ဒဒ်​က​လည်း၊ ငါ့​အ​ဘ​သည် ကိုယ်​တော်​အ​ဘ၏​လက်​မှ လု​ယူ​သော​မြို့​တို့​ကို ငါ​ပြန်​ပေး​ပါ​မည်။ ငါ့​အ​ဘ​သည် ရှ​မာ​ရိ​မြို့၌ ရှု​ရိ​တန်း​ကို​လုပ်​သ​ကဲ့​သို့ ကိုယ်​တော်​သည် ဒ​မာ​သက်​မြို့၌ ဣ​သ​ရေ​လ​တန်း​ကို လုပ်​ရ​ပါ​သည်​ဟု​ဆို​လျှင်၊ အာ​ဟပ်​က ထို​သို့​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်၊ သင့်​ကို ငါ​လွှတ်​လိုက်​မည်​ဟု​ဆို၍ မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 35,
      "text": "ပ​ရော​ဖက်​အ​မျိုး​သား​တစ်​ယောက်​က၊ ငါ့​ကို ရိုက်​ပါ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း အိမ်​နီး​ချင်း​အား​ဆို၏။ ထို​သူ​က ငါ​မ​ရိုက်​ပါ​ဟု ငြင်း​ပယ်၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 36,
      "text": "ပ​ရော​ဖက်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​သော​ကြောင့် ငါ့​ထံ​မှ​သွား​စဉ်​တွင်၊ ခြင်္သေ့​သတ်​လိမ့်​မည်​ဟု ဆို​သည်​အ​တိုင်း၊ ထို​သူ​သွား​စဉ်​တွင် ခြင်္သေ့​တွေ့၍ သတ်၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 37,
      "text": "အ​ခြား​သော​သူ​ကို​တွေ့၍ ငါ့​ကို​ရိုက်​ပါ​လော့​ဟု ဆို​ပြန်​လျှင်၊ ထို​သူ​သည် နာ​ကျင်​စွာ​ရိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 38,
      "text": "ထို​ပ​ရော​ဖက်​သည် သွား၍ မိ​မိ​မျက်​နှာ​ကို ပု​ဝါ​နှင့်​ဖုံး​အုပ်​လျက် ရှင်​ဘု​ရင်​ကို ငံ့​လင့်၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 39,
      "text": "ရှင်​ဘု​ရင်​သည် လျှောက်​သွား​သော​အ​ခါ ထို​သူ​က၊ ကိုယ်​တော်​ကျွန်​သည် စစ်​တိုက်​သွား​ပါ၏။ လူ​တစ်​ယောက်​သည် စစ်​ပွဲ​ထဲ​က​ထွက်​လာ၍ ကျွန်​တော်၌ လူ​တစ်​ယောက်​ကို​အပ်​သ​ဖြင့် ဤ​လူ​ကို​စောင့်​လော့။ တစ်​စုံ​တစ်​ခု​အား​ဖြင့် ပျောက်​လျှင် သူ့​အ​သက်​အ​တွက် သင့်​အ​သက်​သေ​ရ​မည်။ သို့​မ​ဟုတ် ငွေ​အ​ခွက်​တစ်​ဆယ်​လျော်​ရ​မည်​ဟု မှာ​ထား​သော်​လည်း၊"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 40,
      "text": "ကိုယ်​တော်​ကျွန်​သည် အ​ရပ်​ရပ်၌ အ​မှု​များ​သော​အ​ခါ၊ ထို​သူ​ပျောက်​ပါ​သည်​ဟု လျှောက်​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ သင့်​အ​မှု​ကို ထို​သို့​ပင်​စီ​ရင်​ရ​မည်။ သင့်​ကိုယ်​တိုင်​လည်း စီ​ရင်​ပြီး​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 41,
      "text": "ထို​ပ​ရော​ဖက်​သည် မျက်​နှာ​ဖုံး​ပု​ဝါ​ကို ချက်​ချင်း​ပယ်​သ​ဖြင့်၊ ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သိ၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 42,
      "text": "ပ​ရော​ဖက်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​ကျိန်​သော​သူ​ကို သင်​လွှတ်​သော​ကြောင့်၊ သင့်​အ​သက်​သည် သူ့​အ​သက်​အ​တွက်၊ သင့်​လူ​တို့​သည် သူ့​လူ​တို့​အ​တွက်​အ​ရှုံး​ခံ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 20,
      "verse": 43,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ညစ်​ညူး​သော​စိတ်​နှင့် ညှိုး​ငယ်​လျက် ရှ​မာ​ရိ​မြို့၊ နန်း​တော်​သို့​သွား၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 1,
      "text": "ထို​နောက်​မှ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​ပိုင်​သော​စ​ပျစ်​ဥ​ယျာဉ်​သည် ယေ​ဇ​ရေ​လ​မြို့​တွင်၊ ရှ​မာ​ရိ​မင်း​ကြီး အာ​ဟပ်၏​နန်း​တော်​နား​မှာ​ရှိ​သည်​ဖြစ်၍၊"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 2,
      "text": "အာ​ဟပ်​မင်း​က၊ သင့်​စ​ပျစ်​ဥ​ယျာဉ်​သည် နန်း​တော်​နား​မှာ​ရှိ​သော​ကြောင့် ယာ​လုပ်​စ​ရာ​ဖို့​ပေး​ပါ။ သာ၍​ကောင်း​သော ဥ​ယျာဉ်​ကို​ငါ​ပေး​မည်။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ဖိုး​ကို​ပေး​မည်​ဟု နာ​ဗုတ်​အား​ဆို​လျှင်၊"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 3,
      "text": "နာ​ဗုတ်​က၊ ဘိုး​ဘေး​လက်​မှ အ​မွေ​ခံ​သော​မြေ​ကို ကိုယ်​တော်​အား ပေး​ရ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 4,
      "text": "ဘိုး​ဘေး​မှ အ​မွေ​ခံ​သော​မြေ​ကို မ​ပေး​ရ​ဟု ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​လျှောက်​သော စ​ကား​ကြောင့် အာ​ဟပ်​မင်း​သည်​ညစ်​ညူး​သော​စိတ်​နှင့် ညှိုး​ငယ်​လျက်၊ နန်း​တော်​သို့​သွား၍ အ​စာ​ကို​မ​စား၊ မျက်​နှာ​ကို​လွှဲ၍ သ​လွန်​ပေါ်​မှာ အိပ်​လျက်​နေ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 5,
      "text": "ခင်​ပွန်း​ယေ​ဇ​ဗေ​လ​သည် လာ၍၊ အ​စာ​ကို​မ​စား​နိုင်​အောင် စိတ်​တော်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​တော်​မူ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 6,
      "text": "မင်း​ကြီး​က၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်​ကို ငါ​ခေါ်၍ သင့်​စ​ပျစ်​ဥ​ယျာဉ်​ကို ရောင်း​ပါ။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ခြား​သော​ဥ​ယျာဉ်​ကို ငါ​ပေး​မည်​ဟု​ဆို​သော်၊ ထို​ဥ​ယျာဉ်​ကို ကိုယ်​တော်​အား​မ​ပေး​ရ​ဟု ပြန်​ပြော​သော​ကြောင့် စိတ်​ညှိုး​ငယ်​သည်​ဟု ဆို၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 7,
      "text": "ခင်​ပွန်း​ယေ​ဇ​ဗေ​လ​က၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ထ၍ ရွှင်​လန်း​သော​စိတ်​နှင့် စား​တော်​ခေါ်​ပါ။ ကျွန်​မ​သည် ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို ဆက်​ပါ​မည်​ဟု​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 8,
      "text": "အာ​ဟပ်​မင်း၏ အ​ခွင့်​နှင့်​စာ​ရေး၍ တံ​ဆိပ်​တော်​နှင့်​ခတ်​ပြီး​မှ၊ နာ​ဗုတ်​နေ​ရာ​မြို့၌ သူ​နှင့်​အ​တူ​နေ​သော အ​သက်​ကြီး​သူ​နှ​င့် မှူး​မတ်​များ​ထံ​သို့ ပေး​လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 9,
      "text": "စာ​ချက်​ဟူ​မူ​ကား၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြွေး​ကြော်၍၊ နာ​ဗုတ်​ကို လူ​များ​ရှေ့​မှာ မြှောက်​ထား​ကြ​လော့။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 10,
      "text": "သူ့​ရှေ့​မှာ အ​ဓ​မ္မ​လူ​နှစ်​ယောက်​ကို​ထား၍၊ သင်​သည် ဘု​ရား​သ​ခင်​နှင့် ရှင်​ဘု​ရင်​ကို​စွန့်​ပယ်​ပြီ​ဟု သက်​သေ​ခံ​ပါ​လေ​စေ။ သို့​ပြီး​မှ သူ့​ကို​ထုတ်၍ သေ​စေ​ခြင်း​ငှာ ကျောက်​ခဲ​နှင့်​ပစ်​ကြ​လော့​ဟု ပါ​သ​တည်း။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 11,
      "text": "ယေ​ဇ​ဗေ​လ​ပေး​လိုက်​သော စာ၌​ပါ​သည်​အ​တိုင်း၊ နာ​ဗုတ်​နေ​သော​မြို့​သား အ​သက်​ကြီး​သူ​နှင့် မှူး​မတ်​တို့​သည်​ပြု​လျက်၊"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 12,
      "text": "အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြွေး​ကြော်၍ နာ​ဗုတ်​ကို လူ​များ​ရှေ့​မှာ​မြှောက်​ထား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 13,
      "text": "အ​ဓ​မ္မ​လူ​နှစ်​ယောက်​သည်​လာ၍ သူ့​ရှေ့​မှာ​ထိုင်​လျက်၊ နာ​ဗုတ်​သည် ဘု​ရား​သ​ခင်​နှင့်​ရှင်​ဘု​ရင်​ကို စွန့်​ပယ်​ပြီ​ဟု လူ​များ​ရှေ့​တွင် နာ​ဗုတ်​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လျှင်၊ နာ​ဗုတ်​ကို မြို့​ပြင်​သို့​ထုတ်၍ သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 14,
      "text": "ထို​အ​ခါ နာ​ဗုတ်​သည် ကျောက်​ခဲ​နှင့်​ပစ်​ခြင်း​ကို​ခံ​ရ၍ သေ​ပါ​ပြီ​ဟု ယေ​ဇ​ဗေ​လ​ထံ​သို့​စေ​လွှတ်၍ ကြား​လျှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 15,
      "text": "ထို​အ​ကြောင်း​ကို ယေ​ဇ​ဗေ​လ​သည်​ကြား​လျှင်၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ် မ​ရောင်း​လို​သော စ​ပျစ်​ဥ​ယျာဉ်​ကို ထ၍ သိမ်း​ယူ​တော်​မူ​ပါ။ နာ​ဗုတ်​အ​သက်​မ​ရှိ၊ သေ​ပါ​ပြီ​ဟု​ဆို၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 16,
      "text": "နာ​ဗုတ်​သေ​ကြောင်း​ကို အာ​ဟပ်​သည် ကြား​လျှင်၊ ယေ​ဇ​ရေ​လ​မြို့ သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​ခြင်း​ငှာ ထ​သွား၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 17,
      "text": "ထို​အ​ခါ တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 18,
      "text": "သင်​သည် ရှ​မာ​ရိ​မြို့၌​နေ​သော ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အာ​ဟပ်​ကို ကြို​ဆို​အံ့​သော​ငှာ ထ​သွား​လော့။ သူ​သည်​နာ​ဗုတ်၏​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​ခြင်း​ငှာ​သွား၍ ယ​ခု​ဥ​ယျာဉ်၌​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် လူ​အ​သက်​ကို​သတ်၍ သူ့​ဥ​စ္စာ​ကို သိမ်း​ယူ​ပြီ​လော။ တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ခွေး​တို့​သည် နာ​ဗုတ်​အ​သွေး​ကို လျက်​သော​အ​ရပ်၌ သင့်​အ​သွေး​ကို​ပင်​လျက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 20,
      "text": "အာ​ဟပ်​က​လည်း၊ အ​ချင်း​ရန်​သူ၊ ငါ​နှင့်​တွေ့​ပြီ​လော​ဟု ဧ​လိ​ယ​အား​ဆို​လျှင်၊ ဧ​လိ​ယ​က​သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​ကြောင့် သင်​နှင့်​ငါ​တွေ့​ပြီ။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​ပေါ်​သို့ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်။ ဣ​သ​ရေ​လ​မြို့​ရွာ၌ ချုပ်​ထား​သော သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ ဖြစ်​စေ၊ အာ​ဟပ်​အ​မျိုး​ယောက်ျား​များ​ကို ပယ်​ဖြတ်​မည်။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 22,
      "text": "ငါ့​အ​မျက်​ကို နှိုး​ဆော်​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော​အ​ပြစ်​ကြောင့်၊ သင့်​အ​မျိုး​ကို နေ​ဗတ်၏​သား ယေ​ရော​ဗောင်​အ​မျိုး​နှင့် အ​ဟိ​ယ၏​သား ဗာ​ရှာ​အ​မျိုး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 23,
      "text": "ယေ​ဇ​ဗေ​လ​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား၊ ယေ​ဇ​ရေ​လ​မြို့​ရိုး​နား​မှာ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ​ကို စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 24,
      "text": "အာ​ဟပ်​အ​မျိုး​သည် မြို့​ထဲ​မှာ​သေ​လျှင် ခွေး​စား​လိမ့်​မည်။ မြို့​ပြင်​မှာ​သေ​လျှင် မိုး​ကောင်း​ကင်​ငှက် စား​လိမ့်​မည်​ဟု​မိန့်​တော်​မူ​ကြောင်း​ကို အာ​ဟပ်​အား​ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 25,
      "text": "အာ​ဟပ်​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​သည် တိုက်​တွန်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​သူ​ဖြစ်၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော အာ​မော​ရိ​အ​မျိုး​သား ပြု​သ​မျှ​အ​တိုင်း၊ ရုပ်​တု​ဆင်း​တု​ကို​ဆည်း​ကပ်၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 27,
      "text": "သို့​ရာ​တွင် ဧ​လိ​ယ​ဆင့်​ဆို​သော​စ​ကား​တော်​ကို ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်၏။ အ​စာ​ရှောင်​ခြင်း၊ လျှော်​တေ​အ​ဝတ်၌ အိပ်​ခြင်း​ကို​ပြု၍ ဖြည်း​ဖြည်း​သွား​လာ၏။"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 28,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 11,
      "chapter": 21,
      "verse": 29,
      "text": "အာ​ဟပ်​သည် ငါ့​ရှေ့​မှာ​နှိမ့်​ချ​သည်​ကို မြင်​ပြီ​လော။ ထို​သို့ ငါ့​ရှေ့​မှာ​နှိမ့်​ချ​သော​ကြောင့်၊ သူ့​လက်​ထက်၌ ထို​ဘေး​ဥ​ပဒ်​ကို ငါ​မ​ရောက်​စေ။ သူ့​သား​လက်​ထက်၌ သူ့​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 1,
      "text": "ရှု​ရိ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​သည် စစ်​မ​တိုက်​ဘဲ သုံး​နှစ်​နေ​ပြီး​မှ၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 2,
      "text": "တ​တိ​ယ​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သည် ငါ​တို့​နိုင်​ငံ​အ​ဝင်​ဖြစ်​သည်​ကို သင်​တို့​မ​သိ​လော။ ငါ​တို့​သည် ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ မ​နုတ်​မ​ယူ​ဘဲ ငြိမ်​သက်​စွာ နေ​ကြ​ပြီ​တ​ကား​ဟု မိ​မိ​ကျွန်​တို့​အား​ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 4,
      "text": "ယော​ရှ​ဖတ်​မင်း​အား​လည်း၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ စစ်​ချီ​မည်​လော​ဟု မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည်​မင်း​ကြီး​ကဲ့​သို့ ဖြစ်၏။ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​မြင်း​တို့​သည် မင်း​ကြီး၏​မြင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​သည်​ဟု ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား ပြန်​ပြော၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 5,
      "text": "တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည်​ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ နေ​ကောင်း​သ​လော​ဟု​မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 7,
      "text": "ယော​ရှ​ဖတ်​က​လည်း၊ ငါ​တို့​မေး​မြန်း​စ​ရာ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​မျှ မ​ရှိ​သ​လော​ဟု မေး​သော်၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော​သူ​တစ်​ယောက် ဣ​မ​လ​သား မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင် ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို မ​ဟော။ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 9,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ရာ​ရှိ​တစ်​ယောက်​ကို​ခေါ်၍၊ ဣ​မ​လ​သား​မိ​က္ခာ​ကို အ​လျင်​အ​မြန်​ခေါ်​ခဲ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ​ရှေ့၊ ဟင်း​လင်း​သော​အ​ရပ်၌ ရာ​ဇ​ပ​လ္လင်​တို့​အ​ပေါ်​မှာ​ထိုင်၍၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ဟော​ပြော​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 11,
      "text": "ခေ​နာ​နာ​သား ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​လူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 12,
      "text": "ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ အောင်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏ လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 13,
      "text": "မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 14,
      "text": "မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 15,
      "text": "ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​လျှင်၊ မိ​က္ခာ​က၊ စစ်​ချီ၍​အောင်​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 16,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 17,
      "text": "မိ​က္ခာ​က၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့၊ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက် ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့် အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 19,
      "text": "မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ အ​ဘယ်​သူ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 21,
      "text": "တစ်​ဖန် ဝိ​ညာဉ်​တစ်​ပါး​သည်​လာ၍ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​ရပ်​လျက်၊ အ​ကျွန်ုပ်​သွေး​ဆောင်​ပါ​မည်​ဟု​လျှောက်​လျှင်၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​က အ​ဘယ်​သို့​သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ မု​သား​စ​ကား​ကို​ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော်၊ သင်​သည် သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 23,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ကို မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့၌ သွင်း​တော်​မူ​ပြီ။ မင်း​ကြီး၏​အ​မှု​မှာ အ​မင်္ဂ​လာ​စ​ကား​ကို ပြော​တော်​မူ​ပြီ​ဟု ဟော​လေ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 24,
      "text": "ထို​အ​ခါ ခေ​နာ​နာ၏​သား​ဇေ​ဒ​ကိ​သည် ချဉ်း​လာ၍ မိ​က္ခာ၏​ပါး​ကို​ပုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သင်​နှင့်​နှုတ်​ဆက်​ခြင်း​ငှာ အ​ဘယ်​လမ်း​ဖြင့် ငါ​မှ​ထွက်​တော်​မူ​သ​နည်း​ဟု မေး​လျှင်၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 25,
      "text": "မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 26,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မိ​က္ခာ​ကို မြို့​ဝန်​မင်း​အာ​မုန်​ထံ၊ သား​တော်​ယော​ရှ​ထံ​သို့ ယူ​သွား၍၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 27,
      "text": "ဤ​သူ​ကို ထောင်​ထဲ​မှာ လှောင်​ထား​ကြ။ ငါ​သည် ငြိမ်​ဝပ်​စွာ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ဆင်း​ရဲ​စွာ​စား​သောက်​စေ​ဟု အ​မိန့်​တော်​ရှိ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု စီ​ရင်၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 28,
      "text": "မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်​ဝပ်​စွာ​ပြန်​လာ​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 29,
      "text": "ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 30,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ငါ​သည်​ခြား​နား​သော အ​ယောင်​ကို​ဆောင်၍ စစ်​ပွဲ​ထဲ​သို့​ဝင်​မည်။ မင်း​ကြီး​မူ​ကား မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​ပါ​လော့​ဟု ယော​ရှ​ဖတ်​အား​ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခြား​နား​သော​အ​ယောင်​ကို​ဆောင်​လျက် စစ်​ပွဲ​ထဲ​သို့​ဝင်၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 31,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှ​တစ်​ပါး အ​ခြား​သော လူ​ကြီး​လူ​ငယ်​ကို​မ​တိုက်​နှင့်​ဟု ရ​ထား​စီး​သူ​ရဲ​များ​ကို အုပ်​သော ဗိုလ်​သုံး​ကျိပ်​နှစ်​ယောက်​တို့​ကို မှာ​ထား​နှင့်​သော​ကြောင့်၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 32,
      "text": "ရ​ထား​စီး​သူ​ရဲ​အုပ် ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက် သူ့​ကို​တိုက်​အံ့​သော​ငှာ လမ်း​လွှဲ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 33,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ဟုတ်​ကြောင်း​ကို ရ​ထား​စီး​သူ​ရဲ​အုပ်​ဗိုလ်​မင်း​တို့​သည် ရိပ်​မိ​သော​အ​ခါ၊ မ​လိုက်​ဘဲ အ​ခြား​သို့​ရှောင်​သွား​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 34,
      "text": "လူ​တစ်​ယောက်​သည် မ​ရွယ်​ဘဲ လေး​နှင့်​ပစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို သံ​ချပ်​အင်္ကျီ​အ​ဆစ်​ကြား​မှာ မှန်​လေ​သော်၊ ငါ့​ကို​စစ်​ပွဲ​ထဲ​က​လှည့်၍ ထုတ်​ဆောင်​လော့။ ငါ​နာ​သည်​ဟု မိ​မိ​ရ​ထား​တော်​ထိန်း​ကို​ဆို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 35,
      "text": "ထို​နေ့၌ တိုး၍​တိုက်​ကြ၏။ ရှင်​ဘု​ရင်​သည် ရှု​ရိ​လူ​တစ်​ဖက်​တစ်​ချက်၌ ရ​ထား​တော်​ထဲ​မှာ လူ​ကို​မှီ၍ ထိုင်​နေ၏။ ညဉ့်​ဦး​ယံ၌ အ​သက်​တော်​ကုန်၏။ ထိ​ခိုက်​ရာ အ​နာ​မှ​အ​သွေး​သည် ရ​ထား​ထဲ​သို့​ယို၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 36,
      "text": "လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​သော​မြို့​ပြည်​သို့ ပြန်​သွား​ကြ​ဟု နေ​ဝင်​သော​အ​ခါ တစ်​တပ်​လုံး​ကို ကြွေး​ကြော်​လေ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 37,
      "text": "ထို​သို့ ရှင်​ဘု​ရင်​သေ၍ ရှ​မာ​ရိ​မြို့​သို့​ရောက်​သ​ဖြင့် သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 38,
      "text": "ရ​ထား​တော်​နှင့် လက်​နက်​တော်​ကို ရှ​မာ​ရိ​မြို့​ရေ​ကန်၌ ဆေး​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​နှင့်​အ​ညီ ခွေး​တို့​သည် အ​သွေး​ကို​လျက်​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 39,
      "text": "အာ​ဟပ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တည်​ဆောက်​သော ဆင်​စွယ်​နန်း၊ ပြု​စု​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 40,
      "text": "အာ​ဟပ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 41,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​နန်း​စံ​လေး​နှစ်​တွင် အာ​သ​သား​ယော​ရှ​ဖတ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော် ယု​ဒ​နိုင်​ငံ​ကို​အ​စိုး​ရ၍၊"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 42,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ငါး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား ရှိ​လ​ဟိ​သ​မီး အ​ဇု​ဘ​အ​မည်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 43,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​အာ​သ​လိုက်​သော​လမ်း​ကို မ​လွှဲ၊ အ​ကုန်​အ​စင်​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော အ​ကျင့်​ကို​သာ ကျင့်၏။ သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 44,
      "text": "ယော​ရှ​ဖတ်​မင်း​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် စစ်​မ​တိုက်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​လေ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 45,
      "text": "ယော​ရှ​ဖတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ စစ်​တိုက်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 46,
      "text": "ခ​မည်း​တော်​အာ​သ​လက်​ထက်၌ ကျန်​ကြွင်း​သေး​သော ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့​ကို ပြည်​တော်​မှ သုတ်​သင်​ပယ်​ရှင်း​လေ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 47,
      "text": "ထို​ကာ​လ၊ ဧ​ဒုံ​ပြည်၌ ရှင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ရှင်​ဘု​ရင်​ခန့်​ထား​သော မြို့​ဝန်​မင်း စီ​ရင်​ရ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 48,
      "text": "ယော​ရှ​ဖတ်​သည် ဩ​ဖိ​ရ​ပြည်​သို့ စေ​လွှတ်၍၊ ရွှေ​ကို​ယူ​စေ​ခြင်း​ငှာ တာ​ရှု​သင်္ဘော​တို့​ကို ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ တည်၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 49,
      "text": "အာ​ဟပ်​သား အာ​ခ​ဇိ​က၊ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့် သင်္ဘော​စီး​ပါ​စေ​ဟု ယော​ရှ​ဖတ်၌ အ​ခွင့်​တောင်း၍ ယော​ရှ​ဖတ်​သည် အ​ခွင့်​ပေး၏။ သို့​သော်​လည်း သင်္ဘော​တို့​သည် ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ ကျိုး​ပဲ့​သော​ကြောင့်၊ ဩ​ဖိ​ရ​မြို့​သို့ မ​သွား​ရ။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 50,
      "text": "ယော​ရှ​ဖတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ သူ​တို့​နှင့်​အ​တူ အ​ဘ​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယ​ဟော​ရံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 51,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ် နန်း​စံ ဆယ်​ခု​နစ်​နှစ်​တွင်၊ အာ​ဟပ်​သား​အာ​ခ​ဇိ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​နှစ်​စိုး​စံ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 52,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ မိ​ဘ​လိုက်​သော​လမ်း၊ ဣ​သ​ရေ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်၏​သား ယေ​ရော​ဗောင်​လိုက်​သော လမ်း​သို့ လိုက်​လေ၏။"
    },
    {
      "book": 11,
      "chapter": 22,
      "verse": 53,
      "text": "ဗာ​လ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်၍၊ အ​ဘ​ကျင့်​လေ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​သ​တည်း။ ဓ​မ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 1,
      "text": "အာ​ဟပ်​မင်း​သေ​သော​နောက်၊ မော​ဘ​ပြည်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 2,
      "text": "အာ​ခ​ဇိ​မင်း​သည် ရှ​မာ​ရိ​မြို့၌ အ​ထက်​အ​ခန်း​ပြတင်း​ပေါက်​မှ ကျ၍ နာ​နေ​သော​ကြောင့်၊ ငါ​သည် ဤ​အ​နာ​မှာ ထ​မြောက်​မည်​လော​ဟု ဧ​ကြုန်​မြို့၏​ဘု​ရား ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍​မေး​မြန်း​ကြ​ဟု မှာ​ထား၍ သံ​တ​မန်​တို့​ကို စေ​လွှတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် တိ​ရှ​ဘိ​မြို့​သား ဧ​လိ​ယ​အား​လည်း၊ ရှ​မာ​ရိ​ရှင်​ဘု​ရင်​စေ​လွှတ်​သော သံ​တ​မန်​တို့​ကို ကြို​ဆို​ခြင်း​ငှာ ထ​သွား​လော့။ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 4,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယ​ခု​တက်​သော​သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ၊ စင်​စစ်​သေ​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဧ​လိ​ယ​သွား​လေ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 5,
      "text": "သံ​တ​မန်​တို့​သည် ပြန်​လာ​သော​အ​ခါ ရှင်​ဘု​ရင်​က၊ အ​ဘယ်​ကြောင့် ယ​ခု​ပြန်​လာ​ကြ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 6,
      "text": "သူ​တို့​က၊ လူ​တစ်​ယောက်​သည် ကျွန်​တော်​တို့​ကို ကြို​ဆို​ခြင်း​ငှာ​လာ၍ သင်​တို့​ကို​စေ​လွှတ်​သော ရှင်​ဘု​ရင်​ထံ​သို့ ပြန်​ကြ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏ ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။ ထို​ကြောင့် သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု ပြော​ရ​မည်​အ​ကြောင်း မှာ​ထား​ပါ​သည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 7,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ သင်​တို့​ကို​ကြို​ဆို​ခြင်း​ငှာ လာ၍ ဤ​သို့​ပြော​သော​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 8,
      "text": "သူ​တို့​က၊ ထို​သူ​သည် ကိုယ်၌​အ​မွေး​များ၍ သား​ရေ​ခါး​ပန်း​ကို စည်း​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ထို​သူ​သည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဖြစ်​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​ဆို​လျက်၊"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 9,
      "text": "လူ​ငါး​ကျိပ်​အုပ်​သော တပ်​မှူး​ကို​စေ​လွှတ်၍၊ တပ်​မှူး​သည် တောင်​ပေါ်​မှာ​ထိုင်​သော ဧ​လိ​ယ​ထံ​သို့ ရောက်​ပြီး​လျှင်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ဆင်း​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​ရှိ​သည်​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 10,
      "text": "ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင်၊ ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု လူ​ငါး​ကျိပ်​အုပ်​သော​တပ်​မှူး​အား ဆို​သည်​အ​တိုင်း၊ ကောင်း​ကင်​က​မီး​ကျ၍ သူ​နှင့်​သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 11,
      "text": "တစ်​ဖန် လူ​ငါး​ကျိပ်​အုပ်​သော တပ်​မှူး​တစ်​ယောက်​ကို ရှင်​ဘု​ရင်​စေ​လွှတ်၍၊ ထို​တပ်​မှူး​က၊ အို​ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် အ​လျင်​အ​မြန်​ဆင်း​ရ​မည်​အ​ကြောင်း ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သည်​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 12,
      "text": "ဧ​လိ​ယ​က​လည်း၊ ငါ​သည် ဘု​ရား​သ​ခင်၏​လူ​မှန်​လျှင် ကောင်း​ကင်​က​မီး​ကျ၍ သင်​နှင့် သင်၏​လူ​ငါး​ကျိပ်​တို့​ကို လောင်​ပါ​စေ​ဟု သူ​တို့​အား​ဆို​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏​မီး​သည် ကောင်း​ကင်​က​ကျ၍ သူ​နှင့် သူ၌​ပါ​သော​လူ​ငါး​ကျိပ်​တို့​ကို လောင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 13,
      "text": "တစ်​ဖန် လူ​ငါး​ကျိပ်​အုပ်​သော တ​တိ​ယ​တပ်​မှူး​ကို ရှင်​ဘု​ရင်​စေ​လွှတ်​သ​ဖြင့်၊ ထို​တပ်​မှူး​သည်​တက်၍ ဧ​လိ​ယ​ရှေ့​မှာ​ဒူး​ထောက်​လျက်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ ကျွန်​တော်​အ​သက်​နှင့် ကိုယ်​တော်​ကျွန် ဤ​လူ​ငါး​ကျိပ်​တို့၏​အ​သက်​ကို နှ​မြော​တော်​မူ​ပါ။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 14,
      "text": "ကောင်း​ကင်​က​မီး​ကျ၍ အ​ခြား​သော​တပ်​မှူး​နှစ်​ယောက်​နှင့် သူ​တို့၌​ပါ​သော​လူ​တစ်​ရာ​ကို လောင်​သော်​လည်း၊ ကျွန်​တော်​အ​သက်​ကို နှ​မြော​တော်​မူ​ပါ​ဟု တောင်း​ပန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ သူ​နှင့်​အ​တူ ဆင်း​သွား​လော့။ သူ့​ကို​မ​ကြောက်​နှင့်​ဟု ဧ​လိ​ယ​အား​ဆို​သည်​အ​တိုင်း၊ ဧ​လိ​ယ​သည်​ထ၍ ရှင်​ဘု​ရင်​ထံ​သို့​ရောက်​လျှင်၊"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်၌ မေး​မြန်း​ခြင်း​ငှာ အ​ဘယ်​ကြောင့် သံ​တ​မန်​တို့​ကို​စေ​လွှတ်​သ​နည်း။ မေး​မြန်း​စ​ရာ​ဖို့ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့် ထို​သို့​ပြု​သ​လော။ သို့​ဖြစ်၍ သင်​သည် ယ​ခု​တက်​သော သ​လွန်​ပေါ်​က နောက်​တစ်​ဖန်​မ​ဆင်း​ရ။ စင်​စစ်​သေ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 17,
      "text": "ဧ​လိ​ယ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း ရှင်​ဘု​ရင်​သေ၍၊ သား​တော်​မ​ရှိ​သော​ကြောင့် ညီ​တော်​ယော​ရံ​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​နန်း​စံ​နှစ်​နှစ်​တွင် နန်း​ထိုင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 1,
      "verse": 18,
      "text": "အာခ​ဇိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​ကို လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ ချီ​တော်​မူ​ချိန်​နီး​သော​အ​ခါ၊ ဧ​လိ​ယ​သည် ဧ​လိ​ရှဲ​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့ သွား၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 2,
      "text": "ဧ​လိ​ယ​က​လည်း၊ ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို ဗေ​သ​လ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ဗေ​သ​လ​မြို့​သို့​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 3,
      "text": "ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ ယ​နေ့​နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​ဟု ပြော​ဆို၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 4,
      "text": "ဧ​လိ​ယ​က​လည်း၊ အို ဧ​လိ​ရှဲ၊ ဤ​အ​ရပ်၌​နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယေ​ရိ​ခေါ​မြို့​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ် မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 5,
      "text": "ထို​မြို့၌​ရှိ​သော ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​သ​ခင်​ကို ကိုယ်​တော်​ခေါင်း​မှ၊ ယ​နေ့ နုတ်​သွား​တော်​မူ​မည်​ကို သိ​တော်​မူ​သ​လော​ဟု မေး​လျှင်၊ ဟုတ်​ကဲ့ ငါ​သိ၏။ တိတ်​ဆိတ်​စွာ နေ​ကြ​ပါ​ဟု ပြော​ဆို၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 6,
      "text": "ဧ​လိ​ယ​က​လည်း ဤ​အ​ရပ်၌ နေ​ရစ်​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ယော်​ဒန်​မြစ်​သို့ စေ​လွှတ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​မ​ကွာ​ရ​ပါ​ဟု ပြန်​ပြော​လျက်၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 7,
      "text": "ပ​ရော​ဖက်​အ​မျိုး​သား​ငါး​ကျိပ်​တို့​သည် အ​ဝေး​က​ကြည့်​ရှု​ခြင်း​ငှာ သွား၍​ရပ်​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ယော်​ဒန်​မြစ်​နား​မှာ ရပ်​နေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 8,
      "text": "ဧ​လိ​ယ​သည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 9,
      "text": "မြစ်​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ၊ ဧ​လိ​ယ​က၊ သင်​နှင့်​ငါ​မ​ကွာ​မီ ငါ၌ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လော့​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ကိုယ်​တော်​ဝိ​ညာဉ်​နှစ်​ဆ​သော​အ​ဖို့​ကို အ​ကျွန်ုပ်​အ​ပေါ်​မှာ ရှိ​ပါ​စေ​သော​ဟု တောင်း​သော်၊"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 10,
      "text": "ဧ​လိ​ယ​က သင်​သည်​ရ​ခဲ​သော​ဆု​ကို တောင်း၏။ သင်​နှင့်​ငါ​ကွာ​သည်​ကို မြင်​လျှင်​ရ​မည်။ သို့​မ​ဟုတ် မ​ရ​ဟု ပြော​ဆို၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 11,
      "text": "ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 12,
      "text": "ဧ​လိ​ရှဲ​သည် ကြည့်​မြင်​လျှင် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဟစ်​သော်​လည်း၊ နောက်​တစ်​ဖန် ဧ​လိ​ယ​ကို​မ​မြင်​ရ။ မိ​မိ​အ​ဝတ်​ကို​ကိုင်၍ နှစ်​ပိုင်း​ဆုတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 13,
      "text": "အောက်​သို့​ကျ​သော ဧ​လိ​ယ​ဝတ်​လုံ​ကို ကောက်၍ ပြန်​လေ၏။ ယော်​ဒန်​မြစ်​နား​မှာ​ရပ်၍၊"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 14,
      "text": "ရေ​ကို ဝတ်​လုံ​နှင့်​ရိုက်​လျက်၊ ဧ​လိ​ယ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟူ၍ တစ်​ဖန် ရိုက်​သော​အ​ခါ၊ ရေ​သည်​တစ်​ဖက်​တစ်​ချက်​ကွဲ​သ​ဖြင့် ဧ​လိ​ရှဲ​သည်​ကူး​သွား၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 15,
      "text": "ယေ​ရိ​ခေါ​မြို့​မှာ ကြည့်​ရှု​သော​ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ကို​မြင်​လျှင်၊ ဧ​လိ​ယ၏​ဝိ​ညာဉ်​သည် ဧ​လိ​ရှဲ​အ​ပေါ်​မှာ ကျိန်း​ဝပ်​သည်​ဟု​ဆို​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ​သွား၍ သူ့​ရှေ့၌ မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 16,
      "text": "သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့၌ ခွန်​အား​ကြီး​သော​သူ ငါး​ကျိပ်​ရှိ​ပါ၏။ သူ​တို့​သည်​သွား၍ ကိုယ်​တော်၏​သ​ခင်​ကို ရှာ​မည်​အ​ကြောင်း၊ အ​ခွင့်​ပေး​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​ကို​ချီ​ယူ၍ တစ်​စုံ​တစ်​ခု​သော တောင်​ပေါ်၌​ဖြစ်​စေ၊ ချိုင့်​ထဲ​သို့​ဖြစ်​စေ ချ​ကောင်း​ချ​တော်​မူ​လိမ့်​မည်​ဟု အ​ခွင့်​တောင်း​လျှင်၊ မ​စေ​လွှတ်​ကြ​နှင့်​ဟု ဧ​လိ​ရှဲ​သည် မြစ်​တား​သော်​လည်း၊"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 17,
      "text": "သူ​တို့​သည် ဧ​လိ​ရှဲ​စိတ်​အား​လျော့​သည်​တိုင်​အောင် အ​လွန်​တောင်း​ပန်​သော​အ​ခါ၊ စေ​လွှတ်​ကြ​ဟု ဆို၏။ သူ​တို့​သည် လူ​ငါး​ကျိပ်​ကို စေ​လွှတ်​သ​ဖြင့်၊ သုံး​ရက်​ပတ်​လုံး​ရှာ၍ မ​တွေ့​နိုင်​ကြ။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 18,
      "text": "ဧ​လိ​ရှဲ​သည် ယေ​ရိ​ခေါ​မြို့​မှာ နေ​သေး​သည်​ဖြစ်၍၊ လူ​တို့​သည် ပြန်​လာ​သော​အ​ခါ၊ မ​သွား​ကြ​နှင့်​ဟု ငါ​မြစ်​တား​သည် မ​ဟုတ်​လော​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 19,
      "text": "ထို​မြို့​သား​တို့​က၊ ကိုယ်​တော်​မြင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​မြို့​တည်​ရာ​အ​ရပ်​သည် သာ​ယာ​ပါ၏။ သို့​ရာ​တွင် ရေ​မ​ကောင်း၊ မြေ​လည်း ကိုယ်​ဝန်​ပျက်​စေ​တတ်​ပါ​သည်​ဟု ဧ​လိ​ရှဲ​အား​လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 20,
      "text": "ဧ​လိ​ရှဲ​က၊ ဘူး​သစ်​တစ်​လုံး​ကို ဆား​ထည့်၍ ယူ​ခဲ့​ကြ​လော့​ဟု​ဆို​သည်​အ​တိုင်း ယူ​ခဲ့​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 21,
      "text": "ဧ​လိ​ရှဲ​သည် စမ်း​ရေ​တွင်း​သို့​သွား၍ ဆား​ကို​ခတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ဤ​ရေ​ကို​ငါ​ချို​စေ၏။ နောက်​တစ်​ဖန် သေ​စေ​မည်​အ​ကြောင်း၊ ကိုယ်​ဝန်​ပျက်​စေ​မည်​အ​ကြောင်း​ကို မ​ပြု​ရ​ဟု၊"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 22,
      "text": "ဧ​လိ​ရှဲ​ဆင့်​ဆို​သော​အ​မိန့်​တော်​အ​တိုင်း ထို​ရေ​သည် ယ​နေ့​တိုင်​အောင် ချို​လေ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 23,
      "text": "ထို​မြို့​မှ ဗေ​သ​လ​မြို့​သို့​ပြန်၍ ခ​ရီး​သွား​စဉ်​တွင်၊ လု​လင်​ပျို​တို့​သည် မြို့​ထဲ​က​ထွက်၍၊ ဟေ​ဦး​ပြည်း၊ တက်​ဦး​လော့။ ဟေ​ဦး​ပြည်း၊ တက်​ဦး​လော့​ဟု ကဲ့​ရဲ့​ကြ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 24,
      "text": "ဧ​လိ​ရှဲ​သည် လှည့်​ကြည့်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကျိန်​ဆို​သ​ဖြင့်၊ ဝံ​မ​နှစ်​ကောင်​တို့​သည် တော​ထဲ​က​ထွက်၍ လု​လင်​ပျို လေး​ကျိပ်​နှစ်​ယောက်​တို့​ကို ကိုက်​သတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 2,
      "verse": 25,
      "text": "ထို​မြို့​မှ က​ရ​မေ​လ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​မှ ရှ​မာ​ရိ​မြို့​သို့​လည်း​ကောင်း အ​စဉ်​အ​တိုင်း​သွား၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ် နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ အာ​ဟပ်​သား​ယော​ရံ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 2,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ သို့​ရာ​တွင် မိ​ဘ​ကဲ့​သို့ မ​ပြု။ ခ​မည်း​တော်​လုပ်​သော ဗာ​လ​ရုပ်​တု​ကို ပယ်​ရှား၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 3,
      "text": "သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို​မ​ရှောင်၊ မှီ​ဝဲ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 4,
      "text": "မော​ဘ​မင်း​ကြီး မေ​ရှာ​သည် သိုး​ထိန်း​ကြီး​ဖြစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား သိုး​သ​ငယ်​တစ်​သိန်း​နှင့် အ​မွေး​ပါ​သော သိုး​ထီး​တစ်​သိန်း​ကို ဆက်​ရ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 5,
      "text": "အာ​ဟပ်​သေ​သော​အ​ခါ၊ မော​ဘ​မင်း​ကြီး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 6,
      "text": "ထို​အ​ခါ ယော​ရံ​မင်း​ကြီး​သည် ရှ​မာ​ရိ​မြို့​ထဲ​က​ထွက်၍ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စာ​ရင်း​ယူ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 7,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ မော​ဘ​မင်း​ကြီး​သည် ငါ့​ကို​ပုန်​ကန်​ပြီ။ မော​ဘ​ပြည်​ကို စစ်​တိုက်​ခြင်း​ငှာ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု မေး​လျှင်၊ ယော​ရှ​ဖတ်​က ငါ​လိုက်​မည်။ ငါ​သည် မင်း​ကြီး​ကဲ့​သို့ ဖြစ်၏။ ငါ့​လူ​တို့​သည် မင်း​ကြီး၏ လူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​မြင်း​တို့​သည် မင်း​ကြီး၏​မြင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 8,
      "text": "အ​ဘယ်​လမ်း​ဖြင့် စစ်​ချီ​ရ​မည်​နည်း​ဟု မေး​သော်၊ ဧ​ဒုံ​တော​လမ်း​ဖြင့် ချီ​ရ​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 9,
      "text": "ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၊ ယု​ဒ​ရှင်​ဘု​ရင်၊ ဧ​ဒုံ​ရှင်​ဘု​ရင်​တို့​သည် ဝိုင်း၍ ခု​နစ်​ရက်​ခ​ရီး​သွား​ကြ၏။ ဗိုလ်​ခြေ​များ သောက်​စ​ရာ၊ ပါ​သော​တိ​ရ​စ္ဆာန်​များ သောက်​စ​ရာ​ရေ​မ​ရှိ။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ခက်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 11,
      "text": "ယော​ရှ​ဖတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု​မေး​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​က၊ ဧ​လိ​ယ​လက်​ထောက် ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ရှိ​ပါ၏​ဟု လျှောက်​သော်၊"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 12,
      "text": "ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် သူ၌​ရှိ​တော်​မူ​သည်​ဟု ဆို​လျက်၊ ရှင်​ဘု​ရင်​သုံး​ပါး​တို့​သည် ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 13,
      "text": "ဧ​လိ​ရှဲ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား​လည်း၊ ငါ​သည်​သင်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ သင့်​အ​ဘ၏​ပ​ရော​ဖက်၊ သင့်​အ​မိ၏ ပ​ရော​ဖက်​တို့​ထံ​သို့ သွား​လော့​ဟု ဆို​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မ​ဆို​ပါ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို​သော်၊"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 14,
      "text": "ဧ​လိ​ရှဲ​က၊ ငါ​ကိုး​ကွယ်​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း၊ အ​ကယ်၍ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်၏​မျက်​နှာ​ကို ငါ​မ​ထောက်​လျှင်၊ သင့်​ကို ငါ​မ​ကြည့်​မ​မြင်​လို။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 15,
      "text": "စောင်း​သ​မား​ကို​ခေါ်​ခဲ့​ဟု ဆို၍ စောင်း​သ​မား​သည်​တီး​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ရှဲ​အ​ပေါ်​သို့ ရောက်၍၊"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​ချိုင့်​ပတ်​လည်၌ ဆည်​ပေါင်း​တို့​ကို လုပ်​ကြ​လော့။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​နှင့်​တိ​ရ​စ္ဆာန်​တို့​သည် သောက်​စ​ရာ​ဖို့ လေ​မ​လာ၊ မိုး​မ​ရွာ​ဘဲ ဤ​ချိုင့်​သည် ရေ​နှင့်​ပြည့်​လိမ့်​မည်။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 18,
      "text": "ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သာ​မ​ည​အ​မှု​ဖြစ်​သေး၏။ မော​ဘ​လူ​တို့​ကို​လည်း သင်​တို့​လက်​သို့ အပ်​တော်​မူ​မည်။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 19,
      "text": "သင်​တို့​သည် ခိုင်​ခံ့​ထူး​ဆန်း​သော မြို့​ရှိ​သ​မျှ​တို့​ကို လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​သုံး​ဝင်​သော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ​ကြ​လိမ့်​မည်။ ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို မြေ​ဖို့​ကြ​လိမ့်​မည်။ ကောင်း​သော​မြေ​ကွက်​ရှိ​သ​မျှ​တို့​ကို ကျောက်​ခဲ​နှင့် ဖျက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 20,
      "text": "နံ​နက်​အ​ချိန် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​သော​အ​ခါ၊ ရေ​သည်​ဧ​ဒုံ​လမ်း​ဖြင့်​လာ၍ တစ်​ပြည်​လုံး​ကို လွှမ်း​လေ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 21,
      "text": "ရှင်​ဘု​ရင်​တို့​သည် စစ်​ချီ၍​လာ​ကြောင်း​ကို မော​ဘ​ပြည်​သား​အ​ပေါင်း​တို့​သည် ကြား​သော​အ​ခါ၊ လက်​နက်​ဆောင်​သော​သူ အ​ကြီး​အ​ငယ်​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍၊ ပြည်​စွန်း​နား​မှာ​တပ်​ချ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 22,
      "text": "နံ​နက်​စော​စော​ထ​သော​အ​ခါ၊ ရေ​ပေါ်​မှာ​နေ​ရောင်​ထင်၍၊ ပြည်​တစ်​ဖက်၌ ရေ​သည် အ​သွေး​ကဲ့​သို့​နီ​သည်​ကို မော​ဘ​ပြည်​သား​တို့​သည်​မြင်​ကြ​လျှင်၊"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 23,
      "text": "အ​သွေး​ဖြစ်၏။ စင်​စစ်​ရှင်​ဘု​ရင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်​လုပ်​ကြံ၍ သေ​ကြ​ပြီ။ သို့​ဖြစ်၍ မော​ဘ​ပြည်​သား​တို့၊ လု​ယူ​ကြ​လော့​ဟု​ဆို​ကြ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 24,
      "text": "ဣ​သ​ရေ​လ​တပ်​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​လူ​တို့​သည် ထ၍ မော​ဘ​ပြည်​သား​တို့​ကို လိုက်​သ​ဖြင့် သူ​တို့​သည်​ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် မော​ဘ​ပြည်​ထဲ​သို့​တိုင်​အောင် လိုက်၍ လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 25,
      "text": "မြို့​တို့​ကို​ဖြို​ဖျက်​ကြ၏။ ကောင်း​သော​မြေ​ကွက်​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​ပစ်​ချ၍ ဖုံး​လွှမ်း​ကြ၏။ ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို​လည်း မြေ​ဖို့၍၊ အ​သုံး​ဝင်​သော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ​ကြ၏။ ကိ​ရ​ဟ​ရက်​မြို့၌​သာ မြို့​ရိုး​ကို​ချန်​ထား​ရာ​တွင်၊ လောက်​လွှဲ​သ​မား​တို့​သည် ဝိုင်း၍​ပစ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 26,
      "text": "မော​ဘ​မင်း​ကြီး​သည် အ​တိုက်​မ​ခံ​နိုင်​သည်​ကို​သိ​သော​အ​ခါ၊ ဓား​ကိုင်​သော​သူ​ခု​နစ်​ရာ​ကို​ခေါ်၍ ဧ​ဒုံ​ရှင်​ဘု​ရင်၏​တပ်​ကို​ဖျက်​မည်​ဟု အား​ထုတ်​သော်​လည်း မ​ဖျက်​နိုင်။"
    },
    {
      "book": 12,
      "chapter": 3,
      "verse": 27,
      "text": "နောက်​မှ​မိ​မိ​ကိုယ်​စား နန်း​ထိုင်​ထိုက်​သော​သား​ဦး​ကို​ယူ၍ မြို့​ရိုး​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ပြု​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​တစ်​ပါး​အ​မျက်​ထွက်​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ ထို​ပြည်​ကို​ထား၍ ကိုယ်​ပြည်​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 1,
      "text": "ပ​ရော​ဖက်​အ​မျိုး​သား၏ မ​ယား​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကျွန်၊ ကျွန်​မ၏​ခင်​ပွန်း​သေ​ပါ​ပြီ၊ ကိုယ်​တော်​ကျွန်​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​သော​သူ​ဖြစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ယ​ခု​မှာ ကြွေး​ရှင်​သည် ကျွန်​မ၏​သား​နှစ်​ယောက်​ကို ကျွန်​ခံ​စေ​ခြင်း​ငှာ​လာ​ပါ​ပြီ​ဟု ကြွေး​ကြော်​လေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 2,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ သင့်​အ​ဖို့ အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ သင့်​အိမ်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မ​အိမ်၌ ဆီ​အိုး​တစ်​လုံး​မှ​တစ်​ပါး အ​ဘယ်​ဥ​စ္စာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို​သော်၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 3,
      "text": "ဧ​လိ​ရှဲ​က သွား​လော့။ အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​တွင် လပ်​သော​အိုး​တို့​ကို ငှား​ယူ​လော့။ များ​စွာ​သော​အိုး​တို့​ကို ငှား​ယူ​လော့။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 4,
      "text": "ကိုယ်​အိမ်​သို့ ရောက်​သော​အ​ခါ၊ သား​တို့​ကို​ခေါ်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ ငှား​ယူ​သော အိုး​များ​အ​ထဲ​သို့ ဆီ​ကို​အ​ပြည့်​လောင်း၍ ထား​လော့​ဟု စီ​ရင်​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 5,
      "text": "ထို​မိန်း​မ​သည်​သွား၍ သား​တို့​သည်​အိုး​များ​ကို​ယူ​ခဲ့​ပြီး​မှ၊ မိန်း​မ​သည် သား​တို့​နှင့်​အ​တူ အိမ်​ထဲ​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​လျက် ဆီ​ကို​လောင်း​လေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 6,
      "text": "အိုး​များ၌ ဆီ​ပြည့်​သော​အ​ခါ၊ အိုး​တစ်​လုံး​ကို​ယူ​ခဲ့​ဦး​ဟု သား​အား​ဆို​လျှင်၊ အိုး​လပ်​မ​ရှိ​ပါ​ဟု ပြန်​ပြော​သော်၊ ဆီ​သည် တန့်​လျက်​နေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 7,
      "text": "ထို​မိန်း​မ​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​ကို​ကြား​ပြော​လျှင်၊ သူ​က ထို​ဆီ​ကို​သွား၍ ရောင်း​ပြီး​လျှင် ကြွေး​ကို​ဆပ်​လော့။ ကြွင်း​သော​ဆီ​ကို အ​မှီ​ပြု၍ သင်​နှင့်​သား​တို့​သည် အ​သက်​မွေး​ကြ​လော့​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 8,
      "text": "တစ်​နေ့​သ၌ ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​သွား​ရာ​တွင်၊ ထို​မြို့၌ ထင်​ရှား​သော​မိန်း​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ကို ကျွေး​ခြင်း​ငှာ ခေါ်​ပင့်​လေ၏။ နောက်​မှ ထို​လမ်း​သို့​သွား​သော​အ​ခါ​ခါ၊ ကျွေး​ခြင်း​ကို​ခံ​အံ့​သော​ငှာ ထို​အိမ်​သို့​ဝင်​တတ်၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 9,
      "text": "မိန်း​မ​က​လည်း၊ ငါ​တို့​နေ​ရာ​လမ်း​ဖြင့် အ​စဉ်​သွား​လာ​သော ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​သူ​ဖြစ်​သည်​ကို ကျွန်ုပ်​ရိပ်​မိ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 10,
      "text": "ဝင်​ရိုး​အ​ပေါ်​မှာ အ​ခန်း​ငယ်​တစ်​ခု​ကို လုပ်​ကြ​ကုန်​အံ့။ သူ့​အ​ဖို့ ခု​တင်၊ စား​ပွဲ၊ ထိုင်​ခုံ၊ မီး​ခုံ​တို့​ကို​ထား​ကြ​ကုန်​အံ့။ သို့​ဖြစ်၍၊ သူ​သည် ငါ​တို့​ဆီ​သို့​ရောက်​သော​အ​ခါ၊ ထို​အ​ခန်း​ထဲ​သို့ ဝင်​လိမ့်​မည်​ဟု မိ​မိ​ခင်​ပွန်း​အား ဆို၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 11,
      "text": "တစ်​နေ့​သ၌ ဧ​လိ​ရှဲ​သည်​ရောက်​သ​ဖြင့်၊ ထို​အ​ခန်း​ထဲ​သို့​ဝင်၍ အိပ်​နေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 12,
      "text": "ထို​ရှု​နင်​မြို့​သူ​မိန်း​မ​ကို ခေါ်​လော့​ဟု မိ​မိ​ကျွန်​ဂေ​ဟာ​ဇိ​အား ဆို​သည်​အ​တိုင်း​ခေါ်၍၊ မိန်း​မ​သည် ဧ​လိ​ရှဲ​ရှေ့​မှာ ရပ်​နေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 13,
      "text": "ဧ​လိ​ရှဲ​က၊ သင်​သည်​ငါ​တို့​အ​ဖို့ ဤ​မျှ​လောက်​လုပ်​ကြွေး​ပြု​စု​သည်​အ​တွက်၊ သင့်​အ​ဖို့​အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သင့်​အ​ဖို့ ရှင်​ဘု​ရင်​ထံ၊ ဗိုလ်​ချုပ်​မင်း​ထံ၌ ငါ​ပြော​ရ​မည်​လော​ဟု ဂေ​ဟာ​ဇိ​မေး​မည်​အ​ကြောင်း စီ​ရင်​သော်၊ မိန်း​မ​က၊ ကျွန်​မ​သည် ကိုယ်​အ​ဆွေ​အ​မျိုး​တို့​တွင် နေ​ပါ​ဦး​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 14,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ ဤ​မိန်း​မ​အ​ဖို့ အ​ဘယ်​သို့ ပြု​စ​ရာ​ရှိ​သ​နည်း​ဟု မေး​ပြန်​လျှင်၊ ဂေ​ဟာ​ဇိ​က၊ ဤ​မိန်း​မ၌ သား​သ​မီး​မ​ရှိ​ပါ။ သူ့​ခင်​ပွန်း​လည်း အို​လှ​ပြီ​ဟု​ဆို​သော်၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 15,
      "text": "တစ်​ဖန်​ခေါ်​ဦး​လော့​ဟု​ဆို​သည်​အ​တိုင်း ခေါ်၍၊ မိန်း​မ​သည် တံ​ခါး​ဝ​မှာ​ရပ်​နေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 16,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ သင်​သည် နောင်​နှစ်​အ​ချိန်​အ​ရွယ်​စေ့​သော​အ​ခါ သား​ကို​ဖက်​ယမ်း​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊ မိန်း​မ​က အို​အ​ရှင်၊ ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​ကျွန်​မ​ကို မု​သား​မ​သုံး​ပါ​နှင့်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 17,
      "text": "ထို​နောက်​မိန်း​မ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဧ​လိ​ရှဲ​ချိန်း​ချက်​သော အ​ချိန်​အ​ရွယ်​စေ့​သော​အ​ခါ သား​ကို ဖွား​မြင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 18,
      "text": "ထို​သား​သည် နို့​ကွာ​ပြီး​မှ၊ တစ်​နေ့​သ၌ စ​ပါး​ရိတ်​သော​သူ​တို့​ရှိ​ရာ မိ​မိ​အ​ဘ​ထံ​သို့ သွား၍၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 19,
      "text": "ငါ​သည် ခေါင်း​နာ၏။ ခေါင်း​နာ၏​ဟု အ​ဘ​အား​ပြော​ဆို​လျှင်၊ အ​ဘ​က၊ သူ​ငယ်​ကို အ​မိ​ထံ​သို့​ယူ​သွား​ဟု လု​လင်​အား​ပြော၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 20,
      "text": "လု​လင်​သည် အ​မိ​ထံ​သို့​ယူ​သွား၍၊ သူ​ငယ်​သည် အ​မိ​ရင်​ခွင်၌​ထိုင်၍ မွန်း​တည့်​အ​ချိန်​ရှိ​ပြီး​မှ သေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 21,
      "text": "အ​မိ​သည် မြို့​ရိုး​ပေါ်​သို့​တက်၍ အ​လောင်း​ကို ဘု​ရား​သ​ခင့်​လူ၏​ခု​တင်​ပေါ်​မှာ​ထား​ပြီး​လျှင်၊ တံ​ခါး​ကို​ပိတ်​ခဲ့၍ သွား​လေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 22,
      "text": "ခင်​ပွန်း​ကို​လည်း​ခေါ်၍၊ ကျွန်ုပ်​သည် ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ပြေး၍ တစ်​ဖန်​ပြန်​လာ​ဦး​မည်။ လု​လင်​တစ်​ယောက်​နှင့် မြည်း​တစ်​စီး​ကို​ထည့်​လိုက်​ပါ​ဟု ဆို​လျှင်၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 23,
      "text": "ခင်​ပွန်း​က၊ အ​ဘယ်​ကြောင့် ယ​နေ့​သွား​ချင်​သ​နည်း။ လ​ဆန်း​နေ့​မ​ဟုတ်၊ ဥ​ပုသ်​နေ့​လည်း​မ​ဟုတ်​ဟု ဆို​သော်၊ မိန်း​မ​က၊ ကောင်း​ပါ​လိမ့်​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 24,
      "text": "မြည်း​ကို ကုန်း​နှီး​တင်​ပြီး​မှ ကျွန်​ကို​ခေါ်၍ နှင်​သွား​လော့။ ငါ​မ​ပြော​လျှင် ငါ့​ကြောင့် အ​သွား​မ​နှေး​စေ​နှင့်​ဟု ကျွန်​အား​မှာ​ထား​သ​ဖြင့်၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 25,
      "text": "ခ​ရီး​သွား၍ ဘု​ရား​သ​ခင်၏​လူ​ရှိ​ရာ၊ က​ရ​မေ​လ​တောင်​ပေါ်​သို့ ရောက်​သည်​ကို ဘု​ရား​သ​ခင်၏​လူ​သည် အ​ဝေး​က​မြင်​သော​အ​ခါ၊ မိ​မိ​ကျွန်​ဂေ​ဟာ​ဇိ​ကို​ခေါ်၍၊ ရှု​နင်​မြို့​သူ​မိန်း​မ​လာ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 26,
      "text": "သင်​ပြေး၍ ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊ ကိုယ်​တိုင်​မာ၏​လော။ ခင်​ပွန်း​မာ၏​လော။ သူ​ငယ်​မာ၏​လော​ဟု စေ​လွှတ်၍ မေး​စေ​သော်၊ မိန်း​မ​က မာ​ပါ၏​ဟု​ဆို၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 27,
      "text": "ဘု​ရား​သ​ခင်၏​လူ​ရှိ​ရာ တောင်​ပေါ်​သို့ ရောက်​သော​အ​ခါ၊ သူ၏​ခြေ​တို့​ကို ဖက်​လေ၏။ ဂေ​ဟာ​ဇိ​သည် ဆီး​တား​ခြင်း​ငှာ ချဉ်း​လာ​လျှင်၊ ဘု​ရား​သ​ခင်၏​လူ​က သူ့​ကို​မ​ဆီး​တား​နှင့်။ သူ​သည် စိတ်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မ​ပြ၊ ဝှက်​ထား​တော်​မူ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 28,
      "text": "မိန်း​မ​က​လည်း၊ ကျွန်​မ​သည် ကျွန်​မ​သ​ခင်​ထံ​မှာ သား​ဆု​ကို တောင်း​ပါ​သ​လော။ ကျွန်​မ​ကို​မု​သား​မ​သုံး​ပါ​နှင့်​ဟု လျှောက်​ဆို​သည်​မ​ဟုတ်​လော​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 29,
      "text": "ဧ​လိ​ရှဲ​သည် ဂေ​ဟာ​ဇိ​ကို​ခေါ်၍ သင်၏​ခါး​ကို စည်း​လော့။ ငါ့​တောင်​ဝှေး​ကို​ကိုင်၍ သွား​လော့။ လမ်း​မှာ သူ​တစ်​ပါး​တွေ့​လျှင် နှုတ်​မ​ဆက်​နှင့်။ သင့်​ကို သူ​တစ်​ပါး​နှုတ်​ဆက်​လျှင် ပြန်၍​မ​ပြော​နှင့်။ ငါ့​တောင်​ဝှေး​ကို သူ​ငယ်၏​မျက်​နှာ​ပေါ်​မှာ တင်​လော့​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 30,
      "text": "အ​မိ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်၊ ကိုယ်​တော်​အ​သက် ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကျွန်​မ​သည် ကိုယ်​တော်​နှင့်​ကွာ၍ မ​သွား​နိုင်​ပါ​ဟု​ဆို​လျှင်၊ ဧ​လိ​ရှဲ​သည်​ထ၍ လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 31,
      "text": "ဂေ​ဟာ​ဇိ​သည် အ​ရင်​သွား၍၊ တောင်​ဝှေး​ကို သူ​ငယ်၏​မျက်​နှာ​ပေါ်​မှာ တင်​သော်​လည်း၊ သူ​ငယ်​သည် အ​သံ​မ​ပြု အ​မှု​မ​ထား။ ထို​ကြောင့် ဂေ​ဟာ​ဇိ​သည် ဧ​လိ​ရှဲ​ကို​ခ​ရီး​ဦး​ကြို​ပြု၍၊ သူ​ငယ်​သည်​မ​နိုး​ပါ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 32,
      "text": "ဧ​လိ​ရှဲ​သည် အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​သေ​လျက်၊ မိ​မိ​ခု​တင်​ပေါ်​မှာ တင်​ထား​လျက်​ရှိ​သည်​ကို တွေ့​သ​ဖြင့်၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 33,
      "text": "အ​ထဲ​သို့​ဝင်၍ နှစ်​ယောက်​တည်း​ရှိ​စေ​ခြင်း​ငှာ တံ​ခါး​ကို​ပိတ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 34,
      "text": "သူ​ငယ်၏​အ​နီး​အ​ပါး​သို့​ချဉ်း၍၊ သူ့​အ​ပေါ်​မှာ​အိပ်​လျက် နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​လျက်၊ သူ​ငယ်​အ​ပေါ်​မှာ ကိုယ်​ကို​လှန်သ​ဖြင့် သူ​ငယ်​အ​သား​သည် နွေး​စ​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 35,
      "text": "တစ်​ဖန်​ဆင်း၍ အ​ခန်း​ထဲ​မှာ​စင်္ကြံ​သွား​ပြီး​လျှင်၊ ချဉ်း​ပြန်၍ သူ​ငယ်​အ​ပေါ်​မှာ ကိုယ်​ကို​လှန်သ​ဖြင့်၊ သူ​ငယ်​သည် ခု​နစ်​ကြိမ်​ချေ​ဆတ်၍ မျက်​စိ​ကို​ဖွင့်၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 36,
      "text": "ဧ​လိ​ရှဲ​သည် ဂေ​ဟာ​ဇိ​ကို​ခေါ်၍၊ ရှု​နင်​မြို့​သူ​မိန်း​မ​ကို​ခေါ်​လိုက်​ဟု ဆို​သည်​အ​တိုင်း​ခေါ်၍ သူ​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က သင်၏​သား​ကို ချီ​ယူ​လော့​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 37,
      "text": "မိန်း​မ​သည်​အ​ထဲ​သို့​ဝင်၍၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်​ဦး​ချ​ပြီး​လျှင် သား​ကို​ချီ​ယူ၍ ထွက်​သွား၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 38,
      "text": "တစ်​ဖန် ဧ​လိ​ရှဲ​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​ပြည်၌​အ​စာ​ခေါင်း​ပါး၏။ ပ​ရော​ဖက်​အ​မျိုး​သား​တို့​သည် ဧ​လိ​ရှဲ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ ပ​ရော​ဖက်​အ​မျိုး​သား​တို့​အ​ဖို့ ကြီး​သော​အိုး​ကင်း​ကို​ပြင်၍ ဟင်း​ချက်​လော့​ဟု မိ​မိ​ကျွန်​အား​ဆို၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 39,
      "text": "တစ်​စုံ​တစ်​ယောက်​သော သူ​သည် ဟင်း​သီး​ဟင်း​ရွက်​ကို​ဆွတ်​ခြင်း​ငှာ လယ်​ပြင်​သို့​သွား၍ တော​နွယ်​ပင်​ကို​တွေ့​လျှင်၊ တော​ဘူး​သီး​ပိုက်​နိုင်​သ​မျှ​ကို ဆွတ်​ယူ​ပြီး​မှ၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 40,
      "text": "ထို​ဘူး​မျိုး​ကို​မ​သိ​ဘဲ ဟင်း​အိုး​ထဲ​သို့​ခတ်​လေ၏။ ဟင်း​အိုး​စား​အံ့​ဟု လောင်း​ပြီး​မှ ဝိုင်း၍​စား​ကြ​စဉ်​တွင်၊ အို​ဘု​ရား​သ​ခင်၏​လူ၊ အိုး​ထဲ၌ သေ​ဘေး​ရှိ​ပါ​သည်​ဟု အော်​ဟစ်၍ မ​စား​နိုင်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 41,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ မုန့်​ညက်​ကို​ယူ​ခဲ့​ဟု​ဆို၍ အိုး​ထဲ​မှာ​ခတ်​ပြီး​လျှင်၊ လူ​များ​စား​စ​ရာ​ဖို့ လောင်း​ဦး​လော့​ဟု​ဆို​ပြန်​သော်၊ အိုး၌​ဘေး​မ​ရှိ။"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 42,
      "text": "တစ်​ဖန် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ လူ​တစ်​ယောက်​သည်​လာ၍၊ အ​ဦး​သီး​သော မု​ယော​ဆန်​ဖြင့်​လုပ်​သော မုန့်​လုံး​နှစ်​ဆယ်​နှင့် အိတ်၌​ထည့်​သော အ​သီး​အ​နှံ​များ​ကို ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ဆောင်​ခဲ့၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​လူ​များ​ကို ကျွေး​လော့​ဟု​ဆို​လျှင်၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 43,
      "text": "ကျွန်​က အ​ဘယ်​သို့​နည်း။ ကျွန်​တော်​သည် လူ​တစ်​ရာ​ကို ဤ​မျှ​နှင့် ကျွေး​နိုင်​ပါ​မည်​လော​ဟု မေး​လျှင်၊ ဧ​လိ​ရှဲ​က ဤ​လူ​များ​ကို ကျွေး​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​သူ​တို့​သည် ဝ​စွာ​စား​ကြ​သော်​လည်း စား​စ​ရာ​ကျန်​ကြွင်း​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို​ပြော​ဆို​သော်၊"
    },
    {
      "book": 12,
      "chapter": 4,
      "verse": 44,
      "text": "ကျွန်​သည် လူ​များ​ရှေ့​မှာ​ထည့်၍ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​နှင့်​အ​ညီ ထို​သူ​တို့​သည်​ဝ​စွာ​စား​ကြ၍၊ စား​စ​ရာ​ကျန်​ကြွင်း​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 1,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်၏​ဗိုလ်​ချုပ်​မင်း​နေ​မန်​သည် မိ​မိ​သ​ခင်​ထံ​မှာ မျက်​နှာ​ရ​သော​သူ၊ ဘုန်း​ကြီး​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရှု​ရိ​ပြည်​သည် ထို​သူ​အား​ဖြင့် အောင်​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ပြီ။ ထို​သူ​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်၏။ သို့​ရာ​တွင် နူ​နာ​စွဲ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 2,
      "text": "ရှု​ရိ​လူ​တို့​သည် အ​လို​အ​လျောက်​တပ်​ဖွဲ့၍ ချီ​သွား​စဉ်​တွင်၊ ဣ​သ​ရေ​လ​ပြည်​မှ ဖမ်း​ခဲ့​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် နေ​မန်၏​မ​ယား​ထံ၌ ကျွန်​ခံ​ရ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 3,
      "text": "ထို​ကျွန်​မ​က​လည်း၊ ကျွန်​မ​သ​ခင်​သည် ရှ​မာ​ရိ​မြို့၌​ရှိ​သော ပ​ရော​ဖက်​ထံ​သို့ ရောက်​ပါ​စေ​သော။ ထို​ပ​ရော​ဖက်​သည် သ​ခင်၌​စွဲ​သော​နူ​နာ​ကို ပျောက်​စေ​လိမ့်​မည်​ဟု မိ​မိ​သ​ခင်​မ​အား​ဆို၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 4,
      "text": "နေ​မန်​သည် မိ​မိ​အ​ရှင်​ထံ​သို့​ဝင်၍ ဣ​သ​ရေ​လ​အ​မျိုး မိန်း​မ​ငယ်​စ​ကား​ကို ပြန်​လျှောက်၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 5,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်​က​လည်း သွား​လော့။ သွား​လော့။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ စာ​ပေး​လိုက်​မည်​ဟု အ​မိန့်​တော်​အ​တိုင်း၊ နေ​မန်​သည် ငွေ​အ​ခွက်​တစ်​ရာ၊ ရွှေ​အ​ခွက် ခြောက်​ဆယ်၊ အ​ဝတ်​ဆယ်​စုံ​ကို ယူ​သွား၍၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ မိ​မိ​အ​ရှင်၏​စာ​ကို သွင်း​လေ၏။ စာ၌​ပါ​သော အ​ချက်​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ငါ့​ကျွန်​နေ​မန်၏​နူ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ သူ့​ကို ဤ​စာ​နှင့်​အ​တူ ငါ​စေ​လွှတ်​သည်​ဟု ပါ​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ထို​စာ​ကို​ကြည့်​ပြီး​မှ၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ ငါ​သည်​အ​သက်​ပေး​ပိုင်၊ နုတ်​ပိုင်​သော​ဘု​ရား​ဖြစ်​သော​ကြောင့်၊ ဤ​သူ​သည် လူ​နူ​ကို​ချမ်း​သာ​ပေး​စေ​ခြင်း​ငှာ ငါ့​ထံ​သို့​စေ​လွှတ်​သ​လော။ ကြည့်​ကြ​လော့။ ဤ​သူ​သည် ငါ့​ကို​အ​ဘယ်​မျှ​လောက် ရန်​ရှာ​ချင်​သည်​ကို ကြည့်​ကြ​လော့​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​ဧ​လိ​ရှဲ​သည်​ကြား​လျှင်၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် အ​ဝတ်​ကို​ဆုတ်​သ​နည်း။ ထို​သူ​သည် ငါ့​ထံ​သို့ လာ​ပါ​လေ​စေ။ ဣ​သ​ရေ​လ​ပြည်၌​ပ​ရော​ဖက်​ရှိ​သည်​ကို သိ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​ကို မှာ​လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 9,
      "text": "ထို​ကြောင့်၊ နေ​မန်​သည်​မြင်း​ရ​ထား​ကို​စီး​သွား၍ ဧ​လိ​ရှဲ​အိမ်​ရှေ့​မှာ ရပ်​နေ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 10,
      "text": "ဧ​လိ​ရှဲ​က၊ သင်​သည်​သွား၍ ယော်​ဒန်​မြစ်၌ ခု​နစ်​ကြိမ်​တိုင်​အောင် ရေ​ချိုး​လော့။ အ​သား​ပြောင်း၍ သန့်​ရှင်း​လိမ့်​မည်​ဟု လူ​ကို​စေ​လွှတ်၍ ပြော​စေ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 11,
      "text": "နေ​မန်​က​လည်း၊ အ​ကယ်၍ ပ​ရော​ဖက်​သည် ထွက်​လာ​မည်။ ငါ့​အ​နား​မှာ​ရပ်​လျက် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​ကို​ခေါ်၍ မိ​မိ​လက်​နှင့်​သုံး​သပ်​သ​ဖြင့် နူ​နာ​ကို​ပျောက်​စေ​မည်​ဟု ငါ​ထင်၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 12,
      "text": "ဒ​မာ​သက်​ပြည်၌ အာ​ဗ​န​မြစ်၊ ဖာ​ဖာ​မြစ်​တို့​သည် ဣ​သ​ရေ​လ​မြစ်​အ​လုံး​စုံ​ထက် သာ၍​ကောင်း​သည် မ​ဟုတ်​လော။ ထို​မြစ်၌ ငါ​ရေ​ချိုး၍ မ​သန့်​ရှင်း​ရ​သ​လော​ဟု​ဆို​လျက် အ​မျက်​ထွက်၍ ပြန်​သွား၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 13,
      "text": "ကျွန်​တို့​သည် ချဉ်း​လာ၍ အ​ဘ၊ ခက်​သော​အ​မှု​ကို​ပြု​ရ​မည်​ဟု ပ​ရော​ဖက်​စီ​ရင်​လျှင် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ ရေ​ချိုး၍​သာ သန့်​ရှင်း​ခြင်း​သို့ ရောက်​လော့​ဟု​စီ​ရင်​လျှင် အ​ဘယ်​မျှ​လောက်​သာ၍ ပြု​တော်​မူ​သင့်​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 14,
      "text": "နေ​မန်​သည်​သွား၍ ဘု​ရား​သ​ခင်၏​လူ​စီ​ရင်​သည်​အ​တိုင်း၊ ယော်​ဒန်​မြစ်၌ ကိုယ်​ကို​ခု​နစ်​ကြိမ်​နှစ်​သ​ဖြင့်၊ သူ၏​အ​သား​သည် သူ​ငယ်၏​အ​သား​ကဲ့​သို့​ပြောင်း၍ သန့်​ရှင်း​ခြင်း​သို့ ရောက်၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 15,
      "text": "သို့​ပြီး​မှ လိုက်​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​လူ​ထံ​သို့ ပြန်​လာ၍ သူ့​ရှေ့၌​ရပ်​လျက်၊ ဣ​သ​ရေ​လ​ပြည်​မှ​တစ်​ပါး အ​ဘယ်​ပြည်၌​မျှ ဘု​ရား​သ​ခင်​မ​ရှိ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​သိ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်၏​ကျွန်​လှူ​သော အ​လှူ​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ​ဟု တောင်း​လျှောက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 16,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ ငါ​ကိုး​ကွယ်​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း မ​ခံ​မ​ယူ​ရ​ဟု​ဆို​လျှင်၊ ခံ​ယူ​စေ​ခြင်း​ငှာ တစ်​ဖန် တိုက်​တွန်း​သော်​လည်း ငြင်း​ပယ်​လျက်​နေ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 17,
      "text": "နေ​မန်​က​လည်း၊ သို့​ဖြစ်​လျှင် ကိုယ်​တော်​ကျွန်​သည် မြည်း​နှစ်​စီး​နှင့်​တင်၍ မြေ​အ​နည်း​ငယ်​ကို ယူ​ပါ​ရ​စေ။ ကိုယ်​တော်​ကျွန်​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ဘယ်​ယဇ်​ကို​မျှ ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​အား နောက်​တစ်​ဖန် မ​ပူ​ဇော်​ပါ။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 18,
      "text": "သို့​သော်​လည်း အ​ကျွန်ုပ်​သ​ခင်​သည် ကိုး​ကွယ်​အံ့​ဟု ရိ​မ္မုန်​ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ကျွန်ုပ်​ကို​မှီ​လျက် ရိ​မ္မုန်​ကျောင်း၌ ကိုယ်​ကို​ညွှတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​ကိုယ်​သည်​လည်း​ညွှတ်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကျွန်​ကို အ​ပြစ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျှင်၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 19,
      "text": "ဧ​လိ​ရှဲ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ဆို၏။ နေ​မန်​သည်​သွား၍ အ​ဝေး​သို့​မ​ရောက်​မီ၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 20,
      "text": "ဘု​ရား​သ​ခင်၏​လူ ဧ​လိ​ရှဲ၏​ကျွန်​ဂေ​ဟာ​ဇိ​က၊ ဤ​ရှု​ရိ​လူ နေ​မန်​ဆောင်​ခဲ့​သော ဥ​စ္စာ​ကို ငါ့​သ​ခင်​သည် မ​ခံ​မ​ယူ။ သူ့​ကို အ​လွန်​သ​နား​ပြီ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သူ့​နောက်​သို့ ငါ​လိုက်၍ တစ်​စုံ​တစ်​ခု​ကို​ယူ​မည်​ဟု အ​ကြံ​ရှိ​လျက်၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 21,
      "text": "နေ​မန်​နောက်​သို့ လိုက်​လေ၏။ လိုက်​ကြောင်း​ကို နေ​မန်​သည်​မြင်​လျှင်၊ ကြို​ဆို​အံ့​သော​ငှာ​ရ​ထား​မှ​ဆင်း၍၊ ရှိ​သ​မျှ​ကောင်း​သ​လော​ဟု မေး​သော်၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 22,
      "text": "ဂေ​ဟာ​ဇိ​က ကောင်း​ပါ၏။ ယ​ခု​တွင် ပ​ရော​ဖက် အ​မျိုး​သား​လု​လင်​နှစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​မှ ရောက်​လာ​ပြီ။ ငွေ​အ​ခွက်​တစ်​ဆယ်​နှင့် အ​ဝတ်​နှစ်​စုံ​ကို သူ​တို့​အ​ဖို့​ပေး​ပါ​လော့​ဟု တောင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော် သ​ခင်​သည် ကျွန်​တော်​ကို​စေ​လွှတ်​ပါ​ပြီ​ဟု ဆို​လျှင်၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 23,
      "text": "နေ​မန်​က၊ အ​ခွက်​နှစ်​ဆယ်​ကို မ​ငြင်း​ယူ​ပါ​လော့​ဟု တိုက်​တွန်း​လျက်၊ ငွေ​အ​ခွက်​နှစ်​ဆယ်​ကို အိတ်​နှစ်​လုံး၌ အ​ဝတ်​နှစ်​စုံ​နှင့်​တ​ကွ စည်း၍ မိ​မိ​ကျွန်​နှစ်​ယောက်​အ​ပေါ်​မှာ တင်​သ​ဖြင့်၊ သူ​တို့​သည် ဂေ​ဟာ​ဇိ​ရှေ့၌ ထမ်း​သွား​ရ၏။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 24,
      "text": "မြို့​ရိုး​သို့ ရောက်​သော​အ​ခါ၊ ထို​ဥ​စ္စာ​ကို ဂေ​ဟာ​ဇိ​သည်​ယူ၍ အိမ်၌​သို​ထား​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​ကို လွှတ်​လိုက်​ပြီး​မှ၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 25,
      "text": "ကိုယ်​တိုင်​ဝင်၍ မိ​မိ​သ​ခင့်​ရှေ့၌ ရပ်​နေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ဂေ​ဟာ​ဇိ၊ အ​ဘယ်​အ​ရပ်​သို့ သွား​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​အ​ရပ်​ကို​မျှ မ​သွား​ပါ​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 26,
      "text": "ဧ​လိ​ရှဲ​က၊ ထို​လူ​သည် သင့်​ကို​ကြို​ဆို​အံ့​သော​ငှာ၊ ရ​ထား​ပေါ်​မှ​လှည့်​သော​အ​ခါ၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် သင်​နှင့်​အ​တူ မ​လိုက်​သ​လော။ ငွေ​ကို​ခံ​ယူ​ချိန် ရှိ​သ​လော။ အ​ဝတ်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး​နွား၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို သိမ်း​ယူ​ချိန်​ရှိ​သ​လော။"
    },
    {
      "book": 12,
      "chapter": 5,
      "verse": 27,
      "text": "သို့​ဖြစ်၍ နေ​မန်၏​နူ​နာ​သည် သင်၌​လည်း​ကောင်း၊ သင်၏​သား​မြေး၌​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​စွဲ​စေ​ဟု ဆို​သည်​အ​တိုင်း၊ ဂေ​ဟာ​ဇိ​သည် နူ​နာ​စွဲ၍ မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်၊ သ​ခင်​ထံ​မှ​ထွက်​သွား၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 1,
      "text": "ပ​ရော​ဖက်​အ​မျိုး​သား​တို့​က၊ ကိုယ်​တော်​နှင့်​အ​တူ ယ​ခု​နေ​သော​အ​ရပ်​သည် ကျဉ်း​မြောင်း​ပါ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 2,
      "text": "အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​နား​သို့ သွား​ပါ​ရ​စေ။ ထို​အ​ရပ်၌​ဝိုင်း၍ သစ်​သား​ကို​ခုတ်​ပြီး​လျှင်၊ ကိုယ်​နေ​စ​ရာ​ဖို့​လုပ်​ပါ​ရ​စေ​ဟု ဧ​လိ​ရှဲ​ထံ၌ အ​ခွင့်​တောင်း​လျှင်၊ သွား​ကြ​လော့​ဟု အ​ခွင့်​ပေး၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 3,
      "text": "အ​ချို့​က​လည်း မ​ငြင်း​ပါ​နှင့်။ ကိုယ်​တော်​ကျွန်​တို့​နှင့် ကြွ​တော်​မူ​ပါ​ဟု​တောင်း​ပန်​လျှင်၊ ငါ​သွား​မည်​ဟု ဝန်​ခံ​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 4,
      "text": "သူ​တို့​နှင့်​အ​တူ လိုက်​လေ၏။ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ သစ်​သား​ကို​ခုတ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 5,
      "text": "တစ်​ယောက်​သော​သူ​သည် ခုတ်​စဉ်​တွင်၊ ရေ​ထဲ​သို့ ပု​ဆိန်​ကျ၏။ ခုတ်​သော​သူ​က​လည်း၊ ခက်​လှ​ပြီ​သ​ခင်။ ထို​ပု​ဆိန်​သည် ငှား​ခဲ့​သော​ဥ​စ္စာ​ဖြစ်​ပါ၏​ဟု အော်​ဟစ်​လျှင်၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်၏​လူ​က၊ အ​ဘယ်​မှာ​ကျ​သ​နည်း​ဟု​မေး​သော်၊ ကျ​ရာ​အ​ရပ်​ကို​ပြ​ပြီး​မှ၊ တုတ်​ကို​ခုတ်၍ ထို​အ​ရပ်၌​ချ​သ​ဖြင့် ပု​ဆိန်​သည် ပေါ​လော​နေ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 7,
      "text": "ဆယ်​ယူ​လော့​ဟု ဧ​လိ​ရှဲ​ဆို​သည်​အ​တိုင်း၊ တ​ပည့်​သည် လက်​ကို​ဆန့်၍ ဆယ်​ယူ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 8,
      "text": "တစ်​ဖန် ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​ပြည်​ကို စစ်​တိုက်၍၊ ဤ​မည်​သော​အ​ရပ်၊ ဤ​မည်​သော​အ​ရပ်၌ ငါ​တို့​သည် တပ်​ချ​ကြ​ကုန်​အံ့​ဟု ကျွန်​တို့​နှင့် တိုင်​ပင်​သော​အ​ခါ၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်၏​လူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လူ​ကို​စေ​လွှတ်၍၊ ဤ​မည်​သော​အ​ရပ်​ကို သ​တိ​ပြု​ပါ။ ထို​အ​ရပ်​သို့ ရှု​ရိ​လူ​တို့​သည် လာ​ကြ​ပြီ​ဟု၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 10,
      "text": "သ​တိ​ပေး​သော​အ​ရပ်​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် လူ​ကို​စေ​လွှတ်၍ တစ်​ကြိမ်​နှစ်​ကြိမ်​မ​က ရန်​သူ​တို့​ကို ရှောင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 11,
      "text": "ထို​အ​ကြောင်း​ကြောင့် ရှု​ရိ​ရှင်​ဘု​ရင်​သည် စိတ်​ပူ​ပန်၍ ကျွန်​တို့​ကို​ခေါ်​ပြီး​လျှင်၊ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဘက်၌​နေ​သည်​ကို ငါ့​အား​မ​ပြ​ဘဲ​နေ​ကြ​သ​နည်း​ဟု​မေး​သော်၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 12,
      "text": "ကျွန်​တစ်​ယောက်​က၊ ထို​သို့​မ​ဟုတ်​ပါ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​စက်​တော်​မူ​ခန်း​ထဲ၌ မိန့်​တော်​မူ​သော​စ​ကား​ကို​ပင်၊ ဣ​သ​ရေ​လ​ပြည်၌​ရှိ​သော ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား ပြန်​ပြော​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 13,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် အ​ဘယ်​အ​ရပ်၌​ရှိ​သည်​ကို​သွား၍ ချောင်း​ကြည့်​လော့။ သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ဒေါ​သန်​မြို့၌​ရှိ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 14,
      "text": "ထို​မြို့​သို့ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​များ​ကို​စေ​လွှတ်​သ​ဖြင့်၊ ည​အ​ခါ​ရောက်၍ မြို့​ကို​ဝိုင်း​ကြ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 15,
      "text": "နံ​နက်​စော​စော ဘု​ရား​သ​ခင့်​လူ၏​ကျွန်​သည်​ထ၍ ပြင်​သို့​ထွက်​သော​အ​ခါ၊ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​တို့​သည် မြို့​ကို​ဝိုင်း​လျက် ရှိ​ကြ​သည်​ဖြစ်၍၊ အို​သ​ခင်၊ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မိ​မိ​သ​ခင်​အား​ဆို၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 16,
      "text": "ဧ​လိ​ရှဲ​က မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်၌​နေ​သော​သူ​တို့​သည် ရန်​သူ​တို့​ဘက်၌ နေ​သော​သူ​တို့​ထက် သာ၍​များ​ကြ​သည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 18,
      "text": "ရှု​ရိ​လူ​တို့​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့၏ မျက်​စိ​မ​မြင်​စေ​ခြင်း​ငှာ၊ ဒဏ်​ခတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 19,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ ဤ​လမ်း​မ​ဟုတ်။ ဤ​မြို့​လည်း​မ​ဟုတ်။ ငါ့​နောက်​သို့ လိုက်​ကြ။ သင်​တို့​ရှာ​သော​သူ​ရှိ​ရာ​သို့ ငါ​ပို့​မည်​ဟု​ဆို​လျက် ရှ​မာ​ရိ​မြို့​သို့ ပို့​လေ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 20,
      "text": "မြို့​ထဲ​သို့​ရောက်​ပြီး​မှ ဧ​လိ​ရှဲ​က၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​တို့​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ​တို့၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ သူ​တို့၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည်​မြင်၍ ရှ​မာ​ရိ​မြို့​ထဲ​မှာ ရှိ​သည်​ဟု​သိ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ အ​ဘ၊ ထို​သူ​တို့​ကို ဓား​နှင့်​သတ်​ရ​ပါ​မည်​လော​ဟု ဧ​လိ​ရှဲ​အား​မေး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 22,
      "text": "မ​သတ်​ပါ​နှင့်။ ဓား​နှင့်​ခုတ်​လျက်၊ လေး​နှင့်​ပစ်​လျက် စစ်​တိုက်၍ ဖမ်း​မိ​သော​သူ​တို့​ကို သတ်​ရ​မည်​လော။ သူ​တို့​ရှေ့​မှာ မုန့်​နှင့်​ရေ​ကို​ထည့်၍ သူ​တို့​သည် စား​သောက်​ပြီး​မှ၊ မိ​မိ​တို့​သ​ခင်​ထံ​သို့ သွား​ပါ​စေ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 23,
      "text": "များ​စွာ​သော စား​စ​ရာ​ကို ပြင်​ဆင်၍ စား​သောက်​စေ​ပြီး​မှ လွှတ်​လိုက်​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​သ​ခင်​ထံ​သို့ ပြန်​သွား​ကြ၏။ ထို​နောက်​မှ ရှု​ရိ​လူ​တို့​သည် အ​လို​အ​လျောက်​တပ်​ဖွဲ့၍ ဣ​သ​ရေ​လ​ပြည်​သို့ မ​လာ​ကြ။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 24,
      "text": "နောက်​တစ်​ဖန်​ရှု​ရိ​ရှင်​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဗိုလ်​ခြေ​အ​ပေါင်း​ကို စု​ဝေး​စေ​သ​ဖြင့် စစ်​ချီ၍ ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ထား၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 25,
      "text": "ကြာ​မြင့်​စွာ​ဝိုင်း​ထား​သော​ကြောင့်၊ ရှ​မာ​ရိ​မြို့၌ အ​လွန်​အ​စာ​ခေါင်း​ပါး၍၊ မြည်း​ခေါင်း​တစ်​လုံး​ကို ငွေ​ရှစ်​ဆယ်​နှင့်​လည်း​ကောင်း၊ ပဲ​ကြမ်း​တစ်​ပြည်​ကို ငွေ​ငါး​ကျပ်​နှင့်​လည်း​ကောင်း ရောင်း​ရ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 26,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မြို့​ရိုး​ပေါ်​မှာ လျှောက်​သွား​စဉ်၊ မိန်း​မ​တစ်​ယောက်​က အ​ရှင်​မင်း​ကြီး၊ ကယ်​မ​တော်​မူ​ပါ​ဟု အော်​ဟစ်၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 27,
      "text": "ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကယ်​မ​တော်​မ​မူ​လျှင်၊ ငါ​သည် အ​ဘယ်​သို့ ကယ်​မ​နိုင်​မည်​နည်း။ စ​ပါး​နယ်​ရာ​တ​လင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က ကယ်​မ​နိုင်​မည်​လော​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 28,
      "text": "သင်၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟူ၍​လည်း​ကောင်း မေး​လျှင်၊ မိန်း​မ​က၊ ဤ​မိန်း​မ​သည် ကျွန်​မ​ဆီ​သို့​လာ၍၊ သင့်​သား​ကို ယ​နေ့​ငါ​တို့​စား​ဖို့​အပ်​ပါ။ နက်​ဖြန်​နေ့၌ ငါ့​သား​ကို စား​ရ​မည်​ဟု​ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 29,
      "text": "ကျွန်​မ၏​သား​ကို ပြုတ်၍​စား​ကြ​ပါ၏။ နက်​ဖြန်​နေ့၌ ကျွန်​မ​က၊ သင်၏​သား​ကို ငါ​တို့​စား​ဖို့​အပ်​ပါ​ဟု တောင်း​သော်၊ သူ​သည် မိ​မိ​သား​ကို ဝှက်​ထား​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 30,
      "text": "ရှင်​ဘု​ရင်​သည် ထို​မိန်း​မ၏​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို ဆုတ်​လေ၏။ မြို့​ရိုး​ပေါ်​မှာ​လျှောက်​သွား​စဉ် လူ​တို့​သည်​ကြည့်၍၊ အ​တွင်း၌ လျှော်​တေ​အ​ဝတ်​ဖြင့် ဝတ်​တော်​မူ​ကြောင်း​ကို​သိ​မြင်​ရ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 31,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ၏​ဦး​ခေါင်း​သည် ယ​နေ့ သူ့​ကိုယ်​နှင့် မ​ကွာ​ဘဲ​နေ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က၊ ငါ၌​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 32,
      "text": "ဧ​လိ​ရှဲ​သည် မိ​မိ​အိမ်၌​ထိုင်၍ အ​သက်​ကြီး​သူ​တို့​သည် သူ​နှင့်​အ​တူ ထိုင်​ကြ​စဉ်၊ ရှင်​ဘု​ရင်​သည် မိ​မိ​ရှေ့​မှာ လူ​တစ်​ယောက်​ကို စေ​လွှတ်၏။ ထို​တ​မန်​မ​ရောက်​မီ ဧ​လိ​ရှဲ​က၊ လူ​သတ်၏​သား​သည် ငါ့​လည်​ပင်း​ကို ဖြတ်​စေ​ခြင်း​ငှာ၊ စေ​လွှတ်​သည်​ကို သိ​မြင်​ကြ​သ​လော။ ထို​တ​မန်​ရောက်​သော​အ​ခါ၊ တံ​ခါး​ကို​ပိတ်၍၊ တံ​ခါး​နား​မှာ​သူ့​ကို ဆီး​တား​ကြ​လော့။ သူ့​နောက်​မှာ​သူ့​သ​ခင် ခြေ​သံ​မ​မြည်​သ​လော​ဟု၊"
    },
    {
      "book": 12,
      "chapter": 6,
      "verse": 33,
      "text": "အ​သက်​ကြီး​သူ​တို့​အား ပြော​စဉ်​တွင်၊ ထို​တ​မန်​သည် ရောက်​လာ၏။ ရှင်​ဘု​ရင်​ကိုယ်​တိုင်​ရောက်​လျှင်၊ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော အ​မှု​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကျေး​ဇူး​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​သေး​သ​နည်း​ဟု​ဆို​သော်၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 1,
      "text": "ဧ​လိ​ရှဲ​က၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​လျှင်၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ၌ ရောင်း​ရ​လိမ့်​မည်​ဟု ဆင့်​ဆို၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 2,
      "text": "ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 3,
      "text": "ထို​အ​ခါ မြို့​တံ​ခါး​ဝ၌​ထိုင်​လျက်​ရှိ​သော လူ​နူ​လေး​ယောက်​တို့​က၊ ငါ​တို့​သည် သေ​သည်​တိုင်​အောင် အ​ဘယ်​ကြောင့် ဤ​အ​ရပ်၌ ထိုင်​ရ​မည်​နည်း။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 4,
      "text": "မြို့​ထဲ​သို့​ဝင်​လျှင် အ​စာ​ခေါင်း​ပါး​သော​ကြောင့် သေ​ရ​မည်။ ဤ​အ​ရပ်၌ ထိုင်​လျက်​နေ​လျှင်​လည်း သေ​ရ​မည်။ သို့​ဖြစ်၍ ရှု​ရိ​တပ်​သို့ ဝင်​စား​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​သက်​ရှင်​စေ​လျှင် ရှင်​ရ​မည်။ သတ်​လျှင်​သေ​ရ​မည်​ဟု တိုင်​ပင်​ပြီး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 5,
      "text": "မိုး​မ​လင်း​မီ​ထ၍ ရှု​ရိ​တပ်​သို့​သွား​ကြ၏။ တပ်​ဦး​သို့ ရောက်​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ မ​တွေ့​ကြ။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ရှု​ရိ​လူ​တို့​သည် ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ များ​စွာ​သော ဗိုလ်​ခြေ​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့် သူ​တို့​က ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ငါ​တို့​ကို​တိုက်​စေ​ခြင်း​ငှာ၊ ဟိ​တ္တိ​မင်း​များ၊ အဲ​ဂု​တ္တု​မင်း​များ​တို့​ကို ငှား​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ဆို​လျက်၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 7,
      "text": "မိုး​မ​လင်း​မီ​ထ၍ သူ​တို့​တဲ၊ မြင်း၊ မြည်း​အ​စ​ရှိ​သော တစ်​တပ်​လုံး​ကို စွန့်​ပစ်၍ ကိုယ်​အ​သက်​လွတ်​အောင် ပြေး​ကြ၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 8,
      "text": "လူ​နူ​တို့​သည် တပ်​ဦး​သို့​ရောက်​သော​အ​ခါ၊ တဲ​တစ်​ခု​ထဲ​သို့​ဝင်၍ စား​သောက်​ပြီး​မှ၊ ရွှေ​ငွေ အ​ဝတ်​တန်​ဆာ​များ​ကို ယူ​သွား​ပြီး​လျှင် ဝှက်​ထား​ကြ၏။ နောက်​တစ်​ဖန် အ​ခြား​သော​တဲ​သို့​ဝင်၍၊ ဥ​စ္စာ​များ​ကို ယူ​သွား​ပြီး​လျှင် ဝှက်​ထား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 9,
      "text": "သို့​ရာ​တွင်၊ ငါ​တို့​သည် ကောင်း​မွန်​စွာ​မ​ပြု​ပါ​တ​ကား။ ယ​ခု​နေ့​သည် ကောင်း​သော​သ​တင်း​ကို ကြား​ပြော​ရ​သော​နေ့​ဖြစ်​လျက်၊ ငါ​တို့​သည် မ​ကြား​မ​ပြော​ဘဲ နေ​ပါ​ပြီ​တ​ကား။ မိုး​လင်း​သည်​တိုင်​အောင် မ​ပြော​ဘဲ​နေ​လျှင် အ​မှု​တစ်​စုံ​တစ်​ခု ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ နန်း​တော်၌ သ​တင်း​ကြား​ပြော​အံ့​သော​ငှာ ငါ​တို့​သည်​သွား​ကြ​ကုန်​အံ့​ဟု တိုင်​ပင်​ပြီး​မှ၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 10,
      "text": "မြို့​သို့​သွား၍ တံ​ခါး​ပြင်၌ ဟစ်​ခေါ်​လျက်၊ ငါ​တို့​သည် ရှု​ရိ​တပ်​သို့​ရောက်၍ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့။ လူ​သံ​ကို​မ​ကြား။ မြင်း၊ မြည်း​တို့​ကို ချည်​နှောင်​လျက်၊ တဲ​များ​လည်း တတ်​တိုင်း​ရှိ​သည်​ကို​တွေ့​ပါ၏​ဟု ကြား​ပြော​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 11,
      "text": "တံ​ခါး​စောင့်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် ဟစ်၍၊ ထို​သ​တင်း​သည် နန်း​တော်​ထဲ​သို့ ရောက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 12,
      "text": "မိုး​မ​လင်း​မီ ရှင်​ဘု​ရင်​သည်​ထ၍၊ ရှု​ရိ​လူ​တို့​သည် ငါ​တို့၌ အ​ဘယ်​သို့​ပြု​လို​သည်​ကို ငါ​ပြော​မည်။ သူ​တို့​က မြို့​ပြင်​သို့​ထွက်​သော မြို့​သား​တို့​ကို အ​ရှင်​ဖမ်း​ပြီး​မှ၊ မြို့​ထဲ​သို့​ဝင်​မည်​အ​ကြံ​ရှိ၍၊ ငါ​တို့​ငတ်​မွတ်​ကြောင်း​ကို သိ​သော​ကြောင့်၊ မိ​မိ​တို့​တပ်​ပြင်​သို့​ထွက်၍ တော၌​ပုန်း​ရှောင်​လျက် နေ​ကြ​သည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 13,
      "text": "ကျွန်​တစ်​ယောက်​က၊ မြို့၌ ကျန်​ကြွင်း​သော မြင်း​ငါး​စီး​ကို ပေး​တော်​မူ​ပါ။ ထို​မြင်း​မူ​ကား ပျက်​စီး​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ အ​မျိုး​အ​လုံး​အ​ရင်း​ကဲ့​သို့ ဖြစ်​ပါ၏။ ထို​မြင်း​တို့​ကို စီး​လျက်​သွား၍ ကြည့်​ရှု​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ပြီး​မှ၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 14,
      "text": "ရ​ထား​မြင်း​နှစ်​စီး​ကို​ယူ​ပြီး​လျှင် သွား၍​ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​သည် ရှု​ရိ​ဗိုလ်​ခြေ​နောက်​သို့ စေ​လွှတ်​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 15,
      "text": "ယော်​ဒန်​မြစ်​တိုင်​အောင် လိုက်​ကြ၏။ ရှု​ရိ​လူ​တို့​သည် အ​လျင်​အ​မြန်၊ ပြေး​ရာ​တွင်၊ ပစ်​ခဲ့​သော အ​ဝတ်​တန်​ဆာ​တို့​သည် လမ်း၌​ပြည့်​လျက်​ရှိ​ကြ၏။ စေ​လွှတ်​သူ​တို့​သည် ပြန်​လာ၍ နား​တော်​လျှောက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 16,
      "text": "ထို​အ​ခါ မြို့​သား​တို့​သည်​ထွက်၍ ရှု​ရိ​တဲ​တို့​ကို လု​ယူ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရောင်း​ကြ၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 17,
      "text": "ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော အ​မတ်​သည်၊ အ​မိန့်​တော်​တိုင်း တံ​ခါး​တော်​ကို​စောင့်​သည်​တွင်၊ ထွက်​ဝင်​သော​သူ​တို့​နင်း​မိ၍ ဘု​ရား​သ​ခင်၏​လူ​သည် ရှင်​ဘု​ရင်​ရောက်​လာ​သော​အ​ခါ ပြော​ဆို​နှင့်​သည်​အ​တိုင်း၊ ထို​အ​မတ်​သေ​လေ၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 18,
      "text": "ဘု​ရား​သ​ခင်၏​လူ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​လျှင်၊ ဂျုံ​မုန့်​ညက်​တစ်​စိတ်​ကို ငွေ​တစ်​ကျပ်၊ မု​ယော​ဆန်​တစ်​ခွဲ​ကို တစ်​ကျပ်​နှင့် ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ၌ ရောင်း​ရ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​အား​ဆင့်​ဆို​သည်​အ​တိုင်း ဖြစ်၏။"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 19,
      "text": "အ​မတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို၍၊ ဘု​ရား​သ​ခင်၏​လူ​က သင်​သည်​ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 7,
      "verse": 20,
      "text": "ထို​အ​မတ်၌​ဖြစ်၏။ မြို့​တံ​ခါး​ဝ​မှာ မြို့​သား​တို့​နင်း​ခြင်း​ကို ခံ​ရ၍​သေ​လေ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 1,
      "text": "တစ်​ဖန် ဧ​လိ​ရှဲ​သည် အ​ထက်​က အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​ကို​ခေါ်၍၊ သင်​သည် အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ထ​သွား​လော့။ တည်း​ခို၍​နေ​နိုင်​သော​အ​ရပ် တစ်​စုံ​တစ်​ရပ်၌ တည်း​ခို၍​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​စာ​ခေါင်း​ပါး​ရာ​ကာ​လ​ကို မှာ​လိုက်​တော်​မူ​ပြီ။ တစ်​ပြည်​လုံး၌ ခု​နစ်​နှစ်​ခေါင်း​ပါး​လိမ့်​မည်​ဟု သ​တိ​ပေး၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 2,
      "text": "ထို​မိန်း​မ​သည် ဘု​ရား​သ​ခင့်​လူ၏​စ​ကား​ကို နား​ထောင်​သ​ဖြင့်၊ အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ သွား၍ ဖိ​လိ​တ္တိ​ပြည်၌ ခု​နစ်​နှစ်​နေ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 3,
      "text": "ခု​နစ်​နှစ်​စေ့​သော​အ​ခါ၊ ဖိ​လိ​တ္တိ​ပြည်​မှ​ပြန်​လာ၍ ကိုယ်​အိမ်၊ ကိုယ်​မြေ​ကို​ရ​အံ့​သော​ငှာ အ​သ​နား​တော်​ခံ​မည့်​အ​ကြံ​နှင့် ရှင်​ဘု​ရင်​ထံ​သို့ သွား၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 4,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဘု​ရား​သ​ခင့်​လူ၏​ကျွန်​ဂေ​ဟာ​ဇိ​နှင့်​နှုတ်​ဆက်​လျက်၊ ဧ​လိ​ရှဲ​ပြု​သော​အံ့​ဩ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြော​ပါ​လော့​ဟု မိန့်​တော်​မူ၍၊"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 5,
      "text": "ဧ​လိ​ရှဲ​သည် သေ​သော​သူ အ​သက်​ရှင်​စေ​ကြောင်း​ကို ဂေ​ဟာ​ဇိ​သည် ပြန်​လျှောက်​စဉ်​တွင်၊ အ​သက်​ရှင်​စေ​သော သူ​ငယ်၏​အ​မိ​သည် ကိုယ်​အိမ်၊ ကိုယ်​မြေ​ကို​ရ​အံ့​သော​ငှာ အ​သ​နား​တော်​ခံ​လေ၏။ ဂေ​ဟာ​ဇိ​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ဤ​မိန်း​မ​ကား ယ​ခု​ပြော​သော​မိန်း​မ၊ ဤ​သူ​ငယ်​ကား ဧ​လိ​ရှဲ​အ​သက်​ရှင်​စေ​သော​သူ​ငယ်​ဖြစ်​ပါ​သည်​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 6,
      "text": "ရှင်​ဘု​ရင်​သည် မိန်း​မ​ကို​မေး၍ မိန်း​မ​လည်း​သက်​သေ​ခံ၏။ ထို​အ​ခါ​ရှင်​ဘု​ရင်​က၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ပြည်​တော်​က ထွက်​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သူ့​မြေ၌​ဖြစ်​သ​မျှ​ကို​လည်း​ကောင်း ပြန်​ပေး​စေ​ဟု မိန့်​တော်​မူ​လျက်၊ သူ၏​အ​မှု​ကို စောင့်​စေ​ခြင်း​ငှာ အ​ရာ​ရှိ​တစ်​ယောက်​ကို ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 7,
      "text": "တစ်​ဖန် ဧ​လိ​ရှဲ​သည် ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် နာ​နေ၏။ ဘု​ရား​သ​ခင်၏​လူ​ရောက်​ကြောင်း​ကို နား​တော်​လျှောက်​လေ​သော်၊"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 8,
      "text": "ဟာ​ဇေ​လ​ကို​ခေါ်၍၊ သင်​သည် လက်​ဆောင်​ကို​ဆောင်​လျက် ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊ ငါ​သည်​ဤ​အ​နာ​မှ ထ​မြောက်​မည်​လော​ဟု သူ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လော့​ဟု စေ​လွှတ်​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 9,
      "text": "ဟာ​ဇေ​လ​သည် ကု​လား​အုတ်​လေး​ဆယ်​အ​ပေါ်​မှာ ဒ​မာ​သက်​ဥ​စ္စာ​များ​ကို​တင်၍၊ လက်​ဆောင်​ကို​ဆောင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လူ​ကို ခ​ရီး​ဦး​ကြို ပြု​ခြင်း​ငှာ​သွား၍ ရှေ့​တော်၌​ရပ်​လျက်၊ ကိုယ်​တော်၏​သား ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​က၊ ငါ​သည် ဤ​အ​နာ​မှ​ထ​မြောက်​ရ​မည်​လော​ဟု မေး​မြန်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​ကို​စေ​လွှတ်​ပါ​သည်​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 10,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ထ​မြောက်​နိုင်​ပါ၏​ဟု ပြန်​လျှောက်​လော့။ သို့​သော်​လည်း ဆက်​ဆက်​သေ​ရ​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို​လျက်၊"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 11,
      "text": "စေ့​စေ့​ကြည့်​ရှု၍ ဟာ​ဇေ​လ​သည်​မျက်​နှာ​ပျက်​လေ၏။ ဘု​ရား​သ​ခင်၏​လူ​သည်​လည်း မျက်​ရည်​ကျ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 12,
      "text": "ဟာ​ဇေ​လ​က​လည်း၊ သ​ခင်​သည် အ​ဘယ်​ကြောင့် မျက်​ရည်​ကျ​တော်​မူ​သ​နည်း​ဟု မေး​လျှင် ဧ​လိ​ရှဲ​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​လ​တ္တံ့​သော​ဘေး​ဥ​ပဒ်​တည်း​ဟူ​သော သူ​တို့၏​ရဲ​တိုက်​များ​ကို မီး​ရှို့​ခြင်း၊ လု​လင်​များ​ကို ဓား​နှင့်​သတ်​ခြင်း၊ သူ​ငယ်​များ​ကို မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​များ၌ ဝမ်း​ခွဲ​ခြင်း​ကို ပြု​လိမ့်​မည်​ဟု ငါ​သိ​မြင်​သော​ကြောင့် မျက်​ရည်​ကျ​သည်​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 13,
      "text": "ဟာ​ဇေ​လ​က၊ ကိုယ်​တော်​ကျွန်​သည် ခွေး​ဖြစ်​လျက်​နှင့် ဤ​မျှ​လောက်​ကြီး​သော​အ​မှု​ကို ပြု​ရ​ပါ​လိမ့်​မည်​လော​ဟု မေး​ပြန်​သော်၊ ဧ​လိ​ရှဲ​က၊ သင်​သည် ရှု​ရိ​နိုင်​ငံ​ကို စိုး​စံ​ရ​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​ပြီ​ဟု​ဆို၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 14,
      "text": "ဟာ​ဇေ​လ​သည်​သွား၍ မိ​မိ​သ​ခင့်​ထံ​သို့​ရောက်​သော​အ​ခါ၊ သ​ခင်​က၊ ဧ​လိ​ရှဲ​သည် အ​ဘယ်​သို့​ဆို​သ​နည်း​ဟု​မေး​လျှင်၊ ကိုယ်​တော်​သည် အ​နာ​မှ​ဆက်​ဆက်​ထ​မြောက်​တော်​မူ​မည် ဆို​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 15,
      "text": "နက်​ဖြန်​နေ့၌ ဟာ​ဇေ​လ​သည် သိုး​မွေး​အ​ဝတ်​ကို ရေ၌​နှစ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်၏ မျက်​နှာ​ကို​ဖုံး​အုပ်​သ​ဖြင့်၊ ရှင်​ဘု​ရင်​သေ၍ ဟာ​ဇေ​လ​သည် နန်း​ထိုင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ငါး​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သား ယ​ဟော​ရံ​သည် နန်း​ထိုင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 17,
      "text": "အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့၌​မင်း​ပြု၍ ရှစ်​နှစ်​စိုး​စံ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 18,
      "text": "အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 19,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော​သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်၏ မျက်​နှာ​ကို​ထောက်၍၊ ယု​ဒ​ပြည်​ကို​မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 20,
      "text": "ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို​ပုန်​ကန်၍ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 21,
      "text": "ယ​ဟော​ရံ​မင်း​သည် ရ​ထား​စီး​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဇာ​ဣ​ရ​မြို့​သို့​စစ်​ချီ၍ ည​အ​ခါ​ဝိုင်း​သော ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​သ​ဖြင့်၊ ဧ​ဒုံ​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့​ပြေး​ကြ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 22,
      "text": "သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၏။ ထို​ကာ​လ၌​လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 23,
      "text": "ယ​ဟော​ရံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 24,
      "text": "ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သား​ယော​ရံ နန်း​စံ​ဆယ်​နှစ်​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည် နန်း​ထိုင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 26,
      "text": "အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ မင်း​ပြု၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဩ​မ​ရိ​မြေး အာ​သ​လိ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 27,
      "text": "အာ​ခ​ဇိ​သည် အာ​ဟပ်၏​သ​မက်​ဖြစ်​သ​ဖြင့်၊ အာ​ဟပ်​အ​မျိုး​လိုက်​ရာ​လမ်း​သို့ လိုက်၍၊ အာ​ဟပ်​အ​မျိုး​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 28,
      "text": "အာ​ဟပ်၏​သား​ယော​ရံ​နှင့် ဝိုင်း​လျက်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍၊ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို တိုက်​ရာ​တွင် ရှု​ရိ​လူ​တို့​သည် ယော​ရံ​ကို​ထိ​ခိုက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 8,
      "verse": 29,
      "text": "ထို​သို့ ရာ​မုတ်​မြို့၌ ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော​အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​မင်း​ကြီး​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ယ​ဟော​ရံ​သား​အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 1,
      "text": "ထို​အ​ခါ​ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည် ပ​ရော​ဖက်​အ​မျိုး​သား​တစ်​ယောက်​ကို ခေါ်၍၊ သင်၏​ခါး​ကို စည်း​လော့။ ဤ​ဆီ​ဘူး​ကို​ယူ၍ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ သွား​လော့။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 2,
      "text": "ရောက်​သော​အ​ခါ၊ နိမ်​ရှိ​သား ယော​ရှ​ဖတ်၏​သား​ယေ​ဟု​ကို​ရှာ၍ သူ့​ထံ​သို့​ဝင်​လျက်၊ သူ့​ကို သူ၏​အ​ပေါင်း​အ​ဖော်​စု​ထဲ​က ထွက်​စေ၍၊ အ​တွင်း​အ​ခန်း​ထဲ​သို့​ခေါ်​ပြီး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 3,
      "text": "ဤ​ဆီ​ဘူး​ကို​ကိုင်၍ သူ၏​ခေါင်း​ပေါ်၌ ဆီ​ကို​လောင်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​သည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ပြီး​မှ၊ တံ​ခါး​ကို​ဖွင့်၍ မ​ဆိုင်း​မ​လင့်​ဘဲ​ပြေး​လော့​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 4,
      "text": "ထို​ပ​ရော​ဖက်​အ​မျိုး​သား လု​လင်​သည် ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့​သွား၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 5,
      "text": "ရောက်​သော​အ​ခါ၊ ဗိုလ်​မင်း​တို့​သည် အ​တူ​ထိုင်​လျက်​ရှိ​ကြ၏။ ပ​ရော​ဖက်​က၊ အို​ဗိုလ်​မင်း၊ ကိုယ်​တော်​အား ပြော​စ​ရာ​ရှိ​သည်​ဟု ဆို​လျှင်၊ ယေ​ဟု​က၊ ငါ​တို့​အ​ပေါင်း​တွင် အ​ဘယ်​သူ​အား​ပြော​စ​ရာ​ရှိ​သ​နည်း​ဟု မေး​သော်၊ အို​ဗိုလ်​မင်း၊ ကိုယ်​တော်​အား ပြော​စ​ရာ​ရှိ​သည်​ဟု ပြန်​ဆို၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 6,
      "text": "ထို​အ​ခါ ယေ​ဟု​သည် ထ၍​အိမ်​ထဲ​သို့​ဝင်​သ​ဖြင့်၊ ပ​ရော​ဖက်​သည် သူ၏​ခေါင်း​ပေါ်၌ ဆီ​ကို​လောင်း​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​သင့်​ကို ထာ​ဝ​ရ​ဘု​ရား၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 7,
      "text": "ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ကို​သတ်​သော​အ​ပြစ်၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​အ​ပေါင်း​ကို သတ်​သော​အ​ပြစ်​အ​လျောက်၊ ယေ​ဇ​ဗေ​လ၌ ငါ​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သင်​သည် သင့်​သ​ခင်​အာ​ဟပ်​အ​မျိုး​ကို လုပ်​ကြံ​ရ​မည်။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 8,
      "text": "အာ​ဟပ်​အ​မျိုး​သား​ရှိ​သ​မျှ​တို့​ကို ပျက်​စီး​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​မြို့​ရွာ၌ အ​ချုပ်​ခံ​သော​သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ​ဖြစ်​စေ၊ အာ​ဟပ်​အ​မျိုး​သား ယောက်ျား​များ​ကို​ငါ​ပယ်​ဖြတ်​မည်။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 9,
      "text": "အာ​ဟပ်​အ​မျိုး​ကို နေ​ဗတ်၏​သား ယေ​ရော​ဗောင်​အ​မျိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ၏​သား ဗာ​ရှာ​အ​မျိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​မည်။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 10,
      "text": "ယေ​ဇ​ဗေ​လ​ကို သင်္ဂြိုဟ်​သော​သူ မ​ရှိ။ ယေ​ဇ​ရေ​လ​မြေ​ကွက်၌၊ ခွေး​တို့​သည် သူ့​ကို​စား​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ပြီး​မှ တံ​ခါး​ကို​ဖွင့်၍ ပြေး၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 11,
      "text": "ထို​အ​ခါ ယေ​ဟု​သည် မိ​မိ​သ​ခင်၏​ကျွန်​တို့​ရှိ​ရာ​သို့ ထွက်၍၊ တစ်​ယောက်​က၊ ရှိ​သ​မျှ​ကောင်း​သ​လော။ ထို​အ​ရူး​သည် အ​ဘယ်​ကြောင့် လာ​သ​နည်း​ဟု မေး​လျှင်၊ ယေ​ဟု​က၊ သင်​တို့​သည် ထို​သူ​ကို​လည်း​ကောင်း၊ သူ​ပြော​သော စ​ကား​ကို​လည်း​ကောင်း သိ​ကြ၏​ဟု​ဆို​သော်၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 12,
      "text": "သူ​တို့​က ငါ​တို့​မ​သိ။ ပြော​ပါ​လော့​ဟု ဆို​ပြန်​သော်၊ ယေ​ဟု​က၊ ထို​သူ​သည် ဤ​မည်​သော​စ​ကား​ကို ပြော၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍ ဘိ​သိက်​ပေး​သည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​ဟု ပြန်​ပြော​သော​အ​ခါ၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 13,
      "text": "သူ​တို့​သည် အ​လျင်​အ​မြန်​ထ​သ​ဖြင့်၊ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ယူ၍ လှေ​ကား​ထိပ်​ပေါ် ယေ​ဟု​အောက်​မှာ ခင်း​လျက်၊ ယေ​ဟု​သည် ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၏​ဟု​တံ​ပိုး​မှုတ်၍ ဟစ်​ကြော်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 14,
      "text": "ထို​သို့ နိမ်​ရှိ​သား​ယော​ရှ​ဖတ်၏​သား​ယေ​ဟု​သည် ယော​ရံ​မင်း​တစ်​ဖက်​သင်း ဖွဲ့​လေ၏။ ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ကြောင့်၊ ယော​ရံ​မင်း​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​ကို စောင့်​ရှောက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 15,
      "text": "သို့​ရာ​တွင် ယော​ရံ​မင်း​သည် ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို စစ်​တိုက်​သော​အ​ခါ၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား​နှင့်​ပြီ။ ယေ​ဟု​က​လည်း၊ သင်​တို့​အ​လို​ရှိ​လျှင်၊ ယေ​ဇ​ရေ​လ​မြို့​သို့​သွား၍ သ​တင်း​ကြား​ပြော​ရ​သော​သူ တစ်​စုံ​တစ်​ယောက်​ကို​မျှ မြို့​ထဲ​က​မ​ထွက်​မ​သွား​စေ​နှင့်​ဟု စီ​ရင်၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 16,
      "text": "ထို​သို့ ယော​ရံ​မင်း​သည် ယေ​ဇ​ရေ​လ​မြို့၌ ရှိ​နေ​သော​ကြောင့်၊ ယေ​ဟု​သည် ရ​ထား​ကို​စီး၍ ထို​မြို့​သို့​သွား၏။ ထို​အ​ခါ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သည်​လည်း၊ ယော​ရံ​မင်း​ကို ကြည့်​ရှု​အံ့​သော​ငှာ ရောက်​လာ​ပြီ။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 17,
      "text": "ယေ​ဇ​ရေ​လ​မြို့၌ မျှော်​စင်​ပေါ်​မှာ စောင့်​သော​သူ​သည် ရပ်​လျက်၊ ယေ​ဟု​နှင့်​လိုက်​လာ​သော အ​လုံး​အ​ရင်း​ကို မြင်​သော​အ​ခါ၊ လူ​အ​လုံး​အ​ရင်း​ကို ငါ​မြင်​သည်​ဟု ဆို​လျှင်၊ ဆီး​ကြို​ခြင်း​ငှာ​သွား၍ ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု မေး​မည်​အ​ကြောင်း၊ ယော​ရံ​သည် မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို စေ​လွှတ်​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 18,
      "text": "မြင်း​စီး​သူ​ရဲ​သည် ဆီး​ကြို​ခြင်း​ငှာ​သွား၍၊ ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု ရှင်​ဘု​ရင်​မေး​တော်​မူ​ကြောင်း​ကို​ပြော​ဆို​သော်၊ ယေ​ဟု​က၊ သင်​သည် ငြိမ်​သက်​ခြင်း​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​နောက်​သို့​လှည့်၍ လိုက်​လော့​ဟု​ဆို၏။ စောင့်​သော​သူ​က​လည်း၊ မြင်း​စီး​သူ​ရဲ​သည် အ​လုံး​အ​ရင်း​သို့​ရောက်၍ ပြန်​မ​လာ​ပါ​ဟု​ဆို​သော်၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 19,
      "text": "ရှင်​ဘု​ရင်​သည် အ​ခြား​သော မြင်း​စီး​သူ​ရဲ​တစ်​ယောက်​ကို စေ​လွှတ်​ပြန်၍၊ သူ​သည် ရောက်​သော​အ​ခါ၊ ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု ရှင်​ဘု​ရင်​မေး​တော်​မူ​ကြောင်း​ကို ပြော​ဆို​သော်၊ ယေ​ဟု​က၊ သင်​သည် ငြိမ်​သက်​ခြင်း​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​နောက်​သို့​လှည့်၍ လိုက်​လော့​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 20,
      "text": "စောင့်​သော​သူ​က​လည်း၊ မြင်း​စီး​သူ​ရဲ​သည် ရောက်၍ ပြန်​မ​လာ​ပါ။ လာ​သော​သူ​သည် နိမ်​ရှိ​သား​ယေ​ဟု​နှင်​တတ်​သ​ကဲ့​သို့ အ​လွန်​ပြင်း​ထန်​စွာ​နှင်၍ လာ​ပါ​သည်​ဟု​ဆို၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 21,
      "text": "ယော​ရံ​မင်း​က​လည်း၊ မြင်း​ရ​ထား​ကို ပြင်​ဆင်​လော့​ဟု ဆို​သည်​အ​တိုင်း၊ မြင်း​ရ​ထား​ကို ပြင်​ဆင်​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရံ​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​တို့​သည် ရ​ထား​တော်​တစ်​ခု​စီ​စီး​လျက် ယေ​ဟု​ကို ဆီး​ကြို​မည်​ဟု ထွက်​သွား၍၊ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်၏​မြေ​ကွက်​တွင် တွေ့​ကြ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 22,
      "text": "ယော​ရံ​သည် ယေ​ဟု​ကို​မြင်​လျှင်၊ ယေ​ဟု ငြိမ်​သက်​ခြင်း​ရှိ​သ​လော​ဟု မေး​သော်၊ ယေ​ဟု​က၊ သင့်​အ​မိ​ယေ​ဇ​ဗေ​လ​ပြု​သော အ​ဓ​မ္မ​မေ​ထုန်​အ​မှု၊ ပြု​စား​သော​အ​မှု များ​သော​ကာ​လ​အ​တွင်း​တွင်၊ အ​ဘယ်​သို့​သော ငြိမ်​သက်​ခြင်း​ရှိ​လိမ့်​မည်​နည်း​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 23,
      "text": "ယော​ရံ​က၊ အို​အာ​ခ​ဇိ၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု​ဆို​လျက် လှည့်၍​ပြေး၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 24,
      "text": "ယေ​ဟု​သည်​လည်း လေး​ကို​တင်၍​ပစ်​သ​ဖြင့်၊ ယော​ရံ​ကို ပ​ခုံး​ကြား​မှာ မှန်၏။ မြား​သည်​လည်း နှ​လုံး​ကို ထုတ်​ချင်း​ဖောက်၍၊ ယော​ရံ​သည် ရ​ထား​တော်​ပေါ်​မှာ​လဲ​နေ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 25,
      "text": "ယေ​ဟု​က​လည်း၊ သူ့​ကို​ဆွဲ၍ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​မြေ​ကွက်၌ ချ​ပစ်​လော့။ သင်​နှင့်​ငါ​သည် သူ့​အ​ဘ​အာ​ဟပ်​နောက်​သို့ မြင်း​စီး၍ လိုက်​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကို မ​မှတ်​မိ​သ​လော။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 26,
      "text": "အ​ကယ်​စင်​စစ် နာ​ဗုတ်​အ​သွေး၊ သူ့​သား​တို့၏​အ​သွေး​ကို မ​နေ့​က ငါ​ကြည့်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​မြေ​ကွက်၌ သင့်​ကို အ​ပြစ်​နှင့်​အ​လျောက် ငါ​ဒဏ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ရှိ​သည် အ​တိုင်း၊ ဤ​မြေ​ကွက်၌ အ​လောင်း​ကို​ချ​ပစ်​လော့​ဟု မိ​မိ​ရ​ထား​မှူး​ဗိ​ဒ​က​ကို ဆို၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 27,
      "text": "ထို​အ​မှု​ကို ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သည်​မြင်​လျှင်၊ ဥ​ယျာဉ်​စံ​နန်း​လမ်း​ဖြင့် ပြေး၏။ ယေ​ဟု​က​လည်း၊ သူ့​ကို ရ​ထား​ပေါ်​မှာ​ထိုး​တော့​ဟု လိုက်​လျက်​ဆို​သည်​အ​တိုင်း၊ ဣ​ဗ​လံ​မြို့​နား၊ ဂု​ရ​မြို့​သို့​သွား​သော​လမ်း​တွင် ပြု​ကြ​သ​ဖြင့်၊ သူ​သည် မေ​ဂိ​ဒ္ဒေါ​မြို့​သို့​ပြေး၍ သေ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 28,
      "text": "သူ၏​ကျွန်​တို့​သည် အ​လောင်း​ကို ရ​ထား​ပေါ်​သို့​တင်​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊ ဒါ​ဝိဒ်​မြို့​တွင် မိ​မိ​သင်္ချိုင်း၌ ဘိုး​ဘေး​တို့​နှင့်​အ​တူ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 29,
      "text": "ထို​မင်း​အာ​ခ​ဇိ​သည် အာ​ဟပ်​သား ယော​ရံ​နန်း​စံ ဆယ်​နှစ်​နှစ်​တွင် ယု​ဒ​နိုင်​ငံ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 30,
      "text": "ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​သို့​ရောက်​သည်​ကို ယေ​ဇ​ဗေ​လ​သည် ကြား​လျှင်၊ မျက်​ခမ်း​တို့​ကို ဆေး​သုတ်၍ ဆံ​ပင်​ကို​တန်​ဆာ​ဆင်​ပြီး​မှ၊ ပြတင်း​ပေါက်​ဝ၌ ကြည့်​ရှု​လျက်​နေ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 31,
      "text": "ယေ​ဟု​သည် တံ​ခါး​ဝ​သို့​ဝင်​သော​အ​ခါ ယေ​ဇ​ဗေ​လ​က၊ မိ​မိ​သ​ခင်​ကို​သတ်​သော ဇိ​မ​ရိ​သည် ချမ်း​သာ​ရ​သ​လော​ဟု မေး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 32,
      "text": "ယေ​ဟု​သည် မျှော်​ကြည့်၍၊ ငါ့​ဘက်​မှာ​အ​ဘယ်​သူ​နေ​သ​နည်း။ အ​ဘယ်​သူ​ဟု မေး​လေ​သော်၊ မိန်း​မ​စိုး နှစ်​ယောက်​သုံး​ယောက်​တို့​သည် ပြတင်း​ပေါက်​ထဲ​က ကြည့်​ရှု​ကြ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 33,
      "text": "ယေ​ဟု​က၊ သူ့​ကို​တွန်း​ချ​လိုက်​ဟု ဆို​သည်​အ​တိုင်း တွန်း​ချ​သ​ဖြင့်၊ သူ၏​အ​သွေး​သည် နန်း​တော်​ထ​ရံ​အ​ပေါ်၌​လည်း​ကောင်း၊ မြင်း​တို့​အ​ပေါ်၌​လည်း​ကောင်း စဥ်၏။ ယေ​ဟု​သည် သူ့​ကိုယ်​ကို နင်း​လေ၏။ အ​ထဲ​သို့​ဝင်၍၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 34,
      "text": "စား​သောက်​ပြီး​မှ၊ ထို​ကျိန်​အပ်​သော​မိန်း​မ​သည် ရှင်​ဘု​ရင်​သ​မီး​ဖြစ်​သော​ကြောင့်၊ သွား​ကြည့်၍​သင်္ဂြိုဟ်​လော့​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 35,
      "text": "သင်္ဂြိုဟ်​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဦး​ခေါင်း​ခွံ၊ ခြေ​ဖျား၊ လက်​ဝါး​တို့​ကို​သာ​တွေ့​သော​ကြောင့်၊ တစ်​ဖန်​လာ၍ ကြား​လျှောက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 36,
      "text": "ယေ​ဟု​က၊ ယေ​ဇ​ရေ​လေ​မြေ​ကွက်၌ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ၏​အ​သား​ကို စား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တိ​ရှ​ဘိ​မြို့​သား ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​သည် ဤ​သို့​ပြည့်​စုံ​ပြီ။"
    },
    {
      "book": 12,
      "chapter": 9,
      "verse": 37,
      "text": "သို့​ဖြစ်၍ ဤ​သင်္ချိုင်း​သည် ယေ​ဇ​ဗေ​လ​သင်္ချိုင်း​ဖြစ်၏​ဟု အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​မည်​အ​ကြောင်း၊ သူ၏​အ​လောင်း​သည် ယေ​ဇ​ရေ​လ​မြေ​ကွက်​တွင်၊ လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​ရှိ​ရ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 1,
      "text": "အာ​ဟပ်၏​သား​ခု​နစ်​ကျိပ်​တို့​သည် ရှ​မာ​ရိ​မြို့၌ ရှိ​သည်​ဖြစ်၍၊ ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​အုပ်​များ၊ အ​သက်​ကြီး​သူ​များ၊ အာ​ဟပ်​သား​တို့​ကို​လုပ်​ကျွေး​သော သူ​များ​ရှိ​ရာ၊ ရှ​မာ​ရိ​မြို့​သို့ စာ​ရေး၍ ပေး​လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 2,
      "text": "မှာ​လိုက်​သော​စာ​ချက်​ဟူ​မူ​ကား၊ သင်​တို့၌ သင်​တို့ သ​ခင်၏​သား​များ၊ စစ်​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ​များ၊ ခိုင်​ခံ့​သော​မြို့၊ လက်​နက်​စုံ​ရှိ​သည်​ဖြစ်၍၊ ဤ​စာ​ရောက်​သော​အ​ခါ၊"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 3,
      "text": "သင်​တို့​သ​ခင်၏​သား​တို့​တွင် သာ၍ ကောင်း​မြတ်​တော်​သင့်​သော​သူ​ကို ရွေး​ကောက်၍ ခ​မည်း​တော်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ တင်​ပြီး​လျှင်၊ သ​ခင်​အ​မျိုး​အ​ဖို့ စစ်​တိုက်​ကြ​လော့​ဟု မှာ​လိုက်​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 4,
      "text": "ထို​သူ​တို့​က၊ ရှင်​ဘု​ရင်​နှစ်​ပါး​တို့​သည် သူ့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်​သည်​ဖြစ်၍၊ ငါ​တို့​သည် အ​ဘယ်​သို့ ခံ​ရပ်​နိုင်​မည်​နည်း​ဟု အ​လွန်​ကြောက်​လျက် ဆို​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 5,
      "text": "နန်း​တော်​အုပ်၊ မြို့​အုပ်၊ အ​သက်​ကြီး​သူ၊ အာ​ဟပ်​သား​တို့​ကို လုပ်​ကျွေး​သော​သူ​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်။ ကျွန်​တော်​တို့​သည် ရှင်​ဘု​ရင်​ကို မ​ချီး​မြှောက်​ပါ။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု ယေ​ဟု​ထံ​သို့ ပြန်​စာ​ကို​ပေး​လိုက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 6,
      "text": "ယေ​ဟု​က​လည်း၊ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍ ငါ့​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​သ​ခင့်​သား​တို့၏ ဦး​ခေါင်း​များ​ကို​ယူ၍ ယေ​ဇ​ရေ​လ​မြို့၊ ငါ​ရှိ​ရာ​သို့ နက်​ဖြန်​နေ့​ယ​ခု​အ​ချိန်၌ လာ​ကြ​လော့​ဟု တစ်​ဖန် စာ​ပေး​လိုက်​လေ၏။ ရှင်​ဘု​ရင်၏​သား​တော်​ပေါင်း ခု​နစ်​ကျိပ်​ရှိ​သည်​ဖြစ်၍၊ လုပ်​ကျွေး​သော မြို့​သား​အ​ကြီး​အ​ကဲ​တို့၌ ရှိ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 7,
      "text": "ထို​စာ​ရောက်​သော​အ​ခါ၊ ရှင်​ဘု​ရင်၏​သား​တော် ခု​နစ်​ကျိပ်​တို့​ကို​ယူ၍ သတ်​သ​ဖြင့်၊ ဦး​ခေါင်း​များ​ကို တောင်း​တို့၌ ထည့်​ပြီး​လျှင်၊ ယေ​ဇ​ရေ​လ​မြို့၊ ယေ​ဟု​ထံ​သို့ ပေး​လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 8,
      "text": "လု​လင်​တစ်​ယောက်​သည် လာ၍ ရှင်​ဘု​ရင်​သား​တို့၏ ဦး​ခေါင်း​များ​ကို ဆောင်​ခဲ့​ပါ​ပြီ​ဟု လျှောက်​လျှင်၊ ယေ​ဟု​က၊ မြို့​တံ​ခါး​ဝ​မှာ နံ​နက်​တိုင်​အောင် နှစ်​စု​ပုံ​ထား​တော့​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 9,
      "text": "နံ​နက်​ရောက်​မှ ယေ​ဟု​သည် ထွက်၍​ရပ်​လျက် လူ​များ​တို့​အား၊ အို​ဖြောင့်​မတ်​သော​လူ​တို့၊ ငါ​သည် ငါ့​သ​ခင်​တစ်​ဖက်၌ သင်း​ဖွဲ့၍ သတ်​လေ​ပြီ။ ဤ​သူ​အ​ပေါင်း​တို့​ကို​ကား အ​ဘယ်​သူ​သတ်​သ​နည်း။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဟပ်​အ​မျိုး၌ မိန့်​တော်​မူ​သော​စ​ကား​တော်​တစ်​ခွန်း​မျှ မြေ​သို့​မ​ကျ​ရ​သည်​ကို သင်​တို့​သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ​မည်​ဟု ဆို​သ​ဖြင့်၊"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 11,
      "text": "ယေ​ဇ​ရေ​လ​မြို့၌ ကျန်​ကြွင်း​သော အာ​ဟပ်​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် သူ၏ လူ​ကြီး​ပေါက်​ဖော်၊ ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​စေ​ဘဲ သတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 12,
      "text": "နောက်​မှ​ထ၍ ရှ​မာ​ရိ​မြို့​သို့​သွား၏။ လမ်း​နား​မှာ​ရှိ​သော သိုး​မွေး​ညှပ်​ရာ​ဇ​ရပ်​သို့ ရောက်​သော​အ​ခါ၊"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 13,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ၏​ပေါက်​ဖော်​တို့​ကို​တွေ့​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​တို့​သည် အာ​ခ​ဇိ​မင်း၏ ဆွေ​တော်​မျိုး​တော် ဖြစ်၏။ ရှင်​ဘု​ရင်၏​သား​တော်​တို့​နှင့် မိ​ဖု​ရား၏​သား​တော်​တို့​ကို နှုတ်​ဆက်​အံ့​သော​ငှာ သွား​သည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 14,
      "text": "ယေ​ဟု​က​လည်း၊ အ​ရှင်​ဖမ်း​ကြ​ဟု စီ​ရင်​သည်​အ​တိုင်း၊ အ​ရှင်​ဖမ်း၍ သိုး​မွေး​ဇ​ရပ်​တွင်း​နား​မှာ လေး​ကျိပ်​နှစ်​ယောက်​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​စေ​ဘဲ သတ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 15,
      "text": "ထို​ဇ​ရပ်​မှ ထွက်​သော​အ​ခါ ခ​ရီး​ဦး​ကြို​ပြု​အံ့​ဟု​လာ​သော ရေ​ခပ်​သား​ယော​န​ဒပ်​ကို တွေ့၍ နှုတ်​ဆက်​သ​ဖြင့်၊ ငါ့​စိတ်​နှ​လုံး​သည် သင့်​စိတ်​နှ​လုံး​နှင့်​သင့်၍ သ​ဘော​ဖြောင့်​သ​ကဲ့​သို့ သင့်​စိတ်​နှ​လုံး​သည် သ​ဘော​ဖြောင့်​သ​လော​ဟု မေး​လျှင်၊ ဖြောင့်​ပါ​သည်​ဟု လျှောက်​ဆို​သော်၊ ထို​သို့​မှန်​လျှင် သင့်​လက်​ကို​ပေး​ပါ​ဟု ဆို​သည်​အ​တိုင်း၊ လက်​ကို​ပေး၍ ယေ​ဟု​သည် မိ​မိ​အ​နား​သို့ ရ​ထား​ပေါ်​မှာ ဆွဲ​တင်​လျက်၊"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 16,
      "text": "ငါ​နှင့်​အ​တူ​လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ ငါ့​စိတ်​အား​ကြီး​ကြောင်း​ကို ကြည့်​ရှု​လော့​ဟု ဆို​သ​ဖြင့် မိ​မိ​ရ​ထား​ကို စီး​စေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 17,
      "text": "ရှ​မာ​ရိ​မြို့​သို့​ရောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ အာ​ဟပ်​အ​မျိုး အ​ကုန်​အ​စင် ပျက်​စီး​သည်​တိုင်​အောင် ထို​မြို့၌ ကျန်​ကြွင်း​လေ​သ​မျှ​တို့​ကို သတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 18,
      "text": "တစ်​ဖန် ယေ​ဟု​သည် လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ အာ​ဟပ်​သည် ဗာ​လ​ဘု​ရား​ကို အ​နည်း​ငယ်​သာ​ဝတ်​ပြု၏။ ငါ​ယေ​ဟု​မူ​ကား များ​စွာ​ပြု​မည်။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 19,
      "text": "သို့​ဖြစ်၍ ဗာ​လ​ဘု​ရား၏​ပ​ရော​ဖက်​များ၊ အ​မှု​စောင့်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ပေါင်း​တို့​ကို ခေါ်​ကြ။ တစ်​ယောက်​မျှ မ​ကြွင်း​စေ​နှင့်။ ငါ​သည် ဗာ​လ​ဘု​ရား​အား ယဇ်​ကြီး​ကို​ပူ​ဇော်​မည်။ ကြွင်း​သော​သူ မည်​သည်​ကား အ​သက်​မ​ရှင်​ရ​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ဗာ​လ​ကို ကိုး​ကွယ်​သော​သူ​တို့​ကို ဖျက်​ဆီး​မည်​အ​ကြံ​နှင့် ပ​ရိ​ယာယ်​ပြု၍​ဆို၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 20,
      "text": "ဗာ​လ​ဘု​ရား​အ​ဖို့ ဓ​မ္မ​ပွဲ​ကို​ပြင်​ဆင်​ကြ​ဟု တစ်​ဖန်​စီ​ရင်​သည်​အ​တိုင်း ဓ​မ္မ​ပွဲ​ကို စောင့်​ရ​မည်​ဟု ကြော်​ငြာ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ ဗာ​လ​တ​ပည့်​ရှိ​သ​မျှ​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း လာ​ကြ၏။ ဗာ​လ​ကျောင်း​ထဲ​သို့ ဝင်​ကြ​သ​ဖြင့် တစ်​ကျောင်း​လုံး​ပြည့်​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 22,
      "text": "ယေ​ဟု​သည် အ​ဝတ်​တန်​ဆာ​တိုက်​စိုး​ကို​ခေါ်၍၊ ဗာ​လ​ဘု​ရား​တ​ပည့်​တို့​အ​ဖို့ အ​ဝတ်​တန်​ဆာ​ကို ထုတ်​ကြ​ဟု ဆို​သည်​အ​တိုင်း ထုတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 23,
      "text": "တစ်​ဖန် ရေ​ခပ်​သား​ယော​န​ဒပ်​နှင့်​အ​တူ ဗာ​လ​ကျောင်း​ထဲ​သို့​ဝင်၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​တ​ပည့် တစ်​ယောက်​မျှ​မ​ပါ၊ ဗာ​လ​ဘု​ရား​တ​ပည့် သက်​သက်​ရှိ​စေ​မည်​အ​ကြောင်း ကြည့်​ရှု​စစ်​ကြော​ကြ​လော့​ဟု ဗာ​လ​တ​ပည့်​တို့​အား ဆို၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 24,
      "text": "မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ထဲ​သို့​ဝင်​သော​အ​ခါ၊ ယေ​ဟု​သည် ကျောင်း​ပြင်၌ လူ​ရှစ်​ကျိပ်​ကို​ထား၍၊ သင်​တို့​လက်​သို့ ငါ​ဆောင်​ခဲ့​သော ဤ​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လွတ်​လျှင်၊ လွတ်​စေ​သော​သူ​သည် အ​သက်​သေ​ရ​မည်​ဟု စီ​ရင်၍၊"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 25,
      "text": "မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မှု​ပြီး​သော​အ​ခါ၊ ယေ​ဟု​က​ဝင်၍ သတ်​ကြ​လော့။ တစ်​ယောက်​ကို​မျှ မ​ထွက်​စေ​နှင့်​ဟု တပ်​သား​နှင့်​တပ်​မှူး​တို့​အား ဆို​သည်​အ​တိုင်း၊ တပ်​သား​နှင့်​တပ်​မှူး​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍ အ​သေ​ကောင်​များ​ကို ထုတ်​ပစ်​ပြီး​မှ၊"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 26,
      "text": "ဗာ​လ​ကျောင်း​နှင့်​ဆိုင်​သော မြို့​သို့​သွား၍ ဗာ​လ​ကျောင်း​ထဲ​က ရုပ်​တု​များ​ကို ထုတ်​ပြီး​လျှင် မီး​ရှို့​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 27,
      "text": "ဗာ​လ ဆင်း​တု​ကို​လည်း​ကောင်း၊ ကျောင်း​ကို​လည်​ကောင်း ဖြို​ဖျက်၍ ယ​နေ့​တိုင်​အောင် ကိုယ်​သုတ်​သင်​ရာ​အိမ် ဖြစ်​စေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 28,
      "text": "ထို​သို့​ယေ​ဟု​သည် ဗာ​လ​ကို ဣ​သ​ရေ​လ​ပြည်​မှ ပယ်​ရှား​ဖျက်​ဆီး​လေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 29,
      "text": "သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တည်း​ဟူ​သော၊ ဗေ​သ​လ​မြို့​နှင့် ဒန်​မြို့​မှာ​ရှိ​သော ရွှေ​နွား​သ​ငယ်​တို့​ကို မ​စွန့်။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ့​ရှေ့​မှာ ဖြောင့်​သော​အ​ကျင့်​ကို​ကျင့်၍ ကောင်း​မွန်​စွာ ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​အ​လို​ရှိ​သ​မျှ​အ​တိုင်း အာ​ဟပ်​အ​မျိုး၌ စီ​ရင်​သော​ကြောင့်​လည်း​ကောင်း၊ သင့်​သား​မြေး လေး​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​မည်​ဟု ယေ​ဟု​အား မိန့်​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 31,
      "text": "ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တ​ရား​တော်​လမ်း​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ လိုက်​ခြင်း​ငှာ သ​တိ​မ​ပြု၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တို့​ကို မ​စွန့်။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 32,
      "text": "ထို​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​စွန်း​တို့​ကို ဖြတ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 33,
      "text": "ဟာ​ဇေ​လ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဂဒ်​အ​မျိုး၊ ရု​ဗင်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး နေ​ရာ၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​ပြည်၊ ဗာ​ရှန်​ပြည်​တစ်​လျှောက်​လုံး အ​ရပ်​ရပ်​တို့​ကို လုပ်​ကြံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 34,
      "text": "ယေ​ဟု​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 10,
      "verse": 35,
      "text": "ယေ​ဟု​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​ဆယ်​ရှစ်​နှစ်​စိုး​စံ​ပြီး​မှ၊ ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယော​ခတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 1,
      "text": "အာ​ခ​ဇိ၏​မယ်​တော် အာ​သ​လိ​သည် မိ​မိ​သား​သေ​ကြောင်း​ကို သိ​မြင်​သော်၊ ထ၍ ဆွေ​တော်​မျိုး​တော် အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 2,
      "text": "သို့​ရာ​တွင် အာ​ခ​ဇိ၏​နှ​မ ယ​ဟော​ရံ​မင်း​ကြီး​သ​မီး ယော​ရှေ​ဘ​သည် အာ​ခ​ဇိ၏​သား​ယော​ရှ​ကို အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍ အာ​သ​လိ​လက်​မှ သူ၏​အ​သက်​လွတ်​စေ​ခြင်း​ငှာ၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌​ဝှက်​ထား၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 3,
      "text": "ထို​နောက်​ယော​ရှ​သည် ခြောက်​နှစ်​ပတ်​လုံး အ​ရီး​နှင့်​အ​တူ ဗိ​မာန်​တော်၌​ပုန်း​ရှောင်​လျက် နေ၍၊ အာ​သ​လိ​သည် စိုး​စံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 4,
      "text": "ခု​နစ်​နှစ်​မြောက်​သော​အ​ခါ၊ ယော​ယ​ဒ​သည် စေ​လွှတ်၍၊ လူ​တစ်​ရာ​အုပ်၊ တပ်​မှူး၊ တပ်​သား​တို့​ကို ခေါ်​လေ၏။ ဗိ​မာန်​တော်​ထဲ​သို့ သွင်း၍ ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း၊ ဗိ​မာန်​တော်၌ သ​စ္စာ​တိုက်​ခြင်း​ကို​ပြု​ပြီး​မှ၊ ရှင်​ဘု​ရင်၏​သား​တော်​ကို ပြ​လေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 5,
      "text": "ယော​ယ​ဒ​က​လည်း၊ သင်​တို့​ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ ဥ​ပုသ်​နေ့၌​ဝင်​သော​လူ သုံး​စု​တစ်​စု​သည် နန်း​တော်​တံ​ခါး​ကို စောင့်​ရ​မည်။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 6,
      "text": "တစ်​စု​သည် သု​ရ​တံ​ခါး​ကို စောင့်​ရ​မည်။ တစ်​စု​သည် ကင်း​နောက်​တံ​ခါး​ကို စောင့်​ရ​မည်။ ထို​သို့ ဗိ​မာန်​တော်​ကို မ​ဖြို​မ​ဖျက်​စေ​ခြင်း​ငှာ စောင့်​ရ​မည်။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 7,
      "text": "ဥ​ပုသ်​နေ့၌ ထွက်​သော​လူ​သုံး​စု​တွင်​နှစ်​စု​သည် ရှင်​ဘု​ရင်​ပတ်​လည် ဗိ​မာန်​တော်၌​စောင့်​ရ​မည်။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 8,
      "text": "လူ​တိုင်း မိ​မိ​လက်​နက်​ကို​ကိုင်​လျက် ကိုယ်​တော်​မြတ်​ကို​ဝိုင်း၍၊ တပ်​ထဲ​သို့ ဝင်​သ​မျှ​သော​သူ​တို့​ကို သတ်​ရ​မည်။ ရှင်​ဘု​ရင် ထွက်​ဝင်​တော်​မူ​သော​အ​ခါ၊ နောက်​တော်​သို့ လိုက်​ရ​မည်​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 9,
      "text": "ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း လူ​တစ်​ရာ​အုပ်​တို့​သည်​ပြု၍၊ ဥ​ပုသ်​နေ့၌​ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ​အ​သီး​အ​သီး​တို့​ကို ခေါ်၍ ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​ထံ​သို့ ရောက်​သော​အ​ခါ၊"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 10,
      "text": "ဗိ​မာန်​တော်၌​ရှိ​သော ဒါ​ဝိဒ်​မင်း​ကြီး၏​လှံ​များ​နှင့် ဒိုင်း​များ​ကို ယဇ်​ပု​ရော​ဟိတ်​သည်​ထုတ်၍ လူ​တစ်​ရာ​အုပ်​တို့​အား အပ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 11,
      "text": "စောင့်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်​လျက်၊ ရှင်​ဘု​ရင်​ကို​ဝိုင်း၍ ယဇ်​ပ​လ္လင်​အ​နား​နှင့် ဗိ​မာန်​တော်​အ​နား၌ လက်​ယာ​ထောင့်​မှ​စ၍ လက်​ဝဲ​ထောင့်​တိုင်​အောင် ရပ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 12,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် ရှင်​ဘု​ရင်​သား​တော်​ကို ပြင်​သို့​ထုတ်၍၊ ရာ​ဇ​သ​ရ​ဖူ​နှင့် ပ​ည​တ္တိ​ကျမ်း​ကို​တင်​လျက်၊ ဘိ​သိက်​ပေး​လျက်၊ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ပြီး​မှ ရှင်​ဘု​ရင် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု လက်​ခုပ်​တီး၍ ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 13,
      "text": "အာ​သ​လိ​သည် တပ်​သား​ပြု​သော​အ​သံ​နှင့် လူ​များ​ပြု​သော​အ​သံ​ကို​ကြား​လျှင်၊ လူ​များ​ရှိ​ရာ ဗိ​မာန်​တော်​သို့​သွား၍၊"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 14,
      "text": "ရှင်​ဘု​ရင်​သည် ယု​ဒ​မင်း​ထုံး​စံ​အ​တိုင်း တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍ တံ​ပိုး​မှုတ်​လျက် ရှိ​ကြ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 15,
      "text": "ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​က​လည်း၊ ဗိ​မာန်​တော်​ထဲ​မှာ​မ​သေ​စေ​နှင့်၊ တပ်​ပြင်​သို့​ထုတ်​ကြ။ သူ့​ဘက်​မှာ​နေ​သော​သူ​ကို ဓား​နှင့်​သတ်​ကြ​ဟု လူ​တစ်​ရာ​အုပ်၊ တပ်​မှူး​တို့​ကို မှာ​ထား​နှင့်​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 16,
      "text": "အာ​သ​လိ​ကို​ဖမ်း​ဆီး​လျက်၊ နန်း​တော်​သို့​သွား​သော မြင်း​လမ်း​ဖြင့် ထုတ်၍ သတ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 17,
      "text": "ယော​ယ​ဒ​သည်​လည်း ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။ တစ်​ဖန် ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​ကို တစ်​ဦး​နှင့်​တစ်​ဦး ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 18,
      "text": "ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဗာ​လ​ကျောင်း​သို့​သွား၍ ဖြို​ဖျက်​ကြ၏။ ယဇ်​ပ​လ္လင်​များ​နှင့် ရုပ်​တု​များ​ကို အ​ကုန်​အ​စင်​ချိုး​ဖဲ့၍၊ ယဇ်​ပ​လ္လင်​တို့​ရှေ့​မှာ ဗာ​လ​ယဇ်​ပု​ရော​ဟိတ်​မဿန်​ကို သတ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 19,
      "text": "ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သည်​လည်း၊ ဗိ​မာန်​တော်​အုပ်​များ​ကို ခန့်​ထား​ပြီး​မှ လူ​တစ်​ရာ​အုပ်၊ တပ်​မှူး၊ တပ်​သား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ခေါ်​လျက်၊ ကင်း​တံ​ခါး​လမ်း​ဖြင့် ရှင်​ဘု​ရင်​ကို ဗိ​မာန်​တော်​မှ နန်း​တော်​သို့​ပို့​ဆောင်၍ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​စေ၏။"
    },
    {
      "book": 12,
      "chapter": 11,
      "verse": 20,
      "text": "နန်း​တော်​နား​မှာ အာ​သ​လိ​ကို​သတ်​ပြီး​မှ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်၍ တစ်​မြို့​လုံး၌​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 1,
      "text": "ယေ​ဟု​နန်း​စံ ခု​နစ်​နှစ်​တွင် ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 2,
      "text": "ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သွန်​သင်​သော ကာ​လ​ပတ်​လုံး​ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 3,
      "text": "သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 4,
      "text": "ယော​ရှ​မင်း​က​လည်း၊ ဗိ​မာန်​တော်​ထဲ​သို့​သွင်း​သော အ​လှူ​ဥ​စ္စာ​ကို​ရောင်း၍ ရ​သော​ငွေ၊ စာ​ရင်း​ဝင်​သော​သူ​တိုင်း ကိုယ်​အ​တွက်​ပေး​သော​ငွေ၊ ကိုယ်​ဖိုး​ဖြတ်၍ ရ​သော​ငွေ၊ အ​လို​လို လှူ​သော​ငွေ​ရှိ​သ​မျှ​ကို၊"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​သိ​အ​ကျွမ်း လှူ​သည်​အ​တိုင်း​ခံ​ယူ၍၊ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ရှိ​သ​မျှ​တို့​ကို ပြု​ပြင်​ကြ​စေ​ဟု ယဇ်​ပု​ရော​ဟိတ်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 6,
      "text": "သို့​သော်​လည်း ယော​ရှ​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို မ​ပြု​ပြင်​ကြ​သေး။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 7,
      "text": "ထို​အ​ခါ ယော​ရှ​မင်း​ကြီး​သည် ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​နှင့် အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခေါ်၍၊ သင်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို အ​ဘယ်​ကြောင့် မ​ပြု​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ နောက်​တစ်​ဖန် အ​သိ​အ​ကျွမ်း​လှူ​သော ငွေ​ကို ကိုယ်​တိုင်​မ​ယူ​ကြ​နှင့်။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ဖို့​ရာ​အပ်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 8,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် နောက်​တစ်​ဖန် လူ​များ​လှူ​သော​ငွေ​ကို မ​ခံ​ရ။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို​လည်း မ​ပြု​ပြင်​ရ​ဟု ဝန်​ခံ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 9,
      "text": "ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သည် သေ​တ္တာ​ကို​ယူ၍ အ​ဖုံး​ကို​ဖောက်​ပြီး​လျှင်၊ ဗိ​မာန်​တော်​အ​ထဲ​သို့ ဝင်​သော​လမ်း လက်​ယာ​ဘက်​ယဇ်​ပ​လ္လင်​နား​မှာ ထား​လေ၏။ ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော ငွေ​ရှိ​သ​မျှ​ကို တံ​ခါး​စောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် သေ​တ္တာ​ထဲ​မှာ​ထား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 10,
      "text": "ငွေ​များ​သည်​ကို​သိ​မြင်​လျှင်၊ ရှင်​ဘု​ရင်၏​စာ​ရေး​တော်​ကြီး​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လာ၍ ဗိ​မာန်​တော်၌​စု​သော​ငွေ​ကို ထုတ်​ထား​လျက် စာ​ရင်း​ယူ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 11,
      "text": "ထို​သို့ ချိန်​ထား​သော​ငွေ​ကို ဗိ​မာန်​တော်​အုပ် အ​မှု​တော်​စောင့်​တို့၌​အပ်၍၊ ဗိ​မာန်​တော်၌ အ​လုပ်​လုပ်​သော လက်​သ​မား၊"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 12,
      "text": "ပန်း​ရန်​သ​မား၊ ကျောက်​ဆစ်​သ​မား​တို့​အ​တွက် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို ပြု​ပြင်​စ​ရာ​ကျောက်​နှင့် သစ်​သား​ကို​ဝယ်၍ ကုန်​သ​မျှ​သော​အ​တွက် ပေး​ဝေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 13,
      "text": "ဗိ​မာန်​တော်​အ​ဖို့​ငွေ​ဖ​လား၊ မီး​ညှပ်၊ အင်​တုံ၊ တံ​ပိုး၊ ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ထို​ငွေ​နှင့်​မ​လုပ်​သေး။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 14,
      "text": "အ​လုပ်​လုပ်​သော​သူ​တို့​အား​သာ ပေး၍၊ ဗိ​မာန်​တော်​ကို ပြု​ပြင်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 15,
      "text": "အ​လုပ်​လုပ်​သော​သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ၊ ငွေ​ကို လက်​ခံ​သော​သူ​တို့​သည် သ​စ္စာ​စောင့်​သော​သူ ဖြစ်​သော​ကြောင့် စာ​ရင်း​မ​ပေး​ကြ။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 16,
      "text": "ဒု​စ​ရိုက်​ငွေ၊ အ​ပြစ်​ငွေ​ကို​မူ​ကား၊ ဗိ​မာန်​တော်​သို့ မ​သွင်း​ဘဲ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယူ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 17,
      "text": "ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​အံ့​သော​ငှာ အား​ထုတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 18,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သည် ဘိုး​တော်​ဘေး​တော်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်၊ ယ​ဟော​ရံ၊ အာ​ခ​ဇိ​လှူ​သ​မျှ​သော တန်​ဆာ​နှင့် ကိုယ်​တိုင်​သန့်​ရှင်း​စေ​သ​မျှ​သော တန်​ဆာ​များ၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ​တွင် တွေ့​သ​မျှ​သော​ရွှေ​ကို​ယူ၍ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ထံ​သို့ ပေး​လိုက်​သော​ကြောင့်၊ ဟာ​ဇေ​လ​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ထား၍ သွား၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 19,
      "text": "ယော​ရှ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 20,
      "text": "ထို​မင်း၏​ကျွန် ရှိ​မတ်​သား ယော​ဇ​ဗဒ်​နှင့် ရှိ​မ​ရိတ်​သား​ယ​ဟော​ဇ​ဗပ်​တို့​သည် ထ၍ သင်း​ဖွဲ့​ပြီး​လျှင်၊ သိ​လ​ရွာ​သို့ သွား​သော​လမ်း၊ မိ​လ္လော​စံ​နန်း​တွင် ယော​ရှ​ကို သေ​အောင်​လုပ်​ကြံ၍၊"
    },
    {
      "book": 12,
      "chapter": 12,
      "verse": 21,
      "text": "ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။ သား​တော်​အာ​မ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား ယော​ရှ​နန်း​စံ နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယေ​ဟု​သား​ယော​ခတ်​သည် ရှ​မာ​ရိ​မြို့၌ မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​ခု​နစ်​နှစ်​စိုး​စံ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 2,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 3,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍၊ ယော​ခတ်​မင်း​လက်​ထက် ကာ​လ​ပတ်​လုံး၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​နှင့် သူ၏​သား​ဗင်္ယာ​ဒဒ်​လက်​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို အပ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 4,
      "text": "တစ်​ဖန် ယော​ခတ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​လေ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​လွန်​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်၍ ယော​ခတ်​စ​ကား​ကို နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 5,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​သော​သ​ခင်​ကို ပေး​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​လူ​တို့​လက်​မှ ထွက်​မြောက်၍ အ​ထက်​က​နည်း​တူ မိ​မိ​တို့​နေ​ရာ၌ နေ​ရ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 6,
      "text": "သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်​မင်း​မျိုး၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​ကြ၏။ ရှ​မာ​ရိ​မြို့၌​လည်း အာ​ရှ​ရ​ပင် ရှိ​သေး၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 7,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး၍၊ စ​ပါး​နင်း​ရာ​တွင် လွင့်​သော​အ​မှုန့်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့်၊ မြင်း​စီး​သူ​ရဲ ငါး​ကျိပ်၊ ရ​ထား​တစ်​ဆယ်၊ ခြေ​သည်​သူ​ရဲ​တစ်​သောင်း​ကို​သာ ယော​ခတ်၌​ကြွင်း​စေ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 8,
      "text": "ယော​ခတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 9,
      "text": "ယော​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယ​ဟော​ရှ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 10,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ နန်း​စံ​သုံး​ဆယ်​ခု​နစ်​နှစ်​တွင်၊ ယော​ခတ်​သား ယ​ဟော​ရှ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​ခြောက်​နှစ် စိုး​စံ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 11,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​မ​ရှောင်၊ အ​ကုန်​အ​စင်​လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 12,
      "text": "ယ​ဟော​ရှ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို စစ်​တိုက်​ရာ​တွင်၊ တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 13,
      "text": "ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 14,
      "text": "ထို​အ​ခါ ဧ​လိ​ရှဲ​သည် သေ​နာ​စွဲ၍ နာ​နေ​စဉ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယ​ဟော​ရှ​သည် လာ၍ သူ့​ရှေ့​မှာ​ငို​ကြွေး​လျက် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 15,
      "text": "ဧ​လိ​ရှဲ​က​လည်း၊ လေး​နှင့် မြား​တို့​ကို ယူ​လော့​ဟု ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​ယူ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 16,
      "text": "လေး​ကို​တင်​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း လေး​ကို​တင်၍၊ ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို ရှင်​ဘု​ရင်​လက်​ပေါ်​မှာ တင်​လျက်၊"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 17,
      "text": "အ​ရှေ့​ပြတင်း​ပေါက်​ကို ဖွင့်​လော့​ဟု​ဆို၍ ဖွင့်​လေ၏။ ပစ်​လော့​ဟု​ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​သည် ပစ်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ရာ​မြား၊ ရှု​ရိ​မင်း​လက်​မှ ကယ်​နုတ်​ရာ​မြား​ဖြစ်၏။ အာ​ဖက်​မြို့၌ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင်​လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 18,
      "text": "မြား​တို့​ကို​ယူ​ဦး​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သည် ယူ၏။ မြေ​ပေါ်​သို့ ရိုက်​လော့​ဟု​ဆို၍ သုံး​ကြိမ်​ရိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 19,
      "text": "ထို​အ​ခါ ဘု​ရား​သ​ခင်၏​လူ​သည် အ​မျက်​ထွက်၍၊ အ​ဘယ်​ကြောင့် ငါး​ကြိမ်​ခြောက်​ကြိမ် မ​ရိုက်​သ​နည်း။ ထို​သို့​ရိုက်​လျှင်၊ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင် လုပ်​ကြံ​ရ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ သုံး​ကြိမ်​သာ လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 20,
      "text": "ဧ​လိ​ရှဲ​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​မှ၊ နောင်​နှစ်​တွင် မော​ဘ​တပ်​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် လူ​တစ်​ယောက်​ကို သင်္ဂြိုဟ်​စဉ်​တွင်၊ မော​ဘ​တပ်​လာ​သည်​ကို မြင်၍၊ အ​လောင်း​ကို ဧ​လိ​ရှဲ​သင်္ချိုင်း​တွင်း၌ ချ​ထား​ကြ၏။ သေ​သော​သူ​သည် အောက်​သို့​ရောက်၍၊ ဧ​လိ​ရှဲ​အ​ရိုး​တို့​ကို ထိ​သော​အ​ခါ၊ အ​သက်​ရှင်​ပြန်​သ​ဖြင့် မတ်​တတ်​ထ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 22,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ယော​ခတ်​လက်​ထက် ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို ညှဉ်း​ဆဲ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သ​နား​စုံ​မက်၍ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့် ဖွဲ့​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​ကို အောက်​မေ့​လျက် သူ​တို့​ကို မ​ဖျက်​ဆီး၊ အ​ထံ​တော်​မှ မ​နှင်​ထုတ်​သေး​ဘဲ ကြည့်​ရှု​ပြု​စု​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 24,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သေ၍၊ သား​တော်​ဗင်္ဟာ​ဒဒ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 13,
      "verse": 25,
      "text": "ဟာ​ဇေ​လ​သည်​စစ်​တိုက်၍ ယော​ခတ်​မင်း​လက်​မှ နုတ်​ယူ​သော မြို့​ရွာ​တို့​ကို ယော​ခတ်​သား ယ​ဟော​ရှ​သည် ဟာ​ဇေ​လ​သား​ဗင်္ဟာ​ဒဒ်​လက်​မှ တစ်​ဖန်​နုတ်​ယူ၏။ သုံး​ကြိမ်​တိုင်​အောင် ယ​ဟော​ရှ​သည်​နိုင်၍ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ရ​ပြန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား​ယ​ဟော​ရှ နန်း​စံ​နှစ်​နှစ်​တွင်၊"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 2,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​သား​အာ​မ​ဇိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယု​ဒ္ဒန်​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 3,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု​သော်​လည်း၊ အ​ဘ​ဒါ​ဝိဒ်၏ အ​ကျင့်​ကို​မ​မီ၊ ခ​မည်း​တော်​ယော​ရှ​ပြု​သ​မျှ​အ​တိုင်း ပြု၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 4,
      "text": "သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 5,
      "text": "အာ​မ​ဇိ​သည် မင်း​အာ​ဏာ​တည်​သော​အ​ခါ၊ ခ​မည်း​တော်​မင်း​ကြီး​ကို သတ်​သော​ကျွန်​တို့​ကို သတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 6,
      "text": "သား​အ​တွက် အ​ဘ​သည် အ​သေ​မ​ခံ​ရ။ အ​ဘ​အ​တွက် သား​သည် အ​သေ​မ​ခံ​ရ။ လူ​တိုင်း​မိ​မိ​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ၏​ဟု မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်၍ ခ​မည်း​တော်​ကို​သတ်​သော​သူ​တို့၏ သား​များ​ကို မ​သတ်​ဘဲ​နေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 7,
      "text": "အာ​မ​ဇိ​မင်း​သည် ဧ​ဒုံ​အ​မျိုး​သား​တစ်​သောင်း​ကို ဆား​ချိုင့်၌​သတ်၍ သေ​လ​မြို့​ကို​တိုက်​သ​ဖြင့်၊ ယ​နေ့​တိုင်​အောင် ယုဿေ​လ​ဟူ၍ သ​မုတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 8,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယေ​ဟု​သား ယော​ခတ်၏​သား ယ​ဟော​ရှ​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ ငါ​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​ကုန်​အံ့​ဟု မှာ​လိုက်​လျှင်၊"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​က၊ လေ​ဗ​နုန် ဆူး​ပင်​သည် လေ​ဗ​နုန်​အာ​ရဇ်​ထံ​သို့ စေ​လွှတ်၍၊ သင့်​သ​မီး​ကို ငါ့​သား​နှင့် ပေး​စား​ပါ​ဟု ဆို​စဉ်​တွင်၊ လေ​ဗ​နုန်​သား​ရဲ​တစ်​ကောင်​သည် လျှောက်​သွား၍ ဆူး​ပင်​ကို​နင်း​မိ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 10,
      "text": "သင်​သည် ဧ​ဒုံ​ပြည်​ကို လုပ်​ကြံ​သော​ကြောင့် စိတ်​မြင့်​လှ၏။ ကိုယ်​နေ​ရာ၌ တတ်​တိုင်း​ဝါ​ကြွား​လျက် နေ​လော့။ သင့်​ကိုယ်​တိုင်​နှင့် ယု​ဒ​ပြည်​သည် ဘေး​ရောက်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် အ​မှု​ရှာ​သ​နည်း​ဟု ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို ပြန်၍​မှာ​လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 11,
      "text": "ထို​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်​သော​ကြောင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍ ရှင်​ဘု​ရင်​နှစ်​ပါး​တို့​သည် ယု​ဒ​ပြည် ဗက်​ရှေ​မက်​မြို့၌ မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​သ​ဖြင့်၊"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ ယု​ဒ​အ​မျိုး​သား​ရှုံး၍ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြေး​ကြ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည်၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 14,
      "text": "ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ ရှိ​သ​မျှ​သော ရွှေ​ငွေ​မှ​စ၍ တန်​ဆာ​အ​လုံး​စုံ​နှင့် အာ​မ​ခံ​သော​သူ​အ​ချို့​တို့​ကို​ယူ​ပြီး​မှ ရှ​မာ​ရိ​မြို့​သို့​ပြန်​သွား၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 15,
      "text": "ယ​ဟော​ရှ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ၊ တန်​ခိုး​ကြီး​ခြင်း၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို စစ်​တိုက်​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 16,
      "text": "ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား ယ​ဟော​ရှ​သေ​သည်​နောက်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ​သည် တစ်​ဆယ်​ငါး​နှစ် အ​သက်​ရှင်​သေး၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 18,
      "text": "အာ​မ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 19,
      "text": "ထို​မင်း​တစ်​ဖက် ယေ​ရု​ရှ​လင်​မြို့၌ သင်း​ဖွဲ့​ကြ၍၊ သူ​သည် လာ​ခိ​ရှ​မြို့​သို့​ပြေး​သည်​တွင်၊ ထို​မြို့​သို့ စေ​လွှတ်၍ သတ်​စေ​ပြီး​မှ၊"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 20,
      "text": "မြင်း​ပေါ်၌​တင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 21,
      "text": "ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော်​အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 22,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​သေ​သည်​နောက်၊ ဧ​လတ်​မြို့​ကို​ပြု​စု၍ ယု​ဒ​နိုင်​ငံ​ထဲ​သို့ သွင်း​ပြန်၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 23,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ နန်း​စံ​ဆယ်​ငါး​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ လေး​ဆယ်​တစ်​နှစ်​စိုး​စံ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 24,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​ကို မ​စွန့်​ဘဲ​နေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိ​တ္တဲ၏​သား ပ​ရော​ဖက်​ယော​န​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​အ​တိုင်း၊ ထို​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဟာ​မက်​မြို့​ဝင်​ဝ​မှ​သည် ချိုင့်​ပင်​လယ်​တိုင်​အောင် ရန်​သူ​လက်​မှ​နုတ်၍ ပြု​စု​လေ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း အ​လွန်​လေး​လံ​သည်​ကို​လည်း​ကောင်း၊ မြို့၌ အ​ချုပ်​ခံ​ရ​သော သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ မ​စ​နိုင်​သော​သူ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 27,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​ကို မိုး​ကောင်း​ကင်​အောက်၌ မ​ပျောက်​စေ​မည်​အ​ကြောင်း ကြံ​တော်​မူ၍၊ ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​အား​ဖြင့် ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 28,
      "text": "ယေ​ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ စစ်​တိုက်​ခြင်း၊ အ​ထက်​က ယု​ဒ​နိုင်​ငံ​အ​ဝင်​ဖြစ်​သော ဒ​မာ​သက်​မြို့​နှင့် ဟာ​မက်​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့၊ ရန်​သူ​လက်​မှ နုတ်​ယူ​ခြင်း​အ​ရာ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 14,
      "verse": 29,
      "text": "ယေ​ရော​ဗောင်​သည် ဘိုး​တော်​ဘေး​တော် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့် အိပ်​ပျော်၍ သား​တော်​ဇာ​ခ​ရိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​နန်း​စံ​နှစ် ဆယ်​ခု​နစ်​နှစ်​တွင်၊"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 2,
      "text": "ယု​ဒ​ရှင်​ဘု​ရင် အာ​မ​ဇိ​သား​ဩ​ဇိ​သည် အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​နှစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယေ​ခေါ​လိ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 3,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​အာ​မ​ဇိ ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 4,
      "text": "သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍ ခြား​နား​သော​နန်း၌ နေ​ရ၏။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်၍ နိုင်​ငံ​တော်​မှု​ကို စီ​ရင်​ရ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 6,
      "text": "ဩ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 7,
      "text": "ဩ​ဇိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော် ယော​သံ​သည် ခ​မည်း​တော်​အ​ရာ၌​နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 8,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ရှစ်​နှစ်​တွင်၊ ယေ​ရော​ဗောင်​သား​ဇာ​ခ​ရိ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 9,
      "text": "ထို​မင်း​သည် ဘိုး​ဘေး​ပြု​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏​ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 10,
      "text": "ယာ​ဖက်​သား​ရှ​လ္လုံ​သည် ဇာ​ခ​ရိ​မင်း​တစ်​ဖက်၌​သင်း​ဖွဲ့၍ လူ​များ​ရှေ့​မှာ သေ​အောင်​လုပ်​ကြံ​ပြီး​လျှင် သူ၏​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 11,
      "text": "ဇာ​ခ​ရိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 12,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​သား​မြေး​လေး​ဆက်​တိုင်​အောင် ဣ​သ​ရေ​လ​နိုင်​ငံ​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​မည်​ဟု ယေ​ဟု​အား မိန့်​တော်​မူ​သော​စ​ကား​တော်​ပြည့်​စုံ​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 13,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင် ရှ​လ္လုံ​သည်​နန်း​ထိုင်၍၊ ရှ​မာ​ရိ​မြို့၌ တစ်​လ​စိုး​စံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 14,
      "text": "ဂါ​ဒိ​သား​မေ​န​ဟင်​သည် တိ​ရ​ဇ​မြို့​မှ ရှ​မာ​ရိ​မြို့​သို့​သွား၍၊ ယာ​ဖက်​သား​ရှ​လ္လုံ​ကို သေ​အောင်​လုပ်​ကြံ​ပြီး​လျှင်၊ သူ၏​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 15,
      "text": "ရှ​လ္လုံ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် သင်း​ဖွဲ့​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 16,
      "text": "ထို​အ​ခါ မေ​န​ဟင်​သည် တိ​ဖ​သ​မြို့​နှင့်​မြို့​သား​များ၊ တိ​ရ​ဇ​မြို့​အ​လွန် တိ​ဖ​သ​မြို့​နယ်​များ​တို့​ကို လုပ်​ကြံ၏။ မြို့​တံ​ခါး​ကို သူ့​အား မ​ဖွင့်​သော​ကြောင့်​လုပ်​ကြံ၍ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​အ​ပေါင်း​တို့၏ ဝမ်း​ကို​ခွဲ​လေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 17,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင်၊ ဂါ​ဒိ​သား​မေ​န​ဟင်​သည် နန်း​ထိုင်၍၊ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​နှစ်​စိုး​စံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 18,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 19,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​ပု​လ​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ၏။ မေ​န​ဟင်​သည် မိ​မိ​အာ​ဏာ​တည်​စေ​မည်​အ​ကြောင်း၊ ပု​လ​မင်း​မ​စ​စေ​ခြင်း​ငှာ၊ ငွေ​အ​ခွက်​တစ်​သောင်း​ကို​ဆက်​ရ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 20,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား ဆက်​စ​ရာ​ဖို့၊ မေ​န​ဟင်​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ငွေ​ခွဲ၍၊ ရ​တတ်​သော​သူ​တိုင်း အ​ကျပ်​ငါး​ဆယ်​စီ ပေး​ရ၏။ ထို​ကြောင့် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် မ​နေ၊ မိ​မိ​ပြည်​သို့​ပြန်​သွား၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 21,
      "text": "မေ​န​ဟင်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 22,
      "text": "မေ​န​ဟင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သား​တော်​ပေ​က​ဟိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 23,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ နန်း​စံ​ငါး​ဆယ်​တွင်၊ မေ​န​ဟင်​သား​ပေ​က​ဟိ​သည် နန်း​ထိုင်၍၊ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို နှစ်​နှစ်​စိုး​စံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 24,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 25,
      "text": "အ​မှု​တော်​ထမ်း​တပ်​မှူး၊ ရေ​မ​လိ​သား​ပေ​ကာ​သည် ပေ​က​ဟိ​မင်း​တစ်​ဖက်၌ သင်း​ဖွဲ့၍၊ အာ​ဂေါ​ဘ​နှင့် အ​ရေ​ဟ​အ​စ​ရှိ​သော ဂိ​လဒ်​ပြည်​သား ငါး​ကျိပ်​ပါ​လျက်၊ ရှ​မာ​ရိ​မြို့၌ နန်း​တော်​ထဲ​မှာ သေ​အောင်​လုပ်​ကြံ၍ သူ၏​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 26,
      "text": "ပေ​က​ဟိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 27,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​နန်း​စံ​ငါး​ဆယ်​နှစ်​နှစ်​တွင်၊ ရေ​မ​လိ​သား​ပေ​ကာ​သည် နန်း​ထိုင်၍ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​နှစ်​နှစ်​ဆယ် စိုး​စံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 28,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို မ​စွန့်​ဘဲ​နေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 29,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 30,
      "text": "ဩ​ဇိ​သား​ယော​သံ နန်း​စံ​နှစ်​ဆယ်​တွင်၊ ဧ​လာ​သား​ဟော​ရှေ​သည် ရေ​မ​လိ​သား ပေ​ကာ​မင်း​တစ်​ဖက်၌ သင်း​ဖွဲ့၍ သေ​အောင်​လုပ်​ကြံ​ပြီး​မှ၊ သူ၏​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 31,
      "text": "ပေ​ကာ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 32,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​နှစ်​နှစ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​သား ယော​သံ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍၊"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 33,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို တစ်​ဆယ့်​ခြောက်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ဒုတ်​သ​မီး ယေ​ရု​ရှာ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 34,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​ဩ​ဇိ​ကျင့်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 35,
      "text": "သို့​ရာ​တွင် မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော​ကြောင့်၊ လူ​တို့​သည် ထို​အ​ရပ်​တို့၌​ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။ ထို​မင်း​သည် ဗိ​မာန်​တော်​အ​ထက်​တံ​ခါး​ကို​လုပ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 36,
      "text": "ယော​သံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏၊"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 37,
      "text": "ထို​ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ရေ​မ​လိ​သား​ပေ​ကာ​ကို ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 15,
      "verse": 38,
      "text": "ယော​သံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ အ​ဘ​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​အ​ရာ၌​နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 1,
      "text": "ရေ​မ​လိ​သား​ပေ​ကာ နန်း​စံ​ဆယ်​ခု​နစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​သား အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်​နန်း​ထိုင်၍၊"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 2,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့​မ​ကျင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို မ​ပြု၊"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှ၊ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 4,
      "text": "မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​တတ်၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 5,
      "text": "ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​သား​ပေ​ကာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍ အာ​ခတ်​မင်း​ကို ဝိုင်း​ထား​သော်​လည်း မ​နိုင်​ရ။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 6,
      "text": "သို့​ရာ​တွင်၊ ရှု​ရိ​ရှင်​ဘု​ရင်​ရေ​ဇိန်​သည် ဧ​လတ်​မြို့​ကို ရှု​ရိ​နိုင်​ငံ​သို့​သွင်း​ပြန်၍၊ ယု​ဒ​လူ​တို့​ကို နှင်​ထုတ်​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် လာ၍ ယ​နေ့​တိုင်​အောင် ဧ​လတ်​မြို့၌ နေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 7,
      "text": "ထို​ကြောင့် အာ​ခတ်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ကျွန်ုပ်​သည် ကိုယ်​တော်​သား၊ ကိုယ်​တော်​ကျွန်​ဖြစ်​ပါ၏။ လာ​ပါ။ ကျွန်ုပ်​ကို​ရန်​ဘက်​ပြု​သော ရှု​ရိ​ရှင်​ဘု​ရင်​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​မှ ကယ်​ယူ​ပါ​ဟု တောင်း​ပန်၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 8,
      "text": "တစ်​ဖန် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း ရှိ​သော​ရွှေ​ငွေ​ကို​ယူ၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ထံ​သို့ လက်​ဆောင်​ပေး​လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 9,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် နား​ထောင်၍ ဒ​မာ​သက်​မြို့​သို့​စစ်​ချီ၍ တိုက်​ယူ​ပြီး​လျှင်၊ ပြည်​သား​တို့​ကို ကိ​ရ​မြို့​သို့ သိမ်း​သွား၏။ ရေ​ဇိန်​မင်း​ကို​လည်း​သတ်၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 10,
      "text": "အာ​ခတ်​မင်း​ကြီး​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​မြို့​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​မြင်​လျှင်၊ ပ​လ္လင်​ပုံ၊ အ​တိုင်း​အ​ရှည်၊ တန်​ဆာ​ရှိ​သ​မျှ​ကို​ရေး၍ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ထံ​သို့ ပေး​လိုက်၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 11,
      "text": "ထို​သို့ ဒ​မာ​သက်​မြို့​မှ အာ​ခတ်​မင်း​ပေး​လိုက်​သ​မျှ​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​သည် အာ​ခတ်​မင်း မ​ရောက်​မီ လုပ်​နှင့်​ပြီ။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 12,
      "text": "ရှင်​ဘု​ရင်​သည် ဒ​မာ​သက်​မြို့​မှ​ရောက်​လာ​သော​အ​ခါ၊ ထို​ယဇ်​ပ​လ္လင်​ကို​မြင်၍ ချဉ်း​ကပ်​သ​ဖြင့်၊"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 13,
      "text": "မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​မီး​ရှို့၏။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို​လည်း သွန်း​လောင်း၏။ မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လေ၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ဗိ​မာန်​တော်​ရှေ့၊ ယဇ်​ပ​လ္လင်​ကြီး​နှင့် ဗိ​မာန်​တော်​စပ်​ကြား​အ​ရပ်​မှ​ရွှေ့၍ ယဇ်​ပ​လ္လင်​ကြီး မြောက်​ဘက်၌ ထား၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 15,
      "text": "တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ကို မှာ​ထား​သည်​ကား၊ နံ​နက်​မီး​ရှို့​ရာ​ယဇ်​နှင့် ညဉ့်​ဦး​ယံ​ဘော​ဇဉ် ပူ​ဇော်​သ​ကာ၊ ရှင်​ဘု​ရင်​မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ပြည်သူပြည်သားမီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပ​လ္လင်​ကြီး​ပေါ်​မှာ မီး​ရှို့​လော့။ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော ယဇ်​မျိုး​အ​သွေး​ကို​လည်း ထို​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​လော့။ ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် ငါ​မေး​မြန်း​စ​ရာ​ဖို့ ရှိ​ရ​မည်​ဟု၊"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 16,
      "text": "အာ​ခတ်​မင်း​ကြီး​မှာ​ထား​သ​မျှ​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ပြု၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 17,
      "text": "အာ​ခတ်​မင်း​ကြီး​သည် ကြေး​ဝါ​ခုံ​တန်​ဆာ​တို့​ကို ပယ်၍ အင်​တုံ​ကို​လည်း​ရွှေ့၏။ ကြေး​ဝါ​ရေ​ကန်​ကို​လည်း ကြေး​ဝါ​နွား​တို့​အ​ပေါ်​က ချ၍ ကျောက်​ခင်း​ပေါ်​မှာ တင်​ထား၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 18,
      "text": "ဗိ​မာန်​တော်၌ ဥ​ပုသ်​စောင့်​စ​ရာ​ဖို့ ဆောက်​သော​မ​ဏ္ဍပ်​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တက်​ရာ စောင်း​တန်း​ကို​လည်း​ကောင်း၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကြောင့်​ပယ်၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 19,
      "text": "အာ​ခတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 16,
      "verse": 20,
      "text": "အာ​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ဟေ​ဇ​ကိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​ခတ် နန်း​စံ​ဆယ်​နှစ်​နှစ်​တွင် ဧ​လာ​သား​ဟော​ရှေ​သည် နန်း​ထိုင်၍ ရှ​မာ​ရိ​မြို့၌ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ကိုး​နှစ်​စိုး​စံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 2,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဒု​စ​ရိုက်​ကို​ပြု၏။ သို့​သော်​လည်း သူ့​ရှေ့​မှာ​ဖြစ်​ဖူး​သော ဣ​သေ​လ​ရှင်​ဘု​ရင်​တို့​ပြု​သော ဒု​စ​ရိုက်​ကို​မ​မီ။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 3,
      "text": "ထို​မင်း​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင် ရှာ​လ​မ​နေ​ဇာ​သည်​စစ်​ချီ၍ ဟော​ရှေ​သည်​ကျွန်​ခံ​သ​ဖြင့် အ​ခွန်​ဆက်​ရ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 4,
      "text": "နောက်​တစ်​ဖန် နှစ်​တိုင်း​ဆက်​ရ​သော အ​ခွန်​ကို​မ​ဆက်။ သွာ​အ​မည်​ရှိ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​ကို​စေ​လွှတ်၍၊ ပုန်​ကန်​မည့်​အ​ကြံ​ရှိ​သည်​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​သိ​သ​ဖြင့်၊ ဟော​ရှေ​ကို​ဖမ်း​ဆီး၍ ထောင်​ထဲ​မှာ​ချုပ်​ထား​ပြီး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ စစ်​ချီ၍၊ ရှ​မာ​ရိ​မြို့​သို့​ရောက်​သော် သုံး​နှစ်​ဝိုင်း​ထား၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 6,
      "text": "ဟော​ရှေ​နန်း​စံ​ကိုး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​ရ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​နှင့် အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​လက်​ထဲ​က ကယ်​နုတ်​တော်​မူ​သော မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ရို​သေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 8,
      "text": "သူ​တို့​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့​ထုံး​စံ​နှင့် မိ​မိ​တို့​ချီး​မြှောက်​သော ရှင်​ဘု​ရင်​တို့​ထုံး​စံ​သို့​လိုက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 9,
      "text": "မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​တ​ရား​သော​အ​မှု​ကို မ​ထင်​မ​ရှား​ပြု​ကြ၏။ ကင်း​စောင့်​သော​မျှော်​စင်​ဖြစ်​စေ၊ ခိုင်​ခံ့​သော​မြို့​ဖြစ်​စေ၊ မြို့​ရွာ​အ​လုံး​စုံ​တို့၌ မြင့်​သော​အ​ရပ်​ကို တည်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 10,
      "text": "ရုပ်​တု​ဆင်း​တု​နှင့် အာ​ရှ​ရ​ပင်​တို့​ကို မြင့်​သော​ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်​မှာ​လည်း​ကောင်း၊ တည်​ထောင်​ပြု​စု​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 11,
      "text": "သူ​တို့​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​ပြု​သ​ကဲ့​သို့ မြင့်​သော​အ​ရပ်​ရှိ​သ​မျှ​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ အ​ဓ​မ္မ​အ​မှု​တို့​ကို ပြု​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​သော​အ​မှု၊ ရုပ်​တု​ဆင်း​တု​တို့၌ ပူ​ဇော်​ခြင်း​အ​မှု​ကို ပြု​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 13,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 14,
      "text": "သူ​တို့​သည်​နား​မ​ထောင်။ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ယုံ​ကြည်​သော​ဘိုး​ဘေး​တို့​လည်​ပင်း​ကဲ့​သို့ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 15,
      "text": "စီ​ရင်​တော်​မူ​ချက်၊ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော​ပ​ဋိ​ညာဉ်၊ သူ​တို့၌ သက်​သေ​ခံ​တော်​မူ​သော သက်​သေ​တို့​ကို​ပယ်၍ အ​န​တ္တ​တ​ရား​ကို ကျင့်​လျက် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ အ​ကြင်​တစ်​ပါး​အ​မျိုး​သား​ကျင့်​သ​ကဲ့​သို့ မ​ကျင့်​ကြ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ၏၊ ပတ်​လည်၌​နေ​သော ထို​အ​မျိုး​သား​နောက်​သို့​လိုက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 16,
      "text": "မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စွန့်၍ နွား​သ​ငယ်​တည်း​ဟူ​သော သွန်း​သော​ရုပ်​တု​နှင့် အာ​ရှ​ရ​ပင်​ကို လုပ်​ကြ၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို ကိုး​ကွယ်၍ ဗာ​လ​ဘု​ရား​ကို​လည်း​ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 17,
      "text": "သား​သ​မီး​တို့​ကို မီး​ဖြင့်​ပူ​ဇော်​ကြ၏။ နတ်​ဝိ​ဇ္ဇာ​အ​တတ်၊ ပြု​စား​သော​အ​တတ်​ကို သုံး​ဆောင်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မည်​ဟု ကိုယ်​ကို​ရောင်း​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 18,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြင်း​စွာ​အ​မျက်​ထွက်၍ မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မူ၏။ ယု​ဒ​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး မ​ကျန်​ကြွင်း​ရ။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 19,
      "text": "ယု​ဒ​အ​မျိုး​မူ​ကား၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တ​ရား​တော်​ကို​မ​စောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​လိုက်​သော ထုံး​စံ​ဓ​လေ့​သို့ လိုက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​ကို ရွံ​ရှာ၍ မျက်​မှောက်​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် ဒဏ်​ခတ်​တော်​မူ၏။ လု​ယက်​သော​သူ​တို့​လက်၌ အပ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ဒါ​ဝိဒ်​မင်း​မျိုး​မှ​ဆုတ်​ဖဲ့၍၊ သူ​တို့​သည် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ရော​ဗောင်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့​လိုက်​ရာ​လမ်း​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို လွှဲ​စေ၍ ဒု​စ​ရိုက်​ကြီး​ကို ပြု​စေ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 22,
      "text": "သို့​ဖြစ်၍ ယေ​ရော​ဗောင်​ပြု​သော​ဒု​စ​ရိုက်​လမ်း​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​စဉ်​တ​စိုက် လိုက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မ​မူ​မီ​တိုင်​အောင် သူ​တို့​သည် ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ရှောင်​ဘဲ​လိုက်​ကြ၏။ ထို​ကြောင့် နေ​ရင်း​ပြည်​မှ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား​ခြင်း​ကို ယ​နေ့​တိုင်​အောင်​ခံ​ရ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 24,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည်​လည်း၊ ဗာ​ဗု​လုန်​မြို့​သား၊ ကု​သ​မြို့​သား၊ အာ​ဝ​မြို့​သား၊ ဟာ​မတ်​မြို့​သား၊ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​ကို​ဆောင်​ခဲ့၍၊ ရှ​မာ​ရိ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​ကိုယ်​စား​ထား​သ​ဖြင့် ထို​လူ​တို့​သည် ရှ​မာ​ရိ​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 25,
      "text": "နေ​ရာ​ကျ​စ​က ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရို​သေ​သော​ကြောင့်၊ ခြင်္သေ့​တို့​ကို စေ​လွှတ်၍ အ​ချို့​တို့​ကို ကိုက်​စေ​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 26,
      "text": "ထို​ကြောင့် အ​ချို့​တို့​က၊ ကိုယ်​တော်​ပြောင်း​စေ၍၊ ရှ​မာ​ရိ​မြို့​ရွာ​တို့၌ ထား​တော်​မူ​သော လူ​အ​မျိုး​မျိုး​တို့​သည် ထို​ပြည်​စောင့်​ဘု​ရား၏ တ​ရား​ကို နား​မ​လည်​သော​ကြောင့်၊ ထို​ဘု​ရား​သည် ခြင်္သေ့​တို့​ကို​စေ​လွှတ်၍ နေ​ရာ​ကျ​သော​သူ​တို့​ကို သတ်​ပါ​သည်​ဟု အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား လျှောက်​ကြ​သော်၊"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 27,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​က၊ ထို​ပြည်​မှ​သိမ်း​ခဲ့​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ယောက်​ကို ပြန်​ပို့​ကြ။ သူ​သည်​သွား၍ ထို​ပြည်​စောင့်​ဘု​ရား၏ တ​ရား​ကို သွန်​သင်​လျက်​နေ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 28,
      "text": "ရှ​မာ​ရိ​မြို့​မှ​သိမ်း​ခဲ့​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ယောက်​သည် ပြန်၍ ဗေ​သ​လ​မြို့၌​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​ဘယ်​သို့ ရို​သေ​ရ​မည်​ကို သွန်​သင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 29,
      "text": "သို့​သော်​လည်း ထို​လူ​မျိုး​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဘု​ရား​ကို​လုပ်၍ နေ​ရာ​ကျ​သော​မြို့​ရွာ​တွင် မြင့်​သော​အ​ရပ်​ပေါ်​မှာ ရှ​မာ​ရိ​မြို့​သား​လုပ်​နှင့်​သော အိမ်​တို့၌ တင်​ထား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 30,
      "text": "ဗာ​ဗု​လုန်​မြို့​သား​တို့​သည် သု​ကုတ်​ဗေ​နုတ် ဘု​ရား၊ ကု​သ​မြို့​သား​တို့​သည် နေ​ရ​ဂါ​လ​ဘု​ရား၊ ဟာ​မတ် မြို့​သား​တို့​သည် အ​ရှိ​မ​ဘု​ရား၊"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 31,
      "text": "အာ​ဝ​မြို့​သား​တို့​သည် နိ​ဗ​ဟာ​ဇ​ဘု​ရား​နှင့် တာ​တက်​ဘု​ရား​ကို လုပ်​ကြ၏။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည်​လည်း သေ​ဖ​ရ​ဝိမ်​မြို့​စောင့်​ဘု​ရား အာ​ဒြ​မ္မေ​လက်​နှင့် အာ​န​မ္မေ​လက်​ဘု​ရား​တို့​အား သား​သ​မီး​ကို​မီး​ရှို့၍ ပူ​ဇော်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 32,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ရို​သေ၍ သာ​မ​ည​လူ​တို့​ကို မြင့်​သော​အ​ရပ် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် မြင့်​သော​အ​ရပ်​အိမ်​တို့၌ လူ​များ​အ​ဖို့ ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 33,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ကြ၏။ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​မျိုး​ပြု​သ​ကဲ့​သို့ မိ​မိ​တို့​ဘု​ရား​ကို​လည်း ဝတ်​ပြု​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 34,
      "text": "ယ​နေ့​တိုင်​အောင် ရှေး​ထုံး​စံ​ဓ​လေ့​သို့ လိုက်​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ရာ​မ​ရောက်။ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်။ ဣ​သ​ရေ​လ​အ​မည်​ဖြင့်​သ​မုတ်​သော ယာ​ကုပ်​အ​မျိုး​သား​တို့၌ ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ညတ်​တ​ရား​တို့​ကို​မ​ကျင့်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 35,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​မျိုး​သား​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့၍၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ရို​သေ၊ ဦး​မ​ညွှတ်၊ ဝတ်​မ​ပြု၊ ယဇ်​မ​ပူ​ဇော်​ရ။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 36,
      "text": "သင်​တို့​ကို ကြီး​သော​တန်​ခိုး၊ ဆန့်​သော​လက်​ရုံး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​သာ ရို​သေ​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 37,
      "text": "သင်​တို့​အ​ဖို့ ရေး​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​တို့​ကို အ​စဉ်​အ​မြဲ​စောင့်​ရှောက်​ရ​မည်။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို မ​ရို​သေ​ရ။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 38,
      "text": "သင်​တို့​နှင့်​ငါ​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို​မ​မေ့​လျော့​ရ။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို မ​ရို​သေ​ရ။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 39,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ရို​သေ​ရ​မည်။ သို့​ပြု​လျှင် ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​မည်​ဟု မှာ​ထား​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 40,
      "text": "သူ​တို့​သည်​နား​မ​ထောင်၊ ရှေး​ထုံး​စံ​ဓ​လေ့​သို့​လိုက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 17,
      "verse": 41,
      "text": "ထို​လူ​အ​မျိုး​မျိုး ကိုယ်​တိုင်​မှ​စ၍၊ သား​မြေး​မြစ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ကြ၏။ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း ဝတ်​ပြု​ကြ၏။ မိ​ရိုး​ဖ​လာ​သို့​လိုက်၍ ယ​နေ့​တိုင်​အောင်​ကျင့်​နေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဧ​လာ​သား​ဟော​ရှေ နန်း​စံ​သုံး​နှစ်​တွင်၊"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 2,
      "text": "ယု​ဒ​ရှင်​ဘု​ရင် အာ​ခတ်​သား ဟေ​ဇ​ကိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ခ​ရိ​သ​မီး အာ​ဘိ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 3,
      "text": "ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကျင့်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 4,
      "text": "မြင့်​သော​အ​ရပ်​တို့​ကို ပယ်၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၏။ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။ မော​ရှေ​လုပ်​သော ကြေး​ဝါ​မြွေ​ကို အ​ပိုင်း​ပိုင်း​ဖြတ်၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထို​ကာ​လ​တိုင်​အောင်၊ ထို​မြွေ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​မြွေ​ကို န​ဟု​တ္တန်​အ​မည်​ဖြင့် မှည့်​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ထို​မင်း​ခို​လှုံ​သ​ကဲ့​သို့၊ သူ့​နောက်​မှာ​ခို​လှုံ​သော ယု​ဒ​ရှင်​ဘု​ရင် တစ်​ယောက်​မျှ​မ​ရှိ။ ရှေ့​ကာ​လ၌​လည်း​မ​ရှိ။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား၌​ဆည်း​ကပ်၍ နောက်​တော်​သို့ အ​စဉ်​အ​မြဲ​လိုက်​သ​ဖြင့် မော​ရှေ၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် ပြု​လေ​ရာ​ရာ၌ အောင်​လေ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏​ကျွန်​မ​ခံ။ ပုန်​ကန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 8,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​ကို​တိုက်၍ ဂါ​ဇ​မြို့​နယ်​တိုင်​အောင် ခိုင်​ခံ့​သော​မြို့​များ​နှင့် ကင်း​စောင့်​သော မျှော်​စင်​များ​ကို လုပ်​ကြံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 9,
      "text": "ဟေ​ဇ​ကိ​မင်း​ကြီး နန်း​စံ​လေး​နှစ်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဧ​လာ​သား​ဟော​ရှေ နန်း​စံ​ခု​နစ်​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် ရှာ​လ​မ​နေ​ဇာ​သည် ရှ​မာ​ရိ​မြို့​သို့ စစ်​ချီ၍ ဝိုင်း​ထား၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 10,
      "text": "သုံး​နှစ်​စေ့​သော​အ​ခါ၊ ဟေ​ဇ​ကိ​နန်း​စံ​ခြောက်​နှစ်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဟော​ရှေ နန်း​စံ​ကိုး​နှစ်​တွင် ရှ​မာ​ရိ​မြို့​ကို တိုက်၍​ရ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 11,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အာ​ရှု​ရိ​ပြည်​သို့​သိမ်း​သွား၍ ဂေါ​ဇန်​မြစ်​နား၊ ဟာ​လ​မြို့၊ ဟာ​ဗော်​မြို့​အ​စ​ရှိ​သော မေ​ဒိ​နိုင်​ငံ​မြို့​ရွာ​တို့၌​ထား၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သ​မျှ​ကို​လည်း​ကောင်း၊ အ​မှု​မ​ထား​လွန်​ကျူး​ကြ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 13,
      "text": "ဟေ​ဇ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​လေး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့​ကို စစ်​ချီ၍ လုပ်​ကြံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 14,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ရှိ​ရာ လာ​ခိ​ရှ​မြို့​သို့​စေ​လွှတ်၍၊ အ​ကျွန်ုပ်​မှား​ပါ​ပြီ။ ပြန်​သွား​တော်​မူ​ပါ။ ကိုယ်​တော်​တင်​သ​မျှ​ကို​ထမ်း​ပါ​မည်​ဟု လျှောက်​စေ​သော်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၌ ငွေ​အ​ခွက်​သုံး​ထောင်၊ ရွှေ​အ​ခွက်​သုံး​ရာ​ကို​တောင်း၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 15,
      "text": "ဟေ​ဇ​ကိ​သည် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော် ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ တွေ့​သ​မျှ​သော​ငွေ​ကို ပေး၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 16,
      "text": "ဗိ​မာန်​တော်​တံ​ခါး၊ တန်​ဆာ​များ၊ ကိုယ်​တိုင်​အ​ရင်​မွမ်း​မံ​သော တိုင်​တန်​ဆာ​များ​ကို​လည်း​ချွတ်၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား​ပေး၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 17,
      "text": "နောက်​တစ်​ဖန် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် တာ​တန်၊ ရာ​ဗ​သာ​ရိတ်၊ ရာ​ဗ​ရှာ​ခ​တို့​ကို များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရောက်​သော​အ​ခါ၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 18,
      "text": "ရှင်​ဘု​ရင်​ကို ခေါ်​သော​အ​ခါ၊ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် သူ​တို့​ထံ​သို့​ထွက်​ပြီး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 19,
      "text": "ရာ​ဗ​ရှာ​ခ​က၊ မ​ဟာ​အ​ရှင်​မင်း​ကြီး၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ဟေ​ဇ​ကိ​ကို​မိန့်​တော်​မူ​သည်​ကား၊ သင်​ခို​လှုံ​သ​ဖြင့် ခို​လှုံ​ရာ​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 20,
      "text": "စစ်​တိုက်​လောက်​အောင် ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ငါ​ပြည့်​စုံ​သည်​ဟု အ​ချည်း​နှီး​သော​စ​ကား​ကို သင်​ဆို​ပါ​သည်​တ​ကား။ ငါ့​ကို​ပုန်​ကန်​ခြင်း​ငှာ အ​ဘယ်​သူ​ကို ကိုး​စား​သ​နည်း။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 21,
      "text": "ကျိုး​သော​ကျူ​လုံး တောင်​ဝှေး​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​ကို ကိုး​စား​ပါ​သည်​တ​ကား။ ထို​ကျူ​လုံး​သည် မှီ​သော​သူ၏​လက်​ကို ဖောက်၍ လျှို​သွား​လိမ့်​မည်။ ထို​သို့ အဲ​ဂု​တ္တု​မင်း​ကြီး ဖာ​ရော​ဘု​ရင်​သည် မိ​မိ၌​မှီ​သော သူ​အ​ပေါင်း​တို့​ကို​ပြု​လိမ့်​မည်။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 22,
      "text": "သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား​ဖြစ်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 23,
      "text": "သို့​ဖြစ်၍ ယ​ခု​တွင် ငါ့​သ​ခင်​အာ​ရှု​ရိ​ရှင်​ဘု​ရင်၌ အာ​မ​ခံ​တို့​ကို​အပ်​ပါ​လော့။ သင်၌ မြင်း​စီး​သူ​ရဲ​လုံ​လောက်​အောင်​ရှိ​လျှင် မြင်း​နှစ်​ထောင်​တို့​ကို ငါ​ပေး​မည်။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 24,
      "text": "သင်​သည် ငါ့​သ​ခင်၏​ကျွန်​တို့​တွင် အ​ငယ်​ဆုံး​သော​ဗိုလ်​ကို အ​ဘယ်​သို့ လှန်​နိုင်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ရ​မည်​ဟု ယုံ​ပါ​သည်​တ​ကား။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​မ​ရှိ​ဘဲ ဤ​ပြည်​ကို​ဖျက်​ဆီး​ခြင်း​ငှာ ငါ​လာ​သ​လော။ ထို​ပြည်​ကို​သွား၍ ဖျက်​ဆီး​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​ပြီ။ ဤ​အ​ကြောင်း​အ​ရာ​များ​ကို ပြန်​ပြော​ကြ​လော့​ဟု ပြော​ဆို၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 26,
      "text": "ထို​အ​ခါ ဟိ​လ​ခိ​သား ဧ​လျာ​ကိမ်၊ ရှေ​ဗ​န၊ ယော​အာ​တို့​က၊ ရှု​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျွန်​တော်​တို့​အား အ​မိန့်​ရှိ​ပါ​လော့။ ထို​စ​ကား​ကို ကျွန်​တော်​တို့​သည် နား​လည်​ပါ၏။ မြို့​ရိုး​ပေါ်​မှာ​ရှိ​သော သူ​တို့​သည်​ကြား​ရ​အောင် ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​မိန့်​မ​ရှိ​ပါ​နှင့်​ဟု ရာ​ဗ​ရှာ​ခ​ကို​ဆို​ကြ​လျှင်၊"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 27,
      "text": "ရာ​ဗ​ရှာ​ခ​က၊ ငါ့​သ​ခင်​သည် သင်၏​သ​ခင်​နှင့် သင့်​အား​သာ ဤ​စ​ကား​ကို​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သ​လော။ မြို့​ရိုး​ပေါ်​မှာ​ထိုင်​လျက် သင်​တို့​နှင့်​အ​တူ မိ​မိ​တို့​မ​စင်​ကို​စား၍၊ မိ​မိ​တို့​ရေ​ဟောင်း​ကို သောက်​ရ​သော​သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည် မ​ဟုတ်​လော​ဟု​ဆို​ပြီး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 28,
      "text": "ရာ​ဗ​ရှာ​ခ​သည်​ထ၍ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်၊ မ​ဟာ​အ​ရှင်​မင်း​ကြီး အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 29,
      "text": "ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​ကား၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို မ​လှည့်​စား​စေ​နှင့်။ သူ​သည် သင်​တို့​ကို​ငါ့​လက်​မှ ကယ်​ယူ​ခြင်း​ငှာ မ​တတ်​နိုင်။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 30,
      "text": "ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဧ​ကန်​အ​မှန်​ကယ်​ယူ​တော်​မူ​မည်။ ဤ​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် လက်​သို့ မ​ရောက်​ရ​ဟု​ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​စား​စေ​နှင့်။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 31,
      "text": "ဟေ​ဇ​ကိ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 32,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့​ထွက်​လာ​ကြ။ သင်​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်​တို့​ပြည်​နှင့်​တူ​သော ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဆီ၊ ပျား​ရည်​များ​သော​ပြည်​သို့​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင် သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏ အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏​အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က​ရေ​ကို​သောက်​လျက် နေ​ကြ​ဦး​လော့။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 33,
      "text": "ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​ကယ်​ယူ​တော်​မူ​မည်​ဟု မ​ဖြား​ယောင်း​စေ​နှင့်။ အ​ပြည်​ပြည်​သော ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 34,
      "text": "ဟာ​မတ်​ပြည်၏​ဘု​ရား၊ အာ​ပဒ်​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၊ ဟေ​န​ပြည်၊ ဣ​ဝါ​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 35,
      "text": "ထို​အ​ပြည်​ပြည်​သော ဘု​ရား​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ဖူး​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို ငါ့​လက်​မှ အ​ဘယ်​သို့ ကယ်​လွှတ်​နိုင်​မည်​နည်း​ဟု ဆို​လေ၏။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 36,
      "text": "ယု​ဒ​လူ​တို့​လည်း စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 18,
      "verse": 37,
      "text": "ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အာ​သပ်​သား​အ​တွင်း​ဝန်​ယော​အာ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက်၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့​လာ၍ ရာ​ဗ​ရှာ​ခ​စ​ကား​ကို​ကြား​လျှောက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 1,
      "text": "ထို​စ​ကား​ကို ဟေ​ဇ​ကိ​မင်း​ကြီး​သည်​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို​ခြုံ​လျက် ဗိ​မာန်​တော်​သို့​သွား​လေ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 2,
      "text": "လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်​ရှိ​သော နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​ထံ​သို့ စေ​လွှတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 3,
      "text": "ဟေ​ဇ​ကိ​မင်း​မှာ​ထား​သော စ​ကား​ဟူ​မူ​ကား၊ ယ​နေ့​သည် ဒု​က္ခ​နေ့၊ ဆုံး​မ​သော​နေ့၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​နေ့ ဖြစ်၏။ သား​ဖွား​ချိန်​ရောက်၍ သား​ကို​ဖွား​နိုင်​အောင် ခွန်​အား​မ​ရှိ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 4,
      "text": "အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန်​ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင်​ကြား​သော စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော​လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 5,
      "text": "ဟေ​ဇ​ကိ​မင်း​စေ​လွှတ်​သော ကျွန်​တို့​သည် ဟေ​ရှာ​ယ​ထံ​သို့ ရောက်​လာ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 6,
      "text": "ဟေ​ရှာ​ယ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ သင်​သည်​ကြား​ရ​သော​စ​ကား​ကြောင့် မ​ကြောက်​နှင့်။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 7,
      "text": "ထို​မင်း၌ အ​ခြား​သော​စိတ်​သ​ဘော​ကို ငါ​သွင်း​ပေး​မည်။ သူ​သည် သ​တင်း​ကြား၍ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။ ထို​ပြည်၌ ဓား​ဖြင့် ငါ​ဆုံး​စေ​မည်​ဟူ​သော​စ​ကား​တော်​ကို သင်​တို့၏​သ​ခင်​အား ပြန်​ကြား​ကြ​လော့ ဟု​ပြော​ဆို၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 8,
      "text": "ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် လာ​ခိ​ရှ​မြို့​မှ ထွက်​သွား​ကြောင်း​ကို ရာ​ဗ​ရှာ​ခ​ကြား​လျှင် ပြန်​သွား၍ လိ​ဗ​န​မြို့​ကို ရှင်​ဘု​ရင်​တိုက်​နေ​သည်​ကို​တွေ့​လေ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 9,
      "text": "နောက်​တစ်​ဖန် ကု​ရှ​မင်း​ကြီး​တိ​ရ​က္က​သည် စစ်​ချီ၍​လာ​ပြီ​ဟု သ​တင်း​ကြား​သော​အ​ခါ၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့ တ​မန်​တို့​ကို စေ​လွှတ်​ပြန်၍၊"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 10,
      "text": "သင်​တို့​သည် ယု​ဒ​မင်း​ကြီး​ဟေ​ဇ​ကိ​ကို ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ သင်​ကိုး​စား​သော ဘု​ရား​သ​ခင်​က၊ ယေ​ရု​ရှ​လင်​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ မ​ရောက်​ရ​ဟူ၍ သင့်​ကို မ​လှည့်​စား​စေ​နှင့်။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 11,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် ခပ်​သိမ်း​သော​ပြည်​တို့​ကို​လုပ်​ကြံ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို သင်​သည် ကြား​ရ​ပြီ။ ကိုယ်​တိုင် လွတ်​လိမ့်​မည်​လော။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 12,
      "text": "ငါ့​ဘိုး​ဘေး​တို့​သည် ဖျက်​ဆီး​သော​အ​မျိုး​သား၊ ဂေါ​ဇန်​အ​မျိုး​သား၊ ခါ​ရန်​အ​မျိုး​သား၊ ရေ​ဇပ်​အ​မျိုး​သား၊ တေ​လ​သာ​မြို့၌​ရှိ​သော ဧ​ဒင်​အ​မျိုး​သား​တို့​ကို သူ​တို့၏​ဘု​ရား​များ​တို့​သည် ကယ်​ယူ​ကြ​ပြီ​လော။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 13,
      "text": "ဟာ​မတ်​မင်း​ကြီး၊ အာ​ပဒ်​မင်း​ကြီး​နှင့် သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့၊ ဣ​ဝါ​မြို့​ကို​စိုး​စံ​သော​မင်း​ကြီး​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 14,
      "text": "ထို​မှာ​စာ​ကို ဟေ​ဇ​ကိ​မင်း​သည် သံ​တ​မန်၏​လက်​မှ​ခံ​ယူ၍ ကြည့်​ပြီး​လျှင် ဗိ​မာန်​တော်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြန့်​ထား​လေ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 15,
      "text": "ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​ဆို​သည်​ကား၊ ခေ​ရု​ဗိမ်​ပေါ်​မှာ​ထိုင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 16,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​စိ​တော်​ကို​ဖွင့်၍ ကြည့်​ရှု​တော်​မူ​ပါ။ သ​နာ​ခ​ရိပ်​မင်း​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့၍​ပြော​စေ​သော စ​ကား​အ​လုံး​စုံ​တို့​ကို မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​စင်​စစ် အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​ကို ဖျက်​ဆီး၍၊"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 18,
      "text": "သူ​တို့၏​ဘု​ရား​များ​ကို မီး​ထဲ​သို့​ချ​ပစ်​ကြ​ပါ​ပြီ။ ထို​ဘု​ရား​တို့​သည် ဘု​ရား​မ​ဟုတ်၊ လူ​လက်​ဖြင့်​လုပ်​သော သစ်​သား​နှင့် ကျောက်​ဖြစ်​သော​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 19,
      "text": "အို​အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည်​သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 20,
      "text": "ထို​အ​ခါ အာ​မုတ်​သား​ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​အ​ကြောင်း​ကြောင့် ငါ့​ရှေ့​မှာ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ရ​ပြီ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 21,
      "text": "ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 22,
      "text": "သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 23,
      "text": "သင်​သည် တ​မန်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ရ​ထား​များ​ပြား​သ​ဖြင့် တောင်​ထိပ်​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် အ​ထွတ်​သို့​လည်း​ကောင်း တက်​လာ​ပြီ။ အ​ရပ်​မြင့်​သော​အာ​ရဇ်​ပင်​နှင့် အ​ကောင်း​ဆုံး​သော​ထင်း​ရှူး​ပင်​တို့​ကို ငါ​ခုတ်​လှဲ​ပြီ။ အ​ဝေး​ဆုံး​သော​ခို​လှုံ​ရာ​အ​သီး​များ​သော တော​ထဲ​သို့ ငါ​ဝင်​ပြီ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 24,
      "text": "ငါ​သည်​တွင်း​တူး၍ မ​မြည်း​ဖူး​သော​ရေ​ကို သောက်​ရ​ပြီ။ ငါ၏​ခြေ​ဖ​ဝါး​အား​ဖြင့် အဲ​ဂု​တ္တု​မြစ်​လက်​ကြား ရေ​ရှိ​သ​မျှ​ကို ခန်း​ခြောက်​စေ​ပြီ​ဟု သင်​ဆို​မိ​ပြီ​တ​ကား။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 25,
      "text": "ငါ​သည် အ​ထက်​က​ဤ​အ​မှု​ကို​စီ​ရင်​ကြောင်း​နှင့် ရှေး​ကာ​လ၌ ပြု​ပြင်​ကြောင်း​ကို သင်​သည်​မ​ကြား​သ​လော။ ယ​ခု​မှာ​လည်း သင်​သည် ခိုင်​ခံ့​သော​မြို့​တို့​ကို ဖျက်​ဆီး၍၊ ကျောက်​ပုံ​ဖြစ်​စေ​သော​သူ​ဖြစ်​မည်​အ​ကြောင်း ငါ​စီ​ရင်​ခန့်​ထား​လေ​ပြီ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 26,
      "text": "ထို​ကြောင့် မြို့​သား​တို့​သည် အား​နည်း​ကြ၏။ မှိုင်​တွေ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ တော​မြက်​ပင်​နှင့် စိမ်း​သော​စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​မိုး​ပေါ်​မှာ​ပေါက်​သော​မြက်​ပင်​နှင့် မ​ကြီး​မီ​ညှိုး​နွမ်း​သော စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 27,
      "text": "သင်၏​နေ​ထိုင်​ခြင်း၊ ထွက်​ဝင်​ခြင်း၊ ငါ၌ အ​မျက်​ဟုန်း​ခြင်း​တို့​ကို ငါ​သိ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 28,
      "text": "ငါ၌​သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို​နှာ​ရှုပ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 29,
      "text": "သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ​ပေါက်​သော အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည် စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင်​မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို​ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို​စား​ကြ​လော့။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 30,
      "text": "ဘေး​လွတ်၍ ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့​သည် တစ်​ဖန်​အောက်​မှာ​အ​မြစ်​စွဲ၍ အ​ထက်​မှာ အ​သီး​သီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 31,
      "text": "ကျန်​ကြွင်း​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က​လည်း​ကောင်း၊ ဘေး​လွတ်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​က​လည်း​ကောင်း ပေါ်​လာ​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍ ထို​အ​မှု​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 32,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ဤ​မြို့​သို့​မ​ဝင်​ရ။ မြို့​ထဲ​သို့ မြား​ကို​မ​ပစ်​ရ။ မြို့​ရှေ့​မှာ ဒိုင်း​လွှား​ကို​မ​ပြ​ရ။ မြို့​ပြင်​မှာ မြေ​ရိုး​ကို​မ​ဖို့​ရ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 33,
      "text": "လာ​သော​လမ်း​ဖြင့် ပြန်​သွား​ရ​မည်။ ဤ​မြို့​ထဲ​သို့ မ​ဝင်​ရ။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 34,
      "text": "ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်၍ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 35,
      "text": "ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 36,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်​လည်း ထို​အ​ရပ်​မှ​ထွက်၍ ပြန်​သွား​ပြီး​လျှင် နိ​နေ​ဝေ​မြို့၌ နေ​လေ၏။"
    },
    {
      "book": 12,
      "chapter": 19,
      "verse": 37,
      "text": "နောက်​တစ်​ဖန် သူ​သည် မိ​မိ​ဘု​ရား​နိ​သ​ရုတ်၏​ဗိ​မာန်၌ ကိုး​ကွယ်​စဉ်​တွင်၊ သား​တော်​အာ​ဒြ​မ္မေ​လက်​နှင့် ရှ​ရေ​ဇာ​သည် ခ​မည်း​တော်​ကို ဓား​နှင့်​သတ်​ပြီး​လျှင်၊ အာ​ရ​မ​နိ​ပြည်​သို့ ပြေး​ကြ၏။ သား​တော်​ဧ​သ​ရ​ဟ​ဒ္ဒုန်​သည်​လည်း ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 1,
      "text": "ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည်​သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 2,
      "text": "ဟေ​ဇ​ကိ​မင်း​သည်​လည်း ထ​ရံ​သို့​မျက်​နှာ​လှည့်၍၊"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 3,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 4,
      "text": "ဟေ​ရှာ​ယ​သည် နန်း​တော်​အ​လယ်​တံ​တိုင်း​သို့ မ​ရောက်​မီ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရောက်၍၊"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 5,
      "text": "သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 6,
      "text": "သင့်​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍​ပေး​မည်။ သင်​နှင့်​ဤ​မြို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ငါ​ကယ်​လွှတ်​မည်။ ငါ့​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း​ထောက်၍ ဤ​မြို့​ကို ကွယ်​ကာ​စောင့်​မ​မည်​အ​ရာ​ကို ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 7,
      "text": "ဟေ​ရှာ​ယ​က​လည်း၊ သင်္ဘော​သ​ဖန်း​သီး အ​လုံး​အ​ထွေး​ကို​ယူ​ခဲ့​လော့​ဟု​ဆို​သည်​အ​တိုင်း ယူ​ခဲ့၍ အ​နာ​ကို​အုံ​ပြီး​မှ မင်း​ကြီး​သက်​သာ​လေ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 8,
      "text": "ဟေ​ဇ​ကိ​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​နာ​ကို​ပျောက်​စေ၍ သုံး​ရက်​လွန်​လျှင် ငါ​သည် ဗိ​မာန်​တော်​သို့ တက်​လိမ့်​မည်​ဆို​သော်၊ အ​ဘယ်​လ​က္ခ​ဏာ​သက်​သေ​ရှိ​သ​နည်း​ဟု မေး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 9,
      "text": "ဟေ​ရှာ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​တော်​မူ​သော လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ အ​ရိပ်​သည် ဆယ်​ချက်​တိုး​ရ​မည်​လော။ ဆယ်​ချက်​ဆုတ်​ရ​မည်​လော​ဟု မေး​သော်၊"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 10,
      "text": "ဟေ​ဇ​ကိ​က၊ အ​ရိပ်​သည် ဆယ်​ချက်​တိုး​လွယ်၏။ ထို​သို့​အ​လို မ​ရှိ။ ဆယ်​ချက်​ဆုတ်​ပါ​စေ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 11,
      "text": "ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​သော​အ​ခါ၊ အာ​ခတ်၏ နေ​တိုင်း​နာ​ရီ​ပေါ်​မှာ ဆယ်​ချက်​ရွေ့​ပြီး​သော​အ​ရိပ်​ကို ဆယ်​ချက်​ပြန်​စေ​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 12,
      "text": "ထို​ကာ​လ​အ​ခါ ဗာ​လ​ဒန်​သား​ဗာ​ဗု​လုန်​မင်း​ကြီး မေ​ရော​ဒ​ဗာ​လ​ဒန်​သည်၊ ဟေ​ဇ​ကိ​မင်း​နာ၍ အ​နာ​ပျောက်​သည်​ကို ကြား​သော​ကြောင့်၊ မေ​တ္တာ​စာ​နှင့် လက်​ဆောင်​ပါ​လျက် တ​မန်​တို့​ကို စေ​လွှတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 13,
      "text": "ဟေ​ဇ​ကိ​မင်း​သည် သူ​တို့​ရောက်​သော​ကြောင့် ဝမ်း​မြောက်၍ ရွှေ​တိုက်​မှ​စ​သော ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ၊ လက်​နက်​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို ပြ​လေ၏။ နန်း​တော်​မှ​စ၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 14,
      "text": "ထို​အ​ခါ ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​တော်​သို့ သွား၍၊ ထို​လူ​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ အ​ထံ​တော်​သို့​လာ​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဇ​ကိ​မင်း​က၊ ဝေး​သော​အ​ရပ် ဗာ​ဗု​လုန်​ပြည်​မှ ရောက်​လာ​ကြ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 15,
      "text": "နန်း​တော်၌ အ​ဘယ်​အ​ရာ​ကို မြင်​ကြ​ပြီ​နည်း​ဟု မေး​ပြန်​လျှင်၊ ဟေ​ဇ​ကိ​မင်း​က၊ နန်း​တော်၌​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​ပြီ။ ဘ​ဏ္ဍာ​တော်​တွင် ငါ​မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 16,
      "text": "ထို​အ​ခါ ဟေ​ရှာ​ယ​က၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​လော့။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 17,
      "text": "နန်း​တော်၌ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​သည် ဆည်း​ပူး​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 18,
      "text": "သင်​နှင့်​နွယ်၍​ရ​သော သင်၏​သား​မြေး​တို့​ကို​လည်း ယူ​သွား၍၊ သူ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ နန်း​တော်၌ လူ​ပျို​တော်​လုပ်​ရ​ကြ​လိမ့်​မည်​ဟု ဟေ​ဇ​ကိ​မင်း​အား ပြော​ဆို​လေ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 19,
      "text": "ဟေ​ဇ​ကိ​မင်း​က​လည်း၊ သင်​ပြန်​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် ကောင်း​ပါ၏​ဟူ၍​လည်း​ကောင်း၊ အ​ကယ်၍ ငါ့​လက်​ထက်၌ ငြိမ်​သက်​ခြင်း​နှင့် သ​စ္စာ​စောင့်​ခြင်း​ရှိ​လျှင် ကောင်း​ပါ​သည် မ​ဟုတ်​လော​ဟူ၍​လည်း​ကောင်း၊ ဟေ​ရှာ​ယ​အား ဆို​လေ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 20,
      "text": "ဟေ​ဇ​ကိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း၊ ရေ​ကန်​နှင့် ရေ​ပြွန်​ကို​လုပ်၍ မြို့​ထဲ​သို့​ရေ​ကို ဆောင်​ခြင်း​အ​ရာ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌​ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 20,
      "verse": 21,
      "text": "ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 1,
      "text": "မ​နာ​ရှေ​သည် အ​သက်​တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​ငါး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဟ​ဇ္ဇိ​ဘ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 2,
      "text": "ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 3,
      "text": "ခ​မည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​သော​ကုန်း​တို့​ကို ပြု​ပြင်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ပြု​သ​ကဲ့​သို့ ဗာ​လ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။ အာ​ရှ​ရ​ပင်​ကို​လည်း ပြု​စု၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​လည်း ဝတ်​ပြု​ကိုး​ကွယ်၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 4,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌ ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 5,
      "text": "ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင် မိုး​ကောင်း​ကင်​တန်​ဆာ​များ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 6,
      "text": "မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်​ကို​သုံး​ဆောင်၍ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌ များ​စွာ​သော​ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 7,
      "text": "ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ မိ​မိ​ပြု​စု​သော အာ​ရှ​ရ​ပင်​နှင့်​တူ​အောင် လုပ်​သော​ရုပ်​တု​ကို တင်​ထား၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 8,
      "text": "ငါ​မှာ​ထား​သ​မျှ​အ​တိုင်း ငါ့​ကျွန်​မော​ရှေ​မှာ​ထား​သ​မျှ​သော​တ​ရား​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​ခြင်း​ငှာ စောင့်​ရှောက်​လျှင်၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ သူ​တို့​ကို နောက်​တစ်​ဖန်​ငါ​မ​ရွှေ့​မ​ပြောင်း​စေ​ဟု မိန့်​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 9,
      "text": "သူ​တို့​သည် နား​မ​ထောင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက် သာ၍ ဒု​စ​ရိုက်​ကို​ပြု​စေ​ခြင်း​ငှာ မ​နာ​ရှေ​သည် သွေး​ဆောင်​လေ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 10,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 11,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​မ​နာ​ရှေ​သည် သူ့​ရှေ့​မှာ​ဖြစ်​ဖူး​သော အာ​မော​ရိ​လူ​တို့​ပြု​သ​မျှ​ထက် သာ၍​ရွံ​ရှာ​ဖွယ်​သော ဤ​ဒု​စ​ရိုက်​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ မိ​မိ​ရုပ်​တု​ဆင်း​တု​အား​ဖြင့် ယု​ဒ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 12,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​နှစ်​ဖက်​ခါး​စေ​ခြင်း​ငှာ ငါ​သည် ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ပြည်၌ ဘေး​ရောက်​စေ​မည်။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 13,
      "text": "ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ရှ​မာ​ရိ​မျဉ်း​ကြိုး​နှင့် အာ​ဟပ်​အ​မျိုး၏​ချိန်​ကြိုး​ကို ငါ​တန်း​ချ​မည်။ ပန်း​ကန်​ကို​သုတ်၍ သုတ်​ပြီး​မှ​မှောက်​ထား​သ​ကဲ့​သို့ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​မည်။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 14,
      "text": "ကျန်​ကြွင်း​သော ငါ့​အ​မွေ​လူ​တို့​ကို ငါ​စွန့်၍ ရန်​သူ​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် ရန်​သူ​အ​ပေါင်း​တို့၏ လု​ယက်​နှိပ်​စက်​ရာ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား ဘိုး​ဘေး​တို့​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ရှေ့​မှာ ဒု​စ​ရိုက်​ကို​ပြု၍ ငါ့​အ​မျက်​ကို​နှိုး​ဆော်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 16,
      "text": "မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ယု​ဒ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော အ​ပြစ်​မှ​တစ်​ပါး အ​ပြစ်​မ​ရှိ​သော သူ​အ​များ​တို့​ကို​သတ်၍ ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် သူ​တို့​အ​သွေး​နှင့် ပြည့်​စေ​ခြင်း​ငှာ​ပြု၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 17,
      "text": "မ​နာ​ရှေ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် ပြစ်​မှား​သော အ​ပြစ်​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 18,
      "text": "မ​နာ​ရှေ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဩ​ဇ​ဥ​ယျာဉ်​တည်း​ဟူ​သော မိ​မိ​အိမ်​နှင့်​ဆိုင်​သော ဥ​ယျာဉ်၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 19,
      "text": "အာ​မုန်​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား ယု​ပ္ဘါ​မြို့​သူ ဟာ​ရုပ်​သ​မီး မေ​ရှု​လ​မက်​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 20,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​မ​နာ​ရှေ​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 21,
      "text": "ခ​မည်း​တော်​လိုက်​သ​မျှ​သော​လမ်း​သို့ လိုက်၏။ ခ​မည်း​တော်​ဝတ်​ပြု​သော ရုပ်​တု​ဆင်း​တု​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 22,
      "text": "ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​တော်​ကို လွှဲ​ရှောင်၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 23,
      "text": "မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍ ရှင်​ဘု​ရင်​ကို နန်း​တော်၌ လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 24,
      "text": "အာ​မုန်​မင်း​ကြီး​တစ်​ဖက်၌ သင်း​ဖွဲ့​သော​သူ​အ​ပေါင်း​တို့​ကို ပြည်​သူ​ပြည်​သား​တို့​သည် ကွပ်​မျက်၍ သား​တော်​ယော​ရှိ​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 25,
      "text": "အာ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 21,
      "verse": 26,
      "text": "ဩ​ဇ​ဥ​ယျာဉ်​တွင် မိ​မိ​သင်္ချိုင်း​တွင်း၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ၍၊ သား​တော်​ယော​ရှိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 1,
      "text": "ယော​ရှိ​သည် အ​သက်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဗော​ဇ​ကတ်​မြို့​သား အ​ဒါ​ယ၏​သ​မီး ယေ​ဒိ​ဒ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 2,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၍ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ဘ​ဒါ​ဝိဒ်​လိုက်​သ​မျှ​သော​လမ်း​သို့ လိုက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 3,
      "text": "ယော​ရှိ​မင်း​ကြီး နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ မေ​ရှု​လံ​သား​ဖြစ်​သော အာ​ဇ​လိ၏​သား စာ​ရေး​တော်​ရှာ​ဖန်​ကို​ခေါ်၍ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​ထံ​သို့ သွား​လော့။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 4,
      "text": "ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့၍ လူ​များ​လက်​မှ တံ​ခါး​စောင့်​ခံ​ယူ​သော ငွေ​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ရေ​တွက်​သ​ဖြင့်၊"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 5,
      "text": "ဗိ​မာန်​တော်​အုပ်၊ အ​မှု​တော်​စောင့်​တို့၌​အပ်၍၊ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို ပြု​ပြင်​ခြင်း​ငှာ လုပ်​ဆောင်​သော​သူ၊"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 6,
      "text": "လက်​သ​မား​နှင့် ပန်း​ရန်​သ​မား​လုပ်​သည်​အ​တွက်၊ ဗိ​မာန်​တော်​ပြု​ပြင်​စ​ရာ​ကျောက်​နှင့် သစ်​သား​ကို​ဝယ်​သည်​အ​တွက် ဝေ​ပေး​ရ​မည်​အ​ကြောင်း​မှာ​ထား၍ ဗိ​မာန်​တော်​သို့ စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 7,
      "text": "သို့​ရာ​တွင် ထို​ငွေ​ကို လက်​ခံ​သော​သူ​တို့​သည် သ​စ္စာ​စောင့်​သော​သူ​ဖြစ်​သော​ကြောင့် စာ​ရင်း​မ​ပေး​ရ​ကြ။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 8,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​လည်း၊ ပ​ည​တ္တိ​ကျမ်း​စာ​စောင်​ကို ဗိ​မာန်​တော်၌ ငါ​တွေ့​ပြီ​ဟု စာ​ရေး​တော်​ရှာ​ဖန်​အား ဆို​လျက်၊ ကျမ်း​စာ​ကို​အပ်၍ စာ​ရေး​တော်​ဖတ်၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 9,
      "text": "တစ်​ဖန် စာ​ရေး​တော်​ရှာ​ဖန်​သည် ရှင်​ဘု​ရင်​ထံ​သို့​သွား၍၊ ကိုယ်​တော်​ကျွန်​တို့​သည် ဗိ​မာန်​တော်၌ တွေ့​သော​ငွေ​ကို မှုတ်​ပြီး​မှ၊ ဗိ​မာန်​တော်​အုပ်၊ အ​မှု​တော်​စောင့်​တို့၌ အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 10,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် ကျွန်​တော်၌ စာ​စောင်​ကို အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း ကြား​လျှောက်​လျက်၊ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဖတ်​ရွတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 11,
      "text": "ရှင်​ဘု​ရင်​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို ဆုတ်၍၊"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 12,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ၊ ရှာ​ဖန်​သား​အ​ဟိ​ကံ၊ မိ​က္ခာ​သား​အာ​ခ​ဗော်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အ​သ​ဟိ​ကို​ခေါ်၍၊"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 13,
      "text": "ယ​ခု​တွေ့​သော ကျမ်း​စ​ကား​ကြောင့် ငါ့​အ​တွက်၊ လူ​များ​အ​တွက်၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​ကြ​ပါ။ ငါ​တို့​အ​ဖို့ ဤ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​သော​စ​ကား​တို့​ကို ဘိုး​ဘေး​တို့​သည် နား​မ​ထောင်​မ​ကျင့်​ဘဲ နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 14,
      "text": "ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား၊ အ​ချုပ်​ဝန်​ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​ပြင်​မြို့၌​နေ​သည် ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်၊ ရှာ​ဖန်၊ အ​သ​ဟိ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 15,
      "text": "မိန်း​မ​က​လည်း၊ ငါ့​ထံ​သို့​စေ​လွှတ်​သော​သူ​ထံ​သို့ သင်​တို့​ပြန်၍​ဆင့်​ဆို​ရ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 16,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဖတ်​သော ကျမ်း​စ​ကား​လာ​သ​မျှ​အ​တိုင်း ငါ​သည် ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ဘေး​ရောက်​စေ​မည်။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော​အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​စေ​ခြင်း​ငှာ သင်​တို့​ကို​စေ​လွှတ်​သော ယု​ဒ​ရှင်​ဘု​ရင်​ကြား​သော ကျမ်း​စ​ကား​ကို​ရည်​ဆောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို ထို​ရှင်​ဘု​ရင်​အား တစ်​ဖန် ပြန်​လျှောက်​ရ​မည်​ကား၊"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 19,
      "text": "ဤ​အ​ရပ်​သား​တို့​သည် ဖျက်​ဆီး​ရာ​နှင့် ကျိန်​ဆဲ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည် ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို​ပြု​သော​ကြောင့် သင့်​စ​ကား​ကို ငါ​နား​ထောင်၏။"
    },
    {
      "book": 12,
      "chapter": 22,
      "verse": 20,
      "text": "ငါ​သည်​သင့်​ကို ဘိုး​ဘေး​စု​ဝေး​ရာ​သို့​ပို့​ဆောင်၍၊ သင်​သည် ငြိမ်​ဝပ်​စွာ​သင်္ချိုင်း​သို့​ရောက်​ရ​လိမ့်​မည်။ ဤ​အ​ရပ်၌ ငါ​ရောက်​စေ​အံ့​သော​ဘေး​ကို သင့်​ကိုယ်​တိုင်​မ​တွေ့​မ​မြင်​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​အ​တိုင်း သူ​တို့​သည် ရှင်​ဘု​ရင်​အား ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 1,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို ခေါ်၍၊"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 2,
      "text": "ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗိ​မာန်​တော်​သို့​တက်၍၊ ဗိ​မာန်​တော်၌​တွေ့​သော ပ​ဋိ​ညာဉ်​ကျမ်း​စာ​ရှိ​သ​မျှ​ကို သူ​တို့​ရှေ့​မှာ ဖတ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု တိုင်​နား​မှာ​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ထို​အ​ဓိ​ဋ္ဌာန်​ကို ဝန်​ခံ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 4,
      "text": "နောက်​တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် တံ​ခါး​စောင့်​များ​တို့​သည် ဗာ​လ​ဘု​ရား၊ အာ​ရှ​ရ​ပင်၊ မိုး​ကောင်း​ကင်​တန်​ဆာ​အ​ဖို့ လုပ်​သ​မျှ​သော အ​သုံး​အ​ဆောင်​တို့​ကို ဗိ​မာန်​တော်​ထဲ​က ထုတ်​မည်​အ​ကြောင်း ရှင်​ဘု​ရင်​စီ​ရင်​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ကေ​ဒြုန်​တော၌ မီး​ရှို့၍ ပြာ​ကို ဗေ​သ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 5,
      "text": "ယေ​ရု​ရှ​လင်​မြို့​ပတ်​လည် အ​စ​ရှိ​သော ယု​ဒ​မြို့​ရွာ၌ မြင့်​သော​အ​ရပ်​တို့​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စေ​ခြင်း​ငှာ၊ ယု​ဒ​ရှင်​ဘု​ရင်​ခန့်​ထား​သော ယဇ်​ပု​ရော​ဟိတ် တို့​ကို​လည်း​ကောင်း၊ ဗာ​လ​ဘု​ရား၊ နေ​လ​ရာ​သီ​စောင့် အ​စ​ရှိ​သော မိုး​ကောင်း​ကင်​တန်​ဆာ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​သော သူ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 6,
      "text": "အာ​ရှ​ရ​ပင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​က​ထုတ်၍ ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ကေ​ဒြုန်​ချောင်း​သို့ ယူ​သွား​သ​ဖြင့်၊ ထို​ချောင်း​နား​မှာ မီး​ရှို့​ပြီး​လျှင် ညက်​ညက်​ချေ၍၊ အ​မှုန့်​ကို ဆင်း​ရဲ​သား​သင်္ချိုင်း​ပေါ်​မှာ ဖြန့်​ဖြူး​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 7,
      "text": "မိန်း​မ​တို့​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ကု​လား​ကာ​ကို​ရက်​ရာ​အ​ရပ် ဗိ​မာန်​တော်​နား​မှာ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့ နေ​ရာ​အိမ်​များ​ကို​လည်း ဖျက်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 8,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို ယု​ဒ​မြို့​ရွာ​တို့​မှ​ခေါ်​ခဲ့၍၊ သူ​တို့​သည် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ မြင့်​သော​အ​ရပ်​များ​ကို ဂေ​ဗ​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ညစ်​ညူး​စေ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​ဝန် ယော​ရှု၏​တံ​ခါး​ဝ လက်​ဝဲ​ဘက်​နား​မှာ​တည်​သော မြို့​တံ​ခါး၏​ကုန်း​တို့​ကို​လည်း ဖြို​ဖျက်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 9,
      "text": "မြင့်​သော​အ​ရပ်​နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော် ယဇ်​ပ​လ္လင်​နား​သို့ မ​ချဉ်း​ရ​ဘဲ၊ အ​ပေါင်း​အ​ဖော်​တို့​နှင့် တ​ဆေး​မဲ့​မုန့်​ကို စား​ရ​သော​အ​ခွင့်​သာ​ရှိ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 10,
      "text": "အ​ဘယ်​သူ​မျှ မိ​မိ​သား​သ​မီး​ကို မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​နိုင်​မည်​အ​ကြောင်း၊ ဟိ​န္နုံ​သား၏ ချိုင့်၌​ရှိ​သော တော​ဖက်​အ​ရပ်​ကို​လည်း ညစ်​ညူး​စေ​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 11,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​တို့​သည် နေ​ကို​ပူ​ဇော်၍၊ ဗိ​မာန်​တော်​ဝင်း​ပြင်​အ​ရာ​ရှိ နာ​သ​မ္မေ​လက်​အိမ်​နား၊ ဝင်း​တော်​တံ​ခါး​ဝ၌​ထား​သော မြင်း​တို့​ကို​လည်း ပယ်​ရှား၍ နေ​ရ​ထား​တို့​ကို​လည်း မီး​ရှို့​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 12,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​တို့​သည် အာ​ဟပ်​မင်း​တိုက်​တော် အ​ထက်​ဆင့်​အ​ပေါ်​မှာ တည်​ထား​သော ယဇ်​ပ​လ္လင်​တို့​နှင့် မ​နာ​ရှေ​မင်း​သည် ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင် တည်​ထား​သော​ပ​လ္လင်​တို့​ကို ရှင်​ဘု​ရင်​ဖြို​ချ​ချေ​ဖျက်၍ အ​မှုန့်​ကို ကေ​ဒြုန်​ချောင်း​ထဲ​သို့​ပစ်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့၊ ဖျက်​ဆီး​ခြင်း​တောင်​လက်​ယာ​ဘက်၌ ရွံ​ရှာ​ဖွယ်​သော ဇိ​ဒုန်​ဘု​ရား​အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​အ​ဖို့ တည်​သော ကုန်း​တို့​ကို​လည်း ရှင်​ဘု​ရင်​ညစ်​ညူး​စေ​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 14,
      "text": "ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၍ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ​ပြီး​မှ၊ သူ​တို့​တည်​ရာ​အ​ရပ်​များ​ကို လူ​သေ​အ​ရိုး​တို့​နှင့် ပြည့်​စေ​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​သည်၊ ဗေ​သ​လ​မြို့၌​တည်​သော​ကုန်း​နှင့် ယဇ်​ပ​လ္လင်​ကို​လည်း ဖြို​ချ၍ မီး​ရှို့​ပြီး​မှ ညက်​ညက်​ခြေ​တော်​မူ၏။ အာ​ရှ​ရ​ပင်​ကို​လည်း မီး​ရှို့​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 16,
      "text": "ယော​ရှိ​မင်း​သည် လှည့်​လည်၍ ကြည့်​ရှု​လျက်၊ ထို​တောင်​ပေါ်​မှာ​ရှိ​သော သင်္ချိုင်း​ကို မြင်​သော​အ​ခါ၊ လူ​ကို​စေ​လွှတ်၍ ထို​သင်္ချိုင်း​ထဲ​က လူ​သေ​အ​ရိုး​တို့​ကို ထုတ်​ပြီး​လျှင်၊ ထို​အ​မှု​ကို အ​ထက်​က​ဖော်​ပြ​သော ဘု​ရား​သ​ခင်၏​လူ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​တိုင်း၊ အ​ရိုး​တို့​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့၍ ညစ်​ညူး​စေ​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 17,
      "text": "ယော​ရှိ​မင်း​က​လည်း၊ ငါ​မြင်​သော ထို​မှတ်​ကျောက်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ မြို့​သား​တို့​က၊ ကိုယ်​တော်​သည် ဗေ​သ​လ​ယဇ်​ပ​လ္လင်၌ ပြု​တော်​မူ​သော​အ​မှု​ကို၊ ယု​ဒ​ပြည်​မှ​လာ၍​ဖော်​ပြ​သော ဘု​ရား​သ​ခင်၏​လူ​သင်္ချိုင်း​ဖြစ်​ပါ​သည်​ဟု ပြန်​လျှောက်​ကြ​သော်၊"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 18,
      "text": "ရှင်​ဘု​ရင်​က၊ ရှိ​စေ​လော့။ ထို​သူ၏​အ​ရိုး​တို့​ကို အ​ဘယ်​သူ​မျှ​မ​ရွှေ့​စေ​နှင့်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ၏​အ​ရိုး​တို့​နှင့် ရှ​မာ​ရိ​မြို့​မှ​လာ​သော ပ​ရော​ဖက်​အ​ရိုး​တို့​ကို​ရှိ​စေ​ကြ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 19,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​သည် အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ရှ​မာ​ရိ​မြို့​ရွာ​တို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ တည်​လုပ်​သော အိမ်​ရှိ​သ​မျှ​တို့​ကို​လည်း ယော​ရှိ​မင်း​သည်​ပယ်​ရှား၍၊ ဗေ​သ​လ​မြို့၌ ပြု​သ​မျှ​အ​တိုင်း ပြု​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 20,
      "text": "မြင့်​သော​အ​ရပ်​နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ယဇ်​ပ​လ္လင်​ပေါ်​မှာ ကွပ်​မျက်၍၊ လူ​သေ​အ​ရိုး​တို့​ကို မီး​ရှို့​ပြီး​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 21,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​က​လည်း၊ ဤ​ပ​ဋိ​ညာဉ်​ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ဆောင်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​ကို​မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 22,
      "text": "အ​ကယ်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​သော တ​ရား​သူ​ကြီး​လက်​ထက်​မှ​စ၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​လက်​ထက်​ကာ​လ​ပတ်​လုံး၊ ထို​သို့​သော​ပ​သ​ခါ​ပွဲ​ကို တစ်​ခါ​မျှ​မ​ဆောင်​ကြ။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 23,
      "text": "ယော​ရှိ​မင်း​ကြီး​နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင် ထို​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ကြ​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 24,
      "text": "ထို​မှ​တစ်​ပါး၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​တွေ့​သော ကျမ်း​စာ၌​ပါ​သော စ​ကား​အ​တိုင်း ကျင့်​လို​သော​ငှာ၊ ယော​ရှိ​မင်း​သည် စုန်း၊ နတ်​ဝင်၊ တေ​ရပ်​ရုပ်​တု​မှ​စ၍ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​လုံး​တွင် ရွံ​ရှာ​ဖွယ်​သော​အ​ရာ တွေ့​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 25,
      "text": "မော​ရှေ​တ​ရား၌ ပါ​သ​မျှ​ကို​ကျင့်​သ​ဖြင့်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြောင်း​လဲ၍၊ ယော​ရှိ​မင်း​နှင့်​တူ​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ​မ​ဖြစ်​စ​ဖူး။ နောင်​ကာ​လ၌​လည်း မ​ပေါ်​မ​ရှိ။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 26,
      "text": "သို့​ရာ​တွင် မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ပြစ်​မှား​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ယု​ဒ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်၍ စိတ်​တော်​မ​ပြေ။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 27,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​သ​ကဲ့​သို့ ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ပယ်​ရှား​မည်။ ငါ​ရွေး​ချယ်​သော ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ အ​ကြင်​ဗိ​မာန်၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ငါ​ဆို​သော ဗိ​မာန်​ကို​လည်း​ကောင်း၊ ငါ​စွန့်​ပစ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 28,
      "text": "ယော​ရှိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 29,
      "text": "ထို​မင်း​လက်​ထက်၌ အဲ​ဂု​တ္တု ဖာ​ရော​ဘု​ရင်​နေ​ခေါ​သည် ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို စစ်​ချီ၍၊ ယော​ရှိ​မင်း​ကြီး​သည် ဆီး​တား​ခြင်း​ငှာ ထွက်​ရာ​တွင်၊ မေ​ဂိ​ဒ္ဒေါ​မြို့​မှာ မင်း​ချင်း​တွေ့​သော​အ​ခါ၊ ယော​ရှိ​မင်း​သည် အ​သက်​ဆုံး​လေ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 30,
      "text": "ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​မှာ​တင်​ပြီး​လျှင်၊ မင်း​ကြီး​သေ​စဉ်​တွင် မေ​ဂိ​ဒ္ဒေါ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍ သင်္ချိုင်း​တော်၌ သင်္ဂြိုဟ်​ကြ၏။ ပြည်​သူ ပြည်​သား​တို့​သည် ယော​ရှိ​သား​ယော​ခတ်​ကို ယူ၍ ဘိ​သိက်​ပေး​လျက် ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 31,
      "text": "ယော​ခတ်​သည် အ​သက်​နှစ်​ဆယ်​သုံး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ၏​သ​မီး ဟာ​မု​တာ​လ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 32,
      "text": "ထို​မင်း​သည် ဘိုး​ဘေး​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 33,
      "text": "ဖာ​ရော​နေ​ခေါ​သည် ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​မှာ မင်း​မ​ပြု​စေ​ခြင်း​ငှာ ဟာ​မတ်​ပြည်၊ ရိ​ဗ​လ​မြို့​မှာ​အ​ကျဉ်း​ထား၍၊ ယု​ဒ​ပြည်၌ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ရွှေ​အ​ခွက်​တစ်​ဆယ်​ကို အ​ခွန်​တောင်း​လေ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 34,
      "text": "ဖာ​ရော​နေ​ခေါ​သည်​လည်း၊ ယော​ရှိ​သား​ဧ​လျာ​ကိမ်​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်၍ ယော​ယ​ကိမ် အ​မည်​သစ်​ကို ပေး၏။ ယော​ခတ်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ယူ​သွား၍ ထို​ပြည်၌ ယော​ခတ်​သည် သေ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 35,
      "text": "ယော​ယ​ကိမ်​သည်​လည်း ဖာ​ရော​ဘု​ရင် အ​မိန့်​တော်​အ​တိုင်း၊ တစ်​ပြည်​လုံး​တွင် ရွှေ​ငွေ​ခွဲ၍ ဖာ​ရော​ဘု​ရင်​အား အ​ခွန်​ဆက်​ရ၏။ ပြည်​သူ​ပြည်​သား အ​သီး​အ​သီး​တို့​ကို ရွှေ​ငွေ​ခွဲ​သည်​အ​တိုင်း၊ ကျပ်​တည်း​စွာ​တောင်း၍ ဖာ​ရော​နေ​ခေါ​အား ဆက်​လေ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 36,
      "text": "ယော​ယ​ကိမ်​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ရု​မ​မြို့​သား ပေ​ဒဲ​ယ၏​သ​မီး ဇေ​ဗု​ဒ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 23,
      "verse": 37,
      "text": "ထို​မင်း​သည် ဘိုး​ဘေး​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 1,
      "text": "ယော​ယ​ကိမ်​မင်း​လက်​ထက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ယော​ယ​ကိမ်​သည် သုံး​နှစ်​ကျွန်​ခံ​ပြီး​မှ တစ်​ဖန်​လှန်​ပြန်၍ ပုန်​ကန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ခါ​လ​ဒဲ​တပ်​သား၊ ရှု​ရိ​တပ်​သား၊ မော​ဘ​တပ်​သား၊ အ​မ္မုန်​တပ်​သား​တို့​ကို စစ်​ချီ​စေ​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 3,
      "text": "မ​နာ​ရှေ​မင်း​ပြု​မိ​သ​မျှ​သော အ​ပြစ်၊ အ​သေ​မ​ခံ​ထိုက်​သော​သူ​တို့​ကို​သတ်၍ သူ​တို့​အ​သွေး​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို ပြည့်​စေ​သော အ​ပြစ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မ​မူ။ ယု​ဒ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​လို​သော​ငှာ စီ​ရင်​တော်​မူ​သည် အ​တိုင်း​သာ ထို​အ​မှု​ရောက်​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 5,
      "text": "ယော​ယ​ကိမ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 6,
      "text": "ယော​ယ​ကိမ်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သား​တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 7,
      "text": "အဲ​ဂု​တ္တု​မြစ်​မှ​စ၍ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ပိုင်​သ​မျှ​သော​မြေ​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ယူ​သော​ကြောင့်၊ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် မိ​မိ​ပြည်​မှ မ​ချီ​မ​ထွက်​ရ။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 8,
      "text": "ယေ​ခေါ​နိ​သည် အ​သက်​ဆယ်​ရှစ်​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား ဧ​လ​နာ​သန်၏​သ​မီး​န​ဟု​တ္တ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 9,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 10,
      "text": "ထို​ကာ​လ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ၏ ကျွန်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​စစ်​ချီ၍ ဝိုင်း​ထား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 11,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ကိုယ်​တိုင်​ရောက်၍၊ သူ၏​ကျွန်​တို့​သည် မြို့​ကို ဝိုင်း​ထား​ကြ​သော​အ​ခါ၊"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 12,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ဖူး​သည်​အ​တိုင်း ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၍၊ ဗိ​မာန်​တော်​အ​ဖို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လုပ်​သော ရွှေ​တန်​ဆာ​အ​လုံး​စုံ​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လေ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 14,
      "text": "ယေ​ရု​ရှ​လင်​မြို့​သား​မှူး​မတ်၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တစ်​သောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော ဆ​ရာ​သ​မား​အ​ပေါင်း​တို့​ကို​သိမ်း​သွား၍၊ သာ​မ​ည​ဆင်း​ရဲ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ကျန်​ကြွင်း​ရ။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 15,
      "text": "ယေ​ခေါ​နိ​နှင့် မယ်​တော်​အ​စ​ရှိ​သော မိ​ဖု​ရား​များ၊ အ​ရာ​ရှိ​များ၊ အား​ကြီး​သော ပြည်​သား​များ​အ​ပေါင်း၊"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 16,
      "text": "စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ​ရှိ​သ​မျှ၊ ခွန်​အား​ကြီး​သော လူ​ခု​နစ်​ထောင်၊ အ​ထူး​ထူး​အ​ပြား​အ​ပြား​သော ဆ​ရာ​သ​မား​တစ်​ထောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ လက်​ရ​သိမ်း​သွား​လေ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 17,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ခေါ​နိ​ဘ​ထွေး​တော်​မဿ​နိ​ကို ဇေ​ဒ​ကိ​အ​မည်​ဖြင့်​မှည့်၍ ယေ​ခေါ​နိ​အ​ရာ၌ နန်း​တင်၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 18,
      "text": "ဇေ​ဒ​ကိ​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သား ယေ​ရ​မိ၏​သ​မီး​ဟာ​မု​တာ​လ​အ​မည်​ရှိ၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 19,
      "text": "ထို​မင်း​သည် ယော​ယ​ကိမ်​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 12,
      "chapter": 24,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 1,
      "text": "ဇေ​ဒ​ကိ​မင်း​နန်း​စံ ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုပ်​တို့​ကို တူး​လုပ်​ပြီး​မှ၊"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 2,
      "text": "ဇေ​ဒ​ကိ​မင်း​နန်း​စံ တစ်​ဆယ်​တစ်​နှစ်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 3,
      "text": "ထို​နှစ် စ​တု​တ္ထ​လ​ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန်​အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 4,
      "text": "ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 5,
      "text": "ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ကို​လိုက်၍ ယေ​ရိ​ခေါ​လွင်​ပြင်၌ မီ​သ​ဖြင့်၊ ဇေ​ဒ​ကိ​မင်း၏ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 6,
      "text": "ရန်​သူ​တို့​သည် ရှင်​ဘု​ရင်​ကို​ဖမ်း​ဆီး၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ရိ​ဗ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ​မင်း၏​အ​မှု​ကို စစ်​ကြော​စီ​ရင်​သည်​အ​တိုင်း၊"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 7,
      "text": "ဇေ​ဒ​ကိ​မင်း၏​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​ကြ၏။ ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို​ကြေး​ဝါး​ကြိုး​နှင့်​ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 8,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ ဆယ်​ကိုး​နှစ်၊ ပ​ဥ္စ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 9,
      "text": "ဗိ​မာန်​တော်၊ နန်း​တော်၊ မင်း​အိမ်၊ ဆင်း​ရဲ​သား​အိမ်​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 10,
      "text": "ကိုယ်​ရံ​တော်​မှူး၌​ပါ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရိုး ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​ကြ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 11,
      "text": "ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကြွင်း​သ​မျှ​သော​သူ​တို့​ကို သိမ်း​သွား​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 12,
      "text": "သို့​ရာ​တွင် စ​ပျစ်​ဥ​ယျာဉ်​ကို​ပြု​စု၍ လယ်​လုပ်​စေ​ခြင်း​ငှာ၊ ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ထား​ခဲ့​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 13,
      "text": "ဗိ​မာန်​တော်၌ ကြေး​ဝါ​တိုင်​တို့​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ရေ​ကန်​ကို​လည်း​ကောင်း၊ ရေ​ချိုး​အင်​တုံ အ​ခြေ​အ​မြစ်​တို့​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​လူ​တို့​သည် ချိုး​ဖဲ့၍၊ ကြေး​ဝါ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 14,
      "text": "အိုး​ကင်း၊ တူး​ရွင်း​ပြား၊ မီး​ညှပ်၊ ဇွန်း​မှ​စ၍ အ​မှု​တော်​ထမ်း​စ​ရာ ကြေး​ဝါ​တန်​ဆာ ရှိ​သ​မျှ​တို့​ကို​လည်း ယူ​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 15,
      "text": "ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော လင်​ပန်း၊ အိုး​အ​စ​ရှိ​သော တန်​ဆာ​များ​ကို ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 16,
      "text": "ဗိ​မာန်​တော်၌ ရှော​လ​မုန်​မင်း​လုပ်​သော တိုင်​နှစ်​တိုင်၊ ရေ​ကန်​တစ်​ခု၊ အ​ခြေ​အ​မြစ်​များ၌​ပါ​သော ကြေး​ဝါ​သည် အ​ချိန်​အား​ဖြင့် အ​တိုင်း​မ​သိ​များ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 17,
      "text": "တိုင်​အ​မြင့်​ကား တစ်​ဆယ်​ရှစ်​တောင်​ရှိ၏။ ကြေး​ဝါ​တိုင်​ထိပ်​လည်း ရှိ၏။ တိုင်​ထိပ်​အ​မြင့်​ကား သုံး​တောင်​ရှိ၍၊ ထိပ်​ပတ်​လည် ကြေး​ဝါ​ကွန်​ရွက်၊ ကြေး​ဝါ​သ​လဲ​သီး​တို့​နှင့် ပြည့်​စုံ၏။ အ​ခြား​သော​တိုင်​သည်​လည်း ထို​အ​တူ​ဖြစ်၍ ကွန်​ရွက်​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 18,
      "text": "ကိုယ်​ရံ​တော်​မှူး​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 19,
      "text": "စစ်​သူ​ရဲ​တို့​ကို​အုပ်​သော ဗိုလ်​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော တိုင်​ပင်​မှူး​မတ်​ငါး​ယောက်၊ ပြည်​သူ​ပြည်​သား​များ​ကို နှိုး​ဆော်​သော တပ်​စာ​ရေး​ကြီး​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော ပြည်​သား​ခြောက်​ဆယ်​တို့​ကို မြို့​ထဲ​က​ခေါ်​သွား၍၊"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 20,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ရိ​ဗ​လ​မြို့​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 21,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 22,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​ခွင့်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​လူ​တို့​ကို အုပ်​ရ​သော​မင်း​အ​ရာ၌၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 23,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​သော​အ​ခါ၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​အ​မျိုး၊ တာ​နု​မက်​သား စ​ရာ​ယ၊ မာ​ခ​လိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 24,
      "text": "ဂေ​ဒ​လိ​က၊ ခါ​လ​ဒဲ​မင်း​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ပြည်၌ နေ​ကြ​လော့။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင် ချမ်း​သာ​ရ​ကြ​လိမ့်​မည်​ဟူ၍ ထို​သူ​တို့​အား ကျိန်​ဆို​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 25,
      "text": "သ​တ္တ​မ​လ​တွင်၊ ဆွေ​တော်​မျိုး​တော် ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည် လူ​တစ်​ကျိပ်​နှင့်​တ​ကွ လာ၍ ဂေ​ဒ​လိ​ကို​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ထံ​မှာ​ရှိ​သော ယု​ဒ​လူ​တို့​နှင့် ခါ​လ​ဒဲ​လူ​တို့​ကို​လည်း​ကောင်း သေ​အောင်​လုပ်​ကြံ​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 26,
      "text": "ထို​အ​ခါ တပ်​မှူး​များ​နှင့် ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို ကြောက်​သော​ကြောင့် ထ၍ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ကြ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 27,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ချုပ်​ခံ​ရ​သော သ​က္က​ရာဇ်​သုံး​ဆယ်​ခု​နစ်​နှစ်၊ ဒွါ​ဒ​သ​မ​လ နှစ်​ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဧ​ဝိ​လ​မေ​ရော​ဒက်​နန်း​စံ စ​က၊ ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​ကို ထောင်​ထဲ​က​နုတ်၍ ချမ်း​သာ​ပေး​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 28,
      "text": "ကောင်း​မွန်​စွာ​နှုတ်​ဆက်၍ သူ၏​ပ​လ္လင်​ကို ဗာ​ဗု​လုန်​မြို့​မှာ အ​ထံ​တော်၌​ရှိ​သော မင်း​ကြီး​များ​ထိုင်​ရာ ပ​လ္လင်​တို့​ထက် ချီး​မြှင့်​လေ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 29,
      "text": "ယေ​ခေါ​နိ​မင်း​သည် ထောင်​ထဲ​မှာ​ဝတ်​သော အ​ဝတ်​ကို​လဲ၍၊ အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး အ​စဉ်​မ​ပြတ် အ​ထံ​တော်၌ စား​သောက်​ရ၏။"
    },
    {
      "book": 12,
      "chapter": 25,
      "verse": 30,
      "text": "အ​သက်​ရှည်​သ​မျှ နေ့​ရက်​အ​စဉ်​မ​ပြတ် သူ​စား​စ​ရာ​ဖို့ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ ဓ​မ္မ​ရာ​ဇ​ဝင်​စ​တု​တ္ထ​စောင်​ပြီး၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 1,
      "text": "အာ​ဒံ၊ ရှေ​သ၊ ဧ​နုတ်၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 2,
      "text": "ကာ​ဣ​နန်၊ မ​ဟာ​လေ​လ၊ ယာ​ရက်၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 3,
      "text": "ဧ​နောက်၊ မ​သု​ရှ​လ၊ လာ​မက်၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 4,
      "text": "နော​ဧ၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 5,
      "text": "ယာ​ဖက်​သား​ကား ဂေါ​မာ၊ မာ​ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗာ​လ၊ မေ​ရှ​က၊ တိ​ရတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 6,
      "text": "ဂေါ​မာ​သား​ကား အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော​ဂါ​မ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 7,
      "text": "ယာ​ဝန်​သား​ကား ဧ​လိ​ရှာ၊ တာ​ရှု၊ ကိ​တ္တိမ်၊ ဒေါ​ဒါ​နိမ်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 8,
      "text": "ဟာ​မ​သား​ကား ကု​ရှ၊ မိ​ဇ​ရိမ်၊ ဖု​တ၊ ခါ​နာန်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 9,
      "text": "ကု​ရှ​သား​ကား သေ​ဘ၊ ဟ​ဝိ​လ၊ သာ​ဗ​တ၊ ရာ​ဂ​မ၊ သ​တ္တေ​ခါ​တည်း။ ရာ​ဂ​မ​သား​ကား ရှေ​ဘ၊ ဒေ​ဒန်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 10,
      "text": "ကု​ရှ​သည် သား​နိမ်​ရော​ဒ​ကို​လည်း ရ​သေး၏။ ထို​သူ​သည် မြေ​ကြီး​ပေါ်​မှာ အား​ကြီး​သော​မု​ဆိုး​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 11,
      "text": "မိ​ဇ​ရိမ်​သား​ကား လု​ဒိမ်​လူ၊ အာ​န​မိမ်​လူ၊ လ​ဟာ​ဗိမ်​လူ၊ န​တ္တု​ဟိမ်​လူ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 12,
      "text": "ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 13,
      "text": "ခါ​နာန်​သား​အ​ကြီး​ကား ဇိ​ဒုန်၊ ထို​နောက်​ဟေ​သ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 14,
      "text": "ထို​နောက် ယေ​ဗု​သိ​လူ၊ အာ​မော​ရိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 15,
      "text": "ဟိ​ဝိ​လူ၊ အာ​ကိ​လူ၊ သိ​နိ​လူ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 16,
      "text": "အာ​ဝ​ဒိ​လူ၊ ဇေ​မ​ရိ​လူ၊ ဟာ​မ​သိ​လူ ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 17,
      "text": "ရှေ​မ​သား​ကား ဧ​လံ၊ အာ​ရှု၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ၊ မာ​ရှ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 18,
      "text": "အာ​ဖာ​ဇဒ်​သား​ကား ရှာ​လ၊ ရှာ​လ​သား​ကား ဟေ​ဗာ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 19,
      "text": "ဟေ​ဗာ​သည်​လည်း သား​နှစ်​ယောက်​ကို မြင်​လေ၏။ သား​တစ်​ယောက်​ကား ဖာ​လက်​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ၏​လက်​ထက်၌ မြေ​ကြီး​ကို​ခွဲ​ဝေ​ကြ၏။ သူ၏​ညီ​ကား ယု​တ္တန်​အ​မည်​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 20,
      "text": "ယု​တ္တန်​သား​ကား အာ​လ​မော​ဒန်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 21,
      "text": "ဟ​ဒေါ​ရံ၊ ဥ​ဇာ​လ၊ ဒိ​က​လ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 22,
      "text": "ဩ​ဗာ​လ၊ အ​ဘိ​မေ​လ၊ ရှေ​ဘ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 23,
      "text": "ဩ​ဖိ​ရ၊ ဟ​ဝိ​လ၊ ယော​ဗပ်၊ ဤ​သူ​အ​ပေါင်း​တို့​သည် ယု​တ္တန်​သား​ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 24,
      "text": "ရှေ​မ၊ အာ​ဖာ​ဇဒ်၊ ရှာ​လ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 25,
      "text": "ဟေ​ဗာ၊ ဖာ​လက်၊ ရာ​ဂေါ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 26,
      "text": "စေ​ရောက်၊ နာ​ခေါ်၊ တေ​ရ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 27,
      "text": "အာ​ဗြ​ဟံ​အ​မည်​ရှိ​သော အာ​ဗြံ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 28,
      "text": "အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​နှင့် ဣ​ရှ​မေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 29,
      "text": "ဣ​ရှ​မေ​လ​သား​အ​ကြီး​ကား န​ဗာ​ယုတ်၊ န​ဗာ​ယုတ်​ညီ ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 30,
      "text": "မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊ ဟာ​ဒါ၊ တေ​မ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 31,
      "text": "ယေ​တု​ရ၊ နာ​ဖီ​ရှ၊ ကေ​ဒ​မာ​တည်း​ဟူ​သော ဣ​ရှ​မေ​လ​သား​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 32,
      "text": "အာ​ဗြ​ဟံ​မ​ယား​နှောင်း ကေ​တု​ရ​သား​ကား ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဘတ်၊ ရှု​အာ​တည်း။ ယုတ်​ရှန်​သား​ကား ရှာ​ဘ​နှင့် ဒေ​ဒန်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 33,
      "text": "မိ​ဒျန်​သား​ကား ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒါ​ဧ​လ​ဓာ​တည်း​ဟူ​သော ကေ​တု​ရ​သား​မြေး​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 34,
      "text": "အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်၊ ဣ​ဇာက်​သား​ကား ဧ​သော​နှင့် ဣ​သ​ရေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 35,
      "text": "ဧ​သော​သား​ကား ဧ​လိ​ဖတ်၊ ရွေ​လ၊ ယု​ရှ၊ ယာ​လံ၊ ကော​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 36,
      "text": "ဧ​လိ​ဖတ်​သား​ကား တေ​မန်၊ ဩ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်​မှ​စ၍ တိ​မ​န​တွင် ရ​သော​သား အာ​မ​လက်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 37,
      "text": "ရွေ​လ​သား​ကား နာ​ဟတ်၊ ဇေ​ရ၊ ရှ​မ္မ၊ မိ​ဇ္ဇ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 38,
      "text": "စိ​ရ​သား​ကား လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ၊ ဒိ​ရှန်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 39,
      "text": "လော​တန်​သား​ကား ဟော​ရိ​နှင့် ဟေ​မံ​တည်း။ လော​တန်​နှ​မ​ကား တိ​မ​န​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 40,
      "text": "ရှော​ဗ​လ​သား​ကား အာ​လာ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗာ​လ၊ ရှေ​ဖော၊ ဩ​နံ​တည်း။ ဇိ​ဘောင်​သား​ကား အာ​ယ​နှင့် အာ​န​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 41,
      "text": "အာ​န​သား​ကား ဒိ​ရှုန်၊ ဒိ​ရှုန်​သား​ကား ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်၊ ခေ​ရန်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 42,
      "text": "ဧ​ဇာ​သား​ကား ဗိ​လ​ဟန်၊ ဇာ​ဝန်၊ အာ​ကန်​တည်း။ ဒိ​ရှန်​သား​ကား ဥ​ဇ​နှင့် အာ​ရန်​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 43,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၌ အ​စိုး​ရ​သော​မင်း​ကြီး​မ​ရှိ​မီ ဧ​ဒုံ​ပြည်၌ အ​စိုး​ရ​သော​မင်း​ကြီး​ဟူ​မူ​ကား၊ ဗော​ရ​သား​ဗေ​လ​သည် ဒိ​န္နာ​ဗာ​မြို့၌ မင်း​ပြု၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 44,
      "text": "ဗေ​လ​မင်း​သေ၍ သူ၏​အ​ရာ၌ ဗော​ဇ​ရ​အ​ရပ်​သား ဇေ​ရ၏​သား​ယော​ဗပ်​သည် မင်း​ပြု​လေ၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 45,
      "text": "ယော​ဗပ်​မင်း​သေ၍ သူ၏​အ​ရာ၌ တေ​မာ​နိ​အ​ရပ်​သား ဟု​ရှံ​သည်​မင်း​ပြု​လေ၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 46,
      "text": "ဟု​ရှံ​မင်း​သေ၍ မော​ဘ​လွင်​ပြင်၌ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​သော​သူ၊ ဗေ​ဒဒ်​သား​ဟာ​ဒဒ်​သည် ဟု​ရှံ​အ​ရာ၌​မင်း​ပြု​လေ၏။ မြို့​တော်​ကား အာ​ဝိတ်​မြို့​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 47,
      "text": "ဟာ​ဒဒ်​မင်း​သေ၍ သူ၏​အ​ရာ၌ မာ​သ​ရက်​အ​ရပ်​သား စာ​မ​လ​သည်​မင်း​ပြု​လေ၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 48,
      "text": "စာ​မ​လ​မင်း​သေ၍ သူ၏​အ​ရာ၌ မြစ်​နား​မှာ​နေ​သော ရ​ဟော​ဘုတ်​အ​ရပ်​သား ရှော​လ​သည်​မင်း​ပြု​လေ၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 49,
      "text": "ရှော​လ​မင်း​သေ၍ သူ၏​အ​ရာ၌ အာ​ခ​ဗော်​သား ဗာ​လ​ဟာ​နန်​သည် မင်း​ပြု​လေ၏။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 50,
      "text": "ဗာ​လ​ဟာ​နန်​မင်း​သေ၍ သူ၏​အ​ရာ၌ ဟာ​ဒါ​သည် မင်း​ပြု​လေ၏။ မြို့​တော်​ကား​ပေါ​မြို့​တည်း။ မြောက်​သား​တော်​ကား မေ​ဇ​ဟပ်​သ​မီး​ဖြစ်​သော မာ​တ​ရေ​ဒ၏​သ​မီး မ​ဟေ​တ​ဗေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 51,
      "text": "ဟာ​ဒါ​မင်း​သေ​သော​နောက် ဧ​ဒုံ​ပြည်၌ ဗိုလ်​လုပ်​သော​သူ​ဟူ​မူ​ကား၊ ဗိုလ်​တိ​မ​နာ၊ ဗိုလ်​အာ​လ​ဝ၊ ဗိုလ်​ယေ​သက်၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 52,
      "text": "ဗိုလ်​အ​ဟော​လိ​ဗာ​မ၊ ဗိုလ်​ဧ​လာ၊ ဗိုလ်​ပိ​နုန်၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 53,
      "text": "ဗိုလ်​ကေ​နတ်၊ ဗိုလ်​တေ​မန်၊ ဗိုလ်​မိ​ဗ​ဇ၊"
    },
    {
      "book": 13,
      "chapter": 1,
      "verse": 54,
      "text": "ဗိုလ်​မာ​ဂ​ဒေ​လ၊ ဗိုလ်​ဣ​ရံ​တည်း​ဟူ​သော ဤ​သူ​တို့​သည် ဧ​ဒုံ​ဗိုလ်​များ​ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 1,
      "text": "ဣ​သ​ရေ​လ၏​သား​များ​ဟူ​မူ​ကား၊ ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 2,
      "text": "ဒန်၊ ယော​သပ်၊ ဗင်္ယာ​မိန်၊ နဿ​လိ၊ ဂဒ်၊ အာ​ရှာ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 3,
      "text": "ယု​ဒ​သည် ခါ​နာန်​အ​မျိုး​ဖြစ်​သော ရှု​အာ​သ​မီး​တွင်​မြင်​သော​သား​ကား ဧ​ရ၊ ဩ​နန်၊ ရှေ​လ​တည်း။ ယု​ဒ​သား​ကြီး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆိုး​သော​သူ​ဖြစ်၍ ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 4,
      "text": "ချွေး​မ​တာ​မာ​တွင် မြင်​သော​သား​ကား ဖာ​ရက်​နှင့် ဇာ​ရ​တည်း။ ယု​ဒ​သား​ပေါင်း​ကား ငါး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 5,
      "text": "ဖာ​ရက်​သား​ကား ဟေ​ဇ​ရုံ​နှင့် ဟာ​မု​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 6,
      "text": "ဇာ​ရ​သား​ကား ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ၊ ပေါင်း​ငါး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 7,
      "text": "ဇိ​မ​ရိ​သား​ဖြစ်​သော ကာ​မိ၏​သား​ကား ကျိန်​ဆဲ​အပ်​သော​အ​ရာ​ကို​ယူ၍ ပြစ်​မှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​နှောင့်​ယှက်​သော အာ​ခန်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 8,
      "text": "ဧ​သန်​သား​ကား အ​ဇ​ရိ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 9,
      "text": "ဟေ​ဇ​ရုံ​မြင်​သော​သား​ကား ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 10,
      "text": "အာ​ရံ​သား​ကား အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​သား​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​သော နာ​ရှုန်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 11,
      "text": "နာ​ရှုန်​သား​စာ​လ​မုန်၊ စာ​လ​မုန်​သား​ဗော​ဇ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 12,
      "text": "ဗော​ဇ​သား​ဩ​ဗက်၊ ဩ​ဗက်​သား​ယေ​ရှဲ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 13,
      "text": "ယေ​ရှဲ​သား​ဦး​ကား ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ရှိ​မာ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 14,
      "text": "စ​တု​တ္ထ​သား နာ​သ​နေ​လ၊ ပ​ဥ္စ​မ​သား ရ​ဒ္ဒဲ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 15,
      "text": "ဆ​ဋ္ဌ​မ​သား ဩ​ဇင်၊ သ​တ္တ​မ​သား ဧ​လိ​ဟု၊ အ​ဋ္ဌ​မ​သား ဒါ​ဝိဒ်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 16,
      "text": "သူ​တို့​နှ​မ​ကား ဇေ​ရု​ယာ​နှင့် အ​ဘိ​ဂဲ​လ​တည်း။ ဇေ​ရု​ယာ​သား​ကား အ​ဘိ​ရှဲ၊ ယွာ​ဘ၊ အာ​သ​ဟေ​လ၊ ပေါင်း​သုံး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 17,
      "text": "အ​ဘိ​ဂဲ​လ​သား​ကား အာ​မ​သ၊ အာ​မ​သ​အ​ဘ​ကား ဣ​ရှ​မေ​လ​အ​မျိုး ယေ​သာ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 18,
      "text": "ဟေ​ဇ​ရုံ​သား​ကာ​လက်​သည် မ​ယား​အ​ဇု​ဘ​နှင့် ယေ​ရုတ်​တွင် မြင်​သော​သား​ကား ယေ​ရှာ၊ ရှော​ဗပ်၊ အာ​ဒုန်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 19,
      "text": "အ​ဇု​ဘ​သေ​သော​နောက် ဧ​ဖ​ရတ်​ကို​သိမ်း၍ ဟု​ရ​ကို မြင်​ပြန်​လေ၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 20,
      "text": "ဟု​ရ​သား​ကား ဥ​ရိ၊ ဥ​ရိ​သား​ကား ဗေ​ဇ​လေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 21,
      "text": "ထို​နောက်၊ ဟေ​ဇ​ရုံ​သည် အ​သက်​ခြောက်​ဆယ် ရှိ​သော်၊ ဂိ​လဒ်​အ​ဘ မာ​ခိ​ရ၏​သ​မီး​နှင့် စုံ​ဖက်၍ စေ​ဂုပ်​ကို​မြင်​လေ၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 22,
      "text": "စေ​ဂုပ်​သား​ကား ယာ​ဣ​ရ​တည်း။ ထို​သူ​သည် ဂိ​လဒ်​ပြည်၌ မြို့​နှစ်​ဆယ်​သုံး​မြို့​ကို ပိုင်၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 23,
      "text": "ဂေ​ရှု​ရ​မြို့၊ အာ​ရံ​မြို့​နှင့်​တ​ကွ ယာ​ဣ​ရ​မြို့​စု၊ ကေ​နတ်​မြို့​နှင့် ပတ်​ဝန်း​ကျင်​သော မြို့​စု​မြို့​ပေါင်း ခြောက်​ဆယ်​တို့​ကို တိုက်​ယူ၏။ ထို​မြို့​အ​ပေါင်း​တို့​ကို ဂိ​လဒ်​အ​ဘ မာ​ခိ​ရ၏​သား​မြေး​တို့​သည် ပိုင်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 24,
      "text": "ဟေ​ဇ​ရုံ​သည် ကာ​လက်​ဧ​ဖ​ရတ်​မြို့၌ သေ​သော​နောက်၊ သူ၏​မ​ယား​အ​ဘိ​သည် သူ၏​သား​အာ​ရှု​ရ​ကို ဖွား​မြင်၏။ အာ​ရှု​ရ​သား​ကား တေ​ကော​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 25,
      "text": "ဟေ​ဇ​ရုံ၏ သား​ဦး​ယေ​ရ​မေ​လ​သား​ကား သား​ဦး​အာ​ရံ​မှ​စ၍ ဗု​န၊ ဩ​ရင်၊ ဩ​ဇင်၊ အ​ဟိ​ယ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 26,
      "text": "အာ​တ​ရ​အ​မည်​ရှိ​သော အ​ခြား​မ​ယား​တွင် ဩ​နံ​ကို​မြင်၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 27,
      "text": "ယေ​ရ​မေ​လ၏​သား​ဦး အာ​ရံ​သား​ကား မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 28,
      "text": "ဩ​နံ​သား​ကား ရှ​မ္မဲ​နှင့် ယာ​ဒ​တည်း။ ရှ​မ္မဲ​သား​ကား နာ​ဒပ်​နှင့် အ​ဘိ​ရှု​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 29,
      "text": "အ​ဘိ​ဟဲ​လ​အ​မည်​ရှိ​သော အ​ဘိ​ရှု​ရ​မ​ယား​သည် အာ​ဗန်​နှင့် မော​လိဒ်​ကို ဖွား​မြင်၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 30,
      "text": "နာ​ဒပ်​သား​ကား သေ​လက်​နှင့် အ​ပ္ပိမ်​တည်း။ သေ​လက်၌ သား​မ​ရှိ။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 31,
      "text": "အ​ပ္ပိမ်​သား​ကား ဣ​ရှိ၊ ဣ​ရှိ​သား ရှေ​ရှန်၊ ရှေ​ရှန်​သား အာ​လဲ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 32,
      "text": "ရှ​မ္မဲ​ညီ​ယာ​ဒ​သား​ကား ယေ​သာ​နှင့် ယော​န​သန်​တည်း။ ယေ​သာ၌ သား​မ​ရှိ။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 33,
      "text": "ယော​န​သန်​သား​ကား ပေ​လက်​နှင့် ဇာ​ဇ​တည်း။ ဤ​ရွေ့​ကား ယေ​ရ​မေ​လ​အ​မျိုး​အ​နွယ်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 34,
      "text": "ရှေ​ရှန်၌ သား​မ​ရှိ။ သ​မီး​သက်​သက် ရှိ၏။ ရှေ​ရှန်၌ ယာ​ဟ​အ​မည်​ရှိ​သော အဲ​ဂု​တ္တု​အ​မျိုး​သား ကျွန်​ယောက်ျား​တစ်​ယောက်​ရှိ၍၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 35,
      "text": "ထို​ကျွန်​နှင့် သ​မီး​တစ်​ယောက်​ကို ပေး​စား​သ​ဖြင့် သ​မီး​သည် အ​ဘ​ဖို့ သား​အ​တ္တဲ​ကို ဖွား​မြင်၏။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 36,
      "text": "အ​တ္တဲ​သား​ကား နာ​သန်၊ နာ​သန်​သား ဇာ​ဗဒ်၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 37,
      "text": "ဇာ​ဗဒ်​သား ဧ​ဖ​လ​လ၊ ဧ​ဖ​လ​လ​သား​ဩ​ဗက်၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 38,
      "text": "ဩ​ဗက်​သား ယေ​ဟု၊ ယေ​ဟု​သား အာ​ဇ​ရိ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 39,
      "text": "အာ​ဇ​ရိ​သား​ကား ဟေ​လက်၊ ဟေ​လက်​သား ဧ​လာ​သ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 40,
      "text": "ဧ​လာ​သ​သား သိ​သ​မဲ၊ သိ​သ​မဲ​သား ရှ​လ္လုံ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 41,
      "text": "ရှ​လ္လုံ​သား ယေ​က​မိ၊ ယေ​က​မိ​သား ဧ​လိ​ရှ​မာ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 42,
      "text": "ယေ​ရ​မေ​လ၏​ညီ ကာ​လက်​သား​ဦး​ကား မေ​ရှ၊ မေ​ရှ​သား ဇိ​ဖ၊ ဇိ​ဖ​သား မ​ရေ​ရှ၊ မ​ရေ​ရှ​သား ဟေ​ဗြုန်၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 43,
      "text": "ဟေ​ဗြုန်​သား ကော​ရ၊ တာ​ပွါ၊ ရေ​ကင်၊ ရှေ​မ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 44,
      "text": "ရှေ​မ​သား​ကား ရာ​ဟံ၊ ရာ​ဟံ​သား ယော်​ကောင်​တည်း။ ရေ​ကင်​သား​ကား ရှ​မ္မဲ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 45,
      "text": "ရှ​မ္မဲ​သား မော​န၊ မော​န​သား ဗက်​ဇု​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 46,
      "text": "ကာ​လက်​မ​ယား​ငယ်​သည်​လည်း ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​တို့​ကို ဖွား​မြင်၏။ ဟာ​ရန်​သား​ကား ယာ​ဒဲ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 47,
      "text": "ယာ​ဒဲ​သား​ကား ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 48,
      "text": "ကာ​လက်​မ​ယား​ငယ် မာ​ခါ​သည်​လည်း၊ ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 49,
      "text": "မာ​ဒ​မေ​န​အ​ဘ ရှာ​ဖ၊ မာ​ခ​ဗေ​န​အ​ဘ ရှေ​ဝ၊ ဂိ​အာ​အ​ဘ​ကို​လည်း​ကောင်း ဖွား​မြင်၏။ ကာ​လက်​သ​မီး​ကား အာ​ခ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 50,
      "text": "ဧ​ဖ​ရတ်​သား​ဦး ဟု​ရ၏​သား​ဖြစ်​သော ကာ​လက်​သား​ကား ကိ​ရ​ယတ်​ယာ​ရိမ်​အ​ဘ ရှော​ဗာ​လ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 51,
      "text": "ဗက်​လင်​အ​ဘ စ​လ​မ၊ ဗက်​ဂါ​ဒါ​အ​ဘ ဟာ​ရပ်​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 52,
      "text": "ကိ​ရ​ယတ်​ယာ​ရိမ်​အ​ဘ ရှော​ဗာ​လ​သား​ဟူ​မူ​ကား၊ ဟာ​ရော​နှင့် မ​န​ဟေ​သိ အ​မျိုး​တစ်​ပိုင်း၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 53,
      "text": "ကိ​ရ​ယတ်​ယာ​ရိမ်​အ​မျိုး​မျိုး၊ ဣ​သ​ရိ​လူ၊ ဖု​ဟိ​လူ၊ ရှု​မ​သိ​လူ၊ မိ​ရှ​ရိ​လူ​တည်း။ ထို​အ​မျိုး​ထဲ​က ဇာ​ရာ​သိ​လူ​နှင့် ဧ​ရှ​တော​လိ​လူ ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 54,
      "text": "စ​လ​မ​သား​ဟူ​မူ​ကား၊ ဗက်​လင်​နှင့် နေ​တော​ဖာ​သိ​လူ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ၊ မ​န​ဟေ​သိ အ​မျိုး​တစ်​ပိုင်း၊ ဇော​ရိ​လူ၊"
    },
    {
      "book": 13,
      "chapter": 2,
      "verse": 55,
      "text": "ယာ​ဗက်​မြို့၌​နေ​သော ရှော​ဖ​ရိ​လူ၊ တိ​ရ​သိ​လူ၊ ရှိ​မ​သိ​လူ၊ စု​ခ​သိ​လူ​တည်း။ ထို​သူ​တို့​သည် ရေ​ခပ်​အ​မျိုး၏​အ​ဘ ဟေ​မတ်​မှ ဆင်း​သက်​သော ကိ​နိ​အ​မျိုး​ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 1,
      "text": "ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့​တွင် သား​ဦး​ကား၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​တွင်​မြင်​သော​သား အာ​မ​နုန်​တည်း။ ဒု​တိ​ယ​သား​ကား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင် မြင်​သော​သား ဒံ​ယေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 2,
      "text": "တ​တိ​ယ​သား​ကား၊ ဂေ​ရှု​ရ​ရှင်​ဘု​ရင် တာ​လ​မဲ​သ​မီး​မာ​ခါ၏​သား အ​ဗ​ရှ​လုံ​တည်း။ စ​တု​တ္ထ​သား​ကား၊ ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 3,
      "text": "ပ​ဥ္စ​မ​သား​ကား၊ အ​ဘိ​တ​လ၏​သား ရှေ​ဖ​တိ​တည်း။ ဆ​ဋ္ဌ​မ​သား​ကား၊ မြောက်​သား​တော် ဧ​ဂ​လ​တွင်​မြင်​သော​သား ဣ​သ​ရံ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 4,
      "text": "ထို​သား​ခြောက်​ယောက်​တို့​ကို ဟေ​ဗြုန်​မြို့၌ မြင်၏။ ထို​မြို့​တွင် ခု​နစ်​နှစ်​နှင့် ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့​တွင် အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 5,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ မြင်​သော​သား​ဟူ​မူ​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်​တည်း​ဟူ​သော အ​မျေ​လ​သ​မီး ဗာ​သ​ရှေ​ဘ​တွင် မြင်​သော​သား လေး​ယောက်။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 6,
      "text": "ထို​မှ​တစ်​ပါး၊ ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 7,
      "text": "နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 8,
      "text": "ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်၊ ပေါင်း​ကိုး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 9,
      "text": "ဤ​ရွေ့​ကား မ​ယား​ငယ်​တွင် ရ​သော​သား​တို့​ကို​မ​ဆို​ဘဲ ဒါ​ဝိဒ်၏​သား​များ​တည်း။ နှ​မ​တာ​မာ​လည်း​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 10,
      "text": "ရှော​လ​မုန်​သား​ကား ရော​ဗောင်၊ ရော​ဗောင်​သား အ​ဘိ​ယ၊ အ​ဘိ​ယ​သား ယော​ရှ​ဖတ်၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 11,
      "text": "ယော​ရှ​ဖတ်​သား ယော​ရံ၊ ယော​ရံ​သား​အာ​ခ​ဇိ၊ အာ​ခ​ဇိ​သား ယော​ရှ၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 12,
      "text": "ယော​ရှ​သား အာ​မ​ဇိ၊ အာ​မ​ဇိ​သား ဩ​ဇိ၊ ဩ​ဇိ​သား ယော​သံ၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 13,
      "text": "ယော​သံ​သား အာ​ခတ်၊ အာ​ခတ်​သား ဟေ​ဇ​ကိ၊ ဟေ​ဇ​ကိ​သား မ​နာ​ရှေ၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 14,
      "text": "မ​နာ​ရှေ​သား အာ​မုန်၊ အာ​မုန်​သား ယော​ရှိ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 15,
      "text": "ယော​ရှိ​သား​ဦး​ကား ယော​ဟာ​နန်၊ ဒု​တိ​ယ​သား ယော​ယ​ကိမ်၊ တ​တိ​ယ​သား ဇေ​ဒ​ကိ၊ စ​တု​တ္ထ​သား ရှ​လ္လုံ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 16,
      "text": "ယော​ယ​ကိမ်​သား​ကား ယေ​ခေါ​နိ​နှင့် ဇေ​ဒ​ကိ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 17,
      "text": "အ​ကျဉ်း​ခံ​ရ​သော ယေ​ခေါ​နိ​သား​ကား ရှာ​လ​သေ​လ၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 18,
      "text": "မာ​လ​ခိ​ရံ၊ ပေ​ဒါ​ယ၊ ရှေ​န​ဇာ၊ ယေ​က​မိ၊ ဟော​ရှ​မ၊ နေ​ဒ​ဘိ​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 19,
      "text": "ရှာ​လ​သေ​လ​သား​ကား ဇေ​ရု​ဗ​ဗေ​လ​နှင့် ရှိ​မိ​တည်း။ ဇေ​ရု​ဗ​ဗေ​လ​သား​ကား မေ​ရှု​လံ၊ ဟာ​န​နိ၊ နှ​မ​ရှေ​လော​မိတ်​နှင့်​တ​ကွ၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 20,
      "text": "ဟ​ရှု​ဘ၊ ဩ​ဟေ​လ၊ ဗေ​ရ​ခိ၊ ဟ​သ​ဒိ၊ ယု​ရှဿေ​သက်၊ ပေါင်း​ငါး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 21,
      "text": "ဟာ​န​နိ​သား​ကား ပေ​လ​တိ​နှင့် ယေ​ရှာ​ယ​တည်း။ ယေ​ရှာ​ယ​သား​ကား၊ ရေ​ဖာ​ယ၊ ရေ​ဖာ​ယ​သား အာ​နန်၊ အာ​နန်​သား ဩ​ဗ​ဒိ၊ ဩ​ဗ​ဒိ​သား​ရှေ​ခ​နိ၊"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 22,
      "text": "ရှေ​ခ​နိ​သား ရှေ​မာ​ယ​တည်း။ ရှေ​မာ​ယ​သား​ကား ဟ​တ္တုတ်၊ ဣ​ဂါ​လ၊ ဗာ​ရိ၊ နာ​ရိ၊ အာ​ဇ​ရိ၊ ရှာ​ဖတ်၊ ပေါင်း​ခြောက်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 23,
      "text": "နာ​ရိ​သား​ကား ဧ​လိ​ဩ​နဲ၊ ဟေ​ဇ​ကိ၊ အာ​ဇ​ရိ​ကံ၊ ပေါင်း​သုံး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 3,
      "verse": 24,
      "text": "ဧ​လျော​နဲ​သား​ကား ဟော​ဒါ​ယ၊ ဧ​လျာ​ရှိပ်၊ ပေ​လာ​ယ၊ အ​က္ကုပ်၊ ယော​ဟန်၊ ဒ​လာ​ယ၊ အာ​န​နိ၊ ပေါင်း​ခု​နစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 1,
      "text": "ယု​ဒ​သား​ကား ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 2,
      "text": "ရှော​ဗာ​လ​သား​ကား ရာ​ယ၊ ရာ​ယ​သား ယာ​ဟတ်၊ ယာ​ဟတ်​သား အ​ဟု​မဲ​နှင့်​လာ​ဟဒ်၊ ဤ​ရွေ့​ကား ဇော​ရ​သိ​အ​မျိုး​အ​နွယ်​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 3,
      "text": "ဧ​ကံ​အ​မျိုး​အ​ဘ၏​သား​ကား ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ၊ ဣ​ဒ​ဗတ်၊ နှ​မ​ဟာ​ဇ​လေ​လ​ပေါ​နိ၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 4,
      "text": "ဂေ​ဒေါ်​အ​ဘ ပေ​နွေ​လ၊ ဟု​ရှ​အ​ဘ ဧ​ဇာ​တည်း။ ဤ​သူ​တို့​သည် ဗက်​လင်​အ​ဘ၊ ဧ​ဖ​ရတ်​သား​ဦး ဟု​ရ​အ​မျိုး​အ​နွယ်​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 5,
      "text": "တေ​ကော​အ​ဘ အာ​ရှု​ရ​သည် ဟေ​လ​နှင့် နာ​ရ​အ​မည်​ရှိ​သော မ​ယား​နှစ်​ယောက်​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 6,
      "text": "နာ​ရ​ဖွား​မြင်​သော​သား​ကား အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ၊ ဟာ​ဟ​ရှ​တာ​ရိ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 7,
      "text": "ဟေ​လ​ဖွား​မြင်​သော သား​ကား ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်၊ ကော​ဇ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 8,
      "text": "ကော​ဇ​သား​ကား အာ​နုပ်​နှင့်​ဇော​ဗေ​ဒ အ​စ​ရှိ​သော ဟာ​ရုံ​သား အ​ဟာ​ရေ​လ​အ​ဆွေ​အ​မျိုး​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 9,
      "text": "ထို​အ​ဆွေ​အ​မျိုး၌ ယာ​ဗက်​သည် ထူး​ဆန်း​သော​သူ​ဖြစ်၏။ သူ၏​အ​မိ​က၊ ငါ​သည် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ၍ ဤ​သား​ကို​မြင်​ရ​ပြီ​ဟု​ဆို​လျက်၊ ယာ​ဗက်​အ​မည်​ဖြင့် မှည့်၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 10,
      "text": "ယာ​ဗက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​ကောင်း​ချီး​ပေး၍၊ အ​ကျွန်ုပ်​နေ​ရာ​ကို ကျယ်​ဝန်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘေး​ဥ​ပဒ်​အ​နှောင့်​အ​ယှက်​နှင့် ကင်း​လွတ်​ပါ​မည်​အ​ကြောင်း၊ လက်​တော်​သည် အ​ကျွန်ုပ်​ဘက်၌​နေ၍ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား​ဆု​တောင်း​တတ်၍၊ တောင်း​သော​ဆု​ကို ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 11,
      "text": "ရှု​အာ​မောင် ကာ​လက်​သား​ကား မ​ဟိ​ရ၊ မ​ဟိ​ရ​သား ဧ​ရှ​တုန်​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 12,
      "text": "ဧ​ရှ​တုန်​သား​ကား ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိ​န္န​တည်း။ တေ​ဟိ​န္န​သား​ကား ဣ​ရ​နာ​ဟတ်​တည်း။ ဤ​သူ​တို့​သည် ရေ​ခါ​အ​မျိုး​သား​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 13,
      "text": "ကေ​နတ်​သား​ကား ဩ​သံ​ယေ​လ​နှင့် စ​ရာ​ယ​တည်း။ ဩ​သံ​ယေ​လ​သား​ကား ဟာ​သတ်​နှင့် မော​နော​သဲ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 14,
      "text": "မော​နော​သဲ​သား​ကား ဩ​ဖ​ရာ​တည်း။ စ​ရာ​ယ​သား​ကား ယွာ​ဘ၊ ယွာ​ဘ၏​သား​တို့​သည် ဆ​ရာ​သ​မား​ဖြစ်၍ ဆ​ရာ​သ​မား​ချိုင့်၌ နေ​သော​သူ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 15,
      "text": "ယေ​ဖု​န္န​သား​ဖြစ်​သော ကာ​လက်၏​သား​ကား ဣ​ရု၊ ဧ​လာ၊ နာ​မ​တည်း။ ဧ​လာ​သား​ကား ကေ​နတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 16,
      "text": "ယေ​ဟ​လ​လေ​လ​သား​ကား ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ၊ အာ​သ​ရေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 17,
      "text": "ဧ​ဇ​ရ​သား​ကား ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်​တည်း။ မေ​ရက်​နှင့်​စုံ​ဖက်​သော ဖာ​ရော​သ​မီး ဗိ​သ​ယာ​သည် မိ​ရိ၊ ရှ​မ္မဲ၊ ဧ​ရှ​တ​မော​အ​ဘ ဣ​ရှ​ဘ​ကို ဖွား​မြင်၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 18,
      "text": "မ​ယား​ယေ​ဟု​ဒိ​ယ​သည် ဂေ​ဒေါ်​အ​ဘ​ယေ​ရက်၊ စော​ခေါ​အ​ဘ ဟေ​ဗာ၊ ဇာ​နော်​အ​ဘ ယေ​ကု​သေ​လ​ကို ဖွား​မြင်၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 19,
      "text": "ယေ​ဟု​ဒိ​ယ​သည် နာ​ဟံ​နှ​မ​ဖြစ်၏။ နာ​ဟံ​သည် ဂါ​မိ​ရွာ​သား ကိ​လ၊ မာ​ခ​မြို့​သား ဧ​ရှ​တ​မော၏​အ​ဘ ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 20,
      "text": "ရှိ​မုန်​သား​ကား အာ​မ​နုန်၊ ရိ​န္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​တည်း။ ဣ​ရှိ​သား​ကား ဇော​ဟက်၊ ဗ​င်္ဇာ​ဟက်​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 21,
      "text": "ယု​ဒ​သား​ဖြစ်​သော ရှေ​လ၏​သား​ကား လေ​က​အ​ဘ​ဧ​ရ၊ မ​ရေ​ရှ​အ​ဘ လာ​ဒ​အ​စ​ရှိ​သော ပိတ်​ချော​ကို​ရက်​တတ်​သော အာ​ရှ​ဗာ​အ​ဆွေ​အ​မျိုး၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 22,
      "text": "ယော​ယ​ကိမ်​အ​စ​ရှိ​သော ခေါ​ဇေ​ဘ​လူ၊ မော​ဘ​ပြည်၌​အ​စိုး​ရ​သော ယော​ရှ၊ သာ​ရပ်၊ ယာ​ရှု​ဗိ​လင်​တည်း။ ထို​သို့​ဆို​သော် ရှေး​စ​ကား​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 23,
      "text": "ထို​သူ​တို့​သည် အိုး​ထိန်း​သ​မား၊ လယ်​ယာ​လုပ်​သ​မား​ဖြစ်၍၊ ရှင်​ဘု​ရင်​အ​နား​မှာ​နေ​လျက် အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 24,
      "text": "ရှိ​မောင်​သား​ကား ယေ​မွေ​လ၊ ယာ​မိန်၊ ယာ​ရိပ်၊ ဇေ​ရ၊ ရှော​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 25,
      "text": "ရှော​လ​သား ရှ​လ္လုံ၊ ရှ​လ္လုံ​သား မိ​ဘ​သံ၊ မိ​ဘ​သံ​သား မိ​ရှ​မ၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 26,
      "text": "မိ​ရှ​မ​သား ဟ​မွေ​လ၊ ဟ​မွေ​လ​သား ဇ​က္ကု​ရ၊ ဇ​က္ကု​ရ​သား ရှိ​မိ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 27,
      "text": "ရှိ​မိ​သည် သား​တစ်​ဆယ်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​တို့​ကို မြင်၏။ သို့​ရာ​တွင် သူ၏​ညီ​အစ်​ကို​တို့၌ သား​မ​များ။ ရှိ​မောင်​အ​မျိုး​သား​တို့​သည် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ပွား​မ​များ​တတ်။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 28,
      "text": "ရှိ​မောင်​အ​မျိုး​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​လက်​ထက်​တိုင်​အောင် ဗေ​ရ​ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 29,
      "text": "ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 30,
      "text": "ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 31,
      "text": "ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ​မြို့၊ ရှာ​ရိမ်​မြို့​တို့၌ နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 32,
      "text": "ထို​မှ​တစ်​ပါး၊ တော​မြို့​ဧ​တံ၊ အင်​ရိ​မ္မုန်၊ တော​ခင်၊ ဧ​သာ၊ အာ​ရှန်​တည်း​ဟူ​သော မြို့​ငါး​မြို့​နှင့်​တ​ကွ၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 33,
      "text": "ပတ်​လည်၌​ရှိ​သော ရွာ​အ​ပေါင်း​တို့​ကို ဗာ​လ​မြို့​တိုင်​အောင် ပိုင်​ကြ၏။ ဤ​ရွေ့​ကား၊ ရှိ​မောင်​အ​မျိုး​သား​နေ​ရာ​နှင့် ဆွေ​စဉ်​မျိုး​ဆက် ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 34,
      "text": "မေ​ရှော​ဗပ်၊ ယာ​မ​လက်၊ အာ​မ​ဇိ​သား ယော​ရှ၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 35,
      "text": "ယော​လ၊ အာ​သေ​လ​သား စ​ရာ​ယ၏​သား ယော​ရှိ​ဘိ၏​သား ယေ​ဟု၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 36,
      "text": "ဧ​လျော​နဲ၊ ယာ​ကော​ဘ၊ ယေ​ရှော​ဟာ​ယ၊ အ​သာ​ယ၊ အ​ဒျေ​လ၊ ယေ​သိ​မျေ​လ၊ ဗေ​နာ​ယ​နှင့်​တ​ကွ၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 37,
      "text": "ရှေ​မာ​ယ၊ ရှိ​မ​ရိ၊ ယေ​ဒါ​ယ၊ အ​လ္လုန်၊ ရှိ​ဖိ​တို့​မှ​ဆင်း​သက်​သော ဇိ​ဇ​တည်း​ဟူ​သော၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 38,
      "text": "နာ​မ​အား​ဖြင့် မှတ်​သော​သူ​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်၍၊ သူ​တို့​အ​မျိုး​သည် အ​လွန်​ပွား​များ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 39,
      "text": "ထို​သူ​တို့​သည် သိုး​ကျက်​စား​ရာ​အ​ရပ်​ကို​ရှာ၍ ချိုင့်​အ​ရှေ့​ဘက်၊ ဂေ​ဒေါ်​မြို့​ဝ​တိုင်​အောင် သွား​သော​အ​ခါ၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 40,
      "text": "မြက်​ပင်​ပေါ​များ၍ ကောင်း​သော​ကျက်​စား​ရာ ကျယ်​ဝန်း​ငြိမ်​ဝပ်​သော အ​ရပ်​ကို တွေ့​ကြ၏။ ရှေး​ကာ​လ​တွင်၊ ဟာ​မ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်၌​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 41,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သော သူ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၌ သွား၍၊ သိုး​ကျက်​စား​စ​ရာ ကောင်း​သော​အ​ရပ်​ကို တွေ့​သော​ကြောင့်၊ အ​ရပ်​သား နေ​ရာ​ရွာ​တို့​ကို​လုပ်​ကြံ၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​မှ ယ​နေ့​တိုင်​အောင် နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 42,
      "text": "တစ်​ဖန် ရှိ​မောင်​အ​မျိုး​သား ယောက်ျား​ငါး​ရာ​တို့​သည် ဣ​ရှိ​သား၊ ဗိုလ်​ပေ​လ​တိ၊ နာ​ရိ၊ ရေ​ဖာ​ယ၊ ဩ​ဇေ​လ​နှင့်​တ​ကွ၊ စိ​ရ​တောင်​သို့ ချီ​သွား၍၊"
    },
    {
      "book": 13,
      "chapter": 4,
      "verse": 43,
      "text": "အ​ရင်​လွတ်​သော အာ​မ​လက်​အ​မျိုး​သား အ​ကျန်​အ​ကြွင်း​ကို​လုပ်​ကြံ၍ ထို​အ​ရပ်၌ ယ​နေ့​တိုင်​အောင်​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 1,
      "text": "ရု​ဗင်​သည် ဣ​သ​ရေ​လ၏​သား​ဦး​ဖြစ်​သော်​လည်း၊ အ​ဘ​အိပ်​ရာ​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သား​ဦး​အ​ရာ​ကို​နုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​အား​ပေး​သည်​ဖြစ်၍၊ သား​စဉ် မြေး​ဆက်​တို့​ကို​မှတ်​သော​အ​ခါ၊ သား​ဦး​အ​ရာ​ကို​လိုက်၍ မ​မှတ်​ရ။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 2,
      "text": "ယု​ဒ​သည်​လည်း ညီ​အစ်​ကို​တို့​တွင်​လွန်​ကဲ၍ သူ၏​အ​မျိုး​ထဲ​က မင်း​ဖြစ်​တတ်​သော်​လည်း၊ သား​ဦး​အ​ရာ​ကို​မ​ရ၊ ယော​သပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 3,
      "text": "ဣ​သ​ရေ​လ၏​သား​ဦး ရု​ဗင်​သား​ကား ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 4,
      "text": "ယော​လ​သား​ကား ရှေ​မာ​ယ၊ ရှေ​မာ​ယ​သား ဂေါ​ဂ၊ ဂေါ​ဂ​သား ရှေ​မိ၊"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 5,
      "text": "ရှေ​မိ​သား မိ​က္ခ၊ မိ​က္ခ​သား ရာ​ယ၊ ရာ​ယ​သား​ဗာ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 6,
      "text": "ဗာ​လ​သား​ကား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သိမ်း​သွား​သော ရု​ဗင်​အ​မျိုး​မင်း​ဗေ​ရာ​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 7,
      "text": "သူ၏​ညီ ယေ​ယေ​လ​နှင့် ဇာ​ခ​ရိ​တို့​သည်​လည်း၊ သား​စဉ်​မြေး​ဆက်​စာ​ရင်း​ယူ​သော​အ​ခါ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 8,
      "text": "ထို​အ​တူ ယော​လ၊ ရှေ​မ၊ အာ​ဇတ်​တို့​မှ​ဆင်း​သက်​သော ဗေ​လ​သည်​လည်း မင်း​ဖြစ်​လျက်၊ အာ​ရော်​မြို့​မှ​စ၍ နေ​ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တိုင်​အောင် နေ​ရာ​ကျယ်၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 9,
      "text": "ဂိ​လဒ်​ပြည်၌ သိုး​နွား​များ​ပြား​သော​ကြောင့်၊ အ​ရှေ့​မျက်​နှာ၌ ဥ​ဖ​ရတ်​မြစ်​နှင့်​ဆိုင်​သော တော​ဝင်​ဝ​တိုင်​အောင် နေ​ရာ​ကျယ်၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 10,
      "text": "ရှော​လု​မင်း​လက်​ထက် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို စစ်​တိုက်၍​လုပ်​ကြံ​သ​ဖြင့်၊ ဂိ​လဒ်​ပြည်​အ​ရှေ့​ပိုင်း​တစ်​လျှောက်​လုံး​တွင် ဟာ​ဂ​ရ၏​နေ​ရာ​ကို​ယူ၍ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 11,
      "text": "သူ​တို့​တစ်​ဖက်​တစ်​ချက်၊ ဗာ​ရှန်​ပြည်​တွင် သ​လ​ကာ​မြို့​တိုင်​အောင် ဂဒ်​အ​မျိုး​သား​တို့​သည် နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 12,
      "text": "ဗာ​ရှန်​ပြည်၌ အ​ကြီး​အ​ကဲ​ကား ယော​လ၊ ထို​နောက် ရှာ​ဖံ၊ ယာ​နဲ၊ ရှာ​ဖတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 13,
      "text": "သူ​တို့​အ​ဆွေ​အ​မျိုး​ချင်း ပေါက်​ဖော်​တော်​သော​သူ​ကား မိ​က္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ၊ ယေ​ဗာ၊ ပေါင်း​ခု​နစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 14,
      "text": "ထို​သူ​တို့​သည် ဂု​နိ၊ အာ​ဗ​ဒျေ​လ၊ ဗု​ဇာ​တိ၊ ယာ​ဒေါ၊ ယေ​ရှိ​ရှဲ၊ မိ​က္ခေ​လ၊ ဂိ​လဒ်၊ ယာ​ရော်၊ ဟု​ရိ၊ အ​ဘိ​ဟဲ​လ အ​မျိုး​အ​နွယ်​ဖြစ်​သ​တည်း။ ဂု​နိ​ကား ထို​အ​ဆွေ​အ​မျိုး၏​သူ​ကြီး​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 16,
      "text": "သူ​တို့​သည် ဂိ​လဒ်​ပြည်၊ ဗာ​ရှန်​ပြည်​မြို့​ရွာ၊ ရှာ​ရုန်​မြို့​ပတ်​လည်​ပြည်​စွန်း​တိုင်​အောင် နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 17,
      "text": "ဤ​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​လက်​ထက် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 18,
      "text": "ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တွင် ဒိုင်း​နှင့် ဓား​ကို​ကိုင်၍ လေး​နှင့်​ပစ်​တတ်​သ​ဖြင့်၊ စစ်​မှု​စစ်​ရေး​ကို လေ့​ကျက်၍ စစ်​ချီ​တတ်​သော စစ်​သူ​ရဲ​ပေါင်း​ကား၊ လေး​သောင်း​လေး​ထောင်​ခု​နစ်​ရာ​ခြောက်​ဆယ်​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 19,
      "text": "ထို​သူ​တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တည်း​ဟူ​သော ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒဒ်​အ​မျိုး​သား​တို့​နှင့် စစ်​တိုက်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 20,
      "text": "စစ်​တိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ကိုး​စား၍ ဆု​တောင်း​သော​ကြောင့်၊ ဘု​ရား​သ​ခင် မ​စ​တော်​မူ​ခြင်း​ကျေး​ဇူး​အား​ဖြင့်၊ ဟာ​ဂ​ရ​လူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​ရှိ​သ​မျှ​ကို​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 21,
      "text": "ကု​လား​အုတ်​ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း၊ မြည်း​နှစ်​ထောင်၊ လူ​တစ်​သိန်း​တို့​ကို​သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 22,
      "text": "ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် စစ်​တိုက်​သော​ကြောင့်၊ ရန်​သူ​အ​များ​တို့​သည်​လဲ​သေ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် သိမ်း​သွား​ခြင်း​အ​မှု မ​ရောက်​မီ​တိုင်​အောင်၊ ဟာ​ဂ​ရ​လူ​တို့​နေ​ရာ၌ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 23,
      "text": "မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​သည်၊ ထို​ပြည်​တွင် ဗာ​ရှန်​မြို့​မှ​စ၍ ဗာ​လ​ဟေ​ရ​မုန်​မြို့၊ စ​နိ​ရ​မြို့၊ ဟေ​ရ​မုန်​တောင်​တိုင်​အောင် ပွား​များ​လျက်​နေ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 24,
      "text": "အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​ဟူ​မူ​ကား၊ ခွန်​အား​ကြီး၍ ကျော်​စော​သော စစ်​သူ​ရဲ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော​ဒ​ဝိ၊ ယာ​ဒျေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 25,
      "text": "သို့​ရာ​တွင် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား၍၊ မိ​မိ​တို့​ရှေ့​မှာ ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော ပြည်​သား​တို့​ဘု​ရား​များ​နှင့် မှား​ယွင်း​ကြ၏။"
    },
    {
      "book": 13,
      "chapter": 5,
      "verse": 26,
      "text": "သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် ပု​လ​နှင့် ရှင်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​စိတ်​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ နောက်​ရှင်​ဘု​ရင်​သည် ထို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဂေါ​ဇန်​မြစ်​နား၊ ဟေ​လ​မြို့၊ ဟာ​ဗော်​မြို့၊ ဟာ​ရ​မြို့​သို့ သိမ်း​သွား၍ ယ​နေ့​တိုင်​အောင်​နေ​ရာ​ချ​ထား၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 1,
      "text": "လေ​ဝိ​သား​ကား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 2,
      "text": "ကော​ဟတ်​သား​ကား အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 3,
      "text": "အာ​မ​ရံ​သား​ကား အာ​ရုန်၊ မော​ရှေ၊ မိ​ရိ​အံ​တည်း။ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 4,
      "text": "ဧ​လာ​ဇာ​သား​ကား ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​သား အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​သား ဗု​က္ကိ၊ ဗု​က္ကိ​သား​ဩ​ဇိ၊ ဩ​ဇိ​သား ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ​သား မေ​ရာ​ယုတ်၊ မေ​ရာ​ယုတ်​သား အာ​မ​ရိ၊ အာ​မ​ရိ​သား အ​ဟိ​တုပ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 8,
      "text": "အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား အ​ဟိ​မတ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 9,
      "text": "အ​ဟိ​မတ်​သား အာ​ဇ​ရိ၊ အာ​ဇ​ရိ​သား ယော​ဟန်​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 10,
      "text": "ယော​ဟန်​သား​ကား၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှော​လ​မုန်​တည်​သော ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ပြု​သော အာ​ဇ​ရိ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 11,
      "text": "အာ​ဇ​ရိ​သား​ကား အာ​မ​ရိ၊ အာ​မ​ရိ​သား​အ​ဟိ​တုပ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 12,
      "text": "အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား​ရှ​လ္လုံ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 13,
      "text": "ရှ​လ္လုံ​သား ဟိ​လ​ခိ၊ ဟိ​လ​ခိ​သား​အာ​ဇ​ရိ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 14,
      "text": "အာ​ဇ​ရိ​သား စ​ရာ​ယ၊ စ​ရာ​ယ​သား​ယော​ဇ​ဒက်​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 15,
      "text": "ယော​ဇ​ဒက်​သည် နေ​ဗု​ခဒ်​နေ​ဇာ​လက်​ဖြင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သိမ်း​သွား​စေ​တော်​မူ​သော​အ​ခါ ပါ​သွား​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 16,
      "text": "လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တို့​တွင်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 17,
      "text": "ဂေ​ရ​ရှုံ​သား​ကား လိ​ဗ​နိ​နှင့် ရှိ​မိ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 18,
      "text": "ကော​ဟတ်​သား​ကား အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 19,
      "text": "မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ​နှင့် မု​ရှိ​တည်း​ဟူ​သော လေ​ဝိ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 20,
      "text": "ဂေ​ရ​ရှုံ​သား​ကား လိ​ဗ​နိ၊ လိ​ဗ​နိ​သား ယာ​ဟတ်၊ ယာ​ဟတ်​သား ဇိ​မ္မ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 21,
      "text": "ဇိ​မ္မ​သား ယော​အာ၊ ယော​အာ​သား ဣ​ဒ္ဒေါ၊ ဣ​ဒေါ​သား ဇေ​ရ၊ ဇေ​ရ​သား ယာ​တ​ရဲ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 22,
      "text": "ကော​ဟတ်​သား​ကား ဣ​ဇ​ဟာ​တည်း​ဟူ​သော အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​သား ကော​ရ၊ ကော​ရ​သား အဿိ​ရ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 23,
      "text": "အဿိ​ရ​သား ဧ​လ​ကာ​န၊ ဧ​လ​ကာ​န​သား ဧ​ဗျာ​သပ်၊ ဧ​ဗျာ​သပ်​သား အဿိ​ရ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 24,
      "text": "အဿိ​ရ​သား တာ​ဟတ်၊ တာ​ဟတ်​သား ဥ​ရေ​လ၊ ဥ​ရေ​လ​သား ဩ​ဇိ၊ ဩ​ဇိ​သား ရှော​လ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 25,
      "text": "ရှော​လ​သား ဧ​လ​ကာ​န၊ ဧ​လ​ကာ​န​သား အာ​မ​သဲ​နှင့် အ​ဟိ​မုတ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 26,
      "text": "အာ​မ​သဲ​သား ဇော​ဖဲ၊ ဇော​ဖဲ​သား နာ​ဟတ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 27,
      "text": "နာ​ဟတ်​သား ဧ​လျာ​ဘ၊ ဧ​လျာ​ဘ​သား ယေ​ရော​ဟံ၊ ယေ​ရော​ဟံ​သား ဧ​လ​ကာ​န၊ ဧ​လ​ကာ​န​သား ရှ​မွေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 28,
      "text": "ရှ​မွေ​လ​သား​ဦး​ကား ယော​လ၊ ဒု​တိ​ယ​သား အ​ဘိ​ယ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 29,
      "text": "မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ၊ မ​ဟာ​လိ​သား လိ​ဗ​နိ၊ လိ​ဗ​နိ​သား ရှိ​မိ၊ ရှိ​မိ​သား ဩ​ဇ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 30,
      "text": "ဩ​ဇ​သား ရှိ​မာ၊ ရှိ​မာ​သား ဟ​ဂ္ဂျာ၊ ဟ​ဂ္ဂျာ​သား အ​သာ​ယ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ငြိမ်​ဝပ်​သော​အ​ခါ၊ အိမ်​တော်၌ သီ​ချင်း​ဆို​ရာ​အ​မှု​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​မင်း​ခန့်​ထား​သော​သူ​တို့​သည်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 32,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ဗိ​မာန်​တော်​ကို ရှော​လ​မုန်​မ​တည်​မီ ကာ​လ​ပတ်​လုံး၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တည်​ရာ​အ​ရပ်၌ သီ​ချင်း​ဆို​လျက် အ​မှု​တော်​ကို စောင့်​ကြ၏။ ဗိ​မာန်​တော်​ကို​တည်​ပြီး​သော​နောက်၊ မိ​မိ​တို့​အ​လှည့်​အ​တိုင်း စောင့်​ရ​သော​အ​မှု​ကို စောင့်​လျက်​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 33,
      "text": "ထို​အ​မှု​တော်​ကို စောင့်​သော​သူ​တို့​နှင့် သား​စဉ်​မြေး​ဆက် ဟူ​မူ​ကား၊ ဣ​သ​ရေ​လ၊ လေ​ဝိ၊ ကော​ဟတ်၊ ဣ​ဇ​ဟာ၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ အဿိ​ရ၊ တာ​ဟတ်၊ ဇေ​ဖ​နိ၊ အာ​ဇ​ရိ၊ ယော​လ၊ ဧ​လ​ကာ​န၊ အ​မာ​သဲ၊ မာ​ဟတ်၊ ဧ​လ​ကာ​န၊ ဇော​ဖဲ၊ တော​အာ၊ ဧ​လျာ​ဘ၊ ယေ​ရော​ဟံ၊ ဧ​လ​ကာ​န၊ ရှ​မွေ​လ၊ ယော​လ​တို့​မှ ဆင်း​သက်​သော ကော​ဟတ်​အ​မျိုး၊ သီ​ချင်း​သည် ဟေ​မန်​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 39,
      "text": "လေ​ဝိ၊ ဂေ​ရ​ရှုံ၊ ယာ​ဟတ်၊ ရှိ​မိ၊ ဇိ​မ္မ၊ ဧ​သန်၊ အ​ဒါ​ယ၊ ဇေ​ရ၊ ဧ​သ​နိ၊ မာ​လ​ခိ၊ ဗာ​သေ​ယ၊ မိ​က္ခေ​လ၊ ရှိ​မာ၊ ဗေ​ရ​ခိ​တို့​မှ ဆင်း​သက်​သော အာ​သပ်၊ ဟေ​မန် လက်​ယာ​ဘက်​မှာ နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော် အာ​သပ်​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 44,
      "text": "လေ​ဝိ၊ မေ​ရာ​ရိ၊ မု​ရှိ၊ မ​ဟာ​လိ၊ ရှ​မေ​ရ၊ ဗာ​နိ၊ အံ​ဇိ၊ ဟိ​လ​ခိ၊ အာ​မ​ဇိ၊ ဟာ​ရှ​ဗိ၊ မ​လ္လုတ်၊ အာ​ဖ​ဒိ၊ ကိ​ရှိ​တို့​မှ​ဆင်း​သက်​သော ဧ​သန်​တစ်​ပါး​မှ​စ၍ လက်​ဝဲ​ဘက်​မှာ​နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော်၊ မေ​ရာ​ရိ​အ​မျိုး​သား​များ​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 48,
      "text": "သူ​တို့၏​ညီ​အစ်​ကို​ဖြစ်​သော လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ရာ တဲ​တော်​အ​မှု​အ​မျိုး​မျိုး စောင့်​သော​အ​ရာ၌ ခန့်​ထား​ခြင်း​ကို ခံ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 49,
      "text": "အာ​ရုန်​နှင့် သူ၏​သား​စဉ်​မြေး​ဆက် မူ​ကား၊ ယဇ်​ကောင်​ကို မီး​ရှို့​ရာ​ပ​လ္လင်​နှင့်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​လျက်၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​မှု​အ​လုံး​စုံ​ကို စောင့်​လျက်၊ ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ မှာ​ထား​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ရ​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 50,
      "text": "အာ​ရုန်၏​သား​မြေး​မှာ၊ အာ​ရုန်​သား​ကား ဧ​လာ​ဇာ၊ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​သား အ​ဘိ​ရွှ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 51,
      "text": "အ​ဘိ​ရွှ​သား ဗု​က္ကိ၊ ဗု​က္ကိ​သား ဩ​ဇိ၊ ဩ​ဇိ​သား ဇေ​ရ​ဟိ၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 52,
      "text": "ဇေ​ရ​ဟိ​သား မ​ရာ​ယုတ်၊ မ​ရာ​ယုတ်​သား အာ​မ​ရိ၊ အာ​မ​ရိ​သား အ​ဟိ​တုပ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 53,
      "text": "အ​ဟိ​တုပ်​သား ဇာ​ဒုတ်၊ ဇာ​ဒုတ်​သား အ​ဟိ​မတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 54,
      "text": "အာ​ရုန်၏​သား​မြေး​ဖြစ်​သော ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည်၊ စာ​ရေး​တံ​ပြု​သော​အား​ဖြင့် ရ၍ နေ​ရ​သော​မြို့​နှင့် မြို့​နယ်​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 55,
      "text": "ယု​ဒ​ခ​ရိုင်၌ ဟေ​ဗြုန်​မြို့​နှင့် မြို့​နယ်​ကို​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 56,
      "text": "သို့​ရာ​တွင် မြို့​နှင့်​ဆိုင်​သော​လယ်​များ၊ ရွာ​များ​တို့​ကို ယေ​ဖု​န္န​သား ကာ​လက်​သည် ရ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 57,
      "text": "ပြေး၍​မှီ​ခို​ရာ ဟေ​ဗြုန်​မြို့​မှ​တစ်​ပါး၊ ယု​ဒ​ခ​ရိုင်​ထဲ​က လိ​ဗ​န​မြို့​နှင့် မြို့​နယ်၊ ယ​တ္တိ​ရ​မြို့​နှင့် မြို့​နယ်၊ ဧ​ရှ​တ​မော​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 58,
      "text": "ဟော​လုန်​မြို့​နှင့် မြို့​နယ်၊ ဒေ​ဗိ​ရ​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 59,
      "text": "အ​ဣ​န​မြို့​နှင့် မြို့​နယ်၊ ယု​တ္တ​မြို့​နှင့် မြို့​နယ်၊ ဗက်​ရှေ​မက်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 60,
      "text": "ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဂိ​ဗောင်​မြို့​နှင့် မြို့​နယ်၊ ဂေ​ဗ​မြို့​နှင့် မြို့​နယ်၊ အာ​လ​မက်​မြို့​နှင့် မြို့​နယ်၊ အာ​န​သုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ အာ​ရုန်၏​သား​မြေး​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ၍၊ မြို့​ပေါင်း​ကား တစ်​ဆယ်​သုံး​မြို့​တည်း။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 61,
      "text": "ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​သည် စာ​ရေး​တံ​အား​ဖြင့်၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က မြို့​ဆယ်​မြို့​တို့​ကို ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 62,
      "text": "ဂေ​ရ​ရှုံ​သား အ​ဆွေ​အ​မျိုး​တို့​သည် ဣ​သ​ခါ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်​မ​နာ​ရှေ​ခ​ရိုင်​ထဲ​က မြို့​တစ်​ဆယ်​သုံး​မြို့​တို့​ကို ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 63,
      "text": "မေ​ရာ​ရိ​သား အ​ဆွေ​အ​မျိုး​တို့​သည် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က မြို့​တစ်​ဆယ်​နှစ်​မြို့​တို့​ကို ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 64,
      "text": "ဤ​မည်​သော​မြို့​တို့​ကို မြို့​နယ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လေ​ဝိ​သား​တို့​အား ပေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 65,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သော မြို့​တို့​ကို စာ​ရေး​တံ​ပြု၍၊ ယု​ဒ​အ​မျိုး​သား​ခ​ရိုင်၊ ရှိ​မောင်​အ​မျိုး​သား​ခ​ရိုင်၊ ဗင်္ယာ​မိန် အ​မျိုး​သား​ခ​ရိုင်​ထဲ​က ပေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 66,
      "text": "ကြွင်း​သော ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ရ​သည်​အ​တိုင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 67,
      "text": "ပြေး၍​ခို​နေ​ရာ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရှေ​ခင်​မြို့​ကို မြို့​နယ်​နှင့်​တ​ကွ ပေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 68,
      "text": "ထို​မှ​တစ်​ပါး၊ ဂေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယော​က​မံ​မြို့​နှင့် မြို့​နယ်၊ ဗက်​ဟော​ရုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 69,
      "text": "ဒန်​ခ​ရိုင်​ထဲ​က ဧ​လ​တေ​က​မြို့​နှင့် မြို့​နယ်၊ ဂိ​ဗ္ဗ​သုန်​မြို့​နှင့် မြို့​နယ်၊ အာ​ဇ​လုန်​မြို့​နှင့် မြို့​နယ်၊ ဂါ​သ​ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 70,
      "text": "မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က အ​နေ​ရ​မြို့​နှင့် မြို့​နယ်၊ ဗိ​လံ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊ ကြွင်း​သော​ကော​ဟတ်​သား အ​ဆွေ​အ​မျိုး​တို့​အား ပေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 71,
      "text": "ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဗာ​ရှန်​ပြည် ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 72,
      "text": "ဣ​သ​ခါ​ခ​ရိုင်​ထဲ​က ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဒါ​ဗ​ရတ်​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 73,
      "text": "ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ အာ​နင်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 74,
      "text": "အာ​ရှာ​ခ​ရိုင်​ထဲ​က မိ​ရှ​လ​မြို့​နှင့် မြို့​နယ်၊ အာ​ဗ​ဒုန်​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 75,
      "text": "ဟု​ကုတ်​မြို့​နှင့် မြို့​နယ်၊ ရ​ဟော​ဘ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 76,
      "text": "နဿ​လိ​ခ​ရိုင်​ထဲ​က ဂါ​လိ​လဲ​ပြည် ကေ​ဒေ​ရှ​မြို့​နှင့် မြို့​နယ်၊ ဟ​မ္မုန်​မြို့​နှင့် မြို့​နယ်၊ ကိ​ရ​ယ​သိမ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 77,
      "text": "ကြွင်း​သော မေ​ရာ​ရိ​သား​တို့​အား​လည်း၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က ရိ​မ္မုန်​မြို့​နှင့် မြို့​နယ်၊ တာ​ဗော်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 78,
      "text": "ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ ရု​ဗင်​ခ​ရိုင်​ထဲ​က တော၌ ဗေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ယာ​ဇ​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 79,
      "text": "ကေ​ဒ​မုတ်​မြို့​နှင့် မြို့​နယ်၊ မေ​ဖတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 80,
      "text": "ဂဒ်​ခ​ရိုင်​ထဲ​က ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့​နှင့် မြို့​နယ်၊ မ​ဟာ​နိမ်​မြို့​နှင့် မြို့​နယ်၊"
    },
    {
      "book": 13,
      "chapter": 6,
      "verse": 81,
      "text": "ဟေ​ရှ​ဘုန်​မြို့​နှင့် မြို့​နယ်၊ ယာ​ဇာ​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း ပေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 1,
      "text": "ဣ​သ​ခါ​သား​ကား တော​လ၊ ဖု​ဝါ၊ ယာ​ရှုပ်၊ ရှိ​မ​ရုန်၊ ပေါင်း​လေး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 2,
      "text": "တော​လ​သား​ကား တော​လ​အ​ဆွေ​အ​မျိုး သူ​ကြီး ဩ​ဇိ၊ ရေ​ဖာ​ယ၊ ယေ​ရေ​လ၊ ယာ​မဲ၊ ယိ​ဗ​သံ၊ ရှ​မွေ​လ​တည်း။ ထို​အ​ဆွေ​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၍၊ ဒါ​ဝိဒ်​မင်း​လက်​ထက် နှစ်​သောင်း နှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 3,
      "text": "ဩ​ဇိ​သား​ကား ဣ​ဇ​ရ​ဟိ၊ ဣ​ဇ​ရ​ဟိ​သား မ​က္ခေ​လ၊ ဩ​ဗ​ဒိ၊ ယော​လ၊ ဣ​ရှ​ယ၊ ပေါင်း​ငါး​ယောက်​တည်း။ ဤ​သူ​တို့​သည် အ​ကြီး​အ​ကဲ​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 4,
      "text": "သူ​တို့၌ သား​မ​ယား​များ​သော​ကြောင့်၊ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​အ​လိုက်၊ စစ်​သူ​ရဲ​တပ်​သား သုံး​သောင်း​ခြောက်​ထောင်​ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 5,
      "text": "သူ​တို့​ညီ​အစ်​ကို ဣ​သ​ခါ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၍၊ သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ ရှစ်​သောင်း​ခု​နစ်​ထောင်​ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 6,
      "text": "ဗင်္ယာ​မိန်​သား​ကား ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ၊ ပေါင်း​သုံး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 7,
      "text": "ဗေ​လ​သား​ကား အ​ဆွေ​အ​မျိုး​သူ​ကြီး​ဧ​ဇ​ဗုန်၊ ဩ​ဇိ၊ ဩ​ဇေ​လ၊ ယေ​ရိ​မုတ်၊ ဣ​ရိ၊ ပေါင်း​ငါး​ယောက်​တည်း။ ဤ​သူ​တို့​သည် ခွန်​အား​ကြီး​သော​သူ​ရဲ​ဖြစ်၍၊ သား​စဉ်​မြေး​ဆက်​စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ နှစ်​သောင်း​နှစ်​ထောင် သုံး​ဆယ်​လေး​ယောက်​ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 8,
      "text": "ဗေ​ခါ​သား​ကား ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ​ဩ​နဲ၊ ဩ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န​သုတ်၊ အာ​လ​မက်​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 9,
      "text": "သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​သီး​အ​သီး​အ​လိုက်၊ ခွန်​အား​ကြီး​သော​သူ​ရဲ နှစ်​သောင်း​နှစ်​ရာ ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 10,
      "text": "ယေ​ဒ​ယေ​လ​သား​ကား ဗိ​လ​ဟန်၊ ဗိ​လ​ဟန်​သား ယု​ရှ၊ ဗင်္ယာ​မိန်၊ ဧ​ဟုဒ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ​ရှ​ဟာ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 11,
      "text": "အ​ဆွေ​အ​မျိုး​သူ​ကြီး အ​သီး​အ​သီး​အ​လိုက်၊ ခွန်​အား​ကြီး၍ စစ်​တိုက်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​ရဲ တစ်​သောင်း​ခု​နစ်​ထောင်​နှစ်​ရာ ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 12,
      "text": "ထို​မှ​တစ်​ပါး၊ ရှု​ပိမ်၊ ဟု​ပိမ်​နှင့်​တ​ကွ ဣ​ရ​ဟု​ရှိမ်​သား၊ အာ​ဟေ​ရ​သား ရှိ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 13,
      "text": "နဿ​လိ​သည် ဗိ​လ​ဟာ​တွင်​မြင်​သော​သား​ကား၊ ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှ​လ္လုံ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 14,
      "text": "မ​နာ​ရှေ​သား​ဦး​ကား အာ​သ​ရေ​လ၊ ထို​နောက်၊ ရှု​ရိ​အ​မျိုး​ဖြစ်​သော မ​ယား​ငယ်​တွင် မြင်​သော​သား၊ ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 15,
      "text": "မာ​ခိ​ရ​သည် မာ​ခါ​အ​မည်​ရှိ​သော​ဟု​ပိမ်​နှင့် ရှု​ပိ၏​နှ​မ​နှင့် စုံ​ဖက်၍၊ နှစ်​ဆက်​မြောက်​သော​သား​ကား ဇ​လော​ဖတ်​အ​မည် ရှိ၏။ ဇ​လော​ဖတ်၌ သ​မီး​သက်​သက်​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 16,
      "text": "မာ​ခိ​ရ​မ​ယား​မာ​ခါ​သည် သား​ကို​ဖွား​မြင်၍၊ ပေ​ရက်​အ​မည်​ဖြင့် မှည့်၏။ သူ၏​ညီ​ကား ရှေ​ရက်​အ​မည်​ရှိ၏။ သူ၏​သား​ကား ဥ​လံ​နှင့် ရေ​ကင်​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 17,
      "text": "ဥ​လံ​သား​ကား ဗေ​ဒန်​တည်း။ ဤ​ရွေ့​ကား မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား ဂိ​လဒ်​အ​မျိုး​အ​နွယ်​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 18,
      "text": "သူ၏​နှ​မ ဟ​မ္မော​လေ​ကက်​သည် ဣ​ရှော​ဒ၊ အ​ဗျေ​ဇာ၊ မ​ဟာ​လ​ကို ဖွား​မြင်၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 19,
      "text": "ရှ​မိ​ဒ​သား​ကား အ​ဟိ​အန်၊ ရှေ​ခင်၊ လိ​က​ဟိ၊ အ​နိ​အံ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 20,
      "text": "ဧ​ဖ​ရိမ်​သား​ကား ရှု​သေ​လ၊ ရှု​သေ​လ​သား ဗေ​ရက်၊ ဗေ​ရက်​သား တာ​ဟတ်၊ တာ​ဟတ်​သား ဧ​လာ​ဒ၊ ဧ​လာ​ဒ​သား တာ​ဟတ်၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 21,
      "text": "တာ​ဟတ်​သား ဇာ​ဗဒ်၊ ဇာ​ဗဒ်​သား ရှု​သေ​လ တည်း။ ထို​မှ​တစ်​ပါး၊ ဧ​ဖ​ရိမ်​သား ဧ​ဇာ​နှင့် ဧ​လဒ်​တို့​သည် ထို​ပြည်၌​မွေး​ဖွား​သော၊ ဂါ​သ​မြို့​သား​တို့ တိ​ရ​စ္ဆာန်​များ​ကို လု​ယူ​သော​ကြောင့် အ​သက်​ဆုံး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 22,
      "text": "အ​ဘ​ဧ​ဖ​ရိမ်​သည် အင်​တန်​ကာ​လ​ပတ်​လုံး စိတ်​မ​သာ​ညည်း​တွား​လျက် နေ၏။ ညီ​အစ်​ကို​တို့​သည် နှစ်​သိမ့်​စေ​ခြင်း​ငှာ လာ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 23,
      "text": "နောက်​တစ်​ဖန် မ​ယား​ဆီ​သို့​ဝင်​သ​ဖြင့် သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်၏။ ထို​သား​ကို ဗေ​ရိ​ယ​အ​မည်​ဖြင့် မှည့်၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​အိမ်​ထောင်၌ အ​မင်္ဂ​လာ​ရောက်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 24,
      "text": "သ​မီး​ရှေ​ရ​ကား အ​ထက်​ဗေ​သော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန်​မြို့၊ ဩ​ဇင်​ရှေ​ရ​မြို့​တို့​ကို ပြု​စု​သော​သူ​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 25,
      "text": "သူ၏​သား​ကား ရေ​ဖ၊ သူ၏​သား ရေ​ရှပ်၊ သူ၏​သား​တေ​လ၊ သူ၏​သား တာ​ဟန်၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 26,
      "text": "သူ၏​သား လာ​ဒန်၊ သူ၏​သား အ​မိ​ဟုဒ်၊ သူ၏​သား ဧ​လိ​ရှ​မာ၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 27,
      "text": "သူ၏​သား နုန်၊ သူ၏​သား ယော​ရှု​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 28,
      "text": "သူ​တို့​ပိုင်​ထိုက်​သော နေ​ရာ​ဟူ​မူ​ကား၊ ဗေ​သ​လ​မြို့​နှင့် ကျေး​လက်၊ အ​ရှေ့​ဘက်၌ နာ​ရန်​မြို့၊ အ​နောက်​ဘက်၌ ဂေ​ဇာ​မြို့​နှင့် ကျေး​လက်၊ ရှေ​ခင်​မြို့​နှင့် ကျေး​လက်၊ ဂါ​ဇ​မြို့​နှင့် ကျေး​လက်၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 29,
      "text": "မ​နာ​ရှေ​အ​မျိုး​သား နေ​ရာ​အ​နား​မှာ ဗက်​ရှန်​မြို့​နှင့် ကျေး​လက်၊ တာ​နက်​မြို့​နှင့် ကျေး​လက်၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် ကျေး​လက်၊ ဒေါ​ရ​မြို့​နှင့် ကျေး​လက်​တည်း။ ဤ​မြို့​ရွာ​တို့၌ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​သည် နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 30,
      "text": "အာ​ရှာ​သား​ကား ယိ​မ​န၊ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ၊ နှ​မ​စေ​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 31,
      "text": "ဗေ​ရိ​ယ​သား​ကား ဟေ​ဗာ​နှင့် မာ​လ​ကျေ​လ​တည်း။ မာ​လ​ကျေ​လ​သား​ကား ဗိ​ရ​ဇာ​ဝိတ်၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 32,
      "text": "ဟေ​ဗာ​သား​ကား ယာ​ဖ​လက်၊ ရှော​မာ၊ ဟော​သံ၊ နှ​မ​ရှု​အာ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 33,
      "text": "ယာ​ဖ​လက်​သား​ကား ပါ​သက်၊ ဗိ​မ​ဟာ​လ၊ အာ​ရှ​ဝတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 34,
      "text": "ရှော​မေ​ရ​သား​ကား အာ​ဟိ၊ ရော​ဂ၊ ယေ​ဟု​ဗ္ဗ၊ အာ​ရံ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 35,
      "text": "သူ၏​ညီ​ဟေ​လင်​သား​ကား ဇော​ဖ၊ ဣ​မ​န၊ ရှေ​လက်၊ အာ​မ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 36,
      "text": "ဇော​ဖ​သား​ကား သု​အာ၊ ဟာ​နေ​ဖာ၊ ရွှ​လ၊ ဗေ​ရိ၊ ဣ​မ​ရ၊"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 37,
      "text": "ဗေ​ဇာ၊ ဟော​ဒ၊ ရှ​မ္မ၊ ရှိ​လ​ရှ၊ ဣ​သ​ရန်၊ ဗေ​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 38,
      "text": "ယေ​သာ​သား​ကား ယေ​ဖု​န္န ပိ​သ​ပ၊ အာ​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 39,
      "text": "ဥ​လ္လ​သား​ကား အာ​ရ၊ ဟံ​ယေ​လ၊ ရေ​ဇိ​ယ​တည်း။"
    },
    {
      "book": 13,
      "chapter": 7,
      "verse": 40,
      "text": "ဤ​သူ​အ​ပေါင်း​တို့​သည် အာ​ရှာ​အ​မျိုး၌ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ ရွေး​သော​သူ၊ ခွန်​အား​ကြီး​သော သူ​ရဲ​မင်း ဖြစ်​ကြ၏။ သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍ စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ နှစ်​သောင်း​ခြောက်​ထောင်​ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 1,
      "text": "ဗင်္ယာ​မိန်​သား​ဦး​ကား ဗေ​လ၊ ဒု​တိ​ယ​သား အာ​ရှ​ဗေ​လ၊ တ​တိ​ယ​သား အ​ဟိ​ရံ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 2,
      "text": "စ​တု​တ္ထ​သား နော​ဟ၊ ပ​ဥ္စ​မ​သား ရာ​ဖ​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 3,
      "text": "ဗေ​လ​သား​ကား အ​ဒ္ဒါ၊ ဂေ​ရ၊ အ​ဘိ​ဟုဒ်၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 4,
      "text": "အ​ဘိ​ရွှ၊ နေ​မန်၊ အာ​ဟော၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 5,
      "text": "ဂေ​ရာ၊ ရှေ​ဖု​ဖံ၊ ဟု​ရံ​တည်း၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 6,
      "text": "မာ​န​ဟက်​မြို့​သို့ နေ​ရာ​ပြောင်း​သော ဂေ​ဗ​မြို့​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော ဧ​ဟုဒ်​သား​ကား၊ နေ​မန်၊ အ​ဟိ​ယ၊ ဂေ​ရ​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 7,
      "text": "နေ​ရာ​ပြောင်း​သော​နောက်၊ ဩ​ဇ​နှင့် အ​ဟိ​ဟုဒ်​ကို​လည်း မြင်၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 8,
      "text": "ရှ​ဟာ​ရိမ်​သည် မ​ယား​ဟု​ရှိမ်​နှင့် ဗာ​ရာ​ကို​စွန့်​ပြီး​မှ၊ မော​ဘ​ပြည်၌​နေ၍၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 9,
      "text": "မ​ယား​ဟော​ဒေ​ရှ​တွင် ယော​ဗပ်၊ ဇိ​ဘိ၊ မေ​ရှ၊ မာ​လ​ခံ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 10,
      "text": "ယု​ဇ၊ ရှာ​ခိ၊ မိ​ရ​မ​တို့​ကို​မြင်၍၊ ဤ​သူ​တို့​သည် အ​ဆွေ​အ​မျိုး သူ​ကြီး​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 11,
      "text": "အ​ရင်​မ​ယား ဟု​ရှိမ်​တွင်၊ အ​ဘိ​တုပ်​နှင့်​ဧ​လ​ပါ​လ​ကို မြင်၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 12,
      "text": "ဧ​လ​ပါ​လ​သား​ကား ဧ​ဗာ၊ မိ​ရှ​ဟံ၊ ရှာ​မက်​တည်း။ ရှာ​မက်​သည် ဩ​နော​မြို့၊ လော​ဒ​မြို့​နှင့် ကျေး​လက်​များ​ကို ပြု​စု​သော​သူ​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 13,
      "text": "ဗေ​ရိ​ယ​နှင့် ရှေ​မ​တို့​သည် ဂါ​သ​မြို့​သား​တို့​ကို နှင်​ထုတ်​သော အာ​ဇ​လုန်​မြို့​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး၊ အ​ဟိ​ဩ၊ ရှာ​ရှက်၊ ယေ​ရိ​မုတ်၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 15,
      "text": "ဇေ​ဗ​ဒိ၊ အာ​ရဒ်၊ အာ​ဒါ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 16,
      "text": "မိ​က္ခေ​လ၊ ဣ​ရှ​ပ၊ ယော​ဟ​တို့​သည် ဗေ​ရိ​ယ​သား ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 17,
      "text": "ဇေ​ဗ​ဒိ၊ မေ​ရှု​လံ၊ ဟေ​ဇ​ကိ၊ ဟေ​ဗာ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 18,
      "text": "ဣ​ရှ​မေ​ရဲ၊ ယေ​ဇ​လိ၊ ယော​ဗပ်​တို့​သည် ဧ​လ​ပါ​လ​သား​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 19,
      "text": "ယာ​ကိမ်၊ ဇိ​ခ​ရိ၊ ဇာ​ဗ​ဒိ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 20,
      "text": "ဧ​လျေ​နဲ၊ ဇိ​လ​သဲ၊ ဧ​လေ​လ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 21,
      "text": "အ​ဒါ​ယ၊ ဗေ​ရာ​ယ၊ ရှိ​မ​ရတ်​တို့​သည် ရှိ​မ​ဟိ​သား​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 22,
      "text": "ဣ​ရှ​ပန်၊ ဟေ​ဗာ၊ ဧ​လေ​လ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 23,
      "text": "အာ​ဗ​ဒုန်၊ ဇိ​ခ​ရိ၊ ဟာ​နန်၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 24,
      "text": "ဟာ​န​နိ၊ ဧ​လံ၊ အ​န္တော​သိ​ယ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 25,
      "text": "ဣ​ဖ​ဒိ​ယ၊ ပေ​နွေ​လ​တို့​သည် ရှာ​ရှက်​သား​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 26,
      "text": "ရှံ​ရှ​ရဲ၊ ရှေ​ဟာ​ရိ၊ အာ​သ​လိ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 27,
      "text": "ယာ​ရ​ရှိ၊ ဧ​လိ​ယ၊ ဇိ​ခ​ရိ​တို့​သည် ယေ​ရော​ဟံ​သား​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 28,
      "text": "ဤ​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှာ​နေ၍၊ အ​စဉ်​အ​ဆက် အ​ဆွေ​အ​မျိုး သူ​ကြီး​မင်း​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 29,
      "text": "ဂိ​ဗောင်​မြို့​မှာ ဂိ​ဗေါင်​အ​ဘ ယေ​ဟေ​လ​နေ၏။ သူ၏​မ​ယား​ကား မာ​ခါ​အ​မည်​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 30,
      "text": "သူ၏​သား​ဦး​ကား အာ​ဗ​ဒုန်၊ သူ၏​ညီ​ကား ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 31,
      "text": "ဂေ​ဒေါ်၊ အ​ဟိ​ဩ၊ ဇာ​ခ​ရိ၊ မိ​က​လုတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 32,
      "text": "မိ​က​လုတ်​သား​ကား ရှိ​မံ​တည်း။ ဤ​သူ​တို့​သည် ယေ​ရု​ရှင်​လင်​မြို့​မှာ ညီ​အစ်​ကို​စု​အ​နား၊ တစ်​ဖက်​တစ်​ချက်၌ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 33,
      "text": "နေ​ရ​သား​ကား ကိ​ရှ၊ ကိ​ရှ​သား ရှော​လု၊ ရှော​လု​သား ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 34,
      "text": "ယော​န​သန်​သား​ကား မေ​ရိ​ဗ္ဗာ​လ၊ မေ​ရိ​ဗ္ဗာ​လ​သား မိ​က္ခာ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 35,
      "text": "မိ​က္ခာ​သား ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာ​ခတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 36,
      "text": "အာ​ခတ်​သား​ကား ယာ​ရ၊ ယာ​ရ​သား အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိ​တည်း၊ ဇိ​မ​ရိ​သား​ကား မော​ဇ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 37,
      "text": "မော​ဇ​သား ဗိ​နာ၊ ဗိ​နာ​သား ရေ​ဖာ​ယ၊ ရေ​ဖာ​ယ​သား ဧ​လာ​သ၊ ဧ​လာ​သ​သား အာ​ဇေ​လ၊"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 38,
      "text": "အာ​ဇေ​လ​သား ခြောက်​ယောက်​အ​မည်​ကား အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ​မေ​လ၊ ရှ​ရိ​ယ၊ ဩ​ဗ​ဒိ၊ ဟာ​နန်​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 39,
      "text": "အာ​ဇေ​လ​ညီ ဧ​ရှက်​သား​ဦး​ကား ဥ​လံ၊ ဒု​တိ​ယ​သား ယေ​ဟုတ်၊ တ​တိ​ယ​သား ဧ​လိ​ဖ​လက်​တည်း။"
    },
    {
      "book": 13,
      "chapter": 8,
      "verse": 40,
      "text": "ဥ​လံ​သား​တို့​သည် ခွန်​အား​ကြီး​သော လေး​သူ​ရဲ​ဖြစ်​ကြ၏။ သား​မြေး​များ၍ ပေါင်း​တစ်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။ ဤ​ရွေ့​ကား၊ ဗင်္ယာ​မိန်​သား​စဉ်​မြေး​ဆက် ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 1,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ ကိုယ်​အ​ပြစ်​ကြောင့် ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို ခံ​ရ​နှင့်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​မှတ်​စာ၌ ပါ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 2,
      "text": "နောက်​တစ်​ဖန် ကိုယ်​ပိုင်​ထိုက်​သော မြို့​ရွာ​တို့၌ အ​ဦး​ဆုံး​နေ​ရာ​ကျ​သော​သူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန် အ​သီး​အ​သီး ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 3,
      "text": "ယေ​ရု​ရှ​လင်​မြို့​မှာ​နေ​သော ယု​ဒ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 4,
      "text": "ယု​ဒ​သား ဖာ​ရက်​အ​မျိုး​အ​နွယ်၊ ဗာ​နိ၊ ဣ​မ​ရိ၊ ဩ​မ​ရိ၊ အ​မိ​ဟုဒ်​တို့​မှ ဆင်း​သက်​သော ဥ​သဲ​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 5,
      "text": "ရှိ​လော​နိ​အ​မျိုး​ဖြစ်​သော သား​ဦး​အ​သာ​ယ​နှင့် သူ၏​သား​တစ်​စု၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 6,
      "text": "ဇေ​ရ​အ​မျိုး​ယွေ​လ​နှင့် သူ၏​ညီ​အစ်​ကို​တစ်​စု ပေါင်း​ခြောက်​ရာ​ကိုး​ဆယ်​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 7,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​သေ​နွာ၊ ဟော​ဒ​ဝိ၊ မေ​ရှု​လံ​တို့​မှ ဆင်း​သက်​သော သ​လ္လု၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 8,
      "text": "ယေ​ရော​ဟံ​သား ဣ​ဗ​နိ​ယ၊ မိ​ခ​ရိ​သား​ဖြစ်​သော ဩ​ဇိ၏​သား​ဧ​လာ​နှင့် ဣ​ဗ​နိ​ယ၊ ရွေ​လ၊ ရှေ​ဖ​တိ​တို့​မှ ဆင်း​သက်​သော မေ​ရှု​လံ​မှ​စ၍၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 9,
      "text": "သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​သော အ​မျိုး​သား​ချင်း​ပေါင်း ကိုး​ရာ​ငါး​ဆယ်​ခြောက်​ယောက်​တည်း။ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 10,
      "text": "ယဇ်​ပု​ရော​ဟိတ်​မူ​ကား ယေ​ဒါ​ယ၊ ယော​ယ​ရိပ်၊ ယာ​ခိန်​နှင့်​တ​ကွ၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 11,
      "text": "အ​ဟိ​တုပ်၊ မ​ရာ​ယုတ်၊ ဇာ​ဒုတ်၊ မေ​ရှု​လံ၊ ဟိ​လ​ခိ​တို့​မှ ဆင်း​သက်​သော ဘု​ရား​သ​ခင်၏​အိမ်​တော်​အုပ် အာ​ဇ​ရိ​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 12,
      "text": "မာ​လ​ခိ၊ ပါ​ရှု​ရ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​နှင့် ဣ​မေ​ရ၊ မေ​ရှိ​လ​မုတ်၊ မေ​ရှု​လံ၊ ယာ​ဇေ​ရ၊ အ​ဒေ​လ​တို့​မှ ဆင်း​သက်​သော​မာ​ရှဲ အ​စ​ရှိ​သော၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 13,
      "text": "အ​ဆွေ​အ​မျိုး​သူ​ကြီး အ​မျိုး​သား​ချင်း​တစ်​ထောင်​ခု​နစ်​ရာ​ခြောက်​ဆယ် ရှိ​ကြ၏။ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ​ပေ​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 14,
      "text": "လေ​ဝိ​သား​မူ​ကား၊ မေ​ရာ​ရိ အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​ရှ​ဘိ၊ အာ​ဇ​ရိ​ကံ၊ ဟာ​ရှုပ်​တို့​မှ​ဆင်း​သက်​သော ရှေ​မာ​ရ​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 15,
      "text": "ဗာ​က​ဗ​က္ကာ၊ ဟေ​ရက်၊ ဂ​လာ​လ​သုံး​ပါး၊ အာ​သပ်၊ ဇိ​ခ​ရိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 16,
      "text": "ယေ​ဒု​သုံ၊ ဂ​လာ​လ၊ ရှေ​မာ​ယ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​တစ်​ပါး၊ နေ​တော​ဖာ​သိ​ရွာ​တို့​တွင် နေ​သော ဧ​လ​ကာ​န​သား အာ​သ၏​သား ဗေ​ရ​ခိ​တစ်​ပါး​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 17,
      "text": "တံ​ခါး​စောင့်​မူ​ကား ရှ​လ္လုံ၊ အ​က္ကုပ်၊ တာ​လ​မုန်၊ အ​ဟိ​မန်​အ​စ​ရှိ​သော ညီ​အစ်​ကို​တစ်​စု၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 18,
      "text": "ရှ​လ္လုံ​သည် ရှင်​ဘု​ရင်​ဝင်​သော အ​ရှေ့​တံ​ခါး​တွင် တံ​ခါး​မှူး​ဖြစ်၏။ ဤ​သူ​တို့​သည် လေ​ဝိ​သား​အ​ပေါင်း​အ​သင်း၌​ပါ​သော တံ​ခါး​စောင့်​ပေ​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 19,
      "text": "ကော​ရ​သိ အ​ဆွေ​အ​မျိုး၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ ကော​ရ​တို့​မှ ဆင်း​သက်​သော ရှ​လ္လုံ​နှင့်​မိ​မိ​ညီ​တို့​သည် အ​မှု​တော်​စောင့်​ရာ​တွင် တဲ​တော်​တံ​ခါး​စောင့် ဖြစ်​ကြ၏။ အ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိုလ်​ခြေ​တပ်​ချ​ရာ​တွင် တဲ​တော်​ဦး​စောင့် ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 20,
      "text": "ရှေး​ကာ​လ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​သည် ထို​သူ​တို့​ကို​အုပ်​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 21,
      "text": "မေ​ရှိ​လ​မိ​သား ဇာ​ခ​ရိ​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​စောင့်​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 22,
      "text": "တံ​ခါး​စောင့်​အ​ရာ၌ ခန့်​ထား​သော​သူ​ပေါင်း​ကား နှစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​သူ​တို့​သည် ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​ရှ​မွေ​လ​ခန့်​ထား​သော သား​စဉ်​မြေး​ဆက် အ​သီး​အ​သီး​နေ​သော​ရွာ၌ စာ​ရင်း​ဝင်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 23,
      "text": "ထို​သူ၏ သား​စဉ်​မြေး​ဆက်​တို့​သည် တဲ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ တံ​ခါး​စောင့်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 24,
      "text": "တံ​ခါး​စောင့်​တို့​သည် အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ၌ စောင့်​နေ​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 25,
      "text": "ရွာ​တို့၌​နေ​သော အ​ပေါင်း​အ​ဖော်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း ခု​နစ်​ရက်၊ ခု​နစ်​ရက်​လာ​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 26,
      "text": "ထို​လေ​ဝိ​သား​တို့​တွင် တံ​ခါး​စောင့်​ကြီး လေး​ယောက်​တို့​သည် အ​ရာ​ကို​ခံ​ရ​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ခန်း​များ​နှင့် ဘ​ဏ္ဍာ​တိုက်​များ​ကို စောင့်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 27,
      "text": "ထို​သို့​စောင့်၍ နံ​နက်​တိုင်း တံ​ခါး​ကို​ဖွင့်​ရ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ပတ်​လည်၌ အိပ်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 28,
      "text": "အ​ချို့​တို့​သည်​လည်း၊ အ​မှု​တော်​စောင့်​တန်​ဆာ​များ​ကို အ​ရေ​အ​တွက်​အ​တိုင်း သွင်း​လျက်​ထုတ်​လျက် စောင့်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 29,
      "text": "အ​ချို့​တို့​သည်​လည်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော် တန်​ဆာ​များ၊ အ​သုံး​အ​ဆောင်​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ ဆီ၊ လော​ဗန်၊ နံ့​သာ​မျိုး​များ​ကို ပြု​စု၍​စောင့်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 30,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား အ​ချို့​တို့​သည်​လည်း နံ့​သာ​ဆီ​ကို​လုပ်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 31,
      "text": "လေ​ဝိ​သား၊ ကော​ရ​သိ​အ​ဆွေ​အ​မျိုး​ဖြစ်​သော ရှ​လ္လုံ၏​သား​ဦး မ​တ္တိ​သိ​သည် သံ​ပြား​ဖြင့်​ဖုတ်​သော မုန့်​မျိုး​ကို စောင့်​ရ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 32,
      "text": "သူ၏​ညီ​အစ်​ကို​နှင့် အ​ခြား​သော ကော​ရ​သိ အ​ဆွေ​အ​မျိုး​သား​တို့​သည် ဥ​ပုသ်​နေ့၌ ရှေ့​တော်​မုန့်​ကို ပြင်​ဆင်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 33,
      "text": "သီ​ချင်း​ဆို​သော​သူ လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် မိ​မိ​တို့​အ​မှု​ကို နေ့​ည​မ​ပြတ်​စောင့်​ရ​သော​ကြောင့်၊ အိမ်​တော်​အ​ခန်း၌​နေ၍ အ​ခြား​သော​အ​မှု​နှင့် လွတ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 34,
      "text": "ထို​လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် အ​စဉ်​အ​ဆက် အ​ကြီး​အ​ကဲ​ဖြစ်၍ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 35,
      "text": "ဂိ​ဗောင်​မြို့​မှာ ဂိ​ဗောင်​အ​ဘ​ယေ​လ​နေ၏။ သူ​၏​မ​ယား​ကား မာ​ခါ​အ​မည်​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 36,
      "text": "သူ​၏​သား​ဦး​ကား၊ အာ​ဗ​ဒုန်၊ ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 37,
      "text": "ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခါ၊ မိ​က​လုတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 38,
      "text": "မိ​က​လုတ်​သား​ကား၊ ရှိ​မံ​တည်း။ ဤ​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှာ အ​ဆွေ​မျိုး​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​လျက် ညီ​အစ်​ကို​တို့​နှင့်​အတူ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 39,
      "text": "နေ​ရ​သား​ကား ကိ​ရှ၊ ကိ​ရှ​သား​ရှော​လု၊ ရှော​လု​သား​တို့​ကား ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​န​ဒပ်၊ ဣ​ရှ​ဗာ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 40,
      "text": "ယော​န​သန်​သား​ကား မေ​ရိ​ဗ္ဗာ​လ၊ မေ​ရိ​ဗ္ဗာ​လ​သား​မိ​က္ခာ။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 41,
      "text": "မိ​က္ခာ​သား​တို့​ကား ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာခတ်တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 42,
      "text": "အာ​ခတ်​သား​ကား ယာ​ရာ၊ ယာ​ရာ​သား​တို့​ကား အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိ​တည်း။ ဇိ​မ​ရိ​သား​ကား မော​ဇ။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 43,
      "text": "မော​ဇ​သား ဗိ​နာ၊ ဗိ​နာ​သား ရေ​ဖာ​ရ၊ ရေ​ဖာ​ရ​သား ဧ​လာ​သ၊ ဧ​လာ​သ​သား​အာ​ဇေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 9,
      "verse": 44,
      "text": "အာ​ဇေ​လ​သား​ခြောက်​ယောက်​အ​မည်​ကား အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ​မေ​လ၊ ရှ​ရိ​ယ၊ သြ​ဗ​ဒိ၊ ဟာ​နန်​တည်း။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 1,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို​စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 2,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ရှော​လု​မင်း​နှင့် သူ၏​သား​တို့​ကို ပြင်း​ထန်​စွာ​လိုက်၍၊ ရှော​လု၏​သား ယော​န​သန်၊ အ​ဘိ​န​ဒပ်၊ မေ​လ​ခိ​ရွှ​တို့​ကို သတ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 3,
      "text": "စစ်​တိုက်​ရာ​တွင် ရှော​လု​သည် အ​လွန်​ခံ​ရ၏။ လေး​သ​မား​တို့​ပစ်​သော မြား​မှန်၍ အ​လွန်​နာ​သော​ကြောင့်၊"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 4,
      "text": "လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင်၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍၊ ငါ့​ကို​မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍​သေ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 5,
      "text": "ရှော​လု​သေ​သည်​ကို လက်​နက်​ဆောင်​လု​လင်​မြင်​လျှင်၊ သူ​သည်​လည်း ထို​ဓား​ကို​ထောင်၍ ဓား​ဖျား​ပေါ်​မှာ​လှဲ၍​သေ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 6,
      "text": "ထို​သို့ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​မှ​စ၍ နန်း​တော်​သား​အ​ပေါင်း​တို့​သည် အ​တူ​သေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​လူ​ပြေး​ကြောင်း၊ ရှော​လု​နှင့် သူ၏​သား​များ​သေ​ကြောင်း​ကို၊ ချိုင့်၌​နေ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်​သိ​မြင်​လျှင်၊ မြို့​ရွာ​တို့​ကို စွန့်​ပစ်​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 8,
      "text": "နက်​ဖြန်​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​သည် အ​သေ​ကောင်​တို့၌၊ အ​ဝတ်​တန်​ဆာ​ကို ချွတ်​ခြင်း​ငှာ​လာ​သော​အ​ခါ၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​တို့​သည် သေ​လျက်​ရှိ​သည်​ကို တွေ့​မြင်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 9,
      "text": "အ​ဝတ်​တန်​ဆာ​တော်​ကို ချွတ်​ပြီး​မှ ခေါင်း​တော်၊ လက်​နက်​တော်​ကို​ယူ၍ သူ​တို့​ရုပ်​တု​အိမ်​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 10,
      "text": "လက်​နက်​တော်​ကို​လည်း သူ​တို့​ဘု​ရား​ကျောင်း၌​ထား၍၊ ခေါင်း​တော်​ကို ဒါ​ဂုန်​ဗိ​မာန်၌ ဆွဲ​ထား​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 11,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် ရှော​လု၌​ပြု​သ​မျှ​ကို ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​များ​ကြား​လျှင်၊"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 12,
      "text": "သူ​ရဲ​အ​ပေါင်း​တို့​သည် ရှော​လု၏​အ​လောင်း​နှင့် သူ၏​သား​အ​လောင်း​တို့​ကို​ယူ​သွား၍၊ ယာ​ဗက်​မြို့​သို့ ဆောင်​ခဲ့​သ​ဖြင့်၊ အ​ရိုး​တို့​ကို ယာ​ဗက်​မြို့​မှာ သ​ပိတ်​ပင်​အောက်၌ သင်္ဂြိုဟ်​ပြီး​မှ ခု​နစ်​ရက်​ပတ်​လုံး​အ​စာ​ရှောင်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 13,
      "text": "ထို​သို့​ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ လွန်​ကျူး၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 10,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မ​မေး​မြန်း​ဘဲ နတ်​ဝင်​မိန်း​မ​ကို ရှာ​ဖွေ​မေး​မြန်း​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကွပ်​မျက်၍၊ နိုင်​ငံ​တော်​ကို ယေ​ရှဲ​သား​ဒါ​ဝိဒ်၌ လွှဲ​အပ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 1,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့၌​စည်း​ဝေး၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 2,
      "text": "အ​ထက်​က ရှော​လု​သည် ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 3,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ ရှ​မွေ​လ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို​ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 4,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြည်​သား​ရင်း ယေ​ဗု​သိ​လူ​တို့​နေ​ရာ ယေ​ဗုတ်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 5,
      "text": "ယေ​ဗုတ်​မြို့​သား​တို့​က၊ သင်​သည် ဤ​မြို့​သို့ မ​ဝင်​ရ​ဟု ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​သည် ဒါ​ဝိဒ်​မြို့​တည်း​ဟူ​သော ဇိ​အုန်​ရဲ​တိုက်​ကို တိုက်​ယူ​လေ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 6,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ယေ​ဗု​သိ​လူ​တို့​ကို အ​ဦး​လုပ်​ကြံ​သော​သူ​သည် ဗိုလ်​ချုပ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည် အ​တိုင်း၊ ဇေ​ရု​ယာ​သား ယွာ​ဘ​သည် အ​ဦး​တက်၍ ဗိုလ်​ချုပ်​အ​ရာ​ကို​ခံ​ရ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 7,
      "text": "ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ​သော​ကြောင့်၊ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 8,
      "text": "မိ​လ္လော​အ​ရပ်​နှင့်​တ​ကွ မြို့​ပတ်​လည်၌​တည်​ဆောက်​ပြီး​မှ ကျန်​ကြွင်း​သော​မြို့​ကို ယွာ​ဘ​ပြု​ပြင်​လေ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 9,
      "text": "ဒါ​ဝိဒ်​သည် တိုး​ပွား၍ အား​ကြီး​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌​ချီး​မြှောက်​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါင်း​တို့​နှင့်​ဝိုင်း၍ ဒါ​ဝိဒ်​မင်း​ဘက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​တော်​ထမ်း သူ​ရဲ​ကြီး​တို့၏​စာ​ရင်း​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 11,
      "text": "ဟ​ခ​မော​နိ​အ​မျိုး ယာ​ရှော​ဗံ​သည် ဗိုလ်​ချုပ်​ဖြစ်၏။ ထို​သူ​သည် လှံ​ကို​ကိုင်​လျက်၊ လူ​သုံး​ရာ​ကို တစ်​ခါ​တည်း​တိုက်၍ လုပ်​ကြံ​လေ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 12,
      "text": "သူ့​နောက်​မှာ အ​ဟော​ဟိ​အ​မျိုး ဒေါ​ဒေါ​သား​ဧ​လာ​ဇာ​သည် ဒါ​ဝိဒ်​နှင့်​အ​တူ​ပါ၊ သ​ဒ​မ္မိမ်​မြို့​သို့​လိုက်​သော သူ​ရဲ​သုံး​ယောက်​အ​ဝင် ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 13,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ မု​ယော​စ​ပါး​စိုက်​သော လယ်​ကွက်၌​စု​ဝေး၍ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ ပြေး​ကြ​သော်​လည်း၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 14,
      "text": "ထို​သူ​တို့​သည် လယ်​ကွက်​အ​လယ်၌ ရပ်၍​စောင့်​မ​လျက် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော​အောင်​ခြင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 15,
      "text": "ဗိုလ်​စု​အ​ဝင် သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ကျောက်​ကြား၊ အ​ဒု​လံ​ဥ​မင်​သို့ ဆင်း​သွား၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ရေ​ဖိမ်​ချိုင့်၌ တပ်​ချ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 16,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် ရဲ​တိုက်​တွင်​နေ၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဗက်​လင်​မြို့၌​လည်း တပ်​ချ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 17,
      "text": "ဒါ​ဝိဒ်​က​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဗက်​လင်​မြို့​တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို​ခပ်၍ ငါ့​အား​ပေး​ပါ​စေ​သော​ဟု တောင့်​တ​သော​စိတ်​နှင့် ဆို​သော်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 18,
      "text": "ထို​သူ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍၊ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း ဒါ​ဝိဒ်​သည် မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 19,
      "text": "ဤ​ရေ​ကို သောက်​သော​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ သွား​သော​သူ​တို့၏ အ​သွေး​ကို ငါ​သောက်​ရ​မည်​လော။ သူ​တို့​သည် ကိုယ်​အ​သက်​ကို​စွန့်​စား၍ ဤ​ရေ​ကို ဆောင်​ခဲ့​ကြ​ပြီ​ဟု​ဆို​လျက် မ​သောက်​ဘဲ​နေ၏။ ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ထို​သို့​သော​အ​မှု​တို့​ကို ပြု​ကြ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 20,
      "text": "ယွာ​ဘ​ညီ​အ​ဘိ​ရှဲ​သည်​လည်း သူ​ရဲ​သုံး​ယောက်​တွင် အ​ကြီး​ဖြစ်၏။ သူ​သည် လှံ​ကို​ကိုင်၍ လူ​သုံး​ရာ​တို့​ကို တိုက်​ဖျက်​လုပ်​ကြံ​သော​ကြောင့်၊ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ရ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 21,
      "text": "သူ​ရဲ​သုံး​ယောက်​တွင် နှစ်​ယောက်​ထက်​သာ၍ မြတ်​သော​ကြောင့် ဗိုလ်​ချုပ်​အ​ရာ​ကို​ရ၏။ သို့​သော်​လည်း ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 22,
      "text": "အ​ထူး​သ​ဖြင့် ပြု​ဖူး​သော​ကပ်​ဇေ​လ​မြို့​သား၊ သူ​ရဲ​ယော​ယ​ဒ၏​သား​ဗေ​နာ​ယ​သည်​လည်း ခြင်္သေ့​နှင့်​တူ​သော မော​ဘ​လူ​နှစ်​ယောက်​ကို သတ်၏။ ဆောင်း​ကာ​လ၌​လည်း၊ အ​ခြား​သို့​သွား၍ မြေ​တွင်း၌​ရှိ​သော ခြင်္သေ့​ကို​သတ်၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 23,
      "text": "အ​ရပ်​ငါး​တောင်​မြင့်​သော အဲ​ဂု​တ္တု​လူ​ကို​လည်း သတ်၏။ အဲ​ဂု​တ္တု​လူ​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ ကြီး​သော​လှံ​ကို ကိုင်​သော်​လည်း၊ ဗေ​နာ​ယ​သည် တောင်​ဝှေး​ကို​သာ​ကိုင်​လျက် သွား၍၊ အဲ​ဂု​တ္တု​လူ​လက်​မှ လှံ​ကို​လု​ယူ​ပြီး​လျှင် ထို​လှံ​နှင့် သူ့​ကို​သတ်၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 24,
      "text": "ထို​သို့​သော​အ​မှု​တို့​ကို ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် ပြု၍ သူ​ရဲ​သုံး​ယောက်​အ​ဝင် နေ​ရာ​ကို​ရ၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 25,
      "text": "ဗိုလ်​များ​ထက် သာ၍​မြတ်​သော်​လည်း ပ​ထ​မ​သူ​ရဲ​သုံး​ယောက်​တို့​ကို မ​မီ။ ဒါ​ဝိဒ်​သည် အ​တွင်း​ဝန်​ချုပ်​အ​ရာ​ကို​လည်း ပေး၏။"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 26,
      "text": "ယွာ​ဘ​ညီ အာ​သ​ဟေ​လ​သည်​လည်း ဗိုလ်​စု​အ​ဝင်​ဖြစ်၏။ ထို​အ​တူ၊ ဗက်​လင်​မြို့​နေ၊ ဒေါ​ဒေါ၏​သား ဧ​လ​ဟာ​နန်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 27,
      "text": "ဟေ​ရော​ဒိ​အ​မျိုး ရှ​မ္မ၊ ဖာ​လ​တိ​အ​မျိုး ဟေ​လက်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 28,
      "text": "တေ​ကော​အ​မျိုး ဣ​ကေ​ရှ၏​သား​ဣ​ရ၊ အ​နေ​သော​သိ​အ​မျိုး အ​ဗျေ​ဇာ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 29,
      "text": "ဟု​ရှ​သိ​အ​မျိုး သိ​ဗေ​ကဲ၊ အ​ဟော​ဟိ​အ​မျိုး ဣ​လဲ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 30,
      "text": "နေ​တော​ဖာ​သိ​အ​မျိုး မ​ဟာ​ရဲ၊ နေ​တော​ဖာ​သိ​အ​မျိုး ဗာ​န၏​သား ဟေ​လက်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 31,
      "text": "ဗင်္ယာ​မိန်​အ​မျိုး၊ ဂိ​ဗာ​မြို့​နေ၊ ရိ​ဘဲ၏​သား ဣ​တ္တဲ၊ ပိ​ရ​သော​နိ​အ​မျိုး ဗေ​နာ​ယ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 32,
      "text": "ဂါ​ရှ​ချိုင့်​သား ဟု​ရဲ၊ အာ​ဗ​သိ​အ​မျိုး အ​ဗျေ​လ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 33,
      "text": "ဗာ​ဟု​မိ​အ​မျိုး အာ​ဇ​မာ​ဝက်၊ ရှာ​လ​ဗော​နိ​အ​မျိုး ဧ​လျာ​ဘ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 34,
      "text": "ဂိ​ဇော​နိ​အ​မျိုး ယာ​ရှင်၏​သား​တို့​တွင် ယော​န​သန်၊ ဟာ​ရ​ရိ​အ​မျိုး ရှ​မ္မ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 35,
      "text": "ဟာ​ရ​ရိ​အ​မျိုး ရှာ​ရ၏​သား​အ​ဟိ​အံ၊ ဥ​ရ၏​သား ဧ​လိ​ဖ​လ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 36,
      "text": "မေ​ခေ​ရ​သိ​အ​မျိုး ဟေ​ဖာ၊ ပေ​လော​နိ​အ​မျိုး အ​ဟိ​ယ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 37,
      "text": "က​ရ​မေ​လ​အ​မျိုး ဟေ​ဇ​ရဲ၊ ဧ​ဇ​ဗဲ၏​သား နာ​ရဲ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 38,
      "text": "နာ​သန်၏​ညီ ယော​လ၊ ဟ​ဂ္ဂေ​ရိ၏​သား မိ​ဗ​ဟာ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 39,
      "text": "အ​မ္မုန်​အ​မျိုး ဇေ​လက်၊ ဇေ​ရု​ယာ​သား ယွာ​ဘ၏ လက်​နက်​ဆောင်​လု​လင်၊ ဗေ​ရော​သိ​အ​မျိုး န​ဟာ​ရဲ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 40,
      "text": "ဣ​သ​ရိ​အ​မျိုး ဣ​ရ၊ ဣ​သ​ရိ​အ​မျိုး ဂါ​ရက်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 41,
      "text": "ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ၊ အာ​လဲ၏​သား ဇာ​ဗဒ်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 42,
      "text": "ရု​ဗင်​အ​မျိုး​သား​သုံး​ကျိပ်​ကို အုပ်​သော​ဗိုလ်၊ ရှိ​ဇ၏​သား အ​ဒိ​န၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 43,
      "text": "မာ​ခါ၏​သား ဟာ​နန်၊ မိ​သ​နိ​အ​မျိုး ယော​ရှ​ဖတ်၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 44,
      "text": "အာ​ရှ​တ​ယော​သိ​အ​မျိုး ဩ​ဇိ၊ အာ​ရော်​အ​မျိုး ဟော​သန်၏​သား ရှာ​မ​နှင့်​ယေ​ဟေ​လ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 45,
      "text": "တိ​ဇိ​အ​မျိုး ရှိ​မ​ရိ၏​သား ယေ​ဒျေ​လ​နှင့် သူ၏​ညီ​ယော​ဟ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 46,
      "text": "မ​ဟာ​ဝိ​အ​မျိုး ဧ​လျေ​လ၊ ဧ​လ​နန်၏​သား ယေ​ရိ​ဗဲ​နှင့် ယော​ရှ​ဝိ၊ မော​ဘ​အ​မျိုး ဣ​သ​မ​နှင့်​တ​ကွ၊"
    },
    {
      "book": 13,
      "chapter": 11,
      "verse": 47,
      "text": "ဧ​လျေ​လ၊ ဩ​ဗက်၊ မေ​ဇော​ဗိတ်​အ​မျိုး ယာ​သေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 1,
      "text": "ဒါ​ဝိဒ်​သည် ကိ​ရှ၏​သား​ရှော​လု​ကို ရှောင်၍ ဇိ​က​လတ်​မြို့၌​နေ​စဉ်၊ သူ့​ဘက်​သို့ ဝင်​စား​သော​သူ၊ လေး​လက်​နက်​ကို​ဆောင်၍ လက်​ယာ​လက်​လက်​ဝဲ​လက်​မ​ရွေး၊ ကျောက်​နှင့် မြား​ကို​ပစ်​တတ်​သော စစ်​သူ​ရဲ​ကြီး၊ ရှော​လု​ပေါက်​ဖော် ဗင်္ယာ​မိန်​အ​မျိုး​သား​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 3,
      "text": "အ​ကြီး​အ​ကဲ အ​ဟေ​ဇာ၊ သူ့​နောက်​ယော​ရှ၊ ဂိ​ဗာ​မြို့​သား​ရှေ​မာ၊ အာ​ဇ​မာ​ဝက်​သား ယေ​ဇေ​လ​နှင့်​ပေ​လက်၊ ဗေ​ရာ​ခ၊ အ​န္တော​သိ​အ​မျိုး ယေ​ဟု၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 4,
      "text": "ဗိုလ်​စု​တွင် ထူး​ဆန်း၍ အ​ကြီး​အ​ကဲ​လုပ်​သော ဂိ​ဗောင်​မြို့​သား​ဣ​ရှ​မာ​ယ၊ ယေ​ရ​မိ၊ ယ​ဟာ​ဇေ​လ၊ ယော​ဟ​နန်၊ ဂေ​ဒ​ရ​သိ​အ​မျိုး ယော​ဇ​ဗဒ်၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 5,
      "text": "ဧ​လု​ဇဲ၊ ယေ​ရိ​မုတ်၊ ဗာ​လျာ၊ ရှေ​မ​ရိ၊ ဟ​ရု​ဖိ​အ​မျိုး ရှေ​ဖ​တိ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 6,
      "text": "ဧ​လ​ကာ​န၊ ယေ​ရှာ၊ အာ​ဇ​ရေ​လ၊ ယော​ဇာ၊ ကော​ရ​သိ​အ​မျိုး ယာ​ရှော​ဗ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 7,
      "text": "ဂေ​ဒေါ်​မြို့​နေ၊ ယေ​ရော​ဟံ​သား ယော​လာ​နှင့် ဇေ​ဗ​ဒိ​တည်း။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 8,
      "text": "ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​ရှိ​ရာ တော​ရဲ​တိုက်​သို့ ထွက်​သွား​သော​သူ၊ ခွန်​အား​ကြီး၍ ဒိုင်း​လွှား​ဆောင်​လျက် စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ၊ ခြင်္သေ့​ကဲ့​သို့ မျက်​နှာ​ရဲ၍ တောင်​ပေါ်​မှာ ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​သော​သူ ဂဒ်​အ​မျိုး​သား​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 9,
      "text": "ဧ​ဇာ​တစ်​ပါး၊ ဩ​ဗ​ဒိ​တစ်​ပါး၊ ဧ​လျာ​ဘ​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 10,
      "text": "မိ​ရှ​မ​န္န​တစ်​ပါး၊ ယေ​ရ​မိ​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 11,
      "text": "အ​တ္တဲ​တစ်​ပါး၊ ဧ​လျေ​လ​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 12,
      "text": "ယော​ဟ​နန်​တစ်​ပါး၊ ဧ​လ​ဇာ​ဗဒ်​တစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 13,
      "text": "ယေ​ရ​မိ​တစ်​ပါး၊ မာ​ခ​ဗာ​နဲ​တစ်​ပါး၊ ပေါင်း​တစ်​ကျိပ်​တစ်​ပါး​တည်း။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 14,
      "text": "ဤ​သူ​တို့​သည် ဂဒ်​အ​မျိုး​သား​တွင် ဗိုလ်​လုပ်၍၊ အ​ငယ်​ကား​လူ​တစ်​ရာ၊ အ​ကြီး​ကား​လူ​တစ်​ထောင်​ကို အုပ်​သော​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 15,
      "text": "ယော်​ဒန်​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လွှမ်း​မိုး​သော​ကာ​လ​ပ​ထ​မ​လ​တွင်၊ သူ​တို့​သည်​ကူး၍ မြေ​ညီ​ရာ​အ​ရပ် အ​ရှေ့​အ​နောက်၌ နေ​သော​သူ​အ​ပေါင်း​တို့​ကို ပြေး​စေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 16,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​နှင့် ယု​ဒ​အ​မျိုး​သား​အ​ချို့​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 17,
      "text": "ဒါ​ဝိဒ်​သည် ကြို​ဆို​ခြင်း​ငှာ ထွက်​သွား၍၊ ငါ့​ကို​မ​စ​ခြင်း​ငှာ မေ​တ္တာ​စိတ်​နှင့်​လာ​လျှင် ငါ​သ​ဘော​တူ၏။ သို့​မ​ဟုတ် ငါ့​ကို ရန်​သူ​လက်​သို့​အပ်​ခြင်း​ငှာ လာ​လျှင် ငါ၌​အ​ပြစ်​မ​ရှိ​သော​ကြောင့်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍ ဆုံး​မ​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 18,
      "text": "ဝိ​ညာဉ်​တော်​သည် ဗိုလ်​ချုပ်​အာ​မ​သဲ​အ​ပေါ်​မှာ သက်​ရောက်၍၊ အို​ဒါ​ဝိဒ်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​လူ၊ အို​ယေ​ရှဲ၏​သား​တော်၊ ကိုယ်​တော်​ဘက်​သို့ ဝင်​စား​သော​သူ​ဖြစ်​ပါ၏။ ကိုယ်​တော်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကို​မ​စ​သော​သူ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို မ​စ​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​လေ​သော်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို လက်​ခံ၍ ဗိုလ်​အ​ရာ၌ ခန့်​ထား​လေ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​သည် ရှော​လု​ကို စစ်​တိုက်​သွား​သော ဖိ​လိ​တ္တိ​လူ​တို့​နှင့် လိုက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို​အပ်၍ မိ​မိ​သ​ခင်​ရှော​လု​ဘက်​သို့ ဝင်​စား​မည်​ဟု​တိုင်​ပင်​ပြီး​မှ ပြန်​စေ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် စစ်​မ​ကူ​ဘဲ ဇိ​က​လတ်​မြို့​သို့​သွား​သော​ကာ​လ၊ သူ့​ဘက်​သို့ ဝင်​စား​သော မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 20,
      "text": "မိ​မိ​အ​မျိုး​သား​တို့​တွင် လူ​တစ်​ထောင်​ကို အုပ်​သော​ဗိုလ်၊ အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိ​က္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု၊ ဇိ​လ​သဲ​တည်း။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 21,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဗိုလ်​ကြီး​ဖြစ်၍၊ ဓား​ပြ​လုပ်​သော သူ​တို့​တစ်​ဖက်၌ ဒါ​ဝိဒ်​ကို​မ​စ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 22,
      "text": "ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​ကဲ့​သို့ ကြီး​စွာ​သော ဗိုလ်​ခြေ​ဖြစ်​သည်​တိုင်​အောင် တစ်​နေ့​ထက်​တစ်​နေ့ ဒါ​ဝိဒ်​ကို​ကူ​ညီ၍ ဝင်​စား​ကြ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​အ​တိုင်း၊ ရှော​လု၏​နိုင်​ငံ​ကို ဒါ​ဝိဒ်​လက်​သို့​လွှဲ​ခြင်း​ငှာ ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ လာ​သော​သူ၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​သော တပ်​သား​စာ​ရင်း​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 24,
      "text": "ဒိုင်း​နှင့်​လှံ​ကို​ဆောင်၍ စစ်​တိုက်​လက်​နက်​စုံ​နှင့်​ပြည့်​စုံ​သော ယု​ဒ​အ​မျိုး​သား ခြောက်​ထောင်​ရှစ်​ရာ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 25,
      "text": "ခွန်​အား​ကြီး​သော စစ်​သူ​ရဲ၊ ရှိ​မောင်​အ​မျိုး​သား ခု​နစ်​ထောင်​တစ်​ရာ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 26,
      "text": "လေ​ဝိ​အ​မျိုး​သား လေး​ထောင်​ခြောက်​ရာ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 27,
      "text": "အာ​ရုန်​အ​မျိုး​အုပ်၊ ယော​ယ​ဒ​နှင့်​အ​တူ​ပါ​သော အာ​ရုန်​အ​မျိုး​သား သုံး​ထောင်​ခု​နစ်​ရာ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 28,
      "text": "ခွန်​အား​ကြီး​သော​သူ​ရဲ၊ လူ​ပျို​ဇာ​ဒုတ်​နှင့် သူ၏​အ​ဆွေ​အ​မျိုး တပ်​မှူး​နှစ်​ကျိပ်​နှစ်​ပါး၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 29,
      "text": "ရှော​လု​ပေါက်​ဖော်​ဖြစ်​သော ဗင်္ယာ​မိန်​အ​မျိုး​သား​သုံး​ထောင်၊ ထို​အ​မျိုး​သား​အ​များ​တို့​သည် ရှော​လု​ဘက်​မှာ စောင့်​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 30,
      "text": "ခွန်​အား​ကြီး၍ အ​ဆွေ​အ​မျိုး​တို့​တွင် ထင်​ရှား​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​နှစ်​သောင်း​ရှစ်​ရာ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 31,
      "text": "ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ စာ​ရင်း​ဝင်​သော မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ထဲ​က လူ​တစ်​သောင်း​ရှစ်​ထောင်၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 32,
      "text": "ကာ​လ​အ​ချိန်​တို့​ကို နား​လည်၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို သိ​တတ်​သော ဣ​သ​ခါ​အ​မျိုး​သား သူ​ကြီး​နှစ်​ရာ၊ သူ​တို့​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် အ​သင့်​ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 33,
      "text": "စိတ်​နှစ်​ခွ​မ​ရှိ၊ တပ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​လျက် စစ်​ချီ၍​တိုက်​တတ်​သော ဇာ​ဗု​လုန်​အ​မျိုး​သား ငါး​သောင်း၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 34,
      "text": "နဿ​လိ​အ​မျိုး​သား ဗိုလ်​တစ်​ထောင်၊ ဒိုင်း​နှင့်​လှံ​ကို ဆောင်​သော​သူ သုံး​သောင်း​ခု​နစ်​ထောင်၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 35,
      "text": "ဒန်​အ​မျိုး​ထဲ​က စစ်​မှူး​စစ်​ရေး၌ လေ့​ကျက်​သော​သူ နှစ်​သောင်း​ရှစ်​ထောင်​ခြောက်​ရာ၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 36,
      "text": "အာ​ရှာ​အ​မျိုး​ထဲ​က ထို​အ​တူ​လေ့​ကျက်၍ စစ်​ချီ​တတ်​သော သူ​လေး​သောင်း၊"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 37,
      "text": "ယော်​ဒန်​မြစ်​တစ်​ဖက် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ထဲ​က စစ်​တိုက်​လက်​နက်​စုံ အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော​သူ တစ်​သိန်း​နှစ်​သောင်း​တည်း။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 38,
      "text": "စစ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ တိုက်​တတ်​သော​သူ၊ အ​ထက်​ဆို​ခဲ့​ပြီး သော​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ကြည်​ညို​သော​စိတ်​အား​ကြီး၍ ဟေ​ဗြုန်​မြို့​သို့ လာ​ကြ၏။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 39,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် သုံး​ရက်​ပတ်​လုံး အ​ထံ​တော်၌ စား​သောက်​လျက်​နေ​ကြ၏။ အ​မျိုး​သား​ချင်း​တို့​သည် ပြင်​ဆင်​နှင့်​ကြ​ပြီ။"
    },
    {
      "book": 13,
      "chapter": 12,
      "verse": 40,
      "text": "အ​နီး​အ​ပါး၌ နေ​သော​သူ​တို့​သည်​လည်း၊ သိုး​နွား​နှင့်​တ​ကွ အ​မဲ​သား၊ မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ်​သီး၊ စ​ပျစ်​ရည်၊ ဆီ​တည်း​ဟူ​သော ရိ​က္ခာ​များ​ကို မြည်း၊ ကု​လား​အုတ်၊ လား၊ နွား​အ​ပေါ်​မှာ​တင်​လျက် ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​မှ ပင့်​ဆောင်​ခဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပျော်​မွေ့​ကြ၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 1,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​သည် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​စ​ရှိ​သော အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 2,
      "text": "ဣ​သ​ရေ​လ အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် အ​လို​ရှိ၍ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ဣ​သ​ရေ​လ နိုင်​ငံ​အ​ရပ်​ရပ်၌ ကျန်​ကြွင်း​သေး​သော ငါ​တို့​ညီ​အစ်​ကို​များ၊ မြို့​နှင့် မြို့​နယ်၌​နေ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​တို့​သည် ငါ​တို့​နှင့်​အ​တူ စည်း​ဝေး​စေ​ခြင်း​ငှာ အ​နှံ့​အ​ပြား​စေ​လွှတ်​ကြ​ကုန်​အံ့။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 3,
      "text": "ငါ​တို့၏ ဘု​ရား​သ​ခင်​သေ​တ္တာ​တော်​ကို တစ်​ဖန် ဆောင်​ခဲ့​ကြ​ကုန်​အံ့။ ရှော​လု​လက်​ထက်၌ ထို​သေ​တ္တာ​တော်​ရှေ့​မှာ မေး​မြန်း​လေ့​မ​ရှိ​ပါ​တ​ကား​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 4,
      "text": "စည်း​ဝေး​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် နှစ်​သက်​သော​ကြောင့်၊ အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 5,
      "text": "ထို​သို့​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​အ​နား၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ ဟာ​မတ်​မြို့​လမ်း​ဝ​တိုင်​အောင်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 6,
      "text": "ခေ​ရု​ဗိမ်​ကြား​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ပြည် ကိ​ရ​ယတ်​ယာ​ရိမ် မြို့​တည်း​ဟူ​သော ဗာ​လာ​မြို့​သို့ သွား​လေ၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှည်း​သစ်​ပေါ်​မှာ​တင်၍ အ​ဘိ​န​ဒပ်​အိမ်​ထဲ​က ထုတ်​ကြ၏။ ဩ​ဇ​နှင့် အ​ဟိ​ဩ​သည် လှည်း​ကို​နှင်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 8,
      "text": "ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သီ​ချင်း​ဆို​လျက် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း၊ တံ​ပိုး​တို့​ကို​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 9,
      "text": "ခိ​ဒုန် ကောက်​နယ်​တ​လင်း​သို့ ရောက်​သော​အ​ခါ၊ နွား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှုပ်​ရှား​သော​ကြောင့်၊ ဩ​ဇ​သည် လက်​ကို​ဆန့်၍ သေ​တ္တာ​တော်​ကို ကိုင်၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 10,
      "text": "ထို​သို့ သေ​တ္တာ​တော်​ကို ကိုင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို အ​မျက်​ထွက်၍၊ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ဩ​ဇ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ သေ​လေ၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 11,
      "text": "ဩ​ဇ​ကို ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ဒါ​ဝိဒ်​သည် ညှိုး​ငယ်​သော​စိတ်​ရှိ၏။ ထို​အ​ရပ်​သည် ယ​နေ့​တိုင်​အောင် ပေ​ရ​ဇော​ဇ​အ​မည်​ဖြင့် တွင်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 12,
      "text": "ထို​နေ့၌​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​ကို​ကြောက်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ ဆောင်​ခဲ့​ရ​မည်​နည်း​ဟု ဆို​လျက်၊"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 13,
      "text": "မိ​မိ​နေ​ရာ​ဒါ​ဝိဒ်​မြို့​ထဲ​သို့ သေ​တ္တာ​တော်​ကို​မ​ဆောင်​ဘဲ ဂိ​တ္တိ​လူ​ဩ​ဗ​ဒေ​ဒုံ​အိမ်​သို့ လွှဲ၍ ဆောင်​သွား​လေ၏။"
    },
    {
      "book": 13,
      "chapter": 13,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည် သုံး​လ​ပတ်​လုံး၊ ဩ​ဗေ​ဒုံ​အိမ်​တွင် အိမ်​သူ​အိမ်​သား​များ​ဆီ​မှာ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဗ​ဒေ​ဒုံ​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 1,
      "text": "တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ဒါ​ဝိဒ်​အ​ဖို့ နန်း​တော်​ကို​တည်​ဆောက်​ခြင်း​ငှာ၊ သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို စေ​လွှတ်​လေ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​နှင့် မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ အ​လို​ငှာ၊ နိုင်​ငံ​ကို ချီး​မြှောက်​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​သိ​မြင်​လေ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 3,
      "text": "ဒါ​ဝိဒ်​သည် ယေ​ရု​ရှ​လင်​မြို့၌ ထပ်၍ မ​ယား​တို့​ကို သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 4,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့ အ​မည်​ကား၊ ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 5,
      "text": "ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ ဧ​လိ​ပ​လက်၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 6,
      "text": "နော​ဂ၊ နေ​ဖက်၊ ယာ​ဖျာ၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 7,
      "text": "ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ၊ ဧ​လိ​ဖ​လက်​တည်း။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 8,
      "text": "ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​သည်​ကြား​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို​ရှာ၍ လာ​ကြ၏။ ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည် ကြား​သော​အ​ခါ ချီ​သွား၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 9,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် လာ၍ ရေ​ဖိမ်​ချိုင့်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 10,
      "text": "ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှိ​ရာ​သို့ သွား​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 11,
      "text": "ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား၍ သူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​သည် ရေ​ထ၍​ဖြို​ဖျက်​သ​ကဲ့​သို့ ငါ့​ရန်​သူ​တို့​ကို ငါ့​အား​ဖြင့် ဖြို​ဖျက်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 12,
      "text": "ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ ပစ်​ထား​သော​ရုပ်​တု​များ​ကို ဒါ​ဝိဒ်၏​အ​မိန့်​တော်​နှင့် မီး​ရှို့​ကြ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 13,
      "text": "တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ထို​ချိုင့်၌ အ​နှံ့​အ​ပြား​လာ၍​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 14,
      "text": "ဒါ​ဝိဒ်​သည်​လည်း ဘု​ရား​သ​ခင်​ကို တစ်​ဖန်​မေး​လျှောက်​သော်၊ သူ​တို့​ရှိ​ရာ​သို့ တည့်​တည့်​မ​တက်​ရ။ သူ​တို့​မှ​လွှဲ၍ ပိုး​စာ​တော​တစ်​ဖက်​တစ်​ချက်၌ ချီ​ရ​မည်။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 15,
      "text": "ပိုး​စာ​ပင်​ဖျား၌ စစ်​ချီ​သံ​ကို​ကြား​သော​အ​ခါ၊ တိုက်​အံ့​သော​ငှာ ချီ​လော့။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ခြင်း​ငှာ သင့်​ရှေ့​မှာ ကြွ​သွား​မည်​ဟု ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 16,
      "text": "ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂိ​ဗောင်​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။"
    },
    {
      "book": 13,
      "chapter": 14,
      "verse": 17,
      "text": "ဒါ​ဝိဒ်​သ​တင်း​သည် အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ နှံ့​ပြား၍၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​သည် သူ့​ကို​ကြောက်​ရွံ့​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 1,
      "text": "ထို​နောက် ဒါ​ဝိဒ်​မြို့၌ အိမ်​တော်​တို့​ကို ဆောက်​တော်​မူ၏။ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ဌာ​န​ကို ပြင်၍ တဲ​တော်​ကို​လည်း တည်​တော်​မူ​ပြီး​မှ၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 2,
      "text": "ဒါ​ဝိဒ်​က၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို​ထမ်း၍ ရှေ့​တော်၌ အ​မှု​တော်​ကို​အ​စဉ်​စောင့်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဝိ​သား​တို့​ကို ရွေး​ချယ်​တော်​မူ​သော​ကြောင့်၊ အ​ခြား​တစ်​ပါး​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မ​ထမ်း​ရ​ကြ​ဟု​ဆို​လျက်၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​အ​ဖို့ ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​စေ​သော​အ​ခါ၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 4,
      "text": "အာ​ရုန်​သား​တို့​နှင့် လေ​ဝိ​သား​တို့​ကို​လည်း စု​ဝေး​စေ​တော်​မူ၍ ရောက်​လာ​သော​သူ​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 5,
      "text": "ကော​ဟတ်​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ဥ​ရေ​လ​နှင့် သူ၏​ညီ​အစ်​ကို တစ်​ရာ​နှစ်​ဆယ်၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 6,
      "text": "မေ​ရာ​ရိ​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော အ​သာ​ယ​နှင့် သူ၏​ညီ​အစ်​ကို နှစ်​ရာ​နှစ်​ဆယ်၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 7,
      "text": "ဂေ​ရ​ရှုံ​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ယော​လ​နှင့် သူ၏​ညီ​အစ်​ကို တစ်​ရာ​သုံး​ဆယ်၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 8,
      "text": "ဧ​လိ​ဇ​ဖန်​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ရှေ​မာ​ယ​နှင့် သူ၏​ညီ​အစ်​ကို​နှစ်​ရာ"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 9,
      "text": "ဟေ​ဗြုန်​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ဧ​လျေ​လ​နှင့် သူ၏​ညီ​အစ်​ကို ရှစ်​ဆယ်၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 10,
      "text": "ဩ​ဇေ​လ​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော အ​မိ​န​ဒပ်​နှင့် သူ၏​ညီ​အစ်​ကို တစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 11,
      "text": "ဒါ​ဝိဒ်​သည်​လည်း ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​သား ဩ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ၊ အ​မိ​န​ဒပ်​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 12,
      "text": "သင်​တို့​သည် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​အ​ဖို့ ငါ​ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 13,
      "text": "အ​ရင်​က​မ​သန့်​ရှင်း၊ တ​ရား​လမ်း​သို့ မ​လိုက်​ဘဲ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​သည်​ဟု သ​တိ​ပေး၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 14,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လေ​ဝိ​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို သေ​တ္တာ​တော်​ထမ်း​ပိုး​ဖြင့် ထမ်း​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 16,
      "text": "လေ​ဝိ​သား အ​ကြီး​အ​ကဲ​တို့​သည် စောင်း၊ တ​ယော၊ ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့် သီ​ချင်း​ဆို​တတ်​သော ညီ​အစ်​ကို​တို့​ကို ဝမ်း​မြောက်​စွာ အ​သံ​ပြိုင်​ဆို​စေ​ခြင်း​ငှာ ခန့်​ထား​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 17,
      "text": "ထို​လေ​ဝိ​သား​တို့​သည် ယော​လ​သား ဟေ​မန်၊ သူ၏​ညီ​စု​ထဲ​က ဗေ​ရ​ခိ​သား အာ​သပ်၊ မိ​မိ​တို့​ညီ​စု၊ မေ​ရာ​ရိ​အ​မျိုး​ထဲ​က ကု​ရှာ​ယ​သား ဧ​သန်​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 18,
      "text": "မိ​မိ​တို့​ညီ ဒု​တိ​ယ​အ​ရာ​ရှိ​ဖြစ်​သော ဇာ​ခ​ရိ၊ ဗင်္ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥ​န္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ​သေ​ယ၊ မ​တ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ၊ တံ​ခါး​စောင့်​ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ၊ အာ​ဇ​ဇိ​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 19,
      "text": "သီ​ချင်း​ဆ​ရာ ဟေ​မန်၊ အာ​သပ်၊ ဧ​သန်​တို့​သည် ကြေး​ဝါ​ခွက်​ကွင်း​ကို တီး​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 20,
      "text": "ဇာ​ခ​ရိ၊ ဗင်္ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥ​န္နိ၊ ဧ​လျာ​ဘ၊ မာ​သေ​ယ၊ ဗေ​နာ​ယ​တို့​သည် အာ​လ​မုတ်​တ​ယော​ကို ထိုး​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 21,
      "text": "မ​တ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ၊ ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ၊ အာ​ဇ​ဇိ​တို့​သည် အ​သံ​စုံ​လင်​စွာ ရှေ​မိ​နိတ်​စောင်း​ကို တီး​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 22,
      "text": "လေ​ဝိ​သား အ​ကြီး​အ​ကဲ​ဖြစ်​သော ခေ​န​နိ​သည် သီ​ချင်း​အ​တတ်၌ လေ့​ကျက်​သော​ကြောင့် သီ​ချင်း​ဆ​ရာ​ကြီး ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 23,
      "text": "ဗေ​ရ​ခိ​နှင့် ဧ​လ​ကာ​န​သည် သေ​တ္တာ​တော်​တံ​ခါး​စောင့်​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 24,
      "text": "ယဇ်​ပု​ရော​ဟိတ် ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ရှေ့​မှာ တံ​ပိုး​မှုတ်​ရ​ကြ၏။ ဩ​ဗ​ဒေ​ဒုံ​နှင့် ယေ​ဟိ​သည်​လည်း သေ​တ္တာ​တော်​တံ​ခါး​စောင့်​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 25,
      "text": "ထို​သို့ ဒါ​ဝိဒ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ လူ​တစ်​ထောင်​အုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​ခြင်း​ငှာ​သွား​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​တို့​ကို ဘု​ရား​သ​ခင်​မ​စ​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​သည် နွား​ခု​နစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 27,
      "text": "ဒါ​ဝိဒ်​နှ​င့် သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​များ၊ သီ​ချင်း​ဆ​ရာ​ခေ​န​နိ​နှ​င့် သီ​ချင်း​ဆို​သူ​များ​တို့​သည် ပိတ်​ချော​ကို​ဝတ်​ကြ၏၊ ဒါ​ဝိဒ်​သည် ပိတ်​သင်​တိုင်း​ကို​လည်း​ထပ်၍​ဝတ်၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 28,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​လျက်၊ နှဲ​ခ​ရာ၊ တံ​ပိုး၊ ခွက်​ကွင်း၊ တ​ယော၊ စောင်း​တို့​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 13,
      "chapter": 15,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် ဒါ​ဝိဒ်​မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် ပြတင်း​ပေါက်​က​ကြည့်၍၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် က​လျက် တီး​မှုတ်​လျက်​လာ​သည်​ကို မြင်​သ​ဖြင့် စိတ်​နှ​လုံး​ထဲ၌ မ​ထီ​မဲ့​မြင်​ပြု၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 1,
      "text": "ထို​သို့ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ဆောင်​ခဲ့၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်၌​ထား​ပြီး​မှ၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပူ​ဇော်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 2,
      "text": "မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဒါ​ဝိဒ်​မင်း​သည် ပြီး​စီး​စေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 3,
      "text": "ဣ​သ​ရေ​လ လူ​ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ်​တစ်​ပြား​စီ ဝေ​ငှ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 4,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​တော်​ကို​ဆောင်​ရွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​လှည့်​အ​တိုင်း ချီး​မွမ်း​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော လေ​ဝိ​သား​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 5,
      "text": "ခွက်​ကွင်း​တီး​သော အ​ကြီး​အ​ကဲ အာ​သပ်၊ သူ့​နောက် စောင်း​တ​ယော​တီး​သော ဇာ​ခ​ရိ၊ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မ​တ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ တစ်​စု​နှင့်၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ အ​စဉ်​တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် ဗေ​နာ​ယ​နှင့် ယ​ဟာ​ဇေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 7,
      "text": "ထို​နေ့၌ ဒါ​ဝိဒ်​သည် အာ​သပ်​နှင့် သူ့​ညီ​တို့​အား​အပ်​သော ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ ဆာ​လံ​သီ​ချင်း​သစ်​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 10,
      "text": "သန့်​ရှင်း​သော နာ​မ​တော်၌ ဝါ​ကြွား​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် စိတ်​နှ​လုံး ရွှင်​လန်း​ကြ​စေ။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 12,
      "text": "စီ​ရင်​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​အ​မှု​တော်​တို့​နှင့် နှုတ်​တော်​ထွက် ပ​ညတ်​တို့​ကို​လည်း​ကောင်း အောက်​မေ့​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန် ဣ​သ​ရေ​လ​အ​မျိုး၊ ရွေး​ကောက်​တော်​မူ​သော ယာ​ကုပ်​အ​နွယ်​တို့၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 14,
      "text": "ကိုယ်​တော်​မြတ် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး၌ စီ​ရင်​ပိုင်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 15,
      "text": "ငါ​သည် သင်​တို့​အ​မွေ​ခံ​ရာ​ဖို့၊ ခါ​နာန်​ပြည်​ကို သင်၌​ပေး​မည်​ဟု ငါ​တို့​အ​မျိုး​သည် အ​ရေ​အ​တွက်​အား​ဖြင့်​မ​များ၊ အ​လွန်​နည်း၍၊ ထို​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သော​အ​ခါ၊ အာ​ဗြ​ဟံ၌​က​တိ​ထား၍ ဣ​ဇာက်၌​ကျိန်​ဆို​တော်​မူ​လျက်၊ ယာ​ကုပ်၌ မြဲ​မြံ​သော​တ​ရား၊ ဣ​သ​ရေ​လ၌ နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ဆက်​တစ်​ထောင်​တိုင်​အောင် မိန့်​မြွက်​တော်​မူ​သော နှုတ်​က​ပတ်​တည်း​ဟူ​သော ဝန်​ခံ​ခြင်း​တ​ရား​တော်​ကို အ​စဉ်​အ​မြဲ အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 20,
      "text": "သူ​တို့​သည် တစ်​မြို့​မှ​တစ်​မြို့​သို့​လည်း​ကောင်း၊ တစ်​နိုင်​ငံ​မှ တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ လှည့်​လည်၍​သွား​ကြ​သော​အ​ခါ၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 21,
      "text": "သူ​တို့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​အား​မျှ အ​ခွင့်​ပေး​တော်​မ​မူ။ သူ​တို့​အ​တွက်​လည်း ရှင်​ဘု​ရင်​တို့​ကို​ဆုံး​မ​လျက်၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 22,
      "text": "ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​တို့​ကို မ​ထိ​မ​ခိုက်​နှင့်။ ငါ့​ပ​ရော​ဖက်​တို့​ကို အ​ပြစ်​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 23,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 24,
      "text": "ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍၊ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 26,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​ရှိ​သ​မျှ​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 27,
      "text": "ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​လည်း နေ​တော်​မူ​ရာ၌ ရှိ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 28,
      "text": "လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​လျက် ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 30,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 31,
      "text": "ကောင်း​ကင်​သည် ဝမ်း​မြောက်​ခြင်း​ရှိ​စေ။ မြေ​ကြီး​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​စေ။ ထာ​ဝ​ရ​ဘု​ရား စိုး​စံ​တော်​မူ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဟော​ပြော​ကြ​စေ။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 32,
      "text": "ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ပြု​စေ။ လယ်​ပြင်​နှင့် လယ်​ပြင်၌ ရှိ​သ​မျှ​သည်​လည်း ဝမ်း​မြောက်​စေ။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 33,
      "text": "ထို​အ​ခါ တော၌ ရှိ​သ​မျှ​သော အ​ပင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 35,
      "text": "အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော် ဂုဏ်​ကျေး​ဇူး​ကို​ဝန်​ခံ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း၌ ဝါ​ကြွား​ဝမ်း​မြောက်​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​ထဲ​က​နုတ်၍ စု​ဝေး​စေ​တော်​မူ​ပါ​ဟု မြွက်​ဆို​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 36,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​သော​အ​ခါ၊ လူ​များ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု​ဝန်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 37,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ၊ နေ့​တိုင်း ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​စဉ်​အ​မြဲ ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ အာ​သပ်​နှင့် သူ၏​ညီ​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 38,
      "text": "ဩ​ဗ​ဒေ​ဒုံ​နှင့် ညီ​ခြောက်​ကျိပ်​ရှစ်​ယောက်၊ တံ​ခါး​စောင့်​ဟော​သံ​နှင့် ယေ​ဒု​သုန်​သား ဩ​ဗ​ဒေ​ဒုံ​တို့​ကို​လည်း​ကောင်း၊ သေ​တ္တာ​တော်​ရှေ့​မှာ ထား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 39,
      "text": "မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ နေ့​ရက်​အ​စဉ် အ​တိုင်း၊ နံ​နက်​တစ်​ခါ ညဉ့်​ဦး​တစ်​ခါ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​အ​တိုင်း ပြု​စေ​ခြင်း​ငှာ၊ ဂိ​ဗောင်​မြို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား တဲ​တော်​ရှေ့​တွင်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် သူ၏​ညီ ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ထား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 41,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 42,
      "text": "သီ​ချင်း​သည်​တို့၏ အ​ဆောင်၊ တံ​ပိုး၊ ခွက်​ကွင်း အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တူ​ရိ​ယာ​မျိုး​ကို​ကိုင်​သော ဟေ​မန်​နှင့်​ယေ​ဒု​သုန်​အ​စ​ရှိ​သော ရွေး​ကောက်၍ စာ​ရင်း​သွင်း​သော​သူ အ​ခြား​တို့​ကို​လည်း ထား​တော်​မူ၏။ ယေ​ဒု​သုန်​သား​တို့​သည်​လည်း တံ​ခါး​စောင့်​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 16,
      "verse": 43,
      "text": "ထို​နောက်​မှ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း နန်း​တော်​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 1,
      "text": "ဒါ​ဝိဒ်​မင်း​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခါ၊ ပ​ရော​ဖက်​နာ​သန်​ကို​ခေါ်၍ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​မူ​ကား ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 2,
      "text": "နာ​သန်​က အ​ကြံ​တော်​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်၏။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 3,
      "text": "ထို​ည​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​နာ​သန်​သို့ ရောက်၍၊"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 4,
      "text": "ငါ့​ကျွန် ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ​နေ​စ​ရာ​ဖို့ အိမ်​ကို​မ​ဆောက်​ရ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် အိမ်​နှင့်​ငါ​မ​နေ။ တဲ​တစ်​ခု​မှ တစ်​ခု​သို့​ပြောင်း၍ တဲ​များ​တို့​နှင့်​နေ​ပြီ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​နှင့် ငါ​လှည့်​လည်​ရာ​အ​ရပ်​တို့၌ ငါ၏​လူ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည် ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 7,
      "text": "ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို ငါ​နုတ်​ယူ၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 8,
      "text": "သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍၊ သင်၏​ရန်​သူ အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှာ ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား လူ​ကြီး​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး​ပြီ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 9,
      "text": "ထို​မှ​တစ်​ပါး၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ၊ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 10,
      "text": "ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့ လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 11,
      "text": "သင်​သည် အ​သက်​ကာ​လ​စေ့၍ ဘိုး​ဘေး​နေ​ရာ​သို့​သွား​ရ​သော​အ​ခါ၊ သင်​မှ​ဆင်း​သက်​သော သား​စု​တွင်၊ သား​တစ်​ယောက်​ကို ငါ​ချီး​မြှောက်၍ သူ၏​နိုင်​ငံ​ကို တည်​ထောင်​မည်။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 12,
      "text": "ထို​သား​သည် ငါ့​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ​ငါ​တည်​စေ​မည်။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 13,
      "text": "ငါ​သည်​သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သင့်​ရှေ့​မှာ​ရှိ​သော သူ၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 14,
      "text": "ထို​သား​ကို ငါ့​အိမ်၊ ငါ့​နိုင်​ငံ၌ အ​စဉ်​အ​မြဲ​နေ​ရာ​ချ​မည်။ သူ၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ တည်​ရ​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 15,
      "text": "ထို​ဗျာ​ဒိတ်​တော်​စ​ကား အ​လုံး​စုံ​တို့​ကို နာ​သန်​သည် ဒါ​ဝိဒ်​အား ပြန်​ပြော​လေ၏။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 16,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​ထဲ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထိုင်​လျက်၊ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ဤ​မျှ​လောက် ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ အ​ကျွန်ုပ်​အ​မျိုး​သည် အ​ဘယ်​သို့​သော​အ​မျိုး ဖြစ်​ပါ​သ​နည်း။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 17,
      "text": "သို့​ရာ​တွင် အို​ဘု​ရား​သ​ခင်၊ ထို​ကျေး​ဇူး​တော်​ကို သာ​မ​ည​ကျေး​ဇူး​ဟု ထင်​မှတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​နှင့်​ယှဉ်​လျက် မိန့်​တော်​မူ​ပါ​သည်​တ​ကား။ အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ဘုန်း​ကြီး​သော​သူ​ကဲ့​သို့ မှတ်​တော်​မူ​ပါ​သည်​တ​ကား။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 18,
      "text": "ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်​သည် ကိုယ်​ဘုန်း​ကြီး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သို့ တိုး​တက်၍ လျှောက်​ရ​ပါ​မည်​နည်း။ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​ကို သိ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 19,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​အ​ကျိုး​ကို​ထောက်၍ အ​လို​တော်​ရှိ​သည်​အ​တိုင်း ဤ​ကြီး​စွာ​သော အ​မှု​အ​လုံး​စုံ​တို့​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လုံ​စုံ​တို့​ကို ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 20,
      "text": "သို့​ဖြစ်၍ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကြား​သ​မျှ​အ​တိုင်း ကိုယ်​တော်​နှင့် တူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မည်​မျှ​မ​ရှိ​ပါ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 21,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​မှ လူ​အ​မျိုး​မျိုး​တို့​ကို နှင်​ထုတ်​သ​ဖြင့်၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော နာ​မ​တော်​ကို ကိုယ်​တော်​အ​ဖို့ ထင်​ရှား​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​အ​မြဲ ကိုယ်​တော်၏​လူ​ဖြစ်​စေ​ခြင်း​ငှာ​ပြု၍၊ ကိုယ်​တော်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 23,
      "text": "ယ​ခု​မှာ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်၌​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်၏ အ​မျိုး​အ​နွယ်၌​လည်း​ကောင်း၊ မိန့်​တော်​မူ​သော စ​ကား​တော် အ​စဉ်​အ​မြဲ​တည်​ပါ​စေ​သော။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 24,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟူ၍ နာ​မ​တော်​သည် အ​စဉ်​အ​မြဲ ချီး​မြှောက်​ခြင်း​ရှိ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​သည် အ​စဉ်​အ​မြဲ​တည်​ပါ​စေ​သော။ ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏ အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ တည်​ပါ​စေ​သော။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 25,
      "text": "အ​ကြောင်း​မူ​ကား၊ အို​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​က သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​တည်​စေ​မည်​ဟု ကိုယ်​တော်​ကျွန်​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ ပ​တ္ထ​နာ​ပြု​ချင်​သော​စိတ်​ရှိ​ပါ၏။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 26,
      "text": "ယ​ခု​လည်း အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင် မှန်​တော်​မူ၏။ ဤ​ကျေး​ဇူး​ကို ကိုယ်​တော်​ကျွန်၌ က​တိ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 13,
      "chapter": 17,
      "verse": 27,
      "text": "သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ အ​စဉ်​အ​မြဲ​တည်​ပါ​မည်​အ​ကြောင်း ကောင်း​ချီး​ပေး​ခြင်း​ငှာ နူး​ညွတ်​သော​စိတ် ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည် ကောင်း​ချီး​ပေး​တော်​မူ​လျှင်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​စဉ်​အ​မြဲ ခံ​ရ​ပါ​လိမ့်​မည်​ဟု ဆု​တောင်း​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 1,
      "text": "ထို​နောက် ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ၍ အောင်​မြင်​သ​ဖြင့်၊ ဂါ​သ​မြို့​နှင့် ကျေး​လက်​များ​ကို သိမ်း​ယူ​လေ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 2,
      "text": "မော​ဘ​ပြည်​ကို​လည်း လုပ်​ကြံ၍ မော​ဘ​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ​လျက် အ​ခွန်​ဆက်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 3,
      "text": "ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ​သည်၊ ဥ​ဖ​ရတ်​မြစ်​နား​မှာ မိ​မိ​နိုင်​ငံ​ကို တည်​စေ​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ဟာ​မတ်​မြို့​တိုင်​အောင် တိုက်​ဖျက်၍၊"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 4,
      "text": "ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ​နှစ်​သောင်း​ကို ဖမ်း​ဆီး၍ ရ​ထား​တစ်​ရာ​ကို သိမ်း​ထား​ပြီး​မှ အ​ခြား​သော မြင်း​ရ​ထား​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​လေ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 5,
      "text": "ဒ​မာ​သက်​မြို့​နေ ရှု​ရိ​လူ​တို့​သည် ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ​ကို စစ်​ကူ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ရှု​ရိ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို သတ်​ပြီး​မှ၊"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 6,
      "text": "ရှု​ရိ​ပြည်​ဒ​မာ​သက်​မြို့၌ မြို့​စောင့်​တပ်​ကို ထား​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 7,
      "text": "ဟာ​ဒ​ဒေ​ဇာ၏​ကျွန်​တို့ စွဲ​ကိုင်​သော ရွှေ​ဒိုင်း​လွှား​များ​ကို ဒါ​ဝိဒ်​သည်​သိမ်း၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 8,
      "text": "ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သော တိ​ဗ​ဟတ်​မြို့​နှင့် ခုန်​မြို့​မှ၊ ဒါ​ဝိဒ်​သည် များ​စွာ​သော​ကြေး​ဝါ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​သည် ကြေး​ဝါ​ရေ​ကန်၊ ကြေး​ဝါ​တိုင်၊ ကြေး​ဝါ​တန်​ဆာ​များ​ကို ထို​ကြေး​ဝါ​ဖြင့် လုပ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 9,
      "text": "ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ၏ တပ်​အ​လုံး​အ​ရင်း​ကို ဒါ​ဝိဒ်​လုပ်​ကြံ​ကြောင်း​ကို ဟာ​မတ်​မင်း​ကြီး​တော​ဣ​သည် ကြား​လျှင်၊"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 10,
      "text": "မိ​မိ​ရန်​သူ​ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည် စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ မိ​မိ​သား​ဟ​ဒေါ​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ဟ​ဒေါ​ရံ​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား အ​မျိုး​မျိုး​တို့​ကို ဆောင်​ခဲ့​လေ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 11,
      "text": "ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၊ အ​ပြည်​ပြည်​တို့​မှ​ဆောင်​ခဲ့​သော ရွှေ​ငွေ​ကို​လည်း​ပူ​ဇော်၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 12,
      "text": "ထို​မှ​တစ်​ပါး၊ ဇေ​ရု​ယာ​သား​အ​ဘိ​ရှဲ​သည် ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ​တစ်​သောင်း​ရှစ်​ထောင်​တို့​ကို လုပ်​ကြံ​လေ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 13,
      "text": "ဧ​ဒုံ​ပြည်၌ မြို့​စောင့်​တပ်​တို့​ကို​ထား၍၊ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်၌ ကျွန်​ခံ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 14,
      "text": "ထို​သို့​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ၍၊ နိုင်​ငံ​တော်​သား​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 15,
      "text": "ဇေ​ရု​ယာ၏​သား ယွာ​ဘ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ အ​ဟိ​လုဒ်၏​သား ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 16,
      "text": "အ​ဟိ​တုပ်၏​သား ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ၏​သား အ​ဟိ​မ​လက်​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။ စ​ရာ​ယ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 18,
      "verse": 17,
      "text": "ယော​ယ​ဒ၏​သား ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။ ဒါ​ဝိဒ်၏​သား​တော်​တို့​သည်​လည်း အ​ထံ​တော်၌ မင်း​သား​အ​ရာ​နှင့် နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 1,
      "text": "ထို​နောက် အ​မ္မုန်​ရှင်​ဘု​ရင်​နာ​ဟတ်​သည်​သေ၍၊ သား​တော်​ဟာ​နုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 2,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဟာ​နုန်​မင်း​ကို နှစ်​သိမ့်​စေ​ခြင်း​ငှာ သူ​ရှိ​ရာ​အ​မ္မုန်​ပြည်​သို့ ရောက်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 3,
      "text": "အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် ဟာ​နုန်​မင်း​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင်၊ ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ ပြည်​တော်​ကို စစ်​ဆေး​စူး​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ၊ သူ၏​ကျွန်​တို့​သည် အ​ထံ​တော်​သို့ ရောက်​သည်​မ​ဟုတ်​လော​ဟု လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 4,
      "text": "ဟာ​နုန်​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ကို ယူ​ပြီး​လျှင်၊ မုတ်​ဆိတ်​ကို​ရိတ်၍ အ​ဝတ်​ကို တင်​ပါး​တိုင်​အောင်​ဖြတ်​ပြီး​မှ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 5,
      "text": "ထို​သူ​တို့၌ အ​ဘယ်​သို့​ပြု​သည်​ကို ဒါ​ဝိဒ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ သူ​တို့​သည် အ​လွန်​ရှက်​သော​ကြောင့် ဆီး​ကြို​စေ​ခြင်း​ငှာ စေ​လွှတ်၍၊ သင်​တို့​သည် မုတ်​ဆိတ်​မ​ရှည်​မီ​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​မှာ နေ​ကြ​လော့။ ထို​နောက်​မှ ပြန်​လာ​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 6,
      "text": "ဟာ​နုန်​မင်း​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည် ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ရှု​ရိ​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့၌ မြင်း​ရ​ထား​တို့​ကို ငှား​ခြင်း​ငှာ ငွေ​အ​ခွက်​တစ်​သောင်း​ကို ထုတ်၍၊"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 7,
      "text": "မြင်း​ရ​ထား​သူ​ရဲ သုံး​သောင်း​နှစ်​ထောင်​ကို​လည်း​ကောင်း၊ မာ​ခါ​မင်း​ကြီး​နှင့် သူ၏​လူ​တို့​ကို​လည်း​ကောင်း ငှား​သ​ဖြင့်၊ ထို​သူ​တို့​သည် မေ​ဒ​ဘ​မြို့​ရှေ့​မှာ တပ်​ချ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း စု​ဝေး၍ အ​မြို့​မြို့​တို့​မှ စစ်​ချီ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 8,
      "text": "ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင် ယွာ​ဘ​နှင့် ခွန်​အား​ကြီး​သော​သူ​ရဲ အ​လုံး​အ​ရင်း​အ​ပေါင်း​ကို စေ​လွှတ်၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 9,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​သည် ထွက်၍ မြို့​တံ​ခါး​ဝ​မှာ စစ်​ခင်း​ကျင်း​ကြ၏။ စစ်​ကူ​သော​မင်း​ကြီး​တို့​သည် လွင်​ပြင်၌ တ​ခြား​စီ​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 10,
      "text": "ယွာ​ဘ​သည်​လည်း ရှေ့၌​လည်း​ကောင်း၊ နောက်၌​လည်း​ကောင်း၊ စစ်​မျက်​နှာ​နှစ်​ဖက်​ရှိ​သည်​ကို မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့​တွင် သန်​မြန်​သော​သူ​ရှိ​သ​မျှ​တို့​ကို ရွေး​ကောက်၍ ရှု​ရိ​လူ​တို့​တစ်​ဖက်၌ စစ်​ခင်း​ကျင်း၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 11,
      "text": "ကြွင်း​သော​သူ​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့ တစ်​ဖက်၌ စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ ညီ​အ​ဘိ​ရှဲ​လက်​သို့​အပ်​လျက်၊"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 12,
      "text": "ရှု​ရိ​လူ​တို့​သည် ငါ့​ကို​နိုင်​လျှင် ငါ့​အား​ကူ​ရ​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သင့်​ကို​နိုင်​လျှင် သင့်​အား​ငါ​ကူ​မည်။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 13,
      "text": "ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး​နှင့် ငါ​တို့​ဘု​ရား​သ​ခင့် မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 14,
      "text": "သူ၌​ပါ​သော လူ​များ​နှင့်​တ​ကွ၊ ရှု​ရိ​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချဉ်း​သွား​သော​အ​ခါ၊ ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 15,
      "text": "ရှု​ရိ​လူ​တို့​ပြေး​သည်​ကို အ​မ္မုန်​အ​မျိုး​သား​တို့​သည် မြင်​လျှင်၊ သူ​တို့​သည်​လည်း ညီ​အ​ဘိ​ရှဲ​ရှေ့​မှာ​ပြေး၍ မြို့​ထဲ​သို့​ဝင်​ကြ၏။ ယွာ​ဘ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​လေ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 16,
      "text": "ရှု​ရိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင်၊ သံ​တ​မန်​တို့​ကို စေ​လွှတ်၍ မြစ်​တစ်​ဖက်၌​နေ​သော ရှု​ရိ​လူ​တို့​ကို​ခေါ်​သ​ဖြင့်၊ ဟာ​ဒ​ဒေ​ဇာ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​သည်​လည်း အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 17,
      "text": "ထို​သ​တင်း​ကို​ကြား​လျှင် ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ယော်​ဒန်​မြစ်​ကို ကူး​သ​ဖြင့်၊ ရန်​သူ​တပ်​သို့​ရောက်၍ စစ်​ခင်း​ကျင်း​လေ၏။ ထို​သို့​ဒါ​ဝိဒ်​သည် စစ်​ခင်း​ကျင်း၍ ရှု​ရိ​လူ​တို့​သည် တိုက်​သော​အ​ခါ၊"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 18,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​ရှေ့​မှာ ပြေး​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း ရှု​ရိ​မြင်း​ရ​ထား​စီး​သူ​ရဲ ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ လေး​သောင်း​တို့​ကို​သတ်၍ ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​ကို​လည်း လုပ်​ကြံ​လေ၏။"
    },
    {
      "book": 13,
      "chapter": 19,
      "verse": 19,
      "text": "ဟာ​ဒ​ဒေ​ဇာ​မင်း၏ ကျွန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင်၊ ဒါ​ဝိဒ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကျွန်​ခံ​ကြ၏။ နောက်​တစ်​ဖန် ရှု​ရိ​လူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို စစ်​မ​ကူ​ကြ။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 1,
      "text": "အ​ခါ​လည်၍၊ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့် ချီ​သွား​သ​ဖြင့်၊ အ​မ္မုန်​ပြည်​ကို တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင် ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 2,
      "text": "ယွာ​ဘ​သည် ရ​ဗ္ဗာ​မြို့​ကို​တိုက်​ဖျက်​ပြီး​မှ၊ ဒါ​ဝိဒ်​သည် မင်း​ကြီး၏​သ​ရ​ဖူ​ကို ချွတ်​ယူ၍ ခေါင်း​တော်​ပေါ်​မှာ တင်​ကြ၏။ သ​ရ​ဖူ​အ​ချိန်​ကား၊ ကျောက်​မြတ်​ကို​မ​ဆို​ဘဲ ရွှေ​အ​ခွက်​တစ်​ဆယ်​ရှိ​သ​တည်း။ မြို့၌​လု​ယူ​သော ဥ​စ္စာ​အ​များ​ကို​လည်း ထုတ်​လေ၏။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 3,
      "text": "မြို့​သား​တို့​ကို​လည်း ထုတ်၍ လွှ​တိုက်​မှု၊ သံ​ထွန်၊ သံ​ပု​ဆိန်​နှင့် လုပ်​မှု​ကို​လုပ်​စေ၏။ ထို​သို့ ဒါ​ဝိဒ်​သည် အ​မ္မုန်​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့၌ ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 4,
      "text": "နောက်​တစ်​ဖန် ဂေ​ဇာ​မြို့​မှ ဖိ​လိ​တ္တိ​လူ​တို့​နှင့် စစ်​တိုက်​ကြ​စဉ်၊ ဟု​ရှ​သိ​လူ​သိ​ဗေ​ခဲ​သည် ရေ​ဖိမ်​အ​မျိုး သာ​ဖ​ကို​သတ်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို အောင်​မြင်​လေ၏။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 5,
      "text": "နောက်​တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​ကြ​စဉ်၊ ယာ​ဣ​ယ​သား ဧ​လ​ဟာ​နန်​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ​ကြီး​သော လှံ​ရိုး​ကို​သုံး​စွဲ​သော ဂိ​တ္တိ​အ​မျိုး ဂေါ​လျတ်၏​ညီ​လာ​ခ​မိ​ကို သတ်​လေ၏။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 6,
      "text": "နောက်​တစ်​ဖန် ဂါ​သ​မြို့​မှာ စစ်​တိုက်​ကြ​စဉ်၊ အ​ရပ်​မြင့်၍ လက်​တစ်​ဖက်၌ လက်​ခြောက်​ချောင်း​စီ၊ ခြေ​တစ်​ဖက်၌ ခြေ​ခြောက်​ချောင်း​စီ၊ ပေါင်း​နှစ်​ဆယ်​လေး​ချောင်း​ရှိ​သော ရေ​ဖိမ်​အ​မျိုး​သား​တစ်​ယောက်​သည်၊"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ကြိမ်း​ပ​သော​အ​ခါ၊ ဒါ​ဝိဒ်​အစ်​ကို​ရှိ​မာ၏ သား​ယော​န​သန်​သည် ထို​သူ​ကို​သတ်​လေ၏။"
    },
    {
      "book": 13,
      "chapter": 20,
      "verse": 8,
      "text": "ဤ​သူ​တို့​သည် ဂါ​သ​မြို့၌​နေ​သော ရေ​ဖိမ်​လူ​ကြီး​သား​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 1,
      "text": "နောက်​တစ်​ဖန် စာ​တန်​သည် ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို တိုက်​တွန်း​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 2,
      "text": "ဒါ​ဝိဒ်​က​လည်း၊ လူ​ပေါင်း​မည်​မျှ​ရှိ​သည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​သည် ဒန်​မြို့​တိုင်​အောင် သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​ပြီး​လျှင်၊ စာ​ရင်း​ကို ငါ့​ထံ​သို့​သွင်း​လော့​ဟု ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​နှင့် အ​ရာ​ရှိ​တို့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 3,
      "text": "ယွာ​ဘ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ထပ်၍ အ​ဆ​တစ်​ရာ တိုး​ပွား​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် အ​ရှင်​မင်း​ကြီး၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် သ​ခင်၏​ကျွန်​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ကျွန်​တော်​သ​ခင်​သည် ဤ​အ​မှု​ကို​အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​စ​ရာ​အ​ကြောင်း​ကို အ​ဘယ်​ကြောင့် ပြု​တော်​မူ​သ​နည်း​ဟု လျှောက်​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 4,
      "text": "သို့​သော်​လည်း အ​မိန့်​တော်​သည် ယွာ​ဘ​စ​ကား​ကို နိုင်​သ​ဖြင့်၊ ယွာ​ဘ​သည်​ထွက်၍ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လာ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 5,
      "text": "လူ​ပေါင်း​စာ​ရင်း​ကို ဒါ​ဝိဒ်​အား​ဆက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ တစ်​သန်း​နှင့် တစ်​သိန်း၊ ယု​ဒ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ လေး​သိန်း​နှင့် ခု​နစ်​သောင်း​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 6,
      "text": "သို့​ရာ​တွင် ယွာ​ဘ​သည် အ​မိန့်​တော်​ကို​ရွံ့​သော​ကြောင့်၊ လေ​ဝိ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ခြား​သော​အ​မျိုး​ထဲ​သို့ သွင်း၍ မ​ရေ​တွက်။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 7,
      "text": "ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို ဘု​ရား​သ​ခင်​သည် အ​လို​တော်​မ​ရှိ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်၍၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 8,
      "text": "ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကျွန်၏ အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ဘု​ရား​သ​ခင်​အား တောင်း​ပန်​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ပ​ရော​ဖက်​ဂဒ်​ကို​ခေါ်၍၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 10,
      "text": "ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ အ​ရာ​သုံး​ပါး​ကို သင့်​အား​ငါ​ပြ၏။ သင်၌ ငါ​ပြု​စ​ရာ​ဖို့ တစ်​ပါး​ပါး​ကို​ရွေး​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 11,
      "text": "ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 12,
      "text": "သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော​ဘေး၊ သုံး​လ​ပတ်​လုံး သင့်​ကို​ရန်​သူ​လိုက်​မီ၍ ဓား​ဖြင့်​လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး ပြည်​တော်၌ ကာ​လ​နာ​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​ကို၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ကိုင်၍ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​ကို ဖျက်​ဆီး​သော​ဘေး​တို့​တွင် တစ်​ပါး​ပါး​ကို​ရွေး​လော့​ဟု မိန့်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သော​သူ​အား အ​ဘယ်​သို့​ပြန်​လျှောက်​ရ​မည်​ကို ဆင်​ခြင်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 13,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သို့​ရောက်​ပါ​စေ။ က​ရု​ဏာ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ ကာ​လ​နာ​ကို​လွှတ်​လိုက်​တော်​မူ၍ လူ​ခု​နစ်​သောင်း သေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 15,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန် ဖျက်​ဆီး​မည်​ဟု အား​ထုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကြည့်​ရှု​လျက်၊ ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏ ကောက်​နယ်​တ​လင်း​အ​နား​မှာ​ရပ်​နေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 16,
      "text": "ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 17,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ပြည်​သား​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ စီ​ရင်​သော​သူ​ကား အ​ကျွန်ုပ်​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​လွန်​ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ ဤ​သိုး​တို့​မူ​ကား အ​ဘယ်​သို့ ပြု​မိ​ပါ​သ​နည်း။ အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​ကို ဒဏ်​ခတ်​ခြင်း​ငှာ လက်​တော်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပါ​ဟု ဘု​ရား​သ​ခင်​အား တောင်း​ပန်​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 18,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​သည် သွား၍၊ ယေ​ဗု​သိ​လူ အ​ရော​န၏ ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​စေ​ခြင်း​ငှာ ပြော​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဂဒ်​ကို​မှာ​ထား​သ​ဖြင့်၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 19,
      "text": "ဂဒ်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 20,
      "text": "အ​ရော​န​သည် စ​ပါး​ကို​နယ်​စဉ်​တွင်၊ လှည့်​ကြည့်၍ ရှင်​ဘု​ရင်​ကို မြင်​သော​အ​ခါ၊ သား​လေး​ယောက်​နှင့် တ​ကွ ပုန်း​ရှောင်၍​နေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 21,
      "text": "ဒါ​ဝိဒ်​သည် အ​ရော​န​ရှိ​ရာ​သို့ ရောက်​သော​အ​ခါ၊ အ​ရော​န​ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​လျှင်၊ ကောက်​နယ်​တ​လင်း​မှ​ဆင်း၍ ဒါ​ဝိဒ်​ရှေ့​မှာ ဦး​ချ​ပျပ်​ဝပ်​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 22,
      "text": "ဒါ​ဝိဒ်​က​လည်း၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို ငါ​တည်​လို​သည်​ဖြစ်၍၊ ဤ​ကောက်​နယ်​တ​လင်း​အ​ရပ်​ကို အ​ဖိုး​ထိုက်​သည်​အ​တိုင်း ရောင်း​ပါ​ဟု အ​မိန့်​ရှိ​သော်၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 23,
      "text": "အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး ယူ​တော်​မူ​ပါ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ၊ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဂျုံ​စ​ပါး​များ​အ​လုံး​စုံ​ကို ကျွန်​တော်​ဆက်​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျှင်၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 24,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​က၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ထိုက်​သည်​အ​တိုင်း ပေး၍ ငါ​ဝယ်​မည်။ သင့်​ဥ​စ္စာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငါ​မ​သိမ်း။ ကိုယ်​ငွေ​မ​ကုန်​ဘဲ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 25,
      "text": "ရွှေ​ခြောက်​ပိဿာ​ကို ချိန်​ပေး၍ ထို​အ​ရပ်​ကို​ဝယ်​ပြီး​မှ၊"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​သို့ မီး​ကျ​သ​ဖြင့် ကောင်း​ကင်​ထဲ​က ထူး​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဓား​ကို ဓား​အိမ်၌​သွင်း​ထား​ပြန်၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 28,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထူး​တော်​မူ​သည်​ကို ဒါ​ဝိဒ်​သိ​မြင်​လျှင်၊ ထို​အ​ရပ်၌ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ပြု​လေ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 29,
      "text": "တော၌ မော​ရှေ​လုပ်​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​နှင့် မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​သည်၊ ထို​ကာ​လ၌ ဂိ​ဗောင်​မြို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ရှိ၏။"
    },
    {
      "book": 13,
      "chapter": 21,
      "verse": 30,
      "text": "ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ဓား​ကို ကြောက်​သော​ကြောင့်၊ ထို​ယဇ်​ပ​လ္လင်​သို့​သွား၍ ဘု​ရား​သ​ခင်​ကို မ​မေး​မ​လျှောက်​ဝံ့။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 1,
      "text": "သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​ပြည်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။ ဘု​ရား​သ​ခင်၏​အိမ်​တော် တည်​စ​ရာ​ဖို့ ကျောက်​ဆစ်​ရ​သော ပန်း​ရန်​သ​မား​တို့​ကို​လည်း စေ​ခိုင်း​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 3,
      "text": "တံ​ခါး​လုပ်​စ​ရာ သံ​ချွန်​အ​ဖို့​နှင့် သစ်​သား​ဆက်​စ​ရာ​အ​ဖို့ များ​စွာ​သော သံ​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 4,
      "text": "များ​စွာ​သော အာ​ရဇ်​သစ်​သား​ကို​လည်း​ကောင်း၊ ပြင်​ဆင်​တော်​မူ၏။ ဇိ​ဒုန်​မြို့​သား​နှင့် တု​ရု​မြို့​သား​တို့​သည်၊ အာ​ရဇ်​သစ်​သား​အ​များ​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 5,
      "text": "ဒါ​ဝိဒ်​က​လည်း၊ ငါ့​သား​ရှော​လ​မုန်​သည် အ​သက်​ငယ်၍ နု​သေး၏။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ရ​သော​အိမ်​မူ​ကား အ​လွန်​ထူး​ဆန်း​သော​အိမ်၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌ ဘုန်း​အ​သ​ရေ​ကျော်​စော​သော​အိမ် ဖြစ်​ရ​မည်။ ယ​ခု​ပင် အိမ်​တော်​အ​ဖို့ ငါ​ပြင်​ဆင်​မည်​ဟု အ​ကြံ​ရှိ​လျက် အ​နိ​စ္စ​မ​ရောက်​မီ များ​စွာ​ပြင်​ဆင်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 6,
      "text": "သား​တော်​ရှော​လု​မုန်​ကို​လည်း​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​လေ​သည်​မှာ၊"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 7,
      "text": "ငါ့​သား၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ​ပြီ။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 8,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ​သို့​ရောက်​သည်​ကား၊ သင်​သည် များ​စွာ​စစ်​တိုက်၍ လူ​အ​များ​တို့​ကို သတ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ငါ့​မျက်​မှောက်၌ များ​စွာ​သော​အ​သွေး​ကို သွန်း​သော​ကြောင့်၊ ငါ့​နာ​မ​အ​ဖို့ အိမ်​ကို မ​တည်​မ​ဆောက်​ရ။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 9,
      "text": "သင်​မြင်​သော သား​တစ်​ယောက်​သည် ငြိမ်​ဝပ်​သော​သူ ဖြစ်​လိမ့်​မည်။ သူ၏​အ​မည်​ကား ရှော​လ​မုန်​ဖြစ်၍၊ သူ့​ပတ်​လည်၌ ရန်​သူ​မ​ရှိ။ ငြိမ်​ဝပ်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ သူ၏​လက်​ထက်၌ ဣ​သ​ရေ​လ​အ​မျိုး​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ ငြိမ်​ဝပ်​စွာ​နေ​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​ပေး​မည်။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 10,
      "text": "ထို​သား​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို တည်​ဆောက်​ရ​လိမ့်​မည်။ သူ​သည် ငါ့​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​လည်း သူ၏​အ​ဘ​ဖြစ်​မည်။ သူ​ထိုင်​သော ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 11,
      "text": "သို့​ဖြစ်၍​ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​နေ၍ အ​ကြံ​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 12,
      "text": "သို့​ရာ​တွင် သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို​စောင့်​ရှောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဉာဏ်​ပ​ညာ​ကို​ပေး၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​စီ​ရင်​ခြင်း​အ​မှု၌ မှာ​ထား​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သ​တိ​ပြု​လျှင် အ​ကြံ​ထ​မြောက်​ရ​လိမ့်​မည်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ စိုး​ရိမ်​ခြင်း၊ စိတ်​ပျက်​ခြင်း မ​ရှိ​စေ​နှင့်။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 14,
      "text": "ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 15,
      "text": "ထို​မှ​တစ်​ပါး သင်၌​များ​စွာ​သော လက်​သ​မား၊ ပန်း​ရန်​သ​မား၊ ကျောက်​ဆစ်​သ​မား၊ အ​မျိုး​မျိုး​သော​အ​တတ်၌ လေ့​ကျက်​သော ဆ​ရာ​သ​မား​ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 16,
      "text": "ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​တိုင်း​မ​သိ​များ​သည် ဖြစ်၍ ထ​လော့။ ကြိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​သည် သား​တော်​နှင့် ဝိုင်း​ရ​မည်​အ​ကြောင်း​မှာ​ထား​လေ​သည်​မှာ၊"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 18,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည် မ​ဟုတ်​လော။ ပြည်​သူ​ပြည်​သား​တို့​ကို ငါ့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့၊ ထို​ဘု​ရား​သ​ခင်၏ လူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​သည် နှိမ့်​ချ​လျက်​ရှိ၏။"
    },
    {
      "book": 13,
      "chapter": 22,
      "verse": 19,
      "text": "သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 1,
      "text": "ဒါ​ဝိဒ်​မင်း​သည် အ​သက်​ကြီး၍ ကာ​လ​ပြည့်​စုံ​ရာ အ​ချိန်​ရောက်​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား၍၊"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​မင်း ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 3,
      "text": "လေ​ဝိ​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ စာ​ရင်း​ဝင်​သော ယောက်ျား​ပေါင်း​ကား၊ သုံး​သောင်း​ရှစ်​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 4,
      "text": "ထို​သူ​တို့​တွင် နှစ်​သောင်း​လေး​ထောင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။ ခြောက်​ထောင်​တို့​သည် အ​ရာ​ရှိ၊ တ​ရား​သူ​ကြီး လုပ်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 5,
      "text": "လေး​ထောင်​တို့​သည် တံ​ခါး​ကို​စောင့်​ရ​ကြ၏။ လေး​ထောင်​တို့​သည် ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​တူ​ရိ​ယာ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 6,
      "text": "လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​အ​မျိုး​အ​သီး​အ​သီး​တို့​ကို ဒါ​ဝိဒ်​ခွဲ​ထား၍ တစ်​မျိုး​တ​ခြား​စီ သင်း​ဖွဲ့​စေ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 7,
      "text": "ဂေ​ရ​ရှုံ​အ​မျိုး​သား​ကား၊ လာ​ဒန်​နှင့် ရှိ​မိ​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 8,
      "text": "လာ​ဒန်​သား​အ​ကြီး​ကား၊ ယေ​ဟေ​လ၊ သူ၏​ညီ ဇေ​သံ​နှင့် ယော​လ၊ ပေါင်း​သုံး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 9,
      "text": "ရှိ​မိ​သား​ကား ရှေ​လော​မိတ်၊ ဟာ​ဇေ​လ၊ ဟာ​ရန်၊ ပေါင်း​သုံး​ယောက်​တည်း။ ဤ​သူ​တို့​သည် လာ​ဒန်​အ​ဆွေ​အ​မျိုး သူ​ကြီး​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 10,
      "text": "ရှိ​မိ​သား​ကား ယာ​ဟတ်၊ ဇိ​ဇ၊ ယု​ရှ၊ ဗေ​ရိ၊ ပေါင်း​လေး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 11,
      "text": "ယာ​ဟတ်​ကား အ​ကြီး​ဖြစ်၏။ ဇိ​ဇ​ကား ဒု​တိ​ယ အ​ရာ​ကို​ရ၏။ ယု​ရှ​နှင့်​ဗေ​ရိ၌​ကား သား​များ​စွာ​မ​ရှိ။ သို့​ဖြစ်၍ အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​တစ်​ခု​တည်း၌ ပေါင်း​ကြ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 12,
      "text": "ကော​ဟတ်​သား​ကား အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ၊ ပေါင်း​လေး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 13,
      "text": "အာ​မ​ရံ​သား​ကား အာ​ရုန်​နှင့်​မော​ရှေ​တည်း။ အာ​ရုန်​နှင့် သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ နာ​မ​တော်​ကို​မြွက်၍ အ​စဉ်​ကောင်း​ချီး​ပေး​ခြင်း​အ​မှု​ကို ပြု​ရ​မည်​အ​ကြောင်း၊ အ​လွန်​သန့်​ရှင်း​သော အ​ရာ​တို့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​ခြား​သူ​တို့​နှင့် ခွဲ​ထား​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 14,
      "text": "ဘု​ရား​သ​ခင့်​လူ မော​ရှေ၏​သား​ကို​ကား၊ လေ​ဝိ​အ​မျိုး​သား​တို့၏​စာ​ရင်း၌​သွင်း​ရ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 15,
      "text": "မော​ရှေ​သား​ကား ဂေ​ရ​ရှုံ​နှင့် ဧ​လျေ​ဇာ​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 16,
      "text": "ဂေ​ရ​ရှုံ​သား​တို့​တွင်၊ ရှေ​ဗွေ​လ​သည် အ​ကြီး​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 17,
      "text": "ဧ​လျေ​ဇာ​သား​အ​ကြီး ရေ​ဟ​ဘိ တစ်​ယောက်​တည်း​ရှိ၏။ ရေ​ဟ​ဘိ၌​ကား သား​အ​လွန်​များ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 18,
      "text": "ဣ​ဇ​ဟာ​သား​အ​ကြီး​ကား ရှေ​လော​မိတ်၊"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 19,
      "text": "ဟေ​ဗြုန်​သား​အ​ကြီး​ကား ယေ​ရိ၊ ဒု​တိ​ယ​သား အာ​မ​ရိ၊ တ​တိ​ယ​သား ယ​ဟာ​ဇေ​လ၊ စ​တု​တ္ထ​သား ယေ​က​မံ၊"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 20,
      "text": "ဩ​ဇေ​လ​သား​အ​ကြီး​ကား မိ​က္ခာ၊ ဒု​တိ​ယ​သား ယေ​ရှိ​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 21,
      "text": "မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ​နှင့် မု​ရှိ​တည်း။ မ​ဟာ​လိ​သား​ကား ဧ​လာ​ဇာ​နှင့် ကိ​ရှ​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 22,
      "text": "ဧ​လာ​ဇာ​သည် သား​မ​ရှိ။ သ​မီး​သက်​သက်​ရှိ၍ သေ၏။ သူ့​သ​မီး​တို့​နှင့် သူ့​ညီ​ကိ​ရှ​သား​တို့​သည် စုံ​ဖက်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 23,
      "text": "မု​ရှိ​သား​ကား မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်၊ ပေါင်း​သုံး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 24,
      "text": "ဤ​ရွေ့​ကား အ​သက်​နှစ်​ဆယ်​လွန်၍ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​မှု​ကို​ဆောင်​ရွက်​ရ​သော လေ​ဝိ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ဝင်​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​အား ငြိမ်​ဝပ်​သော​အ​ခွင့်​ကို​ပေး၍ ကိုယ်​တော်​တိုင် ယေ​ရု​ရှ​လင်​မြို့၌ အ​စဉ်​နေ​တော်​မူ​သော​ကြောင့်၊"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 26,
      "text": "လေ​ဝိ​သား​တို့​သည် တဲ​တော်​နှင့် တဲ​တော်​အ​မှု ဆောင်​ရွက်​ရာ​တန်​ဆာ​များ​ကို နောက်​တစ်​ဖန်​မ​ထမ်း​ရ​ဟု ဒါ​ဝိဒ်​မိန့်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 27,
      "text": "နောက်​ဆုံး အ​မိန့်​တော်​အ​တိုင်း၊ အ​သက်​နှစ်​ဆယ်​လွန်​သော လေ​ဝိ​သား​တို့​ကို စာ​ရင်း​ယူ​ရ၏။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 28,
      "text": "အ​ကြောင်း​မူ​ကား၊ လေ​ဝိ​သား​တို့​သည် အာ​ရုန်​သား​တို့၏​လက်​ထောက်​ဖြစ်​သည်​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​နှင့် တံ​တိုင်း​များ၊ အ​ခန်း​များ၌​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 29,
      "text": "ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ မုန့်​ညက်​ကို​လည်း​ကောင်း၊ တ​ဆေး​မဲ့​မုန့်​ပြား၊ သံ​ပြား​နှင့်​ဖုတ်​သော မုန့်၊ မုန့်​ဆီ​ကြော်​ကို​လည်း​ကောင်း​လုပ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​အ​မှု​ကို​လည်း ဆောင်​ရွက်​ရ​ကြ​မည်။ တိုင်း​ထွာ၊ ချိန်​တွယ်၊ ခြင်​တွက်​ခြင်း အ​မှု​အ​မျိုး​မျိုး​ကို​လည်း စီ​ရင်​ရ​ကြ​မည်။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 30,
      "text": "နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​ရပ်​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ဝန်​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို​လည်း ချီး​မွမ်း​ရ​ကြ​မည်။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 31,
      "text": "ပ​ညတ်​တ​ရား​တော်​အ​တိုင်း ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့၊ အ​စဉ်​မ​ပြတ်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ရ​ကြ​မည်။"
    },
    {
      "book": 13,
      "chapter": 23,
      "verse": 32,
      "text": "ပ​ရိ​သတ်​စည်း​ဝေ​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​သော ညီ​အစ်​ကို​အာ​ရုန်​သား​တို့​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 1,
      "text": "အာ​ရုန်​အ​မျိုး​သား အ​သီး​အ​ခြား​သင်း​ဖွဲ့​ရာ​မှာ၊ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ တည်း။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 2,
      "text": "နာ​ဒပ်​နှင့်​အ​ဘိ​ဟု​သည် သား​မ​ရှိ။ အ​ဘ​လက်​ထက်​တွင် သေ​သော​ကြောင့်၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 3,
      "text": "ဒါ​ဝိဒ်​သည် ဧ​လာ​ဇာ​အ​မျိုး​ဇာ​ဒုတ်​နှင့် ဣ​သ​မာ​အ​မျိုး အ​ဟိ​မ​လက်​ကို အ​သီး​အ​သီး​ဆောင်​သင့်​သည်​အ​တိုင်း ခန့်​ထား​လေ၏။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 4,
      "text": "ဣ​သ​မာ​အ​မျိုး အ​ကြီး​အ​ကဲ​ထက် ဧ​လာ​ဇာ​အ​မျိုး အ​ကြီး​အ​ကဲ သာ၍​များ​သော​ကြောင့်၊ ဧ​လာ​ဇာ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ တစ်​ကျိပ်​ခြောက်​ယောက်၊ ဣ​သ​မာ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ ရှစ်​ယောက်​တို့​ကို အ​သီး​အ​သီး ခွဲ​ခန့်​လေ၏။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 5,
      "text": "စာ​ရေး​တံ​ပြု​လျက် အ​သီး​အ​ခြား​ခွဲ​ခန့်၍ သန့်​ရှင်း​ရာ​ဌာ​န​အုပ်၊ ဘု​ရား​သ​ခင်၏ အ​မှု​တော်​အုပ်​တို့​ကို ဧ​လာ​ဇာ​အ​မျိုး​နှင့် ဣ​သ​မာ​အ​မျိုး​ထဲ​က ရွေး​ယူ​ရ၏။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 6,
      "text": "လေ​ဝိ​အ​မျိုး နာ​သ​နေ​လ​သား စာ​ရေး​တော်​ရှေ​မာ​ယ​သည် ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​သား အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​ရှေ့​မှာ နာ​မ​များ​ကို မှတ်​ရ၏။ စာ​ရေး​တံ​ပြု၍ ဧ​လာ​ဇာ​အ​မျိုး​နှင့် ဣ​သ​မာ​အ​မျိုး​ထဲ​က အ​လှည့်​လှည့် ရွေး​ကောက်​ခန့်​ထား​သော သူ​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 7,
      "text": "ပ​ထ​မ​သူ ယော​ယာ​ရိပ်၊ ဒု​တိ​ယ​သူ ယေ​ဒါ​ယ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 8,
      "text": "တ​တိ​ယ​သူ ဟာ​ရိမ်၊ စ​တု​တ္ထ​သူ စော​ရိမ်၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 9,
      "text": "ပ​ဥ္စ​မ​သူ မာ​လ​ခိ​ယ၊ ဆ​ဋ္ဌ​မ​သူ မိ​ယ​မိန်၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 10,
      "text": "သ​တ္တ​မ​သူ ဟ​က္ကုတ်၊ အ​ဋ္ဌ​မ​သူ အ​ဘိ​ယ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 11,
      "text": "န​ဝ​မ​သူ ယေ​ရွှာ၊ ဒ​သ​မ​သူ ရှေ​က​နိ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 12,
      "text": "ဧ​က​ဒ​သ​မ​သူ ဧ​လျာ​ရှိပ်၊ ဒွါ​ဒ​သ​မ​သူ ယာ​ကိမ်၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 13,
      "text": "တစ်​ကျိပ်​သုံး​ယောက် မြောက်​သော​သူ ဟု​ပ္ပ၊ တစ်​ကျိပ်​လေး​ယောက် မြောက်​သော​သူ ယေ​ရှေ​ဗပ်၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 14,
      "text": "တစ်​ကျိပ်​ငါး​ယောက် မြောက်​သော​သူ ဗိ​လ​ဂ၊ တစ်​ကျိပ်​ခြောက်​ယောက် မြောက်​သော​သူ ဣ​မ္မေ​ရ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 15,
      "text": "တစ်​ကျိပ်​ခု​နစ်​ယောက် မြောက်​သော​သူ ဟေ​ဇိ​ရ၊ တစ်​ကျိပ်​ရှစ်​ယောက် မြောက်​သော​သူ အပ်​ဇဇ်၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 16,
      "text": "တစ်​ကျိပ်​ကိုး​ယောက် မြောက်​သော​သူ ပေ​သ​ဟိ၊ နှစ်​ကျိပ်​မြောက်​သော​သူ ယေ​ဇ​ကျေ​လ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 17,
      "text": "နှစ်​ကျိပ်​တစ်​ယောက် မြောက်​သော​သူ ယာ​ခိန်၊ နှစ်​ကျိပ်​နှစ်​ယောက် မြောက်​သော​သူ ဂါ​မု​လ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 18,
      "text": "နှစ်​ကျိပ်​သုံး​ယောက် မြောက်​သော​သူ ဒေ​လာ​ယ၊ နှစ်​ကျိပ်​လေး​ယောက် မြောက်​သော​သူ မာ​ဇိ​တည်း။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 19,
      "text": "ထို​သို့ သူ​တို့​အ​ဘ​အာ​ရုန်​အား ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၍၊ အ​ဘ​အာ​ရုန်​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို ဝင်​မြဲ​ဝင်၍ အ​မှု​တော်​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ခွဲ​ခန့်​ခြင်း​ရှိ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 20,
      "text": "ကြွင်း​သော လေ​ဝိ​အ​မျိုး​သား​ဟူ​မူ​ကား၊ အာ​မ​ရံ​သား​ဖြစ်​သော ရှု​ဗွေ​လ၏​သား​စု​တွင် ယေ​ဒေ​ယ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 21,
      "text": "ရေ​ဟ​ဘိ​သား​စု​တွင် ဣ​ရှ​ယာ၊ ဣ​ဇ​ဟာ​သား ဖြစ်​သော ရှေ​လော​မိတ်၏​သား​စု​တွင် ယာ​ဟတ်၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 23,
      "text": "ဟေ​ဗြုန်​သား​စု​တွင် သား​အ​ကြီး ယေ​ရိ၊ ဒု​တိ​ယ​သား အာ​မ​ရိ၊ တ​တိ​ယ​သား ယ​ဟာ​ဇေ​လ၊ စ​တု​တ္ထ​သား ယေ​က​မံ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 24,
      "text": "ဩ​ဇေ​လ​သား​ဖြစ်​သော မိ​က္ခာ၏​သား​စု​တွင် ရှ​မိ​ရ၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 25,
      "text": "မိ​က္ခာ​ညီ ဣ​ရှ​ယာ​သား​စု​တွင် ဇာ​ခ​ရိ​တည်း။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 26,
      "text": "မေ​ရာ​ရိ​သား​ကား မ​ဟာ​လိ​နှင့် မု​ရှိ​ဖြစ်၍၊"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 27,
      "text": "မေ​ရာ​ရိ​အ​မျိုး​သား​ဖြစ်​သော ယာ​ဇိ၏​သား​ကား ဗေ​နော၊ ရှော​ဟံ၊ ဇ​က္ကု​ရ၊ ဣ​ဗ​ရိ​တည်း။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 28,
      "text": "မ​ဟာ​လိ​သား​ဧ​လာ​ဇာ၌ သား​မ​ရှိ။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 29,
      "text": "ကိ​ရှ​သား​ကား ယေ​ရ​မေ​လ​တည်း။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 30,
      "text": "မု​ရှိ​သား​ကား မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​တည်း။ ဤ​ရွေ့​ကား မိ​မိ​တို့ အ​ဆွေ​အ​မျိုး​အ​လိုက် လေ​ဝိ​အ​မျိုး​သား​တည်း။"
    },
    {
      "book": 13,
      "chapter": 24,
      "verse": 31,
      "text": "ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မိ​မိ​တို့​ညီ​အစ်​ကို အာ​ရုန်​အ​မျိုး​သား​တို့ တစ်​ဖက်​တစ်​ချက် အ​လှည့်​လှည့် စာ​ရေး​တံ​ပြု​ကြ၏။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 1,
      "text": "ထို​မှ​တစ်​ပါး အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​သား​တို့​နှင့်​အ​တူ​ဝိုင်း၍ စောင်း၊ တ​ယော၊ ခွက်​ကွင်း​ကို တီး​မှုတ်​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ ဒါ​ဝိဒ်​နှင့် ပ​ရိ​သတ်​ဗိုလ်​ခြေ အ​ကြီး​အ​ကဲ​တို့​သည် ခွဲ​ခန့်​သော​သူ​တို့ စာ​ရင်း​ဟူ​မူ​ကား၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 2,
      "text": "အာ​သပ်​သား ဇ​က္ကု​ရ၊ ယော​သပ်၊ နေ​သ​နိ၊ အာ​ရှ​ရေ​လ​တစ်​စု၊ သူ​တို့​သည် ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ အ​ဘ​အာ​သပ်၌ တ​ပည့်​ဖြစ်၍ ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 3,
      "text": "ယေ​ဒု​သုန်​သား ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မ​တ္တိ​သိ ပေါင်း​ခြောက်​ယောက်၊ သူ​တို့​သည် အ​ဘ​ယေ​ဒု​သုန်၌ တ​ပည့်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​ငှာ စောင်း​တီး​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 4,
      "text": "ဟေ​မန်​သား ဗု​က္ကိ၊ မ​တ္တ​နိ၊ ဩ​ဇေ​လ၊ ရှေ​ဗွေ​လ၊ ယေ​ရိ​မုတ်၊ ဟာ​န​နိ၊ ဟာ​နန်၊ ဧ​လျာ​သ၊ ဂိ​ဒ္ဒါ​လ​တိ၊ ရော​မ​န္တေ​ဇာ၊ ယော​ရှ​ဗေ​က​ရှ၊ မ​လ္လော​သိ၊ ဟော​သိ​ရ၊ မ​ဟာ​ဇုတ်​တည်း​ဟူ​သော၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 5,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​လျက် ဘု​ရား​သ​ခင်၏​တ​ရား​တော်​ကို ဟော​ပြော​သော​ရှင်​ဘု​ရင်၏ ဆ​ရာ​တော်​ဟေ​မန်​သား ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ဟေ​မန်​အား သား​တစ်​ကျိပ်​လေး​ယောက်​နှင့် သ​မီး​သုံး​ယောက်​တို့​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 6,
      "text": "ထို​သား​အ​ပေါင်း​တို့​သည် အာ​သပ်၊ ယေ​ဒု​သုန်၊ ဟေ​မန်​တို့​ကို ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း အ​ဘ​ဟေ​မန်၌ တ​ပည့်​ဖြစ်၍၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏ အိမ်​တော်၌ ခွက်​ကွင်း၊ စောင်း၊ တ​ယော​ကို​တီး​လျက်၊ သီ​ချင်း​ဆို၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 7,
      "text": "ထို​သူ​တို့​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား၏​သီ​ချင်း​ကို သင်၍​လေ့​ကျက်​သော ညီ​အစ်​ကို​ပေါင်း​ကား နှစ်​ရာ​ရှစ်​ကျိပ်​ရှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 8,
      "text": "ထို​သူ​တို့​သည် အ​ကြီး​အ​ငယ် ဆ​ရာ​တ​ပည့်​ရော​နှော​လျက် စာ​ရေး​တံ​ပြု၍ သင်း​ဖွဲ့​ရာ​မှာ၊"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 9,
      "text": "ပ​ထ​မ​သူ​ကား၊ အာ​သပ်​အ​ပေါင်း​အ​သင်း​ဝင်​သူ ယော​သပ်​တည်း။ ဒု​တိ​ယ​သူ ဂေ​ဒ​လိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 10,
      "text": "တ​တိ​ယ​သူ ဇ​က္ကု​ရ၊ သူ​နှင့် သူ၏​သား​ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 11,
      "text": "စ​တု​တ္ထ​သူ ဣ​ဇ​ရိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 12,
      "text": "ပ​ဥ္စ​မ​သူ​နေ​သ​နိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 13,
      "text": "ဆ​ဋ္ဌ​မ​သူ ဗု​က္ကိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 14,
      "text": "သ​တ္တ​မ​သူ ယေ​ရှ​ရေ​လ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 15,
      "text": "အ​ဋ္ဌ​မ​သူ ယေ​ရှာ​ယ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 16,
      "text": "န​ဝ​မ​သူ မ​တ္တ​နိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 17,
      "text": "ဒ​သ​မ​သူ ရှိ​မိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 18,
      "text": "ဧ​က​ဒ​သ​မ​သူ အာ​ရေ​လ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 19,
      "text": "ဒွါ​ဒ​သ​မ​သူ ဟာ​ရှ​ဘိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 20,
      "text": "တစ်​ကျိပ်​သုံး​ယောက် မြောက်​သော​သူ ရှေ​ဗွေ​လ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 21,
      "text": "တစ်​ကျိပ်​လေး​ယောက် မြောက်​သော​သူ မ​တ္တိ​သိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 22,
      "text": "တစ်​ကျိပ်​ငါး​ယောက် မြောက်​သော​သူ ယေ​ရ​မုတ်၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 23,
      "text": "တစ်​ကျိပ်​ခြောက်​ယောက် မြောက်​သော​သူ​ဟာ​န​နိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 24,
      "text": "တစ်​ကျိပ်​ခု​နစ်​ယောက် မြောက်​သော​သူ ယော​ရှ​ဗေ​က​ရှ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 25,
      "text": "တစ်​ကျိပ်​ရှစ်​ယောက် မြောက်​သော​သူ ဟာ​နန်၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 26,
      "text": "တစ်​ကျိပ်​ကိုး​ယောက် မြောက်​သော​သူ မ​လ္လော​သိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 27,
      "text": "နှစ်​ကျိပ်​မြောက်​သော​သူ ဧ​လျာ​သာ၊ သူ​နှင့်​သူ၏ သား​ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 28,
      "text": "နှစ်​ကျိပ်​တစ်​ယောက် မြောက်​သော​သူ ဟော​သိ​ရ၊ သူ​နှင့်​သူ၏​သား​ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 29,
      "text": "နှစ်​ကျိပ်​နှစ်​ယောက် မြောက်​သော​သူ ဂိ​ဒ္ဒါ​လ​တိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 30,
      "text": "နှစ်​ကျိပ်​သုံး​ယောက် မြောက်​သော​သူ မ​ဟာ​ဇ​ယုတ်၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 25,
      "verse": 31,
      "text": "နှစ်​ကျိပ်​လေး​ယောက် မြောက်​သော​သူ ရော​မ​န္တေ​ဇာ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 1,
      "text": "အ​သီး​အ​သီး​သင်း​ဖွဲ့​သော တံ​ခါး​စောင့်​များ​ဟူ​မူ​ကား။ ကော​ရ​ဟိ​အ​မျိုး ဧ​ဗျာ​သပ်​အ​နွယ်၊ ကော​ရ​သား မေ​ရှ​လေ​မိ၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 2,
      "text": "မေ​ရှ​လေ​မိ၏​သား​ဦး ဇာ​ခ​ရိ၊ ဒု​တိ​ယ​သား ယေ​ဒျေ​လ၊ တ​တိ​ယ​သား ဇေ​ဗ​ဒိ၊ စ​တု​တ္ထ​သား ယာ​သ​နေ​လ၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 3,
      "text": "ပ​ဥ္စ​မ​သား ဧ​လံ၊ ဆ​ဋ္ဌ​မ​သား ယော​ဟ​နန်၊ သ​တ္တ​မ​သား ဧ​လဲ​ဩ​နဲ​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 4,
      "text": "ဩ​ဗ​ဒေ​ဒုံ၏​သား​ဦး ရှေ​မာ​ယ၊ ဒု​တိ​ယ​သား ယော​ဇ​ဗပ်၊ တ​တိ​ယ​သား ယော​အာ၊ စ​တု​တ္ထ​သား စာ​ကာ၊ ပ​ဥ္စ​မ​သား နာ​သ​နေ​လ၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 5,
      "text": "ဆ​ဋ္ဌ​မ​သား အ​မျေ​လ၊ သ​တ္တ​မ​သား ဣ​သ​ခါ၊ အ​ဋ္ဌ​မ​သား ပု​လ​သဲ​တည်း။ ဩ​ဗ​ဒေ​ဒုံ​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 6,
      "text": "သား​ဦး​ရှေ​မာ​ယ၏​သား ဩ​သ​နိ၊ ရေ​ဖေ​လ၊ ဩ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်​နှင့် ခွန်​အား​ကြီး​သော​ညီ ဧ​လိ​ဟု၊ သေ​မ​ခိ​တို့​သည် ခွန်​အား​ကြီး​သား​သူ​ရဲ၊ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ အ​စိုး​ရ​သော​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 8,
      "text": "အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​အောင် ခွန်​အား​ကြီး​သော ဩ​ဗ​ဒေ​ဒုံ​အ​မျိုး​သား​ချင်း ယောက်ျား​ပေါင်း​ကား ခြောက်​ကျိပ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 9,
      "text": "ခွန်​အား​ကြီး​သော မေ​ရှ​လေ​မိ​သား​ညီ ယောက်ျား​ပေါင်း​ကား တစ်​ကျိပ်​ရှစ်​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 10,
      "text": "မေ​ရာ​ရိ​အ​မျိုး၊ ဟော​သ၏​သား​တို့​တွင် ရှိ​မ​ရိ​သည် သား​ဦး​မ​ဟုတ်​သော်​လည်း၊ အ​ဘ​ခန့်​ထား​သော​ကြောင့် သား​အ​ကြီး​ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 11,
      "text": "ဒု​တိ​ယ​သား​ကား ဟိ​လ​ခိ၊ တ​တိ​ယ​သား တေ​ဗ​လိ၊ စ​တု​တ္ထ​သား ဇာ​ခ​ရိ​အ​စ​ရှိ​သော ဟေ​ဝ​သ​သား​ညီ​ပေါင်း​ကား တစ်​ကျိပ်​သုံး​ယောက်​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 12,
      "text": "ဤ​ရွေ့​ကား ဘု​ရား​သ​ခင်၏​အိမ်​တော်၌ အ​လှည့်​လှည့်​စောင့်​ခြင်း​ငှာ သင်း​ဖွဲ့​သော ဝင်း​တံ​ခါး​ဝ​စောင့်​အ​ကြီး​အ​ကဲ​ဖြစ်​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 13,
      "text": "ထို​သူ​အ​ကြီး​အ​ငယ်​တို့​သည်၊ မိ​မိ​တို့ အ​ဆွေ​အ​မျိုး​အ​လိုက် တံ​ခါး​အ​သီး​အ​သီး​စောင့်​စေ​ခြင်း​ငှာ စာ​ရေး​တံ​ပြု​ကြ၍၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 14,
      "text": "အ​ရှေ့​မျက်​နှာ​ကို ရှေ​လ​မိ​ရ၏။ ရှေ​လ​မိ​သား​ပ​ညာ​ရှိ​ဇာ​ခ​ရိ​သည် စာ​ရေး​တံ​အား​ဖြင့် မြောက်​မျက်​နှာ​ကို​ရ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 15,
      "text": "ဩ​ဗ​ဒေ​ဒုံ​သည် တောင်​မျက်​နှာ​ကို​လည်း​ကောင်း၊ သူ၏​သား​တို့​သည် အ​သု​ပိမ်​အိမ်​ကို​လည်း​ကောင်း​ရ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 16,
      "text": "ရှု​ပိန်​နှင့်​ဟော​သ​သည် အ​နောက်​မျက်​နှာ​နှင့် ဗိ​မာန်​တော်​သို့ တက်​ရာ​လမ်း​ဝ၌ ရှ​လ္လေ​ခက်​တံ​ခါး​ကို​ရ၍ တစ်​ဖက်​တစ်​ချက်၌ စောင့်​ရ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 17,
      "text": "နေ့​ရက်​အ​စဉ်​အ​တိုင်း အ​ရှေ့​မျက်​နှာ၌ လေ​ဝိ​သား​ခြောက်​ယောက်၊ မြောက်​မျက်​နှာ၌ လေး​ယောက်၊ တောင်​မျက်​နှာ၌ လေး​ယောက်၊ အ​သု​ပိမ်​ဘက်​မှာ နှစ်​ယောက်၊ တံ​တိုင်း​တော်​ပြင်​မှာ နှစ်​ယောက်၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 18,
      "text": "အ​နောက်​မျက်​နှာ လမ်း​ဝ​မှာ​လေး​ယောက်၊ တံ​တိုင်း​တော်​ပြင်​မှာ နှစ်​ယောက်​စောင့်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 19,
      "text": "ဤ​ရွေ့​ကား၊ တံ​ခါး​စောင့်​အ​ရာ​ရှိ​သော ကော​ရ​အ​မျိုး​သား​နှင့် မေ​ရ​ရိ​အ​မျိုး​သား​ဖွဲ့​သော​အ​သင်း အ​သီး​အ​သီး​ပေ​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 20,
      "text": "လေ​ဝိ​သား​တို့​တွင်၊ အ​ဟိ​ယ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​နှင့် ပူ​ဇော်​သော​ဘ​ဏ္ဍာ​များ​ကို အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 21,
      "text": "အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော ဂေ​ရ​ရှုံ​အ​မျိုး လာ​ဒန်​သား​တို့​တွင် ယေ​ဟေ​လိ​နှင့်၊"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 22,
      "text": "သူ၏​သား ဇေ​သံ၊ ယော​လ​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​ကို အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 23,
      "text": "အာ​မ​ရံ​အ​မျိုး၊ ဣ​ဇ​ဟာ​အ​မျိုး၊ ဟေ​ဗြုန်​အ​မျိုး၊ ဩ​ဇေ​လ​အ​မျိုး​အ​ချို့ ပါ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 24,
      "text": "မော​ရှေ​သား ဂေ​ရ​ရှုံ၏​သား​ရှေ​ဗွေ​လ​သည်​လည်း ဘ​ဏ္ဍာ​တော်​တို့​ကို အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 25,
      "text": "ဂေ​ရ​ရှုံ​ညီ​ဧ​လျေ​ဇာ၊ ဧ​လျေ​ဇာ​သား ရေ​ဟ​ဗိ၊ သူ၏​သား ယေ​ရှာ​ယ၊ သူ၏​သား ယော​ရံ၊ သူ၏​သား ဇိ​ခ​ရိ၊ သူ၏​သား ရှေ​လော​မိတ်​တည်း။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 26,
      "text": "ထို​ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ဗိုလ်​မင်း​ပူ​ဇော်​သော ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 27,
      "text": "ထို​မင်း​တို့​သည် စစ်​တိုက်၍​ရ​သော​ဥ​စ္စာ​တို့​ကို မ​သိမ်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​ပြု​စု​ခြင်း​ငှာ ပူ​ဇော်​တတ်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 28,
      "text": "ပ​ရော​ဖက်​ရှ​မွေ​လ၊ ကိ​ရှ​သား ရှော​လု၊ နေ​ရ​သား အာ​ဗ​နာ၊ ဇေ​ရု​ယာ​သား ယွာ​ဘ​မှ​စ၍ အ​ခြား​သော​သူ ပူ​ဇော်​သ​မျှ​တို့​ကို၊ ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ကြည့်​ရှု​အုပ်​စိုး​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 29,
      "text": "ဣ​ဇ​ဟာ​အ​မျိုး​ခေ​န​နိ​နှင့် သူ၏​သား​တို့​သည် မင်း​အ​ရာ​ရှိ၊ တ​ရား​သူ​ကြီး​ဖြစ်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပြင်​အ​မှု​ကို စောင့်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 30,
      "text": "ဟေ​ဗြုန်​အ​မျိုး​ဖြစ်​သော သူ​ရဲ​ကြီး​ဟာ​ရှ​ဘိ​နှင့် သူ၏​ညီ တစ်​ထောင်​ခု​နစ်​ရာ​တို့​သည်၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်​မှာ​နေ​သော ဣ​သ​ရေ​လ​လူ​တို့​တွင် မင်း​အ​ရာ​ရှိ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​နှင့် ရှင်​ဘု​ရင်​အ​မှု အ​မျိုး​မျိုး​တို့​ကို စောင့်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 31,
      "text": "ဟေ​ဗြုန်​အ​မျိုး​သား​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် ယေ​ရိ​ယ​သည် အ​ကြီး​အ​ကဲ​ဖြစ်၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​လေး​ဆယ်​တွင်၊ ထို​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍ ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့၌ ခွန်​အား​ကြီး​သော​သူ​ရဲ​တို့​ကို တွေ့၏။"
    },
    {
      "book": 13,
      "chapter": 26,
      "verse": 32,
      "text": "ယေ​ရိ​ယ၏​ပေါက်​ဖော်​တည်း​ဟူ​သော သူ​ရဲ​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး နှစ်​ထောင်​ခု​နစ်​ရာ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး​ခန့်​ထား​သည်​အ​တိုင်း၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ကို​အုပ်​စိုး၍ ဘု​ရား​သ​ခင်၏​အ​မှု​တော်​နှင့် ရှင်​ဘု​ရင်​အ​မှု​အ​မျိုး​မျိုး​တို့​ကို စောင့်​ရ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 1,
      "text": "ရှင်​ဘု​ရင်​အ​မှု​တော်​ကို စောင့်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ၊ တစ်​နှစ်​တွင် တစ်​ဆယ်​နှစ်​လ အ​စဉ်​အ​တိုင်း တပ်​ဖွဲ့၍၊ တစ်​လ​စီ​တစ်​လ​စီ အ​လှည့်​လှည့်​စောင့်​ရ​သော တပ်​သား​အ​မှု​ထမ်း နှစ်​သောင်း​လေး​ထောင်​စီ ရှိ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 2,
      "text": "ပ​ထ​မ​လ​တွင် ပ​ထ​မ​တပ်​ကို​အုပ်​သော ဗိုလ်​မင်း​ကား၊ ဇာ​ဗ​ဒေ​လ​သား ယာ​ရှော​ဗံ​နှင့် တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 3,
      "text": "ထို​မင်း​သည် ဖာ​ရက်​အ​မျိုး​သား​ဖြစ်၍၊ ပ​ထ​မ​လ​တွင် အ​မှု​စောင့်​သော တပ်​မှူး​အ​ပေါင်း​တို့​ကို အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 4,
      "text": "ဒု​တိ​ယ​လ​တွင် အ​မှု​စောင့်​သော​တပ်​ကို အုပ်​သော​ဗိုလ်​မင်း​ကား၊ အ​ဟော​ဟိ​အ​မျိုး​သား​ဒေါ​ဒ​နှင့် စစ်​ကဲ​မိ​က​လုပ်၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 5,
      "text": "တ​တိ​ယ​လ​နှင့်​ဆိုင်​သော တ​တိ​ယ​တပ်​ဗိုလ်​မင်း​ကား၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကြီး​ယော​ယ​ဒ​သား ဗေ​နာ​ယ​နှင့် တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 6,
      "text": "ထို​မင်း​သည် ဗိုလ်​စု​တွင် ကျော်​စော​သော​သူ၊ ဗိုလ်​ချုပ်​အ​ရာ​ရှိ​သော​သူ ဖြစ်၏။ သူ၏​သား အ​မိ​ဇ​ဗဒ်​သည်​လည်း တပ်​မှူး​အ​ရာ​ကို​ရ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 7,
      "text": "စ​တု​တ္ထ​လ​တွင် စ​တု​တ္ထ​ဗိုလ်​မင်း​ကား၊ ယွာ​ဘ​ညီ​အာ​သ​ဟေ​လ၊ စစ်​ကဲ​ကား အာ​သ​ဟေ​လ​သား​ဇေ​ဗ​ဒိ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 8,
      "text": "ပ​ဥ္စ​မ​လ​တွင် ပ​ဥ္စ​မ​ဗိုလ်​မင်း​ကား ဣ​ဇ​ဟာ​အ​မျိုး ရှံ​ဟုတ်၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 9,
      "text": "ဆ​ဋ္ဌ​မ​လ​တွင် ဆ​ဋ္ဌ​မ​ဗိုလ်​မင်း​ကား တေ​ကော​မြို့​သား၊ ဣ​ကေ​ရှ၏​သား ဣ​ရ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 10,
      "text": "သ​တ္တ​မ​လ​တွင် သ​တ္တ​မ​ဗိုလ်​မင်း​ကား ဧ​ဖ​ရိမ်​အ​မျိုး၊ ပေ​လော​နိ​အ​နွယ်​ဖြစ်​သော ဟေ​လက်၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 11,
      "text": "အ​ဋ္ဌ​မ​လ​တွင် အ​ဋ္ဌ​မ​ဗိုလ်​မင်း​ကား ဇာ​ရ​အ​မျိုး၊ ဟု​သိ​ရှ​အ​နွယ်​ဖြစ်​သော သိ​ဗေ​ကဲ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 12,
      "text": "န​ဝ​မ​လ​တွင် န​ဝ​မ​ဗိုလ်​မင်း​ကား ဗင်္ယာ​မိန်​အ​မျိုး၊ အ​နေ​သော​သိ​အ​နွယ်​ဖြစ်​သော အ​ဗျေ​ဇာ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 13,
      "text": "ဒ​သ​မ​လ​တွင် ဒ​သ​မ​ဗိုလ်​မင်း​ကား ဇာ​ရ​အ​မျိုး၊ နေ​တော​ဖာ​သိ​အ​နွယ်​ဖြစ်​သော မ​ဟာ​ရဲ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 14,
      "text": "ဧ​က​ဒ​သ​မ​လ​တွင် ဧ​က​ဒ​သ​မ​ဗိုလ်​မင်း​ကား ဧ​ဖ​ရိမ်​အ​မျိုး၊ ပိ​ရ​သော​နိ​အ​နွယ်​ဖြစ်​သော ဗေ​နာ​ယ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 15,
      "text": "ဒွါ​ဒ​သ​မ​တွင် ဒွါ​ဒ​သ​မ​ဗိုလ်​မင်း​ကား ဩ​သ​နေ​လ​အ​မျိုး၊ နေ​တော​ဖာ​သိ​အ​နွယ်​ဖြစ်​သော ဟေ​လ​ဒဲ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​သော​မင်း​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး​တွင် ဇိ​ခ​ရိ၏​သား​ဧ​လျေ​ဇာ၊ ရှိ​မောင်​အ​မျိုး​တွင် မာ​ခ၏​သား ရှေ​ဖ​တိ။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 17,
      "text": "လေ​ဝိ​အ​မျိုး​တွင် ကေ​မွေ​လ၏​သား ဟာ​ရှ​ဘိ၊ အာ​ရုန်​အ​မျိုး​တွင် ဇာ​ဒုတ်၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 18,
      "text": "ယု​ဒ​အ​မျိုး​တွင် ဒါ​ဝိဒ်​အစ်​ကို​ဧ​လိ​ဟု၊ ဣ​သ​ခါ အ​မျိုး​တွင် မိ​က္ခေ​လ၏​သား ဩ​မ​ရိ၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 19,
      "text": "ဇာ​ဗု​လုန်​အ​မျိုး​တွင် ဩ​ဗ​ဒိ၏​သား ဣ​ရှ​မာ​ယ၊ နဿ​လိ​အ​မျိုး​တွင် အာ​ဇ​ရေ​လ၏​သား ယေ​ရိ​မုတ်၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 20,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​တွင် အာ​ဇ​ဇိ၏​သား ဟော​ရှေ၊ မ​နာ​ရှေ​အ​မျိုး​တ​ဝက်​တွင် ပေ​ဒါ​ယ၏​သား ယော​လ၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 21,
      "text": "ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ​အ​မျိုး​တ​ဝက်​တွင် ဇာ​ခ​ရိ၏​သား ဣ​ဒ္ဒေါ၊ ဗင်္ယာ​မိန်​အ​မျိုး​တွင် အာ​ဗ​နာ၏​သား ယာ​သေ​လ၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 22,
      "text": "ဒန်​အ​မျိုး​တွင် ယေ​ရော​ဟံ၏​သား အာ​ဇ​ရေ​လ၊ ဤ​ရွေ့​ကား ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အုပ်​သော​မင်း​ပေ​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ တိုး​ပွား​များ​ပြား​စေ​တော်​မူ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​သက်​နှစ်​ဆယ်​မ​စေ့​သော သူ​တို့​ကို စာ​ရင်း​မ​ယူ​ဘဲ​နေ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 24,
      "text": "ဇေ​ရု​ယာ​သား ယွာ​ဘ​သည် စာ​ရင်း​ယူ​စ​ပြု၍၊ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​သို့ သက်​ရောက်​သော​အ​ခါ လက်​စ​မ​သတ်။ ရေ​တွက်၍​ရ​သော လူ​ပေါင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး၏​မှတ်​စာ၌ မ​သွင်း​မ​မှတ်။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 25,
      "text": "အ​ဒေ​လ​သား အာ​ဇိ​မာ​ဝက်​သည် ဘ​ဏ္ဍာ​တော်​စိုး​ဖြစ်၏။ ဩ​ဇိ​သား​ယော​န​သန်​သည် လယ်​ပြင်၊ မြို့​ရွာ၊ ရဲ​တိုက်၌​ရှိ​သော ဘ​ဏ္ဍာ​တိုက်​တို့​ကို​အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 26,
      "text": "ခေ​လုပ်​သား​ဧ​ဇ​ရိ​သည် လယ်​ယာ​လုပ်​သော​သူ​တို့​ကို အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 27,
      "text": "ရာ​မ​မြို့​သား​ရှိ​မိ​သည် စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​လည်း​ကောင်း၊ ရှိ​ဖ​မိ​မြို့​သား ဇ​ဗ​ဒိ​သည် စ​ပျစ်​သီး​နှင့် စ​ပျစ်​ရည်​တိုက်​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 28,
      "text": "ဂေ​ဒ​ရိ​လူ ဗာ​လ​ဟာ​နန်​သည် ချိုင့်​တို့၌​ရှိ​သော သံ​လွင်​ပင်​နှင့် သ​ဖန်း​ပင်​တို့​ကို​လည်း​ကောင်း၊ ယော​ရှ​သည် ဆီ​တိုက်​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 29,
      "text": "ရှာ​ရုန်​အ​ရပ်​သား ရှိ​တ​ရဲ​သည် ရှာ​ရုန်​အ​ရပ်၌ ကျက်​စား​သော​နွား​စု​ကို​လည်း​ကောင်း၊ အာ​ဒ​လဲ​သား ရှာ​ဖတ်​သည် ချိုင့်​တို့၌​ကျက်​စား​သော နွား​စု​ကို​လည်း​ကောင်း အုပ်​ရ၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 30,
      "text": "ဣ​ရှ​မေ​လ​အ​မျိုး​သား ဩ​ဗိ​လ​သည် ကု​လား​အုတ်​တို့​ကို​လည်း​ကောင်း၊ မေ​ရော​န​သိ​လူ ယေ​ဒေ​ယ​သည် မြည်း​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 31,
      "text": "ဟာ​ဂ​ရ​အ​မျိုး​သား​ယာ​ဇဇ်​သည် သိုး​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။ ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၏ ဥ​စ္စာ​ဘ​ဏ္ဍာ​တော်​ကို အုပ်​ရ​သော​သူ​ပေ​တည်း။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 32,
      "text": "ဒါ​ဝိဒ်၏​ဘ​ထွေး​တော် ယော​န​သန်​သည် တိုင်​ပင်​မှူး​မတ် ပ​ညာ​ရှိ​ကျမ်း​တတ်​ဖြစ်၏။ ဟ​ခ​မော​နိ​သား ယေ​ဟေ​လ​သည် ရှင်​ဘု​ရင်၏​သား​တော်​တို့ အ​ပေါင်း​အ​ဖော်​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 33,
      "text": "အ​ဟိ​သော​ဖေ​လ​သည် ရှင်​ဘု​ရင်၏​တိုင်​ပင်​မှူး​မတ်၊ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် ရှင်​ဘု​ရင်၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 27,
      "verse": 34,
      "text": "အ​ဟိ​သော​ဖေ​လ​နောက်​မှာ အ​ဗျာ​သာ​နှင့် ဗေ​နာ​ယ​သား​ယော​ယ​ဒ​သည် နေ​ရာ​ကျ၏။ ယွာ​ဘ​သည် တပ်​တော်​ဗိုလ်​ချုပ်​မင်း​ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 1,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 2,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် ရပ်၍၊ ငါ့​ညီ​အစ်​ကို၊ ငါ့​လူ​တို့ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ငြိမ်​ဝပ်​ရာ​အိမ်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ​ကို တည်​လုပ်​မည်​ဟု ငါ​အ​ကြံ​ရှိ၍ တည်​လုပ်​ခြင်း​ငှာ ပြင်​ဆင်​နှင့်​ပြီ။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 3,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်​က သင်​သည် စစ်​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၍၊ ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​ဆွေ​အ​မျိုး​များ​ထဲ​က ငါ့​ကို​ရွေး​ကောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ အ​မြဲ​ချီး​မြှောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို​ရွေး​ကောက်၍ အ​ခြား​သော အ​မျိုး​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ယု​ဒ​အ​မျိုး​တွင် ငါ့​အ​ဘ၏​အိမ်​ထောင်​ကို​လည်း​ကောင်း၊ ငါ့​အ​ဘ၏​သား​တို့​တွင် ငါ့​ကို​လည်း​ကောင်း​နှစ်​သက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား များ​စွာ​သော​သား​တို့​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​သား​အ​ပေါင်း​တို့​တွင် သား​ရှော​လ​မုန်​ကို ရွေး​ကောက်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 6,
      "text": "ငါ့​အား​လည်း သင့်​သား​ရှော​လ​မုန်​သည် ငါ့​အိမ်​နှင့် ငါ့​တံ​တိုင်း​တို့​ကို တည်​ရ​မည်။ ငါ​သည်​ထို​သူ​ကို သား​အ​ရာ၌​ခန့်​ထား​ခြင်း​ငှာ ရွေး​ကောက်​ပြီ။ ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 7,
      "text": "သူ​သည် ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို ယ​နေ့​ကဲ့​သို့ အ​မြဲ​ကျင့်​လျှင် သူ၏​နိုင်​ငံ​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 8,
      "text": "သို့​ဖြစ်၍ သင်​တို့​သည် ဤ​ကောင်း​သော​ပြည်​ကို​ပိုင်၍ သင်​တို့၏ သား​မြေး​အ​စဉ်​အ​ဆက် အ​မွေ​ခံ​ရာ​ဖို့ ချန်​ထား​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့၌​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင့် အ​ထံ​တော်၌​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို ရှာ၍ စောင့်​ရှောက်​ကြ​လော့။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 9,
      "text": "ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 10,
      "text": "သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 11,
      "text": "ထို​အ​ခါ အိမ်​တော်​ဦး၊ အ​ဆောင်​ကြီး၊ ဘ​ဏ္ဍာ​တိုက်၊ အ​ထက်​ခန်း၊ အ​တွင်း​ခန်း၊ က​ရု​ဏာ​ပ​လ္လင်​ထား​ရာ​အ​ခန်း၏​ပုံ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တံ​တိုင်း​များ၊ ပတ်​လည်၌ ကာ​သော​အ​ခန်း​များ၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​တိုက်​များ၊ ပူ​ဇော်​သော​အ​ရာ​သို​ထား​ရာ တိုက်​များ​တို့၏​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​ကြံ​စည်​သ​မျှ​အ​တိုင်း၊ ဒါ​ဝိဒ်​သည် သား​တော်​ရှော​လ​မုန်​အား အပ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 13,
      "text": "ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​သင်း​ဖွဲ့​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ ဆောင်​ရွက်​စ​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 14,
      "text": "အ​မှု​တော်​အ​မျိုး​မျိုး​ကို ဆောင်​ရွက်​စ​ရာ ရွှေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ငွေ​ကို​လည်း​ကောင်း ချိန်၍ အပ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 15,
      "text": "ရွှေ​မီး​ခုံ​နှင့် ရွှေ​မီး​ခွက်​အ​သီး​အ​သီး​အ​ဖို့၊ ငွေ​မီး​ခုံ​နှင့် ငွေ​မီး​ခွက်​အ​သီး​အ​သီး သုံး​စ​ရာ​ရှိ​သည်​အ​တိုင်း ရွှေ​ငွေ​ကို​ချိန်၍ အပ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 16,
      "text": "ရှေ့​တော်​မုန့်​တင်​စ​ရာ ရွှေ​စား​ပွဲ​နှင့် ငွေ​စား​ပွဲ အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​ချိန်၍ အပ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 17,
      "text": "အ​မဲ​သား​ချိတ်၊ အင်​တုံ၊ ဖ​လား​များ​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ ရွှေ​လင်​ပန်း​နှင့် ငွေ​လင်​ပန်း အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ချိန်၍ အပ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 18,
      "text": "နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ အ​တောင်​တို့​ကို​ဖြန့်၍ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်​ရ​ထား​တော်​ပုံ​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း ချိန်၍​အပ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 19,
      "text": "ထို​ပုံ​များ​ရှိ​သ​မျှ​တို့​ကို ရေး​ထား​သည်​အ​တိုင်း၊ နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 20,
      "text": "သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။"
    },
    {
      "book": 13,
      "chapter": 28,
      "verse": 21,
      "text": "သင်း​ဖွဲ့​သော​ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့​ရှိ​ကြ၏။ လိ​မ္မာ​သော ဆ​ရာ​သ​မား အ​မျိုး​မျိုး​တို့​သည်​လည်း အ​ရာ​ရာ​တို့​ကို လုပ်​ဆောင်​စေ​ဖို့​ရှိ​ကြ၏။ မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ အ​ပေါင်း​တို့​သည်​လည်း သင့်​လက်၌​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 1,
      "text": "တစ်​ဖန် ဒါ​ဝိဒ်​မင်း​ကြီး​က၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော ငါ့​သား​ရှော​လ​မုန်​သည် အ​သက်​ငယ်၍ နု​သေး၏။ အ​မှု​မူ​ကား ကြီး​လှ၏။ တည်​ဆောက်​ရ​သော ဗိ​မာန်​သည် လူ​အ​ဖို့​မ​ဟုတ်၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 2,
      "text": "ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ရွှေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ကြေး​ဝါ​ကို​လည်း​ကောင်း၊ သံ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သံ​ကို​လည်း​ကောင်း၊ သစ်​သား​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သစ်​သား​ကို​လည်း​ကောင်း၊ ရှ​ဟံ​ကျောက်​နှင့် အ​ရောင်​မျိုး​ထွက်၍ စီ​စ​ရာ​ဖို့ ကောင်း​သော​ကျောက်၊ အ​ဖိုး​ထိုက်​သော​ကျောက်​မျိုး၊ များ​စွာ​သော ကျောက်​ဖြူ​တို့​ကို​လည်း​ကောင်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ငါ​ပြင်​ဆင်​ပြီ။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 3,
      "text": "ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်၌ ငါ့​စိတ်​နှ​လုံး စွဲ​လမ်း​သော​ကြောင့်၊"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 4,
      "text": "ထို​သန့်​ရှင်း​သော​အိမ်​အ​ဖို့ ပြင်​ဆင်​သော ဥ​စ္စာ​မှ​တစ်​ပါး ကိုယ်​ဥ​စ္စာ​ထဲ​က ဩ​ဖိ​ရ​ရွှေ​အ​ခွက် သုံး​သောင်း​နှင့် ကျောက်​ထ​ရံ​တို့​ကို မွမ်း​မံ​စ​ရာ​ဖို့ ငွေ​စင်​ခု​နစ်​သောင်း​ကို ငါ၏​ဘု​ရား​သ​ခင်​အိမ်​တော်​အ​ဖို့ ငါ​ပေး၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 5,
      "text": "ရွှေ​သည် ရွှေ​တန်​ဆာ​အ​ဖို့၊ ငွေ​သည် ငွေ​တန်​ဆာ​အ​ဖို့​နှင့် ဆ​ရာ​သ​မား​လုပ်​သ​မျှ​အ​ဖို့ ဖြစ်၏။ သို့​ဖြစ်၍ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ဥ​စ္စာ​ကို အ​ဘယ်​သူ​ပူ​ဇော်​ချင်​သ​နည်း​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​အား မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 6,
      "text": "အ​ဆွေ​အ​မျိုး​တို့၏ အ​ကြီး​အ​ကဲ​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​စိုး​သော​မင်း​များ၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​များ၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို စီ​ရင်​သော​သူ​များ​တို့​သည် ကြည်​ညို​သော​စိတ်​ရှိ၍၊"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ ရွှေ​အ​ခွက်​ငါး​သောင်း​နှင့် ရွှေ​ဒင်္ဂါး​တစ်​သောင်း၊ ငွေ​အ​ခွက် တစ်​သိန်း၊ ကြေး​ဝါ​အ​ခွက် တစ်​သိန်း​ရှစ်​သောင်း၊ သံ​အ​ခွက် တစ်​သန်း​ကို လှူ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 8,
      "text": "ကျောက်​မြတ်​ရှိ​သော သူ​တို့​သည်​လည်း ဂေ​ရ​ရှုံ​အ​မျိုး​သား ယေ​ဟေ​လ​လက်​ဖြင့် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ဘ​ဏ္ဍာ​ထဲ​သို့ သွင်း​ကြ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 9,
      "text": "လူ​များ​တို့​သည် စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော စိတ်​သ​ဘော​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ကြောင့် ဝမ်း​မြောက်​ကြ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း အ​လွန်​တ​ရာ​ဝမ်း​မြောက်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 10,
      "text": "ထို​အ​ခါ ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​တို့​အ​ဘ ဣ​သ​ရေ​လ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 12,
      "text": "ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​သည် ကျေး​ဇူး​တော်​ကြောင့်​သာ​ဖြစ်၏။ ကိုယ်​တော်​သည် ခပ်​သိမ်း​သော သူ​တို့​ကို အုပ်​စိုး​တော်​မူ၏။ ခွန်​အား အ​စွမ်း​သ​တ္တိ​ကို ပေး​ပိုင်​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့​အား ကြီး​မြတ်​သော​အ​ခွင့်​နှင့် ခိုင်​ခံ့​သော​အ​ခွင့်​ကို ပေး​ပိုင်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 13,
      "text": "သို့​ဖြစ်၍ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကျေး​ဇူး​တော် ကြီး​လှ​ပါ​သည်​ဟု အ​ကျွန်ုပ်​တို့​သည်​ဝန်​ခံ၍ ဘုန်း​ကြီး​သော နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 14,
      "text": "သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 15,
      "text": "အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 16,
      "text": "အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​နာ​မ​အ​ဖို့ ကိုယ်​တော်၏​အိမ်​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ၊ အ​ကျွန်ုပ်​တို့ ပြင်​ဆင်​သော ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​လုံး​စုံ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 17,
      "text": "အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 18,
      "text": "အ​ကျွန်ုပ်​တို့​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ လူ​တို့​သည် ဤ​အ​မှု​အ​ရာ​များ​ကို၊ အ​စဉ်​အောက်​မေ့​စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​နှ​လုံး​သည် ကိုယ်​တော်​ဘက်၌ တည်​ကြည်​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 19,
      "text": "အ​ကျွန်ုပ်၏​သား ရှော​လ​မုန်​သည်​လည်း ကိုယ်​တော်၏ သက်​သေ​ခံ​ချက်၊ ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်၍၊ အ​ကျွန်ုပ်​ပြင်​ဆင်​သော​အ​မှု​ကို အ​ကုန်​အ​စင်​ပြီး​စီး​စေ​လျက်၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​နိုင်​မည်​အ​ကြောင်း၊ စုံ​လင်​သော စိတ်​နှ​လုံး​ကို ပေး​သ​နား​တော်​မူ​ပါ​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက် မြွက်​ဆို၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 20,
      "text": "ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​လည်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက်​ဦး​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း​ရှိ​ခိုး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 21,
      "text": "နက်​ဖြန်​နေ့၌​လည်း ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို​ပြု၍ နွား​တစ်​ထောင်၊ သိုး​တစ်​ထောင်၊ သိုး​သ​ငယ်​တစ်​ထောင်​တို့​ကို မီး​ရှို့​သ​ဖြင့်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား များ​စွာ​သော​ယဇ်​ကို ပူ​ဇော်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 22,
      "text": "ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ပျော်​မွေ့​ခြင်း​ကို​ပြု​လျက် ဒါ​ဝိဒ်၏​သား​တော် ရှော​လ​မုန်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ဒု​တိ​ယ​အ​ကြိမ်​ချီး​မြှောက်၍ ထာ​ဝ​ရ​ဘု​ရား​အောက်​မှာ မင်း​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဇာ​ဒုတ်​ကို ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘိ​သိက်​ပေး​ကြ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 23,
      "text": "ထို​အ​ခါ ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ဘုန်း​ကြီး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စ​ကား​တော်​ကို နား​ထောင်​ကြ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 24,
      "text": "မှူး​တော်​မတ်​တော်၊ အ​ရာ​ကြီး​သော​သူ အ​ပေါင်း​တို့​နှင့် ဒါ​ဝိဒ်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​မင်း​ကြီး၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရှေ့​မှာ ရှော​လ​မုန်​ကို အ​လွန်​ချီး​မြှောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ခံ​စ​ဖူး​သော ဘုန်း​အာ​နု​ဘော်​တော်​ကို ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 26,
      "text": "ယေ​ရှဲ၏​သား ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော​မင်း ဖြစ်​တော်​မူ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 27,
      "text": "ဟေ​ဗြုန်​မြို့၌ ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​သုံး​နှစ်​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ​သော​နှစ်​ပေါင်း​ကား အ​နှစ်​လေး​ဆယ်​တည်း။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 28,
      "text": "ဒါ​ဝိဒ်​သည် အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​ပြည့်​စုံ​ခြင်း၊ ဘုန်း​စည်း​စိမ်​ကြွယ်​ဝ​ခြင်း​ရှိ​လျက် အ​နိ​စ္စ​ရောက်၍ သား​တော်​ရှော​လ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်​လေ၏။"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 29,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​ရှိ​သ​မျှ၊ အ​စိုး​ရ​ခြင်း၊ တန်​ခိုး​ကြီး​ခြင်း​နှင့်​တ​ကွ၊"
    },
    {
      "book": 13,
      "chapter": 29,
      "verse": 30,
      "text": "ကိုယ်​တော်​မှ​စ၍ ဣ​သ​ရေ​လ​ပြည်၊ အ​ခြား​တစ်​ပါး​သော တိုင်း​ပြည်​များ​တို့၌ ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၏​ကျမ်း​စာ၊ ပ​ရော​ဖက်​နာ​သန်၏​ကျမ်း​စာ၊ ပ​ရော​ဖက်​ဂဒ်၏ ကျမ်း​စာ​တို့၌ ရေး​ထား​လျက်​ရှိ၏။ ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 1,
      "text": "ဒါ​ဝိဒ်၏​သား​တော်​ရှော​လ​မုန်​သည်၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း၊ အ​လွန်​ချီး​မြှောက်​တော်​မူ​ခြင်း ကျေး​ဇူး​ကြောင့်၊ မိ​မိ​အာ​ဏာ​တော်​တည်​ကြည်​မြဲ​မြံ​သော​အ​ခါ၊"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 2,
      "text": "လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ တ​ရား​သူ​ကြီး၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​နှင့် အ​ဆွေ​အ​မျိုး​သူ​ကြီး အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 3,
      "text": "တော၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​လုပ်​ခဲ့​သော ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သည် ဂိ​ဗောင်​မြို့​တွင် မြင့်​သော​အ​ရပ်၌ ရှိ​သည်​ဖြစ်၍ ထို​အ​ရပ်​သို့ ပ​ရိ​သတ်​အ​ပေါင်း​တို့​နှင့်​အ​တူ သွား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ကား ဒါ​ဝိဒ်​ပြင်​ဆင်​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆောက်​နှင့်​သော​တဲ​သို့ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​သော်​လည်း၊"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 5,
      "text": "ဟု​ရ​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ လုပ်​ခဲ့​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​မှာ​ထား​သော​ကြောင့်၊ ရှော​လ​မုန်​နှင့် ပ​ရိ​သတ်​တို့​သည် ထို​ယဇ်​ပ​လ္လင်​သို့ သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 6,
      "text": "ထို​သို့ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သို့ ရှော​လ​မုန်​ရောက်၍ ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တစ်​ထောင်​ကို ပူ​ဇော်​လေ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 7,
      "text": "ထို​ည​တွင် ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 8,
      "text": "ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ အ​ဘ​အ​ရာ၌​လည်း အ​ကျွန်ုပ်​ကို နန်း​ထိုင်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 9,
      "text": "ယ​ခု​မှာ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ မြေ​မှုန့်​များ​သ​ကဲ့​သို့ အ​ရေ​အ​တွက်​အား​ဖြင့် များ​ပြား​သော​လူ​တို့၏ ရှင်​ဘု​ရင်​အ​ရာ၌ အ​ကျွန်ုပ်​ကို ချီး​မြှောက်​တော်​မူ​သော​ကြောင့် အ​ဘ​ဒါ​ဝိဒ်၌​ထား​သော က​တိ​တော်​ကို တည်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 10,
      "text": "အ​ကျွန်ုပ်​သည် ဤ​လူ​တို့​ရှေ့​မှာ ထွက်​ဝင်​နိုင်​မည်​အ​ကြောင်း ဉာဏ်​ပ​ညာ​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ထို​သို့​အောက်​မေ့၍ စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို​မ​တောင်း၊ ရန်​သူ​တို့၏ အ​သက်​ကို​လည်း မ​တောင်း၊ တာ​ရှည်​သော​အ​သက်​ကို​လည်း မ​တောင်း၊ ငါ​ခန့်​ထား၍ သင်​အ​စိုး​ရ​သော ငါ၏​လူ​မျိုး​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော ဉာဏ်​ပ​ညာ​ကို​သာ ကိုယ်​အ​ဖို့​တောင်း​သော​ကြောင့်၊"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 12,
      "text": "ဉာဏ်​ပ​ညာ​ကို ငါ​ပေး၏။ ထို​မှ​တစ်​ပါး သင့်​ရှေ့​မှာ​ဖြစ်​ဖူး​သော ရှင်​ဘု​ရင်​နှင့် သင့်​နောက်၌ ဖြစ်​လ​တ္တံ့​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​မီ​နိုင်​မည်​အ​ကြောင်း၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 13,
      "text": "ထို​အ​ခါ ရှော​လ​မုန်​သည် ဂိ​ဗောင်​မြို့​တွင် မြင့်​သော​အ​ရပ်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား၍၊ ဣ​သ​ရေ​လ​ပြည်​ကို အုပ်​စိုး​လျက်​နေ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 14,
      "text": "ထို​နောက် ရှော​လ​မုန်​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို ဆည်း​ပူး၍၊ ရ​ထား တစ်​ထောင်​နှင့်​လေး​ရာ၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း ထား၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 15,
      "text": "ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ရွှေ​ငွေ​ကို ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 16,
      "text": "ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်၊ ကော​မြို့​မှ ဆောင်​ခဲ့​ရ၏။ ရှင်​ဘု​ရင်​ကုန်​သည်​တို့​သည် အ​ဖိုး​ပေး​လျက်၊ ကော​မြို့၌ ခံ​ယူ​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 1,
      "verse": 17,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​တစ်​ခု​ကို ငွေ​ခြောက်​ပိဿာ​နှင့်​လည်း​ကောင်း၊ မြင်း​တစ်​စီး​ကို တစ်​ပိဿာ​ငါး​ဆယ်​နှင့်​လည်း​ကောင်း ရောင်း​မြဲ​ရှိ၏။ ထို​သို့ ဟိ​တ္တိ​မင်း​ကြီး​နှင့်၊ ရှု​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် အဲ​ဂု​တ္တု​ရ​ထား​နှင့် မြင်း​တို့​ကို​ရ​တတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 1,
      "text": "ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​ကို​လည်း​ကောင်း၊ နန်း​တော်​ကို​လည်း​ကောင်း တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ၍၊"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 2,
      "text": "ထမ်း​ရွက်​သော​သူ ခု​နစ်​သောင်း၊ တောင်​ရိုး​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း၊ ကြည့်​ရှု​စီ​ရင်​ရ​သော​သူ သုံး​ထောင်​ခြောက်​ရာ​တို့​ကို ခွဲ​ခန့်​ပြီး​မှ၊"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 3,
      "text": "တု​ရု​မင်း​ကြီး​ဟိ​ရံ​ထံ​သို့ စေ​လွှတ်၍၊ မင်း​ကြီး​သည် ငါ့​အ​ဘ​ဒါ​ဝိဒ်၏ နန်း​တော်​ဆောက်​စ​ရာ​ဖို့ အာ​ရဇ်​သစ်​သား​ကို ပေး​လိုက်​သည်​နည်း​တူ ငါ၌​တစ်​ဖန် ကျေး​ဇူး​ပြု​ပါ​လော့။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​ကျင့်​ရ​သော တ​ရား​အ​တိုင်း ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ညဉ့်​ဦး၊ နံ​နက်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဓ​မ္မ​ပွဲ​နေ့​တို့၌ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်၍ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 5,
      "text": "ငါ​တည်​ဆောက်​ရ​သော အိမ်​တော်​သည် ကြီး​ရ​မည်။ ငါ​တို့​ဘု​ရား​သ​ခင်​သည် ဘု​ရား​တ​ကာ​တို့​ထက် ကြီး​မြတ်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 6,
      "text": "ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွတ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်​ကို အ​ဘယ်​သူ တည်​ဆောက်​နိုင်​မည်​နည်း။ ရှေ့​တော်၌​ယဇ်​ကို မီး​ရှို့​ရာ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ငါ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 7,
      "text": "ယ​ခု​မှာ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပြာ​သော​အ​ထည်​ကို လုပ်​တတ်​သော​အ​တတ်၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​ပြင်​ဆင်၍ ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ပြည်၌ ငါ့​ထံ​မှာ​ရှိ​သော ဆ​ရာ​သ​မား​တို့​နှင့် ဝိုင်း၍ ထု​လုပ်​တတ်​သော အ​တတ်​နှင့်​ပြည့်​စုံ​သော သူ​တစ်​ယောက်​ကို ငါ့​ထံ​သို့​စေ​လွှတ်​ပါ။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 8,
      "text": "အာ​ရဇ်​သစ်​သား၊ ထင်း​ရှူး​သစ်​သား၊ အာ​လ​ဂုံ​သစ်​သား​များ​ကို လေ​ဗ​နုန်​တောင်​မှာ ခုတ်၍​ပေး​လိုက်​ပါ။ မင်း​ကြီး၏ ကျွန်​တို့​သည် လေ​ဗ​နုန်​တောင်​ပေါ်​မှာ သစ်​ခုတ်​တတ်​သည်​ကို ငါ​သိ၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 9,
      "text": "သစ်​သား​အ​များ​ကို ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့် ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ ငါ​တည်​ဆောက်​ရ​သော အိမ်​တော်​သည် အ​လွန်​ကြီး၍ အံ့​ဩ​ဖွယ်​သော​အိမ်​ဖြစ်​ရ​မည်။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 10,
      "text": "သစ်​ခုတ်​သော မင်း​ကြီး​ကျွန်​တို့​အား ဂျုံ​ဆန် ကော​ရ​နှစ်​သောင်း၊ မု​ယော​ဆန် နှစ်​သောင်း၊ စ​ပျစ်​ရည် ဗတ်​နှစ်​သောင်း၊ ဆီ နှစ်​သောင်း​ကို ငါ​ပေး​မည်​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 11,
      "text": "တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် စာ​ရေး၍ ရှော​လ​မုန်​ထံ​သို့ ပြန်​ပေး​လိုက်​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို ချစ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကို သူ​တို့​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 12,
      "text": "ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ နန်း​တော်​ကို​လည်း​ကောင်း၊ တည်​ဆောက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​အောင် ဉာဏ်​ကောင်း၍ ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​သော​သား​ကို ဒါ​ဝိဒ်​မင်း​ကြီး​အား​ပေး​တော်​မူ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 13,
      "text": "ယ​ခု​မှာ​ဉာဏ်​ကောင်း၍ လိ​မ္မာ​သော​သူ ဟိ​ရံ​အ​ဘိ​ကို ငါ​စေ​လွှတ်​ပါ၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 14,
      "text": "သူ့​အ​မိ​ကား ဒန်​အ​မျိုး​သ​မီး၊ အ​ဘ​ကား တု​ရု​အ​မျိုး​သား ဖြစ်၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ ကျောက်၊ သစ်​သား၊ မောင်း​သော​အ​ထည်၊ ပြာ​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို လုပ်​တတ်​သော​အ​တတ်၊ အ​မျိုး​မျိုး​ထု​လုပ်​တတ်​သော အ​တတ်​နှင့်​ပြည့်​စုံ၍၊ ကိုယ်​တော်၏​ဆ​ရာ​သ​မား၊ ခ​မည်း​တော်​အ​ရှင်​ဒါ​ဝိဒ်၏ ဆ​ရာ​သ​မား​တို့​နှင့် ဝိုင်း​လျက်၊ လို​သ​မျှ​ကို ဉာဏ်​ရှာ၍ လုပ်​တတ်​သော​သူ ဖြစ်၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 15,
      "text": "သို့​ဖြစ်၍ ကိုယ်​တော်​အ​မိန့်​ရှိ​သည်​အ​တိုင်း၊ ဂျုံ​ဆန်၊ မု​ယော​ဆန်၊ စ​ပျစ်​ရည်၊ ဆီ​ကို ကိုယ်​တော်​ကျွန်​တို့​အား ပေး​ပါ​တော့။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 16,
      "text": "ငါ​တို့​သည် ကိုယ်​တော်​လို​ချင်​သ​မျှ​သော သစ်​သား​ကို၊ လေ​ဗ​နုန်​တောင်​ပေါ်​မှာ ခုတ်​ပြီး​လျှင် ဖောင်​လုပ်၍ ပင်​လယ်​လမ်း​ဖြင့်၊ ယု​ပ္ပေ​မြို့​သို့ ဆောင်​ခဲ့​ပါ​မည်။ ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သယ်​ပို့​ရ​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 17,
      "text": "ခ​မည်း​တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ၌​နေ​သော တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​ကို စာ​ရင်း​ယူ​ပြီး​သည်​နောက်၊ တစ်​ဖန် ရှော​လ​မုန်​သည် စာ​ရင်း​ယူ​ပြန်၍၊ တစ်​သိန်း​ငါး​သောင်း သုံး​ထောင်​ခြောက်​ရာ​တို့​ကို တွေ့၏။"
    },
    {
      "book": 14,
      "chapter": 2,
      "verse": 18,
      "text": "ထမ်း​သော​သူ ခု​နစ်​သောင်း၊ တောင်​ပေါ်​မှာ သစ်​ခုတ်​သော​သူ ရှစ်​သောင်း၊ အ​မှု​ကို​ကြည့်​ရှု​စီ​ရင်​သော​သူ သုံး​ထောင်​ခြောက်​ရာ​တို့​ကို ခွဲ​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 1,
      "text": "ယေ​ရု​ရှ​လင်​မြို့​တွင်၊ မော​ရိ​တောင်​ပေါ်​မှာ ခ​မည်း​တော်​ဒါ​ဝိဒ်​အား ထာ​ဝ​ရ​ဘု​ရား ထင်​ရှား​တော်​မူ​ရာ​အ​ရပ်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း​ကို ဒါ​ဝိဒ်​ပြင်​ဆင်​ခဲ့​ပြီး​သော​အ​ရပ်၌ ရှော​လ​မုန်​သည် နန်း​စံ​လေး​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 3,
      "text": "ရှော​လ​မုန်​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို တည်​ဆောက်​ခြင်း​အ​မှု၌ သွန်​သင်​ခြင်း​ကို ခံ​သည်​နှင့်​အ​ညီ၊ သံ​တောင်​အား​ဖြင့် အ​လျား​သည် အ​တောင်​ခြောက်​ဆယ်၊ အ​နံ​အ​တောင်​နှစ်​ဆယ် ရှိ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 4,
      "text": "အိမ်​တော်​ဦး​သည်​လည်း အိမ်​တော်​အ​နံ​နှင့်​ညီ၍ အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​မြင့် အ​တောင်​တစ်​ရာ​နှစ်​ဆယ် ရှိ၏။ ရွှေ​စင်​နှင့် မွမ်း​မံ​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 5,
      "text": "အိမ်​တော်​အ​တွင်း​အ​မိုး​ကို ထင်း​ရှူး​ပျဉ်​ပြား​ဖြင့် ပြီး​စေ​လျက် စွန်​ပ​လွံ​ပင်​များ​နှင့် ကြိုး​များ​တို့​ကို​ထု၍ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 6,
      "text": "အိမ်​တော်၌ အ​သ​ရေ​တင့်​တယ်​စေ​ခြင်း​ငှာ ကျောက်​မြတ်​တို့​ကို စီ​ချယ်၏။ မွမ်း​မံ​သော​ရွှေ​သည် ပါ​ရ​ဝိမ်​ရွှေ​ဖြစ်၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 7,
      "text": "အိမ်​တော်၏​ထုပ်၊ လျောက်၊ တိုင်၊ ထ​ရံ၊ တံ​ခါး​ရွက်​တို့​ကို ရွှေ​နှင့်​မွမ်း​မံ၍ ထ​ရံ​ပေါ်​မှာ ခေ​ရု​ဗိမ်​အ​ရုပ်​များ​ကို ထု​လေ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 8,
      "text": "အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​ကို​လည်း အိမ်​တော်​အ​နံ​နှင့်​ညီ​စွာ အ​လျား​အ​တောင်​နှစ်​ဆယ်၊ အ​နံ​အ​တောင်​နှစ်​ဆယ်​လုပ်၍ ရွှေ​စင်​အ​ခွက် ခြောက်​ထောင်​နှင့် မွမ်း​မံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 9,
      "text": "ရွှေ​မှို​အ​ချိန်​ကား အ​ကျပ်​ငါး​ဆယ်​ရှိ၏။ အ​ထက်​ခန်း​တို့​ကို​လည်း ရွှေ​နှင့်​မွမ်း​မံ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 10,
      "text": "အ​လွန်​သန့်​ရှင်း​သော​အ​ခန်း၌ ခေ​ရု​ဗိမ်​နှစ်​ပါး​ကို ထု​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 11,
      "text": "ခေ​ရု​ဗိမ်​အ​တောင်​တို့​သည် အ​တောင်​နှစ်​ဆယ်​ရှည်၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 12,
      "text": "အ​တောင်​တစ်​ဖက်​လျှင် အ​လျား​ငါး​တောင်​စီ​ရှိ၍၊ ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည် အ​တောင်​ချင်း​ထိ​လျက်၊ အ​တောင်​တစ်​ဖက်​စီ အိမ်​တော်​ထ​ရံ​ကို မှီ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 13,
      "text": "ထို​ခေ​ရု​ဗိမ်​တို့​သည် အ​တွင်း​သို့ မျက်​နှာ​ပြု​လျက်၊ မတ်​တတ်​နေ၍ အ​တောင်​တို့​ကို​ဖြန့်​သ​ဖြင့် အ​တောင်​နှစ်​ဆယ်​ကျယ်၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 14,
      "text": "ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော ကု​လား​ကာ​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 15,
      "text": "အ​ရှည်​သုံး​ဆယ်​ငါး​တောင်​ရှိ​သော တိုင်​နှစ်​တိုင်​ကို​လည်း လုပ်၍ အိမ်​တော်​ရှေ့​မှာ စိုက်​ထား​လေ၏။ တိုင်​အ​ပေါ်​မှာ​တင်​သော တိုင်​ထိပ်​သည် အ​မြင့်​ငါး​တောင်​စီ​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 16,
      "text": "ဗျာ​ဒိတ်​ဌာ​န​တော်၌ ရှိ​သ​ကဲ့​သို့ ကြိုး​များ​ကို​လည်း​လုပ်၍ တိုင်​ထိပ်​အ​ပေါ်​မှာ​ထား၏။ သ​လဲ​သီး​အ​လုံး​တစ်​ရာ​တို့​ကို​လည်း​လုပ်၍ ကြိုး​ပေါ်​မှာ ဆွဲ​ထား၏။"
    },
    {
      "book": 14,
      "chapter": 3,
      "verse": 17,
      "text": "ထို​ထိုင်​တို့​ကို ဗိ​မာန်​တော်​ရှေ့​မှာ လက်​ယာ​ဘက် လက်​ဝဲ​ဘက်၌ စိုက်​ထား၍၊ လက်​ယာ​တိုင်​ကို ယာ​ခိန်၊ လက်​ဝဲ​တိုင်​ကို ဗော​ဇ​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 1,
      "text": "အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ​အ​တောင် နှစ်​ဆယ်၊ အ​မြင့် ဆယ်​တောင်​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 2,
      "text": "အ​ချင်း ဆယ်​တောင်၊ အ​ဝန်း အ​တောင်​သုံး​ဆယ်၊ အ​ဇောက် ငါး​တောင်​ရှိ​သော ကြေး​ဝါ​ရေ​ကန်​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 3,
      "text": "ရေ​ကန်​အ​နား​ပတ်​အောက်​ပတ်​လည်၌ ဘူး​သီး​ရုပ်​များ၊ အ​တောင်​တစ်​ထောင်​တွင် ဆယ်​လုံး​စီ​စေ့​အောင်၊ ဘူး​သီး​ရုပ်​နှစ်​ပတ်​ကို ရေ​ကန်​နှင့် တစ်​စပ်​တည်း သွန်း​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 4,
      "text": "နွား​တစ်​ဆယ်​နှစ်​ခု​ပေါ်​မှာ တည်​လျက်​ရှိ၏။ နွား​တို့​သည် အ​တွင်း​သို့​နောက်​ခိုင်း၍ အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​သို့ တစ်​မျက်​နှာ​လျှင်​သုံး​ခု​စီ မျက်​နှာ​ပြု​ကြ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 5,
      "text": "ရေ​ကန်​သည် ဒု​လက်​တစ်​ဝါး​ရှိ၏။ အ​ပေါ်​အ​နား​ပတ်​လည်​သည် ဖ​လား​အ​နား​ပတ်​ကဲ့​သို့ ကြာ​ပွင့်​အ​ပြောက်​နှင့် ပြည့်​စုံ၏။ ရေ​ဗတ် သုံး​ထောင်​ဝင်​နိုင်၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 6,
      "text": "မီး​ရှို့​ရာ​ယဇ်​နှင့်​ဆိုင်​သော အ​ရာ​တို့​ကို ဆေး​စ​ရာ​ဖို့ အင်​တုံ​ဆယ်​လုံး​ကို​လည်း​လုပ်၍၊ လက်​ယာ​ဘက်၌ အင်​တုံ​ငါး​လုံး၊ လက်​ဝဲ​ဘက်၌ ငါး​လုံး​ကို ထား​လေ၏။ ရေ​ကန်​မူ​ကား ယဇ်​ပု​ရော​ဟိတ် ရေ​ချိုး​စ​ရာ​ဖို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 7,
      "text": "ရွှေ​မီး​ခုံ​ဆယ်​ခု​ကို​လည်း အ​ရင်​ပုံ​နှင့်​အ​ညီ လုပ်၍ ဗိ​မာန်​တော်​အ​တွင်း လက်​ယာ​ဘက်၌​ငါး​ခု၊ လက်​ဝဲ​ဘက်၌ ငါး​ခု​ကို ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 8,
      "text": "စား​ပွဲ​ဆယ်​ခု​ကို​လည်း​လုပ်၍ ဗိ​မာန်​တော်​အ​တွင်း လက်​ယာ​ဘက်၌ ငါး​ခု၊ လက်​ဝဲ​ဘက်၌ ငါး​ခု​ကို ထား​လေ၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 9,
      "text": "ယဇ်​ပု​ရော​ဟိတ်​တံ​တိုင်း၊ ပြင်​တံ​တိုင်း​ကြီး၊ တံ​တိုင်း​တံ​ခါး​ရွက်​များ​ကို​လည်း လုပ်၍ တံ​ခါး​ရွက်​တို့​ကို ကြေး​ဝါ​ဖြင့် ဖုံး​အုပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 10,
      "text": "ရေ​ကန်​ကို​လည်း အိမ်​တော်​လက်​ယာ​ဘက် အ​ရှေ့​တောင်​ထောင့်၌ နေ​ရာ​ချ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 11,
      "text": "ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ လက်​စ​သတ်​သော အ​ရာ​များ​ဟူ​မူ​ကား၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 12,
      "text": "တိုင်​နှစ်​တိုင်၊ တိုင်​ထိပ်​နှင့် တိုင်​ထိပ်​အ​ထွဋ်​နှစ်​ခု၊ တိုင်​ထိပ်​အထွတ်​ကို ဖုံး​လွှမ်း​စ​ရာ ကွန်​ရွက်​နှစ်​ရွက်၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 13,
      "text": "ထို​ကွန်​ရွက်​အ​ပေါ်​မှာ သ​လဲ​သီး​နှစ်​တန်း​စီ၊ သ​လဲ​သီး​ပေါင်း​လေး​ရာ၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 14,
      "text": "ခုံ​များ၊ ခုံ​ပေါ်​မှာ​တင်​ထား​သော အင်​တုံ​များ၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 15,
      "text": "ရေ​ကန်​တစ်​ကန်၊ ရေ​ကန်​ကို​ထောက်​သော နွား​တစ်​ဆယ်​နှစ်​ခု၊ အိုး​များ၊ ရေ​မှုတ်​များ၊ အ​မဲ​ချိတ်​များ​တည်း။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 16,
      "text": "ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 17,
      "text": "ယော်​ဒန်​ချိုင့်၊ သု​ကုတ်​မြို့​နှင့် ဇာ​သန်​မြို့​စပ်​ကြား​တွင်၊ သ​ရွတ်​လုပ်​စ​ရာ ကောင်း​သော​မြေ၌ ရှင်​ဘု​ရင်​သွန်း​လေ၏။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 18,
      "text": "ရှော​လ​မုန်​သည် ထို​တန်​ဆာ​တို့​ကို များ​စွာ​လုပ်​သော​ကြောင့်၊ ကြေး​ဝါ​အ​ချိန်​ကို အ​ဘယ်​သူ​မျှ​မ​သိ။"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 19,
      "text": "ရှော​လ​မုန်​သည်​လည်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ​စား​ပွဲ၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 20,
      "text": "တ​ရား​တော်​အ​တိုင်း ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့​မှာ ထွန်း​စ​ရာ​ဖို့ ရွှေ​စင်​မီး​ခုံ​နှင့်​မီး​ခွက်​များ၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 21,
      "text": "ရွှေ​စင်​ဖြင့်​ပြီး​သော ပန်း​ပွင့်၊ မီး​ခွက်၊ မီး​ကိုင်​တန်​ဆာ​များ၊"
    },
    {
      "book": 14,
      "chapter": 4,
      "verse": 22,
      "text": "ရွှေ​စင်​ဖြင့်​ပြီး​သော မီး​ညှပ်၊ လင်​ပန်း၊ ဇွန်း၊ ပြာ​ခံ​စ​ရာ​အိုး​များ၊ အိမ်​တော်​ထဲ​မှာ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​အ​တွင်း​ခန်း​တံ​ခါး​ရွက်​နှင့် ဗိ​မာန်​တော်​ပြင်​ခန်း တံ​ခါး​ရွက်​တို့​ကို​လည်း ရွှေ​ဖြင့်​ပြီး​စေ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 1,
      "text": "ထို​သို့ ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို ဆောင်​ခဲ့၍ ဘု​ရား​သ​ခင်၏​အိမ်​တော် ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 2,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ကို​အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည်၊ သ​တ္တ​မ​လ၌​လုပ်​သော ပွဲ​အ​တွင်း​တွင်၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ စု​ဝေး​ရောက်​လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်​လာ၍ လေ​ဝိ​သား​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​လျက်၊"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 5,
      "text": "ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၊ တဲ​တော်​နှင့်​ဆိုင်၍၊ သန့်​ရှင်း​သော တန်​ဆာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ​သား​များ​တို့​သည် ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 6,
      "text": "ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ သေ​တ္တာ​တော်​ရှေ့​မှာ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်၊ အ​တိုင်း​မ​သိ များ​စွာ​သော သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 7,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို အိမ်​တော်​အ​တွင်း​သို့ သွင်း၍ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တည်း​ဟူ​သော ဗျာ​ဒိတ်​ဌာ​န​တော်​ထဲ​မှာ၊ ခေ​ရု​ဗိမ်​အ​တောင်​တို့​အောက်၊ သူ့​နေ​ရာ၌ ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 8,
      "text": "ခေ​ရု​ဗိမ်​တို့​သည် မိ​မိ​အ​တောင်​ကို သေ​တ္တာ​တော်​နေ​ရာ အ​ပေါ်​မှာ ဖြန့်၍၊ သေ​တ္တာ​တော်​နှင့် ထမ်း​ပိုး​တို့​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 9,
      "text": "ထမ်း​ပိုး​တို့​ကို ဆွဲ​ထား​သ​ဖြင့်၊ ထမ်း​ပိုး​ဖျား​တို့​သည် ပြင်​ခန်း၌​မ​ထင်၊ သေ​တ္တာ​တော်​ရှေ့ ဗျာ​ဒိတ်​ဌာ​န​တော်၌​သာ ထင်၍ ယ​နေ့​တိုင်​အောင်​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 10,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​အ​ခါ၊ မော​ရှေ​သည် ဟော​ရပ်​အ​ရပ်၌​ရှိ​စဉ် သွင်း​ထား​သော ကျောက်​ပြား​နှစ်​ပြား​မှ​တစ်​ပါး သေ​တ္တာ​တော်​ထဲ၌ အ​ဘယ်​အ​ရာ​မျှ​မ​ရှိ။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 11,
      "text": "ထို​အ​ခါ စည်း​ဝေး​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း အ​မှု​တော်​ကို​မ​စောင့်၊ ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သည်​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ပြီး​လျှင်၊"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 12,
      "text": "သီ​ချင်း​ဆို​သော လေ​ဝိ​သား​အာ​သပ်​တ​ပည့်၊ ဟေ​မန်​တ​ပည့်၊ ယေ​ဒု​သုန်​တ​ပည့်​အ​ပေါင်း​တို့​သည် အ​မျိုး​သား​ချင်း​များ​နှင့်​တ​ကွ ပိတ်​ဖြူ​ကို ဝတ်​ဆင်၍၊ ခွက်​ကွင်း​စောင်း​တ​ယော​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်၌ ရပ်​နေ​ကြ၏။ တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် တစ်​ရာ​နှစ်​ဆယ်​တို့​သည်​လည်း၊"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 13,
      "text": "သီ​ချင်း​ဆို​သော​သူ​တို့​နှင့် ဝိုင်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ ထော​မ​နာ​ပြု​ခြင်း​ငှာ၊ တ​ညီ​တ​ညွတ်​တည်း အ​သံ​ပြိုင်​လျက်၊ ကောင်း​မြတ်​တော်​မူ​သည်။ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သည်​ဟု တံ​ပိုး​ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့်​တ​ကွ၊ အ​သံ​ကို​လွှင့်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။"
    },
    {
      "book": 14,
      "chapter": 5,
      "verse": 14,
      "text": "ထို​သို့ ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​လျက် ရပ်၍​မ​နေ​နိုင်​ကြ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 1,
      "text": "ရှော​လ​မုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ ထူ​ထပ်​သော မှောင်​မိုက်​ထဲ​မှာ နေ​တော်​မူ​သည်​ဟု စ​ကား​တော်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 2,
      "text": "သို့​ရာ​တွင် ကိုယ်​တော်​ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်၊ အ​စဉ်​အ​မြဲ​နေ​တော်​မူ​ရာ​ဌာ​န​တော်​ကို အ​ကျွန်ုပ်​တည်​ဆောက်​ပါ​ပြီ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 3,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​နေ့​က​စ၍ ငါ့​နာ​မ​တည်​ရာ​အိမ်​ကို ဆောက်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် မြို့​တစ်​စုံ​တစ်​မြို့​ကို ငါ​မ​ရွေး။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ရ​သော​သူ​ကို​လည်း ငါ​မ​ရွေး​သေး။ ယ​ခု​မူ​ကား၊ ငါ့​နာ​မ​တည်​ရာ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​လည်း​ကောင်း၊ ငါ​ရွေး​ပြီ​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား ဗျာ​ဒိတ်​တော်​ရှိ​သည်​အ​တိုင်း၊ ပြု​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​သည် အ​ကြံ​ရှိ​သော​အ​ခါ၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို​တည်​ဆောက်​ခြင်း​ငှာ အ​ကြံ​ရှိ​သော​ကြောင့်၊ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 9,
      "text": "သို့​သော်​လည်း သင်​သည် အိမ်​တော်​ကို မ​ဆောက်​ရ။ သင်၏​သား​ရင်း​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​ကို ဆောက်​ရ​မည်​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​သ​ဖြင့်၊ ငါ​သည် ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏ အ​ရိုက်​အ​ရာ​ကို ခံ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည်​အ​တိုင်း ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​လေ​ပြီ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကျောက်​စာ​ပါ​သော သေ​တ္တာ​တော်​ကို ထို​အိမ်​တော်၌ တင်​ထား​လေ​ပြီ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 12,
      "text": "ထို​အ​ခါ ရှော​လ​မုန်​သည် အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 13,
      "text": "အ​မြင့်​သုံး​တောင်​ရှိ​သော ပ​လ္လင်​ကို​လုပ်၍၊ တံ​တိုင်း​အ​လယ်၌​ထား​နှင့်​သော ထို​ပ​လ္လင်​ပေါ်​သို့​တက်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​လယ်​မှာ ဒူး​ထောက်၍၊ လက်​ဝါး​တို့​ကို ကောင်း​ကင်​သို့​ဖြန့်​လျက်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 14,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ပေါ်​မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​နှင့်​တူ​သော​ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ရှေ့​တော်၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​သော ကိုယ်​တော်၏​ကျွန်​တို့​အ​ဖို့ ပ​ဋိ​ညာဉ်​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 15,
      "text": "အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို​မ​ဖျက်၊ မိန့်​တော်​မူ​သည်​အ​တိုင်း ယ​နေ့​ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 16,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည်​ငါ့​ရှေ့​မှာ ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု စောင့်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 17,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​သော စ​ကား​တော်​ကို ယ​ခု​ပြည့်​စုံ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 18,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​တို့​တွင် ဧ​ကန်​အ​မှန် ကျိန်း​ဝပ်​တော်​မူ​မည်​လော။ ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွတ်၊ အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​ကို အ​ဘယ်​ဆို​ဖွယ်​ရာ ရှိ​ပါ​သ​နည်း။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 19,
      "text": "သို့​သော်​လည်း အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ ယ​နေ့​ကြွေး​ကြော်​လျက် ပ​တ္ထ​နာ​ပြု၍ တောင်း​လျှောက်​သော​စ​ကား​ကို နား​ခံ​နာ​ယူ​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 20,
      "text": "ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 21,
      "text": "ကိုယ်​တော်​ကျွန်​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​သော​အ​ခါ၊ ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 22,
      "text": "လူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျိန်​ခံ​ရ​မည်​ဟု အိမ်​နီး​ချင်း​ဆို​လျက်၊ ဤ​အိမ်​တော်၌ ကိုယ်​တော်၏ ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ကျိန်​တိုက်​လျှင်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 23,
      "text": "ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့်​အ​လျောက် ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​နှင့်​အ​လျောက် အ​ကျိုး​ကို​ခံ​ရ၍ အ​ပြစ်​မှ​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 24,
      "text": "ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ရန်​သူ​ရှေ့​မှာ ရှုံး​ရ​သော​အ​ခါ၊ ကိုယ်​တော်​ထံ​သို့ ပြန်​လာ၍ နာ​မ​တော်​ကို​ဝန်​ခံ​လျက်၊ ဤ​အိမ်​တော်​ကို​မှီ​ခို​လျက်၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျှင်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 25,
      "text": "ကောင်း​ကင်​ဘုံ၌ နား​ထောင်၍၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော ပြည်​သို့ တစ်​ဖန် ပို့​ဆောင်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 26,
      "text": "ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် မိုး​မ​ရွာ၊ မိုး​ခေါင်​သ​ဖြင့်၊ ကိုယ်​တော်​သည် ဆုံး​မ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို မှီ​ခို​လျက် ဆု​တောင်း၍၊ နာ​မ​တော်​ကို​ဝန်​ခံ​လျက် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပယ်​လျှင်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 27,
      "text": "ကောင်း​ကင်​ဘုံ၌​နား​ထောင်၍ ကိုယ်​တော်၏​ကျွန်၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အ​ပြစ်​မှ​လွှတ်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော လမ်း​ကောင်း​ကို ပြ​ညွှန်၍၊ ကိုယ်​တော်၏ လူ​တို့​အား​အ​မွေ​ပေး​သော မြေ​ပေါ်​မှာ မိုး​ရွာ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 28,
      "text": "ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို​ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ် အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု​ရောက်​သော​ခါ၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 29,
      "text": "ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် အ​သီး​အ​သီး​ခံ​ရ​သော ဘေး​ဒဏ်​ကို​သိ​လျက်၊ ဤ​အိမ်​တော်​သို့ မိ​မိ​တို့​လက်​ဝါး​ကို​ဖြန့်၍ တစ်​စုံ​တစ်​ခု​သော ပ​တ္ထ​နာ​စ​ကား​အား​ဖြင့် ဆု​တောင်း​လျှင်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 30,
      "text": "ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌၊ နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 31,
      "text": "ဘိုး​ဘေး​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သူ​တို့​သည် အ​သက်​ရှင်​သော​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့၍၊ တ​ရား​တော်​လမ်း​သို့ လိုက်​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​သာ​လျှင် လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​သ​ဘော​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဆု​တောင်း​သော​သူ​တို့၏​စိတ်​နှ​လုံး​သ​ဘော​ကို​သိ​လျက် သူ​တို့​အ​ပြစ်​ကို လွှတ်​တော်​မူ​ပါ။ အ​သီး​အ​သီး ပြု​ကြ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 32,
      "text": "ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြီး​မြတ်​သော​နာ​မ​တော်​နှင့် တန်​ခိုး​ကြီး၍ ဆန့်​တော်​မူ​သော လက်​ရုံး​တော်​ကို ထောက်​သ​ဖြင့်၊ ဝေး​သော​ပြည်​မှ​ရောက်​လာ၍ ဤ​အိမ်​တော်​ကို​မှီ​ခို​လျက် ဆု​တောင်း​လျှင်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 33,
      "text": "ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​သ​ကဲ့​သို့၊ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​ကြောက်​ရွံ့​လျက် နာ​မ​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက်​သော ဤ​အိမ်​တော်​ကို နာ​မ​တော်​ဖြင့်​သ​မုတ်​ကြောင်း​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 34,
      "text": "ကိုယ်​တော်​စေ​ခိုင်း​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​လူ​တို့​သည် ရန်​သူ​တို့​ရှိ​ရာ​သို့ စစ်​ချီ​သော​အ​ခါ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို မှီ​ခို​လျက် ကိုယ်​တော်​အား ဆု​တောင်း​ကြ​လျှင်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 35,
      "text": "သူ​တို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော စ​ကား​ကို ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 36,
      "text": "မ​ပြစ်​မှား​တတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သည် ဖြစ်၍၊ ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ထွက်၍ ရန်​သူ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​သည် ဝေး​သော​ပြည်၊ နီး​သော​ပြည်၊ အ​ခြား​တစ်​ပါး​သော ပြည်​သို့ သိမ်း​သွား​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 37,
      "text": "ထို​ပြည်၌ အ​ချုပ်​ခံ​စဉ်၊ သူ​တို့​သည်​သ​တိ​ရ၍ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ မ​ဖြောင့်​သော​အ​မှု၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု စိတ်​ပြောင်း​လဲ၍ တောင်း​ပန်​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 38,
      "text": "သိမ်း​သွား​သော ရန်​သူ​တို့၏ ပြည်၌​နေ​စဉ်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ထံ​တော်​သို့​ပြန်​လာ၍၊ ဘိုး​ဘေး​တို့​အား ပေး​တော်​မူ​သော​ပြည်၊ ရွေး​တော်​မူ​သော​မြို့၊ နာ​မ​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​သော အိမ်​တော်​ကို မှီ​ခို​လျက် ဆု​တောင်း​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 39,
      "text": "သူ​တို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​စ​ကား​ကို ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌ နား​ထောင်၍ သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ပြစ်​မှား​သော ကိုယ်​တော်​လူ​တို့၏​အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 40,
      "text": "အို​အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ကြည့်​ရှု​တော်​မူ​ပါ။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 41,
      "text": "အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်၍၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​သည် ကျေး​ဇူး​တော်၌ ဝမ်း​မြောက်​ကြ​ပါ​စေ​သော၊"
    },
    {
      "book": 14,
      "chapter": 6,
      "verse": 42,
      "text": "အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ဘိ​သိက်​ပေး​တော်​မူ​သော သူ၏​မျက်​နှာ​ကို လွှဲ​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ် ခံ​ရ​သော​ကျေး​ဇူး​တော်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ပ​တ္ထ​နာ​ပြု​လေ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 1,
      "text": "ထို​သို့ ရှော​လ​မုန်​သည် ပ​တ္ထ​နာ​ပြု၍ ပြီး​သော​အ​ခါ၊ ကောင်း​ကင်​က​မီး​ကျ၍ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို လောင်​သ​ဖြင့်၊ အိမ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​နှင့်​ပြည့်၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် ဘုန်း​တော်​နှင့်​ပြည့်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​သို့ မ​ဝင်​နိုင်​ကြ။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 3,
      "text": "ထို​သို့​မီး​ကျ၍ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် အိမ်​တော်​ပေါ်​မှာ သက်​ရောက်​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြင်​လျှင်၊ ကျောက်​ခင်း​အ​ရပ်၌ မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက် ကောင်း​မြတ်​တော်​မူ​သည်၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 4,
      "text": "ထို​အ​ခါ ရှော​လ​မုန်​မင်း​ကြီး​နှင့်​တ​ကွ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 5,
      "text": "နွား​နှစ်​သောင်း​နှစ်​ထောင်၊ သိုး​တစ်​သိန်း​နှစ်​သောင်း​တို့​ကို ယဇ်​ပူ​ဇော်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​နု​မော​ဒ​နာ​ပြု​ကြ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​စ​ရာ​ဖို့ ဒါ​ဝိဒ်​မင်း​ကြီး​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက် ဒါ​ဝိဒ်၏ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်၍ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 7,
      "text": "ရှော​လ​မုန်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​လုပ်​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ကောင်​ဆီ​ဥ​ကို မ​ခံ​လောက်။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 8,
      "text": "ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 9,
      "text": "အ​ဋ္ဌ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ကြ၏။ ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ပြီး​မှ၊ နောက်​တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် ရှော​လ​မုန်​မှ​စ​သော မိ​မိ​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သ​မျှ​သော ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ လူ​များ​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ​မည်​အ​ကြောင်း၊ သ​တ္တ​မ​လ​နှစ်​ဆယ်​သုံး​ရက်​နေ့​တွင် လွှတ်​လိုက်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 11,
      "text": "ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို လက်​စ​သတ်၍၊ ဗိ​မာန်​တော်​နှင့်​နန်း​တော်၌ လုပ်​ဆောင်​မည်​ဟု ကြံ​စည်​လေ​သ​မျှ​သော အ​ကြံ​သည် အ​ထ​မြောက်​သော​အ​ခါ၊"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ချိန်​တွင်​ထင်​ရှား​တော်​မူ​လျက်၊ သင်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ ဤ​အ​ရပ်​ဌာ​န​ကို ယဇ်​ပူ​ဇော်​ရာ အိမ်​ဖြစ်​စေ​ခြင်း​ငှာ ကိုယ်​အ​ဖို့ ငါ​ရွေး​ယူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 13,
      "text": "မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​သည် မိုး​ခေါင်​စေ​သော်​လည်း​ကောင်း၊ ကျိုင်း​တို့​သည် မြေ​အ​သီး​အ​နှံ​ကို ကိုက်​စား​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော်​လည်း​ကောင်း၊ ငါ့​လူ​တို့၌ ကာ​လ​နာ​ကို​စေ​လွှတ်​သော်​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 14,
      "text": "ငါ့​နာ​မ​ဖြင့်​သ​မုတ်​သော ငါ့​လူ​တို့​သည် ကိုယ်​ကို​နှိမ့်​ချ​သ​ဖြင့်၊ ငါ့​မျက်​နှာ​ကို​ရှာ​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်​လျှင် ငါ​သည် ကောင်း​ကင်​ဘုံ၌ နား​ထောင်​မည်။ သူ​တို့​အ​ပြစ်​ကို​ဖြေ၍ သူ​တို့​ပြည်​ကို ချမ်း​သာ​ပေး​မည်။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 15,
      "text": "ငါ​ကြည့်​ရှု​မည်။ ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို ငါ​နား​ထောင်​မည်။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 16,
      "text": "ငါ့​နာ​မ​သည် အ​စဉ်​တည်၍ ငါ့​မျက်​စိ​နှင့် ငါ့​နှ​လုံး အ​စဉ်​စွဲ​လမ်း​စ​ရာ​ဖို့ ဤ​အိမ်​ကို​ငါ​ရွေး​ချယ်၍ သန့်​ရှင်း​စေ​ပြီ။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 17,
      "text": "သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​နိုင်​ငံ​ကို အုပ်​စိုး​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု သင့်​အ​ဘ​ဒါ​ဝိဒ်​နှင့် ငါ​ပ​ဋိ​ညာဉ်​ဖွဲ့​သည်​အ​တိုင်း၊ သင်​ထိုင်​ရ​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​ငါ​တည်​စေ​မည်။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 19,
      "text": "သို့​မ​ဟုတ် သင်​တို့​သည် လမ်း​လွဲ၍ ငါ​မှာ​ထား​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စွန့်​ပယ်​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​ထံ​သို့​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 20,
      "text": "ငါ​ပေး​သော​ပြည်​မှ သူ​တို့​ကို အ​မြစ်​နှင့်​တ​ကွ ငါ​နုတ်​ပစ်​မည်။ ငါ့​နာ​မ​အ​ဖို့ ငါ​သန့်​ရှင်း​စေ​သော ဤ​အိမ်​တော်​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပုံ​ခိုင်း​ရာ​ကဲ့​ရဲ့​ရာ ဖြစ်​စေ​မည်။"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 21,
      "text": "အ​ရပ်​မြင့်​သော ဤ​အိမ်​တော်​ကို​လည်း လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​နှင့် ဤ​အိမ်​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု တစ်​ယောက်​က​မေး​မြန်း​သော်၊"
    },
    {
      "book": 14,
      "chapter": 7,
      "verse": 22,
      "text": "တစ်​ယောက်​က၊ သူ​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သူ​တို့​သည်​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​ကို​မှီ​ဝဲ​လျက် ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့် ဤ​အ​မှု​အ​လုံး​စုံ​ကို ရောက်​စေ​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 1,
      "text": "ရှော​လ​မုန်​သည် ဗိ​မာန်​တော်​နှင့် နန်း​တော်​ကို တည်​ဆောက်၍ အ​နှစ်​နှစ်​ဆယ်​စေ့​သော​အ​ခါ၊"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 2,
      "text": "ဟိ​ရံ​မင်း​ပြန်​ပေး​သော မြို့​တို့​ကို ရှော​လ​မုန်​ပြု​ပြင်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နေ​စေ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 3,
      "text": "တစ်​ဖန် ဟာ​မတ်​ဇော​ဘ​မြို့​သို့ ချီ​သွား၍ နိုင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 4,
      "text": "ပြည်​ထဲ​မှာ တာ​ဒ​မော်​မြို့၊ ဟာ​မတ်​ပြည်၌​ရှိ​သ​မျှ​သော ဘ​ဏ္ဍာ​တော်​မြို့၊"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 5,
      "text": "မြို့​ရိုး၊ တံ​ခါး၊ ကန့်​လန့်​ကျင်​နှင့် ခိုင်​ခံ့​သော အ​ထက်​ဗေ​သော​ရုန်​မြို့​နှင့် အောက်​ဗေ​သော​ရုန်​မြို့​တို့​ကို​လည်း တည်​လေ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 6,
      "text": "ဗာ​လတ်​မြို့​နှင့် ဘ​ဏ္ဍာ​တော်​မြို့​များ၊ ရ​ထား​တော်​ထိန်း​သော​မြို့​များ၊ မြင်း​တော်​ကျွေး​သော​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၊ လေ​ဗ​နုန်​တောင်​ပေါ်၊ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ တည်​ချင်​သော​မြို့​များ​တို့​ကို​လည်း တည်​လေ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဖျက်​ဆီး​သော​ကြောင့်၊"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 8,
      "text": "ပြည်​တော်၌ ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား ဟိ​တ္တိ၊ အာ​မော​ရိ၊ ဖေ​ရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက် အ​ပေါင်း​တို့​ကို ရှော​လ​မုန်​သည် ယ​နေ့​တိုင်​အောင် အ​ခွန်​ပေး​စေ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 9,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ကား၊ ရှော​လ​မုန်​သည် အ​မှု​တော်​ထမ်း​ကျွန် မ​ခံ​စေ။ စစ်​သူ​ရဲ၊ မှူး​မတ်၊ စစ်​ကဲ၊ ရ​ထား​တော်​အုပ်၊ မြင်း​တော်​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 10,
      "text": "အ​မှု​တော်​ထမ်း​များ​ကို အုပ်​သော​သူ၊ ရှော​လ​မုန်​မင်း ခန့်​ထား​သော မှူး​မတ်​ကြီး နှစ်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 11,
      "text": "ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ကို၊ ရှော​လ​မုန်​သည် ဒါ​ဝိဒ်​မြို့​မှ​ခေါ်၍ သူ့​အ​ဖို့ တည်​ဆောက်​သော နန်း​တော်​သို့ ဆောင်​ခဲ့၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရောက်​လာ​သော​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့်၊ ငါ့​မ​ယား​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​အိမ်​တော်၌ မ​နေ​သင့်​ဟု သ​ဘော​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 12,
      "text": "ဗိ​မာန်​တော်​ဦး​ရှေ့​မှာ တည်​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ၊ ရှော​လ​မုန်​သည် မော​ရှေ၏ ပ​ညတ်​တ​ရား​နှင့်​အ​ညီ၊ နေ့​တိုင်း​ပူ​ဇော်​ရ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား နေ့​တိုင်း​ပူ​ဇော်​လေ့​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 13,
      "text": "ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ၊ ခု​နစ်​သီ​တင်း​ပွဲ၊ သ​ကေ​နေ​ပွဲ​တည်း​ဟူ​သော တစ်​နှစ်​တစ်​နှစ်​လျှင် ဓ​မ္မ​ပွဲ​သုံး​ပွဲ​ခံ​သော​နေ့၌​လည်း​ကောင်း ယဇ်​ပူ​ဇော်​လေ့​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 14,
      "text": "ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 15,
      "text": "အ​မှု​တော်​များ၊ ဘ​ဏ္ဍာ​တော်​များ​နှင့်​ဆိုင်​သော​အ​ရာ​မှာ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ထို​သူ​တို့​သည် ပြု​ကြ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​မြစ်​မ​ချ​မီ လက်​စ​သတ်​သည်​တိုင်​အောင်၊ ရှော​လ​မုန်​လုပ်​ဆောင်​ရန် အ​မှု​ရှိ​သ​မျှ​သည် အ​သင့်​ပြင်​ဆင်​ပြီး​ဖြစ်၍၊ အိမ်​တော်​ကို လက်​စ​သတ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 17,
      "text": "တစ်​ဖန် ရှော​လ​မုန်​သည် ဧ​ဒုံ​ပြည်​တွင်၊ ပင်​လယ်​ကမ်း​နား၌ ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​နှင့် ဧ​လုတ်​မြို့​သို့​သွား၏။"
    },
    {
      "book": 14,
      "chapter": 8,
      "verse": 18,
      "text": "ဟိ​ရံ​သည်​လည်း ပင်​လယ်​ကူး​သော​အ​မှု​ကို နား​လည်​သော မိ​မိ​လူ​များ၊ သင်္ဘော​သား​များ​ကို မိ​မိ​ကျွန်​တို့​နှင့်​အ​တူ ရှော​လ​မုန်​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရှော​လ​မုန်​မင်း၏​ကျွန်​တို့​နှင့်​အ​တူ ဩ​ဖိ​ရ​မြို့​သို့​သွား၍ ရွှေ​အ​ခွက် လေး​ရာ​ငါး​ဆယ်​ကို ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 1,
      "text": "ရှေ​ဘ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​သည် ရှော​လ​မုန်၏​သ​တင်း​ကို​ကြား​လျှင်၊ နက်​နဲ​ခက်​ခဲ​သော ပြဿ​နာ​အား​ဖြင့် သူ့​ကို​စုံ​စမ်း​ခြင်း​ငှာ၊ နံ့​သာ​မျိုး​နှင့် များ​စွာ​သော​ရွှေ၊ အ​ဖိုး​ထိုက်​သော ကျောက်​တို့​ကို​ဆောင်​သော ကု​လား​အုတ်​များ၊ လိုက်​သော​သူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ လာ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 2,
      "text": "ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ ရောက်​သော​အ​ခါ၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ကို ဆွေး​နွေး​မေး​မြန်း​လေ၏။ သူ​မေး​မြန်း​သော ပြဿ​နာ​ရှိ​သ​မျှ​တို့​ကို ရှော​လ​မုန်​သည် ဖြေ​လေ၏။ နား​မ​လည်၍ မ​ဖြေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 3,
      "text": "ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ပ​ညာ​ကို​လည်း​ကောင်း၊ တည်​ဆောက်​သော အိမ်​တော်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 4,
      "text": "စား​ပွဲ​တော် တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​နှင့် သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 5,
      "text": "ကိုယ်​တော်၏ အ​ခြင်း​အ​ရာ​နှင့် ကိုယ်​တော်၏​ပ​ညာ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ကြား​ရ​သော သ​တင်း​စ​ကား မှန်​ပါ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 6,
      "text": "သို့​သော်​လည်း ကိုယ်​တိုင်​ရောက်၍ မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ပ​ညာ​ကျယ်​ခြင်း​အ​ရာ​မှာ၊ အ​ရင်​ကြား​ရ​သော စ​ကား​သည် တစ်​ဝက်​ကို​မျှ မ​မီ။ အ​ကျွန်ုပ် ကြား​ရ​သော သ​တင်း​ကို ကိုယ်​တော်​လွန်​ကဲ​ပါ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 7,
      "text": "ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ​နှင့် ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 8,
      "text": "ကိုယ်​တော်​ကို​နှစ်​သက်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​စား​တော် ရှင်​ဘု​ရင်​အ​ရာ​နှင့် ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ချစ်၍ အ​စဉ်​အ​မြဲ တည်​စေ​ချင်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား ပြော​ဆို၍၊"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 9,
      "text": "ရွှေ​အ​ခွက်​တစ်​ရာ​နှစ်​ဆယ်၊ နံ့​သာ​မျိုး​အ​များ၊ ကျောက်​မြတ်​တို့​ကို ဆက်​လေ၏။ ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး​အား​ဆက်​သော နံ့​သာ​မျိုး​နှင့်​တူ​သော နံ့​သာ​မျိုး​သည် မ​ရှိ။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 10,
      "text": "ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​ကျွန်​နှင့် ရှော​လ​မုန်​ကျွန်​တို့​သည်၊ အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​တို့​ကို​လည်း ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 11,
      "text": "ထို​အာ​လ​ဂုံ​သစ်​သား​ဖြင့် ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ပွတ်​လုံး​တန်း​နှင့် နန်း​တော် ပွတ်​လုံး​တန်း​ကို​လည်း​ကောင်း၊ သီ​ချင်း​ဆို​သော​သူ​ဖို့ စောင်း​နှင့်​တ​ယော​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​သို့​သော အာ​လ​ဂုံ​သစ်​သား​သည် ယု​ဒ​ပြည်၌ တစ်​ခါ​မျှ မ​ပေါ်​လာ။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 12,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် ရှေ​ဘ​မိ​ဖု​ရား ဆက်​သည်​အ​တွက် ပြန်​ပေး​သော​လက်​ဆောင်​မှ​တစ်​ပါး၊ မိ​ဖု​ရား၏ အ​လို​ဆ​န္ဒ​ပြည့်​စုံ​စေ​ခြင်း​ငှာ သူ​တောင်း​သ​မျှ​ကို​လည်း ပေး​တော်​မူ၏။ ထို​နောက်​မှ မိ​ဖု​ရား​သည် မိ​မိ​ကျွန်​တို့​နှင့်​တ​ကွ မိ​မိ​ပြည်​သို့​ပြန်​သွား​လေ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 13,
      "text": "ရှော​လ​မုန်​ထံ​သို့ တစ်​နှစ်​တစ်​နှစ်​လျှင် ရောက်​သော​ရွှေ​အ​ချိန်​ကား အ​ခွက်​ခြောက်​ရာ ခြောက်​ဆယ်​ခြောက်​ပိဿာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး၊ ကုန်​သည်​များ၊ လှည်း​သ​မား​များ၊ အာ​ရပ်​မင်း​ကြီး​ရှိ​သ​မျှ၊ မြို့​ဝန်​များ​ဆက်​သော​ရွှေ ရှိ​သေး၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 15,
      "text": "ရှော​လ​မုန်​မင်း​ကြီး​သည် ရွှေ​ခြောက်​ပိဿာ​စီ​ဖြင့် ဒိုင်း​ကြီး​နှစ်​ရာ၊"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 16,
      "text": "သုံး​ပိဿာ​စီ​ဖြင့် ဒိုင်း​ငယ်​သုံး​ရာ​တို့​ကို ထု​လုပ်၍၊ လေ​ဗ​နုန်​တော​သစ်​သား​နှင့် တည်​ဆောက်​သော နန်း​တော်၌ ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 17,
      "text": "ရှင်​ဘု​ရင်​သည်​လည်း ဆင်​စွယ်​ရာ​ဇ​ပ​လ္လင်​ကြီး​ကို​လုပ်၍ ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 18,
      "text": "လှေ​ကား​ခြောက်​ထစ်​နှင့် ရွှေ​ဖိ​နပ်​သည် ရာ​ဇ​ပ​လ္လင်​တော်​နှင့် တစ်​ဆက်​တည်း​ရှိ၏။ ထိုင်​ရာ​တစ်​ဖက်​တစ်​ချက်၌ မှီ​စ​ရာ​လက်​ရုံး​တန်း​နှင့် ပြည့်​စုံ၍၊ လက်​ရုံး​တန်း​အ​နား​မှာ ခြင်္သေ့​နှစ်​ကောင် ရပ်​နေ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 19,
      "text": "လှေ​ကား​ခြောက်​ထစ်​အ​ပေါ်​တွင်၊ တစ်​ဖက်​တစ်​ချက်၌​လည်း ခြင်္သေ့​တစ်​ဆယ်​နှစ်​ကောင် ရပ်​နေ၏။ ထို​သို့​သော ရာ​ဇ​ပ​လ္လင်​သည် အ​ဘယ်​တိုင်း​နိုင်​ငံ၌​မျှ မ​ရှိ။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 20,
      "text": "ရှေ​လ​မုန်​မင်း​ကြီး​သောက်​သော ဖ​လား​တော်​ရှိ​သ​မျှ​နှင့် လေ​ဗ​နုန်​နန်း​တော်၌​သုံး​သော ဖ​လား​တော်​ရှိ​သ​မျှ​တို့​သည် ငွေ​ဖ​လား​မ​ဟုတ်၊ ရွှေ​ဖ​လား​သက်​သက် ဖြစ်၏။ ရှော​လ​မုန်​လက်​ထက်၌ ငွေ​ကို အ​လျှင်း​ပ​မာ​ဏ​မ​ပြု​တတ်​ကြ။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 21,
      "text": "ရှင်​ဘု​ရင်၏​သင်္ဘော​သည် ဟိ​ရံ​မင်း​ကျွန်​တို့​နှင့် တာ​ရှု​မြို့​သို့​သွား​တတ်​သ​ဖြင့်၊ သုံး​နှစ်​တစ်​ခါ တာ​ရှု​သင်္ဘော​သည်​ပြန်​လာ၍ ရွှေ၊ ငွေ၊ ဆင်​စွယ်၊ မျောက်​များ၊ ဒေါင်း​များ​ကို ဆောင်​ခဲ့​တတ်၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 22,
      "text": "ထို​သို့ ရှော​လ​မုန်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရှင်​ဘု​ရင်​တို့​ထက် ပ​ညာ​နှင့်​စည်း​စိမ်​အား​ဖြင့် လွန်​ကဲ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 23,
      "text": "ရှော​လ​မုန်၏​နှ​လုံး၌ ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော ပ​ညာ​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ရှင်​ဘု​ရင်​တို့​သည် ကြား​ရ​အံ့​သော​ငှာ၊ မျက်​နှာ​တော်​ကို ဖူး​လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 24,
      "text": "လာ​သော​သူ အ​သီး​အ​သီး​တို့​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ၊ စစ်​တိုက်​လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​လား​တို့​ကို နှစ်​တိုင်း အ​ခွန်​ဆက်​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 25,
      "text": "ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​တော်​များ​နှင့် ထိုင်​သော​မြင်း​တင်း​ကုပ် လေး​ထောင်၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း ထား၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 26,
      "text": "မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​စွန်း​တိုင်​အောင် ရှိ​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 27,
      "text": "ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 28,
      "text": "ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော ခပ်​သိမ်း​သော​ပြည်​မှ ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 29,
      "text": "ရှော​လ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ပ​ရော​ဖက်​နာ​သန်၏​ကျမ်း၊ ရှိ​လော​မြို့​သား အ​ဟိ​ယ၏ အ​နာ​ဂ​တ္တိ​ကျမ်း၊ နေ​ဗတ်​သား ယေ​ရော​ဗောင်​တစ်​ဖက်၌ ပ​ရော​ဖက်​ဣ​ဒ္ဒေါ၏ ဗျာ​ဒိတ်​ကျမ်း၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 30,
      "text": "ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ် စိုး​စံ​ပြီး​မှ၊"
    },
    {
      "book": 14,
      "chapter": 9,
      "verse": 31,
      "text": "ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ ခ​မည်း​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော် ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 1,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ရှေ​ခင်​မြို့​သို့​သွား​ကြ၍၊ သူ​သည်​လည်း သွား၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 2,
      "text": "ရှော​လ​မုန်​မင်း​ကြီး​ထံ​မှ၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး​သော နေ​ဗတ်၏​သား ယေ​ရော​ဗောင်​သည်၊ ထို​သ​တင်း​ကို​ကြား၍ အဲ​ဂု​တ္တု​ပြည်​မှ ပြန်​လာ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် သူ့​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ခေါ်​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် သူ​နှင့်​အ​တူ ရော​ဗောင်​ထံ​သို့​ဝင်​လျက်၊"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 4,
      "text": "ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ လေး​သော​ထမ်း​ပိုး​ကို တင်​ပါ​ပြီ။ ခ​မည်း​တော်​ထံ​မှာ ပင်​ပန်း​စွာ ဆောင်​ရွက်​ရ​သော​အ​မှု၊ တင်​တော်​မူ​သော ထမ်း​ပိုး​လေး​ကို ပေါ့​စေ​တော်​မူ​ပါ။ ထို​သို့​ပြု​တော်​မူလျှင်၊ ကျွန်​တော်​တို့​သည် အ​မှု​တော်​ကို ထမ်း​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 5,
      "text": "ရော​ဗောင်​က​လည်း၊ သုံး​ရက်​လွန်​မှ တစ်​ဖန် လာ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ​လျှင်၊ သူ​တို့​သည် သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 6,
      "text": "ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် ခ​မည်း​တော်​ရှော​လ​မုန် အ​သက်​ရှင်​စဉ်​အ​ခါ၊ အ​ထံ​တော်၌​ခ​စား​သော အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်၍၊ ဤ​သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 7,
      "text": "သူ​တို့​က ကိုယ်​တော်​သည် ဤ​သူ​တို့၌ ကျေး​ဇူး​ပြု​လျက်၊ သူ​တို့​စိတ်​ကို​ဖြေ၍ ကောင်း​သော​စ​ကား​ကို ပြော​တော်​မူ​လျှင်၊ သူ​တို့​သည် အ​စဉ် ကိုယ်​တော်၏​ကျွန် ခံ​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 8,
      "text": "အ​သက်​ကြီး​သူ​တို့​ပေး​သော​အ​ကြံ​ကို ရော​ဗောင်​သည်​မ​လိုက်၊ ခ​စား​မြဲ​ခ​စား​သော မိ​မိ​သူ​ငယ်​ချင်း​တို့​နှင့် တိုင်​ပင်​လျက်၊"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 9,
      "text": "ပြည်​သား​တို့​က ခ​မည်း​တော်​တင်​သော ထမ်း​ပိုး​ကို ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 10,
      "text": "ထို​သူ​ငယ်​ချင်း လု​လင်​တို့​က၊ ခ​မည်း​တော်​သည် ကျွန်​တော်​တို့၌ ထမ်း​ပိုး​ကို​လေး​စေ​ပါ​ပြီ၊ ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​သော​ပြည်​သား​တို့​အား ကိုယ်​တော်​က၊ ငါ့​လက်​သန်း​သည် ငါ့​ခ​မည်း​တော်​ခါး​ထက်​သာ၍ ကြီး​လိမ့်​မည်။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 11,
      "text": "ငါ့​ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​တို့​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့်​ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ပြန်​ပြော​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 12,
      "text": "ရှင်​ဘု​ရင်​က၊ သုံး​ရက်​မြောက်​သော​နေ့၌ တစ်​ဖန်​လာ​ကြ​ဦး​လော့​ဟု နေ့​ရက်​ကို ချိန်း​ချက်​သည်​အ​တိုင်း၊ သုံး​ရက်​မြောက်​သော​နေ့၌ ယေ​ရော​ဗောင်​နှင့် လူ​အ​ပေါင်း​တို့​သည် ရော​ဗောင်​ထံ​သို့ ရောက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 13,
      "text": "ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် အ​သက်​ကြီး​သူ​တို့​ပေး​သော အ​ကြံ​ကို​မ​လိုက်၊ လူ​ပျို​တို့​ပေး​သော အ​ကြံ​ကို​လိုက်​လျက်၊"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 14,
      "text": "ခ​မည်း​တော်​သည် သင်​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ ငါ​သည်​လည်း ထပ်၍​တင်​ဦး​မည်။ ငါ့​ခ​မည်း​တော်​သည် သင်​တို့​ကို ကြိမ်​လုံး​နှင့် ရိုက်​လေ​ပြီ။ ငါ​သည်​လည်း ကင်း​မြီး​ကောက်​နှင့် ရိုက်​ဦး​မည်​ဟု ကြမ်း​တမ်း​စွာ ပြန်​ပြော​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 15,
      "text": "ရှင်​ဘု​ရင်​သည် ပြည်​သား​တို့​စ​ကား​ကို နား​မ​ထောင်​ရ​သည် အ​ကြောင်း​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့​သား အ​ဟိ​ယ​အား​ဖြင့် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​အား မိန့်​တော်​မူ​သော​စ​ကား​ကို ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း​တည်း။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​နား​မ​ထောင်​ကြောင်း​ကို သိ​မြင်​လျှင်၊ ငါ​တို့​သည် ဒါ​ဝိဒ်​နှင့် အ​ဘယ်​သို့​ဆက်​ဆံ​သ​နည်း။ ယေ​ရှဲ၏​သား​နှင့် အ​ဘယ်​သို့ အ​မွေ​ခံ​ရ​သေး​သ​နည်း။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​နေ​ရာ​သို့ အ​သီး​အ​သီး​သွား​ကြ။ အို​ဒါ​ဝိဒ်၊ သင်၏ အိမ်​ကို​ကြည့်​ရှု​လော့​ဟု ရှင်​ဘု​ရင်​အား ပြန်​ပြော​လျက်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 17,
      "text": "သို့​ရာ​တွင် ယု​ဒ​မြို့​ရွာ​တို့၌​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို၊ ရော​ဗောင်​သည် အုပ်​စိုး​ရ​သေး၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 18,
      "text": "ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည်၊ အ​ခွန်​တော်​ဝန် အ​ဒေါ​နိ​ရံ​ကို စေ​လွှတ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​ကို​သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 10,
      "verse": 19,
      "text": "ရော​ဗောင်​မင်း​ကြီး​သည် ရ​ထား​တော်​ကို အ​လျင်​အ​မြန်​တက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြေး​လေ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သည် ယ​နေ့​တိုင်​အောင် ဒါ​ဝိဒ်​မင်း​မျိုး​ကို ပုန်​ကန်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 1,
      "text": "ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍၊ နိုင်​ငံ​တော်​ကို ရော​ဗောင်​လက်​သို့ ရောက်​ပြန်​စေ​ခြင်း​ငှာ၊ ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​ထဲ​က ရွေး​ချယ်​သော​စစ်​သူ​ရဲ တစ်​သိန်း​ရှစ်​သောင်း​တို့​ကို စု​ဝေး​စေ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 2,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်၏​လူ ရှေ​မာ​ယ​သို့​ရောက်၍၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 3,
      "text": "သင်​သည် ရှော​လ​မုန်​သား ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​နှင့် ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်၌​ရှိ​သော ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 4,
      "text": "သင်​တို့​ညီ​အစ်​ကို​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ၍​မ​သွား​ကြ​နှင့်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ ပြန်​သွား​ကြ​လော့။ ဤ​အ​မှု​ကို​ငါ​စီ​ရင်​ပြီ​ဟု မိန့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍၊ ယေ​ရော​ဗောင်​ကို စစ်​မ​ချီ၊ ပြန်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 5,
      "text": "ရော​ဗောင်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​တို့​ကို ပြု​စု​ရာ​တွင်၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 6,
      "text": "ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 7,
      "text": "ဗက်​ဇု​ရ​မြို့၊ ရှော​ကော​မြို့၊ အ​ဒု​လံ​မြို့၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 8,
      "text": "ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 9,
      "text": "အ​ဒေါ​ရိမ်​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 10,
      "text": "ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​တည်း​ဟူ​သော ယု​ဒ​ခ​ရိုင်​နှင့် ဗင်္ယာ​မိန်​ခ​ရိုင်​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို ပြု​စု​လေ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 11,
      "text": "ရဲ​တိုက်​များ​ကို​လည်း​ခိုင်​ခံ့​စေ၍၊ အ​ကြီး​အ​ကဲ​နှင့်​တ​ကွ ဆီ၊ စ​ပျစ်​ရည်​များ၊ ရိ​က္ခာ​များ​ကို သို​ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 12,
      "text": "ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သည် အ​မှု​တော်​ကို​ထမ်း​ရွက်​သော​ကြောင့်၊ မြို့​အ​သီး​အ​သီး​တို့၌ ဒိုင်း​လွှား​လှံ​လက်​နက်​များ​ကို ထား၍ အ​လွန်​ခိုင်​ခံ့​စေ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​မှ အ​ထံ​တော်​သို့ လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 14,
      "text": "လေ​ဝိ​သား​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​ဖြစ်​သော ပိုင်​ထိုက်​ရာ​အ​ရပ်​ကို စွန့်၍၊ ယု​ဒ​ပြည်​ယေ​ရု​ရှင်​မြို့​သို့ ရောက်​လာ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ယေ​ရော​ဗောင်​နှင့် သူ၏​သား​တို့​သည်၊ လေ​ဝိ​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို စောင့်​ရ​သော​အ​ရာ​မှ​ချ၍၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 15,
      "text": "မြင့်​သော​အ​ရပ်၊ နတ်​ဆိုး၊ မိ​မိ​လုပ်​သော နွား​သ​ငယ်​တို့​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခန့်​ထား​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ သ​ဘော​ချ​သော​သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​ထဲ​က ထွက်၍၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​အံ့​သော​ငှာ၊ လေ​ဝိ​သား​တို့​နောက်​သို့ လိုက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 17,
      "text": "ထို​သို့​သူ​တို့​သည် ယု​ဒ​နိုင်​ငံ​ကို အား​ပေး၍ ရှော​လ​မုန်​သား​ရော​ဗောင်​ကို သုံး​နှစ်​ပတ်​လုံး ခိုင်​ခံ့​စေ​ကြ၏။ သုံး​နှစ်​ပတ်​လုံး ဒါ​ဝိဒ်​လမ်း၊ ရှော​လ​မုန်​လမ်း​သို့ လိုက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 18,
      "text": "ရော​ဗောင်​သည်​လည်း ဒါ​ဝိဒ်​သား ယေ​ရိ​မုတ်​သ​မီး မ​ဟာ​လတ်၊ ယေ​ရှဲ​သား ဧ​လျာ​ဘ​သ​မီး အ​ဘိ​ဟဲ​လ​နှင့် စုံ​ဖက်၍၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 19,
      "text": "ယု​ရှ၊ ရှ​မာ​ရိ၊ ဇာ​ဟံ၊ သား​သုံး​ယောက်​တို့​ကို မြင်​ရ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 20,
      "text": "ထို​နောက်၊ အ​ဗ​ရှ​လုံ​သ​မီး မာ​ခါ​နှင့်​စုံ​ဖက်၍ အ​ဘိ​ယ၊ အ​တ္တဲ၊ ဇိ​ဇ၊ ရှေ​လော​မိတ်​တို့​ကို မြင်​ရ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 21,
      "text": "ရော​ဗောင်​သည် ခင်​ပွန်း တစ်​ဆယ်​ရှစ်​ယောက်၊ မောင်း​မ​မိဿံ ခြောက်​ဆယ်​တို့​ကို​သိမ်း​ယူ၍၊ သား​နှစ်​ဆယ်​ရှစ်​ယောက်၊ သ​မီး​ခြောက်​ဆယ်​တို့​ကို ရ​သည်​တွင်၊ အ​ဗ​ရှ​လုံ​သ​မီး​မာ​ခါ​ကို အ​ခြား​သော​ခင်​ပွန်း မောင်း​မ​မိဿံ​အ​ပေါင်း​တို့​ထက် သာ၍​ချစ်​သော​ကြောင့်၊"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 22,
      "text": "မာ​ခါ၏​သား အ​ဘိ​ယ​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​မည်​အ​ကြံ​ရှိ၍၊ ညီ​အစ်​ကို​တို့​တွင်၊ အ​ကြီး​ဆုံး​ဖြစ်​စေ​ခြင်း​ငှာ ချီး​မြှောက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 11,
      "verse": 23,
      "text": "ပ​ညာ​သ​တိ​နှင့်​စီ​ရင်၍၊ ယု​ဒ​ခ​ရိုင်​နှ​င့် ဗင်္ယာ​မိန်​ခ​ရိုင် အ​ရပ်​ရပ်​တို့​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ မိ​မိ​သား​တို့​ကို အ​နှံ့​အ​ပြား​နေ​ရာ​ချ၍၊ များ​စွာ​သော​ရိ​က္ခာ​ကို သို​ထား၏။ မ​ယား​အ​များ​တို့​ကို အ​လို​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 1,
      "text": "ရော​ဗောင်​မင်း​သည် မိ​မိ​နိုင်​ငံ​ကို​တည်​စေ၍ အား​ကြီး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စွန့်၍၊"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ရော​ဗောင်​မင်း​ကြီး နန်း​စံ​ငါး​နှစ်​တွင်၊"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 3,
      "text": "အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ရှိ​ရှက်​သည် ရ​ထား​တစ်​ထောင်​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခြောက်​သောင်း၊ မ​ရေ​တွက်​နိုင်​သော အဲ​ဂု​တ္တု​ပြည်​သား​များ၊ လိ​ဗု​ပြည်​သား၊ သု​ကိ​ပြည်​သား၊ အဲ​သ​ယော​ပိ​ပြည်​သား​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ၍၊"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 4,
      "text": "ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​တို့​ကို တိုက်​ယူ​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 5,
      "text": "ထို​အ​ခါ ရှိ​ရှက်​မင်း​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​သော ယု​ဒ​မင်း​များ​ထံ၊ ရော​ဗောင်​မင်း​ထံ​တော်​သို့ ပ​ရော​ဖက်​ရှေ​မာ​ယ​သည်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​စွန့်​သော​ကြောင့်၊ ငါ​သည် သင်​တို့​ကို ရှိ​ရှက်​မင်း​လက်​သို့ အပ်​လေ​ပြီ​ဟု အ​မိန့်​တော်​ကို ဆင့်​ဆို​လျှင်၊"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 6,
      "text": "ရှင်​ဘု​ရင်​နှင့် ယု​ဒ​မင်း​တို့​က၊ ထာ​ဝ​ရ​ဘု​ရား ဖြောင့်​မတ်​တော်​မူ​သည်​ဟု ဆို၍၊ မိ​မိ​တို့​ကို နှိမ့်​ချ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 7,
      "text": "ထို​သို့​နှိမ့်​ချ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​လျှင်၊ နှုတ်​က​ပတ်​တော်​သည် ရှေ​မာ​ယ​သို့​ရောက်၍၊ သူ​တို့​သည် နှိမ့်​ချ​ကြ​ပြီ။ ထို​ကြောင့်​သူ​တို့​ကို ငါ​မ​ဖျက်​ဆီး၊ အ​နည်း​ငယ်​သော ချမ်း​သာ​ကို​ပေး​မည်။ ရှိ​ရှက်​လက်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ပေါ်​သို့ ငါ့​အ​မျက်​ကို မ​သွန်း​လောင်း​ရ။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 8,
      "text": "သို့​ရာ​တွင် ငါ့​ထံ၌ အ​မှု​ထမ်း​ခြင်း၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​ထံ၌ အ​မှု​ထမ်း​ခြင်း​ကို ပိုင်း​ခြား၍​သိ​စေ​ခြင်​ငှာ၊ ရှိ​ရှက်​မင်း​ထံ၌ ကျွန်​ခံ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 9,
      "text": "အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​လုပ်​သော ရွှေ​ဒိုင်း​ရှိ​သ​မျှ​ကို​လည်း ယူ​သွား၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 10,
      "text": "ရော​ဗောင်​မင်း​ကြီး​သည် ရွှေ​ဒိုင်း​အ​စား၊ ကြေး​ဝါ​ဒိုင်း​တို့​ကို​လုပ်၍၊ နန်း​တော်​တံ​ခါး​စောင့်၊ ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 11,
      "text": "ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​သို့ သွား​သော​အ​ခါ၊ ကိုယ်​ရံ​တော်​သား​တို့​သည် ဒိုင်း​တို့​ကို​ဆောင်၍၊ နောက်​တစ်​ဖန် မိ​မိ​တို့​စောင့်​ရာ​အ​ခန်း​မှာ ပြန်​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 12,
      "text": "ထို​သို့​ရှင်​ဘု​ရင်​သည် ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မည် အ​ကြောင်း၊ အ​မျက်​တော်​ကို လွှဲ​တော်​မူ၏။ ယု​ဒ​ပြည်၌​လည်း၊ ပြည်​မှု​ပြည်​ရေး​သာ​ယာ​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 13,
      "text": "ရော​ဗောင်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​ကို​ခိုင်​ခံ့​စေ၍ စိုး​စံ​သေး၏။ ရော​ဗောင်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ၀​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စ​ရာ​ဖို့၊ ဣ​သ​ရေ​လ ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သာ ယေ​ရု​ရှ​လင်​မြို့၌၊ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ မိ​မိ​သ​ဘော မ​ချ​သော​ကြောင့်၊ ဒု​စ​ရိုက်​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 15,
      "text": "ရော​ဗောင်​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​တို့​သည်၊ ပ​ရော​ဖက်​ရှေ​မာ​ယ၏​ကျမ်း​နှင့်၊ ပ​ရော​ဖက်​ဣ​ဒ္ဒေါ စီ​ရင်​သော သား​စဉ်​မြေး​ဆက်​စာ​ရင်း၌ ရေး​ထား​လျက်​ရှိ၏။ ရော​ဗောင်​နှင့် ယေ​ရော​ဗောင်​တို့​သည်၊ အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။"
    },
    {
      "book": 14,
      "chapter": 12,
      "verse": 16,
      "text": "ရော​ဗောင်​သည်​လည်း၊ ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 1,
      "text": "ယေ​ရော​ဗောင်​မင်း​ကြီး နန်း​စံ​ဆယ်​နှစ်​နှစ်​တွင် အ​ဘိ​ယ​သည် ယေ​ရု​ရှ​လင်​မြို့၌​မင်း​ပြု၍၊"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 2,
      "text": "ယု​ဒ​ပြည်​ကို သုံး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဂိ​ဗာ​မြို့​သား ဩ​ရေ​လ၏​သ​မီး မာ​ခါ​အ​မည်​ရှိ၏။ အ​ဘိ​ယ​နှင့် ယေ​ရော​ဗောင်​တို့​သည် စစ်​တိုက်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 3,
      "text": "အ​ဘိ​ယ​သည် ရွေး​ချယ်​သော စစ်​သူ​ရဲ​ကောင်း​လေး​သိန်း​နှင့် စစ်​ခင်း​ကျင်၏။ ယေ​ရော​ဗောင်​သည် ရွေး​ချယ်​သော စစ်​သူ​ရဲ​ကောင်း​ရှစ်​သိန်း​နှင့် စစ်​ခင်း​ကျင်း၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 4,
      "text": "အ​ဘိ​ယ​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဇေ​မ​ရိမ်​တောင်​ပေါ်​မှာ ရပ်​လျက်၊ အို​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆား​နှင့်​ယှဉ်​သော​ပ​ဋိ​ညာဉ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဒါ​ဝိဒ်​နှင့် သား​တော်​မြေး​တော်​တို့၌ အ​စဉ်​အပ်​တော်​မူ​ကြောင်း​ကို၊ သင်​တို့​သိ​မှတ်​သင့်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 6,
      "text": "သို့​ရာ​တွင်၊ ဒါ​ဝိဒ်​သား​တော် ရှော​လ​မုန်၏​ကျွန် နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်၊ မိ​မိ​အ​ရှင်​ကို တစ်​ဖက်​ထ၍ ပုန်​ကန်​လေ​ပြီ။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 7,
      "text": "ရှော​လ​မုန်​သား​ရော​ဗောင်​သည် အ​သက်​ငယ်၍ သ​ဘော​နူး​ညံ့​သော​ကြောင့်၊ မ​ဆီး​တား​နိုင်​သော​အ​ခါ၊ လျှပ်​ပေါ်​သော​သူ၊ အ​ဓ​မ္မ​လူ​တို့​သည် ယေ​ရော​ဗောင်​ထံ​မှာ စု​ဝေး၍၊ ရော​ဗောင်​မင်း​တစ်​ဖက်၌ ကိုယ်​ကို ခိုင်​ခံ့​စေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 8,
      "text": "ယ​ခု​လည်း သင်​တို့​သည် ဒါ​ဝိဒ်၏​သား​မြေး၌​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏ နိုင်​ငံ​တော်​ကို ဆီး​တား​မည်​ဟု ကြံ​စည်​ကြ​သည်​တ​ကား၊ သင်​တို့​သည် များ​ပြား၍ သင်​တို့​ဘု​ရား​အ​ရာ၌၊ ယေ​ရော​ဗောင်​လုပ်​သော ရွှေ​နွား​သ​ငယ်​တို့​လည်း​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 9,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ခန့်​ထား​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်၊ အာ​ရုန်​အ​မျိုး​နှင့် လေ​ဝိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်၍၊ တစ်​ပါး​အ​မျိုး​သား​ထုံး​စံ​အ​တိုင်း၊ ကိုယ်​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​တို့​ကို လုပ်​ကြ​ပြီ​မ​ဟုတ်​လော။ ထို​သို့​နှင့်​အ​ညီ၊ နွား​သ​ငယ်​တစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​ကို​ပေး၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​မ​ဟုတ်​သော​သူ​ထံ​မှာ ယဇ်​ပု​ရော​ဟိတ်​ပြု​ရ​သည်​တ​ကား။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 10,
      "text": "ငါ​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​စွန့်။ ထို​ဘု​ရား​သည် ငါ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အာ​ရုန်​အ​မျိုး​ဖြစ်​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း၊ မိ​မိ​တို့​အ​မှု​ကို စောင့်​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် နံ့​သာ​ပေါင်း​ကို နံ​နက်​တိုင်း၊ ညဉ့်​ဦး​တိုင်း​မီး​ရှို့​ကြ၏။ သန့်​ရှင်း​သော စား​ပွဲ​ပေါ်​မှာ ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ ညဉ့်​ဦး​တိုင်း​ထွန်း​စ​ရာ​ဖို့ ရွှေ​မီး​ခုံ​နှင့် မီး​ခွက်​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။ ငါ​တို့​သည် ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ၏။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 12,
      "text": "ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​သည်၊ ငါ​တို့​တွင် ဗိုလ်​မင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ တံ​ပိုး​မှုတ်​လျက် သင်​တို့​တစ်​ဖက်၌ နှိုး​ဆော်​ခြင်း​ငှာ၊ ငါ​တို့​တွင်​ရှိ​ကြ၏။ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​တိုက်​ကြ​နှင့်။ တိုက်​လျှင် ရှုံး​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 13,
      "text": "ယေ​ရော​ဗောင်​သည် ယု​ဒ​လူ​တို့​နောက်၌ မ​ထင်​မ​ရှား​တပ်​ချီ​စေ၍၊ ကိုယ်​တိုင်​တစ်​ဘက်၊ ချောင်း​နေ​သော​သူ​တစ်​ဘက်၊ ယု​ဒ​တပ်​ကို​ဝိုင်း​ကြ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 14,
      "text": "ယု​ဒ​လူ​တို့​သည် ပြန်​ကြည့်​သော​အ​ခါ၊ စစ်​မှု​ဝိုင်း​မိ​သည်​ကို​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 15,
      "text": "တစ်​ဖန် ယု​ဒ​လူ​တို့​သည် ကြွေး​ကြော်​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယေ​ရော​ဗောင်​ကို အ​ဘိ​ယ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြေး၍၊ သူ​တို့​ကို ယု​ဒ​လူ​တို့​လက်​သို့ ဘု​ရား​သ​ခင်​အပ်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 17,
      "text": "အ​ဘိ​ယ​နှင့် သူ၏​လူ​တို့​သည် ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​ကို ပြု၍၊ ရွေး​ချယ်​သော ဣ​သ​ရေ​လ​လူ ငါး​သိန်း​လဲ​သေ​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထို​အ​ခါ​ရှုံး၍၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​ကြောင့် နိုင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 19,
      "text": "အ​ဘိ​ယ​သည် ယေ​ရော​ဗောင်​ကို လိုက်၍၊ ဗေ​သ​လ​မြို့​နှင့် ရွာ​များ၊ ယေ​ရှ​န​မြို့​နှင့် ရွာ​များ၊ ဧ​ဖ​ရိမ်​မြို့​နှင့် ရွာ​များ​တို့​ကို သူ့​လက်​မှ​နုတ်​ယူ​လေ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 20,
      "text": "အ​ဘိ​ယ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ယေ​ရော​ဗောင်​သည် နောက်​တစ်​ဖန် ခွန်​အား​ကို​မ​ရ​ပြန်။ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် သေ​လေ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 21,
      "text": "အ​ဘိ​ယ​မူ​ကား ခွန်​အား​တိုး​ပွား၏။ မ​ယား​တစ်​ဆယ်​လေး​ယောက်​တို့​ကို​ယူ၍ သား​နှစ်​ဆယ်​နှစ်​ယောက်​နှင့် သ​မီး​တစ်​ဆယ်​ခြောက်​ယောက်​တို့​ကို မြင်​ရ၏။"
    },
    {
      "book": 14,
      "chapter": 13,
      "verse": 22,
      "text": "အ​ဘိ​ယ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် ကျင့်​သော​အ​ကျင့်၊ ပြော​သော​စ​ကား​များ​တို့​သည်၊ ရာ​ဇ​ဝင်​နှင့်​ဆက်၍ ပ​ရော​ဖက်​ဣ​ဒ္ဒေါ စီ​ရင်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 1,
      "text": "အ​ဘိ​ယ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​သ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ထို​မင်း​လက်​ထက်၊ ပြည်​တော်​သည် ဆယ်​နှစ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 2,
      "text": "အာ​သ​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို ပြု​လေ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 3,
      "text": "တစ်​ပါး​အ​မျိုး​သား​ဘု​ရား၏ ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း ပယ်​ရှား၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ဖြို​ဖျက်၍၊ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 4,
      "text": "ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ၍၊ ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​မည်​အ​ကြောင်း မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 5,
      "text": "ယု​ဒ​မြို့​ရွာ အ​ရပ်​ရပ်​တို့၌​ရှိ​သော​ကုန်း​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို ပယ်​ရှား၍၊ နိုင်​ငံ​တော်​ရေး သာ​ယာ​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 6,
      "text": "ထို​ကာ​လ၌ ငြိမ်​သက်​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သ​ဖြင့်၊ ယု​ဒ​ပြည်​သည်​ငြိမ်၍၊ စစ်​မှု​နှင့် လွတ်​သော​ကြောင့်၊ အာ​သ​မင်း​သည် တစ်​ပြည်​လုံး​တွင် ခိုင်​ခံ့​သော​မြို့​တို့​ကို တည်​လေ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 7,
      "text": "ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြိုး​စား​ရှာ၍၊ ထို​ဘု​ရား​သည် အ​ရပ်​ရပ်၌ ငြိမ်​သက်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ တစ်​ပြည်​လုံး​ကို အ​စိုး​ရ​စဉ်​အ​ခါ၊ ဤ​မည်​သော​မြို့​တို့​ကို ပြု​စု၍ မြို့​ရိုး၊ ပြ​အိုး၊ တံ​ခါး၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ကြ​ကုန်​အံ့​ဟု ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 8,
      "text": "အာ​သ​မင်း၌ ကိ​ဒုန်​နှင့်​လှံ​ကို​ကိုင်​သော ယု​ဒ​အ​မျိုး​သူ​ရဲ သုံး​သိန်း၊ ဒိုင်း​လွှား​နှင့်​လေး​ကို​ကိုင်​သော ဗင်္ယာ​မိန်​အ​မျိုး​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း​ရှိ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 9,
      "text": "တစ်​ဖန် ကု​ရှ​ရှင်​ဘု​ရင်​ဇေ​ရ​သည် စစ်​သူ​ရဲ​တစ်​သန်း၊ ရ​ထား​သုံး​ရာ​နှင့်​တ​ကွ ချီ​လာ၍၊ မ​ရေ​ရှ​မြို့​သို့ ရောက်​သော​အ​ခါ၊"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 10,
      "text": "အာ​သ​သည် ဆီး​ကြို၍၊ မ​ရေ​ရှ​မြို့​နား​မှာ ဇေ​ဖ​သ​ချိုင့်၌ စစ်​ပြိုင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 11,
      "text": "အာ​သ​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဟစ်​ခေါ်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​များ​တို့​တွင် အား​နည်း​သော​သူ​ကို ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သည်​ဖြစ်၍၊ အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​ခို​လှုံ၍ နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်၊ ဤ​အ​လုံး​အ​ရင်း​ကြီး​ကို တိုက်​ခြင်း​ငှာ သွား​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ လူ​သည် ကိုယ်​တော်​ကို​နိုင်​သော​အ​ခွင့် ရှိ​စေ​တော်​မ​မူ​ပါ​နှင့်​ဟု ဆု​တောင်း​သည်​ဖြစ်၍၊"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကု​ရှ​လူ​တို့​ကို အာ​သ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ပြေး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 13,
      "text": "အာ​သ​နှင့် သူ၏​လူ​တို့​သည် ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​သ​ဖြင့်၊ ကု​ရှ​လူ​တို့​သည် ပြန်၍​မ​တိုက်​ဝံ့​သော​ကြောင့် အ​ရှုံး​ခံ​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ဗိုလ်​ခြေ​တော်​ရှေ့​မှာ ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ၏။ ယု​ဒ​လူ​တို့​သည် လက်​ရ​ဥ​စ္စာ​အ​များ​ကို သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 14,
      "text": "ဂေ​ရာ​မြို့ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့်၊ ယု​ဒ​လူ​တို့​သည် ထို​မြို့​ရှိ​သ​မျှ​တို့​ကို လုပ်​ကြံ၍၊ သို​ထား​နှင့်​သော ဘ​ဏ္ဍာ​ဥ​စ္စာ​အ​များ​တို့​ကို သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 14,
      "verse": 15,
      "text": "တိ​ရ​စ္ဆာန်​တင်း​ကုပ်​များ​ကို​လည်း တိုက်​ဖျက်​လျက်၊ သိုး​နှင့် ကု​လား​အုတ်​အ​များ​တို့​ကို သိမ်း​ယူ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ဩ​ဒက်​သား အာ​ဇ​ရိ​အ​ပေါ်​သို့ သက်​ရောက်၍၊"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 2,
      "text": "အာ​ဇ​ရိ​သည် အာ​သ​မင်း​ကို ကြို​ဆို​ခြင်း​ငှာ သွား​လျက်၊ အို​အာ​သ​မင်း၊ အို​ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန် အ​မျိုး​သား​အ​ပေါင်း​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌​နေ​လျှင်၊ နေ​စဉ်​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ စွန့်​လျှင်​သင်​တို့​ကို စွန့်​တော်​မူ​မည်။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 3,
      "text": "ကြာ​မြင့်​သော​ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး၌ မှန်​သော​ဘု​ရား မ​ရှိ။ ဩ​ဝါ​ဒ​ပေး​တတ်​သော ယဇ်​ပု​ရော​ဟိတ် မ​ရှိ။ တ​ရား​လည်း​မ​ရှိ​ဘဲ နေ၍၊"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 4,
      "text": "ဘေး​ရောက်​သ​ဖြင့်၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ၍၊ ရှာ​ကြ​သော​အ​ခါ အ​တွေ့​ခံ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 5,
      "text": "ရှေး​ကာ​လ၌ ထွက်​သော​သူ၊ ဝင်​သော​သူ​သည် ချမ်း​သာ​မ​ရ။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 6,
      "text": "တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ၊ တစ်​မြို့​နှင့်​တစ်​မြို့​ထ​ကြ၍၊ ဘေး​အ​မျိုး​မျိုး​အား​ဖြင့်၊ ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 7,
      "text": "သင်​တို့​မူ​ကား အား​ယူ​ကြ​လော့။ လက်​အား မ​လျော့​စေ​နှင့်။ သင်​တို့​ကျင့်​သည်​အ​တိုင်း အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 8,
      "text": "ထို​စ​ကား​နှင့် ပ​ရော​ဖက်​ဩ​ဒက်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို အာ​သ​မင်း​သည် ကြား​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သို့​ရောက်၍၊ ယု​ဒ​ပြည်​နှင့် ဗင်္ယာ​မိန်​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ စက်​ဆုပ်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား၍၊ ဗိ​မာန်​တော်​ဦး​ရှေ့​တွင်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ကို ပြု​ပြင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 9,
      "text": "ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်​ထဲ​က​ထွက်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ၏။ အာ​သ​မင်း၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ​တို့​သည် သိ​မြင်​လျှင်၊ ထို​မင်း​ဘက်​သို့ ဝင်​စား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 10,
      "text": "အာ​သ​မင်း နန်း​စံ​ဆယ်​ငါး​နှစ်၊ တ​တိ​ယ​လ​တွင် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး၍၊"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 11,
      "text": "ဆောင်​ခဲ့​သော လက်​ရ​ဥ​စ္စာ​ထဲ​က နွား​ခု​နစ်​ရာ၊ သိုး​ခု​နစ်​ထောင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 12,
      "text": "ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​သော​သူ၊ ယောက်ျား​မိန်း​မ အ​ကြီး​အ​ငယ်​မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 14,
      "text": "ကြွေး​ကြော်​သံ၊ တံ​ပိုး​နှဲ​ခ​ရာ​မှုတ်​သံ​နှင့်​တ​ကွ၊ ကြီး​သော​အ​သံ​ဗ​လံ​ပြု​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား ကျိန်​ဆို၍ ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် ဖွဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 15,
      "text": "ယု​ဒ​လူ​အ​ပေါင်း​သည် ထို​သို့​ကျိန်​ဆို​ခြင်း​ကို ပြု​သော​အ​ခါ ဝမ်း​မြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျိန်​ဆို၍၊ အ​လို​ဆ​န္ဒ​အား​ကြီး​သည်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် အ​တွေ့​ခံ​တော်​မူ၏။ အ​ရပ်​ရပ်၌ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 16,
      "text": "အာ​သ​မင်း​ကြီး၏ အ​ဖွား​တော်​မာ​ခါ​သည်၊ အာ​ရှ​ရ​ပင်​အောက်​မှာ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ကျော်​နင်း​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 17,
      "text": "မြင့်​သော​အ​ရပ်​တို့​ကို ဣ​သ​ရေ​လ​ပြည်၌ မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး အာ​သ​စိတ်​နှ​လုံး​သည် စုံ​လင်​ခြင်း​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 18,
      "text": "ခ​မည်း​တော်​လှူ​သော ဥ​စ္စာ၊ ကိုယ်​တိုင်​လှူ​သော ဥ​စ္စာ၊ ရွှေ၊ ငွေ​တန်​ဆာ​များ​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 15,
      "verse": 19,
      "text": "နောက်​တစ်​ဖန် နန်း​စံ သုံး​ဆယ်​ငါး​နှစ်​တိုင်​အောင် စစ်​တိုက်​ခြင်း​မ​ရှိ။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 1,
      "text": "အာ​သ​မင်း နန်း​စံ​သုံး​ဆယ်​ခြောက်​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ၊ ရာ​မ​မြို့​ကို​တည်၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 2,
      "text": "ထို​အ​ခါ ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို၊ အာ​သ​သည်​ထုတ်၍၊ ဒ​မာ​သက်​မြို့၌​နေ​သော ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 3,
      "text": "ငါ​သည်​သင်​နှင့်​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​သည် သင့်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သည်​ဖြစ်၍၊ ရွှေ​ငွေ​ကို ငါ​ပေး​လိုက်၏။ ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ငါ့​ထံ​မှ​ထွက်​သွား​စေ​ခြင်း​ငှာ၊ သူ​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို​ဖျက်၍ လာ​ပါ​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 4,
      "text": "အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ၊ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​မိမ်​မြို့​မှ​စ၍၊ နဿ​လိ​ပြည်၌​ရှိ​သ​မျှ​သော ဘ​ဏ္ဍာ​မြို့​တို့​ကို လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 5,
      "text": "ထို​သ​တင်း​ကို ဗာ​ရှာ​သည်​ကြား​သော​အ​ခါ၊ ရာ​မ​မြို့​ကို လက်​စ​မ​သတ်​ဘဲ အ​လုပ်​ကို​ဖြတ်၍ နေ၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 6,
      "text": "ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​လူ​အ​ပေါင်း​ကို​ခေါ်​သ​ဖြင့်၊ ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား၍၊ ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို တည်၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 7,
      "text": "ထို​အ​ခါ ပ​ရော​ဖက်​ဟာ​နန်​သည် ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့​လာ၍၊ မင်း​ကြီး​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ခို​လှုံ၊ ရှု​ရိ​ရှင်​ဘု​ရင်​ကို ခို​လှုံ​သော​ကြောင့်၊ ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​တို့​သည် မင်း​ကြီး​လက်​မှ လွတ်​သွား​ကြ​ပြီ။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 8,
      "text": "ကု​ရှ​လူ​နှင့်​လိ​ဗု​လူ​တို့​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​နှင့်​တ​ကွ၊ အား​ကြီး​သော​အ​လုံး​အ​ရင်း​ဖြစ်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​ကြောင့်၊ ထို​အ​လုံး​အ​ရင်း​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​တော်​မူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော စေ​တ​နာ​စိတ်​ရှိ​သော​သူ​တို့​ဘက်၌၊ ခိုင်​ခံ့​စွာ​နေ​ခြင်း​ငှာ၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​နှံ့​အ​ပြား​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ ဤ​အ​မှု၌ မင်း​ကြီး​သည် မိုက်​စွာ​ပြု​ပြီ။ ယ​ခု​မှ​စ၍ စစ်​မှု​ရှိ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 10,
      "text": "ထို​သို့​ဆို​သော​ကြောင့်၊ အာ​သ​သည် ပ​ရော​ဖက်​ကို အ​မျက်​ထွက်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။ ထို​ကာ​လ၌ ပြည်​သူ​ပြည်​သား​အ​ချို့​တို့​ကို​လည်း ညှဉ်း​ဆဲ၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 11,
      "text": "အာ​သ​မင်း​ပြု​မူ​သော အ​မှု​အ​ရာ​အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 12,
      "text": "နန်း​စံ​သုံး​ဆယ်​ကိုး​နှစ်​တွင်၊ ခြေ​တော်၌ အ​နာ​ရော​ဂါ​စွဲ၍ ပြင်း​စွာ​ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဆည်း​ကပ်၊ ဆေး​သ​မား​တို့​ကို​သာ ဆည်း​ကပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 13,
      "text": "အာ​သ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ နန်း​စံ​လေး​ဆယ်​တစ်​နှစ်​တွင် အ​နိ​စ္စ​ရောက်​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 16,
      "verse": 14,
      "text": "ဒါ​ဝိဒ်​မြို့​မှာ မိ​မိ​အ​ဖို့ မိ​မိ​လုပ်​နှင့်​သော သင်္ချိုင်း၌၊ ပြည်​သား​တို့​သည် သင်္ဂြိုဟ်​သော​အ​ခါ၊ မွှေး​ကြိုင်​သော နံ့​သာ​မျိုး​တို့​ကို၊ ဆေး​သ​မား​အ​တတ်​ဖြင့်​ဖော်၍၊ တ​လား၌ အ​ပြည့်​ထည့်​ပြီး​လျှင်၊ အ​လောင်း​တော်​ကို တင်​ထား​ကြ၏။ အ​လွန်​ကြီး​သော မီး​ရှို့​ပွဲ​ကို​လည်း ခံ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 1,
      "text": "အာ​သ​သား​ယော​ရှ​ဖတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ဖက် မိ​မိ​ကို​ခိုင်​ခံ့​စေ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 2,
      "text": "ယု​ဒ​ပြည်​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌၊ တပ်​သား​များ​ကို​ထား၏။ ယု​ဒ​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​ပြည်​မှာ ခ​မည်း​တော် အာ​သ​တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ မြို့​စောင့်​တပ်​ကို အ​သီး​အ​သီး​ခန့်​ထား၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 3,
      "text": "ခ​မည်း​တော်​သည် အ​ရင်​လိုက်​သော​လမ်း​သို့၊ ယော​ရှ​ဖတ်​လိုက်​လျက်၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 4,
      "text": "ဗာ​လ​ဘု​ရား​တို့​ကို မ​ဆည်း​ကပ်၊ ခ​မည်း​တော်၏ ဘု​ရား​သ​ခင်​ကို​သာ ဆည်း​ကပ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ထုံး​စံ​ကို​ရှောင်၍၊ ပ​ညတ်​တ​ရား​တော်​ကို ကျင့်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​စောင့်​မ၍၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 5,
      "text": "နိုင်​ငံ​တော်​ကို ယော​ရှ​ဖတ်​လက်၌ တည်​စေ​တော်​မူ​သ​ဖြင့်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည် လက်​ဆောင်​များ​ကို ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 6,
      "text": "ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​များ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​တို့၌ စိတ်​စွဲ​လမ်း၍၊ မြင့်​သော​အ​ရပ်​နှင့် အာ​ရှ​ရ​ပင်​တို့​ကို ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 7,
      "text": "နန်း​စံ​သုံး​နှစ်​တွင်၊ ယု​ဒ​မြို့​အ​ရပ်​ရပ်၌ သွန်​သင်​စေ​ခြင်း​ငှာ၊ မှူး​မတ် ဗင်​ဟဲ​လ၊ ဩ​ဗ​ဒိ၊ ဇာ​ခ​ရိ၊ နာ​သ​နေ​လ၊ မိ​က္ခာ​ယ​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 8,
      "text": "လေ​ဝိ​သား ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​ရှ​မာ​နှင့် ယော​ရံ​ကို​လည်း​ကောင်း စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 9,
      "text": "ထို​သူ​တို့​သည် ယု​ဒ​ပြည်၌​ဩ​ဝါ​ဒ​ပေး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ည​တ္တိ​ကျမ်း​ပါ​လျက်၊ ယု​ဒ​မြို့​အ​ရပ်​ရပ်​တို့​တွင်၊ လှည့်​လည်​သ​ဖြင့်၊ ပြည်​သား​တို့​ကို သွန်​သင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 10,
      "text": "ယု​ဒ​ပြည်​ပတ်​ဝန်း​ကျင် တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ယော​ရှ​ဖတ်​ကို စစ်​မ​တိုက်​ဝံ့​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 11,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည် လက်​ဆောင်​နှင့် အ​ခွန်​ငွေ​ကို​လည်း​ကောင်း၊ အာ​ရပ်​လူ​တို့​သည် သိုး​ခု​နစ်​ထောင်​ခု​နစ်​ရာ​နှင့် ဆိတ်​ခု​နစ်​ထောင်​ခု​နစ်​ရာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 12,
      "text": "ယော​ရှ​ဖတ်​သည် အ​လွန်​ခွန်​အား​တိုး​ပွား၍၊ ယု​ဒ​ပြည်၌ ရဲ​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​မြို့​တို့​ကို တည်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 13,
      "text": "ယု​ဒ​မြို့​တို့၌ အ​မှု​အ​ရေး​တော်​များ၏။ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 14,
      "text": "စစ်​သူ​ရဲ​အ​ဆွေ​အ​မျိုး အ​လိုက်​ယူ​သော စာ​ရင်း​ဟူ​မူ​ကား၊ ယု​ဒ​အ​မျိုး ဗိုလ်​ချုပ်​မင်း​အာ​ဒ​န​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​သုံး​သိန်း၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 15,
      "text": "စစ်​ကဲ​ယော​ဟ​နန်​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ နှစ်​သိန်း​ရှစ်​သောင်း၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 16,
      "text": "စေ​တ​နာ​စိတ်​နှင့် ကိုယ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော ဇိ​ခ​ရိ​သား​အာ​မ​သိ​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​နှစ်​သိန်း၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 17,
      "text": "ဗင်္ယာ​မိန်​အ​မျိုး ခွန်​အား​ကြီး​သော ဧ​လျာ​ဒ​နှင့် လေး၊ ဒိုင်း​လွှား​ကို ကိုင်​သော​သူ​နှစ်​သိန်း၊"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 18,
      "text": "သူ့​နောက် ယော​ဇ​ဗဒ်​နှင့် စစ်​တိုက်​ခြင်း​ငှာ၊ အ​သင့်​ရှိ​သော​သူ တစ်​သိန်း​ရှစ်​သောင်း​တည်း။"
    },
    {
      "book": 14,
      "chapter": 17,
      "verse": 19,
      "text": "ယု​ဒ​ပြည်​အ​ရပ်​ရပ်၊ ခိုင်​ခံ့​သော​မြို့​တို့၌ ရှင်​ဘု​ရင်​ထား​သော သူ​ရဲ​မှ​တစ်​ပါး၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် အ​မှု​တော်​ကို ထမ်း​လျက်​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 1,
      "text": "ယော​ရှ​ဖတ်​မင်း​သည် ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​များ၍၊ အာ​ဟပ်​မင်း​နှင့် အ​မျိုး​ဆက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 2,
      "text": "နောက်​တစ်​ဖန် ရှ​မာ​ရိ​မြို့၊ အာ​ဟပ်​မင်း​ထံ​သို့ ကိုယ်​တိုင်​သွား၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​နှင့်၊ သူ၏​လူ​တို့​အ​ဖို့ များ​စွာ​သော​သိုး​နွား​တို့​ကို စီ​ရင်၍၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ လိုက်​စေ​ခြင်း​ငှာ၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 3,
      "text": "ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ ငါ​နှင့်​အ​တူ လိုက်​မည်​လော​ဟု​မေး​လျှင်၊ ယော​ရှ​ဖတ်​က၊ ငါ​သည် မင်း​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​လူ​တို့​သည် မင်း​ကြီး၏​လူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျက်၊ မင်း​ကြီး​နှင့်​ဝိုင်း၍ စစ်​တိုက်​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 4,
      "text": "တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ​ကောင်း​သ​လော​ဟု မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 6,
      "text": "ယော​ရှ​ဖတ်​က​လည်း၊ ငါ​တို့​မေး​မြန်း​စ​ရာ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​မျှ​မ​ရှိ​သ​လော​ဟု မေး​သော်၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော သူ​တစ်​ယောက်၊ ဣ​မ​လ​သား​မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင်၊ ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ အ​စဉ်​ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က၊ ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 8,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် အ​ရာ​ရှိ​တစ်​ယောက်​ကို ခေါ်၍၊ ဣ​မ​လ​သား​မိ​က္ခာ​ကို အ​လျင်​အ​မြန်​ခေါ်​ခဲ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည် မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊ ရှ​မာ​ရိ​မြို့​တံ​ခါး​ဝ​ရှေ့၊ ဟင်း​လင်း​သော​အ​ရပ်၌ ရာ​ဇ​ပ​လ္လင်​တို့​အ​ပေါ်​မှာ ထိုင်၍၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ဟော​ပြော​ကြ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 10,
      "text": "ခေ​နာ​နာ​သား​ဇေ​ဒ​ကိ​သည် သံ​ဦး​ချို​တို့​ကို​လုပ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ရှု​ရိ​ပြည်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဤ​ဦး​ချို​တို့​နှင့် တိုး​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 11,
      "text": "ပ​ရော​ဖက်​အ​ပေါင်း​တို့​က​လည်း၊ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ အောင်​တော်​မူ​ပါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏ လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ကြ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 12,
      "text": "မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ၊ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 13,
      "text": "မိ​က္ခာ​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​သာ ငါ​ပြန်​ပြော​ရ​မည်​ဟု ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 14,
      "text": "ရှင်​ဘု​ရင်​ထံ​သို့ ရောက်​သော​အ​ခါ၊ ရှင်​ဘု​ရင်​က၊ အ​ချင်း​မိ​က္ခာ၊ ငါ​တို့​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ​နေ ကောင်း​သ​လော​ဟု​မေး​လျှင်၊ မိ​က္ခာ​က စစ်​ချီ၍ အောင်​တော်​မူ​ပါ။ ရန်​သူ​တို့​ကို လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု ပြန်​လျှောက်၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 15,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 16,
      "text": "မိ​က္ခာ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိုး​ထိန်း​မ​ရှိ​သော​သိုး​ကဲ့​သို့ တောင်​များ​အ​ပေါ်​မှာ အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​ရှိ​ကြ​သည်​ကို ငါ​မြင်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​သူ​အ​ပေါင်း​တို့​သည် အ​ရှင်​မ​ရှိ​သော​ကြောင့်၊ အ​သီး​အ​သီး ကိုယ်​နေ​ရာ​သို့ ပြန်​ကြ​ပါ​လေ​စေ​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ သူ​သည် ငါ၌ မင်္ဂ​လာ​စ​ကား​ကို​မ​ဟော၊ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု​မင်း​ကြီး​အား ငါ​မ​ပြော​သ​လော​ဟု ယော​ရှ​ဖတ်​အား​ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 18,
      "text": "မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက်၊ လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အာ​ဟပ်​သည် ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ၍ ဆုံး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သူ​သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ခြံ​အ​ရံ​တော်​တို့​သည် တစ်​ယောက်​တစ်​နည်း​စီ ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 20,
      "text": "တစ်​ဖန် ဝိ​ညာဉ်​တစ်​ပါး​သည်​လာ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​လျက်၊ အ​ကျွန်ုပ်​သွေး​ဆောင်​ပါ​မည်​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ အ​ဘယ်​သို့ သွေး​ဆောင်​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ကျွန်ုပ်​သွား၍ ထို​မင်း​ကြီး၏ ပ​ရော​ဖက်​အ​ပေါင်း​တို့​ထဲ​မှာ၊ မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ဖြစ်​ပါ​မည်​ဟု ပြန်​လျှောက်​သော် သင်​သည်​သွေး​ဆောင်၍ နိုင်​လိမ့်​မည်။ ထို​သို့​သွား၍ ပြု​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 22,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မု​သား​စ​ကား​ကို ပြော​တတ်​သော စိတ်​ဝိ​ညာဉ်​ကို မင်း​ကြီး၏​ပ​ရော​ဖက်​အ​ပေါင်း​တို့၌ သွင်း​တော်​မူ​ပြီ။ မင်း​ကြီး၏​အ​မှု​မှာ အ​မင်္ဂ​လာ​စ​ကား​ကို ပြော​တော်​မူ​ပြီ​ဟု ဟော​လေ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 23,
      "text": "ထို​အ​ခါ ခေ​နာ​နာ​သား​ဇေ​ဒ​ကိ​သည် ချဉ်း​လာ၍ မိ​က္ခာ၏​ပါး​ကို ပုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သင်​နှင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ အ​ဘယ်​လမ်း​ဖြင့် ငါ​မှ ထွက်​တော်​မူ​သ​နည်း​ဟု​မေး​လျှင်၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 24,
      "text": "မိ​က္ခာ​က၊ သင်​သည်​ပုန်း​ရှောင်၍​နေ​ခြင်း​ငှာ၊ အ​တွင်း​ခန်း​ထဲ​သို့ ဝင်​သော​နေ့၌ သင်​မြင်​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ မိ​က္ခာ​ကို မြို့​ဝန်​မင်း​အာ​မုန်​ထံ၊ သား​တော်​ယော​ရှ​ထံ​သို့ ယူ​သွား၍၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 26,
      "text": "ဤ​သူ​ကို ထောင်​ထဲ​မှာ​လှောင်​ထား​ကြ။ ငါ​သည် ငြိမ်​ဝပ်​စွာ​ပြန်၍ မ​လာ​မီ​တိုင်​အောင်၊ ဆင်း​ရဲ​စွာ စား​သောက်​စေ​ဟု အ​မိန့်​တော်​ရှိ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု စီ​ရင်၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 27,
      "text": "မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်၀ပ်​စွာ ပြန်​လာ​ရ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့်​မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 28,
      "text": "ထို​သို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​တို့​သည်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 29,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ငါ​သည် ခြား​နား​သော​အ​ယောင်​ကို ဆောင်၍ စစ်​ပွဲ​ထဲ​သို့​ဝင်​မည်။ မင်း​ကြီး​မူ​ကား၊ မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​ပါ​လော့​ဟု ယော​ရှ​ဖတ်​အား ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခြား​နား​သော အ​ယောင်​ကို​ဆောင်​လျက် စစ်​ပွဲ​ထဲ​သို့​ဝင်၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 30,
      "text": "ရှု​ရိ​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှ​တစ်​ပါး၊ အ​ခြား​သော လူ​ကြီး​လူ​ငယ်​ကို မ​တိုက်​နှင့်​ဟု ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​ကို မှာ​ထား​နှင့်​သော​ကြောင့်၊"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 31,
      "text": "ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ယော​ရှ​ဖတ်​ကို​မြင်​သော​အ​ခါ၊ ထို​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​လိမ့်​မည်​ဟု​ဆို​လျက်၊ သူ့​ကို​တိုက်​အံ့​သော​ငှာ ဝိုင်း​လာ​ကြ၍၊ ယော​ရှ​ဖတ်​လည်း ကြွေး​ကြော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း မ​စ၍ သူ​တို့​ကို​လွှဲ​သွား​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သွေး​ဆောင်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 32,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ဟုတ်​ကြောင်း​ကို၊ ရ​ထား​စီး​သူ​ရဲ အုပ်​ဗိုလ်​မင်း​တို့​သည် ရိပ်​မိ​သော​အ​ခါ၊ မ​လိုက်​ဘဲ အ​ခြား​သို့​ရှောင်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 33,
      "text": "လူ​တစ်​ယောက်​သည် မ​ရွယ်​ဘဲ လေး​နှင့်​ပစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို၊ သံ​ချပ်​အင်္ကျီ​အ​ဆစ်​ကြား​မှာ မှန်​လေ​သော်၊ ငါ့​ကို​စစ်​ပွဲ​ထဲ​က လှည့်၍ ထုတ်​ဆောင်​လော့။ ငါ​နာ​သည်​ဟု မိ​မိ​ရ​ထား​တော်​ထိန်း​ကို ဆို၏။"
    },
    {
      "book": 14,
      "chapter": 18,
      "verse": 34,
      "text": "ထို​နေ့၌ တိုး၍​တိုက်​ကြ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ညဉ့်​ဦး​ယံ​တိုင်​အောင်၊ ရှု​ရိ​လူ​တစ်​ဖက်​တစ်​ချက်၌ ရ​ထား​တော်​ထဲ​မှာ လူ​ကို​မှီ၍​ထိုင်​နေ၏။ နေ​ဝင်​ချိန်​နီး​သော​အ​ခါ အ​သက်​တော်​ကုန်၏။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​လာ၏။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 2,
      "text": "ဟာ​နန်​သား ပ​ရော​ဖက်​ယေ​ဟု​သည်၊ ယော​ရှ​ဖတ်​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား၍၊ မင်း​ကြီး​သည် မ​တ​ရား​သော​သူ​တို့​ကို မ​စ​သင့်​သ​လော။ ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​ကို ချစ်​သင့်​သ​လော။ ယ​ခု​ပြု​သော​အ​မှု​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် မင်း​ကြီး​အ​ပေါ်​သို့ သက်​ရောက်​လေ​ပြီ။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 3,
      "text": "သို့​သော်​လည်း၊ မင်း​ကြီး​သည် တစ်​ပြည်​လုံး​တွင်၊ အာ​ရှ​ရ​ပင်​တို့​ကို ပယ်​ရှား၍၊ ဘု​ရား​သ​ခင်​ကို​ရှာ​ခြင်း​ငှာ သ​ဘော​ချ​သော​ကြောင့်၊ ကျင့်​သော အ​ကျင့်​ကောင်း​ပါ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 4,
      "text": "ထို​နောက်၊ ယော​ရှ​ဖတ်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၏။ တစ်​ဖန် ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍၊ ဧ​ဖ​ရိမ်​တောင်​တိုင်​အောင် လှည့်​လည်​သ​ဖြင့်၊ ပြည်​သား​တို့​ကို ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​စေ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 5,
      "text": "ယု​ဒ​နိုင်​ငံ​တွင်၊ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ အ​သီး​အ​သီး​တို့၌ တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား၍၊"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 6,
      "text": "သင်​တို့​ပြု​သော​အ​မှု​ကို သ​တိ​ပြု​ကြ​လော့။ လူ၏​အ​မှု​ကို​စောင့်၍ တ​ရား​စီ​ရင်​သည်​မ​ဟုတ်။ သင်​တို့​စီ​ရင်​ရာ​တွင်၊ ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်၍ စီ​ရင်​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 7,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ၍ သ​တိ​ပြု​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို လက်​ခံ​ခြင်း၊ လူ​မျက်​နှာ​ကို​ထောက်​ခြင်း၊ တံ​စိုး​စား​ခြင်း အ​ခွင့်​ရှိ​တော်​မ​မူ​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 8,
      "text": "ယေ​ရု​ရှ​လင်​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​မှု​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​စေ​ခြင်း​ငှာ လေ​ဝိ​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​ကို ခန့်​ထား၍၊"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 9,
      "text": "သင်​တို့​သည် စုံ​လင်​သော​စိတ်​နှ​လုံး​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ သ​စ္စာ​စောင့်​လျက် စီ​ရင်​ကြ​လော့။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 10,
      "text": "အ​မြို့​မြို့၌​နေ​သော အ​မျိုး​သား​ချင်း​တို့​တွင်၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​ခြင်း​အ​မှု မည်​သည်​ကား၊ သင်​တို့​ရှေ့​သို့​ရောက်​လျှင်၊ သင်​တို့​နှင့် အ​မျိုး​သား​ချင်း​တို့​အ​ပေါ်​သို့ အ​မျက်​တော် သက်​ရောက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​ရ​မည်​အ​ကြောင်း သ​တိ​ပေး​ကြ​လော့။ သို့​ပြု​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 14,
      "chapter": 19,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​အ​ရာ​ရာ​တွင်၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​မ​ရိ​သည် သင်​တို့​ကို အုပ်​ချုပ်​ရ၏။ ရှင်​ဘု​ရင်၏ အ​မှု​အ​ရာ​ရာ​တွင်၊ ယု​ဒ​အ​မျိုး​မှာ မင်း​ဖြစ်​သော ဣ​ရှ​မေ​လ​သား​ဇေ​ဗ​ဒိ​သည် အုပ်​ချုပ်​ရ၏။ လေ​ဝိ​သား​တို့​သည်​လည်း၊ အ​မှု​ထမ်း​လု​လင် လုပ်​ရ​ကြ၏။ ရဲ​ရင့်​စွာ စီ​ရင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သူ​တို့​ဘက်​မှာ နေ​တော်​မူ​မည်​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 1,
      "text": "ထို​နောက်​မှ၊ မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဧ​ဒုံ​အ​မျိုး​သား​အ​ချို့​နှင့်​တ​ကွ၊ ယော​ရှ​ဖတ်​ကို စစ်​တိုက်​မည်​ဟု ချီ​လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 2,
      "text": "အိုင်​ကြီး​တစ်​ဖက်၊ ဧ​ဒုံ​ပြည်​ဘက်​က များ​စွာ​သော အ​လုံး​အ​ရင်း စစ်​ချီ​လာ၍၊ အင်္ဂေ​ဒိ​အ​မည်​ရှိ​သော ဟာ​ဇ​ဇု​န္တာ​မာ​မြို့​မှာ ရှိ​ကြ​ပါ​သည်​ဟု ယော​ရှ​ဖတ်​အား ကြား​လျှောက်​လျှင်၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 3,
      "text": "ယော​ရှ​ဖတ်​သည် ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​သ​ဘော​ချ​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​စေ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 4,
      "text": "ယု​ဒ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​မည်​ဟု​စု​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​အံ့​သော​ငှာ၊ ယု​ဒ​မြို့​ရှိ​သ​မျှ​မှ ထွက်​လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 5,
      "text": "ယော​ရှ​ဖတ်​သည် ဗိ​မာန်​တော်​တံ​တိုင်း​သစ်​ရှေ့၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​လယ်၌​ရပ်​လျက်၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 6,
      "text": "ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​အောင် ခွန်​အား​တန်​ခိုး ကြီး​တော်​မူ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 7,
      "text": "ဤ​ပြည်၌​နေ​ဖူး​သော သူ​တို့​ကို ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်၍၊ ကိုယ်​တော်​အ​ဆွေ အာ​ဗြ​ဟံ၏​သား​မြေး​တို့​အား၊ ဤ​ပြည်​ကို အ​စဉ်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 8,
      "text": "သူ​တို့​သည် နေ​ရာ​ကျ၍၊ နာ​မ​တော်​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 9,
      "text": "အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တစ်​စုံ​တစ်​ခု​ရောက်၍၊ နာ​မ​တော်​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၊ အ​ထံ​တော်​သို့ အ​ကျွန်ုပ်​တို့​သည် ချဉ်း​ကပ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ကြောင့် အော်​ဟစ်​ကြ​သော​အ​ခါ၊ နား​ထောင်၍​ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​ပါ​ပြီ။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 10,
      "text": "ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 11,
      "text": "အ​ကျွန်ုပ်​တို့​အား အ​ပိုင်​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​မြေ​ထဲ​က၊ အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လာ၍၊ အ​ဘယ်​သို့ ကျေး​ဇူး​ဆပ်​ကြ​ပါ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 12,
      "text": "အို​အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်၊ သူ​တို့​ကို မ​စီ​ရင်​ဘဲ​နေ​တော်​မူ​မည်​လော။ အ​ကျွန်ုပ်​တို့​ကို တိုက်​အံ့​သော​ငှာ လာ​သော ဤ​အ​လုံး​အ​ရင်း​ကြီး​ကို၊ အ​ကျွန်ုပ်​တို့​သည် ဆီး​တား​ခြင်​ငှာ မ​တတ်​နိုင်​ပါ။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို မ​သိ​ပါ။ ကိုယ်​တော်​ကို​သာ မျှော်​ကြည့်​လျက်​နေ​ကြ​ပါ​သည်​ဟု ဆု​တောင်း၍၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 13,
      "text": "ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သား​မ​ယား သူ​ငယ်​တို့​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 14,
      "text": "ထို​အ​ခါ ပ​ရိ​သတ်​အ​လယ်၌​ရှိ​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​အ​နွယ်၊ မ​တ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ၊ ဇာ​ခ​ရိ​တို့​မှ ဆင်း​သက်​သော ယ​ဟာ​ဇေ​လ​အ​ပေါ်​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် သက်​ရောက်၍၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 15,
      "text": "ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 16,
      "text": "နက်​ဖြန်​နေ့ သူ​တို့​ရှိ​ရာ​သို့ ချီ​သွား​ကြ​လော့။ သူ​တို့​သည် ဇိ​ဇ​မြို့​သို့ တက်​ရာ​လမ်း​ဖြင့် လာ​ကြ​စဉ်၊ ယေ​ရွေ​လ​တော​စပ်​နား၊ ချိုင့်​ဝ​မှာ သင်​တို့​တွေ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 17,
      "text": "သို့​ရာ​တွင်၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် စစ်​တိုက်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ဖြစ်၍၊ တည်​ကြည်​စွာ မတ်​တတ်​နေ​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ကြည့်​ရှု​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ နက်​ဖြန်​နေ့ ချီ​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 18,
      "text": "ယော​ရှ​ဖတ်​သည် မြေ​ပေါ်​မှာ​ဦး​ချ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပျပ်​ဝပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 19,
      "text": "လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​နှင့် ကော​ရ​အ​နွယ်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို၊ ကျယ်​သော​အ​သံ​နှင့် ချီး​မွမ်း​ခြင်း​ငှာ ရပ်​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 20,
      "text": "နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 21,
      "text": "လူ​များ​နှင့်​တိုင်​ပင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့​ဟု တပ်​ရှေ့​မှာ​ချီ​သွား​လျက်၊ သန့်​ရှင်း​ခြင်း​အ​သ​ရေ​ကို ချီး​မွမ်း​ရ​သော သီ​ချင်း​သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 22,
      "text": "ထို​သူ​တို့​သည် ချီး​မွမ်း​ရာ​သီ​ချင်း​ကို ဆို​စ​ပြု​ကြ​သော​အ​ခါ၊ ယု​ဒ​ပြည်​ကို​တိုက်​အံ့​သော​ငှာ လာ​သော၊ စိ​ရ​တောင်​သား​တို့​ကို အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့ တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား ချောင်း​မြောင်း​စေ​တော်​မူ​သ​ဖြင့်၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​တို့​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 23,
      "text": "တစ်​ဖန် စိ​ရ​တောင်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ လှန်၍​တိုက်​သ​ဖြင့်၊ အ​ကုန်​အ​စင်​သတ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်​ခိုက်၍၊ ပျက်​စီး​ခြင်း​သို့​ရောက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 24,
      "text": "ယု​ဒ​လူ​တို့​သည် တော၌​ရှိ​သော ကင်း​မျှော်​စင်​သို့​ရောက်၍၊ ထို​အ​လုံး​အ​ရင်း​ကို ကြည့်​ရှု​သော​အ​ခါ၊ ထို​လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​လွတ်၊ မြေ​ပေါ်​မှာ​လဲ​သော အ​သေ​ကောင်​ဖြစ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 25,
      "text": "ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 26,
      "text": "စ​တု​တ္ထ​နေ့​တွင် ဗ​ရာ​ခ​ချိုင့်၌​စည်း​ဝေး၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ၏။ ထို​ကြောင့်၊ ယ​နေ့​တိုင်​အောင် ထို​အ​ရပ်​သည် ဗ​ရာ​ခ​ချိုင့်​ဟူ၍ တွင်​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 27,
      "text": "ထို​အ​ခါ သူ​တို့​သည် ရန်​သူ​တို့​အ​ပေါ်​မှာ ဝမ်း​မြောက်​သော​အ​ခွင့်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်​သည် ရှေ့​ဦး​စွာ​ကြွ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား၍၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 28,
      "text": "စောင်း၊ တ​ယော၊ တံ​ပိုး​ကို တီး​မှုတ်​လျက်၊ ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့ ရောက်​လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ရန်​သူ​တို့​ကို တိုက်​တော်​မူ​ကြောင်း​ကို၊ အ​ခြား​တိုင်း​နိုင်​ငံ​သား ရှိ​သ​မျှ​တို့​သည်​ကြား၍၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 30,
      "text": "ထို​သို့ ဘု​ရား​သ​ခင်​သည် အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​သော​အ​ခွင့်​ကို ပေး​တော်​မူ​သော​ကြောင့်၊ ယော​ရှ​ဖတ်၏​နိုင်​ငံ​တော်​သည် သာ​ယာ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 31,
      "text": "ယော​ရှ​ဖတ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ နှစ်​ဆယ်​ငါး​နှစ်​ပတ်​လုံး ယေ​ရု​ရှ​လင်​မြို့​မှာ နေ​လျက်၊ ယု​ဒ​ပြည်​ကို စိုး​စံ​လေ၏။ မယ်​တော်​ကား ရှိ​လ​ဟိ​သ​မီး အ​ဇု​ဘ​အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 32,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​အာ​သ​လိုက်​သော လမ်း​ကို​မ​လွှဲ၊ အ​ကုန်​အ​စင်​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​ကျင့်​ကို​သာ ကျင့်၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 33,
      "text": "သို့​ရာ​တွင်၊ မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား။ လူ​များ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​မ​ချ​ဘဲ နေ​ကြ​သေး၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 34,
      "text": "ယော​ရှ​ဖတ်​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ဆက်၍၊ ဟာ​နန်​သား​ယေ​ဟု စီ​ရင်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 35,
      "text": "နောက်​တစ်​ဖန် ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်​သည်၊"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 36,
      "text": "တာ​ရှု​မြို့​သို့​သွား​ရ​သော သင်္ဘော​တို့​ကို​တည်​လုပ်​ခြင်း​ငှာ၊ အ​လွန်​အ​ဓ​မ္မ​အ​မှု​ကို ပြု​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ခ​ဇိ​နှင့် ပေါင်း​ဖော်​ပြီး​လျှင်၊ ထို​သင်္ဘော​တို့​ကို ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ တည်​လုပ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 20,
      "verse": 37,
      "text": "ထို​အ​ခါ မ​ရေ​ရှ​မြို့​သူ၊ ဒေါ​ဒေ​ဝ​သား ဧ​လျေ​ဇ​က၊ မင်း​ကြီး​သည် အာ​ခ​ဇိ​နှင့် ပေါင်း​ဖော်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မင်း​ကြီး​ပြု​သော​အ​မှု​ကို ဖျက်​တော်​မူ​ပြီး​ဟု ယော​ရှ​ဖတ်​တစ်​ဖက်၌ ဟော​သည်​နှင့်​အ​ညီ၊ ထို​သင်္ဘော​တို့​သည် တာ​ရှု​မြို့​သို့​မ​သွား​နိုင်​အောင် ကျိုး​ပဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 1,
      "text": "ယော​ရှ​ဖတ်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​ယ​ဟော​ရံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 2,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှ​ဖတ်​သား၊ ယ​ဟော​ရံ​ညီ​ဟူ​မူ​ကား၊ အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ၊ မိ​က္ခေ​လ၊ ရှေ​ဖ​တိ​တည်း။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 3,
      "text": "ခ​မည်း​တော်​သည် များ​စွာ​သော ရွှေ​ငွေ​ဥ​စ္စာ ရ​တ​နာ​နှင့်​တ​ကွ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​တို့​ကို သူ​တို့​အား​ပေး၏။ နိုင်​ငံ​ကို​ကား၊ သား​ဦး​ယ​ဟော​ရံ​အား ပေး၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 4,
      "text": "ယ​ဟော​ရံ​သည် ခ​မည်း​တော်​နိုင်​ငံ၌ တည်​သော​အ​ခါ၊ ကိုယ်​ကို​ခိုင်​ခံ့​စေ၍၊ ညီ​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​မှူး​တော် မတ်​တော်​တ​ချို့​တို့​ကို​လည်း​ကောင်း၊ ဓား​နှင့်​သတ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 5,
      "text": "ယ​ဟော​ရံ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ရှစ်​နှစ်​စိုး​စံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 6,
      "text": "အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 7,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ၍၊ ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​တော်​မူ​သော​ကြောင့်၊ သူ၏​အ​မျိုး​ကို မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 8,
      "text": "ထို​မင်း​လက်​ထက်၌၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်၍၊ ကိုယ်​အ​မျိုး​သား​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 9,
      "text": "ယ​ဟော​ရံ​မင်း​သည် မှူး​မတ်​များ၊ ရ​ထား​စီး​သူ​ရဲ​များ​အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ည​အ​ခါ ဝိုင်း​သော​ဧ​ဒုံ​လူ​များ၊ ရ​ထား​အုပ်​များ​ကို လုပ်​ကြံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 10,
      "text": "သို့​သော်​လည်း၊ ဧ​ဒုံ​ပြည်​သား​တို့​သည် ယ​နေ့​တိုင်​အောင် ယု​ဒ​ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ၏။ ထို​ကာ​လ၌၊ လိ​ဗ​န​ပြည်​သည်​လည်း ပုန်​ကန်၏။ အ​ကြောင်း​မူ​ကား၊ ယ​ဟော​ရံ​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 11,
      "text": "ယု​ဒ​တောင်​တို့​အ​ပေါ်​မှာ၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​လုပ်​သ​ဖြင့်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​နှင့် မှား​ယွင်း​ရ​မည်​အ​ကြောင်း၊ အ​နိုင်​အ​ထက်​ပြု​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 12,
      "text": "ပ​ရော​ဖက်​ဧ​လိ​ယ​ပေး​လိုက်​သော​စာ​သည် ထို​မင်း​ထံ​သို့ ရောက်​သ​ဖြင့်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​လမ်း​နှင့် ယု​ဒ​ရှင်​ဘု​ရင်​အာ​သ​လမ်း​သို့​မ​လိုက်၊"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လမ်း​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊ အာ​ဟပ်​အ​မျိုး မှား​ယွင်း​သည်​နည်း​တူ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​နှင့် မှား​ယွင်း​ရ​မည် အ​ကြောင်း ပြု​သော​ကြောင့်​လည်း​ကောင်း၊ ကိုယ်​ထက်​သာ၍​ကောင်း​သော ညီ​ရင်း​တို့​ကို သတ်​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​လူ​များ၊ သင်၏​သား​မ​ယား​များ၊ သင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ကြီး​စွာ​သော​ဘေး​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 15,
      "text": "သင့်​အူ​သည် တစ်​နေ့​ထက်​တစ်​နေ့​ထွက်​အောင်၊ ဝမ်း​ထဲ၌ ပြင်း​စွာ​သော​အ​နာ​ရော​ဂါ စွဲ​လိမ့်​မည်​ဟု စာ၌​ပါ​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 16,
      "text": "ထို​နောက်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​လူ၊ ကု​ရှ​ပြည်​နှင့်​နီး​သော အာ​ရပ်​လူ​တို့​ကို၊ ယ​ဟော​ရံ​မင်း​တစ်​ဖက် နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 17,
      "text": "သူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​လာ၍ လုပ်​ကြံ​ကြ၏။ နန်း​တော်၌​တွေ့​သ​မျှ​သော ဥ​စ္စာ​များ​နှင့် ရှင်​ဘု​ရင်၏​သား​မ​ယား​များ​တို့​ကို သိမ်း​သွား​ကြ​သ​ဖြင့်၊ အ​ထွေး​ဆုံး​သော​သား အာ​ခ​ဇိ​မှ​တစ်​ပါး၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 18,
      "text": "နောက်​တစ်​ဖန် မ​ပျောက်​နိုင်​သော​ဝမ်း​နာ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 19,
      "text": "ရှင်​ဘု​ရင်​သည် တာ​ရှည်​စွာ​နာ၍၊ နှစ်​နှစ်​စေ့​သော​အ​ခါ၊ အ​နာ​ပြင်း​ထန်​သော​ကြောင့်၊ အူ​ထွက်၍ အ​သက်​ချုပ်​လေ၏။ ပြည်​သား​တို့​သည် ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ မီး​ရှို့​ခြင်း​ကို​ပြု​သ​ကဲ့​သို့၊ ထို​မင်း​အ​ဖို့​မ​ပြု။"
    },
    {
      "book": 14,
      "chapter": 21,
      "verse": 20,
      "text": "ယ​ဟော​ရံ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ရှစ်​နှစ်​စိုး​စံ​ပြီး​မှ၊ အ​ဘယ်​သူ​မျှ​မ​နှ​မြော​ဘဲ သေ​သွား၏။ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​သော်​လည်း၊ ရှင်​ဘု​ရင်​တို့ သင်္ချိုင်း၌ မ​သင်္ဂြိုဟ်​ကြ။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 1,
      "text": "အာ​ရပ်​လူ​တို့​နှင့်​လိုက်​လာ​သော တပ်​သား​တို့​သည် တပ်​ထဲ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ၏ သား​တော်​အ​ကြီး​ရှိ​သ​မျှ​တို့​ကို သတ်​သော​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သား​ထွေး​အာ​ခ​ဇိ​ကို ခ​မည်း​တော်​အ​ရာ၌​ချီး​မြှောက်၍၊"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 2,
      "text": "အာ​ခ​ဇိ​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဩ​မ​ရိ​မြေး​အာ​သ​လိ အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 3,
      "text": "မယ်​တော်​သည် မ​ကောင်း​သော​အ​ကြံ​ကို ပေး​သော​ကြောင့်၊ ထို​မင်း​သည် အာ​ဟပ်​အ​မျိုး​လိုက်​ရာ လမ်း​သို့​လိုက်၍၊"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 4,
      "text": "အာ​ဟပ်​အ​မျိုး​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​သေ​သော​နောက်၊ အာ​ဟပ်​အ​မျိုး​သား​တို့​သည် အာ​ခ​ဇိ​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ မ​ကောင်း​သော​အ​ကြံ​ကို ပေး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 5,
      "text": "အာ​ခ​ဇိ​သည် သူ​တို့​စ​ကား​ကို​နား​ထောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင် ဘု​ရင်​အာ​ဟပ်​သား ယော​ရံ​နှင့်​ဝိုင်း​လျက်၊ ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​သို့​စစ်​ချီ၍၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ကို တိုက်​ရာ​တွင်၊ ရှု​ရိ​လူ​တို့​သည်​ယော​ရံ​ကို ထိ​ခိုက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 6,
      "text": "ထို​သို့​ရာ​မုတ်​မြို့၌ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​ကို​တိုက်၍၊ ရှု​ရိ​လူ​ထိ​ခိုက်​သော အ​နာ​ပျောက်​စေ​ခြင်း​ငှာ၊ ယော​ရံ​သည် ယေ​ဇ​ရေ​လ​မြို့​သို့ ပြန်​သွား၍ နာ​လျက်​နေ​စဉ်​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ​သား အာ​ခ​ဇိ​သည်​လည်း၊ အာ​ဟပ်​သား​ယော​ရံ​ကို ကြည့်​ရှု​ခြင်း​ငှာ ထို​မြို့​သို့ ဆင်း​သွား​လေ၏။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 7,
      "text": "ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ အာ​ခ​ဇိ​သည် ယော​ရံ​ထံ​သို့​ရောက်​သော​အား​ဖြင့်၊ ဆုံး​ရှုံး​လေ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အာ​ဟပ်​အ​မျိုး​ကို သုတ်​သင်​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​နိမ်​ရှိ​သား​ယေ​ဟု​ကို ဆီး​ကြို​ခြင်း​ငှာ၊ ယော​ရံ​နှင့် အာ​ခ​ဇိ​တို့​သည် ထွက်​သွား၏။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 8,
      "text": "ယေ​ဟု​သည် အာ​ဟပ်​အ​မျိုး​ကို တ​ရား​စီ​ရင်​သော​အ​ခါ၊ ယု​ဒ​မှူး​မတ်​တို့​ကို​လည်း​ကောင်း၊ အာ​ခ​ဇိ​မင်း၌ ခ​စား​သော နောင်​တော်၏​သား​တို့​ကို​လည်း​ကောင်း၊ တွေ့၍​သတ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 9,
      "text": "ရှ​မာ​ရိ​ပြည်၌ ပုန်း​လျက်​နေ​သော အာ​ခ​ဇိ​ကို​ရှာ၍ ဖမ်း​မိ​သော​အ​ခါ၊ ယေ​ဟု​ထံ​သို့​ဆောင်​ခဲ့​ပြီး​မှ သတ်၍ သင်္ဂြိုဟ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​သော ယော​ရှ​ဖတ်၏​အ​မျိုး​ဖြစ်​သည်​ဟု ဆို​ကြ၏။ ထို​သို့​အာ​ခ​ဇိ​အ​မျိုး သည် နိုင်​ငံ​ကို​အုပ်​စိုး​ခြင်း​ငှာ မ​တတ်​နိုင်။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 10,
      "text": "အာ​ခ​ဇိ၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​သား​သေ​ကြောင်း​ကို သိ​မြင်​သော်၊ ထ၍​ယု​ဒ​ပြည်၏​ဆွေ​တော်​မျိုး​တော်​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 11,
      "text": "သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​သ​မီး ယော​ရှေ​ဘ​သည်၊ အာ​ခ​ဇိ၏​သား ယော​ရှ​ကို​အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌ ဝှက်​ထား၏။ ထို​သို့​ယ​ဟော​ရံ​မင်း​ကြီး​သ​မီး၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယဒ၏​မ​ယား​ဖြစ်​သော အာ​ခ​ဇိ၏​နှ​မ​ယော​ရှေ​ဘ​သည်၊ အာ​သ​လိ​လက်​မှ ယော​ရှ၏​အ​သက် လွတ်​စေ​ခြင်း​ငှာ​ဝှက်​ထား​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 22,
      "verse": 12,
      "text": "ခြောက်​နှစ်​ပတ်​လုံး ယော​ရှ​သည် သူ​တို့​နှင့်​အ​တူ၊ ဗိ​မာန်​တော်၌ ပုန်း​ရှောင်​လျက်​နေ၍ အာ​သ​လိ​သည် စိုး​စံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 1,
      "text": "ခု​နစ်​နှစ်​မြောက်​သော​အ​ခါ၊ ယော​ယ​ဒ​သည် ကိုယ်​ကို​ခိုင်​ခံ့​စေ၍ တပ်​မှူး​များ၊ ယေ​ရော​ဟံ​သား အာ​ဇ​ရိ၊ ယော​ဟ​နန်​သား ဣ​ရှ​မေ​လ၊ ဩ​ဗက်​သား အာ​ဇ​ရိ၊ အ​ဒါ​ယ​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား ဧ​လိ​ရှ​ဖတ်​တို့​နှင့် သင်း​ဖွဲ့​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 2,
      "text": "ထို​သူ​တို့​သည် ယု​ဒ​ပြည်၌ လှည့်​လည်​သ​ဖြင့်၊ ယု​ဒ​မြို့​အ​ရပ်​ရပ်​ထဲ​က လေ​ဝိ​သား​များ​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​များ​ကို စု​ဝေး​စေ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 3,
      "text": "စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်၌ ရှင်​ဘု​ရင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ကြ၏။ ယော​ယ​ဒ​က​လည်း၊ ရှင်​ဘု​ရင်​သား​တော်​ကို ကြည့်​ရှု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​မျိုး​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သား​တော် စိုး​စံ​ရ​မည်။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 4,
      "text": "သင်​တို့​ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ ဥ​ပုသ်​နေ့၌​ဝင်​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​သုံး​စု​တစ်​စု​သည် တံ​ခါး​စောင့်​လုပ်​ရ​မည်။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 5,
      "text": "တစ်​စု​သည် နန်း​တော်​ကို စောင့်​ရ​မည်။ တစ်​စု​သည် သု​ရ​တံ​ခါး​ကို စောင့်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​တံ​တိုင်း​တို့​အ​တွင်း၌ နေ​ရ​ကြ​မည်။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​များ​နှင့် အ​မှု​တော်​စောင့် လေ​ဝိ​သား​များ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​စေ​နှင့်။ သူ​တို့​သည် သန့်​ရှင်း​သော​ကြောင့် ဝင်​ရ​ကြ​မည်။ အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၌ စောင့်​နေ​ရ​ကြ​မည်။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 7,
      "text": "လေ​ဝိ​သား​တိုင်း မိ​မိ​လက်​နက်​ကို​ကိုင်​လျက်၊ ကိုယ်​တော်​မြတ်​ကို​ဝိုင်း၍ အိမ်​တော်​ထဲ​သို့ ဝင်​သ​မျှ​သော​သူ​တို့​ကို သတ်​ရ​မည်။ ရှင်​ဘု​ရင်​ထွက်​ဝင်​တော်​မူ​သော အ​ခါ၊ နောက်​တော်​သို့​လိုက်​ရ​မည်​ဟု မှာ​ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 8,
      "text": "ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း၊ လေ​ဝိ​သား​များ​နှင့် ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဖွဲ့​မြဲ​ဖွဲ့​သော အ​သင်း​တို့​ကို မ​ဖျက်​သော​ကြောင့်၊ ဥ​ပုသ်​နေ့၌ ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ အ​သီး​အ​သီး​တို့​ကို ခေါ်​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 9,
      "text": "ဗိ​မာန်​တော်၌​ရှိ​သော ဒါ​ဝိဒ်​မင်း​ကြီး၏ လှံ​များ​နှင့်​ဒိုင်း​လွှား​များ​ကို၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ထုတ်၍၊ လူ​တစ်​ရာ​အုပ်​တို့​အား အပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 10,
      "text": "အ​သီး​အ​သီး လက်​နက်​ကိုင်​သော သူ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင်​ပတ်​လည်၊ ယဇ်​ပ​လ္လင်​အ​နား​နှင့် ဗိ​မာန်​တော်​အ​နား၌၊ လက်​ယာ​ထောင့်​မှ​စ၍ လက်​ဝဲ​ထောင့်​တိုင်​အောင် နေ​ရာ​ချ​ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 11,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သား​တော်​ကို ပြင်​သို့​ထုတ်၍၊ ရာ​ဇ​သ​ရ​ဖူ​နှင့် ပ​ည​တ္တိ​ကျမ်း​ကို​တင်​လျက်၊ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ယော​ယ​ဒ​နှင့် သူ၏​သား​တို့​သည် ဘိ​သိက်​ပေး၍၊ ရှင်​ဘု​ရင်​အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 12,
      "text": "အာ​သ​လိ​သည် လူ​များ​ပြေး၍၊ ရှင်​ဘု​ရင်​ထံ၌ ချီး​မွမ်း​သံ​ကို​ကြား​လျှင်၊ လူ​များ​ရှိ​ရာ ဗိ​မာန်​တော်​သို့​သွား၍၊"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 13,
      "text": "ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ဝင်​ဝ၊ တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍၊ တံ​ပိုး​မှုတ်​လျက် သီ​ချင်း​သည်​တို့​သည် တူ​ရိ​ယာ​အ​မျိုး​မျိုး​ကို ကိုင်၍၊ ထော​မ​နာ​သီ​ချင်း​ကို ဆို​လျက်​ရှိ​ကြ​သည်​ကို မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကုန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 14,
      "text": "ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​က​လည်း၊ ဗိ​မာန်​တော်​ထဲ​မှာ မ​သေ​စေ​နှင့်။ တပ်​ပြင်​သို့​ထုတ်​ကြ။ သူ့​ဘက်​မှာ​နေ​သော​သူ​ကို ဓား​နှင့်​သတ်​ကြ​ဟု လူ​တစ်​ရာ​အုပ်​တပ်​မှူး​တို့​ကို မှာ​ထား​နှင့်​သည်​အ​တိုင်း၊"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 15,
      "text": "အာ​သ​လိ​ကို​ဖမ်း​ဆီး​လျက်၊ နန်း​တော်​သို့​သွား​သော မြင်း​လမ်း​ဝ​သို့ ရောက်​သော​အ​ခါ သတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 16,
      "text": "ရှင်​ဘု​ရင်​နှင့် လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ယော​ယ​ဒ​သည် မိ​မိ​ထံ၌ ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 17,
      "text": "လူ​အ​ပေါင်း​တို့​သည် ဗာ​လ​ကျောင်း​သို့​သွား၍ ဖြို​ဖျက်​ကြ၏။ ယဇ်​ပ​လ္လင်​များ​နှင့် ရုပ်​တု​များ​ကို ချိုး​ဖဲ့၍၊ ယဇ်​ပ​လ္လင်​တို့​ရှေ့​မှာ ဗာ​လ​ယဇ်​ပု​ရော​ဟိတ် မဿန်​ကို​သတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 18,
      "text": "မော​ရှေ​ပ​ည​တ္တိ​ကျမ်း၌​ပါ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း၊ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော်၌ ဒါ​ဝိဒ်​ခွဲ​ထား​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် ဗိ​မာန်​တော်​မှု​များ​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယော​ယ​ဒ​စီ​ရင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 19,
      "text": "မ​သန့်​ရှင်း​သော​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ရှိ​သော​သူ​ကို မ​ဝင်​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော် တံ​ခါး​စောင့်​တို့​ကို​လည်း ခန့်​ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 20,
      "text": "လူ​တစ်​ရာ​အုပ်၊ မှူး​မတ်၊ အ​ကြီး​အ​ကဲ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ခေါ်​လျက်၊ မြင့်​သော​တံ​ခါး​လမ်း​ဖြင့်၊ ရှင်​ဘု​ရင်​ကို ဗိ​မာန်​တော်​မှ နန်း​တော်​သို့​ပို့​ဆောင်၍၊ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 23,
      "verse": 21,
      "text": "နန်း​တော်​နား​မှာ အာ​သ​လိ​ကို သတ်​ပြီး​မှ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်၍၊ တစ်​မြို့​လုံး၌​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 1,
      "text": "ယော​ရှ​သည် အ​သက်​ခု​နစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ အ​နှစ်​လေး​ဆယ်​စိုး​စံ၏။ မယ်​တော်​ကား၊ ဗေ​ရ​ရှေ​ဘ​မြို့​သူ ဇိ​ဗိ​အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 2,
      "text": "ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ယော​ရှ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 3,
      "text": "ယော​ယ​ဒ​ပေး​စား​သော မိန်း​မ​နှစ်​ယောက်​နှင့် စုံ​ဖက်၍ သား​သ​မီး​တို့​ကို မြင်​ရ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 4,
      "text": "ထို​နောက်​မှ၊ ယော​ရှ​သည် ဗိ​မာန်​တော်​ကို ပြု​ပြင်​မည် အ​ကြံ​ရှိ​လျက်၊"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​ကို စု​ဝေး​စေ၍၊ သင်​တို့​ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို ပြု​ပြင်​ခြင်း​ငှာ၊ ယု​ဒ​မြို့​တို့​ကို လှည့်​လည်​သ​ဖြင့်၊ နှစ်​တိုင်း​အ​စဉ် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​မှ ငွေ​ကို​ခံ​ယူ၍၊ အ​မှု​ပြီး​အောင် ကြိုး​စား​အား​ထုတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သို့​သော်​လည်း၊ လေ​ဝိ​သား​တို့​သည် မ​ကြိုး​စား​ဘဲ နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 6,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​ယော​ယ​ဒ​ကို​ခေါ်၍၊ သက်​သေ​ခံ​တော်​မူ​ချက် တဲ​တော်​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် စည်း​ဝေး​ရာ ဣ​သ​ရေ​လ ပ​ရိသတ်​ပြု​သည်​နည်း​တူ၊ လေ​ဝိ​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့​မှ ငွေ​ကို​ခံ​ယူ၍ ဆောင်​ခဲ့​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် မ​မှာ​ထား​ဘဲ​နေ​သ​နည်း​ဟု မေး​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 7,
      "text": "အ​ဓ​မ္မ​မိန်း​မ အာ​သ​လိ၏​သား​တို့​သည် ဗိ​မာန်​တော်​ကို​ဖြို​ဖျက်၍၊ ဗိ​မာန်​တော်၌ ပူ​ဇော်​သော​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း ဗာ​လ​ဘု​ရား​တို့​အား ပူ​ဇော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 8,
      "text": "ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း သေ​တ္တာ​ကို​လုပ်၍၊ ဗိ​မာန်​တော်​ပြင်၊ တံ​ခါး​နား​မှာ​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ​သည် တော​မှာ ဣ​သ​ရေ​လ​အ​မျိုး၌ ငွေ​ခွဲ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌ ကြော်​ငြာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 10,
      "text": "မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့၍၊ လက်​စ​သတ်​သည်​တိုင်​အောင် သေ​တ္တာ​ထဲ​သို့ သွင်း​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 11,
      "text": "ထို​သေ​တ္တာ​ကို လေ​ဝိ​သား​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ သွင်း၍၊ ငွေ​များ​သည်​ကို​သိ​မြင်​လျှင်၊ ရှင်​ဘု​ရင်၏​စာ​ရေး​တော်​ကြီး​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း၏ စာ​ရေး​သည်​လာ၍၊ ငွေ​ကို​ထုတ်​ယူ​ပြီး​မှ၊ သေ​တ္တာ​ကို သူ့​နေ​ရာ၌​ထား​ပြန်၏။ ထို​သို့ နေ့​တိုင်း​ပြု၍ များ​စွာ​သော​ငွေ​ကို စု​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 12,
      "text": "ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​သည် ဗိ​မာန်​တော်၏​အ​မှု​တော်​စောင့်​တို့၌ ထို​ငွေ​ကို​အပ်၍ ဗိ​မာန်​တော်​ကို ပြု​ပြင်​စေ​ခြင်း​ငှာ၊ ပန်း​ရန်​သ​မား၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား၊ ပန်း​တဉ်း​သ​မား​တို့​အား ပေး​ဝေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 13,
      "text": "အ​လုပ်​လုပ်​သော သူ​တို့​သည် ကြိုး​စား၍ ပြု​ပြင်​သ​ဖြင့်၊ ဗိ​မာန်​တော်​ကို ပ​က​တိ​အ​ဖြစ်၌ ခိုင်​ခံ့​စေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 14,
      "text": "လက်​စ​သတ်​သော​အ​ခါ၊ ကျန်​ကြွင်း​သော​ငွေ​ကို ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​ထံ​သို့​ယူ​ခဲ့၍၊ ထို​ငွေ​နှင့် ဗိ​မာန်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ပူ​ဇော်​ရန် တန်​ဆာ၊ ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ဇွန်း​များ​ကို​လုပ်​ကြ၏။ ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဗိ​မာန်​တော်၌ မီး​ရှို့​ရာ​ယဇ်​ကို အ​စဉ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 15,
      "text": "ယော​ယ​ဒ​သည် အို၍ ကာ​လ​ပြည့်​စုံ​ရာ​ရောက်​လျက်၊ အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သေ၍၊"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 16,
      "text": "ဒါ​ဝိဒ်​မြို့​မှာ ရှင်​ဘု​ရင်​တို့​တွင် သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တွင် ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ အိမ်​တော်၌​လည်း​ကောင်း ကျေး​ဇူး​ပြု​သော​သူ​ဖြစ်​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 17,
      "text": "ယော​ယ​ဒ​သေ​သော​နောက်၊ ယု​ဒ​မင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ၍ ရှိ​ခိုး​ကြ၏။ သူ​တို့​စ​ကား​ကို ရှင်​ဘု​ရင်​နား​ထောင်​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 18,
      "text": "သူ​တို့​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို​စွန့်၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ သက်​ရောက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 19,
      "text": "သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွေး​ဆောင်​စေ​ခြင်း​ငှာ၊ ပ​ရော​ဖက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊ ပ​ရော​ဖက်​တို့​သည် သက်​သေ​ခံ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 20,
      "text": "တစ်​ဖန်​ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား ဇာ​ခ​ရိ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ပ​ရိ​သတ်​အ​လယ်၊ မြင့်​သော​အ​ရပ်၌ ရပ်​လျက်၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို ပျက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ သင်​တို့​ကို​လည်း စွန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 21,
      "text": "လူ​များ​တို့​သည် သူ့​ကို မ​ကောင်း​သော​အ​ကြံ​နှင့် တိုင်​ပင်၍၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​နှင့် ဗိ​မာန်​တော်​အ​တွင်း၌ ကျောက်​ခဲ​နှင့်​ပစ်၍ သတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 22,
      "text": "ထို​သို့ ယော​ရှ​မင်း​ကြီး​သည် ဇာ​ခ​ရိ​အ​ဘ ယော​ယ​ဒ​ပြု​သော​ကျေး​ဇူး​ကို မ​အောက်​မေ့၊ သား​ကို သတ်​လေ​သည်​တ​ကား။ ဇာ​ခ​ရိ​သေ​သော​အ​ခါ၊ ဤ​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည် ကြည့်​ရှု​စစ်​ကြော​တော်​မူ​မည်​ဟု ဆို၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 23,
      "text": "ထို​နှစ်​အ​ဆုံး၌၊ ရှု​ရိ​တပ်​သား​တို့​သည် စစ်​ချီ၍ လာ​ကြ​သ​ဖြင့်၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​မှ၊ မှူး​မတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း၍၊ လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဒ​မာ​သက်​ရှင်​ဘု​ရင်​ထံ​သို့ ပေး​လိုက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 24,
      "text": "ယု​ဒ​လူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ များ​ပြား​သော​အ​လုံး​အ​ရင်း ဖြစ်​သော်​လည်း၊ နည်း​သော​ရှု​ရိ​တပ်​အ​လုံး​အ​ရင်း​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ၍၊ ရှု​ရိ​လူ​တို့​သည် ယော​ရှ​ကို​တ​ရား​စီ​ရင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 25,
      "text": "ရန်​သူ​ထွက်​သွား​သော​အ​ခါ၊ ယော​ရှ​သည် ကြီး​စွာ​သော​ဒု​က္ခ​ကို ခံ​ရ​လျက် နေ​ရစ်​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား​တို့​ကို သတ်​သော​အ​ပြစ်​ကြောင့်၊ မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍၊ သ​လွန်​ပေါ်​မှာ သေ​အောင်​လုပ်​ကြံ​ကြ၏။ ထို​မင်း​ကို ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​သော်​လည်း၊ ရှင်​ဘု​ရင်​တို့​တွင် မ​သင်္ဂြိုဟ်။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 26,
      "text": "လုပ်​ကြံ​သော​သူ​ကား၊ အ​မ္မုန်​အ​မျိုး​သ​မီး ရှိ​မတ်​သား ယော​ဇ​ဗဒ်​နှင့် မော​ဘ​အ​မျိုး​သ​မီး ရှိ​မ​ရိတ်​သား ယ​ဟော​ဇ​ဗဒ်​တည်း။"
    },
    {
      "book": 14,
      "chapter": 24,
      "verse": 27,
      "text": "ယော​ရှ​သည် သား​ရှိ​ခြင်း​အ​ရာ၊ လေး​သော​အ​မှု​ကို ထမ်း​ခြင်း​အ​ရာ၊ ဗိ​မာန်​တော်​ကို ပြု​ပြင်​ခြင်း​အ​ရာ​တို့​သည် ရာ​ဇ​ဝင်​နှင့် ဆက်​သော​စာ၌ ရေး​ထား​လျက်​ရှိ၏။ သား​တော်​အာ​မ​ဇိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 1,
      "text": "အာ​မ​ဇိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယု​ဒ္ဒန်​အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 2,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို ပြု​သော်​လည်း၊ စိတ်​နှ​လုံး​မ​စုံ​လင်။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 3,
      "text": "အာ​မ​ဇိ​သည် မင်း​အာ​ဏာ​တည်​သော​အ​ခါ၊ ခ​မည်း​တော်​မင်း​ကြီး​ကို သတ်​သော​ကျွန်​တို့​ကို သတ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 4,
      "text": "သား​အ​တွက်​အ​ဘ​သည် အ​သေ​မ​ခံ​ရ။ အ​ဘ​အ​တွက် သား​သည်​အ​သေ​မ​ခံ​ရ။ လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ၏​ဟု မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်၍၊ ထို​ကျွန်​တို့၏​သား​များ​ကို မ​သတ်​ဘဲ​နေ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 5,
      "text": "အာ​မ​ဇိ​မင်း​သည် ယု​ဒ​လူ​တို့​ကို​စု​ဝေး​စေ၍ ယု​ဒ​လူ​နှင့် ဗင်္ယာ​မိန်​လူ​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။ အ​သက်​နှစ်​ဆယ်​လွန်၍၊ လှံ​နှင့်​ဒိုင်း​ကို ကိုင်​တတ်​သော စစ်​သူ​ရဲ​ကောင်း​တို့​သည်၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း သုံး​သိန်း​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 6,
      "text": "ခွန်​အား​ကြီး​သော ဣ​သ​ရေ​လ​သူ​ရဲ​တစ်​သိန်း​ကို​လည်း ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ငှား၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 7,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်၏​လူ​တစ်​ယောက်​သည်​လာ၍ အို​မင်း​ကြီး၊ ဣ​သ​ရေ​လ​တပ်​ကို မ​လိုက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တည်း​ဟူ​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ရှိ​တော်​မ​မူ။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 8,
      "text": "မင်း​ကြီး​သွား​လို​လျှင်​သွား၍ စစ်​တိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော်​လည်း၊ ရန်​သူ​ရှေ့​မှာ ဘု​ရား​သ​ခင်​ရှုံး​စေ​တော်​မူ​မည်။ ဘု​ရား​သ​ခင်​သည် မ​စ​ခြင်း​ငှာ​လည်း​ကောင်း၊ နှိမ့်​ချ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ၏​ဟု​ပြော​ဆို​လျှင်၊"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 9,
      "text": "အာ​မ​ဇိ​က၊ ဣ​သ​ရေ​လ​တပ်​ကို ငှား၍ ငွေ​အ​ခွက်​တစ်​ထောင်​ကို ပေး​မိ​သော​ကြောင့်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု ဘု​ရား​သ​ခင်၏​လူ​ကို မေး​မြန်း​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ ပေး​နိုင်​တော်​မူ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 10,
      "text": "ထို​အ​ခါ အာ​မ​ဇိ​သည် ဧ​ဖ​ရိမ်​ပြည်​မှ​ရောက်​လာ​သော စစ်​သူ​ရဲ​တို့​ကို ခွဲ​ထား၍၊ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​စေ​ခြင်း​ငှာ လွှတ်​လိုက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​အ​မျက်​ထွက်၍ ယု​ဒ​ပြည်​သား​တို့၌ အ​ငြိုး​ထား​လျက်၊ မိ​မိ​တို့ နေ​ရာ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 11,
      "text": "အာ​မ​ဇိ​သည်​လည်း ကိုယ်​ကို​ခိုင်​ခံ့​စေ၍ ဆား​ချိုင့်​ကို တပ်​ချီ​သ​ဖြင့်၊ စိ​ရ​တောင်​သား​တစ်​သောင်း​ကို လုပ်​ကြံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 12,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​သည် လူ​တစ်​သောင်း​ကို အ​ရှင်​ဖမ်း​ပြီး​လျှင်၊ ကျောက်​တောင်​ထိပ်​သို့ ဆောင်​သွား၍၊ ကျိုး​ပဲ့​စေ​ခြင်း​ငှာ အောက်​သို့ တွန်း​ချ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 13,
      "text": "ဝိုင်း၍​တိုက်​ရ​သော​အ​ခွင့်​ကို အာ​မ​ဇိ​မ​ပေး၊ လွှတ်​လိုက်​သော စစ်​သူ​ရဲ​တို့​မူ​ကား၊ ရှ​မာ​ရိ​မြို့​မှ​စ၍ ဗေ​သော​ရုန်​မြို့​တိုင်​အောင်၊ ယု​ဒ​မြို့​တို့​ကို တိုက်​သ​ဖြင့်၊ လူ​သုံး​ထောင်​ကို​သတ်၍၊ လက်​ရ​ဥ​စ္စာ​အ​များ​ကို သိမ်း​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 14,
      "text": "အာ​မ​ဇိ​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော​အ​ခါ၊ စိ​ရ​တောင်​သား​ကိုး​ကွယ်​သော ဘု​ရား​တို့​ကို​ဆောင်​ခဲ့၍၊ ကိုယ်​တိုင်​ကိုး​ကွယ်​ရာ ဘု​ရား​ဖြစ်​စေ​ခြင်း​ငှာ၊ တည်​ထောင်​လျက် သူ​တို့​ရှေ့​မှာ ဦး​ညွှတ်​ချ၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လေ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အာ​မ​ဇိ​ကို​အ​မျက်​ထွက်၍၊ ပ​ရော​ဖက်​ကို စေ​လွှတ်​တော်​မူ​သည်​ကား၊ မိ​မိ​လူ​တို့​ကို ရန်​သူ​လက်​မှ မ​ကယ်​နိုင်​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​တို့​ကို အ​ဘယ်​ကြောင့်​ဆည်း​ကပ်​သ​နည်း​ဟု ပြော​ဆို​လျှင်၊"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 16,
      "text": "ရှင်​ဘု​ရင်​က၊ သင်​သည် တိုင်​ပင်​မှူး​မတ် ဖြစ်​သ​လော။ တိတ်​ဆိတ်​စွာ​နေ​လော့။ အ​ဘယ်​ကြောင့် ရာ​ဇ​ဝတ်​ခံ​ချင်​သ​နည်း​ဟု ဆို​သော်၊ ပ​ရော​ဖက်​က၊ မင်း​ကြီး​သည် ငါ​ပေး​သော​သ​တိ​စ​ကား​ကို နား​မ​ထောင်၊ ဤ​အ​မှု​ကို ပြု​မိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် မင်း​ကြီး​ကို​ဖျက်​ဆီး​မည် ကြံ​တော်​မူ​သည်​ကို ငါ​သိ​မြင်​သည်​ဟု ပြော​ဆို​ပြီး​လျှင် တိတ်​ဆိတ်​စွာ​နေ​လေ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 17,
      "text": "ထို​နောက်၊ အာ​မ​ဇိ​သည်​တိုင်​ပင်​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ဟု​သား​ဖြစ်​သော ယော​ခတ်၏​သား ယ​ဟော​ရှ​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ ငါ​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​ကုန်​အံ့​ဟု မှာ​လိုက်​လျှင်၊"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​က၊ လေ​ဗ​နုန်​ဆူး​ပင်​သည် လေ​ဗ​နုန်​အာ​ရဇ်​ပင်​ထံ​သို့ စေ​လွှတ်၍၊ သင့်​သ​မီး​ကို ငါ့​သား​နှင့်​ပေး​စား​ပါ​ဟု ဆို​စဉ်​တွင်၊ လေ​ဗ​နုန်​သား​ရဲ​တစ်​ကောင်​သည် လျှောက်​သွား၍ ဆူး​ပင်​ကို​နင်း​မိ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 19,
      "text": "သင်​က ငါ​သည် ဧ​ဒုံ​လူ​တို့​ကို လုပ်​ကြံ​ပြီ​ဟု​ဆို​လျက်၊ ဝါ​ကြွား​ချင်​သော​စိတ် မြင့်​လှ၏။ သို့​ရာ​တွင် ကိုယ်​နေ​ရာ၌​နေ​လော့။ သင့်​ကိုယ်​တိုင်​နှင့် ယု​ဒ​ပြည်​သည် ဘေး​ရောက်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် အ​မှု​ရှာ​သ​နည်း​ဟု ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို ပြန်၍​မှာ​လိုက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 20,
      "text": "ထို​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​ပြည်​ဘု​ရား​တို့​ကို ဆည်း​ကပ်​သော​ကြောင့်၊ ရန်​သူ​လက်​သို့ အပ်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍၊ ရှင်​ဘု​ရင်​နှစ်​ပါး​တို့​သည် ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့၌ မျက်​နှာ​ချင်း​ဆိုင်​မိ​ကြ​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 22,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ ယု​ဒ​အ​မျိုး​သား​ရှုံး၍၊ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြေး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 23,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သည် ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား​ဖြစ်​သော ယော​ရှ၏​သား​အာ​မ​ဇိ​ကို ဗက်​ရှေ​မက်​မြို့​မှာ ဖမ်း​မိ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး အ​တောင်​လေး​ရာ​ကို၊ ဧ​ဖ​ရိမ်​တံ​ခါး​မှ​သည် ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ဖျက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 24,
      "text": "ဩ​ဗ​ဒေ​ဒုံ​လက်​တွင်၊ ဗိ​မာန်​တော်၌ ရှိ​သ​မျှ​သော ရွှေ​ငွေ​မှ​စ၍၊ တန်​ဆာ​အ​လုံး​စုံ​နှင့် နန်း​တော်​ဘ​ဏ္ဍာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ အာ​မ​ခံ​သော​သူ အ​ချို့​တို့​ကို​လည်း​ကောင်း ယူ၍ ရှ​မာ​ရိ​မြို့​သို့​ပြန်​သွား၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား ယ​ဟော​ရှ​သေ​သော​နောက်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ​သည် တစ်​ဆယ်​ငါး​နှစ် အ​သက်​ရှင်​သေး၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 26,
      "text": "အာ​မ​ဇိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​သ​မျှ အ​စ​အ​ဆုံး​တို့​သည်၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 27,
      "text": "အာ​မ​ဇိ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လိုက်​ရာ​မှ လွှဲ​သွား​သော​နောက်၊ သူ၏​တစ်​ဖက်၊ ယေ​ရု​ရှ​လင်​မြို့၌ သင်း​ဖွဲ့​ကြ၍၊ သူ​သည် လာ​ခိ​ရှ​မြို့​သို့ ပြေး​သည်​တွင်၊ ထို​မြို့​သို့​စေ​လွှတ်၍ သတ်​စေ​ပြီး​မှ၊"
    },
    {
      "book": 14,
      "chapter": 25,
      "verse": 28,
      "text": "မြင်း​ပေါ်၌​တင်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍၊ ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 1,
      "text": "ယု​ဒ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်၊ အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော် အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 2,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​သေ​သော​နောက်၊ ဧ​လုတ်​မြို့​ကို​ပြု​စု၍ ယု​ဒ​နိုင်​ငံ​ထဲ​သို့ သွင်း​ပြန်၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 3,
      "text": "ဩ​ဇိ​သည် အ​သက်​တစ်​ဆယ်​ခြောက်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​နှစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သူ ယေ​ခေါ​လိ​အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 4,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​အာ​မ​ဇိ ပြု​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​လည်​သော ဇာ​ခ​ရိ​လက်​ထက်၌၊ ဩ​ဇိ​မင်း​သည် ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​ကာ​လ​ပတ်​လုံး၊ ဘု​ရား​သ​ခင်​သည် အ​ကြံ​ထ​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 6,
      "text": "ထို​မင်း​သည် စစ်​ချီ၍ ဖိ​လိ​တ္တိ​လူ​တို့​ကို တိုက်​သ​ဖြင့်၊ ဂါ​သ​မြို့​ရိုး၊ ယာ​ဗ​နေ​မြို့​ရိုး၊ အာ​ဇုတ်​မြို့​ရိုး​တို့​ကို ဖြို​ဖျက်​ပြီး​မှ၊ အာ​ဇုတ်​မြို့​ပတ်​လည်၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်၌ မြို့​သစ်​တို့​ကို တည်​ထောင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် ဖိ​လိ​တ္တိ​လူ၊ ဂု​ရ​ဗာ​လ​မြို့​မှာ နေ​သော​အာ​ရပ်​လူ၊ မ​ဟု​နိမ်​လူ​တို့​တစ်​ဖက်၌ သူ့​ကို​မ​စ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 8,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း၊ ဩ​ဇိ​မင်း​အား လက်​ဆောင်​ပ​ဏ္ဍာ​တို့​ကို ဆက်​ကြ၏။ သူ​သည် အ​လွန် ကိုယ်​ကို​ခိုင်​ခံ့​စေ​သ​ဖြင့်၊ သ​တင်း​တော်​သည် အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် ကျော်​စော​လေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 9,
      "text": "ဩ​ဇိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး၊ မြို့​ရိုး​ကွေ့​တံ​ခါး၌ ရဲ​တိုက်​တို့​ကို တည်၍​ခိုင်​ခံ့​စေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 10,
      "text": "တော၌​လည်း ရဲ​တိုက်​တို့​ကို တည်၏။ ရေ​တွင်း​များ​ကို​လည်း တူး၏။ ချိုင့်​ဝှမ်း​ရာ​အ​ရပ်​နှင့် မြေ​ညီ​ရာ​အ​ရပ်၌ များ​စွာ​သော သိုး​နွား​တို့​ကို ဆည်း​ပူး၍ တောင်​အ​ရပ်၊ မြေ​ကောင်း​သော​အ​ရပ်၌ လယ်​လုပ်​သော​သူ​နှင့် စ​ပျစ်​ဥ​ယျာဉ် ပြု​စု​သော​သူ​တို့​ကို​လည်း စေ​စား၏။ ထို​သို့​သော​အ​မှု​များ​ကို ဝါ​သ​နာ​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 11,
      "text": "ဩ​ဇိ​မင်း၌ တပ်​စာ​ရေး​ယေ​ယေ​လ​နှင့် တပ်​အုပ်​မာ​သေ​ယ​တို့​သည် စာ​ရင်း​ယူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​ဟာ​န​နိ​သည် စီ​ရင်၍၊ အ​သီး​အ​သီး​တပ်​ဖွဲ့​သော စစ်​သူ​ရဲ​ဗိုလ်​ခြေ​များ​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 12,
      "text": "ထို​သို့ ခွန်​အား​ကြီး​သော သူ​ရဲ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ လုပ်​သော​သူ​ပေါင်း​ကား၊ နှစ်​ထောင်​ခြောက်​ရာ​တည်း။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 13,
      "text": "ထို​သို့ အ​ကြီး​အ​ကဲ​လုပ်​သော​သူ၊ ရန်​သူ​တစ်​ဖက်၌ ရှင်​ဘု​ရင်​ကို ထောက်​မ​ခြင်း​ငှာ၊ ကြီး​သော​ခွန်​အား​နှင့် စစ်​တိုက်​သော​သူ​ရဲ​ပေါင်း​ကား၊ သုံး​သိန်း​ခု​နစ်​ထောင်​ငါး​ရာ​တည်း။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 14,
      "text": "ဩ​ဇိ​မင်း​သည်​လည်း၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​အ​ဖို့ ဒိုင်း​လွှား၊ လှံ၊ သံ​ခ​မောက်​လုံး၊ သံ​ချပ်၊ လေး၊ ကျောက်​နှင့် ပစ်​စ​ရာ​လောက်​လွှဲ​တို့​ကို ပြင်​ဆင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 15,
      "text": "လိ​မ္မာ​သော​သူ​တို့​သည် ဉာဏ်​ရှာ၍​လုပ်​သော ယ​န္တ​ရား​စက်​တို့​ကို​လည်း၊ ယေ​ရု​ရှ​လင်​မြို့​ရဲ​တိုက်၊ မြို့​ပြ​အိုး​အ​ပေါ်​က မြား​နှင့် ကျောက်​ကြီး​ကို ပစ်​စ​ရာ​ဖို့ ပြင်​ဆင်​လေ၏။ ထို​သို့ တန်​ခိုး​ကြီး​အောင် အ​ထူး​သ​ဖြင့် မ​စ​ခြင်း​ကို ခံ​ရ​သည်​ဖြစ်၍၊ သ​တင်း​တော်​သည် အ​နှံ့​အ​ပြား​ကျော်​စော၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 16,
      "text": "ဩ​ဇိ​မင်း​သည် တန်​ခိုး​ကြီး​သော​အ​ခါ၊ ကိုယ်​အ​ကျိုး​နည်း​အောင် ထောင်​လွှား​သော​စိတ်​ထ​သ​ဖြင့်၊ မိ​မိ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ထဲ​သို့ ဝင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 17,
      "text": "ယဇ်​ပု​ရော​ဟိတ်​အာ​ဇ​ရိ​သည် ရဲ​ရင့်​ခြင်း​သ​တ္တိ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ထမ်း ယဇ်​ပု​ရော​ဟိတ် ရှစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ရှင်​ဘု​ရင်​ဩ​ဇိ​နောက်​တော်​သို့​လိုက်၍၊"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 18,
      "text": "ဆီး​တား​သ​ဖြင့်၊ အို​ဩ​ဇိ​မင်း၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​နှင့် မ​ဆိုင်​ပါ။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စေ​ခြင်း​ငှာ၊ ခန့်​ထား​သော အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သာ ထို​အ​မှု​နှင့် ဆိုင်​ကြ​ပါ၏။ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​သွား​လော့။ ကိုယ်​တော်​သည် ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကိုယ်​တော်​အ​သ​ရေ​ပျက်​လိမ့်​မည်​ဟု ဆို​ကြ​လျှင်၊"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 19,
      "text": "ဩ​ဇိ​မင်း​သည် ဒေါ​သ​စိတ်​ရှိ၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ၊ လင်​ပန်း​ကို​ကိုင်​လျက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို အ​မျက်​ထွက်​လျှင်၊ ဗိ​မာန်​တော်​တွင် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်၏​အ​နား၊ ယဇ်​ပု​ရော​ဟိတ်​တို့​ရှေ့​မှာ၊ နူ​နာ​သည် ရှင်​ဘု​ရင်​န​ဖူး၌ ပေါ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 20,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည် ကြည့်​ရှု၍၊ န​ဖူး​တော်၌ နူ​နာ​စွဲ​သည်​ကို​မြင်​လျှင်၊ ရှင်​ဘု​ရင်​ကို ပြင်​သို့​နှင်​ထုတ်​ကြ၏။ ရှင်​ဘု​ရင်​ကိုယ်​တိုင်​လည်း၊ ထာ​ဝ​ရ​ဘု​ရား ဒဏ်​ခတ်​တော်​မူ​သော​ကြောင့်၊ အ​လျင်​အ​မြန်​ထွက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 21,
      "text": "ထို​သို့ ဩ​ဇိ​မင်း​ကြီး​သည် သေ​သည်​တိုင်​အောင် နူ​နာ​စွဲ၍၊ ခြား​နား​သော​နန်း၌ နေ​ရ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​အ​ခွင့်​ကို မ​ရ။ သား​တော်​ယော​သံ​သည် နန်း​တော်​ကို​အုပ်​စိုး၍ နိုင်​ငံ​တော်​မှု​ကို​စီ​ရင်​ရ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 22,
      "text": "ဩ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ အ​စ​အ​ဆုံး​တို့​ကို၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ရေး​ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 26,
      "verse": 23,
      "text": "ဩ​ဇိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ လူ​နူ​ဖြစ်​သော​ကြောင့်၊ ရှင်​ဘု​ရင်​တို့ သင်္ချိုင်း​နှင့်​ဆိုင်​သော မြေ​အ​ကွက်၌​သာ သင်္ဂြိုဟ်​ကြ၏။ သား​တော်​ယော​သံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 1,
      "text": "ယော​သံ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ဒုတ်​သ​မီး ယေ​ရု​ရှာ​အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 2,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​ဩ​ဇိ​ကျင့်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ထဲ​သို့ မ​ဝင်။ ပြည်​သူ​ပြည်​သား​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​သေး၏။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 3,
      "text": "ထို​မင်း​သည် ဗိ​မာန်​တော်​အ​ထက်​တံ​ခါး​ကို လုပ်၍၊ ဩ​ဖေ​လ​မြို့​ရိုး​ကို အ​လွန်​ခိုင်​ခံ့​စေ၏။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 4,
      "text": "ယု​ဒ​တောင်​ရိုး​ပေါ်​မှာ မြို့​များ​ကို​လည်း​ကောင်း၊ တော၌ ရဲ​တိုက်​များ​နှင့် ပြ​အိုး​များ​ကို​လည်း​ကောင်း တည်​ထောင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 5,
      "text": "အ​မ္မုန်​ရှင်​ဘု​ရင်​ကို​လည်း စစ်​တိုက်၍​နိုင်​သ​ဖြင့်၊ နိုင်​သော​နှစ်​တွင် အ​မ္မုန်​သား​တို့​သည် ငွေ​အ​ခွက်​တစ်​ထောင်၊ ဂျုံ​ကော​ရ​တစ်​သောင်း၊ မု​ယော​တစ်​သောင်း​ကို​ပေး​ရ​ကြ၏။ ဒု​တိ​ယ​နှစ်​နှင့် တ​တိ​ယ​နှစ်​တွင် ထို​အ​တူ ပေး​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 6,
      "text": "ထို​သို့ ယော​သံ​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​အ​ကျင့်​တို့​ကို ပြင်​ဆင်​သော​ကြောင့် တန်​ခိုး​တိုး​ပွား​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 7,
      "text": "ယော​သံ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ၊ စစ်​တိုက်​ခြင်း၊ အ​ကျင့်​ကျင့်​ခြင်း​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 27,
      "verse": 8,
      "text": "ယော​သံ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​ခတ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 1,
      "text": "အာ​ခတ်​သည် အ​သက်​နှစ်​ဆယ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​ခြောက်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ မ​ကျင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​မ​ပြု။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့​လိုက်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ရုပ်​တု​ဆင်း​တု​များ​ကို သွန်း​လေ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 4,
      "text": "မြင့်​သော​အ​ရပ်၊ တောင်​ပေါ်၊ သစ်​ပင်​အောက်​တို့၌ ယဇ်​ပူ​ဇော်၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 5,
      "text": "ထို​ကြောင့်၊ သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သူ့​ကို ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် လုပ်​ကြံ​လျက်၊ များ​စွာ​သော​လူ​တို့​ကို​ဖမ်း​ဆီး၍၊ ဒ​မာ​သက်​မြို့​သို့ သိမ်း​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 6,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​ရေ​မ​လိ​သား ပေ​ကာ​သည် ကြမ်း​တမ်း​စွာ​လုပ်​ကြံ၍၊ ရဲ​ရင့်​သော​ယု​ဒ​အ​မျိုး​သား တစ်​သိန်း​နှစ်​သောင်း​ကို တစ်​နေ့​ချင်း​တွင် သတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 7,
      "text": "ခွန်​အား​ကြီး​သော ဧ​ဖ​ရိမ်​သား ဇိ​ခ​ရိ​သည်၊ ရှင်​ဘု​ရင်​သား မာ​သေ​ယ၊ နန်း​တော်​အုပ် အာ​ဇ​ရိ​ကံ၊ ရှင်​ဘု​ရင်​နောက် ဒု​တိ​ယ​မင်း ဧ​လ​ကာ​န​ကို​သတ်၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း၊ မိ​မိ​တို့​နှင့် ပေါက်​ဖော်​တော်​သော ယောက်ျား၊ မိန်း​မ၊ သား၊ သ​မီး​ပေါင်း​နှစ်​သိန်း​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ၏။ များ​စွာ​သော​ဥ​စ္စာ​ကို​လည်း လု​ယူ၍ ရှာ​မာ​ရိ​မြို့​သို့ ဆောင်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 9,
      "text": "ဩ​ဒက်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ရော​ဖက်​တစ်​ပါး​ရှိ၍၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​လာ​သော​တပ်​ကို ဆီး​ကြို​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို​အ​မျက်​တော်​ထွက်​သော​ကြောင့်၊ သင်​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် မိုး​ကောင်း​ကင်​သို့​ထိ​သော ဒေါ​သ​အ​ဟုန်​နှင့် သူ​တို့​ကို သတ်​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 10,
      "text": "ယ​ခု​တွင်​လည်း၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား ယောက်ျား၊ မိန်း​မ​တို့​ကို အ​စေ​ခံ​ကျွန်​လုပ်၍၊ နှိပ်​စက်​မည့်​အ​ကြံ ရှိ​ကြ​သည်​တ​ကား။ သို့​ပြု​လျှင် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ရာ​သို့​ရောက်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 11,
      "text": "ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သည် ယ​ခု​ဖမ်း​ဆီး၍ သိမ်း​ယူ​ခဲ့​သော သင်​တို့၏​ညီ​အစ်​ကို​များ​ကို လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​လိမ့်​မည်​ဟု သ​တိ​ပေး၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 12,
      "text": "ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ကြီး​အ​ကဲ၊ ယော​ဟ​နန်​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​သား ဗေ​ရ​ခိ၊ ရှ​လ္လုံ​သား ဟေ​ဇ​ကိ၊ ဟာ​ဒ​လဲ​သား အာ​မ​သာ​တို့​သည် စစ်​တိုက်​ရာ​မှ​လာ​သော သူ​တို့​ကို ဆီး​တား၍၊"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 13,
      "text": "သင်​တို့​သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို ဤ​မြို့​ထဲ​သို့ မ​သွင်း​ရ။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပြီ။ အ​ပြစ်​ရင်း​အ​ပေါ်​မှာ​ထပ်၍ ပြစ်​မှား​စေ​ဦး​မည်​ဟု သင်​တို့ ကြံ​စည်​ကြ​သည်​တ​ကား။ ယ​ခု​တွင် ငါ​တို့​အ​ပြစ်​ကြီး​လှ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်​ရှိ​သည်​ဟု ဆို​သော​ကြောင့်၊"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 14,
      "text": "စစ်​သူ​ရဲ​တို့​သည် သိမ်း​ယူ​ခဲ့​သော​လူ​များ​နှင့် လု​ယူ​ခဲ့​သော​ဥ​စ္စာ​များ​ကို မင်း​တို့​ရှေ့၊ ပ​ရိ​သတ်​တို့​ရှေ့​မှာ ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 15,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ထ​လျက်၊ သိမ်း​ယူ​ခဲ့​သော သူ​တို့​ကို​ခေါ်၍၊ အ​ဝတ်​မ​ရှိ​သော​သူ​တို့​ကို လက်​ရ​ဥ​စ္စာ​ဖြင့် ဝတ်​ဆင်​စေ​ကြ၏။ ခြေ​နင်း​ကို စီး​စေ​ကြ၏။ စား​သောက်​စ​ရာ​ဖို့​ပေး​ကြ၏။ ဆီ​နှင့် လိမ်း​စေ​ကြ၏။ အား​မ​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို မြည်း​ပေါ်​မှာ​တင်၍၊ သူ​တို့ ပေါက်​ဖော်​ရှိ​ရာ ယေ​ရိ​ခေါ​မြို့​တည်း​ဟူ​သော စွန်​ပ​လွံ​ပင်​မြို့​သို့ ပို့​ပြီး​မှ၊ ရှ​မာ​ရိ​မြို့​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 16,
      "text": "ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လာ၍​ကူ​မ​စေ​ခြင်း​ငှာ၊ အာ​ခတ်​မင်း​ကြီး​သည် သံ​တ​မန်​ကို စေ​လွှတ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​လူ​တို့​သည် လာ​ပြန်​သ​ဖြင့်၊ ယု​ဒ​ပြည်​ကို လုပ်​ကြံ၍၊ လူ​များ​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ​ပြီ။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 18,
      "text": "ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ နိုင်​ငံ​အောက်​ပိုင်း​နှင့် ယု​ဒ​ပြည်​တောင်​ပိုင်း၌​ရှိ​သော မြို့​တို့​ကို​တိုက်၍၊ ဗက်​ရှေ​မက်​မြို့၊ အာ​ဇ​လုန်​မြို့၊ ဂေ​ဒ​ရုတ်​မြို့၊ ရှော​ခေါ​မြို့​ရွာ၊ တိ​မ​နာ​မြို့​ရွာ၊ ဂိ​မ​ဇော​မြို့​ရွာ​များ​ကို ယူ၍ နေ​ရာ​ချ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 19,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​ခတ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို အ​လွန်​နှိမ့်​ချ၏။ ထို​မင်း​သည် ယု​ဒ​ပြည်၏ အ​ဝတ်​တန်​ဆာ​ကို​ချွတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြမ်း​တမ်း​စွာ ပြစ်​မှား၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 20,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ လာ​သော်​လည်း၊ အား​ကို​မ​ပေး၊ သာ၍​ဆင်း​ရဲ​စေ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ အာ​ခတ်​သည် ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​မှ​စ၍၊ မှူး​မတ်​အိမ်​တို့၌​ရှိ​သော ဥ​စ္စာ​များ​ကို​ခွဲ​ပြီး​လျှင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား ပေး​သော်​လည်း၊ ထို​ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြန်၍​မ​ပြု။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 22,
      "text": "အာ​ခတ်​မင်း​ကြီး​သည် ဆင်း​ရဲ​ဒု​က္ခ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို သာ၍​ပြစ်​မှား၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 23,
      "text": "ငါ့​ကို​ဒဏ်​ပေး​သော ဒ​မာ​သက်​မြို့၏​ဘု​ရား​တို့​ကို ငါ​ဆည်း​ကပ်​မည်​ဟူ၍​လည်း​ကောင်း၊ ရှု​ရိ​ရှင်​ဘု​ရင် ကိုး​ကွယ်​သော ဘု​ရား​တို့​သည် ကျေး​ဇူး​ပြု​တတ်​သော​ကြောင့်၊ ငါ၌​လည်း ကျေး​ဇူး​ပြု​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​မည်​ဟူ၍​လည်း​ကောင်း ဆို​သော်​လည်း၊ ထို​ဘု​ရား​တို့​သည် အာ​ခတ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​ကျိုး​နည်း​စ​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 24,
      "text": "တစ်​ဖန် အာ​ခတ်​သည် ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို စု​ထား၍ အ​ပိုင်း​ပိုင်း ချိုး​ဖြတ်၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း ပိတ်​ထား၏။ ယေ​ရု​ရှ​လင်​မြို့​ထောင့်​များ၌ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 25,
      "text": "အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ဖို့၊ ယု​ဒ​မြို့​အ​သီး​အ​သီး​တို့၌ မြင့်​သော​အ​ရပ်​တို့​ကို တည်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​လေ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 26,
      "text": "အာ​ခတ်​ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​မျှ အ​စ​အ​ဆုံး​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 28,
      "verse": 27,
      "text": "အာ​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ယေ​ရု​ရှ​လင်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ သင်္ချိုင်း၌ မ​သင်္ဂြိုဟ်​ကြ။ သား​တော်​ဟေ​ဇ​ကိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 1,
      "text": "ဟေ​ဇ​ကိ​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​ဆယ်​ကိုး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဇာ​ခ​ရိ​သ​မီး အာ​ဘိ​အ​မည်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 2,
      "text": "ထို​မင်း​သည် အ​ဘ​ဒါ​ဝိဒ်​ကျင့်​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 3,
      "text": "နန်း​စံ​ပ​ထ​မ​နှစ်၊ ပ​ထ​မ​လ​တွင် ဗိ​မာန်​တော်​တံ​ခါး​တို့​ကို ဖွင့်၍ ပြု​ပြင်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 4,
      "text": "ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​ခေါ်၍၊ အ​ရှေ့​လမ်း​မှာ စု​ဝေး​စေ​လျက်၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 5,
      "text": "အို​လေ​ဝိ​သား​တို့၊ နား​ထောင်​ကြ​လော့။ ကိုယ်​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ၍၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က အ​မှိုက်​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 6,
      "text": "ငါ​တို့​အ​ဘ​များ​သည်​ပြစ်​မှား၍၊ ငါ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​မှ မျက်​နှာ​လွှဲ​လျက် ကျော​ခိုင်း​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 7,
      "text": "ဗိ​မာန်​တော်​ဦး​တံ​ခါး​ကို ပိတ်​လျက်၊ မီး​ခွက်​တို့​ကို​သတ်​လျက်၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဣ​သ​ရေ​အ​မျိုး၏​ဘု​ရား​သ​ခင်​အား နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့။ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ဘဲ​နေ​ကြ​ပြီ။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 8,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​တော်​ထွက်၍၊ သင်​တို့​မြင်​သည်​အ​တိုင်း ဆင်း​ရဲ​ခံ​ခြင်း၊ မိန်း​မော​တွေ​ဝေ​ခြင်း၊ ကဲ့​ရဲ့​သံ​ကို​ကြား​ခြင်း​အ​မှု၌ အပ်​တော်​မူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ ငါ​တို့​အ​ဘ​များ​သည် ဓား​ဖြင့်​လဲ​သေ​ကြ​ပြီ။ သား​သ​မီး၊ မ​ယား​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​ပြီ။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 10,
      "text": "ယ​ခု​မူ​ကား၊ ပြင်း​စွာ​သော​အ​မျက်​တော်​သည် ငါ​တို့​မှ​လွှဲ​သွား​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​မည်​ဟု ငါ​အ​ကြံ​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 11,
      "text": "ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်၍ ဝတ်​ပြု​ခြင်း၊ အ​မှု​တော်​ကို စောင့်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ရွေး​ထား​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 12,
      "text": "လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်၊ အာ​မ​သဲ​သား မာ​ဟတ်၊ အာ​ဇ​ရိ​သား ယော​လ၊ မေ​ရာ​ရိ​အ​နွယ်၊ အာ​ဗ​ဒိ​သား​ကိ​ရှ၊ ယေ​ဟ​လေ​လ​သား အာ​ဇ​ရိ၊ ဂေ​ရ​ရှုံ​အ​နွယ် ဇိ​မ္မ​သား​ယော​အာ၊ ယော​အာ​သား ဧ​ဒင်၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 13,
      "text": "ဧ​လိ​ဇ​ဖန်​အ​မျိုး​သား ရှိ​မ​ရိ​နှင့် ယေ​ယေ​လ၊ အာ​သပ်​အ​မျိုး​သား ဇာ​ခ​ရိ​နှင့် မ​တ္တ​နိ၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 14,
      "text": "ဟေ​မန်​အ​မျိုး​သား ယေ​ဟေ​လ​နှင့် ရှိ​မိ၊ ယေ​ဒု​သုန်​အ​မျိုး​သား ရှေ​မာ​ယ​နှင့် ဩ​ဇေ​လ​တို့​သည်၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 15,
      "text": "အ​မျိုး​သား​ချင်း​တို့​ကို​ခေါ်၍၊ ကိုယ်​ကို သန့်​ရှင်း​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 16,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဗိ​မာန်​တော်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ အ​တွင်း​ခန်း​ထဲ​သို့​ဝင်၍၊ တွေ့​သ​မျှ​သော​အ​မှိုက်​ကို တံ​တိုင်း​သို့​ထုတ်​ပြီး​လျှင်၊ လေ​ဝိ​သား​တို့​သည် ကေ​ဒြုန်​ချောင်း​သို့ ယူ​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 17,
      "text": "ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင် သန့်​ရှင်း​စ​ပြု၍၊ ရှစ်​ရက်​နေ့​တွင် ဗိ​မာန်​တော်​ဦး​သို့​ရောက်​ကြ၏။ ထို​နောက် ရှစ်​ရက်​ပတ်​လုံး၊ ဗိ​မာန်​တော်​ကို​သန့်​ရှင်း​စေ၍ ပ​ထ​မ​လ တစ်​ဆယ်​ခြောက်​ရက်​နေ့​တွင် လက်​စ​သတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 18,
      "text": "ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့​ဝင်၍၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​တစ်​ဆောင်​လုံး၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​နှင့် တန်​ဆာ​ရှိ​သ​မျှ၊ ရှေ့​တော်​မုန့်​တင်​သော​စား​ပွဲ​နှင့် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို သန့်​ရှင်း​စေ​ပါ​ပြီ။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး၊ အာ​ခတ်​မင်း​ကြီး​လက်​ထက် အ​ဓ​မ္မ​ပြု၍ ပစ်​ထား​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်၍ သန့်​ရှင်း​စေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​တော်​ရှေ့​မှာ တင်​ထား​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 20,
      "text": "ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​ကြီး​သည် စော​စော​ထ၍၊ မြို့​သူ​ကြီး​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဗိ​မာန်​တော်​သို့ တက်​သွား၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 21,
      "text": "နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 22,
      "text": "နွား​တို့​ကို​သတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ခံ​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​တို့​ကို​လည်း​သတ်၍၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။ သိုး​သ​ငယ်​တို့​ကို​လည်း သတ်၍ အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 23,
      "text": "အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆိတ်​တို့​ကို​လည်း ရှင်​ဘု​ရင်​ရှေ့၊ ပ​ရိ​သတ်​ရှေ့​သို့​ထုတ်၍၊ မိ​မိ​တို့​လက်​ကို​တင်​ပြီး​မှ၊"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 24,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် သတ်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ကို​ပြေ​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​သွေး​အား​ဖြင့် အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ကြ၏။ ထို​သို့​မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပူ​ဇော်​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​ပြီ။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 25,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 26,
      "text": "သို့​ဖြစ်၍ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​များ​ကို​လည်း​ကောင်း ကိုင်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 27,
      "text": "ဟေ​ဇ​ကိ​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​ရှိ၍ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​စ​ပြု​သော​အ​ခါ၊ တံ​ပိုး​များ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သော တူ​ရိ​ယာ​မျိုး​များ​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ကို ဆို​စ​ပြု​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 28,
      "text": "မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု လက်​စ​မ​သတ်​မီ​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုး​ကွယ်​လျက်၊ သီ​ချင်း​ဆို​လျက်၊ တံ​ပိုး​မှုတ်​လျက် နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 29,
      "text": "လက်​စ​သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်​နှင့် စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 30,
      "text": "တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 31,
      "text": "ထို​နောက်​ဟေ​ဇ​ကိ​က၊ သင်​တို့​သည် ယ​ခု ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ကို​ပူ​ဇော်​ကြ​ပြီ။ ဗိ​မာန်​တော်​သို့ ချဉ်း​ကပ်၍၊ ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ​လော့​ဟု ပြန်၍ မိန့်​တော်​မူ​သည်​အ​တိုင်း၊ စည်း​ဝေး​သော​သူ​တို့​သည် ယဇ်​မျိုး​များ​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ပူ​ဇော်​သ​ကာ​များ​ကို ဆောင်​ခဲ့​ကြ၏။ စေ​တ​နာ​ရှိ​သ​မျှ​သော သူ​တို့​သည် မီး​ရှို့​ရာ​ယဇ်​တို့​ကို ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 32,
      "text": "စည်း​ဝေး​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆောင်​ခဲ့​သော ယဇ်​ပေါင်း​ကား၊ နွား​ခု​နစ်​ဆယ်၊ သိုး​တစ်​ရာ၊ သိုး​သ​ငယ်​နှစ်​ရာ​တည်း။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 33,
      "text": "ပူ​ဇော်​သော​ဥ​စ္စာ​ပေါင်း​ကား၊ နွား​ခြောက်​ရာ၊ သိုး​သုံး​ထောင်​တည်း။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 34,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် နည်း​သော​ကြောင့်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ရှိ​သ​မျှ​ကို မ​သတ်​နိုင်​သည်​ဖြစ်၍၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို​မ​သန့်​ရှင်း​စေ​မီ၊ အ​မှု​တော် လက်​စ​မ​သတ်​မီ​တိုင်​အောင်၊ ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် ထောက်​မ​ကြ၏။ ကိုယ်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​သား​တို့​သည် သာ၍ စိတ်​သ​ဘော​ဖြောင့်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 35,
      "text": "မီး​ရှို့​ရာ​ယဇ်​များ​တို့​နှင့်၊ မီး​ရှို့​ရာ​ယဇ် အ​သီး​အ​သီး​ဆိုင်​သော မိတ်​သ​ဟာ​ယ ယဇ်​ဆီ​ဥ၊ သွန်​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​များ​ရှိ​ကြ၏။ ထို​သို့ ဗိ​မာန်​တော်​ဝတ်​ပြု​ခြင်း​ကို စီ​ရင်​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 29,
      "verse": 36,
      "text": "ထို​အ​မှု​လျင်​မြန်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် လူ​များ​ကို ပြင်​ဆင်​တော်​မူ​သော​ကြောင့်၊ ဟေ​ဇ​ကိ​နှင့် လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​အား​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 1,
      "text": "တစ်​ဖန် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ပ​သ​ခါ​ပွဲ​ကို ခံ​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​သည် စာ​ရေး၍ ပေး​လိုက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 2,
      "text": "ဒု​တိ​ယ​လ​တွင်၊ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ ရှင်​ဘု​ရင်​သည် တိုင်​ပင်၍၊ မှူး​တော်​မတ်​တော်​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် စီ​ရင်​ကြ​ပြီ။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 3,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သန့်​ရှင်း​စွာ မ​ပြု​ကြ​သေး။ ပြည်​သူ​ပြည်​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ မ​စည်း​ဝေး​သော​ကြောင့် လွန်​ခဲ့​သော​လ​တွင် ထို​ပွဲ​ကို​မ​ခံ​နိုင်​ကြ။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​နှင့်​စည်း​ဝေး​သော သူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​နှစ်​သက်​သော​ကြောင့်​လည်း​ကောင်း၊ ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး၊ ပ​သ​ခါ​ပွဲ​ကို မ​ခံ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 5,
      "text": "အ​ရပ်​ရပ်​တို့​က​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ယေ​ရု​ရှ​လင်​မြို့၌ ပ​သ​ခါ​ပွဲ​ကို​ခံ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍ ဒန်​မြို့​တိုင်​အောင်၊ ကြော်​ငြာ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​နှင့်​စီ​ရင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 6,
      "text": "ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ပေး​လိုက်​သော​စာ​ကို စာ​ပို့​လု​လင်​တို့​သည်​ယူ၍၊ အ​မိန့်​တော်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​သို့ ပြေး​ကြ၏။ စာ၌​ပါ​သော​စ​ကား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ပြန်​လာ​ကြ​လော့။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​လက်​မှ​လွတ်၍၊ ကျန်​ကြွင်း​သေး​သော​သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​မည်။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 7,
      "text": "ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော သင်​တို့၏​အ​ဘ​များ၊ ညီ​အစ်​ကို​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ပြစ်​မှား​သော ထို​သူ​တို့​ကို သင်​တို့​မြင်​သည်​အ​တိုင်း၊ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ အပ်​တော်​မူ​ပြီ။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 8,
      "text": "သင်​တို့​အ​ဘ​များ​ကဲ့​သို့ ခိုင်​မာ​သော​သ​ဘော မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား၌ ကိုယ်​ကို​အပ်​နှံ​ကြ​လော့။ အ​စဉ်​သန့်​ရှင်း​စေ​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ လာ​ကြ​လော့။ ပြင်း​စွာ​သော အ​မျက်​တော်​သည် သင်​တို့​မှ လွှဲ​သွား​မည်​အ​ကြောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ​လော့။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 9,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ သင်​တို့၏​ညီ​အစ်​ကို သား​သ​မီး​တို့​သည် သိမ်း​သွား​သော​သူ​တို့​ထံ​မှာ၊ က​ရု​ဏာ​စိတ်​နှင့် တွေ့​ကြုံ၍၊ ဤ​ပြည်​သို့ တစ်​ဖန် ပြန်​လာ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ သ​နား​တတ်​သော​သ​ဘော​ရှိ​သော​ကြောင့်၊ သင်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ​လျှင်၊ မျက်​နှာ​တော်​ကို သင်​တို့​မှ လွှဲ​တော်​မ​မူ​ဟု စာ၌​ပါ​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 10,
      "text": "စာ​ပို့​လု​လင်​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် တစ်​လျှောက်​လုံး၊ ဇာ​ဗု​လုန်​ခ​ရိုင်​တိုင်​အောင် တစ်​မြို့​မှ တစ်​မြို့​သို့ ပြေး​ကြ၏။ ပြည်​သား​တို့​သည် ပြက်​ရယ်​ပြု၍ ကဲ့​ရဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 11,
      "text": "သို့​ရာ​တွင် အာ​ရှာ​ခ​ရိုင်​သား၊ မ​နာ​ရှေ​ခ​ရိုင်​သား၊ ဇာ​ဗု​လုန်​ခ​ရိုင်​သား​အ​ချို့​တို့​သည် ကိုယ်​ကို​နှိမ့်​ချ၍ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 12,
      "text": "ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 13,
      "text": "ဒု​တိ​ယ​လ​တွင် အ​ဇု​မ​ပွဲ​ကို​ခံ​လို​သော​ငှာ၊ များ​စွာ​သော​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌​စည်း​ဝေး​ကြ၍၊ အ​လွန်​ကြီး​သော​ပ​ရိ​သတ် ဖြစ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 14,
      "text": "သူ​တို့​သည်​ထ၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ပယ်​ရှင်း၍၊ ကေ​ဒြုန်​ချောင်း​ထဲ​သို့ ပစ်​ချ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 15,
      "text": "ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် သ​တိ​ရ၍ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ပ​ညတ်​တ​ရား၌ စီ​ရင်​သော ထုံး​စံ​အ​တိုင်း၊ မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ​လျက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လေ​ဝိ​သား​တို့​လက်​မှ အ​သွေး​ကို​ယူ၍​ဖျန်း​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 17,
      "text": "မ​သန့်​ရှင်း​သော​သူ​အ​များ​တို့​သည် ပ​ရိ​သတ်၌​ပါ​သော​ကြောင့်၊ ထို​မ​သန့်​ရှင်း​သော​သူ ရှိ​သ​မျှ​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ပ​သ​ခါ​သိုး​သ​ငယ်​သတ်​ခြင်း​အ​မှု​ကို၊ လေ​ဝိ​သား​တို့​သည် စောင့်​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 18,
      "text": "များ​စွာ​သော​လူ​တည်း​ဟူ​သော၊ ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး၊ ဣ​သ​ခါ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​သား​အ​များ​တို့​သည် ကျမ်း​စာ၌​ပါ​သော တ​ရား​သို့​မ​လိုက်၊ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​ဘဲ၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို စား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 19,
      "text": "သို့​ရာ​တွင်၊ ဟေ​ဇ​ကိ​က၊ သန့်​ရှင်း​ရာ​ဌာ​န​ထုံး​စံ​အ​တိုင်း၊ သန့်​ရှင်း​ခြင်း​မ​ရှိ​သော်​လည်း၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​ကျ​သော​သူ​အ​ပေါင်း​တို့၏ အ​ပြစ်​ကို ကောင်း​မြတ်​သော ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ထို​သူ​တို့​အ​ဖို့ ဆု​တောင်း​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ဇ​ကိ​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ လူ​များ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 21,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခု​နစ်​ရက်​ပတ်​လုံး အ​လွန်​ရွှင်​လန်း​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​ခံ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် အ​သံ​ကျယ်​သော​တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ နေ့​ည​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း ဆို​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​မြတ်​ကို သွန်​သင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​ကို၊ ဟေ​ဇ​ကိ​သည် အား​ပေး​သော​စ​ကား​နှင့် နှုတ်​ဆက်​သ​ဖြင့်၊ သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​အ​ခါ၊ စား​သောက်​လျက် မိတ်​သ​ဟာ​ယ ပူ​ဇော်​သ​ကာ​ကို​ပြု​လျက်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လျက် နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 23,
      "text": "စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ခြင်း​ငှာ တိုင်​ပင်​ပြီး​မှ၊ ရွှင်​လန်း​သော​စိတ်​နှင့် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 24,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် နွား​တစ်​ထောင်​နှင့် သိုး​ခု​နစ်​ထောင်​တို့​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​သည် နွား​တစ်​ထောင်​နှင့် သိုး​တစ်​သောင်း​ကို​လည်း​ကောင်း၊ စည်း​ဝေး​သော​သူ​တို့​အား ပေး​ကြ၏။ များ​စွာ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 25,
      "text": "ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့်​တ​ကွ ယု​ဒ​ပ​ရိသတ်​များ၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော ပ​ရိ​သတ်​များ၊ ယု​ဒ​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 26,
      "text": "ထို​သို့ ယေ​ရု​ရှ​လင်​မြို့၌ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား​ရှော​လ​မုန် လက်​ထက်​မှ​သည်၊ နောက်​တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့၌ ထို​မျှ​လောက်​ကြီး​စွာ​သော ဝမ်း​မြောက်​ခြင်း​မ​ရှိ။"
    },
    {
      "book": 14,
      "chapter": 30,
      "verse": 27,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 1,
      "text": "ထို​အ​မှု လက်​စ​သတ်​သော​အ​ခါ၊ စည်း​ဝေး​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​မြို့​များ​သို့ ထွက်​သွား၍ ယု​ဒ​ပြည်၊ ဗင်္ယာ​မိန်​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ရုပ်​တု​ဆင်း​တု၊ အာ​ရှ​ရ​ပင်၊ မြင့်​သော​အ​ရပ်၊ ယဇ်​ပ​လ္လင်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင် ချိုး​ဖဲ့၊ ခုတ်​လှဲ​ဖြို​ချ​ကြ၏။ ထို​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး ပိုင်​ထိုက်​သော​နေ​ရာ မြို့​ရွာ​တို့​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 2,
      "text": "ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သည်​အ​တိုင်း၊ နေ့​ရက်​အ​စဉ် နံ​နက်​အ​ချိန်၊ ညဉ့်​ဦး​ချိန်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့၊ ဘ​ဏ္ဍာ​တော်​ထဲ​က ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍​လှူ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 4,
      "text": "ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​ကို ကြိုး​စား၍ သွန်​သင်​စေ​ခြင်း​ငှာ၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​တို့​သည် ဥ​စ္စာ​တစ်​ဖို့​ကို လှူ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 5,
      "text": "ထို​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှံ့​အ​ပြား ကြား​သိ​ကြ​သော​အ​ခါ၊ အ​ဦး​သီး​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ ပျား​ရည်​အ​စ​ရှိ​သော မြေ​အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဥ​စ္စာ​ရှိ​သ​မျှ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း များ​စွာ​ဆောင်​ခဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 6,
      "text": "ယု​ဒ​မြို့​တို့၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ သိုး​နွား ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်၍ သန့်​ရှင်း​သော​ဥ​စ္စာ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း ဆောင်​ခဲ့၍ အ​သီး​အ​သီး ပုံ​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 7,
      "text": "တ​တိ​ယ​လ​တွင် ပုံ​ထား​စ​ပြု၍၊ သ​တ္တ​မ​လ​တွင် လက်​စ​သတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 8,
      "text": "ပုံ​ထား​သော​ဥ​စ္စာ​ကို၊ ဟေ​ဇ​ကိ​နှင့် မှူး​မတ်​တို့​သည် လာ၍​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဘု​ရား​သ​ခင်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 9,
      "text": "ထို​ပုံ​ထား​သော ဥ​စ္စာ​အ​ကြောင်း​ကို ဟေ​ဇ​ကိ​သည် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့၌​မေး​မြန်း​လျှင်၊"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 10,
      "text": "ဇာ​ဒုတ်​အ​မျိုး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ဇ​ရိ​က၊ ပူ​ဇော်​သ​ကာ​တို့​ကို၊ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​စ​ပြု​သော​နောက်၊ အ​ကျွန်ုပ်​တို့ စား​လောက်​အောင်​ရှိ​သည်​သာ​မ​က များ​စွာ​ကျန်​ကြွင်း​တတ်​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ ပုံ​ထား​သော ဤ​ဥ​စ္စာ​များ​သည် ကျန်​ကြွင်း​လျက်​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 11,
      "text": "ထို​အ​ခါ ဗိ​မာန်​တော်၌ ဘ​ဏ္ဍာ​တိုက်​တို့​ကို ပြင်​ဆင်​စေ​မည်​အ​ကြောင်း၊ ဟေ​ဇ​ကိ​မိန့်​တော်​မူ​သည်​အ​တိုင်း ပြင်​ဆင်၍၊"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 12,
      "text": "လှူ​သော​ဥ​စ္စာ၊ ဆယ်​ဖို့​တစ်​ဖို့​ဥ​စ္စာ၊ ပူ​ဇော်​သော​ဥ​စ္စာ​များ​ကို တ​ရား​နှင့်​အ​ညီ သွင်း​ထား​ကြ၏။ လေ​ဝိ​သား ကော​န​နိ​သည် တိုက်​အုပ်၊ သူ၏​ညီ​ရှိ​မိ​သည် တိုက်​စာ​ရေး​ဖြစ်၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 13,
      "text": "ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ်၊ ဗေ​နာ​ယ​တို့​သည်​လည်း ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် ဗိ​မာန်​တော်​အုပ်​အာ​ဇ​ရိ စီ​ရင်​သည်​အ​တိုင်း၊ ကော​န​နိ​နှင့် သူ၏​ညီ​ရှိ​မိ​တို့​သည် အ​စေ​ခံ၍ ကြည့်​ရှု​ပြု​စု​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 14,
      "text": "အ​ရှေ့​တံ​ခါး​မှူး၊ လေ​ဝိ​သား ဣ​မ​န​သား​ကော​ရ​သည်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား လှူ​ဒါန်း​ပူ​ဇော်​သော​ဥ​စ္စာ၊ အ​လွန်​သန့်​ရှင်း​သော ဥ​စ္စာ​များ​ကို ဝေ​ဖန်​ရ​သော​အ​မှု​အုပ် ဖြစ်၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 15,
      "text": "ကော​ရ​လက်​ထောက်၊ ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ၊ ရှေ​က​နိ​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​နေ​ရာ မြို့​တို့၌ အ​ရာ​ခံ​သည်​အ​တိုင်း၊ သင်း​ဖွဲ့​သော​ညီ​အစ်​ကို အ​ကြီး​အ​ငယ်​တို့​အား ပေး​ဝေ​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 16,
      "text": "သင်း​ဖွဲ့​သည်​အ​တိုင်း၊ ဗိ​မာန်​တော်​သို့​ဝင်၍ အ​မှု​တော်​ကို​စောင့်​သော​သူ၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ အ​သက်​သုံး​နှစ်​လွန်​သော ယောက်ျား​အ​ပေါင်း​တို့​အား​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 17,
      "text": "အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရင်း​ဝင်၍၊ အ​သက်​နှစ်​ဆယ်​လွန်​သ​ဖြင့်၊ သင်း​ဖွဲ့​သည်​အ​တိုင်း၊ အ​မှု​တော်​စောင့်​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​အား​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 18,
      "text": "သ​စ္စာ​စောင့်၍ ကိုယ်​ကို​သန့်​ရှင်း​စေ​သော ထို​သူ​တို့၏ သား​မ​ယား​သူ​ငယ်​မှ​စ၍၊ ပ​ရိ​သတ်​အ​နှံ့​အ​ပြား စာ​ရင်း​ဝင်​သ​မျှ​သော သူ​တို့​အား​လည်း​ကောင်း၊ နေ့​ရက်​အ​စဉ်​အ​တိုင်း ပေး​ဝေ​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 19,
      "text": "ထို​အ​တူ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​နေ​စ​ရာ​ဖို့ ခွဲ​ထား​သော​မြို့​နယ်​တို့၌ နေ​သော အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ယောက်ျား၊ စာ​ရင်း​ဝင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​အား​လည်း ပေး​ဝေ​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 20,
      "text": "ထို​သို့ ဟေ​ဇ​ကိ​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် စီ​ရင်၍၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု၊ သ​မ္မာ​တ​ရား​အ​မှု​တို့​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 31,
      "verse": 21,
      "text": "မိ​မိ​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​လျက်၊ ဗိ​မာန်​တော်၊ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​အ​ဖို့ အ​မှု​စောင့်​စ​ပြု​လေ​ရာ​ရာ၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြု၍ အ​ကြံ​ထ​မြောက်​တတ်၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 1,
      "text": "ထို​အ​မှု​များ​တို့​ကို လက်​စ​သတ်​သည်​နောက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်၊ ယု​ဒ​ပြည်​သို့​စစ်​ချီ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို ဝိုင်း​ထား​လျက် တိုက်​ယူ​ခြင်း​ငှာ အား​ထုတ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 2,
      "text": "ထို​သို့ သ​နာ​ခ​ရိပ်​သည်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​မည့်​အ​ကြံ​ရှိ​ကြောင်း​ကို၊ ဟေ​ဇ​ကိ​သည်​သိ​မြင်​လျှင်၊"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 3,
      "text": "မြို့​ပြင်၌​ရှိ​သော စမ်း​ရေ​ကို​ဖြတ်​ခြင်း​ငှာ မှူး​မတ်၊ စစ်​သူ​ကြီး​တို့​နှင့် တိုင်​ပင်၍။ သူ​တို့​သည် ဝိုင်း​လုပ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 4,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည်​လာ၍၊ များ​စွာ​သော​ရေ​ကို အ​ဘယ်​ကြောင့်​တွေ့​ရ​မည်​နည်း​ဟု လူ​များ​တို့​သည်​ဆို​လျက်၊ စု​ဝေး၍ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို ပိတ်​ကြ၏။ ပြည်​အ​လယ်၌ စီး​သော​ချောင်း​ရေ​ကို​လည်း ဖြတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 5,
      "text": "ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 6,
      "text": "လူ​များ​တို့​တွင် တပ်​မှူး​တို့​ကို​ခန့်​ထား၍၊ မြို့​လမ်း​မ၌ စု​ဝေး​စေ​သ​ဖြင့်၊ အား​ပေး​သော​စ​ကား​ကို ပြော​လျက်၊"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 7,
      "text": "ခွန်​အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ အာ​ရှု​ရိ ရှင်​ဘု​ရင်​နှင့် သူ၌​ပါ​သော​အ​လုံး​အ​ရင်း အ​ပေါင်း​တို့ ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ ငါ​တို့​ဘက်၌​နေ​သော သူ​တို့​သည်၊ သူ့​ဘက်၌ နေ​သော​သူ​တို့​ထက်​သာ၍ များ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 8,
      "text": "သူ့​ဘက်၌ လူ​လက်​ရုံး​ရှိ၏။ ငါ​တို့​ဘက်၌ ထောက်​မ၍၊ စစ်​ကူ​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ လူ​များ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၏​စ​ကား​ကို ကိုး​စား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 9,
      "text": "ထို​နောက် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​ကို​ဝိုင်း​ထား​စဉ်​တွင်၊ မိ​မိ​ကျွန်​အ​ချို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ရှိ​ရာ​သို့​လည်း​ကောင်း စေ​လွှတ်၍၊"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 10,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ဝိုင်း​ထား​ခြင်း​ကို ခံ​ခြင်း​ငှာ၊ အ​ဘယ်​သို့​ခို​လှုံ​ကြ​သ​နည်း။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 11,
      "text": "ဟေ​ဇ​ကိ​က၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​ဟု​ဆို​လျက်၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း​အား​ဖြင့် အ​သေ​ခံ​ရ​သည်​တိုင်​အောင်၊ ကိုယ်​ကို​စွန့်​ပစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ဖြား​ယောင်း​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 12,
      "text": "ထို​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား၏ မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို ပယ်၍၊ သင်​တို့​သည် တစ်​ခု​တည်း​သော ယဇ်​ပ​လ္လင် ရှေ့​မှာ ကိုး​ကွယ်​ရ​မည်။ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မိန့်​တော်​မူ​ပြီ​မ​ဟုတ်​လော။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 13,
      "text": "ငါ​နှင့် ငါ့​ဘိုး​ဘေး​တို့​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့​ပြု​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို ငါ့​လက်​မှ ကယ်​လွှတ်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​လော။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 14,
      "text": "ငါ့​ဘိုး​ဘေး​အ​ကုန်​အ​စင်​ဖျက်​ဆီး​သော တိုင်း​နိုင်​ငံ​တို့၏ ဘု​ရား​တို့​တွင်၊ အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ဖူး​သ​နည်း။ သင်​တို့၏​ဘု​ရား​သည် သင်​တို့​ကို​ငါ့​လက်​မှ အ​ဘယ်​သို့​ကယ်​လွှတ်​မည်​နည်း။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 15,
      "text": "သို့​ဖြစ်၍၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို​မ​လှည့်​စား​စေ​နှင့်။ ထို​သို့ မ​ဖြား​ယောင်း​စေ​နှင့်။ သူ့​စ​ကား​ကို မ​ယုံ​ကြ​နှင့်။ အ​ခြား​သော တိုင်း​နိုင်​ငံ၌ ကိုး​ကွယ်​သော​ဘု​ရား​မည်​မျှ​သည်၊ မိ​မိ​ပြည်​ကို​ငါ့​လက်​မှ​လည်း​ကောင်း၊ ငါ့​ဘိုး​ဘေး​လက်​မှ​လည်း​ကောင်း မ​ကယ်​မ​လွှတ်​နိုင်။ ထို​မျှ​မ​က၊ သင်​တို့၏​ဘု​ရား​သည် သင်​တို့​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 16,
      "text": "သူ့​ကျွန်​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​တစ်​ဖက်၊ ဘု​ရား​သ​ခင်၏​ကျွန်​ဟေ​ဇ​ကိ​တစ်​ဖက်၌ သာ၍ ပြော​ဆို​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 17,
      "text": "ထို​မှ​တစ်​ပါး အ​ခြား​သော​တိုင်း​နိုင်​ငံ​ဘု​ရား​တို့​သည်၊ မိ​မိ​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​သည် နည်း​တူ၊ ဟေ​ဇ​ကိ​ကိုး​ကွယ်​သော ဘု​ရား​သည်၊ သူ၏​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​ရ​ဟု​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​သော​စာ​ကို​ရေး၍ ပေး​လိုက်​သေး၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 18,
      "text": "တစ်​ဖန်​မြို့​ရိုး​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ခြိမ်း​ခြောက်​နှောင့်​ယှက်၍၊ မြို့​ကို​တိုက်​ယူ​နိုင်​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 19,
      "text": "လူ​တို့​လက်​ဖြင့် လုပ်​သော​ဘု​ရား၊ မြေ​ကြီး​သား​များ ကိုး​ကွယ်​သော ဘု​ရား​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​ဘု​ရား​သ​ခင်​ကို ရော၍ ကဲ့​ရဲ့​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 20,
      "text": "ထို​အ​ကြောင်း​ကြောင့်၊ ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​ဆု​တောင်း၍၊ ကောင်း​ကင်​ဘုံ​သို့ ဟစ်​ခေါ်​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တပ်၌ ခွန်​အား​ကြီး​သော​သူ​ရဲ​များ၊ တပ်​မှူး၊ စစ်​ကဲ​များ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ ရှင်​ဘု​ရင်​သည် မျက်​နှာ​ပျက်​လျက်၊ မိ​မိ​ပြည်​သို့​ပြန်​သွား၏။ မိ​မိ​ဘု​ရား၏​ဗိ​မာန်​သို့​ရောက်​သော​အ​ခါ၊ မိ​မိ​သား​ရင်း​တို့​သည် ဓား​နှင့်​သတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 22,
      "text": "ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ဇ​ကိ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ အ​ခြား​သော​ရန်​သူ​လက်​မှ​လည်း​ကောင်း ကယ်​လွှတ်၍၊ အ​ရပ်​ရပ်၌ စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 23,
      "text": "အ​များ​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​သ​ဖြင့်၊ ဟေ​ဇ​ကိ​သည် ထို​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​လူ​မျိုး ရှေ့​မှာ​ဘုန်း​ကြီး​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 24,
      "text": "ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ၍ ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​သ​ဖြင့်၊ ဗျာ​ဒိတ်​တော်​နှင့် ထူး​ဆန်း​သော​တန်​ခိုး​တော်​ကို ခံ​ရ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 25,
      "text": "သို့​ရာ​တွင် ဟေ​ဇ​ကိ​သည် မိ​မိ​ခံ​ရ​သော​ကျေး​ဇူး​တော်​နှင့် အ​ထိုက်​အ​လျောက်​မ​ကျင့်၊ ထောင်​လွှား​သော​စိတ်​ရှိ၏။ ထို​ကြောင့် သူ၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ အ​မျက်​တော်​ထွက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 26,
      "text": "သို့​ရာ​တွင် ဟေ​ဇ​ကိ​သည် မိ​မိ​စိတ်​ထောင်​လွှား​သော အ​ပြစ်​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့်​တ​ကွ ကိုယ်​တိုင်​ကိုယ်​ကို နှိမ့်​ချ​သော​ကြောင့်၊ လက်​ထက်​တော်​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​မ​သက်​ရောက်။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 27,
      "text": "ဟေ​ဇ​ကိ​သည် များ​စွာ​သော စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ရှိ၏။ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နံ့​သာ​မျိုး၊ ဒိုင်း​လွှား၊ နှ​မြော​ဖွယ်​သော တန်​ဆာ သို​ထား​ရာ​ဘ​ဏ္ဍာ​တိုက်​များ​ကို တည်​လေ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 28,
      "text": "စ​ပါး​ကျီ​များ၊ ဆီ၊ စ​ပျစ်​ရည်​သို​ထား​ရာ တိုက်​များ၊ တိ​ရ​စ္ဆာန်​မျိုး တင်း​ကုပ်​များ၊ သိုး​ခြံ​များ​ကို​လည်း လုပ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 29,
      "text": "ကိုယ်​အ​ဖို့ မြို့​တို့​ကို​တည်၍၊ များ​စွာ​သော သိုး​နွား​တို့​ကို​လည်း ဆည်း​ပူး​လေ၏။ ဘု​ရား​သ​ခင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 30,
      "text": "ထို​မှ​တစ်​ပါး၊ ဟေ​ဇ​ကိ​သည် ဂိ​ဟုန်​အ​ထက်​ချောင်း​ရေ​ကို ပိတ်၍၊ ဒါ​ဝိဒ်​မြို့​အ​နောက်​သို့ တည့်​တည့် စီး​စေ၏။ ထို​သို့ ဟေ​ဇ​ကိ​သည် ပြု​လေ​ရာ​ရာ၌ အ​ကြံ​ထ​မြောက်၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 31,
      "text": "သို့​ရာ​တွင်၊ နိုင်​ငံ​တော်၌ ဖြစ်​သော​အံ့​ဖွယ်​သော​အ​မှု​ကို မေး​မြန်း​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​မင်း​တို့​သည် သံ​တ​မန်​ကို စေ​လွှတ်​သော​အ​မှု​မှာ၊ ဟေ​ဇ​ကိ​မင်း၏​သ​ဘော​ကို အ​ကုန်​အ​စင်​သိ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် စုံ​စမ်း၍​အ​လွတ်​ထား​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 32,
      "text": "ဟေ​ဇ​ကိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် ကျေး​ဇူး​ပြု​ခြင်း​အ​ရာ​သည် အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ရူ​ပါ​ရုံ​ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 32,
      "verse": 33,
      "text": "ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 1,
      "text": "မ​နာ​ရှေ​သည် အ​သက်​တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​ငါး​နှစ် စိုး​စံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 2,
      "text": "ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ၊ ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 3,
      "text": "ခ​မည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​သော​ကုန်း​တို့​ကို ပြု​ပြင်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။ အာ​ရှ​ရ​ပင်​တို့​ကို​လည်း ပြု​စု၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​လည်း ဝတ်​ပြု​ကိုး​ကွယ်၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 4,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို အ​စဉ်​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌​ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 5,
      "text": "ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင်၊ မိုး​ကောင်း​ကင်​တန်​ဆာ​များ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 6,
      "text": "မိ​မိ​သား​တို့​ကို ဟိ​န္နုံ​သား​ချိုင့်၌ မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို​ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်၊ နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို သုံး​ဆောင်၍၊ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​များ​စွာ​သော ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 7,
      "text": "ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား​မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ၊ မိ​မိ​ပြု​စု​သော​ရုပ်​တု​နှင့် တူ​အောင်​လုပ်​သော ရုပ်​တု​တစ်​ခု​ကို တင်​ထား၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 8,
      "text": "ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ မော​ရှေ​အား​ဖြင့် စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​သော​တ​ရား​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​ခြင်း​ငှာ စောင့်​ရှောက်​လျှင်၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ၊ သူ​တို့​ကို နောက်​တစ်​ဖန် ငါ​မ​ရွှေ့​မ​ပြောင်း​စေ​ဟု မိန့်​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 9,
      "text": "မ​နာ​ရှေ​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို လမ်း​လွဲ​စေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှ၊ ထာ​ဝ​ရ​ဘု​ရား ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက်၊ သာ၍​ဆိုး​သော​အ​မှု​ကို ပြု​စေ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မ​နာ​ရှေ​နှင့် သူ၏​လူ​တို့​အား​မိန့်​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​သော​ကြောင့်၊"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 11,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​များ​ကို စစ်​ချီ​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​နာ​ရှေ​ကို ဆူး​တော၌​ဖမ်း​မိ၍၊ သံ​ကြိုး​နှင့် ချည်​နှောင်​ပြီး​မှ၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 12,
      "text": "ထို​သို့​မ​နာ​ရှေ​သည် ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​သော​အ​ခါ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်၍၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကိုယ်​ကို အ​လွန်​နှိမ့်​ချ​လျက်၊"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 13,
      "text": "ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​စ​ကား​ကို ဘု​ရား​သ​ခင် နား​ထောင်​နာ​ယူ၍၊ မ​နာ​ရှေ​အုပ်​စိုး​ရင်း​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ တစ်​ဖန် ပို့​ဆောင်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို မ​နာ​ရှေ​သိ​ရ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 14,
      "text": "ထို​နောက်၊ ဒါ​ဝိဒ်​မြို့​ပြင်၊ ဂိ​ဟုန်​မြို့​အ​နောက်​ဘက်၊ ချိုင့်​ထဲ​မှာ ငါး​တံ​ခါး​ဝ​တိုင်​အောင်​လည်း​ကောင်း၊ ဩ​ဖေ​လ​ရဲ​တိုက် ပတ်​လည်၌​လည်း​ကောင်း၊ အ​လွန်​မြင့်​သော​မြို့​ရိုး​ကို တည်၏။ ယု​ဒ​ပြည်​တွင် ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့၌ တပ်​မှူး​တို့​ကို ခန့်​ထား၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 15,
      "text": "တစ်​ပါး​အ​မျိုး​တို့၏​ဘု​ရား​များ​နှင့် အ​ရင်​လုပ်​သော​ရုပ်​တု​ကို၊ ဗိ​မာန်​တော်​ထဲ​က ထုတ်၍၊ ဗိ​မာန်​တော်​တောင်​ပေါ်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အ​ရင်​တည်​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း မြို့​ပြင်​သို့ ထုတ်​ပစ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ပြု​ပြင်၍၊ မိတ်​သ​ဟာ​ယ​ယဇ်​နှင့် ကျေး​ဇူး​တော်​ဝန်​ခံ​ရာ ယဇ်​တို့​ကို ပူ​ဇော်၏။ ယု​ဒ​ပြည်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​မည်​အ​ကြောင်း မှာ​ထား၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 17,
      "text": "သို့​ရာ​တွင် ပြည်​သား​တို့​သည် မြင့်​သော​အ​ရပ်​ပေါ်​မှာ ယဇ်​ပူ​ဇော်​လျက်​ပင်၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 18,
      "text": "မ​နာ​ရှေ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​နှင့် မိ​မိ​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ခြင်း​အ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သူ့​အား​ပ​ရော​ဖက်​တို့ ဟော​ပြော​သော​စ​ကား​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 19,
      "text": "သူ​ဆု​တောင်း​ခြင်း၊ ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​ခြင်း၊ အ​မှု​မ​ရောက်​မီ ပြစ်​မှား​လွန်​ကျူး​ခြင်း၊ မြင့်​သော​အ​ရပ်​တို့​ကို တည်​ခြင်း၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​ဆင်း​တု​တို့​ကို တည်​ထောင်​ခြင်း​အ​ရာ​တို့​သည်၊ ဟော​ဇဲ၏​ကျမ်း​စ​ကား​တွင် ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 20,
      "text": "မ​နာ​ရှေ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ မိ​မိ​အိမ်၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 21,
      "text": "အာ​မုန်​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​နှစ်​စိုး​စံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 22,
      "text": "ထို​မင်း​သည် ခ​မည်း​တော်​မ​နာ​ရှေ​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ခ​မည်း​တော်​လုပ်​သော ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​အား ယဇ်​ပူ​ဇော်၍​ဝတ်​ပြု၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 23,
      "text": "ခ​မည်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​သ​ကဲ့​သို့ မ​နှိမ့်​ချ​ဘဲ အ​ထူး​သ​ဖြင့် ပြစ်​မှား၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 24,
      "text": "မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍ နန်း​တော်၌ လုပ်​ကြံ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 33,
      "verse": 25,
      "text": "အာ​မုန်​မင်း​ကြီး​တစ်​ဖက်၌ သင်း​ဖွဲ့​သော​သူ​အ​ပေါင်း​တို့​ကို၊ ပြည်​သူ​ပြည်​သား​တို့​သည် ကွပ်​မျက်၍၊ သား​တော်​ယော​ရှိ​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 1,
      "text": "ယော​ရှိ​သည် အ​သက်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 2,
      "text": "ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၍၊ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ မ​လွှဲ၊ အ​ဘ​ဒါ​ဝိဒ်​လိုက်​သော​လမ်း​သို့ လိုက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 3,
      "text": "အ​သက်​တော်​ငယ်​စဉ်၊ နန်း​စံ​ရှစ်​နှစ်​တွင်၊ အ​ဘ​ဒါ​ဝိဒ်၏​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​စ​ပြု၏။ တစ်​ဆယ်​နှစ်​နှစ်​တွင် ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော​ကုန်း၊ အာ​ရှ​ရ​ပင်၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​တို့​ကို သုတ်​သင်​ပယ်​ရှင်း​စ ပြု၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 4,
      "text": "ဗာ​လ​ဘု​ရား​တို့ ယဇ်​ပ​လ္လင်​များ​ကို ရှေ့​တော်၌​ဖြို​ချ၍၊ ယဇ်​ပ​လ္လင်​ပေါ်​တွင် အ​မြင့်​တင်​ထား​သော ရုပ်​တု​တို့​ကို ခုတ်​လှဲ​ကြ၏။ အာ​ရှ​ရ​ပင်​များ​နှင့် ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​များ​ကို ချိုး​ဖဲ့၍ ညက်​ညက်​ချေ​ပြီး​လျှင်၊ ယဇ်​ပူ​ဇော်​သော​သူ​တို့၏ သင်္ချိုင်း​ပေါ်​မှာ ဖြန့်​ဖြူး​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​အ​ရိုး​ကို ထို​ယဇ်​ပ​လ္လင်​တည်​ရာ​အ​ပေါ်​မှာ မီး​ရှို့၍၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို စင်​ကြယ်​စေ​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 6,
      "text": "ထို​အ​တူ မ​နာ​ရှေ​ခ​ရိုင်၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင် တိုင်​အောင်၊ အ​ရပ်​ရပ်​မြို့​များ​တို့၌ ပေါက်​တူး​နှင့်​လုပ်​လျက်၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 7,
      "text": "ယဇ်​ပ​လ္လင်​တို့​နှင့် အာ​ရှ​ရ​ပင်​တို့​ကို ချိုး​ဖဲ့၍၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၌ ရှိ​သ​မျှ​သော​ရုပ်​တု ဆင်း​တု​တို့​ကို ခုတ်​လှဲ၍ ညက်​ညက်​ချေ​ပြီး​မှ ယေ​ရှ​ရု​လင်​မြို့​သို့ ပြန်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 8,
      "text": "နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ နိုင်​ငံ​တော်​နှင့် ဗိ​မာန်​တော်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို ပြု​ပြင်​လို​သော​ငှာ၊ အာ​ဇ​လိ၏​သား​ရှာ​ဖန်၊ မြို့​ဝန် မာ​သေ​ယ၊ ယော​ခတ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​ကို စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 9,
      "text": "ထို​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​ထံ​သို့​သွား၍၊ ဗိ​မာန်​တော်​သို့ လူ​များ​ဆောင်​ခဲ့​သော​ငွေ၊ မ​နာ​ရှေ​အ​မျိုး​သား၊ ဧ​ဖ​ရိမ်​အ​မျိုး​သား၊ ကျန်​ကြွင်း​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ၊ ယု​ဒ​အ​မျိုး​သား၊ ဗင်္ယာ​မိန်​အ​မျိုး​သား၊ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​လက်​မှ တံ​ခါး​စောင့် လေ​ဝိ​သား​တို့​ခံ​သော ငွေ​ကို​ယူ၍၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 10,
      "text": "ဗိ​မာန်​တော်​ကို ကြည့်​ရှု​ပြု​စု​သော​သူ​တို့၌ အပ်​သ​ဖြင့်၊ သူ​တို့​သည် ဗိ​မာန်​တော်​ကို ပြု​ပြင်​ခြင်း​ငှာ လုပ်​ဆောင်​သော​သူ၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 11,
      "text": "ဗိ​သု​ကာ​နှင့် လက်​သ​မား​လုပ်​သည်​အ​တွက်၊ ယု​ဒ​ရှင်​ဘု​ရင် ဖျက်​ဆီး​သော အ​ဆောင်​တို့​ကို ပြင်​စ​ရာ​ဖို့ ဆစ်​သော​ကျောက်​များ​နှင့် ထုပ်၊ လျောက်၊ ရ​နယ်​များ​ကို ဝယ်​သည်​အ​တွက် ပေး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 12,
      "text": "လုပ်​ဆောင်​သူ​တို့​သည် သ​စ္စာ​စောင့်​ကြ၏။ လေ​ဝိ​အ​မျိုး၊ မေ​ရာ​ရိ​အ​နွယ်၊ ယာ​ဟတ်​နှင့် ဩ​ဗ​ဒိ၊ ကော​ဟတ်​အ​နွယ်၊ ဇာ​ခ​ရိ​နှင့် မေ​ရှု​လံ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ သီ​ချင်း​ဆို​တတ်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​သည် ကြည့်​ရှု​နှိုး​ဆော်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 13,
      "text": "ထို​သူ​တို့​သည် ဝန်​ထမ်း​သော​သူ​မှ​စ၍၊ အ​လုပ်​မျိုး​ကို လုပ်​ဆောင်​သော​သူ အ​ပေါင်း​တို့​ကို ကြည့်​ရှု​အုပ်​ချုပ်​ကြ၏။ လေ​ဝိ​သား​အ​ချို့​တို့​သည်​လည်း စာ​ရေး၊ တ​ရား​သူ​ကြီး၊ တံ​ခါး​စောင့်​လုပ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 14,
      "text": "ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သော​ငွေ​ကို​ထုတ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် မော​ရှေ​ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​စာ​စောင်​ကို တွေ့၍၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 15,
      "text": "တွေ့​ကြောင်း​ကို စာ​ရေး​တော်​ရှာ​ဖန်​အား​ပြော​လျက် ထို​ကျမ်း​စာ​ကို​အပ်​ပေး၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 16,
      "text": "ရှာ​ဖန်​သည် ရှင်​ဘု​ရင်​ထံ​သို့ ယူ​သွား၍၊ ကိုယ်​တော်​ကျွန်​တို့​သည် မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​ကြ​ပါ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 17,
      "text": "ဗိ​မာန်​တော်၌ တွေ့​သော​ငွေ​ကို မှုတ်၍၊ အုပ်​ချုပ်​သော​သူ​နှင့် လုပ်​ဆောင်​သော​သူ​တို့၌ အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 18,
      "text": "ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် ကျွန်​တော်၌ စာ​စောင်​ကို အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း ကြား​လျှောက်​လျက်၊ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဖတ်​ရွတ်​လေ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 19,
      "text": "ရှင်​ဘု​ရင်​သည် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 20,
      "text": "ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ ရှာ​ဖန်​သား အ​ဟိ​ကံ၊ မိ​က္ခာ​သား အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အာ​သာ​ယ​ကို ခေါ်၍၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 21,
      "text": "ယ​ခု​တွေ့​သော​ကျမ်း​စ​ကား​ကြောင့် ငါ့​အ​တွက် ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​သူ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​ကြ​ပါ။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်၊ ဤ​ကျမ်း​စာ၌​ရေး​ထား​သ​မျှ​အ​တိုင်း မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌​ပြင်း​စွာ အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 22,
      "text": "ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား အ​ချုပ်​ဝန် ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​သည်​ဖြစ်၍၊ ဟိ​လ​ခိ​နှင့် ရှင်​ဘု​ရင်၏​လူ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 23,
      "text": "မိန်း​မ​က​လည်း၊ ငါ့​ထံ​သို့​စေ​လွှတ်​သော​သူ​ထံ​သို့ သင်​တို့​ပြန်၍ ဆင့်​ဆို​ရ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 24,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ရှေ့​မှာ ဖတ်​ရ​သော​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​သော​အ​ကျိန်​စ​ကား ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း ဘေး​ရောက်​စေ​မည်။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 25,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​စေ​လွှတ်​သော ယု​ဒ​ရှင်​ဘု​ရင်​ကြား​သော ကျမ်း​စ​ကား​ကို ရည်​ဆောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို ထို​ရှင်​ဘု​ရင်​အား တစ်​ဖန်​ပြန်​လျှောက်​ရ​မည်​ကား၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 27,
      "text": "ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည်​ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို ပြု​သော​ကြောင့်၊ သင့်​စ​ကား​ကို ငါ​နား​ထောင်၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 28,
      "text": "ငါ​သည် သင့်​ကို ဘိုး​ဘေး​စု​ဝေး​ရာ​သို့ ပို့​ဆောင်၍၊ သင်​သည် ငြိမ်​ဝပ်​စွာ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။ ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ငါ​ရောက်​စေ​အံ့​သော​ဘေး​ကို သင့်​ကိုယ်​တိုင် မ​တွေ့​မ​မြင်​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ရှင်​ဘု​ရင်​အား ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 29,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို ခေါ်၍၊"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 30,
      "text": "ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ လူ​အ​ကြီး​အ​ငယ် အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗိ​မာန်​တော်​သို့​တက်၍ ဗိ​မာန်​တော်၌​တွေ့​သော ပ​ဋိ​ညာဉ်​ကျမ်း​စာ​ရှိ​သ​မျှ​ကို သူ​တို့​ရှေ့​မှာ ဖတ်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 31,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု မိ​မိ​နေ​ရာ၌​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 32,
      "text": "စည်း​ဝေး​သော ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ထို​အ​ဓိ​ဋ္ဌာန်​ကို​ဝန်​ခံ​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​လည်း၊ ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​တ​ရား​အ​တိုင်း ကျင့်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 34,
      "verse": 33,
      "text": "ယော​ရှိ​မင်း​သည်​လည်း၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော ပြည်​အ​ရပ်​ရပ်​တို့​မှ ပယ်​ရှား၍၊ ဣ​သ​ရေ​လ​ပြည်၌​နေ​သော​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်​အ​ကြောင်း၊ စီ​ရင်​တော်​မူ​သ​ဖြင့်၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး သူ​တို့​သည် မ​ဖောက်​ပြန်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​လျက်​နေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 1,
      "text": "တစ်​ဖန် ယော​ရှိ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​တော်​မူ၍ ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 2,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​ကို မိ​မိ​တို့​အ​ရာ၌​ခန့်​ထား၍၊ ဗိ​မာန်​တော်​အ​မှု​ကို စောင့်​စေ​ခြင်း​ငှာ နှိုး​ဆော်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး ရှိ​သ​မျှ​ကို​သွန်​သင်၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော လေ​ဝိ​သား​တို့​ကို​ခေါ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား ရှော​လ​မုန်​တည်​ဆောက်​သော​အိမ်၌ သန့်​ရှင်း​သော​သေ​တ္တာ​တော်​ကို သွင်း​ထား​ကြ​လော့။ နောက်​တစ်​ဖန် သေ​တ္တာ​တော်​ကို​မ​ထမ်း​ဘဲ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု၊ ဘု​ရား​သ​ခင်၏​လူ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု​ကို ထမ်း​ကြ​လော့။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 4,
      "text": "ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဒါ​ဝိဒ်​မှတ်​စာ၊ သား​တော်​ရှော​လ​မုန်​မှတ်​စာ​နှင့်​အ​ညီ သင်း​ဖွဲ့​သည်​အ​တိုင်း၊ အ​ဆွေ​အ​မျိုး​အ​လိုက် ကိုယ်​ကို​ပြင်​ဆင်၍၊"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 5,
      "text": "ပြည်​သူ​ပြည်​သား​ဖြစ်​သော သင်​တို့​ညီ​အစ်​ကို အ​ဘ​တို့​အ​ဆွေ​အ​မျိုး​နှင့် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး နေ​ရာ​ရှိ​သည်​အ​တိုင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရပ်​နေ​ကြ​လော့။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 6,
      "text": "ထို​သို့ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်၍ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ​လော့။ သင်​တို့​ညီ​အစ်​ကို​တို့​သည် မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည် အ​တိုင်း​ပြု​စေ​ခြင်း​ငှာ၊ သူ​တို့​ကို​လည်း ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 7,
      "text": "စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ခံ​စ​ရာ​ဖို့၊ ယော​ရှိ​မင်း​သည် မိ​မိ​ဥ​စ္စာ၊ သိုး​သ​ငယ်၊ ဆိတ်​သ​ငယ်​သုံး​သောင်း​နှင့် နွား​သုံး​ထောင်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 8,
      "text": "မှူး​မတ်​တို့​သည်​လည်း၊ စေ​တ​နာ​စိတ်​ရှိ၍ လူ​များ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​အား​ပေး​ကြ၏။ ဗိ​မာန်​တော်​မှူး​ဟိ​လ​ခိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ​သည်​လည်း၊ ပ​သ​ခါ​ပွဲ ခံ​စ​ရာ​ဖို့ သိုး​ဆိတ် နှစ်​ထောင်​ခြောက်​ရာ​နှင့် နွား​သုံး​ရာ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​အား ပေး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 9,
      "text": "လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ကော​န​နိ၊ ရှေ​မာ​ယ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ၊ ယော​ဇ​ဗဒ်၊ နာ​သ​နေ​လ​နှင့် သူ၏​ညီ​များ​တို့​သည်​လည်း၊ ပ​သ​ခါ​ပွဲ​ခံ​စ​ရာ​ဖို့ သိုး​ဆိတ်​ငါး​ထောင်​နှင့် နွား​ငါး​ရာ​ကို လေ​ဝိ​သား​တို့​အား ပေး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 10,
      "text": "ထို​သို့ ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း၊ ဝတ်​ပြု​စ​ရာ​ပြင်​ဆင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​နေ​ရာ၌​ရပ်၍၊ လေ​ဝိ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 11,
      "text": "ပ​သ​ခါ​သိုး​သ​ငယ်​ကို​သတ်၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို လက်​နှင့်​ဖျန်း​လျက်၊ လေ​ဝိ​သား​တို့​သည် အ​ရေ​ကို​ခွာ​လျက် ပြု​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 12,
      "text": "မော​ရှေ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​စ​ရာ​ဖို့ လူ​များ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ခြင်း​ငှာ၊ မီး​ရှို့​ရာ​ယဇ်​များ​နှင့် နွား​များ​ကို ခွဲ​ထား​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 13,
      "text": "ထုံး​ဖွဲ့​တော်​မူ​သည်​အ​တိုင်း၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို မီး​နှင့်​ကင်​ကြ၏။ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ အ​ခြား​တို့​ကို မြေ​အိုး၊ သံ​အိုး၊ သံ​က​ရား၌​ပြုတ်၍ လူ​အ​ပေါင်း​တို့​အား အ​လျင်​အ​မြန် ဝေ​ဖန်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 14,
      "text": "ထို​နောက်​မှ ကိုယ်​အ​ဖို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ကို ပြင်​ဆင်​ကြ၏။ အာ​ရုန်​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ညဉ့်​ဦး​တိုင်​အောင် မီး​ရှို့​ရာ​ယဇ်​နှင့် ဆီ​ဥ​ကို ပူ​ဇော်​လျက်​နေ​ရ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် ကိုယ်​အ​ဖို့​ကို​လည်း​ကောင်း၊ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ် အ​ဖို့​ကို​လည်း​ကောင်း ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 15,
      "text": "ဒါ​ဝိဒ်​နှင့် ရှင်​ဘု​ရင်၏​ပ​ရော​ဖက် အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​တို့ စီ​ရင်​သည်​အ​တိုင်း၊ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည် မိ​မိ​တို့​နေ​ရာ၌ ရှိ​ကြ၏။ တံ​ခါး​စောင့်​တို့​သည် မိ​မိ​တို့​အ​မှု​ကို​မ​ရှောင်၊ တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ကြ၏။ သူ​တို့​ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် သူ​တို့​အ​ဖို့ ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 16,
      "text": "ထို​သို့ ယော​ရှိ​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း ပ​သ​ခါ​ပွဲ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​ရ​သော​ဝတ်​အ​လုံး​စုံ​ကို၊ ထို​နေ့​ချင်း​တွင် ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 17,
      "text": "စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထို​အ​ခါ ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ​ကို​လည်း​ကောင်း၊ ခု​နစ်​ရက်​ပတ်​လုံး ခံ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 18,
      "text": "ယော​ရှိ​မင်း​နှင့် ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ စည်း​ဝေး​သော ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ခံ​သော ထို​ပ​သ​ခါ​ပွဲ​ကဲ့​သို့​သော​ပွဲ​ကို ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​နိုင်​ငံ၌​မ​ခံ။ ထို​သို့​သော​ပ​သ​ခါ​ပွဲ​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တစ်​ယောက်​မျှ​မ​ခံ။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 19,
      "text": "ယော​ရှိ​မင်း​နန်း​စံ ဆယ်​ရှစ်​နှစ်​တွင်၊ ထို​ပ​သ​ခါ​ပွဲ​ကို ခံ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 20,
      "text": "ထို​နောက်​မှ၊ ယော​ရှိ​သည် ဗိ​မာန်​တော်​ကို ပြင်​ဆင်​ပြီး​မှ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​နေ​ခေါ​သည် ဥ​ဖ​ရတ်​မြစ်​နား၊ ခါ​ခေ​မိတ်​မြို့​သို့ စစ်​ချီ​သည်​တွင်၊ ယော​ရှိ​မင်း​သည် ဆီး​တား​ခြင်း​ငှာ ထွက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 21,
      "text": "အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က၊ အို​ယု​ဒ​ရှင်​ဘု​ရင်၊ သင်​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ သင့်​ကို ယ​နေ့ ငါ​စစ်​ချီ​သည်​မ​ဟုတ်။ ငါ​နှင့် စစ်​တိုက်​ဖက် ဖြစ်​သော​အ​မျိုး​ကို စစ်​ချီ၏။ ငါ​အ​လျင်​အ​မြန် ပြု​မည်​အ​ကြောင်း ဘု​ရား​သ​ခင် မှာ​ထား​တော်​မူ​ပြီ။ ငါ့​ဘက်၌​ရှိ​သော ဘု​ရား​သ​ခင်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ဘဲ နေ​လော့။ သို့​မ​ဟုတ် သင့်​ကို ဖျက်​ဆီး​တော်​မူ​မည်​ဟု သံ​တ​မန်​ကို​စေ​လွှတ်၍ မှာ​လိုက်​လေ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 22,
      "text": "သို့​ရာ​တွင် ယော​ရှိ​သည် မ​လွှဲ​မ​ရှောင်၊ နေ​ခေါ​ဆင့်​ဆို​သော ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ စစ်​တိုက်​ခြင်း​ငှာ ခြား​နား​သော​အ​ယောင်​ကို ဆောင်​လျက်၊ မေ​ဂိ​ဒ္ဒေါ​ချိုင့်၌ စစ်​ပွဲ​ထဲ​သို့ ဝင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 23,
      "text": "လေး​သူ​ရဲ​တို့​သည် ယော​ရှိ​မင်း​ကြီး​ကို​ပစ်၍ မှန်​သ​ဖြင့်၊ မင်း​ကြီး​က ငါ့​ကို​ဆောင်​သွား​လော့။ ပြင်း​စွာ အ​ထိ​အ​ခိုက်​ခံ​ရ​သည်​ဟု ကျွန်​တို့​အား​ဆို​လျှင်၊"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 24,
      "text": "ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​က​ချ၍၊ ဒု​တိ​ယ​ရ​ထား​တော်​ပေါ်၌ တင်​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား​သော​အ​ခါ၊ အ​နိ​စ္စ​ရောက်၍ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည်၊ ယော​ရှိ​မင်း အ​နိ​စ္စ​ရောက်​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 25,
      "text": "ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 26,
      "text": "ယော​ရှိ​ပြု​မူ​သော အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား၏​ပ​ည​တ္တိ​ကျမ်း၌ ရေး​ထား​သည်​အ​တိုင်း ကျေး​ဇူး​ပြု​ခြင်း၊"
    },
    {
      "book": 14,
      "chapter": 35,
      "verse": 27,
      "text": "အ​ကျင့်​ကျင့်​ခြင်း​အ​ရာ အ​စ​အ​ဆုံး​တို့​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 1,
      "text": "ပြည်​သူ​ပြည်​သား​တို့​သည် ယော​ရှိ​သား ယော​ခတ်​ကို​ယူ၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 2,
      "text": "ယော​ခတ်​သည် အ​သက်​နှစ်​ဆယ်​သုံး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 3,
      "text": "ထို​မင်း​ကို အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​မှာ​နန်း​ချ၍၊ ယု​ဒ​ပြည်၌ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ရွှေ​အ​ခွက်​တစ်​ဆယ်​ကို အ​ခွန်​တောင်း​လေ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 4,
      "text": "အဲ​ဂု​တ္တု​ရှင်​ဘု​ရင် နေ​ခေါ​သည်​လည်း၊ ယော​ခတ်၏​နောင်​တော်​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်၍ ယော​ယ​ကိမ်​အ​မည်​သစ်​ကို ပေး​ပြီး​လျှင်၊ ညီ​တော်​ယော​ခတ်​ကို အဲ​ဂု​တ္တု​ပြည်​သို့ ယူ​သွား၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 5,
      "text": "ယော​ယ​ကိမ်​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ ထို​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 6,
      "text": "ထို​ကြောင့်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ချီ​လာ၍၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ခြင်း​ငှာ၊ သံ​ကြိုး​ဖြင့် ချည်​နှောင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 7,
      "text": "ဗိ​မာန်​တော်​တန်​ဆာ အ​ချို့​တို့​ကို​လည်း ယူ​သွား၍၊ ဗာ​ဗု​လုန်​မြို့ ဗိ​မာန်၌ ထား​လေ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 8,
      "text": "ယော​ယ​ကိမ်​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​လေ​သ​မျှ​တို့​နှင့် ပြု​မိ​သော​ရွံ​ရှာ​ဖွယ်​အ​မှု၊ ထင်​ရှား​သော​စိတ်​သ​ဘော​သည်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​နှင့် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ သား​တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 9,
      "text": "ယေ​ခေါ​နိ​သည် အ​သက်​တစ်​ဆယ်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​နှင့် ဆယ်​ရက် စိုး​စံ​လေ၏။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 10,
      "text": "နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 11,
      "text": "ဇေ​ဒ​ကိ​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 12,
      "text": "ထို​မင်း​သည်​လည်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ပြု၏။ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​သော ပ​ရော​ဖက်​ယေ​ရ​မိ​ရှေ့​မှာ ကိုယ်​ကို​မ​နှိမ့်​ချ။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 13,
      "text": "ဘု​ရား​သ​ခင် အ​ကျိန်​တိုက်​ပြီး​သော နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ကို ပုန်​ကန်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မည်​အ​ကြောင်း၊ မိ​မိ​လည်​ပင်း​ကို​လည်း​ကောင်း၊ မိ​မိ​နှ​လုံး​ကို​လည်း​ကောင်း ခိုင်​မာ​စေ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 15,
      "text": "ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် မိ​မိ​နေ​တော်​မူ​ရာ​အ​ရပ်​ကို သ​နား​သော​ကြောင့်၊ စော​စော​ထ၍ အ​ထပ်​ထပ် စေ​လွှတ်​သော​တ​မန်​တို့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်၏​တ​မန်​တို့​ကို ပြက်​ရယ်​ပြု၍ အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပ​ရော​ဖက်​တို့​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​မ​ငြိမ်း​နိုင်​အောင်၊ မိ​မိ​လူ​မျိုး​ကို တွက်​သ​ဖြင့်၊"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 17,
      "text": "ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 18,
      "text": "ဗိ​မာန်​တော်​တန်​ဆာ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ၊ မှူး​မတ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 19,
      "text": "ဗိ​မာန်​တော်​ကို​လည်း မီး​ရှို့၍ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို ဖြို​ဖျက်​ကြ၏။ မင်း​အိမ်​ရှိ​သ​မျှ​တို့​ကို​လည်း မီး​ရှို့၍ မြို့​တန်​ဆာ အ​ကောင်း​အ​မြတ်​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 20,
      "text": "ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​ကို၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၍၊ သူ​တို့​သည် ပေ​ရ​သိ​နိုင်​ငံ မ​တည်​မီ​တိုင်​အောင် ရှင်​ဘု​ရင်​ထံ၊ သား​တော်​မြေး​တော်​ထံ၌ ကျွန်​ခံ​လျက်​နေ​ရ​ကြ၏။"
    },
    {
      "book": 14,
      "chapter": 36,
      "verse": 21,
      "text": "ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 1,
      "text": "ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊ ထို​ရှင်​ဘု​ရင်​သည် အ​မိန့်​တော်​စာ​ကို ထုတ်​ပြီး​လျှင်၊ ပေ​ရ​သိ​နိုင်​ငံ​အ​ရပ်​ရပ်​တို့၌ ကြော်​ငြာ​စေ၍၊"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 2,
      "text": "ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​မင်း မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မြေ​ကြီး​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ့​အား ပေး​တော်​မူ​သည်​ဖြစ်၍၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ အိမ်​တော်​ကို ငါ​တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 3,
      "text": "သင်​တို့​တွင် အ​ဘယ်​သူ​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​သ​နည်း။ ထို​သူ​နှင့်​အ​တူ ဘု​ရား​သ​ခင် ရှိ​တော်​မူ​ပါ​စေ​သော။ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို တည်​ဆောက်​စေ။ ယေ​ရု​ရှ​လင်​မြို့၌ ရှိ​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏​လူ​တည်း​ခို​ရာ အ​ရပ်​ရပ်၌​နေ​သော သူ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​မှာ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ရွှေ၊ ငွေ၊ ဥ​စ္စာ၊ တိ​ရ​စ္ဆာန်​နှင့် မ​စ​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 5,
      "text": "ထို​အ​ခါ ယု​ဒ​အ​ဆွေ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး သူ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင် နှိုး​ဆော်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ထ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 6,
      "text": "အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည်၊ အ​လို​လို​လှူ​သော အ​လှူ​မှ​တစ်​ပါး၊ ငွေ​တန်​ဆာ​နှင့် ရွှေ​အ​စ​ရှိ​သော ဥ​စ္စာ​များ၊ တိ​ရ​စ္ဆာန်​များ၊ အ​ဖိုး​ထိုက်​သော​အ​ရာ​တို့​နှင့် မ​စ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 7,
      "text": "ထို​မှ​တစ်​ပါး၊ ယေ​ရု​ရှ​လင်​မြို့​မှ နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​သွား၍၊ မိ​မိ​ဘု​ရား​တို့​ဗိ​မာန်၌ သွင်း​ထား​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို၊"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 8,
      "text": "ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​သည် ရွှေ​တိုက်​စိုး မိ​သ​ရေ​ဒတ်​လက်​ဖြင့် ထုတ်၍၊ ယု​ဒ​မင်း ရှေ​ရှ​ဗာ​ဇာ၌ ရေ​တွက်​လျက် အပ်​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 9,
      "text": "ဗိ​မာန်​တော်​တန်​ဆာ​စာ​ရင်း ဟူ​မူ​ကား၊ ရွှေ​ဖ​လား​သုံး​ဆယ်၊ ငွေ​ဖ​လား​တစ်​ထောင်၊ ဓား​နှစ်​ဆယ်​ကိုး​စင်း၊"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 10,
      "text": "ရွှေ​အိုး​သုံး​ဆယ်၊ ခြား​နား​သော​ငွေ​အိုး လေး​ရာ​တစ်​ဆယ်၊ အ​ခြား​သော​တန်​ဆာ တစ်​ထောင်၊"
    },
    {
      "book": 15,
      "chapter": 1,
      "verse": 11,
      "text": "ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ အ​ရေ​အ​တွက်​ပေါင်း​ကား၊ ငါး​ထောင်​လေး​ရာ​တည်း။ ထို​တန်​ဆာ​များ​ကို ရှေ​ရှ​ဗာ​ဇာ​သည် ယူ၍၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က၊ ဗာ​ဗု​လုန်​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​သွား​သော သူ​တို့​နှင့်​အ​တူ ဆောင်​ခဲ့၏။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 1,
      "text": "ဗာ​ဗု​လုန် ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 2,
      "text": "ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ၊ ဗာ​နာ​တို့​နှင့် အ​တူ​လိုက်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​သား ဣ​သ​ရေ​လ​လူ စာ​ရင်း​ဟူ​မူ​ကား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 3,
      "text": "ပါ​ရုတ်​အ​မျိုး​သား နှစ်​ထောင်​တစ်​ရာ ခု​နစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 4,
      "text": "ရှေ​ဖ​တိ​အ​မျိုး​သား သုံး​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 5,
      "text": "အာ​ရာ​အ​မျိုး​သား ခု​နစ်​ရာ​ခု​နစ်​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 6,
      "text": "ပါ​ဟတ်​မော​ဘ​အ​မျိုး၊ ယော​ရှု​ယွာ​ဘ​အ​မျိုး​သား နှစ်​ထောင်​ရှစ်​ရာ တစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 7,
      "text": "ဧ​လံ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 8,
      "text": "ဇ​တ္တု​အ​မျိုး​သား ကိုး​ရာ​လေး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 9,
      "text": "ဇ​က္ခဲ​အ​မျိုး​သား ခု​နစ်​ရာ​ခြောက်​ဆယ်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 10,
      "text": "ဗာ​နိ​အ​မျိုး​သား ခြောက်​ရာ​လေး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 11,
      "text": "ဗေ​ဗဲ​အ​မျိုး​သား ခြောက်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 12,
      "text": "အာ​ဇ​ဂဒ်​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ နှစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 13,
      "text": "အ​ဒေါ​နိ​ကံ​အ​မျိုး​သား ခြောက်​ရာ​ခြောက်​ဆယ် ခြောက်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 14,
      "text": "ဗိ​ဂ​ဝဲ​အ​မျိုး​သား နှစ်​ထောင်​ငါး​ဆယ်​ခြောက်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 15,
      "text": "အာ​ဒိန်​အ​မျိုး​သား လေး​ရာ​ငါး​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 16,
      "text": "ဟေ​ဇ​ကိ​နှင့် အာ​တာ​အ​မျိုး​သား ကိုး​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 17,
      "text": "ဗေ​ဇဲ​အ​မျိုး​သား သုံး​ရာ​နှစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 18,
      "text": "ယော​ရ​အ​မျိုး​သား တစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 19,
      "text": "ဟာ​ရှုံ​အ​မျိုး​သား နှစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 20,
      "text": "ဂိ​ဗ္ဗာ​အ​မျိုး​သား ကိုး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 21,
      "text": "ဗက်​လင်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 22,
      "text": "နေ​တော​ဖ​မြို့​သား ငါး​ဆယ်​ခြောက်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 23,
      "text": "အာ​န​သုတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 24,
      "text": "အာ​ဇ​မာ​ဝက်​မြို့​သား လေး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 25,
      "text": "ကိ​ရ​ယ​သာ​ရိမ်​မြို့၊ ခေ​ဖိ​ရ​မြို့၊ ဗေ​ရုတ်​မြို့​သား ခု​နစ်​ရာ​လေး​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 26,
      "text": "ရာ​မ​မြို့၊ ဂါ​ဘ​မြို့​သား ခြောက်​ရာ​နှစ်​ဆယ်​တစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 27,
      "text": "မိတ်​မတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 28,
      "text": "ဗေ​သ​လ​မြို့၊ အာ​ဣ​မြို့​သား နှစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 29,
      "text": "နေ​ဗော​မြို့​သား ငါး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 30,
      "text": "မာ​ဂ​ဗိတ်​မြို့​သား တစ်​ရာ​ငါး​ဆယ်​ခြောက်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 31,
      "text": "အ​ခြား​သော ဧ​လံ​မြို့​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 32,
      "text": "ဟာ​ရိမ်​မြို့​သား သုံး​ရာ​နှစ်​ဆယ်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 33,
      "text": "လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့၊ ဩ​နော​မြို့​သား ခု​နစ်​ရာ​နှစ်​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 34,
      "text": "ယေ​ရိ​ခေါ​မြို့​သား သုံး​ရာ​လေး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 35,
      "text": "သေ​နာ​မြို့​သား သုံး​ထောင်​ခြောက်​ရာ သုံး​ဆယ်​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 36,
      "text": "ယဇ်​ပု​ရော​ဟိတ်​စာ​ရင်း ဟူ​မူ​ကား၊ ယော​ရှု​အ​မျိုး​ထဲ​က၊ ယေ​ဒါ​ယ​အ​မျိုး​သား ကိုး​ရာ​ခု​နစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 37,
      "text": "ဣ​မေ​ရ​အ​မျိုး​သား တစ်​ထောင်​ငါး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 38,
      "text": "ပါ​ရှု​ရ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ လေး​ဆယ်​ခု​နစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 39,
      "text": "ဟာ​ရိမ်​အ​မျိုး​သား တစ်​ထောင်​တစ်​ဆယ်​ခု​နစ်​ယောက်​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 40,
      "text": "လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒ​ဝိ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 41,
      "text": "သီ​ချင်း​သည် အာ​သပ်​အ​မျိုး​သား တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 42,
      "text": "တံ​ခါး​စောင့်​အ​မျိုး​သား​တည်း​ဟူ​သော ရှ​လ္လုံ​အ​မျိုး​သား၊ အာ​တာ​အ​မျိုး​သား၊ တာ​လ​မုန်​အ​မျိုး​သား၊ အ​က္ကုပ်​အ​မျိုး​သား၊ ဟ​တိ​တ​အ​မျိုး​သား၊ ရှော​ဗဲ​အ​မျိုး​သား​ပေါင်း တစ်​ရာ​သုံး​ဆယ်​ကိုး​ယောက်​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 43,
      "text": "ဘု​ရား​ကျွန်​ခံ​သူ၊ ဇိ​ဟ​အ​မျိုး​သား၊ ဟ​သု​ဖ​အ​မျိုး​သား၊ တ​ဗ္ဗောက်​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 44,
      "text": "ကေ​ရုတ်​အ​မျိုး​သား၊ သာ​ယာ​ဟ​အ​မျိုး​သား၊ ပါ​ဒုန်​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 45,
      "text": "လေ​ဗ​န​အ​မျိုး​သား၊ ဟာ​ဂ​ဘ​အ​မျိုး​သား၊ အ​က္ကုပ်​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 46,
      "text": "ဟာ​ဂပ်​အ​မျိုး​သား၊ ရှာ​လ​မဲ​အ​မျိုး​သား၊ ဟာ​နန် အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 47,
      "text": "ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊ ဂါ​ဟာ​အ​မျိုး​သား၊ ရာ​ယ​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 48,
      "text": "ရေ​ဇိန်​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား၊ ဂ​ဇ္ဇမ်​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 49,
      "text": "ဩ​ဇ​အ​မျိုး​သား၊ ပါ​သာ​အ​မျိုး​သား၊ ဗေ​သဲ​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 50,
      "text": "အာ​သ​နာ​အ​မျိုး​သား၊ မ​ဟု​နိမ်​အ​မျိုး​သား၊ န​ဖု​သိမ်​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 51,
      "text": "ဗာ​က​ဗုတ်​အ​မျိုး​သား၊ ဟ​ကု​ဖ​အ​မျိုး​သား၊ ဟာ​ရ​ဟု​ရ​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 52,
      "text": "ဗာ​ဇ​လုပ်​အ​မျိုး​သား၊ မ​ဟိ​ဒ​အ​မျိုး​သား၊ ဟ​ရ​ရှ​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 53,
      "text": "ဗာ​ကုတ်​အ​မျိုး​သား၊ သိ​သ​ရ​အ​မျိုး​သား၊ သာ​မ​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 54,
      "text": "နေ​ဇိ​အ​မျိုး​သား၊ ဟ​တိ​ဖ​အ​မျိုး​သား​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 55,
      "text": "ရှော​လ​မုန်၏ အ​စေ​ခံ​ကျွန်၊ သော​တဲ​အ​မျိုး​သား၊ သော​ဖ​ရက်​အ​မျိုး​သား၊ ပေ​ရု​ဒ​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 56,
      "text": "ယာ​လ​အ​မျိုး​သား၊ ဒါ​ကုန်​အ​မျိုး​သား၊ ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 57,
      "text": "ရှေ​ဖ​တိ​အ​မျိုး​သား၊ ဟ​တ္တိ​လ​အ​မျိုး​သား၊ ပေါ​ခ​ရက်​အ​မျိုး​သား၊ ဇေ​ဗိမ်​အ​မျိုး​သား၊ အာ​မိ​အ​မျိုး​သား​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 58,
      "text": "ဘု​ရား​ကျွန်​နှင့် ရှော​လ​မုန်​ကျွန်​ပေါင်း​ကား၊ သုံး​ရာ​ကိုး​ဆယ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 59,
      "text": "ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး မှန်​သည်၊ မ​မှန်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ မ​ပြ​နိုင်​ဘဲ တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အ​ဒ္ဒန်​မြို့၊ ဣ​မေ​ရ​မြို့​မှ ထွက်​သွား​သော​သူ​ဟူ​မူ​ကား၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 60,
      "text": "ဒေ​လာ​ယ​အ​မျိုး​သား၊ တော​ဘိ​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား​ပေါင်း ခြောက်​ရာ​ငါး​ဆယ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 61,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ထဲ​က ဟ​ဗာ​ယ​အ​မျိုး​သား၊ ကော​ဇ​အ​မျိုး​သား၊ ဂိ​လဒ်​ပြည်​သား ဗာ​ဇိ​လဲ​သ​မီး​တစ်​ယောက်​နှင့် စုံ​ဖက်၍၊ ယော​က္ခ​မ​အ​မည်​ကို​ရ​သော ဗာ​ဇိ​လဲ​အ​မျိုး​သား​တို့​သည်၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 62,
      "text": "စာ​ရင်း​ဝင်​သော​လူ​စု​တွင် မိ​မိ​တို့​စာ​ရင်း​ကို ရှာ၍​မ​တွေ့​သော​ကြောင့်၊ အ​မျိုး​မ​စစ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ခံ​ရ​ကြ။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 63,
      "text": "ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 64,
      "text": "ပ​ရိ​သတ်​ပေါင်း​ကား လေး​သောင်း​နှစ်​ထောင် သုံး​ရာ​ခြောက်​ဆယ်​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 65,
      "text": "ထို​မှ​တစ်​ပါး၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ပေါင်း ခု​နစ်​ထောင်​သုံး​ရာ သုံး​ဆယ်​ခု​နစ်​ယောက်၊ သီး​ချင်း​သည် ယောက်ျား​မိန်း​မ​ပေါင်း နှစ်​ရာ၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 66,
      "text": "မြင်း​ပေါင်း ခု​နစ်​ရာ​သုံး​ဆယ်​ခြောက်​စီး၊ လား​ပေါင်း နှစ်​ရာ​လေး​ဆယ်​ငါး​စီး၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 67,
      "text": "ကု​လား​အုတ်​ပေါင်း လေး​ရာ​သုံး​ဆယ်​ငါး​စီး၊ မြည်း​ပေါင်း ခြောက်​ထောင်​ခု​နစ်​ရာ​နှစ်​ဆယ်​တည်း။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 68,
      "text": "အ​ဆွေ​အ​မျိုး​သူ​ကြီး အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​သို့ ရောက်​သော​အ​ခါ၊ ဗိ​မာန်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ဆောက်​ခြင်း​ငှာ၊"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 69,
      "text": "တတ်​နိုင်​သ​မျှ​အ​တိုင်း အ​လို​လို​လှူ၍၊ ရွှေ​ဒင်္ဂါး ခြောက်​သောင်း​တစ်​ထောင်၊ ငွေ​အ​ခွက် ငါး​သောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ် အ​စုံ​တစ်​ရာ​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ကြ၏။"
    },
    {
      "book": 15,
      "chapter": 2,
      "verse": 70,
      "text": "ထို​သို့ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သာ​မ​ည​လူ​အ​ချို့၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည် မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌​လည်း​ကောင်း နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 1,
      "text": "သ​တ္တ​မ​လ​ရောက်​မှ မြို့​ရွာ​အ​ရပ်​ရပ်၌ နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ တ​ညီ​တ​ညွတ်​တည်း လာ၍ စု​ဝေး​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 2,
      "text": "ထို​အ​ခါ ယော​ဇ​ဒက်​သား​ယော​ရှု​နှင့် သူ၏​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် သူ၏​ညီ​အစ်​ကို​များ​တို့​သည် ထ၍ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ရေး​ထား​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သည် အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​လို​သော​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ယဇ်​ပ​လ္လင်​ကို တည်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 3,
      "text": "ထို​ပြည်​အ​ရပ်​ရပ်၌ နေ​သော​သူ​တို့​ကို ကြောက်​သော်​လည်း၊ ယဇ်​ပ​လ္လင်​ကို မိ​မိ​ဖိ​နပ်​ပေါ်​မှာ တည်​ထား၍၊ နံ​နက်​ညဉ့်​ဦး​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 4,
      "text": "ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ သ​ကေ​နေ​ပွဲ​ကို​လည်း​ခံ၍ တ​ရား​နှင့်​အ​ညီ နေ့​တိုင်း​ပြု​သင့်​သော​ဝတ်​ကို ပြု​လျက်၊ နေ့​တိုင်း​မီး​ရှို့​ရာ​ယဇ်​တို့​ကို အ​ရေ​အ​တွက်​နှင့် ပူ​ဇော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 5,
      "text": "ထို​နောက်​မှ အ​မြဲ​ပူ​ဇော်​ရ​သော​ယဇ်၊ လ​ဆန်း​နေ့၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​သော ဓ​မ္မ​ပွဲ​နေ့၌​လည်း​ကောင်း၊ ပူ​ဇော်​ရ​သော​ယဇ်၊ ထာ​ဝ​ရ​ဘု​ရား​အား အ​လို​လို​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ အ​သီး​အ​သီး​အ​ဖို့ ပူ​ဇော်​ရ​သော​ယဇ်​တို့​ကို ပူ​ဇော်​လျက်​နေ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 6,
      "text": "ဗိ​မာန်​တော် တိုက်​မြစ်​ကို မ​ချ​သေး​သော်​လည်း၊ သ​တ္တ​မ​လ တစ်​ရက်​နေ့​မှ​စ၍ မီး​ရှို့​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 7,
      "text": "ပန်း​ရန်​သ​မား​နှင့် လက်​သ​မား​တို့​အား​လည်း ငွေ​ကို​ပေး​ကြ၏။ ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု အ​ခွင့်​ပေး​တော်​မူ​သည်​အ​တိုင်း၊ အာ​ရဇ်​သစ်​သား​ကို လေ​ဗ​နုန်​တောင်​မှ ယု​ပ္ပေ​ဆိပ်​သို့ ဆောင်​စေ​ခြင်း​ငှာ၊ ဇိ​ဒုန်​မြို့​သား​နှင့် တု​ရု​မြို့​သား​တို့​အား၊ စား​စ​ရိတ်​နှင့် ဆီ​များ​ကို ပေး​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 8,
      "text": "ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​သို့​ရောက်​သော ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ​တွင် ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ၊ ယော​ဇ​ဒက်​သား ယော​ရှု၊ ကျန်​ကြွင်း​သော ညီ​အစ်​ကို၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​လာ​သော လူ​များ​အ​ပေါင်း​တို့​သည်​ထ၍ ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​ကို နှိုး​ဆော်​စိမ့်​သော​ငှာ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 9,
      "text": "ထို​အ​ခါ ယု​ဒ​အ​မျိုး၊ ယော​ရှု​နှင့် သူ၏​သား​ညီ​များ၊ ကပ်​မျေ​လ​နှင့် သူ၏​သား​များ၊ လေ​ဝိ​အ​မျိုး ဟေ​န​ဒဒ်​သား​များ၊ သူ​တို့​သား​နှင့် ညီ​များ​တို့​သည်၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​လုပ်​ဆောင်​သော သူ​တို့​ကို နှိုး​ဆော်​ခြင်း​ငှာ ထ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 10,
      "text": "လုပ်​ဆောင်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​သော​အ​ခါ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​များ၊ ခွက်​ကွင်း​ကိုင်​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​သား​များ​တို့​ကို ခန့်​ထား​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ပြ​တော်​မူ​သော က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​ပါ​သည်​ဟူ၍ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ အ​သံ​ပြိုင်၍ အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​ရ​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက်၊ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 12,
      "text": "သို့​ရာ​တွင် အ​သက်​ကြီး၍ အ​ရင်​ဗိ​မာန်​တော်​ကို မြင်​ဖူး​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​များ​တို့​သည်၊ နောက်​ဗိ​မာန်​တော် တိုက်​မြစ်​ကျ​လျက်​ရှိ​သည်​ကို မြင်​သော​အ​ခါ၊ ကြီး​စွာ​သော​အ​သံ​နှင့် ငို​ကြွေး​ကြ၏။ လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​သော​စိတ်​နှင့် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 3,
      "verse": 13,
      "text": "ထို​သို့​ပြု​သော ကြွေး​ကြော်​သံ​နှင့် ငို​ကြွေး​သံ​ကို ကြား​သော​သူ​တို့​သည် ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။ လူ​များ​တို့​သည် ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​သော​ကြောင့်၊ ဝေး​သော​အ​ရပ်၌ ကြား​ရ​လေ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 1,
      "text": "သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​ကို တည်​ကြ​သည်​ဟု ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး၏ ရန်​သူ​တို့​သည် ကြား​လျှင်၊"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 2,
      "text": "ဇေ​ရု​ဗ​ဗေ​လ​နှင့် အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ထံ​သို့ လာ၍၊ ငါ​တို့​သည် သင်​တို့​ထံ၌ တည်း​ခို​ပါ​ရ​စေ။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို သင်​တို့​ရှာ​သ​ကဲ့​သို့ ငါ​တို့​လည်း ရှာ​ကြ၏။ ငါ​တို့​ကို ဤ​ပြည်​သို့​ဆောင်​ခဲ့​သော အာ​ရှု​ရိ​ရှင်​ဘု​ရင် ဧ​သ​ရ​ဟ​ဒ္ဒုန် လက်​ထက်​မှ​စ၍ ထို​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​ကြ​သည်​ဟု ဆို​ကြ​သော်၊"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 3,
      "text": "ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​က၊ ငါ​တို့၏ ဘု​ရား​သ​ခင်​အ​ဖို့ ဗိ​မာန်​တော်​တည်​ခြင်း​အ​မှု​ကို၊ သင်​တို့​သည် ငါ​တို့​နှင့်​ဝိုင်း၍ မ​လုပ်​ရ။ ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​မင်း​ကြီး အ​မိန့်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငါ​တို့​သည် ကိုယ်​တိုင်​တည်​ရ​မည်​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 4,
      "text": "ထို​အ​ခါ ပြည်​သား​တို့​သည် ယု​ဒ​အ​မျိုး​တို့​ကို လက်​အား​လျော့​စေ၍၊ တည်​ဆောက်​ခြင်း​အ​မှု​ကို နှောင့်​ယှက်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 5,
      "text": "ယု​ဒ​အ​မျိုး​သား​တို့၏ အ​ကြံ​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​လက်​ထက် ကာ​လ​ပတ်​လုံး​မှ​သည်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဒါ​ရိ​လက်​ထက်​တိုင်​အောင်၊ ရှေ့​နေ​တို့​ကို ငှား၍​ထား​ကြ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 6,
      "text": "အာ​ရွှေ​ရု​နန်း​ထိုင်​စ​က ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ အ​ပြစ်​တင်​သော​လွှာ​စာ​ကို ပေး​လိုက်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 7,
      "text": "အာ​တ​ဇေ​ရဇ်​လက်​ထက်၌ ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့် အ​ခြား​သော​အ​ပေါင်း​အ​ဖော်​တို့​သည်၊ ရှု​ရိ​ဘာ​သာ​စ​ကား​နှင့် ရေး​သော​လွှာ​စာ​ကို၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​ထံ​သို့ ပေး​လိုက်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 8,
      "text": "စာ​တိုက်​စိုး​ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကို ရန်​ဘက်​ပြု​လျက်၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး​ထံ​သို့ စာ​ပေး​လိုက်၍၊"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 9,
      "text": "စာ​တိုက်​စိုး​ရေ​ဟုံ၊ မြို့​စာ​ရေး​ရှိ​မ​ရှဲ​နှင့် အ​ခြား​သော​အ​ပေါင်း​အ​ဖော်၊ ဒိ​နဲ​ပြည်​သား၊ အ​ဖာ​သ​သက်​ပြည်​သား၊ တာ​ပေ​လ​ပြည်​သား၊ အ​ဖာ​ရ​သ​ပြည်​သား၊ အာ​ခေ​ဝ​ပြည်​သား၊ ဗာ​ဗု​လုန်​ပြည်​သား၊ ရှု​ရှ​နက်​ပြည်​သား၊ ဒေ​ဟ​ဝ​ပြည်​သား၊ ဧ​လံ​ပြည်​သား အ​စ​ရှိ​သော၊"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 10,
      "text": "ကြီး​မြတ်​သော​မင်း အာ​သ​န​ပ္ပါ​ဆောင်​ခဲ့၍၊ ရှ​မာ​ရိ​မြို့​ရွာ​တို့၌ နေ​ရာ​ချ​သော​သူ​များ​နှင့်၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခြား​သူ​များ​တို့​သည်၊ ဤ​မည်​သော နေ့​ရက်​ကာ​လ​တွင်၊"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 11,
      "text": "အာ​တ​ဇေ​ရဇ်​မင်း​ကြီး​ထံ​သို့ ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊ မြစ်​အ​နောက်​ဘက်၌ နေ​သော ကိုယ်​တော်​ကျွန်​တို့​သည်၊ ဤ​မည်​သော နေ့​ရက်​ကာ​လ​တွင် လျှောက်​ပါ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 12,
      "text": "အ​ထံ​တော်​မှ ကျွန်​တော်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​ယု​ဒ​လူ​တို့​သည် ဆိုး​ညစ်၍၊ ပုန်​ကန်​တတ်​သော​ယေ​ရု​ရှ​လင်​မြို့​ကို တည်​လျက်၊ မြို့​ရိုး​အ​မြစ်​ကို​ချ၍ လက်​စ​သတ်​လု​သည်​ကို သိ​မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 13,
      "text": "ထို​မြို့​ကို တည်​ပြန်၍ မြို့​ရိုး​ကို​လက်​စ​သတ်​လျှင်၊ ငွေ​တော်​ခွဲ​ခြင်း​ကို မ​ခံ၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို မ​ပေး​ဘဲ​နေ၍၊ နိုင်​ငံ​တော်​အ​ကျိုး​နည်း​ပါ​လိမ့်​မည်​ကို သိ​မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 14,
      "text": "ကျွန်​တော်​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့် အ​သက်​မွေး​ရ​သော​သူ ဖြစ်​သည်​နှင့်​အ​ညီ၊ ကိုယ်​တော်၌ ဘုန်း​တော်​လျော့​ကြောင်း​ကို ကြည့်၍​မ​နေ​သင့်​သော​ကြောင့်၊ ဘိုး​တော်​ဘေး​တော်​တို့၏ မှတ်​စာ​ကို စစ်​ကြော​တော်​မူ​မည်​အ​ကြောင်း ဤ​လျှောက်​စာ​ကို ပေး​လိုက်​ပါ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 15,
      "text": "ယေ​ရု​ရှ​လင်​မြို့​သည် ပုန်​ကန်​တတ်​သော​မြို့၊ ရှင်​ဘု​ရင်​အ​ကျိုး​နှင့် နိုင်​ငံ​တော်​အ​ကျိုး​စီး​ပွား​ကို ဖျက်​ဆီး​တတ်​သော​မြို့ ဖြစ်​ဖူး၍၊ ရှေး​ကာ​လ၌ မြို့​ထဲ​မှာ ပုန်​ကန်​သော​အ​ကြံ​ကို အ​စဉ်​ပြု​စု​သော​ကြောင့်၊ အ​တိုက်​အ​ဖျက် ခံ​ရ​ပါ​သည် အ​ကြောင်း​အ​ရာ​များ​ကို ထို​မှတ်​စာ၌​တွေ့၍ သိ​တော်​မူ​ပါ​လိမ့်​မည်။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 16,
      "text": "ထို​မြို့​ကို​တည်​ပြန်၍ မြို့​ရိုး​ကို လက်​စ​သတ်​လျှင်၊ ကိုယ်​တော်​သည် မြစ်​အ​နောက်​ဘက်၌ အ​စိုး​ရ​တော်​မ​မူ​ကြောင်း​ကို ကျွန်​တော်​တို့ လျှောက်​ထား​ပါ​သည်​ဟု စာ၌​ပါ​သ​တည်း။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 17,
      "text": "ရှင်​ဘု​ရင်​သည် စာ​တိုက်​စိုး​ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ မှ​စ၍၊ ရှ​မာ​ရိ​မြို့၌​နေ​သော ထို​သူ​တို့၏ အ​ပေါင်း​အ​ဖော်​များ၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခြား​သူ​များ​တို့​ရှိ​ရာ​သို့ ပြန်​ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 18,
      "text": "ဤ​မည်​သော နေ့​ရက်​ကာ​လ​တွင်၊ ငါ​ရေး၍ သင်​တို့​ချမ်း​သာ​ပါ​စေ။ ငါ့​ထံ​သို့​သင်​တို့ ပေး​လိုက်​သော​စာ​ကို ငါ့​ရှေ့​မှာ အ​နက်​ပြန်၍ ဖတ်​ပြီ။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 19,
      "text": "ငါ​မှာ​ထား​သည်​အ​တိုင်း စစ်​ကြော​ကြ​သော​အ​ခါ၊ ထို​မြို့​သည် ရှေး​ကာ​လ၌ ရှင်​ဘု​ရင်​တို့​ကို ပုန်​ကန်​ကြောင်း၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​တတ်​သော​မြို့၊ ပုန်​ကန်​တတ်​သော မြို့​ဖြစ်​ကြောင်း၊"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 20,
      "text": "ငွေ​တော်​ကို​ခွဲ​လျက်၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို ခံ​လျက်၊ မြစ်​အ​နောက်​ဘက် တစ်​လျှောက်​လုံး​ကို​အ​စိုး​ရ၍ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ဖူး​ကြောင်း​များ​ကို သိ​ရ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 21,
      "text": "သို့​ဖြစ်၍ ငါ​သည်​အ​ခွင့်​မ​ပေး​မီ​တိုင်​အောင်၊ ထို​သူ​တို့​သည် မြို့​ကို​မ​တည်​ဘဲ နေ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​ကို​ဆင့်​ဆို​ကြ​လော့။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 22,
      "text": "နိုင်​ငံ​တော်​အ​ကျိုး မ​ပျက်​စီး​စေ​ခြင်း​ငှာ သ​တိ​ပြု၍ ဤ​အ​မှု​ကို စေ့​စေ့​ကြည့်​ရှု​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 23,
      "text": "အာ​တ​ဇေ​ရဇ်​မင်း​ကြီး​စာ​ကို ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ အ​စ​ရှိ​သော သူ​တို့​အ​ပေါင်း​အ​ဖော်​ရှေ့​မှာ ဖတ်​ပြီး​လျှင်၊ သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​လူ​တို့​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​သွား၍ ယု​ဒ​လူ​တို့၏ အ​လုပ်​အ​ကိုင်​ကို အ​နိုင်​အ​ထက် ဆီး​တား​ကြ​၏။"
    },
    {
      "book": 15,
      "chapter": 4,
      "verse": 24,
      "text": "ထို​သို့ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​တည်​ခြင်း​အ​မှု ပြတ်၍၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဒါ​ရိ​နန်း​စံ​နှစ်​နှစ်​တိုင်​အောင် လက်​စ​မ​သတ်​ဘဲ နေ​လေ၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 1,
      "text": "ထို​အ​ခါ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ပ​ရော​ဖက် ဇာ​ခ​ရိ​လူ​တို့​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား၊ ယု​ဒ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဟော​ကြ၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 2,
      "text": "ထို​ဘု​ရား​သ​ခင်၏ ပ​ရော​ဖက်​တို့​သည် ဝိုင်း​သ​ဖြင့်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​သား ယော​ရှု​သည် ထ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တည်​စ​ပြု​ပြန်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 3,
      "text": "ထို​အ​ခါ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တန်​နှင့် ရှေ​သာ​ဗော​ဇ​နဲ​မှ​စ၍ သူ​တို့​အ​ပေါင်း​အ​ဖော်​တို့​သည် လာ၍၊ ဤ​အိမ်​ကို​တည်​ဆောက်​ရ​မည်၊ ဤ​မြို့​ရိုး​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​မှာ​ထား​သ​နည်း ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 4,
      "text": "ဤ​အိမ်​ကို​တည်​ဆောက်​သော သူ​တို့၏​အ​မည်​ကား အ​ဘယ်​သို့​နည်း ဟူ၍​လည်း​ကောင်း၊ မေး​စစ်​ကြ​သော်​လည်း၊"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 5,
      "text": "ဒါ​ရိ​မင်း အ​မိန့်​တော်​မ​ရောက်​မီ အ​လုပ်​အ​ကိုင် မ​ပြတ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ယု​ဒ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို ထောက်​ရှု​တော်​မူ၏။ သို့​ဖြစ်၍ အ​ထံ​တော်​သို့​လျှောက်​စာ​ကို ပေး​လိုက်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 6,
      "text": "မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ​နှင့် ရှေ​သာ​ဗော​ဇ​နဲ​မှ​စ၍ သူ​တို့​အ​ပေါင်း​အ​ဖော်၊"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 7,
      "text": "မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ဖာ​သ​သက်​လူ​တို့​သည်၊ ဒါ​ရိ​မင်း​ကြီး​ထံ​သို့ ပေး​လိုက်​သော စာ​ချက်​ဟူ​မူ​ကား၊ ဒါ​ရိ​မင်း​ကြီး၌ အ​စဉ်​ချမ်း​သာ​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 8,
      "text": "ကျွန်​တော်​တို့​သည် ယု​ဒ​ပြည်​တွင် ကြီး​မြတ်​သော​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ရောက်၍၊ ထို​အ​ရပ်​သား​တို့​သည် အိမ်​တော်​ကို ကျောက်​ကြီး​နှင့်​တည်​လုပ်​လျက်၊ ကျောက်​ထ​ရံ​ပေါ်​မှာ သစ်​သား​ကို တင်​လျက်၊ အ​လျင်​အ​မြန်​လုပ်​ဆောင်၍ အ​ကြံ​ထ​မြောက်​ကြောင်း​ကို သိ​မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 9,
      "text": "ဤ​အိမ်​ကို တည်​ဆောက်​ရ​မည်၊ ဤ​မြို့​ရိုး​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​မှာ​ထား​သ​နည်း ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 10,
      "text": "သူ​ကြီး​တို့၏ အ​မည်​များ​ကို​စာ​ရင်း​ယူ၍ အ​ထံ​တော်​သို့ ပေး​လိုက်​ခြင်း​ငှာ၊ သူ​ကြီး​တို့၏ အ​မည်​များ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ​တို့၌ မေး​မြန်း​သော​အ​ခါ။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 11,
      "text": "သူ​တို့​က၊ ငါ​တို့​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​အ​ရှင် ဘု​ရား​သ​ခင်၏​ကျွန်​တော် ဖြစ်​ကြ၏။ ရှေး​ကာ​လ၌ ကြီး​မြတ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်​ထောင်​တော်​မူ​သော အိမ်​တော်​ကို ယ​ခု​ပြု​ပြင်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 12,
      "text": "ငါ​တို့​ဘိုး​ဘေး​တို့​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သူ​တို့​ကို ခါ​လ​ဒဲ​မင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ ထို​ရှင်​ဘု​ရင်​သည် ဤ​အိမ်​တော်​ကို ဖျက်​ဆီး၍၊ ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 13,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ကု​ရု​သည်၊ နန်း​စံ​ပ​ထ​မ​နှစ်​တွင် ဤ​ဗိ​မာန်​တော်​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 14,
      "text": "နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က​ထုတ်၍၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့၏ ဗိ​မာန်​သို့ ဆောင်​သွား​သော ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ကု​ရု​မင်း​ကြီး​သည် ဗာ​ဗု​လုန်​မြို့၏​ဗိ​မာန်​ထဲ​က တစ်​ဖန်​ထုတ်၍၊ ရှေ​ရှ​ဗာ​ဇာ​အ​မည်​နှင့် မြို့​ဝန်​အ​ရာ၌ ခန့်​ထား​သော​သူ​လက်​သို့ အပ်​တော်​မူ​လျက်၊"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 15,
      "text": "ဤ​တန်​ဆာ​တို့​ကို ယူ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ဆောင်​သွား​လော့။ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ပြန်​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 16,
      "text": "ထို​ရှေ​ရှ​ဗာ​ဇာ​သည် လာ၍ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မြစ်​ကို ချ​ထား​သ​ဖြင့်၊ ထို​အ​ချိန်​မှ​စ၍ ယ​ခု​တိုင်​အောင် ငါ​တို့​သည်​တည်​လုပ်​လျက် လက်​စ​မ​သတ်​သေး​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 15,
      "chapter": 5,
      "verse": 17,
      "text": "သို့​ဖြစ်၍၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား၏​အိမ်​တော်​ကို တည်​ရ​မည်​အ​ကြောင်း၊ ကု​ရု​မင်း​ကြီး​အ​မိန့်​တော် ရှိ​သည် မ​ရှိ​သည်​ကို သိ​လို​သ​ဖြင့်၊ ဗာ​ဗု​လုန်​မြို့ ဘ​ဏ္ဍာ​တော်​တိုက်၌ ရှာ​ဖွေ​စေ​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​လျှင် ရှာ​ဖွေ​စေ​တော်​မူ​ပါ။ နောက်​တစ်​ဖန် ဤ​အ​မှု၌ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​တို့​ဆီ​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ​ပါ​ဟု လျှောက်​စာ၌ ပါ​သ​တည်း။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 1,
      "text": "ထို​အ​ခါ ဒါ​ရိ​မင်း​ကြီး​အ​မိန့်​တော်​နှင့် ဗာ​ဗု​လုန်​မြို့ ဘ​ဏ္ဍာ​တော်​ထား​ရာ စာ​တိုက်၌ ရှာ​ဖွေ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 2,
      "text": "မေ​ဒိ​ပြည်၊ အာ​ခ​မေ​သ​မြို့၊ နန်း​တော်၌ စာ​လိပ်​ကို​တွေ့၍၊ စာ​လိပ်၌​ပါ​သော စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 3,
      "text": "ယဇ်​ပူ​ဇော်​ရာ အိမ်​တော်​ကို တည်​စေ။ တိုက်​မြစ်​ကို ခိုင်​ခံ့​စွာ​ချ​ထား​စေ။ အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ အ​တောင်​ခြောက်​ဆယ် ရှိ၍၊"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 4,
      "text": "ကြီး​သော​ကျောက်​တန်း သုံး​ဆင့်၊ အ​သစ်​သော​သစ်​သား​တန်း တစ်​ဆင့်​နှင့် အ​ထပ်​ထပ်​တည်​စေ။ စ​ရိတ်​များ​ကို​လည်း ဘ​ဏ္ဍာ​တော်​ထဲ​က ထုတ်၍​ပေး​စေ။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 5,
      "text": "ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က နေ​ဗု​ခဒ်​နေ​ဇာ​ထုတ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့​သို့​ဆောင်​ခဲ့​သော ရွှေ​တန်​ဆာ ငွေ​တန်​ဆာ​တို့​ကို ပြန်​ပေး​စေ။ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ပို့၍ အ​လုံး​စုံ​တို့​ကို ဘု​ရား​အိမ်​တော်​ထဲ​တွင် မိ​မိ​တို့​နေ​ရာ၌ ထား​စေ​ဟု ကု​ရု​မင်း​ကြီး​သည် နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မှု​မှာ အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သင်​တို့​အ​ပေါင်း​အ​ဖော်​တည်း​ဟူ​သော မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ဖာ​သ​သက်​လူ​တို့၊ ထွက်​သွား​ကြ။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 7,
      "text": "ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို မ​ဆီး​မ​တား​ကြ​နှင့်။ ယု​ဒ​မြို့​ဝန်​နှင့် ယု​ဒ​အ​မျိုး​အ​သက်​ကြီး သူ​တို့​သည် ထို​အိမ်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ပါ​လေ​စေ၊"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 8,
      "text": "ထို​မှ​တစ်​ပါး၊ သင်​တို့​သည် ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​နှင့် ကူ​ညီ​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် အ​ဆီး​အ​တား မ​ရှိ​စေ​ခြင်း​ငှာ၊ မြစ်​အ​နောက်​ဘက်၌ ခံ​သော အ​ခွန်​တော်​တည်း​ဟူ​သော ဘ​ဏ္ဍာ​တော်​ထဲ​က အိမ်​တော်​တည်​စ​ရာ​စ​ရိတ်​ကို ချက်​ချင်း ထုတ်​ပေး​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 9,
      "text": "ထို​မှ​တစ်​ပါး၊ သူ​တို့​သည် မွှေး​ကြိုင်​သော​ယဇ်​တို့​ကို ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား​ပူ​ဇော်၍၊"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 10,
      "text": "ရှင်​ဘု​ရင်​အ​သက်၊ ဆွေ​တော်​မျိုး​တော်​တို့၏ အ​သက်​အ​ဖို့ ဆု​တောင်း​စေ​ခြင်း​ငှာ၊ သူ​တို့​လို​ချင်​သ​မျှ ယေ​ရု​ရှ​လင်​မြို့ ယဇ်​ပု​ရော​ဟိတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား၊ သိုး​ထီး၊ သိုး​သ​ငယ်၊ စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို နေ့​တိုင်း​အ​စဉ်​အ​ပြတ် ပေး​စေ။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 11,
      "text": "၎င်း​နည်း အ​ကြင်​သူ​သည် ဤ​အ​မိန့်​တော်​ကို​ငြင်း​ဆန်​လျှင်၊ ထို​သူ၏​အိမ်​မှ သစ်​တိုင်​ကို​နုတ်​ယူ၍ စိုက်​ပြီး​မှ သူ့​ကို​လည်​ဆွဲ​ချ​စေ။ သူ့​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 12,
      "text": "ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​ကို ကျိုး​ပဲ့​ပျက်​စီး​စေ​ခြင်း​ငှာ ပြု​သော​ရှင်​ဘု​ရင်​နှင့် ဆင်း​ရဲ​သား​အ​ပေါင်း​တို့​ကို၊ ထို​အ​ရပ်၌ နာ​မ​တော်​တည်​စေ​သော ဘု​ရား​သ​ခင်​သည် ဖျက်​ဆီး​တော်​မူ​ပါ​စေ​သော။ ငါ​ဒါ​ရိ​သည် အ​မိန့်​တော်​ကို​ပေး၏။ အ​မိန့်​တော်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​စေ​ဟု ပေး​လိုက်​သ​တည်း။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 13,
      "text": "ထို​အ​ခါ ဒါ​ရိ​မင်း​ကြီး​ပေး​လိုက်​သော အ​မိန့်​တော်​အ​တိုင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သူ​တို့​အ​ပေါင်း​အ​ဖော်​တို့​သည် အ​လျင်​အ​မြန်​ပြု​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 14,
      "text": "ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် တည်​ဆောက်၍၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ဇာ​ခ​ရိ ဟော​သော​အား​ဖြင့်၊ အ​ကြံ​ထ​မြောက်​ကြ၏။ ဣ​သ​ရေ​အ​မျိုး၏ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း အ​မိန့်​တော်​အ​တိုင်း တည်​ဆောက်၍ လက်​စ​သတ်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 15,
      "text": "ဒါ​ရိ​မင်း​ကြီး​နန်း​စံ ခြောက်​နှစ်၊ အာ​ဒါ​လ သုံး​ရက်​နေ့​တွင် အိမ်​တော်​သည် ပြီး​ပြည့်​စုံ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော သိမ်း​သွား​ခြင်း​ကို​ခံ​ဖူး​သော အ​မျိုး​သား​ချင်း​ရှိ​သ​မျှ​တို့​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် အ​နု​မော​ဒ​နာ​ပွဲ​ခံ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 17,
      "text": "ထို​အိမ်​တော်၏ အ​နု​မော​ဒ​နာ​ပွဲ​တွင် နွား​တစ်​ရာ၊ သိုး​ထီး​နှစ်​ရာ၊ သိုး​သ​ငယ်​လေး​ရာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​လိုက် အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော ဆိတ်​ထီး တစ်​ဆယ်​နှစ်​ကောင်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 18,
      "text": "မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 19,
      "text": "သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​အ​မျိုး​သား​တို့​သည် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင် ပ​သ​ခါ​ပွဲ​ကို​လည်း ခံ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 20,
      "text": "ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် တ​ညီ​တ​ညွတ်​တည်း ကိုယ်​ကို​သန့်​ရှင်း​စေ၍၊ အ​လုံး​စုံ​တို့​သည် သန့်​ရှင်း​သ​ဖြင့်၊ မိ​မိ​တို့​အ​ဖို့​မှ​စ၍ ပေါက်​ဖော်​ချင်း ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့​နှင့် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 21,
      "text": "သိမ်း​သွား​ခြင်း​ကို​ခံ​သော လူ​စု​ထဲ​က ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​အ​ညစ်​အ​ကြေး​ကို ပယ်​ရှား​သော သူ​များ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ကို​စား၍၊"
    },
    {
      "book": 15,
      "chapter": 6,
      "verse": 22,
      "text": "ခု​နစ်​ရက်​ပတ်​လုံး ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​လည်း ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​မှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် မ​စ​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​တော်​ကို သူ​တို့​ဘက်​သို့ ကူး​စေ​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 1,
      "text": "ထို​နောက်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​လက်​ထက်၌၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗု​က္ကိ၊ ဩ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​ဇ​ရိ၊ အာ​မ​ရိ၊ အ​ဟိ​တုတ်၊ ဇာ​ဒုတ်၊ ရှ​လ္လုံ၊ ဟိ​လ​ခိ၊ အာ​ဇ​ရိ၊ စ​ရာ​ယ​တို့​မှ ဆင်း​သက်​သော​သူ၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လေ့​ကျက်​သော​ဆ​ရာ ဖြစ်​သော​သူ​ဧ​ဇ​ရ​သည် ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား၏။ ထို​သူ​တောင်း​သ​မျှ​ကို သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်​ခိုး​တော်​ကြောင့် ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 7,
      "text": "အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​ခု​နစ်​နှစ်​တွင်၊ အ​ချို့​သော ဣ​သ​ရေ​လ​အ​မျိုး​သား ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​သွား​ကြ၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 8,
      "text": "ရှင်​ဘု​ရင်​နန်း​စံ ခု​နစ်​နှစ်၊ ပ​ဥ္စ​မ​လ​တွင် ဧ​ဇ​ရ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 9,
      "text": "ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​မြို့​မှ​ထွက်၍၊ ပ​ဥ္စ​မ​လ တစ်​ရက်​နေ့​တွင်၊ မိ​မိ​ဘု​ရား​သ​ခင် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ဧ​ဇ​ရ​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စစ်​ဆေး စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ သွန်​သင်​ခြင်း​ငှာ​လည်း​ကောင်း သ​ဘော​ကျ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​စ​ကား​နှင့် ဣ​သ​ရေ​လ​အ​မျိုး၌ ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို လေ့​ကျက်​သော​ဆ​ရာ ယဇ်​ပု​ရော​ဟိတ် ဧ​ဇ​ရ​အား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး ပေး​တော်​မူ​သော အ​မိန့်​တော်​စာ​ချက် ဟူ​မူ​ကား၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 12,
      "text": "ဘု​ရင်​တို့၏​ဘု​ရင် အာ​တ​ဇေ​ရဇ်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့် တ​ရား​ကျမ်း​တတ်​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၌ ခပ်​သိမ်း​သော မင်္ဂ​လာ​ဖြစ်​စေ​သော​ဟူ၍ ဤ​မည်​သော​ကာ​လ​တွင် မှာ​လိုက်၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 13,
      "text": "ငါ့​နိုင်​ငံ၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​တွင် ယေ​ရု​ရှ​လင်​မြို့​သို့ ကိုယ်​အ​လို​အ​လျောက် သွား​ချင်​သော​သူ ရှိ​သ​မျှ​တို့​သည် သင်​နှင့်​အ​တူ လိုက်​သွား​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​လေ့​ကျက်​သည်​အ​တိုင်း၊ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့၌ တ​ရား​အ​မှု​များ​ကို မေး​မြန်း​စစ်​ဆေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 15,
      "text": "ယေ​ရု​ရှ​လင်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား၊ ရှင်​ဘု​ရင်​နှင့် အ​တွင်း​ဝန်​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​သော ရွှေ​ငွေ​နှင့်​တ​ကွ၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​ဖို့ အ​လို​လို​လှူ၍ ဗာ​ဗု​လုန်​ပြည်၌ သင်​ရ​နိုင်​သ​မျှ​သော ရွှေ​ငွေ​ကို ဆောင်​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့် အ​တွင်း​ဝန်​ခု​နစ်​ပါး စေ​လွှတ်၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 17,
      "text": "ထို​ငွေ​ကို​ယူ​ပြီး​လျှင် နွား၊ သိုး​ထီး၊ သိုး​သ​ငယ်​နှင့်​တ​ကွ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို အ​လျင်​အ​မြန်​ဝယ်၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော သင်​တို့၏​ဘု​ရား​အိမ်​တော် ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 18,
      "text": "ကျန်​ကြွင်း​သော ရွှေ​ငွေ​ကို သင်​နှင့် သင့်​ညီ​အစ်​ကို​တို့ ပြု​ချင်​သ​မျှ​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင် အ​လို​တော်​နှင့်​အ​ညီ ပြု​လော့။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 19,
      "text": "သင်၏​ဘု​ရား အိမ်​တော်​ဝတ်​ပြု​စ​ရာ​ဖို့ သင်၌​အပ်​ပေး​သော တန်​ဆာ​များ​ကို​လည်း၊ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​သ​ခင့်​ရှေ့​တော်​တွင် သို​ထား​လော့။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 20,
      "text": "သင်၏​ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့ လို​သေး​သော​အ​ရာ၊ ဝယ်​သင့်​သ​မျှ​တို့​ကို ဘ​ဏ္ဍာ​တော်​ထဲ​က ထုတ်၍​ဝယ်​လော့။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 21,
      "text": "ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​တ​ရား​ကို လေ့​ကျက်​သော​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ​အ​တိုင်း၊"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 22,
      "text": "ငွေ​အ​ခွက် တစ်​ထောင်၊ ဂျုံ​ဆန်​ကော​ရ တစ်​ရာ၊ စ​ပျစ်​ရည်​ဗတ် တစ်​ရာ၊ ဆီ​ဗတ် တစ်​ရာ​နှင့်​တ​ကွ ဆား​မည်​မျှ​မ​ဆို၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခွန်​ဝန်​အ​ပေါင်း​တို့​သည် အ​လျင်​အ​မြန်​ပေး​ရ​မည်​အ​ကြောင်း၊ ငါ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ် အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 23,
      "text": "ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ထို​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ဖို့ ကြိုး​စား၍​လုပ်​ဆောင်​စေ။ ရှင်​ဘု​ရင်​နှင့် ဆွေ​တော်​မျိုး​တော်​အ​ပေါ်​သို့ အ​ဘယ်​ကြောင့် အ​မျက်​တော် သက်​ရောက်​ရ​မည်​နည်း။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 24,
      "text": "ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​စောင့် တစ်​စုံ​တစ်​ယောက်၌​မျှ ငွေ​တော်​ကို မ​ခွဲ​စေ​နှင့်။ အ​ခွန်​တော်​အ​ကောက်​တော်​ကို မ​ခံ​မ​ယူ​စေ​နှင့်​ဟု ငါ​မှာ​လိုက်၏။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 25,
      "text": "သင်​ဧ​ဇ​ရ​သည်​လည်း၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို နား​လည်​သော၊ မြစ်​အ​နောက်​ဘက်​သား အ​ပေါင်း​တို့​တွင်၊ တ​ရား​မှု​ကို စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​သိ​သော​သူ​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း​များ၊ တ​ရား​သူ​ကြီး​များ​ကို သင်၏ ဘု​ရား​သ​ခင့်​ဉာဏ်​နှင့် သင်​ပြည့်​စုံ​သည်​အ​တိုင်း ခန့်​ထား​လော့။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 26,
      "text": "သင်၏​ဘု​ရား​သ​ခင့်​တ​ရား​နှင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို ငြင်း​ဆန်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း၊ နှင်​ထုတ်​ခြင်း၊ ဥ​စ္စာ​သိမ်း​ယူ​ခြင်း၊ ထောင်​ထဲ​မှာ လှောင်​ထား​ခြင်း​တည်း​ဟူ​သော ရာ​ဇ​ဝတ်​တစ်​စုံ​တစ်​ခု​ကို အ​လျင်​အ​မြန်​ခံ​စေ​ဟု အ​မိန့်​တော်​စာ၌​ပါ​သ​တည်း။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 27,
      "text": "ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 15,
      "chapter": 7,
      "verse": 28,
      "text": "ထို​သို့ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်ခိုးတော်​ကြောင့်၊ ငါ​သည် ခွန်​အား​ရှိ၍ ငါ​နှင့်​အ​တူ လိုက်​သွား​ရ​သော ဣ​သ​ရေ​လ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို စု​ဝေး​စေ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 1,
      "text": "အာ​တ​ဇေ​ရဇ်​မင်း​ကြီး လက်​ထက်၌၊ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား​သော​သူ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့၏ သား​စဉ်​မြေး​ဆက်​စာ​ရင်း ဟူ​မူ​ကား။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 2,
      "text": "ဖိ​န​ဟတ်​အ​မျိုး ဂေ​ရ​ရှုံ၊ ဣ​သ​မာ​အ​မျိုး ဒံ​ယေ​လ၊ ဒါ​ဝိဒ်​အ​မျိုး ဟ​တ္တုတ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 3,
      "text": "ရှေ​ခ​နိ​အ​မျိုး ဖာ​ရုတ်​အ​နွယ်​ထဲ​က ဇာ​ခ​ရိ​နှင့် စာ​ရင်း​ဝင်​သူ ယောက်ျား​ပေါင်း တစ်​ရာ​ငါး​ကျိပ်။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 4,
      "text": "ပါ​ဟတ်​မော​ဘ​အ​မျိုး၊ ဇေ​ရာ​ယ​သား ဧ​လျော​နဲ​နှင့် ယောက်ျား​ပေါင်း​နှစ်​ရာ၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 5,
      "text": "ရှေ​ခ​နိ​အ​မျိုး ယ​ဟာ​ဇေ​လ​သား​နှင့် ယောက်ျား​ပေါင်း​သုံး​ရာ၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 6,
      "text": "အာ​ဒိန်​အ​မျိုး ယော​န​သန်​သား ဧ​ဗက်​နှင့် ယောက်ျား​ပေါင်း​ငါး​ကျိပ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 7,
      "text": "ဧ​လံ​အ​မျိုး၊ အာ​သ​လိ​သား​ယေ​ရှာ​ယ​နှင့် ယောက်ျား​ပေါင်း​ခု​နစ်​ကျိပ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 8,
      "text": "ရှေ​ဖ​တိ​အ​မျိုး မိ​က္ခေ​လ​သား ဇေ​ဗ​ဒိ​နှင့် ယောက်ျား​ပေါင်း​ရှစ်​ကျိပ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 9,
      "text": "ယွာ​ဘ​အ​မျိုး ယေ​ဟေ​လ​သား ဩ​ဗ​ဒိ​နှင့် ယောက်ျား​ပေါင်း နှစ်​ရာ​တစ်​ကျိပ်​ရှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 10,
      "text": "ရှေ​လော​မိတ်​အ​မျိုး၊ ယော​သိ​ဖိ​သား​နှင့် ယောက်ျား​ပေါင်း တစ်​ရာ​ခြောက်​ကျိပ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 11,
      "text": "ဗေ​ဗဲ​အ​မျိုး၊ ဗေ​ဗဲ​သား​ဇာ​ခ​ရိ​နှင့် ယောက်ျား​ပေါင်း နှစ်​ကျိပ်​ရှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 12,
      "text": "အာ​ဇ​ဂဒ်​အ​မျိုး၊ ဟ​က္က​တန်​သား ယော​ဟ​နန်​နှင့် ယောက်ျား​ပေါင်း တစ်​ရာ​တစ်​ကျိပ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 13,
      "text": "အ​ဒေါ​နိ​ကံ​အ​မျိုး​သား​တို့​တွင်၊ နောက်​ကျ​သော​သူ၊ ဧ​လိ​ဖ​လက်၊ ယေ​ယေ​လ၊ ရှေ​မာ​ယ​နှင့် ယောက်ျား​ပေါင်း​ခြောက်​ကျိပ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 14,
      "text": "ဗိ​ဂ​ဝဲ​အ​မျိုး​သား ဥ​သဲ၊ ဇ​ဗ္ဗုဒ်​နှင့် ယောက်ျား​ပေါင်း ခု​နစ်​ကျိပ်​တည်း။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 15,
      "text": "ထို​လူ​များ​တို့​ကို အ​ဟာ​ဝ​မြို့​သို့​စီး​သော မြစ်​နား​မှာ ငါ​စု​ဝေး​စေ၍၊ သုံး​ရက်​ပတ်​လုံး တဲ၌​နေ​ကြ၏။ လူ​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​များ​တို့​ကို ငါ​စစ်​ဆေး၍၊ လေ​ဝိ​သား​တစ်​ယောက်​ကို​မျှ မ​တွေ့​သော​အ​ခါ၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 16,
      "text": "လူ​ကြီး ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ဇာ​ခ​ရိ၊ မေ​ရှု​လံ၊ ပ​ညာ​ရှိ​ယာ​ရိပ်၊ ဧ​လ​နာ​သန်​တို့​ကို ခေါ်၍၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 17,
      "text": "က​သိ​ဖိ​မြို့​သူ​ကြီး ဣ​ဒေါ​ထံ​သို့ မှာ​စာ​နှင့်​စေ​လွှတ်​လျက်၊ ဣ​ဒေါ​နှင့် က​သိ​ဖိ​မြို့​မှာ နေ​သော​သူ၏ ညီ​အစ်​ကို​ဘု​ရား​ကျွန်​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင့် အိမ်​တော်​အ​မှု​စောင့်​များ​ကို ပေး​စေ​ခြင်း​ငှာ၊ သူ​တို့​အား အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို ငါ​မှာ​လိုက်၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 18,
      "text": "ထို​သူ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့်၊ ဣ​သ​ရေ​လ​သား​လေ​ဝိ၏​သား မ​ဟာ​လိ​အ​မျိုး​သား၊ ပ​ညာ​ရှိ​တစ်​ယောက်၊ ရှေ​ရ​ဘိ​နှင့် သူ၏​ပေါက်​ဖော် တစ်​ကျိပ်​ရှစ်​ယောက်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 19,
      "text": "ဟာ​ရှ​ဘိ​နှင့် မေ​ရာ​ရိ​အ​မျိုး ယေ​ရှာ​ယ​နှင့် သူ၏​ပေါက်​ဖော် နှစ်​ကျိပ်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 20,
      "text": "လေ​ဝိ​သား​တို့​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​နှင့် မှူး​တော်​မတ်​တော်​ခန့်​ထား​သော ဘု​ရား​ကျွန်​များ၊ စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ နှစ်​ရာ​နှစ်​ကျိပ်​တို့​ကို ခေါ်​ခဲ့​ကြ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 21,
      "text": "ထို​အ​ခါ ဥ​စ္စာ​များ​မှ​စ၍ သူ​ငယ်​များ​နှင့်​တ​ကွ၊ ငါ​တို့​သွား​စ​ရာ မှန်​သော​လမ်း​ကို ဘု​ရား​သ​ခင်၌​ရှာ၍၊ ရှေ့​တော်​မှာ ခြိုး​ခြံ​စွာ​ကျင့်​ခြင်း​ငှာ၊ အ​ဟာ​ဝ​မြစ်​နား​တွင်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ငါ​ကြော်​ငြာ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်၊ တန်​ခိုး​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​ကို စွန့်​သော​သူ​အ​ပေါင်း​တို့​ကို၊ တန်​ခိုး​တော်​ဆီး​တား၍ အ​မျက်​တော် သက်​ရောက်​လိမ့်​မည်​ဟု ငါ​တို့​သည်​ရှင်​ဘု​ရင်​အား လျှောက်​ထား​သော​ကြောင့်၊ လမ်း​တွင် ရန်​သူ​လက်​နှင့် လွတ်​စေ​ခြင်း​ငှာ၊ လိုက်၍​ပို့​ရ​သော စစ်​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ တစ်​တပ်​ကို ရှင်​ဘု​ရင်၌​မ​တောင်း​ဝံ့၊ ရှက်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 23,
      "text": "ထို​အ​မှု​ကြောင့်၊ ငါ​တို့​သည် အ​စာ​ရှောင်၍၊ ငါ​တို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လျက်​နေ​ကြ၏။ ဘု​ရား​သ​ခင်​လည်း နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 24,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး တစ်​ကျိပ်​နှစ်​ပါး၊ ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့် သူ​တို့​ညီ​အစ်​ကို တစ်​ကျိပ်​ကို ငါ​ရွေး​ထား​ပြီး​လျှင်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​မှ​စ၍ အ​တွင်း​ဝန်၊ မှူး​တော်​မတ်​တော်၊ စည်း​ဝေး​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ငါ​တို့၏​ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့ လှူ​သော​ပူ​ဇော်​သ​ကာ၊ ရွှေ၊ ငွေ၊ တန်​ဆာ​တည်း​ဟူ​သော၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 26,
      "text": "ငွေ​အ​ခွက် ခြောက်​ထောင်​ငါး​ပိဿာ၊ ငွေ​တန်​ဆာ​အ​ခွက် တစ်​ထောင်၊ ရွှေ​အ​ခွက် တစ်​ထောင်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 27,
      "text": "ရွှေ​ဒင်္ဂါး တစ်​ထောင်​အ​ချိန်​ရှိ​သော ရွှေ​အင်​တုံ​နှစ်​ဆယ်၊ ရွှေ​နှင့်​အ​မျှ​မြတ်​သော ရွှေ​ကြေး​ဝါ​စစ်​ဖ​လား နှစ်​လုံး​တို့​ကို ငါ​ချိန်၍​အပ်​လျက်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 28,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ၏။ ဤ​တန်​ဆာ​တို့​သည်​လည်း သန့်​ရှင်း​သော​တန်​ဆာ ဖြစ်​ကြ၏။ ဤ​ငွေ​နှင့် ဤ​ရွှေ​သည်​လည်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​ရွှေ​ငွေ​ဖြစ်၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 29,
      "text": "ယေ​ရု​ရှ​လင်​မြို့၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ခန်း​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လေ​ဝိ​သား၊ ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မ​ချိန်​မီ​တိုင်​အောင် ကြည့်​ရှု​စောင့်​ရှောက်​ကြ​လော့​ဟု မှာ​ထား၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 30,
      "text": "ထို​သို့​ချိန်​သော ရွှေ၊ ငွေ​တန်​ဆာ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ငါ​တို့၏​ဘု​ရား​သ​ခင်​အိမ်​တော်​သို့ ပို့​ဆောင်​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် ခံ​ယူ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 31,
      "text": "ပ​ထ​မ​လ တစ်​ဆယ်​နှစ်​ရက်​နေ့​တွင်၊ ငါ​တို့​သည် အ​ဟာ​ဝ​မြစ်​မှ​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​ကြ၏။ လမ်း​နား၌ ချောင်း၍​နေ​သော ရန်​သူ​လက်​မှ၊ ငါ​တို့၏ ဘု​ရား​သ​ခင့် တန်​ခိုး​တော်​ကြောင့် လွတ်​လျက်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 32,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်၍ သုံး​ရက်​နေ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 33,
      "text": "စ​တု​တ္ထ​နေ့​တွင် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်၌၊ ဖိ​န​ဟတ်​သား​ဧ​လာ​ဇာ​နှင့် လေ​ဝိ​အ​မျိုး​ယော​ရှု​သား ယော​ဇ​ဗဒ်၊ ဗိ​နွိ​သား​နော​ဒိ​တို့​သည် ဝိုင်း၍​ကြည့်​ရှု​လျက်၊"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 34,
      "text": "ဥ​ရိ​သား ယဇ်​ပု​ရော​ဟိတ် မေ​ရ​မုတ်​သည် ထို​ရွှေ​ငွေ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ရေ​တွက်​ချိန်​တွယ်၍ တစ်​နေ့​ချင်း​တွင် အ​ချိန်​ပေါင်း​ကို မှတ်​သား​လေ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 35,
      "text": "သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က ထွက်​လာ​သော သူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​များ​တို့​အ​ဖို့ နွား တစ်​ဆယ်​နှစ်​ကောင်၊ သိုး​ထီး ကိုး​ဆယ်​ခြောက်​ကောင်၊ သိုး​သ​ငယ် ခု​နစ်​ဆယ်​ခု​နစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ် တစ်​ဆယ်​နှစ်​ကောင်​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 8,
      "verse": 36,
      "text": "ရှင်​ဘု​ရင်​အ​မိန့်​တော် အ​မှာ​တော်​တို့​ကို ကိုယ်​စား​တော်​မင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့၌​အပ်၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဘု​ရား​သ​ခင့် အိမ်​တော်​ကို ပြု​စု​ကြ၏။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 1,
      "text": "ထို​အ​မှု​ပြီး​မှ၊ အ​ကြီး​အ​ကဲ​တို့​သည် ငါ့​ထံ​သို့​လာ၍ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဤ​ပြည်​သား​ရင်း​တို့​နှင့် ပေါင်း​ဖော်​သ​ဖြင့်၊ ခါ​နာ​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ အ​မ္မုန်​လူ၊ မော​ဘ​လူ၊ အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ​တို့ ရွံ​ရှာ​ဖွယ်​သော​အ​ကျင့်​ကို ကျင့်​ကြ​ပါ၏။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သ​မီး​များ​ကို ကိုယ်​ဖို့​လည်း​ကောင်း၊ ကိုယ်​သား​ဖို့​လည်း​ကောင်း၊ သိမ်း​ယူ​သ​ဖြင့်၊ သန့်​ရှင်း​သော​အ​မျိုး​သည် ဤ​ပြည်​သား​ရင်း​အ​မျိုး​နှင့် ရော​နှော​လျက်​ရှိ၍၊ အ​ကြီး​အ​ကဲ​နှင့် မင်း​အ​ရာ​ရှိ​တို့​သည်၊ ဤ​ဒု​စ​ရိုက်​အ​မှု​ကို အ​ဦး​ပြု​ကြ​ပြီ​တ​ကား​ဟု ကြား​ပြော​ကြ၏။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 3,
      "text": "ထို​စ​ကား​ကို ငါ​ကြား​လျှင် အ​တွင်း​အ​ဝတ်၊ ပြင်​အ​ဝတ်​ကို ဆုတ်၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​ကို နုတ်​ပစ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ထိုင်​နေ၏။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 4,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ကြောက်​ရွံ​သော​သူ​အ​ပေါင်း​တို့​သည်၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့ ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ငါ့​ထံ​မှာ​စည်း​ဝေး၍၊ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ငါ​သည်​မိန်း​မော​တွေ​ဝေ​လျက် နေ၏။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 5,
      "text": "ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တွင်၊ စိတ်​ပျက်​ရာ​မှ​ထ၍ အ​တွင်း​အ​ဝတ်၊ ပြင်​အ​ဝတ်​ကို ဆုတ်​ပြီး​လျှင်၊ ဒူး​ထောက်၍၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ လက်​ဝါး​တို့​ကို ဖြန့်​လျက်၊"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 6,
      "text": "အို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သို့ မ​မျှော်​မ​ကြည့်​ဝံ့၊ ရှက်​ကြောက်၍ မျက်​နှာ​နီ​ပါ၏။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့ ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​တို့ ခေါင်း​ပေါ်​မှာ အ​ထပ်​ထပ်​လွှမ်း​မိုး၍၊ ကြီး​စွာ​သော အ​ပြစ်​သည် မိုး​ကောင်း​ကင်​သို့ မီ​ပါ၏။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 7,
      "text": "ဘိုး​ဘေး​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​အ​ပြစ်​ကြောင့် ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​မှ​စ၍၊ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​တိုင်​အောင် ခံ​သ​ကဲ့​သို့၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​လက်​သို့ အပ်​ခြင်း၊ အ​သေ​သတ်​ခြင်း၊ သိမ်း​သွား​ခြင်း၊ လု​ယက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း​ကို ခံ​ရ​ပါ၏။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 8,
      "text": "ယ​ခု​ခ​ဏ​တွင်၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ကျွန်ုပ်​တို့​ကို ဘေး​မဲ့​လွှတ်၍ ကျန်​ကြွင်း​စေ​လျက်၊ သန့်​ရှင်း​သော ဌာ​န​တော်၌ စွဲ​ထား​သော​တံ​စို့​ကို ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​မျက်​စိ​ကို လင်း​စေ၍၊ အ​ကျွန်ုပ်​တို့ ကျွန်​ခံ​နေ​ရာ၌ အ​သက်​ရှူ​ပြန်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 9,
      "text": "အ​ကျွန်ုပ်​တို့​သည် ကျွန်​ခံ​လျက်​နေ​ရ​ပါ၏။ ထို​သို့ ကျွန်​ခံ​လျက် နေ​ရ​သော်​လည်း၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကျွန်ုပ်​တို့ အ​သက်​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ထူ​ထောင်၍၊ ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ခြင်း​ငှာ​လည်း​ကောင်း၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ ခို​လှုံ​ရာ​အ​ရပ်​ကို အ​ကျွန်ုပ်​အား ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​သိ​ရှင်​ဘု​ရင်​တို့​သည် အ​ကျွန်ုပ်​တို့၌ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို ပေး​သ​နား​တော်​မူ​ပြီ။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 10,
      "text": "ယ​ခု​လည်း အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ဤ​သို့ ပြု​မိ​ပြီး​မှ၊"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 11,
      "text": "အ​ဘယ်​သို့ လျှောက်​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 12,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သွား၍ သိမ်း​ယူ​လ​တ္တံ့​သော​ပြည်​သည်၊ ပြည်​သူ​ပြည်​သား​တို့ အ​ညစ်​အ​ကြေး​ကြောင့် ညစ်​ညူး​သော​ပြည် ဖြစ်၏။ တစ်​ပြည်​လုံး​ကို ရွံ​ရှာ​ဖွယ်​အ​မှု​တို့​နှင့် ပြည့်​စေ​ကြ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သ​မီး​ကို သူ​တို့​သား​အား မ​ပေး​စား​ကြ​နှင့်။ သူ​တို့၏​သ​မီး​ကို သင်​တို့​သား​နှင့် မ​စုံ​ဖက်​စေ​ကြ​နှင့်။ သူ​တို့​ချမ်း​သာ​နှင့် သူ​တို့​စည်း​စိမ်​ကို အ​လျှင်း​မ​ပြု​စု​ကြ​နှင့်။ သင်​တို့​သည် ခွန်​အား​ကြီး၍ မြေ​အ​သီး​အ​နှံ​ကို စား​ရ​သော​အ​ခွင့်၊ ထို​မြေ​ကို ကိုယ်​သား​မြေး​တို့၌ နိ​စ္စ​အ​မွေမြေ​ဖြစ်​စေ၍၊ အပ်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ကျင့်၍ နေ​ကြ​လော့​ဟု ကိုယ်​တော်​ကျွန်၊ ပ​ရော​ဖက်​တို့​အား​ဖြင့် မှာ​ထား​တော်​မူ​သော ပ​ညတ်​စ​ကား​တော်​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ပါ​တ​ကား။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 13,
      "text": "အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကို ပေး​တော်​မ​မူ​သော်​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ပြု​မိ​သော ဒု​စ​ရိုက်​အ​မှု၊ ကြီး​စွာ​သော လွန်​ကျူး​ခြင်း​အ​ပြစ်​ကြောင့်၊ ဤ​မျှ​လောက် ခံ​ရ​ပြီး​မှ​လည်း​ကောင်း၊ ကိုယ်​တော်​သည် ဤ​မျှ​လောက် ချမ်း​သာ​ပေး​တော်​မူ​ပြီး​မှ​လည်း​ကောင်း၊"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 14,
      "text": "အ​ကျွန်ုပ်​တို့​သည် ပ​ညတ်​တ​ရား​တော်​တို့​ကို တစ်​ဖန်​လွန်​ကျူး၍၊ ဤ​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​တတ်​သော​လူ​မျိုး​နှင့် ပေါင်း​ဖော်​လျှင် တစ်​ယောက်​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​တော်​မူ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 15,
      "chapter": 9,
      "verse": 15,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​အ​သက်​လွတ်၍ ကျန်​ကြွင်း​သေး​သော​သူ ဖြစ်​ပါ၏။ ကိုယ်​အ​ပြစ်​များ​ကို ရှေ့​တော်၌ တောင်း​ပန်​ပါ၏။ ထို​အ​ပြစ်​ကြောင့်၊ ရှေ့​တော်၌ နေ​ရာ​မ​ရ​နိုင်​ပါ​ဟု တောင်း​လျှောက်​လေ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 1,
      "text": "ထို​သို့​ဧ​ဇ​ရ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ရှေ့​မှာ ပျပ်​ဝပ်​လျက်၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်၍ ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ အ​လွန်​များ​စွာ​သော ပ​ရိ​သတ်၊ ဣ​သ​ရေ​လ​အ​မျိုး ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​သည် ဧ​ဇ​ရ​ထံ​မှာ စည်း​ဝေး၍ အ​လွန်​ငို​ကြွေး​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 2,
      "text": "ဧ​လံ​အ​မျိုး၊ ယေ​ဟေ​လ​သား ရှေ​က​နိ​က​လည်း၊ ငါ​တို့​သည် ကိုယ်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍၊ ဤ​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့် စုံ​ဖက်​ကြ​ပြီ။ သို့​ရာ​တွင် ဤ​အ​မှု​မှာ ဣ​သ​ရေ​လ​အ​မျိုး မျှော်​လင့်​စ​ရာ ရှိ​သေး၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 3,
      "text": "သို့​ဖြစ်၍ အ​ရှင်​ဘု​ရား​အ​စ​ရှိ​သော ငါ​တို့ ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့ သ​တိ​ပေး​သည်​အ​တိုင်း၊ ဤ​မိန်း​မ​များ​နှင့် သူ​တို့​သား​သ​မီး​များ​ရှိ​သ​မျှ​ကို စွန့်​ပယ်​မည်​ဟု ငါ​တို့၏​ဘု​ရား​သ​ခင့် ရှေ့​တော်၌ အ​ဓိ​ဋ္ဌာန်​ပြု​ကြ​ကုန်​အံ့။ ဤ​အ​မှု​ကို တ​ရား​ရှိ​သည်​အ​တိုင်း စီ​ရင်​ကြ​ကုန်​အံ့။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 4,
      "text": "ထ​တော်​မူ​ပါ။ ဤ​အ​မှု​ကို ကိုယ်​တော်​ဆိုင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည်​လည်း ဝိုင်း၍ မ​စ​ကြ​ပါ​မည်။ ရဲ​ရင့်​သော စိတ်​ရှိ၍ ပြု​တော်​မူ​ပါ​ဟု ဧ​ဇ​ရ​အား ပြန်​ပြော​ကြ​လျှင်၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 5,
      "text": "ဧ​ဇ​ရ​သည်​ထ၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လေ​ဝိ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ထို​စ​ကား​အ​တိုင်း ပြု​ရ​မည်​အ​ကြောင်း သူ​တို့​အား​အ​ကျိန်​ပေး၍ သူ​တို့​သည် ကျိန်​ဆို​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 6,
      "text": "ထို​အ​ခါ ဧ​ဇ​ရ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော် ရှေ့​က​ထ၍၊ ဧ​လျာ​ရှိပ်​သား​ယော​ဟ​နန် အ​ခန်း​သို့​သွား၏။ ရောက်​သော​အ​ခါ မုန့်​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ နေ၏။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ဖူး​သော သူ​တို့​ပြစ်​မှား​သော အ​ပြစ်​ကြောင့် ညည်း​တွား​မြည်​တမ်း​လေ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 7,
      "text": "သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စည်း​ဝေး​စေ​မည်​အ​ကြောင်း၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 8,
      "text": "မင်း​များ​နှင့် အ​သက်​ကြီး​သူ​များ စီ​ရင်​သည်​အ​တိုင်း၊ သုံး​ရက်​အ​တွင်း​တွင် မ​ရောက်​သော​သူ မည်​သည်​ကား၊ သိမ်း​သွား​ခြင်း၊ အ​မျိုး​သား​ပ​ရိသတ်​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကျိန်​ဆို​အပ်​သော​ဥ​စ္စာ ဖြစ်​စေ​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ စ၍ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 9,
      "text": "ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား​ယောက်ျား အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှာ စည်း​ဝေး၍ န​ဝ​မ​လ​အ​ရက်​နှစ်​ဆယ်​တွင်၊ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကြောင့်​လည်း​ကောင်း၊ သည်း​ထန်​စွာ မိုး​ရွာ​သော​ကြောင့်​လည်း​ကောင်း၊ တုန်​လှုပ်​လျက် ဘု​ရား​သ​ခင်၏ အိမ်​တော်​ဦး​ရှေ့​မှာ ထိုင်​နေ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 10,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ထ၍၊ သင်​တို့​သည် ပြစ်​မှား​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ပြစ်​လေး​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​နှင့် စုံ​ဖက်​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 11,
      "text": "သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ အ​လို​တော်​အ​တိုင်း ပြု​လျက်၊ ဤ​ပြည်​သား​တို့​နှင့်​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့်​လည်း​ကောင်း ကွာ​ကြ​လော့​ဟု သူ​တို့​အား​ဆို၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 12,
      "text": "ပ​ရိ​သတ်​အ​ပေါင်း​တို့​က​လည်း၊ ကိုယ်​တော် မိန့်​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 13,
      "text": "သို့​ရာ​တွင် လူ​အ​များ​ရှိ​ပါ၏။ သည်း​ထန်​စွာ မိုး​ရွာ​သော​ကာ​လ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အိမ်​ပြင်​မှာ မ​ရပ်​မ​နေ​နိုင်​ပါ။ ဤ​အ​မှု​သည် တစ်​ရက်​နှစ်​ရက်​တွင် ပြီး​နိုင်​သော​အ​မှု မ​ဟုတ်​ပါ။ ပြစ်​မှား​သော​သူ အ​များ​ရှိ​ပါ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 14,
      "text": "ငါ​တို့ ပ​ရိ​သတ်​အ​ပေါင်း​ကို အုပ်​ချုပ်​သော အ​ကြီး​အ​ကဲ​တို့​သည် စီ​ရင်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​နေ​ရာ​မြို့​ရွာ၌ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော သူ​အ​ပေါင်း​တို့​သည် ချိန်း​ချက်​သော​အ​ချိန်​တို့၌ မြို့​အ​သီး​သီး အ​သက်​ကြီး​သူ​များ၊ တ​ရား​သူ​ကြီး​များ​နှင့် အ​တူ​လာ၍ ဤ​အ​မှု​ကြောင့် ပြင်း​စွာ​ထွက်​သော ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ဖြေ​ကြ​ပါ​စေ​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ပြန်​ပြော​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 15,
      "text": "အာ​သ​ဟေ​လ​သား ယော​န​သန်​နှင့် တိ​က​ဝ​သား ယ​ဟာ​ဇိ​သာ​လျှင် ထို​အ​မှု​ကို​ပြု​စု​ကြ၏။ လေ​ဝိ​သား မေ​ရှု​လံ​နှင့် ရှ​ဗ္ဗ​သဲ​တို့​သည် ဝိုင်း​ညီ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 16,
      "text": "သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​တို့​သည် ဝန်​ခံ​ကြ​သည်​နှင့်​အ​ညီ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ရွေး​ချယ်၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မည်​များ​ကို မှတ်​သား​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် ဒ​သ​မ​လ​တစ်​ရက်​နေ့​တွင် ထို​အ​မှု​ကို စစ်​ကြော​ခြင်း​ငှာ ထိုင်​နေ​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 17,
      "text": "တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ အ​ပေါင်း​တို့​ကို ပ​ထ​မ​လ​တစ်​ရက်​နေ့​တိုင်​အောင် အ​ကုန်​အ​စင် စစ်​ကြော​စီ​ရင်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 18,
      "text": "တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား​ဟူ​မူ​ကား၊ ယော​ရှု​အ​မျိုး ယော​ဇ​ဒက်​သား​နှင့် သူ၏​ညီ မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်၊ ဂေ​ဒ​လိ​တည်း။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 19,
      "text": "သူ​တို့​သည် မ​ယား​နှင့်​ကွာ​မည်​ဟု က​တိ​ထား​ကြ၏။ ပြု​မိ​သော အ​ပြစ်​ကြောင့် သိုး​ကို ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 20,
      "text": "ထို​မှ​တစ်​ပါး၊ ဣ​မေ​ရ​အ​မျိုး ဟာ​နန်​နှင့် ဇေ​ဗ​ဒိ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 21,
      "text": "ဟာ​ရိမ်​အ​မျိုး မာ​သေ​ယ၊ ဧ​လိ​ယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ၊ ဩ​ဇိ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 22,
      "text": "ပါ​ရှု​ရ​အ​မျိုး ဧ​လိ​ဩ​နဲ၊ မာ​သေ​ယ၊ ဣ​ရှ​မေ​လ၊ နာ​သ​နေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လာ​သ။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 23,
      "text": "လေ​ဝိ​သား​ယော​ဇ​ဗဒ်၊ ရှိ​မိ၊ ကေ​လာ​ယ​တည်း​ဟူ​သော ကေ​လိ​တ၊ ပေ​သာ​ဟိ၊ ယု​ဒ၊ ဧ​လျေ​ဇာ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 24,
      "text": "သီ​ချင်း​သည် ဧ​လျာ​ရှိပ်၊ တံ​ခါး​စောင့် ရှ​လ္လုံ၊ တေ​လိမ်၊ ဥ​ရိ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က ပါ​ရုတ်​အ​မျိုး ရာ​မိ၊ ယေ​ဇိ၊ မာ​လ​ခိ၊ မျာ​မိန်၊ ဧ​လာ​ဇာ၊ မာ​လ​ခိ​ယ၊ ဗေ​နာ​ယ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 26,
      "text": "ဧ​လံ​အ​မျိုး​မ​တ္တ​နိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ၊ အာ​ဗ​ဒိ၊ ယေ​ရ​မုတ်၊ ဧ​လျာ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 27,
      "text": "ဇ​တ္တု​အ​မျိုး ဧ​လိ​ဩ​နဲ၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ ယေ​ရ​မုတ်၊ ဇာ​ဗဒ်၊ အာ​ဇိ​ဇ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 28,
      "text": "ဗေ​ဗဲ​အ​မျိုး ယော​ဟ​နန်၊ ဟာ​န​နိ၊ ဇ​ဗ္ဗဲ၊ အာ​သ​လဲ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 29,
      "text": "ဗာ​နိ​အ​မျိုး မေ​ရှု​လ၊ မ​လ္လုတ်၊ အ​ဒါ​ယ၊ ယာ​ရှုပ်၊ ရှာ​လ၊ ရာ​မုတ်၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 30,
      "text": "ပါ​ဟတ်​မော​ဘ​အ​မျိုး အ​ဒ​န၊ ခေ​လာ​လ၊ ဗေ​နာ​ယ၊ မာ​သေ​ယ၊ မ​တ္တ​နိ၊ ဗေ​ဇ​လေ​လ၊ ဗိ​နွိ၊ မ​နာ​ရှေ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 31,
      "text": "ဟာ​ရိမ်​အ​မျိုး ဧ​လျေ​ဇာ၊ ဣ​ရှိ​ယ၊ မာ​လ​ခိ၊ ရှေ​မာ​ယ၊ ရှိ​မောင်၊ ဗင်္ယာ​မိန်၊ မ​လ္လုတ်၊ ရှေ​မ​ရိ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 32,
      "text": "ဟာ​ရှုံ​အ​မျိုး မ​တ္တ​နဲ၊ မ​တ္တ​သ၊ ဇာ​ဗဒ်၊ ဧ​လိ​ဖ​လက်၊ ယေ​ရ​မဲ၊ မ​နာ​ရှေ၊ ရှိ​မိ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 34,
      "text": "ဗာ​နိ​အ​မျိုး မာ​ဒဲ၊ အာ​မ​ရံ၊ ဝေ​လ၊ ဗေ​နာ​ယ၊ ပေ​ဒိ၊ ခေ​လု၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 35,
      "text": "ဝါ​နိ၊ မေ​ရ​မုတ်၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ မ​တ္တ​နဲ၊ ယာ​သော၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 37,
      "text": "ထို​မှ​တစ်​ပါး၊ ဗာ​နိ၊ ဗိ​နွိ၊ ရှိ​မိ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 39,
      "text": "ရှေ​လ​မိ၊ နာ​သန်၊ အ​ဒါ​ယ၊ မာ​ခ​န​ဒေ​ဗဲ၊ ရှာ​ရှဲ၊ ရှာ​ရဲ၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 41,
      "text": "အာ​ဇ​ရေ​လ၊ ရှေ​လ​မိ၊ ရှေ​မ​ရိ၊ ရှ​လ္လုံ၊ အာ​မ​ရိ၊ ယော​သပ်၊"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 42,
      "text": "နေ​ဗော​အ​မျိုး ယေ​ယေ​လ၊ မ​တ္တိ​သိ၊ ဇာ​ဗဒ်၊ ဇေ​ဗိ​န၊ ယာ​ဒေါ၊ ယော​လ၊ ဗေ​နာ​ယ​တည်း။"
    },
    {
      "book": 15,
      "chapter": 10,
      "verse": 44,
      "text": "ဤ​သူ​အ​ပေါင်း​တို့​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်၍ သား​သ​မီး​ကို မြင်​ရ​ကြ​ပြီ။ ဧ​ဇ​ရ​မှတ်​စာ​ပြီး၏။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 1,
      "text": "ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 2,
      "text": "ငါ့​ညီ ဟာ​နန်​နှင့် ယု​ဒ​လူ​အ​ချို့​တို့​သည် ရောက်​လာ၍၊ ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​လူ​စု​ထဲ​က လွတ်​သော​သူ​တို့၏ အ​ကြောင်း​အ​ရာ​နှင့်၊ ယေ​ရု​ရှ​လင်​မြို့၏ အ​ကြောင်း​အ​ရာ​ကို​မေး​မြန်း​လျှင်၊"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 3,
      "text": "သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 4,
      "text": "ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​သည်​ထိုင်၍ အင်​တန်​ကာ​လ​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​စာ​ရှောင်​လျက်​နေ၍၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဆု​တောင်း​သော​ပ​တ္ထ​နာ ဟူ​မူ​ကား၊"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 5,
      "text": "အို​ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ ပ​ညတ်​တော်​တို့​ကို နှစ်​သက်၍ ကျင့်​စောင့်​သော သူ​တို့​နှင့်​ဖွဲ့​သော က​ရု​ဏာ​ပ​ဋိ​ညာဉ်​ကို မ​ဖျက်၊ တည်​စေ​တော်​မူ​သော ဘု​ရား၊"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 6,
      "text": "ကိုယ်​တော်​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​ဆု​တောင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​သော အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို ဖော်​ပြ၍ တောင်း​ပန်​သော ကိုယ်​တော်​ကျွန်၏ ပ​တ္ထ​နာ​စ​ကား​ကို ကြား​ခြင်း​ငှာ၊ ယ​ခု​နား​ထောင်၍ စေ့​စေ့​ကြည့်​ရှု​တော်​မူ​ပါ။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 7,
      "text": "အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​တို့​သည် ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား၍၊ အ​လွန်​ဆိုး​ညစ်​သော အ​မှု​တို့​ကို ပြု​မိ​ပါ​ပြီ။ ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို မ​စောင့်​ဘဲ​နေ​ပါ​ပြီ။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 8,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည် လွန်​ကျူး​လျှင်၊ သင်​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ​ကွဲ​ပြား​စေ​မည်။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 9,
      "text": "တစ်​ဖန် ငါ့​ထံ​သို့ ပြန်​လာ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​ပြန်​လျှင်၊ မိုး​ကောင်း​ကင်​အောက် အ​ဝေး​ဆုံး​သော​အ​ရပ်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​ရပ်​က ငါ​သိမ်း​ယူ၍၊ ငါ့​နာ​မ​တည်​ရာ​ဖို့ ငါ​ရွေး​ချယ်​သော​အ​ရပ်​သို့ ဆောင်​ခဲ့​မည်​ဟု ကိုယ်​တော်​ကျွန်​မော​ရှေ၌ ထား​တော်​မူ​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 10,
      "text": "ယ​ခု​မှာ၊ ဤ​သူ​တို့​သည် မ​ဟာ​တန်​ခိုး​တော်​နှင့် အား​ကြီး​သော​လက်​တော်​ဖြင့် ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်​ကျွန်၊ ကိုယ်​တော်​လူ​မျိုး ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 16,
      "chapter": 1,
      "verse": 11,
      "text": "အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 1,
      "text": "အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 2,
      "text": "အ​ထက်​က တစ်​ခါ​မျှ ရှေ့​တော်၌ ညှိုး​ငယ်​သော​မျက်​နှာ​ကို မ​ပြ​ဖူး​သည်​ဖြစ်၍၊ ရှင်​ဘု​ရင်​က၊ ကျန်း​မာ​လျက်​နှင့် အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​သ​နည်း။ ဝမ်း​နည်း​ဟန် ရှိ​ပါ​သည်​တ​ကား​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 3,
      "text": "ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 6,
      "text": "ထို​အ​ခါ မြောက်​သား​တော်​နှင့် ယှဉ်​ပြိုင်၍ ထိုင်​နေ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သွား​လျှင် အ​ဘယ်​မျှ​ကာ​လ ကြာ​လိမ့်​မည်​နည်း။ အ​ဘယ်​ကာ​လ​မှ ပြန်​လာ​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ ကာ​လ​အ​ချိန်​ကို ငါ​လျှောက်​ထား​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် အ​လို​တော်​ရှိ၍ ငါ့​ကို လွှတ်​လိုက်​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 7,
      "text": "တစ်​ဖန်​တုံ၊ ရှင်​ဘု​ရင် အ​လို​တော်​ရှိ​လျှင်၊ မြစ်​အ​နောက်​ဘက်၌​ရှိ​သော မြို့​ဝန်​တို့​သည် ကျွန်​တော်​ကို​မ​ဆီး​မ​တား၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 8,
      "text": "ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 9,
      "text": "ထို​အ​ခါ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့​ထံ​သို့ ငါ​ရောက်၍ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​စာ​ကို ပြ၏။ ရှင်​ဘု​ရင်​သည်​လည်း တပ်​မှူး​နှင့် မြင်း​စီး​သူ​ရဲ​တို့​ကို ငါ​နှင့်​အ​တူ စေ​လွှတ်​တော်​မူ​သ​တည်း။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ၊ လူ​တစ်​ယောက်​လာ​ကြောင်း​ကို၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​နှင့် ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား တော​ဘိ​တို့​သည် ကြား​သော်၊ အ​လွန်​နှ​လုံး​မ​သာ ရှိ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 11,
      "text": "ငါ​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍ သုံး​ရက်​နေ​ပြီး​မှ၊"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 12,
      "text": "ကိုယ်၌​ပါ​သော သူ​အ​ချို့​တို့​နှင့် တ​ကွ၊ ည​အ​ခါ​ထ၍ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ပြု​ခြင်း​ငှာ၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား အ​ဘယ်​သို့​သော အ​ကြံ​ပေး​တော်​မူ​သည်​ကို၊ အ​ခြား​သော သူ​တစ်​ယောက်​အား​မျှ မ​ပြော၊ ကိုယ်​စီး​သော မြင်း​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ၊"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 13,
      "text": "ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 14,
      "text": "စမ်း​ရေ​တွင်း​တံ​ခါး​နှင့် ရှင်​ဘု​ရင်​ရေ​ကန်​တိုင်​အောင် လွန်​ပြန်၍၊ မြင်း​လမ်း​မ​ရှိ​သော​ကြောင့်၊"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 15,
      "text": "တစ်​ဖန် ထို​ည၌ ချောင်း​နား​တွင်​လျှောက်​သွား၍၊ မြို့​ရိုး​ကို ကြည့်​ရှု​ပြီး​မှ၊ ချိုင့်​တံ​ခါး​ဖြင့်​လှည့်၍ ဝင်​ပြန်​လေ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 16,
      "text": "အ​ဘယ်​အ​ရပ်​သို့​သွား​သည်၊ အ​ဘယ်​သို့​ပြု​သည်​ကို မင်း​တို့​သည် မ​သိ​ကြ။ ယု​ဒ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ လုပ်​ဆောင်​သော​သူ တစ်​စုံ​တစ်​ယောက်​အား​မျှ ငါ​သည် ကိုယ်​အ​မှု​ကို​မ​ပြော​သေး။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 17,
      "text": "နောက်​တစ်​ဖန်၊ ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း၊ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ခြင်း​ကို သင်​တို့​သိ​မြင်​ကြ၏။ လာ​ကြ။ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​ကြ​ကုန်​အံ့​ဟု သူ​တို့​အား​ဆို​လျက်၊"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 18,
      "text": "ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း ကြား​ပြော​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​သည် ထ၍​တည်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ ထို​ကောင်း​မှု​ကို ပြီး​စေ​ခြင်း​ငှာ၊ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 19,
      "text": "ထို​သ​တင်း​ကို ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်၊ ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား​တော​ဘိ၊ အာ​ရပ်​အ​မျိုး​သား ဂေ​ရှင်​တို့​သည် ကြား​လျှင်၊ ပြက်​ရယ်​ပြု၍ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ​မည်​လော​ဟု ကဲ့​ရဲ့​လျက်​ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 2,
      "verse": 20,
      "text": "ငါ​က​လည်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ခွင့်​ပေး​တော်​မူ​မည်။ ထို​ကြောင့် ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​သော ငါ​တို့​သည် ထ၍​တည်​မည်။ သင်​တို့​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​တွင် ဘာ​မျှ​မ​ဆိုင်​မ​ပိုင်၊ မှတ်​စ​ရာ​သက်​သေ​မ​ရှိ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 1,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သည်၊ မိ​မိ​ညီ​အစ်​ကို ယဇ်​ပု​ရော​ဟိတ်​တို့​နှင့်​တ​ကွ ထ၍၊ သိုး​တံ​ခါး​ကို ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ မေ​အာ​ပြ​အိုး​မှ ဟာ​န​နေ​လ​ပြ​အိုး တိုင်​အောင် ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 2,
      "text": "သူ​တို့​နောက်​မှ၊ ယေ​ရိ​ခေါ​မြို့​သား​တို့​သည် ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ ဣ​မ​ရိ​သား ဇ​က္ကု​ရ​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 3,
      "text": "ငါး​တံ​ခါး​ကို​ကား၊ ဟဿေ​နာ​အ​မျိုး​သား​တို့​သည် ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 4,
      "text": "သူ​တို့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ် ပြင်၏။ သူ့​နောက်​မှ၊ မေ​ရှ​ဇ​ဗေ​လ​သား​ဖြစ်​သော ဗေ​ရ​ခိ၏​သား မေ​ရှု​လံ ပြင်၏။ သူ့​နောက်​မှ၊ ဗာ​နာ​သား ဇာ​ဒုတ်​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 5,
      "text": "သူ့​နောက်​မှ၊ တေ​ကော​မြို့​သား​တို့​သည် ပြင်​ကြ၏။ သို့​ရာ​တွင်၊ တေ​ကော​မင်း​တို့​သည် မိ​မိ​တို့​အ​ရှင်၏​အ​မှု​ကို ဝိုင်း​ညီ၍​မ​ပြု​ကြ။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 6,
      "text": "တံ​ခါး​ဟောင်း​ကို​ကား၊ ပါ​သာ​သား ယော​ယ​ဒ၊ ဗေ​သော​ဒေ​ယ​သား မေ​ရှု​လံ​ပြင်​လျက် တံ​ခါး​ခုံ၊ တံ​ခါး​ထုပ်၊ တံ​ခါး​ရွက်​တို့​ကို ထူ​ထောင်​ဆွဲ​ထား၍၊ သော့​ခ​လောက်​နှင့် ကန့်​လန့်​ကျင်​တို့​ကို တပ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 7,
      "text": "သူ​တို့​နောက်​မှ၊ ဂိ​ဗောင်​မြို့​သား မေ​လ​တိ၊ မေ​ရော​နုတ်​မြို့​သား ယာ​ဒုန်၊ ဂိ​ဗောင်​လူ၊ မိ​ဇ​ပါ​လူ​တို့​သည် မြစ်​အ​နောက်​ဘက် မြို့​ဝန်​ရာ​ဇ​ပ​လ္လင်​တိုင်​အောင် ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 8,
      "text": "သူ​တို့​နောက်​မှ ဟာ​ဟာ​ယ​သား ပန်း​ထိမ်​သ​မား​ဩ​ဇေ​လ၊ သူ့​နောက်​မှ၊ ဆေး​သ​မား ဟာ​န​နိ​ပြင်​လျက်၊ ကျယ်​သော​မြို့​ရိုး​တိုင်​အောင်၊ ယေ​ရု​ရှ​လင်​မြို့​ကို ခိုင်​ခံ့​စေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 9,
      "text": "သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟု​ရ​သား ရေ​ဖာ​ယ​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 10,
      "text": "သူ့​နောက်​မှ၊ ဟာ​ရု​မပ်​သား ယေ​ဒါ​ယ​သည် မိ​မိ​အိမ်​တစ်​ဖက်​တစ်​ချက်၌ ပြင်၏။ သူ့​နောက်​မှ၊ ဟာ​ရှ​ဗ​နိ​သား ဟ​တ္တုတ်​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 11,
      "text": "ကျန်​ကြွင်း​သော​အ​ရပ်​နှင့် မီး​ဖို​ပြ​အိုး​ကို​ကား၊ ဟာ​ရိမ်​သား မာ​လ​ခိ​ယ​နှင့်၊ ပါ​ဟတ်​မော​ဘ​သား ဟာ​ရှုတ်​တို့​သည် ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 12,
      "text": "သူ​တို့​နောက်​မှ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော​သူ၊ ဟာ​လော​ဟတ်​သား ရှ​လ္လုံ​နှင့် သူ၏​သ​မီး​တို့​သည် ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 13,
      "text": "ချိုင့်​တံ​ခါး​ကို​ကား၊ ဟာ​နုန်​နှင့် ဇာ​နော​မြို့​သား​တို့​သည် ပြင်၍ တံ​ခါး​တိုင်၊ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ပြီး​မှ၊ မြို့​ရိုး​အ​တောင် တစ်​ထောင်​ကို နောက်​ချေး​တံ​ခါး​တိုင်​အောင် တည်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 14,
      "text": "ဗေ​သ​က္က​ရင်​မြို့​တစ်​ပိုင်း​ကို အုပ်​သော ရေ​ခပ်​သား​မာ​လ​ခိ​သည်၊ နောက်​ချေး​တံ​ခါး​ကို ပြင်၍ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 15,
      "text": "မိ​ဇ​ပါ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ကော​လ​ဟော​ဇ​သား ရှ​လ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြင်၍ တံ​ခါး​မိုး၊ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား​ပြီး​လျှင်၊ ဥ​ယျာဉ်​တော်​နား​မှာ၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​တိုင်​အောင် တည်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 16,
      "text": "သူ့​နောက်​မှ ဗက်​ဇု​ရ​မြို့​တစ်​ပိုင်း​ကို​အုပ်​သော အာ​ဇ​ဗုတ်​သား နေ​ဟ​မိ​သည်၊ ဒါ​ဝိဒ်​သင်္ချိုင်း တစ်​ဖက်​တစ်​ချက်​မှ​စ၍၊ နောက်​လုပ်​သော ရေ​ကန်​နှင့် ဗိုလ်​မင်း​အိမ်​တိုင်​အောင် ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 17,
      "text": "သူ့​နောက်​မှ၊ လေ​ဝိ​အ​မျိုး ဗာ​နိ​သား ရေ​ဟုံ​ပြင်၏။ သူ့​နောက်​မှ၊ ကိ​လ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ဟာ​ရှ​ဘိ​သည် မိ​မိ​တာ​ကို​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 18,
      "text": "သူ့​နောက်​မှ၊ ကိ​လ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ဟေ​န​ဒဒ်​သား ဟာ​ရှ​ဘိ​ညီ ဗာ​ဝဲ​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 19,
      "text": "သူ့​နောက်​မှ၊ မိ​ဇ​ပါ​မြို့​အုပ် ယော​ရှု​သား ဧ​ဇေ​ရ​သည်၊ လက်​နက်​စုံ​တိုက်​သို့​တက်​ရာ တစ်​ဖက်​တစ်​ချက်၊ မြို့​ထောင့်​ထိ​အောင် ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 20,
      "text": "သူ့​နောက်​မှ၊ ဇ​ဗ္ဗဲ​သား​ဗာ​ရုတ်​သည် မြို့​ထောင့်​မှ ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ် အိမ်​တံ​ခါး​တိုင်​အောင် ကြိုး​စား၍ ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 21,
      "text": "သူ့​နောက်​မှ၊ ကော​ဇ​သား​ဖြစ်​သော ဥ​ရိ​ယ၏​သား မေ​ရ​မုတ်​သည်၊ ဧ​လျာ​ရှိပ်​အိမ်​တံ​ခါး​မှ အိမ်​ထောင့်​တိုင်​အောင် ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 22,
      "text": "သူ့​နောက်​မှ၊ ချိုင့်​အ​ရပ်​သား ယဇ်​ပု​ရော​ဟိတ် တို့​သည် ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 23,
      "text": "သူ​တို့​နောက်​မှ၊ ဗင်္ယာ​မိန်​နှင့် ဟာ​ရှုပ်​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ အာ​န​နိ​သား​ဖြစ်​သော မာ​သေ​ယ၏​သား အာ​ဇ​ရိ​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 24,
      "text": "သူ့​နောက်​မှ၊ ဟေ​န​ဒဒ်​သား ဗိ​နွိ​သည်၊ အာ​ဇ​ရိ​အိမ်​မှ မြို့​ရိုး​ကွေ့​ရာ မြို့​ထောင့်​တိုင်​အောင် ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 25,
      "text": "ဥ​ဇဲ​သား ပါ​လ​လ​သည် မြို့​ရိုး​ကွေ့​ရာ တစ်​ဖက်​တစ်​ချက်​ကို​လည်း​ကောင်း၊ ထောင်​ဝင်း​နား၊ မြင့်​သော​နန်း​ရှေ့​မှာ​ရှိ​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်၏။ သူ့​နောက်​မှ၊ ပါ​ရုပ်​သား ဂေ​ဒါ​ယ​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး၊ ဘု​ရား​ကျွန်​တို့​သည် အ​ရှေ့​မျက်​နှာ၊ ရေ​တံ​ခါး တစ်​ဖက်​တစ်​ချက်၌၊ မိ​မိ​တို့​နေ​ရာ ဩ​ဖေ​လ​ရဲ​တိုက်​ကို​လည်း​ကောင်း၊ ပြင်​သို့​ထွက်​သော ပြ​အိုး​ကို​လည်း​ကောင်း ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 27,
      "text": "သူ​တို့​နောက်​မှ၊ တေ​ကော​မြို့​သား​တို့​သည် ပြင်​သို့​ထွက်​သော ပြ​အိုး​ကြီး တစ်​ဖက်​တစ်​ချက်၌၊ ဩ​ဖေ​လ ရဲ​တိုက်​ရိုး​တိုင်​အောင် ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 28,
      "text": "မြင်း​တံ​ခါး​အ​ထက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မိ​မိ​တို့​နေ​ရာ​အိမ် တစ်​ဖက်​တစ်​ချက်၌ အ​သီး​အ​သီး​ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 29,
      "text": "သူ​တို့​နောက်​မှ၊ ဣ​မေ​ရ​သား​ဇာ​ဒုတ်​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်၏။ သူ့​နောက်​မှ၊ ရှေ​က​နိ​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 30,
      "text": "သူ့​နောက်​မှ၊ ရှေ​လ​မိ​သား ဟာ​န​နိ၊ ဇာ​လပ်၏ စ​တု​တ္ထ​သား ဟာ​နုန်​တို့​သည် ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ ဗေ​ရ​ခိ​သား​မေ​ရှု​လံ​သည် မိ​မိ​အိပ်​ရာ​ခန်း တစ်​ဖက်​တစ်​ချက်၌ ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 31,
      "text": "သူ့​နောက်​မှ၊ ပန်း​ထိမ်​သ​မား​သား မာ​လ​ခိ​သည် မိ​ဖ​ကဒ်​တံ​ခါး တစ်​ဖက်​တစ်​ချက်၌၊ ဘု​ရား​ကျွန်​နေ​ရာ​နှင့် ကုန်​သည်​နေ​ရာ​အ​ရပ် တိုင်​အောင်​လည်း​ကောင်း၊ မြို့​ထောင့်​တက်​ရာ​အ​ရပ် တိုင်​အောင်​လည်း​ကောင်း​ပြင်၏။"
    },
    {
      "book": 16,
      "chapter": 3,
      "verse": 32,
      "text": "မြို့​ထောင့်​တက်​ရာ အ​ရပ်​မှ​စ၍၊ သိုး​တံ​ခါး​တိုင်​အောင် ပန်း​ထိမ်​သ​မား​များ​နှင့် ကုန်​သည်​များ​တို့​သည် ပြင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 1,
      "text": "ထို​သို့ ငါ​တို့​သည် မြို့​ရိုး​တည်​ကြောင်း​ကို၊ သ​မ္ဘာ​လတ်​သည် သ​တင်း​ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​အ​မျက်​ထွက်၍၊ ယု​ဒ​လူ​တို့​ကို ပြက်​ရယ်​ပြု​လျက်၊"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 2,
      "text": "အား​မ​ရှိ​သော ထို​ယု​ဒ​လူ​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ကိုယ်​ကို ခိုင်​ခံ့​စေ​မည်​လော။ ယဇ်​ပူ​ဇော်​မည်​လော။ တစ်​နေ့​ချင်း​တွင် လက်​စ​သတ်​မည်​လော။ ကျွမ်း​လောင်​သော ကျောက်​တို့​ကို အ​မှိုက်​ပုံ​များ​ထဲ​က​ထုတ်၍ ပြု​ပြင်​မည်​လော​ဟု မိ​မိ​အ​မျိုး​သား​ချင်း၊ ရှ​မာ​ရိ တပ်​သား​ရှေ့​မှာ ပြော​ဆို၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 3,
      "text": "သူ့​အ​နား​မှာ​ရှိ​သော အ​မ္မုန်​အ​မျိုး​သား တော​ဘိ​က​လည်း၊ သူ​တို့​တည်​သော ကျောက်​ရိုး​ကို တော​ခွေး​ထိ​ခိုက်​လျှင် ပြို​လဲ​လိမ့်​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 4,
      "text": "အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​ပါ၏။ သူ​တို့​ကဲ့​ရဲ့​သော​စ​ကား​သည်၊ သူ​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရာ​ပြည်၌ လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 5,
      "text": "သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို ဖုံး​အုပ်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်၌ သူ​တို့​အ​ပြစ် မ​ပြေ​ပါ​စေ​နှင့်။ မြို့​ရိုး​ကို​တည်​သော သူ​တို့၏​စိတ်​ကို နာ​စေ​ခြင်း​ငှာ၊ ပြော​တတ်​ကြ​ပါ​သည်​တ​ကား။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 6,
      "text": "သို့​ရာ​တွင် ငါ​တို့​သည် မြို့​ရိုး​ကို​တည်​ကြ၏။ တည်​လုပ်​သော သူ​တို့​သည် စေ​တ​နာ​ကြီး​သော​ကြောင့်၊ မြို့​ပတ်​လည် မြို့​ရိုး​အ​မြင့် တစ်​ဝက်​တိုင်​အောင် ပြီး​လေ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 7,
      "text": "ယေ​ရု​ရှ​လင်​မြို့​ရိုး​မြင့်၍ ပြို​ပျက်​ရာ​တို့​ကို ပြင်​စ​ပြု​ကြ​သည်​ဟု သ​မ္ဘာ​လတ်​နှင့် တော​ဘိ​အ​စ​ရှိ​သော အာ​ရပ်​လူ၊ အ​မ္မုန်​လူ၊ အာ​ဇုတ်​လူ​တို့​သည် ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​စိတ်​ရှိ​သ​ဖြင့်၊"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 8,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ချီ၍​တိုက်​မည်။ ထို​အ​မှု​ကို ဖျက်​မည်​ဟု တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 9,
      "text": "သို့​ရာ​တွင် ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍၊ ရန်​သူ​ကြောင့် နေ့​ည​မ​ပြတ် ကင်း​စောင့်​ထား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 10,
      "text": "ယု​ဒ​လူ​အ​ချို့​က​လည်း၊ ဝန်​ထမ်း​သော သူ​တို့​သည် အား​ကုန်​ကြ​ပြီ။ အ​မှိုက်​များ​လှ၏။ မြို့​ရိုး​ပြီး​စီး​အောင် မ​တတ်​နိုင်​ကြ​ဟု ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 11,
      "text": "ရန်​သူ​တို့​က​လည်း၊ သူ​တို့​သည် အ​မှတ်​တ​မဲ့၊ သ​တိ​မ​ရှိ​ဘဲ​နေ​စဉ်​တွင်၊ ငါ​တို့​သည် သူ​တို့​အ​ထဲ​သို့​ဝင်၍ လုပ်​ကြံ​သ​ဖြင့်၊ ထို​အ​လုပ်​ကို ဖျက်​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 12,
      "text": "သူ​တို့​အ​နား​မှာ​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ လာ၍ ရန်​သူ​တို့​သည် နေ​ရာ​အ​ရပ်​ရပ်​တို့​က၊ သင်​တို့​ကို တိုက်​လာ​ကြ​လိမ့်​မည်​ဟု ငါ​တို့​အား အ​ထပ်​ထပ်​ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 13,
      "text": "ထို​ကြောင့် မြို့​ရိုး​နောက်၊ နိမ့်​သော​အ​ရပ်၊ ရှင်း​လင်း​သော အ​ရပ်​တို့၌ ဓား၊ လှံ၊ လေး​လက်​နက်​ပါ​သော လူ​များ​ကို အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​ခန့်​ထား၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 14,
      "text": "ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​စီ​ရင်​ပြီး​မှ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ခေါ်၍၊ ရန်​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ် ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို သား​မ​ယား​အိမ်​ရာ​အ​ဖို့ တိုက်​ကြ​လော့​ဟု ဆို၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 15,
      "text": "ထို​သို့​ငါ​တို့​သည် သ​တိ​ရ၍၊ ရန်​သူ​အ​ကြံ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို သူ​တို့​ကြား​သိ​သော​အ​ခါ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​သီး​အ​သီး လုပ်​ရာ​အ​ရပ် မြို့​ရိုး​သို့​ပြန်​လုပ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 16,
      "text": "နောက်​မှ ငါ့​ကျွန်​တစ်​ဝက်​သည် အ​လုပ်​လုပ်​ကြ၏။ တစ်​ဝက်​သည် လှံ၊ ဒိုင်း၊ လေး၊ သံ​ချပ်​တို့​ကို ကိုင်​ကြ၏။ မင်း​တို့​သည် ယု​ဒ​အ​မျိုး​သား​များ​နောက်​မှာ နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 17,
      "text": "မြို့​ရိုး​တည်​သော​သူ၊ ဝန်​ထမ်း​သော​သူ၊ ဝန်​ကို​တင်​သော​သူ အ​ပေါင်း​တို့​သည် လက်​တစ်​ဖက်​နှင့် လုပ်​ကြ၏။ လက်​တစ်​ဖက်​နှင့် လက်​နက်​ကို​ကိုင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 18,
      "text": "တည်​လုပ်​သော သူ​အ​ပေါင်း​တို့​သည်၊ ခါး၌ ဓား​ဆွဲ​လျက် တည်​လုပ်​ကြ၏။ တံ​ပိုး​မှုတ်​သော​သူ​သည် ငါ့​အ​နား​မှာ ရပ်​နေ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 19,
      "text": "ငါ​က​လည်း၊ အ​လုပ်​သည် ကြီး​ကျယ်​လှ၏။ မြို့​ရိုး​ပေါ်​မှာ တစ်​ယောက်​တ​ခြား​စီ သူ​နှင့်​ငါ ဝေး​ဝေး​လုပ်​ရ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ တံ​ပိုး​မှုတ်​သံ​ကို ကြား​လေ​ရာ​ရာ​အ​ရပ်​မှ၊ ငါ​တို့​ထံ​သို့ စည်း​ဝေး​ကြ။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ငါ​ဆို၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 21,
      "text": "ထို​သို့ ငါ​တို့​သည် အ​လုပ်​လုပ်​ကြ၏။ လူ​တစ်​ဝက်​သည် မိုး​လင်း​သည်​မှ​စ၍ ကြယ်​ပေါ်​သည်​တိုင်​အောင်၊ လှံ​လက်​နက်​တို့​ကို ကိုင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 22,
      "text": "ထို​အ​ခါ၌​လည်း၊ ငါ​က လူ​တိုင်း မိ​မိ​ကျွန်​နှင့်​တ​ကွ ည​အ​ချိန်​တွင်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိပ်​စေ။ သို့​ပြု​လျှင်၊ ကျွန်​တို့​သည် နေ့​အ​ခါ အ​လုပ်​လုပ်​လျက်၊ ည​အ​ခါ အ​လှည့်​လှည့်​စောင့်​လျက် ရှိ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား​ဆို၏။"
    },
    {
      "book": 16,
      "chapter": 4,
      "verse": 23,
      "text": "ထို​သို့ ငါ​နှင့်​ငါ့​ညီ၊ ငါ့​ကျွန်၊ ငါ့​နောက်၌​လိုက်​သော တပ်​သား​တို့​သည်၊ ကိုယ်​အ​ဝတ်​ကို မ​ချွတ်​ဘဲ နေ​ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 1,
      "text": "ထို​အ​ခါ ယောက်ျား​မိန်း​မ​များ​တို့​သည် အ​မျိုး​သား​ချင်း ယု​ဒ​လူ​တို့​ကို အ​လွန်​အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 2,
      "text": "အ​ချို့​က​လည်း၊ ငါ​တို့​နှင့် သား​သ​မီး​များ​စွာ ရှိ​ကြ၏။ သူ​တို့ အ​သက်​မွေး​လောက်​အောင် စား​စ​ရာ​ဆန်​စ​ပါး​ကို အ​ဘယ်​မှာ ရ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 3,
      "text": "အ​ချို့​က​လည်း၊ ငါ​တို့​သည် လယ်​ယာ၊ ဥ​ယျာဉ်၊ အိမ်​တို့​ကို ပေါင်​ထား​ပြီ။ အ​စာ​ခေါင်း​ပါး​သော​ကာ​လ၊ ဆန်​စ​ပါး​ကို အ​ဘယ်​မှာ ရ​နိုင်​ပါ​မည်​နည်း​ဟု ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 4,
      "text": "အ​ချို့​က​လည်း၊ ငါ​တို့​သည် အ​ခွန်​တော်​ကို ပေး​စ​ရာ​ရှိစေ​ခြင်း​ငှာ လယ်​ယာ​ဥ​ယျာဉ်​အ​တွက် ငွေ​ကို​ချေး​ယူ​ပြီ။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 5,
      "text": "ယ​ခု​မှာ ငါ​တို့​ကိုယ်​ခ​န္ဓာ​သည် အ​မျိုး​သား​ချင်း​တို့၏ ကိုယ်​ခ​န္ဓာ​ကဲ့​သို့​ဖြစ်၏။ ငါ​တို့​သား​သ​မီး​သည် သူ​တို့​သား​သ​မီး​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​တို့​သား​သ​မီး​ကို ရောင်း၍ ကျွန်​ခံ​စေ​ရ​မည်​လော။ ကျွန်​ခံ​ပြီး​သော သ​မီး​တို့​ကို​လည်း ရွေး​ခြင်း​ငှာ မ​တတ်​နိုင်။ ပိုင်​ရင်း​လယ်​ယာ​နှင့် ဥ​ယျာဉ်​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​လေ​ပြီ​တ​ကား​ဟု ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 6,
      "text": "ထို​သို့ အ​ပြစ်​တင်​မြည်​တမ်း​သော စ​ကား​ကို ငါ​သည်​ကြား​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​သော​စိတ်​ရှိ၍၊ ကိုယ်​အ​လို​အ​လျောက် ဆင်​ခြင်​ပြီး​မှ၊"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 7,
      "text": "မှူး​မတ်​နှင့် မင်း​အ​ရာ​ရှိ​တို့​ကို ခေါ်၍၊ သင်​တို့​သည် အ​မျိုး​သား​ချင်း​တို့၌ အ​တိုး​စား​တတ်​ကြ​သည် တ​ကား​ဟု ဆုံး​မ​သ​ဖြင့်၊ သူ​တို့​တစ်​ဖက်၌ လူ​အ​များ​တို့​ကို စု​ဝေး​စေ​လျက်၊"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 8,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​လက်၌ ကျွန်​ခံ​သော ငါ​တို့​ညီ​အစ်​ကို ယု​ဒ​လူ​တို့​ကို၊ ငါ​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း ရွေး​နုတ်​ပြီး​မှ၊ သင်​တို့​သည် ညီ​အစ်​ကို​တို့​ကို တစ်​ဖန် ရောင်း​ဦး​မည်​လော။ သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​တွင် အ​ရောင်း​ခံ​ရ​မည်​လော​ဟု ဆို​လျှင်၊ သူ​တို့​သည် ပြန်​ပြော​စ​ရာ​မ​ရှိ၊ တိတ်​ဆိတ်​စွာ နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 9,
      "text": "ငါ​က​လည်း၊ သင်​တို့​ပြု​သော​အ​မှု မ​ကောင်း​ပါ​တ​ကား။ ငါ​တို့ ရန်​သူ​ဖြစ်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ငါ​တို့​ကို​ကဲ့​ရဲ့​မည်​ဟု စိုး​ရိမ်၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​စိတ်​နှင့် သင်​တို့​ကျင့်​သင့်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 10,
      "text": "ငါ​နှင့် ငါ့​ညီ၊ ငါ့​ကျွန်​တို့​သည်​လည်း၊ လူ​များ​တို့၌ ငွေ​နှင့်​ဆန်​စ​ပါး​ကို ခွဲ​ယူ​ပိုင်​သည်​မ​ဟုတ်​လော။ အ​တိုး​စား​သော​အ​မှု​ကို ပယ်​ဖြတ်​ကြ​ပါ​လော့။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 11,
      "text": "ယ​နေ့​ပင် သူ​တို့​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အိမ်​ရာ​ကို​လည်း​ကောင်း၊ သူ​တို့၌​ခွဲ​ယူ​ပြီး​သော ငွေ၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​အ​ချို့​ကို​လည်း​ကောင်း ပြန်​ပေး​ကြ​ပါ​လော့​ဟု ဆို​သော်၊"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 12,
      "text": "သူ​တို့​က ပြန်​ပေး​ပါ​မည်။ ဘာ​မျှ မ​တောင်း​မ​ယူ​ပါ။ ကိုယ်​တော်​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​တို့​သည် က​တိ​ထား​သည်​အ​တိုင်း ပြု​ရ​မည်​အ​ကြောင်း၊ ငါ​သည် သူ​တို့​ကို​ခေါ်၍ ကျိန်​ဆို​စေ​ပြီး​မှ၊"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 13,
      "text": "ကိုယ်​ခါး​ပိုက်​ကို ခါ​လျက်၊ က​တိ​ပျက်​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် အိမ်​တော်၊ အ​မှု​တော်​ထဲ​က ဤ​သို့ ခါ​လိုက်​တော်​မူ​ပါ​စေ​သော။ သူ​တို့​သည် ဤ​သို့ ခါ​ပစ်​လိုက်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော​ဟု​ဆို၍ စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။ လူ​များ​တို့​သည်​လည်း၊ က​တိ​ထား​သည်​အ​တိုင်း ပြု​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး ယု​ဒ​မြို့​ဝန်​အ​ရာ​ကို ငါ​ခံ​သော​အ​ချိန်၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ နှစ်​ဆယ်​မှ​စ၍ သုံး​ဆယ်​နှစ်​နှစ်​တိုင်​အောင်၊ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး ငါ​နှင့် ငါ့​ညီ​တို့​သည် မြို့​ဝန်​ရိ​က္ခာ​ကို​မ​စား။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 15,
      "text": "အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 16,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​သည် မြို့​ရိုး​ကို​အ​မြဲ​လုပ်၍ နေ၏။ ငါ​နှင့် ငါ့​ကျွန်​တို့ သည်​လယ်​ယာ​ကို မ​ဝယ်၊ မြို့​ရိုး​တည်​ခြင်း​အ​မှု​ကို​သာ ဝိုင်း​ညီ၍ ကြိုး​စား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 17,
      "text": "ထို​မှ​တစ်​ပါး၊ ပတ်​ဝန်း​ကျင်၌​နေ၍ ငါ​တို့​ထံ​သို့​လာ​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ဆို​ဘဲ၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့် မင်း​အ​ရာ​ရှိ တစ်​ရာ​ငါး​ကျိပ်​တို့​သည် ငါ့​စား​ပွဲ၌ စား​သောက်​မြဲ​ရှိ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 18,
      "text": "နေ့​တိုင်း ငါ့​စား​ပွဲ​ကို နွား​တစ်​ကောင်၊ ရွေး​သော သိုး​ခြောက်​ကောင်၊ ကြက်​များ​ကို စီ​ရင်​ရ၏။ ဆယ်​ရက်​တစ်​ခါ များ​စွာ​သော စ​ပျစ်​ရည်​အ​မျိုး​မျိုး​ကို​လည်း တင်​ရ၏။ ထို​မျှ​လောက် ကုန်​သော်​လည်း၊ လူ​များ​တို့​သည် ပင်​ပန်း​စွာ အ​မှု​စောင့်​ရ​သော​ကြောင့်၊ မြို့​ဝန်၌​ရိ​က္ခာ​ကို ငါ​မ​တောင်း။"
    },
    {
      "book": 16,
      "chapter": 5,
      "verse": 19,
      "text": "အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​ဖို့ အ​ကျွန်ုပ်​ပြု​သ​မျှ​အ​တွက် အ​ကျွန်ုပ်​ကို အောက်​မေ့၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 1,
      "text": "ထို​အ​ခါ မြို့​တံ​ခါး​တို့​ကို မ​ထူ​ထောင်​သေး​သော်​လည်း၊ မြို့​ရိုး​တည်၍ လုံ​ကြောင်း​ကို သ​မ္ဘာ​လတ်၊ တော​ဘိ၊ အာ​ရပ်​လူ​ဂေ​ရှင်​မှ​စ၍ ကြွင်း​သော ရန်​သူ​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 2,
      "text": "သ​မ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​က လာ​ပါ။ ဩ​နော​ချိုင့်​တွင် ခေ​ဖိ​ရိမ်​ရွာ​မှာ တွေ့​ကြ​ကုန်​အံ့​ဟု မ​ကောင်း​သော အ​ကြံ​ရှိ၍ ငါ့​ကို​မှာ​လိုက်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 3,
      "text": "ငါ​က​လည်း၊ ငါ​သည် ကြီး​သော​အ​မှု​ကို ဆောင်​ရွက်​ရ​သော​ကြောင့် မ​ဆင်း​မ​လာ​နိုင်။ ထို​အ​မှု​ကို မ​ဆောင်​ရွက်​ဘဲ သင်​တို့​ရှိ​ရာ​သို့ ဆင်း​သွား၍၊ အ​ဘယ်​ကြောင့် အ​မှု​ပြတ်​ရ​မည်​နည်း​ဟု တ​မန်​တို့​ကို စေ​လွှတ်၍ ပြန်​ပြော၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 4,
      "text": "ထို​သို့ လေး​ကြိမ်​တိုင်​အောင် မှာ​လိုက်၍၊ ငါ​သည်​လည်း ယ​ခင်​ကဲ့​သို့ ပြန်​ပြော၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 5,
      "text": "နောက်​ပ​ဥ္စ​မ​အ​ကြိမ်၌ သ​မ္ဘာ​လတ်​သည် ယ​ခင်​ကဲ့​သို့ မိ​မိ​ကျွန်​ကို စေ​လွှတ်၍၊ ကျွန်​တွင် တံ​ဆိပ်​မ​ခတ်​သော​စာ ပါ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 6,
      "text": "စာ​ချက်​ဟူ​မူ​ကား၊ သင်​နှင့်​ယု​ဒ​လူ​တို့​သည် ပုန်​ကန်​မည်​အ​ကြံ ရှိ​သည်​ဟု လူ​အ​မျိုး​မျိုး ပြော​ဆို​ကြ၏။ ဂေ​ရှင်​လည်း သက်​သေ​ခံ၏။ ထို​စ​ကား​နှင့်​အ​ညီ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ဖြစ်​လို​သော​ငှာ၊ မြို့​ရိုး​ကို​တည်၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 7,
      "text": "ယု​ဒ​ပြည်၌ ရှင်​ဘု​ရင်​ရှိ​သည်​ဟု သင့်​ကို​ရည်​ဆောင်၍ ယေ​ရု​ရှ​လင်​မြို့၌ ဟော​ပြော​ရ​သော ပ​ရော​ဖက်​တို့​ကို သင်​ခန့်​ထား​ပြီ။ ထို​စ​ကား​အ​တိုင်း ရှင်​ဘု​ရင်​အား ကြား​လျှောက်​ရ​မည်။ သို့​ဖြစ်၍ လာ​ပါ။ တိုင်​ပင်​ကြ​ကုန်​အံ့​ဟု စာ၌​ပါ​သ​တည်း။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 8,
      "text": "ငါ​က​လည်း၊ သင်​ပြော​သော စ​ကား​တစ်​ခွန်း​မျှ​မ​မှန်၊ ကိုယ်​စိတ်​ထဲ​မှာ အ​ချည်း​နှီး ထင်​တတ်​သည်​ချည်း​ဟု စေ​လွှတ်၍ ပြန်​ပြော၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​က ထို​အ​လုပ်​ကို လက်​စ​မ​သတ်​နိုင်​အောင် သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်​ဟု ဆို​လျက် ငါ​တို့​ကို ခြိမ်း​ခြောက်​ကြ၏။ သို့​ရာ​တွင် ထို​စ​ကား​ကြောင့် ငါ​သာ၍​အား​ရှိ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 10,
      "text": "ထို​အ​ခါ မ​ဟေ​တ​ဗေ​လ​သား​ဖြစ်​သော ဒေ​လာ​ယ၏​သား ရှေ​မာ​ယ​သည်၊ ပုန်း​ရှောင်​လျက်​နေ​သော အိမ်​သို့ ငါ​သွား​လျှင်၊ သူ​က ဘု​ရား​သ​ခင်၏​အိမ်​တော် အ​တွင်း​ခန်း​ထဲ​မှာ ငါ​တို့​သည် စု​ဝေး၍၊ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို ပိတ်​ထား​ကြ​ကုန်​အံ့။ ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ လာ​ကြ​လိမ့်​မည်။ ယ​နေ့​ည၌​ပင် လာ​ကြ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 11,
      "text": "ငါ​က​လည်း၊ ငါ​ကဲ့​သို့​သော​သူ​သည် ပြေး​ရ​မည်​လော။ ငါ​နှင့်​တူ​သော​သူ​သည် အ​သက်​ချမ်း​သာ​ခြင်း​ငှာ ဗိ​မာန်​တော်​ထဲ​သို့ ဝင်​ရ​မည်​လော။ ငါ​မ​ဝင်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 12,
      "text": "ထို​သူ​ကို ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မ​မူ။ တော​ဘိ​နှင့်​သ​မ္ဘာ​လတ် ငှား​သော​ကြောင့်၊ ထို​သို့ ငါ့​တစ်​ဖက်၌ ဟော​ပြော​သည်​ကို ငါ​ရိပ်​မိ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 13,
      "text": "သူ​တို့​သည် ငါ့​ကို ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ရှိ​စေ​လျက်၊ ငါ​ကြောက်၍ ထို​သို့​ပြု​သ​ဖြင့်၊ ပြစ်​မှား​စေ​ခြင်း​ငှာ ထို​သူ​ကို ငှား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 14,
      "text": "အို အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ထို​သို့​ပြု​တတ်​သော တော​ဘိ​နှင့် သ​မ္ဘာ​လတ်​ကို​လည်း​ကောင်း၊ နော​ဒိ​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​မှ​စ၍ အ​ကျွန်ုပ်​ကို ခြိမ်း​ခြောက်​သော ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 15,
      "text": "အ​ရက် ငါး​ဆယ်​နှစ်​ရက်​ကြာ​မှ ဧ​လု​လ လ​နှစ်​ဆယ်​ငါး​ရက်​နေ့​တွင် မြို့​ရိုး​ကို လက်​စ​သတ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 16,
      "text": "ထို​သ​တင်း​ကို ရန်​သူ​တို့​သည်​ကြား၍၊ ပတ်​လည်​ဝန်း​ကျင်၌ နေ​သော တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​သည် မြို့​ရိုး​ကို မြင်​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​အ​မှု​သည် ငါ​တို့၏ ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ပြီး​ကြောင်း​ကို ရိပ်​မိ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 17,
      "text": "ထို​ကာ​လ​တွင်၊ ယု​ဒ​မှူး​မတ်​တို့​သည် များ​စွာ​သော မေ​တ္တာ​စာ​ကို တော​ဘိ​ထံ​သို့​ပေး​လိုက်၍၊ တော​ဘိ​ပြန်​ပေး​သော စာ​အ​များ​ကို​လည်း ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 18,
      "text": "တော​ဘိ​သည် အာ​ရာ​သား ရှေ​က​နိ၏​သ​မက် ဖြစ်​သော​ကြောင့်​လည်း​ကောင်း၊ သူ၏​သား ယော​ဟ​နန်​သည် ဗေ​ရ​ခိ​သား မေ​ရှု​လံ​သ​မီး​နှင့် စုံ​ဖက်​သော​ကြောင့်​လည်း​ကောင်း၊ ယု​ဒ​လူ​အ​များ​တို့​သည် တော​ဘိ​ထံ၌ သ​စ္စာ​ကို​ခံ​ကြ​ပြီ။"
    },
    {
      "book": 16,
      "chapter": 6,
      "verse": 19,
      "text": "သူ​တို့​သည် တော​ဘိ​ပြု​သော​အ​မှု​ကောင်း​တို့​ကို ငါ့​အား​ပြန်​ပြော​ကြ၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား ပြန်​ပြော​ကြ၏။ သူ​သည်​လည်း ငါ​ကြောက်​စေ​ခြင်း​ငှာ စာ​ပေး​လိုက်​လေ၏။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 1,
      "text": "မြို့​ရိုး​ကို လက်​စ​သတ်​သော​အ​ခါ၊ ငါ​သည် တံ​ခါး​တို့​ကို ထူ​ထောင်၍ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ပြီး​မှ၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 2,
      "text": "သ​စ္စာ​ရှိ၍ ဘု​ရား​သ​ခင်​ကို အ​ထူး​သ​ဖြင့် ရို​သေ​သော ရဲ​တိုက်​မှူး​ဟာ​န​နိ​နှင့် ငါ့​ညီ​ဟာ​နန်​တို့၌ ယေ​ရု​ရှ​လင်​မြို့​ကို အပ်​လျက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 3,
      "text": "နေ​မ​ထွက်​မီ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို မ​ဖွင့်​စေ​နှင့်။ တံ​ခါး​စောင့်​ရှိ​စဉ်၊ တံ​ခါး​တို့​ကို​ပိတ်၍ ကန့်​လန့်​ကျင်​ထိုး​စေ။ မြို့​သူ​မြို့​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ် မိ​မိ​တို့​အိမ်​တစ်​ဖက်​တစ်​ချက်၌ ကင်း​စောင့်​စေ​ဟု စီ​ရင်၏။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ မြို့​သည် ကျယ်​ဝန်း​သော်​လည်း နေ​သော​သူ​နည်း၍ အိမ်​များ​တို့​ကို မ​တည်​မ​ဆောက်​ကြ​သေး။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 5,
      "text": "ထို​အ​ခါ​မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ဆင်း​ရဲ​သား​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ယူ​ခြင်း​ငှာ စု​ဝေး​စေ​မည်​အ​ကြံ​ကို ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 6,
      "text": "တစ်​ဖန် ငါ​တွေ့​သော​စာ​ရင်း​တည်း​ဟူ​သော၊ ရှေ့​ဦး​စွာ ရောက်​လာ​သော​သူ​တို့၏ အ​ဆွေ​အ​မျိုး​စာ​ရင်း​ချက် ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ၊ ဗာ​နာ​တို့​နှင့်​အ​တူ လိုက်​လာ၍ ယေ​ရု​ရှ​လင်​မြို့​အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​တော်​သား၊ ဣ​သ​ရေ​လ​လူ​စာ​ရင်း​ဟူ​မူ​ကား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 8,
      "text": "ပါ​ရုတ်​အ​မျိုး​သား နှစ်​ထောင်​တစ်​ရာ ခု​နစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 9,
      "text": "ရှေ​ဖ​တိ​အ​မျိုး​သား သုံး​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 10,
      "text": "အာ​ရာ​အ​မျိုး​သား ခြောက်​ရာ​ငါး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 11,
      "text": "ပါ​ဟတ်​မော​ဘ​အ​မျိုး၊ ယော​ရှု​နှင့်​ယွာ​ဘ​အ​မျိုး​သား နှစ်​ထောင်​ရှစ်​ရာ တစ်​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 12,
      "text": "ဧ​လံ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 13,
      "text": "ဇ​တ္တု​အ​မျိုး​သား ရှစ်​ရာ​လေး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 14,
      "text": "ဇ​က္ခဲ​အ​မျိုး​သား ခု​နစ်​ရာ​ခြောက်​ဆယ်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 15,
      "text": "ဗိ​နွိ​အ​မျိုး​သား ခြောက်​ရာ​လေး​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 16,
      "text": "ဗေ​ဗဲ​အ​မျိုး​သား ခြောက်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 17,
      "text": "အာ​ဇ​ဂဒ်​အ​မျိုး​သား နှစ်​ထောင်​သုံး​ရာ နှစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 18,
      "text": "အ​ဒေါ​နိ​ကံ​အ​မျိုး​သား ခြောက်​ရာ​ခြောက်​ဆယ် ခု​နစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 19,
      "text": "ဗိ​ဂ​ဝဲ​အ​မျိုး​သား နှစ်​ထောင်​ခြောက်​ဆယ်​ခု​နစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 20,
      "text": "အာ​ဒိန်​အ​မျိုး​သား ခြောက်​ရာ​ငါး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 21,
      "text": "ဟေ​ဇ​ကိ​နှင့်​အာ​တာ​အ​မျိုး​သား ကိုး​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 22,
      "text": "ဟာ​ရှုံ​အ​မျိုး​သား သုံး​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 23,
      "text": "ဗေ​ဇဲ​အ​မျိုး​သား သုံး​ရာ​နှစ်​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 24,
      "text": "ဟာ​ရိပ်​အ​မျိုး​သား တစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 25,
      "text": "ဂိ​ဗောင်​အ​မျိုး​သား ကိုး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 26,
      "text": "ဗက်​လင်​မြို့၊ နေ​တော​ဖ​မြို့​သား တစ်​ရာ​ရှစ်​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 27,
      "text": "အာ​န​သုတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 28,
      "text": "ဗေ​သာ​ဇ​မာ​ဝက်​မြို့​သား လေး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 29,
      "text": "ကိ​ရ​ယတ်​ယာ​ရိမ်​မြို့၊ ခေ​ဖိ​ရ​မြို့၊ ဗေ​ရုတ်​မြို့​သား ခု​နစ်​ရာ​လေး​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 30,
      "text": "ရာ​မ​မြို့၊ ဂါ​ဗ​မြို့​သား ခြောက်​ရာ​နှစ်​ဆယ်​တစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 31,
      "text": "မိတ်​မတ်​မြို့​သား တစ်​ရာ​နှစ်​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 32,
      "text": "ဗေ​သ​လ​မြို့၊ အာ​ဣ​မြို့​သား တစ်​ရာ​နှစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 33,
      "text": "အ​ခြား​သော နေ​ဗော​မြို့​သား ငါး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 34,
      "text": "အ​ခြား​သော ဧ​လံ​မြို့​သား တစ်​ထောင်​နှစ်​ရာ ငါး​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 35,
      "text": "ဟာ​ရိမ်​မြို့​သား သုံး​ရာ​နှစ်​ဆယ်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 36,
      "text": "ယေ​ရိ​ခေါ​မြို့​သား သုံး​ရာ​လေး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 37,
      "text": "လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့၊ ဩ​နော​မြို့​သား ခု​နစ်​ရာ​နှစ်​ဆယ်​တစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 38,
      "text": "သေ​နာ​မြို့​သား သုံး​ထောင်​ကိုး​ရာ​သုံး​ဆယ်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 39,
      "text": "ယဇ်​ပု​ရော​ဟိတ်​စာ​ရင်း​ဟူ​မူ​ကား၊ ယော​ရှု​အ​မျိုး​ထဲ​က ယေ​ဒါ​ယ​အ​မျိုး​သား ကိုး​ရာ​ခု​နစ်​ဆယ်​သုံး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 40,
      "text": "ဣ​မေ​ရ​အ​မျိုး​သား တစ်​ထောင်​ငါး​ဆယ်​နှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 41,
      "text": "ပါ​ရှု​ရ​အ​မျိုး​သား တစ်​ထောင်​နှစ်​ရာ လေး​ဆယ်​ခု​နစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 42,
      "text": "ဟာ​ရိမ်​အ​မျိုး​သား တစ်​ထောင်​တစ်​ဆယ် ခု​နစ်​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 43,
      "text": "လေ​ဝိ​သား​စာ​ရင်း ဟူ​မူ​ကား၊ ဟော​ဒေ​ဝ​အ​မျိုး​ထဲ​က ယော​ရှု​အ​မျိုး​နှင့် ကာ​ဒ​မေ​လ​အ​မျိုး​သား ခု​နစ်​ဆယ်​လေး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 44,
      "text": "သီ​ချင်း​သည်၊ အာ​သပ်​အ​မျိုး​သား တစ်​ရာ​လေး​ဆယ်​ရှစ်​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 45,
      "text": "တံ​ခါး​စောင့် ရှ​လ္လုံ​အ​မျိုး​သား၊ အာ​တာ​အ​မျိုး​သား၊ တာ​လ​မုန်​အ​မျိုး​သား၊ အ​က္ကုပ်​အ​မျိုး​သား၊ ဟ​တိ​တ​အ​မျိုး​သား၊ ရှော​ဗဲ​အ​မျိုး​သား​ပေါင်း တစ်​ရာ​သုံး​ဆယ်​ရှစ်​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 46,
      "text": "ဘု​ရား​ကျွန်​ခံ​သူ၊ ဇိ​ဟ​အ​မျိုး​သား၊ ဟ​သု​ဖ​အ​မျိုး​သား၊ တ​ဗ္ဗောက်​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 47,
      "text": "ကေ​ရုတ်​အ​မျိုး​သား၊ သ​ယ​အ​မျိုး​သား၊ ပါ​ဒုန် အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 48,
      "text": "လေ​ဗ​န​အ​မျိုး​သား၊ ဟာ​ဂ​ဗ​အ​မျိုး​သား၊ ရှာ​လ​မဲ အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 49,
      "text": "ဟာ​နန်​အ​မျိုး​သား၊ ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊ ဂါ​ဟာ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 50,
      "text": "ရာ​ယ​အ​မျိုး​သား၊ ရေ​ဇိန်​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 51,
      "text": "ဂ​ဇ္ဇမ်​အ​မျိုး​သား၊ ဩ​ဇ​အ​မျိုး​သား၊ ပါ​သာ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 52,
      "text": "ဗေ​သဲ​အ​မျိုး​သား၊ မု​နိမ်​အ​မျိုး​သား၊ နေ​ဖိ​ရှေ​သိမ်​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 53,
      "text": "ဗာ​က​ဗုတ်​အ​မျိုး​သား၊ ဟာ​ကု​ဖ​အ​မျိုး​သား၊ ဟာ​ရ​ဟု​ရ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 54,
      "text": "ဗာ​ဇ​လိတ်​အ​မျိုး​သား၊ မေ​ဟိ​ဒ​အ​မျိုး​သား၊ ဟာ​ရ​ရှ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 55,
      "text": "ဗာ​ရ​ကုတ်​အ​မျိုး​သား၊ သိ​သ​ရ​အ​မျိုး​သား၊ တာ​မ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 56,
      "text": "နေ​ဇိ​အ​မျိုး​သား၊ ဟ​တိ​ဖ​အ​မျိုး​သား​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 57,
      "text": "ရှော​လ​မုန်၏ အ​စေ​ခံ​ကျွန်၊ သော​တဲ​အ​မျိုး​သား၊ သော​ဖ​ရက်​အ​မျိုး​သား၊ ပေ​ရိ​ဒ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 58,
      "text": "ယာ​လ​အ​မျိုး​သား၊ ဒါ​ကုန်​အ​မျိုး​သား၊ ဂိ​ဒ္ဒေ​လ​အ​မျိုး​သား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 59,
      "text": "ရှေ​ဖ​တိ​အ​မျိုး​သား၊ ဟ​တ္တိ​လ​အ​မျိုး​သား၊ ပေါ​ခ​ရက်​အ​မျိုး​သား၊ ဇေ​ဗိမ်​အ​မျိုး​သား၊ အာ​မုန်​အ​မျိုး​သား​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 60,
      "text": "ဘု​ရား​ကျွန်​နှင့် ရှော​လ​မုန်၏ ကျွန်​ပေါင်း​ကား၊ သုံး​ရာ​ကိုး​ဆယ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 61,
      "text": "ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​အ​မျိုး မှန်​သည်၊ မ​မှန်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​တို့​အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း မ​ပြ​နိုင်​ဘဲ တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အ​ဒ္ဒုန်​မြို့၊ ဣ​မေ​ရ​မြို့​မှ ထွက်​သွား​သော​သူ ဟူ​မူ​ကား၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 62,
      "text": "ဒေ​လာ​ယ​အ​မျိုး​သား၊ တော​ဘိ​အ​မျိုး​သား၊ နေ​ကော​ဒ​အ​မျိုး​သား​ပေါင်း​ခြောက်​ရာ လေး​ဆယ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 63,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ထဲ​က ဟ​ဗာ​ယ​အ​မျိုး​သား၊ ကော​ဇ​အ​မျိုး​သား၊ ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သ​မီး​တစ်​ယောက်​နှင့် စုံ​ဖက်၍ ယော​က္ခ​မ​အ​မည်​ကို​ရ​သော ဗာ​ဇိ​လဲ​အ​မျိုး​သား​တို့​သည်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 64,
      "text": "စာ​ရင်း​ဝင်​သော​လူ​စု​တွင် မိ​မိ​တို့​စာ​ရင်း​ကို​ရှာ၍ မ​တွေ့​သော​ကြောင့်၊ အ​မျိုး​မ​စစ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ခံ​ရ​ကြ။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 65,
      "text": "ဥ​ရိမ်​နှင့်​သု​မိမ်​ပါ​သော ယဇ်​ပု​ရော​ဟိတ် မ​ပေါ်​မီ​တိုင်​အောင် သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​စား​ရ​ဟု ပြည်​အုပ်​မင်း​စီ​ရင်၏။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 66,
      "text": "ပ​ရိ​သတ်​ပေါင်း​ကား၊ လေး​သောင်း​နှစ်​ထောင် သုံး​ရာ​ခြောက်​ဆယ်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 67,
      "text": "ထို​မှ​တစ်​ပါး၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ပေါင်း ခု​နစ်​ထောင်​သုံး​ရာ သုံး​ဆယ်​ခု​နစ်​ယောက်၊ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ပေါင်း နှစ်​ရာ​လေး​ဆယ်​ငါး​ယောက်၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 68,
      "text": "မြင်း​ပေါင်း ခု​နစ်​ရာ​သုံး​ဆယ်​ခြောက်​စီး၊ လား​ပေါင်း နှစ်​ရာ​လေး​ဆယ်​ငါး​စီး၊"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 69,
      "text": "ကု​လား​အုတ်​ပေါင်း လေး​ရာ​သုံး​ဆယ်​ငါး​စီး၊ မြည်း​ပေါင်း ခြောက်​ထောင်​ခု​နစ်​ရာ နှစ်​ဆယ်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 70,
      "text": "အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​သည် အ​မှု​တော်​ကို​ဆောင်​ရွက်​စ​ရာ လှူ​ကြ၏။ ပြည်​အုပ်​မင်း​သည်​လည်း ရွှေ​ဒင်္ဂါး​တစ်​ထောင်၊ အင်​တုံ​ငါး​ဆယ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​စုံ ငါး​ရာ​သုံး​ဆယ်​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​လေ၏။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 71,
      "text": "အ​ဆွေ​အ​မျိုး သူ​ကြီး​သွင်း​သော ရွှေ​ငွေ​ပေါင်း​ကား၊ ရွှေ​ဒင်္ဂါး​နှစ်​သောင်း၊ ငွေ​အ​ခွက် နှစ်​သောင်း​နှစ်​ထောင်​တည်း။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 72,
      "text": "ကြွင်း​သော​သူ​တို့​သည်​လည်း ရွှေ​ဒင်္ဂါး​နှစ်​သောင်း၊ ငွေ​အ​ခွက်​နှစ်​သောင်း၊ ယဇ်​ပု​ရော​ဟိတ် အ​ဝတ်​စုံ ခြောက်​ဆယ်​ခု​နစ်​စုံ​ကို သွင်း​ကြ၏။"
    },
    {
      "book": 16,
      "chapter": 7,
      "verse": 73,
      "text": "ထို​သို့ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ သာ​မ​ည​လူ​အ​ချို့၊ ဘု​ရား​ကျွန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​နေ​ရာ မြို့​ရွာ​တို့၌ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 1,
      "text": "သ​တ္တ​မ​လ​ရောက်​မှ၊ မြို့​ရွာ​အ​ရပ်​ရပ်၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည် လာ၍ ရေ​တံ​ခါး​လမ်း​တွင် စည်း​ဝေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ​ကို ဆောင်​ခဲ့​ပါ​ဟု ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ကို တောင်း​သည်​အ​တိုင်း၊"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 2,
      "text": "နား​ထောင်​နား​လည်​နိုင်​သ​မျှ​သော ပ​ရိ​သတ်​ယောက်ျား မိန်း​မ​တို့ ရှေ့​သို့ သ​တ္တ​မ​လ​ပ​ထ​မ​နေ့​ရက်​တွင်၊ ပ​ည​တ္တိ​ကျမ်း​စာ​ကို ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ဆောင်​ခဲ့၍၊"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 3,
      "text": "နား​လည်​နိုင်​သော​သူ၊ ယောက်ျား​မိန်း​မ​တို့ ရှေ့​မှာ နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ရေ​တံ​ခါး​လမ်း​တွင် ဖတ်​ရွတ်​လေ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို စေ့​စေ့​နား​ထောင်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 4,
      "text": "သူ​တို့​လုပ်​ကြ​သော တ​ရား​ဟော​ရာ သစ်​သား​ပ​လ္လင်​ပေါ်​မှာ၊ ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​သည် ရပ်၍ မ​တ္တိ​သ၊ ရှေ​မ၊ အ​နာ​ယ၊ ဥ​ရိ​ယ၊ ဟိ​လ​ခိ၊ မာ​သေ​ယ​တို့​သည် လက်​ယာ​ဘက်၌​လည်း​ကောင်း၊ ပေ​ဒါ​ယ၊ မိ​ရှေ​လ၊ မာ​လ​ခိ၊ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာ​ခ​ရိ၊ မေ​ရှု​လံ​တို့​သည် လက်​ဝဲ​ဘက်၌​လည်း​ကောင်း ရပ်​နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 5,
      "text": "ထို​သို့ ဧ​ဇ​ရ​သည် လူ​အ​ပေါင်း​တို့​ထက်​သာ၍ မြင့်​လျက်၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ကျမ်း​စာ​ကို​ဖွင့်​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည် ထ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 6,
      "text": "ဧ​ဇ​ရ​သည် မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၏။ လူ​အ​ပေါင်း​တို့​က အာ​မင်၊ အာ​မင်​ဟု လက်​တို့​ကို​ချီ​လျက်၊ ဝန်​ခံ၍ ဦး​ချ​ပျပ်​ဝပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 7,
      "text": "ယော​ရှု၊ ဗာ​နိ၊ ရှေ​ရ​ဘိ၊ ယာ​မိန်၊ အ​က္ကုပ်၊ ရှ​ဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်၊ ပေ​လာ​ယ​အ​စ​ရှိ​သော လေ​ဝိ​သား​တို့​သည်​လည်း လူ​များ​တို့​အား ပ​ည​တ္တိ​ကျမ်း​စာ​အ​နက်​ကို ပြန်​ကြား​ကြ၏။ လူ​များ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ၌ နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 8,
      "text": "ထို​သို့ ဘု​ရား​သ​ခင်၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို သေ​ချာ​စွာ​ဖတ်​ရွတ်၍ အ​နက်​ကို​ပြန်​သ​ဖြင့်၊ လူ​များ​နား​လည်​စေ​ခြင်း​ငှာ ပြု​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 9,
      "text": "လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို ကြား​သော​အ​ခါ ငို​ကြွေး​ကြ​သည်​ဖြစ်၍၊ ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ကျမ်း​တတ်​ဆ​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၊ လူ​များ​တို့​အား သွန်​သင်​သော လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ကြ​နှင့်။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 10,
      "text": "သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 11,
      "text": "ထို​သို့ လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သန့်​ရှင်း​သော​နေ့ ဖြစ်​သော​ကြောင့် တိတ်​ဆိတ်​စွာ နေ​ကြ​လော့။ ဝမ်း​နည်း​မ​နေ​ကြ​နှင့်​ဟု ဆို၍ လူ​အ​ပေါင်း​တို့​ကို ငြိမ်း​စေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 12,
      "text": "လူ​အ​ပေါင်း​တို့​သည် ဟော​ပြော​သော စ​ကား​များ​ကို နား​လည်​သော​ကြောင့်၊ စား​သောက်​ခြင်း၊ သူ​တစ်​ပါး​တို့​အား ဝေ​မျှ​ခြင်း၊ အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ သွား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 13,
      "text": "ဒု​တိ​ယ​နေ့​ရက်​တွင်၊ အ​ဆွေ​အ​မျိုး သူ​ကြီး​များ​တို့​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို နား​လည်​အံ့​သော​ငှာ၊ ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ထံ၌ စည်း​ဝေး​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 14,
      "text": "သ​တ္တ​မ​လ​ပွဲ​ကို​ခံ​ကြ​စဉ်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ နေ​ရ​ကြ​မည်​ဟု မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​ကြောင်း​ကို တွေ့​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 15,
      "text": "ထို​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း သစ်​ခက်​တဲ​တို့​ကို လုပ်​ခြင်း​ငှာ တောင်​သို့​သွား​ကြ။ သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ​တု​ခက်၊ စွန်​ပ​လွံ​ခက် အ​စ​ရှိ​သော ထူ​ထပ်​သော အ​ခက်​အ​လက်​မျိုး​တို့​ကို ဆောင်​ခဲ့​ကြ​ဟု ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ခပ်​သိမ်း​သော မြို့​ရွာ​တို့၌ ကြော်​ငြာ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 16,
      "text": "လူ​များ​တို့​သည် ထွက်​သွား၍၊ သစ်​ခက်​တို့​ကို ဆောင်​ခဲ့​ပြီး​လျှင် အိမ်​မိုး​ပေါ်​မှာ​လည်း​ကောင်း၊ မိ​မိ​ဝင်း​ထဲ၊ ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ​လည်း​ကောင်း၊ ရေ​တံ​ခါး​လမ်း​နှင့် ဧ​ဖ​ရိမ်​တံ​ခါး​လမ်း​မှာ​လည်း​ကောင်း သစ်​ခက်​တဲ​များ​ကို လုပ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 17,
      "text": "ထို​သို့ သိမ်း​သွား​ခြင်း​ကို ခံ​ရ​ရာ​ထဲ​က ထွက်​လာ​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​တို့​ကို​လုပ်၍ ထိုင်​နေ​ကြ၏။ နုန်​သား ယော​ရှု​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခါ​မျှ ထို​သို့​မ​ပြု​ကြ။ အ​လွန်​ဝမ်း​မြောက်​လျက် နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 8,
      "verse": 18,
      "text": "ပ​ထ​မ​နေ့​မှ​စ၍ နောက်​ဆုံး​သော​နေ့​တိုင်​အောင်၊ နေ့​ရက်​အ​စဉ်​အ​တိုင်း ဘု​ရား​သ​ခင်၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို ဖတ်​ရွတ်​ကြ၏။ ထို​ပွဲ​ကို ခု​နစ်​ရက်​ပတ်​လုံး​ခံ​ကြ၏။ ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ရား​တော်​အ​တိုင်း ဓ​မ္မ​ပွဲ​ကို​လည်း​ခံ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 1,
      "text": "ထို​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​စာ​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ကိုယ်၌ မြေ​မှုန့်​ကို​တင်​လျက် စည်း​ဝေး​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 2,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​စစ်​ဖြစ်​သော သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ​တို့​နှင့် ကွာ၍၊ ကိုယ်​အ​ပြစ်​နှင့် ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 3,
      "text": "မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို နေ့​လေး​စု​တစ်​စု ဖတ်​ကြ၏။ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို နေ့​လေး​စု​တစ်​စု​ကို ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 4,
      "text": "ထို​အ​ခါ လေ​ဝိ​သား​ယော​ရှု၊ ဗာ​နိ၊ ကပ်​မျေ​လ၊ ရှေ​ဗ​နိ၊ ဗု​န္နိ၊ ရှေ​ရ​ဘိ၊ ဗာ​နိ၊ ခေ​န​နိ​တို့​သည် ပ​လ္လင်​ပေါ်​မှာ​ရပ်၍၊ သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြီး​စွာ​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 5,
      "text": "တစ်​ဖန် လေ​ဝိ​သား ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော​ဒိ​ယ၊ ရှေ​ဗ​နိ၊ ပေ​သ​ဟိ​တို့​က ထ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​ကြ​လော့။ ကောင်း​ချီး​ပေး​ခြင်း၊ ချီး​မွမ်း​ခြင်း​အ​မျိုး​မျိုး​ထက် ကြီး​မြင့်၍ ဘုန်း​ကြီး​သော ကိုယ်​တော်၏​နာ​မ​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 6,
      "text": "ကိုယ်​တော်​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။ အ​မြင့်​ဆုံး​သော ကောင်း​ကင်​နှင့် ကောင်း​ကင်​ဗိုလ်​ခြေ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့်​မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပင်​လယ်​နှင့် ပင်​လယ်၌​ပါ​သ​မျှ​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို စောင့်​မ​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် ကိုယ်​တော်​ကို ကိုး​ကွယ်​ကြ​ပါ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အာ​ဗြံ​ကို​ရွေး​ချယ်၍ ခါ​လ​ဒဲ​ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ခဲ့​ပြီး​လျှင် အာ​ဗြ​ဟံ​ဟူ​သော အ​မည်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 8,
      "text": "ရှေ့​တော်၌ သူ့​သ​ဘော​ဖြောင့်​သည်​ကို တွေ့​သော​ကြောင့်၊ ခါ​န​နိ​ပြည်၊ ဟိ​တ္တိ​ပြည်၊ အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ ယေ​ဗု​သိ​ပြည်၊ ဂိ​ရ​ဂါ​ရှိ​ပြည်​တို့​ကို အာ​ဗြ​ဟံ​အ​မျိုး​အ​နွယ်​အား ငါ​ပေး​မည်​ဟု ဝန်​ခံ​သည်​အ​တိုင်း သ​စ္စာ​တော်​မ​ပျက် ပြု​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 9,
      "text": "အဲ​ဂု​တ္တု​ပြည်၌ အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​များ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​မြင်၍၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ သူ​တို့ အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 10,
      "text": "ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​တို့​ကို စော်​ကား​စွာ​ပြု​သော​ကြောင့်၊ ကိုယ်​တော်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ ထို​ပြည်​သား​တို့၌ နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​တော်​မူ၍၊ သ​တင်း​တော်​သည် ယ​နေ့​တိုင်​အောင် ကျော်​စော​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 11,
      "text": "သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 12,
      "text": "ထို​မှ​တစ်​ပါး၊ နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌ သူ​တို့​သွား​ရာ​လမ်း​ကို လင်း​စေ​သော မီး​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 13,
      "text": "ကိုယ်​တော်​တိုင်​လည်း၊ သိ​နာ​တောင်​ပေါ်​သို့ ဆင်း​သက်၍ မိုး​ကောင်း​ကင်​ထဲ​က ဗျာ​ဒိတ်​သံ​ကို လွှတ်​သ​ဖြင့်၊ ဟုတ်​မှန်​ဖြောင့်​မတ်​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​တို့​ကို အပ်​ပေး​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 14,
      "text": "သန့်​ရှင်း​သော ဥ​ပုသ်​နေ့​ရက်​တော်​ကို ဖော်​ပြ၍၊ ကိုယ်​တော်​ကျွန် မော​ရှေ​အား​ဖြင့် နည်း​နာ​ဥ​ပ​ဒေ​သ ပ​ညတ်​တ​ရား​တို့​ကို​လည်း ထား​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 15,
      "text": "သူ​တို့​မွတ်​သိပ်​ခြင်း​နှင့် ရေ​ငတ်​ခြင်း​ကို ပြေ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မုန့်​နှင့် ကျောက်​ထဲ​က​ထုတ်​သော​ရေ​ကို ပေး​တော်​မူ၏။ သူ​တို့​ပိုင်​ဖို့ ကျိန်​ဆို​တော်​မူ​သော​ပြည်​ထဲ​သို့ ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 16,
      "text": "သို့​ရာ​တွင် အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် မာ​န​ထောင်​လွှား၍၊ ခိုင်​မာ​သော​လည်​ပင်း​နှင့် ပ​ညတ်​တော်​ကို နား​မ​ထောင်​ကြ။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 17,
      "text": "သူ​တို့​တွင် ပြု​တော်​မူ​သော အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​အောက်​မေ့။ အာ​ဏာ​တော်​ကို​ငြင်း​ဆန်​လျက်၊ လည်​ပင်း​ခိုင်​မာ​သည် ဖြစ်၍၊ ကျွန်​ခံ​ရာ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လို​သော​ငှာ၊ လူ​ကြီး​တစ်​ဦး​ကို ချီး​မြှောက်​ကြ၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ပြစ်​ကို​ဖြေ​တတ်​သော​ဘု​ရား၊ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့်​ပြည့်​စုံ၍၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း​နှင့် ကြွယ်​ဝ​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သူ​တို့​ကို စွန့်​ပစ်​တော်​မ​မူ။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 18,
      "text": "ထို​မျှ​မ​က သူ​တို့​သည် နွား​သ​ငယ်​အ​ရုပ်​ကို သွန်း၍၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ အ​လွန်​ပြစ်​မှား​သော်​လည်း၊"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 19,
      "text": "ကိုယ်​တော်​သည် အ​ထူး​သ​ဖြင့် သ​နား​တတ်​သော ဘု​ရား​ဖြစ်​တော်​မူ၍၊ တော၌​သူ​တို့​ကို စွန့်​ပစ်​တော်​မ​မူ။ နေ့​အ​ချိန်၌ လမ်း​ပြ​သော မိုး​တိမ်​တိုင်​မ​ပျောက်၊ ည​အ​ချိန်၌ သူ​တို့​သွား​ရာ​လမ်း​ကို လင်း​စေ​သော မီး​တိုင်​လည်း မ​ကွယ်။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 20,
      "text": "သူ​တို့​အား သွန်​သင်​စ​ရာ​ဖို့ ကောင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ၏။ သူ​တို့​စား​ရ​သော ကိုယ်​တော်၏​မ​န္န​ကို ရုပ်​သိမ်း​တော်​မ​မူ။ သူ​တို့ အ​ငတ်​ပြေ​စေ​ခြင်း​ငှာ၊ ရေ​ကို​လည်း ပေး​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 21,
      "text": "အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​ကို အ​လျှင်း​မ​ဆင်း​ရဲ​စေ​ခြင်း​ငှာ ကျွေး​မွေး​တော်​မူ၏။ သူ​တို့​အ​ဝတ် မ​ဟောင်း​မ​နွမ်း​ရ။ သူ​တို့​ခြေ​သည်​လည်း မ​ပွန်း​မ​ရောင်​ရ။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 22,
      "text": "နောက်​မှ​တစ်​ပါး​အ​မျိုး​သား​တို့၏ တိုင်း​နိုင်​ငံ​များ​ကို သူ​တို့​အား အ​ကုန်​အ​စင်​ဝေ​ဖန်၍ ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ အ​စိုး​ရ​သော​ပြည်​တို့​ကို သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 23,
      "text": "သူ​တို့​သား​မြေး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​ကဲ့​သို့ များ​ပြား​စေ​တော်​မူ၏။ အ​ကြင်​ပြည်​ထဲ​သို့ သူ​တို့​ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း၊ သူ​တို့၏ ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ၏။ ထို​ပြည်​ထဲ​သို့ သွင်း​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 24,
      "text": "သား​မြေး​တို့​သည်​ဝင်၍ သိမ်း​ယူ​ကြ၏။ သူ​တို့​ရှေ့​မှာ ထို​ပြည်​သား ခါ​နာ​နိ​လူ​တို့​ကို နှိပ်​စက်​တော်​မူ၍၊ ရှင်​ဘု​ရင်​အ​စ​ရှိ​သော ပြည်​သူ​ပြည်​သား​တို့​ကို ပြု​ချင်​သ​မျှ ပြု​ရ​သော​အ​ခွင့်​နှင့် သူ​တို့​လက်​သို့ အပ်​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 25,
      "text": "ထို​သို့ သူ​တို့​သည် ခိုင်​ခံ့​သော​မြို့​များ၊ မြေ​ကောင်း​သော​ပြည်၊ ဥ​စ္စာ​နှင့်​ပြည့်​သော​အိမ်၊ တူး​ပြီး​သော​ရေ​တွင်း၊ များ​ပြား​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အ​သီး​သီး​သော အ​ပင်​တို့​ကို သိမ်း​ယူ၍၊ ဝ​စွာ​စား​သောက်​လျက် အ​သား​ဆူ​ဖြိုး၍ ကျေး​ဇူး​တော်​ကြွယ်​ဝ​ခြင်း၌ မွေ့​လျော်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 26,
      "text": "သို့​ရာ​တွင် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပုန်​ကန်​လျက် တ​ရား​တော်​ကို ကျော​နောက်​သို့ ပစ်​ထား​ကြ၏။ အ​ထံ​တော်​သို့ ပြန်​လာ​စေ​ခြင်း​ငှာ၊ ဆုံး​မ​သော ကိုယ်​တော်၏​ပ​ရော​ဖက်​တို့​ကို သတ်၍ အ​လွန်​ပြစ်​မှား​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 27,
      "text": "ထို​ကြောင့်၊ သူ​တို့​ကို​နှောင့်​ယှက်​သော ရန်​သူ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ၍ ကိုယ်​တော်​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော် ကြွယ်​ဝ​သည်​အ​တိုင်း၊ ရန်​သူ​လက်​မှ ကယ်​လွှတ်​သော ကျေး​ဇူး​ရှင်​တို့​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 28,
      "text": "တစ်​ဖန် ချမ်း​သာ​ရ​သော​အ​ခါ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို ပြု​ပြန်​ကြ​သော​ကြောင့်၊ ရန်​သူ​အ​စိုး​ရ​မည်​အ​ကြောင်း တစ်​ဖန်​အပ်​တော်​မူ၏။ သူ​တို့​သည်​ပြန်​လာ၍ ကိုယ်​တော်​ကို အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ထပ်​ထပ် ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 29,
      "text": "တ​ရား​တော်​ကို ကျင့်​ပြန်​စေ​ခြင်း​ငှာ ဆုံး​မ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်၊ မာ​န​ထောင်​လွှား​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော စီ​ရင်​တော်​မူ​ချက်​တို့​ကို လွန်​ကျူး​ကြ၏။ ခိုင်​မာ​သော​လည်​ပင်း​နှင့် ရုန်း​လျက် နား​မ​ထောင်​ဘဲ နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 30,
      "text": "နှစ်​ပေါင်း​များ​စွာ သူ​တို့​ကို​သည်း​ခံ၍၊ ကိုယ်​တော်၏ ပ​ရော​ဖက်​တို့၌​ရှိ​သော ကိုယ်​တော်၏ ဝိ​ညာဉ်​အား​ဖြင့် ဆုံး​မ​တော်​မူ​သော်​လည်း သူ​တို့​သည် နား​မ​ထောင်​သော​ကြောင့်၊ ဤ​ပြည်​သူ​ပြည်​သား​တို့​လက်​သို့ အပ်​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 31,
      "text": "သို့​ရာ​တွင် ကိုယ်​တော်​သည် ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သော​ကြောင့်၊ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​တော်​မ​မူ။ စွန့်​ပစ်​တော်​မ​မူ။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 32,
      "text": "သို့​ဖြစ်၍၊ အို အ​ကျွန်ုပ်​တို့၏​ဘု​ရား၊ ကြီး​မြတ်၍ မ​ဟာ​တန်​ခိုး​နှင့် ပြည့်​စုံ​လျက် ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ က​ရု​ဏာ​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​တော်​မူ​သော​ဘု​ရား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​သော ဘေး​ဒဏ်​ရှိ​သ​မျှ​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 33,
      "text": "ကိုယ်​တော်​မူ​ကား အ​ကျွန်ုပ်​တို့​အ​ပေါ်​သို့ ရောက်​စေ​သ​မျှ​သော​အ​မှု၌ တ​ရား​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် တ​ရား​သ​ဖြင့်​သာ စီ​ရင်​တော်​မူ​ပြီ။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 34,
      "text": "အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် တ​ရား​တော်​ကို​မ​စောင့်။ ပေး​ထား​တော်​မူ​သော ပ​ညတ်​များ​နှင့် သက်​သေ​ခံ​ချက်​များ​တို့​ကို နား​မ​ထောင်​ကြ။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 35,
      "text": "ကြီး​သော​ကျေး​ဇူး​ကို ပြု​လျက် အပ်​ပေး​တော်​မူ၍၊ သူ​တို့​ပိုင်​သော​နိုင်​ငံ၊ သ​နား​တော်​မူ​သော​ပြည်​ကြီး၊ ပြည်​ကောင်း၌ နေ​ရ​သော်​လည်း၊ အ​မှု​တော်​ကို​မ​ဆောင်​မ​ရွက်၊ မိ​မိ​တို့​ပြု​သော ဒု​စ​ရိုက်​ကို မ​ရှောင်​ဘဲ​နေ​ကြ​ပါ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 36,
      "text": "ဘိုး​ဘေး​တို့​သည် အ​လွန်​မြတ်​သော အ​သီး​အ​နှံ​ကို စား​ရ​သော​အ​ခွင့်​နှင့် သူ​တို့​အား ပေး​သ​နား​တော်​မူ​သော​ပြည်၌ အ​ကျွန်ုပ်​တို့​သည် ယ​နေ့ အ​စေ​ခံ​ကျွန် ဖြစ်​ကြ​ပါ၏။ သူ့​ကျွန် ခံ​ရ​ကြ​ပါ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 37,
      "text": "အ​ကျွန်ုပ်​တို့​အ​ပြစ်​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​သော ရှင်​ဘု​ရင်​တို့​သည် ဤ​ပြည်၌ ကြွယ်​ဝ​စွာ​ဖြစ်​သော အ​သီး​အ​နှံ​ကို သိမ်း​စား​မြဲ​ရှိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့၏​ကိုယ်​နှင့် တိ​ရ​စ္ဆာန်​များ​ကို သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် အ​စိုး​ပိုင်၍၊ အ​ကျွန်ုပ်​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​လျက်​နေ​ရ​ပါ​သည်​ဟု မြွက်​ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 9,
      "verse": 38,
      "text": "ထို​အ​ကြောင်း​အ​ရာ​များ​ကို ငါ​တို့​သည် ဆင်​ခြင်​ပြီး​မှ၊ သ​စ္စာ​ပြု၍ စာ​ချုပ်​ကို​လည်း ရေး​ထား​လျက်၊ ငါ​တို့​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် တံ​ဆိပ်​ခတ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 1,
      "text": "တံ​ဆိပ်​ခတ်​သော​သူ ဟူ​မူ​ကား၊ ဟာ​ခ​လိ​သား ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ယဇ်​ပု​ရော​ဟိတ် ဇိ​ဒ​ကိ​ယ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 2,
      "text": "စ​ရာ​ယ၊ အာ​ဇ​ရိ၊ ယေ​ရ​မိ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 3,
      "text": "ပါ​ရှု​ရ၊ အာ​မ​ရိ၊ မာ​လ​ခိ​ယ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 4,
      "text": "ဟ​တ္တုတ်၊ ရှေ​ဗ​နိ၊ မ​လ္လုတ်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 5,
      "text": "ဟာ​ရိမ်၊ မေ​ရ​မုတ်၊ ဩ​ဗ​ဒိ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 6,
      "text": "ဒံ​ယေ​လ၊ ဂိ​န္နေ​သုန်၊ ဗာ​ရုတ်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 7,
      "text": "မေ​ရှု​လံ၊ အ​ဘိ​ယ၊ မိ​ယာ​မိန်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 8,
      "text": "မာ​ဇိ၊ ဗိ​လ​ဂဲ၊ ရှေ​မာ​ယ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 9,
      "text": "လေ​ဝိ​သား​အာ​ဇ​နိ​သား ယော​ရှု​တစ်​ပါး၊ ဟေ​န​ဒဒ်​သား ဗိ​နွိ​တစ်​ပါး၊ ကပ်​မျေ​လ​တစ်​ပါး၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 10,
      "text": "သူ​တို့​ညီ​ရှေ​ဗ​နိ၊ ဟော​ဒိ​ယ၊ ကေ​လိ​တ၊ ပေ​လာ​ယ၊ ဟာ​နန်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 11,
      "text": "မိ​က္ခာ၊ ရေ​ဟုပ်၊ ဟာ​ရှ​ဘိ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 12,
      "text": "ဇ​က္ကု​ရ၊ ရှေ​ရ​ဘိ၊ ရှေ​ဗ​နိ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 13,
      "text": "ဟော​ဒိ​ယ၊ ဗာ​နိ၊ ဗေ​နိ​နု၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 14,
      "text": "လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော ပါ​ရုတ်၊ ပါ​ဟတ်​မော​ဘ၊ ဧ​လံ၊ ဇဿု၊ ဗာ​နိ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 15,
      "text": "ဗု​န္နိ၊ အာ​ဇ​ဂဒ်၊ ဗေ​ဗဲ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 16,
      "text": "အ​ဒေါ​နိ​ယ၊ ဗိ​ဂ​ဝဲ၊ အာ​ဒိန်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 17,
      "text": "အာ​တာ၊ ဟိ​ဇ​ကိ​ယ၊ အ​ဇ္ဇု​ရ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 18,
      "text": "ဟော​ဒိ​ယ၊ ဟ​ရှုံ၊ ဗေ​ဇဲ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 19,
      "text": "ဟာ​ရိပ်၊ အာ​န​သုတ်၊ နေ​ဗဲ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 20,
      "text": "မာ​ဂ​ပျာ​ရှ၊ မေ​ရှု​လံ၊ ဟေ​ဇိ​ရ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 21,
      "text": "မေ​ရှ​ဇ​ဗေ​လ၊ ဇာ​ဒုတ်၊ ယာ​ဒွါ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 22,
      "text": "ပေ​လ​တိ၊ ဟာ​နန်၊ အ​နာ​ယ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 23,
      "text": "ဟော​ရှေ၊ ဟာ​န​နိ၊ ဟာ​ရှုပ်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 24,
      "text": "ဟာ​လော​ဟက်၊ ပိ​လ​ဟ၊ ရှော​ဗက်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 25,
      "text": "ရေ​ဟုံ၊ ဟာ​ရှ​ဗ​န၊ မာ​သေ​ယ၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 26,
      "text": "အ​ဟိ​ယ၊ ဟာ​နန်၊ အာ​နန်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 27,
      "text": "မ​လ္လုတ်၊ ဟာ​ရိမ်၊ ဗာ​နာ​တည်း။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 28,
      "text": "ကြွင်း​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ ဘု​ရား​ကျွန်​အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တ​ရား​ကို​စောင့်​အံ့​သော​ငှာ၊ ထို​ပြည်​သား​တို့​နှင့်​ကွာ​သော သူ​အ​ပေါင်း​တို့​သည် မ​ယား​သား​သ​မီး​တို့​နှင့်​တ​ကွ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော​သူ​ဖြစ်၍၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 29,
      "text": "ညီ​အစ်​ကို​မှူး​မတ်​တို့၌ မှီ​ဝဲ​လျက်၊ ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​တိုင်း ကျင့်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​များ၊ စီ​ရင်​ထုံး​ဖွဲ့​တော် မူ​ချက်​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 30,
      "text": "ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား၊ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 31,
      "text": "ပြည်​သား​တို့​သည် ဥ​ပုသ်​နေ့၌ ဥ​စ္စာ၊ စား​စ​ရာ​ကို​ရောင်း​ခြင်း​ငှာ ယူ​ခဲ့​လျှင်၊ ဥ​ပုသ်​နေ့​ဖြစ်​စေ၊ အ​ခြား​သော ဓ​မ္မ​နေ့​ဖြစ်​စေ မ​ဝယ်၊ သ​တ္တ​မ​နှစ်​တွင် လယ်​လုပ်​ခြင်း​အ​မှု​ကို မ​ပြု၊ ကြွေး​ကို​အ​နိုင်​မ​တောင်း​ဘဲ နေ​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ကျိန်​ဆို​လျက် သ​စ္စာက​တိ​ထား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 32,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​တည်း​ဟူ​သော ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့​တွင် ရှေ့​တော်​မုန့်၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 33,
      "text": "မြဲ​သော​ဘော​ဇဥ်​ပူ​ဇော်သ​ကာ၊ မြဲ​သော​မီး​ရှို့​ရာ​ယဇ်၊ ဓ​မ္မ​ပွဲ၊ သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော ငါ​တို့၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​မှု​အ​လုံး​စုံ​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ လူ​တိုင်း​တစ်​နှစ်​လျှင် ငွေ​တစ်​ကျပ်​သုံး​စု​တစ်​စု​စီ ပေး​ရ​မည်​အ​ကြောင်း ကိုယ်​အ​ဖို့ စီ​ရင်​ထုံး​ဖွဲ့​ကြ၏။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 34,
      "text": "ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​မွေး​စ​ရာ ထင်း​ပူ​ဇော်​သ​ကာ​ကို၊ တစ်​နှစ်​တစ်​နှစ်​လျှင် ချိန်း​ချက်​သော အ​ချိန်​တို့၌၊ အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား ပြည်​သူ​ပြည်​သား​တို့​သည် စာ​ရေး​တံ​ပြု​ကြ၏။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 35,
      "text": "အ​ဦး​သီး​သော မြေ​အ​သီး​အ​နှံ​နှင့် အ​ဦး​သီး​သော သစ်​သီး​အ​မျိုး​မျိုး​ကို ဗိ​မာန်​တော်​သို့ နှစ်​တိုင်း ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 36,
      "text": "ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 37,
      "text": "အ​ဦး​လုပ်​သော မုန့်​စိမ်း၊ ပူ​ဇော်​သ​ကာ၊ သစ်​သီး​အ​မျိုး​မျိုး၊ စ​ပျစ်​ရည်၊ ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​အ​ခန်း​သို့​လည်း​ကောင်း၊ လယ်​လုပ်​သော မြို့​ရွာ​ရှိ​သ​မျှ​တို့၌ မြေ​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ကို လေ​ဝိ​သား​တို့​ထံ​သို့​လည်း​ကောင်း၊ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း စီ​ရင်​ထုံး​ဖွဲ့​ကြ၏။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 38,
      "text": "လေ​ဝိ​သား​တို့​သည် ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ယူ​သော​အ​ခါ၊ အာ​ရုန်​အ​မျိုး ယဇ်​ပု​ရော​ဟိတ်​ရှိ​ရ​မည်။ လေ​ဝိ​သား​တို့​သည်​လည်း ဆယ်​ဖို့​တစ်​ဖို့​ထဲ​က ဆယ်​ဖို့​တစ်​ဖို့​ကို နုတ်​ယူ၍ ဗိ​မာန်​တော်​အ​ခန်း ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ရ​ကြ​မည်။"
    },
    {
      "book": 16,
      "chapter": 10,
      "verse": 39,
      "text": "လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ပူ​ဇော်​သ​ကာ​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​တန်​ဆာ၊ အ​မှု​စောင့်​ယဇ်​ပု​ရော​ဟိတ်၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်​တို့​ရှိ​ရာ အ​ခန်း​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ ငါ​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ငါ​တို့​သည် စွန့်​ပစ်၍ မ​ထား​ရ​ကြ။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 1,
      "text": "ထို​အ​ခါ လူ​များ​တို့​တွင် မင်း​လုပ်​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် သန့်​ရှင်း​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ကျိပ်​တွင်​တစ်​ယောက်၊ အ​ခြား​သော​မြို့​တို့၌ ကိုး​ယောက် နေ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ပြု​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 2,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ နေ​ခြင်း​ငှာ အ​လို​လို​ဝန်​ခံ​သော သူ​အ​ပေါင်း​တို့​ကို၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 3,
      "text": "ယု​ဒ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန်၊ ရှော​လ​မုန်၏​ကျွန် အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဆိုင်​ရာ​အ​ရပ်၌ နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ပြည်​သူ​ပြည်​သား အ​ကြီး​အ​ကဲ၊ မင်း​အ​ရာ​ရှိ​ဟူ​မူ​ကား၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 4,
      "text": "ယု​ဒ​အ​မျိုး၊ ဖာ​ရက်၊ မ​ဟာ​လေ​လ၊ ရှေ​ဖ​တိ၊ အာ​မ​ရိ၊ ဇာ​ခ​ရိ၊ ဩ​ဇိ​တို့​မှ ဆင်း​သက်​သော အ​သာ​ယ​တစ်​ပါး၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 5,
      "text": "ရှိ​လော​နိ၊ ဇာ​ခ​ရိ၊ ယော​ယ​ရိပ်၊ အ​ဒါ​ယ၊ ဟ​ဇာ​ယ၊ ကော​လ​ဟော​ဇ၊ ဗာ​ရုတ်​တို့​မှ ဆင်း​သက်​သော မာ​သေ​ယ​တစ်​ပါး​နှင့်​တ​ကွ၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 6,
      "text": "ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဖာ​ရက်​အ​မျိုး​သား၊ သူ​ရဲ လေး​ရာ​ခြောက်​ဆယ်​ရှစ်​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 7,
      "text": "ဗင်္ယာ​မိန်​အ​မျိုး၊ ယေ​ရှာ​ယ၊ ဣ​သေ​လ၊ မာ​သေ​ယ၊ ကော​လာ​ယ၊ ပေ​ဒါ​ယ၊ ယော​ဒ၊ မေ​ရှု​လံ​တို့​မှ ဆင်း​သက်​သော သ​လ္လု၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 8,
      "text": "သု​နောက်၊ ဂ​ဗ္ဗဲ​နှင့်​သ​လ္လဲ အ​စ​ရှိ​သော ကိုး​ရာ နှစ်​ဆယ်​ရှစ်​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 9,
      "text": "ဇိ​ခ​ရိ​သား ယော​လ​သည် ဗင်္ယာ​မိန် အ​မျိုး​အုပ်​ဖြစ်၏။ သေ​နွာ​သား ယု​ဒ​သည် ပြင်​မြို့​ကို​အုပ်​ရ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 10,
      "text": "ယဇ်​ပု​ရော​ဟိတ်​မူ​ကား ယေ​ဒါ​ယ၊ ယော​ယ​ရိပ်၊ ယာ​ခိန်​နှင့်​တ​ကွ၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 11,
      "text": "အ​ဟိ​တုပ်၊ မ​ရာ​ယုတ်၊ ဇာ​ဒုတ်၊ မေ​ရှု​လံ၊ ဟိ​လ​ခိ​တို့​မှ ဆင်း​သက်​သော ဘု​ရား​သ​ခင်၏ အိမ်​တော်​အုပ်​စ​ရာ​ယ အ​စ​ရှိ​သော၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 12,
      "text": "အိမ်​တော်​အ​မှု​ကို ဆောင်​ရွက်​သော အ​မျိုး​သား​ချင်း ရှစ်​ရာ​နှစ်​ဆယ်​နှစ်​ယောက်​တည်း။ ထို​မှ​တစ်​ပါး၊ မာ​လ​ခိ၊ ပါ​ရှု​ရ၊ ဇာ​ခ​ရိ၊ အာ​မ​ဇိ၊ ပေ​လ​လိ၊ ယေ​ရော​ဟံ​တို့​မှ ဆင်း​သက်​သော အ​ဒါ​ယ​အ​စ​ရှိ​သော၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 13,
      "text": "အ​ဆွေ​အ​မျိုး​သူ​ကြီး အ​မျိုး​သား​ချင်း နှစ်​ရာ​လေး​ဆယ်​နှစ်​ယောက်​တည်း။ ဣ​မေ​ရ၊ မေ​ရှိ​လ​မုတ်၊ အ​ဟာ​သဲ၊ အာ​ဇ​ရေ​လ​တို့​မှ ဆင်း​သက်​သော အာ​မ​ရှဲ​အ​စ​ရှိ​သော၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 14,
      "text": "ခွန်​အား​ကြီး​သော​သူ​ရဲ အ​မျိုး​သား​ချင်း တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်​တည်း။ ဟ​ဂ​ဒေါ​လိမ်​သား ဇာ​ဗ​ဒေ​လ​သည် သူ​တို့​ကို​အုပ်​ရ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 15,
      "text": "လေ​ဝိ​သား​မူ​ကား၊ ဗု​န္နိ၊ ဟာ​ရှ​ဘိ၊ အာ​ဇ​ရိ​ကံ၊ ဟာ​ရှုပ်​တို့​မှ ဆင်း​သက်​သော ရှေ​မာ​ယ​တစ်​ပါး၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 16,
      "text": "လေ​ဝိ​သား​အ​ကြီး ရှ​ဗ္ဗေ​သဲ​နှင့် ယော​ဇ​ဗဒ်​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်၌ ပြင်​အ​မှု​ကို ကြည့်​ရှု​စီ​ရင်​ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 17,
      "text": "အာ​သပ်၊ ဇာ​ဗ​ဒိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​နှင့် ဆု​တောင်း​ခြင်း​အ​မှု​မှာ အ​ကြီး​လုပ်​သော​သူ ဖြစ်၏။ ဗာ​က​ဗု​ကိ​သည် အ​ပေါင်း​အ​ဖော်​တို့​တွင် ဒု​တိ​ယ​သူ​ဖြစ်၏။ ထို​မှ​တစ်​ပါး၊ ယေ​ဒု​သုန်၊ ဂ​လာ​လ၊ ရှ​မွာ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​ရှိ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 18,
      "text": "သန့်​ရှင်း​သော​မြို့၌​နေ​သော လေ​ဝိ​သား​ပေါင်း​ကား နှစ်​ရာ​ရှစ်​ဆယ်​လေး​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 19,
      "text": "တံ​ခါး​စောင့်​အ​က္ကုပ်၊ တာ​လ​မုန်​အ​စ​ရှိ​သော တံ​ခါး​ကို​စောင့်​သော အ​မျိုး​သား​ချင်း​ပေါင်း​ကား တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက်​တည်း။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 20,
      "text": "ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် ယု​ဒ​မြို့​ရွာ​တို့​တွင်၊ မိ​မိ​တို့ ပိုင်​ရင်း​အ​ရပ်၌ နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 21,
      "text": "ဘု​ရား​ကျွန်​တို့​သည် ဩ​ဖေ​လ​အ​ရပ်၌​နေ၍၊ ဇိ​ဟ​နှင့် ဂိ​သ​ပ​တို့​သည် ဘု​ရား​ကျွန်​အုပ် ဖြစ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 22,
      "text": "မိ​က္ခာ၊ မဿ​နိ၊ ဟာ​ရှ​ဘိ၊ ဗာ​နိ​တို့​မှ ဆင်း​သက်​သော ဩ​ဇိ​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ​သော လေ​ဝိ​သား​တို့​ကို အုပ်​ရ၏။ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည်​လည်း ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​ကို ကြည့်​ရှု​စီ​ရင် ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ သီ​ချင်း​သည်​တို့​သည် နေ့​ရက် အ​စဉ်​အ​တိုင်း စား​စ​ရာ​ရိ​က္ခာ​ကို ခံ​ရ​မည်​အ​ကြောင်း ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 24,
      "text": "ယု​ဒ​အ​မျိုး ဇာ​ရ​အ​နွယ် မေ​ရှ​ဇ​ဗေ​လ​သား ပေ​သ​ဟိ​သည်​လည်း ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​သား​တို့​ကို အုပ်၍ အ​ရေး​တော်​ပိုင်​မင်း​ဖြစ်၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 25,
      "text": "ယု​ဒ​လူ​အ​ချို့​တို့​သည် မြို့​ရွာ​ကျေး​လက်​တည်း​ဟူ​သော ကိ​ရ​ယ​သာ​ဘ​မြို့​ရွာ၊ ဒိ​ဘုန်​မြို့​ရွာ၊ ယေ​ကပ်​ဇေ​လ​မြို့​ရွာ၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 26,
      "text": "ယေ​ရွှ၊ မော​လ​ဒ၊ ဗက်​ပါ​လက်၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 27,
      "text": "ဟာ​ဇာ​ရွှာ​လ၊ ဗေ​ရ​ရှေ​ဘ မြို့​ရွာ​များ၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 28,
      "text": "ဇိ​က​လတ်၊ မေ​ကော​န​မြို့​ရွာ​များ၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 29,
      "text": "အင်​ရိ​မ္မုန်၊ ဇာ​ရ၊ ယာ​မုတ်၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 30,
      "text": "ဇာ​နော၊ အ​ဒု​လံ မြို့​ရွာ​များ၊ လာ​ခိ​ရှ​မြို့​နှင့် ကျေး​လက်​များ၊ အ​ဇေ​ကာ​မြို့​ရွာ​များ၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ စ၍ ဟိ​န္နုံ​ချိုင့်​တိုင်​အောင် အ​နှံ့​အ​ပြား​နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 31,
      "text": "ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း ဂေ​ဗ၊ မိတ်​မတ်၊ အာ​ဣ၊ ဗေ​သ​လ​မြို့​ရွာ​တို့၌​လည်း​ကောင်း၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 32,
      "text": "အာ​န​သုတ်၊ နော​ဗ၊ အာ​န​နိ၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 33,
      "text": "ဟာ​ဇော်၊ ရာ​မ၊ ဂိ​တ္တိမ်၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 34,
      "text": "ဟာ​ဒိဒ်၊ ဇေ​ဘိုင်၊ နေ​ဗ​လ္လတ်၊"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 35,
      "text": "လော​ဒ၊ ဩ​နော​မြို့​များ၌​လည်း​ကောင်း၊ ဆ​ရာ​သ​မား​ချိုင့်၌​လည်း​ကောင်း နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 11,
      "verse": 36,
      "text": "လေ​ဝိ​သား​အ​သင်း​အ​ပေါင်း အ​ချို့​တို့​သည် ယု​ဒ​ပြည်၊ အ​ချို့​တို့​သည် ဗင်္ယာ​မိန်​ပြည်၌ နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 1,
      "text": "ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု​နောက်​သို့ လိုက်​လာ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​ဟူ​မူ​ကား၊ စ​ရာ​ယ၊ ယေ​ရ​မိ၊ ဧ​ဇ​ရ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 2,
      "text": "အာ​မ​ရိ၊ မ​လ္လုတ်၊ ဟ​တ္တုတ်၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 3,
      "text": "ရှေ​ခ​နိ၊ ရေ​တုံ၊ မေ​ရ​မုတ်၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 4,
      "text": "ဣ​ဒေါ၊ ဂိ​န္နေ​သုန်၊ အ​ဘိ​ယ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 5,
      "text": "မိ​ညာ​မိန်၊ မာ​ဒျာ၊ ဗိ​လ​ဂ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 6,
      "text": "ရှေ​မာ​ယ၊ ယော​ယ​ရိပ်၊ ယေ​ဒါ​ယ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 7,
      "text": "သ​လ္လု၊ အာ​မောက်၊ ဟိ​လ​ခိ၊ ယေ​ဒါ​ယ​တည်း​ဟူ​သော ယော​ရှု​လက်​ထက်၌ အ​မျိုး​သား​ချင်း ယဇ်​ပု​ရော​ဟိတ်​တို့​တွင် အ​ကြီး​အ​ကဲ ဖြစ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 8,
      "text": "လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 9,
      "text": "သူ​တို့​ညီ​အစ်​ကို ဗာ​က​ဗု​ကိ​နှင့် ဥ​နိ​တို့​သည် ကင်း​စောင့်​အ​မှု​ကို အုပ်​ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 10,
      "text": "ယော​ရှု​သား ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​သား ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 11,
      "text": "ယော​ယ​ဒ​သား ယော​န​သန်၊ ယော​န​သန်​သား ယာ​ဒွါ​တည်း။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 12,
      "text": "ယော​ယ​ကိမ် လက်​ထက်၌ အ​ဆွေ​အ​မျိုး​သူ​ကြီး ယဇ်​ပု​ရော​ဟိတ်​များ​ဟူ​မူ​ကား၊ စ​ရာ​ယ​သား မေ​ရာ​ယ၊ ယေ​ရ​မိ​သား ဟာ​န​နိ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 13,
      "text": "ဧ​ဇ​ရ​သား မေ​ရှု​လံ၊ အာ​မ​ရိ​သား ယော​ဟ​နန်၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 14,
      "text": "မ​လ္လုတ်​သား ယော​န​သန်၊ ရှေ​ခ​နိ​သား ယော​သပ်၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 15,
      "text": "ဟာ​ရိ​မ​သား အာ​ဒ​န၊ မေ​ရာ​ယုတ်​သား ဟေ​လ​ကဲ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 16,
      "text": "ဣ​ဒေါ​သား ဇာ​ခ​ရိ၊ ဂိ​န္နေ​သုန်​သား မေ​ရှု​လံ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 17,
      "text": "အ​ဘိ​ယ​သား ဇိ​ခ​ရိ၊ မိ​ညာ​မိန်​သား၊ မာ​ဒျာ​သား ပိ​လ​တဲ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 18,
      "text": "ဗိ​လ​ဂ​သား ရှ​မွာ၊ ရှေ​မာ​ယ​သား ယေ​ဟော​န​သန်၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 19,
      "text": "ယော​ယ​ရိပ်​သား မ​တ္တေ​နဲ၊ ယေ​ဒါ​ယ​သား ဩ​ဇိ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 20,
      "text": "သ​လ္လု​သား ကာ​လဲ၊ အာ​မောက်​သား ဧ​ဗာ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 21,
      "text": "ဟိ​လ​ခိ​သား ဟာ​ရှ​ဘိ၊ ယေ​ဒါ​ယ​သား နာ​သ​နေ​လ​တည်း။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 22,
      "text": "ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်၊ ယာ​ဒွါ​တို့ လက်​ထက်၌ လေ​ဝိ​သား အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ကို​လည်း​ကောင်း၊ ပေ​ရ​လိ​မင်း ဒါ​ရိ​လက်​ထက်​တိုင်​အောင် ယဇ်​ပု​ရော​ဟိတ် တို့​ကို​လည်း​ကောင်း၊ မှတ်​သား​သော​စာ​ရင်း ရှိ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 23,
      "text": "ဧ​လျာ​ရှိပ်​သား ယော​ဟ​နန်​လက်​ထက်​တိုင်​အောင် လေ​ဝိ​သား အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ကို စာ​ရင်း​ယူ၍ ရာ​ဇ​ဝင်​မှတ်​စာ၌ သွင်း​သ​တည်း။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 24,
      "text": "လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 25,
      "text": "မဿ​နိ၊ ဗာ​က​ဗု​ကိ၊ ဩ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်၊ အ​က္ကုပ်​တို့​သည်​လည်း တံ​ခါး​ဝ​နား​မှာ စောင့်​ရ​သော တံ​ခါး​စောင့်​ဖြစ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 26,
      "text": "ထို​သူ​တို့​သည် ယော​ဇ​ဒက်​သား ယော​ရှု၏​သား ယော​ယ​ကိမ်​လက်​ထက်၊ မြို့​ဝန်​နေ​ဟ​မိ​လက်​ထက်၊ ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ် ဧ​ဇ​ရ​လက်​ထက်၌ ရှိ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 27,
      "text": "ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ၊ ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့်​တီး​မှုတ်​လျက် သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ အ​နု​မော​ဒ​နာ​ပြု​အံ့​သော​ငှာ လေ​ဝိ​သား​တို့​ကို​ရှာ၍ သူ​တို့​နေ​ရာ အ​ရပ်​ရပ်​တို့​က ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 28,
      "text": "ဓ​မ္မ​သီ​ချင်း​ကို ဆို​တတ်​သော အ​မျိုး​သား​တို့​သည်၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 29,
      "text": "ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​ရွာ​တို့၌ နေ​ရာ​ကျ​လျက်​ရှိ၍၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်၊ လွင်​ပြင်​အ​ရပ်​များ၊ နေ​တော​ဖာ​သိ​ရွာ​များ၊ ဂိ​လ​ဂါ​လ​မြို့​နယ်၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက် ကျေး​လက်​ထဲ​က​လာ၍ စည်း​ဝေး​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 30,
      "text": "ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည်​လည်း၊ ကိုယ်​ကို​လည်း​ကောင်း၊ လူ​များ၊ မြို့​တံ​ခါး၊ မြို့​ရိုး​ကို​လည်း​ကောင်း စင်​ကြယ်​စေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 31,
      "text": "ထို​အ​ခါ ယု​ဒ​မင်း​တို့​ကို မြို့​ရိုး​ပေါ်​သို့​ငါ​ခေါ်၍၊ ချီး​မွမ်း​ရာ​သီ​ချင်း​ဆို​ရ​သော လူ​စု​ကြီး​နှစ်​စု​ကို ခန့်​ထား၏။ တစ်​စု​ကား လက်​ယာ​ရစ်​လှည့်၍ နောက်​ချေး​တံ​ခါး​သို့ မြို့​ရိုး​ပေါ်​မှာ လျှောက်​သွား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 32,
      "text": "သူ​တို့​နောက်​မှာ ဟော​ရှာ​ယ​နှင့် ယု​ဒ​မင်း​တစ်​ဝက်၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 33,
      "text": "အာ​ဇ​ရိ၊ ဧ​ဇ​ရ၊ မေ​ရှု​လံ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 34,
      "text": "ယု​ဒ၊ ဗင်္ယာ​မိန်၊ ရှေ​မာ​ယ၊ ယေ​ရ​မိ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 35,
      "text": "တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ် အ​မျိုး​သား​အ​ချို့၊ အာ​သပ်၊ ဇ​က္ကု​ရ၊ မိ​က္ခာ​ယ၊ မဿ​နိ၊ ရှေ​မာ​ယ၊ ယော​န​သန်​တို့​မှ ဆင်း​သက်​သော ဇာ​ခ​ရိ အ​စ​ရှိ​သော၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 36,
      "text": "သူ၏​ညီ ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ၊ ဟာ​န​နိ​တို့​သည် ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်၏​တူ​ရိ​ယာ​မျိုး​ကို ကိုင်​လျက်​လိုက်​ကြ၏။ ကျမ်း​တတ်​ဆ​ရာ ဧ​ဇ​ရ​သည် သူ​တို့​ရှေ့​မှာ သွား၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 37,
      "text": "သူ​တို့ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော စမ်း​ရေ​တွင်း တံ​ခါး​သို့​ရောက်​မှ မြို့​ရိုး​တက်​ရာ၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​ဖြင့် တက်၍၊ ဒါ​ဝိဒ်​အိမ်​တော် အ​ထက် အ​ရှေ့​မျက်​နှာ၌ ရေ​တံ​ခါး​တိုင်​အောင် သွား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 38,
      "text": "သီ​ချင်း​သည် တစ်​စု​ကား၊ လက်​ဝဲ​ဘက်​သို့​လှည့်၍၊ ငါ​နှင့်​တစ်​ဝက်​သော လူ​များ​တို့​သည် မြို့​ရိုး​ပေါ်၊ မီး​ဖို​ပြ​အိုး​မှ ကျယ်​သော​မြို့​ရိုး​တိုင်​အောင် လိုက်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 39,
      "text": "ဧ​ဖ​ရိမ်​တံ​ခါး၊ ဟောင်း​သော​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး၊ မေ​အာ​ပြ​အိုး​အ​ထက်​မှ​စ၍ သိုး​တံ​ခါး​တိုင်​အောင် လိုက်​သ​ဖြင့်၊ ထောင်​တံ​ခါး​ဝ​တွင် ရပ်​နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 40,
      "text": "တစ်​ဖန် သီ​ချင်း​သည်​နှစ်​စု​သည် ဘု​ရား​သ​ခင်​အိမ်​တော်​တွင် ရပ်၍၊ တစ်​ဝက်​သော မင်း​အ​ရာ​ရှိ​တို့​သည် ငါ​နှင့်​အ​တူ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 41,
      "text": "တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ် ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိ​က္ခာ​ယ၊ ဧ​လိ​ဩ​နဲ၊ ဇာ​ခ​ရိ၊ ဟာ​န​နိ​နှင့်​တ​ကွ၊"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 42,
      "text": "မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ ဩ​ဇိ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ၊ ဧ​ဇာ တို့​သည်​ရှိ​ကြ၏။ သီ​ချင်း​သည် တို့​သည် ဆ​ရာ​ယေ​ဇ​ရာ​ဟိ​နှင့်​တ​ကွ အ​သံ​ကို​လွှင့်၍ ဆို​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 43,
      "text": "ထို​နေ့၌ များ​စွာ​သော​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ အ​လွန် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​ကြောင့်၊ သား​မ​ယား​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​ကို​ပြု၍ ယေ​ရု​ရှ​လင်​မြို့ ဝမ်း​မြောက်​သံ​ကို ဝေး​သော​အ​ရပ်၌ ကြား​ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 44,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 45,
      "text": "သီ​ချင်း​သည်​နှင့် တံ​ခါး​စောင့်​တို့​သည်​လည်း၊ ဒါ​ဝိဒ်​နှင့် သား​တော် ရှော​လ​မုန်​စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့ ဘု​ရား​သ​ခင်​အ​မှု​နှင့် စင်​ကြယ်​ခြင်း​အ​မှု​ကို စောင့်​ရှောက်​လျက် နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 46,
      "text": "ရှေး​ကာ​လ၊ ဒါ​ဝိဒ်​နှင့် အာ​သပ်​လက်​ထက်၌၊ ဘု​ရား​သ​ခင်၏ ဂုဏ်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို ဆို​ရ​သော​သူ အ​ကြီး​အ​ကဲ​ရှိ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 12,
      "verse": 47,
      "text": "ဇေ​ရု​ဗ​ဗေ​လ​နှင့် နေ​ဟ​မိ​လက်​ထက်၌​လည်း၊ ဣ​သ​ရေ​လ​လူ အ​ပေါင်း​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း သီ​ချင်း​သည်၊ တံ​ခါး​စောင့်​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​အား သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း လှူ​ကြ၏။ လေ​ဝိ​သား​တို့​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 1,
      "text": "ထို​နေ့​ရက်​ကာ​လ၌ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လူ​များ​ရှေ့​မှာ ဖတ်​ရွတ်​သော​အ​ခါ၊ အ​မ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​သည် ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​တော်​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့် အ​စဉ်​မ​ရှိ​ဟု တွေ့​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို လုပ်​ကျွေး​ခြင်း​ငှာ မ​ကြို​ဆို၊ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဗာ​လံ​ကို​ငှား​ကြ၏။ သို့​ရာ​တွင် ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကျိန်​ဆဲ​သော​စ​ကား​ကို ကောင်း​ချီး​ပေး​သော စ​ကား​ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 3,
      "text": "ထို​တ​ရား​ကို ကြား​သော​အ​ခါ၊ အ​မျိုး​မ​စစ်​သော​သူ ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 4,
      "text": "အ​ရင်​တစ်​ခါ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​ပြင်​ခန်း​ကို အုပ်​သော ယဇ်​ပု​ရော​ဟိတ်​ဧ​လျာ​ရှိပ်​သည် တော​ဘိ​နှင့် ပေါက်​ဖော်​တော်​သည် ဖြစ်၍၊"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 5,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း၊ တန်​ဆာ​မျိုး​ကို​လည်း​ကောင်း၊ ပ​ညတ်​တော်​အ​တိုင်း လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်​တို့​အား ပေး​ရ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ရ​သော အ​လှူ​တို့​ကို​လည်း​ကောင်း၊ သို​ထား​မြဲ​ရှိ​သော အ​ခန်း​ကြီး​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 6,
      "text": "ထို​ကာ​လ​ပတ်​လုံး ငါ​သည် ယေ​ရု​ရှ​လင်​မြို့၌​မ​ရှိ။ ဗာ​ဗု​လုန် ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​နန်း​စံ သုံး​ဆယ်​နှစ်​နှစ်​တွင် အ​ထံ​တော်​သို့ သွား​ရ၏။ အင်​တန်​ကာ​လ ကြာ​ပြီး​မှ၊ ရှင်​ဘု​ရင်​ထံ​တော်၌ အ​ခွင့်​ရ၍၊"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 7,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဧ​လျာ​ရှိပ်​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​တံ​တိုင်း​ထဲ​မှာ အ​ခန်း​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၍ ဒု​စ​ရိုက်​ပြု​ကြောင်း​ကို ငါ​ကြား​သိ​ရ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 8,
      "text": "ထို​အ​ခါ ငါ​သည် အ​လွန်​နာ​ကြင်​သော​စိတ် ရှိ၍ တော​ဘိ​ဥ​စ္စာ ပ​ရိ​ကံ​ရှိ​သ​မျှ​ကို အ​ခန်း​ထဲ​က ထုတ်​ပစ်​ပြီး​မှ၊"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 9,
      "text": "အ​ခန်း​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ စီ​ရင်၍၊ တစ်​ဖန် ဘု​ရား​သ​ခင်၏ အိမ်​တော်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း​ကို ဆောင်​ခဲ့၍ သို​ထား၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 10,
      "text": "အ​မှု​တော်​စောင့်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​လယ်​ယာ​သို့ ပြေး​သွား​ကြ​သည်​ကို ငါ​ထောက်၍၊ သူ​တို့​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို မ​ခံ​မ​ရ​ကြောင်း​ကို ငါ​ရိပ်​မိ​လျက်၊"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​ဘယ်​ကြောင့် စွန့်​ပစ်​ကြ​သ​နည်း​ဟု မင်း​တို့​ကို အ​ပြစ်​တင်၍၊ လေ​ဝိ​သား​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ သူ​တို့​နေ​ရာ၌ ခန့်​ထား​ပြန်၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 12,
      "text": "ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို ဘ​ဏ္ဍာ​တော်​တိုက်​သို့ ဆောင်​ခဲ့​ပြန်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 13,
      "text": "ယဇ်​ပု​ရော​ဟိတ် ရှေ​လ​မိ၊ ကျမ်း​တတ် ဇာ​ဒုတ်၊ လေ​ဝိ​သား ပေ​ဒါ​ယ၊ သူ့​နောက် မဿ​နိ​သား​ဖြစ်​သော ဇ​က္ကု​ရ၏​သား ဟာ​နန်​တို့​ကို ဘ​ဏ္ဍာ​တော်​တိုက်​စိုး​အ​ရာ၌ ငါ​ခန့်​ထား၏။ ထို​သူ​တို့​သည် သ​စ္စာ​စောင့်​ခြင်း အ​သ​ရေ ရှိ​သည်​ဖြစ်၍၊ အ​မျိုး​သား​ချင်း​တို့​အား ဝေ​ဖန်​ရ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 14,
      "text": "အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့၊ အိမ်​တော်​အ​မှု​စောင့်​ခြင်း​အ​ဖို့ အ​ကျွန်ုပ်​ပြု​သော ကျေး​ဇူး​ကို ချေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 15,
      "text": "ထို​ကာ​လ၊ ယု​ဒ​ပြည်​မှာ အ​ချို့​တို့​သည် ဥ​ပုသ်​နေ့၌ စ​ပျစ်​သီး​ကို နယ်​လျက်၊ ကောက်​လှိုင်း​ကို​သွင်း​လျက်၊ မြည်း​ပေါ်​မှာ ဝန်​ကို​တင်​လျက် လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့၌ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သင်္ဘော​သ​ဖန်း​သီး အ​စ​ရှိ​သည်​တို့​ကို တင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်၍၊ ဤ​မည်​သော နေ့​ရက်၌​သာ စား​စ​ရာ​များ​ကို ရောင်း​အပ်​သည်​ဟု သူ​တို့​အား​ကြား​ပြော၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 16,
      "text": "ထို​အ​ရပ်၌​နေ​သော တု​ရု​မြို့​သား​တို့​သည်​လည်း၊ ငါး​အ​စ​ရှိ​သည်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍၊ ဥ​ပုသ်​နေ့၌ ယု​ဒ​အ​မျိုး​သား​တို့​အား ရောင်း​တတ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 17,
      "text": "ထို​အ​ခါ ငါ​က၊ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ဖျက်၍ ပြု​သော​ဒု​စ​ရိုက်​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 18,
      "text": "ဘိုး​ဘေး​တို့​သည် ထို​သို့​ပြု​သော​ကြောင့်၊ ဤ​မျှ​လောက်​ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​ကို ငါ​တို့၌​လည်း​ကောင်း၊ ဤ​မြို့၌​လည်း​ကောင်း ဘု​ရား​သ​ခင် ရောက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို ဖျက်​သော​အား​ဖြင့် သာ၍​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​စေ​ဦး​မည်​လော​ဟု ယု​ဒ​မှူး​မတ်​တို့​ကို အ​ပြစ်​တင်​လျက်၊"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 19,
      "text": "အ​ဖိတ်​နေ့​တွင် နေ​ရောင်​ကွယ်၍ ဥ​ပုသ်​နေ့​လွန်​သည်​တိုင်​အောင်၊ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို ပိတ်​ထား​ရ​မည်​အ​ကြောင်း စီ​ရင်၍၊ ဥ​ပုသ်​နေ့၌ ဝန်​များ​ကို မြို့​ထဲ​သို့ မ​သွင်း​စေ​ခြင်း​ငှာ မိ​မိ​ကျွန်​အ​ချို့​တို့​ကို တံ​ခါး​တို့၌ ခန့်​ထား၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 20,
      "text": "ထို​နောက် ကုန်​သည်​များ၊ ဥ​စ္စာ​မျိုး​ကို ရောင်း​သော​သူ​များ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ပြင်​မှာ တစ်​ခါ​နှစ်​ခါ အိပ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 21,
      "text": "ငါ​က​လည်း၊ မြို့​ရိုး​ပတ်​လည်၌ အ​ဘယ်​ကြောင့် အိပ်​ကြ​သ​နည်း။ နောက်​တစ်​ဖန်​လာ၍ အိပ်​လျှင် ဖမ်း​ဆီး​မည်​ဟု သူ​တို့​အား သ​တိ​ပေး၏။ ထို​အ​ခါ​မှ​စ၍ ဥ​ပုသ်​နေ့​တွင် မ​လာ​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 22,
      "text": "လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 23,
      "text": "ထို​ကာ​လ၊ အာ​ဇုတ်​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ မော​ဘ​အ​မျိုး​သ​မီး​နှင့် စုံ​ဖက်​သော ယု​ဒ​လူ​အ​ချို့​တို့​ကို ငါ​မြင်၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 24,
      "text": "သူ​တို့​သား​သ​မီး​တို့​သည် ယု​ဒ​စ​ကား​ကို မ​ပြော​တတ်။ အာ​ဇုတ် စ​ကား​တစ်​ဝက် အ​စ​ရှိ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​တတ်​ကြ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 25,
      "text": "သူ​တို့​ကို ငါ​အ​ပြစ်​တင်၍ ကဲ့​ရဲ့၏။ အ​ချို့​တို့​ကို ရိုက်​လျက်၊ ဆံ​ပင်​နုတ်​လျက် ဒဏ်​ပေး၍၊ သင်​တို့​သည် ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား​ရ။ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ရ။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 26,
      "text": "ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​သည် ထို​သို့​ပြု၍ ပြစ်​မှား​ရာ​ရောက်​သည် မ​ဟုတ်​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သူ​နှင့်​တူ​သော​ရှင်​ဘု​ရင် မ​ရှိ။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဘု​ရား​သ​ခင် ခန့်​ထား​သည်​တိုင်​အောင် စိတ်​တော်​နှင့်​တွေ့​သော​သူ ဖြစ်​သော်​လည်း၊ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​သည် ပြစ်​မှား​စေ​သည်​တ​ကား။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 27,
      "text": "ငါ​တို့​သည် သင်​တို့​စ​ကား​ကို နား​ထောင်၍ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဤ​မျှ​လောက်​ကြီး​သော ဒု​စ​ရိုက်​ကို​ပြု​လျက်၊ ငါ​တို့၏ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ရ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ သူ​တို့​ကို​ကျိန်​ဆို​စေ၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 28,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၏ သား​တစ်​ယောက်​သည်၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​သ​မက် ဖြစ်​သော​ကြောင့်၊ သူ့​ကို​ငါ​နှင်​ထုတ်၏။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 29,
      "text": "အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း ရှုတ်​ချ​သော​ကြောင့်၊ သူ​တို့​ကို မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 30,
      "text": "ထို​သို့ ယု​ဒ​အ​မျိုး​သား​တို့​ကို တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အ​မှု​စောင့်​ရ​သည်​အ​တိုင်း ငါ​ခန့်​ထား၍၊"
    },
    {
      "book": 16,
      "chapter": 13,
      "verse": 31,
      "text": "ချိန်း​ချက်​သော​အ​ချိန်၌ ထင်း​ပူ​ဇော်​သ​ကာ​နှင့် အ​ဦး​သီး​သော​အ​သီး​ကို ပူ​ဇော်​စေ​ခြင်း​ငှာ စီ​ရင်၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ နေ​ဟ​မိ​မှတ်​စာ​ပြီး၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 1,
      "text": "အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 2,
      "text": "ရှု​ရှန်​နန်း​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ နန်း​စံ​သုံး​နှစ်​တွင်၊"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 3,
      "text": "ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 4,
      "text": "ထို​အ​ခါ နိုင်​ငံ​တော်​စည်း​စိမ်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို အ​ရက်​တစ်​ရာ​ရှစ်​ဆယ်​ပတ်​လုံး ပြ​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 5,
      "text": "ထို​ကာ​လ​လွန်​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် ရှု​ရှန်​နန်း​တော်၌ စည်း​ဝေး​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​အ​ဖို့ နန်း​တော်​အ​နား ဥ​ယျာဉ်​တော်​ဝင်း​ထဲ​မှာ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 6,
      "text": "ငွေ​ကွင်း​တပ်​သော ကျောက်​ဖြူ​တိုင်​တို့၌ မောင်း​သော ပိတ်​ချော​ကြိုး​ဖြင့် ဆွဲ​ကာ​သော ပိတ်​ချော​ကု​လား​ကာ အ​ဖြူ​အ​စိမ်း​အ​ပြာ တို့​နှင့်​လည်း​ကောင်း၊ ခင်း​သော​ကျောက်​ပြား အ​နီ​အ​ပြာ​အ​ဖြူ​အ​နက်​တို့ အ​ပေါ်​မှာ​ထား​သော ရွှေ​ငွေ အ​နေ​အ​ထိုင်​တို့​နှင့်​လည်း​ကောင်း ဥ​ယျာဉ်​တော်​သည် ပြည့်​စုံ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 7,
      "text": "ရှင်​ဘု​ရင်​စည်း​စိမ်​နှင့် လျော်​စွာ ထူး​ခြား​သော​ရွှေ​ဖ​လား​တို့​နှင့် များ​စွာ​သော စ​ပျစ်​ရည်​ကို သောက်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 8,
      "text": "စ​ပျစ်​ရည် သောက်​ခြင်း​အ​မှု​သည် တ​ရား​အ​တိုင်း ဖြစ်၏။ အ​ဘယ်​သူ​ကို​မျှ အ​နိုင်​မ​သောက်​စေ၊ လူ​အ​ပေါင်း​တို့​သည် ကိုယ်​အ​လို​အ​လျောက် ပြု​ကြ​မည်​အ​ကြောင်း၊ နန်း​တော်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင် မိန့်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 9,
      "text": "မိ​ဖု​ရား​ဝါ​ရှ​တိ​သည်​လည်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု နန်း​တော်​သား မိန်း​မ​တို့​အ​ဖို့ ပွဲ​လုပ်​လေ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 10,
      "text": "မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ဆင်း​လှ​သော​ကြောင့်၊"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 11,
      "text": "ခု​နစ်​ရက်​မြောက်​သော​နေ့၌ ရှင်​ဘု​ရင်​သည် စ​ပျစ်​ရည်​သောက်၍ ရွှင်​လန်း​သော​စိတ်​ရှိ​သော​အ​ခါ၊ မိ​ဖု​ရား အ​ဆင်း​လှ​ခြင်း အ​သ​ရေ​ကို မင်း​များ​နှင့်​လူ​များ​တို့​အား ပြ​လို​သော​ငှာ၊ မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ရာ​ဇ​သ​ရ​ဖူ​ဆောင်း​စေ၍၊ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တည်း​ဟူ​သော အ​မှု​တော်​ထမ်း မိန်း​မ​စိုး​ခု​နစ်​ယောက်​တို့​ကို မိန့်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 12,
      "text": "သို့​ရာ​တွင် မိန်း​မ​စိုး​ဆင့်​ဆို​သော အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​သည် ငြင်း​ဆန်၍ မ​လာ​ဘဲ​နေ၏။ ထို​ကြောင့် ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်၍၊ ဒေါ​သ​မီး​လောင်​လျက် နေ​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 13,
      "text": "ထို​အ​ခါ ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ​မာ​သ၊ တာ​ရှိ​ရှ၊"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 14,
      "text": "မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန်​တည်း​ဟူ​သော ရှင်​ဘု​ရင်၏ မျက်​နှာ​တော်​ကို အ​စဉ်​ဖူး​မြင်၍၊ နိုင်​ငံ​တော်​တွင် အ​မြတ်​ဆုံး​သော ပေ​ရ​သိ၊ မေ​ဒိ​အ​တွင်း​ဝန်​မင်း ခု​နစ်​ပါး​တို့​သည် အ​နား​တော်၌ ထိုင်​လျက်​ရှိ၍၊ တ​ရား​စီ​ရင်​ရာ​လမ်း​ကို လေ့​ကျက်​သော​သူ အ​ပေါင်း​တို့​နှင့် ရှင်​ဘု​ရင်​တိုင်​ပင်​သော ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော ထို​ပ​ညာ​ရှိ​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 15,
      "text": "မိန်း​မ​စိုး​ဆင့်​ဆို​သော ငါ​ရှင်​ဘု​ရင်​အာ​ရွှေ​ရု အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် နား​မ​ထောင်​သော​ကြောင့်၊ ဓ​မ္မ​သတ်​အ​တိုင်း သူ၌ အ​ဘယ်​သို့ စီ​ရင်​ရ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 16,
      "text": "မ​မု​ကန်​က၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး​ကို​သာ ပြစ်​မှား​သည် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အာ​ရွှေ​ရု အ​စိုး​ရ​တော်​မူ​သော တိုင်း​ပြည်​အ​ရပ်​ရပ်၌ ရှိ​သော မင်း​များ​နှင့် ဆင်း​ရဲ​သား​များ အ​ပေါင်း​တို့​ကို ပြစ်​မှား​ပါ​ပြီ။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 17,
      "text": "ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ခေါ်၍၊ မိ​ဖု​ရား​မ​လာ​ဟု အ​နှံ့​အ​ပြား ပြော​ကြ​သ​ဖြင့်၊ မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ခပ်​သိမ်း​သော​မိန်း​မ​တို့​သည် ကြား၍ မိ​မိ​တို့​ခင်​ပွန်း​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 18,
      "text": "မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ပေ​ရ​သိ၊ မေ​ဒိ မင်း​က​တော်​တို့​သည် ကြား​သိ​ကြ​လျှင်၊ မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​အား ထို​နည်း​တူ ပြန်​ပြော​သ​ဖြင့်၊ အား​မ​နာ တတ်​သော​စိတ်၊ ဒေါ​သ​စိတ် တိုး​ပွား​စ​ရာ​အ​ကြောင်း ရှိ​ပါ​လိမ့်​မည်။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 19,
      "text": "ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး အာ​ရွှေ​ရု​ထံ​တော်​သို့ နောက်​တစ်​ဖန် မ​ဝင်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် မ​ဝင်​စေ​နှင့်​ဟု မိန့်​တော်​မူ​ပါ။ မ​ပြောင်း​လဲ​နိုင်​သော အ​မိန့်​တော်​ရှိ​စေ​ခြင်း​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဓ​မ္မ​သတ်၌​သွင်း၍ ရေး​စေ​တော်​မူ​ပါ။ ဝါ​ရှ​တိ​ထက် ကောင်း​သော မိန်း​မ​ကို​လည်း မိ​ဖု​ရား​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပါ။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 20,
      "text": "သို့​ပြု​လျှင် ရှင်​ဘု​ရင်​ပေး​တော်​မူ​သော အ​မိန့်​တော်​ကို ကျယ်​ဝန်း​သော နိုင်​ငံ​တော်​တစ်​လျှောက်​လုံး ကြော်​ငြာ​သော​အ​ခါ၊ မိန်း​မ​အ​ပေါင်း​တို့​သည် ကိုယ်​ခင်​ပွန်း အ​ယုတ်​အ​မြတ်​တို့​ကို ရို​သေ​ကြ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ရှေ့​မှာ လျှောက်​ထား၏။"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 21,
      "text": "ထို​စ​ကား​ကို ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် နှစ်​သက်၍ မ​မု​ကန်​လျှောက်​သည်​အ​တိုင်း ရှင်​ဘု​ရင်​ပြု​လျက်၊"
    },
    {
      "book": 17,
      "chapter": 1,
      "verse": 22,
      "text": "လူ​တိုင်း မိ​မိ​အိမ်​ကို အုပ်​စိုး​ရ​မည်​အ​ကြောင်း၊ မိ​မိ​လူ​မျိုး​စ​ကား​ကို ပြော​ရ​မည်​အ​ကြောင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည် ဘာ​သာ​စ​ကား အ​သီး​အ​သီး​ကို အ​နက်​ပြန်၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် စိတ်​တော်​ပြေ​သော​အ​ခါ၊ ဝါ​ရှ​တိ​ကို​လည်း​ကောင်း၊ သူ​ပြု​သော​အ​မှု​နှင့် သူ့​တစ်​ဖက်၌​စီ​ရင်​သော အ​မှု​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 2,
      "text": "အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က​လည်း၊ အ​ဆင်း​လှ​သော သ​မီး​က​ညာ​တို့​ကို အ​ရှင်​မင်း​ကြီး​အ​ဖို့ ရှာ​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 3,
      "text": "အ​ဆင်း​လှ​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ကို ရှု​ရှန်​နန်း​တော်​တွင် အ​ပျို​တော်​နေ​ရာ​သို့ စု​ဝေး​စေ၍၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ်​ဟေ​ဂဲ၌ အပ်​စေ​ခြင်း​ငှာ၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် မင်း​အ​ရာ​ရှိ​တို့​ကို ခန့်​ထား​တော်​မူ​ပါ။ စင်​ကြယ်​စေ​ခြင်း​ငှာ ဆေး​မျိုး​ကို အပ်​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 4,
      "text": "နှစ်​သက်​တော်​မူ​သော သ​မီး​က​ညာ​ကို မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ခန့်​ထား​တော်​မူ​ပါ​ဟု လျှောက်​သော​စ​ကား​ကို ရှင်​ဘု​ရင်​နှစ်​သက်၍ ထို​သို့ စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 5,
      "text": "ထို​ကာ​လ​တွင် ရှု​ရှန်​မြို့​တော်၌၊ ဗင်္ယာ​မိန်​အ​မျိုး ကိ​ရှ၊ ရှိ​မိ၊ ယာ​ဣ​ရ​တို့​မှ ဆင်း​သက်​သော မော်​ဒ​ကဲ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​ရှိ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 6,
      "text": "ထို​သူ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​မှ​စ၍၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု၌ ပါ​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 7,
      "text": "ထို​သူ​သည် ဘ​ထွေး​သ​မီး ဟ​ဒဿ​တည်း​ဟူ​သော ဧ​သ​တာ​ကို မွေး​မြူ၏။ ထို​သ​တို့​သ​မီး​သည် မိ​ဘ​မ​ရှိ၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း လှ၏။ မိ​ဘ​သေ​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် ယူ၍ ကိုယ်​သ​မီး​ကဲ့​သို့ မှတ်​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 8,
      "text": "ရှင်​ဘု​ရင် အ​မိန့်​တော်​ကို​ထုတ်၍ ကျော်​သော​အ​ခါ၊ အ​ပျို​များ​တို့​ကို ရှု​ရှန်​နန်း​တော်​သို့ စု​ဝေး​စေ၍၊ မိန်း​မ​စိုး​ဟေ​ဂဲ၌ အပ်​ရာ​တွင်၊ ဧ​သ​တာ​ကို​လည်း နန်း​တော်​သို့ ခေါ်​ဆောင်၍ ဟေ​ဂဲ၌ အပ်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 9,
      "text": "ဧ​သ​တာ​သည် ဟေ​ဂဲ​စိတ်​နှင့်​တွေ့၍ မျက်​နှာ​ရ​သ​ဖြင့်၊ ဟေ​ဂဲ​သည် စင်​ကြယ်​စေ​သော​ဆေး​မျိုး​နှင့် ပေး​ရ​သော အ​ဝတ်​အ​စား​ကို အ​လျင်​အ​မြန်​ပေး၏။ နန်း​တော်၌ ရွေး​ကောက်​သော ကျွန်​မ​ခု​နစ်​ယောက်​တို့​ကို​လည်း ပေး၍၊ ဧ​သ​တာ​နှင့် သူ၏​ကျွန်​မ​တို့​ကို အ​ပျို​တော်​နန်း​တွင် အ​မြတ်​ဆုံး​သော​နေ​ရာ၌ ချီး​မြှောက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 10,
      "text": "ဧ​သ​တာ​သည် မိ​မိ​အ​မျိုး​နှင့် မိ​မိ​ဆွေ​ညာ​တ​ကာ​ကို မ​ဖော်​မ​ပြ​မည်​အ​ကြောင်း၊ မော်​ဒ​ကဲ သ​တိ​ပေး​သည်​အ​တိုင်း မ​ဖော်​မ​ပြ​ဘဲ နေ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 11,
      "text": "ဧ​သ​တာ​သည် အ​ဘယ်​သို့​ရှိ​သည်​ကို​လည်း​ကောင်း၊ သူ၌ အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​ကို​လည်း​ကောင်း၊ မော်​ဒ​ကဲ​သည် သိ​ခြင်း​ငှာ အ​ပျို​တော်​နန်း​ဝင်း​ရှေ့​မှာ နေ့​တိုင်း​သွား​လာ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 12,
      "text": "ထို​အ​ပျို​တော်​တို့ ထုံး​စံ​အ​တိုင်း၊ တစ်​နှစ်​စေ့​သော​အ​ခါ တစ်​ယောက်​နောက်​တစ်​ယောက် အ​လှည့်​သင့်​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​သို့ ဝင်​ရ၏။ ခြောက်​လ​ပတ်​လုံး မု​ရန်​ဆီ၊ ခြောက်​လ​ပတ်​လုံး နံ့​သာ​မျိုး အ​စ​ရှိ​သော စင်​ကြယ်​စေ​သော ဆေး​မျိုး​ကို​သုံး၍၊ စင်​ကြယ်​ခြင်း​အ​မှု ပြီး​သည်​တိုင်​အောင် ထို​မျှ​ကာ​လ​ကို လွန်​စေ​ရ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 13,
      "text": "ထို​နောက်​မှ အ​ပျို​တော်​သည် ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ချိန်​ရောက်​သော​အ​ခါ၊ အ​လို​ရှိ​သ​မျှ​တို့​ကို တောင်း၍၊ အ​ပျို​တော်​နန်း​မှ ရှင်​ဘု​ရင်​နန်း​တော်​သို့ ယူ​သွား​ရ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 14,
      "text": "ညဉ့်​ဦး​အ​ချိန်၌​ဝင်၍ နံ​နက်​အ​ချိန်၌ နန်း​တော်​မိန်း​မ​စိုး၊ မောင်း​မ​မိဿံ​အုပ်၊ ရှာ​ရ​ဂါ​ဇ​စောင့် ဒု​တိ​ယ​မိန်း​မ​နန်း​သို့ ပြန်​ရ၏။ ရှင်​ဘု​ရင်​ချစ်၍ နာ​မည်​အား​ဖြင့် ခေါ်​တော်​မ​မူ​လျှင် နောက်​တစ်​ဖန် အ​ထံ​တော်​သို့​မ​ဝင်​ရ။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 15,
      "text": "မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 16,
      "text": "ထို​သို့ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် နန်း​စံ​ခု​နစ်​နှစ်၊ တေ​ဗက်​အ​မည်​ရှိ​သော ဒ​သ​မ​လ​တွင်၊ ဧ​သ​တာ​ကို နန်း​တော်၌ သိမ်း​တော်​မူ​ပြီး​လျှင်၊"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 17,
      "text": "အ​ခြား​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ထက် ဧ​သ​တာ​သည် စိတ်​တော်​ကို​နူး​ညွတ်​စေ၍၊ အ​ထံ​တော်၌ မျက်​နှာ​ရ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် အ​ခြား​သော မိန်း​မ​တ​ကာ​တို့​ကို ချစ်​သည်​ထက် ဧ​သ​တာ​ကို​သာ၍ ချစ်​သော​ကြောင့်၊ သူ့​ခေါင်း​ပေါ်​မှာ ရာ​ဇ​သ​ရ​ဖူ​ကို​တင်၍ မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ချီး​မြှောက်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 18,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် ဧ​သ​တာ​ပွဲ​ဟူ၍ ကြီး​သော​ပွဲ​ကို မှူး​တော်​မတ်​တော် ကျွန်​တော်​တို့​အ​ဖို့ လုပ်​သ​ဖြင့်၊ နိုင်​ငံ​တော်​တိုင်း​ပြည်​တို့​ကို မင်း​မှု​လွှတ်၍၊ စည်း​စိမ်​တော်​နှင့်​လျော်​စွာ ဆု​ချ​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 19,
      "text": "သ​မီး​က​ညာ​တို့​သည် ဒု​တိ​ယ​အ​ချိန်၌ စု​ဝေး​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 20,
      "text": "ဧ​သ​တာ​သည် မော်​ဒ​ကဲ​ထံ မွေး​မြူ​ခြင်း​ကို​ခံ၍ နေ​စဉ်​အ​ခါ၊ သူ၏​စ​ကား​ကို နား​ထောင်​သည်​နည်း​တူ နား​ထောင်​သေး​သည်​ဖြစ်၍၊ မော်​ဒ​ကဲ​သ​တိ​ပေး​သည်​အ​တိုင်း၊ မိ​မိ​အ​မျိုး၊ မိ​မိ​ဆွေ​ညာ​တ​ကာ​တို့​ကို မ​ဖော်​မ​ပြ​ဘဲ နေ​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 21,
      "text": "ထို​ကာ​လ​တွင်၊ မော်​ဒ​ကဲ​သည် နန်း​တော်၌ တံ​ခါး​မှူး​ဖြစ်​စဉ်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​တည်း​ဟူ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့် နှစ်​ယောက်​တို့​သည် ဒေါ​သ​စိတ်​ရှိ၍ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု အား​ထုတ်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 22,
      "text": "ထို​အ​မှု​ကို မော်​ဒ​ကဲ​သိ၍ မိ​ဖု​ရား​ဧ​သ​တာ​အား ဖော်​ပြ၏။ ထို​သို့ မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို ဧ​သ​တာ​သည် ရှင်​ဘု​ရင်​အား လျှောက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 2,
      "verse": 23,
      "text": "ထို​အ​မှု​ကို စစ်​ကြော၍ အ​မှန်​သိ​သော​အ​ခါ၊ ထို​သူ​နှစ်​ယောက်​တို့​ကို သစ်​ပင်၌ လည်​ဆွဲ​ချ​ပြီး​မှ၊ ရှင်​ဘု​ရင်​ရှေ့၊ နန်း​တော်​မှတ်​စာ၌ ရေး​မှတ်​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 1,
      "text": "ထို​နောက်​မှ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် အာ​ဂတ်​အ​မျိုး၊ ဟ​မ္မေ​ဒါ​သ​သား​ဟာ​မန်​ကို ချီး​မြှောက်၍၊ အ​ထံ​တော်၌​ရှိ​သော မှူး​မတ်​အ​ပေါင်း​တို့​ထက် သာ၍​မြင့်​မြတ်​သော နေ​ရာ​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 2,
      "text": "နန်း​တော်​တံ​ခါး​သို့​ရောက်​သော ရှင်​ဘု​ရင်၏ ကျွန်​အ​ပေါင်း​တို့​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဟာ​မန်​ကို ဦး​ချ​ရှိ​ခိုး​ကြ၏။ မော်​ဒ​ကဲ​မူ​ကား ဦး​မ​ချ၊ ရှိ​မ​ခိုး။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 3,
      "text": "နန်း​တော်​တံ​ခါး​သို့ ရောက်​သော ရှင်​ဘု​ရင်၏​ကျွန်​တို့​က၊ သင်​သည် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် ငြင်း​ဆန်​သ​နည်း​ဟု နေ့​တိုင်း မော်​ဒ​ကဲ​အား မေး​မြန်း​သ​တိ​ပေး​သော်​လည်း၊"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 4,
      "text": "မော်​ဒ​ကဲ​က၊ ငါ​သည် ယု​ဒ​လူ​ဖြစ်​သည်​ဟု ပြန်​ပြော၍၊ သူ​တို့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ သူ​တို့​သည် မော်​ဒ​ကဲ​စ​ကား​တည်​မည်၊ မ​တည်​မည်​ကို သိ​လို​သော​ငှာ၊ ဟာ​မန်​အား ကြား​ပြော​ကြ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 5,
      "text": "ထို​သို့ မော်​ဒ​ကဲ​သည် ဦး​မ​ချ၊ ရှိ​မ​ခိုး​ဘဲ နေ​ကြောင်း​ကို ဟာ​မန် သိ​မြင်​သော​အ​ခါ၊ အ​လွန်​အ​မျက်​ထွက်၍၊"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 6,
      "text": "သူ​တို့​သည် မော်​ဒ​ကဲ​အ​မျိုး​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​တစ်​ယောက်​တည်း​ကို ကွပ်​မျက်​လျှင်၊ စိတ်​မ​ပြေ​လောက်​ဟု ဟာ​မန်​သည် အောက်​မေ့​လျက်၊ မော်​ဒ​ကဲ​အ​မျိုး​သား​ချင်း တည်း​ဟူ​သော အာ​ရွှေ​ရု​နိုင်​ငံ အ​ရပ်​ရပ်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ရှာ​ကြံ​လေ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 7,
      "text": "ထို​ကြောင့် အာ​ရွှေ​ရု​နန်း​စံ​ဆယ်​နှစ်​နှစ်၊ နိ​သန် အ​မည်​ရှိ​သော ပ​ထ​မ​လ​တွင်၊ နေ့​ရက်​အ​စဉ်၊ လ​အ​စဉ် အ​တိုင်း​လိုက်၍၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ​တိုင်​အောင်၊ ဟာ​မန်​ရှေ့​မှာ ပု​ရ​စာ​ရေး​တံ​ချ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 8,
      "text": "တစ်​ဖန် ဟာ​မန်​သည် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​တော်​သို့ ဝင်၍၊ အ​ခြား​တစ်​ပါး​သော လူ​မျိုး​အ​ပေါင်း​တို့​နှင့် ကျင့်​ရာ​ထုံး​တမ်း​မ​တူ၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​ချက်​တို့​ကို နား​မ​ထောင်၊ နိုင်​ငံ​တော်​အ​တွင်း၊ တိုင်း​သူ​ပြည်​သား အ​မျိုး​မျိုး​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​နေ​သော လူ​မျိုး​တစ်​မျိုး​ရှိ​ပါ၏။ ထို​အ​မျိုး​ကို အ​ခွင့်​ပေး​တော်​မူ​ရာ၌ ကျေး​ဇူး​တော်​မ​ရှိ​ပါ။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 9,
      "text": "ကိုယ်​တော်​သ​ဘော​တူ​လျှင် ထို​အ​မျိုး​ကို ဖျက်​ဆီး​စေ​ဟု အ​မိန့်​ရှိ​တော်​မူ​ပါ။ ထို​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ ငွေ​အ​ခွက်​တစ်​သိန်း​ကို သွင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​အပ်​ပေး​ပါ​မည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 10,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ထို​ငွေ​ကို သင့်​အား​ငါ​ပေး၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 11,
      "text": "ထို​လူ​မျိုး​ကို​လည်း သင်​သည် ပြု​ချင်​သ​မျှ ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်၌​ငါ​အပ်​သည်​ဟု လက်​စွပ်​တော်​ကို​ချွတ်၍ ယု​ဒ​အ​မျိုး၏ ရန်​သူ​ဖြစ်​သော အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​အား ပေး​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 12,
      "text": "ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 13,
      "text": "အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊ ယု​ဒ​လူ​အ​ကြီး​အ​ငယ် မိန်း​မ က​လေး​ရှိ​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​စာ​ကို စာ​ပို့​လု​လင်​တို့​ဖြင့် နိုင်​ငံ​တော်​အ​ပြည်​ပြည်​သို့ ပေး​လိုက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 14,
      "text": "ဤ​ရွေ့​ကား၊ လူ​အ​မျိုး​မျိုး​တို့​သည် ထို​နေ့​ရက်​တွင် အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကြော်​ငြာ​ရ​သော အ​မိန့်​တော်​စာ​ချက် ဖြစ်​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 3,
      "verse": 15,
      "text": "ရှု​ရှန်​နန်း​တော်၌ ထို​အ​မိန့်​တော်​စာ​ကို ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့​လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည် စ​ပျစ်​ရည်​သောက်​ပွဲ၌ ထိုင်၍၊ ရှု​ရှန်​မြို့​တော်​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 1,
      "text": "ထို​အ​မှု​ရှိ​သ​မျှ​ကို မော်​ဒ​ကဲ​သိ​သော​အ​ခါ၊ မိ​မိ အ​ဝတ်​ကို ဆုတ်၍ ပြာ​နှင့်​လူး​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ မြို့​အ​လယ်​သို့​သွား၍ ကြီး​ကျယ်​သော​အ​သံ​နှင့် ငို​ကြွေး​လေ၏။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 2,
      "text": "လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် နန်း​တော်​တံ​ခါး​ထဲ​သို့ အ​ဘယ်​သူ​မျှ မ​ဝင်​ရ​သော​ကြောင့်၊ နန်း​တော်​တံ​ခါး​ရှေ့​မှာ ရပ်​နေ၏။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​တို့၌ ယု​ဒ​လူ​တို့​သည် အ​လွန်​ညည်း​တွား​ခြင်း၊ အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍၊ လူ​များ​တို့​သည် ပြာ​နှင့်​လျှော်​တေ​အ​ဝတ်၌ အိပ်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 4,
      "text": "မော်​ဒ​ကဲ​အ​မှု​ကို ဧ​သ​တာ၏​ကျွန်​မ​တို့​နှင့် မိန်း​မ​စိုး​တို့​သည် ကြား​ပြော​သော​အ​ခါ၊ မိ​ဖု​ရား​သည် အ​လွန်​ဝမ်း​နည်း​လျက်၊ မော်​ဒ​ကဲ​ဝတ်​သော လျှော်​တေ​ကို​ပယ်၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​စေ​ခြင်း​ငှာ ပေး​လိုက်​သော်​လည်း၊ မော်​ဒ​ကဲ​သည် မ​ခံ​မ​ယူ​ဘဲ​နေ၏။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 5,
      "text": "တစ်​ဖန် ဧ​သ​တာ​သည် ရှင်​ဘု​ရင်​အ​မိန့်​တော်​နှင့် ခ​စား​သော မိန်း​မ​စိုး​ဟာ​တက်​ကို ခေါ်၍၊ အ​ဘယ်​အ​မှု ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မော်​ဒ​ကဲ​ကို မေး​စေ​ခြင်း​ငှာ စေ​လွှတ်​သည်​အ​တိုင်း၊"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 6,
      "text": "ဟာ​တက်​သည် မော်​ဒ​ကဲ​ရှိ​ရာ နန်း​တော်​တံ​ခါး​ရှေ့၊ မြို့​တော်​လမ်း​သို့​သွား၍၊"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 7,
      "text": "မော်​ဒ​ကဲ​သည် မိ​မိ၌​ရောက်​သော​အ​မှု ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ငွေ​မည်​မျှ​ကို ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ သွင်း​ပါ​မည်​ဟု က​တိ​ထား​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လျက်၊"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 8,
      "text": "ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ရှု​ရှန်​နန်း​တော်၌​ထုတ်​သော အ​မိန့်​တော်​စာ​လက်​ခံ​ကို ဧ​သ​တာ​အား​ပြ​ဖို့​ပေး၍၊ ဧ​သ​တာ​သည် မိ​မိ​လူ​မျိုး​အ​ဖို့ တောင်း​လျှောက်​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​မည်​အ​ကြောင်း မှာ​လိုက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 9,
      "text": "ဟာ​တက်​သည်​လည်း လာ၍ မော်​ဒ​ကဲ​စ​ကား​ကို ဧ​သ​တာ​အား ပြန်​ပြော၏။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 10,
      "text": "တစ်​ဖန် ဧ​သ​တာ​သည် ဟာ​တက်​အား​ဖြင့်၊ မော်​ဒ​ကဲ​ကို မှာ​လိုက်​သည်​ကား၊"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 11,
      "text": "ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 12,
      "text": "ဧ​သ​တာ​စ​ကား​ကို မော်​ဒ​ကဲ​အား ပြန်​ပြော​သော​အ​ခါ၊ မော်​ဒ​ကဲ​က၊ အ​ခြား​သော ယု​ဒ​လူ အ​သက်​မ​လွတ်​လျှင်၊"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 13,
      "text": "နန်း​တော်၌​နေ​သော်​လည်း သင့်​အ​သက်​လွတ်​မည်​ဟု မ​ထင်​နှင့်။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 14,
      "text": "ယ​ခု​ကာ​လ သင်​သည် တိတ်​ဆိတ်​စွာ​နေ​လျှင်၊ သင်​နှင့်​သင်၏ အ​ဆွေ​အ​မျိုး​သည် ပျက်​စီး၍၊ ယု​ဒ​လူ​တို့ အ​သက်​ရှင်​ခြင်း၊ ကယ်​တင်​ခြင်း​အ​ကြောင်း တစ်​စုံ​တစ်​ခု ပေါ်​လိမ့်​မည်။ ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။"
    },
    {
      "book": 17,
      "chapter": 4,
      "verse": 15,
      "text": "ဧ​သ​တာ​က​လည်း၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ခြင်း​ငှာ သွား​ပါ။ နေ့​ည​မ​ပြတ် သုံး​ရက်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​နေ၍၊ အ​ကျွန်ုပ်​အ​ဖို့ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ကြ​ပါ။ အ​ကျွန်ုပ်​သည်​လည်း ကျွန်​မ​တို့​နှင့်​တ​ကွ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ပါ​မည်။ ထို​နောက် အာ​ဏာ​တော်​ကို ဆန်​ရ​သော်​လည်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မည်။ သေ​လျှင် အ​သေ​ခံ​ပါ​မည်​ဟု မော်​ဒ​ကဲ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်​သ​မျှ​အ​တိုင်း၊ မော်​ဒ​ကဲ​သည် သွား၍ ပြု​လေ၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 1,
      "text": "သုံး​ရက်​မြောက်​သော​နေ့၌၊ ဧ​သ​တာ​သည် မိ​ဖု​ရား​အ​ဝတ်​တန်​ဆာ​ကို ဝတ်​ဆင်၍၊ နန်း​တော် အ​ဆောင်​မ တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​အ​တွင်း တံ​တိုင်း​ထဲ​မှာ ရပ်​နေ၏။ ရှင်​ဘု​ရင်​သည် နန်း​တော်​တံ​ခါး တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​ထဲ၊ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 2,
      "text": "မိ​ဖု​ရား​ဧ​သ​တာ​သည် တံ​တိုင်း​တော်​ထဲ​မှာ ရပ်​နေ​သည်​ကို ရှင်​ဘု​ရင်​သည်​မြင်​လျှင်၊ နူး​ညွတ်​သော​စိတ်​ရှိ၍ လက်​တော်၌​ပါ​သော ရွှေ​ရာ​ဇ​လှံ​တံ​ကို၊ ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည် ချဉ်း​ကပ်၍ ရာ​ဇ​လှံ​တံ​တော်​အထွတ်​ကို တို့​လေ၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 4,
      "text": "ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်၊ အ​ရှင်​မင်း​ကြီး​အ​ဖို့ ကျွန်​တော်​မ​ပြင်​ဆင်​သော​ပွဲ​သို့ ဟာ​မန်​နှင့်​တ​ကွ ယ​နေ့ ကြွ​တော်​မူ​ပါ​ဟု လျှောက်​သော်၊"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 5,
      "text": "ရှင်​ဘု​ရင်​က၊ ဧ​သ​တာ လျှောက်​သည်​အ​တိုင်း ပြု​အံ့​သော​ငှာ၊ ဟာ​မန်​သည် အ​လျင်​အ​မြန်​လာ​စေ​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​ပြင်​ဆင်​သော​ပွဲ​သို့ ဟာ​မန်​နှင့်​တ​ကွ ရှင်​ဘု​ရင်​ကြွ​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 6,
      "text": "တစ်​ဖန် စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော်​တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ဧ​သ​တာ​အား​မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 7,
      "text": "ဧ​သ​တာ​က၊ ကျွန်​တော်​မ​အ​လို​ရှိ၍ ကျွန်​တော်​မ​တောင်း​ချင်​သော​ဆု ဟူ​မူ​ကား၊"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 8,
      "text": "ကျွန်​တော်​မ​ကို အ​ရှင်​မင်း​ကြီး၏​စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​လို​ရှိ၍ ကျွန်​တော်​မ​တောင်း​ချင်​သော​ဆု​ကို ပေး​သ​နား​ခြင်း​ငှာ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​ပြင်​ဆင်​သော​ပွဲ​သို့ အ​ရှင်​မင်း​ကြီး​သည် ဟာ​မန်​နှင့်​တ​ကွ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း နက်​ဖြန်​နေ့၌ ကျွန်​တော်​မ​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 9,
      "text": "ထို​နေ့၌ ဟာ​မန်​သည် ဝမ်း​မြောက်​ရွှင်​လန်း​သော စိတ်​နှင့် ထွက်​သွား​သော်​လည်း၊ နန်း​တော်​တံ​ခါး​ဝ​မှာ မော်​ဒ​ကဲ​သည် ရို​သေ​စွာ​မ​ထ၊ အ​လျှင်း​မ​လှုပ်​ဘဲ​နေ​သည်​ကို မြင်​သော​အ​ခါ၊ မော်​ဒ​ကဲ​ကို အ​လွန်​အ​မျက်​ထွက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 10,
      "text": "သို့​ရာ​တွင် မိ​မိ​စိတ်​ကို ချုပ်​တည်း​လျက်​သွား၍၊ မိ​မိ​အိမ်​သို့​ရောက်​သော​အ​ခါ၊ မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​တို့​ကို ခေါ်​ပြီး​လျှင်၊"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 11,
      "text": "မိ​မိ​ဘုန်း​စည်း​စိမ်​ကြီး​ကြောင်း၊ သား​သ​မီး​များ​ကြောင်း၊ ရှင်​ဘု​ရင် အ​လွန်​ချီး​မြှောက်၍ မှူး​တော်​မတ်​တော် ကျွန်​တော်​မျိုး​များ​ထက် သာ၍​မြတ်​သော​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​များ​ကို ဖော်​ပြ​လျက်၊"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 12,
      "text": "မိ​ဖု​ရား​ဧ​သ​တာ​သည် မိ​မိ​ပြင်​ဆင်​သော​ပွဲ​သို့ ငါ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​ကို​မျှ ရှင်​ဘု​ရင်​နှင့်​အ​တူ မ​ဝင်​စေ။ နက်​ဖြန်​နေ့၌​လည်း ရှင်​ဘု​ရင်​နှင့်​အ​တူ ငါ့​ကို​ဖိတ်​ပြန်၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 13,
      "text": "သို့​ရာ​တွင်၊ ယု​ဒ​လူ​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ​မှာ ထိုင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​သည် ကာ​လ​ပတ်​လုံး၊ ယ​ခု​ဖော်​ပြ​သ​မျှ​တို့​သည် ငါ၌​ကျေး​ဇူး​မ​ရှိ​ဟု ဆို၏။"
    },
    {
      "book": 17,
      "chapter": 5,
      "verse": 14,
      "text": "ထို​အ​ခါ မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​ရှိ​သ​မျှ​တို့​က၊ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေ​မည်​အ​ကြောင်း နက်​ဖြန်​သံ​တော်​ဦး​တင်​လော့။ ထို​နောက်​မှ စိတ်​ရွှင်​လန်း​လျက် ရှင်​ဘု​ရင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​လော့​ဟု ပြော​ဆို​သော​စ​ကား​ကို ဟာ​မန်​သည် နှစ်​သက်၍၊ လည်​ဆွဲ​ချ​တိုင်​ကို လုပ်​စေ၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 1,
      "text": "ထို​နေ့​ည​မှာ ရှင်​ဘု​ရင်​သည် စက်​တော်​ခေါ်၍ မ​ပျော်​နိုင်​သော​ကြောင့်၊ နန်း​တော်​မှတ်​စာ​ကို​ယူ​ခဲ့​ဟု မိန့်​တော်​မူ၍ ရှေ့​တော်၌ ဖတ်​ရ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 2,
      "text": "ရှင်​ဘု​ရင် အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု ရှာ​ကြံ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့်​နှစ်​ယောက်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​အ​ကြံ​ကို မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို တွေ့​လျှင်၊"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​က၊ ထို​အ​ကြံ​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​အား အ​ဘယ်​ဆု အ​ဘယ်​အ​ရာ​ကို ပေး​ပြီ​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က၊ အ​ဘယ်​ဆု​ကို​မျှ ပေး​တော်​မ​မူ​ပါ​သေး​ဟု ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ တံ​တိုင်း​တွင်း၌ အ​ဘယ်​သူ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​သည် မိ​မိ​လုပ်​နှင့်​သော လည်​ဆွဲ​ချ​တိုင်၌ မော်​ဒ​ကဲ​ကို လည်​ဆွဲ​ချ​ရ​မည်​အ​ကြောင်း၊ နန်း​တော်​ပြင် တံ​တိုင်း​တွင်း​သို့ ဝင်​မိ​သည်​ဖြစ်၍၊"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 5,
      "text": "ရှင်​ဘု​ရင်၏ ကျွန်​တို့​က၊ ဟာ​မန်​သည် တံ​တိုင်း​တော်​တွင်း၌​ရှိ​ပါ၏​ဟု လျှောက်​ကြ​သော်၊ အ​ထဲ​သို့​ဝင်​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 6,
      "text": "ဟာ​မန်​သည် ဝင်​လျှင် ရှင်​ဘု​ရင်​က၊ ရှင်​ဘု​ရင် ချီး​မြှောက်​လို​သော​သူ၌ အ​ဘယ်​သို့​ပြု​သင့်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​က ငါ​မှ​တစ်​ပါး၊ ရှင်​ဘု​ရင်​သာ၍ ချီး​မြှောက်​လို​သော​သူ တစ်​စုံ​တစ်​ယောက် ရှိ​နိုင်​သ​လော​ဟု စိတ်​ထဲ​မှာ​အောက်​မေ့​လျက်၊"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 7,
      "text": "ရှင်​ဘု​ရင်​ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ​အ​ဖို့၊"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 8,
      "text": "ရှင်​ဘု​ရင် ဝတ်​ဆင်​တော်​မူ​သော မင်း​မြောက်​တန်​ဆာ၊ ရှင်​ဘု​ရင်​စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော ရာ​ဇ​သ​ရ​ဖူ​ကို​ယူ​ခဲ့၍၊"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 9,
      "text": "ထို​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို ဘုန်း​ကြီး​သော မှူး​တော်​မတ်​တော်​တစ်​ပါး၌ အပ်​ပြီး​မှ၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​သော​သူ​ကို ထို​အ​ဝတ် တန်​ဆာ​တော်​နှင့် ဝတ်​ဆင်​စေ၍၊ မြင်း​တော်​ကို စီး​စေ​ပြီး​လျှင်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက်၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 10,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​က၊ သင်​ပြော​သည်​အ​တိုင်း အ​လျင်​အ​မြန်​သွား၍၊ အ​ဝတ်​တန်​ဆာ​နှင့် မြင်း​တော်​ကို​ယူ​ပြီး​လျှင်၊ ယု​ဒ​အ​မျိုး​သား၊ နန်း​တော်​တံ​ခါး​မှူး မော်​ဒ​ကဲ၌ ပြု​လော့။ သင်​ပြော​သ​မျှ​တွင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လပ်​စေ​နှင့်​ဟု ဟာ​မန်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 11,
      "text": "ထို​အ​ခါ ဟာ​မန်​သည် အ​ဝတ်​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို​ယူ၍၊ မော်​ဒ​ကဲ​ကို ဝတ်​ဆင်​စေ​ပြီး​လျှင်၊ မြင်း​တော်​ကို​စီး​စေ​သ​ဖြင့်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက် ရှင်​ဘု​ရင်​ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 12,
      "text": "သို့​ပြီး​မှ၊ မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​သို့ ပြန်​လာ၏။ ဟာ​မန်​မူ​ကား ညည်း​တွား​လျက် ခေါင်း​ကို​ခြုံ​လျက်၊ မိ​မိ​အိမ်​သို့ အ​လျင်​အ​မြန်​သွား​ပြီး​လျှင်၊"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 13,
      "text": "မိ​မိ၌​ဖြစ်​လေ​သ​မျှ​ကို မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​ရှိ​သ​မျှ​တို့​အား ကြား​ပြော​လေ၏။ မ​ယား​ဇေ​ရက်​နှင့် ဟာ​မန်၏​အ​ဆွေ ပ​ညာ​ရှိ​တို့​က​လည်း၊ ကိုယ်​တော်​ရှုံး​စ​ရှိ​သော မော်​ဒ​ကဲ​သည်၊ ယု​ဒ​အ​မျိုး​မှန်​လျှင်၊ ကိုယ်​တော်​သည် သူ့​ကို​မ​နိုင်။ သူ့​ရှေ့​မှာ ဧ​ကန်​အ​မှန်​ရှုံး​ရ​မည်​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 17,
      "chapter": 6,
      "verse": 14,
      "text": "ထို​သို့​ပြော​ဆို​စဉ်​တွင်၊ နန်း​တော်​မိန်း​မ​စိုး​တို့​သည် လာ၍ ဧ​သ​တာ​ပြင်​ဆင်​သော​ပွဲ​သို့ ဟာ​မန်​ကို အ​လျင်​အ​မြန် ခေါ်​သွား​ကြ၏။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 1,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည်၊ မိ​ဖု​ရား ဧ​သ​တာ​နှင့်​အ​တူ စ​ပျစ်​ရည်​သောက်​အံ့​သော​ငှာ သွား​ကြ၏။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 2,
      "text": "ဒု​တိ​ယ​နေ့​ရက်၌ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 3,
      "text": "မိ​ဖု​ရား ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ အ​လို​တော်​ရှိ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​လို​အ​တိုင်း ကျွန်​တော်​မ​အ​သက်​နှင့် ကျွန်​တော်​မ​တောင်း​ပန်​သည်​အ​တိုင်း၊ အ​မျိုး​သား​ချင်း​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 4,
      "text": "ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 5,
      "text": "ရှင်​ဘု​ရင်​အာ​ရွှေ​ရု​က​လည်း၊ ထို​သို့​ပြု​မည်​ဟု ကြံ​ဝံ့​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိ​ဖု​ရား​ဧ​သ​တာ​အား မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 6,
      "text": "ဧ​သ​တာ​က၊ ရန်​ဘက်​ပြု​သော ရန်​သူ​သည် ဤ​ဆိုး​ညစ်​သော​ဟာ​မန် ဖြစ်​ပါ၏​ဟု​လျှောက်​သော်၊ ဟာ​မန်​သည် ရှင်​ဘု​ရင်​နှင့်​မိ​ဖု​ရား​ရှေ့​မှာ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 7,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ စ​ပျစ်​ရည် သောက်​ပွဲ​မှ ထ၍ ဥ​ယျာဉ်​တော်​သို့ သွား​တော်​မူ၏။ အ​ပြစ်​ပေး​တော်​မူ​မည်​ဟု ဟာ​မန်​သည်​ရိပ်​မိ၍ အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း မိ​ဖု​ရား​ဧ​သ​တာ​ရှေ့​မှာ တောင်း​ပန်​ခြင်း​ငှာ ထ၏။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 8,
      "text": "ရှင်​ဘု​ရင်​သည် ဥ​ယျာဉ်​တော်​မှ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​ရာ အ​ရပ်​သို့ ဝင်​ပြန်​သော​အ​ခါ၊ ဧ​သ​တာ​ထိုင်​သော သာ​လွန်​နား​မှာ ဟာ​မန်​သည် ပျပ်​ဝပ်​လျက်​နေ​သည်​ကို မြင်​လျှင်၊ ဤ​သူ​သည် နန်း​တော်၌ ငါ့​ရှေ့​မှာ မိ​ဖု​ရား​ကို အ​ဓ​မ္မ​ပြု​ရ​မည်​လော​ဟု မိန့်​တော်​မူ​စဉ်​တွင်၊ အ​ခြံ​အ​ရံ​တို့​သည် ဟာ​မန်၏​မျက်​နှာ​ကို ဖုံး​ကြ၏။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 9,
      "text": "မိန်း​မ​စိုး ဟာ​ဗော​န​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​ကျိုး​တော်​ကို​စောင့်၍ လျှောက်​ထား​သော မော်​ဒ​ကဲ​အ​ဖို့ ဟာ​မန်​လုပ်၍ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်​သည်၊ ဟာ​မန်​အိမ်၌ စိုက်​ထား​လျက် ရှိ​ပါ၏​ဟု နား​တော်​လျှောက်​သော်၊ ထို​တိုင်၌ လည်​ဆွဲ​ချ​စေ​ဟု ရှင်​ဘု​ရင်​မိန့်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 7,
      "verse": 10,
      "text": "ထို​သို့ မော်​ဒ​ကဲ​အ​ဖို့​လုပ်​သော လည်​ဆွဲ​ချ​တိုင်၌ ဟာ​မန်​ကို ဆွဲ​ချ​ကြ၏။ ရှင်​ဘု​ရင်​လည်း စိတ်​ပြေ​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 1,
      "text": "ထို​နေ့​ချင်း​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် ယု​ဒ​အ​မျိုး၏ ရန်​သူ​ဟာ​မန်​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​နှင့် အ​ဘယ်​သို့ ပေါက်​ဖော်​တော်​သည်​ကို ဧ​သ​တာ​လျှောက်​သ​ဖြင့်၊ မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​ရ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 2,
      "text": "ရှင်​ဘု​ရင်​သည်​လည်း၊ ဟာ​မန်​လက်​မှ​နုတ်​သော လက်​စွပ်​တော်​ကို တစ်​ဖန်​ချွတ်၍ မော်​ဒ​ကဲ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​လည်း၊ ဟာ​မန်​အိမ်​ကို မော်​ဒ​ကဲ၌ အပ်​လေ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 3,
      "text": "တစ်​ဖန် ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍၊ အာ​ဂတ်​အ​မျိုး ဟာ​မန်​ပြု​သော​အ​ပြစ်၊ ယု​ဒ​အ​မျိုး​တစ်​ဖက်၌ ကြံ​စည်​သော​အ​ကြံ​အ​စည်​ကို ပယ်​တော်​မူ​မည်​အ​ကြောင်း၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်​လေ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​သည် ရွှေ​ရာ​ဇ​လှံ​တံ​ကို ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည်​ထ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ရပ်​လျက်၊"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 5,
      "text": "အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မှု​သည် ရှေ့​တော်၌ လျောက်​ပတ်၍ ကိုယ်​တော်​သည် ကျွန်​တော်​မ​ကို​လည်း ချစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​စီ​ရင်​သော​စာ​ကို ပယ်​မည်​အ​ကြောင်း၊ ထပ်၍ စာ​ရေး​စေ​တော်​မူ​ပါ။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 6,
      "text": "ကျွန်​တော်​မ​အ​မျိုး​အ​ပေါ်​သို့ ရောက်​ရ​သော ဘေး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မျိုး​သား​ချင်း ပျက်​စီး​သော အ​မှု​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​သည် ကြည့်​ရှု​ခြင်း​ငှာ၊ အ​ဘယ်​သို့ တတ်​နိုင်​ပါ​အံ့​နည်း​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 7,
      "text": "ရှင်​ဘု​ရင် အာ​ရွှေ​ရု​က​လည်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ထိ​ခိုက်​သော​ကြောင့်၊ သူ၏​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ငါ​ပေး​ပြီ။ ထို​သူ​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ကွပ်​မျက်​စေ​ပြီ။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 8,
      "text": "သို့​ရာ​တွင် ရှင်​ဘု​ရင်​လက်​စွပ်​နှင့် တံ​ဆိပ်​ခတ်​သော ရှင်​ဘု​ရင် အ​မိန့်​တော်​စာ​ကို အ​ဘယ်​သူ​မျှ မ​ပယ်​ရ​သည်​ဖြစ်၍၊ စိတ်​ရှိ​သည်​အ​တိုင်း ယု​ဒ​လူ​တို့​အ​ဖို့ အ​မိန့်​တော်​စာ​ကို တစ်​ဖန်​ရေး၍၊ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ရ​မည်​ဟု မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​လူ​မော်​ဒ​ကဲ​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 9,
      "text": "ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 10,
      "text": "ရှင်​ဘု​ရင် အာ​ရွှေ​ရု၏ အ​မိန့်​တော်​စာ​ကို​ရေး၍ ရှင်​ဘု​ရင်​လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ပြီး​မှ၊ မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​စီး​သော စာ​ပို့​လု​လင်​တို့​ဖြင့် ပေး​လိုက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 11,
      "text": "အ​မိန့်​တော်​စာ​ချက်​ဟူ​မူ​ကား၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 12,
      "text": "နိုင်​ငံ​တော် အ​တိုင်း​တိုင်း အ​ပြည်​ပြည် အ​မြို့​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည် စု​ဝေး၍၊ မိ​မိ​တို့​အ​သက်​ကို စောင့်​ရ​သော​အ​ခွင့်၊ တိုက်​လာ​သော​ပြည်​သူ၊ စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို မိန်း​မ​သူ​ငယ်​နှင့်​တ​ကွ သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​ပေး​တော်​မူ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 13,
      "text": "ဤ​ရွေ့​ကား၊ ယု​ဒ​လူ​တို့​သည် ထို​နေ့​ရက်​တွင် ရန်​သူ​တို့​ကို ရန်​တုံ့​ပြု​စေ​ခြင်း​ငှာ၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​အား ကြော်​ငြာ​ရ​သော အ​မိန့်​တော်​စာ​ချက် ဖြစ်​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 14,
      "text": "ထို​အ​မိန့်​တော်​စာ​ကို ရှု​ရှန်​နန်း​တော်၌ ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် ကျပ်​တည်း​စွာ စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့ လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 15,
      "text": "မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 16,
      "text": "ရှု​ရှန်​မြို့​တော်​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​သို့ ရောက်​လေ၏။ ယု​ဒ​လူ​တို့​သည်​လည်း၊ သက်​သာ​ရွှင်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ အ​သ​ရေ​ထွန်း​လင်း​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 8,
      "verse": 17,
      "text": "ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​အ​မြို့​မြို့၌၊ ယု​ဒ​လူ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ပွဲ​ခံ​ခြင်း၊ မင်္ဂ​လာ​နေ့​စောင့်​ခြင်း​ကို ပြု၍၊ ပြည်​သူ​ပြည်​သား​အ​များ​တို့​သည် ယု​ဒ​လူ​တို့​ကို ကြောက်​ရွံ​သော​ကြောင့် ယု​ဒ​ဘာ​သာ​ကို​ဝင်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 1,
      "text": "ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း စီ​ရင်​ရ​သော​အ​ချိန်​နီး၍၊ ယု​ဒ​အ​မျိုး၏ ရန်​သူ​တို့​က၊ ငါ​တို့​နိုင်​မည်​ဟု မျှော်​လင့်​သော​နေ့၊ အ​မှု​ပြောင်း​လဲ၍ ယု​ဒ​လူ​တို့​သည် မ​နာ​လို​သော​သူ​တို့​ကို နိုင်​သော နေ့​ရက်​တည်း​ဟူ​သော အာ​ဒါ​မည်​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 2,
      "text": "ရှင်​ဘု​ရင်​အာ​ရွှေ​ရု၏ နိုင်​ငံ​တော် အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည်၊ ညှဉ်း​ဆဲ​လို​သော သူ​တို့​ကို ဆီး​တား​ခြင်း​ငှာ စု​ဝေး​ကြ၏။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ ရန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 3,
      "text": "အ​ပြည်​ပြည်​ကို အုပ်​စိုး​သော​မင်း၊ ကိုယ်​စား​တော်​မင်း၊ မြို့​ဝန်​မင်း၊ အ​မှု​တော်​စောင့် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို ကြောက်​ရွံ့​သော​ကြောင့်၊ ယု​ဒ​လူ​တို့​ကို မ​စ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ မော်​ဒ​ကဲ​သည် နန်း​တော်​တွင် ဘုန်း​ကြီး​လျက်၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သ​တင်း​နှံ့​ပြား၍၊ တစ်​နေ့​ထက်​တစ်​နေ့ ကြီး​မြင့်​ရာ​သို့ ရောက်​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 5,
      "text": "ထို​နေ့​တွင် ယု​ဒ​လူ​တို့​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ဓား​နှင့်​လုပ်​ကြံ​သတ်​ဖြတ် ဖျက်​ဆီး၍၊ မ​နာ​လို​သော​သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 6,
      "text": "ရှု​ရှန်​မြို့​တော်၌ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 7,
      "text": "ယု​ဒ​အ​မျိုး၏​ရန်​သူ ဟ​မ္မေ​ဒါ​သ​သား​ဖြစ်​သော ဟာ​မန်၏​သား တစ်​ကျိပ်​တည်း​ဟူ​သော ပါ​ရှ​န္ဒာ​သ၊ ဒါ​လ​ဖုန်၊ အာ​သ​ပါ​သ၊ ပေါ​ရ​သ၊ အာ​ဒ​လိ၊ အာ​ရိ​ဒါ​သ၊ ပါ​မ​ရှာ​တ၊ အ​ရိ​သဲ၊ အ​ရိ​ဒဲ၊ ဝါ​ဇေ​ဇာ​သ​တို့​ကို​လည်း သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 11,
      "text": "ထို​နေ့၌ ရှု​ရှန်​မြို့​တော်​တွင် သေ​သော​သူ​စာ​ရင်း​ကို ရှင်​ဘု​ရင်​ရှေ့​တော်​မှာ ပြ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 12,
      "text": "ရှင်​ဘု​ရင်​သည် မိ​ဖု​ရား​ဧ​သ​တာ​ကို ခေါ်၍၊ ယု​ဒ​လူ​တို့​သည် ရှု​ရှန်​မြို့​တော်၌ ဟာ​မန်​သား​တစ်​ကျိပ်​နှင့်​တ​ကွ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ် ကြ​ပြီ။ နိုင်​ငံ​တော်​တွင် အ​ခြား​သော အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့ ပြု​ကြ​ပြီ​နည်း။ သင်​သည် အ​ဘယ်​အ​လို ရှိ​သေး​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပြု​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သေး​သ​နည်း။ တောင်း​သ​မျှ​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 13,
      "text": "ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည် ယ​နေ့ အ​မိန့်​တော်​အ​တိုင်း နက်​ဖြန်​နေ့၌​လည်း ပြု​ရ​မည်​အ​ကြောင်း၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​ရ​မည် အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သည်​အ​တိုင်း၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 14,
      "text": "ရှင်​ဘု​ရင်​မိန့်​တော်​မူ၍ ရှု​ရှန်​နန်း​တော်၌ အ​မိန့်​တော်​ကို ထုတ်​ပြီး​မှ၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို ဆွဲ​ထား​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 15,
      "text": "ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ​တစ်​ဆယ်​လေး​ရက်​နေ့​တွင် စု​ဝေး၍၊ ရှု​ရှန်​မြို့​သား သုံး​ရာ​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း မ​ယူ​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 16,
      "text": "နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ခြား​တို့​သည် အာ​ဒါ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ မိ​မိ​တို့​အ​သက်​ကို စောင့်​လျက်၊ ရန်​သူ​လက်​သို့​မ​ရောက်​ဘဲ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ စု​ဝေး၍ ရန်​သူ ခု​နစ်​သောင်း​ငါး​ထောင်​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ နေ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 17,
      "text": "ထို​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင် ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 18,
      "text": "ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​များ​မူ​ကား၊ တစ်​ဆယ်​သုံး​ရက်​နေ့​နှင့် တစ်​ဆယ်​လေး​ရက်​နေ့​တွင်း စု​ဝေး​ကြ၏။ တစ်​ဆယ်​ငါး​ရက် မြောက်​သော​အ​ခါ ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 19,
      "text": "မြို့​ရိုး​မ​ရှိ​သော​ရွာ​တို့၌​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နေ့​ကို ပျော်​မွေ့​စွာ ပွဲ​ခံ​ရာ​နေ့၊ မင်္ဂ​လာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ရာ​နေ့ ဖြစ်​စေ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 20,
      "text": "တစ်​ဖန် မော်​ဒ​ကဲ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို ရေး​ထား၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 21,
      "text": "ယု​ဒ​လူ​တို့​သည် ရန်​သူ​လက်​မှ​လွတ်၍ ချမ်း​သာ​ရ​သော​နေ့၊ သူ​တို့​ဝမ်း​နည်း​ခြင်း​နှင့် မြည်​တမ်း​ခြင်း​ပျောက်၍ ဝမ်း​မြောက်​ခြင်း​နှင့်​ပျော်​မွေ့​ခြင်း​သို့ ရောက်​သော လ​တည်း​ဟူ​သော အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နှင့် တစ်​ဆယ်​ငါး​ရက်​နေ့​တို့​ကို နှစ်​တိုင်း​စောင့်၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်၍၊ ဆင်း​ရဲ​သော​သူ​တို့​အား စွန့်​ကြဲ​ရာ​နေ့​ဖြစ်​စေ​သော ထုံး​စံ​ကို စီ​ရင်​ခြင်း​ငှာ၊ ရှင်​ဘု​ရင် အာ​ရွှေ​ရု နိုင်​ငံ​တော်​အ​ပြည်​ပြည်၌ အ​နီး​အ​ဝေး​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​နေ​ရာ​သို့ မှာ​စာ​ကို ပေး​လိုက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 23,
      "text": "ယု​ဒ​လူ​တို့​သည်​လည်း၊ ပြု​စ​ရှိ၍ မော်​ဒ​ကဲ​မှာ​လိုက်​သည်​အ​တိုင်း အ​မြဲ​ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 24,
      "text": "ယု​ဒ​လူ​အ​ပေါင်း​တို့၏ ရန်​သူ​ဖြစ်​သော အာ​ဂတ်​အ​မျိုး၊ ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​သည် ယု​ဒ​အ​မျိုး​ကို ဖျက်​ဆီး​မည်​အ​ကြံ​ရှိ၍၊ ဖျက်​ဆီး​ပယ်​ရှင်း​ခြင်း​ငှာ ပု​ရ​စာ​ရေး​တံ ချ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 25,
      "text": "ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ယု​ဒ​လူ​တို့​တစ်​ဖက်၌ ဟာ​မန်​ကြံ​စည်​သော အ​ဓ​မ္မ​အ​ကြံ​ကို သူ၏​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်​အ​ကြောင်း၊ သူ​နှင့်​သူ၏​သား​တို့​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​စေ​မည် အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို ပေး​တော်​မူ​သည်​ဖြစ်၍​လည်း​ကောင်း၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 26,
      "text": "ပု​ရ​ဟူ​သော​စ​ကား​ကို အ​စွဲ​ပြု​သ​ဖြင့်၊ ထို​နေ့​ကို ပု​ရ​နေ့​ဟူ၍ ခေါ်​ဝေါ်​ကြ၏။ ထို​အ​မိန့်​တော်​စာ​ချက်​နှင့် ကိုယ်​တိုင်​တွေ့​မြင်​သော အ​မှု​ကို​ထောက်​လျက်၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 27,
      "text": "ယု​ဒ​လူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍ သား​မြေး၊ ဘာ​သာ​ဝင်​သူ အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မော်​ဒ​ကဲ​မှာ​စာ၌ စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ထို​နေ့ နှစ်​ရက်​ကို နှစ်​တိုင်း​အ​စဉ်​မ​ပြတ် စောင့်​မည်​အ​ကြောင်း၊"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 28,
      "text": "ထို​ပု​ရ​နေ့​တို့​သည် ယု​ဒ​အ​မျိုး၌ မ​ပျောက်၊ သား​စဉ်​မြေး​ဆက်​တို့​သည် မ​မေ့​မ​လျော့၊ အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး အ​စဉ်​အ​ဆက်​တို့​သည် အောက်​မေ့ စောင့်​ရှောက်​မည်​အ​ကြောင်း ဝန်​ခံ​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 29,
      "text": "ထို​အ​ခါ အ​ဘိ​ဟဲ​လ​သ​မီး မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​အ​မျိုး မော်​ဒ​ကဲ​တို့​သည်၊ ပု​ရ​နေ့​တို့​ကို မြဲ​မြံ​စွာ တည်​စေ​ခြင်း​ငှာ ကျပ်​တည်း​စွာ အာ​ဏာ​ထား၍ မှာ​စာ​ကို တစ်​ဖန်​ရေး​ထား​ကြ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 30,
      "text": "ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​နှင့် မိ​ဖု​ရား​ဧ​သ​တာ​မှာ​ထား၍၊ ယု​ဒ​လူ​တို့​သည် ကိုယ်​အ​ဖို့​နှင့် သား​စဉ်​မြေး​ဆက်​အ​ဖို့ စီ​ရင်​သည်​အ​တိုင်း၊ ချိန်း​ချက်​သော အ​ချိန်၌ အ​စာ​ရှောင်​ခြင်း၊ ဆု​တောင်း​ခြင်း​နှင့်​တ​ကွ ပု​ရ​နေ့​တို့​ကို အ​မြဲ​စောင့်​စေ​ခြင်း​ငှာ၊ အာ​ရွှေ​ရု​နိုင်​ငံ​တော်​တွင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့ နေ​ရာ​သို့ ငြိမ်​သက်​စေ​သော သ​စ္စာ​စ​ကား​နှင့် ထို​မှာ​စာ​ကို မော်​ဒ​ကဲ​ပေး​လိုက်​လေ၏။"
    },
    {
      "book": 17,
      "chapter": 9,
      "verse": 32,
      "text": "ဧ​သ​တာ​စီ​ရင်​သော​အား​ဖြင့်၊ ပု​ရ​နေ့​တို့​ကို စောင့်​ရာ​ထုံး​စံ​သည် အ​မြဲ​တည်၍ ဤ​စာ၌​ရေး​ထား လျက်​ရှိ​သ​တည်း။"
    },
    {
      "book": 17,
      "chapter": 10,
      "verse": 1,
      "text": "ရှင်​ဘု​ရင် အာ​ရွှေ​ရု​သည် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ ပင်​လယ်​တွင်​ရှိ​သော ကျွန်း​တို့​ပေါ်၌​လည်း​ကောင်း၊ ငွေ​တော်​ခွဲ​ကြောင်း အ​စ​ရှိ​သော၊"
    },
    {
      "book": 17,
      "chapter": 10,
      "verse": 2,
      "text": "အာ​ဏာ​တန်​ခိုး​တော်​နှင့် စီ​ရင်​သ​မျှ​သော အ​မှု​အ​ရာ​များ​နှင့်​တ​ကွ၊ ချီး​မြှောက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော မော်​ဒ​ကဲ၏ ဘုန်း​တန်​ခိုး၊ ထင်​ရှား​သော အ​ခြင်း​အ​ရာ​တို့​သည် မေ​ဒိ၊ ပေ​ရ​သိ​ရာ​ဇ​ဝင်​တို့၌ ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 17,
      "chapter": 10,
      "verse": 3,
      "text": "ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင် အာ​ရွှေ​ရု​အောက်၌ အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရ၍ ယု​ဒ​လူ​တို့​တွင် ဘုန်း​ကြီး၏။ မိ​မိ​အ​မျိုး၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​လျက်၊ အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​အား မင်္ဂ​လာ​စ​ကား​ကို​သာ ပြော​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ​သော​သူ ဖြစ်​သ​တည်း။ ဧ​သ​တာ​ဝ​တ္ထု​ပြီး၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 1,
      "text": "ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 2,
      "text": "သား​ခု​နစ်​ယောက်​နှင့် သ​မီး​သုံး​ယောက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 3,
      "text": "သူ၏​ဥ​စ္စာ​ကား၊ သိုး ခု​နစ်​ထောင်၊ ကု​လား​အုတ် သုံး​ထောင်၊ နွား​ယှဉ် ငါး​ရာ၊ မြည်း​မ ငါး​ရာ၊ ငယ်​သား​အ​တိုင်း​မ​သိ​များ​သည်​ဖြစ်၍၊ ထို​သူ​သည် အ​ရှေ့​မျက်​နှာ အ​ရပ်​သား​တ​ကာ​တို့​ထက် သာ၍​ကြီး​သော​သူ ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 4,
      "text": "ယော​ဘ၏​သား​တို့​သည် နှစ်​စဉ်​အ​တိုင်း အ​သီး​အ​သီး​ဖွား​သော နေ့​ရောက်​လျှင်၊ မိ​မိ​တို့​အိမ်၌ ပွဲ​ခံ​သ​ဖြင့်၊ နှ​မ​သုံး​ယောက်​ကို​လည်း ခေါ်၍ အ​တူ​စား​သောက်​လေ့ ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 5,
      "text": "ပွဲ​ခံ​သော​နေ့​ရက် လွန်​သော​အ​ခါ၊ ယော​ဘ​သည် သူ​တို့​ကို​ခေါ်၍ သန့်​ရှင်း​စေ​ပြီး​လျှင် နံ​နက်​စော​စော​ထ၍ သူ​တို့​အ​ရေ​အ​တွက်​အ​တိုင်း မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ့​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​သား​တို့​သည် မှား​ယွင်း၍ စိတ်​နှ​လုံး​ထဲ၌ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်​ကြ​ပြီ​လော​ဟု ယော​ဘ​အောက်​မေ့၏။ ထို​သို့ ယော​ဘ​သည် အ​စဉ်​ပြု​မြဲ​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ လာ​ရ​သော​နေ့​ရက်​အ​ချိန် ရောက်​လျှင်၊ စာ​တန်​သည်​လည်း သူ​တို့​နှင့်​ရော​နှော၍ လာ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်​သည်​ဟု စာ​တန်​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 9,
      "text": "စာ​တန်​က​လည်း၊ ယော​ဘ​သည်​အ​ကျိုး​မ​ရ​ဘဲ ဘု​ရား​ဝတ်​ကို ပြု​သ​လော။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 10,
      "text": "ကိုယ်​တော်​သည် သူ့​ကိုယ်​မှ​စ၍ သူ့​အိမ်​နှင့် သူ့​ဥ​စ္စာ​ရှိ​သ​မျှ​ပတ်​လည်၌ စောင်​ရန်း​ကာ​တော်​မူ​သည် မ​ဟုတ်​လော။ သူ​ပြု​လေ​သ​မျှ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ သူ့​သိုး​နွား​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် မြေ​ပေါ်​မှာ အ​လွန်​ပွား​များ​ကြ​ပြီ။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 11,
      "text": "ယ​ခု​မူ​ကား၊ လက်​တော်​ကို​ဆန့်၍ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် သင့်​လက်၌​ရှိ၏။ သူ့​ကိုယ်​တစ်​ခု​ကို​သာ မ​ထိ​မ​ခိုက်​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 13,
      "text": "တစ်​နေ့​သ၌ ယော​ဘ၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်​တွင် စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​စဉ်၊"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 14,
      "text": "ယော​ဘ​ထံ​သို့ တစ်​မန်​တစ်​ယောက်​လာ၍၊ နွား​တို့​သည် လယ်​ထွန်​လျက်၊ သူ​တို့​အ​နား​မှာ မြည်း​မ​တို့​သည် ကျက်​စား​လျက်​ရှိ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 15,
      "text": "ရှေ​ဘ​အ​မျိုး​သား​တို့​သည် တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 16,
      "text": "ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ဘု​ရား​သ​ခင်၏​မီး​သည် မိုး​ကောင်း​ကင်​မှ ကျ​သ​ဖြင့်၊ သိုး​များ​နှင့် လူ​စောင့်​များ​တို့​ကို လောင်၍ သူ​တို့​သည် ကျွမ်း​ကုန်​ကြ​ပါ​ပြီ။ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 17,
      "text": "ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ခါ​လ​ဒဲ​အ​မျိုး​သား တပ်​သုံး​တပ်​တို့​သည် ချီ၍ ကု​လား​အုတ်​တို့​ကို တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 18,
      "text": "ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ကိုယ်​တော်၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်၌ စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 19,
      "text": "တော​မှ လေ​ကြီး​လာ၍ အိမ်​လေး​ထောင့်​ကို တိုက်​သ​ဖြင့်၊ အိမ်​သည် ထို​လု​လင်​တို့​အ​ပေါ်၌ ပြို​လဲ​ပါ၏။ သူ​တို့​သည်​သေ၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 20,
      "text": "ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 21,
      "text": "အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။"
    },
    {
      "book": 18,
      "chapter": 1,
      "verse": 22,
      "text": "ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း မ​မှား​ယွင်း။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း အ​ပြစ်​မ​တင်​ဘဲ နေ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ဘု​ရား​သ​ခင်၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ လာ​ရ​သော​နေ့​ရက်​အ​ချိန်​ရောက်​လျှင်၊ စာ​တန်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ သူ​တို့​နှင့်​အ​တူ​လာ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ​လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 4,
      "text": "စာ​တန်​က​လည်း၊ အ​ရေ​ဖို့​အ​ရေ​ဟု ဆို​သ​ကဲ့​သို့၊ လူ​သည် မိ​မိ​အ​သက်​ဖို့ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ပေး​ပါ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 5,
      "text": "ယ​ခု​တစ်​ဖန် လက်​တော်​ကို​ဆန့်၍ သူ့​အ​ရိုး​နှင့်​သူ့​အ​သား​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​သည် သင့်​လက်၌​ရှိ၏။ သူ့​အ​သက်​တစ်​ခု​ကို​သာ လွတ်​စေ​ဟု​မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 7,
      "text": "စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 8,
      "text": "ယော​ဘ​သည် ကိုယ်​ကို​ခြစ်​စ​ရာ အိုး​ခြမ်း​ကို ကိုင်​ယူ၍ မီး​ဖို​ပြာ​ထဲ​မှာ ထိုင်​လေ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 9,
      "text": "ထို​အ​ခါ​မ​ယား​က၊ သင်​သည် ဖြောင့်​မတ်​သော​တ​ရား​ကို စွဲ​လမ်း​သေး​သ​လော။ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်၍ သေ​လော့​ဟု​ဆို၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 10,
      "text": "ယော​ဘ​က​လည်း၊ မိန်း​မ​မိုက်​ပြော​တတ်​သ​ကဲ့​သို့ သင်​သည်​ပြော၏။ အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​လက်​တော်​မှ သု​ခ​ချမ်း​သာ​ကို ခံ​ယူ​သည်​ဖြစ်၍၊ ဒု​က္ခ​ဆင်း​ရဲ​ကို မ​ခံ​မ​ယူ​ရာ​သ​လော​ဟု ဆို၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း နှုတ်​ဖြင့်​မျှ မ​မှား​ယွင်း။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 11,
      "text": "ထို​အ​ခါ တေ​မန်​အ​မျိုး​သား​ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တည်း​ဟူ​သော ယော​ဘ၏​အ​ဆွေ​ခင်​ပွန်း သုံး​ယောက်​တို့​သည်၊ သူ၌​ရောက်​သော ဤ​အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သ​တင်း​ကြား​လျှင်၊ ယော​ဘ​နှင့်​အ​တူ ညည်း​တွား၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ စည်း​ဝေး​မည် ချိန်း​ချက်​သည်​အ​တိုင်း၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ ရောက်​လာ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 12,
      "text": "ထို​သူ​တို့​သည် အ​ဝေး​က​မျှော်​ကြည့်၍ ယော​ဘ​ကို​မ​သိ​လျှင်၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ဆုတ်၍ မြေ​မှုန့်​ကို​ယူ​ပြီး​လျှင် မိ​မိ​တို့ ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​သို့ ပစ်​တင်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 2,
      "verse": 13,
      "text": "ခု​နစ်​ရက်​ပတ်​လုံး ယော​ဘ​နှင့်​အ​တူ မြေ​ပေါ်​မှာ​ထိုင်၍၊ သူ​သည် ပြင်း​စွာ​သော​ဆင်း​ရဲ ခံ​ရ​ကြောင်း​ကို သိ​မြင်​လျှင်၊ အ​ဘယ်​သူ​မျှ စ​ကား​မ​ပြော​မ​ဆို​ဘဲ နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 1,
      "text": "ထို​နောက်၊ ယော​ဘ​သည် နှုတ်​ကို​ဖွင့်၍"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 2,
      "text": "မိ​မိ​ဖွား​သော​နေ့​ရက်​ကို ကျိန်​ဆဲ​လျက် မြွက်​ဆို​သည်​ကား။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 3,
      "text": "ငါ​ဖွား​သော​နေ့​ရက် ပျက်​စီး​ပါ​စေ။ သား​ယောက်ျား​ကို ပ​ဋိ​သ​န္ဓေ​ယူ​ပြီ​ဟု သ​တင်း​ကြား​ပြော​သော​ည​လည်း ပျက်​စီး​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 4,
      "text": "ထို​နေ့​ရက် မိုက်​ပါ​စေ။ ဘု​ရား​သ​ခင်​သည် မျက်​နှာ​ပြု​တော်​မ​မူ​ပါ​စေ​နှင့်။ အ​လင်း မ​ပေါ်​ထွန်း​ပါ​စေ​နှင့်၊"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 5,
      "text": "မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​သည် ထို​နေ့​ရက်​အ​သ​ရေ​ကို ရှုတ်​ချ​ပါ​စေ။ မိုး​တိမ်​ထပ် လွှမ်း​မိုး​ပါ​စေ။ မွန်း​တည့်​အ​ရှိန်​ဖြင့် ကြောက်​မက်​ဖွယ် ဖြစ်​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 6,
      "text": "ထို​ည​သည်​မှောင်​မိုက်၌ ပျောက်​ပါ​စေ။ နှစ်​စဉ်​နေ့​ရက်​တို့​နှင့် မ​ပေါင်း​ပါ​စေ​နှင့်၊"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 7,
      "text": "လ​အ​ရေ​အ​တွက်၌ မ​ဝင်​ပါ​စေ​နှင့်။ အော်၊ ထို​ည​သည် ဆိတ်​ညံ​ပါ​စေ။ ရွှင်​လန်း​သော​အ​သံ မ​ရှိ​ပါ​စေ​နှင့်။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 8,
      "text": "နေ့​ရက်​ကို​ရွေး၍ ကျိန်​ဆဲ​တတ်​သော​သူ၊ မိ​ကျောင်း​ကို ထ​စေ​တတ်​သော​သူ​တို့​သည် ထို​ည​ကို ကျိန်​ဆဲ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 9,
      "text": "ညဉ့်​ဦး​ယံ​ကြယ်​တို့​သည် မိုက်​ပါ​စေ။ ထို​ည​သည် အ​လင်း​ကို​တောင့်​တ၍ မ​ရ​ပါ​စေ​နှင့်။ နံ​နက်​မိုး​လင်း​ကို မ​မြင်​ပါ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 10,
      "text": "ငါ့​အ​မိ၏​ဝမ်း​ကို ပိတ်​မ​ထား၊ ဒု​က္ခ​ဆင်း​ရဲ​ကို ငါ​မ​မြင်​စေ​ခြင်း​ငှာ မ​ကွယ်​မ​ကာ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 11,
      "text": "ငါ​သည်​မွေး​စ​က အ​ဘယ်​ကြောင့် မ​သေ​သ​နည်း။ အ​မိ​ဝမ်း​ထဲ​မှ​ထွက်​စ​က အ​ဘယ်​ကြောင့် အ​သက်​မ​ချုပ်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 12,
      "text": "ငါ့​ကို​အ​ဘယ်​ကြောင့် ပိုက်​ပွေ့​ရ​သ​နည်း။ အ​ဘယ်​ကြောင့် နို့​တိုက်​ရ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 13,
      "text": "ထို​သို့​မ​ပြု​လျှင် ငါ​သည်​အိပ်၍ ငြိမ်း​ပြီ။ ပျော်​လျက်​နေ​ရ​ပြီ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 14,
      "text": "မြို့​ပျက်​တို့​ကို ပြင်​ဆင်​ပြု​စု​သော လော​ကီ​ရှင်​ဘု​ရင်၊"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 15,
      "text": "မှူး​မတ်​တို့​နှင့်​လည်း​ကောင်း၊ ရွှေ​ကို​ရ​တတ်၍ ဘ​ဏ္ဍာ​တိုက်၌ ငွေ​ကို​အ​ပြည့်​သို​ထား​သော မင်း​တို့​နှင့်​လည်း​ကောင်း ငါ​ငြိမ်း​ရ​ပြီ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 16,
      "text": "သို့​မ​ဟုတ် အ​ချိန်​နေ့​လ​မ​စေ့​မီ မွေး​သော​သူ​ငယ်၊ အ​လင်း​ကို မ​မြင်​ရ​သော​သူ​ငယ်​ကဲ့​သို့ ငါ​ပျက်​စီး​ရ​ပြီ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 17,
      "text": "ထို​အ​ရပ်၌ လူ​ဆိုး​တို့​သည် နောက်​တစ်​ဖန် မ​နှောင့်​ယှက်​ရ။ ပင်​ပန်း​သော​သူ​တို့​သည် ချမ်း​သာ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 18,
      "text": "အ​ချုပ်​ခံ​ရ​သော​သူ​တို့​သည်​လည်း အ​တူ​ငြိမ်​ဝပ်​ရ​ကြ၏။ ညှဉ်း​ဆဲ​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​ရ​ကြ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 19,
      "text": "ထို​အ​ရပ်၌ ကြီး​သော​သူ​နှင့် ငယ်​သော​သူ​ရှိ​ကြ၏။ ကျွန်​သည်​လည်း သ​ခင်​လက်​နှင့် လွတ်​ရ၏။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 20,
      "text": "ဒု​က္ခ​ဆင်း​ရဲ​ခံ​ရ​သော​သူ​အား အ​ဘယ်​ကြောင့် အ​လင်း​ကို​ပေး​သ​နည်း။ စိတ်​နှ​လုံး​ခါး​သော​သူ​အား အ​ဘယ်​ကြောင့် အ​သက်​ကို​ပေး​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 21,
      "text": "သူ​တို့​သည် သေ​ခြင်း​ကို တောင့်​တ၍​မ​ရ​နိုင်။ ဝှက်​ထား​သော​ဥ​စ္စာ​ကို ဖော်​ခြင်း​ငှာ တူး​သည်​ထက် သေ​ခြင်း​အ​ကြောင်း​ကို ဖော်​ခြင်း​ငှာ သာ၍​တူး​ကြ၏။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 22,
      "text": "သူ​တို့​သည် သင်္ချိုင်း​တွင်း​ကို တွေ့​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်၍ အ​ထူး​သ​ဖြင့် ရွှင်​လန်း​ကြ၏။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 23,
      "text": "မိ​မိ​သွား​သော​လမ်း ကွယ်​ပျောက်​သော​သူ၊ ဘု​ရား​သ​ခင် ဆီး​ကာ​ချုပ်​ထား​သော​သူ​အား အ​လင်း​နှင့်​အ​သက်​ကို အ​ဘယ်​ကြောင့် ပေး​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 24,
      "text": "အ​စာ​စား​ခြင်း​အ​ရာ၌ ငါ​ညည်း​တွား​ခြင်း ရှိ၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း မျက်​ရည်​သည်​လည်း ရေ​စီး​သ​ကဲ့​သို့​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 25,
      "text": "ငါ​ကြောက်​သော​အ​မှု​သည် ငါ၌​ရောက်​လာ​ပြီ။ ငါ​အ​လွန်​ကြောက်​သော​ဘေး​သည် ငါ့​ကို​တွေ့​မိ​ပြီ။"
    },
    {
      "book": 18,
      "chapter": 3,
      "verse": 26,
      "text": "ငါ​သည် ငြိမ်​ဝပ်​ခြင်း​မ​ရှိ။ ချမ်း​ဧ​ခြင်း​မ​ရှိ။ သက်​သာ​ခြင်း​မ​ရှိ။ ဒု​က္ခ​ဆင်း​ရဲ​သက်​သက် ရှိ​သည်​ဟု မြွက်​ဆို​လေ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 1,
      "text": "ထို​အ​ခါ တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 2,
      "text": "ငါ​တို့​သည် သင်​နှင့်​နှုတ်​ဆက်​စမ်း​လျှင်၊ သင်​သည် စိတ်​ပျက်​ကောင်း​ပျက်​လိမ့်​မည်။ သို့​သော်​လည်း၊ အ​ဘယ်​သူ​သည် စ​ကား​မ​ပြော​ဘဲ နေ​နိုင်​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 3,
      "text": "သင်​သည် လူ​အ​များ​တို့​ကို ဆုံး​မ​ပြီ။ လက်​မ​စွမ်း​သော​သူ​တို့​ကို ခိုင်​ခံ့​စေ​ပြီ။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 4,
      "text": "သင်၏​စ​ကား​သည် လဲ​လု​သော​သူ​ကို ထောက်​မ​ပြီ။ နုန့်​နဲ့​သော​ဒူး​တို့​ကို​လည်း တည့်​စေ​ပြီ။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 5,
      "text": "ယ​ခု​မူ​ကား၊ ကိုယ်​တိုင်​အ​မှု​တွေ့၍ စိတ်​ပျက်၏။ အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့် မိန်း​မော​တွေ​ဝေ​လျက် နေ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 6,
      "text": "သင်၏ ရို​သေ​သော​သ​ဘော၊ ယုံ​ကြည်​ကိုး​စား​သော​သ​ဘော၊ မျှော်​လင့်​သော​သ​ဘော၊ တည်​ကြည်​သော​သ​ဘော၊ တ​ရား​သ​ဖြင့် ကျင့်​တတ်​သော​သ​ဘော​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 7,
      "text": "အ​ပြစ်​နှင့်​ကင်း​လွတ်​လျက်​ပင် ပျက်​စီး​ခြင်း​သို့ အ​ဘယ်​သူ​ရောက်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​အ​ရပ်၌ ဆုံး​သ​နည်း​ဟု ဆင်​ခြင်​ပါ​လော့။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 8,
      "text": "ငါ​သိ​မြင်​သည်​အ​တိုင်း၊ မ​တ​ရား​သော​လယ်​ထွန်​ခြင်း​ကို ပြု​သော​သူ​နှင့် အ​ဓ​မ္မ​မျိုး​စေ့​ကို ကြဲ​သော​သူ​တို့​သည် ထို​သို့​နှင့်​အ​ညီ စ​ပါး​ရိတ်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 9,
      "text": "ဘု​ရား​သ​ခင် မှုတ်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​ပျက်​စီး၍၊ ရှူ​တော်​မူ​သော အ​သက်​ဖြင့်​လည်း ဆုံး​ရှုံး​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 10,
      "text": "ခြင်္သေ့​ဟောက်​ခြင်း၊ ကြမ်း​တမ်း​သော ခြင်္သေ့​အ​သံ​မြည်​ခြင်း၊ ခြင်္သေ့​က​လေး​ကိုက်​ဝါး​ခြင်း ငြိမ်း​ရ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 11,
      "text": "ဖမ်း၍ စား​စ​ရာ​မ​ရှိ​သော​ကြောင့်၊ ကြမ်း​တမ်း​သော​ခြင်္သေ့​သည် သေ၍၊ ခြင်္သေ့​မ၏​သား​ငယ်​တို့​သည် အ​ရပ်​ရပ် ကွဲ​ပြား​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 12,
      "text": "တစ်​ရံ​ရော​အ​ခါ ငါ​သည် တိတ်​ဆိတ်​စွာ ဗျာ​ဒိတ်​တော်​ကို​ရ၍ တိုး​သော​အ​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 13,
      "text": "လူ​တို့​သည်​ကြီး​စွာ​သော အိပ်​ပျော်​ခြင်း​သို့​ရောက်၍၊ ထူး​ဆန်း​သော​ရူ​ပါ​ရုံ ထင်​ရှား​ရာ​ကာ​လ ည​အ​ချိန်၌ ငါ​အောက်​မေ့​စဉ်​တွင်၊"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 14,
      "text": "ငါ့​အ​ရိုး​များ တုန်​လှုပ်​သည်​တိုင်​အောင်၊ ငါ​အ​လွန်​ကြောက်​အား​ကြီး၍ ထိတ်​လန့်​လျက်​နေ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 15,
      "text": "ဝိ​ညာဉ်​တစ်​ပါး​သည် ငါ့​ရှေ့၌ ကန့်​လန့်​လျှောက်​သွား၍၊ ငါ​သည် ကြက်​သီး​မွေး​ညင်း ထ​လေ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 16,
      "text": "ထို​ဝိ​ညာဉ်​သည် ရပ်​နေ၍၊ ပုံ​သ​ဏ္ဌာန်​လည်း သေ​ချာ​စွာ​မ​ထင်​မ​ရှား အ​ရိပ်​ကို​သာ ငါ​မြင်​ရ၏။ ငြင်း​သော​အ​သံ​ရှိ၍ ငါ​ကြား​သော​စ​ကား​သံ ဟူ​မူ​ကား၊"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 17,
      "text": "သေ​တတ်​သော​လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​မှာ ဖြောင့်​မတ်​ခြင်း​ရှိ​ရ​သ​လော။ လူ​သ​တ္တ​ဝါ​သည် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ရှေ့​မှာ သန့်​ရှင်း​ခြင်း​ရှိ​ရ​သ​လော။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 18,
      "text": "အ​မှု​တော်​ထမ်း​တို့​ကို ယုံ​တော်​မ​မူ။ ကောင်း​ကင်​တ​မန်​တော်​တို့၌ စုံ​လင်​ခြင်း​မ​ရှိ​ဟု ထင်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 19,
      "text": "သို့​ဖြစ်​လျှင် မြေ​မှုန့်၌​တည်၍ မြေ​ထဲ​တွင်​နေ​တတ်​သော သူ​တို့​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​အံ့​နည်း။ ထို​သူ​တို့​ကို ပိုး​ရွ​ပင်​နိုင်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 20,
      "text": "တစ်​နေ့​ချင်း​တွင် ပျက်​စီး​တတ်​ကြ၏။ အ​ဘယ်​သူ​မျှ ပ​မာ​ဏ​မ​ပြု​ဘဲ အ​စဉ်​ဆုံး​ရှုံး​ခြင်း​သို့ ရောက်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 4,
      "verse": 21,
      "text": "သူ​တို့၏​ဂုဏ်​အ​သ​ရေ ကွယ်​ပျောက်၍ သူ​တို့​သည် ပ​ညာ​မ​ရှိ​ဘဲ သေ​သွား​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 1,
      "text": "ယ​ခု ဟစ်​ခေါ်​ပါ။ အ​ဘယ်​သူ ထူး​လိမ့်​မည်​နည်း။ သန့်​ရှင်း​သူ​တို့​တွင် အ​ဘယ်​သူ​ကို ကြည့်​မျှော်​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 2,
      "text": "ဒေါ​သ​သည် လူ​မိုက်​ကို​ဖျက်​ဆီး​တတ်၏။ ပ​ညာ​မ​ရှိ​သော သူ​သည်​လည်း ငြူ​စူ​သော​သ​ဘော​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 3,
      "text": "မိုက်​သော​သူ​အ​မြစ်​စွဲ​သည်​ကို ငါ​မြင်​သော​အ​ခါ၊ သူ၏​နေ​ရာ​ကို ချက်​ချင်း​ကျိန်​ဆဲ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 4,
      "text": "သူ၏​သား​သ​မီး​တို့​သည် ဘေး​လွတ်​ရာ​အ​ရပ်​နှင့် ဝေး​ကြ၏။ ရုံး​တော်​ရှေ့၌ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကယ်​နုတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 5,
      "text": "သူ​ရိတ်​သော​စ​ပါး​ကို မွတ်​သိပ်​သော​သူ​သည်၊ ဆူး​ပင်​ကာ​သော​ခြံ​အ​ထဲ​က ယူ​သွား၍ စား​တတ်၏။ သူ၏​ပ​စ္စည်း​ဥ​စ္စာ​ကို​လည်း ရေ​ငတ်​သော​သူ​သည် မျို​တတ်၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 6,
      "text": "မြေ​မှုန့်​ထဲ​က အ​မှု​ရောက်​သည်​မ​ဟုတ်။ ဒု​က္ခ​သည် မြေ​ပေါ်​မှာ မ​ပေါက်​တတ်။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 7,
      "text": "မီး​ပွား​တို့​သည် အ​ထက်​သို့ ပျံ​တက်​သည်​နည်း​တူ၊ လူ​သည် ဒု​က္ခ၌​ကျင်​လည်​ခြင်း​ငှာ မွေး​ဖွား၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 8,
      "text": "ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို မျှော်​လင့်​မည်။ ကိုယ်​အ​မှု​ကို ဘု​ရား​သ​ခင်၌ အပ်​မည်။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​သည် ကြီး​သော​အ​မှု၊ စစ်၍ မ​ကုန်​နိုင်​သော​အ​မှု၊ ရေ​တွက်၍​မ​ဆုံး၊ အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 10,
      "text": "မြေ​ပေါ်​မှာ မိုး​ရွာ​စေ​သ​ဖြင့် လယ်​တို့၌ ရေ​ကို​ပေး​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 11,
      "text": "ထို​သို့ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ ငြို​ငြင်​သော​သူ​တို့​ကို​လည်း ဝမ်း​သာ​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 12,
      "text": "ပ​ရိ​ယာယ်​ပြု​သော​သူ​တို့၏ အ​မှု​ကို မ​အောင်​စေ​ခြင်း​ငှာ သူ​တို့​အ​ကြံ​ကို ဖျက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 13,
      "text": "ပ​ညာ​ရှိ​တို့​ကို သူ​တို့၏​ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏။ လှည့်​စား​တတ်​သော​သူ​တို့၏ တိုင်​ပင်​ခြင်း​ကို အ​ချည်း​နှီး ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 14,
      "text": "ထို​သူ​တို့​သည် နေ့​အ​ချိန်၌ မှောင်​မိုက်​ကို​တွေ့၍၊ ည​အ​ချိန်၌​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ စမ်း​သပ်​လျက် သွား​လာ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 15,
      "text": "ထို​သူ​တို့​စီ​ရင်​သော ဓား​ဘေး​မှ​လည်း​ကောင်း၊ အား​ကြီး​သော​သူ​တို့၏ လက်​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​ကို ကယ်​နုတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 16,
      "text": "ထို​သို့ ဆင်း​ရဲ​သား​တို့​သည် မျှော်​လင့်​ရာ​အ​ခွင့် ရှိ​ကြ၏။ အ​ဓ​မ္မ​သည်​လည်း မိ​မိ​နှုတ်​ကို ပိတ်​ထား​ရ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 17,
      "text": "အ​ပြစ်​နှင့်​အ​လျောက် ဘု​ရား​သ​ခင် စစ်​ဆေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထို​ကြောင့် အ​န​န္တ​တန်​ခိုး​ရှင် ဆုံး​မ​တော်​မူ​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု​ပါ​နှင့်။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 18,
      "text": "ထို​အ​ရှင်​သည် အ​နာ​ကို​ဖြစ်​စေ၍၊ ထို​အ​နာ​ကို​လည်း စည်း​စေ​တော်​မူ၏။ ဒဏ်​ခတ်​တော်​မူ၍ လက်​တော်​နှင့် သက်​သာ​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 19,
      "text": "သင့်​ကို အ​မှု​ခြောက်​ပါး​ထဲ​က နုတ်​ယူ​တော်​မူ​သည် သာ​မ​က၊ ခု​နစ်​ပါး​သော​အ​မှု၌​လည်း ဘေး​တစ်​စုံ​တစ်​ခု​မျှ မ​ထိ​မ​ခိုက်​ရ။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 20,
      "text": "အ​စာ​ခေါင်း​ပါး​သော​အ​ခါ သေ​ဘေး​မှ​လည်း​ကောင်း၊ စစ်​တိုက်​သော​အ​ခါ ဓား​ဘေး​မှ​လည်း​ကောင်း၊ သင့်​ကို ရွေး​နုတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 21,
      "text": "သင်​သည် ကဲ့​ရဲ့​ခြင်း​ဘေး​နှင့် ကင်း​လွတ်၍ ပျက်​စီး​ခြင်း​ဘေး ရောက်​သော်​လည်း မ​ကြောက်​ရ။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 22,
      "text": "ပျက်​စီး​ခြင်း​ဘေး​နှင့် အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကို ရယ်​မော၍ တော​သား​ရဲ​တို့​ကို​လည်း မ​ကြောက်​ရ။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ လယ်၌​ကျောက်​ခဲ​တို့​သည် သင်​နှင့်​ပ​ဋိ​ညာဉ်​ပြု၍ တော​သား​ရဲ​တို့​သည် သင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 24,
      "text": "သင်​သည် ကိုယ်​အိမ်၌ ငြိမ်​သက်​ခြင်း​ရှိ​ကြောင်း​ကို တွေ့၍ ကိုယ်​နေ​ရာ​အ​ရပ်​သို့ ပြန်​ရောက်​သော​အ​ခါ စိတ်​ပျက်​စ​ရာ​အ​ကြောင်း မ​ရှိ​ရ။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 25,
      "text": "သင်၌ သား​သ​မီး​များ​ပြား၍၊ သင့်​အ​မျိုး​အ​နွယ်​သည် မြေ​ပေါ်​မှာ မြက်​ပင်​နှင့်​အ​မျှ ဖြစ်​ကြောင်း​ကို တွေ့​မြင်​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 26,
      "text": "အ​ချိန်​တန်​လျှင် သိမ်း​ယူ​သော​ကောက်​လှိုင်း​ကဲ့​သို့၊ သင်​သည် အ​သက်​ကြီး​ရင့်၍ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 5,
      "verse": 27,
      "text": "ဤ​အ​မှု​ကို ငါ​တို့​သည် စစ်​ဆေး၍ ယ​ခု​ပြော​သည်​အ​တိုင်း မှန်​ပါ၏။ နား​ထောင်​ပါ။ အ​သင့်​နှ​လုံး​သွင်း​ထား​ပါ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 1,
      "text": "တစ်​ဖန် ယော​ဘ​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 2,
      "text": "ငါ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို သေ​ချာ​စွာ ချိန်​တွယ်​ပါ​စေ။ ငါ​ခံ​ရ​သော ဒု​က္ခ​များ​ကို​လည်း ချိန်​ခွင်၌ စု​ထား​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 3,
      "text": "သို့​ဖြစ်​လျှင် သ​မု​ဒ္ဒ​ရာ​သဲ​ထက်​သာ၍ လေး​လိမ့်​မည်။ ထို​ကြောင့် ငါ့​စ​ကား​လွန်​မိ​ပြီ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 4,
      "text": "အ​န​န္တ​တန်​ခိုး​ရှင် ပစ်​တော်​မူ​သော မြား​တို့​သည် ငါ၌​စွဲ၍၊ အ​ဆိပ်​အ​တောက်​ဖြင့် ငါ့​ဝိ​ညာဉ်​ကို မွန်း​စေ၏။ ဘု​ရား​သ​ခင်​ပြ​တော်​မူ​သော ကြောက်​မက်​ဖွယ်​အ​ရာ​တို့​သည် ငါ့​ရှေ့​မှာ စီ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 5,
      "text": "တော​မြည်း​သည် မြက်​ပင်​ပေါ​သော​အ​ခါ မြည်​တတ်​သ​လော။ နွား​သည် စား​စ​ရာ​ရှိ​သော​အ​ခါ အော်​တတ်​သ​လော။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 6,
      "text": "မ​မြိန်​သော​အ​ရာ​ကို ဆား​မ​ပါ​ဘဲ စား​နိုင်​သ​လော။ ကြက်​ဥ​အ​ကာ​သည် ဆိမ့်​သော​အ​ရ​သာ ရှိ​သ​လော။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 7,
      "text": "လက်​နှင့်​မျှ မ​တို့​နိုင်၊ ငါ​မ​နှစ်​သက်​နိုင်​သော​အ​ရာ​ကို ရွံ​လျက်​နှင့် ငါ​စား​ရ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 8,
      "text": "ငါ​တောင်း​သော​အ​ရာ​ကို ရ​ပါ​စေ။ ငါ​တောင့်​တ​သော​အ​ရာ​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 9,
      "text": "တောင့်​တ​သော​အ​ရာ ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို ဖျက်​ဆီး​တော်​မူ​ပါ​စေ။ လက်​တော်​ကို​ဆန့်၍ ငါ့​ကို ဆုံး​စေ​တော်​မူ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 10,
      "text": "ထို​သို့​ဖြစ်​လျှင် ငါ​သည် သက်​သာ​ရ၏။ ငြို​ငြင်​သော်​လည်း သည်း​ခံ​မည်။ ငါ့​ကို နှ​မြော​တော်​မ​မူ​ပါ​စေ​နှင့်။ သန့်​ရှင်း​တော်​မူ​သော​သူ၏ စ​ကားတော်​ကို ငါ​မ​ငြင်း​မ​ဆန်​ပြီ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 11,
      "text": "ငါ​မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ရ​မည်​အ​ကြောင်း၊ ငါ့​ခွန်​အား​ကား အ​ဘယ်​သို့​နည်း။ ငါ​သည် ကိုယ်​အ​သက်​ကို စောင့်​ရ​မည်​အ​ကြောင်း၊ နောက်​ဆုံး​ခံ​ရ​သော အ​ကျိုး​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 12,
      "text": "ငါ့​ခွန်​အား​သည် ကျောက်​ခွန်​အား ဖြစ်​သ​လော။ ငါ့​အ​သား​သည် ကြေး​ဝါ​ဖြစ်​သ​လော။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 13,
      "text": "ငါ​သည် ကိုယ်​ကို​မ မ​စ​နိုင်။ ငါ့​ဉာဏ်​လည်း ကုန်​ပြီ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 14,
      "text": "ဆင်း​ရဲ​ခြင်း​သို့​ရောက်​သော​သူ၏ အ​ဆွေ​ခင်​ပွန်း​သည် သ​နား​အပ်၏။ မ​သ​နား​လျှင် အ​န​န္တ​တန်​ခိုး​ရှင်​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ကင်း​လွတ်၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 15,
      "text": "ငါ့​ညီ​အစ်​ကို​တို့​သည် ချောင်း​ရေ​ကဲ့​သို့ လှည့်​စား၍၊ ချိုင့်၌​စီး​သော​ရေ​ကဲ့​သို့ ရွေ့​သွား​ကွယ်​ပျောက် တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 16,
      "text": "ထို​ချောင်း​ရေ​သည် ရေ​ခဲ​ကြောင့်​လည်း​ကောင်း၊ မ​ထင်​ရှား​သော မိုး​ပွင့်​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 17,
      "text": "အ​လွန်​စီး​တတ်​သော်​လည်း၊ နွေး​သော​အ​ခါ ကွယ်​ပျောက်​တတ်၏။ နေ​ပူ​သော​အ​ခါ မိ​မိ​နေ​ရာ၌ ခန်း​ခြောက်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 18,
      "text": "ထို​ရေ​စီး​သော​ချောင်း​တို့​သည် လွဲ​သွား၍ တ​ရွေ့​တ​ရွေ့ ကွယ်​ပျောက်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 19,
      "text": "တေ​မန်​အ​မျိုး​သား အ​စု​အ​ဝေး​တို့​သည် ရှာ​ကြ၏။ ရှေ​ဘ​ပြည်​မှ ခ​ရီး​သွား​သော​သူ အ​စု​အ​ဝေး​တို့​သည် မျှော်​လင့်​လျက် လာ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 20,
      "text": "မျှော်​လင့်၍ စိတ်​ပျက်​ကြ၏။ ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ ရှက်​ကြောက်​လျက် နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 21,
      "text": "ထို​အ​တူ သင်​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ငါ​နှိမ့်​ချ​ခြင်း​ကို​မြင်​လျှင် ဆုတ်၍​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 22,
      "text": "ငါ့​ထံ​သို့ လက်​ဆောင်​ကို ယူ​ခဲ့​ကြ​ပါ။ သင်​တို့ ပ​စ္စည်း​ဥ​စ္စာ​ထဲ​က​ထုတ်၍ ငါ့​ကို​ပေး​ကြ​ပါ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 23,
      "text": "ရန်​သူ​လက်​မှ ငါ့​ကို​ကယ်​ယူ​ကြ​ပါ။ သူ​ရဲ​လက်​မှ​ရွေး​နုတ်​ကြ​ပါ​ဟု ငါ​ပြော​သ​လော။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 24,
      "text": "ငါ့​ကို ဆုံး​မ​ကြ​ပါ။ တိတ်​ဆိတ်​လျက်​နေ​ပါ​မည်။ ငါ​မှား​သော​အ​ရာ​ကို ငါ့​အား​ဖော်​ပြ​ကြ​ပါ။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 25,
      "text": "မှန်​သော​စ​ကား​သည် တန်​ခိုး​ကြီး၏။ သင်​တို့ ကဲ့​ရဲ့​သော​စ​ကား​သည် အ​ဘယ်​မှာ နေ​ရာ​ကျ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 26,
      "text": "ငါ​စ​ကား​ပြော​ရုံ​ကာ​မျှ​ကို အ​ပြစ်​တင်​မည် ကြံ​စည်​ကြ​သ​လော။ မျှော်​လင့်​စ​ရာ​မ​ရှိ​သော​သူ ပြော​သော​စ​ကား​သည် လေ​သက်​သက်​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 27,
      "text": "အ​ကယ်၍​သင်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ်​ကို နှိပ်​စက်​ကြ၏။ အ​ဆွေ​ခင်​ပွန်း​ဖို့ တွင်း​ကို​တူး​ကြ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 28,
      "text": "ငါ့​ကို​စိတ်​မ​ရှိ​ဘဲ ကြည့်​ရှု​ကြ​ပါ​လော့။ သင်​တို့​ရှေ့​မှာ ငါ​လှည့်​စား​သ​လော။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 29,
      "text": "ပြန်၍ ဆင်​ခြင်​ကြ​ပါ။ မ​တ​ရား​သ​ဖြင့် မ​ပြု​ကြ​ပါ​နှင့်။ ပြန်၍ ဆင်​ခြင်​ကြ​ပါ။ ဤ​အ​မှု၌ ငါ​သည် ဖြောင့်​မတ်​ပါ၏။"
    },
    {
      "book": 18,
      "chapter": 6,
      "verse": 30,
      "text": "ငါ့​လျှာ၌ ကောက်​သော​သ​ဘော ရှိ​သ​လော။ ငါ​သည် မြည်း​စမ်း၍ အ​ပြစ်​ပါ​သော​အ​ရာ​ကို ပိုင်း​ခြား မ​သိ​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 1,
      "text": "လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပင်​ပန်း​စွာ​အ​မှု​ထမ်း​ရ​သည် မ​ဟုတ်​လော။ သူ​နေ​ရ​သော နေ့​ရက်​တို့​သည် အ​ငှား​ခံ​သော​သူ၏ နေ့​ရက်​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 2,
      "text": "ကျွန်​ခံ​ရ​သော​သူ​သည် မိုး​ချုပ်​သော​အ​ချိန်​ကို တောင့်​တ၍၊ အ​ငှား​ခံ​သော​သူ​သည် အ​ခ​ရ​မည့်​အ​ချိန်​ကို မျှော်​လင့်​သ​ကဲ့​သို့၊"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 3,
      "text": "ထို​နည်း​တူ ငါ​သည် ဒု​က္ခ​နေ့​လ​တို့​နှင့် ဆိုင်​ရ၏။ ပင်​ပန်း​စွာ​ခံ​ရ​သော ည​တို့​သည်​လည်း ငါ၏ အ​ငန်း​အ​တာ​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 4,
      "text": "အ​ဘယ်​အ​ခါ​မှ ည​ကုန်၍ ငါ​ထ​ရ​ပါ​မည်​နည်း​ဟု ငါ​သည် ညည်း​တွား​လျက် အိပ်​ရ၏။ မိုး​လင်း​သည်​တိုင်​အောင် လှိမ့်​လျက်​လူး​လျက် နေ​ရ၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 5,
      "text": "လောက်​နှင့်​ရွှံ့​တို့​သည် အ​ဝတ်​ကဲ့​သို့ ငါ့​ကိုယ်​ကို ဖုံး​လွှမ်း​ကြ၏။ ငါ့​အ​ရေ​သည် ကွဲ၍ ယိ​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 6,
      "text": "ငါ့​နေ့​ရက်​တို့​သည် ရက်​ကန်း​လွန်း​ထက်​မြန်၍ မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ လွန်​သွား​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 7,
      "text": "ငါ့​အ​သက်​သည် လေ​သက်​သက်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ နောက်​တစ်​ဖန် ကောင်း​သော​အ​ကျိုး​ကို ငါ​မ​မြင်​ရ။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 8,
      "text": "ငါ့​ကို မြင်​သော​သူ​သည် နောက်​တစ်​ဖန် မ​မြင်​ရ။ ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​သော​အ​ခါ ငါ​ပျောက်​ပါ​ပြီ။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 9,
      "text": "မိုး​တိမ်​သည် ပြယ်​ပျောက် ကွယ်​လွင့်​သ​ကဲ့​သို့၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် နောက်​တစ်​ဖန် မ​တက်​ရ။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 10,
      "text": "မိ​မိ​အိမ်​သို့ မ​ပြန်​ရ။ သူ၏​နေ​ရင်း​အ​ရပ်​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရ။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 11,
      "text": "ထို​ကြောင့်​ငါ​သည် ကိုယ်​နှုတ်​ကို မ​ချုပ်​တည်း။ စိတ်​ပင်​ပန်း​လျက်​နှင့် စ​ကား​ပြော​ရ၏။ အ​လွန်​ညှိုး​ငယ်​သော စိတ်​နှင့် မြည်​တမ်း​ရ၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 12,
      "text": "ငါ​သည် ပင်​လယ်​ဖြစ်​သ​လော။ န​ဂါး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​သော​ကြောင့် ငါ့​ကို အ​စောင့်​ထား​တော်​မူ​ရ​သ​လော။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 13,
      "text": "ငါ​သည်​အိပ်၍ သက်​သာ​မည်။ ငါ့​ခု​တင်​သည် ချမ်း​သာ​ပေး​မည်​ဟု ငါ​ဆို​လျှင်၊"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 14,
      "text": "ကိုယ်​တော်​သည် ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို ပေး​တော်​မူ၏။ ည​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ထိတ်​လန့်​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 15,
      "text": "ငါ​သည် ကိုယ်​အ​ရိုး​ကို နှ​မြော​သည်​ထက် အ​သက်​ချုပ်၍ သေ​ရ​သော​အ​ခွင့်​ကို သာ၍​တောင့်​တ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 16,
      "text": "ငါ​သည် အား​လျော့​လျက်​ရှိ၏။ အ​စဉ်​မ​ပြတ် အ​သက်​မ​ရှင်​ရာ။ ငါ့​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ။ ငါ့​အ​သက်​သည် အ​ခိုး​အ​ငွေ့​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 17,
      "text": "ကိုယ်​တော်​သည် လူ​ကို​ပ​မာ​ဏ​ပြု၍ စိတ်​စွဲ​လမ်း​တော်​မူ​မည်​အ​ကြောင်း၊"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 18,
      "text": "သူ့​ကို နံ​နက်​တိုင်း အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ခ​ဏ​ခ​ဏ စုံ​စမ်း​တော်​မူ​မည်​အ​ကြောင်း၊ လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 19,
      "text": "အ​ဘယ်​ကာ​လ​မှ ငါ့​ကို​မ​ကြည့်​မ​ရှု၊ မျက်​နှာ​လွှဲ​တော်​မူ​မည်​နည်း။ ငါ​သည် ကိုယ်​တံ​တွေး​ကို မျို​ရ​သည်​တိုင်​အောင်၊ အ​ဘယ်​ကာ​လ​မှ တတ်​တိုင်း ရှိ​စေ​တော်​မူ​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 20,
      "text": "လူ​ကို စောင့်​တော်​မူ​သော​အ​ရှင်၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သည် မှန်​ပါ​စေ​တော့။ ကိုယ်​တော်​ရှေ့​မှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ရ​သည်​တိုင်​အောင် အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် ပစ်စရာစက်သွင်း​တော်​မူ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 7,
      "verse": 21,
      "text": "အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 1,
      "text": "ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ် မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 2,
      "text": "သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့​ပြော​မည်​နည်း။ သင်​ပြော​သော​စ​ကား​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လေ​ပြင်း​ကဲ့​သို့ ဖြစ်​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​သည် မ​တ​ရား​သ​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်​လော။ အ​န​န္တ​တန်​ခိုး​ရှင်​သည် တ​ရား​ကို ဖျက်​တော်​မူ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 4,
      "text": "သင်၏​သား​သ​မီး​တို့​သည် ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​ကြောင့်၊ ပြစ်​မှား​စဉ်​တွင်၊ သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 5,
      "text": "သင်​သည်​မ​ဆိုင်း​မ​လင့်၊ သန့်​ရှင်း​ဖြောင့်​မတ်​သော သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို​ရှာ၍၊ အ​န​န္တ​တန်​ခိုး​ရှင်​အား တောင်း​ပန်​လျှင်၊"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 6,
      "text": "စင်​စစ် သင့်​အ​တွက် ကိုယ်​တော်​သည်​ထ​ပြီး​လျှင် သင်၏​ဖြောင့်​မတ်​သော​နေ​ရာ​ကို ကောင်း​စား​စေ​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 7,
      "text": "သင်​သည် အ​စ​အ​ဦး၌ ငယ်​သော်​လည်း၊ နောက်​ဆုံး၌ အ​လွန်​ကြီး​ပွား​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 8,
      "text": "လွန်​လေ​ပြီး​သော​ကာ​လ​ကို စစ်၍၊ ရှေး​ဘိုး​ဘေး​တို့​ကို မေး​မြန်း​ခြင်း​ငှာ အား​ထုတ်​ပါ​တော့။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 9,
      "text": "ငါ​တို့​သည် မ​နေ့၏​သား​ဖြစ်၍ အ​လျှင်း​မ​သိ​ရ​ပါ။ မြေ​ကြီး​ပေါ်​မှာ ငါ​တို့​နေ​ရ​သော နေ့​ရက်​ကာ​လ​သည် အ​ရိပ်​သက်​သက်​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 10,
      "text": "ထို​သူ​တို့​မူ​ကား၊ သင့်​ကို​ဆုံး​မ​သွန်​သင်၍ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 11,
      "text": "ဂ​မာ​ပင်​သည် ရွှံ့​မ​ရှိ​ဘဲ ကြီး​ပွား​နိုင်​သ​လော။ မြစ်​နား​မှာ ပေါက်​သော​မြက်​ပင်​သည် ရေ​မ​ရှိ​ဘဲ ကြီး​ပွား​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 12,
      "text": "ထို​အ​ပင်​သည် စိမ်း​လျက် မ​ရိတ်​မ​ဖြတ်​သော်​လည်း၊ အ​ခြား​အ​ပင်​ထက်​သာ၍ ညှိုး​နွမ်း​တတ်၏။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 13,
      "text": "ထို​သို့ ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော သူ​အ​ပေါင်း​တို့​သည် ဆုံး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် ပျက်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 14,
      "text": "ထို​သူ မျှော်​လင့်​ရာ​လမ်း​သည် ပြတ်​လိမ့်​မည်။ မှီ​ခို​သော​အ​ရာ​သည်​လည်း ပင့်​ကူ​မြှေး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 15,
      "text": "ထို​သူ​သည် မိ​မိ​အိမ်​ကို​မှီ၍ အိမ်​သည်​အ​မှီ​မ​ခံ။ လက်​နှင့်​ကိုင်​သော်​လည်း မ​တည်​စေ​နိုင်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 16,
      "text": "သူ​သည် နေ​ပူ​မှာ စိမ်း​လန်း​လျက်၊ အ​ခက်​အ​လက်​အား​ဖြင့် မိ​မိ​ဥ​ယျာဉ်​ကို နှံ့​ပြား​လျက်၊"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 17,
      "text": "အ​မြစ်​အား​ဖြင့် စမ်း​ရေ​တွင်း​ကို​ဝိုင်း၍ ကျောက်​ထူ​သော​အ​ရပ်​ကို တွေ့​မြင်​လျက်​ရှိ​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 18,
      "text": "သူ့​ကို သုတ်​သင်​ပယ်​ရှင်း၍၊ မိ​မိ​နေ​ရာ​အ​ရပ်​က သင်​သည် ငါ​မ​တွေ့​မ​မြင်​စ​ဖူး​ဟူ၍ သူ့​ကို​ငြင်း​ပယ်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 19,
      "text": "ထို​သူ ဝမ်း​မြောက်​ရာ​လမ်း​သည် ထို​သို့​ဖြစ်၍၊ သူ့​နေ​ရာ​မြေ၌ အ​ခြား​သူ​တို့​သည် ပေါက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 20,
      "text": "စုံ​လင်​သော​သူ​ကို​ကား၊ ဘု​ရား​သ​ခင် စွန့်​ပစ်​တော်​မ​မူ။ မ​တ​ရား​သ​ဖြင့်​ပြု​သော သူ​တို့​ကို​ကား မ​စ​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 21,
      "text": "ရယ်​မော​ရ​သော​အ​ခွင့်၊ ရွှင်​လန်း​စွာ နှုတ်​မြွက်​ရ​သော​အ​ခွင့်​ကို သင်၌ ပေး​ကောင်း​ပေး​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 8,
      "verse": 22,
      "text": "သင့်​ကို​မုန်း​သော သူ​တို့​သည် ရှက်​ခြင်း​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သူ​နေ​ရာ အ​ရပ်​သည်​လည်း ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 1,
      "text": "ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 2,
      "text": "မှန်​ပါ၏။ ထို​စ​ကား​မှန်​ကြောင်း​ကို ငါ​သိ၏။ သို့​သော်​လည်း လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သို့​ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​သည် အ​ပြစ်​တင်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင်၊ လူ​သည် အ​ပြစ်​တစ်​ထောင်​တွင် တစ်​ခုကို​မျှ မ​ဖြေ​နိုင်။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​သည် ထူး​ဆန်း​သော​ဉာဏ်၊ ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​သည် အာ​ဏာ​တော်​ကို ဆန်၍​အောင်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​သည် တောင်​တို့​ကို အ​မှတ်​တ​မဲ့ ရွှေ့​တော်​မူ၏။ အ​မျက်​ထွက်၍ မှောက်​လှန်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 6,
      "text": "မြေ​ကြီး​ကို​ရွေ့​စေ​ခြင်း​ငှာ တွန်း​တော်​မူ၍၊ မြေ​တိုင်​တို့​သည် တုန်​လှုပ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 7,
      "text": "နေ​ကို​မှာ​ထား​တော်​မူ၍ သူ​သည်​မ​ထွက်​ရ။ ကြယ်​တို့​ကို​လည်း ကွယ်​ထား​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 8,
      "text": "မိုး​ကောင်း​ကင်​ကို ကိုယ်​တော်​တစ်​ပါး​တည်း ဖြန့်​မိုး​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကို နင်း​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 9,
      "text": "အာ​ရှ​ကြယ်၊ ခ​သိ​လ​ကြယ်၊ ခိ​မ​ကြယ်​စု​မှ​စ၍ တောင်​မျက်​နှာ ကြယ်​တိုက်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 10,
      "text": "စစ်၍​မ​သိ​နိုင်​အောင် အ​လွန်​ကြီး​သော​အ​မှု၊ မ​ရေ​တွက်​နိုင်​အောင်​များ၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 11,
      "text": "ငါ့​ရှေ့​မှာ​ကြွ​တော်​မူ၍ ကိုယ်​တော်​ကို ငါ​မ​မြင်​ရ။ လျှောက်​သွား​တော်​မူ၍ ကိုယ်​တော်​ကို​ငါ​မ​ရိပ်​မိ​ရ။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 12,
      "text": "သိမ်း​ယူ​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည် ဆီး​တား​နိုင်​သ​နည်း။ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ​ဆို​ဝံ့​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​သည် အ​မျက်​ပြေ​တော်​မ​မူ​လျှင်၊ မာ​န​ကြီး၍ အား​ပေး​သော​သူ​တို့​သည် ရှေ့​တော်၌ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 14,
      "text": "ထို​မျှ​မ​က ငါ​သည်​အ​ဘယ်​သို့ ပြန်​လျှောက်​ရ​အံ့​နည်း။ ရှေ့​တော်၌ အ​ဘယ်​သို့​သော​စ​ကား​ကို ရွေး၍​လျှောက်​ရ​အံ့​နည်း။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 15,
      "text": "ငါ​သည် ဖြောင့်​မတ်​သော်​လည်း ပြန်၍​မ​လျှောက်​ဝံ့​ဘဲ၊ တ​ရား​မှု​ကို ဆုံး​ဖြတ်​တော်​မူ​သော​အ​ရှင်​ကို တောင်း​ပန်​ရုံ​မျှ​သာ​ပြု​ရ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 16,
      "text": "ငါ​ခေါ်၍ အ​ရှင်​သည် ထူး​တော်​မူ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​ဟု ငါ​မ​ယုံ​နိုင်။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ မိုး​သက်​မုန်​တိုင်း​ဖြင့် ငါ့​ကို​ညှဉ်း​ဆဲ၍၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ၌ အ​နာ​တို့​ကို များ​ပြား​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 18,
      "text": "ငါ့​ကို အ​သက်​ရှူ​ရ​သော​အ​ခွင့် မ​ပေး။ ခါး​စွာ​သော ဝေ​ဒ​နာ​နှင့် ပြည့်​စုံ​စေတော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 19,
      "text": "တန်​ခိုး​ကို အ​မှီ​ပြု​မည်​ဆို​သော်၊ ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ၏။ တ​ရား​ကို​အ​မှီ​ပြု​မည်​ဆို​ပြန်​သော်၊ အ​ဘယ်​သူ​သည် ငါ့​ဘက်၌ သက်​သေ​ခံ​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 20,
      "text": "ကိုယ်​အ​ပြစ်​ကို ပြေ​စေ​ခြင်း​ငှာ​ပြု​လျှင်၊ ကိုယ်​စ​ကား​အား​ဖြင့် တ​ရား​ရှုံး​လိမ့်​မည်။ ငါ​သည် စုံ​လင်​ပြီ​ဟု ဆို​ပြန်​လျှင်၊ ငါ့​သ​ဘော​ကောက်​ကြောင်း ထင်​ရှား​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 21,
      "text": "တစ်​ဖန် စုံ​လင်​သော်​လည်း၊ ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ရ။ ကိုယ်​အ​သက်​ကို ပ​မာ​ဏ​မ​ပြု​ရ။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 22,
      "text": "ငါ​ပြော​အံ့​သော​စ​ကား​တစ်​ချက်​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် စုံ​လင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ ဆိုး​ညစ်​သော​သူ​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 23,
      "text": "ချက်​ချင်း ဘေး​တစ်​စုံ​တစ်​ခု​ရောက်​သော​အ​ခါ၊ အ​ပြစ်​မ​ရှိ​သော​သူ ခံ​ရ​သည်​အ​ကြောင်း​ကို ရယ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 24,
      "text": "မြေ​ကြီး​ကို လူ​ဆိုး​လက်၌​အပ်၍၊ တ​ရား​သူ​ကြီး​တို့၏ မျက်​နှာ​ကို ဖျက်​တော်​မူ၏။ သို့​မ​ဟုတ် ထို​အ​မှု​ကို စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 25,
      "text": "တစ်​မြို့​မှ​တစ်​မြို့​သို့ စာ​ပို့​သော​လု​လင်​ထက်၊ ငါ့​နေ့​ရက်​တို့​သည် လျင်​မြန်၍၊ ကောင်း​ကျိုး​ကို​မ​ခံ​ရ​ဘဲ ပြေး​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 26,
      "text": "လျင်​မြန်​သော သင်္ဘော​ကဲ့​သို့​လည်း​ကောင်း၊ အ​ကောင်​ကို သုတ်​လာ​သော ရွှေ​လင်း​တ​ကဲ့​သို့​လည်း​ကောင်း လွန်​သွား​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 27,
      "text": "ငါ​သည်​မြည်​တမ်း​သော စ​ကား​ကို​ဖြတ်၍၊ ရွှင်​လန်း​သော​မျက်​နှာ​ကို ဆောင်​လျက်၊ ရဲ​ရင့်​ခြင်း​သို့ ရောက်​မည်​ဟု ငါ​ဆို​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 28,
      "text": "ငါ​ခံ​ရ​သော ဒု​က္ခ​ဝေ​ဒ​နာ​များ​သော​ကြောင့်၊ ကြောက်​သော​သ​ဘော​ရှိ၏။ အ​ပြစ်​လွှတ်​စေ​ဟု ငါ၌​စီ​ရင်​တော်​မ​မူ​ကြောင်း​ကို ငါ​သိ၏။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 29,
      "text": "ငါ​သည် အ​ပြစ်​သင့်​ရောက်​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြိုး​စား​ရ​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 30,
      "text": "ငါ့​ကိုယ်​ကို မိုး​ပွင့်​ရေ​နှင့်​ဆေး၍၊ ငါ့​လက်​ကို ရှင်း​ရှင်း​စင်​ကြယ်​စေ​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 31,
      "text": "ရွှံ့​ထဲ​သို့ တွန်း​ချ​တော်​မူ၍၊ ငါ့​အ​ဝတ်​ပင် ငါ့​ကိုယ်​ကို​ရွံ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 32,
      "text": "ငါ​သည် ဘု​ရား​သ​ခင်၏​စ​ကား​ကို တစ်​ဦး​နှင့် တစ်​ဦး တ​ရား​တွေ့​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​ကဲ့​သို့ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 33,
      "text": "ငါ​တို့​နှစ်​ဦး​ကို ဆီး​တား​ပိုင်​သော စပ်​ကြား​နေ​အ​မှု​စောင့် မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 34,
      "text": "ငါ့​ကို ဒဏ်​ခတ်​တော်​မ​မူ​ပါ​စေ​နှင့်။ ပြု​တော်​မူ​သော​ဘေး​ကြောင့် ငါ​မ​ကြောက်​ပါ​စေ​နှင့်။"
    },
    {
      "book": 18,
      "chapter": 9,
      "verse": 35,
      "text": "သို့​ဖြစ်​လျှင်၊ ငါ​သည်​မ​ကြောက်​ဘဲ ပြော​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ ပြော​ရ​သော​အ​ခွင့်​ကို မ​ရ။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 1,
      "text": "ငါ့​ဝိ​ညာဉ်​သည် အ​သက်​ကို​ငြီး​ငွေ့၏။ မြည်​တမ်း​သော​အ​ပြစ်​ကို ခံ​ရ​မည်။ စိတ်​အ​လွန်​ညှိုး​ငယ်၍ ပြော​ရ​မည်။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်​ကို လျှောက်​ရ​သော​စ​ကား ဟူ​မူ​ကား၊ အ​ကျွန်ုပ်​ကို အ​ပြစ်​စီ​ရင်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဆန့်​ကျင်​ဘက် ပြု​တော်​မူ​မည်​အ​ကြောင်း​ကို ပြ​တော်​မူ​ပါ။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 3,
      "text": "ကိုယ်​တော်​သည် ညှဉ်း​ဆဲ​တော်​မူ​သင့်​သ​လော။ ကိုယ်​တိုင်​ဖန်​ဆင်း​သော​အ​ရာ​ကို ရွံ​ရှာ၍၊ လူ​ဆိုး​တို့၏ အ​ကြံ​အ​စည်​ကို ကောင်း​ချီး​ပေး​တော်​မူ သင့်​သ​လော။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 4,
      "text": "ကိုယ်​တော်​သည် ရူ​ပ​မျက်​စိ​ရှိ​တော်​မူ​သ​လော။ လူ​မြင်​သည်​နည်း​တူ မြင်​တော်​မူ​သ​လော။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 5,
      "text": "ကိုယ်​တော်၏​နေ့​ရက်​တို့​သည် လူ​နေ့​ရက်​ကဲ့​သို့ ဖြစ်​ပါ​သ​လော။ ကိုယ်​တော်၏​နှစ်​တို့​သည် လူ​ယောက်ျား​နေ့​ရက်​ကဲ့​သို့ ဖြစ်​ပါ​သ​လော။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 6,
      "text": "အ​ကျွန်ုပ်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်၍ အ​ပြစ်​ကို​တွေ့​ခြင်း​ငှာ အ​ဘယ်​ကြောင့် ရှာ​တော်​မူ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် လူ​ဆိုး​မ​ဟုတ်​ကြောင်း​နှင့် လက်​တော်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်​ကြောင်း​ကို သိ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 8,
      "text": "အ​ကျွန်ုပ်​တစ်​ကိုယ်​လုံး​ကို လက်​တော်​နှင့် စေ့​စပ်​စွာ ဖန်​ဆင်း​တော်​မူ​သည်​ဖြစ်၍၊ ယ​ခု ဖျက်​ဆီး​တော်​မူ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 9,
      "text": "သ​ရွတ်​ကို​လုပ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​ကို လုပ်​တော်​မူ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ တစ်​ဖန် မြေ​မှုန့် ဖြစ်​စေ​တော်​မူ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 10,
      "text": "အ​ကျွန်ုပ်​ကို နို့​ကဲ့​သို့​သွန်း​လောင်း၍၊ ဒိန်​ခဲ​ကဲ့​သို့ ခဲ​စေ​တော်​မူ​ပြီ မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 11,
      "text": "အ​ရေ​အ​သား​ဖြင့် ဖုံး​လွှမ်း၍၊ အ​ရိုး​နှင့်​အ​ကြော​တို့​ဖြင့် ခိုင်​ခံ့​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 12,
      "text": "အ​သက်​ရှင်​ရ​သော​အ​ကြောင်း​နှင့်​တ​ကွ ကျေး​ဇူး​များ​ကို​ပြု​တော်​မူ​ပြီ။ ကြည့်​ရှု​ပြု​စု​ခြင်း ကျေး​ဇူး​တော်​သည်​လည်း အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​စ​ပါ​ပြီ။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 13,
      "text": "ယ​ခု​ရောက်​သော​အ​မှု​တို့​ကို​လည်း၊ နှ​လုံး​တော်၌​သို​ထား၍ ကြံ​စည်​တော်​မူ​သည်​နှင့်​အ​ညီ ရောက်​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 14,
      "text": "အ​ကျွန်ုပ်​သည် ပြစ်​မှား​လျှင်၊ ကိုယ်​တော် မှတ်​တော်​မူ၏။ အ​ကျွန်ုပ်​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်​မ​ဟုတ်။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 15,
      "text": "အ​ကျွန်ုပ်​သည် ဆိုး​ညစ်​လျှင် အ​မင်္ဂ​လာ​ရှိ​ပါ၏။ ဖြောင့်​မတ်​သော်​လည်း ကိုယ်​မျက်​နှာ​ကို​မ​ပြ​ရ။ ကိုယ်​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကို​ဆင်​ခြင်၍ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 16,
      "text": "အ​ကျွန်ုပ်​ထ​လျှင် ကိုယ်​တော်​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​အ​ပေါ်​သို့ ခုန်၍ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​ကို ပြ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 17,
      "text": "အ​ကျွန်ုပ်​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​ချက် များ​ပြား၍၊ အ​မျက်​တော်​ကို တိုး​ပွား​စေ​ခြင်း​ငှာ ပြု​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ရန်​စစ်​တို့​သည် အ​ထပ်​ထပ်​ထ​ကြ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 18,
      "text": "အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က အ​ဘယ်​ကြောင့် ဆောင်​ခဲ့​တော်​မူ​သ​နည်း။ ထို​သို့​ပြု​တော်​မ​မူ​လျှင် အ​ကျွန်ုပ်​သည် အ​သက်​မ​ရှိ၊ အ​ဘယ်​သူ​မျှ အ​ကျွန်ုပ်​ကို​မ​မြင်​ရ​ပါ။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 19,
      "text": "ထို​သို့ အ​ကျွန်ုပ်​သည် မ​ဖြစ်​သ​ကဲ့​သို့​ဖြစ်၍၊ အ​ကျွန်ုပ်​ကို​အ​မိ​ဝမ်း​ထဲ​မှ သင်္ချိုင်း​သို့ ဆောင်​ပို့​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 20,
      "text": "အ​ကျွန်ုပ်​နေ့​ရက်​တို့​သည် နည်း​ပါး​သည် မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 21,
      "text": "မှောင်​မိုက်​နှင့်​သေ​ခြင်း အ​ရိပ်​ဖုံး​လွှမ်း​သော​ပြည်၊"
    },
    {
      "book": 18,
      "chapter": 10,
      "verse": 22,
      "text": "သေ​ခြင်း​အ​ရိပ်​ဖြစ်​စေ​သော ည​ကဲ့​သို့ တစ်​ခဲ​နက်​မိုက်​သ​ဖြင့်၊ အ​လင်း​ပင် မှောင်​မိုက်​သက်​သက်​ဖြစ်၍၊ ရှင်း​လင်း​ခြင်း အ​လျှင်း​မ​ရှိ​သော​ပြည်၊ အ​ကျွန်ုပ်​တစ်​ခါ​ရောက်​ပြီး​မှ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​ပြည်​သို့ အ​ကျွန်ုပ်​သွား၍​မ​ရောက်​မီ၊ သက်​သာ​ခြင်း​အ​နည်း​ငယ် ရှိ​ပါ​မည်​အ​ကြောင်း နေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 1,
      "text": "နေ​မတ်​အ​မျိုး​သား ဇော​ဖာ​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 2,
      "text": "စ​ကား​များ၍ အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ နှုတ်​သီး​ကောင်း​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့် လွတ်​ရ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 3,
      "text": "သင်​ပြော​သော မု​သား​စ​ကား​ကြောင့် သူ​တစ်​ပါး​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ရ​မည်​လော။ သင်​ကဲ့​ရဲ့​သော​အ​ခါ အ​ဘယ်​သူ​သည် အ​ရှက်​မ​ကွဲ​ဘဲ​နေ​ရ​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 4,
      "text": "သင်​က၊ ငါ့​စ​ကား​ဖြောင့်၏။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငါ​သန့်​ရှင်း၏​ဟု ဆို​မိ​ပြီ။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 5,
      "text": "ဘု​ရား​သ​ခင် မိန့်​တော်​မူ​ပါ​စေ။ သင့်​တစ်​ဖက်၌ နှုတ်​တော်​ကို ဖွင့်​တော်​မူ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 6,
      "text": "နက်​နဲ​သော ပ​ညာ​အ​ရာ​တည်း​ဟူ​သော သင်​နား​လည်​နိုင်​သည်​ထက်၊ နှစ်​ဆ​သာ​သော​အ​ရာ​တို့​ကို သင့်​အား​ပြ​တော်​မူ​ပါ​စေ။ ထို​သို့​ပြ​တော်​မူ​လျှင် သင်​သည် အ​ပြစ်​ခံ​ထိုက်​သည်​အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ​ကြောင်း ကို​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 7,
      "text": "သင်​သည် ဘု​ရား​သ​ခင်၏​ဇာ​တိ​တော်​ကို စစ်၍​တွေ့​နိုင်​သ​လော။ အ​န​န္တ​တန်​ခိုး​ရှင်၏ ဇာ​တိ​ကို​စစ်၍ အ​ကုန်​အ​စင် နား​လည်​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 8,
      "text": "မိုး​ကောင်း​ကင်​ကို မီ​သည်​ဖြစ်၍ သင်​သည် အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ မ​ရ​ဏ​နိုင်​ငံ​ထက် နက်​သည်​ဖြစ်၍ သင်​သည်​အ​ဘယ်​သို့ သိ​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 9,
      "text": "အ​တိုင်း​အ​ရှည်​သည် မြေ​ကြီး​ကို​လွန်​လျက် သ​မု​ဒ္ဒ​ရာ​ထက်​သာ၍ ကျယ်​ဝန်း​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်​သည် ဖမ်း​ဆီး​ချုပ်​ထား၍ စစ်​ကြော​တော်​မူ​လျှင် အ​ဘယ်​သူ​ဆီး​တား​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် ဆိုး​သော​သူ​တို့၏​သ​ဘော​ကို သိ​တော်​မူ၏။ သူ​တို့​အ​မှတ်​တ​မဲ့​ပြု​သော ဒု​စ​ရိုက်​ကို သိ​မြင်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 12,
      "text": "သို့​သော်​လည်း ရိုင်း​သော​မြည်း​က​လေး​သည် လူ​အ​ဖြစ်​သို့​ရောက်​သော​အ​ခါ၊ လူ​မိုက်​သည် ပ​ညာ​သ​တိ​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 13,
      "text": "သင်​သည် စိတ်​နှ​လုံး​ကို​ပြင်​ဆင်၍ လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆန့်​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 14,
      "text": "သင်​ပြု​သော​ဒု​စ​ရိုက်​ကို ပယ်၍ သင့်​အိမ်၌ ဆိုး​ညစ်​သော​အ​မှု​ကို လက်​မ​ခံ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 15,
      "text": "အ​ညစ်​အ​ကြေး​နှင့်​ကင်း​လွတ်​သော မျက်​နှာ​ကို ပြ​ရ​လိမ့်​မည်။ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​မ​ရှိ၊ တည်​ကြည်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 16,
      "text": "ခံ​ပြီး​သော​ဒု​က္ခ​ဆင်း​ရဲ​ကို မေ့​လျော့​လိမ့်​မည်။ လွန်​သွား​ပြီး​သော ရေ​ကို​ကဲ့​သို့ အောက်​မေ့​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 17,
      "text": "သင်၏​အ​သက်​သည် မွန်း​တည့်​အ​ရောင်​ထက် ထွန်း​လင်း​လိမ့်​မည်။ ယ​ခု​မှောင်​မိုက်​သော်​လည်း နံ​နက်​ကဲ့​သို့​လင်း​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 18,
      "text": "မျှော်​လင့်​စ​ရာ​ရှိ​သော​ကြောင့် မ​စိုး​ရိမ်​ဘဲ​နေ​လိမ့်​မည်။ ယ​ခု​အ​ရှုံး​ခံ​ရ​သော်​လည်း လုံ​ခြုံ​စွာ​ငြိမ်​ဝပ်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 19,
      "text": "အိပ်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ချောက်​မ​လှန့်​ရ။ လူ​များ​တို့​သည် သင့်​ကို​တောင်း​ပန်​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 11,
      "verse": 20,
      "text": "ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 1,
      "text": "ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 2,
      "text": "သင်​တို့​သာ​လျှင် လူ​ဖြစ်၍၊ သင်​တို့​နှင့်​အ​တူ ဉာဏ်​ပ​ညာ​သေ​လိမ့်​မည်​ဟု ယုံ​မှား​စ​ရာ​မ​ရှိ​ရ။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 3,
      "text": "သို့​သော်​လည်း ငါ​သည် သင်​တို့​ကဲ့​သို့ ဉာဏ်​ရှိ၏။ သင်​တို့​ထက် ငါ​ယုတ်​ညံ့​သည်​မ​ဟုတ်။ ဤ​ကဲ့​သို့​သော​အ​ရာ​များ​ကို အ​ဘယ်​သူ​သည် နား​မ​လည်​ဘဲ နေ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 4,
      "text": "ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 5,
      "text": "ချော်​လဲ​လု​သော​သူ​ကို ပစ်​လိုက်​သော​မီး​ခွက်​ကဲ့​သို့ ကောင်း​စား​သော​သူ​သည် မှတ်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 6,
      "text": "ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 7,
      "text": "သား​မျိုး​နှင့် မိုး​ကောင်း​ကင်​ငှက်​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ဟော​ပြော​သွန်​သင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 8,
      "text": "မြေ​ကြီး​နှင့် ပင်​လယ်​ငါး​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ပြ​သ၍ ဥ​ပ​ဒေ​သ​ပေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 9,
      "text": "ဤ​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ကြောင်း​ကို၊ ထို​တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​သိ​ဘဲ​နေ​သ​လော။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 10,
      "text": "အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ ဇီ​ဝ​အ​သက်​နှင့် လူ​သ​တ္တ​ဝါ​ခပ်​သိမ်း​တို့၏ ထွက်​သက်​ဝင်​သက်​သည် ဘု​ရား​သ​ခင့်​လက်​တော်၌ ရှိ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 11,
      "text": "ခံ​တွင်း​သည် အ​စာ​ကို​မြည်း​စမ်း​သ​ကဲ့​သို့၊ နား​သည် စ​ကား​ကို စုံ​စမ်း​သည် မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 12,
      "text": "အ​သက်​အ​ရွယ်​ကြီး​သော သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​မူ​ကား၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​တော်​မူ၏။ ပ​ညာ​သ​တ္တိ​ကို ပေး​နိုင်​သော​အ​ခွင့် ရှိ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 14,
      "text": "ဖြို​ဖျက်​တော်​မူ​လျှင် အ​ဘယ်​သူ​မျှ တည်​ဆောက်​ရ​သော​အ​ခွင့် မ​ရှိ။ လူ​ကို​ချုပ်​ထား​တော်​မူ​လျှင် အ​ဘယ်​သူ​မျှ လွှတ်​ရ​သော​အ​ခွင့်​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 15,
      "text": "ရေ​များ​ကို ဆီး​တား​ပိတ်​ပင်​တော်​မူ​လျှင် ခန်း​ခြောက်​ရ၏။ တစ်​ဖန် လွှတ်​တော်​မူ၍ မြေ​ကြီး​ကို လွှမ်း​မိုး​ကြ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 16,
      "text": "တန်​ခိုး​တော်၊ ဉာဏ်​တော်​နှင့်​ပြည့်​စုံ၍၊ မှား​သော​သူ​နှင့် မှား​စေ​သော​သူ​တို့​ကို ပိုင်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 17,
      "text": "တိုင်​ပင်​မှူး​မတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​တော်​မူ၏။ တ​ရား​သူ​ကြီး​တို့​ကို ရူး​သွပ်​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 18,
      "text": "ရှင်​ဘု​ရင်​တို့​ကို အ​ရာ​မှ​ချ၍ ခါး​ကြိုး​နှင့် ချည်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 19,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား၍၊ သူ​ရဲ​တို့​ကို​လည်း ရှုံး​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 20,
      "text": "နှုတ်​သ​တ္တိ​ရှိ​သော​သူ​တို့​ကို စ​ကား​အ​စေ၍၊ အ​သက်​ကြီး​သော သူ​တို့​မှ ပ​ညာ​ကို နုတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 21,
      "text": "မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ အား​ကြီး​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 22,
      "text": "မှောင်​မိုက်​ထဲ၌ နက်​နဲ​သော​အ​ရာ​တို့​ကို ထင်​ရှား​စေ၍၊ သေ​ခြင်း​အ​ရိပ်​ကို​အ​လင်း​ထဲ​သို့ ထုတ်​ဖော်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 23,
      "text": "တိုင်း​နိုင်​ငံ​တို့​ကို ချီး​မြှောက်၍ တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။ တိုင်း​နိုင်​ငံ​တို့​ကို ကျယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ကျဉ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 24,
      "text": "မြေ​သား​တို့​တွင် အ​ကြီး​လုပ်​သော​သူ​တို့​မှ ဉာဏ်​ကို​နုတ်၍၊ လမ်း​မ​ရှိ​သော​တော၌ လှည့်​လည်​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 12,
      "verse": 25,
      "text": "သူ​တို့​သည် အ​လင်း​မ​ရှိ။ မှောင်​မိုက်၌ စမ်း​သပ်​လျက် သွား​ရ​ကြ၏။ ယစ်​မူး​သော​သူ​ကဲ့​သို့ တိမ်း​ယိမ်း​လျက် သွား​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 1,
      "text": "ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ့​မျက်​စိ​သည် မြင်​ပြီ။ ငါ့​နား​သည်​လည်း ကြား၍ နား​လည်​ပြီ။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 2,
      "text": "သင်​တို့​သိ​သ​မျှ​ကို ငါ​သိ၏။ သင်​တို့​ထက် ငါ​ယုတ်​ညံ့​သည်​မ​ဟုတ်။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 3,
      "text": "အ​န​န္တ​တန်​ခိုး​ရှင်​အား ငါ​လျှောက်​ရ​သော​အ​ခွင့်၊ ဘု​ရား​သ​ခင်​နှင့် ငါ​ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 4,
      "text": "သင်​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း၊ မု​သား​ကို ပြု​ပြင်​သော​သူ၊ အ​သုံး​မ​ရ​သော​ဆေး​သ​မား ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 5,
      "text": "သင်​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ။ ထို​သို့​နေ​လျှင် စင်​စစ်​ပ​ညာ​ရှိ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 6,
      "text": "ငါ​ပြော​မည် အ​ကျိုး​အ​ကြောင်း​စ​ကား​ကို နား​ထောင်​ကြ​ပါ​လော့။ ငါ့​နှုတ်​နှင့် ဆွေး​နွေး​နှီး​နှော​မည့် စ​ကား​ကို နှ​လုံး​သွင်း​ကြ​ပါ​လော့။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 7,
      "text": "သင်​တို့​သည် လျစ်​လျူ​သော​စိတ်​မ​ရှိ​ဘဲ ဘု​ရား​သ​ခင့်​ဘက်၌ ပြော​ချင်​သ​လော။ ဘု​ရား​သ​ခင့်​ဘက်၌​နေ၍ မု​သား​ကို​သုံး​ချင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 8,
      "text": "မျက်​နှာ​တော်​ကို​ထောက်​လျက်​သာ၊ ဘု​ရား​သ​ခင့်​တစ်​ဖက်၌​နေ၍ ငြင်း​ခုံ​စစ်​တိုက်​ချင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 9,
      "text": "သင်​တို့​ကို ကျပ်​တည်း​စွာ စစ်​တော်​မူ​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ရှိ​လိမ့်​မည်​လော။ လူ​ကို​လှည့်​စား​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​ကို လှည့်​စား​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 10,
      "text": "သင်​တို့​သည် လျှို့​ဝှက်၍ သူ့​မျက်​နှာ​ကို​ထောက်​လျှင်၊ စင်​စစ် သင်​တို့​ကို ဆုံး​မ​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 11,
      "text": "သင်​တို့​သည် တန်​ခိုး​အာ​နု​ဘော်​တော်​ကြောင့် မ​ကြောက်​ကြ​သ​လော။ ကြောက်​မက်​ဖွယ်​သော ဂုဏ်​တော်​ကြောင့် မ​ထိတ်​လန့်​ကြ​သ​လော။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 12,
      "text": "သင်​တို့၏ နည်း​ဥ​ပ​ဒေ​သ​စ​ကား​သည် မြေ​မှုန့်​ထက် သာ၍​ပေါ့၏။ သင်​တို့ ခို​လှုံ​သော​မြို့​ရိုး​သည်​လည်း သ​ရွတ်​မြို့​ရိုး​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 13,
      "text": "တိတ်​ဆိတ်​စွာ​နေ၍ ငါ​ပြော​ပါ​ရ​စေ။ သို့​ပြီး​မှ အ​မှု​ရောက်​ချင်​တိုင်း ရောက်​ပါ​လေ​စေ။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 14,
      "text": "သို့​သော်​လည်း ငါ​သည် ကိုယ်​အ​သား​ကို ပါး​စပ်​နှင့်​ကိုက်​ချီ​လျက်၊ ကိုယ်​အ​သက်​ကို​လည်း လက်​နှင့်​ကိုက်​လျက် ဆောင်​သွား​မည်။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 15,
      "text": "ငါ့​ကို​သတ်​တော်​မူ၍၊ ငါ​မျှော်​လင့်​စ​ရာ​မ​ရှိ​သော်​လည်း၊ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ငါ​လျှောက်​ထား​မည်။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 16,
      "text": "ထို​သို့​ပြု​လျှင် ငါ၏​ကယ်​တင်​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ အ​ဓ​မ္မ​လူ​သည် အ​ထံ​တော်​သို့​မ​ဝင်​ရ။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 17,
      "text": "ငါ့​စ​ကား​ကို စေ့​စေ့​မှတ်​ကြ​လော့။ ငါ့​လျှောက်​ထား​ချက်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 18,
      "text": "ယ​ခု​ငါ့​အ​မှု​ကို ငါ​ပြင်​ဆင်​ပြီ။ ငါ၌​အ​ပြစ်​လွတ်​ခြင်း ထင်​ရှား​မည်​ဟု ငါ​သိ၏။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 19,
      "text": "ငါ့​အ​ပြစ်​ကို ဖော်​ပြ​မည့်​သူ​ကား၊ အ​ဘယ်​သူ​နည်း။ ထို​သို့​ဖော်​ပြ​လျှင် ငါ​သည် တိတ်​ဆိတ်​စွာ​နေ၍ အ​သေ​ခံ​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 20,
      "text": "ဒဏ်​ခတ်​ခြင်း​နှစ်​ပါး​ကို​သာ လျှော့​တော်​မူ​ပါ။ ထို​သို့​လျှော့​လျှင် ကိုယ်​တော်​ကို မ​ရှောင်​ပါ။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 21,
      "text": "လက်​တော်​ကို သိမ်း​တော်​မူ​ပါ။ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ခြောက်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 22,
      "text": "ထို​အ​ခါ ခေါ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ပြန်​လျှောက်​ပါ​မည်။ သို့​မ​ဟုတ် အ​ကျွန်ုပ်​သည် အ​ရင်​လျှောက်​ပါ​မည်။ ကိုယ်​တော် အ​မိန့်​ရှိ​တော်​မူ​ပါ။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 23,
      "text": "အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​သည် အ​ဘယ်​မျှ​လောက် များ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ပြစ်​မှား​ကျူး​လွန်​ခြင်း အ​ပြစ်​တို့​ကို ကျွန်ုပ်​အား ပြ​တော်​မူ​ပါ။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 24,
      "text": "ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လွှဲ၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 25,
      "text": "လေ​တိုက်​သော သစ်​ရွက်​ကို ခြောက်​လှန့်​တော်​မူ​မည်​လော။ မြက်​ခြောက်​ကို​မီ​အောင် လိုက်​တော်​မူ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 26,
      "text": "အ​ကျွန်ုပ်၌ ပြင်း​စွာ အ​ပြစ်​တင်​သော​စ​ကား​ကို မှတ်​ထား​တော်​မူ၏။ အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်​တွင် ပြု​မိ​သော​အ​ပြစ်​ကြောင့် ယ​ခု​ခံ​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 27,
      "text": "အ​ကျွန်ုပ်​ကို ထိတ်​ခတ်​လျက်၊ အ​ကျွန်ုပ်​ထွက်​ရာ​လမ်း ရှိ​သ​မျှ​ကို စောင့်​လျက်​နေ၍၊ အ​ကျွန်ုပ်​ပတ်​လည်၌ စည်း​လုပ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 13,
      "verse": 28,
      "text": "ထို​သို့​ခံ​ရ​သော​သူ​သည် ဆွေး​မြေ့​သော အ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ပိုး​ရွ​ကိုက်​စား​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း အား​လျော့​ပျက်​ရ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 1,
      "text": "လူ​သည် မိန်း​မ​ဖွား​သော​သူ ဖြစ်​သ​ဖြင့်၊ အ​သက်​တို၍ ဒု​က္ခ​နှင့်​ပြည့်​စုံ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 2,
      "text": "ပန်း​ပွင့်​ကဲ့​သို့​ပွင့်၍ ရိတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ပါ၏။ မ​တည်​မ​ရပ်​ဘဲ အ​ရိပ်​ကဲ့​သို့ ရွေ့​သွား​တတ်​ပါ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 3,
      "text": "ထို​သို့​သော​သူ​ကို ကိုယ်​တော် ကြည့်​မှတ်​တော်​မူ​သ​လော။ အ​ကျွန်ုပ်​နှင့်​ဘက်၍ တ​ရား​တွေ့​တော်​မူ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 4,
      "text": "မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 5,
      "text": "လူ၏​နေ့​ရက်​တို့​ကို မှတ်​သား၍၊ သူ​နေ​ရ​သော လ​အ​ရေ​အ​တွက်​ကို ကိုယ်​တော်​သည်​သိ​သ​ဖြင့်၊ သူ​မ​လွန်​နိုင်​သော အ​ပိုင်း​အ​ခြား​ကို ထား​တော်​မူ​သော​ကြောင့်၊"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 6,
      "text": "မျက်​စိ​တော်​ကို​လွှဲ၍ လူ​သည်​သူ​ငှား​ကဲ့​သို့ မိ​မိ​နေ့​ရက်​ကို လွန်​စေ​သည်​တိုင်​အောင် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 7,
      "text": "သစ်​ပင်​ကို​ခုတ်​သော်​လည်း၊ အ​ငုတ်​အ​ချည်း​စည်း​မ​ရှိ​ဘဲ အ​တက်​ပေါက်​လေ​ဦး​မည်​ဟု မျှော်​လင့်​စ​ရာ​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 8,
      "text": "မြေ​ထဲ​မှာ အ​မြစ်​ဟောင်း၍၊ မြေ​ပေါ်​မှာ အ​ငုတ်​သေ​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 9,
      "text": "ရေ​ငွေ့​ကြောင့် အ​တက်​ပေါက်၍၊ ပျိုး​ပင်​ကဲ့​သို့ အ​ညွန့်​တို့​နှင့် ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 10,
      "text": "လူ​မူ​ကား သေ၍ ဆွေး​မြေ့​တတ်၏။ လူ​သည် အ​သက်​ချုပ်​ပြီး​လျှင် အ​ဘယ်​မှာ​ရှိ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 11,
      "text": "အိုင်​ရေ​ပြတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ မြစ်​ရေ ခန်း​ခြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 12,
      "text": "လူ​သည်​အိပ်​ပြီး​မှ နောက်​တစ်​ဖန် မ​ထ​ရ။ မိုး​ကောင်း​ကင် မ​ကုန်​မ​ဆုံး​မီ​တိုင်​အောင် မ​နိုး​ရ။ အ​အိပ်​အ​ပျော် မ​ပျက်​ရ။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 13,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သင်္ချိုင်း​တွင်း၌ ဝှက်​ထား​တော်​မူ​ပါ​စေ။ အ​မျက်​တော် မ​လွန်​မီ​တိုင်​အောင် ကွယ်​ကာ​တော်​မူ​ပါ​စေ။ အ​ကျွန်ုပ်​ကို အောက်​မေ့​စ​ရာ​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 14,
      "text": "လူ​သည် သေ​လျှင် အ​သက်​ရှင်​ပြန်​ပါ​လိမ့်​မည်​လော။ အ​ကျွန်ုပ် ပြောင်း​လဲ​ချိန် မ​ရောက်​မီ၊ ပင်​ပန်း​စွာ အ​မှု​ထမ်း​ရ​သော နေ့​ရက်​ကာ​လ​ပတ်​လုံး သည်း​ခံ​လျက် နေ​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 15,
      "text": "အ​ကျွန်ုပ်​ကို ခေါ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ပြန်​လျှောက်​ပါ​မည်။ ကိုယ်​တိုင် ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​ကို သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​ပါ။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 16,
      "text": "ယ​ခု​မှာ အ​ကျွန်ုပ်​ခြေ​ရာ​တို့​ကို ကိုယ်​တော်​သည်​ရေ​တွက်၍၊ အ​ကျွန်ုပ်​အ​ပြစ်​တို့​ကို စောင့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 17,
      "text": "အ​ကျွန်ုပ်​သည် မှား​ခြင်း​အ​ကြောင်း​အ​ရာ​ကို အိတ်၌​တံ​ဆိပ်​ခတ်၍၊ အ​ကျွန်ုပ် ဒု​စ​ရိုက်​အ​ပြစ်​အ​ပေါ်​မှာ အ​ထပ်​ထပ် အ​ပြစ်​တင်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 18,
      "text": "ပြို​သော​တောင်​သည် ကွယ်​ပျောက်​တတ်​ပါ၏။ ကျောက်​သည်​လည်း မိ​မိ​နေ​ရာ​မှ ရွေ့​လျော့​တတ်​ပါ၏။ ရေ​တိုက်​သော ကျောက်​ခဲ​သည်​လည်း ပွန်း​တတ်​ပါ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 19,
      "text": "လွှမ်း​မိုး​သော​ရေ​နှင့်​အ​တူ မြေ​မှုန့်​ပါ​သွား​တတ်​ပါ၏။ ထို​အ​တူ ကိုယ်​တော်​သည် လူ​မျှော်​လင့်​စ​ရာ​အ​ကြောင်း​ကို ဖျက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 20,
      "text": "ကိုယ်​တော်​သည် လူ​ကို အ​စဉ်​နိုင်​တော်​မူ၍၊ လူ​သည် ကွယ်​ပျောက်​တတ်​ပါ၏။ ထူး​ခြား​သော​မျက်​နှာ​ကို ပေး၍ အ​ခြား​သို့ လွှတ်​လိုက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 21,
      "text": "သူ၏​သား​တို့​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​သော်​လည်း သူ​သည်​မ​သိ​ရ​ပါ။ နှိမ့်​ချ​ခြင်း​သို့ ရောက်​သော်​လည်း ထို​အ​မှု​ကို​ပင် မ​ရိပ်​မိ​ပါ။"
    },
    {
      "book": 18,
      "chapter": 14,
      "verse": 22,
      "text": "သို့​ရာ​တွင် သူ၏​ကိုယ်​သည် ကိုက်​ခဲ​လျက်၊ သူ၏​ဝိ​ညာဉ်​သည် ညည်း​တွား​လျက် နေ​ရ​ပါ​သည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 1,
      "text": "တစ်​ဖန် တေ​မန်​အ​မျိုး​သား​ဧ​လိ​ဖတ် မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 2,
      "text": "ပ​ညာ​ရှိ​သော​သူ​သည် လေ​နှင့်​တူ​သော အ​ချည်း​နှီး​စ​ကား​ကို ပြော​သင့်​သ​လော။ မိ​မိ​ဝမ်း​ကို အ​ရှေ့​လေ​နှင့် ပြည့်​စေ​သင့်​သ​လော။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 3,
      "text": "အ​ကျိုး​မဲ့​သော​စ​ကား၊ ကျေး​ဇူး​မ​ပြု​နိုင်​သော​စ​ကား​နှင့် ဆွေး​နွေး​သင့်​သ​လော။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 4,
      "text": "သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​အ​ကျင့်၌ အ​ကျိုး​မ​ရှိ​ဟု ဆို​လို၏။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ရာ​ဝတ်​ကို ဆီး​တား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 5,
      "text": "သင်​သည် ကိုယ်​နှုတ်​ဖြင့် ကိုယ်​အ​ပြစ်​ကို​ဖော်​ပြ၏။ ပ​ရိ​ယာယ်​ပြု​သော သူ၏​စ​ကား​ကို​သုံး​တတ်၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 6,
      "text": "ငါ​သည် သင့်​ကို​အ​ပြစ်​မ​တင်၊ သင့်​နှုတ်​သည် သင့်​ကို​အ​ပြစ်​တင်၏။ သင့်​နှုတ်​ခမ်း​တို့​သည် သင့်​တစ်​ဖက်၌ သက်​သေ​ခံ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 7,
      "text": "သင်​သည် အ​ဦး​ဆုံး​ဖွား​သော​လူ ဖြစ်​သ​လော။ တောင်​များ​ကို မ​ဖန်​ဆင်း​မီ သင့်​ကို​ဖန်​ဆင်း​သ​လော။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​နှင့် တိတ်​ဆိတ်​စွာ တိုင်​ပင်​ဖူး​သ​လော။ ပ​ညာ​ကို ကိုယ်၌​အ​ကုန်​အ​စင် သိမ်း​ထား​ပြီ​လော။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 9,
      "text": "ငါ​တို့​မ​သိ၊ သင်​သိ​သော​အ​ရာ မည်​မျှ​ရှိ​သ​နည်း။ ငါ​တို့၌​မ​ပါ၊ သင်​နား​လည်​သော​အ​ရာ မည်​မျှ​ရှိ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 10,
      "text": "သင့်​အ​ဘ​ထက် အ​သက်​ကြီး​သော​သူ၊ ဆံ​ပင်​ဖြူ​သော​သူ​တို့​သည် ငါ​တို့​တွင်​ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 11,
      "text": "သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သာ​ခြင်း​အ​ကြောင်း နည်း​သ​လော။ သင်၌ ဝှက်​ထား​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 12,
      "text": "ကိုယ်​အ​လို​သို့​လိုက်၍ အ​ဘယ်​ကြောင့် လွှဲ​သွား​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​စောင်း​ထိုး​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 13,
      "text": "သင်၏​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၍၊ နှုတ်​နှင့်​ပြစ်​မှား​ပေ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 14,
      "text": "လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ သန့်​ရှင်း​နိုင်​သ​နည်း။ မိန်း​မ​ဖွား​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဖြောင့်​မတ်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 15,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​ပင် ယုံ​တော်​မ​မူ။ ကောင်း​ကင်​ဘုံ​သော်​လည်း ရှေ့​တော်၌ မ​စင်​ကြယ်။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 16,
      "text": "သို့​ဖြစ်​လျှင်၊ ရေ​ကို​သောက်​သ​ကဲ့​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သောက်​လျက်၊ ဆိုး​ညစ်​ရွံ​ရှာ​ဖွယ်​သော လူ​သ​တ္တ​ဝါ၌ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 17,
      "text": "ငါ့​စ​ကား​ကို နား​ထောင်​လော့။ တစ်​ပါး​အ​မျိုး​သား​နှင့် မ​ရော​နှော၊ ကိုယ်​အ​မျိုး​တစ်​မျိုး​တည်း​လျှင် မြေ​ကို​ပိုင်​သော ပ​ညာ​ရှိ​တို့​သည်၊ ဘိုး​ဘေး​လက်​ထက်​မှ​စ၍ မ​ထိမ်​မ​ဝှက်၊ ပြော​ဖူး​သော​အ​ရာ၊ ငါ့​ကိုယ်​တိုင် မြင်​သော​အ​ရာ​ကို ငါ​ပြ​သ​မည်။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 20,
      "text": "ဆိုး​သော​သူ​သည် တစ်​သက်​လုံး ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၏။ ညှဉ်း​ဆဲ​တတ်​သော​သူ​သည် မိ​မိ​အ​သက်​အ​ပိုင်း​အ​ခြား​ကို မ​သိ​ရ။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 21,
      "text": "သူ​သည် ကြောက်​မက်​ဖွယ်​သော​အ​သံ​ကို ကြား​လျက်​နေ​ရ၏။ စည်း​စိမ်​ကို ခံ​စား​စဉ်​တွင်၊ ဖျက်​ဆီး​သော​သူ​သည် လာ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 22,
      "text": "မှောင်​မိုက်​ထဲ​မှာ ဘေး​လွတ်​မည်​ဟု မျှော်​လင့်​စ​ရာ​မ​ရှိ။ ဓား​သည် သူ့​ကို ချောင်း​မြောင်း​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 23,
      "text": "စား​စ​ရာ​ကို ရှာ၍ လှည့်​လည်​ရ၏။ မိ​မိ​အ​ဖို့ မှောင်​မိုက်​ကာ​လ​သည် အ​သင့်​ရှိ​သည်​ကို သိ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 24,
      "text": "ဆင်း​ရဲ​ခြင်း​ဒု​က္ခ​နှင့် နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​တို့​သည် ထို​သူ​ကို ခြောက်​တတ်၏။ စစ်​တိုက်​ခြင်း​ငှာ အ​သင့်​နေ​သော ရှင်​ဘု​ရင်​ကဲ့​သို့ သူ့​ကို​နိုင်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 25,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင် တစ်​ဖက်​က​နေ၍ ကိုယ်​ကို​ခိုင်​ခံ့​စေ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 26,
      "text": "လည်​ပင်း​ကို​ဆန့်​လျက်၊ ထူ​သော​ဒိုင်း​ပု​နှင့် ဆီး​ကာ​လျက်၊ ဘု​ရား​သ​ခင်​ကို တိုက်​အံ့​သော​ငှာ ပြေး၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 27,
      "text": "မိ​မိ​မျက်​နှာ​ကို ဆူ​ဖြိုး​ခြင်း​နှင့်​ဖုံး​အုပ်၍၊ ဝမ်း​ပျဉ်း​အ​သား​သည်​လည်း ဆူ​ဖြိုး​လျက် အ​တွန့်​တွန့်​နေ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 28,
      "text": "သို့​သော်​လည်း လူ​ဆိတ်​ညံ​သော​မြို့၊ အ​ဘယ်​သူ​မျှ​မ​နေ။ လဲ​လု​သော​အိမ်​တို့၌ သူ​သည်​နေ​ရ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 29,
      "text": "ငွေ​မ​ရ​တတ်​ရ၊ သူ၏​စည်း​စိမ် မ​တည်​ရ။ သူ၏ ဥ​စ္စာ​ပ​စ္စည်း​သည် မြေ​ကြီး​ပေါ်​မှာ မ​ပြန့်​ပွား​ရ။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 30,
      "text": "သူ​သည် မှောင်​မိုက်​ဘေး​နှင့် မ​လွတ်​ရ။ မီး​လျှံ​သည် သူ၏​အ​ခက်​အ​လက်​တို့​ကို လောင်​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ နှုတ်​တော်​အ​သက်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 31,
      "text": "အ​ဘယ်​သူ​မျှ လှည့်​စား​ခြင်း​ကို​ခံ၍ အ​န​တ္တ​ကို မ​ခို​လှုံ​စေ​နှင့်။ သို့​မ​ဟုတ် အ​န​တ္တ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 32,
      "text": "အ​ချိန်​မ​စေ့​မီ ဆုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။ သူ၏​အ​ခက်​အ​လက်​သည် မ​စိမ်း​ရာ။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 33,
      "text": "စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ မိ​မိ၌ မ​မှည့်​သော​အ​သီး​ကို​လည်း​ကောင်း၊ သံ​လွင်​ပင်​ကဲ့​သို့ မိ​မိ​အ​ပွင့်​ကို​လည်း​ကောင်း ချွေ​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 34,
      "text": "အ​ဓ​မ္မ​လူ၏​အ​သင်း​သည် ဆိတ်​ညံ​လိမ့်​မည်။ တံ​စိုး​စား​သော​သူ​တို့၏ နေ​ရာ​သည် မီး​လောင်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 15,
      "verse": 35,
      "text": "ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍ အ​န​တ္တ​ကို​ဖွား​တတ်​ကြ၏။ သူ​တို့​ဝမ်း​ထဲ၌ မု​သား​ကို ကိုယ်​ဝန်​ဆောင်​တတ်​သည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 1,
      "text": "ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 2,
      "text": "ထို​သို့​သော​စ​ကား​များ​တို့​ကို ငါ​ကြား​ဖူး​ပြီ။ သင်​တို့​ရှိ​သ​မျှ​သည် နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သော်​လည်း၊ ပင်​ပန်း​စေ​သော​သူ ဖြစ်​ကြ​ပါ​သည်​တ​ကား။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 3,
      "text": "အ​ချည်း​နှီး​သော​စ​ကား မ​ကုန်​နိုင်​သ​လော။ သင်​သည် စ​ကား​တုံ့​ပြန်​ပြော​ခြင်း​ငှာ အ​ဘယ်​ကြောင့် ရဲ​ရင့်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 4,
      "text": "သင်​တို့​ပြော​သ​ကဲ့​သို့ ငါ​သည်​လည်း​ပြော​နိုင်၏။ သင်​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​လျှင်၊ ငါ​သည် သင်​တို့​တစ်​ဘက်​က စ​ကား​များ​ကို ပုံ၍​ထား​နိုင်၏။ ခေါင်း​ကို​လည်း ခါ​နိုင်၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 5,
      "text": "ထို​သို့​ငါ​သည်​မ​ပြု​ဘဲ၊ သင်​တို့​ကို ငါ့​စ​ကား​နှင့် မ​စ​မည်။ အ​ချည်း​နှီး​သော​စ​ကား​ကို ငါ​ချုပ်​တည်း​မည်။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 6,
      "text": "ယ​ခု​မှာ​ငါ​သည် ပြော​သော်​လည်း မ​သက်​သာ၊ မ​ပြော​ဘဲ​နေ​လျှင်​လည်း ခြား​နား​ခြင်း​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် ငါ့​ကို​ပင်​ပန်း​စေ​တော်​မူ​ပြီ။ ငါ့​အိမ်​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 8,
      "text": "ငါ့​ကို ခြေ​ချင်း​ခတ်​တော်​မူ၍၊ ထို​ခြေ​ချင်း​သည် ငါ့​တစ်​ဘက်​က သက်​သေ​ခံ၏။ ငါ​ပိန်​ကြုံ​ခြင်း​အ​ရာ​သည်​လည်း ငါ့​တစ်​ဘက်​က​ထ၍ မျက်​နှာ​ချင်း​ဆိုင်​လျက် သက်​သေ​ခံ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 9,
      "text": "အ​မျက်​တော်​သည် ငါ့​ကို​အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်၍ ညှဉ်း​ဆဲ​တတ်၏။ ငါ့​အ​ပေါ်​မှာ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​တော်​မူ၏။ ငါ့​ရန်​သူ​သည် ငါ့​ကို မျက်​စောင်း​ထိုး၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 10,
      "text": "သူ​တစ်​ပါး​တို့​သည် ငါ့​ကို​ပါး​စပ်​ဟ​ကြ၏။ အ​ရှက်​ခွဲ၍ ပါး​ကို​ပုတ်​ကြ၏။ ငါ့​တစ်​ဘက်​က တ​ညီ​တ​ညွတ်​တည်း စု​ဝေး​ကြ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် ငါ့​ကို မ​တ​ရား​သော​သူ​တို့​တွင် ချုပ်​ထား​တော်​မူ​ပြီ။ လူ​ဆိုး​တို့၏​လက်​သို့ အပ်​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 12,
      "text": "ငါ​သည်​ငြိမ်​ဝပ်​လျက်​နေ​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို ချိုး​တော်​မူ၏။ လည်​ပင်း​ကို​ကိုင်၍ အ​ပိုင်း​ပိုင်း​ပြတ်​စေ​ခြင်း​ငှာ လှုပ်​တော်​မူ၏။ ငါ့​ကို ပစ်စရာစက်သွင်း​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 13,
      "text": "မြား​တော်​တို့​သည် ငါ့​ကို​ဝိုင်း၍ က​ရု​ဏာ​တော်​မ​ရှိ​ဘဲ၊ ငါ့​ကျောက်​ကပ်​ကို စူး​စေ​တော်​မူ၏။ ငါ့​သည်း​ခြေ​အ​ရည်​ကို မြေ​ပေါ်၌ သွန်း​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 14,
      "text": "ငါ့​ကို အ​ထပ်​ထပ်​ဆွဲ​ဖြတ်၍၊ သူ​ရဲ​ကဲ့​သို့ ငါ့​ကို ဟုန်း​ဟုန်း​တိုက်​လာ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 15,
      "text": "ငါ​သည် ကိုယ်​အ​ရေ​ပေါ်​မှာ လျှော်​တေ​အ​ဝတ်​ကို​ချုပ်၍ ကိုယ်​ဦး​ချို​ကို ရွှံ့​နှင့်​လူး​ပြီ။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 16,
      "text": "ငို​ခြင်း​အား​ဖြင့် ငါ့​မျက်​နှာ​ပျက်​လျက်၊ ငါ့​မျက်​ခမ်း​အ​ပေါ်​မှာ သေ​ခြင်း​အ​ရိပ် လွှမ်း​မိုး​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 17,
      "text": "သို့​သော်​လည်း ငါ့​လက်၌ မ​တ​ရား​သော​အ​မှု မ​ရှိ။ ငါ​ပြု​သော​ပ​တ္ထ​နာ​သည် သန့်​ရှင်း၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 18,
      "text": "အို​မြေ​ကြီး၊ ငါ့​အ​သွေး​ကို​ဖုံး၍ မ​ထား​ပါ​နှင့်။ ငါ​အော်​ဟစ်​ခြင်း​အ​သံ​ကို သင်၌​မ​နေ​စေ​နှင့်။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 19,
      "text": "ဤ​အ​မှု၌ ငါ့​သက်​သေ​သည် ကောင်း​ကင်​ပေါ်​မှာ​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 20,
      "text": "ငါ့​သ​ဘော​ကို သိ​သော​သူ​သည် မြင့်​သော​အ​ရပ်၌​ရှိ၏။ ငါ့​အ​ဆွေ​ခင်​ပွန်း​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​ရည်​ကျ​လျက်​နေ၏။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 21,
      "text": "လူ​သည် မိ​မိ​အ​သိ​အ​ကျွမ်း​နှင့်​ဆွေး​နွေး​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​နှင့် ဆွေး​နွေး​ရ​သော​အ​ခွင့် ရှိ​ပါ​စေ​သော။"
    },
    {
      "book": 18,
      "chapter": 16,
      "verse": 22,
      "text": "နှစ်​ပေါင်း​မ​ကြာ​မ​မြင့်​မီ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​လမ်း​သို့ ငါ​လိုက်​သွား​ရ​တော့​မည်။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 1,
      "text": "ငါ့​အ​သက်​ကုန်​ပြီ။ ငါ​နေ​ရ​သော​ကာ​လ လွန်​ပြီ။ သင်္ချိုင်း​သည် ငါ့​အ​ဖို့​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 2,
      "text": "ကဲ့​ရဲ့​တတ်​သော သူ​တို့​သည် ငါ့​ရှေ့​မှာ​ရှိ​ကြ​သည် မ​ဟုတ်​လော။ သူ​တို့​နှောင့်​ယှက်​သော အ​ခြင်း​အ​ရာ​တို့​ကို အ​စဉ်​ငါ​ကြည့်​မြင်​ရ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 3,
      "text": "အ​ပေါင်​ထား​ပါ​တော့။ အာ​မ​ခံ​ပေး​ပါ​တော့။ အ​ဘယ်​သူ​သည် ငါ​နှင့်​က​တိ​သ​စ္စာ​ထား​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 4,
      "text": "ကိုယ်​တော်​သည် သူ​တို့​ဉာဏ်​ကို ကွယ်​စေ​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​ကို ချီး​မြှောက်​တော်​မ​မူ​ရ။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 5,
      "text": "အ​ကြင်​သူ​သည် ဥ​စ္စာ​ကို​လု​ယူ​အံ့​သော​ငှာ အ​ဆွေ​ခင်​ပွန်း​ကို​အပ်၏။ ထို​သူ၏​သား​တို့​သည် မျှော်​လင့်၍ စိတ်​ပျက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 6,
      "text": "ငါ့​ကို သူ​တစ်​ပါး​ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​စေ​တော်​မူ၍၊ သူ​တို့​သည် ငါ့​ကို​ရွံ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 7,
      "text": "ဝမ်း​နည်း​ခြင်း​အား​ကြီး​သော​ကြောင့် ငါ့​မျက်​စိ​မှုန်၏။ ကိုယ်​အင်္ဂါ​များ​တို့​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 8,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် ဤ​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ အ​ပြစ်​ကင်း​လွတ်​သော​သူ​တို့​သည် အ​ဓ​မ္မ​လူ​များ​တစ်​ဘက်​က ကိုယ်​ကို​ကိုယ် နှိုး​ဆော်​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 9,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည်​လည်း တည်​ကြည်​ခြင်း၊ လက်​စင်​ကြယ်​သော​သူ​တို့​သည် ခွန်​အား​တိုး​ပွား​ခြင်း ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 10,
      "text": "သင်​တို့​မူ​ကား တစ်​ယောက်​မျှ​မ​ကြွင်း၊ ပြန်​သွား​ကြ​ပါ​တော့။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​နိုင်။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 11,
      "text": "ငါ့​နေ့​ရက်​လွန်​ပြီ။ ငါ​နှ​လုံး​သွင်း​မိ​သော အ​ကြံ​အ​စည်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 12,
      "text": "ည​သည် ငါ၌​နေ့​ကဲ့​သို့​ဖြစ်၍၊ ငါ့​အ​လင်း​သည် မှောင်​မိုက်​နှင့် နီး​စပ်၏။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 13,
      "text": "သင်္ချိုင်း​သည် ငါ့​နေ​ရာ​ဖြစ်​သည်​ကို ငါ​မျှော်​လင့်၏။ ငါ့​အိပ်​ရာ​သည် မှောင်​မိုက်၌ ခင်း​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 14,
      "text": "ပုပ်​စပ်​ခြင်း​အား၊ သင်​သည် ငါ့​အ​ဘ​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တီ​ကောင်​အား သင်​သည်​ငါ့​အ​မိ၊ ငါ့​နှ​မ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 15,
      "text": "သို့​ဖြစ်၍ အ​ဘယ်​သို့ ငါ​မျှော်​လင့်​ရ​သ​နည်း။ ငါ​မျှော်​လင့်​စ​ရာ​အ​ကြောင်း​ကို အ​ဘယ်​သူ​မြင်​ရ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 17,
      "verse": 16,
      "text": "ထို​အ​ကြောင်း​သည် မ​ရ​ဏနိုင်​ငံ​အ​ထဲ​သို့​ဝင်၍၊ ငါ​နှင့်​အ​တူ မြေ​မှုန့်၌ နှိမ့်​ချ​လျက်​နေ​ရ​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 1,
      "text": "တစ်​ဖန် ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 2,
      "text": "ဤ​စ​ကား​သည် အ​ဘယ်​အ​ခါ​မှ ပြတ်​လိမ့်​မည်​နည်း။ သ​တိ​ပြု​ကြ။ သို့​မှ​သာ​ငါ​တို့​သည် စ​ကား​ပြော​ကြ​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 3,
      "text": "သင်​သည်​ငါ​တို့​ကို တိ​ရ​စ္ဆာန်​ကဲ့​သို့ အ​ဘယ်​ကြောင့်​မှတ်​သ​နည်း။ အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 4,
      "text": "အ​မျက်​ထွက်၍ မိ​မိ​ကိုယ်​ကို ကိုက်​ဖြတ်​သော​သူ၊ သင့်​အ​တွက် မြေ​ကြီး​ကို​စွန့်​ပစ်​ရ​မည်​လော။ ကျောက်​သည် မိ​မိ​နေ​ရာ​မှ ရွေ့​ရ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 5,
      "text": "အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​အ​လင်း​သည် ကွယ်​လိမ့်​မည်။ သူ၏​မီး​လျှံ မ​တောက်​ရ။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 6,
      "text": "သူ၏​နေ​ရာ​အ​လင်း​လည်း မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ သူ၏​ဆီ​မီး​လည်း သေ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 7,
      "text": "ခိုင်​ခံ့​စွာ​သွား​သော​အ​ခါ ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လိမ့်​မည်။ မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှုံး​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 8,
      "text": "ပိုက်​ထဲ​သို့ အ​လို​လို​ဝင်​တတ်၏။ ကျော့​ကွင်း​ပေါ်​မှာ နင်း​တတ်၏။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 9,
      "text": "ဂိုင်း​ပြုတ်၍ ခြေ​ကို​မိ​သ​ဖြင့် ကျော့​ကွင်း​နှင့် မ​ကျွတ်​နိုင်​ဘဲ နေ​ရ၏။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 10,
      "text": "မြေ၌​ဂျမ်း​ကြိုး​ကို သူ့​အ​ဖို့ ဝှက်​ထား​လျက်၊ သူ​သွား​ရာ​လမ်း၌ ထောင်​ချောက်​ကို ပြင်​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 11,
      "text": "ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​သည်​ဝိုင်း၍ ကျပ်​တည်း​စွာ လိုက်​နှင့်​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 12,
      "text": "သူ​သည် ငတ်​မွတ်​သော​အား​ဖြင့် အား​လျော့​လျက်၊ ပျက်​စီး​ခြင်း​ဘေး​နှင့် တွေ့​လု​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 13,
      "text": "ထို​ဘေး​သည် သူ၏​အ​ရိုး​တို့​ကို ကိုက်​ခဲ၍၊ သေ​မင်း၏​သား​ဦး​သည် သူ၏​ခွန်​အား​ကို မျို​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 14,
      "text": "သူ​ခို​လှုံ​ရာ​အ​ကြောင်း​ကို သူ၏​နေ​ရာ​မှ​ပယ်​ရှင်း၍၊ သူ့​ကိုယ်​ကို ဘေး​ဒဏ်​တို့၏​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား​ရ၏။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 15,
      "text": "သူ၏​နေ​ရာ၌ အ​ရှင်​မ​ရှိ။ ပျက်​စီး​ခြင်း​ဘေး​နေ၍ အ​မိုး​ပေါ်​မှာ ကန့်​ဖြူး​လျက်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 16,
      "text": "သူ၏​အ​မြစ်​တို့​သည် သွေ့​ခြောက်​လျက်၊ အ​ခက်​အ​လက်​တို့​လည်း သေ​လျက်​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 17,
      "text": "မြေ​ပေါ်​မှာ​သူ့​ကို အောက်​မေ့​စ​ရာ​အ​မှတ်​ပျောက်​ပျက်၍၊ ပွဲ​သ​ဘင်၌ သူ၏​နာ​မ​ကို အ​ဘယ်​သူ​မျှ မ​ခေါ်​မ​ပြော။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 18,
      "text": "သူ့​ကို​အ​လင်း​ထဲ​က မှောင်​မိုက်​ထဲ​သို့ မောင်း၍ လူ့​ပြည်​မှ​နှင်​ထုတ်​ရ၏။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 19,
      "text": "သူ့​အ​မျိုး​တွင် သူ့​သား​မြေး​မ​ရှိ။ သူ၏​အိမ်​သူ​အိမ်​သား​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 20,
      "text": "သူ၏​လက်​ထက်၌​ရှိ​သော​သူ​တို့​သည် ထိတ်​လန့်​သ​ကဲ့​သို့၊ သူ့​နောက်၌​ဖြစ်​သော သူ​တို့​သည် သူ၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 18,
      "verse": 21,
      "text": "အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​နေ​ရာ​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ၏။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​သည် ထို​သို့​သော​နေ​ရာ​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 1,
      "text": "ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ့​စိတ်​ဝိ​ညာဉ်​ကို နှောင့်​ယှက်၍ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်​တို့​စ​ကား​ဖြင့် ငါ့​ကို​ချိုး​ဖဲ့​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 3,
      "text": "ဆယ်​ကြိမ်​မြောက်​အောင် ငါ့​ကို​ကဲ့​ရဲ့​ကြ​ပြီ။ ငါ့​ကို​မိန်း​မော​တွေ ဝေ​စေ​ခြင်း​ငှာ အ​ရှက်​မ​ရှိ​ဘဲ​ပြု​ကြ​ပြီ။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 4,
      "text": "ငါ​ပြစ်​မှား​ပြီ မှန်​စေ​တော့။ ငါ့​အ​ပြစ်​နှင့် ငါ​သာ​ဆိုင်၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 5,
      "text": "သင်​တို့​သည်​ငါ့​အ​ပေါ်၌ ဝါ​ကြွား၍၊ ငါ​အ​ရှက်​ခံ​ရ​သော​ကြောင့်၊ ငါ၌​အ​ပြစ်​တင်​ကြ​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​သည် ငါ့​ကို​လှဲ၍ မိ​မိ​ကျော့​ကွင်း၌ ကျော့​မိ​တော်​မူ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 7,
      "text": "ငါ​သည် ကိုယ်​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​အ​ကြောင်း​ပြု၍ မြည်​တမ်း​သော်​လည်း၊ အ​ဘယ်​သူ​မျှ​နား​မ​ထောင်။ အော်​ဟစ်​သော်​လည်း တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 8,
      "text": "ငါ​မ​သွား​နိုင်​အောင် ငါ့​ရှေ့​မှာ​အ​ဆီး​အ​ကာ​ပြု၍၊ ငါ​သွား​ရာ​လမ်း၌ မှောင်​မိုက်​ကို​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 9,
      "text": "ငါ့​ဂုဏ်​အ​သ​ရေ​ကို​ချွတ်၍၊ ငါ့​ခေါင်း​က ပေါင်း​သ​ရ​ဖူ​ကို​ချ​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 10,
      "text": "ငါ့​ကို​ဝိုင်း၍ ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ငါ​ပျောက်​ကုန်​ပြီ။ သစ်​ပင်​ကို နုတ်​သ​ကဲ့​သို့၊ ငါ​မျှော်​လင့်​ရ​သော​အ​ခွင့်​ကို နုတ်​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 11,
      "text": "ငါ၌​အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ငါ့​ကို​ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 12,
      "text": "စစ်​ချီ​လာ၍၊ စစ်​သူ​ရဲ​တော်​တို့​သည် ငါ့​ရှေ့​သို့​ရောက်​ခြင်း​ငှာ၊ ကျုံး​တူး၍ ငါ့​ပတ်​လည်၌ တပ်​ချ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 13,
      "text": "ငါ့​ညီ​အစ်​ကို​တို့​ကို ငါ​နှင့်​ကွာ​ဝေး​စေ​တော်​မူ၏။ ငါ့​အ​သိ​အ​ကျွမ်း​တို့​သည် ငါ့​ကို​မ​သိ၊ ရိုင်း​သော​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 14,
      "text": "ငါ့​ပေါက်​ဖော်​တို့​သည် ငါ့​ကို​စွန့်၍၊ ငါ့​သူ​ငယ်​ချင်း​တို့​သည် မေ့​လျော့​ကြ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 15,
      "text": "ငါ့​ကျွန်​မ​များ၊ ငါ့​အိမ်​သူ​အိမ်​သား​များ​တို့​သည် ငါ့​ကို​ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ကဲ့​သို့​လည်း​ကောင်း မှတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 16,
      "text": "ငါ့​ကျွန်​ကို​ငါ​ခေါ်​သော​အ​ခါ သူ​သည်​မ​ထူး၊ သူ့​ကို​နှုတ်​ဆက်၍ တောင်း​ပန်​ရ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 17,
      "text": "ငါ့​မ​ယား​သည် ငါ့​အ​သက်​လေ​ကို​လည်း​ကောင်း၊ ငါ့​သား​သ​မီး​တို့​သည် ငါ​မြည်​တမ်း​ခြင်း​အ​သံ​ကို​လည်း​ကောင်း ရွံ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 18,
      "text": "သူ​ငယ်​တို့​သည်​လည်း ငါ့​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ငါ​ထ​သော​အ​ခါ ကဲ့​ရဲ့​ကြ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 19,
      "text": "ငါ့​မိတ်​ဆွေ​တို့​သည် ငါ့​ကို​ရွံ၍၊ ငါ​ချစ်​သော​သူ​တို့​သည် ငါ့​ရန်​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 20,
      "text": "ငါ့​အ​ရေ​အ​သား​သည် ငါ့​အ​ရိုး​တို့၌ ကပ်​လျက်​ရှိ၏။ သွား​ဖုံး​တစ်​ခု​သာ​ပါ​လျက် ငါ​ပြေး​လွတ်​ရ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 21,
      "text": "အို အ​ဆွေ​ခင်​ပွန်း​တို့၊ ငါ့​ကို​သ​နား​ကြ​ပါ။ ငါ့​ကို​သ​နား​ကြ​ပါ။ ဘု​ရား​သ​ခင်၏​လက်​တော်​သည် ငါ့​ကို​ထိ​ခိုက်​ပါ​ပြီ။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 22,
      "text": "ဘု​ရား​သ​ခင် ညှဉ်း​ဆဲ​တော်​မူ​သည်​နည်း​တူ အ​ဘယ်​ကြောင့် သင်​တို့​သည် ညှဉ်း​ဆဲ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ့​အ​သား​ကို​စား၍ မ​ရောင်​ရဲ့​ဘဲ​နေ​ကြ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 23,
      "text": "ငါ့​စ​ကား​ကို ယ​ခု​ရေး​မှတ်​ပါ​စေ​သော။ စာ​ရင်း၌ သွင်း​ထား​ပါ​စေ​သော။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 24,
      "text": "ခဲ​ပြား​ပေါ်​မှာ​က​ညစ်​နှင့် အ​က္ခ​ရာ​တင်​လျက်၊ ကျောက်​စာ​ထိုး​လျက်​မြဲ​ပါ​စေ​သော။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 25,
      "text": "ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 26,
      "text": "ငါ့​အ​ရေ​ကုန်​ပြီး​မှ ဤ​ကိုယ်​ကို​ပင် ဖျက်​ဆီး​သော်​လည်း၊ ငါ​သည်​ကိုယ်​ခ​န္ဓာ၌ ဘု​ရား​သ​ခင်​ကို​မြင်​မည်​ဟူ၍​လည်း​ကောင်း ငါ​သိ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 27,
      "text": "ငါ့​ဘက်၌​နေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​မြင်​မည်။ သူ​တစ်​ပါး​မြင်​သည်​သာ​မ​က၊ ငါ​သည် ကိုယ်​မျက်​စိ​နှင့် ဖူး​မြင်​မည်။ ထို​သို့​မျှော်​လင့်၍ ငါ့​ကျောက်​ကပ်​သည် ပျက်​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 28,
      "text": "ယ​ခု​မှာ​သင်​တို့​က၊ ငါ​တို့​သည် သူ့​ကို​အ​ဘယ်​သို့ ညှဉ်း​ဆဲ​ရ​မည်​နည်း။ သူ၌ အ​ပြစ်​တင်​သော​အ​ခွင့်​ကို အ​ဘယ်​သို့​တွေ့​ရ​မည်​နည်း​ဟု ဆို​ကြ​သည်​ဖြစ်၍၊"
    },
    {
      "book": 18,
      "chapter": 19,
      "verse": 29,
      "text": "ဓား​ဘေး​ကို ကြောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​မျက်​တော်​သည်​ဓား​ဘေး​ဖြင့် အ​ပြစ်​ပေး​တတ်၏။ အ​ပြစ်​စီ​ရင်​ရ​သော​အ​ချိန် ရှိ​ကြောင်း​ကို သိ​မှတ်​ကြ​လော့​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 1,
      "text": "တစ်​ဖန် နေ​မတ်​အ​မျိုး​သား ဇော​ဖာ​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 2,
      "text": "ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း၊ ငါ့​စိတ်​နှ​လုံး​သည် နှိုး​ဆော်​သော​ကြောင့်၊ ပြော​ချင်​သော​စိတ်​အား​ကြီး၏။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 3,
      "text": "ငါ​သည်​ကိုယ်​ခံ​ရ​သော ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​စ​ကား​ကို​ကြား၍၊ ငါ့​ဉာဏ်​သ​ဘော နှိုး​ဆော်​သ​ဖြင့် ငါ​ပြန်​ပြော​ရ၏။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 4,
      "text": "ရှေ့​ဦး​စွာ​သော​ကာ​လ၊ လူ​ကို မြေ​ကြီး​ပေါ်​မှာ နေ​ရာ​ချ​စ​ကာ​လ​မှ​စ၍၊"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 5,
      "text": "ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 6,
      "text": "သူ၏​ဘုန်း​သည် မိုး​ပေါ်​သို့​တက်၍၊ သူ၏​ခေါင်း​သည် မိုး​တိမ်​တိုင်​အောင် မီ​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 7,
      "text": "မိ​မိ​မ​စင်​ကဲ့​သို့ အ​စဉ်​ပျက်​ရ​လိမ့်​မည်။ သူ့​ကို​မြင်​ဖူး​သော သူ​တို့​က၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 8,
      "text": "သူ​သည် အိပ်​မက်​ကဲ့​သို့​လွင့်​ပြား၍ နောက်​တစ်​ဖန် မ​တွေ့​ရ။ ည​ရူ​ပါ​ရုံ​ကဲ့​သို့ ကွယ်​ပျောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 9,
      "text": "သူ့​ကို​မြင်​ဖူး​သော​မျက်​စိ​သည် နောက်​တစ်​ဖန် သူ့​ကို​မ​ကြည့်​မ​ရှု​ရ။ သူ၏​နေ​ရာ​အ​ရပ်​သည် နောက်​တစ်​ဖန် သူ့​ကို​မ​မြင်​ရ။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 10,
      "text": "သူ၏​သား​တို့​သည် ဆင်း​ရဲ​သား​တို့​ကို ဖျောင်း​ဖျ​ရ​ကြ၏။ သို​ထား​သော​ဥ​စ္စာ​ကို ကိုယ်​လက်​နှင့် ပြန်​ပေး​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 11,
      "text": "သူ၏​အ​ရိုး​တို့​သည် ပျို​သော​အ​ရွယ်၏ အ​ရှိန်​နှင့်​ပြည့်​စုံ​သော်​လည်း၊ သူ​နှင့်​တ​ကွ မြေ​မှုန့်၌ အိပ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 12,
      "text": "သူ​သည်​မိ​မိ​ပါး​စပ်၌ ဒု​စ​ရိုက်​ကို​ချို​နိုး​ထင်၍၊ မိ​မိ​လျှာ​အောက်​မှာ ဝှက်​ထား​လျက်၊"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 13,
      "text": "နှ​မြော​သ​ဖြင့် မ​စွန့်​ရက်​ဘဲ၊ မိ​မိ​ပါး​စပ်၌ ငုံ​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 14,
      "text": "စား​ပြီး​လျှင် သူ၏​ဝမ်း​ထဲ​မှာ သ​ဘော​ပြောင်း၍ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 15,
      "text": "သူ​မျို​သော​စည်း​စိမ်​ဥ​စ္စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ ဘု​ရား​သ​ခင်​လည်း သူ့​ကို ဝမ်း​နုတ်​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 16,
      "text": "သူ​သည် မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ကို​စို့၍ မြွေ​ဟောက်​ကိုက်​သ​ဖြင့် သေ​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 17,
      "text": "အ​သွယ်​သွယ်​သော​မြစ်၊ နို့​နှင့် ပျား​ရည်​စီး​သော​မြစ်​တို့​ကို မ​မြင်​ရ။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 18,
      "text": "မိ​မိ​လုပ်၍​ရ​သော​ဥ​စ္စာ​ကို မိ​မိ​မ​သုံး​ဘဲ ပြန်​ပေး​ရ၏။ ပြန်​ပေး​ရ​သော ဥ​စ္စာ​ဖြစ်​သော​ကြောင့် အား​ရ​ခြင်း​မ​ရှိ​ရ။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 19,
      "text": "ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​စွန့်​ပစ်၍၊ မိ​မိ မ​ဆောက်​သော​အိမ်​ကို လု​ယူ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 20,
      "text": "လော​ဘ မ​ပြေ​နိုင်​သော​ကြောင့်​လည်း​ကောင်း၊ အ​လို​ရှိ​သော​ဥ​စ္စာ တစ်​စုံ​တစ်​ခု​မျှ​မ​ကြွင်း ဆုံး​ရှုံး​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 21,
      "text": "သူ​လု​ယူ​ချင်​သော လော​ဘ​လက်​နှင့် အ​ဘယ်​အ​ရာ​မျှ မ​လွတ်​သော​ကြောင့်၊ သူ၏​စည်း​စိမ်​မ​တည်​ရ။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 22,
      "text": "ဥ​စ္စာ​ကြွယ်​ဝ​စဉ်​တွင်​ပင် ဆင်း​ရဲ​ခြင်း​နှင့်​တွေ့၍၊ အ​မျိုး​မျိုး​သော အ​မှု​တို့​သည် ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 23,
      "text": "သို့​သော်​လည်း သူ​သည်​ဝ​စွာ​စား​ရ၏။ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​အ​ရှိန်​ကို​လွှတ်၍ သူ​စား​စ​ရာ​ဖို့ အ​မျက်​တော်​မိုး​ကို ရွာ​စေ​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 24,
      "text": "သံ​လက်​နက်​ကို ရှောင်၍​ပြေး​သော်​လည်း၊ ကြေး​ဝါ​လေး​ဖြင့် ထုတ်​ချင်း​ခွင်း​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 25,
      "text": "မြား​ကို​နုတ်​လျှင် မိ​မိ​ကိုယ်​ထဲ​က ထွက်​လာ၏။ အ​ရောင်​တောက်​သော​ဓား​သည် သူ၏​သည်း​ခြေ​ထဲ​က ထွက်​လာ၍၊ သူ​သည် မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 26,
      "text": "ခပ်​သိမ်း​သော​ဘေး​တို့​သည် သူ့​အ​ဖို့ သို​ထား​လျက်​ရှိ​ကြ၏။ လူ​မ​မွေး​သော​မီး​သည် သူ့​ကို​လောင်​လိမ့်​မည်။ သူ၏​နေ​ရာ၌ ကြွင်း​သ​မျှ​သော အ​ရာ​တို့​ကို လောင်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 27,
      "text": "မိုး​ကောင်း​ကင်​သည် သူ၏​အ​ပြစ်​ကို ဖော်​ပြ၍၊ မြေ​ကြီး​သည်​လည်း သူ့​တစ်​ဖက်၌​ထ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 28,
      "text": "သူ၏​အိမ်၌​ရှိ​သော ဥ​စ္စာ​သည် ကွယ်​ပျောက်၍၊ အ​မျက်​တော် ထွက်​သော​နေ့၌ ရေ​ကဲ့​သို့​စီး​သွား​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 20,
      "verse": 29,
      "text": "ထို​သို့​သော​ဆု​လာဘ်​ကို ဘု​ရား​သ​ခင်​သည် လူ​ဆိုး​အား​ပေး​တော်​မူ၏။ ထို​သို့​သော​အ​မွေ​ဥ​စ္စာ​ကို ဘု​ရား​သ​ခင်​ခွဲ​ဝေ​စီ​ရင်​တော်​မူ​သည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 1,
      "text": "ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 2,
      "text": "ငါ့​စ​ကား​ကို​စေ့​စေ့​နား​ထောင်၍ ငါ့​အား​နှစ်​သိမ့်​ခြင်း​ကို ပြု​ကြ​လော့။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 3,
      "text": "ငါ​ပြော​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ သည်း​ခံ​ကြ​လော့။ ငါ​ပြော​ပြီး​မှ ပြက်​ရယ်​ပြု​ချင်​လျှင် ပြု​ကြ​လော့။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 4,
      "text": "ငါ​မြည်​တမ်း​သော​အ​ရာ​နှင့် လူ​ဆိုင်​သ​လော။ အ​ဘယ်​ကြောင့် စိတ်​မ​တို​သင့်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 5,
      "text": "ငါ့​ကို​ကြည့်​ရှု​လျက် မိန်း​မော​တွေ​ဝေ၍၊ သင်​တို့​ပါး​စပ်​ကို သင်​တို့​လက်​နှင့် ဖုံး​အုပ်​ကြ​လော။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 6,
      "text": "ငါ​သည် အောက်​မေ့​သော​အ​ခါ မိန်း​မော​တွေ​ဝေ၍၊ ကိုယ်​အ​သား​သည် တုန်​လှုပ်​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 7,
      "text": "လူ​ဆိုး​တို့​သည် အ​သက်​ရှင်​ရုံ​မျှ​မ​က၊ အ​ဘယ်​ကြောင့် အ​သက်​ကြီး၍ ဘုန်း​စည်း​စိမ်​နှင့် ပြည့်​စုံ​ကြ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 8,
      "text": "သူ​တို့​သား​သ​မီး​တို့​သည် သူ​တို့​ပတ်​ဝန်း​ကျင်​အ​ရပ်၌​လည်း​ကောင်း၊ သူ​တို့​အ​မျိုး​အ​နွယ်​သည် သူ​တို့​ရှေ့​မှောက်၌​လည်း​ကောင်း နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 9,
      "text": "သူ​တို့​အိမ်​များ​သည်​လည်း ဘေး​နှင့်​လွတ်၍ ငြိမ်​ဝပ်​ကြ၏။ ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 10,
      "text": "သူ​တို့​နွား​လား​သည် မ​ချွတ်​မ​လွှဲ အ​ရွယ်​လိုက်​တတ်၏။ နွား​မ​သည်​လည်း ဝမ်း​ပိုး​မ​ပျက် ဖွား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 11,
      "text": "သူ​တို့​သူ​ငယ်​များ​ကို သိုး​စု​ကဲ့​သို့​လွှတ်၍၊ သား​သ​မီး​တို့​သည် က​ခုန်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 12,
      "text": "သူ​တို့​သည် ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက်၊ သီ​ချင်း​ဆို၍ နှဲ​ခ​ရာ​မှုတ်​သံ​နှင့် ဝမ်း​မြောက်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 13,
      "text": "ပျော်​မွေ့​လျက် အ​သက်​ကာ​လ​ကို လွန်​စေ၍၊ ချက်​ချင်း​သေ​မင်း​နိုင်​ငံ​သို့ ဆင်း​သက်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​အား​လည်း၊ ငါ့​တို့​ထံ​မှ ထွက်​သွား​လော့။ ကိုယ်​တော်၏​တ​ရား​ကို ငါ​တို့​မ​သိ​လို​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 15,
      "text": "အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ငါ​တို့​သည် ဝတ်​ပြု​ရ​မည်​နည်း။ သူ့​ကို​ဆု​တောင်း​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​လိမ့်​မည်​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 16,
      "text": "သို့​သော်​လည်း သူ​တို့​သည်​ကိုယ်​စည်း​စိမ်​ကို ကိုယ်​မ​ပိုင်​ကြ။ မ​တ​ရား​သော​သူ​တို့၏ အ​ကြံ​အ​စည်​ကို ငါ​သည် ဝန်​မ​ခံ။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 17,
      "text": "မ​တ​ရား​သော​သူ​တို့၏ မီး​ခွက်​သည်​သေ၍၊ သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​သ​ဖြင့်၊ ဘယ်​နှစ်​ကြိမ်​ဘေး​ဥ​ပဒ်​တို့​ကို စီ​ရင်​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 18,
      "text": "သူ​တို့​သည် လေ​ရှေ့​မှာ​အ​မှိုက်​နှင့် မုန်​တိုင်း​တိုက်​သွား​သော ဖွဲ​ကဲ့​သို့ ဘယ်​နှစ်​ကြိမ်​ဖြစ်​ဖူး​သည်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 19,
      "text": "ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို သူ၏​သား​သ​မီး​တို့​အ​ဖို့ ဘယ်​နှစ်​ကြိမ် သို​ထား​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ကိုယ်​တိုင်​သိ၍၊"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 20,
      "text": "ကိုယ်​ပျက်​စီး​ခြင်း​ကို ကိုယ်​မျက်​စိ​နှင့် မြင်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏​အ​မျက်​တော်​ကို သောက်​စိမ့်​သော​ငှာ၊ သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် ဆပ်​ပေး​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း သိ​မှတ်​ကြ​လော့။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 21,
      "text": "သူ​နေ​ရ​သော​နှစ်​လ​စေ့​သော​အ​ခါ၊ သူ့​သား​သ​မီး​တို့၌ ရောက်​သော​အ​မှု​နှင့် သူ​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 22,
      "text": "မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ သွန်​သင်​လိမ့်​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 23,
      "text": "တစ်​ယောက်​သော​သူ​ကား ခွန်​အား​နှင့် ပြည့်​စုံ​လျက်၊ ငြိမ်​ဝပ်​ချမ်း​သာ​စွာ သေ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 24,
      "text": "သူ၏​နံ​ဘေး​တို့​သည် ဆူ​ဖြိုး၍၊ အ​ရိုး​တို့​လည်း​ခြင်​ဆီ​နှင့် စို​စွတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 25,
      "text": "တစ်​ယောက်​သော​သူ​ကား တစ်​ခါ​မျှ​မ​ပျော်​မွေ့၊ စိတ်​ညှိုး​ငယ်​လျက် သေ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 26,
      "text": "နှစ်​ယောက်​လုံး​တို့​သည် မ​ခြား​မ​နား၊ မြေ​မှုန့်၌​အိပ်၍ တီ​ကောင်​များ ဖုံး​လွှမ်း​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 27,
      "text": "သင်​တို့​သည် အောက်​မေ့​သော​အ​ရာ၊ ငါ့​ကို မ​နာ​လို​သော​စိတ်​နှင့် ဆင်​ခြင်​သော​အ​ရာ​တို့​ကို ငါ​သိ၏။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 28,
      "text": "အာ​ဏာ​ထား​တတ်​သော​သူ၏​အိမ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ မ​တ​ရား​သော​သူ​တို့၏ ဘုံ​ဗိ​မာန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​သည် ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 29,
      "text": "ခ​ရီး​သွား​သော​သူ​တို့​ကို မ​မေး​ကြ​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 30,
      "text": "ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 31,
      "text": "သူ​ပြု​သော​အ​မှု​ကို သူ့​ရှေ့​မှာ အ​ဘယ်​သူ ဖော်​ပြ​လိမ့်​မည်​နည်း။ သူ၏​အ​ပြစ်​နှင့်​အ​လျောက် အ​ဘယ်​သူ ဆပ်​ပေး​လိမ့်​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 32,
      "text": "သူ​သည် သင်္ဂြိုဟ်​ခြင်း​သို့​ရောက်၍၊ သူ၏​သင်္ချိုင်း​ပုံ​ကို အ​စောင့်​ထား​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 33,
      "text": "သူ​သည် ချိုင့်​မြေ​စိုင်​တို့​ကို ချို​နိုး​ထင်​လိမ့်​မည်။ မ​ရေ​တွက်​နိုင်​အောင် များ​စွာ​သော​သူ​တို့​သည် သူ့​ရှေ့၌ သွား​နှင့်​သ​ကဲ့​သို့၊ သူ​သည် လူ​ခပ်​သိမ်း​တို့​ကို မိ​မိ​နောက်၌ သွေး​ဆောင်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 21,
      "verse": 34,
      "text": "သို့​ဖြစ်၍ သင်​တို့​ပြန်​ပြော​သော​စ​ကား၌ မု​သား​ပါ​သော​ကြောင့်၊ အ​ဘယ်​သို့ ငါ့​ကို အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ​လိမ့်​မည်​နည်း​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 1,
      "text": "တစ်​ဖန် တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 2,
      "text": "လူ​သည် မိ​မိ​ပ​ညာ​အား​ဖြင့် မိ​မိ​အ​ကျိုး​ကို​ပြု​စု​သ​ကဲ့​သို့ ဘု​ရား​သ​ခင်၌ ကျေး​ဇူး​ပြု​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 3,
      "text": "သင်၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ကျေး​ဇူး​ရှိ​တော်​မူ​သ​လော။ သင်၏​အ​ကျင့်၌ အ​ပြစ်​မ​ပါ​ကြောင်း​ကို ထင်​ရှား​စေ​သော​အား​ဖြင့် အ​ကျိုး​စီး​ပွား​ရှိ​တော်​မူ​သ​လော။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 4,
      "text": "သင့်​ကို​ကြောက်​ရွံ့​သော​ကြောင့် ဆုံး​မ​ပေး​တော်​မူ​မည်​လော။ သင်​နှင့် တ​ရား​တွေ့​တော်​မူ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 5,
      "text": "သင်​ပြု​သော​ဒု​စ​ရိုက်​သည် အ​လွန်​ကြီး​သည် မ​ဟုတ်​လော။ သင့်​အ​ပြစ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 6,
      "text": "သင်​သည် ညီ​အစ်​ကို​ပေါင်​ထား​သော ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် ခံ​ယူ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့၏ အ​ဝတ်​ကို​လည်း ချွတ်​ယူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 7,
      "text": "မော​သော​သူ​သောက်​ဖို့ ရေ​ကို​မ​ပေး။ ငတ်​မွတ်​သော​သူ​ကို မ​ကျွေး။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 8,
      "text": "အား​ကြီး​သော​သူ​မူ​ကား မြေ​ကို​ပိုင်​ရ၏။ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ​သည် နေ​ရ​သော​အ​ခွင့်​ကို​ရ၏။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 9,
      "text": "သင်​သည် မု​ဆိုး​မ​တို့​ကို လက်​ချည်း​လွှတ်​လိုက်၍၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​တို့၏​လက်​ကို ချိုး​ပြီ။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 10,
      "text": "ထို​ကြောင့် ကျော့​ကွင်း​နှင့် ကျော့​မိ​ပြီ၊ ထိတ်​လန့်​သော​စိတ်​နှင့် ပင်​ပန်း​ရ၏။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 11,
      "text": "မ​မြင်​နိုင်​သော​မှောင်​မိုက်​သည် ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​စီး​သော​ရေ​သည် လွှမ်း​မိုး​ရ၏။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘ​ဝဂ်​ပေါ်​မှာ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ ကြယ်​တို့​သည် အ​ဘယ်​မျှ​လောက် မြင့်​ကြ​သည်​တ​ကား။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 13,
      "text": "သို့​ဖြစ်၍​သင်​က၊ ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​သိ​တော်​မူ​မည်​နည်း။ ထူ​သော​တိမ်​တိုက်​ကွယ်​လျက်​နှင့် စီ​ရင်​တော်​မူ​နိုင်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 14,
      "text": "မ​မြင်​နိုင်​အောင် ထူ​ထပ်​သော​တိမ်​တို့​သည် ကိုယ်​တော်​ကို လွှမ်း​မိုး​ကြ၏။ ကောင်း​ကင်​စ​ကြ​ဝ​ဠာ​ထိပ်​ပေါ်​မှာ လှည့်​လည်​တော်​မူ​သည်​ဟု ဆို​တတ်၏။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 15,
      "text": "ကာ​လ​အ​ချိန်​မ​စေ့​မီ ဖျက်​ဆီး​ခြင်း၊ ရေ​လွှမ်း​မိုး၍၊"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 16,
      "text": "အ​ခြေ​အ​မြစ်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​သော​သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ငါ​တို့​ထံ​မှ ထွက်​သွား​လော့​ဟူ၍​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 17,
      "text": "ဆို​တတ်​သော အ​ဓ​မ္မ​လူ​တို့ လိုက်​ဖူး​သော​လမ်း​ဟောင်း​ကို သင်​သည် လိုက်​ဦး​မည်​လော။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 18,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သူ​တို့​အိမ်​ကို ကောင်း​သော​အ​ရာ​နှင့် ပြည့်​စေ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ အ​ကြံ​အ​စည်​ကို ငါ​သည်​ဝန်​မ​ခံ။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 19,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် ကြည့်​မြင်၍ ဝမ်း​မြောက်​ကြ၏။ အ​ပြစ်​ကင်း​သော​သူ​တို့​သည် ထို​အ​ဓ​မ္မ​လူ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 20,
      "text": "အ​ကယ်​စင်​စစ် ငါ​တို့​ရန်​သူ​သည် ပျက်​စီး​လေ​ပြီ။ သူ၏​စည်း​စိမ်​ကို မီး​လောင်​လေ​ပြီ​ဟု ဆို​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 21,
      "text": "ဘု​ရား​သ​ခင်​နှင့် အ​ကျွမ်း​ဝင်၍ မိတ်​သ​ဟာ​ယ​ဖွဲ့​လော့။ ထို​သို့​ပြု​မှ ကောင်း​စား​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 22,
      "text": "နှုတ်​တော်​ထွက်​တ​ရား​ကို ခံ​ယူ၍ စ​ကား​တော်​ကို နှ​လုံး၌​သွင်း​ပါ​လော့။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 23,
      "text": "အ​န​န္တ​တန်​ခိုး​ရှင်​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ တည်​ဆောက်​ခြင်း​ရှိ​လိမ့်​မည်။ သင့်​အိမ်​မှ​ဒု​စ​ရိုက်​ကို ပယ်​ရှား​လျှင်၊"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 24,
      "text": "ရွှေ​ကို​မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ဩ​ဖိ​ရ​ရွှေ​ကို မြစ်၌​ရှိ​သော ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း သို​ထား​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 25,
      "text": "ထို​အ​ခါ အ​န​န္တ​တန်​ခိုး​ရှင်​သည် သင်၌​ရွှေ​ရ​တ​နာ၊ သင်​သုံး​ရ​သော ငွေ​ဘ​ဏ္ဍာ​ဖြစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 26,
      "text": "သင်​သည် အ​န​န္တ​တန်​ခိုး​ရှင်၌ မွေ့​လျော်၍၊ ဘု​ရား​သ​ခင်​ကို ဖူး​မြော်​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 27,
      "text": "သင်​ဆု​တောင်း​သော​အ​ခါ နား​ထောင်​တော်​မူ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ဖြေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 28,
      "text": "သင်​ကြံ​စည်​သော​အ​ကြံ​အ​စည်​သည် ထ​မြောက်၍၊ သင်​သွား​သော​လမ်း၌ ရောင်​ခြည်​ထွန်း​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 29,
      "text": "သူ​တစ်​ပါး​တို့​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ သင်​က ချီး​မြှောက်​သော​အ​ခွင့်​ရှိ​သည်​ဟု ဆို​ရ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 22,
      "verse": 30,
      "text": "အ​ပြစ်​မ​ကင်း​သော​သူ​ကို​ပင် ကယ်​နုတ်​တော်​မူ​လိမ့်​မည်။ သင်​ပြု​သော​အ​မှု သန့်​ရှင်း​သော​အား​ဖြင့် သူ​သည်​ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 1,
      "text": "ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ ယ​ခု​ငါ​ပြင်း​စွာ မြည်​တမ်း​သော်​လည်း၊ ငါ​ခံ​ရ​သော​ဒဏ်​သည် သာ၍​ပြင်း​ပါ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​ကို တွေ့​နိုင်​သော​အ​ရပ်​ကို ငါ​သိ​ပါ​စေ​သော။ ပ​လ္လင်​တော်​ရှေ့​သို့ ရောက်​ပါ​စေ​သော။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 4,
      "text": "ရှေ့​တော်​သို့​ရောက်​မှ ငါ​သည် ကိုယ်​အ​မှု​ကို​ပြင်​ဆင်၍၊ များ​စွာ​သော အ​ကျိုး​အ​ကြောင်း​တို့​ကို လျှောက်​ထား​ရ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 5,
      "text": "ငါ့​အား ပြန်​ပြော​မိန့်​မြွက်​တော်​မူ​သော​စ​ကား​တော်​ကို ငါ​သိ​နား​လည်​ရ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 6,
      "text": "မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် ငါ​နှင့်​တ​ရား​တွေ့​တော်​မူ​မည်​လော။ တွေ့​တော်​မ​မူ။ ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 7,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ရှေ့​တော်၌​ဆွေး​နွေး​သော​အ​ခွင့်​ရှိ၍၊ တ​ရား​ရှင်​သည် ငါ့​အ​မှု​ကို အ​စဉ်​ရှင်း​လင်း​စေ​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 8,
      "text": "ယ​ခု​မူ​ကား၊ ငါ​တက်​လျှင် ဘု​ရား​သ​ခင်​ရှိ​တော်​မ​မူ။ ဆုတ်​လျှင် ကိုယ်​တော်​ကို မ​ရိပ်​မိ၊"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 9,
      "text": "လုပ်​တော်​မူ​ရာ လက်​ဝဲ​ဘက်​သို့​သွား​လျှင် ကိုယ်​တော်​ကို​မ​ဖူး​မ​တွေ့​ရ။ လက်​ယာ​ဘက်၌ ပုန်း​ရှောင်​လျက် နေ​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကို​မ​မြင်​ရ။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 10,
      "text": "သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 11,
      "text": "ခြေ​တော်​ရာ​ကို အ​စဉ်​တ​စိုက်​ငါ​လျှောက်​သွား၍၊ ကြွ​တော်​မူ​ရာ​လမ်း​ကို မ​လွှဲ​မ​ရှောင်​လိုက်​ပါ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 12,
      "text": "ထား​တော်​မူ​သော ပ​ညတ်​တို့​ကို ငါ​မ​ပယ်။ နှုတ်​တော်​ထွက်​စ​ကား​တို့​ကို ငါ​ရင်​ခွင်၌ သို​ထား​ပါ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 13,
      "text": "သို့​ရာ​တွင် သ​ဘော​တ​ညီ​တည်း​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​သည် ပြောင်း​လဲ​စေ​နိုင်​မည်​နည်း။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 14,
      "text": "ငါ့​အ​ငန်း​အ​တာ​ကို စီ​ရင်​တော်​မူ၏။ ထို​သို့​သော အ​ကြံ​အ​စည်​တော်​အ​များ ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 15,
      "text": "ထို​ကြောင့်​ရှေ့​တော်၌ ငါ​ထိတ်​လန့်​လျက်​နေ၍ ဆင်​ခြင်​သော​အ​ခါ၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်​သည် ငါ့​စိတ်​ပျက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ​ကြောက်​ရွံ့​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 23,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​မ​ရောက်​မီ ငါ့​ကို​ပယ်​ရှင်း​တော်​မ​မူ၊ ထူ​ထပ်​သော​မှောင်​မိုက်​မှ ငါ့​ကို​ကွယ်​ကာ​တော်​မ​မူ​ပါ​တ​ကား။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 1,
      "text": "အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​ကြောင့်​ကာ​လ​အ​ချိန်​တို့​ကို သို​ထား​တော်​မ​မူ​သ​နည်း။ နား​လည်​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကို အ​ဘယ်​ကြောင့် မ​မြင်​ရ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 2,
      "text": "အ​ချို့​သော​သူ​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​တတ်​ကြ၏။ သူ​တစ်​ပါး၏​သိုး​ဆိတ်​တို့​ကို လု​ယူ၍ ကိုယ်​အ​ဖို့ ထိန်း​ကျောင်း​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 3,
      "text": "မိ​ဘ​မ​ရှိ​သော​သူ​ငယ်၏​မြည်း​ကို မောင်း​သွား၍၊ မု​ဆိုး​မ၏​နွား​ကို အ​ပေါင်​ယူ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 4,
      "text": "ငတ်​မွတ်​သော​သူ​တို့​ကို လမ်း​လွဲ​စေ​ကြ၏။ ဆင်း​ရဲ​သော​ပြည်​သား​တို့​သည် စု​ဝေး၍ ပုန်း​ရှောင်​လျက်​နေ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 5,
      "text": "သူ​တို့​သည် အ​လုပ်​လုပ်​ခြင်း​ငှာ တော၌​ရိုင်း​သော​မြည်း​ကဲ့​သို့ ထွက်​ရ​ကြ၏။ စား​စ​ရာ​ကို​ရှာ​ခြင်း​ငှာ နံ​နက်​စော​စော​သွား၍၊ ကိုယ်​အ​ဖို့​နှင့် သား​သ​မီး​တို့​အ​ဖို့​ကို တော၌​တွေ့​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 6,
      "text": "လယ်​ပြင်၌​ကား၊ ညှဉ်း​ဆဲ​သော​သူ၏​စ​ပါး​ကို ရိတ်၍၊ သူ၏​စ​ပျစ်​သီး​ကို သိမ်း​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 7,
      "text": "ချမ်း​သော​ကာ​လ၌ ကိုယ်​ကို​ဖုံး​လွှမ်း​စ​ရာ အ​ဝတ်​မ​ရှိ။ အ​ချည်း​စည်း အိပ်​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 8,
      "text": "တည်း​ခို​စ​ရာ တဲ​မ​ရှိ​သော​ကြောင့်၊ တောင်​ပေါ်၌ မိုး​ရေ​စို​စွတ်​လျက် ကျောက်​ကြား​မှာ ခို​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 9,
      "text": "အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 10,
      "text": "အ​ဝတ်​မ​ရှိ အ​ချည်း​စည်း​လှည့်​လည်၍ မွတ်​သိပ်​လျက်၊ သူ​တစ်​ပါး​ကောက်​လှိုင်း​ကို ထမ်း​ရ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 11,
      "text": "သူ​တစ်​ပါး​အိမ်​မှာ ဆီ​ကို​ကြိတ်​လျက်၊ စ​ပျစ်​သီး​ကို​နင်း​နယ်​လျက် အ​ငတ်​ခံ​ရ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 12,
      "text": "လူ​တို့​သည် မြို့​ထဲ​မှာ ညည်း​တွား​ကြ၏။ နာ​သော​သူ​တို့​သည် အော်​ဟစ်​ကြ၏။ သို့​သော်​လည်း သူ​တို့​ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​သည် ပ​မာ​ဏ​ပြု​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 13,
      "text": "အ​ချို့​သော​သူ​တို့​သည် အ​လင်း​ကို​ဆန့်​ကျင်​ဘက်​ပြု၍ အ​လင်း​သ​ဘော​ကို​မ​သိ။ လင်း​သော​လမ်း​သို့ မ​လိုက်​တတ်​ကြ။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 14,
      "text": "လူ​သတ်​သည်​စော​စော​ထ၍ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို သတ်​တတ်၏။ ည​အ​ခါ သူ​ခိုး​လုပ်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 15,
      "text": "သူ့​မ​ယား​ကို ခိုး​သော​သူ​သည် ညဉ့်​ဦး​ယံ​အ​ချိန်​ကို​မျှော်​လင့်၍၊ မိ​မိ​မျက်​နှာ​ကို​ဖုံး​လျက် အ​ဘယ်​သူ​မျှ​မ​မြင်​ရ​ဟု ဆို​တတ်၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 16,
      "text": "လူ​ဆိုး​တို့​သည် ည​အ​ချိန်၌ သူ​တစ်​ပါး၏​အိမ်​ကို ဖောက်​ထွင်း​တတ်​ကြ၏။ နေ့​အ​ချိန်၌ ပုန်း​လျက်​နေ၍ အ​လင်း​ကို​ရှောင်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 17,
      "text": "နံ​နက်​ယံ​ကို သေ​မင်း​အ​ရိပ်​ကဲ့​သို့ ထင်​မှတ်၍၊ သေ​မင်း​အ​ရိပ်​ကြောက်​မက်​ဖွယ်​သော ဘေး​တို့​ကို သိ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 18,
      "text": "ရေ​ပေါ်​မှာ ပေါ့​ပါး​ကြ၏။ မြေ​ပေါ်​မှာ ကျိန်​ဆဲ​သော​အ​ဖို့​ကို ခံ​ရ၍၊ စ​ပျစ်​ဥ​ယျာဉ်​အ​နီး​သို့ မ​ချဉ်း​ရ​ကြ။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 19,
      "text": "မိုး​ရေ​သည် ခန်း​ခြောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ နေ​ပူ​အ​ရှိန်​အား​ဖြင့်​လည်း​ကောင်း၊ ကွယ်​ပျောက်​တတ်​သ​ကဲ့​သို့၊ မ​တ​ရား​သော​သူ​သည် သေ​မင်း​နိုင်​ငံ၌ ကွယ်​ပျောက်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 20,
      "text": "သူ၏​အ​မိ​သည် သူ့​ကို​မေ့​လျော့၍၊ တီ​ကောင်​တို့​သည် မြိန်​စွာ စား​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ မ​တ​ရား​သော​သူ​သည် သစ်​ပင်​ကဲ့​သို့ ကျိုး​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 21,
      "text": "မ​တ​ရား​သော​သူ​သည် သား​မ​ဖွား​သော​မိန်း​မ​ကို ညှဉ်း​ဆဲ​တတ်၏။ မု​ဆိုး​မ​ကို​လည်း ကျေး​ဇူး​မ​ပြု​တတ်။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 22,
      "text": "အား​ကြီး​သော​သူ​ကို​ပင် မိ​မိ​တန်​ခိုး​ကြောင့် ပယ်​ရှင်း​တတ်၏။ ထ​သော​အ​ခါ လူ​တိုင်း ကိုယ်​အ​သက်​အ​ဖို့ စိုး​ရိမ်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 23,
      "text": "သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 24,
      "text": "ခ​ဏ​ချီး​မြှောက်​ခြင်း​သို့​ရောက်၍ တစ်​ဖန် ကွယ်​ပျောက်​ကြ၏။ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ အ​ခြား​သော​သူ​ကဲ့​သို့ အ​သက်​ချုပ်​ခြင်း​ကို​လည်း​ကောင်း၊ စ​ပါး​နှံ​အ​ဖျား​ကဲ့​သို့ ရိတ်​ဖြတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 24,
      "verse": 25,
      "text": "သို့​မ​ဟုတ်​လျှင်၊ ငါ၏​မု​သား​အ​ပြစ်​ကို အ​ဘယ်​သူ​ပြ​မည်​နည်း။ ငါ၏​စ​ကား​ကို အ​ဘယ်​သူ​ချေ​မည်​နည်း​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 1,
      "text": "တစ်​ဖန် ရှု​အာ​အ​မျိုး​သား​ဗိ​လ​ဒဒ်​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်​သည် အာ​ဏာ​တော်​နှင့်​လည်း​ကောင်း၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဂုဏ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ၍၊ မြင့်​သော​ဌာ​န​တော်၌ ငြိမ်​သက်​ခြင်း​ကို ပြု​စု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 3,
      "text": "ဗိုလ်​ခြေ​တော်​တို့​ကို ရေ​တွက်​နိုင်​သ​လော။ အ​လင်း​တော်​သည် အ​ဘယ်​သူ​ကို မ​လင်း​ဘဲ​နေ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 4,
      "text": "သို့​ဖြစ်၍ လူ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ ကု​သိုလ်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း။ လူ​မိန်း​မ​ဖွား​မြင်​သော​သူ​သည် အ​ဘယ်​သို့ သန့်​ရှင်း​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 5,
      "text": "လ​သော်​လည်း အ​လင်း​မ​ရှိ။ ကြယ်​သော်​လည်း ရှေ့​တော်၌ မ​ဖြူ​စင်။"
    },
    {
      "book": 18,
      "chapter": 25,
      "verse": 6,
      "text": "ထို​မျှ​မ​က၊ တီ​ကောင်​ဖြစ်​သော​လူ၊ ပိုး​ရွ​ဖြစ်​သော​လူ​သား​ကို အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​သ​နည်း​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 1,
      "text": "ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 2,
      "text": "သင်​သည်​အား​နည်း​သော​သူ​ကို အ​ဘယ်​သို့​မ​စ​သ​နည်း။ လက်​ကျ​သော​သူ​ကို အ​ဘယ်​သို့ ထောက်​ပင့်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 3,
      "text": "မိုက်​သော​သူ​ကို အ​ဘယ်​သို့ အ​ကြံ​ပေး​သ​နည်း။ ထူး​ဆန်း​သော​ပ​ညာ​ကို အ​ဘယ်​သို့​ပြ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 4,
      "text": "ဤ​စ​ကား​ကို အ​ဘယ်​သူ​အား မြွက်​ဆို​သ​နည်း။ အ​ဘယ်​သူ၏ ဝိ​ညာဉ်​အား​ဖြင့် ဟော​ပြော​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 5,
      "text": "အောက်​အ​ရပ်၌ သင်္ချိုင်း​သား​တို့​နှင့်​တ​ကွ ရေ​များ​နှင့် ရေ၌​နေ​သော​သူ​များ​တို့​သည် တုန်​လှုပ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 6,
      "text": "မ​ရ​ဏ​နိုင်​ငံ​သည် ရှေ့​တော်၌ လှန်​လျက်​ရှိ၏။ အ​ဗ​ဒ္ဒုန်​နိုင်​ငံ​ကို ဖုံး​အုပ်​ခြင်း​မ​ရှိ​ရာ။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 7,
      "text": "မိုး​ကောင်း​ကင်​ကို လွတ်​လပ်​လ​ဟာ၌ ကြက်​တော်​မူ၏။ မြေ​ကြီး​ကို​အ​ခု​အ​ခံ​မ​ရှိ ဆွဲ​ထား​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 8,
      "text": "ထူ​ထပ်​သော မိုး​တိမ်​တော်​နှင့် ရေ​ကို​ထုပ်​တော်​မူ၍၊ မိုး​တိမ်​သည် မ​စုတ်​မ​ပြတ်​နေ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 9,
      "text": "မိုး​တိမ်​တော်​ကို​ဖြန့်၍ ပ​လ္လင်​တော်​မျက်​နှာ​ကို ဖုံး​အုပ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 10,
      "text": "အ​လင်း​နှင့်​အ​မိုက်​ဆုံ​မိ​ရာ အ​ပိုင်း​အ​ခြား၌ စ​ကြ​ဝ​ဠာ​ကို ကန့်​ကွက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 11,
      "text": "ဆုံး​မ​တော်​မူ​ခြင်း​ကြောင့်၊ မိုး​ကောင်း​ကင်​တိုင်​တို့​သည် တုန်​လှုပ်၍ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 12,
      "text": "တန်​ခိုး​တော်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​ကို ဆုံး​မ​တော်​မူ၏။ ပ​ညာ​တော်​အား​ဖြင့်​သူ၏ မာ​န​ကို ချိုး​ဖျက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 13,
      "text": "ဝိ​ညာဉ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​ပြင်၍၊ လျင်​မြန်​သော​န​ဂါး​ကို​လည်း ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 26,
      "verse": 14,
      "text": "ဤ​ရွေ့​ကား၊ အ​မှု​တော်​အ​ရိပ်​အ​မြွက်​သာ ဖြစ်၏။ စ​ကား​တော် အ​သံ​အ​နည်း​ငယ်​ကို​သာ နား​ကြား​ရ၏။ တန်​ခိုး​တော်​မိုး​ကြိုး​သံ​ကို အ​ဘယ်​သူ​နား​လည်​နိုင်​သ​နည်း​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 1,
      "text": "ယော​ဘ​သည် လင်္ကာ​စ​ကား​ကို ဆက်၍ မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 2,
      "text": "ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ ငါ့​ဝိ​ညာဉ်​ကို ညှဉ်း​ဆဲ​တော်​မူ​သော​အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​သက်​ရှင်​တော်​မူ​သည်​မှန်​လျှင်၊"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 3,
      "text": "ငါ့​အ​သက်​ရှင်​လျက်၊ ငါ့​နှာ​ခေါင်း၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​သက် တည်​သ​မျှ​ကာ​လ​ပတ်​လုံး၊"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 4,
      "text": "တစ်​ခါ​မျှ အ​ဓ​မ္မ​စ​ကား​ကို ငါ့​နှုတ်​မ​မြွက်။ လှည့်​စား​သော​စ​ကား​ကို ငါ့​လျှာ​ဖြင့် ငါ​မ​ပြော​ဘဲ​နေ​မည်။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 5,
      "text": "သင်​တို့​သ​ဘော​ဖြောင့်​သည်​ဟု ဝန်​ခံ​သော​စ​ကား​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ငါ​သည် ကိုယ်​သ​ဘော​ဖြောင့်​သည်​ကို သေ​သည်​တိုင်​အောင် မ​ငြင်း။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 6,
      "text": "ငါ​သည် တ​ရား​သော​အ​ကျင့်​ကို လက်​မ​လွှတ်၊ စွဲ​ကိုင်​လျက်​နေ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​မ​တင်​ရ။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 7,
      "text": "ငါ့​ရန်​သူ​သည် ဆိုး​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​တစ်​ဖက်၌ ထ​သော​သူ​သည် မ​ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​စေ​သော။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 8,
      "text": "အ​ဓ​မ္မ​လူ​သည် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သက်​ဝိ​ညာဉ်​ကို ဘု​ရား​သ​ခင်​နုတ်​တော်​မူ​သော​အ​ခါ အ​ဘယ်​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 9,
      "text": "ထို​အ​မှု​ရောက်​သော​အ​ခါ၊ သူ​အော်​ဟစ်​ခြင်း​ကို ဘု​ရား​သ​ခင် နား​ထောင်​တော်​မူ​မည်​လော။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 10,
      "text": "ထို​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၌ မွေ့​လျော်​လိမ့်​မည်​လော။ ဘု​ရား​သ​ခင်​ကို အ​စဉ်​ပ​တ္ထ​နာ​ပြု​လိမ့်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို သင်​တို့​အား ငါ​ပြ​သ​မည်။ အ​န​န္တ​တန်​ခိုး​ရှင် ကြံ​စည်​တော်​မူ​သော​အ​ရာ​တို့​ကို ငါ​ထိမ်​ဝှက်၍​မ​ထား။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 12,
      "text": "သင်​တို့​သည် ကိုယ်​တိုင်​သိ​မြင်​လျက်၊ ဤ​မျှ​လောက် အ​ချည်း​နှီး​သော​စိတ်​ကို အ​ဘယ်​ကြောင့် ပြု​စု​ကြ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 13,
      "text": "လူ​ဆိုး​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​လာဘ်၊ ညှဉ်း​ဆဲ​တတ်​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ လက်​တော်​မှ​ခံ​ရ​သော အ​မွေ​ဥ​စ္စာ​ဟူ​မူ​ကား၊"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 14,
      "text": "သူ၏​သား​သ​မီး​များ​ပြား​သော်​လည်း ဓား​စာ​ဖြစ်​ကြ၏။ မွတ်​သိပ်​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 15,
      "text": "သူ၌​ကျန်​ကြွင်း​သော​သူ​တို့​ကို သေ​မင်း​သင်္ဂြိုဟ်​လိမ့်​မည်။ သူ၏​မု​ဆိုး​မ​တို့​သည် ငို​ကြွေး​ခြင်း​ကို မ​ပြု​ရ​ကြ။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 16,
      "text": "သူ​သည်​ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​ပုံ၍၊ အ​ဝတ်​တန်​ဆာ​ကို ရွှံ့​ကဲ့​သို့ ပြင်​ဆင်​သော်​လည်း၊"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 17,
      "text": "ထို​အ​ဝတ်​တန်​ဆာ​ကို ဖြောင့်​မတ်​သော​သူ​သည် ဝတ်​ဆင်​လိမ့်​မည်။ ထို​ငွေ​ကို အ​ပြစ်​ကင်း​သော​သူ​သည် ဝေ​ငှ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 18,
      "text": "သူ​ဆောက်​သော အိမ်​သည် ပိုး​ရွ​အိမ်​ကဲ့​သို့​လည်း​ကောင်း၊ ကင်း​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 19,
      "text": "ထို​ရ​တတ်​သော​သူ​သည် သေ​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို မ​ခံ​ရ။ မျက်​စိ​တစ်​မှိတ်၌ ဆုံး​ရှုံး​ပြီ။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 20,
      "text": "ထ​သော​ရေ​ကဲ့​သို့ ဘေး​ဥ​ပဒ်​တို့​သည် သူ့​ကို​လိုက်​တတ်၏။ ည​အ​ခါ မိုး​သက်​မုန်​တိုင်း တိုက်​သွား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 21,
      "text": "အ​ရှေ့​လေ​လွှင့်၍ သူ​သည်​မိ​မိ​နေ​ရာ၌ မ​တည်။ လေ​အ​ဟုန်​ဖြင့် ပါ​သွား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 22,
      "text": "ဘု​ရား​သ​ခင်​သည် မ​သ​နား​ဘဲ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ လက်​တော်​မှ လွတ်​ခြင်း​ငှာ အ​လို​ရှိ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 27,
      "verse": 23,
      "text": "လူ​တို့​သည် လက်​ခုတ်​တီး၍ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ သူ့​ကို​မောင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 1,
      "text": "ငွေ​လိုက်​သော​ငွေ​ကြောင်း​သည် စင်​စစ်​ရှိ၏။ လူ​စစ်​တတ်​သော ရွှေ​နေ​ရာ​လည်း​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 2,
      "text": "သံ​ကို​မြေ​ကြီး​ထဲ​က တူး​ယူ​တတ်၏။ ကျောက်​ကို​ချက်၍ ကြေး​နီ​ကို ရ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 3,
      "text": "လူ​သည် မှောင်​မိုက်​ကို ပျောက်​စေ​တတ်၏။ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း မှောင်​မိုက်​ကျောက်၊ သေ​မင်း​အ​ရိပ်​တိုင်​အောင်​လည်း​ကောင်း လိုက်၍​စစ်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 4,
      "text": "တောင်​ခြေ​ရင်း၌​တွင်း​တူး၍၊ ခြေ​ဖြင့် ကိုယ်​ကို​မ​ထောက်​ဘဲ ဆင်း၍၊ လူ​နေ​ရာ​ကို စွန့်​သွား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 5,
      "text": "မြေ​သည်​စား​စ​ရာ​ကို ပေး​တတ်​သော်​လည်း၊ အောက်​အ​ရပ်၌ မီး​ဖြင့်​ပျက်​သ​ကဲ့​သို့ အ​ပျက်​ခံ​ရ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 6,
      "text": "သူ၏​ကျောက်​တို့​သည် ကျောက်​နီ နေ​ရာ​ဖြစ်၏။ မြေ​မှုန့်​လည်း ရွှေ​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 7,
      "text": "အ​ဘယ်​ငှက်​မျှ​မ​သိ၊ လင်း​တ​မျက်​စိ​လည်း မ​မြင်​သေး​သော​လမ်း​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 8,
      "text": "ထို​လမ်း​ကို သား​ရဲ​မ​နင်း၊ ခြင်္သေ့​မ​လျှောက်​သေး။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 9,
      "text": "လူ​သည်​ကျောက်​ပေါ်​မှာ လက်​တင်၍၊ တောင်​တို့​ကို ခြေ​ရင်း​တိုင်​အောင် မှောက်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 10,
      "text": "ကျောက်​တို့​တွင် ရေ​စီး​စေ​တတ်၏။ သူ၏​မျက်​စိ​သည် ထူး​ဆန်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ကြည့်​မြင်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 11,
      "text": "စီး​သော​ရေ​ကို တစ်​ဖန်​ဖြတ်၍၊ ဝှက်​ထား​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 12,
      "text": "သို့​ရာ​တွင်၊ ပ​ညာ​ကို​အ​ဘယ်​မှာ တွေ့​ရ​လိမ့်​မည်​နည်း။ ဉာဏ်​သည်​လည်း အ​ဘယ်​အ​ရပ်၌ နေ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 13,
      "text": "ဉာဏ်​ပ​ညာ​အ​ဖိုး​ကို လူ​မ​သိ​နိုင်။ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ၌ ရှာ၍​မ​တွေ့​နိုင်။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 14,
      "text": "နက်​နဲ​သော​အ​ရပ်​က ငါ၌​မ​ရှိ။ ပင်​လယ်​က​လည်း၊ ငါ၌​မ​ရှိ​ဟု ဆို​တတ်၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 15,
      "text": "ရွှေ​စင်​ကို​ပေး၍ ပ​ညာ​ကို​မ​ရ။ ငွေ​ကို​ချိန်၍ ပ​ညာ​အ​ဖိုး​ကို မ​မီ​နိုင်။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 16,
      "text": "ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 17,
      "text": "ရွှေ​ဖြစ်​စေ၊ ကျောက်​သ​လင်း​ဖြစ်​စေ မ​မီ​နိုင်။ ရွှေ​စင်​တန်​ဆာ​များ​နှင့် ဖ​လှယ်၍​မ​ရ​နိုင်။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 18,
      "text": "သ​န္တာ​နှင့်​ပု​လဲ​ကို ပြော​စ​ရာ​မ​ရှိ။ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ကြီး၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 19,
      "text": "ကု​ရှ​ဥဿ​ဖ​ရား​သည် မ​မီ​နိုင်။ အ​မြတ်​ဆုံး​သော​ရွှေ​နှင့် ဝယ်၍ မ​ရ​နိုင်။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ ပ​ညာ​သည် အ​ဘယ်​က​လာ​သ​နည်း။ ဉာဏ်​သည် အ​ဘယ်​ဆီ​မှာ နေ​ရာ​ကျ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 21,
      "text": "အ​သက်​ရှင်​သော သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​မျှ ကြည့်၍​မ​မြင်​နိုင်။ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ရှာ၍​မ​တွေ့​နိုင်။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 22,
      "text": "အ​ဗ​ဒ္ဒုန်​မင်း​နှင့် သေ​မင်း​တို့​က၊ ပ​ညာ၏​သ​တင်း​ကို နား​နှင့်​ကြား​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 23,
      "text": "ဘု​ရား​သ​ခင်​သာ​လျှင် ပ​ညာ​လမ်း​ကို နား​လည်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 24,
      "text": "ပ​ညာ​နေ​ရာ​အ​ရပ်​ကို သိ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 25,
      "text": "လေ​ကို​ချိန်​လျက်၊ ရေ​ကို​လည်း​ခြင်​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ကြည့်​ရှု၍၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 26,
      "text": "မိုး​ရွာ​မှု​ကို​စီ​ရင်၍၊ မိုး​ကြိုး​လျှပ်​စစ်​ပြက်​ရာ​လမ်း​ကို ဖန်​ဆင်း​သော​အ​ခါ၊"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 27,
      "text": "ပ​ညာ​ကို​မြင်၍ ဖော်​ပြ​တော်​မူ၏။ ပ​ညာ​တ​ရား​ကို​ထား၍ စုံ​စမ်း​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 28,
      "verse": 28,
      "text": "လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 1,
      "text": "ယော​ဘ​သည် လင်္ကာ​စ​ကား​ကို ဆက်၍​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 2,
      "text": "ငါ​သည် လွန်​လေ​ပြီ​သော​နှစ်၊ လ၊ ဘု​ရား​သ​ခင်​စောင့်​မ​တော်​မူ​သော နေ့​ရက်၌​ဖြစ်​သ​ကဲ့​သို့ တစ်​ဖန်​ဖြစ်​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 3,
      "text": "ထို​အ​ခါ ဘု​ရား​သ​ခင်၏​မီး​ခွက်​သည် ငါ့​ခေါင်း​ပေါ်​မှာ ထွန်း​လင်း​သည်​ဖြစ်၍၊ ထို​အ​လင်း​ကို ငါ​အ​မှီ​ပြု​လျက်၊ မိုက်​သော​အ​ရပ်၌ လျှောက်​သွား​နိုင်၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 4,
      "text": "ငါ့​အ​သက်​ပျို​သော​ကာ​လ၊ ငါ့​အိမ်၌​ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော အ​ခွင့်​ရှိ​သော​ကာ​လ၌၊ ငါ​ဖြစ်​သ​ကဲ့​သို့ တစ်​ဖန်​ဖြစ်​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 5,
      "text": "ထို​အ​ခါ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ဘက်၌​ရှိ​တော်​မူ၏။ ငါ့​သား​သ​မီး​တို့​သည်​လည်း ငါ့​ကို​ဝိုင်း​လျက်​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 6,
      "text": "ထို​အ​ခါ ငါ​သွား​သော​လမ်း၌ နို့​ရည်​စီး​လေ၏။ ကျောက်​ခဲ​သည်​လည်း ငါ့​အ​ဖို့ ဆီ​ကို​သွန်း​လောင်း​လေ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 7,
      "text": "ငါ​သည်​မြို့​အ​လယ်၌ လျှောက်၍၊ မြို့​တံ​ခါး​သို့​သွား​လျက်၊ လမ်း၌ ထိုင်​ရာ​ကို ပြင်​ဆင်​လျက်​နေ​စဉ်​တွင်၊"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 8,
      "text": "လူ​ပျို​တို့​သည် ငါ့​ကို​မြင်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ထ၍ မတ်​တတ်​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 9,
      "text": "မင်း​သား​တို့​သည် စ​ကား​မ​ပြော​ဘဲ​နေ၍၊ မိ​မိ​တို့​နှုတ်​ကို လက်​နှင့်​ပိတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 10,
      "text": "မှူး​မတ်​တို့​သည်​လည်း တိတ်​ဆိတ်​စွာ​နေ၍၊ သူ​တို့​လျှာ​သည် အာ​ခေါင်၌ ကပ်​လေ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 11,
      "text": "လူ​တို့​သည် ငါ့​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ၏။ ငါ့​ကို​မြင်​သော​အ​ခါ ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဆင်း​ရဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ ကိုး​ကွယ်​ရာ​မ​ရ​သော​သူ အော်​ဟစ်​သော​အ​ခါ ကယ်​တင်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 13,
      "text": "ပျက်​လု​သော​သူ ကောင်း​ချီး​ပေး​ခြင်း​ကို ငါ​ခံ​ရ၏။ မု​ဆိုး​မ​စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 14,
      "text": "ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို အ​ဝတ်​လုပ်၍ ငါ​ဝတ်​ဆင်၏။ တ​ရား​သည် ငါ့​ဝတ်​လုံ၊ ငါ့​ပေါင်း​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 15,
      "text": "မျက်​စိ​ကန်း​သော​သူ​တို့​အား ငါ​သည် မျက်​စိ​ဖြစ်၏။ ခြေ​ဆွံ့​သော သူ​တို့​အား ခြေ​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 16,
      "text": "ဆင်း​ရဲ​သော​သူ​တို့၏ အ​ဘ​ဖြစ်၏။ အ​သိ​အ​ကျွမ်း​မ​ရှိ​သော သူ​တို့၏​အ​မှု​ကို ငါ​နား​ထောင်၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 17,
      "text": "မ​တ​ရား​သော​သူ၏ အ​စွယ်​တို့​ကို ငါ​ချိုး၍၊ သူ​လု​ယူ​ကိုက်​စား​သော အ​ရာ​ကို​နုတ်၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 18,
      "text": "ငါ​သည် ကိုယ်​အ​သိုက်၌ သေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ငါ့​အ​သက်​ရှင်​သော​နေ့​ရက်​တို့​သည် သဲ​လုံး​နှင့်​အ​မျှ များ​ပြား​လိမ့်​မည်​ဟု အောက်​မေ့၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 19,
      "text": "ငါ့​အ​မြစ်​သည် ရေ​နား​မှာ​ပြန့်​ပွား၏။ ဆီး​နှင်း​သည် တစ်​ည​လုံး ငါ့​အ​ခက်​အ​လက်၌​ကျ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 20,
      "text": "ငါ့​ဘုန်း​သည် အ​စဉ်​ပွင့်​လန်း​လျက်၊ ငါ့​လေး​သည်​လည်း ငါ့​လက်၌ အား​ဖြည့်​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 21,
      "text": "သူ​တစ်​ပါး​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်၍၊ ငါ​ပေး​သော​အ​ကြံ​ကို ငံ့​လင့်​လျက် တိတ်​ဆိတ်​စွာ​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 22,
      "text": "ငါ​ပြော​ပြီး​သည်​နောက် သူ​တို့​သည် ပြန်၍​မ​ပြော။ ငါ့​စ​ကား​သည် သူ​တို့​အ​ပေါ်​မှာ ရေ​စက်​ကဲ့​သို့ ကျ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 23,
      "text": "မိုး​ရေ​ကို​ငံ့​လင့်​သ​ကဲ့​သို့ ငါ့​ကို​ငံ့​လင့်​လျက်၊ နောက်​ကျ​သော မိုး​ရေ​ကို ခံ​ချင်​သ​ကဲ့​သို့၊ သူ​တို့​သည် ပါး​စပ်​ကို ကျယ်​ကျယ်​ဖွင့်​လျက် နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 24,
      "text": "ငါ​သည် ပြုံး​လျက်​သူ​တို့​ကို ကြည့်​ရှု​သော​အ​ခါ၊ သူ​တို့​သည် မ​ယုံ​နိုင်​ကြ။ ငါ့​မျက်​နှာ၏​အ​လင်း​ကို​လည်း မ​ပျောက်​စေ​ကြ။"
    },
    {
      "book": 18,
      "chapter": 29,
      "verse": 25,
      "text": "ငါ​သည် သူ​တို့​လမ်း​ကို​ပဲ့​ပြင်၍ အ​မြတ်​ဆုံး​သော​နေ​ရာ၌ ထိုင်၏။ ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှင်​ဘု​ရင်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​ငယ်​သော​သူ​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 1,
      "text": "ယ​ခု​မူ​ကား၊ ငါ့​ထက်​အ​သက်​ငယ်​သော​သူ​တို့​သည် ငါ့​ကို ကဲ့​ရဲ့​တတ်​ကြ၏။ သူ​တို့​အ​ဘ​များ​ကို ငါ​သည်​ရွံ့​ရှာ၍၊ ငါ့​သိုး​စု​ကို​စောင့်​သော ခွေး​တို့​တွင်​မျှ နေ​ရာ​မ​ပေး။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 2,
      "text": "သူ​တို့​သည် အ​စွမ်း​သ​တ္တိ​ကုန်​ပြီး​မှ၊ ငါ့​အ​မှု​ကို အ​ဘယ်​သို့ ဆောင်​ရွက်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 3,
      "text": "ဆင်း​ရဲ​ငတ်​မွတ်​သော​ကြောင့်၊ သူ​တစ်​ပါး​များ​နှင့် မ​ပေါင်း​ဖော်။ နက်​နဲ​သော​တော​အ​ရပ်​နှင့် လူ​ဆိတ်​ညံ​ရာ​အ​ရပ်​သို့ ပြေး​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 4,
      "text": "စား​စ​ရာ​ဖို့ ချုံ​ပုတ်​နား​မှာ မ​လွှ​မြက်​ကို​ရိတ်၍၊ ရ​သမ်​မြစ်​ကို​လည်း တူး​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 5,
      "text": "လူ​နေ​ရာ​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ၍၊ သူ​ခိုး​ကို​လိုက်​သ​ကဲ့​သို့ သူ​တစ်​ပါး​တို့​သည်​လိုက်၍ အော်​ဟစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 6,
      "text": "ကြောက်​မက်​ဖွယ်​သော တောင်​ကြား၊ မြေ​တွင်း၊ ကျောက်​ခေါင်း၌ နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 7,
      "text": "ချုံ​ပုတ်​အောက်​မှာ မြည်​တမ်း​လျက်၊ ဆူး​ပင်​အောက်​မှာ စု​ဝေး​လျက်​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 8,
      "text": "လူ​မိုက်​သား၊ လူ​ယုတ်​သား​ဖြစ်၍၊ အ​ရပ်​ရပ် နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 9,
      "text": "ယ​ခု​မူ​ကား၊ ငါ​သည်​သူ​တို့​သီ​ချင်း​ဆို​ရာ၊ ကဲ့​ရဲ့​ပုံ​ခိုင်း​ရာ ဖြစ်​ပါ​သည်​တ​ကား။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 10,
      "text": "ငါ့​ကို​ရွံ​ရှာ၍ ဝေး​စွာ​ရှောင်​တတ်​ကြ၏။ ငါ့​မျက်​နှာ​ကို တံ​တွေး​နှင့်​မ​ထွေး​ဘဲ မ​နေ​ကြ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် ငါ့​ကို​လေး​နှင့်​ပစ်၍ ညှဉ်း​ဆဲ​တော်​မူ​သော​ကြောင့်၊ သူ​တို့​သည် ငါ့​ရှေ့​မှာ​ဇက်​ကြိုး​ကို လွှတ်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 12,
      "text": "သူ​ငယ်​တို့​သည် ငါ့​လက်​ယာ​ဘက်၌​ထ၍၊ ငါ့​ခြေ​ကို တွန်း​ကြ၏။ ငါ့​ကို​ဖျက်​ဆီး​ခြင်း​ငှာ လမ်း​ဖို့​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 13,
      "text": "ငါ့​လမ်း​ကို​ဖျက်၍ ငါ့​ကို​လဲ​စေ​ခြင်း​ငှာ ကြိုး​စား​ကြ၏။ သူ​တို့​တွင် သ​တိ​ပေး​သော​သူ​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 14,
      "text": "ကျယ်​သော တွင်း​ပေါက်၌ ဝင်​သ​ကဲ့​သို့၊ ငါ့​ကို​တိုက်၍ ဖြို​ဖျက်​ရာ​ကို ခို​လှုံ​လျက်၊ ငါ့​ထံ​သို့ တစ်​ဟုန်​တည်း ပြေး​လာ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 15,
      "text": "ကြောက်​မက်​ဖွယ်​သော အ​ရာ​တို့​သည် ငါ့​အ​ပေါ်​သို့​ရောက်၍၊ လေ​တိုက်​သ​ကဲ့​သို့ ငါ့​ဘုန်း​ကို လိုက်​သ​ဖြင့်၊ ငါ့​စည်း​စိမ်​သည် မိုး​တိမ်​ကဲ့​သို့ လွင့်​ကုန်​ပြီ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 16,
      "text": "ယ​ခု​မူ​ကား၊ ငါ့​နှ​လုံး​ကြေ​ကွဲ​ပြီ။ ဒု​က္ခ​ဆင်း​ရဲ​ခံ​ရာ​ကာ​လ​သည် ငါ့​ကို​မီ​ပြီ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 17,
      "text": "ည​အ​ခါ ငါ့​အ​ရိုး​တို့​သည် အ​လွန်​ကိုက်​ခဲ၍၊ ငါ့​အ​ကြော​တို့​သည် သက်​သာ​ခြင်း မ​ရှိ​ရ​ကြ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 18,
      "text": "ငါ့​အ​နာ​သည် ပြင်း​ထန်​သ​ဖြင့်၊ အ​ဝတ်​နှင့်​ဖုံး​လွှမ်း​သ​ကဲ့​သို့၊ ငါ့​ကို​ဖုံး​လွှမ်း၍ အင်္ကျီ​လည်​စွပ်​ကဲ့​သို့ ငါ့​ကို​စည်း​လျက်​နေ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 19,
      "text": "ငါ့​ကို​ရွှံ့​ထဲ​သို့ တွန်း​ချ​တော်​မူ​သ​ဖြင့်၊ ငါ​သည် မြေ​မှုန့်​နှင့် မီး​ဖို​ပြာ​ကဲ့​သို့ ဖြစ်​လေ​ပြီ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 20,
      "text": "ကိုယ်​တော်​အား အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း ကြား​တော်​မ​မူ။ အ​ကျွန်ုပ်​သည် မတ်​တတ်​နေ​သော်​လည်း မှတ်​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 21,
      "text": "အ​ကျွန်ုပ်​ကို ကြမ်း​တမ်း​စွာ​ပြု၍၊ အား​ကြီး​သော​လက်​တော်​နှင့် ညှဉ်း​ဆဲ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 22,
      "text": "အ​ကျွန်ုပ်​ကို​ချီ​သွား၍၊ လေ​ကို​စီး​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​ကို ဖြုတ်​လွှင့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 23,
      "text": "သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 24,
      "text": "ဘု​ရား​သ​ခင်​သည် လက်​ဆန့်​တော်​မူ​သော​အ​ခါ၊ တောင်း​ပန်​သော်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ဖျက်​ဆီး​တော်​မူ​သော​အ​ခါ၊ အော်​ဟစ်​သော်​လည်း ကျေး​ဇူး​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 25,
      "text": "အ​မှု​ရောက်​သော သူ​အ​တွက် ငါ​ငို​ကြွေး​ဖူး​ပြီ မ​ဟုတ်​လော။ ဆင်း​ရဲ​သော​သူ​အ​တွက် ငါ​စိတ်​နာ​ကြည်း​ဖူး​ပြီ မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 26,
      "text": "သို့​သော်​လည်း၊ ငါ​သည် ကောင်း​ကျိုး​ကို မျှော်​လင့်​သော​အ​ခါ ဘေး​ရောက်​လာ၏။ အ​လင်း​ကို​တောင့်​တ​သော​အ​ခါ မှောင်​မိုက်​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 27,
      "text": "ငါ့​အ​သည်း​သည် ပူ​လောင်၍ ငြိမ်း​ခြင်း​မ​ရှိ။ ဒု​က္ခ​ဆင်း​ရဲ​ခံ​ရာ​ကာ​လ​သည် ငါ့​ကို​တွေ့​မိ​ပြီ။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 28,
      "text": "နေ​ရောင်​ကွယ်၍ မှောင်​မိုက်၌ လှည့်​လည်​ရ၏။ ပ​ရိ​သတ်​အ​လယ်၌ မတ်​တတ်​နေ၍ ကြွေး​ကြော်​ရ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 29,
      "text": "မြေ​ခွေး​တို့​နှင့် ညီ​အစ်​ကို​တော်၏။ ကု​လား​အုတ်​ငှက်​တို့​နှင့် ပေါင်း​ဖော်​ရ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 30,
      "text": "အ​ဆင်း​မည်း​လျက် အ​ရိုး​ပူ​လောင်​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 30,
      "verse": 31,
      "text": "ငါ့​စောင်း​သည် ညည်း​တွား​သော​အ​သံ၊ ငါ့​ပု​လွေ​သည် ငို​ကြွေး​သော​အ​သံ​ကို​သာ ပေး​တတ်၏။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 1,
      "text": "ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 2,
      "text": "သို့​မ​ဟုတ် အ​ထက်​အ​ရပ်​က ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကျေး​ဇူး​ကို​လည်း​ကောင်း၊ မြင့်​ရာ​အ​ရပ်​က အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း ပေး​တော်​မူ​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 3,
      "text": "ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​သည် ငါ​သွား​ရာ​လမ်း​တို့​ကို မြင်​တော်​မူ​သည် မ​ဟုတ်​လော။ ငါ့​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​တွက်​တော်​မူ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 5,
      "text": "မု​သား​လမ်း​သို့ ငါ​လိုက်​မိ​သော်​လည်း​ကောင်း၊ လှည့်​စား​ခြင်း​ငှာ ငါ​ပြေး​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 6,
      "text": "မှန်​သော​ချိန်​ခွင်၌ ငါ့​ကို​ချိန်​ပါ​စေ။ ဘု​ရား​သ​ခင်​သည် ငါ​ဖြောင့်​မတ်​ခြင်း​ကို သိ​တော်​မူ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 7,
      "text": "ငါ​သည် လမ်း​လွှဲ​မိ​သော်​လည်း​ကောင်း၊ ငါ့​စိတ်​နှ​လုံး​သည် ငါ့​မျက်​စိ​အ​လို​သို့ လိုက်​မိ​သော်​လည်း​ကောင်း၊ ငါ့​လက်၌ အ​ညစ်​အ​ကြေး​ကပ်​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 8,
      "text": "ငါ​ကြဲ​သော မျိုး​စေ့၏​အ​သီး​အ​နှံ​ကို သူ​တစ်​ပါး​စား​ပါ​စေ။ ငါ့​ပျိုး​ပင်​များ​ကို သူ​တစ်​ပါး​နုတ်​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 9,
      "text": "သူ့​မ​ယား​ကို ငါ​တပ်​မက်​မိ​သော်​လည်း​ကောင်း၊ အိမ်​နီး​ချင်း​တံ​ခါး​နား​မှာ ငါ​ချောင်း​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 10,
      "text": "ငါ့​မ​ယား​သည် သူ​တစ်​ပါး​ထံ၌ ကြိတ်​ဆုံ​ကြိတ်​ရ​ပါ​စေ။ သူ​တစ်​ပါး​သည် ငါ့​မ​ယား​ကို ရှုတ်​ချ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 11,
      "text": "ငါ​သည်​ထို​သို့​ပြု​မိ​လျှင် အ​ပြစ်​ကြီး၏။ ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 12,
      "text": "ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 13,
      "text": "ငါ့​ကျွန်​နှင့် ငါ့​ကျွန်​မ​သည် ငါ​နှင့်​တ​ရား​တွေ့​စ​ရာ​အ​မှု ရှိ​သော​အ​ခါ၊ ငါ​နား​မ​ထောင်​ဘဲ​နေ​မိ​လျှင်၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​ထ​တော်​မူ​သော​အ​ခါ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ စစ်​ကြော​တော်​မူ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​လျှောက်​ရ​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 15,
      "text": "ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သည် သူ့​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော​ဘု​ရား​သည် ငါ​တို့​နှစ်​ယောက်​ကို အ​မိ​ဝမ်း​ထဲ၌ ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 16,
      "text": "ငါ​သည် ဆင်း​ရဲ​သား​တောင့်​တ​သော​အ​ရာ​ကို မ​ပေး​ဘဲ​နေ​ဖူး​သ​လော။ မု​ဆိုး​မ​မျက်​စိ​ကို ပျက်​စေ​ခြင်း​ငှာ ပြု​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 17,
      "text": "မိ​ဘ​မ​ရှိ​သော​သူ​တို့​အား စား​စ​ရာ​ကို​မ​မျှ​ဘဲ၊ ငါ​တစ်​ယောက်​တည်း စား​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 18,
      "text": "ဆင်း​ရဲ​သား​သည် အ​ဘ​ထံ​မှာ​နေ​သ​ကဲ့​သို့၊ ငါ့​အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ငါ​နှင့်​အ​တူ ကျွေး​မွေး​ခြင်း​ကို ခံ​ပြီ။ ငါ​သည် ဖွား​မြင်​သော​နေ့​မှ​စ၍ မု​ဆိုး​မ​ကို မ​စ​ပြီ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 19,
      "text": "အ​ဝတ်​မ​ရှိ​သော​ကြောင့် သေ​ခြင်း​သို့​ရောက်​သော သူ​တစ်​စုံ​တစ်​ယောက်​နှင့်၊ ခြုံ​စ​ရာ​မ​ရှိ​ဘဲ ဆင်း​ရဲ​စွာ​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​ကို ငါ​မြင်၍၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 20,
      "text": "သူ၏​ခါး​သည် ငါ့​ကို​ကောင်း​ချီး​မ​ပေး။ ငါ့​သိုး​မွေး​အား​ဖြင့် မ​နွေး​ဘဲ​နေ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 21,
      "text": "ရုံး​တော်​တွင် ငါ့​ဘက်၌ နေ​သော​မင်း​ကို ငါ​သည်​မြင်၍၊ မိ​ဘ​မ​ရှိ​သော​သူ​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 22,
      "text": "ငါ့​လက်​မောင်း​သည် ပ​ခုံး​က​ကျ​ပါ​စေ။ ငါ့​လက်​ရိုး ကျိုး​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 23,
      "text": "ငါ​သည် ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ခြင်း​ဘေး​ကို ကြောက်​ရွံ့၍၊ တန်​ခိုး​အာ​နု​ဘော်​တော်​ကြောင့် မ​ပြစ်​မှား​ဝံ့​ဘဲ​နေ​ပါ​ပြီ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 24,
      "text": "ငါ​သည်​ရွှေ​ကို​ကိုး​စား၍ ရွှေ​စင်​အား၊ သင်​သည် ငါ​ခို​လှုံ​ရာ​ဖြစ်၏​ဟု ဆို​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 25,
      "text": "ငါ၌​စည်း​စိမ်​ကြီး၍ များ​စွာ​သော ဥ​စ္စာ​ရ​တတ်​သော​ကြောင့်၊ ငါ​ဝါ​ကြွား​ဝမ်း​မြောက် မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 26,
      "text": "ရောင်​ခြည်​ထွက်​သော​နေ၊ ထွန်း​လင်း​လျက်​သွား​သော​လ​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 27,
      "text": "ငါ့​စိတ်​နှ​လုံး​သည် တိတ်​ဆိတ်​စွာ​နူး​ညွတ်၍ ငါ့​လက်​ကို ငါ​နမ်း​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 28,
      "text": "ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။ အ​ထက်​အ​ရပ်၌ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ရာ​ရောက်၏။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 29,
      "text": "ငါ့​ကို​မုန်း​သော​သူ​သည် ပျက်​စီး​သော​အ​ခါ ငါ​ဝမ်း​မြောက်​သ​လော။ သူ၌​ဘေး​ရောက်​သော​အ​ခါ၊ ငါ​ဝါ​ကြွား​သ​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 30,
      "text": "ငါ​သည် သူ့​အ​သက်​ကို ကျိန်​ဆဲ၍၊ ကိုယ်​နှုတ်၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 31,
      "text": "ငါ့​အိမ်​သူ​အိမ်​သား​တို့​က၊ အ​ဘယ်​သူ​သည် ငါ​တို့​သ​ခင်၏ အ​မဲ​သား​ကို​တောင့်​တ၍ မ​ဝ​ဘဲ​နေ​ရ​သ​နည်း​ဟု မ​ဆို​တတ်​သ​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 32,
      "text": "ဧည့်​သည်​သည် လမ်း၌​ည​ကို မ​လွန်​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခ​ရီး​သွား​သော​သူ​တို့​အား ကိုယ်​တံ​ခါး​ကို ဖွင့်​ထား​ပြီ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 33,
      "text": "ငါ​သည် လူ​ပြု​တတ်​သ​ကဲ့​သို့၊ ကိုယ်​ဒု​စ​ရိုက်​ကို​ဖုံး၍၊ ကိုယ်​ရင်​ထဲ၌ ကိုယ်​အ​ပြစ်​ကို ဝှက်​ထား​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 34,
      "text": "ထို​သို့​ပြု​မိ​လျှင်၊ ကြီး​သော​ပ​ရိ​သတ်ရှေ့​မှာ ငါ့​မျက်​နှာ​ပျက်​ပါ​စေ။ လူ​အ​မျိုး​မျိုး​တို့​သည် ကဲ့​ရဲ့၍ ငါ့​အ​ရှက်​ကွဲ​ပါ​စေ။ အိမ်​ပြင်​သို့​မ​ထွက်​ဘဲ တိတ်​ဆိတ်​စွာ နေ​ရ​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 35,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။ ငါ့​လက်​မှတ်​ကို ငါ​ပေး​မည်။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​ကို​စစ်​ကြော​တော်​မူ​ပါ​စေ။ ငါ့​တ​ရား​တွေ့​ဘက်​သည် စာ​ရေး​သား​ထား​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 36,
      "text": "အ​ကယ်​စင်​စစ် ထို​စာ​ကို ပ​ခုံး​ပေါ်​မှာ ငါ​တင်​ထား​ပါ​မည်။ ဗောင်း​ကဲ့​သို့ ဆောင်း​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 37,
      "text": "ငါ​သည် ကိုယ်​အ​ပြု​အ​မူ​အ​လုံး​စုံ​တို့​ကို ဖော်​ပြ​ပါ​မည်။ မင်း​ကဲ့​သို့ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 38,
      "text": "ငါ့​မြေ​သည် ငါ့​ကို​အ​ပြစ်​တင်​သ​ဖြင့်၊ အော်​ဟစ်၍ လည်​ချောင်း​တို့​သည် တ​ညီ​တည်း​မြည်​တမ်း​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 39,
      "text": "စ​ရိတ်​မ​ကုန်​ဘဲ မြေ​အ​သီး​အ​နှံ​ကို​ငါ​စား၍ မြေ​ဆိုင်​သော​သူ​တို့​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 31,
      "verse": 40,
      "text": "စ​ပါး​ပင်​အ​တွက် ဆူး​ပင်​ပေါက်​ပါ​စေ။ မု​ယော​ပင်​အ​တွက် ဗော​ရှ​ပင်​ပေါက်​ပါ​စေ​ဟု မြွက်​ဆို၏။ ယော​ဘ​မြွက်​ဆို​သော​စ​ကား​ပြီး၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 1,
      "text": "ထို​သို့​ယော​ဘ​သည် မိ​မိ​ဖြောင့်​မတ်​သည်​ဟု ထင်​သော​ကြောင့်၊ ထို​သူ​သုံး​ယောက်​တို့​သည် ပြန်၍ မ​ပြော​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 2,
      "text": "ထို​အ​ခါ ဗု​ဇ​အ​မျိုး အာ​ရ​အ​နွယ်​ဖြစ်​သော ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု​သည် အ​မျက်​ထွက်၏။ ယော​ဘ​သည် ဘု​ရား​သ​ခင်​ထက် မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို ပြ​သော​ကြောင့်၊ ယော​ဘ​ကို အ​မျက်​ထွက်၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 3,
      "text": "ယော​ဘ၏ အ​ဆွေ​ခင်​ပွန်း​သုံး​ယောက်​တို့​သည် ပြန်၍​မ​ပြော​နိုင်​သော်​လည်း၊ ယော​ဘ၌ အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​ကြ​သော​ကြောင့်၊ သူ​တို့​ကို​လည်း အ​မျက်​ထွက်၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 4,
      "text": "ဧ​လိ​ဟု​သည် သူ​တို့​ထက် အ​သက်​ငယ်​သော​ကြောင့်၊ ယော​ဘ​ပြော​သော စ​ကား​မ​ကုန်​မီ​တိုင်​အောင် ဆိုင်း​လင့်​လျက်​နေ၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 5,
      "text": "ထို​သူ​သုံး​ယောက်​တို့​သည် ပြန်၍​ပြော​စ​ရာ​စ​ကား မ​ရှိ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ အ​မျက်​ထွက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 6,
      "text": "ထို​အ​ခါ ဗု​ဇ​အ​မျိုး ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု မြွက်​ဆို​သည်​ကား၊ ငါ​သည် အ​သက်​ငယ်​ပါ၏။ သင်​တို့​သည် အ​လွန်​အ​သက်​ကြီး​ပါ၏။ ထို​ကြောင့် ငါ​သည်​ကြောက်၍ ကိုယ်​သ​ဘော​ကို​မ​ပြ​ဝံ့​ဘဲ နေ​ပါ​ပြီ။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 7,
      "text": "နေ့​ရက်​ကာ​လ တာ​ရှည်​သော​သူ​သည် စ​ကား​ပြော​အပ်၏။ နှစ်​ပေါင်း​များ​စွာ လွန်​သော​သူ​သည် ပ​ညာ​ကို သွန်​သင်​အပ်၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 8,
      "text": "သို့​ရာ​တွင် လူ​ထဲ၌​ဝိ​ညာဉ်​ရှိ၏။ ဘု​ရား​သ​ခင် အ​သက်​ရှင်​စေ​တော်​မူ​သ​ဖြင့် ဉာဏ်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 9,
      "text": "လူ​ကြီး​တို့​သည် အ​စဉ်​ပ​ညာ​ရှိ​သည်​မ​ဟုတ်။ အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​သည် မှန်​သော​တ​ရား​ကို နား​လည်​သည်​မ​ဟုတ်။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 10,
      "text": "သို့​ဖြစ်၍ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ​သည် ကိုယ်​သ​ဘော​ကို ပြ​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 11,
      "text": "သင်​တို့​စ​ကား​ကို ကြား​ရ​အံ့​သော​ငှာ ငါ​ဆိုင်း​လင့်​ပြီ။ သင်​တို့​သည် ပြော​စ​ရာ​ကို​ရှာ​ဖွေ၍ ဆွေး​နွေး​သော​စ​ကား​ကို ငါ​နား​ထောင်​ပြီ။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 12,
      "text": "စေ့​စေ့​နား​ထောင်​စဉ်​တွင်၊ ယော​ဘ​ကို အ​ဘယ်​သူ​မျှ​မ​နိုင်။ သူ၏​စ​ကား​ကို အ​ဘယ်​သူ​မျှ​မ​ချေ။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 13,
      "text": "သို့​ဖြစ်၍ ငါ​တို့​သည် ပ​ညာ​ကို​ရှာ၍​တွေ့​ပြီ​ဟု သင်​တို့​ဆို​စ​ရာ​မ​ရှိ။ ယော​ဘ​ကို နှိမ့်​ချ​သော​သူ​ကား လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ပေ​တည်း။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 14,
      "text": "ယော​ဘ​သည် ငါ့​ကို​ရည်​ဆောင်၍ ပြော​ပြီ​မ​ဟုတ်။ သင်​တို့​ပြန်​ပြော​သည်​အ​တိုင်း ငါ​ပြန်​ပြော​မည် မ​ဟုတ်။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 15,
      "text": "ဤ​သူ​တို့​သည် မိန်း​မော​တွေ​ဝေ​လျက်​ပြန်၍ မ​ပြော​ဘဲ တိတ်​ဆိတ်​စွာ နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 16,
      "text": "ငါ​ဆိုင်း​လင့်​သည်​တွင် သူ​တို့​သည် နှုတ်​မ​မြွက်၊ ပြန်၍​မ​ပြော​ဘဲ ငြိမ်​ငြိမ်​နေ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 17,
      "text": "သို့​ဖြစ်၍ ငါ​သည်​ကိုယ်​အ​တွက် ပြန်​ပြော​မည်။ ကိုယ်​သ​ဘော​ကို ပြ​မည်။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 18,
      "text": "ငါ​သည် ပြော​စ​ရာ​စ​ကား​နှင့် ပြည့်​ဝ၏။ အ​တွင်း​ဝိ​ညာဉ်​နှိုး​ဆော်​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 19,
      "text": "ငါ့​ဝမ်း​သည် ပိတ်​ဆို့​သော​စ​ပျစ်​ရည်​နှင့် တူ၏။ အ​သစ်​သော​သား​ရေ​ဘူး ကွဲ​လု​သ​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 20,
      "text": "ငါ​သည် သက်​သာ​ခြင်း​ငှာ မြွက်​ဆို​ရ​မည်။ နှုတ်​ကို​ဖွင့်၍ ပြန်​ပြော​ရ​မည်။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 21,
      "text": "အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မ​ထောက်၊ အ​ဘယ်​သူ​ကို​မျှ ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့။"
    },
    {
      "book": 18,
      "chapter": 32,
      "verse": 22,
      "text": "သူ​တစ်​ပါး​ကို ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့​တတ်။ ထို​သို့​ပြု​လျှင်၊ ငါ့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် ငါ့​ကို ချက်​ချင်း​ပယ်​ရှား​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 1,
      "text": "သို့​ဖြစ်၍ အို​ယော​ဘ၊ ငါ​မြွက်​ဆို​သော​စ​ကား အ​လုံး​စုံ​တို့​ကို နား​ထောင်​နာ​ယူ​ပါ​လော့။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 2,
      "text": "ငါ​သည် ယ​ခု​နှုတ်​ကို​ဖွင့်၍ လျှာ​နှင့်​မြွက်​ဆို​သော​အ​ခါ၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 3,
      "text": "ငါ​သ​ဘော​ဖြောင့်​သည်​နှင့်​အ​ညီ ငါ့​စ​ကား​ဖြောင့်​လိမ့်​မည်။ ငါ့​နှုတ်​သည် ရှင်း​လင်း​သော​ပ​ညာ​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ငါ့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင်၏ အ​သက်​တော်​သည် ငါ့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 5,
      "text": "သင်​သည်​တတ်​နိုင်​လျှင် ငါ့​ကို​ပြန်​ပြော​လော့။ ကိုယ်​စ​ကား​ကို ပြင်​ဆင်​လော့။ ကြိုး​စား​လော့။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 6,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​မှာ ငါ​သည်​သင်​နှင့်​တူ၏။ ငါ​သည်​လည်း မြေ​မှုန့်​ဖြင့် ဖန်​ဆင်း​တော်​မူ​ရာ​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 7,
      "text": "သင်​သည် ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း ငါ၌ ကြောက်​မက်​ဖွယ်​သော အ​ရာ​မ​ရှိ။ သင့်​အ​ပေါ်​မှာ ငါ​သည် လေး​သော​လက်​ကို​မ​တင်။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 8,
      "text": "အ​ကယ်​စင်​စစ် သင့်​စ​ကား​သံ​ကို ငါ​ကြား​သည်​အ​တိုင်း သင်​မြွက်​ဆို​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 9,
      "text": "ငါ​သည် စင်​ကြယ်​သော​သ​ဘော​ရှိ၏။ ပြစ်​မှား​ခြင်း​ကို မ​ပြု​တတ်။ ငါ၌ အ​ပြစ်​မ​ရှိ။ သန့်​ရှင်း​ခြင်း​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​တင်​ခွင့်​ကို ရှာ​တော်​မူ၏။ ငါ့​ကို ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 11,
      "text": "ငါ့​ကို ထိတ်​ခတ်​တော်​မူ၏။ ငါ​ထွက်​ရာ​လမ်း​ရှိ​သ​မျှ​တို့​ကို စောင့်​တော်​မူ၏​ဟု ဆို​မိ​ပြီ။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 12,
      "text": "ထို​သို့​ဆို​သော် မှား​ပြီ။ ငါ​ပြန်​ပြော​သော​စ​ကား​ဟူ​မူ​ကား၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​ထက်​ကြီး​မြတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​နှင့် အ​ဘယ်​ကြောင့် ဆန့်​ကျင်​ဘက်​ပြု​သ​နည်း။ ပြု​တော်​မူ​သော​အ​မှု​တို့၏ အ​ကြောင်း​ကို ပြ​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​သည် တစ်​ကြိမ်​မိန့်​မြွက်​တော်​မူ၏။ လူ​မ​ရိပ်​မိ​လျှင် နှစ်​ကြိမ်​တိုင်​အောင် မိန့်​မြွက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 15,
      "text": "လူ​သည် အိပ်​ရာ​ပေါ်​မှာ​ငိုက်​လျက် အိပ်​ပျော်​လျက်​နေ​သော​အ​ခါ အိပ်​မက်​မြင်၍၊ ည​ရူ​ပါ​ရုံ​ကို ခံ​ရ​သော​အား​ဖြင့်၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်​သည် လူ၏​နား​ကို​ဖွင့်၍ ဆုံး​မ​ပေး​တော်​မူ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 17,
      "text": "ထို​သို့ လူ​သည်​မိ​မိ​အ​ကြံ​ကို စွန့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မာန်​မာ​န​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 18,
      "text": "သူ၏​အ​သက်​ကို သင်္ချိုင်း​တွင်း​မှ ကွယ်​ကာ၍၊ ဓား​ဘေး​ဖြင့် မ​သေ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 19,
      "text": "လူ​သည် အိပ်​ရာ​ပေါ်​မှာ နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ၍၊ အ​ရိုး​ရှိ​သ​မျှ​တို့​သည် ပြင်း​ထန်​စွာ ကိုက်​ခဲ​သ​ဖြင့်၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 20,
      "text": "မုန့်​နှင့်​မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို သူ၏​စိတ်​ဝိ​ညာဉ်​သည် ရွံ​ရှာ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 21,
      "text": "အ​သား​အ​ရေ ပိန်​လျော့​ကွယ်​ပျောက်၍၊ မ​ထင်​ရှား​ဖူး​သော အ​ရိုး​တို့​လည်း ပေါ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 22,
      "text": "အ​သက်​ဝိ​ညာဉ်​သည် သင်္ချိုင်း​တွင်း​နား​သို့​လည်း​ကောင်း၊ ဖျက်​ဆီး​သော တ​မန်​လက်​သို့​လည်း​ကောင်း ရောက်​လု​ပြီ။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 23,
      "text": "သို့​ရာ​တွင် လူ​တို့​အား​တ​ရား​လမ်း​ကို ပြ​စေ​ခြင်း​ငှာ၊ တစ်​ထောင်​တွင် အထွတ်​ဖြစ်၍၊ တ​ရား​စ​ကား​ကို ပြန်​တတ်​သော​တ​မန်​ရှိ​လျှင်၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 24,
      "text": "ဘု​ရား​သ​ခင်​က၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ထို​သူ​ကို​မ​ဆင်း​စေ​ဘဲ ကယ်​တင်​လော့။ ရွေး​ရာ​အ​ကြောင်း​ကို ငါ​တွေ့​ပြီ​ဟု က​ရု​ဏာ​စိတ်​ရှိ၍ မိန့်​တော်​မူ​သော​အား​ဖြင့်၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 25,
      "text": "ထို​သူ​သည် သူ​ငယ်​ထက် အ​သား​အ​ရေ​နု​ထွား၍ ပျို​သော​အ​သက်​နှင့် တစ်​ဖန်​ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 26,
      "text": "ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ကျေး​ဇူး​တော်​ကို ခံ​ရ​သ​ဖြင့်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို လူ​တို့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 27,
      "text": "သူ​က​လည်း၊ ငါ​သည် ပြစ်​မှား​ပါ​ပြီ။ မှန်​သော​တ​ရား​ကို မှောက်​ပါ​ပြီ။ သို့​သော်​လည်း ကိုယ်​ခံ​ထိုက်​သော အ​ပြစ်​ကို​မ​ခံ​ရ​ဘဲ၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 28,
      "text": "သင်္ချိုင်း​တွင်း​ထဲ​သို့ ငါ့​ကို​မ​ဆင်း​စေ​ဘဲ ကယ်​တင်​တော်​မူ​သ​ဖြင့်၊ ငါ့​အ​သက်​သည် မှောင်​မိုက်​နှင့်​လွတ်​လျက်​ရှိ၏​ဟု လူ​တို့​တွင် သီ​ချင်း​ဆို​ရ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 29,
      "text": "ထို​သို့​ဘု​ရား​သ​ခင်​သည် လူ​တို့၌ ရံ​ခါ​ရံ​ခါ​စီ​ရင်​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 30,
      "text": "သင်္ချိုင်း​တွင်း​မှ​နုတ်​ယူ၍၊ အ​သက်​ရှင်​သော​သူ​တို့၏​အ​လင်း​နှင့် လင်း​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 31,
      "text": "အို​ယော​ဘ၊ ငါ့​စ​ကား​ကို သ​တိ​နှင့် နား​ထောင်​လော့။ တိတ်​ဆိတ်​စွာ​နေ​လော့။ ငါ​ပြော​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 32,
      "text": "သို့​သော်​လည်း ပြော​စ​ရာ​ရှိ​လျှင် ပြန်​ပြော​လော့။ သင့်​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ၊ ငါ​အ​လို​ရှိ​သော​ကြောင့် စ​ကား​ပြော​လော့။"
    },
    {
      "book": 18,
      "chapter": 33,
      "verse": 33,
      "text": "ပြော​စ​ရာ​မ​ရှိ​လျှင်၊ တိတ်​ဆိတ်​စွာ​နေ၍ ငါ့​စ​ကား​ကို နား​ထောင်​လော့။ ပ​ညာ​ကို ငါ​သွန်​သင်​ပါ​မည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 1,
      "text": "တစ်​ဖန် ဧ​လိ​ဟု​ဆက်၍ မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 2,
      "text": "အ​ကြား​အ​မြင်​များ​သော ပ​ညာ​ရှိ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​ကြ​လော့။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 3,
      "text": "ခံ​တွင်း​သည် အ​စာ​ကို မြည်း​စမ်း​သ​ကဲ့​သို့၊ နား​သည် စ​ကား​ကို စုံ​စမ်း​တတ်၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 4,
      "text": "ငါ​တို့​သည် ကိုယ်​အ​ဖို့​အ​လို​ငှာ စစ်၍ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​ကုန်​အံ့။ ကောင်း​သော​အ​ရာ​ကို ကိုယ်​တိုင်​အား​ဖြင့် သိ​မှတ်​ကြ​ကုန်​အံ့။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 5,
      "text": "ယော​ဘ​က၊ ငါ​ဖြောင့်​မတ်၏။ ဘု​ရား​သ​ခင်​သည် ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 6,
      "text": "ငါ​သည် ကိုယ်​အ​ကျိုး​ကို ပျက်​စီး​စေ​ခြင်း​ငှာ မု​သား​ပြော​ရ​မည်​လော။ ငါ​မ​ပြစ်​မှား​သော်​လည်း၊ မ​ပျောက်​နိုင်​သော အ​နာ​ရော​ဂါ​စွဲ​ပါ​သည်​တ​ကား​ဟု ဆို​မိ​ပြီ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 7,
      "text": "ယော​ဘ​နှင့်​တူ​သော​သူ တစ်​စုံ​တစ်​ယောက် ရှိ​လိမ့်​မည်​လော။ ရေ​ကို သောက်​သ​ကဲ့​သို့ ကဲ့​ရဲ့​ခြင်း​ကို​မျို​တတ်၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 8,
      "text": "မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​နှင့် ပေါင်း​ဖော်၍၊ လူ​ဆိုး​တို့​နှင့် သွား​လာ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 9,
      "text": "လူ​သည် ဘု​ရား​သ​ခင်၌ မွေ့​လျော်၍၊ အ​ကျိုး​မ​ရှိ​ဟု ယော​ဘ​သည် ဆို​မိ​ပြီ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 10,
      "text": "သို့​ဖြစ်၍ ဉာဏ်​ကောင်း​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ဒု​စ​ရိုက်​သည် ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ အ​ပြစ်​သည် အ​န​န္တ​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း ဝေး​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 11,
      "text": "လူ​ပြု​သော​အ​မှု၏ အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​မည်။ လူ​တိုင်း ကိုယ်​ကျင့်​သော​အ​ကျင့်​နှင့် အ​ထိုက်​အ​လျောက် ခံ​စေ​တော်​မူ​မည်။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 12,
      "text": "အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ဒု​စ​ရိုက်​ကို ပြု​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် မ​တ​ရား​သ​ဖြင့် စီ​ရင်​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 13,
      "text": "မြေ​ကြီး​ကို ဘု​ရား​သ​ခင်၌ အ​ဘယ်​သူ​အပ်​သ​နည်း။ လော​က​ဓာတ်​လုံး​ကို အ​ဘယ်​သူ စီ​ရင်​ပြု​ပြင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​သည် လူ​ကို​အ​လို​တော်​မ​ရှိ၍၊ လူ၏​အ​သက်​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 15,
      "text": "ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့​သည် ချက်​ချင်း​သေ​ပျောက်၍ မြေ​မှုန့်​သို့ တစ်​ဖန်​ရောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 16,
      "text": "ယ​ခု​မှာ​သင်​သည် ဉာဏ်​ရှိ​သည်​ဖြစ်၍ ဆင်​ခြင်​ဦး​လော့။ ငါ့​စ​ကား​သံ​ကို နား​ထောင်​ဦး​လော့။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 17,
      "text": "တ​ရား​ကို မုန်း​သော​သူ​သည် အ​စိုး​ရ​ရ​မည်​လော။ တ​ရား​သ​ဖြင့် စီ​ရင်၍ တန်​ခိုး​ကြီး​သော​သူ​ကို အ​ပြစ်​တင်​သင့်​သ​လော။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 18,
      "text": "သင်​သည်​လူ​ဆိုး​ဖြစ်၏​ဟု ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ သင်​တို့​သည် အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏​ဟု မင်း​တို့​ကို​လည်း​ကောင်း ဆို​သင့်​သ​လော။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 19,
      "text": "ထို​မျှ​မ​က၊ မင်း​တို့၏​မျက်​နှာ​ကို ထောက်​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​ကို အား​နာ​သည်​ထက်၊ ရ​တတ်​သော​သူ​ကို သာ၍ အား​နာ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ကို မ​ဆို​သင့်​သည် မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 20,
      "text": "တစ်​ခ​ဏ​ချင်း​တွင် သ​တ္တ​ဝါ​တို့​သည် သေ​တတ်​ကြ၏။ သန်း​ခေါင်​အ​ချိန်၌ လူ​မျိုး​တစ်​စုံ​တစ်​မျိုး တုန်​လှုပ်​ကွယ်​ပျောက်၍၊ အား​ကြီး​သော​သူ​သော်​လည်း အ​ဘယ်​သူ​မျှ​မ​ပြု​ဘဲ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ လူ​သွား​ရာ​လမ်း​တို့​ကို ဘု​ရား​သ​ခင်​ကြည့်​ရှု၍၊ လူ​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 22,
      "text": "မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၏​ပုန်း​ရှောင်​ရာ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 23,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ အ​ထပ်​ထပ်​စစ်​ကြော​တော်​မူ​စ​ရာ အ​ကြောင်း​မ​ရှိ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 24,
      "text": "အား​ကြီး​သော​သူ​တို့​ကို​ပင် မ​စစ်​ကြော​ဘဲ ချိုး​ဖျက်၍၊ သူ​တို့​အ​ရာ၌ အ​ခြား​သော​သူ​ကို ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 25,
      "text": "သို့​ဖြစ်၍ သူ​တို့​ပြု​သ​မျှ​ကို သိ​တော်​မူ​သ​ဖြင့်၊ ည​မှောင်​မိုက်​ကို ရောက်​စေ၍ ဖျက်​ဆီး​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 26,
      "text": "သူ​တို့​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ကြ၏။ ပြု​တော်​မူ​သော​အ​မှု​တို့​ကို အ​လျှင်း​မ​ဆင်​ခြင်​ကြ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 28,
      "text": "ထို​သို့​ပြု​သော​ကြောင့် ဆင်း​ရဲ​သား​ငို​ကြွေး​သံ​သည် ရှေ့​တော်​သို့ တက်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ၏ ငို​ကြွေး​သံ​ကို ကြား​တော်​မူ​ရ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်​သည် ချမ်း​သာ​ပေး​တော်​မူ​လျှင် အ​ဘယ်​သူ​နှောင့်​ယှက်​နိုင်​သ​နည်း။ မျက်​နှာ​လွှဲ​တော်​မူ​လျှင် လူ​တစ်​မျိုး​လုံး​ဖြစ်​စေ၊ တစ်​ယောက်​တည်း​ဖြစ်​စေ၊ အ​ဘယ်​သူ​သည် မျက်​နှာ​တော်​ကို ဖူး​မြင်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 30,
      "text": "ထို​သို့ ဆင်း​ရဲ​သား​တို့​ကို မ​မှား​ယွင်း​စေ​မည်​အ​ကြောင်း အ​ဓ​မ္မ​မင်း​တို့​ကို နှိမ့်​ချ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 31,
      "text": "အ​ကျွန်ုပ်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ နောက်​တစ်​ဖန် မ​ပြစ်​မှား​ပါ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 32,
      "text": "အ​ကျွန်ုပ် နား​မ​လည်​သော​အ​ရာ​ကို သွန်​သင်​တော်​မူ​ပါ။ ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ဖြစ်၍၊ နောက်​တစ်​ဖန် မ​ပြု​ဘဲ​နေ​ပါ​မည်​ဟု ဘု​ရား​သ​ခင်​အား လျှောက်​သင့်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 33,
      "text": "သင်​သည် ငြင်း​ပယ်​သည်​ဖြစ်​စေ၊ ရွေး​ယူ​သည်​ဖြစ်​စေ၊ သင်၏​အ​လို​သို့​သာ ဘု​ရား​သ​ခင်​လိုက်၍၊ အ​လို​တော်​သို့​မ​လိုက်​ဘဲ အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​ရ​မည်​လော။ သို့​ဖြစ်​လျှင် နား​လည်​သည်​အ​တိုင်း ပြော​ပါ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 34,
      "text": "ဉာဏ်​ကောင်း​သော သူ​တို့​သည် စ​ကား​ပြော​ပါ​စေ။ ပ​ညာ​ရှိ​သော သူ​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 35,
      "text": "ယော​ဘ​သည် နား​မ​လည်​ဘဲ ပြော​မိ​ပြီ။ သူ​ပြော​သော​စ​ကား​သည် ပ​ညာ​စ​ကား​မ​ဟုတ်။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 36,
      "text": "ယော​ဘ​သည် မ​တ​ရား​သော​သူ​ကဲ့​သို့ ပြန်​ပြော​တတ်​သော​ကြောင့်၊ အ​ဆုံး​တိုင်​အောင် စုံ​စမ်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 34,
      "verse": 37,
      "text": "ဒု​စ​ရိုက်​ကို ပြု​သည်​သာ​မ​က၊ ပုန်​ကန်​သော အ​ပြစ်​ရှိ​သေး၏။ ငါ​တို့​တွင် အောင်​ပွဲ​ကို​ခံ၍၊ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​စ​ကား​နှင့် များ​စွာ​ပြော​တတ်​သည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 1,
      "text": "တစ်​ဖန်​ဧ​လိ​ဟု​ဆက်၍ မြွက်​ဆို​သည်​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ထက်​သာ၍ ဖြောင့်​မတ်၏​ဟု သင်​ပြော​သော​စ​ကား မှန်​သည်​ထင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 3,
      "text": "သင်​က၊ ငါ​သည် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း​ဟု ဆို​လို၏။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 4,
      "text": "သင်​နှင့် သင်၏​အ​ပေါင်း​အ​ဖော်​တို့​စ​ကား​ကို ငါ​ချေ​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 5,
      "text": "မိုး​ကောင်း​ကင်​ကို​မျှော်၍၊ သင့်​ထက်​မြင့်​သော မိုး​တိမ်​တို့​ကို ကြည့်​ရှု​လော့။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 6,
      "text": "သင်​သည် ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့ ထိ​ခိုက်​နိုင်​သ​နည်း။ ပြစ်​မှား​သော အ​ပြစ်​များ​သော်​လည်း၊ အ​ကျိုး​တော်​ကို အ​ဘယ်​သို့ ဖျက်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 7,
      "text": "သင်​သည် ဖြောင့်​မတ်​သော်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ကျိုး​တော်​ကို အ​ဘယ်​သို့​ပြု​စု​နိုင်​သ​နည်း။ သင့်​လက်​မှ အ​ဘယ်​ကျေး​ဇူး​ကို ခံ​တော်​မူ​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 8,
      "text": "သင်​ပြု​သော​ဒု​စ​ရိုက်​သည် သင်​နှင့်​တူ​သော လူ​သ​တ္တ​ဝါ​ကို​သာ ထိ​ခိုက်​နိုင်၏။ သင်​ပြု​သော​သု​စ​ရိုက်​သည်​လည်း လူ​သား​တို့၌​သာ ကျေး​ဇူး​ပြု​နိုင်၏။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 9,
      "text": "များ​ပြား​သော ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် အော်​ဟစ်​တတ်​ကြ၏။ အား​ကြီး​သော​သူ နှိပ်​စက်​သော​ကြောင့်၊ ပြင်း​စွာ​အော်​ဟစ်​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 10,
      "text": "သို့​သော်​လည်း ငါ့​ကို​ဖန်​ဆင်း​တော်​မူ​ထ​သော၊ ည​အ​ချိန်၌ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ထ​သော၊"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 11,
      "text": "မြေ​တိ​ရ​စ္ဆာန် နား​လည်​သည်​ထက် သာ၍​နား​လည်​သော ဉာဏ်​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​မ​ရ၊ ထူး​ဆန်း​သော​ပ​ညာ​နှင့်​လည်း​ကောင်း၊ ငါ​တို့​ကို ပြည့်​စုံ​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ မ​မေး​မြန်း​တတ်။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 12,
      "text": "ထို​ကြောင့် အ​ဓ​မ္မ​လူ၊ ထောင်​လွှား​စော်​ကား​ခြင်း​ကို​ခံ​ရ၍ အော်​ဟစ်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ထူး​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 13,
      "text": "အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​ချည်း​နှီး​သော​စ​ကား​ကို နား​ထောင်​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ထို​သို့​သော​စ​ကား​ကို မ​မှတ်​ဘဲ နေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​ကို မ​တွေ့​မ​မြင်​ရ​ဟု သင်​ဆို​သော်​လည်း၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​ကြောင့် မျှော်​လင့်​လျက်​နေ​လော့။"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 15,
      "text": "ယ​ခု​မူ​ကား၊ အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ။ ပြစ်​မှား​သော​အ​ပြစ်​ကို ကျပ်​တည်း​စွာ မှတ်​တော်​မ​မူ​သော​ကြောင့်၊"
    },
    {
      "book": 18,
      "chapter": 35,
      "verse": 16,
      "text": "ယော​ဘ​သည် အ​ချည်း​နှီး​သော စ​ကား​ကို မြွက်​ဆို​တတ်၏။ ပ​ညာ​မ​ရှိ​ဘဲ များ​စွာ​ပြော​တတ်​သည်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 1,
      "text": "တစ်​ဖန် ဧ​လိ​ဟု ဆက်၍​မြွက်​ဆို​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 2,
      "text": "ငါ့​ကို သည်း​ခံ​ပါ​လော့။ အ​ကျိုး​အ​ကြောင်း​ကို ငါ​ပြ​ဦး​မည်။ ဘု​ရား​သ​ခင့်​အ​ဖို့ ပြော​စ​ရာ​ရှိ​သေး၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 3,
      "text": "ငါ​သည် ဝေး​သော​အ​ရပ်​က ကိုယ်​ပ​ညာ​ကို​ဆောင်​ခဲ့​မည်။ ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို ငါ​ပြ​မည်။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 4,
      "text": "အ​ကယ်​စင်​စစ် မ​မှန်​သော​စ​ကား​ကို ငါ​မ​ပြော။ ပ​ညာ​အ​တတ် စုံ​လင်​သော​သူ​သည် သင်၌​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ၏။ သို့​သော်​လည်း မ​ထီ​မဲ့​မြင်​ပြု​တော်​မ​မူ​တတ်။ အ​စွမ်း​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 6,
      "text": "မ​တ​ရား​သော​သူ​တို့၏​အ​သက်​ကို စောင့်​တော်​မ​မူ။ ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 7,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ။ ရှင်​ဘု​ရင်​နှင့်​အ​တူ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထာ​ဝ​ရ​နေ​ရာ​ချ၍ ချီး​မြှောက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 8,
      "text": "သူ​တို့​သည် အ​ကျဉ်း​နေ၍ ဒု​က္ခ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​လျှင်၊"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 9,
      "text": "သူ​တို့​ပြု​မိ​သော​အ​မှု​နှင့် ပြစ်​မှား​လွန်​ကျူး​မိ​သော​အ​ပြစ်​များ​တို့​ကို ပြ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 10,
      "text": "ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​ချင်​သော သ​ဘော​ကို​သွင်း​ပေး၍၊ ဒု​စ​ရိုက်​ကို​စွန့်​စေ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 11,
      "text": "စ​ကား​တော်​ကို​နား​ထောင်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​လျှင်၊ စည်း​စိမ်​ချမ်း​သာ​နှင့် ပျော်​မွေ့​လျက်၊ နှစ်​လ​နေ့​ရက်​ကာ​လ​ကို လွန်​စေ​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 12,
      "text": "နား​မ​ထောင်​လျှင် ဓား​ဘေး​ဖြင့်​ဆုံး၍၊ ပ​ညာ​အ​တတ်​မ​ရှိ​ဘဲ သေ​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 13,
      "text": "အ​ဓ​မ္မ​သ​ဘော​ရှိ​သော​သူ​တို့​သည် အ​မျက်​တော်​ကို သို​ထား​တတ်​ကြ၏။ ချည်​နှောင်​တော်​မူ​သော​အ​ခါ မ​အော်​ဟစ်​တတ်​ကြ။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 14,
      "text": "အ​သက်​ငယ်​စဉ်​က​ပင်​သေ၍၊ ဆိုး​ညစ်​သော​သူ​တို့​နှင့်​အ​တူ ဆုံး​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 15,
      "text": "အ​မှု​ရောက်​သော ဆင်း​ရဲ​သား​တို့​ကို ကယ်​တင်​တော်​မူ၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ နား​ထောင်​စေ​ခြင်း​ငှာ ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 16,
      "text": "ထို​သို့​သင့်​ကို​လည်း ကျဉ်း​မြောင်း​သော​အ​ရပ်​မှ ကျယ်​ဝန်း​ရှင်း​လင်း​သော​အ​ရပ်​သို့ ပြောင်း​စေ၍၊ သင်၏​စား​ပွဲ​ပေါ်​မှာ ကောင်း​သော​အ​ရ​သာ​နှင့်​ပြည့်​စုံ​သော ခဲ​ဖွယ်​စား​ဖွယ်​ကို တင်​ထား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 17,
      "text": "သို့​မ​ဟုတ် မ​တ​ရား​သော​သူ​ကဲ့​သို့ အ​ပြစ်​နှင့်​ပြည့်​စုံ​လျှင်၊ အ​ပြစ်​နှင့် ယှဉ်​သော​ဒဏ်​ကို ခံ​ရ​မည်။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 18,
      "text": "အ​မျက်​တော် ထွက်​တတ်​သည်​ဖြစ်၍၊ ဒဏ်​ခတ်​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ အ​မှု​ရောက်​မှ များ​သော​အ​ဖိုး​ကို​ပေး​သော်​လည်း ကိုယ်​ကို မ​ရွေး​မ​နုတ်​နိုင်။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 19,
      "text": "သင်၏​ဥ​စ္စာ​ကို ပ​မာ​ဏ​ပြု​တော်​မူ​မည်​လော။ ရွှေ​ကို​လည်း​ကောင်း၊ များ​စွာ​သော စည်း​စိမ်​ကို​လည်း​ကောင်း ပေး​ချင်​သော်​လည်း၊ ပ​မာ​ဏ​ပြု​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 20,
      "text": "ည​ကို မ​တောင့်​တ​နှင့်။ ည​အ​ခါ​လူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 21,
      "text": "သ​တိ​ပြု​ပါ။ မ​တ​ရား​သော​အ​မှု​ကို မ​ငဲ့​ကွက်​နှင့်။ ထို​သို့​သော​အ​မှု​ကို ဆင်း​ရဲ​ခြင်း​ထက် သင်​သည် အ​လို​ရှိ​လေ​ပြီ​တ​ကား။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 22,
      "text": "ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​အား​ဖြင့် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​ကဲ့​သို့ အ​ဘယ်​သူ​အုပ်​ချုပ်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 23,
      "text": "ကြွ​တော်​မူ​ရ​သော​လမ်း​ကို အ​ဘယ်​သူ​စီ​ရင်​သ​နည်း။ ကိုယ်​တော်​သည် မ​တ​ရား​သော​အ​မှု​ကို ပြု​မိ​ပြီ​ဟု အ​ဘယ်​သူ​ဆို​ရာ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 24,
      "text": "လူ​တို့​သည် ချီး​မွမ်း​အပ်​သော​အ​မှု​တော်​ကို ချီး​မြှောက်​ခြင်း​ငှာ သ​တိ​ပြု​လော့။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 25,
      "text": "လူ​ခပ်​သိမ်း​တို့​သည် အ​မှု​တော်​ကို မြင်​ကြ၏။ အ​ဝေး​က ကြည့်​ရှု​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 26,
      "text": "ဘု​ရား​သ​ခင်​သည် ကြီး​မြတ်​တော်​မူ၏။ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​နိုင်။ အ​သက်​တော်​နှစ်​ပေါင်း​ကို စစ်၍​မ​ကုန်​နိုင်​ကြ။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 27,
      "text": "ရေ​ကို သုန်​ဖျင်း​စေ၍၊ အ​ထက်​သို့ ဆွဲ​ယူ​တော်​မူ​သ​ဖြင့်၊ ရေ​ငွေ့​ရှိ​သည်​အ​တိုင်း မိုး​ရွာ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 28,
      "text": "မိုး​တိမ်​မှ လူ​တို့​အ​ပေါ်​သို့ မိုး​ပေါက်​ကျ၍၊ များ​စွာ​သော​မိုး ရွာ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 29,
      "text": "မိုး​တိမ်​တော်​နှံ့​ပြား​ခြင်း၊ တဲ​တော်​အ​သံ​မြည်​ခြင်း​ကို အ​ဘယ်​သူ နား​လည်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 30,
      "text": "တဲ​တော်​အ​ပေါ်​မှာ အ​လင်း​တော်​ကို ဖြန့်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ၌ အ​နက်​ဆုံး​သော​အ​ရပ်​ကို​လည်း ဖုံး​လွှမ်း​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 31,
      "text": "ထို​သို့​သော​အား​ဖြင့် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ များ​စွာ​သော အ​စာ​အာ​ဟာ​ရ​ကို​လည်း ပေး​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 32,
      "text": "အ​လင်း​ကို လက်​တော်​နှင့်​ကွယ်​ကာ၍၊ တစ်​ဖန် ရန်​သူ​ရှိ​ရာ​သို့ လွှတ်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 36,
      "verse": 33,
      "text": "ထို​သူ​မှ​စ​သော တိ​ရ​စ္ဆာန်​များ​နှင့် အ​ပင်​များ​ကို အ​လို​တော်​မ​ရှိ​ကြောင်း ထင်​ရှား၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 1,
      "text": "ဤ​အ​မှု​ကြောင့် ငါ့​နှ​လုံး​သည် တုန်​လှုပ်၍ မိ​မိ​နေ​ရာ​မှ ရွေ့​သွား၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 2,
      "text": "မြွက်​တော်​မူ​သော​အ​သံ​နှင့် နှုတ်​တော်​မှ​ထွက်​သော​အ​သံ​ကို စေ့​စေ့​နား​ထောင်​ကြ​လော့။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 3,
      "text": "မိုး​ကောင်း​ကင်​အောက်၌ အ​နှံ့​အ​ပြား​လွှတ်၍၊ မြေ​ကြီး​စွန်း​တိုင်​အောင် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 4,
      "text": "လျှပ်​စစ်​ပြက်​ပြီး​မှ အ​သံ​တော်​ထွက်၏။ ဘုန်း​အာ​နု​ဘော်​တော်​အ​သံ​နှင့် မိုး​ချုန်း​တော်​မူ၏။ အ​သံ​တော်​မြည်​သော​အ​ခါ မိုး​သက်​မုန်​တိုင်း​ကို ချုပ်​တည်း​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 5,
      "text": "အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​ပါ​လျက်၊ ဘု​ရား​သ​ခင်​သည် အ​သံ​တော်​နှင့် မိုး​ချုန်း​တော်​မူ၏။ ကြီး​သော​အ​မှု ငါ​တို့​နား​မ​လည်​နိုင်​သော အ​မှု​တို့​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 6,
      "text": "မြေ​ပေါ်​မှာ​ဖြစ်​စေ​ဟု မိုး​ပွင့်​ကို​လည်း​ကောင်း၊ သုန်​ဖျင်း​သော​မိုး​ရေ​နှင့် တန်​ခိုး​တော်​ကြောင့် ပြင်း​ထန်​သော မိုး​ရေ​ကို​လည်း​ကောင်း မိန့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 7,
      "text": "ဖန်​ဆင်း​တော်​မူ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို သိ​မည်​အ​ကြောင်း လူ​တိုင်း​လုပ်​သော​အ​လုပ်​ကို ဆီး​တား​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 8,
      "text": "ထို​အ​ခါ သား​ရဲ​တို့​သည် မြေ​တွင်း​ထဲ​သို့​ဝင်၍၊ သူ​တို့​နေ​ရာ၌ နေ​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 9,
      "text": "လေ​ပွေ​သည် တောင်​မျက်​နှာ​မှ​လည်း​ကောင်း၊ အ​ချမ်း​သည် မြောက်​မျက်​နှာ​မှ​လည်း​ကောင်း ထွက်​လာ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်​မှုတ်​တော်​မူ​သ​ဖြင့်၊ ရေ​ခဲ​ဖြစ်၍ ရေ​မျက်​နှာ​သည် ခဲ​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 11,
      "text": "မိုး​တိမ်​မှ မိုး​ရေ​ကို သက်​ရောက်​စေ၍၊ ရောင်​ခြည်​တော်​အား​ဖြင့် မိုး​တိမ်​ကို ပျောက်​လွင့်​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 12,
      "text": "လော​က​ဓာတ် မြေ​ကြီး​တစ်​လျှောက်​လုံး​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​စေ​ခြင်း​ငှာ ပ​ညာ​တော်​အား​ဖြင့် လှည့်​လည်​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 13,
      "text": "ဒဏ်​ခတ်​သော်​လည်း​ကောင်း၊ မြေ​တော်​ကို ပြု​စု​သော်​လည်း​ကောင်း၊ ချမ်း​သာ​ပေး​သော်​လည်း​ကောင်း လာ​စေ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 14,
      "text": "အို ယော​ဘ၊ ဤ​စ​ကား​ကို နား​ထောင်​လော့။ ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ငြိမ်​သက်​စွာ​နေ၍ ဆင်​ခြင်​လော့။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 15,
      "text": "ထို​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်၍၊ မိုး​တိမ်​တော်​အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် သိ​သ​လော။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 16,
      "text": "ပ​ညာ​စုံ​လင်​သော ဘု​ရား၏​အံ့​ဖွယ်​သော အ​မှု​တော်​တည်း​ဟူ​သော မိုး​တိမ်​တို့​သည် မ​ပေါ့​မ​လေး မှန်​မှန်​မိုး​မည်​အ​ကြောင်း၊ ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 17,
      "text": "မြေ​ပေါ်​မှာ တောင်​လေ​ဖြင့် အ​ချမ်း​ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ သင်၏​အ​ဝတ်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် နွေး​သည်​ကို​လည်း​ကောင်း နား​လည်​သ​လော။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 18,
      "text": "သွန်း​သော ကြေး​မုံ​ကဲ့​သို့ တည်​လျက်​ရှိ​သော မိုး​ကောင်း​ကင်​ကို သင်​သည် ဘု​ရား​သ​ခင်​နှင့် ဝိုင်း​ညီ၍ ကြက်​သ​လော။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 19,
      "text": "ငါ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို သွန်​သင်​ပါ။ ငါ​တို့​သည် မိုက်​သော​ကြောင့်၊ အ​လို​အ​လျောက် မ​လျှောက်​တတ်​ကြ။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 20,
      "text": "ငါ​ပြော​သော​စ​ကား​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​လိမ့်​မည်​လော။ အ​ကယ်၍​လူ​သည် ဘု​ရား​သ​ခင်​ကို​လျှောက်​ဝံ့​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 21,
      "text": "လေ​သည်​လာ၍ မိုး​ကောင်း​ကင်​ကို ရှင်း​လင်း​စေ​သော​အ​ခါ၊ လူ​သည် ထွန်း​လင်း​သော​ရောင်​ခြည်​ကို မ​ကြည့်​နိုင်။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 22,
      "text": "မြောက်​မျက်​နှာ​မှ ရွှေ​ရောင်​ခြည်​ထွက်​တတ်၏။ ဘု​ရား​သ​ခင်​သည် ကြောက်​မက်​ဖွယ်​သော ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 23,
      "text": "အ​န​န္တ​တန်​ခိုး​ရှင်​ကို ငါ​တို့​သည် စစ်၍​မ​ကုန်​နိုင်​ကြ။ အ​စွမ်း​သ​တ္တိ​အား​ဖြင့်​လည်း​ကောင်း၊ တ​ရား​စီ​ရင်​ခြင်း​နှင့် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထူး​ဆန်း​တော်​မူ၏။ အ​ဘယ်​သူ​ကို​မျှ ညှဉ်း​ဆဲ​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 37,
      "verse": 24,
      "text": "သို့​ဖြစ်၍ လူ​တို့​သည် ကြောက်​ရွံ့​စ​ရာ​အ​ကြောင်း ရှိ​ကြ၏။ ဉာဏ်​ကောင်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်​ကို မ​ဖူး​မ​ကြည့်​နိုင်​ဟု မြွက်​ဆို၏။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 1,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​စ​ကား​ကို လှန်​ပြန်၍၊ မိုး​သက်​မုန်​တိုင်း​ထဲ​က မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 2,
      "text": "ပ​ညာ​မ​ရှိ​ဘဲ စ​ကား​ပြော​ကာ​မျှ​နှင့် ငါ့​အ​ကြံ​ကို​မိုက်​စေ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 3,
      "text": "လူ​ယောက်ျား​ကဲ့​သို့ သင့်​ခါး​ကို စီး​လော့။ ငါ​မေး​မြန်း​သော ပြဿ​နာ​တို့​ကို ဖြေ​လော့။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 4,
      "text": "မြေ​ကြီး​အ​မြစ်​ကို ငါ​တည်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ နား​လည်​လျှင် ဖော်​ပြ​လော့။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 5,
      "text": "မြေ​ကြီး​အ​တိုင်း​အ​ရှည် ပ​မာ​ဏ​ကို အ​ဘယ်​သူ စီ​ရင်​သ​နည်း။ နား​လည်​လျှင် ပြော​လော့။ မျဉ်း​ကြိုး​ကို အ​ဘယ်​သူ​တန်း၍ ချ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 6,
      "text": "မြေ​ကြီး​တိုက်​မြစ်​ကို အ​ဘယ်​အ​ရပ်၌ စွဲ​စေ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 7,
      "text": "နံ​နက်​ကြယ်​တို့​သည် တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို၍၊ ဘု​ရား​သ​ခင်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​သ​ဖြင့်၊ ကြွေး​ကြော်​ကြ​စဉ်၊ တိုက်​ထောင့်​အ​ထွတ်​ကျောက်​ကို အ​ဘယ်​သူ​တင်​ထား​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 8,
      "text": "သ​မု​ဒ္ဒ​ရာ​သည် အ​မိ​ဝမ်း​ထဲ​က ဖွား၍​ထွက်​လာ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် တံ​ခါး​ပိတ်​နှင့် ပိတ်​ထား​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 9,
      "text": "သ​မု​ဒ္ဒ​ရာ​ကို မိုး​တိမ်​နှင့် ငါ​ခြုံ၍ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် ထုပ်​ရစ်​သည်​ကာ​လ၌​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 10,
      "text": "သင်​သည် ဤ​အ​ရပ်​တိုင်​အောင် လာ​ရ၏။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 11,
      "text": "တိုး၍​မ​လွန်​ရ၊ ဤ​အ​ရပ်၌ သင်၏​ထောင်​လွှား​သော လှိုင်း​တံ​ပိုး​ဆုံး​ရ၏​ဟု ပ​ညတ်​လျက်၊ သ​မု​ဒ္ဒ​ရာ​အ​ပိုင်း​အ​ခြား​ကို ငါ​စီ​ရင်၍၊ တံ​ခါး​ပိတ်​နှင့် ကန့်​လန့်​ကျင်​တို့​ကို ထား​သည်​ကာ​လ၌​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ဝိုင်း၍​ကူ​ညီ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 12,
      "text": "သင်​သည် တစ်​သက်​လုံး​တွင် တစ်​ခါ​မျှ နံ​နက်​ကို မှာ​ထား​ဖူး​သ​လော။ မိုး​သောက်​လင်း​ကို နေ​ရာ​ချ​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 13,
      "text": "နံ​နက်​အ​လင်း​သည် မြေ​ကြီး​စွန်း​ကို​ကိုင်​လျက်၊ လူ​ဆိုး​တို့​ကို​ခါ၍ ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 14,
      "text": "မြေ​ကြီး​သည် တံ​ဆိပ်​ခတ်​သ​ကဲ့​သို့​ပုံ​ပေါ်၍ အ​ဝတ်​တန်​ဆာ​ဆင်​သ​ကဲ့​သို့ ရှိ၏။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 15,
      "text": "လူ​ဆိုး​တို့၏​အ​လင်း​သည် ကွယ်၍ ချီ​ကြွ​သော​လက်​လည်း ကျိုး​တတ်၏။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 16,
      "text": "သင်​သည် သ​မု​ဒ္ဒ​ရာ​စမ်း​ရေ​ပေါက်​ထဲ​သို့ ဝင်​ဖူး​သ​လော။ နက်​နဲ​သော အောက်​ဆုံး​အ​ရပ်၌ လှည့်​လည်​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 17,
      "text": "သေ​ခြင်း​တံ​ခါး​တို့​ကို သင့်​အား​ဖွင့်​ဖူး​သ​လော။ သေ​မင်း​အ​ရိပ်​ထဲ​သို့​ဝင်​သော လမ်း​ဝ​တို့​ကို မြင်​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 18,
      "text": "မြေ​ကြီး​မျက်​နှာ တစ်​ပြင်​လုံး​ကို ကြည့်​ရှု​ဖူး​သ​လော။ အ​လုံး​စုံ​ကို သိ​မြင်​လျှင် ဖော်​ပြ​လော့။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 19,
      "text": "အ​လင်း​နေ​ရာ​သို့ အ​ဘယ်​မည်​သော​လမ်း​ဖြင့် ရောက်​ရ​သ​နည်း။ မှောင်​မိုက်​နေ​ရာ​လည်း အ​ဘယ်​မှာ​ရှိ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 20,
      "text": "အ​ကယ်​စင်​စစ် သင်​သည် အ​လင်း​အ​မိုက်​အ​ပိုင်း​အ​ခြား​သို့ ငါ​တို့​ကို ပို့​ဆောင်​နိုင်၏။ သူ​တို့​နေ​ရာ​အိမ်​သို့ ရောက်​သော​လမ်း​တို့​ကို သိ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 21,
      "text": "သင်​သည် ရှေး​ကာ​လ၌​ဖွား​မြင်၍ အ​လွန် အ​သက်​ကြီး​သော​ကြောင့် သိ​လိမ့်​မည်။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 22,
      "text": "သင်​သည် မိုး​ပွင့်​ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ ဝင်​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 23,
      "text": "ဘေး​ရောက်​ရာ အ​ချိန်​ကာ​လ​နှင့် စစ်​ပြိုင်၍ တိုက်​ရာ​အ​ချိန်​ကာ​လ​ဖို့၊ ငါ​သို​ထား​သော မိုး​သီး​ဘ​ဏ္ဍာ​များ​ကို မြင်​ဖူး​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 24,
      "text": "အ​လင်း​သည် အ​ဘယ်​သို့​သော​လမ်း​ဖြင့် နှံ့​ပြား​သ​နည်း။ အ​ရှေ့​လေ​သည် မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​ကြောင့်​လွင့်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 25,
      "text": "လူ​မ​ရှိ​သော​မြေ​နှင့် လူ​မ​နေ​သော​တော၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 26,
      "text": "လွတ်​လပ်​သော​လွင်​ပြင်​ကို ရေ​နှင့်​ဝ​စေ၍၊ နု​သော​မြက်​ပင်​အ​ညှောက်​ကို ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 27,
      "text": "လျှံ​သော​မိုး​ရေ​စီး​ရာ​လမ်း၊ မိုး​ကြိုး​နှင့်​ဆိုင်​သော လျှပ်​စစ်​ပြက်​ရာ​လမ်း​ကို အ​ဘယ်​သူ​ဖွင့်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 28,
      "text": "မိုး​ရေ၏​အ​ဘ​ကား အ​ဘယ်​သူ​နည်း။ နှင်း​ပေါက်​တို့​ကို အ​ဘယ်​သူ ဖြစ်​ပွား​စေ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 29,
      "text": "ရေ​ခဲ​သည် အ​ဘယ်​သူ၏​ဝမ်း​ထဲ​က ထွက်​လာ​သ​နည်း။ မိုး​ကောင်း​ကင်​နှင်း​ခဲ​ကို အ​ဘယ်​သူ​သည် ပ​ဋိ​သ​န္ဓေ​ပေး​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 30,
      "text": "ရေ​သည် ကျောက်​ခဲ​ကဲ့​သို့​ဖြစ်၍ ပင်​လယ်​မျက်​နှာ တင်း​မာ​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 31,
      "text": "သင်​သည် ခိ​မ​ကြယ်​စု၏ သာ​ယာ​စွာ​ပြု​ပြင်​ခြင်း​ကို ချုပ်​တည်း​နိုင်​သ​လော။ က​သိ​လ​ကြယ်၏ ချည်​နှောင်​ခြင်း​ကို ဖြည်​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 32,
      "text": "မာ​ဇ​ရုတ်​ကြယ်​တို့​ကို အ​ချိန်​ရောက်​လျှင် ထုတ်​ဖော်​နိုင်​သ​လော။ အာ​ရှ​ကြယ်​နှင့် သူ၏​သား​တို့​ကို ပဲ့​ပြင်​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 33,
      "text": "မိုး​ကောင်း​ကင်​တ​ရား​တို့​ကို နား​လည်​သ​လော။ ထို​တ​ရား​တို့​သည် မြေ​ကြီး​ကို​အုပ်​စိုး​မည်​အ​ကြောင်း အ​ခွင့်​ပေး​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 34,
      "text": "များ​စွာ​သော​မိုး​ရေ​သည် သင့်​ကို လွှမ်း​မိုး​စေ​ခြင်း​ငှာ မိုး​တိမ်​တို့​ကို အ​သံ​လွှင့်​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 35,
      "text": "လျှပ်​စစ်​တို့​ကို လွှတ်​နိုင်​သ​လော။ သူ​တို့​က ကျွန်​တော်​တို့​ရှိ​ပါ၏​ဟု သင့်​ကို​လျှောက်​လျက် သွား​ကြ​လိမ့်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 36,
      "text": "ကိုယ်​ခ​န္ဓာ​ထဲ​သို့ ပ​ညာ​ကို အ​ဘယ်​သူ​သွင်း​သ​နည်း။ နား​လည်​နိုင်​သော​ဉာဏ်​ကို အ​ဘယ်​သူ​ပေး​သ​နည်း။ ပ​ညာ​ရှိ၍ မိုး​တိမ်​တို့​ကို အ​ဘယ်​သူ ရေ​တွက်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 37,
      "text": "မြေ​မှုန့်​သည် လုံး​ထွေး၍ မြေ​စိုင်​တို့​သည် ကပ်​လျက်​နေ​သော​အ​ခါ၊"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 38,
      "text": "မိုး​ကောင်း​ကင်၏ ရေ​ဘူး​တို့​ကို အ​ဘယ်​သူ​သွန်း​ချ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 39,
      "text": "သင်​သည် ခြင်္သေ့​မ​အ​ဖို့ စား​စ​ရာ​အ​ကောင်​ကို လိုက်​ရှာ​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 40,
      "text": "ခြင်္သေ့​ပျို​တို့​သည် ခို​လှုံ​ရာ၌​ဝပ်၍၊ ချုံ​ပုတ်​အောက်၌ ချောင်း​ကြည့်​လျက်​နေ​သော​အ​ခါ၊ သူ​တို့​ကို ဝ​စွာ​ကျွေး​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 38,
      "verse": 41,
      "text": "ကျီး​အ​သူ​ငယ်​တို့​သည် စား​စ​ရာ​မ​ရှိ​သော​ကြောင့် လှည့်​လည်၍ ဘု​ရား​သ​ခင်​ကို အော်​ဟစ်​သော​အ​ခါ၊ စား​စ​ရာ​ကို အ​ဘယ်​သူ​ပေး​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 1,
      "text": "သင်​သည် တော​ဆိတ်​မွေး​ရ​သော​ကာ​လ​ကို သိ​သ​လော။ သ​မင်​ဒ​ရယ်​မ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​သော​အ​ချိန်​ကို မှတ်​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 2,
      "text": "ကိုယ်​ဝန်​ဆောင်​ရ​သော နေ့​လ​တို့​ကို​ရေ​တွက်၍၊ ဖွား​ရ​သော အ​ချိန်​ကာ​လ​ကို သိ​သ​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 3,
      "text": "သူ​တို့​သည် ကျော​ကိုင်း၍ သား​ငယ်​ကို​မွေး​ဖွား​သ​ဖြင့် ဝေ​ဒ​နာ​ငြိမ်း​ကြ၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 4,
      "text": "သား​ငယ်​တို့​သည် ကျန်း​မာ၍၊ လွင်​ပြင်၌ ကြီး​ပွား​တတ်​ကြ၏။ အ​ခြား​သို့​သွား၍ အ​မိ​ထံ​သို့​ပြန်​မ​လာ​ဘဲ နေ​တတ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 5,
      "text": "တော​မြည်း​ကို အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လွှတ်​သ​နည်း။ တော​မြင်း၌ ချည်​နှောင်​ခြင်း​ကို အ​ဘယ်​သူ​ဖြေ​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 6,
      "text": "တော​ကို သူ့​အိမ်​ဖို့​လည်း​ကောင်း၊ လွင်​ပြင်​ကို သူ့​နေ​ရာ​ဖို့​လည်း​ကောင်း ငါ​ခန့်​ထား​ပြီ။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 7,
      "text": "မြို့၌​ဖြစ်​သော လူ​တို့၏​အ​သံ​ဗ​လံ​ကို သူ​သည် မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ နှင်​သော​သူ အော်​ဟစ်​နှိုး​ဆော်​သံ​ကို မ​မှတ်​တတ်။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 8,
      "text": "တောင်​ရိုး၌ ကျက်​စား၍၊ စိမ်း​သော​အ​ပင် အ​မျိုး​မျိုး​ကို ရှာ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 9,
      "text": "ကြံ့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ သင်၏​တင်း​ကုပ်၌ နေ​ခြင်း​ငှာ အ​လို​ရှိ​လိမ့်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 10,
      "text": "ကြံ့​ကို ထွန်​ကြောင်း​သို့ လိုက်​စေ​ခြင်း​ငှာ ကြိုး​နှင့် ချည်​နိုင်​သ​လော။ သို့​မ​ဟုတ် သင့်​နောက်​သို့​လိုက်၍ ချိုင့်၌ လယ်​ထွန်​လိမ့်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 11,
      "text": "ကြံ့​သည် အား​ကြီး​သော​ကြောင့် သူ့​ကို​ယုံ​မည်​လော။ သင်​လုပ်​ရ​သော​အ​လုပ်​ကို သူ၌​အပ်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 12,
      "text": "သင်၏​စ​ပါး​ကို ဆောင်​ခဲ့၍ စ​ပါး​ကျီ၌ စု​သိမ်း​လိမ့်​မည်​ဟု ယုံ​သ​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 13,
      "text": "ကု​လား​အုတ်​ငှက်​သည် အ​တောင်​ခတ်​လျက် နေ​တတ်၏။ တော​ငန်း​သည် အ​မွေး​အ​တောင်​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 14,
      "text": "သို့​သော်​လည်း မြေ၌​ဥ၍ အ​ဥ​တို့​ကို မြေ​မှုန့်၌ နွေး​စေ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 15,
      "text": "သူ့​ခြေ​သည် အ​ဥ​တို့​ကို​နင်း​မိ​မည်၊ သား​ရဲ​ခွဲ​လိမ့်​မည်​ဟု မ​စိုး​ရိမ်။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 16,
      "text": "သား​ငယ်​တို့​ကို ကိုယ်​သား​ကဲ့​သို့​မ​မှတ် ကြမ်း​တမ်း​စွာ​ပြု​တတ်၏။ စိုး​ရိမ်​ခြင်း မ​ရှိ။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို အ​ချည်း​နှီး​ခံ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​မဲ့​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ၏။ ဉာဏ်​ကို ပေး​တော်​မ​မူ။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 18,
      "text": "သို့​သော်​လည်း ကိုယ်​ကို​ချီ​ကြွ​သော​အ​ခါ၊ မြင်း​နှင့် မြင်း​စီး​သော​သူ​ကို​ပင် ရယ်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 19,
      "text": "သင်​သည် မြင်း​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​သ​လော။ သူ၏​လည်​ပင်း၌ မိုး​ကြိုး​လ​က္ခ​ဏာ​ကို သွင်း​သ​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 20,
      "text": "ကျိုင်း​ကောင်​ခုန်​သ​ကဲ့​သို့ ခုန်​တတ်​စေ​သ​လော။ သူ၏​နှာ​ခေါင်း​မြည်​သံ​သည် ကြောက်​မက်​ဖွယ်​ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 21,
      "text": "လွင်​ပြင်​ကို​ယက်၍၊ မိ​မိ​ခွန်​အား၌ ဝါ​ကြွား​လျက်၊ သူ​ရဲ​များ​ကို​တွေ့​အံ့​သော​ငှာ သွား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 22,
      "text": "ကြောက်​စ​ရာ​အ​ကြောင်း​ကို ကဲ့​ရဲ့၍၊ ကြောက်​လန့်​သော​သ​ဘော​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဓား​ဘေး​ကို မ​ရှောင်​တတ်။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 23,
      "text": "သူ့​တစ်​ဖက်၌ မြား​တောင့်​လှုပ်​သံ​မြည်၍၊ လှံ​နှင့်​ဒိုင်း​လွှား​သည် ပြောင်​လက်​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 24,
      "text": "မာ​န​ကြီး၍ ပြင်း​ထန်​သော​စိတ်​နှင့် မြေ​ကို​မျို​တတ်၏။ တံ​ပိုး​သံ​ကို ကြား​သော​အ​ခါ၊ ငြိမ်​ဝပ်​စွာ​မ​နေ​နိုင်။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 25,
      "text": "တံ​ပိုး​များ အ​လယ်​သို့​ရောက်၍ အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​တတ်၏။ ဗိုလ်​ခြေ​အော်​ဟစ်၍ အ​သံ​ဗ​လံ​ပြု​ခြင်း​နှင့်​တ​ကွ၊ စစ်​တိုက်​ပွဲ​ကို အ​ဝေး​က အ​နံ့​ခံ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 26,
      "text": "သင်​ပေး​သော​ဉာဏ်​အား​ဖြင့် သိမ်း​ငှက်​သည် အ​တောင်​ကို​ဖြန့်၍ တောင်​မျက်​နှာ​သို့ ပျံ​သွား​တတ်​သ​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 27,
      "text": "သင်​စီ​ရင်​သော​ကြောင့် ရွှေ​လင်း​တ​သည် အ​ထက်​သို့​တက်၍၊ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​တတ်​သ​လော။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 28,
      "text": "သူ​သည် ကျောက်​ပေါ်​မှာ​နေ၍ တောင်​ထိပ်​နှင့် ကျောက်​ငူ​ပေါ်​မှာ နေ​ရာ​ကျ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 29,
      "text": "ထို​အ​ရပ်​က​ကြည့်၍ ကိုက်​စား​စ​ရာ​အ​ကောင်​ကို အ​ဝေး​က​ပင် မြင်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 39,
      "verse": 30,
      "text": "သူ၏​သား​ငယ်​တို့​သည် အ​သွေး​ကို သောက်​တတ်၏။ အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ ထို​ငှက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ကို ဆုံး​မ​သော​သူ​သည် ဆန့်​ကျင်​ဘက်​ပြု​ဦး​မည်​လော။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်​ကို အ​ပြစ်​တင်​သော​သူ​သည် ပြန်​ပြော​စေ​တော့​ဟု ယော​ဘ​အား​မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 3,
      "text": "ယော​ဘ​က အ​ကျွန်ုပ်​သည် ဆိုး​ယုတ်​ပါ၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 4,
      "text": "ကိုယ်​တော်​အား အ​ဘယ်​သို့ ပြန်​လျှောက်​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို ကိုယ်​လက်​နှင့် ပိတ်​ပါ​မည်။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 5,
      "text": "တစ်​ကြိမ် ပြော​မိ​ပါ​ပြီ။ တစ်​ဖန် မ​ပြော​ဝံ့​ပါ။ နှစ်​ကြိမ်​တိုင်​အောင် ပြော​မိ​ပါ​ပြီ။ သို့​ရာ​တွင် ထပ်၍​မ​ပြော​ဝံ့​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား ပြန်၍​လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 6,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိုး​သက်​မုန်​တိုင်း​ထဲ​က ယော​ဘ​အား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 7,
      "text": "လူ​ယောက်ျား​ကဲ့​သို့ သင်၏​ခါး​ကို​စည်း​လော့။ ငါ​မေး​မြန်း​သော ပြဿ​နာ​တို့​ကို ဖြေ​လော့။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 8,
      "text": "သင်​သည် ငါ​တ​ရား​စီ​ရင်​ချက်​ကို ပယ်​မည်​လော။ သင်​သည် ကိုယ်​တိုင်​ဖြောင့်​မတ်​ဟန် ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 9,
      "text": "သင်​သည် ဘု​ရား​သ​ခင်၏ လက်​ရုံး​ကဲ့​သို့​သော လက်​ရုံး​ရှိ​သ​လော။ ဘု​ရား​သ​ခင်၏ အ​သံ​ကဲ့​သို့​သော​အ​သံ​နှင့် မိုး​ချုန်း​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 10,
      "text": "ထူး​ဆန်း​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဝတ်​ဆောင်​လော့။ တင့်​တယ်​သော​ဂုဏ်​အ​သ​ရေ​နှင့် တန်​ဆာ​ဆင်​လော့။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 11,
      "text": "သင်၏​အ​မျက်​အ​ရှိန်​ကို လွှတ်​လော့။ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ နှိမ့်​ချ​လော့။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 12,
      "text": "မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ ရှုတ်​ချ​လော့။ အ​ဓ​မ္မ​လူ​တို့​ကို နှိပ်​နင်း၍၊"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 13,
      "text": "သူ​တို့​ကို​မြေ​မှုန့်၌ တစ်​စု​တည်း ဝှက်​ထား​လော့။ သူ​တို့​မျက်​နှာ​များ​ကို မှောင်​မိုက်၌ ဖုံး​အုပ်​လော့။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 14,
      "text": "သို့​ပြု​လျှင် သင်၏​လက်​ယာ​လက်​ရုံး​သည် သင့်​ကို ကယ်​တင်​နိုင်​သည်​ဟု ငါ​ဝန်​ခံ​မည်။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 15,
      "text": "သင်​နှင့်​အ​တူ ငါ​ဖန်​ဆင်း​သော ဗေ​ဟ​မုတ်​မြင်းကို ကြည့်​ရှု​လော့။ နွား​ကဲ့​သို့ မြက်​ကို​စား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 16,
      "text": "သူ၏​တန်​ခိုး​သည် ခါး၌​လည်း​ကောင်း၊ သူ၏​ခွန်​အား​သည် ဝမ်း​ကြော၌​လည်း​ကောင်း တည်​လျက်​ရှိ၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 17,
      "text": "သူ့​အ​မြီး​သည် အာ​ရဇ်​ပင်​ကဲ့​သို့ လှုပ်​တတ်၏။ ပေါင်​ကြော​တို့​သည် အ​ထပ်​ထပ်​ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 18,
      "text": "အ​ရိုး​ငယ်​တို့​သည် ကြေး​ဝါ​ချောင်း၊ အ​ရိုး​ကြီး​တို့​သည် သံ​တုံး​ကဲ့​သို့​ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 19,
      "text": "ဘု​ရား​သ​ခင်​ဖန်​ဆင်း​သော သ​တ္တ​ဝါ​တို့​တွင် ထူး​ဆန်း​သော သ​တ္တ​ဝါ​ဖြစ်၏။ သူ့​ကို​ဖန်​ဆင်း​သော ဘု​ရား​သာ​လျှင် သူ၏​တံ​စဉ်​ကို​ပေး​ပြီ။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 20,
      "text": "မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့ က​စား​ရာ​တောင်​ရိုး​သည် သူ၏​ကျက်​စား​ရာ​အ​ရပ် ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 21,
      "text": "အ​ရိပ်​ကောင်း​သော အ​ပင်​အောက်၊ ကျူ​ပင် ချုံ​ပုတ်​အောက်၊ ရေ​များ​သော​အ​ရပ်၌ နေ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 22,
      "text": "ထို​အ​ပင်​တို့​သည် အ​ရိပ်​နှင့်​လွှမ်း​မိုး၍ ချောင်း​နား​မိုး​မ​ခ​ပင်​တို့​သည် ဝိုင်း​ကြ၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 23,
      "text": "မြစ်​ရေ​ထ​သော်​လည်း သူ​သည်​မ​ပြေး​တတ်။ သူ၏​ခံ​တွင်း​ကို ယော်​ဒန်​မြစ်​ရေ ဝှေ့​တိုက်​သော်​လည်း မ​တုန်​မ​လှုပ်​ဘဲ နေ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 40,
      "verse": 24,
      "text": "ထို​မြင်း​ကို ထင်​ရှား​စွာ​ဖမ်း​ယူ​မည်​လော။ သူ၏​နှာ​ခေါင်း​ကို သံ​ချိတ်​နှင့် ဖောက်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 1,
      "text": "လ​ဝိ​သန်​ကို ငါး​မျှား​နှင့်​ဆွဲ​ယူ၍၊ သူ၏​လျှာ​ကို ကြိုး​နှင့်​နှိပ်​နင်း​မည်​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 2,
      "text": "သူ့​ကို နှာ​ရှုတ်​တပ်၍၊ ပါး​ရိုး၌ သံ​ကွင်း​လျှို​မည်​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 3,
      "text": "သူ​သည် သင့်​ကို​များ​စွာ တောင်း​ပန်​လိမ့်​မည်​လော။ ချော့​မော့​သော​စ​ကား​ကို ပြော​လိမ့်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 4,
      "text": "သင်​နှင့် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို ပြု​လိမ့်​မည်​လော။ သင်၏​အ​မှု​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ သူ့​ကို​ခန့်​ထား​မည်​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 5,
      "text": "ငှက်​နှင့်​က​စား​သ​ကဲ့​သို့ သူ​နှင့် က​စား​မည်​လော။ သင်၏​မိန်း​မ​က​လေး​တို့​အ​ဖို့ သူ့​ကို ချည်​နှောင်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 6,
      "text": "သင်၏​အ​ပေါင်း​အ​ဖော်​တို့​သည် သူ့​ကို​ဝိုင်း၍ စား​သောက်​ပွဲ​ခံ​ကြ​လိမ့်​မည်​လော။ ကုန်​သည်​တို့​တွင် ဝေ​ကြ​လိမ့်​မည်​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 7,
      "text": "သူ၏​အ​ရေ​ကို မှိန်း​နှင့်​လည်း​ကောင်း၊ သူ၏​ခေါင်း​ကို ငါး​ထိုး​သော​လှံ​နှင့်​လည်း​ကောင်း၊ အ​နှံ့​အ​ပြား ထိုး​ဖောက်​နိုင်​သ​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 8,
      "text": "သူ့​အ​ပေါ်​မှာ လက်​တင်​ရုံ​မျှ​သာ​ပြု​ပါ။ သူ့​ကို​တိုက်​မည်​အ​ကြံ​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 9,
      "text": "တိုက်​သော​သူ​သည် နိုင်​မည်​ဟု အ​ချည်း​နှီး​ထင်၏။ မြင်​ကာ​မျှ​နှင့် စိတ်​မ​ပျက်​သ​လော။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 10,
      "text": "သူ့​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ဘယ်​သူ​မျှ မ​ရဲ​ရင့်။ သို့​ဖြစ်၍ ငါ့​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 11,
      "text": "ငါ​သည် ကျေး​ဇူး​တုံ့​ပြု​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ငါ၌ ကျေး​ဇူး​ပြု​ဖူး​သ​နည်း။ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​သည် ငါ၏​ဥ​စ္စာ ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 12,
      "text": "လ​ဝိ​သန်၏​အင်္ဂါ​များ၊ ခွန်​အား၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို ငါ​သည် ဝှက်၍​မ​ထား။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 13,
      "text": "သူ၏​အ​ဝတ်​ကို အ​ဘယ်​သူ​လှန်​နိုင်​သ​နည်း။ နှစ်​ထပ်​ရှိ​သော ပါး​ရိုး​ကို အ​ဘယ်​သူ​ချဉ်း​ကပ်​လိမ့်​မည်​နည်း။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 14,
      "text": "သူ၏​မျက်​နှာ​တံ​ခါး​ကို အ​ဘယ်​သူ​ဖွင့်​လိမ့်​မည်​နည်း။ သူ၏ သွား​တန်း​တို့​သည် ကြောက်​မက်​ဖွယ်​ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 15,
      "text": "လုံ​ခြုံ​စွာ​တံ​ဆိပ်​ခတ်​သ​ကဲ့​သို့ တစ်​ချပ်​နှင့်​တစ်​ချပ် ပူး​ကပ်​သော​အ​ကြေး​များ​နှင့် ဝါ​ကြွား​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 16,
      "text": "လေ​မျှ​မ​ဝင်​နိုင်​အောင် တစ်​ချပ်​နှင့်​တစ်​ချပ် ပူး​ကပ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 17,
      "text": "တစ်​ချပ်​နှင့်​တစ်​ချပ် မ​ခွာ​နိုင်​အောင် တစ်​ခဲ​နက်​ယှက်​တင်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 18,
      "text": "သူ​ချေ​ဆတ်​သော​အ​ခါ အ​လင်း​တောက်​တတ်၏။ သူ့​မျက်​စိ​သည် နံ​နက်​မျက်​တောင်​ခတ်​သ​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 19,
      "text": "ပါး​စပ်​ထဲ​က မီး​ရှူး​ထွက်၍ မီး​ပွား​တို့​လည်း လွင့်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 20,
      "text": "ကြွက်​ကြွက်​ဆူ​သော အိုး​ကင်း​ထဲ​က အ​ခိုး​အ​ငွေ့​တက်​သ​ကဲ့​သို့ သူ့​နှာ​ခေါင်း​ထဲ​က အ​ခိုး​အ​ငွေ့​တက်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 21,
      "text": "အ​သက်​ရှူ​သော​အ​ခါ မီး​ခဲ​တောက်၍ ပါး​စပ်​ထဲ​က မီး​လျှံ​ထွက်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 22,
      "text": "လည်​ပင်း၌ တန်​ခိုး​နေ​တတ်၏။ သူ့​ရှေ့​မှာ ကြောက်​လန့်​ခြင်း​သည် က​ခုန်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 23,
      "text": "အ​သား​အ​ကြော​တို့​သည် တစ်​ခဲ​နက်​ဖြစ်၍ မ​ရွေ့​နိုင်​အောင် ခိုင်​မာ​လျက် ရှိ​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 24,
      "text": "နှ​လုံး​သည် ကျောက်​ကဲ့​သို့​မာ၏။ အောက်​ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့ မာ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 25,
      "text": "သူ​ထ​သော​အ​ခါ ခွန်​အား​ကြီး​သော​သူ​တို့​သည် ကြောက်​လန့်​ကြ၏။ ကြောက်​လန့်​အား​ကြီး​သော​ကြောင့် အ​ရူး​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 26,
      "text": "သူ့​ကို​တိုက်​လျှင် ဓား​မ​ခိုင်​တတ်။ လှံ၊ မြား၊ သံ​ချပ်​မ​ခိုင်​တတ်။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 27,
      "text": "သံ​ကို ကောက်​ရိုး​ကဲ့​သို့​လည်း​ကောင်း၊ ကြေး​ဝါ​ကို သစ်​ဆွေး​ကဲ့​သို့​လည်း​ကောင်း မှတ်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 28,
      "text": "လေး​နှင့်​ပစ်၍ သူ့​ကို​မ​ပြေး​စေ​နိုင်။ လောက်​လွှဲ​နှင့်​ပစ်​သော ကျောက်​ခဲ​တို့​သည် သူ၌ အ​မှိုက်​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 29,
      "text": "တုတ်​ကြီး​ကို ဖွဲ​ကဲ့​သို့​မှတ်၍၊ လှံ​နှင့်​ရွယ်​သော​အ​ခါ ရယ်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 30,
      "text": "သူ့​အောက်​မှာ ထက်​သော​အိုး​စောင်း​ခြမ်း​များ ရှိ၏။ ရွှံ့​ပေါ်​မှာ ထွန်​သွား​များ​ကို ဖြန့်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 31,
      "text": "အိုး​ကင်း​ဆူ​သ​ကဲ့​သို့ ပင်​လယ်​ကို​ဆူ​စေ​တတ်၏။ သ​မု​ဒ္ဒ​ရာ​ကို ဖ​ယောင်း​ချက်​ကဲ့​သို့ ဖြစ်​စေ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 32,
      "text": "သူ​လွန်​သွား​သော​လမ်း​သည် ထွန်း​တောက်​သ​ဖြင့်၊ ပင်​လယ်​သည် ဆံ​ပင်​ဖြူ​ယောင်​ဆောင်​တတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 33,
      "text": "မြေ​ပေါ်​မှာ သူ​နှင့်​ခိုင်း​နိုင်​သော တိ​ရ​စ္ဆာန်​မ​ရှိ။ ပ​က​တိ​အား​ဖြင့် ကြောက်​တတ်​သော​သ​ဘော​နှင့် ကင်း​လွတ်၏။"
    },
    {
      "book": 18,
      "chapter": 41,
      "verse": 34,
      "text": "ကြီး​မြင့်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​အ​ပေါင်း​တို့​အ​ပေါ်၌ မင်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 1,
      "text": "ယော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​သည်​ကား၊"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 2,
      "text": "ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကြံ​အ​စည်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 3,
      "text": "ပ​ညာ​မ​ရှိ​ဘဲ အ​ကြံ​အ​စည်​တော်​ကို မိုက်​စေ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် နား​မ​လည်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တိုင်​မ​သိ၊ အံ့​ဩ၍​မ​ကုန်​နိုင်​သော အ​ရာ​တို့​ကို​လည်း​ကောင်း ပြော​မိ​ပါ​ပြီ။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 4,
      "text": "နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် လျှောက်​ပါ​မည်။ အ​ကျွန်ုပ်​မေး​လျှောက်​သော အ​ရာ​တို့​ကို သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 5,
      "text": "သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 6,
      "text": "ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 7,
      "text": "ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​အား​မိန့်​တော်​မူ​ပြီး​မှ၊ တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​အား​လည်း သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​နှစ်​ယောက်​ကို ငါ​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့ သင်​တို့​သည်​မ​ပြော။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 8,
      "text": "သို့​ဖြစ်၍ နွား​ထီး​ခု​နစ်​ကောင်​နှင့် သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ယူ​ပြီး​လျှင်၊ ငါ့​ကျွန်​ယော​ဘ​ထံ​သို့ သွား၍၊ မိ​မိ​တို့​မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ​လော့။ ငါ့​ကျွန်​ယော​ဘ​သည် သင်​တို့​အ​ဖို့ ဆု​တောင်း​ရ​မည်။ သူ၏​မျက်​နှာ​ကို ငါ​ထောက်​မည်။ သို့​မ​ဟုတ် ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့၊ သင်​တို့​သည် မ​ပြော​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 9,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တို့​သည် သွား၍​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယော​ဘ၏​မျက်​နှာ​ကို ထောက်​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 10,
      "text": "ယော​ဘ​သည် အ​ဆွေ​ခင်​ပွန်း​တို့​အ​ဖို့ ဆု​တောင်း​ပြီး​မှ၊ သူ​ခံ​ရ​သော​ဒု​က္ခ​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း၍၊ အ​ရင်​ထက် နှစ်​ဆ​သော​ဥ​စ္စာ​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 11,
      "text": "ထို​အ​ခါ သူ၏​ညီ​အစ်​ကို​နှ​မ​များ၊ အ​ရင်​သိ​ကျွမ်း​သော​သူ​များ၊ အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​လာ၍ သူ၏​အိမ်၌ သူ​နှင့်​အ​တူ စား​သောက်​ကြ၏။ သူ့​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား ရောက်​စေ​တော်​မူ​သော ဒု​က္ခ​ဆင်း​ရဲ​ရှိ​သ​မျှ​ကို အောက်​မေ့၍ သူ​နှင့်​အ​တူ ညည်း​တွား​ခြင်း​နှင့် နှစ်​သိမ့်​စေ​ခြင်း​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငွေ​တစ်​ပြား​စီ​နှင့် ရွှေ​နား​တောင်း​တစ်​ဖက်​စီ ပေး​ကြ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 12,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 13,
      "text": "သား​ခု​နစ်​ယောက်​နှင့် သ​မီး​သုံး​ယောက်​ကို​လည်း ရ​ပြန်၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 14,
      "text": "သ​မီး​ကြီး​ကား၊ ယေ​မိ​မ၊ သ​မီး​လတ်​ကား ကေ​ဇိ၊ သ​မီး​ငယ်​ကား ကေ​ရင်္ဟ​ပ္ပုတ် အ​မည်​ရှိ​သ​တည်း။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 15,
      "text": "တစ်​ပြည်​လုံး၌ ယော​ဘ၏ သ​မီး​ကဲ့​သို့ လှ​သော​မိန်း​မ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့၏​အ​ဘ​သည် သူ​တို့​မောင်​များ​နှင့် အ​ညီ​အ​မျှ သူ​တို့​အား​အ​မွေ​ဥ​စ္စာ​ကို ဝေ​ပေး​လေ၏။"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 16,
      "text": "ထို​နောက် ယော​ဘ​သည် အ​နှစ်​တစ်​ရာ​လေး​ဆယ် အ​သက်​ရှင်၍ မိ​မိ​သား၊ မြေး၊ မြစ်​တို့​ကို​ပင် မြင်​ရ​ပြီး​မှ၊"
    },
    {
      "book": 18,
      "chapter": 42,
      "verse": 17,
      "text": "အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​နှင့်​ကြွယ်​ဝ​သော်၊ အ​နိ​စ္စ ရောက်​လေ၏။ ယော​ဘ​ဝ​တ္တု​ပြီး၏။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 1,
      "text": "မ​တ​ရား​သော​သူ​တို့​၏ တိုက်​တွန်း​ခြင်း​သို့​မ​လိုက်၊"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 2,
      "text": "လူ​ဆိုး​တို့၏ လမ်း​တွင်​မ​ရပ်​မ​နေ၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့၏ အ​စည်း​အ​ဝေး​၌​မ​ထိုင်၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​၌ မွေ့​လျော်​၍၊ တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မြစ်​နား​မှာ​စိုက်​လျက် မိ​မိ​အ​ချိန်​တန်​မှ အ​သီး​ကို​သီး​၍၊ အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော အ​ပင်​နှင့်​တူ၏။ ပြု​လေ​သ​မျှ​တို့​၌ အောင်​လိမ့်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 4,
      "text": "မ​တ​ရား​သော သူ​တို့​မူ​ကား ထို​ကဲ့​သို့​မ​ဟုတ်။ လေ​တိုက်​၍ လွင့်​သော ဖွဲ​နှင့်​တူ​ကြ​၏။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 5,
      "text": "ထို​ကြောင့် တ​ရား​ဆုံး​ဖြတ်​တော်​မူ​ရာ​ကာ​လ၌၊ မ​တ​ရား​သော​သူ​တို့​သည် မ​တည်​မ​နေ​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​ပေါင်း​အ​သင်း​ထဲ​သို့ လူ​ဆိုး​တို့​သည် မ​ဝင်​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 1,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​ကျွမ်း​တော်​မူ​၏။ မ​တ​ရား​သော​သူ​တို့​၏​လမ်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 1,
      "text": "လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ် ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 2,
      "text": "လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို​ရန်​ဘက်​ပြု​လျက်၊"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 3,
      "text": "သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​ကြ​ကုန်​အံ့။ ချည်​နှောင်​သော​ကြိုး​တို့​ကို ဖယ်​ကြ​ကုန်​အံ့​ဟု သင်း​ဖွဲ့​ကြ၏။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 4,
      "text": "ကောင်း​ကင်​ဘုံ၌ ထိုင်​တော်​မူ​သော​သူ​သည် ပြုံး​ရယ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ကဲ့​ရဲ့​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 5,
      "text": "ထို​အ​ခါ အ​မျက်​တော်​ထွက်၍၊ သူ​တို့​ကို​မိန့်​တော်​မူ​မည်။ ပြင်း​စွာ​သော အ​မျက်​တော်​နှင့် သူ​တို့​ကို ပူ​ပန်​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 6,
      "text": "ငါ၏​ရှင်​ဘု​ရင်​ကို သန့်​ရှင်း​သော ဇိ​အုန်​တောင်​တော်​ပေါ်​မှာ၊ ငါ့​ကိုယ်​တိုင် ဘိ​သိက်​ပေး​ပြီ​ဟု မိန့်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 7,
      "text": "ဗျာ​ဒိတ်​တော်​အ​ချက်​ကို ငါ​ပြန်​ကြား​ပေ​အံ့။ ထာ​ဝ​ရ​ဘု​ရား​က သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 8,
      "text": "ငါ့​ကို​တောင်း​လော့။ လူ​အ​မျိုး​မျိုး​တို့​ကို သင်၏​အ​မွေ​ဥ​စ္စာ​ဖို့ ငါ​ပေး​မည်။ မြေ​ကြီး​စွန်း​တိုင်​အောင် ပိုင်​ထိုက်​သော အ​ခွင့်​ကို​လည်း ငါ​ပေး​မည်။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 9,
      "text": "သင်​သည်​သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 10,
      "text": "သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 11,
      "text": "ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 2,
      "verse": 12,
      "text": "သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည်၊ အ​လွန်​တိုး​ပွား၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​သည် များ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 2,
      "text": "သူ​သည် ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ ချမ်း​သာ​မ​ရ​ဟု အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍ ပြော​သော​သူ​အ​များ ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 3,
      "text": "သို့​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘုန်း​လည်း ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ချီ​ကြွ​သော​သူ​လည်း ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 4,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်​သော​အ​ခါ၊ သန့်​ရှင်း​သော တောင်​တော်​ပေါ်​မှာ နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ​သော​ကြောင့်၊ ငါ​သည် အိပ်၍​ပျော်​ခြင်း​အ​ခွင့်​နှင့် နိုး​ခြင်း​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 6,
      "text": "ငါ့​ကို​ရန်​ဘက်​ပြု၍ ဝန်း​ရံ​သော​သူ အ​ထောင်​အ​သောင်း​ကို ငါ​မ​ကြောက်​ဘဲ​နေ​မည်။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ရန်​သူ​တို့၏​ပါး​ရိုး​ကို ရိုက်၍၊ မ​တ​ရား​သော​သူ​တို့၏​သွား​ကို ချိုး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 3,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။ ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ကိုယ်​တော်၏ လူ​စု​အ​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 1,
      "text": "အ​ကျွန်ုပ်​ကို ဖြောင့်​မတ်​စေ​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​စဉ်​တွင် ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ ယ​ခု​လည်း​သ​နား၍ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 2,
      "text": "အ​ချင်း​လူ​သား​တို့၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ၏​ဘုန်း​ကို ရှုတ်​ချ​ကြ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​န​တ္တ​ကို နှစ်​သက်၍ မု​သား​ကို လိုက်​ရှာ​ကြ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​သူ​ကို ရွေး​ထား​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။ ငါ​ခေါ်၍ လျှောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 4,
      "text": "ကြောက်​ရွံ့​တုန်​လှုပ်၍ ဒု​စ​ရိုက်​အ​ပြစ်​ကို ရှောင်​ကြ​လော့။ အိပ်​ရာ​ပေါ်​မှာ ကိုယ်​စိတ်​နှ​လုံး​နှင့် ဆွေး​နွေး​စဉ်း​စား၍ တိတ်​ဆိတ်​ခြင်း​ရှိ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 5,
      "text": "တ​ရား​သ​ဖြင့်​ယဇ်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 6,
      "text": "ကောင်း​မွန်​သော​အ​ရာ​ကို ငါ​တို့​အား အ​ဘယ်​သူ​ပြ​မည်​နည်း​ဟု မေး​တတ်​သော သူ​အ​များ​ရှိ​ပါ​သည်​ဖြစ်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​နှာ​တော်​အ​လင်း​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ပေါ်​ထွန်း​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 7,
      "text": "သူ​တို့၌ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ပေါ​များ၍၊ သူ​တို့​ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက် အ​ကျွန်ုပ်​ကို​သာ၍ ဝမ်း​မြောက်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 4,
      "verse": 8,
      "text": "ငြိမ်​ဝပ်​စွာ​အိပ်၍ ပျော်​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​သည် လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် အ​ခွင့်​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​ကို​နား​ထောင်​တော်​မူ၍၊ အ​ကျွန်ုပ်​မြည်​တမ်း​ခြင်း​ကို ဆင်​ခြင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 2,
      "text": "အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဆု​တောင်း​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 3,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 4,
      "text": "ကိုယ်​တော်​သည် မ​တ​ရား​သော​အ​မှု​ကို နှစ်​သက်​သော​ဘု​ရား မ​ဟုတ်။ ဆိုး​သော​သူ​ကို လက်​ခံ​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 5,
      "text": "မိုက်​သော​သူ​သည် အ​ထံ​တော်​သို့ မ​ဝင်​ရ။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့​ကို မုန်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 6,
      "text": "မု​သား​စ​ကား​ပြော​သော​သူ​တို့​ကို ဖျက်​ဆီး​တော်​မူ၏။ လူ​အ​သက်​ကို​သတ်​တတ်​သော​သူ​နှင့် လှည့်​စား​တတ်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 7,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ များ​စွာ​သော ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သ​ဖြင့်၊ အိမ်​တော်​သို့​ရောက်၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​စိတ်​နှင့် သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 8,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကြောင့် အ​ကျွန်ုပ်​ကို တ​ရား​တော်​လမ်း​ထဲ​သို့ ပို့​ဆောင်​တော်​မူ​ပါ။ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​ရှေ့​မှာ​ဖြောင့်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 9,
      "text": "သူ​တို့၏​နှုတ်​တွင် သ​စ္စာ​မ​ရှိ​ပါ။ သူ​တို့​နှ​လုံး​သည် အ​လွန်​ဆိုး​ပါ၏။ သူ​တို့၏​လည်​ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း ဖြစ်​ပါ၏။ သူ​တို့​သည် လျှာ​နှင့် ချော့​မော့​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 10,
      "text": "အို​ဘု​ရား​သ​ခင်၊ သူ​တို့​အ​ပေါ်​မှာ အ​ပြစ်​ရောက်​စေ​တော်​မူ​ပါ။ မိ​မိ​တို့​အ​ကြံ​အ​စည်​အား​ဖြင့် လဲ​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​ဖြစ်၍၊ ပြစ်​မှား​သော အ​ပြစ်​များ​သော​ကြောင့်၊ သူ​တို့​ကို နှင်​ထုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 11,
      "text": "ကိုယ်​တော်​ကို ကိုး​စား​သော​သူ​တို့​မူ​ကား၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ စောင့်​ရှောက်​တော်​မူ​ခြင်း​ကို​ခံ​ရ၍ ဝမ်း​မြောက်​သည်​နှင့် ကြွေး​ကြော်​ကြ​ပါ​စေ​သော။ နာ​မ​တော်​ကို​ချစ်​သော​သူ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း ရှိ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 5,
      "verse": 12,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ​ကို ကောင်း​ချီး​ပေး၍ ကျေး​ဇူး​တော်​အား​ဖြင့် ကွယ်​ကာ​စောင့်​မ​တော်​မူ​လိမ့်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​ကို​အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်။ ပြင်း​စွာ​အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 2,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ခွန်​အား​နည်း​လှ​ပါ၏။ ကယ်​မ​သ​နား​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​ရိုး​တို့​သည် တုန်​လှုပ်​ကြ​ပါ၏။ ကျန်း​မာ​ပ​က​တိ​ရှိ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 3,
      "text": "အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​သည် အ​လွန်​တုန်​လှုပ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​တော်​မူ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ တစ်​ဖန်​ကြွ​လာ၍ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကယ်​ယူ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ သေ​လျက်​နေ​စဉ်​တွင် ကိုယ်​တော်​ကို အောက်​မေ့​ခြင်း​မ​ရှိ​ပါ။ မ​ရ​ဏာ​နိုင်​ငံ​တွင် ကျေး​ဇူး​တော်​ကို အ​ဘယ်​သူ​ချီး​မွမ်း​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 6,
      "text": "အ​ကျွန်ုပ်​သည် ညည်း​တွား၍ ပင်​ပန်း​လှ​ပါ၏။ အ​ကျွန်ုပ်​ခု​တင်​ကို ကိုယ်​မျက်​ရည်၌ တစ်​ည​လုံး​မျှော၍၊ အိပ်​ရာ​ကို​လည်း မွန်း​စေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 7,
      "text": "ဝမ်း​နည်း​ခြင်း​အား​ဖြင့် မျက်​စိ​ပျက်၍၊ ရန်​သူ​များ​ကြောင့် ပြာ​မှုန်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 8,
      "text": "မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​ငို​ကြွေး​သံ​ကို ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 9,
      "text": "ငါ​တောင်း​ပန်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၏။ ငါ​ပြု​သော​ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား နာ​ယူ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 6,
      "verse": 10,
      "text": "ငါ့​ရန်​သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ ဆုံး​ရှုံး​ခြင်း ရှိ​ကြ​လိမ့်​မည်။ ချက်​ချင်း​ပြန်​သွား၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 1,
      "text": "အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့၏​လက်​မှ အ​ကျွန်ုပ်​ကို နုတ်​ယူ၍​ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 2,
      "text": "သို့​မ​ဟုတ် နုတ်​ယူ​သော​သူ​မ​ရှိ​စဉ်၊ ရန်​သူ​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို လု​ယူ​ကိုက်​ဖြတ်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 3,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထို​သို့​ပြု​သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​လက်​မှာ အ​ဓ​မ္မ​အ​မှု​ရှိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 4,
      "text": "အ​ကျွန်ုပ်​နှင့် သင့်​တင့်​သော​သူ​ကို အ​ကျွန်ုပ်​ပြစ်​မှား၍၊ အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ရန်​ပြု​သော​သူ​ကို အ​ကျွန်ုပ် ညှဉ်း​ဆဲ​သော်​လည်း​ကောင်း၊ ထို​သို့​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 5,
      "text": "ရန်​သူ​သည် အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို​လိုက်၍​မီ​ပါ​စေ။ အ​ကျွန်ုပ်​အ​သက်​ကို မြေ​ပေါ်​မှာ​နင်း၍၊ အ​ကျွန်ုပ်​အ​သ​ရေ​ကို မြေ​မှုန့်၌ နှိမ့်​ချ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 6,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ရန်​သူ​တို့ ပြင်း​ထန်​ခြင်း​ကို ဆီး​တား၍ အား​ထုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​ဖို့ နိုး​တော်​မူ​ပါ။ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 7,
      "text": "လူ​မျိုး​တို့​သည်​စည်း​ဝေး၍ ကိုယ်​တော်​ကို ဝန်း​ရံ​ကြ​လျက်၊ သူ​တို့​အ​ဖို့ မြင့်​ရာ​အ​ရပ်​သို့ ပြန်​ကြွ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ စုံ​လင်​ခြင်း​ကို​လည်း​ကောင်း​ထောက်၍ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 9,
      "text": "မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 10,
      "text": "သ​ဘော​ဖြောင့်​သော​သူ​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် တ​ရား​သ​ဖြင့်​စီ​ရင်​သော​ဘု​ရား​ဖြစ်၍၊ မ​တ​ရား​သော​သူ​ကို အ​စဉ်​အ​မျက်​ထွက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 12,
      "text": "ထို​သူ​သည် မ​ပြောင်း​လဲ​လျှင် ဓား​တော်​ကို​သွေး​တော်​မူ၏။ လေး​တော်​ကို​တင်၍ ရွယ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 13,
      "text": "သေ​စေ​သော လက်​နက်​ကို​လည်း သူ့​အ​ဖို့​ပြင်​ဆင်၍ မြား​တော်​တို့​ကို လောင်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 14,
      "text": "ထို​သူ​သည် ဒု​စ​ရိုက်​ဖွား​သော ဝေ​ဒ​နာ​ကို​ခံ​ရ၏။ မ​ကောင်း​သော​အ​ကြံ​အ​စည်​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ စိတ်​ပျက်​ခြင်း​ကို ဖွား​မြင်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 15,
      "text": "တွင်း​ကို​လည်း နက်​စွာ​တူး​သ​ဖြင့်၊ မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 16,
      "text": "မိ​မိ​မ​ကောင်း​သော အ​ကြံ​အ​စည်​သည် မိ​မိ​ခေါင်း​ပေါ်​မှာ​ပြန်​ရောက်၍၊ မိ​မိ​ကြမ်း​တမ်း​သော​အ​မှု​သည် မိ​မိ​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 7,
      "verse": 17,
      "text": "ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သော​အ​မှု​တော်​ကို ချီး​မွမ်း၍၊ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 1,
      "text": "အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​လွန်​ကြီး​မြတ်​တော်​မူ၏။ ဘုန်း​အာ​နု​ဘော်​တော်​သည် မိုး​ကောင်း​ကင်​ပေါ်​မှာ တည်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 2,
      "text": "ကိုယ်​တော်၏​ရန်​သူ​တို့​ကို ရည်​ဆောင်၍ ရန်​သူ​ကို​လည်း​ကောင်း၊ အ​ငြိုး​ထား​သော​သူ​ကို​လည်း​ကောင်း၊ တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ၊ နို့​စို့​သူ​ငယ်​တို့၏​နှုတ်​ထဲ​မှ အ​စွမ်း​သ​တ္တိ​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 3,
      "text": "လက်​ညှိုး​တော်​အ​လုပ်​တည်း​ဟူ​သော ကိုယ်​တော်၏​မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဆင်​ခြင်​သော်၊"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 4,
      "text": "လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ကိုယ်​တော်​သည် အောက်​မေ့​တော်​မူ​ရ​သ​နည်း။ လူ​သား​သည် အ​ဘယ်​သို့​သော သူ​ဖြစ်၍ အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ရ​သ​နည်း။ သူ့​ကို ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 5,
      "text": "သူ၏​ခေါင်း​ကို ဘုန်း​အ​သ​ရေ​နှင့် ပတ်​ရစ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 6,
      "text": "ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို​အုပ်​စိုး​စေ၍၊ သိုး​နွား​အ​စ​ရှိ​သော မြေ​တိ​ရ​စ္ဆာန် မိုး​ကောင်း​ကင်​ငှက်၊"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 7,
      "text": "ပင်​လယ်​ငါး​နှင့် ပင်​လယ်​လမ်း၌​သွား​တတ်​သော​တိ​ရ​စ္ဆာန်​မှ​စ၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 8,
      "verse": 9,
      "text": "အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​နာ​မ​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​လွန်​ကြီး​မြတ်​တော်​မူ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော​အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ပြ​ညွှန်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 2,
      "text": "ကိုယ်​တော်​ကို အ​မှီ​ပြု၍ ဝမ်း​သာ​ရွှင်​လန်း​ပါ​မည်။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် ပြန်​ဆုတ်၍ လဲ​ကြ​ပါ၏။ ရှေ့​တော်၌ ပျက်​စီး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 4,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘက်​မှာ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပြီ။ ပ​လ္လင်​တော်​ပေါ်​မှာ​ထိုင်၍ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 5,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​ကို ဆုံး​မ​တော်​မူ​ပြီ။ ဆိုး​သော​သူ​တို့​ကို​ဖျက်​ဆီး၍ သူ​တို့​နာ​မ​ကို ကာ​လ​အ​စဉ်​အ​ဆက် ချေ​ဖျောက်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 6,
      "text": "ရန်​သူ​တို့​သည် အ​ကုန်​အ​စင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​ပြီ။ မြို့​တို့​ကို ဖြို​ဖျက်​တော်​မူ၍၊ သူ​တို့​အ​မှတ်​မျှ​မ​ရှိ ပျောက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ၏။ တ​ရား​ပ​လ္လင်​တော်​ကို ပြင်​ဆင်၍၊"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 8,
      "text": "မြေ​ကြီး​သား​တို့​ကို တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ လူ​မျိုး​တို့​အား ဖြောင့်​မတ်​စွာ​သော စီ​ရင်​ခြင်း​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 10,
      "text": "နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 11,
      "text": "ဇိ​အုန်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ အ​မှု​တော်​များ​ကို လူ​မျိုး​တို့​အား ဟော​ပြော​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 12,
      "text": "လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 13,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ကြည့်​ရှု၍၊ သေ​မင်း​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 14,
      "text": "သို့​ဖြစ်၍ ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဇိ​အုန်​မြို့​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​ပြ​ညွှန်​ပါ​မည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 15,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​တူး​သော​တွင်း​ထဲ​သို့ ကိုယ်​ကျ​ကြ၏။ ကိုယ်​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​မှာ ကိုယ်​ခြေ​တို့​သည် ကျော့​မိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 17,
      "text": "မ​တ​ရား​သော​သူ​တို့​နှင့် ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် မ​ရ​ဏ​နိုင်​ငံ​သို့ နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 18,
      "text": "ငတ်​မွတ်​သော သူ​တို့​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​တို့​သည် မျှော်​လင့်၍​မ​ရ​ဘဲ အ​စဉ်​မ​နေ​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 19,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ လူ​မ​နိုင်​ပါ​စေ​နှင့်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ရှေ့​တော်၌ စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 9,
      "verse": 20,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကို ခြောက်​လှန့်​တော်​မူ​ပါ။ သို့​ဖြစ်၍ မိ​မိ​တို့​သည် လူ​သက်​သက်​ဖြစ်​သည်​ကို လူ​မျိုး​တို့​သည် သိ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဝေး​ဝေး​ရပ်၍ နေ​တော်​မူ​သ​နည်း။ ဘေး​အ​န္တ​ရာယ် ရောက်​သည်​ကာ​လ အ​ဘယ်​ကြောင့် ပုန်း​ကွယ်၍ နေ​တော်​မူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 2,
      "text": "မ​တ​ရား​သော​သူ​သည် မာ​န​စိတ်​ရှိ၍၊ ဆင်း​ရဲ​သော​သူ​ကို ညှဉ်း​ဆဲ​တတ်​ပါ၏။ မိ​မိ​ပြု​သော ပ​ရိ​ယာယ်​အား​ဖြင့် ထို​သူ​ကို ဖမ်း​ဆီး​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 3,
      "text": "မ​တ​ရား​သော​သူ​သည် မိ​မိ​စိတ်​အ​လို၌ ဝါ​ကြွား​တတ်​ပါ၏။ လော​ဘ​ကြီး​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပယ်၍ မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 4,
      "text": "မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 5,
      "text": "အ​စဉ်​ခိုင်​မာ​စွာ ကျင့်​ကြံ​ပြု​မူ​တတ်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် သူ​နှင့်​ဝေး​မြင့်​သည်​ဖြစ်၍ ခပ်​သိမ်း​သော​ရန်​သူ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 6,
      "text": "ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 7,
      "text": "သူ၏​နှုတ်​သည် ကျိန်​ဆဲ​ခြင်း၊ လှည့်​စား​ခြင်း၊ ရှုတ်​ချ​ခြင်း​နှင့် ပြည့်​ဝ​ပါ၏။ လျှာ​အောက်​မှာ မ​ကောင်း​သော​အ​ကြံ​နှင့် မ​တ​ရား​သော​အ​မှု​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 8,
      "text": "ရွာ​အ​နား​တွင် ပုန်း​နေ​ရာ​အ​ရပ်​မှာ​ထိုင်၍၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ သတ်​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ချောင်း​မြောင်း​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 9,
      "text": "ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 10,
      "text": "ထို​သို့ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ ဆင်း​ရဲ​သော​သူ အ​ပေါင်း​တို့​သည် သူ၏​လက်​သို့ ကျ​ရောက်​တတ် ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 11,
      "text": "ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 12,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင် လက်​တော်​ကို ချီ​တော်​မူ​ပါ။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 13,
      "text": "မ​တ​ရား​သော​သူ​သည် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ရ​ပါ​အံ့​နည်း။ ကိုယ်​တော်​သည် စစ်​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့် အောက်​မေ့​ရ​ပါ​အံ့​နည်း။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 14,
      "text": "သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 15,
      "text": "မ​တ​ရား​သ​ဖြင့်​ပြု၍ ဆိုး​သော​သူ၏ လက်​ရုံး​ကို ချိုး​တော်​မူ​ပါ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို အ​ကုန်​အ​စင် စစ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​တည်​သော​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် နိုင်​ငံ​တော်​ထဲ​က ကွယ်​ပျောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 10,
      "verse": 18,
      "text": "ဆင်း​ရဲ​သား​ကို သူ၏​မြေ​မှ တစ်​ဖန်​မ​နှင်​ထုတ်​မည်​အ​ကြောင်း၊ မိ​ဘ​မ​ရှိ​သော​သူ​နှင့် ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို တ​ရား​ပေး​ခြင်း​ငှာ နား​တော်​ကို​ဖွင့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 1,
      "text": "မ​တ​ရား​သော​သူ​တို့​သည် သ​ဘော​ဖြောင့်​သော သူ​တို့​ကို မ​ထင်​မ​ရှား​ပစ်​အံ့​သော​ငှာ လေး​ကို​တင်၍၊ လေး​ညှို့​ပေါ်​မှာ မြား​ကို​ပြင်​ကြ၏။ အမှီ​တံ​ကဲ​တို့​သည် ပျက်​လျှင် ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ငါ့​ဝိ​ညာဉ်​အား သင်​သည်​ငှက်​သ​ကဲ့​သို့ ကိုယ်​နေ​ရာ​တောင်​ပေါ်​သို့ ပြေး​ချေ​ဟု အ​ဘယ်​ကြောင့် ပြော​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​တော်​သည် ကောင်း​ကင်​ပေါ်​မှာ​တည်၏။ မျက်​စိ​တော်​သည် ကြည့်​ရှု၍ မျက်​ခမ်း​တော်​သည် လူ​သား​တို့​ကို​စစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​ကို စုံ​စမ်း​တော်​မူ၏။ မ​တ​ရား​သော​သူ​နှင့် လု​ယူ​ဖျက်​ဆီး​လို​သော​သူ​ကို ဝိ​ညာဉ်​တော်​သည် မုန်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 6,
      "text": "မ​တ​ရား​သော​သူ​တို့​အ​ပေါ်​မှာ တောက်​သော​မီး​ခဲ၊ ကန့်​နှင့်​ရော​သော​မီး​လျှံ၊ ပူ​လောင်​သော မုန်​တိုင်း​ကို​သက်​ရောက်​စေ၍၊ သူ​တို့​သောက်​စ​ရာ​ဖို့ စီ​ရင်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 11,
      "verse": 7,
      "text": "တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​အ​မှု​ကို​နှစ်​သက်၍ သ​ဘော​ဖြောင့်​သော​သူ​ကို မျက်​နှာ​ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ။ သူ​တော်​ကောင်း​မျိုး​သည်​ပြတ်၍ သ​စ္စာ​ရှိ​သော​လူ​မျိုး​သည် လူ​သား​တို့​တွင် ကွယ်​ပျောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 2,
      "text": "အိမ်​နီး​ချင်း​တို့​သည် တစ်​ဦး​ကို​တစ်​ဦး မု​သား​သုံး၍ ချော့​မော့​သော​နှုတ်​ခမ်း၊ နှစ်​ခွ​သော​စိတ်​နှင့် ပြော​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 3,
      "text": "ငါ​တို့​သည် ကိုယ်​လျှာ​အား​ဖြင့်​နိုင်​မည်။ ကိုယ်​နှုတ်​ခမ်း​သည် ကိုယ်​အ​မှု​ကို​စောင့်​လိမ့်​မည်။ ငါ​တို့၏​သ​ခင်​ကား အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​သော​သူ​တို့၏ ချော့​မော့​သော​နှုတ်​ခမ်း​နှင့် ဝါ​ကြွား​သော​လျှာ​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဖြတ်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 5,
      "text": "ဆင်း​ရဲ​သော​သူ​သည် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း၊ ငတ်​မွတ်​သော​သူ၏ ငို​ကြွေး​ခြင်း​ကြောင့် ယ​ခု​ငါ​ထ​မည်။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​သူ​အား ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ချက်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ၍ မြေ​နှင့်​ကင်း​စင်​စေ​ခြင်း​ငှာ၊ မိုက်၌​ခု​နစ်​ကြိမ်​စစ်​သော ငွေ​ကဲ့​သို့​ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​ကို ဤ​လူ​မျိုး​မှ အ​စဉ်​ကာ​ကွယ် စောင့်​မ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 12,
      "verse": 8,
      "text": "ဆိုး​ယုတ်​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့​ရောက်​သည်​ကာ​လ၊ မ​တ​ရား​သော​သူ​တို့​သည် အ​ရပ်​ရပ် လှည့်​လည်​ရ​သော​အ​ခွင့်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​လျှင်း​မ​မှတ်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မေ့​လျော့​တော်​မူ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 2,
      "text": "အ​ကျွန်ုပ်​သည် အ​စဉ်​ဝမ်း​နည်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တွေး​တော​သော​စိတ် ရှိ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်၏ ရန်​သူ​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး အ​ကျွန်ုပ်​ကို အုပ်​စိုး​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 3,
      "text": "အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​စ​ကား​ကို မျက်​နှာ​ပြု၍ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​ကို လင်း​စေ​တော်​မူ​ပါ။ သို့​မ​ဟုတ်​လျှင် အ​သေ​အိပ်​ပျော်​ခြင်း​သို့ ရောက်​ရ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 4,
      "text": "အ​ကျွန်ုပ်၏​ရန်​သူ​က၊ ငါ​နိုင်​ပြီ​ဟု​ဆို၍၊ အ​ကျွန်ုပ်​ကို​နှောင့်​ယှက်​သော သူ​တို့​သည် အ​ကျွန်ုပ်​လှုပ်​ရှား​သည်​ကို ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 5,
      "text": "အ​ကျွန်ုပ်​သည် က​ရု​ဏာ​တော်​ကို ယုံ​ကြည်​ပါ၏။ ကယ်​တင်​တော်​မူ​ခြင်း​အ​ရာ၌ နှ​လုံး​ရွှင်​လန်း​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 13,
      "verse": 6,
      "text": "အ​ကျွန်ုပ်၌ ကျေး​ဇူး​ပြု​တော်​မူ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည် ထင်​တတ်​၏။ ထို​သို့​သော​သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း​၍ စက်​ဆုပ်​ဖွယ်​သော အ​မှု​ကို​ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 2,
      "text": "နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို​သိ​မြင်​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့​၍​ကြည့်​ရှု​တော်​မူ​၏။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 3,
      "text": "လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ​၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 4,
      "text": "မုန့်​ကို​စား​သ​ကဲ့​သို့ ငါ၏​လူ​တို့​ကို​ကိုက်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပ​တ္ထ​နာ​မ​ပြု​သော အ​ဓ​မ္မ​လူ​အ​ပေါင်း​တို့​သည် မ​သိ​ဘဲ နေ​ရ​ကြ​သ​လော။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 5,
      "text": "သို့​ဖြစ်၍ အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​သော​လူ​မျိုး​ဘက်၌ ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 6,
      "text": "နှိမ့်​ချ​လျက်​ရှိ​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​သော​ကြောင့်၊ သင်​တို့​သည် သူ၏​အ​ကြံ​အ​စည်​ကို အ​ရှက်​ကွဲ​စေ​တတ်​ကြ​၏။"
    },
    {
      "book": 19,
      "chapter": 14,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည်၊ ဇိ​အုန်​တောင်​ပေါ်​မှာ ပေါ်​ထွန်း​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​မျိုး​တော်​ကို တစ်​ဖန် ထာ​ဝ​ဘု​ရား​သည် ဆောင်​ခဲ့​တော်​မူ​သော​အ​ခါ၊ ယာ​ကုပ်​သည် ဝမ်း​မြောက်​ခြင်း၊ ဣ​သ​ရေ​လ​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ တဲ​တော်၌ အ​ဘယ်​သူ​သည် တည်း​ရ​ပါ​မည်​နည်း။ သန့်​ရှင်း​သော​တောင်​တော်​ပေါ်​မှာ အ​ဘယ်​သူ​သည် နေ​ရ​ပါ​မည်​နည်း​ဟူ​မူ​ကား၊"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 2,
      "text": "ဖြောင့်​မတ်​သော​အ​ကျင့်၊ တ​ရား​သော​အ​မှု​ကို​ပြု​ကျင့်၍၊ သ​စ္စာ​စ​ကား​ကို စိတ်​နှ​လုံး​ပါ​လျက်​ပြော​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 3,
      "text": "သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 4,
      "text": "ဆိုး​ယုတ်​သော​သူ​ကို အ​ယုတ်​ဟူ၍ ထင်​မှတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​သော​သူ​ကို ရို​သေ​ထ​သော၊ ကိုယ်​အ​ကျိုး​ပျက်​ရ​သော်​လည်း ကိုယ်​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို​မ​ဖျက်၊"
    },
    {
      "book": 19,
      "chapter": 15,
      "verse": 5,
      "text": "ကိုယ်​ငွေ​ကို​ချေး၍ အ​တိုး​မ​ယူ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​တစ်​ဖက်​မှ တံ​စိုး​ကို​မ​ခံ​ဘဲ​ကျင့်​သော​သူ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​အ​မြဲ ကင်း​လွတ်​လိမ့်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 1,
      "text": "အ​ကျွန်ုပ်​ကို စောင့်​မ​တော်​မူ​ပါ​ဘု​ရား။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 2,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​လျှောက်​ဆို​ပါ​ပြီ။ ကျေး​ဇူး​တော်​မှ​တစ်​ပါး အ​ခြား​သော​မင်္ဂ​လာ​သည် အ​ကျွန်ုပ်၌ မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 3,
      "text": "ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 4,
      "text": "အ​ခြား​သော​လမ်း​သို့ လိုက်​ပြေး​သော​သူ​တို့​သည် များ​စွာ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​သွေး​ကို မ​လှူ​မ​ဆက်​လို။ သူ​တို့​ဘု​ရား၏​နာ​မ​ကို မ​မြွက်​လို။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​အ​မွေ​ခံ​ရာ​အ​ဖို့၊ ငါ​စား​သောက်​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​မွေ​အ​နှစ်​ကို စောင့်​ရှောက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 6,
      "text": "ငါ​ပိုင်​ထိုက်​သော နယ်​နိ​မိတ်​သည် သာ​ယာ​သော​အ​ရပ်​တွင်​ကျ၍၊ ကောင်း​မွန်​သော အ​မွေ​ကို ငါ​ခံ​ရ​ပြီ။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 7,
      "text": "ငါ့​ကို​ပြု​စု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ည​အ​ချိန်၌​ပင် ငါ့​နှ​လုံး​သည် ငါ့​ကို​နှိုး​ဆော်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 8,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား၊ ငါ​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။ ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည်​သာ​ယာ​ခြင်း၊"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 9,
      "text": "ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး၊ ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို​ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊"
    },
    {
      "book": 19,
      "chapter": 16,
      "verse": 11,
      "text": "အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​သော​ဘက်​မှာ​နေ၍ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို​မှတ်​တော်​မူ​ပါ။ မ​လှည့်​စား​တတ်​သော​နှုတ်​နှင့် ဆု​တောင်း​သော​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 2,
      "text": "ကိုယ်​တော်​တိုင် အ​ကျွန်ုပ်​ကို​စီ​ရင်၍ ဖြောင့်​မတ်​သော​အ​ရာ​ကို ထောက်​ရှု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 3,
      "text": "အ​ကျွန်ုပ်​နှ​လုံး​ကို​စစ်​ဆေး​တော်​မူ​ပါ။ ည​အ​ခါ အ​ကျွန်ုပ်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​ကြော​သော​အ​ခါ အ​ဘယ်​အ​ပြစ်​ကို​မျှ တွေ့​တော်​မ​မူ​ရာ။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​သည် အ​ကျွန်ုပ်​စ​ကား​နှင့် မ​ခြား​မ​နား​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 4,
      "text": "လူ​ပြု​တတ်​သော အ​မှု​များ​မှာ၊ ဖျက်​ဆီး​တတ်​သော​သူ၏​လမ်း​တို့​ကို နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ရှောင်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 5,
      "text": "လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​သွား​စဉ်​တွင် ခြေ​မ​ချော်​စေ​ခြင်း​ငှာ ထောက်​မ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 6,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​တတ်​သော​ကြောင့် အ​ကျွန်ုပ်​သည်​တောင်း​လျှောက်​ပါ၏။ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 7,
      "text": "ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​တို့​ကို သူ​ပုန်​တို့​လက်​မှ၊ လက်​ယာ​လက်​တော်​အား​ဖြင့် ကယ်​နုတ်​တော်​မူ​သော​ဘု​ရား၊ ထူး​ဆန်း​သော မေ​တ္တာ​ကျေး​ဇူး​တော်​ကို ပြ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 8,
      "text": "အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​လူ​ဆိုး​တည်း​ဟူ​သော အ​ကျွန်ုပ်​ကို ဝိုင်း၍​သတ်​လို​သော ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို လွတ်​စေ​ခြင်း​ငှာ၊ မျက်​ဆန်​ကဲ့​သို့ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ။ အ​တောင်​တော်​အ​ရိပ်​ထဲ​မှာ ဖုံး​အုပ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 10,
      "text": "သူ​တို့​သည် မိ​မိ​တို့​ဆူ​ဝ​ခြင်း​ကို ကိုး​စား၍ ထောင်​လွှား​စော်​ကား​စွာ ပြော​ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 11,
      "text": "အ​ကျွန်ုပ်​တို့​သွား​သော​လမ်း​ကို ယ​ခု​ဝိုင်း​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ကို မြေ​ပေါ်​မှာ​လှဲ​ခြင်း​ငှာ မျက်​စိ​နှင့် ရွယ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 12,
      "text": "ဖမ်း​မိ​သော​အ​ကောင်​ကို စား​ချင်​အား​ကြီး​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ချောင်း၍​နေ​သော ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 13,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သူ​တို့​ကို​ဆီး​တား၍ လှဲ​ချ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို ဓား​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 14,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 17,
      "verse": 15,
      "text": "အ​ကျွန်ုပ်​မူ​ကား​ဖြောင့်​မတ်၍ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ နိုး​သော​အ​ခါ ပုံ​သ​ဏ္ဌာန်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အလို ပြည့်​စုံ​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ကျောက်၊ ငါ၏​မြို့​ရိုး၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော ဦး​ချို၊ ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 3,
      "text": "ချီး​မွမ်း​အပ်​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​လျှောက်၍ ရန်​သူ​တို့​လက်​မှ ကယ်​တင်​ခြင်း​သို့​ရောက်၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 4,
      "text": "သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း​မိ၍၊ ဖျက်​ဆီး​တတ်​သော ရေ​စီး​ခြင်း​ကြောင့် ငါ​ကြောက်​လန့်​ရ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 5,
      "text": "မ​ရ​ဏ​နိုင်​ငံ၏​ကြိုး​တို့​သည် ဝိုင်း၍၊ သေ​မင်း၏​ကျော့​ကွင်း​သည် ငါ့​ကို​ကျော့​မိ​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 6,
      "text": "ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ​ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့ ဝင်​လေ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 7,
      "text": "ထို​အ​ခါ အ​မျက်​တော်​ထွက်​သော​အား​ဖြင့် မြေ​ကြီး​တုန်​လှုပ်၍၊ တောင်​အ​မြစ်​တို့​သည် တ​ရွေ့​ရွေ့​လှုပ်​ရှား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 8,
      "text": "နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့်၊ မီး​ခဲ​တောက်​လေ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 9,
      "text": "မိုး​ကောင်း​ကင်​ကို​ညွှတ်​သ​ဖြင့် ဆင်း​သက်​တော်​မူ၍၊ ခြေ​ဖ​ဝါး​တော်​အောက်၌ မှောင်​မိုက်​ဖြစ်​လေ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 10,
      "text": "ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ လျင်​စွာ ပျံ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 11,
      "text": "မှောင်​မိုက်​ထဲ​မှာ ပုန်း​ကွယ်​တော်​မူ၍၊ တစ်​ခဲ​နက်​သော​ရေ​နှင့် ထူ​ထပ်​သော မိုး​တိမ်​တို့​သည် ကိုယ်​တော်​ကို ကာ​ရံ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 12,
      "text": "ရှေ့​တော်၌ ရောင်​ခြည်​ကြောင့် တိမ်​ထပ်​တို့​သည် မိုး​သီး​နှင့်​မီး​ခဲ​ပါ​လျက် လွင့်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို​လွှင့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 14,
      "text": "လေး​မြား​တော်​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 15,
      "text": "ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ပြစ်​တင်၍ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့်၊ သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ပွင့်​လစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍၊ တစ်​ခဲ​နက်​သော​ရေ​ထဲ​က ငါ့​ကို​ဆယ်​ယူ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 17,
      "text": "ငါ့​ကို​မုန်း​သော​သူ​တည်း​ဟူ​သော ငါ​ပြိုင်၍​မ​နိုင်​နိုင်​အောင် ခွန်​အား​ကြီး​သော​ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 18,
      "text": "ဘေး​ဥ​ပဒ်​ရောက်​သော​ကာ​လ၌ သူ​တို့​သည် ဆီး​တား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​မှီ​ခို​ရာ​ဖြစ်၍၊"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 19,
      "text": "ငါ့​ကို​ကျယ်​ဝန်း​ရာ​အ​ရပ်​သို့ ပို့​ဆောင်​တော်​မူ၏။ ငါ့​ကို နှစ်​သက်​သော​ကြောင့် ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 20,
      "text": "ငါ​ဖြောင့်​မတ်​ခြင်း​ရှိ​သည်​အ​လျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျိုး​ကို​ပေး၍၊ ငါ့​လက်​စင်​ကြယ်​ခြင်း၏​အ​ကျိုး​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ အ​စဉ်​လိုက်၏။ ငါ၏​ဘု​ရား​သ​ခင့်​ထံ​မှ ပြစ်​မှား၍​မ​သွား။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 22,
      "text": "စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​ကို ငါ​သည် မျက်​မှောက်​ပြု၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​မ​ပယ်၊"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 23,
      "text": "ရှေ့​တော်​မှာ​ဖြောင့်​မတ်၍၊ ကိုယ်​ဒု​စ​ရိုက်​ကို ကြဉ်​ရှောင်၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 24,
      "text": "ထို​ကြောင့် ရှေ့​တော်​မှာ​ထင်​ရှား​သော ငါ၏​ဖြောင့်​မတ်​ခြင်း၊ လက်​စင်​ကြယ်​ခြင်း​ရှိ​သည်​နှင့်​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​အ​ကျိုး​ကို​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 25,
      "text": "သ​နား​တတ်​သော​သူ​အား ကိုယ်​တော်​သည် သ​နား​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​သူ​အား ဖြောင့်​မတ်​ခြင်း သ​ဘော​ကို​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 26,
      "text": "သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 27,
      "text": "နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ကိုယ်​တော်​သည်​ကယ်​တင်၍၊ ထောင်​လွှား​သော မျက်​နှာ​ကို​မူ​ကား ရှုတ်​ချ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 28,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ မီး​ခွက်​ကို​ထွန်း၍၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်၏​မှောင်​မိုက်​ကို လင်း​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 29,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို အ​မှီ​ပြု၍၊ တပ်​ကို​ဖျက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် မြို့​ရိုး​ကို​ကျော်၍ ဝင်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 30,
      "text": "ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​သည် စုံ​လင်၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စစ်​ခံ၍​တည်၏။ ခို​လှုံ​သော သူ​အ​ပေါင်း​တို့၏ အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 32,
      "text": "ထို​ဘု​ရား​သ​ခင်​သည် ငါ့​ကို​ခွန်​အား​ခါး​ပန်း​နှင့် စည်း၍ ငါ​သွား​ရာ​လမ်း​ကို ဖြောင့်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 33,
      "text": "ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 34,
      "text": "ငါ့​လက်​ကို စစ်​မှု၌​လေ့​ကျက်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ၍၊ ကြေး​ဝါ​လေး​ကို ငါ့​လက်​ရုံး​နှင့် ငါ​တင်​နိုင်​၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 35,
      "text": "ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ​ခြင်း ဒိုင်း​လွှား​ကို​အပ်၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် မ​စ​တော်​မူ၏။ သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 36,
      "text": "အ​ကျွန်ုပ်​သွား​သော​လမ်း​ကို​ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 37,
      "text": "အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို​လိုက်၍ မီ​သ​ဖြင့်၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် မ​ပြန်​ပါ။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 38,
      "text": "သူ​တို့​သည် အ​ကျွန်ုပ်​ခြေ​အောက်​မှာ​လဲ​လျက်​ရှိ၍ မ​ထ​နိုင်​အောင် အ​ကျွန်ုပ်​သည်​နှိပ်​နင်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 39,
      "text": "အ​ကြောင်း​မူ​ကား၊ စစ်​တိုက်​ခြင်း​ငှာ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ခွန်​အား​ခါး​ပန်း​နှင့်​စည်း၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​ကို အ​ကျွန်ုပ်​အောက်​မှာ လှဲ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 40,
      "text": "အ​ကျွန်ုပ်​ကို မုန်း​သော​ရန်​သူ​တို့၏​လည်​ပင်း​ကို အ​ကျွန်ုပ်၌​အပ်၍၊ ဖျက်​ဆီး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 41,
      "text": "သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 42,
      "text": "ထို​အ​ခါ အ​ကျွန်ုပ်​သည် သူ​တို့​ကို လေ​တိုက်​သော​မြေ​မှုန့်​ကို​ကဲ့​သို့၊ ညက်​ညက်​ချေ​ပြီး​မှ၊ လမ်း၌​အ​မှိုက်​ကို​ကဲ့​သို့ သွန်​ပစ်​လေ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 43,
      "text": "လူ​စု​တို့​သည် ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​လွှတ်၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏ အ​ကဲ​အ​မှူး​အ​ရာ၌ ခန့်​ထား​တော်​မူ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်​မ​သိ​ဖူး​သော လူ​စု​သည် အ​ကျွန်ုပ်​ထံ၌ ကျွန်​ခံ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 44,
      "text": "အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​သည်​ခ​ဏ​ချင်း​တွင် နား​ထောင်​ပါ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ကို တောင်း​ပန်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 45,
      "text": "ညှိုး​နွမ်း​သည်​ဖြစ်၍ ခို​လှုံ​ရာ​အ​ရပ်​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 46,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည်​ဖြစ်၍၊ ငါ၏​ကျောက်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၌ ချီး​မြှောက်​ခြင်း​ရှိ​ပါ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 47,
      "text": "ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 48,
      "text": "ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 49,
      "text": "ထို​ကြောင့် အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍၊ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 18,
      "verse": 50,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို အ​ထူး​သ​ဖြင့် ကယ်​လွှတ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 1,
      "text": "မိုး​ကောင်း​ကင်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​အ​သ​ရေ​တော်​ကို ကြား​ပြော၍၊ မိုး​မျက်​နှာ​ကြက်​သည် လက်​တော်​နှင့်​လုပ်​သော​အ​ရာ​များ​ကို ပြ​သ၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 2,
      "text": "တစ်​နေ့​ကို​တစ်​နေ့ မြွက်​ဆို၍၊ တစ်​ည​ကို​တစ်​ည သွန်​သင်၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 3,
      "text": "နှုတ်​မြွက်​ခြင်း၊ စ​ကား​ပြော​ခြင်း​မ​ရှိ၊ သူ​တို့ နှုတ်​ထွက်​သံ​ကို​မ​ကြား​ရ​သော်​လည်း၊"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 4,
      "text": "သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌​နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 5,
      "text": "မိုး​ကောင်း​ကင်​တွင် နေ​ဗိ​မာန်​ကို​ထား​တော်​မူ​သ​ဖြင့်၊ နေ​သည်​အိပ်​ခန်း​ထဲ​က​ထွက်​လာ​သော မင်္ဂ​လာ​ဆောင်​လု​လင်​ကဲ့​သို့ ဖြစ်၍၊ ခွန်​အား​ကြီး​သော​သူ​ကဲ့​သို့ မိ​မိ​သွား​ရာ​လမ်း​သို့​လိုက်​ပြေး​မည်​ဟု ဝမ်း​မြောက်​လျက်၊"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 6,
      "text": "မိုး​ကောင်း​ကင် တစ်​စွန်း​မှ​ထွက်​လာ၍၊ တစ်​စွန်း​တိုင်​အောင် လှည့်​ပတ်​သော​အား​ဖြင့်၊ သူ၏​အ​ပူ​အ​ရှိန်​မှ ကွယ်​လွတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် စုံ​လင်​သည်​ဖြစ်၍ စိတ်​ဝိ​ညာဉ်​ကို ပြု​ပြင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ သက်​သေ​ခံ​တော်​မူ​ချက်​သည် ဟုတ်​မှန်​သည်​ဖြစ်၍ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် သန့်​ရှင်း​သည်​ဖြစ်၍၊ ကာ​လ​အ​စဉ်​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား၏ စီ​ရင်​တော်​မူ​ချက်​တို့​သည် သ​စ္စာ​တ​ရား​နှင့်​ညီ၍၊ တ​ညီ​တ​ညွတ်​တည်း ဖြောင့်​မတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 10,
      "text": "ရွှေ​ထက်​မ​က၊ များ​စွာ​သော​ရွှေ​စင်​ထက် နှစ်​သက်​ဖွယ်​ဖြစ်၍၊ ပျား​ရည်​ထက်​မ​က၊ ပျား​လ​ပို့​ထက်​ချို​ကြ၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 11,
      "text": "တ​ရား​တော်​အား​ဖြင့် ကိုယ်​တော်၏​ကျွန်​သည် သ​တိ​ရ၍၊ တ​ရား​စောင့်​ခြင်း​အ​ကျိုး​သည် ကြီး​လှ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 12,
      "text": "မိ​မိ​မှား​ယွင်း​ခြင်း​ကို အ​ဘယ်​သူ​သည် နား​လည်​နိုင်​သ​နည်း။ မ​ထင်​ရှား​သော​ဒု​စ​ရိုက်​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​စင်​စေ၍၊"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 13,
      "text": "ရဲ​ရင့်​သော​ဒု​စ​ရိုက်​ကို​လည်း ကိုယ်​တော်၏​ကျွန်​သည် မ​ပြု​ရ​မည်​အ​ကြောင်း ဆီး​တား​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ပြစ်​သည် အ​ကျွန်ုပ်​ကို အ​စိုး​မ​ရ​ပါ​စေ​နှင့်။ ထို​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​သည်​ဖြောင့်​မတ်​ခြင်း​ရှိ၍၊ ကြီး​စွာ​သော​ပြစ်​မှား​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 19,
      "verse": 14,
      "text": "အ​ကျွန်ုပ်​ပြော​သော​စ​ကား​နှင့် စိတ်​နှ​လုံး၏​အ​ကြံ​အ​စည်​သည် ရှေ့​တော်၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်​ကို​ရွေး​နုတ်​တော်​မူ​သော​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 1,
      "text": "ဘေး​အ​န္တ​ရာယ်​ရောက်​သော​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​စ​ကား​ကို​နား​ထောင်၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင်​နာ​မ​တော်​သည် ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 2,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​က​ကူ​ညီ၍၊ ဇိ​အုန်​တောင်​ပေါ်​က ထောက်​ပင့်​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 3,
      "text": "ကိုယ်​တော်၏​ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို အောက်​မေ့၍၊ မီး​ရှို့​သော​ယဇ်​ကို လက်​ခံ​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 4,
      "text": "ကိုယ်​တော်၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား၍၊ အ​ကြံ​အ​စည်​တော်​ရှိ​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 5,
      "text": "ကိုယ်​တော်၏​ကယ်​တင်​ခြင်း​ကြောင့် အ​ကျွန်ုပ်​တို့​သည်​ဝမ်း​မြောက်၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်၏​အ​ခွင့်​နှင့် အ​လံ​ကို​ထူ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ဆု​တောင်း​သ​မျှ​အ​တိုင်း ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​အား၊ ကယ်​တင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​တော် ကယ်​တင်​ခြင်း​အ​စွမ်း​နှင့် ထို​သူ၏​စ​ကား​ကို သန့်​ရှင်း​သော ကောင်း​ကင်​ပေါ်​မှာ နား​ထောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု​ငါ​သိ၏။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 7,
      "text": "အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 8,
      "text": "သူ​တို့​သည်​နှိမ့်​ချ၍ လဲ​လျက်​ရှိ​ကြ၏။ ငါ​တို့​မူ​ကား၊ ထ၍ မတ်​တတ်​နေ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​ကို ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 20,
      "verse": 9,
      "text": "အ​ကျွန်ုပ်​တို့​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​သည် ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကြောင့် ဝမ်း​မြောက်၍၊ ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် အ​လွန်​ရွှင်​လန်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 2,
      "text": "သူ၏​နှုတ်​နှင့် ဆု​တောင်း​သည်​ကို ငြင်း​ပယ်​တော်​မ​မူ။ သူ၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 3,
      "text": "ကောင်း​မြတ်​သော မင်္ဂ​လာ​တို့​ကို အ​ဦး​ပြု၍ ပေး​တော်​မူ​ပြီ။ ရွှေ​စင်​သ​ရ​ဖူ​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 4,
      "text": "သူ​သည် အ​သက်​ကို​ဆု​တောင်း၍၊ ကိုယ်​တော်​သည် အ​သက်​မ​က၊ ထာ​ဝ​ရ​အ​သက်​ကို ပေး​သ​နား​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 5,
      "text": "ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် သူ​သည်​ဘုန်း​ကြီး၍၊ လက်​တော်​မှ ဂုဏ်​အ​သ​ရေ​နှင့် တန်​ခိုး​အာ​နု​ဘော်​ကို ခံ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 6,
      "text": "ကိုယ်​တော်​သည် သူ့​ကို ထာ​ဝ​ရ​မင်္ဂ​လာ​အ​ရာ၌​ခန့်​ထား၍၊ မျက်​နှာ​တော်​အား​ဖြင့် အ​လွန်​ဝမ်း​မြောက်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏​က​ရု​ဏာ​တော်​ကြောင့် တည်​ကြည်​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 8,
      "text": "ကိုယ်​တော်၏​လက်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို​တွေ့၍၊ ကိုယ်​တော်​ကို​မုန်း​သော သူ​တို့​ကို လက်​ယာ​လက်​တော်​သည် တွေ့​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 9,
      "text": "အ​မျက်​တော်​ထွက်​သော​ကာ​လ၌ သူ​တို့​ကို မီး​ဖို​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အား​ဖြင့် သူ​တို့​ကို မျို​တော်​မူ၍၊ မီး​သည်​လည်း လောင်​စား​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 10,
      "text": "သူ​တို့​အ​မျိုး​အ​နွယ်​ကို မြေ​ကြီး​မှ ပယ်​ရှင်း၍၊ သား​စဉ်​မြေး​ဆက်​တို့​ကို လူ​မျိုး​ထဲ​က​ဖျက်​ဆီး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်၍၊ မ​ကောင်း​သော​ပ​ရိ​ယာယ်​ကို ပြု​ကြ​ပါ​ပြီ။ သို့​ရာ​တွင် အ​ကြံ​မ​ထ​မြောက် ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 12,
      "text": "ထို​ကြောင့် သူ​တို့​မျက်​နှာ​တစ်​ဖက်၌ လေး​မြား​တို့​ကို​ရွယ်၍၊ သူ​တို့​ကျော​ကို လှည့်​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 21,
      "verse": 13,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စွမ်း​တန်​ခိုး​တော်​အား​ဖြင့် ချီး​မြှောက်​ခြင်း ရှိ​တော်​မူ​စေ​သ​တည်း။ အ​ကျွန်ုပ်​တို့​သည် တန်​ခိုး​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 1,
      "text": "အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို မ​ကယ်​တင်​ဘဲ အ​ကျွန်ုပ်​အော်​ဟစ်​သော စ​ကား​ကို နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့် အ​ဝေး​မှာ​နေ​တော်​မူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 2,
      "text": "အ​ကျွန်ုပ်​ဘု​ရား၊ နေ့​အ​ခါ အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း၊ ကိုယ်​တော်​သည် နား​မ​ထောင်​ပါ။ ည​အ​ခါ အော်​ဟစ်​သော်​လည်း သက်​သာ​ခြင်း​သို့ မ​ရောက်​ပါ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 3,
      "text": "ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 4,
      "text": "အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​ကြ​ပါ၏။ ကိုး​စား​ကြ​သည်​တွင်၊ ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 5,
      "text": "သူ​တို့​သည် ကိုယ်​တော်​ကို အော်​ဟစ်၍ ကယ်​တင်​ခြင်း​သို့ ရောက်​ပါ၏။ ကိုယ်​တော်​ကို​ကိုး​စား၍ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 6,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ ဖြစ်​ပါ၏။ လူ​များ​ကဲ့​ရဲ့​စ​ရာ၊ လူ​စု​အ​ရှက်​ခွဲ​စ​ရာ​ဖို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 7,
      "text": "အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 8,
      "text": "သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ပြီ၊ သူ့​ကို​နုတ်​တော်​မူ​ပါ​လေ​စေ။ သူ၌​အ​လို​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 9,
      "text": "သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က​ဆွဲ​ယူ၍၊ နို့​စို့​သည်​ကာ​လ၌ စိုး​ရိမ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 10,
      "text": "အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 11,
      "text": "အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​အ​န္တ​ရာယ်​ရောက်​လု​နီး​ပါ​ပြီ။ မ​စ​သော​သူ​မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 12,
      "text": "နွား​လား​ဥ​သ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း၍၊ အား​ကြီး​သော ဗာ​ရှန်​ဥ​သ​ဘ​တို့​သည် ဝန်း​ရံ​လျက် နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 13,
      "text": "ကိုက်​ဖြတ်၍ ဟောက်​တတ်​သော​ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​ကို ပါး​စပ်​ဟ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 14,
      "text": "အ​ကျွန်ုပ်​သည် ရေ​ကဲ့​သို့​သွန်​ခြင်း​ကို​ခံ​ရ၍၊ အ​ရိုး​အ​ဆစ်​ရှိ​သ​မျှ​တို့​သည် ပြုတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ဖ​ယောင်း​ကဲ့​သို့​ဖြစ်၍၊ ရင်​ထဲ​မှာ အ​ရည်​ကျို​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 15,
      "text": "အ​ကျွန်ုပ်​ခွန်​အား​သည် အိုး​ခြမ်း​ကဲ့​သို့ ခန်း​ခြောက်၍၊ လျှာ​လည်း ပါး​ရိုး၌ ကပ်​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို သေ​မြေ​တိုင်​အောင် ချ​တော်​မူ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 16,
      "text": "ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 17,
      "text": "ကိုယ်​အ​ရိုး​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ရေ​တွက်​နိုင်​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​ကြည့်​မြင်၍ အား​ရ​လျက်​နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 18,
      "text": "အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍၊ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 19,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခွန်​အား​ဗ​လ၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 20,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို ဓား​ဘေး​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခွေး​လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 21,
      "text": "ခြင်္သေ့​ခံ​တွင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​တင်၍၊ ကြံ့​ဦး​ချို​ထဲ​မှာ အ​ကျွန်ုပ်​ခေါ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 22,
      "text": "အ​ကျွန်ုပ်​သည် သ​တင်း​တော်​ကို ညီ​အစ်​ကို​တို့​အား​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​အ​ချင်း​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။ ယာ​ကုပ်​အ​မျိုး​အ​ပေါင်း​တို့၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ကြ​ပါ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 25,
      "text": "အ​ကျွန်ုပ်​သည် မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​ရှေ့​မှာ၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 26,
      "text": "နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် ချီး​မွမ်း​ကြ​လိမ့်​မည်။ သင်​တို့​စိတ်​နှ​လုံး​သည် အ​စဉ်​အ​မြဲ​အား​ဖြည့်​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 27,
      "text": "မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 28,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​ပိုင်​တော်​မူ၏။ လူ​မျိုး​တို့​ကို မင်း​ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 29,
      "text": "မြေ​ကြီး​ပေါ်​မှာ ကြွယ်​ဝ​သော​သူ​အ​ပေါင်း​တို့​သည် စား၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။ ကိုယ်​အ​သက်​ကို မ​စောင့်​နိုင်။ မြေ​မှုန့်​သို့​ဆင်း​ရ​သော သူ​အ​ပေါင်း​တို့​သည်​လည်း၊ ရှေ့​တော်၌ ညွှတ်​ပျပ်​ဝပ်​တွား ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 30,
      "text": "သူ​တို့​အ​မျိုး​အ​နွယ်​သည်​လည်း ဝတ်​တော်​ကို ပြု​သ​ဖြင့်၊ လူ​အ​စဉ်​အ​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သ​တင်း​တော်​ကို ကြား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 22,
      "verse": 31,
      "text": "ဤ​သို့​စီ​ရင်​တော်​မူ​ပြီ​ဟု သူ​တို့​သည် ပေါ်​လာ၍၊ တ​ရား​သော​အ​မှု​တော်​ကို ဖွား​သော​လူ​မျိုး​အား ဖော်​ပြ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏။ ငါ​သည် ဆင်း​ရဲ​မ​ခံ​ရ။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 2,
      "text": "စိမ်း​လန်း​သော ကျက်​စား​ရာ​အ​ရပ်၌ ငါ့​ကို​အိပ်​စေ​တော်​မူ၏။ သာ​ယာ​သော​မြစ်​နား​သို့ လမ်း​ပြ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 3,
      "text": "ငါ့​ဝိ​ညာဉ်​ကို​အား​ဖြည့်၍၊ နာ​မ​တော်​အ​ဖို့​အ​လို​ငှာ တ​ရား​လမ်း​ထဲ၌ သွေး​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 4,
      "text": "အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 5,
      "text": "အ​ကျွန်ုပ်၏ ရန်​သူ​တို့​ရှေ့​မှာ အ​ကျွန်ုပ်​အ​ဖို့ စား​ပွဲ​ကို​ခင်း​တော်​မူ၏။ အ​ကျွန်ုပ်​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်​မူ၏။ အ​ကျွန်ုပ်​ခွက်​ဖ​လား​သည် လျှံ​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 23,
      "verse": 6,
      "text": "အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို​လည်း​ကောင်း၊ လော​က​ဓာတ်​နှင့် လော​က​သား​တို့​ကို​လည်း​ကောင်း၊ ပိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​နေ​ရာ​ကို သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ​တည်၍၊ ရေ​များ​ပေါ်​မှာ မြဲ​မြံ​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ပေါ်​သို့ အ​ဘယ်​သူ​သည် တက်​ရ​မည်​နည်း။ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​သူ​သည် ရပ်​နေ​ရ​မည်​နည်း​ဟူ​မူ​ကား၊"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 4,
      "text": "သန့်​ရှင်း​သော​လက်​နှင့် ဖြူ​စင်​သော​နှ​လုံး​ရှိ​သော​သူ၊ မု​သား​ကို​မ​မှီ​ဝဲ မ​ဆည်း​ကပ်၊ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​ပြု​သော​သူ​သည်၊"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း၊ ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​လက်​တော်​မှ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 6,
      "text": "ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​အ​မျိုး၊ မျက်​နှာ​တော်​ကို​ရှာ​သော ယာ​ကုပ်​အ​မျိုး​ဖြစ်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 7,
      "text": "အ​ချင်း​တံ​ခါး​တို့၊ တံ​ခါး​မုတ်​ကို ကြွ​လိုက်​ကြ။ အ​ချင်း​ထာ​ဝ​ရ​တံ​ခါး​တို့၊ ကိုယ်​ကို ကြွ​လိုက်​ကြ။ ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဝင်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 8,
      "text": "ဘုန်း​ကြီး​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ အ​စွမ်း​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ စစ်​တိုက်​ခြင်း​ငှာ တန်​ခိုး​ကြီး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 9,
      "text": "အ​ချင်း​တံ​ခါး​တို့၊ တံ​ခါး​မုတ်​ကို ကြွ​လိုက်​ကြ။ အ​ချင်း​ထာ​ဝ​ရ​တံ​ခါး​တို့၊ ကိုယ်​ကို​ကြွ​လိုက်​ကြ။ ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဝင်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 24,
      "verse": 10,
      "text": "ဘုန်း​ကြီး​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ထို​ဘု​ရား​သည် ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဖြစ်​တော်​မူ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 2,
      "text": "အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 3,
      "text": "အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​တို့​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်၍၊ ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 5,
      "text": "ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 6,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ၍၊ ပြ​တော်​မူ​သော က​ရု​ဏာ​နှင့် မေ​တ္တာ​သ​ဘော​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်၊ ပြစ်​မှား​မိ​သော အ​ပြစ်​တို့​ကို​အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကောင်း​မြတ်​တော်​မူ​သည် ဖြစ်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ​ပါ ထာ​ဝ​ရ​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သ​ဘော၊ ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ပြစ်​ရှိ​သော​သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 9,
      "text": "နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို တ​ရား​လမ်း၌ သွေး​ဆောင်​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​အား ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​အား က​ရု​ဏာ​နှင့် သ​စ္စာ​ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​ပြစ်​များ​လှ​သော​ကြောင့် နာ​မ​တော်​ကို​ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 12,
      "text": "အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​တတ်၏။ ထို​သူ​အား နှစ်​သက်​ဖွယ်​သော​လမ်း​ကို ပြ​ညွှန်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 13,
      "text": "ထို​သူ​သည် ကိုယ်​တိုင်​ကောင်း​မွန်​စွာ​ကျိန်း​ဝပ်၍၊ သူ၏​အ​မျိုး​အ​နွယ်​သည်​လည်း ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​တို့​သည် ကိုယ်​တော်​မြတ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​နှင့် ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 15,
      "text": "အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​ခြေ​ကို ကျော့​ကွင်း​ထဲ​က နုတ်​ယူ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 16,
      "text": "အ​ကျွန်ုပ်​သည် တစ်​ယောက်​တည်း​ကျန်​ကြွင်း၍ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 17,
      "text": "အ​ကျွန်ုပ် စိတ်​နှ​လုံး​ဆင်း​ရဲ​သည်​ကို ချမ်း​သာ​ပေး၍၊ အ​မှု​များ​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 18,
      "text": "အ​ကျွန်ုပ်​နှိမ့်​ချ​ခြင်း​နှင့် ပူ​ပန်​ခြင်း​ကို​ကြည့်​ရှု၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 19,
      "text": "အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် များ​ပြား​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ပြင်း​စွာ​မုန်း​ထား​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 20,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို​စောင့်​ရှောက်၍၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ခို​လှုံ​ပါ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 21,
      "text": "ကိုယ်​တော်​ကို​မျှော်​လင့်​လျက်​နေ​ပါ​သည်​ဖြစ်၍၊ အ​ပြစ်​ကင်း​ခြင်း​နှင့် သ​ဘော​ဖြောင့်​ခြင်း​သည် အ​ကျွန်ုပ်​ကို စောင့်​ရှောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 25,
      "verse": 22,
      "text": "အို​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​ဒု​က္ခ​အ​ထဲ​က ရွေး​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​ကြောင့်၊ အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ၍၊ ရွေ့​လျော့​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 2,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စစ်​ဆေး​စုံ​စမ်း၍၊ နှ​လုံး​ကျောက်​ကပ်​ကို ဆေး​ကြော​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 3,
      "text": "အ​ကျွန်ုပ်​သည် မေ​တ္တာ​ကျေး​ဇူး​တော်​ကို မျက်​မှောက်​ပြု၍၊ သ​စ္စာ​တ​ရား​တော်​နှင့်​အ​ညီ ကျင့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 4,
      "text": "လျှပ်​ပေါ်​သော လူ​တို့​နှင့်​အ​တူ မ​ထိုင်​ပါ။ လျှို့​ဝှက်​သော လူ​စု​ထဲ​သို့ မ​ဝင်​ပါ။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 5,
      "text": "မ​တ​ရား​သော​သူ​တို့၏​စည်း​ဝေး​ခြင်း​ကို မုန်း​ပါ၏။ ဆိုး​သွမ်း​သော သူ​တို့​နှင့်​အ​တူ မ​ထိုင်​ပါ။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 6,
      "text": "ကျေး​ဇူး​တော်​ကို ချီး​မြှောက်​သော​အ​သံ​နှင့် မြွက်​ဆို၍၊"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 7,
      "text": "အံ့ဩ​ဖွယ်​သော အ​မှု​တော်​အ​လုံး​စုံ​တို့​ကို ကြား​ပြော​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် ကိုယ်​လက်​ကို အ​ပြစ်​ကင်း​ခြင်း​နှင့်​ဆေး၍၊ ယဇ်​ပ​လ္လင်​တော်​ကို ဝန်း​ရံ​လျက်​နေ​ပါ​သည်၊ ထာ​ဝ​ရ​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 8,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အိမ်​တော်​တည်​ရာ​ကို​လည်း​ကောင်း၊ ဘုန်း​တော်​ထင်​ရှား​သော အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 9,
      "text": "ပြစ်​မှား​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ လူ​အ​သက်​ကို​သတ်​သော သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​အ​သက်​ကို​လည်း​ကောင်း ချုပ်​ထား​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 10,
      "text": "သူ​တို့​လက်​သည် မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်၍၊ သူ​တို့​လက်​ယာ​လက်​သည်​လည်း တံ​စိုး​နှင့် ပြည့်​ဝ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 11,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​ပါ၏။ အ​ကျွန်ုပ်​ကို ရွေး​နုတ်၍ ကယ်​မ​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 26,
      "verse": 12,
      "text": "အ​ကျွန်ုပ်​သည် ညီ​ညွတ်​သော​အ​ရပ်၌ နေ​ရာ​ကျ၍၊ ပ​ရိ​သတ်​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 2,
      "text": "ငါ့​ကို​အ​ငြိုး​ထား​သော ရန်​သူ​လူ​ဆိုး​တို့​သည်၊ ငါ့​အ​သား​ကို​ကိုက်​စား​မည်​ဟု လာ​ကြ​သော​အ​ခါ၊ ခြေ​တိုက်​မိ၍​လဲ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 3,
      "text": "ငါ့​တစ်​ဖက်၌ တပ်​ချ​ကြ​သော်​လည်း၊ ငါ့​နှ​လုံး​မ​ကြောက်​တတ်။ စစ်​ချီ၍​လာ​ကြ​သော်​လည်း၊ ထို​အ​မှု​တွင်​ပင် တည်​ကြည်​သော စိတ်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ၊ တဲ​တော်​တွင် ငါ့​ကို ကွယ်​ကာ​တော်​မူ​မည်။ ဗိ​မာန်​တော်​အ​တွင်း​အ​ရပ်၌၊ ငါ့​ကို​ဝှက်​ထား​တော်​မူ​မည်။ ကျောက်​ပေါ်​မှာ​လည်း ငါ့​ကို​တင်​ထား​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 6,
      "text": "ယ​ခု​ပင် ငါ့​ပတ်​လည်၌​ရှိ​သော ရန်​သူ​တို့၏​အ​ပေါ်​သို့ ငါ၏​ဦး​ခေါင်း​ကို ချီး​မြှောက်​တော်​မူ၏။ ထို​ကြောင့် ဗိ​မာန်​တော်​မှာ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​ပါ​မည်။ သီ​ချင်း​ဆို​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​သ​နား၍ ထူး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 8,
      "text": "ငါ၏​မျက်​နှာ​ကို​ရှာ​ကြ​လော့​ဟူ​သော အ​မိန့်​တော်​ကို ရှေ့​တော်၌ အ​ကျွန်ုပ်​သည် သ​တိ​ပြု​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​မျက်​နှာ​ကို​ရှာ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 9,
      "text": "အ​ကျွန်ုပ်​ကို မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်၍ ကိုယ်​တော်၏​ကျွန်​ကို ပယ်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​တော်​မူ​ဖူး​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 10,
      "text": "ကိုယ်​မိ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​စွန့်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို ချီ​ယူ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား​ပြ​သ​သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​ကြောင့် ဖြောင့်​သော​လမ်း​ထဲ၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 12,
      "text": "မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​တို့​နှင့် ညှဉ်း​ဆဲ​ခြင်း​ငှာ၊ ပြင်း​စွာ​အ​သက်​ရှူ​သော သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​ကြ​သည်​ဖြစ်၍၊ ရန်​သူ​တို့​အ​လို​သို့ အ​ကျွန်ုပ်​ကို အပ်​နှံ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 13,
      "text": "အ​ကယ်​စင်​စစ် အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ငါ​တွေ့​မြင်​ပြီ​ဟု ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 27,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 1,
      "text": "အ​ကျွန်ုပ်၏​ကျောက်​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ မ​ထူး​ဘဲ​နေ​တော်​မ​မူ​ပါ​နှင့်။ မ​ထူး​ဘဲ​နေ​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 2,
      "text": "အ​ကျွန်ုပ်​သည် သန့်​ရှင်း​သော​ဗျာ​ဒိတ်​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ် တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 3,
      "text": "အိမ်​နီး​ချင်း၏​အ​ကျိုး​ကို ဖျက်​ဆီး​လို​သော စိတ်​နှ​လုံး​ရှိ​သည်​နှင့်၊ လော​က​ဝတ်​စ​ကား​ကို ပြော​တတ်​သော​သူ​တည်း​ဟူ​သော ဆိုး​ယုတ်​သော​အ​မှု၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တတ်​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 4,
      "text": "သူ​တို့​ကျင့်​သော အ​ကျင့်​ဓ​လေ့​ဆိုး​ယုတ်​သည်​နှင့်​အ​ညီ၊ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။ သူ​တို့​ပြု​မူ​သည် အ​တိုင်း​ဆပ်​ပေး၍၊ အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 5,
      "text": "သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​လည်း​ကောင်း၊ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို​လည်း​ကောင်း မ​မှတ်​ကြ​သော​ကြောင့်၊ တည်​ဆောက်​တော်​မ​မူ၊ ဖြို​ဖျက်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 7,
      "text": "ငါ​တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ခွန်​အား​ဗ​လ၊ ငါ၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ငါ့​နှ​လုံး​သည် ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​စောင့်​မ​တော်​မူ​သော​ကြောင့်၊ ငါ့​နှ​လုံး​သည်​ရွှင်​လန်း​လျက်​ရှိ၏။ သီ​ချင်း​ဆို​လျက် ဂုဏ်​တော်​ကို​ငါ​ချီး​မွမ်း​မည်။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု၏​ခွန်​အား​ဗ​လ​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 28,
      "verse": 9,
      "text": "ကိုယ်​တော်၏​လူ​စု​ကို​ကယ်​တင်၍၊ အ​မွေ​တော်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​ပါ။ သူ​တို့​ကို အုပ်​ထိန်း၍၊ ထာ​ဝ​ရ​ချီး​မြှောက်​ခြင်း ရှိ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​လျက်၊ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ ရှိ​တော်​မူ၏။ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မိုး​ချုန်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် များ​စွာ​သော​ရေ​ပေါ်​မှာ ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် အာ​ရဇ်​ပင်​တို့​ကို ချိုး​တော်​မူ၏။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဗ​နုန်​အာ​ရဇ်​တော​ကို ချိုး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 6,
      "text": "တော​ကို နွား​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တော​နှင့် စိ​ရုန်​တော​ကို ကြံ့​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း ခုန်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် မီး​လျှံ​ကို ခွဲ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် တော​ကို ချောက်​ချား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​တော​ကို ချောက်​ချား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် သ​မင်​ဒ​ရယ်​မ​တို့​ကို မွေး​ဖွား​စေ​တော်​မူ၏။ တော​တန်​ဆာ​တို့​ကို​လည်း ပယ်​ရှင်း​တော်​မူ၏။ ဗိ​မာန်​တော်၌ ခပ်​သိမ်း​သော​သူ​တို့​သည် ဘုန်း​တော်​ကို ဖော်​ပြ​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိုး​သက်​မုန်​တိုင်း​ပေါ်​မှာ ထိုင်​တော်​မူ၏။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ ရှင်​ဘု​ရင်​အ​ရာ​နှင့် ထိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 29,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​အား ငြိမ်​သက်​ခြင်း ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို ဆယ်​နုတ်​တော်​မူ၏။ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့်၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 2,
      "text": "အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အော်​ဟစ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 3,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏနိုင်​ငံ​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ သင်္ချိုင်း​တွင်း​ထဲ​သို့​မ​ဆင်း​စေ​ဘဲ၊ အ​ကျွန်ုပ်​ကို အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 5,
      "text": "အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 6,
      "text": "ငါ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​လိမ့်​မည်​ဟု ကောင်း​စား​စဉ်​အ​ခါ အ​ကျွန်ုပ်​အောက်​မေ့​ပါ၏။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​အား​ဖြင့်​သာ အ​ကျွန်ုပ်၏​တောင်​သည် ခိုင်​ခံ့​မြဲ​မြံ​ပါ၏။ မျက်​နှာ​လွှဲ​တော်​မူ​သော​အ​ခါ ဆင်း​ရဲ​ခြင်း​သို့​ရောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 8,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​သက်​ဆုံး၍၊"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 9,
      "text": "သင်္ချိုင်း​တွင်း​ထဲ​သို့​ဆင်း​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​ပါ​အံ့​နည်း။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 10,
      "text": "မြေ​မှုန့်​သည် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​မည်​လော။ သ​စ္စာ​တော်​ကို​ဖော်​ပြ​ပါ​မည်​လော။ အို​ထာ​ဝ​ရ​ဘု​ရား၊ နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ​ဟု ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​လျှောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 11,
      "text": "ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 30,
      "verse": 12,
      "text": "သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ ရှက်​ကြောက်​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။ တ​ရား​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 2,
      "text": "အ​ကျွန်ုပ်​ဘက်​သို့ နား​တော်​ကို​လှည့်၍ အ​လျင်​အ​မြန်၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ကျောက်၊ အ​ကျွန်ုပ်​လုံ​ခြုံ​ရာ​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 3,
      "text": "အ​ကယ်​စင်​စစ် အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်၏​ရဲ​တိုက်​ကား၊ ကိုယ်​တော်​ပေ​တည်း။ နာ​မ​တော်​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ကို​လမ်း​ပြ၍ သွန်​သင်​ပဲ့​ပြင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 4,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​ဖို့​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​က အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 5,
      "text": "သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အပ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 6,
      "text": "မု​သား​အ​န​တ္တ​ကို​ဆည်း​ကပ်​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မုန်း၍ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 7,
      "text": "က​ရု​ဏာ​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​တွေ့​သော​အ​မှု​ကို သိ​မှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 8,
      "text": "အ​ကျွန်ုပ်​ကို​ရန်​သူ​လက်​သို့​မ​အပ်​ဘဲ ကျယ်​ဝန်း​သော​အ​ရပ်၌ နေ​ရာ​ချ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 9,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌​အ​မှု​ရောက်​ပါ​ပြီ။ ထို​ကြောင့် အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ ပူ​ပန်​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​မျက်​စိ၊ စိတ်​နှ​လုံး၊ ဝမ်း​တို့​သည်​ပျက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 10,
      "text": "အ​ကျွန်ုပ်​သည် ပူ​ပန်​ခြင်း​ရှိ၍၊ အ​သက်​ကာ​လ​ကို လွန်​စေ​ရ​ပါ၏။ နှစ်​စဉ်​အ​တိုင်း ညည်း​တွား​လျက်​နေ​ရ​ပါ၏။ ကိုယ်​အ​ပြစ်​ကြောင့် အ​ကျွန်ုပ်​အား​လျော့၍၊ ရန်​သူ​များ​ကြောင့် အ​ရိုး​တို့​သည် ဆွေး​မြေ့​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 11,
      "text": "အိမ်​နီး​ချင်း​တို့​သည် အ​ကျွန်ုပ်​ကို အ​ထူး​သ​ဖြင့် ကဲ့​ရဲ့​ကြ​ပါ၏။ အ​ကျွမ်း​ဝင်​သော​သူ​များ​တို့​သည်​လည်း ရွံ​ကြ​ပါ၏။ အိမ်​ပြင်​မှာ အ​ကျွန်ုပ်​ကို​တွေ့​မြင်​သော​သူ​တို့​သည် ရှောင်၍​ပြေး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 12,
      "text": "မ​အောက်​မေ့​သော​အ​သေ​ကောင်​ကဲ့​သို့၊ အ​ကျွန်ုပ်​ကို မေ့​လျော့​ကြ​ပါ၏။ အိုး​ခြမ်း​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 13,
      "text": "လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ​ပါ၏။ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း​ရှိ​ပါ၏။ လူ​များ​တို့​သည် အ​ချင်း​ချင်း​သင်း​ဖွဲ့​လျက်၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​မည်​အ​ကြောင်း ကြံ​စည်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 14,
      "text": "သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​လျှောက်​ဆို​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 15,
      "text": "အ​ကျွန်ုပ်၌​ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​တော်​စီ​ရင်​ပိုင်​တော်​မူ၏။ ရန်​သူ​တို့​နှင့် ညှဉ်း​ဆဲ​တတ်​သော သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 16,
      "text": "မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်၌ ထွန်း​လင်း​စေ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကြောင့်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း မ​ရှိ​ပါ​စေ​နှင့်။ လူ​ဆိုး​တို့​မူ​ကား၊ အ​ရှက်​ကွဲ​လျက် မ​ရ​ဏ​နိုင်​ငံ၌ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 18,
      "text": "မာ​န​ထောင်​လွှား​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် တ​ကွ၊ ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ စော်​ကား​သော​စ​ကား​ကို​ပြော၍၊ မု​သား၌​ကျင်​လည်​သော နှုတ်​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 19,
      "text": "ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​အ​ဖို့ သို​ထား​တော်​မူ၍၊ လူ​သား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ခို​လှုံ​သော သူ​တို့​အ​ဖို့ ပြု​ပြင်​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​လှ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 20,
      "text": "လူ​တို့​ပြု​တတ်​သော​ပ​ရိ​ယာယ်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​တွင်း​အ​ရပ်၌ ထို​သူ​တို့​ကို ဝှက်​ထား​တော်​မူ​၏။ ရန်​တွေ့​ခြင်း​အ​သံ​ကို​ကွယ်​ကာ​လျက်၊ တဲ​တော်​တွင် သူ​တို့​ကို စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား၌ မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ ခိုင်​ခံ့​သော​မြို့၌ အံ့ဖွယ်​သော​မေ​တ္တာ က​ရု​ဏာ​တော်​ကို အ​ကျွန်ုပ်​အား​ထင်​ရှား​ပြ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 22,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​မျက်​နှာ​ကွယ်​ရာ၌ ဆုံး​ရှုံး​ပါ​ပြီ​ဟု အ​ကျွန်ုပ်​တုန်​လှုပ်​လျက်​ဆို​မိ​သော်​လည်း၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​စ​ကား​သံ​ကို ကိုယ်​တော် နား​ထောင်​တော်​မူ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​စ္စာ​ရှိ​သော​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို​ကား၊ အ​ပြစ်​များ​စွာ ဆပ်​ပေး​တော်​မူ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 31,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့၊ အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှ​လုံး​ရှိ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 1,
      "text": "အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်၍၊ လှည့်​စား​တတ်​သော စိတ်​သ​ဘော​နှင့် ကင်း​စင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 3,
      "text": "ငါ​သည် အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ နေ​စဉ်​အ​ခါ၊ တစ်​နေ့​လုံး ညည်း​တွား​သော​အား​ဖြင့်၊ ငါ့​အ​ရိုး​တို့​သည် ဆွေး​မြေ့​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 4,
      "text": "နေ့​ည​မ​ပြတ် ကိုယ်​တော်၏​လက်​သည် အ​ကျွန်ုပ်​အ​ပေါ်​မှာ​လေး၍၊ အ​ကျွန်ုပ်၏​ချွေး​ရည်​သည် နွေ​ကာ​လ၌ သွေ့​ခြောက်​ခြင်း​ကဲ့​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 5,
      "text": "တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 6,
      "text": "ထို​ကြောင့် ကိုယ်​တော်​ကို တွေ့​သင့်​သော​အ​ချိန်​ကာ​လ၌၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ တောင်း​လျှောက်​ကြ​ပါ​လိမ့်​မည်။ အ​ကယ်​စင်​စစ် လွှမ်း​မိုး​တတ်​သော​ရေ​ကြီး​သည် သူ​တို့​ထံ​သို့ မ​ချဉ်း​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 7,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို ဘေး​လွတ်​စေ​ခြင်း​ငှာ ကွယ်​ကာ​စောင့်​မ​တော်​မူ၏။ ကယ်​လွှတ်​ကြောင်း​ကို ဆို​သော​သီ​ချင်း​နှင့် အ​ကျွန်ုပ်​ကို ခြံ​ရံ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 8,
      "text": "သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ သင့်​ကို ကြည့်​ရှု​ပြု​စု​မည်။ ဉာဏ်​ပ​ညာ​မဲ့​သော မြင်း​လား​ကဲ့​သို့ မ​ဖြစ်​နှင့်။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 9,
      "text": "သူ​သည် သင့်​ထံ​သို့ မ​ချဉ်း​ကပ်​သော​ကြောင့်၊ ပါး​စပ်​ကို ဇက်​ခွံ့၍၊ ဇက်​ကြိုး​နှင့် ဆွဲ​ရ​မည်။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 10,
      "text": "မ​တ​ရား​သော​သူ​သည် များ​စွာ​သော​ဒု​က္ခ​ကို​ခံ​ရ၏။ ထာ​ဝ​ရ​ဘု​ရား၌ ကိုး​စား​သော​သူ​ကို​ကား၊ က​ရု​ဏာ​တော်​သည် ဝန်း​ရံ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 32,
      "verse": 11,
      "text": "ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လော့။ သ​ဘော​ဖြောင့်​သော​သူ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 1,
      "text": "ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ထော​မ​နာ​ပြု​ခြင်း​အ​ကျင့်​သည် သ​ဘော​ဖြောင့်​သော​သူ​တို့​နှင့် ထိုက်​တန်​လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 2,
      "text": "စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 3,
      "text": "ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ သာ​ယာ​စွာ တီး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဖြောင့်​မတ်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​တို့​သည်​လည်း သ​စ္စာ​တ​ရား​နှင့် ညီ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 5,
      "text": "ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း​နှင့် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​နှစ်​သက်​တော်​မူ၏။ ပ​ထ​ဝီ​မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​နှင့် ပြည့်​ဝ​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​အ​သက်​အား​ဖြင့် မိုး​ကောင်း​ကင် တန်​ဆာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 7,
      "text": "သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မြေ​ကြီး​တစ်​ပြင်​လုံး ကြောက်​ရွံ့​စေ။ လော​ကီ​နိုင်​ငံ​သား​အ​ပေါင်း​တို့​သည် ရို​သေ​လေး​မြတ်​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို၍၊ မြွက်​ဆို​တော်​မူ​သည်​အ​တိုင်း​ဖြစ်၏။ အ​မိန့်​တော်​ရှိ၍၊ မိန့်​တော်​မူ​သည်​အ​တိုင်း တည်​လျက်​နေ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပါး​အ​မျိုး​သား​တို့၏​တိုင်​ပင်​ခြင်း​ကို​ပယ်​တော်​မူ၏။ လူ​စု​တို့၏​ကြံ​စည်​ခြင်း​ကို​လည်း ဖျက်​ဆီး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ပြ​ဌာန်း​တော်​မူ​ခြင်း​သည် ကာ​လ​အ​န​န္တ​နှင့်​ဆိုင်၍၊ စိတ်​နှ​လုံး​တော်၏​အ​ကြံ​အ​စည်​တို့​သည် သား​စဉ်​မြေး​ဆက် အ​ဆုံး​တိုင်​အောင်​တည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ကြင်​အ​မျိုး၏​ဘု​ရား​ဖြစ်၍၊ အ​ကြင်​လူ​စု​ကို မိ​မိ​အ​မွေ​ဥ​စ္စာ​ဖို့ ရွေး​ကောက်​တော်​မူ၏၊ ထို​အ​မျိုး​နှင့် ထို​လူ​စု​သည်​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ဘုံ​က​ကြည့်​ရှု၍၊ လူ​သား​အ​ပေါင်း​တို့​ကို မြင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 14,
      "text": "ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​က​ကြည့်​ရှု၍၊ မြေ​ကြီး​ပေါ်​မှာ​နေ​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 15,
      "text": "သူ​တို့၏​စိတ်​နှ​လုံး​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း၍၊ သူ​တို့​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို​လည်း ဆင်​ခြင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 16,
      "text": "ရှင်​ဘု​ရင်​မည်​သည်​ကား၊ များ​စွာ​သော အ​လုံး​အ​ရင်း​အား​ဖြင့် ချမ်း​သာ​မ​ရ။ သူ​ရဲ​သည်​လည်း ခွန်​အား​ကြီး​သော​အား​ဖြင့် ကယ်​လွှတ်​ခြင်း​သို့​မ​ရောက်။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 17,
      "text": "မြင်း​သော်​လည်း ဘေး​လွတ်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။ ကြီး​စွာ​သော ခွန်​အား​ဗ​လ​ဖြင့် မ​ကယ်​မ​ယူ​နိုင်။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​နှင့် က​ရု​ဏာ​တော်​ကို ခို​လှုံ​သော​သူ​တို့​သည်၊"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 19,
      "text": "သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 20,
      "text": "ငါ​တို့၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ၏။ ထို​ဘု​ရား​သည် ငါ​တို့​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 21,
      "text": "သန့်​ရှင်း​သော​နာ​မ​တော်​ကို ခို​လှုံ​သော​ကြောင့်၊ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 33,
      "verse": 22,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 1,
      "text": "ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 2,
      "text": "ငါ့​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ခြင်း​ကို ပြု​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ကြား​သိ၍၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 3,
      "text": "ငါ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို တ​ညီ​တ​ညွတ်​တည်း ချီး​မြှောက်​ကြ​ကုန်​အံ့။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 4,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​အ​ခါ နား​ထောင်​တော်​မူ၏။ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း အ​လုံး​စုံ​တို့​အ​ထဲ​က ငါ့​ကို ကယ်​နုတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​ကြည့်​ကြ​လော့။ အ​လင်း​ကို​ရ​ကြ​လိမ့်​မည်။ မျက်​နှာ​ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 6,
      "text": "ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​ပတ်​လည်၌ ကောင်း​ကင်​တ​မန်​တော်​တို့​သည် တပ်​ချ၍ ကယ်​လွှတ်​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သည်​အ​ကြောင်း​ကို မြည်း​စမ်း၍ သိ​မှတ်​ကြ​လော့။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ​လော့။ ကြောက်​ရွံ့​သော​သူ​တို့၌ ဆင်း​ရဲ​ခြင်း​မ​ရှိ​ရာ။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 10,
      "text": "ခြင်္သေ့​တို့​သည် ဆင်း​ရဲ၍ ငတ်​မွတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​လို​ရာ။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 11,
      "text": "အ​ချင်း​သူ​ငယ်​တို့ လာ​ကြ​လော့။ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​တ​ရား​ကို သင်​တို့​အား ငါ​သွန်​သင်​မည်။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 12,
      "text": "ကောင်း​မွန်​သော​အ​ရာ​ကို တွေ့​မြင်​မည်​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​နှင့်​တ​ကွ နေ့​ရက်​ကာ​လ​ကို တောင့်​တ​လို​ချင်​သော​သူ မည်​သည်​ကား၊"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 13,
      "text": "ကိုယ်​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​စေ​လော့။ နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 14,
      "text": "ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​လော့။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​လော့။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 16,
      "text": "ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တို့​ကား၊ မြေ​ကြီး​ပေါ်​မှာ အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 17,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 19,
      "text": "ဖြောင့်​မတ်​သော​သူ​သည် များ​စွာ​သော ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 20,
      "text": "သူ၏​အ​ရိုး​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​တော်​မူ​သည်​ဖြစ်၍၊ တစ်​ချောင်း​မျှ မ​ကျိုး​မ​ပဲ့​ရ။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 21,
      "text": "မ​တ​ရား​သော​သူ​မူ​ကား၊ ဘေး​ဖြင့်​အ​သက်​ဆုံး​ခြင်း​သို့ ရောက်​ရ​မည်။ ဖြောင့်​မတ်​သော​သူ​ကို မုန်း​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 19,
      "chapter": 34,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တို့၏ အ​သက်​ဝိ​ညာဉ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို စစ်​တိုက်​သော​သူ​တို့​ကို တိုက်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 2,
      "text": "ဒိုင်း​လွှား​ကို​ကိုင်၍ အ​ကျွန်ုပ်​ကို​ကူ​ညီ​ခြင်း​ငှာ ထ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 3,
      "text": "အ​ကျွန်ုပ်​ကို လိုက်​သော​သူ​တို့​ရှေ့၌ လှံ​တော်​ကို​ရွယ်၍ ဆီး​တား​တော်​မူ​ပါ။ ငါ​သည် သင်၌​ချမ်း​သာ​ပေး​သော သူ​ပေ​တည်း​ဟု အ​ကျွန်ုပ်၏​ဝိ​ညာဉ်​အား မိန့်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 4,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​ကို အ​န္တ​ရာယ်​ပြု​မည်​ဟု ကြံ​စည်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 5,
      "text": "ထို​သူ​တို့​သည် လေ​တိုက်​သော​ဖွဲ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​သည်​လည်း သူ​တို့​ကို လှဲ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 6,
      "text": "သူ​တို့​သွား​သော​လမ်း​သည် မိုက်​သော​လမ်း၊ ချော​သော​လမ်း ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​သည်​လည်း သူ​တို့​ကို လိုက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 7,
      "text": "အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​ဖို့ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​သက်​ကို သတ်​စ​ရာ​ဖို့​တွင်း​ကို တူး​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 8,
      "text": "ထို​သို့​သော​သူ​သည် အ​မှတ်​တ​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ​သော။ မိ​မိ​ဝှက်​ထား​သော ကျော့​ကွင်း​သည် မိ​မိ​ကို ကျော့​မိ​ပါ​စေ​သော။ မိ​မိ​တွင်း​ထဲ​သို့ မိ​မိ​ကျ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 9,
      "text": "သို့​ဖြစ်​လျှင်၊ ငါ၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။ ကယ်​တင်​တော်​မူ​ခြင်း အ​ကြောင်း​ကို​လည်း အ​မှီ​ပြု၍ စိတ်​ရွှင်​လန်း​မြူး​ထူး​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 10,
      "text": "အ​ကျွန်ုပ်​အ​ရိုး ရှိ​သ​မျှ​တို့​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​စိုး​တ​ရ​ပြု​သော​သူ၏​လက်​မှ ဆင်း​ရဲ​သား​ကို နုတ်​တော်​မူ၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်၌ ဆင်း​ရဲ​ငတ်​မွတ်​လျက် ခံ​နေ​ရ​သော​သူ​ကို ချမ်း​သာ​ပေး​တော်​မူ​တတ်​သော ကိုယ်​တော်​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း​ဟု လျှောက်​ဆို​ကြ​မည်။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 11,
      "text": "မ​မှန်​သော​သက်​သေ​တို့​သည် ပေါ်​လာ၍၊ ငါ​မ​သိ​သော​မှု​ပြစ်​တို့​ကို ငါ့​အ​ပေါ်​မှာ တင်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 12,
      "text": "ငါ​ပြု​သော​ကျေး​ဇူး​အ​တွက် သူ​တို့​သည် ငါ့​အ​သက်​ကို လု​ယူ​ခြင်း​တည်း​ဟူ​သော မ​ကောင်း​သော​အ​ရာ​ကို ဆပ်​ပေး​ကြ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 13,
      "text": "ငါ​မူ​ကား၊ သူ​တို့၌ အ​နာ​ရော​ဂါ​စွဲ​သော​အ​ခါ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ဆင်​လျက် အ​စာ​ကို​ရှောင်၍ ခြိုး​ခြံ​စွာ ကျင့်​လေ၏။ ကိုယ်​ရင်​ခွင်​ကို မျက်​နှာ​ပြု​လျက် ဆု​တောင်း​လေ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 14,
      "text": "သူ​တို့​ကို ငါ၏​မိတ်​ဆွေ၊ ငါ၏​ညီ​အစ်​ကို​ကဲ့​သို့ သ​ဘော​ထား၍ ငါ​ပြု၏။ ကိုယ်​အ​မိ​ကို​အောက်​မေ့၍၊ စိတ်​မ​သာ​ညည်း​တွား​သော​သူ​ကဲ့​သို့ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် တ​မှိုင်​မှိုင်​နေ​လေ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 15,
      "text": "ငါ​လဲ​သော​အ​ခါ​မူ​ကား၊ သူ​တို့​သည် ဝမ်း​မြောက်၍ စည်း​ဝေး​ကြ၏။ ရိုက်​ပုတ်​သော​သူ​တို့​သည် ငါ့​တစ်​ဖက်၌ စည်း​ဝေး​ကြ၏။ သူ​တို့​ကို​လည်း ငါ​မ​သိ​ရ။ မ​ရပ်​မ​နား​ဘဲ ငါ့​ကို​ဆွဲ​ဖြတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 16,
      "text": "ပွဲ၌​ခ​စား​တတ်​သော လူ​ဆိုး​တို့​နှင့်​အ​တူ ငါ့​ကို အံ​သွား​ခဲ​ကြိတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​ကြည့်​ရှု၍ နေ​တော်​မူ​မည်​နည်း။ အ​ကျွန်ုပ်​အ​သက်​ကို သူ​တို့​ပြု​သော ဘေး​ဥ​ပဒ်​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခြင်္သေ့​တို့​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 18,
      "text": "ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ အ​ကျွန်ုပ်​ဝန်​ခံ​ပါ​မည်။ များ​စွာ​သော​လူ​စု​တွင် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 19,
      "text": "မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် အောင်​ပွဲ​ကို မ​ခံ​ကြ​ပါ​စေ​နှင့်။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​မုန်း​သော သူ​တို့​လည်း မျက်​စိ​စွေ​ပြ​ခြင်း​ကို မ​ပြု​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​မှု​ငြိမ်း​စေ​သော စ​ကား​ကို မ​ပြော​ကြ​ပါ။ ငြိမ်​ဝပ်​စွာ​နေ​သော ပြည်​သား​တို့​တစ်​ဖက်၌ လျှို့​ဝှက်​သော​အ​မှု​များ​ကို ကြံ​စည်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 21,
      "text": "အ​ကျွန်ုပ်​ကို​ပါး​စပ်​ဟ၍ အေ့​ဟေ၊ အေ့​ဟေ၊ ငါ​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​ပြီ​ဟု ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 22,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 23,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၌​ရောက်​သော​အ​မှု​ကို စီ​ရင်​တော်​မူ​မည်​အ​ကြောင်း ကိုယ်​ကို​နှိုး​ဆော်၍ ထ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 24,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​အ​မှု​ကို ဆုံး​ဖြတ်​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​နိုင်၍ ဝမ်း​မ​မြောက်​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 25,
      "text": "အဲ၊ ငါ​တို့​အ​လို​ပြည့်​စုံ​ပြီ​ဟု မ​အောက်​မေ့​ကြ​ပါ​စေ​နှင့်။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ​ဟု၊ မ​ပြော​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 26,
      "text": "အ​ကျွန်ုပ်၌ ဘေး​ရောက်​သည်​အ​ကြောင်း​ကို ဝမ်း​မြောက်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​တစ်​ဖက်၌ ကိုယ်​ကို ချီး​မြှောက်​တတ်​သော သူ​တို့​အ​ပေါ်​မှာ အ​သ​ရေ​ပျက်​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း သက်​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 27,
      "text": "အ​ကျွန်ုပ်၏​ဟုတ်​မှန်​ခြင်း​ဘက်၌ နေ​သော​သူ​တို့​သည် ရွှင်​လန်း​စွာ​သီ​ချင်း​ဆို၍ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ မိ​မိ​ကျွန်၌ ချမ်း​သာ​တိုး​ပွား​ခြင်း​အ​ကြောင်း​ကို နှစ်​သက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု၊ သူ​တို့​သည် အ​စဉ်​မ​ပြတ် မြွက်​ဆို​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 35,
      "verse": 28,
      "text": "အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​တော်၏ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​အ​ရာ​ကို မြွက်​ဆို၍ အ​စဉ်​မ​ပြတ် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​သော​အ​ကြောင်း​သည် မ​တ​ရား​သော​သူ၏ မျက်​စိ၌​မ​ထင်​ဟု၊ ထို​သူ​ပြု​တတ်​သော ဒု​စ​ရိုက်​ကို ငါ​ထောက်၍ သ​ဘော​ကျ၏။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 2,
      "text": "သူ၏​အ​ပြစ်​ကို တွေ့​တော်​မ​မူ၊ ရွံ​ရှာ​တော်​မ​မူ​ဟု ကိုယ်​မျက်​စိ​ရှေ့၌ ကိုယ်​ကောင်း​သော အ​ယောင်​ကို ဆောင်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 3,
      "text": "သူ​ပြော​သော​စ​ကား​သည် အ​ဓ​မ္မ​စ​ကား၊ လှည့်​စား​သော​စ​ကား​ဖြစ်၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော​ပ​ညာ​ကို စွန့်​လေ​ပြီ။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 4,
      "text": "အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော​အ​မှု​ကို ကြံ​စည်​တတ်၏။ မ​ကောင်း​သော​လမ်း​သို့ အ​မြဲ​လိုက်၍၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ရွံ​ရှာ​ခြင်း​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 5,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 6,
      "text": "ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 7,
      "text": "အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော်​သည် အ​လွန်​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ၏။ ထို​ကြောင့် လူ​သား​တို့​သည် အ​တောင်​တော်​အ​ရိပ်​ကို ခို​လှုံ​လျက်​နေ​ရ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 8,
      "text": "အိမ်​တော်၏​ကြွယ်​ဝ​ခြင်း​နှင့် ရောင့်​ရဲ​လျက်​နေ၍၊ ကိုယ်​တော်၏​ချမ်း​သာ​မြစ်​ရေ​ကို သောက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​ထံ​မှာ အ​သက်​စမ်း​ရေ​တွင်း​ရှိ​ပါ၏။ အ​လင်း​တော်​ထဲ​မှာ အ​ကျွန်ုပ်​တို့​သည် အ​လင်း​ကို​ရ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 10,
      "text": "ကိုယ်​တော်​ကို သိ​သော​သူ​တို့​အား၊ က​ရု​ဏာ​တော်​ကို​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သော​သူ​တို့​အား ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​ကို​လည်း​ကောင်း တည်​မြဲ​တည်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 11,
      "text": "မာ​န၏​ခြေ​သည် အ​ကျွန်ုပ်​ကို မ​နင်း​ပါ​စေ​နှင့်။ မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို နေ​ရာ​မ​ရွေ့​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 36,
      "verse": 12,
      "text": "ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​သည် ထို​အ​ရပ်၌​ပင် လဲ​လျက်​နေ​ရ​ကြ​ပါ၏။ လှဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန်​ထ​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 1,
      "text": "လူ​ဆိုး​တို့​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မ​ကြာ​မ​မြင့်​မီ မြက်​ပင်​ကဲ့​သို့ ရိတ်​ခြင်း​ကို​ခံ​ရ၍၊ စိမ်း​သော​ပျိုး​ပင်​ညှိုး​နွမ်း​သ​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 5,
      "text": "ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 6,
      "text": "သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 8,
      "text": "အ​မျက်​မ​ထွက်​စေ​နှင့်။ ဒေါ​သ​စိတ်​ကို စွန့်​ပယ်​လော့။ ပြစ်​မှား​စေ​ခြင်း​ငှာ တိုက်​တွန်း​တတ်​သော​စိတ် မ​ရှိ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 9,
      "text": "ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 10,
      "text": "ခ​ဏ​ကြာ​ပြီး​မှ၊ မ​တ​ရား​သော​သူ​သည် မ​ရှိ​ရ။ သူ၏​နေ​ရာ​ကို စေ့​စေ့​ရှာ၍​မ​တွေ့​ရ။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 11,
      "text": "စိတ်​နှိမ့်​ချ​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို​အ​မွေ​ခံ၍၊ များ​ပြား​သော​ငြိမ်​သက်​ခြင်း၌ မွေ့​လျော်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 12,
      "text": "မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ ကြံ​စည်၍ အံ​သွား​ခဲ​ကြိတ်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 13,
      "text": "သို့​သော်​လည်း သူ၏​နေ့​ရက်​အ​ချိန်​ရောက်​မည်​ကို ဘု​ရား​ရှင်​သိ​မြင်၍၊ သူ့​ကို​ပြုံး​ရယ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 14,
      "text": "မ​တ​ရား​သော​သူ​တို့​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို လှဲ​ချ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​ကို သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ဓား​ကို​ထုတ်​လျက်၊ လေး​ကို​တင်​လျက် နေ​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 15,
      "text": "သို့​သော်​လည်း၊ သူ​တို့​ဓား​သည် သူ​တို့​နှ​လုံး​ထဲ​သို့ ဝင်​လိမ့်​မည်။ သူ​တို့​လေး​တို့​သည်​လည်း ကျိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 16,
      "text": "ဖြောင့်​မတ်​သော​သူ၌ နည်း​သော​ဥ​စ္စာ​သည် မ​တ​ရား​သော​သူ​ကြီး​တို့၌ ကြွယ်​ဝ​သော​ဥ​စ္စာ​ထက် သာ၍​ကျေး​ဇူး​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ၏​လက်​ရုံး​သည် ကျိုး​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား မ​စ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 18,
      "text": "ဖြောင့်​မတ်​သော​သူ​တို့၏​နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား သိ​မှတ်​တော်​မူ၍၊ သူ​တို့၏​အ​မွေ​ဥ​စ္စာ​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 19,
      "text": "သူ​တို့​သည် ခဲ​ယဉ်း​သော​ကာ​လ၌ မျက်​နှာ​မ​ပျက်၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ ဝ​စွာ​စား​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 20,
      "text": "မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​သည် ကျက်​စား​ရာ​အ​ရပ်၏ အ​သ​ရေ​ကဲ့​သို့​ဆုံး၍၊ မီး​ခိုး​ဖြစ်​လျက် ကွယ်​ပျောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 21,
      "text": "မ​တ​ရား​သော​သူ​သည်​ချေး​ငှား၍ မ​ဆပ်​ဘဲ​နေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သ​နား​သော​စိတ်​ရှိ၍ ပေး​တတ်၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 22,
      "text": "ကောင်း​ချီး​ပေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ကျိန်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​မူ​ကား၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 23,
      "text": "ကောင်း​သော​သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပဲ့​ပြင်၍၊ သူ​သွား​ရာ​လမ်း​ကို နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 24,
      "text": "ထို​သူ​သည် လဲ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​လက်​ကို ကိုင်​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 25,
      "text": "ဖြောင့်​မတ်​သော​သူ​သည် စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သည်​အ​ကြောင်း၊ သူ၏​သား​မြေး​တို့​သည် တောင်း၍​စား​ရ​သည်​အ​ကြောင်း​ကို ငါ​သည် အ​သက်​ပျို​သည်​ကာ​လ​မှ​စ၍ အို​သည်​တိုင်​အောင် မ​မြင်​စ​ဖူး။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 26,
      "text": "သူ​သည် အ​စဉ်​သ​နား​သော​စိတ်​ရှိ​သည်​နှင့်၊ သူ​တစ်​ပါး​တို့​အား ချေး​ငှား​တတ်​သည်​ဖြစ်၍၊ သူ၏​သား​မြေး​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 27,
      "text": "ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို ပြု​လော့။ သို့​ပြု​လျှင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 28,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​ကို​နှစ်​သက်​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​ကို​လည်း စွန့်​တော်​မ​မူ။ သူ​တို့​သည် စောင့်​မ​တော်​မူ​ခြင်း​ကို အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ၏​သား​မြေး​တို့​မူ​ကား၊ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 29,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 30,
      "text": "ဖြောင့်​မတ်​သော​သူ၏​နှုတ်​သည် ပ​ညာ​ကို​မြွက်​ဆို​တတ်၏။ သူ၏​လျှာ​သည်​လည်း တ​ရား​သော​စ​ကား​ကို ပြော​ဆို​တတ်၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​သည် သူ၏​စိတ်​နှ​လုံး​ထဲ​မှာ တည်​သည်​ဖြစ်၍၊ သူ​သွား​သော​အ​ခါ မ​ချော်​မ​လဲ​ရ။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 32,
      "text": "မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​ကို ချောင်း​မြောင်း၍ သတ်​ခြင်း​ငှာ ရှာ​ကြံ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 33,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၏​လက်၌ ဖြောင့်​မတ်​သော​သူ​ကို စွန့်​ပစ်​တော်​မူ​မည် မ​ဟုတ်။ အ​စစ်​ခံ​ရ​သော​အ​ခါ အ​ပြစ်​စီ​ရင်​တော်​မူ​မည် မ​ဟုတ်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 35,
      "text": "မ​တ​ရား​သော​သူ​သည် အ​စိုး​တ​ရ​ပြု၍၊ ပေါက်​ရင်း​အ​ရပ်​မှာ ကြီး​ပွား​သော သစ်​ပင်​လန်း​လန်း​ရှိ​သ​ကဲ့​သို့၊ ကိုယ်​ကို​ကိုယ်​ပြန့်​ပွား​စေ​သည်​ကို ငါ​မြင်​ရ​သော်​လည်း၊"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 36,
      "text": "နောက်​တစ်​ဖန်​သူ​သည် ရွေ့​သွား၍ ကွယ်​ပျောက်၏။ သူ့​ကို​လည်း ငါ​ရှာ၍​မ​တွေ့​ရ။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 37,
      "text": "စုံ​လင်​ခြင်း​တ​ရား​ကို စောင့်​ရှောက်​လော့။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​သို့​ပြု​သော​သူ​သည် အ​ဆုံး၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 38,
      "text": "ပြစ်​မှား​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ မ​တ​ရား​သော​သူ​တို့​သည် အ​ဆုံး၌ ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 39,
      "text": "ဖြောင့်​မတ်​သော​သူ​တို့၏ ကယ်​တင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ၌ သူ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 37,
      "verse": 40,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​မ​စ​ကယ်​တင်​တော်​မူ​မည်။ ယုံ​ကြည်​ခို​လှုံ​သော​ကြောင့်၊ မ​တ​ရား​သော​သူ​တို့​လက်​မှ နုတ်​ယူ​ကယ်​တင်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​ကို​အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်။ ပြင်း​စွာ​သော​စိတ်​တော်​ရှိ၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 2,
      "text": "မြား​တော်​တို့​သည် အ​ကျွန်ုပ်၌​စူး​ဝင်၍၊ လက်​တော်​သည် အ​ကျွန်ုပ်​ကို နှိပ်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 3,
      "text": "အ​မျက်​တော်​ထွက်​သော​ကြောင့်၊ အ​ကျွန်ုပ်​အ​သား​သည် ကျန်း​မာ​ခြင်း​မ​ရှိ​ပါ။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​ရိုး​များ​ထဲ​မှာ သက်​သာ​ခြင်း မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 4,
      "text": "အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​ခေါင်း​ကို လွှမ်း​မိုး၍၊ လေး​သော​ဝန်​ကဲ့​သို့ အ​ကျွန်ုပ်​မ​ထမ်း​နိုင်​အောင် လေး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 5,
      "text": "အ​ကျွန်ုပ်​မိုက်​သော​အ​မှု​ကြောင့် အ​နာ​တို့​သည် နံ​စော်၍ ရိ​ရွဲ့​လျက် ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 6,
      "text": "အ​ကျွန်ုပ်​သည် ပြင်း​ထန်​စွာ​ခံ​ရ၍၊ အ​လွန်​နှိမ့်​ချ​လျက်၊ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် တစ်​နေ့​လုံး သွား​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 7,
      "text": "အ​ကျွန်ုပ်​ခါး​သည် ပူ​လောင်​သော​အ​နာ​စွဲ၍၊ အ​သား​သည်​လည်း ကျန်း​မာ​ခြင်း​မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 8,
      "text": "နုန့်​နဲ့​ခြင်း၊ ကြေ​ကွဲ​ခြင်း​ရှိ၍၊ စိတ်​နှ​လုံး​လှုပ်​ရှား​သ​ဖြင့် အော်​ဟစ်​ရ​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 9,
      "text": "အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​အ​လို​ရှိ​သ​မျှ​သည် ရှေ့​တော်၌​ထင်​ရှား​ပါ၏။ အ​ကျွန်ုပ်​ညည်း​တွား​ခြင်း​ကို​လည်း အ​ကြွင်း​မဲ့​သိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 10,
      "text": "အ​ကျွန်ုပ်၏​နှ​လုံး​တုန်​လှုပ်၍၊ ခွန်​အား​လည်း​ကုန်​ပါ​ပြီ။ မျက်​စိ​အ​လင်း​လည်း ကွယ်​ပျောက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 11,
      "text": "အ​ကျွန်ုပ်၏​အ​ဆွေ​ခင်​ပွန်း၊ အ​ပေါင်း​အ​ဖော်​တို့​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကြောင့်၊ ဝေး​ဝေး​ရပ်​လျက်၊ ပေါက်​ဖော်​တို့​သည်​လည်း၊ ရှောင်​လျက်​နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 12,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို ရှာ​သော​သူ​တို့​သည် ကျော့​ကွင်း​များ​ကို ထောင်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို ရှာ​သော​သူ​တို့​သည် တစ်​နေ့​လုံး မ​နာ​လို​သော​စ​ကား​ကို​ပြော၍၊ မ​ကောင်း​သော​ပ​ရိ​ယာယ်​ကို ကြံ​စည်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 13,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ နား​ပင်း​သော​သူ​ကဲ့​သို့ မ​ကြား။ နှုတ်​ကို မ​ဖွင့်​တတ်​သော​လူ​ကဲ​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 14,
      "text": "နား​မ​ကြား၊ ပြန်၍​မ​ငြင်း​နိုင်​သော​သူ​ကဲ့​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ အ​ကျွန်ုပ်၏​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ပြန်​ပြော​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 16,
      "text": "သို့​မ​ဟုတ်၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​မှု​မှာ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ခြေ​ချော်​သော​အ​ခါ အ​ကျွန်ုပ်​တစ်​ဖက်၌ ကိုယ်​ကို​ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 17,
      "text": "အ​ကျွန်ုပ်​လဲ​လု​သည်​ဖြစ်၍၊ ကိုယ်​ဆင်း​ရဲ​ခြင်း​ကို အ​စဉ်​အောက်​မေ့​လျက် နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 18,
      "text": "ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​ပါ၏။ ပြစ်​မှား​မိ​သော​ကြောင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 19,
      "text": "အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကား၊ ကျန်း​မာ​လျက်၊ ခွန်​အား​ကြီး​လျက်​ရှိ ကြ​ပါ၏။ အ​ကျွန်ုပ်​ကို မ​ဟုတ်​မှန်​ဘဲ မုန်း​သော​သူ​တို့​ကား၊ များ​ပြား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 20,
      "text": "အ​ကျွန်ုပ်​သည် ကျေး​ဇူး​တ​ရား​ကို ကြိုး​စား၍ ကျင့်​သော​ကြောင့် ကျေး​ဇူး​အ​တွက် အ​ပြစ်​ပြု​တတ်​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 21,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 38,
      "verse": 22,
      "text": "အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 1,
      "text": "ငါ​သည်​စ​ကား​ဖြင့်​မျှ မ​ပြစ်​မှား​မည်​အ​ကြောင်း၊ ကိုယ်​အ​ကျင့်​ကို သ​တိ​ပြု​မည်။ မ​တ​ရား​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ​စဉ်၊ ငါ​သည်​ကိုယ်​နှုတ်​ကို ချည်​နှောင်​မည်​ဟု ငါ​ပြော​ထား၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 2,
      "text": "စ​ကား​မ​ပြော​ဘဲ အ​လျက်​နေ၏။ ကောင်း​သော​အ​ရာ​ကို​ပင် မ​ပြော။ ထို​သို့​နေ​စဉ်၊ ငါ​သည် စိတ်​ညစ်​ညူး​ခြင်း​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 3,
      "text": "ကိုယ်​အ​ထဲ​မှာ နှ​လုံး​ပူ​ဆွေး​ခြင်း​ရှိ၏။ ငါ​ညည်း​တွား​စဉ်၊ မီး​လောင်​လေ၏။ ထို​အ​ခါ​ငါ​သည် နှုတ်​မြွက်၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​ပျက်​တတ်​သော သ​ဘော​ကို သိ​ရ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏ လမ်း​ဆုံး​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်၏ အ​သက်​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း သိ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 5,
      "text": "အ​ကျွန်ုပ်​အ​သက်​တာ​ကို တစ်​မိုက်​မျှ​သာ ခန့်​ထား​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ရွယ်​သည် ရှေ့​တော်၌ ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ပါ၏။ အ​ကယ်​စင်​စစ်​လူ​မည်​သည်​ကား၊ လူ၏​အ​ထွတ်​သို့ ရောက်​သော်​လည်း၊ အ​န​တ္တ​သက်​သက်​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 6,
      "text": "အ​ကယ်​စင်​စစ်​လူ​သည် အ​ရိပ်၌​သာ ကျင်​လည်​ပါ၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် အ​ကျိုး​မဲ့ ပင်​ပန်း​ကြ​ပါ၏။ ဥ​စ္စာ​ကို​ဆည်း​ပူး​သော်​လည်း အ​ဘယ်​သူ​ရ​အံ့​သည်​ကို မ​သိ​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 7,
      "text": "ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ မျှော်​လင့်​ရ​ပါ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌​သာ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 8,
      "text": "ပြစ်​မှား​မိ​သ​မျှ​သော​အ​ပြစ်​တို့​မှ အ​ကျွန်ုပ်​ကို လွှတ်​တော်​မူ​ပါ။ မိုက်​သော​သူ​တို့၏ ကဲ့​ရဲ့​ခြင်း​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 9,
      "text": "ကိုယ်​တော်​စီ​ရင်​တော်​မူ​ရာ ဖြစ်​သော​ကြောင့်၊ အ​ကျွန်ုပ်​ပြော​စ​ရာ​မ​ရ။ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 10,
      "text": "အ​ကျွန်ုပ်​ကို ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်​ဦး။ လက်​တော်​အောက်၌ ဆုံး​မ​ခြင်း​ကို​ခံ​ရ၍ အား​ကုန်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 11,
      "text": "ကိုယ်​တော်​သည် လူ​တို့​အ​ပြစ်​ကြောင့် ဆုံး​မ၍ ဒဏ်​ခတ်​တော်​မူ​လျှင်၊ ပိုး​ရွ​ဖျက်​တတ်​သ​ကဲ့​သို့၊ လူ​တို့၏ တင့်​တယ်​ခြင်း​အ​သ​ရေ​ကို ပြယ်​ပျောက်​စေ​တော်​မူ၏။ အ​ကယ်​စင်​စစ် လူ​ခပ်​သိမ်း​တို့​သည် အ​န​တ္တ​သက်​သက် ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 12,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​ခြင်း​ပ​တ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ အ​ကျွန်ုပ် အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​ရည်​ကို ကြည့်၍ နေ​တော်​မ​မူ​ပါ​နှင့်။ ဘိုး​ဘေး​အ​ပေါင်း​တို့​သည် ဖြစ်​ဖူး​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 39,
      "verse": 13,
      "text": "အ​ကျွန်ုပ်​သည် ရွေ့​သွား၍​မ​ပျောက်​မီ​တွင် သက်​သာ​ရ​မည်​အ​ကြောင်း၊ မျက်​နှာ​လွှဲ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 1,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စေ့​စေ့​မျှော်​လင့်​သည်​ကာ​လ၊ ငါ့​ကို မျက်​နှာ​ပြု၍ ငါ​အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 2,
      "text": "ပျက်​စီး​ရာ​တွင်း​နှင့် အ​လွန်​ဆိုး​သော​ရွှံ့​ထဲ​က ငါ့​ကို​ဆယ်​နုတ်​ပြီး​လျှင် ငါ့​ခြေ​တို့​ကို ကျောက်​ပေါ်​မှာ​တင်၍ ငါ​ခြေ​ရာ​တို့​ကို တည်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 3,
      "text": "ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ရာ​သီ​ချင်း​သစ်​ကို ငါ​မြွက်​ဆို​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ လူ​များ​တို့​သည် သိ​မြင်၍ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 4,
      "text": "မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 5,
      "text": "အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​နှင့် ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​သည် များ​လှ​ပါ၏။ ရှေ့​တော်၌ အ​စဉ်​အ​တိုင်း လျှောက်၍​မ​ကုန်​နိုင်​ပါ။ အ​ကျွန်ုပ် ထုတ်​ဖော်​ကြား​ပြော​မည်​ဟု ဆို​သော်၊ ရေ​တွက်၍ မ​ကုန်​နိုင်​အောင်​များ​လှ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 6,
      "text": "ကိုယ်​တော်​သည် ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နား​ကို ဖွင့်​တော်​မူ​ပြီ။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​ကို တောင်း​တော်​မ​မူ​သော​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 7,
      "text": "ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို​အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​သည်​သွား​ပါ​မည်​ဟု ဝန်​ခံ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 8,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​အ​လို​ကို ဆောင်​ရာ၌ အ​ကျွန်ုပ်​သည် အား​ရ​ဝမ်း​မြောက်​ပါ၏။ ကိုယ်​တော်၏ တ​ရား​သည်​လည်း အ​ကျွန်ုပ်​နှ​လုံး​ထဲ​မှာ​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 9,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ပ​ရိသတ်​ကြီး​အ​လယ်​မှာ အ​ကျွန်ုပ်​ဟော​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို​ပိတ်၍ မ​နေ​ကြောင်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 10,
      "text": "ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ခြင်း​တ​ရား​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှ​လုံး​ထဲ​မှာ ဝှက်၍​မ​ထား​ပါ​နှင့်။ သ​စ္စာ​စောင့်​တော်​မူ​ခြင်း​တ​ရား​နှင့် ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ဟော​ပြော​ပါ​ပြီ။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ပ​ရိ​သတ်​ကြီး​အ​လယ်​မှာ မ​ထိမ်​မ​ဝှက်​ပါ။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ သ​နား​စုံ​မက်​တော်​မူ​ခြင်း​စိတ်​ကို မ​ချုပ်​တည်း​ပါ​နှင့်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​စောင့်​မ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ အ​တိုင်း​မ​သိ များ​စွာ​သော​ဘေး​ဥ​ပဒ်​တို့​သည် အ​ကျွန်ုပ်​ကို ဝိုင်း​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မျှော်၍ မ​ကြည့်​နိုင်​အောင် ခံ​ရ​သော​အ​ပြစ်​တို့​သည် အ​ကျွန်ုပ်​ကို​မီ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆံ​ပင်​ထက် များ​ပြား​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နှ​လုံး​သည် အား​လျော့​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 13,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 14,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​သော သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​န္တ​ရာယ်​ပြု​ချင်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 15,
      "text": "အ​ကျွန်ုပ်​ကို အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​အား​ဖြင့် မှိုင်​တွေ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 16,
      "text": "ကိုယ်​တော်​ကို​ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို နှစ်​သက်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု အ​စဉ်​မ​ပြတ် ပြော​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 40,
      "verse": 17,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 1,
      "text": "ဆင်း​ရဲ​သော​သူ​ကို အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ခဲ​ယဉ်း​သော​ကာ​လ၌ ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား ကယ်​နုတ်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ၍ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ပြည်​တော်၌ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​လိမ့်​မည်။ ထို​သူ​ကို ရန်​သူ​တို့​အ​လို​သို့ ကိုယ်​တော်​သည် အပ်​တော်​မ​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 3,
      "text": "သူ​သည်​နာ​ဖျား၍ တုံး​လုံး​နေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထောက်​ပင့်​တော်​မူ​မည်။ နာ၍​နေ​စဉ်​ကာ​လ ကိုယ်​တော်​သည် သူ၏​အိပ်​ရာ​ရှိ​သ​မျှ​ကို လှန်​ပြန်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 4,
      "text": "ငါ​လျှောက်​ဆို​ရ​သည်​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို သ​နား​တော်​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၌ စိတ်​ဝိ​ညာဉ်၏​အ​နာ​ကို ပျောက်​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 5,
      "text": "ငါ့​ရန်​သူ​တို့​က၊ သူ​သည်​သေ၍ သူ၏​နာ​မ​သည် အ​ဘယ်​ကာ​လ​မှ တိမ်​မြုပ်​လိမ့်​မည်​နည်း​ဟု ငါ့​ကို​မ​နာ​လို၍ ဆို​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 6,
      "text": "ငါ့​ကို ကြည့်​လာ​သော​သူ​သည် မု​သား​စ​ကား​ကို ပြော​တတ်၏။ သူ၏​နှ​လုံး​သည်​လည်း မ​ကောင်း​သော​အ​ကြံ​ကို ဆည်း​ပူး​သည်​နှင့်၊ ထွက်​သွား​သော​အ​ခါ ထုတ်​ဖော်​ပြော​တတ်၏။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 7,
      "text": "ငါ့​ကို​မုန်း​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ရန်​ဘက်​ပြု၍၊ တစ်​ယောက်​နှင့်​တစ်​ယောက် တိုး​တိုး​ပြော​လျက်၊ ငါ၌​မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 8,
      "text": "သူ၌ အ​ဓ​မ္မ​အ​မှု​အ​ရာ​စွဲ​ကပ်​သည်​ဖြစ်၍၊ တစ်​ခါ​လဲ​လျှင် နောက်​တစ်​ဖန်​မ​ထ​ရ​ဟု ဆို​ကြ၏။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 9,
      "text": "အ​ကယ်​စင်​စစ် ငါ​ယုံ၍၊ ငါ့​မုန့်​ကို​စား​သော အ​ဆွေ​ခင်​ပွန်း​သည် ငါ့​ကို ခြေ​နှင့်​ကျောက်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 10,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အ​ပြစ်​ကို အ​ကျွန်ုပ်​ဆပ်​ပေး​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို သ​နား၍ ထ​မြောက်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 11,
      "text": "အ​ကျွန်ုပ်၏​ရန်​သူ​သည် အ​ကျွန်ုပ်​အား မ​နိုင်​ကြောင်း​ကို​ထောက်၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မြတ်​နိုး​တော်​မူ​သည်​ဟု သိ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 12,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​ကျွန်ုပ်​စုံ​လင်​ခြင်း​အ​ရာ၌​မ​စ၍၊ ကာ​လ​အ​စဉ်​အ​ဆက် ရှေ့​တော်​ထဲ​မှာ နေ​ရာ​ပေး​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 19,
      "chapter": 41,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 1,
      "text": "သ​မင်​ဒ​ရယ်​သည် ရေ​စီး​သော​ချောင်း​ကို တောင့်​တ​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ​သည်​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 2,
      "text": "ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​ငတ်​လှ၏။ အ​ဘယ်​ကာ​လ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ရောက်၍ မျက်​နှာ​ပြ​ရ​အံ့​နည်း။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 3,
      "text": "သူ​တစ်​ပါး​တို့​က၊ သင်၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ငါ့​ကို အ​စဉ်​ပြော​ဆို​ကြ​သ​ဖြင့်၊ ငါ့​မျက်​ရည်​သည် နေ့​ည​မ​ပြတ် ငါ​စား​စ​ရာ​ဖြစ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 4,
      "text": "ထို​အ​ခြင်း​အ​ရာ​ကို ငါ​အောက်​မေ့၍ နေ​စဉ်​တွင်၊ ငါ့​စိတ်​နှ​လုံး​သည် ကြေ​ကွဲ​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် လူ​စု​များ​နှင့် ပေါင်း​ဖော်​လျက်၊ ရွှင်​လန်း​ခြင်း​အ​သံ၊ ထော​မ​နာ​ပြု​ခြင်း​အ​သံ​တို့​ကို ပြိုင်​ဆို၍၊ ဓ​မ္မ​ပွဲ​ခံ​သော​လူ​စု​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဖြည်း​ညင်း​စွာ သွား​လှ​လေ​ပြီ။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 5,
      "text": "အို​ငါ့​ဝိ​ညာဉ်၊ သင်​သည်​အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ​အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 6,
      "text": "အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​အ​ထဲ​မှာ ညှိုး​ငယ်​လျက်​ရှိ​ပါ၏။ အ​ကြောင်း​မူ​ကား၊ ယော်​ဒန်​မြစ်​ကမ်း၊ ဟေ​ရ​မုန်​တောင်​ရိုး၊ မိ​ဇ​ရ​ကုန်း​ပေါ်​မှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့​ပါ၏။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 7,
      "text": "ရေ​ဘွေ​တော်​များ​အ​သံ​ဗ​လံ​နှင့်​တ​ကွ ဝဲ​ဩ​ဃ တစ်​ခု​ကို​တစ်​ခု ဟစ်​ခေါ်၍ လှိုင်း​တံ​ပိုး​တော်​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ကို လွှမ်း​မိုး​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 8,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် နေ့​အ​ခါ သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို ပေး​ချ​တော်​မူ၏။ ည​အ​ခါ၌​လည်း ဂုဏ်​တော်​ကို သီ​ချင်း​ဆို​လျက်၊ ငါ့၏​အ​သက်​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​လျက် ငါ​နေ၏။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 9,
      "text": "အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် မေ့​လျော့​တော်​မူ​သ​နည်း။ ရန်​သူ​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ အ​ကျွန်ုပ်​သည် ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း​ဟု ငါ၏​ကျောက်​ဖြစ်​သော ဘု​ရား​သ​ခင်​ကို ငါ​လျှောက်​ရ၏။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 10,
      "text": "ငါ့​ရန်​သူ​တို့​က၊ သင်၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ငါ့​ကို​အ​စဉ်​ပြော​ဆို​ကြ​သ​ဖြင့်၊ ငါ့​အ​ရိုး​တို့​ကို ချိုး၍​ကဲ့​ရဲ့​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 42,
      "verse": 11,
      "text": "အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​မှု၌ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပါ။ က​ရု​ဏာ​မ​ရှိ​သော လူ​မျိုး​တစ်​ဖက်​က​နေ၍ အ​ကျွန်ုပ်​အ​မှု​ကို စောင့်​တော်​မူ​ပါ။ သ​စ္စာ​မ​ရှိ၊ မ​တ​ရား​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 2,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဘု​ရား​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် စွန့်​ပစ်​တော်​မူ​သ​နည်း။ ရန်​သူ​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ အ​ကျွန်ုပ်​သည် ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 3,
      "text": "အ​လင်း​တော်​နှင့် သ​စ္စာ​တော်​ကို စေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​လမ်း​ပြ၍ သန့်​ရှင်း​သော တောင်​တော်​သို့​လည်း​ကောင်း၊ တဲ​တော်​သို့​လည်း​ကောင်း အ​ကျွန်ုပ်​ကို ပို့​ဆောင်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 4,
      "text": "သို့​ပြု​လျှင် ဘု​ရား​သ​ခင်၏ ယဇ်​ပ​လ္လင်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဝမ်း​မြောက်​ရွှင်​လန်း​ရာ ဘု​ရား​သ​ခင်​ထံ​တော်​သို့​လည်း​ကောင်း အ​ကျွန်ုပ်​သည် ရောက်​လာ၍၊ ကိုယ်​တော်​ကို စောင်း​တီး​လျက် ချီး​မွမ်း​ထော​မ​နာ ပြု​ပါ​မည်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 43,
      "verse": 5,
      "text": "အို​ငါ့​ဝိ​ညာဉ်၊ သင်​သည်​အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 2,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​ကို လက်​တော်​ဖြင့်​နှင်​ထုတ်၍ အ​ကျွန်ုပ်​တို့၏​ဘိုး​ဘေး​များ​ကို နေ​ရာ​ချ​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိပ်​စက်၍ ဘိုး​ဘေး​များ​ကို ပြန့်​ပွား​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 3,
      "text": "သူ​တို့​သည် ကိုယ်​ဓား​ဖြင့် ထို​မြေ​ကို​အ​စိုး​ရ​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​လက်​ဖြင့် ကိုယ်​ကို ကယ်​တင်​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​အ​လို​ရှိ​သော​ကြောင့် လက်​ယာ​လက်​ရုံး​တော်​နှင့် မျက်​နှာ​တော်​အ​လင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 4,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 5,
      "text": "ကိုယ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ရန်​သူ​များ​ကို တွန်း​ချ​ကြ​ပါ​စေ​သော။ ရန်​ဘက်​ပြု​သော​သူ​တို့​ကို နာ​မ​တော်​အား​ဖြင့် နင်း​ရ​သော​အ​ခွင့် ရှိ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 6,
      "text": "ကိုယ်၌​ပါ​သော​လေး​ကို အ​ကျွန်ုပ်​သည် မ​ကိုး​စား။ ကိုယ်​ဓား​သည် အ​ကျွန်ုပ်​ကို မ​ကယ်​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 7,
      "text": "ကိုယ်​တော်​သာ​လျှင် အ​ကျွန်ုပ်​တို့​ကို ရန်​သူ​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​အား မုန်း​သော သူ​များ​ကို​လည်း အ​ရှက်​ကွဲ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 8,
      "text": "အ​ကျွန်ုပ်​တို့​သည် မ​ခြား​မ​လပ် ဘု​ရား​သ​ခင်၌​ဝါ​ကြွား၍ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မွမ်း​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 9,
      "text": "သို့​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်၍ အ​ရှက်​ကွဲ​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့ ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 10,
      "text": "အ​ကျွန်ုပ်​တို့​ကို ရန်​သူ​ရှေ့​မှာ ပြန်​ပြေး​စေ​တော်​မူ၍၊ မုန်း​သော​သူ​တို့​သည် အ​လို​လို​လု​ယူ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 11,
      "text": "ဟင်း​လျာ​ဖြစ်​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို အပ်​လိုက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ် ကွဲ​ပြား​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 12,
      "text": "ကိုယ်​တော်၏​လူ​များ​ကို အ​ဖိုး​မ​ခံ​ဘဲ​ရောင်း၍၊ ရောင်း​သော​အား​ဖြင့် စီး​ပွား​တော်​ကို တိုး​ပွား​စေ​တော်​မူ​သည် မ​ဟုတ်။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 13,
      "text": "အ​ကျွန်ုပ်​တို့​ကို အိမ်​နီး​ချင်း​များ​ကဲ့​ရဲ့​ရာ ပတ်​ဝန်း​ကျင်၌​နေ​သော​သူ​များ ပြက်​ရယ်​ပြု၍၊ အ​ရှက်​ခွဲ​ရာ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 14,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ပုံ​ခိုင်း​ရ​သော​အ​ခွင့်၊ လူ​စု​တို့​သည် ခေါင်း​ညိတ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 15,
      "text": "ကဲ့​ရဲ့​သော​သူ​နှင့် အ​သ​ရေ​ဖျက်​သော​သူ၏​စ​ကား​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 16,
      "text": "ရန်​ဘက်​ပြု​သော​သူ​နှင့် လက်​စား​ချေ​သော​သူ၏ မျက်​နှာ​ကြောင့်​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​အ​ရှက်​ကွဲ​ခြင်း​အ​ကြောင်း​ကို အ​စဉ်​မျက်​မှောက်​ပြု​ရ​ပါ၏။ မျက်​နှာ​ရှက်​ခြင်း​အား​ဖြင့် မွန်း​လျက်​နေ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 17,
      "text": "ထို​မျှ​လောက်​ခံ​ရ​သော်​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို မ​မေ့​မ​လျော့။ သ​စ္စာ​တော်​ကို မ​ဖျက်​ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 18,
      "text": "စိတ်​နှ​လုံး​သည် နောက်​သို့​မ​ဆုတ်၊ တ​ရား​တော်​လမ်း​မှ​လွှဲ၍ မ​သွား​ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 19,
      "text": "ကိုယ်​တော်​မူ​ကား၊ မြေ​ခွေး​နေ​ရာ​အ​ရပ်​မှာ အ​ကျွန်ုပ်​တို့​ကို ချိုး​ဖဲ့​နှိပ်​စက်၍၊ သေ​ခြင်း​အ​ရိပ်​နှင့် ဖုံး​လွှမ်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 20,
      "text": "အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မေ့​လျော့၍၊ တစ်​ပါး​အ​မျိုး၏​ဘု​ရား​ထံ​သို့ လက်​ကို​ဆန့်​သည်​မှန်​လျှင်၊"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 21,
      "text": "နှ​လုံး၌​ဝှက်​ထား​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဖြစ်၍၊ ထို​အ​မှု​ကို မ​စစ်​ဘဲ​နေ​တော်​မူ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 22,
      "text": "အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 23,
      "text": "အို​ဘု​ရား​ရှင်၊ နိုး​တော်​မူ​ပါ။ အ​ဘယ်​ကြောင့် ကျိန်း​စက်​တော်​မူ​သ​နည်း။ ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို အ​စဉ်​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 24,
      "text": "အ​ကျွန်ုပ်​တို့ ခံ​ရ​သော​နှိမ့်​ချ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို မျက်​နှာ​တော်​လွှဲ၍ အ​ဘယ်​ကြောင့် မေ့​လျော့​တော်​မူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 25,
      "text": "အ​ကျွန်ုပ်​တို့၏​စိတ်​ဝိ​ညာဉ်​သည် မြေ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ၍၊ ရင်​ပတ်​လည်း မြေ၌​ကပ်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 44,
      "verse": 26,
      "text": "အ​ကျွန်ုပ်​တို့​ကို မ​စ​သော​ဘု​ရား၊ ထ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​နှင့်​အ​ညီ ရွေး​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 1,
      "text": "ငါ့​စိတ်​နှ​လုံး​သည် မင်္ဂ​လာ​စ​ကား​နှင့် ပွက်​ထ​လျက်​ရှိ၍၊ ငါ​စီ​ရင်​သော​အ​ရာ​ကို ရှင်​ဘု​ရင်​ရှေ့​တော်၌ မြွက်​ဆို​ပေ​အံ့။ ငါ့​လျှာ​သည်​လည်း လိ​မ္မာ​ကျွမ်း​ကျင်​သော စာ​ရေး၏​က​ညစ်​ဖြစ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 2,
      "text": "ကိုယ်​တော်​သည် လူ​မျိုး​ထက်​အ​ဆင်း​လှ​ပါ၏။ နှုတ်​တော်​သည် ကျေး​ဇူး​စ​ကား​နှင့် ပြည့်​စုံ​ပါ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 3,
      "text": "တန်​ခိုး​ကြီး​သော​အ​ရှင်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော ကိုယ်​တော်၏​ဓား​ကို ပေါင်​တော်၌ စည်း​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 4,
      "text": "သ​စ္စာ​တ​ရား၊ နူး​ညံ့​ခြင်း​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့်၊ အ​သ​ရေ​တော်​ထင်​ရှား​လျက်၊ အောင်​မြင်၍ စီး​သွား​တော်​မူ​ပါ။ လက်​ယာ​လက်​တော်​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​ကို ကိုယ်​တော်​အား ပြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 5,
      "text": "ရှင်​ဘု​ရင်၏ ရန်​သူ​တို့​နှ​လုံး​ထဲ​မှာ မြား​တော်​တို့​သည် ထက်​သည်​ဖြစ်၍၊ လူ​တို့​သည် ခြေ​တော်​အောက်၌​လဲ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 6,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ပ​လ္လင်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​လ္လင်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​နိုင်​ငံ​သည် တ​ရား​သ​ဖြင့်​စီ​ရင်​သော နိုင်​ငံ​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 7,
      "text": "ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက်၊ ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 8,
      "text": "ဆင်​စွယ်​ဘုံ​ဗိ​မာန်​ထဲ​က​ထုတ်​သော အ​ဝတ်​တန်​ဆာ​တော်​ရှိ​သ​မျှ​တို့​သည် မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​အ​မွှေး​နှင့် ပြည့်​စုံ၍ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 9,
      "text": "အ​ပြည်​ပြည်​သော မင်း​သ​မီး​တို့​သည် မောင်း​မ​မိဿံ​အ​ဝင်​ဖြစ်၍၊ လက်​ယာ​တော်​ဘက်​မှာ ဩ​ဖိ​ရ​ရွှေ တန်​ဆာ​ဆင်​သော မြောက်​သား​တော်​နေ​ရာ​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 10,
      "text": "ငါ့​သ​မီး​နား​ထောင်​လော့။ ဆင်​ခြင်၍ နာ​ယူ​လော့။ ကိုယ်​အ​မျိုး​သား​ချင်း​နှင့် ကိုယ်​အ​ဘ၏​အိမ်​ကို မေ့​လျော့​လော့။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 11,
      "text": "သို့​ပြု​လျှင် သင်​လှ​သော​အ​ဆင်း​ကို ရှင်​ဘု​ရင်​သည် နှစ်​လို​စုံ​မက်​တော်​မူ​မည်။ သူ​သည် သင်၏​အ​ရှင်​ဖြစ်​သော​ကြောင့် သူ့​ကို​ကိုး​ကွယ်​လော့။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 12,
      "text": "တု​ရု​မင်း​သ​မီး​မှ​စ၍ လူ​စု​တွင် ဥ​စ္စာ​ရ​တတ်​သော​သူ​တို့​သည်​လည်း၊ လက်​ဆောင်​ပ​ဏ္ဏာ​ပါ​လျက် သင့်​ကို ဖျောင်း​ဖျ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 13,
      "text": "ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် အ​တွင်း၌ ဂုဏ်​အ​သ​ရေ​သက်​သက်​ရှိ၏။ ရွှေ​ဖြင့်​ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​ကို​ဆင်၏။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 14,
      "text": "ဇာ​နှင့်​ကာ​လျက် ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​ခဲ့​ရ၏။ နောက်​လိုက်​သော အ​ပေါင်း​အ​ဖော် အ​ပျို​တော်​များ​ကို​လည်း၊ ကိုယ်​တော်​ထံ​သို့ သွင်း​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 15,
      "text": "ဝမ်း​မြောက်​ရွှင်​လန်း​သော အ​ခြင်း​အ​ရာ​နှင့် ဆောင်​ခဲ့၍၊ ရှင်​ဘု​ရင်၏​နန်း​တော်​သို့ ဝင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 16,
      "text": "ကိုယ်​တော်၏​အ​ဘ​များ​ကိုယ်​စား သား​များ​ကို​ရ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် မင်း​အ​ရာ၌ ခန့်​ထား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 45,
      "verse": 17,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​နာ​မ​ကို လူ​မျိုး​အ​စဉ်​အ​ဆက် အောက်​မေ့​ကျော်​စော​စေ​သ​ဖြင့်၊ လူ​မျိုး​တို့​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​လ​တ္တံ့​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 2,
      "text": "ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 3,
      "text": "သ​မု​ဒ္ဒ​ရာ​ရေ​သည် ဟုန်း​ဟုန်း​မြည်၍ မွှေ​နှောက်​ပါ​လေ​စေ။ လှိုင်း​တံ​ပိုး​ထ​သ​ဖြင့်၊ တောင်​များ​တုန်​လှုပ်​ပါ​လေ​စေ။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 4,
      "text": "မြစ်​တစ်​မြစ်​ရှိ​သေး၏။ ထို​မြစ်​ရေ​သည်​စီး၍ ဘု​ရား​သ​ခင်၏ မြို့​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ သန့်​ရှင်း​သော​မြို့​တော်​ကို ရွှင်​လန်း​စေ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 5,
      "text": "ထို​မြို့​သည် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဖြစ်၍ တုန်​လှုပ်​ခြင်း​မ​ရှိ​ရာ။ မိုး​သောက်​လင်း​စ၌ ဘု​ရား​သ​ခင် ကူ​မ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 6,
      "text": "လူ​မျိုး​တို့​သည် ဟုန်း​ဟုန်း​မြည်​ကြ၏။ တိုင်း​နိုင်​ငံ​တို့​သည် လှုပ်​ရှား​ကြ၏။ ဗျာ​ဒိတ်​သံ​ကို လွှတ်​တော်​မူ၍ မြေ​ကြီး​သည် အ​ရည်​ဖြစ်​လေ၏။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 7,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ပြု​ပြင်၍ မြေ​ကြီး​ပေါ်​မှာ သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​တော်​များ​ကို လာ၍​ကြည့်​ရှု​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 9,
      "text": "လေး​ကို​ချိုး​လျက်၊ လှံ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လျက်၊ ရ​ထား​ကို​မီး​ရှို့​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် စစ်​မှု​ကို ငြိမ်း​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 10,
      "text": "ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟု သိ​မှတ်​ကြ​လော့။ လူ​မျိုး​တို့​တွင် ငါ​သည် ဘုန်း​ပွင့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဘုန်း​ပွင့်​မည်။"
    },
    {
      "book": 19,
      "chapter": 46,
      "verse": 11,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ယာ​ကုပ်၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 1,
      "text": "လူ​များ​အ​ပေါင်း​တို့၊ လက်​ခုပ်​တီး​ကြ​လော့။ ဘု​ရား​သ​ခင်​ထံ​သို့ အောင်​သံ​ကို​လွှင့်၍ ကြွေး​ကြော်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​သော မ​ဟာ​မင်း​ကြီး​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 3,
      "text": "လူ​စု​တို့​ကို ငါ​တို့​အောက်၌​လည်း​ကောင်း၊ လူ​မျိုး​တို့​ကို ငါ​တို့​ခြေ​အောက်၌​လည်း​ကောင်း နှိမ့်​ချ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 4,
      "text": "ချစ်​တော်​မူ​သော​ယာ​ကုပ်၏​ဘုန်း​ဖြစ်​သော ငါ​တို့​အ​မွေ​ကို ငါ​တို့​အ​ဖို့ ရွေး​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 5,
      "text": "ကြွေး​ကြော်​ခြင်း​အ​သံ​နှင့် ဘု​ရား​သ​ခင်​တက်​တော်​မူ၏။ တံ​ပိုး​မှုတ်​ခြင်း​အ​သံ​နှင့် ထာ​ဝ​ရ​ဘု​ရား တက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ သီ​ချင်း​ဆို​ကြ​လော့။ သီ​ချင်း​ဆို​ကြ​လော့။ ငါ​တို့၏​ရှင်​ဘု​ရင်​ကို ချီး​မွမ်း၍ သီ​ချင်း​ဆို​ကြ​လော့။ သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မြေ​ကြီး တစ်​ပြင်​လုံး​ကို​အ​စိုး​ရ​သော မင်း​ဖြစ်​တော်​မူ၏။ ချီး​မွမ်း​ခြင်း ထော​မ​နာ​သီ​ချင်း​ကို ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​သည် လူ​မျိုး​တို့​တွင်​စိုး​စံ​တော်​မူ၏။ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 47,
      "verse": 9,
      "text": "လူ​မျိုး​တို့၏​အ​ကြီး​အ​ကဲ​တို့​သည် အာ​ဗြ​ဟံ ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​လူ​မျိုး​ထံ​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တန်​ခိုး​များ​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ၏။ အ​ထူး​သ​ဖြင့် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​တော်​မူ၏။ သန့်​ရှင်း​သော တောင်​တော်​ပေါ်​မှာ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်​တွင် အ​ထူး​သ​ဖြင့် ထော​မ​နာ​ချီး​မွမ်း​ခြင်း​ကို ခံ​ထိုက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 2,
      "text": "မြေ​ကြီး​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ ဇိ​အုန်​တောင်​ထိပ်​သည် အ​ဆင်း​လှ​ပေ၏။ မြောက်​မျက်​နှာ​ဘက်၌ မ​ဟာ​မင်း​ကြီး၏ မြို့​တော်​သည် တည်၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 3,
      "text": "ထို​မြို့၏​ဘုံ​ဗိ​မာန်​တို့​တွင် ဘု​ရား​သ​ခင်၌ ခို​လှုံ​ရ​သည်​ကို သိ​ရ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​တို့​သည် စည်း​ဝေး၍ အ​တူ​လျှောက်​သွား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 5,
      "text": "မြင်​သော​အ​ခါ မှိုင်​တွေ၍ ထိတ်​လန့်​လျက် ပြေး​ကြ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 6,
      "text": "ထို​အ​ရပ်၌ သူ​တို့​သည် ကြောက်​လန့်​ခြင်း​သို့​ရောက်၍ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 7,
      "text": "တာ​ရှု​သင်္ဘော​တို့​ကို ချိုး​ဖျက်​သော အ​ရှေ့​လေ​နှင့် တွေ့​သ​ကဲ့​သို့​ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 8,
      "text": "ငါ​တို့​သည် ကြား​ဖူး​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်၌ တွေ့​မြင်​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် မြို့​တော်​ကို အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 9,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဗိ​မာန်​တော်​ထဲ​မှာ က​ရု​ဏာ​တော်​ကို အောက်​မေ့​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 10,
      "text": "အို​ဘု​ရား​သ​ခင်၊ နာ​မ​တော်​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​နှံ့​ပြား​သည်​နည်း​တူ၊ ဂုဏ်​အ​သ​ရေ​တော်​လည်း နှံ့​ပြား​လျက်​ရှိ၏။ လက်​ယာ​လက်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ပြည့်​ဝ​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 11,
      "text": "တ​ရား​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ဇိ​အုန်​တောင်​သည်​ဝမ်း​မြောက်၍၊ ယု​ဒ​အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 12,
      "text": "သား​မြေး​တို့​အား ကြား​ပြော​မည်​အ​ကြောင်း ဇိ​အုန်​မြို့​ကို ပတ်​ပတ်​လည်၍ ပြ​အိုး​တို့​ကို ရေ​တွက်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 13,
      "text": "ရင်​တား​တို့​ကို​မှတ်၍ ဘုံ​ဗိ​မာန်​များ​ကို​လည်း ဆင်​ခြင်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 48,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​စဉ်​အ​မြဲ ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ သေ​သည်​ကာ​လ​တိုင်​အောင် ငါ​တို့​ကို ပို့​ဆောင်​တော်​မူ​လ​တ္တံ့​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 1,
      "text": "လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ ခပ်​သိမ်း​သော လော​က​သား၊"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 2,
      "text": "အ​ယုတ်​အ​မြတ်၊ ကြွယ်​ဝ​သော​သူ၊ ဆင်း​ရဲ​သော​သူ​တို့၊ တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 3,
      "text": "ငါ့​နှုတ်​သည် ပ​ညာ​ကို​မြွက်​ဆို​မည်။ ငါ့​နှ​လုံး​သည် ဉာဏ်​နှင့်​ဆိုင်​သော​အ​ရာ​ကို ဆင်​ခြင်​မည်။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 4,
      "text": "ပုံ​စ​ကား​သို့ ကိုယ်​နား​ကို​လှည့်​လျက် နက်​နဲ​သော​အ​ရာ​ကို စောင်း​တီး၍ ဖွင့်​ပြ​ပေ​အံ့။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 5,
      "text": "ခဲ​ယဉ်း​ဆိုး​ယုတ်​သော​ကာ​လ၌ ငါ၏​အ​ရာ​တို့ကို လု​ယူ​ချင်​သော​သူ​တို့၏ ဒု​စ​ရိုက်​အ​မှု​သည် ငါ့​ကို​ဝိုင်း​သော်​လည်း၊ ငါ​သည် အ​ဘယ်​ကြောင့် ကြောက်​ရ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 6,
      "text": "ထို​သူ​တို့​သည် ကိုယ်​ဥ​စ္စာ​ကို ကိုး​စား၍၊ ကိုယ်​စည်း​စိမ်​များ​သော​ကြောင့် ဝါ​ကြွား​သော်​လည်း၊"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 7,
      "text": "မိ​မိ​ညီ​အစ်​ကို​ကို အ​ဘယ်​သူ​မျှ အ​လျှင်း​မ​ရွေး​နိုင်။ ရွေး​ရန်​အ​ဖိုး​ကို ဘု​ရား​သ​ခင်၌ မ​ပေး​နိုင်။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 8,
      "text": "သူ​တို့​အ​သက်​ဝိ​ညာဉ်၏ ရွေး​ရန်​အ​ဖိုး​ကြီး​လှ​ပေ၏။ သို့​ဖြစ်၍ အ​စဉ်​ရှုံး​လျက်​နေ​ရ​မည်။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 9,
      "text": "ရွေး​လျှင် အ​စဉ်​အ​မြဲ အ​သက်​ရှင်​ရာ၏။ ပုပ်​စပ်​ခြင်း​သို့ မ​ရောက်​ရာ။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 10,
      "text": "ထင်​ရှား​သော​အ​ရာ​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သူ​တို့​သည် သေ​တတ်​ကြ၏။ ထို​အ​တူ မိုက်​သော​သူ​နှင့် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ မိ​မိ​တို့​ဥ​စ္စာ​ကို သူ​တစ်​ပါး​တို့၌ ချန်​ထား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 11,
      "text": "မိ​မိ​တို့​အိမ်​သည် ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။ မိ​မိ​တို့​နေ​ရာ​လည်း လူ​မျိုး​အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။ မိ​မိ​တို့​နာ​မ​သည် မြေ​ပေါ်​မှာ ကျော်​စော​လိမ့်​မည်​ဟု သူ​တို့​စိတ်​ထင်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 12,
      "text": "သို့​ရာ​တွင် လူ​သည်​ဂုဏ်​အ​သ​ရေ၌ မ​တည်​မ​နေ​တတ်။ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​သော တိ​ရ​စ္ဆာန်​နှင့်​တူ၏။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 13,
      "text": "ထို​သို့​ပြု​မူ​ခြင်း​အ​ရာ​သည် သူ​တို့၏​ကိုး​စား​ရာ​ဖြစ်၍၊ သူ​တို့​သား​မြေး​တို့​သည် သူ​တို့​စ​ကား​ကို နှစ်​သက်​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 14,
      "text": "ထို​သူ​တို့​ကို သိုး​များ​ကဲ့​သို့ မ​ရ​ဏ​နိုင်​ငံ၌​ချ​ထား၍ သေ​မင်း​စား​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြောင့်​မတ်​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ​လိမ့်​မည်။ သူ​တို့၏​ကိုယ်​ခ​န္ဓာ​သည် ဖောက်​ပြန်​ဖို့​ရာ​ဖြစ်၏။ မ​ရ​ဏနိုင်​ငံ​သည် သူ​တို့၏​နေ​ရာ​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 15,
      "text": "ငါ့​ကို​မူ​ကား၊ ဘု​ရား​သ​ခင်​သိမ်း​ယူ​တော်​မူ​သော​ကြောင့်၊ ငါ၏​ဝိ​ညာဉ်​ကို မ​ရ​ဏနိုင်​ငံ၏​တန်​ခိုး​မှ ရွေး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 16,
      "text": "သူ​တစ်​ပါး​သည် ဥ​စ္စာ​ကြွယ်​ဝ၍၊ အိမ်၏​ဂုဏ်​အ​သ​ရေ​တိုး​ပွား​သော​အ​ခါ သင်​သည် မ​စိုး​ရိမ်​နှင့်။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 17,
      "text": "ထို​သူ​သည် သေ​သော​အ​ခါ၊ အ​ဘယ်​ဥ​စ္စာ​မျှ မ​ပါ​ရ။ သူ၏​ဂုဏ်​အ​သ​ရေ​သည် သူ့​နောက်​သို့ မ​ဆင်း​သက်​ရ။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 18,
      "text": "ထို​သူ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ မိ​မိ​ဝိ​ညာဉ်​ကို ကောင်း​ချီး​ပေး​တတ်၏။ မိ​မိ​အ​ကျိုး​ကို ပြု​စု​သော​အ​ခါ သူ​တစ်​ပါး​တို့​သည် ချီး​မွမ်း​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 19,
      "text": "သို့​သော်​လည်း၊ သူ​သည် သူ၏​ဘိုး​ဘေး​အ​မျိုး​ရှိ​ရာ​သို့ သွား​ရ​လိမ့်​မည်။ ကာ​လ​အ​စဉ်​အ​ဆက် သူ​တို့​သည် အ​လင်း​ကို မ​မြင်​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 49,
      "verse": 20,
      "text": "ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​လျက် ပ​ညာ​သ​တိ​မ​ရှိ​သော​သူ​သည်​ကား၊ ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​သော တိ​ရ​စ္ဆာန်​နှင့်​တူ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 1,
      "text": "တန်​ခိုး​ကြီး​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဗျာ​ဒိတ်​ပေး​တော်​မူ၏။ နေ​ထွက်​ရာ​မှ​သည် နေ​ဝင်​ရာ​တိုင်​အောင် မြေ​ကြီး​ကို ခေါ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 2,
      "text": "အ​သ​ရေ​တင့်​တယ်​ခြင်း​ပြည့်​စုံ​ရာ ဇိ​အုန်​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်၏​ရောင်​ခြည်​တော်​သည် ထွန်း​ပ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 3,
      "text": "ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 4,
      "text": "မိ​မိ​လူ​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ အ​ထက်​ကောင်း​ကင်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို​လည်း​ကောင်း ခေါ်​တော်​မူ​လျက်၊"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 5,
      "text": "ယဇ်​ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​သော ငါ၏​သန့်​ရှင်း​သူ​တို့​ကို ငါ့​ထံ​သို့​စု​ဝေး​စေ​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် တ​ရား​ဆုံး​ဖြတ်​တော်​မူ​သည်​ဖြစ်၍၊ ဖြောင့်​မတ်​တော်​မူခြင်း​အ​ကြောင်း​ကို ကောင်း​ကင်​တို့​သည် ထင်​ရှား​စွာ ပြ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 7,
      "text": "ငါ၏​လူ​များ​တို့ နား​ထောင်​ကြ။ ငါ​ပြော​မည်။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​တစ်​ဖက်၌ ငါ​သက်​သေ​ခံ​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 8,
      "text": "မီး​ရှို့​သော​ယဇ်​မှ​စ၍ ယဇ်​ပူ​ဇော်​ခြင်း​အ​မျိုး​မျိုး​အ​တွက် ငါ​သည် သင်၌​အ​ပြစ်​မ​တင်။ ထို​ယဇ်​တို့​သည် ငါ့​ရှေ့​မှာ အ​စဉ်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 9,
      "text": "သင့်​အိမ်​ထဲ​က နွား​ကို​လည်း​ကောင်း၊ သင့်​ခြံ​ထဲ​က ဆိတ်​ထီး​ကို​လည်း​ကောင်း ငါ​မ​ခံ​မ​ယူ။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 10,
      "text": "တော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့် တစ်​ထောင်​သော တောင်​ပေါ်​မှာ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် ငါ၏​ဥ​စ္စာ ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 11,
      "text": "တောင်​ပေါ်​မှာ​နေ​တတ်​သော ငှက်​အ​ပေါင်း​တို့​ကို ငါ​သိ၏။ တော​သား​ရဲ​တို့​သည် ငါ၌​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 12,
      "text": "ငါ​သည် ငတ်​မွတ်​လျှင် သင့်​ကို​မ​ပြော။ လော​က​ဓာတ်​နှင့် လော​က​ဥ​စ္စာ​သည် ငါ၏​ဥ​စ္စာ​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 13,
      "text": "နွား​သား​ကို ငါ​စား​မည်​လော။ ဆိတ်​သွေး​ကို ငါ​သောက်​မည်​လော။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 14,
      "text": "ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 15,
      "text": "အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 16,
      "text": "မ​တ​ရား​သော​သူ​ကို​ကား၊ သင်​သည် ငါ၏​အ​ထုံး​အ​ဖွဲ့​တို့​ကို ကြား​ပြော၍ ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို မြွက်​ဆို​ခြင်း​ငှာ အ​ဘယ်​သို့​ဆိုင်​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 17,
      "text": "ဆုံး​မ​သွန်​သင်​ခြင်း​ကို သင်​သည်​မုန်း၍ ငါ့​စ​ကား​ကို သင့်​နောက်၌ ပစ်​ထား​ပါ​သည်​တ​ကား။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 18,
      "text": "သင်​သည် သူ​ခိုး​ကို​မြင်​လျှင်၊ သူ​နှင့် သ​ဘော​တူ​တတ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​တို့​နှင့် ဆက်​ဆံ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 19,
      "text": "သင်၏​နှုတ်​ကို​ဒု​စ​ရိုက်၌​အပ်​နှံ၍၊ သင်၏​လျှာ​ဖြင့် မု​သား​ကို စီ​ရင်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 20,
      "text": "သင်​သည်​ထိုင်​လျက်၊ ကိုယ်​ညီ​အစ်​ကို​ကို ဆန့်​ကျင်​ဘက်​ပြု၍ ပြော​ဆို​တတ်၏။ ကိုယ်​အ​မိ၏​သား​ကို ဆဲ​ရေး​တတ်၏။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 21,
      "text": "ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 22,
      "text": "ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။"
    },
    {
      "book": 19,
      "chapter": 50,
      "verse": 23,
      "text": "ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း​အ​ပြစ်​ကို ဖြေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 2,
      "text": "ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 3,
      "text": "အ​ကျွန်ုပ်​လွန်​ကျူး​ပါ​ပြီ​ဟု​ဝန်​ချ​လျက် ကိုယ်​အ​ပြစ်​ကို အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 4,
      "text": "ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကို​သာ​ပြစ်​မှား၍ မျက်​မှောက်​တော်၌​ပင် မ​တ​ရား​သော​အ​မှု​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်၍ မိန့်​တော်​မူ​ချက်​သည် ဖြောင့်​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​သည် အ​ပြစ်​လွတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 5,
      "text": "အ​ကျွန်ုပ်​သည် မွေး​စ​က​ပင် အ​ပြစ်​ပါ​လျက်​ရှိ၏။ အ​မိ​ဝမ်း​ထဲ​မှာ ပ​ဋိ​သ​န္ဓေ​ယူ​စဉ်​ပင် အ​ပြစ်​စွဲ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 6,
      "text": "ဟုတ်​မှန်​ဖြောင့်​မတ်​သော​စိတ်​နှ​လုံး​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ထဲ​မှာ ပ​ညာ​ကို သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 7,
      "text": "အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 8,
      "text": "စိတ်​သက်​သာ​ဝမ်း​မြောက်​ခြင်း​ရှိ​မည်​အ​ကြောင်း​စ​ကား​ကို အ​ကျွန်ုပ်​အား ကြား​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ ချိုး​ဖဲ့​တော်​မူ​သော အ​ရိုး​တို့​သည် ရွှင်​မြူး​ခြင်း​ရှိ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 9,
      "text": "အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း ဒု​စ​ရိုက်​တို့​မှ မျက်​နှာ​တော်​ကို​လွှဲ၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို​လည်း ဖြေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 10,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 11,
      "text": "အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 12,
      "text": "ကယ်​တင်​တော်​မူ​ခြင်း​နှင့်​ယှဉ်​သော ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို ပြန်၍​ပေး​သ​နား​တော်​မူ​ပါ။ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​သည် အ​ကျွန်ုပ်​ကို​ထောက်​မ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 13,
      "text": "အ​ကျွန်ုပ်​သည်​လည်း မ​တ​ရား​သော​သူ​တို့​အား တ​ရား​လမ်း​ကို ပြ​သ​သွန်​သင်​ပါ​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ​သို့ ပြန်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 14,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​လွတ်​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​ကို အ​ကျွန်ုပ်​လျှာ​သည် ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 15,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​နှုတ်​ကို ဖွင့်​တော်​မူ​ပါ။ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ မြွက်​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 16,
      "text": "ယဇ်​ပူ​ဇော်​ခြင်း​ကို အ​လို​တော်​မ​ရှိ။ သို့​မ​ဟုတ်​လျှင် ယဇ်​ပူ​ဇော်​ပါ​မည်။ မီး​ရှို့​သော​ယဇ်​ပူ​ဇော်​ခြင်း​ကို​ပင် နှစ်​သက်​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော ယဇ်​မူ​ကား၊ ကျိုး​ပဲ့​သော​စိတ်​ပေ​တည်း။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကျိုး​ပဲ့​ကြေ​မွ​သော​နှ​လုံး​ကို ငြင်း​ပယ်​တော်​မ​မူ​တတ်​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 18,
      "text": "စေ​တ​နာ​စိတ်​တော်​ရှိ၍ ဇိ​အုန်​တောင်​ကို ကျေး​ဇူး​ပြု​တော်​မူ​ပါ။ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 51,
      "verse": 19,
      "text": "ထို​အ​ခါ တ​ရား​သ​ဖြင့် ပူ​ဇော်​သော​ယဇ်၊ မီး​ရှို့​သော​ယဇ်၊ တစ်​ကိုယ်​လုံး​မီး​ရှို့​သော​ယဇ်​နှင့် မွေ့​လျော်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ယဇ်​ပ​လ္လင်​တော်​ပေါ်​မှာ နွား​လား​တို့​ကို ယဇ်​ပူ​ဇော်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 1,
      "text": "အား​ကြီး​သော​အ​ချင်း​လူ၊ သင်​သည်​သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​အ​မှု၌ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​သည် အ​စဉ်​မ​ပြတ်​တည်၏။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 2,
      "text": "သင်၏​လျှာ​သည် ထက်​သော​သင်​တုန်း​ကဲ့​သို့ လှည့်​စား​သ​ဖြင့်၊ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​အ​မှု​ကို ပြု​စု​တတ်၏။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 3,
      "text": "သင်​သည် သု​စ​ရိုက်​ထက် ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​စ​ကား​ထက် မု​သား​စ​ကား​ကို​လည်း​ကောင်း သာ၍​နှစ်​သက်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 4,
      "text": "အို လှည့်​စား​တတ်​သော​လျှာ၊ သင်​သည် ပျက်​စီး​သော​စ​ကား​ရှိ​သ​မျှ​တို့​ကို နှစ်​သက်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 5,
      "text": "အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် သင့်​ကို အ​စဉ်​အ​မြဲ ချိုး​ဖျက်​ပယ်​ရှင်း​လျက်၊ သင်၏​နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​ထဲ​က နုတ်​ပစ်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 6,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည်​မြင်၍ ကြောက်​ရွံ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​ကို မ​ခို​လှုံ၊ မိ​မိ​ဥ​စ္စာ​ကြွယ်​ဝ​ခြင်း၌ ကိုး​စား၍၊ မိ​မိ​ဒု​စ​ရိုက်၌ ခိုင်​ခံ့​သော​သူ​ကို​ကြည့်​ပါ​ဟူ၍ သူ၌​ရယ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 8,
      "text": "ငါ​မူ​ကား၊ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ စိမ်း​လန်း​သော သံ​လွင်​ပင်​ကဲ့​သို့​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်၌ ကာ​လ​အ​စဉ်​အ​မြဲ ကိုး​စား​မည်။"
    },
    {
      "book": 19,
      "chapter": 52,
      "verse": 9,
      "text": "ကိုယ်​တော် စီ​ရင်​တော်​မူ​သော​ကြောင့်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ကာ​လ​အ​စဉ်​အ​မြဲ ချီး​မွမ်း​ပါ​မည်။ ကောင်း​မြတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​ရှေ့​မှာ နာ​မ​တော်​ကို​မျှော်​လင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည်​ထင်​တတ်၏။ ထို​သို့​သော သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း၍ စက်​ဆုပ်​ဖွယ်​သော ဒု​စ​ရိုက်​ကို ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 2,
      "text": "နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို သိ​မြင်​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့၍​ကြည့်​ရှု​တော်​မူ၍၊"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 3,
      "text": "လူ​အ​ပေါင်း​တို့​သည် ဆုတ်​သွား​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 4,
      "text": "မုန့်​ကို​စား​သ​ကဲ့​သို့ ငါ၏​လူ​တို့​ကို​ကိုက်​စား၍၊ ဘု​ရား​သ​ခင်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​ဓ​မ္မ​လူ​တို့​သည် မ​သိ​ဘဲ​နေ​ရ​ကြ​သ​လော။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 5,
      "text": "သို့​ဖြစ်၍ ကြောက်​လန့်​စ​ရာ​မ​ရှိ​သော်​လည်း၊ အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို​ဝန်း​ရံ၍ တပ်​ချ​သော​သူ၏​အ​ရိုး​တို့​ကို ဘု​ရား​သ​ခင်​သည် ဖ​ရို​ဖ​ရဲ​ကွဲ​ပြား​စေ​တော်​မူ​မည်။ သူ​တို့​ကို ဘု​ရား​သ​ခင် ရှုတ်​ချ​တော်​မူ​သော​ကြောင့်၊ သင်​သည် သူ​တို့​ကို​အ​ရှက်​ခွဲ​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 53,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ပေါ်​ထွန်း​ပါ​စေ​သော။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​မျိုး​တော်​ကို တစ်​ဖန်​ဘု​ရား​သ​ခင်​သည် ဆောင်​ခဲ့​တော်​မူ​သော​အ​ခါ၊ ယာ​ကုပ်​သည် ဝမ်း​မြောက်​ခြင်း၊ ဣ​သ​ရေ​လ​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ နာ​မ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ တန်​ခိုး​တော်​အား​ဖြင့် အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 2,
      "text": "အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​နှင့် အ​ကျွန်ုပ်​မြွက်​သော​စ​ကား​ကို နား​ထောင်​နား​ညောင်း​တော်​မူ​ပါ​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် အ​ကျွန်ုပ်​ကို​ရန်​ဘက်​ပြု၍ ထ​ကြ​ပါ​ပြီ။ ကြမ်း​တမ်း​သော​သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို ရှာ​ကြ​ပါ၏။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို မ​ထောက်​ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 4,
      "text": "ကြည့်​ရှု​လော့။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​ကူ​မ​တော်​မူ၏။ ငါ့​အ​သက်​ကို ထောက်​ပင့်​သော​သူ​တို့​တွင် ထာ​ဝ​ရ​ဘု​ရား ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 5,
      "text": "ငါ၏​ရန်​သူ​တို့​အား မ​ကောင်း​သော​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​မည်။ သ​စ္စာ​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 6,
      "text": "အ​ကျွန်ုပ်​သည်​လည်း၊ စေ​တ​နာ​စိတ်​နှင့် ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​မြတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 54,
      "verse": 7,
      "text": "အ​ကျွန်ုပ်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို ကိုယ်​မျက်​စိ​နှင့်​မြင်၍ အား​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​သ​နား​တော်​ခံ​သော​အ​ခါ ရှောင်၍​နေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 2,
      "text": "ကြည့်​ရှု​နား​ထောင်​တော်​မူ​ပါ။ ရန်​သူ၏​စ​ကား​သံ​ကြောင့်​လည်း​ကောင်း၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကြောင့်​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ညည်း​တွား​မြည်​တမ်း​လျက် နေ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 3,
      "text": "သူ​တို့​သည် အ​ကျွန်ုပ်​အ​ပေါ်၌ အ​ပြစ်​ကို​သက်​ရောက်​စေ၍၊ ဒေါ​သ​စိတ်​နှင့် မုန်း​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 4,
      "text": "အ​ကျွန်ုပ်​နှ​လုံး​သည် ကိုယ်​အ​ထဲ​မှာ တုန်​လှုပ်၍ သေ​ဘေး​ကို ကြောက်​အား​ကြီး​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 5,
      "text": "ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့​ရောက်၍ အ​လွန်​ထိတ်​လန့်​ခြင်း၌ မွန်း​လျက်​ရှိ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 6,
      "text": "ငါ​သည် ချိုး​ငှက်​ကဲ့​သို့ အ​တောင်​ကို ရ​ပါ​စေ​သော။ ထို​သို့​ရ​လျှင် အ​ခြား​သို့​ပျံ​သွား၍၊ ငြိမ်​ဝပ်​လျက်​နေ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 7,
      "text": "ဝေး​စွာ​သွား၍ တော​မှာ​နေ​ရာ​ကျ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 8,
      "text": "ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​နှင့် လွတ်​ခြင်း​ငှာ၊ အ​လျင်​အ​မြန်​ပြေး​လိမ့်​မည်​ဟု အ​ကျွန်ုပ်​စိတ်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 9,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​စ​ကား​ကို ပ​ပျောက်​အောင် ကွဲ​ပြား​စေ​တော်​မူ​ပါ။ မြို့​တော်​တွင် အ​နိုင်​အ​ထက်​ပြု​ခြင်း​နှင့် လု​ယူ​ခြင်း​ကို အ​ကျွန်ုပ်​မြင်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 10,
      "text": "မြို့​ရိုး​ပေါ်​မှာ နေ့​ည​မ​ပြတ် သူ​တို့​သည်​လည်​ကြ​ပါ၏။ မြို့​ထဲ​မှာ ဆိုး​ညစ်​သော​အ​မှု​နှင့် နှောင့်​ယှက်​ခြင်း​အ​မှု​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 11,
      "text": "အ​ဓ​မ္မ​တ​ရား​တို့​သည် မြို့​အ​လယ်၌​ရှိ၍၊ ညှဉ်း​ဆဲ​ခြင်း​နှင့် လှည့်​စား​ခြင်း​သည် လမ်း​တို့၌ နေ​ရာ​ကျ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 12,
      "text": "ငါ့​ကို​ကဲ့​ရဲ့​သော​သူ​သည် ငါ့​ရန်​သူ​မ​ဟုတ်။ ဟုတ်​လျှင် သည်း​ခံ​နိုင်၏။ ငါ့​ကို​ရန်​ဘက်​ပြု​သော​သူ​သည် ငါ့​ကို​မုန်း​သော​သူ​မ​ဟုတ်။ ဟုတ်​လျှင် ထို​သူ​ကို​ငါ​ရှောင်​နိုင်၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 13,
      "text": "ထို​သို့​ပြု​သော​သူ​သည် သင်​ဖြစ်၏။ ငါ​နှင့် ဘက်​သော​သူ၊ ငါ့​မိတ်​ဆွေ၊ ငါ​အ​သိ​အ​ကျွမ်း​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 14,
      "text": "အ​ချင်း​ချင်း​သာ​ယာ​သော ဆွေး​နွေး​တိုင်​ပင်​ခြင်း​ကို ပြု​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ လူ​အ​စု​အ​ဝေး​နှင့် အ​တူ​သွား​ကြ​ပြီ။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 15,
      "text": "သူ​တို့​ကို သေ​မင်း​ဖမ်း​ဆီး​ပါ​စေ။ အ​သက်​ရှင်​လျက် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​သက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ဒု​စ​ရိုက်​တို့​သည် သူ​တို့​နေ​ရာ​တွင် သူ​တို့​အ​ထဲ၌​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 16,
      "text": "ငါ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို​ပ​တ္ထ​နာ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 17,
      "text": "ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 18,
      "text": "ငါ့​ကို စစ်​တိုက်​ကြ​စဉ်​တွင်၊ ငါ့​အ​သက်​ကို ရွေး​နုတ်၍ ချမ်း​သာ​ပေး​တော်​မူ​မည်။ ငါ့​ဘက်၌​နေ​သော​သူ အ​များ​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 19,
      "text": "ရှေး​ကာ​လ​မှ​စ၍ အ​မြဲ​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် နား​ထောင်၍ သူ​တို့​ကို နှိမ့်​ချ​တော်​မူ​မည်။ သူ​တို့​သည် ပြောင်း​လဲ​ခြင်း​မ​ရှိ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို မ​ကြောက်​မ​ရွံ့​ကြ။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 20,
      "text": "ထို​သို့​သော​သူ​သည် မိတ်​ဆွေ​ဖြစ်​သော​သူ​ကို​ပြစ်​မှား၍ သ​စ္စာ​ပျက်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 21,
      "text": "သူ၏​စ​ကား​သည် ထော​ပတ်​ထက်​ချော​သော်​လည်း၊ စစ်​တိုက်​မည်​ဟု အ​ကြံ​ရှိ၏။ သူ၏​စ​ကား​သည် ဆီ​ထက်​ပျော့​သော်​လည်း၊ ထုတ်​သော​ဓား​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 22,
      "text": "ထမ်း​ရွက်​ရ​သော​ဝန်​ကို ထာ​ဝ​ရ​ဘု​ရား၌ ချ​ထား​လော့။ သင့်​ကို​မ​စ​တော်​မူ​မည်။ ဖြောင့်​မတ်​သော​သူ​ကို အ​စဉ်​အ​မြဲ လှုပ်​ရှား​စေ​တော်​မ​မူ​ရာ။"
    },
    {
      "book": 19,
      "chapter": 55,
      "verse": 23,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ လူ​တို့​သည် ကိုက်​စား​အံ့​သော​ဒေါ​သ​နှင့် နေ့​တိုင်း​တိုက်၍ အ​ကျွန်ုပ်​ကို နှိပ်​စက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 2,
      "text": "ရန်​သူ​တို့​သည် နေ့​တိုင်း ကိုက်​စား​အံ့​သော​ဒေါ​သ​ရှိ၍ မြင့်​သော​စိတ်​နှင့် အ​ကျွန်ုပ်​ကို​တိုက်​သော​သူ အ​များ​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 3,
      "text": "အ​ကျွန်ုပ်​သည် ကြောက်​ရွံ့​သော​အ​ခါ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ နှုတ်​က​ပတ်​တော်၌ ဝါ​ကြွား​ပါ​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ကို ခို​လှုံ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌ အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 5,
      "text": "သူ​တို့​သည် နေ့​တိုင်း ငါ့​စ​ကား​ကို အ​လွဲ​ယူ​ကြ၏။ ငါ၌​မ​ကောင်း​သော​အ​ကြံ​ကို​သာ ကြံ​စည်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 6,
      "text": "ငါ့​အ​သက်​ကို စောင့်​စဉ်​အ​ခါ စု​ဝေး၍ ချောင်း​မြောင်း​လျက်၊ ငါ့​ခြေ​ရာ​တို့​ကို ကြည့်​မှတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 7,
      "text": "သူ​တို့​သည် မ​တ​ရား​သော​အ​မှု​အား​ဖြင့် လွှတ်​ခြင်း​သို့​ရောက်​ရ​ပါ​မည်​လော။ အို​ဘု​ရား​သ​ခင်၊ ထို​လူ​များ​တို့​ကို အ​မျက်​တော်​ထွက်၍ လှဲ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 8,
      "text": "အ​ကျွန်ုပ်​သည် အ​ရပ်​ရပ်​လည်​ရ​သော အ​ခြင်း​အ​ရာ​တို့​ကို ကိုယ်​တော်​မှတ်၍ အ​ကျွန်ုပ်​မျက်​ရည်​တို့​ကို ဘူး​တော်​ထဲ​မှာ ထည့်​တော်​မူ​ပါ။ စာ​ရင်း​တော်၌​ရှိ​ပါ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​သည် ငါ့​ဘက်​မှာ​နေ​တော်​မူ​သော​ကြောင့်၊ ငါ​အော်​ဟစ်​သော​အ​ခါ ရန်​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ​ကြ​မည်​ကို ငါ​သိ၏။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ နှုတ်​က​ပတ်​တော်၌ ဝါ​ကြွား​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ နှုတ်​က​ပတ်​တော်၌ ဝါ​ကြွား​မည်။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 11,
      "text": "ငါ​သည် ဘု​ရား​သ​ခင်​ကို ခို​လှုံ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌​အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 12,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​ပြု​ပါ​သည်​ဖြစ်၍၊ သ​စ္စာ​ဝတ်​ကို​ဖြေ​လျက် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 56,
      "verse": 13,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ကို သေ​ခြင်း​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ အ​သက်​ရှင်​သော​သူ​တို့၏​အ​လင်း​ထဲ​မှာ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ကျွန်ုပ်​ကျင့်​နေ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ခြေ​ကို​လည်း ထိ​မိ၍​လဲ​ခြင်း​မှ ကယ်​လွှတ်​တော်​မူ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ သ​နား​တော်​မူ​ပါ။ ဘေး​မ​လွန်​မီ​တိုင်​အောင် အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။ အ​တောင်​တော်​အ​ရိပ်၌ ခို​လှုံ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 2,
      "text": "ငါ​သည် အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၊ ငါ့​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အော်​ဟစ်​မည်။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 3,
      "text": "ကောင်း​ကင်​က​လက်​တော်​ကို ဆန့်​တော်​မူ​မည်။ ငါ့​ကို​ကိုက်​စား​အံ့​သော​သူ​ကို အ​ရှက်​ခွဲ​သ​ဖြင့်၊ ငါ့​ကို ကယ်​တင်​တော်​မူ​မည်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 4,
      "text": "ငါ့​ဝိ​ညာဉ်​သည် ခြင်္သေ့​စု​ထဲ​မှာ​နေ​ရ၏။ ဒေါ​သ​မီး​လောင်​လျက်​ရှိ​သော လူ​သား​တို့​တွင် ငါ​အိပ်​ရ၏။ သူ​တို့​သွား​တို့​သည် လှံ​နှင့်​မြား ဖြစ်​ကြ၏။ သူ​တို့​လျှာ​သည်​လည်း ထက်​သော​သန်​လျက်​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 5,
      "text": "အို​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​မြင့်​သည်​ထက် ကိုယ်​တော်​ကြီး​မြင့်​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဘုန်း​တော် လွှမ်း​မိုး​ပါ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 6,
      "text": "သူ​တို့​သည် ငါ​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ပြင်​ဆင်​ကြ​ပြီ။ ငါ့​ဝိ​ညာဉ်​သည် နှိမ့်​ချ​လျက်​ရှိ၏။ ငါ့​ရှေ့၌ တွင်း​ကို​တူး​ကြ​ပြီး​မှ ကိုယ်​တူး​သော တွင်း​ထဲ​သို့​ကိုယ်​ကျ​ကြ​ပြီ။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 7,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြ​ည်ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 8,
      "text": "အို​ငါ့​ဝိ​ညာဉ်၊ နိုး​လော့။ တ​ယော​နှင့် စောင်း​တို့ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 9,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ပ​ရိ​သတ်​အ​လယ်၌ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​တို့​တွင် ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 57,
      "verse": 11,
      "text": "အို​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​မြင့်​သည်​ထက် ကိုယ်​တော်​ကြီး​မြင့်​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဘုန်း​တော်​လွှမ်း​မိုး​ပါ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 1,
      "text": "အို​လူ​သား​တို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် စ​ကား​ဖြောင့်​ကြ​သ​လော။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 2,
      "text": "တ​ရား​သ​ဖြင့် စီ​ရင်​ကြ​သ​လော။ အ​ကယ်​စင်​စစ် သင်​တို့​သည် မ​တ​ရား​သော​အ​ကြံ​ကို ကြံ​စည်၍ မြေ​ကြီး​ပေါ်​မှာ ကိုယ်​လက်​နှင့်​ပြု​သော ညှဉ်း​ဆဲ​ခြင်း​ကို ချိန်​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 3,
      "text": "မ​တ​ရား​သော သူ​တို့​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ ရိုင်း​သော​သ​ဘော​ရှိ​ကြ၏။ မွေး​က​တည်း​က လမ်း​လွှဲ၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 4,
      "text": "သူ​တို့​အ​ဆိပ်​သည် မြွေ​အ​ဆိပ်​နှင့် တူ၏။ နား​ပင်း​သော​မြွေ​ဆိုး​သည် မိ​မိ​နား​ကို​ပိတ်၍၊"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 5,
      "text": "လိ​မ္မာ​သော​အ​လ​မ္ပယ်​မြွက်​ဆို​သော မ​န္တ​ရား​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သ​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 6,
      "text": "အို​ဘု​ရား​သ​ခင်၊ သူ​တို့​ပါး​စပ်​ထဲ​မှာ သွား​များ​ကို​ချိုး​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ခြင်္သေ့​တို့၏ အံ​သွား​များ​ကို ချိုး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 7,
      "text": "ထို​သူ​တို့​သည် စီး​သော​ရေ​ကဲ့​သို့ ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ လေး​ကို​တင်​သော​အ​ခါ မြား​တို့​သည် ကျိုး​သ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 8,
      "text": "ခ​ရု​သည်​သွား​စဉ်​တွင် ရွေ့​လျော့​သ​ကဲ့​သို့​လည်း​ကောင်း၊ ပျက်​သော​ကိုယ်​ဝန်​သည် နေ​ရောင်​ကို မ​မြင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 9,
      "text": "ဆူး​ပင်​နှင့် မွေး​သော​မီး​ပူ​မှန်း​ကို အိုး​တို့​သည်​မ​သိ​မီ၊ အ​သက်​ရှင်​သော​ဆူး​ပင်​နှင့် မီး​လောင်​လျက်​ရှိ​သော ဆူး​ပင်​တို့​ကို လေ​ပွေ​တိုက်​သွား​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 10,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ထို​သို့​သော​ဒဏ်​ပေး​ခြင်း​ကို မြင်၍ ဝမ်း​မြောက်​ပါ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏ အ​သွေး၌ မိ​မိ​ခြေ​တို့​ကို ဆေး​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 58,
      "verse": 11,
      "text": "သူ​တစ်​ပါး​က​လည်း၊ ဖြောင့်​မတ်​သော​သူ​သည် အ​ကျိုး​ကို ဧ​ကန်​အ​မှန်​ခံ​ရ၏။ မြေ​ကြီး​ပေါ်​မှာ တ​ရား​စီ​ရင်​သော ဘု​ရား​သ​ခင်​သည် ဧ​ကန်​အ​မှန်​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 1,
      "text": "အို အ​ကျွန်ုပ်၏​ဘု​ရား၊ ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော​သူ​တို့၏​အ​ပေါ်​မှာ အ​ကျွန်ုပ်​ကို ချီး​မြှောက်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 2,
      "text": "ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​အ​ထဲ​က အ​ကျွန်ုပ်​ကို​နုတ်​ယူ၍၊ အ​သက်​ကို​သတ်​လို​သော သူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 3,
      "text": "သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို သတ်​လို၍ ချောင်း​ကြည့်​လျက်​နေ​ကြ​ပါ၏။ အား​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ စည်း​ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မှား​ယွင်း​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​အ​ပြစ်​ကြောင့် မ​ဟုတ်​ပါ။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 4,
      "text": "အ​ကျွန်ုပ်၌ အ​ပြစ်​မ​ရှိ​ဘဲ သူ​တို့​သည်​ပြေး​လာ၍ ပြင်​ဆင်​ကြ​ပါ၏။ အ​ကျွန်ုပ်​ကို ကူ​မ​ခြင်း​ငှာ နိုး​တော်​မူ​ပါ။ ကြည့်​ရှု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ သာ​သ​နာ​ပ​လူ​အ​ပေါင်း​တို့​ကို ဆုံး​မ​ခြင်း​ငှာ နိုး​တော်​မူ​ပါ။ ဒု​စ​ရိုက်၌ ကျင်​လည်​သော​သူ တစ်​စုံ​တစ်​ယောက်​ကို​မျှ သ​နား​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 6,
      "text": "သူ​တို့​သည် ညဉ့်​ဦး​ယံ၌ ပြန်​လာ၍၊ ခွေး​ဘာ​သာ​အ​တိုင်း​မြည်​လျက် မြို့​ကို​လှည့်​ပတ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 7,
      "text": "ထို​သူ​တို့​သည် စော်​ကား​သော​စ​ကား​ကို​ပြော၍၊ သူ​တို့​နှုတ်​ခမ်း​တွင် ဓား​ပါ​လျက် အ​ဘယ်​သူ​ကြား​လိမ့်​မည်​နည်း​ဟု ဆို​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 8,
      "text": "သို့​ရာ​တွင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သူ​တို့​ကို​ပြုံး​ရယ်၍ သာ​သ​နာ​ပ​လူ​အ​ပေါင်း​တို့​ကို ကဲ့​ရဲ့​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 9,
      "text": "အို အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ ကိုယ်​တော်​ကို မျှော်​လင့်​ပါ​မည်။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 10,
      "text": "က​ရု​ဏာ​အ​ရှင် ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို ကူ​မ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​မည်။ ရန်​သူ​တို့​ကို အ​ကျွန်ုပ်​ကြည့်​ရှု၍ အား​ရ​သော​အ​ခွင့် ရှိ​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 11,
      "text": "အ​ကျွန်ုပ်​တို့​ကို ကွယ်​ကာ​တော်​မူ​သော ဘု​ရား​ရှင်၊ သူ​တို့​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင် အ​ကျွန်ုပ်၏​လူ​တို့​သည် သ​တိ​လစ်​ကြ​ပါ​လိမ့်​မည်။ တန်​ခိုး​တော်​အား​ဖြင့် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍ နှိမ့်​ချ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 12,
      "text": "သူ​တို့​ပြော​မိ​သော စ​ကား​တည်း​ဟူ​သော သူ​တို့​နှုတ်၏​အ​ပြစ်​ကြောင့် မိ​မိ​တို့​မာ​န​တွင် ကျော့​မိ​ပါ​စေ​သော။ သူ​တို့ ကျိန်​ဆဲ​သော​စ​ကား​နှင့် မု​သား​စ​ကား​ကြောင့်၊"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 13,
      "text": "အ​မျက်​တော်​အား​ဖြင့် ပျောက်​ပျက်​စေ​တော်​မူ​ပါ။ အ​ကုန်​အ​စင် ပျောက်​ပျက်​စေ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည် ယာ​ကုပ်​အ​မျိုး​မှ​စ၍ မြေ​ကြီး​စွန်း​တိုင်​အောင် အုပ်​စိုး​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 14,
      "text": "ညဉ့်​ဦး​ယံ၌ ပြန်​လာ၍၊ ခွေး​ဘာ​သာ​အ​တိုင်း​မြည်​လျက် မြို့​ကို​လှည့်​ပတ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 15,
      "text": "အ​စာ​ကို​ရှာ​လျက် အ​ရပ်​ရပ်​သို့​လည်၍​မ​ဝ​ဘဲ တစ်​ည​လုံး​နေ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 16,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ တန်​ခိုး​တော်​ကို​သီ​ချင်း​ဆို​ပါ​မည်။ နံ​နက်​ယံ၌ က​ရု​ဏာ​တော်​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ဘေး​ရောက်​သော​ကာ​လ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ၊ ဘေး​လွတ်​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 59,
      "verse": 17,
      "text": "အို အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၌ က​ရု​ဏာ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပြီ။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 2,
      "text": "မြေ​ကြီး​ကို လှုပ်၍ ခွဲ​တော်​မူ​ပြီ။ ကွဲ​အက်​ရာ​တို့​ကို တစ်​ဖန် စေ့​စပ်​စေ​တော်​မူ​ပါ။ တုန်​လှုပ်​လျက် ရှိ​ပါ​သေး၏။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 3,
      "text": "ကိုယ်​တော်၏​လူ​တို့​ကို ခက်​ထန်​စွာ​စီ​ရင်၍၊ မှိုင်​တွေ​ခြင်း စ​ပျစ်​ရည်​ကို​တိုက်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 4,
      "text": "ကိုယ်​တော်​ကို ကြောက်​ရွံ့​သော သူ​တို့​သည် သ​စ္စာ​တ​ရား​ကြောင့် ထူ​ရ​သော​အ​လံ​ကို ပေး​သ​နား​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 5,
      "text": "ချစ်​တော်​မူ​သော သူ​တို့​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​စ​ကား​ကို​နား​ထောင်၍၊ လက်​ယာ​လက်​ရုံး​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 6,
      "text": "သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို တိုင်း​ထွာ​မည်။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 7,
      "text": "ဂိ​လဒ်​ပြည်​ကို ငါ​ပိုင်​ရ၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​ရ၏။ ဧ​ဖ​ရိမ်​ပြည်​ကား၊ ငါ့​ဦး​ခေါင်း၏​အ​စွမ်း​ဖြစ်​ရ၏။ ယု​ဒ​ပြည်​ကား၊ ငါ၏​လွှတ်​တော်​ဖြစ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 8,
      "text": "မော​ဘ​ပြည်​ကား၊ ငါ့​ရေ​ချိုး​အိုး​ဖြစ်​ရ၏။ ဧ​ဒုံ​ပြည်​ကား၊ ငါ့​ခြေ​နင်း​ရာ ဖြစ်​ရ၏။ ဖိ​လိ​တ္တိ​ပြည်​အ​ပေါ်​မှာ အောင်​သံ​နှင့် ကြွေး​ကြော်​မည်။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 9,
      "text": "အား​ကြီး​သော မြို့​ထဲ​သို့ ငါ့​ကို အ​ဘယ်​သူ သွင်း​ပေး​မည်​နည်း။ ဧ​ဒုံ​ပြည်​သို့ ငါ့​ကို အ​ဘယ်​သူ​လမ်း​ပြ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 10,
      "text": "အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 11,
      "text": "ဒု​က္ခ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ မ​စ​တော်​မူ​ပါ။ လူ​တို့​သည် ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 60,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​စွာ ပြု​ကြ​မည်။ ငါ​တို့၏ ရန်​သူ​များ​ကို ကိုယ်​တော်​တိုင်​နင်း​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 1,
      "text": "အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို နား​ထောင်၍ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 2,
      "text": "စိတ်​နှ​လုံး​ညှိုး​ငယ်​လျက် မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အ​ကျွန်ုပ်​အ​ထက်၌ မြင့်​သော​ကျောက်​သို့ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 3,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ၊ ရန်​သူ​တို့​ရှေ့​မှာ ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 4,
      "text": "တဲ​တော်၌ အ​စဉ်​နေ​ပါ​မည်။ အ​တောင်​တော်​ဖုံး​အုပ်​ရာ၌ ခို​လှုံ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 5,
      "text": "အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ပြု​သော သ​စ္စာ​က​တိ​တို့​ကို ကြား​တော်​မူ၏။ နာ​မ​တော်​ကို ကြောက်​ရွံ့​သော သူ​တို့၏​အ​မွေ​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 6,
      "text": "ရှင်​ဘု​ရင်၏ အ​သက်​နေ့​ရက်​ကာ​လ​ကို ရှည်​စေ​တော်​မူ၍၊ နှစ်​စဉ်​မ​ပြတ် နိ​စ္စ​ထာ​ဝ​ရ​တည်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​န​န္တ​ကာ​လ​ပတ်​လုံး နေ​တော်​မူ​စေ​သ​တည်း။ က​ရု​ဏာ​နှင့် သ​စ္စာ​တော်​သည် သူ့​ကို စောင့်​မ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 61,
      "verse": 8,
      "text": "သို့​ဖြစ်၍ နေ့​ရက်​အ​စဉ်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ခြင်း​ငှာ၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ထော​မ​နာ​သီ​ချင်း ဆို​ပါ​လေ​အံ့​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 1,
      "text": "အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 2,
      "text": "အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို​ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ၌ လှုပ်​ရှား​ခြင်း​များ​စွာ မ​ရှိ​ရာ။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 3,
      "text": "သင်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တစ်​ယောက်​သော​သူ​ကို တိုက်​ကြ​မည်​နည်း။ သူ့​ကို တိမ်း​သော​အုတ်​ရိုး၊ လှုပ်​သော ထ​ရံ​ကဲ့​သို့​မှတ်၍၊ သင်​တို့​အ​ပေါင်း​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဖြို​ဖျက်​ကြ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 4,
      "text": "ထို​သူ​ကို မြင့်​သော​အ​ရပ်​က လှဲ​ခြင်း​ငှာ ကြံ​စည်​လျက်​နေ​ကြ၏။ မု​သား​ကို​နှစ်​သက်​ကြ၏။ နှုတ်​ဖြင့်​ကား၊ ကောင်း​ချီး​ကို​ပေး​လျက်၊ နှ​လုံး၌​ကား၊ ကျိန်​ဆဲ​ခြင်း​ကို ပြု​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 5,
      "text": "အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ​မျှော်​လင့်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 6,
      "text": "အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ​သည် လှုပ်​ရှား​ခြင်း​မ​ရှိ​ရာ။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 7,
      "text": "ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ၏​ဘုန်း​ပွင့်​ခြင်း​အ​ကြောင်း​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ့​ကို အား​ပေး​သော​ကျောက်၊ ငါ​ခို​လှုံ​ရာ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 8,
      "text": "အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 9,
      "text": "အ​ကယ်​စင်​စစ် ယုတ်​ညံ့​သော​သူ​တို့​သည် အ​န​တ္တ၊ အ​သ​ရေ​ရှိ​သော​သူ​တို့​သည် မု​သား​ဖြစ်​ကြ၏။ ချိန်​ခွင်​နှင့် ချိန်​စက်​လျှင် ထို​သူ​အ​ပေါင်း​တို့​သည် အ​န​တ္တ​ထက်​သာ၍​ပေါ့​ကြ၏။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 10,
      "text": "ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် တစ်​ကြိမ် ဗျာ​ဒိတ်​ပေး​တော်​မူ​ပြီ။ နှစ်​ကြိမ်​မြောက် ငါ​ကြား​ရ​သော ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊ တန်​ခိုး​သည် ဘု​ရား​သ​ခင်၌​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 62,
      "verse": 12,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​ရု​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ကိုယ်​တော်​သည် လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 2,
      "text": "ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကို​မြင်​ခြင်း​ငှာ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ထို​သို့ ကိုယ်​တော်​ကို ဖူး​မျှော်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 3,
      "text": "က​ရု​ဏာ​တော်​သည် အ​သက်​ထက်​သာ၍ ကောင်း​သော​ကြောင့်၊ အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ရ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 4,
      "text": "ထို​သို့ အ​သက်​ရှင်​စဉ်​တွင် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လက်​ကို​ချီ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 5,
      "text": "အိပ်​ရာ​ပေါ်​မှာ ကိုယ်​တော်​ကို အောက်​မေ့၍၊ ညဉ့်​ယံ​တို့၌ ကိုယ်​တော်​ကို ဆင်​ခြင်​လျက်​နေ​သော​အ​ခါ၊ ဆီ​ဥ​ကို​လည်း​ကောင်း၊ ဆူ​သော​အ​သား​ကို​လည်း​ကောင်း စား၍​ဝ​သ​ကဲ့​သို့၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည်​ဝ၍ ရွှင်​လန်း​သော​နှုတ်​ခမ်း​နှင့် အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 7,
      "text": "အ​ကျွန်ုပ်​ကို မ​စ​တော်​မူ​သော​ကြောင့်၊ အ​တောင်​တော်​အ​ရိပ်၌ ဝမ်း​မြောက်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 8,
      "text": "အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်၌​မှီ​ဝဲ၍၊ လက်​ယာ​လက်​တော်​သည် အ​ကျွန်ုပ်​ကို ထောက်​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 9,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို ဖျက်​ဆီး​ခြင်း​ငှာ​ရှာ​သော​သူ​တို့​သည် မြေ​ကြီး​အောက်​အ​ရပ်​သို့ ဆင်း​ရ​ကြ​မည်။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 10,
      "text": "ဓား​ဘေး​ဖြင့်​ဆုံး၍၊ မြေ​ခွေး​စား​ရန် ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 63,
      "verse": 11,
      "text": "ရှင်​ဘု​ရင်​မူ​ကား၊ ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ ကျိန်​ဆို​သော​သူ​အ​ပေါင်း​တို့​သည် ဝါ​ကြွား​ကြ​လိမ့်​မည်။ မု​သား​စ​ကား​ကို ပြော​သော​သူ​တို့၏​နှုတ်​မူ​ကား ပိတ်​လျက်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 1,
      "text": "အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ဆု​တောင်း​သော စ​ကား​သံ​ကို​နား​ထောင်၍ အ​ကျွန်ုပ်​အ​သက်​ကို ရန်​သူ​ဘေး​မှ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 2,
      "text": "လူ​ဆိုး​တို့၏​တိုင်​ပင်​ရာ​မှ​လည်း​ကောင်း၊ ဒု​စ​ရိုက်​ကို​ပြု​လေ့​ရှိ​သော သူ​တို့၏​စု​ဝေး​ရာ​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ကွယ်​ကာ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 3,
      "text": "ထို​သူ​တို့​သည် မိ​မိ​တို့​လျှာ​ကို ဓား​ကဲ့​သို့ သွေး​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 4,
      "text": "စုံ​လင်​သော​သူ​ကို မ​ထင်​မ​ရှား​ပစ်​မည်​အ​ကြံ​နှင့်၊ ခါး​သော​စ​ကား​တည်း​ဟူ​သော မိ​မိ​တို့​မြား​ကို ရွယ်​တတ်​ကြ၏။ မ​ကြောက်​မ​ရွံ့​ဘဲ ချက်​ချင်း​ပစ်​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 5,
      "text": "မ​ကောင်း​သော​အ​မှု​မှာ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​တတ်​ကြ၏။ ကျော့​ကွင်း​တို့​ကို ထောင်​ထား​ခြင်း​ငှာ တိုင်​ပင်၍၊ အ​ဘယ်​သူ မြင်​လိမ့်​မည်​နည်း​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 6,
      "text": "မ​တ​ရား​သော​အ​မှု​တို့​ကို ကိုယ်​အ​ဖို့ စစ်​ဆေး​ရှာ​ဖွေ​တတ်​ကြ၏။ အ​ကုန်​အ​စင်​စစ်​ဆေး​ရှာ​ဖွေ​တတ်​ကြ၏။ အ​သီး​အ​သီး စိတ်​နှ​လုံး​ထဲ​မှာ ကြံ​စည်​သော​အ​ရာ​တို့​သည် အ​လွန်​နက်​နဲ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 7,
      "text": "သူ​တို့၌ ဘု​ရား​သ​ခင် ပစ်​တော်​မူ​သော​မြား​မှန်၍၊ သူ​တို့​သည် အ​မှတ်​တ​မဲ့ နာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 8,
      "text": "သို့​ဖြစ်၍ မိ​မိ​တို့​လျှာ​သည် မိ​မိ​တို့​ကို တိုက်​စေ၍၊ မြင်​သော​သူ​အ​ပေါင်း​တို့​သည် ပြေး​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 9,
      "text": "လူ​အ​ပေါင်း​တို့​သည်​လည်း ကြောက်​ရွံ့၍၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ကြောင်း​ကို နား​လည်​သ​ဖြင့် အ​မှု​တော်​ကို ကြား​ပြော​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 64,
      "verse": 10,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်၍ ခို​လှုံ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော သူ​အ​ပေါင်း​တို့​သည် ဝါ​ကြွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 1,
      "text": "အို ဘု​ရား​သ​ခင်၊ ဇိ​အုန်​မြို့၌ ကိုယ်​တော်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍ ချီး​မွမ်း​ရ​ပါ၏။ ကိုယ်​တော်​အား​လည်း သ​စ္စာ​ဝတ်​ကို​ဖြေ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 2,
      "text": "ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ထံ​သို့ လူ​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 3,
      "text": "မ​တ​ရား​သော​အ​မှု​သည် အ​လွန်​များ၍ အ​ကျွန်ုပ်​သည် မ​တတ်​နိုင်​ပါ။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​တို့ ပြစ်​မှား​ခြင်း အ​ပြစ်​များ​ကို ကိုယ်​တော်​ဖြေ​ရှင်း​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 4,
      "text": "တံ​တိုင်း​တော်​အ​တွင်း၌ နေ၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​စေ​ခြင်း​ငှာ၊ ကိုယ်​တော် ရွေး​ကောက်​တော်​မူ​သော သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ သန့်​ရှင်း​သော ဗိ​မာန်​တော်​တည်း​ဟူ​သော အိမ်​တော်၌ ကောင်း​သော​အ​ရာ​တို့​နှင့် အ​ကျွန်ုပ်​တို့​သည် ဝ​ပြော​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 5,
      "text": "အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား၊ အ​ကျွန်ုပ်​တို့၏ ပ​တ္ထ​နာ​ကို​နား​ထောင်၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တ​ရား​တော်​နှင့်​အ​ညီ ပြ​တော်​မူ၏။ ကိုယ်​တော်​သည် ဝေး​စွာ​သော​မြေ​ကြီး​စွန်း​နှင့်၊ ပင်​လယ်​စွန်း​တို့၌ နေ​သော​သူ​တို့၏ ကိုး​စား​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 6,
      "text": "ကိုယ်​တော်​သည် တန်​ခိုး​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ အား​ကြီး၍ တောင်​များ​ကို​တည်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 7,
      "text": "သ​မု​ဒ္ဒ​ရာ​မြည်​သံ၊ လှိုင်း​တံ​ပိုး​ဟုန်း​သံ၊ လူ​တို့ ရုန်း​ရင်း​ခတ်​သံ​များ​ကို​လည်း ငြိမ်း​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 8,
      "text": "အ​ဝေး​ဆုံး​သော​အ​ရပ်​တို့၌ နေ​သော​သူ​တို့​သည် ကိုယ်​တော်၏​နိ​မိတ်​များ​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ နေ​ထွက်​ရာ​အ​ရပ်​နှင့် နေ​ဝင်​ရာ​အ​ရပ်​တို့​ကို ရွှင်​လန်း​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 9,
      "text": "မြေ​ကြီး​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ မိုး​ကို​များ​စွာ​ရွာ​စေ​လျက်၊ ရေ​နှင့်​ပြည့်​သော ဘု​ရား​သ​ခင်၏ မြစ်​အား​ဖြင့် အ​လွန်​ကြွယ်​ဝ​စေ​တော်​မူ၏။ ထို​သို့​မြေ​ကို​ပြု​ပြင်​ပြီး​မှ၊ မြေ​သား​တို့​အ​ဖို့ စ​ပါး​ကို ပြု​ပြင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 10,
      "text": "မြေ​ရိုး​တို့​ကို စို​စွတ်​စေ၍၊ လယ်​ပြင်​ကို တ​ညီ​တည်း​စီ​ရင်​ပြီး​မှ၊ မိုး​ရွာ​သော​အား​ဖြင့် ပျော့​စေ၍၊ ပေါက်​သော​အ​ပင်​များ​ကို ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 11,
      "text": "နှစ်​တို့​ကို ကျေး​ဇူး​တော်​နှင့် ပတ်​ရစ်​တော်​မူ၍၊ ခြေ​တော်​ရာ​တို့​သည် ဆီ​ဥ​ယို​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 12,
      "text": "သာ​ယာ​သော တော​အ​ရပ်​တို့​လည်း​ယို၍၊ တောင်​တို့​သည်​လည်း ပီ​တိ​ခါး​စည်း​နှင့် စည်း​လျက်​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 65,
      "verse": 13,
      "text": "ကျက်​စား​ရာ​အ​ရပ်​တို့​သည် သိုး​ဆိတ်​စု​တို့​နှင့် ပြည့်​စုံ​လျက်၊ လယ်​ပြင်​တို့​လည်း စ​ပါး​ပင်​နှင့် လွှမ်း​မိုး​လျက်​ရှိ၍၊ ကျူး​ဧ​သော​အ​သံ​နှင့် သီ​ချင်း​ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 1,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကျူး​ဧ​သော​အ​သံ​ကို​ပြု၍၊"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 2,
      "text": "နာ​မ​တော်၏​ဂုဏ်​ကို သီ​ချင်း​ဆို​ကြ​လော့။ ချီး​မွမ်း​ခြင်း၏ ဂုဏ်​အ​သ​ရေ​ကို​ပြ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 3,
      "text": "ကိုယ်​တော်​စီ​ရင်​သော အ​မှု​တို့​သည် အ​လွန်​အံ့​ဩ​ဖွယ် ဖြစ်​ကြ​ပါ၏။ တန်​ခိုး​တော်​ကြီး​သော​ကြောင့်၊ ရန်​သူ​တို့​သည် ကိုယ်​တော်​ကို တောင်း​ပန်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 4,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ကိုး​ကွယ်၍၊ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ နာ​မ​တော်​အား သီ​ချင်း​ဆို​ကြ​ပါ​စေ​သော​ဟု ဘု​ရား​သ​ခင်​အား လျှောက်​ထား​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 5,
      "text": "ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​တော်​ကို လာ၍ ကြည့်​ကြ​လော့။ လူ​သား​တို့​တွင် စီ​ရင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 6,
      "text": "ပင်​လယ်​ကို ကုန်း​ဖြစ်​စေ​တော်​မူ၏။ သူ​တို့​သည် ရေ​စီး​ရာ​အ​ရပ်​ကို ခြေ​ဖြင့်​လျှောက်​သွား​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 7,
      "text": "တန်​ခိုး​တော်​အား​ဖြင့် အ​စဉ်​အ​မြဲ အုပ်​စိုး​တော်​မူ၏။ မျက်​စိ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​ကို ကြည့်​ရှု​သည်​ဖြစ်၍၊ ငြင်း​ဆန်​သော​သူ​တို့​သည် မ​ဝါ​ကြွား​ကြ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 8,
      "text": "အ​ချင်း​လူ​စု​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော စ​ကား​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 9,
      "text": "ငါ​တို့​အ​သက်​ကို မ​သေ​စေ​မည်​အ​ကြောင်း​နှင့် ခြေ​ကို​လည်း မ​ချော်​စေ​မည်​အ​ကြောင်း စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 10,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စုံ​စမ်း​တော်​မူ​ပြီ။ ငွေ​ကို​စစ်​ဆေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို စစ်​ဆေး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 11,
      "text": "ကျော့​ကွင်း​ထဲ​မှာ ကျော့​မိ​စေ၍၊ ကျော​ကုန်း​ပေါ်​မှာ လေး​သော​ဝန်​ကို တင်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 12,
      "text": "အ​ကျွန်ုပ်​တို့​ခေါင်း​ပေါ်​မှာ သူ​တစ်​ပါး​ကို​စီး​စေ​တော်​မူ​ပြီ။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း သွား​ရ​သော်​လည်း၊ ကျေး​ဇူး​တော်​ကြောင့် ကြွယ်​ဝ​ခြင်း​သို့ ရောက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 13,
      "text": "မီး​ရှို့​ရ​သော​ယဇ်​ပါ​လျက် အိမ်​တော်​သို့ အ​ကျွန်ုပ်​သွား​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 14,
      "text": "ဆင်း​ရဲ​ခံ​ရ​စဉ်​အ​ခါ၊ အ​ကျွန်ုပ်​သည် နှုတ်​ကို​ဖွင့်၍ မြွက်​ဆို​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 15,
      "text": "ဆူ​ဖြိုး​သော​သိုး​တို့​ကို နံ့​သာ​ပေါင်း​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ပါ​မည်။ နွား​နှင့် ဆိတ်​တို့​ကို​လည်း စီ​ရင်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​အ​ပေါင်း​တို့၊ လာ၍ နား​ထောင်​ကြ​လော့။ ငါ့​ဝိ​ညာဉ်​အ​ဖို့ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို ငါ​ကြား​ပြော​မည်။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 17,
      "text": "ငါ​သည် ဘု​ရား​သ​ခင်​ကို နှုတ်​နှင့်​အော်​ဟစ်၍၊ ဂုဏ်​တော်​ကို​လည်း လျှာ​နှင့်​ချီး​မွမ်း​ရ​ပြီ။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 18,
      "text": "ငါ​သည် စိတ်​နှ​လုံး​ထဲ​မှာ ဒု​စ​ရိုက်​ကို​ငဲ့​ကွက်​လျှင်၊ ဘု​ရား​ရှင်​သည် နား​ထောင်​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 19,
      "text": "ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် နား​ထောင်၍၊ ငါ​မြွက်​ဆို​သော ပ​တ္ထ​နာ​စ​ကား​သံ​ကို မှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 66,
      "verse": 20,
      "text": "ငါ​မြွက်​ဆို​သော ပ​တ္ထ​နာ​ကို​ပယ်​တော်​မ​မူ။ ကျေး​ဇူး​တော်​ကို ငါ​မှ ရုပ်​သိမ်း​တော်​မ​မူ​သော ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ်​တော်​ရှိ​သ​ဖြင့်၊ ကောင်း​ချီး​ပေး၍ မျက်​နှာ​တော်၏​အ​လင်း​ကို လွှတ်​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 2,
      "text": "ထို​သို့​သော​အား​ဖြင့် မြေ​ကြီး​သား​တို့​သည် အ​မှု​တော်​တို့​ကို​သိ၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 3,
      "text": "အို ဘု​ရား​သ​ခင်၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​များ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 4,
      "text": "လူ​အ​မျိုး​မျိုး​တို့​သည် ဝမ်း​မြောက်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် လူ​တို့​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်၍၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​မျိုး​တို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 5,
      "text": "အို ဘု​ရား​သ​ခင်၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​များ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 6,
      "text": "မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 67,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ဦး​မည်။ မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​ထ​တော်​မူ၍၊ ရန်​သူ​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​ကို မုန်း​သော​သူ​တို့​သည် အ​ထံ​တော်​က ပြေး​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 2,
      "text": "မီး​ခိုး​လွှင့်​သ​ကဲ့​သို့ သူ​တို့​ကို​လွှင့်​တော်​မူ​ပါ။ ဖ​ယောင်း​သည် မီး​ရှေ့​မှာ​အ​ရည်​ဖြစ်​သ​ကဲ့​သို့၊ မ​တ​ရား​သော သူ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ပျက်​စီး​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 3,
      "text": "ဖြောင့်​မတ်​သော သူ​တို့​သည် ဝမ်း​မြောက်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​မှာ ရွှင်​လန်း​သော​စိတ်​နှင့် အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်၌ စံ​ပယ်​လျက်၊ မိ​ဘ​မ​ရှိ​သော သူ​တို့၏​အ​ဘ​ဖြစ်၍၊ မု​ဆိုး​မ​တို့​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​သည် ပေါက်​ဖော်​မ​ရှိ​သော သူ​တို့​အား အိမ်​ထောင်​ချ​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၍၊ ချုပ်​ထား​သော​သူ​တို့​ကို​လည်း ကြွယ်​ဝ​ခြင်း​ထဲ​သို့ သွင်း​တော်​မူ၏။ ငြင်း​ဆန်​သော​သူ​တို့​မူ​ကား၊ သွေ့​ခြောက်​သော အ​ရပ်၌ နေ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 7,
      "text": "အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​လူ​စု​ရှေ့​မှာ​ကြွ၍၊ တော၌​ချီ​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကြောင့်၊ မြေ​ကြီး​လှုပ်၍ မိုး​ကောင်း​ကင်​သည် ယို​စီး​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​မျက်​နှာ​တော်​ကြောင့် သိ​နာ​တောင်​သည်​လည်း တုန်​လှုပ်၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 9,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မိုး​ကို​များ​စွာ​ရွာ​စေ၍၊ ပင်​ပန်း​သော အ​မွေ​တော်​လူ​တို့​ကို ထောက်​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 10,
      "text": "ကိုယ်​တော်၏ အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ​ရ​ကြ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ဖို့ ကျေး​ဇူး​တော်​အား​ဖြင့် ပြင်​ဆင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 11,
      "text": "ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ၍၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော သူ​တို့​သည် အ​တိုင်း​မ​သိ များ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 12,
      "text": "စစ်​အင်္ဂါ​ဗိုလ်​ခြေ​သ​ခင် ရှင်​ဘု​ရင်​တို့​သည် အ​လျင်​အ​မြန် ပြေး​ကြ၍၊ အိမ်၌​နေ​ရစ်​သော မိန်း​မ​တို့​သည် လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 13,
      "text": "သင်​တို့​သည် တောင်​ကြား​မှာ နေ​ရာ​ကျ​လျက်၊ ငွေ​နှင့် မွမ်း​မံ​သော ချိုး​ငှက်​အ​တောင်​ကဲ့​သို့​လည်း​ကောင်း၊ နီ​သော​ရွှေ​နှင့် မွမ်း​မံ​သော အ​မွေး​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 14,
      "text": "အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သည်၊ ရှင်​ဘု​ရင်​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​သော​အ​ရပ်​သည် ဇာ​လ​မုန်​တောင်​ပေါ်​မှာ မိုး​ပွင့်​ကဲ့​သို့ ဖြစ်​လေ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 15,
      "text": "ဘု​ရား​သ​ခင်၏​တောင်​တည်း​ဟူ​သော ဗာ​ရှန်​တောင်၊ မြင့်​သော​ထိပ်​များ​နှင့် ပြည့်​စုံ​သော ဗာ​ရှန်​တောင်​တို့၊"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 16,
      "text": "သင်​တို့​သည် မြင့်​သော​တောင်​ထိပ်​များ​နှင့် ပြည့်​စုံ​သော်​လည်း၊ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သော​တောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​နေ​ရာ​ချ​တော်​မူ​သော​တောင်​တော်​ကို အ​ဘယ်​ကြောင့် စောင်း​မြောင်း​ကြ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်၏​ရ​ထား​တော်​တို့​သည် အ​ထောင်​အ​သောင်း​မ​က များ​ကြ၏။ ဘု​ရား​ရှင်​ပါ​တော်​မူ၏။ သိ​နာ​တောင်​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 18,
      "text": "ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို​ဖမ်း​သွား​တော်​မူ၍၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ လူ​တို့​အ​ဖို့​မ​က၊ ပုန်​ကန်​သော လူ​တို့​အ​ဖို့ ဆု​လာဘ်​များ​ကို ခံ​ရ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ​တို့​ကို သူ​တစ်​ပါး​ညှဉ်း​ဆဲ​သော​အ​ခါ၊ ဘု​ရား​သ​ခင် ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 20,
      "text": "ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကယ်​တင်​နိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ၏။ ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သေ​ခြင်း​သို့ ရောက်​သော​လမ်း​ကို​လည်း အ​စိုး​ပိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 21,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​ရန်​သူ​တို့၏ ဦး​ခေါင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​ပြု​မြဲ​ပြု​သော သူ​တို့၏ ဦး​သျှောင်​ကို​လည်း​ကောင်း ဧ​ကန်​အ​မှန် နှိပ်​စက်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 22,
      "text": "သူ​တို့​ကို ဗာ​ရှန်​ပြည်​က ငါ​ဆောင်​ခဲ့​ဦး​မည်။ နက်​နဲ​သော​ပင်​လယ်​ထဲ​က ငါ​ဆောင်​ခဲ့​ဦး​မည်။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 23,
      "text": "ထို​သို့​သော​အား​ဖြင့် သင်​သည် ရန်​သူ​တို့ အ​သွေး​ကို​နင်း၍၊ သင်၏​ခွေး​တို့​သည်​လည်း လျက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 24,
      "text": "အို ဘု​ရား​သ​ခင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ ကိုယ်​တော်​ကြွ​တော်​မူ​ခြင်း၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၏ ရှင်​ဘု​ရင် ကြွ​တော်​မူ​ခြင်း​ကို မြင်​ရ​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 25,
      "text": "ရှေ့၌​ကား၊ သီ​ချင်း​ဆို​သော​သူ၊ နောက်၌​ကား၊ စောင်း​အ​မျိုး​မျိုး​ကို တီး​သော​သူ၊ အ​လယ်၌​ကား၊ ပတ်​သာ​ကို​တီး​သော အ​ပျို​တို့​သည် လိုက်​သွား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 26,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ပ​ရိ​သတ်​အ​စည်း​အ​ဝေး​တို့၌ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 27,
      "text": "အ​စိုး​ရ​သော ဗင်္ယာ​မိန်​ငယ်​မှ​စ၍၊ မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ယု​ဒ​မင်း​များ၊ ဇာ​ဗု​လုန်​မင်း​များ၊ နဿ​လိ​မင်း​များ ပါ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 28,
      "text": "အို ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​ကို ပြ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့၌​ပြု​သော ကျေး​ဇူး​တော်​ကို တည်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 29,
      "text": "ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဗိ​မာန်​တော်​အ​ဖို့ ရှင်​ဘု​ရင်​တို့​သည် ကိုယ်​တော်​ထံ​သို့ လက်​ဆောင်​များ​ကို ဆောင်​ခဲ့​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 30,
      "text": "ကျူ​တော​သား​ရဲ​ကို​လည်း​ကောင်း၊ နွား​လား​ဥ​သ​ဘ​အ​စု​အ​ဝေး​နှင့် လူ​မျိုး​တို့၏​နွား​ပျို​တို့​ကို​လည်း​ကောင်း ဆုံး​မ​တော်​မူ​သ​ဖြင့်၊ အ​သီး​အ​သီး​တို့​သည် ငွေ​စ​နှင့် ကိုယ်​ကို​နှိမ့်​ချ​ကြ​ပါ​စေ​သော။ စစ်​မှု​ကို နှစ်​သက်​သော လူ​မျိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 31,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ သံ​တ​မန်​တို့​သည် လာ​ကြ​ပါ​စေ​သော။ ကု​ရှ​ပြည်​သည် မိ​မိ​လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ အ​လျင်​အ​မြန် ဆန့်​ရ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 32,
      "text": "မြေ​ကြီး​နိုင်​ငံ​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 33,
      "text": "အ​စ​အ​ဦး၌ အ​ထက်​ကောင်း​ကင်​ဘ​ဝဂ်​ကို စီး၍​နေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ အ​သံ​တော်​ကို လွှတ်​တော်​မူ၍၊ အား​ကြီး​သော​အ​သံ​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 34,
      "text": "ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​ကို ဘုန်း​တော်​လွှမ်း​မိုး​လျက်၊ တန်​ခိုး​တော်​လည်း မိုး​တိမ်​တို့​တွင် ထင်​ရှား​လျက်​ရှိ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 68,
      "verse": 35,
      "text": "အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြင်​မှာ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကား၊ မိ​မိ​လူ​တို့​အား အ​ခွင့်​တန်​ခိုး​ကို​ပေး​တော်​မူ​သော ဘု​ရား​ပေ​တည်း။ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 1,
      "text": "အ​ကျွန်ုပ်​ကို ကယ်​ယူ​တော်​မူ​ပါ​ဘု​ရား။ ရေ​သည် အ​ကျွန်ုပ်​အ​သက်​ဝိ​ညာဉ်​တိုင်​အောင် ရောက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 2,
      "text": "ခြေ​နင်း​ရာ​မ​ရှိ။ နက်​လှ​သော​ရွှံ့​ထဲ​မှာ ကျွံ​ပါ​ပြီ။ လှိုင်း​တံ​ပိုး​လွှမ်း​မိုး​ရာ နက်​သော​ရေ​ထဲ​သို့ ရောက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 3,
      "text": "အော်​ဟစ်၍ ပင်​ပန်း​ပါ​ပြီ။ လည်​ချောင်း​ခြောက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ်​မျှော်​ကြည့်၍ မျက်​စိ​ပျက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 4,
      "text": "အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် အ​ကျွန်ုပ်၏​ဆံ​ပင်​ထက် များ​ကြ​ပါ၏။ မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု၍ ဖျက်​ဆီး​သော​သူ​တို့​သည် ခွန်​အား​ကြီး​ကြ​ပါ၏။ ထို​အ​ခါ အ​ကျွန်ုပ်​သည် မ​ယူ​သော​ဥ​စ္စာ​ကို​ပင် ပြန်​ပေး​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 5,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​မိုက်​ခြင်း​အ​မှု​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်၏​အ​ပြစ်​တို့​ကို ရှေ့​တော်၌ ဝှက်၍ မ​ထား​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 6,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် အ​ကျွန်ုပ် အ​ကြောင်း​ကြောင့် စိတ်​မ​ပျက်​ကြ​ပါ​စေ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို ရှာ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 7,
      "text": "ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ပါ၏။ အ​ကျွန်ုပ်​မျက်​နှာ​သည် ရှက်​ခြင်း​နှင့် ပြည့်​စုံ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 8,
      "text": "ကိုယ်​ညီ​အစ်​ကို​တို့​တွင်၊ လူ​စိမ်း​ဖြစ်​ခဲ့​ပါ​ပြီ။ တစ်​မိ​တည်း​သော ပေါက်​ဖော်​တို့​တွင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ဖြစ်​ခဲ့​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 9,
      "text": "ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 10,
      "text": "အ​ကျွန်ုပ်​သည်​ငို​ကြွေး၍ စိတ်​နှ​လုံး​ပါ​လျက်၊ အ​စာ​ရှောင်​သော အ​ကျင့်​ကြောင့်​ပင် ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 11,
      "text": "လျှော်​တေ​အ​ဝတ်​ကို ဝတ်​သော​အ​ခါ၊ သူ​တို့​သည် သ​ရော်​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 12,
      "text": "ရုံး၌ ထိုင်​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်​မှာ​ပြော​ဆို၍၊ သေ​သောက်​ကြူး​တို့​သည် အ​ကျွန်ုပ်​ကို အ​ကြောင်း​ပြု​လျက် တေး​ဖွဲ့၍ ဆို​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 13,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မူ​ကား၊ မင်္ဂ​လာ​အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို ဆု​တောင်း​ပါ၏။ အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သည်​နှင့်​အ​ညီ၊ ကယ်​တင်​တော်​မူ​ခြင်း သ​စ္စာ​အ​တိုင်း၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 14,
      "text": "အ​ကျွန်ုပ်​ကို ရွှံ့​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့ လက်​မှ​လည်း​ကောင်း၊ နက်​သော​ရေ​ထဲ​က​လည်း​ကောင်း လွှတ်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 15,
      "text": "ရေ​ထ၍ မ​လွှမ်း​ပါ​စေ​နှင့်။ နက်​နဲ​ရာ၌ မ​မြုပ်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​အ​ပေါ်​မှာ တွင်း​ဝ​မ​ပိတ်​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 16,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​တော်​သည် ကောင်း​မွန်​သော​ကြောင့်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း​က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 17,
      "text": "ကိုယ်​တော်၏​ကျွန်​မှ မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​ပါ​ပြီ။ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 18,
      "text": "အ​ကျွန်ုပ်၏​အ​သက်​ဝိ​ညာဉ်​သို့ ချဉ်း​ကပ်၍ ရွေး​တော်​မူ​ပါ။ ရန်​သူ​များ​ရှိ​ကြောင်း​ကို ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 19,
      "text": "အ​ကျွန်ုပ်​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း၊ အ​ရှက်​ကွဲ​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း​တို့​ကို ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်၏​ရန်​သူ​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ထင်​ရှား​လျက် ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 20,
      "text": "ကဲ့​ရဲ့​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည် စိတ်​ပျက်၍ အ​လွန်​ပူ​ဆွေး​ခြင်း​ရှိ​ပါ၏။ သ​နား​သော​သူ​ကို ကြည့်၍ မ​မြင်။ သက်​သာ​စေ​သော​သူ​ကို ရှာ၍ မ​တွေ့​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 21,
      "text": "အ​ကျွန်ုပ်​စား​စ​ရာ​ဖို့ ဆေး​ခါး​ကို ကျွေး​ကြ​ပါ၏။ ရေ​ငတ်​သော​အ​ခါ ပုံး​ရည်​ကို တိုက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 22,
      "text": "သူ​တို့​စား​ပွဲ​သည် သူ​တို့​ရှေ့​မှာ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော​အ​ပြစ်​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 23,
      "text": "သူ​တို့​သည် မ​မြင်​နိုင်​အောင် မျက်​စိ​ကွယ်​ပါ​စေ။ သူ​တို့​ခါး​သည်​လည်း အ​စဉ်​တုန်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 24,
      "text": "သူ​တို့​အ​ပေါ်​မှာ အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ၍၊ အ​မျက်​တော်​အ​ရှိန်​သည် သူ​တို့​ကို မီ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 25,
      "text": "သူ​တို့​နေ​ရာ​အ​ရပ်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ပါ​စေ။ သူ​တို့​အိမ်၌​နေ​သော​သူ မ​ရှိ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဒဏ်​ခတ်​တော်​မူ​သော​သူ​ကို ညှဉ်း​ဆဲ​ကြ​ပါ၏။ နာ​စေ​တော်​မူ​သော​သူ​တို့​ကို ထပ်၍ နာ​စေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 27,
      "text": "သူ​တို့​အ​ပြစ်၌ အ​ပြစ်​ကို​ထပ်၍ ပေး​တော်​မူ​ပါ။ ကု​သိုလ်​တော်​နှင့် မ​ဆိုင်​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 28,
      "text": "အ​သက်​ရှင်​သော​သူ​တို့​စာ​ရင်း၌ သူ​တို့​နာ​မည်​များ​ကို​ချေ၍၊ ဖြောင့်​မတ်​သော​သူ​တို့​နှင့်​အ​တူ မ​ရေး​မ​မှတ်​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 29,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငြို​ငြင်​ပါ၏။ အို​ဘု​ရား​သ​ခင်၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​သည် အ​ကျွန်ုပ်​ကို ချီး​မြှင့်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 30,
      "text": "ငါ​သည် ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ ကျေး​ဇူး​တော်​ကို​ပြ၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ချို​နှင့်​လည်း​ကောင်း၊ ခွာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​နွား​လား​ကို နှစ်​သက်​သည်​ထက်၊ ထို​အ​ကျင့်​ကို သာ၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 32,
      "text": "နှိမ့်​ချ​သော​သူ​တို့​သည်​မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​တို့၏ စိတ်​နှ​လုံး​သည် အား​ပြည့်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 33,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​ရဲ​သော​သူ​တို့၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။ အ​ချုပ်​ခံ​ရ​သော မိ​မိ​လူ​တို့​ကို မ​ထီ​မဲ့​မြင် ပြု​တော်​မ​မူ​တတ်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 34,
      "text": "ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​တို့​နှင့်​တ​ကွ အ​ရပ်​ရပ်၌ ကျင်​လည်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 35,
      "text": "ဘု​ရား​သ​ခင်​သည် ဇိ​အုန်​မြို့​ကို​စောင့်၍၊ ယု​ဒ​မြို့​တို့​ကို ပြု​စု​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​နေ၍ ပိုင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 69,
      "verse": 36,
      "text": "ကျွန်​တော်​မျိုး၏​သား​မြေး​တို့​သည် ထို​မြို့​ကို အ​မွေ​ခံ​ရ၍၊ နာ​မ​တော်​ကို ချစ်​သော​သူ​တို့​သည်​နေ​ရာ ကျ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 2,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​န္တ​ရာယ်​ပြု​ချင်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 3,
      "text": "အ​ကျွန်ုပ်​ကို အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​အား​ဖြင့် နောက်​သို့​လှန်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 4,
      "text": "ကိုယ်​တော်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို နှစ်​သက်​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု အ​စဉ်​မ​ပြတ် ပြော​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 70,
      "verse": 5,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ရှိ​ရာ​သို့ အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ အ​ရှက်​ကွဲ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 2,
      "text": "တ​ရား​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို​နုတ်​ယူ၍ လွှတ်​တော်​မူ​ပါ။ နား​တော်​ကို အ​ကျွန်ုပ်​ဘက်​သို့​လှည့်၍ ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 3,
      "text": "အ​ကျွန်ုပ်​အ​စဉ်​ရောက်၍ နေ​ရာ​ကျ​သော ကျောက်​ဖြစ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ကယ်​တင်​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ၍၊ အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်၏​ရဲ​တိုက် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 4,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုး​သော​သူ၏​လက်​မှ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​နှင့် ကြမ်း​တမ်း​သော​သူ၏ လက်​မှ​လည်း​ကောင်း အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 5,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​မျှော်​လင့်​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​ကိုး​စား​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 6,
      "text": "အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် ကိုယ်​တော်​ကို​မှီ​ဝဲ​ပါ​ပြီ။ အ​မိ​ဝမ်း​တွင်း​မှ​စ၍ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​ပြီ။ ကိုယ်​တော်​ကို အ​စဉ်​ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် များ​စွာ​သော​သူ​တို့၌ အံ့​ဖွယ်​သော​အ​ရာ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 8,
      "text": "ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 9,
      "text": "အ​ကျွန်ုပ်​ကို အို​သော​အ​ခါ ပယ်​တော်​မ​မူ​ပါ​နှင့်။ အား​လျော့​သော​အ​ခါ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 10,
      "text": "ရန်​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ပြော​ဆို​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို ချောင်း​ကြည့်​သော​သူ​တို့​က၊"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် သူ့​ကို စွန့်​ပစ်​တော်​မူ၏။ လိုက်၍ ဖမ်း​ကြ​ကုန်​အံ့။ ကယ်​လွှတ်​သော​သူ​မ​ရှိ​ဟု တိုင်​ပင်​ပြော​ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 12,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 13,
      "text": "အ​ကျွန်ုပ်​အ​သက်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် အ​ရှက်​ကွဲ၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို ရှာ​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း​နှင့် မွန်း​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 14,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ အ​စဉ်​မျှော်​လင့်၍ ကိုယ်​တော်​ကို ချီး​မွမ်း​သ​မျှ​ထက် သာ၍ ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 15,
      "text": "ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် ညွှန်​ကြား​ပါ​မည်။ ကျေး​ဇူး​တော်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်​ပါ။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 16,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တန်​ခိုး​တော်​များ​ကို​အ​မှီ​ပြု၍ ကိုယ်​တော်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​သာ ပြ​သ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 17,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ငယ်​သော​အ​ရွယ်​မှ​စ၍ သွန်​သင်​တော်​မူ​ပါ​ပြီ။ ယ​ခု​တိုင်​အောင် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အ​ကျွန်ုပ်​ပြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 18,
      "text": "တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 19,
      "text": "အို​ဘု​ရား​သ​ခင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် အ​လွန်​မြင့်​ရာ​သို့ မီ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် ကြီး​စွာ​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 20,
      "text": "ကြီး​မား​ကြမ်း​တမ်း​သော​ဘေး​များ​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပြီ။ တစ်​ဖန် အ​သက်​ကို​ချမ်း​သာ​ပေး၍၊ မြေ​ကြီး​နက်​နဲ​ရာ​ထဲ​က တစ်​ဖန်​ထ​မြောက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 21,
      "text": "အ​ကျွန်ုပ်​ကို စည်း​စိမ်​တိုး​ပွား​စေ၍၊ တစ်​ဖန် သက်​သာ​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 22,
      "text": "သို့​ဖြစ်၍၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​နှင့် သ​စ္စာ​တော်​ကို တ​ယော​ထိုး၍ ချီး​မွမ်း​ပါ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ရှေ့​တော်၌ စောင်း​တီး၍ သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 23,
      "text": "ရှေ့​တော်၌ သီ​ချင်း​ဆို​သော​အ​ခါ၊ ရွှင်​လန်း​သော​နှုတ်​ရှိ​ပါ​လိမ့်​မည်။ ရွေး​တော်​မူ​သော အ​ကျွန်ုပ်၏ ဝိ​ညာဉ်​လည်း ရွှင်​လန်း​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 71,
      "verse": 24,
      "text": "အ​ကျွန်ုပ်၏​လျှာ​သည်​လည်း ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို အ​စဉ်​မြွက်​ဆို​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၌ အ​ပြစ်​ပြု​ခြင်း​အ​ခွင့်​ကို​ရှာ​သော​သူ​တို့​သည် မျက်​နှာ​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​တ​ရား​ဆုံး​ဖြတ်​ခြင်း​နှင့် ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​အ​ခွင့်​ကို မင်း​သား​ဖြစ်​သော ရှင်​ဘု​ရင်​အား ပေး​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 2,
      "text": "ထို​မင်း​သည် ကိုယ်​တော်၏​လူ​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ ကိုယ်​တော်၏ ဆင်း​ရဲ​သား​တို့​ကို တ​ရား​ပေး​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 3,
      "text": "တောင်​ကြီး​တောင်​ငယ်​တို့​သည် တ​ရား​တော်​အား​ဖြင့်၊ ကိုယ်​တော်၏​လူ​တို့​အား ချမ်း​သာ​ပေး​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 4,
      "text": "ထို​မင်း​သည် ကိုယ်​တော်၏ လူ​တို့​တွင် ဆင်း​ရဲ​သား​တို့​ကို တ​ရား​စီ​ရင်​လျက်၊ ငတ်​မွတ်​သော​သူ​တို့၏ သား​သ​မီး​များ​ကို ကယ်​မ၍၊ ညှဉ်း​ဆဲ​သော​သူ​ကို​လည်း နှိပ်​စက်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 5,
      "text": "နေ​နှင့်​လ​တည်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လူ​အ​စဉ်​အ​ဆက်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 6,
      "text": "ထို​မင်း၏​သက်​ရောက်​ခြင်း​သည် ရိတ်​သော မြက်​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​ကို စို​စေ​သော မိုး​ပေါက်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 7,
      "text": "လက်​ထက်​တော်၌ လ​သည်​ပ​ပျောက်​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင်၊ တ​ရား​သော​သူ​သည် ပွင့်​လန်း၍ ချမ်း​သာ​များ​ပြား​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 8,
      "text": "ပင်​လယ်​တစ်​ပါး​မှ တစ်​ပါး​တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​စွန်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 9,
      "text": "တော​တွင်း​သား​တို့​သည် ရှေ့​တော်၌ ဦး​ချ၍၊ ရန်​သူ​တို့​သည်​လည်း မြေ​မှုန့်​ကို​လျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 10,
      "text": "တာ​ရှု​မင်း​တို့​နှင့် ပင်​လယ်​တစ်​ဖက်၌ နေ​သော​မင်း​တို့​သည် အ​ခွန်​သွင်း၍၊ ရှေ​ဘ​မင်း​နှင့် သေ​ဘ​မင်း​တို့​သည်​လည်း လက်​ဆောင်​ပ​ဏ္ဏာ​များ​ကို ဆက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 11,
      "text": "ထို​မျှ​မ​က ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် အ​မှု​တော်​ကို ထမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ငတ်​မွတ်​သော​သူ​အော်​ဟစ်​သော​အ​ခါ၊ ထို​သူ​ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ရာ​မ​ရှိ၍ ဆင်း​ရဲ​သော​သူ​ကို​လည်း​ကောင်း ချမ်း​သာ​ပေး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 13,
      "text": "ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​ကို​သ​နား၍၊ ငတ်​မွတ်​သော​သူ​တို့၏​အ​သက်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 14,
      "text": "သူ​တို့​အ​သက်​ကို လှည့်​စား​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း၏​လက်​မှ​ရွေး​နုတ်၍၊ သူ​တို့​အ​သွေး​ကို နှ​မြော​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 15,
      "text": "အ​သက်​တော်​တည်၍ လူ​များ​တို့​သည် ရှေ​ဘ​ရွှေ​ကို ဆက်​ခြင်း၊ ကိုယ်​တော်​အ​ဖို့ အ​စဉ်​မေ​တ္တာ​ပို့​ခြင်း၊ နေ့​တိုင်း ထော​မ​နာ​ချီး​မွမ်း​ခြင်း​တို့​ကို ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 16,
      "text": "ပြည်​တော်၌ များ​စွာ​သော စ​ပါး​ရှိ၍၊ အ​သီး​အ​နှံ​သည် လေ​ဗ​နုန်​တော​ကဲ့​သို့ တောင်​ထိပ်​ပေါ်​မှာ လှုပ်​ရှား​လိမ့်​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း၊ မြေ၏​မြက်​ပင်​ကဲ့​သို့ စည်​ပင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 17,
      "text": "နာ​မ​တော်​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ နေ​သည် တည်​သ​မျှ​သော​ကာ​လ​ပတ်​လုံး နာ​မ​တော် တိုး​ပွား​လိမ့်​မည်။ ကျေး​ဇူး​တော်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏၊ မင်္ဂ​လာ​ရှိ​တော်​မူ​သည်​ဟု ချီး​မွမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 18,
      "text": "အံ့​ဖွယ်​သော အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ​စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 19,
      "text": "ဘုန်း​ကြီး​သော နာ​မ​တော်​သည်​လည်း အ​စဉ်​အ​မြဲ​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​စုံ​ပါ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။"
    },
    {
      "book": 19,
      "chapter": 72,
      "verse": 20,
      "text": "ယေ​ရှဲ၏​သား​ဒါ​ဝိဒ် ဆု​တောင်း​သော​ပ​တ္ထ​နာ စ​ကား​ပြီး၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 1,
      "text": "အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် နှ​လုံး​သန့်​ရှင်း​သော​သူ​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၌ ကျေး​ဇူး​ကြီး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 2,
      "text": "ငါ​မူ​ကား၊ ခြေ​ချော်​လု​လျက်၊ ခြေ​ရာ​လွဲ​လု​လျက် ရှိ​မိ​ပြီ။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​တို့၏ စည်း​စိမ်​ကို​မြင်​သော​အ​ခါ၊ မိုက်​သော​သူ​တို့​ကို​ပင် ငါ​ငြူ​စူ​မိ​ပြီ။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 4,
      "text": "ထို​သူ​တို့​သည် မ​သေ​မီ​တိုင်​အောင် နာ​ကြင်​ခြင်း​ဝေ​ဒ​နာ​မ​ရှိ။ ခိုင်​မာ​သော​အ​စွမ်း​သ​တ္တိ ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 5,
      "text": "သူ​တို့​သည် လော​က​ဓံ​ဒု​က္ခ မ​ရှိ။ လူ​များ​ကဲ့​သို့ အ​နှောင့်​အ​ယှက်​ကို​မ​ခံ​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 6,
      "text": "ထို​ကြောင့် မာ​န​ကို လည်​ဆွဲ​တန်​ဆာ​ကဲ့​သို့​ဆင်၍၊ ညှဉ်း​ဆဲ​ခြင်း​အ​ဝတ်​ကို​လည်း ဝတ်​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 7,
      "text": "ဆူ​ဝ​သော​ကြောင့် မျက်​နှာ​မော်​လျက်​ရှိ​ကြ၏။ စိတ်​နှ​လုံး​ကြံ​စည်​ခြင်း​အား​ဖြင့် လွန်​ကျူး​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 8,
      "text": "ဆိုး​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ပင် ပြက်​ရယ်​ပြု၍ ပြော​တတ်​ကြ၏။ ထောင်​လွှား​သော​စ​ကား​ကို​လည်း သုံး​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 9,
      "text": "သူ​တို့​နှုတ်​သည် ကောင်း​ကင်​နှင့် ဆန့်​ကျင်​ဘက်​ပြု၍၊ လျှာ​သည်​လည်း မြေ​ကြီး​ကို လှည့်​လည်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 10,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်၏​လူ​တို့​သည် သူ​တို့​ထံ​သို့ ပြန်​သွား၍ များ​စွာ​သော​ရေ​ကို မျို​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​သိ​တော်​မူ​မည်​နည်း။ အ​မြင့်​ဆုံး​သော​ဘု​ရား၌ ဉာဏ်​ရှိ​ပါ​လိမ့်​မည်​လော​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 12,
      "text": "ထို​မ​တ​ရား​သော​သူ​တို့​သည် အ​စဉ်​ကောင်း​စား၍ ဥ​စ္စာ​ပွား​များ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 13,
      "text": "အ​ကယ်​စင်​စစ် ငါ့​နှ​လုံး​ကို ငါ​သန့်​ရှင်း​စေ​သော်​လည်း အ​ကျိုး​မ​ရှိ။ အ​ပြစ်​ကင်း​ခြင်း​နှင့် ငါ့​လက်​ကို ဆေး​ကြော​သော်​လည်း အ​ကျိုး​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 14,
      "text": "နေ့​တိုင်း နှောင့်​ယှက်​ခြင်း​နှင့် နံ​နက်​တိုင်း​ဆုံး​မ​ခြင်း​ကို​ငါ​ခံ​ရ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 15,
      "text": "ထို​သို့​သ​ဘော​ကျ​မည်​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ ကိုယ်​တော်၏​အ​မျိုး​သား​တို့​ကို ပြစ်​မှား​ရာ​သို့ ရောက်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 16,
      "text": "ထို​အ​မှု​ကို​နား​လည်​ရ​အောင် ဆင်​ခြင်​သော​အ​ခါ အ​လွန်​ခက်​သည်​ဟု ထင်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 17,
      "text": "နောက်​မှ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်၍၊ သူ​တို့၏​အ​ဆုံး​ကို နား​လည်​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 18,
      "text": "အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် သူ​တို့​ကို ချော​သော​အ​ရပ်၌ ထား​တော်​မူ​ပြီ။ ဖျက်​ဆီး​ရာ​အ​ရပ်​သို့ ချ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 19,
      "text": "တစ်​ခ​ဏ​ချင်း​တွင် အ​ကျိုး​နည်း​ကြ​ပါ​ပြီ​တ​ကား။ ဘေး​ဥ​ပဒ်​များ​အား​ဖြင့် ရှင်း​ရှင်း​ပယ်​ပျောက်​လျက် ရှိ​ကြ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 20,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် နိုး​သော​အ​ခါ အိပ်​မက်​ကို​မှတ်​သ​ကဲ့​သို့ သူ​တို့​ကို နှိုး​တော်​မူ​သော​အ​ခါ၊ သူ​တို့​အ​ကြံ​အ​စည်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 21,
      "text": "ထို​သို့ အ​ကျွန်ုပ်​သည်​နှ​လုံး​နာ​လျက်၊ ကျောက်​ကပ်​မွှေ​နှောက်​လျက်​ရှိ၍၊"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 22,
      "text": "မိုက်​သော​သူ၊ ပ​ညာ​မဲ့​သော​သူ ဖြစ်​ပါ၏။ ရှေ့​တော်၌ တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 23,
      "text": "သို့​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှာ​အ​စဉ်​ရှိ၍၊ အ​ကျွန်ုပ်၏​လက်​ယာ​လက်​ကို ဆွဲ​ကိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 24,
      "text": "အ​ကျွန်ုပ်​ကို ဉာဏ်​ပေး၍ ပဲ့​ပြင်​တော်​မူ​မည်။ နောက်​တစ်​ဖန် ဘုန်း​အ​သ​ရေ၌ သိမ်း​ယူ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 25,
      "text": "ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 26,
      "text": "အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 27,
      "text": "အ​ကယ်​စင်​စစ် ကိုယ်​တော်​နှင့် ဝေး​ဝေး​နေ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​ကွာ၍ မှား​ယွင်း​သော​သူ​အ​ပေါင်း​တို့​ကို ပယ်​ရှင်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 73,
      "verse": 28,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​ကျိုး​ရှိ​ပါ၏။ အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ကြား​ပြော​ခြင်း​အ​လို​ငှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 1,
      "text": "အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် အ​စဉ်​စွန့်​ပစ်​တော်​မူ​သ​နည်း။ ကိုယ်​တော်​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို အ​ဘယ်​ကြောင့် အ​မျက်​ထွက်​တော်​မူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 2,
      "text": "ရှေး​က အ​ပိုင်​ရ​တော်​မူ​သော လူ​အ​စည်း​အ​ဝေး​ကို​လည်း​ကောင်း၊ ရွေး​တော်​မူ​သော အ​မွေ​တော်​အ​ဖို့​ကို​လည်း​ကောင်း၊ ကျိန်း​ဝပ်​တော်​မူ​ရာ ဇိ​အုန်​တောင်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 3,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ ရန်​သူ​သည် မ​တ​ရား​သ​ဖြင့်​ပြု၍၊ အ​မြဲ​သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 4,
      "text": "ကိုယ်​တော်၏ လူ​စည်း​ဝေး​ရာ​အ​ရပ်၌ ရန်​သူ​တို့​သည် အော်​ဟစ်​ကြ​ပါ၏။ လ​က္ခ​ဏာ​သက်​သေ​တော်​အ​ရာ၌ သူ​တို့​လ​က္ခ​ဏာ​သက်​သေ​တို့​ကို ထား​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 5,
      "text": "လိ​မ္မာ​သော​သူ​သည် ထူ​ထပ်​သော​တော​ကို ပု​ဆိန်​နှင့် ခုတ်​သ​ကဲ့​သို့၊"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 6,
      "text": "ယ​ခု​တွင် ဗိ​မာန်​တော်​တန်​ဆာ​များ​ကို ပု​ဆိန်၊ သံ​တူ​နှင့် တစ်​ပြိုင်​နက်​ရိုက်​ချိုး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 7,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မီး​ရှို့​ကြ​ပါ၏။ နာ​မ​တော်​ကျိန်း​ဝပ်​ရာ​တဲ​တော်​ကို မြေ​တိုင်​အောင် ရှုတ်​ချ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 8,
      "text": "ဤ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​တူ​ဖျက်​ဆီး​ကြ​ကုန်​အံ့​ဟု​ဆို၍၊ မြေ​တစ်​ပြင်​လုံး​တွင် ဘု​ရား​သ​ခင်၏ တ​ရား​ဇ​ရပ်​တို့​ကို မီး​ရှို့​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 9,
      "text": "အ​ကျွန်ုပ်​တို့​သည် ကိုယ်​လ​က္ခ​ဏာ သက်​သေ​များ​ကို မ​မြင်​ရ​ပါ။ ပ​ရော​ဖက်​သည် တစ်​ဖန်​မ​ပေါ်​မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​တွင် ကာ​လ​အ​ပိုင်း​အ​ခြား​ကို သိ​သော​သူ​မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 10,
      "text": "အို ဘု​ရား​သ​ခင်၊ ရန်​သူ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကဲ့​ရဲ့​ပါ​လိမ့်​မည်​နည်း။ ရန်​ဘက်​ပြု​သော​သူ​သည် နာ​မ​တော်​ကို အ​စဉ်​မ​ထီ​မဲ့​မြင် ပြု​ရ​ပါ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 11,
      "text": "လက်​ယာ​လက်​တော်​ကို အ​ဘယ်​ကြောင့် ရုပ်​သိမ်း​တော်​မူ​သ​နည်း။ ရင်​ခွင်​တော်​ထဲ​က​ထုတ်၍ ဖျက်​ဆီး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 12,
      "text": "အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ​မှ​စ၍၊ ကယ်​တင်​တော်​မူ​ခြင်း​ကို မြေ​အ​လယ်၌​ပြု​သော ငါ​တို့၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 13,
      "text": "ကိုယ်​တော်​သည် တန်​ခိုး​တော်​အား​ဖြင့် ပင်​လယ်​ကို​ခွဲ​တော်​မူ​ပြီ။ ရေ​ထဲ​မှာ မိ​ကျောင်း​တို့၏ ဦး​ခေါင်း​တို့​ကို ချိုး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 14,
      "text": "လ​ဝိ​သန်၏​ဦး​ခေါင်း​တို့​ကို နှိပ်​စက်၍ တော​တွင်း​သား​တို့ စား​စ​ရာ​ဖို့ အပ်​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 15,
      "text": "စမ်း​ရေ​နှင့် ချောင်း​ရေ​ကို ပေါက်​စေ​တော်​မူ​ပြီ။ ရေ​မ​ပြတ်​သော​မြစ်​တို့​ကို​လည်း ခန်း​ခြောက်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 16,
      "text": "နေ့​နှင့် ည​ကို ပိုင်​တော်​မူ၏။ နေ​မှ​စ၍ အ​လင်း​အိမ်​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 17,
      "text": "မြေ​ကြီး၏ အ​ကန့်​အ​ကွက်​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နွေ​ကာ​လ​နှင့် ဆောင်း​ကာ​လ​ကို​လည်း​ကောင်း စီ​ရင်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 18,
      "text": "ရန်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကဲ့​ရဲ့၍၊ လူ​မိုက်​တို့​သည် နာ​မ​တော်​အား မ​ထီ​မဲ့​မြင်​ပြု​ကြ​သည်​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 19,
      "text": "ကိုယ်​တော်၏​ချိုး​ငှက်​အ​သက်​ကို သား​ရဲ၌ အပ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏ ဆင်း​ရဲ​သား​တို့ အ​စည်း​အ​ဝေး​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 20,
      "text": "ပ​ဋိ​ညာဉ်​တော်​ကို ထောက်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​ပေါ်​မှာ မှောင်​မိုက်​သော​အ​ရပ်​တို့​သည် လု​ယူ​ညှဉ်း​ဆဲ​ခြင်း​နေ​ရာ​သက်​သက် ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 21,
      "text": "နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် စိတ်​ပျက်၍ မ​သွား​ကြ​ပါ​စေ​နှင့်။ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​တို့​သည် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 22,
      "text": "အို ဘု​ရား​သ​ခင်၊ ထ​တော်​မူ​ပါ။ ကိုယ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။ မိုက်​သော​သူ​သည် ကိုယ်​တော်​အား အ​စဉ်​ကဲ့​ရဲ့​သည်​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 74,
      "verse": 23,
      "text": "ကိုယ်​တော်၏ ရန်​သူ​တို့​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​တို့၏ ရုန်း​ရင်း​ခတ်​ခြင်း​အ​သံ​သည် အ​စဉ်​မ​ပြတ် တိုး​တက်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။ နာ​မ​တော်​နီး​ကြောင်း​ကို အံ့​ဖွယ်​သော အ​မှု​တော်​တို့​သည် သက်​သေ​ခံ​ကြ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 2,
      "text": "ချိန်း​ချက်​သော အ​ချိန်​ကာ​လ​နှင့် ငါ​တွေ့​ကြုံ​သော​အ​ခါ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​မည်။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 3,
      "text": "မြေ​ကြီး​နှင့် မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် လှုပ်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ မြေ​ကြီး​တည်​သော​တိုင်​တို့​ကို ငါ​ထောက်​ခံ​ရ၏။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 4,
      "text": "မိုက်​သော​အ​ကျင့်​ကို မ​ကျင့်​ကြ​နှင့်​ဟု မိုက်​သော​သူ​တို့​အား​လည်း​ကောင်း၊ ဦး​ချို​ကို မ​မြှောက်​ကြ​နှင့်။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 5,
      "text": "သင်​တို့၏ ဦး​ချို​ကို မ​ချီး​မြှောက်​ကြ​နှင့်။ လည်​ပင်း​ခိုင်​မာ​လျက် မ​ပြော​ကြ​နှင့်​ဟု မ​တ​ရား​သော​သူ​တို့​အား​လည်း​ကောင်း ငါ​ပြော​ထား၏။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 6,
      "text": "အ​ရှေ့၊ အ​နောက်၊ တောင်​အ​ရပ်​တို့​တွင် အ​ဘယ်​အ​ရပ်​မျှ​ကျေး​ဇူး​မ​ပြု​နိုင်။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် စီ​ရင်​ပိုင်​တော်​မူ၏။ တစ်​ယောက်​ကို​နှိမ့်​ချ၍၊ တစ်​ယောက်​ကို ချီး​မြှောက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ ဖ​လား​ရှိ၏။ နီ​သော​စ​ပျစ်​ရည်​ပါ၏။ ဆေး​မျိုး​နှင့် ရော​လျက်​ရှိ၏။ ထို​စ​ပျစ်​ရည်​ကို လောင်း​တော်​မူ၏။ အ​နည်​အ​ဖတ်​ကို​လည်း မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​သည် ညှစ်၍​သောက်​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 9,
      "text": "ငါ​မူ​ကား အ​စဉ်​မ​ပြတ်​ချီး​မွမ်း၍၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 75,
      "verse": 10,
      "text": "မ​တ​ရား​သော​သူ​တို့၏ ဦး​ချို​အ​ပေါင်း​ကို ငါ​ချိုး​မည်။ တ​ရား​သော​သူ၏ ဦး​ချို​တို့​မူ​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 1,
      "text": "ယု​ဒ​ပြည်​မှာ ဘု​ရား​သ​ခင်​ကို သိ​ကြ၏။ ဣ​သ​ရေ​လ​တိုင်း​မှာ နာ​မ​တော်​သည် ကြီး​မြတ်​လေ၏။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 2,
      "text": "ယေ​ရု​ရှ​လင်​မြို့​မှာ တဲ​တော်​ရှိ၏။ ဇိ​အုန်​တောင်​မှာ ကျိန်း​ဝပ်​လျက် နေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 3,
      "text": "ထို​အ​ရပ်၌ လေး​မြား၊ ဒိုင်း​လွှား၊ ဓား​လက်​နက်၊ စစ်​အင်္ဂါ​တို့​ကို ချိုး​ဖျက်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 4,
      "text": "သင်​သည် သား​ရဲ​နေ​သော​တောင်​တို့​ထက် ဘုန်း​သာ၍ ကြီး​မြတ်​ပေ၏။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 5,
      "text": "ရဲ​ရင့်​သော​သူ​တို့​သည် လု​ယူ​ခြင်း​ကို​ခံ​ရ၍ အိပ်​ပျော်​ကြ​ပြီ။ အား​ကြီး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မိ​မိ​လက်​ကို မ​တွေ့​ရ။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 6,
      "text": "ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ဆုံး​မ​တော်​မူ​သော​အား​ဖြင့်၊ ရ​ထား​စီး​သော​သူ​နှင့် မြင်း​စီး​သော​သူ​တို့​သည် ကြီး​စွာ​သော အိပ်​ခြင်း​ဖြင့် အိပ်​ပျော်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 7,
      "text": "ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ၊ ရှေ့​တော်၌ အ​ဘယ်​သူ​ရပ်​နေ​နိုင်​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​သည် နှိမ့်​ချ​လျက်​ရှိ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့​ကို ကယ်​တင်၍၊"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 9,
      "text": "တ​ရား​ဆုံး​ဖြတ်​ခြင်း​ငှာ ထ​တော်​မူ​သော​အ​ခါ၊ တ​ရား​ဆုံး​ဖြတ်​သံ​ကို ကောင်း​ကင်​ထဲ​က လွှတ်​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​သည်​ကြောက်၍ တိတ်​ဆိတ်​စွာ​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 10,
      "text": "အ​ကယ်​စင်​စစ် လူ​တို့၏​ဒေါ​သ​သည် ကိုယ်​တော်​ကို ချီး​မွမ်း​လိမ့်​မည်။ ကြွင်း​သော​ဒေါ​သ​ကို​လည်း ခါး​ပန်း​စည်း​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 11,
      "text": "သ​စ္စာ​က​တိ​ပြု​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​ဝတ်​ကို​လည်း ဖြေ​ကြ​လော့။ ကိုယ်​တော်၏​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ထံ​တော်​သို့ လက်​ဆောင်​ကို ဆောင်​ခဲ့​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 76,
      "verse": 12,
      "text": "ထို​ဘု​ရား​သည် မင်း​သား​တို့၏​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ လော​ကီ​ရှင်​ဘု​ရင်​တို့၌ ကြောက်​ရွံ့​ဖွယ် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 1,
      "text": "ငါ​သည် ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 2,
      "text": "ဘေး​ရောက်​သည်​ကာ​လ၌ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ရ၏။ ည​အ​ချိန်၌​ပင် လက်​ကို​ဆန့်​လျက်​နေ​ရ၏။ ငါ့​ဝိ​ညာဉ်​သည် သက်​သာ​ခြင်း​ကို ငြင်း​ပယ်၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​ကို အောက်​မေ့၍ စိတ်​ပူ​ပန်​ခြင်း​ရှိ၏။ ဆင်​ခြင်၍ စိတ်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 4,
      "text": "မျက်​စိ​မှိတ်၍ မ​ပျော်​နိုင်။ လှုပ်​ရှား​ခြင်း​ရှိ​သော​ကြောင့် နှုတ်​မ​မြွက်​နိုင်။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 5,
      "text": "လွန်​လေ​ပြီး​သော နေ့​ရက်​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​ကို​လည်း​ကောင်း အောက်​မေ့၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 6,
      "text": "ည​အ​ခါ၌​လည်း ငါ​သည် ကိုယ်​သီ​ချင်း​ကို​ဆင်​ခြင်၍၊ ကိုယ်​စိတ်​နှ​လုံး​နှင့် ဆွေး​နွေး​သ​ဖြင့်၊ ငါ့​ဝိ​ညာဉ်​သည် စစ်​ဆေး​ခြင်း​ကို ပြု၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မူ​မည်​လော။ နောက်​တစ်​ဖန် ကျေး​ဇူး​အ​လျှင်း​မ​ပြု​ဘဲ နေ​တော်​မူ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 8,
      "text": "က​ရု​ဏာ​တော်​သည် အ​စဉ်​ကုန်​ပြီ​လော။ က​တိ​တော်​လည်း ကာ​လ​အ​စဉ်​အ​ဆက် ပျက်​လိမ့်​မည်​လော။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​သည် သ​နား​ခြင်း​ငှာ မေ့​လျော့​တော်​မူ​သ​လော။ အ​မျက်​ထွက်​သ​ဖြင့် စုံ​စမ်း​ခြင်း​က​ရု​ဏာ​တော်​ကို ချုပ်​တည်း​တော်​မူ​သ​လော။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 10,
      "text": "ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​မိုက်​ကြောင်း​ကို ဝန်​ခံ​ရ၏။ ဤ​အ​မှု​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ လက်​ယာ​လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ခြင်း​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​ကို အောက်​မေ့​ပါ​မည်။ ရှေး​ကာ​လ၌ ကိုယ်​တော်​ပြု​ဖူး​သော အံ့​ဩ​ဖွယ်​တို့​ကို အောက်​မေ့​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 12,
      "text": "ပြု​တော်​မူ​သ​မျှ​တို့​ကို​ဆင်​ခြင်၍ စီ​ရင်​တော်​မူ​သော အ​ရာ​တို့​ကို မြွက်​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 13,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​လမ်း​သည် သန့်​ရှင်း​ခြင်း​နှင့် ယှဉ်​ပါ၏။ ဘု​ရား​သ​ခင်​ကဲ့​သို့ အ​ဘယ်​မည်​သော ဘု​ရား​သည် ကြီး​မြတ်​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 14,
      "text": "ကိုယ်​တော်​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ လူ​မျိုး​တို့​တွင် တန်​ခိုး​တော်​ကို ပြ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 15,
      "text": "ကိုယ်​တော်၏​လူ​တည်း​ဟူ​သော ယာ​ကုပ်​နှင့် ယော​သပ်၏​အ​မျိုး​ကို လက်​ရုံး​တော်​နှင့် ကယ်​နုတ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 16,
      "text": "အို ဘု​ရား​သ​ခင်၊ ရေ​တို့​သည် ကိုယ်​တော်​ကို​မြင်​ကြ​ပါ၏။ ရေ​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ ရေ​နက်​နဲ​ရာ​အ​ရပ်​တို့​လည်း လှုပ်​ရှား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 17,
      "text": "မိုး​တိမ်​တို့​သည် ရေ​ကို​သွန်း​လောင်း၍၊ မိုး​ကောင်း​ကင်​တို့​လည်း အ​သံ​ဗ​လံ​ပြု​ကြ​ပါ၏။ ကိုယ်​တော်၏​မြား​တို့​သည် အ​ရပ်​ရပ်​သို့ ရောက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 18,
      "text": "ကိုယ်​တော်၏ မိုး​ကြိုး​သံ​သည် လေ​ပွေ၌​ပါ၍၊ လျှပ်​စစ်​ပြက်​သ​ဖြင့်၊ လော​က​ကို လင်း​စေ​ပါ၏။ မြေ​ကြီး​သည်​လည်း တုန်​လှုပ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 19,
      "text": "ကိုယ်​တော်​သည် သ​မု​ဒ္ဒ​ရာ၌ ကြွ​တော်​မူ၍၊ လမ်း​ခ​ရီး​တော်​သည် ကျယ်​ဝန်း​သော ရေ​တွင်​ရှိ​သ​ဖြင့်၊ ခြေ​တော်​ရာ​တို့​သည် မ​ထင်​ရှား​ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 77,
      "verse": 20,
      "text": "မော​ရှေ​နှင့် အာ​ရုန်​တို့​လက်​ဖြင့် ကိုယ်​တော်၏​လူ​များ​တို့​ကို သိုး​စု​ကဲ့​သို့ ပို့​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 1,
      "text": "ငါ၏​လူ​များ​တို့၊ ငါ့​တ​ရား​ကို နာ​ကြ​လော့။ ငါ​မြွက်​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 2,
      "text": "ပုံ​စ​ကား​ကို ငါ​မြွက်​ဆို၍၊ ရှေး​ကာ​လ၏ နက်​နဲ​သော​အ​ရာ​များ​ကို ဖော်​ပြ​ပေ​အံ့။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 3,
      "text": "ဘိုး​ဘေး​တို့​သည်​ပြော၍ ငါ​တို့​သည် ကြား​သိ​ရ​သော ထို​အ​ရာ​များ​ကို၊"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 4,
      "text": "သား​မြေး​တို့​မှ မ​ဝှက်​မ​ထား။ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​နှင့် တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဖြစ်​လ​တ္တံ့​သော​သူ​တို့​အား ဖော်​ပြ​ကြ​မည်။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ယာ​ကုပ်​အ​မျိုး၌ သက်​သေ​တ​ရား​ကို​စီ​ရင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ပ​ညတ်​တ​ရား​ကို ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 6,
      "text": "သ​ဘော​မ​ဖြောင့်၊ ဘု​ရား​သ​ခင်၌ စိတ်​ဝိ​ညာဉ် အ​မြဲ​မ​ဆည်း​ကပ်​သော​အ​မျိုး၊ ငြင်း​ဆန်၍ ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော ဘိုး​ဘေး​တို့​ကဲ့​သို့ သား​မြေး​တို့​သည်​မ​ဖြစ်၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို​မ​မေ့၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍၊ ပ​ညတ်​တော်​တို့​ကို​စော​င့်​စေ​ခြင်း​ငှာ၊ ထို​တ​ရား​တို့​ကို ဘိုး​ဘေး​တို့​သည် သား​တို့​အား​ပြ​သ၍၊ ဖြစ်​လ​တ္တံ့​သော​အ​မျိုး​တည်း​ဟူ​သော၊ ဖွား​မြင်​လ​တ္တံ့​သော​သား​တို့​သည် သိ​နား​လည်၍၊ နောက်​တစ်​ဖန် မြေး​မြစ်​တို့​အား ပြ​သ​ကြ​မည်​အ​ကြောင်း ပ​ညတ်​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 9,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် လေး​လက်​နက်​ကို စွဲ​ကိုင်​သော်​လည်း၊ စစ်​တိုက်​သော​အ​ခါ နောက်​သို့ လှည့်​ကြ​ပါ​သည်​တ​ကား။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်၏​သ​စ္စာ​တော်​ကို မ​စောင့်။ တ​ရား​တော်​လမ်း၌ သွား​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 11,
      "text": "အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ ပြ​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း မေ့​လျော့​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 12,
      "text": "အဲ​ဂု​တ္တု​ပြည်၊ ဇော​န​အ​ရပ်​တွင် သူ​တို့​အ​ဘ​များ​မျက်​မှောက်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 13,
      "text": "ပင်​လယ်​ကို​ခွဲ၍ သူ​တို့​ကို လျှောက်​သွား​စေ​တော်​မူ၏။ ရေ​များ​ကို​စု​ပုံ၍ ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 14,
      "text": "နေ့​အ​ချိန်၌​ကား၊ မိုး​တိမ်​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌​ကား တစ်​ည​လုံး မီး​အ​လင်း​ဖြင့်​လည်း​ကောင်း သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 15,
      "text": "တော၌ ကျောက်​တို့​ကို​ဖောက်၍၊ ပင်​လယ်​ရေ​ကဲ့​သို့ များ​စွာ​သော​ရေ​ကို သူ​တို့​အား တိုက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 16,
      "text": "ကျောက်​ထဲ​က​စီး​သော ရေ​ကို​ထွက်​စေ၍၊ မြစ်​ရေ​ကဲ့​သို့ ရေ​များ​ကို စီး​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 17,
      "text": "ထို​သူ​တို့​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ကို တော၌​ပုန်​ကန်​သော​အား​ဖြင့် တိုး၍ ပြစ်​မှား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 18,
      "text": "မိ​မိ​တို့​အ​လို​အ​လျောက် အ​စာ​ကို​တောင်း၍ စိတ်​နှ​လုံး​ထဲ​မှာ ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 19,
      "text": "ဘု​ရား​သ​ခင်​သည် တော၌​စား​ပွဲ​ကို ပြင်​ဆင်​နိုင်​သ​လော။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 20,
      "text": "ကြည့်​ကြ​လော့။ ကျောက်​ကို​ရိုက်​တော်​မူ​သ​ဖြင့်၊ ရေ​ထွက်၍ မြစ်​ရေ​ကဲ့​သို့ စီး​လေ၏။ မုန့်​ကို​လည်း ပေး​နိုင်​သ​လော။ မိ​မိ​လူ​တို့​အ​ဖို့ အ​မဲ​သား​ကို ပြင်​ဆင်​နိုင်​သ​လော​ဟု ဘု​ရား​သ​ခင်​ကို ဆန့်​ကျင်​ဘက်​ပြု​လျက် ပြော​ဆို​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 21,
      "text": "ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌​မီး​လောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဒေါ​သ​မီး​တက်​လေ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ထက်​မိုး​တိမ်​တို့​ကို​မှာ​ထား​လျက်၊ ကောင်း​ကင်​တံ​ခါး​တို့​ကို​ဖွင့်၍၊ သူ​တို့​စား​စ​ရာ​ဖို့ မ​န္န​ကို မိုး​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ကင်​ဆန်​စ​ပါး​ကို ပေး​တော်​မူ​သည်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​မြတ်​သော သူ​တို့၏​အ​စာ​ကို​သုံး​ဆောင်၍၊ ဝ​ပြော​စွာ​စား​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မ​ကိုး​စား​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 26,
      "text": "မိုး​ကောင်း​ကင်၌ အ​ရှေ့​လေ​ကို​ပယ်၍၊ အား​ကြီး​သော တောင်​လေ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 27,
      "text": "သူ​တို့​အ​ပေါ်​သို့ အ​မဲ​သား​ကို မြေ​မှုန့်​နှင့်​အ​မျှ၊ ပျံ​တက်​သော​ငှက်​တို့​ကို သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ၊ မိုး​ရွာ​စေ​လျက်၊"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 28,
      "text": "သူ​တို့​တပ်​ချ၍၊ နေ​ရာ​အ​ရပ်​ပတ်​လည်၌ ကျ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 29,
      "text": "ထို​သို့ သူ​တို့​အ​လို​ရှိ​သည်​အ​တိုင်း​ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ဝ​ပြော​စွာ စား​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 30,
      "text": "သူ​တို့ တပ်​မက်​သော​အ​စာ​ကို မ​ရောင့်​ရဲ​မီ​စား​ကြ​စဉ်​တွင်၊"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 31,
      "text": "ဘု​ရား​သ​ခင်၏​အ​မျက်​တော်​သည် သက်​ရောက်​သ​ဖြင့်၊ ကျန်း​မာ​သော​သူ​တို့​ကို​ကွပ်​မျက်၍၊ ဣ​သ​ရေ​လ လူ​ပျို​တို့​ကို လှဲ​ချ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 32,
      "text": "ထို​အ​မှု​အ​လုံး​စုံ​တို့​နှင့် ဣ​သ​ရေ​လ​လူ​တို့​သည် တွေ့​ကြုံ​ရ​သော်​လည်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကြောင့် ယုံ​ကြည်​ခြင်း​မ​ရှိ။ ပြစ်​မှား​လျက်​နေ​ကြ​သေး၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 33,
      "text": "ထို​ကြောင့် သူ​တို့​နေ့​ရက်​ကာ​လ​ကို အ​ချည်း​နှီး​လွန်​စေ၍၊ သူ​တို့​နှစ်​များ​ကို ဘေး​ဥ​ပဒ်​တွင် မြှုပ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 34,
      "text": "သူ​တို့​ကို ကွပ်​မျက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို ရှာ​ကြ၏။ ပြန်​လာ၍ ကိုယ်​တော်​ကို လိုက်​ရှာ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 35,
      "text": "ဘု​ရား​သ​ခင်​သည် သူ​တို့၏​ကျောက်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် သူ​တို့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ထို​အ​ခါ သ​တိ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 36,
      "text": "သို့​သော်​လည်း၊ ကိုယ်​တော်​ကို နှုတ်​ဖြင့်​ချော့​မော့၍၊ လျှာ​ဖြင့်​လည်း မု​သား​စ​ကား​ကို လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 37,
      "text": "သူ​တို့​စိတ်​သ​ဘော​မူ​ကား၊ ရှေ့​တော်၌ မ​ဖြောင့်၊ သ​စ္စာ​တော်​ကို မ​စောင့်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 38,
      "text": "ကိုယ်​တော်​မူ​ကား၊ က​ရု​ဏာ​စိတ်​ရှိ၍ သူ​တို့​ကို​မ​ဖျက်​ဆီး​ဘဲ အ​ပြစ်​လွှတ်​တော်​မူ၏။ ကြိမ်​ဖန်​များ​စွာ စိတ်​တော်​ပြေ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 39,
      "text": "သူ​တို့​သည် အ​သား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ စု​တေ၍ နောက်​တစ်​ဖန် မ​လာ​တတ်​သော ဝိ​ညာဉ်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 40,
      "text": "သူ​တို့​သည် ကိုယ်​တော်​ကို​တော၌​ပုန်​ကန်၍၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌ စိတ်​တော်​နာ​ဖွယ်​သော အ​ကြောင်း​ကို ကြိမ်​ဖန်​များ​စွာ ပြု​ကြ​ပါ​သည်​တ​ကား။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 41,
      "text": "ဘု​ရား​သ​ခင်​ကို​အ​ဖန်​ဖန်​စုံ​စမ်း၍ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​သည်​တ​ကား။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 42,
      "text": "တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ဒု​က္ခ​ထဲ​က ကယ်​လွှတ်​တော်​မူ​သော နေ့​ရက်​ကာ​လ​ကို​လည်း​ကောင်း မ​အောက်​မေ့​ကြ။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 43,
      "text": "အဲ​ဂု​တ္တု​ပြည်၌ လ​က္ခ​ဏာ​သက်​သေ​တော်​တို့​ကို​လည်း​ကောင်း၊ ဇော​န​အ​ရပ်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 44,
      "text": "ထို​ပြည်​သား​တို့​သည် ရေ​မ​သောက်​ရ​မည်​အ​ကြောင်း၊ သူ​တို့ မြစ်​ရေ၊ စမ်း​ရေ​များ​ကို သွေး​ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 45,
      "text": "သူ​တို့​ကို ကိုက်​စား​တတ်​သော ယင်​ရဲ​တို့​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော ဖား​တို့​ကို​လည်း​ကောင်း စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 46,
      "text": "သူ​တို့၏​မြေ​အ​သီး​အ​နှံ​ကို ခါ​သိ​လ​ကျိုင်း​တို့​အား​လည်း​ကောင်း၊ သူ​တို့​လုပ်၍​ရ​သော​ဥ​စ္စာ​ကို အ​ရာ​ဘ​ကျိုင်း​တို့​အား​လည်း​ကောင်း ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 47,
      "text": "သူ​တို့​စ​ပျစ်​နွယ်​ပင်​များ​ကို မိုး​သီး​ဖြင့်​လည်း​ကောင်း၊ သူ​တို့​သ​ဖန်း​ပင်​များ​ကို နှင်း​ခဲ​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 48,
      "text": "သူ​တို့၏​သိုး​နွား​များ​ကို မိုး​သီး၌​လည်း​ကောင်း၊ ပြု​စု​သော​တိ​ရ​စ္ဆာန်​များ​ကို မီး၌​လည်း​ကောင်း အပ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 49,
      "text": "အ​မျက်​တော်​အ​ရှိန်​အား​ဖြင့် သူ​တို့၌ ဆိုး​သော​တ​မန်​တို့​ကို​စေ​လွှတ်၍ လွှမ်း​မိုး​ခြင်း၊ ဒဏ်​ခတ်​ခြင်း၊ နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 50,
      "text": "အ​မျက်​တော်​ဖို့ လမ်း​ကို​ပြင်​ဆင်​တော်​မူ၏။ သူ​တို့​အ​သက်​ကို မ​နှ​မြော၊ သေ​စေ​ခြင်း​ငှာ ကာ​လ​နာ​သို့ အပ်​နှံ​သ​ဖြင့်၊"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 51,
      "text": "အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဟာ​မ​သား​တို့​နေ​ရာ​အ​ရပ်၌ အ​ထွတ်​အ​မြတ်​များ​ကို​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 52,
      "text": "မိ​မိ​လူ​များ​ကို​ကား၊ သိုး​ကဲ့​သို့​ထွက်​စေ၍၊ တော၌​သူ​တို့​ကို သိုး​စု​ကဲ့​သို့ ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 53,
      "text": "ဘေး​နှင့်​ကင်း​လွတ်​အောင်​ဆောင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​ကြောက်​ရ​ကြ။ ရန်​သူ​တို့​ကို​ကား ပင်​လယ်​ရေ​သည် လွှမ်း​လေ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 54,
      "text": "သန့်​ရှင်း​သော ပြည်​တော်​စွန်း​တိုင်​အောင်​လည်း​ကောင်း၊ လက်​ယာ​လက်​တော်​အား​ဖြင့် အ​ပိုင်​ရ​တော်​မူ​သော ဤ​တောင်​သို့​လည်း​ကောင်း၊ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 55,
      "text": "သူ​တို့​ရှေ့​မှာ​လည်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို​တာ​ထိုး၍ ပိုင်း​ခြား​လျက် နေ​ရာ​ချ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 56,
      "text": "သို့​သော်​လည်း၊ သူ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​ကို စုံ​စမ်း၍ ပုန်​ကန်​ကြ၏။ သက်​သေ​ခံ​တော်​မူ​ချက်​များ​ကို မ​စောင့်​ဘဲ၊"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 57,
      "text": "ဘိုး​ဘေး​များ​ကဲ့​သို့ ဖောက်​ပြန်၍​သ​စ္စာ​ကို ဖျက်​ကြ၏။ လိမ်​တတ်​သော လေ​ကဲ့​သို့ လမ်း​လွဲ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 58,
      "text": "သူ​တို့​သည် မြင့်​သော​အ​ရပ်​များ​အား​ဖြင့်၊ အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ရုပ်​တု​များ​အား​ဖြင့်​လည်း စိတ်​တော်​ကို ချုပ်​ချယ်​နှောင့်​ယှက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 59,
      "text": "ဘု​ရား​သ​ခင်​သည် ကြား​သိ​တော်​မူ​လျှင်၊ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​လွန်​ရွံ​ရှာ​သ​ဖြင့်၊"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 60,
      "text": "ရှိ​လော​တဲ​တော်​တည်း​ဟူ​သော၊ လူ​တို့​တွင် နေ​ရာ​ချ​တော်​မူ​သော​အ​ရပ်​ကို စွန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 61,
      "text": "တန်​ခိုး​တော်​ကို သိမ်း​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘုန်း​တော်​ကို ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 62,
      "text": "မိ​မိ​လူ​တို့​ကို​လည်း ဓား​ဘေး၌​အပ်၍၊ အ​မွေ​တော်​ကို အ​မျက်​ထွက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 63,
      "text": "လူ​ပျို​တို့​သည် မီး​လောင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ပျို​တို့​သည် မ​ငို​ကြွေး​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 64,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဓား​ဘေး​ဖြင့်​ဆုံး​သော်​လည်း၊ မု​ဆိုး​မ​တို့​သည် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 65,
      "text": "ထို​အ​ခါ ဘု​ရား​ရှင်​သည် အိပ်​ပျော်​ပြီး​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​ရည်​ကြောင့် ငြိမ်​ပြီး​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း နိုး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 66,
      "text": "ရန်​သူ​တို့​ကို​ဒဏ်​ခတ်၍ လှန်​သ​ဖြင့်၊ အ​စဉ်​အ​မြဲ အ​ရှက်​ကွဲ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 67,
      "text": "သို့​ရာ​တွင်၊ ယော​သပ်၏​တဲ​တော်​ကို ငြင်း​ပယ်၍ ဧ​ဖ​ရိမ်​အ​မျိုး​ကို ရွေး​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 68,
      "text": "ယု​ဒ​အ​မျိုး​ကို​လည်း​ကောင်း၊ ချစ်​တော်​မူ​သော ဇိ​အုန်​တောင်​ကို​လည်း​ကောင်း ရွေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 69,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို အ​ထွတ်​ကဲ့​သို့​တည်​ဆောက်၍၊ မြေ​ကြီး​ကဲ့​သို့ အ​စဉ်​မြဲ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 70,
      "text": "ကျွန်​တော်​မျိုး​ဒါ​ဝိဒ်​ကို သိုး​ခြံ​များ​ထဲ​က ရွေး​ယူ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 71,
      "text": "သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို ထိန်း​ခြင်း​အ​မှု​မှ​နုတ်၍၊ မိ​မိ​လူ​တည်း​ဟူ​သော ယာ​ကုပ်​အ​မျိုး​သား၊ အ​မွေ​တော်​တည်း​ဟူ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 78,
      "verse": 72,
      "text": "ထို​သူ​သည် ဖြောင့်​သော​သ​ဘော​ရှိ​သည်​အ​တိုင်း ကျွေး​မွေး၍၊ လိ​မ္မာ​သော​လက်​နှင့် ပို့​ဆောင်​လေ၏။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​မွေ​တော်​ထဲ​သို့​ဝင်​ပြီး​လျှင်၊ သန့်​ရှင်း​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 2,
      "text": "ကိုယ်​တော်၏​ကျွန်​အ​သေ​ကောင်​တို့​ကို မိုး​ကောင်း​ကင်​ငှက်​တို့​အား​လည်း​ကောင်း၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​အ​သား​ကို တော​သား​ရဲ​တို့​အား​လည်း​ကောင်း ကျွေး​ကြ​ပါ​ပြီ၊"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 3,
      "text": "သူ​တို့​အ​သွေး​ကို​လည်း ရေ​ကဲ့​သို့ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၌ သွန်​ကြ၍၊ သင်္ဂြိုဟ်​သော​သူ​လည်း မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 4,
      "text": "အ​ကျွန်ုပ်​တို့​သည် အိမ်​နီး​ချင်း​များ ကဲ့​ရဲ့​ရာ၊ ပတ်​ဝန်း​ကျင်၌ နေ​သော​သူ​များ​ပြက်​ရယ်​ပြု၍ အ​ရှက်​ခွဲ​ရာ ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 5,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​သည် အ​လျှင်း​မ​ငြိမ်း​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ထွက်​ပါ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး စိတ်​တော်​သည် မ​ပြေ၊ မီး​ကဲ့​သို့ လောင်​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 6,
      "text": "ကိုယ်​တော်​ကို မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော တိုင်း​နိုင်​ငံ​သား​တို့​အ​ပေါ်​သို့​လည်း​ကောင်း၊ အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို​လည်း သုတ်​သင်​ပယ်​ရှင်း​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 8,
      "text": "ရှေး​က​ပြစ်​မှား​မိ​သော အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့၌ မှတ်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တို့​သည် အ​လွန် နှိမ့်​ချ​လျက်​ရှိ​ပါ​သည်​ဖြစ်၍၊ က​ရု​ဏာ​တော်​သည် အ​လျင်​အ​မြန်​ကူ​မ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 9,
      "text": "ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ နာ​မ​တော်၏​ဂုဏ်​ကို​ထောက်၍ အ​ကျွန်ုပ်​တို့​ကို မ​စ​တော်​မူ​ပါ။ နာ​မ​တော်​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​တို့​ကို​နုတ်​ယူ၍ အ​ပြစ်​များ​ကို ဖြေ​ရှင်း​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 10,
      "text": "သူ​တို့၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​မည်​နည်း။ သွန်​ပြီး​သော ကျွန်​တော်​မျိုး၏​အ​သွေး​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ကြောင်း​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျွန်ုပ်​တို့​မျက်​မှောက်၌ ထင်​ရှား​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 11,
      "text": "အ​ချုပ်​ခံ​ရ​သော​သူ၏ ညည်း​တွား​သံ​ကို နား​ထောင်​တော်​မူ​ပါ။ သေ​ရ​သော​သူ​တို့​ကို လက်​ရုံး​တော် တန်​ခိုး​ကြီး​သည်​နှင့်​အ​ညီ ချမ်း​သာ​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 12,
      "text": "အ​ကျွန်ုပ်​တို့ အိမ်​နီး​ချင်း​တို့​သည် ကိုယ်​တော်​အား ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်​ထဲ​သို့ ခု​နစ်​ဆ​တိုင်​အောင် ဆပ်​ပေး​တော်​မူ​ပါ​ဘု​ရား။"
    },
    {
      "book": 19,
      "chapter": 79,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ ကိုယ်​တော်​ထံ၌ ကျက်​စား​သော သိုး​စု​တည်း​ဟူ​သော ကိုယ်​တော်၏​လူ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း၍၊ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​ဆက် ဖြစ်​လ​တ္တံ့​သော​သား​တို့​အား ဖော်​ပြ​ကြ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 1,
      "text": "သိုး​စု​ကို ပို့​ဆောင်​သ​ကဲ့​သို့ ယော​သပ်​အ​မျိုး​ကို ပို့​ဆောင်​တော်​မူ​သော ဣ​သ​ရေ​လ​သိုး​ထိန်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 2,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တို့​ရှေ့​မှာ တန်​ခိုး​တော်​ကို​နှိုး​ဆော်၍၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​ခြင်း​ငှာ ကြွ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 3,
      "text": "အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို​ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 4,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 5,
      "text": "သူ​တို့​ကို မျက်​ရည်​မုန့်​နှင့်​ကျွေး၍၊ မျက်​ရည်​ကို​လည်း ကြွယ်​ဝ​စွာ တိုက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 6,
      "text": "အ​နီး​အ​ပါး၌​နေ​သော​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အ​တွက် ငြင်း​ခုံ​ကြ​ပါ၏။ ရန်​သူ​တို့​သည်​လည်း ဝါ​ကြွား၍ အ​ကျွန်ုပ်​တို့​ကို ပြက်​ရယ်​ပြု​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 7,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 8,
      "text": "ကိုယ်​တော်​သည် စ​ပျစ်​နွယ်​ပင်​ကို အဲ​ဂု​တ္တု​ပြည်​က​ဆောင်​ခဲ့၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ပြီး​မှ စိုက်​ပျိုး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 9,
      "text": "သူ၏​နေ​ရာ​ကို​ပြု​ပြင်​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြစ်​ကျ၍ တစ်​ပြည်​လုံး​ကို နှံ့​ပြား​ပါ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 10,
      "text": "သူ၏​အ​ရိပ်​သည်​တောင်​တို့​ကို​လည်း​ကောင်း၊ အ​ခက်​အ​လက်​တို့​သည် အ​မြင့်​ဆုံး​သော အာ​ရဇ်​ပင်​တို့​ကို​လည်း​ကောင်း လွှမ်း​မိုး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 11,
      "text": "သူ​သည် အ​ခက်​အ​လက်​တို့​ကို ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ အ​ညွန့်​တို့​ကို မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း ပြန့်​ပွား​စေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 12,
      "text": "ယ​ခု​မူ​ကား၊ လမ်း၌ လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် ဆွတ်​စေ​ခြင်း​ငှာ၊ သူ၏​ခြံ​ကို အ​ဘယ်​ကြောင့် ချိုး​ဖျက်​တော်​မူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 13,
      "text": "တော​ဝက်​သည် ထို​အ​ပင်​ကို​ကိုက်​ခဲ၍၊ တော​သား​ရဲ​သည်​လည်း စား​ပါ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 14,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ တစ်​ဖန် ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ပါ၏။ ကောင်း​ကင်​က​ကြည့်​ရှု​တော်​မူ​ပါ။ ထို​စ​ပျစ်​နွယ်​ပင်​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 15,
      "text": "လက်​ယာ​လက်​တော်​နှင့် စိုက်​ပျိုး​သော​အ​ပင်၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော ပျိုး​ပင်​ကို ကွယ်​ကာ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 16,
      "text": "မီး​ရှို့​ပါ​ပြီ။ ခုတ်​လှဲ​ပါ​ပြီ။ မျက်​နှာ​တော်​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 17,
      "text": "လက်​ယာ​လက်​တော်​နှင့် ဆိုင်​သော​လူ၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော လူ​သား၏​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 18,
      "text": "သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​မှ မ​ဆုတ်​ရ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 80,
      "verse": 19,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 1,
      "text": "ငါ​တို့​အ​စွမ်း​သ​တ္တိ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​အား ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 2,
      "text": "တူ​ရိ​ယာ​မျိုး​ကို ဆောင်​ကြ။ ပတ်​သာ​ကို​လည်း​ကောင်း၊ သာ​ယာ​သော​စောင်း​နှင့် တ​ယော​ကို​လည်း​ကောင်း ယူ​ခဲ့​ကြ။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 3,
      "text": "လ​ဆန်း​နေ့၊ လ​ပြည့်​နေ့၊ ပွဲ​သ​ဘင်​နေ့၌ တံ​ပိုး​မှုတ်​ကြ။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 4,
      "text": "ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၌​ထုံး​ဖွဲ့၍၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် ဆုံး​ဖြတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 5,
      "text": "နား​မ​လည်​သော​စ​ကား​ကို ကြား​ရာ​အ​ရပ်၊ အဲ​ဂု​တ္တု​ပြည်​တစ်​ဖက်၌ ကြွ​သွား​တော်​မူ​သော​အ​ခါ၊ ယော​သပ်​အ​မျိုး၌ ထို​သို့​သော​သက်​သေ​ခံ​ချက်​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 6,
      "text": "ငါ​သည် သူ၏​ပ​ခုံး​ကို ဝန်​နှင့်​လွတ်​စေ၏။ သူ၏​လက်​ကို​လည်း တင်​ခြင်း​တို့​အ​ထဲ​က နုတ်​ယူ၏။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 7,
      "text": "သင်​သည် ဒု​က္ခ​ကို​ခံ​ရ​သော​အ​ခါ၊ ငါ့​ကို​ခေါ်၍ ငါ​သည်​ချမ်း​သာ​ပေး၏။ မ​ထင်​ရှား​သော​မိုး​ကြိုး​နေ​ရာ၌ ငါ​ပြန်​ပြော၏။ မေ​ရိ​ဘ​ရေ​နား​မှာ သင့်​ကို​ငါ​စုံ​စမ်း၏။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 8,
      "text": "ငါ၏​လူ​စု၊ နား​ထောင်​လော့။ ငါ​မှာ​ထား​မည်။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​စ​ကား​ကို နား​ထောင်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 9,
      "text": "သင်၌ တစ်​ပါး​အ​မျိုး၏​ဘု​ရား​မ​ရှိ​ရ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​ကို မ​ကိုး​ကွယ်​ရ။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 10,
      "text": "ငါ​သည်​သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်၏​နှုတ်​ကို ကျယ်​ကျယ်​ဖွင့်​လော့။ ဝ​ပြော​စွာ​ကျွေး​မည်။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 11,
      "text": "ငါ၏​လူ​များ​မူ​ကား၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ကို​အ​လို​မ​ရှိ​ကြ​ပါ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 12,
      "text": "ငါ​သည်​လည်း ထို​သူ​တို့​ကို သူ​တို့​နှ​လုံး​ခိုင်​မာ​ခြင်း၌​အပ်၍၊ သူ​တို့​သည် မိ​မိ​တို့​အ​လို​သို့ လိုက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 13,
      "text": "ငါ၏​လူ​စု​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​လမ်း၌ လိုက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 14,
      "text": "လိုက်​လျှင် ငါ​သည် သူ​တို့​ရန်​သူ​များ​ကို အ​လျင်​အ​မြန်​နှိပ်​စက်၍၊ ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ခတ်​မည်။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​သည် တောင်း​ပန်​ခြင်း​ကို​ပြု၍၊ ငါ၏​လူ​တို့​သည်​လည်း၊ အ​စဉ်​အ​မြဲ​တည်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 81,
      "verse": 16,
      "text": "အ​ကောင်း​ဆုံး​သော​ဆန်​စ​ပါး​နှင့် ငါ​ကျွေး​မည်။ ကျောက်​ထဲ​က​ထွက်​သော ပျား​ရည်​နှင့်​လည်း ဝ​ပြော​စေ​မည်။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ပ​ရိ​သတ်၌ ရပ်​လျက်​နေ​တော်​မူ၍၊ ဘု​ရား​တို့​အ​လယ်၌ စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 2,
      "text": "သင်​တို့​သည် မ​တ​ရား​သော​သူ​တို့၏​မျက်​နှာ​ကို​ထောက်၍၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 3,
      "text": "ဆင်း​ရဲ​သော​သူ​နှင့် မိ​ဘ​မ​ရှိ​သော​သူ​တို့​ကို စောင့်​မ​ကြ​လော့။ ငြို​ငြင်​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​ဘက်၌ တ​ရား​စီ​ရင်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 4,
      "text": "ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 5,
      "text": "သူ​တို့​သည် မ​သိ၊ နား​မ​လည်​ကြ။ မှောင်​မိုက်၌ ကျင်​လည်​ကြ၏။ မြေ​ကြီး​တိုက်​မြစ်​အ​ပေါင်း​တို့​သည် လှုပ်​ရှား​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 6,
      "text": "သင်​တို့​သည် ဘု​ရား​ဖြစ်​ကြ၏။ ရှိ​သ​မျှ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား၏​သား​ဖြစ်​ကြ၏ ဟု​ငါ​ဆို​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 7,
      "text": "သို့​သော်​လည်း၊ သင်​တို့​သည် လူ​ကဲ့​သို့​သေ၍၊ အ​ခြား​သော​မင်း​ကဲ့​သို့ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 82,
      "verse": 8,
      "text": "အို​ဘု​ရား​သ​ခင်၊ ထ၍ မြေ​ကြီး​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။ ကိုယ်​တော်​သည် လူ​မျိုး​အ​ပေါင်း​တို့​ကို အ​ပိုင်​ရ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ တိတ်​ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ အို ဘု​ရား​သ​ခင်၊ အ​မိန့်​တော်​မ​ရှိ​ဘဲ ငြိမ်​ဝပ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 2,
      "text": "ကိုယ်​တော်၏​ရန်​သူ​တို့​သည် ရုန်း​ရင်း​ခတ်​ပြု​ကြ​ပါ၏။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​သည် ထ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 3,
      "text": "ကိုယ်​တော်၏​လူ​စု​တစ်​ဖက်၌ ပ​ရိ​ယာယ်​ကို​ကြံ၍၊ ကိုယ်​တော်​ကွယ်​ကာ​တော်​မူ​သော သူ​တို့​တစ်​ဖက်၌ တိုင်​ပင်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 4,
      "text": "ဣ​သ​ရေ​လ၏​နာ​မ​ကို နောက်​တစ်​ဖန် အောက်​မေ့​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ လာ​ကြ၊ သူ​တို့​အ​မျိုး​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 5,
      "text": "သ​ဘော တ​ညီ​တ​ညွတ်​တည်း​တိုင်​ပင်၍၊ ကိုယ်​တော်​တစ်​ဖက်၌ အ​ချင်း​ချင်း​သင်း​ဖွဲ့​သော​သူ ဟူ​မူ​ကား။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 6,
      "text": "ဧ​ဒုံ​ပြည်၌​နေ​သော​သူ၊ ဣ​ရှ​မေ​လ​အ​မျိုး​သား၊ မော​ဘ​ပြည်​သား၊ ဟာ​ဂ​ရ​ပြည်​သား၊"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 7,
      "text": "ဂေ​ဗ​လ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ တု​ရု​မြို့​သား​နှင့်​တ​ကွ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​သည် သင်း​ဖွဲ့​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 8,
      "text": "အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​လည်း၊ ဝိုင်း၍ လော​တ​အ​မျိုး​သား​တို့​ဘက်​သို့ ဝင်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 9,
      "text": "မိ​ဒျန်​အ​မျိုး​ကို​လည်း​ကောင်း၊ ခိ​ရှုန်​ချောင်း​နား​မှာ သိ​သ​ရ​မင်း​နှင့် ယာ​ဘိန်​မင်း​ကို​လည်း​ကောင်း​ပြု​သ​ကဲ့​သို့ သူ​တို့​ကို ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 10,
      "text": "ထို​သူ​တို့​သည် အင်္ဒေါ​ရ​အ​ရပ်၌​ဆုံး​ရှုံး၍၊ မြေ​ပေါ်​မှာ နောက်​ချေး​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 11,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​များ​ကို ကိုယ်​ဖို့​သိမ်း​ယူ​ကြ​ကုန်​အံ့​ဟု​ဆို​သော ဩ​ရ​ဘ​မင်း​နှင့် ဇေ​ဘ​မင်း​ကဲ့​သို့၊"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 12,
      "text": "ဤ​သူ​တို့၏​မှူး​မတ်​များ​ကို​လည်း​ကောင်း၊ ဇေ​ဘ​ဟ​မင်း​နှင့် ဇာ​လ​မု​န္န​မင်း​ကဲ့​သို့ ဤ​သူ​တို့၏ မင်း​သား​အ​ပေါင်း​ကို​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 13,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍​လွင့်​သော ဖွဲ့​ကဲ့​သို့​လည်း​ကောင်း သူ​တို့​ကို​ဖြစ်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 14,
      "text": "တော​ကို မီး​ရှို့​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ပေါ်​မှာ မီး​လောင်​သ​ကဲ့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 15,
      "text": "ထို​နည်း​တူ၊ မိုး​သက်​မုန်​တိုင်း​တော်​အား​ဖြင့် သူ​တို့​ကို​ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​သော လေ​တော်​အား​ဖြင့် ခြောက်​လှန့်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 16,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​မျက်​နှာ​ကို ရှက်​စေ​တော်​မူ၍ သူ​တို့​သည် နာ​မ​တော်​ကို ရှာ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 17,
      "text": "စိတ်​ပျက်၍ အ​စဉ်​ပင်​ပန်း​ခြင်း​ရှိ​ကြ​ပါ​စေ​သော။ အ​ရှက်​ကွဲ၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 83,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​ဟူ၍ နာ​မ​တော်​ရှိ​သော ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်၊ မြေ​ကြီး​တစ်​ပြင်​လုံး​အ​ပေါ်​မှာ အ​မြင့်​ဆုံး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 1,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ဌာ​န​တို့​သည် အ​လွန်​နှစ်​သက်​ဖွယ် ဖြစ်​ပါ​သည်​တ​ကား၊"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တံ​တိုင်း​တော်​တို့​ကို အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တ​သ၍ အား​လျော့​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​နှင့် ကိုယ်​ခ​န္ဓာ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အ​လို​ရှိ၍ ကြွေး​ကြော်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 3,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကယ်​စင်​စစ် ယဇ်​ပ​လ္လင်​တော်​တို့​အ​နား​မှာ စာ​ငှက်​သည် နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း၊ ဇ​ရက်​သည်​လည်း သား​ငယ်​မွေး​စ​ရာ အ​သိုက်​ကို​လည်း​ကောင်း တွေ့​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 4,
      "text": "အိမ်​တော်၌​နေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ကိုယ်​တော်​ကို အ​စဉ် ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 5,
      "text": "ကိုယ်​တော်​ကို အား​ပြု​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထို​သို့​သော​သူ​တို့​သည် လမ်း​ခ​ရီး​တော်​တို့​ကို နှ​လုံး​သွင်း​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 6,
      "text": "သူ​တို့​သည် ဗာ​ကာ​လွင်​ပြင်၌ လျှောက်​သွား​စဉ်၊ ထို​လွင်​ပြင်​ကို စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ဖြစ်​စေ​ကြ​ပါ၏။ အ​ရင် မိုး​ရေ​လည်း မင်္ဂ​လာ​များ​နှင့် လွှမ်း​စေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 7,
      "text": "သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 8,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို မှတ်​တော်​မူ​ပါ။ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 9,
      "text": "အ​ကျွန်ုပ်​တို့​ကို​ကွယ်​ကာ​တော်​မူ​သော​ဘု​ရား၊ ကြည့်​ရှု​တော်​မူ​ပါ။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏​မျက်​နှာ​ကို ထောက်​ရှု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 10,
      "text": "တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 11,
      "text": "ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် နေ​လည်း​ဖြစ်​တော်​မူ၏။ အ​ကွယ်​အ​ကာ​လည်း ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​တော်​နှင့် ဘုန်း​အ​သ​ရေ​ကို ပေး​တော်​မူ၏။ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို ငြင်း​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 84,
      "verse": 12,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌ ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 1,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ပြည်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ၍၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယာ​ကုပ်​အ​မျိုး​သား​တို့​ကို ပြန်​ပို့​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 2,
      "text": "ကိုယ်​တော်၏​လူ​တို့​အ​ပြစ်​ကို​လွှတ်၍၊ သူ​တို့၏​ဒု​စ​ရိုက်​အ​ပေါင်း​ကို​လည်း ဖုံး​အုပ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 3,
      "text": "စိတ်​တော်​ရှင်း​ရှင်း​ပြေ၍၊ အ​မျက်​တော်​အ​ရှိန်​ကို လျော့​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 4,
      "text": "အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို​ပြောင်း​လဲ​စေ၍၊ ထွက်​ဖူး​သော​အ​မျက်​တော်​ကို ငြိမ်း​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 5,
      "text": "အ​ကျွန်ုပ်​တို့၌ အ​စဉ်​အ​မျက်​ထွက်​တော်​မူ​မည်​လော။ ကာ​လ​အ​စဉ်​အ​ဆက် စိတ်​တော်​မ​ပြေ​ဘဲ နေ​တော်​မူ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 6,
      "text": "ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်​အ​ကြောင်း၊ တစ်​ဖန်​အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​တော်​ကို​ပြ၍၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 8,
      "text": "ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​ကို ငါ​နား​ထောင်​မည်။ အ​ကယ်​စင်​စစ် မိ​မိ​လူ၊ မိ​မိ​သန့်​ရှင်း​သူ​တို့​အား ငြိမ်​သက်​ခြင်း​အ​ကြောင်း​ကို မိန့်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်၊ နောက်​တစ်​ဖန် မိုက်​သော​အ​ကျင့်​ကို မ​ကျင့်​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 9,
      "text": "ငါ​တို့​ပြည်၌ ဘုန်း​တော်​ကျိန်း​ဝပ်​မည်​အ​ကြောင်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​သည်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၏​အ​နီး​သို့ ဧ​ကန်​အ​မှန် ရောက်​လေ​ပြီ။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 10,
      "text": "က​ရု​ဏာ​နှင့်​သ​စ္စာ ဆုံ​မိ​ပြီ။ တ​ရား​နှင့် ချမ်း​သာ​သည် တစ်​ပါး​ကို​တစ်​ပါး နမ်း​ကြ​ပြီ။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 11,
      "text": "သ​စ္စာ​သည် မြေ​ကြီး​ထဲ​က ပေါက်​လိမ့်​မည်။ တ​ရား​သည်​လည်း ကောင်း​ကင်​ပေါ်​က ငုံ့​ကြည့်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 12,
      "text": "အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၍၊ ငါ​တို့​မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို ပေး​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 85,
      "verse": 13,
      "text": "တ​ရား​သည်​ရှေ့​တော်၌​သွား၍ ခြေ​တော်​ရာ​တို့​ကို ပဲ့​ပြင်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 2,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ သန့်​ရှင်း​သူ​တို့​အ​ဝင်​ဖြစ်​သော အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို စောင့်​မ၍၊ ကိုယ်​တော်​ကို ကိုး​စား​သော ကိုယ်​တော်၏​ကျွန်​ကို ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 3,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အ​စဉ်​အော်​ဟစ်​ပါ​သည်​ဖြစ်၍၊ ကယ်​မ​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 4,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် ဝမ်း​မြောက်​မည်​အ​ကြောင်း ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 5,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​အား က​ရု​ဏာ​တော် ကြွယ်​ဝ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 6,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​သ​နား​တော်​ခံ​သော​စ​ကား​သံ​ကို မှတ်​တော်​မူ​ပါ။ ဘေး​ရောက်​သည်​ကာ​လ၊ ကိုယ်​တော်​ကို ခေါ်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 7,
      "text": "ကိုယ်​တော်​လည်း ထူး​တော်​မူ​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 8,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​တို့​တွင် ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မ​ရှိ​ပါ။ အ​မှု​တော်​နှင့်​တူ​သော အ​မှု​လည်း​မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 9,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ဖန်​ဆင်း​တော်​မူ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​လျက် ရှေ့​တော်၌ ပျပ်​ဝပ်၍၊ နာ​မ​တော်​ကို ချီး​မြှောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 10,
      "text": "ကိုယ်​တော်​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​တို့​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 11,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​လမ်း​သို့ လိုက်​သွား​ပါ​မည်။ နာ​မ​တော်​ကို ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို စေ့​စပ်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 12,
      "text": "အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း၍၊ နာ​မ​တော်​ကို အ​စဉ်​အ​မြဲ ချီး​မြှောက်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 13,
      "text": "အ​ကျွန်ုပ်​ခံ​ရ​သော က​ရု​ဏာ​တော်​ကြီး​လှ​ပါ၏။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​အောက်​အ​ရပ်​ထဲ​က ကယ်​နုတ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 14,
      "text": "အို ဘု​ရား​သ​ခင်၊ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌​ထ​ကြ၍၊ ကြမ်း​တမ်း​သော လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​မျက်​မှောက်​မ​ပြု​ဘဲ၊ အ​ကျွန်ုပ်​အ​သက်​ကို ရှာ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 15,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော၊ က​ရု​ဏာ​နှင့် သ​စ္စာ ကြွယ်​ဝ​သော​သ​ဘော​နှင့် ပြည့်​စုံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 16,
      "text": "အ​ကျွန်ုပ်​ကို မျက်​နှာ​ပြု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​အား တန်​ခိုး​တော်​ကို​ပေး၍၊ ကိုယ်​တော်၏ ကျွန်​မ​သား​ကို ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 86,
      "verse": 17,
      "text": "အ​ကျွန်ုပ်​အား ကောင်း​သော​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် မြင်၍ ရှက်​ကြောက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မ​စ၍ ချမ်း​သာ​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 1,
      "text": "ဘုံ​ဗိ​မာန်​တော်​တိုက်​မြစ်​သည် သန့်​ရှင်း​သော​တောင်​ရိုး​ပေါ်​မှာ တည်​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​နေ​ရာ​အ​ပေါင်း​တို့​ထက် ဇိ​အုန်​တံ​ခါး​တို့​ကို သာ၍ နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 3,
      "text": "အို​ဘု​ရား​သ​ခင်၏ မြို့​တော်၊ သင်​သည် ဘုန်း​အ​သ​ရေ​ကြီး​လိမ့်​မည်​ဟူ​သော စ​ကား​ကို ပြော​ထား​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 4,
      "text": "ငါ့​ကို​သိ​ကျွမ်း​သော​သူ​တို့​တွင်၊ ရာ​ခပ်​မြို့​နှင့် ဗာ​ဗု​လုန်​မြို့​ကို ငါ​မှတ်​ထား​မည်။ ဖိ​လိ​တ္တိ​ပြည်၊ တု​ရု​ပြည်၊ ကု​ရှ​ပြည်​တို့​ကို​လည်း ကြည့်​ကြ​လော့။ ဤ​မည်​သော​ပြည်​သား​သည် မြို့​တော်၌ ဖွား​မြင်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 5,
      "text": "ဇိ​အုန်​မြို့​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​မြို့၌ ဖွား​မြင်​ကြ​ပြီ။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် ထို​မြို့​ကို ကိုယ်​တော်​တိုင် မြဲ​မြံ​စေ​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို စာ​ရင်း​ယူ​တော်​မူ​သော​အ​ခါ၊ ဤ​မည်​သော​အ​မျိုး​သည် မြို့​တော်၌ ဖွား​မြင်​သော​အ​မျိုး​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 87,
      "verse": 7,
      "text": "သီ​ချင်း​သည်​နှင့် ပွဲ​သ​ဘင်​ခံ​သော​သူ​အ​စ​ရှိ​သော ငါ၏​ပျော်​မွေ့​ခြင်း​အ​ကြောင်း​ရှိ​သ​မျှ​တို့​သည် သင်၌​ရှိ​ကြ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 1,
      "text": "အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ နေ့​ည​မ​ပြတ် အော်​ဟစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 2,
      "text": "အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​သည် အ​ထံ​တော်​သို့ ဝင်​ပါ​စေ​သော။ အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 3,
      "text": "အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ဒု​က္ခ​နှင့်​ပြည့်၍၊ အ​သက်​သည်​လည်း မ​ရ​ဏနိုင်​ငံ​အ​နီး​သို့ ရောက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 4,
      "text": "အ​ကျွန်ုပ်​သည် သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​ပါ၏။ အား​ကုန်​သော​သူ​ကဲ့​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 5,
      "text": "လူ​သေ​တို့​တွင် ပစ်​ထား​သော​သူ၊ ကွပ်​မျက်၍ သင်္ချိုင်း​တွင်း၌ အိပ်​နေ​သော​သူ​တည်း​ဟူ​သော အောက်​မေ့​တော်​မ​မူ၊ လက်​တော်၏ မ​စ​ခြင်း​နှင့်​ကွာ​ဝေး​သော​သူ​ကဲ့​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 6,
      "text": "အ​ကျွန်ုပ်​ကို အ​နက်​ဆုံး​သော​တွင်း၊ မှောင်​မိုက်​ဖုံး​လွှမ်း၍ အ​လွန်​နက်​နဲ​သော အ​ရပ်၌ ချ​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 7,
      "text": "အ​မျက်​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်၌ ဖိ​လျက်​ရှိ​ပါ၏။ လှိုင်း​တံ​ပိုး​တော်​အ​ပေါင်း​တို့​နှင့် နှိပ်​စက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 8,
      "text": "အ​ကျွန်ုပ်၏​အ​သိ​အ​ကျွမ်း​များ​ကို အ​ဝေး​သို့​ရွှေ့​တော်​မူ​ပြီ။ သူ​တို့​အား အ​ကျွန်ုပ်​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် အ​ချုပ်​ခံ​ရ၍၊ ပြင်​သို့ မ​ထွက်​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 9,
      "text": "အ​ကျွန်ုပ်​ခံ​ရ​သော ဒု​က္ခ​ကြောင့် အ​ကျွန်ုပ်​မျက်​စိ​သည် ပျက်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​စဉ်​အော်​ဟစ်​ပါ၏။ အ​ထံ​တော်​သို့ လက်​ကို​ဆန့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 10,
      "text": "သေ​လျက်​နေ​သော​သူ​တို့​အား အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​တော်​မူ​မည်​လော။ သင်္ချိုင်း​သား​တို့​သည် ထ၍ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 11,
      "text": "က​ရု​ဏာ​တော်​ကို သင်္ချိုင်း​တွင်း၌​လည်း​ကောင်း၊ သ​စ္စာ​တော်​ကို ပျက်​စီး​ရာ​အ​ရပ်၌​လည်း​ကောင်း ကြား​ပြော​ရ​ကြ​ပါ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 12,
      "text": "အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို မှောင်​မိုက်​သော အ​ရပ်၌​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို မေ့​လျော့​ရာ​ပြည်၌​လည်း​ကောင်း သိ​ရ​ကြ​ပါ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 13,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ် အော်​ဟစ်​ပါ၏။ နံ​နက်​အ​ချိန်၌ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် ရှေ့​တော်​သို့​ရောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 14,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို အ​ဘယ်​ကြောင့် ပယ်​တော်​မူ​သ​နည်း။ မျက်​နှာ​တော်​ကို အ​ကျွန်ုပ်​မှ အ​ဘယ်​ကြောင့် လွှဲ​တော်​မူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 15,
      "text": "အ​ကျွန်ုပ်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို​ခံ​ရ၍ သေ​ဆဲ​ရှိ​ပါ၏။ စီ​ရင်​တော်​မူ​သော​ဘေး​များ​ကို ငယ်​သော​အ​ရွယ်​က​ပင် ခံ​ရ၍ ပင်​ပန်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 16,
      "text": "အ​မျက်​တော်​သည် အ​ကျွန်ုပ်​ကို လွှမ်း​မိုး​ပါ၏။ စီ​ရင်​တော်​မူ​သော ဘေး​တို့​သည် အ​ကျွန်ုပ်၏​အ​သက်​ကို ညှဉ်း​ဆဲ​သည်​တိုင်​အောင်၊"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 17,
      "text": "ရေ​ကဲ့​သို့ အ​စဉ်​မ​ပြတ်​ဝိုင်း၍ တ​ညီ​တ​ညွတ်​တည်း ဝန်း​ရံ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 88,
      "verse": 18,
      "text": "ချစ်​သော​သူ​နှင့် အ​ဆွေ​ခင်​ပွန်း​ကို အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​ရွှေ့​တော်​မူ​ပြီ။ အ​သိ​အ​ကျွမ်း​တို့​သည် မှောင်​မိုက်​ထဲ​မှာ ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 1,
      "text": "အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​ကို အ​စဉ်​အ​မြဲ​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်၏​သ​စ္စာ​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​အား ဟော​ပြော​မြွက်​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 2,
      "text": "က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​ရ​ပါ၏။ သ​စ္စာ​တော်​ကို ကောင်း​ကင်၌ ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သ​ဘော​ကျ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 3,
      "text": "ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် ငါ​မြဲ​မြံ​စေ​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 4,
      "text": "သင်၏​ပ​လ္လင်​ကို​လည်း လူ​မျိုး​အ​ဆက်​ဆက်​တည်​စေ​မည်​ဟု ငါ​ရွေး​ကောက်​သော​သူ​နှင့် ငါ​သည်​ပ​ဋိ​ညာဉ်​ဖွဲ့၍၊ ငါ၏​ကျွန်​ဒါ​ဝိဒ်​အား ကျိန်​ဆို​ခြင်း​ကို ပြု​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 5,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​သည် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​တို့​သည် စည်း​ဝေး​လျက် သ​စ္စာ​တော်​ကို​လည်း​ကောင်း ချီး​မွမ်း​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တွင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​ပြိုင်​နိုင်​သ​နည်း။ ဘု​ရား​သ​ခင်၏​သား​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 8,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ တူ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ခွန်​အား​ကြီး​တော်​မူ၏။ သ​စ္စာ​တော်​လည်း ကိုယ်​တော်​ကို ပတ်​ဝန်း​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 9,
      "text": "သ​မု​ဒ္ဒ​ရာ​ဟုန်း​ခြင်း​ကို အ​စိုး​ရ​တော်​မူ၏။ လှိုင်း​တံ​ပိုး​ထ​သော​အ​ခါ ငြိမ်း​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 10,
      "text": "ကိုယ်​တော်​သည် သူ​ရဲ​ကဲ့​သို့ ရာ​ခပ်​ကို​ချိုး​ဖျက်၍၊ အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 11,
      "text": "ကောင်း​ကင်​နှင့် မြေ​ကြီး​သည် ကိုယ်​တော်၏​ဥ​စ္စာ​ဖြစ်​ပါ၏။ လော​က​ဓာတ်​နှင့် လော​က​ဓာတ်​တန်​ဆာ​များ​ကို တည်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 12,
      "text": "မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ တာ​ဗော်​တောင်​နှင့် ဟေ​ရ​မုန်​တောင်​သည် နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 13,
      "text": "တန်​ခိုး​ရှိ​သော​လက်​ရုံး​နှင့် ပြည့်​စုံ​တော်​မူ၏။ လက်​တော်​သည်​အား​ကြီး၍၊ လက်​ယာ​လက်​တော်​သည် မြင့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 14,
      "text": "တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်​ပါ၏။ က​ရု​ဏာ​နှင့်​သ​စ္စာ​သည် မျက်​နှာ​တော်​ရှေ့၌​သွား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 15,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ နှိုး​ဆော်​တော်​မူ​ခြင်း​အ​သံ​ကို နား​လည်​သော​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 16,
      "text": "သူ​တို့​သည် မျက်​နှာ​တော်​အ​လင်း၌ သွား​လာ​ရ​ကြ​ပါ၏။ နာ​မ​တော်၌ အ​စဉ်​ဝမ်း​မြောက်၍ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​အား​ဖြင့် ချီး​မြှောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 17,
      "text": "ကိုယ်​တော်​သည် သူ​တို့​အ​စွမ်း​သ​တ္တိ၏ ဘုန်း​ဖြစ်​တော်​မူ၏။ ကျေး​ဇူး​တော်​အား​ဖြင့်​လည်း အ​ကျွန်ုပ်​တို့၏ ဦး​ချို​သည် ချီး​မြှောက်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို ကွယ်​ကာ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​သည် အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 19,
      "text": "တစ်​ရံ​ရော​အ​ခါ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ အား​ကြီး​သော​သူ​သည် ကူ​မ​မည်​အ​ကြောင်း ငါ​ခန့်​ထား​ပြီ။ လူ​စု​ထဲ​က ရွေး​ကောက်​သော​သူ တစ်​ယောက်​ကို ငါ​ချီး​မြှောက်​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 20,
      "text": "ငါ၏​ကျွန်​ဒါ​ဝိဒ်​ကို ငါ​တွေ့၍၊ သန့်​ရှင်း​သော​ဆီ​နှင့် ဘိ​သိက်​ပေး​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 21,
      "text": "သူ့​ဘက်​မှာ ငါ့​လက်​သည်​တည်​လိမ့်​မည်။ ငါ့​လက်​ရုံး​သည် သူ့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 22,
      "text": "ရန်​သူ​သည် သူ၏​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​ယူ​ရ။ မ​တ​ရား​သော​သူ​သည် မ​ညှဉ်း​ဆဲ​ရ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 23,
      "text": "သူ၏​ရန်​သူ​တို့​ကို သူ့​ရှေ့​မှာ ငါ​နှိပ်​စက်၍၊ သူ့​ကို​မုန်း​သော သူ​တို့​ကို ဒဏ်​ခတ်​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 24,
      "text": "ငါ၏​သ​စ္စာ​နှင့် က​ရု​ဏာ​သည်​သူ့​ဘက်​မှာ​နေ၍၊ ငါ၏​နာ​မ​အား​ဖြင့် သူ၏​ဦး​ချို​သည် ချီး​မြှောက်​လျက် ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 25,
      "text": "သူ၏​လက်​ကို​လည်း၊ ပင်​လယ်​ပေါ်​မှာ​လည်း​ကောင်း၊ သူ၏​လက်​ယာ​လက်​ကို မြစ်​များ​ပေါ်​မှာ​လည်း​ကောင်း ငါ​တင်၍​ထား​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 26,
      "text": "သူ​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဘ၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​ရာ​ကျောက်​ဖြစ်​တော်​မူ၏​ဟု ငါ့​ကို ကြွေး​ကြော်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 27,
      "text": "အ​ကယ်​စင်​စစ် သူ့​ကို သား​ဦး​အ​ရာ၌ ခန့်​ထား၍၊ လော​ကီ​ရှင်​ဘု​ရင်​တို့​အ​ပေါ်​မှာ ချီး​မြှောက်​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 28,
      "text": "ငါ၏​က​ရု​ဏာ​ကို သူ့​အ​ဖို့​ငါ​သည် အ​စဉ်​စောင့်၍၊ ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​သည် သူ၌ မြဲ​မြံ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 29,
      "text": "သူ၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​အ​မြဲ တည်​စေ​မည်။ သူ၏​ပ​လ္လင်​သည် ကောင်း​ကင်​က​လာ​သ​ကဲ့​သို့ နိ​စ္စ​ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 30,
      "text": "သူ၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို စွန့်​ပယ်၍၊ ငါ၏​စီ​ရင်​ချက်​တို့​ကို မ​ကျင့်၊"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 31,
      "text": "ငါ၏​အ​ထုံး​အ​ဖွဲ့​တို့​ကို ရှုတ်​ချ၍၊ ငါ၏​ပ​ညတ်​တို့​ကို မ​စောင့်​ဘဲ​နေ​လျှင်၊"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 32,
      "text": "ငါ​သည် သူ​တို့​ပြစ်​မှား​သော​ကြောင့်၊ ကြိမ်​လုံး​နှင့်​ဆုံး​မ၍ ဒဏ်​ချက်​တို့​နှင့် ဒု​စ​ရိုက်​အ​တိုင်း အ​ပြစ်​ပေး​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 33,
      "text": "သို့​သော်​လည်း၊ ငါ၏​က​ရု​ဏာ​ကို သူ​မှ​ငါ​မ​နုတ်​မ​ပယ်။ ငါ၏​သ​စ္စာ​ကို​လည်း မ​ဖျက်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 34,
      "text": "ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​လည်း မ​ရှုတ်​ချ။ ငါ​မိန့်​မြွက်​သော စ​ကား​လည်း ဖောက်​ပြန်​ခြင်း​မ​ရှိ​ရ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 35,
      "text": "ငါ​သည် ဒါ​ဝိဒ်​ကို​မ​လှည့်​စား​ဟု ငါ၏​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို တိုင်​တည်၍ တစ်​ခါ​ကျိန်​ဆို​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 36,
      "text": "သူ၏​အ​မျိုး​အ​နွယ်​သည် အ​စဉ်​အ​မြဲ တည်​ရ​မည်။ သူ၏​ပ​လ္လင်​သည်​လည်း၊ ငါ့​ရှေ့၌ နေ​ကဲ့​သို့​ဖြစ်​ရ​မည်။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 37,
      "text": "လ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌ သ​စ္စာ​စောင့်​သော သက်​သေ​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​မြဲ​မြံ​ရ​မည်​ဟု ကိုယ်​တော်​သည် မိန့်​တော်​မူ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 38,
      "text": "သို့​သော်​လည်း၊ ကိုယ်​တော်​သည် ယ​ခု​စွန့်​ပယ်၍​ရွံ​ရှာ​တော်​မူ​ပြီ။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ​ကို အ​မျက်​ထွက်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 39,
      "text": "ကိုယ်​တော်၏​ကျွန်​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို​ဖျက်၍၊ သူ၏​သ​ရ​ဖူ​ကို မြေ​တိုင်​အောင် ရှုတ်​ချ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 40,
      "text": "သူ၏​ခြံ​ရှိ​သ​မျှ​တို့​ကို​ချိုး၍၊ သူ၏​တိုက်​များ​ကို ဖြို​ဖျက်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 41,
      "text": "လမ်း၌​လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် သူ့​ကို​လု​ယူ​ကြ၏။ အိမ်​နီး​ချင်း​တို့​တွင် ကဲ့​ရဲ့​ဖွယ်​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 42,
      "text": "သူ၏​ရန်​သူ​တို့ လက်​ယာ​လက်​ကို ချီး​မြှင့်၍၊ ရန်​ဘက်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ဝမ်း​မြောက်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 43,
      "text": "သူ၏​ဓား​သွား​ကို​လိပ်​စေ၍၊ သူ​စစ်​တိုက်​ရာ​တွင် ထောက်​မ​တော်​မ​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 44,
      "text": "သူ၏​ဘုန်း​ကို​ကွယ်​စေ၍၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို မြေ​သို့​နှိမ့်​ချ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 45,
      "text": "သူ၏​ပျို​သော​အ​ရွယ်​ကို တို​စေ၍ အ​ရှက်​ခွဲ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 46,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လျှင်း​မ​ထင်​ရှား​ဘဲ၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​ပုန်း၍ နေ​တော်​မူ​မည်​နည်း။ အ​မျက်​တော်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မီး​ကဲ့​သို့ လောင်​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 47,
      "text": "အ​ကျွန်ုပ်၏​အ​သက်​တာ​သည် အ​ဘယ်​မျှ​လောက် တို​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​မျှ​လောက် ပျက်​တတ်​စေ​ခြင်း​ငှာ၊ လူ​သား​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 48,
      "text": "သေ​ခြင်း​သို့​မ​ရောက်၊ အ​သက်​ရှင်၍ မိ​မိ​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​တန်​ခိုး​မှ ကယ်​နုတ်​နိုင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 49,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ သ​စ္စာ​တော်​နှင့်​တ​ကွ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​အား ကျိန်​ဆို​တော်​မူ​သော ရှေး​က​ရု​ဏာ​တော်​သည် အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 50,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ကျွန်​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို အောက်​မေ့​တော်​မူ​ပါ။ များ​စွာ​သော လူ​တို့၏​အ​မှု​အ​လုံး​စုံ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ရင်​ခွင်၌ ဆောင်​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 51,
      "text": "အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ကဲ့​ရဲ့​တတ်​ကြ​ပါ၏။ အ​ထံ​တော်၌ ဘိ​သိက်​ခံ​သော​သူ၏​ခြေ​တော်​ရာ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 89,
      "verse": 52,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 1,
      "text": "အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 2,
      "text": "တောင်​များ​ကို မ​ဖော်၊ မြေ​ကြီး​နှင့် လော​က​ဓာတ်​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ၊ ကိုယ်​တော်​သည် ရှေး​က​မ္ဘာ အ​ဆက်​ဆက်​မှ​စ၍၊ နောက်​က​မ္ဘာ အ​ဆက်​ဆက်​တိုင်​အောင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 3,
      "text": "လူ​မျိုး​ကို​ကား၊ ကြေ​မွ​စေ​တော်​မူ၏။ အ​ချင်း​လူ​သား​တို့၊ ပြန်​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 4,
      "text": "ရှေ့​တော်၌ အ​နှစ်​တစ်​ထောင်​သည် လွန်​ပြီး​သော မ​နေ့​ကဲ့​သို့​လည်း​ကောင်း၊ ညဉ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 5,
      "text": "လူ​တို့​ကို လွှမ်း​မိုး​တိုက်​သွား​တော်​မူ၏။ သူ​တို့​သည် အိပ်​ပျော်​ခြင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ လူ​သည် မြက်​ပင်​ကဲ့​သို့ နံ​နက်​အ​ချိန်၌ တိုး​ပွား​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 6,
      "text": "နံ​နက်​အ​ချိန်၌​ကား၊ ပွင့်​လန်း၍​တိုး​ပွား​ပါ၏။ ညဉ့်​ဦး​အ​ချိန်၌​ကား၊ ရိတ်၍ ညှိုး​နွမ်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 7,
      "text": "အ​မျက်​တော်​ထွက်​သော​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ၏။ စိတ်​တော်​မ​ပြေ​သော​ကြောင့်၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 8,
      "text": "အ​ကျွန်ုပ်​တို့၏​ဒု​စ​ရိုက်​များ​ကို ရှေ့​တော်၌​လည်း​ကောင်း၊ ဝှက်​ထား​သော​အ​ကျင့်​များ​ကို မျက်​နှာ​တော် အ​လင်း​ထဲ၌​လည်း​ကောင်း၊ လှန်​ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 9,
      "text": "အ​ကျွန်ုပ်​တို့​သည် အ​မျက်​တော်​ကို​ခံ​ရ​သော​ကြောင့်၊ နေ့​ရက်​ကာ​လ​ရွေ့​သွား၍၊ နှစ်​များ​တို့​သည် စိတ်​ထင်​ကဲ့​သို့ လွန်​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 10,
      "text": "အ​ကျွန်ုပ်​တို့၏​အ​သက်​အ​ရွယ်​သည် အ​နှစ်​ခု​နစ်​ဆယ် အ​တိုင်း​အ​ရှည်​ရှိ​ပါ၏။ အား​ကြီး၍ အ​နှစ်​ရှစ်​ဆယ်​ပြည့်​သော်​လည်း၊ ဝါ​ကြွား​ခြင်း​သည် ပင်​ပန်း​ခြင်း​နှင့် ဝမ်း​နည်း​ခြင်း​ဖြစ်​ပါ၏။ ထို​အ​သက်​သည်​လည်း မြန်​မြန်​လွန်၍၊ အ​ကျွန်ုပ်​တို့​သည် စု​တေ့​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 11,
      "text": "အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ​သိ​ပါ​သ​နည်း။ အ​မျက်​ထွက်​တော်​မူ​ခြင်း​ကို ကြောက်​ရွံ့​သင့်​သည်​အ​တိုင်း အ​ဘယ်​သူ ကြောက်​ရွံ့​ပါ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 12,
      "text": "အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 13,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ပြန်​လာ​တော်​မူ​ပါ။ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက် နာ​ကြင်​သော​စိတ် ရှိ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 14,
      "text": "အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 15,
      "text": "အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သော နေ့​ရက်​ကာ​လ၊ ဒု​က္ခ​ခံ​ရ​ခဲ့​ပြီး​သော နှစ်​ပေါင်း​များ​သည်​အ​တိုင်း၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 16,
      "text": "အ​မှု​တော်​သည် ကိုယ်​တော်၏​ကျွန်​တို့​အား​လည်း​ကောင်း၊ ဘုန်း​တော်​သည် သား​မြေး​တို့​အား​လည်း​ကောင်း ထင်​ရှား​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 90,
      "verse": 17,
      "text": "အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့​ပြု​သော​အ​မှု​တို့​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အ​ဖို့ မြဲ​မြံ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 1,
      "text": "အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 3,
      "text": "အ​ကယ်​စင်​စစ် မု​ဆိုး၏​ကျော့​ကွင်း​နှင့်​လည်း​ကောင်း၊ သေ​တတ်​သော အ​နာ​နှင့်​လည်း​ကောင်း၊ သင့်​ကို ကင်း​လွတ်​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 4,
      "text": "အ​တောင်​တော်​အ​မွေး​နှင့် ဖုံး​အုပ်​တော်​မူ၍၊ အ​တောင်​တော်​အောက်၌ သင်​သည်​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။ သ​စ္စာ​တော်​သည် သင်၏​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 5,
      "text": "ည​အ​ခါ​ဖြစ်​တတ်​သော ဘေး​ကို​လည်း​ကောင်း၊ နေ့​အ​ချိန်၌ ပစ်​သော​မြား​ကို​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 6,
      "text": "မှောင်​မိုက်​ထဲ​မှာ လည်​တတ်​သော ကာ​လ​နာ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ ဖျက်​ဆီး​တတ်​သော ဥ​ပဒ်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ကြောက်​ရ။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 7,
      "text": "သင်၏​အ​နား​မှာ လူ​တစ်​ထောင်၊ သင်၏​လက်​ယာ​ဘက်​မှာ လူ​တစ်​သောင်း​လဲ​သော်​လည်း၊ သင့်​ကို မ​ထိ​မ​ခိုက်​ရ။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 8,
      "text": "သင်​သည် ကိုယ်​မျက်​စိ​နှင့်​ကြည့်၍၊ မ​တ​ရား​သော​သူ​တို့၌ ရောက်​ရ​သော​အ​ပြစ်​ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏​ဟု သင်​သည်​ဆို၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၌ နေ​ရာ​ကျ​သော​ကြောင့်၊"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 10,
      "text": "သင်၌ မ​ကောင်း​သော​အ​နိဌာ​ရုံ မ​ကပ်​မ​ရောက်။ သင့်​နေ​ရာ​သို့ ဘေး​ဥ​ပဒ်​မ​ချဉ်း​ရ။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 11,
      "text": "သွား​လေ​ရာ​ရာ၌ သင့်​ကို​စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 12,
      "text": "သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 13,
      "text": "သင်​သည် ခြင်္သေ့​နှင့် မြွေ​ဆိုး​အ​ပေါ်​မှာ​ကျော်​သွား၍၊ ခြင်္သေ့​ပျို​နှင့် န​ဂါး​တို့​ကို ခြေ​ဖြင့်​နင်း​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 14,
      "text": "သူ​သည် ငါ့​ကို​ချစ်​သော​ကြောင့်၊ သူ့​ကို ငါ​ကယ်​နုတ်​မည်။ ငါ၏​နာ​မ​ကို​သိ​သော​ကြောင့်၊ သူ့​ကို ငါ​ချီး​မြှောက်​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 15,
      "text": "သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။"
    },
    {
      "book": 19,
      "chapter": 91,
      "verse": 16,
      "text": "ရှည်​သော​အ​သက်​နှင့် သူ့​ကို​ရောင့်​ရဲ​စေ၍၊ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို သူ့​အား​ပြ​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍၊"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 2,
      "text": "အ​မြင့်​ဆုံး​သော​ဘု​ရား၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 3,
      "text": "စောင်း​နှင့်​တ​ကွ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ၊ တ​ယော၊ မိ​ကျောင်း​တို့​ကို​တီး၍၊ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို နံ​နက်​အ​ချိန်၊ ည​အ​ချိန် အ​စဉ်​အ​တိုင်း​ပြ​ခြင်း​ငှာ​လည်း​ကောင်း လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 4,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​မှု​တော်​များ​အား​ဖြင့် အ​ကျွန်ုပ်​ကို ဝမ်း​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​သ​မျှ​တို့​ကြောင့် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 5,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​သော​အ​မှု​တို့​သည် ကြီး​မား၍၊ အ​ကြံ​အ​စည်​တော်​လည်း အ​လွန်​နက်​လှ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 6,
      "text": "တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​မ​သိ၊ မိုက်​သော​သူ နား​မ​လည်​သော​အ​မှု​အ​ရာ​ဟူ​မူ​ကား၊"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 7,
      "text": "မ​တ​ရား​သော သူ​တို့​သည် မြက်​ပင်​ကဲ့​သို့​ပေါက်၍၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့​သည် ပွင့်​လန်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​သို့​ရောက်​ရ​သော အ​ကြောင်း​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 8,
      "text": "ကိုယ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ ကြီး​မြင့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 9,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 10,
      "text": "အ​ကျွန်ုပ်၏​ချို​ကို​ကား၊ ကြံ့​ချို​ကဲ့​သို့ ချီး​မြှောက်၍၊ အ​ကျွန်ုပ်​ကို အ​သစ်​သော​ဆီ​နှင့် လိမ်း​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 11,
      "text": "အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကို အ​ကျွန်ုပ်​မျက်​စိ​မြင်​လျက်၊ ရန်​ဘက်​ပြု​သော လူ​ဆိုး​တို့​အ​ကြောင်း​ကို နား​ကြား​လျက်၊ အ​ကျွန်ုပ်​သည် အား​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 12,
      "text": "ဖြောင့်​မတ်​သော​သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့​ပွင့်​လန်း၍ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​ကဲ့​သို့ ကြီး​ပွား​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စိုက်​ပျိုး​သော​သူ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ တံ​တိုင်း​တော်​တွင် ပွင့်​လန်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 14,
      "text": "အ​သက်​ကြီး​သော​ကာ​လ​တွင်​ပင်၊ အ​သီး​ကို​သီး၍ ကြွယ်​ဝ​စိမ်း​လန်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 92,
      "verse": 15,
      "text": "ထို​သို့​သော​အား​ဖြင့် ငါ၏​ကျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၍၊ မ​တ​ရား​သော​အ​မှု​နှင့် ကင်း​လွတ်​တော်​မူ​သည်​ဟု ထင်​ရှား​လိမ့်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ၍၊ အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​ဝတ်​ဆင်၍၊ ခွန်​အား​ကို ခါး​ပန်း​စည်း​တော်​မူ၏။ သို့​ဖြစ်၍၊ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် တည်​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 2,
      "text": "ကိုယ်​တော်၏​ပ​လ္လင်​သည် ရှေ့​ဦး​စွာ​မှ​စ၍ တည်​ပါ၏။ ကိုယ်​တော်​သည် ရှေး​ကာ​လ​မှ​စ၍ အ​စဉ်​အ​မြဲ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 3,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ မြစ်​တို့​သည် ထ​ကြ​ပါ၏။ မြစ်​တို့​သည် ဟုန်း​သံ​ကို​ပေး​ကြ​ပါ၏။ မြစ်​တို့​သည် လှိုင်း​တံ​ပိုး​ခတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 4,
      "text": "ရေ​များ​ဟုန်း​သံ​နှင့်​တ​ကွ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တို့​သည် အား​ကြီး​သည်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော အ​ရပ်၌​သာ၍ တန်​ခိုး​ကြီး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 93,
      "verse": 5,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​လွန် မြဲ​မြံ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​သည် အ​စဉ်​အ​မြဲ အိမ်​တော်၏​အ​သ​ရေ​ဖြစ်​ပါ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 1,
      "text": "အ​ပြစ်​ကို ပေး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ပြစ်​ကို ပေး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်၊ ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 2,
      "text": "မြေ​ကြီး​သား​တို့​ကို တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ရှင်၊ ထ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​အား အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 3,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 4,
      "text": "အ​ဓ​မ္မ​အ​မှု​ကို ပြု​သ​မျှ​သော​သူ​တို့​သည် စော်​ကား၍၊ ကြမ်း​တမ်း​သော​စ​ကား​ကို​ပြော​လျက်၊ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး ဝါ​ကြွား​ကြ​ပါ​လိမ့်​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 5,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ကိုယ်​တော်၏ လူ​တို့​ကို​နှိပ်​စက်၍၊ အ​မွေ​တော်​ကို ညှဉ်း​ဆဲ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 6,
      "text": "မု​ဆိုး​မ​နှင့် ဧည့်​သည်​ကို​လည်း​ကောင်း၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း သတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 7,
      "text": "သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​မ​မြင်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် မ​မှတ်​တတ်​ဟု ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 8,
      "text": "တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​တို့၊ နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ အ​ဘယ်​ကာ​လ​မှ ပ​ညာ​သ​တိ​ကို ရ​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 9,
      "text": "နား​ကို​စိုက်​ထား​တော်​မူ​သော​သူ​သည် မ​ကြား​ရ​သ​လော။ မျက်​စိ​ကို ဖန်​ဆင်း​တော်​မူ​သော​သူ​သည် မ​မြင်​ရ​သ​လော။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 10,
      "text": "လူ​အ​မျိုး​မျိုး​တို့​ကို ဆုံး​မ​တော်​မူ​သော​သူ​သည် အ​ပြစ်​မ​ပေး​ရ​သ​လော။ လူ​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​တော်​မူ​သော​သူ​သည် ကိုယ်​တိုင်​ပ​ညာ​အ​တတ် မ​ရှိ​သ​လော။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 11,
      "text": "လူ​တို့၏​အ​ကြံ​အ​စည်​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား သိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 12,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တွင်း​တူး​စဉ်​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 13,
      "text": "ဒု​က္ခ​နေ့​ရက်​ကာ​လ​နှင့် လွတ်​ခြင်း​ချမ်း​သာ​ကို ပေး​အံ့​သော​ငှာ၊ ကိုယ်​တော်​ဆုံး​မ၍၊ တ​ရား​တော်​ကို သွန်​သင်​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို​မ​ပယ်၊ အ​မွေ​တော်​ကို စွန့်​ပစ်​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 15,
      "text": "တစ်​ဖန် ဖြောင့်​မတ်​ခြင်း​တ​ရား​ဘက်၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ သ​ဘော​ဖြောင့်​သော​သူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 16,
      "text": "လူ​ဆိုး​တို့​ကို​ဆီး​တား၍ ငါ့​ဘက်​မှာ အ​ဘယ်​သူ​ထ​မည်​နည်း။ မ​တ​ရား​သော သူ​တို့​ကို​ဆီး​တား၍၊ ငါ့​ဘက်​မှာ အ​ဘယ်​သူ​နေ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မ​မူ​လျှင်၊ ငါ့​ဝိ​ညာဉ်​သည် ဆိတ်​ညံ​ရာ​အ​ရပ်၌ မ​ကြာ​မ​မြင့်​မီ နေ​ရာ​ကျ​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 18,
      "text": "ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 19,
      "text": "အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 20,
      "text": "မ​တ​ရား​သော​အ​ကြံ​ကို မင်း၏​အ​ခွင့်​နှင့် ပြု​စု​တတ်​သော အ​ဓ​မ္မ​ရာ​ဇ​ပ​လ္လင်​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​လော။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 21,
      "text": "ဖြောင့်​မတ်​သော​သူ၏​အ​သက်​ကို သတ်​ခြင်း​ငှာ စု​ဝေး​ကြ​ပါ၏။ အ​ပြစ်​မ​ရှိ​သော​သူ​ကို သေ​စေ​ခြင်း​ငှာ စီ​ရင်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 22,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ​ခို​လှုံ​ရာ​ကျောက် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 94,
      "verse": 23,
      "text": "သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​မည်။ အ​ဓ​မ္မ​အ​မှု​ကို ပြု​စဉ်​တွင်​ပင် ပယ်​ဖြတ်​တော်​မူ​မည်။ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ပယ်​ဖြတ်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 1,
      "text": "လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အား ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်​ရာ ကျောက်​ကို ကျူး​ဧ​ကြ​ကုန်​အံ့။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 2,
      "text": "ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ရှေ့​တော်​သို့​ဝင်၍၊ ဆာ​လံ​သီ​ချင်း​ဆို​လျက် ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​ကုန်​အံ့။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘု​ရင် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 4,
      "text": "မြေ​ကြီး​နက်​နဲ​ရာ အ​ရပ်​တို့​သည် လက်​တော်၌ ရှိ​ကြ၏။ တောင်​ထိပ်​တို့​ကို​လည်း ပိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 5,
      "text": "ပင်​လယ်​ကို​လည်း ဖန်​ဆင်း၍ ပိုင်​တော်​မူ၏။ ကုန်း​ကို​လည်း လက်​တော်​နှင့် ပြု​ပြင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 6,
      "text": "လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ အ​ထံ​တော်၌ ကျက်​စား​သော​သူ၊ လက်​တော်​အောက်၌ နေ​သော​သိုး​စု​ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 8,
      "text": "ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​ကြား​လျက် ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 9,
      "text": "သင်​တို့​အ​ဘ​များ​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​ကို​အ​နည်း​နည်း​စုံ​စမ်း၍၊ ငါ၏​အ​မှု​တို့​ကို မြင်​ရ​သော​တော​တွင်၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ စုံ​စမ်း​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့ မ​ရှိ​စေ​ကြ​နှင့်။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 10,
      "text": "ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် စိတ်​သ​ဘော မှား​ယွင်း​တတ်​သော​လူ​မျိုး​ဖြစ်​ကြ၏။ ငါ၏​အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။"
    },
    {
      "book": 19,
      "chapter": 95,
      "verse": 11,
      "text": "ထို​ကြောင့် သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို၏။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို၍၊ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 3,
      "text": "ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 5,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​ရှိ​သ​မျှ​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 6,
      "text": "ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဂုဏ်​အ​သ​ရေ​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ၏။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 7,
      "text": "လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​လျက် တံ​တိုင်း​တော်​သို့​ဝင်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 9,
      "text": "သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ​ခြင်း​ရှိ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​စိုး​စံ​တော်​မူ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဟော​ပြော​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။ လူ​များ​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 11,
      "text": "ကောင်း​ကင်​သည် ဝမ်း​မြောက်​ခြင်း​ရှိ​စေ။ မြေ​ကြီး​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​စေ။ ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ကို​ပြု​စေ။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 12,
      "text": "လယ်​ပြင်​နှင့် လယ်​ပြင်၌​ရှိ​သ​မျှ​သည်​လည်း ဝမ်း​မြောက်​စေ။ ထို​အ​ခါ တော၌​ရှိ​သ​မျှ​သော​အ​ပင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 96,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ၏။ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း၊ လူ​များ​ကို သ​စ္စာ​တော်​နှင့်​လည်း​ကောင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ မြေ​ကြီး​သည် ဝမ်း​မြောက်၍၊ ကျွန်း​များ​တို့​သည်​လည်း ရွှင်​လန်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 2,
      "text": "မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 3,
      "text": "မီး​သည် ရှေ့​တော်၌​သွား၍၊ ရန်​သူ​တို့​ကို အ​လှည့်​လှည့် လောင်​လေ၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 4,
      "text": "လျှပ်​စစ်​တော်​သည် လော​က​ဓာတ်​ကို လင်း​စေ၏။ မြေ​ကြီး​သည် မြင်၍​တုန်​လှုပ်၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌၊ တောင်​တို့​သည် ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 6,
      "text": "ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ကြောင်း​ကို ကောင်း​ကင်​တို့​သည်​ထင်​ရှား​စွာ​ပြ၍၊ လူ​များ​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို မြင်​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 7,
      "text": "ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 8,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့ အ​ကြောင်း​ကြောင့်၊ ဇိ​အုန်​မြို့​သည် ကြား၍ ရွှင်​လန်း​ပါ၏။ ယု​ဒ​သ​တို့​သ​မီး​တို့​လည်း ဝမ်း​မြောက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 9,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မြေ​ကြီး​သား​အ​ပေါင်း​တို့​ထက် ကြီး​မြင့်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် အ​လွန်​ချီး​မြှောက်​ခြင်း ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​သူ​တို့၊ မ​ကောင်း​သော​အ​မှု​ကို ရွံ​ရှာ​ကြ​လော့။ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို စောင့်​မ​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့၏​လက်​မှ​လည်း ကယ်​နုတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 11,
      "text": "အ​လင်း​သည် တ​ရား​သော​သူ​အ​ဖို့၊ ဝမ်း​မြောက်​ခြင်း​သည် သ​ဘော​ဖြောင့်​သော သူ​တို့​အ​ဖို့ ပျိုး​ကြဲ​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 97,
      "verse": 12,
      "text": "ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ လက်​ယာ​လက်​တော်​နှင့် သန့်​ရှင်း​သော လက်​ရုံး​တော်​သည် ကိုယ်​တော်​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု​လေ​ပြီ။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ထင်​ရှား​စေ၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို​လည်း တစ်​ပါး​အ​မျိုး​သား​တို့​အား ဖော်​ပြ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို အောက်​မေ့​တော်​မူ​ပြီ။ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​ပြီ။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 4,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။ အ​သံ​ဗ​လံ​ကို​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​လျက် ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 5,
      "text": "စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍ တူ​ရိ​ယာ​သံ​ကို ပြု​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 6,
      "text": "တံ​ပိုး​နှဲ​ခ​ရာ​ကို​မှုတ်၍၊ ရှင်​ဘု​ရင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြွေး​ကြော်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ကို ပြု​စေ။ လော​က​ဓာတ်​နှင့် လော​က​သား​တို့​သည် ထို​နည်း​တူ၊"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 8,
      "text": "မြစ်​တို့​သည် လက်​ခုပ်​တီး၍၊ တောင်​ရှိ​သ​မျှ​တို့​သည်​လည်း ရွှင်​လန်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 98,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ လူ​များ​ကို ဟုတ်​မှန်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ လူ​များ​တို့​သည် တုန်​လှုပ်​ခြင်း​ရှိ​ကြ​စေ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ၏။ မြေ​ကြီး​သည် လှုပ်​ရှား​ခြင်း​ရှိ​စေ။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​မှာ ကြီး​မြတ်​တော်​မူ၏။ လူ​များ​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​ခြင်း​ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 3,
      "text": "ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​သော နာ​မ​တော်​ကို​ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​သည် သန့်​ရှင်း​ခြင်း​ရှိ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 4,
      "text": "တ​ရား​ကို​နှစ်​သက်​သော ရှင်​ဘု​ရင်၏​တန်​ခိုး​တော်​ကို ချီး​မွမ်း​ကြ​စေ။ ကိုယ်​တော်​သည် မှန်​သော​စီ​ရင်​ခြင်း​ကို တည်​စေ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌ တ​ရား​သ​ဖြင့်​ပြု၍၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 5,
      "text": "ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်​ကြ​လော့။ ခြေ​တော်​တင်​ရာ​ခုံ​အောက်၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် သန့်​ရှင်း​တော်​မူ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​မော​ရှေ​နှင့် အာ​ရုန်၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှ​မွေ​လ၊ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​တော်​သည် ထူး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 7,
      "text": "သူ​တို့​အား မိုး​တိမ်​တိုင်​ထဲ​က မိန့်​တော်​မူ၏။ သူ​တို့​သည်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​များ​ကို​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​များ​ကို​လည်း​ကောင်း စောင့်​ရှောက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 8,
      "text": "အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သူ​တို့​ကို ထူး​တော်​မူ၏။ သူ​တို့​အ​မှု​ကြောင့် အ​ပြစ်​ပေး​သော်​လည်း၊ သူ​တို့​ကို သည်း​ခံ​သော​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 99,
      "verse": 9,
      "text": "ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်​ကြ​လော့။ သန့်​ရှင်း​သော​တောင်​တော်​မှာ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 1,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ဝမ်း​မြောက်​စွာ ဆောင်​ရွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​လျက်၊ အ​ထံ​တော်​သို့ ဝင်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ၍၊ ငါ​တို့၏​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ အ​ထံ​တော်၌ ကျက်​စား​သော သိုး​စု​လည်း​ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 4,
      "text": "ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 100,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၏။ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​ရှိ၍၊ သ​စ္စာ​တော်​သည် ကာ​လ​အ​ဆက်​ဆက်​တည်​လေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 1,
      "text": "ငါ​သည် သ​နား​စုံ​မက်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​အ​ကြောင်း​ပြု၍ သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေ့​တော်၌ သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 2,
      "text": "စုံ​လင်​သော တ​ရား​အ​တိုင်း ပ​ညာ​သ​တိ​နှင့် ကျင့်​ပါ​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆီ​သို့ အ​ဘယ်​ကာ​လ​မှ ကြွ​လာ​တော်​မူ​မည်​နည်း။ ကိုယ်​အိမ်​တွင် သန့်​ရှင်း​သော​စိတ်​နှ​လုံး​နှင့် ကျင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 3,
      "text": "အ​ဓ​မ္မ​အ​မှု​အ​ရာ​ကို မျက်​မှောက်​မ​ပြု​ပါ။ လမ်း​လွှဲ​သော​သူ၏​အ​မှု​ကို ရွံ​ရှာ​သည်​ဖြစ်၍၊ ငါ၌ မ​မှီ​မ​ကပ်​ရ။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 4,
      "text": "သ​ဘော​ကောက်​သော​သူ​သည် ငါ့​ထံ​မှ​ထွက်​သွား​ရ​မည်။ မ​ကောင်း​သော​သူ​နှင့် ငါ​မ​ပေါင်း​ဖော်။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 5,
      "text": "မိ​မိ​အိမ်​နီး​ချင်း၏​အ​သ​ရေ​ကို တိတ်​ဆိတ်​စွာ​ဖျက်​သော​သူ​ကို ငါ​ပယ်​ဖြတ်​မည်။ မျက်​နှာ​ထောင်​လွှား၍ စိတ်​မြင့်​သော​သူ​ကို သည်း​မ​ခံ။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 6,
      "text": "သ​စ္စာ​ရှိ​သော ပြည်​သား​တို့​သည် ငါ့​ထံ​မှာ​နေ​မည်​အ​ကြောင်း သူ​တို့​ကို ငါ​ကြည့်​ရှု​မည်။ စုံ​လင်​သော​တ​ရား၌ ကျင်​လည်​သော​သူ​သည် ငါ၏​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 7,
      "text": "လှည့်​စား​တတ်​သော​သူ​မူ​ကား၊ ငါ့​အိမ်၌​မ​နေ​ရ။ မု​သား​စ​ကား​ကို ပြော​တတ်​သော​သူ​သည်​လည်း၊ ငါ့​မျက်​မှောက်၌ အ​ခွင့်​မ​ရှိ​ရ။"
    },
    {
      "book": 19,
      "chapter": 101,
      "verse": 8,
      "text": "ဆိုး​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏​မြို့​တော်​မှ ပယ်​ဖြတ်​မည်​အ​ကြောင်း၊ မ​တ​ရား​သော ပြည်​သား​ရှိ​သ​မျှ​တို့​ကို စော​စော​ဖျက်​ဆီး​လေ​အံ့​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​အ​သံ​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 2,
      "text": "ဘေး​ရောက်​သည်​ကာ​လ၌ မျက်​နှာ​တော်​ကို အ​ကျွန်ုပ်​မှ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​လျင်​အ​မြန် ထူး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​နေ့​ရက်​ကာ​လ​သည် မီး​ခိုး​ကဲ့​သို့ ကုန်​တတ်​ပါ၏။ အ​ကျွန်ုပ်၏​အ​ရိုး​တို့​သည် မီး​ချေး​ကဲ့​သို့ ကျွမ်း​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 4,
      "text": "အ​ကျွန်ုပ်၏​နှ​လုံး​သည် မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက်​ခံ​ရ၍၊ ညှိုး​နွမ်း​လျက် ရှိ​ပါ၏။ အ​စာ​စား​ခြင်း​ကိ​စ္စ​ကို​ပင် မေ့​လျော့​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 5,
      "text": "ကိုယ်​ညည်း​တွား​ခြင်း အ​သံ​ကြောင့်၊ အ​ကျွန်ုပ်၏​အ​ရိုး​တို့​သည် အ​ရေ၌ ကပ်​လျက်​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 6,
      "text": "အ​ကျွန်ုပ်​သည် လွင်​ပြင်၌​နေ​သော ဝံ​ပို​ကဲ့​သို့​လည်း​ကောင်း၊ တော၌​နေ​သော ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် အိမ်​မိုး​ပေါ်​မှာ တစ်​ကောင်​တည်း​နေ​ရ​သော ငှက်​ကဲ့​သို့​ဖြစ်၍ စောင့်​လျက်​နေ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 8,
      "text": "အ​ကျွန်ုပ်​ရန်​သူ​တို့​သည် တစ်​နေ့​လုံး​ကဲ့​ရဲ့​ကြ​ပါ၏။ အ​ကျွန်ုပ်​တစ်​ဘက်၌ စော်​ကား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ပုံ​ခိုင်း၍ ကျိန်​ဆို​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 9,
      "text": "စိတ်​တော်​မ​ပြေ၊"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 10,
      "text": "အ​မျက်​ထွက်​တော်​မူ​သော​ကြောင့်၊ အ​ကျွန်ုပ်​သည်​ပြာ​ကို မုန့်​ကဲ့​သို့ စား​ရ​ပါ၏။ သောက်​သော​အ​ခါ​လည်း၊ မျက်​ရည်​ရော၍ သောက်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ချီး​မြှောက်​ပြီး​မှ အောက်​သို့ ချ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 11,
      "text": "အ​ကျွန်ုပ်၏​နေ့​ရက်​တို့​သည် ရှည်​လျား​သော အ​ရိပ်​ကဲ့​သို့​ဖြစ်၍၊ မြက်​ပင်​ကဲ့​သို့ အ​ကျွန်ုပ်​ညှိုး​နွမ်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 12,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​ထာ​ဝ​ရ ဖြစ်​တော်​မူ၏။ နာ​မ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက် တည်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 13,
      "text": "ထ​တော်​မူ​ပါ။ ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​ပါ။ ဇိ​အုန်​မြို့​ကို ကယ်​မ​သ​နား​ရ​သော​အ​ချိန်၊ ချိန်း​ချက်​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 14,
      "text": "ကိုယ်​တော်၏​ကျွန်​တို့​သည် ထို​မြို့၏ ကျောက်​ခဲ​တို့​ကို​ပင် နှစ်​သက်၍၊ သူ၏​မြေ​မှုန့်​ကို​ပင် စုံ​မက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 15,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို​တည်​ထောင်၍၊ ဘုန်း​တော်​နှင့်​တ​ကွ ထင်​ရှား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 17,
      "text": "ကိုး​ကွယ်​ရာ​မဲ့​သော​သူ​တို့ ဆု​တောင်း​ခြင်း​အ​ကြောင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု၊ သူ​တို့၏​ပ​တ္ထ​နာ​ကို မှတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 18,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို နောက်​ဖြစ်​လ​တ္တံ့​သော​လူ​မျိုး​အ​ဖို့ ရေး​မှတ်​ရ​မည်။ ပြု​ပြင်​တော်​မူ​လ​တ္တံ့​သော​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 19,
      "text": "ချုပ်​ထား​သော​သူ၏​ညည်း​တွား​သံ​ကို နား​ထောင်​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ရ​မည့်​သူ​တို့​ကို လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သော​လူ​မျိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဝတ်​ကို​ပြု​လျက် စု​ဝေး​ကြ​သော​အ​ခါ၊ ဇိ​အုန်​တောင်​ပေါ်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အထွတ်​က ငုံ့​ကြည့်​တော်​မူ၍၊ ကောင်း​ကင်​ပေါ်​က ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ရှု​မှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 23,
      "text": "လမ်း​ခ​ရီး၌ ငါ၏​အ​စွမ်း​ကို​လျော့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​နေ့​ရက်​ကာ​လ​ကို တို​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 24,
      "text": "ငါ​လျှောက်​သော​အ​ချက်​ဟူ​မူ​ကား၊ အို အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အ​သက်​ပျို​စဉ်​ပင် ပယ်​ရှား​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​နှစ်​တို့​သည် ကာ​လ​အ​စဉ်​အ​ဆက် မြဲ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 25,
      "text": "ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 26,
      "text": "ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့်၊ ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 27,
      "text": "ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​လည်း မ​ကုန်​မ​ဆုံး​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 102,
      "verse": 28,
      "text": "ကိုယ်​တော်​ကျွန်​တို့၏ သား​မြေး​တို့​သည်​တည်၍၊ အ​မျိုး​အ​နွယ်​သည်​လည်း ရှေ့​တော်၌ မြဲ​မြံ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 1,
      "text": "အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ငါ၏​အ​ထဲ​မှာ​ရှိ​သ​မျှ​တို့၊ သန့်​ရှင်း​သော​နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 2,
      "text": "အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 3,
      "text": "သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 4,
      "text": "သင်၏​အ​သက်​ကို ဖျက်​ဆီး​ခြင်း​ထဲ​က​ရွေး၍ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​များ​နှင့် သင်၏​ခေါင်း​ကို ပတ်​ရစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 5,
      "text": "သင့်​ကို​အ​သက်​ကြီး​စဉ်၊ ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​စေ​တော်​မူ​သ​ဖြင့်၊ သင်၏​အ​ရွယ်​သည် ရွှေ​လင်း​တ၏​အ​ရွယ်​ကဲ့​သို့ ပြု​ပြင်​ခြင်း​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သ​မျှ​သော​သူ​တို့​အ​ဖို့ တ​ရား​ပေး၍ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 7,
      "text": "ဘာ​သာ​ဓ​လေ့​တော်​တို့​ကို မော​ရှေ၌​လည်း​ကောင်း၊ စီ​ရင်​တော်​မူ​သော အ​မှု​အ​ရာ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​လည်း​ကောင်း ပြ​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ စိတ်​ရှည်၍၊ က​ရု​ဏာ​ကြွယ်​ဝ​သော​သ​ဘော ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 9,
      "text": "အ​စဉ်​မ​ပြတ် အ​ပြစ်​တင်​တော်​မူ​သည် မ​ဟုတ်။ အ​ငြိုး​ကို အ​မြဲ​ထား​တော်​မူ​သည် မ​ဟုတ်။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 10,
      "text": "ငါ​တို့​ပြစ်​မှား​ခြင်း​နှင့် အ​လျောက် ငါ​တို့၌​ပြု​တော်​မ​မူ​တတ်။ ငါ​တို့၌ ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း အ​ပြစ်​ကို ပေး​တော်​မ​မူ​တတ်၊"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 11,
      "text": "မြေ​ကြီး​ပေါ်​တွင် ကောင်း​ကင်​အ​မြင့်​ရှိ​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၌ က​ရု​ဏာ​တော်​သည် အား​ကြီး​ပေ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 12,
      "text": "အ​ရှေ့​မျက်​နှာ​စွန်း​သည် အ​နောက်​မျက်​နှာ​စွန်း​နှင့် ဝေး​သည်​အ​တိုင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ငါ​တို့​နှင့် ဝေး​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 13,
      "text": "အ​ဘ​သည် သား​တို့​ကို သ​နား​စုံ​မက်​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​ရွံ့​သော​သူ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​ကိုယ်​ခ​န္ဓာ​ကို သိ​တော်​မူ၏။ ငါ​တို့​သည် မြေ​မှုန့်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 15,
      "text": "လူ​တို့၏​နေ့​ရက်​ကာ​လ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​သည်​လယ်​ပြင်၌​ရှိ​သော ပန်း​ပွင့်​ကဲ့​သို့ ပွင့်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 16,
      "text": "လေ​သည်​လွန်​သွား​လျှင် အ​ပွင့်​ပျောက်၍၊ သူ၏​နေ​ရာ​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရာ။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 18,
      "text": "သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ကို ကောင်း​ကင်​ဘုံ၌ တည်​တော်​မူ၍၊ အာ​ဏာ​တော်​သည် ခပ်​သိမ်း​သော အ​ရပ်​တို့​ကို​နှံ့​ပြား၏။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 20,
      "text": "တန်​ခိုး​ကြီး၍ နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​ထောင်​လျက်၊ အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​သော ကောင်း​ကင်​တ​မန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 21,
      "text": "အ​လို​တော်​သို့​လိုက်​သော အ​မှု​တော်​ထမ်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​တော်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 103,
      "verse": 22,
      "text": "နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 1,
      "text": "အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ၏။ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 2,
      "text": "အ​ဝတ်​နှင့်​ခြုံ​သ​ကဲ့​သို့၊ အ​လင်း​နှင့် ကိုယ်​တော်​ကို​ခြုံ​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 3,
      "text": "နေ​တော်​မူ​ရာ​အ​ထက်​ခန်း၊ အ​မြစ်​ကို​ရေ၌ တည်​တော်​မူ​ထ​သော၊ မိုး​တိမ်​ရ​ထား​ကို​စီး၍၊ လေ​အ​တောင်​တို့​ဖြင့် ကြွ​သွား​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 4,
      "text": "မိ​မိ​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​အ​စေ​အ​ပါ​တို့​ကို မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 5,
      "text": "မြေ​ကြီး​အ​မြစ်​ကို ကာ​လ​အ​စဉ်​အ​မြဲ မ​ရွေ့​မ​လှုပ်​စေ​ခြင်း​ငှာ၊ တည်​တော်​မူ​သော​ဘု​ရား​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 6,
      "text": "ကိုယ်​တော်​သည် မြေ​ကြီး​ကို အ​ဝတ်​နှင့်​ဖုံး​သ​ကဲ့​သို့၊ ပင်​လယ်​နှင့် ဖုံး​တော်​မူ၍၊ ရေ​တို့​သည် တောင်​များ​အ​ပေါ်​မှာ ရပ်​နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 7,
      "text": "တစ်​ဖန်​ဆုံး​မ​တော်​မူ၍ သူ​တို့​သည် ပြေး​ကြ​ပါ၏။ မိုး​ချုန်း​တော်​မူ​သံ​ကို​ကြား၍၊ အ​လျင်​အ​မြန် ပြန်​သွား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 8,
      "text": "တောင်​တို့​သည် တက်​လျက်၊ ချိုင့်​တို့​သည်​ဆင်း​လျက်၊ သူ​တို့​ဖို့ ခွဲ​ခန့်​တော်​မူ​သော အ​ရပ်​သို့ ရောက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 9,
      "text": "ရေ​တို့​သည် ပြန်​လာ၍ မြေ​ကြီး​ကို မ​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ မ​ကျော်​ရ​သော​နယ်​စပ်​ကို ပိုင်း​ခြား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ချိုင့်​များ​ထဲ​သို့ စမ်း​ရေ​ကို​လွှတ်​တော်​မူ၍၊ ရေ​သည် တောင်​တို့​တွင်​စီး​လျက်၊"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 11,
      "text": "မြေ​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​အား သောက်​ရ​သော​အ​ခွင့်​ကို ပေး၏။ မြည်း​ရိုင်း​တို့​သည် အ​ငတ်​ပြေ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 12,
      "text": "ထို​ရေ​အ​နား​မှာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် နေ​ရာ​ကျ၍၊ သစ်​ပင်​အ​ခက်​အ​လက်​တို့​တွင် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 13,
      "text": "အ​ထက်​ခန်း​တော်​ထဲ​က တောင်​များ​ကို ရေ​ပေး​တော်​မူ၏။ စီ​ရင်​ပြု​ပြင်​တော်​မူ​ခြင်း​အ​ကျိုး​ကြောင့်၊ မြေ​ကြီး​သည် ရောင့်​ရဲ​လျက်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 14,
      "text": "တိ​ရ​စ္ဆာန်​ဖို့ မြက်​ပင်​ကို​လည်း​ကောင်း၊ လူ​သုံး​ဖို့ စ​ပါး​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ထဲ​က မုန့်​ကို​ထုတ်​ဖော်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 15,
      "text": "စ​ပျစ်​ရည်​သည်​လည်း လူ​တို့​ကို ရွှင်​လန်း​စေ၏။ ဆီ​အား​ဖြင့်​လည်း သူ​တို့​မျက်​နှာ​ကို ပြောင်​စေ​တော်​မူ၏။ မုန့်​သည်​လည်း၊ သူ​တို့​နှ​လုံး​ကို​ထောက်​မ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ သစ်​ပင်၊ စိုက်​တော်​မူ​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​သည်​လည်း ရောင့်​ရဲ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 17,
      "text": "ထို​အ​ပင်​တို့၌ ငှက်​တို့​သည် အ​သိုက်​လုပ်​တတ်​ကြ၏။ ထင်း​ရှူး​ပင်​တို့၌ တော​ငန်း​တို့​သည် နေ​ရာ​ကျ​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 18,
      "text": "မြင့်​သော​တောင်​တို့​သည် တော​ဆိတ်​များ​မှီ​ခို​ရာ၊ ကျောက်​တို့​သည် ရှာ​ဖန်​ယုန်​များ မှီ​ခို​ရာ ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 19,
      "text": "ချိန်း​ချက်​သော​အ​ချိန်​ဖို့၊ လ​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ နေ​သည်​လည်း၊ မိ​မိ​ဝင်​ရ​သော အ​ချိန်​ကို​သိ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 20,
      "text": "ကိုယ်​တော်​သည် မှောင်​မိုက်​ကို စီ​ရင်​တော်​မူ၍ ည​ဖြစ်​ပါ၏။ ထို​အ​ချိန်၌ တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည်​တွား​လျက် ထွက်​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 21,
      "text": "ခြင်္သေ့​ပျို​တို့​သည် လု​ယက်​ခြင်း​အ​လို​ငှာ​ဟောက်၍၊ ဘု​ရား​သ​ခင့်​ထံ​မှာ အ​စာ​ကို ရှာ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 22,
      "text": "တစ်​ဖန် နေ​ထွက်​ပြန်​လျှင်၊ သူ​တို့​သည် ဆုတ်​သွား၍ နေ​မြဲ​တွင်း​တို့၌ အိပ်​နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 23,
      "text": "လူ​သည်​လည်း လုပ်​ဆောင်​ပြု​မူ​ခြင်း​ငှာ ညဉ့်​ဦး​တိုင်​အောင် ထွက်​သွား​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 24,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စီ​ရင် ပြု​ပြင်​တော်​မူ​သော​အ​ရာ​တို့​သည် အ​လွန်​များ​ပြား​ပါ၏။ ရှိ​ရှိ​သ​မျှ​တို့​ကို ပ​ညာ​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ၏။ မြေ​ကြီး​သည် ဘ​ဏ္ဍာ​တော်​နှင့် ကြွယ်​ဝ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 25,
      "text": "မ​ရေ​တွက်​နိုင်​အောင် တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​အ​များ​တို့​နေ​ရာ ကြီး​မား​ကျယ်​ဝန်း​သော သ​မု​ဒ္ဒ​ရာ​လည်း​ရှိ​ပါ​သေး၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 26,
      "text": "ထို​အ​ရပ်၌ သင်္ဘော​တို့​သည် သွား​လာ​ကြ​ပါ၏။ ထို​အ​ရပ်၌ ကွန့်​မြူး​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​သော ငါး​ကြီး​လ​ဝိ​သန်​သည်​လည်း​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 27,
      "text": "ထို​သို့​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ချိန်​တန်​လျှင် အ​စာ​ကျွေး​တော်​မူ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 28,
      "text": "ကိုယ်​တော်​ချ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိမ်း​ယူ​ကြ​ပါ၏။ လက်​တော်​ကို ဖွင့်​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 29,
      "text": "မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​လျှင်၊ သူ​တို့​သည် ပင်​ပန်း​ကြ​ပါ၏။ သူ​တို့​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ သူ​တို့​သည်​သေ၍ မိ​မိ​တို့​မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 30,
      "text": "တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နိ​စ္စ​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​တော်​တို့​တွင် ဝမ်း​မြောက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 32,
      "text": "မြေ​ကြီး​ကို ကြည့်​ရှု​တော်​မူ၍ သူ​သည် တုန်​လှုပ်​တတ်၏။ တောင်​တို့​ကို​တို့​တော်​မူ၍၊ သူ​တို့​သည် မီး​ခိုး​ထွက်​တတ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 33,
      "text": "ငါ​သည် အ​သက်​ရှင်​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သီ​ချင်း​ဆို​မည်။ ငါ​ဖြစ်​သည် ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 34,
      "text": "ငါ​ဥ​ဒါန်း​ကျူး​ခြင်း​အ​သံ​သည် နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ရွှင်​လန်း​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 104,
      "verse": 35,
      "text": "ပြစ်​မှား​သော​သူ​တို့​ကို မြေ​ကြီး​မှ​သုတ်​သင်​ပယ်​ရှင်း၍၊ မ​တ​ရား​သော​သူ​တို့​သည် နောက်​တစ်​ဖန်​မ​ဖြစ်​ရ​ကြ။ အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 3,
      "text": "သန့်​ရှင်း​သော​နာ​မ​တော်၌ ဝါ​ကြွား​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​တို့​သည် စိတ်​နှ​လုံး ရွှင်​လန်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 5,
      "text": "စီ​ရင်​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​အ​မှု​တော်​တို့​နှင့် နှုတ်​ထွက်​ပ​ညတ်​တို့​ကို​လည်း​ကောင်း အောက်​မေ့​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန် အာ​ဗြ​ဟံ​အ​မျိုး၊ ရွေး​ကောက်​တော်​မူ​သော ယာ​ကုပ်​အ​နွယ်​တို့၊"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 7,
      "text": "ကိုယ်​တော်​မြတ်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး၌ တ​ရား​စီ​ရင်​ပိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 8,
      "text": "ငါ​သည်​သင်​တို့​အ​မွေ​ခံ​ရာ​ဖို့ ခါ​နာန်​ပြည်​ကို သင်၌​ပေး​မည်​ဟု ငါ​တို့​အ​မျိုး​သည် အ​ရေ​အ​တွက်​အား​ဖြင့်​မ​များ၊ အ​လွန်​နည်း၍ ထို​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သော​အ​ခါ၊ အာ​ဗြ​ဟံ၌​က​တိ​ထား၍၊ ဣ​ဇာက်၌ ကျိန်​ဆို​တော်​မူ​လျက်၊ ယာ​ကုပ်၌ မြဲ​မြံ​သော​တ​ရား၊ ဣ​သ​ရေ​လ၌ နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ဆက်​တစ်​ထောင်​တိုင်​အောင် မိန့်​မြွက်​တော်​မူ​သော နှုတ်​က​ပတ်​တည်း​ဟူ​သော ဝန်​ခံ​ခြင်း​တ​ရား​တော်​ကို အ​စဉ်​အ​မြဲ​အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 13,
      "text": "သူ​တို့​သည် တစ်​မြို့​မှ တစ်​မြို့​သို့​လည်း​ကောင်း၊ တစ်​နိုင်​ငံ​မှ တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ လှည့်​လည်၍ သွား​ကြ​သော​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 14,
      "text": "သူ​တို့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​အား​မျှ အ​ခွင့်​ပေး​တော်​မ​မူ။ သူ​တို့​အ​တွက်​လည်း ရှင်​ဘု​ရင်​တို့​ကို ဆုံး​မ​လျက်၊"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 15,
      "text": "ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​တို့​ကို မ​ထိ​မ​ခိုက်​နှင့်။ ငါ၏​ပ​ရော​ဖက်​တို့​ကို အ​ပြစ်​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 16,
      "text": "တစ်​ဖန်​တုံ၊ ထို​ပြည်၌ မွတ်​သိပ်​ခြင်း​ဘေး​ကို​ခေါ်၍၊ အ​စာ​အာ​ဟာ​ရ​တည်း​ဟူ​သော အ​ထောက်​အ​ပင့်​ရှိ​သ​မျှ​ကို ချိုး​ဖျက်​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 17,
      "text": "ကျွန်​ဖြစ်​စေ​ဖို့ အ​ရောင်း​ခံ​ရ​သော​ယော​သပ်​ကို သူ​တို့​ရှေ့​မှာ စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 18,
      "text": "သူ့​ကို​ခြေ​ချင်း​ခတ်၍ သံ​နှင့် ညှဉ်း​ဆဲ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 19,
      "text": "သူ၏​စ​ကား​မ​ပြည့်​စုံ​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း စုံ​စမ်း​ခြင်း​ကို​ခံ​ရ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 20,
      "text": "လူ​တို့​ကို အ​စိုး​ရ​သော​အ​ရှင်​တည်း​ဟူ​သော ရှင်​ဘု​ရင်​သည်​စေ​လွှတ်၍ သူ့​ကို​နုတ်​ပြီး​မှ ချမ်း​သာ​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 21,
      "text": "သူ​သည် မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း မင်း​အ​ရာ​ရှိ​တို့​ကို​ချည်​နှောင်၍၊"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 22,
      "text": "မှူး​တော်​မတ်​တော်​တို့​ကို ဆုံး​မ​ပိုင်​သော​အ​ခွင့်​နှင့် နန်း​တော်​အုပ်၊ နိုင်​ငံ​တော်​အုပ်​အ​ရာ၌ ထို​သူ​ကို ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 23,
      "text": "ဣ​သ​ရေ​လ​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ၍၊ ယာ​ကုပ်​သည် ဟာ​မ​အ​မျိုး​နေ​ရာ​ပြည်၌ တည်း​ခို၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 24,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​တို့​ကို​အ​လွန်​များ​ပြား​စေ၍၊ ရန်​သူ​တို့​ထက် အား​ကြီး​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 25,
      "text": "မိ​မိ​လူ​တို့​ကို ရန်​သူ​တို့​သည်​မုန်း၍၊ မိ​မိ​ကျွန်​တို့​ကို​ပ​ရိ​ယာယ်​ပြု​မည်​အ​ကြောင်း၊ ထို​သူ​တို့ စိတ်​နှ​လုံး​ကို ပြောင်း​လဲ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 26,
      "text": "တစ်​ဖန် မိ​မိ​ကျွန်​မော​ရှေ​နှင့် ရွေး​ကောက်​တော်​မူ​သော​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 27,
      "text": "အဲ​ဂု​တ္တု​ပြည်​သား​တို့​တွင်၊ လ​က္ခ​ဏာ​သက်​သေ​တော်​တို့​ကို​ပြ၍၊ ဟာ​မ​အ​မျိုး​နေ​ရာ​ပြည်၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​ကြ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 28,
      "text": "မှောင်​မိုက်​ကို​စေ​လွှတ်၍၊ မိုက်​မဲ​စေ​တော်​မူ၏။ သူ​တို့​သည် နှုတ်​က​ပတ်​တော်​ကို ဆန့်​ကျင်​ဘက်​မ​ပြု​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 29,
      "text": "သူ​တို့​ရေ​များ​ကို​အ​သွေး​ဖြစ်​စေ၍၊ ငါး​များ​ကို သေ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 30,
      "text": "သူ​တို့​မြေ​သည် များ​စွာ​သော​ဖား​တို့​ကို မင်း​အိပ်​ရာ​အ​ခန်း​တို့၌​ပင် ဖွား​လေ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 31,
      "text": "အ​မိန့်​တော်​ရှိ၍ ယင်​ရဲ​နှင့် ခြင်​တို့​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 32,
      "text": "မိုး​ရေ​အ​စား မိုး​သီး​ကို​လည်း​ကောင်း၊ သူ​တို့​မြေ​ပေါ်​မှာ မီး​လျှံ​ကို​လည်း​ကောင်း ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 33,
      "text": "သူ​တို့​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​ထိ​ခိုက်၍၊ တစ်​ပြည်​လုံး၌​ရှိ​သော သစ်​ပင်​များ​ကို ချိုး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 34,
      "text": "အ​မိန့်​တော်​ရှိ၍ မ​ရေ​တွက်​နိုင်​အောင်၊ အ​ရာ​ဘ​ကျိုင်း​နှင့် ယာ​လက်​ကျိုင်း​တို့​သည်​လာ၍၊"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 35,
      "text": "သူ​တို့​ပြည်​မှာ ဟင်း​သီး​ဟင်း​ရွက်​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ မြေ​ဩ​ဇာ​အ​သီး​အ​နှံ​တို့​ကို​လည်း​ကောင်း ကိုက်​စား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 36,
      "text": "သူ​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်​တည်း​ဟူ​သော သူ​တို့​ပြည်​မှာ သား​ဦး​အ​ပေါင်း​တို့​ကို ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 37,
      "text": "မိ​မိ​လူ​တို့​ကို ရွှေ​ငွေ​ပါ​လျက် ထုတ်​ဆောင်​တော်​မူ၍၊ သူ​တို့​အ​စု​စု၌ အား​နည်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 38,
      "text": "အဲ​ဂု​တ္တု​ပြည်​သည် သူ​တို့​ကို​ကြောက်​သော​ကြောင့်၊ သူ​တို့​သည် ထွက်​သွား​သော​အ​ခါ တစ်​ပြည်​လုံး ဝမ်း​မြောက်၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 39,
      "text": "သူ​တို့​အ​ပေါ်​မှာ မိုး​တိမ်​ကို​ဖြန့်​မိုး၍၊ ည​အ​ခါ​လင်း​စ​ရာ​ဖို့ မီး​ကို​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 40,
      "text": "သူ​တို့​သည် တောင်း​သော​အ​ခါ ငုံး​များ​ကို​ဆောင်​ခဲ့​တော်​မူ၍၊ သူ​တို့​ကို ကောင်း​ကင်​မုန့်​နှင့် ရောင့်​ရဲ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 41,
      "text": "ကျောက်​ကို​လည်း ဖွင့်​လှစ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ထွက်၍ သွေ့​ခြောက်​သော​အ​ရပ်၌ မြစ်​ကဲ့​သို့ စီး​သွား​လေ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 42,
      "text": "အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​အာ​ဗြ​ဟံ၌ ထား​ခဲ့​ဖူး​သော သန့်​ရှင်း​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 43,
      "text": "ရွေး​ကောက်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​နှင့်​တ​ကွ ထုတ်​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 105,
      "verse": 44,
      "text": "သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​အ​တိုင်း​ကျင့်၍၊ ပ​ညတ်​တ​ရား​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏​မြေ​ကို ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​ခြား​သော​လူ​တို့၏​အ​လုပ်​ထဲ​သို့ ဝင်​စား​ရ​ကြ၏။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ တန်​ခိုး​ကြီး​ခြင်း​အ​ရာ​တော်​တို့​ကို အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​ဘယ်​သူ​သည် အ​ကုန်​အ​စင်​ဖော်​ပြ​နိုင်​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 3,
      "text": "ခပ်​သိမ်း​သော​အ​ခါ​တို့၌ တ​ရား​ကို​စောင့်​ရှောက်၍၊ ဖြောင့်​မတ်​စွာ ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 4,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရွေး​ကောက်​တော်​မူ​သော​သူ​တို့၏​ကောင်း​ကျိုး​ကို မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 5,
      "text": "ကိုယ်​တော်၏​လူ​မျိုး​ဝမ်း​မြောက်​ခြင်း၌ ဝမ်း​မြောက်၍၊ ကိုယ်​တော်၏​အ​မွေ​ဖြစ်​သော သူ​တို့​နှင့်​အ​တူ ဝါ​ကြွား​ရွှင်​လန်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်၏​လူ​တို့​ခံ​ရ​သော စေ​တ​နာ​တော်​နှင့်​တ​ကွ၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍ ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 6,
      "text": "အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​နှင့်​အ​တူ ပြစ်​မှား​ကြ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​ကြ​ပါ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 7,
      "text": "အဲ​ဂု​တ္တု​ပြည်၌​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို ဘိုး​ဘေး​တို့​သည် နား​မ​လည်​ကြ။ များ​စွာ​သော က​ရု​ဏာ​တော်​ကို မ​အောက်​မေ့​ကြ။ ပင်​လယ်​နား၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ ပုန်​ကန်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 8,
      "text": "သို့​သော်​လည်း၊ မ​ဟာ​တန်​ခိုး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ နာ​မ​တော်၏​အ​ကြောင်း​ကြောင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 9,
      "text": "ဧ​ဒုံ​ပင်​လယ်​ကို​ဆုံး​မ​တော်​မူ၍၊ ပင်​လယ်​ရေ​သည် ခန်း​ခြောက်​လေ၏။ တော၌ ပို့​ဆောင်​သ​ကဲ့​သို့ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 10,
      "text": "မုန်း​သော​သူ၏​လက်​မှ သူ​တို့​ကို​ကယ်​တင်၍၊ ရန်​သူ၏​လက်​မှ ရွေး​နုတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 11,
      "text": "ရန်​သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ၊ ရေ​သည် လွှမ်း​မိုး​လေ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 12,
      "text": "ထို​အ​ခါ​စ​ကား​တော်​ကို​ယုံ၍ ဂုဏ်​ကျေး​ဇူး​တော်​ကို သီ​ချင်း​ဆို​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 13,
      "text": "သို့​သော်​လည်း၊ အ​မှု​တော်​ကို အ​လျင်​အ​မြန်​မေ့​လျော့​သည်​ဖြစ်၍၊ အ​ကြံ​အ​စည်​တော်​ကို မ​ဆိုင်း​မ​လင့်​ဘဲ၊"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 14,
      "text": "တော၌ အ​လွန်​တပ်​မက်၍၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌ ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 15,
      "text": "သူ​တို့​တောင်း​သော​ဆု​ကို ပေး​တော်​မူ၏။ သို့​သော်​လည်း၊ သူ​တို့၌ ပိန်​ကြုံ​ခြင်း​ကို သွင်း​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 16,
      "text": "ထို​သူ​တို့​သည်​လည်း၊ တပ်​ထဲ​မှာ မော​ရှေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ အာ​ရုန်​ကို​လည်း​ကောင်း ငြူ​စူ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 17,
      "text": "မြေ​ကြီး​သည်​ကွဲ​လျက် ဒါ​သန်​ကို​မျို၍၊ အ​ဘိ​ရံ၏​အ​သင်း​အ​ဝင်​ကို ဖုံး​အုပ်​လေ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 18,
      "text": "သူ​တို့​အ​သင်း​အ​ဝင်​ထဲ​မှာ မီး​ရှို့၍၊ မ​တ​ရား​သော​သူ​တို့​ကို လောင်​လေ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 19,
      "text": "သူ​တို့​သည် ဟော​ရပ်​တောင်​နား​မှာ နွား​သ​ငယ်​ကို လုပ်၍၊ အ​ရည်​သွန်း​သော​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 20,
      "text": "သူ​တို့၏​ဘုန်း​ကို​လဲ၍ မြက်​ကို​စား​သော နွား၏​ပုံ​သ​ဏ္ဌာန်​ကို ယူ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 21,
      "text": "အဲ​ဂု​တ္တု​ပြည်၌ ကြီး​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 22,
      "text": "ဟာ​မ​အ​မျိုး​နေ​ရာ၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ ကြောက်​မက်​ဖွယ်​သော အ​မှု​တို့​ကို​လည်း​ကောင်း​ပြု၍၊ ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 23,
      "text": "ထို​အ​ခါ ရွေး​ကောက်​တော်​မူ​သော​မော​ရှေ​သည် အ​မျက်​တော်​ကို​လွှဲ၍၊ ထို​သူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​စေ​ခြင်း​ငှာ၊ ဖျက်​ဆီး​ရာ​အ​ရပ်၊ ရှေ့​တော်၌​မ​ရပ်​လျှင်၊ သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 24,
      "text": "ထို​သူ​တို့​သည်​လည်း စ​ကား​တော်​ကို​မ​ယုံ၊ သာ​ယာ​သော​ပြည်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 25,
      "text": "မိ​မိ​တို့​တဲ​များ၌ ဆန့်​ကျင်​ဘက်​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​မ​ထောင်​ဘဲ နေ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 26,
      "text": "ထို​ကြောင့် သူ​တို့​ကို တော၌​လှဲ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 27,
      "text": "သူ​တို့​အ​မျိုး​အ​နွယ်​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင်​လှဲ၍၊ အ​ပြည်​ပြည်​အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​တစ်​ဖက်၌ ကျိန်​ဆို​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 28,
      "text": "ထို​သူ​တို့​သည် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား၌​မှီ​ဝဲ၍ လူ​သေ​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 29,
      "text": "ထို​သို့​မိ​မိ​တို့​အ​မှု​များ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ကာ​လ​နာ​သည် သူ​တို့​ကို လု​ယက်​လေ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 30,
      "text": "ထို​အ​ခါ ဖိ​န​ဟတ်​သည်​ထ၍ တ​ရား​စီ​ရင်​သ​ဖြင့်၊ ကာ​လ​နာ​သည် ငြိမ်း​လေ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 31,
      "text": "ထို​အ​မှု​ကို သူ၏​ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ လူ​မျိုး​အ​ဆက်​ဆက်​တည်​သော ကာ​လ​အ​စဉ်​မ​ပြတ် မှတ်​ရ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 32,
      "text": "တစ်​ဖန် မေ​ရိ​ဘ​ရေ​အ​နား​မှာ အ​မျက်​တော်​ကို​နှိုး​ဆော်​ကြ​သ​ဖြင့်၊ သူ​တို့​အ​တွက်​ကြောင့် မော​ရှေ၌ အ​မင်္ဂ​လာ​ဖြစ်​လေ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 33,
      "text": "သူ၏​စိတ်​ကို​ချုပ်​ချယ်​နှောင့်​ယှက်​ကြ​သ​ဖြင့်၊ သူ​သည် အ​မှတ်​တ​မဲ့ မြွက်​ဆို၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မ​ပြု၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို မ​ဖျက်​ဆီး​ဘဲ နေ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 35,
      "text": "သူ​တို့​နှင့်​ရော​နှော၍ သူ​တို့၏​ဘာ​သာ​ဓ​လေ့​ကို သင်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 36,
      "text": "သူ​တို့၏​ရုပ်​တု​များ​ကို​ဝတ်​ပြု၍ ကျော့​ကွင်း၌ ကျော့​မိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 37,
      "text": "ကိုယ်​သား​သ​မီး​တို့​ကို နတ်​ဆိုး​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 38,
      "text": "ထို​သို့ အ​ပြစ်​မ​ရှိ​သော​သူ​တို့၏​အ​သွေး၊ ခါ​နာန်​ရုပ်​တု​တို့​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော ကိုယ်​သား​သ​မီး​တို့၏ အ​သွေး​ကို သွန်​ကြ၍၊ ထို​မြေ​သည် အ​သွေး​နှင့် ညစ်​ညူး​လေ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 39,
      "text": "သူ​တို့​သည် ကိုယ်​အ​ကျင့်​အား​ဖြင့် ကိုယ်​ကို​ညစ်​ညူး​စေ၍၊ ကိုယ်​အ​မှု​တို့​တွင် မှား​ယွင်း​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 40,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို​အ​မျက်​တော်​ထွက်၍၊ မိ​မိ​အ​မွေ​တော်​ကို ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 41,
      "text": "သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ မုန်း​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 42,
      "text": "ရန်​သူ​တို့​သည်​ညှဉ်း​ဆဲ၍၊ သူ​တို့​သည် ရန်​သူ​တို့​အောက်​မှာ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 43,
      "text": "သူ​တို့​ကို ကြိမ်​ဖန်​များ​စွာ ကယ်​နုတ်​တော်​မူ​သော်​လည်း၊ ပုန်​ကန်​သော​အ​ကြံ​ကို​သာ​ကြံ၍၊ မိ​မိ​တို့​ဒု​စ​ရိုက် အ​ပြစ်​ကြောင့် နှိပ်​စက်​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 44,
      "text": "တစ်​ဖန် သူ​တို့​အော်​ဟစ်​ခြင်း​ကို ကြား​တော်​မူ​လျှင်၊ သူ​တို့၌ ဆင်း​ရဲ​ဒု​က္ခ​ကို ကြည့်​ရှု​သ​ဖြင့်၊"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 45,
      "text": "ဝန်​ခံ​ခြင်း​က​တိ​တော်​ကို သူ​တို့​အ​ဖို့​အောက်​မေ့၍၊ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း နောင်​တ​ရ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 46,
      "text": "သူ​တို့​ကို ချုပ်​ထား​သိမ်း​သွား​သော သူ​အ​ပေါင်း​တို့​သည် သ​နား​ရ​ကြ​မည်​အ​ကြောင်း ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 47,
      "text": "အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​သော​နာ​မ​တော်၏ ဂုဏ်​ကျေး​ဇူး​သည် ကြီး​လှ​ပါ၏​ဟု အ​ကျွန်ုပ်​တို့​သည် ဝန်​ခံ၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ခြင်း၌ ဝါ​ကြွား​ဝမ်း​မြောက်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​က နုတ်​ယူ၍ စု​သိမ်း​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 106,
      "verse": 48,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လူ​ခပ်​သိမ်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ​ကြ​စေ။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 2,
      "text": "ရန်​သူ၏​လက်​မှ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ်​ရပ်​ထဲ​က စု​သိမ်း​သော သူ​တည်း​ဟူ​သော၊ ရွေး​တော်​မူ​သော​သူ​တို့​သည် ဝန်​ခံ​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 4,
      "text": "သူ​တို့​သည် တော​တွင်း လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်၍၊ နေ​စ​ရာ​မြို့​သို့ ရောက်​သော​လမ်း​ကို မ​တွေ့​ကြ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 5,
      "text": "ဆာ​ငတ်​မွတ်​သိပ်၍ စိတ်​ပျက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 6,
      "text": "ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ဆယ်​နုတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 7,
      "text": "သူ​တို့​နေ​စ​ရာ​မြို့​သို့ ရောက်​စေ​ခြင်း​ငှာ၊ ဖြောင့်​သော​လမ်း​ဖြင့် ပို့​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 8,
      "text": "လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 10,
      "text": "ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငြင်း​ဆန်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ အ​ကြံ​တော်​ကို မ​ထီ​မဲ့​မြင် ပြု​သော​ကြောင့်၊ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်၌​ထိုင်​လျက်၊ ဒု​က္ခ​နှင့်​လည်း​ကောင်း၊ သံ​ကြိုး​နှင့်​လည်း​ကောင်း ချည်​နှောင်​လျက် နေ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်​သည် အ​မှု​ရောက်​စေ၍၊ သူ​တို့​စိတ်​ကို နှိမ့်​ချ​တော်​မူ၏။ သူ​တို့​သည်​လဲ၍ ထောက်​မ​သော​သူ​မ​ရှိ​ဘဲ၊"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 13,
      "text": "ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 14,
      "text": "မှောင်​မိုက်​နှင့် သေ​မင်း​အ​ရိပ်​ထဲ​က ထုတ်​ဆောင်၍ သူ​တို့​ချည်​နှောင်​ခြင်း​ကို ဖြေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 15,
      "text": "လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ကြေး​ဝါ​တံ​ခါး​တို့​ကို​ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 17,
      "text": "မိုက်​သော​သ​ဘော​ရှိ​သော သူ​တို့​သည်​လမ်း​လွှဲ၍၊ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့် ဆင်း​ရဲ​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 18,
      "text": "စား​စ​ရာ​အ​မျိုး​မျိုး​ကို​ရွံ၍ သေ​ခြင်း​တံ​ခါး ငါ့​အ​နီး​သို့ ရောက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 19,
      "text": "ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 20,
      "text": "နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 21,
      "text": "လူ​သား​တို့၌ ပြု​တော်​မူ​သော​က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 22,
      "text": "ကျေး​ဇူး​တော် ဝန်​ခံ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့်​တ​ကွ အ​မှု​တော်​တို့​ကို ကြား​ပြော​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 23,
      "text": "သင်္ဘော​စီး​လျက် ပင်​လယ်​ကို​ကူး၍၊ ရေ​များ​ပေါ်​မှာ လုပ်​ဆောင်​သော​သူ​တို့​သည်၊"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 24,
      "text": "နက်​နဲ​ရာ​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​နှင့်၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို မြင်​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 25,
      "text": "အ​မိန့်​တော်​ရှိ၍ လေ​ပြင်း​မုန်​တိုင်း​တိုက်​သ​ဖြင့်၊ လှိုင်း​တံ​ပိုး​တို့​ကို ထ​စေ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 26,
      "text": "မိုး​ကောင်း​ကင်​တိုင်​အောင် တက်​လျက်၊ နက်​နဲ​ရာ​ထဲ​သို့​ဆင်း​လျက် တွေ့​သော​ဘေး​ကြောင့်၊ သူ​တို့​သည် စိတ်​ပျက်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 27,
      "text": "တ​လည်​လည်​သွား​လျက် ယစ်​မူး​သော​သူ​ကဲ့​သို့ တိမ်း​ယိမ်း​လျက်​နေ၍ ဉာဏ်​တိမ်​မြုပ်​ခြင်း ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 28,
      "text": "ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ထုတ်​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 29,
      "text": "လေ​ပြင်း​ကို​ပျောက်​စေ​တော်​မူ၍၊ လှိုင်း​တံ​ပိုး​များ​လည်း ငြိမ်​ဝပ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 30,
      "text": "ထို​သို့​ငြိမ်​ဝပ်​သော​ကြောင့် သူ​တို့​သည် ဝမ်း​မြောက်​ကြ၏။ အ​လို​ရှိ​ရာ​သင်္ဘော​ဆိပ်​သို့ ပို့​ဆောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 31,
      "text": "လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 32,
      "text": "လူ​ပ​ရိ​သတ်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍ အ​သက်​ကြီး​သူ​တို့၏ အ​စည်း​အ​ဝေး၌ ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 33,
      "text": "မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ကို​လည်း သွေ့​ခြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 34,
      "text": "မြေ​ကောင်း​သော​ပြည်​ကို ပြည်​သူ​ပြည်​သား​တို့၏​အ​ပြစ်​ကြောင့် ဆား​မြေ​ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 35,
      "text": "တစ်​ဖန် လွင်​ပြင်​ကို ရေ​နှင့်​ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သွေ့​ခြောက်​သော​အ​ရပ်​ကို​လည်း စမ်း​ရေ​ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 36,
      "text": "ထို​အ​ရပ်၌​လည်း၊ ငတ်​မွတ်​သော​သူ​တို့​ကို နေ​ရာ​ချ​တော်​မူ၍၊ သူ​တို့​သည် မိ​မိ​နေ​စ​ရာ​ဖို့ မြို့​ကို​တည်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 37,
      "text": "လယ်​လုပ်​လျက်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း စိုက်​ပျိုး​လျက်၊ မြေ​အ​သီး​အ​နှံ​တို့​ကို ပြု​စု​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 38,
      "text": "ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 39,
      "text": "တစ်​ဖန် သူ​တို့​သည်​လျော့၍ ညှဉ်း​ဆဲ​ခြင်း၊ ငြို​ငြင်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​အား​ဖြင့် နှိမ့်​ချ​လျက်​နေ​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 40,
      "text": "မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ လမ်း​မ​ရှိ​သော တော​အ​ရပ်၌​လည်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 41,
      "text": "ဆင်း​ရဲ​သော​သူ​ကို​လည်း ဒု​က္ခ​မှ​ထ​မြောက်​စေ၍၊ သိုး​စု​ကဲ့​သို့ အိမ်​ထောင်​ပွား​များ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 42,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည်​မြင်၍၊ ဝမ်း​မြောက်​ကြ၏။ ခပ်​သိမ်း​သော​ဒု​စ​ရိုက်​သည်​လည်း မိ​မိ​နှုတ်​ကို ပိတ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 107,
      "verse": 43,
      "text": "အ​ကြင်​သူ​သည် ပ​ညာ​ရှိ၏၊ ထို​သူ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို​ဆင်​ခြင်၍၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို နား​လည်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 1,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ဝိ​ညာဉ်​ပါ​လျက် ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 2,
      "text": "တ​ယော​နှင့် စောင်း​တို့၊ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 3,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ပ​ရိ​သတ်​အ​လယ်၌ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ လူ​မျိုး​တို့​တွင် ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 5,
      "text": "အို ဘု​ရား​သ​ခင်၊ ကောင်း​ကင်​မြင့်​သည်​ထက် ကိုယ်​တော်​ကြီး​မြင့်​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဘုန်း​တော် လွှမ်း​မိုး​ပါ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 6,
      "text": "ချစ်​တော်​မူ​သော သူ​တို့​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်၍၊ လက်​ယာ​လက်​ရုံး​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 7,
      "text": "သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို​တိုင်း​ထွာ​မည်။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 8,
      "text": "ဂိ​လဒ်​ပြည်​ကို ငါ​ပိုင်​ရ၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​ရ၏။ ဧ​ဖ​ရိမ်​ပြည်​ကား ငါ့​ဦး​ခေါင်း၏​အ​စွမ်း​ဖြစ်​ရ၏။ ယု​ဒ​ပြည်​ကား ငါ၏​လွှတ်​တော်​ဖြစ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 9,
      "text": "မော​ဘ​ပြည်​ကား ငါ့​ရေ​ချိုး​အိုး ဖြစ်​ရ၏။ ဧ​ဒုံ​ပြည်​ကား ငါ့​ခြေ​နင်း​ရာ ဖြစ်​ရ၏။ ဖိ​လိ​တ္တိ​ပြည်​အ​ပေါ်​မှာ အောင်​သံ​နှင့် ကြွေး​ကြော်​မည်။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 10,
      "text": "အား​ကြီး​သော မြို့​ထဲ​သို့ ငါ့​ကို အ​ဘယ်​သူ​သွင်း​ပေး​မည်​နည်း။ ဧ​ဒုံ​ပြည်​သို့ ငါ့​ကို အ​ဘယ်​သူ​လမ်း​ပြ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 11,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည်​မ​ဟုတ်​လော။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့ ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​သော ကိုယ်​တော်​သည် ပြု​တော်​မူ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 12,
      "text": "ဒု​က္ခ​နှင့်​ကင်း​လွတ်​စေ​ခြင်း​ငှာ မ​စ​တော်​မူ​ပါ။ လူ​တို့​သည် ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။"
    },
    {
      "book": 19,
      "chapter": 108,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​စွာ​ပြု​ကြ​မည်။ ငါ​တို့၏​ရန်​သူ​များ​ကို ကိုယ်​တော်​တိုင်​နင်း​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 1,
      "text": "အ​ကျွန်ုပ်​ချီး​မွမ်း​သော ဘု​ရား​သ​ခင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 2,
      "text": "မ​တ​ရား​သော​သူ​နှင့် သ​စ္စာ​ပျက်​သော သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်၍၊ မု​သား​စ​ကား​ကို ပြော​ဆို​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 3,
      "text": "မ​နာ​လို​သော​စိတ်​နှင့် စ​ကား​ပြော​လျက်၊ အ​ကျွန်ုပ်​ကို​ဝိုင်း၍ အ​ကြောင်း​မ​ရှိ​ဘဲ စစ်​တိုက်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 4,
      "text": "အ​ကျွန်ုပ်၏​မေ​တ္တာ​အ​တွက် သူ​တို့​သည် ရန်​ဘက်​ပြု​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ပ​တ္ထ​နာ​ပြု​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 5,
      "text": "အ​ကျွန်ုပ်​ပြု​သော​ကျေး​ဇူး​အ​တွက် မ​ကောင်း​သော​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မေ​တ္တာ​အ​တွက် မုန်း​ခြင်း​ကို​လည်း​ကောင်း ဆပ်​ပေး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 6,
      "text": "ထို​သို့​သော​သူ၏​အ​ပေါ်​မှာ မ​တ​ရား​သော​သူ​ကို ခန့်​ထား​တော်​မူ​ပါ။ သူ၏​လက်​ယာ​နား​မှာ ရန်​သူ​နေ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 7,
      "text": "သူ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရာ​တွင် ရှုံး​ပါ​စေ။ သူ​ပြု​သော​ပ​တ္ထ​နာ​သည် ပြစ်​မှား​ခြင်း​ဖြစ်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 8,
      "text": "သူ၏​အ​သက်​တို​ပါ​စေ။ သူ၏​အ​ရာ​ကို​လည်း အ​ခြား​သူ​ရ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 9,
      "text": "သူ၏​သား​တို့​သည် ဘ​သား​ဆိုး၊ မ​ယား​လည်း မု​ဆိုး​မ​ဖြစ်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 10,
      "text": "သူ၏​သား​တို့​သည် အ​ရပ်​ရပ်​လည်၍ သူ​တောင်း​စား​ဖြစ်​ကြ​ပါ​စေ။ ပျက်​စီး​သော မိ​မိ​တို့​နေ​ရာ​များ​မှ​ထွက်၍၊ အ​စာ​ကို​ရှာ​ကြ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 11,
      "text": "သူ၌​ရှိ​သ​မျှ​ကို ကြွေး​ရှင်​သိမ်း​ယူ​ပါ​စေ။ သူ​လုပ်၍​ရ​သော ဥ​စ္စာ​ကို​လည်း တစ်​ပါး​အ​မျိုး​သား​လု​ယူ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 12,
      "text": "သူ၌​ကျေး​ဇူး​ပြု​သော​သူ၊ သူ၏​ဘ​သား​ဆိုး​တို့​ကို ကယ်​မ​သ​နား​သော​သူ တစ်​ယောက်​မျှ မ​ရှိ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 13,
      "text": "သူ၏​အ​နွယ်​သည် ပြတ်​ပါ​စေ။ လူ​မျိုး​ဆင်း​သက်၍ တစ်​ဆက်​တည်း​တွင်၊ သူ​တို့၏​နာ​မည်​သည် ကျေ​ပျောက်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 14,
      "text": "သူ့​ဘိုး​ဘေး​တို့၏​ဒု​စ​ရိုက်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သ​တိ​ရ​တော်​မူ​ပါ​စေ။ သူ့​အ​မိ၏​အ​ပြစ်​သည် မ​ဖြေ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 15,
      "text": "ထို​ဒု​စ​ရိုက်​အ​ပြစ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ အ​စဉ်​အ​မြဲ​ထင်​ရှား၍၊ မြေ​ကြီး​ပေါ်​မှာ ထို​သူ​တို့​ကို အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ၊ ပယ်​ရှင်း​တော်​မူ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ကယ်​မ​သ​နား​ခြင်း​ငှာ သ​တိ​မ​ရှိ။ ဆင်း​ရဲ​ငတ်​မွတ်၍ စိတ်​ပျက်​သော​သူ​ကို သေ​စေ​သည်​တိုင်​အောင် ညှဉ်း​ဆဲ​ပြီ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 17,
      "text": "သူ​သည် ကျိန်​ဆဲ​ခြင်း​ကို နှစ်​သက်​သည်​နှင့်​အ​ညီ၊ သူ့​အ​ပေါ်​သို့ ရောက်​ပါ​စေ။ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လို​မ​ရှိ​သည်​အ​တိုင်း သူ​နှင့်​ဝေး​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 18,
      "text": "အ​ဝတ်​ကို​ဝတ်​သ​ကဲ့​သို့ ကျိန်​ဆဲ​ခြင်း​ကို ဝတ်​ရ​ပါ​စေ။ ရေ​ကဲ့​သို့ သူ၏​ဝမ်း​ထဲ​သို့​လည်း​ကောင်း၊ ဆီ​ကဲ့​သို့ သူ၏​အ​ရိုး​ထဲ​သို့​လည်း​ကောင်း ဝင်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 19,
      "text": "သူ၏​ကိုယ်​ကို​ခြုံ​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ခါး၌ အ​စဉ်​စည်း​သော ခါး​စည်း​ကဲ့​သို့​လည်း​ကောင်း သူ၌​ဖြစ်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 20,
      "text": "ငါ၏​ဝိ​ညာဉ်​တစ်​ဖက်၌ မ​ကောင်း​သော​စ​ကား​ကို ပြော​တတ်​သော ငါ၏​ရန်​သူ​တို့​သည် ထို​သို့​သော အ​ကျိုး​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ခံ​ရ​ကြ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 21,
      "text": "အို​ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​အ​တွက်​ကြောင့် အ​ကျွန်ုပ်​အ​မှု​ကို စောင့်​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကောင်း​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 22,
      "text": "အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။ အ​ကျွန်ုပ်​အ​ထဲ၌ နှ​လုံး​နာ​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 23,
      "text": "ရှည်​လျား​သော​အ​ရိပ်​ကဲ့​သို့ အ​ကျွန်ုပ်​ရွေ့​သွား​ပါ၏။ ကျိုင်း​ကောင်​ကဲ့​သို့ လှုပ်​ရှား​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 24,
      "text": "အ​စာ​မ​စား​ဘဲ နေ​ရ​သော​ကြောင့်၊ ဒူး​ဆစ်​နုန့်​နဲ့၍ အ​သား​လည်း​လျော့​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 25,
      "text": "အ​ကျွန်ုပ်​သည်​လည်း သူ​တစ်​ပါး​တို့ ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ဖြစ်၍၊ သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်​သော​အ​ခါ၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 26,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို မ​စ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင် ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 27,
      "text": "ထို​အ​မှု​သည် တန်​ခိုး​တော်​ကြောင့်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​စီ​ရင်​တော်​မူ​သည်​ဟု ထို​သူ​တို့​သည် သိ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 28,
      "text": "ထို​သူ​တို့​သည် ကျိန်​ဆဲ​သော်​လည်း၊ ကိုယ်​တော်​မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ထ​သော​အ​ခါ အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ ဝမ်း​မြောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 29,
      "text": "အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် ရှက်​ကြောက်​ခြင်း အ​ဝတ်​ကို​ဝတ်၍၊ စောင်​နှင့်​ခြုံ​သ​ကဲ့​သို့၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 30,
      "text": "အ​ကျွန်ုပ်​သည်​နှုတ်​မြွက်၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို အ​လွန်​ချီး​မွမ်း​ပါ​မည်။ များ​စွာ​သော​သူ​တို့​အ​လယ်​မှာ ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 109,
      "verse": 31,
      "text": "အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သော​သူ၏​ဝိ​ညာဉ်​ကို အ​ပြစ်​စီ​ရင်​သော သူ​တို့၏​လက်​မှ ကယ်​တင်​ခြင်း​ငှာ၊ သူ၏​လက်​ယာ​ဘက်​မှာ​ရပ်၍ နေ​တော်​မူ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ၊ ငါ​မ​ချ​ထား​မီ​တိုင်​အောင်၊ ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်၏​အာ​ဏာ​တော်​လှံ​တံ​ကို ဇိ​အုန်​မြို့​မှ လွှတ်​တော်​မူ​မည်။ ကိုယ်​တော်​သည် ရန်​သူ​တို့၏​အ​လယ်၌ အုပ်​စိုး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 3,
      "text": "တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော်​မ​မူ။။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 5,
      "text": "လက်​ယာ​တော်​နား​မှာ​ရှိ​သော​ဘု​ရား​ရှင်​သည် အ​မျက်​တော်​အ​ချိန်​ကာ​လ၌ ရှင်​ဘု​ရင်​တို့​ကို ဒဏ်​ခတ်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 6,
      "text": "ငါ၏​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် တ​ရား​စီ​ရင်​လျက်၊ အ​သေ​ကောင်​တို့​ကို အ​နှံ့​အ​ပြား​ဖြစ်​စေ၍၊ ကျယ်​သော​မြေ၌ သူ​တို့​ဦး​ခေါင်း​ကို နှိပ်​စက်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 110,
      "verse": 7,
      "text": "လမ်း​နား​မှာ​စီး​သော​ရေ​ကို​သောက်၍၊ ခေါင်း​တော်​ကို ချီး​မြှင့်​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 1,
      "text": "ငါ​သည် ဖြောင့်​မတ်​သော​သူ​တို့၏ အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ ပ​ရိ​သတ်၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ချီး​မွမ်း​မည်။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​သည် ကြီး​မြတ်​ကြ၏။ ကြည်​ညို​သော​သူ​တို့​သည် ထို​အ​မှု​တော်​တို့​ကို ရှာ​ဖွေ​လိုက်​စစ်​တတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 3,
      "text": "စီ​ရင်​တော်​မူ​သော​အ​ရာ​သည် ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​လည်း အ​စဉ်​အ​မြဲ​တည်၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 4,
      "text": "အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အောက်​မေ့​ဖို့​ရာ စီ​ရင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 5,
      "text": "ကြောက်​ရွံ့​ရို​သေ​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို အ​စဉ်​အောက်​မေ့​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 6,
      "text": "အ​မှု​တော်​တို့၌​ရှိ​သော​တန်​ခိုး​ကို မိ​မိ​လူ​တို့​အား​ပြ၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏​အ​မွေ​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 7,
      "text": "လက်​တော်​နှင့်​ပြု​သော​အ​မှု​တို့​သည် သ​စ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​နှင့်​လည်း​ကောင်း ယှဉ်​ကြ၏။ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် ကင်း​လွတ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 8,
      "text": "သ​စ္စာ​စောင့်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​နှင့်​ယှဉ်​သော​ကြောင့်၊ အ​စဉ်​အ​မြဲ​တည်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 9,
      "text": "မိ​မိ​လူ​တို့၌ ရွေး​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ၏။ နာ​မ​တော်​သည်​သန့်​ရှင်း၏။ ကြောက်​ရွံ့​ရို​သေ​ဖွယ်​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 111,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​သ​မျှ​သော​သူ​တို့​သည် ကောင်း​သော​ဉာဏ်​ရှိ​ကြ၏။ ဂုဏ်​အ​သ​ရေ​တော်​သည် အ​စဉ်​အ​မြဲ တည်​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့၌ အ​လွန်​မွေ့​လျော်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 2,
      "text": "ထို​သူ၏ သား​မြေး​တို့​သည် မြေ​ပေါ်​မှာ​အား​ကြီး​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော သူ​တို့၏​အ​မျိုး​အ​နွယ်​သည် မင်္ဂ​လာ​ရှိ​တတ်၏။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 3,
      "text": "ထို​သူ၏​အိမ်၌ စည်း​စိမ်​ဥ​စ္စာ​ကြွယ်​ဝ၍၊ သူ၏​ကောင်း​ကျိုး​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 4,
      "text": "သ​ဘော​ဖြောင့်​သော သူ​တို့​အ​ဖို့၊ မှောင်​မိုက်​ထဲ​မှာ အ​လင်း​ပေါ်​ထွန်း​တတ်၏။ ထို​သို့​သော​သူ​သည် ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော​နှင့် သ​နား​စုံ​မက်​တတ်​သော သ​ဘော​ရှိ၍၊ တ​ရား​သ​ဖြင့် ပြု​တတ်၏။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 5,
      "text": "က​ရု​ဏာ​စိတ်​ရှိ၍ ချေး​ငှား​တတ်​သော​သူ​သည် ကောင်း​စား​တတ်၏။ တ​ရား​ဆုံး​ဖြတ်​ရာ​ကာ​လ၌ အောင်​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 6,
      "text": "အ​ကယ်​စင်​စစ် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​အ​မြဲ အောက်​မေ့​ဖို့​ရာ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 7,
      "text": "မ​ကောင်း​သော သ​တင်း​ကို​မ​ကြောက်​ရ၊ စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သ​ဖြင့် တည်​ကြည်​တတ်၏။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 8,
      "text": "သူ၏​စိတ်​နှ​လုံး​သည် မြဲ​မြံ​သည်​ဖြစ်၍၊ ရန်​သူ​တို့၌ အား​မ​ရ​မီ​တိုင်​အောင်၊ ကြောက်​ခြင်း​နှင့် လွတ်​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 9,
      "text": "သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 112,
      "verse": 10,
      "text": "မ​တ​ရား​သော​သူ​တို့​သည် မြင်၍၊ နာ​ကြင်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။ အံ​သွား​ခဲ​ကြိတ်၍ ပိန်​ချုံး​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏​အ​လို​သည် ပျက်​စီး​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။ ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ယ​ခု​မှ​စ၍၊ အ​စဉ်​အ​ဆက် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 3,
      "text": "နေ​ထွက်​ရာ​မှ​သည် နေ​ဝင်​ရာ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ချီး​မွမ်း​ဖွယ်​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ ဘုန်း​တော်​သည် ကောင်း​ကင်​အ​ပေါ်၌​လည်း​ကောင်း မြင့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 5,
      "text": "ကိုယ်​ကို​ချီး​မြှင့်၍ ကျိန်း​ဝပ်​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 6,
      "text": "ကိုယ်​ကို​နှိမ့်​ချ၍ ကောင်း​ကင်​အ​ရာ​နှင့် မြေ​ကြီး​အ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 7,
      "text": "ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​ကြွ​လျက်၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​ချီး​မြှောက်​လျက်၊"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 8,
      "text": "မင်း​သား​တို့​တွင်​လည်း​ကောင်း၊ မိ​မိ​လူ​တို့​ကို အုပ်​စိုး​သော​မင်း​တို့​တွင်​လည်း​ကောင်း နေ​ရာ​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 113,
      "verse": 9,
      "text": "မြုံ​သော​မိန်း​မ​သည် အိမ်၌​နေ၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၊ ယာ​ကုပ်​အ​နွယ်​သည် ရိုင်း​သော​လူ​မျိုး​နေ​ရာ အဲ​ဂု​တ္တု​ပြည်​က​ထွက်​သွား​သော​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 2,
      "text": "ယု​ဒ​အ​မျိုး​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် နိုင်​ငံ​တော်​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 3,
      "text": "ပင်​လယ်​သည် မြင်၍​ပြေး​လေ၏။ ယော်​ဒန်​မြစ်​လည်း နောက်​သို့​လှည့်​လေ၏။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 4,
      "text": "တောင်​ကြီး​တို့​သည် သိုး​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ငယ်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​လည်း​ကောင်း ခုန်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 5,
      "text": "အ​ချင်း​ပင်​လယ်၊ သင်​ပြေး​သည်​အ​ကြောင်း၊ အ​ချင်း​ယော်​ဒန်​မြစ်၊ သင်​သည် နောက်​သို့​လှည့်​သည်​အ​ကြောင်း၊"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 6,
      "text": "အ​ချင်း​တောင်​ကြီး​တို့၊ သင်​တို့​သည် သိုး​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း၊ အ​ချင်း​တောင်​ငယ်​တို့၊ သင်​တို့​သည် သိုး​သ​ငယ်​ကဲ့​သို့​ခုန်​ကြ​သည်​အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 7,
      "text": "အို​မြေ​ကြီး၊ အ​ရှင်၏​မျက်​နှာ​တော်​ရှေ့၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ရှေ့​မှာ တုန်​လှုပ်​လျက်​နေ​လော့။"
    },
    {
      "book": 19,
      "chapter": 114,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​သည် ကျောက်​ကို​ရေ​ကန်၊ မီး​ကျောက်​ကို စမ်း​ရေ​တွင်း​ဖြစ်​စေ​တော်​မူ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 1,
      "text": "အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌ ဘုန်း​မ​ရှိ​စေ​ဘဲ၊ ကိုယ်​တော်၏​နာ​မ၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကြောင့် ဘုန်း​ရှိ​ပါ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 2,
      "text": "သူ​တို့၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 3,
      "text": "ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ၏။ အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 4,
      "text": "သူ​တို့၏​ရုပ်​တု​များ​မူ​ကား ငွေ​လည်း​ဖြစ်၏။ ရွှေ​လည်း​ဖြစ်၏။ လူ​လက်​ဖြင့် လုပ်​သော​အ​ရာ​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 5,
      "text": "ထို​ရုပ်​တု​တို့​သည်​နှုတ်​ရှိ၍ စ​ကား​မ​ပြော​တတ်။ မျက်​စိ​ရှိ၍ မ​မြင်​တတ်။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 6,
      "text": "နား​ရှိ၍ မ​ကြား​တတ်။ နှာ​ခေါင်း​ရှိ၍ မ​နမ်း​တတ်။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 7,
      "text": "လက်​ရှိ၍ မ​ကိုင်​တတ်။ ခြေ​ရှိ၍ မ​သွား​တတ်။ သူ​တို့​လည်​ချောင်း​ဖြင့် အ​သံ​မ​ပြု​တတ်​ပါ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 8,
      "text": "လုပ်​သော​သူ​တို့​လည်း အ​တူ​တူ၊ ကိုး​စား​သော​သူ​အ​ပေါင်း​တို့​လည်း အ​တူ​တူ​ပါ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 9,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 10,
      "text": "အို အာ​ရုန်​အ​မျိုး​အ​နွယ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ထို​ဘု​ရား​ကို ကိုး​စား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​သော​သူ​တို့​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အောက်​မေ့​တော်​မူ၏။ ကောင်း​ချီး​ပေး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။ အာ​ရုန်​အ​မျိုး​အ​နွယ်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​သား​မြေး​တို့၌ မင်္ဂ​လာ​ကို​တိုး​ပွား​စေ​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 15,
      "text": "သင်​တို့​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​သော​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 16,
      "text": "ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 17,
      "text": "သေ​လွန်​သော​သူ၊ ငြိမ်း​ရာ​ထဲ​သို့ ဆင်း​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ချီး​မွမ်း​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 115,
      "verse": 18,
      "text": "ငါ​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​ဆက် ကောင်း​ချီး​ပေး​ကြ​လေ​အံ့​သ​တည်း။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တောင်း​ပန်​ခြင်း​အ​သံ​ကို ကြား၍၊"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 2,
      "text": "ငါ့​ဘက်​သို့ နား​တော်​ကို လှည့်​တော်​မူ​သော​ကြောင့်၊ ငါ​နှစ်​သက်၏။ ငါ​အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​မည်။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 3,
      "text": "သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း၍ မ​ရ​ဏ​နိုင်​ငံ​ဘေး​တို့​သည် ငါ့​ကို​ဖမ်း​မိ​သ​ဖြင့်၊ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​နှင့် ငါ​တွေ့​ကြုံ​ရ၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 4,
      "text": "ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို ကယ်​နုတ်​တော်​မူ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ ဖြောင့်​မတ်​သော သ​ဘော​ရှိ​တော်​မူ၏။ ငါ​တို့​ဘု​ရား​သ​ခင်​သည် က​ရု​ဏာ​စိတ်​ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ရိုး​သား​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ ငါ​သည် နှိမ့်​ချ​လျက်​ရှိ​သော​အ​ခါ ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 7,
      "text": "အို​ငါ့​ဝိ​ညာဉ်၊ သင်၏​ငြိမ်​ဝပ်​ရာ​သို့ ပြန်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 8,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ကို သေ​ခြင်း​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​ကို မျက်​ရည်​ကျ​ခြင်း​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​ခြေ​ကို​လည်း ထိ​မိ၍​လဲ​ခြင်း​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ငါ​ကျင့်၍ နေ​ရ၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 10,
      "text": "ငါ​သည် အ​လွန်​ညှိုး​ငယ်​ခြင်း​ကို​ခံ​ရ၏​ဟု မြွက်​ဆို​သော်​လည်း၊ ယုံ​ကြည်​သော​စိတ်​ရှိ​သေး၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 11,
      "text": "လူ​အ​ပေါင်း​တို့​သည် မု​သား​ကို​သုံး​တတ်​ကြ၏​ဟု သ​တိ​လစ်​လျက် ပြော​မိ၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 12,
      "text": "ငါ၌ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​အ​လုံး​စုံ​တို့​ကို အ​ဘယ်​သို့ ဆပ်​ရ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 13,
      "text": "ကယ်​တင်​ခြင်း​ခွက်​ဖ​လား​ကို ကိုင်​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ လူ​များ​ရှေ့၌ သ​စ္စာ​ဝတ်​ကို ဖြေ​မည်။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​သန့်​ရှင်း​သူ​တို့၏ သေ​ခြင်း​အ​ရာ​သည် အ​ဖိုး​ကြီး​လှ၏။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 16,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ ကျွန်​မှန်​ပါ၏။ ကိုယ်​တော်၏​ကျွန်​မ​တွင် မြင်​သော​သား​လည်း မှန်​ပါ၏။ အ​ကျွန်ုပ်၌ အ​ချည်​အ​နှောင်​ကို လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 17,
      "text": "ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​ကို ရှေ့​တော်၌ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊"
    },
    {
      "book": 19,
      "chapter": 116,
      "verse": 19,
      "text": "အို​ယေ​ရု​ရှ​လင်​မြို့၊ သင်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​တိုင်း​အ​တွင်း​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ လူ​များ​ရှေ့၌ သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 117,
      "verse": 1,
      "text": "လူ​မျိုး​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ လူ​အ​နွယ်​အ​ပေါင်း​တို့၊ အ​လွန်​ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 117,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့၌ က​ရု​ဏာ​တော်​ကြီး​လှ၏။ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​သည် အ​စဉ်​အ​မြဲ​တည်၏။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 2,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​ဝန်​ခံ​စေ။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 3,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု အာ​ရုန်​အ​နွယ်​ဝန်​ခံ​စေ။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 4,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော သူ​တို့​သည် ဝန်​ခံ​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 5,
      "text": "ငါ​သည် ကျဉ်း​မြောင်း​ရာ​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​ဝန်း​သော အ​ရပ်​ထဲ​သို့ သွင်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်​မှာ​ရှိ​တော်​မူ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်၌ မ​စ​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို မုန်း​သော​သူ​တို့၌ ငါ့​အ​လို ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည်၊ လူ​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည် မင်း​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 10,
      "text": "လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​ကို​ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 11,
      "text": "ငါ့​ကို ဝိုင်း​ကြ၏။ ဝိုင်း​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 12,
      "text": "ပျား​များ​ကဲ့​သို့ ငါ့​ကို​ဝိုင်း၍ အုံ​ကြ​သော်​လည်း၊ ဆူး​ပင်​ကို​လောင်​သော မီး​ကဲ့​သို့ ငြိမ်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် သူ​တို့​ကို ပယ်​ဖြတ်​ရ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 13,
      "text": "သင်​သည် ငါ့​ကို​လှဲ​ခြင်း​ငှာ ပြင်း​ထန်​စွာ တွန်း​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ရာ​အ​ကြောင်း၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 15,
      "text": "ဖြောင့်​မတ်​သော သူ​တို့၏​နေ​ရာ၌ ဝမ်း​မြောက်​ခြင်း​အ​သံ​နှင့် ကယ်​တင်​ခြင်း​အ​သံ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ချီး​မြှင့်​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်​သည် ကြီး​သော​အ​မှု​ကို​ပြု၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 17,
      "text": "ငါ​မ​သေ​ရ​သေး။ အ​သက်​ရှင်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​တို့​ကို ကြား​ပြော​ရ​ဦး​မည်။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကျပ်​တည်း​စွာ ဆုံး​မ​သော်​လည်း၊ သေ​ခြင်း၌ အပ်​တော်​မ​မူ​သေး။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 19,
      "text": "ဖြောင့်​မတ်​ခြင်း​တံ​ခါး​တို့​ကို ငါ့​အား​ဖွင့်​ကြ။ ငါ​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​မည်။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 20,
      "text": "ဤ​တံ​ခါး​သည် ထာ​ဝ​ရ​ဘု​ရား၏​တံ​ခါး​ဖြစ်၏။ ဖြောင့်​မတ်​သော သူ​တို့​သည် ဝင်​ရ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 21,
      "text": "ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​စ​ကား​ကို နား​ထောင်၍၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 22,
      "text": "တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 23,
      "text": "ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်၏။ ငါ​တို့​မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 24,
      "text": "ဤ​နေ့​ရက်​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​နေ့​ရက်​ဖြစ်၍၊ ယ​နေ့ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 25,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်၍၊ ငါ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၏။ ယဇ်​တင်​ရန် အ​ကောင်​ကို ယဇ်​ပ​လ္လင်​ဦး​ချို၌ ကြိုး​နှင့် ချည်​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 28,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​ဖြစ်​တော်​မူ၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်၏​ဘု​ရား​ဖြစ်​တော်​မူ၍၊ ကိုယ်​တော်​ကို ချီး​မြှောက်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 118,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း၌ မ​လွဲ​မ​တိမ်း၊ လိုက်​သွား​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 2,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်၍၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 3,
      "text": "ထို​သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ လမ်း​ခ​ရီး​တော်၌ လိုက်​သွား​တတ်​ကြ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 4,
      "text": "အ​ကျွန်ုပ်​တို့​သည် ကြိုး​စား၍ ကျင့်​ဖို့​ရာ၊ ကိုယ်​တော်​သည် ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 5,
      "text": "ကိုယ်​တော်၏​အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​နိုင်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် လမ်း​ဖြောင့်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 6,
      "text": "အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ထောက်​ထား​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ရ​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 7,
      "text": "ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​များ​ကို အ​ကျွန်ုပ်​လေ့​ကျက်​ပြီး​မှ၊ ဂုဏ်​တော်​ကို ဖြောင့်​သော​သ​ဘော​နှင့် ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 8,
      "text": "ကိုယ်​တော်၏ အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​ပါ​မည်။ အ​ကျွန်ုပ်​ကို ရှင်း​ရှင်း စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 9,
      "text": "လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 10,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ရှာ​ပါ၏။ ပ​ညတ်​တော်​လမ်း​မှ လွဲ​စေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 11,
      "text": "ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 12,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်​၌ သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 13,
      "text": "စီ​ရင်​တော်​မူ​ရာ နှုတ်​တော်​ထွက် အ​လုံး​စုံ​တို့​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​နှင့် ဟော​ပြော​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 14,
      "text": "ခပ်​သိမ်း​သော စည်း​စိမ်​ဥ​စ္စာ​ကို​ရ​ဘိ​သ​ကဲ့​သို့၊ သက်​သေ​ခံ​တော်​မူ​ရာ​လမ်း၌ ဝမ်း​မြောက်​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 15,
      "text": "ပေး​တော်​မူ​သော ဩ​ဝါ​ဒ​ကို​ဆင်​ခြင်၍ လမ်း​ခ​ရီး​တော်​တို့​ကို ကြည့်​ရှု​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 16,
      "text": "အ​ထုံး​အ​ဖွဲ့​တော်​တို့၌ မွေ့​လျော်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မ​မှတ်​ဘဲ​မ​နေ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 17,
      "text": "ကိုယ်​တော်၏​ကျွန်​သည် အ​သက်​ရှင်၍၊ နှုတ်​က​ပတ်​တော်​ကို စောင့်​နိုင်​ပါ​မည်​အ​ကြောင်း၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 18,
      "text": "တ​ရား​တော်၌ အံ့​ဖွယ်​သော​အ​ရာ​တို့​ကို မြင်​နိုင်​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​မျက်​စိ​တို့​ကို ဖွင့်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 19,
      "text": "အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ဧည့်​သည်​ဖြစ်​ပါ၏။ ပ​ညတ်​တော်​တို့​ကို ဝှက်​ထား​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 20,
      "text": "စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​စဉ်​မ​ပြတ် တောင့်​တ​သော​အား​ဖြင့်၊ အ​ကျွန်ုပ်၏ စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 21,
      "text": "မာ​န​ကြီး​သော​သူ​နှင့် ပ​ညတ်​တော်​တို့​ကို လွန်​ကျူး၍၊ အ​ကျိန်​ခံ​ရ​သော သူ​တို့​ကို ကိုယ်​တော် ဆုံး​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 22,
      "text": "အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​သည်​ဖြစ်၍၊ ကဲ့​ရဲ့​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် ကင်း​လွတ်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 23,
      "text": "မင်း​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထိုင်၍ ပြော​ကြ​ပါ၏။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 24,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ၊ အ​ကျွန်ုပ်​တိုင်​ပင်​ရာ ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 25,
      "text": "အ​ကျွန်ုပ်၏​အ​သက်​သည် မြေ​မှုန့်၌ မှီ​ဝဲ​လျက်​ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 26,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​အ​ကျင့်​တို့​ကို​ဖော်​ပြ၍၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​ပြီ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 27,
      "text": "ပေး​တော်​မူ​သော ဩ​ဝါ​ဒ​လမ်း​ကို အ​ကျွန်ုပ်​နား​လည်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 28,
      "text": "အ​ကျွန်ုပ် ဝမ်း​နည်း​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​အ​ရည်​ယို​လျက် ရှိ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း တည်​ကြည်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 29,
      "text": "မု​သား​လမ်း​ကို အ​ကျွန်ုပ်​ရှောင်​ပါ​မည်​အ​ကြောင်း၊ ကယ်​မ၍​တ​ရား​တော်​ကို ပေး​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 30,
      "text": "သ​စ္စာ​လမ်း​ကို အ​ကျွန်ုပ်​ရွေး​ပါ​ပြီ။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ရှေ့​မှာ ထား​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 31,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့၌ မှီ​ဝဲ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 32,
      "text": "အ​ကျွန်ုပ်​ဉာဏ်​ကို ပွင့်​စေ​တော်​မူ​သည်​ဖြစ်၍၊ ပ​ညတ်​တော်​လမ်း​သို့ အ​လျင်​အ​မြန် လိုက်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 33,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ထုံး​အ​ဖွဲ့​တော်​လမ်း​ကို အ​ကျွန်ုပ်​အား သွန်​သင်​တော်​မူ​ပါ။ အ​ဆုံး​တိုင်​အောင် လိုက်​သွား​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 34,
      "text": "ဉာဏ်​ကို ပေး​တော်​မူ​ပါ။ တ​ရား​တော်​ကို စောင့်​ပါ​မည်။ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​စောင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 35,
      "text": "ပ​ညတ်​တော်​လမ်း​၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ ထို​လမ်း​ကို​နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 36,
      "text": "အ​ကျွန်ုပ်​စိတ်​နှ​လုံး​ကို လော​ဘ​ဘက်​သို့​မ​ဟုတ်၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 37,
      "text": "အ​န​တ္တ​ကို ပ​မာ​ဏ​မ​ပြု​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​မျက်​စိ​ကို အ​ခြား​သို့​လွှဲ​တော်​မူ​ပါ။ လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 38,
      "text": "ကိုယ်​တော်​ကို ကြောက်​ရွံ့​သော ကိုယ်​တော်၏​ကျွန်၌ ဗျာ​ဒိတ်​တော်​ကို တည်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 39,
      "text": "အ​ကျွန်ုပ်​ကြောက်​သော​ကဲ့​ရဲ့​ခြင်း​ကို ပယ်​ပျောက်​စေ​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ကောင်း​မွန်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 40,
      "text": "ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို တောင့်​တ​ပါ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 41,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း က​ရု​ဏာ​တော်​တည်း​ဟူ​သော ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်၌​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 42,
      "text": "ထို​သို့ အ​ကျွန်ုပ်​သည် နှုတ်​က​ပတ်​တော်​ကို ကိုး​စား​သည်​ဖြစ်၍၊ ကဲ့​ရဲ့​သော​သူ၏​စ​ကား​ကို ချေ​စ​ရာ​အ​ကြောင်း ရှိ​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 43,
      "text": "စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​မျှော်​လင့်​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​နှုတ်​ထဲ​က သ​စ္စာ​စ​ကား​ကို အ​လျှင်း ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 44,
      "text": "ကိုယ်​တော်၏​တ​ရား​ကို မ​ခြား​မ​လပ် အ​စဉ်​အ​မြဲ ကျင့်​စောင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 45,
      "text": "ပေး​တော်​မူ​သော ဩ​ဝါ​ဒ​များ​ကို အ​ကျွန်ုပ်​ရှာ​ဖွေ​မေး​မြန်း​သည်​ဖြစ်၍၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ သွား​လာ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 46,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 47,
      "text": "အ​ကျွန်ုပ်​သည် နှစ်​သက်​သော​ပ​ညတ်​တော်​တို့၌ မွေ့​လျော်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 48,
      "text": "နှစ်​သက်​သော ပ​ညတ်​တော်​တို့​အား​လက်​တို့​ကို​ချီ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 49,
      "text": "အ​ကျွန်ုပ် မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ ကိုယ်​တော်၏​ကျွန်၌​ထား​တော်​မူ​သော နှုတ်​က​ပတ်​တော်​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 50,
      "text": "ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အ​သက်​ရှင်​သည်​ဖြစ်၍၊ ဆင်း​ရဲ​ကို​ခံ​ရ​စဉ်​တွင်၊ ထို​နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​သက်​သာ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 51,
      "text": "မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​လွန်​ကဲ့​ရဲ့​သော်​လည်း၊ ကိုယ်​တော်၏​တ​ရား​လမ်း​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 52,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ၌ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ် အောက်​မေ့၍၊ ကိုယ်​ကို​ကိုယ် နှစ်​သိမ့်​စေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 53,
      "text": "တ​ရား​တော်​ကို စွန့်​ပယ်​သော အ​ဓ​မ္မ​လူ​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပူ​လောင်​သော​စိတ် စွဲ​လန်း​လျက် ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 54,
      "text": "အ​ကျွန်ုပ်​ဧည့်​သည် နေ​ရာ​အိမ်​တွင် အ​ထုံး​အ​ဖွဲ့​တော်​တို့​သည် အ​ကျွန်ုပ်​သီ​ချင်း​ဆို​ရာ​အ​ကြောင်း ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 55,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ည​အ​ချိန်၌ နာ​မ​တော်​ကို အ​ကျွန်ုပ်​အောက်​မေ့၍ တ​ရား​တော်​ကို​စောင့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 56,
      "text": "ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို နား​ထောင်​သော​အား​ဖြင့် အား​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 57,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဖို့ ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​စ​ကား​တော်​တို့​ကို နား​ထောင်​ပါ​မည်​ဟု အ​ကျွန်ုပ်​ပြော​ထား​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 58,
      "text": "ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ တောင်း​ပန်​ပါ၏။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 59,
      "text": "ကိုယ်​လိုက်​ရာ​လမ်း​ကို ဆင်​ခြင်​သော​အ​ခါ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သို့ လှည့်၍​လိုက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 60,
      "text": "ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 61,
      "text": "မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို​ဝိုင်း​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 62,
      "text": "တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​တို့​ကို ထောက်၍၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ၊ သန်း​ခေါင်​အ​ချိန်၌ အ​ကျွန်ုပ် ထ​တတ်​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 63,
      "text": "ကိုယ်​တော်​ကို​ကြောက်​ရွံ့​သော​သူ၊ ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​ကို နား​ထောင်​သော​သူ​ရှိ​သ​မျှ​တို့​နှင့် အ​ကျွန်ုပ် ပေါင်း​ဖော်​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 64,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ မြေ​ကြီး​သည် က​ရု​ဏာ​တော်​နှင့် ပြည့်​ဝ​ပါ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 65,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်၌ ကျေး​ဇူး​ပြု​တော်​မူ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 66,
      "text": "ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​ယုံ​ကြည်​သည်​ဖြစ်၍၊ ကောင်း​သော​ဉာဏ်​နှင့် ပ​ညာ​တော်​အ​တတ်​ကို သွင်း​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 67,
      "text": "အ​ကျွန်ုပ်​သည် ဆင်း​ရဲ​မ​ခံ​မီ လမ်း​လွဲ​ပါ၏။ ယ​ခု​မူ​ကား၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကျင့်​စောင့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 68,
      "text": "ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 69,
      "text": "မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ မု​သား​စ​ကား​ကို ကြံ​စည်​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 70,
      "text": "သူ​တို့​နှ​လုံး​သည် ဆီ​ဥ​ကဲ့​သို့ ခဲ​လျက်​ရှိ၏။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 71,
      "text": "အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​သော ကျေး​ဇူး​သည် ကြီး​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 72,
      "text": "နှုတ်​တော်​ထွက် တ​ရား​တော်​သည် ရွှေ​ငွေ​အ​ထောင်​အ​သောင်း​ထက်​မ​က၊ အ​ကျွန်ုပ်၌ သာ၍​ကောင်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 73,
      "text": "ကိုယ်​တော်၏​လက်​တို့​သည် အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ ပုံ​သ​ဏ္ဌာန်​ကို ပေး​တော်​မူ​ပြီ။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​သင်​နိုင်​သော ဉာဏ်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 74,
      "text": "နှုတ်​က​ပတ်​တော်​ကို အ​ကျွန်ုပ်​မျှော်​လင့်​သော​ကြောင့်၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်၍ ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 75,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဟုတ်​မှန်​ကြောင်း​ကို​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို ဆင်း​ရဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 76,
      "text": "ကိုယ်​တော်၏​ကျွန်၌ မိန့်​တော်​မူ​ချက်​အ​တိုင်း၊ က​ရု​ဏာ​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​ပေး​ပါ​စေ​သော​ဟု ဆု​တောင်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 77,
      "text": "ကိုယ်​တော်၏​တ​ရား​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​သက်​ရှင်​မည်​အ​ကြောင်း၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် သက်​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 78,
      "text": "မာ​န​ကြီး​သော​သူ​တို့​သည် ရှက်​ကြောက်​ကြ​ပါ​စေ​သော။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်၌ မ​တ​ရား​သ​ဖြင့် ပြု​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မူ​ကား ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ဆင်​ခြင်​အောက်​မေ့​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 79,
      "text": "ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို သိ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ထံ​သို့ လှည့်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 80,
      "text": "ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှ​လုံး​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့၌ စုံ​လင်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 81,
      "text": "အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို တောင့်​တ​လျက်​နှင့် ခွန်​အား​လျော့​ပါ၏။ သို့​သော်​လည်း၊ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 82,
      "text": "အ​ကျွန်ုပ်​ကို အ​ဘယ်​ကာ​လ​မှ ချမ်း​သာ​ပေး​တော်​မူ​ပါ​မည်​နည်း​ဟူ၍၊ အ​ကျွန်ုပ်​မျက်​စိ​တို့​သည် ဗျာ​ဒိတ်​တော်​ကို မျှော်​လင့်​လျက် အား​ကုန်​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 83,
      "text": "မီး​ခိုး၌​ရှိ​သော သား​ရေ​ဘူး​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 84,
      "text": "ကိုယ်​တော်၏​ကျွန်​နေ​ရ​သော နေ့​ရက်​ကာ​လ အ​ဘယ်​မျှ​လောက် ကြာ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အား၊ အ​ဘယ်​ကာ​လ​မှ တ​ရား​ဆုံး​ဖြတ်​တော်​မူ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 85,
      "text": "မာ​န​ကြီး​သော​သူ၊ ကိုယ်​တော်၏​တ​ရား​ကို လွန်​ကျူး​သော သူ​တို့​သည် အ​ကျွန်ုပ်​အ​ဖို့ တွင်း​များ​ကို တူး​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 86,
      "text": "အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​နှင့် ပြည့်​စုံ​ကြ​ပါ၏။ သူ​တစ်​ပါး​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ကြ​သည်​ဖြစ်၍၊ မ​စ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 87,
      "text": "သူ​တို့​သည် အ​ကျွန်ုပ်​ကို မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​လု​ပါ​ပြီ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​မ​စွန့်​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 88,
      "text": "က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နှုတ်​တော်​ထွက် ဗျာ​ဒိတ်​တော်​ကို စောင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 89,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​သည် ကောင်း​ကင်​ဘုံ၌ အ​စဉ်​အ​မြဲ​တည်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 90,
      "text": "သ​စ္စာ​တော်​သည် လူ​မျိုး​အ​ဆက်​ဆက် မြဲ​မြံ​ပါ၏။ မြေ​ကြီး​ကို တည်​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြဲ​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 91,
      "text": "ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်၍ စီ​ရင်​တော်​မူ​သည်​နှင့်​အ​ညီ၊ ယ​နေ့​တိုင်​အောင် အ​မြဲ​နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 92,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​တ​ရား၌ မွေ့​လျော်​ခြင်း​မ​ရှိ​လျှင်၊ အ​ထက်​က​ဆင်း​ရဲ​ခံ​စဉ် ပျက်​စီး​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 93,
      "text": "ကိုယ်​တော်၏ ဥ​ပ​ဒေ​များ​ကို အ​စဉ်​မ​မေ့​မ​လျော့​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 94,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို ရှာ​ဖွေ​လိုက်​စစ်​သော​ကြောင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 95,
      "text": "အ​ကျွန်ုပ်​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​သည် စောင့်​လျက်​နေ​ကြ​ပါ၏။ သို့​သော်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဆင်​ခြင် အောက်​မေ့​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 96,
      "text": "ခပ်​သိမ်း​သော စုံ​လင်​ခြင်း၏​အ​ဆုံး​ကို အ​ကျွန်ုပ် မြင်​ပါ​ပြီ။ ပ​ညတ်​တ​ရား​တော်​မူ​ကား၊ အ​လွန်​ကျယ်​ဝန်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 97,
      "text": "ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 98,
      "text": "ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 99,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​သည် ဆင်​ခြင်​အောက်​မေ့​သော​ကြောင့်၊ အ​ကျွန်ုပ်၏ ဆ​ရာ​အ​ပေါင်း​တို့​ထက် သာ၍​နား​လည်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 100,
      "text": "ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​သော​ကြောင့်၊ အ​သက်​ကြီး​သူ​တို့​ထက် သာ၍ ဉာဏ်​ကောင်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 101,
      "text": "နှုတ်​က​ပတ်​တော်​ကို စောင့်​လို​သော​ငှာ၊ မ​ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို လွှဲ​ရှောင်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 102,
      "text": "ကိုယ်​တော်​သည် သွန်​သင်​တော်​မူ​သော​ကြောင့်၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ အ​ကျွန်ုပ်​လွှဲ၍ မ​သွား​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 103,
      "text": "မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 104,
      "text": "ကိုယ်​တော်​၏ ဥ​ပ​ဒေ​သ​များ​အား​ဖြင့်၊ အ​ကျွန်ုပ်​သည် ဉာဏ်​တိုး​ပွား၍၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 105,
      "text": "နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​ခြေ​ရှေ့​မှာ မီး​ခွက်​ဖြစ်၍၊ အ​ကျွန်ုပ်​လမ်း​ခ​ရီး​ကို လင်း​စေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 106,
      "text": "ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်​ဟု အ​ကျွန်ုပ်​ကျိန်​ဆို​သည် အ​တိုင်း​ပြု​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 107,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​ပါ၏။ နှုတ်​က​ပတ်​တော်​အ​တိုင်း အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 108,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စေ​တ​နာ​စိတ်​ရှိ၍၊ ကိုယ်​နှုတ်​နှင့်​ဆက်​သော ပူ​ဇော်​သ​ကာ​တို့​ကို နှစ်​သက်​တော်​မူ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​တို့​ကို​လည်း၊ အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 109,
      "text": "အ​ကျွန်ုပ်​အ​သက်​သည် ကိုယ်​လက်၌ အ​စဉ်​ရှိ​ပါ၏။ သို့​သော်​လည်း၊ တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 110,
      "text": "မ​တ​ရား​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​မှ လွှဲ၍​မ​သွား​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 111,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​နှ​လုံး​ရွှင်​လန်း​ရာ​ဖြစ်၍၊ ကိုယ်​အ​မွေ​ဥ​စ္စာ​ဖို့ အ​စဉ်​အ​မြဲ ခံ​ယူ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 112,
      "text": "အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ဆုံး​တိုင်​အောင် အ​စဉ် လိုက်​ခြင်း​အ​လို​ငှာ၊ ကိုယ်​စိတ်​နှ​လုံး​ကို တိုက်​တွန်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 113,
      "text": "အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​လူ​တို့​ကို မုန်း​၍၊ ကိုယ်​တော်၏​တ​ရား​ကို နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 114,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 115,
      "text": "ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စော​င့်​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 116,
      "text": "အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ မိန့်​တော်​မူ​ချက်​အ​တိုင်း ထောက်​မ​တော်​မူ​ပါ။ အ​ကျွန်ုပ် မျှော်​လင့်​ခြင်း​အ​ကြောင်း​မှ မ​ရှက်​မ​ကြောက်​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 117,
      "text": "အ​ကျွန်ုပ်​သည် ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း မ​စ​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​စဉ်​အ​မြဲ ထောက်​ရှု​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 118,
      "text": "အ​ထုံး​အ​ဖွဲ့​တော်​တို့​မှ လွှဲ​သွား​သ​မျှ​သော​သူ​တို့​ကို ပယ်​တော်​မူ၏။ သူ​တို့​ပ​ရိ​ယာယ်​သည် မု​သား​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 119,
      "text": "မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​ကို ချော်​ကဲ့​သို့ မှတ်​တော်​မူ၏။ ထို​ကြောင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 120,
      "text": "ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 121,
      "text": "အ​ကျွန်ုပ်​သည် တ​ရား​ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ပြု​ပါ​ပြီ။ ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ အ​ကျွန်ုပ်​ကို ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 122,
      "text": "ကိုယ်​တော်၏ ကျွန်​အ​ဖို့​အ​လို​ငှာ အာ​မ​ခံ​တော်​မူ​ပါ။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို မ​နှိပ်​စက်​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 123,
      "text": "ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​နှင့် ယှဉ်​သော ဗျာ​ဒိတ်​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မျက်​စိ​သည်​မျှော်၍ အား​ကုန်​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 124,
      "text": "က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ ကိုယ်​တော်၏​ကျွန်၌​ပြု၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 125,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို နား​လည်​နိုင်​သော ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 126,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 127,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက် သာ၍ နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 128,
      "text": "သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​အ​လုံး​စုံ​တို့​သည် ဖြောင့်​ကြ​သည်​ဟု ထင်​မှတ်​လျက်၊ မိ​စ္ဆာ​လမ်း​ရှိ​သ​မျှ​တို့​ကို မုန်း​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 129,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ရှောက်​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 130,
      "text": "နှုတ်​က​ပတ်​တော်​ကို ဖွင့်​ပြ​ခြင်း​သည် အ​လင်း​ကို​ပေး၍၊ မ​လိ​မ္မာ​သော​သူ​တို့​ကို လိ​မ္မာ​စေ​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 131,
      "text": "ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​တောင့်​တ​အား​ကြီး​သ​ဖြင့်၊ နှုတ်​ကို​ဖွင့်၍ ပန်း​ဟိုက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 132,
      "text": "နာ​မ​တော်​ကို​ချစ်​သော သူ​တို့၌ ပြု​တော်​မူ​တတ်​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို ကြည့်​ရှု၍ ကယ်​မ​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 133,
      "text": "မိန့်​တော်​မူ​ချက်​အ​စဉ်​အ​တိုင်း အ​ကျွန်ုပ်​ခြေ​လှမ်း​တို့​ကို ဖြောင့်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ဘယ်​မည်​သော ဒု​စ​ရိုက်​မျှ အ​စိုး​မ​ရ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 134,
      "text": "လူ​တို့၏​ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို စောင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 135,
      "text": "မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်​မှာ ထွန်း​လင်း​စေ၍၊ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 136,
      "text": "သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 137,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မတ်​ကြ​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 138,
      "text": "ထား​တော်​မူ​သော သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည်​လည်း တ​ရား​နှင့်​ညီ၍ သ​စ္စာ​မြဲ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 139,
      "text": "ရန်​သူ​တို့​သည် စ​ကား​တော်​တို့​ကို မေ့​လျော့​သော​ကြောင့်၊ စွဲ​လန်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​ပါ​၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 140,
      "text": "နှုတ်​က​ပတ်​တော်​သည် အ​လွန်​စင်​ကြယ်​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 141,
      "text": "အ​ကျွန်ုပ်​သည် ငယ်​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို မ​မေ့​မ​လျော့​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 142,
      "text": "ဖြောင့်​မတ်​တော်​မူ​ခြင်း​သည် နိ​စ္စ​ထာ​ဝ​ရ​ဖြောင့်​မတ်​ခြင်း​ဖြစ်​ပါ၏။ ကိုယ်​တော်၏​တ​ရား​သည် သ​စ္စာ​တ​ရား​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 143,
      "text": "ဆင်း​ရဲ​ညှိုး​ငယ်​ခြင်း​သို့ ရောက်​သော်​လည်း၊ ပ​ညတ်​တော်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 144,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​စဉ်​အ​မြဲ ဖြောင့်​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် အ​သက်​ရှင်​ပါ​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 145,
      "text": "အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​အော်​ဟစ်​ပါ​၏။ အို​ထာ​ဝ​ရ​ဘု​ရား နား​ထောင်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို စောင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 146,
      "text": "ကိုယ်​တော်​ကို အော်​ဟစ်​ပါ၏။ ကယ်​တင်​တော်​မူ​ပါ။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 147,
      "text": "မိုး​မ​လင်း​မီ အ​ကျွန်ုပ် အော်​ဟစ်​တတ်​ပါ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 148,
      "text": "ဗျာ​ဒိတ်​တော်​တို့​ကို ဆင်​ခြင်​အောက်​မေ့​လို​သော​ငှာ၊ ညဉ့်​ယံ​မ​လွန်​မီ အ​ကျွန်ုပ်​နိုး​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 149,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 150,
      "text": "မ​ကောင်း​သော​အ​ကြံ​အ​စည်၌ ကျင်​လည်​သော သူ​တို့​သည် အ​နီး​သို့​ချဉ်း​ကြ​ပါ၏။ သူ​တို့​သည် ကိုယ်​တော်၏​တ​ရား​နှင့် ဝေး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 151,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နီး​တော်​မူ၏။ အ​လုံး​စုံ​သော ပ​ညတ်​တော်​တို့​သည် သ​စ္စာ​ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 152,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​စဉ်​အ​မြဲ​ထား​တော်​မူ​ကြောင်း​ကို၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ကျွန်ုပ်​သိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 153,
      "text": "အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​တ​ရား​ကို မ​မေ့​မ​လျော့​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 154,
      "text": "အ​ကျွန်ုပ်​အ​မှု​ကို​စောင့်၍ အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​ပါ။ ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 155,
      "text": "မ​တ​ရား​သော​သူ​တို့​သည် အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​ရှာ​သော​ကြောင့်၊ ကယ်​တင်​ခြင်း​နှင့် ဝေး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 156,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ သ​နား​စုံ​မက်​တော်​မူ​ခြင်း သ​ဘော​သည် ကြွယ်​ဝ​ပါ၏။ စီ​ရင်​တော်​မူ​ချက်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 157,
      "text": "အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​နှင့် ရန်​ဘက်​ပြု​သော​သူ​တို့​သည် များ​ကြ​ပါ၏။ သို့​သော်​လည်း၊ အ​ကျွန်ုပ်​သည် သက်​သေ​ခံ​တော်​မူ​ချက်​တို့​မှ လွှဲ၍​မ​သွား​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 158,
      "text": "သ​စ္စာ​မ​ရှိ​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မြင်၍ စိတ်​နာ​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဗျာ​ဒိတ်​တော်​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 159,
      "text": "ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​များ​ကို အ​ကျွန်ုပ်​နှစ်​သက်​ကြောင်း​ကို မှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 160,
      "text": "နှုတ်​က​ပတ်​တော်​အ​လုံး​စုံ​တို့​သည် ဟုတ်​မှန်​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​အ​မြဲ တည်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 161,
      "text": "အ​စိုး​ရ​သော​သူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​စိတ်​နှ​လုံး​သည် စ​ကား​တော်​ကို ကြောက်​ရွံ့​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 162,
      "text": "လက်​ရ​ဥ​စ္စာ​များ​ကို​တွေ့​သ​ကဲ့​သို့ ဗျာ​ဒိတ်​တော်​စ​ကား​ကြောင့် အ​ကျွန်ုပ်​ဝမ်း​မြောက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 163,
      "text": "မု​သား​စ​ကား​ကို ကြား​ပြင်း​ရွံ​ရှာ​ပါ၏။ တ​ရား​တော်​ကို​ကား နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 164,
      "text": "ဖြောင့်​မတ်​စွာ​စီ​ရင်​တော်​မူ​ချက်​များ​ကြောင့် ကိုယ်​တော်​ကို တစ်​ရက်​လျှင် ခု​နစ်​ကြိမ်​ချီး​မွမ်း​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 165,
      "text": "တ​ရား​တော်​ကို​နှစ်​သက်​သော​သူ​တို့၌ ကြီး​စွာ​သော​ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ၏။ သူ​တို့ စိတ်​ပျက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 166,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်၍၊ ပ​ညတ်​တော်​တို့​ကို ကျင့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 167,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် စောင့်​ပါ၏။ အ​လွန်​နှစ်​သက်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 168,
      "text": "ကိုယ်​တော်၏ ဥ​ပ​ဒေ​သ​တို့​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ပါ၏။ အ​ကျွန်ုပ်​အ​ကျင့်​ရှိ​သ​မျှ​တို့​သည် ရှေ့​တော်၌​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 169,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သံ​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ နှုတ်​က​ပတ်​တော်​အ​တိုင်း ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 170,
      "text": "အ​သ​နား​ခံ​သော​စ​ကား​သည် ရှေ့​တော်​သို့ ရောက်​ပါ​စေ​သော။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 171,
      "text": "အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​နှုတ်​သည် ချီး​မွမ်း​ခြင်း​ကို မြွက်​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 172,
      "text": "အ​လုံး​စုံ​သော​ပ​ညတ်​တော်​တို့​သည် ဖြောင့်​မတ်​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​လျှာ​သည် ဗျာ​ဒိတ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 173,
      "text": "ကိုယ်​တော်၏​ဥ​ပ​ဒေ​သ​များ​ကို နှစ်​သက်​ပါ​သည်​ဖြစ်၍၊ လက်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 174,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​တောင့်​တ​ပါ၏။ တ​ရား​တော်​သည်​လည်း အ​ကျွန်ုပ်​မွေ့​လျော်​ရာ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 175,
      "text": "အ​ကျွန်ုပ်​သည် အ​သက်​ရှင်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​စေ​သော။ စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​ကို မ​စ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 119,
      "verse": 176,
      "text": "ပျောက်​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​သည် လမ်း​လွဲ​ပါ​ပြီ။ ကိုယ်​တော်၏​ကျွန်​ကို ရှာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​တို့​ကို မ​မေ့​မ​လျော့​ပါ။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 1,
      "text": "အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 2,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို သ​စ္စာ​မ​ရှိ​သော​နှုတ်​မှ​လည်း​ကောင်း၊ လှည့်​စား​တတ်​သော လျှာ​မှ​လည်း​ကောင်း ကယ်​နုတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 3,
      "text": "အို လှည့်​စား​တတ်​သော​လျှာ၊ သင်​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​ဘယ်​အ​ကျိုး​ကို ခံ​ရ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 4,
      "text": "အား​ကြီး​သော​သူ၏ ထက်​သော​မြား​ကဲ့​သို့​လည်း​ကောင်း၊ ရ​သမ်​သစ်​သား မီး​ခဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 5,
      "text": "ငါ​သည် မေ​ရှက်​ပြည်၌ တည်း​ခို၍၊ ကေ​ဒါ​တဲ၌​နေ​ရ​သည်​အ​ရာ​မှာ အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 6,
      "text": "ငြိမ်​သက်​ခြင်း​ကို မုန်း​သော​သူ​တို့​နှင့်​အ​တူ၊ ငါ့​ဝိ​ညာဉ်​သည် ကြာ​မြင့်​စွာ​နေ​ရ​ပါ​သည်​တ​ကား။"
    },
    {
      "book": 19,
      "chapter": 120,
      "verse": 7,
      "text": "ငါ​သည် ငြိမ်​သက်​ခြင်း​ဘက်​မှာ နေ၏။ ငါ​ပြော​လျှင်​မူ​ကား၊ သူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 1,
      "text": "ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ​သော​တောင်​ရိုး​သို့ ငါ​မျှော်​ကြည့်၏။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 2,
      "text": "ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ၏။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 3,
      "text": "သင်၏​ခြေ​ကို​ချော်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင့်​ကို စောင့်​သော​သူ​သည် အိပ်​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 4,
      "text": "အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​ကို​စောင့်​သော​သူ​သည် ငိုက်​မျဉ်းအိပ်​ပျော်​ခြင်း ရှိ​တော်​မ​မူ။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စောင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​လက်​ယာ​ဘက်၌​ရှိ​သော သင်​ခို​လှုံ​ရာ အ​ရိပ်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 6,
      "text": "နေ့​အ​ချိန်၌ နေ​အား​ဖြင့်​လည်း​ကောင်း၊ ည​အ​ချိန်၌ လ​အား​ဖြင့်​လည်း​ကောင်း အ​ထိ​အ​ခိုက်​မ​ရှိ​ရာ။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မ​ကောင်း​သော​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​ကို​ကွယ်​ကာ၍၊ သင်၏​အ​သက်​ကို စောင့်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 121,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ထွက်​ခြင်း​နှင့် ဝင်​ခြင်း​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် စောင့်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 1,
      "text": "ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ သွား​ကြ​ကုန်​အံ့​ဟု သူ​တစ်​ပါး​တို့​သည် ပြော​ကြ​သော​အ​ခါ၊ ငါ​သည် ဝမ်း​မြောက်​ခြင်း​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 2,
      "text": "အို ယေ​ရု​ရှ​လင်​မြို့၊ သင်၏​တံ​ခါး​တို့​အ​တွင်း၌ ငါ​တို့​သည်​ရပ်၍ နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 3,
      "text": "ယေ​ရု​ရှ​လင်​မြို့​သည် စေ့​စပ်​သော​မြို့​ကဲ့​သို့ တည်၏။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 4,
      "text": "အ​မျိုး​အ​နွယ်​တို့​သည် ထို​မြို့​သို့​တက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျိုး​အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ တက်​သွား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 5,
      "text": "ထို​မြို့၌ တ​ရား​စီ​ရင်​ရာ​ပ​လ္လင်၊ ဒါ​ဝိဒ်​မင်း​မျိုး၏ ရာ​ဇ​ပ​လ္လင်​တို့​သည် တည်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 6,
      "text": "ယေ​ရု​ရှ​လင်​မြို့ ငြိမ်​ဝပ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။ ထို​မြို့​ကို မြတ်​နိုး​စုံ​မက်​သော​သူ​တို့​သည် ချမ်း​သာ​ရ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 7,
      "text": "သင်၏​မြို့​ရိုး​အ​တွင်း၌ ငြိမ်​ဝပ်​ခြင်း၊ သင်၏​ဘုံ​ဗိ​မာန်​တို့၌ ချမ်း​သာ​ခြင်း ရှိ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 8,
      "text": "သင်၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော​ဟု ငါ​သည် ညီ​အစ်​ကို​အ​တွက်၊ အ​ဆွေ​ခင်​ပွန်း​တို့​အ​တွက် ပြော​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 122,
      "verse": 9,
      "text": "ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို ထောက်၍၊ သင်၏​အ​ကျိုး​ကို ရှာ​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 1,
      "text": "ကောင်း​ကင်​ဘုံ၌ ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ် မျှော်​ကြည့်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 2,
      "text": "ကျွန်​တို့​သည် သ​ခင်​လက်​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​သည် သ​ခင်​မ​လက်​ကို​လည်း​ကောင်း မျှော်​ကြည့်​သည်​နည်း​တူ၊ အ​ကျွန်ုပ်​တို့​သည် ကယ်​မ​သ​နား​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မ​ခံ​မီ​တိုင်​အောင်၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​ကြည့်​လျက်​နေ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 3,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​လွန်​အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​ပါ​သည်​ဖြစ်၍၊ ကယ်​မ​သ​နား​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 123,
      "verse": 4,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့၏​ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း၊ မာ​န​ကြီး​သော​သူ​တို့၏ အ​ရှက်​ခွဲ​ခြင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့၏​ဝိ​ညာဉ်​သည် အ​လွန်​ခံ​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်​မှာ ရှိ​တော်​မ​မူ​လျှင်​ဟူ​သော စ​ကား​နှင့်​ချီ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ဆို​ရ​သော စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်​မှာ​ရှိ​တော်​မ​မူ​လျှင်၊ လူ​တို့​သည် ငါ​တို့​ရန်​ဘက်၌​နေ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 3,
      "text": "အ​မျက်​ထွက်၍ ငါ​တို့​ကို အ​သက်​နှင့်​တ​ကွ မျို​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 4,
      "text": "ထို​အ​ခါ ငါ​တို့​ကို ရေ​သည်၊ လွှမ်း​မိုး၍ စီး​သော​ရေ​သည် ငါ​တို့​ဝိ​ညာဉ်​အ​ပေါ်​မှာ ကျော်​သွား​ပြီ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 5,
      "text": "စော်​ကား​သော​ရေ​တို့​သည် ငါ​တို့​အ​သက်​ဝိ​ညာဉ်​အ​ပေါ်​မှာ ကျော်​သွား​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 6,
      "text": "သူ​တို့​သွား​နှင့် ကိုက်​ခဲ​ရာ​ဖို့ ငါ​တို့​ကို​အပ်​တော်​မ​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 7,
      "text": "ငှက်​သည် မု​ဆိုး​တို့၏​ကျော့​ကွင်း​ထဲ​က​လွတ်​သ​ကဲ့​သို့၊ ငါ​တို့​အ​သက်​သည် လွတ်​လျက်​ရှိ၏။ ကျော့​ကွင်း​ပြတ်၍ ငါ​တို့​သည် လွတ်​ကြ​ပြီ။"
    },
    {
      "book": 19,
      "chapter": 124,
      "verse": 8,
      "text": "ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့်၊ ငါ​တို့​သည် မ​စ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​သ​တည်း။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​တို့​သည် မ​တုန်​မ​လှုပ်၊ အ​စဉ်​အ​မြဲ​တည်​သော ဇိ​အုန်​တောင်​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 2,
      "text": "တောင်​ရိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဝန်း​ရံ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ယ​ခု​မှ​စ၍၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်း​ရံ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 3,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် ဒု​စ​ရိုက်​ကို ပြု​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့၏​လှံ​တံ​သည် ဖြောင့်​မတ်​သော​သူ​တို့၏ အ​မွေ​ခံ​ရာ​အ​ဖို့​အ​ပေါ်​မှာ မ​တည်​မ​နေ​ရ။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​သော​သူ၊ သ​ဘော​ဖြောင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 125,
      "verse": 5,
      "text": "ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 1,
      "text": "ဖမ်း​သွား​ချုပ်​ထား​သော ဇိ​အုန်​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပြန်​လာ​စေ​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အိပ်​မက်​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 2,
      "text": "ထို​အ​ခါ ငါ​တို့​နှုတ်​သည် ရယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​လျှာ​သည် သီ​ချင်း​ဆို​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​ဝ၏။ တစ်​ပါး​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ​ဟု ဆို​ကြ၏။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​လည်း ဝမ်း​မြောက်​လျက်​နေ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ဖမ်း​သွား​ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော အ​ကျွန်ုပ်​တို့​ကို တောင်​မျက်​နှာ​ချောင်း​ရေ​ကဲ့​သို့ တစ်​ဖန် ပြန်​လာ​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 5,
      "text": "မျက်​ရည်​ကျ​လျက် မျိုး​စေ့​ကြဲ​သော​သူ​တို့​သည် ရွှင်​လန်း​လျက် စ​ပါး​ရိတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 126,
      "verse": 6,
      "text": "မျက်​ရည်​ကျ​လျက် ကြဲ​ရန်​မျိုး​စေ့​ကို​ဆောင်၍ ထွက်​သွား​သော​သူ​သည်၊ ကောက်​လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်​လန်း​သော​စိတ်​နှင့် အ​မှန်​ပြန်​လာ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အိမ်​ကို​ဆောက်​တော်​မ​မူ​လျှင်၊ ဆောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင်၊ ကင်း​စောင့်​တို့​သည် အ​ချည်း​နှီး​စောင့်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 2,
      "text": "စော​စော​ထ​လျက်၊ ည​နက်​သည်​တိုင်​အောင် မ​အိပ်​ဘဲ​နေ​လျက်၊ ပင်​ပန်း​စွာ အ​စာ​စား​လျက်​နေ​သော်​လည်း အ​ကျိုး​မ​ရှိ။ အိပ်​ပျော်​ရ​သော​အ​ခွင့်​ကို ချစ်​တော်​မူ​သော​သူ​အား အ​မှန်​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 3,
      "text": "ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 4,
      "text": "အ​သက်​ပျို​စဉ်၊ ဖွား​မြင်​သော​သား​သ​မီး​တို့​သည် သူ​ရဲ​လက်၌​ရှိ​သော မြား​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 19,
      "chapter": 127,
      "verse": 5,
      "text": "မိ​မိ​မြား​တောင့်​ကို သူ​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ ရန်​သူ​တို့​ကို တံ​ခါး​ဝ၌ ဆီး​တား​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​ခ​ရီး​တော်​သို့​လိုက်​သွား​သ​မျှ​သော သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 2,
      "text": "ထို​သို့​ပြု​လျှင် သင်​သည် မိ​မိ​လက်​နှင့် လုပ်​ဆောင်၍​ရ​သော​အ​စာ​ကို စား​ရ​လိမ့်​မည်။ မင်္ဂ​လာ​ရှိ၍ ကောင်း​စား​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 3,
      "text": "သင်၏​မ​ယား​သည် သင့်​အိမ်​နား​မှာ များ​စွာ​အ​သီး​သီး​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သား​သ​မီး​တို့​သည် သင့်​စား​ပွဲ​ပတ်​လည်၌ စိုက်​ပျိုး​သော​သံ​လွင်​ပင်​များ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​သည် ထို​သို့​သော​မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကောင်း​ချီး​ပေး​တော်​မူ၍၊ ယေ​ရု​ရှ​လင်​မြို့​ခံ​ရ​သော ကောင်း​ကျိုး​ကို တစ်​သက်​လုံး​မြင်​ရ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 128,
      "verse": 6,
      "text": "မိ​မိ​သား​သ​မီး​တို့၌ ဖွား​မြင်​သော​သား​သ​မီး​တို့​ကို​လည်း မြင်​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း ရှိ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 1,
      "text": "ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိမ်​ဖန်​များ​စွာ ငါ့​ကို သူ​တစ်​ပါး​တို့​သည် ညှဉ်း​ဆဲ​ကြ​ပြီ​ဟူ​သော စ​ကား​နှင့်​ချီ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ဆို​ရ​သော စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 2,
      "text": "ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိမ်​ဖန်​များ​စွာ ငါ့​ကို သူ​တစ်​ပါး​တို့​သည် ညှဉ်း​ဆဲ​ကြ​ပြီ။ သို့​သော်​လည်း ငါ့​ကို​မ​နိုင်​ကြ။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 3,
      "text": "ထွန်​သော​သူ​တို့​သည် ငါ့​ကျော​ပေါ်​မှာ​ထွန်၍၊ ရှည်​သော ထွန်​ကြောင်း​တို့​ကို ဖြစ်​စေ​ကြ၏။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ ကြိုး​တို့​ကို ဖြတ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 5,
      "text": "ဇိ​အုန်​မြို့​ကို မုန်း​သော​သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ လှန်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 6,
      "text": "အိမ်​မိုး​ပေါ်​မှာ​ပေါက်၍၊ အ​ဘယ်​သူ​မျှ​မ​နုတ်​ဘဲ ညှိုး​နွမ်း​တတ်​သော မြက်​ပင်​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 7,
      "text": "ထို​မြက်​ပင်​ကို​ရိတ်​သော​သူ​သည် လက်​တစ်​ဆုပ်​မျှ မ​ရ။ စည်း​သော​သူ​လည်း လက်​တစ်​ပွေ့​မျှ​မ​ရ။"
    },
    {
      "book": 19,
      "chapter": 129,
      "verse": 8,
      "text": "လမ်း၌ လျှောက်​သွား​သော​သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော မင်္ဂ​လာ​သက်​ရောက်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ သင်​တို့​ကို ကောင်း​ချီး​ပေး​ကြ၏​ဟု မ​ပြော​မ​ဆို​ရ​ကြ။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ နက်​နဲ​ရာ​ထဲ​က ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 2,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို​ကြား၍၊ အ​ကျွန်ုပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သံ​ကို နား​ညောင်း​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 3,
      "text": "အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဒု​စ​ရိုက်​အ​ပြစ်​များ​ကို မှတ်​တော်​မူ​လျှင် အ​ဘယ်​သူ​သည် ခံ​ရပ်​နိုင်​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 4,
      "text": "ကိုယ်​တော်​ကို ကြောက်​ရွံ့​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ၊ အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပိုင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 6,
      "text": "နံ​နက်​ကို​မျှော်​လင့်​သော သူ​တို့​ထက်​မ​က၊ ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​ရှင်​ကို​မျှော်​လင့်​လျက်​နေ၏။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​က​ရု​ဏာ​ရှိ၏။ များ​စွာ​သော ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 130,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​အ​ထဲ​က ရွေး​နုတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 131,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စိတ်​မ​မြင့်​ပါ။ မျက်​နှာ​လည်း​မ​မော်​ပါ။ ကိုယ်​နှင့်​မ​တန်၊ ကြီး​မြင့်​သော​အ​မှု​တို့၌ မ​ကျင်​လည်​ပါ။"
    },
    {
      "book": 19,
      "chapter": 131,
      "verse": 2,
      "text": "အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် အ​မိ​နို့​နှင့် ကွာ​သော သူ​ငယ်​ကဲ့​သို့၊ ကိုယ်​စိတ်​ကို​ဖြေ၍ ငြိမ်း​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​စိတ်​နှ​လုံး​သည် နို့​ကွာ​သော​သူ​ငယ်​ကဲ့​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 131,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ယ​ခု​မှ​စ၍၊ ကာ​လ​အ​စဉ်​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​မင်း​ကို​လည်း​ကောင်း၊ သူ​ခံ​ရ​သ​မျှ​သော ဆင်း​ရဲ​ခြင်း​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 2,
      "text": "ထို​မင်း​က၊ ယာ​ကုပ်​အ​မျိုး ကိုး​ကွယ်​သော တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို အ​ကျွန်ုပ်​သည် မ​တွေ့​မီ​တိုင်​အောင်၊ ကိုယ်​နေ​ရာ​အိမ်​သို့​မ​ဝင်၊ ကိုယ်​အိပ်​ရာ​ပေါ်​သို့​မ​တက်၊ ကိုယ်​မျက်​စိ အိပ်​ရ​မည့်​အ​ခွင့်၊ မျက်​ခမ်း​မှိတ်​ရ​မည့်​အ​ခွင့်​ကို မ​ပေး​ပါ​ဟု၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု၏။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 6,
      "text": "တဲ​တော်​သည် ဧ​ဖ​ရိမ်​ပြည်​မှာ​ရှိ​ကြောင်း​ကို ငါ​တို့​သည်​ကြား​ရ​ပြီ။ ယာ​ရိမ်​တော၌ တွေ့​ကြ​ပြီ။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 7,
      "text": "ဘုံ​ဗိ​မာန်​တော်​သို့​ဝင်၍၊ ခြေ​တော်​တင်​ရာ ခုံ​အောက်၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​ကုန်​အံ့။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 8,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကျိန်း​ဝပ်​တော်​မူ​ရာ​သို့ ဘုန်း​တော်​နှင့်​ယှဉ်​သော ဓ​မ္မ​သေ​တ္တာ​နှင့်​တ​ကွ တက်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 9,
      "text": "ကိုယ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဖြောင့်​မတ်​ခြင်း​တန်​ဆာ​ကို​ဆင်၍၊ ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 10,
      "text": "ကိုယ်​တော်၏​ကျွန် ဒါ​ဝိဒ်​မင်း၏​မျက်​နှာ​ကို ထောက်​သ​ဖြင့်၊ ကိုယ်​တော်​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ကို ငြင်း​ပယ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အား ဓိ​ဋ္ဌာန်​ကျိန်​ဆို​ခြင်း​ကို​ပြု၍၊ သ​စ္စာ​ဖျက်​တော်​မ​မူ​သော စ​ကား​ဟူ​မူ​ကား၊ သင်၏​အ​မျိုး​အ​နွယ်​ကို သင်၏​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​မည်။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 12,
      "text": "သင်၏​သား​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို​လည်း​ကောင်း၊ ငါ​သွန်​သင်​သော သက်​သေ​ခံ​ချက်​ကို​လည်း​ကောင်း စောင့်​ရှောက်​လျှင်၊ သူ​တို့၏​သား​များ​သည်​လည်း သင်၏​ပ​လ္လင်​ပေါ်​မှာ အ​စဉ်​အ​မြဲ​ထိုင်​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို​ရွေး​ကောက်၍၊ အ​မြဲ​နေ​တော်​မူ​ရာ​ဖို့ အ​လို​တော်​ရှိ​သည်​အ​ရာ​မှာ၊"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 14,
      "text": "ဤ​မြို့​ကား ငါ​အ​စဉ်​အ​မြဲ ကျိန်း​ဝပ်​ရာ​မြို့​တည်း။ ငါ​အ​လို​ရှိ​သည်​ဖြစ်၍၊ ဤ​မြို့၌​ငါ​နေ​မည်။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 15,
      "text": "သူ၏​အ​စာ​အာ​ဟာ​ရ​ကို အ​ထူး​သ​ဖြင့် ကောင်း​ချီး​ပေး​မည်။ သူ၌​ဆင်း​ရဲ​သား​တို့​ကို ဝ​စွာ​ကျွေး​မည်။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 16,
      "text": "သူ၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်​စေ​သ​ဖြင့်၊ သူ၌​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​သော​သီ​ချင်း​ကို ရွှင်​လန်း​စွာ ဆို​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 17,
      "text": "ထို​မြို့၌ ဒါ​ဝိဒ်၏​ဦး​ချို​ကို ငါ​ပေါက်​စေ​မည်။ ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​ဖို့ မီး​ခွက်​ကို ငါ​ပြင်​ဆင်​ပြီ။"
    },
    {
      "book": 19,
      "chapter": 132,
      "verse": 18,
      "text": "ထို​အ​ရှင်၏​ရန်​သူ​များ​ကို ရှက်​ကြောက်​ခြင်း​နှင့် ငါ​ဖုံး​လွှမ်း​မည်။ သူ၏​ဦး​ရစ်​သ​ရ​ဖူ​သည် ဘုန်း​ပွင့်​လျက်​ရှိ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 133,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 19,
      "chapter": 133,
      "verse": 2,
      "text": "အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 133,
      "verse": 3,
      "text": "ဟေ​ရ​မုန်​တောင်​နှင့် ဇိ​အုန်​တောင်​ရိုး​ပေါ်​သို့​ကျ​သော နှင်း​ကဲ့​သို့ ဖြစ်၏။ ထို​သို့​နေ​ကြ​သော​အ​ရပ်၌၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ခြင်း​အ​ခွင့်​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 134,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ ညဉ့်​ယံ​စောင့်​သော ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​တော်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 134,
      "verse": 2,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ လက်​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 134,
      "verse": 3,
      "text": "ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၊ ငါ​တို့ ဘု​ရား​သ​ခင်၏​အိမ်​တော်​တံ​တိုင်း​တွင် အ​မှု​စောင့်​သော ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​တော်​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ ထို​သို့​သော​အ​မှု​သည် တင့်​တယ်​လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​အ​မျိုး​ကို ကိုယ်​တော်​အ​ဖို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဘ​ဏ္ဍာ​တော် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ရွေး​ကောက်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​တော်​မူ​ကြောင်း၊ ငါ​တို့၏​ဘု​ရား​ရှင်​သည် ဘု​ရား​တ​ကာ​တို့​ထက် မြတ်​တော်​မူ​ကြောင်း​ကို ငါ​သိ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ၊ နက်​နဲ​ရာ​အ​ရပ်​ရပ်​တို့၌ အ​လို​တော်​ရှိ​သ​မျှ​တို့​ကို ပြု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 7,
      "text": "မြေ​ကြီး​စွန်း​မှ မိုး​တိမ်​တို့​ကို တက်​စေ​တော်​မူ၏။ မိုး​နှင့်​တ​ကွ လျှပ်​စစ်​ကို​ဖန်​ဆင်း​တော်​မူ၏။ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က လေ​ကို ထုတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 8,
      "text": "အဲ​ဂု​တ္တု​ပြည်၌ လူ​မှ​စ၍ တိ​ရ​စ္ဆာန်​တိုင်​အောင် သား​ဦး​ရှိ​သ​မျှ​တို့​ကို ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 9,
      "text": "အို အဲ​ဂု​တ္တု​ပြည်၊ သင်၏​အ​ထဲ​မှာ ဖာ​ရော​မင်း​မှ​စ၍၊ သူ၏​ကျွန်​အ​ပေါင်း​တို့၏​အ​ပေါ်​သို့ လ​က္ခ​ဏာ​သက်​သေ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 10,
      "text": "အာ​မော​ရိ​ပြည်​ကို​အ​စိုး​ရ​သော ရှိ​ဟုန်​မင်း၊ ဗာ​ရှန်​ပြည်​ကို အ​စိုး​ရ​သော ဩ​ဃ​မင်း​နှင့်​တ​ကွ၊ ဘုန်း​ကြီး​သော ရှင်​ဘု​ရင်​များ​ကို ကွပ်​မျက်၍၊ များ​ပြား​သော လူ​မျိုး​နှင့်​တ​ကွ၊ ခါ​နာန်​တိုင်း​နိုင်​ငံ​အ​ပေါင်း​တို့​ကို လုပ်​ကြံ​သ​ဖြင့်၊"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 12,
      "text": "သူ​တို့​နေ​ရာ မြေ​ကို​လွှဲ၍၊ မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ကို​ပေး​ချေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 13,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​အ​မည်​သည် နိ​စ္စ​ထာ​ဝ​ရ​ဖြစ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ဘွဲ့​နာ​မ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက် တည်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​တို့၏​အ​တွက် နောင်​တ​ရ၍၊ မိ​မိ​လူ​စု​ဘက်​မှ တ​ရား​စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 15,
      "text": "သာ​သ​နာ​ပ​လူ​တို့​ကိုး​ကွယ်​သော ရုပ်​တု​တို့​ကား ငွေ​လည်း​ဖြစ်၏။ ရွှေ​လည်း​ဖြစ်၏။ လူ​လက်​ဖြင့် လုပ်​သော​အ​ရာ​ပေ​တည်း။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 16,
      "text": "ထို​ရုပ်​တု​တို့​သည် နှုတ်​ရှိ၍ စ​ကား​မ​ပြော​တတ်။ မျက်​စိ​ရှိ၍ မ​မြင်​တတ်။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 17,
      "text": "နား​ရှိ၍ မ​ကြား​တတ်။ သူ​တို့​ပါး​စပ်၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ​ပါ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 18,
      "text": "လုပ်​သော​သူ​တို့​လည်း အ​တူ​တူ၊ ကိုး​စား​သော​သူ​အ​ပေါင်း​တို့​လည်း အ​တူ​တူ​ပါ​တ​ကား။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 19,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ အို​အာ​ရုန် အ​မျိုး​အ​နွယ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 20,
      "text": "အို​လေ​ဝိ​အ​မျိုး​အ​နွယ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 135,
      "verse": 21,
      "text": "ယေ​ရု​ရှ​လင်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 2,
      "text": "ဘု​ရား​တို့၏​အ​ရှင်၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 3,
      "text": "အ​ရှင်​တို့၏​သ​ခင်၊ ဘု​ရား​ရှင်၏​က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 4,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တစ်​ပါး​တည်း​သာ ပြု​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 5,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ပ​ညာ​တ​ရား​အ​တိုင်း ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 6,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ရေ​ပေါ်​မှာ မြေ​ကြီး​ကို ဖြန့်​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 7,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ အ​လင်း​အိမ်​ကြီး​တို့​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 8,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နေ့​ကို​အုပ်​စိုး​ရ​သော နေ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 9,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ည​ကို​အုပ်​စိုး​ရ​သော လ​နှင့် ကြယ်​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 10,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်​မှာ သား​ဦး​များ​ကို ဒဏ်​ခတ်​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 11,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သည်​ဖြစ်၍၊ အား​ကြီး​သော​လက်၊ ဆန့်​သော​လက်​ရုံး​တော်​ကို လက်​နက်​ပြု​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 12,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​သား​တို့ အ​ထဲ​က ထုတ်​ဆောင်​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 13,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဧ​ဒုံ​ပင်​လယ်​ကို အ​ပိုင်း​ပိုင်း​ခွဲ​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 14,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ပင်​လယ်​အ​လယ်၌ ဣ​သ​ရေ​လ​အ​မျိုး​ကို လျှောက်​သွား​စေ​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 15,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဖာ​ရော​မင်း​နှင့် ဗိုလ်​ခြေ​များ​ကို ဧ​ဒုံ​ပင်​လယ်​ထဲ၌ လှဲ​ချ​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 16,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​လူ​စု​ကို​တော၌ ပို့​ဆောင်​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 17,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ကြီး​သော​ဘု​ရင်​တို့​ကို ဒဏ်​ခတ်​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 18,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ အာ​မော​ရိ​ပြည်​ကို အ​စိုး​ရ​သော ရှိ​ဟုန်​မင်း​ကို​လည်း​ကောင်း၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဗာ​ရှန်​ပြည်​ကို​အ​စိုး​ရ​သော ဩ​ဃ​မင်း​ကို​လည်း​ကောင်း၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဘုန်း​ကြီး​သော​ဘု​ရင်​များ​ကို​လည်း​ကောင်း လုပ်​ကြံ​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 21,
      "text": "က​ရု ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ သူ​တို့​နေ​ရာ​မြေ​ကို လွှဲ​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 22,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ မိ​မိ​ကျွန် ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ကို​ပေး​ချ​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 23,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နှိမ့်​ချ​လျက်​နေ​သော ငါ​တို့​ကို အောက်​မေ့​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 24,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ငါ​တို့​ကို ရန်​သူ​တို့​အ​ထဲ​က ရွေး​နုတ်​တော်​မူ​ထ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 25,
      "text": "က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ကျွေး​မွေး​တော်​မူ​သော၊"
    },
    {
      "book": 19,
      "chapter": 136,
      "verse": 26,
      "text": "ကောင်း​ကင်​ဘုံ၏​အ​ရှင်​ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 1,
      "text": "ဗာ​ဗု​လုန်​မြစ်​တို့​အ​နား​မှာ ငါ​တို့​သည်​ထိုင်၍၊ ဇိ​အုန်​မြို့​ကို​အောက်​မေ့​လျက် ငို​ကြွေး​ကြ၏။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 2,
      "text": "ငါ​တို့​စောင်း​များ​ကို​လည်း ထို​အ​ရပ်​တွင် မိုး​မ​ခ​ပင်​တို့၌ ဆွဲ​ထား​ကြ၏။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ ငါ​တို့​ကို ဖမ်း​သွား​ချုပ်​ထား​သော​သူ​နှင့်၊ ငါ​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​က၊ ဇိ​အုန်​သီ​ချင်း​ကို ငါ​တို့​အား​ဆို​ကြ​လော့​ဟု၊ သီ​ချင်း​ဆို​သံ​ကို​လည်း​ကောင်း၊ ရွှင်​လန်း​သော​အ​သံ​ကို​လည်း​ကောင်း ငါ​တို့၌ တောင်း​ကြ​ပါ​သည်​တ​ကား။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 4,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ထာ​ဝ​ရ​ဘု​ရား၏​သီ​ချင်း​ကို အ​ဘယ်​သို့ ဆို​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 5,
      "text": "အို​ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို ငါ​မေ့​လျှင် ငါ့​လက်​ယာ​လက်​သည် မိ​မိ​အ​တတ်​ကို​မေ့​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 6,
      "text": "သင့်​ကို ငါ​မ​အောက်​မေ့၊ အ​မြတ်​ဆုံး​သော ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ထက်၊ ယေ​ရု​ရှ​လင်​မြို့​ကို အ​မြတ်​မ​ထား​လျှင်၊ ငါ့​လျှာ​သည် အာ​ခေါင်၌​ကပ်​ပါ​စေ။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့၏ နေ့​ရက်​အ​ချိန်​ရောက်​သော​အ​ခါ၊ မြို့​ရိုး​ကို အ​မြစ်​တိုင်​အောင် ရှင်း​လိုက်​ကြ၊ ရှင်း​လိုက်​ကြ​ဟု ဆို​ကြ​သော ဧ​ဒုံ​အ​မျိုး​သား​တို့​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 8,
      "text": "ဖျက်​ဆီး​တတ်​သော ဗာ​ဗု​လုန်​မင်း​သ​မီး၊ သင်​သည် ငါ​တို့၌​ပြု​သည်​အ​တိုင်း၊ သင်၌ အ​ပြစ်​ကို ဆပ်​ပေး​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 137,
      "verse": 9,
      "text": "သင်၏​သူ​ငယ်​တို့​ကို​ကိုင်​ယူ၍၊ ကျောက်​ပေါ်​မှာ​ဆောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 2,
      "text": "သန့်​ရှင်း​သော ဗိ​မာန်​တော်​သို့ မျက်​နှာ​ပြု​လျက် ပျပ်​ဝပ်​ကိုး​ကွယ်၍ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကြောင့် နာ​မ​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ က​တိ​တော်​ကို သ​တင်း​တော်​ရှိ​သ​မျှ​ထက် ချီး​မြှောက်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 3,
      "text": "အ​ကျွန်ုပ်​အော်​ဟစ်​သော​နေ့​တွင် နား​ထောင်​တော်​မူ၍၊ စိတ်​ဝိ​ညာဉ်​ထဲ​သို့ ခွန်​အား​ကို​သွင်း​သ​ဖြင့်၊ အ​ကျွန်ုပ်​ကို ခိုင်​မာ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် နှုတ်​တော်​ထွက်​စ​ကား​တို့​ကို ကြား​ရ​သည်​ဖြစ်၍၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​တို့၌ လိုက်၍ သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​မြတ်​တော်​မူ​သော်​လည်း၊ စိတ်​နှိမ့်​ချ​သော သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ စိတ်​မြင့်​သော သူ​တို့​ကို​ကား၊ အ​ဝေး​က​သိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ဒု​က္ခ​များ၌ ကျင်​လည်​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​လိမ့်​မည်။ လက်​တော်​ကို​ဆန့်​လျက်၊ ရန်​သူ​တို့၏ အ​မျက်​ဒေါ​သ​ကို​ဆီး​တား၍၊ လက်​ယာ​လက်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 138,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်၏​လက်​နှင့်​ပြု​စု​သော အ​မှု​တို့​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 2,
      "text": "အ​ကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​ကျွန်ုပ်​အ​ကြံ​အ​စည်​တို့​ကို အ​ဝေး​က​ပင် နား​လည်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 3,
      "text": "အ​ကျွန်ုပ်​သွား​သော လမ်း​ကို​လည်း​ကောင်း၊ အိပ်​ရာ​ကို​လည်း​ကောင်း စစ်​ဆေး၍၊ အ​ကျွန်ုပ်​ကျင့်​သော အ​ကျင့်​အ​လုံး​စုံ​တို့​ကို ကျွမ်း​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 4,
      "text": "အ​ကျွန်ုပ်​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​မြွက်​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကြွင်း​မဲ့ သိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 5,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ပတ်​လည်​ဝိုင်း​ထား၍၊ အ​ကျွန်ုပ်​အ​ပေါ်​မှာ လက်​တော်​ကို တင်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 6,
      "text": "ထို​သို့​သော ဉာဏ်​သည် အံ့​ဩ​ဖွယ်​ဖြစ်၍၊ အ​ကျွန်ုပ်​မ​တတ်​နိုင်​ပါ။ မြင့်​မြတ်​သည်​ဖြစ်၍ အ​ကျွန်ုပ် မ​မီ​နိုင်​ပါ။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 7,
      "text": "ဝိ​ညာဉ်​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ မျက်​နှာ​တော်​နှင့် လွတ်​ခြင်း​အ​လို​ငှာ အ​ဘယ်​အ​ရပ်​သို့ ပြေး​နိုင်​ပါ​မည်​နည်း။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 8,
      "text": "ကောင်း​ကင်​သို့​တက်​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၌ အိပ်​ရာ​ကို​ခင်း​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 9,
      "text": "နံ​နက်​အ​တောင်​တို့​ကို​ယူ၍ သ​မု​ဒ္ဒ​ရာ​စွန်း၌​နေ​လျှင်၊"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 10,
      "text": "ထို​အ​ရပ်၌​ပင် ကိုယ်​တော်၏​လက်​သည် အ​ကျွန်ုပ်​ကို​ပို့​ဆောင်​လျက်၊ လက်​ယာ​လက်​တော်​သည် ကိုင်​လျက်​ရှိ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 11,
      "text": "အ​ကယ်၍ မှောင်​မိုက်​သည် ငါ့​ကို​ဖုံး​လွှမ်း​မည်​ဟု တစ်​ဖန်​ဆို​လျှင်၊ ည​သည်​လည်း အ​ကျွန်ုပ်​ပတ်​ဝန်း​ကျင်၌ အ​လင်း​ဖြစ်​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 12,
      "text": "အ​ကယ်​စင်​စစ် မှောင်​မိုက်​သည် ရှေ့​တော်၌ အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖုံး​နိုင်​ပါ။ ည​သည် နေ့​ကဲ့​သို့​လင်း​ပါ၏။ မှောင်​မိုက်​သ​ဘော​နှင့် အ​လင်း​သ​ဘော​သည်​တူ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 13,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 14,
      "text": "အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 15,
      "text": "မ​ထင်​ရှား​သော အ​ရပ်၌ အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ မြေ​ကြီး​အောက်​အ​ရပ်၌ စေ့​စပ်​စွာ ပြု​ပြင်​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်၏​ကိုယ်​ခ​န္ဓာ​သည် ရှေ့​တော်၌ ထင်​ရှား​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 16,
      "text": "မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 17,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၌ ကိုယ်​တော်၏​အ​ကြံ​အ​စည်​တို့​သည် အ​လွန်​ထူး​ဆန်း​ကြ​ပါ၏။ အ​လွန်​များ​ပြား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 18,
      "text": "ထို​အ​ကြံ​အ​စည်​တော်​တို့​ကို ရေ​တွက်​လျှင်၊ သဲ​လုံး​နှင့်​အ​မျှ​မ​က သာ၍ များ​ပြား​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် နိုး​သော​အ​ခါ ကိုယ်​တော်​ထံ၌ အ​စဉ်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 19,
      "text": "အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မ​တ​ရား​သော​သူ​တို့​ကို ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။ လူ​အ​သက်​ကို သတ်​တတ်​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 20,
      "text": "ထို​သူ​တို့​သည် ကိုယ်​တော်​တစ်​ဖက်၌ မ​နာ​လို​သော​စိတ်​နှင့် ပြော​ဆို၍၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ဝါ​ကြွား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 21,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အ​ကျွန်ုပ်​မုန်း​ပါ​သည် မ​ဟုတ်​လော။ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​ကို အ​ကျွန်ုပ်​ရွံ​ရှာ​ပါ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 22,
      "text": "ထို​သူ​တို့​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​မုန်း​ပါ၏။ ကိုယ်​ရန်​သူ​ကဲ့​သို့ မှတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 23,
      "text": "အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို​စစ်​ကြော၍၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို သိ​မှတ်​တော်​မူ​ပါ။ စုံ​စမ်း၍ စိတ်​အ​ထင်​များ​ကို​လည်း သိ​မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 139,
      "verse": 24,
      "text": "ဆိုး​သော​လမ်း​သို့ အ​ကျွန်ုပ်​လိုက်​သည် မ​လိုက်​သည်​ကို​ကြည့်​ရှု၍၊ ထာ​ဝ​ရ​လမ်း​ထဲ​သို့ သွေး​ဆောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ဆိုး​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ ကြမ်း​တမ်း​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 2,
      "text": "ထို​သူ​တို့​သည် နှ​လုံး​ထဲ​မှာ မ​ကောင်း​သော​အ​ကြံ​အ​စည်​ရှိ၍၊ စစ်​မှု​ကို အ​စဉ်​နှိုး​ဆော်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 3,
      "text": "သူ​တို့​သည်​မြွေ​ကဲ့​သို့ မိ​မိ​တို့​လျှာ​ကို​သွေး​တတ်​ကြ​ပါ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 4,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ။ ကြမ်း​တမ်း​သော သူ၏​လက်​မှ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​လှဲ​ခြင်း​ငှာ ကြံ​စည်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 5,
      "text": "မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့​ကျော့​ကွင်း​နှင့် ကြိုး​သေး​များ​ကို ဝှက်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကွန်​ရွက်​ကို​ဖြန့်၍ ညွှတ်​များ​ကို​ထား​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 6,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 7,
      "text": "အို​ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကယ်​တင်​ခြင်း​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ စစ်​တိုက်​ရ​သော​နေ့၌ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ဖုံး​အုပ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 8,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ၏ အ​လို​ပြည့်​စုံ​ရ​သော​အ​ခွင့်၊ သူ၏​အ​ကြံ​ထ​မြောက်​ရ​သော​အ​ခွင့် ရှိ​စေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 9,
      "text": "ထို​သို့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ပတ်​လည်၌၊ မိ​မိ​တို့​ဦး​ခေါင်း​ကို မ​ချီး​မြှောက်​ရ​ဘဲ၊ မိ​မိ​တို့​မြွက်​ဆို​သော မ​ကောင်း​ကျိုး​သည် မိ​မိ​တို့​ကို လွှမ်း​မိုး​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 10,
      "text": "မီး​ခဲ​တို့​သည် ထို​သူ​တို့​အ​ပေါ်​သို့ ကျ​ရောက်​ကြ​ပါ​စေ​သော။ မီး​ထဲ​သို့​လည်း​ကောင်း၊ နက်​သော​တွင်း​ထဲ​သို့​လည်း​ကောင်း ကျ​ကြ​ပါ​စေ​သော။ တစ်​ဖန်​မ​ထ​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 11,
      "text": "ကဲ့​ရဲ့​တတ်​သော​သူ​သည် မြေ​ပေါ်​မှာ​နေ​ရာ​မ​မြဲ​ပါ​စေ​နှင့်။ ကြမ်း​တမ်း​သော​သူ​ကို​လည်း ဖျက်​ဆီး​သည်​တိုင်​အောင် ဘေး​ဥ​ပဒ်​သည် လိုက်​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​ရဲ​သော​သူ၏​အ​မှု​ကို​စောင့်၍၊ ငတ်​မွတ်​သော​သူ​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​မည်​ဟု ငါ​သိ၏။"
    },
    {
      "book": 19,
      "chapter": 140,
      "verse": 13,
      "text": "အ​ကယ်​စင်​စစ်​တ​ရား​သော​သူ​တို့​သည် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​တို့​သည် အ​ထံ​တော်၌ နေ​ရ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို နား​ထောင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 2,
      "text": "အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊ လက်​ကို​ချီ​ခြင်း​သည် ညဉ့်​ဦး​ယံ ပူ​ဇော်​သ​ကာ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ပြင်​ဆင်​လျက်​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 3,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​နှုတ်​ရှေ့​မှာ ကင်း​ကို​ထား​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​နှုတ်​ခမ်း​တံ​ခါး​ကို စောင့်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 4,
      "text": "ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ အ​ကျွန်ုပ်​ပါ၍၊ မ​တ​ရား​သော​အ​မှု၊ ဒု​စ​ရိုက်​အ​မျိုး​မျိုး၌ ကျင်​လည်​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​သို့ သွေး​ဆောင်​တော်​မ​မူ​ပါ​နှင့်။ ထို​သူ​တို့၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​ကျွန်ုပ်​မ​စား​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 5,
      "text": "ဖြောင့်​မတ်​သော​သူ​သည် အ​ကျွန်ုပ်​ကို ဒဏ်​ခတ်​ပါ​စေ​သော၊ ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်။ ဆုံး​မ​ပါ​စေ​သော၊ အ​ကျွန်ုပ်​ဦး​ခေါင်း​ကို လိမ်း​သော​ဆီ​ဖြစ်​ပါ​လိမ့်​မည်။ ထပ်၍ ပြု​သော်​လည်း အ​ကျွန်ုပ်​မ​ငြင်း​ပါ။ ယ​ခု​မူ​ကား၊ သူ​တစ်​ပါး​ပြု​သော အ​ဓ​မ္မ​အ​မှု​တစ်​ဖက်၌ ဆု​တောင်း​ရ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 6,
      "text": "သူ​တို့၏​အ​ကဲ​အ​မှူး​တို့​သည် ကျောက်​တွင်း​နား​မှ​လွတ်၍၊ အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​ရ​ကြ​ပါ၏။ ထို​စ​ကား​လည်း ချို​ပါ၏။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 7,
      "text": "မြေ​ပေါ်​မှာ ထင်း​ကို​ခုတ်၍ ခွဲ​သ​ကဲ့​သို့၊ မ​ရ​ဏနိုင်​ငံ​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​တို့၏​အ​ရိုး​များ​တို့​သည် ကွဲ​ပြား​လျက် ရှိ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 8,
      "text": "အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​မျှော်​ကြည့်​ပါ၏။ ကိုယ်​တော်၌ ခို​လှုံ​ပါ၏။ အ​ကျွန်ုပ်၏​အ​သက်​ကို သွန်​ပစ်​စေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 9,
      "text": "အ​ကျွန်ုပ်​ဖို့ ထောင်​ထား​ကြ​သော ကျော့​ကွင်း​မှ​လည်း​ကောင်း၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့၏ ညွှတ်​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို လွတ်​စေ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 141,
      "verse": 10,
      "text": "ထို​သို့ အ​ကျွန်ုပ်​သည်​လွန်​သွား​သော​အ​ခါ၊ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကျော့​ကွင်း​ထဲ​သို့ ကျ​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 1,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ငါ့​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ လွှင့်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 2,
      "text": "ရှေ့​တော်၌ မြည်​တမ်း​သော​စ​ကား​ကို မြွက်၍၊ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ကြား​လျှောက်​ရ၏။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 3,
      "text": "အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်​ရှိ​သော​အ​ခါ၊ အ​ကျွန်ုပ်​သွား​သော​လမ်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်​သွား​သော​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 4,
      "text": "လက်​ယာ​ဘက်​သို့ အ​ကျွန်ုပ်​ကြည့်​ရှု​သော​အ​ခါ၊ အ​ကျွန်ုပ်​သိ​ကျွမ်း​သော​သူ မ​ရှိ​ပါ။ ပြေး​လွတ်​ရာ​လမ်း​လည်း ပိတ်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို နှ​မြော​သော​သူ မ​ရှိ​ပါ။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 5,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အော်​ဟစ်​ပါ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ၊ အ​ကျွန်ုပ်​ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 6,
      "text": "အ​လွန်​နှိမ့်​ချ​လျက်​နေ​သော အ​ကျွန်ုပ်၏​ကြွေး​ကြော်​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ထက်​သာ၍ ခွန်​အား​ကြီး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 142,
      "verse": 7,
      "text": "နာ​မ​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို ထောင်​ထဲ​က နုတ်​ဆောင်​တော်​မူ​ပါ။ ထို​သို့ ကျေး​ဇူး​ပြု​တော်​မူ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ဝန်း​ရံ​လျက်​နေ​ရ​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 1,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​ကို​ကြား၍၊ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ သ​စ္စာ​စောင့်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​ရှိ​တော်​မူ​သည်​အ​တိုင်း ပြန်​ပြော​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 2,
      "text": "ကိုယ်​တော်၏​ကျွန်​နှင့် တ​ရား​တွေ့​တော်​မ​မူ​ပါ​နှင့်။ အ​သက်​ရှင်​သော​သူ​မည်​သည်​ကား၊ ရှေ့​တော်၌ အ​ပြစ်​ကင်း​စင်​ရာ​သို့ မ​ရောက်​ရ​ပါ။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 3,
      "text": "ရန်​သူ​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို​ညှဉ်း​ဆဲ၍၊ အ​သက်​ကို​လည်း မြေ​တိုင်​အောင် နှိပ်​နင်း၍၊ ကြာ​မြင့်​စွာ သေ​နေ​သော​သူ​ကဲ့​သို့၊ အ​ကျွန်ုပ်​ကို မှောင်​မိုက်​ထဲ​မှာ​နေ​စေ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 4,
      "text": "အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်၊ ကိုယ်​အ​ထဲ၌ နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 5,
      "text": "ရှေး​လွန်​လေ​ပြီး​သော ကာ​လ​ကို​အောက်​မေ့၍၊ အ​လုံး​စုံ​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ လက်​တော်​နှင့်​ပြု​ပြင်​သော အ​ရာ​များ​ကို​လည်း​ကောင်း ဆင်​ခြင်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 6,
      "text": "ကိုယ်​တော်​ထံ​သို့ လက်​တို့​ကို​ဆန့်​ပါ၏။ သွေ့​ခြောက်​သော​မြေ​ကဲ့​သို့ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 7,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် စိတ်​ပျက်​ပါ​ပြီ။ မျက်​နှာ​လွှဲ​တော်​မူ​သ​ဖြင့်၊ တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ အ​ကျွန်ုပ်​ကို ဖြစ်​စေ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 8,
      "text": "က​ရု​ဏာ​တော်​စ​ကား​သံ​ကို အ​လျင်​အ​မြန် ကြား​စေ​တော်​မူ​ပါ။ ကိုယ်​တော်၌ ကိုး​စား​ပါ၏။ ကိုယ်​သွား​ရ​မည်​လမ်း​ကို သိ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 9,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 10,
      "text": "အ​လို​တော်​သို့​လိုက်​စေ​မည်​အ​ကြောင်း သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကောင်း​မြတ်​သော​ဝိ​ညာဉ်​တော်​သည် ဖြောင့်​သော​လမ်း၌ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က နုတ်​ယူ​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 143,
      "verse": 12,
      "text": "က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကို​ပယ်​ရှင်း၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 1,
      "text": "ငါ၏​ကျောက်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ငါ့​လက်​သည်​စစ်​တိုက်၍၊ လက်​ချောင်း​တို့​လည်း စစ်​မှု​ကို​လေ့​ကျက်​မည်​အ​ကြောင်း သွန်​သင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 2,
      "text": "ငါ့​ကို​သ​နား​သော​သူ၊ ငါ၏​မြို့​ရိုး၊ ငါ၏​ရဲ​တိုက်၊ ငါ့​ကို​ကယ်​လွှတ်​သော​သ​ခင်၊ ငါ၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​ကို ငါ​ကိုး​စား၏။ ငါ၏​လူ​မျိုး​ကို ငါ့​အောက်​သို့ နှိမ့်​ချ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 3,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ကိုယ်​တော်​သည် မှတ်​တော်​မူ​ရ​သ​နည်း။ လူ​သား​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ပ​မာ​ဏ​ပြု​တော်​မူ​ရ​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 4,
      "text": "လူ​သည်​အ​ငွေ့​နှင့် တူ​ပါ၏။ သူ၏​နေ့​ရက်​တို့​သည် လွန်​သွား​တတ်​သော အ​ရိပ်​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 5,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ မိုး​ကောင်း​ကင်​ကို ညွှတ်၍​ဆင်း​သက်​တော်​မူ​ပါ။ တောင်​တို့​ကို တို့​တော်​မူ​ပါ။ သူ​တို့​သည် မီး​ခိုး​ထွက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 6,
      "text": "လျှပ်​စစ်​ပြက်​စေ၍ လေး​မြား​တော်​တို့​ကို​ပစ်​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှိပ်​စက်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 7,
      "text": "အ​ထက်​အ​ရပ်​က လက်​တော်​ကို​ဆန့်၍ အ​ကျွန်ုပ်​ကို​နုတ်​တော်​မူ​ပါ။ တစ်​ခဲ​နက်​သော ရေ​ထဲ​က​လည်း​ကောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ လက်​ထဲ​က​လည်း​ကောင်း၊ ဆယ်​ယူ​ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 8,
      "text": "သူ​တို့၏​နှုတ်​သည် မု​သား​စ​ကား​ကို​ပြော​တတ်​ပါ၏။ သူ​တို့၏​လက်​ယာ​လက်​သည်​လည်း လှည့်​စား​တတ်​သော လက်​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 9,
      "text": "အို​ဘု​ရား​သ​ခင်၊ ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ပါ​မည်။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 10,
      "text": "အောင်​မြင်​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​တို့​အား​ပေး​တော်​မူ၏။ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​ကို ဆိုး​သော​ဓား​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 11,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​လက်​မှ၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ၍ ကယ်​တင်​တော်​မူ​ပါ။ သူ​တို့၏​နှုတ်​သည် မု​သား​စ​ကား​ကို ပြော​တတ်​ပါ၏။ သူ​တို့၏ လက်​ယာ​လက်​သည်​လည်း လှည့်​စား​တတ်​သော လက်​ဖြစ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 12,
      "text": "အ​ကျွန်ုပ်​တို့၏​သား​တို့​သည် အ​ရွယ်​ပျို​စဉ်​တွင်၊ ကြီး​ပွား​သော ပျိုး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သ​မီး​တို့​သည် ဘုံ​ဗိ​မာန်​နည်း​တူ ထု​သော တိုက်​ထောင့်​ကျောက်​တိုင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 13,
      "text": "အ​ကျွန်ုပ်​တို့၏​ဘ​ဏ္ဍာ​တိုက်​တို့​သည် အ​စား​အ​သောက် အ​သုံး​အ​ဆောင်​များ​နှင့် ပြည့်​စုံ​ခြင်း၊ သိုး​တို့​သည် ပြင်​အ​ရပ်​တို့၌ အ​ထောင်​အ​သောင်း​မွေး​ဖွား​ခြင်း၊"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 14,
      "text": "နွား​တို့​သည်​လည်း ကြီး​ပွား​များ​ပြား​ခြင်း​ရှိ​ပါ​စေ​သော။ အ​နိုင်​အ​ထက်​ဝင်​ခြင်း မ​ရှိ။ သိမ်း​သွား​ခြင်း မ​ရှိ။ လမ်း​တို့၌ ကြွေး​ကြော်​မြည်​တမ်း​ခြင်း မ​ရှိ​ပါ​စေ​နှင့်။"
    },
    {
      "book": 19,
      "chapter": 144,
      "verse": 15,
      "text": "ထို​သို့​နေ​သော​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကြင်​လူ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်၏။ ထို​လူ​မျိုး​သည် မင်္ဂ​လာ​ရှိ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 1,
      "text": "အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို ချီး​မြှောက်​ပါ​မည်။ က​မ္ဘာ​အ​ဆက်​ဆက် နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 2,
      "text": "ကိုယ်​တော်​ကို နေ့​တိုင်း​အ​စဉ် ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို က​မ္ဘာ​အ​ဆက်​ဆက် ချီး​မွမ်း​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ် ဖြစ်​တော်​မူ၏။ ကြီး​မြတ်​တော်​မူ​ခြင်း​ကို စစ်၍​မ​ကုန်​နိုင်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 4,
      "text": "အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 5,
      "text": "အ​ကျွန်ုပ်​သည်​လည်း ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း မြွက်​ဆို​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 6,
      "text": "သူ​တို့​သည် ကြောက်​မက်​ဖွယ်​သော အ​မှု​တော်​တို့၌​ပါ​သော တန်​ခိုး​ကို​မြွက်​ဆို၍၊ အ​ကျွန်ုပ်​သည်​လည်း၊ ကြီး​မြတ်​တော်​မူ​ခြင်း အ​ကြောင်း​ကို ကြား​ပြော​ပါ​မည်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 7,
      "text": "သူ​တို့​သည် အ​လွန်​ကောင်း​မြတ်​တော်​မူ​ခြင်း​ကို အောက်​မေ့​ဖို့​ရာ မြွက်​ဆို၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​အ​ရာ​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ၍၊ ခ​န္တီ​တော်​နှင့် က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​ကို သ​နား​စုံ​မက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 10,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​သည် ဂုဏ်​တော်​တို့​ကို​ပြ၍၊ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​သည် ကောင်း​ချီး​ပေး​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 11,
      "text": "နိုင်​ငံ​တော်၏​ဘုန်း​ကို​လည်း​ကောင်း၊ တန်​ခိုး​တော်​ကို​လည်း​ကောင်း ဟော​ပြော​မြွက်​ဆို​သ​ဖြင့်၊"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 12,
      "text": "တန်​ခိုး​ပါ​သော​အ​မှု​တော်​များ​နှင့် နိုင်​ငံ​တော်၏​ဘုန်း​အ​သ​ရေ​များ​ကို လူ​သား​တို့​အား ဖော်​ပြ​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 13,
      "text": "ကိုယ်​တော်၏​နိုင်​ငံ​သည် နိ​စ္စ​ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၍၊ အာ​ဏာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​ရ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လဲ​သော​သူ​ရှိ​သ​မျှ​တို့​ကို ထောက်​မ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 14,
      "text": "နှိမ့်​ချ​သော​သူ​အ​ပေါင်း​တို့​ကို ကြွ​ပင့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 15,
      "text": "ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် ကိုယ်​တော်​ကို​မျှော်​ကြည့်​ကြ၍၊ အ​ချိန်​တန်​မှ သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 16,
      "text": "လက်​တော်​ကို​ဖွင့်၍၊ အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ရောင့်​ရဲ​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​ရှိ​သ​မျှ​တို့​သည် ဖြောင့်​မတ်၍၊ ခပ်​သိမ်း​သော​အ​မှု​တော်​တို့​သည် သန့်​ရှင်း​ကြ​ပါ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း၊ သ​စ္စာ​နှင့်​တ​ကွ ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့၏​အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 19,
      "text": "ကြောက်​ရွံ့​သော​သူ​တို့၏​အ​လို​ကို ပြည့်​စုံ​စေ​တော်​မူ၏။ ထို​သူ​တို့၏​အော်​ဟစ်​ခြင်း​ကို​ကြား၍ ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြည်​ညို​သူ​အ​ပေါင်း​တို့​ကို စောင့်​မ​တော်​မူ၏။ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​ကို​ကား၊ ဖျက်​ဆီး​တော်​မူ​မည်။"
    },
    {
      "book": 19,
      "chapter": 145,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​လျက် ငါ​မြွက်​ဆို​မည်။ ခပ်​သိမ်း​သော​လူ​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော်​ကို က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​ပေး​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 1,
      "text": "အို​ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​လော့။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 2,
      "text": "ငါ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​မည်။ ငါ​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 3,
      "text": "မင်း​များ​မှ​စ၍ မ​ကယ်​တင်​နိုင်​သော လူ​သား​ကို မ​ကိုး​စား​ကြ​နှင့်။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 4,
      "text": "သူ​သည် အ​သက်​ထွက်၍ မြေ​သို့​ပြန်​သွား​တတ်၏။ ထို​နေ့​ချင်း​တွင်၊ သူ၏​အ​ကြံ​အ​စည်​တို့​သည် ပျက်​စီး​ကြ၏။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 5,
      "text": "ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 6,
      "text": "ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့်​တ​ကွ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ သ​စ္စာ​တော်​ကို အ​စဉ်​အ​မြဲ​စောင့်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 7,
      "text": "ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​အား တ​ရား​ပြု​တော်​မူ၏။ ငတ်​မွတ်​သော​သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ချုပ်​ထား​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​ကို လွှတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဧည့်​သည်​တို့​ကို စောင့်​မ​တော်​မူ၍၊ မု​ဆိုး​မ​နှင့် မိ​ဘ​မ​ရှိ​သော​သူ​တို့​ကို ထောက်​မ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏​လမ်း​ကို​ကား၊ ကွေ့​ကောက်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 146,
      "verse": 10,
      "text": "အို​ဇိ​အုန်​မြို့၊ သင်၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​လ​တ္တံ့​သ​တည်း။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကောင်း​သည်​ဖြစ်၍၊ ချီး​မွမ်း​ကြ​လော့။ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ခြင်း​သည် သာ​ယာ​လျောက်​ပတ်​သည်​ဖြစ်၍၊ ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တည်​ဆောက်၍၊ အ​ဝေး​သို့​နှင်​လိုက်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 3,
      "text": "စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 4,
      "text": "ကြယ်​များ​ကို​ရေ​တွက်၍ အ​သီး​အ​သီး​တို့​ကို သ​မုတ်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 5,
      "text": "ငါ​တို့၏​ဘု​ရား​ရှင်​သည် ကြီး​မြတ်​တော်​မူ၏။ တန်​ခိုး​တော်​လည်း​ကြီး၏။ ဉာဏ်​တော်​သည် အ​န​န္တ​ဖြစ်၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်၍၊ မ​တ​ရား​သော သူ​တို့​ကို​ကား၊ မြေ​ပေါ်​မှာ​လှဲ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 7,
      "text": "ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 8,
      "text": "ကောင်း​ကင်​ကို မိုး​တိမ်​များ​နှင့် ဖုံး​လွှမ်း​သ​ဖြင့်၊ မြေ​ကြီး​ဖို့ မိုး​ရေ​ကို​ပြင်​ဆင်၍၊ တောင်​များ​ပေါ်​မှာ မြက်​ပင်​ကို ပေါက်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 9,
      "text": "မြည်​တတ်​သော​ကျီး​ကန်း​က​လေး​မှ​စ၍၊ တိ​ရ​စ္ဆာန်​များ​တို့​ကို ကျွေး​မွေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 10,
      "text": "မြင်း၏​ခွန်​အား​နှင့် လူ၏​လျင်​မြန်​ခြင်း​ကို အား​ရ​နှစ်​သက်​တော်​မူ​ခြင်း​မ​ရှိ။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 11,
      "text": "ကြောက်​ရွံ့​သော​သူ​နှင့် က​ရု​ဏာ​တော်​ကို​မျှော်​လင့်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 12,
      "text": "အို​ယေ​ရု​ရှ​လင်​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​လော့။ အို​ဇိ​အုန်​မြို့၊ သင်၏​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ သင်၏​တံ​ခါး​ကန့်​လန့်​တို့​ကို ခိုင်​မာ​စေ၍၊ သင်၏​အ​ထဲ​မှာ သား​သ​မီး​များ​ကို ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 14,
      "text": "သင်၏ ပြည်​စွန်း​ပြည်​နား​မှာ အ​မှု​အ​ရေး​ကို​ငြိမ်း​စေ၍၊ အ​ကောင်း​ဆုံး​သော​စ​ပါး​နှင့် သင့်​ကို​ဝ​စွာ ကျွေး​မွေး​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 15,
      "text": "မြေ​ကြီး​ပေါ်​သို့ ဗျာ​ဒိတ်​တော်​ကို​လွှတ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် အ​လျင်​အ​မြန်​ပြေး​တတ်​ပါ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 16,
      "text": "မိုး​ပွင့်​ကို သိုး​မွေး​ကဲ့​သို့ ချ​တော်​မူ၏။ နှင်း​ခဲ​ကို​လည်း ပြာ​ကဲ့​သို့ ဆွတ်​ဖြူ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 17,
      "text": "မိ​မိ​မိုး​သီး​ကို စား​နုတ်​စား​ပေါက်​ကဲ့​သို့ လွှတ်​တော်​မူ၍၊ ချမ်း​စေ​တော်​မူ​ခြင်း​ကို အ​ဘယ်​သူ​ခံ​နိုင်​သ​နည်း။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 18,
      "text": "တစ်​ဖန် နှုတ်​က​ပတ်​တော်​ကို​လွှတ်၍၊ ထို​မိုး​ပွင့်​အ​စ​ရှိ​သည်​တို့​ကို အ​ရည်​ကျို​တော်​မူ၏။ မိ​မိ​လေ​ကို လာ​စေ​တော်​မူ​သ​ဖြင့်၊ ရေ​တို့​သည် စီး​ကြ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 19,
      "text": "နှုတ်​က​ပတ်​အ​မိန့်​တော်​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​များ​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း ဖော်​ပြ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 147,
      "verse": 20,
      "text": "အ​ခြား​တစ်​ပါး​သော အ​မျိုး​သား​တို့၌ ထို​သို့​ပြု​တော်​မ​မူ။ စီ​ရင်​တော်​မူ​ချက်​များ​ကို သူ​တို့​မ​သိ​ရ​ကြ။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 1,
      "text": "ကောင်း​ကင်​ဘုံ၌ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ဘ​ဝဂ်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 2,
      "text": "ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့ ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 3,
      "text": "နေ​လ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ထွန်း​လင်း​သော ကြယ်​အ​ပေါင်း​တို့၊ ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 4,
      "text": "ကောင်း​ကင်​အ​ထပ်​ထပ်​နှင့် ကောင်း​ကင်​ပေါ်​မှာ ရေ​များ​တို့၊ ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 5,
      "text": "ထို​အ​ရာ​တို့​ကို အ​မိန့်​တော်​ရှိ၍၊ ဖန်​ဆင်း​တော်​မူ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 6,
      "text": "ထို​အ​ရာ​တို့​ကို ကာ​လ​အ​စဉ်​အ​ဆက် အ​မြဲ​တည်​စေ​တော်​မူ၍၊ မ​ပျက်​ရ​သော​ဓ​မ္မ​တာ​ကို စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 7,
      "text": "မြေ​ကြီး၌​ရှိ​သော​အ​ရာ၊ ငါး​ကြီး​များ၊ နက်​နဲ​ရာ​အ​ရပ်​များ၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 8,
      "text": "မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 9,
      "text": "တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ၊ အ​သီး​ကို​သီး​သော အ​ပင်၊ အာ​ရဇ်​ပင်​ရှိ​သ​မျှ၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 10,
      "text": "သား​ရဲ​နှင့် သား​ယဉ်​အ​ပေါင်း၊ တွား​တတ်​သော​တိ​ရိ​စ္ဆာန်​နှင့် ပျံ​တတ်​သော​ငှက် အ​စ​ရှိ​သော၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 11,
      "text": "လော​ကီ​ရှင်​ဘု​ရင်​များ​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း၊ မင်း​များ​နှင့် လော​ကီ​တ​ရား​သူ​ကြီး​အ​ပေါင်း၊"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 12,
      "text": "လူ​ပျို​နှင့် အ​ပျို​များ၊ လူ​အို​နှင့် လူ​က​လေး​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 13,
      "text": "နာ​မ​တော်​တစ်​ပါး​တည်း​သာ​လျှင် မြတ်၍၊ ဘုန်း​တော်​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​အ​ပေါ်​ထက်၌ ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 148,
      "verse": 14,
      "text": "မိ​မိ​လူ​စု​တို့၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​သ​ဖြင့်၊ အ​နီး​တော်၌​ရှိ​သော​လူ​စု၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တည်း​ဟူ​သော မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ချီး​မွမ်း​ရာ​ဖြစ်​တော်​မူ၏။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို၍၊ သန့်​ရှင်း​သူ​တို့ စည်း​ဝေး​ရာ၌ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို​အ​မှီ​ပြု၍ ဝမ်း​မြောက်​စေ။ ဇိ​အုန်​သား​တို့​သည် မိ​မိ​တို့​ရှင်​ဘု​ရင်​ကို အ​မှီ​ပြု၍ ရွှင်​လန်း​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 3,
      "text": "သူ​တို့​သည်​က​ခုန်​လျက် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက် ထော​မ​နာ​သီ​ချင်း ဆို​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို နှစ်​သက်​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အား​ဖြင့် အ​သ​ရေ​တင့်​တယ်​စေ​တော်​မူ၏။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 5,
      "text": "သန့်​ရှင်း​သူ​တို့​သည် ဘုန်း​ကြီး၍ ဝမ်း​မြောက်​ဝမ်း​သာ​ကြ​စေ။ ကျိန်း​ဝပ်​ရာ​ပေါ်​မှာ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​စေ။"
    },
    {
      "book": 19,
      "chapter": 149,
      "verse": 6,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​အား တ​ရား​အ​တိုင်း​အ​ပြစ်​ပေး၍၊ လူ​စု​တို့​အား ဒဏ်​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့၏​ရှင်​ဘု​ရင်​များ​ကို သံ​ကြိုး​နှင့်​ချည်​နှောင်၍၊ မှူး​မတ်​များ​ကို သံ​ခြေ​ချင်း​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကျမ်း​စာ၌​မှတ်​သား​သော​အ​ပြစ်​စီ​ရင်​ခြင်း​ကို သူ​တို့​အား ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို နှုတ်​နှင့်​ချီး​မွမ်း၍၊ သန်​လျက်​ကို လက်​နှင့်​ကိုင်​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​ဘုန်း​နှင့် ဆိုင်​ကြ၏။ ဟာ​လေ​လု​ယ။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 1,
      "text": "သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ ဘုန်း​တော်​ထင်​ရှား​ရာ ကောင်း​ကင်​မျက်​နှာ​ကြက်​ပေါ်​မှာ ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 2,
      "text": "ထူး​ဆန်း​သော တန်​ခိုး​တော်​များ​ကြောင့်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ အ​လွန်​တ​ရာ​ကြီး​မြတ်​တော်​မူ​ခြင်း ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 3,
      "text": "တံ​ပိုး​မှုတ်​လျက် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ တ​ယော​နှင့် စောင်း​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 4,
      "text": "ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 5,
      "text": "အ​သံ​ကျယ်​သော သံ​လွင်​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။ အ​ကြီး​ဆုံး​သော​လင်း​ကွင်း​ကို​လည်း​တီး​လျက် ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 19,
      "chapter": 150,
      "verse": 6,
      "text": "အ​သက်​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​စေ။ ဟာ​လေ​လု​ယ။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့် ရှင်​အာ​သပ်​အ​စ​ရှိ​သော​ပ​ရော​ဖက်​များ​တို့​သည် စီ​ရင်​ရေး​ထား​သော​ဆာ​လံ​ကျမ်း​ပြီး၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 1,
      "text": "ပ​ညာ​တ​ရား၊ နည်း​ဥ​ပ​ဒေ​သ​တ​ရား​ကို​သိ​၍၊ ဉာဏ်​နှင့်​ယှဉ်​သော စ​ကား​ကို နား​လည်​မည်​အ​ကြောင်း၊ ပ​ညာ​သွန်​သင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ​ဆုံး​ဖြတ်​ခြင်း အ​မှု​အ​ရာ၌​လေ့​ကျက်​မည်​အ​ကြောင်း၊ မိုက်​သော​သူ​သည်​လိ​မ္မာ​၍၊ လူ​ပျို​သည် ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ ဒါ​ဝိဒ်၏​သား​တော်​ဖြစ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​စီ​ရင်​သော သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 5,
      "text": "ပ​ညာ​ရှိ​သော​သူ​သည် နား​ထောင်​သ​ဖြင့်၊ ပ​ညာ​အ​တတ် တိုး​ပွား​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 6,
      "text": "ဉာဏ်​ကောင်း​သော​သူ​သည် သု​တ္တံ​စ​ကား​အ​နက်​အ​ဓိ​ပ္ပာယ်​ကို​လည်း​ကောင်း၊ ပ​ညာ​ရှိ​ဟော​ပြော၍ နက်​နဲ​သော စ​ကား​တို့​ကို​လည်း​ကောင်း၊ နား​လည်​သော နိဿ​ရည်း​ဆ​ရာ​အ​ဖြစ်​သို့ ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 8,
      "text": "ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 9,
      "text": "ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 10,
      "text": "ငါ့​သား၊ လူ​ဆိုး​တို့​သည် သင့်​ကို​သွေး​ဆောင်​လျှင် ဝန်​မ​ခံ​နှင့်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 11,
      "text": "သူ​တို့​က ငါ​တို့​နှင့်​အ​တူ​လိုက်​တော့။ သူ့​အ​သက်​ကို​သတ်​အံ့​သော​ငှာ စောင့်​ကြ​စို့။ အ​ချည်း​နှီး အ​ပြစ်​လွတ်​သော​သူ​တို့​ကို ချောင်း​မြောင်း​ကြ​စို့။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 12,
      "text": "သင်္ချိုင်း​တွင်း​သို့​ဆင်း​သော သူ​တို့​ကဲ့​သို့​တစ်​ကိုယ်​လုံး​ပါ​လျက်၊ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​တို့​ကို မ​ရ​ဏ​နိုင်​ငံ​မျို​သ​ကဲ့​သို့ မျို​ကြ​စို့။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 13,
      "text": "အ​ဖိုး​ထိုက်​သော ဘ​ဏ္ဍာ​အ​မျိုး​မျိုး​ကို​တွေ့၍ လု​ယူ​သော​ဥ​စ္စာ​နှင့် ငါ​တို့​အိမ်​ကို​ပြည့်​စေ​ကြ​မည်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 14,
      "text": "ငါ​တို့​နှင့် ပေါင်း​ဖော်​တော့။ ရ​သော​ဥ​စ္စာ​ကို အ​ညီ​အ​မျှ​ပိုင်​ကြ​စို့​ဟု ဆို​သော်​လည်း၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 15,
      "text": "ငါ့​သား၊ သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။ သူ​တို့​သွား​သော​လမ်း​ကို ရှောင်​လော့။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​ခြေ​သည် ဒု​စ​ရိုက်​ပြု​ရာ​သို့​ပြေး၍၊ လူ​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 17,
      "text": "အ​ကယ်​စင်​စစ် ငှက်​မျက်​မှောက်၌ ပိုက်​ကွန်​ကို​ဖြန့်​ထား​လျှင် အ​ကြံ​မ​မြောက်​ရာ။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 18,
      "text": "လူ​ဆိုး​တို့​သည် ကိုယ်​အ​သွေး​ကို သွန်​အံ့​သော​ငှာ​စောင့်၍၊ ကိုယ်​အ​သက်​ကို သတ်​အံ့​သော​ငှာ ချောင်း​မြောင်း​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 19,
      "text": "မ​တ​ရား​သော​စီး​ပွား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​အ​ကျိုး​ကို​ခံ​ရ၍၊ ထို​စီး​ပွား​သည် မိ​မိ​အ​ရှင်၏​အ​သက်​ကို သတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 20,
      "text": "ပ​ညာ​သည် ပြင်​မှာ​ကြွေး​ကြော်၍၊ လမ်း​ခ​ရီး​တို့၌ မိ​မိ​စ​ကား​သံ​ကို လွှင့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 21,
      "text": "လူ​စည်း​ဝေး​ရာ အ​ဦး၌​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​တို့၌​လည်း​ကောင်း၊ မြို့​ထဲ၌​လည်း​ကောင်း​ခေါ်၍ မြွက်​ဆို​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 22,
      "text": "အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 23,
      "text": "ငါ​ဆုံး​မ​သော စ​ကား​ကို နား​ထောင်၍ ပြောင်း​လဲ​ကြ​လော့။ ငါ့​ဝိ​ညာဉ်​ကို သင်​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း၍၊ ငါ့​စ​ကား၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​လည်​စေ​မည်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 24,
      "text": "ငါ​သည်​ခေါ်၍ သင်​တို့​သည်​ငြင်း​ပယ်​သော​ကြောင့်​လည်း​ကောင်း၊ ငါ့​လက်​ကို​ဆန့်၍ အ​ဘယ်​သူ​မျှ မ​မှတ်​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 25,
      "text": "ငါ​သ​တိ​ပေး​ခြင်း​ရှိ​သ​မျှ​ကို သင်​တို့​သည်​ပယ်၍၊ ငါ​ဆုံး​မ​သော စ​ကား​တစ်​ခွန်း​ကို နား​မ​ခံ​ဘဲ​နေ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 26,
      "text": "သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​သော​အ​ခါ ငါ​ရယ်​မည်။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ရောက်​သော​အ​ခါ ငါ​ပြက်​ရယ်​ပြု​မည်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 27,
      "text": "သင်​တို့ ကြောက်​မက်​ဖွယ်​သော​အ​မှု​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​ပျက်​စီး​ခြင်း​အ​မှု​သည် လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ၍၊ သင်​တို့​သည် ဆင်း​ရဲ​ခြင်း၊ ပူ​ပန်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 28,
      "text": "ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​အ​တတ်​ကို မုန်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကို အ​လို​မ​ရှိ​ကြ။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 30,
      "text": "ငါ​သ​တိ​ပေး​ခြင်း​ကို အ​လျှင်း​နား​မ​ခံ​ကြ။ ငါ​ဆုံး​မ​ခြင်း​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 31,
      "text": "ထို​ကြောင့် သူ​တို့​သည် ကိုယ်​ကျင့်​ခြင်း၏​အ​ကျိုး​အ​ပြစ်​ကို​စား၍၊ ကိုယ်​ကြံ​သော အ​ကြံ​တို့​နှင့် ဝ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 32,
      "text": "ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 1,
      "verse": 33,
      "text": "ငါ့​စ​ကား​ကို​နား​ထောင်​သော​သူ​မူ​ကား လုံ​ခြုံ​စွာ​နေ၍၊ ဘေး​ကို​မ​ကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 1,
      "text": "ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 2,
      "text": "စေ​တ​နာ​စိတ်​နှင့် ဉာဏ်​ကို ရှာ​ဖွေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို နား​ခံ၍၊ ငါ့​ပ​ညတ်​တို့​ကို ကိုယ်​အ​ထဲ၌ သွင်း​မိ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 3,
      "text": "သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 4,
      "text": "ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 7,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 8,
      "text": "မိ​မိ​သန့်​ရှင်း​သူ​တို့​သည် တ​ရား​လမ်း​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ သူ​တို့၏​လမ်း​ခ​ရီး​ကို လုံ​ခြုံ​စေ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 9,
      "text": "ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 10,
      "text": "ပ​ညာ​သည်​သင်၏​နှ​လုံး​ထဲ​သို့​ဝင်၍၊ သင်​သည် သိ​ကြား​ခြင်း၌​မွေ့​လျော်​သော​အ​ခါ၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 11,
      "text": "သ​မ္မာ​သ​တိ​သည် သင့်​ကို​ထိန်း​သိမ်း၍၊ ဉာဏ်​သည်​လည်း စောင့်​ရှောက်​သ​ဖြင့်၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 12,
      "text": "ဆိုး​သော​လမ်း​မှ ကယ်​တင်​လိမ့်​မည်။ ကောက်​သော​စ​ကား​ကို ပြော​တတ်​သော​သူ၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 13,
      "text": "ဖြောင့်​မတ်​သော​လမ်း​ကို​စွန့်၍၊ မိုက်​မဲ​သော​လမ်း​သို့ လိုက်​သော​သူ၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 14,
      "text": "ဒု​စ​ရိုက်၌​မွေ့​လျော်၍ အ​ဓ​မ္မ​လူ၏​ကောက်​လိမ်​ခြင်း​ကို အား​ရ​နှစ်​သက်​သော​သူ၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 15,
      "text": "ဖြောင့်​သော​လမ်း​သို့ မ​လိုက်၊ ကောက်​သော​လမ်း​သို့​သာ လိုက်​သော​သူ​တို့၏​လက်​မှ​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 16,
      "text": "အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့်​ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 17,
      "text": "အ​သက်​ငယ်​စဉ် ပဲ့​ပြင်​သော ကျေး​ဇူး​ရှင်​ကို​စွန့်၍၊ မိ​မိ​ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့​သော မိန်း​မ​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​တင်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 18,
      "text": "ထို​မိန်း​မ၏​အိမ်​သည် သေ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ​လိုက်​သော​လမ်း​တို့​သည် သင်္ချိုင်း​သား​နေ​ရာ​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သ​ဖြင့်၊"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 19,
      "text": "သူ၏​အိမ်​သို့​ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပြန်​ရ။ အ​သက်​လမ်း​ကို​မ​မီ​ရ။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 20,
      "text": "သင်​သည် သူ​တော်​ကောင်း​တို့၏ လမ်း​သို့​လျှောက်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏ လမ်း​ခ​ရီး​ထဲ​က​မ​ထွက်​ဘဲ အ​စဉ်​တ​စိုက် လိုက်​ရ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 21,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်၌​နေ၍၊ စုံ​လင်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 2,
      "verse": 22,
      "text": "အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ပြည်​တော်​မှ​ပယ်​ရှင်း​ခြင်း၊ လွန်​ကျူး​သော​သူ​တို့​သည် နုတ်​ပစ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 1,
      "text": "ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​သည် အ​သက်​တာ​ရှည်​သော ကာ​လ​နှစ်​ပေါင်း​များ​ကို​လည်း​ကောင်း၊ ငြိမ်​ဝပ်​ခြင်း​ကို​လည်း​ကောင်း တိုး​ပွား​စေ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 3,
      "text": "က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 4,
      "text": "ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 6,
      "text": "သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 7,
      "text": "ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 8,
      "text": "သို့​ပြု​လျှင်၊ သင်၏​အ​ကြော​တို့​သည် အား​သန်၍၊ အ​ရိုး​တို့​သည် ခြင်​ဆီ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 9,
      "text": "သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 10,
      "text": "သို့​ပြု​လျှင်၊ သင်၏​စ​ပါး​ကျီ​တို့​သည် ကြွယ်​ဝ၍၊ စ​ပျစ်​သီး​နယ်​ရာ​တန်​ဆာ​တို့​ကို အ​သစ်​သော စ​ပျစ်​ရည်​လျှံ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 11,
      "text": "ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သူ​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 13,
      "text": "ဉာဏ်​ပ​ညာ​ကို ရှာ၍​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညာ​ကုန်​သွယ်​ခြင်း​သည် ငွေ​ကုန်​သွယ်​ခြင်း​ထက်​သာ၍​ကောင်း၏။ ပ​ညာ​ကုန်​သွယ်၍ ရ​သော​အ​မြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 15,
      "text": "ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ထိုက်​ပေ၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 16,
      "text": "သူ၏​လက်​ယာ​လက်၌ အ​သက်​တာ​ရှည်​သော​ကာ​လ၊ လက်​ဝဲ​လက်၌ စည်း​စိမ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 17,
      "text": "ပ​ညာ​လမ်း​တို့​သည် သာ​ယာ​သော​လမ်း၊ ပ​ညာ​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ငြိမ်​ဝပ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 18,
      "text": "ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​တော်​အား​ဖြင့် မြေ​ကြီး​ကို​တည်၍၊ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ပြင်​ဆင်​တော်​မူ​ပြီ။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 20,
      "text": "သိ​ပ္ပံ​အ​တတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရပ်​အက်​ကွဲ၍၊ မိုး​တိမ်​မှ​လည်း နှင်း​ရည်​ကျ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 21,
      "text": "ငါ့​သား၊ ပ​ညာ​ရ​တ​နာ​နှင့် သ​မ္မာ​သ​တိ​ကို သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​ဘဲ၊ အ​စဉ်​စောင့်​ရှောက်​လော့။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 22,
      "text": "သို့​ပြု​လျှင်၊ ထို​ရ​တ​နာ​တို့​သည် သင်၏​ဝိ​ညာဉ်၌​အ​သက်၊ သင်၏​လည်​ပင်း၌ ဂုဏ်​အ​သ​ရေ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 23,
      "text": "သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 24,
      "text": "အိပ်​သော​အ​ခါ ကြောက်​စ​ရာ​မ​ရှိ​ရ။ ကောင်း​မွန်​စွာ​အိပ်​ပျော်​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 25,
      "text": "လျင်​မြန်​သော​ဘေး​နှင့် လူ​ဆိုး​တွေ့​တတ်​သော ပျက်​စီး​ရာ​ဘေး​ကို ကြောက်​စ​ရာ​မ​ရှိ​ရ။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ယုံ​ကြည်​ကိုး​စား​ရာ​ဖြစ်၍၊ သင်၏​ခြေ​ကို မ​ကျော့​မိ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 27,
      "text": "ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 28,
      "text": "အိမ်​နီး​ချင်း​ကို ပေး​စ​ရာ​ရှိ​လျက်​ပင်၊ သွား​တော့။ တစ်​ဖန်​လာ​ဦး​တော့။ နက်​ဖြန်​မှ ငါ​ပေး​မည်​ဟု မ​ပြော​နှင့်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 29,
      "text": "စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​နား​မှာ​နေ​သော အိမ်​နီး​ချင်း၌ မ​ကောင်း​သော​အ​ကြံ​ကို​မ​ကြံ​နှင့်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 30,
      "text": "သင်၌​အ​ပြစ်​မ​ပြု​သော​သူ​ကို အ​ကြောင်း​မ​ရှိ​ဘဲ​ရန်​မ​တွေ့​နှင့်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 31,
      "text": "ညှဉ်း​ဆဲ​တတ်​သော​သူ၏​စည်း​စိမ်​ကို မ​တောင့်​တ​နှင့်။ သူ​လိုက်​သော လမ်း​တစ်​စုံ​တစ်​ခု​ကို​မျှ အ​လို​မ​ရှိ​နှင့်။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 32,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဘော​ကောက်​သော​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 33,
      "text": "မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 34,
      "text": "အ​ကယ်​စင်​စစ် ကဲ့​ရဲ့​တတ်​သော​သူ​တို့​ကို ကဲ့​ရဲ့​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား​ကား၊ ကျေး​ဇူး​ပြု​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 3,
      "verse": 35,
      "text": "ပ​ညာ​ရှိ​သော​သူ​တို့​သည် ဘုန်း​အ​သ​ရေ​ကို​အ​မွေ​ခံ​ရ၍၊ မိုက်​သော​သူ​တို့​မူ​ကား၊ အ​ရှက်​ကွဲ​ခြင်း​ကို ထမ်း​သွား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 1,
      "text": "ငါ့​သား​တို့၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်၍၊ ဉာဏ်​သ​ဘော​ကို နား​လည်​ခြင်း​ငှာ စေ့​စေ့​မှတ်​ကြ​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 2,
      "text": "ကောင်း​သော​ဩ​ဝါ​ဒ​ကို ငါ​ပေး၏။ ငါ့​ပ​ညတ်​တ​ရား​ကို မ​ပယ်​ကြ​နှင့်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 3,
      "text": "ငါ​မူ​ကား၊ အ​ဘ၏​ရင်​နှစ်၊ အ​မိ​ရှေ့​မှာ​နူး​ညံ့၍ အ​ချစ်​ဆုံး​သော​သား​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 4,
      "text": "ငါ့​အ​ဘ​သွန်​သင်၍ မြွက်​ဆို​လေ​သည်​ကား၊ ငါ့​စ​ကား​ကို သင်၏​နှ​လုံး၌​သွင်း​မိ၍၊ ငါ့​ပ​ညတ်​တို့​ကို ကျင့်​စောင့်​သ​ဖြင့် အ​သက်​ရှင်​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 5,
      "text": "ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 6,
      "text": "ပ​ညာ​ကို မ​စွန့်​နှင့်။ သူ​သည်​သင့်​ကို ထိန်း​သိမ်း​လိမ့်​မည်။ သူ့​ကို​ချစ်​လော့။ သင့်​ကို စောင့်​မ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 7,
      "text": "ပ​ညာ​သည် အ​မြတ်​ဆုံး​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ကို​ဆည်း​ပူး​လော့။ ဆည်း​ဖူး​သ​မျှ​သော​ဥ​စ္စာ​တို့​တွင် ဉာဏ်​ကို​ဆည်း​ပူး​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 8,
      "text": "သူ့​ကို အ​မြတ်​ထား​လော့။ သူ​သည် သင့်​ကို ချီး​မြှောက်​လိမ့်​မည်။ သူ့​ကို​ဖက်​ယမ်း​လျှင်၊ ဂုဏ်​အ​သ​ရေ​ကို ပေး​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 9,
      "text": "သင်၏​ခေါင်း​ကို တင့်​တယ်​သော​ဦး​ရစ်​နှင့် ပတ်​ရစ်၍၊ ဘုန်း​ကြီး​သော သ​ရ​ဖူ​ကို အပ်​နှံ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 10,
      "text": "ငါ့​သား၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​လော့။ သို့​ပြု​လျှင်၊ သင့်​အ​သက် နှစ်​ပေါင်း​များ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 11,
      "text": "ပ​ညာ​လမ်း​ကို ငါ​ပြ​သ၍၊ မှန်​သော​လမ်း​ခ​ရီး​တို့၌ သင့်​ကို​ငါ​ပို့​ဆောင်၏။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 12,
      "text": "လျှောက်​သွား​လျှင် ကျဉ်း​မြောင်း​ရာ​သို့ မ​ရောက်၊ ပြေး​သော​အ​ခါ တိုက်​မိ၍​မ​လဲ​ရ။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 13,
      "text": "ဥ​ပ​ဒေ​သ​ကို ကိုင်​ဆွဲ​လော့။ မ​လွှတ်​နှင့်။ စောင့်​ထား​လော့။ အ​သက်​ရှင်​ခြင်း၏​အ​ကြောင်း ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 14,
      "text": "အ​ဓ​မ္မ​လူ​တို့ လမ်း​ထဲ​သို့ မ​ဝင်​နှင့်။ ဆိုး​ယုတ်​သော​သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 15,
      "text": "သူ​တို့​လမ်း​ကို ကြဉ်​ရှောင်​လော့။ လိုက်​မ​သွား​နှင့်။ လွှဲ၍​သွား​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 16,
      "text": "သူ​တို့​သည် သူ​တစ်​ပါး၌ အ​ပြစ်​မ​ပြု​ရ​လျှင် မ​အိပ်​တတ်။ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လဲ​စေ​လျှင် အိပ်၍​မ​ပျော်​တတ်။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 17,
      "text": "ဒု​စ​ရိုက်​နှင့်​ဆိုင်​သော မုန့်​ကို​စား၍ ညှဉ်း​ဆဲ​ခြင်း​နှင့်​ဆိုင်​သော စ​ပျစ်​ရည်​ကို သောက်​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 18,
      "text": "ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​သည် တက်​သော​အ​ရုဏ်​ကဲ့​သို့​ဖြစ်၍၊ နေ​ထွက်​သည်​တိုင်​အောင် တိုး​ပွား​ထွန်း​လင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 19,
      "text": "မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 20,
      "text": "ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို နား​သွင်း​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 21,
      "text": "သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​နှင့်။ နှ​လုံး​တွင်း၌ စောင့်​ထား​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 23,
      "text": "နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 24,
      "text": "ကောက်​သော​စ​ကား​တို့​ကို​လည်း​ကောင်း၊ ငြင်း​ဆန်​တတ်​သော​နှုတ်​ခမ်း​တို့​ကို​လည်း​ကောင်း ဝေး​စွာ​ပယ်​ရှောင်​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 25,
      "text": "သင်၏​မျက်​စိ​သည်​ရှေ့​ရှု​ကြည့်၍၊ မျက်​ခမ်း​တို့​သည် တည့်​တည့်​အာ​ရုံ​ပြု​စေ​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 26,
      "text": "သင်​သွား​ရာ​လမ်း​ကို စူး​စမ်း၍၊ သွား​လေ​ရာ​ရာ၌ တည်​ကြည်​ခြင်း​ရှိ​စေ​လော့။"
    },
    {
      "book": 20,
      "chapter": 4,
      "verse": 27,
      "text": "လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​တိမ်း​မ​လွှဲ​နှင့်။ ဒု​စ​ရိုက်​ပြု​ရာ​လမ်း​ကို​ရှောင်​လော့။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 1,
      "text": "ငါ့​သား၊ သင်​သည် သ​မ္မာ​သ​တိ​ရှိ၍၊ သင့်၏​နှုတ်​ခမ်း​သည် သိ​ပ္ပံ​အ​တတ်​ကို စောင့်​မည်​အ​ကြောင်း၊ ငါ့​ပ​ညာ​ကို မှတ်​ကျုံး၍၊ ငါ​ပေး​သော​ဉာဏ်​သို့ သင့်​နား​ကို​လှည့်​လော့။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့ ယို​တတ်၍၊ သူ​ပြော​သော​စ​ကား​သည် ဆီ​ထက်​ချော​သော်​လည်း၊"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 4,
      "text": "အ​ဆုံး၌​ကား၊ သူ​သည် ဘင်း​ခါး​ရွက်​ကဲ့​သို့​ခါး၍၊ သန်​လျက်​နှင့်​အ​မျှ ထက်၏။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 5,
      "text": "သူ၏​ခြေ​တို့​သည် သေ​ခြင်း​သို့​ဆင်း၍၊ သူ​သွား​ရာ​လမ်း​သည် မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 6,
      "text": "သင်​သည် အ​သက်​လမ်း​ကို​မ​ဆင်​ခြင်​ရ​အောင်၊ သူ့​ထုံး​စံ​ဓ​လေ့​တို့​သည် တ​ရွေ့​ရွေ့​ပြောင်း​လဲ​သ​ဖြင့်၊ သင်​သည် နား​မ​လည်​နိုင်​ရ။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 7,
      "text": "သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ​ဟော​ပြော​ချက်​တို့​ကို မ​ပယ်​ကြ​နှင့်။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 8,
      "text": "ထို​သို့​သော​မိန်း​မ​ကို ဝေး​စွာ​ရှောင်​သွား​လော့။ သူ့​နေ​ရာ တံ​ခါး​ဝ​သို့​မ​ချဉ်း​နှင့်။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 9,
      "text": "သို့​မ​ဟုတ် သင်​သည် ကိုယ်​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး၌​လည်း​ကောင်း၊ ကိုယ်​အ​သက်​ကို ကြမ်း​တမ်း​သော သူ​တို့၌​လည်း​ကောင်း​အပ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 10,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​စည်း​စိမ်​နှင့် ပြည့်​ဝ​ကြ​လိမ့်​မည်။ သင်​လုပ်၍ ရ​သော​ဥ​စ္စာ​သည် တစ်​ပါး​အ​မျိုး​သား​အိမ်​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 11,
      "text": "နောက်​ဆုံး၌ သင့်​အ​သား၊ သင့်​ကိုယ်​ကာ​ယ​ဆွေး​မြေ့​သော​အ​ခါ၊"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 12,
      "text": "ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 13,
      "text": "ငါ့​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​အား သွန်​သင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ခံ​ဘဲ​နေ​လေ​ပြီ​တ​ကား။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 14,
      "text": "စည်း​ဝေး​သော​ပ​ရိသတ်​များ​အ​လယ်၌ ဒု​စ​ရိုက်​မျိုး​ကို ကုန်​စင်​လု​သည်​တိုင်​အောင် ငါ​ပြု​လေ​ပြီ​တ​ကား​ဟု မြည်​တမ်း​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 15,
      "text": "ကိုယ်​ဆိုင်​သော ရေ​အိုး​ကို​သုံး၍၊ ကိုယ်​ရေ​တွင်း​ထဲ​က ထွက်​သော​စမ်း​ရေ​ကို သောက်​လော့။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 16,
      "text": "သင်၏​စမ်း​ရေ​များ​ပြား၍၊ လမ်း​များ​အ​နား​မှာ စီး​သော​မြစ်​များ ဖြစ်​စေ​လော့။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 17,
      "text": "တစ်​ပါး​အ​မျိုး​သား​နှင့် ပေါင်း​ဖက်၍ မ​ဆိုင်​စေ​ဘဲ၊ ကိုယ်​တစ်​ပါး​တည်း​သာ ဆိုင်​စေ​လော့။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 18,
      "text": "သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 19,
      "text": "သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 20,
      "text": "ငါ့​သား၊ သင်​သည် အ​မျိုး​ပျက်​သော​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် ယစ်​မူး​သ​နည်း။ ပြည့်​တန်​ဆာ​မ၏​ရင်​ပတ်​ကို အ​ဘယ်​ကြောင့် ဖက်​ယမ်း​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 21,
      "text": "လူ​သွား​လာ​သ​မျှ​သော​လမ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မျက်​မှောက်​တော်၌​ရှိ​ကြ၍၊ သွား​လာ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့​ကို စူး​စမ်း​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 22,
      "text": "အ​ဓ​မ္မ​လူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ဖြင့်​ဖမ်း​မိ​ခြင်း၊ မိ​မိ​အ​ပြစ်​ကြိုး​တို့​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 5,
      "verse": 23,
      "text": "သူ​သည် အ​လွန်​မိုက်​သော​ကြောင့် မှား​ယွင်း၍၊ သွန်​သင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​သွား​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 1,
      "text": "ငါ့​သား၊ သင်​သည် အ​ဆွေ​ခင်​ပွန်း​အ​တွက် အာ​မ​ခံ​မိ​သော်​လည်း​ကောင်း၊ သူ​တစ်​ပါး​နှင့် လက်​ဝါး​ချင်း ရိုက်​မိ​သော်​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 2,
      "text": "ကိုယ်​နှုတ်​ထွက်​စ​ကား​ဖြင့် ကျော့​မိ​ပြီ။ ကိုယ်​ပြော​သော​စ​ကား​ကြောင့် အ​မှု​ရောက်​လေ​ပြီ။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 3,
      "text": "ငါ့​သား၊ သင်​သည် အ​ဆွေ​ခင်​ပွန်း​လက်​သို့ ရောက်​မိ​လျှင်၊ ကိုယ်​ကို​နုတ်​အံ့​သော​ငှာ အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ဆွေ​ခင်​ပွန်း​ထံ​သို့​သွား၍၊ ကိုယ်​ကို​နှိမ့်​ချ​လျက် သူ့​ကို​နှိုး​ဆော်​လော့။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 4,
      "text": "အိပ်​မ​ပျော်​နှင့်။ မျက်​စိ​မှိတ်၍ မ​ငိုက်​နှင့်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 5,
      "text": "မု​ဆိုး​လက်​မှ သ​မင်​ဒ​ရယ်​ကို​လည်း​ကောင်း၊ ငှက်​ကို​လည်း​ကောင်း နုတ်​ရ​သ​ကဲ့​သို့ ကိုယ်​ကို​နုတ်​လော့။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 6,
      "text": "အ​ချင်း​လူ​ပျင်း၊ ပု​ရွက်​ဆိတ်​ထံ​သို့ သွား၍၊ သူ၏​အ​ပြု​အ​မူ​တို့​ကို ဆင်​ခြင်​သ​ဖြင့် ပ​ညာ​ရှိ​စေ​လော့။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 7,
      "text": "ပု​ရွက်​ဆိတ်​သည် ဆ​ရာ​မ​ရှိ၊ ပဲ့​ပြင်​သော​သူ​မ​ရှိ၊ မင်း​မ​ရှိ​ဘဲ​လျက်၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 8,
      "text": "နွေ​ကာ​လ​နှင့် စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိ​မိ​စား​စ​ရာ​အ​စာ​ကို ရှာ​ဖွေ​သို​ထား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 9,
      "text": "အို​လူ​ပျင်း၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​အိပ်​လျက် နေ​လိမ့်​မည်​နည်း။ အ​ဘယ်​သော​အ​ခါ နိုး​လိမ့်​မည်​နည်း။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 10,
      "text": "ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​အံ့​သော​ငှာ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 11,
      "text": "ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 12,
      "text": "ဆိုး​ယုတ်​သော​သူ​နှင့် မ​တ​ရား​သော​သူ​သည် ကောက်​လိမ်​သော​စ​ကား၌ ကျင်​လည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 13,
      "text": "မျက်​တောင်​ခတ်​လျက်၊ ခြေ​ဖြင့် အ​မှတ်​ပေး​လျက်၊ လက်​ချောင်း​တို့​ဖြင့် သွန်​သင်​လျက် ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 14,
      "text": "ကောက်​သော​စိတ်​သ​ဘော​နှင့် ပြည့်​စုံ၍၊ မ​ကောင်း​သော​အ​ကြံ​ကို အ​စဉ် ကြံ​စည်​တတ်၏။ သူ​တစ်​ပါး​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 15,
      "text": "ထို​ကြောင့် သူ​သည် အ​မှတ်​တ​မဲ့​အ​မှု​ရောက်၍၊ ကိုး​ကွယ်​ရာ​မ​ရ​ဘဲ ချက်​ချင်း​ကျိုး​ပဲ့​ပျက်​စီး​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​မုန်း​တော်​မူ​သော​အ​ရာ ခြောက်​ပါး​မ​က၊ စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​အ​ရာ ခု​နစ်​ပါး​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 17,
      "text": "ထောင်​လွှား​သော မျက်​နှာ​တစ်​ပါး၊ မု​သား၌ ကျင်​လည်​သော​လျှာ​တစ်​ပါး၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို​သတ်​သော လက်​တစ်​ပါး၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 18,
      "text": "မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော​နှ​လုံး​တစ်​ပါး၊ အ​ပြစ်​ပြု​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​တတ်​သော ခြေ​တစ်​ပါး၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 19,
      "text": "မု​သား​စ​ကား​ကို​ပြော၍ မ​မှန်​သော​သက်​သေ​တစ်​ပါး၊ အ​ပေါင်း​အ​ဖော်​ချင်း ရန်​တွေ့​စေ​ခြင်း​ငှာ ပြု​တတ်​သော​သူ တစ်​ပါး​တည်း။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 20,
      "text": "ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 21,
      "text": "နှ​လုံး​ပေါ်​မှာ အ​မြဲ​ချည်၍ လည်​ပင်း၌ ဆွဲ​ထား​လော့။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 22,
      "text": "သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 24,
      "text": "ဆိုး​သော မိန်း​မ​နှင့်​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ ချော့​မော့​တတ်​သော​နှုတ်​နှင့်​လည်း​ကောင်း လွတ်​စေ​ခြင်း​ငှာ၊ သင့်​ကို​စောင့်​ဖို့​ရာ ဖြစ်​သ​တည်း။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 25,
      "text": "ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ ပြည့်​တန်​ဆာ​မ​ကို မှီ​ဝဲ​သော​ယောက်ျား​သည် ဆင်း​ရဲ၍၊ မုန့်​တစ်​လုံး​ကို​သာ​ရ​တတ်၏။ မျောက်​မ​ထား​သော မိန်း​မ​သည်​လည်း မြတ်​သော​အ​သက်​ကို​ဖမ်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 27,
      "text": "လူ​သည် အ​ဝတ်​မ​လောင်​ဘဲ မီး​ကို ပိုက်​ဖက်​နိုင်​သ​လော။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 28,
      "text": "ခြေ​မ​လောင်​ဘဲ မီး​ခဲ​ပေါ်​မှာ နင်း​နိုင်​သ​လော။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 29,
      "text": "သူ့​မ​ယား​ထံ​သို့ ဝင်​သော​သူ​သည် ထို​နည်း​တူ​ဖြစ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့် မ​ကင်း​မ​လွတ်​နိုင်​ရာ၊"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 30,
      "text": "မွတ်​သိပ်​သော​စိတ်​ပြေ​စေ​ခြင်း​ငှာ၊ ခိုး​သော​သူ​ပင် အ​ပြစ်​မ​လွတ်​ရ။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 31,
      "text": "တွေ့​မိ​လျှင် ခု​နစ်​ဆ​ပြန်​ပေး​ရ​မည်။ ကိုယ်​အိမ်၌ ရှိ​သ​မျှ​သော ဥ​စ္စာ​တို့​ကို လျော်​ရ​မည်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 32,
      "text": "သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​သည် ဉာဏ်​မ​ရှိ။ ထို​သို့ ပြု​သော​သူ​သည် မိ​မိ​အ​သက်​ကို ဖျက်​ဆီး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 33,
      "text": "နာ​ကျင်​စွာ​ထိ​ခိုက်​ခြင်း​နှင့် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၏​အ​ရှက်​ကွဲ​ခြင်း​သည် မ​ပြေ​နိုင်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 34,
      "text": "အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် မ​ယား​ကို​မ​ယုံ​သော​စိတ်​ရှိ​လျှင်၊ ပြင်း​ထန်​စွာ အ​မျက်​ထွက်​တတ်၏။ အ​ပြစ်​ပေး​ချိန် ရောက်​သော​အ​ခါ သ​နား​ခြင်း​မ​ရှိ​တတ်။"
    },
    {
      "book": 20,
      "chapter": 6,
      "verse": 35,
      "text": "လျော်​ပြစ်​ငွေ​မည်​မျှ​ကို ပ​မာ​ဏ​မ​ပြု​တတ်။ များ​စွာ​သော​လက်​ဆောင်​တို့​ကို ပေး​သော်​လည်း စိတ်​မ​ပြေ​တတ်။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 1,
      "text": "ငါ့​သား၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ငါ့​ပ​ညတ်​တို့​ကို သင်၌​သို​ထား​လော့။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 2,
      "text": "ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ အ​သက်​ရှင်​လော့။ ငါ​ပေး​သော​တ​ရား​ကို ကိုယ်​မျက်​ဆန်​ကဲ့​သို့​စောင့်​လော့။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 3,
      "text": "သင်၏​လက်​ချောင်း​တို့၌ ချည်​ထား၍၊ သင်၏ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​မှတ်​လော့။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 4,
      "text": "ပ​ညာ​ကို ကိုယ်​နှ​မ​ဟူ၍​လည်း​ကောင်း၊ ဉာဏ်​ကို ကိုယ်​ပေါက်​ဖော်​ဟူ၍​လည်း​ကောင်း​ခေါ်​လော့။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 5,
      "text": "သို့​ပြု​လျှင် သူ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့် ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​လက်​မှ သင့်​ကို ကယ်​တင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 6,
      "text": "ငါ့​အိမ်​ပြတင်း​ရွက်​ကြား​မှ ငါ​ကြည့်၍ မြင်​ရ​သော​အ​မှု​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 7,
      "text": "ဉာဏ်​တိမ်​သော အ​မျိုး​သား​ချင်း​စု​ကို ငါ​ကြည့်​ရှု​စဉ်​တွင်၊ ဉာဏ်​မ​ရှိ​သော လူ​ပျို​တစ်​ယောက်​သည်၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 8,
      "text": "ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ထောင့် အ​နား​သို့​လျှောက်​သွား​သ​ဖြင့်၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 9,
      "text": "မိုး​ချုပ်၍ ညဉ့်​ဦး​အ​ချိန်၊ ညဉ့်​နက်​သော​အ​ချိန်​ရောက်​သော​အ​ခါ၊ ထို​မိန်း​မ​နေ​ရာ​လမ်း​သို့ လိုက်​လေ၏။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 10,
      "text": "ပြည့်​တန်​ဆာ​အ​ဝတ်​ကို​ဝတ်၍၊ ဆန်း​ပြား​သော မိန်း​မ​သည် ထို​သူ​ကို ကြို​ဆို၏။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 11,
      "text": "ထို​မိန်း​မ​သည် ကျယ်​သော​အ​သံ​နှင့် ခိုင်​မာ​သော စိတ်​သ​ဘော​ရှိ၏။ ကိုယ်​အိမ်၌ မ​နေ၊ လည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 12,
      "text": "ခ​ဏ​အိမ်​ပြင်၊ ခ​ဏ​လမ်း​ထဲ​မှာ နေ​လျက်၊ လမ်း​ထောင့်​အ​ရပ်​ရပ်၌ ချောင်း​မြောင်း၍ ကြည့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 13,
      "text": "ထို​လူ​ပျို​ကို တွေ့​သော​အ​ခါ၊ ရဲ​သော​မျက်​နှာ​နှင့် ဖမ်း​ဖက်​နမ်း​ရှုပ်​လျက်၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 14,
      "text": "ငါ၌ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​ရှိ၏။ ယ​နေ့ ငါ့​က​တိ​ဝတ်​ကို ငါ​ဖြေ​ပြီ။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 15,
      "text": "ထို​ကြောင့် သင့်​ကို ကြို​ဆို​အံ့​သော​ငှာ ငါ​ထွက်​လာ​ပြီ။ သင့်​မျက်​နှာ​ကို ကြိုး​စား​ရှာ၍​တွေ့​ပြီ။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 16,
      "text": "ငါ့​ခု​တင်​ကို ချယ်​လှယ်​သော အိပ်​ရာ​ခင်း​နှင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပိတ်​ချော​နှင့်​လည်း​ကောင်း​ပြင်​ဆင်​ပြီ။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 17,
      "text": "ငါ့​မွေ့​ရာ​ကို မု​ရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​နှင့် ထုံ​ပြီ။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 18,
      "text": "လာ​ပါ၊ မိုး​လင်း​သည်​တိုင်​အောင် ကာ​မ​ရာ​ဂ​စိတ်​ကို ဖြေ​ကြ​ကုန်​အံ့။ မေ​ထုန်​ပြု၍ မွေ့​လျော်​ကြ​ကုန်​အံ့။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 19,
      "text": "ငါ့​အ​ရှင်​သည် အိမ်​မှာ​မ​ရှိ။ ငွေ​အိတ်​ကို​ဆောင်​လျက် ဝေး​သော​အ​ရပ်​သို့ သွား​ပြီ။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 20,
      "text": "ပွဲ​နေ့​ရောက်​မှ​သာ ပြန်​လာ​လိမ့်​မည်​ဟု၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 21,
      "text": "ချစ်​ဖွယ်​သော စ​ကား​နှင့် ထို​သူ​ကို သွေး​ဆောင်၍ ချော့​မော့​တတ်​သော နှုတ်​ခမ်း​နှင့် နိုင်​သ​ဖြင့်၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 22,
      "text": "နွား​သည် အ​သေ​ခံ​ရာ​သို့​လိုက်​သ​ကဲ့​သို့​လည်း​ကောင်း၊ သ​မင်​ဒ​ရယ်​သည် မိ​မိ​အ​သည်း၌ မြား​မ​ထိုး​မီ​တိုင်​အောင်၊ ဖမ်း​မိ​ရာ​ထဲ​သို့ ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 23,
      "text": "ငှက်​သည် မိ​မိ​အ​သက်​ဆုံး​စေ​ခြင်း​ငှာ ထောင်​မှန်း​ကို​မ​ရိပ်​မိ​ဘဲ၊ ကျော့​ကွင်း​ထဲ​သို့ အ​လျင်​အ​မြန် ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊ လူ​ပျို​သည် ထို​မိန်း​မ​နောက်​သို့ ချက်​ချင်း​လိုက်​သွား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 24,
      "text": "သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ​ဟော​ပြော​ချက်​တို့​ကို မှတ်​ကျုံး​ကြ​လော့။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 25,
      "text": "ထို​သို့​သော မိန်း​မ​နေ​ရာ​လမ်း​ကို စိတ်​မ​ငဲ့​ကွက်​နှင့်။ သူ​ကျင်​လည်​သော လမ်း​ခ​ရီး​သို့ လွှဲ၍​မ​လိုက်​နှင့်။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​သည် စစ်​သူ​ရဲ​အ​များ​တို့​ကို လှဲ​လေ​ပြီ။ ခွန်​အား​ကြီး​သော သူ​အ​များ​တို့​ကို သတ်​လေ​ပြီ။"
    },
    {
      "book": 20,
      "chapter": 7,
      "verse": 27,
      "text": "သူ၏​အိမ်​သည် သေ​မင်း၏​ဘုံ​ဗိ​မာန်​သို့​ဆင်း၍၊ မ​ရ​ဏ​နိုင်​ငံ​သို့ ရောက်​သော​လမ်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 1,
      "text": "ဉာဏ်​ပ​ညာ​သည်​ခေါ်၍ မိ​မိ​အ​သံ​ကို လွှင့်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 2,
      "text": "မြင့်​သော​အ​ရပ်​ထိပ်၌​လည်း​ကောင်း၊ လမ်း​ခ​ရီး​အ​နား၌​လည်း​ကောင်း ရပ်​နေ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 3,
      "text": "ကြီး​သော​တံ​ခါး​ဝ၊ မြို့​တံ​ခါး၊ အိမ်​တံ​ခါး​ဝ​မှာ​ကြွေး​ကြော်၍၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 4,
      "text": "အ​ချင်း​လူ​တို့၊ သင်​တို့​အား ငါ​ခေါ်၏။ လူ​သား​တို့​အား အ​သံ​ကို​ငါ​လွှင့်၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 5,
      "text": "ဉာဏ်​တိမ်​သော​သူ​တို့၊ ပ​ညာ​တ​ရား​ကို နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ ထိုး​ထွင်း​သော​ဉာဏ်​ရှိ​ကြ​လော့။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 6,
      "text": "နား​ထောင်​ကြ။ မြတ်​သော​စ​ကား​ကို ငါ​ပြော​မည်။ မှန်​သော​တ​ရား​စ​ကား​ကို ငါ​နှုတ်​မြွက်​မည်။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 7,
      "text": "ငါ့​နှုတ်​ထွက်​စ​ကား​သည် သ​မ္မာ​တ​ရား​နှင့်​သာ​ဆိုင်၍၊ ငါ့​နှုတ်​ခမ်း​တို့​သည် ဒု​စ​ရိုက်​ကို​စက်​ဆုပ်​ရွံ​ရှာ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 8,
      "text": "ငါ​ဟော​ပြော​သ​မျှ​သော စ​ကား​တို့​သည်​ဖြောင့်​မတ်၍၊ ကောက်​သော​သ​ဘော၊ ဖောက်​ပြန်​သော​သ​ဘော​နှင့် ကင်း​စင်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 9,
      "text": "နား​လည်​သော​သူ၌ အ​လုံး​စုံ​ရှင်း​လင်း၍၊ ပ​ညာ​ကို​ရ​သော သူ​တို့​အား​ဟုတ်​မှန်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 10,
      "text": "ငွေ​အ​ရင်၊ ငါ့​နည်း​ကို​လည်း​ကောင်း၊ မြတ်​သော​ရွှေ​အ​ရင်၊ ပ​ညာ​အ​တတ်​ကို​လည်း​ကောင်း ခံ​ယူ​ကြ​လော့။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍​မြတ်၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 12,
      "text": "ငါ့​ဉာဏ်​ပ​ညာ​သည် သ​မ္မာ​သ​တိ​နှင့်​ပေါင်း၍၊ လိ​မ္မာ​သော သိ​ပ္ပံ​အ​တတ်​များ​ကို​ဖော်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 14,
      "text": "အ​ကြံ​ပေး​နိုင်​သော​အ​ခွင့်​နှင့် ပ​ညာ​ရ​တ​နာ​သည် ငါ၌​ရှိ၏။ ငါ​သည် ဉာဏ်​ဖြစ်၍ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 15,
      "text": "ငါ့​အား​ဖြင့် ရှင်​ဘု​ရင်​တို့​သည် စိုး​စံ​ရ​သော​အ​ခွင့်၊ မင်း​အ​ရာ​ရှိ​တို့​သည် ဆုံး​ဖြတ်​ရ​သော​အ​ခွင့် ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 16,
      "text": "ငါ့​အား​ဖြင့် မင်း​သား၊ မှူး​မတ်၊ တ​ရား​သူ​ကြီး​အ​ပေါင်း​တို့​သည် အ​စိုး​ရ​သော​အ​ခွင့်​ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 17,
      "text": "ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 18,
      "text": "ငါ၌​စည်း​စိမ်​နှင့် ဂုဏ်​အ​သ​ရေ​ရှိ၏။ မြဲ​သော​စည်း​စိမ်​နှင့် ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 19,
      "text": "ငါ​ပေး​သော​အ​ကျိုး​သည် ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက်​သာ၍​မြတ်၏။ ငါ​ကြောင့်​ရ​သော အ​ခွန်​ဘ​ဏ္ဍာ သည် ငွေ​တော်​ထက်​သာ၍​မြတ်၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 20,
      "text": "ငါ​သည် ဖြောင့်​မတ်​ခြင်း​လမ်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​လမ်း​အ​လယ်၌ လျှောက်​သွား​သည်​ဖြစ်၍၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 21,
      "text": "ငါ့​ကို​ချစ်​သော​သူ​တို့​သည် အ​မွေ​ခံ​ရ​သော အ​ခွင့်​နှင့်၊ သူ​တို့​ဘ​ဏ္ဍာ​တိုက် ပြည့်​ဝ​စေ​သော အ​ခွင့်​ကို ငါ​ပေး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ရှေး​အ​မှု​တော်​ကို​မ​ပြု​မီ ထွက်​ကြွ​တော်​မူ​စ​က​ပင် ငါ့​ကို​ပိုင်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 23,
      "text": "မြေ​ကြီး​မ​ဖြစ်​မီ၊ ရှေ့​ဦး​စွာ​သော​ကာ​လ၊ အ​န​န္တ​ကာ​လ​မှ​စ၍ ငါ​သည် ဘိ​သိက်​ခံ​ပြီ။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 24,
      "text": "နက်​နဲ​သော​ပင်​လယ်​မ​ဖြစ်၊ ရေ​နှင့်​ကြွယ်​ဝ​သော စမ်း​ရေ​တွင်း​မ​ဖြစ်​မီ ငါ့​ကို​ဖြစ်​ဖွား​စေ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 25,
      "text": "တောင်​ကြီး​မ​တည်၊ တောင်​ငယ်​မ​ဖြစ်​မီ၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 26,
      "text": "မြေ​ကြီး​နှင့် လယ်​တော​များ​ကို​မ​ဖန်​ဆင်း၊ အ​ဦး​ဆုံး​သော မြေ​မှုန့်​ကို​မျှ မ​ဖန်​ဆင်း​မီ၊ ငါ့​ကို​ဖြစ်​ဖွား​စေ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 27,
      "text": "မိုး​ကောင်း​ကင်​ကို ပြင်​တော်​မူ​သော​အ​ခါ ငါ​ရှိ၏။ သ​မု​ဒ္ဒ​ရာ​မျက်​နှာ​ပြင်ကို သတ်​မှတ်​သော​အ​မှု၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 28,
      "text": "အ​ထက်​မိုး​တိမ်​ကို တည်​စေ​သော​အ​မှု၊ နက်​နဲ​သော​အ​ရပ်၌ စမ်း​ရေ​ပေါက်​တို့​ကို ခိုင်​ခံ့​စေ​သော​အ​မှု၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 29,
      "text": "သ​မု​ဒ္ဒ​ရာ၌ ကန့်​ကွက်​သော အ​ပိုင်း​အ​ခြား​ကို ရေ​မ​လွှမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​သော​အ​မှု၊ မြေ​ကြီး​တိုက်​မြစ်​တည်​သော အ​မှု​တို့​ကို​ပြီး​စီး​စေ​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 30,
      "text": "ငါ​သည် ကျွေး​မွေး​တော်​မူ​သော​သား​ကဲ့​သို့၊ အ​ထံ​တော်​ပါး​တွင်​နေ၍၊ အ​စဉ်​မ​ပြတ်​မွေ့​လျော်​တော်​မူ​ရာ​ဖြစ်၏။ ရှေ့​တော်၌ အ​စဉ်​မ​ပြတ်​က​စား​လျက်၊"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 31,
      "text": "ဖန်​ဆင်း​တော်​မူ​သော မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ရွှင်​လန်း​လျက်၊ လူ​သား​တို့​နှင့်​ပေါင်း​ဖော်၍ ပျော်​ပါး​လျက်​နေ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 32,
      "text": "သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ၏​လမ်း​များ​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 33,
      "text": "ငါ​ဆုံး​မ​ခြင်း​ကို မ​ပယ်​ကြ​နှင့်။ နား​ထောင်၍ ပ​ညာ​ရှိ​ကြ​လော့။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 34,
      "text": "ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 35,
      "text": "ငါ့​ကို​ရှာ၍​တွေ့​သော​သူ​သည် အ​သက်​ကို​တွေ့၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို​လည်း​ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 8,
      "verse": 36,
      "text": "ငါ့​ကို​ပြစ်​မှား​သော​သူ​မူ​ကား၊ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြစ်​မှား၏။ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် သေ​ခြင်း​ကို ချစ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 1,
      "text": "ဉာဏ်​ပ​ညာ​သည် အိမ်​တိုင်​ခု​နစ်​တိုင်​ကို​ခုတ်၍၊ မိ​မိ​နေ​ရာ​အိမ်​ကို ဆောက်​လေ​ပြီ။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 2,
      "text": "သူ၏​အ​ကောင်​များ​ကို သတ်၍၊ စ​ပျစ်​ရည်​ကို ဖော်​ပြီး​မှ စား​ပွဲ​ကို ခင်း​လေ​ပြီ။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 3,
      "text": "ကျွန်​မ​တို့​ကို စေ​လွှတ်၍၊ မြို့​တွင် အ​မြင့်​ဆုံး​သော​အ​ရပ်​တို့၌ ကြွေး​ကြော်​လေ​သည်​ကား၊"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 4,
      "text": "ဉာဏ်​တိမ်​သော​သူ​သည် ဤ​အ​ရပ်​သို့​ဝင်​စေ။ အို ပ​ညာ​မ​ရှိ​သော​သူ၊"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 5,
      "text": "လာ​လော့။ ငါ့​မုန့်​ကို​စား​လော့။ ငါ​ဖော်​သော စ​ပျစ်​ရည်​ကို သောက်​လော့။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 6,
      "text": "မိုက်​သော​သူ​ကို ရှောင်၍ အ​သက်​ချမ်း​သာ​ရ​လော့။ ပ​ညာ​လမ်း​သို့ လိုက်​လော့​ဟု ဆို​သ​တည်း။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 7,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို ဆုံး​မ​သော​သူ​သည် အ​ရှက်​ကွဲ​ခြင်း​ကို​လည်း​ကောင်း၊ လူ​ဆိုး​ကို အ​ပြစ်​ပြ​သော​သူ​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 8,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို မ​ဆုံး​မ​နှင့်။ သင့်​ကို​မုန်း​လိမ့်​မည်။ ပ​ညာ​ရှိ​ကို​အ​ပြစ်​ပြ​လော့။ သူ​သည် သင့်​ကို​ချစ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 9,
      "text": "ပ​ညာ​ရှိ​သော​သူ​ကို​ဆုံး​မ​လျှင်၊ သူ​သည် သာ၍​ပ​ညာ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို သွန်​သင်​လျှင်၊ သူ​သည် သိ​ပ္ပံ​အ​တတ် တိုး​ပွား​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​မူ​လ​အ​မြစ်​ဖြစ်၏။ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို သိ​ကျွမ်း​သော​သ​ဘော​သည် ဉာဏ်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ့​ကို​အ​မှီ​ပြု၍၊ သင်၏​နေ့​ရက်​ကာ​လ​နှင့် အ​သက်​အ​ပိုင်း​အ​ခြား နှစ်​ပေါင်း​ကာ​လ​တိုး​ပွား​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 12,
      "text": "သင်​သည် ပ​ညာ​ရှိ​လျှင်၊ ကိုယ်​တိုင်​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ မ​ထီ​မဲ့​မြင်ပြု​လျှင် ကိုယ်​တိုင်​သာ​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 13,
      "text": "မိုက်​သော​မိန်း​မ​သည် စ​ကား​သံ​ကျယ်၍ ဉာဏ်​တိမ်​သ​ဖြင့် အ​လျှင်း​မ​သိ​တတ်။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 14,
      "text": "မိ​မိ​အိမ်​တံ​ခါး​နား​တွင် မြို့​မြင့်​ရာ​အ​ရပ် အ​နေ​အ​ထိုင်​ပေါ်​မှာ​ထိုင်​လျက်၊"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 15,
      "text": "လမ်း၌​တည့်​တည့် ခ​ရီး​သွား​သော​သူ​တို့​ကို​ခေါ်၍၊"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 16,
      "text": "ဉာဏ်​တိမ်​သော​သူ​သည် ဤ​အ​ရပ်​သို့​ဝင်​စေ။ အို ပ​ညာ​မ​ရှိ​သော​သူ၊"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 17,
      "text": "ခိုး​သော​ရေ​သည်​ချို၏။ တိတ်​ဆိတ်​စွာ​စား​သော​မုန့်​လည်း​မြိန်​သည်​ဟု ဆို​တတ်၏။"
    },
    {
      "book": 20,
      "chapter": 9,
      "verse": 18,
      "text": "ထို​အ​ရပ်၌ သင်္ချိုင်း​သား​ရှိ​ကြောင်း၊ ထို​မိန်း​မ၏​ဧည့်​သည်​တို့​သည် မ​ရ​ဏ​နိုင်​ငံ​အ​နက်​ဆုံး၌​နေ​ကြောင်း​ကို ထို​ယောက်ျား​သည် မ​သိ​မ​မှတ်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 1,
      "text": "ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 2,
      "text": "မ​တ​ရား​သော ဥ​စ္စာ​ဘ​ဏ္ဍာ​သည် အ​ကျိုး​မ​ရှိ။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 3,
      "text": "ဖြောင့်​မတ်​သော​သူ​ကို ငတ်၍​သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။ မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ကား ဖျက်​ဆီး​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 4,
      "text": "ပျင်း​ရိ​သော​သူ​သည် ဆင်း​ရဲ​ခြင်း၊ လုံ့​လ​ဝိ​ရိ​ယ​ရှိ​သော​သူ​သည် ကြွယ်​ဝ​ခြင်း​သို့​ရောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 5,
      "text": "အ​သီး​သီး​သော​အ​ချိန်၌ သိမ်း​ယူ​သော​သူ​သည် ပ​ညာ​ရှိ​သော​သား​ဖြစ်၏။ စ​ပါး​ရိတ်​ရာ​ကာ​လ၌ အိပ်​တတ်​သော​သူ​မူ​ကား၊ အ​ရှက်​ခွဲ​တတ်​သော​သား​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 6,
      "text": "တ​ရား​သော​သူ၏​ခေါင်း​ပေါ်​မှာ မင်္ဂ​လာ​သက်​ရောက်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​ကို​ကား ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် ပိတ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 7,
      "text": "တ​ရား​သော​သူ​ကို အောက်​မေ့​သော​အ​ခါ ကောင်း​ချီး​ပေး​တတ်၏။ မ​တ​ရား​သော​သူ၏ နာ​မ​မူ​ကား​ပုပ်​ပျက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 8,
      "text": "လိ​မ္မာ​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ခံ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား​ဆုံး​ရှုံး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 9,
      "text": "ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 10,
      "text": "မျက်​စိ​မှိတ်​သော​သူ​သည် စိတ်​ကို ပူ​စေ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား ဆုံး​ရှုံး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 11,
      "text": "ဖြောင့်​မတ်​သော​သူ၏ နှုတ်​သည် အ​သက်​ရေ​တွင်း​ဖြစ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​ကို​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် ပိတ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 12,
      "text": "မုန်း​သော​စိတ်​သည် ရန်​တွေ့​ရာ​သို့ တိုက်​တွန်း​တတ်၏။ ချစ်​သော​စိတ်​မူ​ကား၊ ခပ်​သိမ်း​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 13,
      "text": "ဉာဏ်​ကောင်း​သော​သူ​သည် ပ​ညာ​စ​ကား​ကို ပြော​တတ်၏။ ဉာဏ်​မဲ့​သော​သူ၏​ကျော​အ​ဖို့​မူ​ကား ကြိမ်​လုံး​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 14,
      "text": "ပ​ညာ​ရှိ​သော​သူ​တို့​သည် ကြား​သိ​သော​အ​ရာ​ကို သိမ်း​ထား​တတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား၊ အ​ကျိုး​နည်း​ခြင်း​နှင့် နီး​စပ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 15,
      "text": "ငွေ​ရ​တတ်​သော​သူ၏​စည်း​စိမ်​သည် သူ၏​ခိုင်​ခံ့​သော​မြို့​ဖြစ်၏။ ဆင်း​ရဲ​သား​တို့၏​ဆင်း​ရဲ​ခြင်း​မူ​ကား၊ သူ​တို့၏ အ​ကျိုး​နည်း​ကြောင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 16,
      "text": "ဖြောင့်​မတ်​သော​သူ၏​အ​လုပ်​အ​ကိုင်​သည် အ​သက်​နှင့်​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​အ​ကျိုး​စီး​ပွား​သည် အ​ပြစ်​နှင့်​လည်း​ကောင်း​ယှဉ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 17,
      "text": "နည်း​ဥ​ပ​ဒေ​သ​ကို စောင့်​ရှောက်​သော​သူ​သည် အ​သက်​လမ်း​သို့ လိုက်​တတ်၏။ ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​သော​သူ​မူ​ကား လမ်း​လွဲ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 18,
      "text": "အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 19,
      "text": "စ​ကား​များ​သော​အား​ဖြင့် အ​ပြစ်​ပါ​တတ်၏။ မိ​မိ​နှုတ်​ကို​ချုပ်​တည်း​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 20,
      "text": "ဖြောင့်​မတ်​သော​သူ၏ လျှာ​သည် ငွေ​စင်​နှင့်​တူ၏။ ဆိုး​သော​သူ၏ နှ​လုံး​မူ​ကား အ​ဖိုး​မ​ထိုက်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 21,
      "text": "ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် လူ​အ​များ​ကို ကျွေး​တတ်၏။ မိုက်​သော​သူ​တို့​မူ​ကား၊ ဉာဏ်​မ​ရှိ​သော​ကြောင့် သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 23,
      "text": "မိုက်​သော​သူ​သည် အ​ပြစ်​ပြု​ရာ၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား ဆင်​ခြင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 24,
      "text": "မ​တ​ရား​သော​သူ ကြောက်​တတ်​သော​အ​မှု​သည် သူ့​အ​ပေါ်​သို့​ရောက်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ တောင့်​တ​သော​အ​ကျိုး​ကို​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 25,
      "text": "မ​တ​ရား​သော​သူ​သည် လွန်​သွား​သော လေ​ပွေ​ကဲ့​သို့ ပျောက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မြဲ​မြံ​သော တိုက်​မြစ်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 26,
      "text": "ပုံး​ရည်​သည် သွား၌​လည်း​ကောင်း၊ မီး​ခိုး​သည် မျက်​စိ၌​လည်း​ကောင်း​ဖြစ်​သ​ကဲ့​သို့၊ ပျင်း​ရိ​သော​သူ​သည် စေ​လွှတ်​သော​သူ၌ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​တာ​ကို ရှည်​စေ​တတ်၏။ မ​တ​ရား​သော​သူ၏ နှစ်​ပေါင်း​ကာ​လ​မူ​ကား တို​တတ်၏။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 28,
      "text": "ဖြောင့်​မတ်​သော​သူ၏​မျှော်​လင့်​ခြင်း​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ဖြစ်၏။ ဆိုး​သော​သူ၏​မျှော်​လင့်​ခြင်း​မူ​ကား ပျောက်​ပျက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သည် ဖြောင့်​မတ်​သော​သူ ခိုင်​ခံ့​ခြင်း​အ​ကြောင်း​ဖြစ်၏။ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 30,
      "text": "ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​မ​ပြတ် နေ​ရာ​မှ​မ​ရွေ့​ရ။ မ​တ​ရား​သော​သူ​မူ​ကား၊ မြေ​ပေါ်​မှာ အ​တည်​မ​ကျ​ရ။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 31,
      "text": "ဖြောင့်​မတ်​သော​သူ၏​နှုတ်​မှ ပ​ညာ​စ​ကား ထွက်​တတ်၏။ ကောက်​လိမ်​သော​လျှာ​မူ​ကား၊ အ​ဖြတ်​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 10,
      "verse": 32,
      "text": "ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် နှစ်​သက်​ဖွယ်​သော​အ​ရာ​ကို သိ​ကျွမ်း​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ဆန့်​ကျင်​သော စ​ကား​ကို ပြော​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 1,
      "text": "မ​မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်၊ မှန်​သော​အ​လေး​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 2,
      "text": "မာ​န​ထောင်​လွှား​သော​အ​ခါ အ​ရှက်​ကွဲ​ခြင်း​ဖြစ်​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့၌​ကား ပ​ညာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 3,
      "text": "ဖြောင့်​သော​သ​ဘော​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ ကောက်​သော​သ​ဘော​မူ​ကား၊ လွန်​ကျူး​သော​သူ​တို့​ကို ဖျက်​ဆီး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 4,
      "text": "အ​မျက်​ဒေါ​သ​ထွက်​သော​ကာ​လ၌ စည်း​စိမ်​ဥ​စ္စာ​သည် အ​ကျိုး​မ​ပေး​နိုင်။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 5,
      "text": "ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် စုံ​လင်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မိ​မိ​မ​တ​ရား​သော​အ​မှု​အား​ဖြင့် ဆုံး​ရှုံး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 6,
      "text": "ဖြောင့်​မတ်​သော​သူ​တို့၏ ဖြောင့်​မတ်​သော​သ​ဘော​သည် သူ​တို့​ကို ကယ်​တင်​တတ်၏။ လွန်​ကျူး​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​အ​ဓ​မ္မ၌ ကျော့​မိ​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 7,
      "text": "ဆိုး​သော​သူ​သည် သေ​သော​အ​ခါ မျှော်​လင့်​ခြင်း​ပျက်​တတ်၏။ မ​တ​ရား​သော​သူ၏ တောင့်​တ​ခြင်း​လည်း ပျက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 8,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ဒု​က္ခ​ထဲ​က​ထွက်​မြောက်၍၊ သူ့​ကိုယ်​စား မ​တ​ရား​သော​သူ​ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 9,
      "text": "အ​ဓ​မ္မ​လူ​သည် မိ​မိ​နှုတ်​ဖြင့် မိ​မိ​အိမ်​နီး​ချင်း​ကို​ဖျက်​တတ်၏။ တ​ရား​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​အား​ဖြင့် အ​မှု​လွတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 10,
      "text": "တ​ရား​သော​သူ​သည် ကောင်း​စား​သော​အ​ခါ တစ်​မြို့​လုံး​ဝမ်း​မြောက်​ခြင်း​ရှိ၏။ မ​တ​ရား​သော​သူ​သည် ဆုံး​ရှုံး​သော​အ​ခါ​မူ​ကား၊ ကြွေး​ကြော်​ခြင်း​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 11,
      "text": "တ​ရား​သော​သူ​သည် ကောင်း​ချီး​ပေး​သော​အား​ဖြင့် သူ၏​နေ​ရာ​မြို့​သည် ချီး​မြှောက်​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​နှုတ်​ဖြင့် ဖြို​ဖျက်​ခြင်း​သို့​လည်း​ကောင်း ရောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 12,
      "text": "ပ​ညာ​မဲ့​သော​သူ​သည် မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား၊ တိတ်​ဆိတ်​စွာ နေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 13,
      "text": "လည်၍ စ​ကား​များ​စွာ​ပြော​တတ်​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သ​စ္စာ​စောင့်​သော​သူ​မူ​ကား၊ ဝှက်​ထား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 14,
      "text": "အ​ကြံ​ပေး​နိုင်​သော ဉာဏ်​မ​ရှိ​လျှင် ပြည်​သား​တို့​သည် ရှုံး​တတ်၏။ အ​ကြံ​ပေး​နိုင်​သော​သူ အ​များ​ရှိ​လျှင်​မူ​ကား၊ ဘေး​လွတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 15,
      "text": "အ​ကျွမ်း​မ​ဝင်​သော​သူ၏​အ​မှု၌ အာ​မ​ခံ​သော​သူ​သည် အ​လွန်​နာ​လိမ့်​မည်။ လက်​ဝါး​ချင်း​ရိုက်​သော​အ​မှု​ကို မုန်း​သော​သူ​မူ​ကား၊ စိုး​ရိမ်​စ​ရာ​မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 16,
      "text": "နှစ်​သက်​ဖွယ်​သော မိန်း​မ​သည် ဂုဏ်​အ​သ​ရေ​ကို​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော ယောက်ျား​သည် စည်း​စိမ်​ကို​လည်း​ကောင်း​ရ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 17,
      "text": "သ​နား​တတ်​သော​သူ​သည် မိ​မိ​ကိုယ်၌​ကျေး​ဇူး​ပြု​တတ်၏။ ကြမ်း​ကြုတ်​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် နှောင့်​ယှက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 18,
      "text": "မ​တ​ရား​သော​သူ​ပြု​သော​အ​မှု​သည် အ​မြဲ​မ​တည်​တတ်။ ဖြောင့်​မတ်​ခြင်း​တ​ရား​မျိုး​စေ့​ကို ကြဲ​သော​သူ​မူ​ကား၊ မြဲ​မြံ​သော အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 19,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သ​ကဲ့​သို့၊ ဒု​စ​ရိုက်​ကို လိုက်​ရှာ​သော​သူ​သည်​လည်း၊ မိ​မိ​သေ​ခြင်း​တိုင်​အောင် လိုက်​ရှာ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 20,
      "text": "သ​ဘော​ကောက်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 21,
      "text": "လူ​ဆိုး​တို့​သည် အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။ ဖြောင့်​မတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​မူ​ကား လွတ်​ရ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 22,
      "text": "သ​မ္မာ​သ​တိ​မ​ရှိ၊ အ​ဆင်း​လှ​သော​မိန်း​မ​သည် ဝက်​မ​နှာ​ခေါင်း​ဖျား၌​တပ်​သော ရွှေ​တန်​ဆာ​နှင့်​တူ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 23,
      "text": "ဖြောင့်​မတ်​သော​သူ​သည် မြတ်​သော​အ​ရာ​ကို​သာ တောင့်​တ​တတ်၏။ မ​တ​ရား​သော​သူ မျှော်​လင့်​သော​အ​ရာ​မူ​ကား၊ ဒေါ​သ​အ​မျက်​နှင့် ဆိုင်​သ​တည်း။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 24,
      "text": "စွန့်​ကြဲ​သော်​လည်း ဥ​စ္စာ​တိုး​ပွား​တတ်​သော​သူ​ရှိ၏။ အ​ထောက်​မ​တန်​စု​သိမ်း၍ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်​သော​သူ​လည်း​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 25,
      "text": "စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 26,
      "text": "စ​ပါး​ကို သို​ထား​သော​သူ​သည် လူ​များ​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရောင်း​ချ​သော​သူ၏​ခေါင်း၌​မူ​ကား၊ ကောင်း​ချီး​မင်္ဂ​လာ ရှိ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 27,
      "text": "ကောင်း​သော​အ​ရာ​ကို ကြိုး​စား၍​ရှာ​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ သူ့​အ​ကျိုး​ကို​ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သော​သူ​မူ​ကား၊ ကိုယ်​အ​ကျိုး​ပျက်​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 28,
      "text": "မိ​မိ​စည်း​စိမ်​ကို ကိုး​စား​သော​သူ​သည် ရှုံး​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သစ်​ခက်​ကဲ့​သို့ စိမ်း​လန်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 29,
      "text": "မိ​မိ​အိမ်​ကို​နှောင့်​ယှက်​သော​သူ​သည် လေ​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ မိုက်​သော​သူ​သည်​လည်း၊ လိ​မ္မာ​သော​သူ​ထံ၌ ကျွန်​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 30,
      "text": "ဖြောင့်​မတ်​သော​သူ သီး​သော​အ​သီး​သည် အ​သက်​ပင်​အ​သီး​ဖြစ်၏။ သူ​တစ်​ပါး​တို့၏​စိတ်​ဝိ​ညာဉ်​ကို ရ​သော​သူ​သည်​လည်း ပ​ညာ​ရှိ​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 11,
      "verse": 31,
      "text": "ဖြောင့်​မတ်​သော​သူ​သော်​လည်း မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​ဒဏ်​ကို​ခံ​ရ၏။ မ​တ​ရား​သော​သူ​နှင့် အ​ပြစ်​ထင်​ရှား​သော​သူ​ကို​မူ​ကား၊ အ​ဘယ်​ဆို​ဖွယ်​ရာ​ရှိ​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 1,
      "text": "နည်း​ဥ​ပ​ဒေ​ကို ခံ​ချင်​သော​သူ​သည် ပ​ညာ​အ​တတ်​ကို​နှစ်​သက်၏။ ဆုံး​မ​ခြင်း​ကို​မုန်း​သော​သူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 2,
      "text": "သူ​တော်​ကောင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မျက်​နှာ​ရ​တတ်၏။ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​သော​သူ​မူ​ကား၊ အ​ပြစ်​စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 3,
      "text": "လူ​သည် ဒု​စ​ရိုက်​အား​ဖြင့် မြဲ​မြံ​ခြင်း​သို့ မ​ရောက်​ရာ။ ဖြောင့်​မတ်​သော​သူ၏​အ​မြစ်​မူ​ကား မ​ရွေ့​ရာ။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 4,
      "text": "သီ​လ​ရှိ​သော​မိန်း​မ​သည် မိ​မိ​လင်၌ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ အ​ရှက်​ခွဲ​တတ်​သော မိန်း​မ​မူ​ကား၊ လင်၏​အ​ရိုး​တို့၌ ဆွေး​မြေ့​ခြင်း​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 5,
      "text": "ဖြောင့်​မတ်​သော​သူ၏​အ​ကြံ​သည် ဖြောင့်၏။ မ​တ​ရား​သော​သူ​ပေး​သော အ​ကြံ​မူ​ကား မု​သား​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 6,
      "text": "မ​တ​ရား​သော​သူ၏​စ​ကား​သည် သူ့​အ​သက်​ကို​သတ်​ခြင်း​ငှာ စောင်း​မြောင်း​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​နှုတ်​မူ​ကား၊ သူ​တစ်​ပါး​တို့​ကို ကယ်​နုတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 7,
      "text": "မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​ပျောက်​ပျက်​ခြင်း၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​မူ​ကား၊ အ​မြဲ​တည်​ခြင်း ရှိ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 8,
      "text": "လူ​သည် ဉာဏ်​ပ​ညာ​ရှိ​သည်​အ​တိုင်း ချီး​မွမ်း​ခြင်း​ကို​ခံ​ရ၏။ သ​ဘော​ကောက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 9,
      "text": "စား​စ​ရာ​မ​ရှိ​ဘဲ ဝါ​ကြွား​သော​သူ​ထက်၊ အ​သ​ရေ​မ​ရှိ၊ ကိုယ်​အ​လုပ်​ကို​လုပ်​ရ​သော​သူ​သည် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 10,
      "text": "ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​တိ​ရ​စ္ဆာန်​အ​သက်​ကို နှ​မြော​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ က​ရု​ဏာ​အ​ရာ၌​ပင် ကြမ်း​ကြုတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 11,
      "text": "မိ​မိ​လယ်​ယာ​ကို လုပ်​သော​သူ​သည် ဝ​စွာ​စား​ရ၏။ အ​ချည်း​နှီး​သော​အ​မှု​ကို စောင့်​သော​သူ​မူ​ကား၊ ဉာဏ်​ချို့​တဲ့၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 12,
      "text": "မ​တ​ရား​သော​သူ​သည် လူ​ဆိုး​သုံး​တတ်​သော ကျော့​ကွင်း​ကို အ​လို​ရှိ၏။ ဖြောင့်​မတ်​သော​သူ၏​အ​မြစ်​မူ​ကား၊ အ​သီး​ကို​သီး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 13,
      "text": "စ​ကား​လွန်​ကျူး​ရာ​တွင် ဆိုး​သော​ကျော့​ကွင်း​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ အ​မှု​ထဲ​က ထ​မြောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 14,
      "text": "လူ​သည် မိ​မိ​နှုတ်​ခမ်း​အ​သီး​ကို ဝ​စွာ​စား​ရ၏။ မိ​မိ​လက်​လုပ်​ရာ အ​ကျိုး​အ​ပြစ်​ကို​လည်း​ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 15,
      "text": "မိုက်​သော​သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မှန်​သည်​ဟု ထင်​တတ်၏။ အ​ကြံ​ပေး​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 16,
      "text": "မိုက်​သော​သူ၏​အ​မျက်​ဒေါ​သ​သည် ချက်​ချင်း​ထင်​ရှား​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ ရှက်​စ​ရာ​အ​မှု​ကို ဖုံး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 17,
      "text": "မှန်​သော​စ​ကား​ကို ပြော​သော​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၊ မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​မူ​ကား၊ မု​သား​တ​ရား​ကို ပြ​သ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 18,
      "text": "သန်​လျက်​နှင့်​ထိုး​သ​ကဲ့​သို့ စ​ကား​ပြော​တတ်​သော လူ​တစ်​ချို့​ရှိ၏။ ပ​ညာ​ရှိ​တို့၏​လျှာ​မူ​ကား အ​နာ​ကို​ပင် ပျောက်​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 19,
      "text": "သ​စ္စာ​နှုတ်​ခမ်း​သည် အ​စဉ်​အ​မြဲ​တည်၏။ မု​သား​လျှာ​မူ​ကား ခ​ဏ​သာ​တည်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 20,
      "text": "မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​သူ​တို့၏​စိတ်​ထဲ​မှာ လှည့်​စား​တတ်​သော​သ​ဘော​ရှိ၏။ ရန်​ပြေ​စေ​ခြင်း​ငှာ အ​ကြံ​ပေး​သော​သူ​တို့၌​ကား၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 21,
      "text": "တ​ရား​သော​သူ၌ အ​မင်္ဂ​လာ မ​ရောက်​ရာ။ မ​တ​ရား​သော​သူ​မူ​ကား၊ အ​မင်္ဂ​လာ​နှင့် ပြ​ည့်​ဝ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 22,
      "text": "မု​သား​သုံး​သော​နှုတ်​ခမ်း​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်​ဖြစ်၏။ သ​စ္စာ​တ​ရား​ကို စောင့်​ရှောက်​သော​သူ​တို့​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 23,
      "text": "ပ​ညာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​သိ​သော​အ​ရာ​ကို​ပင် ထိမ်​ဝှက်​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​အ​လို​အ​လျောက် မိုက်​သော​သ​ဘော​ကို ထင်​ရှား​ပြ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 24,
      "text": "လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​သည် အ​စိုး​ရ​တတ်၏။ ပျင်း​ရိ​သော​သူ​မူ​ကား၊ အ​ခွန်​ပေး​ရ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 25,
      "text": "ဝမ်း​နည်း​ခြင်း​အ​ကြောင်း​သည် ညှိုး​ငယ်​စေ​တတ်၏။ ကောင်း​သော​စ​ကား​မူ​ကား၊ ရွှင်​လန်း​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 26,
      "text": "ဖြောင့်​မတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို လမ်း​ပြ​တတ်၏။ မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ သူ့​ကို​ပင် လှည့်​စား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 27,
      "text": "ပျင်း​ရိ​သော​သူ​သည် မု​ဆိုး​လုပ်​သော်​လည်း၊ ဖမ်း​ရ​သော​အ​ကောင်​ကို ကင်၍​မ​စား​ရ။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ အ​ဖိုး​ထိုက်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 12,
      "verse": 28,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌ သေ​ဘေး​မ​ရှိ၊ အ​သက်​ချမ်း​သာ​လမ်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 1,
      "text": "ပ​ညာ​ရှိ​သော​သား​သည် အ​ဘ၏​သွန်​သင်​ခြင်း​ကို နား​ထောင်​တတ်၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သား​မူ​ကား၊ အ​ပြစ်​တင်​ခြင်း​ကို နား​မ​ထောင်​တတ်။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 2,
      "text": "လူ​သည် မိ​မိ​နှုတ်၏​အ​သီး​တည်း​ဟူ​သော ကောင်း​သော​အ​ရာ​ကို စား​ရ၏။ ပြစ်​မှား​တတ်​သော​သူ​မူ​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်၏ အ​သီး​ကို​စား​ရ၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 3,
      "text": "မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 4,
      "text": "ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 5,
      "text": "ဖြောင့်​မတ်​သော​သူ​သည် မု​သား​စ​ကား​ကို​မုန်း​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ စက်​ဆုပ်​ဖွယ်​ဖြစ်၍၊ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 6,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​သည် လမ်း​မ​လွှဲ​သော​သူ​ကို စောင့်​တတ်၏။ ဒု​စ​ရိုက်​တ​ရား​မူ​ကား၊ အ​ပြစ်​ရှိ​သော​သူ​ကို လှဲ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 7,
      "text": "အ​လွန်​ဆင်း​ရဲ​လျက်​နှင့် ရ​တတ်​ဟန်​ဆောင်​သော​သူ​ရှိ၏။ အ​လွန်​ရ​တတ်​လျက်​နှင့် ဆင်း​ရဲ​ဟန်​ဆောင်​သော​သူ​လည်း​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 8,
      "text": "စည်း​စိမ်​သည် ရ​တတ်​သော​သူ၏ အ​သက်​ကို ရွေး​ဖို့​ဖြစ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ အ​ပြစ်​တင်​သော​စ​ကား​ကို မ​ကြား​ဘဲ​နေ၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 9,
      "text": "ဖြောင့်​မတ်​သော​သူ၏​အ​လင်း​သည် ရွှင်​လန်း၏။ မ​တ​ရား​သော​သူ၏​မီး​ခွက်​မူ​ကား၊ သေ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 10,
      "text": "မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 11,
      "text": "လျှပ်​ပေါ်​ခြင်း​အား​ဖြင့် ဥ​စ္စာ​သည်​လျော့​တတ်၏။ ကြိုး​စား​အား​ထုတ်၍ ဆည်း​ပူး​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ ပြန့်​ပွား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 12,
      "text": "မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 13,
      "text": "နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပျက်​စီး​လိမ့်​မည်။ ပ​ညတ်​တ​ရား​တော်​ကို ခန့်​ညား​သော​သူ​မူ​ကား၊ ချမ်း​သာ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 14,
      "text": "ပ​ညာ​ရှိ​သော​သူ၏​တ​ရား​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ၊ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 15,
      "text": "ကောင်း​သော​ဉာဏ်​ရှိ​သော​သူ​သည် မျက်​နှာ​ရ​တတ်၏။ ပြစ်​မှား​သော​သူ​တို့ လမ်း​မူ​ကား၊ ခက်​သော​လမ်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 16,
      "text": "သ​မ္မာ​သ​တိ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ပ​ညာ​အ​တတ်​နှင့် ပြု​မူ​တတ်​ကြ၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​မိုက်​သော အ​ပြစ်​ကို ထင်​ရှား​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 17,
      "text": "မ​တ​ရား​သော​အ​စေ​ခံ​သည် မိ​မိ​စောင့်​သော​အ​မှု​ကို ဖျက်​တတ်၏။ သ​စ္စာ​ရှိ​သော​သံ​တ​မန်​မူ​ကား၊ ကျန်း​မာ​ခြင်း​အ​ကြောင်း ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 18,
      "text": "သွန်​သင်​ခြင်း​ကို ငြင်း​ပယ်​သော​သူ​သည် ဆင်း​ရဲ​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 19,
      "text": "အ​လို​ဆ​န္ဒ​ပြည့်​စုံ​ခြင်း​အ​ရာ​သည် ချို​မြိန်၏။ ဒု​စ​ရိုက်​ကို ရှောင်​သော​အ​ရာ​မူ​ကား၊ မိုက်​သော​သူ​တို့ စက်​ဆုပ်​သော​အ​ရာ​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 20,
      "text": "ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 21,
      "text": "အ​ပြစ်​ရှိ​သော​သူ​တို့​ကို ဘေး​လိုက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 22,
      "text": "သူ​တော်​ကောင်း​သည် သား​မြေး​တို့​အ​ဖို့ အ​မွေ​ဥ​စ္စာ​ကို​ချန်​ထား​တတ်၏။ အ​ပြစ်​ရှိ​သော​သူ၏ စည်း​စိမ်​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ သို​ထား​လျက်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 23,
      "text": "ဆင်း​ရဲ​သား လယ်​လုပ်​ခြင်း​အား​ဖြင့် စား​စ​ရာ​ပွား​များ၏။ သို့​ရာ​တွင်၊ မ​တ​ရား​သော​အ​မှု​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 24,
      "text": "ကြိမ်​လုံး​ကို မ​သုံး​သော​သူ​သည် မိ​မိ​သား​ကို မုန်း​ရာ​သို့​ရောက်၏။ သား​ကို​ချစ်​သော​သူ​မူ​ကား၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ဆုံး​မ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 13,
      "verse": 25,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ဝ​စွာ​စား​ရ​သော အ​ခွင့်​ရှိ၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မွတ်​သိပ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 1,
      "text": "ပ​ညာ​ရှိ​သော​မိန်း​မ​သည် မိ​မိ​အိမ်​ကို တည်​ဆောက်​တတ်၏။ မိုက်​သော​မိန်း​မ​မူ​ကား၊ ကိုယ်​လက်​နှင့် ဖြို​ဖျက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 2,
      "text": "ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 3,
      "text": "မိုက်​သော​သူ၏​နှုတ်၌ မာ​န​ကြိမ်​လုံး​ရှိ၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ကယ်​တင်​သော​အ​မှု​ကို ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 4,
      "text": "နွား​ထီး​မ​ရှိ​သော တင်း​ကုပ်​သည် စင်​ကြယ်၏။ သို့​သော်​လည်း၊ နွား​ခွန်​အား​ကို​သုံး၍ များ​သော​စီး​ပွား​ကို​ရ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 5,
      "text": "သ​စ္စာ​ရှိ​သော​သက်​သေ​သည် မု​သား​မ​သုံး​တတ်။ သ​စ္စာ​ပျက်​သော​သက်​သေ​မူ​ကား၊ မု​သား​ကို​သုံး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 6,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပ​ညာ​ကို​ရှာ၍​မ​တွေ့​ရာ။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​လွယ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 7,
      "text": "မိုက်​သော​သူ​နှင့်​တွေ့၍ သူ၏​နှုတ်၌ ပ​ညာ​အ​တတ်​မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ထို​သူ​ကို ရှောင်​သွား​လော့။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 8,
      "text": "ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 9,
      "text": "မိုက်​သော​သူ​တို့​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ထီ​လေး​စား​ပြု​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ တစ်​ယောက်​ကို​တစ်​ယောက် ကျေး​ဇူး​ပြု​ကြ၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 10,
      "text": "စိတ်​နှ​လုံး​သည် မိ​မိ​ဒု​က္ခ​ကို​သိ၏။ စိတ်​နှ​လုံး​ရွှင်​လန်း​ခြင်း​အ​ကြောင်း​ကို​လည်း သူ​တစ်​ပါး မ​ဆိုင်​တတ်။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 11,
      "text": "မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​တဲ​မူ​ကား၊ ပွင့်​လန်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 12,
      "text": "လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 13,
      "text": "လူ​သည် ရယ်​စဉ်​အ​ခါ​ပင်၊ ဝမ်း​နည်း​သော စိတ်​သ​ဘော​ရှိ၏။ ထို​ရယ်​မော​ရွှင်​လန်း​ခြင်း အ​ဆုံး၌​လည်း ညှိုး​ငယ်​ခြင်း​ရှိ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 14,
      "text": "စိတ်​နှ​လုံး​ဖောက်​ပြန်​သော​သူ​ဖြစ်​စေ၊ သူ​တော်​ကောင်း​ဖြစ်​စေ၊ မိ​မိ​အ​ကျင့်​တို့​နှင့် ဝ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 15,
      "text": "ဉာဏ်​တိမ်​သော​သူ​သည် သူ​တစ်​ပါး​ပြော​သ​မျှ​ကို ယုံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို စေ့​စေ့ ကြည့်​ရှု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 16,
      "text": "ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 17,
      "text": "စိတ်​တို​သော​သူ​သည် မိုက်​စွာ​သော​အ​မှု​ကို ပြု​တတ်၏။ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​သူ​ကို​လည်း သူ​တစ်​ပါး မုန်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 18,
      "text": "ဉာဏ်​တိမ်​သော​သူ​သည် မိုက်​ခြင်း​ကို အ​မွေ​ခံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ သိ​ပ္ပံ​သ​ရ​ဖူ​ကို ဆောင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 19,
      "text": "လူ​ဆိုး​တို့​သည် သူ​တော်​ကောင်း​ရှေ့၌​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​သည် ဖြောင့်​မတ်​သော​သူ၏ အိမ်​တံ​ခါး​ဝ၌​လည်း​ကောင်း ဦး​ချ​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 20,
      "text": "ဆင်း​ရဲ​သော​သူ​သည် မိ​မိ​အိမ်​နီး​ချင်း​မုန်း​ခြင်း​ကို​ပင် ခံ​ရ​မည်။ ငွေ​ရ​တတ်​သော​သူ၌​မူ​ကား၊ များ​စွာ​သော အ​ဆွေ​ခင်​ပွန်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 21,
      "text": "မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ရှိ၏။ ဆင်း​ရဲ​သော​သူ​ကို သ​နား​သော​သူ​မူ​ကား၊ မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 22,
      "text": "မ​ကောင်း​သော​အ​ကြံ​ကို ကြံ​တတ်​သော​သူ​တို့​သည် မှား​ယွင်း​ကြ​လိမ့်​မည်။ ကျေး​ဇူး​ပြု​မည်​ဟု ကြံ​တတ်​သော​သူ​တို့​မူ​ကား၊ က​ရု​ဏာ​အ​ကျိုး​နှင့် သ​စ္စာ​အ​ကျိုး​ကို​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 23,
      "text": "ကြိုး​စား၍ လုပ်​လေ​ရာ​ရာ၌ ကျေး​ဇူး​ရှိ၏။ စ​ကား​များ​ခြင်း​အ​ကျိုး​မူ​ကား၊ ဆင်း​ရဲ​ခြင်း​သက်​သက်​တည်း။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 24,
      "text": "ပ​ညာ​ရှိ​သော​သူ​တို့၏ စည်း​စိမ်​ဥ​စ္စာ​သည် သူ​တို့ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ မိုက်​သော​သူ​တို့၏​မိုက်​ခြင်း​မူ​ကား၊ အ​မိုက်​သက်​သက်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 25,
      "text": "မှန်​သော​သက်​သေ​သည် သူ့​အ​သက်​ကို ကယ်​တင်​တတ်၏။ မ​မှန်​သော​သက်​သေ​မူ​ကား၊ မု​သား​ကို သုံး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 28,
      "text": "ပြည်​သား​များ​ပြား​ရာ၌ ရှင်​ဘု​ရင်၏​ဘုန်း​တော်​တည်၏။ ပြည်​သား​နည်း​ပါး​ရာ၌​ကား၊ မင်း​အ​ကျိုး​နည်း​ခြင်း​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 29,
      "text": "စိတ်​ရှည်​သော​သူ​သည် ပ​ညာ​ကြီး၏။ စိတ်​တို​သော​သူ​မူ​ကား၊ အ​ထူး​သ​ဖြင့် မိုက်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 30,
      "text": "ကျန်း​မာ​သော​နှ​လုံး​သည် ကိုယ်​အ​သက်​ရှင်​စေ​သော​အ​ကြောင်း၊ ငြူ​စူ​သော​သ​ဘော​မူ​ကား၊ အ​ရိုး​ဆွေး​မြေ့​ခြင်း​အ​ကြောင်း ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 31,
      "text": "ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ ဘု​ရား​ကို​ရို​သေ​သော​သူ​မူ​ကား၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 32,
      "text": "မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 33,
      "text": "ဉာဏ်​ရှိ​သော​သူ၏​နှ​လုံး၌ ပ​ညာ​ကျိန်း​ဝပ်​တတ်၏။ မိုက်​သော​သူ​တို့၏​အ​ထဲ၌ ရှိ​သော​အ​ရာ​မူ​ကား၊ ထင်​ရှား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 34,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ပြည်​သား​တို့​ကို ချီး​မြှောက်​တတ်၏။ ဒု​စ​ရိုက်​အ​ပြစ်​မူ​ကား၊ ပြည်​သား​များ​တို့​ကို ရှုတ်​ချ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 14,
      "verse": 35,
      "text": "ပ​ညာ​ရှိ​သော​ကျွန်​အား ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြု​တတ်၏။ အ​ရှက်​ခွဲ​တတ်​သော​ကျွန်​မူ​ကား၊ အ​မျက်​တော်​ကို ခံ​ရ​မည်။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 1,
      "text": "ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 2,
      "text": "ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 4,
      "text": "ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 5,
      "text": "မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 6,
      "text": "ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊ များ​စွာ​သော နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 7,
      "text": "ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 8,
      "text": "မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 9,
      "text": "မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​ကား ချစ်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 10,
      "text": "လမ်း​လွှဲ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို နား​မ​ခံ​လို။ သို့​သော်​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို​မုန်း​သော​သူ​သည် သေ​ရ​မည်။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 11,
      "text": "မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထင်​ရှား၏။ ထို​မျှ​မ​က၊ လူ​သား​တို့၏​နှ​လုံး​သည် သာ၍​ထင်​ရှား၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 12,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ပြ​သော​သူ​ကို မ​ချစ်​တတ်။ ပ​ညာ​ရှိ​ထံ​သို့ မ​ချဉ်း​ကပ်​တတ်။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 13,
      "text": "ရွှင်​လန်း​သော​စိတ်​နှ​လုံး​သည် ချို​သော​မျက်​နှာ​ကို ဖြစ်​စေ​တတ်၏။ ညှိုး​ငယ်​ခြင်း​အား​ဖြင့်​ကား၊ စိတ်​ပျက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 14,
      "text": "ဉာဏ်​ကောင်း​သော​သူ၏​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို ရှာ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​ခြင်း​ကို ကျက်​စား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 15,
      "text": "ဆင်း​ရဲ​ငြို​ငြင်​သော​သူ၏ နေ့​ရက်​ရှိ​သ​မျှ​တို့​သည် ဆိုး​ယုတ်​ကြ၏။ ရွှင်​လန်း​သော စိတ်​နှ​လုံး​မူ​ကား၊ အ​စဉ်​အ​မြဲ ခံ​ရ​သော​ပွဲ​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 16,
      "text": "နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၍ ကြီး​စွာ​သော​စည်း​စိမ်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​နှင့်​ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 17,
      "text": "ဆူ​အောင်​ကျွေး​သော နွား​တစ်​ကောင်​လုံး​ကို အ​ချင်း​ချင်း​အ​ငြိုး​ထား​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ချစ်​ခြင်း​မေ​တ္တာ​ပါ​သော ဟင်း​ရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 18,
      "text": "မာ​န​ကြီး​သော​သူ​သည် ရန်​ကို​နှိုး​ဆော်​တတ်၏။ သည်း​ခံ​နိုင်​သော​သူ​မူ​ကား ငြိမ်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 19,
      "text": "ပျင်း​ရိ​သော​သူ သွား​ရာ​လမ်း၌ ဆူး​ပင်​ဆီး​ကာ​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ သွား​ရာ​လမ်း​မူ​ကား၊ မို့​မောက်​လျက်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 20,
      "text": "ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်၏။ မိုက်​သော​သား​မူ​ကား၊ မိ​မိ​အ​မိ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 21,
      "text": "ဉာဏ်​မ​ရှိ​သော​သူ​သည် မိုက်​ခြင်း၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 22,
      "text": "တိုင်​ပင်​ခြင်း​မ​ရှိ​လျှင် အ​ကြံ​ပျက်​တတ်၏။ တိုင်​ပင်​သော​သူ​များ​လျှင်​မူ​ကား၊ အ​ကြံ​တည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 23,
      "text": "လူ​သည် ပြန်​ပြော​သော​စ​ကား​အား​ဖြင့် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ချိန်​တန်၍ ပြော​သော​စ​ကား​သည်​လည်း အ​လွန်​လျောက်​ပတ်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 24,
      "text": "ပ​ညာ​ရှိ​သော​သူ​လိုက်​ရာ အ​သက်​လမ်း​သည် အောက်​အ​ရပ်၊ မ​ရ​ဏ​နိုင်​ငံ​မှ လွှဲ​ရှောင်၍၊ အ​ထက်​သို့ ပို့​ဆောင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 25,
      "text": "မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 26,
      "text": "မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 27,
      "text": "မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 28,
      "text": "ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို စိတ်​နှ​လုံး​ထဲ​မှာ ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​မူ​ကား၊ မ​ကောင်း​သော​အ​ရာ​တို့​ကို သွန်း​လောင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 30,
      "text": "မျက်​စိ​အ​လင်း​သည် နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ကောင်း​သော​သ​တင်း​စ​ကား​သည်​လည်း၊ အ​ရိုး​တို့​ကို ခြင်​ဆီ​နှင့် ပြည့်​ဝ​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 31,
      "text": "အ​သက်​နှင့်​ယှဉ်​သော​ဆုံး​မ​ခြင်း​စ​ကား​ကို နား​ထောင်​သော​သူ​သည် ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 32,
      "text": "ဆုံး​မ​ခြင်း​စ​ကား​ကို​ပယ်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို မ​ထီ​မဲ့​မြင်​ပြု​ရာ​သို့ ရောက်၏။ နား​ထောင်​သော​သူ​မူ​ကား၊ ဉာဏ်​ကို​ရ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 15,
      "verse": 33,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ​ကို​သွန်​သင်​ခြင်း​ဖြစ်၏။ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 1,
      "text": "စိတ်​နှ​လုံး​အ​ကြံ​အ​စည်​တို့​သည် လူ​နှင့်​ဆိုင်​ကြ၏။ လျှာ​နှင့် ပြန်​ပြော​ချက်​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 2,
      "text": "လူ​သည် မိ​မိ​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​သ​ဘော​တို့​ကို ချိန်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 3,
      "text": "ကိုယ်​ပြု​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား၌​အပ်​လော့။ သို့​ပြု​လျှင် သင်၏​အ​ကြံ​အ​စည်​တို့​သည် တည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အ​ဖို့၊ မ​တ​ရား​သော​သူ​တို့​ကို​လည်း ဘေး​ဒဏ်​ခံ​ရ​သော​နေ့​အ​ဖို့ ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 5,
      "text": "မာ​န​ကြီး​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ သူ​တို့​သည်​အ​သင်း​ဖွဲ့​သော်​လည်း၊ အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ​ကြ။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 6,
      "text": "က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​အား​ဖြင့် အ​ပြစ်​ပြေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​အား​ဖြင့် ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 7,
      "text": "လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 8,
      "text": "ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​နှင့် ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည်၊ မ​တ​ရား​သ​ဖြင့်​ရ​သော ဥ​စ္စာ​အ​များ​ထက်​သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 9,
      "text": "လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 10,
      "text": "ရှင်​ဘု​ရင်၏​နှုတ်​ခမ်း​တို့၌ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဖြစ်၍၊ တ​ရား​ဆုံး​ဖြတ်​ရာ​အ​မှု၌ နှုတ်​တော်​သည် မ​မှား​စေ​နှင့်။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 11,
      "text": "မှန်​သော​အ​လေး​နှင့် မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်၏။ အ​လေး​အိတ်၌ ပါ​သ​မျှ​သော​အ​လေး​တို့​သည် စီ​ရင်​တော်​မူ​ရာ ဖြစ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 12,
      "text": "ရှင်​ဘု​ရင်​ပြု​သော​ဒု​စ​ရိုက်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရာ​ဇ​ပ​လ္လင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​သာ တည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 13,
      "text": "ဖြောင့်​မတ်​သော​နှုတ်​ခမ်း​တို့​သည် ရှင်​ဘု​ရင် နှစ်​သက်​ရာ​ဖြစ်၏။ မှန်​ကန်​စွာ​ပြော​သော​သူ​ကို ရှင်​ဘု​ရင် ချစ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 14,
      "text": "ရှင်​ဘု​ရင်၏​အ​မျက်​သည် သေ​မင်း​တ​မန်​ကဲ့​သို့ ဖြစ်၏။ သို့​သော်​လည်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​မျက်​တော်​ကို ဖြေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 15,
      "text": "ရှင်​ဘု​ရင်​မျက်​နှာ​ပွင့်​လန်း​သော​အား​ဖြင့် အ​သက်​ချမ်း​သာ​ရ၏။ ကျေး​ဇူး​တော်​သည် နောက်​ရွာ​သော​မိုး​တိမ်​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 16,
      "text": "ရွှေ​ကို​ရ​တတ်​ခြင်း​ထက် ပ​ညာ​ကို​ရ​တတ်​ခြင်း​သည် အ​လွန်​ကောင်း၏။ ငွေ​ကို​အ​မြတ်​မ​ထား၊ ဉာဏ်​နှင့် ပြည့်​စုံ​ခြင်း​ကို အ​မြတ်​ထား​စ​ရာ​အ​လွန်​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 17,
      "text": "ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 18,
      "text": "မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 19,
      "text": "စိတ်​နှိမ့်​ချ​သော​သူ​တို့​နှင့် ပေါင်း​ဖော်၍ စိတ်​နှိမ့်​ချ​ခြင်း​သည်၊ မာ​န​ကြီး​သော​သူ​တို့​နှင့် ဆက်​ဆံ၍ လု​ယူ​သော​ဥ​စ္စာ​ကို ဝေ​မျှ​ခြင်း​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 20,
      "text": "ပ​ညာ​နှင့် အ​မှု​စောင့်​သော​သူ​သည် အ​ကျိုး​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​သည်​လည်း မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 21,
      "text": "လိ​မ္မာ​သော စိတ်​သ​ဘော​ရှိ​သော​သူ​သည် ပ​ညာ​သ​တိ​ရှိ​သည်​ဟု ကျော်​စော​ရာ​သို့ ရောက်​တတ်၏။ ချို​သော​စ​ကား​ကို ပြော​တတ်​သော နှုတ်​သ​တ္တိ​သည်​လည်း ပ​ညာ​အ​တတ်​ကို တိုး​ပွား​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 22,
      "text": "ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 23,
      "text": "ပ​ညာ​ရှိ​သော​သူ၏​နှ​လုံး​သည် သူ၏​နှုတ်​ကို​သွန်​သင်၍၊ သူ၏​နှုတ်​ခမ်း​တို့၌ ပ​ညာ​အ​တတ်​ကို ထပ်​လောင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 24,
      "text": "သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 25,
      "text": "လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 26,
      "text": "အ​လုပ်​လုပ်​သော​သူ​သည်၊ မိ​မိ​ပါး​စပ်​တောင်း​သော​ကြောင့်၊ မိ​မိ​အ​ဖို့ လုပ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 27,
      "text": "အ​ဓ​မ္မ​လူ​သည် မ​ကောင်း​သော​အ​မှု​ကို ကြိုး​စား၍ ကြံ​စည်​တတ်၏။ သူ၏​နှုတ်​ခမ်း၌ လောင်​သော​မီး​ကဲ့​သို့ ရှိ၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 28,
      "text": "သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 29,
      "text": "ကြမ်း​ကြုတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို​ချော့​မော့၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 30,
      "text": "ကောက်​သော​အ​ကြံ​ကို ကြံ​စည်​ခြင်း​ငှာ​မျက်​စိ​မှိတ်၍၊ နှုတ်​ခမ်း​တို့​ကို လှုပ်​သ​ဖြင့်၊ ဆိုး​ယုတ်​သော​အ​မှု​ကို ပြီး​စီး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 31,
      "text": "ဖြူ​သော​ဆံ​ပင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း၌​တည်​လျှင်၊ ဘုန်း​ကြီး​သော​သ​ရ​ဖူ​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 32,
      "text": "စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 16,
      "verse": 33,
      "text": "စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 1,
      "text": "တစ်​အိမ်​လုံး​ပြည့်​သော ယဇ်​ပူ​ဇော်​ပွဲ​ကို ရန်​တွေ့​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​သော မုန့်​တစ်​လုပ်​စာ​သည် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 2,
      "text": "ပ​ညာ​ရှိ​သော​ကျွန်​သည် အ​ရှက်​ခွဲ​သော​သား​ကို​အုပ်​စိုး၍ ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 3,
      "text": "ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ကို​လည်း​ကောင်း၊ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ကို​လည်း​ကောင်း သုံး​တတ်၏။ စိတ်​နှ​လုံး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား စစ်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 4,
      "text": "မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​သည် မု​သား​စ​ကား​ကို ယုံ​တတ်၏။ မု​သား​သုံး​သော​သူ​သည်​လည်း ဆိုး​ညစ်​သော​စ​ကား​ကို နား​ထောင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 5,
      "text": "ဆင်း​ရဲ​သား​တို့​ကို မ​ထီ​လေး​စား​ပြု​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ သူ​တစ်​ပါး၌​ဘေး​ရောက်​လျှင် ဝမ်း​မြောက်​တတ်​သော​သူ​သည်​လည်း အ​ပြစ်​ဒဏ်​နှင့် မ​လွတ်​ရ။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 6,
      "text": "မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 7,
      "text": "မြတ်​သော​စ​ကား​သည် မိုက်​သော​သူ​နှင့် မ​တော်​မ​သင့်။ ထို​မျှ​မ​က၊ မု​သား​စ​ကား​သည် မင်း​နှင့် မ​တော်​မ​သင့်။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 8,
      "text": "လက်​ဆောင်​သည် ခံ​သော​သူ​အ​ထင်​အ​တိုင်း ကျောက်​မြတ်​ကဲ့​သို့ ဖြစ်၍၊ မျက်​နှာ​ပြု​လေ​ရာ​ရာ၌ အောင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 9,
      "text": "သူ​တစ်​ပါး​ပြစ်​မှား​သော အ​မှု​ကို ဝှက်​ထား​သော​သူ​သည် မေ​တ္တာ​ကို ပြု​စု၏။ ကြား​ပြော​သော​သူ​မူ​ကား၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 10,
      "text": "မိုက်​သော​သူ​သည် ဒဏ်​ချက်​တစ်​ရာ​ကို အ​မှု​ထား​သည်​ထက်၊ ပ​ညာ​ရှိ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို သာ၍ အ​မှု​ထား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 11,
      "text": "ပုန်​ကန်​သော​သူ​သည် မ​တ​ရား​သော​အ​မှု​ကို​သာ ပြု​စု​တတ်၏။ ထို​ကြောင့် ကြမ်း​ကြုတ်​သော​တ​မန်​ကို သူ့​ဆီ​သို့​စေ​လွှတ်​ရ၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 12,
      "text": "မိုက်​သော​စိတ် ထ​ဆဲ​ရှိ​သော​လူ​မိုက်​နှင့် မ​တွေ့​ပါ​စေ​နှင့်။ သား​ငယ်​ပျောက်​သော​ဝံ​မ​နှင့် သာ၍​တွေ့​ပါ​စေ​သော။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 13,
      "text": "အ​ကြင်​သူ​သည် ကျေး​ဇူး​ကို​မ​သိ၊ မ​ကောင်း​သော​အ​မှု​နှင့် ဆပ်၏၊ ထို​သူ၏​အိမ်​သည် မ​ကောင်း​သော​အ​မှု​နှင့် မ​ကင်း​မ​လွတ်​ရ။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 14,
      "text": "ရန်​တွေ့​စ​အ​မှု​သည် ရေ​ကန်​ပေါင်​ပေါက်​စ​ကဲ့​သို့ ဖြစ်​သော​ကြောင့်၊ ရန်​မ​တွေ့​မီ တွေ့​စ​ရာ​အ​ကြောင်း​ကို ရှောင်​လော့။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 15,
      "text": "မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မှ​လွှတ်​သော​သူ​နှင့်၊ ဖြောင့်​မတ်​သော​သူ​တို့​ကို အ​ပြစ်​စီ​ရင်​သော​သူ နှစ်​ယောက်​လုံး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 16,
      "text": "မိုက်​သော​သူ​သည် ပ​ညာ​ကို အ​လို​မ​ရှိ​သည်​ဖြစ်၍၊ ပ​ညာ​အ​ဖိုး​ကို အ​ဘယ်​ကြောင့် သူ၌​အပ်​ရ​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 17,
      "text": "အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 18,
      "text": "ဉာဏ်​မဲ့​သော​သူ​သည် လက်​ဝါး​ချင်း​ရိုက်၍၊ အ​ဆွေ​ခင်​ပွန်း​ရှေ့​မှာ အာ​မ​ခံ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 19,
      "text": "ရန်​တွေ့​ခြင်း​ကို နှစ်​သက်​သော​သူ​သည် လွန်​ကျူး​ခြင်း​ကို​လည်း နှစ်​သက်​တတ်၏။ မိ​မိ​တံ​ခါး​ကို ချီး​မြှင့်​သော​သူ​သည် ပျက်​စီး​ခြင်း​ကို​ရှာ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 20,
      "text": "သ​ဘော​ကောက်​သော​သူ​သည် ကောင်း​သော​အ​ကျိုး​ကို မ​တွေ့​တတ်။ စ​ကား​လိမ်​သော​သူ​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 21,
      "text": "မိုက်​သော​သူ​ကို ဖြစ်​ပွား​စေ​သော​သူ​သည် မိ​မိ​ကိုယ်​မိ​မိ ဝမ်း​နည်း​စေ​တတ်၏။ မိုက်​သော​သူ၏​အ​ဘ၌ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 22,
      "text": "စိတ်​ရွှင်​လန်း​ခြင်း​သည် ကျန်း​မာ​စေ​တတ်၏။ စိတ်​ပျက်​ခြင်း​မူ​ကား၊ အ​ရိုး​တို့​ကို သွေ့​ခြောက်​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 23,
      "text": "မ​တ​ရား​သော​သူ​သည် တ​ရား​လမ်း​ကို​ဖျက်​သော အ​ဖိုး​တံ​စိုး​ကို သူ​တစ်​ပါး၏​ခါး​ပိုက်​အိတ်​ထဲ​က နှိုက်​ယူ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 24,
      "text": "ဉာဏ်​ရှိ​သော​သူ​သည် ပ​ညာ​ကို​မျက်​မှောက်​ပြု​တတ်၏။ မိုက်​သော​သူ၏​မျက်​စိ​မူ​ကား၊ မြေ​ကြီး​စွန်း​တိုင်​အောင်​လှည့်၍ ကြည့်​ရှု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 25,
      "text": "မိုက်​သော​သူ​သည် အ​ဘ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း၊ မွေး​သော​အ​မိ စိတ်​ညစ်​စ​ရာ​အ​ကြောင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 26,
      "text": "ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​ဒဏ်​မ​ပေး​ကောင်း။ တ​ရား​သ​ဖြင့် စီ​ရင်​သော​မင်း​ကို​လည်း မ​ထိ​ခိုက်​ကောင်း။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 27,
      "text": "သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​သော​သူ​သည် စ​ကား​မ​များ​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည်​လည်း၊ ဧ​သော​စိတ်​ရှိ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 17,
      "verse": 28,
      "text": "မိုက်​သော​သူ​ပင် တိတ်​ဆိတ်​စွာ​နေ​လျှင် ပ​ညာ​ရှိ​ဟူ၍​လည်း​ကောင်း၊ မိ​မိ​နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​သော​သူ​ကို​လည်း၊ ဉာဏ်​ကောင်း​သော​သူ ဟူ၍​လည်း​ကောင်း သူ​တစ်​ပါး​ထင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 1,
      "text": "သူ​တစ်​ပါး​များ​နှင့် မ​ရော​နှော​သော​သူ​သည် မိ​မိ​စေ​တ​နာ​အ​လို​ရှိ​သည်​အ​တိုင်း ရှာ​ဖွေ၍၊ ပ​ညာ​ရ​တ​နာ​အ​မျိုး​မျိုး​ကို စူး​စမ်း​မွှေ​နှောက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 2,
      "text": "မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​သ​ဘော​ကို ပြ​စ​ရာ​အ​ခွင့်​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ကြောင်း​ကြောင့် ဉာဏ်​ပ​ညာ၌ မ​ပျော်​မွေ့​တတ်။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 3,
      "text": "မ​တ​ရား​သော​သူ​လာ​သော​အ​ခါ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​ရ၏။ ဂုဏ်​အ​သ​ရေ​ပျက်​သော​အ​ခါ၊ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 4,
      "text": "နှုတ်​ထွက်​သော​စ​ကား​သည် နက်​သော​ရေ​ကဲ့​သို့​လည်း​ကောင်း၊ ပ​ညာ​စမ်း​ရေ​တွင်း​သည် ရေ​စီး​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 5,
      "text": "တ​ရား​တွေ့​ရာ​အ​မှု၌ ဖြောင့်​မတ်​သော​သူ​ကို ရှုံး​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ၏​မျက်​နှာ​ကို မ​ထောက်​ကောင်း။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 6,
      "text": "မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 7,
      "text": "မိုက်​သော​သူ၏​နှုတ်​သည် ပျက်​စီး​ရာ​အ​ကြောင်း၊ နှုတ်​ခမ်း​တို့​သည်​လည်း မိ​မိ​အ​သက်​ကို ကျော့​မိ​ရာ​အ​ကြောင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 8,
      "text": "ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့​ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 9,
      "text": "အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြေး​ဝင်​သ​ဖြင့်၊ လုံ​ခြုံ​စွာ​နေ​ရ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 11,
      "text": "ငွေ​ရ​တတ်​သော​သူ​က၊ ငါ့​စည်း​စိမ်​သည် ခိုင်​ခံ့​သော​မြို့ ဖြစ်၏။ မြင့်​သော​မြို့​ရိုး​နှင့် တူ​သည်​ဟု ထင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 12,
      "text": "ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 13,
      "text": "အ​ကျိုး​အ​ကြောင်း​ကို မ​စစ်​မီ၊ အ​မှု​စီ​ရင်​သော​သူ​သည် မိုက်​သော​အ​ပြစ်၊ အ​ရှက်​ကွဲ​ရ​သော​အ​ပြစ်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 14,
      "text": "လူ၏​စိတ်​ဝိ​ညာဉ်​သည် မိ​မိ​နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​နိုင်၏။ ကြေ​ကွဲ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ သည်း​ခံ​နိုင်​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 15,
      "text": "သ​မ္မာ​သ​တိ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို သို​ထား​တတ်၏။ ပ​ညာ​ရှိ​သော​သူ၏​နား​သည်​လည်း၊ ပ​ညာ​စ​ကား​ကို​ရှာ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 16,
      "text": "လူ၌​ပါ​သော လက်​ဆောင်​အား​ဖြင့်၊ လမ်း​ရှင်း​လင်း၍၊ လူ​ကြီး​ထံ​သို့ ဝင်​ရ​သော​အ​ခွင့် ရှိ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 17,
      "text": "ကိုယ်​အ​မှု​ကို အ​ဦး​စောင့်၍ ပြော​သော​သူ​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​သော်​လည်း၊ အိမ်​နီး​ချင်း​လာ၍ စစ်​ကြော​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 18,
      "text": "စာ​ရေး​တံ​ပြု​ခြင်း​အား​ဖြင့် အ​ငြင်း​အ​ခုံ​ငြိမ်း၍၊ အား​ကြီး​သော​သူ​တို့​အ​မှု​ကို ဆုံး​ဖြတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 19,
      "text": "အ​ငြိုး​ထား​သော ညီ​အစ်​ကို​သည် ခိုင်​ခံ့​သော​မြို့​ထက် သာ၍​ခက်၏။ ညီ​အစ်​ကို ရန်​တွေ့​ခြင်း​အ​မှု​သည် ရဲ​တိုက်​တံ​ခါး​ကျင်​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 20,
      "text": "လူ​သည် မိ​မိ​နှုတ်၏​အ​သီး​နှင့် ဝမ်း​ပြည့်​ရ၏။ မိ​မိ​နှုတ်​ခမ်း​တို့၏​စီး​ပွား​နှင့် ဝ​ရ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 21,
      "text": "လျှာ​သည် အ​သက်​သေ​ခြင်း​နှင့် ရှင်​ခြင်း​ကို​အ​စိုး​ရ၏။ လျှာ​ကို​နှစ်​သက်​သော​သူ​သည်​လည်း၊ လျှာ၏​အ​သီး​ကို စား​ရ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 22,
      "text": "မ​ယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို​ရ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 23,
      "text": "ဆင်း​ရဲ​သော​သူ​သည် တောင်း​ပန်​တတ်၏။ ငွေ​ရ​တတ်​သော​သူ​မူ​ကား၊ ကြမ်း​တမ်း​စွာ ပြန်​ပြော​တတ်၏။"
    },
    {
      "book": 20,
      "chapter": 18,
      "verse": 24,
      "text": "အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 1,
      "text": "ကောက်​လိမ်​သော စ​ကား​ကို သုံး​တတ်​သော​လူ​မိုက်​ထက်၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော ဆင်း​ရဲ​သူ​သည် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 2,
      "text": "စိတ်​ဝိ​ညာဉ်​သည် ပ​ညာ​အ​တတ်​မ​ရှိ​ဘဲ မ​နေ​ကောင်း။ အ​လျင်​အ​မြန်​သွား​သော​သူ​သည်​လည်း မှား​ယွင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 3,
      "text": "လူ​သည် မိုက်​သော​သ​ဘော​ကြောင့်၊ လမ်း​လွဲ၍ စိတ်​ထဲ​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 4,
      "text": "စည်း​စိမ်​ရှိ​လျှင် အ​ဆွေ​ခင်​ပွန်း များ​တတ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ မိ​မိ​အိမ်​နီး​ချင်း​နှင့်​မျှ မ​ပေါင်း​ဖော်​ရ။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 5,
      "text": "မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 6,
      "text": "များ​သော​သူ​တို့​သည် မင်း​ကို ဖျောင်း​ဖျ​တတ်​ကြ၏။ လက်​ဆောင်​ပေး​သော​သူ​ကို​လည်း၊ လူ​တိုင်း မိတ်​ဆွေ​ဖွဲ့​တတ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 7,
      "text": "ဆင်း​ရဲ​သော​သူ၏ ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​သည် သူ့​ကို​မုန်း​တတ်​ကြ၏။ သူ၏​အ​ဆွေ​ခင်​ပွန်း​တို့​သည် သူ့​ကို​သာ၍ ဝေး​စွာ​ရှောင်​တတ်​ကြ၏။ လိုက်၍​ခေါ်​သော်​လည်း ကွယ်​ပျောက်​ကြ​ပြီ။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 8,
      "text": "ပ​ညာ​ကို​ရ​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ချစ်​ရာ​ရောက်၏။ ဉာဏ်​ကို​စွဲ​လမ်း​သော​သူ​သည်​လည်း၊ ကောင်း​ကျိုး​ကို ခံ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 9,
      "text": "မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 10,
      "text": "မိုက်​သော​သူ​သည် မ​ပျော်​မွေ့​သင့်။ ထို​မျှ​မ​က၊ ကျွန်​သည်​မင်း​တို့​ကို အ​စိုး​မ​ရ​သင့်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 11,
      "text": "သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​အ​မျက်​ဒေါ​သ​ကို ချုပ်​တည်း​တတ်၏။ သူ​တစ်​ပါး​ပြစ်​မှား​ခြင်း​ကို သည်း​ခံ​သော​သူ​သည်​လည်း ဘုန်း​အ​သ​ရေ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 12,
      "text": "ရှင်​ဘု​ရင်၏​အ​မျက်​တော်​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ဖြစ်၏။ ကျေး​ဇူး​တော်​မူ​ကား၊ မြက်​ပေါ်​မှာ​ကျ​သော နှင်း​ရည်​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 13,
      "text": "မိုက်​သော​သား​သည် အ​ဘ​ဆင်း​ရဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ ရန်​တွေ့​တတ်​သော​မ​ယား​သည်​လည်း၊ အ​စက်​စက်​ကျ​သော မိုး​ပေါက်​နှင့်​တူ၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 14,
      "text": "အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 15,
      "text": "ပျင်း​ရိ​သော​သ​ဘော​သည် လွန်​ကျူး​စွာ အိပ်​ပျော်​စေ၍၊ ပျင်း​ရိ​သော​သူ​သည် အ​ငတ်​ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 16,
      "text": "ပ​ညတ်​တ​ရား​ကို စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​ရာ​ရောက်၏။ မိ​မိ​သွား​ရာ​လမ်း​တို့​ကို မ​ထီ​လေး​စား ပြု​သော​သူ​မူ​ကား၊ အ​သေ​ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 17,
      "text": "ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 18,
      "text": "မျှော်​လင့်​စ​ရာ​ရှိ​စဉ်​အ​ခါ၊ ကိုယ်​သား​ကို ဆုံး​မ​လော့။ သူ့​ကို​အ​ကျိုး​နည်း​အောင် သ​နား​သော​စိတ် မ​ရှိ​စေ​နှင့်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 19,
      "text": "ဒေါ​သ​အ​မျက်​ကြီး​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။ သူ့​ကို​ကယ်​နုတ်​လျှင် အ​ဖန်​ဖန် ကယ်​နုတ်​ရ​မည်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 20,
      "text": "နောက်​ဆုံး​ကာ​လ၌ ပ​ညာ​ရှိ​ဖြစ်​လို​သော​ငှာ၊ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်၍ နည်း​ဥ​ပ​ဒေ​ကို ခံ​ယူ​လော့။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 21,
      "text": "လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 22,
      "text": "လူ​သည် စေ​တ​နာ​ရှိ​လျှင် ကျေး​ဇူး​ပြု​ရာ​ရောက်၏။ ဆင်း​ရဲ​သော​သူ​သည်​လည်း၊ မု​သား​သုံး​သော​သူ​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​နှင့် ဆိုင်​သည်​ဖြစ်၍ ထို​သ​ဘော​ရှိ​သော​သူ​သည် အ​လို​ဆ​န္ဒ​ပြည့်​စုံ​လျက်​ရှိ၍၊ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 24,
      "text": "ပျင်း​ရိ​သော​သူ​သည် မိ​မိ​လက်​ကို အိုး၌​သွင်း​သော်​လည်း တစ်​ဖန်​နုတ်၍ မိ​မိ​ပါး​စပ်​သို့ မ​ခွံ့​လို။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 25,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​ရိုက်​လျှင် ဉာဏ်​တိမ်​သော​သူ​သည် သ​တိ​ရ​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​ကို ဆုံး​မ​လျှင်၊ သူ​သည် ပ​ညာ​တ​ရား​ကို နား​လည်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 26,
      "text": "အ​ဘ​ဥ​စ္စာ​ကို​ဖြုန်း၍ အ​မိ​ကို နှင်​ထုတ်​သော​သား​သည် အ​ရှက်​ခွဲ​သော​သား၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​စေ​သော​သား​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 27,
      "text": "ငါ့​သား၊ ပ​ညာ​တ​ရား​ကို ပယ်​စေ​ခြင်း​ငှာ၊ သွန်​သင်​သော​သူ၏​စ​ကား​ကို နား​မ​ထောင်​နှင့်။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 28,
      "text": "အ​ဓ​မ္မ​သက်​သေ​သည် တ​ရား​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ မ​တ​ရား​သော​သူ​သည်​လည်း၊ ဒု​စ​ရိုက်​ကို​စား၍ မျို​တတ်၏။"
    },
    {
      "book": 20,
      "chapter": 19,
      "verse": 29,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​အ​ဖို့ အ​ပြစ်​စီ​ရင်​ခြင်း၊ မိုက်​သော​သူ​တို့၏​ကျော​အ​ဖို့ ဒဏ်​ပေး​ခြင်း​သည် အ​သင့်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 1,
      "text": "စ​ပျစ်​ရည်​သည် လှည့်​စား​တတ်၏။ သေ​ရည် သေ​ရက်​သည် ရုန်း​ရင်း​ခတ်​ပြု​ခြင်း​အ​မှု​ကို ဖြစ်​စေ​တတ်၏။ ထို​သို့​သော​အား​ဖြင့် မှား​ယွင်း​သော​သူ​သည် ပ​ညာ​မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 2,
      "text": "ရှင်​ဘု​ရင်​ကြောက်​စေ​သော​အ​မှု​အ​ရာ​သည် ခြင်္သေ့​ဟောက်​ခြင်း​နှင့် တူ၏။ အ​မျက်​တော်​ကို နှိုး​ဆော်​သော​သူ​သည် မိ​မိ​အ​သက်​ကို ပြစ်​မှား၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 3,
      "text": "ရန်​တွေ့​ခြင်း​ကို ငြိမ်း​စေ​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ အ​မှု​နှင့် ရော​နှော​တတ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 4,
      "text": "ချမ်း​သော​ကြောင့် ပျင်း​ရိ​သော​သူ​သည် လယ်​မ​လုပ်​လို။ ထို​ကြောင့် စ​ပါး​ရိတ်​သော​ကာ​လ၌ သူ​တစ်​ပါး​ကို တောင်း​သော်​လည်း မ​ရ​ရာ။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 5,
      "text": "လူ​စိတ်​နှ​လုံး၌ ပ​ညာ​အ​ကြံ​သည် နက်​သော​ရေ​နှင့် တူ​သော်​လည်း၊ ဉာဏ်​ကောင်း​သော​သူ​သည် ခပ်​ယူ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 6,
      "text": "လူ​များ​တို့​သည် မိ​မိ​တို့​ပြု​သော​ကျေး​ဇူး​ကို ကြား​ပြော​တတ်၏။ သ​စ္စာ​ရှိ​သော​သူ​ကို​ကား၊ အ​ဘယ်​သူ​ရှာ၍ တွေ့​နိုင်​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 7,
      "text": "ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်၍၊ သူ၏​သား​စဉ်​မြေး​ဆက်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 8,
      "text": "တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​သည် မ​ကောင်း​သော​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို မျက်​စိ​တော်​နှင့် ပယ်​ရှင်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 9,
      "text": "ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီ။ အ​ပြစ်​နှင့် ကင်း​လွတ်၏​ဟု အ​ဘယ်​သူ​ဆို​နိုင်​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 10,
      "text": "အ​လေး​ချင်း​မ​တူ​သော​အ​လေး၊ အ​ဝင်​ချင်း​မ​တူ​သော တင်း​တောင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 11,
      "text": "သူ​ငယ်​သော်​လည်း၊ မိ​မိ​ပြု​သော​အ​မှု​သည် စင်​သည်​မ​စင်​သည်၊ မှန်​သည်​မ​မှန်​သည်​ကို မိ​မိ​အ​ခြင်း​အ​ရာ​အား​ဖြင့်​ပြ၍၊ မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 12,
      "text": "ကြား​တတ်​သော နား​ကို​လည်း​ကောင်း၊ မြင်​တတ်​သော​မျက်​စိ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း​တော်​မူ​ပြီ။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 13,
      "text": "ဆင်း​ရဲ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဖြစ်၍၊ အိပ်​ခြင်း​ကို မ​တပ်​မက်​နှင့်။ နိုး​တတ်​လျှင် ဝ​စွာ​စား​ရ၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 14,
      "text": "ဝယ်​သော​သူ​က၊ မ​ကောင်း​ဘူး၊ မ​ကောင်း​ဘူး​ဟု ဆို​တတ်၏။ ဝယ်၍​သွား​ပြီး​မှ ဝါ​ကြွား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 15,
      "text": "ရွှေ​ရှိ၏။ ပ​တ္တ​မြား​လည်း​ရှိ၏။ ပ​ညာ​အ​တတ်​နှင့် ပြည့်​စုံ​သော​နှုတ်​မူ​ကား၊ အ​လွန်​အ​ဖိုး​ထိုက်​သော ရ​တ​နာ​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 16,
      "text": "မ​ကျွမ်း​သော​သူ​အ​တွက်၊ အ​မျိုး​ပျက်​သော​မိန်း​မ​အ​တွက်၊ အာ​မ​ခံ​တတ်​သော​သူ​သည် အ​ဝတ်​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ပေါင်​ထား​စေ။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 17,
      "text": "လှည့်​စား၍​ရ​သော အ​စာ​သည် ချို​မြိန်​သော်​လည်း၊ စား​သော​သူ၏​နှုတ်​သည် ကျောက်​စ​ရစ်​နှင့် ပြည့်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 18,
      "text": "အ​ကြံ​ရှိ​သော​သူ​သည် သူ​တစ်​ပါး​နှင့်​တိုင်​ပင်​လျှင်၊ အ​ကြံ​ထ​မြောက်​တတ်၏။ ကောင်း​သော​တိုင်​ပင်​ခြင်း​ရှိ​မှ​သာ စစ်​မှု​ကို​ပြု​ရ​မည်။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 19,
      "text": "လည်၍ စ​ကား​များ​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သို့​ဖြစ်၍ ချော့​မော့​တတ်​သော​သူ​နှင့် မ​ပေါင်း​ဖော်​နှင့်။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 20,
      "text": "အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 21,
      "text": "အ​မွေ​ဥ​စ္စာ​ကို အ​စ​အ​ဦး၌ အ​လျင်​ရ​နိုင်​သော်​လည်း၊ အ​ဆုံး၌ အ​မင်္ဂ​လာ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 22,
      "text": "ငါ​သည် ရန်​တုံ့​ပြု​မည်​ဟု မ​ဆို​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ငံ့​လင့်​လော့။ သို့​ပြု​လျှင် ကယ်​တင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 23,
      "text": "အ​လေး​ချင်း​မ​တူ​သော အ​လေး​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စဉ်း​လဲ​သော​ချိန်​ခွင်​လည်း အ​ပြစ်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 24,
      "text": "လူ​သွား​ရာ​လမ်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ၏။ သို့​ဖြစ်၍ သူ​သည် မိ​မိ​သွား​ရာ​လမ်း​တို့​ကို အ​ဘယ်​သို့ နား​လည်​နိုင်​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 25,
      "text": "ဘု​ရား​အ​မှု၌ စ​ကား​လွန်​မိ​သော​သူ၊ သ​စ္စာ​က​တိ​ထား​ပြီး​မှ မေး​မြန်း​သော​သူ​သည် ကျော့​ကွင်း​နှင့် တွေ့​မိ​ပြီ။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 26,
      "text": "ပ​ညာ​ရှိ​သော​ရှင်​ဘု​ရင်​သည် လူ​ဆိုး​တို့​ကို ကွဲ​ပြား​စေ၍၊ ဘီး​နှင့်​ဖိ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 27,
      "text": "လူ၏​စိတ်​ဝိ​ညာဉ်​သည် ကိုယ်​အ​တွင်း၌ ရှိ​ရှိ​သ​မျှ​တို့​ကို စစ်​ဆေး​သော ထာ​ဝ​ရ​ဘု​ရား၏​မီး​ခွက်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 28,
      "text": "က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​သည် ရှင်​ဘု​ရင်​ကို​စောင့်​မ​တတ်၏။ ရာ​ဇ​ပ​လ္လင်​တော်​သည် က​ရု​ဏာ​တ​ရား​အား​ဖြင့် မြဲ​မြံ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 29,
      "text": "လူ​ပျို၏​ဘုန်း​ကား အ​စွမ်း​သ​တ္တိ၊ လူ​အို၏​ဂုဏ်​အ​သ​ရေ​ကား ဖြူ​သော​ဆံ​ပင်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 20,
      "verse": 30,
      "text": "အ​နာ​ကို မွှေ​နှောက်​ခြင်း​အား​ဖြင့် အ​ဆိုး​အ​ညစ်​နှင့် ကင်း​စင်​တတ်၏။ ဒဏ်​ချက်​ရာ​တို့​သည်​လည်း၊ ကိုယ်​အ​တွင်း​အ​ရပ်​တို့၌ ထို​သို့​သော ကျေး​ဇူး​ကို​ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 1,
      "text": "ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 2,
      "text": "လူ​တို့​သည် မိ​မိ​တို့​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​နှ​လုံး​တို့​ကို ချိန်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 3,
      "text": "ယဇ်​ပူ​ဇော်​ခြင်း​ကို နှစ်​သက်​သည်​ထက် ဖြောင့်​မတ်​စွာ​ပြု​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 4,
      "text": "ထောင်​လွှား​သော​မျက်​နှာ၊ မာ​န​ကြီး​သော​နှ​လုံး၊ မ​တ​ရား​သော​သူ​တို့၏ အ​လင်း​သော်​လည်း အ​ပြစ်​ပါ၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 5,
      "text": "လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏ အ​ကြံ​အ​စည်​သည် ကြွယ်​ဝ​ခြင်း​နှင့်​လည်း​ကောင်း၊ သ​မ္မာ​သ​တိ​မ​ရှိ​သော​သူ၏ အ​ကြံ​အ​စည်​သည် ဆင်း​ရဲ​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 6,
      "text": "မု​သား​စ​ကား​အား​ဖြင့် ဘ​ဏ္ဍာ​ကို​ဆည်း​ပူး​ခြင်း​အ​မှု​သည် သေ​မင်း​ကျော့​ကွင်း​တို့​တွင် ပျောက်​လွင့်​သော အ​န​တ္တ​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 7,
      "text": "မ​တ​ရား​သော​သူ​တို့​သည် တ​ရား​သ​ဖြင့် မ​စီ​ရင်​လို​သော​ကြောင့်၊ မိ​မိ​ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် မိ​မိ​ကို ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 8,
      "text": "လမ်း​လွှဲ​သွား​သော​သူ​သည် ကွာ​ဝေး​ရာ​သို့ ရောက်​တတ်၏။ စင်​ကြယ်​သော​သူ​ပြု​သော အ​မှု​မူ​ကား မှန်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 9,
      "text": "ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့်​အ​တူ လူ​များ​သော​အိမ်၌ နေ​သည်​ထက်၊ အိမ်​မိုး​ပေါ်​ထောင့်​ထဲ​မှာ​နေ​သော် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 10,
      "text": "မ​တ​ရား​သော​သူ​သည် မ​နာ​လို​သော​စိတ်​ရှိ၏။ အိမ်​နီး​ချင်း၌ ကျေး​ဇူး​ပြု​ချင်​သော​အ​လို​မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 11,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​အ​ခါ၊ ဉာဏ်​တိမ်​သော​သူ​သည် သ​တိ​ရ​တတ်၏။ သ​တိ​ရ​သော​သူ​သည်​လည်း သွန်​သင်​ခြင်း​ကို​ခံ​သော​အ​ခါ၊ ပ​ညာ​တိုး​ပွား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 12,
      "text": "တ​ရား​သော​သူ​သည် မ​တ​ရား​သော​သူ၏​အိမ်​ကို ပ​ညာ​စိတ်​နှင့် ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မိ​မိ​တို့​ပြု​သော​ဒု​စ​ရိုက်​အား​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 13,
      "text": "ဆင်း​ရဲ​သော​သူ၏​အော်​ဟစ်​သံ​ကို မ​ကြား​လို၍၊ နား​ကို​ပိတ်​သော​သူ​သည် ကိုယ်​တိုင်​အော်​ဟစ်၍၊ အ​ဘယ်​သူ​မျှ မ​ကြား​ရ။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 14,
      "text": "တိတ်​ဆိတ်​စွာ​ပေး​သော​လက်​ဆောင်​သည် သူ့​စိတ်​ကို​လည်း​ကောင်း၊ ရင်​ခွင်၌​ချ​ထား​သော လက်​ဆောင်​ပ​ဏ္ဏာ​သည် ပြင်း​စွာ​သော အ​မျက်​ကို​လည်း​ကောင်း ဖြေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 15,
      "text": "ဖြောင့်​မတ်​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဝမ်း​မြောက်​တတ်၏။ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 16,
      "text": "ဉာဏ်​ပ​ညာ​လမ်း​မှ လွှဲ​သွား​သော​သူ​သည် သင်္ချိုင်း​သား​အ​စု​အ​ဝေး၌ နေ​ရာ​ကျ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 17,
      "text": "ကာ​မ​ဂုဏ်၌ မွေ့​လျော်​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ဆီ​ကို​ကြိုက်​သော​သူ​သည်​လည်း ငွေ​ကို​မ​ရ​တတ်​ရ။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 18,
      "text": "မ​တ​ရား​သော​သူ​သည် တ​ရား​သော​သူ​အ​ဖို့၊ လွန်​ကျူး​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​အ​ဖို့ ရွေး​ရန်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 19,
      "text": "စိတ်​တို၍ ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့် နေ​သည်​ထက်၊ တော​လွင်​ပြင်၌​နေ​သော် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 20,
      "text": "ပ​ညာ​ရှိ​သော​သူ၏​အိမ်၌ နှစ်​သက်​ဖွယ်​သော​ဘ​ဏ္ဍာ​နှင့် ဆီ​ရှိ​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ ကုန်​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 21,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို​ရှာ​သော​သူ​သည် အ​သက်​ရှင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း​ကို တွေ့​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 22,
      "text": "ပ​ညာ​ရှိ​သော​သူ​သည် ခိုင်​ခံ့​သော​မြို့​ရိုး​ကို​တက်၍၊ မြို့​သား ကိုး​စား​စ​ရာ​ခွန်​အား​ကို ရှုတ်​ချ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 23,
      "text": "မိ​မိ​နှုတ်​နှင့်​လျှာ​ကို စောင့်​သော​သူ​သည် မိ​မိ​စိတ်​ဝိ​ညာဉ်​ကို ဒု​က္ခ​နှင့်​လွတ်​စေ​ခြင်း​ငှာ စောင့်​ရာ​ရောက်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 24,
      "text": "ပြင်း​စွာ​သော ဒေါ​သ​အ​မျက်၌ ကျင်​လည်​သော​သူ​ကို၊ ထောင်​လွှား​စော်​ကား​သော​သူ၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ဟူ၍ သ​မုတ်​အပ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 25,
      "text": "ပျင်း​ရိ​သော​သူ​သည် အ​လုပ်​မ​လုပ်​ချင်​သော​ကြောင့်၊ မိ​မိ​တပ်​မက်​သော​အား​ဖြင့် သေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 26,
      "text": "တစ်​နေ့​လုံး တပ်​မက်​အား​ကြီး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား မ​နှ​မြော​ဘဲ စွန့်​ကြဲ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 27,
      "text": "မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 28,
      "text": "မ​မှန်​သော​သက်​သေ​သည် ပျက်​တတ်၏။ ကိုယ်​တိုင်​ကြား​သော​သူ​မူ​ကား၊ တည်​ကြည်​စွာ ပြော​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 29,
      "text": "မ​တ​ရား​သော​သူ​သည် မိ​မိ​မျက်​နှာ​ကို ခိုင်​မာ​စေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို ပြင်​ဆင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။"
    },
    {
      "book": 20,
      "chapter": 21,
      "verse": 31,
      "text": "စစ်​တိုက်​ရာ​ကာ​လ​အ​ဖို့ မြင်း​များ​ကို​ပြင်​ဆင်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 1,
      "text": "ကောင်း​သော​အ​သ​ရေ​ကို များ​စွာ​သော​ဥ​စ္စာ​ထက် သာ၍ ရွေး​စ​ရာ​ကောင်း၏။ သူ​တစ်​ပါး​စုံ​မက်​ခြင်း​ကျေး​ဇူး​သည် ရွှေ​ငွေ​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 2,
      "text": "ငွေ​ရ​တတ်​သော​သူ​နှင့် ဆင်း​ရဲ​သော​သူ​တို့​သည် တွေ့​ကြုံ​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 3,
      "text": "သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မျှော်​မြင်၍ ပုန်း​နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 4,
      "text": "စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 5,
      "text": "သ​ဘော​ကောက်​သော​လူ​သွား​ရာ​လမ်း၌၊ ဆူး​ပင်​များ​နှင့် ကျော့​ကွင်း​များ ရှိ​တတ်၏။ မိ​မိ​စိတ်​ဝိ​ညာဉ်​ကို စောင့်​ရှောက်​သော​သူ​မူ​ကား ဝေး​စွာ​ရှောင်​သွား​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 6,
      "text": "သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 7,
      "text": "ငွေ​ရ​တတ်​သော​သူ​သည် ဆင်း​ရဲ​သော​သူ​ကို အ​စိုး​ရ၏။ ချေး​ငှား​ယူ​သော​သူ​သည် ချေး​ငှား​ပေး​သော​သူ၌ ကျွန်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 8,
      "text": "ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် ဒု​က္ခ​စ​ပါး​ကို ရိတ်​ရ​မည်။ ဒေါ​သ​စိတ်​ရှိ၍ ဒဏ်​ပေး​နိုင်​သော တန်​ခိုး​လည်း ပျောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 9,
      "text": "က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 10,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 11,
      "text": "စိတ်​နှ​လုံး​ဖြူ​စင်​ခြင်း​ကို နှစ်​သက်​သော​သူ​သည် လျောက်​ပတ်​သော​စ​ကား​ကို ပြော​တတ်၍၊ ရှင်​ဘု​ရင်​နှင့် မိတ်​ဆွေ​ဖွဲ့​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ပ​ညာ​အ​တတ်​ကို စောင့်၏။ ပြစ်​မှား​သော​သူ၏​စ​ကား​ကို​ကား ချေ​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 13,
      "text": "ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​သို့​ထွက်​လျှင် ငါ​သေ​လိမ့်​မည်​ဟု ဆို​တတ်၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 14,
      "text": "အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​သည် နက်​သော မြေ​တွင်း​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​သူ​သည် ထို​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 15,
      "text": "မိုက်​သော​သ​ဘော​သည် သူ​ငယ်၏​စိတ်​နှ​လုံး​ထဲ​မှာ ထုပ်​ထား​လျက်​ရှိ၏။ သို့​သော်​လည်း၊ ဆုံး​မ​သော​ကြိမ်​လုံး​သည် ထို​သ​ဘော​ကို ဝေး​စွာ​နှင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 16,
      "text": "ကိုယ်​စီး​ပွား​အ​ဖို့ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​နှင့်၊ ငွေ​ရ​တတ်​သော​သူ​တို့​အား ပေး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 17,
      "text": "သင်၏​နား​ကို​ညွှတ်၍ ပ​ညာ​ရှိ​စ​ကား​ကို နား​ထောင်​လော့။ ငါ့​ပ​ညာ​အ​တတ်​ကို​လည်း စိတ်​နှ​လုံး၌ စွဲ​လမ်း​လော့။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 18,
      "text": "သင်၏​နှ​လုံး၌​သွင်း​မိ​နိုင်​လျှင် သာ​ယာ​သော​အ​ကျိုး ရှိ​လိမ့်​မည်။ သင်၏​နှုတ်၌​လည်း အ​စဉ် အ​သင့်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 19,
      "text": "သင်​သည်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​မည်​အ​ကြောင်း၊ သင့်​ကိုယ်​တိုင်​ကို ယ​နေ့ ငါ​သွန်​သင်၏။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 20,
      "text": "သင်​သည် သ​မ္မာ​တ​ရား​စ​ကား​စစ်​ကို သိ​မည်​အ​ကြောင်း​နှင့်၊ သင့်​ထံ​သို့ စေ​လွှတ်​သော​သူ​တို့​အား၊ သ​မ္မာ​စ​ကား​ကို ပြန်​ပြော​နိုင်​မည်​အ​ကြောင်း သ​တိ​ပေး​လျက်၊ ပ​ညာ​အ​တတ်​ကို ပြ​သ​လျက်၊ ထူး​ဆန်း​သော​အ​ရာ​တို့​ကို ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 22,
      "text": "ဆင်း​ရဲ​သော​သူ၏​ဆင်း​ရဲ​ကို​ထောက်၍၊ သူ၏​ဥ​စ္စာ​ကို မ​လု​မ​ယူ​နှင့်။ ဒု​က္ခိ​တ​သ​တ္တ​ဝါ​ကို မြို့​တံ​ခါး​ဝ၌ မ​ညှဉ်း​ဆဲ​နှင့်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​မည်။ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သော​သူ​တို့၏​အ​သက်​ကို လု​ယူ​တော်​မူ​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 24,
      "text": "စိတ်​တို​သော​သူ​ကို မိတ်​ဆွေ​မ​ဖွဲ့​နှင့်။ အ​မျက်​ပြင်း​ထန်​သော​သူ​နှင့် အ​တူ​မ​လိုက်​နှင့်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 25,
      "text": "လိုက်​လျှင် သူ၏​ထုံး​စံ​ဓ​လေ့​တို့​ကို သင်၍၊ ကိုယ်​အ​သက်​ကျော့​မိ​ရာ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 26,
      "text": "လက်​ဝါး​ချင်း​ရိုက်​သော​လူ​စု​နှင့် သူ့​ကြွေး​ကို အာ​မ​ခံ​သော လူ​စု​ထဲ​သို့ မ​ဝင်​နှင့်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 27,
      "text": "သင်၌​ပေး​ရန်​မ​ရှိ​လျှင်၊ သင့်​အိပ်​ရာ​ကို အ​ဘယ်​ကြောင့် ယူ​သွား​စေ​ချင်​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 28,
      "text": "ဘိုး​ဘေး​စိုက်​ဖူး​သော မြေ​မှတ်​တိုင်​တို့​ကို မ​ရွှေ့​နှင့်။"
    },
    {
      "book": 20,
      "chapter": 22,
      "verse": 29,
      "text": "ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်ရ၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 1,
      "text": "မင်း​နှင့်​အ​တူ​ထိုင်၍ စား​သောက်​သော​အ​ခါ သင့်​ရှေ့​မှာ အ​ဘယ်​သူ​ရှိ​သည်​ကို စေ့​စေ့​ဆင်​ခြင်​လော့။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 2,
      "text": "သင်​သည် စား​ကြူး​တတ်​သော​သူ​ဖြစ်​လျှင်၊ သင်၏​လည်​ချောင်း​ကို ဓား​နှင့်​ရွယ်​လော့။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 3,
      "text": "ထို​မင်း၏ ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို အ​လို​မ​ရှိ​နှင့်။ လှည့်​စား​တတ်​သော​အ​စာ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 4,
      "text": "ငွေ​ရ​တတ်​ခြင်း​ငှာ မ​ကြိုး​စား​နှင့်။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 5,
      "text": "ပျောက်​တတ်​သော​အ​ရာ​ကို စေ့​စေ့​မျက်​မှောက်​ပြု​သင့်​သ​လော။ အ​ကယ်​စင်​စစ် ရွှေ​လင်း​တ​သည် မိုး​ကောင်း​ကင်​သို့ ပျံ​တတ်​သ​ကဲ့​သို့၊ ထို​အ​ရာ​သည် အ​တောင်​တို့​ကို​လုပ်၍ ပျံ​သွား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 6,
      "text": "မ​နာ​လို​သော​သူ၏ အ​စာ​ကို မ​စား​နှင့်။ သူ၏​ခဲ​ဖွယ်​စား​ဖွယ်​ကို အ​လို​မ​ရှိ​နှင့်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 7,
      "text": "သူ​သည် စိတ်​ထင်​သည်​အ​တိုင်း​ဖြစ်၏။ စား​သောက်​တော့​ဟု ဆို​သော်​လည်း စေ​တ​နာ​စိတ်​မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 8,
      "text": "သင်​သည် စား​သော​အ​စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ သင်​ချို​သော​စ​ကား​လည်း ယို​ယွင်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 9,
      "text": "မိုက်​သော​သူ​ကြား​အောင် စ​ကား​မ​ပြော​နှင့်။ သင်၏​စ​ကား၌​ပါ​သော​ပ​ညာ​ကို မ​ထီ​မဲ့​မြင် ပြု​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 10,
      "text": "အ​ရင်​စိုက်​သော မြေ​မှတ်​တိုင်​ကို မ​ရွှေ့​နှင့်။ မိ​ဘ​မ​ရှိ​သော​သူ​တို့၏ လယ်​ကို​မ​သိမ်း​နှင့်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​ကို ရွေး​တော်​မူ​သော​သူ​သည် တန်​ခိုး​ကြီး၍၊ သင့်​တစ်​ဖက်၌ သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 12,
      "text": "ဆုံး​မ​ဩ​ဝါ​ဒ၌ စိတ်​နှ​လုံး​စွဲ​လမ်း၍၊ ပ​ညာ​အ​တတ်​စ​ကား​ကို နာ​ခံ​လော့။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 13,
      "text": "သူ​ငယ်​ကို မ​ဆုံး​မ​ဘဲ မ​နေ​နှင့်။ ကြိမ်​လုံး​နှင့်​ရိုက်​သော်​လည်း သူ​သည်​မ​သေ။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 14,
      "text": "ကြိမ်​လုံး​နှင့် ရိုက်၍ သူ၏​အ​သက်​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ​မှ ကယ်​နုတ်​ရ​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 15,
      "text": "ငါ့​သား၊ သင့်​နှ​လုံး၌ ပ​ညာ​ရှိ​လျှင် ငါ့​နှ​လုံး​နှင့် ငါ့​ကိုယ်​တိုင်​သည် ဝမ်း​မြောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 16,
      "text": "သင့်​နှုတ်​သည် မှန်​သော​စ​ကား​ကို​ပြော​သော​အ​ခါ၊ ငါ့​ကျောက်​ကပ်​ရွှင်​လန်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 17,
      "text": "အ​ပြစ်​ထင်​ရှား​သော​သူ​တို့​ကို ငြူ​စူ​သော​စိတ် မ​ရှိ​စေ​နှင့်။ တစ်​နေ့​လုံး ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော ရှိ​စေ​လော့။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 18,
      "text": "အ​ကယ်​စင်​စစ် အ​မှု​ဆုံး​ဖြတ်​ချိန်​သည် ရောက်​လိမ့်​မည်။ သင့်​မျှော်​လင့်​ခြင်း​အ​ကြောင်း မ​ပျက်​ရာ။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 19,
      "text": "ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင်၍ ပ​ညာ​ရှိ​သ​ဖြင့်၊ ကိုယ်​စိတ်​နှ​လုံး​ကို လမ်း​မ၌​ပဲ့​ပြင်​လော့။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 20,
      "text": "စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ၊ အ​မဲ​သား စား​ကြူး​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော် မ​လုပ်​နှင့်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 21,
      "text": "သောက်​ကြူး​သော​သူ​နှင့် စား​ကြူး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​လိမ့်​မည်။ အိပ်​ကြူး​သော​သ​ဘော​သည် လူ​ကို အ​ဝတ်​စုတ်​နှင့် ခြုံ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 22,
      "text": "သင့်​ကို ဖြစ်​ဖွား​စေ​သော​အ​ဘ၏​စ​ကား​ကို နား​ထောင်​လော့။ အ​သက်​ကြီး​သော အ​မိ​ကို မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 23,
      "text": "သ​မ္မာ​တ​ရား​ကို​ဝယ်​လော့။ မ​ရောင်း​နှင့်။ ပ​ညာ​ကို​လည်း​ကောင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း၊ ဉာဏ်​သ​တ္တိ​ကို​လည်း​ကောင်း ထို​အ​တူ​ပြု​လော့။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 24,
      "text": "ဖြောင့်​မတ်​သော​သူ၏​အ​ဘ​သည် အ​လွန်​ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​ရှိ​သော သား​ကို ဖြစ်​ဖွား​စေ​သော​သူ​သည် ထို​သား၌ အား​ရ​ဝမ်း​မြောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 25,
      "text": "သင်၏​မိ​ဘ​တို့​သည် ဝမ်း​မြောက်၍၊ သင့်​ကို မွေး​ဖွား​သော​သူ​သည် ရွှင်​လန်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 26,
      "text": "ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 27,
      "text": "ပြည့်​တန်​ဆာ​မ​သည် နက်​သော​ကျုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ​သည် ကျဉ်း​သော မြေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 28,
      "text": "သူ​သည် ဓား​ပြ​ကဲ့​သို့​ချောင်း​ကြည့်​တတ်၏။ လွန်​ကျူး​သော ယောက်ျား​များ​ပြား​စေ​ခြင်း​ငှာ ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 29,
      "text": "အ​ဘယ်​သူ​သည် ဝမ်း​နည်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ညည်း​တွား​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် ရန်​တွေ့​ခြင်း ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မြည်​တမ်း​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် အ​ကျိုး​အ​ကြောင်း​မ​ရှိ၊ ထိ​ခိုက်၍​နာ​ခြင်း​ရှိ​သ​နည်း။ အ​ဘယ်​သူ​သည် မျက်​စိ​နီ​ခြင်း​ရှိ​သ​နည်း​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 30,
      "text": "စ​ပျစ်​ရည်​ကို ကြာ​မြင့်​စွာ သောက်​လျက်​နေ​သော​သူ၊ ဆေး​နှင့်​ရော​သော စ​ပျစ်​ရည်​ကို ရှာ​တတ်​သော​သူ​တို့​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 31,
      "text": "ဖ​လား၌​နီ​လျက်၊ အ​ရောင်​တောက်​လျက်၊ အ​ချို​အ​မြိန်​ဝင်​လျက်​ရှိ​သော စ​ပျစ်​ရည်​ကို မ​ကြည့်​မ​ရှု​နှင့်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 32,
      "text": "နောက်​ဆုံး၌ မြွေ​ကဲ့​သို့ ကိုက်​တတ်၏။ မြွေ​ဆိုး​ကဲ့​သို့ နာ​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 33,
      "text": "သင့်​မျက်​စိ​တို့​သည် အ​မျိုး​ပျက်​သော​မိန်း​မ​တို့​ကို ကြည့်​ရှု၍၊ သင့်​နှ​လုံး​သည်​လည်း ကောက်​သော​စ​ကား​ကို မြွက်​ဆို​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 34,
      "text": "အ​ကယ်​စင်​စစ် သင်​သည် ပင်​လယ်​အ​လယ်၌ အိပ်​သော​သူ၊ သင်္ဘော​ရွက်​တိုင်​ဖျား​ပေါ်​မှာ အိပ်​သော​သူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 23,
      "verse": 35,
      "text": "သူ​တို့​သည် ငါ့​ကို​ရိုက်​ကြ​ပြီ။ သို့​သော်​လည်း ငါ​မ​နာ။ ငါ့​ကို​ထိုး​ကြ​သော်​လည်း ငါ​မ​သိ။ အ​ဘယ်​အ​ချိန်​မှ ငါ​နိုး​ရ​မည်​နည်း။ တစ်​ဖန် ငါ​ရှာ​ဦး​မည်​ဟု သင်​ဆို​လိမ့်​သ​တည်း။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 1,
      "text": "မ​တ​ရား​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။ သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​ငှာ အ​လို​မ​ရှိ​နှင့်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 2,
      "text": "သူ​တို့​သည် ဖျက်​ဆီး​ခြင်း​ငှာ နှ​လုံး​ကြံ​စည်​တတ်၏။ နှုတ်​နှင့်​လည်း ဘေး​ပြု​မည်​စ​ကား​ကို ပြော​တတ်၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 3,
      "text": "ဉာဏ်​ပ​ညာ​အား​ဖြင့် အိမ်​ကို​တည်​ဆောက်၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ရ၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 4,
      "text": "ပ​ညာ​အ​တတ်​အား​ဖြင့် အ​ခန်း​များ​တို့​သည် အ​ဖိုး​ထိုက်၍၊ နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​အ​ပေါင်း​တို့​နှင့် ပြည့်​ရ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 5,
      "text": "ပ​ညာ​ရှိ​သော​သူ​သည် တန်​ခိုး​ရှိ၏။ ပ​ညာ​အ​တတ်​နှင့် ပြည့်​စုံ​သော​သူ​သည် ခွန်​အား​တိုး​ပွား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 6,
      "text": "ပ​ညာ​ရှိ​တို့​နှင့် တိုင်​ပင်​ပြီး​မှ စစ်​မှု​ကို​ပြု​ရ၏။ အ​ကြံ​ပေး​နိုင်​သော​သူ​များ​စွာ​ရှိ​လျှင်၊ ဘေး​လွတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 7,
      "text": "ပ​ညာ​မြင့်​သော​ကြောင့် မိုက်​သော​သူ​မ​မီ​နိုင်။ မြို့​တံ​ခါး​ဝ၌ စ​ကား​မ​ပြော​ဝံ့။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 8,
      "text": "မ​ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​ငှာ ကြံ​စည်​သော​သူ​ကို၊ ဘေး​ပြု​သော​သူ​ဟူ၍ မှည့်​ရ၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 9,
      "text": "မိုက်​သော​အ​ကြံ​အ​စည်၌ အ​ပြစ်​ပါ၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​လည်း၊ လူ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 10,
      "text": "သင်​သည် အ​မှု​ရောက်​သော​ကာ​လ၌ စိတ်​ပျက်​လျှင်​အား​နည်း၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 11,
      "text": "သင်္ချိုင်း​သို့​ထုတ်၍ အ​သေ​ခံ​လု​သော​သူ​တို့​ကို သင်​သည် နုတ်​အံ့​သော​ငှာ၊ အား​မ​ထုတ်​ဘဲ​နေ​လျက်၊"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 12,
      "text": "ငါ့​တို့​မ​သိ​ဟု​ဆို​သော်​လည်း၊ နှ​လုံး​သ​ဘော​ကို ဆင်​ခြင်​သော​သူ​သည် မ​မှတ်၊ သင်၏​စိတ်​ဝိ​ညာဉ်​ကို စောင့်​သော​သူ​သည် မ​သိ​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို မ​ဆပ်​မ​ပေး​ဘဲ နေ​တော်​မူ​မည်​လော။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 13,
      "text": "ငါ့​သား၊ ပျား​ရည်​ကောင်း​သော​ကြောင့် စား​လော့။ ချို​မြိန်​သော ပျား​လ​ပို့​ကို​လည်း စား​လော့။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 14,
      "text": "ထို​အ​တူ၊ သင်​တွေ့​ရ​သော ပ​ညာ​တ​ရား​သည် စိတ်​ဝိ​ညာဉ်၌ အ​ရ​သာ​နှင့် ပြည့်​စုံ၍၊ သင်​သည် မျှော်​လင့်​ခြင်း​အ​ကြောင်း​မ​ပျက်၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 15,
      "text": "အို မ​တ​ရား​သော​သူ၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​ကို ချောင်း၍​မ​ကြည့်​နှင့်။ သူ၏ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကို မ​ဖျက်​နှင့်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 16,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ခု​နစ်​ကြိမ်​လဲ​သော်​လည်း ထ​ပြန်​လိမ့်​မည်။ မ​တ​ရား​သော​သူ​မူ​ကား၊ လဲ​သော​အ​ခါ ဆုံး​ရှုံး​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 17,
      "text": "သင်၏​ရန်​သူ​လဲ​သော​အ​ခါ ဝမ်း​မ​မြောက်​နှင့်။ ခြေ​ထိ​ခိုက်​သော​အ​ခါ ရွှင်​လန်း​သော​စိတ်​မ​ရှိ​နှင့်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 18,
      "text": "ရှိ​လျှင် ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​သ​ဖြင့်၊ မ​နှစ်​သက်​ဘဲ သူ​မှ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​မည်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 19,
      "text": "မ​တ​ရား​သော​သူ​တို့​ကြောင့် စိတ်​မ​ပူ​နှင့်။ အ​ဓ​မ္မ​လူ​တို့​ကို မ​ငြူ​စူ​နှင့်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ အ​ဓ​မ္မ​လူ၏​မီး​ခွက်​သည် သေ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 21,
      "text": "ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​လော့။ မ​တည်​ကြည်​သော​သူ​တို့​နှင့် မရော​နှော​မ​ပေါင်း​ဖော်​နှင့်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 22,
      "text": "သူ​တို့​ဘေး​သည် ချက်​ချင်း​ရောက်​တတ်၏။ ထို​နှစ်​ပါး​တို့၏​အ​ဆုံး​ကို အ​ဘယ်​သူ​သိ​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 23,
      "text": "ထို​မှ​တစ်​ပါး၊ ပ​ညာ​ရှိ​တို့​နှင့်​ဆိုင်​သော အ​ရာ​ဟူ​မူ​ကား၊ တ​ရား​တွေ့​မှု​စီ​ရင်​ရာ​တွင် လူ​မျက်​နှာ​ကို မ​ထောက်​ကောင်း။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 24,
      "text": "သင်​သည်​ဖြောင့်​မတ်၏​ဟု မ​တ​ရား​သော​သူ​အား​ဆို​သော​သူ​ကို လူ​အ​မျိုး​တို့​သည် ကျိန်​ဆဲ​ကြ​လိမ့်​မည်။ လူ​အ​နွယ်​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 25,
      "text": "ဆုံး​မ​ပြစ်​တင်​သော​သူ​တို့​မူ​ကား၊ စိတ်​သာ​ယာ​လျက်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​လျက်​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 26,
      "text": "မှန်​သော​စ​ကား​ကို ပြန်​ပြော​တတ်​သော​သူ၏​နှုတ်​ကို လူ​တိုင်း​နမ်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 27,
      "text": "ပြင်​အ​ရပ်​မှာ သင်၏​အ​လုပ်​ကို ပြင်​လော့။ လယ်​တော၌ ကိုယ်​အ​ဖို့ ပြင်​ဆင်​လော့။ နောက်​မှ သင်၏​နေ​ရာ​အိမ်​ကို ဆောက်​လော့။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 28,
      "text": "သင်၏​အိမ်​နီး​ချင်း​တစ်​ဖက်၌ အ​ကြောင်း​မ​ရှိ​ဘဲ သက်​သေ​မ​ခံ​နှင့်။ ကိုယ်​နှုတ်​နှင့် သူ​တစ်​ပါး​ကို မ​လှည့်​စား​နှင့်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 29,
      "text": "သူ​သည် ငါ၌​ပြု​သည်​အ​တိုင်း သူ၌​ငါ​ပြု​မည်။ သူ့​အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်​ဟု မ​ဆို​နှင့်။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 30,
      "text": "ပျင်း​ရိ​သော​သူ၏​လယ်​ယာ​အ​နား​နှင့်၊ ဉာဏ်​မ​ရှိ​သော​သူ၏ စ​ပျစ်​ဥ​ယျာဉ်​အ​နား​မှာ ငါ​လျှောက်​သွား​စဉ်၊"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 31,
      "text": "ဆူး​ပင်​များ​ပြား၍၊ မြေ​တစ်​ပြင်​လုံး၌ ဆူး​လေ​ပင်​အ​နှံ့​အ​ပြား​လွှမ်း​မိုး​လျက်၊ ကျောက်​ရိုး​ပြို​လျက်​ရှိ​သည်​ကို၊"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 32,
      "text": "ငါ​မြင်၍ စေ့​စေ့​ဆင်​ခြင်၏။ ကြည့်​ရှု၍ သွန်​သင်​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 33,
      "text": "ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​ခြင်း​ငှာ၊ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊"
    },
    {
      "book": 20,
      "chapter": 24,
      "verse": 34,
      "text": "ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လူ​တို့​ကူး​ရေး​သော ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 2,
      "text": "အ​မှု​အ​ရေး​ကို​ဝှက်​ထား​ခြင်း​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​နှင့် သင့်၏။ ရှင်​ဘု​ရင်​မူ​ကား၊ အ​မှု​အ​ရေး​ကို စစ်​ကြော​ခြင်း​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တည်၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 3,
      "text": "မိုး​ကောင်း​ကင်​သည် မြင့်၏။ မြေ​ကြီး​သည် နက်၏။ ရှင်​ဘု​ရင်​နှ​လုံး​ကို​လည်း စစ်၍​မ​သိ​နိုင်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 4,
      "text": "ငွေ​ထဲ​က ချော်​ကို​ထုတ်​ပယ်​လျှင်၊ ပန်း​ထိမ်​သ​မား​နှင့် တော်​သင့်​သော​ဖ​လား​ကို ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 5,
      "text": "မ​တ​ရား​သော သူ​တို့​ကို ရှင်​ဘု​ရင်​ထံ​တော်​မှ ပယ်​ရှား​လျှင်၊ အာ​ဏာ​တော်​သည် တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 6,
      "text": "ရှင်​ဘု​ရင်​ထံ​တော်၌ ကိုယ်​ကို မ​ချီး​မြှောက်​နှင့်။ လူ​ကြီး​နေ​ရာ၌ မ​နေ​နှင့်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ဖူး​မြင်​ရ​သော​မင်း​ရှေ့​မှာ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သည်​ထက်၊ ဤ​အ​ရပ်​သို့​တက်​ပါ​ဟူ​သော စ​ကား​ကို သာ၍​ကြား​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 8,
      "text": "အ​လျင်​အ​မြန် ရန်​မ​တွေ့​နှင့်။ အိမ်​နီး​ချင်း​သည် သင့်​ကို​အ​ရှက်​ခွဲ​ပြီး​မှ၊ သင်​သည် အ​ဘယ်​သို့ ပြု​မည်​နည်း။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 9,
      "text": "သင်​သည် အိမ်​နီး​ချင်း​နှင့် ကိုယ်​အ​မှု​ကို ဆွေး​နွေး​လော့။ ဝှက်​ထား​အပ်​သော​အ​မှု​အ​ရာ​ကို သူ​တစ်​ပါး​အား ထုတ်၍​မ​ပြ​နှင့်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 10,
      "text": "သို့​မ​ဟုတ်၊ သူ​သည် သင့်​ကို​အ​ရှက်​ခွဲ​သ​ဖြင့်၊ သင်၏​ဂုဏ်​အ​သ​ရေ​သည် အ​စဉ်​ဆုံး​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 11,
      "text": "လျောက်​ပတ်​သော​စ​ကား​သည် ငွေ​အ​ပြောက်​မှာ စီ​ချယ်​သော ရွှေ​ရှောက်​ချို​သီး​နှင့် တူ၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 12,
      "text": "နား​ထောင်​တတ်​သော​သူ​ကို လျောက်​ပတ်​စွာ ဆုံး​မ​တတ်​သော​သူ​သည် ရွှေ​နား​တောင်း​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 13,
      "text": "စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိုး​ပွင့်​ကြောင့်​ချမ်း​သ​ကဲ့​သို့၊ သ​စ္စာ​စောင့်​သော​တ​မန်​သည် စေ​လွှတ်​သော​သူ၌​ဖြစ်၍၊ သ​ခင်​စိတ်​ကို ချမ်း​ဧ​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 14,
      "text": "ပေး​မည်​ဟု ဝါ​ကြွား၍​မ​ပေး​ဘဲ​နေ​သော​သူ​သည် မိုး​ရေ​မ​ပါ​သော တိမ်​နှင့် လေ​ကဲ့​သို့​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 15,
      "text": "ကြာ​မြင့်​စွာ​သည်း​ခံ​လျှင် မင်း​ကို​ဖျောင်း​ဖျ​နိုင်၏။ ချို​သော​စ​ကား​သည်​လည်း အ​ရိုး​ကျိုး​အောင်​တတ်​နိုင်၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 16,
      "text": "ပျား​ရည်​ကို တွေ့​သ​လော။ ဝ​ရုံ​သာ​စား​တော့။ အ​စား​ကြူး​လျှင် ရင်​ပြည့်၍ အန်​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 17,
      "text": "သင်၏ အိမ်​နီး​ချင်း​အိမ်၌ ကြာ​မြင့်​စွာ​မ​နေ​နှင့်။ နေ​လျှင် သူ​သည် သင့်​ကို​ငြီး​ငွေ့၍ မုန်း​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 18,
      "text": "အိမ်​နီး​ချင်း​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို ခံ​သော​သူ​သည် တုတ်၊ ဓား၊ သံ​ချွန်​နှင့်​တူ၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 19,
      "text": "အ​မှု​ရောက်​သော​ကာ​လ၌ သ​စ္စာ​ပျက်​တတ်​သော​သူ​ကို​ယုံ​လျှင် သွား​ကျိုး​ခြင်း၊ ခြေ​ဆစ်​ပြုတ်​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 20,
      "text": "စိတ်​ညှိုး​ငယ်​သော​သူ​အား သီ​ချင်း​ဆို​သော​သူ​သည် ဆောင်း​ကာ​လ၌ အ​ဝတ်​ကို​ချွတ်​သော​သူ၊ ယမ်း​စိမ်း​ပေါ်​မှာ ပုံး​ရည်​ကို လောင်း​သော​သူ​နှင့် တူ၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 21,
      "text": "သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 22,
      "text": "ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ သင်၌ ဆု​ချ​တော်​မူ​မည်။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 23,
      "text": "မြောက်​လေ​သည် မိုး​ရေ​ကို​ဆောင်​တတ်​သ​ကဲ့​သို့၊ ကုန်း​တိုက်​သော​လျှာ​သည် ဒေါ​သ​မျက်​နှာ​ကို ဆောင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 24,
      "text": "ရန်​တွေ့​တတ်​သော​မိန်း​မ​နှင့် လူ​များ​သော​အိမ်၌​နေ​သည်​ထက်၊ အိမ်​မိုး​ပေါ်​ထောင့်​ထဲ​မှာ​နေ​သော် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 25,
      "text": "ဝေး​သော​ပြည်​မှ​ရောက်​လာ​သော ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​သည် ရေ​ငတ်​သော​သူ၌ ချမ်း​ဧ​သော​ရေ​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 26,
      "text": "ဖြောင့်​မတ်​သော​သူ​သည် မ​တ​ရား​သော​သူ​ရှေ့​တွင် မှား​ယွင်း​လျှင်၊ နောက်​သော​ရေ​ကန်၊ ပုပ်​သော​စမ်း​ရေ​တွင်း​နှင့် တူ၏။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 27,
      "text": "ပျား​ရည်​ကို​စား​ကြူး​လျှင် မ​ကောင်း​သ​ကဲ့​သို့၊ ကိုယ်​ဂုဏ်​သ​ရေ​ကို​ရှာ​လျှင် ဂုဏ်​အ​သ​ရေ​မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 25,
      "verse": 28,
      "text": "ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 1,
      "text": "နွေ​ကာ​လ၌ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း၊ မိုက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို မ​ခံ​သင့်။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 2,
      "text": "စာ​ငှက်​သည် အ​ရပ်​ရပ်​လှည့်​လည်၍၊ ဇ​ရက်​သည်​လည်း ပျံ​သွား​သ​ကဲ့​သို့၊ ထို​နည်း​တူ အ​ကြောင်း​မ​ရှိ​သော ကျိန်​ဆဲ​ခြင်း​သည် မ​သင့်​မ​ရောက်​တတ်။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 3,
      "text": "မြင်း​ဖို့​နှင်​တံ၊ မြည်း​ဖို့​ဇက်​ကြိုး၊ မိုက်​သော​သူ၏​ကျော​ဖို့ ကြိမ်​လုံး​သည် သင့်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 4,
      "text": "မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍၊ သူ၏​စ​ကား​ကို မ​ချေ​နှင့်။ ထို​သို့​ချေ​လျှင် သူ​နှင့်​တူ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 5,
      "text": "မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍ သူ၏​စ​ကား​ကို ချေ​လော့။ သို့​မ​ဟုတ်၊ သူ​သည် ဝါ​ကြွား​သော​စိတ် ရှိ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 6,
      "text": "မိုက်​သော​သူ​တွင် မှာ​လိုက်​သော​သူ​သည် ကိုယ်​ခြေ​ကို​ဖြတ်၍ အ​ကျိုး​နည်း​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 7,
      "text": "သု​တ္တံ​စ​ကား​ကို မိုက်​သော​သူ ပြော​ခြင်း​သည် ခြေ​ဆွံ့​သော​သူ၏ ခြေ​ကြွ​ခြင်း​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 8,
      "text": "မိုက်​သော​သူ​ကို ချီး​မြှောက်​ခြင်း​သည် ကျောက်​ပုံ၌ ကျောက်​မြတ်​ကို ပစ်​ထား​ခြင်း​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 9,
      "text": "ဆူး​သည် ယစ်​မူး​သော​သူ၏ လက်​ကို​စူး​သ​ကဲ့​သို့၊ သု​တ္တံ​စ​ကား​သည် မိုက်​သော​သူ၏​နှုတ်၌​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 10,
      "text": "ကြီး​သော​သူ​သည် ခပ်​သိမ်း​သော​သူ​တို့​ကို တုန်​လှုပ်​စေ​တတ်၏။ မိုက်​သော​သူ​နှင့် ပြစ်​မှား​တတ်​သော​သူ​တို့​ကို စေ​သုံး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 11,
      "text": "ခွေး​သည် မိ​မိ​အန်​ဖတ်​ကို ပြန်၍​စား​တတ်​သ​ကဲ့​သို့၊ မိုက်​သော​သူ​သည် မိုက်​သော​အ​ကျင့်​ကို ပြန်၍ ကျင့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 12,
      "text": "ငါ​သည် ပ​ညာ​ရှိ၏​ဟု​ထင်​သော​သူ​ရှိ​လျှင်၊ ထို​သူ၌ မျှော်​လင့်​စ​ရာ အ​ခွင့်​ရှိ​သည်​ထက်၊ မိုက်​သော​သူ၌ သာ၍ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 13,
      "text": "ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​တို့၌ ခြင်္သေ့​ရှိ၏​ဟု ဆို​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 14,
      "text": "တံ​ခါး​ရွက်​သည် စ​ရွေး၌​လည်​သ​ကဲ့​သို့ ပျင်း​ရိ​သော​သူ​သည် အိပ်​ရာ​ပေါ်​မှာ လည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 15,
      "text": "ပျင်း​ရိ​သော​သူ​သည် မိ​မိ​လက်​ကို အိုး၌​သွင်း​သော်​လည်း၊ တစ်​ဖန်​နုတ်၍ မိ​မိ​ပါး​စပ်​သို့ ခွံ့​ရ​လျှင် စိတ်​ညစ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 16,
      "text": "ပျင်း​ရိ​သော​သူ​က၊ ငါ​သည် အ​ကျိုး​အ​ကြောင်း​ကို ပြ​တတ်​သော​သူ ခု​နစ်​ယောက်​ထက်​သာ၍ ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 17,
      "text": "လမ်း၌​လျှောက်​သွား၍ မိ​မိ​မ​ဆိုင်​သော​အ​မှု​ကို ရော​နှော​သော​သူ​သည် ခွေး​နား​ရွက်​ကို ကိုင်​ဆွဲ​သော​သူ​နှင့် တူ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 18,
      "text": "ငါ​ကျီ​စား​ရုံ​မျှ​သာ ပြု​သည်​ဟု​ဆို​လျက်၊"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 19,
      "text": "မိ​မိ​အိမ်​နီး​ချင်း​ကို လှည့်​စား​သော​သူ​သည် မီး​စ၊ မြား၊ သေ​ဘေး​ကို ပစ်​တတ်​သော​အ​ရူး​နှင့်​တူ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 20,
      "text": "ထင်း​မ​ရှိ​လျှင် မီး​သေ​တတ်​သ​ကဲ့​သို့ ကုန်း​တိုက်​သော​သူ​မ​ရှိ​လျှင် ရန်​ငြိမ်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 21,
      "text": "မီး​ခဲ​ချင်း ပြု​သ​ကဲ့​သို့​လည်း​ကောင်း၊ ထင်း​သည် မီး​ကို မွေး​သ​ကဲ့​သို့​လည်း​ကောင်း၊ ရန်​တွေ့​တတ်​သော​သူ​သည် ခိုက်​ရန်​မှု​ကို ပြု​စု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 22,
      "text": "ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့ ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 23,
      "text": "ချစ်​အား​ကြီး​သော​နှုတ်​နှင့်၊ ဆိုး​ညစ်​သော​စိတ်​နှ​လုံး​သည် ချော်​မွမ်း​မံ​သော အိုး​ခြမ်း​နှင့်​တူ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 24,
      "text": "အ​ငြိုး​ထား​သော​သူ​သည် နှုတ်​ဖြင့်​လျှို့​ဝှက်၍၊ ကိုယ်​ထဲ​မှာ လှည့်​စား​သော​သ​ဘော​ကို ဝှက်​ထား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 25,
      "text": "ထို​သို့​သော​သူ၏ စ​ကား​သည် ချို​သော်​လည်း မ​ယုံ​နှင့်။ သူ၏​စိတ်​နှ​လုံး​ထဲ​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​ခု​နစ်​ပါး​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 26,
      "text": "အ​ငြိုး​ထား​ခြင်း​ကို လှည့်​စား​ခြင်း​အား​ဖြင့် ဝှက်​ထား​သော​သူ၏​ဒု​စ​ရိုက်​အ​ပြစ်​သည် ပ​ရိ​သတ်​ရှေ့​မှာ ထင်​ရှား​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 27,
      "text": "တွင်း​တူး​သော​သူ​သည် မိ​မိ​တွင်း​ထဲ​သို့​ကျ​လိမ့်​မည်။ ကျောက်​ကို လှိမ့်​သော​သူ​အ​ပေါ်​သို့ ထို​ကျောက်​သည် ပြန်၍​လိမ့်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 26,
      "verse": 28,
      "text": "မု​သား​ပြော​တတ်​သော​သူ​သည် မိ​မိ​ညှဉ်း​ဆဲ​သော​သူ​တို့​ကို မုန်း​တတ်၏။ ချော့​မော့​တတ်​သော​သူ​သည်​လည်း ဖျက်​ဆီး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 1,
      "text": "နက်​ဖြန်​နေ့​ကို အ​မှီ​ပြု၍ မ​ဝါ​ကြွား​နှင့်။ တစ်​ရက် အ​တွင်း​တွင် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​ကို မ​သိ​နိုင်။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 2,
      "text": "ကိုယ်​တိုင်​ကိုယ်​ကို မ​ချီး​မွမ်း​ဘဲ သူ​တစ်​ပါး​ချီး​မွမ်း​ပါ​လေ​စေ။ ကိုယ်​နှုတ်​နှင့် ကိုယ်​ကို​မ​ချီး​မွမ်း​ဘဲ၊ ကိုယ်​နှင့်​မ​ဆိုင်​သော သူ​တစ်​ပါး ချီး​မွမ်း​ပါ​လေ​စေ။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 3,
      "text": "ကျောက်​နှင့် သဲ​သည်​လေး၏။ မိုက်​သော​သူ၏​ဒေါ​သ​သည် ထို​နှစ်​ပါး​ထက်​သာ၍​လေး၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 4,
      "text": "မာ​န​သည် ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။ ဒေါ​သ​သည် ပြင်း​ထန်​တတ်၏။ ငြူ​စူ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ​ဆီး၍ ခံ​နိုင်​သ​နည်း။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 5,
      "text": "ထင်​ရှား​စွာ ဆုံး​မ​ပြစ်​တင်​ခြင်း​သည် တိတ်​ဆိတ်​စွာ ချစ်​ခြင်း​ထက်​သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 6,
      "text": "အ​ဆွေ​ခင်​ပွန်း​သည် ဒဏ်​ပေး​သော​အ​ခါ သ​စ္စာ​စောင့်​လျက်​ပေး၏။ ရန်​သူ​မူ​ကား၊ နမ်း​သော​အ​ခါ လှည့်​စား​တတ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 7,
      "text": "စား၍​ဝ​သော​သူ​သည် ပျား​လ​ပို့​ကို​ပင်​ငြင်း​ပယ်​လိမ့်​မည်။ မွတ်​သိပ်​သော​သူ​မူ​ကား၊ ခါး​သော​အ​ရာ​ကို ချို​သည်​ဟု ထင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 8,
      "text": "မိ​မိ​နေ​ရာ​ကို​စွန့်၍ လည်​သော​သူ​သည် မိ​မိ​အ​သိုက်​ကို စွန့်၍​လည်​သော ငှက်​နှင့်​တူ၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 9,
      "text": "နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 10,
      "text": "ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 11,
      "text": "ငါ့​သား၊ ပ​ညာ​ရှိ​လော့။ ကဲ့​ရဲ့​သော​သူ၏​စ​ကား​ကို ငါ​ချေ​နိုင်​အောင်၊ ငါ့​စိတ်​ကို ရွှင်​လန်း​စေ​လော့။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 12,
      "text": "သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မြော်​မြင်၍၊ ပုန်း​ရှောင်​လျက် နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 13,
      "text": "မ​ကျွမ်း​သော​သူ​အ​တွက်၊ အ​မျိုး​ပျက်​သော​မိန်း​မ​အ​တွက်၊ အာ​မ​ခံ​တတ်​သော​သူ​သည် အ​ဝတ်​အ​စ​ရှိ​သော ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ပေါင်​ထား​စေ။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 14,
      "text": "နံ​နက်​စော​စော​ထ၍၊ မိ​မိ​အ​ဆွေ​ခင်​ပွန်း​ကို ကျယ်​သော​အ​သံ​နှင့် ကောင်း​ချီး​ပေး​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို ပြု​ရာ​ရောက်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 15,
      "text": "ရန်​တွေ့​တတ်​သော​မ​ယား​သည် မိုး​သည်း​စွာ​ရွာ​သော​နေ့၌ အ​စက်​စက်​ကျ​သော မိုး​ပေါက်​နှင့် တူ၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 16,
      "text": "ထို​မိန်း​မ​ကို သိမ်း​ထား​သော​သူ​သည် လေ​ကို သိမ်း​ထား​သော​သူ​နှင့် တူ၏။ လက်​ယာ​လက်၌​လိမ်း​သော နံ့​သာ​ဆီ​ကို ဝှက်၍​မ​ထား​နိုင်။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 17,
      "text": "သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 18,
      "text": "သင်္ဘော​သ​ဖန်း​ပင်​ကို စောင့်​သော​သူ​သည် သင်္ဘော​သ​ဖန်း​သီး​ကို စား​ရ၏။ ထို​နည်း​တူ၊ သ​ခင်​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို​ရ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 19,
      "text": "ရေ၌ လူ​မျက်​နှာ​ချင်း​တူ​သ​ကဲ့​သို့၊ လူ​တစ်​ယောက်​နှင့် တစ်​ယောက် စိတ်​သ​ဘော​တူ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 20,
      "text": "မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် အ​လို​မ​ပြည့်​စုံ​သ​ကဲ့​သို့၊ လူ​တို့​မျက်​စိ​သည် အ​လို​မ​ပြည့်​စုံ​တတ်။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 21,
      "text": "ငွေ​စစ်​စ​ရာ​ဖို့ မိုက်​ရှိ၏။ ရွှေ​စစ်​စ​ရာ​ဖို့ မီး​ဖို​ရှိ၏။ လူ​ကို​စစ်​စ​ရာ​ဖို့ သူ​တစ်​ပါး​ချီး​မွမ်း​ခြင်း​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 22,
      "text": "မိုက်​သော​သူ​ကို စ​ပါး​နှင့်​အ​တူ​ဆုံ၌ ကျည်​ပွေ့​နှင့် ထောင်း​သော်​လည်း၊ မိုက်​သော​သ​ဘော မ​ထွက်​တတ်။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 23,
      "text": "သင်၏ သိုး​စု​အ​ကြောင်း​တို့​ကို​သိ​ခြင်း​ငှာ ကြိုး​စား​လော့။ နွား​စု​တို့​ကို​လည်း စေ့​စေ့​ကြည့်​ရှု​လော့။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 24,
      "text": "စည်း​စိမ်​သည် အ​မြဲ​မ​တည်​တတ်။ ရှင်​ဘု​ရင်၏​စည်း​စိမ်​သော်​လည်း၊ လူ​မျိုး​အ​စဉ်​အ​ဆက် မ​တည်​တတ်။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 25,
      "text": "မြက်​ပင်​ပေါက်​တတ်၏။ ပျိုး​ပင်​လည်း ထင်​ရှား​တတ်၏။ တောင်​ယာ​အ​သီး​ကို​လည်း သိမ်း​ရ၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 26,
      "text": "သိုး​သ​ငယ်​တို့​သည် သင်​ဝတ်​စ​ရာ​ဖို့၊ ဆိတ်​တို့​လည်း မြေ​အ​ဖိုး​ကို​ဖြေ​စ​ရာ​ဖို့ ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 27,
      "verse": 27,
      "text": "သင်​စား​စ​ရာ​ဖို့၊ အိမ်​သူ​အိမ်​သား​စား​စ​ရာ​ဖို့၊ ကျွန်​မိန်း​မ​များ​ကို ကျွေး​စ​ရာ​ဖို့ ဆိတ်​နို့​လောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 1,
      "text": "လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 2,
      "text": "ပြည်​သူ​ပြည်​သား အ​ပြစ်​ကြောင့်၊ မင်း​တို့​သည် များ​ပြား​တတ်​ကြ၏။ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​အား​ဖြင့် နိုင်​ငံ​တည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 3,
      "text": "ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​ဆင်း​ရဲ​သား​သည် အ​ဘယ်​စား​စ​ရာ​မျှ မ​ကြွင်း​စေ​ဘဲ၊ သုတ်​သင်​ပယ်​ရှင်း​သော မိုး​ရေ​နှင့်​တူ၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 4,
      "text": "တ​ရား​ကို​ဖျက်​သော​သူ​သည် မ​တ​ရား​သော​သူ​တို့​ကို ချီး​မွမ်း​တတ်၏။ တ​ရား​ကို​စောင့်​သော​သူ​မူ​ကား၊ သူ​တို့​နှင့် ဆန့်​ကျင်​ဘက် ပြု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 5,
      "text": "အ​ဓ​မ္မ​လူ​သည် တ​ရား​စီ​ရင်​ခြင်း​ကို နား​မ​လည်​တတ်။ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​သော​သူ​မူ​ကား၊ ခပ်​သိမ်း​သော စီ​ရင်​ခြင်း​ကို နား​လည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 6,
      "text": "မ​မှန်​သော​အ​မှု​ကို ပြု​သော​သူ​သည် ငွေ​ရ​တတ်​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​လမ်း​သို့​လိုက်​သော ဆင်း​ရဲ​သား​သည် သာ၍​မြတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 7,
      "text": "တ​ရား​ကို​စောင့်​သော​သူ​သည် ပ​ညာ​ရှိ​သော​သား​ဖြစ်၏။ စား​ကြူး​သော​သူ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ မိ​မိ​အ​ဘ​ကို အ​ရှက်​ခွဲ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 8,
      "text": "အ​တိုး​စား၍ မ​တ​ရား​သော​အ​မြတ်​အား​ဖြင့် ဥ​စ္စာ​ကို​ဆည်း​ပူး​သော​သူ​သည် ဆင်း​ရဲ​သား​တို့​ကို သ​နား​သော​သူ​အ​ဖို့​သာ ဆည်း​ပူး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 9,
      "text": "တ​ရား​မ​နာ၊ လွှဲ​သွား​သော​သူ​သည် ဆု​တောင်း​သော်​လည်း၊ သူ၏​ပ​တ္ထ​နာ​စ​ကား​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 10,
      "text": "ဖြောင့်​မတ်​သော​သူ​ကို လမ်း​လွှဲ၍၊ မ​ကောင်း​သော​လမ်း​ထဲ​သို့ သွေး​ဆောင်​သော​သူ​သည် မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​မူ​ကား၊ ကောင်း​သော​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 11,
      "text": "ငွေ​ရ​တတ်​သော​သူ​က၊ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​ထင်​တတ်၏။ ဉာဏ်​ကောင်း​သော​ဆင်း​ရဲ​သား​မူ​ကား၊ ထို​သူ​ကို စစ်​ကြော​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 12,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် ဝမ်း​မြောက်​သော​အ​ခါ ဘုန်း​ကြီး​တတ်၏။ မ​တ​ရား​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​သော​အ​ခါ လူ​တို့​သည် ပုန်း​ရှောင်၍ နေ​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 13,
      "text": "မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 14,
      "text": "အ​စဉ်​မ​ပြတ်​ကြောက်​ရွံ့​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ မိ​မိ​စိတ်​နှ​လုံး​ကို ခိုင်​မာ​စေ​သော​သူ​မူ​ကား၊ ဘေး​ဥ​ပဒ်​နှင့် တွေ့​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 15,
      "text": "ဆင်း​ရဲ​သား​တို့​ကို​အုပ်​စိုး​သော အ​ဓ​မ္မ​မင်း​သည် ဟောက်​သော​ခြင်္သေ့၊ လှည့်​လည်​သော​ဝံ​နှင့် တူ၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 16,
      "text": "ဉာဏ်​မ​ရှိ​သော​မင်း​သည် ပြင်း​စွာ​ညှဉ်း​ဆဲ​တတ်၏။ လော​ဘ​ကို​မုန်း​သော​မင်း​မူ​ကား၊ အ​သက်​တာ​ရှည်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 17,
      "text": "လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 18,
      "text": "ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ဘေး​လွတ်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူ​ကား၊ ချက်​ချင်း​လဲ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 19,
      "text": "လယ်​လုပ်​သော​သူ​သည် ဝ​စွာ​စား​ရ၏။ အ​ချည်း​နှီး​သော​အ​မှု​ကို စောင့်​သော​သူ​မူ​ကား၊ ဆင်း​ရဲ​ခြင်း​နှင့် ဝ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 20,
      "text": "သ​စ္စာ​စောင့်​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​နှင့် ကြွယ်​ဝ​လိမ့်​မည်။ ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​မူ​ကား၊ အ​ပြစ်​နှင့် မ​လွတ်​ရ။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 21,
      "text": "လူ​မျက်​နှာ​ကို​မ​ထောက်​ကောင်း။ သို့​သော်​လည်း၊ လူ​သည် မုန့်​တ​ဖဲ့​ကို​ရ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို ပြု​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 22,
      "text": "ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​သည် မ​နာ​လို​သော​သ​ဘော​ရှိ​တတ်၏။ နောက်​တစ်​ဖန် ဆင်း​ရဲ​ခြင်း​သို့ ရောက်​မည်​ဟု မ​အောက်​မေ့​တတ်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 23,
      "text": "ချော့​မော့​သော​စ​ကား​ကို ပြော​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သည်​ထက်၊ ဆုံး​မ​ပြစ်​တင်​သော​သူ​သည် နောက်​တစ်​ဖန် သာ၍ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 24,
      "text": "အ​ပြစ်​မ​ရှိ​ဟု​ဆို​လျက်၊ မိ​ဘ​ဥ​စ္စာ​ကို​လု​ယူ​သော​သူ​သည် ဖျက်​ဆီး​သော​သူ၏ အ​ပေါင်း​အ​ဖော်​ဖြစ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 25,
      "text": "စိတ်​မြင့်​သော​သူ​သည် ခိုက်​ရန်​ကို​နှိုး​ဆော်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား၊ ကြွယ်​ဝ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 26,
      "text": "မိ​မိ​စိတ်​နှ​လုံး​ကို ကိုး​စား​သော​သူ​သည် လူ​မိုက်​ဖြစ်၏။ ပ​ညာ​သ​တိ​နှင့် ကျင့်​သော​သူ​မူ​ကား၊ ဘေး​လွတ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 27,
      "text": "ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​သော​သူ​သည် ကိုယ်​တိုင်​မ​ဆင်း​ရဲ​ရာ။ လွှဲ​ရှောင်​သော​သူ​မူ​ကား၊ များ​စွာ​သော​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 28,
      "verse": 28,
      "text": "မ​တ​ရား​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့​ရောက်​သော​အ​ခါ၊ လူ​တို့​သည် ပုန်း​ရှောင်၍​နေ​ရ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပွား​များ​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 1,
      "text": "အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 2,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​သည် အ​ခွင့်​ရ​သော​အ​ခါ၊ ပြည်​သူ​ပြည်​သား​တို့​သည် ဝမ်း​မြောက်​တတ်​ကြ၏။ မ​တ​ရား​သော​သူ​တို့​သည် အုပ်​စိုး​သော​အ​ခါ​မူ​ကား၊ ပြည်​သူ​ပြည်​သား​တို့​သည် ဝမ်း​နည်း​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 3,
      "text": "ပ​ညာ​တ​ရား​ကို နှစ်​သက်​သော​သူ​သည် မိ​မိ​အ​ဘ​ကို ဝမ်း​မြောက်​စေ၏။ ပြည့်​တန်​ဆာ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ဥ​စ္စာ ပြုန်း​တီး​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 4,
      "text": "တ​ရား​သ​ဖြင့် စီ​ရင်​သော​ရှင်​ဘု​ရင်​သည် တိုင်း​ပြည်​ကို တည်​စေ​တတ်၏။ တံ​စိုး​စား​သော ရှင်​ဘု​ရင်​မူ​ကား၊ တိုင်း​ပြည်​ကို မှောက်​လှန်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 5,
      "text": "အိမ်​နီး​ချင်း​ကို ချော့​မော့​သော​သူ​သည် အိမ်​နီး​ချင်း​သွား​ရာ​လမ်း၌ ကွန်​ရွက်​ကို ဖြန့်​ထား၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 6,
      "text": "အ​ဓ​မ္မ​လူ​ပြစ်​မှား​ရာ၌ ကျော့​ကွင်း​ထောင်​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 7,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ဆင်း​ရဲ​သား​အ​မှု​ကို ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ ထို​အ​မှု​ကို ပ​မာ​ဏ​မ​ပြု​တတ်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 8,
      "text": "မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​သည် မြို့​ကို​မီး​ရှို့​တတ်၏။ ပ​ညာ​ရှိ​သော သူ​တို့​မူ​ကား၊ ဒေါ​သ​အ​မျက်​ကို လွှဲ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 9,
      "text": "ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​နှင့် အ​မှု​တွေ့​လျှင်၊ စိတ်​ဆိုး​သည် ဖြစ်​စေ၊ ပြုံး​ရယ်​သည် ဖြစ်​စေ၊ အား​ရ​စ​ရာ​အ​ကြောင်း မ​ရှိ။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 10,
      "text": "လူ​အ​သက်​ကို သတ်​တတ်​သော​သူ​တို့​သည် စုံ​လင်​သော​သူ​ကို မုန်း​တတ်​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ သူ​တစ်​ပါး​အ​သက်​ကို စောင့်​မ​တတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 11,
      "text": "မိုက်​သော​သူ​သည် မိ​မိ​ကြံ​စည်​သ​မျှ​ကို ဖော်​ပြ​တတ်၏။ ပ​ညာ​ရှိ​သော​သူ​မူ​ကား၊ အ​ဆင်​မ​သင့်​မီ ထိမ်​ဝှက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 12,
      "text": "မင်း​သည် မု​သား​စ​ကား​ကို နား​ထောင်​လျှင်၊ ကျွန်​အ​ပေါင်း​တို့​သည် လူ​ဆိုး​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 13,
      "text": "ဆင်း​ရဲ​သော​သူ​နှင့် ညှဉ်း​ဆဲ​သော​သူ​တို့​သည် တွေ့​ကြုံ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​နှစ်​ဦး​တို့​အား အ​လင်း​ကို​ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 14,
      "text": "ဆင်း​ရဲ​သား​တို့​ကို တ​ရား​သ​ဖြင့်​စီ​ရင်​သော ရှင်​ဘု​ရင်၏​အာ​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 15,
      "text": "ကြိမ်​လုံး​နှင့်​ရိုက်​ခြင်း၊ နှုတ်​နှင့် ဆုံး​မ​ခြင်း​အား​ဖြင့် ပ​ညာ​တိုး​ပွား​တတ်၏။ တတ်​တိုင်း​နေ​စေ​သော သူ​ငယ်​သည် အ​မိ​ကို အ​ရှက်​ခွဲ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 16,
      "text": "မ​တ​ရား​သော​သူ​တို့​သည် များ​ပြား​သော​အ​ခါ၊ လွန်​ကျူး​ခြင်း​အ​ပြစ် တိုး​ပွား​တတ်၏။ သို့​ရာ​တွင်၊ သူ​တို့​ပျက်​စီး​ခြင်း​ကို ဖြောင့်​မတ်​သော​သူ​တို့​သည် မြင်​ရ​ကြ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 17,
      "text": "သင်၏​သား​ကို ဆုံး​မ​လော့။ သို့​ပြု​လျှင် သူ​သည် သင့်​ကို ချမ်း​သာ​ပေး​မည်။ ထို​မျှ​မ​က စိတ်​ရွှင်​လန်း​စ​ရာ​အ​ခွင့်​ကို ပေး​မည်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 18,
      "text": "ဗျာ​ဒိတ်​တော်​မ​ရှိ​လျှင်၊ လူ​တို့​သည် အ​ကျိုး​နည်း ဖြစ်​ကြ၏။ တ​ရား​တော်​ကို​စောင့်​သော​သူ​မူ​ကား မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 19,
      "text": "စ​ကား​အား​ဖြင့်​သာ ကျွန်​ကို​ဆုံး​မ၍ မ​နိုင်​ရာ။ သူ​သည် နား​လည်​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 20,
      "text": "သ​တိ​မ​ရှိ​ဘဲ စ​ကား​များ​သော​သူ​ရှိ​လျှင်၊ ထို​သူ၌ မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​သည်​ထက်၊ မိုက်​သော​သူ၌ သာ၍ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 21,
      "text": "ကျွန်​သည်​ငယ်​သော​အ​ရွယ်​မှ​စ၍ ပျော်​ပါး​အောင် ကျွေး​မွေး​ခြင်း​ကို​ခံ​ရ​လျှင်၊ နောက်​ဆုံး၌ သား​အ​ရာ​ကို ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 22,
      "text": "စိတ်​ဆိုး​တတ်​သော​သူ​သည် ခိုက်​ရန်​မှု​ကို နှိုး​ဆော်​တတ်၏။ ပြင်း​ထန်​သော​သူ​သည်​လည်း၊ အ​လွန်​အ​ကျူး​များ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 23,
      "text": "မိ​မိ​မာ​န​သည် မိ​မိ​ကို နှိမ့်​ချ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 24,
      "text": "သူ​ခိုး​ကို လက်​ခံ​သော​သူ​သည် မိ​မိ​အ​သက်​ကို မုန်း​တတ်၏။ ကျိန်​ဆို​ခြင်း​ကို ပြု​သော်​လည်း၊ အ​မှု​ကို မ​ဖော်​မ​ပြ​တတ်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 25,
      "text": "လူ​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် ကျော့​ကွင်း​ကို​ထောင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား လုံ​ခြုံ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 26,
      "text": "မင်း​ပြု​သော​ကျေး​ဇူး​ကို များ​သော​သူ​တို့​သည် ကြိုး​စား၍ ရှာ​တတ်​ကြ၏။ သို့​ရာ​တွင် ခပ်​သိမ်း​သော​သူ​တို့၏​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 29,
      "verse": 27,
      "text": "တ​ရား​သော​သူ​သည် မ​တ​ရား​သော​သူ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် တ​ရား​သ​ဖြင့် ကျင့်​သော​သူ​ကို​လည်း​ကောင်း၊ စက်​ဆုပ်​ရွံ​ရှာ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 1,
      "text": "ယာ​ကေ​သား​အာ​ဂု​ရ​သည် ဣ​သေ​လ​နှင့် ဥ​က​လ​ကို ဆုံး​မ​သော​တ​ရား​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 2,
      "text": "အ​ကယ်​စင်​စစ် ငါ​သည် လူ​မ​ဟုတ်၊ တိ​ရ​စ္ဆာန်​ဖြစ်၏။ လူ​ဉာဏ်​နှင့် မ​ပြည့်​စုံ။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 3,
      "text": "ပ​ညာ​တ​ရား​ကို မ​သင်၊ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​လေ့​ကျက်။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 4,
      "text": "ကောင်း​ကင်​ဘုံ​သို့ အ​ဘယ်​သူ​တက်​သ​နည်း။ အ​ဘယ်​သူ ဆင်း​လာ​သ​နည်း။ အ​ဘယ်​သူ​သည် လေ​ကို မိ​မိ​လက်​နှင့် ဆုပ်​ထား​သ​နည်း။ အ​ဘယ်​သူ​သည် ရေ​ကို အ​ဝတ်​နှင့် ထုပ်​ထား​သ​နည်း။ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သူ​တည်​စေ​သ​နည်း။ ထို​သို့​ပြု​သော​သူ၏​အ​မည်​နှင့် သူ၏​သား​အ​မည်​ကား​အ​ဘယ်​သို့​နည်း။ သင်​ပြော​နိုင်​သ​လော။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်၏​စ​ကား​တော်​ရှိ​သ​မျှ​သည် စင်​ကြယ်၏။ ခို​လှုံ​သော​သူ​အ​ပေါင်း​တို့၌ ဘု​ရား​သ​ခင်​သည် အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 6,
      "text": "စ​ကား​တော်၌ ထပ်၍​မ​သွင်း​နှင့်။ သို့​ပြု​လျှင် အ​ပြစ်​တင်​တော်​မူ၍၊ သင်​သည် မု​သား​သုံး​သော​သူ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 7,
      "text": "ကိုယ်​တော်​ထံ​မှာ ဆု​နှစ်​ပါး​ကို အ​ကျွန်ုပ်​တောင်း​ပါ၏။ အ​ကျွန်ုပ်​မ​သေ​မီ​တိုင်​အောင် ငြင်း​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 8,
      "text": "အ​ကျွန်ုပ်​မှ အ​န​တ္တ​နှင့် မု​သား​ကို​ပယ်​တော်​မူ​ပါ။ ဆင်း​ရဲ​ခြင်း​နှင့် ငွေ​ရ​တတ်​ခြင်း​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ အ​သက်​မွေး​လောက်​သော​အ​စာ​ကို​သာ ပေး​တော်​မူ​ပါ။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 9,
      "text": "သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 10,
      "text": "ကျွန်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ သူ၏​သ​ခင်​ကို မ​ပြော​နှင့်။ ပြော​လျှင်​ကျွန်​သည် သင့်​ကို​ကျိန်​ဆဲ၍၊ သင်၌ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 11,
      "text": "အ​ဘ​ကို​ကျိန်​ဆဲ၍ အ​မိ​ကို​လည်း ကောင်း​ချီး​မ​ပေး​တတ်​သော လူ​တစ်​မျိုး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 12,
      "text": "ငါ​သည် စင်​ကြယ်၏​ဟု မိ​မိ​ကိုယ်​ထင်​သော်​လည်း၊ မိ​မိ​အ​ညစ်​အ​ကြေး​မှ မ​ဆေး​ကြော​သေး​သော လူ​တစ်​မျိုး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 13,
      "text": "အ​လွန်​စိတ်​မြင့်၍ မော်​ကြည့်​တတ်​သော လူ​တစ်​မျိုး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 14,
      "text": "ဆင်း​ရဲ​သော​သူ​တို့​ကို မြေ​ကြီး​ပေါ်​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​တို့​ကို လူ​စု​ထဲ​က​လည်း​ကောင်း၊ ကိုက်​စား​ပယ်​ရှင်း​စ​ရာ​ဖို့ သန်​လျက်​နှင့်​တူ​သော သွား၊ ဓား​နှင့်​တူ​သော အံ​နှင့် ပြည့်​စုံ​သော လူ​တစ်​မျိုး​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 15,
      "text": "မျှော့​ကောင်၌ ပေး​ပါ​နှင့် ပေး​ပါ​ဟူ​သော သ​မီး​နှစ်​ကောင်​ရှိ၏။ အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ တန်​တော့​ဟု မ​ဆို​တတ်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 16,
      "text": "သင်္ချိုင်း​တစ်​ပါး၊ မြုံ​သော​မိန်း​မ ဝမ်း​တစ်​ပါး၊ ရေ​မ​ဝ​နိုင်​သော မြေ​တစ်​ပါး၊ တန်​တော့​ဟု မ​ဆို​တတ်​သော မီး​တစ်​ပါး​တည်း။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 17,
      "text": "အ​ဘ​ကို ကျီ​စား​သော​သူ၊ အ​မိ​စ​ကား​ကို နား​မ​ထောင်၊ မ​ထီ​မဲ့​မြင်​ပြု​သော​သူ၏​မျက်​စိ​ကို ချိုင့်၌​ကျင်​လည်​သော ကျီး​အ​တို့​သည် နှိုက်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ သူ​ငယ်​တို့​သည်​လည်း စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 18,
      "text": "ငါ့​ဉာဏ်​မ​မီ​နိုင်​သော အ​ရာ​သုံး​ပါး​မ​က၊ ငါ​မ​သိ၊ နား​မ​လည်​နိုင်​သော​အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 19,
      "text": "လေ၌ ရွှေ​လင်း​တ​သွား​ရာ လမ်း​တစ်​ပါး၊ ကျောက်​ပေါ်​မှာ မြွေ​သွား​ရာ လမ်း​တစ်​ပါး၊ ပင်​လယ်​အ​လယ်၌ သင်္ဘော​သွား​ရာ လမ်း​တစ်​ပါး၊ အ​ပျို​မ​နှင့် ယောက်ျား​သွား​ရာ​လမ်း​တစ်​ပါး​တည်း။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 20,
      "text": "မျောက်​မ​ထား​သော မိန်း​မ​လမ်း​လည်း ထို​အ​တူ​ဖြစ်၏။ အ​စာ​စား​ပြီး​မှ မိ​မိ​ပါး​စပ်​ကို သုတ်၍၊ ဒု​စ​ရိုက်​ကို ငါ​မ​ပြု​မိ​ဟု ဆို​တတ်၏။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 21,
      "text": "မြေ​ကြီး​ကို မွှေ​နှောက်​သော​အ​ရာ​သုံး​ပါး​မ​က၊ မြေ​ကြီး​မ​ခံ​နိုင်​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 22,
      "text": "မင်း​ပြု​သော ကျွန်​တစ်​ပါး၊ ဝ​စွာ​စား​ရ​သော လူ​မိုက်​တစ်​ပါး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 23,
      "text": "လက်​ထပ်​သော မိန်း​မ​ဆိုး​တစ်​ပါး၊ သ​ခင်​မ​ဥ​စ္စာ​ကို အ​မွေ​ခံ​ရ​သော ကျွန်​မ​တစ်​ပါး​တည်း။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 24,
      "text": "မြေ​ကြီး​ပေါ်​မှာ သေး​နုပ်​သော်​လည်း၊ အ​ထူး​သ​ဖြင့် ပ​ညာ​ရှိ​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 25,
      "text": "ခွန်​အား​မ​ရှိ​သော အ​မျိုး​ဖြစ်​သော်​လည်း၊ နွေ​ကာ​လ၌ မိ​မိ​စား​စ​ရာ​ကို ပြင်​ဆင်​တတ်​သော ပု​ရွက်​ဆိတ်​တစ်​ပါး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 26,
      "text": "မ​သန်​စွမ်း​သော​အ​မျိုး​ဖြစ်​သော်​လည်း၊ ကျောက်​တွင်း၌ နေ​ရာ​ချ​တတ်​သော ရှာ​ဖန်​ယုန်​တစ်​ပါး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 27,
      "text": "မင်း​မ​ရှိ​သော်​လည်း၊ တပ်​ဖွဲ့၍ အ​စဉ်​အ​တိုင်း​သွား​တတ်​သော ကျိုင်း​တစ်​ပါး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 28,
      "text": "လက်​ဖြင့်​ကိုင်​ဆွဲ၍၊ နန်း​တော်၌​ပင်​နေ​တတ်​သော အိမ်​မြှောင်​တစ်​ပါး​တည်း။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 29,
      "text": "ကောင်း​စွာ​သွား​တတ်​သော အ​ရာ​သုံး​ပါး​မ​က၊ အ​သွား​လှ​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 30,
      "text": "တိ​ရ​စ္ဆာန်​တ​ကာ​တို့​ထက် ခွန်​အား​ကြီး၍၊ အ​ဘယ်​သူ​ကို​မျှ မ​ရှောင်​တတ်​သော ခြင်္သေ့​တစ်​ပါး၊"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 31,
      "text": "စစ်​မြင်း​တစ်​ပါး၊ ဆိတ်​ထီး​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​နိုင်​သော ရှင်​ဘု​ရင်​တစ်​ပါး​တည်း။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 32,
      "text": "သင်​သည် ကိုယ်​ကို​ချီး​မြှောက်၍ မိုက်​သော​အ​မှု​ကို ပြု​မိ​သော်​လည်း​ကောင်း၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​မိ​သော်​လည်း​ကောင်း၊ သင်၏​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​လော့။"
    },
    {
      "book": 20,
      "chapter": 30,
      "verse": 33,
      "text": "အ​ကယ်​စင်​စစ် နို့​ကို​မွှေ​လျှင် ထော​ပတ်​ထွက်​တတ်၏။ နှာ​ခေါင်း​ကို​ဆွဲ​လိမ်​လျှင် အ​သွေး​ထွက်​တတ်၏။ ထို​နည်း​တူ၊ ဒေါ​သ​ကို​နှိုး​ဆော်​လျှင် ခိုက်​ရန်​ထွက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 1,
      "text": "လေ​မွေ​လ​မင်း​ကြီး၏​မယ်​တော်​သည် သား​ကို ဆုံး​မ​သွန်​သင်​သော တ​ရား​စ​ကား​ဟူ​မူ​ကာ၊"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 2,
      "text": "ငါ့​သား​အ​ဘယ်​သို့​နည်း။ ငါ​ဖွား​သော​သား၊ အ​ဘယ်​သို့​နည်း။ ငါ၏​သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​သား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 3,
      "text": "သင်၏​အ​စွမ်း​သ​တ္တိ​ကို မိန်း​မ​တို့​အား မ​ပေး​နှင့်။ ရှင်​ဘု​ရင်​တို့​ကို​ဖျက်​ဆီး​တတ်​သာ​အ​ရာ၌ သင့်၏​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​တို့​ကို မ​အပ်​နှင့်။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 4,
      "text": "အို​လေ​မွေ​လ၊ စ​ပျစ်​ရည်​သောက်​သော​အ​မှု​နှင့် သေ​ရည်​သောက်​သော​အ​မှု​သည် ရှင်​ဘု​ရင်၊ မင်း​သား​တို့​နှင့် မ​တော်​မ​သင့်။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 5,
      "text": "သူ​တို့​သည်​သောက်​လျက် တ​ရား​တော်​ကို​မေ့​လျော့၍၊ ဆင်း​ရဲ​သော​အ​မှု​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 6,
      "text": "ဆုံး​လု​သော​သူ​အား သေ​ရည်​သေ​ရက်​ကို​လည်း​ကောင်း၊ စိတ်​ညစ်​သော​သူ​အား စ​ပျစ်​ရည်​ကို​လည်း​ကောင်း ပေး​လော့။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 7,
      "text": "ထို​သူ​တို့​သည်​သောက်၍ မိ​မိ​ဒု​က္ခ​ဆင်း​ရဲ​ကို မ​အောက်​မေ့​ဘဲ မေ့​လျော့​ပါ​စေ။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 8,
      "text": "ကိုး​ကွယ်​ရာ​မ​ရှိ​သော သူ​အ​ပေါင်း​တို့၏​အ​မှု​ကို စောင့်​ခြင်း​ငှာ၊ စ​ကား​အ​သော​သူ​တို့​ဘက်​မှာ နေ၍​ပြော​လော့။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 9,
      "text": "စ​ကား​ပြော​လျက်၊ တ​ရား​သ​ဖြင့် စီ​ရင်​လျက်၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့၏​အ​မှု​ကို စောင့်​လော့။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 10,
      "text": "သီ​လ​နှင့်​ပြည့်​စုံ​သော မိန်း​မ​ကို အ​ဘယ်​သူ​တွေ့​ရ​သ​နည်း။ ထို​သို့​သော​မိန်း​မ​သည် ပ​တ္တ​မြား​ထက် အ​ဖိုး​သာ၍ ထိုက်​ပေ၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 11,
      "text": "သူ၏​ခင်​ပွန်း​သည် သူ့​ကို​ယုံ၍၊ ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 12,
      "text": "ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​အ​ကျိုး​ကို မ​ဖျက်၊ တစ်​သက်​လုံး​ပြု​စု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 13,
      "text": "သိုး​မွေး​နှင့် ဝါ​ကို​ရှာ၍၊ မိ​မိ​လက်​နှင့် အ​လို​အ​လျောက်​လုပ်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 14,
      "text": "ကုန်​သည် သင်္ဘော​ကဲ့​သို့​ဖြစ်၍၊ စား​စ​ရာ​ကို ဝေး​သော​အ​ရပ်​မှ ဆောင်​ခဲ့​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 15,
      "text": "မိုး​မ​လင်း​မီ​ထ​လျက်၊ အိမ်​သူ​အိမ်​သား​တို့​အား စား​စ​ရာ​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​အား အ​ငန်း​အ​တာ​ကို​လည်း​ကောင်း၊ ပေး​ဝေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 16,
      "text": "ကောင်း​မွန်​စွာ​ဆင်​ခြင်၍၊ လယ်​ကွက်​ကို ဝယ်​ယူ​တတ်၏။ ကိုယ်​တိုင်​လုပ်၍ ရ​သော​ငွေ​နှင့် စ​ပျစ်​ဥ​ယျာဉ်​ကို ပြု​စု​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 17,
      "text": "မိ​မိ​ခါး​ကို ခွန်​အား​နှင့်​စည်း၍၊ မိ​မိ​လက်​တို့​ကို သန်​မြန်​စေ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 18,
      "text": "မိ​မိ​လုပ်​သော​ဥ​စ္စာ​ကောင်း​သည်​ကို ရိပ်​မိ၍၊ သူ၏​မီး​ခွက်​သည် တစ်​ည​လုံး​မ​သေ​တတ်။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 19,
      "text": "ချည်​ဖြစ်​စေ​တတ်​သော​တန်​ဆာ​တို့​ကို ကိုယ်​လက်​နှင့်​ကိုင်၍ လုပ်​ဆောင်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 20,
      "text": "ဆင်း​ရဲ​သော​သူ​တို့​အား လက်​ကို​ဖြန့်၍၊ ငတ်​မွတ်​သော​သူ​တို့​အား လက်​ရုံး​ကို ဆန့်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 21,
      "text": "မိုး​ပွင့်​ကျ​သော်​လည်း၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​အ​တွက် မ​စိုး​ရိမ်၊ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် က​တ္တီ​ပါ​နီ​ကို ဝတ်​ကြ၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 22,
      "text": "ကိုယ်​အ​ဖို့ စောင်​တို့​ကို​ရက်၍၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ကို ဝတ်​တတ်​၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 23,
      "text": "သူ၏​ခင်​ပွန်း​သည်​လည်း မြို့​တံ​ခါး​တို့၌ ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့် ထိုင်၍၊ ထင်​ရှား​သော​သူ​ဖြစ်​ရ၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 24,
      "text": "ချော​သော​အ​ထည်​အ​လိပ်​ကို ရက်၍ ရောင်း​တတ်၏။ ခါး​စည်း​တို့​ကို​လည်း ကုန်​သည်၌ ချ​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 25,
      "text": "သူ​လုပ်​သော အ​ထည်​အ​လိပ်​သည် ခိုင်​ခံ့၍၊ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ သူ​သည် နောင်​ကာ​လ၌ ဝမ်း​မြောက်​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 26,
      "text": "ပ​ညာ​စ​ကား​ကို​ပြော​တတ်၍၊ မေ​တ္တာ​တ​ရား​အား​ဖြင့် နှုတ်​မြွက်​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 27,
      "text": "အိမ်​သူ​အိမ်​သား ပြု​မူ​သ​မျှ​တို့​ကို ကြည့်​ရှု​တတ်၏။ ပျင်း​ရိ​ခြင်း​အ​စာ​ကို မ​စား​တတ်၊"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 28,
      "text": "သူ၏​သား​သ​မီး​တို့​သည်​ထ၍၊ အ​မိ​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ သူ၏​ခင်​ပွန်း​က​လည်း၊"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 29,
      "text": "လူ​မျိုး​သ​မီး​အ​များ​တို့​သည် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။ သို့​ရာ​တွင်၊ သင်​သည် ထို​သူ​အ​ပေါင်း​တို့​ကို လွန်​ကဲ​ပြီ​ဟု သူ့​ကို ချီး​မွမ်း​တတ်၏။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 30,
      "text": "ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 20,
      "chapter": 31,
      "verse": 31,
      "text": "ထို​သို့​သော မိန်း​မ​ကျင့်​ရာ​အ​ကျိုး​ကို ပေး​လော့။ သူ​ပြု​သော​အ​မှု​သည် မြို့​တံ​ခါး​တို့၌ သူ၏​အ​သ​ရေ​ကို ထင်​ရှား​စေ​သ​တည်း။ ရှော​လ​မုန်​မင်း​ကြီး​စီ​ရင်​ရေး​ထား​သော သု​တ္တံ​ကျမ်း​ပြီး၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 1,
      "text": "ဒါ​ဝိဒ်၏​သား​တော်၊ ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဖြစ်​သော ယေ​ရု​ရှ​လင်​မင်း​ကြီး၏​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 2,
      "text": "အ​န​တ္တ​သက်​သက်၊ အ​န​တ္တ​သက်​သက်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​န​တ္တ​ဖြစ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 3,
      "text": "လူ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 4,
      "text": "လူ​တစ်​ဆက် လွန်​သွား၏။ တစ်​ဆက်​ပေါ်​လာ၏။ မြေ​ကြီး​မူ​ကား အ​စဉ်​အ​မြဲ​တည်၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 5,
      "text": "နေ​လည်း ထွက်​လျက်​ဝင်​လျက်၊ ထွက်​ရာ​အ​ရပ်​သို့ တစ်​ဖန်​ပြေး​လျက်၊ တောင်​လမ်း​သို့​လိုက်၍၊ တစ်​ဖန် မြောက်​လမ်း​သို့ ပြန်​လည်​တတ်၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 6,
      "text": "လေ​သည်​လည်း အ​စဉ်​လည်​သွား၍၊ လည်​ပြီး​သော​အ​ရပ်​သို့ တစ်​ဖန် ပြန်၍​လည်​ပြန်​တတ်၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 7,
      "text": "ခပ်​သိမ်း​သော မြစ်​တို့​သည် ပင်​လယ်​ထဲ​သို့ ရောက်​ကြ၏။ သို့​သော်​လည်း၊ ပင်​လယ်​သည် မ​ပြည့်​တတ်။ မြစ်​ရေ​သည် စီး​ထွက်​ရာ​အ​ရပ်​သို့ တစ်​ဖန်​ပြန်​သွား​တတ်၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 8,
      "text": "ခပ်​သိမ်း​သော​အ​ရာ​တို့​သည် လူ​မ​ပြော​နိုင်​အောင် ပင်​ပန်း​ခြင်း​နှင့် ယှဉ်​ကြ၏။ မျက်​စိ​သည်​မြင်၍ မ​ကုန်​တတ်။ နား​သည်​လည်း ကြား၍​မ​ဝ​တတ်။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 9,
      "text": "ဖြစ်​ဖူး​သော​အ​ရာ​သည် ဖြစ်​လ​တ္တံ့​သော​အ​ရာ​နှင့် တူ၏။ ယ​ခု​ပြု​သော​အ​မှု​သည် ပြု​လ​တ္တံ့​သော​အ​မှု​နှ​င့်​တူ၏။ နေ​အောက်​မှာ အ​သစ်​သော​အ​မှု​အ​ရာ​မ​ရှိ။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 10,
      "text": "ကြည့်​ပါ။ အ​သစ်​ဖြစ်၏​ဟု​ဆို​ရ​သော အ​မှု​အ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော။ ထို​အ​မှု​အ​ရာ​သည် ငါ​တို့​အ​ရင်၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​ပြီ။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 11,
      "text": "ရှေး​ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို မေ့​လျော့​တတ်၏။ နောက်​ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို​လည်း၊ ထို​အ​မှု​အ​ရာ​နောက်၌ ဖြစ်​လ​တ္တံ့​သော​သူ​တို့​သည် မေ့​လျော့​ကြ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 12,
      "text": "ငါ​ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​စဉ်​တွင်၊"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 13,
      "text": "မိုး​ကောင်း​ကင်​အောက်၌ ပြု​သ​မျှ​တို့​ကို ဉာဏ်​ပ​ညာ​အား​ဖြင့်၊ ရှာ​ဖွေ​စစ်​ဆေး​ခြင်း​ငှာ နှ​လုံး​ထား၏။ လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ထို​ပင်​ပန်း​စေ​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 14,
      "text": "နေ​အောက်​မှာ ပြု​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​ငါ​မြင်​ပြီ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု ဖြစ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 15,
      "text": "ကောက်​သော​အ​ရာ​ကို မ​ဖြောင့်​စေ​နိုင်။ ချို့​တဲ့​သော​အ​ရာ​ကို မ​ရေ​တွက်​ရာ။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 16,
      "text": "ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ ပြော​ဆို​သည်​ကား၊ ငါ​သည် ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက် ကြီး​မြင့်၍ ပ​ညာ​ရှိ၏။ အ​ကယ်​စင်​စစ် ငါ့​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​များ​ကို အ​ထူး​သ​ဖြင့် လေ့​ကျက်၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 17,
      "text": "ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍ သိ​အံ့​သော​ငှာ ငါ​သည်​နှ​လုံး​ထား၏။ ထို​အ​မှု​သည်​လည်း၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်​သည်​ကို ရိပ်​မိ၏။"
    },
    {
      "book": 21,
      "chapter": 1,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညာ​များ​လျှင်၊ ငြို​ငြင်​စ​ရာ​အ​ကြောင်း​များ၏။ သိ​ပ္ပံ​အ​တတ် တိုး​ပွား​သော​သူ​သည် ဝမ်း​နည်း​ခြင်း တိုး​ပွား​တတ်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ​ပြော​သည်​ကား၊ လာ​ပါ။ ရွှင်​လန်း​ခြင်း​အား​ဖြင့် သင့်​ကို​ငါ​စုံ​စမ်း​မည်။ သို့​ဖြစ်၍၊ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​လော့​ဟု​ဆို​ရာ​တွင်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်လေ၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 2,
      "text": "ရယ်​မော​ခြင်း​ကို သင်​သည်​အ​ရူး​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ ရွှင်​လန်း​ခြင်း​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 3,
      "text": "တစ်​ဖန် လူ​သား​တို့​သည် မိုး​ကောင်း​ကင်​အောက်၌၊ တစ်​သက်​လုံး ပြု​သင့်​သော​အ​မှု​ကောင်း​ကို သိ​အံ့​သော​ငှာ၊ ပ​ညာ​တ​ရား​ကို​လေ့​ကျက်​လျက်​နှင့်၊ စ​ပျစ်​ရည်​အ​လို​သို့​လိုက်၍၊ မိုက်​သော​အ​ကျင့်​ဓ​လေ့၌ ကျင်​လည်​ခြင်း​ငှာ၊ ငါ​ကြံ​စည်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 4,
      "text": "ကြီး​ကျယ်​သော​အ​လုပ်​ကို စီ​ရင်၍ အိမ်​တို့​ကို ဆောက်၏။ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း စိုက်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 5,
      "text": "ဥ​ယျာဉ်​အ​မျိုး​မျိုး​ကို ပြု​စု၍၊ ခပ်​သိမ်း​သော အ​သီး​မျိုး​ကို​သီး​သော​အ​ပင်​တို့​ကို​လည်း စိုက်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 6,
      "text": "သစ်​ပင်​မျိုး​နှင့် ပြည့်​စုံ​သော​တော​ကို ရေ​လောင်း​စ​ရာ​ဖို့ ရေ​ကန်​တို့​ကို​လည်း လုပ်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 7,
      "text": "ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​တို့​ကို သိမ်း​ယူ၍၊ ကျွန်​သား​ပေါက်​များ​လည်း ရှိ​ကြ၏။ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​တို့​နှင့် အ​လွန်​ရ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 8,
      "text": "ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့်​ဆိုင်​သော ဘ​ဏ္ဍာ၊ ကျေး​ရွာ​တို့၌​ခွဲ​သော အ​ခွန်​ကို​လည်း​ကောင်း ငါ​ဆည်း​ပူး၏။ အ​ငြိမ့်​သ​မား ယောက်ျား​မိန်း​မ​တို့​ကို​လည်း​ကောင်း၊ လူ​သား​တို့ ပျော်​မွေ့​တတ်​သော ကြင်​ရာ မိန်း​မ​မောင်း​မ​မိဿံ​တို့​ကို​လည်း​ကောင်း ငါ​သိမ်း​ယူ၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 9,
      "text": "ထို​သို့ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိုး​ပွား၍ ကြီး​မြင့်​ခြင်း​သို့ ရောက်၏။ ငါ့​ပ​ညာ​လည်း တည်​လျက်​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 10,
      "text": "ငါ့​မျက်​စိ​တပ်​မက်​လို​ချင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ငြင်း၊ ငါ့​စိတ်​ရွှင်​လန်း​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပယ်။ ငါ​ကြိုး​စား​သ​မျှ​တို့၌ ဝမ်း​မြောက်​လျက်​ရှိ၍၊ ကြိုး​စား​ခြင်း​အ​ကျိုး​ကို ခံ​ရ၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 11,
      "text": "ထို​အ​ခါ ငါ​စီ​ရင်​ပြု​ပြင်​သ​မျှ၊ ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့​ကို ငါ​ကြည့်​ရှု၍၊ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။ နေ​အောက်​မှာ​ကောင်း​သော​အ​ကျိုး တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 12,
      "text": "တစ်​ဖန်​ငါ​လှည့်၍ ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တ​ရား​တို့​ကို​လည်း​ကောင်း ဆင်​ခြင်၏။ ရှင်​ဘု​ရင်​နောက်​မှာ​ဖြစ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ပြု​ဖူး​သည်​အ​တိုင်း​သာ ပြု​နိုင်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 13,
      "text": "သို့​ရာ​တွင်၊ အ​လင်း​သည် မှောင်​မိုက်​ထက်​မြတ်​သ​ကဲ့​သို့၊ ပ​ညာ​သည် မိုက်​မဲ​ခြင်း​ထက် မြတ်​သည်​ကို ငါ​သိ​မြင်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 14,
      "text": "ပ​ညာ​ရှိ​သော​သူ၏​မျက်​စိ​တို့​သည် သူ၏​ဦး​ခေါင်း၌ ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ မှောင်​မိုက်၌ ကျင်​လည်​တတ်၏။ သို့​သော်​လည်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်​သည်​ကို ငါ​ရိပ်​မိ၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 15,
      "text": "သို့​ဖြစ်၍၊ မိုက်​သော​သူ​တွေ့​ကြုံ​သ​ကဲ့​သို့၊ ငါ​သည်​တွေ့​ကြုံ​လျှင်၊ အ​ဘယ်​ကြောင့် သူ့​ထက်​သာ၍ ပ​ညာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း၊ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟူ​လည်း​ကောင်း ငါ​အောက်​မေ့၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 16,
      "text": "ယ​ခု​ဖြစ်​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို နောင်​ကာ​လ၌ မေ့​လျော့​လိမ့်​မည်​ဖြစ်၍၊ မိုက်​သော​သူ​သည် အ​စဉ်​မ​အောက်​မေ့​သ​ကဲ့​သို့၊ ပ​ညာ​ရှိ​သော​သူ​ကို​လည်း အ​စဉ်​မ​အောက်​မေ့​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​သေ​သ​ကဲ့​သို့ သေ​တတ်​ပါ​သည်​တ​ကား။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 17,
      "text": "ထို​ကြောင့်၊ အ​သက်​ရှင်​ခြင်း​ကို ငါ​ငြီး​ငွေ့၏။ နေ​အောက်​မှာ ပြု​သော​အ​မှု​သည် ငါ၌​ခက်​ခဲ၏။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 18,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​ငြီး​ငွေ့​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​အ​မှု​ကို ငါ့​နောက်​မှ ဖြစ်​လ​တ္တံ့​သော​သူ​အ​ဖို့ ငါ​ချန်​ထား​ရ​မည်။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 19,
      "text": "ထို​သူ​သည် ပ​ညာ​ရှိ​မည်​လော၊ မိုက်​မည်​လော​ဟု အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။ ထို​သူ​သည် ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ၊ နေ​အောက်​မှာ ငါ့​ပ​ညာ​ကို ထင်​ရှား​ပြ​လေ​သ​မျှ​သော​အ​မှု​တို့​ကို အ​စိုး​ရ​လိမ့်​မည်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 20,
      "text": "ထို​ကြောင့် နေ​အောက်​မှာ ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ မျှော်​လင့်​စ​ရာ​မ​ရှိ။ စိတ်​ပျက်​အောင် တစ်​ဖန်​ငါ​ကြံ​စည်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညာ​ရှိ​လျက် သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​လျက်၊ အ​မှု​အောင်​လျက် ကြိုး​စား​အား​ထုတ်​သော​သူ ဖြစ်​သော်​လည်း၊ မ​ကြိုး​စား၊ အား​မ​ထုတ်​သော​သူ​ဝင်​စ​ရာ​ဖို့ ထို​အ​မှု​ကို​စွန့်​ထား​ရ​မည်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ဆိုး​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 22,
      "text": "လူ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သော​အ​မှု၊ အ​လွန်​စိတ်​စွဲ​လမ်း​သော​အ​မှု၊ အ​လုံး​စုံ​တို့၌ အ​ဘယ်​အ​ကျိုး ရှိ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 23,
      "text": "သူ၏​နေ့​ရက်​အ​ပေါင်း​တို့​သည် ဝမ်း​နည်း​ခြင်း၊ သူ၏​အ​လုပ်​အ​ကိုင်​လည်း ငြို​ငြင်​ခြင်း​ဖြစ်၏။ ည​အ​ခါ၌​ပင် သူ၏​စိတ်​နှ​လုံး မ​ငြိမ်​ရ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 24,
      "text": "စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ စိတ်​နှ​လုံး​ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ လူ၌​ကောင်း​သော​အ​ခွင့် မ​ရှိ။ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ၊ ထို​သို့​သော​အ​ခွင့်​ကို ရ​နိုင်​သည်​ဟု ငါ​သိ​မြင်၏။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 25,
      "text": "ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​ဘဲ အ​ဘယ်​သူ​စား​ရ​သ​နည်း။ အ​ဘယ်​သူ ခံ​စား​ရ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 2,
      "verse": 26,
      "text": "ရှေ့​တော်၌ ကောင်း​သော​သူ​အား ဉာဏ်​ပ​ညာ၊ သိ​ပ္ပံ​အ​တတ်​နှင့် ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ၏။ အ​ပြစ်​ရှိ​သော​သူ​အား ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ရှေ့​တော်၌ ကောင်း​သော​သူ​အား ပေး​စ​ရာ​ဖို့၊ ဆည်း​ပူး​သို​ထား​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 1,
      "text": "ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 2,
      "text": "ဖွား​ချိန်​နှင့် သေ​ချိန်​လည်း​ရှိ၏။ စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် စိုက်​ပျိုး​ရ​သော​အ​ရာ​ကို နုတ်​ရ​သော​အ​ချိန်​လည်း ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 3,
      "text": "သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 4,
      "text": "ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 5,
      "text": "ကျောက်​တို့​ကို ဖြန့်​ကြဲ​ရ​သော​အ​ချိန်​နှင့် စု​သိမ်း​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖက်​ယမ်း​ရ​သော​အ​ချိန်​နှင့်၊ မ​ဖက်​ယမ်း​ဘဲ ခွဲ​ခွာ၍ နေ​ရ​သော​အ​ချိန်​လည်း​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 6,
      "text": "ဆည်း​ပူး​ရ​သော​အ​ချိန်​နှင့် ဥ​စ္စာ​ပျောက်​ရ​သော အ​ချိန်​လည်း ရှိ၏။ သို​ထား​ရ​သော​အ​ချိန်​နှင့် ပစ်​လိုက်​ရ​သော​အ​ချိန်​လည်း ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 7,
      "text": "အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 8,
      "text": "ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 9,
      "text": "လုပ်​ကိုင်​သော​သူ​သည် ကြိုး​စား​အား​ထုတ်​ရာ​တွင်၊ အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 10,
      "text": "လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ပင်​ပန်း​ခြင်း​အ​မှု​ကို ငါ​ကြည့်​မြင်​ပြီ။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 11,
      "text": "ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မိ​မိ​တို့​အ​ချိန်​တန်​မှ၊ လျောက်​ပတ်​စွာ ဖန်​ဆင်း​တော်​မူ​ပြီ။ လူ​စိတ်​နှ​လုံး​ကို​လည်း အ​န​န္တ​ကာ​လ၌ စွဲ​လန်း​စေ​တော်​မူ​ပြီ။ သို့​ရာ​တွင်၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို၊ အ​စ​မှ​အ​ဆုံး​တိုင်​အောင်၊ လူ​သည် စစ်၍​မ​ကုန်​နိုင်။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 12,
      "text": "ရွှင်​လန်း​ခြင်း​အ​မှု​နှင့် အ​သက်​ရှင်​စဉ်​တွင် ကျေး​ဇူး​ပြု​ခြင်း​အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​အ​ရာ​တို့၌၊ အ​ကျိုး​ကျေး​ဇူး​မ​ရှိ​သည်​ကို ငါ​သိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 13,
      "text": "လူ​တိုင်း​စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​ကြိုး​စား အား​ထုတ်​သ​မျှ​သော​အ​မှု၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ အ​ခွင့်​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု​သည် နိ​စ္စ​ထာ​ဝ​ရ ဖြစ်​သည်​ကို ငါ​သိ၏။ ထပ်၍ မ​ပြု​နိုင်​ရာ။ နုတ်၍ မ​ယူ​နိုင်​ရာ။ လူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ပြု​တော်​မူ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 15,
      "text": "ဖြစ်​ဖူး​သော​အ​ရာ​သည် ယ​ခု​ဖြစ်​သော​အ​ရာ​နှင့် တူ၏။ ဖြစ်​လ​တ္တံ့​သော​အ​ရာ​သည်​လည်း၊ ဖြစ်​ဖူး​သော​အ​ရာ​နှင့်​တူ၏။ လွန်​ပြီး​သော​အ​ရာ​တို့​ကို​လည်း ဘု​ရား​သ​ခင်​တောင်း​ပြန်​တော်​မူ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 16,
      "text": "ထို​မှ​တစ်​ပါး၊ နေ​အောက်​မှာ တ​ရား​စီ​ရင်​ရာ​အ​ရပ်၌ အ​ဓ​မ္မ​အ​မှု​ရှိ​သည်​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​အ​ရပ်၌ ဒု​စ​ရိုက် ရှိ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​သော​သူ​တို့၏​အ​မှု​နှင့်၊ မ​တ​ရား​သော​သူ​တို့၏​အ​မှု​ကို စစ်​ကြော​စီ​ရင်​တော်​မူ​မည်​ဟု ငါ​အောက်​မေ့၏။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​အ​ကြံ၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​ရ​သော​အ​ချိန် ရှိ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 18,
      "text": "လူ​သား​တို့​နေ​ရာ​ကို​ရည်​မှတ်၍ ငါ​အောက်​မေ့​သည်​ကား၊ လူ​တို့​ကို ဘု​ရား​သ​ခင် စုံ​စမ်း​တော်​မူ​မည်​အ​ကြောင်း​နှင့်၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​ကဲ့​သို့​ဖြစ်​သည်​ကို သူ​တို့​သိ​မြင်​မည်​အ​ကြောင်း၊ နေ​ရာ​ကျ​သ​တည်း၊"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 19,
      "text": "လူ​သား​တွေ့​ကြုံ​သော​အ​မှု​ကို တိ​ရ​စ္ဆာန်​တွေ့​ကြုံ​တတ်၏။ ထို​သူ​နှစ်​ဦး​တို့​သည် တစ်​ပါး​တည်း​သော​အ​မှု​ကို တွေ့​ကြုံ​လျက်၊ တစ်​ဦး​သေ​သ​ကဲ့​သို့ တစ်​ဦး​သေ​တတ်၏။ အ​လုံး​စုံ​တို့​သည် အ​သက်​တစ်​မျိုး​တည်း​ရှိ​ကြ၏။ သို့​ဖြစ်၍၊ လူ​သည် တိ​ရ​စ္ဆာန်​ထက် ထူး​မြတ်​သော​အ​ကြောင်း​မ​ရှိ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​ဖြစ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 20,
      "text": "အ​လုံး​စုံ​တို့​သည် တစ်​ခု​တည်း​သော​အ​ရပ်​သို့ ရောက်​တတ်​ကြ၏။ အ​လုံး​စုံ​တို့​သည် မြေ​မှုန့်​ထဲ​က ဖြစ်​သည်​နှင့်​အ​ညီ၊ မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​တတ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 21,
      "text": "သို့​ရာ​တွင်၊ အ​ထက်​သို့​တက်​သော လူ​သား၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​သို့​ဆင်း​တတ်​သော တိ​ရ​စ္ဆာန်၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ပိုင်း​ခြား၍ သိ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 3,
      "verse": 22,
      "text": "လူ​သည် မိ​မိ​ပြု​မူ​ရာ၌ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ​သည်​ကို ငါ​သိ​မြင်၏။ ထို​အ​မှု​သည် သူ၏​အ​ဖို့ ဖြစ်၏။ သူ​သည် မိ​မိ​နောက်​မှာ အ​ဘယ်​သို့​ဖြစ်​လ​တ္တံ့​သည်​ကို သိ​မြင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ဆောင်​ခဲ့​လိမ့်​မည်​နည်း။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 1,
      "text": "တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 2,
      "text": "သို့​ဖြစ်၍၊ သေ​လွန်​ပြီး​သော လူ​သေ​သည် အ​သက်​ရှင်​သေး​သော​လူ​ရှင်​ထက် သာ၍​မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​ဆို​ရ၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 3,
      "text": "သို့​ရာ​တွင် တစ်​ခါ​မျှ မ​ဖြစ်​သေး​သော​သူ၊ နေ​အောက်​မှာ ပြု​သော​ဒု​စ​ရိုက်​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​ထက် သာ၍​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 4,
      "text": "တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 5,
      "text": "မိုက်​သော​သူ​သည် မိ​မိ​လက်​ချင်း​ပိုက်​ထား၍၊ မိ​မိ​အ​သား​ကို စား​တတ်၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 6,
      "text": "ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​လျက်၊ လက်​တစ်​ဆုပ်​တည်း​သော ဥ​စ္စာ​သည် ပင်​ပန်း​စွာ​လုပ်​ခြင်း၊ လေ​ကို​ကျက်​စား​ခြင်း​နှင့် ယှဉ်​လျက်၊ လက်​နှစ်​ဖက်၌​ပြည့်​သော ဥ​စ္စာ​ထက်​သာ၍​ကောင်း၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 7,
      "text": "တစ်​ဖန် ငါ​ထပ်၍၊ နေ​အောက်​မှာ အ​န​တ္တ​အ​မှု​ကို ဆင်​ခြင်​သော​အ​ရာ​ဟူ​မူ​ကား၊"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 8,
      "text": "လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 9,
      "text": "လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 10,
      "text": "တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 11,
      "text": "လူ​သည်​နှစ်​ယောက်​အ​တူ​အိပ်​လျှင် နွေး​တတ်၏။ တစ်​ယောက်​တည်း​သော​သူ​မူ​ကား၊ အ​ဘယ်​သို့ နွေး​နိုင်​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 12,
      "text": "လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 13,
      "text": "ဆုံး​မ​ခြင်း​ကို​မ​ခံ၊ အ​သက်​ကြီး၍ မိုက်​သော​ရှင်​ဘု​ရင်​ထက်၊ ပ​ညာ​ရှိ​သော ဆင်း​ရဲ​သား​သူ​ငယ်​သည် သာ၍​မြတ်၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 14,
      "text": "ထို​သို့​သော သူ​ငယ်​သည် ထောင်​ထဲ​က​ထွက်၍၊ နန်း​တော်​ပေါ်​သို့ ရောက်​တတ်၏။ ထို​သို့​သော​ရှင်​ဘု​ရင်​မူ​ကား၊ အ​ဘ​အ​ရိုက်​အ​ရာ​နှင့် နန်း​ထိုင်​သော်​လည်း၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 15,
      "text": "နေ​အောက်​မှာ ကျင်​လည်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် မင်း​အ​ရိုက်​အ​ရာ​ကို​ခံ​ရ​သော ထို​ဒု​တိ​ယ​သူ​ဘက်၌ နေ​တတ်​ကြ​သည်​ကို ငါ​ဆင်​ခြင်၏။"
    },
    {
      "book": 21,
      "chapter": 4,
      "verse": 16,
      "text": "ထို​မင်း​အုပ်​စိုး​သော​သူ​အ​ပေါင်း​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ နောက်​လာ​သော​သူ​တို့​သည်​လည်း၊ ထို​မင်း​ကို အား​မ​ရ​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 1,
      "text": "ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 2,
      "text": "သင်၏​နှုတ်​သည် သ​တိ​မ​လစ်​စေ​နှင့်။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စ​ကား​ပြော​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး မ​လျင်​မ​မြန်​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ၏။ သင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ၏။ ထို​ကြောင့် သင်၏​စ​ကား မ​များ​စေ​နှင့်။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 3,
      "text": "အ​မှု​များ​သော​အား​ဖြင့် အိပ်​မက်​မြင်​တတ်​သ​ကဲ့​သို့၊ စ​ကား​များ​သော​အား​ဖြင့် မိုက်​သော​သူ၏​အ​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 4,
      "text": "ဘု​ရား​သ​ခင့်​ထံ​တော်၌ သ​စ္စာ​က​တိ​ပြု​မိ​လျှင်၊ သ​စ္စာ​ဝတ်​ကို မ​ဖြေ​ဘဲ​မ​နေ​နှင့်။ မိုက်​သော​သူ​တို့​ကို အား​ရ​နှစ်​သက်​တော်​မ​မူ။ သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း ဝတ်​ကို​ဖြေ​လော့။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 5,
      "text": "သ​စ္စာ​က​တိ​ပြု၍ ဝတ်​ကို​မ​ဖြေ​ဘဲ​နေ​သည်​ထက်၊ သ​စ္စာ​က​တိ​အ​လျှင်း​မ​ပြု​ဘဲ​နေ​သော် သာ၍​ကောင်း၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 6,
      "text": "သင်၏​နှုတ်​သည် သင်၏​ကိုယ်​ခ​န္ဓာ၌ အ​ပြစ်​မ​ရောက်​စေ​နှင့်။ အ​ကျွန်ုပ်​မှား​ပါ​ပြီ​ဟု၊ တ​မန်​တော်​ရှေ့​မှာ ပြော​ရ​သော​အ​ကြောင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် သင်၏​စ​ကား​သံ​ကို​အ​မျက်​တော်​ထွက်၍၊ သင်​ပြု​စု​သော​အ​မှု​ကို အ​ဘယ်​ကြောင့် ဖျက်​ဆီး​တော်​မူ​ရ​မည်​နည်း။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 7,
      "text": "အိပ်​မက်​များ​ရာ၌​လည်း​ကောင်း၊ စ​ကား​များ​ရာ၌​လည်း​ကောင်း၊ အ​ချည်း​နှီး​သော​အ​ကြောင်း​အ​ရာ​ပါ​တတ်၏။ သင်​မူ​ကား ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လော့။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 8,
      "text": "ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 9,
      "text": "မြေ​ကြီး​က​ဖြစ်​သော စီး​ပွား​သည် အ​လုံး​စုံ​တို့​အ​ဖို့ ဖြစ်၏။ ရှင်​ဘု​ရင်​သော်​လည်း၊ လယ်၏​ကျေး​ဇူး​ကို ခံ​ရ၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 10,
      "text": "ငွေ​ကို​တပ်​မက်​သော​သူ​သည် ငွေ​နှင့် အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်။ စည်း​စိမ်​ကို တပ်​မက်​သော​သူ​သည် စည်း​စိမ် တိုး​ပွား​သော်​လည်း မ​ရောင့်​ရဲ​နိုင်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 11,
      "text": "ဥ​စ္စာ​တိုး​ပွား​သော​အ​ခါ စား​ရ​သော​သူ​တို့​သည်​လည်း တိုး​ပွား​များ​ပြား​ကြ၏။ ဥ​စ္စာ​ရှင်​သည် မျက်​စိ​နှင့် ကြည့်​ရှု​ခြင်း​ကျေး​ဇူး​မှ​တစ်​ပါး အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 12,
      "text": "အ​လုပ်​လုပ်​သော​သူ​သည် များ​စွာ​စား​သည် ဖြစ်​စေ၊ အ​နည်း​ငယ်​စား​သည် ဖြစ်​စေ၊ အ​အိပ်​မြိန်​တတ်၏။ ရ​တတ်​သော​သူ၏ စည်း​စိမ်​မူ​ကား၊ စည်း​စိမ်​ရှင်​ကို အ​အိပ်​ပျက်​စေ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 13,
      "text": "စည်း​စိမ်​ရှင်​သည် ကိုယ်​အ​ကျိုး​ပျက်​သည်​တိုင်​အောင်၊ စည်း​စိမ်​ကို သို​ထား​ခြင်း​တည်း​ဟူ​သော၊ နေ​အောက်၌ အ​လွန်​ဆိုး​သော​အ​မှု​အ​ရာ​ကို ငါ​မြင်​ပြီ။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 14,
      "text": "ထို​စည်း​စိမ်​သည် မ​ကောင်း​သော​အ​မှု​အား​ဖြင့် ပျောက်​ပျက်​တတ်၏။ စည်း​စိမ်​ရှင်​မြင်​သော သား​သည်​လည်း လက်​ချည်း​နေ​ရ၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 15,
      "text": "သို့​မ​ဟုတ်၊ စည်း​စိမ်​ရှင်​သည် အ​မိ​ဝမ်း​ထဲ​က အ​လျှင်း​မ​ပါ​ဘဲ ထွက်​လာ​သ​ကဲ့​သို့၊ ထို​နည်း​တူ ပြန်​သွား​ရ​မည်။ ကြိုး​စား​အား​ထုတ်၍ ရ​သော​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ လက်​နှင့်​စွဲ​ကိုင်​လျက် ယူ၍​မ​သွား​ရ။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 16,
      "text": "သူ​သည် လာ​သ​ကဲ့​သို့ အ​လျှင်း​မ​ခြား​နား​ဘဲ၊ သွား​ရ​သော​မှု​အ​ရာ​သည် အ​လွန်​ဆိုး​သော အ​မှု​အ​ရာ​ဖြစ်၏။ လေ​ကို​ရ​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 17,
      "text": "သူ၏​နေ့​ရက်​ကာ​လ​ကို မှောင်​မိုက်၌ လွန်​စေ​တတ်၏။ များ​စွာ​သော နှောင့်​ယှက်​ခြင်း၊ ညှိုး​ငယ်​ခြင်း၊ အ​မျက်​ထွက်​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 18,
      "text": "ငါ​သိ​မြင်​သော​အ​ရာ​ဟူ​မူ​ကား၊ စား​သောက်​ခြင်း​အ​မှု၊ နေ​အောက်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ကြိုး​စား​အား​ထုတ်၍ ရ​သော​အ​ကျိုး၌ ပျော်​မွေ့​ခြင်း​အ​မှု​ကို ပြု​ကောင်း၏။ လျောက်​ပတ်၏။ ထို​အ​မှု​သည် လူ၏​အ​ဖို့​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 19,
      "text": "ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော စည်း​စိမ်​ဥ​စ္စာ​ကို ရ​သော​လူ​တိုင်း မိ​မိ​အ​ဖို့​ကို​ခံ၍ ဝင်​စား​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကြောင့် အ​ခွင့်​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 5,
      "verse": 20,
      "text": "လွန်​သော​နေ့​ရက်​ကာ​လ​ကို များ​စွာ​မ​အောက်​မေ့​ရ။ စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 1,
      "text": "လူ​တို့​တွင် အ​တွေ့​များ၍၊ နေ​အောက်၌ ငါ​မြင်​ရ​သော​အ​မှု​ဆိုး​ဟူ​မူ​ကား၊"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 2,
      "text": "အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ပြေ​လောက်​အောင် စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို ဘု​ရား​သ​ခင်​ပေး​သော်​လည်း၊ ခံ​စား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ကိုယ်​တိုင် မ​ခံ​စား​ရ။ မ​ဆိုင်​သော​သူ​တစ်​ပါး​ဝင်၍ ခံ​စား​ရ​သော​အ​မှု​သည် အ​န​တ္တ​အ​မှု၊ ဆိုး​သော​အ​မှု ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 3,
      "text": "လူ​သည် နှစ်​ပေါင်း​များ​စွာ အ​သက်​ရှည်၍၊ သား​တစ်​ရာ​ပင်​ရှိ​ငြား​သော်​လည်း၊ အ​လို​ဆ​န္ဒ​မ​ပြည့်​စုံ​ဘဲ၊ သင်္ဂြိုဟ်​ခြင်း​ကို မ​ခံ​ရ​ဘဲ​သေ​သွား​လျှင်၊ ထို​သူ​ထက် ပျက်​သော​ကိုယ်​ဝန်​သည် သာ၍​မြတ်၏။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ပျက်​သော​ကိုယ်​ဝန်​သည် အ​ချည်း​နှီး​ပေါ်​လာ၏။ မှောင်​မိုက်​ထဲ​မှာ ထွက်​သွား၏။ သူ့​အ​မည်​ကား၊ မှောင်​မိုက်​နှင့်​ဖုံး​လွှမ်း​လျက် ရှိ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 5,
      "text": "နေ​ကို​လည်း မ​မြင်​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​ရ။ သို့​သော်​လည်း၊ အ​ရင်​ဆို​သော​သူ​ထက် သာ၍ ချမ်း​သာ​ရ၏။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 6,
      "text": "အ​ကယ်၍ အ​ရင်​ဆို​သော​သူ​သည် အ​နှစ်​နှစ်​ထောင် အ​သက်​ရှင်​သော်​လည်း၊ အ​ကျိုး​ကျေး​ဇူး​မ​ရှိ။ အ​လုံး​စုံ​တို့​သည် တစ်​ခု​တည်း​သော​အ​ရပ်​သို့ သွား​ရ​ကြ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 7,
      "text": "လူ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ ဝမ်း​ဖို့​သာ ကြိုး​စား​အား​ထုတ်​သော်​လည်း၊ စား​ချင်​သော​စိတ် မ​ပြေ​နိုင်။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 8,
      "text": "ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​ထက် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​သက်​ရှင်​သော​သူ​များ​ရှေ့​မှာ ကျင့်​ကြံ​ပြု​မူ​တတ်​သော ဆင်း​ရဲ​သား၏​အ​ကျိုး​ကျေး​ဇူး​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 9,
      "text": "ကိုယ်​တိုင်​တွေ့​မြင်​ခြင်း​အ​ကျိုး​သည် လော​ဘ​ပြန့်​ပွား​ခြင်း​အ​ကျိုး​ထက် သာ၍​ကြီး၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 10,
      "text": "ရှိ​သ​မျှ​သော အ​ခြင်း​အ​ရာ​များ​ကို မှတ်​သား​နှင့်​ပြီ။ လူ၏​အ​ခြင်း​အ​ရာ သက်​သက်​ဖြစ်​သည်​ကို သိ​ရ၏။ လူ​သည် မိ​မိ​ထက် တန်​ခိုး​ကြီး​သော​သူ​နှင့် မ​ပြိုင်​နိုင်​ရာ။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 11,
      "text": "အ​န​တ္တ​တိုး​ပွား​စ​ရာ​အ​ကြောင်း များ​ပြား​သည်​ဖြစ်၍၊ လူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 6,
      "verse": 12,
      "text": "အ​ရိပ်​ကဲ့​သို့ လွန်​တတ်​သော​အ​န​တ္တ​အ​သက် ကာ​လ​ပတ်​လုံး၊ လူ၌ ကျေး​ဇူး​ပြု​တတ်​သော​အ​ရာ​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။ နေ​အောက်၌ လူ​နောက်​မှာ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​တို့​ကို​လည်း၊ အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 1,
      "text": "ကောင်း​သော​အ​သ​ရေ​သည် နံ့​သာ​ဆီ​ထက် သာ၍​ကောင်း၏။ သေ​ရ​သော​နေ့​သည်​လည်း ဖွား​မြင်​သော​နေ့​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 2,
      "text": "မ​သာ​အိမ်​သို့​သွား​ခြင်း​သည်၊ ပွဲ​ခံ​ရာ​အိမ်​သို့​သွား​ခြင်း​ထက် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ လူ​ခပ်​သိမ်း​တို့​သည် မ​သာ​အိမ်၌ လမ်း​ဆုံး​ရ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော​သူ​တို့​လည်း၊ အ​သင့်​နှ​လုံး​သွင်း​မိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 3,
      "text": "ပြုံး​ရယ်​ခြင်း​ထက် ဝမ်း​နည်း​ခြင်း​သည် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​ညှိုး​ငယ်​သော​အား​ဖြင့် နှ​လုံး​သာ၍ ကောင်း​တတ်၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 4,
      "text": "ပ​ညာ​ရှိ​သော​သူ​တို့၏​နှ​လုံး​သည် မ​သာ​အိမ်၌ ရှိ၏။ မိုက်​သော​သူ​တို့၏ နှ​လုံး​မူ​ကား၊ ပျော်​မွေ့​ခြင်း​ပြု​ရာ အိမ်၌​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 5,
      "text": "လူ​မိုက်​သီ​ချင်း​ဆို​သော စ​ကား​ကို နား​ထောင်​သည်​ထက်၊ ပ​ညာ​ရှိ​ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော် သာ၍​ကောင်း၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ မိုက်​သော​သူ၏​ရယ်​ခြင်း​သည် အိုး​အောက်၌ ဆူး​ပင်​ကို​လောင်​သော​အ​သံ​နှင့် တူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 7,
      "text": "အ​ကယ်​စင်​စစ်၊ ညှဉ်း​ဆဲ​ခြင်း​သည် ပ​ညာ​ရှိ​သော​သူ​ကို ရူး​စေ​တတ်၏။ တံ​စိုး​သည်​လည်း စိတ်​နှ​လုံး​ကို ယို​ယွင်း​စေ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 8,
      "text": "အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 9,
      "text": "အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 10,
      "text": "ရှေး​ကာ​လ​သည် ယ​ခု​ကာ​လ​ထက် အ​ဘယ်​ကြောင့် သာ၍​ကောင်း​သ​နည်း​ဟု မ​မေး​နှင့်။ ထို​သို့​မေး​လျှင်၊ ပ​ညာ​တ​ရား​အ​တိုင်း မေး​သည်​မ​ဟုတ်။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 11,
      "text": "ပ​ညာ​သည် အ​မွေ​ဥ​စ္စာ​ကဲ့​သို့​ကောင်း၍၊ နေ​ကို​မြင်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တတ်၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆင်​ခြင်​လော့။ ကောက်​စေ​တော်​မူ​သော​အ​ရာ​ကို အ​ဘယ်​သို့ ဖြောင့်​စေ​နိုင်​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 14,
      "text": "ကောင်း​စား​သည်​ကာ​လ၌ ဝမ်း​မြောက်​လော့။ ဆင်း​ရဲ​ခံ​ရ​သည်​ကာ​လ၌ ဆင်​ခြင်​လော့။ လူ​သည် မိ​မိ​နောက်​မှာ ဖြစ်​လ​တ္တံ​သော အ​မှု​အ​ရာ​ကို​သိ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ကောင်း​စား​ခြင်း​နှင့် ဆင်း​ရဲ​ခြင်း​ကို​လည်း အ​လှည့်​လှည့် ပေး​တော်​မူ၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 15,
      "text": "ငါ​သည် အ​ချည်း​နှီး​နေ​သော​ကာ​လ၌ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တွေ့​မြင်​ပြီ။ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း၌ ဆုံး​ရှုံး​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် မိ​မိ​အ​ဓ​မ္မ​အ​မှု၌ အ​သက်​ရှည်​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 16,
      "text": "လွန်​ကျူး​စွာ မ​ဖြောင့်​မတ်​နှင့်။ လွန်​ကျူး​စွာ ပ​ညာ​မ​ရှိ​နှင့်။ အ​ဘယ်​ကြောင့် ကိုယ်​အ​ကျိုး​ကို ဖျက်​ချင်​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 17,
      "text": "လွန်​ကျူး​စွာ မ​ဆိုး​ညစ်​နှင့်။ မ​မိုက်​နှင့်။ အ​ချိန်​မ​ရောက်​မီ အ​ဘယ်​ကြောင့် သေ​ချင်​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 18,
      "text": "ဤ​စ​ကား​ကို စွဲ​လန်း​ကောင်း၏။ လက်​မ​လွှတ်​နှင့်။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​သည် ခပ်​သိမ်း​သော​အ​မှု​ထဲ​က ထွက်​မြောက်​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 19,
      "text": "မြို့​ထဲ​မှာ​နေ​သော သူ​ရဲ​တစ်​ကျိပ်​ထက် ပ​ညာ​ရှိ​သော​သူ​တစ်​ယောက်​သည် ပ​ညာ​အား​ဖြင့်​သာ၍ တန်​ခိုး​ကြီး၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 20,
      "text": "အ​ပြစ်​မ​ပါ​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော သူ​တော်​ကောင်း​တစ်​စုံ​တစ်​ယောက်​မျှ မြေ​ကြီး​ပေါ်​မှာ မ​ရှိ။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 21,
      "text": "သူ​တစ်​ပါး​ပြော​သ​မျှ​သော စ​ကား​တို့​ကို​မ​မှတ်​နှင့်။ သို့​ပြု​လျှင်၊ ကိုယ်​ကျွန် ကျိန်​ဆဲ​သော​စ​ကား​ကို ကြား​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 22,
      "text": "သင်​သည်​ကိုယ်​တိုင် သူ​တစ်​ပါး​တို့​ကို အ​ဖန်​ဖန်​ကျိန်​ဆဲ​ကြောင်း​ကို၊ ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ သိ၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 23,
      "text": "ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည်​ပ​ညာ​တ​ရား​အား​ဖြင့် စုံ​စမ်း​ပြီ။ ပ​ညာ​နှင့် ငါ​ပြည့်​စုံ​မည်​ဟု ဆို​သော်​လည်း၊ ပ​ညာ​သည် ငါ​နှင့်​ဝေး၏။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 24,
      "text": "ဝေး​သော​အ​ရာ၊ အ​လွန်​နက်​နဲ​သော​အ​ရာ​ကို အ​ဘယ်​သူ​ရှာ၍ တွေ့​နိုင်​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 25,
      "text": "ပ​ညာ​တ​ရား​နှင့် အ​ကျိုး​အ​ကြောင်း​ကို ရှာ​ဖွေ​စစ်​ဆေး၍ သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ မိုက်​စွာ​ကျင့်​ခြင်း၏​အ​ပြစ်​နှင့် ရူး​ခြင်း၏​အ​ပြစ်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​နှင့် ငါ့​နှ​လုံး​သည် ဝိုင်း​ညီ၍ ကြိုး​စား​လေ​ပြီ။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 26,
      "text": "ကျော့​ကွင်း​နှင့် ပိုက်​ကွန်​တို့​ကို ကြံ​စည်​ပြင်​ဆင်၍ ကြိုး​နှင့်​ချည်​နှောင်​တတ်​သော​မိန်း​မ​သည်၊ သေ​ခြင်း​ထက် သာ၍​ခါး​သည်​ကို ငါ​တွေ့​ပြီ။ ဘု​ရား​သ​ခင်​စိတ်​တွေ့​တော်​မူ​သော​သူ​သာ​လျှင်၊ ထို​မိန်း​မ​လက်​နှင့် လွတ်​လိမ့်​မည်။ အ​ပြစ်​ပြု​တတ်​သော​သူ​ကို​ကား၊ ဖမ်း​မိ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 27,
      "text": "ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဆို​သည်​ကား၊ ငါ​ရှာ၍ မ​တွေ့​သေး​သော​အ​ရာ​ကို တွေ့​အံ့​သော​ငှာ၊ တစ်​ခု​နောက်​တစ်​ခု စစ်​ဆေး​ချင့်​တွက်​သော​အ​ခါ၊"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 28,
      "text": "ယောက်ျား​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို ငါ​တွေ့​ပြီ။ မိန်း​မ​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့။"
    },
    {
      "book": 21,
      "chapter": 7,
      "verse": 29,
      "text": "ငါ​တွေ့​သော​အ​ရာ​တစ်​ခု​တည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် လူ​ကို​ဖြောင့်​မတ်​အောင် ဖန်​ဆင်း​တော်​မူ​သော်​လည်း၊ လူ​တို့​သည် များ​ပြား​သော အ​ကြံ​အ​စည်​တို့​ကို ရှာ​ဖွေ​ကြံ​စည်​ကြ​ပြီ။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 1,
      "text": "အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သော​သူ​ကဲ့​သို့ ဖြစ်​သ​နည်း။ နက်​နဲ​သော​အ​နက်​ကို အ​ဘယ်​သူ​နား​လည်​သ​နည်း။ ပ​ညာ​သည် ပ​ညာ​ရှိ​သော​သူ၏​မျက်​နှာ​ကို ထွန်း​လင်း​စေ​တတ်၏။ ထို​သူ၏​မျက်​နှာ​သည် အ​ထူး​သ​ဖြင့် ရဲ​ရင့်​သော​အ​ဆင်း​ရှိ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 2,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပြု​သော​သ​စ္စာ​ကို​ထောက်၍၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို စောင့်​လော့။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 3,
      "text": "သ​မ္မာ​သ​တိ​လစ်၍ အ​ထံ​တော်​မှ မ​ထွက်​နှင့်။ မ​ကောင်း​သော​အ​မှု​ကို မ​ဆွဲ​မ​ကိုင်​နှင့်။ အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​မည်။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 4,
      "text": "ရှင်​ဘု​ရင်​အ​မိန့်​တော်၌ တန်​ခိုး​ပါ၏။ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ ဆို​ရာ​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 5,
      "text": "အ​မိန့်​တော်​ကို​စောင့်​သော​သူ​သည် ရာ​ဇ​ဝတ်​နှင့် လွတ်​လိမ့်​မည်။ ပ​ညာ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည်​လည်း၊ ကာ​လ​အ​ချိန်​ကို​လည်း​ကောင်း၊ စီ​ရင်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း သိ​မြင်​တတ်၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 6,
      "text": "လူ​ကြံ​စည်​သ​မျှ​အ​ဖို့၊ ကာ​လ​အ​ချိန်​နှင့် စီ​ရင်​ရ​သော​အ​ခွင့်​ရှိ၏။ သို့​သော်​လည်း၊ လူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 7,
      "text": "နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို​မ​သိ။ အ​ဘယ်​သို့ ဖြစ်​လ​တ္တံ့​သည်​ကို တစ်​စုံ​တစ်​ယောက်​မျှ မ​ပြော​နိုင်​ရာ။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 8,
      "text": "နာမ်​ဝိ​ညာဉ်​ကို​အ​စိုး​ရ၍ ချုပ်​ထား​နိုင်​သော​လူ တစ်​ယောက်​မျှ​မ​ရှိ။ သေ​ချိန်​ရောက်​သော​အ​ခါ တန်​ခိုး​မ​ရှိ။ ထို​စစ်​မှု​ထဲ​က ထွက်​စ​ရာ​အ​ခွင့် မ​ရှိ။ ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဒု​စ​ရိုက်​သည် ထို​အ​မှု​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 9,
      "text": "ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​တွေ့​မြင်​ပြီ။ နေ​အောက်​မှာ ပြု​လေ​သ​မျှ​တို့​ကို ဆင်​ခြင်​ပြီ။ မိ​မိ​အ​ကျိုး​ပျက်​အောင် တစ်​ယောက်​ကို​တစ်​ယောက် အုပ်​စိုး​သော​အ​ချိန်​လည်း​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 10,
      "text": "ထို​မှ​တစ်​ပါး၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န​တော်​သို့ သွား​လာ​သော အ​ဓ​မ္မ​လူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု​ဖူး​သော​မြို့၌ သူ​တို့​ကို အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 11,
      "text": "အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 12,
      "text": "အ​ဓ​မ္မ​လူ​သည် အ​ကြိမ်​တစ်​ရာ​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို​ပြု၍၊ အ​သက်​တာ​ရှည်​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု ငါ​အ​မှန်​သိ၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 13,
      "text": "အ​ဓ​မ္မ​လူ​ကား၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ မ​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို မ​ခံ​ရ။ အ​ရိပ်​နှင့်​တူ​သော မိ​မိ​အ​သက်​သည်​လည်း မ​ရှည်​ရ။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 14,
      "text": "မြေ​ကြီး​ပေါ်​မှာ ဖြစ်​တတ်​သော အ​န​တ္တ​အ​မှု​တစ်​ပါး​ဟူ​မူ​ကား၊ အ​ဓ​မ္မ​လူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ ဖြောင့်​မတ်​သော​သူ​အ​ချို့​တို့​သည် အ​ပြစ်​ကို​ခံ​ရ​ကြ၏။ ထို​နည်း​တူ၊ ဖြောင့်​မတ်​သော​သူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အ​ကျိုး​ကို ခံ​ရ​ကြ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟု ငါ့​သ​ဘော​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 15,
      "text": "ထို​အ​ခါ ပျော်​မွေ့​ခြင်း​အ​မှု​ကို ငါ​ချီး​မွမ်း၏။ အ​ကြောင်း​မူ​ကား၊ လူ​သည်​နေ​အောက်​မှာ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ။ နေ​အောက်​မှာ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော​အ​သက်​ကာ​လ၌၊ ကြိုး​စား​အား​ထုတ်၍​ရ​သော အ​ကျိုး​တို့​တွင်၊ ထို​အ​ကျိုး​ကို​သာ အ​မြဲ​ခံ​ရ၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 16,
      "text": "လူ​အ​ချို့​တို့​သည် တစ်​နေ့​နှင့် တစ်​ည​လုံး​မ​အိပ်​ဘဲ နေ​တတ်​သည်​ဖြစ်၍၊ ပ​ညာ​တ​ရား​ကို သိ​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ ပြု​သော​အ​မှု​များ​ကို ကြည့်​ရှု​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် ကိုယ်​နှ​လုံး​ကို နှိုး​ဆော်၏။"
    },
    {
      "book": 21,
      "chapter": 8,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊ နေ​အောက်​မှာ ပြု​သော​အ​မှု​များ​ကို လူ​သည် စစ်၍​မ​ကုန်​နိုင်။ ကြိုး​စား၍​စစ်​သော်​လည်း၊ အ​ကုန်​အ​စင်​မ​သိ​နိုင်။ ထို​မျှ​မ​က၊ ပ​ညာ​ရှိ​သော​သူ​သည် ငါ​သိ​မည်​ဟု ကြံ​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ရာ။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 1,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည် စုံ​စမ်း​ခြင်း​ငှာ ဆင်​ခြင်​ရ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​နှင့် ပ​ညာ​ရှိ​သော​သူ​တို့​သည် သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏​လက်​တော်၌ ရှိ​ကြ၏။ ချစ်​တော်​မူ​သော​လ​က္ခ​ဏာ​ကို ထင်​ရှား​သ​မျှ​သော​အ​မှု​အ​ရာ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​သိ​နိုင်။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 2,
      "text": "ခပ်​သိမ်း​သော​သူ​တို့​သည် ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​နှင့် ဆက်​ဆံ​ကြ၏။ တ​ရား​သော​သူ​နှင့် မ​တ​ရား​သော​သူ၊ ကောင်း​သော​သူ​နှင့် မ​ကောင်း​သော​သူ၊ စင်​ကြယ်​သော​သူ​နှင့် မ​စင်​ကြယ်​သော​သူ၊ ယဇ်​ပူ​ဇော်​သော​သူ​နှင့် ယဇ်​မ​ပူ​ဇော်​သော​သူ၊ အ​ပြစ်​မ​ရှိ​သော​သူ​နှင့် အ​ပြစ်​ရှိ​သော​သူ၊ ကျိန်​ဆို​သော​သူ​နှင့် ကျိန်​ဆို​ခြင်း​ကို​ကြောက်​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 3,
      "text": "နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 4,
      "text": "အ​သက်​ရှင်​သော​လူ​စု​အ​ပေါင်း​နှင့် ဆိုင်​သေး​သော​သူ​သည် မျှော်​လင့်​စ​ရာ​ရှိ၏။ အ​သက်​ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် သာ၍​ကောင်း​မြတ်၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 5,
      "text": "အ​သက်​ရှင်​သော​သူ​သည် မိ​မိ​သေ​ရ​မည်​ကို​သိ၏။ သေ​သော​သူ​မူ​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ အ​ကျိုး​အ​ပြစ်​ကို​လည်း မ​ခံ​ရ။ သူ့​ကို​လည်း မေ့​လျော့​တတ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 6,
      "text": "သူ၏​ချစ်​ခြင်း၊ မုန်း​ခြင်း၊ ငြူ​စူ​ခြင်း​လည်း​ပျောက်​ပျက်၏။ နေ​အောက်​မှာ​ပြု​သ​မျှ​သော​အ​မှု၌ သူ​တစ်​ပါး​နှင့် ရော​နှော၍ မ​ဆိုင်​ရ။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 7,
      "text": "သွား​လော့။ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​စား​လော့။ ရွှင်​လန်း​သော​စိတ်​နှင့် စ​ပျစ်​ရည်​ကို​သောက်​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​ဝန်​ခံ​တော်​မူ၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 8,
      "text": "သင့်​အ​ဝတ်​လည်း၊ အ​စဉ် ဖြူ​စင်​ပါ​လေ​စေ။ သင့်​ခေါင်း​သည်​လည်း နံ့​သာ​ဆီ မ​ခန်း​မ​ခြောက်​စေ​နှင့်။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 9,
      "text": "နေ​အောက်​မှာ ပေး​သ​နား​တော်​မူ​သော အ​န​တ္တ​အ​သက်​ကာ​လ​ပတ်​လုံး၊ သင်​ချစ်​သော​မ​ယား​နှင့် ရွှင်​လန်း​စွာ အ​သက်​ကာ​လ​ကို​လွန်​စေ​လော့။ ဤ​ရွေ့​ကား၊ အ​သက်​ရှင်၍ နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​ရာ၌ သင်​ခံ​ရ​သော အ​ကျိုး​ပေ​တည်း။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 10,
      "text": "ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 11,
      "text": "တစ်​ဖန် နေ​အောက်​မှာ​ရှိ​သော အ​မှု​အ​ရာ​တို့​ကို ငါ​ပြန်၍​ကြည့်​ရှု​သော​အ​ခါ၊ လျင်​မြန်​သော​သူ​သည် ပြိုင်၍​ပြေး​သော်​လည်း မ​နိုင်​တတ်။ ခွန်​အား​ကြီး​သော​သူ​သည် စစ်​တိုက်၍ မ​အောင်​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် ဝ​စွာ​မ​စား​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည် စည်း​စိမ်​ကို​မ​ရ​တတ်။ လိ​မ္မာ​သော​သူ​သည် သူ​တစ်​ပါး​ရှေ့၌ မျက်​နှာ​မ​ရ​တတ်။ ခပ်​သိမ်း​သော​သူ​တို့၌ ကာ​လ​အ​ချိန်​စေ့​ခြင်း၊ အ​ဆင်​သင့်​ခြင်း​ရှိ​သည်​အ​တိုင်း ဖြစ်​တတ်​သည်​ကို ငါ​မြင်၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 12,
      "text": "လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 13,
      "text": "နေ​အောက်​မှာ ငါ​တွေ့​မြင်၍ ချီး​မွမ်း​ဖွယ်​သော​ပ​ညာ​ဟူ​မူ​ကား၊"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 14,
      "text": "မြို့​သား​နည်း​သော မြို့​ငယ်​တစ်​မြို့​ရှိ၏။ ကြီး​သော ရှင်​ဘု​ရင်​တစ်​ပါး​သည်​လာ၍၊ ထို​မြို့​ပြင်​မှာ ကြီး​စွာ​သော​တပ်​တို့​ကို တည်၍ ဝိုင်း​ထား၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 15,
      "text": "ထို​မြို့၌​နေ​သော ဆင်း​ရဲ​သား​ပ​ညာ​ရှိ​တစ်​ယောက်​သည် မိ​မိ​ပ​ညာ​အား​ဖြင့် ထို​မြို့​ကို​ကယ်​တင်၏။ သို့​သော်​လည်း၊ ထို​ဆင်း​ရဲ​သား​ကို အ​ဘယ်​သူ​မျှ​မ​အောက်​မေ့။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 16,
      "text": "ထို​အ​ခါ ငါ​ဆို​သည်​ကား၊ ပ​ညာ​သည် ခွန်​အား​ထက်​သာ၍​ကောင်း​မြတ်၏။ သို့​သော်​လည်း၊ ဆင်း​ရဲ​သော​သူ၏​ပ​ညာ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။ သူ၏​စ​ကား​ကို နား​မ​ထောင်​တတ်​ကြ။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 17,
      "text": "အုပ်​စိုး​သော​သူ​သည် မိုက်​သော​သူ​တို့​တွင် ကြွေး​ကြော်​သော​အ​သံ​ကို နား​ထောင်​ကြ​သည်​ထက်၊ ငြိမ်​ဝပ်​ရာ၌ ပ​ညာ​ရှိ​ပြော​သော​စ​ကား​ကို သာ၍​နား​ထောင်​တတ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 9,
      "verse": 18,
      "text": "ပ​ညာ​သည် စစ်​လက်​နက်​ထက် သာ၍​ကောင်း​မြတ်၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​သည်​လည်း၊ ကောင်း​သော​အ​မှု​များ​ကို ဖျက်​ဆီး​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 1,
      "text": "အ​ထုံ​သ​မား​လုပ်​သော နံ့​သာ​ဆီ​ကို သေ​သော​ယင်​ကောင်​သည် နံ​စေ​သ​ကဲ့​သို့၊ အ​နည်း​ငယ်​သော​အ​မိုက်​သည် ပ​ညာ​နှင့် ဂုဏ်​အ​သ​ရေ​ထင်​ရှား​သော​သူ​ကို ထို​အ​တူ ဖြစ်​စေ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 2,
      "text": "ပ​ညာ​ရှိ​သော​သူ၏​နှ​လုံး​သည် မိ​မိ​လက်​ယာ​လက်၌ ရှိ၏။ မိုက်​သော​သူ၏​နှ​လုံး​မူ​ကား၊ မိ​မိ​လက်​ဝဲ​လက်၌ ရှိ၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 3,
      "text": "မိုက်​သော​သူ​သည် လမ်း၌​သွား​စဉ်​တွင်​ပင် သ​တိ​လစ်၍၊ ငါ​သည်​လူ​မိုက်​ဖြစ်၏​ဟု ခပ်​သိမ်း​သော​သူ​တို့​အား ပြော​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 4,
      "text": "မင်း​သည် သင့်​ကို​စိတ်​ဆိုး​လျှင်၊ ကိုယ်​နေ​သင့်​ရာ​အ​ရပ်​မှ မ​ရွှေ့​နှင့်။ သည်း​ခံ​ခြင်း​သည် ကြီး​သော​အ​ပြစ်​ကို ဖြေ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 5,
      "text": "မင်း​မှား​ယွင်း​ခြင်း​အား​ဖြင့် ဖြစ်​တတ်​သော၊ နေ​အောက်၌ ငါ​မြင်​ရ​သော​အ​မှု​ဆိုး​ဟူ​မူ​ကား၊"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 6,
      "text": "မိုက်​သော​သူ​တို့​သည် မြင့်​သော​အ​ရပ်၊ သူ​ဌေး​တို့​သည် နိမ့်​သော​အ​ရပ်၌ ထိုင်​ရ​သော​အ​မှု၊"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 7,
      "text": "ကျွန်​တို့​သည် မြင်း​ကို​စီး၍ မှူး​မတ်​တို့​သည် ကျွန်​ကဲ့​သို့ မြေ​ပေါ်​မှာ ခြေ​ဖြင့်​သွား​ရ​သော​အ​မှု​ကို ငါ​မြင်​လေ​ပြီ။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 8,
      "text": "တွင်း​ကို တူး​သော​သူ​သည် ထို​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ ခြံ​ကို​ဖျက်​သော​သူ​သည် မြွေ​ကိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 9,
      "text": "ကျောက်​တို့​ကို​ရွှေ့​သော​သူ​သည် ဖိ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထင်း​ခုတ်​သော​သူ​သည်​လည်း ရှ​န​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 10,
      "text": "ပု​ဆိန်​တုံး​သော​အ​ခါ မ​သွေး​ဘဲ​နေ​လျှင် သာ၍ အား​ထုတ်​ရ​မည်။ ပ​ညာ​သည် အ​မှု​ဆောင်​ရ​သော​အ​ခွင့်​ကို ပေး၍ ကျေး​ဇူး​ကြီး၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 11,
      "text": "မြွေ​သည် ပြု​စား​ခြင်း​ကို​မ​ခံ။ ကိုက်​မိ​လျှင် အ​လ​မ္ပယ်​သ​မား ကျေး​ဇူး​မ​ရှိ။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 12,
      "text": "ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် လျောက်​ပတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား သူ့​ကိုယ်​ကို​မျို​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 13,
      "text": "သူ၏​စ​ကား​အ​စ​သည် မိုက်​ခြင်း၊ အ​ဆုံး​သည် အ​ပြစ်​ပြု​တတ်​သော ရူး​ခြင်း​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 14,
      "text": "မိုက်​သော​သူ​သည် စ​ကား​များ​တတ်၏။ သို့​သော်​လည်း​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လူ​သည် မ​ပြော​နိုင်​ရာ။ လူ​နောက်၌ အ​ဘယ်​သို့​ဖြစ်​လ​တ္တံ့​သည်​ကို အ​ဘယ်​သူ ပြော​နိုင်​သ​နည်း။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 15,
      "text": "မြို့​သို့​သွား​သော​လမ်း​ကို မ​သိ​သော​သူ​ကဲ့​သို့ မိုက်​သော​သူ​သည် ကြိုး​စား​အား​ထုတ်​သော်​လည်း၊ သူ​တစ်​ပါး​တို့​ကို ပင်​ပန်း​စေ​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 16,
      "text": "ငယ်​သား​အ​စိုး​ရ၍ မှူး​မတ်​များ​အ​ချိန်​မဲ့ နံ​နက်​စော​စော စား​သောက်​တတ်​သော​ပြည်​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 17,
      "text": "မင်း​သား​အ​စိုး​ရ၍၊ မှူး​မတ်​တို့​သည် လွန်​ကျူး​စွာ မ​စား​မ​သောက်​ဘဲ၊ အ​ချိန်​တန်​မှ အား​ဖြည့်​ခြင်း​ငှာ​သာ၊ စား​သောက်​တတ်​သော​ပြည်​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 18,
      "text": "အ​လွန်​ပျင်း​ရိ​ခြင်း​အား​ဖြင့် အိမ်​သည်​ဆွေး​မြေ့​တတ်၏။ လက်​နှင့် မ​ပြု​ပြင်​ဘဲ​နေ​လျှင် အိမ်​မိုး​ယို​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 19,
      "text": "ပျော်​မွေ့​ခြင်း​ငှာ ပွဲ​ကို​လုပ်​တတ်၏။ စ​ပျစ်​ရည်​သည်​လည်း ရွှင်​လန်း​စေ​တတ်၏။ ငွေ​မူ​ကား၊ အ​ရာ​ရာ၌ နိုင်​တတ်၏။"
    },
    {
      "book": 21,
      "chapter": 10,
      "verse": 20,
      "text": "ရှင်​ဘု​ရင်​ကို စိတ်​ဖြင့်​မျှ မ​ကျိန်​ဆဲ​နှင့်။ လူ​ကြီး​ကို အိပ်​ခန်း​ထဲ၌ မ​ကျိန်​ဆဲ​နှင့်။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် ထို​အ​သံ​ကို​ဆောင်​သွား​လိမ့်​မည်။ ပျံ​တတ်​သော​အ​ကောင်​သည် ထို​အ​မှု​ကို​ဖော်​ပြ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 1,
      "text": "သင်၏​အ​စာ​ကို ရေ​ပေါ်​မှာ​ပစ်​ချ​လော့။ ကာ​လ​ကြာ​မြင့်​မှ တစ်​ဖန်​တွေ့​လေ​ဦး​မည်။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 2,
      "text": "လူ​ခု​နစ်​ယောက်​မ​က၊ ရှစ်​ယောက်​တို့​အား ဝေ​မျှ​လော့။ မြေ​ပေါ်​မှာ အ​ဘယ်​အ​မှု​ရောက်​မည်​ကို သင်​မ​သိ။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 3,
      "text": "မိုး​တိမ်​တို့​သည် မိုး​ရေ​နှင့်​ပြည့်​သော​အ​ခါ မြေ​ပေါ်​မှာ​ရွာ​တတ်၏။ သစ်​ပင်​သည် တောင်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ မြောက်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ လဲ​သော​အ​ရပ်၌ နေ​ရာ​ကျ၏။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 4,
      "text": "လေ​ကို မှတ်​တတ်​သော​သူ​သည် မျိုး​စေ့​ကို​မ​ကြဲ။ မိုး​တိမ်​တို့​ကို ပ​မာ​ဏ​ပြု​တတ်​သော သူ​သည်​လည်း စ​ပါး​ကို​မ​ရိပ်​ရာ။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 5,
      "text": "နာမ်​ဝိ​ညာဉ်​သွား​ရာ လမ်း​ကို​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​ဝမ်း၌ အ​ရိုး​တို့​သည် အ​ဘယ်​သို့ တိုး​ပွား​သည်​ကို​လည်း​ကောင်း မ​သိ​နိုင်​သ​ကဲ့​သို့၊ အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို မ​သိ​နိုင်။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 6,
      "text": "နံ​နက်​အ​ချိန်၌ မျိုး​စေ့​ကို​ကြဲ​လော့။ ညဉ့်​ဦး​အ​ချိန်၌​လည်း မ​ကြဲ​ဘဲ​မ​နေ​နှင့်။ အ​ကြောင်း​မူ​ကား၊ အ​ဘယ်​အ​ရာ​သည် အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း၊ နှစ်​ပါး​စ​လုံး​တို့​သည် အ​ညီ​အ​မျှ​အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း မ​သိ​နိုင်။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 7,
      "text": "အ​ကယ်​စင်​စစ် အ​လင်း​သည် ချို၏။ နေ​ရောင်​ခြည်​ကို​မြင်၍ ပျော်​ပါး​စ​ရာ​ရှိ၏။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 8,
      "text": "သို့​ရာ​တွင်၊ လူ​သည် အ​သက်​တာ​ရှည်၍ အ​စဉ်​ရွှင်​လန်း​သော်​လည်း၊ မှောင်​မိုက်​ကာ​လ​ကို အောက်​မေ့​ပါ​စေ။ ထို​ကာ​လ ကြာ​မြင့်​လိမ့်​မည်။ ဖြစ်​လ​တ္တံ့​သ​မျှ​တို့​သည် အ​န​တ္တ​သက်​သက်​ဖြစ်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 9,
      "text": "အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။"
    },
    {
      "book": 21,
      "chapter": 11,
      "verse": 10,
      "text": "သို့​ဖြစ်၍၊ စိတ်​ညှိုး​ငယ်​ခြင်း​အ​ကြောင်း​နှင့်၊ ကိုယ်​ဆင်း​ရဲ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား​လော့။ အ​သက်​ငယ်​ခြင်း​အ​ရာ​နှင့် အ​ရွယ်​ပျို​ခြင်း​အ​ရာ​သည် အ​န​တ္တ​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 1,
      "text": "ငါ​နေ၍ မ​ပျော်​နိုင်​ဟု​ဆို​ရ​သော ကာ​လ​သည်​မ​နီး၊ ဆိုး​သော​ကာ​လ​မ​ရောက်​မီ၊ ယ​ခု​အ​သက်​ပျို​စဉ်​အ​ခါ​ပင်၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​လော့။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 2,
      "text": "နေ​နှင့် အ​လင်း၊ လ​နှင့် ကြယ်​တို့​သည် ကွယ်၍​မိုး​ရွာ​ပြီး​မှ၊ အ​ထပ်​ထပ်​ရွာ​တတ်​သော​ကာ​လ​မ​ရောက်​မီ အောက်​မေ့​လော့။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 3,
      "text": "ထို​ကာ​လ၌ အိမ်​စောင့်​တို့​သည် တုန်​လှုပ်၍၊ ခိုင်​ခံ့​သော​သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ဆန်​ကြိတ်​သော​သူ​တို့​သည် နည်း​သော​ကြောင့် ရပ်​ကြ​လိမ့်​မည်။ ပြတင်း​ပေါက်​ဖြင့် ကြည့်​သော​သူ​တို့​သည် အ​လင်း​ကွယ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 4,
      "text": "ကြိတ်​သံ​လျော့​သော​အ​ခါ၊ လမ်း​နား​မှာ တံ​ခါး​ရွက်​တို့​သည် စေ့​လျက်​ရှိ​လိမ့်​မည်။ ငှက်​သံ​ကို ကြား​သော​အ​ခါ၊ စော​စော​ထ​လိမ့်​မည်။ သီ​ချင်း​သည်​မ​အ​ပေါင်း​တို့​သည် အ​သံ​သေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 5,
      "text": "ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 6,
      "text": "ငွေ​ကြိုး​ပြုတ်​ခြင်း၊ ရွှေ​ဖ​လား​ကွဲ​ခြင်း၊ စမ်း​ရေ​တွင်း၌ ရေ​ပုံး​ပေါက်​ခြင်း၊ ရေ​ကျင်း​နား​မှာ စက်​ကျိုး​ခြင်း အ​ခြင်း​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 7,
      "text": "ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 8,
      "text": "အ​န​တ္တ​သက်​သက်၊ အ​လုံး​စုံ​တို့​သည်​အ​န​တ္တ​ဖြစ်​ကြ​သည်​ဟု ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဟော၏။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 9,
      "text": "ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​လေ့​ရှိ၏။ လုံ့​လ​ဝိ​ရိ​ယ​ပြု​လျက် များ​စွာ​သော​သု​တ္တံ​စ​ကား​တို့​ကို ရှာ​ဖွေ၍​စီ​ရင်၏။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 10,
      "text": "ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် နား​ထောင်​ဖွယ်​သော​စ​ကား​ကို ရှာ၍၊ ရေး​ထား​ချက်​စ​ကား​သည် ဖြောင့်​မတ်​သော​စ​ကား၊ သ​မ္မာ​စ​ကား​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 11,
      "text": "ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် တုတ်​ချွန်​နှင့်​လည်း​ကောင်း၊ တစ်​ပါး​တည်း​သော သိုး​ထိန်း​ကြီး အပ်​ပေး​တော်​မူ၍၊ ပ​ရိ​သတ်​အုပ်​တို့ ရိုက်​ထား​သော သံ​ချွန်​နှင့်​လည်း​ကောင်း တူ၏။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 12,
      "text": "တစ်​ဖန်​တုံ၊ ငါ့​သား၊ ထို​သို့​သော​စ​ကား​အား​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​လော့။ စာ​များ​ကို​စီ​ရင်၍ မ​ကုန်​နိုင်။ စာ​ကို ကြိုး​စား၍ ကြည့်​ရှု​ခြင်း​အ​မှု​သည်၊ ကိုယ်​ကို နှောင့်​ယှက်​သော​အ​မှု​ဖြစ်၏။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 13,
      "text": "အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။"
    },
    {
      "book": 21,
      "chapter": 12,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော ဝှက်​ထား​ခြင်း​မှ​စ၍၊ အ​လုံး​စုံ​သော​အ​မှု၊ ကောင်း​မ​ကောင်း​ရှိ​သ​မျှ​တို့​ကို စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လ​တ္တံ့​သ​တည်း။ ရှော​လ​မုန်​မင်း​ကြီး စီ​ရင်​ရေး​ထား​သော ဒေ​သ​နာ​ကျမ်း​ပြီး၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 1,
      "text": "သီ​ချင်း​တ​ကာ​တို့​တွင် အထွတ်​ဖြစ်​သော ရှော​လ​မုန်​သီ​ချင်း။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 2,
      "text": "သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 3,
      "text": "ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 4,
      "text": "ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 5,
      "text": "အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​သည် ကေ​ဒ​တဲ​ကဲ့​သို့ မည်း​သော​အ​ဆင်း​ရှိ​သော်​လည်း၊ ရှော​လ​မုန်​မင်း၏​ကု​လား​ကာ​ကဲ့​သို့ တင့်​တယ်​သေး၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 6,
      "text": "ငါ​သည် နေ​ပူ​ကို​ခံ၍ မည်း​သော​အ​ဆင်း​ရှိ​သော​ကြောင့်၊ ငါ့​ကို မ​ကြည့်​ရှု​ကြ​ပါ​နှင့်။ ငါ့​မိ​ခင်၏​သား​သ​မီး​တို့​သည် ငါ့​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို စောင့်​စေ​ကြ၏။ ကိုယ်​ဥ​ယျာဉ်​ကို မ​စောင့်​ရ​ပါ။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 7,
      "text": "ကျွန်​မ နှစ်​သက်​နှစ်​လို​ရာ​အ​ရှင်၊ ကိုယ်​တော်​သည် သိုး​များ​ကို အ​ဘယ်​မှာ ထိန်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်၌ အ​ဘယ်​မှာ အ​ရိပ်​ခို​စေ​တော်​မူ​သည်​ကို​လည်း​ကောင်း ပြ​တော်​မူ​ပါ။ ကျွန်​မ​သည် အ​ခြား​တစ်​ပါး​သော သိုး​ထိန်း​နောက်​သို့ အ​ဘယ်​ကြောင့် လမ်း​လွဲ၍​လိုက်​ရ​ပါ​အံ့​နည်း။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 8,
      "text": "မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​သည်​မ​သိ​လျှင်၊ သိုး​များ​ခြေ​ရာ​သို့ လိုက်​သွား၍၊ သိုး​ထိန်း​တဲ​များ​အ​နား​မှာ သင်၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​ပါ​လော့။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 9,
      "text": "ငါ​ချစ်​သော​နှ​မ၊ သင့်​ကို ဖာ​ရော​မင်း​ရ​ထား၌ က​သော​မြင်း​နှင့် ငါ​ပုံ​ပြ​မည်။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 10,
      "text": "သင်၏​ပါး​သွယ်၌ မုတ်​ပု​တီး တန်​ဆာ​ဆင်​လျက်၊ လည်​ပင်း၌ ပု​လဲ​အ​သွယ်​သွယ်​ဆွဲ​လျက်၊ သင်​သည် တင့်​တယ်​လှ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 11,
      "text": "ငွေ​နှင့် အ​ပြောက်​ချယ်​သော ရွှေ​ပု​တီး​အ​သွယ်​သွယ်​ကို​လည်း လုပ်၍​ပေး​ဦး​မည်။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 12,
      "text": "အ​ရှင်​မင်း​ကြီး​သည် စား​ပွဲ​တော်​နား​မှာ​ထိုင်​နေ​စဉ်၊ ငါ​ထုံ​သော နာ​ဒု​ဆီ​မွှေး​အ​နံ့​သည် တ​ပျံ့​ပျံ့​တ​လှိုင်​လှိုင် ဖြစ်​လေ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 13,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် ငါ၌ မု​ရန်​နံ့​သာ​ပုံ​ဖြစ်၍၊ ငါ့​ရင်​အုံ​ကြား​မှာ တစ်​ည​လုံး အိပ်​ရ​မည်။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 14,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် အင်္ဂေ​ဒိ​ဥ​ယျာဉ်​မှ ဖြစ်​သော ဟင်္နာ​ခက်​ရွက်​စည်း​ကဲ့​သို့ ဖြစ်​ပါ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 15,
      "text": "ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ဆင်း​လှ​ပေ၏။ အ​လွန်​လှ​ပေ၏။ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 16,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် အ​ဆင်း​လှ၍၊ ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ငါ​တို့​အိပ်​ရာ​ခင်း​သည် စိမ်း​သော​အ​ဆင်း​ရှိ၏။"
    },
    {
      "book": 22,
      "chapter": 1,
      "verse": 17,
      "text": "ငါ​တို့​ဗိ​မာန်​တိုင်​တို့​သည် အာ​ရဇ်​ပင်၊ အ​မိုး​သည် ထင်း​ရှူး​ပင်​ဖြင့် ပြီး​သ​တည်း။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 1,
      "text": "ကျွန်​မ​သည် ရှာ​ရုန်​အ​ရပ်​နှင်း​ဆီ​ပွင့်၊ ကွင်း​ပြင်၌​ပေါက်​သော နှင်း​ပွင့်​မျှ​သာ​ဖြစ်​ပါ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 2,
      "text": "ဆူး​တော​ထဲ​မှာ နှင်း​ပွင့်​ထင်​သ​ကဲ့​သို့၊ ငါ​ချစ်​သော သ​တို့​သ​မီး​သည် လူ​မျိုး​သ​မီး​စု​ထဲ​မှာ ထင်​ပေ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 3,
      "text": "တော​ပင်​စု​ထဲ​မှာ ရှောက်​ချို​ပင်​ကဲ့​သို့ ငါ​ချစ်​ရာ​သ​ခင်​သည် လူ​မျိုး​သား​စု​ထဲ​မှာ ဖြစ်​တော်​မူ၏။ ငါ​သည် သူ၏​အ​ရိပ်​ဝယ် ပျော်​မွေ့​နေ​ထိုင်၍၊ မြိန်​စွာ​သော​အ​သီး​ကို စား​ရ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 4,
      "text": "ပွဲ​ခံ​ရာ​အိမ်​သို့ ငါ့​ကို​ဆောင်​သွား၍၊ မေ​တ္တာ​တော်​အ​လံ​ကို ငါ့​အ​ပေါ်​မှာ မိုး​တော်​မူ​ပြီ။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 5,
      "text": "ငါ​သည် ချစ်​ခြင်း​အား​ဖြင့် ကြင်​နာ​သည်​ဖြစ်၍၊ ငါ့​ကို စ​ပျစ်​သီး​ပျဉ်​နှင့် အား​ဖြည့်​ကြ​ပါ။ ရှောက်​ချို​သီး​ကို ကျွေး၍ သက်​သာ​စေ​ကြ​ပါ။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 6,
      "text": "သ​ခင်​၏​လက်​ဝဲ​လက်​သည် ငါ့​ခေါင်း​ကို ထောက်​မ​လျက်၊ လက်​ယာ​လက်​သည် ငါ့​ကို​ဖက်​လျက် နေ​တော်​မူ​ပါ​စေ။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 7,
      "text": "ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို​တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 8,
      "text": "ငါ​ချစ်​ရာ သ​ခင်၏​စ​ကား​သံ​ပေ။ ကြည့်​ပါ။ တောင်​ကြီး​တောင်​ငယ်​တို့​ကို ခုန်​ကျော်​လျက် ကြွ​လာ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 9,
      "text": "ငါ​ချစ်​ရာ သ​ခင်​သည် သ​မင်​ဒ​ရယ်​သ​ငယ်​နှင့် တူ၏။ ကြည့်​ပါ။ အုတ်​ရိုး​ပြင်​မှာ ရပ်​တော်​မူ၏။ ပြတင်း​ပေါက်​ဝ​တွင် ကြည့်​လျက်၊ ပြတင်း​ရွက်​ကြား​မှာ ကိုယ်​ကို​ပြ​လျက်​နေ​တော်​မူ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 10,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် ခေါ်၍​ပြော​သည်​ကား၊ ငါ​ချစ်​သော​နှ​မ၊ ငါ၏​မိန်း​မ​လှ၊ ထ၍​လာ​ခဲ့​ပါ။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 11,
      "text": "ဆောင်း​ကာ​လ​လွန်​ပြီ။ မိုး​လည်း​ကြည်​လင်​ပြီ။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 12,
      "text": "မြေ​ကြီး​ပေါ်​မှာ ပန်း​များ​ပွင့်​ကြ​ပြီ။ ငှက်​တို့ မြည်​တွန်​ချိန်​လည်း ရောက်​လေ​ပြီ။ ငါ​တို့​မြေ၌ ချိုး​ငှက် တွန်​သံ​ကို​လည်း ကြား​ရ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 13,
      "text": "သင်္ဘော​သ​ဖန်း​ပင်​သည် စိမ်း​သော​အ​သီး​ကို မှည့်​စေ၏။ စ​ပျစ်​နွယ်​ပင်​လည်း ပွင့်​လျက် မွှေး​ကြိုင်၏။ ငါ​ချစ်​သော​နှ​မ၊ ငါ၏​မိန်း​မ​လှ၊ ထ၍​လာ​ခဲ့​ပါ။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 14,
      "text": "တောင်​ပေါ်၌ ခို​လှုံ​ရာ​ကျောက်​ကြား​တွင်​ရှိ​သော ငါ၏​ချိုး​ငှက်၊ သင်၏​မျက်​နှာ​ကို​မြင်​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​ကို ကြား​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​သည် ချို၏။ သင်၏​မျက်​နှာ​လည်း လှ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 15,
      "text": "စ​ပျစ်​နွယ်​ပင်​တို့​ကို ဖျက်​လ​တ္တံ့​သော မြေ​ခွေး​များ​နှင့် မြေ​ခွေး​က​လေး​များ​ကို ငါ​တို့​ဖို့ ဖမ်း​ကြ​လော့။ ငါ​တို့ စ​ပျစ်​နွယ်​ပင်​တို့​သည် အ​ပွင့်​ပွင့်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 16,
      "text": "ငါ​ချစ်​ရာ​သ​ခင်​ကို ငါ​ဆိုင်​ပေ၏။ ငါ့​ကို​လည်း သ​ခင်​ဆိုင်​ပေ၏။ နှင်း​တော၌ ကျက်​စား​တော်​မူ၏။"
    },
    {
      "book": 22,
      "chapter": 2,
      "verse": 17,
      "text": "မိုး​မ​သောက်၊ မှောင်​မိုက်​အ​ရိပ်​မ​ပြေး​မီ၊ ငါ​ချစ်​ရာ​သ​ခင်၊ ဗေ​သာ​တောင်​ပေါ်​မှာ သ​မင်​ဒ​ရယ်​သ​ငယ်​ကဲ့​သို့ တစ်​ဖန် ပြု​တော်​မူ​ပါ။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 1,
      "text": "ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို ည​အ​ခါ အိပ်​ရာ​ပေါ်​မှာ ငါ​ရှာ၏။ ရှာ​သော်​လည်း မ​တွေ့။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 2,
      "text": "ငါ​ထ​မည်။ မြို့​လမ်း​တို့​တွင်​လည်​မည်။ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို လမ်း​မ​တို့​တွင် ရှာ​မည်​ဟု​ဆို​လျက် ရှာ​သော်​လည်း မ​တွေ့။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 3,
      "text": "မြို့​ကို​လည်​သော ကင်း​စောင့်​တို့​သည် ငါ့​ကို​တွေ့​ကြ​သော်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို မြင်​ကြ​သ​လော​ဟု ငါ​မေး၏။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 4,
      "text": "သူ​တို့​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ ငါ့​ဝိ​ညာဉ်​ချစ်​သော​သူ​ကို​တွေ့၏။ ငါ​သည် သူ့​ကို​မ​လွှတ်။ အ​မြဲ​ကိုင်၍ ငါ့​ကို​ဖွား​မြင်​သော မိ​ခင်၏​အိမ်၌ အိပ်​ရာ​အ​ခန်း​ထဲ​သို့ ဆောင်​ခဲ့၏။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 5,
      "text": "ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော​သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍၊ သင်​တို့​ကို​ငါ​မှာ​ထား၏။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 6,
      "text": "မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။ ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 7,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ကိုင်​လျက်၊ စစ်​မှု​စစ်​ရေး၌ လေ့​ကျက်​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 8,
      "text": "ည​အ​ခါ​စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ လူ​တိုင်း မိ​မိ​အ​ပေါ်၌ မိ​မိ​ဓား​ကို မြှောင်​ထား​လျက်​ရှိ၏။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 9,
      "text": "လေ​ဗ​နုန်​သစ်​သား​ဖြင့် ရှော​လ​မုန်​မင်း​ကြီး လုပ်​တော်​မူ​သော ယာဉ်​ပျံ​တော်​ဖြစ်၏။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 10,
      "text": "ကွန်း​စင်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်း​ကောင်း၊ အောက်​ပိုင်း​ကို ရွှေ​ဖြင့်​လည်း​ကောင်း၊ ထိုင်​ရန်​ဖုံ​ကို နီ​မောင်း​သော က​မ္ဗ​လာ​ဖြင့်​လည်း​ကောင်း ပြီး​စေ​တော်​မူ၏။ အ​တွင်း​ကို​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့​သည် မေ​တ္တာ​နှင့် ချယ်​လှယ်​ကြ​ပြီ။"
    },
    {
      "book": 22,
      "chapter": 3,
      "verse": 11,
      "text": "ဇိ​အုန်​သ​တို့​သ​မီး​တို့၊ လက်​ထပ်​မင်္ဂ​လာ​ဆောင်​သော​နေ့၊ နှ​လုံး​တော်​ရွှင်​လန်း​သော​နေ့၌ မယ်​တော်​တင်​သော ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​တော်​မူ​သော ရှော​လ​မုန်​မင်း​ကြီး​ကို သွား၍​ဖူး​မြင်​ကြ​လော့။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 1,
      "text": "သင်​သည် အ​ဆင်း​လှ​ပေ၏။ ငါ​ချစ်​သော​နှ​မ၊ အ​လွန်​လှ​ပေ၏။ ဗျာ​ပါ​ဆံ​ကြား​မှာ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။ ဆံ​ပင်​သည်​လည်း ဂိ​လဒ်​တောင်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 2,
      "text": "သင်၏​သွား​တို့​သည်​လည်း အ​မွေး​ညှပ်၍၊ ရေ​ချိုး​ရာ​မှ တက်​လာ​သော သိုး​စု​ကဲ့​သို့​ဖြစ်​ကြ၏။ တစ်​ကောင်​မျှ​မ​လျော့။ အ​မွှာ​သာ ဖွား​တတ်​ကြ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 3,
      "text": "နှုတ်​ခမ်း​သည်​လည်း နီ​ထွေး​သော​ကြိုး​နှင့် တူ၏။ စ​ကား​သံ​လည်း သာ​ယာ​ပေ၏။ နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ယှက်​နှင့် တူ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 4,
      "text": "လည်​ပင်း​သည်​လည်း၊ သူ​ရဲ​တို့​သာ သုံး​ဆောင်​တတ်​သော ဒိုင်း​လွှား​တစ်​ထောင် ဆွဲ​ထား​သော လက်​နက်​စုံ ဘ​ဏ္ဍာ​တိုက်​တည်း​ဟူ​သော ဒါ​ဝိဒ်​မင်း၏ ရဲ​တိုက်​နှင့်​တူ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 5,
      "text": "ရင်​သား​နှစ်​ဖက်​တို့​သည် နှင်း​တော၌ ကျက်​စား​သော ဒ​ရယ်​သ​ငယ်​အ​မွှာ​နှင့် တူ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 6,
      "text": "မိုး​မ​သောက်၊ မှောင်​မိုက်​အ​ရိပ်​မ​ပြေး​မီ၊ ငါ​သည်​မု​ရန်​တောင်​နှင့် လော​ဗန်​ကုန်း​သို့ သွား​မည်။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 7,
      "text": "ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ တစ်​ကိုယ်​လုံး​လှ​ပေ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 8,
      "text": "ငါ​နှင့်​အ​တူ လေ​ဗ​နုန်​တောင်​က လာ​ပါ​အ​ပယ်။ ငါ​နှင့်​အ​တူ လေ​ဗ​နုန်​တောင်​က လာ​ပါ။ အာ​မ​န​တောင်​ထိပ်၊ ရှ​နိ​ရ​တောင်၊ ဟေ​ရ​မုန်​တောင်​ထိပ်၊ ခြင်္သေ့​တွင်း​များ၊ ကျား​သစ်​နေ​ရာ တောင်​များ​အ​ပေါ်​က ကြည့်​ရှု​ပါ။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 9,
      "text": "ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်​သည် ငါ့​နှ​လုံး​ကို​လု​ယူ​ပြီ။ သင်၏​မျက်​စိ​တစ်​ကြည့်၊ လည်​ပင်း​တစ်​လှည့်​ဖြင့် ငါ​နှ​လုံး​ကို လု​ယူ​ပြီ။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 10,
      "text": "ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်၏​မေ​တ္တာ​သည် အ​လွန်​ချို​ပေ၏။ သင်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် အ​ထူး​သ​ဖြင့် ကောင်း​ပေ၏။ သင်း​ထုံ​သော နံ့​သာ​ဆီ​သည် နံ့​သာ​မျိုး​တ​ကာ​တို့​ထက် အ​ထူး​သ​ဖြင့် မွှေး​ကြိုင်​ပေ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 11,
      "text": "ငါ့​ခင်​ပွန်း၊ သင်၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့​ယို​တတ်၏။ လျှာ​အောက်​မှာ နို့​နှင့် ပျား​ရည်​ရှိ၏။ အ​ဝတ်​တန်​ဆာ​သည်​လည်း လေ​ဗ​နုန်​အ​မွှေး​အ​ကြိုင်​ကဲ့​သို့ မွှေး​ကြိုင်​လျက်​ရှိ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 12,
      "text": "ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း​သည် ဝင်း​ကာ​သော​ဥ​ယျာဉ်၊ ပိတ်​ထား​သော ရေ​ကန်၊ တံ​ဆိပ်​ခတ်​ထား​သော ရေ​တွင်း ဖြစ်​ပေ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 13,
      "text": "သင်၏​ပျိုး​ပင်​တို့​ကား၊ ချို​သော​အ​သီး​ကို သီး​တတ်​သော သ​လဲ​တော၊ နာ​ဒု​ပင်​နှင့်​ရော​သော ဟင်္နာ​တော၊"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 14,
      "text": "နာ​ဒု​ပင်၊ ကု​ရ​ကု​မ​ပင်၊ ကြံ​ပင်၊ သစ်​ကြံ​ပိုး​ပင်၊ လော​ဗန်​ပင်​မျိုး၊ မု​ရန်​ပင်၊ အ​ကျော်​ပင်၊ အ​မြတ်​ဆုံး​သော နံ့​သာ​ပင်​မျိုး ပါ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 15,
      "text": "ဥ​ယျာဉ်​များ​ကို ရေ​လောင်း​စ​ရာ​ရေ​ကန်၊ စမ်း​ရေ​တွင်း၊ လေ​ဗ​နုန်​တောင်​က စီး​ထွက်​သော မြစ်​ရေ​လည်း​ပါ​သ​တည်း။"
    },
    {
      "book": 22,
      "chapter": 4,
      "verse": 16,
      "text": "မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 1,
      "text": "ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 2,
      "text": "ငါ​သည် အိပ်​ပျော်​စဉ်၊ နှ​လုံး​နိုး​လျက်​ရှိ၏။ ငါ​ချစ်​ရာ​သ​ခင်၏​စ​ကား​သံ​ပေ။ ငါ့​နှ​မ၊ ငါ​ချစ်​သောအမိ၊ ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ၊ ငါ​အား​ဖွင့်​ပါ။ ငါ့​ခေါင်း​သည် နှင်း​နှင့်​လည်း​ကောင်း၊ ငါ့​ဆံ​ပင်​သည် ည၌​ကျ​တတ်​သော နှင်း​စက်​များ​နှင့်​လည်း​ကောင်း စို​ပြီ​ဟု​ဆို​လျက်၊ ခေါက်၍​နေ​တော်​မူ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 3,
      "text": "ကျွန်​မ​သည် အ​ဝတ်​ကို​ချွတ်​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဝတ်​ပြန်​ရ​မည်​နည်း။ ခြေ​ကို​လည်း​ဆေး​ပါ​ပြီ။ တစ်​ဖန်​ညစ်​အောင် အ​ဘယ်​ကြောင့် ပြု​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 4,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် လက်​တော်​ကို တံ​ခါး​ပေါက်​အ​ထဲ​သို့ သွင်း​တော်​မူ​သည်​ဖြစ်၍၊ သူ့​ကို​ချစ်​သ​နား​သော စိတ်​အား​ကြီး​သ​ဖြင့်၊"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 5,
      "text": "ငါ​ချစ်​ရာ​သ​ခင်​အား တံ​ခါး​ကို​ဖွင့်​အံ့​သော​ငှာ ထ​သော​အ​ခါ၊ ငါ့​လက်​မှ မု​ရန်​ဆီ၊ ငါ့​လက်​ချောင်း​တို့​မှ ပ​က​တိ​မု​ရန်​ဆီ​သည် တံ​ခါး​ကျင်​တိုင်​ပေါ်​မှာ စက်​စက်​ကျ​လေ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 6,
      "text": "ငါ​ချစ်​ရာ​သ​ခင်​အား ငါ​ဖွင့်​သည်​ရှိ​သော်၊ ငါ​ချစ်​ရာ​သ​ခင်​သည် ထွက်​သွား​နှင့်​ပြီ။ စ​ကား​သံ​တော်​ကို စေ့​စေ့ နား​ထောင်​လျက်၊ သ​ခင်​ကို​ငါ​ရှာ​သော်​လည်း မ​တွေ့။ ခေါ်​သော်​လည်း ထူး​တော်​မ​မူ။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 7,
      "text": "မြို့​တွင်​လည်​သော ကင်း​စောင့်​တို့​သည် ငါ့​ကို​တွေ့​သော်၊ နာ​ကျင်​စွာ ရိုက်​ကြ၏။ မြို့​ရိုး​စောင့်​တို့​သည် ငါ့​မျက်​နှာ​ဖုံး​ကို လု​ယူ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 8,
      "text": "အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ သင်​တို့​သည် ငါ​ချစ်​ရာ​သ​ခင်​ကို တွေ့​လျှင်၊ သူ့​ကို​ငါ​ချစ်၍ နာ​နေ​ကြောင်း​ကို ကြား​ပြော​ကြ​ပါ​ဟု၊ ငါ​မှာ​ထား​တောင်း​ပန်​ပါ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 9,
      "text": "မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့ သာ​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ထို​သို့​မှာ​ထား​တောင်း​ပန်​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့​သာ​သ​နည်း။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 10,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် ဖြူ​သော​အ​ဆင်း၊ နီ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ လူ​တစ်​သောင်း​တို့​တွင် အ​ထွတ်​အ​မြတ် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 11,
      "text": "ဦး​ခေါင်း​တော်​သည် ရွှေ​စင်​နှင့်​တူ၏။ ဆံ​ပင်​တော်​သည် ထူ​ထပ်၍၊ ကျီး​အ​ဆင်း​ကဲ့​သို့​နက်၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 12,
      "text": "မျက်​စိ​တော်​တို့​သည် နို့၌​ချိုး​လျက် မြစ်​ရေ​ပေါ်​မှာ ပုံ့​ပုံ့​ကြွ​ကြွ​ဝပ်​သော ချိုး​နှင့်​တူ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 13,
      "text": "ပါး​တော်​တို့​သည် နံ့​သာ​တော၊ မွှေး​ကြိုင်​သော ပန်း​တော​ကဲ့​သို့​လည်း​ကောင်း၊ နှုတ်​ခမ်း​တော်​တို့​သည် ပ​က​တိ မု​ရန်​ဆီ​ယို​သော နှင်း​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 14,
      "text": "လက်​တော်​တို့​သည် မျက်​ရွဲ​စီ​သော လက်​စွပ်​ကဲ့​သို့​လည်း​ကောင်း၊ ကိုယ်​တော်​သည် နီ​လာ​ကျောက်​ဖြင့် စီ​ချယ်​သော ဆင်​စွယ်​ဖြူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 15,
      "text": "ခြေ​ထောက်​တော်​တို့​သည် ရွှေ​စင်​ဖိ​နပ်​ပေါ်၌​တည်​သော ကျောက်​ဖြူ​တိုင်​နှင့် တူ​ကြ၏။ မျက်​နှာ​တော်​သည် လေ​ဗ​နုန်​တောင်​ကဲ့​သို့​ဖြစ်၍၊ အာ​ရဇ်​ပင်​ကဲ့​သို့​ထူး​မြတ်​ပေ၏။"
    },
    {
      "book": 22,
      "chapter": 5,
      "verse": 16,
      "text": "နှုတ်​တော်​သည် အ​လွန်​ချို​ပေ၏။ တစ်​ကိုယ်​လုံး၌ ချစ်​ဖွယ်​သော ဂုဏ်​တော်​အ​ပေါင်း​တို့​နှင့် ပြည့်​စုံ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ဤ​သူ​သည် ငါ​ချစ်​ရာ​သ​ခင်၊ ငါ့​မိတ်​ဆွေ ဖြစ်​တော်​မူ​သ​တည်း။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 1,
      "text": "မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် သင်​နှင့်​အ​တူ သူ့​ကို​ရှာ​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ လွှဲ​သွား​တော်​မူ​သည်​ကို ပြော​ပါ။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 2,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်၌ သစ်​သီး​ကို စား၍၊ နှင်း​ပွင့်​ကို ဆွတ်​ယူ​မည်​ဟု၊ ဥ​ယျာဉ်​တော်​တွင် နံ့​သာ​တော​သို့ ဆင်း​သွား​တော်​မူ​ပေ၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 3,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် ငါ့​ကို​ဆိုင်​တော်​မူ၏။ ငါ​သည်​လည်း သ​ခင်​ကို ဆိုင်​ပေ၏။ နှင်း​တော၌ ကျက်​စား​တော်​မူ၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 4,
      "text": "ငါ​ချစ်​သော​နှ​မ၊ သင်​သည် တိ​ရ​ဇ​မြို့​ကဲ့​သို့ လှ၏။ ယေ​ရု​ရှ​လင်​မြို့​ကဲ့​သို့ တင့်​တယ်၏။ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ် ဖြစ်၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 5,
      "text": "သင်၏​မျက်​စိ​တို့​ကို ငါ​မှ​လွှဲ​ပါ။ သူ​တို့​သည် ငါ့​ကို​အောင်​ပြီ။ သင်၏​ဆံ​ပင်​သည်​လည်း၊ ဂိ​လဒ်​တော်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 6,
      "text": "သင်၏​သွား​တို့​သည်​လည်း၊ ရေ​ချိုး​ရာ​မှ​တက်​လာ​သော သိုး​စု​ကဲ့​သို့​ဖြစ်​ကြ၏။ တစ်​ကောင်​မျှ မ​လျော့၊ အ​မွှာ​သာ ဖွား​တတ်​ကြ၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 7,
      "text": "နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ရှက်​နှင့် တူ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 8,
      "text": "မိ​ဖု​ရား​ခြောက်​ကျိပ်၊ မောင်း​မ​မိဿံ​ရှစ်​ကျိပ်၊ အ​ပျို​တော်​အ​တိုင်း​မ​သိ ရှိ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 9,
      "text": "ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ​သည် ငါ၌​တစ်​ပါး​တည်း​ရှိ၏။ ဖွား​မြင်​သော​မိ​ခင်၌ အ​ချစ်​ဆုံး​သော​သ​မီး​ဖြစ်၏။ လူ​မျိုး​သ​မီး​တို့​သည် သူ့​ကို​မြင်၍ ကောင်း​ချီး​ပေး​ကြ၏။ မိ​ဖု​ရား​များ​နှင့် မောင်း​မ​မိဿံ​များ​တို့​သည် ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 10,
      "text": "လ​ကဲ့​သို့ တင့်​တယ်​လျက်၊ နေ​ကဲ့​သို့ ထွန်း​လင်း​လျက်၊ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ဖြစ်​လျက်၊ နံ​နက်​ကဲ့​သို့ မျှော်​ရှု​သော​သ​တို့​သ​မီး​ကား၊ အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 11,
      "text": "ချိုင့်​ထဲ​မှာ သစ်​သီး​များ​ကို ကြည့်​ရှု၍၊ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ၊ ငါ​ပြု​စု​သော ဥ​ယျာဉ်​သို့ ငါ​ဆင်း​သွား၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 12,
      "text": "သ​တိ​မ​ရ​မီ ငါ့​ဝိ​ညာဉ်​သည် အ​မိ​န​ဒိပ်​ရ​ထား​ကို စီး​သ​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 22,
      "chapter": 6,
      "verse": 13,
      "text": "အို​ရှု​လ​မိတ်၊ ပြန်​လာ​ပါ။ ပြန်​လာ​ပါ။ အ​ကျွန်ုပ်​တို့​သည် သင့်​ကို​ရှု​မြင်​ရ​မည်​အ​ကြောင်း၊ ပြန်​လာ​ပါ။ ပြန်​လာ​ပါ။ ရှု​လ​မိတ်၌ အ​ဘယ်​သို့​သော​အ​ရာ​ကို တွေ့​မြင်​ကြ​လိမ့်​မည်​နည်း။ စစ်​တပ်​နှစ်​တပ်​ကဲ့​သို့ တွေ့​မြင်​ကြ​ပါ​မည်။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 1,
      "text": "အို​မင်း​သ​မီး၊ ခြေ​နင်း​စီး​လျက်၊ သင်၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​ပါ၏။ သင်၏​ခါး​ဆစ်​တို့​သည် လိ​မ္မာ​သော​သူ ပြု​ပြင်​သော ကျောက်​ကောင်း​ရ​တ​နာ​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 2,
      "text": "သင်၏​ခါး​သည် အ​ရည်​နှင့်​ပြည့်​သော ဖ​လား​လုံး​ဖြစ်​ပါ၏။ ဝမ်း​သည်​လည်း နှင်း​ပန်း​စီ​ချယ်​သော စ​ပါး​ပုံ​ဖြစ်​ပါ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 3,
      "text": "သင်၏​ရင်​သား​နှစ်​ဖက်​တို့​သည် ဒ​ရယ်​သ​ငယ်​အ​မွှာ​နှင့် တူ​ကြ​ပါ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 4,
      "text": "လည်​ပင်း​သည် ဆင်​စွယ်​ရဲ​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ မျက်​စိ​တို့​သည် ဟေ​ရှ​ဘုန်​မြို့၊ ဗာ​သ​ရ​ဗ္ဗိမ်​တံ​ခါး​နား​မှာ ရှိ​သော ရေ​ကန်​ကဲ့​သို့​လည်း​ကောင်း၊ နှာ​ခေါင်း​သည် ဒ​မာ​သက်​မြို့​သို့ မျက်​နှာ​ပြု​သော လေ​ဗ​နုန်​ရဲ​တိုက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 5,
      "text": "သင်၏​ဦး​ခေါင်း​သည် က​ရ​မေ​လ​တောင်​နှင့် တူ၍၊ ဆံ​ပင်​သည်​လည်း နီ​မောင်း​သော တန်​ဆာ​ဆင်​ပါ၏။ မင်း​ကြီး​သည် ကျစ်​သော​ဆံ​ပင်​နှင့် နှောင်​ဖွဲ့​လျက်​ရှိ​တော်​မူ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 6,
      "text": "ငါ​ချစ်​သော​နှ​မ၊ ငါ​ပျော်​မွေ့​ဖို့​ရာ သင်​သည် အ​လွန်​လှ​ပေ၏။ အ​လွန်​ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​ပေ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 7,
      "text": "သင်၏​အ​ရပ်​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့​ဖြစ်၍၊ သင်၏​ရင်​သား​တို့​လည်း စွန်​ပ​လွံ​သီး​ပြွတ်​နှင့် တူ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 8,
      "text": "စွန်​ပ​လွံ​ပင်​ကို ငါ​တက်​မည်၊ အ​ကိုင်း​အ​ခက်​တို့​ကို ကိုင်​မည်​ဟု ငါ​ဆို​သော်၊ တစ်​ဖန် သင်၏​ရင်​သား​တို့​သည် စ​ပျစ်​သီး​ပြွတ်​ကဲ့​သို့​လည်း​ကောင်း၊ သင်​ရှူ​သော​အ​သက်​အ​နံ့​သည် ရှောက်​ချို​သီး​အ​နံ့​ကဲ့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 9,
      "text": "သင်၏​နှုတ်​သည်​လည်း အ​ကောင်း​ဆုံး​သော စ​ပျစ်​ရည်​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။ ထို​စ​ပျစ်​ရည်​သည် ငါ​ချစ်​ရာ​သ​ခင်​အ​ဖို့ ဖြောင့်​စွာ​စီး​တတ်​ပါ၏။ အိပ်​ပျော်​သော​သူ​တို့၏​နှုတ်​ခမ်း​သို့ အ​မှတ်​တ​မဲ့​ရောက်​တတ်​ပါ၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 10,
      "text": "ငါ​ချစ်​ရာ​သ​ခင်​သည် ငါ့​ကို ဆိုင်​တော်​မူ၏။ ငါ့​အ​လို​သို့​လည်း လိုက်​တော်​မူ​တတ်၏။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 11,
      "text": "ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ ကြွ​လာ​တော်​မူ​ပါ။ တော​အ​ရပ်​သို့​ထွက်​သွား၍ ရွာ​တို့၌ ည​ကို လွန်​စေ​ကြ​ကုန်​အံ့။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 12,
      "text": "နံ​နက်​စော​စော​ထ၍ စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ​ကုန်​အံ့။ စ​ပျစ်​နွယ်​ပင် သန်​သည် မ​သန်​သည်​ကို​လည်း​ကောင်း၊ အ​ပွင့်​များ​သည် မ​များ​သည်​ကို​လည်း​ကောင်း၊ သ​လဲ​ပင်​ပွင့်​သည် မ​ပွင့်​သည်​ကို​လည်း​ကောင်း၊ ကြည့်​ရှု​ကြ​ကုန်​အံ့၊ ထို​အ​ရပ်၌ ကျွန်​မ၏​မေ​တ္တာ​ကို ကိုယ်​တော်၌ အပ်​ပေး​ပါ​မည်။"
    },
    {
      "book": 22,
      "chapter": 7,
      "verse": 13,
      "text": "အ​နု​ဆေး​ပင်​တို့​သည် မွှေး​ကြိုင်​ကြ​ပါ၏။ ငါ​တို့​တံ​ခါး​နား​မှာ ချို​သော​အ​သီး​မျိုး အ​သစ်​အ​ဟောင်း​တို့​ကို ကိုယ်​တော်​ဖို့ ကျွန်​မ​သို​ထား​ပါ​ပြီ၊ ငါ​ချစ်​ရာ​သ​ခင်။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 1,
      "text": "ကိုယ်​တော်​သည် ကျွန်​မ၏ မိ​ခင်​နို့​ကို​စို့​သော မောင်​ရင်း​ကဲ့​သို့ ဖြစ်​စေ​ချင်​ပါ၏။ သို့​ဖြစ်​လျှင်၊ ကျွန်​မ​သည် ပြင်​မှာ​တွေ့၍ နမ်း​ပါ​လိမ့်​မည်။ သူ​တစ်​ပါး​မ​ကဲ့​ရဲ့​ရ။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 2,
      "text": "ကိုယ်​တော်​ကို လက်​ဆွဲ၍၊ မိ​ခင်၏​အိပ်​ခန်း​ထဲ​သို့ ဆောင်​သွား​ပါ​လိမ့်​မည်။ သူ​သည်​လည်း ကျွန်​မ​ကို သွန်​သင်​သ​ဖြင့်၊ ကျွန်​မ​သည် ဆေး​ရော​သော စ​ပျစ်​ရည်​နှင့် ကျွန်​မ​သ​လဲ​ရည်​ကို ကိုယ်​တော်​အား သောက်​တော်​မူ​ပါ​စေ​မည်။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 3,
      "text": "သ​ခင်၏​လက်​ဝဲ​လက်​သည် ငါ့​ခေါင်း​ကို​ထောက်​မ​လျက်၊ လက်​ယာ​လက်​သည် ငါ့​ကို​ဖက်​လျက် နေ​တော်​မူ​ပါ​စေ။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 4,
      "text": "ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော သ​တို့​သ​မီး​သည် အ​လို​လို​မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌​ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 5,
      "text": "မိ​မိ​ချစ်​ရာ​သ​ခင်၌ မြှောင်၍​တော​ထဲ​က လာ​သော​ထို​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ ငါ​သည်​ရှောက်​ချို​ပင်​အောက်​မှာ သ​င့်​ကို​နှိုး​ဆော်​ခဲ့​ပြီ။ ထို​အ​ရပ်၌ သင်၏​မိ​ခင်​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။ ထို​အ​ရပ်၌​သ​င့်​ကို ဖွား​မြင်​သော​သူ​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 6,
      "text": "ကျွန်​မ​ကို ကိုယ်​တော်၏​နှ​လုံး​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ လက်​ရုံး​တော်​ပေါ်​မှာ တံ​ဆိပ်​ခတ်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မေ​တ္တာ​သည် သေ​ခြင်း​နှင့်​အ​မျှ တန်​ခိုး​ကြီး​ပါ၏။ ခင်​ပွန်း​ကို မ​ယုံ​သော​စိတ်​သ​ဘော​သည် မ​ရ​ဏနိုင်​ငံ​နှင့်​အ​မျှ ခက်​ထန်​ပါ၏။ သူ၏​အ​ရှိန်​သည် မီး​အ​ရှိန်၊ လျှပ်​စစ်​အ​ရှိန် ဖြစ်​ပါ၏။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 7,
      "text": "သို့​ရာ​တွင်၊ ရေ​များ​တို့​သည် မေ​တ္တာ​ကို မ​သတ်​နိုင်။ မြစ်​ရေ​တို့​သည် မ​လွှမ်း​မိုး​နိုင်။ လူ​သည် မိ​မိ​အိမ်၌ ရှိ​သ​မျှ​သော ပ​စ္စည်း​ဥ​စ္စာ​တို့​ကို မေ​တ္တာ​ဖို့​ပေး​ချင်​သော်​လည်း၊ အ​လွန်​တ​ရာ​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 8,
      "text": "ငါ​တို့၌ ညီ​မ​ငယ်​တစ်​ယောက်​ရှိ၏။ သူ​သည် သား​မြတ်​မ​ပေါ်​သေး။ ထို​ညီ​မ​ကို တောင်း​သော​အ​ခါ၌၊ သူ့​အ​ဖို့ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 9,
      "text": "သူ​သည်​မြို့​ရိုး​ဖြစ်​လျှင်၊ သူ့​အ​ပေါ်​မှာ​ငွေ​ပြ​အိုး​ကို ဆောက်​မည်။ တံ​ခါး​ဖြစ်​လျှင် အာ​ရဇ်​ပျဉ်​ပြား​ဖြင့် ခိုင်​ခံ့​စေ​မည်။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 10,
      "text": "ငါ​သည် မြို့​ရိုး​ဖြစ်၏။ ငါ့​သား​မြတ်​တို့​သည် ပြ​အိုး​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​ဖြစ်၍၊ ရှေ့​တော်၌ မျက်​နှာ​ရ​သော​ကျေး​ဇူး​ရှိ၏။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 11,
      "text": "ဗာ​လ​ဟာ​မုန်​ပြည်၌ ရှော​လ​မုန်​မင်း၏​စ​ပျစ်​ဥ​ယျာဉ်​တော်​တစ်​ဆူ​ရှိ၏။ ဥ​ယျာဉ်​စောင့်​တို့၌​ငှား​သ​ဖြင့် သူ​တို့​သည် အ​သီး​ကို စား​ရ​သည်​အ​တွက် ငွေ​တစ်​ထောင်​စီ​ဆက်​ရ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 12,
      "text": "ငါ​ပိုင်​သော စ​ပျစ်​ဥ​ယျာဉ်​သည် ငါ့​ရှေ့​မှာ​ရှိ၍၏။ အို​ရှော​လ​မုန်၊ ငွေ​တစ်​ထောင်​ကို ကိုယ်​တော်​အား​ဆက်၍ အ​သီး​ကို​စောင့်​သော သူ​တို့​သည် နှစ်​ရာ​ကို​ယူ​ရ​ကြ၏။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 13,
      "text": "ဥ​ယျာဉ်​တို့၌ နေ​သော​သူ၊ သင်၏​စ​ကား​သံ​ကို သင်၏ အ​ပေါင်း​အ​ဖော်​တို့​သည် နား​ထောင်​တတ်​ကြ၏။ ငါ​သည်​လည်း ကြား​ပါ​ရ​စေ။"
    },
    {
      "book": 22,
      "chapter": 8,
      "verse": 14,
      "text": "အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ၊ ငါ​ချစ်​ရာ​သ​ခင်။ နံ့​သာ​တောင်​ပေါ်​မှာ သ​မင်​ဒ​ရယ်​သ​ငယ်​ကဲ့​သို့ ပြု​တော်​မူ​ပါ။ ရှော​လ​မုန်​မင်း​ကြီး​သည် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်၏ မေ​တ္တာ​ကို​အ​ကြောင်း​ပြု၍ စီ​ရင်​ရေး​ထား​သော သီ​ချင်း​စာ​ပြီး၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်​၌၊ အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ​၍၊ ယု​ဒ​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သည်​မှာ၊"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဖြစ်​၍၊ အို ကောင်း​ကင်၊ ကြား​လော့။ အို​မြေ​ကြီး၊ နား​ထောင်​လော့။ မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊ ငါ​ကျွေး​မွေး​ပြု​စု​သော သား​သ​မီး​တို့​သည် ငါ့​ကို​ပုန်​ကန်​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 3,
      "text": "နွား​သော်​လည်း မိ​မိ​အ​ရှင်​ကို​သိ​၏။ မြည်း​သော်​လည်း မိ​မိ​သ​ခင်​၏​မြည်း​ဇောင်း​ကို​သိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ငါ့​ကို​မ​သိ​ကြ။ ငါ​၏​လူ​မျိုး​မူ​ကား၊ မ​ဆင်​ခြင်​တတ်​ပါ​တ​ကား။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 4,
      "text": "ဆိုး​ယုတ်​သော​အ​မျိုး၊ ဒု​စ​ရိုက်​ဝန်​ကို ထမ်း​ရွက်​သော​လူ​စု၊ မ​တ​ရား​သ​ဖြင့်​ပြု​သော​အ​နွယ်၊ ဖောက်​ပြန်​သော သား​သ​မီး​ပါ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​ရို​မ​သေ​ပြု​၍ ပယ်​ကြ​ပြီ။ ကျော​ခိုင်း​၍ ခွာ​သွား​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 5,
      "text": "သူ​တို့​ကို​အ​ဘယ်​သို့ ဒဏ်​ပေး​ရ​ဦး​မည်​နည်း။ အ​ဘယ်​သို့ ထပ်​၍ ဆုံး​မ​ရ​ဦး​မည်​နည်း။ ဦး​ခေါင်း​သည် အ​နာ​သက်​သက်​ရှိ​၏။ နှ​လုံး​သည်​လည်း ခွန်​အား​အ​လျှင်း​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 6,
      "text": "ခြေ​ဖ​ဝါး​မှ​သည် ဦး​ခေါင်း​တိုင်​အောင် ကျန်း​မာ​ခြင်း​မ​ရှိ။ စုတ်​ရှ​သော​အ​နာ၊ ထိ​ခိုက်​၍​ရောင်​သော​အ​နာ၊ ရိ​ရွဲ​သော​အ​နာ​သက်​သက်​ရှိ​၏။ ထို​အ​နာ​များ​ကို မ​နှိပ်​မ​နယ်​ရ။ အ​ဝတ်​နှင့်​မ​စည်း​ရ။ ဖ​ယောင်း​ဆီ​နှင့် မ​ပျော့​စေ​ရ​သေး။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 7,
      "text": "သင်​တို့​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ​၏။ သင်​တို့ မြို့​များ​ကို မီး​လောင်​ပြီ။ သင်​တို့​မြေ​ကို​လည်း တ​စ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​မျက်​မှောက်​၌​စား​ကြ​၏။ ရန်​သူ​ဖျက်​ပြီး​သ​ကဲ့​သို့၊ လူ​ဆိတ်​ညံ​လျက်​ရှိ​၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 8,
      "text": "ဇိ​အုန်​သ​တို့​သ​မီး​သည်​လည်း၊ စ​ပျစ်​ဥ​ယျာဉ်​၌ တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​၌ လင့်​စင်​ကဲ့​သို့​လည်း​ကောင်း၊ ရန်​သူ​ဝိုင်း​သော​မြို့​ကဲ့​သို့​လည်း​ကောင်း ကျန်​ရစ်​လေ​၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 9,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 10,
      "text": "သော​ဒုံ​မြို့​ကို အ​စိုး​ရ​သော​မင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို ကြား​ကြ​လော့။ ဂေါ​မော​ရ​မြို့​သား​တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပူ​ဇော်​သော​ယဇ်​များ​ကို ငါ​သည်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ မီး​ရှို့​၍ ပူ​ဇော်​သော​သိုး​ကောင်၊ ဆူ​ဖြိုး​အောင်​ကျွေး​သော​တိ​ရ​စ္ဆာန်​တို့​၏​ဆီ​ဥ​နှင့် ငါ​ဝ​ပြီ။ နွား​နှင့် သိုး​သ​ငယ်၊ ဆိတ်​တို့​၏​အ​သွေး​ကို ငါ​မ​နှစ်​သက်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​သည် ငါ​ရှေ့​မှာ မျက်​နှာ​ပြ​ခြင်း​ငှာ​လာ​ကြ​သော​အ​ခါ၊ ငါ့​တံ​တိုင်း​တော်​ကို ကျော်​နင်း​သော​သင်​တို့​၌ ထို​သို့​သော​ဝတ်​ကို အ​ဘယ်​သူ​တောင်း​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 13,
      "text": "အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 14,
      "text": "ငါ့​ဝိ​ညာဉ်​သည် သင်​တို့​လ​ဆန်း​နေ့​များ​နှင့်၊ သင်​တို့​ပွဲ​များ​ကို​မုန်း​၏။ ငါ့​ကို​နှောင့်​ယှက်​စ​ရာ​ဖြစ်​၏။ သည်း​ခံ​ခြင်း​အား​ဖြင့် ငါ​ပင်​ပန်း​၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 15,
      "text": "သင်​တို့​သည်​လက်​ဝါး​တို့​ကို ဖြန့်​ကြ​သော​အ​ခါ၊ ငါ​သည်​မျက်​စိ​ကို​လွှဲ​မည်။ များ​စွာ​သော​ပ​တ္ထ​နာ​ကို​ပြု​ကြ​သော​အ​ခါ၊ ငါ​သည်​နား​မ​ထောင်။ သင်​တို့​လက်​တို့​သည် အ​သွေး​နှင့် ပြည့်​ကြ​၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 16,
      "text": "ကိုယ်​ကိုကိုယ် ဆေး​ကြော​ကြ​လော့။ ကိုယ်​ကိုကိုယ် စင်​ကြယ်​စေ​ကြ​လော့။ သင်​တို့​ဒု​စ​ရိုက်​များ​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​ကြ​လော့။ မ​ကောင်း​သော​အ​ကျင့်​ကို ဖြတ်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 17,
      "text": "ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လာ​ကြ။ တ​ရား​စီ​ရင်​ကြ​ကုန်​အံ့။ သင်​တို့​အ​ပြစ်​သည် နီ​သော​အ​ဆင်း​ရှိ​သော်​လည်း၊ မိုး​ပွင့်​ကဲ့​သို့ ဖြူ​လိ​မ့်​မည်။ က​တ္တီ​ပါ​နီ​နှင့်​အ​မျှ နီ​သော်​လည်း၊ သိုး​မွေး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 19,
      "text": "သင်​တို့​သည် ကြည်​ညို​နား​ထောင်​လျှင်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 20,
      "text": "သို့​မ​ဟုတ်​၊ ငြင်း​ဆန်​ပုန်​ကန်​လျှင် ဓား​လက်​နက်​ဖြင့် ဆုံး​ရ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​တော်​ထွက်​အ​မိန့်​တော်​ရှိ​၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 21,
      "text": "သ​စ္စာ​ရှိ​သော​မြို့​သည် အ​ဘယ်​သို့ မျောက်​မ​ထား​ပြန်​သ​နည်း။ အ​ထက်​က ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့်​ပြည့်​၏။ တ​ရား​သည် သူ​၏​အ​ထဲ​မှာ နေ​ရာ​ကျ​၏။ ယ​ခု​မူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 22,
      "text": "သင်​၏​ငွေ​သည်​လည်း ချော်​ဖြစ်​လေ​ပြီ။ သင်​၏​စ​ပျစ်​ရည်​သည် ရေ​နှင့် ရော​လျက်​ရှိ​၏။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 23,
      "text": "သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 24,
      "text": "ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​၌ တန်​ခိုး​ကြီး​သော​ဘု​ရား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အဲ၊ ငါ့​တ​စ်​ဖက်​၌ နေ​သော​သူ​တို့​ကို ပယ်​ရှား​ပြီး​မှ ငါ​ချင်​ရဲ​ပြေ​မည်။ ကိုယ်​အ​ဖို့​ကို​စောင့်​၍ ငါ့​ရန်​သူ​တို့​ကို အ​ပြစ်​နှင့် အ​လျောက်​စီ​ရင်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 25,
      "text": "သင့်​ကို​လည်း ငါ​ကိုင်​ယူ​ပြီး​လျှင်၊ ချော်​နှင့် ရှင်း​ရှင်း​ကင်း​စင်​စေ​၍ သင်​၏​ကြေး​ဖြူ​ရှိ​သ​မျှ​ကို​လည်း ပယ်​ရှား​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 26,
      "text": "သင်​၏​တ​ရား​သူ​ကြီး​တို့​နှင့် တိုင်​ပင်​မှူး​မတ်​တို့​ကို ရှေ့​ဦး​စွာ​ခန့်​ထား​သည်​နည်း​တူ၊ တ​စ်​ဖန်​ငါ​ခန့်​ထား​ဦး​မည်။ ထို​နောက်​မှ၊ သင်​၏​နာ​မ​ကို တ​ရား​သော​မြို့၊ သ​စ္စာ​စောင့်​သော​မြို့​ဟု သ​မုတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 27,
      "text": "ဇိ​အုန်​မြို့​သည် တ​ရား​အား​ဖြင့်​လည်း​ကောင်း၊ မြို့​သူ​မြို့​သား​တို့​သည် ဖြောင့်​မတ်​သော​အား​ဖြင့်​လည်း​ကောင်း၊ ရွေး​နုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 28,
      "text": "လွန်​ကျူး​သော​သူ​နှင့် ပြစ်​မှား​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​အ​တူ​ရောက်​၍၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 29,
      "text": "သင်​တို့​သည် တပ်​မက်​ဖူး​သော သ​ပိတ်​ပင်​တို့​ကြောင့် ရှက်​ကြ​လိမ့်​မည်။ သင်​တို့​သည် ရွေး​ယူ​ဖူး​သော​ဥ​ယျာဉ်​တို့​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ရွက်​နွမ်း​သော​သ​ပိတ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ရှိ​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 1,
      "verse": 31,
      "text": "ခွန်​အား​ကြီး​သော​သူ​သည် ပိုက်​ဆန်​လျှော်​ဖြစ်​လျက်၊ သူ​၏​အ​မှု​သည် မီး​ပွား​ဖြစ်​လျက်၊ ထို​နှစ်​ပါး​သည် အ​တူ​လောင်​ကြ​လိမ့်​မည်။ ထို​မီး​ကို​အ​ဘယ်​သူ​မျှ မ​သတ်​ရ။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 1,
      "text": "ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို ရည်​ဆောင်၍၊ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 2,
      "text": "နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည် သော​တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 3,
      "text": "များ​ပြား​သော​သူ​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့​လိုက်​သွား​ကြ​မည်​ဟု ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​တွင်​တ​ရား​စီ​ရင်၍၊ များ​ပြား​သော​လူ​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 5,
      "text": "အို​ယာ​ကုပ် အ​မျိုး​သား​တို့၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​လင်း​တော်၌ ကျင်​လည်​ကြ​ကုန်​အံ့။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 6,
      "text": "အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ယာ​ကုပ်​အ​မျိုး​သား​တည်း​ဟူ​သော ကိုယ်​တော်၏​လူ​တို့​ကို စွန့်​ပစ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ရှေ့​ပြည်​အ​တတ်​နှင့် ကြွယ်​ဝ၍၊ ဖိ​လိ​တ္တိ​လူ​တို့​ကဲ့​သို့ အ​နာ​ဂ​တ္တိ​ဆ​ရာ​ဖြစ်​ကြ၏။ တစ်​ပါး​အ​မျိုး​သား​နှင့် အ​ပေါင်း​အ​ဖော် ပြု​ကြ၏။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​ပြည်​သည် ရွှေ​ငွေ​နှင့်​ကြွယ်​ဝ၍၊ ဥ​စ္စာ​ပ​စ္စည်း အ​တိုင်း​မ​သိ​များ၏။ သူ​တို့​ပြည်​သည် မြင်း​နှင့် ကြွယ်​ဝ၍၊ မြင်း​ရ​ထား အ​တိုင်း​မ​သိ​များ၏။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 8,
      "text": "သူ​တို့​ပြည်​သည် ရုပ်​တု​ဆင်း​တု​နှင့် ကြွယ်​ဝ၍၊ မိ​မိ​လက်​နှင့်​လုပ်​သော​အ​ရာ၊ မိ​မိ​လက်​ချောင်း​တို့​နှင့် ဖန်​ဆင်း​သော​အ​ရာ​ကို​ပင် သူ​တို့​သည် ဦး​ချ​ကြ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 9,
      "text": "ထို​ကြောင့်၊ ယုတ်​သော​သူ​လည်း ဦး​နှိမ့်​ခြင်း၊ မြတ်​သော​သူ​လည်း ရှုတ်​ချ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​ကို​လည်း ကိုယ်​တော်​သည် လွှတ်​တော်​မ​မူ​ရာ။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ​ထ​တော်​မူ​သော ထို​အ​ခါ၊ ဘု​ရား​ကို​ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော် အ​ရှိန်​ကြောင့်၊ ကျောက်​ထဲ​သို့ ဝင်​လော့။ မြေ​မှုန့်၌ ပုန်း၍​နေ​လော့။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 11,
      "text": "ထို​ကာ​လ၌ လူ​တို့၏​မော်​သော​မျက်​နှာ​ကို နှိမ့်​ရ​မည်။ လူ​တို့၏​မာ​န​ကို​လည်း ရှုတ်​ချ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 12,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​ကာ​လ​သည် ကြီး​မြင့်​သော​အ​ရာ​နှင့် မို​မောက်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဆီး​တား၍၊ သူ​တို့​သည် နှိမ့်​ချ​ခြင်း​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 13,
      "text": "ကြီး​မြင့်​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ရှန်​သ​ပိတ်​ပင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 14,
      "text": "မြင့်​သော​တောင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မို​မောက်​သော တောင်​ပို့​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 15,
      "text": "မြင့်​သော​ရဲ​တိုက်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ခိုင်​ခံ့​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 16,
      "text": "တာ​ရှု​သင်္ဘော အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ နှစ်​သက်​ဖွယ်​သော ရူ​ပါ​ရုံ​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း ဆီး​တား​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 17,
      "text": "ထို​ကာ​လ၌ လူ​တို့၏​မာ​န​ကို​ရှုတ်​ချ၍၊ လူ​တို့၏​စိတ်​မြင့်​သော​သ​ဘော​ကို နှိမ့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 18,
      "text": "ရုပ်​တု​ဆင်း​တု​တို့​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ​ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် လူ​တို့​သည် ကျောက်​တွင်း၊ မြေ​တွင်း​ထဲ​သို့ ဝင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 20,
      "text": "ထို​ကာ​လ၌ လူ​တို့​သည် မိ​မိ​တို့​ကိုး​ကွယ်​ဖို့ မိ​မိ​တို့​လုပ်​ဖူး​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တို့​ကို ပွေး​များ၊ လင်း​နို့​များ၌ ပစ်​ထား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို ခြောက်​လှန့်​အံ့​သော​ငှာ ထ​တော်​မူ​သော​အ​ခါ၊ ထို​ဘု​ရား​ကို ကြောက်​ခြင်း​အ​ရှိန်၊ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​အ​ရှိန်​ကြောင့် ကျောက်​တွင်း၊ ချောက်​ကြား​ထဲ​သို့ ပြေး​ဝင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 2,
      "verse": 22,
      "text": "နှာ​ခေါင်း​နှင့် အ​သက်​ရှူ​တတ်​သော လူ​သ​တ္တ​ဝါ​ကို မ​ကိုး​စား​ကြ​နှင့်။ ထို​သို့​သော​သူ​ကို အ​ဘယ်​သို့ ပ​မာ​ဏ​ပြု​စ​ရာ​ရှိ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 1,
      "text": "အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 2,
      "text": "တန်​ခိုး​ကြီး​သော​သူ၊ စစ်​တိုက်​သော​သူ၊ တ​ရား​သူ​ကြီး၊ ပ​ရော​ဖက်၊ ဗေ​ဒင်​တတ်၊ အ​သက်​ကြီး​သူ၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 3,
      "text": "သွေး​သောက်​ကြီး၊ အ​ရာ​ရှိ၊ တိုင်​ပင်​မှူး​မတ်၊ လက်​သ​တ္တိ​ရှိ​သော​သူ၊ နှုတ်​သ​တ္တိ​ရှိ​သော​သူ​တို့​ကို ပယ်​ရှား​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 4,
      "text": "ထို​ပြည်​တွင် သူ​ငယ်​တို့​ကို မင်း​အ​ရာ၌​ငါ​ခန့်​ထား၍ နို့​စို့​သူ​ငယ်​တို့​သည် အုပ်​စိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 5,
      "text": "ပြည်​သား​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်၊ အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ သူ​ငယ်​သည် အ​သက်​ကြီး​သူ​ကို​လည်း​ကောင်း၊ လူ​ယုတ်​သည် လူ​မြတ်​ကို​လည်း​ကောင်း စော်​ကား​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 6,
      "text": "ထို​ကြောင့်၊ လူ​သည် ပေါက်​ဖော်​ချင်း​ညီ​အစ်​ကို​ကို ကိုင်​ဆွဲ၍၊ သင်၌ အ​ဝတ်​ရှိ​သေး၏။ လာ​ပါ။ အ​ကျွန်ုပ်​တို့​အ​ပေါ်၌ မင်း​ပြု​ပါ။ အ​ကျွန်ုပ်​တို့ ပြို​ပျက်​ရာ​ကို​လည်း ပြု​ပြင်​ပါ​ဟု​ဆို​လျှင်၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 7,
      "text": "သူ​က​လည်း၊ ငါ​သည် ပြု​ပြင်​နိုင်​သော​သူ မ​ဟုတ်။ ငါ့​အိမ်၌​မုန့်​လည်း​မ​ရှိ။ အ​ဝတ်​လည်း​မ​ရှိ။ ငါ့​ကို ပြည်​သား​တို့​အ​ပေါ်​မှာ မင်း​မ​ပြု​စေ​နှင့်​ဟု အ​တည့်​အ​လင်း ပြော​ဆို​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 8,
      "text": "ယေ​ရု​ရှ​လင်​မြို့​ပြို​လဲ​လျက်၊ ယု​ဒ​ပြည် ဆုံး​ရှုံး​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​စ​ကား​နှင့် သူ​တို့​အ​ကျင့်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​လို​တော်​နှင့်​မ​ညီ၊ ဘုန်း​ကြီး​သော​မျက်​စိ​တော်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ၏။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 9,
      "text": "သူ​တို့​မျက်​နှာ​အ​နေ​အ​ထား​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ၏။ မိ​မိ​ဒု​စ​ရိုက်​ကို မ​ဝှက်၊ သော​ဒုံ​မြို့​သား​ကဲ့​သို့ ထင်​ရှား​စွာ​ပြု​ကြ၏။ သူ​တို့​ဝိ​ညာဉ်၌ အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မ​ကောင်း​ကျိုး​ကို မိ​မိ​တို့၌​ဆပ်​ပေး​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 10,
      "text": "ဖြောင့်​မတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ထို​သူ​အား​ပြော​လော့။ အ​ကြောင်း​မူ​ကား၊ သူ​သည် မိ​မိ​အ​ကျင့်​တို့၏​အ​ကျိုး​ကို ခံ​စား​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 11,
      "text": "မ​တ​ရား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မ​ကောင်း​သော​အ​မှု​နှင့် တွေ့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​ကျင့်​သော အ​ကျင့်​တို့၏​အ​ပြစ်​ကို သူ၌​ဆပ်​ပေး​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 12,
      "text": "ငါ၏​လူ​များ​ကို​ကား၊ သူ​ငယ်​တို့​သည် ညှဉ်း​ဆဲ​ကြ၏။ မိန်း​မ​တို့​သည်​လည်း အုပ်​စိုး​ကြ၏။ ငါ၏​လူ​များ​တို့၊ သင်​တို့​အား လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ကြ၏။ သင်​တို့​သွား​သော လမ်း​ခ​ရီး​ကို​လည်း ဖျက်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို စောင့်​အံ့​သော​ငှာ ထ​တော်​မူ၏။ မိ​မိ​လူ​တို့​ကို တ​ရား​စီ​ရင်​မည်​ဟု အား​ထုတ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​တွင်၊ အ​သက်​ကြီး​သူ​တို့​ကို​လည်း​ကောင်း၊ မင်း​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ရာ၌ ဆီး​ကြို​တော်​မူ​မည်။ သင်​တို့​သည် ငါ့​ဥ​ယျာဉ်​တော်​ကို စား​ကြ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့၏​ဥ​စ္စာ​ကို​လု​ယူ၍၊ မိ​မိ​တို့​အိမ်၌ သို​ထား​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 15,
      "text": "ငါ၏​လူ​တို့​ကို အ​ဘယ်​ကြောင့် နှိပ်​စက်​ကြ​သ​နည်း။ ဆင်း​ရဲ​သား​တို့၏​မျက်​နှာ​ကို အ​ဘယ်​ကြောင့် ကြိတ်​ကြ​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 16,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​တို့​သည် စိတ်​မြင့်၍၊ မိ​မိ​လည်​ပင်း​ကို ပြ​လျက်၊ မျက်​စိ​လော်​လည်​လျက်၊ ခြေ​ချင်း​တန်​ဆာ​မြည်​လျက်၊ စိပ်​စိပ်​လှမ်း​သွား​တတ်​သော​ကြောင့်၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 17,
      "text": "ဘု​ရား​ရှင်​သည် ဇိ​အုန်​သ​တို့​သ​မီး​တို့​ကို ခေါင်း​တုံး​ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​မှ​အ​ဝတ်​ကို​ပယ်၍ အ​ရှက်​ခွဲ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 18,
      "text": "ထို​ကာ​လ၌ ဘု​ရား​ရှင်​သည် သူ​တို့​ခြေ​ချင်း၊ ဇာ​ဦး​ထုပ်၊ လ​ဆန်း​ရုပ်​လည်​ဆွဲ၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 19,
      "text": "နား​သန်​သီး၊ လက်​ကောက်၊ မျက်​နှာ​ဖုံး၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 20,
      "text": "ပေါင်း​သ​ရ​ဖူ၊ ရွှေ​ခြေ​ကြိုး၊ ခါး​ပန်း၊ နှာ​ခေါင်း​ဘူး၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 21,
      "text": "လက်​ဖွဲ့၊ လက်​စွပ်၊ နှာ​ဆွဲ၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 22,
      "text": "ရွှေ​ဇာ​အင်္ကျီ၊ တ​ဘက်၊ ခေါင်း​ခြုံ၊ လွယ်​အိတ်၊"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 23,
      "text": "လွယ်​မှန်၊ အ​တွင်း​အင်္ကျီ၊ ဦး​ရစ်၊ တင်း​တိမ်​တို့​ကို ပယ်​ရှင်း​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 24,
      "text": "မွှေး​သော​အ​နံ့​အ​ရာ၌ ပုပ်​စပ်​သော​အ​နံ့၊ ခါး​စည်း​အ​ရာ၌ ခါး​ကြိုး၊ ကျစ်​သော​ဆံ​ပင်​အ​ရာ၌ ခေါင်း​တုံး​ခြင်း၊ ရင်​စည်း​တန်​ဆာ​အ​ရာ၌ လျှော်​တေ​ကြိုး၊ လှ​သော​အ​ဆင်း​အ​ရာ၌ သံ​ပူ​ထိုး​ချက်​ရာ ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 25,
      "text": "သင်၏​လူ​တို့​သည် ဓား​လက်​နက်​ဖြင့်​လည်း​ကောင်း၊ သင်၏​သူ​ရဲ​တို့​သည် စစ်​တိုက်​သ​ဖြင့်​လည်း​ကောင်း လဲ၍ ဆုံး​ရှုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 3,
      "verse": 26,
      "text": "သူ၏​တံ​ခါး​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 1,
      "text": "သူ​သည် လူ​ဆိတ်​ညံ​ရာ​မြေ​ပေါ်​မှာ ထိုင်​ရ​လိမ့်​မည်။ ထို​ကာ​လ၌ မိန်း​မ​ခု​နစ်​ယောက်​တို့​သည် ယောက်ျား​တစ်​ယောက်​ကို ကိုင်​ဆွဲ​လျက်၊ ကျွန်​မ​တို့​သည် ကိုယ်​မုန့်​ကို စား​ပါ​မည်။ ကိုယ်​အ​ဝတ်​ကို​လည်း ဝတ်​ပါ​မည်။ ကျွန်​မ​တို့​ကို​မောင်၏​နာ​မ​ဖြင့် သ​မုတ်​ခြင်း​သာ​ရှိ​စေ၍၊ ကျွန်​မ​တို့ ရှက်​ကြောက်​ခြင်း​ကို ပယ်​ဖျောက်​ပါ​ဟု ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 2,
      "text": "ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အ​ညွန့်​သည် ဘုန်း​အ​သ​ရေ ပွင့်​လန်း​လိမ့်​မည်။ လွတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ မြေ​အ​သီး​အ​နှံ​သည် ကောင်း​မြတ်​လျောက်​ပတ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​သော​ဝိ​ညာဉ်၊ မီး​လောင်​သော ဝိ​ညာဉ်​တော်​အား​ဖြင့်၊"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 4,
      "text": "ဇိ​အုန်​သ​တို့​သ​မီး​တို့၏ အ​ညစ်​အ​ကြေး​ကို​ဆေး​ကြော၍၊ ယေ​ရု​ရှ​လင်​မြို့၏​အ​သွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​ပြီး​လျှင်၊ ဇိ​အုန် တောင်​မှာ​ကျန်​ကြွင်း၍၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​သော​သူ​တည်း​ဟူ​သော အ​သက်​စာ​ရင်း​ဝင်​သ​မျှ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 4,
      "verse": 6,
      "text": "နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို ကွယ်​ကာ​သော​တဲ၊ မိုး​သက်​မုန်​တိုင်း​ရောက်​မှ လုံ​ခြုံ​သော​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 1,
      "text": "ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​အ​ကြောင်း​ပြု၍၊ မေ​တ္တာ​သီ​ချင်း​ကို ရှေ့​တော်၌​ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော် တစ်​ဆူ​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 2,
      "text": "မြေ​ကို​တူး၍ ကျောက်​ခဲ​တို့​ကို​ရှင်း​လင်း​စေ​ပြီး​မှ၊ အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​တို့​ကို စိုက်​ပျိုး​တော်​မူ၏။ ဥ​ယျာဉ်​ထဲ​မှာ မှီ​ခို​ရာ​တဲ​လင့်​ကို​လည်း​ဆောက်၍၊ စ​ပျစ်​သီး​နယ်​ရာ ကျင်း​ကို​လည်း တူး​တော်​မူ၏။ ထို​အ​ခါ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်၊ ဗော​ရှ​သီး​ကို သီး​ပါ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 3,
      "text": "ယ​ခု​မှာ အို​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ငါ​နှင့် ငါ့​စ​ပျစ်​ဥ​ယျာဉ်​အ​မှု​ကို စီ​ရင်​ကြ​ပါ​လော့။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 4,
      "text": "ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ကျေး​ဇူး​ပြု​နိုင်​လျက်၊ မ​ပြု​သေး​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်။ ဗော​ရှ​သီး​ကို အ​ဘယ်​ကြောင့် သီး​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 5,
      "text": "ယ​ခု​နား​ထောင်​ကြ။ ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ပြု​ရ​မည်​အ​မှု​ကို သင်​တို့​အား ငါ​ဖော်​ပြ​မည်။ စောင်​ရန်း​ကို​ငါ​ပယ်​ရှင်း​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် စား​ကြ​လိမ့်​မည်။ အုတ်​ရိုး​ကို ငါ​ဖြို​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 6,
      "text": "ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 7,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ စ​ပျစ်​ဥ​ယျာဉ်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တည်း။ နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား၊ ယု​ဒ​လူ​တည်း။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​တော်​မူ​သည်​ရှိ​သော်၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း၊ ဖြော​င့်​မတ်​ခြင်း​အ​ရာ၌​လည်း ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 8,
      "text": "မိ​မိ​တို့​သည် မြေ၏​အ​လယ်၌ တစ်​စု​တည်း​နေ​ရာ​ကျ၍၊ လပ်​သော​အ​ရပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ အိမ်​တစ်​ဆောင်​နှင့် တစ်​ဆောင်​ကို​လည်း​ကောင်း၊ လယ်​တစ်​ကွက်​နှင့် တစ်​ကွက်​ကို​လည်း​ကောင်း၊ ဆက်​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 9,
      "text": "ငါ၏​နား​အ​ပါး၌ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ကြီး​ကျယ်​တင့်​တယ်​သော အိမ်​အ​များ​တို့​သည် နေ​သော​သူ​မ​ရှိ။ လူ​ဆိတ်​ညံ​ရာ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ စ​ပျစ်​ဥ​ယျာဉ်​တစ်​ပယ်​သည် စ​ပျစ်​ရည်​တစ်​ဗတ်​ကို​မျှ​သာ ဖြစ်​စေ​မည်။ မျိုး​စေ့​ကို​လည်း ကြဲ​သော​အ​ခါ၊ ဆယ်​ဖို့​တွင် တစ်​ဖို့​ကို​မျှ​သာ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 11,
      "text": "သေ​ရည်​သေ​ရက်​ကို သောက်​အံ့​သော​ငှာ၊ နံ​နက် စော​စော​ထ၍ စ​ပျစ်​ရည်​နှင့် ယစ်​မူး​အံ့​သော​ငှာ၊ ည​ကို​လည်း လွန်​စေ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 12,
      "text": "သူ​တို့၏​ပွဲ၌ စောင်း၊ တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စ​ပျစ်​ရည် ပါ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ကား၊ ပ​မာ​ဏ​မ​ပြု​ကြ။ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို မ​ရိပ်​မိ​ကြ။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 13,
      "text": "ထို​ကြောင့် ငါ၏​လူ​တို့​သည် ပ​ညာ​မ​ရှိ၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ၏။ မှူး​မတ်​တို့​သည် မွတ်​သိပ်၍ သေ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည် ရေ​ငတ်၍ ပူ​ဆွေး​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 14,
      "text": "ထို​ကြောင့်၊ မ​ရ​ဏ​နိုင်​ငံ​သည် မိ​မိ​လော​ဘ​ကို ကျယ်​စေ၍ မိ​မိ​ပါး​စပ်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ဖွင့်​ဟ​သ​ဖြင့်၊ သူ​တို့၏ ဂုဏ်​အ​သ​ရေ အ​လုံး​အ​ရင်း၊ အ​သံ​ဗ​လံ​ပြု​ခြင်း၊ ရွှင်​လန်း​ခြင်း​တို့​သည် ဆင်း​မြုပ်​ရ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 15,
      "text": "ယုတ်​သော​သူ​လည်း ဦး​နှိမ့်​ခြင်း၊ မြတ်​သော​သူ​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၍၊ မာ​န​ကြီး​သော သူ​တို့၏​မျက်​နှာ​လည်း ပျက်​ရ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 16,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ခြင်း​အား​ဖြင့် ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။ သန့်​ရှင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 17,
      "text": "ထို​အ​ခါ သိုး​သ​ငယ်​တို့​သည် အ​လို​အ​လျောက် ကျက်​စား​ကြ​လိမ့်​မည်။ သူ​ဌေး​သူ​ကြွယ်​ပိုင်​ဖူး၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်း ဧည့်​သည်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 18,
      "text": "ဒု​က္ခ​ကို ဒု​စ​ရိုက်​ဖြင့်​ဆွဲ​သော​သူ၊ လှည်း​ကြိုး​ဖြင့် ဆွဲ​သ​ကဲ့​သို့၊ အ​ပြစ်​ကို ဆွဲ​ငင်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 19,
      "text": "သူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏​အ​မှု​ကို ငါ​တို့​သည် မြင်​ရ​မည်​အ​ကြောင်း၊ အ​လျင်​အ​မြန်​ကြိုး​စား​တော်​မူ​ပါ​စေ။ ငါ​တို့​သည် သိ​နား​လည်​ရ​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏​အ​ကြံ​တော်​သည်၊ အ​နီး​သို့​ချဉ်း၍​ပြည့်​စုံ​ပါ​စေ​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 20,
      "text": "မ​ကောင်း​ကို​အ​ကောင်း၊ အ​ကောင်း​ကို​မ​ကောင်း​ဟု ခေါ်​တတ်​သော​သူ၊ အ​လင်း​အ​ရာ၌ အ​မိုက်၊ အ​မိုက်​အ​ရာ၌ အ​လင်း​ကို​လည်း​ကောင်း၊ အ​ချို​အ​ရာ၌ အ​ခါး၊ အ​ခါး​အ​ရာ၌ အ​ချို​ကို​လည်း​ကောင်း၊ အ​လွဲ​ယူ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 21,
      "text": "ငါ​သည် ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​သော​သူ၊ သ​မ္မာ​သ​တိ​နှင့် ပြည့်​စုံ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 22,
      "text": "စ​ပျစ်​ရည်​ကို များ​စွာ​သောက်​နိုင်​သော​သူ၊ ဆေး​နှင့်​ရော​သော သေ​ရည်​သေ​ရက်​ကို​သောက်​ခြင်း​အ​မှု၌၊ အား​ကြီး​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 23,
      "text": "ထို​သူ​တို့​သည် တံ​စိုး​ကို​စား​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မ​ပေး​ဘဲ​လွှတ်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​ဖြောင့်​မတ်​ခြင်း​ကို ဝန်​မ​ခံ၊ ပယ်​ရှား​တတ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 24,
      "text": "ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 25,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့၌​လက်​တော်​ကို​ဆန့်၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​တို့​သည် တုန်​လှုပ်၍၊ သူ​တို့၏​အ​သေ​ကောင်​တို့​သည် လမ်း​များ၌ မ​စင်​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​သော်​လည်း အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 26,
      "text": "ဝေး​သော​အ​ရပ်​မှာ​နေ​သော လူ​မျိုး​တို့​အ​ဖို့ အ​လံ​ကို​ထူ၍၊ မြေ​ကြီး​စွန်း​သား​တို့​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​လျင်​အ​မြန်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 27,
      "text": "သူ​တို့​တွင် မော​သော​သူ​မ​ရှိ။ ထိ​မိ၍ လဲ​သော​သူ မ​ရှိ။ ငိုက်​မျဉ်း​သော​သူ၊ အိပ်​ပျော်​သော​သူ​လည်း​မ​ရှိ။ သူ​တို့​ခါး​စည်း မ​ပြေ။ ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 28,
      "text": "သူ​တို့​မြား​တို့​သည် ထက်​ကြ၏။ လေး​တို့​သည်​လည်း တင်း​လျက်​ရှိ​ကြ၏။ မြင်း​ခွာ​တို့​သည် မီး​ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ရ​ထား​ဘီး​တို့​သည်​လည်း၊ လေ​ပွေ​ကဲ့​သို့​လည်း​ကောင်း ထင်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 29,
      "text": "သူ​တို့​အ​သံ​ဗ​လံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ၍၊ ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ဟောက်​လျက် အ​ကောင်​ကို​ဖမ်း၍ ဆောင်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ရ။"
    },
    {
      "book": 23,
      "chapter": 5,
      "verse": 30,
      "text": "ထို​ကာ​လ၌ သူ​တို့​သည် သ​မု​ဒ္ဒ​ရာ အ​သံ​ဗ​လံ​ကဲ့​သို့ ဟုန်း​ဟုန်း​မြည်​ကြ​လိမ့်​မည်။ ထို​ပြည်​ကို ကြည့်​ရှု​လျှင်၊ မှောင်​မိုက်​အ​တိ၊ ဒု​က္ခ​ဆင်း​ရဲ​သက်​သက် ရှိ၍၊ မိုး​ကောင်း​ကင်​အ​လင်း​သည် ကွယ်​ပျောက်​လိမ့်​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 1,
      "text": "ဩ​ဇိ​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန်​မြင့်​မြတ်​သော ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ​သည်​ကို ငါ​မြင်၏။ အ​ဝတ်​တော်​တန်​ဆာ​သည် ဗိ​မာန်​တော်​ကို​ဖြည့်​လေ၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 2,
      "text": "ကောင်း​ကင်​တ​မန်​သ​ရပ်​တို့​သည် ပ​လ္လင်​တော်​တစ်​ဖက်​တစ်​ချက်၌ ရပ်​နေ​ကြ၏။ သူ​တို့​သည် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တောင်​နှစ်​ခု​ဖြင့် မျက်​နှာ​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ခြေ​တို့​ကို​ဖုံး​လျက်၊ အ​တောင်​နှစ်​ခု​ဖြင့် ပျံ​တတ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 3,
      "text": "သူ​တို့​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ သန့်​ရှင်း​တော်​မူ၏။ မြေ​ကြီး​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​လေ၏​ဟု တစ်​ပါး​ကို​တစ်​ပါး ကြွေး​ကြော်၍ မြွက်​ဆို​ကြ၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 4,
      "text": "ထို​သို့​သော ကြွေး​ကြော်​သံ​ကြောင့်၊ တံ​ခါး​တိုင်​တို့​သည် လှုပ်​ရှား၍၊ မီး​ခိုး​နှင့် တစ်​အိမ်​လုံး ပြည့်​လေ၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 5,
      "text": "ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 6,
      "text": "ထို​အ​ခါ ကောင်း​ကင်​တ​မန်​သ​ရပ်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ပေါ်​က မီး​ညှပ်​ဖြင့်​ယူ​သော မီး​ခဲ​တစ်​ခဲ​ကို လက်​နှင့်​ကိုင်​လျက်၊ ငါ​ရှိ​ရာ​သို့​ပျံ​လာ၍၊"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 7,
      "text": "ငါ့​နှုတ်​ကို​တို့​ပြီး​လျှင်၊ ဤ​မီး​ခဲ​သည် သင်၏​နှုတ်​ခမ်း​ကို​တွေ့​ပြီ။ သင်၏​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ဆို၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 8,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​အ​ဘယ်​သူ​ကို စေ​လွှတ်​ရ​မည်​နည်း။ ငါ​တို့​အ​ဖို့ အ​ဘယ်​သူ​သွား​မည်​နည်း​ဟု​မေး​တော်​မူ​သံ​ကို ငါ​ကြား​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား​ပြီး​လျှင်၊ သင်​တို့​သည် ကြား​လျက်​ပင်၊ အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ပြော​လော့။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 10,
      "text": "သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​လော့။ သူ​တို့ နား​ကို​လည်း ထိုင်း​စေ​လော့။ သူ​တို့​မျက်​စိ​ကို​လည်း ပိတ်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကြာ​ပါ​လိမ့်​မည်​နည်း​ဟု ငါ​မေး​လျှောက်​ပြန်​လျှင်၊ မြို့​တို့​သည် မြို့​သား​မ​ရှိ၊ အိမ်​တို့​သည် အိမ်​သား​မ​ရှိ​အောင် ဖျက်​ဆီး​ခြင်း​သို့​ရောက်​သ​ဖြင့်၊ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​သက်​သက် ဖြစ်​သည်​တိုင်​အောင်​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​ကို ဝေး​သော​အ​ရပ်​သို့ ပြောင်း​စေ​တော်​မူ၍၊ ပြည်​ထဲ​မှာ များ​စွာ​သော​စွန့်​ပစ်​ခြင်း ရှိ​သည်​တိုင်​အောင်​လည်း​ကောင်း၊ ထို​ကာ​လ​သည်​ကြာ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 6,
      "verse": 13,
      "text": "ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​သား​ဖြစ်​သော၊ ယော​သံ၏​သား​အာ​ခတ်​မင်း​လက်​ထက်၌၊ ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇိန်​မင်း​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​မင်း၏​သား ပေ​ကာ​မင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခြင်း​ငှာ ချီ​လာ​ကြ၏။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ကြ။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 2,
      "text": "ရှု​ရိ​ပြည်​သည် ဧ​ဖ​ရိမ်​ပြည်​ကို အ​မှီ​ပြု​သည်​ဟု ဒါ​ဝိဒ်​မင်း​မျိုး​ကြား​သော​အ​ခါ၊ တော၌​သစ်​ပင်​တို့​သည် လေ​ကြောင့်​လှုပ်​ရှား​သ​ကဲ့​သို့၊ မင်း​ကြီး၏​နှ​လုံး​နှင့် ပြည်​သား​တို့၏​နှ​လုံး​သည် တုန်​လှုပ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 3,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​သင်၏​သား ရှာ​ယာ​ရှုပ်​နှင့် အ​တူ​သွား၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ အာ​ခတ်​မင်း​ကို ကြို​ဆို၍​တွေ့​လျှင်၊ ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 4,
      "text": "သ​တိ​ပြု၍ ငြိမ်​သက်​စွာ​နေ​လော့။ မီး​ခိုး​ထွက်​သော ဤ​ထင်း​စ​နှစ်​ခု​တည်း​ဟူ​သော၊ ရှု​ရိ​မင်း​ရေ​ဇိန်​နှင့် ရေ​မ​လိ၏​သား​တို့​သည် ပြင်း​စွာ အ​မျက်​ထွက်​သော်​လည်း၊ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 5,
      "text": "ရှု​ရိ​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ ရေ​မ​လိ​သား​တို့​က၊ ငါ​တို့​သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်​ယူ၍ ပြည်​အ​လယ်​မှာ တ​ဗာ​လ၏​သား​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြ​ကုန်​အံ့​ဟု သင့်​ဘက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သော်​လည်း၊"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 7,
      "text": "ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ ထို​အ​ကြံ​မ​တည်​ရ။ ထို​သို့​မ​ဖြစ်​ရ။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 8,
      "text": "ရှု​ရိ​ပြည်၏​ခေါင်း​ကား၊ ဒ​မာ​သက်​မြို့။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 9,
      "text": "ဒ​မာ​သက်​မြို့၏ ခေါင်း​ကား၊ ရေ​ဇိန်​မင်း​ဖြစ်​ရ​မည်။ ဧ​ဖ​ရိမ်​ပြည်၏​ခေါင်း​ကား၊ ရှ​မာ​ရိ​မြို့။ ရှ​မာ​ရိ​မြို့၏​ခေါင်း​ကား၊ ရေ​မ​လိ​သား​ဖြစ်​ရ၏။ သို့​သော်​လည်း၊ ခြောက်​ဆယ်​ငါး​နှစ်​အ​တွင်း​တွင်၊ ဧ​ဖ​ရိမ်​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ချိုး​ဖဲ့​လိမ့်​မည်။ သင်​တို့​သည် မ​ယုံ​လျှင်၊ မ​တည်​ရ​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 10,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​မှာ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ပန်​လော့။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 11,
      "text": "နက်​သော​အ​ရပ်၌ ဖြစ်​စေ၊ မြင့်​သော​အ​ထက်​အ​ရပ်၌ ဖြစ်​စေ၊ တောင်း​ပန်​လော့​ဟု အာ​ခတ်​မင်း​ကို မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 12,
      "text": "အာ​ခတ်​မင်း​က၊ ကျွန်ုပ်​မ​တောင်း​ပန်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို မ​စုံ​စမ်း​ပါ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 13,
      "text": "ထို​အ​ခါ ဟေ​ရှာ​ယ​က၊ အို​ဒါ​ဝိဒ်​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် လူ​ကို ငြီး​ငွေ့​စေ​သည်​သာ​မ​က၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို​ငြီး​ငွေ့​စေ​ကြ​မည်​လော။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 14,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 15,
      "text": "ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 16,
      "text": "ထို​သူ​ငယ်​သည် မ​ကောင်း​သော​အ​ရာ​ကို မ​ပယ်၊ ကောင်း​သော​အ​ရာ​ကို မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ကြောက်​သော ရှင်​ဘု​ရင်​နှစ်​ဦး အ​စိုး​ရ​သော​ပြည်​သည် စွန့်​ပစ်​သော​အ​ရပ် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 17,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 18,
      "text": "ထို​ကာ​လ၌ အဲ​ဂု​တ္တု​မြစ်​လက်​ကြား​တို့ အ​နား​မှာ​ရှိ​သော ယင်​ကောင်​ကို​လည်း​ကောင်း၊ အာ​ရှု​ရိ​ပြည်၌​ရှိ​သော ပျား​ကောင်​ကို​လည်း​ကောင်း၊ နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 19,
      "text": "သူ​တို့​သည်​လာ၍ လူ​ဆိတ်​ညံ​သော​ချိုင့်​များ၊ ချောက်​ကြား၊ တော​အုံ၊ ကျက်​စား​ရာ​များ​အ​ပေါ်​မှာ အ​ကုန်​အ​စင် နား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 20,
      "text": "ထို​ကာ​လ​တွင် မြစ်​ကြီး​တစ်​ဖက်၌ နေ​သော​သူ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တည်း​ဟူ​သော ငှား​သော​သင်​တုန်း​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် ဆံ​ပင်​နှင့် ခြေ​မွေး​ကို ရိတ်​တော်​မူ​မည်။ မုတ်​ဆိတ်​ကို​လည်း ပယ်​ရှင်း​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 21,
      "text": "ထို​ကာ​လ၌ လူ​သည် နွား​မ​က​လေး​တစ်​ကောင်၊ သိုး​ဆိတ်​နှစ်​ကောင်​ကို မွေး​စား​လျှင်၊"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 22,
      "text": "သူ​တို့၌ များ​စွာ​သော နို့​ကို​ရ​သ​ဖြင့် နို့​ဓမ်း​ကို​စား​ရ၏။ ပြည်၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​သည် ထော​ပတ်​နှင့်​ပျား​ရည်​ကို​သာ စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 23,
      "text": "ထို​အ​ခါ စ​ပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ၍၊ ငွေ​တစ်​ထောင် အ​ဖိုး​ထိုက်​သော စ​ပျစ်​ဥ​ယျာဉ်​တိုင်း၊ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 24,
      "text": "လေး​နှင့် မြား​ကို ဆောင်​လျက် ထို​အ​ရပ်​သို့​သွား​ကြ​လိမ့်​မည်။ မြေ​တစ်​ပြင်​လုံး၌ ဆူး​ပင်​မျိုး​သက်​သက် ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 7,
      "verse": 25,
      "text": "ပေါက်​တူး​နှင့် တူး​ဆွ​ရာ တောင်​ယာ​ရှိ​သ​မျှ​တို့​သည်၊ ဆူး​ပင်​မျိုး​ကြောင့် အ​ဘယ်​သူ​မျှ မ​ချဥ်း​ဝံ့​သ​ဖြင့်၊ နွား​လွတ်၍​ကျက်​စား​ရာ၊ သိုး​ဆိတ်​တို့ ကျော်​နင်း​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဟော​လေ၏။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ကြီး​သော ကျောက်​သင်​ပုန်း​ကို​ယူ​ပြီး​လျှင်၊ အ​သော့​လု​ယက် မြန်​မြန်​ဖျက်​လော့​ဟု ဆို​လို​သော၊ မ​ဟေ​ရ​ရှာ​လ​လ​ဟာ​ရှ​ဗတ်​ဟူ​သော အ​က္ခ​ရာ​စာ​လုံး​ကို လူ​ဘာ​သာ​အား​ဖြင့် ရေး​ထား​လော့​ဟု ငါ့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 2,
      "text": "ထို​အ​ခါ သက်​သေ​ခံ​စေ​ခြင်း​အ​လို​ငှာ၊ ယုံ​လောက်​သော​သက်​သေ၊ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​နှင့် ယေ​ဗ​ရ​ခိ၏​သား ဇာ​ခိ​ရိ​တို့​ကို ငါ​ခေါ်​ထား၏။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 3,
      "text": "ထို​နောက်​မှ ငါ​သည် ပ​ရော​ဖက်​က​တော်​ကို ချဉ်း​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သား​ကို မ​ဟေ​ရ​ရှာ​လ​လ​ဟာ​ရှ​ဗတ်​ဟူ​သော အ​မည်​ဖြင့် မှည့်​လော့။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​အ​ဘ​ဟု မ​ခေါ်​တတ်​မီ၊ ဒ​မာ​သက်​မြို့၏​စည်း​စိမ်၊ ရှ​မာ​ရိ​မြို့၌ လု​ယက်​သော​ဥ​စ္စာ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် သိမ်း​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 5,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ဤ​လူ​မျိုး​သည် ဖြည်း​ညင်း​စွာ​စီး​သော ရှိ​လောင်​ချောင်း​ကို ငြင်း​ပယ်၍၊"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 6,
      "text": "ရေ​ဇိန်​နှင့် ရေ​မ​လိ​သား​တို့၌ ဝမ်း​မြောက်​ကြ​သော​ကြောင့်၊"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​လုံး​အ​ရင်း​ပါ​သော အာ​ရှု​ရိ​ရှင်​ဘု​ရင်​တည်း​ဟူ​သော၊ ခွန်​အား​ဗ​လ​ကြီး၍ များ​သော​မြစ်​ရေ​နှင့် သူ​တို့​ကို လွှမ်း​မိုး​စေ​တော်​မူ​သ​ဖြင့်၊ ထို​မြစ်​သည် မိ​မိ​ချောင်း​များ​ကို လွှမ်း၍၊ မိ​မိ​ကမ်း​များ​ကို​လျှံ​လျက်၊"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 8,
      "text": "ယု​ဒ​ပြည်​ကို ချင်း​နင်း​လွှမ်း​မိုး​ဖြန့်​သွား၍၊ လည်​ပင်း​တိုင်​အောင်​မီ​လိမ့်​မည်။ သူ၏​အ​တောင်​တို့​ကို​လည်း ဖြန့်​သ​ဖြင့်၊ ကိုယ်​တော်၏​မြေ​တစ်​ပြင်​လုံး​ကို အုပ်​မိုး​လိမ့်​မည်၊ အို ဧ​မာ​နွေ​လ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 9,
      "text": "အ​ချင်း​လူ​များ​တို့၊ သင်း​ဖွဲ့၍ မှိုင်​တွေ​ကြ​လော့။ ဝေး​သော​ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ခါး​စည်း၍ မှိုင်​တွေ​ကြ​လော့။ ခါး​စည်း၍ မှိုင်​တွေ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 10,
      "text": "တိုင်​ပင်​ကြ​လော့။ သင်​တို့​အ​ကြံ​သည် ပျက်​လိမ့်​မည်။ စီ​ရင်​ကြ​လော့။ စီ​ရင်​သည်​အ​တိုင်း မ​တည်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 11,
      "text": "ဤ​လူ​မျိုး၏​ဘာ​သာ​ဓ​လေ့​အ​တိုင်း၊ ငါ​မ​ကျင့်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ပြ​လျက်၊ ငါ့​ကို သွန်​သင်၍ မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 12,
      "text": "သင်း​ဖွဲ့​ခြင်း​ဟု၊ ဤ​လူ​မျိုး​ဆို​သ​မျှ​အ​တိုင်း၊ သင်​တို့​သည် သင်း​ဖွဲ့​ခြင်း​ဟု မ​ဆို​ကြ​နှင့်။ သူ​တို့​ကြောက်​တတ်​သော​အ​ရာ​ကို မ​ကြောက်​ကြ​နှင့်။ မ​ထိတ်​လန့်​ကြ​နှင့်။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 13,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ ထို​ဘု​ရား​ကို​သာ ကြောက်​ရွံ့​ခြင်း၊ ထိတ်​လန့်​ခြင်း ရှိ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 14,
      "text": "ထို​သို့​ပြု​လျှင်၊ ထို​ဘု​ရား​သည် သင်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​နှစ်​မျိုး​တို့ ထိ​မိ၍​လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ ကျော့​ကွင်း​နှင့် ထောင်​ချောက် ဖြစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 15,
      "text": "ထို​သူ​အ​များ​တို့​သည် ထိ​မိ၍ တိမ်း​လဲ​ကျိုး​ပဲ့​ခြင်း၊ ကျော့​မိ​ဖမ်း​ဆီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 16,
      "text": "ဤ​သက်​သေ​ခံ​ချက်​ကို ငါ့​တ​ပည့်​တို့​တွင် ထုပ်​ထား၍၊ ပ​ညတ်​တ​ရား​ကို တံ​ဆိပ်​ခတ်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 17,
      "text": "ယာ​ကုပ်​အ​မျိုး​သား​တို့​တွင် မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​သည် ဆိုင်း​ငံ့​လျက် မျှော်​လင့်​မည်။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 18,
      "text": "ငါ​မှ​စ၍ ငါ့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော သူ​ငယ်​တို့​သည် ရှိ​ကြ၏။ ဇိ​အုန်​တောင်​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က၊ ဣ​သ​ရေ​လ​အ​မျိုး၌ ပု​ပ္ပ​နိ​မိတ်​နှင့် အံ့​ဖွယ်​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ပေး​တော်​မူ​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 19,
      "text": "တိုး​တိုး​ပြော၍ မ​န္တန်​သ​ရ​ဇ္ဈာယ်​တတ်​သော နတ်​ဝင်​နှင့် စုန်း​တို့၌ ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​အား ဆို​လျှင်​မူ​ကား၊ လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်​အပ်​သ​လော။ အ​သက်​ရှင်​သော​သူ၏​အ​မှု​မှာ အ​သက်​သေ​သော​သူ၌ ဆည်း​ကပ်​အပ်​သ​လော။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 20,
      "text": "တ​ရား​တော်​ကို​လည်း​ကောင်း၊ သက်​သေ​ခံ​တော်​မူ​ချက်​ကို​လည်း​ကောင်း နား​ထောင်​ကြ​ကုန်။ သူ​တို့​ပြော​သော​စ​ကား​သည် နှုတ်​က​ပတ်​တော်​နှင့်​မ​ညီ​လျှင်၊ သူ​တို့၌ အ​ရုဏ်​မ​တက်​သေး။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 21,
      "text": "ပင်​ပန်း​ခြင်း​နှင့် မွတ်​သိပ်​ခြင်း​ကို​ခံ​လျက် လွန်​သွား​ရ​ကြ​လိမ့်​မည်။ မွတ်​သိပ်​သော​အ​ခါ​လည်း ကိုယ်​ကို​ကိုယ်​နှောင့်​ယှက်၍၊ မိ​မိ​တို့ ရှင်​ဘု​ရင်​နှင့် မိ​မိ​တို့​ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 8,
      "verse": 22,
      "text": "အ​ထက်​သို့ မျှော်​သည်​ဖြစ်​စေ၊ မြေ​ကြီး​ကို ကြည့်​သည်​ဖြစ်​စေ၊ ဒု​က္ခ​ဆင်း​ရဲ​နှင့် မှောင်​မိုက်​အ​တိ​ရှိ​ပါ၏။ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် တွေ့၍၊ အ​လင်း​ကွယ်​ပျောက်​ရာ​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 1,
      "text": "သို့​သော်​လည်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သော​ပြည်​သည် နောက်​မှ မှောင်​မိုက်​နှင့် ကင်း​လွတ်​လိမ့်​မည်။ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​ကို အ​ထက်​က ရှုတ်​ချ​တော်​မူ​သော်​လည်း၊ နောက်​တစ်​ဖန် အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်​ကို ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 2,
      "text": "မှောင်​မိုက်​ထဲ​မှာ သွား​လာ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင်​ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 3,
      "text": "ကိုယ်​တော်​သည် အ​မျိုး​သား​တို့​ကို များ​ပြား​စေ၍၊ သူ​တို့၏​ဝမ်း​မြောက်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ၏။ စ​ပါး​ကို​စု​သိမ်း​ရာ​ကာ​လ၌ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ​သော​သူ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ မိ​ဒျန်​လက်​ထက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ ကိုယ်​တော်​သည် သူ​တို့​ထမ်း​ရ​သော​ထမ်း​ပိုး၊ ကျော၌​ခံ​ရ​သော တုတ်​ကို​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ၏ လှံ​တံ​ကို​လည်း​ကောင်း ချိုး​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 5,
      "text": "စစ်​တိုက်​သော​သူ​ရဲ၏​ခြေ​စွပ်​နှင့် အ​သွေး​လှ​သော အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​သည် မီး​ရှို့​ဖို့​မီး​စာ ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 7,
      "text": "ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​ကို ယာ​ကုပ်​အ​မျိုး​သို့​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 9,
      "text": "အုတ်​ရိုး​ပြို​သော်​လည်း၊ ဆစ်​သော​ကျောက်​နှင့် တည်​ပြန်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 10,
      "text": "သ​ဖန်း​ပင်​များ​ကို ခုတ်​လှဲ​သော်​လည်း၊ သူ​တို့​အ​ရာ၌ အာ​ရဇ်​ပင်​များ​ကို စိုက်​ထား​မည်​ဟု မာ​န​ကြီး​မား​ထောင်​လွှား​သော ရှ​မာ​ရိ​မြို့​သား​မှ​စ၍ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​သူ​တို့​တစ်​ဖက်၌ ရေ​ဇိန်​မင်း၏​ရန်​သူ​တို့​ကို ချီး​မြှောက်၍၊ ဧ​ဖ​ရိမ်​အ​မျိုး၏​ရန်​သူ​တို့​ကို ထ​စေ​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 12,
      "text": "ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 13,
      "text": "ဤ​လူ​မျိုး​သည် ဒဏ်​ခတ်​တော်​မူ​သော သူ​ထံ​သို့ မ​လှည့်​မ​ပြန်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​မ​ဖွေ​တတ်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 14,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​မှ ဦး​ခေါင်း​နှင့် အ​မြီး​ကို​လည်း​ကောင်း၊ စွန်​ပ​လွံ​လက်​နှင့် ကိုင်း​ပင်​ကို​လည်း​ကောင်း တစ်​နေ့​ချင်း​တွင် ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 15,
      "text": "ဦး​ခေါင်း​ကား၊ အ​သက်​ကြီး​သူ​နှင့် အ​သ​ရေ​ရှိ​သူ​တည်း။ အ​မြီး​ကား၊ မု​သား​ကို​ဟော​ပြော​သော ပ​ရော​ဖက်​တည်း။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 16,
      "text": "ဤ​လူ​မျိုး​ကို လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ခြင်း​ငှာ ပြ​ကြ၏။ လိုက်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 17,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 18,
      "text": "အ​ဓ​မ္မ​သည် မီး​ကဲ့​သို့ လောင်​တတ်၏။ ဆူး​ပင်​အ​မျိုး​မျိုး​ကို ကျွမ်း​စေ​မည်။ တော​အုပ်​ကို​လည်း မီး​ရှို့​သ​ဖြင့်၊ အ​ပင်​တို့​သည် မီး​ခိုး​နှင့်​တ​ကွ လွင့်​တက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 19,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကြောင့်၊ မြေ​သည်​မီး​လောင်၍၊ မြေ​သား​တို့​သည် မီး​မွှေး​ဖို့ ထင်း​ဖြစ်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​နှ​မြော​ရ။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 20,
      "text": "လက်​ယာ​ဘက်၌ ခုတ်​ဖြတ်​သော်​လည်း၊ ငတ်​မွတ်​လိမ့်​မည်။ လက်​ဝဲ​ဘက်၌ ကိုက်​စား​သော်​လည်း မ​ဝ​ရ။ အိမ်​နီး​ချင်း​အ​သား​ကို လူ​တိုင်း ကိုက်​စား​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 9,
      "verse": 21,
      "text": "မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 1,
      "text": "ငတ်​မွတ်​သော​သူ​တို့​ကို တ​ရား​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 2,
      "text": "ငါ၏​လူ​မျိုး​တွင် ဆင်း​ရဲ​သား​တို့၏​အ​ခွင့်​အ​ရာ​ကို ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ၍၊ မိ​ဘ​မ​ရှိ​သော​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ကျပ်​တည်း​စွာ​သော မှတ်​ချက်​ကို မှတ်​သား​သော စာ​ရေး​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 3,
      "text": "ငါ​ကြည့်​ရှု​စီ​ရင်​သည်​ကာ​လ၊ အ​ဝေး​က​ရောက်​လ​တ္တံ့​သော ဖျက်​ဆီး​ခြင်း​ဖြစ်​သည်​ကာ​လ၌၊ သင်​တို့​သည် ချမ်း​သာ​ရ​အံ့​သော​ငှာ၊ အ​ဘယ်​သူ​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​စည်း​စိမ်​ဥ​စ္စာ​ကို အ​ဘယ်​မှာ​သို​ထား​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 4,
      "text": "ငါ့​ကျေး​ဇူး​ကို မ​ခံ​ရ​သော​သူ​တို့​သည်၊ ချုပ်​ထား​လျက်​ရှိ​သော သူ​တို့​အောက်​မှာ ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အောက်​မှာ လဲ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 5,
      "text": "အာ​ရှု​ရိ​လူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​မျက်၏​လှံ​တံ​ဖြစ်၏။ သူ​ကိုင်​သော​တောင်​ဝှေး​သည် ငါ​ဒဏ်​ပေး​စ​ရာ​ဖို့ ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 6,
      "text": "အ​ဓ​မ္မ​လူ​မျိုး​ရှိ​ရာ​သို့ သူ့​ကို​ငါ​စေ​လွှတ်​မည်။ ငါ့​အ​မျက်​ခံ​ရာ​လူ​စု​ကို လု​ယူ​ဖျက်​ဆီး၍၊ လမ်း၌ ရွှံ့​ကို​ကဲ့​သို့ ကျော်​နင်း​စေ​ခြင်း​ငှာ၊ သူ့​ကို​ငါ​မှာ​ထား​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 7,
      "text": "သို့​သော်​လည်း၊ သူ​သည် အ​ခြား​သော​အ​ကြံ၊ အ​ခြား​သော​အ​လို​ရှိ၏။ သူ​သည်​ဖျက်​ဆီး၍၊ များ​စွာ​သော​လူ​မျိုး​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ အ​လို​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 8,
      "text": "သူ​သည် အ​ဘယ်​သို့​ဆို​သ​နည်း​ဟူ​မူ​ကား၊ ငါ၏​မှူး​မတ်​တို့​သည် မင်း​ကြီး​ဖြစ်​ကြ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 9,
      "text": "ကာ​လ​နော​မြို့​သည် ခါ​ခေ​မိတ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သည် အာ​ပဒ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ရှ​မာ​ရိ​မြို့​သည် ဒ​မာ​သက်​မြို့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 10,
      "text": "ရှ​မာ​ရိ​ရုပ်​တု​နှင့် ယေ​ရု​ရှ​လင်​ရုပ်​တု​ထက် သာ၍​မြတ်​သော ရုပ်​တု​ဆင်း​တု​ကို ကိုး​ကွယ်​သော​တိုင်း​နိုင်​ငံ​များ​ကို ငါ​လု​ယူ​သ​ကဲ့​သို့​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 11,
      "text": "ရှ​မာ​ရိ​မြို့​နှင့် သူ၏​ရုပ်​တု​တို့​ကို ငါ​ပြု​သ​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် သူ၏​ရုပ်​တု​တို့​ကို ငါ​ပြု​မည်​မ​ဟုတ်​လော​ဟု ဆို​တတ်၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 12,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​နှင့် ယေ​ရု​ရှ​လင်​မြို့၌ အ​မှု​တော်​ကို​လက်​စ​သတ်​တော်​မူ​ပြီး​မှ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ မာ​န​ထောင်​လွှား​ခြင်း၊ မော်​သော​မျက်​နှာ​နှင့် စော်​ကား​ခြင်း​ကို ငါ​ကြည့်​ရှု၍​စီ​ရင်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 13,
      "text": "ထို​မင်း​က၊ ငါ​သည် ကိုယ်​လက်​ရုံး​သ​တ္တိ​နှင့် ကိုယ်​ဉာဏ်​အား​ဖြင့် ငါ​တတ်​နိုင်၏။ ပ​ညာ​သ​တိ​နှင့် ငါ​ပြည့်​စုံ၏။ လူ​မျိုး​နေ​ရာ အ​ပိုင်း​အ​ခြား​တို့​ကို ငါ​ရွှေ့​ပြီ။ သူ​တို့၏​ဘ​ဏ္ဍာ​ကို​လု​ယူ​ပြီ။ ဘု​ရင်​တို့​ကို သူ​ရဲ​ကဲ့​သို့​နှိမ့်​ချ​ပြီ။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 14,
      "text": "ငါ့​လက်​သည် ငှက်​သိုက်​ကို တွေ့​သ​ကဲ့​သို့၊ လူ​တို့၏​ဥ​စ္စာ​ပ​စ္စည်း​ကို​တွေ့​ပြီ။ စွန့်​ပစ်​သော​ငှက်​ဥ​တို့​ကို သိမ်း​ယူ​သ​ကဲ့​သို့၊ မြေ​ကြီး​တန်​ဆာ ရှိ​သ​မျှ​တို့​ကို ငါ​သိမ်း​ယူ​ပြီ။ အ​ဘယ်​သူ​မျှ အ​တောင်​ကို​မ​လှုပ်၊ နှုတ်​သီး​ကို​မ​ဖွင့်၊ မ​မြည်​မ​တွန်​ဟု​ဆို​သည်​ဖြစ်၍၊"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 15,
      "text": "ကြိမ်​လုံး​သည် ကိုင်​သော​သူ​ကို လှုပ်​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ဝှေး​သည် မိ​မိ​သ​ခင်​ကို ချီ​ကြွ​သ​ကဲ့​သို့​လည်း​ကောင်း၊ ပု​ဆိန်​သည် ခုတ်​သော​သူ​ကို စော်​ကား​ရ​မည်​လော။ လွှ​သည် တိုက်​သော​သူ​ကို ရန်​ပြု၍​ထောင်​လွှား​ရ​မည်​လော။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 16,
      "text": "ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း၏​ဆူ​ဝ​သော​သူ​တို့၌ ပိန်​ကျုံ​ခြင်း​ကို သွင်း​ပေး​တော်​မူ​မည်။ သူ၏​ဘုန်း​အောက်၌​လည်း မီး​လောင်​သ​ကဲ့​သို့ လောင်​စေ​ခြင်း​ငှာ ရှို့​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​အ​လင်း​သည် မီး​ဖြစ်​တော်​မူ​မည်။ သန့်​ရှင်း​သော​ဘု​ရား​သည် မီး​လျှံ​ဖြစ်​တော်​မူ​မည်။ တစ်​နေ့​ချင်း​တွင်၊ ထို​မင်း၏ ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို မီး​ရှို့၍၊ ကျွမ်း​စေ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 18,
      "text": "တော၏​ဘုန်း​ကို​လည်း​ကောင်း၊ အ​သီး​အ​နှံ​ထွက်​သော လယ်၏​ဘုန်း​ကို​လည်း​ကောင်း၊ သူ၏​ကိုယ်​ခ​န္ဓာ နာမ်​ဝိ​ညာဉ်​နှင့်​တ​ကွ ကုန်​စေ​တော်​မူ​သ​ဖြင့်၊ ထို​မင်း​သည် နာ​သော​သူ​ကဲ့​သို့​အား​လျော့​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 19,
      "text": "ကြွင်း​သော​တော​ပင်​တို့​ကို သူ​ငယ်​သည် စာ​ရင်း​ယူ​နိုင်​အောင်၊ အ​နည်း​ငယ်​မျှ​သာ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 20,
      "text": "ထို​အ​ခါ​မှ​စ၍၊ ဘေး​လွတ်​လျက်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယာ​ကုပ်​အ​မျိုး​သား​တို့​သည်၊ မိ​မိ​တို့​ကို ညှဉ်း​ဆဲ​သော​သူ၌ နောက်​တစ်​ဖန် မ​ကိုး​စား​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ အ​မှန်​ကိုး​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 21,
      "text": "ကြွင်း​သော​သူ​တည်း​ဟူ​သော၊ ယာ​ကုပ်​အ​မျိုး၌ ကြွင်း​သော​သူ​တို့​သည် တန်​ခိုး​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 22,
      "text": "အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ပြန်​လာ​ကြ​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် တ​ရား​သ​ဖြင့် လွှမ်း​မိုး​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 23,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​တစ်​ပြင်​လုံး​အ​လယ်၌ စီ​ရင်​ဆုံး​ဖြတ်​သော၊ သုတ်​သင်​ပယ်​ရှား​ခြင်း​ကို ပြု​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 24,
      "text": "ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​မြို့၌​နေ​သော​ငါ၏​လူ​မျိုး၊ အာ​ရှု​ရိ​မင်း​ကြောင့် မ​ကြောက်​နှင့်။ သူ၏​ကြိမ်​လုံး​နှင့် သင့်​ကို​ရိုက်​မည်။ အဲ​ဂု​တ္တု​မင်း​ပြု​သည်​နည်း​တူ သူ၏​လှံ​တံ​ကို သင်၏​အ​ပေါ်​မှာ​မိုး​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 25,
      "text": "သို့​သော်​လည်း၊ ခ​ဏ​ကြာ​ပြီး​မှ သူ​တို့​သည်​ပျက်​စီး​ခြင်း​သို့ ရောက်​သော​အား​ဖြင့်၊ ငါ့​အ​မျက်​သည်​ငြိမ်း၍၊ ငါ့​စိတ်​လည်း​ပြေ လိ​မ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 26,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ရ​ဘ​ကျောက်​နား​မှာ မိ​ဒျန်​အ​မျိုး​သား​တို့​ကို ဒဏ်​ခတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကို လှံ​တံ​တော်​နှင့် မိုး​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​မင်း​အ​ဖို့ ဘေး​ဥ​ပဒ်​ကို​ပြင်​ဆင်၍၊ အဲ​ဂု​တ္ထု​လက်​ထက်၌​ကဲ့​သို့ တစ်​ဖန်​လှံ​တံ​တော်​ကို ချီ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 27,
      "text": "ထို​ကာ​လ၌ သူ၏​ဝန်​ကို သင်၏​ပ​ခုံး​ပေါ်​က​လည်း​ကောင်း၊ သူ၏​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​ပေါ်​က​လည်း​ကောင်း​ချ​ရ၏။ ဆူ​ဝ​ခြင်း​ကျေး​ဇူး​ကြောင့် ထမ်း​ပိုး​ပျက်​စီး​ရ၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 28,
      "text": "အာ​ရပ်​မြို့​သို့ ရောက်​လေ​ပြီ။ မိ​ဂ​ရုန်​မြို့​တိုင်​အောင် လွန်​သွား​ပြီ။ မိတ်​မတ်​မြို့၌ လှည်း​များ​ကို​ချ​ထား​ပြီ။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 29,
      "text": "တောင်​ကြား​ကို လွန်​ကြ​ပြီ။ ဂေ​ဗ​မြို့၌ စ​ခန်း​ချ​ကြ​ပြီ။ ရာ​မ​မြို့​သည် ကြောက်​လန့်​လျက်​ရှိ၏။ ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သည် ပြေး၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 30,
      "text": "အို ဂ​လ္လိမ်​မြို့​သ​မီး၊ ကြွေး​ကြော်​လော့။ အို လဲ​ရှ​မြို့၊ နား​ထောင်​လော့။ အာ​န​သုတ်​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 31,
      "text": "မာ​ဒ​မေ​န​မြို့​သည် ပြောင်း​သွား​ပြီ။ ဂေ​ဗိမ်​မြို့​သား​တို့​သည် လွတ်​အောင်​ပြေး​ကြ၏။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 32,
      "text": "နော​ဘ​မြို့၌ တစ်​ရက်​နေ​ပြီး​မှ၊ ဇိ​အုန်​သ​တို့​သ​မီး၏​တောင်​တည်း​ဟူ​သော ယေ​ရှု​ရှ​လင်​တောင်​ကို​ရွယ်၍၊ မိ​မိ​လက်​ကို လှုပ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 33,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​မက်​ဖွယ်​သော​အ​ခြင်း​အ​ရာ​နှင့် သစ်​ပင်​အထွတ်​ကို​ပယ်​ရှင်း​တော်​မူ​မည်။ အ​ရပ်​မြင့်​သော အ​ခက်​တို့​ကို​ခုတ်​လှဲ၍၊ ကြီး​မား​သော​အ​ခက်​တို့​ကို နှိမ့်​ချ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 10,
      "verse": 34,
      "text": "တော​အုပ်​ကို ပု​ဆိန်​နှင့် ခုတ်​ပယ်​တော်​မူ၍၊ လေ​ဗ​နုန်​တော​သည် တန်​ခိုး​ကြီး​သော​သူ၏​လက်​အား​ဖြင့် လဲ​လျက်​နေ​လိမ့်​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 1,
      "text": "ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 3,
      "text": "ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း၌ မွေ့​လျော်​သည်​ဖြစ်၍၊ မိ​မိ​မျက်​စိ​မြင်​သည်​အ​တိုင်း တ​ရား​မ​စီ​ရင်၊ မိ​မိ​နား​ကြား​သည်​အ​တိုင်း မ​ဆုံး​ဖြတ်​ဘဲ၊"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 4,
      "text": "ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 5,
      "text": "တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 6,
      "text": "တော​ခွေး​သည် သိုး​သ​ငယ်​နှင့်​အ​တူ နေ​လိမ့်​မည်။ ကျား​သစ်​သည် ဆိတ်​သ​ငယ်​နှင့်​အ​တူ အိပ်​လိမ့်​မည်။ နွား​သ​ငယ်၊ ခြင်္သေ့​သ​ငယ်၊ ဆူ​အောင်​ကျွေး​သော အ​ကောင်​တို့​သည် အ​တူ​သွား​လာ​ကြ၍၊ လူ​သူ​ငယ်​သည် သူ​တို့​ကို ပို့​ဆောင်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 7,
      "text": "နွား​မ​နှင့် ဝံ​မ​သည် အ​တူ​ကျက်​စား၍၊ သူ​တို့ သား​ငယ်​များ​သည် အ​တူ​အိပ်​ကြ​လိမ့်​မည်။ ခြင်္သေ့​သည်​လည်း နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 8,
      "text": "နို့​စို့​သူ​ငယ်​သည်​လည်း မြွေ​ဆိုး​တွင်း​ပေါ်​မှာ က​စား​လိမ့်​မည်။ နို့​ကွာ​သော သူ​ငယ်​သည်​လည်း၊ မြွေ​ဟောက်​တွင်း​ဝ၌ မိ​မိ​လက်​ကို သွင်း​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 9,
      "text": "ငါ၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း​ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 10,
      "text": "ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 11,
      "text": "ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 12,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​အ​ဖို့ အ​လံ​ကို​ထူ​တော်​မူ​သ​ဖြင့်၊ နှင်​ထုတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်၊ အ​ရပ်​ရပ်​ကွဲ​ပြား​သော ယု​ဒ​အ​မျိုး​သား​တို့​ကို မြေ​ကြီး​လေး​မျက်​နှာ​တို့​မှ​ခေါ်၍ စု​ဝေး​စေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 13,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​သည် ငြူ​စူ​သော​စိတ်​ငြိမ်း​လိမ့်​မည်။ ရန်​ပြု​တတ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ ရန်​ပြေ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​ကို​မ​ငြူ​စူ​ရ။ ယု​ဒ​အ​မျိုး​လည်း ဧ​ဖ​ရိမ်​အ​မျိုး​ကို ရန်​မ​ပြု​ရ။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 14,
      "text": "သူ​တို့​သည် အ​နောက်​ဘက်၌ ဖိ​လိ​တ္တိ​လူ​များ​ကို လိုက်၍ တိုက်​ကြ​လိမ့်​မည်။ အ​ရှေ့​ပြည်​သား​တို့၏​ဥ​စ္စာ​ကို အ​တူ​လု​ယူ​ကြ​လိမ့်​မည်။ ဧ​ဒုံ​အ​မျိုး​နှင့် မော​ဘ​အ​မျိုး​ကို​လည်း လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သူ​တို့၏​အုပ်​စိုး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အဲ​ဂု​တ္တု​ပင်​လယ်၏​လျှာ​ကို ဖျောက်​ဖျက်​တော်​မူ​မည်။ ပြင်း​စွာ​သော​လေ​တော်​နှင့်​တ​ကွ လက်​တော်​ကို မြစ်​ပေါ်​မှာ​လှုပ်၍၊ ချောင်း​ခု​နစ်​သွယ်​ဖြစ်​စေ​ခြင်း​ငှာ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​သည် ခြေ​နင်း​စီး​လျက် ကျော်​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 11,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​အ​ခါ၌ ဖြစ်​သ​ကဲ့​သို့၊ အာ​ရှု​ရိ​ပြည်​မှ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​သွား​ရာ​လမ်း​ကြီး ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 1,
      "text": "ထို​ကာ​လ၌ သင်​မြွက်​ဆို​ရ​မည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို အ​မျက်​ထွက်​တော်​မူ​သော်​လည်း၊ တစ်​ဖန်​အ​မျက်​တော်​ငြိမ်း၍၊ အ​ကျွန်ုပ်​ကို နှစ်​သိမ့်​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်​သည် ငါ့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကြောက်​လန့်​သော​စိတ်​မ​ရှိ​ဘဲ ရဲ​ရင့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ချီး​မွမ်း​ရာ၊ ငါ​သီ​ချင်း​ဆို​ရာ၊ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 3,
      "text": "သင်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ကယ်​တင်​ခြင်း စမ်း​ရေ​တွင်း​တို့၌ ရေ​ခပ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 4,
      "text": "ထို​ကာ​လ၌​လည်း ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​တွင် ဖော်​ပြ​ကြလော့။ နာ​မ​တော်​သည်​မြင့်​မြတ်​သော​ကြောင့် ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ထူး​ဆန်း​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ အ​မှု​တော်​သည် မြေ​တစ်​ပြင်​လုံး၌ ထင်​ရှား​ပါ​စေ။ အို ဇိ​အုန်​သ​တို့​သ​မီး၊ ကြွေး​ကြော်​လော့။ ဝမ်း​မြောက်​သ​ဖြင့် အော်​ဟစ်​လော့။"
    },
    {
      "book": 23,
      "chapter": 12,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 1,
      "text": "ဗာ​ဗု​လုန်​မြို့​ကို​ရည်​ဆောင်၍ အာ​မုတ်၏​သား​ဟေ​ရှာ​ယ​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 2,
      "text": "ရှင်း​လင်း​သော​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ။ ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​ကြ။ လက်​ကို​လှုပ်​ကြ။ သူ​တို့​သည် မင်း​တို့​နေ​ရာ တံ​ခါး​များ​ကို ဝင်​ကြ​စေ။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 3,
      "text": "ငါ​သန့်​ရှင်း​စေ​သော​သူ​တို့​ကို ငါ​မှာ​ထား​ပြီ။ ငါ​ပေး​သော​ဘုန်း​အာ​နု​ဘော်​ကြောင့် ဝမ်း​မြောက်​သော​သူ၊ ငါ၏​သူ​ရဲ​တို့​ကို ငါ့​အ​မျက်​ပြေ​စေ​ခြင်း​ငှာ ငါ​ခေါ်​ပြီ။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 4,
      "text": "ကြီး​စွာ​သော အ​လုံး​အ​ရင်း၏​အ​သံ​ကဲ့​သို့ တောင်​တို့​အ​ပေါ်​မှာ လူ​များ၏​အ​သံ​ဗ​လံ၊ စု​ဝေး​သော တိုင်း​သူ​ပြည်​သား​များ​တို့၏ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​ဗ​လံ​ရှိ​သည်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် စစ်​တိုက်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ကို စီ​ရင်​ခင်း​ကျင်း​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​နှင့် အ​တူ​တ​ကွ အ​မျက်​တော်​လက်​နက်​တို့​သည် တစ်​ပြည်​လုံး​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ဝေး​သော​ပြည်၊ ကောင်း​ကင်​စွန်း​မှ​လာ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် နီး​သော​ကြောင့်၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ အ​န​န္တ​တန်​ခိုး​ရှင်​စီ​ရင်​တော်​မူ​သော ဘေး​အ​န္တ​ရာယ်​ကဲ့​သို့ လာ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 7,
      "text": "ထို​ကြောင့်၊ ရှိ​သ​မျှ​သော​လက်​တို့​သည် ကျ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​သည် စိတ်​ပျက်၍ ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 8,
      "text": "နာ​ခြင်း​ဝေ​ဒ​နာ​အ​မျိုး​မျိုး​ကို ခံ​ရ​ကြ​လိမ့်​မည်။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ​လျက်၊ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍ မှိုင်​တွေ​သ​ဖြင့်၊ သူ​တို့​မျက်​နှာ​သည် မီး​လျှံ​အ​ဆင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 9,
      "text": "ထို​ပြည်​ကို ဖျက်​ဆီး၍၊ အ​ပြစ်​ကြီး​သော ပြည်​သူ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကြမ်း​ကြုတ်​သော နေ့​ရက်​သည် ပြင်း​ထန်​သော​ဒေါ​သ အ​မျက်​ထွက်​လျက်​လာ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 10,
      "text": "မိုး​ကောင်း​ကင်​ကြယ်​န​က္ခတ်​တို့​သည် အ​လင်း​ကို​မ​ပေး။ နေ​သည်​လည်း ထွက်​သော​အ​ခါ​မိုက်​လျက်၊ လ​သည်​လည်း မ​ထွန်း​မ​လင်း​ဘဲ​လျက် ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 11,
      "text": "ထို​လော​ကီ​နိုင်​ငံ၏​အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့၏​ဒု​စ​ရိုက်​များ​ကို​လည်း​ကောင်း ငါ​စစ်​ကြော​မည်။ မာ​န​ကြီး​သော​သူ​တို့၏​ထောင်​လွှား​ခြင်း​ကို ငါ​နှိပ်​စက်၍၊ ကြမ်း​ကြုတ်​သော​သူ​တို့၏ စော်​ကား​ခြင်း​ကို ငါ​နှိမ့်​ချ​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 12,
      "text": "လူ​သည် ရွှေ​စင်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​သား​သည် ဩ​ဖိ​ရ​ရွှေ​ကျောက်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း ငါ​ပြု​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဒေါ​သ​အ​မျက်​တော်​ပြင်း​စွာ​ထွက်​သော​နေ့​ရက်၌၊ မိုး​ကောင်း​ကင်​ကို ငါ​လှုပ်​ရှား​မည်။ မြေ​ကြီး​လည်း မိ​မိ​နေ​ရာ​မှ ရွေ့​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 14,
      "text": "ပြည်​သား​တို့​သည် ကြောက်၍ ပြေး​သော​ဒ​ရယ်​မ၊ ထိန်း​သိမ်း​သူ​မ​ရှိ​သော သိုး​များ​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို မျက်​နှာ​ပြု၍၊ အ​သီး​အ​သီး မိ​မိ​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 15,
      "text": "တွေ့​မိ​သ​မျှ​သော သူ​တို့​ကို လှံ​နှင့်​ထိုး​ရ၏။ စု​ဝေး​လျက်​ရှိ​သော သူ​အ​ပေါင်း​တို့​လည်း ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 16,
      "text": "သူ​တို့​သား​သ​မီး​များ​ကို သူ​တို့​မျက်​မှောက်၌ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​လိမ့်​မည်။ သူ​တို့​အိမ်​များ​ကို လု​ယက်၍၊ သူ​တို့​မ​ယား​များ​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 17,
      "text": "ကြည့်​ရှု​လော့။ ငွေ​ကို ပ​မာ​ဏ​မ​ပြု၊ ရွှေ​ကို အ​လို​မ​ရှိ​သော မေ​ဒိ​လူ​များ​ကို သူ​တို့​တစ်​ဖက်၌ ငါ​နှိုး​ဆော်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 18,
      "text": "သူ​တို့​သည် လူ​ပျို​တို့​ကို လေး​နှင့် ရိုက်​ခတ်​ကြ​လိမ့်​မည်။ အ​က​လေး​တို့​ကို မ​သ​နား​ကြ။ သူ​တို့​မျက်​စိ​သည် သူ​ငယ်​တို့​ကို မ​နှ​မြော​ရ။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 19,
      "text": "တိုင်း​နိုင်​ငံ​တို့၏ အထွတ်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ဖြစ်​သော ဗာ​ဗု​လုန်​မြို့​သည် ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 20,
      "text": "ထို​မြို့၌ ကာ​လ​အ​စဉ်၊ လူ​မျိုး​အ​ဆက်​ဆက် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ထို​မြို့၌ အာ​ရပ်​လူ​သည် တဲ​ကို​မျှ​မ​ဆောက်​ရ။ သိုး​ထိန်း​တို့​သည် သိုး​ခြံ​ကို​မျှ မ​လုပ်​ရ​ကြ။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 21,
      "text": "တော​သား​ရဲ​တို့​သည် ထို​မြို့၌ အိပ်​ကြ​လိမ့်​မည်။ အိမ်​တို့​သည် မြည်​တတ်​သော တိ​ရ​စ္ဆာန်​များ​နှင့် အ​ပြည့်​ရှိ​ကြ​လိမ့်​မည်။ ကု​လား​အုတ်ငှက်​တို့​လည်း နေ​ရာ​ကျ၍၊ မျောက်​တို့​လည်း က​ခုန်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 13,
      "verse": 22,
      "text": "တော​ခွေး​တို့​သည်​လည်း၊ ဘုံ​ဗိ​မာန်​များ၌​လည်း​ကောင်း၊ မြေ​ခွေး​တို့​သည်​လည်း၊ ကြက်​သ​ရေ​တိုက်​များ၌​လည်း​ကောင်း၊ အူ​ကြ၊ မြည်​ကြ​လိမ့်​မည်။ ထို​သို့​သော​ကာ​လ​နီး​လှ​ပြီ။ ထို​မြို့၏​အ​သက်​တာ မ​ရှည်​ရ။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 1,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​အ​မျိုး​ကို​သ​နား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို တစ်​ဖန်​ရွေး​ကောက်​သ​ဖြင့်၊ သူ​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ​တို့​နှင့်​ပေါင်း​ဖော်၍ ယာ​ကုပ်​အ​မျိုး၌ ဆည်း​ကပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 2,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် သူ​တို့​ကို နေ​ရင်း​အ​ရပ်​သို့ ပို့​ဆောင်​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏​ပြည်​တော်​တွင်၊ ကျွန်​နှင့် ကျွန်​မ​အ​ရာ၌​ထား၍ စေ​စား​ကြ​လိမ့်​မည်။ အ​ထက်​က သိမ်း​သွား​ဖူး​သော သူ​တို့​ကို တစ်​ဖန် သိမ်း​ယူ​ခဲ့​ကြ​လိမ့်​မည်။ ညှဉ်း​ဆဲ​ဖူး​သော​သူ​တို့​ကို​လည်း အုပ်​စိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 3,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ငြို​ငြင်​ခြင်း၊ စိုး​ရိမ်​ခြင်း၊ သူ​တစ်​ပါး​စေ​စား၍ ဆင်း​ရဲ​စွာ အ​စေ​ကျွန်​ခံ​ရ​ခြင်း​ထဲ​က​နုတ်၍၊ ချမ်း​သာ​ပေး​တော်​မူ​လျှင်၊"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 4,
      "text": "သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ရည်​ဆောင်၍၊ ပုံ​စ​ကား​ကို ဤ​သို့ မြွက်​ဆို​လိမ့်​မည်။ အ​စိုး​တ​ရ​ပြု​သော​သူ​သည် ဆုံး​လေ​ပြီ​တ​ကား။ ရွှေ​မြို့​တော်​သည် ဆုံး​လေ​ပြီ​ကား။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 5,
      "text": "လူ​သ​တ္တ​ဝါ​တို့​ကို အ​မျက်​ထွက်၍၊ အ​စဉ်​မ​ပြတ် ရိုက်​ခြင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို မာ​န​စိတ်​နှင့် အုပ်​စိုး၍၊ အ​စဉ်​မ​ပြတ် ညှဉ်း​ဆဲ​ခြင်း​ကို​ပြု​သော အ​ဓ​မ္မ​လူ​တို့၏ တောင်​ဝှေး​ကို​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 6,
      "text": "ထို​သို့ အ​စိုး​ရ​သော​သူ​တို့၏ ရာ​ဇ​လှံ​တံ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ချိုး​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 7,
      "text": "မြေ​တစ်​ပြင်​လုံး​သည် ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း​ရှိ၏။ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 8,
      "text": "ထင်း​ရှူး​ပင်​နှင့် လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​က၊ သင်​တို့​သည် လဲ​ပြီး​သည်​နောက်၊ ငါ​တို့​ကို ခုတ်​လှဲ​သော​သူ​သည် မ​တက်​မ​လာ​ရ​ဟု သင့်​ကို​ရည်​ဆောင်၍ ဝမ်း​မြောက်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 9,
      "text": "သင်​သည် ရောက်​လာ​သော​အ​ခါ၊ အောက်​အ​ရပ် မ​ရ​ဏ​နိုင်​ငံ​သည် ကြို​ဆို​အံ့​သော​ငှာ လှုပ်​လေ၏။ သင်္ချိုင်း​သား​များ​နှင့် လော​ကီ​မင်း​များ​အ​ပေါင်း​တို့​ကို သင့်​အ​တွက်​ကြောင့် နှိုး​ဆော်​လေ၏။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို ရာ​ဇ​ပ​လ္လင်​တို့​မှ​ထ​စေ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 10,
      "text": "ထို​သူ​အ​ပေါင်း​တို့​က၊ သင်​သည်​လည်း ငါ​တို့​ကဲ့​သို့ အား​နည်း​ပါ​သည်​တ​ကား။ ငါ​နှင့် တူ​ပါ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 11,
      "text": "သင်၏​ဘုန်း​အ​သ​ရေ​နှင့် သင်၏​တူ​ရိ​ယာ​မျိုး အ​သံ​ဗ​လံ​တို့​ကို မ​ရ​ဏနိုင်​ငံ​တွင် ရှုတ်​ချ​လေ​ပြီ​တ​ကား။ သင့်​အောက်၌ ပိုး​ကောင်​များ​ကို​ခင်း​လျက်၊ သင့်​အ​ပေါ်၌ တီ​ကောင်​များ​ကို ခြုံ​လျက်​ရှိ​ပါ​သည်​တ​ကား​ဟု သင့်​ကို​နှုတ်​ဆက်၍ ပြော​ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 12,
      "text": "အို နံ​နက်​သား၊ မိုး​သောက်​ကြယ်၊ သင်​သည် ကောင်း​ကင်​က ကျ​လေ​ပြီ​တ​ကား။ အ​ပြည်​ပြည်​တို့​ကို နှိပ်​စက်​သော​သင်​သည်၊ မြေ​တိုင်​အောင် ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လေ​ပြီ​တ​ကား။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 13,
      "text": "သင်​က​လည်း၊ ကောင်း​ကင်​ပေါ်​သို့ ငါ​တက်​မည်။ ဘု​ရား​သ​ခင်၏​ကြယ်​တို့​အ​ပေါ်​မှာ ငါ့​ပ​လ္လင်​ကို ငါ​ချီး​မြှောက်​မည်။ မြောက်​မျက်​နှာ​ဘက်၊ ဗျာ​ဒိတ်​တော်​တောင်​ပေါ်​မှာ ငါ​ထိုင်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 14,
      "text": "မိုး​တိမ်​ထိပ်​ပေါ်​သို့ ငါ​တက်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​ကဲ့​သို့ ငါ​နေ​မည်​ဟု စိတ်​အ​ကြံ​ရှိ​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 15,
      "text": "သို့​သော်​လည်း၊ သင်​သည်​မ​ရ​ဏ​နိုင်​ငံ၊ သင်္ချိုင်း​တွင်း​ထဲ​သို့ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 16,
      "text": "သင့်​ကို မြင်​သော​သူ​တို့​သည် စေ့​စေ့​ကြည့်​ရှု၍ ဆင်​ခြင်​ပြီး​လျှင်၊ မြေ​ကြီး​ကို​တုန်​လှုပ်​စေ၍၊ တိုင်း​နိုင်​ငံ​များ​ကို လှုပ်​ခြောက်​သော​သူ​ကား ဤ​သူ​လော။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 17,
      "text": "လော​ကီ​နိုင်​ငံ​ကို တော​ကဲ့​သို့​ဖြစ်​စေ၍၊ မြို့​များ​ကို ဖျက်​ဆီး​သော​သူ၊ အ​ချုပ်​ခံ​ရ​သော​သူ​တို့​ကို မိ​မိ​နေ​ရာ​သို့ တစ်​ဖန်​မ​လွှတ်​သော​သူ​ကား ဤ​သူ​လော။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 18,
      "text": "အ​ပြည်​ပြည်​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​စေ​တီ၌ ဘုန်း​အ​သ​ရေ​နှင့် အိပ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 19,
      "text": "သင့်​ကို​မူ​ကား၊ ရွံ​ရှာ​ဖွယ်​သော​သစ်​ခက်​ကဲ့​သို့ သင်္ချိုင်း​ထဲ​က ထုတ်​ပစ်​ရ၏။ ကွပ်​မျက်​သော​သူ၊ ဓား​ဖြင့်​ထိုး​သော​သူ၊ သင်္ချိုင်း​တွင်း၌ ကျောက်​စု​ထဲ​သို့​ချ​သော​သူ​များ​နှင့် ဖုံး​အုပ်​လျက်၊ ခြေ​ဖြင့်​ကျော်​နင်း​သော အ​သေ​ကောင်​ဖြစ်​လေ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 20,
      "text": "သူ​တစ်​ပါး​တို့​နှင့် ရော​နှော၍ သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ပြည်​ကို ဖျက်​ဆီး​ပြီ။ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​လေ​ပြီ။ အ​ဓ​မ္မ​ပြု​သော​သူ​တို့၏​အ​နွယ်​သည် ဂုဏ်​အ​သ​ရေ​အ​လျှင်း​မ​ရှိ​ရ​ဟု ပြော​ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 21,
      "text": "သူ၏​သား​မြေး​တို့​သည်​မ​ထ၊ မြေ​ကြီး​ကို​မ​ပိုင်၊ မြေ​တစ်​ပြင်​လုံး​တွင် ရန်​သူ​များ​ကို မ​နှိုး​ဆော်​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​အ​ဖို့ ဘိုး​ဘေး​တို့၏​အ​ပြစ်​ကြောင့် ကွပ်​မျက်​ခြင်း​ကို​ပြင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 22,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သူ​တို့​တစ်​ဖက်၌​ထ၍ ဗာ​ဗု​လုန်​မြို့၏​နာ​မ​နှင့် အ​ကြွင်း​အ​ကျန်​ကို​လည်း​ကောင်း၊ သား​မြေး​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 23,
      "text": "တစ်​ဖန်​လည်း၊ ငါ​သည် ထို​မြို့​ကို ဖြူ​ကောင်​များ​နေ​ရာ၊ ရေ​လွှမ်း​မိုး​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ဖျက်​ဆီး​ခြင်း၏ တံ​မြက်​စည်း​ဖြင့်​လှည်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 24,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကျိန်​ဆို၍​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 25,
      "text": "ငါ၏​မြေ​ပေါ်​မှာ အာ​ရှု​ရိ​မင်း​ကို ငါ​နှိပ်​စက်​မည်။ ငါ၏​တောင်​ရိုး​ပေါ်​မှာ ခြေ​ဖြင့်​ကျော်​နင်း​မည်​ဟု ငါ​ကြံ​စည်​သည်​အ​တိုင်း​ဖြစ်၍၊ ငါ​စီ​ရင်​ချက်​လည်း တည်​ရ​လိမ့်​မည်။ ထို​အ​ခါ သူ၏​ထမ်း​ပိုး​ကို သူ​တစ်​ပါး​အ​ပေါ်​က​ရွှေ့၍၊ သူ​တို့​ပ​ခုံး​ပေါ်​မှာ တင်​သော​ဝန်​ကို ချ​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 26,
      "text": "မြေ​တစ်​ပြင်​လုံး​တွင် ထို​သို့​ကြံ​စည်​တော်​မူ၏။ ခပ်​သိမ်း​သော ပြည်​တို့​အ​ပေါ်​မှာ ထို​သို့ လက်​တော်​ကို​ဆန့်​လျက် ရှိ၏။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 27,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​ကို အ​ဘယ်​သူ ဖျက်​လိမ့်​မည်​နည်း။ ဆန့်​တော်​မူ​သော​လက်​တော်​ကို အ​ဘယ်​သူ​လှန်​လိမ့်​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 28,
      "text": "အာ​ခတ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင် ခံ​ရ​သော​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 29,
      "text": "အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင့်​ကို​ရိုက်​သော ကြိမ်​လုံး​ကျိုး​သည်​ကို​ထောက်၍၊ ဝမ်း​မ​မြောက်​နှင့်။ ထို​မြွေ​အ​မျိုး​ထဲ​က မြွေ​ဆိုး​ပေါက်​လိမ့်​မည်။ သူ၏​အ​နွယ်​သည်​လည်း ပျံ​တတ်​သော မီး​မြွေ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 30,
      "text": "အ​တိုင်း​ထက်​အ​လွန် ဆင်း​ရဲ​သော​သူ​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ဆင်း​ရဲ ငြို​ငြင်​သော​သူ​တို့​သည် ဘေး​လွတ်​လျက် အိပ်​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်၏​အ​မြစ်​ကို သွေ့​ခြောက်​ခြင်း​အား​ဖြင့် သတ်၍၊ သင်၏​အ​ကြွင်း​ကို​လည်း မြွေ​ဆိုး​သည် ကွပ်​မျက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 31,
      "text": "အို တံ​ခါး၊ ညည်း​တွား​လော့။ အို မြို့၊ ငို​ကြွေး​မြည်​တမ်း​လော့။ အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင်​သည် မှိုင်​တွေ​လျက်​ရှိ၏။ မြောက်​မျက်​နှာ​မှ မီး​ခိုး​ထွက်​လာ၏။ ထို​အ​လုံး​အ​ရင်း၌ တစ်​ယောက်​တ​ခြား​စီ နေ​သော​သူ​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 14,
      "verse": 32,
      "text": "တစ်​ပြည်​တစ်​နိုင်​ငံ​မှ ရောက်​လာ​သော သံ​တ​မန်​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​နည်း​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို တည်​ထောင်​တော်​မူ​သည် ဖြစ်၍၊ ကိုယ်​တော်၏​ဆင်း​ရဲ​သား​တို့​သည် ထို​မြို့၌ ကိုး​စား​ကြ၏။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 1,
      "text": "မော​ဘ​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည်​အာ​ရ​မြို့​သည် ပျက်​စီး၏။ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည် ကိ​ရ​မြို့​သည် ပျက်​စီး၏။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 2,
      "text": "ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 3,
      "text": "လမ်း​ခ​ရီး​တို့​တွင် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၍၊ အိမ်​မိုး​ပေါ်၌​လည်း​ကောင်း၊ လမ်း​မ၌​လည်း​ကောင်း ရှိ​သ​မျှ​သော​သူ​တို့​သည် ညည်း​တွား​မြည်​တမ်း၍၊ အ​လွန် မျက်​ရည်​ကျ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 4,
      "text": "ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့​တို့​လည်း ငို​ကြွေး၍၊ ငို​သံ​သည် ယာ​ဟတ်​မြို့​တိုင်​အောင် ကြား​ရ၏။ မော​ဘ​သူ​ရဲ​တို့​သည်​လည်း၊ တုန်​လှုပ်​သော​စိတ်​နှ​လုံး​နှင့် ငို​ကြွေး​ကြ၏။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 5,
      "text": "ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ်​ရေ​ကန်​တို့​သည် ဆိတ်​ညံ၍၊ မြက်​ပင်​များ သွေ့​ခြောက်​ခဲ့​ပြီ။ ပျိုး​ပင်​များ​လည်း သေ​ခဲ့​ပြီ။ စိမ်း​သော​အ​ပင် တစ်​ပင်​မျှ​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 7,
      "text": "ထို​ကြောင့်၊ သူ​တို့​သည် မိ​မိ​တို့​ဆည်း​ပူး​သော​ဥ​စ္စာ၊ သို​ထား​သော​ဘ​ဏ္ဍာ​များ​ကို မိုး​မ​ခ​ပင်​ချိုင့်​သို့ ယူ​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 8,
      "text": "ငို​ကြွေး​သော​အ​သံ​သည် မော​ဘ​ပြည်​ကို နှံ့​ပြား​လေ၏။ ညည်း​တွား​မြည်​တမ်း​သော အ​သံ​သည် ဧ​ဂ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဗေ​ရ​ဧ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း ရောက်​လေ၏။"
    },
    {
      "book": 23,
      "chapter": 15,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ ဒိ​မုန်​မြို့​ရေ​တို့​သည် အ​သွေး​နှင့်​ပြည့်​ကြ၏။ ဒိ​မုန်​မြို့​အ​ပေါ်​မှာ အ​ခြား​သော​ဘေး​များ​ကို​လည်း​ကောင်း၊ လွတ်​အောင်​ပြေး​သော မော​ဘ​ပြည်​သား​နှင့် ကျန်​ကြွင်း​သော ပြည်​သား​အ​ပေါ်​မှာ ခြင်္သေ့​တို့​ကို​လည်း​ကောင်း ငါ​ရောက်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 1,
      "text": "မြေ​ရှင်​ထံ​သို့ သိုး​သ​ငယ်​ကို ပေး​လိုက်​ကြ​လော့။ သေ​လ​မြို့​မှ​တော​တစ်​လျှောက်​လုံး၊ ဇိ​အုန်​သ​တို့​သ​မီး၏​တောင်​သို့ ပေး​လိုက်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 2,
      "text": "မိ​မိ​အ​သိုက်​ကို​စွန့်​ပစ်၍ လည်​ရ​သော​ငှက်​ကဲ့​သို့၊ မော​ဘ​သ​မီး​တို့​သည် အာ​နုန်​မြစ်​ကူး​ရာ ကမ်း​နား​မှာ​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 3,
      "text": "အ​ကြံ​ပေး​လော့။ တ​ရား​သ​ဖြင့် စီ​ရင်​လော့။ မွန်း​တည့်​အ​လင်း​ထဲ၌ ည​ကဲ့​သို့ သင်၏​အ​ရိပ်​ကို ဖြစ်​စေ​လော့။ နှင်​ထုတ်​သော​သူ​တို့​ကို ဝှက်​ထား​လော့။ ပြေး​သော​သူ​တို့​ကို မ​ပြ​နှင့်။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 4,
      "text": "မော​ဘ​ပြည်​မှ​နှင်​ထုတ်​သော သူ​တို့​သည် သင်​နှင့်​အ​တူ နေ​ကြ​စေ​လော့။ ဖျက်​ဆီး​သော​သူ၏ လက်​မှ​လွတ်​စေ​ခြင်း​ငှာ သူ​တို့​ကို​စောင့်​မ​လော့။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​မ​ရှိ။ ဖျက်​ဆီး​သော​သူ ပြတ်​လေ၏။ နှိပ်​နင်း​သော​သူ​တို့​ကို မြေ​ပေါ်​က​ပယ်​ရှင်း​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 5,
      "text": "ရာ​ဇ​ပ​လ္လင်​သည်​လည်း၊ က​ရု​ဏာ၌ တည်​လိမ့်​မည်။ သ​စ္စာ​နှင့်​ပြည့်​စုံ၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​သည် ဖြောင့်​မတ်​စွာ စစ်​ကြော၍၊ တ​ရား​မှု​ကို အ​လျင်​အ​မြန် ဆုံး​ဖြတ်​တော်​မူ​လျက်၊ ဒါ​ဝိဒ်​မင်း၏​တဲ​တော်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 6,
      "text": "မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 7,
      "text": "ထို​ကြောင့်၊ မော​ဘ​သည် မိ​မိ​အ​တွက် ညည်း​တွား​မြည်​တမ်း​ရ​လိမ့်​မည်။ ပြည်​သား​ရှိ​သ​မျှ​တို့​သည် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့ ပျက်​သည်​အ​တွက် သင်​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ ထို​မြို့​သည် ဒဏ်​ခတ်​ခြင်း​ကို​အ​လွန်​ခံ​ရ၏။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 8,
      "text": "ဟေ​ရှ​ဘုန်​လယ်​ပြင်​တို့​သည် သွေ့​ခြောက်​ကြ၏။ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင် အ​ညွန့်​များ​ကို​လည်း တစ်​ပါး​အ​မျိုး​သား​မင်း​တို့​သည် ချိုး​ကြ​ပြီ။ ထို​အ​ညွန့်​တို့​သည် အ​ထက်​က ယာ​ဇာ​မြို့​တိုင်​အောင်​ရောက်၍၊ တော၌​လည်​တတ်​ကြ၏။ အ​လက်​တို့​သည် ရှည်​လျား၍၊ ပင်​လယ်​ကို​လွန်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 9,
      "text": "ထို​ကြောင့်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သ​ကဲ့​သို့၊ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်​အ​တွက် ငါ​သည်​မျက်​ရည်​ကျ​မည်။ အို​ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့၊ ငါ​သည် မျက်​ရည်​ကျ​လျက် သင့်​ကို​ရေ​လောင်း​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​သစ်​သီး​နှင့် စ​ပါး​နှံ​တို့​သည် စစ်​တိုက်​သံ​နှင့် တွေ့​ကြုံ​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 10,
      "text": "ဝ​ပြော​သော​လယ်​ပြင်​ထဲ​မှာ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း ပြတ်​လေ​ပြီ။ စ​ပျစ်​ဥ​ယျာဉ်၌ သီ​ချင်း​မ​ဆို​ရ​ကြ။ မ​ကြွေး​ကြော်​ရ​ကြ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း၌ စ​ပျစ်​သီး​ကို နင်း​သော​သူ​လည်း မ​နင်း​ရ။ ကြွေး​ကြော်​သော​အ​သံ​ကို​လည်း ငါ​ပြတ်​စေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 11,
      "text": "ထို​ကြောင့်၊ ငါ့​ဝမ်း​သည် မော​ဘ​ပြည်​အ​တွက်၊ ငါ့​အ​အူ​သည် ကိ​ရ​ဟ​ရက်​မြို့​အ​တွက်၊ စောင်း​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 12,
      "text": "ထို​အ​ခါ မော​ဘ​သည် မိ​မိ​မြင့်​သော​အ​ရပ်၌ မိ​မိ​ကို ပင်​ပန်း​စေ​ခြင်း၊ ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ မိ​မိ​သန့်​ရှင်း​ရာ​ဌာ​န​သို့ ဝင်​ခြင်း​အ​ရာ​သည် ထင်​ရှား​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ရာ။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 13,
      "text": "ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ၏​အ​ကြောင်း​စ​ကား​ကို အ​ထက်​က​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 16,
      "verse": 14,
      "text": "ယ​ခု​တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ သုံး​နှစ်​လွန်​မှ၊ မော​ဘ​ပြည်၏ ဘုန်း​အ​သ​ရေ​သည် မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှုတ်​ချ​ခြင်း​သို့​ရောက်​ရ​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​လွန်​နည်း၍၊ ခွန်​အား​ကုန်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 1,
      "text": "ဒ​မာ​သက်​မြို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ဒ​မာ​သက်​မြို့​သည် မြို့​မ​ဖြစ်​အောင် ပျက်​စီး​ရာ​ပုံ ဖြစ်​ရ၏။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 2,
      "text": "အာ​ရော်​မြို့​များ​ကို စွန့်​ပစ်​သော​ကြောင့်၊ သိုး​စု​တို့​သည်​ပိုင်၍၊ အ​ဘယ်​သူ​မျှ​မ​မောင်း​ဘဲ အိပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 3,
      "text": "ဧ​ဖ​ရိမ်​ပြည်၌ မြို့​မ​ရှိ​ရ။ ဒ​မာ​သက်​မြို့​နှင့် ကျန်​ကြွင်း​သော​ရှု​ရိ​ပြည်၌ မင်း​အာ​ဏာ​မ​ရှိ​ရ။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 4,
      "text": "ထို​ကာ​လ၌ ယာ​ကုပ်​အ​မျိုး၏​ဘုန်း​သည် လျော့၍၊ ဆူ​ဝ​ခြင်း​လည်း ပိန်​ကြုံ​ခြင်း​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 5,
      "text": "လူ​သည် စ​ပါး​ကို​သိမ်း​ယူ၍ အ​သီး​အ​နှံ​များ​ကို လက်​နှင့် ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ဖိမ်​ချိုင့်၌ အ​သီး​အ​နှံ​တို့​ကို သိမ်း​ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​မှု​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 6,
      "text": "သို့​ရာ​တွင်၊ သံ​လွင်​ပင်​ကို လှုပ်​ပြီး​မှ အ​ပင်​ဖျား၌ အ​သီး​နှစ်​လုံး​သုံး​လုံး၊ အ​သီး​ကောင်း​သော​အ​ခက်​တို့၌ လေး​ငါး​လုံး​ရှိ​တတ်​သ​ကဲ့​သို့၊ ကောက်​သိမ်း​စ​ရာ အ​ကြွင်း​ရှိ​ရ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 7,
      "text": "ထို​ကာ​လ၌ လူ​သည် မိ​မိ​ကို ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ကို ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဖူး​မျှော်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 8,
      "text": "မိ​မိ​လက်​နှင့် လုပ်​သော​ယဇ်​ပ​လ္လင်​တို့​ကို မ​မှတ်​ရ။ မိ​မိ​လက်​ချောင်း​နှင့် လုပ်​သော​အ​ရာ​တည်း​ဟူ​သော အာ​ရှ​ရ​ပင်​တို့​ကို​လည်း​ကောင်း၊ ရုပ်​တု​တို့​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ရ။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 9,
      "text": "ထို​ကာ​လ၌ သူ၏​ခိုင်​ခံ့​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​စွန့်​ပစ်​သော သစ်​တော​အ​ကျန်​အ​ကြွင်း​နှင့် သစ်​ပင်​အ​ဖျား​ကဲ့​သို့ ဖြစ်၍၊ ထို​ပြည်​သည် ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 10,
      "text": "သင့်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​သည်​မေ့​လျော့၍၊ မိ​မိ​ခို​လှုံ​ရာ​ကျောက်​ကို မိ​မိ​မ​အောက်​မေ့​သော​ကြောင့်၊ သာ​ယာ​သော ပျိုး​ပင်​တို့​နှင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ အ​ညွန့်​တို့​ကို​စိုက်​ပျိုး၍၊"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 11,
      "text": "ထို​ပျိုး​ပင်​တို့​ကို ကြီး​ပွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လျင်​အ​မြန် အ​ပွင့်​ပွင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြီး​မှ၊ သိမ်း​ယူ​ရာ​ကာ​လ၌ အ​သီး​အ​နှံ​သည် ပျက်​စီး၍၊ သင်​သည် မ​ပျောက်​နိုင်​သော ဝမ်း​နည်း​ခြင်း​ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 12,
      "text": "သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ မြည်​တတ်​သော​လူ​များ အ​လုံး​အ​ရင်း​တို့၌​လည်း​ကောင်း၊ အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့ ဟုန်း​တတ်​သော လူ​မျိုး​တို့၌​လည်း​ကောင်း​အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 13,
      "text": "အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့၊ လူ​မျိုး​တို့​သည် ဟုန်း​ကြ​သော်​လည်း၊ ဆုံး​မ​တော်​မူ​သော​ကြောင့်၊ အ​ဝေး​သို့ ပြေး​သွား​ကြ​လိမ့်​မည်။ တောင်​ပေါ်​မှာ လေ​တိုက်၍ လွင့်​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​သည် နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 17,
      "verse": 14,
      "text": "ညဉ့်​ဦး​ယံ၌ ဘေး​ရောက်၍၊ နံ​နက်​ယံ​မ​တိုင်​မီ ပျောက်​ရှ​ကြ​လိမ့်​မည်။ ငါ​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် ထို​သို့​သော​အ​ကျိုး၊ ငါ​တို့​ကို လု​ယူ​ဖျက်​ဆီး​သော​သူ​တို့​သည်၊ ထို​သို့​သော အ​မွေ​ဥ​စ္စာ​ကို​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 1,
      "text": "အဲ​သ​ယော​ပိ မြစ်​များ​အ​နား​မှာ အ​သံ​မြည်​တတ်​သော အ​တောင်​ရှိ၍၊"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 2,
      "text": "ပင်​လယ်​လမ်း​ဖြင့်​လည်း​ကောင်း၊ ရေ​ပေါ်၌ ဂ​မာ​လှေ​ဖြင့်​လည်း​ကောင်း၊ သံ​တ​မန်​တို့​ကို လွှတ်​တတ်​သော​ပြည်၊ နား​ထောင်​လော့။ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​ကွဲ​ပြား​သော​မြေ၌​နေ​သော လူ​မျိုး​ထံ​သို့၊ လျင်​မြန်​သော​တ​မန်​တို့၊ သွား​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 3,
      "text": "လော​ကီ​နိုင်​ငံ၌​နေ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့၊ တောင်​ပေါ်​မှာ အ​လံ​ကို ထူ​သော​အ​ခါ ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​မှုတ်​သော​အ​ခါ နား​ထောင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ နေ​အ​ရောင်​ထဲ​မှာ ကြည်​လင်​သော အ​ရှိန်​ကဲ့​သို့​လည်း​ကောင်း၊ အ​သီး​အ​နှံ​ကို သိမ်း​ယူ​ရာ ပူ​သော​ကာ​လ၌ နှင်း​နှင့်​ပြည့်​စုံ​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​သည်​ကျိန်း​ဝပ်၍ ငါ့​နေ​ရာ​အ​ရပ်​မှာ ကြည့်​ရှု​မည်။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 5,
      "text": "စ​ပျစ်​သီး​ကို သိမ်း​ယူ​ရာ​ကာ​လ​မ​တိုင်​မီ အ​ငုံ​စေ့​စုံ၍၊ အ​ပွင့်​လည်း လုံး​သော​အ​သီး ဖြစ်​စဉ်​အ​ခါ၊ အ​ညွန့်​များ​ကို တံ​စဉ်​နှင့်​ဖြတ်၍၊ အ​ခက်​အ​လက်​များ​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 6,
      "text": "သူ​တို့​သည် တောင်​ပေါ်​မှာ​နေ​တတ်​သော​ငှက်​များ၊ တော​သား​ရဲ​များ​တို့၏​အ​ဖို့​ဖြစ်၍၊ ငှက်​တို့​သည် နွေ​ကာ​လ၌​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​သည် ဆောင်း​ကာ​လ၌​လည်း​ကောင်း၊ သူ​တို့​အ​ပေါ်​မှာ နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 18,
      "verse": 7,
      "text": "ထို​အ​ခါ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင် ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​များ​ကွဲ​ပြား​သော မြေ၌​နေ​သော​လူ​မျိုး​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​တည်​ရာ ဇိ​အုန်​တောင်​သို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 1,
      "text": "အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 2,
      "text": "အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက် ရန်​ပြု​စေ​ခြင်း​ငှာ ငါ​နှိုး​ဆော်​သ​ဖြင့်၊ သူ​တို့​သည် ညီ​အစ်​ကို​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ အိမ်​နီး​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ တစ်​မြို့​နှင့် တစ်​မြို့၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ စစ်​တိုက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 3,
      "text": "အဲ​ဂု​တ္တု​ပြည်၏​စိတ်​သည် သူ၏​အ​ထဲ​မှာ​ပျက်​လိမ့်​မည်။ သူ၏​အ​ကြံ​ကို​လည်း ငါ​ဖျက်​မည်။ သူ​တို့​သည် ရုပ်​တု​တို့၌​လည်း​ကောင်း၊ ပြု​စား​သော သူ​တို့၌​လည်း​ကောင်း၊ နတ်​ဝင်​နှင့် စုန်း​တို့၌​လည်း​ကောင်း ဆည်း​ကပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 4,
      "text": "အဲ​ဂု​တ္တု​ပြည်​သား​တို့​ကို ကြမ်း​ကြုတ်​သော သ​ခင်​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ ပြင်း​ထန်​သော ရှင်​ဘု​ရင်​တစ်​ပါး​သည် အုပ်​စိုး​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 5,
      "text": "ထို​အ​ခါ​ပင်​လယ်​ရေ​ပြတ်​လိမ့်​မည်။ မြစ်​ရေ​လည်း​လျော့၍ ခန်း​ခြောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 6,
      "text": "ချောင်း​ရေ​များ​လည်း​ပုပ်​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​မြစ်​လက်​ကြား​တို့​လည်း ရေ​ပြတ်၍ ခန်း​ခြောက်​သ​ဖြင့်၊ ကျူ​ပင်​နှင့် ကိုင်း​ပင်​တို့​သည် ညှိုး​နွမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 7,
      "text": "မြစ်​လက်​ကြား​နား​နှင့် ချောင်း​ဝ​နား​မှာ​ပေါက်​သော မြက်​ပင်​အ​စ​ရှိ​သော၊ မြစ်​နား​မှာ​စိုက်​သ​မျှ​တို့​သည် ညှိုး​နွမ်း​ပျက်​စီး ပ​ပျောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 8,
      "text": "တံ​ငါ​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်၌ ငါး​မျှား​ကို​ချ​သ​မျှ​သော​သူ​တို့​သည် မြည်​တမ်း၍ ရေ​ပေါ်​မှာ ပိုက်​ကွန်​ကို ဖြန့်​တတ်​သော သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 9,
      "text": "ပိုက်​ဆန်​လုပ်​သော​သူ​နှင့် ဇာ​မျိုး​ကို​ရက်​သော သူ​တို့​သည်​လည်း အ​ကျိုး​နည်း​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 10,
      "text": "အ​မှီ​တံ​ကဲ​တို့​သည်​ပျက်၍၊ အ​ခ​စား​သော​သူ​အ​ပေါင်း​တို့​သည် ညှိုး​ငယ်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 11,
      "text": "အ​ကယ်​စင်​စစ် ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ၏။ ဖာ​ရော​ဘု​ရင်၏ တိုင်​ပင်​မှူး​မတ်​တို့​သည် မိုက်​သော​အ​ကြံ​ကို ပေး​ကြ၏။ ကျွန်​တော်​သည် ပ​ညာ​ရှိ​အ​မျိုး၊ ရှေး​ဘု​ရင်​တို့​အ​နွယ်​ဖြစ်​ပါ​သည်​ဟု ဖာ​ရော​ဘု​ရင်​အား အ​ဘယ်​ကြောင့် လျှောက်​ကြ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 12,
      "text": "သူ​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။ သင်၏​ပ​ညာ​ရှိ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​တစ်​ဖက်၌ အ​ဘယ်​သို့​ကြံ​စည်​တော်​မူ​သည်​ကို ယ​ခု​ပြော​ကြ​ပါ​စေ။ ဖော်​ပြ​ကြ​ပါ​စေ။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 13,
      "text": "ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ​ပြီ။ နော​ဗ​မင်း​တို့​သည် မှား​ယွင်း​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၏ အ​မျိုး​အ​နွယ်​များ​ကို​အုပ်​သော အ​ကြီး​အ​ကဲ​တို့​ကို​လည်း မှား​ယွင်း​စေ​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၏​အ​လယ်၌ ယစ်​မူး​သော​သ​ဘော​ကို ပြင်​ဆင်​တော်​မူ​သ​ဖြင့်၊ ယစ်​မူး​သော​သူ​သည် မိ​မိ​အန်​ဖတ်၌ လဲ​သ​ကဲ့​သို့၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မှား​ယွင်း​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 15,
      "text": "အဲ​ဂု​တ္တု​ပြည်၏ ဦး​ခေါင်း​ဖြစ်​စေ၊ အ​မြီး​ဖြစ်​စေ၊ စွန်​ပ​လွံ​လက်​ဖြစ်​စေ၊ ကိုင်း​ပင်​ဖြစ်​စေ၊ ပြီး​စီး​နိုင်​သော​အ​မှု အ​လျှင်း​မ​ရှိ​ရ။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 16,
      "text": "ထို​ကာ​လ၌ အဲ​ဂု​တ္တု​လူ​တို့​သည်​မိန်း​မ​ကဲ့​သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ လက်​တော်​ကို လှုပ်​ရှား​တော်​မူ​သော​ကြောင့်၊ ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 17,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ​အ​စည်​ကြောင့်၊ ယု​ဒ​ပြည်​သည်​လည်း အဲ​ဂု​တ္တု​ပြည်၌ ကြောက်​မက်​ဖွယ်​ဖြစ်​လိမ့်​မည်။ ယု​ဒ​ပြည်​ဟူ၍​ပြော​ကာ​မျှ​နှင့် လူ​တိုင်း ကြောက်​ရွံ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 18,
      "text": "ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​တွင်၊ မြို့​ငါး​မြို့​တို့​သည် ခါ​နာန်​ဘာ​သာ​စ​ကား​ကို​ပြော၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ သ​စ္စာ​တော်​ကို​ခံ​ကြ​လိမ့်​မည်။ ထို​မြို့​တို့​တွင်၊ တစ်​မြို့​ကို သူ​ရိ​ယာ​မြို့​ဟူ၍​ခေါ်​ဝေါ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 19,
      "text": "ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​အ​လယ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပူ​ဇော်​ရာ​ယဇ်​ပ​လ္လင်​ရှိ​လိမ့်​မည်။ ပြည်​စွန်း​နား​တွင်​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မှတ်​တိုင်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 20,
      "text": "ထို​မှတ်​တိုင်​သည် အဲ​ဂု​တ္တု​ပြည်​တွင် နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​သက်​သေ​လည်း ဖြစ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ​သည်​ရှိ​သော်၊ ကယ်​တင်​သော​အ​ရှင်၊ အ​မှု​စောင့်​သ​ခင်​ကို သူ​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ၍၊ ထို​သ​ခင်​သည် ကယ်​တင်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 21,
      "text": "အဲ​ဂု​တ္တု​ပြည်​တွင် ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရ​ကြ​သည်​ဖြစ်၍ ထို​ကာ​လ၌ အဲ​ဂု​တ္တု​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​သော​ကြောင့်၊ ပူ​ဇော်​သ​ကာ အ​လှူ​ဒါ​န​ကို​ဆက်​ကပ်၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သ​စ္စာ​က​တိ​ထား၍၊ ထား​သည်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အဲ​ဂု​တ္တု​ပြည်​ကို ဒဏ်​ခတ်၍၊ ခတ်​ပြီး​သော​ဒဏ်​ရာ​ကို ပျောက်​စေ​တော်​မူ​မည်။ သူ​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​သည်​ကာ​လ၊ သူ​တို့​တောင်း​ပန်​ခြင်း​ကို နား​ထောင်၍ ဒဏ်​ရာ​ကို ပျောက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 23,
      "text": "ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​သည် အာ​ရှု​ရိ​ပြည်​တိုင်​အောင်၊ လမ်း​တွင်​လိမ့်​မည်။ အာ​ရှု​ရိ​လူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​သည်၊ အာ​ရှု​ရိ​ပြည်​သို့​လည်း​ကောင်း​သွား​လာ၍ အဲ​ဂု​တ္တု​လူ​နှင့် အာ​ရှု​ရိ​လူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဝတ်​ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 24,
      "text": "ထို​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​အ​မျိုး​နှင့်​လည်း​ကောင်း၊ အာ​ရှု​ရိ​အ​မျိုး​နှင့်​လည်း​ကောင်း​ပေါင်း၍၊ တ​တိ​ယ​အ​မျိုး​တည်း​ဟူ​သော မြေ​ကြီး​အ​လယ်၌ မင်္ဂ​လာ​ပြု​သော​အ​မျိုး​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 19,
      "verse": 25,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ၏​လူ​အဲ​ဂု​တ္တု​အ​မျိုး၊ ငါ​ပြု​ပြင်​သော အာ​ရှု​ရိ​အ​မျိုး၊ ငါ၏​အ​မွေ​ဥ​စ္စာ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 1,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင် သာ​ဂုန်​စေ​လွှတ်​သော​ဗိုလ်​မင်း​တာ​တန်​သည် အာ​ဇုတ်​မြို့​သို့​စစ်​ချီ၍၊ ထို​မြို့​ကို လုပ်​ကြံ​သော​နှစ်​တွင်၊"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​သွား၍ ခါး​စည်း​သော​လျှော်​တေ​အ​ဝတ်​နှင့် ခြေ​နင်း​ကို​ချွတ်​လော့​ဟု၊ အာ​မုတ်​သား​ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည်​ပြု၍ အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​လျက်​နေ၏။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ဟေ​ရှာ​ယ​သည် အဲ​ဂု​တ္တု​ပြည်​နှင့် ကု​ရှ​ပြည်၌ ပု​ပ္ပ​နိ​မိတ်၊ အံ့​ဖွယ်​သော​အ​ရာ​ကို ပြ​ခြင်း​ငှာ၊ သုံး​နှစ်​ပတ်​လုံး အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​သ​ကဲ့​သို့၊"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 4,
      "text": "ထို​နည်း​တူ၊ အဲ​ဂု​တ္တု​လူ​များ​ကို အ​ရှက်​ခွဲ​ခြင်း​အ​လို​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် အဲ​ဂု​တ္တု​လူ​နှင့် ကု​ရှ​လူ​အ​ကြီး​အ​ငယ်​တို့​အား အ​ဝတ်​နှင့်​ခြေ​နင်း​ကို ချွတ်၍၊ တင်​ပါး​ကို​မျှ မ​ဖုံး​စေ​ဘဲ၊ ဖမ်း​ဆီး​ချုပ်​ထား​သိမ်း​သွား​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 5,
      "text": "အာ​ဇုတ်​မြို့​သား​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ သူ​တို့​ကိုး​စား​သော ကု​ရှ​ပြည်​ကို​လည်း​ကောင်း၊ ဝါ​ကြွား​သော အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း ရှက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 20,
      "verse": 6,
      "text": "ထို​ကမ်း​နား​မှာ နေ​သော​သူ​များ​က​လည်း၊ ကြည့်​ပါ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏​လက်​မှ​လွတ်​ခြင်း​ငှာ ငါ​တို့ မျှော်​လင့်​ရာ​အ​ရာ၊ ပြေး၍ ခို​လှုံ​ရာ​အ​ရာ​သည် ထို​သို့ ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည် အ​ဘယ်​သို့​လွတ်​နိုင်​ပါ​မည်​နည်း​ဟု ထို​အ​ခါ ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 1,
      "text": "ရေ​လွှမ်း​မိုး​သော​တော​နှင့် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ကား၊ တောင်​လေ​မုန်​တိုင်း​တိုက်​သ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော​ပြည်၊ တော​ကြီး​မှ​လာ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 2,
      "text": "ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 3,
      "text": "ထို​ကြောင့်၊ ငါ​သည် ခါး​နာ​လှ၏။ သား​ဖွား​သော မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ၏။ နား​မ​ကြား​နိုင်​အောင် ပြင်း​ထန်​စွာ​ခံ​ရ၏။ မျက်​စိ​မ​မြင်​နိုင်​အောင် မှိုင်​တွေ​လျက်​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 4,
      "text": "ငါ့​စိတ်​နှ​လုံး​သည် မူး​လျက်​ရှိ၏။ ကြောက်​မက်​ဖွယ်​သော​အ​ရာ​ဖြင့် ငါ​သည် ထိတ်​လန့်​လျက်​ရှိ၏။ ငါ​ပျော်​မွေ့​သော​ည​ကို ဘေး​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 5,
      "text": "စား​ပွဲ​ကို ပြင်​ပြီ။ ကင်း​စောင့်​ကို ထား​ပြီ။ စား​သောက်​လျက် နေ​ကြ၏။ အို မင်း​များ​တို့၊ ထ​ကြ၊ လွှား​ကို​ဆီ​လောင်း​ကြ။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​ရှင်​က၊ သင်​သွား၍ ကင်း​စောင့်​ကို​ထား​လော့။ မြင်​သည်​အ​တိုင်း ပြော​စေ​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 7,
      "text": "ကင်း​စောင့်​သည်​လည်း၊ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​တပ်​တစ်​တပ်၊ မြည်း​တပ်​တစ်​တပ်၊ ကု​လား​အုတ်​တပ်​တစ်​တပ်​ကို မြင်၍၊ သ​တိ​နှင့် စေ့​စေ့​ကြည့်​ရှု နား​ထောင်​ပြီး​လျှင်၊"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 8,
      "text": "သ​ခင်၊ ကျွန်​တော်​သည် နေ့​အ​ချိန်၌ ကင်း​မျှော်​စင်​ပေါ်​မှာ​အ​စဉ်​ရပ်၍၊ တစ်​ည​လုံး၌​လည်း ကင်း​စောင့်​လျက်​နေ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 9,
      "text": "ယ​ခု​မှာ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​စီး​သူ​ရဲ​တပ်​ကို​မြင်​ပါ​သည်​ဟု ခြင်္သေ့​ကဲ့​သို့ ကြွေး​ကြော်၏။ သူ​က​လည်း၊ ဗာ​ဗု​လုန်​မြို့ ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ၊ သူ၏​ဘု​ရား​ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​သည် မြေ​ပေါ်​မှာ ကျိုး​ပဲ့​လျက် ရှိ​ကြ​ပါ​သည်​ဟု ထပ်၍​ဆို​လေ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 10,
      "text": "ငါ​နင်း​နယ်၍ ငါ့​တ​လင်း​ပြင်​မှ ထွက်​သော​စ​ပါး၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ရ​သည်​အ​တိုင်း၊ သင်​တို့​အား​ငါ​ဆင့်​ဆို​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 11,
      "text": "ဒု​မာ​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ အို​ကင်း​စောင့်၊ ည​အ​မှု​ကား အ​ဘယ်​သို့​နည်း။ အို ကင်း​စောင့်၊ ည​အ​မှု​ကား အ​ဘယ်​သို့​နည်း​ဟု စိ​ရ​တောင်​ပေါ်​က ငါ့​ကို ဟစ်​ခေါ်​လေ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 12,
      "text": "ကင်း​စောင့်​က​လည်း၊ နံ​နက်​သည် လာ၏။ ည​လည်း​လာ၏။ သင်​တို့​သည် မေး​မြန်း​လို​လျှင် မေး​မြန်း​ကြ။ ပြန်​သွား​ကြ။ တစ်​ဖန် လာ​ကြ​ဟု ဆို​လေ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 13,
      "text": "အာ​ရပ်​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ခ​ရီး​သွား​သော ဒေ​ဒန်​လူ​စု​တို့၊ သင်​တို့​သည် အာ​ရပ်​တော​မှာ ည​ကို လွန်​စေ​ရ​ကြ​မည်။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 14,
      "text": "တေ​မ​ပြည်​သား​တို့၊ ရေ​ငတ်​သော​သူ​အ​ဖို့ ရေ​ကို​ယူ​ခဲ့​ကြ၏။ ပြေး​သော​သူ​ကို မုန့်​နှင့်​ဆီး၍ ကြို​ကြ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး​မှ​လည်း​ကောင်း၊ ထုတ်​သော​ဓား၊ တင်​သော​လေး၊ အ​လွန်​ခက်​သော စစ်​မှု​မှ​လည်း​ကောင်း ပြေး​ကြ၏။"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ တစ်​နှစ်​တွင် ကေ​ဒါ​မြို့၏ ဘုန်း​အ​သ​ရေ​ရှိ​သ​မျှ​ကွယ်​ပျောက်၍၊"
    },
    {
      "book": 23,
      "chapter": 21,
      "verse": 17,
      "text": "ကျန်​ကြွင်း​သော ကေ​ဒါ​အ​မျိုး​သား၊ လေး​စွဲ​သူ​ရဲ​တို့​သည် အ​လွန်​နည်း​ကြ​လိမ့်​မည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 1,
      "text": "ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​နှင့် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ကား၊ သင့်​တစ်​မြို့​လုံး​သည် အိမ်​မိုး​ပေါ်​သို့​တက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​အ​မှု ရောက်​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 2,
      "text": "အ​ထက်​က အ​သံ​ဗ​လံ​များ၍ အုတ်​အုတ်​ကျက်​ကျက် ပြု​တတ်​သော​မြို့၊ ရွှင်​လန်း​သော​မြို့၊ သင်၏​လူ​သေ​တို့​သည် ဓား​လက်​နက်​ကြောင့် ဆုံး​ကြ​သည်​မ​ဟုတ်။ စစ်​တိုက်​ရာ​မှာ သေ​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 3,
      "text": "သင်၏​မင်း​အ​ပေါင်း​တို့​သည် အ​တူ​ပြေး​ကြ၏။ လေး​သ​မား​တို့​လက်၌ ချည်​နှောင်​လျက် ရှိ​ကြ၏။ တွေ့​သ​မျှ​သော သင်၏​လူ​တို့​သည် အ​ဝေး​သို့​ပြေး​သော်​လည်း၊ အ​တူ​ချည်​နှောင်​လျက် ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 4,
      "text": "ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ငါ့​ကို​မ​ကြည့်​ပါ​နှင့်။ ပြင်း​စွာ ငို​ရ​မည်။ ငါ့​အ​မျိုး​သ​တို့​သ​မီး​ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​စိတ်​ပြေ​စေ​ခြင်း​ငှာ မ​ကြိုး​စား​ပါ​နှင့်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 5,
      "text": "ကောင်း​ကင် ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​တွင် စီ​ရင်​တော်​မူ​သ​ဖြင့်၊ ဒု​က္ခ​ခံ​ရာ​ကာ​လ၊ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ၊ မြို့​ရိုး​ကို​ဖြို၍ တောင်​တို့​ကို အော်​ဟစ်​ရာ​ကာ​လ​သည် ရောက်​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 6,
      "text": "ဧ​လံ​အ​မျိုး​သည် မြား​တောင့်​ကို ဆောင်​လျက်၊ ရ​ထား​စီး​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ​တို့​နှင့်​တ​ကွ လာ၏။ ကိ​ရ​အ​မျိုး​သည် ဒိုင်း​လွှား​ကို ထုတ်​လေ၏။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 7,
      "text": "သင်၏​အ​မြတ်​ဆုံး​သော ချိုင့်​တို့​သည် ရ​ထား​နှင့်​ပြည့်​ကြ၏။ မြင်း​စီး​သူ​ရဲ​တို့​သည် မြို့​တံ​ခါး​ရှေ့​မှာ တပ်​ချ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 8,
      "text": "ယု​ဒ​ပြည်​ကို ဖွင့်​လှစ်​သည် ဖြစ်၍၊ သင်​သည် ထို​အ​ခါ လက်​နက်​စုံ​သို​ထား​ရာ၊ တော​နန်း​တော်​သို့ ကြည့်​ရှု​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 9,
      "text": "ဒါ​ဝိဒ်၏​မြို့ အ​ပြို​အ​ပျက်​များ​သည်​ကို သင်၏​လူ​တို့​သည် မှတ်​ရ​ကြ​လိမ့်​မည်။ အောက်​ရေ​ကန်​မှ ထွက်​သော​ရေ​ကို စု​ဝေး​စေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 10,
      "text": "ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အိမ်​များ​ကို ရေ​တွက်​ကြ​လိမ့်​မည်။ မြို့​ရိုး​ကို​ပြု​ပြင်​လို​သော​ငှာ၊ အိမ်​များ​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 11,
      "text": "ရေ​ကန်​ဟောင်း​မှ ထွက်​သော​ရေ စု​ဝေး​ရာ​ကို​လည်း၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား​တွင် လုပ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဤ​အ​မှု​ကို စီ​ရင်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ကြည့်​မ​မှတ်​တတ်​ကြ။ ရှေး​က​ဖန်​ဆင်း​တော်​မူ​သော​သူ​ကို ပ​မာ​ဏ​မ​ပြု​တတ်​ကြ။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 12,
      "text": "ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 13,
      "text": "ကြည့်​ပါ။ ဝမ်း​မြောက် ရွှင်​လန်း​ခြင်း​အ​မှု၊ သိုး​နွား​များ​ကို သတ်​ခြင်း၊ အ​မဲ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​အ​မှု​ကို ပြု​လျက်၊ ငါ​တို့​သည် စား​ကြ​ကုန်​အံ့၊ သောက်​ကြ​ကုန်​အံ့၊ နက်​ဖြန်​သေ​ရ​ကြ​မည်​ဟု ပြော​ဆို​ကြ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 14,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား၌ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​အ​ပြစ်​သည် သင်​တို့ မ​သေ​မ​ချင်း​တိုင်​အောင် မ​ပြေ​မ​ရှင်း​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 15,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘ​ဏ္ဍာ​တော်​စိုး၊ နန်း​တော်​အုပ် ရှေ​ဗ​န​အိမ်​သို့ သွား​ပြီး​လျှင်၊"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 16,
      "text": "မြင့်​သော​အ​ရပ်၌ ကိုယ်​သင်္ချိုင်း​တွင်း​ကို ထွင်း၍၊ ကိုယ်​နေ​ရာ​ကို ကျောက်၌​ထု​လုပ်​သော​သူ၊ သင်​သည် ဤ​အ​ရပ်၌ သင်္ချိုင်း​တွင်း​ကို ကိုယ်​အ​ဖို့​ထွင်း​စေ​ခြင်း​ငှာ၊ ဤ​အ​ရပ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဤ​အ​ရပ်​သား​တို့​တွင် အ​ဘယ်​သူ​နှ​င့် ဆိုင်​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော​နှင်​ထုတ်​ခြင်း​ဖြင့် သင့်​ကို နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ သင့်​ကို အ​မှန်​ကိုင်​ဖမ်း၍၊"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 18,
      "text": "တ​လိမ့်​လိမ့် လှိမ့်​လျက်၊ လောက်​လွှဲ​စာ​ကဲ့​သို့ ကျယ်​သော​ပြည်​သို့ ပစ်​လိုက်​တော်​မူ​လိမ့်​မည်။ သင်​သည် ထို​ပြည်၌ သေ​ရ​လိမ့်​မည်။ ထို​ပြည်၌​လည်း သင်၏ ကျက်​သ​ရေ​ရ​ထား​တို့​သည်၊ သင့်​အ​ရှင်၏​အ​မျိုး အ​ရှက်​ကွဲ​စ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 19,
      "text": "ငါ​သည်​လည်း သင်၏​အ​ရာ​ကို​နုတ်​မည်။ သင်၏​နေ​ရာ​မှ​သင့်​ကို​ချ​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 20,
      "text": "ထို​ကာ​လ၌ ငါ့​ကျွန်၊ ဟိ​လ​ခိ၏​သား​ဧ​လျာ​ကိမ်​ကို ငါ​ခေါ်၍၊"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 21,
      "text": "သင်၏​ဝတ်​လုံ​နှင့် ဝတ်​ဆင်​စေ​မည်။ သင်၏​ခါး​စည်း​နှင့် ချီး​မြှောက်၍၊ သင်၏​အ​စိုး​ရ​သော​အ​ခွင့်​ကို အပ်​ပြီး​လျှင်၊ သူ​သည် ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 22,
      "text": "ဒါ​ဝိဒ်​မင်း​မျိုး၏​တံ​ခါး​သော့​ကို သူ၏​ပ​ခုံး​ပေါ်​မှာ ငါ​တင်​ထား​သ​ဖြင့်၊ သူ​သည် အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ဖွင့်​နိုင်​အောင် ပိတ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 23,
      "text": "မြဲ​သော​အ​ရပ်၌ စွဲ​သော​တံ​စို့​ကဲ့​သို့ သူ့​ကို​ငါ​စွဲ​စေ​မည်။ သူ​သည် မိ​မိ​အ​ဘ၏​အိမ်၌ ကျက်​သ​ရေ​ပ​လ္လင်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 24,
      "text": "သူ၏​အ​ဘ​အိမ်၌ ရှိ​သ​မျှ​သော​ဘုန်း​အ​သ​ရေ၊ အ​မျိုး​အ​နွယ်၊ အ​မြတ်​အ​ယုတ်၊ ခွက်​ဖ​လား​ရှိ​သ​မျှ၊ အင်​တုံ၊ အိုး​အ​မျိုး​မျိုး​တို့​ကို သူ၌ ဆွဲ​ထား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 22,
      "verse": 25,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​တွင် မြဲ​သော​အ​ရပ်၌ အ​ရင်​စွဲ​သော​တံ​စို့​သည် နေ​ရာ​မှ​ရွှေ့၍၊ ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ၌​ဆွဲ​ထား​သော​ဥ​စ္စာ​သည်​လည်း၊ ခုတ်​ပယ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 1,
      "text": "တု​ရု​မြို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ တာ​ရှု​သင်္ဘော​များ​တို့၊ ညည်း​တွား​မြည်​တမ်း​ကြ​လော့။ မြို့​သည် အိမ်​မ​ရှိ၊ တည်း​ခို​စ​ရာ မ​ရှိ​သည်​တိုင်​အောင် ရှင်း​ရှင်း​ပျက်​စီး​လေ​ပြီ။ ခိ​တ္တိမ်​ပြည်​မှ သ​တင်း​ကြား​ရ၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 2,
      "text": "ပင်​လယ်​ကူး​တတ်​သော ဇိ​ဒုန်​ကုန်​သည်​တို့​သည် စည်​ပင်​စေ​သော၊ ပင်​လယ်​ကမ်း​နား​မှာ နေ​သော​သူ​တို့၊ မှိုင်​တွေ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 3,
      "text": "များ​သော​ရေ​ကို အ​မှီ​ပြု​သော ရှိ​ဟော​ရ​မျိုး​စေ့၊ မြစ်၏​အ​သီး​အ​နှံ​ကို ထို​မြို့​သည် အ​ခွန်​ရ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၏ ဈေး​ဖြစ်​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 4,
      "text": "အို​ဇိ​ဒုန်​မြို့၊ ရှက်​ကြောက်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​တည်း​ဟူ​သော ပင်​လယ်​မြို့​ကြီး​က၊ ငါ​သည် ကိုယ်​ဝန်​မ​ဆောင်၊ သား​မ​ဖွား၊ လူ​ပျို​နှင့် အ​ပျို​မ​တို့​ကို မ​မွေး​မြူ​ရ​ဟု ပြော​ဆို၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 5,
      "text": "အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် တု​ရု​မြို့​သ​တင်း​ကို​ကြား​သော​အ​ခါ၊ ထို​သ​တင်း​ကြောင့် အ​လွန်​စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 6,
      "text": "တာ​ရှု​မြို့​သို့ ကူး​ကြ​လော့။ ပင်​လယ်​နား​မှာ နေ​သော​သူ​တို့၊ ညည်း​တွား​မြည်​တမ်း​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 7,
      "text": "ဤ​မြို့​သည် ရှေး​ကာ​လ၌​တည်​သ​ဖြင့် သင်​တို့ ရွှင်​လန်း​သော​မြို့​လော။ ဝေး​သော​အ​ရပ်၌ တည်း​ခို​ခြင်း​ငှာ၊ မိ​မိ​ခြေ​တို့​သည် မိ​မိ​ကို​ဆောင်​သွား​ကြ၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 8,
      "text": "တု​ရု​မြို့​သည် ရာ​ဇ​သ​ရ​ဖူ​ကို ပေး​တတ်​သော​မြို့ ဖြစ်​လျက်၊ သူ၏​ကုန်​သည်​တို့​သည် မင်း​သား၊ ဖောက်​ကား​ရောင်း​ဝယ်​သော သူ​တို့​သည် မြေ​ကြီး​မှူး​မတ်​ဖြစ်​လျက်၊ ထို​မြို့​တစ်​ဖက်၌ အ​ဘယ်​သူ​သည် ဤ​အ​ကြံ​ကို ကြံ​စည်​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 9,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​သ​မျှ​သော ဘုန်း​အ​သ​ရေ၏​မာ​န​ကို အ​ရှက်​ခွဲ​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​မှူး​မတ်​အ​ပေါင်း​တို့​ကို ရှုတ်​ချ​ခြင်း​ငှာ​လည်း​ကောင်း ထို​သို့ ကြံ​စည်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 10,
      "text": "အို တာ​ရှု​မြို့၏​သ​မီး၊ ကမ်း​ရိုး​ပျက်​လေ​ပြီ။ မြစ်​ကဲ့​သို့ ကိုယ်​ပြည်​ကို​နှံ့​ပြား​လော့။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 11,
      "text": "ရန်​သူ​သည် ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍၊ တိုင်း​နိုင်​ငံ​တို့​ကို လှုပ်​ရှား​လေ၏။ ခါ​နာန်​ပြည်၌ ခိုင်​ခံ့​သော​အ​ရပ်​တို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 12,
      "text": "ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​က​ညာ၊ ဇိ​ဒုန်​မြို့၏​သ​မီး၊ သင်​သည် နောက်​တစ်​ဖန် ရွှင်​လန်း​ခြင်း​မ​ရှိ​ရ။ ထ​လော့။ ခိ​တ္တိမ်​ပြည်​သို့ ကူး​သွား​လော့။ ထို​အ​ရပ်၌​လည်း ငြိမ်​သက်​ခြင်း​မ​ရှိ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 13,
      "text": "အ​ထက်​က​မ​ရှိ​သော ခါ​လ​ဒဲ​အ​မျိုး​သား​တို့​နေ​သော​ပြည်​ကို ကြည့်​ရှု​လော့။ ထို​ပြည်​ကို အာ​ရှု​ရိ​မင်း​သည် တော​တွင်း​သား​တို့ နေ​စ​ရာ​ဖို့ တည်​ထောင်၏။ ထို​ပြည်​သား​တို့​သည် ပြ​အိုး​တို့​ကို တည်​ဆောက်၍၊ တု​ရု​အိမ်​တော်​များ​နှင့် မြို့​ကို​လည်း ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 14,
      "text": "တာ​ရှု​သင်္ဘော​များ​တို့၊ ညည်း​တွား​မြည်​တမ်း​ကြ​လော့။ သင်​တို့၏​မြို့​ကြီး​သည် ပျက်​ကုန်​ပြီ။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 15,
      "text": "ထို​ကာ​လ၌ တု​ရု​မြို့​ကို၊ မင်း​ဆက်​တစ်​ဆက် အ​တိုင်း​အ​ရှည်၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ အ​နှစ် ခု​နစ်​ဆယ်​လွန်​သော​အ​ခါ၊ ပြည့်​တန်​ဆာ​မိန်း​မ​အား သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တု​ရု​မြို့​အား သီ​ချင်း​ဆို​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 16,
      "text": "အ​ဘယ်​သူ​မျှ မ​အောက်​မေ့​သော ပြည့်​တန်​ဆာ​မိန်း​မ၊ စောင်း​ကို​ကိုင်၍ မြို့​တွင်​လှည့်​လည်​လော့။ သူ​တစ်​ပါး​တို့​သည် သင့်​ကို သ​တိ​ရ​စေ​ခြင်း​ငှာ၊ သာ​ယာ​သော​အ​သံ​နှင့် တီး၍၊ သီ​ချင်း​ကို များ​စွာ​ဆို​လော့။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 17,
      "text": "အ​နှစ်​ခု​နစ်​ဆယ်​လွန်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တု​ရု​မြို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​လိမ့်​မည်။ သူ​သည်​လည်း တစ်​ဖန် အ​မြတ်​ရ​သော ဘာ​သာ​သို့​လိုက်​ပြန်၍၊ မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ ရှိ​သ​မျှ​သော လော​ကီ​နိုင်​ငံ​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 23,
      "verse": 18,
      "text": "သို့​ရာ​တွင်၊ သူ၏​ကုန်​သွယ်​ခြင်း၊ အ​မြတ်​ရ​ခြင်း​အ​ရာ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​လိမ့်​မည်။ ဆည်း​ပူး​သို​ထား​ခြင်း​ကို မ​ပြု​ရ။ ကုန်​သွယ်​သော ဥ​စ္စာ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နေ​သော​သူ​တို့​အ​ဖို့ ဖြစ်၍ သူ​တို့​သည်​ဝ​စွာ​စား၍ ခိုင်​သော​အ​ဝတ်​ကို ဝတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 1,
      "text": "ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို လွတ်​လပ်​စေ၍ ပယ်​ရှင်း​မှောက်​ထား​သ​ဖြင့်၊ ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 2,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဆင်း​ရဲ​သား​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​သည် ကျွန်​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​မ​သည် ကျွန်​မ​ကဲ့​သို့​လည်း​ကောင်း၊ ရောင်း​သော​သူ​သည် ဝယ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကြွေး​ရှင်​သည် ကြွေး​တင်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ အ​တိုး​စား​သော​သူ​သည် အ​တိုး​ပေး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 3,
      "text": "တစ်​ပြည်​လုံး လွတ်​လပ်၍ ရှင်း​ရှင်း​ပျက်​စီး​ရ​လိမ့်​မည် ဟူ​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 4,
      "text": "ပြည်​တော်​သည် ငြို​ငြင်​ညှိုး​ငယ်​ခြင်း​ရှိ၏။ လော​က​သည် အား​လျော့၍ ညှိုး​ငယ်​ခြင်း​ရှိ၏။ ဘုန်း​ကြီး​သော ပြည်​သား​တို့​သည် အား​လျော့​ကြ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 5,
      "text": "ပြည်​သား​တို့​သည် တ​ရား​တော်​ကို လွန်​ကျူး​ခြင်း၊ အ​မိန့်​တော်​ကို​ပြောင်း​လဲ​ခြင်း၊ ထာ​ဝ​ရ​သ​စ္စာ​တော်​ကို ဖျက်​ခြင်း​အ​ကြောင်း​ကြောင့်၊ ပြည်​တော်​သည် ညစ်​ညူး​ခြင်း​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 6,
      "text": "ထို​ကြောင့်၊ ကျိန်​တော်​မူ​သော အ​ကျိန်​သည် ပြည်​တော်​ကို​လွှမ်း​မိုး​ပြီ။ ပြည်​သား​တို့​အ​ပေါ်​မှာ အ​ပြစ်​ရောက်​လေ​ပြီ။ ထို​ကြောင့် ပြည်​သား​တို့​သည် ပူ​လောင်​ကြ​သ​ဖြင့်၊ ကျန်​ကြွင်း​သော​သူ​တို့​သည် နည်း​ကြ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 7,
      "text": "သစ်​သော​စ​ပျစ်​ရည်​သည် ငြို​ငြင်​လေ၏။ စ​ပျစ်​နွယ်​ပင်​သည်​လည်း အား​လျော့​လေ၏။ စိတ်​ရွှင်​လန်း​သော​သူ​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 8,
      "text": "သာ​ယာ​သော​ပတ်​သာ​အ​သံ ငြိမ်း​ပြီ။ ဝမ်း​မြောက်​သော​သူ၏ အ​သံ​မ​ရှိ။ သာ​ယာ​သော​စောင်း​သံ​လည်း ငြိမ်း​ပြီ။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 9,
      "text": "သီ​ချင်း​ဆို​လျက် စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။ သေ​ရည်​သေ​ရက်​ကို သောက်​သော​သူ​တို့​သည် ပါး​စပ်​ခါး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 10,
      "text": "လွတ်​လပ်​သော​မြို့​သည် ပြို​ပျက်​လေ​ပြီ။ အ​ဘယ်​သူ​မျှ မ​ဝင်​စေ​ခြင်း​ငှာ၊ အိမ်​များ​ကို ပိတ်​ထား​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 11,
      "text": "စ​ပျစ်​ရည်​ပြတ်​သော​ကြောင့် လမ်း​ခ​ရီး​တို့၌ မြည်​တမ်း​ခြင်း​ရှိ၏။ ဝမ်း​မြောက်​ခြင်း​လည်း အ​ကြွင်း​မဲ့​ကွယ်​ပြီ။ တစ်​ပြည်​လုံး၌ သာ​ယာ​သော​အ​သံ​ငြိမ်း​ပြီ။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 12,
      "text": "ဆိတ်​ညံ​ခြင်း​သည် မြို့​ထဲ​မှာ​ကျန်​ရစ်၏၊ မြို့​တံ​ခါး​ကို​လည်း ရိုက်​ခတ်၍ ဖြို​ဖျက်​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 13,
      "text": "ထို​သို့ ပြည်​တော်​အ​လယ်၊ ပြည်​သား​တို့​တွင် ဖြစ်​ရ​သော်​လည်း သံ​လွင်​ပင်​ကို​လှုပ်၍ အ​သီး​ကို ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို သိမ်း​ယူ​သော​နောက်၊ အ​ကြွင်း​အ​ကျန်​ကို ကောက်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 14,
      "text": "ထို​သူ​တို့​သည် ကြွေး​ကြော်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​သော​အ​သံ​နှင့် ပင်​လယ်​တစ်​ဖက်​မှ မြည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 15,
      "text": "သို့​ဖြစ်၍၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၌၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 16,
      "text": "သန့်​ရှင်း​တော်​မူ​သော​သူ​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု မြေ​ကြီး​စွန်း​မှ သီ​ချင်း​ဆို​သံ​ကို ငါ​တို့​သည်​ကြား​ရ၏။ ငါ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ၏။ အ​လွန်​ဆင်း​ရဲ၏။ အ​မင်္ဂ​လာ​ရှိ၏။ လု​ယက်​သော​သူ​တို့​သည် လု​ယက်​လျက်​နေ​ကြ၏။ လု​ယက်​သော​သူ​တို့​သည် ကြမ်း​တမ်း​စွာ လု​ယက်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 17,
      "text": "အို ပြည်​သား၊ သင်​သည် ကြောက်​လန့်​ဖွယ်​သော​အ​ရာ မြေ​တွင်း၊ ကျော့​ကွင်း​ထဲ​သို့ ရောက်​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 18,
      "text": "ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ကောင်း​ကင်​ပြွန်​ဝ​ပွင့်​လျက်​ရှိ၍၊ မြေ​ကြီး​အ​မြစ်​လည်း လှုပ်​ရှား​လေ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 19,
      "text": "ပြည်​တော်​သည် တစ်​ပြည်​လုံး ပြုတ်​လေ​ပြီ။ ပြည်​တော်​သည် အ​ကုန်​အ​စင် ပြို​ပျက်​လေ​ပြီ။ ပြည်​တော်​သည် အ​လွန်​တုပ်​လှုပ်​လျက် ရှိ​လေ၏။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 20,
      "text": "ပြည်​တော်​သည် ယစ်​မူး​သော​သူ​ကဲ့​သို့ တ​လူး​လည်​လည်​ရှိ၏။ ပု​ခက်​ကဲ့​သို့ လှုပ်​ရှား၏။ မိ​မိ​အ​ပြစ်​သည် မိ​မိ​အ​ပေါ်​မှာ​လေး​သ​ဖြင့်၊ ပြည်​တော်​သည် လဲ​လိမ့်​မည်။ နောက်​တစ်​ဖန်​မ​ထ​ရ။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 21,
      "text": "ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည်၊ မြင့်​သော​အ​ရပ်၌ မြင့်​သော​အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ​မြေ​ကြီး ရှင်​ဘု​ရင်​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​စစ်​ကြော​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 22,
      "text": "သူ​တို့​သည် တွင်း​ထဲ​မှာ တစ်​စု​တည်း​စု​ဝေး၍ ချည်​နှောင်​ခြင်း၊ ထောင်​ထဲ​မှာ ချုပ်​ထား​ခြင်း​ကို​ခံ​လျက် နေ​ရ​ကြ​လိမ့်​မည်။ များ​စွာ​သော နေ့​ရက်​ကာ​လ​လွန်​ပြီး​မှ၊ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 24,
      "verse": 23,
      "text": "လ​သည်​လည်း မျက်​နှာ​ပျက်​လိမ့်​မည်။ နေ​သည်​လည်း အ​ရှက်​ကွဲ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဇိ​အုန်​တောင်​ပေါ်​မှာ ယေ​ရု​ရှ​လင်​မြို့၌ မင်း​ပြု၍၊ အ​သက်​ကြီး​သူ​တို့​ရှေ့​တွင် ဘုန်း​ကြီး​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 1,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မြှောက်​စား​ပါ​မည်။ နာ​မ​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ ရှေး​အ​ကြံ​တော်​တို့​သည် မ​ရွေ့၊ သ​စ္စာ​နှင့် မြဲ​မြံ​ကြ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 2,
      "text": "မြို့​ကို​အ​မှိုက်​ပုံ၊ ခိုင်​ခံ့​သော​မြို့​ကို ဖြို​ဖျက်​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ နေ​ရာ​ဘုံ​ဗိ​မာန်​သည် မြို့​မ​ဖြစ်၊ နောက်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 3,
      "text": "ထို​ကြောင့်၊ အား​ကြီး​သော​လူ​မျိုး​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​တို့၏ နေ​ရာ​မြို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ပါ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 4,
      "text": "ကိုယ်​တော်​သည် ဆင်း​ရဲ​သော​သူ​တို့ ခို​လှုံ​ရာ၊ ငတ်​မွတ်​သော​သူ အ​မှု​ရောက်​သည်​ကာ​လ၌ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထ​ရံ​ကို​တိုက်​သော မိုး​သက်​မုန်​တိုင်း​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏ ဒေါ​သ​အ​မျက်​ထွက်​သော​အ​ခါ၊ မိုး​သက်​မုန်​တိုင်း​လွတ်​ရာ၊ နေ​ရောင်​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 5,
      "text": "သွေ့​ခြောက်​သော အ​ရပ်၌ နေ​အ​ရှိန်​ကို​ကဲ့​သို့၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တို့၏ အ​သံ​ဗ​လံ​ကို ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ ထူ​ထပ်​သော မိုး​တိမ်​အား​ဖြင့် နေ​အ​ရှိန်​ပျောက်​သ​ကဲ့​သို့၊ ကြောက်​မက်​ဖွယ်​သော​သူ​တို့၏​သီ​ချင်း​သံ ပျောက်​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 6,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 7,
      "text": "လူ​ခပ်​သိမ်း​တို့​ကို ဖုံး​သော မျက်​နှာ​ဖုံး​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​ကို​ဖုံး​လွှမ်း​သော တင်း​တိမ်​ကို​လည်း​ကောင်း၊ ဤ​တောင်​ပေါ်​မှာ ပယ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 8,
      "text": "သေ​ခြင်း​ကို​လည်း နစ်​မွန်း​ဆုံး​ရှုံး​စေ​တော်​မူ​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ခပ်​သိမ်း​သော မျက်​နှာ​တို့​မှ မျက်​ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏​လူ​တို့​သည် ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို​လည်း၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ပယ်​ရှင်း​တော်​မူ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 9,
      "text": "ထို​ကာ​လ၌ ကြည့်​ရှု​လော့။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော၊ ငါ​တို့၏​ဘု​ရား​သ​ခင်​တည်း။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ဤ​အ​ရှင်​ကား၊ ငါ​တို့​မျှော်​လင့်​သော ထာ​ဝ​ရ​ဘု​ရား​တည်း။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကြောင့်၊ ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဤ​တောင်​ပေါ်​မှာ​ငြိမ်း​လိမ့်​မည်။ ကောက်​ရိုး​သည် နောက်​ချေး​ရွှံ့​ဗွက်၌ နှိပ်​နင်း​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊ မော​ဘ​ပြည်​သည် မိ​မိ၌​နှိပ်​နင်း​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 11,
      "text": "ရေ​ကူး​သော​သူ​သည် ရေ​ကူး​ခြင်း​ငှာ လက်​ကို​ဆန့်​သ​ကဲ့​သို့၊ မော​ဘ​ပြည်​အ​လယ်၌ လက်​တော်​ကို​ဆန့်၍၊ မော​ဘ၏​မာ​န​နှင့် လက်​သ​တ္တိ​ကို ချ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 25,
      "verse": 12,
      "text": "သင်​တို့၏ မြို့​ရိုး​ပြ​အိုး အ​ထွတ်​ကို​ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​သ​ဖြင့်၊ မြေ​မှုန့်​ထဲ​မှာ ချ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 1,
      "text": "ထို​ကာ​လ၌ ယု​ဒ​ပြည်​မှာ သီ​ချင်း​ဆို​လ​တ္တံ့​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့၌ ခိုင်​ခံ့​သော​မြို့​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြ​အိုး၊ ရင်​တား​အ​ရာ၌ စီ​ရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 2,
      "text": "တံ​ခါး​တို့​ကို ဖွင့်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 3,
      "text": "သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၌ အ​စဉ်​အ​မြဲ ခို​လှုံ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် နိ​စ္စ​ထာ​ဝ​ရ​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 5,
      "text": "မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။ မြင့်​မြတ်​သော​မြို့​ကို ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​ချ​လျက် မြေ​မှုန့်​ထဲ​မှာ ထား​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 6,
      "text": "ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 7,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ဖြောင့်​သော​လမ်း၌ သွား​တတ်၏။ အို ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ၏ လမ်း​ခ​ရီး​ကို ပြင်​ဆင်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 8,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် တ​ရား​တော်​လမ်း၌​သွား​လျက်၊ ကိုယ်​တော်​ကို​မျှော်​လင့်၍၊ ကိုယ်​တော်၏​အ​မည်၊ ဘွဲ့​နာ​မ​တော်​ကို စိတ်​နှ​လုံး၌ တ​သ​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 9,
      "text": "ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 10,
      "text": "မ​တ​ရား​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သော်​လည်း၊ တ​ရား​ကို မ​သင်​တတ်​ပါ။ တ​ရား​ကျင့်​ရာ​ပြည်၌​ပင် အ​ဓ​မ္မ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို ပ​မာ​ဏ​မ​ပြု​တတ်​ပါ။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 11,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 12,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား ငြိမ်​သက်​ခြင်း​ကို ပေး​တော်​မူ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့၏ အ​မှု​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 13,
      "text": "အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​သ​ခင်​တို့​သည် အ​ကျွန်ုပ်​တို့​ကို အ​စိုး​ရ​ကြ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​အား​ဖြင့်​သာ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​မည်။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 14,
      "text": "ထို​သ​ခင်​တို့​သည် သေ​ကြ​ပါ​ပြီ။ တစ်​ဖန် အ​သက်​မ​ရှင်​ရ​ကြ​ပါ။ သင်္ချိုင်း​သား​ဖြစ်၍ ထ​မြောက်​ခြင်း မ​ရှိ​ရ​ကြ​ပါ။ သူ​တို့​ကို ကြည့်​ရှု​ဖျက်​ဆီး၍၊ သူ​တို့၏​အ​မှတ်​မျှ မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 15,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​သ​ဖြင့်၊ ဘုန်း​ကြီး​တော်​မူ၏။ ပြည်​တော်​ကို ပတ်​ဝန်း​ကျင်၌ ကျယ်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 16,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ကိုယ်​တော်၌ ဆည်း​ကပ်​ကြ​ပါ​ပြီ။ ဆုံး​မ​တော်​မူ​သော​အ​ခါ၊ ဆု​တောင်း​ပ​တ္ထ​နာ​စ​ကား​ကို သွန်း​လောင်း​ကြ​ပါ​ပြီ။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 17,
      "text": "ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​သည် သား​ဖွား​ချိန်​နီး​သော​အ​ခါ နာ​ကျင်၍၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကြောင့် အော်​ဟစ်​သ​ကဲ့​သို့၊ ထို​အ​တူ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ရှေ့​တော်၌ ဖြစ်​ကြ​ပါ​ပြီ။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 18,
      "text": "အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဝန်​ဆောင်၍ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော်​လည်း၊ လေ​ကို​ဖွား​သ​ကဲ့​သို့ ဖြစ်​ကြ​ပါ​ပြီ​တ​ကား။ ပြည်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့​မ​ရောက်​ကြ။ လော​ကီ​သား​တို့​သည် မ​လဲ​ကြ​ပါ။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 19,
      "text": "ကိုယ်​တော်၏ လူ​သေ​တို့​သည် အ​သက်​ရှင်​ကြ​ပါ​လိမ့်​မည်။ ငါ၏​အ​သေ​ကောင်​တို့​သည်​လည်း ထ​မြောက်​ကြ​ပါ​လိမ့်​မည်။ မြေ​မှုန့်၌​နေ​သော သူ​တို့၊ နိုး၍ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​နှင်း​သည် မြက်​ပင်​တို့​ကို​ပေါက်​စေ​သော နှင်း​ကဲ့​သို့​ဖြစ်၍၊ မြေ​သည်​လည်း မိ​မိ​သင်္ချိုင်း​သား​တို့​ကို ထုတ်​ဖော်​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 20,
      "text": "ငါ၏​လူ​တို့၊ လာ​ကြ။ အ​တွင်း​အ​ခန်း​ထဲ​သို့ ဝင်၍၊ သင်​တို့​ကို ကွယ်​ကာ​သော တံ​ခါး​များ​ကို ပိတ်​ထား​ကြ။ အ​မျက်​ကာ​လ လွန်​သည်​တိုင်​အောင် ခ​ဏ​သာ​ပုန်း​ရှောင်၍ နေ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 26,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​တို့​ကို၊ သူ​တို့​ဒု​စ​ရိုက်​ကြောင့် အ​ပြစ်​ပေး​လို​သော​ငှာ၊ မိ​မိ​အ​ရပ်​ဌာ​န​ထဲ​က ထွက်​တော်​မူ၏။ ထို​အ​ခါ မြေ​ကြီး​သည် မိ​မိ၌​ရှိ​သော​အ​သွေး​ကို ဖော်​ပြ​ရ​လိမ့်​မည်။ မိ​မိ၌ အ​သေ​ခံ​ရ​သော​သူ​တို့​ကို နောက်​တစ်​ဖန် ဝှက်၍​မ​ထား​ရ။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 1,
      "text": "ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ပြေး​တတ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း၊ လိမ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း ခိုင်​ခံ့​ကြီး​မား​သော ဓား​တော်​နှင့် ဒဏ်​ပေး၍၊ ပင်​လယ်၌​ရှိ​သော န​ဂါး​ကို​လည်း သတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 2,
      "text": "ထို​ကာ​လ၌ စ​ပျစ်​ဥ​ယျာဉ်​ကို အ​ကြောင်း​ပြု၍၊ ဤ​သို့ သီ​ချင်း​ဆို​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 3,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဥ​ယျာဉ်​စောင့်​ဖြစ်၏။ မ​ခြား​မ​လပ် ရေ​လောင်း​မည်။ အ​ဘယ်​သူ​မျှ မ​ဖျက်​စေ​ခြင်း​ငှာ၊ နေ့​ည​မ​ပြတ် စောင့်​ရှောက်​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 4,
      "text": "ငါ့​အ​မျက် ငြိမ်း​ပြီ။ ဆူး​ပင်​မျိုး​ကို​မူ​ကား၊ စစ်​ပွဲ၌ ငါ​တွေ့​ပါ​စေ​သော။ ချက်​ချင်း​တိုက်၍ တစ်​ပြိုင်​နက်​မီး​ရှို့​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 5,
      "text": "သို့​မ​ဟုတ် ငါ၏​အ​စွမ်း​သ​တ္တိ​ကို ကိုး​စား၍၊ ငါ​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​စေ။ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စေ​သော။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 6,
      "text": "နောင်​ကာ​လ၌ ယာ​ကုပ်​သည် အ​မြစ်​ကျ​လိမ့်​မည်။ ဣ​သ​ရေ​လ​သည် စိမ်း​လန်း၍ အ​ဖူး​အ​ငုံ​ထွက်​သ​ဖြင့်၊ လော​ကီ​နိုင်​ငံ​ကို အ​သီး​နှင့် ပြည့်​စေ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 7,
      "text": "သူ့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သည် နည်း​တူ၊ သူ့​ကို ညှဉ်း​ဆဲ​တော်​မူ​သ​လော။ သူ့​ကို​သတ်​သော​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​သည် နည်း​တူ၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သ​လော။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 8,
      "text": "သူ့​ကို​စွန့်​ပစ်၍ အ​တော်​အ​တန် ဆုံး​မ​တော်​မူ၏။ အ​ရှေ့​လေ လာ​သော​အ​ခါ၊ ပြင်း​စွာ​သော​လေ​ဖြင့် တိုက်​သွား​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 9,
      "text": "ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 10,
      "text": "သို့​သော်​လည်း၊ ခိုင်​ခံ့​သော​မြို့​သည်၊ ဆိတ်​ညံ​သော​အ​ရပ်၊ တော​ကဲ့​သို့​စွန့်၍ ပစ်​ထား​သော​နေ​ရာ ဖြစ်​လိမ့်​မည်။ ထို​အ​ရပ်၌ နွား​သ​ငယ်​သည် ကျက်​စား​လျက်၊ အိပ်​လျက်​နေ၍၊ အ​ညွန့်​များ​ကို ကိုက်​စား​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 11,
      "text": "အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 12,
      "text": "အို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ထို​ကာ​လ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကြီး​မှ​စ၍၊ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် သစ်​သီး​များ​ကို သိမ်း​ယူ​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် တစ်​ယောက်​နောက်​တစ်​ယောက်၊ ကောက်​သိမ်း​ခြင်း​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 27,
      "verse": 13,
      "text": "ထို​ကာ​လ၌​လည်း၊ ကြီး​သော​တံ​ပိုး​ကို မှုတ်​ရ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၌ ပျောက်​သော​သူ၊ အဲ​ဂု​တ္တု​ပြည်၌ စွန့်​ပစ်​သော​သူ​တို့​သည် လာ၍၊ ယေ​ရု​ရှ​လင်​မြို့​တွင်၊ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဝတ်​ပြု၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 1,
      "text": "စ​ပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့၏​နေ​ရာ ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​နှင့်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၌ ခွန်​အား​တန်​ခိုး​ကြီး​သော​သူ​သည်၊ မိုး​သီး​ပါ​လျက် ဖျက်​ဆီး​သော မိုး​သက်​မုန်​တိုင်း ကဲ့​သို့​လည်း​ကောင်း၊ ပြင်း​စွာ​ထ၍ လွှမ်း​မိုး​သော ရေ​ကြီး​ကဲ့​သို့​လည်း​ကောင်း၊ မြေ​တိုင်​အောင် ပြင်း​စွာ​ချ​ပစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 3,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး သေ​သောက်​ကြူး​တို့၏ မာ​န​သ​ရ​ဖူ​သည်၊ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 4,
      "text": "ကြွယ်​ဝ​သော ချိုင့်​ဦး​တွင်၊ သူ​တို့၌ ညှိုး​နွမ်း​တတ်​သော ဘုန်း​အ​သ​ရေ၏​ပန်း​ပွင့်​သည်၊ နွေ​ကာ​လ​မ​စေ့​မီ အ​လျင်​သီး​သော အ​သီး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ထို​အ​သီး​ကို မြင်​သော​သူ​သည် မြင်​လျက်၊ လက်​နှင့် ကိုင်​လျက်​ပင် စား​တတ်၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 5,
      "text": "ထို​ကာ​လ၌​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျန်​ကြွင်း​သော မိ​မိ​လူ​တို့၌ ဘုန်း​ရှိ​သော​သ​ရ​ဖူ၊ အ​သ​ရေ​တင့်​တယ်​သော ဦး​ရစ် ဖြစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 6,
      "text": "တ​ရား​မှု​ကို စီ​ရင်​သော​သူ​တို့​အား တ​ရား​စီ​ရင်​သော ဉာဏ်​ကို​လည်း​ကောင်း၊ ရန်​သူ​မျိုး တံ​ခါး​တိုင်​အောင် စစ်​မှု​ကို​လှန်​သော​သူ​တို့​အား၊ ခွန်​အား​ဗ​လ​ကို​လည်း​ကောင်း ပေး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 7,
      "text": "သို့​သော်​လည်း၊ ထို​သူ​တို့​သည် စ​ပျစ်​ရည်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​သည် သေ​ရည်​သေ​ရက်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ စ​ပျစ်​ရည်​နှင့် မွှန်​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ဗျာ​ဒိတ်​ခံ​သည်​အ​ရာ၌ မှား​ယွင်း​လျက်၊ တ​ရား​စီ​ရင်​သည်​အ​ရာ၌ ထိ​မိ၍ လဲ​လျက်​နေ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 8,
      "text": "သူ​တို့​စား​ပွဲ ရှိ​သ​မျှ​တို့​သည်၊ လွတ်​လပ်​ရာ မ​ရှိ​သည်​တိုင်​အောင်၊ အန်​ဖတ်​နှင့်​လည်း​ကောင်း၊ အ​ညစ်​အ​ကြေး​နှင့်​လည်း​ကောင်း ပြည့်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 9,
      "text": "သူ​တို့​က၊ အ​ဘယ်​သူ​ကို ပ​ညာ​သွန်​သင်​ချင်​သ​နည်း။ အ​ဘယ်​သူ​ကို တ​ရား​နား​လည်​စေ​ချင်​သ​နည်း။ ငါ​တို့​သည် နို့​နှင့် ကွာ​စ​ရှိ​သော​သူ၊ အ​မိ​သား​မြတ်​နှင့် အ​နိုင်​ကွာ​ရ​သော​သူ ဖြစ်​ကြ​သ​လော။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 10,
      "text": "ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ်​ရှိ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 11,
      "text": "အ​ကယ်​စင်​စစ်၊ စ​ကား​မ​ပြီ​သော​နှုတ်၊ ရိုင်း​သော​လျှာ​နှင့် ဤ​လူ​မျိုး​ကို မိန့်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 12,
      "text": "ဤ​သို့​ပြု​လျှင် ငြိမ်​ဝပ်​လိမ့်​မည်။ ပင်​ပန်း​သော​သူ​တို့​သည် ငြိမ်​ဝပ်​ကြ​စေ။ ဤ​သို့​ပြု​လျှင် သက်​သာ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 13,
      "text": "ထို​ကြောင့်၊ သူ​တို့​သည် သွား​ရာ​တွင်၊ လှန်​ဆုတ်၍ ကျိုး​ပဲ့​ကျော့​မိ ဖမ်း​ဆီး​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် သူ​တို့၌ ပ​ညတ်​တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​ခု​ပေါ်​မှာ တစ်​ခု၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ တစ်​နည်း​ပေါ်​မှာ တစ်​နည်း၊ သည်​ဘက်​မှာ အ​နည်း​ငယ်၊ ဟို​ဘက်​မှာ အ​နည်း​ငယ် ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 14,
      "text": "သို့​ဖြစ်၍၊ ဆဲ​ရေး​တတ်​သော ယေ​ရု​ရှ​လင်​မြို့​သား အ​ကြီး​အ​ကြပ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 15,
      "text": "သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 16,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ စုံ​စမ်း​သော​အ​မြစ်​ကျောက်​တည်း​ဟူ​သော၊ မ​လှုပ်​နိုင်​အောင် မြဲ​မြံ​သော တိုက်​ထောင့်​အ​မြစ် ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ပြေး​ရ​သော​အ​ကြောင်း မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 17,
      "text": "တ​ရား​မှု​ကို ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို မျဉ်း​ကြိုး​နှင့် မှန်​ထုပ်​အား​ဖြင့် ငါ​ပြု​မည်။ မိုး​သီး​ရွာ၍ ကိုး​စား​ရာ​မု​သား​ကို ပယ်​ရှား​လိမ့်​မည်။ ပုန်း​ကွယ်​ရာ​အ​ရပ်​ကို​လည်း ရေ​လွှမ်း​မိုး​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 18,
      "text": "သင်​တို့​သည် သေ​မင်း​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ပျက်​လိမ့်​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ခြင်း​သည် အ​ထ​မ​မြောက်​ရ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ သင်​တို့​ကို​လည်း ကျော်​နင်း​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 19,
      "text": "ချင်း​နင်း​စဉ်​တွင် ပါ​သွား​လိမ့်​မည်။ နံ​နက်​အ​ချိန်​ရောက်​မြဲ အ​စဉ်​အ​တိုင်း၊ နေ့​ည​မ​ပြတ် ချင်း​နင်း​သည်​ဖြစ်၍၊ သ​တင်း​ကြား​ကာ​မျှ​အား​ဖြင့် ထိတ်​လန့်​ခြင်း​အ​ကြောင်း ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 20,
      "text": "ခု​တင်​သည် ကိုယ်​မ​ဆန့်​လောက်​အောင်​တို၏။ စောင်​သည်​လည်း မ​ခြုံ​လောက်​အောင် ငယ်၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 22,
      "text": "ယ​ခု​မှာ သင်​တို့​သည် သာ၍​ပြင်း​စွာ​သော ဆုံး​မ​ခြင်း​နှင့် လွတ်​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန် ဆဲ​ရေး​ခြင်း​ကို မ​ပြု​ကြ​နှင့်။ ပြည်​တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​ရှိ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ငါ​ကြား​ရ​ပြီ။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 23,
      "text": "ငါ​ပြော​သံ​ကို​ကြား၍ မှတ်​ကြ​လော့။ ငါ့​စ​ကား​ကို စေ့​စေ့ နား​ထောင်​နာ​ယူ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 24,
      "text": "လယ်​လုပ်​သော​သူ​သည် မျိုး​စေ့​ကို ကြဲ​ခြင်း​ငှာ၊ မြေ​ကို​ဆွ​လျက်၊ မြေ​စိုင်​ကို​ချေ​လျက် အ​စဉ် လယ်​ထွန်​တတ်​သ​လော။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 25,
      "text": "လယ်​မျက်​နှာ​ကို ညှိ​ပြီး​မှ စ​မုန်​နက်​မျိုး​စေ့၊ ဇီ​ယာ​မျိုး​စေ့​ကို ကြဲ​သည်​မ​ဟုတ်​လော။ ဂျုံ​စ​ပါး​မျိုး​စေ့​ကို အ​တန်း​တန်း​စိုက်၍၊ မု​ယော​စ​ပါး​နှင့် ကောက်​စ​ပါး​မျိုး​စေ့ အ​သီး​အ​သီး​တို့​ကို သူ​တို့​အ​ရပ်၌ ကြဲ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ သူ၏​ဘု​ရား​သ​ခင်​သည် စီ​ရင်​တတ်​သော ဉာဏ်​ကို​ပေး​တော်​မူ၏။ သူ့​ကို​လည်း သွန်​သင်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 27,
      "text": "စ​မုန်​နက် မျိုး​စေ့​ကို​လည်း ပျဉ်​ပြား​နှင့် မ​နယ်​တတ်။ ဇီ​ယာ​စေ့​ပေါ်၌​လည်း လှည်း​ဘီး​ကို မ​လှိမ့်​တတ်။ စ​မုန်​နက်​စေ့​ကို တုတ်​နှင့်​လည်း​ကောင်း၊ ဇီ​ယာ​စေ့​ကို ကြိမ်​လုံး​နှင့်​လည်း​ကောင်း ရိုက်​တတ်၏။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 28,
      "text": "ဂျုံ​စ​ပါး​ကို​ကား နယ်​တတ်၏။ သို့​သော်​လည်း၊ အ​စဉ်​နယ်​တတ်​သည် မ​ဟုတ်။ လှည်း​ဘီး​နှင့် မြင်း​တို့​ကို နှင်​သော်​လည်း၊ စ​ပါး​ကို ညက်​စေ​တတ်​သည် မ​ဟုတ်။"
    },
    {
      "book": 23,
      "chapter": 28,
      "verse": 29,
      "text": "ထို​အ​မှု​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား အ​ကြံ​ပေး​တော်​မူ​သော​အ​မှု​တည်း။ အ​ကြံ​ပေး​တော်​မူ​ခြင်း​သည် အံ့​ဩ​ဖွယ်​ဖြစ်၏။ ဉာဏ်​တော်​သည်​လည်း ထူး​ဆန်း​ပေ၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 1,
      "text": "အ​ရေ​လ​မြို့၊ ဒါ​ဝိဒ်​မင်း​နေ​သော အ​ရေ​လ​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ တစ်​နှစ်​ပေါ်​မှာ တစ်​နှစ်​ထပ်​ကြ​လော့။ ပွဲ​တို့​ကို အ​လှည့်​လှည့်​ခံ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 2,
      "text": "သို့​ရာ​တွင်၊ အ​ရေ​လ​မြို့​ကို ငါ​ဆင်း​ရဲ​စေ၍၊ ထို​မြို့​သည် ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​ရှိ​သော်​လည်း၊ အ​ရေ​လ​မြို့​ကဲ့​သို့ ငါ့​ရှေ့​မှာ ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 3,
      "text": "ငါ​သည် သင့်​ပတ်​ဝန်း​ကျင်၌ တပ်​ချ​မည်။ မြေ​ရိုး​နှင့် ဝိုင်း​ထား၍၊ မြေ​က​တုပ်​များ​ကို​လည်း တူး​လုပ်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 4,
      "text": "သင်​သည် နှိမ့်​ချ​ခြင်း​ကို​ခံ၍ မြေ​ထဲ​က ပြော​ရ​လိမ့်​မည်။ မြေ​မှုန့်​ထဲ​က ငယ်​သော​အ​သံ​နှင့် မြွက်​ရ​လိမ့်​မည်။ သင်​ပြော​သော​အ​သံ​သည် နတ်​ဝင်​သူ​ပြော​သံ​ကဲ့​သို့ မြေ​ထဲ​က​ထွက်၍၊ သင်​သည် မြေ​မှုန့်​ထဲ​က အ​သံ​သေး​နှင့် တိုး​တိုး မြွက်​ဆို​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 5,
      "text": "သို့​ရာ​တွင်၊ သင်၏​ရန်​သူ အ​လုံး​အ​ရင်း​သည် အ​ဏု​မြူ​ကဲ့​သို့​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​သော​သူ အ​လုံး​အ​ရင်း​သည် လွင့်​သွား​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၍၊ အ​လျင်​တ​ဆော ချက်​ချင်း အ​မှု​ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 6,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​သံ​ဗ​လံ​မြည်​ခြင်း​နှင့်​တ​ကွ မိုး​သက်​မုန်​တိုင်း၊ လောင်​တတ်​သော မီး​လျှံ​အား​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 7,
      "text": "အ​ပြည်​ပြည်​က​လာ၍၊ အ​ရေ​လ​မြို့​ကို စစ်​တိုက်​သော အ​လုံး​အ​ရင်း၊ အ​ရေ​လ​မြို့​နှင့် ရဲ​တိုက်​ကို​တိုက်၍ ညှဉ်း​ဆဲ​သော​သူ အ​ပေါင်း​တို့​သည် အိပ်​မက်​တည်း​ဟူ​သော ည​ရူ​ပါ​ရုံ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 8,
      "text": "မွတ်​သိပ်​သော​သူ​သည် အိပ်​မက်​တွင်​စား​ရ​သည်​ဟု ထင်​သော်​လည်း၊ နိုး​သော​အ​ခါ အ​မွတ်​အ​သိပ် မ​ပြေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ငတ်​သော​သူ​သည် အိပ်​မက်​တွင် သောက်​ရ​သည်​ဟု ထင်​သော်​လည်း၊ နိုး​သော​အ​ခါ နွမ်း​နယ်​လျက်၊ တောင့်​တ​လျက် ရှိ​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​ပြည်​ပြည်​က​လာ၍၊ ဇိ​အုန်​တောင်​ကို စစ်​တိုက်​သော အ​လုံး​အ​ရင်း​သည် ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 9,
      "text": "ဖင့်​နွှဲ၍ မှိုင်​တွေ​ကြ​လော့။ ကာ​မ​ဂုဏ်၌ ပျော်​မွေ့၍ မွှန်​လျက်​နေ​ကြ​လော့။ စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ ယစ်​မူး​လျက်၊ သေ​ရည်​သေ​ရက်​ကို မ​သောက်​ဘဲ တိမ်း​ယိမ်း​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အိပ်​ချင်​သော​သ​ဘော​ကို သင်​တို့၌ သွင်း​သ​ဖြင့်၊ သင်​တို့​မျက်​စိ​ကို​ပိတ်၍၊ သင်​တို့၏ ပ​ရော​ဖက်​များ၊ မင်း​များ၊ ဗျာ​ဒိတ်​ခံ​သူ​များ​တို့​ကို ဖုံး​လွှမ်း​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 11,
      "text": "ဗျာ​ဒိတ်​တော်​ရှိ​သ​မျှ​သည် တံ​ဆိပ်​ခတ်​သော​စာ​ကဲ့​သို့ သင်​တို့၌ ဖြစ်၏။ ထို​စာ​သည် စာ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ဤ​စာ​ကို ငါ​မ​ဖတ်​နိုင်။ တံ​ဆိပ်​ခတ်​လျက်​ရှိ၏​ဟု ပြန်​ပြော​တတ်၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 12,
      "text": "ထို​စာ​ကို စာ​မ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို​ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ငါ​သည် စာ​မ​တတ်​ဟု ပြန်​ပြော​တတ်၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 14,
      "text": "ထို​ကြောင့်၊ အံ့​ဩ​ကြောက်​မက်​ဖွယ်​သော အ​မှု​ကို ဤ​လူ​မျိုး​တွင် တစ်​ဖန် ငါ​ပြု​ဦး​မည်။ သူ​တို့​တွင် ပ​ညာ​ရှိ​တို့၏​ပ​ညာ​သည် ပျက်​စီး​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​လည်း ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား မ​သိ​စေ​ခြင်း​ငှာ၊ နက်​နဲ​သော​အ​ကြံ​ကို ကြံ၍၊ မှောင်​မိုက်​ထဲ​မှာ အ​မှု​ကို​ပြု​လျက်၊ ငါ​တို့​ကို အ​ဘယ်​သူ​မြင်​သ​နည်း။ ငါ​တို့​ကို အ​ဘယ်​သူ​သိ​သ​နည်း​ဟု ပြော​ဆို​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 16,
      "text": "သင်​တို့​သည် ဖောက်​ပြန်​ကြ​သည်​တ​ကား။ အိုး​ထိန်း​သ​မား​ကို၊ အိုး​မြေ​ကဲ့​သို့ မှတ်​ရ​မည်​လော။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ​သည် ငါ့​ကို​မ​လုပ်​ဟု ဆို​ရ​မည်​လော၊ ဖန်​ဆင်း​အပ်​သော​အ​ရာ​သည် ဖန်​ဆင်း​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ၌ ပ​ညာ​အ​တတ်​မ​ရှိ​ဟု ဆို​ရ​မည်​လော။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 17,
      "text": "လေ​ဗ​နုန်​တောင်​သည် ဝ​ပြော​သော လယ်​ပြင်​ကဲ့​သို့​လည်း​ကောင်း၊ ဝ​ပြော​သော​လယ်​ပြင်​သည် တော​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​သော​အ​ချိန် နီး​ပြီ​မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 18,
      "text": "ထို​ကာ​လ၌ နား​ပင်း​သော​သူ​တို့​သည် ကျမ်း​စ​ကား​ကို ကြား​ကြ​လိမ့်​မည်။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မြှေး​ရှက်​ခြင်း၊ မှောင်​မိုက်​ခြင်း​နှင့် ကင်း​လွတ်၍ မြင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 19,
      "text": "စိတ်​နှိမ့်​ချ​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍၊ ဝမ်း​မြောက်​ခြင်း တိုး​ပွား​ကြ​လိမ့်​မည်။ လူ​တို့​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို အ​မှီ​ပြု၍ ရွှင်​လန်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ ကြောက်​မက်​ဖွယ်​သော​သူ​သည် ဆုံး​ရှုံး​ရ၏။ ဆဲ​ရေး​သော​သူ​သည် ပျောက်​ကုန်​ရ၏။ သူ့​အ​ပြစ်​ကို ချောင်း​မြောင်း​သော​သူ၊"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 21,
      "text": "တ​ရား​တွေ့၍ ဆင်း​ရဲ​သား​ကို အ​ပြစ်​ရောက်​စေ​သော​သူ၊ မြို့​တံ​ခါး​ဝ​မှာ အ​မှု​သည်​ကို ကျော့​မိ​စေ​ခြင်း​ငှာ ပြု​သော​သူ၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​သော​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ရ၏။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 22,
      "text": "သို့​ဖြစ်၍ အာ​ဗြ​ဟံ​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ ယာ​ကုပ်​အ​မျိုး​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​သည် နောက်​တစ်​ဖန် ရှက်​ကြောက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း မ​ရှိ​ရ။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 23,
      "text": "ထို​အ​မျိုး​သား​တို့​သည် ငါ​စီ​ရင်​သော​အ​မှု​ကို မြင်​လျှင်၊ ငါ့​နာ​မ​ကို မိ​မိ​တို့​တွင် ရို​သေ​ကြ​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို ရို​သေ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 29,
      "verse": 24,
      "text": "စိတ်​သ​ဘော ဖောက်​ပြန်​သော​သူ​တို့​သည် ပ​ညာ​သ​တိ​ကို ရ​ကြ၍၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည်​လည်း၊ ဆုံး​မ​ဩ​ဝါ​ဒ​စ​ကား​ကို နာ​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပုန်​ကန်​သော​အ​မျိုး​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့​သည် ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။ ငါ့​ဝိ​ညာဉ်​အ​ခွင့်​မ​ရှိ​ဘဲ မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​ထပ်​ထပ်​အ​ပြစ် ရောက်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 2,
      "text": "ဖာ​ရော​ဘု​ရင်၏​ဘုန်း​ကို​အ​မှီ​ပြု၍၊ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​ခြင်း​ငှာ၊ ငါ့​နှုတ်​ထွက်​ကို အ​ခွင့်​မ​ပန်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​အောင် သွား​ကြ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 3,
      "text": "သို့​ဖြစ်၍ သင်​တို့​သည် ဖာ​ရော​ဘု​ရင်၏ ဘုန်း​ကို​အ​မှီ​ပြု​သော​ကြောင့် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​သော​ကြောင့် မျက်​နှာ​ပျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 4,
      "text": "သူ​တို့​မင်း​တို့​သည် ဇော​န​မြို့၌ ရှိ​ကြ​ပြီ။ သံ​တ​မန်​တို့​သည် ဟာ​နက်​မြို့​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 5,
      "text": "အ​သုံး​မ​ဝင်၊ အ​ကူ​အ​ညီ​မ​ပေး၊ ကျေး​ဇူး​မ​ပြု​နိုင်​ဘဲ ရှက်​ကြောက်​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း အ​ကြောင်း​သာ​ဖြစ်​သော လူ​မျိုး​ကို သူ​တို့​ရှိ​သ​မျှ​သည် ရှက်​ကြောက်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 6,
      "text": "ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 7,
      "text": "အဲ​ဂု​တ္တု​ပြည်​သည် အ​ချည်း​နှီး​သက်​သက်၊ အ​ကျိုး​မ​ပေး​နိုင်။ ထို​ကြောင့်၊ မ​လှုပ်​ဘဲ​နေ​တတ်​သော ရာ​ခပ်​ဟု ငါ​သ​မုတ်​ပေ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 8,
      "text": "သင်​သည် ယ​ခု​သွား၍ သူ​တို့​ရှေ့​မှာ​သင်​ပုန်း၌ ရေး​ထား​ရ​သော​အ​ချက်၊ နောင်​ကာ​လ အ​စဉ်​အ​ဆက်​တည်​စေ​ခြင်း​ငှာ၊ စာ​စီ၍ မှတ်​သား​ရ​သော အ​ချက်​ဟူ​မူ​ကား၊"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 9,
      "text": "ဤ​လူ​မျိုး​သည် ပုန်​ကန်​တတ်၏။ ဖောက်​ပြန်​သော​အ​မျိုး​သား၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို နာ​ယူ​ခြင်း​ငှာ အ​လို​မ​ရှိ​သော အ​မျိုး​သား​ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 10,
      "text": "သူ​တို့​က​လည်း၊ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ပါ​နှင့်​ဟု ဗျာ​ဒိတ်​ခံ​သော သူ​တို့​အား​လည်း​ကောင်း၊ မှန်​သော​စ​ကား​ကို ငါ​တို့​အား မ​ဟော​ပါ​နှင့်။ ချော့​မော့​သော​စ​ကား​ကို ပြော​ကြ​ပါ။ လှည့်​စား​သော​စ​ကား​ကို ဟော​ကြ​ပါ။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 11,
      "text": "လမ်း​လွှဲ​ကြ​ပါ။ မှန်​သော​လမ်း​ကို ရှောင်​ကြ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို ငါ​တို့​ရှေ့​မှာ ကွယ်​ထား​ကြ​ပါ​ဟု ပ​ရော​ဖက်​တို့​အား​လည်း​ကောင်း ဆို​တတ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 12,
      "text": "သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် နှုတ်​က​ပတ်​တော်​ကို​ပယ်၍၊ လိမ်​ကောက် ယို​ယွင်း​ခြင်း​ကို​သာ မှီ​ဝဲ​ခို​လှုံ​သော​ကြောင့်၊"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 13,
      "text": "သင်​တို့​အ​ပြစ်​သည် ပြို​ကျ​လု​သော အုတ်​ရိုး​ပျက်​ကဲ့​သို့​လည်း​ကောင်း၊ မြင့်​သော​အုတ်​ထ​ရံ၌ မ​ညီ​မ​ညွတ် ထွက်​ဝင်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ထို​ထ​ရံ​သည် အ​လျင်​တ​ဆော ချက်​ချင်း ပြို​ပျက်​တတ်၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 14,
      "text": "မြေ​အိုး​ကွဲ​သ​ကဲ့​သို့ ကွဲ​ရ​လိမ့်​မည်။ ကွဲ​ရာ​တွင်​လည်း မီး​ဖို​ထဲ​က မီး​ခဲ​ခံ​စ​ရာ​ဖို့၊ ရေ​ကန်​ထဲ​က ရေ​ခပ်​စ​ရာ​ဖို့ အိုး​ခြမ်း​တစ်​ခု​မျှ မ​ရှိ​စေ​ခြင်း​ငှာ၊ နှ​မြော​ခြင်း​မ​ရှိ​ဘဲ ခွဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ ငြိမ်​ဝပ်​စွာ​နေ​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ငြိမ်​ဝပ်​စွာ​နေ​ခြင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ခွန်​အား​အ​စွမ်း​ကို ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် ထို​သို့​သော အ​လို​မ​ရှိ​ကြ။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 16,
      "text": "ငါ​တို့​သည် ထို​သို့​မ​နေ၊ မြင်း​စီး၍ ပြေး​မည်​ဟု ဆို​သော​ကြောင့်၊ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ပြေး​စေ​မည်။ ငါ​တို့​သည် လျင်​မြန်​စွာ စီး​သွား​မည်​ဟု ဆို​သော​ကြောင့်၊ သင်​တို့​ကို လိုက်​သော​သူ​တို့​သည် လျင်​မြန်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 17,
      "text": "သင်​တို့​သည် တောင်​ထိပ်​ပေါ်​မှာ စိုက်​သော မှတ်​တိုင်​ကဲ့​သို့​လည်း​ကောင်း၊ ကုန်း​ပေါ်​မှာ​ထူ​သော အ​လံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​သည်​တိုင်​အောင်၊ တစ်​ယောက်​သော​သူ​သည် ခြိမ်း​လျှင်၊ တစ်​ထောင်​သော​သူ​တို့​သည် ပြေး​ကြ​လိမ့်​မည်။ ငါး​ယောက် ခြိမ်း​လျှင်၊ တစ်​သောင်း​ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 18,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 19,
      "text": "ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ဇိ​အုန်​အ​မျိုး၊ သင်​သည် အ​စဉ် ငို​ကြွေး​ရ​မည်​မ​ဟုတ်။ သင်​အော်​ဟစ်​သံ​ကို နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​သံ​ကို ကြား​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဒု​က္ခ​မုန့်​ကို​ကျွေး၍၊ ဆင်း​ရဲ​ခြင်း​ရေ​ကို တိုက်​တော်​မူ​သော်​လည်း၊ သင်၏​ဆ​ရာ​တို့​သည် နောက်​တစ်​ဖန် ပုန်း​ရှောင်၍ မ​နေ​ရ​ကြ။ ကိုယ်​မျက်​စိ​နှင့် ကိုယ်​ဆ​ရာ​တို့​ကို မြင်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 21,
      "text": "သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ လမ်း​လွဲ​လျှင်၊ ဤ​မည်​သော​လမ်း​သည် မှန်၏။ ဤ​လမ်း၌​သွား​လော့​ဟု သင့်​နောက်၌ ပြော​သော​စ​ကား​သံ​ကို ကိုယ်​နား​နှင့် ကြား​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 22,
      "text": "ထု​လုပ်​သော ငွေ​ရုပ်​တု​တန်​ဆာ​နှင့် သွန်း​သော ရွှေ​ရုပ်​တု​တန်​ဆာ​များ​ကို မ​ရို​မ​သေ​ပြု၍၊ ညစ်​ညူး​သော အ​ဝတ်​ကဲ့​သို့ ပစ်​ပယ်​လျက်၊ သွား​တော့​ဟု ဆို​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 23,
      "text": "သင်​သည် လယ်၌​ကြဲ​သော​မျိုး​စေ့​ဖို့ မိုး​ကို ရွာ​စေ​တော်​မူ​လိမ့်​မည်။ မြေ​အ​သီး​အ​နှံ​မှ​ဖြစ်​သော မုန့်​ကို အ​လွန်​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ သင်၏​သိုး​နွား​တို့​သည် ကျယ်​သော​အ​ရပ်၌ ကျက်​စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 24,
      "text": "ဆန်​ကော​နှင့် ဆန်​ခါ​ဖြင့် သန့်​ရှင်း​စေ၍၊ ကောင်း​မွန်​စွာ ရော​နှော​သော စ​ပါး​ကို​သာ မြေ၌​လုပ်​သော​နွား​နှင့် မြည်း​တို့​သည်​လည်း စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 25,
      "text": "များ​စွာ​သော လူ​တို့​ကို သတ်၍၊ ရဲ​တိုက်​တို့​သည် ပြို​လဲ​သော​အ​ခါ၊ မြင့်​သော​တောင်​ရှိ​သ​မျှ​နှင့် ထင်​ရှား​သော ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ရေ​စီး​ရာ​မြစ်​နှင့် ချောင်း​များ ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 26,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏ ကျိုး​ပျက်​ရာ​ကို ပြု​ပြင်၍၊ သူ​တို့​ခံ​ရ​သော ဒဏ်​ချက်​ရာ​ကို ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ လ၏​အ​လင်း​သည် နေ၏​အ​လင်း​ကဲ့​သို့​ဖြစ်၍၊ နေ၏​အ​လင်း​သည်​လည်း ပ​က​တိ​ထက် ခု​နစ်​ဆ​လင်း​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 27,
      "text": "ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဝေး​သော​အ​ရပ်​မှ လာ၏။ အ​မျက်​တော်​လောင်၍ မီး​လျှံ​ဟုန်း​လေ၏။ နှုတ်​တော်​သည် အ​မျက်​နှင့် ပြည့်၍၊ လျှာ​တော်​သည် မီး​ရှို့​သ​ကဲ့​သို့ ဖြစ်​လေ၏။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 28,
      "text": "ထွက်​သက်​တော်​သည်​လည်း၊ လူ​မျိုး​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​ခြင်း​ငှာ၊ လွှမ်း​မိုး​သော​ရေ​ကဲ့​သို့ လည်​ပင်း​ကို မီ​လိမ့်​မည်။ လမ်း​လွဲ​စေ​သော​ဇက်​ကို သူ​တို့​ပါး​စပ်၌ ခွံ့​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 29,
      "text": "သင်​တို့​သည် ပွဲ​ခံ​သော​နေ့​ည​တွင် ပြု​သ​ကဲ့​သို့ သီ​ချင်း​ဆို​ရ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်၊ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်​သို့ ပု​လွေ​မှုတ်​လျက် သွား​သ​ကဲ့​သို့ ဝမ်း​မြောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 31,
      "text": "သို့​ဖြစ်၍၊ အာ​ရှု​ရိ​လူ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​အား​ဖြင့် လှဲ​ချ​ခြင်း၊ လှံ​တံ​တော်​အား​ဖြင့် ဒဏ်​ခတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 32,
      "text": "ထာ​ဝ​ရ​ဘု​ရား​စီ​ရင်၍၊ သူ၏​အ​ပေါ်​မှာ လေး​စွာ​ချ​ထား​တော်​မူ​သော လှံ​တံ​သည် လျှောက်​သွား​ရာ​ရာ၌ စောင်း၊ ပတ်​သာ​တီး​ခြင်း​နှင့်​တ​ကွ ဖြစ်​လိမ့်​မည်။ သူ့​ကို ပြင်း​စွာ စစ်​တိုက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 30,
      "verse": 33,
      "text": "အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 1,
      "text": "စစ်​ကူ​တောင်း​အံ့​သော​ငှာ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍၊ မြင်း​တို့​ကို အ​မှီ​ပြု​လျက် များ​စွာ​သော ရ​ထား​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ခို​လှုံ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​မျှော်​လင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဘဲ​နေ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 2,
      "text": "ထို​ဘု​ရား​သည် ဉာဏ်​တော်​ကျယ်၍၊ သူ​တို့​အ​ပေါ်​မှာ ဘေး​ကို သက်​ရောက်​စေ​တော်​မူ​မည်။ စ​ကား​တော်​မ​ပျက်​ဘဲ၊ ဆိုး​သော လူ​မျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ဘက်​မှာ​နေ​သော သူ​တို့​ကို​လည်း​ကောင်း တစ်​ဖက်၌ ထ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 3,
      "text": "အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဘု​ရား​မ​ဖြစ်၊ လူ​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​မြင်း​သည်​လည်း ဝိ​ညာဉ်​မ​ဖြစ်၊ အ​သား​သက်​သက် ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​သော​အ​ခါ၊ မ​စ​တတ်​သော​သူ​သည် လဲ​လိမ့်​မည်။ မ​စ​အပ်​သော​သူ​လည်း ဆုံး​လိ​မ့်​မည်။ အ​လုံး​စုံ​တို့​သည် အ​တူ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ခြင်္သေ့​နှင့် ခြင်္သေ့​သ​ငယ်​သည် လု​ယူ​ရာ အ​ကောင်​ပေါ်​မှာ နေ​သော​အ​ခါ၊ သိုး​ထိန်း​အ​လုံး​အ​ရင်း၏ ဆီး​တား​အော်​ဟစ်​ခြင်း​ကို မ​ကြောက်၊ သူ​တို့​ပြု​သော အ​သံ​ဗ​လံ​အား​ဖြင့် အ​ရှုံး​မ​ခံ​သ​ကဲ့​သို့၊ ထို​နည်း​တူ၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တောင်​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တော်​ဘက်​မှာ စစ်​တိုက်​ခြင်း​ငှာ ဆင်း​သက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 5,
      "text": "ငှက်​သည် သား​ငယ်​ကို အုပ်​တတ်​သ​ကဲ့​သို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရှု​ရှ​လင်​မြို့​ကို ကွယ်​ကာ​တော်​မူ​မည်။ ကွယ်​ကာ​စောင့်​မ၍ အ​ပြစ်​မ​ပေး၊ ကယ်​တင်​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 6,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​လွန် လွှဲ​ရှောင်​ပယ်​ထား​သော ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 7,
      "text": "အ​ကယ်​စင်​စစ် လူ​အ​ပေါင်း​တို့​သည် မိ​မိ​လက်​ဖြင့် အ​သီး​အ​သီး​လုပ်​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တည်း​ဟူ​သော၊ ပြစ်​မှား​ရာ​အ​ရာ​များ​ကို ထို​ကာ​လ၌ ပစ်​လိုက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 8,
      "text": "အာ​ရှု​ရိ​လူ​သည်​လည်း၊ ကြီး​မြတ်​သော​သူ၏ ဓား​မ​ဟုတ်​သော ဓား​ဖြင့် ဆုံး​လိမ့်​မည်။ ယုတ်​သော​သူ၏ ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဖျက်​ဆီး​လိမ့်​မည်။ သူ​သည်​လည်း ဓား​ဘေး​မှ​ပြေး၍၊ သူ​ရဲ​တို့​သည် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 31,
      "verse": 9,
      "text": "သူ​သည်​လည်း ကြောက်​လန့်​သ​ဖြင့်၊ မိ​မိ​ခိုင်​ခံ့​သော မြို့​ကို​လွန်​သွား၍၊ သူ၏​မှူး​မတ်​တို့​သည် နိ​မိတ်​ကို​မြင်​လျှင် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု ဇိ​အုန်​တောင်​ပေါ်​မှာ မီး​လျှံ၊ ယေ​ရှု​ရှင်​မြို့၌ မီး​ဖို​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 1,
      "text": "ကြည့်​ရှု​လော့။ တ​ရား​သ​ဖြင့်​အုပ်​စိုး​သော ရှင်​ဘု​ရင်​တစ်​ပါး ပေါ်​ထွန်း​တော်​မူ​လိမ့်​မည်။ မင်း​သား​မှူး​မတ်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 2,
      "text": "ထို​မင်း​တို့​သည် လေ​လုံ၍ မိုး​သက်​မုန်​တိုင်း ကွယ်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ စီး​သော ချောင်း​ကဲ့​သို့​လည်း​ကောင်း၊ နေ​ပူ​သော​အ​ရပ်၌ ကျောက်​လုံး​ကြီး အ​ရိပ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 3,
      "text": "မျက်​စိ​မြင်​သော​သူ​တို့​သည် ရှင်း​လင်း​စွာ မြင်​ကြ​လိမ့်​မည်။ နား​ကြား​သော​သူ​တို့​လည်း နား​ထောင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 4,
      "text": "သ​တိ​မ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည် ဆင်​ခြင်၍ ပ​ညာ​ရှိ​လိမ့်​မည်။ စ​ကား​အ​သော​သူ၏​လျှာ​သည်​လည်း စ​ကား​ပြီ​အောင် ပြော​တတ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 5,
      "text": "ယုတ်​သော​သူ​ကို နောက်​တစ်​ဖန်​အ​မြတ်​ဟူ၍​လည်း​ကောင်း၊ စေး​နှဲ​သော​သူ​ကို​လည်း နောက်​တစ်​ဖန် စွန့်​ကြဲ​တတ်​သော​သူ ဟူ၍​လည်း​ကောင်း မ​ခေါ်​ရ။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ယုတ်​သော​သူ​သည် လျှို့​ဝှက်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို နှုတ်​ဖြင့်​ပြစ်​မှား​လျက်၊ မွတ်​သိပ်​သော​သူ​ကို သာ၍ ဆင်း​ရဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရေ​ငတ်​သော​သူ​ကို ရေ​မ​သောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယုတ်​သော​စ​ကား​ကို ပြော၍ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​လေ​ဦး​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 7,
      "text": "စေး​နှဲ​သော​သူ သုံး​ဆောင်​ရာ​တန်​ဆာ​သည်​လည်း ဆိုး​လှ၏။ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ၏ အ​မှု​သည်​မှန်​သော်​လည်း၊ ထို​သို့​သော​သူ​ကို မု​သား​စ​ကား​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ကြံ​ကို​သာ ကြံ​တတ်၏။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 8,
      "text": "စေ​တ​နာ​ရှိ​သော​သူ​မူ​ကား၊ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ကြံ​တို့​ကို ကြံ​စည်​တတ်၏။ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ရာ​အား​ဖြင့် တည်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 9,
      "text": "ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့​ထ​ကြ။ ငါ​ပြော​သံ​ကို ကြား​ကြ​လော့။ သ​တိ​မ​ရှိ​သော သ​တို့​သ​မီး​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 10,
      "text": "သ​တိ​မ​ရှိ​သော​မိန်း​မ​တို့၊ သင်​တို့​သည် တစ်​နှစ်​လွန်​မှ ပူ​ပန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ စ​ပျစ်​သီး​ကို သိမ်း​ခြင်း​အ​မှု​ပြတ်​လိမ့်​မည်။ စ​ပါး​အ​သီး​အ​နှံ​ကို သိမ်း​ရာ​ကာ​လ​မ​ရောက်​ရ။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 11,
      "text": "ငြိမ်​သက်​စွာ​နေ​သော မိန်း​မ​တို့၊ တုန်​လှုပ်​ကြ​လော့။ သ​တိ​မ​ရှိ​သော​သူ​တို့၊ ပူ​ပန်​ခြင်း​ရှိ​ကြ​လော့။ အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပယ်​ချွတ်​ပြီး​မှ၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို စည်း​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 12,
      "text": "ရင်​ပတ်​ကို​ခတ်​ခြင်း၊ သာ​ယာ​သော​လယ်​ယာ​နှင့် အ​သီး​များ​သော စ​ပျစ်​နွယ်​ပင်​အ​တွက် ညည်း​တွား​ခြင်း ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 13,
      "text": "ငါ့​လူ​တို့၏ မြေ​ကို​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​အိမ်​နှင့် ရွှင်​လန်း​သော မြို့​ကို​လည်း​ကောင်း၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် တက်၍ လွှမ်း​မိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 14,
      "text": "ဘုံ​ဗိ​မာန်​တို့​ကို စွန့်​ပစ်၍ မြို့၏​အ​သံ​ဗ​လံ ငြိမ်း​လိမ့်​မည်။ ဩ​ဖေ​လ​ကုန်း​နှင့် ရဲ​တိုက်​တို့​သည် အ​စဉ် မြေ​တွင်း​နှင့်​ပြည်​စုံ၍၊ ရိုင်း​သော​မြည်း ပျော်​မွေ့​ရာ၊ သိုး​စု​ကျက်​စား​ရာ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 15,
      "text": "ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း၍၊ တော​သည် အ​သီး​အ​နှံ​များ​သော လယ်​ဖြစ်၍၊ အ​သီး​အ​နှံ​များ​သော​လယ်​သည် တော​အုပ်​ကဲ့​သို့ မှတ်​ရ​သော​ကာ​လ မ​ရောက်​မီ​တိုင်​အောင်၊ ထို​သို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 16,
      "text": "ထို​အ​ခါ တော၌​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​တည်၍၊ အ​သီး​အ​နှံ​များ​သော လယ်၌​ကား၊ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် အ​မြဲ​နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 17,
      "text": "ဖြောင့်​မတ်​ခြင်း တ​ရား​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ကို ပြု​စု​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​မူ​ကား၊ ထာ​ဝ​ရ ငြိမ်​သက်​ခြင်း​နှင့် လုံ​ခြုံ​ခြင်း​တည်း။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 18,
      "text": "ငါ၏​လူ​တို့​သည်​လည်း၊ ငြိမ်​သက်​သော​နေ​ရာ၊ လုံ​ခြုံ​သော​မြို့​ရွာ၊ ဘေး​လွတ်​သော ချမ်း​သာ​ရာ​အ​ရပ်​တို့၌ နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 19,
      "text": "သို့​ရာ​တွင်၊ မိုး​သီး​ကျ​သ​ဖြင့် တော​အုပ်​ကို​လှဲ၍၊ မြို့​ကို​လည်း မြေ​နှင့် တ​ညီ​တည်း ဖြို​ဖျက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 32,
      "verse": 20,
      "text": "ရေ​ရှိ​ရာ​အ​ရပ်​ရပ်​တို့၌ မျိုး​စေ့​ကို​ကြဲ၍၊ နွား​ခြေ​နှင့် မြည်း​ခြေ​တို့​ကို လွှတ်​တတ်​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 1,
      "text": "သူ​တစ်​ပါး လု​ယူ​ခြင်း​ကို​မ​ခံ​ဘဲ​လျက်၊ လု​ယူ​တတ်​သော​သူ၊ သူ​တစ်​ပါး​ဖျက်​ဆီး​ခြင်း​ကို မ​ခံ​ဘဲ​လျက်၊ ဖျက်​ဆီး​တတ်​သော​သူ၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သင်​သည် မ​လု​မ​ယူ​ဘဲ နေ​သော​အ​ခါ လု​ယူ​ခြင်း​ကို ခံ​ရ​မည်။ ဖျက်​ဆီး၍ မော​သော​အ​ခါ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 2,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို မျှော်​လင့်​ကြ​ပါ၏။ နံ​နက်​တိုင်း အ​ကျွန်ုပ်​တို့၌ ခွန်​အား​ကို ပေး​တော်​မူ​ပါ။ အ​မှု​ရောက်​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 3,
      "text": "အ​လုံး​အ​ရင်း၏​အ​သံ​ကြောင့်၊ လူ​စု​တို့​သည် ပြေး​ကြ၏။ ထ​တော်​မူ​သော​အ​ခါ၊ လူ​မျိုး​တို့​သည် အ​ရပ်​ရပ် ကွဲ​ပြား​ကြ၏။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 4,
      "text": "သူ​တစ်​ပါး​တို့​သည် သင်​တို့၏​ဥ​စ္စာ​ကို ကျိုင်း​ကောင် သိမ်း​ယူ​သ​ကဲ့​သို့ သိမ်း​ယူ​ကြ​လိမ့်​မည်။ ကျိုင်း​ကောင်​တို့​သည် လူး​လာ​ပြေး​သ​ကဲ့​သို့၊ သင်​တို့၏ ဥ​စ္စာ​ပေါ်​မှာ လူး​လာ​ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ချီး​မြှောက်​ခြင်း ရှိ​တော်​မူ၏။ မြင့်​သော​အ​ရပ်၌ နေ​တော်​မူ၏။ ဇိ​အုန်​မြို့​ကို တ​ရား​သ​ဖြင့် ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့် ပြည့်​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 6,
      "text": "ဉာဏ်​နှင့် ပ​ညာ​သည် သင်၏​လက်​ထက်၌ တည်​ကြည်​ခြင်း၊ မြဲ​မြံ​စွာ ကယ်​တင်​ခြင်း​ကို ဖြစ်​စေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သ​ဘော​သည်​လည်း သင်၏​ဘ​ဏ္ဍာ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 7,
      "text": "သူ​ရဲ​တို့​သည် ပြင်၌ အော်​ဟစ်​ကြ၏။ မိတ်​သ​ဟာ​ယ​စ​ကား​ကို ပြော​သော တ​မန်​တော်​တို့​သည် ပြင်း​စွာ ငို​ကြွေး​ကြ၏။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 8,
      "text": "လမ်း​မ​တို့​သည် ဆိတ်​ညံ​ကြ၏။ လမ်း​ခ​ရီး၌ သွား​လာ​သော​သူ မ​ရှိ။ ထို​မင်း​သည် သ​စ္စာ​ပျက်​လေ​ပြီ။ မြို့​များ​ကို​လည်း ပယ်​လေ​ပြီ။ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​မှတ်​တတ်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 9,
      "text": "ပြည်​တော်​သည် ငြို​ငြင်၍ အား​လျော့၏။ လေ​ဗ​နုန်​တော​သည် ရှက်​ကြောက်၍ နွမ်း​ရိ၏။ ရှာ​ရုန်​အ​ရပ်​သည် တော​ကဲ့​သို့​ဖြစ်၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​သည် လှုပ်​ရှား၏။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ငါ​ထ​မည်။ ယ​ခု ချီး​မြှောက်​ခြင်း​သို့ ရောက်​မည်။ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 11,
      "text": "သင်​တို့​သည် ဖွဲ​ကို ကိုယ်​ဝန်​ဆောင်၍၊ အ​မှိုက်​ကို ဖွား​မြင်​ရ​လိမ့်​မည်။ သင်​တို့ စိတ်​သ​ဘော​သည် မီး​ဖြစ်၍၊ သင်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 12,
      "text": "လူ​များ​တို့​သည် ထုံး​ကျောက်​ကို ဖုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ဆူး​ပင်​များ​ကို ခုတ်၍ မီး​ရှို့​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 13,
      "text": "ဝေး​သော​သူ​တို့၊ ငါ​ပြု​သော​အ​မှု​ကို မှတ်​ကြ​လော့။ နီး​သော​သူ​တို့၊ ငါ့​တန်​ခိုး​ကို ဝန်​ခံ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 14,
      "text": "အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 15,
      "text": "တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 16,
      "text": "ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 17,
      "text": "သင်​သည် ရှင်​ဘု​ရင်၏ တင့်​တယ်​ခြင်း​အ​သ​ရေ​တော်​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ၍၊ ဝေး​လှ​သော​ပြည်​ကို​လည်း ကြည့်​မြင်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 18,
      "text": "သင်​သည် ကြောက်​လန့်​ဖွယ်​သော အ​ခြင်း​အ​ရာ​ကို အောက်​မေ့​သော​အ​ခါ၊ စာ​ရင်း​ယူ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ အ​ခွန်​ခံ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ ပြ​အိုး​တို့​ကို ရေ​တွက်​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 19,
      "text": "ကြမ်း​တမ်း​သော​လူ​မျိုး၊ နား​မ​ဝင်​နိုင်​အောင် နက်​နဲ​သော​စ​ကား၊ နား​မ​လည်​နိုင်​အောင် ခက်​ခဲ​သော​စ​ကား​ကို ပြော​သော လူ​မျိုး​ကို သင်​သည် မ​တွေ့​မ​မြင်​ရ။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 20,
      "text": "ငါ​တို့​ပွဲ​ခံ​ရာ​မြို့၊ ဇိ​အုန်​မြို့​ကို ကြည့်​ရှု​လော့။ တိုင်​တစ်​ခု​မျှ​မ​ရွှေ့၊ ကြိုး​တစ်​ခု​မျှ​မ​ပြတ်၊ အ​လျှင်း​မ​ပျက်​ရ​သော တဲ​တည်း​ဟူ​သော၊ ငြိမ်​ဝပ်​သော​နေ​ရာ ယေ​ရု​ရှ​လင်​မြို့​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 21,
      "text": "ထို​မြို့​တွင် ဘုန်း​ကြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ ကျယ်​သော​မြစ်​များ ဆုံး​ရာ​အ​ရပ် ဖြစ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရပ်၌ တက်​သော​ရဲ​လှေ၊ အား​ကြီး​သော သင်္ဘော​တစ်​စင်း​မျှ မ​လျှောက်​မ​သွား​ရ။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ တ​ရား​သူ​ကြီး ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ပ​ညတ်​တ​ရား​ရှင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 23,
      "text": "သင်၏ သင်္ဘော​ရွက်​ကြိုး​များ ပြုတ်​လျက်​ရှိ၏။ ရွက်​တိုင်​ကို ခိုင်​ခံ့​စွာ​မ​ချည်၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်။ သို့​ဖြစ်၍၊ များ​စွာ​သော​ဥ​စ္စာ​ကို လု​ယူ​ဝေ​ငှ​ရ၏။ ခြေ​ဆွံ့​သော​သူ​ပင် လု​ယူ​ရာ ဥ​စ္စာ​ကို လု​ယူ​ရ၏။"
    },
    {
      "book": 23,
      "chapter": 33,
      "verse": 24,
      "text": "မြို့​သား​က​လည်း၊ ငါ​နာ​သည်​ဟု မ​ဆို​ရ။ ထို​မြို့၌​နေ​သော သူ​တို့​သည် အ​ပြစ်​ပြေ​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 1,
      "text": "အို လူ​မျိုး​တို့၊ သင်​တို့​သည် ကြား​ရ​အံ့​သော​ငှာ ချဉ်း​ကပ်​ကြ​လော့။ အို လူ​စု​တို့၊ နား​ထောင်​ကြ​လော့။ မြေ​ကြီး​နှင့် မြေ​ကြီး၌ ပါ​သ​မျှ​သော​အ​ရာ၊ လော​က​ဓာတ်​နှင့် လော​က​ဓာတ် တန်​ဆာ​ခပ်​သိမ်း​တို့​သည် ကြား​ကြ​ပါ​စေ။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် လူ​မျိုး​အ​ပေါင်း​တို့၌ ထွက်၍၊ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သူ​တို့​အ​လုံး​အ​ရင်း​အ​ပေါ်​မှာ သင့်​ရောက်​လေ၏။ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး၍၊ အ​သေ​သတ်​ခြင်း၌ အပ်​လိုက်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 3,
      "text": "သူ​တို့​တွင် အ​သေ​ခံ​ရ​သော သူ​တို့​ကို ပြင်​သို့​ပစ်​လိုက်​သ​ဖြင့်၊ အ​သေ​ကောင်​တို့​သည် နံ​စော်၍၊ သူ​တို့၏​အ​သွေး​ဖြင့် တောင်​တို့​သည် အ​ရည်​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 4,
      "text": "ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ပြုတ်၍၊ မိုး​ကောင်း​ကင်​သည် စာ​လိပ်​ကဲ့​သို့ လိပ်​လျက်​ရှိ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​မှ အ​ရွက်​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်​မှ အ​သီး​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ကျ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ့​ဓား​သည် မိုး​ကောင်း​ကင်၌ ရောင့်​ရဲ​ပြီး​မှ၊ တစ်​ဖန် ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​ကျိန်​သော​လူ​များ​တို့ အ​ပေါ်​မှာ​လည်း​ကောင်း၊ ဒဏ်​ပေး​ခြင်း​ငှာ ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် အ​သွေး​နှင့်​ဝ​ပြီ။ ဆီ​ဥ​နှင့် ဆူ​ပြီ။ သိုး​သ​ငယ်​နှင့် ဆိတ်​တို့၏ အ​သွေး၊ သိုး​ထီး​တို့၏ ကျောက်​ကပ် ဆီ​ဥ​နှင့် ဆူ​ဝ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ​ရ​မြို့၌ ယဇ်​ပွဲ​ကို​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်၌ ကြီး​စွာ​သော သတ်​ခြင်း​ပွဲ​ကို​လည်း​ကောင်း ခံ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 7,
      "text": "ကြံ့​များ​နှင့် နွား​လား​ဥ​သ​ဘ​များ​တို့​သည် လဲ​ကြ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​မြေ​သည် သူ​တို့​အ​သွေး​နှင့် ယစ်​မူး၍၊ မြေ​မှုန့်​သည်​လည်း ဆီ​ဥ​နှင့် ဆူ​ဝ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​တော်​မူ​ရာ​နေ့၊ ဇိ​အုန်​မြို့၏ အ​မှု​ကို​စောင့်၍ အ​ပြစ်​ပေး​တော်​မူ​ရာ​နှစ် ရောက်​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 9,
      "text": "ထို​ပြည်၏​မြစ်​ရေ​သည် ထင်း​ရှူး​စေး၊ မြေ​မှုန့်​လည်း ကန့်၊ တစ်​ပြည်​လုံး​လည်း မီး​လောင်​သော​အ​စေး ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 10,
      "text": "နေ့​ည​မ​ပြတ် မီး​မ​ငြိမ်း​ရ။ မီး​ခိုး​လည်း အ​စဉ်​တက်​လိမ့်​မည်။ ထို​ပြည်​သည် လူ​မျိုး​အ​စဉ်​အ​ဆက် ဆိတ်​ညံ၍၊ ကာ​လ​အ​စဉ်​အ​မြဲ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 11,
      "text": "ဝံ​ပို​ငှက်​နှင့် ဖြူ​ကောင်​တို့​သည် ထို​ပြည်​ကို အ​မွေ​ခံ၍၊ ဣ​ဗိတ်​ငှက်​နှင့် ကျီး​အ​တို့​သည်​လည်း နေ​ကြ​လိမ့်​မည်။ ထို​မြေ​အ​ပေါ်​မှာ လွတ်​လပ်​ခြင်း​မျဉ်း​ကြိုး​ကို​တန်း၍၊ လ​ဟာ​မှန်​ထုပ်​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 12,
      "text": "မင်း​အ​ရာ၌ ချီး​မြှောက်​ရ​သော မှူး​တော်​မတ်​တော် မ​ရှိ​ရ။ မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 13,
      "text": "ဘုံ​ဗိ​မာန်​တို့၌​လည်း​ကောင်း၊ ရဲ​တိုက်​တို့၌​လည်း​ကောင်း၊ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ မြေ​ခွေး​ခို​ရာ၊ ငှက်​ကု​လား​အုတ်​နေ​ရာ ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 14,
      "text": "ထို​အ​ရပ်၌ တော​သား​ရဲ​တို့​သည် တော​ခွေး​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ မျောက်​တို့​သည် အ​ချင်း​ချင်း တစ်​ကောင်​ကို​တစ်​ကောင် မြည်​ကြ​လိမ့်​မည်။ ထို​အ​ရပ်၌ လိ​လိတ်​ငှက်​သည်​လည်း​နား၍ ခို​လှုံ​ရာ​ကို​တွေ့​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 15,
      "text": "ခုန်​တတ်​သော မြွေ​သည်​လည်း၊ ထို​အ​ရပ်၌ အ​သိုက်​လုပ်၍ ဥ​လိမ့်​မည်။ အ​ဥ​ပေါက်​ပြီး​မှ မြွေ​သ​ငယ်​တို့​ကို စု​သိမ်း၍ ကွယ်​ကာ​လိမ့်​မည်။ လင်း​တ​တို့​သည်​လည်း ထို​အ​ရပ်၌ စု​ဝေး၍၊ အ​ထီး​အ​မ​များ ပေါင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျမ်း​စာ​ကို​ကြည့်​ရှု၍ ဖတ်​ကြ​လော့။ ထို​တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။ အ​မ​တစ်​ကောင်​မျှ မိ​မိ​အ​ဖော်​ကို မ​လို​ရ။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​အ​မိန့်​တော်ရှိ၏။ ဝိ​ညာဉ်​တော်​သည်​လည်း သူ​တို့​ကို စု​ဝေး​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 34,
      "verse": 17,
      "text": "သူ​တို့​ကို စာ​ရေး​တံ​ပြု​လျက်၊ လက်​တော်​နှင့် မျဉ်း​ကြိုး​ကို​တန်း​လျက်၊ သူ​တို့​နေ​ရာ​ကို ခွဲ​ဝေ​တော်​မူ၏။ သူ​တို့​သည် ထို​ပြည်​ကို အ​မြဲ​အ​မွေ​ခံ၍၊ အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 1,
      "text": "တော​နှင့် လွင်​ပြင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ ဆိတ်​ညံ​သော အ​ရပ်​သည်​လည်း ရွှင်​လန်း၍၊ နှင်း​ပွင့်​ကဲ့​သို့ အ​ပွင့်​ပွင့်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 2,
      "text": "အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 3,
      "text": "အား​မ​ရှိ​သော​လက်​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။ လှုပ်​တတ်​သော ဒူး​တို့​ကို မြဲ​မြံ​စေ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 4,
      "text": "အား​ယူ​ကြ​လော့၊ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကြောက်​တတ်​သော သူ​တို့​အား ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပေး​လျက်၊ ဒဏ်​စီ​ရင်​လျက် ကြွ​လာ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​ကြွ​လာ၍၊ သင်​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 5,
      "text": "ထို​အ​ခါ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့​သည် နား​ပင်း​ခြင်း​နှင့် လွတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 6,
      "text": "ခြေ​ဆွံ့​သော​သူ​တို့​သည် ဒ​ရယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ စ​ကား​အ​သော​သူ​တို့​သည် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ တော၌​စမ်း​ရေ​ထွက်၍၊ လွင်​ပြင်၌ မြစ်​ရေ​စီး​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 7,
      "text": "တံ​လျှပ်​သည် ရေ​ကန်​ဖြစ်​လိမ့်​မည်။ သွေ့​ခြောက်​သော​မြေ​သည် စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်။ မြေ​ခွေး​အိပ်​ရာ​နေ​ရာ၌ ကျူ​ပင်​နှင့် ဂ​မာ​ပင်​အ​စား၊ မြက်​ပင်​ပေါက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 8,
      "text": "ထို​အ​ရပ်၌ လမ်း​မ​ကြီး​ရှိ​လိမ့်​မည်။ ထို​လမ်း​ကို သန့်​ရှင်း​ရာ​လမ်း​ဟု သ​မုတ်​ကြ​လိမ့်​မည်။ မ​စင်​ကြယ်​သော​သူ​သည် ထို​လမ်း​ကို မ​လျှောက်​မ​သွား​ရ။ သွား​သော​သူ​တို့​နှင့်​အ​တူ ကိုယ်​တော်​တိုင်​ခ​ရီး​သွား​လျက်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိုက်​သော​သူ​သော်​လည်း လမ်း​မ​လွဲ​ရ။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 9,
      "text": "ထို​လမ်း၌ ခြင်္သေ့​မ​ရှိ​ရ။ သား​ရဲ​တစ်​ကောင်​မျှ မ​တက်​မ​လာ​ရ။ ရှာ၍ မ​တွေ့​ရ။ ရွေး​နုတ်​သော​သူ​တို့​သာ​လျှင် ခ​ရီး​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 35,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကယ်​လွှတ်​တော်​မူ​သော သူ​တို့​သည် ပြန်​လာ၍၊ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့​ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်းနည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 1,
      "text": "ဟေ​ဇ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​လေး​နှစ်​တွင် အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့ ရှိ​သ​မျှ​တို့​ကို​စစ်​ချီ၍ လုပ်​ကြံ​ပြီး​လျှင်၊"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 2,
      "text": "ရာ​ဗ​ရှာ​ခ​ကို​ခန့်​ထား၍ များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​လေ၏။ ထို​ဗိုလ်​ချုပ်​မင်း​သည်​ရောက်၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ၏။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 3,
      "text": "ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် သူ့​ထံ​သို့​ထွက်​ပြီး​လျှင်၊"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 4,
      "text": "ရာ​ဗ​ရှာ​ခ​က၊ မ​ဟာ​အ​ရှင်​မင်း​ကြီး၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ဟေ​ဇ​ကိ​ကို​မိန့်​တော်​မူ​သည်​ကား၊ သင်​ခို​လှုံ​သ​ဖြင့် ခို​လှုံ​ရာ​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 5,
      "text": "စစ်​တိုက်​လောက်​အောင် ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ငါ​ပြည့်​စုံ​သည်​ဟု အ​ချည်း​နှီး​သော​စ​ကား​ကို သင်​ဆို​ပါ​သည်​တ​ကား။ ငါ့​ကို ပုန်​ကန်​ခြင်း​ငှာ အ​ဘယ်​သူ​ကို ကိုး​စား​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 6,
      "text": "ကျိုး​သော ကျူ​လုံး​တောင်​ဝှေး​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​ကို ကိုး​စား​ပါ​သည်​တ​ကား။ ထို​ကျူ​လုံး​သည် မှီ​သော​သူ၏​လက်​ကို​ဖောက်၍ လျှို​သွား​လိမ့်​မည်။ ထို​သို့ အဲ​ဂု​တ္တု​မင်း​ကြီး ဖာ​ရော​ဘု​ရင်​သည် မိ​မိ၌​မှီ​သော​သူ အ​ပေါင်း​တို့​ကို ပြု​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 7,
      "text": "သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား ဖြစ်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 8,
      "text": "သို့​ဖြစ်၍၊ ယ​ခု​တွင် ငါ့​သ​ခင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၌ အာ​မ​ခံ​တို့​ကို​အပ်​ပါ​လော့။ သင်၌ မြင်း​စီး​သူ​ရဲ​လုံ​လောက်​အောင်​ရှိ​လျှင်၊ မြင်း​နှစ်​ထောင်​တို့​ကို ငါ​ပေး​မည်။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 9,
      "text": "သင်​သည် ငါ့​သ​ခင်၏​ကျွန်​တို့​တွင် အ​ငယ်​ဆုံး​သော​ဗိုလ်​ကို အ​ဘယ်​သို့ လှန်​နိုင်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ရ​မည်​ဟု ယုံ​ပါ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​မ​ရှိ​ဘဲ၊ ဤ​ပြည်​ကို​ဖျက်​ဆီး​ခြင်း​ငှာ ငါ​လာ​သ​လော။ ထို​ပြည်​ကို​သွား၍ ဖျက်​ဆီး​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​ပြီ။ ဤ​အ​ကြောင်း​အ​ရာ​များ​ကို ပြန်​ပြော​ကြ​လော့​ဟု ပြော​ဆို၏။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 11,
      "text": "ထို​အ​ခါ ဧ​လျာ​ကိမ်၊ ရှေ​ဗ​န၊ ယော​အာ​တို့​က၊ ရှု​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျွန်​တော်​တို့​အား အ​မိန့်​ရှိ​ပါ​လော့။ ထို​စ​ကား​ကို ကျွန်​တော်​တို့​သည် နား​လည်​ပါ၏။ မြို့​ရိုး​ပေါ်​မှာ​ရှိ​သော​သူ​တို့​သည် ကြား​ရ​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​မိန့်​မ​ရှိ​ပါ​နှင့်​ဟု ရာ​ဗ​ရှာ​ခ​ကို ဆို​ကြ​လျှင်၊"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 12,
      "text": "ရာ​ဗ​ရှာ​ခ​က၊ ငါ့​သ​ခင်​သည် သင်၏​သ​ခင်​နှင့် သင့်​အား​သာ ဤ​စ​ကား​ကို​ပြော​စေ​ခြင်း​ငှာ ငါ့​ကို စေ​လွှတ်​တော်​မူ​သ​လော။ မြို့​ရိုး​ပေါ်​မှာ ထိုင်​လျက်၊ သင်​တို့​နှင့်​အ​တူ မိ​မိ​တို့​မ​စင်​ကို​စား၍၊ မိ​မိ​တို့​ရေ​ဟောင်း​ကို သောက်​ရ​သော သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည် မ​ဟုတ်​လော​ဟု ဆို​ပြီး​လျှင်၊"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 13,
      "text": "ရာ​ဗ​ရှာ​ခ​သည် ထ၍ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်၊ မ​ဟာ​အ​ရှင်​မင်း​ကြီး အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 14,
      "text": "ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​ကား၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို မ​လှည့်​စား​စေ​နှင့်။ သူ​သည်​သင်​တို့​ကို ကယ်​ယူ​ခြင်း​ငှာ မ​တတ်​နိုင်။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 15,
      "text": "ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဧ​ကန်​အ​မှန်​ကယ်​ယူ​တော်​မူ​မည်။ ဤ​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် လက်​သို့ မ​ရောက်​ရ​ဟု ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​စား​စေ​နှင့်။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 16,
      "text": "ဟေ​ဇ​ကိ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့ ထွက်​လာ​ကြ။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 17,
      "text": "သင်​တို့​ပြည်​နှင့် တူ​သော​ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး​စ​ပျစ်​ရည်​နှင့် ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​သော​ပြည်​သို့၊ သင်​တို့​ကို​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင်၊ သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏​အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏ အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က ရေ​ကို သောက်​လျက်​နေ​ကြ​ဦး​လော့။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 18,
      "text": "ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ကယ်​ယူ​တော်​မူ​မည်​ဟု မ​ဖြား​ယောင်း​စေ​နှင့်။ အ​ပြည်​ပြည်​သော​ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 19,
      "text": "ဟာ​မတ်​ပြည်၏​ဘု​ရား၊ အာ​ပဒ်​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 20,
      "text": "ထို​အ​ပြည်​ပြည်​သော ဘု​ရား​တို့​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​သည် မိ​မိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ဖူး​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို ငါ့​လက်​မှ အ​ဘယ်​သို့​ကယ်​လွှတ်​နိုင်​မည်​နည်း​ဟု ဆို​လေ၏။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 21,
      "text": "ယု​ဒ​လူ​တို့​လည်း၊ စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 36,
      "verse": 22,
      "text": "ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက်၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့​လာ၍၊ ရာ​ဗ​ရှာ​ခ​စ​ကား​ကို ကြား​လျှောက်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 1,
      "text": "ထို​စ​ကား​ကို ဟေ​ဇ​ကိ​မင်း​ကြီး​သည် ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ခြုံ​လျက် ဗိ​မာန်​တော်​သို့ သွား​လေ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 2,
      "text": "လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်​ရှိ​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး ရှေ​ဗ​န၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​ထံ​သို့ စေ​လွှတ်​လေ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 3,
      "text": "ဟေ​ဇ​ကိ​မင်း​မှာ​ထား​သော စ​ကား​ဟူ​မူ​ကား၊ ယ​နေ့​သည် ဒု​က္ခ​နေ့၊ ဆုံး​မ​သော​နေ့၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​နေ့​ဖြစ်၏။ သား​ဖွား​ချိန်​ရောက်၍ သား​ကို ဖွား​နိုင်​အောင်​ခွန်​အား​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 4,
      "text": "အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန် ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် ကြား​သော​စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 5,
      "text": "ဟေ​ဇ​ကိ​မင်း စေ​လွှတ်​သော​ကျွန်​တို့​သည် ဟေ​ရှာ​ယ​ထံ​သို့ ရောက်​လာ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 6,
      "text": "ဟေ​ရှာ​ယ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ သင်​သည် ကြား​ရ​သော​စ​ကား​ကြောင့် မ​ကြောက်​နှင့်။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 7,
      "text": "ထို​မင်း၌ အ​ခြား​သော​စိတ်​သ​ဘော​ကို ငါ​သွင်း​ပေး​မည်။ သူ​သည် သ​တင်း​ကြား၍ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။ ထို​ပြည်၌ ဓား​ဖြင့် ငါ​ဆုံး​စေ​မည်​ဟူ​သော စ​ကား​တော်​ကို သင်​တို့၏​သ​ခင်​အား ပြန်​ကြား​ကြ​လော့​ဟု ပြော​ဆို၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 8,
      "text": "ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် လာ​ခိ​ရှ​မြို့​မှ ထွက်​သွား​ကြောင်း​ကို ရာ​ဗ​ရှာ​ခ​ကြား​လျှင်၊ ပြန်​သွား၍ လိ​ဗ​န​မြို့​ကို ရှင်​ဘု​ရင်​တိုက်​နေ​သည်​ကို တွေ့​လေ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 9,
      "text": "နောက်​တစ်​ဖန် ကု​ရှ​မင်း​ကြီး​တိ​ရ​က္က​သည် စစ်​ချီ၍​လာ​ပြီ​ဟု သ​တင်း​ကြား​သော​အ​ခါ၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့ တ​မန်​တို့​ကို စေ​လွှတ်​ပြန်၍၊"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 10,
      "text": "သင်​တို့​သည် ယု​ဒ​မင်း​ကြီး​ဟေ​ဇ​ကိ​ကို ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ သင်​ကိုး​စား​သော ဘု​ရား​သ​ခင်​က၊ ယေ​ရု​ရှ​လင်​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ မ​ရောက်​ရ​ဟူ၍ သင့်​ကို မ​လှည့်​စား​စေ​နှင့်။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 11,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် ခပ်​သိမ်း​သော​ပြည်​တို့​ကို လုပ်​ကြံ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို သင်​သည်​ကြား​ရ​ပြီ။ ကိုယ်​တိုင် လွတ်​လိမ့်​မည်​လော။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 12,
      "text": "ငါ့​ဘိုး​ဘေး​တို့​သည် ဖျက်​ဆီး​သော​အ​မျိုး​သား၊ ဂေါ​ဇန်​အ​မျိုး​သား၊ ခါ​ရန်​အ​မျိုး​သား၊ ရေ​ဇပ်​အ​မျိုး​သား၊ တေ​လ​သာ​မြို့၌​ရှိ​သော ဧ​ဒင်​အ​မျိုး​သား​တို့​ကို၊ သူ​တို့၏​ဘု​ရား​များ​တို့​သည် ကယ်​ယူ​ကြ​ပြီ​လော။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 13,
      "text": "ဟာ​မတ်​မင်း​ကြီး၊ အာ​ပဒ်​မင်း​ကြီး​နှင့် သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့၊ ဣ​ဝါ​မြို့​ကို စိုး​စံ​သော​မင်း​ကြီး​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု မှာ​လိုက်​လေ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 14,
      "text": "ထို​မှာ​စာ​ကို ဟေ​ဇ​ကိ​မင်း​သည် သံ​တ​မန်​လက်​မှ​ခံ​ယူ၍ ကြည့်​ပြီး​လျှင်၊ ဗိ​မာန်​တော်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြန့်​ထား​လေ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 15,
      "text": "ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​ဆို​သည်​ကား၊"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 16,
      "text": "ခေ​ရု​ဗိမ်​ပေါ်​မှာ ထိုင်​တော်​မူ​သော၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 17,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို လှည့်၍ နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​စိ​တော်​ကို​ဖွင့်၍ ကြည့်​ရှု​တော်​မူ​ပါ။ သ​နာ​ခ​ရိပ်​မင်း​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​ကဲ့​ရဲ့၍၊ ပြော​စေ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 18,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​စင်​စစ် အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ဖျက်​ဆီး၍၊"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 19,
      "text": "သူ​တို့၏​ဘု​ရား​များ​ကို မီး​ထဲ​သို့​ချ​ပစ်​ကြ​ပါ​ပြီ။ ထို​ဘု​ရား​တို့​သည် ဘု​ရား​မ​ဟုတ်၊ လူ​လက်​ဖြင့်​လုပ်​သော သစ်​သား​နှင့် ကျောက်​ဖြစ်​သော​ကြောင့်၊ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 20,
      "text": "အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ၊ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည် သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​ယူ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 21,
      "text": "ထို​အ​ခါ အာ​မုတ်​သား ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ် အ​ကြောင်း​ကြောင့်၊ ငါ့​ရှေ့​မှာ ပ​တ္ထ​နာ​ပြု​သည်​ဖြစ်၍၊"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 22,
      "text": "ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 23,
      "text": "သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 24,
      "text": "သင်​သည် ကျွန်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့၍၊ ငါ​သည် ရ​ထား​များ​ပြား​သ​ဖြင့် တောင်​ထိပ်​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​အ​ထွတ်​သို့​လည်း​ကောင်း တက်​လာ​ပြီ။ အ​ရပ်​မြင့်​သော အာ​ရဇ်​ပင်​နှင့် အ​ကောင်း​ဆုံး​သော ထင်း​ရှူး​ပင်​တို့​ကို ငါ​ခုတ်​လှဲ​ပြီ။ အ​မြင့်​ဆုံး​သော​အ​ရပ်၊ အ​သီး​များ​သော​တော​ထဲ​သို့ ငါ​ဝင်​ပြီ။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 25,
      "text": "ငါ​သည် တွင်း​တူး၍ ရေ​ကို​သောက်​ရ​ပြီ။ ငါ၏​ခြေ​ဖ​ဝါး​အား​ဖြင့် အဲ​ဂု​တ္တု​မြစ်​လက်​ကြား ရေ​ရှိ​သ​မျှ​ကို ခန်း​ခြောက်​စေ​ပြီ​ဟု သင်​ဆို​မိ​ပြီ​တ​ကား။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 26,
      "text": "ငါ​သည်​အ​ထက်​က ဤ​အ​မှု​ကို စီ​ရင်​ကြောင်း​နှင့်၊ ရှေး​ကာ​လ၌ ပြု​ပြင်​ကြောင်း​ကို သင်​သည် မ​ကြား​သ​လော။ ယ​ခု​မှာ​လည်း သင်​သည် ခိုင်​ခံ့​သော​မြို့​တို့​ကို ဖျက်​ဆီး၍၊ ကျောက်​ပုံ ဖြစ်​စေ​သော​သူ ဖြစ်​မည်​အ​ကြောင်း ငါ​စီ​ရင်​ခန့်​ထား​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 27,
      "text": "ထို​ကြောင့်၊ မြို့​သား​တို့​သည် အား​နည်း​ကြ၏။ မှိုင်​တွေ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ တော​မြက်​ပင်​နှင့် စိမ်း​သော​စ​ပါး​ပင် ကဲ့​သို့​လည်း​ကောင်း၊ အိမ်​မိုး​ပေါ်​မှာ ပေါက်​သော မြက်​ပင်​နှင့်၊ မ​ကြီး​မီ​ညှိုး​နွမ်း​သော စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 28,
      "text": "သင်၏ နေ​ထိုင်​ခြင်း၊ ထွက်​ဝင်​ခြင်း၊ ငါ၌​အ​မျက်​ဟုန်း​ခြင်း​တို့​ကို​ငါ​သိ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 29,
      "text": "ငါ၌ သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို နှာ​ရှုတ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 30,
      "text": "သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ ပေါက်​သော​အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည်​စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင် မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို စား​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 31,
      "text": "ဘေး​လွတ်၍ ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့​သည် တစ်​ဖန်​အောက်​မှာ​အ​မြစ်​စွဲ၍၊ အ​ထက်​မှာ အ​သီး​သီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 32,
      "text": "ကျန်​ကြွင်း​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က​လည်း​ကောင်း၊ ဘေး​လွတ်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​က​လည်း​ကောင်း ပေါ်​လာ​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 33,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ရည်​မှတ်၍​မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ဤ​မြို့​သို့ မ​ဝင်​ရ။ မြို့​ထဲ​သို့ မြား​ကို မ​ပစ်​ရ။ မြို့​ရှေ့​မှာ ဒိုင်း​လွှား​ကို မ​ပြ​ရ။ မြို့​ပြင်​မှာ မြေ​ရိုး​ကို​မ​ဖို့​ရ။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 34,
      "text": "လာ​သော​လမ်း​ဖြင့် ပြန်​သွား​ရ​မည်။ ဤ​မြို့​ထဲ​သို့ မ​ဝင်​ရ။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 35,
      "text": "ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း​ထောက်၍၊ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 36,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 37,
      "text": "အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်​လည်း၊ ထို​အ​ရပ်​မှ​ထွက်၍ ပြန်​သွား​ပြီး​လျှင်၊ နိ​နေ​ဝေ​မြို့၌ နေ​လေ၏။"
    },
    {
      "book": 23,
      "chapter": 37,
      "verse": 38,
      "text": "နောက်​တစ်​ဖန် သူ​သည် မိ​မိ​ဘု​ရား​နိ​သ​ရုတ်၏ ဗိ​မာန်၌ ကိုး​ကွယ်​စဉ်​တွင်၊ သား​တော်​အာ​ဒြ​မ္မေ​လက်​နှင့် ရှ​ရေ​ဇာ​သည် ခ​မည်း​တော်​ကို ဓား​နှင့်​သတ်​ပြီး​လျှင်၊ အာ​ရ​မ​နိ​ပြည်​သို့ ပြေး​ကြ၏။ သား​တော် ဧ​သ​ရ​ဟ​ဒ္ဒုန်​သည်​လည်း၊ ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 1,
      "text": "ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 2,
      "text": "ဟေ​ဇ​ကိ​မင်း​သည်​လည်း ထ​ရံ​သို့​မျက်​နှာ​လှည့်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော စိတ်​နှ​လုံး​နှင့်​ကျင့်၍၊ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 4,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဟေ​ရှာ​ယ​သို့​ရောက်၍၊"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 5,
      "text": "သင်​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏ ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏ မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍ ပေး​မည်။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 6,
      "text": "သင်​နှင့် ဤ​မြို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ငါ​ကယ်​လွှတ်​မည်။ ဤ​မြို့​ကို ငါ​ကွယ်​ကာ​စောင့်​မ​မည်​အ​ရာ​ကို ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 7,
      "text": "ဟေ​ရှာ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​တော်​မူ​သော လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 8,
      "text": "ကြည့်​ရှု​လော့။ အာ​ခတ်၏ နေ​တိုင်း​နာ​ရီ​ပေါ်​မှာ ရွေ့​သော​အ​ရိပ်​ကို ဆယ်​ချက်​ပြန်​စေ​မည်​ဟု ဆို၏။ ဆို​သည်​အ​တိုင်း ဆယ်​ချက်​ရွေ့​ပြီး​သော​အ​ရိပ်​သည် ဆယ်​ချက်​ပြန်​လေ၏။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 9,
      "text": "ယု​ဒ​မင်း​ကြီး​ဟေ​ဇ​ကိ​သည် အ​နာ​မှ​ထ​မြောက်၍ ရေး​ထား​သော​စာ​ဟူ​မူ​ကား၊"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 10,
      "text": "ငါ​သည် ငြိမ်​သက်​စွာ​နေ​စဉ်​အ​ခါ၊ မ​ရ​ဏနိုင်​ငံ​တံ​ခါး​သို့ ဝင်​ရ​ပါ​သည်​တ​ကား။ ငါ၌ ကြွင်း​သော​နှစ်​များ​ကို ငါ​ရှုံး​ပြီ​ဟု ငါ​ဆို​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 11,
      "text": "အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌၊ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​မြင်​ရ။ ငြိမ်း​ရာ​အ​ရပ်​သား​တို့​နှင့် ပေါင်း​ဖော်​ရ​သ​ဖြင့်၊ နောက်​တစ်​ဖန် လူ​တို့​ကို မ​မြင်​ရ။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 12,
      "text": "သိုး​ထိန်း​တဲ​ကဲ့​သို့ ငါ​နေ​သော​အိမ်​ကို​နုတ်​ပယ်၍၊ အ​ခြား​တစ်​ပါး​သို့ ဆောင်​သွား​ပြီ။ ရက်​ကန်း​သည် ပြု​သ​ကဲ့​သို့ ငါ့​အ​သက်​သည် လိပ်​လျက်​ရှိ၍၊ ရက်​ကန်း​စင်​မှ ငါ့​ကို ပယ်​ဖြတ်​တော်​မူ​လိမ့်​မည်။ တစ်​နေ့​ချင်း​တွင် ငါ့​ကို ဆုံး​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ဆို​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 13,
      "text": "ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ နံ​နက်​တိုင်​အောင် မြည်​ရ၏။ တစ်​နေ့​ချင်း​တွင် ငါ့​ကို ဆုံး​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ဆို​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 14,
      "text": "ငါ​သည် တီ​တီ​တွတ်​နှင့် ဇ​ရက်​ကဲ့​သို့ မြည်၍ ချိုး​ကဲ့​သို့ ညည်း​တွန်​ရ၏။ ငါ့​မျက်​စိ​တို့​သည် မျှော်​ကြည့်၍ အား​လျော့​ကြ​ပြီ။ အို ဘု​ရား​ရှင်၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော အ​ကျွန်ုပ်​ဘက်၌ နေ​တော်​မူ​ပါ။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 15,
      "text": "အ​ဘယ်​သို့ ငါ​ပြော​ရ​မည်​နည်း။ ငါ့​အား က​တိ​ပေး​တော်​မူ​ပြီ။ က​တိ​တော်​အ​တိုင်း​လည်း ပြု​တော်​မူ​ပြီ။ ငါ၌ ကျန်​ကြွင်း​သော နှစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ​သည် စိတ်​ဆင်း​ရဲ​ခြင်း​ကို အောက်​မေ့၍၊ ဖြည်း​ဖြည်း​သွား​ပါ​မည်။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 16,
      "text": "အို ဘု​ရား​ရှင်၊ ထို​သို့​သော​အား​ဖြင့် အ​သက်​ရှင်​ရ​ပါ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့၌ အ​ကျွန်ုပ်​ဝိ​ညာဉ်၏ အ​သက်​တည်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ရှင်​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 17,
      "text": "အ​ကျွန်ုပ်​ခံ​ရ​သော ဝေ​ဒ​နာ​သည် ငြိမ်း​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သ​နား၍၊ ဖျက်​ဆီး​ရာ​တွင်း​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ အ​ကျွန်ုပ် အ​ပြစ်​ရှိ​သ​မျှ​တို့​ကို နောက်​တော်​သို့ ပစ်​လိုက်​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 18,
      "text": "အ​ကယ်​စင်​စစ် မ​ရ​ဏ​နိုင်​ငံ​သည် ဂုဏ်​တော်​ကို မ​ချီး​မွမ်း​ရ​ပါ။ သေ​နေ​သော​သူ​သည် ဂုဏ်​တော်​ကို ထော​မ​နာ​သီ​ချင်း​မ​ဆို​ရ​ပါ။ တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် သ​စ္စာ​တော်​ကို မ​မျှော်​လင့်​ရ​ပါ။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 19,
      "text": "အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကယ်​တင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ ငါ​တို့​သည် တစ်​သက်​လုံး ဗိ​မာန်​တော်၌ စောင်း​တီး၍ သီ​ချင်း​ဆို​ကြ​လိမ့်​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 21,
      "text": "ဟေ​ရှာ​ယ​က​လည်း၊ သင်္ဘော​သ​ဖန်း​သီး အ​လုံး​အ​ထွေး​ကို ယူ၍​နယ်​ပြီး​မှ၊ အ​နာ​ကို အုံ​ကြ​လော့။ ထို​သို့​ပြု​လျှင် မင်း​ကြီး​သည် သက်​သာ​ရ​လိမ့်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 23,
      "chapter": 38,
      "verse": 22,
      "text": "ဟေ​ဇ​ကိ​မင်း​က​လည်း၊ ငါ​သည် ဗိ​မာန်​တော်​သို့​တက်​လိမ့်​မည်​ဆို​သော်၊ အ​ဘယ်​လ​က္ခ​ဏာ​သက်​သေ​ရှိ​သ​နည်း​ဟု မေး၏။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 1,
      "text": "ထို​ကာ​လ​အ​ခါ ဗာ​လ​ဒန်​သား၊ ဗာ​ဗု​လုန်​မင်း​ကြီး မေ​ရော​ဒ​ပ္ဗါ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​နာ၍၊ အ​နာ​ပျောက်​သည်​ကို ကြား​သော​ကြောင့်၊ မေ​တ္တာ​စာ​နှင့် လက်​ဆောင်​ပါ​လျက်၊ တ​မန်​တို့​ကို စေ​လွှတ်​လေ၏။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 2,
      "text": "ဟေ​ဇ​ကိ​မင်း​သည် သူ​တို့​ရောက်​သော​ကြောင့် ဝမ်း​မြောက်၍၊ ရွှေ​တိုက်​မှ​စ​သော ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ၊ လက်​နက်​တိုက်​နှင့် ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို​ပြ​လေ၏။ နန်း​တော်​မှ​စ၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 3,
      "text": "ထို​အ​ခါ ပ​ရော​ဖက် ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​တော်​သို့ သွား၍၊ ထို​သူ​တို့​သည် အ​ဘယ်​သို့ ပြော​ကြ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ အ​ထံ​တော်​သို့ လာ​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဇ​ကိ​မင်း​က၊ ဝေး​သော​အ​ရပ်၊ ဗာ​ဗု​လုန်​ပြည်​မှ ရောက်​လာ​ကြ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 4,
      "text": "နန်း​တော်၌ အ​ဘယ်​အ​ရာ​ကို​မြင်​ကြ​ပြီ​နည်း​ဟု မေး​ပြန်​လျှင်၊ ဟေ​ဇ​ကိ​မင်း​က၊ နန်း​တော်၌ ရှိ​သ​မျှ​ကို မြင်​ရ​ကြ​ပြီ။ ဘ​ဏ္ဍာ​တော်​တွင် ငါ​မ​ပြ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု ပြန်​ပြော၏။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 5,
      "text": "ထို​အ​ခါ ဟေ​ရှာ​ယ​က၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​လော့။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 6,
      "text": "နန်း​တော်၌ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​သည် ဆည်း​ပူး​သ​မျှ​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 7,
      "text": "သင်​နှင့်​နွယ်၍​ရ​သော သင်၏​သား​မြေး​တို့​ကို​လည်း​ယူ​သွား၍၊ သူ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​နန်း​တော်၌၊ လူပျိုတော် လုပ်​ရ​ကြ​လိမ့်​မည်​ဟု ဟေ​ဇ​ကိ​မင်း​အား ပြော​ဆို​လေ၏။"
    },
    {
      "book": 23,
      "chapter": 39,
      "verse": 8,
      "text": "ဟေ​ဇ​ကိ​မင်း​က​လည်း၊ သင်​ပြန်​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကောင်း​ပါ၏ ဟူ၍​လည်း​ကောင်း၊ အ​ကယ်​စင်​စစ် ငါ့​လက်​ထက်၌ ငြိမ်​သက်​ခြင်း​နှင့် သ​စ္စာ​စောင့်​ခြင်း​ရှိ​ရ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ ဟေ​ရှာ​ယ​အား​ဆို​လေ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 1,
      "text": "သင်​တို့၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို နှစ်​သိမ့်​စေ​ကြ​လော့။ နှစ်​သိမ့်​စေ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 2,
      "text": "စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 3,
      "text": "တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင်၏ လမ်း​ခ​ရီး​တော်​ကို လွင်​ပြင်၌ ဖြောင့်​စေ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 4,
      "text": "ချိုင့်​ဝှမ်း​ရာ ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။ ကြမ်း​တမ်း​သော လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ပေါ်​ထွန်း၍၊ လူ​အ​ပေါင်း​တို့​သည် အ​တူ​မြင်​ရ​ကြ​လ​တ္တံ့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 6,
      "text": "တစ်​ဖန် ထို​အ​သံ​က၊ ဟစ်​ကြော်​လော့​ဟု​ဆို​လျှင် ငါ​က၊ အ​ဘယ်​အ​ရာ​ကို ဟစ်​ကြော်​ရ​မည်​နည်း​ဟု မေး​သော်၊ လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ဖြစ်၏။ လူ​မျိုး၏​ဘုန်း​ရှိ​သ​မျှ​သည်​လည်း တော​အ​ပွင့်​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လေ​တိုက်​သော​အ​ခါ၊ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် မြက်​ပင်​ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 8,
      "text": "မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​စဉ်​အ​မြဲ​တည်၏​ဟု ဆို​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 9,
      "text": "ဇိ​အုန်​တောင်​သို့ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဆောင်​ခဲ့​သော​သူ၊ မြင့်​သော​တောင်​ပေါ်​သို့ တက်​လော့။ ယေ​ရု​ရှ​လင်​မြို့​သို့ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ဆောင်​ခဲ့​သော​သူ၊ ကျယ်​သော​အ​သံ​ကို လွှင့်​လော့။ မ​စိုး​ရိမ်​ဘဲ အ​သံ​ကို​လွှင့်​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြည့်​ရှု​ကြ​ဟု ယု​ဒ​မြို့​ရွာ​တို့​အား​ပြော​လော့။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 10,
      "text": "ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ကြီး​သော​တန်​ခိုး​နှင့် ကြွ​လာ၍၊ လက်​ရုံး​တော်​အား​ဖြင့် အ​စိုး​ရ​တော်​မူ​လိမ့်​မည်။ မိ​မိ​ခံ​တော်​မူ​ထိုက်​သော​အ​ခ မိ​မိ၌​ပါ​လျက်၊ ဆု​လာဘ်​တော်​သည် ရှေ့​တော်၌​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 11,
      "text": "မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 12,
      "text": "ရေ​များ​ကို လက်​ဆွန်း​ဖြင့် ခြင်​သော​သူ၊ မိုး​ကောင်း​ကင်​ကို မိ​မိ​လက်​ဖြင့် ထွာ​သော​သူ၊ မြေ​မှုန့်​ကို တင်း​တောင်း​ဖြင့် ချင့်​တွက်​သော​သူ၊ တောင်​ကြီး​ကို ချိန်​ခွင်​ဖြင့်​လည်း​ကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်း​ကောင်း ချိန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​ကို အ​ဘယ်​သူ စစ်​ကြော​သ​နည်း။ ထို​ဘု​ရား​နှင့် တိုင်​ပင်၍၊ အ​ဘယ်​သူ​သည် အ​ကြံ​ပေး​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 14,
      "text": "အ​ဘယ်​သူ​နှင့် တိုင်​ပင်​တော်​မူ​သ​နည်း။ ထို​ဘု​ရား​ကို အ​ဘယ်​သူ သွန်​သင်​သ​နည်း။ ထို​ဘု​ရား​အား တ​ရား​လမ်း​ကို​ပြ​သော​သူ၊ ပ​ညာ​နည်း​ကို ပေး​သော​သူ၊ ဉာဏ်​လမ်း​ကို ညွှန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 15,
      "text": "လူ​အ​မျိုး​မျိုး​တို့​သည် ရေ​ပုံး​မှ ကျ​သော ရေ​စက်​ကဲ့​သို့ ဖြစ်၍၊ ချိန်​ခွင်၌ မြူ​မှုန်​ကဲ့​သို့ ထင်​မှတ်​စ​ရာ​ရှိ၏။ ကျွန်း​တို့​သည်​လည်း၊ လွင့်​တတ်​သော အ​ဏု​မြူ​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 16,
      "text": "လေ​ဗ​နုန်​တော​သည် မီး​မွေး​ဖို့​မ​လောက်။ ထို​တော၌​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည်​လည်း၊ မီး​ရှို့​ရာ​ယဇ်​ဖို့ မ​လောက်။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 17,
      "text": "ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​သည် အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ရှေ့​တော်၌​ဖြစ်​ကြ၏။ အ​ဘယ်​မျှ​မ​ဟုတ်​သော အ​ရာ​ထက်​သာ၍ ငယ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​ကဲ့​သို့​လည်း​ကောင်း မှတ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 18,
      "text": "သို့​ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​နှင့် အ​ဘယ်​မည်​သော ပုံ​သ​ဏ္ဌာန်​တူ​သည်​ဟု ဆို​ရ​အံ့​နည်း။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 19,
      "text": "ပန်း​တဉ်း​သ​မား​သည် ရုပ်​တု​ကို​သွန်း​ပြီး​မှ၊ ပန်း​ထိမ်​သ​မား​သည် ရွှေ​နှင့်​မွမ်း​မံ၍၊ ငွေ​ကြိုး​ကို​လည်း လုပ်​တတ်၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 20,
      "text": "အ​ဖိုး​ထိုက်​သော အ​လှူ​ကို မ​လှူ​နိုင်​သော​သူ​သည်၊ မ​ဆွေး​မြေ့​တတ်​သော သစ်​သား​ကို​ရွေး​ကောက်​ပြီး​မှ၊ မြဲ​မြံ​သော​ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ၊ လိ​မ္မာ​သော​လက်​သ​မား​ကို ရှာ​တတ်၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 21,
      "text": "သင်​တို့​သည် မ​သိ​ကြ​သ​လော။ မ​ကြား​ကြ​သ​လော။ ရှေ့​ဦး​စွာ​မှ​စ၍ သင်​တို့​အား မ​ဖော်​မ​ပြ​သ​လော။ မြေ​ကြီး​တည်​သည် အ​ကြောင်း​ကို နား​မ​လည်​ကြ​သ​လော။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 22,
      "text": "မြေ​ကြီး​စက်​အ​ပေါ်​မှာ ထိုင်၍၊ မြေ​ကြီး​သား​တို့​ကို နှံ​ကောင်​ကဲ့​သို့ မှတ်​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်၍၊ နေ​စ​ရာ​တဲ​ကဲ့​သို့ ဖြန့်​တော်​မူ​ထ​သော၊"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 23,
      "text": "မင်း​တို့​ကို ရှုတ်​ချ၍၊ မြေ​ကြီး​တ​ရား​သူ​ကြီး​တို့​ကို အ​န​တ္တ​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​သော​သူ​ပေ​တည်း။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 24,
      "text": "အ​ကယ်​စင်​စစ် သူ​တို့​ကို မ​စိုက်​မ​ပျိုး​ရ။ အ​ကယ်​စင်​စစ် သူ​တို့၏​မျိုး​စေ့​ကို မ​ကြဲ​ရ။ အ​ကယ်​စင်​စစ် သူ​တို့​အ​ပင်​သည် မြေ၌ အ​မြစ်​မ​စွဲ​ရ။ သူ​တို့​အ​ပေါ်​မှာ မှုတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ညှိုး​နွမ်း​သွေ့​ခြောက်၍၊ လေ​ပွေ​သည် သူ​တို့​ကို ဖွဲ​ကဲ့​သို့ တိုက်​လွှင့်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 25,
      "text": "သို့​ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ ငါ​သည် အ​ဘယ်​သူ​နှင့် တူ​ရ​အံ့​နည်း​ဟု သန့်​ရှင်း​သော​ဘု​ရား မေး​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 26,
      "text": "အ​ထက်​သို့ မျှော်​ကြည့်​ကြ​လော့။ ထို​အ​ရာ​တို့​ကို အ​ဘယ်​သူ ဖန်​ဆင်း​သ​နည်း။ ထို​သူ​သည် သူ​တို့​အ​လုံး​အ​ရင်း​ကို အ​ရေ​အ​တွက်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို နာ​မည်​ဖြင့်​ခေါ်​တော်​မူ၏။ ခွန်​အား​ကြီး၍ တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ခု​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 27,
      "text": "အို ယာ​ကုပ်​အ​မျိုး၊ သင်​သွား​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့်​ပြော​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​အ​မှု​ကို သင်၏​ဘု​ရား​သ​ခင် မှတ်​တော်​မ​မူ​ဟု၊ အ​ဘယ်​ကြောင့်​ဆို​ရ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 28,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​စွန်း​တိုင်​အောင် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်​ပန်း​တော်​မူ​ခြင်း​မ​ရှိ၊ စစ်၍ မ​ကုန်​နိုင်​သော​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည် မ​သိ​မ​ကြား​ဖူး​သ​လော။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 29,
      "text": "ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 30,
      "text": "လူ​ပျို​တို့​သည် မော၍ ပင်​ပန်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ လု​လင်​တို့​သည်​လည်း ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 40,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 1,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​ကြ။ လူ​အ​မျိုး​မျိုး​တို့၊ အား​ဖြည့်​ကြ။ ချဉ်း​ကပ်၍​ပြော​ကြ။ တ​ရား​တွေ့​ကြ​ကုန်​အံ့။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 2,
      "text": "ဖြောင့်​မတ်​ခြင်း​မင်္ဂ​လာ လိုက်​တတ်​သော​သူ​ကို အ​ရှေ့​ပြည်​က၊ အ​ဘယ်​သူ ပေါ်​လာ​စေ​သ​နည်း။ လူ​အ​မျိုး​မျိုး​တို့​ကို သူ၌​အပ်၍၊ ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သူ​စီ​ရင်​သ​နည်း။ ရန်​သူ​တို့​ကို သူ၏​ဓား​ရှေ့​မှာ မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လေး​ရှေ့​မှာ လွင့်​သော​ဖွဲ​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​သူ​ဖြစ်​စေ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 3,
      "text": "ရန်​သူ​တို့​ကို လိုက်​ရ၏။ မိ​မိ​ခြေ​မ​နင်း​ဖူး​သော လမ်း​ဖြင့်၊ ဘေး​မ​ရှိ၊ လွန်​သွား​ရ၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 4,
      "text": "ထို​အ​မှု​များ​ကို စီ​ရင်​ဖန်​ဆင်း​လျက်၊ ရှေ့​ဦး​စွာ​မှ​စ၍ လူ​မျိုး​အ​စဉ်​အ​ဆက်​တို့​ကို ခေါ်​သော​သူ​သည် အ​ဘယ်​သူ​နည်း​ဟူ​မူ​ကား၊ အ​ဦး​ဆုံး​သော​သူ​ဖြစ်၍၊ နောက်​ဆုံး​သော သူ​တို့​နှင့်​ရှိ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 5,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့​သည် မြင်၍ ကြောက်​ကြ၏။ မြေ​ကြီး​စွန်း​သား​တို့​သည် ထိတ်​လန့်​သော​စိတ်​နှင့် ချဉ်း​ကပ်၍ စု​ဝေး​ကြ၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 6,
      "text": "အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​စ၍၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက်၊ မ​စိုး​ရိမ်​နှင့်​ဟု ဆို​ကြ၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 7,
      "text": "ထို​သို့ ပန်း​တဉ်း​သ​မား​သည် ပန်း​ထိမ်​သ​မား​ကို နှိုး​ဆော်​တတ်၏။ သံ​တူ​နှင့် ချော​စေ​သော​သူ​သည်၊ ပေ​ပေါ်​မှာ​ရိုက်​သော​သူ​ကို​လည်း နှိုး​ဆော်၍၊ ဂ​ဟေ​ကောင်း​သည်​ဟု ဆို​တတ်၏။ ရုပ်​တု​ကို မ​လှုပ်​ရှား​စေ​ခြင်း​ငှာ သံ​ချွန်​နှင့် ရိုက်​ထား​တတ်၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 8,
      "text": "ငါ့​ကျွန်​ဣ​သ​ရေ​လ၊ ငါ​ရွေး​ချယ်​သော​သူ ယာ​ကုပ်၊ ငါ့​အ​ဆွေ​အာ​ဗြ​ဟံ၏​သား၊"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 9,
      "text": "မြေ​ကြီး​အ​စွန်း​အ​နား​မှ ငါ​လက်​ဆွဲ၍​ခေါ်​သော​သူ၊ သင်​သည် ငါ့​ကျွန်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ သင့်​ကို​ငါ​ရွေး​ချယ်​ပြီ၊ သင့်​ကို မ​ပစ်​မ​ပယ် ဟူ၍​လည်း​ကောင်း၊ က​တိ​ကို​ခံ​ရ​သော​သူ၊"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 10,
      "text": "မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 11,
      "text": "သင်၌ အ​မျက်​ထွက်​သော သူ​တို့​သည် ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်၌ ရန်​ပြု​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်၍၊ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 12,
      "text": "သင်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို သင်​သည် ရှာ၍​မ​တွေ့​ရ။ သင့်​ကို စစ်​တိုက်​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​သက်​သက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ မ​စိုး​ရိမ်​နှင့်။ ငါ​မ​စ​မည်​ဟု သင့်​အား​ဆို​လျက်၊ သင်၏​လက်​ယာ​လက်​ကို ကိုင်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 14,
      "text": "အို တီ​ကောင်​ယာ​ကုပ်၊ အ​မျိုး​ငယ်​ဣ​သ​ရေ​လ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ကို မ​စ​သော​သူ​ဖြစ်၏။ သင့်​ကို ရွေး​နုတ်​သော​သူ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 15,
      "text": "ငါ​သည် သင့်​ကို အ​သွား​ရှိ​သော စ​ပါး​နယ်​စ​ရာ ယ​န္တ​ရား​စက်​အ​သစ် ဖြစ်​စေ​မည်။ သင်​သည် တောင်​ကြီး​တို့​ကို​နယ်၍ ညက်​စေ​မည်။ တောင်​ငယ်​တို့​ကို ဖွဲ​ကဲ့​သို့ ဖြစ်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 16,
      "text": "သူ​တို့​ကို​လှေ့၍၊ လေ​သည် သူ​တို့​ကို တိုက်​သွား​လိမ့်​မည်။ မုန်​တိုင်း​လွှင့်​လိမ့်​မည်။ သင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၌ ဝါ​ကြွား​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 17,
      "text": "ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​သည် ရေ​ကို​ရှာ၍ မ​တွေ့၊ ရေ​ငတ်၍ လျှာ​သွေ့​ခြောက်​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို နား​ထောင်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်​သော ငါ​သည် သူ​တို့​ကို​မ​စွန့်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 18,
      "text": "မြင့်​သော​အ​ရပ်​တို့၌ မြစ်​ကို​လည်း​ကောင်း၊ နိမ့်​သော​အ​ရပ်​တို့၌ စမ်း​ရေ​ကို​လည်း​ကောင်း ငါ​ပေါက်​စေ​မည်။ တော​အ​ရပ်၌ ရေ​ကန်​များ​ကို​လည်း​ကောင်း၊ သွေ့​ခြောက်​သော​အ​ရပ်၌ စမ်း​ရေ​တွင်း​များ​ကို​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 19,
      "text": "တော၌ အာ​ရဇ်​ပင်၊ အ​ကာ​ရှ​ပင်၊ မု​ရ​တု​ပင်၊ သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​များ​ကို​လည်း​ကောင်း ရော​နှော​လျက် စိုက်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​ကို စီ​ရင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား ဖန်​ဆင်း​တော်​မူ​ကြောင်း​ကို၊ ထို​သူ​အ​ပေါင်း​တို့​သည် သိ​မြင်၍၊ ဆင်​ခြင်​နား​လည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 21,
      "text": "သင်​တို့၏​အ​မှု​ကို စောင့်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင်​တို့၏​ခိုင်​ခံ့​သော သက်​သေ​များ​ကို ထုတ်​ပြ​ကြ​လော့​ဟု ယာ​ကုပ်​အ​မျိုး၏​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 22,
      "text": "ထုတ်​ဖော်၍ အ​နာ​ဂ​တ္တိ​အ​ရာ​တို့​ကို ငါ​တို့​အား​ပြ​ကြ​စေ။ အ​ရင်​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​ဆင်​ခြင်၍၊ ထို​အ​ရာ​တို့၏​အ​ဆုံး​ကို သိ​ရ​မည်​အ​ကြောင်း ဖော်​ပြ​ကြ​စေ။ သို့​မ​ဟုတ်၊ ဖြစ်​လ​တ္တံ့​သော​အ​ရာ​တို့​ကို ငါ​တို့​အား ဟော​ပြော​ကြ​စေ။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 23,
      "text": "သင်​တို့​သည် ဘု​ရား​ဖြစ်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း၊ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ပြ​ကြ​လော့။ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​တွေ့​မြင်​မည် အ​ကြောင်း၊ ကောင်း​သော​အ​မှု၊ ဆိုး​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို ပြု​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 24,
      "text": "သင်​တို့​သည် အ​ဘယ်​မျှ​မ​ဟုတ်​သော အ​ရာ​ထက်​သာ၍ ယုတ်​မာ​ကြ၏။ သင်​တို့​အ​မှု​လည်း၊ အ​ဘယ်​မျှ မ​ဟုတ်​သော​အ​မှု​ထက်​သာ၍ ယုတ်​မာ၏။ သင်​တို့​ကို ရွေး​ယူ​သော​သူ​သည် ရွံ​ရှာ​ဖွယ်​ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 25,
      "text": "မြောက်​မျက်​နှာ၌ လူ​တစ်​ယောက်​ကို ငါ​ပေါ်​ထွန်း​စေ၍၊ သူ​သည်​လာ​လိမ့်​မည်။ နေ​ထွက်​ရာ​မှ​လာ၍ ငါ့​နာ​မ​ကို​ပ​တ္ထ​နာ​ပြု​လိမ့်​မည်။ အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို​နင်း​သ​ကဲ့​သို့၊ ထို​သူ​သည် မင်း​တို့​ကို အိုး​မြေ​အ​မှတ်​နှင့် ကျော်​နင်း​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 26,
      "text": "ငါ​တို့​သည် သိ​ရ​မည်​အ​ကြောင်း၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ မှန်​ပေ၏​ဟု ငါ​တို့​သည် ဆို​ရ​မည်​အ​ကြောင်း၊ ရှေး​မ​ဆွ​က အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ ဖော်​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ဟော​ပြော​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​စ​ကား​ကို ကြား​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 27,
      "text": "ဤ​မည်​သော​အ​မှု​တို့​သည် ဖြစ်​ကြ​လိမ့်​မည်​ဟု ရှေ့​ဦး​စွာ ငါ​သည် ဇိ​အုန်​မြို့​အား ပြော၏။ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော တ​မန်​ကို​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​စေ​လွှတ်၏။"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 28,
      "text": "သူ​တို့​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ။ သူ​တို့​တွင် သ​တိ​ပေး​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ပြန်​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ငါ​မေး​မြန်း​သော်​လည်း၊"
    },
    {
      "book": 23,
      "chapter": 41,
      "verse": 29,
      "text": "သူ​တို့​သည် အ​ကြွင်း​မဲ့ အ​န​တ္တ​ဖြစ်​ကြ၏။ သူ​တို့​အ​မှု​များ​လည်း၊ အ​ဘယ်​မျှ​မ​ဟုတ်။ သူ​တို့​သွန်း​သော ရုပ်​တု​တို့​လည်း အ​တ္တ​မ​ရှိ၊ လေ​သက်​သက် ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 1,
      "text": "ငါ​ထောက်​မ​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ ငါ​ရွေး​ချယ်​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 2,
      "text": "အော်​ဟစ်​ခြင်း၊ ကြွေး​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 3,
      "text": "နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို မ​ချိုး။ အ​တောက်​သေး​သော မီး​စာ​ကို မ​သတ်။ တ​ရား​သည် မြဲ​မြံ​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 4,
      "text": "မြေ​ကြီး​ပေါ်​မှာ တ​ရား​တော်​ကို မ​တည်​စေ​မီ​တွင် အား​မ​လျော့၊ စိတ်​လည်း မ​ပျက်​ရ။ သူ၏​တ​ရား​ကို​လည်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် မျှော်​လင့်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 5,
      "text": "မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 6,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တ​ရား​သ​ဖြင့် ခေါ်​ထား​သည်​ဖြစ်၍၊"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 7,
      "text": "လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 8,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 9,
      "text": "အ​ရင်​ဟော​သော အ​ရာ​တို့​သည်​ဖြစ်​ကြ​ပြီ။ အ​သစ်​သော​အ​ရာ​တို့​ကို ယ​ခု ငါ​ဟော၏။ မ​ပေါ်​လာ​မီ သင်​တို့​အား ငါ​ပြ​နှင့်၏။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 10,
      "text": "ပင်​လယ်​ကို ကူး​သော​သူ​မှ​စ၍၊ ပင်​လယ်၌ ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​များ၊ ထို​အ​ရပ်၌ နေ​သော​သူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​စွန်း​တို့​မှ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 11,
      "text": "တော​နှင့်​တ​ကွ တော၌​ရှိ​သော​မြို့​ရွာ၊ ကေ​ဒါ​အ​ရပ်​သား​တို့​သည် ကြွေး​ကြော်​ကြ​စေ။ ကျောက်၌​နေ​သော သူ​တို့​သည် သီ​ချင်း​ဆို​ကြ​စေ။ တောင်​ထိပ်​ပေါ်​က ကြွေး​ကြော်​ကြ​စေ။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၌ ဂုဏ်​တော်​ကို ထင်​ရှား​စွာ ချီး​မွမ်း​ကြ​စေ။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 14,
      "text": "ငါ​သည် ကြာ​မြင့်​စွာ တိတ်​ဆိတ်​လျက်​နေ​ပြီ။ ထို​သို့​နေ၍ အောင့်​ရ​ဦး​မည်​လော။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​ကဲ့​သို့ ငါ​အော်​ဟစ်​မည်။ ပင့်​သက်​ရှူ၍ ချက်​ချင်း ဖျက်​ဆီး​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 15,
      "text": "တောင်​ကြီး​တောင်​ငယ်​များ​ကို သွေ့​ခြောက်​စေ​မည်။ သူ​တို့​အ​ပင် ရှိ​သ​မျှ​တို့​ကို​လည်း ညှိုး​နွမ်း​စေ​မည်။ မြစ်​များ​ကို ကုန်း​ဖြစ်​စေ​မည်။ ရေ​ကန်​များ​ကို ခန်း​ခြောက်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 16,
      "text": "မျက်​စိ​ကန်း​သော​သူ​တို့​ကို မိ​မိ​တို့​မ​သိ​သော​လမ်း​ဖြင့် ငါ​ဆောင်​မည်။ မိ​မိ​တို့ မ​ကျွမ်း​သော​ခ​ရီး၌ သွား​စေ​မည်။ သူ​တို့​ရှေ့​မှာ မှောင်​မိုက်​ကို လင်း​စေ​မည်။ ကောက်​သော​လမ်း​ကို​လည်း ဖြောင့်​စေ​မည်။ ထို​သို့​သော​ကျေး​ဇူး​ကို ပြု​မည်။ သူ​တို့​ကို မ​စွန့်​ပစ်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 17,
      "text": "ရုပ်​တု​ဆင်း​တု​ကို ခို​လှုံ၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏​ဟု သွန်း​သော ရုပ်​တု​တို့​အား ဆို​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍၊ အ​လွန် အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 18,
      "text": "နား​ပင်း​သော​သူ​တို့၊ ကြား​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့၊ သင်​တို့​သည် မြင်​ရ​အံ့​သော​ငှာ ကြည့်​ရှု​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 19,
      "text": "ငါ့​ကျွန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကန်း​သ​နည်း။ ငါ​စေ​လွှတ်​သော​တ​မန်​ကဲ့​သို့ အ​ဘယ်​သူ​သည် နား​ပင်း​သ​နည်း။ ငါ့​မိတ်​ဆွေ​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 20,
      "text": "သင်​သည် များ​စွာ​မြင်​သော်​လည်း အာ​ရုံ​မ​ပြု​တတ်။ နား​ပွင့်​လျက်​ရှိ​သော်​လည်း မ​ကြား​တတ်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကြောင့် အား​ရ​နှစ်​သက်​သ​ဖြင့်၊ တ​ရား​တော်​ကို ချီး​မြှောက်၍ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 22,
      "text": "ဤ​လူ​မျိုး​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သော​အ​မျိုး ဖြစ်၏။ ရှိ​သ​မျှ​တို့​သည် တွင်း၌​အ​ချုပ်​ခံ​ရ၍၊ ထောင်​ထဲ​မှာ ပုန်း​ကွယ်​လျက်​နေ​ကြ၏။ ဖျက်​ဆီး​ရာ​ဖြစ်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ။ လု​ယူ​ရာ​ဖြစ်​သော​အ​ခါ၊ ပြန်​ပေး​လော့​ဟု အ​ဘယ်​သူ​မျှ​မ​ဆို။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 23,
      "text": "သင်​တို့​တွင် အ​ဘယ်​သူ​သည် ဤ​စ​ကား​ကို နား​ထောင်​မည်​နည်း။ နောင်​ကာ​လ​ဖို့ အ​ဘယ်​သူ​ကြား၍ မှတ်​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 24,
      "text": "လု​ယူ​ရာ​ဖြစ်​စေ​ခြင်း​ငှာ ယာ​ကုပ်​ကို​လည်း​ကောင်း၊ ဓား​ပြ​တို့​လက်​သို့ ဣ​သ​ရေ​လ​ကို​လည်း​ကောင်း အ​ဘယ်​သူ​အပ်​သ​နည်း။ ငါ​တို့​ပြစ်​မှား​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နောက်​တော်​သို့​မ​လိုက်၊ တ​ရား​တော်​ကို မ​ကျင့်​ဘဲ နေ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 42,
      "verse": 25,
      "text": "ထို​ကြောင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ထွက်​ခြင်း ကြမ်း​တမ်း​သော စစ်​တိုက်​ခြင်း​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​ပတ်​လည်၌ မီး​ရှို့၏။ သို့​သော်​လည်း၊ သူ​တို့​သည် မ​သိ​ကြ။ မီး​လောင်​သော်​လည်း၊ သ​တိ​မ​ထား​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 1,
      "text": "အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်၊ သင့်​ကို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မ​စိုး​ရိမ်​နှင့်။ သင့်​ကို ငါ​ရွေး​နုတ်​ပြီ။ ငါ့​နာ​မ​ဖြင့် မှည့်​ပြီ။ သင့်​ကို ငါ​ဆိုင်၏။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 2,
      "text": "သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 4,
      "text": "သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 5,
      "text": "မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်​နှင့်​အ​တူ ရှိ၏။ အ​ရှေ့​မျက်​နှာ​မှ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဆောင်​ခဲ့​မည်။ အ​နောက်​မျက်​နှာ​မှ သင့်​ကို စု​သိမ်း​မည်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 6,
      "text": "အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 7,
      "text": "ငါ့​နာ​မ​ဖြင့် သ​မုတ်​သော​သူ၊ ငါ၏​ဘုန်း​အ​သ​ရေ​ဖို့ ငါ​ဖန်​ဆင်း​ပြု​ပြင်၍၊ ဧ​ကန်​စင်​စစ် လုပ်​ပြီး​သော သူ​အ​ပေါင်း​တို့​ကို ဆောင်​ခဲ့​လော့​ဟု ငါ​ပြော​မည်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 8,
      "text": "မျက်​စိ​ရှိ​လျက်​ပင် မျက်​စိ​ကန်း​သော​သူ​နှင့်၊ နား​ရှိ​လျက်​ပင် နား​ပင်း​သော​သူ​တို့​ကို ဆောင်​ခဲ့​လော့။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 9,
      "text": "လူ​အ​မျိုး​မျိုး အ​စု​စု​တို့​သည် စု​ရုံး​စည်း​ဝေး​ကြ​စေ။ သူ​တို့​တွင် အ​ဘယ်​သူ​သည် ဤ​အ​မှု​ကို ဖော်​ပြ​မည်​နည်း။ အ​ရင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​ကို အ​ဘယ်​သူ ဟော​ပြော​မည်​နည်း။ သူ​တို့​သည် အ​ပြစ်​တင်​ခွင့်​နှင့် လွတ်​မည်​အ​ကြောင်း၊ သက်​သေ​တို့​ကို ပြ​ကြ​စေ။ သို့​မ​ဟုတ် နား​ထောင်၍၊ ဤ​သို့​မှန်​သည်​ဟု ဝန်​ခံ​ကြ​စေ။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည်၊ ငါ့​ကို​သိ​မှတ်​ယုံ​ကြည်၍၊ ငါ​သည် မှန်​ပြီ​ဟု နား​လည်​မည်​အ​ကြောင်း၊ ငါ၏​သက်​သေ၊ ငါ​ရွေး​ကောက်​သော​ကျွန် ဖြစ်​ကြ၏။ ငါ့​ရှေ့​မှာ ဖန်​ဆင်း​ရာ​ထဲ​က အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ဖြစ်၊ ငါ့​နောက်​မှာ​လည်း၊ အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​ရာ။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 11,
      "text": "ငါ​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍၊ ငါ​မှ​တစ်​ပါး ကယ်​တင်​သော​သ​ခင်​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 12,
      "text": "ငါ​သည် ဗျာ​ဒိတ်​ထား​နှင့်​သည်​အ​တိုင်း ကယ်​တင်​ပြီ။ ငါ​ဖော်​ပြ​နှင့်​ပြီ။ သင်​တို့​တွင် အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည် ဖော်​ပြ​နှင့်​သည် မ​ဟုတ်။ ငါ​သည် ဘု​ရား​သ​ခင်​မှန်​ပြီ​ဟု သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 13,
      "text": "နေ့​ရက်​ကာ​လ​မ​ဖြစ်​မီ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။ ငါ​ပြု​သော​အ​မှု​ကို အ​ဘယ်​သူ ဆီး​တား​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 14,
      "text": "သင်​တို့​ကို ရွေး​နုတ်​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​တွက်၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်၍၊ ပြေး​သော မြို့​သား​တို့​နှင့် ခါ​လ​ဒဲ​လူ​များ​ကို သူ​တို့​ပျော်​မွေ့​ရာ သင်္ဘော​သို့ ဆင်း​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 15,
      "text": "ငါ​သည် သင်​တို့၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဖန်​ဆင်း​သော​ဘု​ရား၊ သင်​တို့၏​ရှင်​ဘု​ရင်​ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 16,
      "text": "ပြင်း​ထန်​သော ပင်​လယ်​ရေ၌ လမ်း​ခ​ရီး​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 17,
      "text": "ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 18,
      "text": "ဖြစ်​ဖူး​သော​အ​မှု​တို့​ကို မ​အောက်​မေ့​ကြ​နှင့်။ ရှေး​ကာ​လ၏​အ​ရာ​တို့​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 19,
      "text": "ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 20,
      "text": "မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 21,
      "text": "ကိုယ်​အ​ဖို့ ငါ​ဖန်​ဆင်း​သော ထို​လူ​မျိုး​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ပြ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 22,
      "text": "သို့​သော်​လည်း၊ အို ယာ​ကုပ်​အ​မျိုး၊ သင်​သည် ငါ့​ကို​ပ​တ္ထ​နာ​မ​ပြု။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​ကို ငြီး​ငွေ့​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 23,
      "text": "မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 24,
      "text": "သင်​သည် မွှေး​သော​ကြံ​ကို ငါ့​ဖို့ ငွေ​နှင့်​မ​ဝယ်။ ပူ​ဇော်​သော​ယဇ်​ကောင်​ဆီ​ဥ​နှင့် ငါ့​ကို ဝ​စွာ​မ​ကျွေး။ သင်​သည် ဒု​စ​ရိုက်​အ​ပြစ်​နှင့် ငါ့​ကို အ​မှု​ထမ်း​စေ​ပြီ​တ​ကား။ အ​ဓ​မ္မ​အ​မှု​ကို​ပြု၍ ငါ့​ကို​ပင်​ပန်း​စေ​ပြီ​တ​ကား။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 25,
      "text": "ငါ​တစ်​ပါး​တည်း​သာ​လျှင် ကိုယ်​အ​တွက်​ကြောင့်၊ သင်၏​အ​ပြစ်​တို့​ကို ဖြေ​မည်။ သင်၏​ဒု​စ​ရိုက်​အ​မှု​တို့​ကို မ​အောက်​မေ့။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 26,
      "text": "ငါ့​ကို သ​တိ​ပေး​လော့၊ တ​ရား​တွေ့​ကြ​ကုန်​အံ့။ သင်​သည် အ​ပြစ်​လွတ်​မည်​အ​ကြောင်း ပြော​လော့။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 27,
      "text": "သင်၏ ပ​ထ​မ​အ​ဘ​သည် ဒု​စ​ရိုက်​ကို​ပြု​ပြီ။ သင်၏​ဆ​ရာ​တို့​သည် ငါ့​ကို ပြစ်​မှား​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 43,
      "verse": 28,
      "text": "ထို​ကြောင့်၊ သန့်​ရှင်း​ရာ​ဌာ​န၏​မင်း​တို့​ကို ငါ​ရှုတ်​ချ​ပြီ။ ယာ​ကုပ်​အ​မျိုး​သည် ကျိန်​ဆဲ​ခြင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​စေ​ခြင်း​ငှာ​ငါ​စွန့်​ပြီ။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 1,
      "text": "ယ​ခု​မူ​ကား၊ ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ဣ​သ​ရေ​လ၊ နား​ထောင်​လော့။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 2,
      "text": "သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား၊ ဖွား​စ​က​ပင် သင့်​ကို​ပြု​ပြင်၍၊ နောင်၌​လည်း မ​စ​လ​တ္တံ့​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ယေ​ရှု​ရုန်၊ မ​စိုး​ရိမ်​နှင့်။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 4,
      "text": "သူ​တို့​သည်​လည်း ရေ​မြောင်း​အ​နား​မှာ မိုး​မ​ခ​ပင်​ကဲ့​သို့၊ မြက်​ပင်​ထဲ​တွင် ပေါက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 5,
      "text": "တစ်​ယောက်​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ဟု ဆို​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ယာ​ကုပ်​အ​မည်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။ တစ်​ယောက်​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​ဟူ၍ မိ​မိ​လက်​တွင် စာ​တန်း​ထိုး​လျက်၊ ဣ​သ​ရေ​လ​အ​မည်​သစ်​ဖြင့် ကိုယ်​ကို​ကိုယ် မှည့်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 7,
      "text": "ရှေး​လူ​မျိုး​ကို ငါ​ခန့်​ထား​သည်​မှ​စ၍၊ ငါ​ကဲ့​သို့ အ​ဘယ်​သူ​သည် ဤ​အ​မှု​တို့​ကို ငါ့​အ​ဖို့​ခေါ်၍ ထုတ်​ဖော် စီ​ရင်​နိုင်​မည်​နည်း။ ဖြစ်​ဆဲ​သော​အ​မှု​နှင့် ဖြစ်​လ​တ္တံ့​သော​အ​မှု​တို့​ကို သူ​တို့​အား ဖော်​ပြ​ကြ​စေ။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 8,
      "text": "မ​စိုး​ရိမ်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။ အ​ထက်​က ငါ​ဟော​ပြော​ပြ​သ​သည် မ​ဟုတ်​လော။ သင်​တို့​သည် ငါ၏​သက်​သေ ဖြစ်​ကြ၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင် ရှိ​သ​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော​မူ​လ​အ​မြစ်​မ​ရှိ။ တစ်​စုံ​တစ်​ဦး​ကို​မျှ ငါ​မ​သိ။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 9,
      "text": "ရုပ်​တု​ဆင်း​တု​ကို လုပ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​နှ​မြော​သော အ​ရာ​တို့​သည် အ​ကျိုး​ကို မ​ပေး​နိုင်​ကြ။ ငါ​တို့​သည် မ​မြင်​တတ်၊ နား​မ​လည်​တတ်​ဟု ရှက်​စ​ရာ​အ​ကြောင်း​ကို ကိုယ်​တိုင် သက်​သေ​ခံ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 10,
      "text": "ဘု​ရား​ကို လုပ်​သော​သူ၊ အ​ကျိုး​မ​ပေး​နိုင်​သော ရုပ်​တု​ဆင်း​တု​ကို သွန်း​သော​သူ​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 11,
      "text": "ထို​သူ၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ရှက်​ကြ​လိမ့်​မည်။ လုပ်​သော​သူ​တို့​သည် လူ​သက်​သက်​ဖြစ်​ကြ၏။ ရှိ​သ​မျှ​တို့​သည် စု​ဝေး၍ ထ​ကြ​စေ။ တစ်​ပြိုင်​နက် ထိတ်​လန့်​ရှက်​ကြောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 12,
      "text": "ပန်း​ပဲ​သ​မား​သည် ပု​ဆိန်​ကို​လုပ်​ခြင်း​ငှာ မီး​ခဲ၌​ဖုတ်၍၊ လက်​ရုံး​အား​ထုတ်​လျက် သံ​တူ​နှင့်​ထု​တတ်၏။ အ​ကယ်၍ မွတ်​သိပ်​သော​အ​ခါ အား​လျော့​တတ်၏။ ရေ​မ​သောက်​ရ​သော​အ​ခါ မော​တတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 13,
      "text": "လက်​သ​မား​သည် မျဉ်း​ချ​လျက် စူး​နှင့် မှတ်​သား၍၊ လက်​သ​မား​တန်​ဆာ​နှင့် လုပ်​ပြီး​လျှင်၊ အိမ်၌​နေ​စေ​ခြင်း​ငှာ ကွန်​ပါ​နှင့် ရေး​သား၍၊ လူ​အ​သ​ရေ​ပါ​အောင် လူ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ ထု​လုပ်​တတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 14,
      "text": "ကိုယ်​အ​ဖို့​အ​လို​ငှာ အာ​ရဇ်​ပင်​တို့​ကို​ခုတ်၍ ကု​ပ​ရု​ပင်၊ သ​ပိတ်​ပင်​တို့​ကို​ရွေး​ယူ​သ​ဖြင့်၊ တော​ပင်​အ​မျိုး​မျိုး​တို့​ကို ဆည်း​ပူး​တတ်၏။ အာ​ရဇ်​ပင်​ကို​စိုက်၍ မိုး​ရေ​လည်း မွေး​တတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 15,
      "text": "လူ​သုံး​ရန် ထင်း​ဖြစ်၏။ လူ​လည်း​ယူ၍ မီး​လှုံ​တတ်၏။ တစ်​ဖန် မီး​မွှေး၍ မုန့်​ကို ပေါင်း​တတ်၏။ တစ်​ဖန် ဘု​ရား​ကို​လုပ်၍ ကိုး​ကွယ်​တတ်၏။ ရုပ်​တု​ကို​ထု​လုပ်၍ ရုပ်​တု​ရှေ့​မှာ ပျပ်​ဝပ်​တတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 16,
      "text": "ထို​သစ်​သား​တစ်​ပိုင်း​နှင့် မီး​မွှေးတတ်၏။ တစ်​ပိုင်း​နှင့် အ​မဲ​သား​ကို​ချက်၍ စား​တတ်၏။ ဖုတ်​ကင်​ပြီး​မှ ဝ​စွာ​စား​တတ်၏။ တစ်​ဖန် မီး​လှုံ၍ အယ်၊ ငါ​နွေး​ပြီ။ မီး​ကို​တွေ့​ပြီ​ဟု ဆို​တတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 17,
      "text": "ကျန်​သော​အ​ပိုင်း​ကို​လည်း​ယူ၍ ရုပ်​တု​တည်း​ဟူ​သော ဘု​ရား​ကို လုပ်​တတ်၏။ ထို​ရုပ်​တု​ရှေ့​မှာ ပျပ်​ဝပ်၍ ကိုး​ကွယ်​တတ်၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို​ကယ်​တင်​တော်​မူ​ပါ​ဟူ၍ ဆု​တောင်း​တတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 18,
      "text": "ထို​သို့​သော​သူ​သည် ပ​ညာ​မ​ရှိ။ ဉာဏ်​မ​ရှိ။ မ​မြင်​နိုင်​အောင် မျက်​စိ​ကို​လည်း​ကောင်း၊ နား​မ​လည်​နိုင်​အောင် စိတ်​နှ​လုံး​ကို​လည်း​ကောင်း ပိတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 19,
      "text": "ငါ​သည် တစ်​ပိုင်း​နှင့် မီး​မွှေးပြီး။ မုန့်​ကို​လည်း ထို​မီး​ခဲ​ပေါ်​မှာ ဖုတ်​လေ​ပြီ။ အ​မဲ​သား​ကို​လည်း ကင်၍ စား​လေ​ပြီ။ ကြွင်း​သော အ​ပိုင်း​ကို စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​စေ​ရ​မည်​လော။ သစ်​သား​ရှေ့​မှာ ငါ​ပျပ်​ဝပ်​ရ​မည်​လော​ဟု စိတ်​နှ​လုံး​ထဲ​မှာ အောက်​မေ့​ဆင်​ခြင်​နိုင်​သော ဉာဏ်​ပ​ညာ အ​လျှင်း​မ​ရှိ​ပါ​တ​ကား။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 20,
      "text": "သူ​သည် မီး​ဖို​ပြာ​ကို ကျက်​စား​တတ်၏။ မိုက်​သော​စိတ်​နှင့် လမ်း​လွဲ​ပြီ။ ထို​ကြောင့်၊ ကိုယ်​ဝိ​ညာဉ်​ကို ကိုယ်​မ​ချွတ်​နိုင်။ မိ​မိ​လက်​ယာ​လက်၌ မိ​စ္ဆာ​ဒိ​ဌိ​ပါ​သ​လော​ဟု မ​အောက်​မေ့​နိုင်​ပါ​တ​ကား။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 21,
      "text": "အို ယာ​ကုပ်​အ​မျိုး၊ ဤ​အ​ရာ​တို့​ကို ဆင်​ခြင်​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​ကျွန်​ဖြစ်၏။ သင့်​ကို ငါ​ဖန်​ဆင်း​သည်​ဖြစ်၍၊ သင်​သည် ငါ့​ကျွန်​ဖြစ်၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို ငါ​မ​မေ့​မ​လျော့။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 22,
      "text": "သင်၏​ဒု​စ​ရိုက်​တို့​ကို တိမ်​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​အ​ပြစ်​တို့​ကို တိမ်​လွှာ​ကဲ့​သို့​လည်း​ကောင်း ငါ​ချေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​လော့။ သင့်​ကို​ငါ ရွေး​နုတ်​ပြီ။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 23,
      "text": "အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ပြီ။ မြေ​ကြီး​အောက်​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ၊ တော​နှင့်​တ​ကွ သစ်​ပင်​များ​တို့၊ ကျူး​ဧ​သော​အ​သံ​ကို ပေး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 24,
      "text": "သင့်​ကို ရွေး​နုတ်​တော်​မူ၍၊ ဖွား​စ​က​ပင် သင့်​ကို ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မိုး​ကောင်း​ကင်​ကို ငါ​တစ်​ပါး​တည်း​ကြက်​လျက်၊ မြေ​ကြီး​ကို အ​ဖော်​မ​ရှိ​ဘဲ ခင်း​လျက်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 25,
      "text": "ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 26,
      "text": "ငါ​သည် ငါ့​ကျွန်၏​စ​ကား​ကို​တည်​စေ၍၊ ငါ့​တ​မန်​တို့​ဟော​ပြော​သည်​အ​တိုင်း ပြု​တတ်၏။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​သည် လူ​နေ​ရာ​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ယု​ဒ​မြို့​တို့​ကို သင်​တို့​သည် တည်​ဆောက်​လျက် ရှိ​ကြ​လိမ့်​မည်။ ပြို​ပျက်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်​ဟူ၍​လည်း​ကောင်း​ဆို၏။"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 27,
      "text": "ပင်​လယ်​ကို​လည်း ရေ​ကုန်​စေ။ သင်၏​မြစ်​အ​ပေါင်း​ကို ငါ​ခန်း​ခြောက်​စေ​မည် ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 44,
      "verse": 28,
      "text": "ကု​ရု​မင်း​ကို​လည်း၊ သင်​သည် ငါ့​သိုး​ထိန်း​ဖြစ်၏။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ပြည့်​စုံ​စေ​လျက်၊ ယေ​ရု​ရှ​လင်​မြို့​တည်​ဆောက်​စေ၊ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ​စေ​ဟု စီ​ရင်​လိမ့်​မည်​ဟူ၍​လည်း​ကောင်း ငါ​ဆို၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 1,
      "text": "အ​ကြင်​သူ၏​ရှေ့​မှာ အ​ပြည်​ပြည်​တို့​ကို နှိမ့်​ချ၍၊ ရှင်​ဘု​ရင်​တို့​ကို တန်​ဆာ​ချွတ်​လျက်၊ အ​တွင်း​တံ​ခါး​တို့​ကို မ​ပိတ်​ရ​ဘဲ၊ နှစ်​ရွက်​ရှိ​သော တံ​ခါး​တို့​ကို ဖွင့်​ခြင်း​ငှာ၊ အ​ကြင်​သူ၏ လက်​ယာ​လက်​ကို ငါ​ထောက်​မ၏။ ထို​သူ​တည်း​ဟူ​သော ကု​ရု​မင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​မင်း​အား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 2,
      "text": "သင့်​ရှေ့​မှာ ငါ​သွား၍ မြင့်​သော​အ​ရပ်​ကို ညီ​စေ​မည်။ ကြေး​ဝါ​တံ​ခါး​တို့​ကို ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​မည်။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 3,
      "text": "မှောင်​မိုက်၌​ရှိ​သော ဘ​ဏ္ဍာ၊ လုံ​ခြုံ​စွာ ဝှက်​ထား​သော​ဥ​စ္စာ​တို့​ကို သင့်​အား​ငါ​ပေး​မည်။ သို့​ဖြစ်၍၊ ငါ​သည် သင့်​ကို နာ​မည်​ဖြင့်​ခေါ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 4,
      "text": "ငါ့​ကျွန်​ယာ​ကုပ်၊ ငါ​ရွေး​ကောက်​သော​သူ ဣ​သ​ရေ​လ​အ​တွက်၊ ငါ​သည် သင့်​ကို နာ​မည်​ဖြင့်​ခေါ်၏။ သင်​သည် ငါ့​ကို​မ​သိ​သော်​လည်း၊ သင်၌ နာ​မည်​သစ်​ကို ထပ်၍​ပေး၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 5,
      "text": "ငါ​တစ်​ပါး​တည်း​သာ ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ သင်​သည် ငါ့​ကို မ​သိ​သော်​လည်း၊ သင်၏​ခါး​ကို ငါ​စည်း၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 6,
      "text": "သို့​ဖြစ်၍ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​မ​ရှိ၊ ငါ​တစ်​ပါး​တည်း​သာ ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို၊ နေ​ထွက်​ရာ​အ​ရပ်​သား​နှင့် အ​နောက်​မျက်​နှာ​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 7,
      "text": "ငါ​သည် အ​လင်း​ကို​လုပ်၏။ အ​မိုက်​ကို​လည်း ဖန်​ဆင်း၏။ ငြိမ်​သက်​ခြင်း​ကို ဖြစ်​စေ၏။ အ​မင်္ဂ​လာ​ကို​လည်း ဖန်​ဆင်း၏။ ခပ်​သိမ်း​သော အ​မူ​အ​ရာ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 8,
      "text": "မိုး​ကောင်း​ကင်​တို့၊ အ​ထက်​မှ​ယို​ကြ​လော့။ မိုး​တိမ်​တို့​သည် တ​ရား​မိုး​ရွာ​ကြ​စေ။ မြေ​ကြီး​သည် ပွင့်၍ ကယ်​တင်​ခြင်း​အ​သီး​ကို သီး​စေ။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် တစ်​ပြိုင်​နက်​ပေါက်​စေ။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 9,
      "text": "အ​ကြင်​သူ​သည် မိ​မိ​ကို ဖန်​ဆင်း​သော​သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု၏၊ ထို​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မြေ​အိုး​ခြမ်း​တို့​တွင် အိုး​ခြမ်း​ပါ​တ​ကား။ အိုး​မြေ​က၊ သင်​သည် အ​ဘယ်​သို့​သော​အ​ရာ​ကို လုပ်​သ​နည်း​ဟု အိုး​ထိန်း​သ​မား​ကို ဆို​ရ​မည်​လော။ ငါ့​ကို​လုပ်​သော​သူ၌ လက်​မ​ရှိ​ဟု သင်​လုပ်​သော​အ​ရာ​က ဆို​ရ​မည်​လော။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 10,
      "text": "မိ​မိ​အ​ဘ​အား၊ သင်​သည် အ​ဘယ်​သို့​သော အ​ရာ​ကို ဖြစ်​ပွား​စေ​သ​နည်း ဟူ၍​လည်း​ကောင်း၊ မိ​မိ​အ​မိ​အား၊ သင်​သည် အ​ဘယ်​သို့​သော အ​ရာ​ကို မွေး​ဖွား​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၊ ထို​အ​မျိုး​ကို ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော​အ​မှု​တို့​ကို ငါ့​ထံ၌ မေး​မြန်း​ကြ​လော့။ ငါ့​သား​တို့​အ​တွက်၊ ငါ့​ကိုယ်​တိုင်​ပြု​သော အ​မှု​အ​တွက်​ကြောင့်၊ ငါ့​ကို စီ​ရင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 12,
      "text": "မြေ​ကြီး​ကို ငါ​လုပ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ လူ​ကို​လည်း ဖန်​ဆင်း​လေ​ပြီ။ မိုး​ကောင်း​ကင်​ကို ကိုယ်​လက်​နှင့် ငါ​ကြက်​လေ​ပြီ။ မိုး​ကောင်း​ကင်​တန်​ဆာ​အ​ပေါင်း​တို့​ကို ငါ​ခန့်​ထား​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 13,
      "text": "ထို​သူ​ကို​လည်း တ​ရား​တော်​အ​တိုင်း ငါ​ပေါ်​ထွန်း​စေ၏။ သူ​သွား​သော​လမ်း​ကို ငါ​ဖြောင့်​စေ​မည်။ သူ​သည် ငါ၏​မြို့​ကို တည်​ဆောက်​လိမ့်​မည်။ သိမ်း​သွား​ချုပ်​ထား​ခြင်း​ကို ခံ​ရ​သော ငါ၏​လူ​တို့​ကို သူ​သည် အ​ဖိုး​မ​ခံ၊ ဆု​မ​ယူ​ဘဲ လွှတ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 14,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဆည်း​ပူး​သော​ဥ​စ္စာ၊ ကု​ရှ​ပြည်​သား၊ အ​ရပ်​မြင့်​သော သေ​ဘ​အ​မျိုး​သား ပြု​စု​သော​ကုန်​သွယ်​ဥ​စ္စာ​သည် သင့်​ဘက်​သို့​ရောက်၍၊ သင်၏​ဥ​စ္စာ ဖြစ်​ရ​လိမ့်​မည်။ ထို​သူ​တို့​သည် သင့်​နောက်​သို့​လိုက်၍ သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် လမ်း၌ လျှောက်​သွား​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ပျပ်​ဝပ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ ထို​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သာ​ဘု​ရား​သ​ခင် မည်​မျှ​မ​ရှိ​ပါ​ဟူ၍ တောင်း​ပန်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 15,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ကိုယ်​ကို​ထင်​ရှား​စွာ ပြ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 16,
      "text": "ရုပ်​တု​ကို​လုပ်​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်၍ မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ အ​ရှက်​ကွဲ၍ တစ်​ပြိုင်​နက် ဆုတ်​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ထာ​ဝ​ရ ကယ်​တင်​ခြင်း​သို့​ရောက်၍၊ သင်​တို့​သည် ရှက်​ကြောက်​ခြင်း၊ မှိုင်​တွေ​ခြင်း​နှင့် က​မ္ဘာ​အ​ဆက်​ဆက် ကင်း​လွတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 18,
      "text": "မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ မြေ​ကြီး​ကို ပြု​ပြင်​ဖန်​ဆင်း၍ အ​မြဲ​တည်​စေ​တော်​မူ​သော အ​ရှင်၊ အ​ချည်း​နှီး​ဖန်​ဆင်း​သည် မ​ဟုတ်၊ သ​တ္တ​ဝါ​နေ​စ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 19,
      "text": "ငါ​သည် တိတ်​ဆိတ်​စွာ မ​ဟော။ မြေ​ကြီး​ထဲ​မှာ မှောင်​မိုက်​သော​အ​ရပ်၌ မ​ဟော။ သင်​တို့​သည် ကျေး​ဇူး​မ​ရှိ​ဘဲ ငါ့​ကို​ရှာ​ကြ​လော့​ဟု ယာ​ကုပ်​အ​မျိုး​အား ငါ​မ​ပြော။ ငါ​သည် ဖြောင့်​မတ်​စွာ​ပြော၍ အ​တည့်​အ​လင်း ဟော​တတ်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 20,
      "text": "သင်​တို့​သည် စည်း​ဝေး၍ လာ​ကြ​လော့။ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​မှ ဘေး​လွတ်​သော​သူ​တို့၊ စည်း​ဝေး​ကြ​လော့။ မိ​မိ​ထု​လုပ်​သော သစ်​သား​ကို ဆောင်​ရွက်​သော​သူ၊ မ​ကယ်​တင်​နိုင်​သော ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​သည် ပ​ညာ​မ​ရှိ​ကြ။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 21,
      "text": "သ​တင်း​ကြား​ပြော​ကြ​လော့။ လူ​များ​ကို အ​နီး​သို့​ခေါ်​ခဲ့၍ တိုင်​ပင်​ကြ​စေ။ ဤ​အ​မှု​ကို ရှေး​ကာ​လ​မှ​စ၍ အ​ဘယ်​သူ ဖော်​ပြ​သ​နည်း။ အ​ထက်​က အ​ဘယ်​သူ ဟော​ပြော​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား ဟော​ပြော​သည် မ​ဟုတ်​လော။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။ ငါ​သည် ဖြောင့်​မတ်​သော​ဘု​ရား၊ ကယ်​တင်​သော​ဘု​ရား ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 22,
      "text": "မြေ​ကြီး​စွန်း​သား အ​ပေါင်း​တို့၊ ငါ့​ကို​မျှော်​ကြည့်၍၊ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ခံ​ကြ​လော့။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 23,
      "text": "ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်၊ လူ​တိုင်း မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ကိုယ်​ကို​ကိုယ် တိုင်​တည်၍ ငါ​ကျိန်​ဆို​သော တ​ရား​စ​ကား​သည် ငါ့​နှုတ်​မှ ထွက်​သည်​ဖြစ်၍၊ မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​သာ ဖြောင့်​မတ်​ခြင်း​နှင့် အ​စွမ်း​သ​တ္တိ​ကို ရ​ပါ​သည်​ဟု လူ​တိုင်း​လျှောက်​ရ​မည်။ ကိုယ်​တော်​ကို မ​နာ​လို​သော သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 45,
      "verse": 25,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ဝါ​ကြွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 1,
      "text": "ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 2,
      "text": "သူ​တို့​သည် ကျိုး​ပဲ့​လျက်၊ အ​တူ​လဲ​လျက်​နေ၍၊ မိ​မိ​တို့​ထမ်း​ရ​သော​ဝန်​ကို မ​ကယ်​တင်​နိုင်​ဘဲ၊ ကိုယ်​တိုင် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 3,
      "text": "အို ယာ​ကုပ်​အ​မျိုး​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ဖွား​စ​က​ပင် သင်​တို့​ကို ငါ​ထမ်း​လေ​ပြီ။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ​ဆောင်​ရွက်​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 4,
      "text": "သင်​တို့​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ ငါ​သည် ထို​သို့​သော​သူ​ဖြစ်၍၊ သင်​တို့​ကို​ဆောင်​ရွက်​မည်။ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း ထမ်း​ဦး​မည်။ ဆောင်​ရွက်၍ ကယ်​တင်​မည်။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 5,
      "text": "သင်​တို့​သည် ငါ့​ကို အ​ဘယ်​သူ​နှင့် ပုံ​ပြ​ကြ​မည်​နည်း။ အ​ဘယ်​သူ​နှင့် တူ​စေ​ကြ​မည်​နည်း။ တူ​အောင် အ​ဘယ်​သူ​နှင့် ခိုင်း​နှိုင်း​ကြ​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 6,
      "text": "ရွှေ​ကို အိတ်​ထဲ​က​များ​စွာ​ထုတ်​လျက်၊ ငွေ​ကို​လည်း ချိန်​ခွင်​နှင့်​ချိန်​လျက်၊ ပန်း​ထိမ်​သ​မား​ကို​ငှား၍ ဘု​ရား​ကို လုပ်​စေ​ပြီး​မှ၊ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​သည် တ​ကား။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 7,
      "text": "ထို​ဘု​ရား​ကို ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ဆောင်​သွား​သ​ဖြင့် သူ့​နေ​ရာ၌ ထား​ကြ၏။ သူ​သည်​လည်း မတ်​တတ်​နေ၏။ သူ၏​နေ​ရာ​မှ သူ​မ​ရွှေ့​နိုင်။ သူ့​ကို အော်​ဟစ်​သော်​လည်း၊ သူ​သည်​မ​ထူး။ ဒု​က္ခ​ဆင်း​ရဲ​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 8,
      "text": "အို ဖောက်​ပြန်​သော​သူ​တို့၊ ဤ​အ​မှု​ကို အောက်​မေ့၍ ယောက်ျား​ဂုဏ်​ကို ပြ​ကြ​လော့။ သ​တိ​နှင့် ဆင်​ခြင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 9,
      "text": "ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မှု​အ​ရာ​တို့​ကို အောက်​မေ့​ကြ​လော့။ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 10,
      "text": "အ​ဦး​မှ​စ၍ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​စ၍ မ​ဖြစ်​သေး​သော အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း ဖော်​ပြ​လျက်၊ ငါ့​အ​ကြံ​တည်​လိမ့်​မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 11,
      "text": "ဝေး​သော​အ​ရပ်၊ အ​ရှေ့​မျက်​နှာ​မှ ငါ၏​လက်​ထောက်​တည်း​ဟူ​သော ငှက်​ရဲ​ကို ခေါ်​လျက်၊ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​နှင့်​တူ​သော​သူ မည်​မျှ​မ​ရှိ။ ငါ​သည် နှုတ်​ထွက်​အ​တိုင်း​ပြု​မည်။ ကြံ​သည်​အ​တိုင်း စီ​ရင်​မည်။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 12,
      "text": "စိတ်​ခိုင်​မာ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ဝေး​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 46,
      "verse": 13,
      "text": "ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​နီး​သို့ ငါ​ဆောင်​ခဲ့​မည်။ အ​ဝေး၌​မ​နေ​ရ။ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​လည်း မ​ဖင့်​နွှဲ​ရ။ ဇိ​အုန်​တောင်​ပေါ်​မှာ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ ငါ့​ဘုန်း​ကို​လည်း​ကောင်း ငါ​ထား​မည်။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 1,
      "text": "အို ဗာ​ဗု​လုန် သ​တို့​သ​မီး​က​ညာ၊ ဆင်း၍ မြေ​မှုန့်၌​ထိုင်​လော့။ အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ ရာ​ဇ​ပ​လ္လင်​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ​ထိုင်​လော့။ သင့်​ကို နူး​ညံ့​သိမ်​မွေ့​သော​သူ​ဟူ၍ နောက်​တစ်​ဖန်​မ​ခေါ်​ရ။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 2,
      "text": "ကြိတ်​ဆုံ​ကို​ယူ၍ စ​ပါး​ကို ကြိတ်​လော့။ မျက်​နှာ​ဖုံး​ကို ဖွင့်​လော့။ ရှည်​သော​အင်္ကျီ​ကို ချွတ်​လော့။ ပေါင်​အ​ဝတ်​ကို​ပင့်၍ မြစ်​ကို​ကူး​လော့။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 3,
      "text": "သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်။ ငါ​သည် အ​ပြစ်​ဒဏ်​ကို ပေး​မည်။ အ​ဘယ်​သူ​နှင့်​မျှ မိတ်​သ​ဟာ​ယ​မ​ဖွဲ့။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 4,
      "text": "ငါ​တို့​ကို ရွေး​နုတ်​သော​သူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 5,
      "text": "အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ တိတ်​ဆိတ်​စွာ ထိုင်​လော့။ မိုက်​ရာ​သို့ သွား​လော့။ သင့်​ကို နိုင်​ငံ​တို့၏​အ​ရှင်​မ​ဟူ၍ နောက်​တစ်​ဖန် မ​ခေါ်​ရ။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 6,
      "text": "ငါ​သည် ငါ၏​လူ​တို့​ကို​အ​မျက်​ထွက်​သော​ကြောင့်၊ ငါ၏​အ​မွေ​ကို​ရှုတ်​ချ၍ သင့်​လက်​သို့ အပ်​လိုက်၏။ သင်​သည် သ​နား​သော​စိတ်​မ​ရှိ။ အ​သက်​ကြီး​သူ​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 7,
      "text": "သင်​က​လည်း၊ ငါ​သည် အ​ရှင်​မ၏​အ​ရာ၌ အ​စဉ်​အ​မြဲ​နေ​မည်​ဟု ထင်​သော​ကြောင့်၊ ဤ​အ​မှု​အ​ရာ​တို့​ကို မ​ဆင်​ခြင်။ သင်၌ နောက်​ဆုံး​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို မ​အောက်​မေ့။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 8,
      "text": "ထို​ကြောင့်၊ ကာ​မ​ဂုဏ်၌​ပျော်​မွေ့၍၊ သော​က​ကင်း​လွတ်​လျက် နေ​သော​သူ၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ။ ငါ​သည် မု​ဆိုး​မ​ကဲ့​သို့ ထိုင်၍​မ​နေ​ရ။ သား​ဆုံး​ခြင်း​ကို ငါ​မ​ခံ​ရ​ဟု အောက်​မေ့​သော​သူ၊ နား​ထောင်​လော့။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 9,
      "text": "သင်​သည် ပြု​စား​သော​အ​တတ်​နှင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​များ​တို့​ကို အ​လွန်​ပြု​စု​သော်​လည်း၊ တစ်​နေ့​တစ်​ခ​ဏ​ခြင်း​တွင် သား​ဆုံး​ခြင်း​နှင့် လင်​ဆုံး​ခြင်း​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၌​ရောက်​လိမ့်​မည်။ သင်၏​အ​ပေါ်၌ အ​ကုန်​အ​စင် သင့်​ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 10,
      "text": "သင်​သည် ကိုယ်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ကိုး​စား​ပြီ။ ငါ့​ကို အ​ဘယ်​သူ​မျှ​မ​မြင်​ဟု ဆို​ပြီ။ သင့်​ဉာဏ်​နှင့် သင့်​ပ​ညာ​အ​တတ်​သည်၊ သင်၏​စိတ်​ကို မှောက်​လှန်​သည်​ဖြစ်၍၊ သင်​က​ငါ​ရှိ၏၊ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု အောက်​မေ့​ပြီ။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 11,
      "text": "ထို​ကြောင့်၊ အ​ဆုံး​မ​ထင်​သော ဘေး​ဥ​ပဒ်​သည် သင်၏​အ​ပေါ်​မှာ ရောက်​လိမ့်​မည်။ သင်​သည် မ​ဖြေ​နိုင်​သော အ​ပြစ်​ဒဏ်​နှင့်​လည်း​ကောင်း၊ မ​မျှော်​လင့်​နိုင်​အောင် ချက်​ချင်း ဖျက်​ဆီး​ခြင်း​နှင့်​လည်း​ကောင်း တွေ့​ကြုံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 12,
      "text": "သင်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိုး​စား​အား​ထုတ်​သော နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်၊ ပြု​စား​သော​အ​တတ် အ​မျိုး​မျိုး​တို့​ကို အ​မှီ​ပြု၍ တည်​နေ​လော့။ အ​ကျိုး​ကို ရ​ကောင်း​လျှင် ရ​လိမ့်​မည်။ နိုင်​ကောင်း​လျှင် နိုင်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 13,
      "text": "သင်​သည် များ​ပြား​သော​တိုင်​ပင်​ခြင်း​အား​ဖြင့် ပင်​ပန်း​လှ​ပြီ။ မိုး​ကောင်း​ကင်​ကို ကြည့်​ရှု​သော​သူ၊ ကြယ်​န​က္ခတ်​တို့​ကို မှတ်​သော​သူ၊ သင်၌​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို၊ လ၏​အ​ခြင်း​အ​ရာ​အား​ဖြင့် ဟော​တတ်​သော သူ​တို့​သည်​ထ၍ သင့်​ကို​ယ​ခု ကယ်​တင်​ကြ​စေ။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 14,
      "text": "သူ​တို့​သည် အ​မှိုက်​ကဲ့​သို့​ဖြစ်၍ မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ မီး​အ​ရှိန်​မှ မိ​မိ​တို့​ကို မ​ကယ်​မ​နုတ်​ရ​ကြ။ နွေး​စ​ရာ​ဖို့ မီး​တစ်​ခဲ​မျှ၊ လှုံ​စ​ရာ​ဖို့ မီး​အ​လျှင်း​မျှ မ​ကျန်​ရစ်​ရ။"
    },
    {
      "book": 23,
      "chapter": 47,
      "verse": 15,
      "text": "သင်​နှင့် ဝိုင်း​ညီ၍ အ​မှု​ဆောင်​ရွက်​သော​သူ၊ သင်​ငယ်​သော အ​ရွယ်​မှ​စ၍ သင်​နှင့် ဖောက်​ကား​ရောင်း​ဝယ်​သော​သူ​တို့​သည် သင်၌ ထို​သို့​ဖြစ်​ကြ၍၊ ကိုယ်​စီ​ကိုယ်​စီ မိ​မိ​နေ​ရာ​အ​ရပ်​သို့​လွှဲ​သွား​သ​ဖြင့်၊ သင့်​ကို ကယ်​တင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ရ။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 1,
      "text": "အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​ဟူ၍ သ​မုတ်​ခြင်း​ကို​ခံ​သော​သူ၊ ယု​ဒ​စမ်း​ရေ​တွင်း​မှ ထွက်​စီး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​သော​သူ၊ သ​စ္စာ​မ​ရှိ၊ တ​ရား​နှင့်​မ​ညီ​ဘဲ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သော​သူ၊"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 2,
      "text": "သန့်​ရှင်း​သော မြို့​တော်​အ​လိုက်၊ ကိုယ်​ကို​ကိုယ် သ​မုတ်​သော​သူ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကို မှီ​ခို​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 3,
      "text": "ဖြစ်​ဖူး​သော​အ​ရာ​တို့​ကို အ​ထက်​က သင်​တို့​အား ငါ​ဟော​လေ​ပြီ။ ထို​အ​ရာ​တို့​သည် ငါ့​နှုတ်​မှ​ထွက်၍ ထင်​ရှား​ကြ​ပြီ။ ချက်​ချင်း ငါ​ပြု​သော​ကြောင့် ဖြစ်​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 4,
      "text": "သင်​သည် ခိုင်​မာ​သော​သ​ဘော၊ သံ​ချောင်း​လည်​ပင်း၊ ကြေး​ဝါ​န​ဖူး​နှင့် ပြည့်​စုံ​သည်​ကို ငါ​သိ​သော​ကြောင့်၊"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 5,
      "text": "အ​ထက်​က သင့်​အား​ငါ​ဟော​ပြီ။ အ​မှု​မ​ဖြစ်​မီ ငါ​ဖော်​ပြ​ပြီ။ သို့​ဖြစ်၍ သင်​က၊ ငါ၏​ရုပ်​တု​သည် ဤ​အ​မှု​ကို​ပြု​ပြီ။ ငါ​ထု​သော​ရုပ်​တု၊ ငါ​သွန်း​သော​ရုပ်​တု​သည် ဤ​အ​မှု​ကို စီ​ရင်​ပြီ​ဟု ပြော​ရ​သော​အ​ခွင့် မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 6,
      "text": "သင်​သည် အ​ရင်​ကြား​ရ​ပြီ။ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​လော့။ သူ​တစ်​ပါး​တို့​အား မ​ကြား​မ​ပြော​ဘဲ နေ​မည်​လော။ ယ​ခု​မှ​စ၍ အ​သစ်​သော​အ​ရာ၊ ဝှက်​ထား​သော​အ​ရာ၊ သင်​မ​သိ​သေး​သော​အ​ရာ​တို့​ကို ငါ​ဖော်​ပြ၏။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 7,
      "text": "ထို​အ​ရာ​တို့​ကို ယ​ခု​ပင် ဖန်​ဆင်း၏။ အ​ထက်​က​ဖန်​ဆင်း​သည်​မ​ဟုတ်။ ယ​နေ့​တိုင်​အောင် သင်​သည်​မ​ကြား​စ​ဖူး။ သို့​ဖြစ်၍ သင်​က၊ ငါ​သိ​နှင့်​ပြီ​ဟု ပြော​ရ​သော​အ​ခွင့်​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 8,
      "text": "အ​ကယ်​စင်​စစ် သင်​သည် မ​ကြား​မ​သိ​စ​ဖူး။ သင်၏​နား​သည် အ​ထက်​က မ​ပွင့်။ အ​ကြောင်း​မူ​ကား၊ သင်​သည် သ​စ္စာ​ပျက်​လိမ့်​မည်။ ဖွား​စ​က​ပင် သင့်​ကို​သူ​ပုန်​ဟူ၍ သ​မုတ်​ရ​လိမ့်​မည်​ကို ငါ​သိ၏။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 9,
      "text": "သို့​သော်​လည်း၊ သင့်​ကို ရှင်း​ရှင်း​မ​ပယ်​မ​ဖြတ်​ခြင်း​ငှာ၊ ငါ​သည် ကိုယ်​နာ​မ​အ​တွက် ကိုယ်​အ​မျက်​ကို ချုပ်​တည်း​မည်။ ကိုယ်​ဂုဏ်​အ​သ​ရေ​အ​တွက် သင်၏​အ​မှု၌​ငါ​သည်း​ခံ​မည်။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 10,
      "text": "ငါ​သည် သင့်​ကို စစ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ ငွေ​ကို စစ်​သ​ကဲ့​သို့ မ​ဟုတ်၊ ဒု​က္ခ​မှိုက်၌ သင့်​ကို စုံ​စမ်း​ခဲ့​ပြီ။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 11,
      "text": "ကိုယ်​အ​တွက် ငါ​ပြု​ဦး​မည်။ ငါ့​နာ​မ​သည် ရှုတ်​ချ​ခြင်း​ကို အ​ဘယ်​ကြောင့် ခံ​ရ​မည်​နည်း။ ငါ့​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး​အား ငါ​မ​ပေး။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 12,
      "text": "အို ယာ​ကုပ်၊ ငါ​ခေါ်​သော ဣ​သ​ရေ​လ၊ ငါ့​စ​ကား​ကို နား​ထောင်​လော့။ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 13,
      "text": "အ​ကယ်​စင်​စစ် ငါ့​လက်​သည် မြေ​ကြီး​ကို​တည်​လေ​ပြီ။ ငါ့​လက်​ယာ​လက်​သည် မိုး​ကောင်း​ကင်​ကို ကြက်​လေ​ပြီ။ ငါ​ခေါ်၍ သူ​တို့​သည် ချက်​ချင်း​ပေါ်​လာ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 14,
      "text": "ရှိ​သ​မျှ​သော​သင်​တို့၊ စည်း​ဝေး၍ နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ​တို့​ကို သင်​တို့​တွင် အ​ဘယ်​သူ​သည် ရှေး​မ​ဆွ​က ဟော​နှင့်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် ဗာ​ဗု​လုန်​မြို့၌ အ​လို​တော်​ကို ပြည့်​စုံ​စေ​မည်။ သူ၏​လက်​သည်​လည်း၊ ခါ​လ​ဒဲ​လူ​တို့​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 15,
      "text": "ငါ့​ကိုယ်​တိုင်​အ​မိန့်​တော်​ရှိ​ပြီ။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ခေါ်​ပြီ။ ငါ​ဆောင်​ခဲ့​ပြီ။ သူ​သွား​သော​လမ်း၌ မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 16,
      "text": "ငါ့​ထံ​သို့ ချဉ်း​ကပ်၍ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။ ရှေ့​ဦး​စွာ​မှ​စ၍ တိတ်​ဆိတ်​စွာ မ​ဟော။ အ​မှု​ဖြစ်​စ​ကာ​လ၌ ငါ​ရှိ၏။ ယ​ခု​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 17,
      "text": "သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 18,
      "text": "သင်​သည် ငါ၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ပါ​စေ​သော။ သို့​ပြု​လျှင်၊ သင်၏​ချမ်း​သာ​သည် မြစ်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 19,
      "text": "သင်၏​အ​မျိုး​အ​နွယ်​သည် သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​သား​မြေး​တို့​သည်၊ သ​မု​ဒ္ဒ​ရာ ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။ သင်၏​နာ​မ​သည် ငါ့​ရှေ့​မှာ​မ​ပြတ်၊ မ​ပျက်​မ​စီး​ရ။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 20,
      "text": "ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​သံ​နှင့် ခါ​လ​ဒဲ​လူ​တို့​နေ​ရာ​မှ ပြေး​ကြ​လော့။ ဤ​သ​တင်း​စ​ကား​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ပြန်​ပြော​မြွက်​ဆို၍ အ​သံ​ကို​လွှင့်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 21,
      "text": "သူ​တို့​သည် တော​လမ်း​ဖြင့်​ဆောင်​သွား​တော်​မူ​ခြင်း​ကို ခံ​သော​အ​ခါ ရေ​မ​ငတ်​ကြ။ သူ​တို့​အ​ဖို့ ကျောက်​ထဲ​က​ရေ​ကို စီး​စေ​တော်​မူ၏။ ကျောက်​ခဲ​ကို​ပင် ခွဲ​တော်​မူ​သ​ဖြင့်၊ ရေ​သည် စီး​ထွက်​လေ၏။"
    },
    {
      "book": 23,
      "chapter": 48,
      "verse": 22,
      "text": "မ​တ​ရား​သော​သူ​တို့၌ ချမ်း​သာ​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 1,
      "text": "တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​စ​ကား​ကို​ကြား​ကြ​လော့။ ဝေး​စွာ​သော​လူ​မျိုး​တို့၊ စေ့​စေ့​နား​ထောင်​ကြ​လော့။ ငါ​ဖွား​စ​က​ပင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ခေါ်​တော်​မူ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ၏​နာ​မ​ကို မှတ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 2,
      "text": "ငါ့​နှုတ်​ကို ထက်​သော​ဓား​ကဲ့​သို့ ဖြစ်​စေ၍၊ လက်​တော်​အ​ရိပ်၌ ဖုံး​ထား​တော်​မူ၏။ ငါ့​ကို​လည်း ဦး​သစ်​သော စည်း​သွား​ဖြစ်​စေ၍၊ မိ​မိ​မြား​တောင့်ထဲ​မှာ ဝှက်​ထား​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 3,
      "text": "အို ဣ​သ​ရေ​လ၊ သင်​သည် ငါ၏​ကျွန်​ဖြစ်၏။ သင့်​အား​ဖြင့် ငါ့​ဘုန်း​သည် ထင်​ရှား​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 4,
      "text": "ငါ​က​လည်း၊ အ​ကျိုး​မ​ရှိ​ဘဲ ငါ​လုပ်​ဆောင်​ရ​ပြီ။ အ​ချည်း​နှီး​သက်​သက် ငါ့​ခွန်​အား​ကုန်​ရ​ပြီ။ သို့​သော်​လည်း၊ ငါ့​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ၏။ ငါ​ခံ​ရ​သော​အ​ခ​လည်း ငါ၏​ဘု​ရား​သ​ခင်​လက်​တော်၌ ရှိ​သည်​ဟု​ဆို၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 5,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သ​ရေ​ထင်​ရှား၍၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို ခိုင်​ခံ့​စေ​တော်​မူ​သည်​အ​ကြောင်း​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ထံ​တော်၌ စု​ဝေး​စေ​ခြင်း​ကို မ​ခံ​သော်​လည်း၊ ငါ​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ထံ​တော်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ရ​သော​ကျွန် ဖြစ်​စေ​မည်​အ​ကြောင်း၊ ငါ့​ကို​အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 6,
      "text": "သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ၍၊ ထို​အ​မျိုး၏ သန့်​ရှင်း​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘယ်​သူ​မျှ မ​နှစ်​သက်၊ တစ်​ပြည်​လုံး ရွံ​ရှာ​ဖွယ်​ဖြစ်၍၊ မင်း​ထံ၌ ကျွန်​ခံ​ရ​သော​သူ​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ သင့်​ကို ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ကျေး​ဇူး​တော်​ကြောင့်၊ ရှင်​ဘု​ရင်​တို့​သည် မြင်၍ ထ​ကြ​လိမ့်​မည်။ မင်း​သား​တို့​သည်​လည်း ကိုး​ကွယ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နှစ်​သက်​ဖွယ်​သော​အ​ချိန်၌ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ကယ်​တင်​ရာ​ကာ​လ၌ သင့်​ကို​မ​စ​ပြီ။ သင့်​ကို​လည်း ငါ​စောင့်​ရှောက်၍၊ သင်​သည် ပြည်​တော်​ကို ပြု​ပြင်​လျက်၊ ဆိတ်​ညံ​သော အ​မွေ​ခံ​ရာ​အ​ရပ်​တို့​ကို အ​မွေ​ပေး​စေ​မည်​အ​ကြောင်း၊"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 9,
      "text": "ထွက်​ကြ​လော့​ဟု ချုပ်​ထား​သော​သူ​တို့​အား​လည်း​ကောင်း၊ ပေါ်​လာ​ကြ​လော့​ဟု မှောင်​မိုက်​ထဲ​မှာ​နေ​သော သူ​တို့​အား​လည်း​ကောင်း ပြော​စေ​မည်​အ​ကြောင်း၊ လူ​မျိုး​အား ပ​ဋိ​ညာဉ်​တ​ရား​ကို ပြု​စ​ရာ​ဖို့ သင့်​ကို​ခန့်​ထား​မည်။ သို့​ဖြစ်၍၊ ထို​သူ​တို့​သည် လမ်း​ခ​ရီး​တို့​အ​နား​မှာ စား​ရ၍၊ မြင့်​သော​အ​ရပ်​ရပ်​တို့၌ ကျက်​စား​ရာ​ကို တွေ့​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 10,
      "text": "သူ​တို့​သည် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ။ အ​ပူ​ကို​လည်း မ​ခံ​ရ​ကြ။ နေ​ရောင်​ခြည် မ​ထိ​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ကို သ​နား​သော​သူ​သည် သူ​တို့​ကို ပို့​ဆောင်၍၊ စမ်း​ရေ​တွင်း​အ​နား​သို့​လမ်း​ပြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 11,
      "text": "ငါ၏​တောင်​ရှိ​သ​မျှ​တို့​ကို သွား​ရာ​လမ်း​ဖြစ်​စေ​မည်။ ငါ၏​မြေ​တန်​တား​များ​ကို​လည်း ငါ​ဖို့​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 12,
      "text": "ကြည့်​ရှု​လော့။ ဤ​သူ​တို့​သည် ဝေး​သော​အ​ရပ်​မှ လာ​ကြ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သူ​တို့​သည် မြောက်​မျက်​နှာ​နှင့် အ​နောက်​မျက်​နှာ​မှ​လည်း​ကောင်း၊ ထို​သူ​တို့​သည်​လည်း၊ သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 13,
      "text": "အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ အို မြေ​ကြီး၊ ဝမ်း​မြောက်​ခြင်း​ရှိ​လော့။ အို တောင်​များ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ​သော မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 14,
      "text": "ဇိ​အုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စွန့်​ပစ်​တော်​မူ​ပြီ။ ဘု​ရား​ရှင်​သည် ငါ့​ကို​မေ့​လျော့​တော်​မူ​ပြီ​ဟု ဆို​လေ​သော်၊"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 15,
      "text": "မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 16,
      "text": "ငါ​သည် ကိုယ်​လက်​ဝါး၌ သင့်​ကို​စာ​ထိုး​ပြီ။ သင်၏​မြို့​ရိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ်​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 17,
      "text": "သင်၏​သား​သ​မီး​တို့​သည် အ​လျင်​အ​မြန် ပြု​ကြ​လိမ့်​မည်။ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​တို့​သည် သင့်​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 18,
      "text": "အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ဤ​သူ​အ​ပေါင်း​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​သည် တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ဤ​သူ​အ​ပေါင်း​တို့​ကို ဝတ်​လိမ့်​မည်။ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး ပြု​သည်​နည်း​တူ တန်​ဆာ​ဆင်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 19,
      "text": "သင်၌ သုတ်​သင်​ပယ်​ရှင်း​သော အ​ရပ်၊ ပျက်​စီး​သော​ပြည်​သည် နေ​သူ​များ​သော​ကြောင့် ကျဉ်း​ကြ​လိမ့်​မည်။ သင့်​ကို ကိုက်​စား​သော သူ​တို့​သည်​လည်း ဝေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 20,
      "text": "သင်၏​သား​များ​ဆုံး​ပြီး​မှ၊ တစ်​ဖန်​ရ​ပြန်​သော​သား​တို့​က၊ နေ​ရာ​မ​လောက်​ပါ။ နေ​စ​ရာ​အ​ရပ်​ကို​ပေး​ပါ​ဟု သင့်​အား တောင်း​ကြ​လေ​ဦး​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 21,
      "text": "သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အား အ​ဘယ်​သူ ဖြစ်​ဖွား​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက် နေ​ရ​သော​သူ၊ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ အ​ဝေး​သို့ လည်​ရ​သော​သူ​ဖြစ်၍၊ ဤ​သူ​တို့​ကို အ​ဘယ်​သူ မွေး​စား​သ​နည်း။ ငါ​သည် တစ်​ယောက်​တည်း နေ​ရ​သည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု အောက်​မေ့​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 22,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ ငါ​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ နေ​သော လူ​မျိုး​တို့​အား လက်​ကို​ချီ၍ အ​လံ​ကို​ထူ​သ​ဖြင့်၊ သူ​တို့​သည် သင်၏​သား​သ​မီး​တို့​ကို လက်​နှင့်​ပွေ့​လျက်၊ ပ​ခုံး​ပေါ်​မှာ​ထမ်း​လျက် ဆောင်​ခဲ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 23,
      "text": "ရှင်​ဘု​ရင်​တို့​သည် သင်၏​ဘ​ထွေး၊ မိ​ဖု​ရား​တို့​သည် သင့်​ကို မွေး​စား​သော​အ​မိ ဖြစ်​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ဦး​ညွှတ်​ပျပ်​ဝပ်၍၊ သင်၏​ခြေ၌ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း သင်​သိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 24,
      "text": "လု​ယူ​ရာ​ဥ​စ္စာ​ကို အား​ကြီး​သော​သူ၏​လက်​မှ ယူ​ရ​မည်​လော။ တ​ရား​သော​သူ သိမ်း​သွား​သော လူ​တို့​ကို နုတ်​ရ​မည်​လော။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် အား​ကြီး​သော​သူ သိမ်း​သွား​သော လူ​တို့​ကို ယူ​ရ​မည်။ ကြောက်​မက်​ဖွယ်​သော​သူ လု​ယူ​ရာ​ဥ​စ္စာ​ကို နုတ်​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် ရန်​တွေ့​သော​သူ​ကို ငါ​သည် ရန်​တွေ့၍၊ သင်၏​သား​တို့​ကို ကယ်​တင်​မည်။"
    },
    {
      "book": 23,
      "chapter": 49,
      "verse": 26,
      "text": "သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို သူ​တို့၏​အ​သား​နှင့် ငါ​ကျွေး​မည်။ ချို​သော​စ​ပျစ်​ရည်​ကို သောက်​သ​ကဲ့​သို့၊ သူ​တို့​သည် မိ​မိ​အ​သွေး​ကို​ဝ​စွာ သောက်​ရ​ကြ​မည်။ သို့​ဖြစ်၍၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကယ်​တင်​သော​အ​ရှင်၊ သင့်​ကို ရွေး​နုတ်​သော​သ​ခင်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 2,
      "text": "ငါ​လာ​သော​အ​ခါ အ​ဘယ်​ကြောင့် လူ​မ​ရှိ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​ကြောင့် မ​ထူး​သ​နည်း။ ငါ​သည် မ​ရွေး​မ​နုတ်​နိုင်​အောင် လက်​တို​သ​လော။ ကယ်​ချွတ်​နိုင်​သော တန်​ခိုး​မ​ရှိ​သ​လော။ ကြည့်​ရှု​လော့။ ငါ​ဆုံး​မ​သ​ဖြင့် ပင်​လယ်​ရေ​သည် ခန်း​ခြောက်၏။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ၏။ ရေ​မ​ရှိ​သော​ကြောင့် ငါး​တို့​သည်​နံ​ကြ၏။ ရေ​ငတ်၍ သေ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 3,
      "text": "ငါ​သည် မိုး​ကောင်း​ကင်​ကို နက်​သော​အ​ဝတ်​ဝတ်​စေ၍၊ လျှော်​တေ​အ​ဝတ်​နှင့် ခြုံ၏။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 4,
      "text": "ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 5,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား​ကို​ဖွင့်​တော်​မူ၍၊ ငါ​လည်း မ​ငြင်း​မ​ဆန်၊ နောက်​သို့​မ​ဆုတ်၊"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 6,
      "text": "ရိုက်​သော​သူ​တို့​အား ငါ့​ကျော​ကို​လည်း​ကောင်း၊ နား​ပန်း​ဆံ​ကို နုတ်​သော​သူ​တို့​အား၊ ငါ့​ပါး​ကို​လည်း​ကောင်း ငါ​အပ်၏။ အ​ရှက်​ခွဲ​ခြင်း​နှင့် တံ​တွေး​ထွေး​ခြင်း​မှ ငါ​သည် ကိုယ်​မျက်​နှာ​ကို​မ​လွှဲ။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 7,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​လိမ့်​မည်။ ထို​ကြောင့်၊ ငါ​မ​ရှုံး​ရ​သည်​ဖြစ်၍၊ ကိုယ်​မျက်​နှာ​ကို မီး​ကျောက်​ကဲ့​သို့​ထား​လျက်၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ဟု ငါ​သိ၏။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 8,
      "text": "ငါ့​ကို အ​ပြစ်​လွှတ်​သော​သူ​သည် အ​နီး​မှာ​ရှိ၏။ အ​ဘယ်​သူ​သည် ငါ​နှင့် တ​ရား​တွေ့​မည်​နည်း။ ပြိုင်၍ နေ​ကြ​ကုန်​အံ့။ အ​ဘယ်​သူ​သည် ငါ​နှင့် ရန်​ဘက်​ပြု​မည်​နည်း။ ထို​သူ​သည် ချဉ်း​ကပ်​စေ။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 9,
      "text": "ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​မည်။ အ​ဘယ်​သူ​သည် ငါ့​ကို တ​ရား​ရှုံး​စေ​မည်​နည်း။ ထို​သို့​သော သူ​အ​ပေါင်း​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပိုး​ကိုက်​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 10,
      "text": "သင်​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သ​နည်း။ ထို​သူ​သည် ကိုယ်​တော်​ကျွန်၏​စ​ကား​သံ​ကို နား​ထောင်​ပါ​စေ။ အ​ဘယ်​သူ​သည် အ​လင်း​မ​ရှိ​ဘဲ မှောင်​မိုက်၌ သွား​လာ​သ​နည်း။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ခို​လှုံ၍၊ မိ​မိ​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​ပါ​စေ။"
    },
    {
      "book": 23,
      "chapter": 50,
      "verse": 11,
      "text": "မီး​ကို​ညှိ၍ မိ​မိ​တို့​ကို မီး​ပွား​တို့​နှင့် ဝန်း​ရံ​စေ​သော သူ​အ​ပေါင်း​တို့၊ သင်​တို့​မီး၏​အ​လင်း၌​လည်း​ကောင်း၊ သင်​တို့​ပြု​စု​သော မီး​စ​များ၌​လည်း​ကောင်း သွား​လာ​ကြ​လော့။ ငါ့​လက်၌​ခံ​ရ​သော အ​ကျိုး​ဟူ​မူ​ကား၊ သင်​တို့​သည် ဝမ်း​နည်း​လျက် အိပ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 1,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​သို့ လိုက်၍ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​ကို ခုတ်​ယူ​ရာ​ကျောက်​နှင့်၊ တူး​ယူ​ရာ​တွင်း​ဝ​ကို ကြည့်​ရှု​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 2,
      "text": "သင်​တို့၏​အ​ဘ အာ​ဗြ​ဟံ​နှင့်၊ သင်​တို့​ကို​ဖွား​သော​သူ စာ​ရာ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ငါ​သည် တစ်​ယောက်​တည်း​သော​သူ အာ​ဗြ​ဟံ​ကို ခေါ်၍၊ ကောင်း​ချီး​ပေး​သ​ဖြင့် များ​ပြား​စေ၏။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 3,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ သူ၏​ဆိတ်​ညံ​ရာ အ​ရပ်​အ​လုံး​စုံ​တို့​ကို ချမ်း​သာ​ပေး​မည်။ သူ၏​တော​ကို ဧ​ဒင်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လွင်​ပြင်​ကို ထာ​ဝ​ရ​ဘု​ရား၏ ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ ဇိ​အုန်​မြို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့် ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 4,
      "text": "ငါ၏​လူ​မျိုး၊ ငါ့​လူ​စု​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​ကြ​လော့။ ငါ့​ထံ​မှ​တ​ရား​ထွက်၍ ငါ​စီ​ရင်​ချက်​သည် လူ​များ​လင်း​စ​ရာ​ဖို့ တည်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 5,
      "text": "ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် အ​နီး​မှာ​ရှိ၏။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည် ထွက်​သွား​ပြီ။ ငါ့​လက်​ရုံး​သည် လူ​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို​မျှော်​လင့်၍၊ ငါ့​လက်​ရုံး​ကို ကိုး​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 6,
      "text": "မိုး​ကောင်း​ကင်​ကို မျှော်၍ ကြည့်​ကြ​လော့။ မြေ​ကြီး​ကို​လည်း ငုံ့၍ ကြည့်​ကြ​လော့။ မိုး​ကောင်း​ကင်​သည် မီး​ခိုး​ကဲ့​သို့ ကွယ်​ပျောက်၍၊ မြေ​ကြီး​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​လိမ့်​မည်။ မြေ​ကြီး​သား​တို့​သည် ခြင်​ကောင်​ကဲ့​သို့ သေ​ကြ​လိမ့်​မည်။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​မူ​ကား အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​လည်း ပ​ပျောက်​ခြင်း မ​ရှိ​နိုင်​ရာ။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 7,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​ကို သိ၍၊ ငါ၏​တ​ရား​ကို နှ​လုံး​သွင်း​မိ​သော သူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ လူ​တို့​သည် အ​ပြစ်​တင်​မည်​ဟု မ​စိုး​ရိမ်​ကြ​နှင့်။ လူ​တို့​ကဲ့​ရဲ့​ခြင်း​ကို မ​ကြောက်​ကြ​နှင့်။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 8,
      "text": "အ​ကြောင်း​မူ​ကား၊ ပိုး​ရွ​တို့​သည် သိုး​မွေး​အ​ဝတ်​ကို ကိုက်​စား​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ကိုက်​စား​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား​မူ​ကား နိ​စ္စ​ထာ​ဝ​ရ​ဖြစ်၍၊ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​လိမ့်​သ​တည်း။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 9,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၏​လက်​ရုံး​တော်၊ နိုး​တော်​မူ​ပါ။ နိုး၍ ခွန်​အား​ကို ယူ​တော်​မူ​ပါ။ ရှေး​ကာ​လ​နှင့် လွန်​ဖူး​သော​ကာ​လ၌​ကဲ့​သို့ နိုး​တော်​မူ​ပါ။ ရာ​ခပ်​ကို​ဒဏ်​ခတ်၍ န​ဂါး​ကို နာ​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 10,
      "text": "ပင်​လယ်​ရေ၊ နက်​နဲ​ရာ​ရေ​တို့​ကို ခန်း​ခြောက်​စေ၍၊ ပင်​လယ်​နက်​နဲ​ရာ အ​ရပ်​တို့​ကို ရွေး​နုတ်​သော​သူ​များ သွား​စ​ရာ​လမ်း ဖြစ်​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 11,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​သော​သူ​တို့​သည် ပြန်​လာ၍ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့ ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 12,
      "text": "သင်​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ကား၊ အ​ခြား​သူ​မ​ဟုတ်၊ ငါ့​ကိုယ်​တိုင်​ပေ​တည်း။ သေ​ရ​သော​လူ​ကို​လည်း​ကောင်း၊ မြက်​ပင်​ကဲ့​သို့ ဖြစ်​လ​တ္တံ့​သော လူ​သား​ကို​လည်း​ကောင်း၊ သင်​သည် ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 13,
      "text": "မိုး​ကောင်း​ကင်​ကို ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​ကို​လည်း တည်​တော်​မူ​ထ​သော၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် မေ့​လျော့၍၊ ညှဉ်း​ဆဲ​သော​သူ​သည် ငါ့​ကို​ဖျက်​ဆီး​လု​ပြီ​ဟု စိတ်​ထင်​နှင့်၊ သူ၏​ဒေါ​သ​အ​မျက်​ကို အ​စဉ်​ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။ ယ​ခု​မှာ ညှဉ်း​ဆဲ​သော​သူ၏ ဒေါ​သ​အ​မျက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 14,
      "text": "အ​ချုပ်​ခံ​ရ​သော​သူ​သည် ထောင်​ထဲ​မှာ​မ​သေ၊ ရေ​စာ​မ​ပြတ်၊ လျင်​မြန်​စွာ​ကယ်​နုတ်​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 15,
      "text": "ငါ​သည်​သ​မု​ဒ္ဒ​ရာ​ကို​ဆုံး​မ၍ လှိုင်း​တံ​ပိုး​ကို ဟုန်း​စေ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ ထို​ဘု​ရား၏ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 16,
      "text": "မိုး​ကောင်း​ကင်​ကို ဆောက်၍၊ မြေ​ကြီး​ကို တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​သည် ငါ၏​လူ​မျိုး​ဖြစ်၏​ဟု ဇိ​အုန်​မြို့​ကို ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​သင်၏​နှုတ်​ထဲ​မှာ ငါ​ထား​ပြီ။ ငါ့​လက်၏​အ​ရိပ်​နှင့် သင့်​ကို​ငါ​မိုး​ပြီ။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ အ​မျက်​တော်​ဖ​လား​ကို သောက်​သော ယေ​ရု​ရှ​လင်​မြို့၊ နိုး​လော့။ နိုး၍​ထ​လော့။ သင်​သည် တုန်​လှုပ်​စေ​သော​ဖ​လား​ကို အ​ကုန်​သောက်​ခဲ့​ပြီ။ အ​နည်​အ​ဖတ်​ကို​လည်း ညှစ်​ခဲ့​ပြီ။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 18,
      "text": "ကိုယ်​တိုင်​ဖွား​မြင်​သော သား​တို့​တွင်၊ သင့်​ကို လမ်း​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ်​တိုင်​မွေး​စား​သော သား​တို့​တွင်၊ သင့်​ကို လက်​ဆွဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 19,
      "text": "အ​စာ​ခေါင်း​ပါး၍ လူ​ဆိတ်​ညံ​ခြင်း​ဘေး၊ ဓား​ဖြင့်​ဖျက်​ဆီး​ခြင်း​ဘေး​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၏​အ​ပေါ်​မှာ ရောက်​လာ​သည်​ဖြစ်၍၊ သင့်​အ​တွက် အ​ဘယ်​သူ​ငို​ကြွေး​မြည်​တမ်း​သ​နည်း။ ငါ​သည် အ​ဘယ်​သို့ ချမ်း​သာ​ပေး​နိုင်​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 20,
      "text": "သင်၏​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ကြ၏။ ကျော့​ကွင်း၌​ဖမ်း​မိ​သော​စိုင်​ကဲ့​သို့ ခပ်​သိမ်း​သော လမ်း​ဝ​မှာ​အိပ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​ထွက်​တော်​မူ​ခြင်း၊ သင်၏​ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ​ခြင်း​နှင့် ဝ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 21,
      "text": "သို့​ဖြစ်၍၊ ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ၊ စ​ပျစ်​ရည်​မှ​တစ်​ပါး အ​ခြား​သော​ယစ်​မျိုး​နှင့် ယစ်​မူး​သော​သူ၊ နား​ထောင်​လော့။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 22,
      "text": "သင်၏​အ​ရှင်၊ မိ​မိ​လူ​တို့၏​အ​မှု​ကို စောင့်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ တုန်​လှုပ်​စေ​သော​ဖ​လား၊ ငါ့​အ​မျက်​တော်​ဖ​လား၏ အ​နည်​အ​ဖတ်​ကို သင်၏​လက်​မှ​ငါ​ရုပ်၍၊ သင်​သည် နောက်​တစ်​ဖန် မ​သောက်​ရ။"
    },
    {
      "book": 23,
      "chapter": 51,
      "verse": 23,
      "text": "သင်​သည် ခ​ရီး​သွား​သော​သူ​တို့​ရှေ့​မှာ ကိုယ်​ကို မြေ​တန်​တား​လုပ်၍၊ အ​လျား​ဝပ်​စေ​ခြင်း​ငှာ ဝပ်​လျက်​နေ​တော့။ ငါ​ကျော်​သွား​မည်​ဟု ဆို၍၊ သင့်​ကို​ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ ထို​ဖ​လား​ကို​ငါ​ထား​မည်။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 1,
      "text": "အို ဇိ​အုန်​မြို့၊ နိုး​လော့။ နိုး၍ ခွန်​အား​ကို ယူ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော၊ သန့်​ရှင်း​သော​မြို့၊ သင်၏​တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဝတ်​ဆင်​လော့။ အ​ကြောင်း​မူ​ကား၊ နောက်​တစ်​ဖန် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​နှင့် ညစ်​ညူး​သော​သူ​တို့​သည် သင်၏​အ​ထဲ​သို့ မ​ဝင်​ရ​ကြ။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 2,
      "text": "အို​ယေ​ရု​ရှ​လင်​မြို့၊ ကိုယ်၌​ကပ်​သော မြေ​မှုန့်​ကို​ခါ​လိုက်၍၊ မြင့်​သော​အ​ရပ်၌ ထိုင်​လော့။ အို ချုပ်​ထား​လျက်​ရှိ​သော ဇိ​အုန်​သ​တို့​သ​မီး၊ သင်၏​လည်​ကြိုး​ကို​ချွတ်​လော့။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​ဖိုး​ငွေ​ကို​မ​ရ​ဘဲ ကျွန်​ခံ​ရ​သည်​ဖြစ်၍၊ ငွေ​မ​ပေး​ဘဲ ရွေး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 4,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​သည် အ​ထက်​က အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​အံ့​သော​ငှာ သွား​ကြ၏။ နောက်​မှ အာ​ရှု​ရိ​လူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ ညှဉ်း​ဆဲ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို အ​ကြောင်း​မ​ရှိ​ဘဲ ယူ​သွား၍၊ အ​စိုး​ရ​သော​သူ​တို့​သည် ဝါ​ကြွား​လျက် ငါ့​နာ​မ​ကို နေ့​တိုင်း​ကဲ့​ရဲ့​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ ငါ၏​လူ​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ က​တိ​ထား​သော​သူ​ကား၊ ငါ​ဖြစ်​သည်​ကို အ​ချိန်​ရောက်​မှ သိ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ်​ငါ​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 7,
      "text": "ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 8,
      "text": "သင်၏​ကင်း​စောင့်​တို့၏​အ​သံ​ကို နား​ထောင်​ကြ​လော့။ သူ​တို့​သည် အ​သံ​ကို​လွှင့်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့် တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​သို့ ပြန်​လာ​တော်​မူ​ကြောင်း​ကို ကိုယ်​တိုင်​မြင်​ရ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 9,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ပြို​ပျက်​ရာ​အ​ရပ်​တို့၊ တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​နုတ်​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ၊ သန့်​ရှင်း​သော လက်​ရုံး​တော်​ကို ဖွင့်​ပြ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို သိ​မြင်​ကြ​လ​တ္တံ့။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 11,
      "text": "ထွက်​ကြ။ ထွက်​ကြ။ ထို​အ​ရပ်​မှ ထွက်​သွား​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​အ​ရပ်​ထဲ​က ထွက်​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဆောက်​အ​ဦ​တို့​ကို ဆောင်​ရွက်​သော​သူ​တို့၊ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 12,
      "text": "သင်​တို့​သည် အ​လျင်​အ​မြန် မ​ထွက်​ရ​ကြ။ ပြေး၍ မ​သွား​ရ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့၌ ကြွ​တော်​မူ​မည်။ နောက်၌​လည်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 13,
      "text": "ကြည့်​ရှု​လော့။ ငါ့​ကျွန်​သည် အ​မှု​ဆောင်၍ အောင်​လိမ့်​မည်။ ချီး​မြှောက်​ချီး​မြှင့်​ခြင်း​သို့ ရောက်၍၊ အထွတ်​အ​မြတ် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 14,
      "text": "သူ​သည် လူ​မ​ဟုတ်​သ​ကဲ့​သို့ မျက်​နှာ​ပျက်​ခြင်း၊ လူ​သား​မ​ဟုတ်​သ​ကဲ့​သို့ အ​ဆင်း​အ​သ​ရေ​ပျက်​ခြင်း ရှိ​သည်​ကို၊ အ​များ​သော​သူ​တို့​သည် အံ့​ဩ​မိန်း​မော​ကြ​သည်​ဖြစ်၍၊"
    },
    {
      "book": 23,
      "chapter": 52,
      "verse": 15,
      "text": "ထို​အ​တူ သူ​သည် အ​များ​သော​လူ​မျိုး​တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှေ့​တော်၌ ရှင်​ဘု​ရင်​တို့​သည် မိ​မိ​တို့​နှုတ်​ကို​ပိတ်၍ နေ​ရ​ကြ​လိမ့်​မည်။ သူ​တစ်​ပါး မ​ပြ​ဖူး​သော​အ​ရာ​ကို သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​အ​ရာ​ကို​လည်း နား​လည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 1,
      "text": "ငါ​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ ယုံ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​သည် အ​ညွန့်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ ပေါက်​သော​အ​တက်​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ကြီး​ပွား၏။ ပ​မာ​ဏ​ပြု​စ​ရာ အ​ဆင်း​တင့်​တယ်​ခြင်း​မ​ရှိ။ ချစ်​လို​ဖွယ်​သော မျက်​နှာ​လ​က္ခ​ဏာ​နှင့် မ​ပြည့်​စုံ။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 3,
      "text": "မ​ထီ​မဲ့​မြင်​ပြု​ခြင်းကိုခံ၍၊ လူ​တို့​တွင်​အ​ယုတ်​ဆုံး​သော​သူ​ဖြစ်​၏။ ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ ဖြစ်၏။ သူ​တစ်​ပါး​မျက်​နှာ​လွှဲ​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့ ဖြစ်၏။ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​လျက်​ရှိ၍၊ ငါ​တို့​သည် မ​ရို​သေ​ကြ။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 4,
      "text": "သို့​သော်​လည်း၊ ထို​သူ​သည် ငါ​တို့​အ​နာ​ရော​ဂါ ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ၏။ ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ဆုံး​မ၍ နှိမ့်​ချ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ငါ​တို့​သည် ထင်​မှတ်​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 5,
      "text": "ထို​သူ​သည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 6,
      "text": "ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 7,
      "text": "ထို​သူ​သည် ညှဉ်း​ဆဲ​ခြင်း​နှင့် နှိမ့်​ချ​ခြင်း​ကို​ခံ၍ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ၏။ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော သိုး​သ​ငယ်​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ​နေ​သ​ကဲ့​သို့၊ သူ​သည် နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 8,
      "text": "မ​တ​ရား​စွာ စီ​ရင်​ခြင်း​အား​ဖြင့် သူ့​ကို​ထုတ်​သွား​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ​မှ သူ့​ကို သုတ်​သင်​ပယ်​ရှင်း​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ ပြ​ညွှန်​မည်​နည်း။ ငါ၏​လူ​မျိုး​အ​ပြစ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​လေ၏။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 9,
      "text": "ပြစ်​မှား​ခြင်း​ကို မ​ပြု။ သူ​၏​နှုတ်​၌ မု​သား​မ​ရှိ​သော်​လည်း၊ လူ​ဆိုး​တို့​နှင့်​အ​တူ မြေ​မြုပ်​ခြင်း​ငှာ စီ​ရင်​ကြ​၏။ သို့​ရာ​တွင် သေ​ပြီး​မှ သူ​ဌေး​၌​ရှိ​၏။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 11,
      "text": "မိ​မိ​စိတ်​ဝိ​ညာဉ်​ခံ​ရ​သော ဝေ​ဒ​နာ၏​အ​ကျိုး​ကို မိ​မိ​မြင်၍ အား​ရ​လိမ့်​မည်။ ထို​ဖြောင့်​မတ်​သော ငါ၏​ကျွန်​ကို​သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ သူ​သည် အ​များ​သော​သူ​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​လိမ့်​မည်။ သူ​တို့၏​အ​ပြစ်​ကို ကိုယ်​တိုင်​ဆောင်​ရွက်​ရ၏။"
    },
    {
      "book": 23,
      "chapter": 53,
      "verse": 12,
      "text": "ထို​သို့ မိ​မိ​အ​သက်​ကို သေ​ခြင်း၌​သွန်း၍၊ မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်​သ​ဖြင့်၊ လူ​များ​တို့၏​အ​ပြစ်​ကို ဆောင်​ရွက်၍၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တောင်း​ပန်​သော​ကြောင့်၊ လူ​ကြီး​တို့​ကို သူ၏​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ခွဲ​မည်။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို သူ၏​လက်​ရ​ဥ​စ္စာ​ကဲ့​သို့၊ ကိုယ်​တိုင် ဝေ​ဖန်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 1,
      "text": "သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက် သာ၍​များ​သော​သား​တို့​ကို ဖွား​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 2,
      "text": "သင်၏​တဲ​ရာ​ကို ကျယ်​စေ​လော့။ သင်၏​နေ​ရာ မျက်​နှာ​ကြက်​ကို ကြက်​ဦး​လော့။ နှ​မြော​သော စိတ်​မ​ရှိ​နှင့်။ ကြိုး​တို့​ကို ရှည်​စေ​ဦး​လော့။ တိုင်​တို့​ကို မြဲ​စွာ​စိုက်​လော့။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၌ တိုး​ပွား​လိမ့်​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​မွေ​ခံ၍၊ သူ​တို့၏ ဆိတ်​ညံ​သော​မြို့​တို့၌ နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 4,
      "text": "မ​စိုး​ရိမ်​နှင့်။ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ။ မျက်​နှာ မ​ပျက်​နှင့်။ အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ အ​သက်​ငယ်​စဉ်​အ​ခါ ခံ​ရ​သော ရှက်​ကြောက်​ခြင်း​ကို မေ့​လျော့​လိမ့်​မည်။ မု​ဆိုး​မ​ဖြစ်၍ ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ သင့်​ကို ဖန်​ဆင်း​သော​သူ​သည် သင်၏​လင် ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း။ သင့်​ကို​ရွေး​နုတ်​သော​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​သော​ဘု​ရား​ဟူ၍ ခေါ်​ရ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 6,
      "text": "စွန့်​ပစ်၍ စိတ်​ငြို​ငြင်​သော မိန်း​မ၊ ငယ်​စဉ်​တွင် မ​ယား​ဖြစ်၍၊ နောက်​မှ ငြင်း​ပယ်​သော​မိန်း​မ​ကို တစ်​ဖန်​ခေါ်​သ​ကဲ့​သို့ သင့်​ကို ငါ​ခေါ်​မည်​ဟု သင်၏​ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 7,
      "text": "သင့်​ကို ခ​ဏ​သာ​ငါ​စွန့်​သည်​ဖြစ်၍၊ များ​စွာ​သော က​ရု​ဏာ​နှင့် တစ်​ဖန်​သိမ်း​ဆည်း​ဦး​မည်။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 8,
      "text": "ပြင်း​စွာ​သော​အ​မျက်​ထွက်၍ ခ​ဏ​မျှ ငါ​မျက်​နှာ​လွှဲ​သော်​လည်း၊ ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို ကယ်​မ​သ​နား​ဦး​မည်​ဟု သင့်​ကို ရွေး​နုတ်​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 9,
      "text": "နော​ဧ​လက်​ထက်၌ လွှမ်း​မိုး​သော​ရေ​ကို ငါ​သည်​မှတ်၍၊ ထို​ရေ​သည် မြေ​ကြီး​ကို နောက်​တစ်​ဖန် မ​လွှမ်း​မိုး​ရ​ဟု ကျိန်​ဆို​ခြင်း​ကို ပြု​သည်​နည်း​တူ၊ သင့်​ကို အ​မျက်​မ​ထွက်၊ မ​ဆုံး​မ​ဟု ကျိန်​ဆို​ခြင်း​ကို ပြု​ပြီ။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 10,
      "text": "တောင်​ကြီး​တို့​သည်​ရွေ့၍၊ တောင်​ငယ်​တို့​သည် လှုပ်​ရှား​သော်​လည်း၊ ငါ၏​မေ​တ္တာ​သည် သင်​မှ​မ​ရွေ့​ရ။ ငါ၏​ငြိမ်​သက်​ခြင်း ပ​ဋိ​ညာဉ်​လည်း မ​လှုပ်​ရှား​ရ​ဟု သင်၌ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 11,
      "text": "အို ညှဉ်း​ဆဲ​ခြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တိုက်​ခြင်း​ကို​ခံ​ရ၍၊ သက်​သာ​မ​ရ​နိုင်​သော​သူ၊ သင်၏​တိုက်​ကို ဟ​င်္သာ​ပ​ဒါး​သ​ရွတ်​နှင့် ငါ​စေ့​စပ်​မည်။ တိုက်​မြစ်​ကို နီ​လာ​ဖြင့်​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 12,
      "text": "ပြ​အိုး​တို့​ကို ကျောက်​နီ​ဖြင့်​လည်း​ကောင်း၊ တံ​ခါး​တို့​ကို ပ​တ္တ​မြား​ဖြင့်​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်​တန်​ဆာ​များ​ကို ကျောက်​မြတ် အ​မျိုး​မျိုး​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 13,
      "text": "သင်၏​သား​သ​မီး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်၍၊ များ​စွာ​သော စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 14,
      "text": "သင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။ ညှဉ်း​ဆဲ​ခြင်း​နှင့် ဝေး​သည်​ဖြစ်၍ မ​ကြောက်​ရ။ ထိတ်​လန့်​ခြင်း​သည်​လည်း ဝေး၍၊ သင့်​အ​နီး​သို့​မ​ရောက်​ရ။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 15,
      "text": "ငါ၏​အ​ခွင့်​မ​ရှိ​ဘဲ သင့်​တစ်​ဖက်၌ အ​ဘယ်​သူ​မျှ နေ​ရာ​မ​ကျ​ရ။ နေ​ရာ​ကျ​ဖူး​သော​သူ​တို့​သည် သင့်​ဘက်​သို့ ဝင်​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 16,
      "text": "မီး​ကို​မှုတ်၍၊ မိ​မိ​အ​လုပ်​တည်း​ဟူ​သော လက်​နက်​ကို​လုပ်​တတ်​သော ပန်း​ပဲ​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ဖျက်​ဆီး​သော​သူ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း၏။"
    },
    {
      "book": 23,
      "chapter": 54,
      "verse": 17,
      "text": "သင့်​တစ်​ဖက်၌ လုပ်​သော​လက်​နက်​တစ်​စုံ​တစ်​ခု​မျှ အ​ထ​မ​မြောက်​ရ။ သင့်​ကို တ​ရား​တွေ့​သော​သူ မည်​သည်​ကား၊ အ​ရှုံး​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​တို့​သည် ထို​သို့​သော အ​မွေ​ကို​ခံ​ရ၍၊ ငါ့​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 1,
      "text": "အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 2,
      "text": "အ​စာ​မ​ဟုတ်​သော​အ​ရာ​အ​ဖို့ သင်​တို့​ငွေ​ကို​လည်း​ကောင်း၊ အ​မွတ်​မ​ပြေ​နိုင်​သော အ​ရာ​အ​ဖို့ သင်​တို့​ဥ​စ္စာ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ကုန်​စေ​ကြ​သ​နည်း။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျက်၊ ကောင်း​သော​အ​စာ​ကို စား​ကြ​လော့။ သင်​တို့၏​ဝိ​ညာဉ်​သည် ချို​သော​အ​ရာ​တို့၌ မိ​မိ​ကို​မိ​မိ မွေ့​လျော်​စေ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 3,
      "text": "နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 4,
      "text": "ကြည့်​ရှု​လော့။ ထို​သူ​ကို ဥ​ပ​ဇ္ဈာယ်​ဆ​ရာ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော အ​ရှင်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​မျိုး​တို့​အား ငါ​ပေး​ပြီ။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 5,
      "text": "ကြည့်​ရှု​လော့။ သင်​သည် မ​သိ​ဖူး​သော​လူ​မျိုး​ကို ခေါ်​လိမ့်​မည်။ သင့်​ကို မ​သိ​ဖူး​သော လူ​မျိုး​တို့​သည်​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကြောင့်၊ သင့်​ထံ​သို့ ပြေး​လာ​ကြ​လိမ့်​မည်။ ထို​ဘု​ရား​သည် သင်၏​ဘုန်း​ကို ပွင့်​စေ​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 6,
      "text": "တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 7,
      "text": "ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏ အ​ကြံ​အ​စည်​နှင့်​မ​တူ။ ငါ၏​အ​ကျင့်​သည်​လည်း သင်​တို့၏ အ​ကျင့်​နှင့်​မ​တူ။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 9,
      "text": "မိုး​ကောင်း​ကင်​သည် မြေ​ကြီး​ထက်​သာ၍ မြင့်​သ​ကဲ့​သို့၊ ငါ၏​အ​ကျင့်​သည် သင်​တို့၏​အ​ကျင့်​ထက်​လည်း​ကောင်း၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏​အ​ကြံ​အ​စည်​ထက်​လည်း​ကောင်း သာ၍​မြင့်၏။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 10,
      "text": "မိုး​ရေ​နှင့် မိုး​ပွင့်​တို့​သည် မိုး​ကောင်း​ကင်​မှ ဆင်း​သက်၍ နောက်​တစ်​ဖန် မ​ပြန်၊ မြေ​သည် မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​စား​သော​သူ​အား အ​စာ​ကို​လည်း​ကောင်း​ပေး​မည်​အ​ကြောင်း၊ မြေ​ကို​စို​စေ​သ​ဖြင့်၊ အ​ပင်​ပေါက်​စေ၍၊ အ​သီး​ကို သီး​စေ​သ​ကဲ့​သို့၊"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 11,
      "text": "ထို​အ​တူ ငါ၏​နှုတ်​က​ပတ်​စ​ကား​သည် ဖြစ်​လိမ့်​မည်။ အ​ကျိုး​မ​ရှိ​ဘဲ ငါ့​ထံ​သို့​မ​ပြန်​ရ။ ငါ့​အ​လို​ကို ပြည့်​စုံ​စေ​မည်။ ငါ​စေ​ခိုင်း​သော​အ​မှု၌ အောင်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 12,
      "text": "သင်​တို့​သည် ဝမ်း​မြောက်​သော စိတ်​နှင့်​ထွက်၍၊ ချမ်း​သာ​စွာ​ပို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး တောင်​ငယ်​တို့​သည် သင်​တို့​ရှေ့​မှာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်၍၊ တော၌​ရှိ​သ​မျှ​သော အ​ပင်​တို့​သည် လက်​ခုပ်​တီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 55,
      "verse": 13,
      "text": "အ​မျိုး​မျိုး​သော ဆူး​ပင်​အ​ရာ၌ ထင်း​ရှူး​ပင်​နှင့် မု​ရ​တု​ပင်​တို့​သည် ပေါက်​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အောက်​မေ့​ဖို့​ရာ၊ မ​ပျောက်​မ​ပျက်​ရ​သော ထာ​ဝ​ရ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တ​ရား​ကို​စောင့်၍ ဖြောင့်​မတ်​စွာ ကျင့်​ကြ​လော့။ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး ရောက်​ချိန်​နှင့်၊ ငါ၏ ဖြောင့်​မတ်​ခြင်း​တ​ရား ထင်​ရှား​ချိန်​ရောက်​လု​နီး​ပြီ။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 2,
      "text": "ထို​သို့​ပြု​သော​သူ၊ အ​မြဲ​စွဲ​လမ်း​သော လူ​သား​သည်၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍ ဒု​စ​ရိုက်​ကို​မ​ပြု​မည်​အ​ကြောင်း၊ မိ​မိ​လက်​ကို ချုပ်​တည်း​လျှင်​လည်း မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မိ​မိ​လူ​မျိုး​နှင့် ရှင်း​ရှင်း​ခွဲ​ထား​တော်​မူ​ပြီ​ဟု မ​ဆို​စေ​နှင့်။ မိန်း​မ​လျှာ​က​လည်း၊ ငါ​သည် သွေ့​ခြောက်​သော​အ​ပင်​ဖြစ်​သည်​ဟု မ​ဆို​စေ​နှင့်။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​ဥ​ပုသ်​နေ့​ကို​စောင့်​လျက်၊ ငါ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို မှီ​ဝဲ​သော မိန်း​မ​လျှာ​တို့​အား၊"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 5,
      "text": "သား​သ​မီး​တို့ ထက်​မြတ်​သော​အ​ရာ၊ မြတ်​သော​နာ​မ​ကို ငါ့​အိမ်၊ ငါ့​တံ​တိုင်း​အ​တွင်း၌ ငါ​ပေး​မည်။ မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​နာ​မ​ကို သူ​တို့​အား ငါ​ပေး​မည်။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​ထံ၌ အ​မှု​စောင့်​ခြင်း၊ နာ​မ​တော်​ကို​ချစ်​ခြင်း၊ ကျွန်​တော်​ရင်း​ဖြစ်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သော တစ်​ပါး​အ​မျိုး​သား တို့​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ၊ စောင့်​ရှောက်၍၊ ငါ၏​ပ​ဋိ​ညာဉ်​ကို စွဲ​လမ်း​သော​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 7,
      "text": "ငါ၏​သန့်​ရှင်း​သော​တောင်​သို့ ငါ​ဆောင်​ခဲ့၍၊ ငါ၏​ပ​တ္ထ​နာ​အိမ်၌ ဝမ်း​မြောက်​စေ​မည်။ သူ​တို့​မီး​ရှို့​ရာ​ယဇ်​နှင့် ယဇ်​အ​မျိုး​မျိုး​တို့​ကို ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ လက်​ခံ​မည်။ ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး​ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 8,
      "text": "အ​ရပ်​ရပ်၌ ကွဲ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စု​ဝေး​ပြီး​သော သူ​များ​မှ​တစ်​ပါး အ​ခြား​သော​သူ​တို့​ကို ထို​အ​စု​အ​ဝေး၌ ငါ​စု​ဝေး​စေ​ဦး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 9,
      "text": "အို လယ်​ပြင်​သား​အ​ပေါင်း​နှင့် တော၌​လည်​သော သား​ရဲ​အ​ပေါင်း​တို့၊ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 10,
      "text": "သူ၏​ကင်း​စောင့်​တို့​သည် မျက်​စိ​ကန်း​ကြ၏။ ရှိ​သ​မျှ​တို့​သည် မိုက်​ကြ၏။ အ၍ မ​ဟောင်​နိုင်​သော​ခွေး၊ ယောင်​ယမ်း​သော​ခွေး၊ အိပ်​လျက် အိပ်​ချင်​အား​ကြီး​သော​ခွေး ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 11,
      "text": "စား​ချင်​အား​ကြီး၍ ဝမ်း​မ​ပြည့်​နိုင်​သော ခွေး​လည်း ဖြစ်​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း မ​ကြည့်​မ​ရှု​တတ်​ကြ။ ထို​သိုး​ထိန်း​ရှိ​သ​မျှ​တို့​သည် လမ်း​လွှဲ၍ မိ​မိ​တို့​လမ်း​သို့ လိုက်​ကြ​ပြီ။ တစ်​ယောက်​မျှ​မ​ကြွင်း၊ တ​ညီ​တ​ညွတ်​တည်း ကိုယ်​အ​ကျိုး​စီး​ပွား​ကို​သာ ရှာ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 56,
      "verse": 12,
      "text": "လာ​ကြ။ စ​ပျစ်​ရည်​ကို​ယူ​ခဲ့​မည်။ သေ​ရည်​သေ​ရက်​ကို ဝ​စွာ​သောက်​ကြ​စို့။ ယ​နေ့​ဖြစ်​သ​ကဲ့​သို့ နက်​ဖြန်​နေ့​ဖြစ်​လိမ့်​မည်။ ထို​မျှ​မ​က၊ သာ၍ ကြွယ်​ဝ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 1,
      "text": "ဖြောင့်​မတ်​သော​သူ​သည်​ဆုံး၍ ကျေး​ဇူး​ပြု​တတ်​သော​သူ​တို့​သည် ပယ်​ရှား​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​ထဲ​က ရုပ်​သိမ်း​ပြီ​ဟု အ​ဘယ်​သူ​မျှ မ​ဆင်​ခြင်၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြ။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 2,
      "text": "ထို​သို့​သော သူ​သည် ချမ်း​သာ​ထဲ​သို့ ဝင်​ရ၏။ ဖြောင့်​မတ်​စွာ​ကျင့်​လျက် မိ​မိ​အိပ်​ရာ​ပေါ်​မှာ ငြိမ်​ရ၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 3,
      "text": "စုန်း​မ​သား၊ မျောက်​မ​ထား​သော မိန်း​မ​သား၊ ပြည့်​တန်​ဆာ​မ​သား​တို့၊ ချဉ်း​ကပ်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 4,
      "text": "သင်​တို့​သည် အ​ဘယ်​သူ​ကို ကျီ​စယ်​ကြ​သ​နည်း။ အ​ဘယ်​သူ​အား​နှုတ်​ကို​ဖွင့်၍ လျှာ​ကို ထုတ်​ပြ​ကြ​သ​နည်း။ သင်​တို့​သည် ဖောက်​ပြန်​သော အ​မျိုး၊ သ​စ္စာ​ပျက်​သော​အ​မျိုး ဖြစ်​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 5,
      "text": "စိမ်း​သော သစ်​ပင်​ရှိ​သ​မျှ​အောက်​မှာ ရုပ်​တု​ဆင်း​တု၌ တပ်​မက်​သော​သူ၊ ချိုင့်​ထဲ၊ ကျောက်​စောင်း​အောက်​မှာ သူ​ငယ်​ကို သတ်​သော​သူ မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 6,
      "text": "ချိုင့်​ထဲ​မှာ ချော​သော​ကျောက်​ခဲ​တို့​တွင် သင်၏​တာ​ရှိ၏။ ထို​သို့​သော​အ​ရာ​တို့​သည် သင်၏​အ​မွေ​ဖြစ်၏။ ထို​သို့​သော အ​ရာ​ရှေ့​မှာ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ပြု​တတ်၏။ ထို​အ​မှု​တို့​ကို ငါ​နှစ်​သက်​တတ်​သ​လော။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 7,
      "text": "မြင့်​လှ​သော တောင်​ကြီး​ပေါ်​မှာ သင်၏​ခု​တင်​ကို​ထား​ပြီး​လျှင်၊ ထို​အ​ရပ်​သို့​တက်၍ ယဇ်​ပူ​ဇော်​တတ်၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 8,
      "text": "သင်​အောက်​မေ့​စ​ရာ သက်​သေ​ကို တံ​ခါး​နှင့် တိုင်​နောက်​မှာ ထား​ပြီး။ ငါ​မှ​တစ်​ပါး အ​ခြား​သူ​တို့​အား အ​ဝတ်​ကို​ချွတ်၍၊ အိပ်​ရာ​ပေါ်​သို့ တက်​လေ​ပြီ။ မိ​မိ​ခု​တင်​ကို ကျယ်​စေ၍ သူ​တို့​နှင့် ဝန်​ခံ​ပြီ။ သူ​တို့​ခု​တင်​ကို​လည်း တပ်​မက်၍၊ နေ​ရာ​အ​ရပ်​ကို ရှာ​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 9,
      "text": "ဆီ​မွှေး​ပါ​လျက်၊ ရှင်​ဘု​ရင့်​ထံ​သို့​သွား​ပြီ။ နံ့​သာ​မျိုး​များ​ကို​သုံး​ပြီ။ တ​မန်​တို့​ကို ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်၍၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် မိ​မိ​ကို​မိ​မိ နှိမ့်​ချ​ပြီ။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 10,
      "text": "ဝေး​စွာ​ခ​ရီး​သွား၍ ပင်​ပန်း​သော်​လည်း စိတ်​မ​ပျက်။ ကြိုး​စား၍ အ​သက်​လွတ်​သော​ကြောင့် အား​လျော့​ခြင်း​မ​ရှိ။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 11,
      "text": "သင်​သည် သ​စ္စာ​ပျက်​သည် တိုင်​အောင်​လည်း​ကောင်း၊ ငါ့​ကို​မေ့​လျော့၍ သ​တိ​မ​ပြု​ဘဲ​နေ​သည် တိုင်​အောင်​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ကြောက်​ရွံ့​သ​နည်း။ ငါ​သည် ရှေး​ကာ​လ​မှ​စ၍ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ သင်​သည် ငါ့​ကို​မ​ကြောက်​ဘဲ နေ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 12,
      "text": "သင်၏​ကု​သိုလ်​နှင့်၊ သင်​ပြု​သော​အ​မှု​တို့​ကို ငါ​ဖော်​ပြ​မည်။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 13,
      "text": "ထို​သို့​သော​အ​မှု​သည် အ​ကျိုး​ကို မ​ပေး​နိုင်။ သင်​သည် အော်​ဟစ်​သော​အ​ခါ၊ သင်၏​အ​လုံး​အ​ရင်း​တို့​သည် ကယ်​နုတ်​ကြ​စေ။ လေ​သည် သူ​တို့​ကို တိုက်​သွား​လိမ့်​မည်။ လေ​တစ်​မှုတ်​နှင့် လွင့်​ကြ​လိမ့်​မည်။ ငါ့​ကို ကိုး​စား​သော​သူ​မူ​ကား၊ ပြည်​တော်​ကို ပိုင်၍၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 14,
      "text": "ထို​အ​ခါ မြေ​ကို​ဖို့​ကြ။ မြေ​ကို​ဖို့​ကြ။ လမ်း​ကို​ပြင်​ကြ။ ငါ့​လူ​တို့၏ လမ်း​ခ​ရီး၌ အ​ဆီး​အ​တား​မ​ရှိ​စေ​နှင့်​ဟု ငါ​ပြော​ဆို​ရ၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 16,
      "text": "ငါ​သည် အ​စဉ်​မ​ပြတ် တ​ရား​တွေ့​မည်​မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​မျက်​ထွက်​မည်​မ​ဟုတ်။ ထို​သို့​ဟုတ်​လျှင်၊ အ​သက်​သည် ငါ့​ရှေ့​မှာ​ပျောက်၍၊ ငါ​ဖန်​ဆင်း​သော​ဝိ​ညာဉ်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 17,
      "text": "သူ၏ လော​ဘ​လွန်​ကျူး​ခြင်း​အ​ပြစ်​ကြောင့်၊ ငါ​သည် အ​မျက်​ထွက်၍ ဒဏ်​ခတ်​လေ၏။ အ​မျက်​ထွက်၍ မျက်​နှာ​ကို လွှဲ​လေ၏။ သူ​သည်​လည်း မိ​မိ​အ​လို​ရှိ​ရာ​လမ်း​သို့ လွှဲ​သွား​လေ၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 18,
      "text": "သူ၏ အ​ကျင့်​ဓ​လေ့​တို့​ကို ငါ​မြင်​ပြီ။ သူ့​ကို​အ​နာ​ပျောက်​စေ၍ လမ်း​ပြ​ဦး​မည်။ သူ့​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ စိတ်​ညှိုး​ငယ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ချမ်း​သာ​ပေး​ဦး​မည်။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 19,
      "text": "ငါ​သည် နှုတ်​ခမ်း​အ​သီး​ကို ဖန်​ဆင်း၏။ ဝေး​သော​သူ၌​လည်း​ကောင်း၊ နီး​သော​သူ၌​လည်း​ကောင်း ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ သူ၏​အ​နာ​ကို ငါ​ပျောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 20,
      "text": "မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မ​ငြိမ်​နိုင်​ဘဲ​လှုပ်​ရှား၍၊ ရွှံ့​နှင့် အ​မှိုက်​ကို​ပက်​သော ပင်​လယ်​ရေ​နှင့် တူ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 57,
      "verse": 21,
      "text": "မ​တ​ရား​သော​သူ​တို့၌ ငြိမ်​သက်​ခြင်း​မ​ရှိ​ဟု ငါ၏​ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 1,
      "text": "အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 2,
      "text": "သူ​တို့​သည် တ​ရား​ကျင့်​သော​အ​မျိုး၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပ​ညတ်​တို့​ကို မ​စွန့်​သော​အ​မျိုး​ကဲ့​သို့၊ နေ့​တိုင်း​ငါ့​ကို​ရှာ၍ ငါ၏​တ​ရား​လမ်း၌ မွေ့​လျော်​ကြ​သည်​တ​ကား။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ချက်​တို့​ကို ငါ့​ထံ​မှာ​အ​စဉ်​မေး​မြန်း၍၊ ဘု​ရား​သ​ခင့်​ထံ​သို့ ချဉ်း​ကပ်​ရာ၌ မွေ့​လျော်​ကြ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 3,
      "text": "အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 4,
      "text": "သင်​တို့​သည် ငြင်း​ခုံ​ရန်​တွေ့​လျက်၊ အ​ဓ​မ္မ​လက်​ဆုပ်​နှင့် ထိုး​လျက် အ​စာ​ရှောင်​ကြ၏။ မြင့်​သော​အ​ရပ်၌ မိ​မိ​တို့​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ယ​ခု​ကာ​လ​အ​ခါ အ​စာ​ရှောင်​ကြ​သည်​မ​ဟုတ်။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 5,
      "text": "ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 6,
      "text": "ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​ဟူ​မူ​ကား၊ မ​တ​ရား​သော အ​ချည်​အ​နှောင်​ကို ချွတ်​ခြင်း၊ လေး​သော​ဝန်​ကို​ချ​ခြင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို လွှတ်​ခြင်း၊ ထမ်း​ပိုး​ရှိ​သ​မျှ​ကို ချိုး​ခြင်း​မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 7,
      "text": "မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 8,
      "text": "သို့​ပြု​လျှင် သင်၏​အ​လင်း​သည် မိုး​သောက်​သော အ​လင်း​ကဲ့​သို့​ပေါ်​ထွန်း၍၊ အ​လျင်​အ​မြန် ကျန်း​မာ​ခြင်း​သို့​ရောက်​လိမ့်​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သင့်​ရှေ့၌ သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နောက်၌ လုံ​ခြုံ​စေ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 9,
      "text": "သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 10,
      "text": "မွတ်​သိပ်​သော​သူ​နှင့် ဆင်း​ရဲ​ခံ​ရ​သော​သူ​ကို သ​နား​သော​စိတ်​နှင့် ချမ်း​သာ​ပေး​လျှင်၊ မ​ရှင်း​လင်း​သော အ​ရာ​မှာ သင်၏​အ​လင်း​သည် ပေါ်​ထွန်း၍၊ သင်၏​မှောင်​မိုက်​သည် မွန်း​တည့်​အ​လင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​စဉ် ပဲ့​ပြင်​တော်​မူ​မည်။ အ​စာ​ခေါင်း​ပါး​သည် ကာ​လ၌ ဝ​စွာ​ကျွေး၍၊ သင်၏​အ​ရိုး​တို့​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ သင်​သည် ရေ​လောင်း​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ပြတ်​နိုင်​သော စမ်း​ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 12,
      "text": "သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 13,
      "text": "သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊"
    },
    {
      "book": 23,
      "chapter": 58,
      "verse": 14,
      "text": "သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ပျော်​မွေ့​ရ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ မြင့်​သော​အ​ရပ်​တို့​ကို ငါ​စီး​စေ၍၊ သင့်​အ​ဘ​ယာ​ကုပ်၏ အ​မွေ​ဥ​စ္စာ​နှင့် ငါ​ကျွေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​အ​မိန့်​တော် ရှိ၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 1,
      "text": "ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မ​ကယ်​မ​တင်​နိုင်​အောင် လက်​တော်​တို​သည်​မ​ဟုတ်။ မ​ကြား​နိုင်​အောင် နား​တော်​ထိုင်း​သည် မ​ဟုတ်။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 2,
      "text": "သင်​တို့ ဒု​စ​ရိုက်​သည် သင်​တို့​ကို ဘု​ရား​သ​ခင်​နှင့် ကွာ​စေ​ပြီ။ ကြား​တော်​မ​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ပြစ်​သည် မျက်​နှာ​တော်​ကို လွှဲ​စေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 3,
      "text": "သင်​တို့​လက်​သည် အ​သွေး​နှင့်​လည်း​ကောင်း၊ လက်​ချောင်း​တို့​သည် ဒု​စ​ရိုက်​နှင့်​လည်း​ကောင်း ညစ်​ညူး​ကြ၏။ သင်​တို့​သည် နှုတ်​ခမ်း​နှင့် လျှာ​အား​ဖြင့် မု​သား​စ​ကား၊ အ​ဓ​မ္မ​စ​ကား​ကို ပြော​တတ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 4,
      "text": "တ​ရား​ကို အ​ဘယ်​သူ​မျှ​မ​ရှာ၊ သ​စ္စာ​ကို အ​ဘယ်​သူ​မျှ​မ​စောင့်၊ အ​န​တ္တ​ကို​ကိုး​စား၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ အ​ဓ​မ္မ​အ​မှု​ကို ဖွား​ကြ၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 5,
      "text": "သူ​တို့​သည် မြွေ​ဆိုး၏​အ​ဥ​တို့​ကို​ဝပ်၍ ပေါက်​စေ​ကြ၏။ ပင့်​ကူ​အ​မြှေး​ကို​လည်း ရက်​ကြ၏။ သူ​တို့​ဥ​များ​ကို စား​သော​သူ​သည် သေ​တတ်၏။ အ​ဥ​ကို​ခွဲ​လျှင် မြွေ​ဆိုး​ပေါက်​တတ်​၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 6,
      "text": "သူ​တို့​ရက်​သော​အ​မြှေး​ဖြင့် အ​ဝတ်​ကို မ​လုပ်​ရ။ ကိုယ်​အ​ကျင့်​နှင့် ကိုယ်​ကို မ​ခြုံ​ရ​ကြ။ သူ​တို့​ပြု​သော​အ​မှု​သည် အ​ဓ​မ္မ​အ​မှု​ဖြစ်၏။ သူ​တို့​လက်၌ ကြမ်း​တမ်း​သော​အ​မှု​ရှိ​၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 7,
      "text": "သူ​တို့​ခြေ​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ ပြေး​တတ်၏။ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။ သူ​တို့​အ​ကြံ​သည် အ​ဓ​မ္မ​အ​ကြံ​ဖြစ်၍၊ သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း​နှင့် ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 8,
      "text": "ချမ်း​သာ​လမ်း​ကို သူ​တို့​မ​သိ​ကြ။ သူ​တို့​ခ​ရီး​သွား​ရာ​တွင် တ​ရား​မ​ပါ။ မိ​မိ​တို့​သွား​စ​ရာ​ဖို့ ကောက်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​ပြီ။ လိုက်​သွား​သော​သူ မည်​သည်​ကား၊ ချမ်း​သာ​ကို မ​သိ​ရ။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 9,
      "text": "ထို​ကြောင့်၊ ဖြောင့်​မတ်​စွာ​စီ​ရင်​ခြင်း​သည် ငါ​တို့​နှင့်​ဝေး၏။ တ​ရား​သည်​လည်း ငါ​တို့​ကို​မ​မီ။ အ​လင်း​ကို မျှော်​လင့်​သော​အ​ခါ ရှင်း​လင်း​ခြင်း​မ​ရှိ။ ရောင်​ခြည်​ကို​မျှော်​လင့်​သော်​လည်း၊ မှောင်​မိုက်၌ သွား​လာ​ရ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 10,
      "text": "မ​မြင်​နိုင်​သော သူ​ကဲ့​သို့ နံ​ရံ​ကို​စမ်း​သပ်​ရ​ကြ၏။ မျက်​စိ​မ​ရှိ​သော သူ​ကဲ့​သို့ စမ်း​သပ်​ရ​ကြ၏။ ည​အ​ချိန်၌ ဖြစ်​သ​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ ထိ​မိ၍ လဲ​ကြ၏။ စည်း​စိမ်​ကို ခံ​စား​လျက်၊ သေ​သော​သူ​ကဲ့​သို့ ဖြစ်​ကြ​၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 11,
      "text": "ငါ​တို့​ရှိ​သ​မျှ​သည် ဝံ​ကဲ့​သို့​မြည်​တမ်း၍၊ ချိုး​ကဲ့​သို့ ညည်း​ညူ​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​၍ မ​ရ​ကြ။ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို မျှော်​လင့်​သော်​လည်း၊ ငါ​တို့​နှင့် ဝေး​လှ​၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 12,
      "text": "ငါ​တို့​အ​ပြစ်​တို့​သည် ရှေ့​တော်၌​များ​ပြား​ကြ၏။ ဒု​စ​ရိုက်​တို့​သည် ငါ​တို့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ၏။ ကိုယ်​အ​ပြစ်​တို့​သည် ကိုယ်၌ စွဲ​ကပ်​လျက်၊ ကိုယ်​ပြု​မိ​သော ဒု​စ​ရိုက်​များ​ကို ကိုယ်​သိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း၊ ငြင်း​ပယ်​ခြင်း​ကို​ပြု၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို စွန့်​ကြ​ပြီ။ ညှဉ်း​ဆဲ​သော​စ​ကား၊ ပုန်​ကန်​သော​စ​ကား​ကို ပြော​ခြင်း၊ မ​ဟုတ်​မ​မှန်​သော​စ​ကား​ကို အောက်​မေ့၍၊ စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ခြင်း​ကို ပြု​ကြ​ပြီ။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 14,
      "text": "ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​သည် ဆုတ်​သွား​ပြီ။ တ​ရား​သည် အ​ဝေး​က​ရပ်၍ နေ၏။ သ​စ္စာ​သည် လမ်း၌​လဲ​ပြီ။ ဖြောင့်​သော​သ​ဘော မ​ဝင်​နိုင်​ရာ။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 15,
      "text": "သ​စ္စာ​သည် ပျက်​ခဲ့​ပြီ။ ဒု​စ​ရိုက်​ကို​ရှောင်​သော​သူ​သည် လု​ယူ​ခြင်း​ကို​ခံ​ရ၏။ ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊ တ​ရား​မ​ရှိ​သော​ကြောင့် မုန်း​တော်​မူ​၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 16,
      "text": "လူ​တစ်​ယောက်​မျှ​မ​ရှိ​သည်​ကို မြင်​တော်​မူ၏။ တောင်း​ပန်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သည်​ကို အံ့​ဩ​တော်​မူ၏။ ထို​ကြောင့်၊ မိ​မိ​လက်​တော်​သည် မိ​မိ​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု၍၊ မိ​မိ​ဖြောင့်​မတ်​ခြင်း​တ​ရား​သည် မိ​မိ​ကို ထောက်​ပင့်၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 17,
      "text": "ဖြောင့်​မတ်​ခြင်း တ​ရား​တည်း​ဟူ​သော ရင်​ကျပ်​ကို​ဝတ်​ဆင်၍၊ ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို ဆောင်း​တော်​မူ၏။ အ​ပြစ်​ပေး​ခြင်း အ​ဝတ်​ကို​လည်း​ကောင်း၊ စိတ်​အား​ကြီး​ခြင်း​ဝတ်​လုံ​ကို​လည်း​ကောင်း ယူ​တင်​ဝတ်​ဆောင်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 18,
      "text": "သူ​တို့​အ​ကျင့်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​မည်။ ရန်​ဘက်​ပြု​သော​သူ​တို့​အား အ​မျက်​တော်​ကို​လည်း​ကောင်း၊ ရန်​သူ​တို့ ခံ​ထိုက်​သည်​အ​တိုင်း​အ​ပြစ်​ကို​လည်း​ကောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား အ​ကျိုး​အ​ပြစ်​ကို​လည်း​ကောင်း ဆပ်​ပေး​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 19,
      "text": "သို့​ဖြစ်၍၊ အ​နောက်​မျက်​နှာ​သား​တို့​နှင့်၊ နေ​ထွက်​ရာ​အ​ရပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​နှင့် ဘုန်း​တော်​ကို ရို​သေ​ကြ​လိမ့်​မည်။ ရန်​သူ​သည် ရေ​လွှမ်း​မိုး​သ​ကဲ့​သို့​ဝင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ဆီး​တား​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရွေး​နုတ်​သော​သ​ခင်​သည် ဇိ​အုန်​တောင်​ပေါ်​သို့ ကြွ၍၊ မ​တ​ရား​သော​အ​မှု​မှ လွှဲ​သော ယာ​ကုပ်​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ ရောက်​လ​တ္တံ့။"
    },
    {
      "book": 23,
      "chapter": 59,
      "verse": 21,
      "text": "သူ​တို့၌ ငါ​ကိုယ်​တိုင်​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ သင်၏​အ​ပေါ်​မှာ ကျိန်း​ဝပ်​သော ငါ၏​ဝိ​ညာဉ်​နှင့် သင်၏​နှုတ်၌ ငါ​ထား​သော​စ​ကား​သည်၊ ယ​ခု​မှ​စ၍ ကာ​လ​အ​စဉ်​အ​ဆက် သင်၏​နှုတ်၊ သင့်​အ​မျိုး​အ​နွယ်၏​နှုတ်​နှင့်၊ သင့်​အ​မျိုး​အ​နွယ်၏ အ​မျိုး​အ​နွယ်၏​နှုတ်​ထဲ​က မ​ထွက်​မ​ပျောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 1,
      "text": "သင်​ထ​လော့။ လင်း​လော့။ သင်၏​အ​လင်း​ရောက်​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ပေါ်​ထွန်း​လျက်​ရှိ​၏။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 2,
      "text": "ကြည့်​ရှု​လော့။ မှောင်​မိုက်​သည် မြေ​ကြီး​ကို ဖုံး​လွှမ်း​လိမ့်​မည်။ ထူ​ထပ်​သော​မှောင်​မိုက်​သည် လူ​များ​ကို ဖုံး​လွှမ်း​လိမ့်​မည်။ သို့​သော်​လည်း၊ သင်၏​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ပေါ်​ထွန်း​တော်​မူ၍၊ ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ထင်​ရှား​လျက်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 3,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 4,
      "text": "အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ခပ်​သိမ်း​သော​သူ​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ သင်၏​သား​သ​မီး​တို့​သည် အ​ဝေး​က​လာ၍၊ သင်၏​အ​နား​မှာ မွေး​စား​ခြင်း​ကို ခံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 5,
      "text": "ထို​အ​ခါ သင်​သည် ကြောက်​ရွံ့​ခြင်း​နှင့် ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။ နှ​လုံး​တုန်​လှုပ်၍ ဝမ်း​မြောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သ​မု​ဒ္ဒ​ရာ၏​ကြွယ်​ဝ​ခြင်း​သည် သင့်​ဘက်​သို့ ပြောင်း​လဲ၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​သည် သင့်​လက်​သို့​ရောက်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 6,
      "text": "ကု​လား​အုတ်​များ​နှင့် မိ​ဒျန်​ပြည်၊ ဧ​ဖာ​ပြည်​မှ​ဖြစ်​သော ကု​လား​အုတ်​မျိုး​တို့​သည် သင့်​ကို နှံ့​ပြား​ကြ​လိမ့်​မည်။ ရှေ​ဘ​ပြည်​သား အ​ပေါင်း​တို့​သည် လာ​ကြ​လိမ့်​မည်။ ရွှေ​နှင့် လော​ဗန်​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​တို့​ကို ဝမ်း​မြောက်​စွာ ချီး​မွမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 7,
      "text": "ကေ​ဒါ​ပြည်၏ သိုး​စု​အ​ပေါင်း​တို့​သည် သင့်​ထံ​မှာ စု​ဝေး​ကြ​လိမ့်​မည်။ န​ဗာ​ယုတ်​ပြည်၏ ဆိတ်​တို့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ နှစ်​သက်​ဖွယ်​သော​လ​က္ခ​ဏာ​နှင့် ငါ၏​ယဇ်​ပ​လ္လင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ ငါ့​ဘုန်း ထင်​ရှား​ရာ​ဗိ​မာန်​ကို ငါ​သည် သာ၍​ဘုန်း​ပွင့်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 8,
      "text": "မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အိမ်​သို့​ပျံ​သော ချိုး​များ​ကဲ့​သို့​လည်း​ကောင်း ပျံ​လာ​သော ဤ​သူ​တို့​ကား၊ အ​ဘယ်​သူ ဖြစ်​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 9,
      "text": "အ​ကယ်​စင်​စစ် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘုန်း​ကို ပွင့်​စေ​သော၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သင်၏​သား​တို့​နှင့်​တ​ကွ သူ​တို့​ရွှေ​ငွေ​များ​ကို အ​ဝေး​မှ​ဆောင်​ခဲ့​ခြင်း​ငှာ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို​စောင့်​နေ၍၊ တာ​ရှု​သင်္ဘော​တို့​သည် အ​ဦး ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 10,
      "text": "တစ်​ပါး​အ​မျိုး​တို့​သည် သင်၏​မြို့​ရိုး​ကို တည်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည်​လည်း သင့်​ကို ပြု​စု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​မျက်​ထွက်၍ သင့်​ကို​ဒဏ်​ခတ်​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် သ​နား​ဦး​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 11,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​ကို သင့်​ထံ​သို့​ဆောင်​ခဲ့၍၊ သူ​တို့၏ ရှင်​ဘု​ရင်​တို့​ကို​လည်း ပို့​သ​မည်​အ​ကြောင်း၊ သင်၏​တံ​ခါး​တို့​ကို နေ့​ည​မ​ပိတ်​ဘဲ အ​စဉ်​ဖွင့်​ထား​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 12,
      "text": "အ​ကြင်​ပြည်​နှင့် အ​ကြင်​နိုင်​ငံ​သည် သင်၏​အ​မှု​ကို​မ​ဆောင်၊ ထို​ပြည်​နှင့် ထို​နိုင်​ငံ​သည် ပျက်​စီး​ရ​လိမ့်​မည်။ ထို​သို့​သော တိုင်း​နိုင်​ငံ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို အ​မှန်​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 13,
      "text": "ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​ကို တင့်​တယ်​စေ​ခြင်း​ငှာ၊ လေ​ဗ​နုန်​ဘုန်း​နှင့်​တ​ကွ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​တို့​သည် သင့်​ထံ​သို့ တ​ညီ​တ​ညွတ်​တည်း ရောက်​လာ​ကြ​လိမ့်​မည်။ ငါ​သည် ငါ၏​ခြေ​တင်​ရာ​အ​ရပ်​ကို ဘုန်း​ပွင့်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 14,
      "text": "သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 15,
      "text": "သင့်​ကို အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​ရ​မည်​အ​ကြောင်း၊ သူ​တစ်​ပါး​တို့​သည် သင့်​ကို စွန့်​ပစ်​ရွံ​ရှာ​ကြ​သည်​အ​တွက်၊ ငါ​သည် သင့်​ကို ထာ​ဝ​ရ​အ​ထွတ်​အ​မြတ် ဖြစ်​စေ​မည်။ လူ​မျိုး​အ​စဉ်​အ​ဆက် ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​လည်း ဖြစ်​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 16,
      "text": "သင်​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ နို့​ကို စို့​ရ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့၏​သား​မြတ်​ကို​လည်း စို့​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို ကယ်​တင်​သော​သူ၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​သည်၊ သင့်​ကို ရွေး​နုတ်​သော​သူ ဖြစ်​ကြောင်း​ကို သင်​သည် သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 17,
      "text": "ကြေး​ဝါ​အ​ရာ၌ ရွှေ​ကို​လည်း​ကောင်း၊ သံ​အ​ရာ၌ ငွေ​ကို​လည်း​ကောင်း၊ သစ်​သား​အ​ရာ၌ ကြေး​ဝါ​ကို​လည်း​ကောင်း၊ ကျောက်​အ​ရာ၌ သံ​ကို​လည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အ​ရာ​ရှိ​တို့​ကို ငြိမ်​သက်​သော​သ​ဘော၊ အ​ခွန်​ခံ​တို့​ကို ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 18,
      "text": "သင်၏​ပြည်၌ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။ သင်၏​နယ်​အ​တွင်း​တွင် လု​ယူ ဖျက်​ဆီး​ခြင်း​မ​ရှိ​ရ။ သင်၏​မြို့​ရိုး​ကို ကယ်​တင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ မြို့​တံ​ခါး​တို့​ကို ချီး​မွမ်း​ခြင်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 19,
      "text": "နောက်​တစ်​ဖန် နေ့​အ​ချိန်၌ သင်၏​အ​လင်း​သည် နေ​ပေး​သော​အ​လင်း မ​ဟုတ်၊ ည​အ​ချိန်၌​လည်း၊ လ​အ​ရောင်​သည် သင့်​ကို မ​လင်း​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၏​ဘုန်း​အ​သ​ရေ ဖြစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 20,
      "text": "နောက်​တစ်​ဖန် သင်၏​နေ​သည် မ​ဝင်​ရ။ သင်၏ လ​သည်​လည်း မ​ဆုတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း​ဖြစ်​တော်​မူ၍၊ စိတ်​မ​သာ​ညည်း​တွား​ရာ ကာ​လ​ကုန်​လေ​ပြီ။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 21,
      "text": "သင်၏​လူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်၍၊ ပြည်​တော်​ကို အ​စဉ်​အ​မြဲ အ​မွေ​ခံ​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​စေ​ခြင်း​ငှာ၊ ငါ့​ကိုယ်​တိုင်​စိုက်၍ ပြု​စု​သော​ပျိုး​ပင် ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 60,
      "verse": 22,
      "text": "သူ​ငယ်​တစ်​ယောက်​သည် လူ​တစ်​ထောင်​ဖြစ်​ရ​လိမ့်​မည်။ အား​နည်း​သော​သူ​တစ်​ယောက်​သည် အား​ကြီး​သော​လူ​မျိုး ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​ရောက်​လျှင် ထို​အ​မှု​ကို​နှိုး​ဆော်​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 3,
      "text": "စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 4,
      "text": "ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ သုတ်​သင်​ပယ်​ရှင်း​ရာ​တို့​ကို တည်​ဆောက်​ကြ​လိမ့်​မည်။ ဆိတ်​ညံ​သော​မြို့​ရာ၊ အ​စဉ်​အ​ဆက် စွန့်​ပစ်​ရာ​အ​ရပ်​တို့​ကို ပြု​စု​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 5,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် ရပ်​လျက်၊ သင်​တို့​သိုး​စု​များ​ကို ထိန်း​ကျောင်း​ကြ​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​အ​ဖို့ လယ်​လုပ်၍၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း ပြု​စု​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 6,
      "text": "သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ အ​မှု​တော်​ထမ်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​စား၍၊ သူ​တို့၏​ဘုန်း​အ​သ​ရေ၌ ဝါ​ကြွား​ဝမ်း​မြောက် ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 7,
      "text": "သင်​တို့ အ​ရှက်​ကွဲ​ခြင်း​အ​ရာ၌ နှစ်​ဆ​သော​အ​ကျိုး​ကို​ခံ​ရ၍၊ အ​သ​ရေ​ပျက်​ခြင်း​အ​ရာ၌​လည်း၊ သူ​တို့​အ​ဖို့​ကို ခံ​စား​လျက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သူ​တို့​မြေ၌ နှစ်​ဆ​သော​အ​ဖို့​ကို​အ​မွေ​ခံ​ရ၍၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 8,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​နှစ်​သက်၏။ လု​ယူ​ခြင်း​အ​မှု​နှင့် အ​ဓ​မ္မ​အ​မှု​ကို​မုန်း၏။ သ​စ္စာ​အ​တိုင်း သူ​တို့​အား အ​ကျိုး​ကို​ပေး​မည်။ သူ​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ဖွဲ့​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 9,
      "text": "သူ​တို့​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်၌ ကျော်​စော​ကြ​လိမ့်​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏​ဟု သူ​တို့​ကို မြင်​သော​သူ​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 61,
      "verse": 11,
      "text": "မြေ​ကြီး​သည် အ​ပင်​ကို ပေါက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ လယ်​ယာ​သည်​မိ​မိ​၌​စိုက်​သော​မျိုး​စေ့​ကို အ​ညှောက်​ထွက်​စေ​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​တူ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​လူ​မျိုး​ရှေ့​မှာ၊ ဖြောင့်​မတ်​ခြင်း​နှင့် ချီး​မွမ်း​ခြင်း​ကို ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 1,
      "text": "ဇိ​အုန်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့၏ ဖြောင့်​မတ်​ခြင်း​သည် ရောင်​ခြည်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏ ကယ်​တင်​ခြင်း​သည် ထွန်း​တောက်​သော ဆီ​မီး​ခွက်​ကဲ့​သို့​လည်း​ကောင်း မ​ထင်​ရှား​မီ​တိုင်​အောင် ထို​မြို့​အ​တွက် ငါ​သည် တိတ်​ဆိတ်​ငြိမ်​သက်​စွာ မ​နေ​ရ။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 2,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​ဖြောင့်​မတ်​ခြင်း​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် သင်၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​နာ​မ​သစ်​ဖြင့် သင့်​ကို​ခေါ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 3,
      "text": "သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ တင့်​တယ်​သော ဦး​ရစ်၊ သင်၏ ဘု​ရား​သ​ခင်​ကိုင်​တော်​မူ​သော မင်း​မြောက်​သ​ရ​ဖူ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 4,
      "text": "သင့်​ကို၊ စွန့်​ပစ်​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်၏​မြေ​ကို၊ လူ​ဆိတ်​ညံ​သော​မြေ​ဟူ၍​လည်း​ကောင်း နောက်​တစ်​ဖန် မ​ခေါ်​ရ။ သင်​သည် ငါ​နှစ်​သက်​သော​သူ၊ သင်၏​မြေ​သည် လက်​ထပ်​သော​မြေ​ဟူ​သော​အ​မည်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှစ်​သက်​တော်​မူ၏။ သင်၏​မြေ​ကို​လည်း လက်​ထပ်​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 5,
      "text": "လူ​ပျို​သည် အ​ပျို​က​ညာ​နှင့် လက်​ထပ်​သ​ကဲ့​သို့၊ သင်၏​သား​တို့​သည် သင်​နှင့် လက်​ထပ်​ကြ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး၌ ဝမ်း​မြောက်​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​သည် သင်၌​ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 6,
      "text": "အို ယေ​ရု​ရှ​လင်​မြို့၊ နေ့​ည​မ​ပြတ် တိတ်​ဆိတ်​စွာ​မ​နေ​ရ​သော လူ​စောင့်​တို့​ကို သင်၏​မြို့​ရိုး​ပေါ်​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​စေ​သော​သူ​တို့၊ တိတ်​ဆိတ်​စွာ မ​နေ​ကြ​နှင့်။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 7,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို အ​မြဲ​တည်​တော်​မ​မူ၊ မြေ​ကြီး​ပေါ်​မှာ ချီး​မွမ်း​စ​ရာ​အ​ကြောင်း ဖြစ်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ ဘု​ရား​သ​ခင်​ကို မ​ငြိမ်​စေ​ကြ​နှင့်။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​စ​ပါး​နှင့် နောက်​တစ်​ဖန် ငါ​မ​ကျွေး။ သင်​သည် ကြိုး​စား၍​လုပ်​သော စ​ပျစ်​ရည်​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​သောက်​ရ​ကြ။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 9,
      "text": "စ​ပါး​ကို​ရိတ်​သော​သူ​တို့​သည် ကိုယ်​တိုင်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ကို သိမ်း​သော​သူ​တို့​သည် ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​တံ​တိုင်း​အ​တွင်း၌ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်​ဟု တန်​ခိုး​ကြီး​သော လက်​ယာ​လက်​ရုံး​တော်​ကို တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 10,
      "text": "မြို့​တံ​ခါး​မှ ထွက်​ကြ။ ထွက်​ကြ။ လူ​များ​ဖို့​လမ်း​ကို ပြင်​ကြ။ မြေ​ဖို့​ကြ။ ဖို့​ကြ။ ကျောက်​များ​ကို ပယ်​ရှင်း​ကြ။ လူ​များ​ဖို့ အ​လံ​ကို​ထူ​ကြ။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 11,
      "text": "မြေ​ကြီး​စွန်း​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​သော​သူ​သည် လာ၏။ မိ​မိ​ခံ​ထိုက်​သော​အ​ခ​သည် မိ​မိ၌​ပါ​လျက်၊ ဆု​လာဘ်​တော်​သည် ရှေ့​တော်၌​ရှိ၏​ဟု ဇိ​အုန်​သ​တို့​သ​မီး​ကို ပြော​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 62,
      "verse": 12,
      "text": "သူ​တို့​သည် သန့်​ရှင်း​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား ရွေး​နုတ်​တော်​မူ​သော​သူ ဟူ၍​လည်း​ကောင်း၊ သင်​သည် သူ​တစ်​ပါး မ​စွန့်​ပစ်၊ စည်​ပင်​သော​မြို့​ဟူ၍​လည်း​ကောင်း သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 1,
      "text": "တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​ဆင်​ခြင်း၊ ကြီး​သော​တန်​ခိုး​ကြောင့် ဝါ​ကြွား​ခြင်း​ရှိ၍၊ ပန်း​ဆိုး​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ဧ​ဒုံ​ပြည်​ဗော​ဇ​ရ​မြို့​မှ လာ​သော​ဤ​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော၍၊ ကယ်​တင်​ခြင်း​ငှာ တန်​ခိုး​ကြီး​သော ငါ​ပေ​တည်း။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 2,
      "text": "ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် နီ​သော​အ​ဝတ်​ကို ဝတ်​တော်​မူ​သ​နည်း။ အ​ဝတ်​တော်​သည် စ​ပျစ်​သီး​ကို နင်း​နယ်​သော သူ၏​အ​ဝတ်​နှင့် အ​ဘယ်​ကြောင့် တူ​ပါ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 3,
      "text": "စ​ပျစ်​သီး​ကို ငါ​တစ်​ယောက်​တည်း နင်း​နယ်​ရ​ပြီ။ လူ​များ​အ​ထဲ​က တစ်​ယောက်​မျှ​မ​ပါ။ သူ​တို့​ကို ငါ​အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​သည် ငါ့​အ​ဝတ်​ပေါ်​မှာ ဖျန်း​လျက်​ရှိ​ပြီ။ ငါ့​အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​ကို ငါ​ဆိုး​ပြီ။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 4,
      "text": "အ​ပြစ်​ပေး​သော နေ့​ရက်​ကို ငါ​အောက်​မေ့​ပြီ။ ငါ​ရွေး​နုတ်​သော သူ​တို့၏​နှစ်​သည် ရောက်​လာ​ပြီ။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 5,
      "text": "ငါ​ကြည့်​ရှု၍ မ​စ​သော​သူ​မ​ရှိ။ မှိုင်​တွေ​သော်​လည်း ထောက်​ပင့်​သော​သူ​မ​ရှိ။ ထို​ကြောင့်၊ ကိုယ်​လက်​သည် ကိုယ်​အ​ဖို့ ကယ်​တင်​ခြင်း​ကို ပြု​ပြီ။ ကိုယ်​ဒေါ​သ​အ​မျက်​သည် ကိုယ်​ကို ထောက်​ပင့်​ပြီ။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 6,
      "text": "လူ​များ​ကို အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ ကျပ်​ကျပ်​နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​ကို မြေ​ပေါ်​မှာ​သွန်​ပြီ။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 7,
      "text": "က​ရု​ဏာ​နှင့် မ​ဟာ​မေ​တ္တာ​တော်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား သ​နား​တော်​မူ​သော​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သော မ​ဟာ​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ မ​ဟာ​မေ​တ္တာ​တော်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​မည်။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 8,
      "text": "အ​ကယ်​စင်​စစ် သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၏။ သ​စ္စာ​မ​ပျက်​သော သား​လည်း ဖြစ်​ကြ၏​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို ကယ်​နုတ်​တော်​မူ​၏။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 9,
      "text": "အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 10,
      "text": "သူ​တို့​သည်​လည်း ပုန်​ကန်​၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နာ​စေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့​ကို ရန်​ဘက်​ပြု၍ စစ်​တိုက်​တော်​မူ​၏။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 11,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ရှေး​ကာ​လ၊ မော​ရှေ၏​ကာ​လ​ကို အောက်​မေ့​ကြ၏။ မိ​မိ​လူ​တို့​ကို သိုး​ထိန်း​နှင့်​တ​ကွ ပင်​လယ်​ထဲ​က ထုတ်​ဆောင်​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ မိ​မိ​လူ​တို့​အ​ထဲ၌ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို သွင်း​လျက်၊"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 12,
      "text": "မော​ရှေ၏​လက်​ယာ​နား​မှာ ဘုန်း​ကြီး​သော လက်​ရုံး​တော်​ကို သွင်း၍၊ အ​သ​ရေ​တော်​ကို အ​စဉ် ထင်​ရှား​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ ရေ​ကို​ခွဲ​သ​ဖြင့်၊"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 13,
      "text": "လွင်​ပြင်၌ မြင်း​ကို​နှင်​သ​ကဲ့​သို့၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ဆောင်​သွား​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 14,
      "text": "ချိုင့်​ထဲ​သို့​သိုး​နွား ဆင်း​သွား​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​သို့ အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ကိုယ်​တော်၏​လူ​တို့​ကို ဆောင်​သွား​တော်​မူ​ပါ​ပြီ။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 15,
      "text": "ကောင်း​ကင်​ဘုံ​က ငုံ့​ကြည့်​တော်​မူ​ပါ။ သန့်​ရှင်း၍ ဘုန်း​ကြီး​သော​နေ​ရာ​က ကြည့်​ရှု​တော်​မူ​ပါ။ စိတ်​တော်​အား​ကြီး၍ တန်​ခိုး​ကို ပြ​တော်​မူ​ခြင်း၊ က​ရု​ဏာ​တော်​လှုပ်​ရှား၍ အ​ကျွန်ုပ်​တို့​ကို သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ ချုပ်​တည်း​တော်​မူ​သ​လော။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 16,
      "text": "အာ​ဗြ​ဟံ​သည် အ​ကျွန်ုပ်​တို့​ကို မ​သိ၊ ဣ​သ​ရေ​လ​သည် လက်​မ​ခံ​သော်​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ ရှေး​ကာ​လ​မှ​စ၍ အ​ကျွန်ုပ်​တို့​ကို ရွေး​နုတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 17,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​မှ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် လွှဲ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ခိုင်​မာ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက်၊ အ​မွေ​တော်​ဖြစ်​သော အ​နွယ်​တို့​အ​တွက် ပြန်​လာ​တော်​မူ​ပါ။"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 18,
      "text": "ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​သည် ခ​ဏ​သာ​အ​စိုး​ရ​ပြီး​မှ၊ ရန်​သူ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ကျော်​နင်း​ကြ​သည်​ဖြစ်၍၊"
    },
    {
      "book": 23,
      "chapter": 63,
      "verse": 19,
      "text": "အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော် မ​အုပ်​စိုး​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ကို မ​ခံ​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 1,
      "text": "ကိုယ်​တော်​သည် မိုး​ကောင်း​ကင်​ကို ဖွင့်​လှစ်၍၊ ဆင်း​သက်​တော်​မူ​ပါ​စေ​သော။ ရှေ့​တော်၌ တောင်​တို့​သည် လှုပ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 2,
      "text": "မီး​သည် အ​မှိုက်​ကို​လောင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ကို ဆူ​စေ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​စေ​သော။ သို့​ဖြစ်​လျှင်၊ ကိုယ်​တော်၏ ရန်​သူ​တို့​သည် နာ​မ​တော်​ကို​သိ၍၊ ရှေ့​တော်၌ လူ​အ​မျိုး​မျိုး​တို့​သည် တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 3,
      "text": "အ​ကျွန်ုပ်​တို့ မျှော်​လင့်​သည်​ထက်၊ အံ့​ဖွယ်​သော အ​မှု​တို့​ကို ပြု​တော်​မူ​သော​အ​ခါ၊ ဆင်း​သက်​တော်​မူ၍ တောင်​တို့​သည် ရှေ့​တော်၌ လှုပ်​ကြ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 4,
      "text": "ကိုယ်​တော်​ကို မျှော်​လင့်​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ကျေး​ဇူး​ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင်​ကို က​မ္ဘာ​ဦး​မှ​စ၍ အ​ဘယ်​သူ​မျှ မ​ကြား​မ​သိ​ပါ။ နား​ဖြင့်​မ​ကြား၊ မျက်​စိ​ဖြင့် မ​မြင်​စ​ဖူး​ပါ။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 5,
      "text": "ဝမ်း​မြောက်​သော​စိတ်​နှင့် ဖြောင့်​မတ်​စွာ ကျင့်​သော​သူ၊ တ​ရား​တော်​လမ်း​တို့၌ ကိုယ်​တော်​ကို အောက်​မေ့​သော​သူ​တို့​နှင့် ကိုယ်​တော်​သည် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ၏။ ထို​လမ်း​တို့​မှ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​လွှဲ​တတ်​သော​ကြောင့် အ​မျက်​ထွက်​တော်​မူ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​မည်​လော။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 6,
      "text": "အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် စင်​ကြယ်​ခြင်း​မ​ရှိ​ပါ။ ပြု​ဖူး​သ​မျှ​သော ကု​သိုလ်​ကောင်း​မှု​တို့​သည် ညစ်​သော​အ​ဝတ်​နှင့် တူ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့ ရှိ​သ​မျှ​သည် သစ်​ရွက်​ကဲ့​သို့ ညှိုး​နွမ်း​လျက်​ရှိ၍၊ ကိုယ်​အ​ပြစ်​တို့​သည် လေ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို တိုက်​သွား​ပါ​ပြီ။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 7,
      "text": "နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​သော​သူ၊ ကိုယ်​တော်​ကို​မှီ​ဝဲ​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် နှိုး​ဆော်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​တော်​ကို​လွှဲ၍ အ​ကျွန်ုပ်​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် ဆုံး​ရှုံး​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 8,
      "text": "သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အိုး​မြေ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏ အိုး​ထိန်း​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ​ဖြစ်​ပါ၏။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 9,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ပြင်း​စွာ​အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ပြစ်​မှား​မိ​သော​အ​ပြစ်​တို့​ကို အ​စဉ်​မ​ပြတ် အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 10,
      "text": "သန့်​ရှင်း​သော​မြို့​တော်​တို့​သည် တော​ဖြစ်​ကြ​ပါ​ပြီ။ ဇိ​အုန်​တောင်​လည်း တော​ဖြစ်​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​လည်း ပျက်​စီး​ပါ​ပြီ။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 11,
      "text": "ကိုယ်​တော်​ကို ဘိုး​ဘေး​တို့​ချီး​မွမ်း​ရာ​အ​ရပ်၊ အ​ကျွန်ုပ်​တို့၏ သန့်​ရှင်း​တင့်​တယ်​သော ဗိ​မာန်​တော်​ကို မီး​လောင်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ နှစ်​သက်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် သုတ်​သင်​ပယ်​ရှား​လျက် ရှိ​ကြ​ပါ၏။"
    },
    {
      "book": 23,
      "chapter": 64,
      "verse": 12,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​တို့​ကို သည်း​ခံ​တော်​မူ​မည်​လော၊ အောင့်​လျက်​နေ၍ အ​ကျွန်ုပ်​တို့​ကို အ​လွန်​ဆင်း​ရဲ​စေ​တော်​မူ​မည်​လော။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 1,
      "text": "ငါ့​ကို မ​မေး​မ​လျှောက်​သော သူ​တို့၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ငါ့​ကို မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရ​ကြ​ပြီ။ ငါ့​ကို ကြည့်​ကြ​လော့။ ကြည့်​ကြ​လော့​ဟု ငါ့​နာ​မ​ကို ပ​တ္ထ​နာ​မ​ပြု​သော လူ​မျိုး​အား ငါ​ပြော​ဆို​ပြီ။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 2,
      "text": "မိ​မိ​အ​လို​အ​တိုင်း မ​ကောင်း​သော​လမ်း​ကို​လိုက်၍၊ ငြင်း​ဆန်​တတ်​သော လူ​မျိုး​ကို မျက်​နှာ​ပြု​လျက်၊ တစ်​နေ့​လုံး ငါ​သည် ကိုယ်​လက်​ဝါး​ကို ဖြန့်​ရ​ပြီ။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 3,
      "text": "ထို​လူ​မျိုး​သည် ဥ​ယျာဉ်၌ ယဇ်​ပူ​ဇော်၍၊ အုတ်​ပေါ်​မှာ လော​ဗန်​ကို​မီး​ရှို့​သ​ဖြင့်၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ငါ့​မျက်​မှောက်၌ အ​စဉ်​ပြု​တတ်၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 4,
      "text": "သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 5,
      "text": "သူ​တို့​က​လည်း၊ သင်​သည် အ​သီး​အ​ခြား​နေ​လော့။ ငါ့​ထံ​သို့ မ​ချဉ်း​နှင့်။ ငါ​သည် သင့်​ထက်​သာ၍ သန့်​ရှင်း​သည်​ဟု ဆို​တတ်၏။ ထို​သို့​သော​သူ​တို့​သည် ငါ့​နှာ​ခေါင်း၌ မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​လောင်​သော မီး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 6,
      "text": "ငါ့​ရှေ့​မှာ စာ​ရင်း​မှတ်​လျက် ရှိ​သည်​ဖြစ်၍၊ ငါ​သည် တိတ်​ဆိတ်​စွာ​မ​နေ၊ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 7,
      "text": "သင်​တို့၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ တောင်​ပေါ်​မှာ လော​ဗန်​ကို မီး​ရှို့၍၊ ကုန်း​ပေါ်​မှာ ငါ့​ကို​ကဲ့​ရဲ့​သော သင်​တို့​ဘိုး​ဘေး၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း သင်​တို့​ရင်​ခွင်၌ ငါ​ဆပ်​ပေး​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​ဖူး​သော အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်၌ ငါ​ခြင်၍​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 8,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​သီး​ပြွတ်၌ စ​ပျစ်​ရည်​ကို​တွေ့​သော​အ​ခါ မ​ဖျက်​နှင့်၊ မင်္ဂ​လာ​ရှိ​သည်​ဟု ဆို​တတ်​သ​ကဲ့​သို့၊ ထို​အ​တူ၊ ငါ့​ကျွန်​တို့၏​အ​ကျိုး​အ​လို​ငှာ ငါ​ပြု​မည်။ အ​ကုန်​အ​စင် မ​ဖျက်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 9,
      "text": "ယာ​ကုပ်​အ​မျိုး​ထဲ​က မျိုး​စေ့​ကို​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​ထဲ​က ငါ့​တောင်​ကို အ​မွေ​ခံ​ရ​သော​သူ​ကို​လည်း​ကောင်း ငါ​ထုတ်​ဖော်​မည်။ ငါ​ရွေး​ကောက်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍၊ ငါ၏​ကျွန်​တို့​သည် နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 10,
      "text": "ငါ့​ကို​ရှာ​သော ငါ၏​လူ​တို့​အ​ဖို့၊ ရှာ​ရုန်​အ​ရပ်​သည် သိုး​ခြံ​ဖြစ်​လိမ့်​မည်။ အာ​ခေါ်​ချိုင့်​သည်​လည်း နွား​များ အိပ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 11,
      "text": "သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​သူ၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို မေ့​လျော့​သော​သူ၊ ဂါ​ဒ​ဘု​ရား​ရှေ့​မှာ စား​ပွဲ​ကို​ခင်း၍၊ မေ​နိ​ဘု​ရား​အား သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြင်​သော​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 12,
      "text": "သင်​တို့​ကို ငါ​ရေ​တွက်၍၊ ဓား၌​အပ်​မည်။ ရှိ​သ​မျှ​တို့​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​အောင် ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​ခေါ်​သော​အ​ခါ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​ကြ၏။ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 13,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​ကျွန်​တို့​သည် စား​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ မွတ်​သိပ်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​တို့​သည် သောက်​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ရေ​ငတ်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ရှက်​ကြောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 14,
      "text": "ငါ၏​ကျွန်​တို့​သည် ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ဝမ်း​နည်း​သော​စိတ်​နှင့် ငို​ကြွေး​ကြ​လိမ့်​မည်။ ကြေ​ကွဲ​သော​နှ​လုံး​နှင့် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 15,
      "text": "သင်​တို့​သည် ကိုယ်​နာ​မ​ကို၊ ငါ​ရွေး​ကောက်​သော​သူ​တို့၌ ကျိန်​ဆဲ​ဖို့​ရာ ကျန်​ရစ်​စေ​ကြ​လိမ့်​မည်။ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ကွပ်​မျက်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို အ​ခြား​သော​နာ​မ​ဖြင့် မှည့်​တော်​မူ​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 16,
      "text": "မြေ​ကြီး​ပေါ်​မှာ မိ​မိ​ကို​မိ​မိ ကောင်း​ချီး​ပေး​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကောင်း​ချီး​ပေး​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ကျိန်​ဆို​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ ကျိန်​ဆို​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရင်​အ​မှု​တို့​ကို မေ့​လျော့​ရ၏။ ငါ့​မျက်​မှောက်၌ ကွယ်​ပျောက်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 17,
      "text": "ကြည့်​ရှု​လော့။ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​ဖန်​ဆင်း​မည်။ အ​ရင်​မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကို မ​အောက်​မေ့​ရ။ နှ​လုံး​မ​မှတ်​မိ​ရ။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 18,
      "text": "ငါ​ဖန်​ဆင်း​လ​တ္တံ့​သော​အ​ရာ​ကြောင့်၊ သင်​တို့​သည် အ​စဉ်​အ​မြဲ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြို့​သား​တို့​ကို ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ငါ​ဖန်​ဆင်း၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 19,
      "text": "ငါ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကြောင့် ဝမ်း​မြောက်​မည်။ ငါ၏​လူ​တို့​ကြောင့် ရွှင်​လန်း​မည်။ ထို​မြို့၌ ငို​ကြွေး​သံ​နှင့် အော်​ဟစ်​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 20,
      "text": "ထို​မြို့၌ အ​သက်​ငယ်​သော​သူ​ငယ် မ​ရှိ​ရ။ အ​သက်​မ​ပြည့်​စုံ​သော လူ​အို​လည်း မ​ရှိ​ရ။ အ​သက်​တစ်​ရာ​ရှိ​လျက် သေ​သော​သူ​ကို သူ​ငယ်​ဟူ၍ မှတ်​ရ၏။ အ​ပြစ်​ရှိ​သော​သူ​သည် အ​သက်​တစ်​ရာ​ရှိ​လျက် သေ​လျှင်၊ ကျိန်​ခြင်း​ကို​ခံ​ရ​သော​သူ​ဟူ၍ မှတ်​ရ၏။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 21,
      "text": "ထို​သူ​တို့​သည် ကိုယ်​ဆောက်​သော​အိမ်၌ နေ​ကြ​လိမ့်​မည်။ ကိုယ်​စိုက်​သော စ​ပျစ်​ဥ​ယျာဉ်​အ​သီး​ကို စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 22,
      "text": "သူ​တို့​သည် အိမ်​ကို​ဆောက်၍ အ​ခြား​သော​သူ နေ​ရ​မည်​မ​ဟုတ်။ သူ​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်၍ အ​ခြား​သော​သူ စား​ရ​မည်​မ​ဟုတ်။ ငါ၏​လူ​တို့​အ​သက်​သည် သစ်​ပင်၏​အ​သက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် ကိုယ်​ပြု​စု​သော​အ​ရာ​ကို ကြာ​မြင့်​စွာ သုံး​ဆောင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 23,
      "text": "ငါ​ရွေး​ကောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​မ​လုပ်​မ​ဆောင်​ရ​ကြ။ အ​သက်​တို​သော​သား​ကို မ​ဖွား​မ​မြင်​ရ​ကြ။ ကိုယ်​တိုင်​မှ​စ၍ အ​မျိုး​အ​နွယ်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သော​သူ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 24,
      "text": "ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။"
    },
    {
      "book": 23,
      "chapter": 65,
      "verse": 25,
      "text": "တော​ခွေး​နှင့် သိုး​သ​ငယ်​တို့​သည် အ​တူ​ကျက်​စား​ကြ​လိမ့်​မည်။ ခြင်္သေ့​သည် နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ မြွေ​မူ​ကား၊ မြေ​မှုန့်​ကို​သာ စား​ရ​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော​တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။ မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ ဖြစ်၏။ အ​ဘယ်​သို့​သော ဗိ​မာန်​ကို ငါ့​အ​ဖို့​တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ​ကျိန်း​ဝပ်​ရာ​အ​ရပ် ဖြစ်​မည်​နည်း။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 2,
      "text": "ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 3,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 4,
      "text": "ငါ​သည်​လည်း၊ သူ​တို့​ဖို့ ဘေး​ဥ​ပဒ်​များ​ကို ရွေး​မည်။ သူ​တို့​ကြောက်​သော​အ​မှု​ကို ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​သူ​မျှ​မ​ထူး။ ငါ​ပြော​သော​အ​ခါ သူ​တို့​သည် နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်၍၊ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ​၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် တုန်​လှုပ်​သော​သူ​တို့၊ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​ကို​မုန်း၍၊ ငါ့​နာ​မ​ကြောင့် နှင်​ထုတ်​သော ညီ​အစ်​ကို​တို့​က၊ ငါ​တို့​သည် သင်​တို့၏ ဝမ်း​မြောက်​ခြင်း​ကို မြင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​တော်​မူ​စေ​သ​တည်း​ဟု ပြော​တတ်​သော်​လည်း၊ ရှက်​ကြောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 6,
      "text": "မြို့၌ အုတ်​အုတ်​ကျက်​ကျက်​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​က ထွက်​သော​အ​သံ၊ ရန်​သူ​တို့​အား အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​သံ​ပေ​တည်း။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 7,
      "text": "ဇိ​အုန်​သ​တို့​သ​မီး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​မီ သား​ကို​ဖွား၏။ ဝေ​ဒ​နာ​ခံ​ချိန်​မ​ရောက်​မီ သား​ယောက်ျား​ကို မြင်၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 8,
      "text": "ထို​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​သည် ကြား​ဖူး​သ​နည်း။ ထို​သို့​သော​အ​မှု​တို့​ကို အ​ဘယ်​သူ​သည် မြင်​ဖူး​သ​နည်း။ တိုင်း​နိုင်​ငံ​ကို တစ်​နေ့​ချင်း​တွင် ဖွား​တတ်​သ​လော။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက် ဖွား​တတ်​သ​လော။ ဇိ​အုန်​သ​တို့​သ​မီး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​အံ့​ဆဲ​ဆဲ​တွင်၊ သား​များ​ကို ဖွား​မြင်​ပါ​သည်​တ​ကား။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 9,
      "text": "သား​ဖွား​မည်​အ​ကြောင်း​ကို ငါ​သည် စီ​ရင်​ပြီး​မှ၊ မ​ဖွား​စေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ​သည်​ပ​ဋိ​သ​န္ဓေ​ပေး​ပြီး​မှ၊ မ​ဖွား​နိုင်​အောင် ချုပ်​ထား​ရ​မည်​လော​ဟု သင်၏​ဘု​ရား​သ​ခင် မေး​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 10,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို ချစ်​သော​သူ​အ​ပေါင်း​တို့၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​အ​တွက် စိတ်​မ​သာ​ညည်း​တွား​သော သူ​အ​ပေါင်း​တို့၊ သူ​နှင့်​အ​တူ အ​လွန်​ဝမ်း​မြောက်​ကြ​လော့။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 11,
      "text": "သို့​ပြု​လျှင်၊ သူ၏​ချမ်း​သာ​ခြင်း​သား​မြတ်​ကို​စို့၍ ဝ​ကြ​လိမ့်​မည်။ သူ၏​စည်း​စိမ်​ကြွယ်​ဝ​ခြင်း​အ​ထဲ​က ထုတ်​ယူ၍ မွေ့​လျော်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြစ်​ကဲ့​သို့​ချမ်း​သာ​ကို​လည်း​ကောင်း၊ စီး​သော​ရေ​ကဲ့​သို့ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​ရောက်​စေ​မည်။ သင်​တို့​သည် သား​မြတ်​ကို​စို့၍ ခါး၌​ချီ​ခြင်း၊ ဒူး​ပေါ်​မှာ မြှူ​ခြင်း​ကို ခံ​စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 13,
      "text": "အ​မိ​သည် သား​ငယ်​ကို နှစ်​သိမ့်​စေ​သ​ကဲ့​သို့၊ သင်​တို့​ကို ငါ​နှစ်​သိမ့်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 14,
      "text": "ထို​သို့ တွေ့​မြင်​သ​ဖြင့်၊ သင်​တို့၏​နှ​လုံး​သည် ရွှင်​မြူး၍၊ အ​ရိုး​တို့​သည် စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သန်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည်​လည်း ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ အ​မျက်​တော်​သည် ရန်​သူ​တို့​အား​လည်း​ကောင်း ထင်​ရှား​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 15,
      "text": "ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော အ​ရှိန်​အား​ဖြင့် အ​မျက်​တော်​ကို​လည်း​ကောင်း၊ မီး​လျှံ​အား​ဖြင့် ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ထင်​ရှား​စွာ​ပြ​ခြင်း​ငှာ၊ လေ​ပွေ​ကဲ့​သို့​သော ရ​ထား​တော်​တို့​ကို​စီး၍၊ မီး​ကဲ့​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မီး​နှင့်​ဓား​အား​ဖြင့်၊ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို အ​ပြစ်​ပေး​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 17,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဝက်​သား၊ ကြွက်​သား၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို​စား​လျက်၊ ဥ​ယျာဉ်​တို့​တွင် အ​လယ်၌​ရှိ​သော သူ​တစ်​ယောက်​နောက်​သို့ လိုက်၍၊ မိ​မိ​တို့​ကို သန့်​ရှင်း​စင်​ကြယ်​စေ​သော သူ​တို့​သည် တစ်​ပြိုင်​နက်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့၏​အ​ကျင့်​တို့​ကို​လည်း​ကောင်း အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း ငါ​သိ၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 18,
      "text": "အ​ချိန်​တန်​မှ ဘာ​သာ​စ​ကား​ခြား​နား​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​စည်း​ဝေး​စေ​သ​ဖြင့်၊ သူ​တို့​သည်​လာ၍ ငါ၏​ဘုန်း​ကို ဖူး​မြင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 19,
      "text": "ထို​သူ​တို့​တွင် အ​လံ​ကို ငါ​ထူ​မည်။ ဘေး​လွတ်​သော သူ​တို့​ကို တာ​ရှု​ပြည်၊ ဖု​လ​ပြည်၊ လေး​လက်​နက်​ကို သုံး​တတ်​သော လု​ဒ​ပြည်၊ တု​ဗ​လ​ပြည်၊ ယာ​ဝန်​ပြည်​မှ​စ၍၊ ငါ၏​နာ​မ​ကို​မ​ကြား၊ ငါ၏​ဘုန်း​ကို မ​မြင်၊ ဝေး​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သို့ စေ​လွှတ်​သ​ဖြင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​ဘုန်း​ကို ဟော​ပြော​ကြ​လိမ့်​မည်။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 20,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စင်​ကြယ်​သော​ဖ​လား စ​သည်​တို့​နှင့်၊ ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သင်​တို့၏ ညီ​အစ်​ကို​အ​ပေါင်း​ကို မြင်း၊ ရ​ထား၊ ထမ်း​စင်၊ မြည်း၊ ကု​လား​အုတ်​ပေါ်၌​တင်၍၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဖို့​ရာ၊ ခပ်​သိမ်း​သော အ​ပြည်​ပြည်​တို့​မှ ငါ၏​သန့်​ရှင်း​သော​တောင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 21,
      "text": "ထို​သူ​အ​ချို့​တို့​ကို ငါ​ရွေး​ယူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် လေ​ဝိ​လူ​အ​ရာ၌ ခန့်​ထား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 22,
      "text": "ငါ​ဖန်​ဆင်း​သော ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​သည် ငါ့​ရှေ့၌ တည်​သ​ကဲ့​သို့၊ သင်​တို့၏​အ​မျိုး​အ​နွယ်​နှင့် သင်​တို့၏ နာ​မ​သည်​လည်း တည်​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 23,
      "text": "လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ ကိုး​ကွယ်​ခြင်း​ငှာ လ​ဆန်း​နေ့​နှင့် ဥ​ပုသ်​နေ့ အ​စဉ်​အ​တိုင်း​လာ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 23,
      "chapter": 66,
      "verse": 24,
      "text": "ထို​သူ​တို့​သည်၊ ငါ့​ကို​ပြစ်​မှား​သော​သူ​တို့၏ အ​သေ​ကောင်​များ​ကို ထွက်၍ ကြည့်​ရှု​ကြ​လိမ့်​မည်။ သူ​တို့၏ ပိုး​သည် မ​သေ​နိုင်​ရာ။ သူ​တို့၏​မီး​သည်​လည်း မ​ငြိမ်း​နိုင်​ရာ။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၌ ရွံ​ရှာ​ဖွယ် ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား​ယော​ရှိ​မင်း နန်း​စံ​ဆယ်​သုံး​နှစ်​တွင်​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ် လက်​ထက်၌​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ဇေ​ဒ​ကိ​မင်း နန်း​စံ​ဆယ်​တစ်​နှစ်​စေ့၍ ပ​ဥ္စ​မ​လ​တွင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို သိမ်း​သွား​ချုပ်​ထား​သည် တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​သော ဗင်္ယာ​မိန်​ပြည်၊ အာ​န​သုတ်​မြို့​နေ ဟိ​လ​ခိ​သား ယဇ်​ပု​ရော​ဟိတ်​ယေ​ရ​မိ​စ​ကား​မှာ၊"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 5,
      "text": "သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 6,
      "text": "ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 8,
      "text": "သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 9,
      "text": "လက်​တော်​ကို​ဆန့်၍ ငါ့​နှုတ်​ကို​တို့​တော်​မူ​လျက်၊ သင်၏​နှုတ်၌ ငါ့​စ​ကား​ကို​ငါ​သွင်း​ထား​ပြီ။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 10,
      "text": "ကြည့်​ရှု​လော့။ သင်​သည် နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​မှောက်​လှဲ​ရ​သော​အ​ခွင့်၊ တည်​ဆောက်​စိုက်​ပျိုး​ရ​သော​အ​ခွင့်​နှင့် သင့်​ကို လူ​အ​မျိုး​မျိုး​တို့၏ တိုင်း​နိုင်​ငံ​များ​အ​ပေါ်​မှာ ယ​နေ့​ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 11,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဗာ​တံ​ကိုင်း​ကို​မြင်​ပါ၏​ဟု လျှောက်​သော်၊"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မှန်​ကန်​စွာ​မြင်​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​စောင့်​နေ​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 13,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဆူ​ပွက်​သော​အိုး​ကင်း​ကို မြင်​ပါ၏။ မြောက်​ဘက်​သို့ မျက်​နှာ​ပြု​လျက်​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ မြောက်​မျက်​နှာ​ဘက်​က ဘေး​ဥ​ပဒ်​သည်၊ ဤ​ပြည်​သား​တို့​အ​ပေါ်​သို့ ထွက်​လာ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ မြောက်​တိုင်း​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​ခေါ်၍၊ သူ​တို့​သည် လာ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​ဝ​များ​တို့၌​လည်း​ကောင်း၊ မြို့​ရိုး​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း မိ​မိ​တို့ ရာ​ဇ​ပ​လ္လင်​များ​ကို အ​သီး​အ​သီး တည်​ထား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 16,
      "text": "ပြည်​သူ​ပြည်​သား​တို့​သည် ငါ့​ကို​စွန့်​သော​အ​ပြစ်၊ အ​ခြား​သော​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​သော​အ​ပြစ်၊ မိ​မိ​တို့​လက်​ဖြင့် လုပ်​သော​အ​ရာ​ကို ကိုး​ကွယ်​သော​အ​ပြစ် ရှိ​သ​မျှ​တို့​ကြောင့်၊ သူ​တို့​ကို​ငါ​စစ်​ကြော၍၊ အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​မည်။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 17,
      "text": "သို့​ဖြစ်၍ သင်​သည် ခါး​ပန်း​ကို​စည်း၍​ထ​လော့။ ငါ​မှာ​ထား​သ​မျှ​ကို သူ​တို့​အား​ဟော​ပြော​လော့။ သူ​တို့​ရှေ့​မှာ သင့်​ကို ငါ​အ​ရှက်​မ​ခွဲ​ရ​မည်​အ​ကြောင်း သူ​တို့​ကို မ​ကြောက်​နှင့်။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 18,
      "text": "ကြည့်​ရှု​လော့။ ယု​ဒ​ရှင်​ဘု​ရင်၊ မင်း​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပြည်​သူ​ပြည်​သား​တည်း​ဟူ​သော တစ်​နိုင်​ငံ​လုံး တစ်​ဖက်၌၊ ခိုင်​ခံ့​သော​မြို့၊ သံ​တိုင်၊ ကြေး​ဝါ​ထ​ရံ​အ​ရာ၌ သင့်​ကို ယ​နေ့​ငါ​ခန့်​ထား၏။"
    },
    {
      "book": 24,
      "chapter": 1,
      "verse": 19,
      "text": "သူ​တို့​သည် သင့်​ကို​စစ်​တိုက်၍ မ​နိုင်​ရ​ကြ။ သင့်​ကို ကယ်​နုတ်​ခြင်း​ငှာ၊ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ပြီး​လျှင်၊"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 2,
      "text": "အော်​ဟစ်​ရ​မည်​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ လယ်​မ​လုပ်​သော​တော​အ​ရပ်၌ သင်​သည် ငါ့​နောက်​သို့ လိုက်​သော​အ​ခါ၊ အ​သက်​အ​ရွယ်​နု​ငယ်၍ ခံ​ရ​သော​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​နှင့် ယှဉ်​သော ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း ငါ​အောက်​မေ့၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 3,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း၏။ စီး​ပွား​တော်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်၏။ သူ​တို့​ကို လု​ယူ​သော​သူ အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြ၏။ ထို​သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ရောက်​ရ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 4,
      "text": "အို ယာ​ကုပ်​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 6,
      "text": "သူ​တို့​က၊ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ တော​တစ်​လျှောက်​လုံး၊ လွင်​ပြင်၊ မြေ​တွင်း​နှင့် ပြည့်​စုံ​သော​ပြည်၊ သွေ့​ခြောက်၍ သေ​မင်း​အ​ရိပ် လွှမ်း​မိုး​သော​ပြည်၊ ခ​ရီး​သွား​သော​သူ၊ နေ​ရာ​ကျ​သော​သူ မ​ရှိ​သော ပြည်​တစ်​လျှောက်​လုံး​သို့ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 7,
      "text": "ဝ​ပြော​သော​ပြည်၏​အ​သီး​အ​နှံ ဆီ​ဥ​ဆီ​ကြည်​ကို​စား​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ​ဆောင်​သွင်း၍၊ သင်​တို့​သည် ဝင်​စား​သော​အ​ခါ၊ ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ၏​အ​မွေ​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​စေ​ကြ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 8,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​သ​နည်း​ဟု မ​မေး​ကြ။ ကျမ်း​တတ်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ သင်း​အုပ်​တို့ သည် ငါ့​ကို​ပြစ်​မှား​ကြ၏။ ပ​ရော​ဖက်​တို့​သည် ဗာ​လ​ကို​အ​မှီ​ပြု၍ ဟော​ပြော​လျက်၊ ကျေး​ဇူး​မဲ့​သော​လမ်း​သို့ လိုက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 9,
      "text": "ထို​ကြောင့်၊ သင်​တို့​နှင့် သင်​တို့​သား​သ​မီး​များ​ကို ငါ​စစ်​ကြော​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 10,
      "text": "ခိ​တ္တိမ်​ကျွန်း​တို့​သို့ ကူး၍ ကြည့်​ရှု​ကြ​လော့။ ကေ​ဒါ​ပြည်​သို့ လူ​ကို​စေ​လွှတ်၍၊ ထို​သို့​ဖြစ်​ဖူး​ပြီ​လော​ဟု စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 11,
      "text": "အ​ခြား​တစ်​ပါး​သော​လူ​မျိုး ကိုး​ကွယ်​သော​ဘု​ရား​သည် ဘု​ရား​မ​ဟုတ်​သော်​လည်း၊ ပြောင်း​လဲ​ဖူး​ပြီ​လော။ ငါ၏​လူ​မျိုး​သည် ကျေး​ဇူး​မ​ပြု​နိုင်​သော အ​ရာ​ဖို့ မိ​မိ​တို့​ဘုန်း​ကို ပြောင်း​လဲ​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို မိုး​ကောင်း​ကင်​တို့၊ ထို​အ​မှု​ကို မိန်း​မော​တွေ​ဝေ၍၊ ကြက်​သီး​မွေး​ညင်း ထ​သည်​တိုင်​အောင် ထိတ်​လန့်​လျက်​နေ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 13,
      "text": "ငါ၏​လူ​တို့​သည် အ​သက်​စမ်း​ရေ​တွင်း​တည်း​ဟူ​သော၊ ငါ့​ကို​စွန့်​ပစ်၍၊ ရေ​မ​လုံ၊ ပဲ့​ပျက်​သော​ရေ​ကျင်း​တို့​ကို တူး​သော​အား​ဖြင့် ဒု​စ​ရိုက်​နှစ်​ပါး​ကို ပြု​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​သည် ကျွန်​ဖြစ်​သ​လော။ ကျွန်​သား​ပေါက် ဖြစ်​သ​လော။ အ​ဘယ်​ကြောင့် လု​ယူ​ခြင်း​ကို ခံ​ရ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 15,
      "text": "ခြင်္သေ့​တို့​သည် သူ့​ကို​ဟောက်၍ အ​သံ​မြည်​ကြ​ပြီ။ သူ၏​ပြည်​ကို ဖျက်​ဆီး​ကြ​ပြီ။ သူ၏​မြို့​တို့​သည် မီး​လောင်​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​နေ​ရ။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 16,
      "text": "နော​ဖ​မြို့​သား​နှင့် တာ​ပ​နက်​မြို့​သား​တို့​သည် သင်၏​ဦး​ထိပ်​ကို စား​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 17,
      "text": "သင့်​ကို ပို့​ဆောင်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​စွန့်​သော​ကြောင့်၊ ထို​သို့​သော​အ​ပြစ် ရောက်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 18,
      "text": "ယ​ခု​မှာ သင်​သည် ရှိ​ဟော​ရ​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အဲ​ဂု​တ္တု​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ ဥ​ဖ​ရတ်​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အာ​ရှု​ရိ​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 19,
      "text": "သင်၏ ဒု​စ​ရိုက်​သည် သင့်​ကို​ဆုံး​မ​မည်။ သင်၏​ဖောက်​ပြန်​ခြင်း​သည် သင့်​ကို အ​ပြစ်​ပေး​မည်။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​အ​မှု၊ ငါ့​ကို​မ​ကြောက်​ဘဲ နေ​သော​အ​မှု​သည်၊ မ​ကောင်း​သော​အ​မှု၊ ခါး​သော​အ​မှု​ဖြစ်​သည်​ကို သိ​မြင်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 20,
      "text": "ရှေး​ကာ​လ၌ သင်​ထမ်း​ရ​သော​ထမ်း​ပိုး၊ သင်၌​ချည်​သော နှောင်​ဖွဲ့​ခြင်း​ကို ငါ​ချိုး​ချွတ်၍ သင်​က၊ အ​ကျွန်ုပ်​သည် မ​မှား​ယွင်း​ဘဲ​နေ​ပါ​မည်​ဟု က​တိ​ထား​သော်​လည်း၊ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း၊ ကိုယ်​ကို​ချ၍ ပြည့်​တန်​ဆာ​လုပ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 21,
      "text": "အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​အ​မျိုး​စစ်​ဖြစ်​သော သင့်​ကို ငါ​စိုက်​ပျိုး​သော်​လည်း၊ သင်​သည် ငါ့​ရှေ့​မှာ အ​ဘယ်​မျှ​လောက် ဖောက်​ပြန်၍၊ အ​မျိုး​မ​စစ်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​ပါ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 22,
      "text": "သင်​သည် ပေါက်​ဆပ်​ပြာ​နှင့် ရေ​ချိုး၍၊ ချက်​သော ဆပ်​ပြာ​အ​များ​ကို သုံး​သော်​လည်း၊ သင်၏​အ​ပြစ်​သည် ငါ့​ရှေ့​မှာ​ထင်​ရှား​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 23,
      "text": "သင်​က​လည်း၊ ငါ​သည် ညစ်​ညူး​ခြင်း​မ​ရှိ၊ ဗာ​လ​ဘု​ရား​တို့​နောက်​သို့ မ​လိုက်​ဟု အ​ဘယ်​သို့ ဆို​နိုင်​သ​နည်း။ ချိုင့်၌ သင်​လိုက်​သော​လမ်း​ကို ကြည့်​ရှု​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဝန်​ခံ​လော့။ လျင်​မြန်​စွာ​ပြေး၍ လှည့်​လည်​တတ်​သော ကု​လား​အုတ်​မ ပါ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 24,
      "text": "တော၌ လှည့်​လည်၍ ကိ​လေ​သာ​ရာ​ဂ​စိတ်​နှင့် လေ​ကို​ရှူ​တတ်​သော မြည်း​ရိုင်း​မ​ပါ​တ​ကား။ အ​ချိန်​ရောက်​သော​အ​ခါ အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ သူ့​ကို​ရှာ​အံ့​သော​ငှာ အ​ဘယ်​သူ​မျှ ပင်​ပန်း​ခြင်း​ကို မ​ခံ​ရ။ အ​ချိန်​စေ့​သော​အ​ခါ သူ့​ကို​တွေ့​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 25,
      "text": "သင်၏​ခြေ​နင်း​ကို မ​ပျက်​စေ​နှင့်။ ရေ​ငတ်​ခြင်း​အ​ကြောင်း​ကို မ​ပြု​နှင့်​ဟု ဆို​သော်​လည်း၊ သင်​က မျှော်​လင့်​စ​ရာ​မ​ရှိ၊ အ​လျှင်း​မ​ရှိ။ သူ​တစ်​ပါး​တို့​ကို ငါ​ချစ်၍၊ သူ​တို့​နောက်​သို့ လိုက်​မည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 26,
      "text": "ဖမ်း​မိ​သော​သူ​ခိုး​သည် ရှက်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင်၊ မင်း​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်​နှင့်​တ​ကွ အ​မျိုး​သား​များ​တို့​သည် ရှက်​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 27,
      "text": "သစ်​တုံး​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဖြစ်​တော်​မူ၏ ဟူ​၍​လည်း​ကောင်း၊ ကျောက်​အား​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဖွား​မြင်​တော်​မူ​ပြီ ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ စင်​စစ် ငါ့​ကို မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​ကြ​သော်​လည်း၊ အ​မှု​ရောက်​လျှင်​မူ​ကား၊ ထ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​တတ်​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 28,
      "text": "ကိုယ်​အ​ဖို့ သင်​လုပ်​သော​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် တတ်​နိုင်​လျှင် ထ၍ ကယ်​ကြ​ပါ​လေ​စေ။ အို ယု​ဒ​ပြည်၊ သင်​သည် မြို့​များ​အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​များ ရှိ​ပါ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 29,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​ဘယ်​အ​ကျိုး​အ​လို​ငှာ ငါ​နှင့် တ​ရား​တွေ့​ကြ​မည်​နည်း။ သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကို ပြစ်​မှား​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 30,
      "text": "ငါ​သည် သင်​တို့​သား​များ​ကို အ​ချည်း​နှီး​ဒဏ်​ပေး​ပြီ။ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ။ သင်​တို့၏​ဓား​သည် လု​ယူ​ဖျက်​ဆီး​တတ်​သော ခြင်္သေ့​ကဲ့​သို့၊ သင်​တို့၏ ပ​ရော​ဖက်​များ​ကို​ဖျက်​ဆီး​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 31,
      "text": "ယ​ခု​ဖြစ်​သော အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင်​ခြင်​ကြ​လော့။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တော​ကဲ့​သို့​လည်း​ကောင်း၊ မှောင်​မိုက်​နိုင်​ငံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ဖူး​သ​လော။ ငါ၏​လူ​တို့​က၊ ငါ​တို့​သည် အ​ရပ်​ရပ်​သို့ လည်​မည်။ ကိုယ်​တော်​ထံ​သို့ နောက်​တစ်​ဖန် မ​ချဉ်း​ကပ်​ဟု အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 32,
      "text": "အ​ပျို​မ​သည် မိ​မိ၌​ဆင်​သော တန်​ဆာ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သည် မိ​မိ​ခါး​ပန်း​ကို​လည်း​ကောင်း မေ့​လျော့​နိုင်​သ​လော။ သို့​သော်​လည်း၊ ငါ၏​လူ​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​စွာ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို မေ့​လျော့​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 33,
      "text": "သင်​သည် ရည်း​စား​ကို​ရှာ​ခြင်း​ငှာ သင်​တို့ ဘာ​သာ​ဓ​လေ့​တို့​ကို အ​ဘယ်​ကြောင့်​ပြု​ပြင်​သ​နည်း။ သင်၏​အ​သိ​အ​ကျွမ်း​တို့​ကို သွေး​ဆောင်​လေ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 34,
      "text": "ထို​မှ​တစ်​ပါး၊ အ​နိုင်​အ​ထက်​ပြု​သည်​ကို သင်​မ​တွေ့။ အ​ပြစ်​မ​ရှိ​သော ဆင်း​ရဲ​သား​တို့​ကို အ​သေ​သတ်၍၊ သွန်း​သော အ​သွေး​သည် သင်၏​အ​ဝတ်​စွန်း၌ ထင်​ရှား၏။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 35,
      "text": "ထို​သို့​သော အ​ပြစ်​များ​ရှိ​သော်​လည်း သင်​က၊ ငါ၌​အ​ပြစ်​မ​ရှိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​မျက်​တော်​သည် ငါ​မှ​လွဲ​သွား​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။ ငါ၌​အ​ပြစ်​မ​ရှိ​ဟု​ဆို​သော​ကြောင့်၊ သင့်​ကို ငါ​စစ်​ကြော​စီ​ရင်​မည်။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 36,
      "text": "သင်​သည် အ​ရပ်​ရပ်​သို့ ပြောင်း​လဲ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ဤ​မျှ​လောက်​လှည့်​လည်​သ​နည်း။ အာ​ရှု​ရိ​ပြည်​ကို ရှက်​ကြောက်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်​ကို ရှက်​ကြောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 2,
      "verse": 37,
      "text": "သင်​သည် မိ​မိ​လက်​ကို မိ​မိ​ခေါင်း​ပေါ်​မှာ​တင်​လျက်၊ ထို​ပြည်​မှ အ​မှန်​ထွက်​သွား​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ခို​လှုံ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပယ်​တော်​မူ​သော​ကြောင့်၊ ခို​လှုံ၍ အ​ကျိုး​ကို မ​ရ​နိုင်​ရာ။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 1,
      "text": "ယောက်ျား​စွန့်​ပစ်​သော မိန်း​မ​သည် ထွက်​သွား၍၊ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ပြီး​မှ၊ အ​ရင်​လင်​သည် ထို​မိန်း​မ​ကို ပြန်၍​ယူ​သင့်​သ​လော။ ထို​သို့​ပြု​သော​ပြည်​သည် ညစ်​ညူး​သည်​မ​ဟုတ်​လော​ဟု ဆို​လေ့​ရှိ​လျက်​နှင့်၊ သင်​သည် များ​စွာ​သော ရည်း​စား​တို့၌ မှီ​ဝဲ၍ မှား​ယွင်း​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 2,
      "text": "မြင့်​သော​အ​ရပ်​များ​ကို မျှော်​ကြည့်၍၊ လင်​မ​နေ​ဖူး​သော​အ​ရပ် တစ်​စုံ​တစ်​ခု​ကို​ရှာ​လော့။ အာ​ရပ်​လူ​သည် တော၌​စောင့်​သ​ကဲ့​သို့၊ သင်​သည် လမ်း​တို့၌​စောင့်​နေ၍၊ မ​တ​ရား​သော မေ​ထုန်​အား​ဖြင့်​လည်း​ကောင်း၊ အ​ဓ​မ္မ​အ​မှု​အား​ဖြင့်​လည်း​ကောင်း ပြည်​ကို ညစ်​ညူး​စေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 3,
      "text": "မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 4,
      "text": "ယ​ခု​မှ​စ၍ သင်​က၊ အ​ကျွန်ုပ်​အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်၊ စောင့်​မ​ပါ​ပြီ​ဟု ငါ့​အား အော်​ဟစ်​ပါ​စေ​သော။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​သည် အ​စဉ်​အ​မျက်​ထွက်​တော်​မူ​မည်​လော။ အ​ဆုံး​တိုင်​အောင် အ​ပြစ်​ကို မှတ်​တော်​မူ​မည်​လော​ဟု ဆို​ပါ​စေ​သော။ ထို​သို့​ဆို​သော်​လည်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း အ​ဓ​မ္မ​အ​မှု​ကို ပြု​ပါ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 6,
      "text": "ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 7,
      "text": "သူ​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ပြီး​မှ၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ငါ​ပြော​သော်​လည်း၊ သူ​သည် ပြန်၍​မ​လာ။ ထို​အ​မှု​ကို သူ၏​ညီ​မ၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ကြည့်​မြင်​လေ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 8,
      "text": "ဖောက်​ပြန်​သော ဣ​သ​ရေ​လ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍၊ မှား​ယွင်း​သော​အ​ပြစ်​များ​ကြောင့်၊ သူ​နှင့်​ငါ​ကွာ၍ ဖြတ်​စာ​ကို အပ်​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ ယု​ဒ​သည်​လည်း၊ မ​ကြောက်​ဘဲ​သွား၍၊ ပြည့်​တန်​ဆာ​လုပ်​ကြောင်း​ကို ငါ​မြင်​ရ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 9,
      "text": "သူ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ အ​လွန်​လော်​လည်​သော​အား​ဖြင့် ပြည်​ကို​ညစ်​ညူး​စေ၍၊ ကျောက်​နှင့်​လည်း​ကောင်း၊ သစ်​တုံး​နှင့်​လည်း​ကောင်း မှား​ယွင်း​လေ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 10,
      "text": "ထို​မျှ​လောက်​အ​ပြစ်​ရှိ​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ပြန်၍​မ​လာ။ ပြန်​လာ​ဟန်​ဆောင်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 11,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ပျက်​သော​ယု​ဒ​သည် ဖောက်​ပြန်​သော​ဣ​သ​ရေ​လ​ထက် အ​ပြစ်​ကြီး၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 12,
      "text": "သင်​သည်​သွား၍ မြောက်​မျက်​နှာ​သို့ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ အို ဖောက်​ပြန်​သော ဣ​သ​ရေ​လ၊ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင်၌ ငါ​သည် မျက်​မုန်း​ကျိုး​ခြင်း​ကို​မ​ပြု၊ က​ရု​ဏာ​စိတ်​သ​ဘော​ရှိ၏။ အ​စဉ်​အ​မျက်​ထွက်​တတ်​သည် မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 13,
      "text": "သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 14,
      "text": "အို ဖောက်​ပြန်​သော သူ​ငယ်​တို့၊ ပြန်​လာ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည် သင်​တို့​ကို ရွံ​ရှာ​ဖူး​သော်​လည်း၊ သင်​တို့​မြို့​များ​ထဲ​က တစ်​မြို့​လျှင် လူ​တစ်​ယောက်၊ အ​မျိုး​သား​ချင်း​အ​စု​စု​ထဲ​က တစ်​စု​လျှင် လူ​နှစ်​ယောက်​ကို ရွေး​ယူ၍ ဇိ​အုန်​မြို့​သို့ ပို့​ဆောင်​မည်။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 15,
      "text": "ငါ​သည် နှစ်​သက်​သော​သူ​တို့​ကို သင်း​အုပ်​အ​ရာ၌ ခန့်​ထား၍၊ သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​လျက် သင်​တို့​ကို အုပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 16,
      "text": "ထို​ကာ​လ​တွင် သင်​တို့​သည် ပြည်​တော်၌ တိုး​ပွား​များ​ပြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ဟူ၍ နောက်​တစ်​ဖန် မ​ပြော​မ​ဆို​ရ။ ထို​သေ​တ္တာ​တော်​ကို စိတ်​မ​စွဲ​လမ်း၊ မ​အောက်​မေ့၊ မ​ပြု​စု​ရ။ နောက်​တစ်​ဖန်​မ​လုပ်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 17,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍၊ ထို​ပ​လ္လင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် မိ​မိ​တို့၌ ဆိုး​သော​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့​လိုက်၍ မ​ကျင့်​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 18,
      "text": "ထို​ကာ​လ၌ ယု​ဒ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပေါင်း​ဖော်​လျက်၊ မြောက်​မျက်​နှာ​အ​ရပ်​က တစ်​စု​တည်း​လာ၍၊ သင်​တို့​ဘိုး​ဘေး​များ အ​မွေ​ခံ​ဖို့၊ ငါ​ပေး​ဖူး​သော​ပြည်​သို့​ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 19,
      "text": "ငါ​သည်​သင့်​ကို သား​တို့​တွင် အ​ဘယ်​သို့​ထား​ရ​အံ့​နည်း။ သာ​ယာ​သော​ပြည်၊ တိုင်း​နိုင်​ငံ​အ​ပေါင်း​တို့၏​ထွတ်၊ ဘုန်း​ကြီး​သော အ​မွေ​ခံ​ရာ​ပြည်​ကို သင့်​အား အ​ဘယ်​သို့​ပေး​ရ​အံ့​နည်း​ဟု ငါ​မေး​သော​အ​ခါ၊ သင်​သည် ငါ့​ကို အ​ကျွန်ုပ်​အ​ဘ​ဟူ၍ ခေါ်​ရ​လိမ့်​မည်။ ငါ့​ထံ​မှ​လွှဲ၍ မ​သွား​ရ​ဟု ငါ​ပြန်​ပြော​၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 20,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း၌ သ​စ္စာ​ဖျက်​သ​ကဲ့​သို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် ငါ၌​သ​စ္စာ​ဖျက်​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 21,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ငို​ကြွေး၍ တောင်း​ပန်​သော​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် လမ်း​လွှဲ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 22,
      "text": "အို ဖောက်​ပြန်​သော​သူ​ငယ်၊ သင်​တို့​ပြန်​လာ​ကြ​လော့။ ဖောက်​ပြန်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်။ သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​သို့ လာ​ကြ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 23,
      "text": "အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 24,
      "text": "ရှက်​ဖွယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​ဥ​စ္စာ​တည်း​ဟူ​သော သူ​တို့ သိုး​နွား၊ သား​သ​မီး​များ​ကို အ​ကျွန်ုပ်​တို့ ငယ်​သော​အ​ရွယ်​က​ပင် စား၍​ကုန်​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 3,
      "verse": 25,
      "text": "အ​ကျွန်ုပ်​တို့​သည် ရှက်​ကြောက်​လျက် အိပ်​ရ​ကြ၏။ အ​သ​ရေ​ပျက်​ခြင်း၌ နစ်​မွန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် ဘိုး​ဘေး​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဆို​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြန်​လာ​လို​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ပါ။ သင်၏​ရွံ​ရှာ​ဖွယ်​တို့​ကို ပယ်​လို​လျှင် ငါ့​ထံ​မှ​မ​ရွှေ့​ရ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 2,
      "text": "သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​ဟု သ​စ္စာ​စောင့်​ခြင်း၊ တ​ရား​စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကျိန်​ဆို​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည်​လည်း၊ ထို​ဘု​ရား​သ​ခင်​အား​ဖြင့် မိ​မိ​တို့​ကို​ကောင်း​ချီး​ပေး၍၊ ထို​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ဝါ​ကြွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​လယ်​ကို ထွန်​ကြ​လော့။ ဆူး​ပင်​တို့​တွင် မျိုး​စေ့​ကို မ​ကြဲ​ကြ​နှင့်။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 4,
      "text": "အို ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ၍၊ သင်​တို့​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖယ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့၏​အ​ကျင့် မ​ကောင်း​သော​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် လောင်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 5,
      "text": "ယု​ဒ​ပြည်၌ တံ​ပိုး​မှုတ်​ကြ​လော့​ဟု၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ တစ်​ပြည်​လုံး​ကြွေး​ကြော်၍ သ​တင်း​ကြား​ကြ​လော့။ စည်း​ဝေး၍ ခိုင်​ခံ့​သော​မြို့​များ အ​တွင်း​သို့ ဝင်​ကြ​ကုန်​အံ့​ဟု အ​ရပ်​ရပ်၌ အ​နှံ့​အ​ပြား ကြွေး​ကြော်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 6,
      "text": "ဇိ​အုန်​တောင်​ပေါ်​မှာ အ​လံ​ကို​ထူ​ကြ​လော့။ လွတ်​အောင်​ပြေး​ကြ​လော့။ ရပ်၍ မ​နေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း ဘေး​ဥ​ပဒ်​ကို မြောက်​မျက်​နှာ​မှ ငါ​သည်​ဆောင်​ခဲ့​မည်။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 7,
      "text": "ခြင်္သေ့​သည် မိ​မိ​နေ​ရာ​ခြုံ​ထဲ​က ထွက်​လာ​ပြီ။ တိုင်း​နိုင်​ငံ​တို့​ကို ဖျက်​ဆီး​သော​သူ​သည် လမ်း၌​လာ​ဆဲ​ရှိ၏။ သင်၏​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ​သည် မိ​မိ​နေ​ရာ​မှ ထွက်​လာ​သည်​ဖြစ်၍၊ သင်၏​မြို့​တို့​သည် လူ​မ​နေ​နိုင်​အောင်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 8,
      "text": "ထို​အ​ကြောင်း​ကြောင့် လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ငို​ကြွေး​မြည်​တမ်း၍ အော်​ဟစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော အ​မျက်​တော်​သည် ငါ​တို့​မှ​လွှဲ​ရှောင်၍​မ​သွား​သေး။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 9,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိန်း​မော​တွေ​ဝေ​လျက်၊ ပ​ရော​ဖက်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 10,
      "text": "ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သန်​လျက်​သည် အ​သက်​ကို​ထိ​သည်​တိုင်​အောင် ခွင်း​သော်​လည်း၊ သင်​တို့​သည် ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်​ဟု ကိုယ်​တော်​သည် မိန့်​တော်​မူ​သော​အား​ဖြင့်၊ ဤ​လူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​လွန်​လှည့်​စား​တော်​မူ​ပါ​ပြီ တ​ကား​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 11,
      "text": "ထို​ကာ​လ၌ ဤ​လူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရည်​မှတ်၍ ဆို​ရ​မည်​ကား၊ ပူ​သော​လေ​သည် တော၌ မြင့်​သော​အ​ရပ်​က ငါ၏​လူ​မျိုး​သ​တို့​သ​မီး​ထံ​သို့ လာ​လိမ့်​မည်။ အ​မှော်​လွင့်​စေ​ခြင်း၊ သန့်​ရှင်း​စေ​ခြင်း​ငှာ လာ​သော​လေ​မ​ဟုတ်။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 12,
      "text": "ထို​လေ​ထက်​ပြင်း​သော လေ​သည် ငါ့​အ​လို​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ လာ​လိမ့်​မည်။ ယ​ခု​ပင် သူ​တို့​ကို ငါ့​ကိုယ်​တိုင် စစ်​ကြော​စီ​ရင်​မည်။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 13,
      "text": "လာ​သော​မင်း​သည် မိုး​တိမ်​ကဲ့​သို့ လာ​လိမ့်​မည်။ သူ၏​ရ​ထား​တို့​သည် လေ​ပွေ​ကဲ့​သို့​ဖြစ်​ကြ၏။ သူ၏​မြင်း​တို့​သည် ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 14,
      "text": "အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး​ကို ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​စင်​စေ​လော့။ သင်၏ အ​ဓ​မ္မ​အ​ကြံ​အ​စည်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်၏​အ​ထဲ၌ တည်​နေ​ရ​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 15,
      "text": "ဒန်​ပြည်၌ အ​သံ​ကို ကြား​ရ၏။ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ဒု​က္ခ​သ​တင်း​ကို ဟစ်​ကြော်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 16,
      "text": "အ​ပြည်​ပြည်​တို့၌ သ​တင်း​ကြား​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ရည်​မှတ်၍ ကြွေး​ကြော်​ကြ​လော့။ ကင်း​စောင့်​တို့​သည် ဝေး​သော​ပြည်​က လာ၍၊ ယု​ဒ​မြို့​များ​တစ်​ဖက်၌ ထူး​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 17,
      "text": "လယ်​ကို​စောင့်​သော​သူ​များ​ကဲ့​သို့၊ ထို​သူ​တို့​သည် ယု​ဒ​ပြည်​ကို ဝန်း​ရံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ငါ့​ကို​ပုန်​ကန်​ပြီ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 18,
      "text": "သင်​လိုက်​သော​ထုံး​စံ​နှင့် သင်​ကျင့်​သော အ​ကျင့်​တို့​သည် သင့်​အ​ပေါ်​မှာ ဤ​အ​မှု​ကို သက်​ရောက်​စေ​ပြီ။ သင်​သည် ထို​သို့​သော​အ​မှု​နှင့်​တွေ့၍ ခါး​စပ်​သော​စိတ်၊ နာ​ကြည်း​သော​စိတ်​ရှိ​ရာ၏​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 19,
      "text": "ငါ့​အ​သည်း​သည်​နာ၏။ ငါ့​အ​သည်း​သည် နာ၏။ ငါ့​နှ​လုံး​အ​ရေ​ဖျား​လည်း နာ၏။ ငါ့​အ​ထဲ၌ ငါ့​နှ​လုံး​ပူ​ဆွေး၏။ ငါ​သည် တိတ်​ဆိတ်​စွာ မ​နေ​နိုင်။ အ​ကြောင်း​မူ​ကား၊ အို ငါ့​ဝိ​ညာဉ်၊ သင်​သည် တံ​ပိုး​မှုတ်​သံ​နှင့် စစ်​တိုက်​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 20,
      "text": "ပျက်​စီး​ပြီ၊ ပျက်​စီး​ပြီ​ဟု အ​ထပ်​ထပ်​ဟစ်​ကြော်​ရ၏။ တစ်​ပြည်​လုံး ပျက်​စီး​ပြီ။ ငါ၏​တဲ​တို့​သည် ခ​ဏ​ချင်း​တွင် ပျက်​စီး​ကြ​ပြီ။ ငါ၏ ကု​လား​ကာ​တို့​သည် ချက်​ချင်း​ပျက်​စီး​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 21,
      "text": "ငါ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​လံ​ကို​မြင်​ရ​အံ့​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တံ​ပိုး​သံ​ကို ကြား​ရ​အံ့​နည်း။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 22,
      "text": "အ​ကယ်​စင်​စစ် ငါ၏​လူ​တို့​သည် ထိုင်း​မှိုင်း၍ ငါ့​ကို​မ​သိ​ကြ။ မိုက်​သော​သူ​ငယ်​ဖြစ်၍ ဉာဏ်​မ​ရှိ​ကြ။ မ​ကောင်း​သော​အ​မှု​တို့၌ လိ​မ္မာ​ကြ၏။ ကောင်း​သော​အ​မှု​တို့​ကို မ​ပြု​တတ်​ကြ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 23,
      "text": "ငါ​သည် မြေ​ကြီး​ကို​ကြည့်​ရှု၍ လွတ်​လပ်​လ​ဟာ​ဖြစ်၏။ မိုး​ကောင်း​ကင်​ကို​လည်း ငါ​ကြည့်​ရှု၍ အ​လင်း​မ​ရှိ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 24,
      "text": "တောင်​တို့​ကို​လည်း ငါ​ကြည့်​ရှု၍၊ သူ​တို့​နှင့်​တ​ကွ ကုန်း​ရှိ​သ​မျှ​တို့​သည် တုန်​လှုပ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 25,
      "text": "ငါ​ကြည့်​ရှု၍ လူ​မ​ရှိ။ မိုး​ကောင်း​ကင်​ငှက် အ​ပေါင်း​တို့​သည် ပြေး​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 26,
      "text": "ငါ​ကြည့်​ရှု၍ ဝ​ပြော​သော​ပြည်​သည် တော​ဖြစ်​လေ​ပြီ။ မြို့​များ​တို့​သည် ပြို​ပျက်​လျက် ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ပြင်း​စွာ​သော အ​မျက်​တော်​ရှေ့၌ ထို​သို့​သော​အ​ခြင်း​အ​ရာ​တို့​သည် ဖြစ်​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး ပျက်​စီး​ရာ​ဖြစ်​လိမ့်​မည်။ ပျက်​စီး​ခြင်း​ကို ငါ​မ​ဆီး​တား၊"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 28,
      "text": "ထို​ကြောင့်၊ မြေ​ကြီး​သည် ညည်း​တွား​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း နက်​လိမ့်​မည်။ ငါ​သည်​ပြော​ပြီး​မှ နောင်​တ​မ​ရှိ။ ကြံ​ပြီး​မှ အ​ကြံ​မ​ပျက်​ရ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 29,
      "text": "မြင်း​စီး​သူ​ရဲ​နှင့် လေး​ကိုင်​သူ​ရဲ​တို့ ဟစ်​သော​အ​သံ​ကြောင့်၊ မြို့​သား​အ​ပေါင်း​တို့​သည် တော​အုပ်​သို့ ပြေး​သွား​ကြ၏။ ကျောက်​ပေါ်​သို့ တက်​ကြ၏။ မြို့​ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍​နေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 30,
      "text": "သင်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​သော​အ​ခါ အ​ဘယ်​သို့ ပြု​လိမ့်​မည်​နည်း။ နီ​မောင်း​သော​အ​ဝတ်​ကို ဝတ်​သော်​လည်း​ကောင်း၊ ရွှေ​တန်​ဆာ​ကို ဆင်​သော်​လည်း​ကောင်း၊ သင်၏​မျက်​နှာ​စုတ်​ပဲ့​သည်​တိုင်​အောင် ဆေး​သုတ်​သော်​လည်း​ကောင်း၊ သင်၏​တင့်​တယ်​ခြင်း​ကို အ​ချည်း​နှီး​ပြ၏။ သင်၏​ရည်း​စား​တို့​သည် သင့်​ကို​စွန့်၍၊ သင်၏​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 4,
      "verse": 31,
      "text": "အ​ကယ်​စင်​စစ် သား​ဖွား​သော​မိန်း​မ​ညည်း​သံ၊ သား​ဦး​ဖွား​သော မိန်း​မ၏​ဝေ​ဒ​နာ​ခံ​ရာ​အ​သံ​ကဲ့​သို့၊ ဇိ​အုန်​သ​တို့​သ​မီး အော်​ဟစ်​သံ​ကို ငါ​ကြား​ရ၏။ ထို​သ​တို့​သ​မီး​က၊ အ​ကျွန်ုပ်​သည် အ​မင်္ဂ​လာ​ရှိ​ပါ၏။ လူ​သတ်​များ​ကြောင့်၊ အ​ကျွန်ုပ်​စိတ်​ပျက်​ပါ၏​ဟု မိ​မိ​လက်​ဝါး​ကို​ဖြန့်၍ ငို​ကြွေး​လျက်​နေ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 1,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို အ​ပြစ်​မှ​ငါ​လွှတ်​မည်​အ​ကြောင်း၊ တ​ရား​သ​ဖြင့်​ကျင့်​သော မြို့​သား၊ သ​စ္စာ​စောင့်​သော မြို့​သား တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လျှင်၊ ထို​သူ​ကို​တွေ့​အံ့​သော​ငှာ၊ မြို့​လမ်း​တို့​၌ တောင်​မြောက်​ပြေး၍၊ ကျယ်​သော​အ​ရပ်​တို့၌ ရှာ​ဖွေ​ကြည့်​ရှု​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 2,
      "text": "သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 3,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 4,
      "text": "ငါ​က​လည်း၊ အ​ကယ်​စင်​စစ် ဤ​သူ​တို့​သည် ဆင်း​ရဲ​သား​ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို​လည်း​ကောင်း၊ မ​သိ​သော​ကြောင့် မိုက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 5,
      "text": "လူ​ကြီး​များ​ထံ​သို့ ငါ​သွား၍​ပြော​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို​လည်း​ကောင်း သိ​ကြ၏​ဟု ဆို​သော်​လည်း၊ သူ​တို့​သည် ထမ်း​ပိုး​တော်​ကို ချိုး၍၊ အ​နှောင်​အ​ဖွဲ့​တော်​တို့​ကို ဖြတ်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 6,
      "text": "ထို​ကြောင့်၊ တော​မှ​လာ​သော ခြင်္သေ့​သည် သူ​တို့​ကို​သတ်​လိမ့်​မည်။ ညဉ့်​ဦး​ယံ၌ လည်​တတ်​သော တော​ခွေး​သည် သူ​တို့​ကို ကိုက်​စား​လိမ့်​မည်။ ကျား​သစ်​သည် သူ​တို့​မြို့​ကို​စောင့်၍၊ မြို့​ပြင်​သို့ ထွက်​သွား​သော​သူ အ​ပေါင်း​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြစ်​မှား​သော အ​ပြစ်​များ၍၊ အ​ကြိမ်​ကြိမ် အ​ထပ်​ထပ် ဖောက်​ပြန်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 7,
      "text": "ထို​သို့​သော​အ​ပြစ်​မှ သင့်​ကို အ​ဘယ်​သို့ ငါ​လွှတ်​နိုင်​သ​နည်း။ သင်၏​သား​သ​မီး​တို့​သည် ငါ့​ကို​စွန့်၍၊ ဘု​ရား​မ​ဟုတ်​သော သူ​တို့​ကို တိုင်​တည်​လျက် ကျိန်​ဆို​ကြ​ပြီ။ ငါ​သည် ဝ​စွာ​ကျွေး​သော​အ​ခါ သူ​တို့​သည် ပြည်​တန်​ဆာ​အိမ်၌ စည်း​ဝေး၍ မှား​ယွင်း​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 8,
      "text": "ဝ​စွာ​စား​ရ​သော မြင်း​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး​အိမ်​နီး​ချင်း​မ​ယား​တို့​ကို တပ်​သော​စိတ်​နှင့် ဟီ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 9,
      "text": "ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော​အ​မျိုး​ကို ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 10,
      "text": "မြို့​ရိုး​ပေါ်​သို့​တက်၍ ဖျက်​ဆီး​ကြ​လော့။ ပျက်​စီး​ခြင်း​ကို မ​စဲ​စေ​ကြ​နှင့်။ ခြေ​လက်​တို့​ကို ပယ်​ရှင်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား ဆိုင်​တော်​မ​မူ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​တို့​သည် ငါ့​ထံ၌​ခံ​ဖူး​သော သ​စ္စာ​ကို​ဖျက်​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 12,
      "text": "သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​မ​ရှိ။ ငါ​တို့​အ​ပေါ်၌ ဘေး​ဥ​ပဒ် မ​ရောက်​ရ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ကို ငါ​တို့​သည် မ​တွေ့​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 13,
      "text": "ပ​ရော​ဖက်​တို့​သည် လေ​သက်​သက် ဖြစ်​ကြ၏။ သူ​တို့၌ နှုတ်​က​ပတ်​တော် မ​ရှိ။ သူ​တို့ ဟော​ပြော​သည်​အ​တိုင်း သူ​တို့​ခံ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ငြင်း​ပယ်​လျက် ဆို​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 14,
      "text": "သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် ထို​သို့​ဆို​သော​ကြောင့်၊ ငါ့​စ​ကား​ကို သင်၏​နှုတ်၌ မီး​ကဲ့​သို့​လည်း​ကောင်း၊ ဤ​လူ​မျိုး​ကို ထင်း​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ၍ သူ​တို့​ကို မီး​လောင်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို တိုက်​စေ​ဖို့ လူ​တစ်​မျိုး​ကို ဝေး​သော​အ​ရပ်​က ငါ​ဆောင်​ခဲ့​မည်။ အား​ကြီး​သော​အ​မျိုး၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မျိုး၊ သူ​တို့​စ​ကား​ကို သင်​မ​သိ နား​မ​လည်​သော​အ​မျိုး ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 16,
      "text": "သူ​တို့ မြား​တောင့်​သည် ဖွင့်​ထား​သော သင်္ချိုင်း​တွင်း​ဖြစ်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 17,
      "text": "ထို​သူ​တို့​သည် သင်၏​အ​သီး​အ​နှံ​နှင့် သင်၏​မုန့်​ကို​စား​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​သိုး​နွား​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်​ခို​လှုံ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို​လည်း​တိုက်၍ လုပ်​ကြံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 18,
      "text": "သို့​ရာ​တွင်၊ ထို​ကာ​လ၌ ငါ​သည် သင်၏​အ​မှု​ကို မ​ဆုံး​ဖြတ်​သေး​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 19,
      "text": "သူ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​တို့၌ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း​ဟု မေး​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​ကို​စွန့်​ပစ်၍၊ ကိုယ်​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့၏​အ​မှု​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ကိုယ်​မ​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်​ဟု၊ သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 20,
      "text": "ယာ​ကုပ်​အ​မျိုး​နေ​ရာ ယု​ဒ​ပြည်၌ ဟော​ပြော​ကြွေး​ကြော်​ရ​မည်​မှာ၊"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 21,
      "text": "အို မျက်​စိ​ရှိ​လျက်​နှင့် မ​မြင်၊ နား​ရှိ​လျက်​နှင့် မ​ကြား၊ ဉာဏ်​မဲ့​သော​လူ​မိုက်​တို့၊ နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 23,
      "text": "ဤ​လူ​မျိုး​သည် ပြစ်​မှား​ပုန်​ကန်​သော​သ​ဘော​ရှိ၍၊ အ​စဉ်​ပုန်​ကန်​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 24,
      "text": "အ​ချိန်​တန်​မှ အ​ရင်​မိုး​နှင့် နောက်​မိုး​ကို​ရွာ​စေ၍၊ အ​သီး​အ​နှံ​သိမ်း​မြဲ​သိမ်း​ရာ​ကာ​လ​ကို ငါ​တို့​အ​ဖို့​သို​ထား​တော်​မူ​သော ငါ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ယ​ခု​ကြောက်​ကြ​ကုန်​အံ့​ဟု၊ သူ​တို့​သည် စိတ်​နှ​လုံး​ထဲ၌ မ​ဆို​တတ်​ကြ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 25,
      "text": "သင်​တို့​ဒု​စ​ရိုက်​သည် ထို​သို့​သော​အ​ရာ​တို့​ကို​လွှဲ၍၊ သင်​တို့​အ​ပြစ်​သည် သင်​တို့၏​မင်္ဂ​လာ​ကို ဆီး​တား​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 26,
      "text": "ဝပ်​လျက်​နေ​သော မု​ဆိုး​ကဲ့​သို့ ချောင်း​မြောင်း​သော လူ​ဆိုး​တို့​သည် ငါ၏​လူ​တို့​တွင်​ရှိ​ကြ၏။ လူ​တို့​ကို​ထောင်​ခြင်း​ငှာ ထောင်​ချောက်​ကို​ထား​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 27,
      "text": "ငှက်​ထောင်​အိမ်​သည် ငှက်​တို့​နှင့် ပြည့်​သ​ကဲ့​သို့၊ သူ​တို့​အိမ်​သည် လှည့်​စား​ခြင်း​ပ​ရိ​ယာယ်​နှင့် ပြည့်၏။ ထို​သို့ သူ​တို့​သည် အား​တိုး​ပွား၍ ရ​တတ်​ခြင်း​သို့​ရောက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 28,
      "text": "ဝ​လျက်၊ မျက်​နှာ​ပြောင်​လျက်​ရှိ​ကြ၏။ ဆိုး​သော​သူ​တို့​ထက် သာ၍ ဆိုး​ကြ၏။ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ မိ​ဘ​မ​ရှိ​သော သူ​ငယ်၏​အ​မှု​ကို​စောင့်၍ အ​နိုင်​မ​ပေး​ကြ။ ဆင်း​ရဲ​သော​သူ​ဘက်၌ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 29,
      "text": "ထို​သို့​သော အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး​၍၊ ငါ​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 30,
      "text": "အံ့​ဩ​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြည်​တော်၌ ပြု​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 5,
      "verse": 31,
      "text": "ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 1,
      "text": "အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 2,
      "text": "အ​ဆင်း​လှ၍ နူး​ညံ့​သိမ်​မွေ့​သော​သူ​တည်း​ဟူ​သော ဇိ​အုန်​သ​တို့​သ​မီး​ကို ငါ​ဖျက်​ဆီး​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 3,
      "text": "သိုး​ထိန်း​တို့​သည် သိုး​စု​များ​ပါ​လျက် သူ့​ထံ​သို့​လာ၍၊ သူ့​တစ်​ဖက်​ပတ်​လည်၌ တဲ​ဆောက်၍၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​မှာ ကျက်​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 4,
      "text": "သူ့​ကို စစ်​တိုက်​ခြင်း​ငှာ​ပြင်​ကြ​လော့။ ထ​ကြ။ မွန်း​တည့်​အ​ချိန်၌ တက်​သွား​ကြ​ကုန်​အံ့။ ငါ​တို့၌​ခက်​လှ၏။ မွန်း​လွဲ​ပြီ။ မိုး​ချုပ်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 5,
      "text": "ထ​ကြ။ ည​အ​ခါ​တက်​သွား၍၊ သူ၏​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ဆီး​ကြ​ကုန်​အံ့​ဟု ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 6,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သစ်​ပင်​တို့​ကို ခုတ်​လှဲ​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ မြေ​ရိုး​ကို​ဖို့​ကြ​လော့။ ဤ​မြို့​သည် ဆုံး​မ​စ​ရာ​ကောင်း​သော​မြို့ ဖြစ်၏။ မြို့​ထဲ၌ ညှဉ်း​ဆဲ​ခြင်း​သက်​သက် ရှိ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 7,
      "text": "စမ်း​ရေ​ပေါက်​ဝ​မှ ရေ​သည် စီး​ထွက်​သ​ကဲ့​သို့၊ ထို​မြို့​သည် ဒု​စ​ရိုက်​ကို ထွက်​စေ​တတ်၏။ မြို့​ထဲ၌ လု​ယူ​ဖျက်​ဆီး​ခြင်း​အ​သံ​ကို ကြား​ရ၏။ အ​နာ​များ​နှင့် ဒဏ်​ချက်​ရာ​များ​ကို အ​စဉ်​ငါ​မြင်​ရ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 8,
      "text": "အို ယေ​ရု​ရှ​လင်​မြို့၊ ဆုံး​မ​ခြင်း​ကို​ခံ​လော့။ သို့​မ​ဟုတ်၊ သင့်​ကို​ငါ​ရွံ​ရှာ​မည်။ သင့်​ကို​ပယ်​ရှင်း၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 9,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​နွယ်​ပင်၌ အ​ကျန်​အ​ကြွင်း​ကို လိုက်၍ ဆွတ်​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် ဣ​သ​ရေ​လ၌ ကျန်​ကြွင်း​သော​အ​ရာ​ကို​လိုက်၍ အ​ကုန်​အ​စင်​ဆွတ်​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ဆွတ်​သော သူ​ကဲ့​သို့၊ သင်၏​လက်​ကို ခြင်း​တောင်း​ထဲ​သို့ တစ်​ဖန်​သွင်း​ဦး​လော့။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 10,
      "text": "သူ​တို့​သည် နား​ထောင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ကို ငါ​ပြော၍ သ​တိ​ပေး​ရ​မည်​နည်း။ သူ​တို့​နား​သည် အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော နား​ဖြစ်၍၊ သူ​တို့​သည် နား​မ​ထောင်​နိုင်​ကြ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် သူ​တို့​ကဲ့​ရဲ့​စ​ရာ​ဖြစ်၏။ ထို​နှုတ်​က​ပတ်​တော်​ကို မ​နှစ်​သက်​ကြ။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 11,
      "text": "ထို​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​နှင့် ပြည့်​ဝ၏။ အောင့်၍ မ​နေ​နိုင်။ လမ်း၌​ရှိ​သော သူ​ငယ်​များ​နှင့် စု​ဝေး​သော လူ​ပျို​များ​အ​ပေါ်​သို့ အ​မျက်​တော်​ကို ငါ​သွန်း​လောင်း​မည်။ လင်​မ​ယား​အ​စုံ​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သော​သူ​နှင့် အို​လွန်း​သော​သူ​ကို​လည်း​ကောင်း သိမ်း​သွား​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 12,
      "text": "သူ​တို့​အိမ်​နှင့်​တ​ကွ လယ်​ယာ၊ မိန်း​မ​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​တို့​ကို ငါ​ဒဏ်​ခတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 13,
      "text": "အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော စီး​ပွား​ကို​ရှာ​ကြ၏။ ပ​ရော​ဖက်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ် ရှိ​သ​မျှ​တို့​သည် မု​သား​ကို​သုံး​ကြ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 14,
      "text": "ချမ်း​သာ​မ​ရှိ​သော​အ​ခါ ချမ်း​သာ၊ ချမ်း​သာ​ဟု ပြော​ဆို​လျက်၊ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​အ​နာ​ကို ပေါ့​လျော့​စွာ ကု​ကြ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 15,
      "text": "သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို ရှာ​ဖွေ​လျက်၊ ကောင်း​သော​လမ်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း၍၊ ထို​လမ်း​သို့​လိုက်​ကြ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​သက်​သာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​တို့​သည် မ​လိုက်​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 17,
      "text": "ငါ​က​လည်း၊ တံ​ပိုး​မှုတ်​သံ​ကို​နား​ထောင်​ကြ​လော့​ဟု ဆို​လျက်၊ သင်​တို့​အ​ပေါ်၌ ကင်း​စောင့်​တို့​ကို ခန့်​ထား​သော​အ​ခါ၊ ငါ​တို့​သည် နား​မ​ထောင်​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 18,
      "text": "သို့​ဖြစ်၍၊ အို တစ်​ပါး​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ရှိ​နေ​သော​ပ​ရိ​သတ်​တို့၊ သိ​မှတ်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 19,
      "text": "အို မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ​လူ​မျိုး​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ ငါ့​တ​ရား​ကို​လည်း​ငြင်း​ပယ်​သော​ကြောင့်၊ သူ​တို့​အ​လို​အ​လျောက် ကြံ​စည်​ခြင်း​အ​ကျိုး​အ​ပြစ်​တည်း​ဟူ​သော၊ ကြီး​စွာ​သော ဘေး​ဥ​ပဒ်​ကို၊ သူ​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 20,
      "text": "ရှေ​ဘ​ပြည်​မှ လော​ဗန်​ကို​လည်း​ကောင်း၊ ဝေး​သော​ပြည်​မှ မွှေး​သော​ကြံ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ငါ့​ထံ​သို့​ဆောင်​ခဲ့​သ​နည်း။ သင်​တို့​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​အ​လို​မ​ရှိ။ ပူ​ဇော်​သော​ယဇ်​အ​မျိုး​မျိုး​ကို ငါ​မ​နှစ်​သက်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 21,
      "text": "ထို​အ​ကြောင်း​ကြောင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​တို့​ကို ဤ​လူ​မျိုး​ရှေ့​မှာ ငါ​ထား​မည်။ အ​ဘ​နှင့် သား​တို့​သည် ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ အိမ်​နီး​ချင်း​နှင့် အ​ဆွေ​ခင်​ပွန်း​တို့​သည် အ​တူ​ပျက်​စီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မျိုး​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ​လိမ့်​မည်။ ကြီး​စွာ​သော​လူ​မျိုး​ကို မြေ​ကြီး​စွန်း​မှ ငါ​နှိုး​ဆော်​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 23,
      "text": "လေး​နှင့်​လှံ​တို့​ကို လက်​စွဲ​ကြ၏။ ကြမ်း​ကြုတ်​သော​အ​မျိုး​ဖြစ်၍၊ သ​နား​ခြင်း​က​ရု​ဏာ မ​ရှိ။ သူ​တို့​စ​ကား​သံ​သည် သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ ဟုန်း​တတ်၏။ အို ဇိ​အုန်​သ​တို့​သ​မီး၊ စစ်​သူ​ရဲ​ကဲ့​သို့ တပ်​ခင်း​ကျင်း​လျက် မြင်း​စီး၍၊ သင်​ရှိ​ရာ​သို့ ချီ​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 24,
      "text": "ထို​သ​တင်း​ကို ငါ​တို့​သည်​ကြား၍ လက်​အား​လျော့​ကြ၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 25,
      "text": "တော​သို့ မ​ထွက်​ကြ​နှင့်။ လမ်း​မှာ​မ​သွား​ကြ​နှင့်။ ရန်​သူ၌ ဓား​ပါ၏။ အ​ရပ်​ရပ်၌ ဘေး​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 26,
      "text": "အို ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း၍ ပြာ၌​လူး​လည်း​လော့။ တစ်​ယောက်​တည်း​သော​သား​သေ​သည်​ကို ငို​ကြွေး​သ​ကဲ့​သို့၊ ငို​ကြွေး၍ ပြင်း​စွာ​မြည်​တမ်း​လော့။ လု​ယူ​ဖျက်​ဆီး​သော​သူ​သည် ငါ​တို့​ကို ချက်​ချင်း​တိုက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 27,
      "text": "သင်​သည် ငါ၏​လူ​မျိုး​ကျင့်​သော အ​ကျင့်​ဓ​လေ့​တို့​ကို စစ်၍​သိ​မည်​အ​ကြောင်း၊ စစ်​သော​သူ​အ​ရာ၌​ရဲ​တိုက်​ကဲ့​သို့ သင့်​ကို ငါ​ခန့်​ထား၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 28,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ဖောက်​ပြန်​သော​သူ၊ ကုန်း​တိုက်​တတ်​သော​သူ ဖြစ်​ကြ၏။ ကြေး​ဝါ​နှင့် သံ​သက်​သက်၊ ဖျက်​တတ်​သော အ​ရာ​သက်​သက် ဖြစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 29,
      "text": "ဖို​ကို မီး​လောင်​ပြီ။ ခဲ​လည်း​ကုန်​ပြီ။ စစ်​သော​သူ​သည်​မှုတ်၍ အ​ကျိုး​ကို​မ​ရ။ ညံ့​သော​အ​ရာ​ကို မ​ထုတ်​မ​ပယ်​နိုင်။"
    },
    {
      "book": 24,
      "chapter": 6,
      "verse": 30,
      "text": "ထို​သူ​တို့​ကို ပယ်​သော​ငွေ​ဟူ၍​ခေါ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​ထံ​တော်​က နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊ သင်​သည် ဗိ​မာန်​တော်​တံ​ခါး​ဝ၌ ရပ်​လျက် ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဤ​တံ​ခါး​တို့​အ​တွင်း​သို့​ဝင်​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့ အ​ကျင့်​များ​တို့​ကို ပြု​ပြင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို ဤ​အ​ရပ်၌ ငါ​နေ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 4,
      "text": "ဤ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ဖြစ်​သ​တည်း​ဟု မု​သား​စ​ကား​ကို ပြော​သော​သူ​တို့၌ မ​မှီ​ဝဲ​ကြ​နှင့်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 5,
      "text": "သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့​အ​ကျင့်​များ​တို့​ကို စုံ​လင်​စွာ ပြု​ပြင်​လျှင်​လည်း​ကောင်း၊ အ​မှု​သည်​ချင်း​တို့​ကို သေ​ချာ​စွာ တ​ရား​သ​ဖြင့် စီ​ရင်​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 6,
      "text": "ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ကို မ​ညှဉ်း​ဆဲ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို ဤ​အ​ရပ်၌ မ​သတ်၊ ကိုယ်​အ​ကျိုး​ကို ဖျက်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ချဉ်း​ကပ်​ဘဲ​နေ​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 7,
      "text": "သင်​တို့​ဘိုး​ဘေး​တို့​အား၊ ငါ​သည် အ​စဉ်​မ​ပြတ်​ပေး​သော​ပြည်​တည်း​ဟူ​သော ဤ​အ​ရပ်​ဌာ​န၌ သင်​တို့​ကို ငါ​နေ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 8,
      "text": "အ​ကျိုး​မ​ရှိ​ဘဲ မု​သား​စ​ကား​ကို​ပြော​သော​သူ​တို့၌ သင်​တို့​သည် ခို​လှုံ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 9,
      "text": "သင်​တို့​သည် သူ့​ဥ​စ္စာ​ကို​ခိုး​လျက်၊ လူ​အ​သက်​ကို သတ်​လျက်၊ သူ့​မ​ယား​ကို​ပြစ်​မှား​လျက်၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​လျက်၊ ဗာ​လ​ဘု​ရား​ရှေ့၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​နောက်​သို့ လိုက်​လျက်​နှင့်၊"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 10,
      "text": "ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၌၊ ငါ့​ရှေ့​မှာ​ဝင်၍ ရပ်​လျက်၊ ဤ​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​နုတ်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို​ခံ​ရ​ပါ​ပြီ​ဟု လျှောက်​ရ​ကြ​မည်​လော။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 11,
      "text": "ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်​ကို၊ သင်​တို့​သည် ဓား​ပြ​တွင်း​ကဲ့​သို့ ထင်​ကြ​သ​လော။ ဤ​အ​မှု​ကို ငါ့​ကိုယ်​တိုင်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 12,
      "text": "ရှေ့​ဦး​စွာ ငါ၏​နာ​မ​ကို ငါ​တည်​စေ​သော​အ​ရပ်၊ ရှိ​လော​ရွာ၌​ရှိ​သော ငါ့​အ​ရပ်​ဌာ​န​သို့​သွား၍၊ ငါ၏​အ​မျိုး ဣ​သ​ရေ​လ​လူ​တို့၏ အ​ပြစ်​ကြောင့်၊ ထို​အ​ရပ်​ကို အ​ဘယ်​သို့​ငါ​ပြု​ဖူး​သည်​ကို ကြည့်​ရှု​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 13,
      "text": "ယ​ခု​တွင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်၊ ငါ​ခေါ်၍ သင်​တို့​သည် မ​ထူး​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 14,
      "text": "ရှိ​လော​ရွာ​ကို ငါ​ပြု​သ​ကဲ့​သို့၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော၊ သင်​တို့​ခို​လှုံ​သော ဤ​အိမ်​တော်၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော အ​ရပ်​ဌာ​န​ကို ငါ​ပြု​မည်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 15,
      "text": "သင်​တို့​ညီ​အစ်​ကို ဧ​ဖ​ရိမ်​အ​မျိုး​သား​ရှိ​သ​မျှ​တို့​ကို ငါ​နှင်​ထုတ်​သ​ကဲ့​သို့၊ သင်​တို့​ကို ငါ့​ထံ​မှ​ငါ​နှင်​ထုတ်​မည်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 16,
      "text": "သင်​သည်​လည်း ဤ​လူ​မျိုး​အ​ဖို့ ပ​တ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​ဖို့​အော်​ဟစ်​ခြင်း၊ ဆု​တောင်း​ခြင်း​ကို မ​ပြု​နှင့်။ ငါ့​ကို​မ​သွေး​ဆောင်​နှင့်။ သင်၏​စ​ကား​ကို ငါ​နား​မ​ထောင်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 17,
      "text": "သူ​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့​၌ ပြု​ကြ​သော​အ​မှု​ကို မ​မြင်​သ​လော။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 18,
      "text": "ငါ့​ကို နှောင့်​ယှက်​မည်​အ​ကြံ​နှင့်၊ ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ မုန့်​ပြား​တို့​ကို​လုပ်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ၊ သား​တို့​သည် ထင်း​ခွေ​ကြ၏။ အ​ဘ​တို့​သည် မီး​ထည့်​ကြ၏။ မိန်း​မ​တို့​သည် မုန့်​နယ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 19,
      "text": "ထို​သို့​ပြု၍ ငါ့​ကို​နှောင့်​ယှက်​ကြ​သ​လော။ မိ​မိ​တို့ မျက်​နှာ​ကို​ဖျက်​မည်​အ​ကြောင်း၊ မိ​မိ​တို့​ကိုယ်​ကို​သာ နှောင့်​ယှက်​ကြ​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်၊ သစ်​ပင်၊ မြေ​အ​သီး​အ​နှံ​အ​ပေါ်​မှာ ငါ​သည် ဒေါ​သ​အ​မျက်​မီး​ကို သွန်း​လောင်း၍၊ ထို​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့ မီး​ရှို့​ရာ​ယဇ်​များ​ကို အ​ခြား​သော​ယဇ်​များ​နှင့် အ​တူ​ထား၍၊ အ​မဲ​သား​ကို စား​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့ ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​များ​အ​တွက် သူ​တို့​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 23,
      "text": "ငါ​မှာ​ထား​သော​အ​ရာ​ဟူ​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ငါ​သည်​သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း၊ ငါ၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို​စောင့်​လို​သော​ငှာ၊ ငါ​စီ​ရင်​သ​မျှ​သော​တ​ရား​လမ်း​သို့ လိုက်​ရ​ကြ​မည်​ဟု မှာ​ထား​၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 24,
      "text": "သို့​ရာ​တွင်၊ သူ​တို့​သည် နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ ဆိုး​ညစ်​သော​နှ​လုံး ခိုင်​မာ​သည်​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​၍ မျက်​နှာ​မ​ပြု၊ ကျော​ခိုင်း​လျက်​နေ​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 25,
      "text": "သင်​တို့​အ​ဘ​များ​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သွား​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည်​နေ့​တိုင်း​စော​စော​ထ၍၊ ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 26,
      "text": "သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ မ​နာ​မ​ယူ​ဘဲ​နေ၍ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သ​ဖြင့်၊ အ​ဘ​များ​ထက် သာ၍​ဆိုး​သွမ်း​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 27,
      "text": "သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​ကို သူ​တို့​အား ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 28,
      "text": "သို့​ဖြစ်၍ သင်​က​လည်း၊ ဤ​လူ​မျိုး​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ ဆုံး​မ၍ မ​နိုင်​သော​အ​မျိုး ဖြစ်၏။ သ​စ္စာ​စ​ကား​ကို​မ​ပြော၊ သ​စ္စာ​ပျက်​သော​အ​မျိုး​ဖြစ်​သည်​ဟု သူ​တို့​အား​ပြော​ဆို​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 29,
      "text": "သင်၏​သ​စ္စာ​ဆံ​ပင်​ကို​ရိတ်၍ ပစ်​လိုက်​လော့။ မြင့်​သော​အ​ရပ်၌ မြည်​တမ်း​ခြင်း​ကို ပြု​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​ပယ်​တော်​မူ​ပြီ။ အ​မျက်​တော်​သင့်​ရောက်​သော​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ငါ့​ရှေ့​မှာ ဆိုး​သော​အ​မှု​ကို ပြု​ကြ​ပြီ။ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော အိမ်​တော်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 31,
      "text": "ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော်​လည်း၊ သူ​တို့​သား​သ​မီး​များ​ကို မီး​ရှို့​ခြင်း​ငှာ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော တော​ဖက်​ကုန်း​တို့​ကို တည်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 32,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ချိုင့်​ကို​တော​ဖက်​ချိုင့်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏​ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တော​ဘက်၌ မြေ​လွတ်​မ​ရှိ​သည်​တိုင်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 33,
      "text": "ဤ​လူ​မျိုး​အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။"
    },
    {
      "book": 24,
      "chapter": 7,
      "verse": 34,
      "text": "ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌ ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင်​သ​တို့​သား​အသံ​နှင့် မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ​ကို ငါ​စဲ​စေ​မည်။ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​လိမ့်​မည် ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ ယု​ဒ​ရှင်​ဘု​ရင်​တို့၏​အ​ရိုး၊ မှူး​မတ်​တို့၏​အ​ရိုး၊ ယဇ်​ပု​ရော​ဟိတ်​တို့၏​အ​ရိုး၊ ပ​ရော​ဖက်​တို့၏​အ​ရိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​အ​ရိုး​များ​ကို သင်္ချိုင်း​တွင်း​များ​အ​ထဲ​က ထုတ်​ပစ်၍၊"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 2,
      "text": "ထို​သူ​တို့​သည် ကြည်​ညို​ရာ၊ အ​မှု​ဆောင်​ရာ၊ လိုက်​သွား​ရာ၊ ရှာ​ဖွေ​ရာ၊ ကိုး​ကွယ်​ရာ​ဖြစ်​သော နေ၊ လ၊ ကောင်း​ကင်​တန်​ဆာ​ရှေ့​မှာ လှန်​ထား​ကြ​လိမ့်​မည်။ ထို​အ​ရိုး​တို့​ကို​မ​စု​မ​ပုံ၊ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 3,
      "text": "ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 4,
      "text": "တစ်​ဖန် သင်​သည် သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ လဲ​သော​သူ​သည် နောက်​တစ်​ဖန်​မ​ထ​ရ​သ​လော။ လွဲ​သွား​သော​သူ​သည် နောက်​တစ်​ဖန် ပြန်၍​မ​လာ​ရ​သ​လော။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 5,
      "text": "ဤ​လူ​မျိုး​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဖောက်​ပြန်​ခြင်း​အား​ဖြင့် အ​ဘယ်​ကြောင့် ဖောက်​ပြန်​ကြ​သ​နည်း။ မု​သား​ကို စွဲ​လမ်း​ကြ၏။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ခိုင်​မာ​စွာ​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 6,
      "text": "ငါ စေ့​စေ့​နား​ထောင်​သော​အ​ခါ၊ သူ​တို့​သည် ဖြောင့်​မတ်​စွာ​မ​ပြော​ကြ။ ငါ​သည် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု ကိုယ်​အ​ပြစ်​ကို မြင်၍ အ​ဘယ်​သူ​မျှ နောင်​တ​မ​ရ။ စစ်​တိုက်​ခြင်း​ငှာ မြင်း​ပြေး​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် လမ်း​လွှဲ၍ တစ်​ဟုန်​တည်း​ပြေး​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 7,
      "text": "မိုး​ကောင်း​ကင်၌ ကျင်​လည်​သော တော​ငန်း​သော်​လည်း၊ မိ​မိ​အ​ချိန်​ကို သိ​တတ်၏။ ဥ​ချိုး၊ တီ​တီ​တွတ်၊ ဇ​ရက်​သော်​လည်း၊ မိ​မိ​ပြန်​လာ​ချိန်​ကို မှတ်​တတ်၏။ ငါ၏​လူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို နား​မ​လည်​တတ်။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 8,
      "text": "ငါ​တို့​သည် ပ​ညာ​ရှိ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည် ငါ​တို့၌​ရှိ၏​ဟု သင်​တို့​သည် အ​ဘယ်​သို့ ဆို​ရ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် စာ​ရေး​တို့၏ မု​သား​မင်​တံ​သည် မု​သား​တ​ရား​ကို လုပ်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 9,
      "text": "ပ​ညာ​ရှိ​တို့​သည် အ​ရှက်​ကွဲ​ကြ၏။ ထိတ်​လန့်၍ ကျော့​ကွင်း​ထဲ​သို့ ဝင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ​ပြီ။ သူ​တို့၌ ပ​ညာ​မည်​မျှ​ရှိ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 10,
      "text": "ထို​အ​ကြောင်း​ကြောင့်၊ သူ​တို့​မ​ယား​များ​ကို သူ​တစ်​ပါး​တို့၌​ငါ​အပ်​မည်။ သူ​တို့​လယ်​ယာ​များ​ကို သူ​တစ်​ပါး​တို့​အား အ​ပိုင်​ပေး​မည်။ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော​စီး​ပွား​ကို ရှာ​ကြ၏။ ပ​ရော​ဖက်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ် ရှိ​သ​မျှ​တို့​သည် မု​သား​ကို​သုံး​ကြ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 11,
      "text": "ချမ်း​သာ​မ​ရှိ​သော​အ​ခါ ချမ်း​သာ၊ ချမ်း​သာ​ဟု​ပြော​ဆို​လျက်၊ ငါ၏​လူ​မျိုး သ​တို့​သ​မီး​အ​နာ​ကို ပေါ့​လျော့​စွာ​ကု​ကြ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 12,
      "text": "သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 13,
      "text": "သူ​တို့​ကို ငါ​ရှင်း​ရှင်း ဖျက်​ဆီး​မည်။ စ​ပျစ်​နွယ်​ပင်၌ စ​ပျစ်​သီး​မ​ရှိ​ရ။ သင်္ဘော​သ​ဖန်း​ပင်၌ သင်္ဘော​သ​ဖန်း​သီး​မ​ရှိ​ရ။ အ​ရွက်​လည်း ညှိုး​နွမ်း​ရ​မည်​အ​ကြောင်း၊ လွှမ်း​မိုး​သော​သူ​တို့​ကို ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 14,
      "text": "ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 15,
      "text": "ငါ​တို့​သည် ချမ်း​သာ​ကို​မျှော်​လင့်​သော်​လည်း၊ ကောင်း​သော​အ​ရာ မ​ပေါ်​လာ။ သက်​သာ​ချိန်​ကို မျှော်​လင့်​သော်​လည်း၊ ဘေး​သက်​သက်​ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 16,
      "text": "သူ့​မြင်း​နှာ​ခေါင်း​ရှူ​သံ​ကို ဒန်​ပြည်​က​ကြား​ရ၏။ သူ့​မြင်း​ရဲ​ဟီ​သံ​ကို​ကြား၍ တစ်​ပြည်​လုံး တုန်​လှုပ်​လေ၏။ သူ​တို့​သည် ရောက်​လာ၍၊ ပြည်​နှင့်​တ​ကွ ပြည်၌​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့်​တ​ကွ မြို့​သား​တို့​ကို​လည်း​ကောင်း စား၍​မျို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 17,
      "text": "ကြည့်​ရှု​လော့။ မန်း​မှုတ်၍ မ​နိုင်​သော​မြွေ၊ ဆိုး​သော​မြွေ​များ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 18,
      "text": "ငါ​ဝမ်း​နည်း​ခြင်း​ပျောက်​မည်​အ​ကြောင်း အ​ဘယ်​သို့​နည်း။ ငါ​သည် စိတ်​ပျက်​လျက်​နေ​ရ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 19,
      "text": "ငါ၏​လူ​မျိုး သ​တို့​သ​မီး​အော်​ဟစ်​သံ​ကို ဝေး​သော​ပြည်​က ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့၌ ရှိ​တော်​မ​မူ​သ​လော။ မိ​မိ​ရှင်​ဘု​ရင်​သည် မြို့​ထဲ၌ ရှိ​တော်​မ​မူ​သ​လော။ တစ်​ကျွန်း​တစ်​နိုင်​ငံ​နှ​င့်​ဆိုင်​သော အ​ချည်း​နှီး​အ​ရာ၊ ရုပ်​တု​ဆင်း​တု​အား​ဖြ​င့် သူ​တို့​သည် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ဘယ်​ကြော​င့် ပြု​ကြ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 20,
      "text": "အ​သီး​အ​နှံ သိမ်း​ရာ​ကာ​လ​လွန်​ပြီ။ နွေ​ကာ​လ​ကုန်​ပြီ။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့ မ​ရောက်​ကြ။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 21,
      "text": "ငါ၏​လူ​မျိုး သ​တို့​သ​မီး​သည်​နာ​သော​ကြောင့်၊ ငါ​လည်း​နာ​ရ၏။ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။"
    },
    {
      "book": 24,
      "chapter": 8,
      "verse": 22,
      "text": "ဂိ​လဒ်​ပြည်၌ ဗာ​လ​ဇံ​ပင်​အ​စေး​မ​ရှိ​သ​လော။ ထို​ပြည်၌ ဆေး​သ​မား​မ​ရှိ​သ​လော။ ရှိ​လျက်​ပင် ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​ဘယ်​ကြောင့် အ​နာ​မှ မ​ထ​မြောက်​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 1,
      "text": "ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 2,
      "text": "ငါ​သည် ငါ၏​လူ​မျိုး​ကို​စွန့်၍ ထွက်​သွား​နိုင်​အောင် တော၌ တဲ​စ​ခန်း​ရှိ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ သ​စ္စာ​ပျက်​သော အ​စည်း​အ​ဝေး​ဖြစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 3,
      "text": "သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 4,
      "text": "လူ​တိုင်း မိ​မိ​အ​ပေါင်း​အ​ဖော်​ကို သ​တိ​ပြု​လော့။ မိ​မိ​ညီ​အစ်​ကို​ကို မ​ယုံ​ကြ​နှင့်။ ညီ​အစ်​ကို​တိုင်း မိ​မိ​ညီ​အစ်​ကို​အ​ရာ​ကို ဆက်​ဆက်​လု​ယူ​မည်။ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် သူ့​အ​သ​ရေ​ကို ဖျက်​မြဲ​ဖျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 5,
      "text": "အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လှည့်​စား​ကြ​လိမ့်​မည်။ သ​စ္စာ​စ​ကား​ကို မ​ပြော​ဘဲ မု​သား​စ​ကား​ကို ပြော​ခြင်း​ငှာ မိ​မိ​တို့​လျှာ​ကို သွန်​သင်​ကြ​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​အား​ဖြင့် ကိုယ်​ကို​ကိုယ် ပင်​ပန်း​စေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 6,
      "text": "သင်၏​နေ​ရာ​သည် မု​သား​အ​ရပ်​၌​ရှိ၏။ အ​ရပ်​သား​တို့​သည် မု​သား​ကြောင့် ငါ့​ကို​မ​သိ​လို​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 7,
      "text": "သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သူ​တို့​ကို​အ​ရည်​ကျို၍​စုံ​စမ်း​မည်။ သို့​မ​ဟုတ်၊ ငါ၏​လူ​မျိုး​သ​တို့​သ​မီး၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 8,
      "text": "သူ​တို့​လျှာ​သည် သေ​စေ​တတ်​သော​မြား ဖြစ်၏။ ပ​ရိ​ယာယ်​စ​ကား​ကို ပြော​တတ်၏။ အ​ပေါင်း​အ​ဖော်​ချင်း​တို့​သည် နှုတ်​ဖြင့် လော​က​ဝတ်​စ​ကား​ကို​ပြော၍၊ နှ​လုံး​ဖြင့် ချောင်း​မြောင်း​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 9,
      "text": "ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ မ​ပြေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 10,
      "text": "တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 11,
      "text": "ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း ဖြစ်​စေ​မည်။ ယု​ဒ​မြို့​ရွာ​တို့​ကို​လည်း၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 12,
      "text": "ဤ​အ​မှု​ကို နား​လည်​နိုင်​သော ပ​ညာ​ရှိ​ကား၊ အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​ကို​ခံ၍၊ ဤ​အ​မှု၏​အ​ကြောင်း​ကို ပြော​နိုင်​သော​သူ​ကား၊ အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​နိုင်​အောင်၊ တစ်​ပြည်​လုံး​သည် တော​ကဲ့​သို့​မီး​လောင်၍၊ အ​ဘယ်​ကြောင့် ပျက်​စီး​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ သူ​တို့၌ ငါ​ပေး​သော​တ​ရား​ကို မ​ကျင့်​မ​စောင့်​ဘဲ စွန့်​ပစ်၍၊"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 14,
      "text": "မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သို့​လည်း​ကောင်း၊ မိ​ရိုး​ဖ​လာ​အ​တိုင်း ဗာ​လ​ဘု​ရား​တို့ နောက်​သို့​လည်း​ကောင်း လိုက်​ကြ​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​မည်။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 16,
      "text": "သူ​တို့​မ​သိ၊ ဘိုး​ဘေး​မ​သိ​ဖူး​သော​လူ​မျိုး​တို့​တွင် အ​ရပ်​ရပ်၌​ကွဲ​ပြား​စေ​မည်။ ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ သူ​တို့​နောက်​သို့ ဓား​ဘေး​ကို စေ​လွှတ်​မည်။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 17,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆင်​ခြင်​ကြ​လော့၊ ငို​ခြင်း​သည်​မ​တို့​ကို ခေါ်၍​လာ​ကြ​စေ။ လိ​မ္မာ​သော​မိန်း​မ​တို့​ရှိ​ရာ​သို့ စေ​လွှတ်၍ လာ​ကြ​စေ။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 18,
      "text": "ငါ​တို့​သည် မျက်​ရည်​ကျ၍၊ မျက်​ခမ်း​ထဲ​က​တွေ​တွေ စီး​ထွက်​စေ​ခြင်း​ငှာ၊ ထို​မိန်း​မ​တို့​သည် အ​လျင်​အ​မြန်​ပြု၍၊ ငါ​တို့​အ​တွက် ငို​ကြွေး​ခြင်း​ကို ပြု​ကြ​စေ။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 19,
      "text": "နား​ထောင်​ကြ။ ဇိ​အုန်​မြို့၌​ကြား​ရ​သော ငို​ကြွေး​သံ​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​ဘယ်​မျှ​လောက် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​သည်​တ​ကား။ သူ​တစ်​ပါး​တို့​သည် ငါ​တို့​နေ​ရာ​များ​ကို​ဖြို​ချ​သော​ကြောင့်၊ ငါ​တို့​သည် ကိုယ်​ပြည်​ကို​စွန့်၍ အ​လွန် မိန်း​မော​တွေ​ဝေ​ကြ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 20,
      "text": "အို​မိန်း​မ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်၍၊ နှုတ်​တော်​ထွက်​ကို နာ​ယူ​ကြ​လော့။ သင်​တို့၏​သ​မီး​တို့​အား ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး အ​ပေါင်း​အ​ဖော်​တို့​အား မြည်​တမ်း​ခြင်း​ကို​လည်း​ကောင်း သွန်​သင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 21,
      "text": "သေ​မင်း​သည် ငါ​တို့​ပြတင်း​ပေါက်​သို့​တက်၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​ထဲ​သို့​ဝင်​သ​ဖြင့်၊ သူ​ငယ်​များ​ကို လမ်း​မှ​ပယ်​ရှင်း၍၊ လူ​ပျို​များ​ကို ပွဲ​သ​ဘင်​ထဲ​က ဖျက်​ဆီး​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​သေ​ကောင်​တို့​သည် လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​လည်း​ကောင်း၊ သိမ်း​သူ​မ​ရှိ၊ ရိတ်​သော​သူ​နောက်​မှာ ကျန်​ရစ်​သော​ကောက်​လှိုင်း​ကဲ့​သို့​လည်း​ကောင်း ကျ​နေ​ကြ​လိမ့်​မည်​ဟု ကြား​ပြော​လော့။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 24,
      "text": "ဝါ​ကြွား​သော​သူ မည်​သည်​ကား၊ ငါ​သည် မြေ​ကြီး​ပေါ်​မှာ ချစ်​သ​နား​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​ကို ပြု​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​တည်း​ဟူ​သော၊ ငါ့​သ​ဘော​ကို သိ​နား​လည်​ခြင်း၌​သာ ဝါ​ကြွား​စေ။ ငါ​သည် ထို​အ​ရာ​တို့၌ မွေ့​လျော်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ၊"
    },
    {
      "book": 24,
      "chapter": 9,
      "verse": 26,
      "text": "အဲ​ဂု​တ္တု​လူ၊ ယု​ဒ​လူ၊ ဧ​ဒုံ​လူ၊ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​လူ​မျိုး၊ တော၌​နေ​သော​သူ​အ​ပေါင်း​တို့​ကို ငါ​ဆုံး​မ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​လည်း၊ စိတ်​နှ​လုံး​အား​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 3,
      "text": "လူ​အ​မျိုး​မျိုး​ကျင့်​သော အ​ကျင့်​ဓ​လေ့​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တော၌ သစ်​ပင်​ကို​ခုတ်​လှဲ၍၊ ပု​ဆိန်​နှင့်​လုပ်​တတ်​သော လက်​သ​မား၏ လက်​လုပ်​ရာ​ဖြစ်​သော​အ​ရာ​ကို၊"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 4,
      "text": "ရွှေ​ငွေ​နှင့် လှ​ပ​စွာ ချယ်​လှယ်​ပြီး​လျှင်၊ မ​လှုပ်​ရှား​စေ​ခြင်း​ငှာ သံ​ချွန်​ကို တူ​နှင့်​ရိုက်​ထား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 5,
      "text": "သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့ ခိုင်​မာ၍ စ​ကား​မ​ပြော​တတ်။ မိ​မိ​အ​လို​အ​လျောက်​မ​သွား​နိုင်​သော​ကြောင့်၊ ထမ်း၍​သွား​ရ၏။ ထို​အ​ရာ​တို့​ကို မ​ကြောက်​ကြ​နှင့်။ အ​န္တ​ရာယ်​ကို မ​ပြု​နိုင်။ ကျေး​ဇူး​ကို​လည်း မ​ပြု​နိုင်။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 6,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ​မျှ မ​တူ​ပါ။ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ နာ​မ​တော်​သည်​လည်း၊ တန်​ခိုး​တော်​အား​ဖြင့် ကြီး​မြတ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 7,
      "text": "အို လူ​အ​မျိုး​မျိုး​တို့၏ ဘု​ရင်၊ ကိုယ်​တော်​ကို ကြောက်​သင့်​သည် ဖြစ်၍၊ အ​ဘယ်​သူ​သည် မ​ကြောက်​ဘဲ​နေ​ရ​ပါ​မည်​နည်း။ အ​မျိုး​မျိုး​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့၌​လည်း​ကောင်း ကိုယ်​တော်​နှင့် တူ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 8,
      "text": "သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 9,
      "text": "ထု​လုပ်​တတ်​သော​သူ၊ သွန်း​တတ်​သော​သူ၏ လက်​လုပ်​ရာ​ငွေ​ပြား​ကို တာ​ရှု​မြို့​မှ​လည်း​ကောင်း၊ ရွှေ​ကို​လည်း ဥ​ဖတ်​မြို့​မှ​လည်း​ကောင်း ဆောင်​ခဲ့​တတ်၏။ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်​နှင့် ခြုံ​တတ်၏။ လိ​မ္မာ​သော​သူ လုပ်​ရာ​သက်​သက်​ဖြစ်​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မှန်​သော​ဘု​ရား၊ အ​သက်​ရှင်​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ၏။ အ​မျက်​တော်​ထွက်​လျှင် မြေ​ကြီး​တုန်​လှုပ်​ရ၏။ လူ​အ​မျိုး​မျိုး​တို့​သည် အ​မျက်​တော်​ကို​မ​ခံ​နိုင်​ကြ။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 11,
      "text": "သာ​သ​နာ​ပ​လူ​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို မ​ဖန်​ဆင်း​သော​ဘု​ရား​တို့​သည် ဤ​ကောင်း​ကင်​အောက်၊ ဤ​မြေ​ကြီး​ပြင်​မှ ကွယ်​ပျောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​တော်​အား​ဖြင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပြီ။ ပ​ညာ​တော်​အား​ဖြင့် လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ကြက်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 13,
      "text": "အ​သံ​တော်​ကို​လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ​အ​သံ​ဗ​လံ ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း၊ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 14,
      "text": "လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 15,
      "text": "ထို​သို့​သော​အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို​ခံ​ရ​သည်​ကာ​လ၌ ကွယ်​ပျောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 16,
      "text": "ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 17,
      "text": "အို ရဲ​တိုက်၌​နေ​သော​သူ၊ မြေ​ပေါ်​မှာ​ရှိ​သော သင်၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို စု​သိမ်း​လော့။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ပင်​ငါ​သည် လောက်​လွှဲ​စာ​ကို​ပစ်​သ​ကဲ့​သို့၊ ပြည်​သား​များ​ကို လောက်​လွှဲ​ထဲ​က​ပစ်၍၊ ရန်​သူ​တို့​လက်​သို့ ရောက်​စေ​ခြင်း​ငှာ ညှဉ်း​ဆဲ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 19,
      "text": "ငါ​သည် ချိုး​ဖျက်​ခြင်း​ကို ခံ​ရ​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​နာ​ပြင်း​လှ၏။ သို့​သော်​လည်း၊ ငါ​တွေ့​သော ဤ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ဆက်​ဆက်​ခံ​ရ​မည်​ဟု ငါ​ဆို၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 20,
      "text": "ငါ့​တဲ​လည်း​ပျက်၏။ ငါ့​ကြိုး​ရှိ​သ​မျှ​တို့​လည်း ပြတ်​ကြ၏။ ငါ့​သား​တို့​လည်း ငါ့​ထံ​မှ​ထွက်​သွား၍ ပျောက်​ကြ၏။ နောက်​တစ်​ဖန် ငါ့​တဲ​ကို ဆောက်​ရ​သော​သူ၊ ငါ့​ကု​လား​ကာ​တို့​ကို ဆွဲ​ကာ​ရ​သော​သူ မ​ရှိ။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ သိုး​ထိန်း​တို့​သည် တိ​ရ​စ္ဆာန်​သ​ဘော​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​မ​ရှာ​ဖွေ​သော​ကြောင့် အ​ကြံ​မ​မြောက်​ရ​ကြ။ သိုး​စု​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 22,
      "text": "အ​သံ​ကို ကြား​ရ၏။ အ​နီး​သို့​လာ၏။ ယု​ဒ​မြို့​တို့​ကို ဖျက်​ဆီး၍၊ မြေ​ခွေး​နေ​ရာ​တွင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ကြီး​သော အ​သံ​ဗ​လံ​သည် မြောက်​မျက်​နှာ​က​လာ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 23,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို အ​စိုး​မ​ရ။ သွား​စဉ်​အ​ခါ မိ​မိ​ခြေ​ရာ​တို့​ကို မ​စီ​ရင်​တတ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 24,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ဆုံး​မ​တော်​မူ​လျှင်၊ အ​ကျိုး​နည်း​စေ​ခြင်း​ငှာ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တ​ရား​တော်​အ​တိုင်း​သာ ဆုံး​မ​တော်​မူ​ပါ။"
    },
    {
      "book": 24,
      "chapter": 10,
      "verse": 25,
      "text": "ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 1,
      "text": "ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 2,
      "text": "သင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ ယ​နေ့ ဖြစ်​သည်​နှင့်​အ​ညီ၊ နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ကို​ငါ​ပေး​မည်​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ၌ ငါ​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍၊ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​ဖြစ်​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်၍၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း ကျင့်​ကြ​လော့​ဟု၊ သံ​မီး​ဖို​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့၏​ဘိုး​ဘေး​များ​ကို နုတ်​ဆောင်​သော​အ​ခါ သူ​တို့၌ ငါ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟု မိန့်​တော်​မူ​လျှင်၊ ငါ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ အာ​မင်​ဟု လျှောက်​၏။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယု​ဒ​မြို့​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​လမ်း​များ​တို့၌ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်၍ ကျင့်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​က ငါ​နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 8,
      "text": "သူ​တို့​သည် နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ ဆိုး​ညစ်​သော မိ​မိ​တို့​စိတ်​နှ​လုံး​ခိုင်​မာ​ခြင်း​ရှိ​သည်​အ​တိုင်း၊ တစ်​ယောက်​မျှ​မ​ကြွင်း၊ လိုက်​သွား​ကြ​သော​ကြောင့်၊ ငါ​မှာ​ထား၍၊ သူ​တို့​မ​ကျင့်​သော ဤ​ပ​ဋိ​ညာဉ်​စ​ကား​အ​လုံး​စုံ​တို့​ကို၊ သူ​တို့​အ​ပေါ်၌ ငါ​သက်​ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 9,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သင်း​ဖွဲ့​ကြ၏။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 10,
      "text": "ငါ့​စ​ကား​ကို ငြင်း​ပယ်​သော ဘိုး​ဘေး​တို့၏ ဒု​စ​ရိုက်​များ​ကို ပြု​အံ့​သော​ငှာ​ပြန်​သွား​ကြ​ပြီ။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​အံ့​သော​ငှာ လိုက်​သွား​ကြ​ပြီ။ သူ​တို့၏​ဘိုး​ဘေး​များ​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဖျက်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 11,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​မ​လွတ်​နိုင်​သော ဘေး​အ​န္တ​ရာယ်​ကို သူ​တို့​အ​ပေါ်၌ ငါ​သက်​ရောက်​စေ​မည်။ သူ​တို့​သည် ငါ့​ကို​အော်​ဟစ်​သော်​လည်း၊ ငါ​နား​မ​ထောင်​ဘဲ​နေ​မည်။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 12,
      "text": "ထို​အ​ခါ ယု​ဒ​မြို့​သူ​ရွာ​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ ပူ​ဇော်​ဖူး​သော ဘု​ရား​များ​ထံ​သို့​သွား၍ အော်​ဟစ်​သော်​လည်း၊ ဘေး​ရောက်​ရာ​ကာ​လ၌ ထို​ဘု​ရား​တို့​သည် အ​လျှင်း​ချမ်း​သာ​မ​ပေး​ဘဲ​နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 13,
      "text": "အို ယု​ဒ​ပြည်၊ သင်​သည် မြို့​များ​အ​ရေ​အ​တွက်​ရှိ​သည်​အ​တိုင်း၊ သင်၏​ဘု​ရား​များ​ရှိ​ပါ​သည်​တ​ကား။ ယေ​ရု​ရှ​လင်​မြို့​လမ်း​များ အ​ရေ​အ​တွက် ရှိ​သည်​အ​တိုင်း၊ ရှက်​ဖွယ်​သော​ရုပ်​တု​အ​ဖို့ ယဇ်​ပ​လ္လင်​များ၊ ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ရှို့​ရာ ယဇ်​ပ​လ္လင်​များ​ကို တည်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 14,
      "text": "သို့​ဖြစ်၍ သင်​သည် ဤ​လူ​မျိုး​အ​ဖို့ ပ​တ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​ဖို့ အော်​ဟစ်​ခြင်း၊ ဆု​တောင်း​ခြင်း​ကို မ​ပြု​နှင့်။ ဘေး​ရောက်​သည်​ကာ​လ၊ သူ​တို့ အော်​ဟစ်​သော​စ​ကား​ကို ငါ​နား​မ​ထောင်။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 15,
      "text": "ငါ​ချစ်​သော​အစ်​မ​သည် များ​စွာ​သော​သူ​တို့​နှင့် မ​တ​ရား​သ​ဖြင့် ပေါင်း​ဖော်၍၊ ဆိုး​ညစ်​စဉ်​တွင်၊ ငါ့​အိမ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ သင်​သည် သန့်​ရှင်း​သော​အ​မဲ​သား​ကို မ​ပူ​ဇော်​ရ။ ဒု​စ​ရိုက်​ကို ပြု​စဉ်​တွင်​ပင်၊ ဝမ်း​မြောက်​ပါ​သည်​တ​ကား၊"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 16,
      "text": "စိမ်း​လန်း​လှ​ပ၍ ကောင်း​သော​အ​သီး​ကို သီး​သော​သံ​လွင်​ပင်​ဟု၊ သင့်​ကို ထာ​ဝ​ရ​ဘု​ရား သ​မုတ်​တော်​မူ​၏။ ကြီး​သော​အ​သံ​ဗ​လံ​နှင့် ထို​အ​ပင်​ကို မီး​ရှို့​တော်​မူ၍၊ အ​ခက်​အ​လက်​တို့​သည် ကျွမ်း​လောင်​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ မိ​မိ​တို့​အ​ဖို့ မ​ကောင်း​သော​အ​မှု​ကို ပြု​သော​ကြောင့်၊ သင့်​ကို​စိုက်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌ အ​မှု​ရောက်​မည်​အ​ကြောင်း မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့် ငါ​သိ​ရ၏။ သူ​တို့​ပြု​သော အ​မှု​များ​ကို ကိုယ်​တော်​သည် ပြ​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 19,
      "text": "အ​သေ​သတ်​ခြင်း​ငှာ​ဆောင်​သွား​သော သိုး​သ​ငယ်​ယဉ်​ကဲ့​သို့ ငါ​ဖြစ်၏။ သူ​တို့​က၊ သူ၏​နာ​မ​ကို ရှင်း​ရှင်း​ပျောက်​စေ​ခြင်း​ငှာ၊ အ​သီး​အ​ကင်း​နှင့်​တ​ကွ အ​ပင်​ကို​ရှင်း​ရှင်း​ဖျက်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​မှ သူ့​ကို ပယ်​ဖြတ်​ကြ​ကုန်​အံ့​ဟု၊ ငါ့​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​နှင့် ကြံ​စည်​ကြောင်း​ကို ငါ​မ​သိ။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 20,
      "text": "နှ​လုံး​ကျောက်​ကပ်​ကို​စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​လို​ပါ၏။ အ​ကျွန်ုပ်​အ​မှု​ကို ကိုယ်​တော်​အား ကြား​လျှောက်​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​န​သုတ်​မြို့​သား​တို့​က၊ သင်​သည် ငါ​တို့​လက်​ဖြင့် မ​သေ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​မ​ပြု​နှင့်​ဟု​ဆို​လျက်၊ သင်၏​အ​သက်​ကို​ရှာ​ကြ​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 22,
      "text": "ငါ​သည်​သူ​တို့​ကို စစ်​ကြော​သ​ဖြင့်၊ လူ​ပျို​တို့​သည် ဓား​ဖြင့်​သေ​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​သည်​ငတ်​မွတ်၍ သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 11,
      "verse": 23,
      "text": "တစ်​စုံ​တစ်​ယောက်​မျှ မ​ကြွင်း​ရ။ ထို​သို့ စစ်​ကြော​ရာ​ကာ​လ​တည်း​ဟူ​သော ဘေး​ဥ​ပဒ်​ကို အာ​န​သုတ်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 1,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 2,
      "text": "ကိုယ်​တော်​သည် သူ​တို့​ကို စိုက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​မြစ်​ကျ၍​ကြီး​ပွား​လျက် အ​သီး​ကို သီး​ကြ​ပါ၏။ ကိုယ်​တော်​သည် သူ​တို့​နှုတ်​နှင့် နီး၍ နှ​လုံး​နှင့် ဝေး​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 3,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သိ​မြင်​တော်​မူ၏။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် သ​ဘော​တူ​ကြောင်း​ကို စစ်​ကြော​တော်​မူ​ပြီ။ သိုး​တို့​ကို ထုတ်​သ​ကဲ့​သို့၊ ထို​မ​တ​ရား​သော​သူ​တို့​ကို အ​သေ​သတ်​ခြင်း​ငှာ ဆွဲ​ထုတ်​တော်​မူ​ပါ။ သတ်​ရ​သော​နေ့​အ​ဖို့ ပြင်​ဆင်​တော်​မူ​ပါ။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 4,
      "text": "ပြည်​သား​များ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ပြည်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မြည်​တမ်း​ရ​ပါ​အံ့​နည်း။ အ​ရပ်​ရပ်​တို့၌​ရှိ​သော မြက်​ပင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ညှိုး​နွမ်း​ရ​ပါ​အံ့​နည်း။ ငါ​တို့​ခံ​ရ​သော​အ​ကျိုး​အ​ပြစ် ကို ဘု​ရား​သ​ခင် မ​သိ​မ​မြင်​ဟု ပြည်​သား​များ ဆို​သော​ကြောင့်၊ သား​များ​နှင့် ငှက်​များ​တို့​သည် ပျောက်​ပျက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 5,
      "text": "သင်​သည် ခြေ​သည်​တို့​နှင့် ပြိုင်​ပြေး၍​မော​လျှင် မြင်း​တို့​နှင့် အ​ဘယ်​သို့​ပြိုင်​နိုင်​မည်​နည်း။ စိုး​ရိမ်​ခြင်း​မ​ရှိ၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ပြည်၌ မော​လျှင်၊ ယော်​ဒန်​မြစ်၏​ဂုဏ်​အ​သ​ရေ​ထဲ​မှာ အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 6,
      "text": "သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 7,
      "text": "ငါ​သည် ကိုယ်​အိမ်​ကို​စွန့်၍၊ ကိုယ်​အ​မွေ​ကို​ပစ်​ထား​ပြီ။ ငါ​အ​လွန်​ချစ်​သော​အစ်​မ​ကို သူ၏​ရန်​သူ​လက်​သို့ အပ်​နှံ​ပြီ။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 8,
      "text": "ငါ့​အ​မွေ​သည် တော၌​တွေ့​သော​ခြင်္သေ့​ကဲ့​သို့ ငါ့​အား​ဖြစ်၍၊ ငါ့​ကို​ဟောက်​သော​ကြောင့် ငါ​မုန်း​လေ၏။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 9,
      "text": "ငါ့​အ​မွေ​သည် ဇ​ဘော​သား​ရဲ​ကဲ့​သို့ ငါ့​အား​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော သား​ရဲ​တို့​သည် တိုက်​ကြ၏။ လာ​ကြ။ တော​သား​ရဲ​အ​ပေါင်း​တို့၊ စည်း​ဝေး​ကြ။ ကိုက်​စား​ခြင်း​ငှာ လာ​ကြ​စေ။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 10,
      "text": "များ​စွာ​သော သိုး​ထိန်း​တို့​သည် ငါ့​စ​ပျစ်​ဥ​ယျာဉ်​ကို ဖျက်​ဆီး​ကြ​ပြီ။ ငါ​ရ​ထိုက်​သော​အ​ဖို့​ကို ကျော်​နင်း​ကြ​ပြီ။ ငါ​ရ​ထိုက်​သော နှစ်​သက်​ရာ​အ​ဖို့​ကို လူ​ဆိတ်​ညံ​ရာ​တော​ဖြစ်​စေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 11,
      "text": "သုတ်​သင်​ပယ်​ရှင်း​သော​ကြောင့်၊ လူ​ဆိတ်​ညံ​လျက်​ရှိ၍၊ ငါ့​အား​ညည်း​တွား​လေ၏။ တစ်​ပြည်​လုံး​ပျက်​စီး​သော်​လည်း၊ အ​ဘယ်​သူ​မျှ ပ​မာ​ဏ​မ​ပြု​တတ်။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 12,
      "text": "တော၌ မြင့်​သော​အ​ရပ် အ​လုံး​စုံ​တို့​အ​ပေါ်​မှာ လု​ယက်​သော​သူ​တို့​သည် တက်​ကြ​ပြီ။ အ​ကယ်​စင်​စစ် ပြည်​စွန်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် ဖျက်​ဆီး​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​ချမ်း​သာ​မ​ရ။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 13,
      "text": "သူ​တို့​သည် ဂျုံ​စ​ပါး​မျိုး​စေ့​ကို ကြဲ၍ ဆူး​ပင်​ကို​သာ ရိတ်​ရ​ကြ၏။ ပင်​ပန်း​စွာ​ကြိုး​စား​သော်​လည်း ကျေး​ဇူး​မ​ရှိ​ကြ။ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​အ​ရှိန်​ကြောင့်၊ မိ​မိ​တို့​ခံ​ရ​သော​အ​ကျိုး​ကို ထောက်၍ ရှက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ပေး​သ​နား၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ပိုင်​ထိုက်​သော​အ​မွေ​ကို ထိ​ခိုက်​သော၊ ငါ၏​အိမ်​နီး​ချင်း​ဆိုး​အ​ပေါင်း​တို့​ကို၊ သူ​တို့​ပြည်​ထဲ​က ငါ​နုတ်​မည်။ သူ​တို့​အ​ထဲ​က​လည်း ယု​ဒ​အ​မျိုး​ကို ငါ​နုတ်​မည်။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 15,
      "text": "နုတ်​ပြီး​မှ တစ်​ဖန်​ငါ​သ​နား၍၊ အ​သီး​အ​သီး​တို့​ကို မိ​မိ​တို့ ပိုင်​ထိုက်​သော​မြေ၊ မိ​မိ​တို့​နေ​ရင်း​ပြည်​သို့ ငါ​ပြန်​ပို့​မည်။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 16,
      "text": "ဗာ​လ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​စေ​ခြင်း​ငှာ၊ သူ​တို့​သည် ငါ၏​လူ​မျိုး​ကို သွန်​သင်​ဖူး​သည်​နည်း​တူ၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု၊ ငါ၏​နာ​မ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ငှာ၊ ငါ့​လူ​မျိုး၏ ဘာ​သာ​ဓ​လေ့​ကို ကြိုး​စား၍​သင်​လျှင်၊ ငါ၏​လူ​မျိုး​အ​ထဲ၌ သူ​တို့​ကို ငါ​တည်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 12,
      "verse": 17,
      "text": "သို့​မ​ဟုတ်၊ နား​မ​ထောင်​ဘဲ​နေ​လျှင်၊ နား​မ​ထောင်​သော လူ​မျိုး​ကို ငါ​သည် ရှင်း​ရှင်း​နုတ်​ပယ်​ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ချည်​ခါး​ပန်း​ကို​သွား၍​ယူ​ပြီး​လျှင် ခါး၌​စည်း​လော့။ ရေ​နှင့်​မ​လျှော်​ရ​ဟု ငါ့​အား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​တိုင်း၊"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 2,
      "text": "ငါ​သည် ခါး​ပန်း​ကို​ယူ၍ ခါး၌​စည်း​လေ၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်​လျှင်၊"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 4,
      "text": "သင်​သည် ခါး၌​စည်း​သော ခါး​ပန်း​ကို​ယူ​ပြီး​လျှင်၊ ဥ​ဖ​ရတ်​မြစ်​သို့​ထ​သွား၍၊ ကျောက်​တွင်း၌ ဝှက်​ထား​လော့​ဟု၊"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 5,
      "text": "မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​သွား၍ ဥ​ဖ​ရတ်​မြစ်​နား​မှာ ဝှက်​ထား၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 6,
      "text": "ထို​နောက်၊ ကာ​လ​အင်​တန်​ကြာ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ထ၍ ဥ​ဖ​ရတ်​မြစ်​သို့ သွား​လော့။ ထို​မြစ်​နား​မှာ ငါ့​အ​မိန့်​တော်​နှင့် ဝှက်​ထား​ခဲ့​ပြီး​သော ခါး​ပန်း​ကို​ထုတ်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 7,
      "text": "ငါ​သည်​လည်း ဥ​ဖ​ရတ်​မြစ်​နား​သို့ သွား​ပြီး​လျှင်၊ ဝှက်​ထား​ရာ​အ​ရပ်၌ တူး၍ ခါး​ပန်း​ကို ထုတ်​သော​အ​ခါ၊ ခါး​ပန်း​သည် ဆွေး​မြေ့၍ အ​သုံး​မ​ရ​ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 9,
      "text": "ထို​နည်း​တူ၊ ယု​ဒ​ပြည်၏​ထောင်​လွှား​ခြင်း​ကို ငါ​ရှုတ်​ချ​မည်။ ယေ​ရု​ရှ​လင်​မြို့၏​ထောင်​လွှား​ခြင်း​ကို အ​လွန်​ရှုတ်​ချ​မည်။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 10,
      "text": "ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​စိတ်​နှ​လုံး ခိုင်​မာ​သော​သ​ဘော​အ​တိုင်း​ကျင့်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ငှာ လိုက်​သွား​သော ဤ​လူ​ဆိုး​မျိုး​သည်၊ အ​သုံး​မ​ရ​သော ဤ​ခါး​ပန်း​ကဲ့​သို့​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 11,
      "text": "ခါး​ပန်း​သည် လူ၏​ခါး၌​မှီ​ဝဲ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ပေါင်း​တို့​သည် ငါ၏​လူ​မျိုး၊ ဘွဲ့​နာ​မ၊ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၌​မှီ​ဝဲ​စေ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 12,
      "text": "တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် သူ​တို့​အား​ပြော​လော့။ သူ​တို့​က​လည်း၊ သား​ရေ​ဘူး​ရှိ​သ​မျှ​တို့​သည် စ​ပျစ်​ရည်​နှင့် ပြည့်​ကြ​လိမ့်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​မ​သိ​သ​လော​ဟု ပြန်​ပြော​ကြ​လျှင်၊"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 13,
      "text": "သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ယစ်​မူး​ခြင်း​နှင့် ငါ​ပြည့်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 14,
      "text": "ညီ​အစ်​ကို​ချင်း၊ သား​အ​ဘ​ချင်း​တို့​ကို ငါ​ထိ​ခိုက်​စေ​မည်။ ငါ​သည် က​ရု​ဏာ​မ​ရှိ၊ မ​နှ​မြော၊ မ​ကယ်​မ​ဘဲ၊ ထို​သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 15,
      "text": "သင်​တို့​သည် နား​ထောင်​နာ​ယူ​ကြ​လော့။ ထောင်​လွှား​သော​စိတ်​မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 16,
      "text": "မိုး​မ​ချုပ်​မီ၊ မိုက်​သော​တောင်​ပေါ်​မှာ သင်​တို့​သည် ထိ​ခိုက်၍​မ​လဲ​မီ၊ အ​လင်း​ကို​မျှော်​လင့်​သော​အ​ခါ၊ သေ​မင်း​အ​ရိပ်၊ ထူ​ထပ်​သော မှောင်​မိုက်​ကို ဖြစ်​စေ​တော်​မ​မူ​မီ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 17,
      "text": "သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်​မူ​ကား၊ သင်​တို့​မာ​န​ကြောင့်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား၏​သိုး​စု​ကို သိမ်း​သွား​သော​ကြောင့်၊ ငါ့​မျက်​စိ​လည်း အ​လွန်​ငို၍ မျက်​ရည်​ကျ​မည်။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 18,
      "text": "ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 19,
      "text": "တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 20,
      "text": "မြောက်​မျက်​နှာ​က​လာ​သော သူ​တို့​ကို​မျှော်၍​ကြည့်​လော့။ သင့်​အား ငါ​ပေး​သော​သိုး​စု၊ လှ​သော​သိုး​စု​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 21,
      "text": "သင်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​သို့ ပြော​လိမ့်​မည်​နည်း။ သူ​တို့​သည် သင့်​ကို အ​စိုး​တ​ရ​ပြု​စေ​ခြင်း​ငှာ၊ သင်​သည် ကိုယ်​တိုင်​အ​ကြံ​ပေး​ပြီ။ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သော ဝေ​ဒ​နာ​ကို သင်​ခံ​ရ​လိမ့်​မည် မ​ဟုတ်​လော။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 22,
      "text": "သင်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​ကြောင့် ဤ​အ​မှု​ရောက်​သ​နည်း​ဟု စိတ်​ထဲ၌ အောက်​မေ့​လျှင်၊ သင်၏​အ​ပြစ်​များ​သော​ကြောင့်၊ သင့်​အ​ဝတ်​ကို ချွတ်​ရ၏။ ခြေ​နင်း​ကို​လည်း​မ​စီး​ရ။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 23,
      "text": "အဲ​သ​ယော​ပိ​လူ​သည် မိ​မိ​အ​ရေ၏​အ​ဆင်း​ကို​လည်း​ကောင်း၊ ကျား​သစ်​သည် မိ​မိ​အ​ကွက်​အ​ကျား​တို့​ကို​လည်း​ကောင်း ပြောင်း​လဲ​နိုင်​သ​လော။ ပြောင်း​လဲ​နိုင်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​လေ့​ရှိ​သော​သူ​တို့​သည်၊ သု​စ​ရိုက်​ကို​ပြု​ခြင်း​ငှာ တတ်​နိုင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 24,
      "text": "ထို​ကြောင့်၊ ဖွဲ​ကို လေ​ပြင်း​တိုက်​လွှင့်​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို ငါ​လွင့်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 25,
      "text": "သင်​သည် ငါ့​ကို​မေ့​လျော့၍၊ မု​သား၌​မှီ​ဝဲ​ဆည်း​ကပ်​သော​ကြောင့်၊ သင့်​အ​ဖို့ ငါ​တိုင်း​ထွာ၍ ပေး​လ​တ္တံ့​သော အ​ငန်း​အ​တာ​ကား ဤ​သို့​တည်း။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 26,
      "text": "ထို​သို့​နှင့်​အ​ညီ သင်​ရှက်​စ​ရာ​အ​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ သင်၏​အ​ဝတ်​ကို ငါ​ဖွင့်​လှစ်၍ ပြ​မည်။"
    },
    {
      "book": 24,
      "chapter": 13,
      "verse": 27,
      "text": "သင်၏ မျောက်​မ​ထား​ခြင်း၊ ဟီ​မြည်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၏ ညစ်​ညူး​ခြင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ လယ်​ပြင်၌​လည်း​ကောင်း​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​တို့​ကို ငါ​သိ​မြင်၏။ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ မ​ရောက်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 1,
      "text": "မိုး​ပြတ်​သော​အ​မှု​ကို​ရည်​မှတ်၍၊ ယေ​ရ​မိ​သို့​ရောက်​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 2,
      "text": "ယု​ဒ​ပြည်​သည်​ညည်း​တွား၏။ မြို့​တံ​ခါး​တို့၌ မြည်​တမ်း​သော အ​သံ​ရှိ၏။ နက်​သော​အ​ဝတ်​ကို မြေ​တိုင်​အောင်​ဝတ်၍၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​ငို​ကြွေး​ခြင်း​အ​သံ​သည် တက်​လေ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 3,
      "text": "မှူး​မတ်​တို့​သည် မိ​မိ​သူ​ငယ်​တို့​ကို ရေ​ခပ်​စေ​လွှတ်၍၊ သူ​ငယ်​တို့​သည် ရေ​ကျင်း​သို့​ရောက်​သော​အ​ခါ၊ ရေ​ကို​မ​တွေ့။ အိုး​သက်​သက်​ကို​သာ​ဆောင်​ခဲ့​လျက် ပြန်​လာ​ကြ၏။ ဦး​ခေါင်း​ကို ခြုံ​လျက် ရှက်​ကြောက်​မှိုင်​တွေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 4,
      "text": "မိုး​ပြတ်၍​မြေ​အက်​ကွဲ​သော​ကြောင့်၊ လယ်​လုပ်​သော သူ​တို့​သည် ဦး​ခေါင်း​ကို​ခြုံ​လျက် ရှက်​ကြောက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 5,
      "text": "သ​မင်​မ​သည် လယ်​ပြင်၌​မွေး​သော​အ​ခါ မြက်​မ​ရှိ​သော​ကြောင့်၊ သား​ငယ်​ကို စွန့်​ပစ်၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 6,
      "text": "မြည်း​ရိုင်း​တို့​သည် မြင့်​သော​အ​ရပ်​ပေါ်​မှာ ရပ်​လျက် မြေ​ခွေး​ကဲ့​သို့ လေ​ကို​ရှူ​ကြ၏။ မြက်​မ​ရှိ​သော​ကြောင့်၊ သူ​တို့​မျက်​စိ​ပျက်​လေ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 7,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​သော်​လည်း၊ နာ​မ​တော်​ကို ထောက်၍ စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကြိမ်​ဖန်​များ​စွာ ဖောက်​ပြန်​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 8,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၏​မျှော်​လင့်​စ​ရာ​အ​ကြောင်း၊ အ​မှု​ရောက်​သော​ကာ​လ ကယ်​တင်​တော်​မူ​သော​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ပြည်၌ ဧည့်​သည်​ကဲ့​သို့​လည်း​ကောင်း၊ တစ်​ည​သာ အိပ်​ခြင်း​ငှာ​ဝင်​သော ခ​ရီး​သွား​ကဲ့​သို့​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ဖြစ်​တော်​မူ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 9,
      "text": "မိန်း​မော​တွေ​ဝေ​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​ငှာ​မ​တတ်​နိုင်​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ဖြစ်​တော်​မူ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​တွင်​ရှိ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည်​နာ​မ​တော်​ဖြင့် သ​မုတ်​သော​သူ​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 10,
      "text": "ဤ​လူ​မျိုး​ကို​ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​တို့​သည် လှည့်​လည်​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​ကြ၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​ကြ။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ။ သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို​အောက်​မေ့၍၊ သူ​တို့​အ​ပြစ်​များ​ကြောင့် စစ်​ကြော​တော်​မူ​မည်။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ဖို့ မေ​တ္တာ​ပို့၍ ဆု​မ​တောင်း​နှင့်။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 12,
      "text": "သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 13,
      "text": "ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ပ​ရော​ဖက်​တို့​က၊ သင်​တို့​သည် ဓား​ဘေး​ကို မ​တွေ့​ရ​ကြ။ မွတ်​သိပ်​ခြင်း​ဘေး​သည် သင်​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ဤ​အ​ရပ်၌ မြဲ​သော​ငြိမ်​သက်​ခြင်း​ကို ငါ​ပေး​မည်​ဟု၊ ဤ​သူ​တို့​အား​ဟော​ပြော​ကြောင်း​ကို ငါ​လျှောက်​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ထို​ပ​ရော​ဖက်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ မု​သား​ကို ဟော​တတ်​ကြ၏။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား၊ ဗျာ​ဒိတ်​မ​ပေး။ သူ​တို့​ဟော​ပြော​ချက်​တို့​သည် မျက်​စိ​ကို​လှည့်​ခြင်း၊ နတ်​ပူး​ခြင်း၊ အ​ချည်း​နှီး​ကြံ​စည်​ခြင်း၊ မိ​မိ​ဉာဏ်​အ​တိုင်း လှည့်​စား​ခြင်း သက်​သက်​ဖြစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​မ​ရှိ​ရ​ဟု၊ ငါ​မ​စေ​လွှတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 16,
      "text": "သူ​တို့၏ တ​ရား​နာ​ပ​ရိ​သတ်​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ မ​ယား သား​သ​မီး​တို့​နှင့်​တ​ကွ မွတ်​သိပ်​ခြင်း​ဘေး၊ ဓား​ဘေး​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​လမ်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ မ​သင်္ဂြိုဟ်​ရ။ သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ငါ​ညွှန်း​လောင်း​မည်။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 17,
      "text": "သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 18,
      "text": "ငါ​သည် မြို့​ပြင်​သို့​သွား​သော​အ​ခါ၊ သတ်​သော​အ​သေ​ကောင်​များ​ကို တွေ့​ရ၏။ မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ငတ်​မွတ်၍ နာ​ကျင်​စွာ​ခံ​ရ​သော​သူ​များ​ကို​လည်း တွေ့​ရ၏။ ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​သိ​ဘဲ အ​ရပ်​ရပ်​လှည့်​လည်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 19,
      "text": "ကိုယ်​တော်​သည် ယု​ဒ​ပြည်​ကို အ​ကုန်​အ​စင်​ပယ်​တော်​မူ​သ​လော။ ဇိ​အုန်​မြို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​လော။ ချမ်း​သာ​မ​ရ​အောင် အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ငြိမ်​သက်​ခြင်း​ကို​မျှော်​လင့်​သော်​လည်း၊ ကောင်း​ကျိုး​ကို မ​ရ​ကြ​ပါ။ ချမ်း​သာ​ကို မျှော်​လင့်​သော်​လည်း၊ ဘေး​နှင့်​သာ​တွေ့​ရ​ကြ​ပါ၏။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 20,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဒု​စ​ရိုက်​များ​နှင့် ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကို ဝန်​ချ​ပါ၏။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 21,
      "text": "ကိုယ်​တော်၏​နာ​မ​ကြောင့်၊ အ​ကျွန်ုပ်​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ​ပါ​နှင့်။ ဘုန်း​တော်​ပ​လ္လင်၏ အ​သ​ရေ​ကို ရှုတ်​ချ​တော်​မ​မူ​ပါ​နှင့်။ အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​ဖွဲ့​သော​ပ​ဋိ​ညာဉ်​တော်​ကို ဖျက်​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 24,
      "chapter": 14,
      "verse": 22,
      "text": "သာ​သ​နာ​ပ​လူ​တို့ ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​တွင်၊ မိုး​ရွာ​စေ​နိုင်​သော​သူ​ရှိ​ပါ​သ​လော။ မိုး​သည် အ​လို​လို ရွာ​နိုင်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ​မည်။ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 2,
      "text": "အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​လျှင်၊ သင်​က​လည်း၊ သေ​တန်​သော​သူ​တို့​သည် သေ​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်​မျက်​တန်​သော သူ​တို့​သည် ကွပ်​မျက်​ခြင်း​သို့​လည်း​ကောင်း၊ ငတ်​မွတ်​တန်​သော​သူ​တို့​သည် ငတ်​မွတ်​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​သည် သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း ထွက်​သွား​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား​ဆင့်​ဆို​လော့။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 3,
      "text": "သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 4,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇက်​သား မ​နာ​ရှေ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌​ပြု​သော​အ​မှု​ကြောင့်၊ ထို​သူ​တို့​ကို မြေ​ကြီး​ပေါ်​မှာ​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက်​ကို​ခံ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 5,
      "text": "အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို အ​ဘယ်​သူ​သ​နား​လိမ့်​မည်​နည်း။ သင်​နှင့်​အ​တူ အ​ဘယ်​သူ ညည်း​တွား​လိမ့်​မည်​နည်း။ သင့်​ကို ကျန်း​မာ၏​လော​ဟု​မေး​အံ့​သော​ငှာ၊ အ​ဘယ်​သူ​လမ်း​လွှဲ​လိမ့်​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ့​ကို​စွန့်​ပစ်၍ ဆုတ်​သွား​ပြီ။ ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ သင့်​ကို​ဖျက်​ဆီး​မည်။ ငါ​သည် နောင်​တ​ရ၍​ငြီး​ငွေ့​ပြီ။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 7,
      "text": "ပြည်​တံ​ခါး​ဝ၌ သူ​တို့​ကို ဆန်​ကော​နှင့်​ငါ​လှေ့​မည်။ သူ​တို့​သား​သ​မီး​များ​ကို ငါ​ရှုံး​စေ​မည်။ ငါ၏​လူ​မျိုး​သည် မိ​မိ​လိုက်​သွား​သော​လမ်း​မှ မ​ပြန်​လာ​သော​ကြောင့်၊ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 8,
      "text": "သူ​တို့​မု​ဆိုး​မ​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့် အ​မျှ​မ​က၊ ငါ့​ရှေ့​မှာ​များ​ပြား​ကြ​လိမ့်​မည်။ မွန်း​တည့်​အ​ချိန်၌ အ​မိ​ကို တိုက်​ဖျက်​သော လု​လင်​ကို​ငါ​ခေါ်​ခဲ့၍၊ ကြောက်​မက်​ဖွယ်​သော​လုပ်​ကြံ​ခြင်း​ကို ချက်​ချင်း​ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 9,
      "text": "သား​ခု​နစ်​ယောက်​ကို ဖွား​မြင်​သော​မိန်း​မ​သည် အား​လျော့၍ အ​သက်​ချုပ်​လေ၏။ ည​အ​ချိန်​မ​ရောက်​မီ သူ၏​နေ​ဝင်​လေ၏။ သူ​သည် ရှက်​ကြောက်​မှိုင်​တွေ​လျက်​နေ​ရ၏။ ကျန်​ကြွင်း​သော​သူ​တို့​ကို​လည်း၊ ရန်​သူ​တို့​ရှေ့​မှာ၊ ဓား၌​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 10,
      "text": "အို မိ​ခင်၊ ငါ၌ အ​မင်္ဂ​လာ​ရှိ၏။ မိ​ခင်​သည် တစ်​ပြည်​လုံး​ရန်​တွေ့​သော​သူ၊ ငြင်း​ဆန်​သော​သူ​ဖြစ်​သော ငါ့​ကို ဖွား​မြင်​ပါ​ပြီ။ ငါ​သည် သူ​တစ်​ပါး​ကို အ​တိုး​နှင့် မ​ချေး။ သူ​တစ်​ပါး​သည်​လည်း ငါ့​ကို​အ​တိုး​နှင့်​မ​ချေး။ သို့​သော်​လည်း၊ လူ​ခပ်​သိမ်း​တို့​သည် ငါ့​ကို ကျိန်​ဆဲ​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင့်​ကို ငါ​ချမ်း​သာ​ပေး​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော ကာ​လ၌၊ ရန်​သူ​သည် သင့်​ထံ​မှာ​တောင်း​ပန်​မည်​အ​ကြောင်း၊ အ​ကယ်​စင်​စစ် ငါ​စီ​ရင်​မည်။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 12,
      "text": "သံ​ချင်း​တိုက်​သော​အ​ခါ မြောက်​ပြည်​သံ​ကို​လည်း​ကောင်း၊ သံ​မ​ဏိ​ကို​လည်း​ကောင်း ချိုး​နိုင်​သ​လော။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 13,
      "text": "သင်၏​ပြည် တစ်​လျှောက်​လုံး၌ သင်​ပြု​သော​အ​ပြစ်​များ​ကြောင့်၊ သင်၏​ဥ​စ္စာ​ဘ​ဏ္ဍာ​ကို အ​ဖိုး​မ​ခံ​ဘဲ လု​ယူ​သော သူ​တို့​လက်​သို့ ငါ​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 14,
      "text": "သင်​မ​သိ​သော​ပြည်​သို့ ရန်​သူ​နှင့်​အ​တူ သင့်​ကို​ငါ​သွား​စေ​မည်။ သင်​တို့​ကို လောင်​သော​မီး​သည် ငါ့​အ​မျက်​အား​ဖြင့် ရှို့​လျက်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 15,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အောက်​မေ့​လျက် အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို တ​ရား​သ​ဖြင့် ပေး​တော်​မူ​ပါ။ သူ​တို့​ကို​သည်း​ခံ၍၊ အ​ကျွန်ုပ်​ကို သုတ်​သင်​ပယ်​ရှင်း​တော် မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက် ကဲ့​ရဲ့​ခြင်း​ခံ​ရ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 16,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တွေ့​သော နှုတ်​က​ပတ်​တော်​စ​ကား​ကို ခံ​ယူ​ပါ​ပြီ။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ် ဝမ်း​မြောက်​ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ နာ​မ​တော်​ဖြင့် အ​ကျွန်ုပ်​ကို ခေါ်​ဝေါ်​ပါ၏။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 17,
      "text": "ပွဲ​ခံ​သော​သူ အ​စည်း​အ​ဝေး၌ အ​ကျွန်ုပ်​မ​ထိုင်​ပါ။ ပျော်​ရွှင်​ခြင်း​အ​မှု​ကို မ​ပြု​ပါ။ လက်​တင်​တော်​မူ​သော​ကြောင့်၊ တစ်​ယောက်​တည်း ထိုင်​ပါ​ပြီ။ အ​ကျွန်ုပ်​ကို ဒေါ​သ​အ​မျက်​နှင့် ပြည့်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 18,
      "text": "အ​ကျွန်ုပ်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် အ​ဘယ်​ကြောင့် မြဲ​ပါ​သ​နည်း။ မ​ပျောက်​လို၊ မ​ပျောက်​နိုင်​သော​အ​နာ​ကို အ​ဘယ်​ကြောင့် ခံ​ရ​ပါ​သ​နည်း။ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည်​ပျောက်​တတ်၍၊ လှည့်​စား​သော​ရေ​ကဲ့​သို့ အ​ကျွန်ုပ်၌ ဖြစ်​တော်​မူ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 19,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ပြန်​လာ​လျှင်၊ သင့်​ကို​ငါ​ဆောင်​ခဲ့၍၊ သင်​သည် ငါ၏​အ​မှု​ကို ထမ်း​ရ​လိမ့်​မည်။ သင်​သည် မြတ်​သော​အ​ရာ​နှင့် ယုတ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​ခွဲ​ထား​လျှင်၊ ငါ့​နှုတ်​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်၍​မ​သွား​ရ။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 20,
      "text": "ငါ​သည်​လည်း သင့်​ကို ဤ​လူ​မျိုး​တစ်​ဖက်၌ ခိုင်​ခံ့​သော​ကြေး​ဝါ​မြို့​ရိုး ဖြစ်​စေ​မည်။ သူ​တို့​သည် သင့်​ကို​တိုက်၍ မ​နိုင်​ရ​ကြ။ ငါ​သည် သင့်​ကို နုတ်​ယူ​ကယ်​တင်​ခြင်း​ငှာ သင့်​ဘက်၌​နေ​မည်။"
    },
    {
      "book": 24,
      "chapter": 15,
      "verse": 21,
      "text": "လူ​ဆိုး​လက်​မှ သင့်​ကို​ငါ​နုတ်၍၊ ကြောက်​မက်​ဖွယ်​သော သူ​တို့​လက်​မှ ရွေး​ယူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 1,
      "text": "တစ်​ဖန် ငါ့​ဆီ​သို့​ရောက်​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 2,
      "text": "သင်​သည် ဤ​အ​ရပ်၌ စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သား​သ​မီး​ကို မ​ဖွား​မ​မြင်​ရ။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 3,
      "text": "ဤ​အ​ရပ်၌ ဖွား​မြင်​သော သား​သ​မီး​များ​ကို​လည်း​ကောင်း၊ သူ​တို့​မိ​ဘ​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 4,
      "text": "ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​သာ​အိမ်​သို့​မ​ဝင်​နှင့်။ သေ​သော​သူ​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ မ​သွား​နှင့်။ ငါ၏ ငြိမ်​သက်​ခြင်း​တည်း​ဟူ​သော မေ​တ္တာ​က​ရု​ဏာ​ကို ဤ​လူ​မျိုး​မှ ငါ​ပယ်​ရှင်း​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 6,
      "text": "ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​တို့​သည် သေ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ မ​သင်္ဂြိုဟ်​ရ။ သူ​တို့​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ ကိုယ်​ကို​ကိုယ်​ရှ​န​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​ကို​လည်း မ​ပြု​ရ။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 7,
      "text": "သေ​သော​သူ​တို့​အ​တွက် စိတ်​မ​သာ ညည်း​တွား​သော​သူ​တို့​ကို နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ မ​သာ​ပွဲ​ကို မ​လုပ်​ရ။ မိ​ဘ​သေ​သော်​လည်း၊ နှစ်​သိမ့်​စေ​သော ခွက်​ဖ​လား​ကို​မ​ပေး​ရ။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 8,
      "text": "ထို​နည်း​တူ၊ စား​သောက်​ပွဲ​ခံ​ရာ အိမ်​သို့​မ​ဝင်​နှင့်။ သူ​တို့​နှင့်​ပေါင်း​ဖော်၍ မ​စား​မ​သောက်​နှင့်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌ ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ​ကို သင်​တို့​လက်​ထက်၊ သင်​တို့​မျက်​မှောက်​တွင် ငါ​စဲ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 10,
      "text": "သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ဤ​လူ​မျိုး​အား​ကြား​ပြော၍ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မျှ​လောက်​ကြီး​စွာ​သော ဘေး​ဒဏ်​ကို ငါ​တို့​အား အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း။ ငါ​တို့​ပြု​သော ဒု​စ​ရိုက်​ကား၊ အ​ဘယ်​သို့​နည်း။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကား၊ အ​ဘယ်​သို့​နည်း​ဟု မေး​ကြ​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 11,
      "text": "သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 12,
      "text": "ဘိုး​ဘေး​ကျင့်​သော အ​ကျင့်​ထက်၊ သင်​တို့​သည် သာ၍​ဆိုး​သော အ​ကျင့်​ကို ကျင့်​သ​ဖြင့်၊ ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဆိုး​သော စိတ်​နှ​လုံး၊ ခိုင်​မာ​သော​သ​ဘော​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 13,
      "text": "သင်​တို့​နှင့် သင်​တို့၏​ဘိုး​ဘေး​မ​သိ​သော​ပြည်​သို့ ဤ​ပြည်​ထဲ​က သင်​တို့​ကို ငါ​နှင်​လိုက်​မည်။ ထို​ပြည်၌ သင်​တို့​သည် ငါ၏​ကျေး​ဇူး​ကို မ​ခံ​ရ။ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို နေ့​ည​မ​ပြတ် ဝတ်​ပြု​ရ​ကြ​မည်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 14,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ မ​ကျိန်​ဆို​ဘဲ၊"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 15,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို မြောက်​ပြည်​မှ​စ၍၊ နှင်​ထုတ်​ဖူး​သော ပြည်​ရှိ​သ​မျှ​တို့​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ ကျိန်​ဆို​ရ​သော​ကာ​လ​သည် နောက်​တစ်​ဖန်​ရောက်​လိမ့်​မည်။ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 17,
      "text": "သူ​တို့​သွား​သ​မျှ​သော​လမ်း​တို့​ကို ငါ​သည် ကြည့်​ရှု​လျက်​နေ၏။ သူ​တို့​သည် ငါ့​မျက်​ကွယ်၌ သွား​ကြ​သည်​မ​ဟုတ်။ သူ​တို့၏ ဒု​စ​ရိုက်​ကို ငါ့​ရှေ့​မှာ ဝှက်၍​မ​ထား​နိုင်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 18,
      "text": "သူ​တို့​သည် ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ​အ​မွေ​ခံ​သော​မြေ​ကို သူ​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​သေ​ကောင်​တို့​နှင့် ပြည့်​စေ​သော​ကြောင့်၊ သူ​တို့၌ နှစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 19,
      "text": "အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​ရဲ​တိုက်၊ အ​မှု​ရောက်​သော​နေ့၌ အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ တစ်​ပါး​အ​မျိုး​သား​တို့​က၊ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့ ဘိုး​ဘေး​တို့​သည် မု​သား၊ အ​န​တ္တ၊ အ​ချည်း​နှီး​သော အ​ရာ​တို့​ကို အ​မွေ​ခံ​ကြ​ပါ​ပြီ​ဟု၊ မြေ​ကြီး​စွန်း​မှ ကိုယ်​တော်​ထံ​သို့ လာ၍ လျှောက်​ကြ​ပါ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 20,
      "text": "လူ​သည် ဘု​ရား​မ​ဟုတ်​သော ဘု​ရား​တို့​ကို ကိုယ်​အ​ဖို့ လုပ်​ရ​မည်​လော။"
    },
    {
      "book": 24,
      "chapter": 16,
      "verse": 21,
      "text": "သို့​ဖြစ်၍၊ ငါ​သည် ယ​ခု​အ​ခါ သူ​တို့​ကို​သ​တိ​ပေး၍၊ ငါ့​လက်​နှင့် ငါ့​တန်​ခိုး​ကို ဖော်​ပြ​သော​အား​ဖြင့်၊ ငါ့​နာ​မ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 1,
      "text": "ယု​ဒ​အ​မျိုး၏​အ​ပြစ်​သည် သံ​က​ညစ်၊ စိန်​ချွန်​နှင့် သူ​တို့​နှ​လုံး​ပြား၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ဦး​ချို၌​လည်း​ကောင်း အ​က္ခ​ရာ​တင်၍ မှတ်​သား​လျက်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 2,
      "text": "သူ​ငယ်​တို့​ပင် မြင့်​သော​တောင်​ပေါ်၊ စိမ်း​သော​သစ်​ပင်​နား​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​များ၊ အာ​ရှ​ရ​ပင်​များ​ကို အောက်​မေ့​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 3,
      "text": "အ​ချင်း​ငါ၏​တောင်၊ လယ်၌​ရှိ​သော သင်၏​ဥ​စ္စာ​နှင့် သို​ထား​သ​မျှ​သော​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ပြည်​တစ်​လျှောက်​လုံး၌ သင်​ပြစ်​မှား​ရာ၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း၊ လု​ယူ​သော​သူ​တို့​လက်​သို့ ငါ​အပ်​မည်။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 4,
      "text": "သင့်​ကိုယ်​တိုင်​လည်း ငါ​ပေး​သော​အ​မွေ​မှ ရွေ့​သွား​ရ​လိမ့်​မည်။ သင်​မ​သိ​သော ပြည်​တွင်၊ ရန်​သူ​လက်၌ သင့်​ကို ငါ​ကျွန်​ခံ​စေ​မည်။ အ​ကြောင်း​မူ​ကား၊ အ​စဉ်​လောင်​သော​ငါ၏​အ​မျက်​မီး​ကို သင်​တို့​သည် မွှေး​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​ကို​ကိုး​စား၍ လူ​သ​တ္တ​ဝါ​ကို အ​မှီ​ပြု​သ​ဖြင့်၊ စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား​သော​သူ​သည် ကျိန်​အပ်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 6,
      "text": "ထို​သူ​သည် လွင်​ပြင်၌​ရှိ​သော သစ်​ပင်​ခြောက်​ကဲ့​သို့​ဖြစ်၍၊ ကောင်း​ကျိုး​ရောက်​ကြောင်း​ကို မ​သိ​ရ။ အ​ဘယ်​သူ​မျှ​မ​နေ​သော ဆား​မြေ၊ သွေ့​ခြောက်​သော​လွင်​ပြင်၌ နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မိ​မိ​ကိုး​စား​ရာ အ​ကြောင်း​ဖြစ်​စေ​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​အပ်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 8,
      "text": "ထို​သူ​သည်​ကား၊ ရေ​ရှိ​သော​အ​ရပ်၌​စိုက်၍ မြစ်​နား​မှာ အ​မြစ်​ဖြာ​သ​ဖြင့်၊ ပူ​သော​အ​ရှိန်​ရောက်​ကြောင်း​ကို မ​သိ၊ အ​ရွက်​မ​ညှိုး​နွမ်း၊ မိုး​ခေါင်​သော​ကာ​လ၌ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ၊ အ​စဉ်​အ​မြဲ အ​သီး​ကို​သီး​တတ်​သော အ​ပင်​နှင့်​တူ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 9,
      "text": "စိတ်​နှ​လုံး​သည် ခပ်​သိမ်း​သော အ​ရာ​ထက် စဉ်း​လဲ​တတ်၏။ အ​လွန်​ယို​ယွင်း​သော သ​ဘော​ရှိ​၏။ စိတ်​နှ​လုံး​သ​ဘော​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 10,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 11,
      "text": "ကော​ရ​ငှက်​သည် မိ​မိ​မ​ဥ​သော​ဥ​ကို ဝပ်​သ​ကဲ့​သို့၊ မ​တ​ရား​သ​ဖြင့် ဥ​စ္စာ​ဆည်း​ပူး​သော​သူ​သည် အ​သက်​ပျို​စဉ်​က​ပင်၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်၍ အ​ဆုံး၌​ကား၊ လူ​မိုက်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 12,
      "text": "ရှေ့​ဦး​စွာ​မှ​စ၍ မြင့်​သော​အ​ရပ်၌ ဘုန်း​ကြီး​တော်​မူ​သော ရာ​ဇ​ပ​လ္လင်​သည် ငါ​တို့​သန့်​ရှင်း​ရာ ဌာ​န​တော်​အ​ရပ် ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 13,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 14,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​အ​နာ​ကို ငြိမ်း​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် အ​နာ​ငြိမ်း​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ချီး​မွမ်း​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ယ​ခု​လာ​ပါ​စေ​တော့​ဟု ဤ​သူ​တို့​သည် အ​ကျွန်ုပ်​အား ဆို​တတ်​ကြ​ပါ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 16,
      "text": "အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​သော ဆ​ရာ၏​အ​ရာ​ကို မ​ရှောင်​ပါ။ အ​မင်္ဂ​လာ​နေ့​ကို မ​တောင့်​တ​ပါ။ အ​ကျွန်ုပ်​ဟော​ပြော​ချက်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ကိုယ်​တော်​မျက်​မှောက်၌ ရှိ​ပါ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 17,
      "text": "အ​ကျွန်ုပ်​ကို ထိတ်​လန့်​စေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​သော​ကာ​လ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 18,
      "text": "အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ အ​ရှက်​မ​ကွဲ​ပါ​စေ​နှင့်။ သူ​တို့​သည် စိတ်​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ သူ​တို့​အ​ပေါ်​မှာ ဘေး​အ​န္တ​ရာယ်​ကာ​လ​ကို ရောက်​စေ​တော်​မူ​ပါ။ အ​ထပ်​ထပ်​ဖျက်​ဆီး​တော်​မူ​ပါ။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ထွက်​ဝင်​သော အ​မျိုး​သား​ချင်း မြို့​တံ​ခါး​မှ​စ၍၊ ခပ်​သိမ်း​သော ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ဝ၌ သွား၍​ရပ်​လျက်၊"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 20,
      "text": "လူ​များ​တို့​အား ပြော​ဆို​ရ​မည်​မှာ၊ ဤ​တံ​ခါး​တို့​ဖြင့် ထွက်​ဝင်​သော ယု​ဒ​ရှင်​ဘု​ရင်​များ​နှင့် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​များ အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဥ​ပုသ်​နေ့၌ ဝန်​ကို​မ​ထမ်း​မ​ရွက်၊ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ဖြင့် မ​ဆောင်​မ​သွင်း​မည်​အ​ကြောင်း၊ သ​တိ​ပြု​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 22,
      "text": "ဥ​ပုသ်​နေ့၌ သင်​တို့​အိမ်​ထဲ​က ဝန်​ကို မ​ထုတ်​မ​ဆောင်​ကြ​နှင့်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ကြ​နှင့်။ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မှာ​ထား​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 23,
      "text": "ဘိုး​ဘေး​တို့​သည်​နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။ နား​မ​ကြား၊ ဆုံး​မ​ခြင်း​ကို မ​ခံ​မည်​အ​ကြောင်း၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဥ​ပုသ်​နေ့၌ ဤ​မြို့​တံ​ခါး​ဖြင့် ဝန်​ကို​မ​သွင်း​မ​ဆောင်၊ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျှင်၊"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 25,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရ​ထား​စီး၊ မြင်း​စီး​ရှင်​ဘု​ရင်၊ မင်း​သား​မှ​စ၍ သူ​တို့​မှူး​မတ်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဤ​မြို့​တံ​ခါး​များ​သို့ ဝင်​လျက်​ရှိ​ကြ​လိမ့်​မည်။ ဤ​မြို့​သည်​လည်း အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 26,
      "text": "မီး​ရှို့​ရာ​ယဇ်​မှ​စ၍ အ​ခြား​သော​ယဇ်​များ၊ ပူ​ဇော်​သ​ကာ​များ၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း၊ ချီး​မွမ်း​ရာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ဆောင်​ခဲ့​သော သူ​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​အ​ရပ်​များ၊ ဗင်္ယာ​မိန်​ပြည်၊ မြေ​ညီ​ခ​ရိုင်၊ တောင်​ရိုး​ခ​ရိုင်၊ တောင်​မျက်​နှာ ခ​ရိုင်​မှ​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 17,
      "verse": 27,
      "text": "သို့​မ​ဟုတ်၊ ဥ​ပုသ်​နေ့၌​ဝန်​ကို ထမ်း​ရွက်၍၊ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​များ​သို့​မ​ဝင်၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​သည်​တိုင်​အောင်၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​လျှင်၊ ငါ​သည် ထို​မြို့​တံ​ခါး​တို့​ကို​မီး​ရှို့၍၊ ထို​မီး​သည် မ​ငြိမ်း​မ​သေ​ဘဲ ယေ​ရု​ရှ​လင်​မြို့ ဘုံ​ဗိ​မာန်​တို့​ကို လောင်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 1,
      "text": "ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 2,
      "text": "သင်​သည် ထ၍ အိုး​ထိန်း​သ​မား​အိမ်​သို့ သွား​လော့။ ထို​အ​ရပ်၌ ငါ့​စ​ကား​ကို ငါ​ကြား​စေ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 3,
      "text": "ငါ​သည်​သွား၍၊ အိုး​ထိန်း​စက်​နှင့် လုပ်​လျက်​ရှိ​သော အိုး​ထိန်း​သ​မား​ကို​တွေ့၏။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 4,
      "text": "အိုး​မြေ​ဖြင့် လုပ်​သော​အိုး​သည်၊ အိုး​ထိန်း​သ​မား​လက်၌​ပျက်​စီး​သော​ကြောင့်၊ သူ​သည် အ​လို​အ​လျောက်​အ​သစ်​ပြု​ပြင်၍၊ အ​ခြား​သော​အိုး​ကို လုပ်​ပြန်​လေ၏။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 5,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 6,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ အိုး​ထိန်း​သ​မား​ပြု​သ​ကဲ့​သို့ သင်​တို့​ကို​ငါ​မ​ပြု​နိုင်​သ​လော။ အို ဣ​သ​ရေ​လ​အ​မျိုး၊ အိုး​မြေ​သည် အိုး​ထိန်း​သ​မား​လက်၌​ရှိ​သ​ကဲ့​သို့ သင်​တို့​သည် ငါ့​လက်၌​ရှိ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 7,
      "text": "အ​ကြင်​တိုင်း​နိုင်​ငံ​ကို နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​ခြင်း​ငှာ ငါ​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 8,
      "text": "ငါ့​အ​မိန့်​တော်​နှင့် ဆိုင်​သော ထို​တိုင်း​နိုင်​ငံ​သည် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပစ်​လျှင်၊ ငါ​ကြံ​စည်​သော​ဘေး​ဒဏ်​ကို ငါ​နောင်​တ​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 9,
      "text": "အ​ကြင်​တိုင်း​နိုင်​ငံ​ကို တည်​ထောင်​ပြု​စု​ခြင်း​ငှာ ငါ​အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 10,
      "text": "ထို​တိုင်း​နိုင်​ငံ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ ငါ့​မျက်​မှောက်၌ ဒု​စ​ရိုက်​ကို​ပြု​လျှင်၊ သူ၏​အ​ကျိုး​အ​လို​ငှာ ပြု​စု​မည်​ဟူ​သော စ​ကား၌​ပါ​သော​ကျေး​ဇူး​ကို ငါ​နောင်​တ​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 11,
      "text": "ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ဖို့ ဘေး​ဒဏ်​ကို ငါ​ပြင်​ဆင်၏။ သင်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ငါ​ကြံ​စည်၏။ သို့​ဖြစ်၍၊ ဆိုး​သော​လမ်း​မှ အ​သီး​အ​သီး ပြန်​လာ​ကြ​လော့။ သင်​တို့​လိုက်​သော​လမ်း​နှင့် သင်​တို့​ကျင့်​သော အ​ကျင့်​ကို ဖြောင့်​စေ​ကြ​လော့​ဟု၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ဆင့်​ဆို​လော့။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 12,
      "text": "သူ​တို့​က​လည်း၊ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ကိုယ်​အ​လို​သို့ လိုက်​မည်။ ငါ​တို့၌ ဆိုး​သော​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​ရှိ​သည်​အ​တိုင်း၊ အ​သီး​အ​သီး​ပြု​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​ကြား​ဖူး​သ​နည်း​ဟု သာ​သ​နာ​ပ​လူ​တို့​တွင် မေး​ကြ​လော့။ ဣ​သ​ရေ​လ​သ​တို့​သ​မီး​က​ညာ​သည် အ​လွန်​စက်​ဆုပ် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 14,
      "text": "လွင်​ပြင်၌​ရှိ​သော ကျောက်​ကို မ​စွန့်၊ လေ​ဗ​နုန်​တောင်၏​မိုး​ပွင့်​ကို အ​ဘယ်​သူ စွန့်​မည်​နည်း။ အ​ခြား​တစ်​ပါး​သော​အ​ရပ်​မှ​စီး​လာ၍ ချမ်း​ဧ​သော မြစ်​ရေ​သည် ခန်း​ခြောက်​လိမ့်​မည်​လော။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 15,
      "text": "ငါ၏​လူ​တို့​သည် ငါ့​ကို​မေ့​လျော့၍၊ အ​ချည်း​နှီး​သော​အ​ရာ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ရှေး​ကာ​လ​မှ​စ၍ လိုက်​ဖူး​သော လမ်း​တို့၌ လဲ​တတ်​သော​ကြောင့်၊ အ​ခြား​သော​လမ်း၊ မြေ​မ​ဖို့​သော​လမ်း​သို့ လိုက်​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 16,
      "text": "ထို​သို့​ပြု၍ မိ​မိ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ်၊ အ​စဉ်​ကဲ့​ရဲ့​သံ​ကြား​ရာ​အ​ရပ် ဖြစ်​စေ​သ​ဖြင့်၊ လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ၍၊ မိ​မိ​တို့​ခေါင်း​ကို ညိတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 17,
      "text": "ငါ​သည် အ​ရှေ့​လေ​ကဲ့​သို့ သူ​တို့​ကို ရန်​သူ​ရှေ့​မှာ လွင့်​စေ​မည်။ ဘေး​ရောက်​သော​ကာ​လ၌ သူ​တို့​အား မျက်​နှာ​ကို​မ​ပြ၊ ကျော​ကို​ပြ​မည်။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 18,
      "text": "သူ​တို့​က​လည်း လာ​ကြ။ ယေ​ရ​မိ​တစ်​ဖက်၌ ကြံ​စည်​ကြ​ကုန်​အံ့။ ယဇ်​ပု​ရော​ဟိတ်​သည် တ​ရား​အ​မှု၌​လည်း​ကောင်း၊ ပ​ညာ​ရှိ​သော​သူ​သည် အ​ကြံ​ပေး​ခြင်း​အ​မှု၌​လည်း​ကောင်း၊ ပ​ရော​ဖက်​သည် ဟော​ပြော​ခြင်း​အ​မှု၌​လည်း​ကောင်း အ​ရှုံး​မ​ခံ​ရ။ လာ​ကြ။ ယေ​ရ​မိ​ကို လျှာ​နှင့်​ရိုက်​ကြ​ကုန်​အံ့။ သူ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ကုန်​အံ့​ဟု​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 19,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​နှင့် ရန်​တွေ့​သော​သူ​တို့၏​စ​ကား​ကို မှတ်​တော်​မူ​ပါ။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 20,
      "text": "ကျေး​ဇူး​ပြု​သော​အ​တွက် အ​ပြစ်​ပေး​သင့်​ပါ​မည်​လော။ သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ဖို့ တွင်း​ကို တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သည် သူ​တို့ အ​ကျိုး​အ​လို​ငှာ လျှောက်၍၊ သူ​တို့​မှ​အ​မျက်​တော်​ကို လွှဲ​ခြင်း​ငှာ၊ ရှေ့​တော်၌ ရပ်​နေ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 21,
      "text": "ထို​ကြောင့်၊ သူ​တို့​ကို ဓား​ဘေး​သို့​လည်း​ကောင်း၊ သူ​တို့​သား​သ​မီး​များ​ကို မွတ်​သိပ်​ခြင်း​သို့​လည်း​ကောင်း အပ်​တော်​မူ​ပါ။ သူ​တို့​မိန်း​မ​တို့​သည် သား​များ​ဆုံး၍ မု​ဆိုး​မ​ဖြစ်​ကြ​ပါ​စေ​သော။ လူ​ကြီး​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ၍၊ လူ​ပျို​တို့​လည်း စစ်​တိုက်​ပွဲ၌ ဓား​ဖြင့် ဆုံး​ကြ​ပါ​စေ​သော။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 22,
      "text": "စစ်​တိုက်​သော ရန်​သူ​များ​ကို သူ​တို့​ရှိ​ရာ​သို့ ချက်​ချင်း​ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​အိမ်​သား​များ အော်​ဟစ်​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​ကို ထောင်​ခြင်း​ငှာ တွင်း​ကို​တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 18,
      "verse": 23,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ၊ သူ​တို့ ကြံ​စည်​သ​မျှ​ကို ကိုယ်​တော်​သိ​တော်​မူ၏။ သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ​ပါ​နှင့်။ မျက်​မှောက်​တော်၌ သူ​တို့​အ​ပြစ်​ကို ချေ​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်၌ ဆုံး​ရှုံး​ကြ​ပါ​စေ​သော။ အ​မျက်​တော်​ထွက်​သော​အ​ခါ၊ သူ​တို့​ကို စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အိုး​ထိန်း​သ​မား​ထံ​သို့ သွား၍ ရေ​ဘူး​ကို​ယူ​ပြီး​လျှင်၊ အ​သက်​ကြီး​သော​လူ၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ် အ​ချို့​တို့​နှင့်​တ​ကွ၊"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 2,
      "text": "ဟ​ရ​သိတ်​တံ​ခါး​ပြင်၊ ဟိ​န္နုံ​သား၏ ချိုင့်​သို့​သွား၍၊ ငါ​မိန့်​တော်​မူ​သည်​အ​တိုင်း ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 3,
      "text": "အို ယု​ဒ​ရှင်​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​ခါး​သည်​တိုင်​အောင်၊ ငါ​သည် ဤ​အ​ရပ်၌ ဘေး​ရောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ပစ်​ကြ​ပြီ။ ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​များ​မ​သိ၊ ယု​ဒ​ရှင်​ဘု​ရင်​များ မ​သိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ ဘု​ရား​တို့​ရှေ့​မှာ၊ ဤ​အ​ရပ်၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​သ​ဖြင့်၊ ဤ​အ​ရပ်​ကို တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ ဖြစ်​စေ​ကြ​ပြီ။ အ​ပြစ်​မ​ရှိ​သော သူ​တို့၏​အ​သွေး​နှင့် ဤ​အ​ရပ်​ကို ပြည့်​စေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 5,
      "text": "ငါ​မ​စီ​ရင်​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​သော​ဝတ်​တည်း​ဟူ​သော၊ ဗာ​လ​ဘု​ရား​ရှေ့​မှာ မိ​မိ​သား​တို့​ကို မီး​ရှို့၍၊ ပူ​ဇော်​ရာ​ဝတ်​ပြု​ခြင်း​ငှာ၊ ဗာ​လ​ဘု​ရား​ဖို့ ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ရပ်​ကို တောဖက်​အ​ရပ်​ဟူ၍ မ​ခေါ်၊ ဟိ​န္နုံ​သား၏ ချိုင့်​ဟူ၍ မ​ခေါ်၊ ကွပ်​မျက်​ရာ ချိုင့်​ဟူ၍​ခေါ်​ရ​သော အ​ချိန်​ကာ​လ​သည်​ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 7,
      "text": "ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ကြံ​စည်​သော အ​ကြံ​အ​စည်​ကို ဤ​အ​ရပ်၌ ငါ​ဖျက်​မည်။ ရန်​သူ၏ ဓား​ဖြင့်​လည်း​ကောင်း၊ သတ်​ခြင်း​ငှာ ရှာ​သော​သူ၏ လက်​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်။ သူ​တို့​အ​သေ​ကောင်​များ​ကို​လည်း မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​စား​စ​ရာ​ဖို့ ငါ​ထား​မည်။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 8,
      "text": "ဤ​မြို့​ကို​လည်း လူ​ဆိတ်​ညံ​ရာ၊ ကဲ့​ရဲ့​သံ​ကို ကြား​ရာ​အ​ရပ် ဖြစ်​စေ​မည်။ လမ်း၌ လျှောက်​သွား​သ​မျှ​သော သူ​တို့​သည် ဤ​မြို့​ခံ​ရ​သော ဘေး​အ​လုံး​စုံ​တို့​ကို မြင်​သော​အ​ခါ၊ အံ့​ဩ၍ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 9,
      "text": "သတ်​ခြင်း​ငှာ ရှာ​ကြံ​သော​ရန်​သူ​များ​တို့​သည် ဝိုင်း၍ တပ်​တည်​သ​ဖြင့်၊ ဤ​သူ​တို့​သည် ကျဉ်း​ကျပ်​လျက်​နေ၍၊ ကိုယ်​သား​သ​မီး အ​သား​ကို ငါ​စား​စေ​မည်။ အ​ချင်း​ချင်း​တစ်​ယောက်​အ​သား​ကို တစ်​ယောက်​စား​ကြ​လိမ့်​မည်​ဟု မြွက်​ဆို​ပြီး​မှ၊"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 10,
      "text": "သင်​နှင့်​အ​တူ သွား​သော​သူ​တို့​ရှေ့​တွင်၊ ရေ​ဘူး​ကို​ခွဲ​လော့။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 11,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​တစ်​ဖန် မ​ပြင်​နိုင်​အောင် ရေ​ဘူး​ကို ခွဲ​သ​ကဲ့​သို့၊ ဤ​လူ​များ​နေ​သော ဤ​မြို့​ကို ငါ​ခွဲ​မည်။ တောဖက်​အ​ရပ်၌ သင်္ဂြိုဟ်​ရာ​မြေ​မ​လောက်​အောင် သင်္ဂြိုဟ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 12,
      "text": "ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ဤ​သို့​ငါ​ပြု၍ ဤ​မြို့​ကို တော​ဖက်​အ​ရပ်​ကဲ့​သို့ ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 13,
      "text": "အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 14,
      "text": "ထို​အ​ခါ ဟော​ပြော​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ရာ တော​ဖက်​အ​ရပ်​က၊ ယေ​ရ​မိ​သည် ပြန်​လာ၍ ဗိ​မာန်​တော်​တံ​တိုင်း၌ ရပ်​လျက်၊"
    },
    {
      "book": 24,
      "chapter": 19,
      "verse": 15,
      "text": "ဣ​သ​ရေ လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​သား​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ခြင်း​ငှာ၊ မိ​မိ​တို့​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​ကြောင့်၊ ငါ​ခြိမ်း​သ​မျှ​သော​ဘေး​ဒဏ်​တို့​ကို၊ ဤ​မြို့​ရွာ​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ သက်​ရောက်​စေ​မည်​ဟူ​သော​အ​မိန့်​တော်​ကို လူ​အ​ပေါင်း​တို့​အား ဆင့်​ဆို​လေ၏။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 1,
      "text": "ထို​သို့​ယေ​ရ​မိ​ဟော​ပြော​ကြောင်း​ကို၊ ဗိ​မာန်​တော်​မှူး​ဖြစ်​သော ယဇ်​ပု​ရော​ဟိတ် ဣ​မေ​ရ​သား​ပါ​ရှု​ရ​သည် ကြား​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 2,
      "text": "ပ​ရော​ဖက် ယေ​ရ​မိ​ကို​ရိုက်​ပုတ်၍၊ ဗိ​မာန်​တော်​နား​မှာ ဗင်္ယာ​မိန် အ​ထက်​တံ​ခါး​ဝ​တွင် ထိတ်​ခတ်၍​ထား၏။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 3,
      "text": "နက်​ဖြန်​နေ့၌ ပါ​ရှု​ရ​သည် ယေ​ရ​မိ​ကို ထိတ်​မှ​လွှတ်​သော​အ​ခါ၊ ယေ​ရ​မိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ပါ​ရှု​ရ​ဟူ၍ မှည့်​တော်​မ​မူ။ မာ​ဂေါ​မိဿ​ဘိတ်​ဟူ၍ မှည့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​တို့၌၊ သင့်​ကို ကြောက်​မက်​ဖွယ်​သော​အ​ရာ ဖြစ်​စေ​မည်။ သူ​တို့​သည်​လည်း၊ သင့်​မျက်​မှောက်၌ ရန်​သူ၏​ဓား​ဖြင့် ဆုံး​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား၍၊ ဓား​နှင့် သတ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 5,
      "text": "ဤ​မြို့၏ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ လုပ်​ဆောင်၍ ရ​သ​မျှ​သော​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ဆည်း​ပူး​သ​မျှ​သော ရ​တ​နာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​တော်​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ရန်​သူ​လက်​သို့​ငါ​အပ်​သ​ဖြင့်၊ ရန်​သူ​တို့​သည် လု​ယက်၍ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 6,
      "text": "သင်​ပါ​ရှု​ရ​နှင့် သင်၏​အိမ်​သူ အိမ်​သား​အ​ပေါင်း​တို့​ကို​လည်း သိမ်း​သွား​ကြ​လိမ့်​မည်။ သင်​သည် ဗာ​ဗု​လုန်​မြို့​သို့ ရောက်​ရ​လိမ့်​မည်။ သင်​ဟော​ပြော​သော မု​သား​စ​ကား​ကို နား​ထောင်​သော သင်၏​အ​ဆွေ​ခင်​ပွန်း အ​ပေါင်း​တို့​နှင်​တ​ကွ၊ သင်​သည် ထို​မြို့၌​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု ပါ​ရှု​ရ​အား​ပြော​ဆို၏။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 7,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​လိုက်​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထက်​အား​ကြီး၍ နိုင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို နေ့​တိုင်း​ခံ​ရ​ပါ၏။ လူ​တိုင်း ပြက်​ရယ်​ခြင်း​ကို ပြု​တတ်​ကြ​ပါ၏။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 8,
      "text": "အ​ကျွန်ုပ်​သည် ဟော​ပြော​လေ​ရာ​ရာ၌ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကြောင့် အော်​ဟစ်၍ ကြွေး​ကြော်​ရ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်၌ ကဲ့​ရဲ့​ခြင်း၊ အ​စဉ်​ပြက်​ရယ်​ခြင်း​ကို ခံ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 9,
      "text": "ထို​ကြောင့်၊ ငါ​သည် နှုတ်​က​ပတ်​တော်​ကို မ​ကြား​မ​ပြော၊ နာ​မ​တော်​ကို​အ​မှီ​ပြု၍ မ​ဟော​ဘဲ​နေ​မည်​ဟု သ​ဘော​ထား​သော်​လည်း၊ ငါ့​အ​ရိုး​တို့၌​ချုပ်​ထား၍၊ လောင်​သော​မီး​ကဲ့​သို့ နှုတ်​က​ပတ်​တော်​သည် ငါ့​နှ​လုံး၌ ဖြစ်​သော​ကြောင့်၊ အ​လွန်​ငြီး​ငွေ့​သ​ဖြင့် အောင့်၍​မ​နေ​နိုင်၊"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 10,
      "text": "လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​ရှိ၏။ သူ​တစ်​ပါး​တို့​က သ​တင်း​ကို ကြား​ပြော​ကြ​လော့။ ငါ​တို့​သည် တစ်​ဆင့် ကြား​ပြော​လိမ့်​မည်​ဟု ဆို​ကြ၏။ ငါ၏​အ​နား​မှာ အ​စဉ်​နေ​သော ငါ၏​မိတ်​ဆွေ​အ​ပေါင်း​တို့​က၊ ငါ​တို့​သည် သူ့​ကို​နိုင်၍ အ​ငြိုး​ထား​သော​စိတ်​ပြေ​စေ​ခြင်း​ငှာ၊ သူ့​ကို သွေး​ဆောင်​ကောင်း သွေး​ဆောင်​လိမ့်​မည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 11,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​သူ​ရဲ​ကဲ့​သို့ ငါ့​ဘက်၌ ရှိ​တော်​မူ၏။ ထို​ကြောင့်၊ ငါ့​ကို​ညှဉ်း​ဆဲ​သော သူ​တို့​သည် မ​နိုင်​ဘဲ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြံ​မ​မြောက်​သော​ကြောင့် အ​လွန်​ရှက်​ကြ​လိမ့်​မည်။ မ​ပြေ​မ​ပျောက်​နိုင်​သော ထာ​ဝ​ရ​ရှက်​ကြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 12,
      "text": "ဖြောင့်​မတ်​သော သူ​တို့​ကို စုံ​စမ်း၍၊ နှ​လုံး​ကျောက်​ကပ်​သ​ဘော​ကို သိ​မြင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​အ​မှု​ကို ရှေ့​တော်၌​ဖွင့်​ပြ​ပါ​သည်​ဖြစ်၍၊ သူ​တို့၌ အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​လက်​မှ၊ ဆင်း​ရဲ​သော​သူ​ကို ကယ်​နုတ်​တော်​မူ​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 14,
      "text": "ငါ​ဖွား​သော နေ့​ရက်​သည် အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ငါ့​ကို ငါ့​အ​မိ​ဖွား​သော နေ့​ရက်​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို မ​ခံ​ပါ​စေ​နှင့်။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 15,
      "text": "ငါ့​အ​ဘ​ထံ​သို့​သွား၍၊ ကိုယ်​တော်​သည် သား​ယောက်ျား​ကို ရ​ပါ​ပြီ​ဟု သ​တင်း​ပြော​လျက်၊ ငါ့​အ​ဘ​ကို အ​လွန်​ဝမ်း​မြောက်​စေ​သော သူ​သည် အ​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​မ​ရ၊ ဖျက်​ဆီး​တော်​မူ​သော​မြို့​တို့​ကဲ့​သို့၊ ထို​သူ​သည်​ဖြစ်​ပါ​စေ​သော။ နံ​နက်​အ​ချိန်၌ ကြွေး​ကြော်​သံ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ အော်​ဟစ်​သံ​ကို​လည်း​ကောင်း ကြား​ပါ​စေ​သော။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​သည် ငါ့​ကို​ဖွား​စ​က​ပင်​မ​သတ်​ဘဲ၊ ငါ့​အ​မိ၏​ဝမ်း​သည် ငါ၏​သင်္ချိုင်း​ဖြစ်၍၊ ငါ့​ကို​အ​စဉ် ကိုယ်​ဝန်​ဆောင်​မည် အ​ကြောင်း​မ​ပြု​ဘဲ နေ​ပါ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 20,
      "verse": 18,
      "text": "ငါ​သည် ပူ​ပန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​ကို​ခံ​ရ​မည် အ​ကြောင်း​နှင့် ရှက်​ကြောက်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ကို လွန်​စေ​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် ငါ့​ကို ဖွား​မြင်​ရ​ပါ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 1,
      "text": "ဇေ​ဒ​ကိ​မင်း​ကြီး​သည် မေ​လ​ခိ​သား ပါ​ရှု​ရ​နှင့်၊ ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား​ဇေ​ဖ​နိ​တို့​ကို ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို စစ်​တိုက်​သည်​ဖြစ်၍၊ သူ့​ကို​ငါ​တို့​ထံ​မှ ပြန်​သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​သ​မျှ​အ​တိုင်း၊ ငါ​တို့၌ တစ်​ဖန်​ပြု​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​ပါ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 3,
      "text": "ယေ​ရ​မိ​က၊ သင်​တို့​သည် ဇေ​ဒ​ကိ​မင်း​ကြီး​အား​ပြန်​ပြော​ရ​မည်​မှာ၊"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​မြို့​ပြင်​မှာ တပ်​စွဲ၍​နေ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ ခါ​လ​ဒဲ​အ​မျိုး​သား​တို့​ကို စစ်​တိုက်​လျက်၊ သင်​တို့​စွဲ​ကိုင်​သော လက်​နက်​များ​ကို ငါ​လွဲ​စေ​မည်။ ထို​သူ​တို့​ကို မြို့​ထဲ၌ ငါ​စည်း​ဝေး​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 5,
      "text": "ငါ့​ကိုယ်​တိုင်​လည်း အ​လွန်​ပြင်း​စွာ​ထွက်​သော အ​မျက်​အ​ရှိန်​အား​ကြီး၍၊ ဆန့်​သော​လက်၊ သန်​စွမ်း​သော​လက်​ရုံး​နှင့် သင်​တို့​ကို တိုက်​မည်။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 6,
      "text": "ဤ​မြို့၌​နေ​သော လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​တို့​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ပြင်း​စွာ​သော​ကာ​လ​နာ​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဤ​လူ​မျိုး​တို့​အား ဆင့်​ဆို​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ဟူ​မူ​ကား၊ အ​သက်​ရှင်​ရာ​လမ်း၊ သေ​ရာ​လမ်း​တို့​ကို သင်​တို့​ရှေ့​မှာ ငါ​ဖွင့်​ထား၏။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 9,
      "text": "ဤ​မြို့​ထဲ​မှာ​နေ​သော သူ​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ခြင်း​ဘေး​ဖြင့် သေ​လိမ့်​မည်။ မြို့​ပြင်​သို့​ထွက်၍၊ မြို့​ပြင်​မှာ တပ်​စွဲ​လျက်​နေ​သော ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ဝင်​စား​သော​သူ​သည် အ​သက်​ချမ်း​သာ၍ လု​ယူ​ရ​သော​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ကျေး​ဇူး​ပြု၍၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​သည်​ဖြစ်၍၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် မီး​ရှို့​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 11,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အ​မျိုး​ကို ရည်​မှတ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 12,
      "text": "အို ဒါ​ဝိဒ်​မင်း​ကြီး​အ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​ဆိုင်း​မ​လင့်၊ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော​သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ဖြစ်၍၊ အ​ဘယ်​သူ​မျှ​မ​သတ်​နိုင်​အောင် လောင်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ချိုင့်၌​နေ​သော​သူ၊ အို လွင်​ပြင်၌​ရှိ​သော​ကျောက်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်​တို့​က၊ ငါ​တို့​ကို အ​ဘယ်​သူ စစ်​တိုက်​နိုင်​မည်​နည်း။ ငါ​တို့​နေ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဝင်​နိုင်​မည်​နည်း​ဟု ဆို​တတ်​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 21,
      "verse": 14,
      "text": "သင်​တို့​အ​ကျင့်​နှင့် ထိုက်​လျောက်​အောင် အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်။ သင်​တို့​တော​ကို ငါ​ရှို့​သော​မီး​သည်၊ ပတ်​လည်၌ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို လောင်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​သို့​သွား၍ ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 2,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ယု​ဒ​ရှင်​ဘု​ရင်၊ သင့်​ကိုယ်​တိုင်​မှ​စ၍ သင်၏​ကျွန်​များ​နှင့်၊ ဤ​မြို့​တံ​ခါး​တို့​ဖြင့် ဝင်​သော သင်၏​လူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်၍ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ ဧည့်​သည်​ဖြစ်​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို မ​တ​ရား​သ​ဖြင့်​မ​ပြု၊ မ​ညှဉ်း​ဆဲ​ကြ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို ဤ​အ​ရပ်၌ မ​ကွပ်​မျက်​ကြ​နှင့်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဤ​ပ​ညတ်​တော်​အ​တိုင်း အ​မှန်​ပြု​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရ​ထား​စီး၊ မြင်း​စီး​ရှင်​ဘု​ရင်​တို့​သည် ကျွန်​များ၊ နိုင်​ငံ​တော်​သား​များ​နှင့်​တ​ကွ၊ ဤ​နန်း​တော်​တံ​ခါး​များ​ကို ထွက်​ဝင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 5,
      "text": "သို့​မ​ဟုတ်၊ သင်​တို့​သည် ဤ​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ဤ​နန်း​တော်​သည် လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​ကိုယ် တိုင်​တည်၍ မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 6,
      "text": "ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ငါ၌ ဂိ​လဒ်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​ထိပ် ကဲ့​သို့​လည်း​ကောင်း ဖြစ်​သော်​လည်း၊ အ​ကယ်​စင်​စစ် ငါ​သည်​သင့်​ကို လူ​မ​နေ​သော​မြို့​ကဲ့​သို့ တော​ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 7,
      "text": "သင့်​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ၊ ဓား​နှင့် ပု​ဆိန်​ပါ​သော သူ​တို့​ကို​ငါ​ပြင်​ဆင်​သ​ဖြင့်၊ သူ​တို့​သည် သင်၌ အ​မြတ်​ဆုံး​သော အာ​ရဇ်​ပင်​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့​ချ​လိုက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 8,
      "text": "လူ​အ​မျိုး​မျိုး​တို့​သည် ဤ​မြို့​အ​နား​မှာ​လျှောက်​သွား​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြို့​ကြီး​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု၊ တစ်​ယောက်​ကို​တစ်​ယောက် မေး​ကြ​သည်​ရှိ​သော်၊"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 9,
      "text": "ဤ​မြို့​သား​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​ကို စွန့်​ပစ်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့်၊ ဤ​သို့​ပြု​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 10,
      "text": "သေ​သော​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ အ​ခြား​တစ်​ပါး​သို့ သွား​သော​သူ​အ​တွက် ငို​ကြွေး​ခြင်း​ကို ပြု​ကြ​လော့။ သူ​သည် နောက်​တစ်​ဖန် ပြန်၍​မ​လာ​ရ။ မိ​မိ​မွေး​ဖွား​ရာ​ဌာ​န​ကို မ​မြင်​ရ။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 11,
      "text": "ခ​မည်း​တော် ယော​ရှိ​မင်း​ကြီး​အ​ရာ၌​စိုး​စံ၍ ဤ​ပြည်​မှ​ထွက်​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား​ရှ​လ္လုံ​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သည် နောက်​တစ်​ဖန် ဤ​ပြည်​သို့ ပြန်၍​မ​လာ​ရ။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 12,
      "text": "ရန်​သူ​တို့​သိမ်း​သွား​ရာ​ပြည်၌​ပင် သေ​ရ​လိမ့်​မည်။ ဤ​ပြည်​ကို နောက်​တစ်​ဖန် မ​မြင်​ရ။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 13,
      "text": "မ​တ​ရား​သော​အ​မှု​အား​ဖြင့် မိ​မိ​အိမ်​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု၍ အ​ထက်​ခန်း​တို့​ကို​လည်း​ကောင်း ဆောက်​သော​သူ၊ အိမ်​နီး​ချင်း​ကို အ​ခ​မ​ပေး​ဘဲ​စေ​စား၍၊ အ​လုပ်​လုပ်​သည်​အ​တွက်​ဆု​မ​ချ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 14,
      "text": "ကြီး​သော​အိမ်၊ ကျယ်​သော​အ​ထက်​ခန်း​တို့​ကို ငါ​ဆောက်​မည်​ဟု ဆို​လျက်၊ ပြတင်း​ပေါက်​ကို ဖောက်၍၊ အာ​ရဇ်​သစ်​သား​နှင့် မိုး​ပြီး​မှ၊ ဟ​င်္သာ​ပ​ဒါး​နှင့် ချယ်​လှယ်​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရဇ်​သစ်​သား၏​ဂုဏ်​ကို ကိုး​စား​သော​ကြောင့် စိုး​စံ​ရ​မည်​လော။ သင်၏​အ​ဘ​သည် ဝ​စွာ​စား​သောက်​ရ​သည် မ​ဟုတ်​လော။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​သည် မ​ဟုတ်​လော။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 16,
      "text": "သူ​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​အ​မှု​ကို​စောင့်၍ တ​ရား​သ​ဖြင့် စီ​ရင်၏။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။ ငါ့​ကို​သိ​သော အ​ကျိုး​မ​ဟုတ်​လော။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 17,
      "text": "သင်၏​မျက်​စိ​နှင့် သင်၏​နှ​လုံး​မူ​ကား၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​ပြစ်​မ​ရှိ​သော​သူ​ကို သတ်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​မှ​တစ်​ပါး၊ အ​ဘယ်​အ​မှု​ကို​မျှ မ​မှတ်​တတ်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 18,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး၏​သား ယော​ယ​ကိမ်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထို​မင်း​သေ​သော​အ​ခါ လူ​များ​တို့​က၊ ဩ ငါ့​အစ်​ကို၊ ဩ ငါ့​နှ​မ​ဟူ၍ မ​ငို​ကြွေး​ရ​ကြ။ သူ၏​အ​တွက်​လည်း၊ ဩ သ​ခင်၊ ဩ အ​ရှင်​မ၏​ဘုန်း​ဟူ၍ မ​မြည်​တမ်း​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 19,
      "text": "ယေ​ရု​ရှ​လင်​မြို့​ပြင်​သို့ ဆွဲ​သွား၍ ပစ်​ထား​သ​ဖြင့်၊ မြည်း​ကို သင်္ဂြိုဟ်​သ​ကဲ့​သို့ ထို​မင်း​ကို သင်္ဂြိုဟ်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 20,
      "text": "လေ​ဗ​နုန်​တောင်​ပေါ်​သို့ တက်၍ ကြွေး​ကြော်​လော့။ ဗာ​ရှန်​ပြည်၌ အော်​ဟစ်​လော့။ အာ​ဗ​ရိမ်​အ​ရပ်​မှာ အ​သံ​ကို​လွှင့်​လော့။ အ​ကြောင်း​မူ​ကား၊ သင်၏​မိတ်​ဆွေ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 21,
      "text": "သင်​သည် ကောင်း​စား​သော​အ​ခါ ငါ​သ​တိ​ပေး၏။ သင်​က၊ ငါ​နား​မ​ထောင်​ဟု ပြန်​ပြော၏။ ငယ်​သော​အ​ရွယ်​မှ​စ၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ နေ​မြဲ​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 22,
      "text": "သင့်​ကို ကျွေး​မွေး​သော​သူ​အ​ပေါင်း​တို့​ကို လေ​သည် စား​လိမ့်​မည်။ သင်၏​မိတ်​ဆွေ​တို့​ကို ရန်​သူ​တို့​သည် သိမ်း​သွား​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ကိုယ်​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကြောင့် အ​မှန်​ရှက်​ကြောက်၍ စိတ်​ပျက်​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 23,
      "text": "အာ​ရဇ်​ပင်​တို့၌ အ​သိုက်​လုပ်​တတ်​သော လေ​ဗ​နုန်​တောင်​သား၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မိန်း​မ​ခံ​ရ​သ​ကဲ့​သို့၊ သင်​သည် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​အ​ခါ၊ အ​ဘယ်​မျှ​လောက် သ​နား​ဖွယ်​ဖြစ်​လိမ့်​မည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မင်း​ကြီး၏​သား ခေါ​နိ​သည်၊ ငါ့​လက်​ယာ​လက်၌​ပါ​သော တံ​ဆိပ်​လက်​စွပ်​မှန်​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင့်​ကို ငါ​ပယ်​ပစ်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 25,
      "text": "သင့်​အ​သက်​ကို သတ်​ချင်​သော​သူ၊ သင်​အ​လွန်​ကြောက်​သော​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​မှ​စ၍ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ငါ​အပ်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 26,
      "text": "သင့်​ကို​လည်း​ကောင်း၊ သင့်​ကို​ဖွား​မြင်​သော သင်၏​အ​မိ​ကို​လည်း​ကောင်း၊ မွေး​ဖွား​ရာ​ဌာ​န မ​ဟုတ်​သော​ပြည်​သို့ ငါ​နှင်​ထုတ်​သ​ဖြင့်၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 27,
      "text": "ပြန်​လို​သော​ပြည်​သို့ နောက်​တစ်​ဖန်​ပြန်၍​မ​လာ​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 28,
      "text": "ဤ​မင်း​သား​ခေါ​နိ​သည် ရို​သေ​ဖွယ်​မ​ဟုတ်၊ ကျိုး​ပဲ့​သော​ရုပ်​တု​ဖြစ်​သ​လော။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော​တန်​ဆာ ဖြစ်​သ​လော။ သူ​နှင့်​တ​ကွ သူ၏​သား​မြေး​တို့​ကို နှင်​ထုတ်၍၊ သူ​တို့​မ​သိ​ဖူး​သော​ပြည်၌ အ​ဘယ်​ကြောင့် ချ​ပစ်​ရ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 29,
      "text": "အို မြေ​ကြီး၊ မြေ​ကြီး၊ မြေ​ကြီး၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။"
    },
    {
      "book": 24,
      "chapter": 22,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မင်း​ကို သား​မ​ရှိ​သော​သူ​ဟူ၍​လည်း​ကောင်း၊ တစ်​သက်​လုံး မ​ကောင်း​စား​သော​သူ ဟူ၍​လည်း​ကောင်း ရေး​မှတ်​လော့။ သူ၏​သား​မြေး တစ်​စုံ​တစ်​ယောက်​မျှ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​အ​ခွင့်​နှင့်၊ ယု​ဒ​ပြည်​ကို စိုး​စံ​ရ​သော​အ​ခွင့်​မ​ရှိ​ရ။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို ဖျက်​ဆီး၍၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 2,
      "text": "ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 3,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​သိုး​စု​ကို ငါ​နှင်​ထုတ်​သော ပြည်​ရှိ​သ​မျှ​တို့၌ ကျန်​ကြွင်း​သော​သိုး​တို့​ကို ငါ​စု​ဝေး၍၊ နေ​ရင်း​သိုး​ခြံ​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​သည်​လည်း၊ သား​ဖွား၍ များ​ပြား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 4,
      "text": "သူ​တို့​ကို ကျွေး​မွေး​သော​သိုး​ထိန်း​တို့​ကို သူ​တို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် ကြောက်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ရ​ကြ။ ဆုံး​မ​ခြင်း​ကို​လည်း​မ​ခံ​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ​သည်​အ​တိုင်း၊ ဉာဏ်​ကောင်း​သော ရှင်​ဘု​ရင်​တစ်​ဦး​သည် စိုး​စံ၍၊ မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​ရာ​ကာ​လ​သည် ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 6,
      "text": "ထို​မင်း​လက်​ထက်၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ပြည်​လည်း ငြိမ်​ဝပ်​စွာ နေ​ရ​လိမ့်​မည်။ ထို​မင်း​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 7,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ မ​ကျိန်​ဆို​ဘဲ၊"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​ကို မြောက်​ပြည်​မှ​စ၍၊ နှင်​ထုတ်​ဖူး​သော ပြည်​ရှိ​သ​မျှ​တို့​မှ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ ကျိန်​ဆို​ရ​သော​ကာ​လ​သည် နောက်​တစ်​ဖန် ရောက်​လိမ့်​မည်။ သူ​တို့​သည် နေ​ရင်း​ပြည်၌ တစ်​ဖန် နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 9,
      "text": "ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ​တို့​သည် တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။ ထို​သူ​တို့​ကြောင့် တစ်​ပြည်​လုံး မြည်​တမ်း​ရ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​သည် သွေ့​ခြောက်​ကြ၏။ ပြည်​သား​များ​လိုက်​သော​လမ်း​သည် မ​ဖြောင့်၊ သူ​တို့​အ​စွမ်း​သ​တ္တိ​သည် တ​ရား​ဘက်၌ မ​နေ​တတ်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 11,
      "text": "ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​တို့​သည် ဘု​ရား​ကို မ​ရို​မ​သေ​ပြု​ကြ​ပြီ။ ငါ့​အိမ်၌​ပင် သူ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​တွေ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 12,
      "text": "ထို​ကြောင့်၊ သူ​တို့​သွား​သော​လမ်း​သည် မှောင်​မိုက်၌ ချော​တတ်​သော လမ်း​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် တွန်း​တိုး​ခြင်း​ကို ခံ​ရ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​ကာ​လ၌ သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ကို သင့်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 13,
      "text": "ရှ​မာ​ရိ​ပြည်​သား ပ​ရော​ဖက်​တို့၌​လည်း၊ မိုက်​သော​သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် ဗာ​လ​ဘု​ရား​ကို မှီ​ဝဲ၍ ပ​ရော​ဖက်​ပြု​သ​ဖြင့်၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှား​ယွင်း​စေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 14,
      "text": "ယေ​ရု​ရှ​လင်​မြို့​သား ပ​ရော​ဖက်​တို့၌​လည်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​လျက်၊ မု​သား​ကို​လည်း​သုံး​လျက်၊ အ​ဓ​မ္မ​ပြု​သော​သူ​တို့​ကို အား​ပေး​တတ်​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို မ​စွန့်။ ထို​သူ ရှိ​သ​မျှ​တို့​သည် ငါ၌ သော​ဒုံ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 15,
      "text": "ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 16,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်​ပြု၍ သင်​တို့​အား ဟော​တတ်​သော​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် သင်​တို့​အား အ​ချည်း​နှီး​ဟော​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​သို့​မ​လိုက်၊ ကိုယ်​အ​လို​အ​လျောက် ရူ​ပါ​ရုံ​ကို​မြင်​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​အား၊ သင်​တို့​သည် ငြိမ်​ဝပ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​ဟု ဟော​တတ်​ကြ၏။ မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့ လိုက်​သော​သူ​တို့​အား၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​ရ​ကြ​ဟု ဟော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 18,
      "text": "ထို​သူ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် တိုင်​ပင်​ဘက်​ပြု​သ​နည်း။ အ​ဘယ်​သူ​သည် အ​မှု​တော်​ကို ကြား​မြင်​သ​နည်း။ အ​ဘယ်​သူ​သည် နှုတ်​က​ပတ်​တော်​ကို နား​ထောင်၍ ကြား​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 19,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ အ​မျက်​တော်​မ​ငြိမ်း​ရ။ နောက်​ကာ​လ၌ သင်​တို့​သည် ရှင်း​လင်း​စွာ နား​လည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 21,
      "text": "ငါ​မ​စေ​လွှတ်​ဘဲ ထို​ပ​ရော​ဖက်​တို့​သည် ပြေး​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 22,
      "text": "ထို​သူ​တို့​သည် ငါ​နှင့် တိုင်​ပင်​ဘက်​ပြု​လျှင်၊ ငါ့​စ​ကား​ကို ငါ၏​လူ​မျိုး​အား​ဆင့်​ဆို၍၊ ငါ၏​လူ​မျိုး​ကို မ​တ​ရား​သော​လမ်း​မှ​လည်း​ကောင်း၊ မ​ကောင်း​သော အ​ကျင့်​ဓ​လေ့​မှ​လည်း​ကောင်း လွဲ​သွား​စေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 23,
      "text": "ငါ​သည် နီး​သော​အ​ရပ်၌​သာ ဘု​ရား​ဖြစ်​သ​လော။ ဝေး​သော​အ​ရပ်၌​လည်း ဘု​ရား​ဖြစ်​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 24,
      "text": "ငါ​မ​မြင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​နိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မြေ​ကြီး​ကို နှံ့​ပြား​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 25,
      "text": "ငါ​သည် အိပ်​မက်​မြင်​ပြီ၊ အိပ်​မက်​မြင်​ပြီ​ဟု၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍၊ မု​သား​ဖြင့်​ဟော​ပြော​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို ငါ​ကြား​ပြီ။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 26,
      "text": "ထို​ပ​ရော​ဖက်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့ ကြံ​စည်​ကြ​လိမ့်​မည်​နည်း။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ ကိုယ်​စိတ်​နှ​လုံး​လှည့်​စား​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 27,
      "text": "ဘိုး​ဘေး​တို့​သည် ဗာ​လ​ကြောင့် ငါ့​နာ​မ​ကို​မေ့​လျော့​သ​ကဲ့​သို့၊ သူ​တို့​သည် အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​သော အိပ်​မက်​များ​အား​ဖြင့် ငါ၏​လူ​မျိုး​သည် ငါ့​နာ​မ​ကို​မေ့​လျော့​စေ​မည်​ဟု အ​ကြံ​ရှိ​ကြ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 28,
      "text": "အိပ်​မက်​မြင်​သော ပ​ရော​ဖက်​သည် အိပ်​မက်​စ​ကား​ကို ပြော​ပါ​လေ​စေ။ ငါ၏​နှုတ်​က​ပတ်​တော်​ကို ခံ​ရ​သော​သူ​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကို မှန်​ကန်​စွာ ဟော​ပြော​ပါ​လေ​စေ။ အ​ဖျင်း​သည် စ​ပါး​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 29,
      "text": "ငါ၏ နှုတ်​က​ပတ်​တော်​သည် မီး​ကဲ့​သို့​လည်း​ကောင်း၊ ကျောက်​ကို​ထု​ချေ​သော သံ​တူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 30,
      "text": "သို့​ဖြစ်၍၊ ငါ့​စ​ကား​တော်​ကို အိမ်​နီး​ချင်း တစ်​ယောက်​မှ​တစ်​ယောက် ခိုး​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 31,
      "text": "မိ​မိ​တို့​အ​လို​အ​လျောက် ဟော​ပြော​လျက်​နှင့် အ​မိန့်​တော်​ရှိ​သည်​ဟု​ဆို​သော ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 32,
      "text": "မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 33,
      "text": "ဤ​လူ​မျိုး​တွင် ဆင်း​ရဲ​သား​ဖြစ်​စေ၊ ပ​ရော​ဖက်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ၊ တစ်​စုံ​တစ်​ယောက်​က၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော် အ​ဘယ်​သို့​နည်း​ဟု သင့်​ကို​မေး​လျှင်၊ ပြန်​ပြော​ရ​မည်​မှာ၊ သင်​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊ သင်​တို့​ကို ငါ​စွန့်​ပစ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ပြော​ဆို​သော ပ​ရော​ဖက်၊ ယဇ်​ပု​ရော​ဟိတ်၊ ပြည်​သူ​ပြည်​သား​ကို​လည်း​ကောင်း၊ ထို​သူ၏ အိမ်​သူ​အိမ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​သည် ဒဏ်​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 35,
      "text": "သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ ပြန်​ပြော​တော်​မူ​သ​နည်း ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း ဟူ၍​လည်း​ကောင်း၊ အိမ်​နီး​ချင်း၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 36,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟူ၍ နောက်​တစ်​ဖန် မ​ဆို​ရ။ လူ​တိုင်း မိ​မိ​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​ဗျာ​ဒိတ်​တော်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ ငါ​တို့၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ဖျက်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 37,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ဘယ်​သို့ ပြန်​ပြော​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း​ဟု ပ​ရော​ဖက်​ကို​မေး​လော့။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 38,
      "text": "သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟု ဆို​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု မ​ဆို​ရ​မည်​အ​ကြောင်း၊ ငါ​ပ​ညတ်​သော်​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟူ​သော စ​ကား​ကို သုံး​ကြ​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 39,
      "text": "ငါ​သည် သင်​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော မြို့​ကို​လည်း​ကောင်း၊ ငါ့​ထံ​မှ အ​ကုန်​အ​စင်​ကျုံး၍ ပစ်​လိုက်​မည်။"
    },
    {
      "book": 24,
      "chapter": 23,
      "verse": 40,
      "text": "အ​စဉ်​အ​မြဲ မ​မေ့​လျော့​နိုင်​သော ထာ​ဝ​ရ​ကဲ့​ရဲ့​ခြင်း​နှင့် အ​ရှက်​ကွဲ​ခြင်း​ကို သင်​တို့​အ​ပေါ်​မှာ သက်​ရောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေခေါနိ​မင်း​အ​စ​ရှိ​သော ယု​ဒ​မှူး​မတ်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ရှေ့၌​ထား​သော သင်္ဘော​သ​ဖန်း​သီး တောင်း​နှစ်​လုံး​သည် ထင်​ရှား​လေ၏။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 2,
      "text": "တောင်း​တစ်​လုံး၌​ကား၊ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ အ​လွန်​ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​နှင့် ပြည့်​လျက်​ရှိ၏။ တစ်​လုံး၌​ကား၊ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော သင်္ဘော​သ​ဖန်း​သီး​နှင့် ပြည့်​လျက်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် သင်္ဘော​သ​ဖန်း​သီး​ကို မြင်​ပါ၏။ ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​သည် အ​လွန်​ကောင်း​ပါ၏။ ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​သည် မ​စား​နိုင်​အောင် အ​လွန်​ညံ့​ပါ​သည်​ဟု ပြန်​လျှောက်၏။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 4,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 5,
      "text": "ဤ​အ​ရပ်​မှ ခါ​လ​ဒဲ​ပြည်​သို့ ငါ​စေ​လွှတ်၍ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဤ​ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ ဖြစ်​ကြ​သည်​ဟု ငါ​ဝန်​ခံ​မည်။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 6,
      "text": "သူ​တို့၌ ကျေး​ဇူး​ပြု​မည်​ဟု ငါ​ကြံ​စည်၍၊ ဤ​ပြည်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ဦး​မည်။ နောက်​တစ်​ဖန် မ​ဖြို​မ​ဖျက်​ဘဲ တည်​ဆောက်​မည်။ မ​နုတ်​မ​ပယ်​ဘဲ စိုက်​ထား​မည်။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 7,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ သူ​တို့​သိ​နိုင်​သော စိတ်​နှ​လုံး​ကို ငါ​ပေး​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၍၊ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​လိမ့်​မည်။ ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ပြန်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 8,
      "text": "မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့၊ ငါ​သည် ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍၊ မှူး​တော်​မတ်​တော်၊ ဤ​ပြည်၌ ကျန်​ကြွင်း​သော ယေ​ရု​ရှ​လင်​မြို့​သား၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော အ​မျိုး​သား​တို့​ကို ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 9,
      "text": "သူ​တို့​သည် ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​ခြင်း၊ ပုံ​ခိုင်း​ခြင်း၊ ဆဲ​ရေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို ခံ​ရ​မည်​အ​ကြောင်း၊ ငါ​သည် မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၌ နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​သို့ သူ​တို့​ကို အပ်​လိုက်​မည်။"
    },
    {
      "book": 24,
      "chapter": 24,
      "verse": 10,
      "text": "သူ​တို့​နှင့် သူ​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 2,
      "text": "ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အား၊ ယေ​ရ​မိ ဆင့်​ဆို​ဟော​ပြော​ရ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 3,
      "text": "ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ စော​စော​ထ၍ မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို၊ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ် စေ​လွှတ်​တော်​မူ​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ကြ။ အ​မိန့်​တော်​ကို ကြား​ခြင်း​ငှာ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 5,
      "text": "ထို​ပ​ရော​ဖက်​တို့​က၊ သင်​တို့​အ​သီး​အ​သီး​လိုက်​သော​လမ်း​ဆိုး​နှင့် အ​ကျင့်​ဆိုး​များ​ကို ပယ်​ရှား၍၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည် အ​မြဲ​ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 6,
      "text": "အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လိုက်၍ ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ကြ​နှင့်။ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို မ​ထွက်​စေ​ကြ​နှင့်။ ငါ​သည်​လည်း၊ သင်​တို့​ကို မ​ညှဉ်း​ဆဲ​ဟု ဆင့်​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 8,
      "text": "ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 9,
      "text": "ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 10,
      "text": "ဤ​သူ​တို့​တွင် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင်​သ​တို့​သား၏​အ​သံ၊ သ​တို့​သ​မီး၏​အ​သံ၊ ကြိတ်​ဆုံ​သံ​နှင့် မီး​ခွက်​အ​လင်း​ကို ငါ​ကွယ်​ပျောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 11,
      "text": "ဤ​ပြည်​တစ်​လျှောက်​လုံး​သည် လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ဤ​လူ​မျိုး​တို့​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 13,
      "text": "ငါ​ခြိမ်း​သော စ​ကား​များ​တည်း​ဟူ​သော ယေ​ရ​မိ​သည် ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့​တစ်​ဖက်၌ ဟော​ပြော၍၊ ဤ​စာ၌​ရေး​ထား​သော စ​ကား​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 14,
      "text": "များ​စွာ​သော​လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​ကို စေ​စား​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​သော​အ​ကျင့်၊ သူ​တို့​ကိုယ်​တိုင်​ပြု​သော အ​မှု​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​မျက်​တော်​စ​ပျစ်​ရည်​ဖ​လား​ကို ငါ့​လက်​မှ ခံ​ယူ​လော့။ ငါ​သည် သင့်​ကို​စေ​လွှတ်​သော လူ​မျိုး​အ​ပေါင်း​တို့​ကို​သောက်​စေ​လော့။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 16,
      "text": "သူ​တို့​အ​လယ်​သို့ ငါ​စေ​လွှတ်​သော​ဓား​ကြောင့် သူ​တို့​သည်​သောက်၍ ယစ်​မူး​တိမ်း​ယိမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 17,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​မှ ထို​ဖ​လား​ကို​ခံ​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို သောက်​စေ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 18,
      "text": "ထို​လူ​မျိုး​များ​ဟူ​မူ​ကား၊ ယ​နေ့​ရှိ​သည်​အ​တိုင်း လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ သောက်​ရ​သော ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​ပြည်​သား၊ ယု​ဒ​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 19,
      "text": "အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော​သူ၏ ကျွန်၊ မှူး​မတ်၊ ပြည်​သူ​ပြည်​သား၊ သူ​တို့​နှင့်​ရော​နှော​သော တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 20,
      "text": "ဥ​ဇ​မင်း​အ​ပေါင်း၊ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း၊ အာ​ရှ​ကေ​လုန်​ပြည်​သား၊ ဂါ​ဇ​ပြည်​သား၊ ဧ​ကြုန်​ပြည်​သား၊ ကျန်​ကြွင်း​သော အာ​ဇုတ်​ပြည်​သား၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 21,
      "text": "ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 22,
      "text": "တု​ရု​မင်း​အ​ပေါင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း၊ ပင်​လယ်​တစ်​ဖက်၌ အ​စိုး​ရ​သော​မင်း​များ၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 23,
      "text": "ဒေ​ဓန်​ပြည်​သား၊ တေ​မ​ပြည်​သား၊ ဗု​ဇ​ပြည်​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​ပြည်​သား​ရှိ​သ​မျှ၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 24,
      "text": "အာ​ရပ်​မင်း​အ​ပေါင်း၊ တော၌​နေ၍ အ​မျိုး​မ​စစ်​သော​လူ​များ​ကို အ​စိုး​ရ​သော​မင်း​အ​ပေါင်း၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 25,
      "text": "ဇိ​မ​ရိ​မင်း​အ​ပေါင်း၊ ဧ​လံ​မင်း​အ​ပေါင်း၊ မေ​ဒိ​မင်း​အ​ပေါင်း၊"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 26,
      "text": "တစ်​ပါး​နှင့်​တစ်​ပါး နီး​သည်​ဖြစ်​စေ၊ ဝေး​သည်​ဖြစ်​စေ၊ မြောက်​ပြည်​မင်း​ရှိ​သ​မျှ​တို့​နှင့်၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ရှိ​သ​မျှ​သော လော​ကီ​နိုင်​ငံ​အ​ပေါင်း​ပါ​ကြ​သ​တည်း။ နောက်​ဆုံး၌ ရှေ​ရှက်​ရှင်​ဘု​ရင် သောက်​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 27,
      "text": "သင်​တို့​အ​လယ်​သို့ ငါ​စေ​လွှတ်​သော​ဓား​ကြောင့် သောက်၍​ယစ်​မူး​ကြ။ အော့​အန်​ကြ၊ လဲ​ကြ၊ နောက်​တစ်​ဖန် မ​ထ​ကြ​နှင့်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား ဆင့်​ဆို​လော့။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 28,
      "text": "သူ​တို့​သည် သောက်​ခြင်း​ငှာ ထို​ဖ​လား​ကို သင်၏​လက်​မှ​မ​ခံ၊ ငြင်း​ပယ်​လျှင်​လည်း၊ စင်​စစ်​သောက်​ရ​ကြ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား ပြန်​ပြော​လော့။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော​မြို့​ကို ငါ​သည် အ​ပြစ်​ပေး​စ​ပြု​လျှင်၊ သင်​တို့​သည် ဒဏ်​အ​လျှင်း​မ​ခံ​ဘဲ နေ​ရ​ကြ​မည်​လော။ ဒဏ်​မ​ခံ​ဘဲ မ​နေ​ရ​ကြ။ ငါ​သည် မြေ​ကြီး​သား​ရှိ​သ​မျှ​တို့​အ​ဖို့ ဓား​ကို​မှာ​လိုက်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 30,
      "text": "ထို​ကြောင့်၊ သင်​သည် ပ​ရော​ဖက်​ပြု​လျက် သူ​တို့​အား ဟော​ပြော​ရ​သော​စ​ကား​များ ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ရပ်​က ကြွေး​ကြော်​တော်​မူ​မည်။ သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်​က အ​သံ​ကို လွှင့်​တော်​မူ​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ဌာ​န တစ်​ဖက်၌ ပြင်း​စွာ ကြွေး​ကြော်​တော်​မူ​မည်။ စ​ပျစ်​သီး​ကို နင်း​နယ်​သော​သူ​များ အော်​ဟစ်​သ​ကဲ့​သို့၊ မြေ​ကြီး​သား​များ တစ်​ဖက်၌ အော်​ဟစ်​တော်​မူ​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 31,
      "text": "မြေ​ကြီး​စွန်း​တိုင်​အောင် အ​သံ​နှံ့​ပြား​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​မျိုး​မျိုး​တို့​နှင့် တ​ရား​တွေ့​စ​ရာ အ​ကြောင်း​ရှိ၍၊ ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​ကို အ​မှု​လုပ်​တော်​မူ​မည်။ ဆိုး​သော​သူ​တို့​ကို ဓား​နှင့်​ကွပ်​မျက်​စေ​ခြင်း​ငှာ အပ်​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 32,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘေး​သည် တစ်​ပြည်​မှ​တစ်​ပြည်​သို့ ကူး​သွား​လိမ့်​မည်။ မြေ​ကြီး​အ​စွန်း​အ​နား​တို့​မှ ပြင်း​စွာ​သော လေ​ပွေ​သည် ထ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 33,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မြေ​ကြီး​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် နှံ့​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို မ​မြည်​တမ်း​ရ။ မ​စု​မ​ပုံ​ရ။ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 34,
      "text": "အို သိုး​ထိန်း​တို့၊ ငို​ကြွေး အော်​ဟစ်​ကြ​လော့။ အို သိုး​ကြီး​သိုး​မြတ်​တို့၊ ပြာ၌​လူး​လည်း​လျက် နေ​ကြ​လော့။ သင်​တို့​ကို သတ်​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ အ​ရပ်​ရပ်​သို့ ငါ​မောင်း​သ​ဖြင့်၊ သင်​တို့​သည် အ​ဖိုး​ထိုက်​သော တန်​ဆာ​ကျ​သ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 35,
      "text": "သိုး​ထိန်း​တို့​သည် ပြေး​စ​ရာ​လမ်း​မ​ရှိ။ သိုး​ကြီး​သိုး​မြတ်​တို့​သည် လွတ်​ရာ​လမ်း​ကို ရှာ၍ မ​တွေ့​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 36,
      "text": "သိုး​ထိန်း​များ ငို​ကြွေး​သံ​နှင့် သိုး​ကြီး​သိုး​မြတ်​များ မြည်​သံ​ကို ကြား​ရ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 37,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​သော​အား​ဖြင့် ငြိမ်​ဝပ်​စွာ နေ​ရာ​အ​ရပ်​တို့​သည်​လည်း ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 25,
      "verse": 38,
      "text": "ခြင်္သေ့​ဘာ​သာ​ဓ​လေ့၊ နေ​တော်​မူ​ရာ​ခြုံ​ကို စွန့်​ထွက်​တော်​မူ​ပြီ။ ညှဉ်း​ဆဲ​သော​သူ၏​ပြင်း​ထန်​ခြင်း၊ ပြင်း​စွာ အ​မျက်​ထွက်​ခြင်း​အား​ဖြင့်၊ သူ​တို့​ပြည်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ရ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ယော​ယ​ကိမ် နန်း​ထိုင်​စ​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 3,
      "text": "သူ​တို့​သည် နား​ထောင်၍၊ အ​သီး​အ​သီး မိ​မိ​တို့ အ​ဓ​မ္မ​လမ်း​မှ လွှဲ​ရှောင်​ကောင်း လွှဲ​ရှောင်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကြောင့် အ​ပြစ်​ပေး​မည်​ဟု ကြံ​စည်​ခြင်း​ကို နောင်​တ​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 4,
      "text": "သို့​ဖြစ်၍၊ သင်​သည် ဆင့်​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ သင်​တို့၌ ငါ​ထား​သော ပ​ညတ်​တ​ရား​လမ်း​သို့​မ​လိုက်၊"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 5,
      "text": "ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​သော ငါ၏​ကျွန် ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သ​ကဲ့​သို့၊ ယ​ခု​လည်း နား​မ​ထောင်​ဘဲ​နေ​လျှင်၊"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 6,
      "text": "ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 7,
      "text": "ထို​စ​ကား​ကို ဗိ​မာန်​တော်၌ ယေ​ရ​မိ​ဟော​ပြော​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ လူ​များ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 8,
      "text": "လူ​များ​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​သော စ​ကား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ လူ​များ​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ကို​ဖမ်း​ဆီး၍၊ သင်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 9,
      "text": "ဤ​အိမ်​တော်​သည် ရှိ​လော​ရွာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ဤ​မြို့​သည် လူ​မ​ရှိ၊ ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ အ​ဘယ်​ကြောင့် ဟော​သ​နည်း​ဟု ပြော​ဆို​လျက်၊ လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​တွင် ယေ​ရ​မိ​တစ်​ဖက်၌ စု​ဝေး​ကြ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 10,
      "text": "ယု​ဒ​မှူး​မတ်​တို့​သည် ထို​အ​မှု​ကို ကြား​သိ​သော​အ​ခါ၊ နန်း​တော်​မှ ဗိ​မာန်​တော်​သို့​လာ၍၊ ဗိ​မာန်​တော် တံ​ခါး​သစ်​အ​တွင်း၌ ထိုင်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 11,
      "text": "ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏။ သင်​တို့​သည် ကိုယ်​နား​နှင့် ကြား​သည်​အ​တိုင်း၊ ဤ​မြို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​ပါ​ပြီ​တ​ကား​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 12,
      "text": "ယေ​ရ​မိ​က​လည်း၊ သင်​တို့​ကြား​သ​မျှ​အ​တိုင်း၊ ဤ​အိမ်​တော်​နှင့် ဤ​မြို့​တော်​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဟော​ပြော​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 13,
      "text": "ယ​ခု​မှာ သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​တို့​ကို ပြောင်း​လဲ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 14,
      "text": "ငါ​မူ​ကား၊ သင်​တို့​လက်၌​ရှိ​ပါ၏။ သင်​တို့​စိတ်၌ ဖြောင့်​မတ်​လျောက်​ပတ်​သည်​ဟု ထင်​သည်​အ​တိုင်း၊ ငါ့​ကို ပြု​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 15,
      "text": "သို့​ရာ​တွင်၊ ငါ့​ကို​သတ်​လျှင် အ​ပြစ်​မ​ရှိ​သော​အ​သွေး​ကို သင်​တို့​သည် ကိုယ်​အ​ပေါ်​သို့​လည်း​ကောင်း၊ ဤ​မြို့​နှင့် မြို့​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ စင်​စစ်​ရောက်​စေ​လိမ့်​မည်​ဟု ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို သင်​တို့​အား ကြား​ပြော​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စင်​စစ်​စေ​လွှတ်​တော်​မူ​ပြီ​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​လေ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 16,
      "text": "ထို​အ​ခါ မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​က၊ ဤ​သူ​သည် အ​သေ​ခံ​ထိုက်​သည် မ​ဟုတ်။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား​ဟော​ပြော​လေ​ပြီ​ဟု ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား ပြော​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 17,
      "text": "ပြည်​သား​အ​သက်​ကြီး​သူ အ​ချို့​က​လည်း၊"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 18,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၊ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ပ​ရော​ဖက်​ပြု​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း၊ မြေ​ပုံ​များ​ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဟော​ပြော၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 19,
      "text": "ထို​အ​ခါ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် ထို​ပ​ရော​ဖက်​ကို သတ်​သ​လော။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သည် မ​ဟုတ်​လော။ ရှေ့​တော်၌ တောင်း​ပန်​သည် မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ ဘေး​ဥ​ပဒ်​ကို ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ငါ​တို့​မူ​ကား၊ ကိုယ်​အ​ကျိုး​ကို ဖျက်​ဆီး​ခြင်း​ငှာ ပြု​ကြ​သည်​တ​ကား​ဟု စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 20,
      "text": "ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​နေ၊ ရှေ​မာ​ယ၏​သား ဥ​ရိ​ယ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ထို​မြို့​နှင့် ထို​ပြည်​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍၊ ယေ​ရ​မိ​ဟော​ပြော​သော​စ​ကား​နှင့် တ ညီ​တည်း​ဟော​ပြော၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 21,
      "text": "ယော​ယ​ကိမ်​မင်း​ကြီး​နှင့် မင်း​များ၊ မှူး​မတ်​များ​အ​ပေါင်း​တို့​သည် ထို​ပ​ရော​ဖက်၏ စ​ကား​ကို​ကြား​သော​အ​ခါ၊ သူ့​ကို သတ်​အံ့​သော​ငှာ မင်း​ကြီး​သည် ရှာ​ကြံ၏။ ထို​သ​တင်း​ကို​ကြား​လျှင်၊ ဥ​ရိ​ယ​သည်​ကြောက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြေး​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 22,
      "text": "ယော​ယ​ကိမ်​မင်း​ကြီး​သည် အာ​ခ​ဗော်​သား ဧ​လ​နာ​သန်​နှင့်​တ​ကွ လူ​အ​ချို့​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ စေ​လွှတ်၍၊"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 23,
      "text": "ထို​သူ​တို့​သည် ဥ​ရိ​ယ​ကို အဲ​ဂု​တ္တု​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့ ပို့​ဆောင်​သ​ဖြင့်၊ မင်း​ကြီး​သည် ဥ​ရိ​ယ​ကို ဓား​နှင့်​သတ်၍၊ အ​သေ​ကောင်​ကို ဆင်း​ရဲ​သား​တို့၏​သင်္ချိုင်း၌ ပစ်​ထား​လေ၏။"
    },
    {
      "book": 24,
      "chapter": 26,
      "verse": 24,
      "text": "သို့​သော်​လည်း၊ ရှာ​ဖန်​သား​အ​ဟိ​ကံ​သည် ယေ​ရ​မိ​ကို​မ​စ​သော​ကြောင့်၊ အ​သေ​ခံ​စေ​ခြင်း​ငှာ လူ​များ​တို့​လက်​သို့ မ​အပ်​ရ။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ဇေ​ဒ​ကိ​မင်း နန်း​ထိုင်​စ​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ကြိုး​နှင့်ထမ်း​ပိုး​များ​ကို​လုပ်၍၊ သင်၏​လည်​ပင်း၌​တပ်​လော့။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 3,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ထံ၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လာ​သော သံ​တ​မန်​တို့​တွင်၊ ထို​ကြိုး​နှင့် ထမ်း​ပိုး​တို့​ကို ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အ​မ္မုန်​မင်း၊ တု​ရု​မင်း၊ ဇိ​ဒုန်​မင်း​သို့​ပေး​လိုက်​လော့။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 4,
      "text": "ထို​သံ​တ​မန်​တို့​အား​လည်း၊ သင်​တို့​သည် သင်​တို့​အ​ရှင်​များ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 5,
      "text": "ငါ​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​ကို​ဆန့်​လျက် မြေ​ကြီး​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​သည်​ဖြစ်၍၊ ငါ​သည် ပေး​လို​သော​သူ​တို့​အား​ပေး၏။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 6,
      "text": "ယ​ခု​မှာ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ့​ကျွန်​ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ ငါ​အပ်​ပေး​ပြီ။ သူ​စေ​စား​ဖို့​ရာ တော​တိ​ရ​စ္ဆာန်​များ​ကို​လည်း ငါ​ပေး​ပြီ။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 7,
      "text": "သူ၏​နိုင်​ငံ​ဆုံး​ချိန် မ​ရောက်​မီ​တိုင်​အောင်၊ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည် သူ၏​အ​မှု​နှင့် သူ၏​သား​မြေး​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။ ထို​အ​ချိန်​ရောက်​မှ၊ များ​စွာ​သော လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် သူ့​ကို စေ​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​မ​ခံ၊ သူ၏​ထမ်း​ပိုး​ကို မ​ထမ်း​လို​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​ကို၊ သူ၏​လက်၌​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​အ​ပြစ်​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ သင်​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား ပြော​တတ်​သော ပ​ရော​ဖက်၊ အ​နာ​ဂတ်​ဆ​ရာ၊ အိပ်​မက်​မြင်​သော​ဆ​ရာ၊ နတ်​ဝိ​ဇ္ဇာ​ဆ​ရာ၊ ပြု​စား​တတ်​သော​ဆ​ရာ​တို့၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 10,
      "text": "ထို​သူ​တို့​သည် သင်​တို့​ကို သင်​တို့​ပြည်​မှ အ​ဝေး​သို့​ရွှေ့​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ကို ငါ​နှင်​ထုတ်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 11,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ထမ်း​ပိုး​ကို​ထမ်း၍၊ သူ၏​အ​စေ​ကို​ခံ​သော လူ​မျိုး​တို့​အား၊ မိ​မိ​တို့​ပြည်၌​နေ​ရ​သော အ​ခွင့်​ကို​ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​မြေ၌​လုပ်၍ နေ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 12,
      "text": "ထို​စ​ကား​တော်​ရှိ​သ​မျှ​ကို ငါ​ပြန်၍ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား လျှောက်​ဆို​သည်​ကား၊ ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို​ထမ်း၍၊ သူ​နှင့် သူ၏​လူ​များ​အ​စေ​ကို​ခံ​လျက်၊ အ​သက်​ချမ်း​သာ​ပါ​လော့။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 13,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို​မ​ခံ​သော​လူ​မျိုး​ကို ထာ​ဝ​ရ​ဘု​ရား​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့် ကိုယ်​တော်၏ လူ​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် အ​ဘယ်​ကြောင့် သေ​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 14,
      "text": "သင်​တို့​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား​ဟော​ပြော​သော ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​နှင့် သင်​တို့​အား ဟော​ပြော​သော ပ​ရော​ဖက်​တို့​ကို ငါ​နှင်​ထုတ်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ငါ​မ​စေ​လွှတ်​ဘဲ သူ​တို့​သည် ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 16,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လူ​အ​ပေါင်း​တို့​အား​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ငါ​ပြန်​ပြော​သည်​ကား၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ၊ ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​မှ တစ်​ဖန်​ဆောင်​ခဲ့​လိမ့်​မည်​ဟု သင်​တို့​အား ဟော​ပြော​သော ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 17,
      "text": "သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​စေ​ကို​ခံ၍၊ အ​သက်​ချမ်း​သာ​ကြ​လော့။ ဤ​မြို့​သည် အ​ဘယ်​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 18,
      "text": "သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ၍၊ ပ​ရော​ဖက်​မှန်​လျှင်၊ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း ကျန်​ကြွင်း​သေး​သော တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ၍​မ​သွား​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 19,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ်​သား ယေ​ခေါ​နိ​အ​စ​ရှိ​သော ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​အ​ခါ၊ ထို​ရှင်​ဘု​ရင်​သည် မ​သိမ်း​မ​ယူ၊ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း ကျန်​ကြွင်း​သေး​သော​တိုင်၊ ရေ​ကန်၊ ရေ​ကန်​အ​ခြေ​အ​မြစ်​များ၊ ကျန်​ကြွင်း​သေး​သော​တန်​ဆာ​များ​တို့​ကို​ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 27,
      "verse": 22,
      "text": "ထို​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​ကြွ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ ရှိ​နေ​ရ​ကြ​လိမ့်​မည်။ ငါ​ကြွ​လာ​သော​အ​ခါ၊ ထို​တန်​ဆာ​တို့​ကို ငါ​ဆောင်​ခဲ့၍၊ ဤ​အ​ရပ်၌ ပြန်​ထား​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 1,
      "text": "ထို​နှစ်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​စ​တု​တ္ထ​နှစ်၊ ပ​ဥ္စ​မ​လ​တွင်၊ ဂိ​ဗောင်​မြို့​နေ၊ အာ​ဇု​ရ​သား​ဟာ​န​နိ​က၊"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို ငါ​ချိုး​မည်။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 3,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဤ​အ​ရပ်​မှ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​သော ဗိ​မာန်​တော်​တန်​ဆာ​အ​လုံး​စုံ​တို့​ကို နှစ်​နှစ်​အ​တွင်း​တွင်၊ ဤ​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 4,
      "text": "ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေ​ခေါ​နိ​မင်း​ကို​လည်း၊ ဤ​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို ငါ​ချိုး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​များ၊ လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 5,
      "text": "ထို​အ​ခါ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ဗိ​မာန်​တော်၌​ရပ်​နေ​သော ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ၊ ပ​ရော​ဖက်​ဟာ​န​နိ​အား ပြန်​ပြော​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 6,
      "text": "အာ​မင်၊ ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ ဗိ​မာန်​တော်​တန်​ဆာ​များ​နှင့်​တ​ကွ၊ ဤ​အ​ရပ်​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော သူ​များ​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဖန်​ဆောင်​ခဲ့၍၊ သင်​ဟော​ပြော​သော​စ​ကား မှန်​ကြောင်း​ကို ပြ​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 7,
      "text": "သို့​ရာ​တွင်၊ သင်​နှင့်​တ​ကွ လူ​အ​ပေါင်း​တို့​အား ငါ​ယ​ခု ဟော​ပြော​သော​စ​ကား​ကို နား​ထောင်​လော့။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 8,
      "text": "ငါ​တို့​မ​ဖြစ်​မီ ရှေး​ကာ​လ၌​ဖြစ်​ဖူး​သော ပ​ရော​ဖက်​တို့​သည်၊ များ​ပြား​သော​ပြည်၊ အား​ကြီး​သော တိုင်း​နိုင်​ငံ​တို့​ကို ရည်​မှတ်၍၊ စစ်​တိုက်​မည်​အ​ကြောင်း၊ ဘေး​ရောက်​မည်​အ​ကြောင်း၊ ကာ​လ​နာ​ပေါ​မည်​အ​ကြောင်း​တို့​ကို ဟော​ပြော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 9,
      "text": "ငြိမ်​ဝပ်​မည်​အ​ကြောင်း​ကို ဟော​ပြော​သော ပ​ရော​ဖက်​ရှိ​လျှင်၊ သူ၏​စ​ကား​ပြည့်​စုံ​သော​အ​ခါ စင်​စစ် ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း ထင်​ရှား​လိမ့်​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 10,
      "text": "ထို​အ​ခါ ပ​ရော​ဖက်​ဟာ​န​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ​လည်​ပင်း​မှ ထမ်း​ပိုး​ကို​ယူ၍ ချိုး​လျက်၊"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ လူ​အ​မျိုး​မျိုး​တို့၏ လည်​ပင်း​ပေါ်​မှာ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​တင်​သော​ထမ်း​ပိုး​ကို နှစ်​နှစ်​အ​တွင်း​တွင် ငါ​ချိုး​ပယ်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။ ထို​အ​ခါ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထွက်​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 12,
      "text": "ပ​ရော​ဖက်​ဟာ​န​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ၏​လည်​ပင်း​မှ ထမ်း​ပိုး​ကို ချိုး​ပယ်​သော​နောက်၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 13,
      "text": "သင်​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဟာ​န​နိ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​ချိုး​သော​သစ်​သား​ထမ်း​ပိုး​အ​စား၊ သံ​ထမ်း​ပိုး​ကို လုပ်​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​ခံ​စေ​ခြင်း​ငှာ၊ သူ​တို့​လည်​ပင်း​ပေါ်​မှာ သံ​ထမ်း​ပိုး​ကို ငါ​တင်​ပြီ။ ထို​သူ​တို့​သည် ထို​မင်း၏​အ​စေ​ကို ခံ​ရ​ကြ​မည်။ တော​တိ​ရ​စ္ဆာန်​များ​ကို​လည်း၊ သူ၌​ငါ​အပ်​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 15,
      "text": "ပ​ရော​ဖက်​ယေ​ရ​မိ​က​လည်း၊ ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စေ​လွှတ်​တော်​မ​မူ။ ဤ​လူ​မျိုး​သည် မု​သား၌ ခို​လှုံ​မည်​အ​ကြောင်း​ကို သင်​ပြု​တတ်၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 16,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​စေ​ခြင်း​ငှာ သွန်​သင်​သော​ကြောင့်၊ သင့်​ကို မြေ​ပြင်​မှ ငါ​ပယ်​ရှင်း​မည်။ ယ​ခု​နှစ်​တွင် သင်​သည်​သေ​ရ​မည်​ဟု ပ​ရော​ဖက်​ဟာ​န​နိ​အား​ပြော​ဆို၏။"
    },
    {
      "book": 24,
      "chapter": 28,
      "verse": 17,
      "text": "ထို​သို့​နှင့်​အ​ညီ ပ​ရော​ဖက်​ဟာ​န​နိ​သည် ထို​နှစ်​တွင်၊ သ​တ္တ​မ​လ၌​သေ​လေ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 1,
      "text": "ရှင်​ဘု​ရင်​ယေ​ခေါ​နိ​နှင့်​တ​ကွ မိ​ဖု​ရား​အ​စ​ရှိ​သော မိန်း​မ​စိုး​များ၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ သွား​သော​နောက်၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 2,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ထံ၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်​သော ရှာ​ဖန်​သား​ဧ​လာ​သာ​နှင့် ဟိ​လ​ခိ​သား ဂေ​မ​ရိ​တွင်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည်​စာ​ရေး၍ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​သက်​ကြီး​သူ၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 3,
      "text": "ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ဆင်း​ရဲ​သား ကျန်​ကြွင်း​သ​မျှ​တို့​နေ​ရာ​သို့ ယေ​ရု​ရှ​လင်​မြို့​မှ ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​တော်​မူ​သော သူ​အ​ပေါင်း​တို့​အား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 5,
      "text": "အိမ်​တို့​ကို​ဆောက်၍ နေ​ရာ​ချ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 6,
      "text": "ဥ​ယျာဉ်​တို့​ကို စိုက်​ပျိုး၍ အ​သီး​ကို စား​ကြ​လော့။ သင်​တို့​သည် ထို​ပြည်၌ ခေါင်း​ပါး​ခြင်း​မ​ရှိ၊ တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ မ​ယား​နှင့်​နေ၍ သား​သ​မီး​ကို​ဖွား​မြင်​ကြ​လော့။ သား​သ​မီး​တို့​ကို​လည်း၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပေး​စား၍၊ တစ်​ဖန် သား​သ​မီး​ကို ဖွား​မြင်​စေ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 7,
      "text": "ငါ​သည် သင်​တို့​ကို သိမ်း​သွား​စေ​သော မြို့​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​မည်​အ​ကြောင်း​ကို ပြု​စု၍၊ ထို​မြို့​အ​ဖို့​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မေ​တ္တာ​ပို့​ကြ​လော့။ ထို​မြို့၏​ငြိမ်​သက်​ခြင်း​အား​ဖြင့်၊ သင်​တို့​သည်​လည်း ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။ သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 9,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ထို​ဆ​ရာ​တို့​သည် ငါ​စေ​လွှတ်​သော​သူ မ​ဟုတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 10,
      "text": "တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့၌ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ သင်​တို့​ကို ငါ​အ​ကြည့်​အ​ရှု ကြွ​လာ​မည်။ ငါ​ထား​သော က​တိ​ကောင်း​ကို တည်​စေ၍၊ သင်​တို့​ကို ဤ​ပြည်​သို့ ငါ​ပို့​ဆောင်​ဦး​မည်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 11,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 12,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 13,
      "text": "ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 14,
      "text": "ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​ဖို့​ပ​ရော​ဖက်​များ​ကို ဗာ​ဗု​လုန်​မြို့၌ ပေါ်​ထွန်း​စေ​တော်​မူ​ပြီ​ဟု သင်​တို့ ဆို​ကြ​သည်​ဖြစ်၍၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 16,
      "text": "ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍၊ ဤ​မြို့၌ နေ​သော​သူ အ​ပေါင်း​တည်း​ဟူ​သော၊ သင်​တို့​နှင့်​အ​တူ သိမ်း​သွား​ခြင်း​ကို မ​ခံ​ရ​သော သင်​တို့​ညီ​အစ်​ကို​များ​ကို​ရည်​မှတ်၍၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 17,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ကို ငါ​စေ​လွှတ်​မည်။ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 18,
      "text": "သူ​တို့​ကို ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​ညှဉ်း​ဆဲ​မည်။ ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ လူ​အ​မျိုး​မျိုး​တို့​တွင်၊ သူ​တို့​သည် ကျိန်​ဆဲ​ရာ၊ အံ့​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​သ​ရေ​ရှုတ်​ချ​ရာ​ဖြစ်​မည်​အ​ကြောင်း၊ မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၏​နှောင့်​ယှက်​ခြင်း​သို့ သူ​တို့​ကို​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည်​စော​စော​ထ၍၊ အ​ထပ်​ထပ်​မှာ​ထား​စေ​လွှတ်​သော ငါ၏​ကျွန်​ပ​ရော​ဖက်​တို့၏​စ​ကား​ကို သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 20,
      "text": "ထို​ကြောင့် သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ ငါ​စေ​လွှတ်​သော​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​အား မု​သား​စ​ကား​ကို ဟော​ပြော​သော၊ ကော​လာ​ယ​သား အာ​ဟပ်​နှင့် မာ​သေ​ယ​သား ဇေ​ဒ​ကိ​တို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သူ​တို့​ကို သင်​တို့​မျက်​မှောက်၌ သတ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 22,
      "text": "ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် မီး​ရှို့​သော​ဇေ​ဒ​ကိ​နှင့် အာ​ဟပ်​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဖြစ်​စေ​တော်​မူ​ပါ​စေ​ဟု ထို​သူ​တို့​ကို ပုံ​ဆောင်၍ ကျိန်​ဆဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပြီ။ သူ့​မ​ယား​တို့​ကို ပြစ်​မှား​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​ကြ​ပြီ။ ငါ​သိ​သည်​အ​တိုင်း သက်​သေ​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 24,
      "text": "န​ဟေ​လံ​ရွာ​သား ရှေ​မာ​ယ​ကို​လည်း ပြော​ရ​မည်​မှာ"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​မာ​သေ​ယ​သား ဇေ​ဖ​နိ​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​များ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​ကို စာ​ပေး​လိုက်၍၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 26,
      "text": "သင်​သည် ဗိ​မာန်​တော်၌ လူ​စောင့်​ကို​ခန့်​ထား​သ​ဖြင့်၊ ပ​ရော​ဖက်​လုပ်​သော​အ​ရူး​ရှိ​သ​မျှ​ကို ထောင်​ထဲ​မှာ​လှောင်၍ ထိတ်​ခတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ၏​ကိုယ်​စား သင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 27,
      "text": "သို့​ဖြစ်၍၊ သင်​တို့​တွင် ပ​ရော​ဖက်​လုပ်​သော အာ​န​သုတ်​ရွာ​သား​ယေ​ရ​မိ​ကို အ​ဘယ်​ကြောင့် မ​ဆုံး​မ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 28,
      "text": "သူ​က​လည်း၊ ဤ​အ​မှု ကြာ​လိမ့်​မည်။ အိမ်​တို့​ကို​ဆောက်၍ နေ​ရာ​ချ​ကြ​လော့။ ဥ​ယျာဉ်​တို့​ကို စိုက်​ပျိုး၍ အ​သီး​ကို စား​ကြ​လော့​ဟု၊ ဗာ​ဗု​လုန်​မြို့၌​နေ​သော ငါ​တို့​ကို​မှာ​လိုက်​ပါ​ပြီ​တ​ကား​ဟု၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 29,
      "text": "ရှေ​မာ​ယ​ပေး​လိုက်​သော​စာ​ကို ယဇ်​ပု​ရော​ဟိတ်​ဇေ​ဖ​နိ​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ရှေ့​မှာ ဖတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 30,
      "text": "ထို​အ​ခါ န​ဟေ​လံ​ရွာ​သား ရှေ​မာ​ယ​ကို​ရည်​မှတ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​မ​စေ​လွှတ်​ဘဲ ရှေ​မာ​ယ​သည် သင်​တို့​အား ပ​ရော​ဖက်​ပြု၍ မု​သား​၌​ခို​လှုံ​စေ​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 29,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ န​ဟေ​လံ​ရွာ​သား​ရှေ​မာ​ယ​နှင့် သူ၏​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး​မည်။ ဤ​အ​မျိုး​သား​တို့​တွင်၊ သူ၏ လူ​တစ်​ယောက်​မျှ နေ​ရ​သော​အ​ခွင့် မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​စေ​ခြင်း​ငှာ သွန်​သင်​သော​ကြောင့်၊ ငါ၏​လူ​မျိုး၌ ငါ​ပြု​လ​တ္တံ့​သော ကျေး​ဇူး​ကို သူ​သည်​မ​မြင်​ရ​ဟု၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​အ​ပေါင်း​တို့​ကို စာ​ပေး​လိုက်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍ မှာ​ထား​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား ငါ​ပြော​သ​မျှ​သော စ​ကား​တို့​ကို ရေး​ထား​လော့။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​ကို ငါ​ဆောင်​ခဲ့​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ ငါ​ပြန်​လာ​စေ​သ​ဖြင့်၊ သူ​တို့​သည် ပိုင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 5,
      "text": "ငါ​သည် ထိတ်​လန့်​ခြင်း​စ​ကား​သံ​ကို ကြား​ရ၏။ ငြိမ်​သက်​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​ဖွယ်​သော အ​ကြောင်း​သာ ရှိ၏။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 6,
      "text": "ယောက်ျား​သည် သား​ဖွား​တတ်​သ​လော​ဟု မေး​မြန်း​ကြည့်​ရှု​ကြ​လော့။ မိန်း​မ​သည် သား​ဖွား​ခြင်း ဝေ​ဒ​နာ​ကို​ခံ​ရ​သော​အ​ခါ၊ မိ​မိ​ခါး၌ လက်​တင်​သ​ကဲ့​သို့ ယောက်ျား​တိုင်း​ပြု၍၊ ခပ်​သိမ်း​သော​သူ​တို့​သည် မျက်​နှာ​ပျက်​လျက် ရှိ​ကြ​သည်​ကို အ​ဘယ်​ကြောင့် ငါ​မြင်​ရ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 7,
      "text": "အ​လို​လေး၊ ထို​နေ့​ရက်​ကား ခိုင်း​နှိုင်း​စ​ရာ​မ​ရှိ။ ကြီး​သော​နေ့​ရက်​ဖြစ်၏။ ယာ​ကုပ်​အ​မျိုး၌ အ​မှု​ရောက်​သော နေ့​ရက်​ဖြစ်၏။ သို့​ရာ​တွင်၊ သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 8,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​နေ့​ရက်၌ သူ​တို့​ထမ်း​ရ​သော ထမ်း​ပိုး​ကို သူ​တို့​လည်​ပင်း​မှ ငါ​ချိုး​ပယ်​မည်။ သူ​တို့​ကို ချည်​နှောင်​သော ကြိုး​များ​ကို ငါ​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် နောက်​တစ်​ဖန် သူ​တို့​ကို မ​စေ​စား​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 9,
      "text": "သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​ကို​လည်း​ကောင်း၊ သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ​လ​တ္တံ့​သော ရှင်​ဘု​ရင်​ဒါ​ဝိဒ်၏ အ​မှု​ကို​လည်း​ကောင်း ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 10,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ငါ့​ကျွန်​ယာ​ကုပ်၊ မ​ကြောက်​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး၊ စိတ်​မ​ပျက်​နှင့်။ သင့်​ကို ဝေး​သော​အ​ရပ်​မှ​လည်း​ကောင်း၊ သင်၏​အ​မျိုး​သား​တို့​ကို သိမ်း​သွား​ရာ ပြည်​မှ​လည်း​ကောင်း၊ ငါ​နုတ်​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ ယာ​ကုပ်​အ​မျိုး​သည် ပြန်​လာ၍၊ ခြောက်​လှန့်​သော​သူ​မ​ရှိ၊ ငြိမ်​ဝပ်​ချမ်း​သာ​စွာ နေ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 11,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​နာ​သည် ပျောက်​ခဲ၏။ သင်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် ပြင်း​လှ၏။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 13,
      "text": "သင့်​အ​နာ​ကို​စည်း​အံ့​သော​ငှာ အ​ဘယ်​သူ​မျှ သင့်​အ​မှု​ကို​မ​စောင့်။ အ​နာ​ပျောက်​စေ​နိုင်​သော ဆေး​ကို အ​ဘယ်​သူ​မျှ​မ​ကု။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 14,
      "text": "သင်၏​မိတ်​ဆွေ​ရှိ​သ​မျှ​တို့​သည် သင့်​ကို မေ့​လျော့၍ မ​မေး​မ​ရှာ​ဘဲ နေ​ကြ၏။ သင့်​အ​ပြစ်​သည်​ကြီး၍၊ သင်​ပြု​သော ဒု​စ​ရိုက်​သည် များ​ပြား​သော​ကြောင့်၊ ရန်​သူ​ပေး​တတ်​သော​အ​နာ​နှင့် သင့်​ကို ငါ​နာ​စေ​ပြီ။ ကြမ်း​တမ်း​သော​သူ ပေး​တတ်​သော​ဒဏ်​ကို ငါ​ပေး​ပြီ။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 15,
      "text": "သင်​သည် အ​နာ​ကို​ခံ​ရ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ သင်၏​အ​ပြစ်​ကြီး​သော​ကြောင့်၊ သင်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် ပျောက်​ခဲ၏။ သင်​ပြု​သော​ဒု​စ​ရိုက် များ​ပြား​သော​ကြောင့်၊ ဤ​သို့​ငါ​ဆုံး​မ​ရ၏။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 16,
      "text": "သို့​ရာ​တွင်၊ သင့်​ကို ကိုက်​စား​သော​သူ​အ​ပေါင်း​တို့​သည် ကိုက်​စား​ခြင်း၊ သင်၏​ရန်​သူ​အ​ပေါင်း​တို့​သည် သိမ်း​သွား​ခြင်း၊ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​အ​ပေါင်း​တို့​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တစ်​ပါး​တို့​က၊ သင်​သည် စွန့်​ပစ်​ခြင်း​ကို ခံ​ရ​သော​သူ​ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ မ​ကြည့်​ရှု မ​ပြု​စု​သော ဇိ​အုန်​မြို့​ဟူ၍​လည်း​ကောင်း​ခေါ်​သော်​လည်း၊ သင်၏​အ​နာ​ရော​ဂါ​များ​ကို​ငါ​ပျောက်​စေ၍၊ ကျန်း​မာ​ပ​က​တိ ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယာ​ကုပ်​အ​မျိုး​သား​တို့၏​တဲ​များ​ကို ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​အိမ်​များ​ကို​သ​နား​ဦး​မည်။ မြို့​သည်​လည်း၊ မိ​မိ​ကုန်း​ပေါ်​မှာ တစ်​ဖန်​တည်​လျက်​ရှိ​လိမ့်​မည်။ နန်း​တော်၌​လည်း၊ ရှေး​ထုံး​စံ​အ​တိုင်း နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 19,
      "text": "ထို​သူ​တို့​အ​ထဲ​က ကျေး​ဇူး​ကို​ချီး​မွမ်း​ခြင်း​အ​သံ၊ ရွှင်​မြူး​သော​သူ​တို့၏​အ​သံ​သည် ထွက်​လိမ့်​မည်။ ငါ​သည် သူ​တို့​ကို မ​နည်း​စေ​ဘဲ များ​ပြား​စေ​မည်။ နှိမ့်​ချ​ခြင်း​သို့ မ​ရောက်၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း စီ​ရင်​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 20,
      "text": "အ​မျိုး​သား​တို့​သည် အ​ရင်​ကဲ့​သို့​ဖြစ်၍၊ ပ​ရိ​သတ်​တို့​သည် ငါ့​ရှေ့​မှာ တည်​ကြ​လိမ့်​မည်။ ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​ကို ငါ​သည် အ​ပြစ်​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 21,
      "text": "သူ​တို့၏​မင်း​သည် သူ​တို့​အ​မျိုး ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ထဲ​က ပေါ်​ထွန်း​သော​သူ​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ငါ​သွေး​ဆောင်၍ သူ​တို့​သည် ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်​လို​သော​ငှာ၊ အ​ဘယ်​သူ​သည် မိ​မိ​စိတ်​ကို​တန်း​စေ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 22,
      "text": "ထို​အ​ခါ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍၊ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော​လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 30,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ၊ ပြင်း​စွာ​သော အ​မျက်​တော်​မ​ငြိမ်း​ရ။ နောင်​ကာ​လ၌ သင်​တို့​သည် နား​လည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ငါ​သည် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့၏ ဘု​ရား​သ​ခင်​ဖြစ်၍၊ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 2,
      "text": "တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​သည် တော၌​ကျေး​ဇူး​ကို​ခံ​ရ​ကြ​ပြီ။ ငါ​သည် ကြွ​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​ချမ်း​သာ​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​ဝေး​ကထင်​ရှား၍ မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို​ငါ​ချစ်၏။ ထို​ကြောင့်၊ က​ရု​ဏာ​ကျေး​ဇူး​ကို သင်၌ ကြာ​မြင့်​စွာ​ပြ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 4,
      "text": "အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ သင့်​ကို​တစ်​ဖန် ငါ​တည်​ဆောက်​သော​ကြောင့်၊ သင်​သည် တည်​ဆောက်​ခြင်း​သို့ ရောက်​လိမ်​မည်။ သင်​သည် တစ်​ဖန်​ပတ်​သာ​နှင့် တန်​ဆာ​ဆင်​လျက်၊ ရွှင်​မြူး​ခြင်း​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ က​ခုန်​လျက်​သွား​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 5,
      "text": "ရှ​မာ​ရိ​တောင်​ပေါ်​မှာ စ​ပျစ်​ဥ​ယျာဉ်​ကို တစ်​ဖန်​စိုက်​လိမ့်​မည်။ ဥ​ယျာဉ်​လုပ်​သော​သူ​တို့​သည် စိုက်​ပျိုး၍၊ အ​သီး​ကို ကိုယ်​အ​လို​အ​လျောက် စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 6,
      "text": "ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ကင်း​စောင့်​တို့​က၊ ထ​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ ဇိ​အုန်​တောင်​သို့ သွား​ကြ​ကုန်​အံ့​ဟု ကြွေး​ကြော်​ရ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​အား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ လူ​မျိုး​တို့၏​အ​ထွတ်၌ ကြွေး​ကြော်​ကြ​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​မျိုး​တည်း​ဟူ​သော၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ကယ်​တင်​တော်​မူ​ပြီ​ဟု မြွက်​ဆို​လျက် သ​တင်း​ကြား​လိုက်၍ ချီး​မွမ်း​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 8,
      "text": "သူ​တို့​ကို မြောက်​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ မြေ​ကြီး​စွန်း​မှ​စု​သိမ်း​မည်။ မျက်​စိ​ကန်း​သော​သူ၊ ခြေ​ဆွံ့​သော​သူ၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​မိန်း​မ​များ​လည်း ပါ​လျက်၊ ကြီး​စွာ​သော​အ​စည်း​အ​ဝေး​တို့​သည် ပြန်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 9,
      "text": "ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 10,
      "text": "အို လူ​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဝေး​သော​အ​ရပ်​ရပ်​တို့၌ ကြွေး​ကြော်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော​သူ​သည် တစ်​ဖန် စု​သိမ်း​ပြီး​လျှင်၊ သိုး​ထိန်း​သည် မိ​မိ​သိုး​စု​ကို​စောင့်​တတ်​သ​ကဲ့​သို့ စောင့်​တော်​မူ​မည်​ဟု ကြား​ပြော​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ​ပြီ။ သူ့​ထက်​အား​ကြီး​သော သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 12,
      "text": "ထို​ကြောင့် အ​မျိုး​သား​တို့​သည်​လာ၍၊ ဇိ​အုန်​တောင်​ထိပ်၌ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခြင်း ကျေး​ဇူး​တည်း​ဟူ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​သ​ငယ်၊ နွား​သ​ငယ်​တို့​ကို​ရ​အံ့​သော​ငှာ စည်း​ဝေး​ကြ​လိမ့်​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်​သည် ရေ​လောင်း​သော ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်၍၊ နောက်​တစ်​ဖန် ညှိုး​ငယ်​ခြင်း မ​ရှိ​ရ။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 13,
      "text": "ထို​အ​ခါ သ​မီး​က​ညာ​သည် က​ခုန်​လျက်၊ လူ​ပျို၊ လူ​အို​တို့​နှင့်​တ​ကွ ပျော်​မွေ့​လိမ့်​မည်။ သူ​တို့ ညည်း​တွား​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ကို ငါ​ဖြစ်​စေ​မည်။ သူ​တို့​သည် ဝမ်း​နည်း​ခြင်း​ကို ခံ​ရ​သော​နောက်၊ စိတ်​သက်​သာ၍ ရွှင်​လန်း​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 14,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း ဆူ​ဖြိုး​သော အ​မဲ​သား​နှင့် ဝ​စွာ ကျွေး​မည်။ ငါ၏​လူ​တို့​သည်​လည်း ငါ့​ကျေး​ဇူး​နှင့် ဝ​ပြော​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရာ​မ​အ​ရပ်၌ သည်း​စွာ​သော ညည်း​တွား​ငို​ကြွေး​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့​မ​ရှိ​သော​ကြောင့်၊ ငို၍ စိတ်​မ​ပြေ​နိုင်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငို​ကြွေး​သံ​ကို ချုပ်​လော့၊ မျက်​ရည်​မ​ကျ​စေ​နှင့်။ သင်​သည် ကိုယ်​ကျင့်​သော အ​ကျင့်၏ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။ သင်၏​သား​တို့​သည် ရန်​သူ​ပြည်​မှ ပြန်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 17,
      "text": "သင်၏​အ​ဆုံး၌ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ၏။ သင်၏​သား​တို့​သည် နေ​ရင်း​ပြည်​သို့ ပြန်​လာ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 18,
      "text": "ဧ​ဖ​ရိမ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဆုံး​မ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ရိုင်း​သော​နွား​လား​ကဲ့​သို့ ဆုံး​မ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ပြန်​လာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 19,
      "text": "ပြန်​လာ​သော​နောက်၊ အ​ကျွန်ုပ်​သည် အ​မှန်​နောင်​တ​ရ​ပါ၏။ ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​နောက်၊ အ​ကျွန်ုပ်​သည် ကိုယ်​ပေါင်​ကို ရိုက်​ပါ၏။ အ​သက်​ငယ်​စဉ် ပြု​မိ​သော​အ​ပြစ်​ကြောင့် အ​သ​ရေ​ပျက်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ ရှက်​ကြောက်၍ မှိုင်​တွေ​လျက်​ရှိ​ပါ၏​ဟု ကိုယ်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​ကို ငါ​သည် ဆက်​ဆက်​ကြား​ရ​ပြီ။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 20,
      "text": "ဧ​ဖ​ရိမ်​သည် ငါ၏​ချစ်​သား​ဖြစ်​သ​လော။ ချစ်​ဖွယ်​သော သူ​ငယ်​ဖြစ်​သ​လော။ သူ၏​အ​ကြောင်း​ကို ငါ​ပြော​လေ​ရာ​ရာ၌ ငါ​သည် အ​လွန်​တ​ရာ အောက်​မေ့​လျက်​နေ၏။ ထို​ကြောင့်၊ ငါ​သည် သူ့​အ​တွက် စိတ်​ကြင်​နာ​ခြင်း​ရှိ၏။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ကယ်​မ​သ​နား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 21,
      "text": "လမ်း၌ မှတ်​တိုင်​တို့​ကို​စိုက်​လော့။ အ​လံ​တိုင်​တို့​ကို ထူ​လော့။ လိုက်​သွား​သော​လမ်း​မ​ကို စိတ်​စွဲ​လမ်း​လော့။ အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ ပြန်​လာ​လော့။ သင်၏​နေ​ရာ ဤ​မြို့​များ​သို့ ပြန်​လာ​လော့။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 22,
      "text": "အို ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လှည့်​လည်၍ နေ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ၍၊ မိန်း​မ​သည် ယောက်ျား​ကို ပတ်​ဝိုင်း​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 23,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ ယု​ဒ​ပြည်၏​မြို့​ရွာ​တို့၌ နေ​သော​သူ​တို့​က၊ အို ဖြောင့်​မတ်​ခြင်း နေ​ရာ​အ​ရပ်၊ အို သန့်​ရှင်း​ခြင်း​နေ​ရာ​တောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကောင်း​ချီး​ပေး​တော်​မူ​စေ​သ​တည်း ဟူ​သော​စ​ကား​ကို တစ်​ဖန် သုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 24,
      "text": "ထို​အ​ရပ်၌ ယု​ဒ​ပြည်​သူ၊ ယု​ဒ​မြို့​ရွာ​သား အ​ပေါင်း​တို့​သည်၊ လယ်​လုပ်​သော​သူ​နှင့် သိုး​ထိန်း​သော​သူ​များ ပါ​လျက်၊ အ​တူ​နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 25,
      "text": "ငတ်​မွတ်​သော သူ​အ​ပေါင်း​တို့​ကို ငါ​ကျွေး​မွေး​မည်။ ညှိုး​ငယ်​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သက်​သာ​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 26,
      "text": "ထို​နောက်၊ ငါ​သည် နိုး၍​ကြည့်​ရှု​သော​အ​ခါ၊ အိပ်​ပျော်​ခြင်း​အား​ဖြင့် အား​ရ​လျက်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 27,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်၌ လူ​မျိုး​စေ့​နှင့် တိ​ရ​စ္ဆာန်​မျိုး​စေ့​ကို ကြဲ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 28,
      "text": "ငါ​သည် သူ​တို့​ကို နုတ်​ပယ်​ဖြို​ချ မှောက်​လှန်​ဖျက်​ဆီး ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ပြု​ဖူး​သည်​နည်း​တူ၊ တစ်​ဖန် တည်​ဆောက် စိုက်​ပျိုး​ခြင်း​အ​မှု​ကို ပြု​ဦး​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 29,
      "text": "ထို​ကာ​လ၌ အ​ဘ​သည် ချဉ်​သော​စ​ပျစ်​သီး​ကို စား​သော​ကြောင့်၊ သား​သည် သွား​ကျိန်း​ခြင်း​ကို ခံ​ရ၏​ဟု မ​ဆို​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 30,
      "text": "လူ​တိုင်း မိ​မိ​အ​ပြစ်​ကြောင့် မိ​မိ​သေ​ရ​မည်။ ချဉ်​သော​စ​ပျစ်​သီး​ကို စား​သော​သူ​တိုင်း သွား​ကျိန်း​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 32,
      "text": "ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို​လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော​ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ အ​ရင်​ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား​ကို သူ​တို့​သည်​ဖျက်၍၊ ငါ​သည်​လည်း သူ​တို့​ကို ရွံ​ရှာ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 33,
      "text": "နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ပ​ညတ်​တ​ရား​ကို သူ​တို့​အ​တွင်း​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 34,
      "text": "ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ​မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင်၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 35,
      "text": "နေ့​အ​ချိန်၌ လင်း​စ​ရာ​ဖို့ နေ​ကို​ခန့်​ထား၍၊ ည​အ​ချိန်၌ လင်း​စ​ရာ​ဖို့ လ​နှင့်​ကြယ်​တို့​ကို စီ​ရင်​တော်​မူ​ထ​သော၊ သ​မု​ဒ္ဒ​ရာ​ကို​ဆုံး​မ၍ လှိုင်း​တံ​ပိုး​ကို ဟုန်း​စေ​တော်​မူ​ထ​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​ဘွဲ့​နာ​မ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 36,
      "text": "ထို​တ​ရား​တို့​သည် ငါ့​ရှေ့​မှာ​ကွယ်​ပျောက်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ရှေ့​မှာ အ​မျိုး​တိမ်​မြုပ်၍ အ​စဉ် ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 37,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​မိုး​ကောင်း​ကင်​ကို တိုင်း​ထွာ​နိုင်​လျှင်​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ဆုံး အ​မြစ်​တို့​ကို​လိုက်၍ စစ်​နိုင်​လျှင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သူ​တို့​ပြု​မိ​သ​မျှ​သော အ​ပြစ်​တို့​ကြောင့် ငါ​စွန့်​ပစ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 38,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​စ၍ မြို့​ထောင့်​တံ​ခါး​တိုင်​အောင်၊ မြို့​တော်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တည်​ထောင်​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 39,
      "text": "ဂါ​ရက်​တောင်​ကို​လွန်၍ မျဉ်း​ကြိုး​နှင့် တန်း​ချ​လိမ့်​မည်။ ဂေါ​သ​တောင်​ကို​လည်း ဝိုင်း​မိ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 31,
      "verse": 40,
      "text": "အ​ရှေ့​ဘက်​မြင်း​တံ​ခါး​ရှိ​သော မြို့​ထောင့်​တိုင်​အောင်၊ အ​သေ​ကောင်​များ၊ ပြာ​များ​စွန့်​ပစ်​ရာ​ချိုင့် တစ်​လျှောက်​လုံး​နှင့်၊ ကေ​ဒြုန်​ချောင်း​အ​တွင်း​တွင်၊ လယ်​ပြင်​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် နုတ်​ပယ်​ဖြို​ချ​ခြင်း အ​လျှင်း​မ​ရှိ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 1,
      "text": "နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ရှစ်​နှစ်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ နန်း​စံ​ဆယ်​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 2,
      "text": "ထို​အ​ခါ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​သည် ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 4,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ခါ​လ​ဒဲ​လူ​တို့​လက်​နှင့် မ​လွတ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ဆက်​ဆက်​ရောက်​လိမ့်​မည်။ မျက်​နှာ​ချင်း​ဆိုင်၍ စ​ကား​ပြော​လျက်၊ တစ်​ယောက်​ကို တစ်​ယောက်​ကြည့်​ရှု​လျက် တွေ့​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 5,
      "text": "ဇေ​ဒ​ကိ​ကို​လည်း ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ နေ​ရ​လိမ့်​မည်။ သင်​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို စစ်​တိုက်၍ မ​နိုင်​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် အ​ဘယ်​ကြောင့် ပ​ရော​ဖက်​ပြု၍ ဟော​သ​နည်း​ဟု​ဆို၍ ထောင်​ထဲ​မှာ​လှောင်​ထား​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 6,
      "text": "ထို​အ​ခါ ယေ​ရ​မိ​က၊ ငါ့​ဆီ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 7,
      "text": "သင်၏​ဘ​ထွေး ရှ​လ္လုံ​သား ဟာ​န​မေ​လ​သည် သင့်​ထံ​သို့​လာ၍၊ အာ​န​သုတ်​မြို့​မှာ​ရှိ​သော ကျွန်ုပ်​လယ်​ကို သင်​သည် ရွေး​ပိုင်​သော​ကြောင့်၊ ဝယ်​ပါ​ဟု ပြော​ဆို​လိမ့်​မည်​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 8,
      "text": "ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ​သည် ငါ​ရှိ​ရာ ထောင်​ဝင်း​ထဲ​သို့​လာ၍၊ ဗင်္ယာ​မိန်​ခ​ရိုင်၊ အာ​န​သုတ်​မြို့၌​ရှိ​သော ကျွန်ုပ်​လယ်​ကို ဝယ်​ပါ​လော့။ သင်​သည် အ​မွေ​ခံ​ပိုင်​သော​အ​ခွင့်​နှင့် ရွေး​ပိုင်​သော​အ​ခွင့်​ရှိ​သည်​ဖြစ်၍၊ ကိုယ်​အ​ဖို့​ဝယ်​ပါ​ဟု ငါ့​အား​ပြော​ဆို၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော အ​မှု​ဖြစ်​ကြောင်း​ကို ငါ​သိ​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 9,
      "text": "အာ​န​သုတ်​မြို့၌​ရှိ​သော ငါ့​ဘ​ထွေး​သား ဟာ​န​မေ​လ၏​လယ်​ကို ငါ​ဝယ်၍ လယ်​ဖိုး​ငွေ တစ်​ဆယ်​ခု​နစ်​ကျပ် ကို ချိန်​ပေး​လေ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 10,
      "text": "စာ​ချုပ်​ကို​လည်း စီ​ရင်၍ တံ​ဆိပ်​ခတ်​ပြီး​မှ၊ သက်​သေ​တို့​ကို​ခေါ်၍ ငွေ​ကို ချိန်​ခွင်​နှင့်​ချိန်​ပေး၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 11,
      "text": "ဓ​မ္မ​သတ်​ထုံး​စံ​အ​တိုင်း တံ​ဆိပ်​ခတ်​သော​စာ​ချုပ်​တစ်​စောင်​နှင့် ဖွင့်​ထား​သော လက်​ခံ​တစ်​စောင်​ကို ယူ၍၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 12,
      "text": "ဘ​ထွေး​သား ဟာ​န​မေ​လ အ​စ​ရှိ​သော၊ စာ​ချုပ်၌ အ​မည်​ပါ​သော သက်​သေ​များ၊ ထောင်​ဝင်း​ထဲ​မှာ ထိုင်​နေ​သော ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ရှေ့​တွင်၊ မာ​သေ​ယ​သား​ဖြစ်​သော နေ​ရိ၏​သား​ဗာ​ရုတ်၌ အပ်​လျက်၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 14,
      "text": "တံ​ဆိပ်​ခတ်​သော ဤ​စာ​ချုပ်​တစ်​စောင်​နှင့် ဖွင့်​ထား​သော ဤ​လက်​ခံ​တစ်​စောင်​ကို​ယူ၍၊ ကာ​လ​ကြာ​မြင့်​စွာ တည်​နေ​စေ​ခြင်း​ငှာ မြေ​အိုး၌​ထား​လော့။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌​အိမ်၊ လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို ပိုင်​ရ​ကြ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​သ​ဖြင့်၊ ထို​သူ​တို့​ရှေ့​မှာ ဗာ​ရုတ်​ကို​မှာ​ထား​လေ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 16,
      "text": "ထို​သို့ နေ​ရိ​သား​ဗာ​ရုတ်၌ စာ​ချုပ်​ကို​အပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​အား ငါ​ဆု​တောင်း​သော ပ​တ္ထ​နာ​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 17,
      "text": "အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​တော်​ကို​ဆန့်၍၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ကိုယ်​တော် မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ပါ။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 18,
      "text": "ကိုယ်​တော်​သည် လူ​အ​ထောင်​အ​သောင်း​တို့​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​လျက်၊ အ​ဘ​တို့၏​အ​ပြစ်​ကို နောက်​ဖြစ်​သော​သား​တို့၏ ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ၏။ အ​လွန်​ကြီး​မြတ်​သော​ဘု​ရား၊ မ​ဟာ​တန်​ခိုး​တော်​နှင့် ပြည့်​စုံ​သော​ဘု​ရား​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 19,
      "text": "ထူး​ဆန်း​သော​အ​ကြံ​ကို ကြံ၍၊ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ​လျက်၊ လူ​အ​သီး​အ​သီး​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​ခြင်း​ငှာ၊ လူ​သား​များ သွား​လာ​သော လမ်း​အ​လုံး​စုံ​တို့​ကို အ​စဉ်​ကြည့်​ရှု​လျက်​နေ​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 20,
      "text": "အဲ​ဂု​တ္တု​ပြည်၊ ဣ​သ​ရေ​လ​ပြည် အ​စ​ရှိ​သော လူ​အ​မျိုး​မျိုး​တို့၌ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ယ​နေ့​တိုင်​အောင် ပြ​တော်​မူ​သ​ဖြင့်၊ ယ​ခု​ကဲ့​သို့ အ​စဉ်​ကျော်​စော​သော​သ​တင်း ရှိ​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 21,
      "text": "နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​လျက်၊ အား​ကြီး​သော​လက်၊ ဆန့်​တော်​မူ​သော လက်​ရုံး၊ အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ကိုယ်​တော်၏ ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ၍၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 22,
      "text": "ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပြည်​တည်း​ဟူ​သော၊ နို့​နှင့်​ပျား​ရည်​စီး​သော ဤ​ပြည်​ကို ပေး​သ​နား​တော်​မူ​သ​ဖြင့်၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 23,
      "text": "သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 24,
      "text": "ပြ​အိုး​မြေ​ရိုး​တို့​ကို ကြည့်​ရှု​တော်​မူ​ပါ။ မြို့​တော်​ကို တိုက်​ယူ​ခြင်း​ငှာ ရောက်​ကြ​ပါ​ပြီ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် တိုက်​သော ခါ​လ​ဒဲ​လူ​တို့​လက်​သို့ မြို့​တော်​ကို အပ်​တော်​မူ​ပြီ။ မိန့်​တော်​မူ​သော စ​ကား​ပြည့်​စုံ​ကြောင်း​ကို​လည်း ကိုယ်​တော်​တိုင် မြင်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 25,
      "text": "ထို​မြို့​တော်​သည် ခါ​လ​ဒဲ​လူ​တို့​လက်​သို့​ရောက်​သော်​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​လယ်​ကို ငွေ​နှင့်​ဝယ်၍၊ သက်​သေ​တို့​ကို ခေါ်​ထား​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 26,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 27,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လိမ့်​မည်​လော။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 28,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ခါ​လ​ဒဲ​လူ​တို့​လက်​သို့​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ လက်​သို့​လည်း​ကောင်း​ငါ​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 29,
      "text": "ဤ​မြို့​ကို​တိုက်​သော ခါ​လ​ဒဲ​လူ​တို့​သည် ဝင်၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ ဗာ​လ​ဘု​ရား​အ​ဖို့ အိမ်​မိုး​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အ​ဖို့ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​ပြု​ရာ အိမ်​များ​နှင့်​တ​ကွ၊ တစ်​မြို့​လုံး​ကို မီး​လောင်​စေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ငါ့​ရှေ့​မှာ ဒု​စ​ရိုက်​ကို​သာ ပြု​ကြ​ပြီ။ မိ​မိ​တို့ ပြု​လေ​ရာ​ရာ၌ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ​သာ ပြု​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 31,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 32,
      "text": "ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ကြောင့်၊ ဤ​မြို့​ကို ငါ့​ထံ​မှ ငါ​ပယ်​ရှား​မည်​အ​ကြောင်း၊ မြို့​တည်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ့​အ​မျက်​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​စေ​သော မြို့​ဖြစ်၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 33,
      "text": "သူ​တို့​သည် ငါ့​ကို​မျက်​နှာ​မ​ပြု​ဘဲ ကျော​ခိုင်း​ကြ​ပြီ။ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သွန်​သင်​သော်​လည်း၊ ငါ၏​ဩ​ဝါ​ဒ​ကို ခံ​လို​သော​ငှာ နား​မ​ထောင်​ကြ။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 34,
      "text": "ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော​ဗိ​မာန်​ကို ညစ်​ညူး​စေ​ခြင်း​ငှာ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို သွင်း​ထား​ကြ​ပြီ​တ​ကား၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 35,
      "text": "သူ​တို့​သား​သ​မီး​တို့​ကို မော​လုပ်​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ၊ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော ဗာ​လ​ဘု​ရား၏​ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။ ယု​ဒ​အ​မျိုး​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ၊ ထို​မျှ​လောက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​ဘဲ ပြု​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 36,
      "text": "သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​အား​ဖြင့် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ရောက်​မည်​ဟု သင်​တို့​ဆို​တတ်​သော ဤ​မြို့​ကို​ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 37,
      "text": "ငါ​သည် အ​မျက်​ဟုန်း​ဟုန်း​ထွက်၍၊ အ​မျက်​အ​ရှိန်​အား​ကြီး​သည်​နှင့်၊ သူ​တို့​ကို​နှင်​ထုတ်​ရာ တိုင်း​ပြည်​ရှိ​သ​မျှ​တို့​မှ၊ တစ်​ဖန်​စု​သိမ်း၍ ဤ​အ​ရပ်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ငြိမ်​ဝပ်​စွာ​နေ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 38,
      "text": "သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 39,
      "text": "ကိုယ်​အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော သား​သ​မီး​တို့၏ အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ ငါ့​ကို အ​စဉ် ကြောက်​ရွံ့​စေ​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြံ​နိုင်​သော​သ​ဘော​ကို ငါ​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 40,
      "text": "သူ​တို့​ကို မ​စွန့်​ပစ်​ဘဲ အ​စဉ်​ကျေး​ဇူး​ပြု​ခြင်း​ငှာ၊ သူ​တို့၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​ထား​မည်။ သူ​တို့​သည်​လည်း ငါ့​ထံ​မှ မ​ထွက်​မ​သွား​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 41,
      "text": "သူ​တို့​အား ကျေး​ဇူး​ပြု​ခြင်း​အ​မှု၌ ငါ​သည် အား​ရ​ဝမ်း​မြောက်၍၊ ငါ့​စိတ်​နှ​လုံး​နှင့် နာမ်​ဝိ​ညာဉ် အ​ကြွင်း​မဲ့​ပါ​လျက်၊ သူ​တို့​ကို ဤ​ပြည်၌ ဆက်​ဆက်​နေ​ရာ​ချ​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 42,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ပေါ်​မှာ ကြီး​စွာ​သော ဤ​ဘေး​ဥ​ပဒ်​အ​ပေါင်း​ကို ရောက်​စေ​သည်​နည်း​တူ၊ ငါ​က​တိ​ထား​သော ကောင်း​ကျိုး​အ​ပေါင်း​ကို​လည်း ငါ​ရောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 43,
      "text": "လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ ဆိတ်​ညံ​ပြီ၊ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ရောက်​လေ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​ပြည်၌၊ နောက်​တစ်​ဖန် လယ်​ယာ​တို့​ကို ရောင်း​ဝယ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 32,
      "verse": 44,
      "text": "ဗင်္ယာ​မိန်​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​တွင်​ရှိ​သော မြို့​တို့၌​လည်း​ကောင်း၊ တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့​တို့၌​လည်း​ကောင်း၊ လူ​တို့​သည် လယ်​ယာ​တို့​ကို ငွေ​နှင့်​ဝယ်​ခြင်း၊ စာ​ချုပ်​ကို​စီ​ရင်​ခြင်း၊ တံ​ဆိပ်​ခတ်​ခြင်း၊ သက်​သေ​တို့​ကို​ခေါ်​ထား​ခြင်း အ​မှု​များ​ကို​ပြု​မြဲ​ပြု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 1,
      "text": "ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ရောက်​လာ၍၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 2,
      "text": "ဤ​အ​မှု​ကို ပြု​သော​ဘု​ရား၊ ဤ​အ​မှု​ကို ဖန်​ဆင်း​စီ​ရင်​သော​ဘု​ရား၊ ယေ​ဟော​ဝါ အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 3,
      "text": "ငါ့​ကို​ခေါ်​လော့။ ငါ​ထူး​မည်။ ကြီး​သော​အ​ရာ၊ သင်​မ​သိ​နိုင်​အောင် နက်​နဲ​သော​အ​ရာ​တို့​ကို ငါ​ပြ​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 4,
      "text": "ပြ​အိုး​မြေ​ရိုး​ဖြင့်​လည်း​ကောင်း၊ ဓား​ဖြင့်​လည်း​ကောင်း ပြို​ပျက်​သော ဤ​မြို့၏​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ ဘုံ​ဗိ​မာန်​များ​ကို ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 5,
      "text": "ခါ​လ​ဒဲ​လူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ လာ​ကြ၏။ ငါ​သည် ပြင်း​စွာ အ​မျက်​ထွက်၍ ကွပ်​မျက်​သော​သူ​တို့၏ အ​သေ​ကောင်​များ​နှင့် ထို​အိမ်​များ​ကို ပြည့်​စေ​ခြင်း​ငှာ လာ​ကြ၏။ ထို​သူ​တို့၏​ဒု​စ​ရိုက်​များ​ကြောင့်၊ ဤ​မြို့​မှ ငါ​သည်​မျက်​နှာ​ကို​လွှဲ​ပြီ။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 6,
      "text": "သို့​ရာ​တွင်၊ ငါ​သည် ဤ​မြို့၏​အ​နာ​ကို​ဆေး​အုံ၍ ပျောက်​စေ​မည်။ မြို့​သား​တို့​သည် ကျန်း​မာ​မည်​အ​ကြောင်း၊ မြဲ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း​ကို ငါ​ပြ​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 7,
      "text": "သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ အ​ရင်​ကဲ့​သို့ တည်​ဆောက်​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 8,
      "text": "သူ​တို့​သည် ငါ့​ကို​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​ဖြေ​ရှင်း​မည်။ ငါ့​ကို​ပြစ်​မှား၍ ငါ၏​တ​ရား​ကို လွန်​ကျူး​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​လွှတ်​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 9,
      "text": "ဤ​မြို့​သည် ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြေ​ပေါ်​မှ ခပ်​သိမ်း​သော​လူ​မျိုး​တို့​တွင် ချီး​မွမ်း​စ​ရာ​အ​ကြောင်း၊ ဂုဏ်​အ​သ​ရေ​တော် ကျော်​စော​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ဤ​မြို့​သား​တို့​အား ငါ​ပြု​သ​မျှ​သော​ကျေး​ဇူး​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​သိ​ကြ​လိမ့်​မည်။ ဤ​မြို့၌ ငါ​ပြု​စု​သ​မျှ​သော စည်း​စိမ်​ချမ်း​သာ​ကို​ထောက်၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​အ​ရပ်၌​လည်း​ကောင်း၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ နေ​သော​သူ​မ​ရှိ၊ ဆိတ်​ညံ​သော​ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 11,
      "text": "နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 12,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​သော ဤ​အ​ရပ်​တွင်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့၌ သိုး​စု​ကို​ထိန်း​သော သိုး​ထိန်း​နေ​ရာ​ရှိ​လေ​ဦး​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 13,
      "text": "တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့၊ ဗင်္ယာ​မိန်​ပြည်၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်၊ ယု​ဒ​မြို့​များ​တို့၌၊ သိုး​စု​ကို​ရေ​တွက်​သော သူ၏​လက်​အောက်​မှာ၊ သိုး​စု​တို့​သည် တစ်​ဖန်​လျှောက်​သွား​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 14,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ထား​သော​က​တိ​အ​တိုင်း ကျေး​ဇူး​ပြု​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 15,
      "text": "ထို​ကာ​လ​အ​ခါ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ၍၊ သူ​သည် မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 16,
      "text": "ထို​ကာ​လ၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့ ရောက်၍၊ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ​လိမ့်​မည်။ ထို​မြို့​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​နန်း​တော်​ပေါ်​မှာ ထိုင်​ရ​သော ဒါ​ဝိဒ်​မင်း​ရိုး​မင်း​စဉ်​သည် အ​လျှင်း​မ​ပြတ်​ရ။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 18,
      "text": "ငါ့​ရှေ့​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လျက်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို မီး​ရှို့​လျက်၊ ယဇ်​ပူ​ဇော်​ရာ​ဝတ်​ကို အ​စဉ်​ပြု​ရ​သော လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​ရိုး​လည်း အ​လျှင်း​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 19,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထား​သော​နေ့​ပ​ဋိ​ညာဉ်​နှင့် ည​ပ​ဋိ​ညာဉ်​တ​ရား​ကို သင်​တို့​သည် ဖျက်၍၊ နေ့​ည​အ​ပိုင်း​အ​ခြား မ​ရှိ​စေ​ခြင်း​ငှာ တတ်​နိုင်​လျှင်၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 21,
      "text": "ငါ၏​ကျွန်​ဒါ​ဝိဒ်၌ ငါ​ထား​သော​ပ​ဋိ​ညာဉ်​ပျက်၍၊ ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​စိုး​စံ​ရ​သော ဒါ​ဝိဒ်​မင်း​ရိုး​သည် ပြတ်​လိမ့်​မည်။ ငါ၏​အ​မှု​ထမ်း လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​ရိုး​လည်း ပြတ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 22,
      "text": "မိုး​ကောင်း​ကင်​တန်​ဆာ​တို့​ကို မ​ရေ​တွက်​နိုင်၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​တို့​ကို တောင်း​တင်း​နှင့် မ​ခြင်​နိုင်​အောင် များ​ပြား​သ​ကဲ့​သို့၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး​ကို​လည်း​ကောင်း၊ ငါ၏​အ​မှု​ထမ်း​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ငါ​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 23,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 24,
      "text": "ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​သော လူ​မျိုး​နှစ်​မျိုး​ကို တစ်​ဖန်​ပယ်​တော်​မူ​ပြီ​ဟု ဤ​လူ​တို့​ပြော​တတ်​သော စ​ကား​ကို သင်​သည်​ဆင်​ခြင်​ပြီ​လော။ ထို​သို့​သူ​တို့​သည် ငါ၏​လူ​မျိုး​ကို လူ​မျိုး​ကဲ့​သို့​မ​မှတ်၊ မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နေ့​နှင့် ည​အ​ဖို့ ငါ၏​ပ​ဋိ​ညာဉ် မ​ရှိ​လျှင်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​တ​ရား​တို့​ကို ငါ​မ​စီ​ရင်​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 33,
      "verse": 26,
      "text": "အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​အ​မျိုး​ကို အုပ်​စိုး​ရ​သော မင်း​အ​ရာ၌၊ ယာ​ကုပ်​အ​မျိုး​နှင့် ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး သား​စဉ်​မြေး​ဆက်​ထဲ​က ငါ​ရွေး၍​မ​ခန့်​ထား​ဘဲ စွန့်​ပစ်​မည်။ သို့​မ​ဟုတ် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ထို​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ ကယ်​မ​သ​နား​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 1,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ဗိုလ်​ခြေ​အ​ပေါင်း၊ အ​စိုး​ရ​တော်​မူ​သ​မျှ​သော တိုင်း​နိုင်​ငံ​သား၊ လူ​မျိုး​အ​သီး​အ​သီး အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သ​မျှ​သော မြို့​ရွာ​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​ကို သွား၍​ပြော​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် မီး​ရှို့​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 3,
      "text": "သင်​သည် ထို​မင်း​လက်​နှင့် မ​လွတ်​ရ။ စင်​စစ် သင့်​ကို​ဖမ်း​ဆီး၍ ထို​မင်း​လက်​သို့ အပ်​ကြ​လိမ့်​မည်။ သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ တစ်​ယောက်​နှင့်​တစ်​ယောက် စ​ကား​ပြော​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​သို့​လည်း သွား​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 4,
      "text": "သို့​ရာ​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​လော့။ မင်း​ကြီး​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဓား​ဖြင့်​အ​သေ​မ​ခံ​ရ။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 5,
      "text": "ငြိမ်​ဝပ်​စွာ​သေ၍ သင့်​ရှေ့​မှာ စိုး​စံ​သော ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ ပြု​ဖူး​သည်​နည်း​တူ၊ သင့်​အ​ဖို့ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ဩ သ​ခင်​ဟူ၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်၊ ငါ​ပြော​ထား​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 6,
      "text": "ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 7,
      "text": "ယု​ဒ​ပြည်၌ ခိုင်​ခံ့၍ ကျန်​ကြွင်း​သော​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့ တည်း​ဟူ​သော ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သော မြို့​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား ဆင့်​ဆို​လေ၏။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 8,
      "text": "ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည် အ​သီး​အ​သီး စေ​စား​သော ယု​ဒ​ညီ​အစ်​ကို​ချင်း၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 9,
      "text": "အ​စေ​ခံ​ရ​သော ဟေ​ဗြဲ​အ​မျိုး ကျွန်​ယောက်ျား မိန်း​မ​တို့​ကို နောက်​တစ်​ဖန် မ​စေ​စား​ဘဲ လွှတ်​စေ​ခြင်း​ငှာ၊ ဇေ​ဒ​ကိ​မင်း​ကြီး​သည် လွှတ်​ခြင်း​တ​ရား​ကို​စီ​ရင်​မည်​ဟု ဝန်​ခံ​ပြီး​သည်​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၏။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ဝန်​ခံ​သော​မှူး​မတ်၊ ဆင်း​ရဲ​သား​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး​စေ​စား​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို နောက်​တစ်​ဖန် မ​စေ​စား​ဘဲ​လွှတ်​မည်​ဟု ကြား​သော​အ​ခါ၊ နား​ထောင်၍ လွှတ်​လိုက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 11,
      "text": "နောက်​တစ်​ဖန် ပြောင်း​လဲ၍ ယ​ခင်​လွှတ်​ပြီး​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို ခေါ်​ပြန်၍ အ​စေ​ကျွန်​ခံ​စေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 12,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​၍၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘိုး​ဘေး​များ​ကို ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 14,
      "text": "သင်​တို့​သည် အ​သီး​အ​သီး​ဝယ်​သော ညီ​အစ်​ကို​ချင်း ဟေ​ဗြဲ​အ​မျိုး​သား​တို့​ကို ခု​နစ်​နှစ်​စေ့​လျှင် လွှတ်​ရ​မည်။ ခြောက်​နှစ်​ပတ်​လုံး သင်​တို့၌ အ​စေ​ကျွန်​ခံ​ပြီး​မှ၊ လွတ်​သော​အ​ခွင့်​ကို ပေး​ရ​မည်​ဟု ပ​ညတ်​သော်​လည်း၊ သင်​တို့ ဘိုး​ဘေး​များ​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ နား​ကို ပိတ်​လျက်​နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 15,
      "text": "သင်​တို့​သည် ယ​ခု​မှာ​ပြောင်း​လဲ၍၊ အ​သီး​အ​သီး အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ စီ​ရင်​သ​ဖြင့်၊ ငါ့​ရှေ့၌ တ​ရား​သော​အ​မှု​ကို​ပြု​လျက်၊ ငါ့​နာ​မ​ဖြင့် သ​မုတ်​သော ဗိ​မာန်​တော်၌ ငါ့​ရှေ့​မှာ ဝန်​ခံ​ခြင်း ပ​ဋိ​ညာဉ်​ကို ပြု​ကြ​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 16,
      "text": "တစ်​ဖန် ပြောင်း​လဲ၍ ငါ၏​နာ​မ​ကို​ရှုတ်​ချ​လျက်၊ အ​သီး​အ​သီး ရှင်း​ရှင်း​လွှတ်​ဖူး​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို ခေါ်​ပြန်၍ အ​စေ​ကျွန်​ခံ​စေ​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 17,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သီး​အ​သီး ညီ​အစ်​ကို​ချင်း၊ အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​မ​စီ​ရင်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ဖို့၊ ဓား​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တို့​အား လွတ်​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​စီ​ရင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက် ခံ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 18,
      "text": "နွား​သ​ငယ်​ကို ထက်​ခြမ်း​ခွဲ၍၊ အ​လယ်​သို့ လျှောက်​သွား​လျက်၊ ငါ့​ရှေ့​မှာ​ပြု​သော ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် စ​ကား​အ​တိုင်း​မ​ကျင့်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​သူ​တည်း​ဟူ​သော၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 19,
      "text": "ယု​ဒ​မင်း၊ ယေ​ရု​ရှ​လင်​မင်း၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​စ​ရှိ​သော၊ နွား​သ​ငယ် ထက်​ခြမ်း​အ​လယ်​သို့ လျှောက်​သွား​သော ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို၊"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 20,
      "text": "သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​သူ​များ လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။ သူ​တို့​အ​သေ​ကောင်​များ​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​များ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 21,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မှ​စ၍ မှူး​တော်​မတ်​တော်​တို့​ကို သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​လူ​များ လက်​သို့​လည်း​ကောင်း၊ ယ​ခု​လွှဲ​သွား​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​များ​လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။"
    },
    {
      "book": 24,
      "chapter": 34,
      "verse": 22,
      "text": "ငါ​သည် အ​မိန့်​တော်​ပေး၍ သူ​တို့​ကို ဤ​မြို့​သို့ ပြန်​လာ​စေ​မည်။ သူ​တို့​သည် တိုက်​ယူ၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ ယု​ဒ​မြို့​ရွာ​တို့​ကို လူ​တို့​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 2,
      "text": "သင်​သည် ရေ​ခပ်​အ​မျိုး​သား​တို့​အိမ်​သို့​သွား၍၊ သူ​တို့​နှင့် နှုတ်​ဆက်​ပြီး​မှ၊ ဗိ​မာန်​တော် အ​ခန်း​တစ်​ခန်း​ထဲ​သို့ ခေါ်​သွင်း၍ စ​ပျစ်​ရည်​ကို တိုက်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 3,
      "text": "ငါ​သည် ဟာ​ဗ​ဇိ​ညာ​သား​ဖြစ်​သော ယေ​ရ​မိ၏​သား​ယာ​ဇ​ညာ​မှ​စ၍၊ သူ၏​ညီ​အစ်​ကို​တို့​နှင့် သား​များ​အ​ပေါင်း၊ ရေ​ခပ်​အ​မျိုး​သား အ​ပေါင်း​တို့​ကို ခေါ်၍၊"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 4,
      "text": "ဗိ​မာန်​တော်​အ​တွင်း၊ တံ​ခါး​စောင့်​ရှ​လ္လုံ​သား မာ​သေ​ယ၏​အ​ခန်း​အ​ပေါ်၊ မှူး​တော်​မတ်​တော် စည်း​ဝေး​ရာ​အ​ခန်း​နား​မှာ ဘု​ရား​သ​ခင်၏​လူ ဣ​ဂ​ဒါ​လိ​သား ဟာ​နန်၏​သား​တို့​နေ​သော​အ​ခန်း​ထဲ​သို့ ဆောင်​သွား​ပြီး​လျှင်၊"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 5,
      "text": "ထို​ရေ​ခပ် အ​မျိုး​သား​တို့​ရှေ့၌ စ​ပျစ်​ရည်​နှင့် ပြည့်​သော​အိုး​များ​နှင့် ခွက်​ဖ​လား​တို့​ကို ထည့်၍၊ စ​ပျစ်​ရည်​ကို သောက်​ကြ​ပါ​ဟု သူ​တို့​အား​ဆို၏။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 6,
      "text": "သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် စ​ပျစ်​ရည်​ကို မ​သောက်​ပါ။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​မျိုး၏​အ​ဘ ရေ​ခပ်၏​သား ယော​န​ဒပ်​က၊ သင်​တို့​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 7,
      "text": "အိမ်​ကို​လည်း မ​ဆောက်​ရ၊ မျိုး​စေ့​ကို​လည်း မ​ကြဲ​ရ၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း မ​စိုက်​ရ၊ မ​ရှိ​စေ​ရ​ကြ။ သင်​တို့​သည် ဧည့်​သည်​ဖြစ်​လျက် နေ​သော​ပြည်၌ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ တစ်​သက်​လုံး တဲ​နှင့်​သာ​နေ​ရ​ကြ​မည်​ဟု အ​ကျွန်ုပ်​တို့​ကို မှာ​ထား​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 8,
      "text": "ထို​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် မ​ယား​သား​သ​မီး​နှင့်​တ​ကွ တစ်​သက်​လုံး စ​ပျစ်​ရည်​ကို​မ​သောက်။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 9,
      "text": "နေ​စ​ရာ​ဖို့​အိမ်​ကို​လည်း မ​ဆောက်။ စ​ပျစ်​ဥ​ယျာဉ် မ​ရှိ။ လယ်​ယာ​မ​ရှိ၊ မျိုး​စေ့​မ​ရှိ။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 10,
      "text": "တဲ​နှင့်​သာ​နေ၍ အ​ကျွန်ုပ်​တို့ အ​မျိုး၏​အ​ဘ ရေ​ခပ်​သား​ယော​န​ဒပ်​မှာ​ထား​သ​မျှ​သော စ​ကား​ကို နား​ထောင်​လျက်၊ အ​ဘ​ယော​န​ဒပ် မှာ​ထား​သ​မျှ​အ​တိုင်း ပြု​ကြ​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 11,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဤ​ပြည်​သို့​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​က၊ လာ​ကြ။ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​နှင့် ရှု​ရိ​စစ်​သူ​ရဲ​တို့​ကို ကြောက်​စ​ရာ​ရှိ​သည်​ဟု အ​ချင်း​ချင်း ပြော​ဆို၍၊ ယ​ခု​ယေ​ရှု​ရှ​လင်​မြို့၌ နေ​ကြ​ပါ​သည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 12,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ရှိ​ရာ​သို့ သွား၍၊ သင်​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​အံ့​သော​ငှာ ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ​သ​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 14,
      "text": "စ​ပျစ်​ရည်​ကို မ​သောက်​ရ​ဟု၊ ရေ​ခပ်​သား​ယော​န​ဒပ်​သည် မိ​မိ​သား​တို့၌​ထား​သော ပ​ညတ်​စ​ကား​အ​တိုင်း၊ သူ​တို့​သည်​ကျင့်၍ ယ​နေ့​တိုင်​အောင် စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​နေ​လျက်၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​ကြ၏။ ငါ​သည် စော​စော​ထ၍ သင်​တို့​ကို အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 15,
      "text": "ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို​လည်း၊ ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ သင်​တို့​အ​သီး​အ​သီး လိုက်​သော အ​ဓ​မ္မ​လမ်း​ကို ရှောင်​ကြ​လော့။ သင်​တို့​အ​ကျင့်​ကို ပြု​ပြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်၊ ဝတ်​မ​ပြု​ကြ​နှင့်။ ဤ​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​နှင့် သင်​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ နေ​ရ​ကြ​လိမ့်​မည်​ဟု မှာ​လိုက်​သော်​လည်း၊ သင်​တို့​သည် နား​ကို​ပိတ်​လျက်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 16,
      "text": "ရေ​ခပ်​သား​ဖြစ်​သော ယော​န​ဒပ်၏​သား​မြေး​တို့​သည် မိ​မိ​တို့​အ​ဘ မှာ​ထား​သော​စ​ကား​အ​တိုင်း ကျင့်​ကြ၍၊ ဤ​လူ​မျိုး​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ခြိမ်း​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို ယု​ဒ​ပြည်​သူ၊ ယေ​ရှု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 18,
      "text": "ရေ​ခပ်​အ​မျိုး​သား​တို့​အား​လည်း၊ ယေ​ရ​မိ​ဆင့်​ဆို​သော၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် သင်​တို့​အ​ဘ ယော​န​ဒပ်၏ ပ​ညတ်​စ​ကား​ကို​နား​ထောင်၍၊ သူ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​စောင့်​သော​ကြောင့်၊"
    },
    {
      "book": 24,
      "chapter": 35,
      "verse": 19,
      "text": "ရေ​ခပ်​သား​ယော​န​ဒပ်​အ​မျိုး၌ ငါ့​အ​မှု​ထမ်း​တို့​သည် အ​စဉ်​ရှိ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း နန်း​စံ​လေး​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 2,
      "text": "သင်​သည် စာ​လိပ်​ကို​ယူ​ပြီး​လျှင်၊ ယော​ရှိ​မင်း​လက်​ထက်၌ သင့်​အား ငါ​ပြော​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​စ​ရှိ​သော ခပ်​သိမ်း​သော တိုင်း​ပြည်​တို့​ကို ငါ​ခြိမ်း​သ​မျှ​သော စ​ကား​အ​တိုင်း ရေး​ထား​လော့။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 3,
      "text": "ယု​ဒ​အ​မျိုး​တို့၌​ပြု​မည်​ဟု ငါ​ကြံ​စည်​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​သည် ကြား​သော​အ​ခါ၊ သူ​တို့ ဒု​စ​ရိုက်​အ​ပြစ်​ကို ငါ​လွှတ်​မည်​အ​ကြောင်း၊ အ​သီး​အ​သီး​လိုက်​ဖူး​သော အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကောင်း ရှောင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 4,
      "text": "ထို​အ​ခါ​ယေ​ရ​မိ​သည် နေ​ရိ​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​သော​စ​ကား​တော်​တို့​ကို ပြန်​ပြော​သည်​အ​တိုင်း၊ ဗာ​ရုတ်​သည် စာ​လိပ်၌ ရေး​ထား​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 5,
      "text": "ယေ​ရ​မိ​က​လည်း၊ ငါ​သည် အ​ချုပ်​ခံ​လျက် နေ​ရ​သော​ကြောင့်၊ ဗိ​မာန်​တော်​သို့ မ​သွား​နိုင်။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 6,
      "text": "သင်​သွား​လော့။ ငါ​ပြန်​ပြော​သည်​အ​တိုင်း၊ သင်​သည် စာ​လိပ်၌ ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို၊ အ​စာ​ရှောင်​သော နေ့​တွင်၊ ဗိ​မာန်​တော်၌​ရှိ​သော သူ​တို့​အား ဖတ်​လော့။ အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ယု​ဒ​လူ​တို့​အား​လည်း ဖတ်​လော့။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 7,
      "text": "သူ​တို့​သည် အ​သီး​အ​သီး​လိုက်​ဖူး​သော အ​ဓ​မ္မ​လမ်း​ကို​ရှောင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား ပျပ်​ဝပ်၍​ဆု​တောင်း​ကောင်း ဆု​တောင်း​ကြ​လိမ့်​မည်။ ဤ​လူ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား ခြိမ်း​တော်​မူ​သော အ​မျက်​ဒေါ​သ​သည် အ​လွန်​ပြင်း​ထန်​ပေ၏​ဟု ဗာ​ရုတ်​အား မှာ​ထား​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 8,
      "text": "ထို​သို့ ပ​ရော​ဖက်​ယေ​ရ​မိ မှာ​ထား​သ​မျှ​အ​တိုင်း၊ နေ​ရိ​သား​ဗာ​ရုတ်​သည် ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ပါ​သော​စာ​ကို ဗိ​မာန်​တော်၌ ဖတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 9,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ယော​ယ​ကိမ်​မင်း နန်း​စံ​ငါး​နှစ်၊ န​ဝ​မ​လ​တွင် ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​နှင့်၊ ယု​ဒ​မြို့​ရွာ​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြော်​ငြာ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 10,
      "text": "ထို​အ​ခါ ဗာ​ရုတ်​သည် ဗိ​မာန်​တော်​တံ​ခါး​သစ်​နား​မှာ၊ အ​ထက်​တံ​တိုင်း​အ​တွင်း၊ စာ​ရေး​တော်​ရှာ​ဖန်​သား ဂေ​မ​ရိ၏​အ​ခန်း၌၊ ယေ​ရ​မိ​စီ​ရင်​သော​စာ​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 11,
      "text": "ထို​စာ၌​ပါ​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို ရှာ​ဖန်​သား​ဖြစ်​သော ဂေ​မ​ရိ၏​သား​မိ​က္ခာ​ယ​သည် ကြား​လျှင်၊"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 12,
      "text": "နန်း​တော်​အ​တွင်း၊ စာ​ရေး​တော်​အ​ခန်း​သို့ သွား၍၊ စာ​ရေး​တော် ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​သား ဒေ​လာ​ယ၊ အာ​ခ​ဗော်​သား ဧ​လ​နာ​သန်၊ ရှာ​ဖန်​သား ဂေ​မ​ရိ၊ ဟာ​န​နိ​သား ဇေ​ဒ​ကိ​အ​စ​ရှိ​သော မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 13,
      "text": "ထို​အ​ခါ​ဗာ​ရုတ်​သည် လူ​များ​တို့​အား ဖတ်​သော​စာ​ထဲ​က မိ​က္ခာ​ယ​ကြား​သ​မျှ​သော စ​ကား​တို့​ကို ပြန်​ပြော​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 14,
      "text": "ထို​မင်း​အ​ပေါင်း​တို့​သည်​လည်း၊ ကု​ရှိ၊ ရှေ​လ​မိ၊ နာ​သ​နိ​တို့​မှ ဆင်း​သက်​သော ယေ​ဟု​ဒိ​ကို ဗာ​ရုတ်​ထံ​သို့ စေ​လွှတ်​လျက်၊ သင်​သည် လူ​များ​တို့​အား ဖတ်​သော​စာ​လိပ်​ကို သင့်​လက်​နှင့်​ကိုင်၍ လာ​ခဲ့​ဟု​ခေါ်​ကြ၏။ နေ​ရိ​သား ဗာ​ရုတ်​သည်​လည်း၊ စာ​လိပ်​ကို​ကိုင်၍ လာ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 15,
      "text": "သူ​တို့​က​လည်း ထိုင်​လော့။ ငါ​တို့​အား ဖတ်​လော့​ဟု​ဆို​သည်​အ​တိုင်း၊ ဗာ​ရုတ်​သည် သူ​တို့​ရှေ့​မှာ ဖတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 16,
      "text": "ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မင်း​များ​တို့​သည် ကြား​လျှင်၊ အ​ချင်း​ချင်း ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ ငါ​တို့​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်​ဆက် ကြား​လျှောက်​ရ​မည်​ဟု ဗာ​ရုတ်​ကို ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 17,
      "text": "တစ်​ဖန် သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို သူ့​နှုတ်​မြွက်​သည်​အ​တိုင်း အ​ဘယ်​သို့ ရေး​ထား​သ​နည်း​ဟု မေး​မြန်း​လျှင်၊"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 18,
      "text": "ဗာ​ရုတ်​က၊ သူ​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို နှုတ်​မြွက်၍၊ အ​ကျွန်ုပ်​သည် မင်​နှင့် ရေး​ထား​ပါ၏​ဟု ပြန်​ပြော​သော်၊"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 19,
      "text": "မင်း​များ​တို့​က၊ သင်​သွား​လော့။ ယေ​ရ​မိ​နှင့်​အ​တူ ပုန်း​ရှောင်၍​နေ​လော့။ အ​ဘယ်​မှာ​နေ​သည်​ကို တစ်​စုံ​တစ်​ယောက်​မျှ မ​သိ​စေ​နှင့်​ဟု ဗာ​ရုတ်​အား​မှာ​ခဲ့၍၊"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 20,
      "text": "စာ​လိပ်​ကို စာ​ရေး​တော်​ဧ​လိ​ရှ​မာ၏ အ​ခန်း၌​ထား​ပြီး​မှ နန်း​တော်​အ​တွင်း၊ ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ထို​အ​မှု​ကို အ​ကုန်​အ​စင်​လျှောက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 21,
      "text": "ရှင်​ဘု​ရင်​သည် ထို​စာ​လိပ်​ကို​ယူ​ချေ​ဟု၊ ယေ​ဟု​ဒိ​ကို စေ​လွှတ်​သ​ဖြင့်၊ ယေ​ဟု​ဒိ​သည် စာ​ရေး​တော်​ဧ​လိ​ရှ​မာ၏ အ​ခန်း​ထဲ​က​ယူ၍၊ ရှင်​ဘု​ရင်​အ​စ​ရှိ​သော အ​ထံ​တော်၌​ရပ်​နေ​သော မှူး​မတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 22,
      "text": "ထို​အ​ခါ န​ဝ​မ​လ​ဖြစ်၍၊ ရှင်​ဘု​ရင်​သည် ဆောင်း​ကာ​လ၌ စံ​ပျော်​ရာ​နန်း​အ​ခန်း​တွင် ထိုင်၍၊ ရှေ့​တော်၌ မီး​မယ်​ဖျူး​ပေါ်​မှာ မီး​ခဲ​ပုံ​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 23,
      "text": "ယေ​ဟု​ဒိ​သည် သုံး​လေး​ခန်း​လောက် ဖတ်​မိ​လျှင်၊ ရှင်​ဘု​ရင်​သည် စာ​ရေး၏​ဓား​နှင့်​လှီး၍ မီး​မယ်​ဖျူး​ပေါ်​မှာ​ရှိ​သော မီး​ထဲ​သို့ စာ​လိပ်​ကို ချ​ပစ်​လျှင်၊ အ​ကုန်​အ​စင် ကျွမ်း​လောင်​လေ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 24,
      "text": "ရှင်​ဘု​ရင်​မှ​စ၍၊ ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ကြား​သော ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​မျှ မ​ကြောက်၊ မိ​မိ​အ​ဝတ်​ကို​လည်း မ​ဆုတ်​ကြ။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​သည် စာ​လိပ်​ကို မီး​မ​ရှို့​စေ​ခြင်း​ငှာ၊ ဧ​လ​နာ​သန်၊ ဒေ​လာ​ယ၊ ဂေ​မ​ရိ​တို့​သည် တောင်း​ပန်​သော်​လည်း၊ ရှင်​ဘု​ရင်​သည် သူ​တို့​စ​ကား​ကို နား​မ​ထောင်။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 26,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​သည် စာ​ရေး​ဗာ​ရုတ်​နှင့် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ၊ သား​တော် ယေ​ရ​မေ​လ၊ အာ​ဇ​ရေ​လ​သား စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​သား ရှေ​လ​မိ​တို့​ကို စေ​လွှတ်​လေ၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 27,
      "text": "ယေ​ရ​မိ​နှုတ်​မြွက်​သည်​အ​တိုင်း ဗာ​ရုတ်​ရေး​ထား​သော ထို​စာ​လိပ်​ကို ရှင်​ဘု​ရင်​မီး​ရှို့​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 28,
      "text": "သင်​သည် အ​ခြား​သော​စာ​လိပ်​ကို​ယူ၍၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ်​မီး​ရှို့​သော အ​ရင်​စာ​လိပ်၌ ပါ​သ​မျှ​သော စ​ကား​ရင်း​အ​တိုင်း ရေး​ထား​လော့။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 29,
      "text": "သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​အား​ပြော​ဆို​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဆက်​ဆက်​လာ၍ ဤ​ပြည်​ကို ဖျက်​ဆီး​လိမ့်​မည်။ လူ​နှင့်​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်​ဟူ​သော​စ​ကား​ကို အ​ဘယ်​ကြောင့် ရေး​ထား​သ​နည်း​ဟု သင်​သည်​ဆို၍ စာ​လိပ်​ကို​မီး​ရှို့​ပြီ။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 30,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ သူ၏​အ​မျိုး​အ​နွယ်​သည် ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ မ​ထိုင်​ရ။ သူ၏​အ​သေ​ကောင်​ကို နေ့​အ​ချိန်၌ နေ​ပူ​ထဲ​သို့​လည်း​ကောင်း၊ ည​အ​ချိန်၌ နှင်း​ခဲ​ထဲ​သို့​လည်း​ကောင်း ပစ်​လိုက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 31,
      "text": "သူ​မှ​စ၍ သူ၏​သား​မြေး​တို့​ကို​လည်း​ကောင်း၊ သူ၏​ကျွန်​တို့​ကို​လည်း​ကောင်း၊ အ​ပြစ်​နှင့်​အ​လျောက် ငါ​စီ​ရင်​မည်။ သူ​တို့​နှင့် ယေ​ရှု​ရှ​လင်​မြို့​သူ ယု​ဒ​ပြည်​သား​တို့​သည် နား​မ​ထောင်၊ သူ​တို့​အ​ပေါ်​သို့ ငါ​ခြိမ်း​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 36,
      "verse": 32,
      "text": "ထို​အ​ခါ ယေ​ရ​မိ​သည် အ​ခြား​သော​စာ​လိပ်​ကို​ယူ၍၊ နေ​ရိ​သား စာ​ရေး​ဗာ​ရုတ်​အား ပေး​သ​ဖြင့်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် မီး​ရှို့​သော​စာ၌ ပါ​သ​မျှ​သော စ​ကား​တို့​ကို ယေ​ရ​မိ​သည်​နှုတ်​မြွက်၍၊ ဗာ​ရုတ်​သည် ရေး​ထား၏။ အ​လား​တူ​သော စ​ကား​အ​များ​ကို​လည်း ထပ်၍​သွင်း​ရ၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 1,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော ယော​ယ​ကိမ်​သား​ခေါ​နိ​အ​ရာ၌၊ ယော​ရှိ​မင်း​ကြီး၏​သား ဇေ​ဒ​ကိ​မင်း​ကြီး​သည် နန်း​ထိုင်​လေ၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​တို့​ကို၊ ထို​မင်း​ကြီး​အ​စ​ရှိ​သော ကျွန်​များ၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 3,
      "text": "တ​ရံ​ရော​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး​သည်၊ ရှေ​လ​မိ​သား ယေ​ဟု​က​လ​နှင့် ယဇ်​ပု​ရော​ဟိတ် မာ​သေ​ယ​သား ဇေ​ဖ​နိ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ စေ​လွှတ်၍၊ ငါ​တို့​အ​ဖို့ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပါ​လော့​ဟု မှာ​လိုက်၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 4,
      "text": "ထို​အ​ခါ ယေ​ရ​မိ​သည် ထောင်​ထဲ​သို့​မ​ရောက်​သေး။ လူ​များ​တို့​နှင့် ပေါင်း​ဖော်​လျက် နေ​သေး၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 5,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​သော ခါ​လ​ဒဲ​လူ​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ ဖာ​ရော​ဘု​ရင်၏ ဗိုလ်​ခြေ​များ​စစ်​ချီ၍ လာ​ကြောင်း​ကို​ကြား​လျှင်၊ ထို​မြို့​မှ ထွက်​သွား​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 6,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ယေ​ရ​မိ​သို့​ရောက်၍၊"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို​မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို​မှာ​လိုက်​သော ယု​ဒ​ရှင်​ဘု​ရင်​အား ဤ​သို့​ပြန်​ပြော​လော့။ သင်​တို့​ကို​စစ်​ကူ​ခြင်း​ငှာ​လာ​သော ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် သူ​တို့​နေ​ရင်း အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 8,
      "text": "ခါ​လ​ဒဲ​လူ​တို့​သည်​လာ​ပြန်၍၊ ဤ​မြို့​ကို​တိုက်​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်​ဟု ဆို၍ ကိုယ်​ကို​ကိုယ် မ​လှည့်​စား​ကြ​နှင့်။ သူ​တို့​သည်​ထွက်၍ မ​သွား​ရ​ကြ။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 10,
      "text": "ထို​မျှ​မ​က၊ သင်​တို့​ကို​စစ်​တိုက်​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို သင်​တို့​သည် လုပ်​ကြံ​သ​ဖြင့်၊ သူ​တို့​တွင် ဒဏ်​ချက်​ထိ​သော သူ​သက်​သက်​ကျန်​ကြွင်း​သော်​လည်း၊ သူ​တို့​သည် အ​သီး​အ​သီး​မိ​မိ​တို့​ထဲ၌​ထ၍၊ ဤ​မြို့​သို့ မီး​ရှို့​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 11,
      "text": "ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​ကို​ကြောက်​ရွံ့၍၊ ယေ​ရု​ရှ​လင်​မြို့​မှ ဆုတ်​သွား​ကြ​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 12,
      "text": "ယေ​ရ​မိ​သည် မိ​မိ​အ​မျိုး၌ မိ​မိ​အ​မွေ​ဥ​စ္စာ​ကို​ခံ​အံ့​သော​ငှာ၊ ဗင်္ယာ​မိန်​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ၍ ယေ​ရု​ရှ​လင်​မြို့​မှ ထွက်​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 13,
      "text": "ဗင်္ယာ​မိန်​တံ​ခါး​ဝ​သို့​ရောက်​သော​အ​ခါ၊ ဟာ​န​နိ​သား​ဖြစ်​သော ရှေ​လ​မိ၏​သား ကင်း​မှူး​ဣ​ရိ​ယ​က၊ သင်​သည် ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ကူး​သွား​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊ ပ​ရော​ဖက်​ယေ​ရ​မိ​ကို ဖမ်း​ဆီး​လေ၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 14,
      "text": "ယေ​ရ​မိ​က​လည်း၊ မ​ဟုတ်​ပါ။ ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ငါ​မ​ကူး​မ​သွား​ပါ​ဟု​ဆို​သော်​လည်း၊ ဣ​ရိ​ယ​သည် နား​မ​ထောင်​ဘဲ၊ ယေ​ရ​မိ​ကို​ယူ၍ မင်း​များ​ထံ​သို့ ပို့​ဆောင်​လေ၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 15,
      "text": "မင်း​များ​တို့​သည် အ​မျက်​ထွက်၍ ယေ​ရ​မိ​ကို ရိုက်​ပြီး​မှ၊ စာ​ရေး​တော်​ယော​န​သန်၏​အိမ်၌ လှောင်​ထား​ကြ၏။ ထို​အိမ်​ကို လှောင်​အိမ်​လုပ်​နှင့် သ​တည်း။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 16,
      "text": "ယေ​ရ​မိ​သည် အိမ်​အောက်​မြေ​တွင်း၊ လှောင်​အိမ်​ထဲ​သို့​ရောက်၍၊ နေ့​ရက်​များ​စွာ​နေ​ရ​သော​နောက်၊"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 17,
      "text": "ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 18,
      "text": "တစ်​ဖန် ယေ​ရ​မိ​က၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ပြစ်​မှား​သ​လော။ ကိုယ်​တော်၏​ကျွန်​တို့​ကို ပြစ်​မှား​သ​လော။ ဤ​လူ​မျိုး​ကို ပြစ်​မှား​သ​လော။ အ​ဘယ်​မည်​သော​အ​ပြစ်​ကြောင့် အ​ကျွန်ုပ်​ကို လှောင်​ထား​ကြ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 19,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် သင်​တို့​နှင့် ဤ​ပြည်​ကို​မ​တိုက်​မ​လာ​ရ​ဟု ဟော​ပြော​သော သင်​တို့၏​ပ​ရော​ဖက်​တို့​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ အ​ကျွန်ုပ်​သ​ခင် အ​ရှင်​မင်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​သော​စ​ကား​ကို နား​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို သေ​စေ​ခြင်း​ငှာ၊ စာ​ရေး​တော်​ယော​န​သန်​အိမ်​သို့ ပြန်​စေ​တော်​မ​မူ​ပါ​နှင့်​ဟု ဇေ​ဒ​ကိ​မင်း​ကြီး​ကို​လျှောက်​ဆို၏။"
    },
    {
      "book": 24,
      "chapter": 37,
      "verse": 21,
      "text": "ထို​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး အ​မိန့်​တော်​ရှိ၍၊ ယေ​ရ​မိ​ကို ထောင်​ဝင်း၌​ထား​ကြ၏။ မြို့​တွင် မုန့်​မ​ကုန်​မီ​တိုင်​အောင်၊ မုန့်​သည်​တန်း​မှ မုန့်​တစ်​လုံး​ကို နေ့​တိုင်း​အ​စဉ် ပေး​ရ၏။ ထို​သို့ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​လေ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ထဲ​မှာ​နေ​သော​သူ​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် သေ​လိမ့်​မည်။ ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ထွက်​သွား​သော သူ​သည်​အ​သက်​ချမ်း​သာ၍၊ လက်​ရ​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို​ရ​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​လက်​သို့ ဆက်​ဆက်​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏​ဟု၊ ယေ​ရ​မိ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​တတ်​သော​စ​ကား​များ​ကို မဿန်​သား ရှေ​ဖ​တိ၊ ပါ​ရှု​ရ​သား ဂေ​ဒ​လိ၊ ရှေ​လ​မိ​သား ယေ​ဟု​က​လ၊ မာ​လ​ခိ​သား ပါ​ရှု​ရ​တို့​သည်​ကြား​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 4,
      "text": "ထို​မှူး​မတ်​တို့​သည် ရှင်​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဤ​သူ​သည် ဤ​သို့​သော​စ​ကား​ကို​ပြော​သ​ဖြင့်၊ မြို့​ထဲ​မှာ ကျန်​ကြွင်း​သေး​သော စစ်​သူ​ရဲ​အ​စ​ရှိ​သော လူ​အ​ပေါင်း​တို့၏​လက်​ကို အား​လျော့​စေ​တတ်​ပါ၏။ သူ​သည် ဤ​လူ​မျိုး၏​အ​ကျိုး​ကို မ​ပြု​စု​တတ်၊ ဖျက်​ဆီး​တတ်​ပါ၏။ ထို​ကြောင့်၊ သူ့​ကို ကွပ်​မျက်​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 5,
      "text": "ဇေ​ဒ​ကိ​မင်း​ကြီး​က၊ သူ​သည် သင်​တို့​လက်၌​ရှိ၏။ ရှင်​ဘု​ရင်​သည် သင်​တို့​အ​လို​ကို မ​ဆီး​တား​နိုင်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 6,
      "text": "ထို​အ​ခါ ယေ​ရ​မိ​ကို​ယူ၍၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သော သား​တော်​မာ​လ​ခိ၏​မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​ကြ၏။ ထို​မြေ​တွင်း၌ ရေ​မ​ရှိ၊ ရွှံ့​သာ​ရှိ၍၊ ယေ​ရ​မိ​သည် ရွှံ့၌​ကျွံ​လျက်​နေ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 7,
      "text": "ထို​သို့ ယေ​ရ​မိ​ကို မြေ​တွင်း၌ ချ​ထား​ကြောင်း​ကို နန်း​တော်​အ​ရာ​ရှိ​ဖြစ်​သော​သူ၊ ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​သည် ကြား​သိ​သော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ဗင်္ယာ​မိန်​တံ​ခါး​ဝ၌ ထိုင်​နေ​တော်​မူ​စဉ်​တွင်၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 8,
      "text": "ထို​သူ​သည် နန်း​တော်​ထဲ​က​ထွက်၍ အ​ထံ​တော်​သို့​သွား​ပြီး​လျှင်၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 9,
      "text": "အ​ကျွန်ုပ်​သ​ခင် အ​ရှင်​မင်း​ကြီး၊ ထို​သူ​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ပြု​လေ​သ​မျှ​တို့၌ မှား​ကြ​ပါ​ပြီ။ မြေ​တွင်း၌ ချ​ထား​ကြ​ပါ​ပြီ။ မြို့၌ မုန့်​ကုန်​သော​ကြောင့်၊ ထို​တွင်း၌ ငတ်​မွတ်၍​သေ​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 10,
      "text": "ရှင်​ဘု​ရင်​က၊ ပ​ရော​ဖက်​ယေ​ရ​မိ မ​သေ​မီ ဤ​အ​ရပ်​မှ လူ​သုံး​ဆယ်​ကို​ခေါ်​သွား၍၊ မြေ​တွင်း​ထဲ​က နုတ်​ယူ​လော့​ဟု၊ ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​ကို အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 11,
      "text": "ဧ​ဗ​ဒ​မေ​လက်​သည်​လည်း လူ​တို့​ကို​ခေါ်၍ နန်း​တော်​အ​တွင်း ဘ​ဏ္ဍာ​တိုက်​အောက်​သို့​ဝင်​ပြီး​လျှင်၊ ဟောင်း​နွမ်း​သော အ​ဝတ်​စုတ်​များ​ကို​ယူ​ပြီး​မှ၊ ယေ​ရ​မိ​ရှိ​ရာ မြေ​တွင်း၌ ကြိုး​နှင့်​လျှော့​ချ​လေ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 12,
      "text": "ထို​အ​ခါ​ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​က၊ ဟောင်း​နွမ်း​သော ဤ​အ​ဝတ်​စုတ်​တို့​နှင့် သင်၏​လက်​က​တီး​ကြား၌ ကြိုး​ကို​ခု​ခံ​ပါ​လော့​ဟု ဆို​သည်​အ​တိုင်း ယေ​ရ​မိ​ပြု​လေ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 13,
      "text": "ထို​သို့​ယေ​ရ​မိ​ကို မြေ​တွင်း​ထဲ​က ကြိုး​နှင့်​ဆွဲ​တင်​ကြ၏။ ထို​နောက် ယေ​ရ​မိ​သည်​ထောင်​ဝင်း​ထဲ​မှာ နေ​လေ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 14,
      "text": "တစ်​ဖန် ဇေ​ဒ​ကိ​မင်း​ကြီး​သည်​လူ​ကို​စေ​လွှတ်၍၊ ဗိ​မာန်​တော်၌ တ​တိ​ယ​အ​တွင်း​ခန်း​ထဲ​သို့ ယေ​ရ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်၌ တစ်​စုံ​တစ်​ခု​ကို ငါ​မေး​မြန်း​မည်။ အ​ဘယ်​အ​ရာ​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်​ဟု ဆို​သော်၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 15,
      "text": "ယေ​ရ​မိ​က၊ အ​ကျွန်ုပ်​လျှောက်​လျှင်၊ အ​ကျွန်ုပ်​ကို​မ​သတ်​ဘဲ အ​မှန်​နေ​တော်​မူ​မည်​လော။ အ​ကျွန်ုပ်​သည် အ​ကြံ​ပေး​လျှင်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​လော​ဟု ဇေ​ဒ​ကိ​ကို မေး​လျှောက်​လေ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 16,
      "text": "ဇေ​ဒ​ကိ​မင်း​ကြီး​က​လည်း၊ ငါ​တို့​ကို အ​သက်​ရှင်​သော​သ​တ္တ​ဝါ​ဖြစ်​စေ​ခြင်း​ငှာ ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​ကို​ငါ​မ​သတ်။ သင့်​အ​သက်​ကို​ရှာ​သော ထို​လူ​တို့​လက်​သို့ သင့်​ကို​ငါ​မ​အပ်​ဟု ယေ​ရ​မိ​အား တိတ်​ဆိတ်​စွာ ကျိန်​ဆို​လေ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 17,
      "text": "ယေ​ရ​မိ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​မှူး​မတ်​တို့​ထံ​သို့ အ​မှန်​ထွက်​သွား​လျှင် အ​သက်​ချမ်း​သာ​ရ​တော်​မူ​မည်။ ဤ​မြို့​သည်​လည်း မီး​ရှို့​ခြင်း​နှင့် လွတ်​လိမ့်​မည်။ ကိုယ်​တော်​နှင့်​တ​ကွ ဆွေ​တော်​မျိုး​တော်​တို့​သည် အ​သက်​ချမ်း​သာ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 18,
      "text": "သို့​မ​ဟုတ်၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​တို့​ထံ​သို့ မ​ထွက်​မ​သွား​လျှင်၊ ဤ​မြို့​ကို ခါ​လ​ဒဲ​လူ​တို့​လက်​သို့​အပ်၍၊ သူ​တို့​သည် မီး​ရှို့​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​လည်း၊ သူ​တို့​လက်​နှင့် မ​လွတ်​ရ​ဟု ဇေ​ဒ​ကိ​ကို​လျှောက်​ဆို၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 19,
      "text": "ဇေ​ဒ​ကိ​မင်း​ကြီး​က​လည်း၊ ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ကူး​သွား​သော ယု​ဒ​လူ​တို့​ကို ငါ​ကြောက်၏။ ငါ့​ကို သူ​တို့​လက်​သို့​အပ်၍၊ ငါ​သည်​ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​မည် စိုး​ရိမ်​သည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 20,
      "text": "ယေ​ရ​မိ​က၊ ကိုယ်​တော်​ကို မ​အပ်​ရ။ အ​ကျွန်ုပ်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင် ချမ်း​သာ​ရ၍ အ​သက်​ရှင်​တော်​မူ​မည်။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 21,
      "text": "သို့​မ​ဟုတ်၊ ကိုယ်​တော်​က၊ ငါ​မ​ထွက်​မ​သွား​ဟု ငြင်း​လျှင်၊ အ​ကျွန်ုပ်​အား ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​အ​ရာ​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 22,
      "text": "နန်း​တော်၌ ကျန်​ကြွင်း​သ​မျှ​သော မိန်း​မ​တို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ထို​မိန်း​မ​တို့​က​လည်း၊ ကိုယ်​တော်၏ အ​ဆွေ​ခင်​ပွန်း​တို့​သည် သွေး​ဆောင်၍​နိုင်​ကြ​ပြီ။ ခြေ​တော်​သည် ရွှံ့၌​ကျွံ၍၊ သူ​တို့​သည် ဆုတ်​သွား​ကြ​ပြီ​ဟု ကိုယ်​တော်​အား ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 23,
      "text": "ထို​သို့​ကိုယ်​တော်၏​မ​ယား​နှင့် သား​သ​မီး​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​လူ​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​လည်း သူ​တို့​လက်​နှင့်​မ​လွတ်​ဘဲ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့​ရောက်၍၊ ဤ​မြို့​ကို မီး​ရှို့​စေ​တော်​မူ​မည်​ဟု လျှောက်၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 24,
      "text": "ဇေ​ဒ​ကိ​က​လည်း၊ ဤ​စ​ကား​ကို အ​ဘယ်​သူ​မျှ​မ​ကြား​မ​သိ​စေ​နှင့်။ သို့​ပြု​လျှင်၊ သင်​သည်​မ​သေ​ရ။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 25,
      "text": "ငါ​သည် သင်​နှင့် စ​ကား​ပြော​ကြောင်း​ကို မှူး​မတ်​တို့​သည်​ကြား၍ သင်​ရှိ​ရာ​သို့​လာ​လျက်၊ သင်​သည် ရှင်​ဘု​ရင်​အား အ​ဘယ်​သို့ လျှောက်​သည်​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​သည် သင့်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့​အား ကြား​ပြော​ပါ​လော့။ မ​ထိမ်​မ​ဝှက်​ပါ​နှင့် ဟု​ဆို​လျှင်၊"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 26,
      "text": "သင်​က​လည်း၊ ငါ့​ကို​သေ​စေ​ခြင်း​ငှာ၊ ယော​န​သန်​အိမ်​သို့ ပြန်​စေ​တော်​မ​မူ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​ထံ၌ ငါ​အ​သ​နား​တော်​ခံ​ပြီ​ဟု သူ​တို့​အား​ပြန်​ပြော​လော့​ဟု၊ ယေ​ရ​မိ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 27,
      "text": "ထို​အ​ခါ မှူး​မတ်​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ရှိ​ရာ​သို့ လာ၍​မေး​စစ်​ကြ၏။ သူ​သည်​လည်း၊ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ပြန်​ပြော​ပြီး​မှ၊ သူ​တို့​သည် မ​မေး​မ​စစ်​ဘဲ​နေ​ကြ၏။ ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။"
    },
    {
      "book": 24,
      "chapter": 38,
      "verse": 28,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို တိုက်၍​ရ​သော နေ့​တိုင်​အောင်၊ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​ရ၏။ ယေ​ရု​ရှ​လင်​မြို့​သည် ရန်​သူ​လက်​သို့ ရောက်​သော​အ​ခါ၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သေး၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မင်း​ကြီး​နန်း​စံ​ကိုး​နှစ် ဒ​သ​မ​လ​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​နှင့်​တ​ကွ​လာ၍ ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 2,
      "text": "ဇေ​ဒ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​တစ်​နှစ်၊ စ​တု​တ္ထ​လ​ကိုး​ရက်​နေ့၌ မြို့​ကို​ဖြို​ဖောက်၍၊"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 3,
      "text": "ရွှေ​ဓား​ဝန် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ မိန်း​မ​စိုး​အုပ် စာ​သ​ခိမ်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​စ​ရှိ​သော မှူး​တော်​မတ်​တော်​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့​ဝင်၍၊ အ​လယ်​ချက် တံ​ခါး​ဝ၌ ထိုင်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 4,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထို​လူ​များ​ကို​မြင်​လျှင်၊ ည​အ​ခါ​ပြေး၍ ဥ​ယျာဉ်​တော်​လမ်း​ကို​လိုက်​လျက်၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား တံ​ခါး​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 5,
      "text": "ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် လိုက်​လျက်၊ ယေ​ရိ​ခေါ​လွင်​ပြင်၌ ဇေ​ဒ​ကိ​မင်း​ကို​မီ၍ ဖမ်း​ဆီး​ပြီး​မှ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ရှိ​ရာ ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ​မင်း၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 6,
      "text": "ရိ​ဗ​လ​မြို့​မှာ ဇေ​ဒ​ကိ​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ယု​ဒ​မှူး​မတ်​အ​ပေါင်း​ကို​လည်း သတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 7,
      "text": "ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​လေ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 8,
      "text": "ခါ​လ​ဒဲ​လူ​တို့​သည်​လည်း၊ နန်း​တော်​နှင့် ဆင်း​ရဲ​သား​အိမ်​တို့​ကို မီး​ရှို့၍၊ မြို့​ရိုး​ကို ဖြို​ဖျက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 9,
      "text": "ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 10,
      "text": "သို့​ရာ​တွင်၊ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​သော ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ယု​ဒ​ပြည်၌​ထား​ခဲ့၍၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် လယ်​ယာ​တို့​ကို ပေး​လေ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 11,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရ​မိ​အ​မှု၌၊ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​ကို မှာ​ထား​နှင့်​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 12,
      "text": "ယေ​ရ​မိ​ကို​ယူ၍ ကောင်း​မွန်​စွာ​ကြည့်​ရှု​လော့။ မ​ညှဉ်း​ဆဲ​နှင့်။ သူ​ပြော​သည်​အ​တိုင်း သူ့​ကို​ပြု​လော့​ဟု မှာ​ထား​တော်​မူ​သည်​နှင့် အ​ညီ၊"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 13,
      "text": "ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်၊ မိန်း​မ​စိုး​အုပ် နေ​ဗု​ရှာ​ဇ​ဗန်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရ‌ေ​ဇာ​အ​စ​ရှိ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​ပေါင်း​တို့​သည် လူ​ကို​စေ​လွှတ်၍၊"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 14,
      "text": "ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 15,
      "text": "ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရောက်၍၊"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 16,
      "text": "သင်​သည် ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့၏​အ​ကျိုး​ကို မ​ပြု​စု၊ ဖျက်​ဆီး​ခြင်း​ငှာ ငါ့​စ​ကား​ကို ငါ​တည်​စေ​မည်။ ကာ​လ​အ​ချိန်​ရောက်​လျှင်၊ သင့်​ရှေ့၌ ငါ့​စ​ကား ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 17,
      "text": "သို့​သော်​လည်း၊ ထို​ကာ​လ၌ သင့်​ကို ငါ​ကယ်​နုတ်​မည်။ သင်​ကြောက်​သော သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ။"
    },
    {
      "book": 24,
      "chapter": 39,
      "verse": 18,
      "text": "ငါ​သည် သင့်​ကို စင်​စစ်​ကယ်​နုတ်​မည်။ သင်​သည် ဓား​ဖြင့်​မ​ဆုံး​ရ။ လက်​ရ​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် ငါ့​ကို​ကိုး​စား​သော​ကြောင့်​တည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 1,
      "text": "ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရ​မိ​ကို တစ်​ဖန်​သိမ်း​သွား၍ ရာ​မ​မြို့၌ လွှတ်​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည် အ​ရာ​မှာ၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ၊ ယေ​ရ​မိ​သည်​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 2,
      "text": "ကိုယ်​ရံ​တော်​မှူး​သည် သူ့​ကို​ခေါ်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်၌ ရောက်​သော​အ​မှု​ကို ခြိမ်း​တော်​မူ​နှင့်​ပြီ။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 3,
      "text": "ခြိမ်း​တော်​မူ​သည် အ​တိုင်း​လည်း၊ အ​မှု​ကို​ရောက်​စေ၍ စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​သည် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ဤ​အ​မှု​သည် သင်​တို့​အ​ပေါ်​သို့​ရောက်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 4,
      "text": "ယ​ခု​မှာ သင့်​လက်၌ ချည်​နှောင်​လျက်​ရှိ​သော သံ​ကြိုး​ကို ငါ​ချွတ်​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့ လိုက်​လာ​ခြင်း​ငှာ အ​လို​ရှိ​လျှင် လိုက်​လာ​ပါ။ ငါ​သည် ကောင်း​မွန်​စွာ​ကြည့်​ရှု​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ခြင်း​ငှာ အ​လို​မ​ရှိ​လျှင် မ​လိုက်​နှင့်။ တစ်​ပြည်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​ကြင်​အ​ရပ်​သို့ သွား​ကောင်း​သည်​ဟု စိတ်​ထင်​လျှင်၊ ထို​အ​ရပ်​တည်း​ဟူ​သော စိတ်​ရောက်​ရာ​အ​ရပ်​သို့ သွား​ပါ​လော့​ဟု ဆို၏။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 5,
      "text": "ယေ​ရ​မိ​သည် ကိုယ်​ရံ​တော်​မှူး​ထံ​မှ မ​ထွက်​မီ၊ ကိုယ်​ရံ​တော်​မှူး​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​နယ်​တွင်၊ မြို့​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ထံ​သို့​ပြန်၍၊ ပြည်​သား​များ​နှင့်​အ​တူ နေ​ပါ​လော့။ သို့​မ​ဟုတ်၊ စိတ်​ရှိ​သည်​အ​တိုင်း သွား​ပါ​လော့​ဟု ဆို​လျက်၊ စား​စ​ရိတ်​နှင့် လက်​ဆောင်​ကို​ပေး၍ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 6,
      "text": "ထို​အ​ခါ ယေ​ရ​မိ​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​သွား၍၊ ပြည်၌​ကျန်​ကြွင်း​သေး​သော သူ​တို့​နှင့် အ​တူ​နေ​လေ၏။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 7,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 8,
      "text": "နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်​နှင့် ယော​န​သန်၊ တာ​နု​မက်​သား စ​ရာ​ယ၊ နေ​တော​ဖတ်​အ​မျိုး၊ ဧ​ဖဲ၏​သား​များ၊ မာ​ခ​သိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 9,
      "text": "ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ​က၊ ခါ​လ​ဒဲ​မင်း၏​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ပြည်၌​နေ၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​မှု​ကို ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 10,
      "text": "ငါ​မူ​ကား၊ လာ​လ​တ္တံ့​သော ခါ​လ​ဒဲ​လူ​တို့​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မိ​ဇ​ပါ​မြို့​မှာ​နေ​မည်။ သင်​တို့​မူ​ကား၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ နွေ​ကာ​လ​အ​သီး​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​သိမ်း၍ အိုး၌​သို​ထား​ကြ​လော့။ ယ​ခု​ဝင်​ပြန်​သော​မြို့​ရွာ​တို့၌ နေ​ကြ​လော့​ဟူ၍၊ ထို​သူ​တို့​အား သ​စ္စာ​ပြု​လေ၏။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 11,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်၌ လူ​အ​ချို့​တို့​ကို​ကျန်​ကြွင်း​စေ၍၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဧ​ဒုံ​ပြည်​အ​စ​ရှိ​သော အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 12,
      "text": "နှင်​ထုတ်​ရာ​ပြည် အ​ရပ်​ရပ်​တို့​မှ ပြန်​လာ၍၊ ယု​ဒ​ပြည်၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ ရောက်​သ​ဖြင့်၊ များ​စွာ​သော စ​ပျစ်​ရည်​နှင့် နွေ​ကာ​လ​အ​သီး​ကို သိမ်း​ယူ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 13,
      "text": "ထို​နောက်​မှ၊ ကာ​ရာ​သား ယော​ဟ​နန်​သည် တော၌​ရှိ​သော​တပ်​မှူး​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 14,
      "text": "ကိုယ်​တော်​ကို သတ်​စေ​ခြင်း​ငှာ၊ အ​မ္မုန်​ရှင်​ဘု​ရင် ဗာ​လိတ်​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​ကို​စေ​လွှတ်​ကြောင်း​ကို အ​မှန်​သိ​ပါ၏​လော​ဟု မေး​လျှောက်​သော်​လည်း၊ ထို​စ​ကား​ကို အ​ဟိ​ကံ​သား ဂေ​ဒ​လိ​သည်​မ​ယုံ။"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 15,
      "text": "ထို​အ​ခါ ကာ​ရာ​သား ယော​ဟ​နန်​က​လည်း၊ အ​ကျွန်ုပ်​သွား၍ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ကို သတ်​ရ​သော​အ​ခွင့်​ကို ပေး​ပါ​လော့။ အ​ဘယ်​သူ​မျှ မ​သိ​ရ။ သူ​သည် ကိုယ်​တော်​ကို​သတ်၍၊ ကိုယ်​တော်​ထံ၌ စု​ဝေး​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သ​ဖြင့်၊ ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ပျက်​စီး​ရ​ကြ​ပါ​မည်​နည်း​ဟု၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ကို တိတ်​ဆိတ်​စွာ လျှောက်​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 40,
      "verse": 16,
      "text": "အ​ဟိ​ကံ​သား ဂေ​ဒ​လိ​က၊ သင်​သည် ထို​သို့​မ​ပြု​ရ။ ဣ​ရှ​မေ​လ၌ မ​မှန်​သော​စ​ကား​ကို ပြန်​ပြော​ပြီ​ဟု၊ ကာ​ရာ​သား​ယော​ဟ​နန်​အား ပြန်​ပြော​လေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 1,
      "text": "သ​တ္တ​မ​လ​တွင် ဆွေ​တော်​မျိုး​တော်​ဖြစ်​သော မင်း​သား ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည်၊ လူ​တစ်​ကျိပ်​နှင့်​တ​ကွ၊ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ ထို​မြို့၌ တစ်​စု​တည်း​စား​သောက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 2,
      "text": "ထို​အ​ခါ နာ​သ​နိ​သား ဣ​ရှ​မေ​လ​နှင့် ထို​လူ​တစ်​ကျိပ်​တို့​သည်​ထ၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​အုပ်​လုပ်​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ဓား​နှင့်​ခုတ်၍​သတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 3,
      "text": "ဣ​ရှ​မေ​လ​သည်​လည်း၊ မိ​ဇ​ပါ​မြို့​တွင် ဂေ​ဒ​လိ​ထံ၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ တွေ့​သ​မျှ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ တို့​ကို​လည်း​ကောင်း သတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 4,
      "text": "ဂေ​ဒ​လိ​ကို​သတ်၍၊ နှစ်​ရက်​လွန်​သော်​လည်း၊ ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​သိ​သေး​သ​ဖြင့်၊"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 5,
      "text": "ရှေ​ခင်​မြို့၊ ရှိ​လော​မြို့၊ ရှ​မာ​ရိ​မြို့​မှ ထွက်​လာ​သော လူ​ရှစ်​ကျိပ်​တို့​သည် မိ​မိ​တို့​မုတ်​ဆိတ်​ကို ရိတ်​ပြီး​လျှင်၊ အ​ဝတ်​စုတ်​ကို​ဝတ်၍ ရှ​န​သော​ကိုယ်​ရှိ​လျက်၊ ပူ​ဇော​သ​ကာ​နှင့် နံ့​သာ​ပေါင်း​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​လျက် ရောက်​လာ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 6,
      "text": "ထို​သူ​တို့​ကို ကြို​ဆို​အံ့​သော​ငှာ၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် ငို​ကြွေး​လျက်၊ မိ​ဇ​ပါ​မြို့​မှ​ထွက်၍ တွေ့​သော​အ​ခါ၊ အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ထံ​သို့ လာ​ကြ​လော့​ဟု ခေါ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 7,
      "text": "မြို့​ထဲ​သို့​ရောက်​ပြီး​လျှင်၊ နာ​သ​နိ​သား​ဣ​ရှ​မေ​လ​နှင့် သူ၏​လူ​များ​တို့​သည် ထို​သူ​တို့​ကို​သတ်၍၊ မြေ​တွင်း​ထဲ​သို့ ပစ်​ချ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 8,
      "text": "ထို​သူ​တို့​တွင်​ပါ​သော လူ​တစ်​ကျိပ်​တို့​က၊ အ​ကျွန်ုပ်​တို့​ကို မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ်​တို့​သို​ထား​သော ဥ​စ္စာ​တည်း​ဟူ​သော ဂျုံ၊ မု​ယော၊ ဆီ၊ ပျား​ရည်​သည် တော၌​ရှိ​ပါ၏​ဟု၊ ဣ​ရှ​မေ​လ​အား​ပြော​ဆို​သော​ကြောင့်၊ ထို​သူ​တို့​ကို သူ​တို့ ညီ​အစ်​ကို​များ​နှင့်​အ​တူ မ​သတ်​ဘဲ​နေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 9,
      "text": "ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​နှင့်​အ​တူ သတ်​သော​သူ အ​သေ​ကောင်​များ​ကို ပစ်​ချ​သော​တွင်း​သည် အ​ခြား​တွင်း​မ​ဟုတ်၊ အာ​သ​မင်း​ကြီး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​ကို ကြောက်၍​တူး​သော​တွင်း ဖြစ်​သ​တည်း။ ထို​တွင်း​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် အ​သေ​ကောင်​များ​နှင့် ပြည့်​စေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 10,
      "text": "ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 11,
      "text": "ထို​သို့ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ပြု​သော အ​မှု​ဆိုး​အ​လုံး​စုံ​တို့​ကို၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ့​ထံ၌​ရှိ​သ​မျှ​သော တပ်​မှူး​တို့​သည်​ကြား​လျှင်၊"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 12,
      "text": "လူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ​ကို​တိုက်​ခြင်း​ငှာ ထွက်​သွား​သ​ဖြင့်၊ ဂိ​ဗောင်​ကန်​နား​မှာ တွေ့​လေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 13,
      "text": "ဣ​ရှ​မေ​လ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ၌​ပါ​သော တပ်​မှူး​အ​ပေါင်း​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်​ခြင်း​သို့​ရောက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 14,
      "text": "ထို​အ​ခါ မိ​ဇ​ပါ​မြို့​မှ ဣ​ရှ​မေ​လ​သိမ်း​သွား​သော လူ​အ​ပေါင်း​တို့​သည် သူ့​ထံ​မှ​ထွက်၍၊ ကာ​ရာ​သား ယော​ဟ​နန်​ထံ​သို့ ကူး​သွား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 15,
      "text": "နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည် လူ​ရှစ်​ယောက်​နှင့် တ​ကွ၊ ယော​ဟ​နန်​လက်​မှ လွတ်​ပြေး၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 16,
      "text": "ထို​သို့ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ကို​သတ်​ပြီး​သည်​နောက်၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် သူ့​ထံ၌​ရှိ​သော တပ်​မှူး​အ​ပေါင်း​တို့​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​လက်​မှ​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့​မှ​လည်း​ကောင်း​နုတ်၍ ကျန်​ကြွင်း​သော သူ​တည်း​ဟူ​သော၊ အား​ကြီး​သော စစ်​သူ​ရဲ​များ၊ မိန်း​မ​များ၊ သူ​ငယ်​များ၊ မိန်း​မ​စိုး​များ​အ​ပေါင်း​တို့​ကို ဂိ​ဗောင်​မြို့​မှ​ဆောင်​ခဲ့​ပြန်၍၊"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 17,
      "text": "ခါ​လ​ဒဲ​လူ​တို့​ကြောင့် အဲ​ဂု​တ္တု​ပြည်​သို့ ပြောင်း​မည်​အ​ကြံ​ရှိ​လျက်၊ ဗက်​လင်​မြို့​နှင့်​နီး​သော ခိ​မ​ဟံ​ရွာ​သို့ သွား၍​နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 41,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ပြည်​အုပ်​အ​ရာ၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ခန့်​ထား​သော အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို နာ​သ​နိ​သား​ဣ​ရှ​မေ​လ သတ်​သော​ကြောင့်၊ ခါ​လ​ဒဲ​လူ​တို့​ကို​ကြောက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 1,
      "text": "ထို​အ​ခါ ကာ​ရာ​သား ယော​ဟ​နန်၊ ဟော​ရှဲ​သား ယေ​ဇ​နိ​အ​စ​ရှိ​သော တပ်​မှူး​ရှိ​သ​မျှ​တို့​နှ​င့် လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ထံ​သို့ ချဉ်း​ကပ်၍"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 2,
      "text": "အ​ကျွန်ုပ်​တို့​သည် အ​ထက်​က​များ​သော်​လည်း၊ ယ​ခု​ကိုယ်​တော် မြင်​သည်​အ​တိုင်း အ​နည်း​ငယ်​သာ ကျန်​ကြွင်း​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တို့ အ​သ​နား​တော်​ခံ​သော​စ​ကား​ကို မ​ပယ်​ပါ​နှ​င့်။ အ​ကျွန်ုပ်​တို့ သွား​ရ​သော​လမ်း​နှ​င့် ပြု​ရ​သော​အ​မှု​ကို ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​မည်​အ​ကြောင်း၊ ကျန်​ကြွင်း​သ​မျှ​သော​သူ၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ပါ​လော့​ဟု တောင်း​ပန်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 4,
      "text": "ပ​ရော​ဖက် ယေ​ရ​မိ​က​လည်း ငါ​ကြား၏။ သင်​တို့​ပြော​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​အား ဆု​တောင်း​မည်။ ထာ​ရ​ဘု​ရား​သည် သင်​တို့​အား မိ​န့်​တော်​မူ​သ​မျှ​တို့​ကို ပြန်​ပြော​မည်။ အ​ဘယ်​အ​ရာ​ကို​မျှ မ​ထိမ်​မ​ဝှက်​ဟု ပြော​ဆို၏။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 5,
      "text": "သူ​တို့​က​လည်း ကိုယ်​တော်​ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​ဖြ​င့် အ​ကျွန်ုပ်​တို့​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု၊ ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့၌ မှန်​ကန်၍ သ​စ္စာ​စော​င့်​သော သက်​သေ ဖြစ်​တော်​မူ​စေ​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 6,
      "text": "အ​ကျွန်ုပ်​တို့​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို နား​ထောင်​သော​အ​ခါ ချမ်း​သာ​ရ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​သည်၊ ကိုယ်​တော်​ကို စေ​လွှတ်​ရာ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား၏​အ​မိ​န့်​တော်​သည် ကောင်း​သည်​ဖြစ်​စေ၊ မ​ကောင်း​သည်​ဖြစ်​စေ၊ နား​ထောင်​ပါ​မည်​ဟု ယေ​ရ​မိ​အား​ပြော​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 7,
      "text": "ထို​နောက် ဆယ်​ရက်​ကြာ​သော​အ​ခါ၊ ထာ၀​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လျှင်၊"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 8,
      "text": "ယေ​ရ​မိ​သည် ကာ​ရာ​သား ယော​ဟ​နန်​မှ​စ၍၊ သူ၌​ပါ​သ​မျှ​သော​တပ်​မှူး​တို့​နှ​င့် လူ​အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​ကို ခေါ်၍၊"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 9,
      "text": "သင်​တို့​သည် ငါ့​ကို​စေ​လွှတ်၍ အ​သ​နား​တော်​ခံ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိ​န့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 10,
      "text": "အ​ကယ်​စင်​စစ် သင်​တို့​သည် ဤ​ပြည်၌​နေ​လျှင်၊ ငါ​သည် သင်​တို့​ကို မ​ဖြို​မ​ဖျက်၊ တည်​ဆောက်​မည်။ သင်​တို့​ကို မ​နုတ်၊ စိုက်​ပျိုး​မည်။ ငါ​သည် သင်​တို့၌​ရောက်​စေ​သော ဘေး​ဒဏ်​ကြော​င့် နောင်​တ​ရ၏။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 11,
      "text": "သင်​တို့​ကြောက်​တတ်​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ထာ၀​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ ထို​ရှင်​ဘု​ရင်​ကို မ​ကြောက်​ကြ​နှ​င့်။ ငါ​သည် သင်​တို့​ကို​ကယ်​တင်၍၊ ထို​မင်း​လက်​မှ နုတ်​ယူ​ခြင်း​ငှာ သင်​တို့​ဘက်၌​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 12,
      "text": "သင်​တို့​ကို ငါ​ကယ်​မ​သ​နား​သော​အား​ဖြ​င့်၊ ထို​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​သ​နား၍၊ နေ​ရင်း​ပြည်​သို့ ပြန်​စေ​ရ​လိ​မ့်​မည်။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 13,
      "text": "သို့​မ​ဟုတ်၊ သင်​တို့​က၊ ငါ​တို့​သည် ဤ​ပြည်၌​မ​နေ၊ ငါ​တို့ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို နား​မ​ထောင်​ဘဲ၊"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 14,
      "text": "စစ်​မှု​ကို မ​တွေ့​မြင်၊ တံ​ပိုး​မှုတ်​သံ​ကို မ​ကြား၊ မ​ငတ်​မ​မွတ်​ရာ​အ​ရပ်၊ အဲ​ဂု​တ္တု​ပြည်​သို့ သွား၍​နေ​မည်​ဟု ဆို​လျှင်၊"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 15,
      "text": "ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိ​န့်​တော်​ကို ကြား​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ၀​ရ​ဘု​ရား​မိ​န့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ သွား​ခြင်း​ငှာ ကျပ်​ကျပ် မျက်​နှာ​ပြု​လျက်၊ ထို​ပြည်​သို့ အ​မှန်​သွား၍ တည်း​ခို​လျှင်၊"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 16,
      "text": "သင်​တို့​ကြောက်​သော ဓား​ဘေး​သည် အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​မီ​လိ​မ့်​မည်။ သင်​တို့​ကြောက်​သော မွတ်​သိပ်​ခြင်း​ဘေး​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​ကို​ကျပ်​ကျပ်​လိုက်၍၊ ထို​ပြည်၌ သင်​တို့​သည် သေ​ကြ​လိ​မ့်​မည်။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 17,
      "text": "အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​ခြင်း​ငှာ မျက်​နှာ​ပြု​သော​သူ အ​ပေါင်း​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြ​င့် သေ​ကြ​လိ​မ့်​မည်။ သူ​တို့​အ​ပေါ်​သို့ ငါ​ရောက်​စေ​သော ဘေး​ဒဏ်​နှ​င့် တစ်​ယောက်​မျှ​မ​လွတ်​ရ။ ကျန်​ကြွင်း​သော​လူ တစ်​ယောက်​မျှ​မ​ရှိ​ရ။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 18,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ၀​ရ​ဘု​ရား​သ​ခင်​မိ​န့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့ အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း​သည်​နည်း​တူ၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့၀င်​သော​အ​ခါ၊ သင်​တို့​အ​ပေါ်​သို့ သွန်း​လောင်း​သ​ဖြ​င့်၊ သင်​တို့​သည် ဆဲ​ရေး​ခြင်း၊ အံ့​သြ​ခြင်း၊ ကျိန်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ဖို့​ရာ ဖြစ်​လိ​မ့်​မည်။ ဤ​အ​ရပ်​ကို နောက်​တစ်​ဖန် မ​မြင်​ရ။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 19,
      "text": "ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​သို့ မ​သွား​ကြ​နှင့်​ဟု သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။ ငါ​သည်​သင်​တို့​ကို ယ​နေ့ သက်​သေ​ခံ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 20,
      "text": "အ​ကယ်​စင်​စစ် သင်​တို့​က၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကျွန်ုပ်​တို့​အ​ဖို့ ဆု​တောင်း​ပါ​လော့။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​တို့​ကို ကြား​ပြော​ပါ​လော့။ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်​ဟု​ဆို၍၊ ငါ့​ကို သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စေ​လွှတ်​သော​အ​ခါ၊ ကိုယ်​စိတ်​ကို ကိုယ်​လှည့်​စား​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 21,
      "text": "ငါ​သည်​သင်​တို့​အား ယ​နေ့​ကြား​ပြော၏။ သင်​တို့​မူ​ကား၊ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ငါ့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 42,
      "verse": 22,
      "text": "ထို​ကြောင့် သင်​တို့​သည်​သွား၍ တည်း​ခို​ချင်​သော​အ​ရပ်၌ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် သေ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို အ​မှန်​သိ​မှတ်​ကြ​လော့​ဟု ယေ​ရ​မိ​သည် ပြန်​ပြော​လေ၏။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 1,
      "text": "ထို​လူ​များ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား​ဖြင့် မှာ​တော်​မူ​သ​မျှ​သော အ​မိန့်​တော်​တို့​ကို၊ ယေ​ရ​မိ​သည် လူ​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​ကြား​ပြော​သည်​ရှိ​သော်၊"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 2,
      "text": "ဟော​ရှဲ​သား​အာ​ဇ​ရိ​နှင့် ကာ​ရာ​သား​ယော​ဟ​နန်​အ​စ​ရှိ​သော၊ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​က၊ သင်​သည် မု​သား​စ​ကား​ကို​ပြော၏။ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ မ​တည်း​ခို​ရ​ဟု ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဖြင့် မှာ​ထား​တော်​မ​မူ။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 3,
      "text": "ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ကို​သတ်၍ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​မည်​အ​ကြောင်း၊ သူ​တို့​လက်​သို့ ငါ​တို့​ကို​အပ်​လို​သော​ငှာ၊ နေ​ရိ​သား​ဗာ​ရုတ်​သည် သင့်​ကို နှိုး​ဆော်​တိုက်​တွန်း၏​ဟု ဆို​ကြ​ပြီး​လျှင်၊"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 4,
      "text": "ကာ​ရာ​သား​ယော​ဟ​နန် အ​စ​ရှိ​သော​တပ်​မှူး​များ​နှင့် လူ​များ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​ပြည်၌​နေ​ရ​မည်​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 5,
      "text": "အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ပြီး​မှ ယု​ဒ​ပြည်၌ နေ​အံ့​သော​ငှာ၊"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 6,
      "text": "ပြန်​လာ​သော ယု​ဒ​အ​မျိုး​သား အ​ကျန်​အ​ကြွင်း၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ မင်း​သ​မီး​အ​စ​ရှိ​သော ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ၌​အပ်​သော လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပ​ရော​ဖက်​ယေ​ရ​မိ၊ နေ​ရိ​သား​ဗာ​ရုတ်​ကို​လည်း​ကောင်း၊ ကာ​ရာ​သား​ယော​ဟ​နန်​နှင့် တပ်​မှူး​အ​ပေါင်း​တို့​သည်​ယူ၍၊"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တာ​ပ​နက်​မြို့​သို့ ရောက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 8,
      "text": "တာ​ပ​နက်​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 9,
      "text": "သင်​သည် ကြီး​သော ကျောက်​တို့​ကို​ကိုင်​ယူ၍၊ တာ​ပ​နက်​မြို့၌ ဖာ​ရော​ဘု​ရင်၏​အိမ်​တော်​ဝ​နား​မှာ​ရှိ​သော အုတ်​ဖို​မြေ၌၊ ယု​ဒ​လူ​များ​ရှေ့​တွင် မြှုပ်​ထား​လော့။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 10,
      "text": "သူ​တို့​အား​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် လူ​ကို​စေ​လွှတ်၍၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ကို​ဆောင်​ခဲ့​ပြီး​လျှင်၊ ငါ​မြှုပ်​ထား​သော ဤ​ကျောက်​တို့​အ​ပေါ်​မှာ၊ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ငါ​တည်​မည်။ သူ​သည်​လည်း၊ မိ​မိ​တဲ​တော်​ကို ဤ​ကျောက်​တို့​အ​ပေါ်​မှာ ဖြန့်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 11,
      "text": "ထို​မင်း​သည် ရောက်​လာ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​ကို​လုပ်​ကြံ၍၊ သေ​တန်​သော​သူ​တို့​ကို သေ​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​ကို သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 12,
      "text": "အဲ​ဂု​တ္တု​ဘု​ရား​အိမ်​တို့​ကို ငါ​မီး​ရှို့​မည်။ သူ​သည်​လည်း၊ ထို​ဘု​ရား​တို့​ကို​မီး​ရှို့၍ သိမ်း​သွား​ချုပ်​ထား​လိမ့်​မည်။ သိုး​ထိန်း​သည် မိ​မိ​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ထို​မင်း​သည် အဲ​ဂု​တ္တု​ပြည်​ကို ဝတ်၍ ငြိမ်​ဝပ်​စွာ ထွက်​သွား​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 43,
      "verse": 13,
      "text": "အဲ​ဂု​တ္တု​ပြည် ဗက်​ရှေ​မက်​မြို့၌၊ ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖျက်၍၊ အဲ​ဂု​တ္တု​ဘု​ရား​အိမ်​များ​ကို မီး​ရှို့​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 1,
      "text": "အဲ​ဂု​တ္တု​ပြည်၊ မိ​ဂ​ဒေါ​လ​မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့၊ ပါ​သ​ရု​အ​ရပ်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ရည်​မှတ်၍ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​မြို့​ရွာ အ​ရပ်​ရပ်​တို့​အ​ပေါ်​သို့ ငါ​ရောက်​စေ​သော​ဘေး​ဒဏ်​ကို သင်​တို့​သည် မြင်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 3,
      "text": "ကြည့်​ရှု​ကြ​လော့။ ယ​နေ့​မှာ ထို​မြို့​ရွာ​တို့​သည်၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​နေ​သော​သူ​တို့​သည် ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​တို့​မ​သိ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ဝတ်​ပြု​သ​ဖြင့်၊ ငါ၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​ကြ​သော​ဒု​စ​ရိုက်​ကြောင့် ဤ​အ​မှု​ရောက်​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 4,
      "text": "ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ ငါ​မုန်း​သော​အ​မှု၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု​ပြော​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 5,
      "text": "သူ​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​အား နံ့​သာ​ပေါင်း​ကို​မီး​မ​ရှို့၊ ဒု​စ​ရိုက်​ကို​ရှောင်​မည်​အ​ကြောင်း နား​ထောင်​ခြင်း​ကို မ​ပြု၊ မ​နာ​မ​ယူ​ဘဲ နေ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 6,
      "text": "ထို​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း၍၊ ယု​ဒ​မြို့​များ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌ အ​မျက်​မီး​ရှို့​သ​ဖြင့်၊ သူ​တို့​သည် ယ​နေ့၌ ဖြစ်​သ​ကဲ့​သို့ သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ် ဖြစ်​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 7,
      "text": "ယ​ခု​မှာ ဣ​သ​ရေ​လ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ် ပယ်​ဖြတ်​လို​သော​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ လူ​အ​မျိုး​မျိုး​တို့​တွင် ကဲ့​ရဲ့​ကျိန်​ဆဲ​ရာ ဖြစ်​လို​သော​ငှာ​လည်း​ကောင်း၊ သွား၍​နေ​သော အဲ​ဂု​တ္တု​ပြည်၌ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​တိုင်​ပြု​သော​အ​မှု​နှင့် ငါ၏​အ​မျက်​ကို​နှိုး​ဆော်​သ​ဖြင့်၊ သင်​တို့​တွင် တစ်​ယောက်​မျှ မ​ကြွင်း၊ ယု​ဒ​အ​မျိုး ယောက်ျား​မိန်း​မ၊ သူ​ငယ်​နို့​စို့​က​လေး​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​မည်​အ​ကြောင်း၊ ကြီး​စွာ​သော ဒု​စ​ရိုက်​ကို ကိုယ်​စိတ်​ဝိ​ညာဉ်​တစ်​ဖက်၌ အ​ဘယ်​ကြောင့် ပြု​ကြ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 9,
      "text": "ယု​ဒ​ပြည်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​လမ်း​တို့၌​လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​များ ပြု​သော​ဒု​စ​ရိုက်၊ ယု​ဒ​ရှင်​ဘု​ရင်​များ ပြု​သော​ဒု​စ​ရိုက်၊ မိ​ဖု​ရား​များ​ပြု​သော​ဒု​စ​ရိုက်၊ သင်​တို့​ကိုယ်​တိုင် ပြု​သော​ဒု​စ​ရိုက်၊ သင်​တို့​မ​ယား​များ ပြု​သော​ဒု​စ​ရိုက်​တို့​ကို မေ့​လျော့​ကြ​ပြီ​လော့။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 10,
      "text": "ယ​နေ့​တိုင်​အောင် သူ​တို့​သည် နှိမ့်​ချ​သော​စိတ်​မ​ရှိ၊ ကြောက်​ရွံ့​သော​စိတ်​မ​ရှိ၊ ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ သင်​တို့​မှ​စ၍ သင်​တို့​ဘိုး​ဘေး​တို့​ရှေ့​မှာ ငါ​ထား​သော ပ​ညတ်​များ​ကို မ​စောင့်​ရှောက်​ကြ။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 11,
      "text": "သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ကို​အ​ပြစ်​ပြု၍ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​မည်။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 12,
      "text": "အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​ခြင်း​ငှာ မျက်​နှာ​ပြု​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​ကို ငါ​သည်​ယူ၍၊ သူ​တို့​သည် ထို​ပြည်၌ သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော သူ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​ကြေ​ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း ရောက်၍၊ ဆဲ​ရေး​ခြင်း၊ အံ့​ဩ​ခြင်း၊ ကျိန်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ဖို့​ရာ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 13,
      "text": "ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် ငါ​သည်​ဒဏ်​ပေး​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော သူ​တို့​ကို ငါ​သည်​ဒဏ်​ပေး​သ​ဖြင့်၊"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 14,
      "text": "အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​သော ယု​ဒ​အ​မျိုး​သား​အ​ကျန်​အ​ကြွင်း​တို့​သည် ယု​ဒ​ပြည်​သို့ ပြန်၍​နေ​ချင်​သော်​လည်း၊ တစ်​ယောက်​မျှ ဘေး​နှင့်​မ​လွတ်​ရ၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ကြ။ ဘေး​လွတ်​သော​သူ​သာ​လျှင် ပြန်​ရ​ကြ​လိမ့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 15,
      "text": "ထို​အ​ခါ မိ​မိ​မ​ယား​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား နံ့​သာ​ပေါင်း​နှင့် မီး​ရှို့​ကြောင်း​ကို သိ​သော​လူ​များ၊ အ​နား၌​ရပ်​နေ​သော မိန်း​မ​များ၊ ကြီး​စွာ​သော အ​လုံး​အ​ရင်း​တည်း​ဟူ​သော၊ အဲ​ဂု​တ္တု​ပြည် ပါ​သ​ရု​အ​ရပ်၌​နေ​သော​သူ​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ကို ပြန်​ပြော​ကြ​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 16,
      "text": "သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား ဟော​ပြော​သော​စ​ကား​ကို ငါ​တို့​သည်​နား​မ​ထောင်။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 17,
      "text": "ငါ​တို့​မှ​စ၍ ငါ​တို့​ဘိုး​ဘေး၊ ရှင်​ဘု​ရင်၊ မှူး​မတ်​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ၌ ပြု​ဖူး​သ​ကဲ့​သို့၊ ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ၊ ကိုယ်​အ​လို​အ​လျောက် စီ​ရင်​သည်​အ​တိုင်း ဆက်​ဆက်​ပြု​မည်။ အ​ထက်​က ဝ​စွာ​စား​ရ​ကြ၏။ ဘေး​နှင့်​လွတ်၍ ချမ်း​သာ​စွာ​နေ​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 18,
      "text": "ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​မ​ပြု​ဘဲ နေ​ပြန်​သော​အ​ခါ၊ အ​လွန်​ဆင်း​ရဲ​ခြင်း၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 19,
      "text": "ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြု​သော​အ​ခါ၊ ငါ​တို့၏ ယောက်ျား​မ​ပါ​ဘဲ မုန့်​ပြား​တို့​ကို​လုပ်၍၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု​လျက် ကိုး​ကွယ်​သ​လော​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 20,
      "text": "ထို​သို့​ပြန်​ပြော​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား ယေ​ရ​မိ​ပြန်​ပြော​သည်​ကား၊"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 21,
      "text": "သင်​တို့​မှ​စ၍ သင်​တို့​ဘိုး​ဘေး၊ ရှင်​ဘု​ရင်၊ မှူး​မတ်၊ ပြည်​သူ​ပြည်​သား​တို့​သည် ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ၌ မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် မ​အောက်​မေ့၊ နှ​လုံး​မ​သွင်း​ဘဲ နေ​တော်​မူ​သ​လော။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 22,
      "text": "သင်​တို့​ပြု​သော​ဒု​စ​ရိုက်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် သည်း​ခံ​တော်​မ​မူ​နိုင်​သော​ကြောင့်၊ သင်​တို့​ပြည်​သည်၊ ယ​နေ့ ဖြစ်​သည်​အ​တိုင်း၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​လေ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 23,
      "text": "သင်​တို့​သည် နံ့​သာ​အ​ပေါင်း​ကို​မီး​ရှို့၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်၊ ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက် ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​သော​ကြောင့်​လည်း​ကောင်း၊ ဤ​ဘေး​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ သင်​တို့၌ ရောက်​လေ​ပြီ​တ​ကား​ဟု ပြော​ဆို၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 24,
      "text": "တစ်​ဖန် မိန်း​မ​အ​ပေါင်း​တို့​နှင့် လူ​ခပ်​သိမ်း​တို့​အား ယေ​ရ​မိ​ဟော​ပြော​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​နှင့် သင်​တို့​မ​ယား​တို့​က၊ ငါ​တို့​သည် ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ၊ သ​စ္စာ​က​တိ​ထား​သည်​နှင့်​အ​ညီ ဆက်​ဆက်​ပြု​မည်​ဟု နှုတ်​နှင့်​ပြော၍ လက်​နှင့် ပြု​သည်​အ​တိုင်း၊ သင်​တို့​သည် ကိုယ်​ထား​သော သ​စ္စာ​က​တိ​ကို ဆက်​ဆက်​စောင့်၍၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 26,
      "text": "သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ယု​ဒ​လူ​တစ်​ယောက်​မျှ ငါ၏​နာ​မ​ကို​မ​မြွက်​မ​ဆို​ရ​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​မ​ဟာ​နာ​မ​ကို တိုင်​တည်၍ ကျိန်​ဆို၏။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 27,
      "text": "သူ​တို့​ကို ကျေး​ဇူး​ပြု​ခြင်း​ငှာ မ​ဟုတ်၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​စောင့်​သည်​ဖြစ်၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် ပျက်​စီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 28,
      "text": "သို့​ရာ​တွင်၊ ဓား​ဘေး​နှင့်​လွတ်၍၊ အဲ​ဂု​တ္တု​ပြည်​မှ ယု​ဒ​ပြည်​သို့ ပြန်​ရ​သော​သူ​တို့​သည် နည်း​ကြ​လိမ့်​မည်။ ငါ့​စ​ကား​တည်​မည်၊ သူ​တို့​စ​ကား​တည်​မည်​ကို၊ အဲ​ဂု​တ္တု​ပြည်၌ တည်း​ခို​ခြင်း​ငှာ​သွား​သော ယု​ဒ​လူ အ​ကျန်​အ​ကြွင်း​တို့​သည် သိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 29,
      "text": "ဤ​အ​ရပ်၌ သင်​တို့​ကို​ငါ​ဆုံး​မ၍၊ သင်​တို့၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ ငါ့​စ​ကား​သည် ဆက်​ဆက်​တည်​လိမ့်​မည်​ဟု သင်​တို့ သိ​မည်​အ​ကြောင်း၊ ငါ​ပေး​သော​နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 44,
      "verse": 30,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း အ​သက်၏​ရန်​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း၏​လက်​သို့ ဇေ​ဒ​ကိ​မင်း​ကို ငါ​အပ်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​ဟော​ဖ​ရာ​အ​သက်​ကို ရှာ​သော ရန်​သူ​လက်​သို့ ထို​မင်း​ကို​ငါ​အပ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ်​လက်​ထက်၊ နေ​ရိ​သား​ဗာ​ရုတ်​သည်၊ ယေ​ရ​မိ​မြွက်​ဆို​သည်​အ​တိုင်း၊ စ​ကား​တော်​များ​ကို စာ၌ ရေး​ထား​သော​နောက်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ဗာ​ရုတ်​အား​ဆင့်​ဆို​ရ​သော နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 2,
      "text": "အို​ဗာ​ရုတ်၊ သင်​က၊ ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း တစ်​ပါး​အ​ပေါ်​မှာ တစ်​ပါး​ကို ထပ်​ဆင့်​တော်​မူ​သော​ကြောင့်၊ ငါ​သည် သက်​သာ​မ​ရ။ ညည်း​တွား၍ စိတ်​ပျက်​ပါ​ပြီ​ဟု​ဆို​သည်​ဖြစ်၍၊ သင်​သည် ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ဆောက်​သော​အ​ရာ​ကို ငါ​ဖြို​ဖျက်​မည်။ ငါ​စိုက်​သော​အ​ရာ​တည်း​ဟူ​သော ဤ​ပြည်​ကို အ​ကြွင်း​မဲ့​ငါ​နုတ်​ပစ်​မည်။"
    },
    {
      "book": 24,
      "chapter": 45,
      "verse": 5,
      "text": "သင်​သည် ကြီး​စွာ​သော​အ​ရာ​တို့​ကို ကိုယ်​အ​ဖို့ ရှာ​သ​လော။ မ​ရှာ​နှင့်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​အ​ပေါ်​သို့ ဘေး​ရောက်​စေ​မည်။ သို့​ရာ​တွင်၊ သင်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့၌၊ သင်၏​အ​သက်​ကို လက်​ရ​ဥ​စ္စာ​ကဲ့​သို့ သင့်​အား​ငါ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 1,
      "text": "တစ်​ပါး​အ​မျိုး​ကို​ရည်​မှတ်၍ ပ​ရော​ဖက်​ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 2,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ်​မင်း နန်း​စံ​လေး​နှစ်​တွင်၊ ကာ​ခေ​မိတ်​အ​ရပ်၊ ဥ​ဖ​ရတ်​မြစ်​နား၌ တပ်​ချ၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ လုပ်​ကြံ​သော အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​နေ​ခေါ်၏ စစ်​သူ​ရဲ၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​ကို ရည်​မှတ်​သော နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 3,
      "text": "ဒိုင်း​လွှား​တို့​ကို ပြင်​ဆင်၍၊ စစ်​တိုက်​ခြင်း​ငှာ ချဉ်း​ကပ်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 4,
      "text": "မြင်း​စီး​သူ​ရဲ​များ​တို့၊ မြင်း​ကို က​ကြိုး​တန်​ဆာ ဆင်၍​စီး​ပြီး​လျှင်၊ သံ​ခ​မောက်​လုံး​ကို ဆောင်း​လျက် ထွက်​ကြ​လော့။ လှံ​တို့​ကို ပွတ်​ကြ​လော့။ သံ​ချပ်​အင်္ကျီ​တို့​ကို ဝတ်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 5,
      "text": "သူ​တို့​သည်​ကြောက်​ရွံ့၍ ဆုတ်​သွား​ကြ​သည်​ကို အ​ဘယ်​ကြောင့် ငါ​မြင်​ရ​သ​နည်း။ အား​ကြီး​သော​သူ​တို့​သည် ရှုံး​သ​ဖြင့် ပြန်၍​မ​ကြည့်​ဝံ့။ အ​လျင်​အ​မြန်​ပြေး​ကြ၏။ ပတ်​လည်​အ​ရပ်၌ ဘေး​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 6,
      "text": "လျင်​မြန်​သော​သူ​ကို မ​ပြေး​စေ​နှင့်။ အား​ကြီး​သော​သူ​ကို မ​လွတ်​စေ​နှင့်။ ဥ​ဖ​ရတ်​မြစ်​နား၊ မြောက်​မျက်​နှာ၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 7,
      "text": "နိ​လ​မြစ် ထ​သ​ကဲ့​သို့​လည်း​ကောင်း၊ မြစ်​ရေ စီး​သ​ကဲ့​သို့​လည်း​ကောင်း တက်​လာ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 8,
      "text": "အဲ​ဂု​တ္တု​ပြည်​သည် နိ​လ​မြစ်​ထ​သ​ကဲ့​သို့​လည်း​ကောင်း၊ မြစ်​ရေ​စီး​သ​ကဲ့​သို့​လည်း​ကောင်း တက်​လာ​လျက်၊ ငါ​သည်​ထ၍ မြေ​ကြီး​ကို လွှမ်း​မိုး​မည်။ မြို့​နှင့်​တ​ကွ မြို့​သား​တို့​ကို​ဖျက်​ဆီး​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 9,
      "text": "မြင်း​များ​တို့၊ တက်​ကြ​လော့။ ရ​ထား​များ​တို့၊ ဟုန်း​ဟုန်း​မြည်​ကြ​လော့။ သူ​ရဲ​များ​တည်း​ဟူ​သော၊ ဒိုင်း​လွှား​ကို ကိုင်​တတ်​သော ကု​ရှ​အ​မျိုး၊ ဖု​တ​အ​မျိုး​သား၊ လေး​ကို​ကိုင်၍ ပစ်​တတ်​သော လု​ဒိ​အ​မျိုး​သား​တို့​သည် ထွက်​သွား​ကြ​စေ။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 10,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​ကို ဒဏ်​ပေး​ရ​သော​နေ့၊ အ​မျက်​တော်​ကို ဖြေ​ရ​သော​နေ့​ရက် ဖြစ်​သည်​နှင့်​အ​ညီ၊ ဓား​တော်​သည် ကိုက်​စား၍ ဝ​လိမ့်​မည်။ သူ​တို့​အ​သွေး​နှင့် ယစ်​မူး​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ မြောက်​မျက်​နှာ၌ ဥ​ဖ​ရတ်​မြစ်​နား​မှာ ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 11,
      "text": "အို အဲ​ဂု​တ္တု​သ​တို့​သ​မီး​က​ညာ၊ ဂိ​လဒ်​ပြည်​သို့​သွား၍ ဗာ​လ​စံ​စေး​ကို​ယူ​လော့။ သင်​သည် များ​စွာ​သော​ဆေး​ကို အ​ချည်း​နှီး​သုံး​တတ်၏။ သင်၏​အ​နာ​မ​ပျောက်​နိုင်​ရာ။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 12,
      "text": "သင်​သည် အ​ရှက်​ကွဲ​ကြောင်း​ကို လူ​မျိုး​တို့​သည် ကြား​ကြ​ပြီ။ သင်​မြည်​တမ်း​သော အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား​ပြီ။ သူ​ရဲ​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ထိ​ခိုက်၍၊ နှစ်​ယောက်​တို့​သည် လဲ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 13,
      "text": "အဲ​ဂု​တ္တု​ပြည်​ကို လုပ်​ကြံ​ခြင်း​ငှာ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လာ​မည်​အ​ကြောင်း​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ယေ​ရ​မိ​အား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 14,
      "text": "သင့်​ပတ်​လည်၌ နေ​သော​သူ​တို့​ကို ဓား​တော်​သည် ကိုက်​စား​ပြီ။ ကိုယ်​ကို​ပြင်​ဆင်၍ မြဲ​မြံ​စွာ နေ​လော့​ဟု အဲ​ဂု​တ္တု​ပြည်၌ ကြွေး​ကြော်​ကြ​လော့။ မိ​ဂ​ဒေါ​လ​မြို့၌ သ​တင်း​ကြား​ကြ​လော့။ နော​ဖ​မြို့၊ တာ​ပ​နက်​မြို့၌​လည်း ကြား​ပြော​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 15,
      "text": "သင်၏​သူ​ရဲ​သည် အ​ဘယ်​ကြောင့်​ရှုံး​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​တွန်း​ချ​တော်​မူ​သော​ကြောင့်၊ သူ​သည် မ​ရပ်​မ​နေ​နိုင်​ရာ။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 16,
      "text": "လူ​များ​တို့​သည် ထိ​မိ၍ တစ်​ယောက်​အ​ပေါ်​မှာ တစ်​ယောက်​လဲ​စေ​ခြင်း​ငှာ ပြု​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​က၊ ထ​ကြ​ကုန်​အံ့။ ညှဉ်း​ဆဲ​တတ်​သော​ဓား​ကြောင့် ကိုယ်​အ​မျိုး၊ ကိုယ်​နေ​ရင်း​ပြည်​သို့ ပြန်​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 17,
      "text": "ရောက်​ပြီး​မှ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​သည် ဆုံး​ရှုံး​ပြီ။ စည်း​ဝေး​ရ​သော​အ​ချိန်​ကို လွန်​စေ​ပြီ​ဟု ဟစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 18,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟု ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​သက်​ရှင်​သည်​ဖြစ်၍၊ တောင်​တို့​တွင် တာ​ဗော်​တောင်​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​နား​မှာ က​ရ​မေ​လ​တောင်​ကဲ့​သို့​လည်း​ကောင်း ထို​မင်း​သည် လာ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 19,
      "text": "နေ​ရာ​ကျ​သော အဲ​ဂု​တ္တု​သ​တို့​သ​မီး၊ နေ​ရာ​ပြောင်း​စ​ရာ​ဖို့ ကိုယ်​အ​သုံး​အ​ဆောင်​များ​ကို ပြင်​လော့။ အ​ကြောင်း​မူ​ကား၊ နော​ဖ​မြို့​သည် နေ​သော​သူ​မ​ရှိ​အောင် သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 20,
      "text": "အဲ​ဂု​တ္တု​ပြည်​သည် အ​ဆင်း​လှ​သော​နွား​မ​ဖြစ်၏။ သို့​ရာ​တွင်၊ မြောက်​မျက်​နှာ​ဘက်​က နှောင့်​ယှက်​ခြင်း​အ​ကြောင်း ပေါ်​လာ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 21,
      "text": "သူ​ငှား​တို့​သည် သူ၏​အ​လယ်၌ ဆူ​အောင်​ကျွေး​သော နွား​ကဲ့​သို့​ဖြစ်​သော်​လည်း၊ ပျက်​စီး​ခြင်း​နေ့၊ ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ချိန် ရောက်​သော​ကြောင့်၊ သူ​တို့​သည် မ​ရပ်​မ​နေ၊ ကျော​ကို​လှည့်၍ တ​ညီ​တ​ညွတ်​တည်း ပြေး​သွား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 22,
      "text": "သစ်​ခုတ်​သော​သူ​ကဲ့​သို့ ပု​ဆိန်​ပါ​လျက်၊ လူ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ချီ​လာ​ကြ​သော​အ​ခါ၊ သူ၏​စ​ကား​သံ​သည် မြွေ​မြည်​သံ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 23,
      "text": "ထို​တော​သည် အ​လွန်​ရှုပ်​သော်​လည်း၊ သူ​တို့​သည် ကျိုင်း​ကောင်​ထက်​မ​က မ​ရေ​တွက်​နိုင်​အောင်​များ​သော​ကြောင့် ခုတ်​လှဲ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 24,
      "text": "အဲ​ဂု​တ္တု​သ​တို့​သ​မီး​သည် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၏။ မြောက်​မျက်​နှာ​ပြည်​သား​တို့ လက်​သို့ ရောက်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 25,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နော​မြို့၌​ရှိ​သော အ​မ္မုန်​ဘု​ရား​နှင့် ဖာ​ရော​ဘု​ရင်​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​သား​ဘု​ရား​များ၊ ရှင်​ဘု​ရင်​များ​တည်း​ဟူ​သော၊ ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော၊ ထို​ဘု​ရင်​ကို ကိုး​စား​သော​သူ​တို့​ကို ငါ​ဆုံး​မ​မည်။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 26,
      "text": "သူ​တို့​အ​သက်​ကို ရှာ​သော​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​နှင့် သူ၏​ကျွန်​တို့​လက်​သို့ သူ​တို့​ကို​ငါ​အပ်​မည်။ ထို​နောက်​မှ​တစ်​ဖန် အဲ​ဂု​တ္တု​ပြည်​သည် အ​ရင်​ကဲ့​သို့​စည်​ပင်​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 27,
      "text": "အို ငါ့​ကျွန်​ယာ​ကုပ်၊ မ​ကြောက်​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး၊ စိတ်​မ​ပျက်​နှင့်။ သင့်​ကို​ဝေး​သော​အ​ရပ်​မှ​လည်း​ကောင်း၊ သင်၏​အ​မျိုး​သား​တို့​ကို သိမ်း​သွား​ရာ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ ယာ​ကုပ်​အ​မျိုး​သည် ပြန်​လာ၍၊ ခြောက်​လှန့်​သော​သူ​မ​ရှိ၊ ငြိမ်​ဝပ်​ချမ်း​သာ​စွာ နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 46,
      "verse": 28,
      "text": "ငါ့​ကျွန်​ယာ​ကုပ် မ​ကြောက်​နှင့်။ သင်​နှင့်​အ​တူ ငါ​ရှိ၏။ သင့်​ကို ငါ​နှင်​ထုတ်​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ​သည်​ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ ရှင်း​ရှင်း​အ​ပြစ်​မ​လွှတ်​ဘဲ အ​တော်​အ​တန်​ဆုံး​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 1,
      "text": "ဖာ​ရော​ဘု​ရင်​သည် ဂါ​ဇ​မြို့​ကို​မ​လုပ်​ကြံ​မီ၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြောက်​မျက်​နှာ​ဘက်​က ရေ​သည်​ထ၍ လွှမ်း​မိုး​သော​ပင်​လယ်​ဖြစ်​လျက်၊ တစ်​ပြည်​လုံး​နှင့်၊ ပြည်၌ ပါ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့် မြို့၌​နေ​သော သူ​တို့​ကို​လည်း​ကောင်း​လွှမ်း​မိုး၍၊ သူ​တို့​သည် အော်​ဟစ်​ကြ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 3,
      "text": "ရန်​သူ​စီး​သော မြင်း​ခွာ​သံ၊ စိုင်း​သော​ရ​ထား​ဘီး​များ မြည်​သံ​ကြောင့်၊ အ​ဘ​တို့​သည် လက်​အား​လျော့၍ သား​တို့​ကို ပြန်​မ​ကြည့်​ကြ။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး​ရ​သော​နေ့၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့​ကို စစ်​ကူ​နိုင်​သော​သူ​အ​ကျန်​အ​ကြွင်း​ရှိ​သ​မျှ​ကို ပယ်​ဖြတ်​ရ​သော​နေ့​သည်​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​အ​မျိုး​သား​နှင့် ကျန်​ကြွင်း​သော က​တ္တော​ရ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 5,
      "text": "ဂါ​ဇ​မြို့​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို ခံ​ရ၏။ အာ​ရှ​ကေ​လုန်​မြို့​နှင့် ကျန်​ကြွင်း​သော ချိုင့်​အ​ရပ်​သည် ပျက်​စီး​ပြီ။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​သား​ကို ခုတ်​ဖြတ်​ရ​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 6,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​ငြိမ်​ဘဲ​နေ​မည်​နည်း။ ကိုယ်​အိမ်၌ ဝင်၍​နေ​လော့။ နေ​ရာ​ကျ၍ ငြိမ်​ဝပ်​စွာ​နေ​လော့။"
    },
    {
      "book": 24,
      "chapter": 47,
      "verse": 7,
      "text": "အာ​ရှ​ကေ​လုန်​မြို့​နှင့် ပင်​လယ်​ကမ်း​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော​ကြောင့်၊ အ​ဘယ်​သို့ ငြိမ်​ဝပ်​စွာ​နေ​နိုင်​သ​နည်း။ ထို​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ နေ​ဗော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​လေ၏။ ကိ​ရ​ယ​သိမ်​မြို့​သည် ရှုံး၍ လု​ယူ​ခြင်း​ကို ခံ​ရ၏။ မိ​သ​ဂပ်​မြို့​သည်​လည်း​ရှုံး၍ စိတ်​ပျက်​လေ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 2,
      "text": "မော​ဘ​ပြည်​သည် နောက်​တစ်​ဖန် ဟေ​ရှ​ဘုန်​မြို့၌ မ​ဝါ​ကြွား​ရ။ ရန်​သူ​တို့​က၊ မော​ဘ​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ ပယ်​ရှား​ကြ​ကုန်​အံ့​ဟု၊ ရန်​ပြု​မည့်​အ​ကြံ​နှင့် ကြံ​စည်​ကြ၏။ အို မာ​ဒ​မေ​န​မြို့၊ သင်​သည်​လည်း​ပျက်​စီး​ရ​မည်။ ဓား​ဘေး​သည် သင့်​ကို​လိုက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 3,
      "text": "ဟော​ရ​နိမ်​မြို့၌​လည်း ညှဉ်း​ဆဲ​ခြင်း​နှင့် ပြင်း​စွာ​သော ပျက်​စီး​ခြင်း​ရှိ၍၊ အော်​ဟစ်​သော​အ​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 4,
      "text": "မော​ဘ​ပြည်​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ သူ​ငယ်​တို့​သည် မြည်​တမ်း​သော​အ​သံ​ကို ပြု​ကြ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 5,
      "text": "ငို​ကြွေး​သော​အ​သံ​သည် လု​ဟိတ်​တောင်​ပေါ်​သို့ တက်​ရ၏။ ဟော​ရ​နိမ်​မြို့​သို့ ဆင်း​ရာ​အ​ရပ်၌​လည်း၊ ဆုံး​ရှုံး​ခြင်း​အ​သံ​ကို ရန်​သူ​တို့​သည် ကြား​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 6,
      "text": "အ​သက်​လွတ်​အံ့​သော​ငှာ ပြေး​ကြ​လော့။ လွင်​ပြင်၌​ရှိ​သော သစ်​ပင်​ခြောက် ကဲ့​သို့​ဖြစ်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 7,
      "text": "သင်​သည် မိ​မိ​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ​ကို ကိုး​စား​သော​ကြောင့်၊ သူ​တစ်​ပါး​လက်​သို့ ရောက်​ရ​လိမ့်​မည်။ ခေ​မု​ရှ​ဘု​ရား​ကို​လည်း သူ၏​မင်း၊ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် တ​ကွ သိမ်း​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 8,
      "text": "လု​ယူ​သော​သူ​သည် မြို့​များ​အ​စဉ်​အ​တိုင်း​ရောက်​လာ၍ မြို့​တစ်​မြို့​မျှ မ​လွတ်​ရ။ ချိုင့်​နှင့်​တ​ကွ လွင်​ပြင်​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 9,
      "text": "မော​ဘ​ပြည်​သည် လွတ်​ရာ​သို့ ပြေး​ရ​အောင် ငှက်​တောင်​တို့​ကို ပေး​လော့။ မြို့​တို့​သည် နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​ရာ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ကြိုး​စား၍ မ​ဆောင်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။ လူ​အ​သက်​ကို မ​သတ်​ဘဲ မိ​မိ​ဓား​ကို သိမ်း​ရုပ်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 11,
      "text": "မော​ဘ​သည် အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ မ​ပြောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ယူ​သွား​ခြင်း​ကို မ​ခံ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ငြိမ်​လျက်၊ မိ​မိ​အ​ဖတ်​အ​နည်​ပေါ်၌ နေ​ရာ​ကျ​လျက်​ရှိ​သော​ကြောင့်၊ မိ​မိ​အ​ရ​သာ​သည် တည်​နေ၏။ မွှေး​သော​အ​နံ့​လည်း မ​ပျက်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 12,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ စောင်း၍​ထား​တတ်​သော​သူ​တို့​ကို သူ့​ထံ​သို့ ငါ​စေ​လွှတ်​ရ​သော အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​သည် မော​ဘ​ကို​စောင်း၍​ထား​ပြီး​လျှင်၊ သူ၏​အိုး​တို့​ကို သွန်၍ ရေ​ဘူး​တို့​ကို ခွဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 13,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​တို့​ခို​လှုံ​သော ဗေ​သ​လ​ဘု​ရား​ကြောင့် ရှက်​ရ​သ​ကဲ့​သို့၊ မော​ဘ​အ​မျိုး​သည်​လည်း ခေ​မု​ရှ​ဘု​ရား​ကြောင့် ရှက်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 14,
      "text": "ငါ​တို့​သည် အား​ကြီး​သော​သူ၊ စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ ဖြစ်​ကြ၏​ဟု၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ဆို​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 15,
      "text": "မော​ဘ​ပြည်​သည် ပျက်​စီး​ပြီ။ မြို့​တို့​သည် ကျွမ်း​လောင်​ကြ​ပြီ။ သူ​ရွေး​ချယ်​သော လု​လင်​တို့​သည် ကွပ်​မျက်​ခြင်း​ကို ခံ​အံ့​သော​ငှာ ဆင်း​သွား​ကြ​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ရှင်​ဘု​ရင် မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 16,
      "text": "မော​ဘ​ကို လုပ်​ကြံ​ရ​သော​အ​ချိန်​နီး​ပြီ။ သူ​ခံ​ရ​သော​ဘေး​သည် အ​လျင်​အ​မြန်​လာ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 17,
      "text": "သူ့​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့၊ သူ့​အ​တွက် မြည်​တမ်း​ကြ​လော့။ သူ၏​နာ​မ​ကို သိ​သော​သူ​အ​ပေါင်း​တို့၊ တန်​ခိုး​ကြီး​သော​လှံ​တံ၊ အ​သ​ရေ​တင့်​တယ်​သော​တံ​ဖျာ​သည် ကျိုး​လေ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 18,
      "text": "ဒိ​ဘုန်​မြို့၌​နေ​သော သ​တို့​သ​မီး၊ သင်​ခံ​စား​ရ​သော စည်း​စိမ်​မှ​ဆင်း၍ အ​ငတ်​ခံ​လျက်​ထိုင်​လော့။ မော​ဘ​ကို လု​ယူ​သော​သူ​သည် သင်​ရှိ​ရာ​သို့​လာ၍၊ သင်၏​ရဲ​တိုက်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 19,
      "text": "အို အာ​ရော်​မြို့​သား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​လော့။ အ​ဘယ်​အ​မှု​ရှိ​သ​နည်း​ဟု၊ ပြေး​သော​ယောက်ျား​နှင့် အ​သက်​လွတ်​သော မိန်း​မ​ကို မေး​မြန်း​လော့။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 20,
      "text": "မော​ဘ​သည် စိတ်​ပျက်​လေ၏။ ပြို​လဲ​လျက် ရှိ၏။ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ မော​ဘ​သည် ပျက်​စီး​ကြောင်း​ကို အာ​နုန်​မြို့၌ ကြား​ပြော​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 21,
      "text": "လွင်​ပြင်​နှင့် တ​ကွ​ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 22,
      "text": "ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 23,
      "text": "ကိ​ရ​ယ​သိမ်​မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 24,
      "text": "ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​မှ​စ၍၊ မော​ဘ​ပြည်၌​ရှိ​သော​မြို့ အ​နီး​အ​ဝေး​ရှိ​သ​မျှ​တို့​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 25,
      "text": "မော​ဘ၏​ဦး​ချို​သည် ပြတ်​လေ​ပြီ။ သူ၏​လက်​ရုံး​သည် ကျိုး​လေ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 26,
      "text": "မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် သူ့​ကို​ယစ်​မူး​စေ​ကြ​လော့။ သူ​သည် မိ​မိ​အန်​ဖတ်၌ လူး​လည်း၍ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 27,
      "text": "သင်​သည် ဣ​သ​ရေ​လ​ကို ကဲ့​ရဲ့​ပြီ​မ​ဟုတ်​လော။ သို့​ရာ​တွင်၊ သူ​သည် သူ​ခိုး​တို့​နှင့်​ပေါင်း​ဖော်​သည်​ကို တွေ့​ဖူး​သ​လော။ သူ၏​အ​ကြောင်း​ကို ပြော​လေ​ရာ​ရာ၌ သင်​သည် ခေါင်း​ကို​ညိတ်​ပါ​သည်​တ​ကား။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 28,
      "text": "မော​ဘ​ပြည်၌​နေ​သော သူ​တို့၊ မြို့​တို့​ကို​စွန့်၍ ကျောက်​ကြား၌ နေ​ကြ​လော့။ မြေ​တွင်း​ဝ​နား​မှာ အ​သိုက်​လုပ်​တတ်​သော ချိုး​ငှက်​ကဲ့​သို့ ပြု​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 29,
      "text": "မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော မာ​န​ဖြစ်၏။ မာ​န​ကြီး​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ စိတ်​နှ​လုံး​မြင့်​ခြင်း ရှိ​သော်​လည်း၊"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 30,
      "text": "သူ၏ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ကို ငါ​သိ​သည်​ဖြစ်၍၊ သူ​သည် အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​လျက်​နှင့်၊ မိ​မိ​အ​လို မ​ပြည့်​စုံ​ရာ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 31,
      "text": "ထို​ကြောင့်၊ မော​ဘ​အ​တွက် ငါ​သည်​ညည်း​တွား​မြည်​တမ်း​မည်။ မော​ဘ​ပြည် တစ်​ပြည်​လုံး​အ​တွက် ငို​ကြွေး​မည်။ ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ညည်း​တွား​ခြင်း ရှိ​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 32,
      "text": "အို စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သည်​ထက်၊ သင့်​အ​တွက် ငါ​သည် မျက်​ရည်​ကျ​မည်။ သင်၏​အ​ညွန့်​တို့​သည် ပင်​လယ်​ကို​လွန်၍၊ ယာ​ဇာ​ပင်​လယ်​တိုင်​အောင် ရောက်​ကြ၏။ ဖျက်​ဆီး​သော​သူ​သည် သင်၏​သစ်​သီး​နှင့် စ​ပျစ်​သီး​တို့​ကို လု​ယူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 33,
      "text": "ဝ​ပြော​သော​လယ်​ပြင်​နှင့် မော​ဘ​ပြည်​ထဲ​မှာ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း ပြတ်​လေ​ပြီ။ စ​ပျစ်​သီး​နယ်​ရာ ကျင်း၌ စ​ပျစ်​ရည်​ကို ငါ​ပြတ်​စေ​ပြီ။ ကြွေး​ကြော်​သံ​ကို​ပြု၍ စ​ပျစ်​သီး​ကို မ​နင်း​ရ။ ကြွေး​ကြော်​သော အ​သံ​လည်း ကြွေး​ကြော်​သော​အ​သံ မ​ဟုတ်​ရ။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 34,
      "text": "ဟေ​ရှ​ဘုန်​မြို့ ငို​ကြွေး​သံ​မှ​စ၍ ဧ​လာ​လေ​မြို့၊ ယာ​ဟတ်​မြို့ တိုင်​အောင်​လည်း​ကောင်း၊ ဇော​ရ​မြို့​မှ​စ၍ ဟော​ရ​နိမ်​မြို့ တိုင်​အောင်​လည်း​ကောင်း သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​မြည်​သံ​ကဲ့​သို့ အ​သံ​ကို လွှင့်​ကြ၏။ အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ် ရေ​ကန်​တို့​သည်​လည်း ဆိတ်​ညံ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 35,
      "text": "မော​ဘ​ပြည်၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ပူ​ဇော်​သော​သူ၊ မိ​မိ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​သော​သူ​တို့​ကို ငါ​ပြတ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 36,
      "text": "ထို​ကြောင့်၊ ငါ​နှ​လုံး​သည် မော​ဘ​ပြည်​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ ငါ့​နှ​လုံး​သည် ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ သူ​တို့​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ ပျက်​စီး​ပြီ။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 37,
      "text": "လူ​တိုင်း​ဆံ​ပင်​တို​လျက်၊ မုတ်​ဆိတ်​ကို​ရိတ်​လျက်၊ လက်၌​ရှ​န​လျက်၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် ရှိ​ရ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 38,
      "text": "အ​သုံး​မ​ရ​သော အိုး​ကို​ခွဲ​တတ်​သ​ကဲ့​သို့၊ မော​ဘ​ပြည်​ကို ငါ​ခွဲ​သော​ကြောင့်၊ မော​ဘ​ပြည်​အိမ်​မိုး​များ အ​ပေါ်၌​လည်း​ကောင်း၊ လမ်း​များ၌​လည်း​ကောင်း၊ ညည်း​တွား​မြည်​တမ်း​ခြင်း နှံ့​ပြား​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 39,
      "text": "သူ​တို့​က​လည်း၊ မော​ဘ​ပြည် ပြို​ပျက်​လေ​ပြီ​တ​ကား၊ ရှက်၍ ဆုတ်​သွား​လေ​ပြီ​တ​ကား​ဟု ညည်း​တွား​မြည်​တမ်း ကြ​လိမ့်​မည်။ မော​ဘ​သည် အ​ရှက်​ကွဲ၍ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျက်၊ ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့၏ ကြောက်​လန့်​စ​ရာ​အ​ကြောင်း ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 40,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​သည် ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ ပျံ​လာ၍၊ အ​တောင်​တို့​နှင့် မော​ဘ​ပြည်​ကို အုပ်​မိုး​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 41,
      "text": "မြို့ တို့​ကို​လုပ်​ကြံ၍ ရဲ​တိုက်​တို့​ကို တိုက်​ယူ​သော​ကြောင့်၊ ထို​နေ့၌ မော​ဘ​အ​မျိုး​သူ​ရဲ​တို့ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 42,
      "text": "မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့်၊ နောက်​တစ်​ဖန် ပြည်​မ​ဖြစ်​နိုင်​အောင် ပျက်​စီး​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 43,
      "text": "အို မော​ဘ​အ​မျိုး​သား၊ သင်​သည်​ကြောက်​လန့်​ဖွယ်​သော​အ​ရာ၊ မြေ​တွင်း၊ ကျော့​ကွင်း​ထဲ​သို့ ရောက်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 44,
      "text": "ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​နှစ်​ကာ​လ​ကို မော​ဘ​ပြည်​သို့ ငါ​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 45,
      "text": "ပြေး​သော​သူ​တို့​သည် အား​ကုန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​မြို့​အ​ရိပ်​ကို ခို​ကြ​သော်​လည်း၊ ရှိ​ဟုန်​ဘု​ရင် နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်​သ​ဖြင့်၊ မာ​န​ထောင်​လွှား​သော​သူ​တို့၏​အ​ထွတ်​မှ​စ၍ မော​ဘ​ပြည်​စွန်း​တိုင်​အောင် လောင်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 46,
      "text": "အို မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ သင်​တို့၏​သား​သ​မီး​များ​ကို သိမ်း​သွင်း​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 48,
      "verse": 47,
      "text": "သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော မော​ဘ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​ရွေ့​ကား၊ မော​ဘ​ခံ​ရ​သော​အ​ပြစ်​တ​ရား​ပေ​တည်း။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 1,
      "text": "အ​မ္မုန်​အ​မျိုး​သား​တို့​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ၌ သား​မ​ရှိ​သ​လော။ အ​မွေ​ခံ မ​ရှိ​သ​လော။ မိ​လ​ကုံ​ဘု​ရား​သည် ဂဒ်​ပြည်​ကို အ​ဘယ်​ကြောင့် သိမ်း​ယူ​သ​နည်း။ သူ့​တ​ပည့်​တို့​သည် ဂဒ်​မြို့​တို့၌ အ​ဘယ်​ကြောင့် နေ​ကြ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 2,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​အ​မျိုး​သား​တို့​နေ​ရာ ရ​ဗ္ဗာ​မြို့၌ စစ်​တိုက်​ခြင်း​အ​သံ​ကို ငါ​ကြား​စေ​သော​အ​ချိန် ရောက်​လိမ့်​မည်။ ထို​မြို့​သည် ပျက်​စီး​ရာ​ပုံ​ဖြစ်၍၊ သူ၏​သ​မီး​တို့​သည်​လည်း မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ နေ​ရာ​ကို၊ သိမ်း​ယူ​သော​သူ​တို့၏​နေ​ရာ​ကို၊ ဣ​သ​ရေ​လ​သည် တစ်​ဖန်​သိမ်း​ယူ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 3,
      "text": "အို ဟေ​ရှ​ဘုန်​မြို့၊ ညည်း​တွား​မြည်​တမ်း​လော့။ အာ​ဣ​မြို့​ပျက်​စီး​ပြီ။ အို ရ​ဗ္ဗာ​မြို့​သ​မီး​တို့၊ ငို​ကြွေး​ကြ​လော့။ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ မြည်​တမ်း​လျက်၊ ခြံ​နား​မှာ တောင်​မြောက်​ပြေး​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​လ​ကုံ​ဘု​ရား​သည် သူ၏​ယဇ်​ပု​ရော​ဟိတ်၊ သူ၏​မင်း​များ​နှင့်​တ​ကွ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 4,
      "text": "ငါ့​ထံ​သို့ အ​ဘယ်​ရန်​သူ ရောက်​လိမ့်​မည်​နည်း​ဟု အောက်​မေ့​လျက်၊ မိ​မိ​စည်း​စိမ်၌​ကိုး​စား​လျက် ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် ချိုင့်​တို့၌ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။ သင်၏​ချိုင့်​သည် အ​သွေး​စီး​ရာ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 5,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​ကြောင့် ကြောက်​လန့်​သော​အ​ကြောင်း​ကို သင်၌ ငါ​ဖြစ်​စေ​မည်။ သင်​တို့ အ​သီး​အ​သီး​ရှိ​သ​မျှ​သည် နှင်​ထုတ်​ခြင်း​ကို အ​တည့်​အ​လင်း​ခံ​ရ​ကြ​မည်။ ကွဲ​ပြား​သော​သူ​တို့​ကို စု​ဝေး​စေ​သော​သူ​လည်း​မ​ရှိ​ရ။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 6,
      "text": "သို့​သော်​လည်း၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မ္မုန်​အ​မျိုး​သား​တို့​ကို နောက်​တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 7,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ တေ​မန်​ပြည်၌ ပ​ညာ​ကုန်​သ​လော။ ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​သည် အ​ကြံ​မ​ပေး​နိုင်​သ​လော။ သူ​တို့​ဉာဏ်​သည် ဆုံး​သ​လော။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 8,
      "text": "အို ဒေ​ဒန်​မြို့​သူ​မြို့​သား​တို့၊ ဆုတ်၍ ပြေး​သွား​ကြ​လော့။ နက်​နဲ​သော​အ​ရပ်၌ နေ​ကြ​လော့။ ဧ​သော​တွေ့​ရ​သော​ဘေး၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ချိန်​ကို ငါ​ရောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 9,
      "text": "စ​ပျစ်​သီး​ကို​ဆွတ်​သော သူ​တို့​သည် သင်​ရှိ​ရာ​သို့​လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကျန်​ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ည​အ​ခါ သူ​ခိုး​လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ လု​ယူ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 10,
      "text": "ဧ​သော၏​အ​ဝတ်​ကို ငါ​ချွတ်​မည်။ သူ​သည် ပုန်း၍​မ​နေ​နိုင်​အောင် သူ​ကွယ်​သော နေ​ရာ​အ​ရပ်​တို့​ကို ငါ​လှန်​မည်။ သူ၏​အ​မျိုး​အ​နွယ်၊ ညီ​အစ်​ကို၊ အိမ်​နီး​ချင်း​တို့​သည် ပျက်​စီး၍၊ သူ့​ကိုယ်​တိုင်​လည်း ပျောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 11,
      "text": "သင်၌ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​ကို ထား​ခဲ့​လော့။ ငါ​စောင့်​မ​မည်။ သင်၏​မု​ဆိုး​မ​တို့​သည် ငါ့​ကို​ခို​လှုံ​ကြ​စေ။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခွက်​ဖ​လား​ကို မ​သောက်​ထိုက်​သော​သူ​တို့​သည် အ​ကယ်၍ သောက်​ကြ​သည်​မှန်​လျှင်၊ သင်​သည်​အ​ပြစ်​ကို​မ​ခံ​ဘဲ ရှင်း​ရှင်း​လွတ်​ရ​မည်​လော။ မ​လွတ်​ဘဲ မ​နေ​ရ။ စင်​စစ် သောက်​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 13,
      "text": "ဗော​ဇ​ရ​ပြည်​သည် အံ့​ဩ​ရာ၊ ကဲ့​ရဲ့​ရာ၊ လူ​ဆိတ်​ညံ​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​လိမ့်​မည်။ သူ​တို့၏ မြို့​အ​လုံး​စုံ​သည်​လည်း၊ အ​စဉ် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု၊ ငါ​သည် ကိုယ်​ကို တိုင်​တည်​ကျိန်​ဆို​ပြီး​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား ကြွေး​ကြော်​တော်​မူ​သံ​ကို ငါ​ကြား၏။ သင်​တို့​သည် စည်း​ဝေး၍၊ ဧ​ဒုံ​ပြည်​ကို တိုက်​ခြင်း​ငှာ စစ်​ချီ၍​လာ​ကြ​လော့​ဟု တစ်​ပါး​အ​မျိုး​သား​တို့​ထံ​သို့ သံ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 15,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​တွင် သင်​သည် ယုတ်​မာ​မည်​အ​ကြောင်း​နှင့်၊ လူ​တို့​တွင် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ငါ​ပြု​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 16,
      "text": "ကျောက်​ကြား​တို့၌​နေ၍ တောင်​ထိပ်​ကို ခို​လှုံ​သော​သူ​ဖြစ်​သော​ကြောင့်၊ သင်၏​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ၊ သင်၏​မာ​န​သည် သင့်​ကို​လှည့်​စား​ပြီ။ သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 17,
      "text": "ဧ​ဒုံ​ပြည်​သည်​အံ့​ဩ​ရာ​ဖြစ်၍၊ လျှောက်​သွား​သော​သူ​တိုင်း အံ့​ဩ​ကြ​လိမ့်​မည်။ သူ​ခံ​ရ​သော ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​ကြောင့် ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 18,
      "text": "သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော​မြို့​တို့၏ ပျက်​စီး​ခြင်း​ကဲ့​သို့ ဖြစ်၍၊ ဧ​ဒုံ​ပြည်၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 19,
      "text": "ခြင်္သေ့​သည် ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​မှ​တက်​သ​ကဲ့​သို့၊ ရန်​သူ​သည် ကျောက်​နှင့်​ပြည့်​စုံ​သော နေ​ရာ​သို့ တက်​သော​အ​ခါ၊ နေ​သော​သူ​သည် ချက်​ချင်း​ပြေး​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။ ရွေး​ချယ်​သော​သူ​ကို​လည်း၊ ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ ငါ​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ ငါ့​အ​ချိန်​ကို အ​ဘယ်​သူ​ချိန်း​ချက်​မည်​နည်း။ အ​ဘယ်​မည်​သော သိုး​ထိန်း​သည် ငါ့​ရှေ့​မှာ ရပ်​နိုင်​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ တေ​မန်​ပြည်​သား​တို့ တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည်၊ အား​မ​ရှိ​သော ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့​လာ၍၊ ကျက်​စား​ရာ​အ​ရပ်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 21,
      "text": "သူ​တို့​ပြို​လဲ​သော အ​သံ​ကြောင့် မြေ​ကြီး​လှုပ်​ရှား၏။ သူ​တို့​အော်​ဟစ်​သော​အ​သံ​ကို ဧ​ဒုံ​ပင်​လယ်​တိုင်​အောင် ကြား​ရ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 22,
      "text": "ရန်​သူ​သည်​တက်၍ ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လျက်၊ ဗော​ဇ​ရ​မြို့​ကို အ​တောင်​တို့​နှင့် ဖြန့်​မိုး​လိမ့်​မည်။ ထို​နေ့၌ ဧ​ဒုံ​ပြည်​သား​သူ​ရဲ​တို့၏ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 23,
      "text": "ဒ​မာ​သက်​မြို့​ကို ရည်​မှတ်​သော စ​ကား​ဟူ​မူ​ကား၊ ဟာ​မတ်​မြို့​နှင့် အာ​ပဒ်​မြို့​တို့​သည် မ​ကောင်း​သော သ​တင်း​ကို​ကြား​သော​ကြောင့်၊ အ​ရှက်​ကွဲ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ ပင်​လယ်​တိုင်​အောင် စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ ငြိမ်​ဝပ်​ခြင်း​သို့ မ​ရောက်​နိုင်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 24,
      "text": "ဒ​မာ​သက်​မြို့​သည် အား​လျော့​ပြီ။ ပြေး​အံ့​သော​ငှာ ကိုယ်​ကို​လှည့်​ပြီ။ တုန်​လှုပ်​လျက် နေ၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ​ခံ​ရ​သ​ကဲ့​သို့၊ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း ခံ​ရ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 25,
      "text": "အ​သ​ရေ​ရှိ​သော​မြို့၊ ငါ​ဝမ်း​မြောက်​စ​ရာ​မြို့​သည် အ​ဘယ်​ကြောင့် မ​ကျန်​ကြွင်း​ရ​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 26,
      "text": "သို့​ဖြစ်၍၊ ထို​မြို့​သား​လု​လင်​တို့​သည် လမ်း​မ​တို့၌​လဲ၍၊ ထို​နေ့​တွင် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 27,
      "text": "ငါ​သည်​လည်း၊ ဒ​မာ​သက်​မြို့​ရိုး​ကို မီး​ရှို့၍၊ ဗင်္ဟာ​ဒဒ်၏​နန်း​တော်​တို့​ကို လောင်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 28,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​လုပ်​ကြံ​သော ကေ​ဒါ​ပြည်​နှင့် ဟာ​ဇော်​နိုင်​ငံ​တို့​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထ​ကြ​လော့။ ကေ​ဒါ​ပြည်​သို့​သွား၍၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​သား​တို့​ကို လု​ယူ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 29,
      "text": "သူ​တို့​တဲ​များ​နှင့် သိုး​စု​များ​ကို​လည်း​ကောင်း၊ ကု​လား​ကာ​များ၊ အ​သုံး​အ​ဆောင်​များ၊ ကု​လား​အုတ်​များ​ကို​လည်း​ကောင်း သိမ်း၍ ယူ​သွား​ရ​ကြ​မည်။ သူ​တို့​ပတ်​လည်၌ ကြောက်​လန့်​စ​ရာ​အ​ကြောင်း​ကို ကြွေး​ကြော်​ရ​ကြ​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 30,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဟာ​ဇော်​ပြည်​သား​တို့၊ ဝေး​စွာ​ပြေး​သွား​ကြ​လော့။ နက်​နဲ​သော အ​ရပ်​တို့၌ နေ​ကြ​လော့။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် သင်​တို့​ကို​ရည်​ဆောင်၍ စီ​ရင်​မည်​ဟု သင်​တို့​တစ်​ဖက်၌ ကြံ​စည်​သော​အ​ကြံ​အ​စည် ရှိ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထ​ကြ​လော့။ ငြိမ်​ဝပ်​စွာ​နေ၍ စိုး​ရိမ်​စ​ရာ​မ​ရှိ​သော​လူ​မျိုး၊ မြို့​တံ​ခါး​နှင့်​ကန့်​လန့်​ကျင်​ကို မ​သုံး​တတ်၊ အ​ပေါင်း​အ​ဖော်​မ​ရှိ၊ တ​ခြား​စီ​နေ​တတ်​သော လူ​မျိုး​နေ​ရာ​သို့​သွား​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 32,
      "text": "သူ​တို့​ကု​လား​အုတ် အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် လု​ယူ​ရာ ဖြစ်​ကြ​လိမ့်​မည်။ ပါး​မုန်း​ကို​ရိတ်​တတ်​သော လူ​မျိုး​ကို အ​ရပ်​ရပ်​သို့ ငါ​ကွဲ​ပြား​စေ​မည်။ အ​ရပ်​ရပ်​တို့​မှ သူ​တို့၌ ဘေး​ဥ​ပဒ်​ကို ငါ​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 33,
      "text": "ဟာ​ဇော်​ပြည်​သည် မြေ​ခွေး​နေ​ရာ၊ လူ​ဆိတ်​ညံ​ရာ​အ​စဉ်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ​မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 34,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း နန်း​စံ​စ​က၊ ဧ​လံ​ပြည်​ကို​ရည်​မှတ်​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 35,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဧ​လံ၏​လေး​တည်း​ဟူ​သော သူ၏​အ​စွမ်း​သ​တ္တိ အ​ထွတ်​အ​မြတ်​ကို ငါ​ချိုး​မည်။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 36,
      "text": "အ​ရပ်​လေး​မျက်​နှာ​တို့​က လေ​လေး​မျိုး​ကို ဧ​လံ​ပြည်​သို့ ငါ​ဆောင်​ခဲ့​မည်။ ထို​လေ​တို့​ရှေ့​မှာ ပြည်​သား​များ​ကို ငါ​လွှင့်​မည်။ ထို​သို့​နှင်​ထုတ်​သော ဧ​လံ​ပြည်​သား​မ​ရောက်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ​မ​ရှိ​ရ။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 37,
      "text": "ဧ​လံ​ပြည်​သား​တို့​ကို ရန်​သူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ သူ​တို့​အ​သက်​ကို​ရှာ​သော လူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ ငါ​ကြောက်​လန့်​စေ၍၊ ပြင်း​စွာ​သော ငါ၏​အ​မျက်​တည်း​ဟူ​သော​ဘေး​ဥ​ပဒ်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သူ​တို့​နောက်​သို့ ဓား​ကို လွှတ်​လိုက်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 38,
      "text": "ဧ​လံ​ပြည်၌ ငါ၏​ပ​လ္လင်​ကို​တည်​ထား၍၊ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 49,
      "verse": 39,
      "text": "သို့​ရာ​တွင်၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ဧ​လံ​အ​မျိုး​သား​တို့​ကို နောင်​ကာ​လ၌ ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​နှင့် ခါ​လ​ဒဲ​ပြည်​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 2,
      "text": "လူ​မျိုး​တို့​တွင် သ​တင်း​ကြား​ပြော​ကြ​လော့။ ဝှက်၍​မ​ထား​ဘဲ အ​လံ​ကို​ထူ၍ ကြော်​ငြာ​ကြ​လော့။ ကြား​ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​ကြ​ပြီ။ ဗေ​လ​ဘု​ရား​သည် အ​ရှက်​ကွဲ​ပြီ။ မေ​ရော​ဒပ်​ဘု​ရား​သည် ကျိုး​ပြီ။ ဗာ​ဗု​လုန် ရုပ်​တု​ဆင်း​တု​တို့​သည် အ​ရှက်​ကွဲ၍ ကျိုး​ပဲ့​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 3,
      "text": "လူ​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ လာ၍ ဗာ​ဗု​လုန်​ပြည်​ကို သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်။ နေ​သော​သူ​မ​ရှိ​ရ။ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​သည် အ​ကုန်​အ​စင် ထွက်​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့် ပေါင်း​ဖက်၍ လာ​ကြ​လိမ့်​မည်။ မျက်​ရည်​ကျ​လျက်၊ ခ​ရီး​သွား​လျက်၊ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သွား၍ ရှာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 5,
      "text": "ဇိ​အုန်​မြို့​သို့ မျက်​နှာ​ပြု၍ လမ်း​ကို ရှာ​ကြ​လိမ့်​မည်။ အ​စဉ်​မ​မေ့​လျော့​ရ​သော ပ​ဋိ​ညာဉ်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်၍ မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 6,
      "text": "ငါ၏​လူ​တို့​သည် ပျောက်​သော​သိုး​ဖြစ်​ကြ​ပြီ။ သိုး​ထိန်း​တို့​သည် တောင်​များ​ပေါ်​မှာ လမ်း​လွဲ​စေ​ကြ​ပြီ။ သူ​တို့​သည် တောင်​တစ်​လုံး​မှ​တစ်​လုံး​သို့ လမ်း​လွဲ​သွား၍၊ ငြိမ်​ဝပ်​သော​အ​ရပ်​ကို မေ့​လျော့​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 7,
      "text": "သူ​တို့​ကို တွေ့​ကြုံ​သ​မျှ​သော သူ​တို့​သည် ကိုက်​စား​ကြ​ပြီ။ ရန်​သူ​တို့​က၊ သူ​တို့​သည် တ​ရား​သော​ငြိမ်​ဝပ်​ရာ၊ ဘိုး​ဘေး​တို့​ခို​လှုံ​ရာ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့​သည် ကိုက်​စား​သော်​လည်း မ​လွန်​ကျူး​ဟု ပြော​ဆို​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 8,
      "text": "ဗာ​ဗု​လုန်​မြို့​ထဲ​က ပြေး​ကြ​လော့။ ခါ​လ​ဒဲ​ပြည်​မှ​ထွက်​သွား​ကြ​လော့။ သိုး​စု​ရှေ့၌ သိုး​ထီး​ကဲ့​သို့ ပြု​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ မြောက်​မျက်​နှာ​အ​ရပ်၌ ကြီး​စွာ​သော တိုင်း​နိုင်​ငံ​သား​အ​စု​အ​ဝေး​ကို ငါ​နှိုး​ဆော်၍၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​ခဲ့​မည်။ သူ​တို့​သည် မြို့​တစ်​ဖက်၌ တပ်​ခင်း​ကျင်း၍ တိုက်​ယူ​ကြ​လိမ့်​မည်။ သူ​တို့​ပစ်​သော​မြား​တို့​သည် လိ​မ္မာ​သော စစ်​သူ​ရဲ၏​မြား​ကဲ့​သို့​ဖြစ်၍ မ​မှန်​ဘဲ​မ​နေ​ရ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 10,
      "text": "ခါ​လ​ဒဲ​ပြည်​သည် လု​ယူ​ရာ​ဖြစ်၍၊ လု​ယူ​သော​သူ​တို့​သည် ဝ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 11,
      "text": "ငါ့​အ​မွေ​ကို​ဖျက်​ဆီး​သော​သူ​တို့၊ သင်​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပြီ။ ကျက်​စား​သော​နွား​မ​ကဲ့​သို့ ခုန်​ကြ​ပြီ။ မြင်း​ထီး​ကဲ့​သို့ ဟီ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 12,
      "text": "ထို​ကြောင့်၊ သင်​တို့​အ​မိ​သည် မိန်း​မော​တွေ​ဝေ​လိမ့်​မည်။ သင်​တို့​ကို​မွေး​ဖွား​သော​သူ​သည် အ​ရှက်​ကွဲ​လိမ့်​မည်။ ပြည်​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​သော​ပြည်၊ သုတ်​သင်​သော​အ​ရပ်၊ သွေ့​ခြောက်​သော​လွင်​ပြင် ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကြောင့် နောက်​တစ်​ဖန်​လူ​မ​နေ​ရ။ ဆိတ်​ညံ​သော​အ​ရပ် သက်​သက်​ဖြစ်​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​နား​မှာ ရောက်​သွား​သော​သူ​တိုင်း အံ့​ဩ၍၊ သူ​ခံ​ရ​သော​ဘေး​ဥ​ပဒ်​ကို​ထောက်​လျက်၊ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 14,
      "text": "ဗာ​ဗု​လုန်​မြို့​ပတ်​လည်၌ တပ်​ခင်း​ကျင်း​ကြ​လော့။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ လေး​သ​မား​အ​ပေါင်း​တို့၊ မြား​ကို​မ​နှ​မြော​ဘဲ ပစ်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 15,
      "text": "မြို့​ပတ်​လည်၌ ကြွေး​ကြော်​ကြ​လော့။ သူ​သည်​ဝန်​ချ​ပြီ။ မြို့​ရိုး​နှင့် ပြ​အိုး​တို့​သည် ပြို​လဲ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း အ​မှု​ဖြစ်၍၊ သူ့​ကို​အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​ကြ​လော့။ သူ​သည်​ပြု​ဖူး​သည်​အ​တိုင်း သူ၌​ပြု​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 16,
      "text": "ဗာ​ဗု​လုန်​မြို့​၌ မျိုး​စေ့​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​ကို ပယ်​ဖြတ်​ကြ​လော့။ ညှဉ်း​ဆဲ​တတ်​သော ဓား​ကို​ကြောက်​သော​ကြောင့်၊ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လူ​မျိုး​နေ​ရာ​သို့​ပြန်​သွား၍၊ မိ​မိ​တို့​ပြည်​သို့ ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​သည် အ​ရပ်​ရပ်​သို့​လွင့်​ပြေး​ရ​သော သိုး​ဖြစ်၏။ ခြင်္သေ့​တို့​သည် နှောင့်​ယှက်​ကြ​ပြီ။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ရှေ့​ဦး​စွာ ကိုက်​စား​ပြီ။ နောက်​မှ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် သူ၏​အ​ရိုး​တို့​ကို ချိုး​ဖဲ့​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 18,
      "text": "ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ဒဏ်​ပေး​သည်​နည်း​တူ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​ကို ဒဏ်​ပေး​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 19,
      "text": "ဣ​သ​ရေ​လ​ကို သူ၏​နေ​ရင်း​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​သည် က​ရ​မေ​လ​တောင်​နှင့် ဗာ​ရှန်​တောင်​ပေါ်​မှာ​ကျက်​စား၍၊ ဧ​ဖ​ရိမ်​တောင်​နှင့် ဂိ​လဒ်​တောင်​ပေါ်​မှာ ဝ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 20,
      "text": "ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​ပြစ်​ကို စစ်​ကြော​သော်​လည်း အ​ပြစ်​မ​ပေါ်​ရာ။ ယု​ဒ​ဒု​စ​ရိုက်​တို့​ကို ရှာ၍ မ​တွေ့​ရာ။ ငါ​ချန်​ထား​သော သူ​တို့၏​အ​ပြစ်​ကို ငါ​ဖြေ​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 21,
      "text": "ပုန်​ကန်​တတ်​သော​ပြည်၊ ဆုံး​မ​အပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ စစ်​ချီ​ကြ​လော့။ သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​အ​မျိုး​အ​နွယ်​ကို အ​ကုန်​အ​စင် ဖျက်​ဆီး​ကြ​လော့။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​ပြု​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 22,
      "text": "ထို​ပြည်၌ စစ်​တိုက်​ခြင်း​အ​သံ၊ ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​အ​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 23,
      "text": "မြေ​တစ်​ပြင်​လုံး​ကို ရိုက်​နှက်​သော သံ​တူ​သည် ကျိုး​ပြတ်​လေ​ပြီ​တ​ကား၊ ဗာ​ဗု​လုန်​မြို့​သည် လူ​မျိုး​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 24,
      "text": "အို ဗာ​ဗု​လုန်​မြို့၊ သင့်​အ​ဖို့​ကျော့​ကွင်း​ကို ငါ​ထောင်​ထား​သ​ဖြင့်၊ သင်​သည် သ​တိ​လစ်၍​ကျော့​မိ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အာ​ဏာ​တော်​ကို ဆန်​သော​ကြောင့်၊ ရန်​သူ​တွေ့၍ တိုက်​ယူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် လက်​နက်​စုံ​တိုက်​တော်​ကို​ဖွင့်၍၊ အ​မျက်​တော်​လက်​နက်​တို့​ကို ထုတ်​တော်​မူ​ပြီ။ ဤ​အ​မှု​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ခါ​လ​ဒဲ​ပြည်၌ ပြု​တော်​မူ​သော​အ​မှု​ပေ​တည်း။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 26,
      "text": "မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် တိုက်​ကြ​လော့။ စ​ပါး​ကျီ​တို့​ကို ဖွင့်၍၊ စ​ပါး​ပုံ​များ​ကဲ့​သို့​ပုံ​ထား​လျက်၊ အ​လျှင်း​မ​ကြွင်း​စေ​ခြင်း​ငှာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 27,
      "text": "သူ၏ နွား​ဥ​သ​ဘ​ရှိ​သ​မျှ​တို့​ကို သတ်​ကြ​လော့။ သတ်​ရာ​အ​ရပ်​သို့ ဆင်း​သွား​စေ​ကြ​လော့။ သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကယ်​စင်​စစ် သူ​တို့​အ​ချိန်၊ ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ချိန်​ရောက်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 28,
      "text": "ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော​အ​ပြစ်​နှင့် အ​လျောက် ဒဏ်​ပေး​ခြင်း​သ​တင်း​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​အံ့​သော​ငှာ၊ ဗာ​ဗု​လုန်​ပြည်​မှ ပြေး​လွတ်​သော​သူ​တို့၏ အ​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 29,
      "text": "လေး​သ​မား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ကြ​လော့။ ပစ်​တတ်​သော​သူ​အ​ပေါင်း​တို့၊ မြို့​ပတ်​ဝန်း​ကျင်၌ တပ်​ချ​ကြ​လော့။ မြို့​သူ​မြို့​သား တစ်​ယောက်​ကို​မျှ မ​လွတ်​စေ​နှင့်။ ထို​မြို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ပြစ်​ပေး​ကြ​လော့။ သူ​ပြု​ဖူး​သ​မျှ​အ​တိုင်း သူ၌​ပြု​ကြ​လော့။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 30,
      "text": "ထို​ကြောင့်၊ မြို့​သား​လု​လင်​တို့​သည် လမ်း​မ​တို့၌​လဲ​နေ၍၊ ထို​နေ့​တွင် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 31,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို မာ​န​ကြီး​သော​သူ၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ အ​ကယ်​စင်​စစ် သင်၏​အ​ချိန်၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ချိန်​ရောက်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 32,
      "text": "မာ​န​ကြီး​သော​သူ​သည် ထိ​မိ၍​လဲ​ပြီး​မှ အ​ဘယ်​သူ​မျှ မ​ကြွ​ရ။ ငါ​သည်​လည်း သူ့​နေ​ရာ​မြို့​တို့​ကို မီး​ရှို့၍၊ သူ့​ပတ်​လည်​၌​နေ​သော သူ​အ​ပေါင်း​တို့​ကို​လောင်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 33,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် တ​ကွ ယု​ဒ​အ​မျိုး​သား​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​ပြီ။ သူ​တို့​ကို သိမ်း​သွား​သော​သူ​ရှိ​သ​မျှ​တို့​သည် ချုပ်​ထား​ပြီး​လျှင်၊ ငါ​တို့​သည် မ​လွှတ်​ဟု ငြင်း​ပယ်​လျက်​နေ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 34,
      "text": "သို့​ရာ​တွင်၊ သူ​တို့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အား​ကြီး၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။ ထို​သ​ခင်​သည် သူ​တို့​အ​မှု​ကို ကျပ်​တည်း​စွာ​စောင့်၍၊ ပြည်​တော်​ကို ငြိမ်​ဝပ်​စေ​လျက်၊ ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ကို နှောင့်​ယှက်​လျက် ပြု​တော်​မူ​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 35,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​သည် ခါ​လ​ဒဲ​ပြည်​သူ၊ ဗာ​ဗု​လုန်​မြို့​သား​တို့​နှင့်​တ​ကွ မင်း​များ၊ ပ​ညာ​ရှိ​များ​အ​ပေါ်​သို့ သင့်​ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 36,
      "text": "ဓား​ဘေး​သည် မိ​စ္ဆာ​ဆ​ရာ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် အ​ရူး​ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် ထို​မြို့​သား စစ်​သူ​ရဲ​တို့​အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 37,
      "text": "ဓား​ဘေး​သည် မြင်း​များ၊ ရ​ထား​များ၊ မြို့​ထဲ​မှာ နေ​သော​လူ​အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့ အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် မြို့​ဘ​ဏ္ဍာ​အ​ပေါ်​သို့​ရောက်၍၊ ရန်​သူ​တို့​သည် လု​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 38,
      "text": "ခန်း​ခြောက်​ခြင်း​ဘေး​သည် မြို့၏​ရေ​တို့​အ​ပေါ်​သို့ ရောက်၍ ခန်း​ခြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ၏။ ပြည်​သား​တို့​သည် ဆင်း​တု​တို့​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 39,
      "text": "ထို​ကြောင့်၊ တော​သား​ရဲ​တို့​သည် တော​ခွေး​တို့​နှင့်​တ​ကွ ထို​မြို့၌ နေ​ကြ​လိမ့်​မည်။ ကု​လား​အုတ်​ငှက်​တို့​သည်​လည်း နေ​ရာ​ကျ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ကာ​လ​အ​စဉ်​အ​ဆက် လူ​နေ​ရာ​မ​ဖြစ်​ရ။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 40,
      "text": "သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော မြို့​များ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​သ​ဖြင့် လူ​ဆိတ်​ညံ​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​မြို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ၊ လူ​သား​တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 41,
      "text": "ကြည့်​ရှု​လော့။ လူ​မျိုး​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ​လာ၏။ ကြီး​စွာ​သော​လူ​မျိုး​နှင့် များ​စွာ​သော ရှင်​ဘု​ရင်​တို့​သည် မြေ​ကြီး​စွန်း​တို့​မှ ပေါ်​လာ​ကြ​၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 42,
      "text": "လေး​နှင့်​လှံ​တို့​ကို လက်​စွဲ​ကြ၏။ ကြမ်း​ကြုတ်​သော​အ​မျိုး​ဖြစ်၍ သ​နား​ခြင်း​က​ရု​ဏာ မ​ရှိ။ သူ​တို့​စ​ကား​သံ​သည် သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ ဟုန်း​တတ်၏။ အို ဗာ​ဗု​လုန်​သ​တို့​သ​မီး၊ စစ်​သူ​ရဲ​ကဲ့​သို့ တပ်​ခင်း​ကျင်း​လျက် မြင်း​စီး၍၊ သင်​ရှိ​ရာ​သို့ ချီ​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 43,
      "text": "သူ​တို့၏​သ​တင်း​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည်​ကြား၍ လက်​အား​လျော့၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ရ၏။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 44,
      "text": "ခြင်္သေ့​သည် ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​မှ​တက်​သ​ကဲ့​သို့၊ ရန်​သူ​သည် ကျောက်​နှင့်​ပြည့်​စုံ​သော နေ​ရာ​သို့ တက်​သော​အ​ခါ၊ နေ​သော​သူ​သည် ချက်​ချင်း​ပြေး​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။ ရွေး​ချယ်​သော သူ​ကို​လည်း ဗာ​ဗု​လုန်​မြို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​မည်။ ငါ​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ ငါ့​အ​ချိန်​ကို အ​ဘယ်​သူ ချိန်း​ချက်​မည်​နည်း။ အ​ဘယ်​မည်​သော သိုး​ထိန်း​သည် ငါ့​ရှေ့​မှာ ရပ်​နိုင်​သ​နည်း။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 45,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ ခါ​လ​ဒဲ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည် အား​မ​ရှိ​သော​ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့ လာ၍၊ ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 50,
      "verse": 46,
      "text": "ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​သော​အ​သံ​ကြောင့် မြေ​ကြီး​လှုပ်​ရှား၏။ အော်​ဟစ်​သော​အ​သံ​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​ရ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌​လည်း​ကောင်း၊ ငါ၏​ရန်​သူ​တို့​နှင့် ပေါင်း​ဖော်​သော သူ​တို့ တစ်​ဖက်၌​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လေ​ကို ငါ​ထ​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 2,
      "text": "ဆန်​ကော​နှင့် ပြာ​တတ်​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ငါ​စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​ကို​ပြာ၍ ရှင်း​လင်း​ကြ​လိမ့်​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ သူ​တို့​သည် မြို့​ပတ်​ဝန်း​ကျင်​တို့၌ ရန်​ဘက်​ပြု​လျက် နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 3,
      "text": "လေး​ကို​ကိုင်​သော​သူ၊ သံ​ချပ်​အင်္ကျီ​ကို ဝတ်​သော​သူ​တို့​ကို လေး​တင်၍ ပစ်​ကြ​လော့။ မြို့​သား​လု​လင်​တို့​ကို မ​နှ​မြော​ဘဲ၊ မြို့​သား​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း ဖျက်​ဆီး​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 4,
      "text": "ထို​သို့ သူ​ရဲ​တို့​သည် ခါ​လ​ဒဲ​ပြည်​တွင်၊ လမ်း​မ​တို့၌​လဲ၍ အ​ထိုး​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​နေ​ရာ ပြည်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ပြစ်​မှား​သော အ​ပြစ်​နှင့် ပြည့်​သော်​လည်း၊ သူ​တို့​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​အ​မျိုး​တို့​ကို စွန့်​ပစ်​တော်​မ​မူ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 6,
      "text": "ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ပြေး၍၊ အ​သီး​အ​သီး ကိုယ်​အ​သက်​ကို ကယ်​နုတ်​ကြ​လော့။ မြို့​သား​တို့၏​အ​ပြစ်​နှင့် ရော၍ ဆုံး​ရှုံး​ခြင်​ကို မ​ခံ​ကြ​နှင့်။ ဤ​အ​ချိန်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို ဖြေ​ချိန်​ဖြစ်၍၊ အ​ကျိုး​အ​ပြစ်​နှင့် အ​လျောက် စီ​ရင်​တော်​မူ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 7,
      "text": "ဗာ​ဗု​လုန်​မြို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကိုင်​တော်​မူ၍ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ယစ်​မူး​စေ​သော ရွှေ​ဖ​လား​ဖြစ်၏။ ထို​ဖ​လား၌​ပါ​သော စ​ပျစ်​ရည်​ကို လူ​အ​မျိုး​မျိုး​တို့​သည် သောက်၍ အ​ရူး​ဖြစ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 8,
      "text": "ဗာ​ဗု​လုန်​မြို့​သည် ချက်​ချင်း​ပြို​လဲ၍ ပျက်​စီး​ပြီ။ သူ၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သူ၏​အ​နာ​ပျောက်​နိုင်​လျှင်၊ ပျောက်​စေ​ခြင်း​ငှာ ဗာ​လ​စံ​စေး​ကို ယူ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 9,
      "text": "ငါ​တို့​သည် ဗာ​ဗု​လုန်​မြို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​ပြု​သော်​လည်း၊ အ​နာ​မ​ပျောက်​နိုင်။ သူ့​ကို​စွန့်​ပစ်၍၊ အ​သီး​အ​သီး ငါ​တို့​နေ​ရင်း​ပြည်​သို့ သွား​ကြ​ကုန်​အံ့။ သူ​ခံ​ရ​သော​အ​ပြစ်​သည် ကောင်း​ကင်​တိုင်​အောင် ရောက်၍၊ မိုး​တိမ်​ကို ထိ​လျက်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဖြောင့်​မတ်​ကြောင်း​ကို ဖော်​ပြ​တော်​မူ​ပြီ။ လာ​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဇိ​အုန်​မြို့၌ ကြား​ပြော​ကြ​ကုန်​အံ့။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 11,
      "text": "မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 12,
      "text": "ဗာ​ဗု​လုန်​မြို့​ရိုး​ရှေ့​မှာ အ​လံ​ကို​ထူ​ကြ​လော့။ များ​စွာ​သော လူ​စောင့်​တို့​ကို ထား၍ ကင်း​ထိုး​ကြ​လော့။ ချောင်း​မြောင်း​သော တပ်​သား​တို့​ကို ပြင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​သား​တို့​ကို ခြိမ်း​သည်​အ​တိုင်း ကြံ​စည်၍ လက်​စ​သတ်​တော်​မူ​သည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 13,
      "text": "များ​စွာ​သော ရေ​အ​နား​မှာ​နေ၍ စည်း​စိမ်​ကြီး​သော​သူ၊ သင်၏​ဆုံး​ရှုံး​ချိန်၊ သင်၏​လော​ဘ​အ​လို ပျက်​ချိန် ရောက်​လေ​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 14,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ သင့်​ကို ကျိုင်း​ကောင်​များ​နှင့် ပြည့်​စေ​သ​ကဲ့​သို့ လူ​များ​နှင့်​ပြည့်​စေ​မည်။ သူ​တို့​သည် သင့်​တစ်​ဖက်၌ ကြွေး​ကြော်​သံ​ကို လွှင့်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 15,
      "text": "တန်​ခိုး​တော်​အား​ဖြင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ပ​ညာ​တော်​အား​ဖြင့် လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ကြက်​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 16,
      "text": "အ​သံ​တော်​ကို လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ အ​သံ​ဗ​လံ​ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 17,
      "text": "လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့​ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 18,
      "text": "ထို​သို့​သော အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို ခံ​ရ​သည်​ကာ​လ ကွယ်​ပျောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 19,
      "text": "ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​ဖြစ်​သော​ဘု​ရား​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 20,
      "text": "အို သံ​တူ​ကြီး၊ သင်​သည် ငါ​စစ်​တိုက်​စ​ရာ လက်​နက်​ဖြစ်၏။ သင့်​ကို​ငါ​ကိုင်၍ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ချိုး​ဖဲ့​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 21,
      "text": "သင့်​ကို​ကိုင်၍ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 22,
      "text": "သင့်​ကို​ကိုင်၍ ယောက်ျား​နှင့် မိန်း​မ​တို့​ကို​လည်း​ကောင်း၊ အ​သက်​ကြီး​သူ​နှင့် အ​သက်​ငယ်​သူ​တို့​ကို​လည်း​ကောင်း၊ လူ​ပျို​နှင့် အ​ပျို​မ​တို့​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 23,
      "text": "သင့်​ကို​ကိုင်၍ သိုး​ထိန်း​နှင့် သိုး​စု​ကို​လည်း​ကောင်း၊ လယ်​လုပ်​သော​သူ​နှင့် နွား​ရှဉ်း​ကို​လည်း​ကောင်း၊ ဗိုလ်​များ​နှင့် မင်း​များ​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 24,
      "text": "သို့​ရာ​တွင်၊ ဗာ​ဗု​လုန်​မြို့​သူ၊ ခါ​လ​ဒဲ​ပြည်​သား အ​ပေါင်း​တို့​သည် ဇိ​အုန်​မြို့၌​ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း၊ ငါ​သည် သင်​တို့​မျက်​မှောက်၌ သူ​တို့​အား အ​ပြစ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖျက်​ဆီး​တတ်​သော​သ​ဘော​ရှိ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖျက်​ဆီး​တတ်​သော​တောင်​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ပေါ်​မှာ ငါ၏​လက်​ကို​ဆန့်​လျက်၊ ကျောက်​တို့​မှ သင့်​ကို​လှိမ့်​ချ၍၊ မီး​နှင့်​ကျွမ်း​လောင်​သော​တောင် ဖြစ်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 26,
      "text": "တိုက်​ထောင့်​အ​ထွတ်​ကျောက်၊ တိုက်​မြစ်​ကျောက် တစ်​စုံ​တစ်​ခု​ကို​မျှ သင်၏​အ​ထဲ​က မ​နုတ်​မ​ယူ​ရ၊ အ​စဉ်​မ​ပြတ် ပျက်​စီး​လျက်​နေ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 27,
      "text": "ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 28,
      "text": "လူ​မျိုး​များ​တို့​နှင့်​တ​ကွ၊ မေ​ဒိ​ရှင်​ဘု​ရင်​မှ​စ၍ ဗိုလ်​များ၊ မင်း​များ၊ မေ​ဒိ​နိုင်​ငံ​သား​အ​ပေါင်း​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 29,
      "text": "ဗာ​ဗု​လုန်​ပြည်​သည် တုန်​လှုပ်၍ လိမ့်​လိမ့်​မည်။ ထို​ပြည်​သည် နေ​သူ​မ​ရှိ၊ သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​ရှိ​သ​မျှ​သည် ပြည့်​စုံ​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 30,
      "text": "ဗာ​ဗု​လုန်​စစ်​သူ​ရဲ​တို့​သည် စစ်​မ​ပြိုင်​ဘဲ ရဲ​တိုက်​များ၌​နေ​ကြ၏။ အား​လျော့၍ မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ၏။ မြို့​သား​နေ​ရာ​တို့​ကို မီး​ရှို့၍၊ တံ​ခါး​ကျင်​တို့​ကို ချိုး​ဖဲ့​ကြ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 31,
      "text": "ရန်​သူ​တို့​သည် မြို့​တော်​ကို တစ်​ဖက်​တစ်​ချက်​တိုက်​ဝင်​ကြ​ပြီ ဟူ၍​လည်း​ကောင်း၊ လမ်း​ဝ​ကို ပိတ်​ထား၍ ရေ​ကန်​နား​မှာ မီး​ရှို့​ကြောင်း​နှင့်၊ စစ်​သူ​ရဲ​တို့​သည် ကြောက်​လန့်​လျက်​ရှိ​ကြ​ပြီ ဟူ၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အား ကြား​လျှောက်​အံ့​သော​ငှာ၊ မင်း​လု​လင်​ချင်း တစ်​ယောက်​ကို​တစ်​ယောက်၊ စေ​လွှတ်​သူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် တွေ့​ကြုံ​လျက် ပြေး​လာ​ကြ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 33,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန် သ​တို့​သ​မီး​သည် စ​ပါး​နယ်​ရ​သော ကောက်​နယ်​တ​လင်း​ကဲ့​သို့ ဖြစ်၏။ စ​ပါး​ရိတ်​ရာ​အ​ချိန်​နီး​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 34,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို ကိုက်​စား၍​နှိပ်​စက်​ပါ​ပြီ။ ငါ​တို့​ကို ဟင်း​လင်း​သော​အိုး ဖြစ်​စေ​ပါ​ပြီ။ န​ဂါး​မျို​တတ်​သ​ကဲ့​သို့ ငါ​တို့​ကို​မျို၍၊ ငါ​တို့​ပျော်​မွေ့​စ​ရာ​အ​ရာ​တို့​နှင့် မိ​မိ​ဝမ်း​ကို ပြည့်​စေ​ပါ​ပြီ။ ငါ​တို့​ကို နှင်​ထုတ်​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 35,
      "text": "ဇိ​အုန်​မြို့​သ​မီး​က၊ ငါ၏​ကိုယ်​နှင့် ငါ၏​အ​သား၌​ပြု​သော​အ​ဓ​မ္မ​အ​မှု​သည် ဗာ​ဗု​လုန်​မြို့​အ​ပေါ်​သို့ ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​က​လည်း၊ ငါ၏​အ​သွေး​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​အ​ပေါ်​သို့​ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း ဆို​ရ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 36,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မှု​ကို ငါ​စောင့်​မည်။ သင်​ခံ​ရ​သော​အ​ပြစ်​ကို ပြန်​ပေး​မည်။ သူ၏ ပင်​လယ်​ကို​လည်း​ကောင်း၊ သူ၏​စမ်း​ရေ​တွင်း​တို့​ကို​လည်း​ကောင်း ငါ​ခန်း​ခြောက်​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 37,
      "text": "ဗာ​ဗု​လုန်​မြို့​သည် အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ပြု​ရာ၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 38,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြို့​သား​တို့​သည် ခြင်္သေ့​ကဲ့​သို့ ဟောက်​သော​အ​သံ၊ ခြင်္သေ့​သ​ငယ်​ကဲ့​သို့ မြည်​သော​အ​သံ​ကို တ​ညီ​တည်း ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 39,
      "text": "သူ​တို့​သည် ပျော်​မွေ့​ကြ​မည်​အ​ကြောင်း​နှင့်၊ နောက်​တစ်​ဖန်​မ​နိုး​ဘဲ၊ အ​စဉ်​မ​ပြတ် အိပ်​ပျော်​မည်​အ​ကြောင်း၊ သူ​တို့​သည် ရွှင်​လန်း​အား​ကြီး​သော​အ​ခါ၊ သောက်​စ​ရာ​ဖို့ ငါ​တိုက်၍ ယစ်​မူး​စေ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 40,
      "text": "အ​သေ​သတ်​ခြင်း​ငှာ ဆွဲ၍​ချ​သော​သိုး​သ​ငယ်​ကို​ကဲ့​သို့​လည်း​ကောင်း၊ သိုး​ထီး၊ ဆိတ်​ထီး​ကို​ကဲ့​သို့​လည်း​ကောင်း ငါ​ဆွဲ၍​ချ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 41,
      "text": "ရှေ​ရှက်​မြို့​ကို​တိုက်၍​ရ​လေ​ပြီ​တ​ကား။ မြေ​တစ်​ပြင်​လုံး၌ ကျော်​စော​သော မြို့​ကို လု​ယူ​လေ​ပြီ​တ​ကား။ ဗာ​ဗု​လုန်​မြို့​သည် အ​ပြည်​ပြည်​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 42,
      "text": "ပင်​လယ်​သည် ဗာ​ဗု​လုန်​ပြည်​အ​ပေါ်​သို့​တက်၍၊ များ​စွာ​သော လှိုင်း​တံ​ပိုး​တို့​သည် လွှမ်း​မိုး​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 43,
      "text": "မြို့​များ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ်၊ သွေ့​ခြောက်​သော လွင်​ပြင်​ဖြစ်​ကြ​ပြီ။ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ ထို​လမ်း​ကို​မ​လျှောက်​ရ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 44,
      "text": "ဗာ​ဗု​လုန်​မြို့၌ ဗေ​လ​ဘု​ရား​ကို​လည်း ငါ​သည် ဒဏ်​ပေး​မည်။ သူ​မျို​သော​အ​ရာ​တို့​ကို တစ်​ဖန် အန်​စေ​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် နောက်​တစ်​ဖန် သူ့​ထံ​မှာ မ​စည်း​ဝေး​ရ​ကြ။ မြို့​ရိုး​လည်း ပြို​လဲ​လျက်​ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 45,
      "text": "ငါ၏​လူ​တို့၊ ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော​အ​မျက်​တော်​မှ၊ အ​သီး​အ​သီး ကိုယ်​အ​သက်​ကို ကယ်​နုတ်​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 46,
      "text": "ထို​ပြည်၌​ကြား​ရ​သော သ​တင်း​ကြောင့် စိတ်​မ​ပျက်၊ ကြောက်​လန့်​ခြင်း မ​ရှိ​ကြ​နှင့်။ တစ်​နှစ်​ထက်​တစ်​နှစ် သ​တင်း​ကြား​ရ​လိမ့်​မည်။ မင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လု​ယူ၍ ညှဉ်း​ဆဲ​ခြင်း​အ​မှု ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 47,
      "text": "ထို​နောက်​မှ ဗာ​ဗု​လုန်​မြို့၌ ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို ငါ​သည် ဒဏ်​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး မိန်း​မော​တွေ​ဝေ၍၊ သူ​ရဲ​အ​ပေါင်း​တို့​သည် မြို့​ထဲ​မှာ လဲ​လျက်​သေ​ကြ​သော အ​ချိန် ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 48,
      "text": "ထို​သို့ မြောက်​မျက်​နှာ​အ​ရပ်​က လု​ယူ​သော​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ မိုး​မြေ​မှ​စ၍ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​သည် ရွှင်​လန်း​သော​အ​သံ​ကို ပြု​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 49,
      "text": "ဗာ​ဗု​လုန်​မြို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး သူ​ရဲ​တို့​သည် လဲ၍​သေ​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​မြို့​ထဲ​မှာ ပြည်​သား သူ​ရဲ​အ​ပေါင်း​တို့​သည် လဲ၍​သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 50,
      "text": "ဓား​ဘေး​နှင့်​လွတ်​သော​သူ​တို့၊ သွား​ကြ​လော့။ ရပ်၍​မ​နေ​ကြ​နှင့်။ ဝေး​သော​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့၍၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း စိတ်​စွဲ​လမ်း​ကြ​လော့။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 51,
      "text": "ငါ​တို့​သည် ကဲ့​ရဲ့​သော​အ​သံ​ကို ကြား​သော​ကြောင့် အ​ရှက်​ကွဲ​လျက်၊ မျက်​နှာ​ပျက်​လျက် နေ​ရ​ကြ​ပါ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဗိ​မာန်​တော်​တွင်၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န​တော်​တို့၏ အ​ထဲ​သို့​ဝင်​ကြ​ပါ​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 52,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ပြည်​ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို ငါ​သည်​ဒဏ်​ပေး၍၊ တစ်​ပြည်​လုံး၌ ဒဏ်​ချက်​ထိ​သော​သူ​တို့​သည် ညည်း​တွား​ကြ​သော​အ​ချိန် ရောက်​လိမ့်​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 53,
      "text": "ဗာ​ဗု​လုန်​မြို့​သည် မိုး​ကောင်း​ကင်​သို့​တက်၍၊ မြို့​ရိုး​အ​ထွတ်​ကို ခိုင်​ခံ့​စွာ တည်​သော်​လည်း၊ ငါ​စေ​လွှတ်၍ လု​ယူ​သော​သူ​တို့​သည် သူ​ရှိ​ရာ​သို့ ရောက်​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 54,
      "text": "ဗာ​ဗု​လုန်​မြို့​မှ ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​ပြည်​မှာ ပြင်း​စွာ​သော ပျက်​စီး​သံ​ကို​လည်း​ကောင်း ကြား​ရ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 55,
      "text": "အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​ကို​ဖျက်​ဆီး၍၊ သူ​ပြု​တတ်​သော အ​သံ​ကြီး​ကို ငြိမ်း​စေ​တော်​မူ၏။ သူ၏​လှိုင်း​တံ​ပိုး​တို့​သည် အား​ကြီး​သော​ရေ​ကဲ့​သို့ ဟုန်​ဟုန်း​မြည်​သံ​ဖြင့်၊ ကြီး​စွာ​သော အ​သံ​ဗ​လံ​ကို ပြု​တတ်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 56,
      "text": "ဗာ​ဗု​လုန်​မြို့​ကို တိုက်​ဖျက်​လု​ယူ​သော​သူ​သည် ရောက်​လျှင်၊ မြို့​သား​စစ်​သူ​ရဲ​တို့​သည် ရန်​သူ​တို့​လက်​သို့ ရောက်၍၊ သူ​တို့​စွဲ​ကိုင်​သော လေး​ရှိ​သ​မျှ​တို့​သည် ကျိုး​ကြ၏။ အ​ကျိုး​အ​ပြစ်​ကို ပေး​တတ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆက်​ဆက်​ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 57,
      "text": "ဗာ​ဗု​လုန်​မင်း​သား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ၊ မင်း​အ​ရာ​ရှိ၊ ခွန်​အား​ကြီး​သော သူ​တို့​ကို ငါ​ယစ်​မူး​စေ​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန်​မ​နိုး​ဘဲ အ​စဉ်​မ​ပြတ် အိပ်​ပျော်​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 58,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒု​ကြီး​သော ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို အ​ကုန်​အ​စင်​ဖြို​ဖျက်၍၊ မြင့်​သော​မြို့​တံ​ခါး​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်၍၊ မီး၌​ပင်​ပန်း​ခြင်း​ကို ခံ​ရ​ကြ​ပြီ။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 59,
      "text": "ဗာ​ဗု​လုန်​မြို့​အ​ပေါ်​မှာ ရောက်​လ​တ္တံ့​သော၊ ဘေး​ဥ​ပဒ်​အ​ပေါင်း​တည်း​ဟူ​သော၊ ဗာ​ဗု​လုန်​မြို့​ကို ရည်​မှတ်၍ ရေး​ထား​သော ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ရေး​ကူး၍၊"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 60,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​လေး​နှစ်​တွင်၊ ရှင်​ဘု​ရင်​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​သွား​သော၊ မာ​သေ​ယ၏​သား​ဖြစ်​သော နေ​ရိ၏​သား အ​တွင်း​ဝန်​စ​ရာ​ယ​ကို မှာ​ထား​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 61,
      "text": "သင်​သည် ဗာ​ဗု​လုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု၍ ဖတ်​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 62,
      "text": "ထို​အ​ခါ​သင်​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​အ​ရပ်၌ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ အ​စဉ်​မ​ပြတ် ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ၍၊ သုတ်​သင်​ပယ်​ရှင်း​မည်​အ​ကြောင်း​ကို ခြိမ်း​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ရ​မည်။"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 63,
      "text": "ဤ​စာ​ကို အ​ကုန်​အ​စင်​ဖတ်​ပြီး​လျှင်၊ စာ​ပေါ်​မှာ ကျောက်​ကို​ချည်​ထား၍၊ ဥ​ဖ​ရတ်​မြစ်​အ​လယ်​မှာ​ချ​ပစ်​လျက်၊"
    },
    {
      "book": 24,
      "chapter": 51,
      "verse": 64,
      "text": "ဗာ​ဗု​လုန်​မြို့​သည် ဤ​သို့​နစ်​ရ​လိမ့်​မည်။ ငါ​ရောက်​စေ​သော ဘေး​ဥ​ပဒ်​ထဲ​က နောက်​တစ်​ဖန် မ​ထ​မြောက်​ရ။ မြို့​သူ​မြို့​သား​တို့​သည် အား​ကုန်​လျက် နေ​ရ​ကြ​လိမ့်​မည်​ဟု၊ မြွက်​ဆို​ရ​မည်​အ​ကြောင်း​ကို၊ ယေ​ရ​မိ​သည် မှာ​ထား​လေ၏။ ဤ​ရွေ့​ကား၊ ယေ​ရ​မိ​စ​ကား​ပေ​တည်း။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 1,
      "text": "ဇေ​ဒ​ကိ​မင်း​သည် အ​သက်​နှစ်​ဆယ်​တစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သူ ယေ​ရ​မိ​သ​မီး ဟာ​မု​တာ​လ​ဖြစ်​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 2,
      "text": "ထို​မင်း​သည် ယော​ယ​ကိမ်​မင်း​ပြု​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 4,
      "text": "ဇေ​ဒ​ကိ​မင်း နန်း​စံ​ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုတ်​တို့​ကို တူး​လုပ်​ပြီး​မှ၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 5,
      "text": "ဇေ​ဒ​ကိ​မင်း နန်း​စံ တစ်​ဆယ်​တစ်​နှစ်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 6,
      "text": "ထို​နှစ်၊ စ​တု​တ္ထ​လ ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန် အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 7,
      "text": "ခါ​လ​ဒဲ​လူ​တို့​သည် မြို့​ရိုး​ကို ဖြို​ဖောက်၍၊ မြို့​ကို​လည်း​ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား၊ ဥ​ယျာဉ်​တော်​နား​တံ​ခါး​ဝ​ဖြင့် ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 8,
      "text": "ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ကို လိုက်၍၊ ယေ​ရိ​ခေါ​လွင်​ပြင်၌​မီ​သ​ဖြင့် ဇေ​ဒ​ကိ​မင်း၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 9,
      "text": "ရန်​သူ​တို့​သည် ရှင်​ဘု​ရင်​ကို ဖမ်း​ဆီး၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့​သို့​ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန် ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 10,
      "text": "ဇေ​ဒ​ကိ​မင်း၏​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ရိ​ဗ​လ​မြို့​မှာ ယု​ဒ​မှူး​မတ်​အ​ပေါင်း​တို့​ကို​လည်း သတ်​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 11,
      "text": "ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့​ယူ​သွား​သ​ဖြင့်၊ သေ​သည်​တိုင်​အောင် ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 12,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ကိုး​နှစ်၊ ပ​ဥ္စ​မ​လ ဆယ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 13,
      "text": "ဗိ​မာန်​တော်၊ နန်း​တော်၊ မင်း​အိမ်၊ ဆင်း​ရဲ​သား​အိမ်​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 14,
      "text": "ကိုယ်​ရံ​တော်​မှူး၌​ပါ​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရိုး ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​ကြ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 15,
      "text": "ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ ကျန်​ကြွင်း​သော​ဆင်း​ရဲ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ဘက်​သို့ ကူး​သွား​နှင့်​သော​မြို့​သား၊ ကြွင်း​သ​မျှ​သော​သူ​တို့​ကို သိမ်း​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 16,
      "text": "သို့​ရာ​တွင်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​ပြု​စု၍ လယ်​လုပ်​စေ​ခြင်း​ငှာ၊ ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ထား​ခဲ့​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 17,
      "text": "ဗိ​မာန်​တော်၌ ကြေး​ဝါ​တိုင်​တို့​ကို​လည်း​ကောင်း၊ ကြေး​ဝါ​ရေ​ကန်​ကို​လည်း​ကောင်း၊ ရေ​ချိုး​အင်​တုံ အ​ခြေ​အ​မြစ်​တို့​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​လူ​တို့​သည် ချိုး​ဖဲ့၍၊ ကြေး​ဝါ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 18,
      "text": "အိုး​ကင်း၊ တူး​ရွင်း​ပြား၊ မီး​ညှပ်၊ အိုး၊ ဇွန်း​မှ​စ၍ အ​မှု​တော်​ထမ်း​စ​ရာ၊ ကြေး​ဝါ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း ယူ​သွား​ကြ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 19,
      "text": "ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော အင်​တုံ၊ လင်​ပန်း၊ အိုး၊ အိုး​ကင်း၊ မီး​ခုံ၊ ဇွန်း၊ ဖ​လား​များ​ကို၊ ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 20,
      "text": "ဗိ​မာန်​တော်၌ ရှော​လ​မုန်​မင်း​ကြီး လုပ်​သော​တိုင်​နှစ်​တိုင်၊ ရေ​ကန်​တစ်​ခု၊ ရေ​ကန်​ခံ​စ​ရာ အ​ခြေ​အ​မြစ် ကြေး​ဝါ​နွား တစ်​ဆယ်​နှစ်​ခု၌​ပါ​သော​ကြေး​ဝါ​သည် အ​ချိန်​အား​ဖြင့် အ​တိုင်း​မ​သိ​များ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 21,
      "text": "တိုင်​အ​မြင့်​ကား၊ တစ်​ဆယ်​ရှစ်​တောင်​ရှိ၏။ လုံး​ပတ်​မှု​ကား၊ တစ်​ဆယ်​နှစ်​တောင် ရှည်​သော ကြိုး​တစ်​ပတ်​ရှိ၏။ ခေါင်း​ပွ​ဖြစ်၍ ဒု​လေး​သစ်​ရှိ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 22,
      "text": "ကြေး​ဝါ​တိုင်​ထိပ်​လည်း​ရှိ၏။ တိုင်​ထိပ်​အ​မြင့်​ကား၊ ငါး​တောင်​ရှိ၍ ထိပ်​ပတ်​လည် ကြေး​ဝါ​ကွန်​ရွက်၊ ကြေး​ဝါ​သ​လဲ​သီး​တို့​နှင့် ပြည့်​စုံ၏။ အ​ခြား​သော​တိုင်​သည်​လည်း၊ ထို​အ​တူ​ဖြစ်၍ သ​လဲ​သီး​တို့​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 23,
      "text": "တိုင်​တစ်​မျက်​နှာ၌ သ​လဲ​သီး ကိုး​ဆယ်​ခြောက်​လုံး​စီ​ရှိ၍၊ ကွန်​ရွက်​တစ်​ဖက်၌ သ​လဲ​သီး​ပေါင်း တစ်​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 24,
      "text": "ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 25,
      "text": "စစ်​သူ​ရဲ​တို့​ကို အုပ်​သော ဗိုလ်​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော တိုင်​ပင်​မှူး​မတ် ခု​နစ်​ယောက်၊ ပြည်​သူ​ပြည်​သား​များ​ကို နှိုး​ဆော်​သော တပ်​စာ​ရေး​ကြီး​တစ်​ယောက်၊ မြို့​ထဲ၌​တွေ့​မိ​သော ပြည်​သား​ခြောက်​ဆယ်​တို့​ကို မြို့​ထဲ​က​ခေါ်​သွား၍၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 26,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ရိ​ဗ​လ​မြို့​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 27,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို​ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 28,
      "text": "နေ​ဗု​ခဒ်​နေ​ဇာ​မင်း သိမ်း​သွား​သော လူ​ဟူ​မူ​ကား၊ နန်း​စံ​ခု​နစ်​နှစ်​တွင်၊ ယု​ဒ​အ​မျိုး​သား သုံး​ထောင်​နှစ်​ဆယ် သုံး​ယောက်​တို့​ကို သိမ်း​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 29,
      "text": "တစ်​ဆယ်​ရှစ်​နှစ်​တွင်၊ လူ​ရှစ်​ရာ​သုံး​ဆယ်​နှစ်​ယောက်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ သိမ်း​သွား​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 30,
      "text": "နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယု​ဒ​အ​မျိုး​သား ခု​နစ်​ရာ​လေး​ဆယ်​ငါး​ယောက်​တို့​ကို သိမ်း​သွား၏။ လူ​အ​ပေါင်း​ကား၊ လေး​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 31,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ချုပ်​ခံ​ရ​သော သ​က္က​ရာဇ်​သုံး​ဆယ်​ခု​နစ်​နှစ်၊ ဒွါ​ဒ​သ​မ​လ နှစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဧ​ဝိ​လ​မ​ရော​ဒက် နန်း​စံ​စ​က ယု​ဒ​ရှင်​ဘု​ရင်​ယေ​ခေါ​နိ​ကို ထောင်​ထဲ​က​နုတ်၍ ချမ်း​သာ​ပေး​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 32,
      "text": "ကောင်း​မွန်​စွာ​နှုတ်​ဆက်၍ သူ၏​ပ​လ္လင်​ကို ဗာ​ဗု​လုန်​မြို့​မှ အ​ထံ​တော်၌​ရှိ​သော မင်း​ကြီး​များ​ထိုင်​ရာ ပ​လ္လင်​တို့​ထက် ချီး​မြှင့်​လေ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 33,
      "text": "ယေ​ခေါ​နိ​မင်း​သည် ထောင်​ထဲ​မှာ​ဝတ်​သော အ​ဝတ်​ကို​လဲ၍၊ အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး အ​စဉ်​မ​ပြတ် အ​ထံ​တော်၌ စား​သောက်​ရ၏။"
    },
    {
      "book": 24,
      "chapter": 52,
      "verse": 34,
      "text": "မ​သေ​မီ​တိုင်​အောင် အ​သက်​ရှည်​သ​မျှ နေ့​ရက်​အ​စဉ်​မ​ပြတ် သူ​စား​စ​ရာ​ဖို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ ပ​ရော​ဖက်​ယေ​ရ​မိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း ပြီး၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 1,
      "text": "စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 2,
      "text": "ည​အ​ခါ ပြင်း​စွာ​ငို​ကြွေး၍၊ သူ၏​ပါး​သည် မျက်​ရည်​နှင့် စို​စွတ်​လေ၏။ ရည်း​စား​အ​ပေါင်း​တို့​တွင် နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ မ​ရှိ။ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် သ​စ္စာ​ပျက်၍ ရန်​သူ​ဖြစ်​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 3,
      "text": "ယု​ဒ​သ​တို့​သ​မီး​သည် ညှဉ်း​ဆဲ​ခြင်း၊ ကြမ်း​တမ်း​စွာ စေ​စား​ခြင်း​ကို​ခံ​ရ​သော​ကြောင့် ပြောင်း​သွား​ပြီ။ သာ​သ​နာ​ပ​လူ​တို့ အ​ထဲ​မှာ​နေ​လျက် ချမ်း​သာ​မ​ရ။ လိုက်​သော သူ​အ​ပေါင်း​တို့​သည် ကျဉ်း​မြောင်း​ရာ၌ မီ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 4,
      "text": "အ​ဘယ်​သူ​မျှ ပွဲ​သ​ဘင်​သို့ မ​လာ​သော​ကြောင့်၊ ဇိ​အုန်​လမ်း​တို့​သည် ညည်း​တွား​ကြ၏။ သူ၏​မြို့​တံ​ခါး​ရှိ​သ​မျှ​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ကြ၏။ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ညည်း​တွား​ကြ၏။ သူ၏​သ​မီး​က​ညာ​တို့​သည်​လည်း နာ​ကြည်း​သော​စိတ်​ရှိ၍၊ သူ​သည် ကိုယ်​တိုင် ညှိုး​ငယ်​လျက်​နေ​ရ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 5,
      "text": "သူ​ပြစ်​မှား​သော အ​ပြစ်​များ​ပြား​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် အ​စိုး​ရ၍၊ သူ၏​ရန်​သူ​တို့​သည် ကောင်း​စား​ကြ​ပြီ။ သူ၏​သား​သ​မီး​တို့​ကို​လည်း ရန်​သူ​သိမ်း​သွား​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 6,
      "text": "ဇိ​အုန်​သ​တို့​သ​မီး၏ ဂုဏ်​အ​သ​ရေ​သည် အ​ကြွင်း​မဲ့​ကွယ်​ပျောက်၏။ သူ၏​မင်း​သား​တို့​သည် ကျက်​စား​ရာ​ကို ရှာ၍​မ​တွေ့​သော သ​မင်​ဒ​ရယ်​ကဲ့​သို့ ဖြစ်၍၊ လိုက်​သော​သူ​ရှေ့​မှာ အား​မ​ရှိ​ဘဲ ပြေး​သွား​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 7,
      "text": "ယေ​ရု​ရှ​လင်​မြို့​သည် ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို ခံ​ရ​စဉ်​တွင်၊ အ​ရင်​ခံ​စား​ဖူး​သော စည်း​စိမ်​ကို အောက်​မေ့၏။ သူ၏​လူ​တို့​သည် ရန်​သူ​လက်​သို့​ရောက်၍ မ​စ​သော​သူ မ​ရှိ​သော​အ​ခါ၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် သူ၏​အ​မှု​ကို​မြင်၍၊ သူ၏​ဆုံး​ခြင်း​ကို ကဲ့​ရဲ့​ကြ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 8,
      "text": "ယေ​ရု​ရှ​လင်​မြို့ ပြစ်​မှား​သော​အ​ပြစ်​သည် အ​လွန်​များ​သော​ကြောင့်၊ ရွံ​ရှာ​ဖွယ် ဖြစ်​လေ၏။ သူ့​ကို ရို​သေ​ဖူး​သော​သူ​အ​ပေါင်း​တို့​သည် သူ၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို မြင်​သော​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ သူ​သည်​လည်း ညည်း​တွား၍ နောက်​သို့​ပြန်​သွား​လေ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 9,
      "text": "သူ၌ မ​စင်​ကြယ်​သော လ​က္ခ​ဏ​ထင်​ရှား​သော်​လည်း၊ နောက်​ခံ​ရ​သော​အ​ပြစ်​ကို မ​အောက်​မေ့။ ထို​ကြောင့်၊ မျက်​နှာ​ပေး​သော​သူ မ​ရှိ​ဘဲ အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့် နှိမ့်​ချ​ခြင်း​သို့​ရောက်​လေ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ရန်​သူ​သည် ကိုယ်​ကို ချီး​မြှောက်​ပါ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 10,
      "text": "ရန်​သူ​သည် သူ၏​စည်း​စိမ်​ကို လု​ယူ​ပါ​ပြီ။ ပ​ရိ​သတ်​တော်​ထဲ​သို့ မ​ဝင်​ရ​ဟု မြစ်​တား​တော်​မူ​သော သာ​သ​နာ​ပ​လူ​တို့​သည် သူ၏ သန့်​ရှင်း​ရာ​ဌာ​န​တောင်​ထဲ​သို့​ဝင်​ကြောင်း​ကို သူ​မြင်​ရ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 11,
      "text": "သူ၏​လူ​အ​ပေါင်း​တို့​သည် ညည်း​တွား​လျက်၊ မုန့်​ကို​ရှာ​လျက် နေ​ကြ၏။ သေ​ဘေး​နှင့် လွတ်​ခြင်း​ငှာ မိ​မိ​စည်း​စိမ်​ကို စား​စ​ရာ​ဖို့ စွန့်​ရ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​ကြောင့် ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 12,
      "text": "အို ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့၊ ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ အ​မျက်​တော်​ထွက်​သော​နေ့၌ ငါ့​ကို​ညှဉ်း​ဆဲ၍၊ ဖြစ်​စေ​တော်​မူ​သော ဒု​က္ခ​နှင့်​တူ​သော ဒု​က္ခ​ရှိ​သ​လော။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 13,
      "text": "အ​ထက်​မှ​မီး​ကို ငါ့​အ​ရိုး​ထဲ​သို့ လွှတ်​လိုက်၍ ကြေ​မွေ​စေ​တော်​မူ​ပြီ။ ငါ့​ခြေ​ကို ကျော့​မိ​စေ​ခြင်း​ငှာ ကျော့​ကွင်း​ထောင်၍ ငါ့​ကို​ပြန်​စေ​တော်​မူ​ပြီ။ တစ်​နေ့​လုံး​ညှိုး​ငယ်​ခြင်း​အ​ကြောင်း၊ စိတ်​ပျက်​ခြင်း​အ​ကြောင်း​ကို ငါ၌ ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 14,
      "text": "ငါ​ပြစ်​မှား​သော အ​ပြစ်​ထမ်း​ပိုး​ကို လက်​တော်​နှင့် ငါ့​လည်​ပင်း​ပေါ်၌​တပ်၍ ချည်​နှောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​လျော့​စေ၍၊ ငါ​မ​ဆီး​တား​နိုင်​သော သူ့​တို့​လက်​သို့ ရောက်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သူ​ရဲ​အ​ပေါင်း​တို့​ကို ငါ့​အ​လယ်၌ ကျော်​နင်း​တော်​မူ​ပြီ။ ငါ၏​လူ​ပျို​တို့​ကို နှိပ်​စက်​ခြင်း​ငှာ လူ​အ​လုံး​အ​ရင်း​ကို ခေါ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​သ​တို့​သ​မီး​က​ညာ​ကို စ​ပျစ်​သီး​နယ်​ရာ​ကျင်း၌ နင်း​နယ်​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 16,
      "text": "ထို​အ​ကြောင်း​ကြောင့် ငါ​သည်​ငို​ရ၏။ မျက်​ရည်​ကျ​လျက်​ရှိ၏။ ငါ့​အ​သက်​ကို ထောက်​မ၍ ငါ့​ကို နှစ်​သိမ့်​စေ​သော​သူ​သည် ငါ​နှင့်​ဝေး​ပါ၏။ ရန်​သူ​နိုင်​သော​ကြောင့် ငါ့​သား​သ​မီး​တို့​သည် ပျောက်​ပျက်​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 17,
      "text": "ဇိ​အုန်​သ​တို့​သ​မီး​သည် မိ​မိ​လက်​ဝါး​တို့​ကို​ဖြန့်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ပတ်​လည်၌ ရန်​သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သည် သူ​တို့​တွင် ရွံ​ရှာ​ဖွယ် ဖြစ်​လေ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ ငါ​သည် ပ​ညတ်​တော်​ကို လွန်​ကျူး​မိ​ပြီ။ လူ​မျိုး​ခပ်​သိမ်း​တို့၊ နား​ထောင်၍ ငါ၏​ဒု​က္ခ​ကို ဆင်​ခြင်​ကြ​ပါ​လော့။ ငါ၏​လူ​ပျို​နှင့် အ​ပျို​တို့​ကို သိမ်း​သွား​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 19,
      "text": "ငါ​သည် ရည်း​စား​တို့​ကို​ခေါ်၍ သူ​တို့​သည် သ​စ္စာ​မ​ရှိ​ကြ။ ငါ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ငါ၏​အ​သက်​ကြီး​သူ​တို့​သည် ကိုယ်​အ​သက်​မွေး​ဖို့ စား​စ​ရာ​ကို​ရှာ​စဉ်​ပင် မြို့​ထဲ၌ အ​သက်​ချုပ်​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 20,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​ပင်​ပန်း​ပါ၏။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ​ပါ၏။ နှ​လုံး​မှောက်​လျက် ရှိ​ပါ၏။ အ​ကျွန်ုပ်​သည် အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ပြင်​မှာ ဓား​ဘေး​နှင့် တွေ့​ရ​ပါ​ပြီ။ အ​တွင်း၌​လည်း သေ​မင်း​နေ​သ​ကဲ့​သို့ ရှိ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 21,
      "text": "အ​ကျွန်ုပ် ညည်း​တွား​သံ​ကို​ကြား​သော​သူ​တို့​တွင်၊ နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်၌ ရောက်​သော​အ​မှု​ကို အ​ကျွန်ုပ်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ကြား​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သည်​ကို ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​ချိန်း​ချက်​သော နေ့​ရက်​ကို ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် အ​ကျွန်ုပ်​ကဲ့​သို့​ပင် ဖြစ်​ကြ​ပါ​စေ​သော။"
    },
    {
      "book": 25,
      "chapter": 1,
      "verse": 22,
      "text": "သူ​တို့၏ ဒု​စ​ရိုက်​အ​လုံး​စုံ​တို့​ကို စစ်​ကြော​တော်​မူ​ပါ။ အ​ကျွန်ုပ် ပြစ်​မှား​မိ​သ​မျှ​သော​အ​ပြစ်​တို့​ကြောင့်၊ အ​ကျွန်ုပ်၌ ပြု​တော်​မူ​သ​ကဲ့​သို့ သူ​တို့၌ ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ညည်း​တွား​ခြင်း​များ​ပြား၍ စိတ်​ပျက်​လျက်​ရှိ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး​ကို အ​မျက်​တော်​မိုး​တိမ်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ဂုဏ်​အ​သ​ရေ​ကို ကောင်း​ကင်​မှ​မြေ​ကြီး​တိုင်​အောင် ချ​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​ချိန်၌ ခြေ​တော်​တင်​ရာ​ခုံ​ကို မ​အောက်​မေ့​ဘဲ နေ​တော်​မူ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​မ​ရှိ​ဘဲ၊ ယာ​ကုပ်​အ​မျိုး၏​နေ​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို မျို​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​သ​ဖြင့် ယု​ဒ​သ​တို့​သ​မီး၏​ရဲ​တိုက်​တို့​ကို မြေ​တိုင်​အောင် ဖြို​ဖျက်၍၊ နိုင်​ငံ​တော်​နှင့် မင်း​သား​တို့​ကို ရှုတ်​ချ​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 3,
      "text": "ပြင်း​စွာ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ၏ ဦး​ချို​ရှိ​သ​မျှ​တို့​ကို ဖြတ်​တော်​မူ​ပြီ။ ရန်​သူ​ရှေ့​မှာ လက်​ရုံး​တော်​ကို ရုပ်​သိမ်း​တော်​မူ​ပြီ။ အ​ရပ်​ရပ်​လောင်​သော မီး​တောက်​ကဲ့​သို့ ယာ​ကုပ်​အ​မျိုး​ကို လောင်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 4,
      "text": "ရန်​သူ​ကဲ့​သို့ လေး​ကို​တင်​လျက်၊ ရန်​ဘက်​ပြု​သော​သူ​ကဲ့​သို့ လက်​ယာ​လက်​ကို ချီ​ကြွ​လျက်၊ တင့်​တယ်​ခြင်း အ​သ​ရေ​ရှိ​သော သူ​အ​ပေါင်း​တို့​ကို သတ်​တော်​မူ​ပြီ။ ဇိ​အုန်​သ​တို့​သ​မီး၏​နေ​ရာ​တဲ​ပေါ်​မှာ မီး​ကဲ့​သို့​သော အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘုံ​ဗိ​မာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း မျို​တော်​မူ​ပြီ။ ရဲ​တိုက်​တို့​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ ယု​ဒ​သ​တို့​သ​မီး ငို​ကြွေး​မြည်​တမ်း​သော အ​ကြောင်း​တို့​ကို များ​ပြား​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 6,
      "text": "ဝင်း​တော်​ကို တောင်​ယာ​ခြံ​ကဲ့​သို့ အ​မှတ်​ပြု၍ ချိုး​ဖျက်​တော်​မူ​ပြီ။ မိ​မိ​ပွဲ​သ​ဘင်​တော်​ကို ဖျက်​ဆီး​တော်​မူ​ပြီ။ ဇိ​အုန်​မြို့၌​ခံ​သော ဓ​မ္မ​ပွဲ​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား မေ့​စေ​တော်​မူ​ပြီ။ အ​မျက်​တော်​အ​ရှိန်​ပြင်း၍ ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို မ​ရှု​မ​မှတ်​ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ယဇ်​ပ​လ္လင်​တော်​ကို ပယ်​တော်​မူ​ပြီ။ မိ​မိ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို စက်​ဆုပ်​တော်​မူ​ပြီ။ ဘုံ​ဗိ​မာန်​တော်​ကို ရန်​သူ​လက်​သို့​အပ်​တော်​မူ​သ​ဖြင့်၊ ပွဲ​သ​ဘင်​ခံ​သော​နေ့၌ အ​သံ​ပြု​သ​ကဲ့​သို့၊ ရန်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​သံ​ပြု​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး၏​မြို့​ရိုး​ကို ဖြို​ဖျက်​မည်​ဟု အ​ကြံ​တော်​ရှိ​သည်​အ​တိုင်း၊ ကြိုး​ကို​တန်း၍ အ​စဉ်​မ​ပြတ် ဖြို​ဖျက်​တော်​မူ​သ​ဖြင့်၊ အ​တွင်း​မြို့​ရိုး​နှင့် ပြင်​မြို့​ရိုး​တို့​သည် အ​တူ​ညည်း​တွား၍ ငို​ကြွေး​မြည်​တမ်း​ရ​မည် အ​ကြောင်း​ပြု​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 9,
      "text": "မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 10,
      "text": "ဇိ​အုန်​သ​တို့​သ​မီး၏ အ​သက်​ကြီး​သူ​တို့​သည် မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ​ပစ်​တင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ မြေ​ပေါ်​မှာ​ထိုင်၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​သူ​က​ညာ​တို့​သည် ခေါင်း​ကို ငိုက်​ဆိုက်​ညွှတ်​လျက် နေ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 11,
      "text": "ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ​သည်​မျက်​ရည်​ကျ၍ မျက်​စိ​ပျက်​လေ​ပြီ။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ၍ အ​သည်း​လည်း မြေ​ပေါ်​မှာ သွန်း​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​ငယ်​နှင့် နို့​စို့​က​လေး​တို့​သည် မြို့​လမ်း၌ အား​ပျက်​လျက်​နေ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 12,
      "text": "သူ​တို့​က​လည်း၊ ဆန်​စ​ပါး​နှင့် စ​ပျစ်​ရည်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ ရန်​သူ​ညှဉ်း​ဆဲ​သော​သူ​ကဲ့​သို့ မြို့​လမ်း၌​အား​ပျက်​လျက်၊ အ​မိ​ရင်​ခွင်၌ မိ​မိ​အ​သက်​ကို သွန်း​လျက်၊ အ​မိ​ကို မေး​တတ်​ကြ​သည်​တ​ကား။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 13,
      "text": "အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 14,
      "text": "သင်၏ ပ​ရော​ဖက်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ၊ မိုက်​သော​အ​ရာ​တို့​ကို သင့်​အ​ဖို့​မြင်​ကြ​ပြီ။ သိမ်း​သွား​ချုပ်​ထား​သော အ​မှု​ကို ပြေ​စေ​ခြင်း​ငှာ၊ သင်၏​အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ မှား​သော​ရူ​ပါ​ရုံ၊ လမ်း​လွဲ​စ​ရာ​အ​ရာ​ကို သင့်​အ​ဖို့ မြင်​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 15,
      "text": "လမ်း၌ လျှောက်​သွား​သ​မျှ​သော​သူ​တို့​က၊ ဂုဏ်​သ​ရေ​အထွတ်၊ မြေ​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ​ဘွဲ့​ရှိ​သော မြို့​ကား ဤ​မြို့​လော​ဟု၊ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​ကို လက်​ခုပ်​တီး​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ ခေါင်း​ကို ညိတ်​လျက် မေး​တတ်​ကြ၏။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 16,
      "text": "သင်၏​ရန်​သူ​အ​ပေါင်း​တို့​သည် သင့်​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ၏။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ။ အ​ကယ်​စင်​စစ် ဤ​သည်​နေ့​ကား၊ ငါ​တို့​မျှော်​လင့်​ခဲ့​ပြီး​သော နေ့​ဖြစ်၏။ ငါ​တို့​တွေ့​မြင်​ရ​ပြီ​ဟု ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ အံ​သွား​ကို ခဲ​ကြိတ်​လျက် ဆို​ကြ၏။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကြံ​စည်​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ ရှေး​ကာ​လ၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ မ​နှ​မြော​ဘဲ ဖြို​ဖျက်​တော်​မူ​ပြီ။ ရန်​သူ​သည် သင်၏​အ​ပေါ်​မှာ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး၍၊ ရန်​သူ၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 18,
      "text": "သူ​တို့​သည် စိတ်​နှ​လုံး​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ အို ဇိ​အုန်​သ​တို့​သ​မီး၏ မြို့​ရိုး၊ သင်၏​မျက်​ရည်​သည် မြစ်​ရေ​စီး​သ​ကဲ့​သို့ နေ့​ည​မ​ပြတ် စီး​စေ​လော့။ ကိုယ်​ကို​ကိုယ် မ​ငြိမ်း​စေ​နှင့်။ သင်၏​မျက်​ဆန်​ကို​လည်း မ​ငြိမ်း​စေ​နှင့်။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 19,
      "text": "ညဉ့်​ဦး​ယံ​အ​ချိန်၌ ထ၍ အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏​မျက်​နှာ​တော်​ရှေ့​မှာ သင်၏​နှ​လုံး​ကို ရေ​ကဲ့​သို့ သွန်း​လောင်း​လော့။ ငတ်​မွတ်၍ ခပ်​သိမ်း​သော​လမ်း​ဝ​မှာ အား​ပျက်​လျက်​နေ​သော သင်၏​သူ​ငယ်​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ အ​ထံ​တော်​သို့ သင်၏​လက်​ကို ချီ​ဆန့်​လော့။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 20,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ဘယ်​သူ၌ ဤ​သို့​စီ​ရင်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။ မိန်း​မ​သည် မိ​မိ​ရင်​သွေး၊ မိ​မိ​ချီ​ပိုက်​သော သား​ကို​စား​ရ​ပါ​မည်​လော။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ပါ​မည်​လော။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 21,
      "text": "လူ​အ​ကြီး​အ​ငယ်​တို့​သည် လမ်း၌ မြေ​ပေါ်​မှာ တုံး​လုံး​နေ​ရ​ကြ​ပါ၏။ အ​ကျွန်ုပ်၏ လူ​ပျို​နှင့် အ​ပျို​တို့​သည် ဓား​ဖြင့် သေ​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​သော​နေ့၌၊ သူ​တို့​ကို​မ​သ​နား​ဘဲ ကွပ်​မျက်​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 2,
      "verse": 22,
      "text": "ပွဲ​သ​ဘင်​နေ့၌ လူ​တို့​ကို​ခေါ်​ဖိတ်​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​ပတ်​လည်၌ ကြောက်​မက်​ဖွယ်​သော အ​ရာ​တို့​ကို ခေါ်​ဖိတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သော​နေ့၌ အ​ဘယ်​သူ​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​ရ​ပါ။ အ​ကျွန်ုပ် ချီ​ပိုက်​ကျွေး​မွေး​သော သူ​တို့​ကို အ​ကျွန်ုပ်၏​ရန်​သူ​သည် ဖျက်​ဆီး​ပါ​ပြီ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 1,
      "text": "ငါ​သည် ဘု​ရား​သ​ခင်၏​အ​မျက်​တော်​ကြိမ်​လုံး​အောက်၌ ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 2,
      "text": "ငါ့​ကို​သွေး​ဆောင်၍ အ​လင်း​သို့​မ​ပို့၊ မှောင်​မိုက်​ထဲ​သို့ ပို့​ဆောင်​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 3,
      "text": "အ​ကယ်​စင်​စစ် ငါ့​ကို​တစ်​နေ့​လုံး အ​ထပ်​ထပ် ဒဏ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 4,
      "text": "ငါ့​အ​ရေ​နှင့် အ​သား​ကို ဆွေး​ရိ​စေ၍ ငါ့​အ​ရိုး​တို့​ကို​လည်း ချိုး​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 5,
      "text": "ငါ့​တစ်​ဖက်၌ တပ်​တည်၍ ခါး​သော​အ​ရာ၊ ပင်​ပန်း​စ​ရာ​အ​ကြောင်း​တို့​နှင့် ပိုင်း​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 6,
      "text": "သေ​လွန်​သော​သူ​တို့​ကို ပြု​တတ်​သ​ကဲ့​သို့၊ ငါ့​ကို မိုက်​သော​အ​ရပ်၌ ထား​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 7,
      "text": "ငါ​မ​ထွက်​နိုင်​အောင်​ဝင်း​ခတ်၍၊ လေး​သော သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 8,
      "text": "ထို​မျှ​မ​က ငါ​သည်​ကြွေး​ကြော်​အော်​ဟစ်၍ ဆု​တောင်း​သော်​လည်း ငြင်း​ပယ်​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 9,
      "text": "ငါ​သွား​ရာ​လမ်း​ကို​ကျောက်​ထ​ရံ​နှင့် ပိတ်၍၊ ကောက်​သော​လမ်း​ဖြင့် သွား​စေ​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 10,
      "text": "ငါ့​ကို ချောင်း​မြောင်း​သော​ဝက်​ဝံ​ကဲ့​သို့​လည်း​ကောင်း၊ မ​ထင်​ရှား​သော အ​ရပ်၌​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 11,
      "text": "ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 12,
      "text": "လေး​တော်​ကို​တင်၍ ပြစ်​စ​ရာ​စက်​အ​ရာ၌ ငါ့​ကို ထား​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 13,
      "text": "မြား​တော်​တို့​ကို​လည်း၊ ငါ့​ကျောက်​ကပ်​ကို ခွင်း​စေ​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 14,
      "text": "ငါ​သည်​ငါ၏​လူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​နှင့် တစ်​နေ့​လုံး သီ​ချင်း​ဆို​စ​ရာ​အ​ကြောင်း​ဖြစ်​ပါ​သည်​တ​ကား။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 15,
      "text": "ခါး​သော​ဆေး​နှင့် ငါ့​ကို​ဖြည့်၍၊ ဒေါ​န​နှင့် ယစ်​မူး​စေ​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 16,
      "text": "ကျောက်​စ​ရစ်​ကို​ကျွေး၍ ငါ့​သွား​တို့​ကို ချိုး​တော်​မူ၏။ မီး​ဖို​ပြာ​နှင့် ဖုံး​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 17,
      "text": "ငါ၏​ဝိ​ညာဉ်​ကို ချမ်း​သာ​နှင့်​ဝေး​စွာ​ရွှေ့​တော်​မူ​သော​ကြောင့်၊ ငါ​သည် မင်္ဂ​လာ​အ​ကြောင်း​ကို မေ့​လျော့၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 18,
      "text": "သို့​ဖြစ်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စွမ်း​သ​တ္တိ​နှင့် မျှော်​လင့်​စ​ရာ​အ​ကြောင်း ပျက်​လေ​ပြီ​ဟု ဆို​ရ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 19,
      "text": "အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို​လည်း​ကောင်း၊ ဒေါ​န​နှင့် သည်း​ခြေ​အ​ရည်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 20,
      "text": "ဧ​ကန်​အ​မှန် အောက်​မေ့​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 21,
      "text": "ထို​သို့ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​သည် ဆင်​ခြင်၍​သ​တိ​ရ​သော​အ​ခါ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 22,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 23,
      "text": "နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 24,
      "text": "ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 25,
      "text": "ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 26,
      "text": "ကယ်​တင်​တော်​မူ​မည်​ဟု မျှော်​လင့်​လျက်၊ ငြိမ်​ဝပ်​စွာ​စောင့်၍​နေ​ကောင်း၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 27,
      "text": "လူ​သည် အ​သက်​ပျို​စဉ်​အ​ခါ ထမ်း​ပိုး​ကို​ထမ်း​ကောင်း၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 28,
      "text": "ထမ်း​ပိုး​ကို တင်​တော်​မူ​သော​ကြောင့် တစ်​ယောက်​တည်း​ထိုင်၍ ငြိမ်​ဝပ်​စွာ​နေ​စေ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 29,
      "text": "မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ကောင်း​ရှိ​လိမ့်​မည်​ဟု ထင်​လျက်၊ မိ​မိ​နှုတ်​ကို မြေ​မှုန့်၌​ကပ်​စေ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 30,
      "text": "ရိုက်​သော​သူ​အား မိ​မိ​ပါး​ကို​ပေး၍၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် ပြည့်​ဝ​စေ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 31,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မ​မူ​တတ်။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 32,
      "text": "ဝမ်း​နည်း​စေ​တော်​မူ​သော်​လည်း၊ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ သ​နား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 33,
      "text": "ဆင်း​ရဲ​စေ​ချင်​သော စိတ်​နှင့် လူ​သား​တို့​ကို​ညှဉ်း​ဆဲ၍ ဝမ်း​နည်း​စေ​တော်​မူ​သည် မ​ဟုတ်။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 34,
      "text": "ချုပ်​ထား​သော ပြည်​သား​အ​ပေါင်း​တို့​ကို​ခြေ​နှင့် နင်း​ကြိတ်​ခြင်း​အ​မှု၊"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 35,
      "text": "လူ​ခံ​ထိုက်​သော​တ​ရား​ကို အ​မြင့်​ဆုံး​သော​ဘု​ရား​မျက်​မှောက်၌ ဖျက်​ခြင်း​အ​မှု၊"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 36,
      "text": "သူ​တစ်​ပါး​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​ခြင်း​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 37,
      "text": "ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မ​မူ​ဘဲ၊ အ​ဘယ်​သူ​သည်​ပြော၍ တစ်​စုံ​တစ်​ခု​ကို ဖြစ်​စေ​နိုင်​သ​နည်း။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 38,
      "text": "အ​မြင့်​ဆုံး​သော​ဘု​ရား၏ နှုတ်​တော်​ထွက်​ရှိ​သည်​အ​တိုင်း မင်္ဂ​လာ​နှင့် အ​မင်္ဂ​လာ​ဖြစ်​တတ်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 39,
      "text": "အ​သက်​ရှင်​သော​လူ​သ​တ္တ​ဝါ​သည် အ​ဘယ်​ကြောင့် မြည်​တမ်း​ရ​မည်​နည်း။ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် မြည်​တမ်း​ရ​မည်​လော။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 40,
      "text": "ငါ​တို့​သည် ကိုယ်​လိုက်​သော​လမ်း​တို့​ကို စစ်​ကြော​စုံ​စမ်း၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​သွား​ကြ​ကုန်​အံ့။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 41,
      "text": "ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ နှ​လုံး​နှင့် လက်​တို့​ကို ချီ​ကြွ​ကြ​ကုန်​အံ့။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 42,
      "text": "အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား ပုန်​ကန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ပြစ်​လွှတ်​တော်​မ​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 43,
      "text": "အ​မျက်​တော်​ထွက်၍ မျက်​နှာ​လွှဲ​တော်​မူ၏။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို​လိုက်၍ က​ရု​ဏာ​မ​ရှိ​ဘဲ ကွပ်​မျက်​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 44,
      "text": "အ​ကျွန်ုပ်​တို့ ပ​တ္ထ​နာ​စ​ကား​သည် အ​ထံ​တော်​သို့ မ​ပေါက်​နိုင်​အောင်၊ မိုး​တိမ်​ဖြင့် ကိုယ်​ကို ကွယ်​ကာ​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 45,
      "text": "အ​ကျွန်ုပ်​တို့​ကို လူ​မျိုး​တို့​တွင် လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ရွံ​စ​ရာ​အ​ရာ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 46,
      "text": "ရန်​သူ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 47,
      "text": "အ​ကျွန်ုပ်​တို့​သည် ကြောက်​လန့်​ဖွယ်​သော​အ​ရာ​ထဲ​သို့​လည်း​ကောင်း၊ တွင်း​ထဲ​သို့​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ခြင်း​ထဲ​သို့​လည်း​ကောင်း ရောက်​ကြ​ပါ​ပြီ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 48,
      "text": "ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 49,
      "text": "ငါ့​မျက်​စိ​သည် မြစ်​ရေ​ဖြစ်၍ စီး​လျက်​ရှိ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 50,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​က​ငုံ့​ကြည့်၍ ရှု​မှတ်​တော်​မ​မူ​မီ​တိုင်​အောင်၊ ငါ့​မျက်​ရည်​သည်​ကျ၍ အ​စဉ်​မ​ပြတ် ယို​စီး​လျက်​ရှိ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 51,
      "text": "ငါ၏​မြို့​သ​မီး​အ​ပေါင်း​တို့​အ​တွက်​ကြောင့်၊ ငါ့​မျက်​စိ​သည် ငါ့​နှ​လုံး​ကို ပူ​စေ​တတ်၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 52,
      "text": "အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​ရန်​ပြု​သော သူ​တို့​သည် ငှက်​ကို​လိုက်၍ ရှာ​သ​ကဲ့​သို့ ငါ့​ကို လိုက်၍​ရှာ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 53,
      "text": "မြေ​တွင်း၌ ငါ့​အ​သက်​ကို​ဖြတ်၍ ငါ့​အ​ပေါ်​မှာ ကျောက်​ကို တင်​ထား​ကြ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 54,
      "text": "ငါ့​ခေါင်း​ကို ရေ​လွှမ်း​မိုး​သည်​ဖြစ်၍၊ ငါ​သည် ဆုံး​ရှုံး​ပြီ​ဟု ဆို​ရ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 55,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ နက်​သော​မြေ​တွင်း​ထဲ​က အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​နာ​မ​ကို​ခေါ်​ပါ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 56,
      "text": "အ​ကျွန်ုပ်​ခေါ်​သံ​ကို ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ညည်း​တွား​အော်​ဟစ်​သော​အ​ခါ နား​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 57,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဟစ်​ခေါ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ချဉ်း​ကပ်​တော်​မူ၍၊ မ​ကြောက်​နှင့်​ဟု မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 58,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​နှင့် ဆိုင်​သော​အ​မှု​ကို​စောင့်၍ ရွေး​နုတ်​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 59,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​ကို မြင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 60,
      "text": "သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ငြိုး​ဖွဲ့​သ​မျှ​နှင့် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​မျှ​ကို ကိုယ်​တော်​မြင်​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 61,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကဲ့​ရဲ့​သော​အ​ကြောင်း​နှင့် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 62,
      "text": "အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့၏​အ​ပြစ်​တင်​ခြင်း၊ အ​ကျွန်ုပ်​တစ်​ဖက်၌ တစ်​နေ့​လုံး ကြံ​စည်​ခြင်း​ကို​လည်း​ကောင်း ကိုယ်​တော်​ကြား​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 63,
      "text": "သူ​တို့​ထိုင်​ခြင်း၊ ထ​ခြင်း​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် သူ​တို့ သီ​ချင်း​ဆို​စ​ရာ​အ​ကြောင်း​ဖြစ်​ပါ၏။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 64,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 65,
      "text": "သူ​တို့​စိတ်​နှ​လုံး​ကို​ခိုင်​မာ​စေ၍ ကျိန်​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 3,
      "verse": 66,
      "text": "အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ညှဉ်း​ဆဲ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ မိုး​ကောင်း​ကင်​အောက်​မှ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 1,
      "text": "ရွှေ​သည် အ​လွန်​သမ်း​ညို​သည်​တ​ကား။ အ​ကောင်း​ဆုံး​သော ရွှေ​သည် အ​လွန်​ဖောက်​ပြန်​သည်​တ​ကား။ သန့်​ရှင်း​သော ကျောက်​တို့​သည် ခပ်​သိမ်း​သော​လမ်း​ဝ​တို့၌ ဖ​ရို​ဖ​ရဲ ကွဲ​ပြား​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 2,
      "text": "အ​မြတ်​ဆုံး​သော ရွှေ​နှင့်​အ​မျှ အ​လွန်​အ​ဖိုး​ထိုက်​သော ဇိ​အုန်​မြို့​သား​တို့​ကို၊ အိုး​ထိန်း​သ​မား​လုပ်​သော​မြေ​အိုး​ကဲ့​သို့ မှတ်​တတ်​သည်​တ​ကား။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 3,
      "text": "မြေ​ခွေး​မ​တို့​ပင် မိ​မိ​တို့​သား​ငယ်​တို့​အား နို့​သီး​ကို​ပေး၍ နို့​တိုက်​တတ်၏။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​မူ​ကား၊ တော၌​နေ​သော ကု​လား​အုတ်​ငှက်​ကဲ့​သို့ ကြမ်း​ကြုတ်​သော​သ​ဘော​ရှိ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 4,
      "text": "နို့​စို့​က​လေး​သည် နို့​ငတ်​သော​ကြောင့်၊ လျှာ​သည် အာ​ခေါင်၌ ကပ်​လျက်​ရှိ၏။ သူ​ငယ်​တို့​သည် မုန့်​ကို​တောင်း၍ အ​ဘယ်​သူ​မျှ​မ​ပေး။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 5,
      "text": "ကောင်း​မွန်​စွာ စား​တတ်​သော သူ​တို့​သည် ကိုး​ကွယ်​ရာ​မ​ရှိ၊ လမ်း၌​နေ​ကြ၏။ နီ​မောင်း​သော အိပ်​ရာ​ပေါ်​မှာ ပျော်​မွေ့​ဖူး​သော သူ​တို့​သည် နောက်​ချေး​ပုံ​ကို ဖက်​ရ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 6,
      "text": "အ​ဘယ်​သူ​မျှ အား​မ​ထုတ်​ဘဲ ချက်​ချင်း​ပျက်​စီး​ခြင်း​သို့​ရောက်​သော၊ သော​ဒုံ​မြို့​ခံ​ရ​သော အ​ပြစ်​ဒဏ်​ထက်၊ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ခံ​ရ​သော အ​ပြစ်​ဒဏ်​သည် သာ၍​ကြီး​ပေ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 7,
      "text": "သူ၏​မှူး​မတ်​တို့​သည် မိုး​ပွင့်​ထက်​သန့်​ရှင်း၍၊ နို့​ရည်​ထက်​လည်း ဖြူ​ကြ၏။ သူ​တို့​အ​သား​သည် ကျောက်​နီ​ထက် နီ၏။ သွေး​ကြော​လည်း နီ​လာ​နှင့်​တူ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 8,
      "text": "ယ​ခု​မူ​ကား၊ သူ​တို့​အ​ဆင်း​သည် မှောင်​မိုက်​ထက်​မည်း​သည်​ဖြစ်၍ လမ်း၌​မ​ထင်​ရှား။ သူ​တို့​အ​ရေ​သည် အ​ရိုး၌​ကပ်၍ ထင်း​ကဲ့​သို့ သွေ့​ခြောက်​လေ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 9,
      "text": "ဓား​ဖြင့်​သေ​သော​သူ​သည်၊ ငတ်​မွတ်၍ သေ​သော​သူ​ထက်​သာ၍ မင်္ဂ​လာ​ရှိ၏။ ငတ်​မွတ်၍ သေ​သော​သူ​သည် အ​သီး​အ​နှံ​ပြတ်​ခြင်း​အား​ဖြင့် ထိုး​ဖောက်၍ ပိန်​ကြုံ​ရ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 10,
      "text": "စိတ်​ကြင်​နာ​တတ်​သော မိန်း​မ​တို့​သည် မိ​မိ​တို့​သား​ကို​ပင် ပြုတ်​ရ​ကြ၏။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် ပျက်​စီး​သော​ကာ​လ၌ မိ​မိ​တို့​သား​ကို​ပင် စား​ရ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို စုံ​လင်​စေ​တော်​မူ​ပြီ။ ပြင်း​စွာ​သော အ​မျက်​တော်​အ​ရှိန်​ကို လွှတ်​တော်​မူ​ပြီ။ ဇိ​အုန်​မြို့​ကို မီး​ရှို့၍ မြို့​ရိုး​အ​မြစ်​တိုင်​အောင် လောင်​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 12,
      "text": "ရန်​ပြု​သော​သူ​နှင့် စစ်​တိုက်​သော​သူ​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​အ​တွင်း​သို့ ဝင်​နိုင်​သည်​ဟု၊ လော​ကီ​ရှင်​ဘု​ရင်​နှင့် လော​ကီ​သ​တ္တ​ဝါ တစ်​စုံ​တစ်​ယောက်​မျှ မ​ယုံ​ကြ။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 13,
      "text": "ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ ဖြောင့်​မတ်​သော​သူ​တို့​ကို သတ်​တတ်​သော မြို့​သား​ပ​ရော​ဖက်​တို့၏​ဒု​စ​ရိုက်​များ​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့၏ အ​ပြစ်​များ​ကြောင့် ဤ​အ​မှု​သည် ရောက်​လေ​ပြီ။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 14,
      "text": "ထို​သူ​တို့​သည် အ​ရူး​ကဲ့​သို့​လမ်း၌​လှည့်​လည်၍၊ လူ​အ​သွေး​နှင့် လူး​သော​ကြောင့်၊ သူ​တို့​အ​ဝတ်​ကို အ​ဘယ်​သူ​မျှ မ​ထိ​ဝံ့။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 15,
      "text": "သွား​ကြ။ မ​စင်​ကြယ်​သော​သူ​တို့၊ သွား​ကြ၊ သွား​ကြ။ မ​ထိ​ကြ​နှင့်​ဟု သူ​တစ်​ပါး​တို့​သည် ဟစ်​တတ်​ကြ၏။ အ​ဝေး​သို့​ပြေး၍ အ​ရပ်​ရပ်​သို့​လှည့်​လည်​ရ​သော​အ​ခါ သာ​သ​နာ​ပ​လူ​တို့​က၊ သူ​တို့​သည် မ​တည်း​မ​နေ​ရ​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​ပြီ။ သူ​တို့​အ​မှု​ကို ကြည့်​ရှု​တော်​မ​မူ။ သူ​တစ်​ပါး​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​ရို​သေ၊ အ​သက်​ကြီး​သူ​တို့​ကို အား​မ​နာ​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 17,
      "text": "ငါ​တို့​သည်​ရှိ​စဉ်​တွင် မ​စ​မည့်​သူ​ကို မျှော်​လင့်၍ မ​မြင်​ရ​ကြ။ မ​ကယ်​တင်​နိုင်​သော​လူ​မျိုး​ကို ကင်း​စင်​ပေါ်​မှာ အ​ကျိုး​မ​ရှိ​ဘဲ စောင့်​ကြ​ပြီ။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 18,
      "text": "ငါ​တို့​သည် လမ်း၌​မ​သွား​ရ​မည်​အ​ကြောင်း ငါ​တို့​ခြေ​ရာ​ကို လိုက်​ရှာ​ကြ၏။ ငါ​တို့​သည် ဆုံး​ချိန်​နီး​ပြီ။ အ​သက်​ရှင်​ရ​သော​ကာ​လ စေ့​ပြီ။ ဆုံး​ချိန်​ရောက်​လေ​ပြီ။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 19,
      "text": "ငါ​တို့​ကို​လိုက်၍ ရှာ​သော​သူ​တို့​သည် မိုး​ကောင်း​ကင်​ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ တောင်​ရိုး​ပေါ်​မှာ လိုက်​ရှာ​ကြ၏။ တော၌​လည်း ချောင်း​မြောင်း​ကြ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 20,
      "text": "ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 21,
      "text": "ဥ​ဇ​ပြည်၌​နေ​သော ဧ​ဒုံ​သ​တို့​သ​မီး၊ ဝမ်း​မြောက်​ရွှင်​လန်း​လော့။ ဖ​လား​တော်​သည် သင်​ရှိ​ရာ​သို့ ကူး​သွား​လိမ့်​မည်။ သင်​သည်​ယစ်​မူး၍ အ​ဝတ်​အ​ချည်း​စည်း ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 25,
      "chapter": 4,
      "verse": 22,
      "text": "အို ဇိ​အုန်​သ​တို့​သ​မီး၊ သင်​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကုန်​ပြီ။ သင်​သည် နောက်​တစ်​ဖန် သိမ်း​သွား​ခြင်း​ကို​မ​ခံ​ရ။ အို ဧ​ဒုံ​သ​တို့​သ​မီး၊ သင်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်​ကြော၍ သင်၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​မည်။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 1,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌​ရောက်​သော​အ​မှု​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​ကို ကြည့်​ရှု၍ ဆင်​ခြင်​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 2,
      "text": "အ​ကျွန်ုပ်​တို့ အ​မွေ​ခံ​ရာ​မြေ​သည် တစ်​ပါး​အ​မျိုး​သား​လက်​သို့​လည်း​ကောင်း၊ နေ​ရာ​အိမ်​တို့​သည်​လည်း တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့ လက်​သို့​လည်း​ကောင်း ရောက်​ပါ​ပြီ။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 3,
      "text": "အ​ကျွန်ုပ်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ် ဖြစ်​ကြ​ပါ၏။ အ​ဘ​ဆုံး​ပါ​ပြီ။ အ​မိ​သည် မု​ဆိုး​မ​ကဲ့​သို့​နေ​ရ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 4,
      "text": "ငွေ​ပေး​မှ ရေ​ကို သောက်​ရ​ပါ၏။ ထင်း​ကို​လည်း ဝယ်​ရ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 5,
      "text": "ထမ်း​ပိုး​ကို အ​စဉ်​ထမ်း​ရ​ပါ၏။ မ​ရပ်​မ​နေ​ဘဲ လုပ်​ကိုင်​ရ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 6,
      "text": "စား​စ​ရာ​ကို​ရ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သား၊ အာ​ရှု​ရိ​ပြည်​သား​တို့၌ ကျွန်​ခံ​ရ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 7,
      "text": "ဘိုး​ဘေး​တို့​သည် ပြစ်​မှား၍ သေ​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် သူ​တို့ အ​ပြစ်​များ​ကို ခံ​ရ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 8,
      "text": "သူ့​ကျွန်​တို့​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ကြ​ပါ၏။ သူ​တို့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ပါ။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 9,
      "text": "တော၌ ဓား​ဘေး​နှင့်​တွေ့၍ အ​သေ​ခံ​လျက် စား​စ​ရာ​ကို ရှာ​ရ​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 10,
      "text": "မွတ်​သိပ်​ခြင်း​အ​ရှိန်​ကြောင့် အ​ကျွန်ုပ်​တို့၏​အ​ရေ​သည် မီး​ဖို​ကဲ့​သို့ မည်း​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 11,
      "text": "ဇိ​အုန်​မြို့၌ မိန်း​မ​များ​ကို​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ​တို့၌ မိန်း​မ​ပျို​များ​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 12,
      "text": "မှူး​မတ်​တို့​ကို လက်​ဖြင့် ဆွဲ​ထား​ကြ​ပါ၏။ အ​သက်​ကြီး​သူ​တို့​ကို​လည်း မ​ရို​သေ​ကြ​ပါ။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 13,
      "text": "လူ​ပျို​တို့​သည် ကြိတ်​ဆုံ​ကို ထမ်း​ရ​ကြ​ပါ၏။ သူ​ငယ်​တို့​သည်​လည်း ထင်း​အောက်​မှာ လဲ​ရ​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 14,
      "text": "အ​သက်​ကြီး​သူ​တို့​သည် မြို့​တံ​ခါး​ဝ၌​လည်း​ကောင်း၊ လူ​ပျို​တို့​သည် ပွဲ​သ​ဘင်၌​လည်း​ကောင်း ကွယ်​ပျောက်​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 15,
      "text": "အ​ကျွန်ုပ်​တို့​သည် နှ​လုံး​ရွှင်​လန်း​ခြင်း​ပြတ်၍၊ က​ခြင်း​အ​ရာ၌ ညည်း​တွား​ခြင်း​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 16,
      "text": "အ​ကျွန်ုပ်​တို့​ဆောင်း​သော သ​ရ​ဖူ​သည် ကျ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 17,
      "text": "ထို​ကြောင့် အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်​ကြ​ပါ​ပြီ။ ထို​အ​ပြစ်​ကြောင့် မျက်​စိ​တို့​သည်​လည်း​မွဲ​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 18,
      "text": "လူ​ဆိတ်​ညံ​လျက်​ရှိ​သော ဇိ​အုန်​တောင်​ပေါ်​မှာ မြေ​ခွေး​တို့​သည် သွား​လာ​ကြ​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 19,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​အ​မြဲ​တည်​တော်​မူ၏။ ပ​လ္လင်​တော်​သည်​လည်း ထာ​ဝ​ရ​ပ​လ္လင်​ဖြစ်​ပါ၏။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 20,
      "text": "ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​တို့​ကို အ​စဉ်​မ​ပြတ် မေ့​လျော့​တော်​မူ​သ​နည်း။ အ​ဘယ်​ကြောင့် ကာ​လ​ကြာ​မြင့်​စွာ စွန့်​ပစ်​တော်​မူ​သ​နည်း။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 21,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို အ​ထံ​တော်​သို့ လှည့်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​တို့​သည် ပြန်၍ လာ​ကြ​ပါ​မည်။ ရှေး​ကာ​လ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကာ​လ​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။"
    },
    {
      "book": 25,
      "chapter": 5,
      "verse": 22,
      "text": "အ​ကယ်၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို ရှင်း​ရှင်း​ပယ်​တော်​မူ​မည်​လော။ ပြင်း​စွာ အ​မျက်​ထွက်​တော်​မူ​မည်​လော။ ပ​ရော​ဖက်​ယေ​ရ​မိ​မြည်​တမ်း​သော​စ​ကား​ပြီး၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 1,
      "text": "သ​က္က​ရာဇ်​သုံး​ဆယ်​ပြည့်၊ ယေ​ခေါ​နိ​မင်း​ကြီး​နန်း​ကျ ပ​ဥ္စ​မ​နှစ်၊ စ​တု​တ္ထ​လ​ငါး​ရက်​နေ့၌ ငါ​သည် သိမ်း​သွား​သော​သူ​တို့​တွင် ခေ​ဗာ​မြစ်​နား​မှာ​ရှိ​နေ​စဉ်၊"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 2,
      "text": "မိုး​ကောင်း​ကင်​ပွင့်၍ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို​မြင်​ရ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 3,
      "text": "ထို​အ​ခါ ခါ​လ​ဒဲ​ပြည်၊ ခေ​ဗာ​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယဇ်​ပု​ရော​ဟိတ် ဗု​ဇိ​သား​ယေ​ဇ​ကျေ​လ အ​မည်​ရှိ​သော ငါ​ဆီ​သို့​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ တင်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 4,
      "text": "ငါ​ကြည့်​ရှု၍၊ ပြင်း​စွာ​သော​လေ၊ ကြီး​စွာ​သော မိုး​တိမ်၊ ထွန်း​လင်း​သော မီး​စက်​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ၏။ မီး​စက်​ထဲ​က ဟ​ရှ​မေ​လ​ရွှေ​ရောင် ထွက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 5,
      "text": "ထို​မီး​စက်​ထဲ​မှာ သ​တ္တ​ဝါ​လေး​ပါး​တို့​သည် ထင်​ရှား​ကြ၏။ ထို​သ​တ္တ​ဝါ​တို့၏ အ​ဆင်း​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ လူ၏​ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 6,
      "text": "မျက်​နှာ​လေး​ခု​စီ၊ အ​တောင်​လည်း​လေး​ခု​စီ​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 7,
      "text": "ခြေ​ထောက်​သည် ဖြောင့်​သော ခြေ​ထောက်​ဖြစ်၏။ ခြေ​ဖ​ဝါး​သည် နွား​သ​ငယ်၏ ခြေ​ဖ​ဝါး​ကဲ့​သို့ ဖြစ်၍ ဦး​သစ်​သော​ကြေး​ဝါ​ကဲ့​သို့ တောက်​လေ၏။ ကိုယ်​လေး​မျက်​နှာ အ​တောင်​အောက်၌ လူ​လက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 8,
      "text": "ထို​လေး​ပါး​တို့​သည် မျက်​နှာ​တို့​နှင့်​လည်း​ကောင်း၊ အ​တောင်​တို့​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 9,
      "text": "အ​တောင်​ချင်း တစ်​ခု​နှင့်​တစ်​ခု စပ်​လျက်​ရှိ၍၊ ထို​သ​တ္တ​ဝါ​တို့​သွား​သော​အ​ခါ တစ်​ပါး​မျှ​မ​လည်​ဘဲ တည့်​တည့် သွား​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 10,
      "text": "မျက်​နှာ​အ​ဆင်း​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ သ​တ္တ​ဝါ လေး​ပါး​တို့​သည် လက်​ယာ​ဘက်၌ လူ​မျက်​နှာ၊ ခြင်္သေ့​မျက်​နှာ​နှင့် လည်း​ကောင်း၊ လက်​ဝဲ​ဘက်၌ နွား​မျက်​နှာ၊ ရွှေ​လင်း​တ​မျက်​နှာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 11,
      "text": "အ​တောင်​များ​တို့​သည် အ​ထက်​သို့​ပြန့်၍၊ အ​တောင်​နှစ်​ခု​ချင်း စပ်​လျက်၊ နှစ်​ခု​ဖြင့် ကိုယ်​ကို​ဖုံး​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 12,
      "text": "ထို​သ​တ္တ​ဝါ​တို့​သည် ဝိ​ညာဉ်​တော်​သွား​ခွင့်​ရှိ​သည်​အ​တိုင်း သွား​ကြ၏။ သွား​သော​အ​ခါ​တစ်​ပါး​မျှ​မ​လည်​ဘဲ တည့်​တည့် သွား​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 13,
      "text": "ထို​သ​တ္တ​ဝါ​တို့၏ အ​ဆင်း​အ​ရောင်​သည်​ကား၊ တောက်​သော မီး​ခဲ​အ​ရောင်၊ မီး​ခွက်​အ​ရောင်​နှင့် တူ၏။ မီး​သည်​တောက်​လျက် သ​တ္တ​ဝါ​တို့​တွင် အ​နှံ့​အ​ပြား​လှည့်​လည်၍ မီး​ထဲ​က လျှပ်​စစ်​ပြက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 14,
      "text": "သ​တ္တ​ဝါ​တို့​သည်​လည်း လျှပ်​စစ်​နွယ်​ကဲ့​သို့ အ​ရောင်​တောက်၍၊ ပြေး​လျက် ပြန်​လာ​လျက် ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 15,
      "text": "ထို​သ​တ္တ​ဝါ​တို့​ကို ငါ့​ကြည့်​ရှု​စဉ်၊ သူ​တို့​အ​နား​မှာ လေး​ပိုင်း​ရှိ​သော ရ​ထား​ဘီး​တစ်​ခု​စီ ထင်​ရှား၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 16,
      "text": "ထို​ရ​ထား​ဘီး​တို့၏ အ​ဆင်း​အ​ရောင်​သည်​ကား၊ ကျောက်​မျက်​ရွဲ အ​ဆင်း​အ​ရောင်​နှင့် တူ၏။ ထို​လေး​ခု​တို့​သည် အ​ဆင်း​အ​ရောင် တ​ညီ​တည်း​ရှိ​ကြ၏။ ပုံ​သ​ဏ္ဌာန်​မူ​ကား၊ ဘီး​တစ်​ခု​အ​ထဲ၌ ဘီး​တစ်​ခု​တပ်​သ​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 17,
      "text": "သွား​သော​အ​ခါ ဘီး​လေး​မျက်​နှာ​တို့​သည် တ​ညီ​တည်း​ဖြစ်၍ မ​လည်​ဘဲ သွား​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 18,
      "text": "ဘီး​ဝန်း​တို့​သည်​လည်း မြင့်၍ ကြောက်​မက်​ဖွယ်​ဖြစ်​ကြ၏။ ထို​လေး​ပါး​တို့​သည် မျက်​စိ​နှင့်​ပြည့်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 19,
      "text": "သ​တ္တ​ဝါ​တို့​သည် သွား​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း ထက်​ကြပ်​ပါ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 20,
      "text": "သ​တ္တ​ဝါ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း တက်​ကြ၏။ ဝိ​ညာဉ်​တော်​သွား​ခွင့်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည်​လည်း သွား​ကြ၏။ ဘီး​တို့​သည်​လည်း သူ​တို့​နှင့် ထက်​ကြပ်​တက်၍ လိုက်​ကြ၏။ သ​တ္တ​ဝါ​တို့၏​ဝိ​ညာဉ်​သည် ဘီး​တို့၌​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 21,
      "text": "သူ​တို့​သွား​သော​အ​ခါ ဘီး​တို့​သည် သွား​ကြ၏။ သူ​တို့​ရပ်​သော​အ​ခါ ဘီး​တို့​သည် ရပ်​ကြ၏။ သူ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း သူ​တို့​နှင့် ထက်​ကြပ်​တက်၍ လိုက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သ​တ္တ​ဝါ​တို့၏ ဝိ​ညာဉ်​သည် ဘီး​တို့၌​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 22,
      "text": "ထို​သ​တ္တ​ဝါ​တို့၏ ခေါင်း​များ​အ​ပေါ်​မှာ မိုး​မျက်​နှာ​ကြက်၏ အ​ဆင်း​အ​ရောင်​သည်​ရှိ၍၊ ကြောက်​မက်​ဖွယ်​သော ကျောက်​သ​လင်း​မျက်​နှာ​ကြက်​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 23,
      "text": "မိုး​မျက်​နှာ​ကြက်​အောက်​မှာ သူ​တို့​အ​တောင်​များ​သည် တစ်​ခု​သို့​တစ်​ခု​တည့်​တည့် ပြန့်​လျက်​ရှိ၍၊ ပြင်​ဘက်၌​လည်း ကိုယ်​ကို​ဖုံး​စ​ရာ​ဖို့ အ​တောင်​နှစ်​ခု​စီ ရှိ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 24,
      "text": "သူ​တို့​သွား​သော​အ​ခါ သ​မု​ဒ္ဒ​ရာ​ရေ​သံ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်၏ အ​သံ​တော်​ကဲ့​သို့​လည်း​ကောင်း၊ အ​တောင်​တို့ မြည်​သော​အ​သံ​ကို ငါ​ကြား၏။ စ​ကား​သံ​သည်​လည်း လူ​အ​လုံး​အ​ရင်း၏​စ​ကား​သံ​ကဲ့​သို့​ဖြစ်၏။ ရပ်​သော​အ​ခါ အ​တောင်​တို့​ကို​ချ​လျက်​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 25,
      "text": "ရပ်၍​အ​တောင်​တို့​ကို ချ​သော​အ​ခါ၊ သူ​တို့၏ ခေါင်း​များ​အ​ပေါ်​မှာ မိုး​မျက်​နှာ​ကြက်​ထဲ​က စ​ကား​သံ​သည် ထွက်၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 26,
      "text": "သူ​တို့၏​ခေါင်း​များ​အ​ထက်၊ မိုး​မျက်​နှာ​ကြက်​အ​ပေါ်၌​လည်း နီ​လာ​ကျောက်​ကဲ့​သို့ အ​ဆင်း​အ​ရောင်​ရှိ​သော ရာ​ဇ​ပ​လ္လင်​သ​ဏ္ဌာန်​ပေါ်၏။ ပ​လ္လင်​သ​ဏ္ဌာန်​အ​ပေါ်၌​လည်း လူ​ပုံ​သ​ဏ္ဌာန်​ကဲ့​သို့​ပေါ်၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 27,
      "text": "ပ​လ္လင်​အ​တွင်း၌​လည်း​ကောင်း၊ ပတ်​လည်၌​လည်း​ကောင်း၊ ခါး​သ​ဏ္ဌာန်​မှ​သည် အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​နှင့် မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၏။ အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၍ ပတ်​လည်၌ ထွန်း​တောက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 1,
      "verse": 28,
      "text": "ထို​သို့ ထွန်း​တောက်​သော အ​ရောင်​သည် မိုး​ရွာ​သော​နေ့​တွင်၊ မိုး​တိမ်၌​ပေါ်​သော သက်​တံ၏ အ​ရောင်​ကဲ့​သို့ ဖြစ်၏။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သ​ဏ္ဌာန် အ​ဆင်း​အ​ရောင်​ဖြစ်​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 1,
      "text": "ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​သည်​မြင်​သော​အ​ခါ ပျပ်​ဝပ်​လျက်​နေ၏။ တစ်​ဦး​သော​သူ​က​လည်း၊ အ​ချင်း​လူ​သား၊ မတ်​တတ်​နေ​လော့။ သင့်​အား ငါ​ပြော​မည်​ဟု ငါ့​အား​ဆို​သံ​ကို ငါ​ကြား၏။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 2,
      "text": "ထို​သို့​ဆို​သော​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​သ​ဖြင့်၊ ငါ​နှင့်​ပြော​သော​သူ၏ စ​ကား​ကို ငါ​ကြား​သည်​ကား၊"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 3,
      "text": "အ​ချင်း​လူ​သား၊ ငါ့​ကို​ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော၊ ယ​နေ့​တိုင်​အောင် ဘိုး​ဘေး​တို့​နှင့်​တ​ကွ ငါ​တို့​အ​စဉ်​ပုန်​ကန်၍၊ ပြစ်​မှား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 4,
      "text": "ရဲ​သော​မျက်​နှာ​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​သော အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို ငါ​စေ​လွှတ်၍၊ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု သူ​တို့​အား​ပြော​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​တွင် ပ​ရော​ဖက်​ရှိ​သည်​ကို သိ​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 6,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် ဆူး​ပင်​အ​မျိုး​မျိုး​နှင့် တွေ့၍၊ ကင်း​မြီး​ကောက်​တို့​တွင် နေ​ရ​သော်​လည်း သူ​တို့​ကို မ​ကြောက်​နှင့်။ သူ​တို့​စ​ကား​ကို​လည်း မ​ကြောက်​နှင့်။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သူ​တို့​စ​ကား​ကို မ​ကြောက်​နှင့်။ သူ​တို့ မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 8,
      "text": "အ​ချင်း​လူ​သား၊ ငါ​ပြော​သော​စ​ကား​ကို နား​ထောင်​လော့။ ထို​ပုန်​ကန်​တတ်​သော အ​မျိုး​ကဲ့​သို့ ပုန်​ကန်​သော​သ​ဘော မ​ရှိ​နှင့်။ သင့်​ပါး​စပ်​ကို ဖွင့်၍ ငါ​ပေး​သော​အ​ရာ​ကို စား​လော့​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 9,
      "text": "ငါ​ကြည့်၍ စာ​လိပ်​ပါ​သော​လက်​သည် ငါ့​ဆီ​သို့ ဆန့်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 2,
      "verse": 10,
      "text": "ထို​စာ​လိပ်​ကို ငါ့​ရှေ့​မှာ​ဖွင့်​ဖြန့်​သော​အ​ခါ၊ တစ်​ဖက်​တစ်​ချက်၌​အ​က္ခ​ရာ​တင်၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ချက်၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း အ​ချက်၊ အ​မင်္ဂ​လာ​အ​ချက်​များ ပါ​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 1,
      "text": "တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင်​တွေ့​သော​အ​ရာ​ကို စား​လော့။ ဤ​စာ​လိပ်​ကို စား​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သွား၍ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 2,
      "text": "ငါ​သည် ပါး​စပ်​ကို​ဖွင့်​စဉ် ထို​စာ​လိပ်​ကို ခွံ့​တော်​မူ​လျက်၊"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 3,
      "text": "အ​ချင်း​လူ​သား၊ ငါ​ပေး​သော ဤ​စာ​လိပ်​ကို စား၍ ဝမ်း​ပြည့်​စေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​စား၍ ပါး​စပ်၌​ပျား​ရည်​ကဲ့​သို့ ချို၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 4,
      "text": "တစ်​ဖန်၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​သွား၍ ငါ့​စ​ကား​ကို ဟော​ပြော​လော့။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 5,
      "text": "သင်​မ​သိ​မ​ကျွမ်း၊ နား​လည်​ခဲ​သော စ​ကား​ကို ပြော​တတ်​သော လူ​မျိုး​ရှိ​ရာ​သို့ သင့်​ကို ငါ​စေ​လွှတ်​သည် မ​ဟုတ်။ ဣ​သ​ရေ​လ အ​မျိုး​ရှိ​ရာ​သို့ စေ​လွှတ်၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 6,
      "text": "သင်​မ​သိ​မ​ကျွမ်း၊ နား​လည်​ခဲ​သော​စ​ကား၊ အ​လျှင်း​နား​မ​လည်​နိုင်​သော စ​ကား​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့ ရှိ​ရာ​သို့ စေ​လွှတ်​သည်​မ​ဟုတ်။ အ​ကယ်၍ ထို​သို့​သော သူ​တို့​ရှိ​ရာ​သို့​စေ​လွှတ်​လျှင်၊ သင့်​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 7,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​တို့​မူ​ကား၊ သင့်​စ​ကား​ကို နား​မ​ထောင်​ကြ။ ငါ့​စ​ကား​ကို​ပင် နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ခိုင်​မာ​သော န​ဖူး​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 8,
      "text": "သို့​ရာ​တွင်၊ သူ​တို့​မျက်​နှာ​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​လည်း​ကောင်း၊ သူ​တို့​န​ဖူး​တစ်​ဖက်၌ သင်၏​န​ဖူး​ကို​လည်း​ကောင်း ငါ​ခိုင်​ခံ့​စေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 9,
      "text": "သင်၏​န​ဖူး​ကို ကျောက်​ထက်​မ​က၊ စိန်​ထက်​သာ၍ ခိုင်​မာ​စေ​ပြီ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သင်​သည် မ​ကြောက်​နှင့်။ သူ​တို့​မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 10,
      "text": "တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင့်​အား​ငါ​ပြော​လ​တ္တံ့​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်၍ နှ​လုံး​သွင်း​လော့။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 11,
      "text": "သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​အ​မျိုး​သား​ချင်း​တို့ ရှိ​ရာ​သို့​သွား၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု၊ သူ​တို့​နား​ထောင်​သည် ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 12,
      "text": "ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​မှ ဘုန်း​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု၊ ငါ့​နောက်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို ငါ​ကြား၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 13,
      "text": "တစ်​ခု​နှင့် တစ်​ခု စပ်​လျက်​ရှိ​သော သ​တ္တ​ဝါ​တို့၏​အ​တောင်​များ မြည်​သံ​ကို​လည်း​ကောင်း၊ သူ​တို့​အ​နား​မှာ ဘီး​များ​မြည်​သံ​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို​လည်း​ကောင်း ငါ​ကြား​ရ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 14,
      "text": "ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 15,
      "text": "သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ခေ​ဗာ​မြစ်​နား၊ တေ​လ​ဗိ​ဗ​ရွာ​မှာ နေ​ရာ​ကျ​သော သူ​တို့​ရှိ​ရာ​သို့ ငါ​ရောက်၍၊ သူ​တို့​နေ​ရာ​အ​ရပ်၌ ခု​နစ်​ရက်​ပတ်​လုံး မိန်း​မော​တွေ​ဝေ​လျက်​နေ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 16,
      "text": "ခု​နစ်​ရက်​လွန်​မှ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 17,
      "text": "အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 18,
      "text": "သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 19,
      "text": "သို့​မ​ဟုတ်၊ သင်​သည် လူ​ဆိုး​ကို သ​တိ​ပေး​လျက်​နှင့် သူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ မိ​မိ​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လည်း​ကောင်း မ​ရှောင်​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သင်​မူ​ကား၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို ကယ်​နုတ်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 20,
      "text": "တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်၍ ဒု​စ​ရိုက်​ကို​ပြု​လျှင်​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ကို သူ့​ရှေ့​မှာ ငါ​ထား​လျှင်​လည်း​ကောင်း သူ​သည် သေ​လိမ့်​မည်။ သင်​သည် သ​တိ​မ​ပေး​သော​ကြောင့်၊ သူ​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ​ကျင့်​ဖူး​သော တ​ရား​ကို ပ​မာ​ဏ​မ​ပြု​ရ။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 21,
      "text": "သို့​မ​ဟုတ်၊ ဖြောင့်​မတ်​သော​သူ​သည် ဒု​စ​ရိုက်​ကို မ​ပြု​မည်​အ​ကြောင်း၊ သင်​သည်​သ​တိ​ပေး၍ သူ​သည် ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​လျှင်၊ သ​တိ​ပေး​သော ကျေး​ဇူး​ကြောင့် စင်​စစ် အ​သက်​ချမ်း​သာ​လိမ့်​မည်။ သင်​သည်​လည်း၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို ကယ်​နုတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 22,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​တင်​ပြီး​လျှင်၊ သင်​ထ၍ လွင်​ပြင်​သို့ သွား​လော့။ ထို​အ​ရပ်၌ ငါ​ပြော​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 23,
      "text": "ငါ​သည် ထ၍ လွင်​ပြင်​သို့​သွား၏။ ရောက်​သော​အ​ခါ​ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ရပ်​တော်​မူ၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 24,
      "text": "ဝိ​ညာဉ်​တော်​သည် ငါ့​အ​ထဲ​သို့​ဝင်၍ မတ်​တတ်​နေ​စေ​လျက်၊ သင်​သွား​လော့။ ကိုယ်​အိမ်၌ ပုန်း​ရှောင်၍ နေ​လော့။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 25,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် ကြိုး​နှင့်​ချည်​နှောင်​ခြင်း​ကို​ခံ၍ သူ​တို့​တွင် မ​ထွက်​ရ။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 26,
      "text": "သင်​သည် သူ​တို့​ကို မ​ဆုံး​မ​ဘဲ​နေ​စေ​ခြင်း​ငှာ၊ စ​ကား​အ​လျက် သင့်​လျှာ​ကို အာ​ခေါင်၌ ကပ်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 3,
      "verse": 27,
      "text": "သို့​ရာ​တွင် သင့်​အား​ငါ​ပြော​သော​အ​ခါ သင့်​နှုတ်​ကို ငါ​ဖွင့်​မည်။ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏​ဟု သူ​တို့​အား ဟော​ပြော​ရ​မည်။ နား​ထောင်​သော​သူ​သည် နား​ထောင်​စေ၊ နား​မ​ထောင်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​စေ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 1,
      "text": "တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ အုတ်​ပြား​ကို​ယူ၍ သင့်​ရှေ့​မှာ ထား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ပုံ​ကို ရေး​လော့။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 2,
      "text": "မြို့​ကို​ဝိုင်း၍ မြို့​ပြင်၌ တပ်​တည်​လော့။ မြေ​ရိုး​ကို​လည်း ဖို့​လော့။ တပ်​သား​တို့​ကို​လည်း ခင်း​ကျင်း​လော့။ မြို့​ပတ်​လည်​တွင် ဝက်​ခွ​တိုင်​တို့၌ တုံး​တို့​ကို​လည်း ဆွဲ​ထား​လော့။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 3,
      "text": "ထို​မှ​တစ်​ပါး၊ သံ​ပြား​ကို​ယူ၍၊ သင်​နှင့် မြို့​စပ်​ကြား​မှာ သံ​ရိုး​ဖြစ်​စေ​ခြင်း​ငှာ ထောင်​ပြီး​လျှင်၊ မြို့​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​ထား​လော့။ ထို​သို့ ဝိုင်း​ထား​သ​ဖြင့်၊ ထို​မြို့​သည် ဝိုင်း​ထား​ခြင်း​ကို ခံ​ရ​မည်။ ဤ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 4,
      "text": "ထို​မှ​တစ်​ပါး၊ သင်​သည် လက်​ဝဲ​နံ​စောင်း​ဖြင့် အိပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ထို​နံ​စောင်း၌ တင်​ထား​လော့။ ထို​သို့​အိပ်​ရ​သော နေ့​ရက်​အ​ရေ​အ​တွက်​အ​တိုင်း သူ​တို့​အ​ပြစ်​ကို​ခံ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ရက်​သုံး​ရာ​ကိုး​ဆယ် အ​ရေ​အ​တွက်​အ​တိုင်း၊ သူ​တို့​အ​ပြစ်​နှင့်​ယှဉ်​သော နှစ်​ပေါင်း​ကို သင်၏​အ​ပေါ်၌ ငါ​တင်​ထား​ပြီ။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို သင်​သည်​ခံ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 6,
      "text": "ထို​နေ့​ရက်​စေ့​ပြီး​မှ၊ တစ်​ဖန် လက်​ယာ​နံ​စောင်း​ဖြင့် အိပ်၍၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ယု​ဒ​အ​မျိုး၏​အ​ပြစ်​ကို ခံ​ဦး​လော့။ နှစ်​အ​စား၌ ရက်​ကို​ငါ​ထား​ပြီ။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 7,
      "text": "သင်​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​သည် အ​မှု​မှာ၊ မျက်​နှာ​ထား၍ လက်​ရုံး​ကို​ဆန့်​လျက်၊ မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 8,
      "text": "ငါ​သည် သင့်​ကို​ချည်​နှောင်၍ ဝိုင်း​ထား​ခြင်း​အ​မှု​ကို ပြု​ရ​သော​ကာ​လ​မ​စေ့​မီ၊ သင်​သည် တစ်​ဖက်​မှ​တစ်​ဖက်​သို့ မ​စောင်း​ရ။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 9,
      "text": "ထို​မှ​တစ်​ပါး၊ ဂျုံ​ဆန်၊ မု​ယော​ဆန်၊ ပဲ​ဆန်​နှစ်​မျိုး​နှင့် ပြောင်း​ဆန်၊ ကောက်​ဆန်​တို့​ကို ယူ၍ အိုး​တစ်​လုံး၌ ရော​နှော​လျက်​ထား​ရ​မည်။ နံ​စောင်း​တစ်​ဖက်​ဖြင့် အိပ်​ရ​သော​နေ့​ရက် သုံး​ရာ​ကိုး​ဆယ်​ပတ်​လုံး၊ ထို​ရော​နှော​သော ဆန်​ကို မုန့်​လုပ်၍ စား​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 10,
      "text": "ထို​မုန့်​ကို တစ်​နေ့​တစ်​နေ့​လျှင် အ​ကျပ်​နှစ်​ဆယ်​စီ ချိန်၍​စား​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 11,
      "text": "ရေ​ကို​လည်း တစ်​နေ့​တစ်​နေ့​လျှင် တစ်​ဗတ်​စီ​ခြင်၍​သောက်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 12,
      "text": "မု​ယော​မုန့်​ပြား​ကို စား​သ​ကဲ့​သို့ စား​အံ့​သော​ငှာ၊ လူ​များ​ရှေ့​တွင် လူ၏​မ​စင်​နှင့် ဖုတ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 13,
      "text": "ထို​သို့ ငါ​နှင်​ထုတ်​ရာ​အ​ရပ်၊ တစ်​ပါး​အ​မျိုး​သား​တို့​နေ​ရာ၌၊ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည် ညစ်​ညူး​သော​မုန့်​ကို စား​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 14,
      "text": "ငါ​က​လည်း၊ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ညစ်​ညူး​ခြင်း​သို့ မ​ရောက်​ပါ​သေး။ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၊ ရွံ​ရှာ​ဖွယ်​သော​အ​ကောင်၏​အ​သား​ကို ငယ်​သော အ​သက်​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် အ​ကျွန်ုပ်​သည် မ​စား​ပါ​ဟု လျှောက်​လျှင်၊"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 15,
      "text": "လူ၏​မ​စင်​အ​ရာ၌ နွား​ချေး​ကို ငါ​ပေး၏။ နွား​ချေး​နှင့် သင့်​မုန့်​ကို​ဖုတ်​ရ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 16,
      "text": "တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့၌ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​မည်။ မြို့​သား​တို့​သည် မုန့်​ကို​ချိန်​လျက်၊ စိုး​ရိမ်​သော​စိတ်​နှင့် စား​ရ​ကြ​မည်။ ရေ​ကို​လည်း ခြင်​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း​နှင့် သောက်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 4,
      "verse": 17,
      "text": "မုန့်​နှင့်​ရေ ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သား​တို့​သည် တ​ညီ​တ​ညွတ်​တည်း မိန်း​မော​တွေ​ဝေ၍၊ မိ​မိ​တို့​အ​ပြစ်​ကြောင့် ပိန်​ကြုံ​ခြင်း​သို့ ရောက်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 1,
      "text": "တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထက်​သော​ဓား​တည်း​ဟူ​သော၊ ဆ​တ္တာ​သည်၏​သင်​တုန်း​ကို​ယူ၍၊ ကိုယ်​ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို ရိတ်​ပြီး​မှ၊ ချိန်​ခွင်​နှင့်​ချိန်၍ အ​စု​စု​ခွဲ​ထား​လော့။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 2,
      "text": "မြို့​ကို ဝိုင်း​ထား​ရာ ကာ​လ​စေ့​သော​အ​ခါ၊ ဆံ​ပင်​နှင့် မုတ်​ဆိတ် သုံး​စု​တစ်​စု​ကို မြို့​ထဲ​မှာ မီး​ရှို့​လော့။ တစ်​စု​ကို ဓား​နှင့် ခုတ်​ဖြတ်​လော့။ တစ်​စု​ကို လေ​တိုက်​ရာ၌ လွှင့်​လော့။ ငါ​သည်​လည်း ထို​အ​စု​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 3,
      "text": "အ​နည်း​ငယ်​ကို​လည်း​ယူ၍ ကိုယ်​အ​ဝတ်​နှင့် ထုပ်​လော့။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 4,
      "text": "ထို​အ​နည်း​ငယ်​အ​ချို့​ကို​လည်း ယူ​ပြန်၍ မီး​ရှို့​လော့။ ထို​မီး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နှံ့​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 5,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပုံ​သည် ယေ​ရု​ရှ​လင်​မြို့​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော တိုင်း​ပြည်​များ​တို့​အ​လယ်​မှာ ထို​မြို့​ကို ငါ​ထား၍၊"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 6,
      "text": "ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့​သည် ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သည်​ထက်၊ ထို​မြို့​သား​တို့​သည် သာ၍ မ​တ​ရား​သ​ဖြင့် လွန်​ကျူး​ကြ​ပြီ။ ထို​ပ​ညတ်​တ​ရား​တော်​လမ်း​သို့ မ​လိုက်​ဘဲ ငြင်း​ပယ်​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 7,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့ ဆန့်​ကျင်​သည်​ထက်၊ သာ၍ ဆန့်​ကျင်​သော​ကြောင့်​လည်း​ကောင်း၊ ငါ၏ စီ​ရင်​ချက်​လမ်း​သို့​မ​လိုက်၊ ငါ၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ရှောက်၊ ပတ်​လည်၌​ရှိ​သော တိုင်း​သူ​ပြည်​သား​တို့၏ ထုံး​စံ​ဓ​လေ့​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 8,
      "text": "ငါ​သည် ကိုယ်​တိုင်​သင့်​တစ်​ဖက်၌ နေ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 9,
      "text": "သင်​ပြု​ဖူး​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ငါ​မ​စီ​ရင်​စ​ဖူး၊ မ​စီ​ရင်​လ​တ္တံ့​သော အ​ပြစ်​ဒဏ်​ကို သင်၌​စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 10,
      "text": "သင်၏​အ​လယ်၌ အ​ဘ​တို့​သည် သား​တို့​ကို စား​ကြ​လိမ့်​မည်။ သား​တို့​သည်​လည်း အ​ဘ​တို့​ကို စား​ကြ​လိမ့်​မည်။ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်၍၊ ကျန်​ကြွင်း​သ​မျှ​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 11,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​နှင့် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သင်​သည် ညစ်​ညူး​စေ​သော​ကြောင့်၊ ငါ​သည်​လည်း သင့်​ကို​မ​နှ​မြော၊ မ​စုံ​မက်​ဘဲ​မျက်​နှာ​လွှဲ​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 12,
      "text": "သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 13,
      "text": "ထို​သို့ ငါ့​အ​မျက်​အ​လို ပြည့်​စုံ​လိမ့်​မည်။ ငါ့​ဒေါ​သ​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​မှာ တည်​စေ​ပြီး​မှ၊ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​အ​လို​ကို ပြည့်​စုံ​စေ​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​အား​ကြီး၍ မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး၊ အ​နား​မှာ လျှောက်​သွား​သ​မျှ​သော​သူ​တို့​ရှေ့​တွင် သင့်​ကို လူ​ဆိတ်​ညံ​ရာ၊ ပတ်​လည်၌​နေ​သော လူ​အ​မျိုး​မျိုး​တို့၏ ကဲ့​ရဲ့​ရာ​ဖြစ်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 15,
      "text": "ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 16,
      "text": "သင်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ မွတ်​သိပ်​ခြင်း​ဘေး​တည်း​ဟူ​သော​မြား​ဆိုး​တို့​ကို ငါ​လွှတ်​လိုက်​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​တွင် မွတ်​သိပ်​ခြင်း​ဘေး​ကို တိုး​ပွား​စေ၍၊ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​သော​အ​ခါ၌​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 5,
      "verse": 17,
      "text": "သင်​တို့​ကို လု​ယက်​နှိပ်​စက်​ရ​သော မွတ်​သိပ်​ခြင်း​ဘေး၊ သား​ရဲ​ဘေး​ကို ငါ​လွှတ်​လိုက်၍၊ ဓား​ဘေး​ကို​လည်း ရောက်​စေ​သ​ဖြင့်၊ နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​တို့​သည် လွှမ်း​မိုး​သော​အ​ခါ၌​လည်း​ကောင်း ထို​သို့​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​တောင်​တို့​ကို မျက်​နှာ​ပြု၍၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​လော့။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 3,
      "text": "အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်၊ ချိုင့်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ကိုယ်​တိုင်​သင်​တို့​အ​ပေါ်​သို့ ဓား​ကို​ရောက်​စေ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ဖျက်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 4,
      "text": "သင်​တို့ ယဇ်​ပ​လ္လင်​တို့​သည် လူ​ဆိတ်​ညံ​လိမ့်​မည်။ နေ​ရုပ်​တု​တို့​သည် ကျိုး​ပဲ့​လိမ့်​မည်။ ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ သင်​တို့၏​သူ​ရဲ​များ​ကို ငါ​လှဲ​ချ​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 5,
      "text": "ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သေ​ကောင်​များ​ကို​ချ​ထား၍၊ ယဇ်​ပ​လ္လင်​တို့​ပတ်​လည်၌ သင်​တို့ အ​ရိုး​များ​ကို ငါ​ဖြန့်​ကြဲ​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 6,
      "text": "သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ရှိ​သော​မြို့​တို့​သည် ပြို​ပျက်၍၊ မြင့်​သော အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ယဇ်​ပ​လ္လင်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်၊ ရုပ်​တု​ဆင်း​တု အ​မျိုး​မျိုး​တို့​သည် ခုတ်​လှဲ​ချိုး​ဖဲ့​ခြင်း​ကို​ခံ​ရ​လျက်၊ သင်​တို့​လုပ်​သော အ​ရာ​တို့​သည် ပျောက်​ပျက်​လျက် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 7,
      "text": "သင်​တို့​အ​လယ်၌ သူ​ရဲ​တို့​သည် လဲ၍​သေ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 8,
      "text": "သို့​သော်​လည်း၊ သင်​တို့​သည် အ​ပြည်​ပြည်​သို့ ကွဲ​ပြား​ကြ​သော​အ​ခါ၊ လူ​အ​မျိုး​မျိုး​တို့၏​ဓား​နှင့် လွတ်​သော​သူ​အ​ချို့​ရှိ​စေ​ခြင်း​ငှာ အ​ကျန်​အ​ကြွင်း​ကို ငါ​ထား​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 9,
      "text": "ငါ့​ကို​စွန့်​ပစ်၍ မှား​ယွင်း​တတ်​သော နှ​လုံး​ကို​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​နှင့် မှား​ယွင်း​လို​သ​ဖြင့် လိုက်၍​ကြည့်​သော မျက်​စိ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ဖျက်​သော​အ​ခါ၊ လွတ်​သော​သူ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ အ​ပြည်​ပြည်​တို့၌ ငါ့​ကို​အောက်​မေ့​ကြ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 10,
      "text": "ထို​သို့​သော​အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်​ဟု၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချည်း​နှီး​မိန့်​တော်​မူ​သည် မ​ဟုတ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 11,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​ဆိုး​တို့​ကြောင့်၊ အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား​ဟု​ဆို​လျက်၊ လက်​ခုပ်​တီး​လော့။ ခြေ​နှင့်​ဆောင့်​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ​ဘေး​တို့​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 12,
      "text": "ဝေး​သော​သူ​သည် နာ​ဘေး​ဖြင့်​သေ​လျက်၊ နီး​သော​သူ​သည် ဓား​ဘေး​ဖြင့်​ဆုံး​လျက်၊ ထို​ဘေး​မှ​လွတ်၍ ကျန်​ကြွင်း​သော​သူ​သည်​လည်း မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် သေ​လျက်၊ သူ​တို့၌ ငါ၏​ဒေါ​သ​အ​ရှိန် ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 13,
      "text": "ရုပ်​တု​ဆင်း​တု​အ​ပေါင်း​တို့​အား နံ့​သာ​ပေါင်း​ကို ပူ​ဇော်​ရာ​အ​ရပ်၊ ယဇ်​ပ​လ္လင်​များ​ပတ်​လည်၊ မြင့်​သော​ကုန်း၊ တောင်​ထိပ်​ရှိ​သ​မျှ​တို့​အ​ပေါ်၊ စိမ်း​သော​သစ်​ပင်၊ အ​ရိပ်​ကောင်း​သော သ​ပိတ်​ပင်​ရှိ​သ​မျှ​တို့ အောက်၌၊ ရုပ်​တု​ဆင်း​တု​တို့​တွင် သူ​ရဲ​တို့​သည်​လဲ၍ သေ​လျက်​ရှိ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 6,
      "verse": 14,
      "text": "သူ​တို့​အ​ပေါ်​မှာ ငါ​သည်​လက်​ကို​ဆန့်၍၊ ဒိ​ဗ​လတ်​မြို့​နှင့် ဆိုင်​သော လွင်​ပြင်​ထက်၊ သူ​တို့ နေ​လေ​ရာ​ရာ​ပြည်​ကို သာ၍ လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ ဖြစ်​စေ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 1,
      "text": "နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ပြည်​လေး​ထောင့်​တို့​သည် ဆုံး​ခြင်း​သို့​ရောက်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 3,
      "text": "သင်​သည် ဆုံး​ခြင်း​သို့​ရောက်၍ သင့်​အ​ပေါ်​သို့ ငါ၏​အ​မျက်​ကို​ငါ​လွှတ်​လိုက်​မည်။ သင်၏​အ​ကျင့်​နှင့်​အ​လျောက် ငါ​စီ​ရင်​မည်။ သင်​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့၏ အ​ကျိုး​အ​ပြစ်​ကို​ဆပ်​ပေး​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 4,
      "text": "ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 5,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘေး​တစ်​ခု နောက်​တစ်​ခု​ရောက်​လာ၏။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 6,
      "text": "ဆုံး​ခြင်း​ဘေး​ရောက်​လာ၏။ ဆုံး​ခြင်း​ဘေး​ရောက်​လာ၏။ သင့်​ကို​စောင့်​လျက် ရောက်​လာ၏။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 7,
      "text": "အို ပြည်​တော်​သား၊ သင်​သည် အ​လှည့်​ခံ​ရ​သော​အ​ချိန် ရောက်​လာ၏။ အ​ချိန်​စေ့​ပြီ။ ရွှင်​လန်း​စွာ ကြွေး​ကြော်​ခြင်း မ​ရှိ​ရ​ဘဲ၊ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ပြု​ရ​သော​နေ့​နီး​ပြီ။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 8,
      "text": "ငါ​သည် မ​ကြာ​မ​မြင့်​မီ သင်၏​အ​ပေါ်​သို့ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​မည်။ သင်၌​ငါ့​အ​မျက်​အ​လို​ကို ပြည့်​စုံ​စေ​မည်။ သင်၏​အ​ကျင့်​အ​တိုင်း စီ​ရင်​မည်။ သင်​ပြု​မိ​သ​မျှ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့၏ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 9,
      "text": "နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော​ရွံ​ရှာ​ဖွယ် အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 10,
      "text": "နေ့​ရက်​ရောက်​လာ၏။ ရောက်​လာ၏။ အ​လှည့်​ခံ​ရ​ချိန်​စေ့​ပြီ။ တံ​ဖျာ​ပွင့်​ပြီ။ မာ​န​ကြီး​ပွား​ပြီ။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 11,
      "text": "ညှဉ်း​ဆဲ​ခြင်း အ​မြစ်​မှ အ​ပြစ်​တံ​ဖျာ ပေါက်​လေ​ပြီ။ သူ​တို့​အ​စည်း​အ​ဝေး၊ သူ​တို့​ပ​ရိ​သတ် တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ။ သူ​တို့​အ​ဖို့ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 12,
      "text": "အ​ချိန်​စေ့​ပြီ။ နေ့​ရက်​နီး​ပြီ။ ဝယ်​သော​သူ​သည် ဝမ်း​မ​မြောက်​စေ​နှင့်။ ရောင်း​သော​သူ​သည် စိတ်​မ​သာ၊ မ​ညည်း​တွား​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သည် တည်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 13,
      "text": "ရောင်း​သော​သူ​သည် အ​သက်​လွတ်​လျက် ရှိ​သော်​လည်း၊ ရောင်း​သော​မြေ​သို့ ပြန်၍​မ​လာ​ရ။ ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် မ​ပြည့်​စုံ​ဘဲ​မ​နေ​ရ။ မ​တ​ရား​စွာ ကျင့်​သော​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​တည်​နိုင်​ရ။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 14,
      "text": "စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ တံ​ပိုး​ကို​မှုတ်​ကြ​သော်​လည်း၊ အ​ဘယ်​သူ​မျှ စစ်​ချီ၍​မ​သွား။ အ​ကြောင်း​မူ​ကား၊ ငါ့​အ​မျက်​သည် ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 15,
      "text": "ပြင်၌​ကား ဓား​ရှိ၏။ အ​တွင်း၌​ကား နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​ရှိ၏။ လယ်​ပြင်​တွင်​ရှိ​သော​သူ​သည် ဓား​ဖြင့်​သေ​လိမ့်​မည်။ မြို့​ထဲ​တွင်​ရှိ​သော သူ​သည်​လည်း နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​အား​ဖြင့် ဆုံး​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 16,
      "text": "သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 17,
      "text": "ထို​သူ​ရှိ​သ​မျှ​တို့​သည် လက်​အား​လျော့၍၊ ဒူး​သည်​လည်း အ​ရည်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 18,
      "text": "သူ​တို့​သည်​လည်း လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ပြင်း​စွာ​သော ထိတ်​လန့်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ တစ်​ယောက်​မျှ မ​ကြွင်း၊ မျက်​နှာ​ရှက်​ကြောက်​လျက်၊ ဆံ​ပင်​ဖြတ်​လျက် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 19,
      "text": "သူ​တို့​ငွေ​ကို လမ်း​သို့​ပစ်၍၊ ရွှေ​ကို ညစ်​ညူး​သော​အ​ရာ​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ၌၊ သူ​တို့ ရွှေ​ငွေ​သည် သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်။ သူ​တို့ အ​လို​ဆ​န္ဒ​ကို မ​ဖြေ​နိုင်။ ဝ​စွာ မ​ကျွေး​နိုင်။ အ​ကြောင်း​မူ​ကား၊ ထို​ရွှေ​ငွေ​သည် သူ​တို့​ထိ​မိ၍ မှား​ယွင်း​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 20,
      "text": "သူ​တို့၌ တင့်​တယ်​သော တန်​ဆာ​အား​ဖြင့် သူ​တို့​မာ​န​ကို တိုး​ပွား​စေ၍၊ သူ​တို့၌ စက်​ဆုပ်​ဖွယ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း​ကောင်း၊ ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း လုပ်​ကြ​သော​ကြောင့်၊ ထို​တန်​ဆာ​ကို ညစ်​ညူး​သော​အ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 21,
      "text": "တစ်​ပါး​အ​မျိုး​သား​တည်း​ဟူ​သော အ​ဓ​မ္မ​လူ​တို့​သည် လု​ယူ​ဖျက်​ဆီး​စေ​ခြင်း​ငှာ သူ​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​တို့​သည် ညစ်​ညူး​စေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 22,
      "text": "ငါ​လည်း မျက်​နှာ​လွှဲ​သည်​ဖြစ်၍၊ သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ကြ​လိမ့်​မည်။ ဓား​ပြ​တို့​သည် ဝင်၍ ညစ်​ညူး​စေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 23,
      "text": "သံ​ကြိုး​ကို လုပ်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ညှဥ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့် ပြည့်၏။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 24,
      "text": "ထို​ကြောင့်၊ ကြမ်း​ကြုတ်​သော လူ​မျိုး​တို့​ကို ငါ​ဆောင်​ခဲ့၍၊ သူ​တို့​သည် အိမ်​များ​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။ ခွန်​အား​ကြီး​မား​သော​သူ​တို့၏ မာ​န​ကို ငါ​ငြိမ်း​စေ​မည်။ သူ​တို့​သန့်​ရှင်း​သော အ​ရပ်​တို့​သည် ညစ်​ညူး​ခြင်း​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 25,
      "text": "ပျက်​စီး​ခြင်း​ဘေး​လာ၏။ သူ​တို့​သည် ငြိမ်​ဝပ်​ခြင်း​ကို ရှာ၍​မ​တွေ့​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 26,
      "text": "ဘေး​တစ်​ခု​နောက်​တစ်​ခု၊ သ​တင်း​တစ်​ခု နောက်​တစ်​ခု ပေါ်​လာ​လိမ့်​မည်။ ပ​ရော​ဖက်​ထံ​မှာ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ရှာ​သော်​လည်း မ​ရ​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တ​ရား​ဟော​သော​အ​ခွင့်၊ အ​သက်​ကြီး​သော သူ​တို့​သည် အ​ကြံ​ပေး​သော​အ​ခွင့်​ကို မ​ရ​ဘဲ​နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 7,
      "verse": 27,
      "text": "ရှင်​ဘု​ရင်​သည် ညည်း​တွား​မြည်​တမ်း​လိမ့်​မည်။ မင်း​သား​သည် မှိုင်​တွေ​ခြင်း​အ​ဝတ်​ကို ဝတ်​ရ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့၏ လက်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​ကြ​သည်​အ​တိုင်း သူ​တို့၌​ငါ​ပြု​မည်။ သူ​တို့​စီ​ရင်​ကြ​သည်​အ​တိုင်း ငါ​ပြန်၍ စီ​ရင်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 1,
      "text": "သ​က္က​ရာဇ်​ခြောက်​ခု၊ ဆ​ဋ္ဌ​မလ၊ ငါး​ရက်​နေ့​တွင်၊ ငါ​သည်​ကိုယ်​အိမ်၌​ထိုင်၍၊ ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် ငါ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 2,
      "text": "ထို​အ​ခါ ငါ​ကြည့်​ရှု၍၊ မီး​အ​ရောင်​ကဲ့​သို့​သော ပုံ​သ​ဏ္ဌာန်​သည် ထင်​ရှား၏။ ခါး​သ​ဏ္ဌာန်​မှ​သည် အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​ကဲ့​သို့​လည်း​ကောင်း ထင်​ရှား၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 3,
      "text": "လက်​သ​ဏ္ဌာန်​ကို​ဆန့်၍ ငါ၏​ဆံ​ပင်​တစ်​စု​ကို ကိုင်​လျက်၊ ဝိ​ညာဉ်​တော်​သည် ငါ့​ကို မြေ​နှင့်​မိုး​ကောင်း​ကင်​ကြား​မှာ ချီ​ကြွ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​သော ရုပ်​တု​ပ​လ္လင်​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ မြောက်​မျက်​နှာ​အ​တွင်း တံ​ခါး​ဝ​သို့၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ဆောင်​သွား၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 4,
      "text": "လွင်​ပြင်၌ အ​ရင်​ငါ​မြင်​ဖူး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ထင်​ရှား၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 5,
      "text": "အ​ချင်း​လူ​သား၊ မြောက်​လမ်း​သို့ မျှော်​ကြည့်​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မြောက်​လမ်း​သို့ ငါ​မျှော်​ကြည့်၍၊ မြောက်​မျက်​နှာ၊ ယဇ်​ပ​လ္လင်​တံ​ခါး​ဝ၌​အ​မျက်​တော်​ကို နှိုး​ဆော်​သော​ရုပ်​တု​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 6,
      "text": "တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ငါ​သည် ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဝေး​စွာ​သွား​စေ​ခြင်း​ငှာ သူ​တို့​ပြု​ကြ​သော​အ​မှု၊ ဤ​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​ပြု​သော၊ အ​လွန် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို မြင်​ပြီ​လော။ တစ်​ဖန် လှည့်၍​သွား​ဦး​လော့။ သာ၍​ကြီး​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 7,
      "text": "တံ​တိုင်း​တံ​ခါး​ဝ​သို့ ငါ့​ကို​ဆောင်​သွား၍ ငါ​ကြည့်​ရှု​သော​အ​ခါ၊ တံ​တိုင်း​ရိုး၌ အ​ပေါက်​ကို မြင်​လေ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 8,
      "text": "တစ်​ဖန်​တုံ အ​ချင်း​လူ​သား၊ တံ​တိုင်း​ရိုး​ကို တူး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​တူး​ပြီး​မှ တံ​ခါး​ဝ​ကို မြင်​လေ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 9,
      "text": "ဝင်​လော့။ ဤ​အ​ရပ်၌ ပြု​ကြ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ဆိုး​တို့​ကို ကြည့်​ရှု​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 10,
      "text": "ငါ​သည် ဝင်၍​ကြည့်​ရှု​သော​အ​ခါ၊ တံ​တိုင်း​ရိုး အ​တွင်း​ပတ်​လည်၌၊ တွား​တတ်​သော အ​ကောင်​မှ​စ၍ ရွံ​ရှာ​ဖွယ်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့၏ ပုံ​သ​ဏ္ဌာန်​သည် ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 11,
      "text": "သူ​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ယာ​ဇ​ညာ​သား​ရှာ​ဖန်​သည် သူ​တို့​အ​လယ်၌​ရပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး လင်​ပန်း​ကို​ကိုင်​လျက်၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​သ​ဖြင့်၊ မီး​ခိုး​သည် ထူ​ထပ်​စွာ​တက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 12,
      "text": "တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ အ​သီး​အ​သီး​တို့​သည် မှောင်​မိုက်​ထဲ​မှာ ပုံ​ရေး​သော​အ​ခန်း​တို့၌ ပြု​သော​အ​မှု​ကို မြင်​ပြီ​လော။ သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​မ​မြင်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို စွန့်​ပစ်​လေ​ပြီ​ဟု ဆို​ကြ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 13,
      "text": "တစ်​ဖန် လှည့်၍ သွား​ဦး​လော့။ သူ​တို့​ပြု​သော အ​မှု​တို့​တွင် သာ၍​ကြီး​စွာ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 14,
      "text": "ဗိ​မာန်​တော်​မြောက်​တံ​ခါး​ဝ​သို့ ဆောင်​သွား၍၊ ထို​အ​ရပ်၌ မိန်း​မ​တို့​သည် တ​မ္မု​ဇ​နတ်​အ​ဖို့ ငို​ကြွေး​လျက် ထိုင်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 15,
      "text": "အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို​မြင်​ပြီ​လော။ တစ်​ဖန် လှည့်၍​သွား​ဦး​လော့။ ထို​မျှ​မ​က သာ၍​ကြီး​စွာ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို မြင်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်၊"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​တွင်း တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်​တံ​ခါး၊ ဗိ​မာန်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​ကြား​မှာ၊ လူ​နှစ်​ကျိပ်​ငါး​ယောက်​တို့​သည် ဗိ​မာန်​တော်​ကို ကျော​ခိုင်း​လျက်၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​လျက်၊ အ​ရှေ့​မျက်​နှာ၌ နေ​ကို ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 17,
      "text": "တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထို​အ​မှု​ကို မြင်​ပြီ​လော။ ယု​ဒ​အ​မျိုး​သည် ဤ​အ​ရပ်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို ပြု​သော​အ​ပြစ် ပေါ့​သ​လော။ သူ​တို့​သည် အ​ဓ​မ္မ​မှု​ဖြင့် တစ်​ပြည်​လုံး​ကို ပြည့်​စေ၍ ငါ၏​အ​မျက်​ကို အ​ထပ်​ထပ် နှိုး​ဆော်​ကြ​ပြီ။ သစ်​ခက်​ကို​လည်း မိ​မိ​တို့​နှာ​ခေါင်း​ဝ၌ ကပ်၍​ကိုင်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 8,
      "verse": 18,
      "text": "ထို​ကြောင့်၊ ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ ငါ၏​အ​မျက်​ကို​လွှတ်​လိုက်​မည်။ သူ​တို့​သည် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်၍ တောင်း​လျှောက်​သော်​လည်း၊ ငါ​သည် နား​မ​ထောင်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 1,
      "text": "ဖျက်​ဆီး​သော လက်​နက်​ကို အ​သီး​အ​သီး​ကိုင်​လျက်၊ ဤ​မြို့​ခံ​ရ​သော ဒဏ်​တို့​ကို အ​နီး​သို့​ဆောင်​ခဲ့​ကြ​လော့​ဟု ကျယ်​သော​အ​သံ​နှင့် ခေါ်​တော်​မူ​သည်​ကို ငါ​ကြား၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 2,
      "text": "ထို​အ​ခါ လူ​ခြောက်​ယောက်​တို့​သည် အ​သီး​အ​သီး ကွပ်​မျက်​စ​ရာ လက်​နက်​ကို​ကိုင်​လျက်၊ တစ်​ယောက်​သည်​လည်း၊ ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​လျက်၊ မြောက်​မျက်​နှာ​ဘက် အ​ထက်​တံ​ခါး​လမ်း​ဖြင့် ဝင်၍၊ ကြေး​ဝါ​ပ​လ္လင်​အ​နား​မှာ ရပ်​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် ကျိန်း​ဝပ်​ရာ​ခေ​ရု​ဗိမ်​မှ အိမ်​တော်​တံ​ခါး​ခုံ​သို့ တက်၍၊ ပိတ်​အ​ဝတ်​ကို​ဝတ်​လျက်၊ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​ကို​ခေါ်၍၊"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ လျှောက်​သွား​လော့။ မြို့​ထဲ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကြောင့်၊ ညည်း​တွား​ငို​ကြွေး​သော​သူ​တို့၏ န​ဖူး​ကို​ထိုး​မှတ်​လော့ ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 5,
      "text": "အ​ခြား​သော သူ​တို့​အား​လည်း၊ ထို​သူ​နောက် မြို့​ထဲ၌​လျှောက်​သွား၍ ဒဏ်​ခတ်​ကြ​လော့။ နှ​မြော​စုံ​မက်​ခြင်း မ​ရှိ​ကြ​နှင့်။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 6,
      "text": "အ​သက်​ကြီး​သော​သူ၊ အ​သက်​ငယ်​သော​သူ၊ အ​ပျို​မ၊ သူ​ငယ်၊ မိန်း​မ​တို့​ကို ရှင်း​ရှင်း​သတ်​ကြ​လော့။ သို့​ရာ​တွင်၊ အ​မှတ်​ပါ​သော​သူ​ကို မ​ချဉ်း​ကပ်​ကြ​နှင့်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၌ အ​ဦး​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို ငါ​ကြား၏။ သူ​တို့​သည်​လည်း၊ အိမ်​တော်​ရှေ့​မှာ​ရှိ​သော အ​သက်​ကြီး​သူ​တို့​ကို ရှေ့​ဦး​စွာ​သတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 7,
      "text": "တစ်​ဖန်​တုံ၊ အိမ်​တော်​ကို ညစ်​ညူး​စေ၍၊ ကွပ်​မျက်​သော​သူ အ​သေ​ကောင်​တို့​နှင့် တံ​တိုင်း​များ​ကို ပြည့်​စေ​ပြီး​မှ ထွက်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည်​ထွက်၍ မြို့​ထဲ၌ ကွပ်​မျက်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 8,
      "text": "ထို​သို့ သူ​တို့​သည် ကွပ်​မျက်​ကြ​သော​အ​ခါ၊ ငါ​နေ​ရစ်​စဉ်​တွင် ပျပ်​ဝပ်၍၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့ အ​မျက်​တော်​ကို​သွန်း​လောင်း၍၊ ကျန်​ကြွင်း​သ​မျှ​သော ဣ​သ​ရေ​လ​အ​မျိုး​ကို ဖျက်​ဆီး​တော်​မူ​မည်​လော​ဟု ကြွေး​ကြော်၍ လျှောက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး၏​အ​ပြစ်​သည် အ​လွန်​တ​ရာ​ကြီး၏၊ တစ်​ပြည်​လုံး​သည် လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ မြို့​သည်​လည်း ဖောက်​ပြန်​ခြင်း​အ​ပြစ်​နှင့် ပြည့်၏။ သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ကို စွန့်​ပစ်​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​မ​မြင်​ဟု ဆို​ကြ၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 10,
      "text": "ထို​ကြောင့်၊ ငါ​သည်​နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ၊ သူ​တို့​အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 9,
      "verse": 11,
      "text": "ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 1,
      "text": "တစ်​ဖန် ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်၏​ခေါင်း​တို့​အ​ထက် မိုး​မျက်​နှာ​ကြက်၌ နီ​လာ​ကျောက်​ကဲ့​သို့၊ ရာ​ဇ​ပ​လ္လင်၏​သ​ဏ္ဌာန်​အ​ရောင်​သည် ထင်​ရှား၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 2,
      "text": "ပိတ်​အ​ဝတ်​ကို​ဝတ်​သော သူ​အား​လည်း၊ ရ​ထား​ဘီး​တို့​အ​ကြား​မှာ ခေ​ရု​ဗိမ်​အောက်​သို့ ဝင်​လော့။ ခေ​ရု​ဗိမ် အ​ကြား​မှာ​ရှိ​သော မီး​ခဲ​တို့​ကို လက်​နှစ်​ဖက်​နှင့် ကျုံး​ပြီး​လျှင်၊ မြို့​အ​ပေါ်​မှာ ဖြန့်​ကြဲ​လော့​ဟု မိန့်​တော်​မူ​သည် အ​တိုင်း၊ ထို​သူ​သည် ငါ့​မျက်​မှောက်၌ သွား၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 3,
      "text": "ဝင်​သော​အ​ခါ ခေ​ရု​ဗိမ်​တို့​သည် အိမ်​တော် လက်​ယာ​ဘက်​မှာ​ရပ်၍၊ အ​တွင်း​တံ​တိုင်း​သည် မိုး​တိမ်​နှင့်​ပြည့်၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ခေ​ရု​ဗိမ်​အ​ပေါ်​က အိမ်​တော်​တံ​ခါး​ခုံ​အ​ထက်​သို့ တက်​ရွှေ့၍၊ အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။ တံ​တိုင်း​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​အ​ရောင်​နှင့် ပြည့်၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 5,
      "text": "အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင် မိန့်​မြွက်​တော်​မူ​သော အ​သံ​ကဲ့​သို့ ခေ​ရု​ဗိမ်​အ​တောင်​တို့၏ အ​သံ​ကို​ကြား​ရ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 6,
      "text": "ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​အား​လည်း၊ ရ​ထား​ဘီး​အ​ကြား​ထဲ​က မီး​ကို​ယူ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထို​သူ​သည်​ဝင်၍ ဘီး​တို့​အ​နား၌ ရပ်​နေ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 7,
      "text": "ခေ​ရု​ဗိမ်​တစ်​ပါး​သည် ခေ​ရု​ဗိမ်​စု​ထဲ​က လက်​ကို​ဆန့်၍၊ ခေ​ရု​ဗိမ်​အ​ကြား​မှာ​ရှိ​သော မီး​ကို​ယူ​ပြီး​လျှင်၊ ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​လက်၌ ထည့်၏။ ထို​သူ​လည်း​ခံ​ယူ၍ ထွက်​သွား၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 8,
      "text": "ခေ​ရု​ဗိမ်​အ​တောင်​အောက်၌ လူ​လက်​ကို​လည်း ငါ​မြင်၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 9,
      "text": "ငါ​ကြည့်​ရှု၍၊ ခေ​ရု​ဗိမ်​တို့​အ​နား​မှာ ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ၏။ ဘီး​တို့​သည် ကျောက်​မျက်​ရွဲ၏ အ​ဆင်း​အ​ရောင် ရှိ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 10,
      "text": "ဘီး​လေး​ခု​တို့​သည် ပုံ​သ​ဏ္ဌာန်​တစ်​ညီ​တည်း​ရှိ၍၊ ဘီး​တစ်​ခု​ထဲ၌ ဘီး​တစ်​ခု​တပ်​သ​ကဲ့​သို့ ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 11,
      "text": "သွား​သော​အ​ခါ ဘီး​လေး​မျက်​နှာ​တ​ညီ​တည်း​နေ၍၊ မ​လှည့်​ဘဲ သွား​တတ်​ကြ၏။ ခေါင်း​မျက်​နှာ ပြု​သော​ဘက်​သို့ လိုက်၍ မ​လှည့်​ဘဲ သွား​ကြ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 12,
      "text": "ဘီး​လေး​ခု​နှင့်​တ​ကွ ခေ​ရု​ဗိမ်​လေး​ပါး​တို့​သည် ကျော၊ လက်၊ အ​တောင်​မှ​စ၍ တစ်​ကိုယ်​လုံး၌ မျက်​စိ​နှင့် ပြည့်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 13,
      "text": "ထို​ဘီး​တို့​ကို စ​ကြာ​ဟူ​သော အ​မည်​ဖြင့် သ​မုတ်​သည်​ကို ငါ​ကြား၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 14,
      "text": "ခေ​ရု​ဗိမ်​တို့​သည် မျက်​နှာ​လေး​ခု​စီ​ရှိ၍၊ ပ​ထ​မ​မျက်​နှာ​သည် ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ​မျက်​နှာ​သည် လူ​မျက်​နှာ၊ တ​တိ​ယ​မျက်​နှာ​သည် ခြင်္သေ့​မျက်​နှာ၊ စ​တု​တ္ထ​မျက်​နှာ​သည် ရွှေ​လင်း​တ​မျက်​နှာ​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 15,
      "text": "ထို​ခေ​ရု​ဗိမ်​တို့​သည် ချီ​ကြွ​လျက်​ရှိ​ကြ၏။ ဤ​သည်​ကား၊ ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော သ​တ္တ​ဝါ​ပေ​တည်း။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 16,
      "text": "ခေ​ရု​ဗိမ်​တို့​သည် သွား​သော​အ​ခါ ဘီး​တို့​သည် ထက်​ကြပ်​လိုက်​ကြ၏။ ခေ​ရု​ဗိမ်​တို့​သည် မြေ​ကြီး​မှ​တက်​အံ့​သော​ငှာ အ​တောင်​တို့​ကို ဖြန့်​သော​အ​ခါ၊ ဘီး​တို့​သည် မ​ကွာ​ဘဲ​လိုက်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 17,
      "text": "သူ​တို့​ရပ်​သော​အ​ခါ ဘီး​တို့​သည်​ရပ်​ကြ၏။ သူ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း ထက်​ကြပ်​လိုက်၍ တက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သ​တ္တ​ဝါ၏ ဝိ​ညာဉ်​သည်​ဘီး​တို့၌​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 18,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် အိမ်​တော်​တံ​ခါး​ခုံ​မှ ရွှေ့၍​ခေ​ရု​ဗိမ်​အ​ပေါ်​မှာ တည်​လေ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 19,
      "text": "ထို​ခေ​ရု​ဗိမ်​တို့​သည် ငါ့​မျက်​မှောက်၌ အ​တောင်​တို့​ကို ဖြန့်​ပြီး​လျှင်၊ မြေ​ကြီး​နှင့်​ကွာ၍ တက်​ကြ၏။ ပြင်​သို့ ထွက်​သော​အ​ခါ ဘီး​တို့​သည် လိုက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့ တံ​ခါး​ဝ​မှာ​ရပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် သူ​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 20,
      "text": "ဤ​သည်​ကား၊ ခေ​ဗာ​မြစ်​နား​မှာ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​အောက်၌ ငါ​မြင်​ဖူး​သော​သ​တ္တ​ဝါ​ပေ​တည်း။ ခေ​ရု​ဗိမ်​ဖြစ်​သည်​ကို​လည်း ငါ​သိ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 21,
      "text": "သူ​တို့​သည် မျက်​နှာ​လေး​ခု​စီ၊ အ​တောင်​လေး​ခု​စီ​ရှိ၍၊ အ​တောင်​အောက်၌ လူ​လက်​သ​ဏ္ဌာန်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 10,
      "verse": 22,
      "text": "မျက်​နှာ​ပုံ​ကား၊ ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော​မျက်​နှာ​နှင့် တူ၏။ ကိုယ်​အ​ဆင်း​အ​ရောင်​လည်း​တူ၏။ ထို​သူ​လေး​ပါး​တို့​သည် တည့်​တည့်​သွား​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 1,
      "text": "ထို​နောက် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော် အ​ရှေ့​တံ​ခါး​သို့ ဆောင်​သွား၍၊ တံ​ခါး​ဝ၌ လူ​နှစ်​ကျိပ်​ငါး​ယောက် ရှိ၏။ သူ​တို့​တွင် မင်း​ပြု​သော​သူ၊ အ​ဇု​ရ​သား​ယာ​ဇ​ညာ၊ ဗေ​နာ​ယ​သား ပေ​လ​တိ​တို့​ကို ငါ​မြင်၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 2,
      "text": "ဗျာ​ဒိတ်​တော်​အ​သံ​ကား၊ အ​ချင်း​လူ​သား၊ ဤ​သူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို​ကြံ​စည်၍၊ ဤ​မြို့၌ မ​တ​ရား​သော တိုင်​ပင်​ခြင်း​ကို ပြု​သော​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 3,
      "text": "သူ​တို့​က၊ အ​မှု​မ​ရောက်​သေး။ အိမ်​ဆောက်​ကြ​ကုန်​အံ့။ ဤ​မြို့​သည် အိုး​ကင်း၊ ငါ​တို့​သည် အ​မဲ​သား​ဖြစ်​သည်​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 4,
      "text": "သို့​ဖြစ်၍ အို​လူ​သား၊ သူ​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 5,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်၍၊ သင်​သည်​ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ဤ​သို့​ပြော​ဆို​ကြ​ပြီ။ သင်​တို့ ကြံ​စည်​သ​မျှ​တို့​ကို ငါ​သိ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 6,
      "text": "သင်​တို့​သည် ဤ​မြို့၌​သူ​ရဲ​တို့​ကို များ​ပြား​စေ၍၊ မြို့​လမ်း​တို့​ကို သူ​ရဲ​များ​နှင့် ပြည့်​စေ​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 7,
      "text": "ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ထား​သော သူ​ရဲ​တို့​သည် အ​မဲ​သား​ဖြစ်၏။ ဤ​မြို့​သည် အိုး​ကင်း​ဖြစ်၏။ သို့​သော်​လည်း၊ သင်​တို့​ကို မြို့​ထဲ​က​ငါ​ထုတ်​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 8,
      "text": "သင်​တို့​သည် ဓား​ကို​ကြောက်​သည်​ဖြစ်၍၊ ငါ​သည် ထို​ဓား​ကို သင်​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 9,
      "text": "ငါ​သည် သင်​တို့​ကို မြို့​ထဲ​က​ထုတ်​ပြီး​လျှင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ လက်​သို့​အပ်၍ အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 10,
      "text": "သင်​တို့​သည် ဓား​ဖြင့်​ဆုံး​ရှုံး​ကြ၍၊ ဣ​သ​ရေ​လ​ပြည်​စွန်း​မှာ ငါ​စစ်​ကြော​စီ​ရင်​သ​ဖြင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 11,
      "text": "ဤ​မြို့​သည် သင်​တို့၏ အိုး​ကင်း​မ​ဖြစ်​ရ၊ သင်​တို့​သည်​လည်း၊ အိုး​ကင်း၌ အ​မဲ​သား​မ​ဖြစ်​ရ​ကြ။ ဣ​သ​ရေ​လ​ပြည်​စွန်း​မှာ ငါ​စစ်​ကြော​စီ​ရင်​သ​ဖြင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ ငါ့​စီ​ရင်​ချက်​တို့​ကို မ​စောင့်၊ သင်​တို့​ပတ်​လည်၌ နေ​သော လူ​မျိုး​တို့၏ ထုံး​စံ​ဓ​လေ့​တို့​ကို​လိုက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 13,
      "text": "ထို​ဗျာ​ဒိတ်​တော်​စ​ကား​ကို ငါ​သည်​ဆင့်​ဆို၍ ဟော​ပြော​စဉ်​တွင်၊ ဗေ​နာ​ယ​သား ပေ​လ​တိ​သည် သေ၏။ ငါ​သည်​လည်း ပျပ်​ဝပ်၍၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆုံး​ရှုံး​စေ​တော်​မူ​မည်​လော​ဟု ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 14,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 15,
      "text": "အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဝေး​စွာ​ထွက်​သွား​ကြ​လော့။ ဤ​ပြည်​ကို ငါ​တို့​အား အ​ပိုင်​ပေး​တော်​မူ​ပြီ​ဟု သင်၏​ညီ​အစ်​ကို၊ သင်၏​အ​မျိုး​သား​ချင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆို​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 16,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့ နေ​ရာ​ဝေး​သော​အ​ရပ်​သို့ ငါ​ပြောင်း​စေ၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ ဖြန့်​ကြဲ​သော်​လည်း၊ သူ​တို့​ရောက်​သော​ပြည်​တို့၌ ငါ​သည်​သူ​တို့​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကဲ့​သို့ ခ​ဏ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 17,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဖြန့်​ကြဲ​သော လူ​အ​မျိုး​မျိုး​နေ​ရာ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​မှ ငါ​သိမ်း​ယူ၍၊ စု​ဝေး​ပြီး​လျှင်၊ ဣ​သ​ရေ​လ​ပြည်​ကို ပေး​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 18,
      "text": "သူ​တို့​သည် ထို​ပြည်​သို့​ရောက်၍၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 19,
      "text": "ငါ​သည်​လည်း၊ ညီ​ညွတ်​သော​စိတ်​နှ​လုံး​နှင့် အ​သစ်​သော​သ​ဘော​ကို သွင်း​ပေး​မည်။ သူ​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍၊ အ​သား​နှ​လုံး​ကို ပေး​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 20,
      "text": "သူ​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​သော ပ​ညတ်​တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​သ​ဖြင့်၊ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 21,
      "text": "သို့​မ​ဟုတ်​လျှင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​တို့၏​အ​လို​သို့ စိတ်​နှ​လုံး​အား​ဖြင့် လိုက်​သော​သူ​တို့၏​အ​ပြစ်​ကို၊ သူ​တို့၏​ခေါင်း​ပေါ်​သို့ ငါ​ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 22,
      "text": "ထို​အ​ခါ ခေ​ရု​ဗိမ်​တို့​သည် အ​တောင်​တို့​ကို ဖြန့်၍၊ ဘီး​တို့​သည်​လည်း လိုက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် ဘုန်း​တော်​သည်​လည်း သူ​တို့​အ​ပေါ်၌ ရှိ​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 23,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် မြို့​ထဲ​က​တက်၍၊ မြို့​အ​ရှေ့​မှာ​ရှိ​သော တောင်​ပေါ်၌ ရပ်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 24,
      "text": "ဝိ​ညာဉ်​တော်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ချီ၍ သိမ်း​သွား​သော သူ​တို့​နေ​ရာ၊ ခါ​လ​ဒဲ​ပြည်​သို့ ဆောင်​သွား​တော်​မူ၏။ ငါ​မြင်​ခဲ့​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​လည်း ငါ​နှင့်​ကွာ၍ တက်​သွား၏။"
    },
    {
      "book": 26,
      "chapter": 11,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အား ကြား​ပြော​လေ၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ထဲ​မှာ​နေ၏။ သူ​တို့​သည် မြင်​ရ​သော မျက်​စိ​ရှိ​သော်​လည်း မ​မြင်​တတ်။ ကြား​ရ​သော နား​ရှိ​သော်​လည်း မ​ကြား​တတ်။ ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 3,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ အ​ခြား​သို့ ပြောင်း​သွား​ခြင်း​ငှာ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ပြင်​ဆင်၍၊ နေ့​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပြောင်း​သွား​လော့။ သူ​တို့​မျက်​မှောက်​တွင် အ​ခြား​တစ်​ပါး​သို့ နေ​ရာ​ပြောင်း​လော့။ ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်​သော်​လည်း၊ သ​တိ​ရ​ကောင်း ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 4,
      "text": "နေ​ရာ​ပြောင်း​စ​ရာ​ဖို့ ပြင်​ဆင်​သော ဥ​စ္စာ​ပ​ရိ​ကံ​များ​ကဲ့​သို့၊ သင်​၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို နေ့​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ထုတ်​ရ​မည်။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ ည​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ထွက်​သွား​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 5,
      "text": "သူ​တို့​မျက်​မှောက်၌ အုတ်​ရိုး​ကို​တူး​ဖောက်​၍၊ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ထုတ်​သွား​လော့။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 6,
      "text": "ညဉ့်​ဦး​ယံ​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ထုတ်​ရ​မည်။ မြေ​ကို​မ​မြင်​ရ​အောင် မျက်​နှာ​ကို​ဖုံး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 7,
      "text": "ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ၏ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကဲ့​သို့၊ ငါ၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို နေ့​အ​ချိန်၌​ထုတ်၍၊ ည​အ​ချိန်​၌ အုတ်​ရိုး​ကို ကိုယ်​လက်​နှင့် တူး​ဖောက်​ပြီး​မှ၊ ညဉ့်​ဦး​ယံ​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပ​ခုံး​ပေါ်​မှာ​ထမ်း​သွား၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 8,
      "text": "နံ​နက်​အ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 9,
      "text": "အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ်​သော ဣ​သ​ရေ​လ​အ​မျိုး​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု သင့်​အား​မေး​သည်​ရှိ​သော်၊"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 10,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်။ ဤ​ဗျာ​ဒိတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​စိုး​ရ​သော​မင်း​မှ​စ၍၊ ထို​မြို့၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ဆိုင်​ပေ​၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 11,
      "text": "ငါ​သည်​သင်​တို့၏​နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​သည် ပြု​ရ​ကြ​လိမ့်​မည်။ နေ​ရာ​ပြောင်း​၍ သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 12,
      "text": "သင်​တို့၏ မင်း​သည်​လည်း၊ မိ​မိ​ပ​ခုံး​၌​ထမ်း​၍ ညဉ့်​ဦး​ယံ​အ​ချိန်​၌ ထုတ်​သွား​ရ​လိမ့်​မည်။ ထုတ်​သွား​စ​ရာ​ဖို့ အုတ်​ရိုး​ကို တူး​ဖော်​ရ​လိမ့်​မည်။ မြေ​ကို​မ​မြင်​ရ​အောင် မျက်​နှာ​ကို ဖုံး​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 13,
      "text": "ထို​မင်း​ကို​လည်း ငါ၏​ပိုက်​ကွန်​နှင့်​အုပ်​၍၊ ငါ​၏​ကျော့​ကွင်း​၌ ကျော့​မိ​စေ​မည်။ ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ထို​မြို့​၌ သေ​ရ​သော်​လည်း မြို့​ကို​မ​မြင်​ရ။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 14,
      "text": "သူ့​ကို​မ​စ​ခြင်း​ငှာ ဝိုင်း​သော​သူ​တို့​နှင့် တပ်​သား​အ​ပေါင်း​တို့​ကို အ​ရပ်​ရပ်​သို့ ဖြန့်​ကြဲ​မည်။ သူ​တို့​နောက်၌​လည်း ဓား​ကို​လွှတ်​လိုက်​မည်။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 15,
      "text": "လူ​အ​မျိုး​မျိုး​တို့​တွင် ကွဲ​ပြား​စေ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ဖြန့်​ကြဲ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 16,
      "text": "သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် လွတ်၍၊ ငါ​ကျန်​ကြွင်း​စေ​သော သူ​အ​ချို့​တို့​သည် မိ​မိ​တို့​ပြု​ဖူး​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ရှိ​သ​မျှ​တို့​ကို၊ နောက်​ရောက်​သော တစ်​ပါး​အ​မျိုး​သား​နေ​ရာ​ပြည်​တို့၌ ဖော်​ပြ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 17,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 18,
      "text": "အ​ချင်း​လူ​သား၊ တုန်​လှုပ်​လျက် အ​စာ​ကို​စား​လော့။ တုန်​လှုပ်​လျက်၊ သ​တိ​ပြု​လျက် ရေ​ကို​သောက်​လော့။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 19,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် သ​တိ​ပြု​လျက် အ​စာ​ကို စား​ရ​ကြ​မည်။ မိန်း​မော​တွေ​ဝေ​လျက် ရေ​ကို သောက်​ရ​ကြ​မည်။ ထို​သို့​သော​အား​ဖြင့်၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့်၊ ဣ​သ​ရေ​လ​ပြည်​သည် မိ​မိ​ပြည့်​စုံ​ခြင်း​နှင့် ကင်း​လွတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 20,
      "text": "လူ​နေ​သော မြို့​တို့​သည်​လည်း ပျက်​စီး၍၊ တစ်​ပြည်​လုံး ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 21,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ​၍၊"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 22,
      "text": "အ​ချင်း​လူ​သား၊ နေ့​ရက်​ကာ​လ ရွေ့​လျက်​ရှိ၍၊ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပျက်​ကြ​ပြီ​ဟု၊ ဣ​သ​ရေ​လ​ပြည်၌ သုံး​တတ်​သော စ​ကား​ပုံ​ကား အ​ဘယ်​သို့​နည်း။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 23,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​စ​ကား​ပုံ​ကို ငါ​ပျောက်​စေ​မည်။ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ မ​သုံး​ရ​ကြ။ နေ့​ရက်​ကာ​လ​နီး​ပြီ။ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပြည့်​စုံ​ကြ​လိမ့်​မည်​ဟု ပြော​လော့။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 24,
      "text": "နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​၌ အ​ချည်း​နှီး​သော ရူ​ပါ​ရုံ​မ​ရှိ​ရ။ ချော့​မော့​စွာ ပ​ရော​ဖက်​ပြု​ခြင်း​လည်း မ​ရှိ​ရ။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 25,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။ ငါ​ပြော​လျှင်၊ ပြော​သည်​အ​တိုင်း ပြည့်​စုံ​လိမ့်​မည်။ ပြည့်​စုံ​ချိန်​လည်း မ​ရွေ့​ရ။ အ​ချင်း​ပုန်​ကန်​တတ်​သော​အ​မျိုး၊ သင်​တို့​လက်​ထက်၌ ငါ​ပြော​မည်။ ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘုရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 26,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 27,
      "text": "အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ သူ​မြင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် ဝေး​သေး​၏။ ဝေး​သေး​သော​ကာ​လ​ကို ရည်​မှတ်၍ ဟော​တတ်​သည်​ဟု ပြော​ဆို​ကြ​၏။"
    },
    {
      "book": 26,
      "chapter": 12,
      "verse": 28,
      "text": "သို့​ဖြစ်​၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​၏​စ​ကား ပြည့်​စုံ​ချိန်​မ​ရွေ့​ရ။ ငါ​ပြော​သည်​အ​တိုင်း​လည်း ပြည့်​စုံ​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ ကိုယ်​အ​လို​အ​လျောက်​ပ​ရော​ဖက်​ပြု၍ ဟော​ပြော​တတ်​သော ဣ​သ​ရေ​လ​အ​မျိုး ပ​ရော​ဖက်​တို့​တစ်​ဖက်၌ ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ဟု သူ​တို့​အား​ပြော​လော့။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ဘဲ၊ ကိုယ်​စိတ်​အ​လို​သို့ လိုက်​တတ်​သော ပ​ရော​ဖက်​မိုက်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 4,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ပ​ရော​ဖက်​တို့​သည် တော၌​နေ​သော မြေ​ခွေး​နှင့်​တူ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရောက်​မှ စစ်​တိုက်၍ ခံ​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​သည် မြို့​ရိုး​ပျက်​အ​ပေါ်​သို့ တက်၍၊ ပြု​ပြင်​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 6,
      "text": "အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မ​မူ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု ဆို​လျက်၊ လှည့်​စား၍ ပ​ရော​ဖက်​ပြု​ကြ​ပြီ။ ကိုယ်​စ​ကား​ပြည့်​စုံ​မည်​ဟု သူ​တစ်​ပါး​ယုံ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 7,
      "text": "ငါ​မ​ပြော​ဘဲ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ဟု သင်​တို့​ဆို​လျက်၊ အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်​ကြ​ပြီ​မ​ဟုတ်​လော။ လှည့်​စား၍ ပ​ရော​ဖက်​ပြု​ကြ​ပြီ မ​ဟုတ်​လော့။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 8,
      "text": "ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​ချည်း​နှီး​သော​စ​ကား​ကို​ပြော၍ မု​သား​ရူ​ပါ​ရုံ​ကို​မြင်​သော​ကြောင့် ငါ​သည် သင်​တို့​တစ်​ဖက်၌​နေ၏။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 9,
      "text": "အ​ချည်း​နှီး​သော​အ​ရာ​ကို​မြင်၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​သော ပ​ရော​ဖက်​တို့​ကို ငါ​ဆီး​တား​သ​ဖြင့်၊ သူ​တို့​သည် ငါ၏​ပ​ရိ​သတ်​စည်း​ဝေး​ရာ​သို့ မ​ဝင်​ရ​ကြ။ ဣ​သ​ရေ​လ​အ​မျိုး၏​စာ​ရင်း၌ သူ​တို့​အ​မည်​ကို မ​သွင်း​ရ။ ဣ​သ​ရေ​လ​ပြည်၌ နေ​ရာ​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 10,
      "text": "ငြိမ်​သက်​ခြင်း မ​ရှိ​သော်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​သည်​ဟု သင်​တို့​ဆို​လျက်၊ ငါ၏​လူ​တို့​ကို လှည့်​စား​သော​ကြောင့်​လည်း​ကောင်း၊ တစ်​ယောက်​ကား အုတ်​ရိုး​ကို​တည်​လျက်၊ တစ်​ယောက်​ကား အင်္ဂ​တေ​နှင့်​မွမ်း​မံ​လျက် ပြု​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 11,
      "text": "ထို​အုတ်​ရိုး​သည် ပြို​လဲ​မည်​ဟု အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တို့​အား ပြော​လော့။ မိုး​ရေ​လွှမ်း​မိုး​လိမ့်​မည်။ ကြီး​စွာ​သော​မိုး​သီး ကျ​လိမ့်​မည်။ မိုး​သက်​မုန်​တိုင်း​တိုက်​ဖျက်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 12,
      "text": "ထို​အုတ်​ရိုး​သည် ပြို​လဲ​ပြီး​မှ၊ သင်​တို့​မွမ်း​မံ​သော အင်္ဂ​တေ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​အား သူ​တစ်​ပါး​မေး​လိမ့်​မည် မ​ဟုတ်​လော။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 13,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​မျက်​ထွက်၍၊ သင်​တို့​အုတ်​ရိုး​ကို မိုး​သက်​မုန်​တိုင်း​အား​ဖြင့်​တိုက်၍ ဖျက်​မည်။ ငါ၏​ဒေါ​သ​အ​ရှိန်​ကြောင့် မိုး​ရေ​လွှမ်း​မိုး၍၊ ကြီး​စွာ​သော​မိုး​သီး​နှင့် ဆုံး​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 14,
      "text": "ထို​သို့​သင်​တို့​သည် အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​အုတ်​ရိုး​ကို မြေ​တိုင်​အောင်​ငါ​ဖြို​ချ၍ အ​မြစ်​ကို​လှန်​သ​ဖြင့်၊ အုတ်​ရိုး​သည်​လဲ၍ ဖိ​မိ​လျက်၊ သင်​တို့​သည် အ​သက်​ဆုံး​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို ထို​အ​ခါ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 15,
      "text": "ထို​သို့ အုတ်​ရိုး၌​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော သူ​တို့၌​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​အ​မျက်​ကို ဖြေ​မည်။ အုတ်​ရိုး​မ​ရှိ ဟူ၍​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တည်း​ဟူ​သော၊"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 16,
      "text": "ငြိမ်​သက်​ခြင်း​မ​ရှိ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ငြိမ်​သက်​ခြင်း​ရူ​ပါ​ရုံ​ကို​မြင်၍ ဟော​ပြော​သော ဣ​သ​ရေ​လ​ပ​ရော​ဖက်​များ မ​ရှိ​ကြ​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ပြော​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 17,
      "text": "ထို​မှ​တစ်​ပါး၊ အ​ချင်း​လူ​သား၊ ကိုယ်​အ​လို​အ​လျောက် ပ​ရော​ဖက်​ပြု​သော သင်၏​အ​မျိုး​သ​မီး​တို့​တစ်​ဖက်၌ မျက်​နှာ​ပြု၍၊"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 18,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ အ​သက်​ဝိ​ညာဉ်​တို့​ကို​ဖမ်း​ခြင်း​ငှာ ခပ်​သိမ်း​သော​သူ​တို့၏​နံ​ပါး၌ ခေါင်း​အုံး​ကို​ထည့်၍၊ လူ​အ​ကြီး​အ​ငယ်​တို့ ခေါင်း​ပေါ်​မှာ ဦး​ထုပ်​တို့​ကို တင်​ထား​သော​မိန်း​မ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​လူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို​ဖမ်း၍၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို သေ​ခြင်း​မှ ကယ်​ချွတ်​ကြ​လိမ့်​မည်​လော။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 19,
      "text": "မု​ယော​ဆန် တစ်​လက်​ဆွန်း​နှင့် မုန့်​တစ်​ဖဲ့​ကို​ရ​အံ့​သော​ငှာ၊ ငါ၏​လူ​တို့​တွင် ငါ့​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်​လော။ မု​သား​စ​ကား​ကို နား​ထောင်​တတ်​သော ငါ၏​လူ​တို့​အား မု​သား​စ​ကား​ကို ပြော​သော​အား​ဖြင့်၊ မ​သေ​အပ်​သော သူ​တို့၏​အ​သက်​ကို​သတ်၍၊ မ​ရှင်​အပ်​သော​သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်​လော။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 20,
      "text": "ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သက်​ဝိ​ညာဉ်​တို့​ကို ရ​အောင်​ဖမ်း​လျက်၊ သုံး​တတ်​သော ခေါင်း​အုံး​တို့​ကို ငါ​သည် ရန်​ဘက်​ပြု၍ သင်​တို့​နံ​ပါး​မှ ဆွဲ​နုတ်​ပြီး​လျှင်၊ သင်​တို့​ရ​အောင်​ဖမ်း​သော အ​သက်​ဝိ​ညာဉ်​တို့​ကို ငါ​လွှတ်​လိုက်​မည်။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 21,
      "text": "သင်​တို့​ဦး​ထုပ်​တို့​ကို​လည်း ငါ​ဆုတ်၍၊ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ကယ်​နုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် အ​ဖမ်း​ခံ၍၊ သင်​တို့​လက်​သို့ မ​ရောက်​ရ​ကြ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 22,
      "text": "ငါ​မ​ညှိုး​ငယ်​စေ​သော လူ​ကောင်း​တို့​ကို သင်​တို့​သည် မု​သား​စ​ကား​အား​ဖြင့် ညှိုး​ငယ်​စေ​သော​ကြောင့်​လည်း​ကောင်း၊ လူ​ဆိုး​တို့​သည် ဆိုး​သော​လမ်း​ကို မ​ရှောင်​စေ​ခြင်း​ငှာ အ​သက်​ချမ်း​သာ​ပေး၍၊ သူ​တို့​ကို ခိုင်​မာ​စေ​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 13,
      "verse": 23,
      "text": "နောက်​တစ်​ဖန် သင်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ​ကို မ​မြင်​ရ​ကြ။ ပ​ရော​ဖက်​ပြု၍ မ​ဟော​ရ​ကြ။ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ငါ​ကယ်​နုတ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ချို့​တို့​သည်​လာ၍ ငါ့​ရှေ့​မှာ ထိုင်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 3,
      "text": "အ​ချင်း​လူ​သား၊ ဤ​လူ​တို့​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​ကြ​ပြီ။ သူ​တို့​မေး​လျှောက်​ခြင်း​ကို ငါ​ခံ​ရ​မည်​လော။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 4,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ကြင်​ဣ​သ​ရေ​လ အ​မျိုး​သား​သည် ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​တို့​ကို တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို​ထား​လျက် ပ​ရော​ဖက်​ထံ​သို့ ရောက်​လာ၏။ ထို​သူ၌ ရုပ်​တု များ​ပြား​သည်​နှင့်​အ​ညီ ငါ​ပြန်​ပြော​မည်။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 5,
      "text": "ထို​သို့​သော​အား​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို သူ​တို့​စိတ်​သ​ဘော​ရှိ​သည်​နှင့်​အ​ညီ ငါ​ဖမ်း​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ရုပ်​တု​များ​ကြောင့် ငါ​နှင့် ကွာ​ဝေး​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 6,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နောင်​တ​ရ၍ ရုပ်​တု​တို့​ကို ကြဉ်​ရှောင်​ကြ​လော့။ သင်​တို့​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​မှ မျက်​နှာ​လွှဲ​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 7,
      "text": "ငါ​နှင့်​ကွာ​ပြီး​လျှင်၊ ကိုယ်​စိတ်​နှ​လုံး၌ ကိုယ်​ရုပ်​တု​များ​ကို​တည်​ထောင်၍၊ ကိုယ်​မျက်​နှာ​ရှေ့​မှာ ကိုယ်​ဒု​စ​ရိုက်​သစ်​တုံး​ကို ထား​လျက်​ပင်၊ ငါ့​အ​လို​ကို မေး​မြန်း​ခြင်း​ငှာ၊ ပ​ရော​ဖက်​ထံ​သို့​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​အ​လို​အ​လျောက်​ပြန်​ပြော​သ​ဖြင့်၊"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 8,
      "text": "ထို​သူ​တစ်​ဖက်၌ ငါ​သည်​မျက်​နှာ​ထား၍ သူ့​ကို​နိ​မိတ်​ဖြစ်​စေ​မည်။ စ​ကား​ပုံ​လည်း ဖြစ်​စေ​မည်။ ထို​သူ​ကို ငါ၏​လူ​တို့​အ​ထဲ​မှ ပယ်​ရှား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 9,
      "text": "ပ​ရော​ဖက်​သည် ဟော​ပြော၍ မှား​ယွင်း​လျှင်၊ ထို​ပ​ရော​ဖက်​ကို ငါ​ထာ​ဝ​ရ​ဘု​ရား မှား​ယွင်း​စေ၏။ ထို​သူ​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ငါ၏ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​မှ ပယ်​ရှား​မည်။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 10,
      "text": "သူ​တို့​သည်​လည်း အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ခံ​ရ​ကြ​မည်။ ပ​ရော​ဖက်​ခံ​ရ​သော​ဒဏ်​သည် ပ​ရော​ဖက်​ကို ဆည်း​ကပ်​သော​သူ ခံ​ရ​သော​ဒဏ်​နှင့် တူ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 11,
      "text": "ထို​သို့​ဖြစ်​လျှင်၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ကို​မ​စွန့်​ပစ်၊ လမ်း​မ​လွှဲ၊ မှား​ယွင်း​ခြင်း​အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် နောက်​တစ်​ဖန် မ​ညစ်​ညူး​ဘဲ၊ ငါ၏​လူ ဖြစ်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 12,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 13,
      "text": "အ​ချင်း​လူ​သား၊ ပြည်​သား​တို့​သည် အ​ထပ်​ထပ်​လွန်​ကျူး၍ ငါ့​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်၍ မုန့်​အ​ထောက်​အ​ပင့်​ကို ချိုး​သ​ဖြင့်၊ အ​စာ​အာ​ဟာ​ရ​ကို​ခေါင်း​ပါး​စေ၍၊ ထို​ပြည်​မှ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 14,
      "text": "နော​ဧ၊ ဒံ​ယေ​လ၊ ယော​ဘ၊ ဤ​သုံး​ယောက်​ရှိ​သော်​လည်း၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို​သာ ကယ်​နုတ်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 15,
      "text": "သား​ရဲ​တို့​သည် ပြည်၌​ပေါ်​လာ၍ ဖျက်​ဆီး​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​နေ​နိုင်​သ​ဖြင့် လူ​ဆိတ်​ညံ​လျှင်၊"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 16,
      "text": "ထို​သူ​သုံး​ယောက် ရှိ​သော်​လည်း၊ ငါ၏​အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​နုတ်​ရ။ ကိုယ်​တိုင်​သာ​ချမ်း​သာ​ရ​ကြ၍၊ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 17,
      "text": "သို့​မ​ဟုတ်၊ အို​ဓား၊ ထို​ပြည်​ကို​လုပ်​ကြံ​လော့​ဟု ငါ​ဆို​လျက်၊ ဓား​ဘေး​ကို ရောက်​စေ​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​လျှင်၊"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 18,
      "text": "ထို​သူ​သုံး​ယောက်​ရှိ​သော်​လည်း၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​မ​နုတ်​ရ၊ ကိုယ်​တိုင်​သာ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 19,
      "text": "သို့​မ​ဟုတ်၊ ထို​ပြည်၌ ကာ​လ​နာ​ကို ငါ​စေ​လွှတ်​သော​ကြောင့်၊ လူ​နှင့် တိ​ရ​စ္ဆာန်၏​အ​သက်​ကို သတ်​ဖြတ်​ပယ်​ရှင်း​ခြင်း​ငှာ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​လျှင်၊"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 20,
      "text": "နော​ဧ၊ ဒံ​ယေ​လ၊ ယော​ဘ​တို့​ရှိ​သော်​လည်း၊ ငါ အ​သက်​ရှင်​သည်​အ​တိုင်း ကိုယ်​သား​သ​မီး​ကို မ​ကယ်​မ​နုတ်၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို​သာ ကယ်​နုတ်​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 21,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ဖျက်​ဆီး​တတ်​သော သား​ရဲ​ဘေး၊ ကာ​လ​နာ​ဘေး​တည်း​ဟူ​သော၊ အ​လွန်​ဆိုး​သော ဘေး​လေး​ပါး​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ၊ ထို​မျှ​မ​က လွှတ်​ခဲ​လိမ့်​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 22,
      "text": "သို့​ရာ​တွင်၊ လွတ်၍ ထွက်​မြောက်​ရ​သော အ​ကျန်​အ​ကြွင်း သား​သ​မီး​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည် သင်​တို့​ရှိ​ရာ​သို့ ထွက်​လာ၍၊ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ငါ​ရောက်​စေ​သ​မျှ​သော အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​မ​ရှိ၊ သက်​သာ​ခြင်း​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 14,
      "verse": 23,
      "text": "သူ​တို့ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သည် မြင်​သော​အ​ခါ သက်​သာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​လေ​သ​မျှ​တို့၌၊ အ​ကြောင်း​မ​ရှိ​ဘဲ မ​ပြု​သည်​ကို သိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သစ်​တော၌ သစ်​ခက် သာ​မ​ည​ဖြစ်​သော စ​ပျစ်​နွယ်​သား​သည် အ​ခြား​သော​သစ်​သား​ထက် မြတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 3,
      "text": "တစ်​စုံ​တစ်​ခု​ကို​လုပ်​အံ့​သော​ငှာ စ​ပျစ်​နွယ်​သား​ကို ယူ​တတ်​သ​လော။ တစ်​စုံ​တစ်​ခု​ကို ဆွဲ​ထား​စ​ရာ​တံ​စို့​ကို စ​ပျစ်​နွယ်​သား​ဖြင့် လုပ်​တတ်​သ​လော။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 4,
      "text": "ထင်း​ဖို့ မီး​ထဲ​သို့​ချ​တတ်၏။ မီး​သည်​လည်း အ​ရင်း​အ​ဖျား​အ​လယ်​ကို လောင်​တတ်၏။ အ​သုံး​ဝင်​တတ်​သ​လော။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 5,
      "text": "မီး​မ​လောင်​မီ အ​သုံး​မ​ဝင်​လျှင်၊ မီး​လောင်၍​ကျွမ်း​ပြီး​မှ အ​သုံး​မ​ဝင်​ဟု သာ၍​ဆို​ဖွယ်​ရှိ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 6,
      "text": "ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တော​သစ်​ပင်​တွင် မီး​မွေး​စ​ရာ​ထင်း​ဖို့ ငါ​အပ်​သော စ​ပျစ်​နွယ်​သား​ကဲ့​သို့၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​အပ်​မည်။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 7,
      "text": "သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို​ထား​မည်။ သူ​တို့​သည် မီး​တစ်​ပုံ​မှ​ထွက်၍ တစ်​ပုံ၌​လောင်​လိမ့်​မည်။ သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို ထား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 15,
      "verse": 8,
      "text": "သူ​တို့​သည် ငါ့​ကို အ​ထပ်​ထပ်​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် သူ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​သည် မိ​မိ၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​တို့​ကို သိ​မည်​အ​ကြောင်း ပြု​လော့။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်​မှာ၊ သင်၏​မူ​လ၊ သင်၏​မွေး​ဖွား​ရာ​ဌာ​န​သည် ခါ​နာန်​ပြည်၌​ရှိ၏။ သင်၏ အ​ဘ​သည် အာ​မော​ရိ​လူ၊ သင်၏​အ​မိ​သည်​ဟိ​တ္တိ​အ​မျိုး​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 4,
      "text": "သင့်​ကို ဖွား​ခြင်း​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဖွား​သော​နေ့၌ ချက်​ကြိုး​ကို​မ​ဖြတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ရေ​မ​ချိုး၊ ဆား​နှင့်​မ​လူး၊ အ​ဝတ်​နှင့် မ​ပတ်​ရစ်၊"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 5,
      "text": "က​ရု​ဏာ​စိတ်​နှင့် ထို​သို့​ပြု​စု​ခြင်း​ငှာ သင့်​ကို​မြင်၍ အ​ဘယ်​သူ​မျှ မ​သ​နား။ ဖွား​သော​နေ့၌ သင်​သည် ကိုယ်​ကို ရွံ​ရှာ​ရ​သည်​တိုင်​အောင် လယ်​ပြင်၌ ပစ်​ထား​ခြင်း​ကို​ခံ​ရ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 6,
      "text": "ငါ​သည် လျှောက်​သွား၍ အ​သွေး​နှင့်​လူး​လျက်​ရှိ​သော သင်​ကို မြင်​သော​အ​ခါ အ​သက်​ရှင်​လော့​ဟု သင်​သည် အ​သွေး၌​ရှိ​စဉ် ငါ​ဆို၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 7,
      "text": "မြက်​ပင်​ကဲ့​သို့ ငါ​ကြီး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​စဉ်​အ​တိုင်း​ကြီး၍ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၏။ ရင်​သား​ထ၍ ကိုယ်၌​လည်း အ​မွေး​ပေါက်၏။ အ​ရင်​က အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း​နေ​ရ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 8,
      "text": "တစ်​ဖန် ငါ​သည်​လျှောက်​သွား၍ သင့်​ကို​မြင်​သော​အ​ခါ၊ သင်၌ ချစ်​လို​ဖွယ်​သော အ​ချိန်​အ​ရွယ်​ရှိ​သော​ကြောင့်၊ ငါ​သည် ကိုယ်​အ​ဝတ်​စွန်း​ကို ဖြန့်၍၊ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို ဖုံး​အုပ်၏။ ကျိန်​ဆို​ခြင်း​ကို​လည်း ပြု၍၊ သင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်၊ သင်​သည် ငါ၏​ခင်​ပွန်း ဖြစ်​လေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 9,
      "text": "ထို​အ​ခါ သင့်​ကို​ရေ​ချိုး၍၊ သင်၌​လူး​သော အ​သွေး​ရှိ​သ​မျှ​ကို ငါ​ဆေး​ကြော၏။ ဆီ​နှင့် လိမ်း၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 10,
      "text": "ချယ်​လှယ်​သော အ​ဝတ်​ကို​ဝတ်​စေ၏။ တ​ဟာ​ရှ​သား​ရေ​ခြေ​နင်း​ကို စီး​စေ၏။ ဖဲ၊ ပိတ်​ချော​နှင့် ခြုံ​စေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 11,
      "text": "လက်​ကောက်​နှင့်​လည်​ဆွဲ​အ​စ​ရှိ​သော တန်​ဆာ​မျိုး​ကို ဆင်​စေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 12,
      "text": "နား​တောင်း၊ နှာ​ဆွဲ၊ လှ​သော​ပေါင်း​ကို​လည်း ဆင်​စေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 13,
      "text": "ထို​သို့ သင်​သည် ရွှေ​ငွေ​နှင့်​တ​ကွ၊ ဖဲ၊ ပိတ်​ချော၊ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဆင်​လျက်၊ မုန့်​ညက်၊ ပျား​ရည်၊ ဆီ​ကို​စား​လျက်၊ အ​လွန်​တ​ရာ​လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ မိ​ဖု​ရား​အ​ရာ​ကို ခံ​ရ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 14,
      "text": "ငါ​သည် ကိုယ်​အ​သ​ရေ​ကို သင်၌ အပ်​ပေး​သော​ကြောင့်၊ သင်​သည် လှ​သော​အ​ဆင်း​နှင့် စုံ​လင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကျော်​စော​လေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 15,
      "text": "သို့​ရာ​တွင်၊ သင်​သည် ကိုယ်​လှ​သော​အ​ဆင်း​ကို​ကိုး​စား၍၊ ဂုဏ်​အ​သ​ရေ ကျော်​စော​သော​ကြောင့်၊ ပြည့်​တန်​ဆာ​လုပ်၍၊ ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို အ​နှံ့​အ​ပြား​ပြု​သ​ဖြင့်၊ ယောက်ျား​တိုင်း အ​ခွင့်​ရ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 16,
      "text": "သင်၏​အ​ဝတ်​ကို​လည်း​ယူ၍၊ မြင့်​သော​အ​ရပ်​တို့​ကို ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ဆင်​ပြင်၍၊ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော​အ​မှု၊ မ​တ​ရား​သော​မေ​ထုန်​ကို ထို​အ​ရပ်၌ ပြု​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 17,
      "text": "ငါ​ပေး​သော ရွှေ​ငွေ​တန်​ဆာ​မြတ်​တို့​ကို​လည်း ယူ၍၊ ယောက်ျား​ရုပ်​တု​တို့​ကို​လုပ်​ပြီး​လျှင်၊ သူ​တို့​နှင့် မှား​ယွင်း​လေ​ပြီ​တ​ကား။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 18,
      "text": "ချယ်​လှယ်​သော​အ​ဝတ်​ကို​လည်း ယူ၍၊ ထို​ရုပ်​တု​တို့​ကို​ခြုံ​ပြီး​လျှင်၊ ငါ့​ဆီ​နှင့် ငါ့​နံ့​သာ​ပေါင်း​ကို သူ​တို့​ရှေ့​မှာ တင်​ထား​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 19,
      "text": "ငါ​ပေး​သော​ဘော​ဇဉ်၊ သင့်​ကို​ငါ​ကျွေး​သော မုန့်​ညက်၊ ဆီ၊ ပျား​ရည်​ကို​လည်း သူ​တို့​ရှေ့​မှာ မွှေး​ကြိုင်​စ​ရာ​ဖို့ တင်​ထား​လေ​ပြီ​တ​ကား။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 20,
      "text": "ထို​မှ​တစ်​ပါး၊ သင်​ဖွား​သော ငါ၏​သား​သ​မီး​တို့​ကို​ယူ၍၊ ထို​ရုပ်​တု​တို့​အား ကျွေး​မွေး​ခြင်း​ငှာ ယဇ်​ပူ​ဇော်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 21,
      "text": "သင်​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ စိတ်​မ​ပြေ​သော​ကြောင့် ငါ၏​သား​သ​မီး​တို့​ကို သတ်၍ ရုပ်​တု​တို့​အား မီး​ဖြင့်​ပူ​ဇော်​ရ​မည်​လော။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 22,
      "text": "သင်​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​အ​ပေါင်း​တို့​ကို​ပြု​စဉ်​တွင်၊ အ​ရွယ်​ငယ်​သော​အ​ခါ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း​ရှိ​ကြောင်း၊ ကိုယ်​အ​သွေး၌ လူး​လဲ​လျက်​နေ​ကြောင်း​ကို မ​အောက်​မေ့​ပါ​တ​ကား။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 23,
      "text": "သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​မင်္ဂ​လာ​ရှိ၏။ ဒု​စ​ရိုက်​အ​ပေါင်း​ကို​ပြု​ပြီး​မှ၊"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 24,
      "text": "ကိုယ်​နေ​ဖို့ ကု​ဋီ​တိုက်​ကို​တည်၍ လမ်း​ရှိ​တိုင်း မြင့်​သော​အ​ရပ်​ကို လုပ်​လေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 25,
      "text": "သင်​သည် မြင့်​သော​အ​ရပ်​ကို လမ်း​ဦး​တိုင်း​လုပ်၍၊ ကိုယ်​လှ​သော​အ​ဆင်း​ကို ရွံ​ရှာ​ဖွယ်​ဖြစ်​သည်​တိုင်​အောင်​ပြု​လျက်၊ ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့​အား ပေါင်​တို့​ကို​ခွာ​ဖွင့်၍၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 26,
      "text": "ဆူ​ဖြိုး​သော သင်၏​အိမ်​နီး​ချင်း​အဲ​ဂု​တ္တု​လူ​တို့​နှင့် မှား​ယွင်း၍၊ ငါ့​အ​မျက်​ကို​နှိုး​ဆော်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 27,
      "text": "ထို​ကြောင့်၊ ငါ​သည် လက်​ကို​ဆန့်​လျက် သင်၏​ရိ​က္ခာ​ကို​ဖြတ်၍၊ သင့်​ကို​မုန်း​သော​သူ၊ သင့်​ဆိုး​ညစ်​သော အ​မှု​များ​ကြောင့် ရှက်​တတ်​သော ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့ လက်​သို့​အပ်​ရ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 28,
      "text": "သင်​သည် ကိ​လေ​သာ​စိတ် မ​ပြေ​သော​ကြောင့်၊ အာ​ရှု​ရိ​လူ​တို့​နှင့်​လည်း မှား​ယွင်း​လေ၏။ ထို​သို့ မှား​ယွင်း​သော်​လည်း စိတ်​မ​ပြေ​နိုင်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 29,
      "text": "ထို​မှ​တစ်​ပါး၊ ခါ​နာန်​ပြည်​မှ​သည် ခါ​လ​ဒဲ​ပြည်​တိုင်​အောင်၊ မ​တ​ရား​သော​မေ​ထုန်​အ​မှု​တို့​ကို များ​ပြား​စေ​သော်​လည်း စိတ်​မ​ပြေ​နိုင်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 30,
      "text": "အ​စိုး​တ​ရ​ပြု၍ သီ​လ​ပျက်​သော​မိန်း​မ​ပြု​တတ်​သ​မျှ​သော ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​မိ​လျက်၊ သင့်​စိတ်​နှ​လုံး​သည် အ​လွန်​မိုက်​ပါ​သည်​တ​ကား။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 31,
      "text": "သင်၏​ကု​ဋီ​တိုက်​ကို ခပ်​သိမ်း​သော​လမ်း၌​တည်၍၊ လမ်း​ရှိ​တိုင်း မြင့်​သော​အ​ရပ်​ကို လုပ်​သ​ဖြင့်၊ အ​ခ​ကို​ငြင်း​သော​ကြောင့် ပြည့်​တန်​ဆာ​နှင့် မ​တူ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 32,
      "text": "ကိုယ်​မ​ဆိုင်​သော ယောက်ျား​ကို ကိုယ်​လင်၏​ကိုယ်​စား​လက်​ခံ၍ မျောက်​မ​ထား​သော မိန်း​မ​နှင့်​တူ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 33,
      "text": "ပြည့်​တန်​ဆာ​မိန်း​မ ရှိ​သ​မျှ​တို့​သည် လက်​ဆောင်​ကို ခံ​ယူ​တတ်​ကြ၏။ သင်​မူ​ကား၊ သင်၏​ရည်း​စား​အ​ပေါင်း​တို့​အား လက်​ဆောင်​ကို ပေး​တတ်၏။ အ​ရပ်​ရပ်​တို့​က လာ၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​ကို ငှား​တတ်၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 34,
      "text": "သို့​ဖြစ်၍၊ သင်​သည် အ​ခြား​သော ပြည့်​တန်​ဆာ​တို့​နှင့် ခြား​နား​စွာ​ပြု​တတ်၏။ သင်​ပြု​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​တ​ရား​သော​မေ​ထုန်​ကို မ​ပြု​တတ်။ သင်​သည် အ​ခ​ကို​မ​ခံ၊ သူ​တစ်​ပါး​တို့​အား​ပေး​သော​ကြောင့် အ​ခြား​သော မိန်း​မ​တို့​နှင့် ခြား​နား၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 35,
      "text": "သို့​ဖြစ်၍၊ အို​ပြည့်​တန်​ဆာ​မိန်း​မ၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 36,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ရည်း​စား​များ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော ရုပ်​တု​အ​ပေါင်း​တို့​နှင့် မှား​ယွင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​အား​ပေး​သော သား​သ​မီး​တို့၏​အ​သွေး​အား​ဖြင့်​လည်း​ကောင်း သင်​သည် ကိုယ်​ရှက်​ကြောက်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​စွာ​ဖော်​ပြ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 37,
      "text": "သင့်​ကို​ချစ်​သော ရည်း​စား​ရှိ​သ​မျှ​တို့​နှင့် သင်​ချစ်​သော​သူ၊ မုန်း​သော​သူ အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​မည်။ သင့်​တစ်​ဖက်​ပတ်​လည်၌ စု​ဝေး​စေ၍၊ သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ငါ​ပြ​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် သင်၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သ​မျှ​ကို မြင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 38,
      "text": "မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 39,
      "text": "သင့်​ကို သူ​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ကု​ဋီ​တိုက်​ကို​ဖျက်၍၊ သင်၏​မြင့်​သော​အ​ရပ်​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ သင့်​အ​ဝတ်​တို့​ကို ချွတ်၍ လှ​သော​တန်​ဆာ​တို့​ကို လု​ယူ​ပြီး​လျှင်၊ သင့်​ကို အ​ဝတ်​မ​ပေး၊ အ​ချည်း​စည်း​ရှိ​စေ​ခြင်း​ငှာ ပစ်​ထား​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 40,
      "text": "လူ​အ​လုံး​အ​ရင်း​ကို​လည်း ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 41,
      "text": "သင့်​အိမ်​တို့​ကို​လည်း မီး​ရှို့၍ များ​စွာ​သော မိန်း​မ​တို့​ရှေ့​မှာ သင့်​ကို အ​ပြစ်​ဒဏ်​ပေး​ကြ​သ​ဖြင့်၊ သင်​သည် နောက်​တစ်​ဖန် ပြည့်​တန်​ဆာ​မ​လုပ်​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ နောက်​တစ်​ဖန် သင်​သည် သူ​တစ်​ပါး​တို့​ကို မ​ငှား​ရ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 42,
      "text": "ထို​သို့ ငါ့​ဒေါ​သ​စိတ်​ကို ငါ​ဖြေ​မည်။ သင့်​ကို​မ​ယုံ။ အ​လွန်​ပူ​ပန်​သော​စိတ်​ငြိမ်း၍၊ ငါ​သည်​အ​မျက်​မ​ထွက်​ဘဲ ငြိမ်​သက်​စွာ​နေ​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 43,
      "text": "သင်​သည် အ​သက်​ငယ်​သော​ကာ​လ​ကို မ​အောက်​မေ့၊ အ​ရာ​ရာ၌ ငါ့​စိတ်​ကို နှောင့်​ယှက်​သော​ကြောင့်၊ သင့်​အ​ပြစ်​ကို သင့်​ခေါင်း​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ဆိုး​ညစ်​သော​အ​ကြံ​ကို ထပ်၍ ထို​အ​ကြံ​အ​တိုင်း​မ​ပြု​ရ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 44,
      "text": "စ​ကား​ပုံ​ကို​သုံး​တတ်​သော သူ​အ​ပေါင်း​တို့​က၊ အ​မိ​ကဲ့​သို့ သ​မီး​ဖြစ်၏​ဟု သင့်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို ပြော​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 45,
      "text": "သင်​သည် လင်​နှင့် သား​သ​မီး​ကို ရွံ​ရှာ​သော​မိန်း​မ၏​သ​မီး​ဖြစ်၏။ လင်​နှင့် သား​သ​မီး​ကို ရွံ​ရှာ​သော မိန်း​မ၏ ညီ​မ​လည်း​ဖြစ်၏။ သင့်​အ​မိ​သည် ဟိ​တ္တိ​အ​မျိုး၊ သင့်​အ​ဘ​သည် အာ​မော​ရိ​လူ​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 46,
      "text": "သင့်​အစ်​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ဝဲ​ဘက်၌​နေ​သော ရှ​မာ​ရိ​မြို့​ဖြစ်၏။ သင့်​ထက် အ​သက်​ငယ်​သော သင်၏​ညီ​မ​သည် မိ​မိ​သ​မီး​တို့​နှင့်​တ​ကွ သင့်​လက်​ယာ​ဘက်၌​နေ​သော သော​ဒုံ​မြို့​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 47,
      "text": "သို့​ရာ​တွင်၊ သင်​သည် သူ​တို့​ထုံး​စံ​ကို​မ​လိုက်၊ သူ​တို့​ပြု​သော ရွံ​ရှာ​ဖွယ်​အ​မှု​မျှ​သာ ပြု​သည်​မ​ဟုတ်၊ ထို​အ​မှု​ကို သာ​မ​ည​အ​မှု​ဟူ၍ ထင်​မှတ်​သ​ဖြင့်၊ သင်​သည်​အ​ရာ​ရာ၌ သူ​တို့​ထက်​သာ၍ ဆိုး​ညစ်​ပေ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 48,
      "text": "ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သင်​သည် ကိုယ်​သ​မီး​တို့​နှင့်​တ​ကွ ပြု​သ​ကဲ့​သို့၊ ညီ​မ​သော​ဒုံ​နှင့် သူ၏​သ​မီး​တို့​သည် မ​ပြု​ကြ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 49,
      "text": "သင့်​ညီ​မ​သော​ဒုံ၏​အ​ပြစ်​ဟူ​မူ​ကား၊ သူ​နှင့် သူ့​သ​မီး​တို့​သည် မာ​န​ကြီး​ခြင်း၊ ဝ​စွာ​စား​သောက်​ခြင်း၊ ငြိမ်​ဝပ်​စွာ​ကောင်း​စား​ခြင်း​ရှိ၍၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို မ​ထောက်​ပံ့​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 50,
      "text": "မာ​န​ထောင်​လွှား၍ ငါ့​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​ကြ၏။ ထို​ကြောင့်၊ သင်​မြင်​သည် အ​တိုင်း​သူ​တို့​ကို ငါ​ပယ်​ရှင်း​ပြီ။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 51,
      "text": "ရှ​မာ​ရိ​သည်​လည်း၊ သင်​ပြု​မိ​သော ဒု​စ​ရိုက်​တစ်​ဝက်​ကို​မျှ​မ​ပြု​မိ။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သူ​တို့​ထက်​မ​က များ​ပြား​စွာ​ပြု​လေ​ပြီ​တ​ကား။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 52,
      "text": "သင်​သည် ညီ​အစ်​မ​တို့​ကို အ​ပြစ်​တင်၍ စီ​ရင်​လျက်​ပင်၊ သူ​တို့​ပြု​သည်​ထက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သာ၍​ပြု​သော​ကြောင့်၊ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​လော့။ သူ​တို့​သည် သင့်​ထက်​သာ၍ အ​ပြစ်​နည်း​ကြ၏။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်​ပြု​သော​ကြောင့် စိတ်​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​လော့။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 53,
      "text": "သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော သော​ဒုံ​နှင့် သူ၏ သ​မီး​များ၊ ရှ​မာ​ရိ​နှင့် သူ၏​သ​မီး​များ​ကို တစ်​ဖန် ငါ​ဆောင်​ခဲ့​သော​အ​ခါ၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော သင်၏​လူ​တို့​ကို သူ​တို့​နှင့်​အ​တူ ငါ​ဆောင်​ခဲ့​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 54,
      "text": "သို့​ဖြစ်၍၊ သင်​သည် သူ​တို့​ကို​နှစ်​သိမ့်​စေ၍၊ ပြု​လေ​သ​မျှ​တို့​ကြောင့် စိတ်​ပျက်​လျက် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 55,
      "text": "သင်၏​ညီ​အစ်​မ​သော​ဒုံ​နှင့် သူ၏​သ​မီး​များ၊ ရှ​မာ​ရိ​နှင့် သူ၏​သ​မီး​များ​တို့​သည် အ​ရင်​နေ​ရာ​သို့ ပြန်​ရောက်​သော​အ​ခါ၊ သင်​သည်​လည်း သင်၏​သ​မီး​တို့​နှင့်​တ​ကွ အ​ရင်​နေ​ရာ​သို့ ပြန်​ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 56,
      "text": "ရှု​ရိ​သ​မီး​များ​နှင့် သူ​တို့​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သင့်​ကို​ကဲ့​ရဲ့၍၊ သင့်​ပတ်​လည်၌ နေ​သော ဖိ​လိ​တ္တိ​သ​မီး​များ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကြ​သ​ဖြင့်၊ သင်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ် မ​ထင်​ရှား​မီ သင်​သည် မာ​န​ထောင်​လွှား​စဉ် ကာ​လ​တွင်၊ သင့်​ညီ​မ​သော​ဒုံ၏​နာ​မ​ကို အ​လျှင်း​နှုတ်​မ​မြွက်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 58,
      "text": "ယ​ခု​မူ​ကား၊ သင်​သည် ကိုယ်​ဆိုး​ညစ်​သော​အ​မှု​နှင့် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့၏​အ​ပြစ်​ကို ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 59,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို ဖျက်​လို​သော​ငှာ၊ သ​စ္စာ​က​တိ​ကို မ​ရို​မ​သေ​ပြု​သည်​နှင့်​အ​ညီ သင်၌​ငါ​ပြု​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 60,
      "text": "သို့​သော်​လည်း၊ ငါ​သည် သင့်​အ​သက်​ငယ်​စဉ်၊ ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့၍၊ တစ်​ဖန် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​သင်​နှင့် ဖွဲ့​ဦး​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 61,
      "text": "သင်​သည် ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ရ​သော်​လည်း၊ ပ​ဋိ​ညာဉ်​အား​ဖြင့် သင်၏​ညီ​အစ်​မ​တို့​ကို သင်၏​သ​မီး​ဖြစ်​ဖို့​ရာ ငါ​ပေး၍၊ သင်​သည် ထို​သူ​တို့​ကို​လက်​ခံ​သော​အ​ခါ၊ သင်​ပြု​မိ​သော​အ​မှု​များ​ကို အောက်​မေ့၍ ရှက်​ကြောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 62,
      "text": "ထို​အ​ခါ ငါ၏​ပ​ဋိ​ညာဉ်​ကို သင်​နှင့် ငါ​ဖွဲ့​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 16,
      "verse": 63,
      "text": "သင်​ပြု​ဖူး​သ​မျှ​သော အ​မှု​တို့​ကို ငါ​မ​မှတ်။ စိတ်​ပြေ​သော​အ​ခါ သင်​သည်​အောက်​မေ့၍ ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ကြောင့်၊ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 1,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​အား စ​ကား​ထာ​ဝှက်၍​ပုံ​ပြော​လျက်၊"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်၊ များ​ပြား​သော​အ​မွေး​နှင့် ပြည့်​စုံ၍၊ ရှည်​လျား​ကြီး​မား​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​သည် လေ​ဗ​နုန်​တောင်​သို့​လာ၍၊ အာ​ရဇ်​ပင်၏​အ​ဖျား​ကို​ကိုင်​လျက်၊"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 4,
      "text": "အ​မြင့်​ဆုံး​သော အ​ညွန့်​တို့​ကို ချိုး​ဆိတ်၍ ကုန်​သွယ်​ရာ​ပြည်​သို့ ချီ​ဆောင်​ပြီး​လျှင်၊ ကုန်​သည်​မြို့၌​စိုက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 5,
      "text": "မျိုး​စေ့​ကို​လည်း​ယူ၍ ရေ​များ​ရာ​လယ်​ကွက်၌ ပျိုး​လျက်၊ မိုး​မ​ခ​ပင်​ကဲ့​သို့ ထား​လေ၏။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 6,
      "text": "အ​ရပ်​နိမ့်​လျက် ရှည်​လျား​စွာ​နွယ်​သော စ​ပျစ်​နွယ်​ပင်​ပေါက်၍၊ မိ​မိ​အ​ခက်​အ​လက်​တို့​ကို ရွှေ​လင်း​တ​ရှိ​ရာ​သို့ ညွှတ်​လျက်၊ သူ့​အောက်​သို့ အ​မြစ်​ထိုး​သ​ဖြင့်၊ အ​ကိုင်း​အ​ခက် အ​လက်​အ​ညွန့်​တို့​နှင့် ပြည့်​စုံ​သော စ​ပျစ်​နွယ်​ပင်​ဖြစ်​လေ၏။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 7,
      "text": "အ​မွေး​ထူ​ထပ်၍ ကြီး​စွာ​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​တစ်​ကောင်​ရှိ၏။ စ​ပျစ်​ပင်​သည် မိ​မိ​စိုက်​ရာ​ချောင်း​မြောင်း​နား​မှာ ထို​ရွှေ​လင်း​တ၏​ကျေး​ဇူး​ကြောင့်၊ ရေ​ကို​ရ​အံ့​သော​ငှာ သူ​ရှိ​ရာ​သို့​အ​မြစ်​သွယ်​ဝိုက်၍ အ​ကိုင်း​လည်း ထိုး​လေ၏။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 8,
      "text": "အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍ အ​သီး​ကို​သီး​သ​ဖြင့်၊ သန်​မြန်​သော စ​ပျစ်​နွယ်​ပင်​ဖြစ်​စေ​ခြင်း​ငှာ ရေ​များ​ရာ​အ​ရပ်၊ မြေ​ကောင်း​သော​လယ်​ကွက်၌ ထို​အ​ပင်​ကို စိုက်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​အ​ပင်​သည် ကောင်း​စား​ရ​မည်​လော။ ညှိုး​နွမ်း​စေ​ခြင်း​ငှာ အ​မြစ်​ကို​နုတ်၍ အ​သီး​ကို​ဆွတ်​ရ​မည် မ​ဟုတ်​လော။ ပေါက်​လေ​သ​မျှ​သော အ​ရွက်​တို့​သည် ညှိုး​နွမ်း​ရ​ကြ​လိမ့်​မည်။ အ​မြစ်​နှင့်​တ​ကွ သုတ်​သင်​ပယ်​ရှင်း​ခြင်း အ​မှု​ကို​ပြီး​စေ​ခြင်း​ငှာ ကြီး​သော​တန်​ခိုး၊ များ​ပြား​သော​အ​လုံး​အ​ရင်း​ကို အ​လို​မ​ရှိ။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 10,
      "text": "စိုက်​လျက်​ရှိ၍ ကောင်း​စား​ရ​မည်​လော။ အ​ရှေ့​လေ​တိုက်​သော​အ​ခါ အ​ကုန်​အ​စင်​ညှိုး​နွမ်း​ရ​မည် မ​ဟုတ်​လော။ ကြီး​ပွား​သော​လယ်​ကွက်၌ ညှိုး​နွမ်း​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 11,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 12,
      "text": "ပုန်​ကန်​တတ်​သော အ​မျိုး​အား​သင်​ပြော​ရ​မည်​မှာ၊ ဤ​စ​ကား အ​ဘယ်​သို့​ဆို​လို​သည်​ကို နား​လည်​ကြ​သ​လော။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ယေ​ရု​ရှ​လင်​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ပြီ။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 13,
      "text": "ဆွေ​တော်​မျိုး​တော်​ထဲ​က တစ်​ယောက်​ကို​ယူ၍ ပ​ဋိ​ညာဉ်​ဖွဲ့​လျက် သ​စ္စာ​တိုက်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 14,
      "text": "ထို​နိုင်​ငံ​သည်​ယုတ်​ညံ့၍ နောက်​တစ်​ဖန်​မ​ထ​မ​ကြွ​ဘဲ၊ သ​စ္စာ​တော်​ကို စောင့်​သော​အား​ဖြင့်​သာ​တည်​စေ​ခြင်း​ငှာ၊ အား​ကြီး​သော​နိုင်​ငံ​သား​တို့​ကို​လည်း သိမ်း​သွား​ပြီ။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 15,
      "text": "သို့​ရာ​တွင်၊ မြင်း​များ၊ လူ​များ​တို့​ကို​တောင်း​ခြင်း​ငှာ သံ​တ​မန်​ကို အဲ​ဂု​တ္တု​ပြည်​သို့​စေ​လွှတ်၍ ပုန်​ကန်​လေ​ပြီ။ ထို​သို့​ပြု​သော​သူ​သည် ကောင်း​စား​ရ​မည်​လော။ ဘေး​လွတ်​ရ​မည်​လော။ သ​စ္စာ​ဖျက်​ပြီး​မှ လွတ်​ရ​မည်​လော။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 16,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော ရှင်​ဘု​ရင်၏​သ​စ္စာ​ကို မ​ရို​မ​သေ​ပြု၍ ပ​ဋိ​ညာဉ်​ကို​ဖျက်​သော​ကြောင့်၊ ထို​ရှင်​ဘု​ရင်​နေ​ရာ ဗာ​ဗု​လုန်​မြို့​အ​လယ်၌ သေ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 17,
      "text": "ဖာ​ရော​ဘု​ရင်​သည်​လည်း လူ​များ​တို့​ကို​သတ်​ခြင်း​ငှာ၊ အား​ကြီး​သော ဗိုလ်​ပါ​အ​လုံး​အ​ရင်း​များ​နှင့်​အ​တူ မြေ​ရိုး​တို့​ကို​ဖို့၍ ရဲ​တိုက်​တို့​ကို ဆောက်​သော်​လည်း၊ သူ့​အ​ဖို့​စစ်​တိုက်၍ မ​နိုင်​ရာ။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မင်း​သည် လက်​ချင်း​ရိုက်​ပြီး​မှ၊ သ​စ္စာ​တော်​ကို​မ​ရို​မ​သေ​ပြု၍ ပ​ဋိ​ညာဉ်​ကို​ဖျက်​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့် ဘေး​မှ​မ​လွတ်​ရ။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 19,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း အ​ကယ်​စင်​စစ် ငါ၏​သ​စ္စာ​ကို​မ​ရို​မ​သေ​ပြု၍ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​အ​ပြစ်​ကို သူ၏​ခေါင်း​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 20,
      "text": "ငါ​သည် ပိုက်​ကွန်​နှင့်​အုပ်၍၊ ငါ၏​ကျော့​ကွင်း​နှင့် ကျော့​ပြီး​လျှင်၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ငါ့​ကို​ပြစ်​မှား​သော​အ​ပြစ်​ကြောင့် ထို​မြို့၌ ငါ​စစ်​ကြော​စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 21,
      "text": "သူ့​ထံ​မှ​ပြေး​သော​သူ​များ​နှင့် သူ​ရဲ​များ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ ကျန်​ကြွင်း​သော သူ​တို့​သည် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 22,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြင့်​သော​အာ​ရဇ်​ပင်၌ အ​မြင့်​ဆုံး​သော​အ​ညွန့်​ကို ငါ​ယူ၍​စိုက်​မည်။ အ​ညွန့်​ဖျား​တို့​တွင် နု​သော​အ​ညွန့်​ကို​ဆိတ်၍၊ မြင့်​မြတ်​သော​တောင်​ပေါ်​မှာ ငါ​စိုက်​ပျိုး​မည်။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 23,
      "text": "အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ငါ​စိုက်​ပျိုး​ပြီး​မှ၊ အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍ အ​သီး​ကို​သီး​သ​ဖြင့်၊ ကောင်း​မွန်​သော စ​ပျစ်​နွယ်​ပင် ဖြစ်​လိမ့်​မည်။ ထို​အ​ပင်​အောက်၌​လည်း​ကောင်း၊ အ​ခက်​အ​လက်​အ​ရိပ်၌​လည်း​ကောင်း၊ ငှက်​မျိုး​အ​ပေါင်း​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 17,
      "verse": 24,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ပင်​ကို​နှိမ့်၍၊ နိမ့်​သော​အ​ပင်​ကို ချီး​မြှောက်​ကြောင်း၊ စိမ်း​လန်း​သော​အ​ပင်​ကို သွေ့​ခြောက်​စေ၍၊ သွေ့​ခြောက်​သော​အ​ပင်​ကို စိမ်း​လန်း​စေ​ကြောင်း​များ​ကို၊ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် စ​ကား​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်​ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 2,
      "text": "အ​ဘ​တို့​သည် ချဉ်​သော​စ​ပျစ်​သီး​ကို​စား၍ သား​တို့​သည် သွား​ကျိန်း​လျက်​ရှိ​ကြ၏​ဟု၊ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို​သုံး​သော​အ​ခါ အ​ဘယ်​သို့​ဆို​လို​သ​နည်း။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း နောက်​တစ်​ဖန် ဣ​သ​ရေ​လ​ပြည်၌ ထို​စ​ကား​ပုံ​ကို​သုံး​ရ​သော အ​ကြောင်း​မ​ရှိ​ရ။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 4,
      "text": "ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 5,
      "text": "လူ​မည်​သည်​ကား၊ သ​ဘော​ဖြောင့်၍ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို ပြု​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 6,
      "text": "တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား၊ ဥ​တု​ရောက်​သော မိန်း​မ​ကို မ​ချဉ်း​ကပ်၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 7,
      "text": "အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 8,
      "text": "အ​တိုး​စား၍ ငွေ​ကို​မ​ချေး၊ အ​ဓ​မ္မ​အ​မှု​ကို လက်​မ​ခံ၊ သူ​တစ်​ပါး​အ​မှု​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 9,
      "text": "ငါ​စီ​ရင်​ထုံး​ဖွဲ့​သည် အ​တိုင်း​ကျင့်၍ သ​စ္စာ​စောင့်​ခြင်း​ကို ပြု​လျှင်​လည်း​ကောင်း၊ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်၏။ အ​ကယ်​စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 10,
      "text": "သို့​ရာ​တွင်၊ ထို​သူ၏​သား​သည် ဓား​ပြ​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ အ​ရင်​ဆို​ခဲ့​ပြီး​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို ပြု​သော​သူ၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 11,
      "text": "အ​ရင်​ဆို​ခဲ့​ပြီး​သော သု​စ​ရိုက်​ကို​မ​ပြု၊ တောင်​ပေါ်​မှာ​စား​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 12,
      "text": "ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ကို ညှဉ်း​ဆဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​နေ​ခြင်း၊ ရုပ်​တု​ကို ဖူး​မျှော်​ခြင်း၊ ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ခြင်း၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 13,
      "text": "အ​တိုး​စား၍​ငွေ​ချေး​ခြင်း​ကို​ပြု​သော သူ​ဖြစ်​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​သက်​မ​ရှင်​ရ။ ထို​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​ကို​ပြု​သော​ကြောင့်၊ စင်​စစ်​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 14,
      "text": "သို့​ရာ​တွင်၊ ထို​သူ၏​သား​သည် အ​ဘ​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို မြင်၍​ဆင်​ခြင်​သ​ဖြင့်၊ ထို​သို့​သော အ​မှု​တို့​ကို​မ​ပြု၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 15,
      "text": "တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို​မ​ပြစ်​မှား၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 16,
      "text": "အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ပေါင်​ထား​သော ဥ​စ္စာ​ကို​မ​သိမ်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ခြင်း၊"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 17,
      "text": "ဆင်း​ရဲ​သော သူ​ကို​ချမ်း​သာ​ပေး​ခြင်း၊ အ​တိုး​မ​စား​ဘဲ​ငွေ​ချေး​ခြင်း​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ​သည် အ​ဘ၏​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​မည်​မ​ဟုတ်။ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 18,
      "text": "အ​ဘ​မူ​ကား၊ မိ​မိ​ညီ​အစ်​ကို​ကို အ​ထပ်​ထပ်​ညှဉ်း​ဆဲ​လျက်၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင် မ​ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ပြစ်​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 19,
      "text": "သင်​တို့​က​လည်း၊ အ​ဘယ်​သို့​နည်း။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ​သ​လော​ဟု မေး​ကြ​သော်၊ သား​သည် တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​စောင့်​လျှင်၊ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 20,
      "text": "ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 21,
      "text": "သို့​ရာ​တွင်၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​လျက်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​လျှင်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 22,
      "text": "ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို သူ့​တစ်​ဖက်၌​မ​မှတ်​ရ။ ပြု​မိ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​ကြောင့် အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 23,
      "text": "မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကျင့်​တို့​ကို​ရှောင်၍ အ​သက်​မ​ရှင်၊ အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည် အ​နည်း​ငယ်​သော​ပျော်​မွေ့​ခြင်း ရှိ​သ​လော။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 24,
      "text": "သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 25,
      "text": "သို့​သော်​လည်း သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 26,
      "text": "တ​ရား​သော​သူ​သည် တ​ရား​သော​အ​မှု​ကို​ပယ်၍ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လျှင်၊ ထို​အ​မှု​ကြောင့် သေ​ရ​မည်။ ပြု​မိ​သော​အ​ဓ​မ္မ​အ​မှု​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 27,
      "text": "ထို​အ​တူ၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သော အ​ဓ​မ္မ​အ​မှု​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော အ​မှု​ကို​ပြု​လျှင်၊ မိ​မိ​အ​သက်​ကို ကယ်​နုတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 28,
      "text": "ပြု​မိ​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​တို့​ကို ဆင်​ခြင်၍ ရှောင်​သော​ကြောင့်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 29,
      "text": "သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 30,
      "text": "သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့ အ​သီး​အ​သီး​ကျင့်​ကြ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ငါ​စီ​ရင်​မည်။ သင်​တို့​သည် အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ ပြောင်း​လဲ​ကြ​လော့။ ပြောင်း​လဲ​ကြ​လော့။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ထိ​မိ၍ ဆုံး​ခြင်း​သို့​မ​ရောက်​ကြ​နှင့်။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 31,
      "text": "သင်​တို့​သည် ပြု​သ​မျှ​သော လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို​စွန့်​ပစ်၍ အ​သစ်​သော​နှ​လုံး၊ အ​သစ်​သော​စိတ်​သ​ဘော​ကို ပြင်​ဆင်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် အ​ဘယ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​လို​သ​နည်း။"
    },
    {
      "book": 26,
      "chapter": 18,
      "verse": 32,
      "text": "အ​သေ​ခံ​ရ​သော​သူ၏​အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည်​ပျော်​မွေ့​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ပြောင်း​လဲ၍ အ​သက်​ရှင်​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 1,
      "text": "ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လျက်​ပြော​ရ​မည်​မှာ၊"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 2,
      "text": "သင်၏​အ​မိ​ကား အ​ဘယ်​သူ​နည်း။ ခြင်္သေ့​မ ဖြစ်၏။ ခြင်္သေ့​တို့​တွင် အိပ်​လျက်​နေ၍၊ ခြင်္သေ့​ပျို​တို့​တွင် မိ​မိ​သား​တို့​ကို ကျွေး​မွေး၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 3,
      "text": "ကျွေး​မွေး​သော သား​တစ်​ကောင်​သည် ခြင်္သေ့​ပျို​ဖြစ်၍၊ တော​တိ​ရ​စ္ဆာန်​တို့​ကို ဖမ်း​ဆီး​ခြင်း​ငှာ၊ သင်၏ လူ​တို့​ကို​လည်း ကိုက်​စား​တတ်၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 4,
      "text": "လူ​မျိုး​တို့​သည် ကြား၍ မြေ​တွင်း၌ ထို​ခြင်္သေ့​ပျို​ကို ဖမ်း​ပြီး​လျှင်၊ သံ​ကြိုး​နှင့်​ချည်​နှောင်၍ အဲ​ဂု​တ္တု​ပြည်​သို့ ယူ​သွား​ကြ၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 5,
      "text": "သား​ဆုံး​ရှုံး​ကြောင်း​ကို အ​မိ​သည်​မြင်၍ စိတ်​ပျက်​သော​အ​ခါ၊ သား​တစ်​ကောင်​ကို ယူ​ပြန်၍ ခြင်္သေ့​ပျို​ဖြစ်​စေ​ခြင်း​ငှာ ပြု​သ​ဖြင့်၊"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 6,
      "text": "သူ​သည်​လည်း၊ ခြင်္သေ့​တို့​နှင့်​ပေါင်း​ဖော်၍ ခြင်္သေ့​ပျို​ဖြစ်​လျက်၊ တော​တိ​ရ​စ္ဆာန်​တို့​ကို ဖမ်း​ဆီး​ခြင်း​ငှာ၊ သင်၏​လူ​တို့​ကို​လည်း ကိုက်​စား၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 7,
      "text": "သူ​တို့​မု​ဆိုး​များ​ကို သိ၍၊ သူ​တို့​မြို့​များ​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ ဟောက်​သော​အ​သံ​ကြောင့် ပြည်​နှင့် ပြည်၌ ရှိ​သ​မျှ​တို့​သည် ဆိတ်​ညံ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 8,
      "text": "ထို​အ​ခါ လူ​မျိုး​တို့​သည် ကျေး​လက်​အ​ရပ်​ရပ်​တို့​က တိုက်​လာ၍ ပိုက်​ကွန်​နှင့်​ဝိုင်း​ပြီး​လျှင်၊ မြေ​တွင်း၌ ဖမ်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 9,
      "text": "သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား၍၊ သူ၏​အ​သံ​သည် ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ နောက်​တစ်​ဖန် မ​မြည်​စေ​ခြင်း​ငှာ နှောင်​အိမ်၌​လှောင်​ထား​ကြ၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 10,
      "text": "သင်၏​အ​မိ​သည် သင်​နှင့်​တူ​လျက်၊ ရေ​နား​မှာ​စိုက်​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ ဖြစ်၏။ ရေ​များ​သော​ကြောင့် အ​ခက်​အ​လက်​နှင့် ပြည့်​စုံ၍၊ များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 11,
      "text": "မင်း​တို့​အ​သုံး​အ​ဆောင် ရာ​ဇ​လှံ​တံ​ဖို့ ခိုင်​ခံ့​သော​တံ​ဖျာ​တို့​နှင့် ပြည့်​စုံ၏။ ထူ​ထပ်၍​များ​ပြား​သော အ​ခက်​အ​လက်​တို့​နှင့် အ​ရပ်​မြင့်၍ ထင်​ရှား​လေ၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 12,
      "text": "သို့​ရာ​တွင်၊ ဒေါ​သ​အ​ရှိန်​အား​ဖြင့် နုတ်၍ မြေ​ပေါ်​မှာ လှဲ​ချ​လေ​ပြီ။ အ​ရှေ့​လေ​သည်​တိုက်၍ အ​သီး​ကို ပိန်​ခြောက်​စေ၏။ ခိုင်​ခံ့​သော​တံ​ဖျာ​တို့​သည်​ကျိုး၍ သွေ့​ခြောက်​သ​ဖြင့်၊ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 13,
      "text": "ယ​ခု​မူ​ကား ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​လွင်​ပြင်​အ​ရပ်၌ စိုက်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 19,
      "verse": 14,
      "text": "အ​ခက်​အ​လက်​တံ​ဖျာ​တစ်​ခု​ထဲ​က မီး​ထွက်၍ အ​သီး​ကို ကျွမ်း​လောင်​ပြီး၊ အ​စိုး​ရ​သော ရာ​ဇ​လှံ​တံ​ဖို့ ခိုင်​ခံ့​သော​တံ​ဖျာ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း။ ဤ​ရွေ့​ကား၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ကြောင်း​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​စ​ရာ​အ​ကြောင်း​လည်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 1,
      "text": "သ​က္က​ရာဇ် ခု​နစ်​ခု၊ ပ​ဥ္စ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​လာ၍ ငါ့​ရှေ့​မှာ​ထိုင်​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 3,
      "text": "အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ငါ့​ထံ၌ မေး​လျှောက်​ခြင်း​ငှာ လာ​ကြ​သ​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့ မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 4,
      "text": "အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့​ကို စစ်​ကြော​လော့။ စစ်​ကြော​လော့။ သူ​တို့​ဘိုး​ဘေး​ပြု​ဖူး​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို ဖော်​ပြ၍၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 5,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ရွေး​ကောက်၍၊ အဲ​ဂု​တ္တု​ပြည်၌ သူ​တို့​အား ထင်​ရှား​လျက်၊ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ကျိန်​ဆို​သည်​ကာ​လ၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 6,
      "text": "သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ပြီး​လျှင်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်၊ သူ​တို့​အ​ဖို့​ငှာ ကြည့်​ရှု​သော ပြည်​သို့​ဆောင်​သွား​ခြင်း​ငှာ ကျိန်​ဆို​သော​အ​ခါ၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 7,
      "text": "သင်​တို့​အ​သီး​အ​သီး ဖူး​မျှော်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို စွန့်​ပစ်​ကြ​လော့။ အဲ​ဂု​တ္တု​ရုပ်​တု​တို့​နှင့် ကိုယ်​ကို​ကိုယ် မ​ညစ်​ညူး​စေ​ကြ​နှင့်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု ငါ​ဆို​သော်​လည်း၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 8,
      "text": "သူ​တို့​သည် နား​မ​ထောင်၊ ငါ့​ကို​ပုန်​ကန်​ကြ၏။ အ​သီး​အ​သီး​ဖူး​မြင်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရုပ်​တု​တို့​ကို​လည်း​ကောင်း၊ မ​စွန့်​ပစ်​ဘဲ​နေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​ပြေ​မည်​အ​ကြောင်း၊ အဲ​ဂု​တ္တု​ပြည်​ထဲ​မှာ သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို သွန်း​လောင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 9,
      "text": "သို့​ရာ​တွင်၊ သူ​တို့​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ၊ ငါ၏​နာ​မ​အ​သ​ရေ​ကို မ​ပျက်​စေ​ခြင်း​ငှာ၊ ငါ​သည် နာ​မ​တော်​အ​တွက် စီ​ရင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ ထင်​ရှား​လျက်၊ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လေ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 10,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်၍ တော​သို့​ရောက်​သော​အ​ခါ၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 11,
      "text": "ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ငါ​ဖော်​ပြ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 12,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သန့်​ရှင်း​စေ​သည်​ဟု သူ​တို့​သည် သိ​မည်​အ​ကြောင်း၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ငါ​ခန့်​ထား၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 13,
      "text": "သို့​ရာ​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​ငါ့​ကို ပုန်​ကန်​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို မ​စောင့်​ရှောက်၊ မ​ထီ​မဲ့​မြင်​ပြု၍ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို အ​လွန်​ရှုတ်​ချ​ကြ၏။ ထို​အ​ခါ သူ​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ၊ တော၌​သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို သွန်း​လောင်း​မည်​ဟု အ​ကြံ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 14,
      "text": "သို့​ရာ​တွင်၊ ငါ​နုတ်​ဆောင်​ခြင်း​ကျေး​ဇူး​ကို​မြင်​သော တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ၏​နာ​မ​အ​သ​ရေ​ကို မ​ပျက်​စေ​ခြင်း​ငှာ၊ ငါ​သည် နာ​မ​တော်​အ​တွက် စီ​ရင်​လေ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 15,
      "text": "တစ်​ဖန်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်၊ သူ​တို့​အား​ငါ​ပေး​သော​ပြည်​သို့ မ​ပို့​ဆောင်​ခြင်း​ငှာ၊ တော၌ ငါ​ကျိန်​ဆို၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ရုပ်​တု​များ​ကို​ငဲ့​ကွက်​သော​ကြောင့်၊ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်၊ မ​ထီ​မဲ့​မြင်​ပြု၍ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 17,
      "text": "သို့​သော်​လည်း၊ ငါ​သည်​သူ​တို့​ကို နှ​မြော​သော​ကြောင့် မ​ဖျက်​ဆီး၊ တော၌​ဆုံး​ရှုံး​စေ​ခြင်း​ငှာ​မ​ပြု။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 18,
      "text": "သား​မြေး​တို့​အား​လည်း၊ သင်​တို့၏​ဘိုး​ဘေး စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်​ကြ​နှင့်။ သူ​တို့၏​ရုပ်​တု​များ​အား​ဖြင့် ကိုယ်​ကို​မ​ညစ်​ညူး​စေ​ကြ​နှင့်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 19,
      "text": "ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်၍ ကျင့်​ကြံ​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 20,
      "text": "ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း သန့်​ရှင်း​စေ​ကြ​လော့။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊ သင်​တို့​သည် သိ​မည်​အ​ကြောင်း၊ ထို​ဥ​ပုသ်​နေ့​တို့​ကို ငါ​နှင့် သင်​တို့​စပ်​ကြား​မှာ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​စေ​ကြ​လော့​ဟု ငါ​ဆို၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 21,
      "text": "သို့​သော်​လည်း၊ သူ​တို့၏​သား​မြေး​တို့​သည် ငါ့​ကို ပုန်​ကန်​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ အ​ကြောင်း​ဖြစ်​သော၊ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်၊ မ​ကျင့်​ကြံ​ဘဲ​နေ၍၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ၏။ ထို​အ​ခါ ငါ​သည်​သူ​တို့၌ ဒေါ​သ​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ၊ တော​ထဲ​မှာ ငါ၏​အ​မျက်​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​မည်​ဟု အ​ကြံ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 22,
      "text": "သို့​ရာ​တွင်၊ ငါ​နုတ်​ဆောင်​ခြင်း​ကျေး​ဇူး​ကို သိ​မြင်​သော တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ၏​နာ​မ​အ​သ​ရေ​ကို မ​ပျက်​စေ​ခြင်း​ငှာ၊ ငါ​သည် နာ​မ​တော်​အ​တွက် သည်း​ခံ​လျက်​နေ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 23,
      "text": "တစ်​ဖန် ငါ​သည် သူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည် အ​ရပ်​ရပ်​တို့​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ တော၌​ကျိန်​ဆို၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ရုပ်​တု​များ​ကို ငဲ့​ကွက်​သော​ကြောင့်၊ ငါ၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်၊ မ​ထီ​မဲ့​မြင်​ပြု၍ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 25,
      "text": "ထို​ကြောင့်၊ မ​ကောင်း​သော​စီ​ရင်​ချက်၊ အ​သက်​မ​ရှင်​ရ​သော ထုံး​ဖွဲ့​ချက်​တို့​ကို ငါ​ပေး၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 26,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ကို သူ​တို့​သည် သိ​မည်​အ​ကြောင်း၊ သူ​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​သည် သား​ဦး​အ​ပေါင်း​တို့​ကို မီး​ဖြင့် ပူ​ဇော်​ရာ​တွင်၊ သူ​တို့​ပူ​ဇော်​သ​ကာ​များ​အား​ဖြင့် ငါ​ညစ်​ညူး​စေ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 27,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ကို​အ​ထပ်​ထပ်​ပြစ်​မှား၍ ရှုတ်​ချ​ကြ​သည်​တ​ကား။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 28,
      "text": "သူ​တို့​အား​ပေး​ခြင်း​ငှာ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဆောင်​သွင်း​သော​အ​ခါ၊ သူ​တို့​သည်​မြင့်​သော​တောင်၊ ထူ​ထပ်​သော သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု၍၊ ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်​ခြင်း၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​သော​အ​လှူ​ဒါ​န​ကို​တင်​ခြင်း၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​ရည်​ပူ​ဇော်​သ​ကာ သွန်း​လောင်း​ခြင်း​တို့​ကို ပြု​ကြ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 29,
      "text": "ငါ​က​လည်း၊ သင်​တို့​သွား​တတ်​သော မြင့်​ရာ​အ​ရပ်​ကား၊ အ​ဘယ်​သို့​နည်း​ဟု မေး​သော်​လည်း၊ ယ​နေ့​တိုင်​အောင် မြင့်​ရာ​အ​ရပ်​ဟု ဆို​လို​သော ဗာ​မာ​အ​မည်​ဖြင့် သ​မုတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 30,
      "text": "သို့​ဖြစ်၍၊ သင်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ဘိုး​ဘေး​တို့​ထုံး​စံ​အ​တိုင်း ညစ်​ညူး​လျက်၊ သူ​တို့​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ပြု၍ မှား​ယွင်း​လျက်၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 31,
      "text": "ပူ​ဇော်​သ​ကာ ပြု​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​သား​တို့​ကို​မီး​ဖြင့် ပူ​ဇော်​သ​ဖြင့်​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ရုပ်​တု​အ​ပေါင်း​တို့​နှင့် ညစ်​ညူး​လျက်​ရှိ​ကြ​စဉ်​တွင်၊ ငါ​သည် သင်​တို့​မေး​လျှောက်​ခြင်း​ကို ခံ​ရ​မည်​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့​မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 32,
      "text": "ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့​လည်း​ကောင်း၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​ကို​ဝတ်​ပြု​သော ပြည်​သူ​ပြည်​သား​များ ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်​ဟု၊ သင်​တို့​ကြံ​စည်​သည်​အ​တိုင်း အ​ကြံ​မ​မြောက်​ရ။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 33,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း အ​ကယ်​စင်​စစ် အား​ကြီး​သော​လက်၊ ဆန့်​သော​လက်​ရုံး၊ သွန်း​လောင်း​သော ဒေါ​သ​အ​ရှိန်​အား​ဖြင့် သင်​တို့​ကို ငါ​အုပ်​စိုး​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 34,
      "text": "သင်​တို့​ကွဲ​ပြား​လျက်​နေ​သော အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​မှ၊ သင်​တို့​ကို အား​ကြီး​သော​လက်၊ ဆန့်​သော လက်​ရုံး၊ သွန်း​လောင်း​သော ဒေါ​သ​အ​ရှိန်​နှင့် ငါ​ဆောင်​ခဲ့၍ စု​ဝေး​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 35,
      "text": "လူ​အ​မျိုး​မျိုး​နှင့် ဆိုင်​သော​တော​သို့ ဆောင်​ခဲ့၍၊ ကိုယ်​တိုင်​ကိုယ်​ကျ တ​ရား​တွေ့​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 36,
      "text": "အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော တော၌​သင်​တို့၏ ဘိုး​ဘေး​များ တ​ရား​တွေ့​သ​ကဲ့​သို့ သင်​တို့​နှင့် တ​ရား​တွေ့​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 37,
      "text": "နှင်​တံ​အောက်​မှာ လျှောက်​သွား​စေ၍၊ ပ​ဋိ​ညာဉ်​အ​ချည်​အ​နှောင်​ကို ခံ​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 38,
      "text": "ငါ့​ကို​ပုန်​ကန်၍ ပြစ်​မှား​သော​သူ​တို့​ကို သင်​တို့​ထဲ​က​နုတ်​ပယ်​မည်။ သူ​တို့​သည် တည်း​နေ​သော​ပြည်​မှ ထွက်​သွား​ရ​သော်​လည်း၊ ဣ​သ​ရေ​လ​ပြည်​သို့ မ​ဝင်​ကြ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 39,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သွား​ကြ​လော့။ အ​သီး​အ​သီး မိ​မိ​တို့​ရုပ်​တု​များ​ကို ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင် အ​ကယ်​စင်​စစ် နောက်​တစ်​ဖန် ငါ့​စ​ကား​ကို​နား​မ​ထောင်သော်​လည်း၊ ငါ၏​သန့်​ရှင်း​သော​နာ​မ​တော်​ကို သင်​တို့​ပူ​ဇော်​သ​ကာ​များ​နှင့် ရုပ်​တု​များ​အား​ဖြင့် မ​ရှုတ်​ချ​ဘဲ​နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 40,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ၏​သန့်​ရှင်း​သော​တောင်၊ အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​အား​ဝတ်​ပြု​ရ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​လက်​ခံ၍၊ ထို​အ​ရပ်၌ သင်​တို့​ပြု​သော​ပူ​ဇော်​သ​ကာ​များ၊ အ​ဦး​သီး​သော အ​သီး​တွင် ရွေး၍​ဆက်​ရ​သော အ​သီး​အ​နှံ​များ​နှင့်​တ​ကွ၊ သင်​တို့​သန့်​ရှင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​တောင်း​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 41,
      "text": "သင်​တို့​သည် ကွဲ​ပြား​လျက်​နေ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​မှ ငါ​ဆောင်​ခဲ့၍ စု​ဝေး​သော​အ​ခါ၊ သင်​တို့၌​ပါ​သော နံ့​သာ​ပေါင်း အ​မွှေး​အ​ကြိုင်​နှင့်​တ​ကွ၊ သင်​တို့​ကို ငါ​သည်​လက်​ခံ၍၊ သင်​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း ရှိ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 42,
      "text": "သင်​တို့၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ၊ ကျိန်​ဆို​သော ဣ​သ​ရေ​လ​ပြည်​သို့ သင်​တို့​ကို ဆောင်​သွင်း​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 43,
      "text": "သင်​တို့ ညစ်​ညူး​သော ကျင့်​ကြံ​ပြု​မူ​ရာ​အ​မှု​ရှိ​သ​မျှ​တို့​ကို ထို​ပြည်၌ အောက်​မေ့၍၊ ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 44,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့၏​ဒု​စ​ရိုက်​များ၊ သင်​တို့​ဆိုး​ညစ်​သော အ​ကျင့်​များ​နှင့်​အ​ညီ၊ ငါ​သည် သင်​တို့​ကို​မ​စီ​ရင်။ ကိုယ်​နာ​မ​ကို​ထောက်၍ စီ​ရင်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 45,
      "text": "တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 46,
      "text": "အ​ချင်း​လူ​သား၊ တောင်​ဘက်​သို့​မျက်​နှာ​ပြု​လျက်၊ တောင်​မျက်​နှာ​တစ်​ဖက်၌ မြွက်​ဆို၍၊ တောင်​ပြည်၌​ရှိ​သော တော​တစ်​ဖက်၌ ဟော​ပြော​လော့။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 47,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တောင်​ပြည်၌​ရှိ​သော​တော​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင်၌ မီး​ကို​ညှိ​မည်။ သင်၌ စိမ်း​လန်း​သော​အ​ပင်၊ သွေ့​ခြောက်​သော​အ​ပင်​ရှိ​သ​မျှ လောင်​လိမ့်​မည်။ တောက်​သော မီး​လျှံ​သည်​မ​ငြိမ်း​ရ။ တောင်​ဘက်​မှ​သည် မြောက်​ဘက်​သို့​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​လောင်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 48,
      "text": "ထို​မီး​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​ညှိ​ကြောင်း​ကို၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ထို​မီး​သည်​မ​ငြိမ်း​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 20,
      "verse": 49,
      "text": "ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​က၊ ဤ​သူ​သည် ပုံ​ပ​မာ​ကို​သာ​ဆောင်၍ ဟော​ပြော​တတ်​သည်​မ​ဟုတ်​လော​ဟု၊ အ​ကျွန်ုပ်​ကို​ရည်​မှတ်၍ ဆို​တတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​ကို​မျက်​နှာ​ပြု​လျက်၊ သန့်​ရှင်း​သော အ​ရပ်​ဌာ​န​တို့​တစ်​ဖက်၌ မြွက်​ဆို၍ ဣ​သ​ရေ​လ​ပြည်​တစ်​ဖက်၌ ဟော​ပြော​လော့။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 4,
      "text": "ထို​သို့​သင်၌ တ​ရား​သော​သူ၊ မ​တ​ရား​သော သူ​တို့​ကို ပယ်​ဖြတ်​စ​ရာ​အ​ကြောင်း ရှိ​သော​ကြောင့်၊ ငါ့​ဓား​သည် တောင်​ဘက်​မှ​သည် မြောက်​ဘက်​သို့​တိုင်​အောင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ရန်​ဘက်​ပြု၍ မိ​မိ​အိမ်​မှ ထွက်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 5,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဓား​ကို သူ့​အိမ်​မှ​ထုတ်​ကြောင်း​ကို၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့ သိ​ရ​ကြ​လိမ့်​မည်။ ထို​ဓား​သည် နောက်​တစ်​ဖန် အိမ်​သို့ မ​ပြန်​ရ။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ညည်း​တွား​သံ​ကို ပြု​လော့။ ခါး​ကျိုး​လျက်၊ နှ​လုံး​ကြေ​ကွဲ​လျက်၊ သူ​တို့​ရှေ့​မှာ ညည်း​တွား​သံ​ကို ပြု​လော့။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 7,
      "text": "သူ​တို့​က​လည်း၊ အ​ဘယ်​ကြောင့် ညည်း​တွား​သ​နည်း​ဟု သင့်​ကို​မေး​သော​အ​ခါ၊ သင်​က၊ ငါ​သည် သ​တင်း​စ​ကား​ကြောင့် ညည်း​တွား၏။ အ​မှု​နီး​ပြီ၊။ လူ​အ​ပေါင်း​တို့​သည် ကြောက်​အား​ကြီး၍ လက်​အား​လျော့​ကြ​လိမ့်​မည်။ စိတ်​ပျက်၍ ဒူး​သည်​လည်း အ​ရည်​ဖြစ်​လိမ့်​မည်။ အ​မှု​လာ၍ ရောက်​မည်​အ​ကြောင်း​ကို၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​ပေး​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 8,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 9,
      "text": "အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ဓား​တော်​ကို ထက်​စွာ သွေး​လေ​ပြီ။ ပြောင်​လက်​စွာ ပွတ်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 10,
      "text": "ထက်၍ အ​ထူး​သ​ဖြင့် လုပ်​ကြံ​စေ​ခြင်း​ငှာ သွေး​လေ​ပြီ။ ပြောင်၍ အ​ရောင်​တောက်​စေ​ခြင်း​ငှာ​လည်း ပွတ်​လေ​ပြီ။ ငါ့​သား၏ ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်​လော။ ထို​ဓား​သည် သစ်​သား​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 11,
      "text": "သုံး​စ​ရာ​ဖို့ ပွတ်​စေ​ခြင်း​ငှာ အပ်​ထား​ပြီ။ လုပ်​ကြံ​သော​သူ၌​အပ်​ခြင်း​ငှာ ထက်​စွာ​လည်း သွေး​လေ​ပြီ။ ပြောင်​လက်​စွာ​ပွတ်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 12,
      "text": "အ​ချင်း​လူ​သား၊ ငို​ကြွေး​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​တို့၌ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​မင်း​သား အ​ပေါင်း​တို့၌​လည်း ရောက်​လိမ့်​မည်။ သူ​တို့​နှင့်​တ​ကွ ငါ၏​လူ​တို့​ကို ဓား၌​အပ်​လေ၏။ ထို​ကြောင့်၊ သင်၏​ပေါင်​ကို ရိုက်​လော့။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 13,
      "text": "စုံ​စမ်း​ခြင်း​အ​မှု​ဖြစ်၏။ ဓား​တော်​သည် လှံ​တံ​ကို မ​ရို​မ​သေ​ပြု​လျှင် အ​ဘယ်​သို့​နည်း။ လှံ​တံ​ဆုံး​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 14,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍​လက်​ခုပ်​တီး​လော့။ ဓား​တော်​သည် နှစ်​ခေါက်၊ သုံး​ခေါက်​ရောက်​ရ၏။ သူ​ရဲ​ဓား၊ အား​ကြီး​သော သူ​ရဲ​ဓား​ဖြစ်၏။ သူ​တို့​ကို​ဝန်း​ရံ​သော​ဓား​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 15,
      "text": "သူ​တို့​စိတ်​ပျက်၍ အ​ထူး​သ​ဖြင့်​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး​ကို မြို့​တံ​ခါး​ရှိ​သ​မျှ​တို့၌ ငါ​ရောက်​စေ​ပြီ။ ဓား​ပြောင်​လျက်​ရှိ၏။ လုပ်​ကြံ​စ​ရာ​ဖို့ ပွတ်​ထား​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 16,
      "text": "စု​ဝေး​လော့။ လက်​ယာ​ဘက်​သို့ ခုတ်​လော့။ ပြင်​ဦး​လော့။ လက်​ဝဲ​ဘက်​အ​စ​ရှိ​သော သင်၏​အ​သွား​မျက်​နှာ​ပြု​သ​မျှ​ဘက်​သို့ ခုတ်​လော့။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 17,
      "text": "ငါ​သည်​လည်း လက်​ချင်း​ရိုက်၍၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို​ငြိမ်း​စေ​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 18,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 19,
      "text": "အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဓား​သွား​ရာ​လမ်း​နှစ်​လမ်း​ကို မှတ်​သား​လော့။ လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲ​က ထွက်​ရ​မည်။ မြို့​သို့​သွား​သော လမ်း​ခွ၌ အ​ရပ်​တစ်​ခု​ကို ရွေး​လော့။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 20,
      "text": "အ​မ္မုန်​ပြည်၌ ရ​ဗ္ဗတ်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဓား​ရောက်​ရာ​လမ်း​ကို မှတ်​သား​လော့။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 21,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဗေ​ဒင်​တွက်​ခြင်း​ငှာ လမ်း​နှစ်​လမ်း​ဆုံ​မိ​ရာ​လမ်း​ခွ၌ ရပ်၏။ မြား​တို့​ကို ရော​နှော၏။ တေ​ရပ်​ရုပ်​တု​တို့​ကို မေး​မြန်း၏။ အ​သည်း​ကို ကြည့်​ရှု၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 22,
      "text": "ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လုပ်​ကြံ​ခြင်း​အ​မှု​ကို​မှာ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွေး​ကြော်​အော်​ဟစ် စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲ​တိုက်​ကို ဆောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လက်​ယာ​ဘက်၌ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ဗေ​ဒင်​တွက်၍ နေ​ရာ​ကျ၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 23,
      "text": "သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​ထံ၌ သ​စ္စာ​ခံ​သော​သူ​တို့​သည် ထို​ဗေ​ဒင်​တွက်​ခြင်း​ကို အ​ချည်း​နှီး​သော ဗေ​ဒင်​တွက်​ခြင်း​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​မူ​ကား၊ သူ​တို့​ကို​ဖမ်း​မိ​လို​သော​ငှာ၊ သူ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို အောက်​မေ့​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 24,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပြု​လေ​သ​မျှ​တို့၌ အ​ပြစ်​ထင်​ရှား​သည်​တိုင်​အောင်၊ သင်​တို့​သည် မိ​မိ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို သူ​တစ်​ပါး​အောက်​မေ့​စေ၍၊ မိ​မိ​တို့​လွန်​ကျူး​ခြင်း အ​မှု​များ​ကို​ဖော်​ပြ​လျက်၊ မိ​မိ​တို့​ကို သူ​တစ်​ပါး အောက်​မေ့​စေ​သော​ကြောင့်၊ ထို​ရှင်​ဘု​ရင်​လက်​သို့ ရောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 25,
      "text": "အ​ချင်း​ဆိုး​ယုတ်​သော အ​ဓ​မ္မ​ဣ​သ​ရေ​လ​မင်း​သား၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်​သော​အ​ခါ၊ သင်၏​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 26,
      "text": "ဦး​ရစ်​တော်​ကို​ပယ်၍ ရာ​ဇ​သ​ရ​ဖူ​ကို ချွတ်​လော့။ နောက်​တစ်​ဖန် မ​ရှိ​ရ။ နိမ့်​သော​သူ​ကို ချီး​မြှောက်​ရ​မည်။ မြင့်​သော​သူ​ကို နှိမ့်​ချ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 27,
      "text": "နိုင်​ငံ​ကို ဆုံး​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​စိုး​ပိုင်​သော​သူ မ​ရောက်​မီ​တိုင်​အောင်​လည်း​ကောင်း ငါ​မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ အ​စိုး​ပိုင်​သော​သူ၌ ငါ​အပ်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 28,
      "text": "အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 29,
      "text": "သူ​တို့​ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ရည်​မှတ်၍​မိန့်​တော်​မူ​သော​စ​ကား​ကို ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်၍ အ​ပြစ်​ဒဏ်​ခံ​ရ​သော​အ​ခါ၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော အ​ဓ​မ္မ​လူ​တို့၏ လည်​ပင်း​ပေါ်​မှာ၊ သင့်​ကို နေ​ရာ​ကျ​စေ​ခြင်း​ငှာ၊ သင့်​အ​ဖို့ အ​ချည်း​နှီး​သော​အ​ရာ​ကို​ကြည့်​မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​စဉ်​တွင်၊ ဓား​တော်​သည် လုပ်​ကြံ​ဖို့​ရာ ထုတ်​လျက်​ရှိ၏။ ဖျက်​ဆီး​ဖို့​ရာ အ​ရောင်​တောက်​သည်​တိုင်​အောင် ပြောင်​စွာ​ပွတ်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 30,
      "text": "သင့်​ဓား​ကို အိမ်​သို့​ပြန်​စေ​လော့။ သင့်​ကို ငါ​ဖန်​ဆင်း​သော​အ​ရပ်၊ မွေး​ဖွား​ရာ​ဌာ​န၌ သင့်​ကို ငါ​စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 31,
      "text": "သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။"
    },
    {
      "book": 26,
      "chapter": 21,
      "verse": 32,
      "text": "သင်​သည် မီး​မွေး​ဖို့​ထင်း​ဖြစ်​ရ​လိမ့်​မည်။ သင့်​အ​သွေး​သည် ပြည်​အ​လယ်၌ ရှိ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့​ကို သင်​သည် စစ်​ကြော​လော့။ စစ်​ကြော​လော့။ သူ၌ ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ပြ​လော့။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ မိ​မိ​အ​ချိန်​ရောက်​စေ​ခြင်း​ငှာ၊ မိ​မိ​အ​လယ်၌ လူ​အ​သက်​ကို​သတ်၍၊ မိ​မိ​ကို​ညစ်​ညူး​စေ​ဖို့ မိ​မိ​တစ်​ဖက်၌ ရုပ်​တု​တို့​ကို​လုပ်​တတ်​သော​မြို့၊"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 4,
      "text": "သင်​သည် လူ​အ​သက်​ကို သတ်​သော​အား​ဖြင့် အ​ပြစ်​ရောက်၏။ လုပ်​သော​ရုပ်​တု​အား​ဖြင့် ညစ်​ညူး​ခြင်း​ရှိ၏။ သင်၏ နေ့​ရက်​ကာ​လ​အ​ချိန်​ကို ကိုယ်​တိုင်​ရောက်​စေ​ပြီ။ ထို​ကြောင့်၊ ငါ​သည် သင့်​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကဲ့​ရဲ့​ရာ၊ ပျက်​ချော်​ရာ​ဖြစ်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 5,
      "text": "အို အ​သ​ရေ​ပျက်၍ နှောင့်​ယှက်​ခြင်း​ကို​ခံ​ရ​သော​သင်​ကို၊ အ​ဝေး​အ​နီး၌​နေ​သော သူ​တို့​သည် ပျက်​ချော်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​မင်း​သား​တို့​သည် အ​သီး​အ​သီး အ​ခွင့်​တန်​ခိုး​ရှိ​သည်​အ​တိုင်း၊ သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 7,
      "text": "သင့်​အ​လယ်၌ မိ​ဘ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ မိ​ဘ​မ​ရှိ​သော​သူ​နှင့် မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 8,
      "text": "သင်​သည် ငါ၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ပြီ။ ငါ၏ ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ပြီ။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 9,
      "text": "သင့်​အ​လယ်၌ လူ​အ​သက်​ကို သတ်​လို၍ ကုန်း​တိုက်​သော​သူ၊ တောင်​ပေါ်​မှာ စား​သော​သူ၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 10,
      "text": "သင့်​အ​လယ်၌ အ​ဘ၏​မ​ယား​ကို ပြစ်​မှား​ကြ၏။ ဥ​တု​ရောက်​သော​မိန်း​မ​နှင့် မှား​ယွင်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 11,
      "text": "သင့်​အ​လယ်၌ အ​ချို့​တို့​သည် အိမ်​နီး​ချင်း​မ​ယား​ကို ပြစ်​မှား​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​ချွေး​မ​နှင့် ဆိုး​ညစ်​သော​အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ၏။ အ​ချို့​တို့​သည် မိ​မိ​နှ​မ၊ မိ​မိ​အ​ဘ၏​သ​မီး​ကို ရှုတ်​ချ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 12,
      "text": "သင့်​အ​လယ်၌​လည်း လူ​အ​သက်​သတ်​ခ​ကို​ခံ​ကြ၏။ အ​တိုး​စား၍ ငွေ​ကို​ချေး​ကြ၏။ အိမ်​နီး​ချင်း၏​ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ငါ့​ကို​လည်း မေ့​လျော့​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ သင်​ဆည်း​ပူး​သော​ဥ​စ္စာ၊ သင့်​အ​လယ်၌​သွန်း​သော အ​သွေး​ကြောင့် ငါ​လက်​ခုပ်​တီး၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 14,
      "text": "သင့်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ သင်၏​နှ​လုံး​သည် ခိုင်​ခံ့​နိုင်​သ​လော။ သင်၏​လက်​သည်​လည်း အား​ကြီး​နိုင်​သ​လော။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​မည်။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 15,
      "text": "သင့်​ကို​လည်း အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင်၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​မည်။ သင်၏​အ​ညစ်​အ​ကြေး​ကို​လည်း ပယ်​ရှင်း​မည်။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 16,
      "text": "လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ၊ သင်​သည် ကိုယ်​တိုင် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ၍၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 17,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 18,
      "text": "အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ရှေ့​မှာ​ချော်​ဖြစ်​လေ​ပြီ။ ထို​သူ​အ​ပေါင်း​တို့​သည် မိုက်​ထဲ၌ ထည့်​သော ကြေး​နီ၊ ကြေး​ဖြူ၊ သံ၊ ခဲ​ကဲ့​သို့​ငွေ​နှင့်​ကွာ​သော ချော်​ဖြစ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 19,
      "text": "ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ပေါင်း​သည် ချော်​ဖြစ်​သော​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ထဲ၌ ငါ​စု​ဝေး​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 20,
      "text": "ငွေ၊ ကြေး​နီ၊ ကြေး​ဖြူ၊ သံ၊ ခဲ​တို့​ကို မီး​မှုတ်၍ အ​ရည်​ကျို​ခြင်း​ငှာ မိုက်​ထဲ၌​စု​ထား​သ​ကဲ့​သို့၊ ထို​အ​တူ ငါ​သည် ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ သင်​တို့​ကို ထို​မြို့​ထဲ၌ စု​ထား၍ အ​ရည်​ကျို​မည်။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 21,
      "text": "အ​ကယ်​စင်​စစ် စု​ထား​ပြီး​မှ ငါ့​အ​မျက်​မီး​ကို​မှုတ်၍၊ သင်​တို့​သည် မြို့​ထဲ​မှာ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 22,
      "text": "ငွေ​ကို မိုက်​ထဲ၌ အ​ရည်​ကျို​သ​ကဲ့​သို့၊ သင်​တို့​သည် မြို့​ထဲ​မှာ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ပေါ်​သို့၊ ငါ၏​ဒေါ​သ​အ​ရှိန်​ကို သွန်း​လောင်း​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 23,
      "text": "တစ်​ဖန်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 24,
      "text": "အ​ချင်း​လူ​သား၊ သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျက်​ထွက်​သော​နေ့၌​မိုး​မ​ရွာ၊ သင်​သည် မိုး​ရေ​ကို မ​ခံ​ရ​သော​ပြည်​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 25,
      "text": "ထို​ပြည်​အ​လယ်၌ ပ​ရော​ဖက်​တို့​သည် သင်း​ဖွဲ့​ခြင်း​ကို ပြု​ကြ​ပြီ။ ဟောက်၍ အ​ကောင်​ကို​ကိုက်​ဖြတ်​သော ခြင်္သေ့​ကဲ့​သို့ လူ​တို့​ကို ကိုက်​စား​ကြ၏။ ဘ​ဏ္ဍာ​များ​နှင့် အ​ဖိုး​ထိုက်​သော​ဥ​စ္စာ​များ​ကို လု​ယူ​ကြ၏။ ပြည်​အ​လယ်၌ မု​ဆိုး​မ​တို့​ကို များ​ပြား​စေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 26,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ငါ၏​တ​ရား​ကို​ဖျက်၍၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း ညစ်​ညူး​စေ​ကြ၏။ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ပိုင်း​ခြား၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ရော​နှော​ကြ၏။ ငါ၏​ဥ​ပုသ်​နေ့​တို့​မှ​လည်း မျက်​နှာ​လွှဲ​ကြ၏။ သူ​တို့​အ​လယ်၌ ငါ​သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 27,
      "text": "မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 28,
      "text": "ပ​ရော​ဖက်​တို့​က​လည်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မ​မူ​ဘဲ၊ အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်၍၊ မု​သား​စ​ကား​ကို ဟော​ပြော​လျက်၊ သူ​တို့​ကို အင်္ဂ​တေ​နှင့် မွမ်း​မံ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 29,
      "text": "ပြည်​သူ​ပြည်​သား​တို့​သည်​လည်း ညှဉ်း​ဆဲ​ခြင်း၊ ဓား​ပြ​တိုက်​ခြင်း၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား မ​တ​ရား​သ​ဖြင့် ညှဉ်း​ဆဲ​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 30,
      "text": "ထို​ပြည်​ကို ငါ​မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ ကွယ်​ကာ​သော​သူ၊ မြို့​ရိုး​ပျက်​ပေါ်​မှာ​ရပ်၍ ဆီး​တား​သော​သူ တစ်​ယောက်​ကို​မျှ ငါ​ရှာ၍​မ​တွေ့။"
    },
    {
      "book": 26,
      "chapter": 22,
      "verse": 31,
      "text": "ထို​ကြောင့်၊ ငါ​အ​မျက်​ကို ငါ​သွန်း​လောင်း​လျက်၊ ငါ့​ဒေါ​သ​မီး​ဖြင့် သူ​တို့​ကို​ရှို့၍၊ သူ​တို့​အ​ပြစ်​ကို သူ​တို့​ခေါင်း​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ အ​မိ​မ​ကွဲ​ပြား​သော ညီ​အစ်​မ​နှစ်​ယောက် ရှိ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 3,
      "text": "သူ​တို့​သည် အ​သက်​ငယ်​စဉ်​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ၏။ ထို​ပြည်၌ သူ​တို့၏​သား​မြတ်​ကို ပွတ်​နယ်၍ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 4,
      "text": "အစ်​မ​ကား၊ အ​ဟော​လ၊ ညီ​မ​ကား အ​ဟော​လိ​ဗ အ​မည်​ရှိ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် ငါ၏​ခင်​ပွန်း​ဖြစ်၍ သား​သ​မီး​တို့​ကို ဖွား​မြင်​ကြ၏။ အ​ဟော​လ​အ​မည်​သည် ရှ​မာ​ရိ​ဟူ၍​လည်း​ကောင်း၊ အ​ဟော​လိ​ဗ​အ​မည်​သည် ယေ​ရု​ရှ​လင်​ဟူ၍​လည်း​ကောင်း ဆို​လို​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 5,
      "text": "အ​ဟော​လ​သည် ငါ၏​ခင်​ပွန်း​ဖြစ်​စဉ်​အ​ခါ၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 6,
      "text": "မိ​မိ​ရည်း​စား​တည်း​ဟူ​သော၊ ပြာ​သော​အ​ဝတ်​ကို ဝတ်​သော မိ​မိ​အိမ်​နီး​ချင်း အာ​ရှု​ရိ​အ​မျိုး​သား ဗိုလ်​မင်း၊ ဝန်​မင်း၊ ချစ်​ဖွယ်​သော​လူ​ပျို၊ မြင်း​စီး​သူ​ရဲ​တို့​ကို တပ်​မက်၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 7,
      "text": "ထို​အာ​ရှု​ရိ လူ​ကောင်း​လူ​မြတ်​အ​ပေါင်း​တို့​နှင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု၏။ တပ်​မက်​သော​သူ​အ​ပေါင်း​တို့၏ ရုပ်​တု​များ​နှင့် ကိုယ်​ကို ညစ်​ညူး​စေ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 8,
      "text": "အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 9,
      "text": "ထို​ကြောင့်၊ သူ​တပ်​မက်​သော ရည်း​စား၊ အာ​ရှု​ရိ​လူ​တို့၌ သူ့​ကို​ငါ​အပ်၍၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 10,
      "text": "သူ​တို့​သည် အ​ဝတ်​ကို ချွတ်​ကြ၏။ သူ၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ သူ့​ကို ဓား​နှင့် ကွပ်​မျက်​ကြ၏။ ထို​သို့ အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ မိန်း​မ​တ​ကာ​တို့​တွင် ကျော်​စော​သော​မိန်း​မ​ဖြစ်​လေ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 11,
      "text": "ထို​အ​မှု​ကို ညီ​မ​အ​ဟော​လိ​ဗ​သည် မြင်​သော​အ​ခါ၊ အစ်​မ​ထက်​သာ၍ တပ်​မက်​သော​စိတ်​ရှိ​သည်​နှင့်၊ အစ်​မ​ထက်​သာ၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 12,
      "text": "တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​သော မိ​မိ​အိမ်​နီး​ချင်း အာ​ရှု​ရိ​အ​မျိုး​သား​ဗိုလ်​မင်း၊ ဝန်​မင်း၊ ချစ်​ဖွယ်​သော​လူ​ပျို၊ မြင်း​စီး​သူ​ရဲ​တို့​ကို တပ်​မက်၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 13,
      "text": "ထို​အ​ခါ သူ​သည် ညစ်​ညူး​ကြောင်း​နှင့်၊ အစ်​မ​လိုက်​သော​လမ်း​သို့ လိုက်​ကြောင်း​ကို ငါ​သိ​မြင်၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 14,
      "text": "အ​ထူး​သ​ဖြင့် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​အ​ကြောင်း​အ​ရာ ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ထူး​ဆန်း​သော​ပန်း​ဆိုး​ခေါင်း​ပေါင်း​ကို ပေါင်း​လျက်၊ မွေး​ဖွား​ရာ​ဌာ​န ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သား​ကဲ့​သို့၊ မင်း၏​အ​သွင်​ကို ဆောင်​လျက်၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 15,
      "text": "အုတ်​ထ​ရံ၌ ဟ​င်္သာ​ပ​ဒါး​နှင့်​ရေး​သော ခါ​လ​ဒဲ​လူ၏​ရုပ်​ပုံ​တို့​ကို မြင်​သော​အ​ခါ၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 16,
      "text": "တပ်​မက်​သော​စိတ်​ရှိ၍၊ ခါ​လ​ဒဲ​ပြည်​သို့ တ​မန်​ကို​စေ​လွှတ်​လေ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 17,
      "text": "ဗာ​ဗု​လုန်​မြို့​သား​တို့​သည် သူ​နှင့် သံ​ဝါ​သ​ပြု​ရာ​ခု​တင်​သို့ လာ၍၊ မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​သော​အား​ဖြင့် ညစ်​ညူး​စေ​ကြ၏။ သူ​သည်​လည်း ထို​သူ​တို့​ကို ရွံ​ရှာ​သည်​တိုင်​အောင် ညစ်​ညူး​ခြင်း​ကို ခံ​လေ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 18,
      "text": "ထို​သို့ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​ဖော်​ပြ​သော​ကြောင့်၊ ငါ​သည် သူ​အစ်​မ​ကို ရွံ​ရှာ​သ​ကဲ့​သို့၊ သူ့​ကို​လည်း​ရွံ​ရှာ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 19,
      "text": "အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ မှား​ယွင်း​သော​ကာ​လ​ကို အောက်​မေ့​သ​ဖြင့်၊ မှား​ယွင်း​ခြင်း​ကို အ​ထပ်​ထပ်​ပြု၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 20,
      "text": "မြည်း​အင်္ဂါ​နှင့်​တူ​သော​အင်္ဂါ၊ မြင်း​သုက်​ရည်​နှင့်​တူ​သော သုက်​ရည်​ရှိ​သော ထို​ရည်း​စား​တို့​ကို​ပင် တပ်​မက်​လေ​သည်​တ​ကား။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 21,
      "text": "သို့​ဖြစ်၍၊ အို အ​ဟော​လိ​ဗ၊ အဲ​ဂု​တ္တု​လူ​တို့​သည် သင့်​အ​သ​ရေ​ကို​ရှုတ်​ချ၍၊ အ​ပျို​မ​သား​မြတ်​တို့​ကို ပွတ်​နယ်​ကြ​သ​ဖြင့်၊ သင်​အ​သက်​ငယ်​စဉ်​အ​ခါ သင်​ပြု​သော​အ​ဓ​မ္မ​အ​မှု​ကို အ​ထပ်​ထပ်​ပြု​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 22,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​ရွံ​ရှာ​သော​ရည်း​စား​တို့​ကို ငါ​ထ​စေ​ပြီး​လျှင်၊ အ​ရပ်​ရပ်​တို့​က​လာ၍ တိုက်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 23,
      "text": "အာ​ရှု​ရိ​လူ​များ​နှင့်​တ​ကွ အ​ကြီး​အ​ကဲ၊ သူ​ဌေး​သူ​ကြွယ်၊ ထင်​ရှား​သော​သူ​ဖြစ်​သော ဗာ​ဗု​လုန်​လူ၊ ခါ​လ​ဒဲ​လူ​များ​တည်း​ဟူ​သော၊ ချစ်​ဖွယ်​သော လူ​ပျို၊ ဗိုလ်​မင်း၊ ဝန်​မင်း။ မှူး​ကြီး​မတ်​ကြီး၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​သည်၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 24,
      "text": "စစ်​တိုက်​လက်​နက်​နှင့် လှည်း​ရ​ထား​ပါ​လျက်၊ လူ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ လာ၍ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို သင့်​ပတ်​လည်၌ ခင်း​ကျင်း​ကြ​လိမ့်​မည်။ တ​ရား​စီ​ရင်​သော​အ​ခွင့်​ကို သူ​တို့၌​ငါ​အပ်​ပေး၍၊ သူ​တို့​သည် မိ​မိ​ထုံး​စံ​အ​တိုင်း စီ​ရင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 25,
      "text": "သူ​တို့​သည် သင့်​ကို မ​ယုံ​မည်​အ​ကြောင်း၊ ငါ​ပြု၍ သင့်​ကို ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​လိမ့်​မည်။ သင့်​နှာ​ခေါင်း၊ နား​ရွက်​တို့​ကို​ဖြတ်၍ အ​ကျန်​အ​ကြွင်း​ကို ဓား​နှင့် စဉ်း​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ ကျန်​ကြွင်း​သော သူ​တို့​ကို မီး​ရှို့​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 26,
      "text": "သင့်​အ​ဝတ်​ကို​လည်း ချွတ်၍၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို သိမ်း​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 27,
      "text": "ထို​သို့​သင်​သည် နောက်​တစ်​ဖန် မျှော်​မ​ကြည့်၊ အဲ​ဂု​တ္တု​ပြည်​ကို မ​အောက်​မေ့​စေ​ခြင်း​ငှာ၊ သင်​ပြု​သောအ​ဓ​မ္မအမှုနှင့် အဲ​ဂု​တ္တု​ပြည်​မှပါသောအ​ဓမ္မမေ​ထုန်​ကို​ငါ​ငြိမ်း​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 28,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​မုန်း​သော​သူ၊ သင်​ရွံ​ရှာ​သော သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​သ​ဖြင့်၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 29,
      "text": "သူ​တို့​သည် မုန်း​သည်​အ​တိုင်း​ပြု​လျက်၊ သင်​ကြိုး​စား၍ ဆည်း​ပူး​သ​မျှ​သော ဥ​စ္စာ​တို့​ကို​သိမ်း​ယူ၍၊ သင့်​ကိုယ်၌ အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း ရှိ​ရစ်​စေ​ကြ​လိမ့်​မည်။ သင်​မှား​ယွင်း၍ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်​သို့ လိုက်​ခြင်း​အ​ရာ​သည် ထင်​ရှား​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 30,
      "text": "သင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မှား​ယွင်း၍၊ သူ​တို့​ရုပ်​တု​များ​နှင့် ညစ်​ညူး​သော​ကြောင့်၊ ထို​သို့ ငါ​စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 31,
      "text": "သင်​သည် အစ်​မ​လိုက်​သော​လမ်း​ကို လိုက်​သော​ကြောင့်၊ သူ​သောက်​သော​ခွက်​ကို သင့်​လက်၌ ငါ​ထား​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 32,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အစ်​မ​သောက်​သော​ခွက်၊ ကျယ်၍​ဇောက်​နက်​သော​ခွက်​ကို သင်​သောက်​ရ​မည်။ ထို​ခွက်၌ များ​စွာ​ဝင်​သည်​ဖြစ်၍၊ သင်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ပျက်​ချော်​ခြင်း​ကို ခံ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 33,
      "text": "သင့်​အစ်​မ​ရှ​မာ​ရိ သောက်​သော​ခွက်၊ မှိုင်​တွေ​စေ​သော​ခွက်​ကို သောက်၍၊ ယစ်​မူး​ခြင်း၊ ညှိုး​ငယ်​ခြင်း​နှင့် ဝ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 34,
      "text": "ထို​ခွက်​ကို သောက်၍​စုတ်​ပြီး​မှ ခွက်​ခြမ်း​ကို ကိုက်​ခဲ၍၊ ကိုယ်​သား​မြတ်​တို့​ကို ဆွဲ​ဖြတ်​ရ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 35,
      "text": "သို့​ဖြစ်၍၊ သင်​သည် ငါ့​ကို​မေ့​လျော့၍၊ သင့်​ကျော​နောက်​သို့ ငါ့​ကို​ပစ်​လိုက်​သော​ကြောင့်၊ သင်​သည် အ​ဓ​မ္မ​အ​မှု​နှင့် မ​တ​ရား​သော မေ​ထုန်​အ​မှု၏​အ​ပြစ်​ကို​ခံ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 36,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့် အ​ဟော​လိ​ဗ​တို့​ကို စစ်​ကြော​လော့။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ဖော်​ပြ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 37,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မျောက်​မ​ထား​ကြ​ပြီ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​ရှိ​ကြ၏။ ရုပ်​တု​တို့​နှင့်​ပင် မျောက်​မ​ထား​ကြ​ပြီ။ ငါ့​အ​ဖို့ ဖွား​မြင်​သော​သား​တို့​ကို​ပင် ရုပ်​တု​စား​စ​ရာ​ဖို့ မီး​ဖြင့်​ပူ​ဇော်​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 38,
      "text": "ထို​မှ​တစ်​ပါး၊ ငါ၌​ပြု​သော​အ​မှု​ဟူ​မူ​ကား၊ ထို​နေ့​ချင်း​တွင် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ၍၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 39,
      "text": "ကိုယ်​သား​သ​မီး​တို့​ကို ရုပ်​တု​ရှေ့​တွင်​သတ်​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို ညစ်​ညူး​စေ​ခြင်း​ငှာ လာ​ကြ၏။ ထို​သို့ ငါ့​အိမ်​တော်​အ​လယ်၌ ပြု​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 40,
      "text": "ထို​မှ​တစ်​ပါး၊ သင်​သည် တ​မန်​တို့​ကို စေ​လွှတ်၍၊ ဝေး​သော​အ​ရပ်​မှ ယောက်ျား​တို့​ကို​ခေါ်၍ သူ​တို့​သည် လာ​ကြ၏။ သူ​တို့​အ​ဖို့ သင်​သည် ရေ​ချိုး​ခြင်း၊ မျက်​စိ၌ ဆေး​ထိုး​ခြင်း၊ တန်​ဆာ​ဆင်​ခြင်း​ကို​ပြု​ပြီး​လျှင်၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 41,
      "text": "အ​သ​ရေ​ရှိ​သော ခု​တင်​ပေါ်၌​ထိုင်၍၊ ငါ့​နံ့​သာ​ပေါင်း​နှင့် ငါ့​ဆီ​ကို တင်​သော​စား​ပွဲ​ကို ခု​တင်​ရှေ့​မှာ ခင်း​လေ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 42,
      "text": "ပျော်​မွေ့​လျက်​နေ​သော လူ​အ​လုံး​အ​ရင်း မြည်​သံ​ကို​လည်း ကြား​ရ၏။ အ​ခြား​သော​သူ​အ​များ​တို့​နှင့်​အ​တူ တော​က​လာ၍၊ လက်၌ လက်​ကောက်၊ ခေါင်း၌ တင့်​တယ်​သော​သ​ရ​ဖူ​ကို ဆောင်း​သော သေ​သောက်​ကြူး​တို့​လည်း ပါ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 43,
      "text": "ငါ​က​လည်း၊ ထို​သူ​တို့​သည် ဤ​မိန်း​မ​နှင့်​ပင် အ​ကယ်၍ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​လိမ့်​မည်​လော​ဟု၊ အို​သည်​တိုင်​အောင် ပြည့်တန်​ဆာ​လုပ်​သော ထို​မိန်း​မ​ကို ရည်​မှတ်၍​ဆို​သော်၊"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 44,
      "text": "ပြည့်​တန်​ဆာ​မိန်း​မ​ရှိ​ရာ​သို့ ယောက်ျား​ဝင်​တတ်​သ​ကဲ့​သို့၊ သူ​တို့​သည် ထို​အ​ဓ​မ္မ​မိန်း​မ​အ​ဟော​လ​နှင့် အ​ဟော​လိ​ဗ​ရှိ​ရာ​သို့ ဝင်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 45,
      "text": "သို့​ဖြစ်၍၊ မျောက်​မ​ထား​သော​မိန်း​မ၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​ဖြစ်​သော​ကြောင့်၊ မျောက်​မ​ထား​သော​မိန်း​မ၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​ကို စီ​ရင်​သ​ကဲ့​သို့၊ ဖြောင့်​မတ်​သော​သူ​တို့​သည် စီ​ရင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 46,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​မိန်း​မ​ရှိ​ရာ​သို့ လူ​အ​လုံး​အ​ရင်း​ကို ငါ​ချီ​စေ၍၊ လု​ယက်​သိမ်း​သွား​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 47,
      "text": "ထို​အ​လုံး​အ​ရင်း​သည် မိန်း​မ​တို့​ကို ခဲ​နှင့်​ပစ်၍၊ ဓား​နှင့်​ခုတ်​ကြ​လိမ့်​မည်။ သား​သ​မီး​တို့​ကို​သတ်၍ အိမ်​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 48,
      "text": "ထို​သို့ အ​ခြား​သော မိန်း​မ​ရှိ​သ​မျှ​တို့​သည် သင်​တို့​ကဲ့​သို့ အ​ဓ​မ္မ​အ​မှု​ကို​မ​ပြု​ဘဲ သ​တိ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့ အ​ဓ​မ္မ​အ​မှု​ကို တစ်​ပြည်​လုံး၌ ငါ​ပယ်​ရှင်း​မည်။"
    },
    {
      "book": 26,
      "chapter": 23,
      "verse": 49,
      "text": "လူ​အ​လုံး​အ​ရင်း​သည် သင်​တို့ အ​ဓ​မ္မ​အ​မှု၏​အ​ပြစ်​နှင့်​အ​လျောက်​စီ​ရင်၍၊ သင်​တို့​သည် ရုပ်​တု​များ​နှင့်​ဆိုင်​သော အ​ပြစ်​ကို​ခံ​ရ​လျက်၊ ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 1,
      "text": "သ​က္က​ရာဇ်​ကိုး​ခု၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ ဤ​မည်​သော​နေ့၊ ယ​ခု​နေ့​ရက်​ကို​မှတ်​လော့။ ယ​ခု​နေ့၌ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​စ​ပြု၏။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 3,
      "text": "ပုန်​ကန်​တတ်​သော အ​မျိုး​အား​လည်း ပုံ​စ​ကား​တည်း​ဟူ​သော၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အိုး​ကင်း​ကို မီး​ဖို၌​တင်​ထား၍ ရေ​ကို​လောင်း​လော့။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 4,
      "text": "အ​မဲ​သား​တစ်​များ၊ ကောင်း​သော​အ​တစ်​တို့​ကို စု​ထား၍၊ ပေါင်၊ ပ​ခုံး၊ အ​စ​ရှိ​သော အ​ကောင်း​ဆုံး​သော​အ​ရိုး​တို့​ကို အိုး​ကင်း၌ အ​ပြည့်​ထည့်​လော့။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 5,
      "text": "သိုး​အ​ကောင်း​ဆုံး​တို့​ကို ယူ​ပြီး​လျှင်၊ အ​ရိုး​အ​ချို့​တို့​ကို အိုး​ကင်း​အောက်​မှာ​ပုံ၍၊ အိုး​ကင်း​ထဲ​မှာ အ​ရိုး​တို့​ကို ကျက်​စေ​ခြင်း​ငှာ၊ ကျပ်​ကျပ်​ဆူ​စေ​လော့။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 6,
      "text": "ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့၊ သံ​ချေး​တက်၍ ရှိ​သေး​သော အိုး​ကင်း​သည် အ​မင်္ဂ​လာ​ရှိ၏။ သား​တစ်​တို့​ကို တစ်​ခု​နောက်​တစ်​ခု ထုတ်​လော့။ စာ​ရေး​တံ​မ​ပြု​နှင့်။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​မြို့​သတ်​သော​သူ၏ အ​သွေး​သည် မြို့​အ​လယ်၌​ရှိ၏။ ထို​အ​သွေး​ကို မြေ​မှုန့်​နှင့်​ဖုံး​ခြင်း​ငှာ မြေ​ပေါ်​မှာ သွန်း​သည်​မ​ဟုတ်၊ ရှင်း​လင်း​သော ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 8,
      "text": "ငါ​သည်​လည်း အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ထွက်​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​မ​ဖုံး​ဘဲ ရှင်း​လင်း​သော​ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 9,
      "text": "ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​အ​သက်​ကို သတ်​တတ်​သော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ကြီး​စွာ​သော​မီး​ပုံ​ကို ငါ​စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 10,
      "text": "ထင်း​များ​ကို​ပုံ​ထား၍ မီး​ရှို့​လော့။ အ​မဲ​သား​လျော့​၍ မြိန်​စွာ​သော စား​ဖွယ်​ဖြစ်​စေ​လော့။ အ​ရိုး​တို့​ကို​လည်း​ကျွမ်း​စေ။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 11,
      "text": "ထို​နောက်၊ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ မီး​ခဲ​ပေါ်​မှာ တင်​ထား​လော့။ ကြေး​နီ​ပူ၍ မီး​တောက်​စေ။ အိုး​ကင်း၌​ပါ​သော​အ​ညစ်​အ​ကြေး​ကို အ​ရည်​ကျို၍ သံ​ချေး​ကုန်​စေ။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 12,
      "text": "ကြိုး​စား၍​ပင်​ပန်း​သော်​လည်း၊ များ​စွာ​သော သံ​ချေး​မ​ထွက်​တတ်။ မီး​အား​ဖြင့် မ​ကုန်​တတ်။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 13,
      "text": "သင်၏​အ​ညစ်​အ​ကြေး၌ အ​ဓ​မ္မ​အ​မှု​ပါ၏။ ငါ​ဆေး​ကြော၍ သင်​သည် ဆေး​ကြော​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​သည် သင့်​အ​ပေါ်​သို့​မ​ရောက်​မ​ချင်း​တိုင်​အောင်၊ သင်၏​အ​ညစ်​အ​ကြေး​ကို မ​ဆေး​ကြော​ရ။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 14,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။ ပြော​သည်​အ​တိုင်း ငါ​ပြု၍​ပြည့်​စုံ​စေ​မည်။ နောက်​သို့​မ​ဆုတ်၊ မ​နှ​မြော၊ နောင်​တ​မ​ရ၊ သင်​ကျင့်​ကြံ​ပြု​မူ​သ​မျှ အ​တိုင်း၊ ငါ​စီ​ရင်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 15,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 16,
      "text": "အ​ချင်း​လူ​သား၊ သင်​ကြည့်​ရှု​လို​ဖွယ်​သော​သူ​ကို ငါ​သည် ဒဏ်​ခတ်၍ ပယ်​ရှား​မည်။ သို့​ရာ​တွင်၊ သင်​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ မျက်​ရည်​မ​ကျ​ရ။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 17,
      "text": "တိုး​တိုး​ညည်း​တွား​လော့။ သေ​သော​သူ​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​နှင့်။ ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို​စီး​လော့။ နှုတ်​ကို​မ​ဖုံး​နှင့်။ ဆင်း​ရဲ​သော​သူ၏ အ​စာ​ကို​မ​စား​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 18,
      "text": "ထို​သို့​ငါ​သည် နံ​နက်​အ​ချိန်၌ လူ​များ​တို့​အား​ကြား​ပြော၏။ ညဉ့်​ဦး​အ​ချိန်၌ ငါ့​ခင်​ပွန်း​သည်​သေ၏။ မှာ​ထား​တော်​မူ​သည်​အ​တိုင်း နက်​ဖြန်​နံ​နက်​မှ​ငါ​ပြု၏။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 19,
      "text": "လူ​များ​တို့​က​လည်း ဤ​သို့​သင်​ပြု​သော​အ​မှု​သည် ငါ​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ​တို့​အား​မ​ပြော​သ​လော​ဟု ငါ့​အား​မေး​ကြ​သော်၊"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 20,
      "text": "ငါ​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 21,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 22,
      "text": "ထို​အ​ခါ သင်​တို့​သည် ငါ​ပြု​သ​ကဲ့​သို့ ပြု​ရ​ကြ​လိမ့်​မည်။ နှုတ်​ကို​မ​ဖုံး၊ ဆင်း​ရဲ​သော​သူ​တို့၏ အ​စာ​ကို မ​စား​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 23,
      "text": "ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို စီး​ရ​ကြ​လိမ့်​မည်။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။ ကိုယ်​အ​ပြစ်​ကြောင့် ပိန်​ကြုံ၍ တစ်​ယောက်​ကို​တစ်​ယောက် ညည်း​တွား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 24,
      "text": "ထို​သို့ ယေ​ဇ​ကျေ​လ​သည် သင်​တို့​အား​ပု​ပ္ပ​နိ​မိတ်​ဖြစ်​ရ၏။ သူ​ပြု​သ​မျှ​အ​တိုင်း သင်​တို့​သည်၊ အ​မှု​ရောက်​သော​အ​ခါ​ပြု၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 25,
      "text": "အ​ချင်း​လူ​သား၊ သင်၏​အ​မှု​မူ​ကား၊ သူ​တို့​အ​စွမ်း​သ​တ္တိ၊ ဝါ​ကြွား​စ​ရာ​ဘုန်း၊ ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ စိတ်​စွဲ​လမ်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှား​သော​အ​ခါ၊"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 26,
      "text": "လွတ်​သော​သူ တစ်​စုံ​တစ်​ယောက်​သည် သင်​ရှိ​ရာ​သို့​ရောက်​လာ၍ ကြား​ပြော​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 24,
      "verse": 27,
      "text": "ထို​အ​ခါ လွတ်​လပ်​သော​သူ​နှင့်​တွေ့​သ​ဖြင့် သင်၏​နှုတ်​ပွင့်​လိမ့်​မည်။ စ​ကား​မ​ပြော​ဘဲ​နေ​ချိန်​လွန်၍ ဟော​ပြော​ရ​လိမ့်​မည်။ ထို​သို့​သင်​သည် သူ​တို့​အား​ပု​ပ္ပ​နိ​မိတ်​ဖြစ်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 3,
      "text": "ဆင့်​ဆို​ရ​မည်​မှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှုတ်​ချ​လျက်​ရှိ​သော ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း၊ လူ​ဆိတ်​ညံ​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ​ပြည်​ကို​လည်း​ကောင်း၊ အေ့​ဟေ​ဟု သင်​ဆို​မိ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 4,
      "text": "သင့်​ကို အ​ရှေ့​ပြည်​သား​တို့​အား ငါ​အ​ပိုင်​ပေး​မည်။ သူ​တို့​သည် သင်၏​အ​ထဲ၌ ဘုံ​ဗိ​မာန်​တို့​ကို တည်​ဆောက်၍ နေ​ရာ​ကျ​ကြ​လိမ့်​မည်။ သင်၏​အ​သီး​အ​နှံ​ကို​စား၍ သင်၏​နို့​ကို​သောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 5,
      "text": "ရ​ဗ္ဗာ​မြို့​ကို ကု​လား​အုတ်​တင်း​ကုပ်၊ အ​မ္မုန်​ပြည်​ကို သိုး​ကျက်​စား​ရာ​ငါ​ဖြစ်​စေ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 6,
      "text": "သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 7,
      "text": "ငါ​သည် သင့်​ကို​တိုက်၍၊ လူ​အ​မျိုး​မျိုး​လု​ယူ​ဖို့​ရာ​အပ်​မည်။ လူ​နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​ထဲ​က သင့်​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 8,
      "text": "တစ်​ဖန် မော​ဘ​ပြည်​နှင့် စိ​ရ​မြို့​က၊ ယု​ဒ​အ​မျိုး​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​ဆို​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 9,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​နံ​ပါး၊ ပြည်​စွန်း​နား​မှာ နိုင်​ငံ၏​ဘုန်း​ဖြစ်​သော ဗက်​ယေ​ရှိ​မုတ်​မြို့၊ ဗာ​လ​မောင်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​တို့​ကို ငါ​လှန်​ထား​မည်။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 10,
      "text": "ထို​မြို့​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့​နှင့်​တ​ကွ အ​ရှေ့​ပြည်​သား​တို့​အား အ​ပိုင်​ပေး​မည်။ အ​မ္မုန်​ပြည်​သား​တို့​ကို တိုင်း​နိုင်​ငံ​စု​တွင် မ​မှတ်​ရ။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 11,
      "text": "မော​ဘ​ပြည်​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 12,
      "text": "တစ်​ဖန်​ဧ​ဒုံ​ပြည်​သည် ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ၊ ယု​ဒ​အ​မျိုး​တစ်​ဖက်၌​နေ၍ အ​လွန်​ပြစ်​မှား​သ​ဖြင့်၊ အ​ပြစ်​ဒဏ်​စီ​ရင်​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 13,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​ကို​ငါ​တိုက်၍ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​ပယ်​ဖြတ်​မည်။ တေ​မန်​မြို့​မှ​စ၍ လူ​ဆိတ်​ညံ​စေ​မည်။ ဒေ​ဒန်​မြို့​တိုင်​အောင် ဓား​ဖြင့်​ဆုံး​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 14,
      "text": "ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​အား​ဖြင့်၊ ဧ​ဒုံ​ပြည်​ကို​ငါ၏ ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ ဒဏ်​ပေး​မည်။ သူ​တို့​သည် ငါ၏​အ​မျက်​အ​ရှိန် အား​ကြီး​သည်​အ​တိုင်း ဧ​ဒုံ​ပြည်​ကို​ပြု​ကြ​လိမ့်​မည်။ ငါ​ပေး​သော​အ​ပြစ်​ဒဏ်​ကို​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 15,
      "text": "တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် အ​ငြိုး​ထား၍ မ​နာ​လို​သော​စိတ်​အား​ကြီး​သည်​နှင့် ဒေါ​သ​အ​လို​ကို​ပြည့်​စုံ​စွာ​ပြု၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ခြင်း​ငှာ အ​ပြစ်​ဒဏ်​ပေး​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 16,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ငါ​တိုက်၍ ခေ​ရ​သိ​လူ​တို့​ကို ပယ်​ဖြတ်​မည်။ ပင်​လယ်​ကမ်း​နား၌ ကျန်​ကြွင်း​သော​သူ​တို့​ကို ဖျက်​ဆီး​မည်။"
    },
    {
      "book": 26,
      "chapter": 25,
      "verse": 17,
      "text": "ပြင်း​စွာ​သော ဆုံး​မ​ခြင်း​နှင့်​တ​ကွ ကြီး​စွာ​သော​အ​ပြစ်​ဒဏ်​ကို ပေး​မည်။ ထို​သို့ ငါ၏​ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ​ဒဏ်​ပေး​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 1,
      "text": "သ​က္က​ရာဇ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင့်​တစ်​ဖက်​၌ ငါ​နေ၏။ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တက်​သ​ကဲ့​သို့၊ လူ​အ​မျိုး​မျိုး​တို့​သည် သင့်​ကို​တက်၍ တိုက်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 4,
      "text": "သူ​တို့​သည် တု​ရု​မြို့​ရိုး​ကို​ဖျက်၍ ပြ​အိုး​တို့​ကို ဖြို​ချ​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို ငါ​ခြစ်​ခွာ၍ ရှင်း​လင်း​သော​ကျောက်​ကဲ့​သို့ ဖြစ်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 5,
      "text": "ပင်​လယ်​အ​လယ်၌ ပိုက်​ကွန်​လှန်း​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ လူ​မျိုး​လု​ယူ​ရာ ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 6,
      "text": "လယ်​ပြင်၌​ရှိ​သော သ​မီး​တို့​သည် ဓား​ဖြင့်​သေ၍၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 7,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘု​ရင်​တို့၏​ဘု​ရင်​တည်း​ဟူ​သော မြောက်​မျက်​နှာ​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ကို၊ မြင်း​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ လူ​များ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ တု​ရု​မြို့​သို့ ငါ​ဆောင်​ခဲ့​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 8,
      "text": "သူ​သည် လယ်​ပြင်၌​ရှိ​သော သင်၏​သား​သ​မီး​တို့​ကို ဓား​နှင့်​သတ်​လိမ့်​မည်။ သင့်​တစ်​ဖက်၌ ရဲ​တိုက်​ကို​တည်၍ မြေ​ရိုး​ကို​ဖို့​ပြီး​လျှင်၊ ဒိုင်း​လွှား​တို့​ကို ချီ​ကာ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 9,
      "text": "သင်၏​မြို့​ရိုး တစ်​ဖက်​တစ်​ချက်၊ ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား၍ သင်၏​ရဲ​တိုက်​တို့​ကို တူး​ရွင်း​နှင့် ဖြို​ချ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 10,
      "text": "မြင်း​များ​သော​ကြောင့် မြေ​မှုန့်​သည် သင့်​ကို​ဖုံး​လွှမ်း​လိမ့်​မည်။ တိုက်​ဖျက်​သော​မြို့​ထဲ​သို့ ဝင်​တတ်​သ​ကဲ့​သို့ သင်၏​မြို့​တံ​ခါး​သို့ ဝင်​သော​အ​ခါ၊ လှည်း​ရ​ထား​မျိုး မြည်​သံ၊ မြင်း​စီး​သူ​ရဲ​တို့​အ​သံ​ကြောင့် သင်၏​မြို့​ရိုး​လှုပ်​ရှား​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 11,
      "text": "မြင်း​ခွာ​တို့​ဖြင့် သင်၏​လမ်း​ရှိ​သ​မျှ​တို့​ကို​နင်း​လျက်၊ သင်၏​လူ​တို့​ကို ဓား​နှင့်​သတ်၍၊ သင်​ခို​လှုံ​စ​ရာ ရုပ်​တု​ဆင်း​တု​တို့​သည် မြေ​တိုင်​အောင် ပြို​လဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 12,
      "text": "သင်၏​ဥ​စ္စာ​ကို လု​ယူ၍ သင်၏​ကုန်​များ​ကို​လည်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်၏​အုတ်​ထ​ရံ​တို့​ကို ဖြို၍​ဘုံ​ဗိ​မာန်​တို့​ကို ဖျက်​ပြီး​လျှင်၊ သင်၏​ကျောက်၊ သစ်​သား၊ မြေ​တို့​ကို ရေ​ထဲ​မှာ​ချ​ပစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 13,
      "text": "သင်​ဆို​သော​သီ​ချင်း​သံ​ကို ငါ​ငြိမ်း​စေ၍၊ သင်​တီး​သော​စောင်း​သံ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ​မ​ကြား​ရ။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 14,
      "text": "သင်​သည် ရှင်း​လင်း​သော​ကျောက်​ကဲ့​သို့ ပိုက်​ကွန်​လှန်း​ရာ​အ​ရပ်​ဖြစ်​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် မ​တည်​ပြန်​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 15,
      "text": "တု​ရု​မြို့​ကို ရည်​မှတ်၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​လယ်၌ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အ​မှု​ဖြစ်၍၊ ထိ​ခိုက်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ သင်​ပြို​လဲ​ခြင်း​အ​သံ​ကြောင့် တစ်​ကျွန်း​တစ်​နိုင်​ငံ အ​ရပ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 16,
      "text": "သ​မု​ဒ္ဒ​ရာ​မင်း​အ​ပေါင်း​တို့​သည် ရာ​ဇ​ပ​လ္လင်​ပေါ်​က​ဆင်း၍၊ အင်္ကျီ​တော်​ကို​လည်း​ကောင်း၊ ချယ်​လှယ်​သော အ​ဝတ်​တော်​ကို​လည်း​ကောင်း၊ ချွတ်​ပယ်​ပြီး​မှ၊ တုန်​လှုပ်​ခြင်း​အ​ဝတ်​ကို​ဝတ်​လျက်၊ မြေ​ပေါ်၌ ထိုင်​လျက် ခ​ဏ​ခ​ဏ​တုန်​လှုပ်၍၊ သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 17,
      "text": "သူ​တို့​က​လည်း၊ အို ကျော်​စော​သော​မြို့၊ ပင်​လယ်​သား​နေ၍ ပင်​လယ်၌ အား​ကြီး​သော​မြို့၊ ပင်​လယ်​သား​အ​ပေါင်း​တို့ ရို​သေ​ဖွယ်​သော မြို့​သား​နှင့် ပြည့်​စုံ​သော​မြို့၊ သင်​သည် အ​လွန်​ပျက်​စီး​လေ​ပြီ​တ​ကား​ဟု သင့်​အား​ဆို​လျက်၊ သင့်​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 18,
      "text": "သင်​ပြို​လဲ​သော​နေ့​တွင် တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့​သည် တုန်​လှုပ်၍၊ သင်​ကွယ်​ပျောက်​သော​ကြောင့် ပင်​လယ်၌​ရှိ​သော ကျွန်း​များ​တို့​သည် ထိတ်​လန့်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 19,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မ​နေ​သော​မြို့​ကဲ့​သို့ ငါ​သည် သင့်​ကို​ဆိတ်​ညံ​စေ​လျက်၊ ပင်​လယ်​ကို သင့်​အ​ပေါ်​သို့​ဆောင်​ခဲ့၍၊ လှိုင်း​တံ​ပိုး​တို့​သည် သင့်​ကို​လွှမ်း​မိုး​သော​အ​ခါ၊"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 20,
      "text": "ရှေး​လူ​ဟောင်း​တို့​နေ​ရာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ သင့်​ကို​ငါ​နှိမ့်​ချ၍၊ သင်၌ လူ​မ​နေ​စေ​ခြင်း​ငှာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ၊ ရှေး​ကာ​လ​မှ​စ၍ ဆိတ်​ညံ​ရာ​အ​ရပ်၊ မြေ​အောက်​အ​ရပ်​တို့၌ ငါ​ချ​ထား​မည်။ ထို​အ​ခါ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ၌ ငါ့​ဘုန်း​ကို ငါ​ဖွင့်​မည်။"
    },
    {
      "book": 26,
      "chapter": 26,
      "verse": 21,
      "text": "သင်​မူ​ကား၊ ကြောက်​မက်​ဖွယ်​သော​အ​ရာ​ဖြစ်၍၊ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ ရှာ၍​မ​တွေ့​နိုင်​အောင်၊ ပျောက်​ကုန်​ရာ​သို့ ရောက်​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ တု​ရု​မြို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 3,
      "text": "အို ပင်​လယ်​ဝ၌​တည်​သော​မြို့၊ များ​စွာ​သော ကျွန်း​သူ​ကျွန်း​သား​တို့​အ​ဖို့ ကုန်​သွယ်​တတ်​သော​မြို့၊ သင့်​ကို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင်​က၊ ငါ၏​တင့်​တယ်​ခြင်း​စုံ​လင်​ပြီ​ဟု ဆို​တတ်၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 4,
      "text": "သင်၏​နံ​ပါး​တို့​သည် ပင်​လယ်​ထဲ​မှာ ရှိ၏။ သင်၏​ဗိ​သု​ကာ​တို့​သည် သင့်​ကို​စုံ​လင်​စွာ တင့်​တယ်​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 5,
      "text": "သင်၏​ပျဉ်​ပြား​ရှိ​သ​မျှ​တို့​ကို စေ​နိ​ရ​ထင်း​ရှူး​သစ်​သား​ဖြင့် လုပ်၍၊ ရွက်​တိုင်​ဖို့ လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​ကို ယူ​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 6,
      "text": "ဗာ​ရှန်​သ​ပိတ်​သစ်​သား​ဖြင့် တက်​တို့​ကို​လည်း​ကောင်း၊ ခိ​တ္တိမ်​ကျွန်း​တို့​မှ ယူ​ခဲ့၍ ဆင်​စွယ်​နှင့် စီ​ချယ်​သော တာ​ရှု​ရ​သစ်​သား​ဖြင့် ကန့် တို့​ကို​လည်း​ကောင်း လုပ်​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 7,
      "text": "အဲ​ဂု​တ္တု​ပြည်၌ ချယ်​လှယ်​သော ပိတ်​ချော​ရွက်​တို့​ကို​ဖြန့်၍၊ ဧ​လိ​ရှ​ကျွန်း​တို့​မှ ယူ​ခဲ့​သော အ​ထည်​ပြာ၊ အ​ထည်​မောင်း​ဖြင့်​လုပ်​သော မျက်​နှာ​ကြက်​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 8,
      "text": "ဇိ​ဒုန်​မြို့​သား၊ အာ​ဝဒ်​မြို့​သား​တို့​သည် သင်္ဘော​သား​ဖြစ်၍၊ တု​ရု​ပ​ညာ​ရှိ​တို့​သည် လမ်း​ပြ​မာ​လိန်​ဖြစ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 9,
      "text": "ဂေ​ဗ​လ​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​သည် သင့်​ကို ပြု​ပြင်​လျက် လိုက်​ကြ၏။ ပင်​လယ်​ကူး​တတ်​သော သင်္ဘော​ရှိ​သ​မျှ၊ သင်္ဘော​သား​တို့​နှင့်​တ​ကွ သင်​နှင့် ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ငှာ ပါ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 10,
      "text": "ပေ​ရ​သိ​လူ၊ လု​ဒ​လူ၊ ဖု​တ​လူ​တို့​သည် သင်၏​တပ်​သား၊ စစ်​သူ​ရဲ လုပ်​ကြ၏။ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို ပြင်​ဆင်၍၊ သင်၏​ဂုဏ်​အ​သ​ရေ​ကို ထင်​ရှား​စေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 11,
      "text": "အာ​ဝဒ်​အ​မျိုး​သား​တို့​သည် သင်၏​တပ်​သား​တို့​နှင့်​တ​ကွ မြို့​ရိုး​ပတ်​လည်၌ စီး​ကြ၏။ ဂ​မ္မ​ဒိမ်​လူ​တို့​သည် ပြ​အိုး​တို့​ကို​စောင့်၍၊ မြို့​ရိုး​ပတ်​လည်၌ မြား​တောင့်​တို့​ကို ပြင်​ဆင်​သ​ဖြင့်၊ သင်၏​တင့်​တယ်​ခြင်း​ကို စုံ​လင်​စေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 12,
      "text": "သင်၌​ကုန်​သွယ်​ရန်​ဥ​စ္စာ​များ​သော​ကြောင့်၊ တာ​ရှု​မြို့​သည် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့​ကို သင့်​ဝိုင်း​သို့​ယူ​ခဲ့၍ သင်​နှင့် ကုန်​သွယ်​ခြင်း​ကို ပြု​လေ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 13,
      "text": "ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့၊ မေ​ရှက်​မြို့​တို့​သည် သင်​နှင့်​ကုန်​သွယ်၍၊ လူ​ကျွန်​တို့​နှင့် ကြေး​နီ​ဖ​လား​တို့​ကို သင့်​ဈေး၌ ရောင်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 14,
      "text": "တော​ဂါ​မ​အ​မျိုး​သား​တို့​သည် မြင်း၊ မြင်း​စီး​သူ၊ လား​တို့​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 15,
      "text": "ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း သင်​နှင့်​ကုန်​သွယ်​ကြ၏။ များ​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သား​တို့​သည် သင်​လုပ်​သော​ဥ​စ္စာ​ကို​ဝယ်၍၊ ဦး​ချို၊ ဆင်​စွယ်၊ သစ်​သား​နက်​ကို​ပြန်​ပေး​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 16,
      "text": "သင်​လုပ်​သော ဥ​စ္စာ​များ​သော​ကြောင့် ရှု​ရိ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ န​ပက်​ကျောက်၊ ပြာ​သော​အ​ထည်၊ ခြယ်​လှယ်​သော​အ​ဝတ်၊ ပိတ်​ချော၊ သ​န္တာ၊ ကျောက်​နီ​တို့​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 17,
      "text": "ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ ဂျုံ​စ​ပါး၊ မု​ရန်​စေး၊ ပ​နက်​စေး၊ ဗာ​လ​စံ​စေး၊ ဆီ၊ ပျား​ရည်​တို့​ကို​သင့်​ဈေး၌ သွင်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 18,
      "text": "ဒ​မာ​သက်​မြို့​သည် သင်​လုပ်​သော ဥ​စ္စာ​များ၊ စည်း​စိမ်​များ​ပြား​သော​ကြောင့်၊ ဟေ​လ​ဗုန်​စ​ပျစ်​ရည်၊ ဖြူ​သော​သိုး​မွေး​ကို ဖ​လှယ်​လျက် ဖောက်​ကား​တတ်၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 19,
      "text": "ဝေ​ဒန်​မြို့​နှင့် ယာ​ဝန်​ပြည် ဥ​ဇာ​လ​မြို့​သည်​လည်း သံ​ပြောင်​ကို သင့်​ဝိုင်း​သို့​ယူ​ခဲ့၍၊ သင့်​ဈေး၌ သစ်​ကြံ​ပိုး​နှင့် ကြံ​လည်း​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 20,
      "text": "ဒေ​ဒန်​မြို့​သည် မြင်း​စီး​သူ​ရဲ​သုံး​စ​ရာ ချော​သော​အ​ထည်​မျိုး​ကို​ရောင်း၍ သင်​နှင့်​ကုန်​သွယ်၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 21,
      "text": "အာ​ရပ်​ပြည်​နှင့် ကေ​ဒါ​မင်း​အ​ပေါင်း​တို့​သည် သင်​လုပ်​သော ဥ​စ္စာ​ကို​ရ​ခြင်း​ငှာ သိုး​သ​ငယ်၊ သိုး​ထီး၊ ဆိတ်​များ​တို့​နှင့် ဖ​လှယ်၍ ကုန်​သွယ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 22,
      "text": "ရှေ​ဘ​ကုန်​သည်၊ ရာ​ဂ​မ​ကုန်​သည်​တို့​သည် သင်​နှင့် ကုန်​သွယ်၍ အ​မြတ်​ဆုံး​သော နံ့​သာ​မျိုး၊ အ​ဖိုး​ကြီး​သော ကျောက်​မျိုး၊ ရွှေ​မျိုး​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 23,
      "text": "ခါ​ရန်​မြို့​သား၊ က​န္နေ​မြို့​သား၊ ဧ​ဒင်​မြို့​သား၊ ရှေ​ဘ​ကုန်​သည်၊ အာ​ရှု​ရိ​ကုန်​သည်၊ ခိ​လ​မဒ်​ကုန်​သည်​တို့​လည်း၊ သင်​နှင့်​ကုန်​သွယ်၍၊"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 24,
      "text": "ထူး​ဆန်း​သော ဥ​စ္စာ၊ ပြာ​သော​အ​ထည်၊ ခြယ်​လှယ်​သော​အ​ထည်၊ အ​ဖိုး​ထိုက်​သော အ​ဝတ်​တန်​ဆာ​ပါ၍၊ ကြိုး​နှင့်​ပတ်​ရစ်​သော အာ​ရဇ်​သေ​တ္တာ​တို့​ကို သင်၏​ကုန်​ထဲ​သို့ သွင်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 25,
      "text": "တာ​ရှု​သင်္ဘော​သား​တို့​သည် သင်၏​ကုန်​ကို​ဆောင်​လျက် သွား​လာ​သ​ဖြင့်၊ သင်​သည် ပင်​လယ်​အ​လယ်၌ ကြွယ်​ဝ၍ အ​လွန်​ဘုန်း​ကြီး​လေ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 26,
      "text": "ယ​ခု​မူ​ကား၊ သင်၏​တက်​ခတ်​သား​တို့​သည် သင့်​ကို ကြီး​စွာ​သော​ရေ​ထဲ​သို့ ဆောင်​သွား၍၊ အ​ရှေ့​လေ​သည်​လည်း ပင်​လယ်​အ​လယ်၌ ချိုး​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 27,
      "text": "သင်​သည် လဲ​ပျက်​သော​အ​ခါ သင်၏​ဥ​စ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော​သား၊ လမ်း​ပြ​မာ​လိန်၊ ပြု​ပြင်​သူ၊ ကုန်​သည်၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း ပါ​သ​မျှ​တို့​သည် ပင်​လယ်​အ​လယ်၌​ကျ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 28,
      "text": "သင်၏​လမ်း​ပြ​မာ​လိန်​တို့​အော်​ဟစ်​သံ​ကြောင့်၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​သည် လှုပ်​ရှား​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 29,
      "text": "တက်​ခတ်​သော​သူ​အ​ပေါင်း​တို့​သည် သင်္ဘော​မှ​ဆင်း၍၊ သင်္ဘော​သား​များ​နှင့် ပင်​လယ်​လမ်း​ပြ မာ​လိန်​အ​ပေါင်း​တို့​သည် ကုန်း​ပေါ်​မှာ​ရပ်​လျက်၊"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 30,
      "text": "သင့်​အ​ဖို့​အော်​ဟစ်၍ ပြင်း​စွာ​ငို​ကြွေး​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်၍ ပြာ၌​လူး​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 31,
      "text": "ဆံ​ပင်​ကို​လည်း​ဖြတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ညှိုး​ငယ်​သော​စိတ်​နှင့် သင့်​အ​ဖို့ ပြင်း​စွာ ငို​ကြွေး​မြည်​တမ်း​ရ​သည်​ကား၊"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 32,
      "text": "ပင်​လယ်​အ​လယ်၌ ဆုံး​သော​မြို့​တည်း​ဟူ​သော တု​ရု​မြို့​နှင့် အ​ဘယ်​မြို့​တူ​သ​နည်း။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 33,
      "text": "သင်၏​ဥ​စ္စာ​တို့​သည် ပင်​လယ်​လမ်း​ဖြင့်​ထွက်​သွား​သော​အ​ခါ၊ လူ​မျိုး​များ​တို့​ကို ရောင့်​ရဲ​စေ၍၊ များ​ပြား​သော​ဥ​စ္စာ၊ ကုန်​စ​လယ်​တို့​ဖြင့် လော​ကီ​ရှင်​ဘု​ရင်​တို့​ကို ကြွယ်​ဝ​စေ​တတ်၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 34,
      "text": "ယ​ခု​မူ​ကား၊ သင်​သည် ပင်​လယ်၌​လည်း​ကောင်း၊ သင့်​ကုန်​သွယ်​ရန် ဥ​စ္စာ​တို့​သည် လှိုင်း​တံ​ပိုး​အ​လယ်၌​လည်း​ကောင်း၊ ကျိုး​ပဲ့၍၊ သင်​နှင့်​ပါ​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 35,
      "text": "ကျွန်း​သူ​ကျွန်း​သား​အ​ပေါင်း​တို့​သည် သင့်​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ၍၊ ရှင်​ဘု​ရင်​တို့​သည် မျက်​နှာ​ပျက်​လျက် ကြက်​သီး​မွေး​ညင်း ထ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 27,
      "verse": 36,
      "text": "အ​မျိုး​မျိုး​သော ကုန်​သည်​တို့​သည် သင့်​အား​ကဲ့​ရဲ့​သံ​ကို ပြု​ကြ၏။ သင်​သည် ကြောက်​မက်​ဖွယ်​ဖြစ်​လေ​ပြီ​တ​ကား။ နောက်​တစ်​ဖန် မ​ပေါ်​လာ​ရ​ပါ​တ​ကား​ဟု ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တု​ရု​ရှင်​ဘု​ရင်​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ကိုယ်​ကို​ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော်​လည်း ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့် ငါ​သည် ဘု​ရား​ဖြစ်၏။ ပင်​လယ်​အ​လယ်၌ ဘု​ရား​ပ​လ္လင်​ပေါ်​မှာ ငါ​ထိုင်​သည်​ဟု ဝါ​ကြွား​သော​စိတ်​နှင့် ဆို​သည်​ဖြစ်၍၊"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 3,
      "text": "သင်​သည် ဒံ​ယေ​လ​ထက်​သာ၍ ပ​ညာ​ရှိ​ပါ​သည်​တ​ကား။ သင်​မ​သိ​ရ​အောင် သူ​တစ်​ပါး​ဝှက်​ထား​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 4,
      "text": "ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၏။ ရွှေ​ငွေ​ကို ဆည်း​ပူး​ပြီ။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 5,
      "text": "ထူး​ဆန်း​သော ပ​ညာ​နှင့် ကုန်​စ​လယ်​များ​အား​ဖြင့် စည်း​စိမ်​ကြီး၍၊ ထို​စည်း​စိမ်​ကြောင့် စိတ်​ဝါ​ကြွား​ပြီ။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ကိုယ်​ကို ဘု​ရား​သ​ခင်​ကဲ့​သို့ ထင်​မှတ်​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 7,
      "text": "ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​ကို သင်​ရှိ​ရာ​သို့ ငါ​ပို့​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် သင်၏​ပ​ညာ​ဂုဏ်​ကို ဓား​နှင့်​ခုတ်၍၊ သင်၏​တင့်​တယ်​ခြင်း အ​သ​ရေ​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 8,
      "text": "သင့်​ကို မြေ​တွင်း​ထဲ​သို့​နှိမ့်​ချ၍၊ ပင်​လယ်​အ​လယ်၌ ဆုံး​ရှုံး​သော​သူ​ကဲ့​သို့ သင့်​အ​သက်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 9,
      "text": "သင့်​အ​သက်​ကို သတ်​သော​သူ​တို့​လက်​တွင်၊ သင်​သည် ဘု​ရား​သ​ခင်​မ​ဟုတ်၊ လူ​သက်​သက်​ဖြစ်​လျက်​နှင့်၊ ငါ​သည် ဘု​ရား​ဖြစ်​သည်​ဟု သင့်​အ​သက်​ကို သတ်​သော​သူ​တို့​ရှေ့​မှာ အ​မှန်​ပြော​လိမ့်​မည်​လော။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 10,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း မ​ခံ​သော​လူ​သေ​သ​ကဲ့​သို့၊ သင်​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့ လက်​ဖြင့်​သေ​ရ​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 11,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 12,
      "text": "အ​ချင်း​လူ​သား၊ တု​ရု​ရှင်​ဘု​ရင်​အ​တွက် မြည်​တမ်း​သော စ​ကား​ကို​မြွက်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​သည် ထူး​ဆန်း​သော​တံ​ဆိပ် ဖြစ်၏။ ပ​ညာ​နှင့်​ပြည့်​စုံ၍ တင့်​တယ်​ခြင်း​အ​သ​ရေ​လည်း စုံ​လင်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 13,
      "text": "ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 14,
      "text": "သင်​သည် ဖြန့်၍ လွှမ်း​မိုး​သော​ခေ​ရု​ဗိမ်​ဖြစ်​လျက်၊ ငါ့​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ နေ​ရာ​ကျ၍ မီး​တောက်​သော ကျောက်​တို့​တွင် သွား​လာ​ရ၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 15,
      "text": "ဖွား​သော​နေ့​မှ​စ၍ သင့်​အ​ပြစ်​ထင်​ရှား​သော​နေ့​တိုင်​အောင်၊ ပြု​လေ​ရာ​ရာ၌ စုံ​လင်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 16,
      "text": "သို့​ရာ​တွင်၊ ကုန်​သွယ်​ခြင်း များ​ပြား​သော​အား​ဖြင့်၊ အ​ဓ​မ္မ​အ​မှု​တို့​နှင့် ပြည့်​စုံ၍ ပြစ်​မှား​သော​အ​ပြစ် ရောက်​လေ​ပြီ။ ထို​ကြောင့်၊ ဆိုး​ယုတ်​သော​သူ​ကဲ့​သို့၊ သင့်​ကို​ဘု​ရား​သ​ခင်၏ တောင်​တော်​ပေါ်​က ငါ​နှင်​ထုတ်​မည်။ အို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်၊ မီး​တောက်​သော ကျောက်​တို့​အ​ထဲ​က သင့်​ကို​ငါ​ပယ်​ရှင်း​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 17,
      "text": "သင်​သည် ကိုယ်၌ တင့်​တယ်​ခြင်း​အ​သ​ရေ​ကြောင့်၊ ဝါ​ကြွား​သော​စိတ်​ရှိ​လျက် ဂုဏ်​ထွန်း​တောက်​သော​ကြောင့်၊ သင်၏​ပ​ညာ​သည် ဖောက်​ပြန်​လျက်​ရှိ​လေ​ပြီ။ ငါ​သည် သင့်​ကို မြေ​တိုင်​အောင်​နှိမ့်​ချ​မည်။ ရှင်​ဘု​ရင်​တို့​သည် သင့်​ကို​ကြည့်​ရှု၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ သင့်​ကို​ငါ​ချ​ထား​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 18,
      "text": "သင့်​အ​ပြစ်​သည် များ​ပြား၍ ကုန်​သွယ်​ခြင်း အ​ဓ​မ္မ​အား​ဖြင့်၊ သန့်​ရှင်း​ရာ​ဌာ​န​တို့​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သင့်​ကို​မီး​ရှို့​ဖို့ သင့်​အ​လယ်၌ မီး​ကို​ငါ​ညှိ​မည်။ သင့်​ကို​မြင်​သော သူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ သင်၏​ပြာ​ကို မြေ​ပေါ်​သို့​ငါ​ချ​ထား​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 19,
      "text": "သင့်​ကို​သိ​သော​လူ အ​မျိုး​မျိုး​တို့​သည် သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။ သင်​သည် ကြောက်​မက်​ဖွယ် ဖြစ်​လိမ့်​မည်။ နောက်​တစ်​ဖန် မ​ပေါ်​လာ​ရ​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 20,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 21,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် ဇိ​ဒုန်​မြို့​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 22,
      "text": "အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဇိ​ဒုန်​မြို့၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​လယ်၌ ငါ့​ဘုန်း​တန်​ခိုး​သည် ထင်​ရှား​လိမ့်​မည်။ သင့်​ကို​ငါ​သည် အ​ပြစ်​ဒဏ်​ပေး၍ ရို​သေ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​များ​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 23,
      "text": "သင့်​အ​ပေါ်​သို့ ကာ​လ​နာ​ဘေး​ကို​လည်း​ကောင်း၊ သင်၏​လမ်း​တို့၌ ဓား​ဘေး​ကို​လည်း​ကောင်း၊ ငါ​စေ​လွှတ်၍၊ ပတ်​လည်၌ တိုက်​သော​ဓား​ဖြင့် သူ​ရဲ​တို့​သည် သင့်​အ​လယ်၌​လဲ၍ သေ​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 24,
      "text": "ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ ပတ်​လည်၌​နေ၍၊ မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​တွင် စူး​တတ်​သော​ဆူး​ပင်၊ နှောင့်​ယှက်​တတ်​သော​ငြောင့် တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 25,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကွဲ​ပြား​လျက်​နေ​သော လူ​အ​မျိုး​မျိုး​ထဲ​က ငါ​ခေါ်၍​စု​ဝေး​သော​အ​ခါ၊ သူ​တို့​အား​ဖြင့် လူ​မျိုး​များ​ရှေ့၌ ရို​သေ​ခြင်း​ကို​ငါ​ခံ၍၊ ငါ့​ကျွန်​ယာ​ကုပ်​အား ငါ​အ​ရင်​ပေး​သော​ပြည်၌ သူ​တို့​သည် နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 28,
      "verse": 26,
      "text": "ထို​ပြည်၌ စိုး​ရိမ်​စ​ရာ​မ​ရှိ။ အိမ်​ဆောက်​ခြင်း၊ စ​ပျစ်​ဥ​ယျာဉ်​စိုက်​ခြင်း အ​မှု​ကို​ပြု၍ နေ​ကြ​လိမ့်​မည်။ သူ​တို့ ပတ်​လည်၌​နေ၍ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ငါ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​သော​နောက် သူ​တို့​သည် စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ​နေ၍၊ ငါ​သည် သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 1,
      "text": "သ​က္က​ရာဇ်​ဆယ်​ခု၊ ဒ​သ​မ​လ တစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​တစ်​ဖက်၌ မျက်​နှာ​ထား၍၊ သူ​နှင့် အဲ​ဂု​တ္တု​ပြည် တစ်​ပြည်​လုံး​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​လျက်၊"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း၊ ကိုယ်​မြစ်​များ​အ​လယ်၌ နေ​လျက်၊ ငါ့​မြစ်​ကို ငါ​ပိုင်၏။ ငါ့​အ​ဖို့ ငါ​ဖန်​ဆင်း​ပြီ​ဟု ဆို​တတ်​သော မိ​ကျောင်း​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 4,
      "text": "သင့်​ပါး​ရိုး​ကို သံ​ချိတ်​နှင့်​ချိတ်၍၊ သင့်​မြစ်၌​နေ​သော ငါး​တို့​ကို သင့်​အ​ကြေး​တို့၌ ငါ​ကပ်​စေ​မည်။ သင့်​မြစ်​များ​အ​လယ်​ထဲ​က သင့်​ကို​ငါ​နုတ်၍ မြစ်၌​ရှိ​သ​မျှ​သော ငါး​တို့​သည် သင့်​အ​ကြေး​တို့၌ ကပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 5,
      "text": "သင်​နှင့် သင့်​မြစ်၌​ရှိ​သ​မျှ​သော ငါး​တို့​ကို တော၌ ငါ​ပစ်​ထား​မည်။ လွင်​ပြင်၌​ကျ၍ နောက်​တစ်​ဖန် စု​ဝေး​ခြင်း​ကို​မ​ပြု​ရ။ တော​သား​ရဲ​များ၊ မိုး​ကောင်း​ကင်​ငှက်​များ စား​စ​ရာ​ဖို့ သင့်​ကို​ငါ​အပ်၏။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 6,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​ပြည်​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ကျူ​တောင်​ဝှေး ဖြစ်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 7,
      "text": "သင့်​ကို လက်​နှင့်​ကိုင်​သော​အ​ခါ သင်​သည် အ​ကိုင်​မ​ခံ။ သူ​တို့ ပ​ခုံး​ဆစ်​ကို ဖြုတ်​လေ၏။ သင်​နှင့်​ကိုယ်​ကို​ထောက်​သော​အ​ခါ သင်​သည်​ကျိုး​၍ သူ​တို့​ခါး​ကို နာ​စေ၏။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 8,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင့်​အ​ပေါ်​သို့ ဓား​ကို​ဆောင်​ခဲ့၍ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​သ​ဖြင့်၊"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 9,
      "text": "အဲ​ဂု​တ္တု​ပြည်​သည် လူ​ဆိတ်​ညံ​လျက်၊ ပျက်​စီး​လျက်​ရှိ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​လိမ့်​မည်။ သင်​က၊ ငါ့​မြစ်​ကို​ငါ​ပိုင်၏။ ငါ​ဖန်​ဆင်း​ပြီ​ဟု ဆို​မိ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 10,
      "text": "သင်​နှင့် သင့်​မြစ်​တစ်​ဖက်၌ ငါ​နေ၏။ အဲ​ဂု​တ္တု​ပြည်​ကို မိ​ဂ​ဒေါ​လ​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အဲ​သ​ယော​ပိ​ပြည် စွန်း တိုင်​အောင်​လည်း​ကောင်း၊ ဓား​နှင့်​ဖျက်​ဆီး၍ ဆိတ်​ညံ​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 11,
      "text": "အ​နှစ်​လေး​ဆယ်​ပတ်​လုံး လူ​လျှောက်၍​မ​သွား​ရ။ တိ​ရ​စ္ဆာန်​လည်း လျှောက်၍​မ​သွား​ရ။ အ​ဘယ်​သူ​မျှ မ​နေ​ရ။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 12,
      "text": "ပျက်​စီး​သော​ပြည်​တို့​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​ဖျက်​ဆီး​မည်။ လူ​ဆိတ်​ညံ​သော​မြို့​တို့​တွင် အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​မြို့​တို့​သည် ပျက်​စီး​လျက်​ရှိ​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ငါ​ကွဲ​ပြား ပျံ့​လွင့်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 13,
      "text": "သို့​ရာ​တွင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​လေး​ဆယ်​စေ့​သော​အ​ခါ၊ ကွဲ​ပြား​လျက်​နေ​ရ​သော လူ​မျိုး​တို့​မှ အဲ​ဂု​တ္တု​လူ​တို့​ကို ငါ​ခေါ်၍ စု​ဝေး​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 14,
      "text": "သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အဲ​ဂု​တ္တု​လူ​တို့​ကို ငါ​တစ်​ဖန်​ဆောင်​ခဲ့၍ သူ​တို့​နေ​ရင်း​ပြည်၊ ပါ​သ​ရု​ပြည်​သို့ ပြန်​စေ​မည်။ ထို​ပြည်၌ ယုတ်​သော​နိုင်​ငံ ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 15,
      "text": "တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန်​အ​စိုး​မ​ရ။ နိုင်​ငံ​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​ဖြစ်​ရ​လိမ့်​မည်။ တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန် အ​စိုး​မ​ရ​စေ​ခြင်း​ငှာ ငါ​ရှုတ်​ချ​မည်။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပြည်​သား​တို့​ကို မျှော်​လင့်၍၊ မိ​မိ​အ​ပြစ်​ကို ငါ​အောက်​မေ့​စေ​သ​ဖြင့်၊ နောက်​တစ်​ဖန် ထို​ပြည်​သည် သူ​တို့​ခို​လှုံ​ရာ မ​ဖြစ်​ရာ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 17,
      "text": "သ​က္က​ရာဇ် နှစ်​ဆယ်​ခု​နစ်​ခု၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 18,
      "text": "အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊ သူ၏​စစ်​သူ​ရဲ​တို့​ကို တု​ရု​မြို့​တစ်​ဖက်၌ များ​စွာ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ပြီ။ စစ်​သူ​ရဲ​တိုင်း ခေါင်း​တုံး​ပြီ။ ပ​ခုံး​လည်း ပွန်း​ပြီ။ သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​နှင့် စစ်​သူ​ရဲ​တို့​သည် တု​ရု​မြို့​တစ်​ဖက်၌ အ​မှု​ဆောင်​ရွက်​ခ​ကို ထို​မြို့​တွင် မ​ခံ​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 19,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား ငါ​ပေး​မည်။ ထို​မင်း​သည် ပြည်​သား အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ လက်​ရ​ဥ​စ္စာ အ​မျိုး​မျိုး​ကို​လည်း​ကောင်း၊ သိမ်း​ယူ​ပြီး​လျှင်၊ မိ​မိ​စစ်​သူ​ရဲ​တို့ အ​ခ​ဖို့ ဝေ​ငှ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 20,
      "text": "ငါ့​အ​မှု​ကို ဆောင်​ရွက်​သော​ကြောင့်၊ တု​ရု​မြို့​တစ်​ဖက်၌ အ​မှု​ဆောင်​ရွက်​ခ​ဖို့ အဲ​ဂု​တ္တု​ပြည်​ကို ငါ​ပေး​ပြီ။"
    },
    {
      "book": 26,
      "chapter": 29,
      "verse": 21,
      "text": "ထို​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး၏ ချို​ကို ငါ​ပေါက်​စေ၍၊ သူ​တို့​အ​ထဲ​မှာ သင်​ဟော​ပြော​ရ​သော အ​ခွင့်​ကို ငါ​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည်​ပ​ရော​ဖက်​ပြု​လျက်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရောက်​ရ​သော​နေ့​သည် အ​မင်္ဂ​လာ​ရှိ​သည်​ဟု အော်​ဟစ်​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 3,
      "text": "ထို​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နေ့၊ မိုး​အုံ့​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​ဖို့ ချိန်း​ချက်​သော​အ​ချိန်​နီး​ပြီ။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 4,
      "text": "ဓား​ဘေး​သည် အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​သ​ဖြင့်၊ သူ​ရဲ​တို့​သည် လဲ၍​သေ​ကြ​သော​အ​ခါ၊ အဲ​သ​ယော​ပိ​ပြည် သည် ပူ​ပန်​လိမ့်​မည်။ အ​လုံး​အ​ရင်း​ကို​ပယ်​ရှား၍ မူ​လ​အ​မြစ်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 5,
      "text": "အဲ​သ​ယော​ပိ​ပြည် သား၊ ဖု​တ​ပြည်​သား၊ လု​ဒ​ပြည်​သား၊ အ​မျိုး​မ​စစ်​သော​လူ​ရှိ​သ​မျှ၊ ခု​ဘ​အ​မျိုး​သား၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော ပြည်​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​နှင့်​တ​ကွ ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 6,
      "text": "အဲ​ဂု​တ္တု​ပြည်​ကို ထောက်​မ​သော​သူ​တို့​သည် လဲ၍​သေ​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​အ​စွမ်း​သ​တ္တိ၏ ဂုဏ်​အ​သ​ရေ​သည် ဆုံး​လိမ့်​မည်။ မိ​ဂ​ဒေါ​လ​မြို့​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 7,
      "text": "ပျက်​စီး​သော​ပြည်​တို့​တွင် ပျက်​စီး​လျက်​ရှိ​ကြ၍၊ လူ​ဆိတ်​ညံ​သော​မြို့​တို့​တွင် အဲ​ဂု​တ္တု​မြို့​တို့​သည် ပါ​ဝင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 8,
      "text": "ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ မီး​ညှိ၍ ထို​ပြည်​ကို မ​စ​သ​မျှ​သော သူ​တို့​သည်​ပျက်​စီး​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 9,
      "text": "ထို​အ​ခါ စိုး​ရိမ်​ခြင်း​မ​ရှိ​သော အဲ​သ​ယော​ပိ​ပြည် သား​တို့​ကို ကြောက်​စေ​ခြင်း​ငှာ၊ ငါ​စေ​လွှတ်​သော​တ​မန်​တို့​သည် သင်္ဘော​စီး၍ သွား​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တ​ပြည်၏​အ​ချိန်၌ သူ​တို့​သည်​လည်း အ​လွန်​ဆင်​ရဲ​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ထို​အ​ချိန်​လည်း​နီး​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 10,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်၏ အ​လုံး​အ​ရင်း​ကို ငါ​ဖြတ်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 11,
      "text": "ထို​ရှင်​ဘု​ရင်​နှင့်​တ​ကွ သူ၏​လူ​များ၊ ကြောက်​မက်​ဖွယ်​သော​လူ​မျိုး​များ​တို့​သည် အဲ​ဂု​တ္တု​ပြည်​ကို ဖျက်​ဆီး​ခြင်း​ငှာ​လာ၍၊ ဓား​ကိုင်​လျက် တစ်​ပြည်​လုံး​ကို သူ​ရဲ​တို့​နှင့် ပြည့်​စေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 12,
      "text": "မြစ်​တို့​ကို ငါ​ခန်း​ခြောက်​စေ၍၊ အ​ဓ​မ္မ​လူ​တို့​အား ပြည်​ကို​ရောင်း​လိုက်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​လက်​ဖြင့် ပြည်​နှင့်​တ​ကွ ပြည်၌​ပါ​သ​မျှ​ကို ငါ​ဖျက်​ဆီး​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 13,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရုပ်​တု​တို့​ကို ငါ​ဖျက်​ဆီး၍၊ နော​ဖ​ပြည်၌ ဆင်း​တု​တို့​ကို​လည်း ပယ်​ဖြတ်​မည်။ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​မင်း​မျိုး မ​ရှိ​ရ။ အဲ​ဂု​တ္တု​ပြည်​သည် ကြောက်​ရွံ့​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 14,
      "text": "ပါ​သ​ရု​ပြည်​ကို ငါ​ဖျက်​မည်။ ဇော​န​မြို့​ကို​လည်း မီး​ရှို့​မည်။ နော​မြို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 15,
      "text": "အဲ​ဂု​တ္တု​ပြည်၏ အ​စွမ်း​သ​တ္တိ​ဖြစ်​သော သိန်​မြို့​အ​ပေါ်​သို့ ငါ​သည် အ​မျက်​ကို​သွန်း​လောင်း၍၊ နော​မြို့​သား အ​လုံး​အ​ရင်း​ကို ပယ်​ဖြတ်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 16,
      "text": "အဲ​ဂု​တ္တု​ပြည်၌ မီး​ညှိ၍ သိန်​မြို့​သည် တုန်​လှုပ်​ခြင်း၊ နော​မြို့​ရိုး​သည် ပြို​ပေါက်​ခြင်း၊ နော​ဖ​မြို့​သည် နေ့​အ​ချိန်၌​ပင် စစ်​တိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 17,
      "text": "အာ​ဝင်​မြို့၊ ဖိ​ဗေ​သက်​မြို့​သား လု​လင်​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​သ​ဖြင့်၊ မိန်း​မ​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 18,
      "text": "တာ​ပ​နက်​မြို့၌ အဲ​ဂု​တ္တု​လှံ​တံ​တို့​ကို ငါ​ချိုး၍၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ဆုံး​သော​အ​ခါ နေ့​အ​ချိန်၌ အ​လင်း​ကွယ်​လိမ့်​မည်။ မိုး​အုံ့၍ မြို့​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 19,
      "text": "ထို​သို့ အဲ​ဂု​တ္တု​ပြည်၌ ငါ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 20,
      "text": "သ​က္က​ရာဇ် တစ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 21,
      "text": "အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း၏ လက်​ရုံး​ကို ငါ​ချိုး​ပြီး။ ဆေး​ကု၍ မ​ထုပ်​ရ။ ဓား​ကိုင်​စေ​ဖို့ ပ​က​တိ​ခွန်​အား​ရှိ​စေ​ခြင်း​ငှာ အ​ဝတ်​နှင့် မ​စည်း​ရ။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 22,
      "text": "ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​တစ်​ဖက်၌​နေ​သ​ဖြင့်၊ သူ၏​လက်​ရုံး​တည်း​ဟူ​သော၊ ခိုင်​မာ​သော​လက်​ရုံး​နှင့် အ​ရင်​ချိုး​သော​လက်​ရုံး​ကို ငါ​ချိုး၍ ဓား​ကို သူ့​လက်​မှ​ကျ​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 23,
      "text": "အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကွဲ​ပြား​ပြန့်​လွင့်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 24,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ငါ​ခိုင်​မာ​စေ၍၊ ငါ့​ဓား​ကို သူ့​လက်၌ အပ်​မည်။ ဖာ​ရော​မင်း၏ လက်​ရုံး​တို့​ကို ငါ​ချိုး​သ​ဖြင့်၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော​သူ အော်​ဟစ်​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှေ့​မှာ အော်​ဟစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 25,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​လက်​ရုံး​တို့​ကို ငါ​ခိုင်​မာ​စေ​မည်။ ဖာ​ရော​ဘု​ရင်၏​လက်​မူ​ကား၊ အောက်​သို့​ကျ​လိမ့်​မည်။ ငါ့​ဓား​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်၌ ငါ​အပ်၍၊ သူ​သည် အဲ​ဂု​တ္တ​ပြည်​ကို ထို​ဓား​နှင့်​ခုတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 30,
      "verse": 26,
      "text": "ထို​သို့ အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ ငါ​ကွဲ​ပြား​ပျံ့​လွင့်​စေ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 1,
      "text": "သ​က္က​ရာဇ် တစ်​ဆယ်​တစ်​ခု၊ တ​တိ​ယ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် သူ၏​အ​လုံး​အ​ရင်း​အား​ဟော​ပြော​ရ​မည်​မှာ၊ သင်​သည် ဘုန်း​တန်​ခိုး​ကြီး၍ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 3,
      "text": "အာ​ရှု​ရိ​လူ​သည် အ​ဆင်း​လှ၍ လွှမ်း​မိုး​သော​အ​ကိုင်း၊ မြင့်​သော​အ​ရပ်၊ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​နှင့် ပြည့်​စုံ​သော ထိပ်​ဖျား​ရှိ​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 4,
      "text": "မြစ်​ရေ၏​ကျေး​ဇူး​ကြောင့် ကြီး​မား​ခြင်း၊ နက်​နဲ​သော​ရေ၏​ကျေး​ဇူး​တ​ရား​ကြောင့် အ​ရပ်​မြင့်​ခြင်း​ရှိ၏။ သူ​စိုက်​ရာ အ​ရပ်​ရပ်​တို့၌ ရေ​စီး၍၊ ခပ်​သိမ်း​သော တော​ပင်​ရှိ​ရာ​သို့ မြစ်​ရေ​သည် နှံ့​ပြား​လေ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 5,
      "text": "ထို​သို့​သော​အား​ဖြင့် တော​သစ်​ပင်​တ​ကာ​တို့​ထက် အ​ရပ်​မြင့်​လေ၏။ တိုး​ပွား​သော​အ​ခါ ရေ​များ​သော​ကြောင့် အ​ကိုင်း​အ​ခက်​များ​ပြား၍၊ အ​လက်​တို့​သည် ရှည်​လျား​ကြ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 6,
      "text": "မိုး​ကောင်း​ကင် ငှက်​အ​ပေါင်း​တို့​သည် အ​ကိုင်း​အ​ခက်​တို့၌ အ​သိုက်​လုပ်​ကြ၏။ တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ကိုင်း​အ​ခက်​တို့ အောက်၌​သာ ဖွား​ကြ၏။ ထို​အ​ပင်၏​အ​ရိပ်၌ ကြီး​မား​သော လူ​မျိုး​အ​ပေါင်း​တို့​သည် နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 7,
      "text": "ထို​သို့ ရေ​များ​သော​အ​ရပ်၌ အ​မြစ်​စွဲ​သော​ကြောင့်၊ ကြီး​မြင့်၍ အ​ခက်​အ​လက်​ရှည်​လျား​သ​ဖြင့် လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌ အာ​ရဇ်​ပင်​တို့​သည် ထို​အ​ပင်​ကို မ​ကွယ်​နိုင်။ ထင်း​ရှူး​ပင်​နှင့် အာ​ရ​မုန်​ပင်​တို့​သည် ထို​သို့​သော အ​ကိုင်း​အ​ခက်​နှင့် မ​ပြည့်​စုံ​ကြ။ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ သစ်​ပင်​တစ်​ပင်​မျှ ထို​အ​ပင်​ကဲ့​သို့ အ​ဆင်း​မ​လှ။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 9,
      "text": "ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ ရှိ​သ​မျှ​သော သစ်​ပင်​တို့​သည် ထို​အ​ပင်​ကို ငြူ​စူ​သည်​တိုင်​အောင် အ​ခက်​အ​လက် များ​ပြား​သော​အား​ဖြင့် သူ၏​အ​ဆင်း​ကို ငါ​လှ​စေ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 10,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အာ​ရဇ်​ပင်​သည် အ​ရပ်​မြင့်​လျက်၊ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​နှင့် ပြည့်​စုံ​သော မိ​မိ​ထိပ်​ဖျား​ကို ချီး​မြှောက်​လျက်၊ စိတ်​လည်း​မြင့်၍ ဝါ​ကြွား​လျက်​ရှိ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 11,
      "text": "လူ​မျိုး​တို့​တွင် တန်​ခိုး​ကြီး၍ သူ့​ကို​ကျပ်​တည်း​စွာ စီ​ရင်​သော​သူ၏​လက်​သို့ ငါ​အပ်​လေ​ပြီ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့် နှင်​ထုတ်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 12,
      "text": "ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ့​ကို​ခုတ်​လှဲ၍ ပစ်​ထား​ကြ​ပြီ။ အ​ကိုင်း​အ​ခက်​တို့​သည် တောင်​ပေါ်​နှင့် ချိုင့်​ထဲ​မှာ​ကျ၍ တစ်​ပြည်​လုံး မြစ်​နား​မှာ ကျိုး​ပဲ့​လျက်​နေ​ကြ၏။ မြေ​ကြီး​သာ​အ​ပေါင်း​တို့​သည် သူ့​အ​ရိပ်​ထဲ​က​ထွက်၍ သူ့​ကို​စွန့်​သွား​ကြ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 13,
      "text": "မိုး​ကောင်း​ကင်​ငှက်​နှင့် တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် ကျိုး​ပဲ့​သော အ​ကိုင်း​အ​ခက်​တို့​အ​ပေါ်​မှာ နေ​ရ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ရေ​နား​မှာ​ရှိ​သ​မျှ​သော သစ်​ပင်​တို့​တွင် တစ်​ပင်​မျှ အ​ရပ်​မြင့်​သော​ကြောင့် မ​ဝါ​ကြွား။ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​တွင် မိ​မိ​ထိပ်​ဖျား​ကို မ​ချီး​မြှောက်​မည်​အ​ကြောင်း၊ ရေ​ကို​သောက်​သ​မျှ​သော အ​ပင်​တစ်​ပင်​မျှ အ​ရပ်​မြင့်​လျက် မ​ပြိုင်​ဝံ့​မည်​အ​ကြောင်း​တည်း။ ထို​အ​ပင်​အ​ပေါင်း​တို့​သည် မြေ​တွင်း​ထဲ​သို့​ဆင်း​တတ်​သော လူ​သား​တို့​နှင့်​အ​တူ သေ​ခြင်း​သို့​လည်း​ကောင်း၊ မြေ​အောက်​အ​ရပ်​သို့​လည်း​ကောင်း ရောက်​စေ​ခြင်း​ငှာ ငါ​အပ်​လေ​ပြီ။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 15,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​သည် မ​ရ​ဏနိုင်​ငံ​ထဲ​သို့​ဆင်း​သွား​သော​နေ့၌ နက်​နဲ​သော​အ​ရပ်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​နှင့် ငါ​ဖုံး​လွှမ်း၏။ လှိုင်း​တံ​ပိုး​တို့​ကို ငါ​ကန့်​ကွက်၍ ကြီး​စွာ​သော​ရေ​ကို ချုပ်​ထား၏။ လေ​ဗ​နုန်​တောင်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​ကို ဝတ်​စေ၍၊ တော​သစ်​ပင်​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 16,
      "text": "မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 17,
      "text": "ထို​သူ​နှင့်​တ​ကွ သူ့​လက်​ရုံး​ဖြစ်၍၊ လူ​မျိုး​တို့​တွင် သူ့​အ​ရိပ်​ကို ခို​သော​သူ​တို့​သည် ဓား​ဖြင့် အ​သေ​ခံ​ရ​သော သူ​တို့​နေ​ရာ၊ မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ လိုက်​သွား​ကြ၏။"
    },
    {
      "book": 26,
      "chapter": 31,
      "verse": 18,
      "text": "သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 1,
      "text": "သ​က္က​ရာဇ် တစ်​ဆယ်​နှစ်​ခု၊ ဒွါ​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍ ပြော​ဆို​ရ​မည်​မှာ၊ သင်​သည် လူ​မျိုး​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့ ဖြစ်၏။ အိုင်၌​နေ​သော မိ​ကျောင်း​ကဲ့​သို့​လည်း​ဖြစ်၍၊ မြစ်​တို့​ကို ကူး​သွား​လျက်၊ ခြေ​ဖြင့် ရေ​ကို​လှုပ်​ရှား​လျက် မြစ်​ရေ​ကို နောက်​စေ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လူ​မျိုး​များ​စု​ဝေး​လျက်၊ ငါ​သည် ပိုက်​ကွန်​နှင့် သင့်​ကို​အုပ်​မိ၍၊ သူ​တို့​သည် ပိုက်​ကွန်​နှင့်​တ​ကွ သင့်​ကို ဆွဲ​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 4,
      "text": "ငါ​သည် သင့်​ကို ကုန်း​ပေါ်​မှာ​တင်၍ လွင်​ပြင်၌​ပစ်​ထား​မည်။ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို သင့်​အ​ပေါ်​မှာ နား​စေ​မည်။ မြေ​သား​အ​ပေါင်း​တို့​ကို ဝ​စွာ​ကျွေး​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 5,
      "text": "သင့်​အ​သား​ကို တောင်​တို့​အ​ပေါ်၌ ငါ​ခင်း​မည်။ ချိုင့်​တို့​ကို သင့်​ကိုယ်​နှင့် ပြည့်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 6,
      "text": "သင်​မှ​ယို​သော အ​သွေး​ဖြင့် မြေ​ကို​တောင်​ထိပ်​တိုင်​အောင် စို​စေ​မည်။ မြစ်​တို့​သည် သင့်​အ​သွေး​နှင့် ပြည့်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 7,
      "text": "သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 8,
      "text": "သင့်​အ​ထက်၊ မိုး​ကောင်း​ကင်၌ ထွန်း​လင်း​သော​အ​လင်း​အိမ် အ​လုံး​စုံ​တို့​ကို မိုက်​စေ၍၊ သင့်​ပြည်​ကို မှောင်​မိုက်​နှင့် ဖုံး​လွှမ်း​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 9,
      "text": "သင်​မ​သိ​ဖူး​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် သင်​ပျက်​စီး​ခြင်း​အ​ကြောင်း​ကို ငါ​ကြား​စေ​သော​အ​ခါ၊ လူ​မျိုး​များ​တို့​ကို စိတ်​ပူ​ပန်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 10,
      "text": "အ​ကယ်​စင်​စစ် သင့်​အ​မှု​ကြောင့် လူ​မျိုး​များ​တို့​ကို ငါ​မိန်း​မော​တွေ​ဝေ​စေ​မည်။ ငါ​သည် ရှင်​ဘု​ရင်​တို့​ရှေ့​မှာ ဓား​နှင့်​ရွယ်​သော​အ​ခါ၊ သူ​တို့​သည် သင့်​အ​မှု​ကြောင့် အ​လွန်​ထိတ်​လန့်​ကြ​လိမ့်​မည်။ သင်​ဆုံး​ရှုံး​သော​နေ့၌ သူ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​သက်​ကြောင့် ခ​ဏ​ခ​ဏ စိုး​ရိမ်​တုန်​လှုပ်​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 11,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​ဓား​သည် သင့်​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 12,
      "text": "ခွန်​အား​ကြီး​သော​သူ၊ ကြောက်​မက်​ဖွယ်​သော လူ​မျိုး​အ​ပေါင်း​တို့​ဖြင့် သင်၏​အ​လုံး​အ​ရင်း​ကို ငါ​လဲ​စေ​မည်။ သူ​တို့​သည် အဲ​ဂု​တ္တု​မာ​န​ကို နှိမ့်​ချ၍၊ ပြည်​သား​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 13,
      "text": "များ​စွာ​သော ရေ​အ​နား​မှာ ကျက်​စား​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့​ကို​လည်း ငါ​ပယ်​ရှင်း​မည်။ နောက်​တစ်​ဖန် လူ​ခြေ​နှင့် တိ​ရ​စ္ဆာန်​ခြေ​သည် ထို​ရေ​ကို မ​နောက်​စေ​ရ။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 14,
      "text": "ထို​ရေ​ကို ငါ​ကြည်​စေ၍ မြစ်​ရေ​သည် ဆီ​ကဲ့​သို့ စီး​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 15,
      "text": "ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ ဥ​စ္စာ​ရှိ​သ​မျှ​ကို ကုန်​စေ​ခြင်း​ငှာ သုတ်​သင်​ပယ်​ရှင်း၍၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို ဒဏ်​ခတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 16,
      "text": "ဤ​ရွေ့​ကား၊ အဲ​ဂု​တ္တု​ပြည်​အ​တွက် ပြု​ရ​သော မြည်​တမ်း​ခြင်း​တည်း။ အ​မျိုး​မျိုး​သော သ​တို့​သ​မီး​တို့​သည်​လည်း မြည်​တမ်း၍၊ အဲ​ဂု​တ္တု​ပြည်​နှင့် ပြည်​သား အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 17,
      "text": "သ​က္က​ရာဇ် တစ်​ဆယ်​နှစ်​ခု၊ ပ​ထ​မ​လ တစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 18,
      "text": "အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ပြည်​သား​အ​လုံး​အ​ရင်း​အ​တွက် မြည်​တမ်း​ခြင်း​ကို ပြု​လော့။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နေ​ရာ မြေ​အောက်​အ​ရပ်​သို့ တိုင်​အောင်၊ ကျော်​စော​သော​လူ​မျိုး သ​တို့​သ​မီး​တို့​နှင့်​တ​ကွ နှိမ့်​ချ​လျက် မြွက်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 19,
      "text": "သင်​သည် သူ​တစ်​ပါး​ထက်​သာ၍ လှ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့်​အ​တူ ဆင်း​သက်၍ နေ​ရာ​ကျ​လော့။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 20,
      "text": "ဓား​ဘေး၌ အပ်​သည်​ဖြစ်၍၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ လဲ၍​သေ​ရ​သော​ကြောင့်၊ သူ​ကိုယ်​တိုင်​မှ​စ၍ သူ၏ လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​ကို ဆွဲ​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 21,
      "text": "ခွန်​အား​အ​ကြီး​ဆုံး​သော သူ​ရဲ​တို့​သည် မ​ရ​ဏ​နိုင်​ငံ​ထဲ​က သူ​နှင့် သူ၏​အ​ခြံ​အ​ရံ​တို့​ကို နှုတ်​ဆက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​လည်း ဆင်း​သွား​ကြ​ပြီ။ ဓား​နှင့်​သေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော​အ​ဖြစ်၌ လဲ​နေ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 22,
      "text": "ထို​အ​ရပ်၌ အာ​ရှု​ရ​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း​အ​ပေါင်း​လည်း ရှိ​ကြ၏။ သူ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​နေ​လျက်၊ ပတ်​လည်​အ​ရပ်​ရပ်​တို့၌ သူ​တို့​သင်္ချိုင်း​များ​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 23,
      "text": "ထို​သင်္ချိုင်း​တို့​သည် ဥ​မင်​အ​တွင်း​အ​နား​မှာ စီး​လျက်၊ မင်း​သင်္ချိုင်း၌ ပတ်​လည်​ခြံ​ရံ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော​သူ ဖြစ်​သော်​လည်း၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 24,
      "text": "ထို​အ​ရပ်၌ ဧ​လံ​နှင့် သူ၏​သင်္ချိုင်း​ပတ်​လည်၌ သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​သေ၍ လဲ​လျက်​ရှိ​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ မြေ​အောက်​အ​ရပ်​သို့​ဆင်း​သွား​ရ​သ​ဖြင့်၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 25,
      "text": "မိ​မိ​အ​လုံး​အ​ရင်း​နှင့်​အိပ်၍ သူ​တို့ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ ဓား​ဖြင့်​သေ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​သ​ဖြင့်၊ သေ​သော​သူ​တို့​နှင့် အ​တူ နေ​ရာ​ကျ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 26,
      "text": "ထို​အ​ရပ်၌ မိ​မိ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​နှင့်​အ​တူ မေ​ရှက်​လည်း​ရှိ၏။ တု​ဗ​လ​လည်း​ရှိ၏။ သင်္ချိုင်း​တွင်း​တို့​သည် ပတ်​လည်၌ ရှိ​ကြ၏။ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ သူ​တစ်​ပါး​ကို ကြောက်​စေ​တတ်​သော်​လည်း ထို​သူ​ရှိ​သ​မျှ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​ဖြစ်၍ ဓား​ဖြင့် သေ​လျက်​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 27,
      "text": "သူ​တို့​သည် ရှေး​ကာ​လ၌ လဲ၍​သေ​သော၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော လူ​ကြီး​တို့​နှင့် အ​တူ​အိပ်၍ နေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ထို​လူ​ကြီး​တို့​သည် အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ၌ လူ​ကြီး​တို့​ကို ကြောက်​စေ​တတ်​သော်​လည်း၊ စစ်​တိုက်​လက်​နက်​ပါ​လျက် မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ဆင်း​သွား၍၊ မိ​မိ​ဓား​ကို မိ​မိ​ခေါင်း​အောက်​မှာ ထား​လျက်၊ မိ​မိ​တို့​အ​ရိုး​ပေါ်​မှာ မိ​မိ​တို့​အ​ပြစ် တည်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 28,
      "text": "သင်​သည်​လည်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​အ​လယ်၌ ကျိုး​ပျက်၍၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ လဲ​လျက်​နေ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 29,
      "text": "ထို​အ​ရပ်၌ ဧ​ဒုံ​လည်း​ရှိ၏။ ဧ​ဒုံ​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​သည် မိ​မိ​တို့​တန်​ခိုး​ပါ​လျက်၊ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ နေ​ရာ​ကျ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ အိပ်​ရ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 30,
      "text": "ထို​အ​ရပ်၌ မြောက်​ပြည်​မင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။ ကိုယ်​တန်​ခိုး​ကို ရှက်​လျက်၊ ထိတ်​လန့်​လျက် သေ​သော​သူ​တို့​နှင့်​အ​တူ ဆင်း​သွား​ကြ​ပြီ။ ဓား​ဖြင့်​သေ​သော သူ​တို့​နှင့်​အ​တူ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဖြစ်၍ အိပ်​ကြ၏။ မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ အ​ရှက်​ကွဲ​လျက် နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 31,
      "text": "ဖာ​ရော​ဘု​ရင်​သည် ထို​လူ​များ​တို့​ကို​မြင်၍၊ ဓား​ဖြင့်​သေ​သော မိ​မိ​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကြောင့် ပူ​ပန်​သော​စိတ်​လျော့၍၊ ဖာ​ရော​ဘု​ရင်​နှင့် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် သက်​သာ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 32,
      "verse": 32,
      "text": "အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌ သူ​သည် သူ​တစ်​ပါး​တို့​ကို ကြောက်​စေ​သော​အ​ခွင့်​ကို ငါ​ပေး​သော်​လည်း၊ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့် သေ​သော​သူတို့နှင့်အတူ၊ အရေဖျားလှီးခြင်းကိုမခံသောလူ​တို့​အ​လယ်၌ လဲ၍​နေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အား ဟော​ပြော၍ ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် တစ်​စုံ​တစ်​ခု​သော​ပြည်​သို့ ဓား​ဘေး​ရောက်​စေ​သော​အ​ခါ၊ ပြည်​သား​တို့​သည် ပြည်​သား​တစ်​ယောက်​ကို ယူ၍ ကင်း​စောင့်​ထား​ပြီး​မှ၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 3,
      "text": "ထို​သူ​သည် ဓား​ဘေး​ရောက်​သည်​ကို မြင်​လျက် တံ​ပိုး​မှုတ်၍ သ​တိ​ပေး​သော်​လည်း၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 4,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တံ​ပိုး​မှုတ်​သံ​ကို ကြား​လျက်​နှင့် အ​မှု​မ​ထား၊ ဓား​ဘေး​ရောက်၍ သူ၏​အ​သက်​ဆုံး​လျှင်၊ ထို​သူ​သည် ကိုယ်​အ​သက်​ဆုံး​သော အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 5,
      "text": "တံ​ပိုး​မှုတ်​သံ​ကို​ကြား၍ အ​မှု​မ​ထား​သော​ကြောင့်၊ ကိုယ်​အ​သက်​ဆုံး​သော​အ​ပြစ်​ကို ကိုယ်​တိုင်​ခံ​ရ​မည်။ အ​မှု​ထား​သော​သူ​မူ​ကား၊ ကိုယ်​အ​သက်​ကို ကယ်​တင်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 6,
      "text": "သို့​မ​ဟုတ် ကင်း​စောင့်​ထား​သော​သူ​သည် ဓား​ဘေး​ရောက်​ကြောင်း​ကို မြင်​လျက် တံ​ပိုး​မ​မှုတ်၊ ပြည်​သား​တို့​အား အ​သိ​မ​ပေး​သော​ကြောင့် ဓား​ဘေး​ရောက်၍ တစ်​စုံ​တစ်​ယောက်​သော​သူ အ​သက်​ဆုံး​လျှင်၊ ထို​သူ​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သူ၏​အ​သက်​ကို ကင်း​စောင့်​သော​သူ၌ ငါ​တောင်း​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 7,
      "text": "ထို​အ​တူ၊ အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ကင်း​စောင့်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​သော​ကြောင့်၊ သင်​သည် ငါ၏ နှုတ်​ထွက်​စ​ကား​ကို နာ​ခံ၍ သူ​တို့​ကို သ​တိ​ပေး​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 8,
      "text": "ငါ​သည် လူ​ဆိုး​အား၊ အို လူ​ဆိုး၊ အ​ကယ်​စင်​စစ် သင်​သည် အ​သေ​ခံ​ရ​မည်​ဟု ဆို​သော​အ​ခါ ဆိုး​သော​သူ​ကို သူ၏​လမ်း​မှ လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​မ​ပေး​လျှင်၊ ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​အ​သက်​ကို သင်၌​ငါ​တောင်း​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 9,
      "text": "သို့​မ​ဟုတ်၊ လူ​ဆိုး​ကို​သူ၏​လမ်း​မှ​လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​ပေး၍ သူ​သည်​မ​လွှဲ​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သင်​သည် ကိုယ်​အ​သက်​ကို ကယ်​တင်​ပြီ။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 10,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​ရ​မည်​မှာ၊ ငါ​တို့​သည် ကိုယ်​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကို ခံ​ရ​သ​ဖြင့် အား​လျော့​သည်​ဖြစ်၍၊ အ​ဘယ်​သို့ အ​သက်​ရှင်​နိုင်​ပါ​မည်​နည်း​ဟု သင်​တို့​ဆို​ကြ​သော်၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 11,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ဆိုး​သော​သူ​သည် အ​သေ​ခံ​ခြင်း​အ​မှု​ကို ငါ​နှစ်​သက်​သည် မ​ဟုတ်။ ဆိုး​သော​သူ​သည် မိ​မိ​ဆိုး​သော​လမ်း​မှ​လွှဲ၍ အ​သက်​ရှင်​ခြင်း​အ​မှု​ကို​သာ ငါ​နှစ်​သက်၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​လိုက်​သော လမ်း​ဆိုး​မှ လွှဲ​ကြ​လော့။ လွှဲ​ကြ​လော့။ အ​ဘယ်​ကြောင့် အ​သေ​ခံ​လို​ကြ​သ​နည်း။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 12,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အား ဟော​ပြော​ရ​မည်​မှာ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်​လျှင်၊ အ​ရင်​ဖြောင့်​မတ်​ခြင်း​အ​မှု​သည် သူ့​ကို ကယ်​တင်​ရ​မည်​မ​ဟုတ်။ ဆိုး​သော​သူ​သည် ဆိုး​သော​အ​မှု​ကို​ရှောင်​လျှင်၊ အ​ရင်​ဆိုး​သော​အ​မှု​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​မည်​မ​ဟုတ်။ ဖြောင့်​မတ်​သော​သူ​သည် ပြစ်​မှား​သော​နေ့၌ အ​သက်​ရှင်​ရ​သော​အ​ခွင့် မ​ရှိ​ရ။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 13,
      "text": "ဖြောင့်​မတ်​သော​သူ​သည် စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ အ​ရင်​ဖြောင့်​မတ်​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​အောက်​မေ့​ရ။ ပြု​မိ​သော ဒု​စ​ရိုက်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 14,
      "text": "တစ်​ဖန်​ဆိုး​သော​သူ​အား သင်​သည် စင်​စစ်​အ​သေ​ခံ​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ ထို​သူ​သည် မိ​မိ​ဒု​စ​ရိုက်​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​လျက်၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 15,
      "text": "ပေါင်​ထား​သော​ဥ​စ္စာ​ကို မ​သို​ထား၊ လု​ယူ​သော​ဥ​စ္စာ​ကို ပြန်​ပေး​လျက်၊ အ​ဓ​မ္မ​အ​မှု​ကို မ​ပြု​ဘဲ အ​သက်​ရှင်​ရာ ပ​ညတ်​တ​ရား​လမ်း​သို့ လိုက်​လျှင်၊ အ​သေ​မ​ခံ​ရ​ဘဲ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 16,
      "text": "ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​မ​တင်။ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​သော​ကြောင့် စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 17,
      "text": "သို့​သော်​လည်း၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​စီ​ရင်​ချက် မ​ဖြောင့်​ပါ​တ​ကား။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 18,
      "text": "ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို စွန့်၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 19,
      "text": "ဆိုး​သော​သူ​မူ​ကား၊ မိ​မိ​ဒု​စ​ရိုက်​ကို ရှောင်၍ တ​ရား​သော​အ​မှု၊ ဖြောင့်​မတ်​သော​အ​မှု​ကို ပြု​လျှင်၊ ထို​အ​မှု​ကြောင့် အ​သက်​ရှင်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 20,
      "text": "သို့​သော်​လည်း၊ သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​အ​သီး​အ​သီး ပြု​ကြ​သည်​အ​တိုင်း ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 21,
      "text": "သိမ်း​သွား​ရာ သ​က္က​ရာဇ်​တစ်​ဆယ်​နှစ်​ခု၊ ဒ​သ​မ​လ ငါး​ရက်​နေ့​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှ ပြေး၍​လွတ်​သော သူ​တစ်​ယောက်​သည် ငါ့​ထံ​သို့​ရောက်​လာ၍၊ မြို့​ကို​လုပ်​ကြံ​ပြီ​ဟု သ​တင်း​ကြား​ပြော၏။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 22,
      "text": "ထို​သူ​မ​ရောက်​မီ ညဉ့်​ဦး​မှ​စ၍ သူ​ရောက်​သော နံ​နက်​အ​ချိန်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ငါ့​အ​ပေါ်၌​တင်၍ ငါ့​နှုတ်​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ငါ​သည် စ​ကား​မ​ပြော​ဘဲ နေ​ရ​သော​အ​ချိန်​လွန်၍ ဟော​ပြော​ရ၏။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 23,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 24,
      "text": "အ​ချင်း​လူ​သား၊ ပျက်​စီး​သော ဣ​သ​ရေ​လ​ပြည်၌ နေ​သေး​သော​သူ​တို့​က၊ အာ​ဗြ​ဟံ​သည် လူ​တစ်​ဦး​တည်း ဖြစ်​သော်​လည်း ဤ​ပြည်​ကို အ​မွေ​ခံ​ရ၏။ ငါ​တို့​မူ​ကား အ​များ​ဖြစ်​ကြ၏။ ငါ​တို့​အ​မွေ​ခံ​ရာ​ဖို့ ပေး​တော်​မူ​ပြီ​ဟု ဆို​ကြ​သော်၊"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 25,
      "text": "သင်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် အ​သွေး​နှင့်​တ​ကွ အ​မဲ​သား​ကို​စား​လျက်၊ ရုပ်​တု​တို့​ကို ဖူး​မြော်​လျက်၊ လူ​အ​သက်​ကို​လည်း သတ်​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 26,
      "text": "ဓား​ကို ခို​လှုံ​လျက်၊ စက်​ဆုပ်​ဖွယ်​သော​အ​မှု​ကို ပြု​လျက်၊ အိမ်​နီး​ချင်း​မ​ယား​ကို ပြစ်​မှား​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 27,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ပျက်​စီး​သော အ​ရပ်၌​နေ​သော သူ​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​လိမ့်​မည်။ လွင်​ပြင်၌​ရှိ​သော သူ​တို့​ကို ငါ​သည်​သား​ရဲ၌​အပ်၍ ကိုက်​စား​စေ​မည်။ ရဲ​တိုက်​ဥ​မင်၌​ရှိ​သော သူ​တို့​သည် ကာ​လ​နာ​နှင့် သေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 28,
      "text": "တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ကုန်၍၊ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ​အောင်၊ ဣ​သ​ရေ​လ​တောင်​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 29,
      "text": "ပြည်​သား​တို့​သည် ပြု​မိ​သော စက်​ဆုပ်​ဖွယ်​အ​မှု အ​လုံး​စုံ​တို့​ကြောင့်၊ ထို​ပြည်​ကို ငါ​သုတ်​သင် ပယ်​ရှင်း​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 30,
      "text": "ထို​မှ​တစ်​ပါး၊ အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကို ကြား​ကြ​ကုန်​အံ့​ဟု၊ ထ​ရံ​နား၊ အိမ်​တံ​ခါး​နား​မှာ သင့်​ကို​ရည်​မှတ်၍ တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 31,
      "text": "ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 32,
      "text": "သင်၏​စ​ကား​သည်၊ ကောင်း​မွန်​စွာ​တီး၍ သာ​ယာ​သော​အ​သံ​နှင့် ပြည့်​စုံ​သော​သူ​ဆို​သော၊ နှစ်​သက်​ဖွယ်​သော သီ​ချင်း​ကဲ့​သို့ သူ​တို့၌​ဖြစ်၍၊ သူ​တို့​သည် ကြား​ရ​သော်​လည်း နား​မ​ထောင်​တတ်​ကြ။"
    },
    {
      "book": 26,
      "chapter": 33,
      "verse": 33,
      "text": "သို့​ရာ​တွင်၊ အ​မှု​ရောက်​လိမ့်​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​တွင်​ပ​ရော​ဖက်​ရှိ​ဖူး​သည်​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လျက်၊ သိုး​ထိန်း​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ကိုယ်​ကို​သာ ကျွေး​မွေး​သော ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သိုး​ထိန်း​သည် သိုး​တို့​ကို မ​ကျွေး​မွေး​ရ​သ​လော။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 3,
      "text": "သင်​တို့​သည် သိုး​နို့​ကို စား​ကြ၏။ သိုး​မွေး​ကို​ဝတ်​ကြ၏။ ဆူ​ဖြိုး​သော​သိုး​တို့​ကို​လည်း သတ်​ကြ၏။ သို့​ရာ​တွင်၊ သိုး​တို့​ကို မ​ကျွေး​မွေး​ပါ​တ​ကား။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 4,
      "text": "အား​နည်း​သော​သိုး​ကို မ မ​စ​ကြ၊ နာ​သော​သိုး​တို့​ကို ဆေး​မ​ကု​ကြ၊ အ​ရိုး​ကျိုး​သော​သိုး​ကို အ​ဝတ်​နှင့်​မ​စည်း​ကြ၊ သူ​တစ်​ပါး​နှင်​သော သိုး​ကို လိုက်၍​မ​ဆောင်​ခဲ့​ကြ၊ ပျောက်​သော​သိုး​ကို မ​ရှာ​ကြ၊ အ​နိုင်​အ​ထက်​ပြု၍ ကြမ်း​တမ်း​စွာ စီ​ရင်​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 5,
      "text": "ထိန်း​သော​သူ​မ​ရှိ​သော​ကြောင့် သိုး​တို့​သည် ကွဲ​ပြား​ကြ၏။ ကွဲ​ပြား​လျက်​နေ​သော​အ​ခါ ခပ်​သိမ်း​သော တော​သား​ရဲ​စား​စ​ရာ ဖြစ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 6,
      "text": "ငါ့​သိုး​တို့​သည် တောင်​များ၊ မြင့်​သော​ကုန်း​များ အ​ပေါ်​မှာ​လဲ၍ မြေ​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ပျံ့​လွင့်​လျက်​နေ၍၊ အ​ဘယ်​သူ​မျှ မ​လိုက်​မ​ရှာ​ကြ။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 7,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 8,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သိုး​ထိန်း​မ​ရှိ၊ အ​ဘယ်​သိုး​ထိန်း​မျှ ငါ့​သိုး​တို့​ကို​မ​ရှာ၊ သိုး​ထိန်း​တို့​သည် ငါ့​သိုး​တို့​ကို မ​ကျွေး​မွေး၊ ကိုယ်​ကို​သာ​ကျွေး​မွေး​သ​ဖြင့်၊ ငါ့​သိုး​တို့​သည် လု​ယူ​ရာ၊ ခပ်​သိမ်း​သော တော​သား​ရဲ​စား​စ​ရာ ဖြစ်​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 9,
      "text": "အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 10,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​သိုး​ထိန်း​တို့ တစ်​ဖက်၌​နေ၏။ ငါ့​သိုး​များ​ကို သူ​တို့၌​ငါ​တောင်း၍ သိုး​ထိန်း​အ​ရာ​ကို နုတ်​မည်။ သိုး​ထိန်း​တို့​သည် နောက်​တစ်​ဖန် ကိုယ်​ကို မ​ကျွေး​မွေး​ရ​ကြ။ ငါ့​သိုး​များ​ကို သူ​တို့​ပါး​စပ်​မှ​ငါ​နုတ်၍ နောက်​တစ်​ဖန် မ​ကိုက်​မ​စား​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 11,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​ကိုယ်​တိုင်​လိုက်၍ ငါ့​သိုး​တို့​ကို​ရှာ​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 12,
      "text": "ကွဲ​ပြား​လျက်​ရှိ​သော မိ​မိ​သိုး​တို့​တွင် သိုး​ထိန်း​ရောက်​သော​အ​ခါ ကြိုး​စား၍​ရှာ​သ​ကဲ့​သို့၊ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ကြိုး​စား၍​ရှာ​မည်။ မိုး​အုံ့​၍ မိုက်​သော​နေ့၌ သူ​တို့​ကွဲ​ပြား​သော အ​ရပ်​ရပ်​တို့​က ငါ​နုတ်​ဆောင်​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 13,
      "text": "အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​က ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၊ မြစ်​တို့​အ​နား အ​စ​ရှိ​သော​နေ​စ​ရာ​အ​ရပ်​ရပ်​တို့၌ ကျွေး​မွေး​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 14,
      "text": "ကောင်း​သော ကျက်​စား​ရာ​အ​ရပ်၌ ကျွေး​မွေး​မည်။ မြင့်​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ သူ​တို့​ခြံ​ရှိ​လိမ့်​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ ကောင်း​သော​ခြံ၌​အိပ်၍၊ ကြွယ်​ဝ​သော ကျက်​စား​ရာ၌ ကျက်​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 15,
      "text": "ငါ​သည် ငါ့​သိုး​များ​ကို ကျွေး​မွေး​မည်။ အိပ်​ရာ​ကို​လည်း ငါ​ပေး​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 16,
      "text": "ပျောက်​သော​သိုး​ကို ငါ​ရှာ​မည်။ သူ​တစ်​ပါး​နှင်​သော​သိုး​ကို လိုက်၍​ဆောင်​ခဲ့​မည်။ အ​ရိုး​ကျိုး​သော သိုး​ကို အ​ဝတ်​နှင့်​စည်း​မည်။ အား​နည်း​သော သိုး​ကို မ​စ​မည်။ ဆူ​ဖြိုး၍ အား​ရှိ​သော​သိုး​ကို​ကား၊ တ​ရား​အ​တိုင်း​ကျွေး​မွေး၍ ကွပ်​မျက်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 17,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ငါ့​သိုး​တို့၊ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သိုး​ထီး​နှင့် ဆိတ်​ထီး​တို့​ကို​လည်း​ကောင်း ငါ​ပိုင်း​ခြား​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 18,
      "text": "သင်​တို့​သည် ကောင်း​သော ကျက်​စား​ရာ​အ​ရပ်၌ စား​သည်​သာ​မ​က၊ ကျန်​သော​မြက်​ပင်​ကို​နင်း​သော အ​မှု​သည် သာ​မ​ည​အ​မှု​ဖြစ်​သည်​ဟု ထင်​မှတ်​ကြ​သ​လော။ ကြည်​သော​ရေ​ကို​သောက်​သည်​သာ​မ​က၊ ကျန်​သော​ရေ​ကို ခြေ​နှင့် နောက်​စေ​သော​အ​မှု​သည် သာ​မ​ည​အ​မှု​ဖြစ်​သည်​ဟု ထင်​မှတ်​ကြ​သ​လော။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 19,
      "text": "သင်​တို့​နင်း​သော မြက်​ပင်​ကို​လည်း​ကောင်း၊ ခြေ​နှင့် နောက်​စေ​သော ရေ​ကို​လည်း​ကောင်း၊ ငါ့​သိုး​တို့​သည် စား​သောက်​ရ​ကြ​မည်​လော။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 20,
      "text": "သို့​ဖြစ်၍၊ ထို​သူ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​တို့​နှင့် ပိန်​ကြုံ​သော​တိ​ရ​စ္ဆာန်​တို့​ကို ငါ​သည် ကိုယ်​တိုင်​ပိုင်း​ခြား​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 21,
      "text": "သင်​တို့​သည် အား​နည်း​သော​သိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ နံ​ပါး​နှင့်​လည်း​ကောင်း၊ ပ​ခုံး​နှင့်​လည်း​ကောင်း​တိုး၍ ချို​နှင့်​ခွေ့​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 22,
      "text": "ငါ​သည် ငါ့​သိုး​တို့​ကို ကယ်​တင်​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် လု​ယူ​ရာ​မ​ဖြစ်​ရ​ကြ။ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​တို့​ကို​လည်း ငါ​ပိုင်း​ခြား​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 23,
      "text": "သိုး​ထိန်း​တစ်​ဦး​ကို​လည်း ငါ​ခန့်​ထား၍ သူ​သည် ကျွေး​မွေး​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့​ကို ကျွေး​မွေး၍ သိုး​ထိန်း​လုပ်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 24,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့၏​မင်း ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား ပြော​ပြီ။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 25,
      "text": "သူ​တို့​နှင့် ငြိမ်​သက်​ခြင်း​ပ​ဋိ​ညာဉ်​ကို ငါ​ဖွဲ့၍၊ ဆိုး​သော​သား​ရဲ​တို့​ကို ထို​ပြည်၌ ပယ်​ဖြတ်​မည်။ သူ​တို့​သည် လွင်​ပြင်၌ ငြိမ်​ဝပ်​စွာ​နေ၍ တော၌ အိပ်​ပျော်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 26,
      "text": "သူ​တို့​ကို​လည်း​ကောင်း၊ ငါ၏​တောင်​တော်​ပတ်​လည်၌ ရှိ​သော အ​ရပ်​တို့​ကို​လည်း​ကောင်း ငါ​ကောင်း​ချီး​ပေး၍၊ အ​ချိန်​တန်​လျှင် မိုး​ကို​ရွာ​စေ​သ​ဖြင့်၊ ကောင်း​ချီး​မိုး​ရေ​ကျ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 27,
      "text": "တော​သစ်​ပင်​သည် အ​သီး​ကို သီး​လိမ့်​မည်။ မြေ​သည်​လည်း အ​သီး​အ​နှံ​ကို ပေး​လိမ့်​မည်။ ပြည်​သား​တို့​သည် ငြိမ်​ဝပ်​စွာ နေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ထမ်း​သော ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍၊ အ​နိုင်​အ​ထက်​စေ​ခိုင်း​သော သူ​တို့​လက်​မှ ကယ်​နုတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 28,
      "text": "နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​လု​မ​ယူ​ရ​ကြ။ ပြည်​သား​ရဲ​တို့​သည်​လည်း ကိုက်၍​မ​စား​ရ​ကြ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ၊ သူ​တို့​သည် ငြိမ်​ဝပ်​စွာ နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 29,
      "text": "အ​သ​ရေ​ရှိ​သော​ဥ​ယျာဉ်​ကို​လည်း သူ​တို့​အ​ဖို့ ငါ​ပြု​စု​မည်။ နောက်​တစ်​ဖန် ပြည်၌ အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး၍၊ သူ​တို့​သည် မွတ်​သိပ်​ခြင်း​ကို မ​ခံ​ရ​ကြ။ တစ်​ပါး​အ​မျိုး​သား​တို့၏​ကဲ့​ရဲ့​ခြင်း​ကို​လည်း မ​ခံ​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 30,
      "text": "သူ​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တည်း​ဟူ​သော သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 34,
      "verse": 31,
      "text": "ငါ၏​ကျက်​စား​ရာ​အ​ရပ်၌​ရှိ​သော ငါ့​သိုး​တို့၊ သင်​တို့​သည် လူ​ဖြစ်​ကြ၏။ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ သင်​သည် စိ​ရ​တောင်​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 3,
      "text": "အို စိ​ရ​တောင်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​ကို ငါ​တိုက်၍ သုတ်​သင်​ပယ်​ရှင်း​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 4,
      "text": "သင်၏​မြို့​တို့​ကို ငါ​ဖျက်​ဆီး​သ​ဖြင့် သင်​သည် လူ​ဆိတ်​ညံ​လျက် ရှိ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 5,
      "text": "သင်​သည် အ​စဉ်​ရန်​ငြိုး​ဖွဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​မှု​ရောက်​သော​ကာ​လ၊ အ​ပြစ်​ကြောင့် ခံ​ရ​သော​ကာ​လ​အ​ဆုံး၌၊ သူ​တို့​အ​သက်​ကို ဓား​နှင့် သတ်​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 6,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်၌​ငါ​ပြု၍၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​မည်။ အ​သက်​သတ်​ခြင်း​အ​မှု​ကို သင်​မ​မုန်း​သော​ကြောင့်၊ ထို​အ​မှု​သည် သင့်​ကို​လိုက်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 7,
      "text": "ထို​သို့ စိ​ရ​တောင်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် ထွက်​သွား​သော​သူ၊ ပြန်​လာ​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 8,
      "text": "သင်၏​တောင်​တို့​ကို​လည်း သင်၏​သူ​ရဲ အ​သေ​ကောင်​တို့​နှင့် ငါ​ပြည့်​စေ​မည်။ သင့်​နေ​ရာ​ကုန်း၊ ချိုင့်၊ မြစ်​နား၌ ဓား​ဖြင့် အ​သေ​ခံ​ရ​သော သူ​တို့​သည် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 9,
      "text": "သင့်​ကို​အ​စဉ်​မ​ပြတ် သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်၏​မြို့​တို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 10,
      "text": "သင်​က၊ ဤ​တိုင်း​ပြည်​နှစ်​ပြည်​ကို ငါ​တို့​သည်​သိမ်း၍ ပိုင်​မည်​ဟု ထို​ပြည်၌ ထာ​ဝ​ရ​ဘု​ရား​ရှိ​လျက်​နှင့် ဆို​မိ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 11,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​ရန်​ငြိုး​ဖွဲ့၍ ဒေါ​သ​စိတ်၊ ငြူ​စူ​သော​စိတ် တိုက်​တွန်း​သည်​နှင့်​အ​ညီ သင်၌​ငါ​ပြု​မည်။ သင့်​ကို စီ​ရင်​သော​အ​ခါ သူ​တို့​တွင် ငါ​ထင်​ရှား​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 12,
      "text": "သင်​က၊ ဣ​သ​ရေ​လ​တောင်​တို့​သည် ပျက်​စီး၍ ငါ​တို့​စား​စ​ရာ​ဖို့ ဖြစ်​ကြ၏​ဟု ကဲ့​ရဲ့၍​ပြော​ဆို​သော စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​ကြား​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 13,
      "text": "ထို​သို့​သင်​သည် ငါ့​တစ်​ဖက်၌​ဝါ​ကြွား၍ ပြော​မိ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ကြား​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 14,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး ရွှင်​လန်း​သော​အ​ခါ သင့်​ကို​ငါ​ဖျက်​ဆီး​မည်။"
    },
    {
      "book": 26,
      "chapter": 35,
      "verse": 15,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​မွေ​မြေ​ပျက်​စီး​သည်​ကို သင်​သည် ဝမ်း​မြောက်​သော​ကြောင့်၊ ထို​အ​တူ သင်၌​ငါ​ပြု​မည်။ အို စိ​ရ​တောင်၊ သင်​နှင့်​တ​ကွ ဧ​ဒုံ​ပြည်​သည် အ​ကုန်​အ​စင်​ပျက်​စီး၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 1,
      "text": "တစ်​ဖန် အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​တောင်​တို့​အား ပ​ရော​ဖက်​ပြု၍ ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​တောင်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 2,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​က၊ အေ့​ဟေ၊ ထာ​ဝ​ရ​တောင်​တို့​သည် ငါ​တို့​လက်​သို့ ရောက်​ကြ​ပြီ​ဟု သင်​တို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 3,
      "text": "ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ သိမ်း​ယူ​ရာ​ဖြစ်​ရ​သည်​တိုင်​အောင်၊ သင်​တို့​ကို သုတ်​သင်​ပယ်​ရှင်း၍ ပတ်​လည် ကိုက်​စား​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် လူ​များ​ပြော​ဆို​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 4,
      "text": "အို ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ၊ သုတ်​သင်​သော​လွင်​ပြင်​မှ​စ၍၊ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား အ​ကျန်​အ​ကြွင်း​တို့​သည် လု​ယူ​ကဲ့​ရဲ့၍၊ မြို့​သား​စွန့်​သွား​သော​မြို့​တို့​အား မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 5,
      "text": "အ​ကယ်​စင်​စစ် ငါ့​ပြည်​ကို​လု​ယူ​စ​ရာ​ဖို့ ပစ်​ထား​ခြင်း​ငှာ အ​လွန်​ဝမ်း​မြောက်​သော​စိတ်၊ အ​ငြိုး​ထား​သော​စိတ်​ရှိ၍၊ ကိုယ်​တိုင်​လု​ယူ​စ​ရာ​ဖို့ စီ​ရင်​သော ဧ​ဒုံ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် ကျန်​ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့ တစ်​ဖက်၌ ငါ​သည် ဒေါ​သ​မီး​ထွက်၍ ပြော​ထား​ပြီ။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​ပြည်​ကို ရည်​မှတ်၍ ပ​ရော​ဖက်​ပြု​လျက်၊ တောင်​ကြီး၊ တောင်​ငယ်၊ မြစ်​ရေ​စီး​ရာ၊ ချိုင့်​ရာ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ထွက်၍ ပြော​ပြီ။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 7,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ​ကျိန်​ဆို​ပြီ။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 8,
      "text": "အို ဣ​သ​ရေ​လ​တောင်​တို့၊ သင်​တို့​မူ​ကား၊ အ​ပင်​ပေါက်၍ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​သီး​ကို သီး​ရ​ကြ​လိမ့်​မည်။ သူ​တို့ ပြန်​လာ​ချိန်​နီး​ပြီ။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 9,
      "text": "ငါ​သည် သင်​တို့​ဘက်၌​နေ၍ သင်​တို့​ရှိ​ရာ​သို့ ပြန်​လာ​သ​ဖြင့်၊ သင်​တို့​အ​ပေါ်​မှာ လယ်​လုပ်၍ မျိုး​စေ့​ကြဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 10,
      "text": "သင်​တို့​အ​ပေါ်​မှာ လူ​များ​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ငါ​ပြန့်​ပွား​စေ​သ​ဖြင့်၊ သူ​တို့​သည် မြို့​များ၌​နေ၍ ပျက်​စီး​သော​အ​ရပ်​များ​ကို ပြု​ပြင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 11,
      "text": "သင်​တို့​အ​ပေါ်​မှာ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ငါ​များ​ပြား​စေ​သ​ဖြင့်၊ သူ​တို့​သည်​ပွား​များ၍ သား​မြေး​အ​စဉ်​အ​ဆက် ရှိ​ကြ​လိမ့်​မည်။ နေ​ရင်း​အ​ရပ်​တို့၌ ငါ​နေ​ရာ​ချ၍၊ အ​ရင်​ပြု​သ​ကဲ့​သို့ ငါ​ကျေး​ဇူး​ပြု​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 12,
      "text": "သင်​တို့​အ​ပေါ်​မှာ လူ​များ​တည်း​ဟူ​သော ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သွား​လာ​မည်​အ​ကြောင်း ငါ​ပြု​မည်။ သူ​တို့​သည် သင်​တို့​ကို​သိမ်း​ယူ၍ အ​မွေ​ခံ​ရ​သ​ဖြင့်၊ နောက်​တစ်​ဖန် သင်​တို့​ကြောင့် သား​မ​ဆုံး​ရှုံး​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 13,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​ပြည်၊ သင်​သည် လူ​တို့​ကို ကိုက်​စား​တတ်၏။ ကိုယ်​အ​မျိုး​သား​တို့​ကို လု​ယူ​ဖျက်​ဆီး​တတ်၏​ဟု သူ​တစ်​ပါး​ဆို​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 14,
      "text": "နောက်​တစ်​ဖန် သင်​သည် လူ​တို့​ကို မ​ကိုက်​မ​စား​ရ။ ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 15,
      "text": "နောက်​တစ်​ဖန် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ကဲ့​ရဲ့​အ​ပြစ်​တင်​သော စ​ကား​ကို​မ​ကြား​ရ။ နောက်​တစ်​ဖန် ကိုယ်​အ​မျိုး​သား​တို့၌ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 16,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 17,
      "text": "အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ အ​လို​အ​လျောက် ကျင့်​ကြံ​ပြု​မူ​သော​အား​ဖြင့် ထို​ပြည်​ကို ညစ်​ညူး​စေ​ကြ၏။ သူ​တို့ အ​ကျင့်​ဓ​လေ့​သည် ငါ့​ရှေ​မှာ ဥ​တု​ရောက်​သော မိန်း​မ၏​အ​ညစ်​အ​ကြေး​ကဲ့​သို့ ဖြစ်​၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 18,
      "text": "ထို​ပြည်၌ လူ​အ​သက်​ကို​သတ်​သော​အ​ပြစ်၊ ရုပ်​တု​တို့​နှင့် ညစ်​ညူး​စေ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် ဒေါ​သ​အ​မျက်​ကို သွန်း​လောင်း​ပြီ။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 19,
      "text": "အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ငါ​ကွဲ​ပြား​ပျံ့​လွင့်​စေ​ပြီ။ သူ​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း ငါ​စီ​ရင်​ပြီ။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 20,
      "text": "သို့​ရာ​တွင် တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ ကိုယ်​ပြည်​မှ ထွက်​သွား​ရ​ကြ၏​ဟု သူ​တစ်​ပါး​ပြော​ဆို​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​သော​ကြောင့်၊"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​ရောက်​ရာ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​ရပ်​တို့၌ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို ငါ​နှ​မြော၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 22,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို​ထောက်၍ ဤ​အ​မှု​ကို ငါ​ပြု​သည်​မ​ဟုတ်။ သင်​တို့​ရောက်​သ​မျှ​သော​အ​ရပ်​တို့၌ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှာ ရှုတ်​ချ​သော ငါ၏​နာ​မ​မြတ်​ကို​သာ ထောက်၍ ပြု၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 23,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့ အ​လယ်၌ သင်​တို့​ရှုတ်​ချ​သော ငါ၏​မ​ဟာ​နာ​မ​တော်​ကို ငါ​ချီး​မြှောက်​မည်။ သူ​တို့ မျက်​မှောက်၌ သင်​တို့​အား​ဖြင့် ငါ​သည် ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​က ငါ​ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့ နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 25,
      "text": "သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 26,
      "text": "စိတ်​နှ​လုံး​သစ်​ကို ငါ​ပေး​မည်။ သ​ဘော​သစ်​ကို သွင်း​ထား​မည်။ သင်​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍ အ​သား​နှ​လုံး​ကို ပေး​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 27,
      "text": "ငါ့​ဝိ​ညာဉ်​ကို​လည်း သင်​တို့​အ​ထဲ​သို့ သွင်း​ပေး​သ​ဖြင့်၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့​လိုက်၍၊ ငါ​စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 28,
      "text": "ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ သင်​တို့​သည်​နေ​ရ၍ ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 29,
      "text": "သင်​တို့​ကို အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ငါ​ကင်း​လွတ်​စေ​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကို ပယ်​ရှား​ခြင်း​ငှာ၊ ဆန်​စ​ပါး​ကို​မှာ​လိုက်၍ များ​ပြား​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 30,
      "text": "သင်​တို့​သည် မွတ်​သိပ်၍ တစ်​ပါး​အ​မျိုး​သား​တို့ ကဲ့​ရဲ့​ခြင်း​နှင့် လွတ်​စေ​မည်​အ​ကြောင်း၊ သစ်​ပင်​အ​သီး​နှင့် မြေ​အ​သီး​အ​နှံ​ကို ငါ​များ​ပြား​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 31,
      "text": "ထို​အ​ခါ သင်​တို့​သည် ကိုယ်​ကျင့်​ဖူး​သော အ​ကျင့်​ဆိုး​နှင့် မ​ကောင်း​သော​အ​မှု​တို့​ကို အောက်​မေ့၍၊ ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 32,
      "text": "သင်​တို့​ကို​ထောက်၍ ဤ​အ​မှု​ကို ငါ​ပြု​သည်​မ​ဟုတ်​ဟု သိ​မှတ်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ကိုယ်​ပြု​မိ​သော​အ​မှု​ကြောင့် ရှက်​ကြောက်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 33,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ငါ​ရှင်း​လင်း​သော​အ​ခါ၊ မြို့​များ၌​လူ​နေ​စေ၍ ပျက်​စီး​သော​အ​ရပ်​တို့​သည် ပြု​ပြင်​ခြင်း​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 34,
      "text": "လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့၏ မျက်​မှောက်၌ စွန့်​ပစ်​ဖူး​သော မြေ​တွင် တစ်​ဖန်​လယ်​လုပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 35,
      "text": "ထို​အ​ခါ သူ​တစ်​ပါး​တို့​က၊ အ​ရင်​စွန့်​ပစ်​သော ဤ​မြေ​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်​လေ​ပြီ။ သုတ်​သင် ပယ်​ရှင်း​ပျက်​စီး​သော မြို့​တို့​သည်​လည်း ခိုင်​ခံ့၍ မြို့​သား​တို့​နှင့် ပြည့်​စုံ​ကြ​ပြီ​ဟု ပြော​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 36,
      "text": "ထို​အ​ခါ ပျက်​စီး​သော​အ​ရပ်​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​ပြင်​ကြောင်း​ကို​လည်း​ကောင်း၊ စွန့်​ပစ်​သော​မြေ​တွင် လယ်​လုပ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ပတ်​လည်၌​နေ​ရစ်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​မြွက်​သည်​အ​တိုင်း ပြု​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 37,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဤ​အ​မှု​ကို ငါ​ပြု​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် ငါ့​ကို တောင်း​ပန်​ရ​ကြ​မည်။ သိုး​များ​ပြား​သ​ကဲ့​သို့ ထို​အ​မျိုး​သား​ချင်း​တို့​ကို များ​ပြား​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 36,
      "verse": 38,
      "text": "ပျက်​စီး​သော​မြို့​တို့​သည် သန့်​ရှင်း​သော သိုး​စု​တည်း​ဟူ​သော၊ ဓ​မ္မ​ပွဲ​ခံ​ချိန်​တွင် ယေ​ရု​ရှ​လင်​သိုး​စု​ကဲ့​သို့​သော လူ​စု​တို့​နှင့် ပြည့်​စုံ၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ပြင်​သို့ ဆောင်​သွား​လျက်၊ အ​ရိုး​တို့​နှင့် ပြည့်​သော​ချိုင့်​အ​လယ်၌ ထား​ပြီး​လျှင်၊"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 2,
      "text": "ထို​အ​ရိုး​တို့​ပတ်​လည်၌ လျှောက်​သွား​စေ​တော်​မူ၏။ ထို​ချိုင့်​မျက်​နှာ​ပြင်၌ များ​စွာ​သော​အ​ရိုး​တို့​သည်​ရှိ၍ အ​လွန်​သွေ့​ခြောက်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် အ​သက်​ရှင်​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သိ​တော်​မူ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​ရိုး​တို့​အ​ပေါ်​မှာ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​မှာ၊ အို သွေ့​ခြောက်​သော အ​ရိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 5,
      "text": "ဤ​သွေ့​ခြောက်​သော အ​ရိုး​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ထဲ​သို့ အ​သက်​ကို​သွင်း၍ သင်​တို့​သည် အ​သက်​ရှင်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 6,
      "text": "သင်​တို့​အ​ပေါ်​မှာ အ​ကြော​တို့​ကို ငါ​တင်၍ အ​သား​ကို​တက်​စေ​မည်။ အ​ရေ​နှင့် ဖုံး​လွှမ်း၍၊ အ​သက်​ကို သွင်း​သ​ဖြင့် သင်​တို့​သည် အ​သက်​ရှင်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု၊"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 7,
      "text": "မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည် ပ​ရော​ဖက်​ပြု၏။ ပ​ရော​ဖက်​ပြု​စဉ်​တွင် အ​သံ​မြည်၏။ လှုပ်​ရှား​ခြင်း​လည်း ရှိ၏။ အ​ရိုး​တို့​သည် တစ်​ခု​အ​နီး​သို့​တစ်​ခု ချဉ်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 8,
      "text": "ငါ​ကြည့်​ရှု​စဉ်​တွင် အ​ကြော​တို့​သည်​ပေါ်​လာ၍ အ​သား​လည်း​တတ်၏။ အ​ရေ​လည်း ဖုံး​လွှမ်း၏။ သို့​ရာ​တွင်၊ အ​သက်​မ​ရှိ​သေး။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ လေ​အား ပ​ရော​ဖက်​ပြု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို လေ​အား​ဆင့်​ဆို​ရ​မည်​မှာ၊ အို လေ၊ အ​ရပ်​လေး​မျက်​နှာ​တို့​မှ​လာ၍၊ ဤ​အ​သေ​ကောင်​တို့​သည် အ​သက်​ရှင်​မည်​အ​ကြောင်း သူ​တို့​အ​ပေါ်​မှာ မှုတ်​လော့​ဟု၊"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 10,
      "text": "မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​သည်​ပ​ရော​ဖက်​ပြု၍၊ လေ​သည် သူ​တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့် သူ​တို့​သည် အ​သက်​ရှင်၍၊ အ​လွန်​များ​သော ဗိုလ်​ခြေ​ဖြစ်​လျက် မတ်​တတ်​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 12,
      "text": "သို့​ဖြစ်၍၊ ပ​ရော​ဖက်​ပြု​လျက် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍ သင်​တို့​ကို ထုတ်​ပြီး​လျှင် ဣ​သ​ရေ​လ​ပြည်​သို့ ပို့​ဆောင်​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 13,
      "text": "အ​ချင်း​ငါ၏​လူ​တို့၊ သင်​တို့​သင်္ချိုင်း​တွင်း​များ​ကို ငါ​ဖွင့်၍​သင်​တို့​ကို ထုတ်​ပြီး​လျှင်၊"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 14,
      "text": "အ​သက်​ရှင်​စေ​ခြင်း​ငှာ ငါ​သည် ကိုယ်​အ​သက်​ကို သွင်း​ပေး၍၊ သင်​တို့​ကို နေ​ရင်း​ပြည်၌ နေ​ရာ​ချ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​သည်​အ​တိုင်း ပြည့်​စုံ​ကြောင်း​ကို​လည်း သိ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 15,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 16,
      "text": "အ​ချင်း​လူ​သား၊ တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယု​ဒ​အ​မျိုး​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဖို့​ဟု ရေး​မှတ်​လော့။ တစ်​ဖန် တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယော​သပ်​အ​မျိုး​နှင့် သူ၏ အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​အ​ဖို့၊ ဧ​ဖ​ရိမ်​တုတ်​ပေ​တည်း​ဟု ရေး​မှတ်​လော့။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 17,
      "text": "ထို​တုတ်​နှစ်​ချောင်း​ကို တစ်​ချောင်း​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပူး​ထား၍၊ ထို​တစ်​ချောင်း​တည်း​သော တုတ်​ကို လက်​စွဲ​လော့။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 18,
      "text": "သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ထို​သို့​ပြု​သော်၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို ငါ​တို့​အား​မ​ပြော​သင့်​သ​လော​ဟု မေး​လျှင်၊"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 19,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဧ​ဖ​ရိမ်​ကိုင်​သော ယော​သပ်၏​တုတ်​နှင့်၊ သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ငါ​ယူ၍ ယု​ဒ​တုတ်​နှင့်​အ​တူ ပူး​ထား​ပြီး​လျှင်၊ တစ်​ချောင်း​တည်း​ဖြစ်​သော တုတ်​ကို ငါ​လက်​စွဲ​မည်​ဟု ဆင့်​ဆို​လျက်၊"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 20,
      "text": "သင်​ရေး​မှတ်​သော ထို​တုတ်​ကို သူ​တို့​မျက်​မှောက်၌ လက်​စွဲ​လျက်​နေ​လော့။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 21,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်​တို့​မှ သူ​တို့​ကို​ငါ​ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​ကို နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 22,
      "text": "ထို​ပြည်​တွင် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၌ လူ​တစ်​မျိုး​တည်း​ဖြစ်​စေ၍၊ ရှင်​ဘု​ရင်​တစ်​ပါး​တည်း​သာ​လျှင် ထို​သူ​အ​ပေါင်း​တို့​ကို စိုး​စံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် လူ​နှစ်​မျိုး​မ​ဖြစ်​ရ။ နှစ်​တိုင်း​နှစ်​ပြည် ကွဲ​ပြား​လျက်​မ​ရှိ​ရ။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 23,
      "text": "နောက်​တစ်​ဖန် သူ​တို့​ရုပ်​တု​များ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ၊ လွန်​ကျူး​ခြင်း​အ​မှု​များ​နှင့် ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ​ကြ။ သူ​တို့​ပြစ်​မှား​လေ​ရာ​ရာ အ​ရပ်​တို့​မှ ငါ​ကယ်​နုတ်၍ သန့်​ရှင်း​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 24,
      "text": "ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သိုး​ထိန်း​တစ်​ဦး​တည်း ရှိ​ကြ​လိမ့်​မည်။ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 25,
      "text": "ငါ၏​ကျွန်​ယာ​ကုပ်​အား​ငါ​ပေး၍၊ သင်​တို့ ဘိုး​ဘေး​များ​နေ​ဖူး​သော ပြည်၌ သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် နေ​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့​ကို အ​စဉ်​အ​မြဲ​စိုး​စံ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး၊ သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ပ​ဋိ​ညာဉ်​ကို ငါ​ဖွဲ့၍၊ ထို​ပ​ဋိ​ညာဉ်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ် ဖြစ်​လိမ့်​မည်။ သူ​တို့​ကို​နေ​ရာ​ချ၍ များ​ပြား​စေ​မည်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​ထား​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 27,
      "text": "ငါ၏​ဗိ​မာန်​တော်​သည်​လည်း သူ​တို့၌​ရှိ၍၊ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 37,
      "verse": 28,
      "text": "ထို​သို့ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​သည် သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​တည်​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို သန့်​ရှင်း​စေ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 2,
      "text": "အ​ချင်း​လူ​သား၊ ရော​ရှ​ပြည်၊ မေ​ရှက်​ပြည်၊ တု​ဗ​လ​ပြည်​ကို အ​စိုး​ရ​သော မာ​ဂေါ​ဂ​ပြည်​သား ဂေါ​ဂ​မင်း​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရော​ရှ၊ မေ​ရှက်၊ တု​ဗ​လ​ပြည်​တို့​ကို အ​စိုး​ရ​သော အို ဂေါ​ဂ​မင်း၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 4,
      "text": "သင့်​ကို ငါ​ပြန်​လာ​စေ​မည်။ သင့်​ပါး​ရိုး​ကို သံ​ချိတ်​နှင့်​ချိတ်​ပြီး​လျှင်၊ သင်​မှ​စ၍ ထူး​ဆန်း​သော လက်​နက်​စုံ အ​မျိုး​မျိုး​ကို​ဆောင်​သော​သူ၊ ဒိုင်း​လွှား​ပါ၍ ဓား​ကို လက်​စွဲ​သော​လူ အ​လုံး​အ​ရင်း​များ​နှင့် မြင်း၊ မြင်း​စီး​သူ​ရဲ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို ငါ​ဆောင်​ခဲ့​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 5,
      "text": "အ​သီး​အ​သီး ဒိုင်း​လွှား​ကိုင်၍ သံ​ခ​မောက်​လုံး​ကို ဆောင်း​သော ပေ​ရ​သိ​ပြည်​သား၊ ကု​ရှ​ပြည်​သား၊ ဖု​တ​ပြည်​သား၊"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 6,
      "text": "ဂေါ​မာ​နှင့် သူ၏​တပ်​များ၊ မြောက်​ပြည်​သား တော​ဂါ​မ​အ​မျိုး​နှင့် သူ၏​တပ်​များ အ​လုံး​အ​ရင်း အ​ပေါင်း​တို့​သည် သင်​နှင့်​အ​တူ လိုက်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 7,
      "text": "သင်​သည် မိ​မိ၌​စု​ဝေး​သော လူ​အ​လုံး​အ​ရင်း​များ​နှင့်​တ​ကွ ကိုယ်​ကို​ပြင်​ဆင်​လော့။ ပြင်​ဆင်​လျက်​နေ​လော့။ သူ​တို့​ကို စောင့်​လျက်​နေ​လော့။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 8,
      "text": "ကြာ​မြင့်​စွာ ကာ​လ​လွန်​ပြီး​မှ သင်​သည် အုပ်​ချုပ်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ဓား​ဘေး​နှင့်​လွတ်၍ လူ​အ​မျိုး​မျိုး​ထဲ​က နုတ်​သော​ပြည်​သား၊ ကြာ​မြင့်​စွာ ဆိတ်​ညံ​လျက်​နေ​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​သို့၊ တစ်​ဖန်​ဆောင်​ခဲ့​သော ပြည်​သား​တို့​ရှိ​ရာ​သို့ နောင်​ကာ​လ၌ သင်​သည် စစ်​ချီ၍​လာ​လိမ့်​မည်။ ထို​ပြည်​သား​တို့​သည် လူ​အ​မျိုး​မျိုး​ထဲ​က နုတ်​ဆောင်​သော​သူ​ဖြစ်၍၊ တစ်​ပြည်​လုံး ငြိမ်​ဝပ်​လျက်​ရှိ​နေ​သော​အ​ခါ၊"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 9,
      "text": "သင်​သည် မိုး​သက်​မုန်​တိုင်း​ကဲ့​သို့ တက်​လာ၍၊ သင်၌​ပါ​သ​မျှ​သော တပ်​သား​အ​လုံး​အ​ရင်း​နှင့်​တ​ကွ၊ ထို​ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 10,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​အ​ခါ သင်​သည် အ​ရာ​ရာ​တို့​ကို အောက်​မေ့၍ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​လျက်၊"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 11,
      "text": "ရွာ​ဇ​န​ပုဒ်​များ​သော​ပြည်၊ မြို့​ရိုး​မ​ရှိ၊ တံ​ခါး​ကျင်​နှင့် တံ​ခါး​မ​ရှိ၊ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​အ​လျှင်း​မ​ရှိ၊ ငြိမ်​ဝပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ ငါ​ချီ​သွား၍၊"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 12,
      "text": "သူ​တို့​ဥ​စ္စာ​ကို လု​ယက်​သိမ်း​ယူ​မည်။ အ​ရင်​ဆိတ်​ညံ၍ ယ​ခု​လူ​နေ​သော အ​ရပ်​တို့​ကို​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​ထဲ​က စု​ဝေး​သ​ဖြင့် တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​ရ​တတ်၍၊ ပြည်​အ​လယ်၌​နေ​သော သူ​တို့​ကို​လည်း​ကောင်း​တိုက်​မည်​ဟု ကြံ​စည်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 13,
      "text": "ရှေ​ဘ​ပြည်​သား၊ ဒေ​ဒန်​ပြည်​သား၊ တာ​ရှု​ကုန်​သည်​များ၊ ခြင်္သေ့​ပျို​အ​ပေါင်း​တို့​က၊ ကိုယ်​တော်​သည် သူ့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​သ​လော။ သူ့​ဥ​စ္စာ​ကို​ဝေ​ငှ၍ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​လည်း​ကောင်း သိမ်း​သွား​လျက်၊ များ​စွာ လု​ယက်​ဖျက်​ဆီး​ခြင်း​ငှာ အ​ပေါင်း​အ​သင်း​ကို စု​ဝေး​စေ​ပြီ​လော​ဟု မေး​မြန်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 14,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဂေါ​ဂ​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​သော​အ​ခါ သင်​သည်​သိ၍၊"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 15,
      "text": "မြင်း​စီး​သော​သူ အ​လုံး​အ​ရင်း​အ​ပေါင်း၊ အား​ကြီး​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ မြောက်​မျက်​နှာ​မှ​ချီ​လာ​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 16,
      "text": "ပြည်​ကို မိုး​အုံ့​သ​ကဲ့​သို့ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တက်၍​တိုက်​လာ​မည်။ နောင်​ကာ​လ​တွင် ငါ၏​ပြည်​တစ်​ဖက်၌ သင့်​ကို ငါ​ဆောင်​ခဲ့​မည် မ​ဟုတ်​လော။ အ​ကြောင်း​မူ​ကား၊ အို ဂေါ​ဂ၊ လူ​အ​မျိုး​မျိုး​တို့​မျက်​မှောက်၌ သင့်​အား​ဖြင့် ငါ​သည်​ချီး​မြှောက်​ရာ​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ငါ့​ကို​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 17,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် စစ်​ချီ​စေ​မည်​ဟု၊ လွန်​လေ​ပြီး​သော​ရှေး​ကာ​လ၌ ပ​ရော​ဖက်​ပြု​သော​ငါ၏​ကျွန် ဣ​သ​ရေ​လ​ပ​ရော​ဖက်​တို့​အား ငါ​သည် ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ သင့်​ကို​ရည်​မှတ်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 18,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​တွင် ဂေါ​ဂ​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​သော​ကာ​လ​အ​ခါ၊ ငါ​သည် ဒေါ​သ​အ​ရှိန်​ထ၍ အ​မျက်​ထွက်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 19,
      "text": "အ​ကယ်​စင်​စစ် ထို​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​ဖြစ်​လိမ့်​မည်​ဟု ငါ၏​ဒေါ​သ​မီး​လောင်​လျက် ငါ​ပြော​ပြီ။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 20,
      "text": "ပင်​လယ်​ငါး၊ မိုး​ကောင်း​ကင်​ငှက်၊ တော​တိ​ရ​စ္ဆာန်​နှင့် မြေ၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်၊ မြေ​ပေါ်​မှာ​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ တုန်​လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​လျက်၊ အ​ဇောက်​မြင့်​သော အ​ရပ်​တို့​သည် လဲ​လျက်၊ အ​လုံး​စုံ​သော​အုတ်​ရိုး ပြုတ်​လျက် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 21,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​တောင်​များ အ​ရပ်​ရပ်​တို့​တွင် သူ့​တစ်​ဖက်၌ ဓား​ကို ငါ​မှာ​လိုက်​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် ဓား​နှင့် ခုတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 22,
      "text": "ငါ​သည် ကာ​လ​နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​အား​ဖြင့် သူ့​ကို​ဒဏ်​ပေး​မည်။ သူ​နှင့် သူ၌​ပါ​သော​တပ်​များ၊ အ​လုံး​အ​ရင်း​များ​အ​ပေါ်​မှာ လွှမ်း​မိုး​သော​မိုး​ရေ၊ ကြီး​သော​မိုး​သီး၊ ကန့်​နှင့်​ရော​သော မီး​မိုး​ကို​ရွာ​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 38,
      "verse": 23,
      "text": "ထို​သို့​ငါ​သည် ကိုယ်​ကို​ချီး​မြှောက်၍ ရို​သေ​ဖွယ်​သော ဂုဏ်​လ​က္ခ​ဏာ​တို့​ကို​ပြ​လျက်၊ များ​စွာ​သော လူ​မျိုး​တို့​ရှေ့​မှာ ထင်​ရှား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 1,
      "text": "သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ဂေါ​ဂ​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရော​ရှ၊ မေ​ရှက်၊ တု​ဗ​လ​ပြည်​တို့​ကို အ​စိုး​ရ​သော အို ဂေါ​ဂ​မင်း၊ ငါ​သည်​သင့်​တစ်​ဖက်၌​နေ၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 2,
      "text": "သင့်​ကို ငါ​လှည့်၍ သွေး​ဆောင်​မည်။ မြောက်​မျက်​နှာ​မှ ချီ​လာ၍ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 3,
      "text": "ထို​အ​ခါ သင့်​လက်​ဝဲ​လက်​မှ လေး​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မှ မြား​တို့​ကို​လည်း​ကောင်း၊ ငါ​ရိုက်၍​ကျ​စေ​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 4,
      "text": "သင်​နှင့် သင်၌​ပါ​သော တပ်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ လဲ၍​သေ​ကြ​လိမ့်​မည်။ သင့်​ကို အ​မျိုး​မျိုး​သော ငှက်​ရဲ၊ သား​ရဲ​တို့ ကိုက်​စား​စ​ရာ​ဖို့ ငါ​အပ်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 5,
      "text": "သင်​သည် လွင်​ပြင်၌​လဲ၍ သေ​လိမ့်​မည်။ ငါ​ပြော​ပြီ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 6,
      "text": "မာ​ဂေါ​ဂ​ပြည်​နှင့် ပင်​လယ်​ကမ်း​နား​မှာ ငြိမ်​ဝပ်​စွာ​နေ​သော သူ​တို့​အ​ပေါ်​သို့ မီး​ကို​ငါ​လွှတ်​လိုက်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 7,
      "text": "ထို​သို့ ငါ၏​နာ​မ​မြတ်​ကို ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ထင်​ရှား​စေ​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် ငါ၏​နာ​မ​မြတ်​ကို မ​ရှုတ်​ချ​ရ​ကြ။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို တစ်​ပါး​အ​မျိုး​သား​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 8,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မှု​ရောက်​လေ​ပြီ။ ပြည့်​စုံ​လေ​ပြီ။ ယ​ခု​နေ့​ရက်​သည် ငါ​မိန့်​မြွက်​နှင့်​ပြီး​သော နေ့​ရက်​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​မြို့​တို့၌​နေ​သော​သူ​တို့​သည် ထွက်​သွား၍၊ စစ်​တိုက်​လက်​နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြား၊ တုတ်၊ လှံ​များ​ကို ခု​နစ်​နှစ်​ပတ်​လုံး မီး​ရှို့​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 10,
      "text": "ထို​ကာ​လတွင် ဥ​ယျာဉ်၌ ထင်း​မ​ခွေ၊ တော၌​မ​ခုတ်​မ​လှဲ၊ စစ်​တိုက်​လက်​နက်​တို့​နှင့် မီး​မွေး​ကြ​လိမ့်​မည်။ ဖျက်​ဆီး​သော​သူ​တို့​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်။ လု​ယူ​သော​သူ​တို့၏ ဥ​စ္စာ​ကို​လည်း​လု​ယူ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 11,
      "text": "ထို​ကာ​လ​တွင် ဣ​သ​ရေ​လ​ပြည်၊ အိုင်​အ​ရှေ့၊ ခ​ရီး​သွား​ရာ​ချိုင့်၌ ထင်​ရှား​သော​သင်္ချိုင်း​ကို ဂေါ​ဂ​အား ငါ​ပေး​မည်။ ခ​ရီ​သွား​သော သူ​တို့​သည် နှာ​ခေါင်း​ကို ပိတ်​ရ​ကြ​လိမ့်​မည်။ ထို​အ​ရပ်၌ ဂေါ​ဂ​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို မြေ၌​မြှုပ်၍၊ ထို​ချိုင့်​သည် ဟာ​မုန်​ဂေါ​ဂ​ချိုင့်​အ​မည်​ဖြင့် တွင်​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 12,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ပြည်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ ခု​နစ်​နှစ်​ပတ်​လုံး မြေ၌​မြှုပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 13,
      "text": "ပြည်​သား​အ​ပေါင်း​တို့​သည် ဝိုင်း၍​မြေ၌​မြှုပ်​သ​ဖြင့်၊ ငါ၏​ဘုန်း​ပွင့်​သော ထို​နေ့​ရက်၌ သူ​တို့​သည်​လည်း ကျော်​စော​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 14,
      "text": "အ​ရပ်​ရပ်​လှည့်​လည်၍ အ​ခြား​သော​ခ​ရီး​သည်​တို့​နှင့် ဝိုင်း​လျက်၊ မြေ​ပေါ်၌​ကြွင်း​သေး​သော အ​သေ​ကောင်​တို့​ကို မြှုပ်၍၊ ထို​ပြည်​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ အ​စဉ်​အ​မှု​စောင့်​သော သူ​တို့​ကို​ရွေး​ကောက်၍ ခန့်​ထား​ရ​ကြ​လိမ့်​မည်။ ထို​သူ​တို့​သည် ခု​နစ်​လ​မ​က​ရှာ​ဖွေ​ကြ​စဉ်​တွင်၊"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 15,
      "text": "လှည့်​လည်၍ ခ​ရီး​သွား​သော​သူ​တို့​သည် အ​သေ​ကောင်၏​အ​ရိုး​ကို​တွေ့​မြင်​လျှင်၊ မြေ၌​မြှုပ်​သော သူ​တို့​သည် ဟာ​မုန်​ဂေါ​ဂ​ချိုင့်၌ မ​မြှုပ်​မီ​တိုင်​အောင်၊ အ​ရိုး၏​အ​နား​မှာ မှတ်​တိုင်​ကို​စိုက်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 16,
      "text": "ထို​အ​ရပ်၌ တည်​သော​မြို့​သည်​လည်း ဟာ​မုန်​မြို့​ဟူ၍​တွင်​သ​ဖြင့်၊ ထို​သို့​ပြည်​တော်​ကို သန့်​ရှင်း​စေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 17,
      "text": "အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ငှက်​အ​မျိုး​မျိုး​တို့​နှင့် မြေ​တိ​ရ​စ္ဆာန်​ခပ်​သိမ်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ စည်း​ဝေး၍​လာ​ကြ​လော့။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၌ သင်​တို့​အ​ဖို့ ငါ​စီ​ရင်​သော​ယဇ်​ပွဲ​ကြီး​သို့ အ​ရပ်​ရပ်​တို့​က​စည်း​ဝေး၍၊ အ​သား​အ​သွေး​ကို သောက်​စား​ခြင်း​ငှာ လာ​ကြ​လော့။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 18,
      "text": "သင်​တို့​သည် အား​ကြီး​သော​သူ​တို့၏​အ​သား၊ လော​ကီ​မင်း​တို့၏​အ​သွေး၊ ဗာ​ရှန်​ပြည်၌ ဆူ​အောင်​ကျွေး​သော သိုး​ထီး၊ ဆိတ်​ထီး၊ နွား​လား​ဥ​သ​ဘ​တို့၏ အ​သား​အ​သွေး​ကို သောက်​စား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 19,
      "text": "သင်​တို့​အ​ဖို့ ငါ​စီ​ရင်​သော​ယဇ်​ပွဲ၌ ဆီ​ဥ​ကို ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အ​သွေး​နှင့် ယစ်​မူး​သည်​တိုင်​အောင် သောက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 20,
      "text": "ထို​သို့​စား​ပွဲ၌ မြင်း၊ မြင်း​စီး​သူ​ရဲ၊ ခွန်​အား​ကြီး​သော​သူ၊ စစ်​တိုက်​သော​သူ​အ​မျိုး​မျိုး​တို့​ကို ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 21,
      "text": "ငါ့​ဘုန်း​ကို​လည်း တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ​ထင်​ရှား​စေ၍၊ ငါ​စီ​ရင်​သော​တ​ရား​မှု​နှင့်၊ သူ​တို့၌ ငါ​တင်​သော​လက်​ကို တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 22,
      "text": "ငါ​သည်​သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​နေ့​မှ​စ၍ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 23,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​အ​မျိုး​တို့​အ​ပြစ်​ကြောင့် သိမ်း​သွား​ခြင်း​ခံ​ရ​ကြောင်း​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့်၊ ငါ​သည် မျက်​နှာ​လွှဲ၍ ရန်​သူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ရ​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 24,
      "text": "သူ​တို့​ညစ်​ညူး​သော​အ​မှု၊ လွန်​ကျူး​ခြင်း​အ​မှု​တို့​အ​တိုင်း ငါ​သည်​ပြု၍ မျက်​နှာ​ကို​လွှဲ​ပြီ။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 25,
      "text": "ဤ​အ​မှု​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော​ယာ​ကုပ်​အ​မျိုး​ကို ငါ​တစ်​ဖန်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ကယ်​မ​သ​နား​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​အ​ဖို့​အ​လို​ငှာ စိတ်​အား​ကြီး​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 26,
      "text": "သူ​တို့​ကို လူ​အ​မျိုး​မျိုး​ထဲ​က ငါ​ခေါ်​ခဲ့၍၊"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 27,
      "text": "ရန်​သူ​နေ​ရာ​ပြည်​တို့​မှ စု​ဝေး​စေ​လျက်၊ သူ​တို့​အား​ဖြင့် များ​စွာ​သော လူ​မျိုး​တို့​ရှေ့​မှာ ငါ​သည်​ချီး​မြှောက်​ခြင်း​သို့ ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကြောက်​စေ​သော​သူ​မ​ရှိ၊ ငြိမ်​ဝပ်​စွာ​နေ​ကြ​စဉ်​တွင် ခံ​ရ​ဖူး​သော​အ​ရှက်​ကွဲ​ခြင်း​နှင့်၊ ငါ့​အား​ပြစ်​မှား​ခြင်း​အ​ပြစ်​များ​ကို အောက်​မေ့​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 28,
      "text": "ငါ​သည် သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့၏​သိမ်း​သွား​ခြင်း​ကို ခံ​စေ​သော​ကြောင့်​လည်း​ကောင်း၊ နောက်​တစ်​ဖန် နေ​ရင်း​ပြည်၌ စု​ဝေး​စေ၍ နေ​ရာ​ချ​သော​ကြောင့်​လည်း​ကောင်း၊ သူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 39,
      "verse": 29,
      "text": "ငါ​သည် ကိုယ်​ဝိ​ညာဉ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါ်​သို့​သွန်း​လောင်း​သော​အ​ခါ၊ သူ​တို့​တွင် တစ်​ယောက်​ကို​မျှ နောက်​တစ်​ဖန် ငါ​မ​စွန့်​ပစ်၊ ငါ့​မျက်​နှာ​ကို​လည်း​မ​လွှဲ​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 1,
      "text": "ငါ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ သ​က္က​ရာဇ်​နှစ်​ဆယ်​ငါး​ခု၊ ပ​ထ​မ​လ​ဆယ်​ရက်​နေ့၊ မြို့​တော်​ကို လုပ်​ကြံ၍၊ တစ်​ဆယ်​လေး​နှစ် စေ့​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ထို​မြို့​သို့​ဆောင်​သွား​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ဣ​သ​ရေ​လ​ပြည်​သို့​ဆောင်​သွား၍၊ အ​လွန်​မြင့်​သော တောင်​ပေါ်​မှာ တင်​ထား​တော်​မူ၏။ ထို​တောင်​အ​နား​မှာ တောင်​ဘက်၌ မြို့​ပုံ​သ​ဏ္ဌာန်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 3,
      "text": "ထို​အ​ရပ်​သို့ ငါ့​ကို ဆောင်​သွား​တော်​မူ​သော​အ​ခါ၊ ကြေး​ဝါ​ကဲ့​သို့​အ​ဆင်း​အ​ရောင်​ရှိ​သော လူ​တစ်​ဦး​သည် တိုင်း​စ​ရာ​ကျူ​လုံး​နှင့် ချည်​ကြိုး​ကို ကိုင်​လျက် မြို့​တံ​ခါး​ဝ​မှာ ရပ်​နေ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 4,
      "text": "ထို​သူ​က၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ စေ့​စေ့​နား​ထောင်​လော့။ ငါ​ပြ​လ​တ္တံ့​သ​မျှ​တို့​ကို နှ​လုံး​သွင်း​လော့။ သင့်​အား ငါ​ပြ​အံ့​သော​ငှာ သင့်​ကို​ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​ပြီ၊ မြင်​သ​မျှ​တို့​ကို​လည်း ဣ​သ​ရေ​လ​အ​မျိုး​အား ပြ​ရ​မည်​ဟု​ဆို၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 5,
      "text": "အိမ်​တော်​ပြင်​ပတ်​လည်၌ တံ​တိုင်း​ရှိ၏။ ထို​သူ​သည် သံ​တောင်​အား​ဖြင့် အ​ရှည်​ခြောက်​တောင်​ရှိ​သော ကျူ​လုံး​ကို ကိုင်​လျက်၊ ထို​တံ​တိုင်း​ကို​တိုင်း၍ အ​ထု​ကျူ​တစ်​ပြန်၊ အ​မြင့်​လည်း ကျူ​တစ်​ပြန်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 6,
      "text": "ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 7,
      "text": "အ​ခန်း​ငယ်​တို့​သည် တစ်​ခန်း​နှင့် တစ်​ခန်း ငါး​တောင်​ကွာ​လျက် အ​လျား​ကျူ​တစ်​ပြန်၊ အ​နံ​လည်း ကျူ​တစ်​ပြန်​စီ​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 8,
      "text": "အ​တွင်း​တံ​ခါး​ခုံ​လည်း အ​နံ​ကျူ​တစ်​ပြန်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 9,
      "text": "တံ​ခါး​မုခ်​ကို​လည်း တိုင်း၍ အ​လျား​ရှစ်​တောင်​ရှိ၏။ မုခ်​တိုင်​အ​မြင့် နှစ်​တောင်​စီ​ရှိ၏။ တံ​ခါး​မုခ်​သည် တံ​ခါး​အ​တွင်း​ဘက်၌ ရှိ​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 10,
      "text": "အ​ရှေ့​တံ​ခါး တစ်​ဖက်​တစ်​ချက်၌ အ​ခန်း​ငယ်​သုံး​ခန်း​စီ​ရှိ၍၊ အ​လျား​အ​နံ​တ​ညီ​တည်း၊ တစ်​ဖက်​တစ်​ချက်၌ တိုင်​အ​မြင့်​လည်း တ​ညီ​တည်း​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 11,
      "text": "တံ​ခါး​ဝ​ကို​လည်း​တိုင်း၍ အ​နံ​ဆယ်​တောင်၊ အ​မြင့်​တစ်​ဆယ်​သုံး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 12,
      "text": "အ​ခန်း​ငယ်​တို့​ရှေ့​မှာ တစ်​ဖက်​တစ်​ချက်၌ ကြမ်း​ပြင်​အ​နံ တစ်​တောင်​ရှိ၏။ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော အ​ခန်း​ငယ်​တို့​သည် အ​လျား​အ​နံ ခြောက်​တောင်​စီ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 13,
      "text": "ထို​နောက်၊ အ​ခန်း​ငယ်​အ​မိုး​စွန်း တစ်​ခု​မှ​သည် တစ်​ခု​တိုင်​အောင် တိုင်း၍ အ​ကျယ်​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။ တံ​ခါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 14,
      "text": "တံ​ခါး​ပတ်​လည် တံ​တိုင်း​အ​တွင်း၊ ထောင့်​တိုင်​အ​ထိ၊ အ​တောင်​ခြောက်​ဆယ်​ကျယ်​အောင် တိုင်​များ​ကို ထား​လေ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 15,
      "text": "ပြင်​တံ​ခါး​ဝ​မှ​သည် အ​တွင်း​တံ​ခါး​မုခ်​ဝ​တိုင်​အောင် အ​တောင်​ငါး​ဆယ်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 16,
      "text": "အ​ခန်း​များ၊ တံ​ခါး​အ​တွင်း​ပတ်​လည်​တိုင်​များ၊ တံ​ခါး​မုခ်​များ အ​တွင်း​ဘက်၌ ကျဉ်း​သော​ပြတင်း​ပေါက်​များ​ရှိ၏။ တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 17,
      "text": "ထို​နောက်၊ ငါ့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ သွင်း၍ အ​ခန်း​များ​ကို ငါ​မြင်၏။ ကျောက်​ခင်း​လည်း​ရှိ၏။ ကျောက်​ခင်း​အ​ပေါ်​မှာ အ​ခန်း​သုံး​ဆယ်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 18,
      "text": "တံ​ခါး​များ အ​စဉ်​အ​တိုင်း​လိုက်၍၊ တံ​ခါး​အ​နား​မှာ ရှိ​သော ကျောက်​ခင်း​သည် အောက်​ကျောက်​ခင်း ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 19,
      "text": "ထို​နောက်၊ အောက်​တံ​ခါး​ဦး​မှ​သည် အ​တွင်း တံ​တိုင်း​ပြင်​ဘက်​ဦး​တိုင်​အောင် တိုင်း၍၊ အ​ရှေ့​မျက်​နှာ၌ အ​တောင်​တစ်​ရာ​ကွာ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 20,
      "text": "တစ်​ဖန် မြောက်​မျက်​နှာ​သို့ ခေါ်​သွား၍၊ ပြင်​တံ​တိုင်း​မြောက်​ဘက်​သို့ မျက်​နှာ​ပြု​သော တံ​ခါး​အ​မြင့်​နှင့် အ​နံ​ကို တိုင်း​လေ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 21,
      "text": "အ​ခန်း​တို့​သည် တစ်​ဖက်​တစ်​ချက်၌ သုံး​ခန်း​စီ​ရှိ၏။ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​တံ​ခါး​ကဲ့​သို့​ဖြစ်၍၊ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 22,
      "text": "ပြတင်း​ပေါက်၊ မုခ်၊ စွန်​ပ​လွံ​ပင်​များ​တို့​သည် အ​ရှေ့​တံ​ခါး​ကဲ့​သို့ ဖြစ်​ကြ၏။ လှေ​ကား​ခု​နစ်​ထစ်​ဖြင့် တံ​ခါး​သို့​တက်​ရ၏။ မုခ်​တို့​သည် လှေ​ကား​နှင့် တစ်​တန်း​တည်း​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 23,
      "text": "အ​ရှေ့​ဘက်၌​ရှိ​သ​ကဲ့​သို့ မြောက်​တံ​ခါး​မျက်​နှာ​ချင်း​ဆိုင်​အ​တွင်း တံ​တိုင်း​တံ​ခါး​ဝ​ရှိ၏။ တံ​ခါး​ဝ​တစ်​ခု​နှင့် တစ်​ခု အ​တောင်​တစ်​ရာ​ကွာ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 24,
      "text": "ထို​နောက်၊ တောင်​မျက်​နှာ​သို့​ခေါ်​သွား၍ တောင်​တံ​ခါး​ကို​ငါ​မြင်၏။ တိုင်​များ၊ မုခ်​များ​ကို​တိုင်း၍ အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 25,
      "text": "အ​ရင်​ပြ​တင်း​ပေါက်​ကဲ့​သို့ ပြတင်း​ပေါက်​များ၊ မုခ်​များ​ရှိ၍၊ အ​လျား​အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 26,
      "text": "လှေ​ကား ခု​နစ်​ထစ်​ဖြင့် တံ​ခါး​သို့​တက်​ရ၏။ မုခ်​တို့​သည် လှေ​ကား​နှင့် တစ်​တန်း​တည်း​ရှိ​ကြ၏။ တစ်​ဖက်​တစ်​ချက်​တိုင်​များ၌ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 27,
      "text": "တောင်​မျက်​နှာ၌ အ​တွင်း​တံ​တိုင်း​တံ​ခါး​ဝ​ရှိ၏။ ထို​မျက်​နှာ၌ တံ​ခါး​ဝ​တစ်​ခု​မှ​သည် တစ်​ခု​တိုင်​အောင်​တိုင်း၍ အ​တောင်​တစ်​ရာ ကွာ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 28,
      "text": "တစ်​ဖန် အ​တွင်း​တံ​တိုင်း​ထဲ​သို့ တောင်​တံ​ခါး​ဖြင့်​သွင်း၍၊ အ​ရင် ပ​မာ​ဏ​နှင့်​အ​ညီ ထို​တံ​ခါး​ကို တိုင်း​လေ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 29,
      "text": "အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား​အ​တောင် ငါး​ဆယ်၊ အ​နံ​နှစ်​ဆယ်​ငါး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 30,
      "text": "ပတ်​လည်၌​ရှိ​သော မုခ်​တို့​သည်​လည်း အ​လျား အ​တောင်​နှစ်​ဆယ်​ငါး​တောင်၊ အ​နံ ငါး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 31,
      "text": "မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့​မျက်​နှာ​ပြု၍၊ တိုင်​များ​အ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား ရှစ်​ထစ်​ဖြင့် တက်​ရ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 32,
      "text": "အ​ရှေ့​ဘက်၌​လည်း အ​တွင်း​တံ​တိုင်း​ထဲ​သို့ သွင်း၍၊ ထို​တံ​ခါး​ကို အ​ရင်​ပ​မာ​ဏ​နှင့်​အ​ညီ တိုင်း​လေ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 33,
      "text": "အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ​တို့​သည် အ​ရင်​ပ​မာ​ဏ​နှင့် တ​ညီ​တည်း​ရှိ​ကြ၏။ တံ​ခါး​ဝ​ပတ်​လည်၌​လည်း​ကောင်း၊ မုခ်​များ၌​လည်း​ကောင်း ပြတင်း​ပေါက်​ရှိ၍၊ အ​လျား အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 34,
      "text": "မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့ မျက်​နှာ​ပြု၍၊ တစ်​ဖက်​တစ်​ချက်​တိုင်​များ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား​ရှစ်​ထစ်​ဖြင့် တက်​ရ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 35,
      "text": "တစ်​ဖန် မြောက်​တံ​ခါး​သို့ ခေါ်​သွား၍ အ​ရင်​ပ​မာ​ဏ​နှင့်​အ​ညီ တိုင်း​လေ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 36,
      "text": "အ​ခန်း​ငယ်​များ၊ တိုင်​များ၊ မုခ်​များ၊ ပတ်​လည်၌ ပြတင်း​ပေါက်​များ​တို့​နှင့် ပြည့်​စုံ၍၊ အ​လျား အ​တောင်​ငါး​ဆယ်၊ အ​နံ နှစ်​ဆယ်​ငါး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 37,
      "text": "မုခ်​တို့​သည် ပြင်​တံ​တိုင်း​သို့ မျက်​နှာ​ပြု၍၊ တစ်​ဖက်​တစ်​ချက်​တိုင်​များ​အ​ပေါ်​မှာ စွန်​ပ​လွံ​ပင်​ပုံ ထု​လျက်​ရှိ၏။ လှေ​ကား​ရှစ်​ထစ်​ဖြင့် တက်​ရ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 38,
      "text": "မီး​ရှို့​သော ယဇ်​ကောင်​ကို ရေ​နှင့် ဆေး​ကြော​စ​ရာ​အ​ခန်း​များ၊ အ​ခန်း​ဝင်​ဝ​များ​တို့​သည် ထို​တံ​ခါး​မုခ်၌ ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 39,
      "text": "မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​ကို သတ်​စ​ရာ​ဖို့၊ တံ​ခါး​မုခ်​အ​တွင်း တစ်​ဖက်​တစ်​ချက်၌ စား​ပွဲ​နှစ်​ခု​စီ ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 40,
      "text": "မြောက်​တံ​ခါး​ဝ​သို့ တက်​ရာ​တံ​ခါး​မုခ်၊ ပြင်​အ​နား တစ်​ဖက်​တစ်​ချက်၌​လည်း စား​ပွဲ​နှစ်​ခု​စီ​ရှိ​သည်​ဖြစ်၍၊"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 41,
      "text": "တံ​ခါး​ဝ တစ်​ဖက်​တစ်​ချက်၌ ယဇ်​ကောင်​ကို​သတ်​စ​ရာ စား​ပွဲ​လေး​ခု​စီ၊ ပေါင်း​ရှစ်​ခု​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 42,
      "text": "မီး​ရှို့​ရာ​ယဇ်​ဖို့ စား​ပွဲ​လေး​ခု​တို့​သည် ဆစ်​သော​ကျောက်​ဖြင့်​ပြီး၍၊ အ​လျား တစ်​တောင်​တစ်​ထွာ၊ အ​နံ တစ်​တောင်​တစ်​ထွာ၊ အ​မြင့် တစ်​တောင်​ရှိ၏။ ထို​စား​ပွဲ​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​စ​ရာ​တန်​ဆာ​များ​ကို တင်​ထား​ရ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 43,
      "text": "စား​ပွဲ​အ​ပေါ်​ပတ်​လည်၌ အ​ကျယ် လက်​တစ်​ဝါး​ရှိ​သော အ​နား​ပတ်​တပ်​လျက်​ရှိ၍၊ ပူ​ဇော်​စ​ရာ​ယဇ်​သား​ကို တင်​ထား​ရ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 44,
      "text": "အ​တွင်း​တံ​ခါး​ပြင်​မှာ အ​တွင်း​တံ​တိုင်း၌ အ​ခန်း​နှစ်​ခု​ကို ငါ​မြင်၏။ တစ်​ခန်း​ကား၊ မြောက်​တံ​ခါး​အ​နား​မှာ​ရှိ၍ တောင်​ဘက်​သို့ မျက်​နှာ​ပြု၏။ တစ်​ခန်း​ကား၊ တောင်​တံ​ခါး​အ​နား​မှာ​ရှိ၍ မြောက်​ဘက်​သို့​မျက်​နှာ​ပြု၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 45,
      "text": "တောင်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ အိမ်​တော်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့၊"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 46,
      "text": "မြောက်​ဘက်​သို့​မျက်​နှာ​ပြု​သော ဤ​အ​ခန်း​ကား၊ ယဇ်​ပ​လ္လင်​အ​မှု​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် နေ​စ​ရာ​ဖို့ ဖြစ်၏။ ထို​သူ​တို့​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​မှု​တော်​ကို​ဆောင်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​တွင်​ရွေး​ကောက်​သော ဇာ​ဒုတ်​သား​ပေ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 47,
      "text": "ထို​အ​ခါ တံ​တိုင်း​ကို​တိုင်း၍ အ​လျား အ​တောင်​တစ်​ရာ၊ အ​နံ အ​တောင်​တစ်​ရာ စ​တု​ရန်း​ရှိ၏။ ယဇ်​ပ​လ္လင်​သည် အိမ်​တော်​ရှေ့​မှာ တည်၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 48,
      "text": "အိမ်​တော်​ဦး​သို့​ခေါ်၍ တံ​ခါး​ဝ​နှစ်​ဖက်​ကို​တိုင်း​လျှင်၊ အ​ကျယ် ငါး​တောင်​စီ​ရှိ၏။ တံ​ခါး​ရွက်​နှစ်​ဖက်၊ အ​နံ သုံး​တောင်​စီ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 40,
      "verse": 49,
      "text": "အိမ်​တော်​ဦး​အ​လျား​ကား အ​တောင်​နှစ်​ဆယ်၊ အ​နံ​ကား တစ်​ဆယ်​တစ်​တောင်​ရှိ၏။ လှေ​ကား​ဆယ်​ထစ်​ဖြင့် တက်​ရ၏။ အိမ်​တော်​ဦး​အ​နား၊ တစ်​ဖက်​တစ်​ချက်၌ တိုင်​တစ်​လုံး​စီ​တည်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 1,
      "text": "ထို​နောက်​မှ ဗိ​မာန်​တော်သို့​ခေါ်၍ တံ​ခါး​တိုင်​တို့​ကို​တိုင်း​လျှင်၊ နှစ်​ဖက်၌ တံ​ခါး​တိုင်​ထု​သည် ဗိ​မာန်​တော်​ထု​နှင့်​အ​မျှ ခြောက်​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 2,
      "text": "ဗိ​မာန်​တော်​တံ​ခါး​ဝ​အ​ကျယ်​ကား ဆယ်​တောင်​ရှိ၏။ တံ​ခါး​ဝ​တစ်​ဖက်​နှင့် တစ်​ဖက်​လည်း ငါး​တောင်​စီ​ကျယ်၏။ ဗိ​မာန်​တော်​ကို​တိုင်း၍၊ အ​လျား​ကား အ​တောင်​လေး​ဆယ်၊ အ​နံ​ကား အ​တောင်​နှစ်​ဆယ်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 3,
      "text": "ထို​နောက်၊ အ​ထဲ​သို့​ဝင်၍ အ​ရာ​ရာ​တို့​ကို​တိုင်း​လျှင်၊ တံ​ခါး​တိုင် နှစ်​တောင်၊ တံ​ခါး​ဝ​ခြောက်​တောင်၊ တံ​ခါး​ဝ တစ်​ဖက်​တစ်​ချက် ခု​နစ်​တောင်​စီ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 4,
      "text": "ထို​အ​ခန်း​သည် ဗိ​မာန်​တော်​အ​နံ​နှင့် တ​ညီ​တည်း​ဖြစ်​လျက်၊ အ​လျား​အ​တောင်​နှစ်​ဆယ်၊ အ​နံ​လည်း အ​တောင်​နှစ်​ဆယ်​ရှိ​သည်​ကို တိုင်း၍၊ ဤ​အ​ခန်း​ကား အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 5,
      "text": "ထို​နောက်၊ အိမ်​တော်​ထ​ရံ​ကို​တိုင်း၍ အ​ထု​ခြောက်​တောင်​ရှိ၏။ အိမ်​တော်​ပတ်​လည် ထ​ရံ​အ​ခန်း​တို့​သည် အ​နံ လေး​တောင်​စီ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 6,
      "text": "ထ​ရံ​အ​ခန်း​တို့​သည် အ​စဉ်​အ​တိုင်း​သုံး​ဆယ်၊ အ​ဆင့်​သုံး​ဆင့်​ပေါင်း သုံး​ဆယ်​သုံး​လီ​ရှိ​ကြ၏။ ထို​အ​ခန်း​တို့​သည် အိမ်​တော်​ထ​ရံ​ထဲ​သို့ မ​ဝင်​ဘဲ ထ​ရံ​အောက်​ပိုင်း​ထွက်​သော​ခြေ​အ​ပေါ်​မှာ မှီ​နေ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 7,
      "text": "ထ​ရံ​အ​ခန်း​အောက်​ဆင့်​မှ​သည် ဒု​တိ​ယ​အ​ဆင့်​သို့​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ဆင့်​မှ​သည် တ​တိ​ယ​အ​ဆင့်​သို့​လည်း​ကောင်း တက်​သည်​အ​တိုင်း၊ အိမ်​တော်​ထ​ရံ​ပတ်​လည် တစ်​လျှောက်​လုံး ဆက်​ကာ​ဆက်​ကာ ဆုတ်၍၊ အ​ခန်း​နေ​ရာ​သည် အ​စဉ်​အ​တိုင်း ကျယ်​လျက် အ​ဆင့်​ဆင့်​တက်၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 8,
      "text": "အိမ်​တော်​အ​ထက်​ပိုင်း​ပတ်​လည်၌ အ​မြင့်​ဆုံး​သော ထ​ရံ​အ​ခန်း​တို့​သည် ခြောက်​တောင်​ရှည်​သော ကျူ​တစ်​ပြန်​မျှ ကျယ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 9,
      "text": "ထ​ရံ​အ​ခန်း​ပြင်​ဘက်၌ ကာ​သော​ထ​ရံ​သည် အ​ထု​ငါး​တောင်​ရှိ၏။ ကျန်​ကြွင်း​သော​အ​ရပ်​သည် ထ​ရံ​အ​ခန်း​တို့​နှင့် ဆိုင်၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 10,
      "text": "အိမ်​တော်​ပတ်​လည်၌ ထ​ရံ​အ​ခန်း​တို့​သည် အိမ်​တော်​တံ​တိုင်း​အ​ခန်း​တို့​နှင့် အ​တောင်​နှစ်​ဆယ်​ကွာ​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 11,
      "text": "ထ​ရံ​အ​ခန်း​တို့​သည် ကျန်​ကြွင်း​သော​အ​ရပ်​သို့​ဖွင့်၍ မြောက်​ဘက်​သို့​လည်း​ကောင်း၊ တောင်​ဘက်​သို့​လည်း​ကောင်း မျက်​နှာ​ပြု​ကြ၏။ ကျန်​ကြွင်း​သော​အ​ရပ်​သည် ပတ်​လည်၌ အ​နံ​ငါး​တောင်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 12,
      "text": "လွတ်​လပ်​သော အ​ရပ်​ကို​ပိတ်၍ အ​နောက်​ဘက်၌​ရှိ​သော တံ​တိုင်း​သည် အ​လျား အ​တောင်​ခု​နစ်​ဆယ်​ရှိ၍၊ အိမ်​တော်​ပတ်​လည် တံ​တိုင်း​သည်​လည်း အ​ထု​ငါး​တောင်၊ အ​လျား​အ​တောင်​ကိုး​ဆယ်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 13,
      "text": "ထို​သို့ အိမ်​တော်​ကို​တိုင်း၍ လွတ်​လပ်​သော​အ​ရပ်၊ အိမ်​တော်​ထ​ရံ၊ တံ​တိုင်း​ပါ​လျက် အ​လျား အ​တောင်​တစ်​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 14,
      "text": "အ​ရှေ့​မျက်​နှာ၌ လွတ်​လပ်​သော​အ​ရပ်​ပါ​လျက်၊ အိမ်​တော်​ဦး​အ​တိုင်း​အ​ရှည်​လည်း အ​တောင်​တစ်​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 15,
      "text": "လွတ်​လပ်​သော​အ​ရပ်၌ ကာ​သော​ရှေ့​တံ​တိုင်း​နှင့် နောက်​တံ​တိုင်း​ကို တိုင်း၍၊ တစ်​ဖက်​တစ်​ချက်၌​ရှိ​သော ထ​ရံ​အ​ခန်း​ပါ​လျက် အ​လျား​အ​တောင်​တစ်​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 16,
      "text": "အ​တွင်း​ဗိ​မာန်​နှင့် တံ​တိုင်း​မုခ်​များ၊ တံ​ခါး​ခုံ​များ၊ ကျဉ်း​သော​ပြတင်း​ပေါက်​များ၊ တံ​ခါး​ခုံ​ရှိ​သ​မျှ တစ်​ဖက်​တစ်​ချက်​သုံး​ဆင့်​ရှိ​သော ထ​ရံ​အ​ခန်း​နံ​ရံ​များ​တို့​သည် မြေ​မှ​ပြတင်း​ပေါက်​တိုင်​အောင် ပျဉ်​ပြား​နှင့် ဖုံး​အုပ်​လျက်​ရှိ၏။ ပြတင်း​ပေါက်​တို့​သည်​လည်း ကွယ်​ကာ​လျက် ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 17,
      "text": "တံ​ခါး​ပေါက်​ရှိ​သ​မျှ​အ​ထက်၊ အ​တွင်း​ဗိ​မာန်​ပြင်​ဘက်၊ အိမ်​တော်​အ​တွင်း​ပြင် ထ​ရံ​ပတ်​လည်၌ ခေ​ရု​ဗိမ်​နှင့် စွန်​ပ​လွံ​ပင်​ပုံ​ထု၍၊"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 18,
      "text": "ခေ​ရု​ဗိမ်​နှစ်​ခု​ကြား​မှာ စွန်​ပ​လွံ​ပင်​တစ်​ခု​စီ​ရှိ၏။ ခေ​ရု​ဗိမ်​တစ်​ခု၌ မျက်​နှာ​နှစ်​ခု​စီ​ပါ​လျက်၊"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 19,
      "text": "စွန်​ပ​လွံ​ပင်​နှစ်​ခု​ကြား​မှာ တစ်​ဖက်၌​လူ​မျက်​နှာ၊ တစ်​ဖက်၌ ခြင်္သေ့​မျက်​နှာ​ကို ပြ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 20,
      "text": "ထို​သို့ အိမ်​တော်​ပတ်​လည်၊ မြေ​မှ​သည် တံ​ခါး​ပေါက်​အ​ထက်​တိုင်​အောင် ဗိ​မာန်​တော်​ထ​ရံ၌ ခေ​ရု​ဗိမ်​နှင့် စွန်​ပ​လွံ​ပင် အ​ရုပ်​ထု​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 21,
      "text": "ဗိ​မာန်​တော်​တိုင်​တို့​သည် လေး​ထောင့်​ဖြစ်​ကြ၏။ သန့်​ရှင်း​ရာ​ဌာ​န​နှင့် မျက်​နှာ​ချင်း​တူ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 22,
      "text": "သစ်​သား​ယဇ်​ပ​လ္လင်​သည် အ​မြင့်​သုံး​တောင်၊ အ​လျား​နှစ်​တောင်၊ အ​နံ​နှစ်​တောင်​ရှိ၏။ ပ​လ္လင်​ထောင့်၊ ဖိ​နပ်၊ နံ​ရံ​တို့​သည် သစ်​သား​ဖြင့်​ပြီး​ကြ၏။ ဤ​စား​ပွဲ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ တင်​သော စား​ပွဲ​ပေ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 23,
      "text": "ဗိ​မာန်​တော်​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌ တံ​ခါး​ပေါက် တစ်​ပေါက်​စီ​ရှိ၍၊"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 24,
      "text": "တံ​ခါး​တို့​သည်​လည်း တပ်​သော တံ​ခါး​ရွက်​နှစ်​ရွက်​စီ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 25,
      "text": "ဗိ​မာန်​တော်​ထ​ရံ၌​ထု​သ​ကဲ့​သို့ တံ​ခါး​ရွက်​တို့၌ ခေ​ရု​ဗိမ်​နှင့် စွန်​ပ​လွံ​ပင်​ပုံ​ထု​လျက်​ရှိ၏။ မုခ်​ဦး​အ​ထက်​မှာ ထုပ်​တင်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 41,
      "verse": 26,
      "text": "မုခ်​နံ​ရံ၊ အိမ်​တော်​အ​ခန်း​ထ​ရံ​တို့​သည် ထုပ်​များ၊ ကျဉ်း​သော ပြတင်း​ပေါက်​များ၊ စွန်​ပ​လွံ​ပင်​များ​နှင့် ပြည့်​စုံ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 1,
      "text": "ထို​နောက်​မှ မြောက်​လမ်း​ဖြင့် ပြင်​တံ​တိုင်း​ထဲ​သို့ ခေါ်​သွား၍၊ အိမ်​တော်​မြောက်​ဘက်၊ လွတ်​လပ်​သော အ​ရပ်​ရှေ့​မှာ​ရှိ​သော အ​ခန်း​များ​ကို ပြ​လေ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 2,
      "text": "ထို​အ​ခန်း​တို့​သည် မြောက်​တံ​ခါး​အ​ထိ၊ အ​လျား အ​တောင်​တစ်​ရာ၊ အ​နံ အ​တောင်​ငါး​ဆယ်​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 3,
      "text": "အ​တောင်​နှစ်​ဆယ်​ရှိ​သော အ​တွင်း​တံ​တိုင်း​ရှေ့၊ ပြင်​တံ​တိုင်း ကျောက်​ခင်း​ရှေ့​တွင် တစ်​ဖက်​တစ်​ချက်၌ နံ​ရံ​အ​ခန်း သုံး​ဆင့်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 4,
      "text": "ထို​အ​ခန်း​များ​ရှေ့​မှာ တစ်​တောင်​ကျယ်​သော လမ်း​နှင့်​တ​ကွ အ​တွင်း​ဘက်​သို့​ဝင်၍၊ အ​နံ ဆယ်​တောင်​ရှိ​သော စင်္ကြံ​ရှိ၏။ အ​ခန်း​တံ​ခါး​တို့​သည် မြောက်​ဘက်​သို့ မျက်​နှာ​ပြု​ကြ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 5,
      "text": "အ​ထက်​ခန်း​တို့​သည် ကျဉ်း​ကြ၏။ သူ​တို့၏​ကြမ်း​ပြင်​သည် အောက်​ခန်း​ကြမ်း​ပြင်၊ အ​လယ်​ခန်း ကြမ်း​ပြင်​နှင့်​မ​ညီ၊ အ​ထဲ​သို့​ဝင်​လျက် ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ခန်း​သုံး​ဆင့်​ရှိ​သော်​လည်း၊ ထို​အ​ခန်း​တို့​သည် အ​ခြား​တံ​တိုင်း​ကဲ့​သို့ တိုင်​မ​ရှိ၊ သို့​ဖြစ်၍၊ အောက်​ခန်း​နှင့် အ​လယ်​ခန်း​ထက် သာ၍​ကျဉ်း​ကြ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 7,
      "text": "ထို​အ​ခန်း​များ တစ်​ဖက်​တစ်​ချက်၊ ပြင်​တံ​တိုင်း​ဘက်​မှာ အ​ခန်း​များ​ရှေ့၌​ကာ​သော နံ​ရံ​သည် အ​လျား အ​တောင်​ငါး​ဆယ်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 8,
      "text": "ပြင်​တံ​တိုင်း​နှင့် ဆိုင်​သော​အ​ခန်း​တို့​သည် အ​လျား အ​တောင်​ငါး​ဆယ်​ရှိ​ကြ၏။ ဗိ​မာန်​တော်​ရှေ့​မှာ အ​လျား​သည် အ​တောင်​တစ်​ရာ ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 9,
      "text": "ပြင်​တံ​တိုင်း​မှ​လာ၍၊ ထို​အ​ခန်း​များ​ခြေ​ရင်း အ​ရှေ့​ဘက်၌ ဝင်​ရာ​လမ်း​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 10,
      "text": "အိမ်​တော်​တောင်​ဘက်၊ လွတ်​လပ်​သော​အ​ရပ်​ကို​ကာ​သော တံ​တိုင်း​နံ​ရံ၌​လည်း အ​ခန်း​များ​ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 11,
      "text": "ထို​အ​ခန်း​စု​ရှေ့​မှာ ရှိ​သော​စင်္ကြံ​မှ​စ၍ အ​ခန်း​အ​လျား​အ​နံ၊ ထွက်​ရာ​ဝင်​ရာ တံ​ခါး​ရှိ​သ​မျှ​တို့​သည် မြောက်​အ​ခန်း​စု​နှင့် ပုံ​သ​ဏ္ဌာန်​တူ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 12,
      "text": "တောင်​ခန်း​တံ​ခါး​တို့​သည်​လည်း မြောက်​ခန်း​တံ​ခါး​တို့​နှင့် တူ​သည်​ဖြစ်၍၊ တံ​တိုင်း​တစ်​ဖက်​တစ်​ချက်၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော စင်္ကြံ​ဦး၌ ဝင်​ရာ​တံ​ခါး​ဝ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 13,
      "text": "တိုင်း​သော​သူ​က​လည်း၊ လွတ်​လပ်​သော​အ​ရပ်​ရှေ့​မှာ မြောက်​ခန်း​နှင့် တောင်​ခန်း​တို့​သည် သန့်​ရှင်း​သော​အ​ခန်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ​ကို စား​ရ​သော​အ​ခန်း ဖြစ်​ကြ၏။ ထို​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့် အ​လွန်​သန့်​ရှင်း​သော​အ​ရာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တို့​ကို ထား​ရာ​အ​ရပ်​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 14,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝင်​သော​အ​ခါ အ​မှု​တော်​ဆောင် အ​ဝတ်​ကို​ဝတ်​လျက်၊ သန့်​ရှင်း​သော​အ​ရပ်​မှ ပြင်​တံ​တိုင်း​သို့ မ​ထွက်​ရ။ ထို​အ​ဝတ် သန့်​ရှင်း​သော​ကြောင့် ချွတ်​ထား၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ပြီး​မှ၊ လူ​များ​ရှိ​ရာ​သို့ ထွက်​သွား​ရ​ကြ​မည်​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 15,
      "text": "အ​တွင်း​ဗိ​မာန်​တော်​ကို တိုင်း​ပြီး​သည်​နောက်၊ အ​ရှေ့​တံ​ခါး​ပြင်​သို့ ခေါ်​သွား၍၊"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 16,
      "text": "တိုင်း​စ​ရာ​ကျူ​လုံး​နှင့် အ​ရှေ့​မျက်​နှာ​ကို​တိုင်း​လျှင် ကျူ​လုံး​အ​ပြန် ငါး​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 17,
      "text": "မြောက်​မျက်​နှာ​ကို​တိုင်း​လျှင်​လည်း ကျူ​လုံး အ​ပြန်​ငါး​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 18,
      "text": "တောင်​မျက်​နှာ​ကို​တိုင်း​လျှင်​လည်း ကျူ​လုံး အ​ပြန်​ငါး​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 19,
      "text": "အ​နောက်​မျက်​နှာ​ကို​တိုင်း​လျှင်​လည်း ကျူ​လုံး အ​ပြန်​ငါး​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 42,
      "verse": 20,
      "text": "လေး​မျက်​နှာ​ကို​တိုင်း၍ ပတ်​လည်၌​ရှိ​သော တံ​တိုင်း​သည် သန့်​ရှင်း​သော​အ​ရပ်၊ မ​သန့်​ရှင်း​သော​အ​ရပ်​တို့​ကို ပိုင်း​ခြား​လျက်၊ အ​လျား အ​ပြန်​ငါး​ရာ၊ အ​နံ​လည်း အ​ပြန်​ငါး​ရာ​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 1,
      "text": "ထို​နောက်​မှ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော တံ​ခါး​ဝ​သို့ တစ်​ဖန်​ခေါ်​သွား၏။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 2,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ဘုန်း​တော်​သည် အ​ရှေ့​မျက်​နှာ​မှ​လာ၍၊ အ​သံ​သည် သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။ ရောင်​ခြည်​တော်​အား​ဖြင့် မြေ​တစ်​ပြင်​လုံး လင်း၏။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 3,
      "text": "ငါ​မြင်​သော ရူ​ပါ​ရုံ​သည် မြို့​တော်​ကို​ဖျက်​ဆီး​ခြင်း​ငှာ လာ​သော​အ​ခါ၊ ငါ​မြင်​သော ရူ​ပါ​ရုံ​နှင့်​တူ၏။ ထင်​ရှား​သော​အ​ရာ​တို့​သည် ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော အ​ရာ​များ​ကဲ့​သို့​ဖြစ်၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် အ​ရှေ့​ဘက်​သို့ မျက်​နှာ​ပြု​သော တံ​ခါး​လမ်း​ဖြင့် အိမ်​တော်​ထဲ​သို့ ဝင်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 5,
      "text": "ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​လျက် အ​တွင်း​တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် တစ်​အိမ်​လုံး​ကို ဖြည့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 6,
      "text": "အ​ရင်​လူ​သည် ငါ့​အ​နား​မှာ​ရပ်​နေ​လျက်၊ အိမ်​တော်​ထဲ​က ငါ့​အား မိန့်​တော်​မူ​သော​အ​သံ​ကို ငါ​ကြား​သည်​ကား၊"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 7,
      "text": "အ​ချင်း​လူ​သား၊ ဤ​အ​ရပ်​သည် ငါ့​ပ​လ္လင်​တည်​ရာ အ​ရပ်၊ ငါ့​ခြေ​ဖ​ဝါး နင်း​မြဲ​အ​ရပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် အ​စဉ်​အ​မြဲ ငါ့​နေ​ရာ​အ​ရပ် ဖြစ်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​များ​နှင့် အ​မျိုး​သား​များ​တို့​သည် မှား​ယွင်း​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ရှင်​ဘု​ရင်၏​အ​သေ​ကောင်​အား​ဖြင့်​လည်း​ကောင်း မြင့်​ရာ​အ​ရပ်​တို့၌ ငါ၏​နာ​မ​တော်​မြတ်​ကို နောက်​တစ်​ဖန် မ​ရှုတ်​ချ​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 8,
      "text": "သူ​တို့​တံ​ခါး​ခုံ​ကို​လည်း ငါ့​တံ​ခါး​ခုံ​အ​နား​မှာ​လည်း​ကောင်း၊ သူ​တို့​တိုင်​ကို​လည်း ငါ့​တိုင်​အ​နား​မှာ​လည်း​ကောင်း တည်​စိုက်​လျက်၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ နံ​ရံ​တစ်​ခု​တည်း​သာ​ရှိ​လျက်၊ သူ​တို့ ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ဖြင့်၊ ငါ၏​နာ​မ​တော်​မြတ်​ကို ရှုတ်​ချ​သော​ကြောင့်၊ ငါ​သည်​အ​မျက်​ထွက်၍ သူ​တို့​ကို ဖျက်​ဆီး​ပြီ။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 9,
      "text": "ယ​ခု​မူ​ကား၊ သူ​တို့​မှား​ယွင်း​ခြင်း​အ​မှု​များ​နှင့် ရှင်​ဘု​ရင်၏​အ​သေ​ကောင်​များ​ကို ငါ​မှ​ဝေး​စွာ ပယ်​ရှား​ကြ​စေ။ ငါ​သည်​လည်း သူ​တို့​တွင် အ​စဉ်​အ​မြဲ​နေ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 10,
      "text": "အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ရှက်​ကြောက်​စေ​ခြင်း​ငှာ အိမ်​တော်​ကို​ပြ​လော့။ အိမ်​တော်​ပုံ​ကို သူ​တို့​တိုင်း​ကြ​စေ​လော့။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 11,
      "text": "သူ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​မှု​များ​ကြောင့် အ​မှန်​ရှက်​ကြောက်​လျှင်၊ အိမ်​ပုံ​သ​ဏ္ဌာန်​နှင့် ထွက်​ရာ​ဝင်​ရာ တံ​ခါး​ဝ​များ၊ ကျင့်​ရ​သ​မျှ​သော​ထုံး​စံ​များ၊ စီ​ရင်​ထုံး​ဖွဲ့​ချက် တ​ရား​အ​လုံး​စုံ​တို့​ကို​ပြ​လော့။ သူ​တို့​သည် ထုံး​စံ​များ​နှင့် စီ​ရင်​ထုံး​ဖွဲ့​ချက် အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​စေ​ခြင်း​ငှာ သူ​တို့​ရှေ့​မှာ ရေး​ထား​လော့။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 12,
      "text": "တောင်​ထိပ်​ပေါ်​မှာ​တည်​သော အိမ်​တော်၏​တ​ရား​ဟူ​မူ​ကား၊ အိမ်​တော်​နယ်​နိ​မိတ်​ရှိ​သ​မျှ​တို့​သည် အ​လွန်​သန့်​ရှင်း​ရ​ကြ​မည်။ ဤ​ရွေ့​ကား၊ အိမ်​တော်၏​တ​ရား​ပေ​တည်း။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 13,
      "text": "ယဇ်​ပ​လ္လင်​အ​တိုင်း အ​ရှည်​ကား၊ သံ​တောင်​ဖြင့် တိုင်း​လျှင်၊ ဖိ​နပ်​အ​မြင့်​တစ်​တောင်၊ အ​ကျယ်​တစ်​တောင်၊ ပတ်​လည်​အ​နား​ပတ် အ​ကျယ်​တစ်​ထွာ​ရှိ၍၊ ယဇ်​ပ​လ္လင် ပြင်​ဘက်၌ တည်​ရ၏။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 14,
      "text": "အောက်​အ​ထစ်​သည် မြေ​နှင့်​နှစ်​တောင်​ကွာ၍ အ​ကျယ်​တစ်​တောင်​ရှိ​ရ​မည်။ ငယ်​သော​အ​ထစ်​နှင့် ကြီး​သော​အ​ထစ်​သည် လေး​တောင်​ကွာ၍ အ​ကျယ်​တစ်​တောင် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 15,
      "text": "ယဇ်​ပ​လ္လင်​အ​မြင့်​သည်​လည်း လေး​တောင်​ရှိ​ရ​မည်။ ဦး​ချို​လေး​ချောင်း​လည်း တက်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 16,
      "text": "ယဇ်​ပ​လ္လင်​သည် စ​တု​ရန်း​ဖြစ်၍၊ အ​လျား တစ်​ဆယ်​နှစ်​တောင်၊ အ​နံ​လည်း တစ်​ဆယ်​နှစ်​တောင် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 17,
      "text": "အောက်​အ​ထစ်​သည်​လည်း စ​တု​ရန်း​ဖြစ်၍ အ​လျား တစ်​ဆယ်​လေး​တောင်၊ အ​နံ​လည်း တစ်​ဆယ်​လေး​တောင် ရှိ​ရ​မည်။ အ​နား​ပတ်​သည်​လည်း အ​ကျယ်​တစ်​ထွာ​ရှိ​ရ​မည်။ ဖိ​နပ်​သည် ယဇ်​ပ​လ္လင်​ပတ်​လည်၌ တစ်​တောင်​ထွက်၍၊ တက်​ရာ​လမ်း​သည် အ​ရှေ့​သို့ မျက်​နှာ​ပြု​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 18,
      "text": "တစ်​ဖန် အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍ အ​သွေး​ကို​ဖျန်း​ဖို့​ရာ၊ ယဇ်​ပ​လ္လင်​ကို​တည်​သော​နေ့၌ ကျင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 19,
      "text": "အ​မှု​တော်​ကို​ဆောင်၍ ငါ့​ထံ​သို့ ချဉ်း​ကပ်​သော လေ​ဝိ​အ​မျိုး၊ ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အား အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့၊ ပျို​သော​နွား​ထီး​တစ်​ကောင်​ကို အပ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 20,
      "text": "နွား​အ​သွေး​အ​ချို့​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို လေး​ချောင်း၊ အ​ထစ်​လေး​ထောင့်၊ အ​နား​ပတ်​ကို​လူး​သော​အား​ဖြင့် သန့်​ရှင်း​စင်​ကြယ်​စေ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 21,
      "text": "အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ကောင်​ကို​ယူ၍ သန့်​ရှင်း​ရာ​ဌာ​န​ပြင်၊ ဗိ​မာန်​တော်​အ​တွင်း​တွင် ခန့်​ထား​သော​အ​ရပ်၌ မီး​ရှို့​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 22,
      "text": "ဒု​တိ​ယ​နေ့၌​လည်း အ​ပြစ်​မ​ရှိ​သော ဆိတ်​သ​ငယ်​ကို​ယူ၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။ ယဇ်​ပ​လ္လင်​ကို နွား​အ​သွေး​နှင့် သန့်​ရှင်း​စေ​သ​ကဲ့​သို့ ဆိတ်​အ​သွေး​နှင့် သန့်​ရှင်း​စေ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 23,
      "text": "ထို​သို့​ယဇ်​ပ​လ္လင်​ကို သန့်​ရှင်း​စေ​ပြီး​သည်​နောက်၊ အ​ပြစ်​မ​ရှိ၊ ပျို​သော​နွား​ထီး​နှင့် အ​ပြစ်​မ​ရှိ​သော ဆိတ်​ထီး​ကို ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 24,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဆား​ကို​တင်​လျက်၊ ထို​ယဇ်​ကောင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့၍ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 25,
      "text": "ခု​နစ်​ရက်​ပတ်​လုံး တစ်​နေ့​တစ်​နေ့​လျှင်၊ ဆိတ်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ အ​ပြစ်​မ​ရှိ၊ ပျို​သော​နွား​ထီး​တစ်​ကောင်​နှင့် သိုး​ထီး​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 26,
      "text": "ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ကို သန့်​ရှင်း​စင်​ကြယ်​စေ၍၊ ကိုယ်​ကို​လည်း ယဇ်​ပု​ရာ​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 43,
      "verse": 27,
      "text": "ခု​နစ်​ရက်​စေ့​သော​နောက် အ​ဋ္ဌ​မ​နေ့၌​လည်း​ကောင်း၊ ထို​နေ့​မှ​စ၍​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ သင်​တို့​မီး​ရှို့​ရာ​ယဇ်​များ​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို ပူ​ဇော်​ရ​ကြ​မည်။ ငါ​သည်​လည်း၊ သင်​တို့​လက်​ခံ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 1,
      "text": "ထို​နောက်၊ သန့်​ရှင်း​ရာ​အ​ရပ်​အ​ရှေ့​သို့ မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​သို့​ဆောင်​သွား၍၊ ထို​တံ​ခါး​သည် ပိတ်​လျက်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​တံ​ခါး​ကို​မ​ဖွင့်​ဘဲ ပိတ်​ထား​လျက်​ရှိ​ရ​မည်။ လူ​များ​မ​ဝင်​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဝင်​တော်​မူ​သော​ကြောင့် ပိတ်​ထား​လျက်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 3,
      "text": "မင်း​သား​အ​ဖို့​ဖြစ်၏။ မင်း​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ထို​တံ​ခါး​ဝ​မှာ ထိုင်​ရ​လိမ့်​မည်။ မင်း​သား​သည် ထို​တံ​ခါး​မုခ်​ဖြင့် ထွက်​ဝင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 4,
      "text": "ထို​အ​ခါ အိမ်​တော်​ရှေ့၊ မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ဆောင်​သွား၍ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို ဖြည့်​တော်​မူ​သ​ဖြင့်၊ ငါ​သည်​ပျပ်​ဝပ်​လျက်​နေ၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု၍ မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ရှိ​သ​မျှ​တို့​ကို နား​ထောင်​လော့။ အိမ်​တော်​ဝင်​ရာ​တံ​ခါး​ဝ​နှင့် သန့်​ရှင်း​ရာ​ဌာ​န​မှ ထွက်​ရာ​တံ​ခါး​ဝ​ရှိ​သ​မျှ​တို့​ကို စေ့​စေ့​မှတ်​လော့။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 6,
      "text": "ပုန်​ကန်​တတ်​သော​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 7,
      "text": "သင်​တို့​သည် ငါ့​ဘော​ဇဉ်​တည်း​ဟူ​သော ဆီ​ဥ​နှင့်​အ​သွေး​ကို ပူ​ဇော်​သော​အ​ခါ၊ ငါ့​ဗိ​မာန်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သွင်း၍​နေ​ရာ​ချ​သ​ဖြင့်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​ကို​ပြု​မိ​သည်​ဖြစ်၍၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​အား​ဖြင့် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 8,
      "text": "ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို မ​စောင့်။ ထို​ဌာ​န၌ စောင့်​သော​သူ​တို့​ကို ကိုယ်​အ​လို​အ​လျောက်​ခန့်​ထား​ကြ​ပြီ။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 9,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​နေ၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ မ​ဝင်​ရ။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​ပြီး​လျှင်၊ မိ​မိ​တို့​ရုပ်​တု​များ​နောက်​သို့ လိုက်​သွား​သော​အ​ခါ၊ ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော လေ​ဝိ​သား​တို့​သည်​လည်း ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 11,
      "text": "သို့​ရာ​တွင်၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​ဆိုင်​သော​အ​မှု​စောင့်​ဖြစ်၍၊ ဗိ​မာန်​တော်၌​တံ​ခါး​တို့​ကို စောင့်​လျက်၊ အ​မှု​တော်​ကို ဆောင်​ရွက်​လျက် နေ​ရ​ကြ​မည်။ မီး​ရှို့​ရာ​ယဇ်​နှင့် လူ​များ​ပူ​ဇော်​သော ယဇ်​ကောင်​တို့​ကို​သတ်၍၊ လူ​များ​ကိုယ်​စား အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 12,
      "text": "သူ​တို့​သည် ရုပ်​တု​တို့​ရှေ့​မှာ လူ​များ​အ​မှု​ကို ဆောင်​ရွက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ထိ​မိ၍ ဒု​စ​ရိုက် အ​ပြစ်​ထဲ​သို့ လဲ​စ​ရာ​အ​ကြောင်း ဖြစ်​ဖူး​သော​ကြောင့်၊ သူ​တို့​တစ်​ဖက်၌ ငါ​ကျိန်​ဆို၍၊ သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 13,
      "text": "ယဇ်​ပု​ရော​ဟိတ်​လုပ်၍ ငါ့​ထံ​သို့​မ​ချဉ်း​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း​သော ငါ့​ဌာ​န၌ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ချဉ်း​ကပ်​ရ​ကြ။ ကိုယ်​အ​ရှက်​ကွဲ​ခြင်း၊ ကိုယ်​ပြု​မိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 14,
      "text": "အိမ်​တော်​ကို​စောင့်၍၊ အိမ်​တော်၌ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 15,
      "text": "ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 16,
      "text": "ထို​သူ​တို့​သည် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်၍ ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ၊ ငါ့​စား​ပွဲ​အ​နား​သို့ ချဉ်း​ကပ်၍ ငါ့​အ​မှု​စောင့်​ဖြစ်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 17,
      "text": "သူ​တို့​သည် အ​တွင်း​တံ​တိုင်း​တံ​ခါး အ​တွင်း​သို့ ဝင်​သော​အ​ခါ၊ ပိတ်​အ​ဝတ်​ကို​သာ ဝတ်​ရ​ကြ​မည်။ အ​တွင်း​တံ​တိုင်း တံ​ခါး​အ​တွင်း၌ အ​မှု​တော်​ကို​ဆောင်​ရွက်​စဉ်၊ သိုး​မွေး​အ​ဝတ်​ကို မ​ဝတ်​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 18,
      "text": "ခေါင်း​ပေါ်​မှာ ပိတ်​ဦး​ထုပ်​ကို ဆောင်း၍၊ ခါး၌ ပိတ်​ဘောင်း​ဘီ​ကို ဝတ်​ရ​ကြ​မည်။ ချွေး​ထွက်​စေ​သော အ​ဝတ်​ကို မ​ဝတ်​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 19,
      "text": "လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 20,
      "text": "မိ​မိ​တို့​ဆံ​ပင်​ကို​လည်း မ​ရိတ်​ရ၊ မ​ရှည်​စေ​ခြင်း​ငှာ ဖြတ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 21,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​တွင်း​တံ​တိုင်း​ထဲ​သို့ ဝင်​သော​အ​ခါ စ​ပျစ်​ရည်​ကို မ​သောက်​ရ။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 22,
      "text": "မု​ဆိုး​မ​နှင့် မ​စုံ​ဖက်​ရ။ လင်​ကွာ​သော​မိန်း​မ​နှင့် မ​စုံ​ဖက်​ရ။ ဣ​သ​ရေ​လ​အ​မျိုး အ​ပျို​က​ညာ​နှင့် သော်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်၏ မ​ယား​ဖြစ်​ဖူး​သော မု​ဆိုး​မ​နှင့်​သော်​လည်း​ကောင်း စုံ​ဖက်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 23,
      "text": "ငါ၏​လူ​တို့​သည် သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ် သော​အ​ရာ​တို့​ကို​လည်း​ကောင်း ပိုင်း​ခြား၍​သိ​စေ​ခြင်း​ငှာ သွန်​သင်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 24,
      "text": "တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 25,
      "text": "အ​သေ​ကောင်​ကို​ချဉ်း၍ ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ။ သို့​ရာ​တွင်၊ ကိုယ်​မိ​ဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​နေ​သော​နှ​မ​အ​တွက် ကိုယ်​ကို ညစ်​ညူး​စေ​ရ​သော အ​ခွင့်​ရှိ၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 26,
      "text": "သန့်​ရှင်း​ခြင်း​ကို​ပြု​ပြီး​မှ ခု​နစ်​ရက်​နေ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 27,
      "text": "သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​တွင်း​တံ​တိုင်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ဝင်​သော​နေ့​တွင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 28,
      "text": "ထို​အ​ရာ​သည် ယဇ်​ပု​ရော​ဟိတ်​တို့၏​အ​မွေ​ဥ​စ္စာ​ဖြစ်​ရ​မည်။ ငါ​သည် သူ​တို့​အ​မွေ​ဥ​စ္စာ​ဖြစ်၏။ ဣ​သ​ရေ​လ​ပြည်၌ သူ​တို့​အား အ​မွေ​မြေ​ကို မ​ပေး​ရ။ ငါ​သည် သူ​တို့၏​အ​မွေ​မြေ​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 29,
      "text": "ပူ​ဇော်​သော​မုန့်​ညက်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို စား​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား ကျိန်​ဆို၍ ပူ​ဇော်​သ​မျှ​တို့​ကို​လည်း သိမ်း​ယူ​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 30,
      "text": "အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​နှင့်၊ ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​ရ​မည်။ သူ​သည်​သင့်​အိမ်၌ ကောင်း​ကြီး​မင်္ဂ​လာ​ကို သက်​ရောက်​စေ​ခြင်း​ငှာ၊ အ​ဦး​နယ်​သော မုန့်​စိမ်း​ကို သူ၌​လှူ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 44,
      "verse": 31,
      "text": "ငှက်​ဖြစ်​စေ၊ သား​ဖြစ်​စေ၊ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​မ​စား​ရ။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 1,
      "text": "သင်​တို့​သည် မြေ​ကို အ​မွေ​ခံ​ခြင်း​ငှာ စာ​ရေး​တံ​ချ၍ ပိုင်း​ခြား​သော​အ​ခါ၊ သန့်​ရှင်း​သော​မြေ​တစ်​ကွက်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ကြ​မည်။ ထို​အ​ကွက်​သည် အ​လျား​ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ နယ်​နိ​မိတ်​ရှိ​သ​မျှ​သည်​လည်း သန့်​ရှင်း​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 2,
      "text": "ထို​မြေ​ကွက်​အ​လယ်၌ အ​လျား​အ​တောင်​ငါး​ရာ၊ အ​နံ​လည်း အ​တောင်​ငါး​ရာ​ရှိ​သော စ​တု​ရန်း​အ​ကွက်​သည် သန့်​ရှင်း​ရာ​ဌာ​န​ဖို့ ဖြစ်​ရ​မည်။ ထို​အ​ကွက်​ပတ်​လည်၌ သန့်​ရှင်း​သော​နယ်​လည်း အ​တောင်​ငါး​ဆယ် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 3,
      "text": "ထို​သို့ အ​လျား​နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ကို​တိုင်း​ပြီး​မှ အ​လွန်​သန့်​ရှင်း​သော​အ​ရပ်​နှင့် သန့်​ရှင်း​သော​ဌာ​န​တည်​ရာ ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 4,
      "text": "ထို​သန့်​ရှင်း​သော​မြေ​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သန့်​ရှင်း​ရာ​ဌာ​န၏​အ​မှု​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။ သူ​တို့​အိမ်​ဆောက်​စ​ရာ​နှင့် သန့်​ရှင်း​ရာ​ဌာ​န တည်​စ​ရာ​ဖို့ သန့်​ရှင်း​သော​မြေ​ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 5,
      "text": "အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​သော အ​ကွက်​သည် အိမ်​တော်​အ​မှု​စောင့်​လေ​ဝိ​လူ​တို့​နေ​ရာ အ​ခန်း​နှစ်​ဆယ် တည်​ဆောက်​စ​ရာ​ဖို့ ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 6,
      "text": "မြို့​တော်​နှင့်​ဆိုင်​သော​မြေ​သည် သန့်​ရှင်း​သော​အ​ရပ် တစ်​ဖက်​တစ်​ချက်၌ အ​လျား တစ်​သောင်း​ငါး​ထောင်၊ အ​နံ ငါး​ထောင်​ရှိ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 7,
      "text": "သန့်​ရှင်း​သော​မြေ​ကွက်​နှင့် မြို့​တော် နယ်​နိ​မိတ် အ​နောက်​ဘက်​တစ်​လျှောက်​လုံး​တစ်​ပိုင်း၊ အ​ရှေ့​ဘက်​တစ်​လျှောက်​လုံး​တစ်​ပိုင်း​သည် မင်း​သား​အ​ဖို့ ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 8,
      "text": "ငါ၏​မင်း​သား​တို့​သည် နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မည်​အ​ကြောင်း၊ ထို​မြေ​သည် ဣ​သ​ရေ​လ​ပြည်၌ မင်း​သား​ပိုင်​သော​မြေ ဖြစ်​ရ​မည်။ ကြွင်း​သော​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 9,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​မင်း​သား​တို့၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လု​ယူ​ခြင်း​အ​မှု​တို့​ကို ပယ်​ရှား၍၊ တ​ရား​သော​အ​မှု ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​ကြ​လော့။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 10,
      "text": "မှန်​သော​ချိန်​ခွင်၊ မှန်​သော​ဧ​ဖာ၊ မှန်​သော​ဗတ်​တို့​ကို သုံး​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 11,
      "text": "ဧ​ဖာ​နှင့်​ဗတ်​သည် အ​ညီ​အ​မျှ​ရှိ​ရ​မည်။ နှစ်​ပါး​သည် ဟော​မဲ​ကို အ​မှီ​ပြု၍၊ ဧ​ဖာ​သည် တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု၊ ဗတ်​သည်​လည်း တစ်​ဟော​မဲ​တွင် ဆယ်​စု​တစ်​စု​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 12,
      "text": "ဂေ​ရာ​နှစ်​ဆယ်​ကို တစ်​ကျပ်၊ အ​ကျပ်​ခြောက်​ဆယ်​ကို တစ်​မာ​နေ​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 13,
      "text": "ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​သော​အ​ခါ၊ ဂျုံ​ဆန်​ဖြစ်​စေ၊ မု​ယော​ဆန်​ဖြစ်​စေ၊ တစ်​ဟော​မဲ​တွင် တစ်​ဩ​မဲ​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 14,
      "text": "ဆီ​နှင့်​ဆိုင်​သော ပ​ညတ်​ဟူ​မူ​ကား၊ တစ်​ကော​ရ​တွင် ဗတ်​ဆယ်​စု​တစ်​စု​ကို ပူ​ဇော်​ရ​မည်။ တစ်​ဟော​မဲ​သည် ဆယ်​ဗတ်​ဖြစ်​သော​ကြောင့် တစ်​ကော​ရ​သည် ဆယ်​ဗတ်​ဖြစ်​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 15,
      "text": "သူ​တို့​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ဣ​သ​ရေ​လ​ကျက်​စား​ရာ၊ ရေ​များ​သော​အ​ရပ်၌​ရှိ​သော သိုး​နှစ်​ရာ​တွင် သိုး​သ​ငယ်​တစ်​ကောင်​ကို ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​ပူ​ဇော်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 16,
      "text": "ထို​ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ကို ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​မင်း​သား​အား ဆက်​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 17,
      "text": "မင်း​သား​သည်​လည်း ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​စည်း​ဝေး​သော နေ့​ရက်​အ​စဉ်​အ​တိုင်း မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ပူ​ဇော်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​လည်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 18,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ၍ သန့်​ရှင်း​ရာ​ဌာ​န​ကို စင်​ကြယ်​စေ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 19,
      "text": "ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် အ​သွေး​အ​ချို့​ကို​ယူ၍ အိမ်​တော်​တိုင်၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင် အောက်​ထစ် လေး​ထောင့်၌​လည်း​ကောင်း၊ အ​တွင်း​တံ​တိုင်း တံ​ခါး​တိုင်၌​လည်း​ကောင်း ထည့်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 20,
      "text": "ထို​မှ​တစ်​ပါး၊ မှား​ယွင်း​သော​သူ​နှင့် မိုက်​သော​သူ​အ​တွက် ခု​နစ်​ရက်​နေ့​တွင်၊ ထို​နည်း​တူ ပူ​ဇော်၍၊ အိမ်​တော်​အ​တွက် အ​ပြစ်​ဖြေ​ရာ​မင်္ဂ​လာ​ကို ပြု​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 21,
      "text": "ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​တွင် တ​ဆေး​မဲ့​မုန့်​ကို​သာ စား​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 22,
      "text": "ထို​နေ့၌ မင်း​သား​သည် ကိုယ်​ဖို့​လည်း​ကောင်း၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ဖို့​လည်း​ကောင်း၊ နွား​ထီး​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 23,
      "text": "ပွဲ​နေ့​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို နွား​ထီး​ခု​နစ်​ကောင်၊ အ​ပြစ်​မ​ပါ​သော​သိုး​ထီး ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ် တစ်​ကောင်​ကို​လည်း​ကောင်း နေ့​တိုင်း​ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 24,
      "text": "နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ တစ်​ကောင်​တစ်​ကောင်​နှင့် ပါ​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ မုန့်​ညက်​တစ်​ဧ​ဖာ၊ ဆီ​တစ်​ဟိန်​ကို ပြင်​ဆင်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 45,
      "verse": 25,
      "text": "သ​တ္တ​မ​လ တစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ပွဲ​ခံ၍ ယ​ခင်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ဆီ​ပူ​ဇော်​သ​ကာ​ပြု​သည်​အ​တိုင်း ခု​နစ်​ရက်​ပတ်​လုံး​ပြု​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 1,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​သော အ​တွင်း​တံ​တိုင်း တံ​ခါး​ကို အ​လုပ်​လုပ်​သော​နေ့ ခြောက်​ရက်​ပတ်​လုံး ပိတ်​ထား​ရ​မည်။ ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌ ဖွင့်​ထား​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 2,
      "text": "မင်း​သား​သည် ထို​တံ​ခါး​မုခ်​ဖြင့်​ဝင်၍ တံ​ခါး​တိုင်​အ​နား​မှာ ရပ်​နေ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မင်း​သား​မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်၍၊ သူ​သည် တံ​ခါး​ခုံ၌ ဦး​ညွှတ်​ချ​ပြီး​မှ ပြင်​သို့​ထွက်​သွား​ရ​မည်။ သို့​ရာ​တွင်၊ ညဉ့်​ဦး​ယံ​မ​ရောက်​မီ ထို​တံ​ခါး​ကို မ​ပိတ်​ရ။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 3,
      "text": "ထို​နည်း​တူ၊ ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌ ပြည်​သူ​ပြည်​သား​တို့​သည် ထို​တံ​ခါး​ဝ​နား​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ဦး​ညွှတ်​ချ​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 4,
      "text": "ဥ​ပုသ်​နေ့၌ မင်း​သား​သည် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ် ခြောက်​ကောင်၊ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 5,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ သိုး​ထီး​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 6,
      "text": "လ​ဆန်း​နေ့၌ အ​ပြစ်​မ​ပါ​သော နွား​ထီး​တစ်​ကောင်၊ သိုး​သ​ငယ်​ခြောက်​ကောင်၊ သိုး​ထီး​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 7,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ နွား​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ သိုး​တစ်​ကောင်​နှင့် တစ်​ဧ​ဖာ၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 8,
      "text": "မင်း​သား​ဝင်​သော​အ​ခါ အ​ရှေ့​တံ​ခါး​မုခ်​ဖြင့် ဝင်​ရ​မည်။ ထို​တံ​ခါး​မုခ်​ဖြင့်​လည်း ထွက်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 9,
      "text": "ပြည်​သူ​ပြည်​သား​တို့​သည် ဓ​မ္မ​ပွဲ​ခံ​ချိန်​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဝင်​သော​အ​ခါ၊ ဦး​ညွှတ်​ချ​ခြင်း​ငှာ မြောက်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် တောင်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ တောင်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် မြောက်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ ဝင်​သော​တံ​ခါး​ဖြင့် မ​ထွက်​ရ။ ဝင်​သော​တံ​ခါး တစ်​ဖက်​တစ်​ချက်၌​ရှိ​သော တံ​ခါး​ဖြင့်​ထွက်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 10,
      "text": "ပြည်​သား​တို့​တွင် မင်း​သား​ဖြစ်​သော​သူ​သည် သူ​တို့​ဝင်​သော​အ​ခါ ဝင်​ရ​မည်။ သူ​တို့​ထွက်​သော​အ​ခါ ထွက်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 11,
      "text": "ပွဲ​ခံ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​ကာ​လ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ နွား​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ သိုး​တစ်​ကောင်​နှင့် တစ်​ဧ​ဖာ၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 12,
      "text": "မင်း​သား​သည် အ​လို​လို​ပြု​သော မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို မိ​မိ​အ​လို​အ​လျောက် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ ပြု​သော​အ​ခါ၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော တံ​ခါး​ကို​ဖွင့်​ရ​မည်။ သူ​သည် ဥ​ပုသ်​နေ့၌​မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သ​ကဲ့​သို့ ပူ​ဇော်​ရ​မည်။ ပူ​ဇော်​ပြီး​မှ​ထွက်​သွား၍ တံ​ခါး​ကို ပိတ်​ထား​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 13,
      "text": "နေ့​တိုင်း​အ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ၊ အ​ခါ​လည် သော သိုး​သ​ငယ်​တစ်​ကောင်​ကို နံ​နက်​အ​ချိန်၌ ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 14,
      "text": "နံ​နက်​တိုင်း​အ​စဉ်၊ ထို​သိုး​သ​ငယ်​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ မုန့်​ညက်​တစ်​ဧ​ဖာ​တွင် ခြောက်​စု​တစ်​စု ကို​လည်း​ကောင်း၊ မုန့်​ညက်​နှင့်​ရော​ရ​သော ဆီ​လေး​လော​ဃ​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား အ​စဉ်​အ​မြဲ​ပြု​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ တ​ရား​ပေ​တည်း။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 15,
      "text": "ထို​သို့​မီး​ရှို့​ရာ​ယဇ်​ကို နံ​နက်​တိုင်း အ​စဉ်​မ​ပြတ် ပူ​ဇော်​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် ဆီ​ကို​လည်း​ကောင်း ပြင်​ဆင်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 16,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မင်း​သား​သည် မိ​မိ​သား၌ လက်​ဆောင်​တစ်​စုံ​တစ်​ခု​ကို​ပေး​လျှင်၊ ထို​လက်​ဆောင်​သည် အ​မွေ​ဥ​စ္စာ​ဖြစ်၍၊ သား​တော်​သည်​အ​မွေ​ခံ​လျက် သိမ်း​ယူ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 17,
      "text": "မိ​မိ​ကျွန်၌ အ​မွေ​ဥ​စ္စာ​လက်​ဆောင်​တစ်​စုံ​တစ်​ခု​ကို ပေး​လျှင်​မူ​ကား၊ လွတ်​ရာ​နှစ်​သ​က္က​ရာဇ်​တိုင်​ရုံ​မျှ​သာ ထို​ကျွန်​သည် ပိုင်​ရ​မည်။ နောက်​မှ မင်း​သား​လက်​သို့​ပြန်​ရောက်​ရ​မည်။ သား​မူ​ကား၊ အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 18,
      "text": "ထို​မှ​တစ်​ပါး၊ မင်း​သား​သည် ပြည်​သား​အ​မွေ​မြေ​ကို အ​နိုင်​အ​ထက်​ယူ၍ မြေ​ရှင်​ကို​မ​နှင်​ထုတ်​ရ။ မိ​မိ​ပိုင်​သော မြေ​ထဲ​က မိ​မိ​သား​တို့​အား အ​မွေ​ပေး​ရ​မည်။ ငါ၏​လူ​တို့​သည် မိ​မိ​တို့​ပိုင်​သော အ​မွေ​မြေ၌​မ​နေ​ရ​ဘဲ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​ခြင်း​ငှာ မ​ပြု​ရ။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 19,
      "text": "ထို​နောက်​မှ တံ​ခါး​အ​နား၌​ရှိ​သော​ဝင်​ဝ​ဖြင့် ငါ့​ကို​ဆောင်​သွား၍၊ မြောက်​သို့​မျက်​နှာ​ပြု​သော ယဇ်​ပု​ရော​ဟိတ် သန့်​ရှင်း​သော အ​ခန်း​များ​ထဲ​သို့ သွင်း​သ​ဖြင့်၊ အ​နောက်​ဘက်၌​ရှိ​သော အ​ရပ်​တစ်​ခု​ကို ငါ​မြင်၏။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 20,
      "text": "ဤ​အ​ရပ်​ကား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပြုတ်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဖုတ်​ရ​သော အ​ရပ်​ဖြစ်၏။ လူ​များ​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​အ​ရာ​တို့​ကို ပြင်​တံ​တိုင်း​ထဲ​သို့ မ​ထုတ်​ရ​ကြ​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 21,
      "text": "တစ်​ဖန် ပြင်​တံ​တိုင်း​ထဲ​သို့ ငါ့​ကို​ခေါ်​သွင်း၍ တံ​တိုင်း​ထောင့် လေး​ထောင့်​တို့​ကို လျှောက်​သွား​စေ​သ​ဖြင့်၊ ထို​လေး​ထောင့်​တို့၌ တံ​တိုင်း​ငယ် တစ်​ခု​စီ​ရှိ​သည်​ကို ငါ​မြင်၏။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 22,
      "text": "ထို​တံ​တိုင်း​ငယ်​တို့​သည် အ​လျား​အ​တောင် လေး​ဆယ်၊ အ​နံ​အ​တောင် သုံး​ဆယ်​ရှိ၍၊ အ​တိုင်း​အ​ရှည် တ​ညီ​တ​ညွတ်​တည်း ဖြစ်​ကြ၏။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 23,
      "text": "ထို​လေး​ထောင့်​တို့ အ​တွင်း​ပတ်​လည်၌ ချက်​ပြုတ်​စ​ရာ​ဖို့ အ​စဉ်​အ​တိုင်း ခုံ​လောက်​တန်း​များ ရှိ​ကြ၏။"
    },
    {
      "book": 26,
      "chapter": 46,
      "verse": 24,
      "text": "ဤ​အ​ရပ်​တို့​ကား အိမ်​တော်​အ​မှု​စောင့်​တို့​သည် လူ​များ​ပူ​ဇော်​သော​ယဇ်​ကောင်​တို့​ကို ပြုတ်​ရ​သော​အ​ရပ်​ဖြစ်​ကြ​သည်​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 1,
      "text": "ထို​နောက်​မှ အိမ်​တော်​တံ​ခါး​သို့ တစ်​ဖန်​ငါ့​ကို​ဆောင်​ခဲ့၍၊ တံ​ခါး​ခုံ​အောက်​မှာ အ​ရှေ့​ဘက်​သို့​ထွက်​သော ရေ​ကို​ငါ​မြင်၏။ အိမ်​တော်​ဦး​သည် အ​ရှေ့​သို့​မျက်​နှာ​ပြု၍၊ ရေ​သည် အိမ်​တော်​တံ​ခါး​ခုံ​လက်​ယာ​အောက်၊ ယဇ်​ပ​လ္လင်​တော် တောင်​ဘက်​မှ စီး​သွား​လေ၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 2,
      "text": "တစ်​ဖန် မြောက်​တံ​ခါး​လမ်း​ဖြင့် ငါ့​ကို​ထုတ်၍ ပြင်၌​ဝိုင်း​သွား​လျက်၊ အ​ရှေ့​သို့​မျက်​နှာ​ပြု​သော ပြင်​တံ​ခါး​လမ်း​ဝ​သို့ ရောက်​သော​အ​ခါ၊ လက်​ယာ​ဘက်​မှ​စီး​သော ရေ​ကို​ငါ​မြင်၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 3,
      "text": "ကြိုး​ကို​ကိုင်​သော​သူ​သည် အ​ရှေ့​သို့​သွား​ပြီး​လျှင်၊ အ​တောင်​တစ်​တောင် စေ့​အောင်​တိုင်း၍ ငါ့​ကို ရေ​ကူး​စေ၏။ ရေ​သည် ဖ​မျက်​သို့ မီ​လေ၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 4,
      "text": "တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ရေး​ကူး​စေ​ပြန်​လျှင်၊ ရေ​သည် ဒူး​ကို​မီ​လေ၏။ တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း၍ ကူး​စေ​ပြန်​လျှင်၊ ရေ​သည်​ခါး​ကို မီ​လေ၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 5,
      "text": "တစ်​ဖန် အ​တောင်​တစ်​ထောင်​စေ့​အောင် တိုင်း​သော​အ​ခါ မ​ကူး​နိုင်​သော​မြစ် ဖြစ်​လေ၏။ ရေ​ထ​သော​ကြောင့် နင်း၍​မ​ကူး​နိုင်၊ ခြေ​ထောက်၍ မ​မီ​ဘဲ ကူး​ရ​သော​မြစ်​ဖြစ်၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 6,
      "text": "ထို​သူ​က၊ အ​ချင်း​လူ​သား၊ ဤ​အ​ရာ​ကို မြင်​သည်​မ​ဟုတ်​လော​ဟု ပြော​ပြီး​မှ တစ်​ဖန်​ငါ့​ကို​ခေါ်​သွား၍ မြစ်​နား​သို့​ပြန်​စေ၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 7,
      "text": "ပြန်​စဉ်​အ​ခါ မြစ်​နား​နှစ်​ဖက်၌ များ​စွာ​သော အ​ပင်​တို့​ကို ငါ​မြင်၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 8,
      "text": "ထို​သူ​က​လည်း၊ ဤ​ရေ​သည် အ​ရှေ့​သို့​စီး၍ တော​ကို​လျှောက်​ပြီး​မှ၊ အိုင်​ထဲ​သို့​ဝင်​တတ်​သော​အား​ဖြင့် အိုင်​ရေ​သည် ချို​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 9,
      "text": "အ​သက်​ရှင်၍ လှုပ်​ရှား​တတ်​သော သ​တ္တ​ဝါ​အ​မျိုး​မျိုး​တို့​သည် ထို​မြစ်​ရေ ရောက်​သ​မျှ​သော အ​ရပ်​တို့၌ အ​သက်​ရှင်၍၊ အ​လွန်​များ​စွာ​သော ငါး​တို့​လည်း ရှိ​ကြ​လိမ့်​မည်။ ထို​မြစ်​ရေ​သည် ချို​သော​ကြောင့်၊ ရောက်​သ​မျှ​သော​အ​ရပ်​တို့၌ သ​တ္တ​ဝါ​အ​မျိုး​မျိုး​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 10,
      "text": "အိုင်​နား​မှာ တံ​ငါ​တို့​သည်​ရပ်၍၊ အင်္ဂေ​ဒိ​ရွာ​မှ​စ၍ ဧ​နေ​ဂ​လိမ်​ရွာ​တိုင်​အောင် ပိုက်​ကွန်​ဖြန့်​ချ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ငါး​အ​မျိုး​မျိုး​တို့​သည် မ​ဟာ​ပင်​လယ်​ငါး​ကဲ့​သို့ အ​လွန်​များ​ပြား​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 11,
      "text": "ရွှံ့​ဗွက်​ရည်​နှင့် ရွှံ့​အိုင်​ရေ​မူ​ကား မ​ချို​ရ၊ အ​စဉ်​ငန်​ရ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 12,
      "text": "မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 13,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​မွေ​ခံ​ရ​သော မြေ​အ​ပိုင်း​အ​ခြား​မူ​ကား၊ ယော​သပ်​သည် မြေ​အ​ပိုင်း​အ​ခြား နှစ်​ခု​ကို​ယူ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 14,
      "text": "ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သည်​အ​တိုင်း ငါ​ပေး​ရ​သော​ထို​မြေ​သည် သင်​တို့​အ​မွေ​ဖြစ်၍၊ သင်​တို့​သည် အ​ချင်း​ချင်း​အ​မွေ​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 15,
      "text": "မြေ​မြောက်​ဘက်​အ​ပိုင်း​အ​ခြား​သည် မ​ဟာ​ပင်​လယ် တစ်​ဖက်​တစ်​ချက်၊ ဟေ​သ​လုန်​လမ်း၊ ဇေ​ဒဒ်​လမ်း​သို့​လိုက်​လျက်၊"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 16,
      "text": "ဟာ​မတ်​မြို့​နှင့် ဗေ​ရော​သာ​မြို့​ကို​လည်း​ကောင်း၊ ဒ​မာ​သက်​နယ်​နှင့် ဟာ​မတ်​နယ်​စပ်​ကြား​မှာ သိ​ဗ​ရိမ်​မြို့​ကို​လည်း​ကောင်း၊ ဟော​ရန်​မြို့​အ​နား​မှာ၊ ဟာ​ဇာ​ဟ​တ္တိ​ကုန်း​မြို့​ကို​လည်း​ကောင်း​ဝိုင်း၍၊"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 17,
      "text": "တစ်​ဖန် ပင်​လယ်​နှင့်​ကွာ​ပြီး​မှ ဒ​မာ​သက်​နယ်​အ​နား၌ ဟာ​ဇ​ရေ​နန်​မြို့၊ မြောက်​ဘက်၌ ဇိ​ဖြုန်​မြို့၊ ဟာ​မတ်​မြို့​ပါ​ရ​မည်။ ဤ​ရွေ့​ကား မြောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 18,
      "text": "အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား​သည် ဟော​ရန်​မြို့၊ ဒ​မာ​သက်​မြို့၊ ဂိ​လဒ်​ပြည်၊ ယော်​ဒန်​မြစ်​နား ဣ​သ​ရေ​လ​ပြည်​နယ်​ကို လျှောက်၍၊ အ​ရှေ့​ပင်​လယ်၌ ဆုံး​ရ​မည်။ ဤ​ရွေ့​ကား၊ အ​ရှေ့​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 19,
      "text": "တောင်​ဘက်​အ​ပိုင်း​အ​ခြား​သည် တာ​မာ​မြို့​မှ​စ၍ ကာ​ဒေ​ရှ​မြို့၊ မေ​ရိ​ဘ​ရေ​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​ပင်​လယ်​ထဲ​သို့ ဝင်​သော မြစ်​တိုင်​အောင်​လည်း​ကောင်း လျှောက်​သွား​ရ​မည်။ ဤ​ရွေ့​ကား၊ တောင်​ဘက်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 20,
      "text": "အ​နောက်​ဘက်၌ မ​ဟာ​ပင်​လယ်​သည် တောင်​ဘက်​မှ​စ၍၊ ဟာ​မတ်​မြို့ တစ်​ဖက်​တစ်​ချက်​တိုင်​အောင် ပိုင်း​ခြား​လျက်​ရှိ​ရ​မည်။ ဤ​ရွေ့​ကား၊ အ​နောက်​ဘက် အ​ပိုင်း​အ​ခြား​ဖြစ်​သ​တည်း။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 21,
      "text": "ထို​မြေ​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​အား​ဝေ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 22,
      "text": "အ​မျိုး​သား​ချင်း အ​မွေ​ခံ​ဖို့​လည်း​ကောင်း၊ သင်​တို့​တွင်​နေ၍ သား​သ​မီး​ဖွား​မြင်​သော တစ်​ပါး​အ​မျိုး​သား​ချင်း အ​မွေ​ခံ​ဖို့​လည်း​ကောင်း စာ​ရေး​တံ​ချ၍ မြေ​ကို​ဝေ​ရ​မည်။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ပြည်၌​ဖွား​မြင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကဲ့​သို့ မှတ်​ရ​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ မြေ​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 26,
      "chapter": 47,
      "verse": 23,
      "text": "တစ်​ပါး​အ​မျိုး​သား​နေ​လေ​ရာ​ရာ​ခ​ရိုင်၌ သူ့​အ​မွေ​ခံ​စ​ရာ​မြေ​ကို ပေး​ရ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​အ​မျိုး ခ​ရိုင်​စု​အ​မည်​ကား၊ မြောက်​ဘက်၌ ဟေ​သ​လုန်​လမ်း​နှင့် ဟာ​မတ်​လမ်း​နား၊ ဟာ​ဇ​ရေ​နန်​မြို့​ပါ​လျက် ဒ​မာ​သက်​မြို့​နယ် မြောက်၊ ဟာ​မတ်​မြို့​နယ် တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မှ​သည် ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း ဒန်​ခ​ရိုင်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 2,
      "text": "ဒန်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် အာ​ရှာ​ခ​ရိုင်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 3,
      "text": "အာ​ရှာ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် နဿ​လိ​ခ​ရိုင်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 4,
      "text": "နဿ​လိ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် မ​နာ​ရှေ​ခ​ရိုင်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 5,
      "text": "မ​နာ​ရှေ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဧ​ဖ​ရိမ်​ခ​ရိုင်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 6,
      "text": "ဧ​ဖ​ရိမ်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ရု​ဗင်​ခ​ရိုင်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 7,
      "text": "ရု​ဗင်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ယု​ဒ​ခ​ရိုင်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 8,
      "text": "ယု​ဒ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် သင်​တို့​ပူ​ဇော်​ရ​သော မြေ​ကွက်​ရှိ​ရ​မည်။ ထို​မြေ​အ​နံ​ကား၊ ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​လျား​ကား အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ခ​ရိုင်​အ​လျား​နှင့် ညီ​ရ​မည်။ ထို​မြေ​အ​တွင်း၌ သန့်​ရှင်း​ရာ​ဌာ​န​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​သော​မြေ​ကွက်​မူ​ကား၊ အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 10,
      "text": "ထို​သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​သည် ယဇ်​ပ​ရော​ဟိတ်​ဖို့ ဖြစ်၍ မြောက်​ဘက်၌ နှစ်​သောင်း​ငါး​ထောင်၊ အ​နောက်​ဘက်၌ အ​နံ​တစ်​သောင်း၊ အ​ရှေ့​ဘက်၌ အ​နံ​တစ်​သောင်း၊ တောင်​ဘက်၌ အ​လျား​နှစ်​သောင်း​ငါး​ထောင်​ကျယ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​သည် ထို​အ​ကွက်​အ​လယ်၌ ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 11,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လမ်း​လွှဲ​သော​အ​ခါ လေ​ဝိ​လူ​ကဲ့​သို့ လမ်း​မ​လွှဲ။ ငါ့​အ​မှု​ကို​အ​စဉ်​ဆောင်၍ သန့်​ရှင်း​သော ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 12,
      "text": "လေ​ဝိ​လူ​နေ​ရာ မြေ​အ​နား​မှာ ထို​သို့​ပူ​ဇော်​သော​မြေ​သည် ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ အ​လွန်​သန့်​ရှင်း​သော​မြေ ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 13,
      "text": "ယဇ်​ပု​ရော​ဟိတ် မြေ​အ​နား​မှာ​လေ​ဝိ​လူ​နေ​ရာ မြေ​ကွက်​သည် အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 14,
      "text": "ထို​မြေ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​သော​ကြောင့်၊ လေ​ဝိ​လူ​တို့​သည် မြေ​ကို မ​ရောင်း​ရ။ အ​ဦး​သီး​သော အ​သီး​ကို အ​ခြား​သော​ဥ​စ္စာ​နှင့် မ​ဖယ်​လှယ်​ရ။ အ​ဖိုး​နှင့် မ​ရောင်း​ရ။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 15,
      "text": "နှစ်​သောင်း​ငါး​ထောင်​အ​နား​မှာ ကြွင်း​သေး​သော မြေ​ငါး​ထောင်​သည် လူ​နေ​ရာ​မြို့​နှင့် မြို့​နယ်​တည်​စ​ရာ​ဖို့​ဖြစ်၍၊ ထို​မြေ​အ​လယ်၌ မြို့​တည်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 16,
      "text": "မြို့​အ​တိုင်း​အ​ရှည်​ကား၊ မြောက်​ဘက်၌ လေး​ထောင်​ငါး​ရာ၊ တောင်​ဘက်၌ လေး​ထောင်​ငါး​ရာ၊ အ​ရှေ့​ဘက်၌ လေး​ထောင်​ငါး​ရာ၊ အ​နောက်​ဘက်၌ လေး​ထောင်​ငါး​ရာ​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 17,
      "text": "မြို့​နယ်​ကား၊ မြောက်​ဘက်၌ နှစ်​ရာ​ငါး​ဆယ်၊ တောင်​ဘက်၌ နှစ်​ရာ​ငါး​ဆယ်၊ အ​ရှေ့​ဘက်၌ နှစ်​ရာ​ငါး​ဆယ်၊ အ​နောက်​ဘက်၌ နှစ်​ရာ​ငါး​ဆယ်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 18,
      "text": "သန့်​ရှင်း​သော မြေ​အ​နား​မှာ အ​လျား၌ ကြွင်း​သေး​သော အ​ရှေ့​ဘက်၌ တစ်​သောင်း၊ အ​နောက်​ဘက်၌ တစ်​သောင်း ကျယ်​သော​မြေ၌​ဖြစ်​သော အ​သီး​အ​နှံ​သည်၊ မြို့​အ​မှု​ကို စောင့်​သော​သူ​တို့ စား​စ​ရာ​ဖို့​ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 19,
      "text": "မြို့​အ​မှု​စောင့်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ထဲ​က ရွေး​ကောက်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 20,
      "text": "ပူ​ဇော်​သော မြေ​ကွက်​ပေါင်း​ကား၊ အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ နှစ်​သောင်း​ငါး​ထောင်​ကျယ်၍၊ မြို့​နယ်​ပါ​လျက် သန့်​ရှင်း​သော ထို​စ​တု​ရန်း​မြေ​ကို ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 21,
      "text": "ထို​သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​မြေ​နှင့် မြို့​နယ်​နှစ်​ဖက်၌ ကြွင်း၍၊ အ​ရှေ့​ဘက်၌ နှစ်​သောင်း​ငါး​ထောင်၊ အ​နောက်​ဘက်၌ နှစ်​သောင်း​ငါး​ထောင်​ကျယ်​သော မြေ​စွန်း​နှစ်​ကွက်​တို့​သည် မင်း​သား​အ​ဖို့ ဖြစ်​ရ​မည်။ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​မြေ​နှင့် အိမ်​တော်၏ သန့်​ရှင်း​ရာ​ဌာ​န​သည် ထို​နှစ်​ကွက်​စပ်​ကြား​မှာ နေ​ရာ​ကျ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 22,
      "text": "ထို​သို့​စပ်​ကြား​မှာ​ကျ​သော လေ​ဝိ​လူ​နေ​ရာ အ​ပိုင်း​အ​ခြား၊ မြို့​နယ်​အ​ပိုင်း​အ​ခြား၊ ပြင်​ဘက်​နှစ်​ဖက်၊ ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​စပ်​ကြား​မှာ ကျ​သော​မြေ​ရှိ​သ​မျှ​သည် မင်း​သား​အ​ဖို့​ဖြစ်​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 23,
      "text": "ကြွင်း​သော ဣ​သ​ရေ​လ​ခ​ရိုင်​ဟူ​မူ​ကား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဗင်္ယာ​မိန်​ခ​ရိုင် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 24,
      "text": "ဗင်္ယာ​မိန်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ရှိ​မောင်​ခ​ရိုင် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 25,
      "text": "ရှိ​မောင်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဣ​သ​ခါ​ခ​ရိုင် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 26,
      "text": "ဣ​သ​ခါ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဇာ​ဗု​လုန်​ခ​ရိုင် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 27,
      "text": "ဇာ​ဗု​လုန်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဂဒ်​ခ​ရိုင် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 28,
      "text": "ဂဒ်​ခ​ရိုင်​တောင်​ဘက် အ​ပိုင်း​အ​ခြား​သည် တာ​မာ​မြို့​မှ​စ၍ ကာ​ဒေ​ရှ​မြို့၊ မေ​ရိ​ဘ​ရေ​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​ပင်​လယ်​ထဲ​သို့​ဝင်​သော မြစ်​တိုင်​အောင်​လည်း​ကောင်း လျှောက်​သွား​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 29,
      "text": "ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ဝေ​ရ​သော​မြေ၊ ဤ​ရွေ့​ကား၊ သူ​တို့​ပိုင်း​ခြား၍ နေ​ရ​သော ခ​ရိုင်​အ​သီး​အ​သီး​ဖြစ်​သ​တည်း​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 30,
      "text": "မြို့​မှ​ထွက်​ရာ​တံ​ခါး​များ ဟူ​မူ​ကား၊ မြို့​မြောက်​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 31,
      "text": "မြို့​တံ​ခါး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မည်​ကို ဆောင်​လျက်၊ မြောက်​ဘက်၌ ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက် ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 32,
      "text": "မြို့​အ​ရှေ့​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊ ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 33,
      "text": "မြို့​တောင်​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊ ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 34,
      "text": "မြို့​အ​နောက်​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊ ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ နဿ​လိ​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက်​ရှိ​ရ​မည်။"
    },
    {
      "book": 26,
      "chapter": 48,
      "verse": 35,
      "text": "ထို​သို့ မြို့​ပတ်​လည်​အ​တိုင်း​အ​ရှည်​ကား၊ တစ်​သောင်း​ရှစ်​ထောင် ရှိ​ရ​လိမ့်​မည်။ တည်​သော​နေ့​မှ​စ၍ ထို​မြို့​ကို ယေ​ဟော​ဝါ​ရှ​မ္မ​အ​မည်​ဖြင့် ခေါ်​တွင်​ရ​လိမ့်​သ​တည်း။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 3,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် မိန်း​မ​စိုး​အုပ် အာ​ရှ​ပေ​နတ်​ကို​ခေါ်​တော်​မူ၍၊"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 4,
      "text": "မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 5,
      "text": "ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို နေ့​တိုင်း​ပေး၍ သုံး​နှစ်​ကျွေး​မွေး​ပြီး​မှ၊ အ​မှု​တော်​ထမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 6,
      "text": "ထို​သူ​တို့​တွင် ယု​ဒ​အ​မျိုး​သား ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​သည်​ပါ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 7,
      "text": "မိန်း​မ​စိုး​အုပ်​သည် ထို​သူ​တို့​ကို အ​မည်​နာ​မ​လဲ၍၊ ဒံ​ယေ​လ​ကို ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို အ​ဗေ​ဒ​နေ​ဂေါ​ဟု၊ အ​သီး​အ​သီး အ​မည်​အ​သစ်​ကို​ပေး၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 8,
      "text": "ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 9,
      "text": "ဘု​ရား​သ​ခင် ပြု​ပြင်​တော်​မူ​သော​အား​ဖြင့်၊ မိန်း​မ​စိုး​အုပ်​သည် ဒံ​ယေ​လ​ကို အ​လွန်​ချစ်​သ​နား​သော်​လည်း၊"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 10,
      "text": "ငါ့​သ​ခင်​ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ငါ​ကြောက်၏။ သင်​တို့​အ​စား​အ​သောက်​ကို စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​မျက်​နှာ​သည် အ​ရွယ်​တူ လူ​ပျို​တို့၏ မျက်​နှာ​လောက် အ​ဆင်း​မ​လှ​သည်​ကို မြင်​တော်​မူ​လျှင်၊ သင်​တို့​အ​တွက် ငါ​သည် ရာ​ဇ​ဝတ်​သင့်၍ အ​သက်​မ​လွတ်​ရ​ဟု ဒံ​ယေ​လ​ကို ပြော​ဆို၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 11,
      "text": "ထို​အ​ခါ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ဒံ​ယေ​လ​က၊"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 12,
      "text": "အ​ကျွန်ုပ်​တို့ စား​သောက်​စ​ရာ​ဖို့ ဟင်း​သီး​ဟင်း​ရွက်​နှင့် ရေ​ကို​သာ ဆယ်​ရက်​ပတ်​လုံး​ပေး​စမ်း​ပါ။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 13,
      "text": "ထို​နောက်၊ အ​ကျွန်ုပ်​တို့​မျက်​နှာ​နှင့်၊ ပွဲ​တော်​မှ ကြွင်း​သော အ​စာ​ကို​စား​သော လူ​ပျို​တို့၏​မျက်​နှာ​ကို သ​ခင်​ရှေ့၌ စစ်​တော်​မူ​ပါ​စေ။ ကိုယ်​တော်​တိုင်​မြင်​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​ကို စီ​ရင်​တော်​မူ​ပါ​ဟု ပြော​လျှင်၊"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 14,
      "text": "စား​တော်​ကဲ​သည် ဝန်​ခံ၍ ဆယ်​ရက်​စုံ​စမ်း​လေ​၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 15,
      "text": "ဆယ်​ရက်​စေ့​လျှင် သူ​တို့​မျက်​နှာ​သည်၊ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​ကို စား​သော လူ​ပျို​အ​ပေါင်း​တို့၏ မျက်​နှာ​ထက် အ​ဆင်း​လှ၍ ဖွံ့​ဝ​လျက်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 16,
      "text": "ထို​အ​ခါ စား​တော်​ကဲ​သည် သူ​တို့​အ​စာ​ကို​လည်း​ကောင်း၊ သူ​တို့​သောက်​ဖို့ စ​ပျစ်​ရည်​ကို​လည်း​ကောင်း ရုပ်​သိမ်း၍၊ ဟင်း​သီး ဟင်း​ရွက်​နှင့်​သာ ကျွေး​မွေး၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 18,
      "text": "နန်း​တော်​သို့ သွင်း​စေ​ခြင်း​ငှာ ချိန်း​ချက်​တော်​မူ​သော အ​ချိန်​ရောက်​သော်၊ မိန်း​မ​စိုး​အုပ်​သည် လု​လင်​များ​တို့​ကို​ခေါ်၍ နန်း​တော်​သို့ သွင်း​လေ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 19,
      "text": "ရှင်​ဘု​ရင်​သည် ထို​လု​လင်​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​တော်​မူ​ပြီး​လျှင်၊ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​နှင့် တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် အ​ထံ​တော်၌ ခ​စား​ရ​သော အ​ခွင့်​အ​ရာ​ကို ရ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 20,
      "text": "ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 1,
      "verse": 21,
      "text": "ဒံ​ယေ​လ​သည် ကု​ရု​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တိုင်​အောင် ရှိ​နေ​သ​တည်း။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 1,
      "text": "နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် နန်း​စံ​နှစ်​နှစ်​တွင်၊ အိပ်​မက်​ကို မြင်​တော်​မူ၍ ထိတ်​လန့်​ခြင်း စိတ်​ရှိ​သော​ကြောင့်၊ စက်​တော်​မ​ခေါ်​နိုင်​သည်​ဖြစ်၍၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 2,
      "text": "အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 3,
      "text": "ရှင်​ဘု​ရင်​က၊ ငါ​သည် အိပ်​မက်​ကို​မြင်​ပြီ။ ထို​အိပ်​မက်​ကို​မ​သိ၊ နား​မ​လည်​သည်​ဖြစ်၍ စိတ်​မ​အီ​မ​သာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 4,
      "text": "ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်​တို့​အား အိပ်​မက်​တော်​ကို​မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​နက်​ကို ဖော်​ပြ​ပါ​မည်​ဟု၊ ရှု​ရိ​ဘာ​သာ​ဖြင့် လျှောက်​ကြ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 5,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ​အ​မိန့်​တော်​ရှိ​ပြီ။ ထို​အိပ်​မက်​နှင့် အ​နက်​ကို သင်​တို့​မ​ဖော်​မ​ပြ​လျှင်၊ သင်​တို့​ကို အ​ပိုင်း​ပိုင်း​စဉ်း​မည်။ သင်​တို့​အိမ်​များ​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​မည်။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 6,
      "text": "အိပ်​မက်​နှင့် အ​နက်​ကို ဖော်​ပြ​လျှင်၊ ဆု​လာဘ်​သပ်​ပ​ကာ၊ ဂုဏ်​အ​သ​ရေ​များ​ကို ငါ​ပေး​မည်။ သို့​ဖြစ်၍၊ အိပ်​မက်​နှင့် အ​နက်​ကို ငါ့​အား​ဖော်​ပြ​ကြ​ဟု၊ ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​ကို မိန့်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 7,
      "text": "ထို​သူ​တို့​က၊ အ​ရှင်​မင်း​ကြီး၊ မြင်​မက်​တော်​မူ​ချက်​ကို အ​မိန့်​ရှိ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​နက်​ကို ဖော်​ပြ​ပါ​မည်​ဟု တစ်​ဖန်​လျှောက်​ကြ​ပြန်​လျှင်၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 8,
      "text": "ရှင်​ဘု​ရင်​က၊ ငါ့​အ​မိန့်​တော်​ရှိ​ပြီး​သော​ကြောင့်၊ သင်​တို့​သည် နေ့​ရက်​အ​ချိန်​ကာ​လ​ကြာ​စေ​ခြင်း​ငှာ ရွှေ့​ချင်​သည်​ကို ငါ​အ​မှန်​သိ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 9,
      "text": "အိပ်​မက်​ကို ငါ့​အား​မ​ဖော်​မ​ပြ​လျှင်၊ သင်​တို့​သည် အ​ကြံ​တစ်​ခု​တည်း​သာ​ရှိ​သည်​ဖြစ်၍၊ ကာ​လ​ပြောင်း​လဲ​သည်​တိုင်​အောင်၊ ငါ့​ရှေ့၌ လျှောက်​စ​ရာ​ဖို့ ကောက်​ကျစ်​လိမ်​လစ်​သော​စ​ကား​ကို ပြင်​ဆင်​နှင့်​ကြ​ပြီ။ အိပ်​မက်​ကို ပြန်​ပြော​ကြ။ ထို​သို့​ပြော​လျှင်၊ အိပ်​မက်​အ​နက်​ကို ဖော်​ပြ​နိုင်​သည်​ကို ငါ​သိ​မည်​ဟု ပြန်၍​မိန့်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 10,
      "text": "ခါ​လ​ဒဲ​ဆ​ရာ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​မှု​အ​ရာ​ကို ဖြေ​နိုင်​မည်​သူ၊ မြေ​ကြီး​ပေါ်​မှာ တစ်​ယောက်​မျှ မ​ရှိ​ပါ။ အ​ဘယ်​မည်​သော ရှင်​ဘု​ရင်​သည် ဘုန်း​တန်​ခိုး ကြီး​သော်​လည်း၊ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ဤ​သို့​မေး​မြန်း​လေ့​မ​ရှိ​ပါ။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 11,
      "text": "အ​ရှင်​မင်း​ကြီး မေး​မြန်း​တော်​မူ​သော​အ​ရာ​သည် ခက်​ခဲ​သော အ​ရာ​ဖြစ်​ပါ၏။ လူ​ပ​က​တိ​နှင့် မ​ဆက်​ဆံ​သော ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ အ​ရှင်​မင်း​ကြီး​ရှေ့​တော်၌ မ​ထုတ်​မ​ဖော်​နိုင်​ပါ​ဟု တစ်​ဖန်​ပြန်​ကြား လျှောက်​ထား​ကြ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 12,
      "text": "ထို​စ​ကား​ကို ကြား​တော်​မူ​လျှင် ပြင်း​စွာ အ​မျက်​တော်​ထွက်၍၊ ဗာ​ဗု​လုန်​မြို့၌ ရှိ​သ​မျှ​သော ပ​ညာ​ရှိ​တို့​ကို ပယ်​ရှင်း​စေ​ဟု အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 13,
      "text": "ထို​အ​မိန့်​တော်​ဆင့်၍ ဒံ​ယေ​လ​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​ကို သတ်​ခြင်း​ငှာ ရှာ​ကြ​သော်၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 14,
      "text": "ဒံ​ယေ​လ​က၊ ရှင်​ဘု​ရင်၏​အ​မိန့်​တော်​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် လျင်​မြန်​သ​နည်း​ဟု၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 15,
      "text": "ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ ထွက်​သွား​သော ကိုယ်​ရံ​တော်​မှူး​အာ​ရုတ်​ကို သ​တိ​ပ​ညာ​နှင့် မေး​မြန်း၍၊ အာ​ရုတ်​သည် ထို​အ​ကြောင်း​ကို ကြား​ပြော​လျှင်၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 16,
      "text": "ဒံ​ယေ​လ​သည် နန်း​တော်​သို့​ဝင်၍ အိပ်​မက်​တော်​ကို ဖြေ​ရ​သော နေ့​ရက်​အ​ချိန်​ကို ပေး​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပြီး​မှ၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 17,
      "text": "မိ​မိ​အိမ်​သို့​ပြန်​သွား၍၊ ထို​အ​ကြောင်း​ကို မိ​မိ​အ​ပေါင်း​အ​ဖော် ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​အား ကြား​ပြော၍၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 18,
      "text": "ငါ​တို့​သည် အ​ခြား​သော ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​နှင့်​အ​တူ မ​သေ​မ​ပျောက်​စေ​ခြင်း​ငှာ၊ ဤ​နက်​နဲ​သော​အ​ရာ၌ က​ရု​ဏာ ကျေး​ဇူး​တော်​ကို ခံ​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​ကုန်​အံ့​ဟု ပြော​ဆို၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 19,
      "text": "ည​အ​ခါ ဗျာ​ဒိတ်​တော်​အား​ဖြင့် ထို​နက်​နဲ​သော​အ​ရာ​ကို ဒံ​ယေ​လ​အား ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 20,
      "text": "ထို​အ​ခါ ဒံ​ယေ​လ​သည် ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း။ ပ​ညာ​နှင့်​လည်း​ကောင်း၊ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 21,
      "text": "ကာ​လ​အ​ချိန် ဥ​တု​များ​ကို ပြောင်း​လဲ​စေ​တော်​မူ၏။ ရှင်​ဘု​ရင်​တို့​ကို​လည်း နှိမ့်​ချ​ချီး​မြှောက်​တော်​မူ၏။ ပ​ညာ​ရှိ​တို့​အား​ပ​ညာ​ကို ပေး​တော်​မူ၏။ ဉာဏ်​ရှိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​အား​ဖြင့်​သာ၊ ထိုး​ထွင်း၍ နား​လည်​တတ်​ကြ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 22,
      "text": "နက်​နဲ​ခက်​ခဲ​သော အ​ရာ​တို့​ကို ထင်​ရှား​စွာ ပြ​တော်​မူ၏။ မှောင်​မိုက်၌​ရှိ​သ​မျှ​တို့​ကို သိ​မြင်၍ အ​လင်း၏​တည်​ရာ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 23,
      "text": "အ​ကျွန်ုပ် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အား ပ​ညာ​အ​စွမ်း​သ​တ္တိ​ကို ပေး​သ​နား၍၊ အ​ကျွန်ုပ်​တို့ ဆု​တောင်း​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်၏ အိပ်​မက်​ကို ဖွင့်​ပြ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ၏​ဟု ဒံ​ယေ​လ​မြွက်​ဆို​ပြီး​မှ၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 24,
      "text": "ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​ခန့်​ထား​တော်​မူ​သော အာ​ရုတ်​ထံ​သို့​သွား၍၊ ဗာ​ဗု​လုန် ပ​ညာ​ရှိ​တို့​ကို မ​လုပ်​ကြံ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို အ​ထံ​တော်​သို့ ခေါ်​သွင်း​ပါ။ အ​ကျွန်ုပ်​သည် အိပ်​မက်​တော်​နှင့် အ​နက်​ကို​ဖော်​ပြ၍ လျှောက်​ပါ​မည်​ဟု​ဆို၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 25,
      "text": "ထို​အ​ခါ အာ​ရုတ်​သည် ဒံ​ယေ​လ​ကို အ​လျင်​တ​ဆော အ​ထံ​တော်​သို့ ခေါ်​သွင်း​ပြီး​လျှင်၊ အိပ်​မက်​တော်​နှင့် အ​နက်​ကို အ​ရှင်​မင်း​ကြီး​အား ဖော်​ပြ​နိုင်​သော သူ​တစ်​ယောက်​ကို ယု​ဒ​အ​မျိုး လက်​ရ​လူ​တို့​တွင် အ​ကျွန်ုပ်​တွေ့​ပါ​ပြီ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 26,
      "text": "ရှင်​ဘု​ရင်​က​လည်း၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို ပြန်​ပြော၍ အ​နက်​ကို ဖော်​ပြ​နိုင်​သ​လော​ဟု၊ ဗေ​လ​တ​ရှာ​ဇာ​အ​မည်​ရှိ​သော ဒံ​ယေ​လ​ကို မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 27,
      "text": "ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး မေး​မြန်း​တော်​မူ​သော​အ​ရာ​ကို ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ မာ​ဂု​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် အ​ရှင်​မင်း​ကြီး​အား ဖော်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 28,
      "text": "နက်​နဲ​သော အ​ရာ​တို့​ကို ဖွင့်​ပြ၍၊ နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​အား ကြား​ပြော​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ဆူ​သည် ကောင်း​ကင်​ဘုံ​မှာ ရှိ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 29,
      "text": "အ​ရှင်​မင်း​ကြီး၊ နောင်၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ကိုယ်​တော်​သည် စက်​တော်​ခေါ်၍ မျှော်​လင့်​တော်​မူ၏။ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော ဘု​ရား​သည် နောင်​ကာ​လ၌ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ကိုယ်​တော်​အား​ပြ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 30,
      "text": "ဤ​နက်​နဲ​သော​အ​ရာ​ကို​ကား၊ အ​ခြား​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ထက် အ​ကျွန်ုပ်​သာ၍ ပ​ညာ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​အား ဘု​ရား​သ​ခင် ဖွင့်​ပြ​တော်​မူ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​သည် စိတ်​နှ​လုံး​တော်၏​အ​ထင်​ကို နား​လည်​မည်​အ​ကြောင်း၊ ထို​အ​နက်​ကို အ​ကျွန်ုပ်​ပြန်​ကြား လျှောက်​ထား​စိမ့်​သော​ငှာ​သာ ဘု​ရား​သ​ခင် ဖွင့်​ပြ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 31,
      "text": "အ​ရှင်​မင်း​ကြီး၊ စက်​တော်​ခေါ်၍ မြင်​မက်​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ကြည့်​ရှု၍ ရုပ်​တု​ကြီး​ကို မြင်​တော်​မူ၏။ ထူး​မြတ်​သော အ​ရောင်​အ​ဝါ​နှင့် ပြည်​စုံ၍၊ ကြီး​မြင့်​သော ထို​ရုပ်​တု​သည် ကြောက်​မက်​ဖွယ်​သော ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​လျက် ကိုယ်​တော်​ရှေ့၌ တည်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 32,
      "text": "သူ၏ ဦး​ခေါင်း​သည် ရွှေ​စင်​ဖြစ်၏။ ရင်​ပတ်​နှင့် လက်​နှစ်​ဖက်​သည် ငွေ​ဖြစ်၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 33,
      "text": "ဝမ်း​နှင့် ပေါင်​နှစ်​ဖက်​သည် ကြေး​ဝါ​ဖြစ်၏။ ခြေ​သ​လုံး​နှစ်​ဖက်​သည် သံ​ဖြစ်၏။ ခြေ​ဖ​ဝါး​နှင့် ဖ​မိုး​သည် သံ​တစ်​ပိုင်း​သ​ရွတ်​တစ်​ပိုင်း ဖြစ်၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 34,
      "text": "ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​စဉ်၊ လက်​ဖြင့် မ​ထု​မ​လုပ်​ဘဲ အ​လို​လို​ဖြစ်​သော ကျောက်​တစ်​လုံး​သည် သံ​နှင့် သ​ရွတ်​ဖြစ်​သော ရုပ်​တု၏​ခြေ​ကို ထိ​ခိုက်၍ ချိုး​ဖဲ့​သည်​ရှိ​သော်၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 35,
      "text": "သံ၊ သ​ရွတ်၊ ကြေး​ဝါ၊ ငွေ၊ ရွှေ​တို့​သည် ကျိုး​ပဲ့​ကြေ​မွ​လျက်၊ နွေ​ကာ​လ၌ ကောက်​နယ်​တ​လင်း အ​မုန့်​ကဲ့​သို့​ဖြစ်​သ​ဖြင့်၊ လေ​တိုက်​လွှင့်၍ သူ​တို့​နေ​ရာ​မ​ရှိ၊ ပျောက်​လေ၏။ ရုပ်​တု​ကို ထိ​ခိုက်​သော ကျောက်​မူ​ကား၊ တိုး​ပွား​သ​ဖြင့် တောင်​ကြီး​ဖြစ်၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သည်​ဟု မြင်​မက်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 36,
      "text": "ယ​ခု​တွင် အိပ်​မက်​တော်၏​အ​နက်​ကို ဖော်​ပြ၍ နား​တော်​လျှောက်​ပါ​မည်။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 37,
      "text": "အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဘု​ရင်​တို့၏ ဘု​ရင်​ဖြစ်​တော်​မူ၏။ ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​သည် နိုင်​ငံ​နှင့်​တ​ကွ တန်​ခိုး​အာ​နု​ဘော်​အ​စွမ်း​သ​တ္တိ ဘုန်း​အ​သ​ရေ​ကို ကိုယ်​တော်​အား ပေး​တော်​မူ​ပြီ။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 38,
      "text": "လူ​နေ​ရာ​ရှိ​သ​မျှ​တို့​နှင့် မြေ​ကြီး​သား တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို ကိုယ်​တော်​လက်၌ အပ်​ပေး၍၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ရှိ​တော်​မူ၏။ ကိုယ်​တော်​သည် ရုပ်​တု၏ ရွှေ​ဦး​ခေါင်း​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 39,
      "text": "ကိုယ်​တော်​နောက်၌ ကိုယ်​တော်၏​နိုင်​ငံ​လောက်​မ​မြတ်​သော နိုင်​ငံ​တစ်​ခု​သည် တည်​ထောင်​လိမ့်​မည်။ ထို​နောက်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အုပ်​စိုး​သော ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော တ​တိ​ယ​နိုင်​ငံ တည်​ထောင်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 40,
      "text": "စ​တု​တ္ထ​နိုင်​ငံ​သည် သံ​ကဲ့​သို့​ခိုင်​မာ​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သံ​သည် အ​ခြား​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့၍ နိုင်​သ​ကဲ့​သို့၊ စ​တု​တ္ထ​နိုင်​ငံ​သည် ချိုး​ဖဲ့​နှိပ်​စက်​ခြင်း​ကို ပြု​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 41,
      "text": "ရုပ်​တု၏​ခြေ​နှင့် ခြေ​ချောင်း​တို့​သည် သ​ရွတ်​တစ်​ပိုင်း သံ​တစ်​ပိုင်း​ရှိ​သည်​ကို မြင်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း ဖုတ်​သော​သ​ရွတ်​နှင့် သံ​ရော​နှော​သည်​ကို မြင်​တော်​မူ​သည်​ဖြစ်၍၊ သံ​သည် ခိုင်​မာ​ခြင်း​သ​တ္တိ ရှိ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 42,
      "text": "ခြေ​ချောင်း​တို့​သည် သံ​တစ်​ပိုင်း​သ​ရွတ်​တစ်​ပိုင်း ဖြစ်​သည်​နှင့်​အ​ညီ၊ ထို​နိုင်​ငံ​သည် ခိုင်​မာ​ခြင်း​နှင့်​လည်း​ကောင်း၊ ကျိုး​ပဲ့​ခြင်း​နှင့်​လည်း​ကောင်း ဆက်​ဆံ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 43,
      "text": "ဖုတ်​သော​သ​ရွတ်​နှင့် သံ​ရော​နှော​သည်​ကို မြင်​တော်​မူ​သည်​နှင့် လျော်​စွာ၊ နိုင်​ငံ​သား​တို့​သည် အ​ခြား​သော လူ​မျိုး​သား​တို့​နှင့် ပေါင်း​ဖော်​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ သ​ရွတ်​နှင့် သံ မ​ရော​နှော​နိုင်​သ​ကဲ့​သို့၊ သူ​တို့​သည် အ​ချင်း​ချင်း ပေါင်း​ဖော်၍ မ​သင့်​နိုင်​ကြ။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 44,
      "text": "လက်​နှင့်​မ​ထု​မ​လုပ်​ဘဲ ကျောက်​တစ်​လုံး​သည် တောင်​ပေါ်​က အ​လို​လို​ပဲ့​ကွာ၍၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 45,
      "text": "သံ၊ ကြေး​ဝါ၊ သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ကို ချိုး​ဖဲ့​သည်​ကို မြင်​တော်​မူ​သည် အ​ကြောင်း​အ​ရာ​မှာ၊ ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်​သော နိုင်​ငံ​တစ်​ခု​ကို ထို​မင်း​ကြီး​များ လက်​ထက်၌ ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​သည် တည်​ထောင်​စေ​တော်​မူ​မည်။ ထို​နိုင်​ငံ​သည် အ​ခြား​သော လူ​မျိုး​လက်​သို့ မ​ရောက်​ရ​ဘဲ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး၍ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ထို​သို့​နောင်၌ ဖြစ်​လ​တ္တံ့​သော​အ​ရာ​တို့​ကို ကြီး​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကြား​ပြော​တော်​မူ၏။ အိပ်​မက်​တော် ရွေ့​လျော့​ခြင်း​မ​ရှိ။ အ​နက်​သည်​လည်း မှန်​ပါ၏​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ လျှောက်​ထား၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 46,
      "text": "ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပျပ်​ဝပ်၍ ဒံ​ယေ​လ​ကို ရှိ​ခိုး​ကိုး​ကွယ်​ပြီး​လျှင်၊ ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ နံ့​သာ​မျိုး​ကို မီး​ရှို့၍ ဆက်​ကပ်​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​တော်​မူ​လျက်၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 47,
      "text": "ကိုယ်​တော်​သည် ဤ​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​နိုင်​သည်​ဖြစ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ဘု​ရား၊ ဘု​ရင်​တို့၏​အ​ရှင်၊ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော​သ​ခင် ဖြစ်​တော်​မူ၏​ဟု မိန့်​တော်​မူ၍၊"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 48,
      "text": "ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 2,
      "verse": 49,
      "text": "ထို​အ​ခါ ဒံ​ယေ​လ​သည် သံ​တော်​ဦး​တင်​သော​ကြောင့်၊ မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ဒံ​ယေ​လ​သည် နန်း​တော်​ဦး၌ နေ​ရ​လေ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 1,
      "text": "တ​ရံ​ရော​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ​ခြောက်​တောင် ရှိ​သော ရွှေ​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ ဗာ​ဗု​လုန် ကျေး​လက် ဒု​ရ​လွင်​ပြင်၌ တည်​ထား​တော်​မူ၍၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 2,
      "text": "စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 3,
      "text": "စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် စု​ဝေး​ရောက်​လာ၍၊ တည်​ထား​တော်​မူ​သော ရုပ်​တု​ရှေ့​မှာ ရပ်​နေ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 4,
      "text": "ထို​အ​ခါ သံ​တော်​ဆင့်​တစ်​ယောက်​က၊ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​တို့၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 5,
      "text": "တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 6,
      "text": "မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ​နေ​သော​သူ မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​သည်​ဟု ဟစ်​ကြော်၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 7,
      "text": "ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည် ပျပ်​ဝပ်၍၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး တည်​ထား​သော ရွှေ​ရုပ်​တု​ကို ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 8,
      "text": "ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 9,
      "text": "အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 10,
      "text": "တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​သူ​ရှိ​သ​မျှ​တို့​သည် ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 11,
      "text": "မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ နေ​သော​သူ​မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​ပါ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 12,
      "text": "အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ယု​ဒ​လူ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​အ​မည်​ရှိ​သော သူ​တို့​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု​ပါ။ ကိုယ်​တော်၏ ဘု​ရား​တို့​ကို ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု၊ ယု​ဒ​လူ​တို့​ကို အ​ပြစ်​တင်၍ လျှောက်​ထား​ကြ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 13,
      "text": "ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ​အ​မျက်​ထွက်၍၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ခေါ်​ချေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 14,
      "text": "ဟယ်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ငါ၏​ဘု​ရား​တို့​ကို ဝတ်​မ​ပြု​လော။ ငါ​တည်​ထား​သော ရွှေ​ရုပ်​တု​ကို မ​ကိုး​ကွယ်​လော။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 15,
      "text": "ယ​ခု​တွင် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း အ​သံ​ကို ကြား​သော​အ​ခါ၊ ငါ​လုပ်​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ် ကိုး​ကွယ်​အံ့​သော​ငှာ အ​သင့်​နေ​ကြ။ သို့​မ​ဟုတ်​လျှင်၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​မည်။ ငါ၏​လက်​မှ ကယ်​လွှတ်​နိုင်​သော ဘု​ရား​ကား၊ အ​ဘယ်​ဘု​ရား​ရှိ​သ​နည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 16,
      "text": "ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး နေ​ဗု​ခဒ်​နေ​ဇာ၊ အ​ကျွန်ုပ်​တို့​သည် ဤ​အ​မှု၌ ပြန်​လျှောက်​ရ​မည်​အ​ကြောင်း မ​ရှိ​ပါ။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 17,
      "text": "အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​က အ​ကျွန်ုပ်​တို့​ကို ကယ်​လွှတ်​နိုင်​တော်​မူ၏။ ကိုယ်​တော်၏​လက်​မှ​လည်း ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 18,
      "text": "ထို​သို့ ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို့​ကို အ​ကျွန်ုပ်​တို့​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 19,
      "text": "ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 20,
      "text": "ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို တုပ်​နှောင်၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​မိန့်​တော် ရှိ​သည်​အ​တိုင်း၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 21,
      "text": "ထို​သူ​သုံး​ယောက်​တို့​ကို ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ အ​စ​ရှိ​သည်​တို့​နှင့်​တ​ကွ တုပ်​နှောင်၍၊ မီး​လောင်​လျက် ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 22,
      "text": "ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကျပ်​တည်း၍ မီး​ဖို​သည် အ​လွန်​ပူ​သော​ကြောင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဆွဲ​ချ​သော သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 23,
      "text": "ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 24,
      "text": "ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 25,
      "text": "ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 26,
      "text": "မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ဝ​နား​သို့ ချဉ်း​ကပ်​ပြီး​လျှင်၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ထွက်၍​လာ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မီး​ထဲ​က ထွက်​လာ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 27,
      "text": "စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 28,
      "text": "နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 29,
      "text": "ထို​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​အား ပြစ်​မှား​သော​စ​ကား​ကို ပြော​လျှင်၊ ထို​သူ​ကို အ​ပိုင်း​ပိုင်း​စဉ်း​စေ။ သူ၏​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မျှ​လောက်​သော ကယ်​တင်​ခြင်း​ကို ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​မျှ မ​ပြု​နိုင်​ဟု မိန့်​တော်​မူ​ပြီး​မှ၊"
    },
    {
      "book": 27,
      "chapter": 3,
      "verse": 30,
      "text": "ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ချီး​မြှောက်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 1,
      "text": "ငါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး ကြား​မှာ​လိုက်​သည်။ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​နေ၍ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော​လူ​မျိုး​တ​ကာ​တို့၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 2,
      "text": "မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 3,
      "text": "နိ​မိတ်​လ​က္ခ​ဏာ​တော်​သည် အ​လွန်​ကြီး​ပေ၏။ အံ့​ဖွယ်​သော အ​မှု​တော်​လည်း တန်​ခိုး​နှင့်​ပြည်​စုံ​ပေ၏။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ အာ​ဏာ​စက်​တော်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 4,
      "text": "ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ၍ စည်း​စိမ်​ကြီး​စဉ်​အ​ခါ၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 5,
      "text": "ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို​မြင်၍၊ သ​လွန်​ပေါ်​မှာ အိပ်​လျက် စိတ်​ထဲ၌ အာ​ရုံ​ပြု​သော ရူ​ပါ​ရုံ​အား​ဖြင့် တုန်​လှုပ်​ခြင်း​သို့ ငါ​ရောက်​လေ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 6,
      "text": "ထို​ကြောင့်၊ အိပ်​မက်​အ​နက်​ကို ငါ့​အား​ဖော်​ပြ​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို အ​ထံ​တော်​သို့ သွင်း​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 7,
      "text": "မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် ဝင်​ကြ​လျှင်၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို သူ​တို့​အား ပြ​ပြော​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 8,
      "text": "နောက်​မှ ငါ​ကိုး​ကွယ်​သော​ဘု​ရား၏ နာ​မ​အား​ဖြင့် ဗေ​လ​တ​ရှာ​ဇာ​ဟု​ခေါ်​သ​မုတ်၍၊ သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော ဒံ​ယေ​လ​သည် ငါ့​ထံ​သို့​ဝင်​လာ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 9,
      "text": "အ​ချင်း​မာ​ဂု​ဆ​ရာ​ချုပ် ဗေ​လ​တ​ရှာ​ဇာ၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သည်​ကို​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဖွင့်​ပြ​နိုင်​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သို့​ဖြစ်၍၊ ငါ​မြင်​မက်​သော အိပ်​မက်၏ အ​နက်​ကို ဖော်​ပြ​လော့။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 10,
      "text": "ငါ​အိပ်​ပျော်​စဉ်​တွင် မြင်​မက်​သည်​ကား၊ ငါ​ကြည့်​ရှု၍ မြေ​ကြီး​အ​လယ်၌ အ​ရပ်​မြင့်​လှ​သော သစ်​ပင်​တစ်​ပင်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 11,
      "text": "ထို​အ​ပင်​သည် ကြီး​ပွား၍ ခိုင်​မာ​ခြင်း​သို့ ရောက်၏။ မိုး​ကောင်း​ကင်​သို့​ထိ၍ မြေ​ကြီး​စွန်း​တိုင်​အောင် ထင်​ရှား၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 12,
      "text": "အ​ရွက်​လည်း​လှ၏။ သ​တ္တ​ဝါ​အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော​အ​သီး​နှင့် ပြည့်​စုံ၏။ မြေ​တိ​ရ​စ္ဆာန်​တို့​သည် ထို​သစ်​ပင်​အ​ရိပ်၌ ခို​ကြ၏။ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​တို့​သည် နား​နေ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 13,
      "text": "အိပ်​ပျော်၍ မြင်​မက်​စဉ်၊ တစ်​ဖန်​ငါ​ကြည့်​ရှု​ပြန်​လျှင်၊ သစ်​ပင်​စောင့်​တည်း​ဟူ​သော သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ ဆင်း​လာ၍၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 14,
      "text": "သစ်​ပင်​ကို လှဲ​လော့။ အ​ခက်​တို့​ကို ခုတ်​လော့။ အ​သီး​အ​ရွက်​တို့​ကို လှုပ်​ချွေ​လော့။ တိ​ရ​စ္ဆာန်​တို့​သည် သစ်​ပင်​အောက်​က​ထွက်၍၊ ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​ထဲ​က သွား​ကြ​စေ။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 15,
      "text": "သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို​ခြွင်း​ထား၍၊ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌ ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 16,
      "text": "လူ​စိတ်​သ​ဘော​ပျောက်၍ တိ​ရ​စ္ဆာန်​စိတ်​သ​ဘော​နှင့် ပြည့်​စုံ​စေ​လော့။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုတ်​မာ​သော သူ​တို့​ကို ချီး​မြှောက်၍ နိုင်​ငံ​ကို​အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း သ​တ္တ​ဝါ​တို့ သိ​နား​လည်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ သစ်​ပင်​စောင့်​တို့​သည် ဤ​သို့​စီ​ရင်​ကြ​ပြီ။ သန့်​ရှင်း​သူ​တို့​သည် အ​မိန့်​တော်​ကို ပေး​ကြ​ပြီ​ဟု ဟစ်​ကြော်​လေ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 18,
      "text": "ထို​သို့ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မြင်​မက်​ရ​ပြီ။ ယ​ခု​တွင် အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ငါ​မြင်​သော အိပ်​မက်​အ​နက်​ကို ဖော်​ပြ​လော့။ ငါ့​နိုင်​ငံ​တွင် ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် အ​နက်​ကို ငါ့​အား မ​ဖော်​မ​ပြ​နိုင်​သော်​လည်း၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​ပြည့်​စုံ၍ ဖော်​ပြ​နိုင်​သည်​ဟု ငါ​သည် ကိုယ်​မြင်​သော အိပ်​မက်​ကို ဒံ​ယေ​လ​အား​ပြန်​ပြော၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 19,
      "text": "ထို​အ​ခါ ဗေ​လ​တ​ရှာ​ဇာ အ​မည်​ရှိ​သော ဒံ​ယေ​လ​သည် တစ်​နာ​ရီ​လောက် မိန်း​မော​တွေ​ဝေ၍ စိတ်​ပူ​ပန်​လျက်​နေ၏။ ရှင်​ဘု​ရင်​က၊ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက် အ​နက်​အ​ဓိ​ပ္ပာယ်​ကြောင့် ပူ​ပန်​သော​စိတ်​မ​ရှိ​ပါ​နှင့်​ဟု မိန့်​တော်​မူ၏။ ဗေ​လ​တ​ရှာ​ဇာ​က​လည်း၊ အ​ရှင်​စော၊ ကိုယ်​တော်​ကို မုန်း​သော ရန်​သူ​တို့​အ​ပေါ်၌ အိပ်​မက်​အ​နက်​ရောက်​ပါ​စေ​သော။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 20,
      "text": "မြင်​မက်​တော်​မူ​စဉ်​တွင် ကြီး​ပွား၍ ခိုင်​မာ​ထ​သော၊ မိုး​ကောင်း​ကင်​သို့​ထိ၍ မြေ​ကြီး​တစ်​ပြင်​လုံး၌ ထင်​ရှား​ထ​သော၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 21,
      "text": "အ​ရွက်​လှ​လျက်၊ သ​တ္တ​ဝါ အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော အ​သီး​နှင့် ပြည့်​စုံ​ထ​သော၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် အောက်၌​နေ​ကြ​သ​ဖြင့်၊ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​များ မှီ​ခို​နား​နေ​ရာ​ဖြစ်​သော သစ်​ပင်​သည်၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 22,
      "text": "အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ကြီး​ပွား၍ ခွန်​အား​နှင့်​ပြည့်​စုံ​တော်​မူ၏။ ဘုန်း​စည်း​စိမ်​တော်​ကြီး​မြင့်၍ မိုး​ကောင်း​ကင်​သို့​ထိ၏။ အာ​ဏာ​စက်​တော်​လည်း၊ မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 23,
      "text": "သစ်​ပင်​စောင့်၊ သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ​ဆင်း​လာ၍၊ သစ်​ပင်​ကို ခုတ်​လှဲ​ဖျက်​ဆီး​လော့။ သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို ခြွင်း​ထား၍ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌​ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့​ဟု​ဆို​သည်​မှာ၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 24,
      "text": "အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ၍၊ အ​ရှင်​မင်း​ကြီး​အ​ပေါ်၌ ရောက်​ရ​သော မြင်​မက်​တော်​မူ​ချက်၏​အ​နက်​ဟူ​မူ​ကား၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 25,
      "text": "ကိုယ်​တော်​ကို လူ​စု​ထဲ​က နှင်​ထုတ်၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ နေ​ရာ​ချ​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို ကိုယ်​တော်​မ​သိ မ​မှတ်​မီ​ကာ​လ၊ ခု​နစ်​နှစ်​ပတ်​လုံး နွား​ကဲ့​သို့ မြက်​ကို​စား၍၊ မိုး​စွတ်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 26,
      "text": "သစ်​မြစ်၊ သစ်​ငုတ်​ကို​ခြွင်း​ထား​စေ​ခြင်း​ငှာ စီ​ရင်​ကြ​သည်​အ​ရာ​မှာ၊ ကောင်း​ကင်​ဘုံ​သည် အုပ်​စိုး​ကြောင်း​ကို ကိုယ်​တော်​သိ​ပြီး​သော​နောက်၊ နိုင်​ငံ​တော်​သည် လက်​တော်​မှ မ​ရွေ့​ဘဲ​တည်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 27,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 28,
      "text": "ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး အ​ပေါ်​သို့ ရောက်​သည်​အ​ကြောင်း​ကား၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 29,
      "text": "တစ်​ဆယ်​နှစ်​လ လွန်​ပြီး​သော်၊ ဗာ​ဗု​လုန်​နန်း​တော်​ပေါ်​မှာ စင်္ကြံ​သွား​လျက်၊"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 30,
      "text": "ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 31,
      "text": "ထို​စ​ကား​ကို မြွက်​ဆို​စဉ်​ပင်၊ ကောင်း​ကင်​မှ သက်​ရောက်​သော အ​သံ​ဟူ​မူ​ကား၊ အို​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး၊ နား​ထောင်​လော့။ နိုင်​ငံ​တော်​သည် သင့်​လက်​မှ ရွေ့​သွား​ပြီ။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 32,
      "text": "သင့်​ကို လူ​စု​ထဲ​က​နှင်​ထုတ်၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ နေ​ရာ​ချ​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ ပေး​လို​သော​သူ​တို့​အား ပေး​တော်​မူ​သည်​ကို မင်း​ကြီး​မ​သိ​မ​မှတ်​မီ​ကာ​လ၊ ခု​နစ်​နှစ်​ပတ်​လုံး နွား​ကဲ့​သို့ မြက်​ကို​စား​လျက်​နေ​ရ​မည်​ဟု အ​သံ​ဖြစ်​လေ၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 33,
      "text": "ထို​စ​ကား​နှင့်​အ​ညီ နေ​ဗု​ခဒ်​နေ​ဇာ၌ ချက်​ချင်း​ဖြစ်၍၊ လူ​စု​ထဲ​က​နှင်​ထုတ်​ကြ​လျက်၊ သူ​သည် နွား​ကဲ့​သို့ မြက်​ကို​စား၍ မိုး​စွတ်​ခြင်း​ကို ခံ​သ​ဖြင့်၊ ကိုယ်​အ​မွေး​သည် ရွှေ​လင်း​တ​အ​တောင် ကဲ့​သို့​လည်း​ကောင်း၊ လက်​သည်း ခြေ​သည်း​တို့​သည် ငှက်​ခြေ​သည်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 34,
      "text": "ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​သို့ မျှော်​ကြည့်၍ သ​တိ​ရ​ပြန်​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ကောင်း​ချီး​ပေး၍၊ ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ကို ချီး​မွမ်း​ထော​မ​နာ​ပြု၏။ အာ​ဏာ​တော်​သည် ထာ​ဝ​ရ​အာ​ဏာ​ဖြစ်၏။ နိုင်​ငံ​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက်​တည်၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 35,
      "text": "မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့၌​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့၌​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​ပြု​ပြင်​တော်​မူ၏။ လက်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်။ အ​ဘယ်​သို့​ပြု​သ​နည်း​ဟု ကိုယ်​တော်​ကို ဆို​နိုင်​သော​သူ​မ​ရှိ။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 36,
      "text": "ထို​အ​ခါ ငါ့​စိတ်​ပ​က​တိ​ဖြစ်​ပြန်၍၊ ငါ့​နိုင်​ငံ၏​အ​သ​ရေ​ဖို့ ယ​မန်​ကဲ့​သို့ တင့်​တယ်​ခြင်း အ​ရောင်​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ တိုင်​ပင်​သော မှူး​တော်​မတ်​တော်​တို့​သည် ညီ​လာ​ခံ​ဝင်​ကြ​လျှင်၊ ငါ၏​အာ​ဏာ​တည်​မြဲ​တည်၏။ ငါ့​ဘုန်း​အာ​နု​ဘော်​လည်း ယ​ခင်​ထက် တိုး​ပွား၏။"
    },
    {
      "book": 27,
      "chapter": 4,
      "verse": 37,
      "text": "ယ​ခု​တွင် ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ထော​ပ​နာ​ပြု၏။ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော အ​ရာ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ တ​ရား​နှင့် ညီ​လျော်​ကြ၏။ မာ​န​ထောင်​လွှား​သော သူ​တို့​ကို နှိမ့်​ချ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏​ဟု အ​မိန့်​တော်​ကို အ​ရပ်​ရပ်​သို့ ပြန့်​စေ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 1,
      "text": "တစ်​ရံ​ရော​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် မှူး​မတ်​တစ်​ထောင်​ကို ခေါ်​ပြီး​လျှင် ကြီး​စွာ​သော​ပွဲ​ကို လုပ်၍၊ မှူး​မတ်​တစ်​ထောင်​နှင့်​တ​ကွ စ​ပျစ်​ရည်​ကို သောက်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 2,
      "text": "စ​ပျစ်​ရည်​ကို မြည်း​စမ်း​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ထဲ​က ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား၊ ငွေ​ဖ​လား​တို့​နှင့် ကိုယ်​တော်​တိုင်​မှ​စ၍ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် သောက်​ရ​မည်​အ​ကြောင်း၊ ထို​ဖ​လား​တို့​ကို​ယူ​ခဲ့​ရ​မည်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 3,
      "text": "ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​တိုက်​ထဲ​က သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား​တို့​ကို​ယူ​ခဲ့၍၊ မင်း​ကြီး၊ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် သောက်​ကြ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 4,
      "text": "စ​ပျစ်​ရည်​ကို​သောက်၍၊ ရွှေ​ဘု​ရား၊ ငွေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 5,
      "text": "ထို​အ​ချိန်​နာ​ရီ​တွင် လူ၏​လက်​ဖျား​သည် ပေါ်​လာ၍ မီး​ခုံ​အ​ထက်၊ နန်း​တော်​အုတ်​ထ​ရံ အင်္ဂ​တေ၌ အ​က္ခ​ရာ​တင်၍ ရေး​ထား၏။ ထို​သို့​ရေး​သော​လက်​ဖျား​ကို ရှင်​ဘု​ရင် မြင်​တော်​မူ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 6,
      "text": "မျက်​နှာ​တော်​ညှိုး​ငယ်၍ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊ ခါး​ဆစ်​ပြုတ်​မ​တတ်​ဖြစ်၍ ဒူး​ခြင်း​ထိ​ခိုက်​သည်​ရှိ​သော်၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 7,
      "text": "ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 8,
      "text": "ပ​ညာ​ရှိ ဆ​ရာ​တော်​အ​ပေါင်း​တို့​သည် လာ​ရောက်​ကြ​သော်​လည်း၊ ထို​စာ​ကို မ​ဖတ်​နိုင်​ကြ။ အ​နက်​အ​ဓိ​ပ္ပာယ်​ကို ရှင်​ဘု​ရင်​အား မ​ဟော​မ​ပြော​နိုင်​သော​ကြောင့်၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 9,
      "text": "ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် အ​လွန်​စိတ်​ပူ​ပန်​ခြင်း၊ မျက်​နှာ​တော်​ညှိုး​ငယ်​ခြင်း​ရှိ၍၊ မှူး​တော်​မတ်​တော်​တို့​သည် မှိုင်​လျက်​နေ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 10,
      "text": "ထို​အ​ခါ မယ်​တော်​မိ​ဖု​ရား​သည် ရှင်​ဘု​ရင်၏ စ​ကား၊ မှူး​မတ်​တို့၏​စ​ကား​ကို ကြား​သိ​လျှင်၊ ပွဲ​တော်​သို့ ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ စိတ်​တော်​ပူ​ပန်​ခြင်း မ​ရှိ​ပါ​နှင့်။ မျက်​နှာ​ညှိုး​ငယ်​တော် မ​မူ​ပါ​နှင့်။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 11,
      "text": "သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော သူ​တစ်​ယောက်​သည် နိုင်​ငံ​တော်​တွင် ရှိ​ပါ၏။ ခ​မည်း​တော်​ဘု​ရား လက်​ထက်​တော်၌၊ ထို​သူ​တွင် ဘု​ရား​ပ​ညာ​နှင့်​တူ​သော ပ​ညာ​ဉာဏ်​သ​တ္တိ ထင်​ရှား​လျက်​ရှိ​ပါ၏။ ထို​သူ​ကို ခ​မည်း​တော်​ဘု​ရား နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​အ​ပေါ်​တွင် ဆ​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ အိပ်​မက်​အ​နက်​ကို ဖတ်​ခြင်း၊ နက်​နဲ​ခက်​ခဲ​သော​အ​ရာ​ကို ဖွင့်​ပြ​ခြင်း၊ ပု​စ္ဆာ​အ​မေး​ကို ဖြေ​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော ဉာဏ်​ပ​ညာ​နှင့်​တ​ကွ၊ ထူး​ဆန်း​သော​စိတ်​ဝိ​ညာဉ်​သည် ဒံ​ယေ​လ​အ​မည်​ရှိ​သော ထို​သူ​တွင် ထင်​ရှား​လျက်​ရှိ​ပါ၏။ ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော ဘွဲ့​နာ​မ​ကို​လည်း ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။ ထို​ဒံ​ယေ​လ​ကို ခေါ်​တော်​မူ​လျှင်၊ အ​နက်​ကို ဟော​ပြော​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 13,
      "text": "ဒံ​ယေ​လ​ကို အ​ထံ​တော်​သို့ ခေါ်​သွင်း​လေ၏။ ရှင်​ဘု​ရင်​က၊ ငါ့​ခ​မည်း​တော်​ဘု​ရား​သည် ယု​ဒ​ပြည်​က သိမ်း​ယူ​တော်​မူ​ခဲ့၍၊ ယု​ဒ​လူ​စု၌​ပါ​သော ဒံ​ယေ​လ မှန်​သ​လော။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 14,
      "text": "သင်​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သည်​ဟု သင်၏ သ​တင်း​ကို ငါ​ကြား၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 15,
      "text": "ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ငါ့​အား​ဖော်​ပြ​စေ​ခြင်း​ငှာ ဗေ​ဒင်​တတ်​ပ​ညာ​ရှိ​တို့​ကို ငါ့​ထံ​သို့​သွင်း​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 16,
      "text": "သင်​သည် အ​နက်​များ​ကို​ဖော်​ပြ၍ ပု​စ္ဆာ​အ​မေး​တို့​ကို ဖြေ​နိုင်​သည်​ဟု ငါ​ကြား​ပြီး​သည်​အ​တိုင်း၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ငါ့​အား​ဖော်​ပြ​နိုင်​လျှင်၊ အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 17,
      "text": "ဒံ​ယေ​လ​က​လည်း၊ ဆု​တော်​လာဘ်​တော်​ကို ကိုယ်​တော်၌ ရှိ​စေ​တော်​မူ​ပါ။ ပေး​လို​သော​အ​ရာ​များ​ကို အ​ခြား​သူ​အား ပေး​သ​နား​တော်​မူ​ပါ။ သို့​သော်​လည်း၊ ရှေ့​တော်၌ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို​ဖော်​ပြ​ပါ​မည်။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 18,
      "text": "အ​ရှင်​မင်း​ကြီး၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် ခ​မည်း​တော် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး၌ နိုင်​ငံ​တော်​နှင့်​တ​ကွ ရွှေ​ဘုန်း​တော်​မြတ်၊ ဂုဏ်​အ​သ​ရေ​တော်​ကို ပေး​သ​နား​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 19,
      "text": "ပေး​သ​နား​တော်​မူ​သော ထို​ရွှေ​ဘုန်း​တော်​မြတ်​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​သည် ရှေ့​တော်၌ ကြောက်​ရွံ့​တုန်​လှုပ်​လျက် နေ​ကြ၏။ သတ်​လို​သော သူ​တို့​ကို သတ်​တော်​မူ၏။ အ​သက်​ရှင်​စေ​လို​သော သူ​တို့​ကို ရှင်​စေ​တော်​မူ၏။ ချီး​မြှောက်​လို​သော သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ နှိမ့်​ချ​လို​သော​သူ​တို့​ကို နှိမ့်​ချ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 20,
      "text": "မာန်​မာ​န​စိတ်​နှင့် ထောင်​လွှား​စော်​ကား​ခြင်း ရှိ​သော​အ​ခါ၊ ဘုန်း​တန်​ခိုး​ကွယ်​ပျောက်၍ နန်း​တော်​မှ​ကျ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 21,
      "text": "လူ​သား​စု​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍ တိ​ရ​စ္ဆာန်​သ​ဘော​နှင့် ပြည့်​စုံ၏။ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး၍၊ အ​လို​တော်​ရှိ​သော​သူ​တို့​အား အပ်​တော်​မူ​သည်​ကို မ​သိ​မှတ်​မီ​တိုင်​အောင်၊ မြည်း​ရိုင်း​တို့​နှင့် ပေါင်း​ဖော်​လျက်၊ နွား​ကဲ့​သို့ မြက်​ကို​စား​လျက်၊ မိုး​စွတ်​ခြင်း​ကို ခံ၍​နေ​ရ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 22,
      "text": "အ​ရှင်​သား​တော် ဗေ​လ​ရှာ​ဇာ၊ ကိုယ်​တော်​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို သိ​သော်​လည်း၊ စိတ်​နှ​လုံး​ကို မ​နှိမ့်​ချ​ဘဲ၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 23,
      "text": "ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 24,
      "text": "ထို​ကြောင့်၊ လက်​ဖျား​ကို​စေ​လွှတ်၍ ထို​စာ​ကို ရေး​စေ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 25,
      "text": "စာ​ချက်​ဟူ​မူ​ကား၊ မေ​နေ​မေ​နေ၊ တေ​က​လ၊ ဖေ​ရက်​ဟု အ​က္ခ​ရာ​တင်​လျက်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 26,
      "text": "မေ​နေ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်၏​နိုင်​ငံ​ကို ဘု​ရား​သ​ခင် ရေ​တွက်၍ ဆုံး​စေ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 27,
      "text": "တေ​က​လ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်​ကို ချိန်​ခွင်​နှင့်​ချိန်၍ လျော့​ကြောင်း​ကို တွေ့​မြင်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 28,
      "text": "ဖေ​ရက်၏ အ​နက်​ဓိ​ပ္ပာယ်​ကား၊ နိုင်​ငံ​တော်​ကို​ခွဲ​ဝေ၍ မေ​ဒိ​လူ၊ ပေ​ရ​သိ​လူ​တို့​အား အပ်​ပေး​တော်​မူ၏​ဟု ဆို​လို​သ​တည်း​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ ပြန်​ကြား​လျှောက်​ထား၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 29,
      "text": "ထို​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို အ​ဝတ်​နီ​ဝတ်​ဆင်​စေ၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​ပြီး​မှ၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​သည်​ဟု မြို့​ကို​လည်၍ ဟစ်​ကြော်​ကြ၏။"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 30,
      "text": "ထို​ည၌​ပင် ခါ​လ​ဒဲ​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​မင်း​သည် အ​သက်​ဆုံး၍၊"
    },
    {
      "book": 27,
      "chapter": 5,
      "verse": 31,
      "text": "မေ​ဒိ​အ​မျိုး ဒါ​ရိ​မင်း​သည် အ​သက်​ခြောက်​ဆယ်​နှစ်​နှစ်​တွင် နိုင်​ငံ​တော်​ကို သိမ်း​ယူ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 1,
      "text": "ဒါ​ရိ​မင်း​ကြီး​သည် နိုင်​ငံ​တော် အ​မှု​အ​ရေး​အ​လုံး​စုံ​တို့​ကို စီ​ရင်​ရ​သော မြို့​ဝန်​တစ်​ရာ​နှစ်​ဆယ် တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 2,
      "text": "အ​ကျိုး​တော်​ကို မ​ယုတ်​မ​လျော့​စေ​ခြင်း​ငှာ၊ ထို​မြို့​ဝန်​အ​ပေါင်း​တို့​ကို အုပ်​ချုပ်​စစ်​ကြော​ရ​သော ဝန်​ကြီး​သုံး​ပါး​ကို​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း ခန့်​ထား​တော်​မူ၏။ ထို​ဝန်​ကြီး​သုံး​ပါး​တွင် ဒံ​ယေ​လ​သည် ဝန်​ကြီး​အ​ရာ​ကို​ရ​သည်​သာ​မ​က၊"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 3,
      "text": "ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 4,
      "text": "ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်၏ ဘာ​သာ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​တွင် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို ငါ​တို့​မ​တွေ့​နိုင်​ကြ​ဟု တိုင်​ပင်​ပြော​ဆို​ပြီး​မှ၊"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 6,
      "text": "အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 7,
      "text": "ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 8,
      "text": "သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 9,
      "text": "ဒါ​ရိ​မင်း​ကြီး​သည် အ​မိန့်​တော်​ကို​ပေး၍ တံ​ဆိပ်​ခတ်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 10,
      "text": "အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 11,
      "text": "ထို​သို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​နေ​သည်​ကို မှူး​မတ်​အ​ရာ​ရှိ​တို့​သည် စည်း​ဝေး၍ တွေ့​မြင်​ကြ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 12,
      "text": "အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 13,
      "text": "မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 14,
      "text": "ထို​စ​ကား​ကို ကြား​လျှင်၊ ရှင်​ဘု​ရင်​သည် အ​လွန်​နောင်​တ​ရ၍ ဒံ​ယေ​လ​ကို လွှတ်​ခြင်း​ငှာ စိတ်​အား​ကြီး​သ​ဖြင့်၊ လွှတ်​ရ​သော​အ​ခွင့်​ကို နေ​ဝင်​သည်​တိုင်​အောင် ကြိုး​စား၍ ရှာ​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 15,
      "text": "တစ်​ဖန် မှူး​မတ်​အ​ရာ​ရှိ​တို့​သည် အ​ထံ​တော်​သို့ စည်း​ဝေး၍၊ အ​ရှင်​မင်း​ကြီး၊ တစ်​ခါ​ထုတ်​ပြီး​သော အ​မိန့်​တော် မ​ပျက်​နိုင်​ရာ​ဟု မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်၌ ပါ​ကြောင်း​ကို သ​တိ​ထား​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြန်​လျှင်၊"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 16,
      "text": "တစ်​ဖန် ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို​ခေါ်၍ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ သင်​မ​ပြတ်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ကယ်​လွှတ်​ပါ​စေ​ဟု ဒံ​ယေ​လ​ကို မိန့်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 17,
      "text": "ကျောက်​ပြား​ကို​လည်း ယူ​ခဲ့၍ တွင်း​ဝ​ကို ပိတ်​ပြီး​လျှင်၊ ဒံ​ယေ​လ​အ​မှု၌ စီ​ရင်​ချက်​ကို မ​တိုး​မ​လျော့ စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​တံ​ဆိပ်​နှင့် မှူး​မတ်​တို့​တံ​ဆိပ်​ကို ခတ်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 18,
      "text": "ထို​နောက်၊ ရှင်​ဘု​ရင်​သည် နန်း​တော်​သို့ ပြန်၍ တစ်​ည​လုံး စား​တော်​မ​ခေါ်၊ အ​ငြိမ့်​တန်​ဆာ​ကို အ​ထံ​တော်​သို့ မ​သွင်း​စေ​ဘဲ စက်​တော်​ခေါ်၍ မ​ပျော်​နိုင်။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 19,
      "text": "နံ​နက်​စော​စော​ထ၍ ခြင်္သေ့​တွင်း​သို့ အ​လျင်​အ​မြန် သွား​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 20,
      "text": "ရောက်​လျှင်၊ ငို​ကြွေး​သော​အ​သံ​နှင့် ဒံ​ယေ​လ​ကို​ခေါ်၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျွန်​ဒံ​ယေ​လ၊ သင်​မ​ပြတ် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ခြင်္သေ့​ဘေး​မှ ကယ်​လွှတ်​နိုင်​သ​လော​ဟု မေး​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 21,
      "text": "ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 22,
      "text": "အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 23,
      "text": "ထို​အ​ခါ ရှင်​ဘု​ရင်​သည် အ​လွန်​ဝမ်း​မြောက်၍၊ ဒံ​ယေ​လ​ကို တွင်း​ထဲ​က ထုတ်​ယူ​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဒံ​ယေ​လ​ကို တွင်း​ထဲ​က ထုတ်​ယူ၍၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော​ကြောင့် သူ၌​ထိ​ခိုက်​သော​အ​နာ တစ်​ခု​မျှ မ​ရှိ။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 24,
      "text": "ထို​နောက်၊ ဒံ​ယေ​လ၌ အ​ပြစ်​တင်​သော သူ​တို့​ကို ရှင်​ဘု​ရင်၏​အ​မိန့်​တော်​နှင့် ခေါ်၍၊ သား​မ​ယား​နှင့်​တ​ကွ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​လျှင်၊ မြေ​သို့​မ​ရောက်​မီ ခြင်္သေ့​တို့​သည်​နိုင်၍ သူ​တို့ အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ကြ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 25,
      "text": "ထို​အ​ခါ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​တို့၌ နေ၍၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​ရှိ​ရာ​သို့ အ​မိန့်​တော်​စာ​နှင့် စေ​လွှတ်​တော်​မူ၏။ စာ​ချက်​ဟူ​မူ​ကား၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 26,
      "text": "ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 27,
      "text": "မ​စ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဩ​ဖွယ်​တို့​ကို ဖြစ်​စေ​တော်​မူ၏။ ဒံ​ယေ​လ​ကို ခြင်္သေ့​လက်​မှ ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထို​သို့​သော​ဘု​ရား ဖြစ်​တော်​မူ၏​ဟု အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 6,
      "verse": 28,
      "text": "ထို​သို့​ဒံ​ယေ​လ​သည် ဒါ​ရိ​မင်း​ကြီး​လက်​ထက်၌​လည်း​ကောင်း၊ ပေ​ရ​သိ​အ​မျိုး ကု​ရု​မင်း​ကြီး လက်​ထက်၌​လည်း​ကောင်း ကောင်း​စား​လျက်​နေ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 1,
      "text": "ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ဒံ​ယေ​လ​သည် အိပ်​မက်​ကို​မြင်၍ အိပ်​ပျော်​စဉ်၊ စိတ်​ထဲ၌​အာ​ရုံ​ပြု​ပြီး​မှ မြင်​မက်​သော အ​ရာ​တို့​ကို ရေး​ထား​သော​အ​ချက်​ကား၊"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 2,
      "text": "ငါ ဒံ​ယေ​လ​သည် ည​အ​ခါ အာ​ရုံ​ပြု၍၊ မိုး​ကောင်း​ကင် လေး​မျက်​နှာ၌ လေ​တို့​သည် မ​ဟာ​သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ အ​ချင်း​ချင်း​တိုက်​ကြ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 3,
      "text": "သ​ဏ္ဌာန်​ချင်း​မ​တူ​သော သား​ရဲ​လေး​ကောင်​တို့​သည် သ​မု​ဒ္ဒ​ရာ​ထဲ​က ထွက်​လာ​ကြ၏။ ပ​ထ​မ​သား​ရဲ​သည် ခြင်္သေ့​နှင့်​တူ၏။ ရွှေ​လင်း​တ​အ​တောင်​လည်း​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 4,
      "text": "ငါ ကြည့်​ရှု၍​နေ​စဉ်၊ သူ၏​အ​တောင်​ကို နုတ်​ကြ၏။ မြေ​မှ ကိုယ်​ကို ချီ​ကြွ​လျက် လူ​ကဲ့​သို့ ခြေ​ဖြင့်​မတ်​တပ်​ရပ်၍၊ လူ​စိတ်​သ​ဘော​ကို​လည်း​ရ၏။ ဒု​တိ​ယ​သား​ရဲ​သည် ဝံ​နှင့်​တူ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 5,
      "text": "တစ်​ဖက်၌ ကိုယ်​ကို​ကိုယ်​ချီ​ကြွ၏။ ပါး​စပ်၌ နံ​ရိုး​သုံး​ချောင်း​ကို ကိုက်​လျက်​ရှိ၏။ သင်​ထ​လော့။ အ​သား​များ​ကို ကိုက်​စား​လော့​ဟု သူ့​အား​ပြော​ကြ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 6,
      "text": "တစ်​ဖန် ငါ​ကြည့်​ရှု​ပြန်၍၊ ကျား​သစ်​နှင့်​တူ​သော သား​ရဲ​တစ်​ကောင်​သည် ထင်​ရှား၏။ ကျော​ပေါ်​မှာ ငှက်​အ​တောင် လေး​ခု​ရှိ၏။ ခေါင်း​လေး​လုံး​နှင့် ပြည့်​စုံ၏။ အုပ်​စိုး​ရ​သော အ​ခွင့်​လည်း​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 7,
      "text": "ထို​ည​အ​ခါ၊ တစ်​ဖန်​ငါ​သည် အာ​ရုံ​ပြု​စဉ်၊ ကြီး​စွာ​သော ခွန်​အား​နှင့်​ပြည့်​စုံ၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော စ​တု​တ္ထ​သား​ရဲ​သည် ထင်​ရှား၏။ ကြီး​စွာ​သော သံ​သွား​လည်း​ရှိ၏။ ကိုက်​စား​ချိုး​ဖဲ့၍ ကြွင်း​သော​အ​ရာ​ကို ခြေ​ဖြင့်​နင်း​ချေ၏။ သူ​သည် အ​ရင်​သား​ရဲ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား၏။ ချို​ဆယ်​ချောင်း​လည်း​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 8,
      "text": "ထို​ချို​တို့​ကို ငါ​ကြည့်​ရှု​စဉ်၊ ချို​များ​အ​လယ်၌ ချို​ငယ်​တစ်​ချောင်း​သည် ပေါက်​ပြန်၏။ ထို​ချို​ငယ်​ရှေ့​မှာ အ​ရင်​ချို​သုံး​ချောင်း​ကို အ​မြစ်​နှင့်​တ​ကွ နုတ်​လေ၏။ ထို​ချို​ငယ်​သည် လူ​မျက်​စိ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြီး​စွာ​သော စ​ကား​ကို ပြော​တတ်​သော နှုတ်​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 9,
      "text": "ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 10,
      "text": "မျက်​နှာ​တော်​မှာ မီး​ရောင်​ခြည်​ထွက်​လေ၏။ အ​တိုင်း​မ​သိ များ​စွာ​သော​သူ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်၍၊ ကု​ဋေ​သင်္ချေ​မ​က ရှေ့​တော်၌ ခ​စား၍​နေ​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​ငှာ​ပြင်​ဆင်၍ စာ​စောင်​များ​ကို ဖွင့်​ထား​ကြ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 11,
      "text": "ထို​အ​ခါ ချို​ငယ်​ပြော​သော စ​ကား​ကြီး​အ​သံ​ကြောင့် ငါ​ကြည့်​ရှု၍ နေ​စဉ်၊ ထို​သား​ရဲ​အ​သက်​ကို သတ်​ပြီး​လျှင် သူ၏​ကိုယ်​ကို မီး​ရှို့၍ ဖျက်​ဆီး​ကြ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 12,
      "text": "အ​ခြား​သော သား​ရဲ​မူ​ကား၊ အ​စိုး​ရ​သော အ​ခွင့်​တန်​ခိုး ရှုံး​သော်​လည်း၊ ချိန်း​ချက်​သော ကာ​လ​ပတ်​လုံး အ​သက်​ရှင်​ရ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 13,
      "text": "ထို​ည​အ​ခါ ငါ​သည် အာ​ရုံ​ပြု၍၊ လူ​သား​နှင့် တူ​သော​သူ​တစ်​ဦး​သည် မိုး​တိမ်​ကို​စီး​လျက်၊ အ​သက်​ကြီး​သော သူ၏​အ​ထံ​တော်​သို့ ရောက်​လာ၏။ ထို​သူ​ကို အ​ထံ​တော်​ပါး​သို့​သွင်း​ကြ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 14,
      "text": "အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ ထို​သူ​သည် နိုင်​ငံ​နှင့်​တ​ကွ အာ​ဏာ​စက်​တန်​ခိုး​ကို​ရ၏။ အာ​ဏာ​စက်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် တည်၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်​ရာ။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 15,
      "text": "ငါ​ဒံ​ယေ​လ​သည် ကိုယ်​ခ​န္ဓာ​တုန်​လှုပ်၍၊ ထို​ရူ​ပါ​ရုံ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​ရှိ​လျှင်၊"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 16,
      "text": "အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​ထံ​သို့ သွား၍၊ ယ​ခု​မြင်​သ​မျှ​ကား၊ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​သော်၊"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 17,
      "text": "ထို​သူ​က၊ ဤ​သား​ရဲ​လေး​ကောင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပေါ်​လ​တ္တံ့​သော နိုင်​ငံ​လေး​ပါး​ဖြစ်၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 18,
      "text": "သို့​သော်​လည်း၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​သည် နိုင်​ငံ​ကို​သိမ်း​ယူ၍ က​မ္ဘာ​အ​ဆက်​ဆက် စံ​စား​ကြ​လ​တ္တံ့​ဟု အ​နက်​အ​ဓိ​ပ္ပာယ်​ကို ကြား​ပြော၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 19,
      "text": "ထို​အ​ခါ အ​ခြား​သော သား​ရဲ​ထက်​ထူး​ခြား၍ အ​လွန်​ကြောက်​မက်​ဖွယ်​ဖြစ်​လျက်၊ သံ​သွား​နှင့်​လည်း​ကောင်း၊ ကြေး​ဝါ လက်​သည်း​ခြေ​သည်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကိုယ်​စား​ချိုး​ဖဲ့၍ ကြွင်း​သ​မျှ​ကို ခြေ​ဖြင့်​နင်း​ချေ​တတ်​သော စ​တု​တ္ထ​သား​ရဲ​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 20,
      "text": "သူ၏​ခေါင်း၌​ရှိ​သော ချို​ဆယ်​ချောင်း​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊ နောက်​ပေါက်၍ အ​ရင်​ချို သုံး​ချောင်း​ကို​နုတ်၍၊ ကြီး​စွာ​သော​စ​ကား​ကို ပြော​တတ်​သော​နှုတ်​နှင့် မျက်​စိ​ရှိ​သ​ဖြင့်၊ မိ​မိ​အ​ဖော်​တို့​ထက်​သာ၍ ရဲ​ရင့်​သော မျက်​နှာ​အ​ဆင်း​ရှိ​သော ချို​တစ်​ချောင်း​ကား၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 21,
      "text": "ငါ​ကြည့်​ရှု​စဉ်​တွင် အ​သက်​ကြီး​သော​သူ​သည် ရောက်​လာ​လျှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​သူ​တို့​အား စီ​ရင်​ရ​သော အ​ခွင့်​ကို ပေး၍၊"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 22,
      "text": "ထို​သူ​တို့​သည် နိုင်​ငံ​ကို​သိမ်း​ယူ​ဝင်​စား​သော အ​ချိန်​ရောက်​သည်​တိုင်​အောင် ထို​ချို​သည် သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​လေ၏။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 23,
      "text": "ထို​သူ​က​လည်း စ​တု​တ္ထ​သား​ရဲ​သည် မြေ​ကြီး​ပေါ်​မှာ အ​ခြား​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား​သော စ​တု​တ္ထ​နိုင်​ငံ​ဖြစ်၏။ ထို​နိုင်​ငံ​သည် မြေ​ကြီး​ရှိ​သ​မျှ​ကို ကိုယ်​စား​ချိုး​ဖဲ့ နင်း​ချေ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 24,
      "text": "ထို​နိုင်​ငံ၌ ပေါက်​သော ချို​ဆယ်​ချောင်း​သည် ပေါ်​လ​တ္တံ့​သော မင်း​ကြီး​ဆယ်​ပါး ဖြစ်၏။ သူ​တို့​နောက် အ​ခြား​သော မင်း​ကြီး ပေါ်​လာ​လိမ့်​မည်။ အ​ရင်​မင်း​ကြီး​ထက် ထူး​ခြား၍ သုံး​ပါး​တို့​ကို နှိမ့်​ချ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 25,
      "text": "အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ကြီး​စွာ​သော စ​ကား​ကို ပြော​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။ ကာ​လ​အ​ချိန်​နှင့် ပ​ညတ်​တ​ရား​တို့​ကို ပြောင်း​လဲ​စေ​ခြင်း​ငှာ ကြံ​စည်​လိမ့်​မည်။ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး သူ​သည် အ​ခွင့်​ရ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 26,
      "text": "ထို​နောက်​မှ တ​ရား​စီ​ရင်​ခြင်း ဖြစ်​လိမ့်​မည်။ ထို​အ​ခါ သူ၏​တန်​ခိုး​အာ​ဏာ​ကို​နုတ်၍ ရှင်း​ရှင်း ဖျက်​ဆီး​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 27,
      "text": "ကောင်း​ကင်​အောက်၌ နိုင်​ငံ​နှင့်​တ​ကွ အာ​ဏာ​စက် ဘုန်း​တန်​ခိုး​ရှိ​သ​မျှ​ကို အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သော​အ​မျိုး​သား​တို့​သည် ရ​ကြ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ မင်း​ကြီး​အ​ပေါင်း​တို့​သည် တိုး​ဝင်၍ ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 7,
      "verse": 28,
      "text": "ဤ​ရွေ့​ကား အ​နက်​အ​ဓိ​ပ္ပာယ်​ပေ​တည်း​ဟု ဆို​လေ၏။ ငါ​ဒံ​ယေ​လ​သည် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၍ မျက်​နှာ​ညှိုး​ငယ်​ခြင်း​ရှိ၏။ သို့​သော်​လည်း မြင်​ရ​သော​အာ​ရုံ​များ​ကို စိတ်​နှ​လုံး​ထဲ၌ သို​ထား၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 1,
      "text": "ဗေ​လ​ရှာ​ဇာ​မင်း​ကြီး နန်း​စံ​သုံး​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ယ​ခင် ဗျာ​ဒိတ်​တော်​ကို မြင်​ပြီး​သည်​နောက်၊ တစ်​ဖန် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 2,
      "text": "ဧ​လံ​ပြည်၊ ရှု​ရှန်​မြို့​တော်၌ ဥ​လဲ​မြစ်​နား​မှာ ငါ​ရှိ​စဉ်၊ ရူ​ပါ​ရုံ​ထင်​ရှား၍၊"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 3,
      "text": "ငါ​မျှော်​ကြည့်​သော်၊ ရှည်​လျား​သော ချို​နှစ်​ချောင်း​ရှိ​သော သိုး​တစ်​ကောင်​သည် မြစ်​တစ်​ဖက်၌ ရပ်​နေ၏။ ထို​ချို​နှစ်​ချောင်း​သည် မ​ညီ၊ တစ်​ချောင်း​သာ၍ ရှည်၏။ သာ၍ ရှည်​သော​ချို​သည် နောက်​ပေါက်​သ​တည်း။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 4,
      "text": "ထို​သိုး​သည် အ​နောက်၊ တောင်၊ မြောက်၊ သုံး​မျက်​နှာ​သို့ တိုး​ခွေ့​သော​ကြောင့် အ​ဘယ်​တိ​ရ​စ္ဆာန်​မျှ မ​ခံ​နိုင်၊ အ​ဘယ်​သူ​မျှ သူ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​သည် ဖြစ်၍ မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​ဖြင့် ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 5,
      "text": "ထို​အ​မှု​ကို ငါ​ဆင်​ခြင်​လျက်​နေ​သော​အ​ခါ၊ မျက်​စိ​နှစ်​လုံး​ကြား၌ ထူး​ဆန်း​သော ချို​တစ်​ချောင်း​ရှိ​သော ဆိတ်​တစ်​ကောင်​သည် အ​နောက်​မျက်​နှာ​က​လာ၍၊ မြေ​ကို​မ​နင်း​ဘဲ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ကျော်​လေ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 6,
      "text": "ချို​နှစ်​ချောင်း​နှင့် မြစ်​တစ်​ဘက်၌ ထင်​ရှား​သော သိုး​ရှိ​ရာ​သို့ ပြင်း​စွာ​သော အ​ဟုန်​နှင့်​ပြေး၍၊"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 7,
      "text": "အ​နား​သို့ ရောက်​သော​အ​ခါ၊ ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့် သိုး​ကို ခတ်၍ သိုး​ချို​နှစ်​ချောင်း​ကို ချိုး​ဖဲ့၏။ သိုး​သည် ခံ​နိုင်​သော တန်​ခိုး​မ​ရှိ​သည် ဖြစ်၍ ဆိတ်​သည် သူ့​ကို​မြေ၌​လှဲ၍ နင်း​လေ၏။ သူ့​လက်​မှ အ​ဘယ်​သူ​မျှ သိုး​ကို မ​ကယ်​မ​လွှတ်​နိုင်။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 8,
      "text": "သို့​ဖြစ်၍၊ ထို​ဆိတ်​သည် အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။ ခွန်​အား​ကြီး​သော​အ​ခါ ချို​ကြီး​ကျိုး​ပဲ့၏။ ထို​ချို​အ​ရာ၌ ထူး​ဆန်း​သော ချို​လေး​ချောင်း​ပေါက်၍၊ မိုး​ကောင်း​ကင်​လေး​မျက်​နှာ​သို့ မျက်​နှာ​ပြု​ကြ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 9,
      "text": "ထို​ချို​လေး​ချောင်း​တွင် တစ်​ချောင်း​ထဲ​က အ​ခြား​သော ချို​တက်​တစ်​ချောင်း​ပေါက်​ပြန်၍ တောင်​မျက်​နှာ​သို့​လည်း​ကောင်း၊ အ​ရှေ့​မျက်​နှာ​သို့​လည်း​ကောင်း၊ သာ​ယာ​သော​ပြည်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၍၊ အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 10,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​တိုင်​အောင် ကြီး​မား၍၊ ထို​ဗိုလ်​ခြေ​အ​ချို့​တို့​နှင့် ကြယ်​အ​ချို့​တို့​ကို မြေ​သို့​ချ၍ နင်း​လေ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 11,
      "text": "ထို​မျှ​မ​က၊ ဗိုလ်​ခြေ​သ​ခင်​တိုင်​အောင် ထောင်​လွှား​ခြင်း​ကို ပြု​လျက်၊ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို​ပယ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရှုတ်​ချ​လေ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 12,
      "text": "အ​ပြစ်​များ​သော​ကြောင့် နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​နှင့်​တ​ကွ ဗိုလ်​ခြေ​ကို​လည်း ထို​ချို​သည်​ရ၍ သ​မ္မာ​တ​ရား​ကို မြေ​သို့​နှိမ့်​ချ၏။ ထို​သို့​ပြု၍ အောင်​မြင်​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 13,
      "text": "ထို​အ​ခါ သန့်​ရှင်း​သူ​တစ်​ပါး၏ စ​ကား​ပြော​သံ​ကို ငါ​ကြား၏။ သန့်​ရှင်း​သူ​တစ်​ပါး​က၊ ယ​ခင်​ပြော​သော​သူ​ကို ဟစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​နှင့် ဗိုလ်​ခြေ​ကို နင်း​ခြင်း​အ​လို​ငှာ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ဖျက်​ဆီး​တတ်​သော လွန်​ကျူး​ခြင်း​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တည်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​လျှင်၊"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 14,
      "text": "ယ​ခင်​ပြော​သော​သူ​က ရက်​ပေါင်း​နှစ်​ထောင်​သုံး​ရာ တိုင်​တိုင်​တည်​လိမ့်​မည်။ ထို​နောက် သန့်​ရှင်း​ရာ​ဌာ​န​ကို တစ်​ဖန် ဆေး​ကြော​သုတ်​သင်​ကြ​လိမ့်​မည်​ဟု ပြန်၍ ပြော​ဆို၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 15,
      "text": "ငါ​ဒံ​ယေ​လ​သည် ထို​ရူ​ပါ​ရုံ​ကို​မြင်၍ အ​နက်​ကို ရှာ​ဖွေ​သော​အ​ခါ၊ လူ​သ​ဏ္ဌာန်​ရှိ​သော သူ​တစ်​ဦး​သည် ငါ့​ရှေ့​တွင် ရပ်​နေ၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 16,
      "text": "အ​ခြား​သော​သူ​က၊ အို​ဂါ​ဗြေ​လ၊ ထို​သူ​သည် ယ​ခု​မြင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​လည်​စေ​ခြင်း​ငှာ အ​နက်​ကို ပြန်​ပြော​လော့​ဟု၊ ဥ​လဲ​မြစ်​နား​ကြား​မှာ လူ​အ​သံ​နှင့် ဟစ်၍ ပြော​ဆို​သည်​ကို ငါ​ကြား၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 17,
      "text": "ထို​သူ​သည် ငါ​ရပ်​နေ​ရာ​အ​ပါး​သို့​လာ​လျှင်၊ ငါ​သည် ကြောက်​ရွံ့၍ ပျပ်​ဝပ်​လျက်​နေ၏။ ထို​သူ​က၊ အ​ချင်း​လူ​သား၊ နား​လည်​လော့။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် အ​မှု​ကုန်​ရ​သော​ကာ​လ​နှင့် ဆိုင်​သည်​ဟု ငါ့​အား ပြော​ဆို၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 18,
      "text": "ထို​သို့ ဆို​သော​အ​ခါ ငါ​သည် မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက်​နေ၏။ ထို​သူ​သည် ငါ့​ကို​လက်​နှင့်​တို့၍ ယ​ခင်​နေ​ရာ၌ မတ်​တတ်​နေ​စေ​ပြီး​လျှင်၊"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 19,
      "text": "ဒေါ​သ​အ​မျက်​တော်​အ​ဆုံး၌ ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို ငါ​ကြား​ပြော​ဦး​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ လက်​စ​သတ်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 20,
      "text": "ချို​နှစ်​ချောင်း​နှင့် ပေါ်​လာ​သော​သိုး​သည် မေ​ဒိ​ရှင်​ဘု​ရင်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ဖြစ်၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 21,
      "text": "အ​မွေး​ကြမ်း​သော ဆိတ်​သည် ဟေ​လ​သ​ရှင်​ဘု​ရင် ဖြစ်၏။ မျက်​စိ​နှစ်​လုံး​ကြား၌​ရှိ​သော ချို​ကြီး​သည် ပ​ထ​မ​မင်း​ဖြစ်၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 22,
      "text": "ထို​ချို​ကျိုး​ပဲ့၍၊ သူ့​အ​ရာ၌ ချို​လေး​ချောင်း​ပေါက်​သည်​မှာ အ​ရင်​နိုင်​ငံ​တွင် နိုင်​ငံ​လေး​ပါး ထည်​ထောင်​လိမ့်​မည်။ အ​ရင်​နိုင်​ငံ၏​တန်​ခိုး​နှင့် မ​ပြည့်​စုံ​ကြ။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 23,
      "text": "ထို​နိုင်​ငံ​တို့၏ အ​ဆုံး​စွန်​သော​ကာ​လ၌ လွန်​ကျူး​သော သူ​တို့၏​အ​ပြစ် ပြည့်​စုံ​သော​အ​ခါ၊ ရဲ​ရင့်​သော မျက်​နှာ​ရှိ၍ ပ​ရိ​ယာယ်​တို့​ကို နား​လည်​သော မင်း​ကြီး​တစ်​ပါး ပေါ်​လာ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 24,
      "text": "ထို​မင်း​ကြီး​သည် ကိုယ်​တန်​ခိုး​မ​ရှိ​ဘဲ​လျက် တန်​ခိုး​ကြီး​လိမ့်​မည်။ အ​ထူး​သ​ဖြင့် ဖျက်​ဆီး၍ တိုး​ပွား အောင်​မြင်​လိမ့်​မည်။ စွမ်း​အား​ကြီး​သော​လူ​စု၊ သန့်​ရှင်း​သော လူ​စု​ကို​ပင် ဖျက်​ဆီး​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 25,
      "text": "သူ​သည် လိ​မ္မာ​စွာ​ပြု​သ​ဖြင့်၊ မု​သား​လည်း အောင်​မြင်​လိမ့်​မည်။ စိတ်​ထောင်​လွှား​ခြင်း​နှင့်​တ​ကွ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အား​ဖြင့် လူ​များ​တို့​ကို ဖျက်​ဆီး၍၊ သ​ခင်​တို့၏​သ​ခင်​ကို ဆန့်​ကျင်​ဘက် ပြု​လိမ့်​မည်။ သို့​သော်​လည်း၊ လူ​လက်​ဖြင့် ဒဏ်​မ​ခတ်​ဘဲ ကျိုး​ပဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 26,
      "text": "ညဉ့်ဦး​နှင့် နံ​နက်​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​စ​ကား မှန်​သည်​ဖြစ်၍ ထို​စ​ကား​ကို တံ​ဆိပ်​ခတ်​ထား​လော့။ တာ​ရှည်​သော ကာ​လ​တိုင်​တိုင် တည်​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 27,
      "chapter": 8,
      "verse": 27,
      "text": "ထို​အ​ခါ ငါ​ဒံ​ယေ​လ​သည် မော၍ နာ​လျက်​နေ၏။ တစ်​ဖန် အ​နာ​မှ​ထ​မြောက်၍ ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်၏။ မြင်​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​အံ့​ဩ​သော်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ရိပ်​မိ​ကြ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 1,
      "text": "ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး၍ အ​နှစ်​ခု​နစ်​ဆယ် လွန်​စေ​မည်​ဟု၊"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို ပ​ရော​ဖက်​ယေ​ရ​မိ ခံ​ဖူး​သည်​ဖြစ်၍၊ ခါ​လ​ဒဲ​နိုင်​ငံ​ကို အ​စိုး​ရ​သော မေ​ဒိ​အ​မျိုး၊ အာ​ရွှေ​ရု​သား​ဒါ​ရိ နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ထို​နှစ်​ပေါင်း​အ​ရေ​အ​တွက်​ကို ကျမ်း​စာ​အား​ဖြင့် သိ​ရ​သော​ကြောင့်၊"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 3,
      "text": "အ​စာ​ကို​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ပြာ​နှင့် လူး​လျက်၊ အ​ရှင်​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ ဆု​တောင်း​ပ​တ္ထ​နာ ပြု၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 4,
      "text": "ထို​သို့ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ ငါ​ပြု​သော​ပ​တ္ထ​နာ​ဟူ​မူ​ကား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​သော သူ​တို့​အား သ​စ္စာ​တော်​မ​ပျက်၊ က​ရု​ဏာ​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​လွန်​ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၊"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 5,
      "text": "အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ကျင့်​မိ​ပါ​ပြီ။ ပုန်​ကန်​မိ​ပါ​ပြီ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော တ​ရား​လမ်း​မှ လွှဲ​မိ​ပါ​ပြီ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 6,
      "text": "အ​ကျွန်ုပ်​တို့၏ ရှင်​ဘု​ရင်၊ မင်း​သား အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား ကိုယ်​တော်၏​အခွင့်နှင့်ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပ​ရော​ဖက်​တို့၏​စ​ကား​များ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 7,
      "text": "အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် တ​ရား​နှင့် ဆိုင်​တော်​မူ၏။ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် နှင်​ထုတ်​တော်​မူ၍ နီး​သော​ပြည်၊ ဝေး​သော​ပြည်၊ အ​ရပ်​ရပ်​တို့၌​နေ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တည်း​ဟူ​သော အ​ကျွန်ုပ်​တို့​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 8,
      "text": "အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်၊ မင်း​သား၊ အ​သက်​ကြီး​သူ​မှ​စ၍ အ​ကျွန်ုပ်​တို့​သည် မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 9,
      "text": "အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပုန်​ကန်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​အ​ရှင် ဘု​ရား​သ​ခင်​သည် က​ရု​ဏာ​ကို​ပြ​ခြင်း၊ အ​ပြစ်​ကို ဖြေ​ရှင်း​ခြင်း​အ​ခွင့်​နှင့် ဆိုင်​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 10,
      "text": "အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​ရင်း၊ ပ​ရော​ဖက်​တို့​ဖြင့် အ​ကျွန်ုပ်​တို့၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား​တော်​လမ်း​သို့ လိုက်​ခြင်း​ငှာ၊ ဗျာ​ဒိတ်​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​ပြီ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 11,
      "text": "အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ လွှဲ​သွား၍ ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ကျိန်​ဆို​တော်​မူ​ခြင်း​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌ မှတ်​သား​သော​အ​ကျိန်​ကို အ​ကျွန်ုပ်​တို့ အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 12,
      "text": "အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 13,
      "text": "မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ၌ မှတ်​သား​သည်​အ​တိုင်း၊ ဤ​ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​သည် အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ဒု​စ​ရိုက်​များ​ကို​ရှောင်၍ သ​မ္မာ​တ​ရား​တော်​ကို နား​လည်​ခြင်း​အ​လို​ငှာ၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မ​တောင်း​ပန်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 14,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 15,
      "text": "တန်​ခိုး​ကြီး​သော​လက်​တော်​ဖြင့် ကိုယ်​တော်၏​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်၍ ယ​နေ့၌​ရှိ​သည်​အ​တိုင်း အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ပြု​မိ​ပါ​ပြီ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 16,
      "text": "အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​တော်​ရှိ​သ​မျှ​တို့​နှင့် အ​ညီ၊ သန့်​ရှင်း​သော တောင်​တော်​တည်း​ဟူ​သော ကိုယ်​တော်၏ ယေ​ရု​ရှ​လင်​မြို့​မှ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​ပါ​ဟု အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​ပြစ်​များ​မှ​စ၍ ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ကိုယ်​တော်၏​လူ​စု​သည် ပတ်​ဝန်း​ကျင်၌​ရှိ​သော သူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 17,
      "text": "ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ဆိတ်​ညံ​လျက်​ရှိ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ဘု​ရား​ရှင်၏​အ​ကျိုး​တော်​ကြောင့်၊ မျက်​နှာ​တော် ရောင်​ခြည်​ကို ထွန်း​လင်း​စေ​တော်​မူ​ပါ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 18,
      "text": "အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ မျက်​စိ​တော်​ကို​ဖွင့်၍ အ​ကျွန်ုပ်​တို့ ပျက်​စီး​ရာ​များ​ကို​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​သော​မြို့​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​ကု​သိုလ်​ကို အ​မှီ​မ​ပြု၊ မ​ဟာ​က​ရု​ဏာ​တော်​ကို​သာ အ​မှီ​ပြု၍ ပ​တ္ထ​နာ​စ​ကား​ကို ရှေ့​တော်၌ ဆက်​ကပ်​ပါ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 19,
      "text": "အို ဘု​ရား​ရှင်၊ နား​ထောင်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ နား​ထောင်၍ ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​အ​တွက် ဖင့်​နွှဲ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​မြို့၊ ကိုယ်​တော်၏​လူ​စု​သည် နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ရှိ​ပါ​သည်​ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 20,
      "text": "ထို​သို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​မျိုး​သား​ချင်း ဣ​သ​ရေ​လ​လူ​တို့၏​အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​တောင်း​ပန်၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​တော်​အ​ဖို့ ငါ​ပြု​သော​ပ​တ္ထ​နာ​စ​ကား​ကို၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ကပ်​လျက်​နေ၍၊"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 21,
      "text": "ဆု​တောင်း​သော​အ​မှု​မ​ပြီး​မီ မြွက်​ဆို​စဉ်​တွင် ယ​ခင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ၌​ထင်​ရှား​သော​သူ၊ ဂါ​ဗြေ​လ​သည် လျင်​မြန်​စွာ​ပျံ၍ လာ​သ​ဖြင့် ညဥ့်​ဦး​ယံ​ပူ​ဇော်​ချိန်၌ ငါ​ရှိ​ရာ​သို့ ရောက်၍၊"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 22,
      "text": "နှုတ်​ဆက်​လျက်၊ အ​ချင်း​ဒံ​ယေ​လ၊ ငါ​သည် သင်၌ ဉာဏ်​ပ​ညာ တိုး​ပွား​စေ​မည်​အ​ကြောင်း ထွက်​လာ​ပြီ။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 23,
      "text": "သင်​သည် ဆု​တောင်း​စ​ပြု​သော​အ​ခါ အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍ သင့်​အား​ကြား​ပြော​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ သင်​သည် အ​လွန်​ချစ်​အပ်​သော​သူ​ဖြစ်၏။ ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက်​ကို ဆင်​ခြင်၍ နား​လည်​ရ​သော​အ​ခွင့်​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 24,
      "text": "လွန်​ကျူး​ခြင်း​အ​မှု​ကို ဆီး​တား၍ အ​ပြစ်​ကို တံ​ဆိပ်​ခတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖြေ​ရှင်း၍ ထာ​ဝ​ရ​ကု​သိုလ်​ကို သွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အ​နာ​ဂ​တ္တိ​ဗျာ​ဒိတ်​တော်​တို့​ကို တံ​ဆိပ်​ခတ်၍၊ အ​လွန်​သန့်​ရှင်း​သော အ​ရပ်​ဌာ​န​ကို လိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သီ​တင်း​ခု​နစ်​ဆယ်​ကို သင်၏ အ​မျိုး​သား​ချင်း​အ​ဖို့​နှင့် သင်၏ သန့်​ရှင်း​သော​မြို့​အ​ဖို့ ဆုံး​ဖြတ်​ခြင်း​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 25,
      "text": "ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 26,
      "text": "ထို​သီ​တင်း ခြောက်​ဆယ်​နှစ်​သီ​တင်း​လွန်​ပြီး​မှ ခ​ရစ်​တော် သည် အ​ခွင့်​မ​ရ​ဘဲ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထို​နောက်​မှ​လာ​သော သ​ခင်၏​လူ​တို့​သည် မြို့​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း ဖြို​ဖျက်​ကြ​လိမ့်​မည်။ ရေ​လွှမ်း​မိုး​သော​အား​ဖြင့် ဆုံး​ရှုံး​ခြင်း​ဖြစ်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင် စစ်​တိုက်​ခြင်း၊ ပျက်​စီး​ရာ​နှင့်​ဆိုင်​သော စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 9,
      "verse": 27,
      "text": "တစ်​သီ​တင်း​တွင် လူ​အ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း​ရှိ၍ ထို​သီ​တင်း​တစ်​ဝက်​တွင် ယဇ်​ပူ​ဇော်​ခြင်း​နှင့် ဆက်​ကပ်​ခြင်း​ကို ပ​ပျောက်​စေ​လိမ့်​မည်။ ရွံ​ရှာ​ဖွယ်​သော​အ​ရာ၏ အ​ထွတ်​ပေါ်​သို့ ဖျက်​ဆီး​သော​သူ​သည်​ရောက်၍ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် ပျက်​စီး​အပ်​သော သူ​တို့​ကို မ​လွှမ်း​မိုး​မီ​တိုင်​အောင် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု ကြား​ပြော၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 1,
      "text": "ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု နန်း​စံ​သုံး​နှစ်​တွင်၊ ဗေ​လ​တ​ရှာ​ဇာ​အ​မည်​ဖြင့် သ​မုတ်​သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို ခံ​ရ၏။ ထို​ဗျာ​ဒိတ်​တော်​စ​ကား မှန်​ပေ၏။ ကြီး​စွာ​သော စစ်​တိုက်​ခြင်း​နှင့် ဆိုင်​ပေ၏။ သူ​သည် ထို​စ​ကား​ကို​နား​လည်၏။ မြင်​ရ​သော ရူ​ပါ​ရုံ​သ​ဘော​ကို​လည်း ရိပ်​မိ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 2,
      "text": "ထို​ကာ​လ၌ ငါ​ဒံ​ယေ​လ​သည် အ​ရက်​နှစ်​ဆယ်​တစ်​ရက် တိုင်​တိုင် ခြိုး​ခြံ​စွာ ကျင့်​လျက်​နေ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 3,
      "text": "အ​ရက်​နှစ်​ဆယ်​တစ်​ရက် မ​စေ့​မီ မြိန်​သော​မုန့်​ကို​မ​စား။ အ​မဲ​သား​နှင့် စ​ပျစ်​ရည်​ကို မ​မြည်း။ ဆီ​လိမ်း​ခြင်း​ကို​လည်း အ​လျှင်း​မ​ပြု။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 4,
      "text": "ပ​ထ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့၌ ငါ​သည် ဟိ​ဒ​ကေ​လ မြစ်​ကြီး​အ​နား​မှာ​ရှိ​စဉ်၊"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 5,
      "text": "မျှော်​ကြည့်၍ ပိတ်​ချော​နှင့် ဥ​ဖတ်​ရွှေ​စင်​ခါး​ပန်း​ကို ဝတ်​စည်း​လျက်​ရှိ​သော လူ​တစ်​ဦး​ကို​မြင်၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 6,
      "text": "သူ၏​ကိုယ်​သည် ကျောက်​မျက်​ရွဲ​ကဲ့​သို့ ဖြစ်၏။ သူ့​မျက်​နှာ​သည်​လည်း လျှပ်​စစ်​ကဲ့​သို့ ထင်၏။ သူ့​မျက်​စိ​သည်​လည်း မီး​ခွက်​ကဲ့​သို့​ဖြစ်၏။ သူ့​လက်​ခြေ​တို့​သည် ဦး​သစ်​သော ကြေး​ဝါ​အ​ရောင်​အ​ဆင်း​ရှိ၏။ သူ့​စ​ကား​သံ​သည် များ​စွာ​သော လူ​စု​အ​သံ​နှင့် တူ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 7,
      "text": "ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​ဒံ​ယေ​လ​တစ်​ယောက်​တည်း မြင်​ရ၏။ ငါ​နှင့်​အ​တူ​ပါ​သော​လူ​တို့​သည် မ​မြင်​ရ​ကြ။ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့ ရောက်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ ပြေး​ကြ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 8,
      "text": "ငါ​မူ​ကား၊ တစ်​ယောက်​တည်း​နေ​ရစ်၍ ထို​ကြီး​စွာ​သော ရူ​ပါ​ရုံ​ကို​မြင်​ရ​လျှင်၊ ခွန်​အား​လျော့၍ မျက်​နှာ​ပျက်​လျက်၊ ကိုယ်၌ အ​စွမ်း​သ​တ္တိ အ​လျှင်း​မ​ရှိ ဖြစ်​လေ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 9,
      "text": "သို့​ရာ​တွင်၊ ထို​သူ၏​စ​ကား​သံ​ကို ငါ​ကြား၏။ ကြား​သော​အ​ခါ မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက် နေ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 10,
      "text": "ထို​အ​ခါ လက်​တစ်​ဖက်​သည် ငါ့​ကို​ကြွ၍၊ ငါ​သည် ဒူး​နှင့် လက်​ဝါး​ဖြင့် ထောက်​လျက်​နေ​ရ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 11,
      "text": "သူ​က​လည်း အ​လွန်​ချစ်​အပ်​သော​သူ၊ ဒံ​ယေ​လ၊ ငါ့​စ​ကား​ကို နား​လည်​အံ့​သော​ငှာ မတ်​တတ်​နေ​လော့။ သင်​ရှိ​ရာ​သို့ ငါ့​ကို​စေ​လွှတ်​တော်​မူ၍ ယ​ခု​ငါ​လာ​ပြီ​ဟု ဆို​လျှင်၊ ငါ​သည် တုန်​လှုပ်​လျက် မတ်​တတ်​နေ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 12,
      "text": "ထို​အ​ခါ သူ​က​လည်း၊ အ​ချင်း​ဒံ​ယေ​လ၊ မ​ကြောက်​နှင့်။ သင်​သည် နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်၏ ဘု​ရား​ရှေ့​မှာ ကိုယ်​ကို​ကိုယ် ဆုံး​မ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​ပြ​ဌာန်း​သော ပ​ထ​မ​နေ့​မှ​စ၍ သင်၏​စ​ကား​ကို ကြား​တော်​မူ​ပြီ။ ထို​စ​ကား​ကြောင့်​လည်း ငါ​ရောက်​လာ​ပြီ။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 13,
      "text": "ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော​မင်း​မူ​ကား၊ အ​ရက်​နှစ်​ဆယ်​တစ်​ရက်​ပတ်​လုံး ငါ့​ကို​ဆီး​တား၏။ နောက်​တစ်​ခါ အ​မြတ်​ဆုံး​သော မင်း​စု​ထဲ​က မိ​က္ခေ​လ​သည် ငါ့​ကို​အ​ကူ​လာ၍၊ ငါ​သည်​လည်း ထို​အ​ရပ်၌ ပေ​ရ​သိ​မင်း​ကြီး​တို့​ထံ​မှာ ဆိုင်း​လင့်၍ နေ​ရ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 14,
      "text": "ယ​ခု​မူ​ကား၊ နောင်​ကာ​လ​တွင် သင်၏​အ​မျိုး​သား​ချင်း​တို့၌ ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို သင်​သည် နား​လည်​စေ​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် တာ​ရှည်​သော​ကာ​လ​နှင့် ဆိုင်​ပေ၏​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 15,
      "text": "ထို​သို့ ပြော​ဆို​ပြီး​မှ၊ ငါ​သည် ဦး​ညွှတ်​ပျပ်​ဝပ်၍ စ​ကား​မ​ပြော​နိုင်​ဘဲ နေ၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 16,
      "text": "ထို​အ​ခါ လူ​သား၏​သ​ဏ္ဌာန်​ရှိ​သော သူ​တစ်​ဦး​သည် ငါ့​နှုတ်​ကို လက်​နှင့်​တို့​လျှင်၊ ငါ​သည် နှုတ်​ကို​ဖွင့်၍ ပြော​ရ​သော​အ​ခွင့်​ကို ရ​ပြီး​လျှင်၊ အ​ကျွန်ုပ်၏​သ​ခင်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကြောင့် အ​ကျွန်ုပ်​သည် ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို ခံ​ရ၍၊ ကိုယ်၌ ခွန်​အား​အ​လျှင်း​မ​ရှိ​ပါ။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 17,
      "text": "ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်​အ​ရှင်​နှင့် အ​ဘယ်​သို့​စ​ကား​ပြော​နိုင်​ပါ​အံ့​နည်း။ ယ​ခု​ပင် အ​ကျွန်ုပ်​ကိုယ်၌ ခွန်​အား​အ​လျှင်း​မ​ရှိ​ပါ။ အ​ကျွန်ုပ်​အ​သက်​လည်း ကုန်​ပါ​ပြီ​ဟု ငါ့​ရှေ့​မှာ ရပ်​နေ​သော​သူ​အား​ငါ​လျှောက်၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 18,
      "text": "နောက်​တစ်​ဖန် လူ​သ​ဏ္ဌာန်​ရှိ​သော​သူ​သည်​လာ၍ ငါ့​ကို လက်​နှင့်​တို့​လျက် အား​ပေး​ပြီး​လျှင်၊"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 19,
      "text": "အ​လွန်​ချစ်​အပ်​သော​သူ၊ မ​ကြောက်​နှင့်။ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ အား​ရှိ​လော့။ ခွန်​အား​နှင့်​ပြည့်​စုံ​လော့​ဟု ဆို၏။ ထို​သို့​ဆို​ပြီး​မှ ခွန်​အား​ကို​ငါ​ရ၍၊ အ​ကျွန်ုပ်၏​သ​ခင်၊ မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​ခွန်​အား​ပေး​တော်​မူ​ပြီ​ဟု လျှောက်၏။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 20,
      "text": "ထို​သူ​က​လည်း၊ ငါ​သည် သင်​ရှိ​ရာ​သို့ လာ​ရ​သော အ​ကြောင်း​ကို နား​လည်​သ​လော။ ပေ​ရ​သိ​မင်း​ကို စစ်​တိုက်​အံ့​သော​ငှာ ယ​ခု ငါ​ပြန်​သွား​ရ​မည်။ ငါ​သွား​ပြီး​သည်​နောက်၊ တစ်​ဖန်​ဟေ​လ​သ​မင်း​သည် ပေါ်​လာ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 10,
      "verse": 21,
      "text": "သို့​ရာ​တွင် သ​မ္မာ​ကျမ်း​စာ၌​မှတ်​သား​သော အ​မှု​အ​ရာ​ကို ငါ​ပြ​ဦး​မည်။ ဤ​အ​မှု​တို့​တွင် သင်​တို့၏​မင်း​မိ​က္ခေ​လ​မှ​တစ်​ပါး ငါ့​ဘက်​မှာ​နေ​သော​သူ မ​ရှိ။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 1,
      "text": "ငါ​သည်​လည်း မေ​ဒိ​အ​မျိုး ဒါ​ရိ​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တွင် သူ့​ကို​နှိုး​ဆော်၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လေ၏။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 2,
      "text": "ယ​ခု​မူ​ကား၊ မှန်​သော​အ​ရာ​ကို ငါ​ပြ​မည်။ ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​သုံး​ပါး ပေါ်​လေ​ဦး​မည်။ စ​တု​တ္ထ​ရှင်​ဘု​ရင်​မူ​ကား၊ ထို​သူ​ရှိ​သ​မျှ​တို့​ထက် ငွေ​ရ​တတ်​လိမ့်​မည်။ ထို​သို့​ရ​တတ်၍ အား​ကြီး​သော​ကြောင့်၊ ဟေ​လ​သ​နိုင်​ငံ​ကို ရန်​ဘက်​ပြု​စေ​ခြင်း​ငှာ၊ ခပ်​သိမ်း​သော သူ​တို့​ကို နှိုး​ဆော်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 3,
      "text": "ထို​အ​ခါ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တစ်​ပါး​လည်း ပေါ်​လာ​လိမ့်​မည်။ အာ​ဏာ​တော်​ကြီး​လျက် အ​စိုး​ရ၍ မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း ပြု​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 4,
      "text": "ထို​သူ​သည် ပေါ်​လာ​ပြီး​မှ နိုင်​ငံ​တော်​ကျိုး​ပဲ့၍ သူ​တစ်​ပါး​တို့​သည် မိုး​ကောင်း​ကင်​လေး​မျက်​နှာ​တို့၌ ခွဲ​ဝေ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​စိုး​ရ​သော သူ​တို့​သည် အ​မျိုး​အ​နွယ်​တော်​မ​ဟုတ်။ အာ​ဏာ​တော်​နှင့် အ​စိုး​မ​ရ၊ နိုင်​ငံ​တော်​ကို နုတ်​ပစ်၍ အ​မျိုး​အ​နွယ်​တော်​မှ​တစ်​ပါး အ​ခြား​သော သူ​တို့​သည် ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 5,
      "text": "ထို​အ​ခါ တောင်​ရှင်​ဘု​ရင်​သည် တန်​ခိုး​ကြီး​လိမ့်​မည်။ မင်း​စု​ထဲ၌ မင်း​တစ်​ပါး​သည် ထို​သူ​ထက်​တန်​ခိုး​ကြီး၍ အာ​ဏာ​တည်​လိမ့်​မည်။ သူ၏​အာ​ဏာ​လည်း အ​လွန်​ကျယ်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 6,
      "text": "ကာ​လ​လွန်​သော​အ​ခါ သူ​တို့​သည် အ​ဆွေ​ဖွဲ့​ကြ​လိမ့်​မည်။ အ​သင့်​အ​တင့်​ဖြစ်​စေ​ခြင်း​ငှာ တောင်​ရှင်​ဘု​ရင်၏​သ​မီး​သည် မြောက်​ရှင်​ဘု​ရင်​ထံ​သို့ ရောက်​လိမ့်​မည်။ သို့​သော်​လည်း၊ ထို​မင်း​သ​မီး၏​အာ​ဏာ​သည် မ​တည်​ရ။ ထို​မင်း​နှင့်​တ​ကွ အ​မျိုး​အ​နွယ်​တော်​သည်​လည်း မ​တည်​ရ။ မင်း​သ​မီး​ကို​လည်း​ကောင်း၊ ဆောင်​ခဲ့​သော​သူ​တို့​ကို​လည်း​ကောင်း၊ သူ၏​သား​ကို​လည်း​ကောင်း၊ ထို​ကာ​လ၌ သူ့​ကို​ထောက်​ပင့်​သော သူ​များ​ကို​လည်း​ကောင်း ဆုံး​ရှုံး​ခြင်း​သို့ အပ်​ရ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 7,
      "text": "ထို​မင်း​သ​မီး၏ အ​ဆွေ​အ​မျိုး​ဖြစ်​သော သူ​တစ်​ယောက်​သည် အ​ဘ၏​အ​ရိုက်​အ​ရာ​ကို​ရ​သ​ဖြင့် စစ်​ချီ၍ လာ​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်၏ မြို့​တော်​သို့​ရောက်​လျှင်၊ မြို့​သား​တို့​ကို တိုက်၍​နိုင်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 8,
      "text": "သူ​တို့၏​ဘု​ရား​များ၊ သွန်း​သော​ရုပ်​တု​များ၊ အ​ဖိုး​ထိုက်​သော​ငွေ​ဖ​လား၊ ရွှေ​ဖ​လား​များ​ကို အဲ​ဂု​တ္တု​ပြည်​သို့ သိမ်း​သွား​လိမ့်​မည်။ သူ​သည်​လည်း မြောက်​ရှင်​ဘု​ရင်​ထက် အ​သက်​ရှည်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 9,
      "text": "တစ်​ဖန် မြောက်​ရှင်​ဘု​ရင်​သည် တောင်​ရှင်​ဘု​ရင်၏​နိုင်​ငံ​သို့​ဝင်​သော်​လည်း မိ​မိ​ပြည်​သို့ ပြန်​သွား​ရ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 10,
      "text": "သား​တော်​တို့​သည် ထ​ပြန်၍ များ​စွာ​သော အ​လုံး​အ​ရင်း​ကို စု​ဝေး​ကြ​လိမ့်​မည်။ သား​တစ်​ယောက်​လည်း ဆက်​ဆက်​လာ၍ လွှမ်း​မိုး​ချင်း​နင်း​လိမ့်​မည်။ တစ်​ဖန် ပြန်​လာ၍ သူ၏​မြို့​တိုင်​အောင် လုပ်​ကြံ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 11,
      "text": "တောင်​ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ မြောက်​ရှင်​ဘု​ရင်​ကို ဆီး​ကြို၍ တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည် များ​စွာ​သော စစ်​သည်​ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​တို့​ကို စီ​ရင်​သော်​လည်း၊ တောင်​ရှင်​ဘု​ရင်​သည် ထို​အ​လုံး​အ​ရင်း​တို့​ကို သိမ်း​ယူ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 12,
      "text": "ထို​အ​လုံး​အ​ရင်း​တို့​ကို ပယ်​ရှင်း​ပြီး​မှ မာ​န​စိတ်​ပေါက်​လျက်၊ အ​ထောင်​အ​သောင်း​မ​က များ​စွာ​သော လူ​တို့​ကို လုပ်​ကြံ​သော်​လည်း၊ မိ​မိ​အာ​ဏာ​ကို မ​တည်​စေ​ရ။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ မြောက်​ရှင်​ဘု​ရင်​သည် တစ်​ဖန်​ပေါ်​လာ၍၊ အ​ရင်​ထက်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​ကို စီ​ရင်​ပြီး​မှ ကာ​လ​အ​တန်​အ​ရာ​လွန်​လျှင်၊ စစ်​အင်္ဂါ​များ၊ စည်း​စိမ်​များ​နှင့် ဆက်​ဆက်​လာ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 14,
      "text": "ထို​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။ သင်၏​အ​မျိုး​သား​ချင်း​ဖြစ်​သော သူ​ပုန်​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ​ထ၍၊ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 15,
      "text": "မြောက်​ရှင်​ဘု​ရင်​သည်​လာ၍ မြို့​ရိုး​ကို တည်​ပြီး​လျှင် ခိုင်​ခံ့​သော မြို့​တို့​ကို လုပ်​ကြံ​လိမ့်​မည်။ တောင်​ရှင်​ဘု​ရင်၏ လက်​နက်​များ၊ ရွေး​ချယ်​သော​လူ​များ​တို့​သည် ဆီး​တား​ခြင်း​ငှာ ခွန်​အား​မ​ရှိ​သော​ကြောင့် မ​ဆီး​တား​ရ​ကြ။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 16,
      "text": "တိုက်​လာ​သော​သူ​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ သူ့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ဘဲ၊ သာ​ယာ​သော​ပြည်​ကို​နင်း​ပြီး​မှ စုံ​လင်​စေ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 17,
      "text": "ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​လျက် ထို​မင်း​သည် မိ​မိ​နိုင်​ငံ၏ အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ဝင်​စား​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်၍၊ မိန်း​မ​ငယ်​အား​ဖြင့် ဖျက်​ဆီး​ခြင်း​ငှာ ပေး​စား​လိမ့်​မည်။ သို့​သော်​လည်း သူ​သည် အ​ကြံ​မ​မြောက်၊ အ​ကျိုး​မ​ရှိ​ရ။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 18,
      "text": "တစ်​ဖန် ကျွန်း​စု​သို့ မျက်​နှာ​လှည့်၍ ကျွန်း​အ​များ​တို့​ကို လုပ်​ကြံ​လိမ့်​မည်။ သို့​ရာ​တွင်၊ ဗိုလ်​မင်း​တစ်​ပါး​သည် မိ​မိ​ခံ​ရ​သော အ​သ​ရေ​ဖျက်​ခြင်း​ကို မိ​မိ​မှ​လွှဲ​ပယ်၍၊ ထို​အ​သ​ရေ​ဖျက်​ခြင်း​ကို တိုက်​လာ​သော မင်း​အ​ပေါ်​သို့ ပြန်​ရောက်​စေ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 19,
      "text": "ထို​မင်း​သည်​လည်း မိ​မိ​နေ​ရာ​မြို့​တော်​သို့ ပြန်​သွား​ပြီး​လျှင် ထိ​မိ၍ လဲ​သ​ဖြင့် ကွယ်​ပျောက်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 20,
      "text": "ထို​မင်း​အ​ရာ၌​လည်း နိုင်​ငံ​တော်၏​ဘုန်း​စည်း​စိမ်​ကို ရှုတ်​ချ​လျက်၊ ငွေ​တော်​ခွဲ​သော​သူ​သည် ပေါ်​လာ၍ ခ​ဏ​ရှိ​ပြီး​မှ၊ ဒေါ​သ​အ​မျက်​မ​ထွက်၊ စစ်​မ​တိုက်​ဘဲ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 21,
      "text": "ထို​သူ​အ​ရာ၌​လည်း မင်း​စည်း​စိမ်​ကို ခံ​ထိုက်​သော​သူ မ​ဟုတ်၊ ယုတ်​မာ​သော​သူ ပေါ်​လာ​လိမ့်​မည်။ သူ​သည် အ​နိုင်​အ​ထက်​မ​ပြု၊ ချော့​မော့​ခြင်း​အား​ဖြင့် နိုင်​ငံ​ကို​ရ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 22,
      "text": "လွှမ်း​မိုး​သော လက်​နက်​တို့​သည် သူ​ရှေ့​မှာ​မြုပ်၍ ဆုံး​ရှုံး​လိမ့်​မည်။ မိတ်​သ​ဟာ​ယ​ခံ​သော မင်း​လည်း ဆုံး​ရှုံး​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ မိတ်​သ​ဟာ​ယ​ပြု​သော​မင်း​သည် သ​စ္စာ​ပျက်​သ​ဖြင့်၊ တက်​လာ၍ လူ​အ​နည်း​ငယ်​မျှ ပါ​သော်​လည်း တန်​ခိုး​ကြီး​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 24,
      "text": "အ​သီး​အ​နှံ​များ​သော​ပြည်​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ဝင်​လိမ့်​မည်။ လု​ယူ​သော​ပ​စ္စည်း​ဥ​စ္စာ စည်း​စိမ်​များ​ကို စွန့်​ကြဲ၍၊ မိ​မိ​ဘိုး​ဘေး​မ​ပြု​ဖူး​သော အ​မှု​ကို ပြု​လိမ့်​မည်။ ခိုင်​ခံ့​သော မြို့​ပြ​တို့​ကို​ရ​ခြင်း​ငှာ တာ​ရှည်​စွာ ကြံ​စည်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 25,
      "text": "ကြီး​စွာ​သော အ​လုံး​အ​ရင်း​နှင့်​တ​ကွ တောင်​ရှင်​ဘု​ရင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ မိ​မိ​အ​စွမ်း​သ​တ္တိ​ကို နှိုး​ဆော်​လိမ့်​မည်။ တောင်​ရှင်​ဘု​ရင်​သည်​လည်း၊ အား​ကြီး၍ များ​စွာ​သော အ​လုံး​အ​ရင်း​နှင့်​တ​ကွ စစ်​တိုက်​ခြင်း​ငှာ နှိုး​ဆော်​သော်​လည်း မ​ခံ​မ​ရပ်​နိုင်။ အ​ကြောင်း​မူ​ကား၊ သူ​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 26,
      "text": "ထို​သူ​ကျွေး​မွေး​ခြင်း​ကို ခံ​ရ​သော သူ​တို့​သည်​လည်း၊ ထို​သူ၏​အ​ကျိုး​ကို ဖျက်​ဆီး​သော​အား​ဖြင့်၊ သူ၏​တပ်​မြုပ်၍၊ စစ်​သူ​ရဲ​များ​တို့​သည် အ​သက်​ဆုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 27,
      "text": "ထို​ရှင်​ဘု​ရင် နှစ်​ပါး​တို့​သည် မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ တစ်​ခု​သော​စား​ပွဲ၌ မု​သား​စ​ကား​ကို ပြော​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​ရ။ ချိန်း​ချက်​သော အ​ချိန်​ကာ​လ၌ အ​ဆုံး​ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 28,
      "text": "တစ်​ဖန် မြောက်​ရှင်​ဘု​ရင်​သည် များ​စွာ​သော စည်း​စိမ်​ဥ​စ္စာ​ပါ​လျက် မိ​မိ​ပြည်​သို့ ပြန်၍​သွား​စဉ်​တွင်၊ သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို မ​နာ​လို​သော​စိတ်​ရှိ​သည်​အ​တိုင်း ပြု​ပြီး​မှ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 29,
      "text": "ချိန်း​ချက်​သော အ​ချိန်၌​လည်း တောင်​မျက်​နှာ​သို့ တစ်​ဖန်​ပြန်​လာ​ဦး​မည်။ သို့​သော်​လည်း၊ အ​ရင်​ဖြစ်​သ​ကဲ့​သို့​မ​ဟုတ်။ နောက်​ဖြစ်​သ​ကဲ့​သို့​လည်း မ​ဟုတ်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား ခိ​တ္တိမ်​သင်္ဘော​တို့​သည် ထို​သူ​ကို ဆီး​တား​ကြ​လိမ့်​မည်။ ထို​ကြောင့် စိတ်​နာ​လျက် ပြန်​သွား၍ သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​မျက်​ထွက်​သည်​အ​တိုင်း ပြု​ပြီး​မှ ပြန်​သွား​စဉ်​တွင် သန့်​ရှင်း​သော ပ​ဋိ​ညာဉ်​တ​ရား​ကို စွန့်​ပစ်​သော​သူ​တို့​နှင့် အ​ဆွေ​ဖွဲ့​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 31,
      "text": "ထို​မင်း​နောက်​မှ စစ်​လက်​နက်​တို့​သည် ပေါ်​လာ​သ​ဖြင့်၊ တန်​ခိုး​ကြီး​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍၊ နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း​ကြ​လိမ့်​မည်။ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​ကို​လည်း တည်​ထား​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 32,
      "text": "ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​သော​သူ​တို့​သည် ချော့​မော့​ရာ​သို့ လိုက်၍ ယို​ယွင်း​ကြ​လိမ့်​မည်။ မိ​မိ​တို့ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​တို့​မူ​ကား၊ ကြီး​စွာ​သော​အား​နှင့် ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 33,
      "text": "လူ​စု​ထဲ​မှာ ပ​ညာ​ရှိ​သော​သူ​တို့​သည် အ​များ​သော သူ​တို့​ကို သွန်​သင်​ကြ​ရ​လိမ့်​မည်။ ဓား​နှင့်​ကွပ်​မျက်​ခြင်း၊ မီး​ရှို့​ခြင်း၊ သိမ်း​သွား​ချုပ်​ထား​ခြင်း၊ လု​ယက်​ခြင်း​အား​ဖြင့် အင်​တန်​ကာ​လ​ပတ်​လုံး လဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 34,
      "text": "လဲ​ကြ​သော​အ​ခါ အ​နည်း​ငယ်​သော မ​စ​ခြင်း​ကို တစ်​ဖန်​ခံ​ရ​ကြ​လိမ့်​မည်။ လူ​အ​များ​တို့​သည် ချော့​မော့​ရာ​သို့​လိုက်၍ ဆည်း​ကပ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 35,
      "text": "အ​မှု​ဆုံး​ရ​သည် ကာ​လ​တိုင်​အောင်၊ ပ​ညာ​ရှိ​သော​သူ အ​ချို့​တို့​သည်​လည်း စုံ​စမ်း​ခြင်း​ကို​ခံ၍၊ သန့်​ရှင်း​ဖြူ​စင်​ရ​မည် အ​ကြောင်း လဲ​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ချိန်း​ချက်​သော ကာ​လ​တိုင်​အောင် ဖြစ်​ရ​သ​တည်း။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 36,
      "text": "ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 37,
      "text": "ထို​မင်း​သည် ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​ကို​လည်း​ကောင်း၊ မိန်း​မ၌ တပ်​မက်​သော အ​လို​ကို​လည်း​ကောင်း၊ တစ်​ပါး​သော ဘု​ရား​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု။ သူ​တ​ကာ​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 38,
      "text": "ထို​ဘု​ရား​အ​ရာ၌ ရဲ​တိုက်​တို့၏​ဘု​ရား​နှင့်၊ ဘိုး​ဘေး​တို့​မ​သိ​သော​ဘု​ရား​ကို ချီး​မြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ပူ​ဇော်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 39,
      "text": "ခိုင်​ခံ့​သော ရဲ​တိုက်​များ​ကို​လည်း​ကောင်း၊ မိ​မိ​ဝန်​ခံ​သော တစ်​ပါး​အ​မျိုး​သား​ဘု​ရား​ကို​လည်း​ကောင်း ပြု​စု၍ ဂုဏ်​အ​သ​ရေ တိုး​ပွား​စေ​လိမ့်​မည်။ လူ​များ​တို့​အ​ပေါ်​မှာ အုပ်​စိုး​ရ​သော​အ​ခွင့်​ကို​ပေး၍ စီး​ပွား​ဖြစ်​ခြင်း​အ​လို​ငှာ မြေ​ကို​ဝေ​ဖန်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 40,
      "text": "အ​မှု​ကုန်​ရ​သည်​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​သည် ထို​မင်း​ကို တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည်​လည်း ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ၊ သင်္ဘော​များ​တို့​နှင့်​တ​ကွ လေ​ပွေ​ကဲ့​သို့ တိုက်​လာ​လျက်၊ ထို​ပြည်​တို့​ကို ဝင်၍ ချင်း​နင်း​လွှမ်း​မိုး​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 41,
      "text": "သာ​ယာ​သော​ပြည်​ကို​လည်း ဝင်၍ အ​များ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ သူ၏​လက်​မှ လွတ်​သော​သူ​ဟူ​မူ​ကား၊ ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​အ​မျိုး​သား​အ​ကြီး​တို့​သည် လွတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 42,
      "text": "ထို​မင်း​သည် အ​ပြည်​ပြည်​တို့​ကို အောင်​မြင်​ရ​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​လည်း မ​လွတ်​ရ။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 43,
      "text": "ထို​ပြည်​မှာ​ရှိ​သော ရွှေ​ဘ​ဏ္ဍာ၊ ငွေ​ဘ​ဏ္ဍာ၊ အ​ဖိုး​ထိုက်​သော ဥ​စ္စာ​များ​ကို အ​ပိုင်​ရ​လိမ့်​မည်။ လိ​ဗု​ပြည်​သား​နှင့် ကု​ရှ​ပြည်​သား​တို့​သည် သူ့​နောက်​သို့ လိုက်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 44,
      "text": "သို့​ရာ​တွင် သူ​သည် အ​ရှေ့​မျက်​နှာ၊ မြောက်​မျက်​နှာ​အ​ရပ်​မှ သ​တင်း​ကို​ကြား၍ စိတ်​ပူ​ပန်​သ​ဖြင့်၊ လူ​အ​များ​တို့​ကို ဖျက်​ဆီး​သုတ်​သင် ပယ်​ရှင်း​ခြင်း​ငှာ၊ ကြီး​စွာ​သော ဒေါ​သ​အ​မျက်​နှင့် ထွက်​သွား​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 11,
      "verse": 45,
      "text": "ပင်​လယ်​ကြား​မှာ ဘုန်း​ကြီး၍ သန့်​ရှင်း​သော​တောင်​ပေါ်၌ စံ​ရာ​တဲ​တော်​ကို တည်​ဆောက်​ပြီး​လျှင် အ​ဘယ်​သူ​မျှ​မ​စ​ခြင်း​ငှာ မ​တတ်​နိုင်၍ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 1,
      "text": "ထို​ကာ​လ၌ သင့်​အ​မျိုး​သား​ချင်း​တို့၏​အ​မှု​ကို စောင့်​သော အ​ရှင်​ကြီး​မိ​က္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ လူ​မျိုး​တစ်​စုံ​တစ်​မျိုး​မျှ ဖြစ်​သည်​ကာ​လ​မှ​စ၍ ထို​ကာ​လ​တိုင်​အောင်၊ မ​ဖြစ်​စ​ဖူး​သော ဆင်း​ရဲ​ဒု​က္ခ​ကပ်​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ စာ​စောင်၌ စာ​ရင်း​ဝင်​သ​မျှ​သော သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ကယ်​လွှတ်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 2,
      "text": "ထို​ကာ​လ​အ​ခါ မြေ​မှုန့်၌ အိပ်​ပျော်​သော​သူ​များ​တို့​သည် နိုး​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကား၊ ထာ​ဝ​ရ အ​သက်​ရှင်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချို့​တို့​ကား ရှက်​ကြောက်​ခြင်း၊ ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း​နှင့်​လည်း​ကောင်း နိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 3,
      "text": "ပ​ညာ​ရှိ​သော သူ​တို့​သည်​လည်း၊ ကောင်း​ကင်​မျက်​နှာ​ကြက်၏ အ​ရောင်​အ​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ လူ​အ​များ​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ထဲ​သို့ သွင်း​သော သူ​တို့​သည်​လည်း၊ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း အ​စဉ်​အ​မြဲ ထွန်း​လင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 4,
      "text": "သင်​ဒံ​ယေ​လ​မူ​ကား၊ အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင်၊ ဤ​စ​ကား​တော်​တို့​ကို ပိတ်၍ စာ​စောင်​ကို တံ​ဆိပ်​ခတ်​ထား​လော့။ အ​များ​သော သူ​တို့​သည် ထို​စာ​ကို ကြည့်​ရှု​သော​အား​ဖြင့် ပ​ညာ​တိုး​ပွား​လိမ့်​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 5,
      "text": "ထို​အ​ခါ ငါ​ဒံ​ယေ​လ​သည် ကြည့်​ရှု​လျှင်၊ အ​ခြား​သော​သူ​နှစ်​ပါး​တို့​သည် မြစ်​ကမ်း​တို့၌ တစ်​ဖက်​တစ်​ပါး​စီ ရပ်​နေ​ကြ၏။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 6,
      "text": "တစ်​ပါး​က​လည်း၊ အံ့​ဖွယ်​သော ဤ​အ​မူ​အ​ရာ​တို့​သည် မ​ကုန်​စင်​မီ အ​ဘယ်​မျှ​လောက် ကြာ​လိမ့်​မည်​နည်း​ဟု ပိတ်​ချော​ကို​ဝတ်​လျက်၊ မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​ကို မေး​မြန်း၏။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 7,
      "text": "ပိတ်​ချော​ကို​ဝတ်​လျက် မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​က​လည်း တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ဖြစ်​လိမ့်​မည်။ သန့်​ရှင်း သူ​တို့၏​အ​စွမ်း​သ​တ္တိ​ကို အ​ရပ်​ရပ်​သို့ ဖြန့်​လွှင့်​ခြင်း​အ​မှု​ပြီး​သော​အ​ခါ ထို​အ​မူ​အ​ရာ အ​လုံး​စုံ​တို့​သည် ကုန်​စင်​ကြ​လိမ့်​မည်​ဟု လက်​နှစ်​ဖက်​ကို ကောင်း​ကင်​သို့​ချီ​လျက် က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သည်​ကို ငါ​ကြား၏။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 8,
      "text": "ထို​စ​ကား​ကို ငါ​ကြား၍ နား​မ​လည်​သော​ကြောင့်၊ သ​ခင်​ဘု​ရား၊ ဤ​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​သို့ ကုန်​စင်​ပါ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 9,
      "text": "ထို​သူ​က ဒံ​ယေ​လ၊ သင်​သွား​လော့။ ထို​စ​ကား​သည် အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင် ပိတ်၍ တံ​ဆိပ်​ခတ်​ထား​လျက် ရှိ၏။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 10,
      "text": "လူ​အ​များ​တို့​သည် သန့်​ရှင်း​ဖြူ​စင်​ခြင်း​သို့​ရောက်၍ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု၍ တစ်​ယောက်​မျှ နား​မ​လည်​ရ။ ပ​ညာ​ရှိ​သော သူ​တို့​မူ​ကား၊ နား​လည်​ကြ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 11,
      "text": "နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း၍၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် ပေါ်​လာ​ပြီး​မှ၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ကိုး​ဆယ် ကြာ​လိမ့်​မည်။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 12,
      "text": "အ​ရက် တစ်​ထောင်​သုံး​ရာ​သုံး​ဆယ်​ငါး​ရက်​တိုင်​အောင် ငံ့​လင့်၍ မီ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 27,
      "chapter": 12,
      "verse": 13,
      "text": "သင်​မူ​ကား အ​ဆုံး​မ​ဖြစ်​မီ​တိုင်​အောင် သွား​လော့။ ငြိမ်​ဝပ်​စွာ​နေ​ရ​လိမ့်​မည်။ နေ့​ရက်​ကာ​လ ကုန်​စင်​ပြီး​မှ ကိုယ်​အ​ရိုက်​အ​ရာ​ကို​ခံ၍ ပေါ်​ရ​လိမ့်​မည်​ဟု​ဆို၏။ ပ​ရော​ဖက်​ဒံ​ယေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ ဗေ​ရိ၏​သား ဟော​ရှေ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် အ​စ​အ​ဦး​ဟူ​မူ​ကား၊"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 2,
      "text": "သင်​သွား၍ ပြည့်​တန်​ဆာ​မိန်း​မ​နှင့်​တ​ကွ သူ​ဖွား​မြင်​သော သား​သ​မီး​တို့​ကို သိမ်း​ပိုက်​လော့။ အ​ကြောင်း​မူ​ကား၊ ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်၍ အ​ထပ်​ထပ်​မှား​ယွင်း​ကြ​ပြီ​ဟု ဟော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 3,
      "text": "ဟော​ရှေ​သည်​သွား၍ ဒိ​ဗ​လိမ်​သ​မီး​ဂေါ​မာ​ကို သိမ်း​ပိုက်​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဟော​ရှေ၌ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​သား​ကို ယေ​ဇ​ရေ​လ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ဏ​ကြာ​ပြီး​မှ ယေ​ဇ​ရေ​လ​အ​သက်​ကို သတ်​သော​အ​ပြစ်​ကြောင့်၊ ယေ​ဟု​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး၍ ဣ​သ​ရေ​လ​အ​မျိုး၏ နိုင်​ငံ​ကို ဆုံး​စေ​မည်။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​လေး​ကို ယေ​ဇ​ရေ​လ​ချိုင့်၌ ငါ​ချိုး​သော​နေ့​ချင်း​တွင် ထို​အ​မှု​ပြည့်​စုံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 6,
      "text": "တစ်​ဖန် ပ​ဋိ​သ​န္ဓေ​ယူ၍ သ​မီး​ကို​ဖွား​မြင်​လေ၏။ ထို​သ​မီး​ကို လော​ရု​ဟာ​မာ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နောက်​တစ်​ဖန် မ​သ​နား​မ​စုံ​မက်​ဘဲ ဧ​ကန်​အ​မှန်​ပယ်​ရှင်း​မည်။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 7,
      "text": "ယု​ဒ​အ​မျိုး​ကို​ကား သ​နား​စုံ​မက်​ဦး​မည်။ သို့​ရာ​တွင် လေး၊ ဓား၊ စစ်​တိုက်​လက်​နက်၊ မြင်း၊ မြင်း​စီး​သူ​ရဲ​အား​ဖြင့် မ​ကယ်​တင်၊ သူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ကယ်​တင်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 8,
      "text": "လော​ရု​ဟာ​မာ​ကို နို့​ခွာ​သော​အ​ခါ၊ အ​မိ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 9,
      "text": "ထို​သား​ကို လော​အ​မ္မိ​အ​မည်​ဖြင့် မှည့်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​မ​ဟုတ်။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 10,
      "text": "သို့​ရာ​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​ခြင်​နိုင်၊ မ​ရေ​တွက်​နိုင်​သော သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်​ဟု ထို​သူ​တို့​အား ပြော​ဆို​ရာ​အ​ရပ်၌​ပင်​လျှင်၊ သူ​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 1,
      "verse": 11,
      "text": "ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စု​ဝေး​ပေါင်း​ဖော်၍ မင်း​တစ်​ဦး​တည်း​ကို ချီး​မြှောက်​သ​ဖြင့် ထို​ပြည်​ထဲ​က ထွက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့​သည် ကြီး​မြတ်​သော​နေ့ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 1,
      "text": "သင်​တို့​ညီ​အစ်​ကို​များ​ကို ငါ၏​လူ​ဟူ၍​လည်း​ကောင်း၊ သင်​တို့​နှ​မ​များ​ကို သ​နား​စုံ​မက်​အပ်​သော​သ​မီး ဟူ၍​လည်း​ကောင်း တစ်​ဖန် ခေါ်​ကြ​လော့။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​အ​မိ​နှင့် ဆွေး​နွေး​ကြ​လော့။ သူ​သည် ငါ့​မ​ယား​မ​ဟုတ်၊ ငါ​သည်​လည်း သူ့​လင်​မ​ဟုတ်​ကြောင်း​ကို ဆွေး​နွေး​ကြ​လော့။ ပြည့်တန်​ဆာ​မျက်​နှာ​ကို​ပယ်၍ မှား​ယွင်း​ခြင်း​အ​မှု​ကို ရှောင်​စေ။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 3,
      "text": "မ​ရှောင်​လျှင် သူ၏​အ​ဝတ်​ရှိ​သ​မျှ​ကို ငါ​ချွတ်၍၊ သူ​ဖွား​သော​နေ့၌ အ​ဝတ်​မ​ရှိ​သ​ကဲ့​သို့ အ​ဝတ်​မ​ပါ၊ ပြင်၌ ထုတ်​ထား​မည်။ လွင်​ပြင်​ကဲ့​သို့ သုတ်​သင်​မည်။ သွေ့​ခြောက်​သော မြေ​ကဲ့​သို့ ဖြစ်​စေ​လျက် ရေ​အ​ငတ်​ထား၍ သေ​စေ​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 4,
      "text": "သူ၏​သား​သ​မီး​တို့​သည် သူ​မျောက်​မ​ထား၍​ရ​သော သား​သ​မီး​ဖြစ်​သော​ကြောင့် သူ​တို့​ကို ငါ​မ​သ​နား​မ​စုံ​မက်​ဘဲ နေ​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 5,
      "text": "သူ​တို့​အ​မိ​သည် ပြည့်​တန်​ဆာ​ဖြစ်၏။ သူ​တို့​ကို ပ​ဋိ​သ​န္ဓေ​ယူ​သော​သူ​သည် ရှက်​ဖွယ်​သော​အ​မှု​ကို ပြု​ပြီ။ သူ​က​လည်း၊ ငါ့​မုန့်၊ ငါ့​ရေ၊ ငါ့​သိုး​မွေး၊ ငါ့​ပိုက်​ဆန်၊ ငါ့​ဆီ၊ ငါ​သောက်​သော​အ​ရည်​တို့​ကို ပေး​တတ်​သော ငါ့​ရည်း​စား​များ နောက်​သို့ ငါ​လိုက်​မည်​ဟု​ဆို​ပြီ။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ သူ့​ကို​ဆူး​စောင်​ရန်း​နှင့် ကာ​ထား​မည်။ ထွက်​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ သူ့​ပတ်​လည်၌ ကျောက်​ရိုး​ကို​လည်း တည်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 7,
      "text": "သူ​သည် ရည်း​စား​တို့​ကို လိုက်​သော်​လည်း မ​မီ၊ ရှာ​သော်​လည်း မ​တွေ့​ဘဲ​နေ​ရ​သော​အ​ခါ၊ လင်​ဟောင်း​ထံ​သို့ ငါ​ပြန်​သွား​မည်။ ယ​ခု​နေ​ရာ​ထက် အ​ရင်​နေ​ရာ သာ၍​ကောင်း​သည်​ဟု ဆို​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 8,
      "text": "ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို ငါ​ပေး​သ​နား​သည် ဟူ၍​လည်း​ကောင်း၊ ဗာ​လ​ဘု​ရား​အား ပူ​ဇော်​သော​ရွှေ​နှင့် ငွေ​ကို သူ၌ ငါ​များ​ပြား​စေ​သည် ဟူ၍​လည်း​ကောင်း သူ​သည် မ​အောက်​မေ့​ပါ​တ​ကား။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ငါ့​စ​ပါး​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​လုပ်​ရာ​ကာ​လ၌ ငါ့​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သူ၏​ကိုယ်​ကို ဖုံး​လွှမ်း​စ​ရာ ငါ့​သိုး​မွေး​နှင့် ပိုက်​ဆန်​ကို​လည်း​ကောင်း ငါ​သိမ်း​ယူ​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 10,
      "text": "ယ​ခု​ပင် သူ၏​ရည်း​စား​များ​ရှေ့၌ သူ့​အ​ဝတ်​ကို ငါ​လှစ်​လှန်၍ အ​ရှက်​ခွဲ​မည်။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ သူ့​ကို​မ​နုတ်​ရ။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 11,
      "text": "သူ​ရွှင်​လန်း​စ​ရာ​အ​ကြောင်း​ရှိ​သ​မျှ​နှင့် ပွဲ​ခံ​ခြင်း၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​စောင့်​ခြင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ခြင်း အ​လုံး​စုံ​တို့​ကို ငါ​ပြတ်​စေ​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 12,
      "text": "ဤ​သည်​ကား၊ ငါ့​ရည်း​စား​ပေး​သော ဆု​လက်​ဆောင်​ဖြစ်​သည်​ဟု သူ​ဆို​ရာ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ဥ​ယျာဉ်​တို့​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍၊ လွင်​ပြင်​ဖြစ်​စေ​သ​ဖြင့် တော​သား​ရဲ​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 13,
      "text": "ဗာ​လ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ နှာ​ခေါင်း​ဆွဲ​နှင့် လည်​ဆွဲ​တန်​ဆာ​ကို ဆင်​လျက် ရည်း​စား​များ​နောက်​သို့ လိုက်​သ​ဖြင့်၊ ငါ့​ကို မေ့​လျော့၍ ဗာ​လ​ဘု​ရား​တို့ လက်​ထက်၌ ပြု​မိ​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 14,
      "text": "သို့​ရာ​တွင်၊ သူ့​ကို တစ်​ဖန်​ငါ​ဖြား​ယောင်း​မည်။ တော​လမ်း​ဖြင့် ပို့​ဆောင်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော စ​ကား​ကို​ပြော​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 15,
      "text": "တော​တစ်​ဖက်၌ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း၊ အာ​ခေါ်​ချိုင့်၌ မျှော်​လင့်​ရာ​တံ​ခါး​ကို​လည်း​ကောင်း ငါ​ပေး​မည်။ သူ​သည် အ​သက် ငယ်​စဉ်​ကာ​လ၊ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သီ​ချင်း​ဆို​သ​ကဲ့​သို့၊ တော​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ သီ​ချင်း​ဆို​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်​သည်​ငါ့​ကို သ​ခင်​ဟူ၍ မ​ခေါ်​ရ၊ ခင်​ပွန်း​ဟူ၍ ခေါ်​ရ​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 17,
      "text": "အ​ခြား​တစ်​ပါး​သော သ​ခင်​တို့၏​ဘွဲ့​နာ​မ​များ​ကို သူ၏​နှုတ်​မှ ငါ​ပယ်၍၊ ထို​ဘွဲ့​နာ​မ​များ​ကို နောက်​တစ်​ဖန် မ​မှတ်​မိ​မ​မြွက်​ဆို​ရ။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 18,
      "text": "ထို​ကာ​လ၌ ငါ​သည် သူ​တို့​အ​တွက်၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍၊ လေး၊ ဓား၊ စစ်​တိုက်​လက်​နက်​တို့​ကို မြေ​ပေါ်​က ပယ်​ရှား​သ​ဖြင့် သူ​တို့​သည် စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အိပ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 19,
      "text": "ငါ​သည် ကိုယ်​အ​ဖို့ သင့်​ကို အ​စဉ်​အ​မြဲ​သိမ်း​ယူ​မည်။ ဖြောင့်​မတ်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ချစ်​သ​နား​စုံ​မက်​ခြင်း​နှင့် အ​ညီ ကိုယ်​အ​ဖို့ သင့်​ကို​သိမ်း​ယူ​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 20,
      "text": "သ​စ္စာ​စောင့်​ခြင်း​နှင့်​အ​ညီ သိမ်း​ယူ၍၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 21,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ငါ​သည် နား​ထောင်​မည်။ မိုး​ကောင်း​ကင်​စ​ကား​ကို နား​ထောင်၍၊ သူ​သည် မြေ​ကြီး​စ​ကား​ကို နား​ထောင်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 22,
      "text": "မြေ​ကြီး​သည်​လည်း ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့၏​စ​ကား​ကို နား​ထောင်၍၊ သူ​တို့​သည်​လည်း ယေ​ဇ​ရေ​လ​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 2,
      "verse": 23,
      "text": "ထို​သ​တို့​သ​မီး​ကို မျိုး​စေ့​ကဲ့​သို့ မြေ၌ ကိုယ်​အ​ဖို့​ငါ​ကြဲ​မည်။ မ​သ​နား​မ​စုံ​မက်​အပ်​သော သ​တို့​သ​မီး​ကို ငါ​သ​နား​စုံ​မက်​မည်။ ငါ၏ လူ​မ​ဟုတ်​သော သူ​ကို​လည်း သင်​သည်​ငါ၏​လူ​ဖြစ်​သည်​ဟု ငါ​ဆို​မည်။ သူ​က​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဖူး​မျှော်၍၊ စ​ပျစ်​သီး​ပျဉ်​ကို အ​လို​ရှိ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သည်​နည်း​တူ၊ မိ​မိ​ခင်​ပွန်း၏ ချစ်​ခြင်း​ကို​ခံ​လျက် မျောက်​မ​ထား​သော မိန်း​မ​ကို သွား၍​ချစ်​ဦး​လော့​ဟု ငါ့​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 2,
      "text": "ထို​မိန်း​မ​ကို ငွေ​တစ်​ဆယ်​ငါး​ကျပ်၊ မု​ယော​ဆန်​တစ်​ဟော​မဲ​ခွဲ​နှင့် ငါ​ရွေး​ပြီး​မှ၊"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 3,
      "text": "သင်​သည် ငါ့​အ​ဖို့ နေ့​ရက်​များ​စွာ​စောင့်၍ နေ​ရ​မည်။ ပြည့်​တန်​ဆာ မ​လုပ်​ရ။ အ​ခြား​သော​ယောက်ျား​နှင့် မ​ပေါင်း​ဖော်​ရ။ သို့​ပြု​လျှင်၊ သင့်​အ​ဖို့ ငါ​စောင့်၍​နေ​မည်​ဟု ပြော​ထား၏။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 3,
      "verse": 5,
      "text": "ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြန်​လာ၍၊ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သူ​တို့​ရှင်​ဘု​ရင် ဒါ​ဝိဒ်​ကို​လည်း​ကောင်း​ရှာ၍၊ နောင်​ကာ​လ၌ ကျေး​ဇူး​တော်​ကို​ခံ​အံ့​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တုန်​လှုပ်​လျက်​ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​သူ​ပြည်​သား​တို့​နှင့် တ​ရား​တွေ့​မှု​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သ​စ္စာ​မ​ရှိ၊ က​ရု​ဏာ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 2,
      "text": "ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 3,
      "text": "ထို​ကြောင့်၊ ပြည်​သည် ငြို​ငြင်​လိမ့်​မည်။ ပြည်​သား​အ​ပေါင်း​တို့​နှင့် တ​ကွ၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ပင်​လယ်​ငါး​တို့​သည်​လည်း ကုန်​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 4,
      "text": "သို့​ရာ​တွင်၊ အ​ဘယ်​သူ​မျှ မ​ဆီး​တား​စေ​နှင့်။ အ​ဘယ်​သူ​မျှ မ​ဆုံး​မ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 5,
      "text": "ထို​ကြောင့်၊ နေ့​အ​ချိန်၌ သင်​သည်​လဲ​ရ​လိမ့်​မည်။ ည​အ​ချိန်၌ သင်​နှင့်​အ​တူ ပ​ရော​ဖက်​သည်​လည်း လဲ​ရ​လိမ့်​မည်။ သင့်​အ​မိ​ကို​လည်း ငါ​ဖျက်​ဆီး​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 6,
      "text": "ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 7,
      "text": "သူ​တို့​သည် ဘုန်း​တိုး​ပွား​သည်​အ​တိုင်း ငါ့​ကို​ပြစ်​မှား​ကြ​ပြီ။ သို့​ဖြစ်၍၊ သူ​တို့၏​ဘုန်း​ကို ငါ​အ​ရှက်​ကွဲ​စေ​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 8,
      "text": "ငါ့​လူ​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို စား​လျက်​နှင့်​ပင်၊ ထို​အ​ပြစ်​ကို စိတ်​စွဲ​လမ်း​တတ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 9,
      "text": "ထို​ကြောင့်၊ လူ​တို့၌​ဖြစ်​သ​ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်၌ ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ကျင့်​များ​ကို ငါ​စစ်​ကြော၍၊ အ​သီး​အ​သီး ပြု​မူ​သ​မျှ​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 10,
      "text": "သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​ကို ယစ်​မူး​စေ​တတ်​သော ကာ​မ​ဂုဏ်၌ ပျော်​မွေ့​ခြင်း၊ စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို သောက်​ခြင်း၌ မှီ​ဝဲ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​ပြီ။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 12,
      "text": "ငါ့​လူ​တို့​သည် သစ်​သား​နှင့် တိုင်​ပင်​တတ်​ကြ၏။ သူ​တို့၏​တောင်​ဝှေး​သည် အ​ကြံ​ပေး​တတ်၏။ ကိ​လေ​သာ​စိတ်​အား​ကြီး​သော​ကြောင့်၊ သူ​တို့​သည်​လမ်း​လွှဲ၍ မိ​မိ​တို့​ဘု​ရား​သ​ခင့်​ထံ​မှာ မ​နေ၊ မှား​ယွင်း​တတ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 13,
      "text": "တောင်​ထိပ်​ပေါ်၊ ကုန်း​ပေါ်​မှာ​လည်း​ကောင်း အ​ရိပ်​ကောင်း​သော သ​ပိတ်​ပင်​မျိုး၊ လိ​ဗ​နာ​ပင် အောက်​မှာ​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​ကြောင့်၊ သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍၊ ချွေး​မ​တို့​သည် မျောက်​မ​ထား​တတ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 14,
      "text": "သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍ ချွေး​မ​တို့​သည် မျောက်​မ​ထား​သော်​လည်း ငါ​မ​စစ်​ကြော၊ အ​ကြောင်း​မူ​ကား၊ ယောက်ျား​တို့​သည် ကိုယ်​မ​ယား​ကို​စွန့်​ပစ်၍ ပြည့်​တန်​ဆာ​တို့​နှင့် ပေါင်း​ဖော်​တတ်​ကြ၏။ မိန်း​မ​ရွှင်​တို့​နှင့်​အ​တူ ယဇ်​ပူ​ဇော်​တတ်​ကြ၏။ သို့​ဖြစ်၍ ပ​ညာ​မ​ရှိ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 15,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြည့်​တန်​ဆာ​လုပ်​သော်​လည်း၊ ယု​ဒ​အ​မျိုး​ကို မ​မှား​ယွင်း​ပါ​စေ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ချဉ်း​ကပ်​ကြ​နှင့်။ ဗေ​သ​ဝင်​မြို့​သို့ မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း​ဟူ၍ မ​ကျိန်​ဆို​ကြ​နှင့်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ရုန်း​တတ်​သော​နွား​မ​ပျို​ကဲ့​သို့ ဆန့်​ကျင်​ဘက်​ပြု​တတ်၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​သော​အ​ရပ်၌ သိုး​သ​ငယ်​ကို ထိန်း​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြု​တော်​မူ​မည်။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 17,
      "text": "ဧ​ဖ​ရိမ်​သည် ရုပ်​တု​တို့၌ စွဲ​ကပ်​လျက်​ရှိ၏။ သူ့​ကို​တတ်​တိုင်း​ရှိ​စေ​လော့။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 18,
      "text": "သူ​တို့​စား​သောက်​ပွဲ​ခံ​ချိန်​လွန်​ပြီ။ မင်း​လုပ်​သော​သူ​တို့​သည် အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ​ပြီ။ ရှက်​ဖွယ်​သော​အ​မှု​ကို တပ်​မက်​ကြ​ပြီ။"
    },
    {
      "book": 28,
      "chapter": 4,
      "verse": 19,
      "text": "လေ​သည် မိ​မိ​အ​တောင်​တို့​နှင့်​တိုက်၍ ပါ​သွား​မည်။ သူ​တို့​သည် မိ​မိ​တို့​ပူ​ဇော်​သော​ယဇ်​များ​ကြောင့် ရှက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 1,
      "text": "အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ အို နန်း​တော်​သား​တို့၊ မှတ်​မိ​ကြ​လော့။ သင်​တို့​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​ဇ​ပါ​တောင်​ပေါ်​မှာ ကျော့​ကွင်း၊ တာ​ဗော်​တောင်​ပေါ်​မှာ ထောင်​သော​ပိုက်​ဖြစ်​ကြ​ပြီ။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 2,
      "text": "ယဇ်​ကောင်​တို့​ကို သတ်​သော​အား​ဖြင့် မိ​မိ​တို့​အ​ပြစ်​ကို များ​ပြား​စေ​ကြ၏။ ထို​ကြောင့်၊ ငါ​သည် ထို​သူ​အ​ပေါင်း​တို့၌ အ​ပြစ်​ဒဏ်​ပေး​မည်။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 3,
      "text": "ဧ​ဖ​ရိမ်​ကို​ငါ​သိ၏။ ဣ​သ​ရေ​လ​သည်​လည်း ငါ့​ရှေ့​မှ ပုန်း​ရှောင်၍​မ​နေ​နိုင်။ ယ​ခု​ပင် အို ဧ​ဖ​ရိမ်၊ သင်​သည်​မှား​ယွင်း၍ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 4,
      "text": "သူ​တို့​သည် ပြု​မြဲ​ပြု​သော​ကြောင့်၊ သူ​တို့၏​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြန်၍​မ​လာ​နိုင်​ကြ။ မှား​ယွင်း​သော​သ​ဘော စွဲ​လမ်း​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​ကြ။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 5,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​မာ​န​သည် သူ့​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​နှင့် ဧ​ဖ​ရိမ်​သည် မိ​မိ​တို့​အ​ပြစ်၌​လဲ၍၊ သူ​တို့​နှင့်​အ​တူ ယု​ဒ​အ​မျိုး​သည်​လည်း လဲ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 6,
      "text": "သိုး​စု​နွား​စု​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ သွား​ကြ​သော်​လည်း မ​တွေ့​ရ​ကြ။ သူ​တို့​နှင့် ကွာ​တော်​မူ​ပြီ။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 7,
      "text": "သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခံ​သော​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖွား​မြင်​ကြ​ပြီ။ လ​ဆန်း​နေ့​ရောက်​မှ သူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​သည် ပျက်​စီး​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 8,
      "text": "ဂိ​ဗာ​မြို့၌ နှဲ​ခ​ရာ​ကို​လည်း​ကောင်း၊ ရာ​မ​မြို့၌ တံ​ပိုး​ကို​လည်း​ကောင်း မှုတ်​ကြ​လော့။ ဗေ​သ​ဝင်​မြို့၌ ကြွေး​ကြော်​ကြ​လော့။ အို ဗင်္ယာ​မိန်​အ​မျိုး၊ နောက်​သို့ ကြည့်​ကြ​လော့။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 9,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ဆုံး​မ​သ​တိ​ပေး​သော​နေ့၌ ဧ​ဖ​ရိမ်​သည် ပျက်​စီး​ရ​လိမ့်​မည်။ ဆက်​ဆက် ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ငါ​ဖော်​ပြ၏။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 10,
      "text": "ယု​ဒ​မင်း​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​သည် သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို ရေ​ကဲ့​သို့ သွန်း​လောင်း​မည်။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 11,
      "text": "ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 12,
      "text": "ထို​ကြောင့်၊ ငါ​သည် ဧ​ဖ​ရိမ်၌ ကိုက်​တတ်​သော ပိုး​ကောင်၊ ယု​ဒ​အ​မျိုး၌ စား​တတ်​သော​အ​နာ​ကဲ့​သို့ ဖြစ်​မည်။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 13,
      "text": "ဧ​ဖ​ရိမ်​သည် မိ​မိ​အ​ပေါက်​တို့​ကို​လည်း​ကောင်း၊ ယု​ဒ​သည် မိ​မိ​အ​နာ​ကို​လည်း​ကောင်း မြင်​သော​အ​ခါ၊ ဧ​ဖ​ရိမ်​သည် အာ​ရှု​ရိ​မင်း​ထံ​သို့ သွား၍၊ ယု​ဒ​သည် ရှင်​ဘု​ရင်​ယာ​ရက်​ထံ​သို့ စေ​လွှတ်​သော်​လည်း၊ ထို​မင်း​တို့​သည် သင်​တို့​အ​ပေါက်​ကို မ​ဖာ​နိုင်၊ အ​နာ​ကို​လည်း မ​ပျောက်​စေ​နိုင်​ကြ။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် ဧ​ဖ​ရိမ်၌ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး၌ ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်။ ငါ​သည် ကိုယ်​တိုင်​ကိုက်​ဖြတ်၍ သွား​မည်။ ချီ​သွား၍ အ​ဘယ်​သူ​မျှ မ​နုတ်​ရ။"
    },
    {
      "book": 28,
      "chapter": 5,
      "verse": 15,
      "text": "သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို ဝန်​မ​ချ။ ငါ့​မျက်​နှာ​ကို မ​ရှာ​မီ​တိုင်​အောင် ငါ​သည် ကိုယ်​နေ​ရာ​သို့ ပြန်​သွား၍ နေ​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​သည် ငါ့​ကို​ကြိုး​စား၍ ရှာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 1,
      "text": "လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 2,
      "text": "နှစ်​ရက်​လွန်​ပြီး​မှ ငါ​တို့​ကို အ​သက်​ရှင်​စေ၍၊ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ အ​ထံ​တော်၌ ငါ​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 3,
      "text": "ပ​ညာ​ကို​လည်း ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ခြင်း​ငှာ လိုက်​ရှာ​ကြ​လိမ့်​မည်။ ထွက်​တော်​မူ​ချိန်​သည် နံ​နက်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ရွာ​သော​မိုး​နှင့် မြေ​အ​ပေါ်​သို့​ရွာ​သော နောက်​မိုး​ကဲ့​သို့ သက်​ရောက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 4,
      "text": "အို ဧ​ဖ​ရိမ်၊ သင်၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ အို ယု​ဒ၊ သင်၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​နည်း။ သင်​တို့ ကြည်​ညို​သော​စိတ်​သည် နံ​နက်​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ စော​စော​ပျောက်​တတ်​သော နှင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 5,
      "text": "ထို​ကြောင့် သူ​တို့​ကို ပ​ရော​ဖက်​များ​အား​ဖြင့် ငါ​သည် အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ရ​ပြီ။ ငါ့​နှုတ်​ထွက်​စ​ကား​အား​ဖြင့် သတ်​ရ​ပြီ။ ငါ့​စီ​ရင်​ချက်​တို့​သည်​လည်း ထွန်း​လင်း​သော အ​လင်း​ကဲ့​သို့ ဖြစ်​ကြ​ပြီ။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 6,
      "text": "ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ထက် ဘု​ရား​သ​ခင်​နှင့် ကျွမ်း​ဝင်​ခြင်း​ကို​လည်း​ကောင်း ငါ​နှစ်​သက်၏။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 7,
      "text": "သူ​တို့​သည် အာ​ဒံ​ကဲ့​သို့ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး​ကြ​ပြီ။ နေ​ရင်း​အ​ရပ်၌ ငါ့​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 8,
      "text": "ဂိ​လဒ်​မြို့​သည် အ​ဓ​မ္မ​ပြု​သော သူ​တို့​နေ​ရာ ဖြစ်၍၊ လူ​အ​သွေး​နှင့် စွန်း​သော ခြေ​ရာ​များ၏။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 9,
      "text": "ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 10,
      "text": "အ​ကယ်​စင်​စစ် အ​ဓ​မ္မ​အ​မှု​ကို ပြု​တတ်​ကြ၏။ ကြောက်​မက်​ဖွယ်​သော​အ​မှု​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ငါ​မြင်​ပြီ။ ထို​အ​မျိုး၌ ဧ​ဖ​ရိမ်​သည် မှား​ယွင်း​တတ်၏။ ဣ​သ​ရေ​လ​သည် ညစ်​ညူး​ခြင်း​ရှိ၏။"
    },
    {
      "book": 28,
      "chapter": 6,
      "verse": 11,
      "text": "ထို​မှ​တစ်​ပါး၊ အို ယု​ဒ​အ​မျိုး၊ သိမ်း​သွား​သော ငါ၏​လူ​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ​သည် သင့်​အ​ဖို့ ခန့်​ထား​လျက်​ရှိ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 1,
      "text": "ဣ​သ​ရေ​လ၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ ငါ​ပြု​သော​အ​ခါ၊ ဧ​ဖ​ရိမ်၏​အ​ပြစ်​နှင့် ရှ​မာ​ရိ​ပြု​သော အ​ဓ​မ္မ​အ​မှု​သည် ထင်​ရှား​ပြန်၏။ သူ​တို့​သည် သ​စ္စာ​ပျက်​ကြ​ပြီ။ အ​ထဲ​သို့ သူ​ခိုး​ဝင်​တတ်၏။ ပြင်၌​လည်း ဓား​ပြ​အ​လုံး​အ​ရင်း​တို့​သည် တိုက်​တတ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 2,
      "text": "သူ​တို့​ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​မှတ်​မိ​သည်​ဟု မိ​မိ​တို့ စိတ်​နှ​လုံး​ထဲ​မှာ မ​အောက်​မေ့​ကြ။ ယ​ခု​ပင် ထို​အ​မှု​တို့​သည် သူ​တို့​ကို ဝိုင်း​ကြ​ပြီ။ ငါ့​မျက်​မှောက်​တွင် ရှိ​ကြ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 3,
      "text": "ဆိုး​ညစ်​သော အ​မှု​အား​ဖြင့် ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ မု​သား​စ​ကား​အား​ဖြင့် မင်း​များ​ကို​လည်း​ကောင်း ဝမ်း​မြောက်​စေ​ကြ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 4,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော မေ​ထုန်​ဖြင့် မှား​ယွင်း​သော​သူ​ဖြစ်၍၊ မီး​ထည့်​သော မုန့်​သည်၏ မီး​ဖို​နှင့်​တူ​ကြ၏။ မုန့်​စိမ်း​ကို​နယ်​ပြီး​မှ မ​ဖောင်း​ကြွ​မီ​တိုင်​အောင်၊ မီး​ကို​မ​ဆော်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ရ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 5,
      "text": "ငါ​တို့​ရှင်​ဘု​ရင်၏ နှစ်​စဉ်​ပွဲ​နေ့၌ မင်း​တို့​သည် စ​ပျစ်​ရည်​အ​ရှိန်​နှင့် ယစ်​မူး၍ ရှင်​ဘု​ရင်​သည် မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို လက်​ခံ​တတ်၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 6,
      "text": "အ​ကယ်​စင်​စစ် သူ​တို့​သည် ချောင်း၍​ကြည့်​လျက် နေ​ကြ​စဉ် မိ​မိ​တို့​နှ​လုံး​ကို မီး​ဖို​ကဲ့​သို့ ပြင်​ဆင်​ကြ​ပြီ။ သူ​တို့​မုန့်​သည် တစ်​ည​လုံး​အိပ်​သော်​လည်း နံ​နက်​အ​ချိန်၌ တောက်​သော​မီး​ကဲ့​သို့ လောင်​လျက်​ရှိ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 7,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် မီး​ဖို​ကဲ့​သို့ ပူ​ကြ၏။ မိ​မိ​တို့​တ​ရား​သူ​ကြီး​များ​ကို လောင်​ကြ​ပြီ။ သူ​တို့​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် လဲ​ကြ​ပြီ။ ငါ့​ကို​ဟစ်​ခေါ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 8,
      "text": "ဧ​ဖ​ရိမ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ပေါင်း​ဖော်​ရော​နှော​လျက်​ရှိ၏။ တစ်​မျက်​နှာ​သာ​ဖုတ်၍ မ​လှန်​သော​မုန့်​ပြား​ဖြစ်၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 9,
      "text": "သူ​မ​သိ​မ​မှတ်​ဘဲ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ၏​ခွန်​အား​ကို စား​ကြ​ပြီ။ ကိုယ်​မ​သိ​မ​မှတ်​ဘဲ ခေါင်း​ပေါ်​မှာ ဖြူ​သော​ဆံ​ပင် အ​နှံ့​အ​ပြား​ရှိ​ပြီ။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 10,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏​မာ​န​သည် သူ့​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း​သို့ ရောက်​သော်​လည်း အ​မျိုး​သား​တို့​သည် ကိုယ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မ​လာ​ကြ။ အ​မှု​ရောက်​သော်​လည်း ဘု​ရား​ကို မ​ရှာ​ကြ။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 11,
      "text": "ဧ​ဖ​ရိမ်​သည် ဉာဏ်​မ​ရှိ၊ မိုက်​သော ချိုး​နှင့်​တူ၏။ အဲ​ဂု​တ္တု​ပြည်​ကို ဟစ်​ခေါ်​တတ်၏။ အာ​ရှု​ရိ​ပြည်​သို့ ပြေး​တတ်၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 12,
      "text": "သွား​လေ​ရာ​ရာ​တွင် ငါ့​ပိုက်​နှင့် သူ​တို့​ကို ငါ​အုပ်​မိ​မည်။ မိုး​ကောင်း​ကင်​ငှက်​ကို​ကဲ့​သို့ မြေ​သို့​နှိ​မ့်​ချ​မည်။ သူ​တို့​စည်း​ဝေး​ရာ၌ ကြား​သည်​အ​တိုင်း ငါ​ဆုံး​မ​မည်။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 13,
      "text": "သူ​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လည်​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​ကို​ပြစ်​မှား​သော​ကြောင့် ဖျက်​ဆီး​ဖို့​ရာ ဖြစ်​ကြ၏။ သူ​တို့​ကို ငါ​ရွေး​နုတ်​သော်​လည်း၊ ငါ့​တစ်​ဖက်၌ မု​သား​စ​ကား​ကို ပြော​ကြ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 14,
      "text": "သူ​တို့​သည် အိပ်​ရာ​ပေါ်​မှာ မြည်​တမ်း​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် ငါ့​ကို မ​အော်​ဟစ်​ကြ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​ရ​ခြင်း​ငှာ စည်း​ဝေး၍ ငါ့​ကို​ပုန်​ကန်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 15,
      "text": "ငါ​သည် ဆုံး​မ​သော်​လည်း​ကောင်း၊ သူ​တို့​ကို ခိုင်​ခံ့​စေ​သော်​လည်း​ကောင်း၊ ငါ့​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 7,
      "verse": 16,
      "text": "အ​ကျိုး​နည်း​ရှိ​ကြ၏။ လိမ်​တတ်​သော​လေး​ကဲ့​သို့ ဖြစ်​ကြ၏။ မင်း​တို့​သည် စော်​ကား​သော​ကြောင့် ဓား​ဖြင့်​သေ၍ အဲ​ဂု​တ္တု​ပြည်​သား​တို့၏ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 1,
      "text": "တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 2,
      "text": "သို့​ရာ​တွင် သူ​တို့​က၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်၍ ကိုယ်​တော်​ကို သိ​ကြ​ပါ၏​ဟု ငါ့​အား ကြွေး​ကြော်​ကြ​သည်​တ​ကား။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 3,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် ကောင်း​သော​အ​ရာ​ကို စွန့်​ပစ်​သော​ကြောင့်၊ ရန်​သူ​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 4,
      "text": "သူ​တို့​သည် ငါ၏​အ​ခွင့်​မ​ရှိ​ဘဲ ကိုယ်​အ​လို​အ​လျောက် ရှင်​ဘု​ရင်​တို့​ကို ချီး​မြှောက်​ကြ​ပြီ။ ငါ​မ​သိ​ရ​ဘဲ မင်း​တို့​ကို ခန့်​ထား​ကြ​ပြီ။ ကိုယ်​အ​ကျိုး​နည်း​စေ​ခြင်း​ငှာ၊ ကိုယ်​ရွှေ​ငွေ​နှင့် ကိုယ်​အ​ဖို့ ရုပ်​တု​များ​ကို​လုပ်​ကြ​ပြီ။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 5,
      "text": "အို ရှ​မာ​ရိ၊ သင်၏​နွား​သ​ငယ်​ကို စွန့်​ပစ်​လော့။ ကိုး​ကွယ်​သော​သူ​များ​ကို ငါ​အ​မျက်​ထွက်၏။ သူ​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သန့်​ရှင်း​ခြင်း​တ​ရား​ကို မ​မီ​နိုင်​ဘဲ နေ​ရ​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 6,
      "text": "ထို​နွား​သ​ငယ်​သည် ဣ​သ​ရေ​လ​အ​မျိုး ကြံ​စည်၍ ဖြစ်၏။ ဆ​ရာ​သ​မား​လုပ်​သော​ကြောင့် ဘု​ရား​မ​ဟုတ်။ အ​ကယ်​စင်​စစ် ရှ​မာ​ရိ​နွား​သ​ငယ်​သည် အ​ပိုင်း​ပိုင်း ကျိုး​ပဲ့​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 7,
      "text": "လေ​မျိုး​စေ့​ကို​ကြဲ၍ လေ​ပွေ​စ​ပါး​ကို ရိတ်​ရ​ကြ​လိမ့်​မည်။ စ​ပါး​ပင် မ​ရှိ​ရ။ အ​နှံ​ထဲ​က မုန့်​ညက်​မ​ထွက်​ရ။ ထွက်​သော်​လည်း တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သည် တိမ်​မြုပ်​လေ​ပြီ။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော တန်​ဆာ​ကဲ့​သို့ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 9,
      "text": "အာ​ရှု​ရိ​ပြည်​သို့ အ​လို​လို​သွား​လေ​ပြီ​တ​ကား။ ဧ​ဖ​ရိမ်​သည် ကိုယ်​အ​ဖို့ တစ်​ကောင်​တည်း​နေ​သော မြည်း​ရိုင်း​ကဲ့​သို့​ဖြစ်၍၊ ရည်း​စား​တို့​အား ငှား​လေ​ပြီ။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 10,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​အား ငှား​သော်​လည်း၊ ချက်​ချင်း​လူ​များ​ကို ငါ​စု​ဝေး​စေ​မည်။ မ​ကြာ​မ​မြင့်​မီ ရှင်​ဘု​ရင်​နှင့် မင်း​များ​တင်​သော​ဝန်​ကို ပင်​ပန်း​စွာ ထမ်း​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 11,
      "text": "ဧ​ဖ​ရိမ်​သည် များ​စွာ​သော​ယဇ်​ပ​လ္လင်​တို့​ကို အ​ပြစ်​အ​ဖို့ လုပ်​သော​ကြောင့်၊ ယဇ်​ပ​လ္လင်​တို့​ကို သူ၏​အ​ပြစ်​ဟူ၍ မှတ်​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 12,
      "text": "ငါ့​တ​ရား၏​ထူး​ဆန်း​သော​အ​ရာ​တို့​ကို သူ့​အ​ဖို့ ငါ​ရေး​ထား​ပြီ။ သို့​သော်​လည်း၊ ရိုင်း​သော​အ​ရာ​ဟူ၍ သူ​သည် မှတ်​လေ​ပြီ​တ​ကား။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 13,
      "text": "ငါ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပူ​ဇော်​သော​သူ​တို့​သည် ပူ​ဇော်၍ ကိုယ်​တိုင်​စား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို လက်​ခံ​တော်​မ​မူ။ သူ​တို့​အ​ပြစ်​များ​ကို ချက်​ချင်း​အောက်​မေ့၍ စစ်​ကြော​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 8,
      "verse": 14,
      "text": "ဣ​သ​ရေ​လ​သည် သူ့​ကို​ဖန်​ဆင်း​တော်​မူ​သော သ​ခင်​ကို​မေ့​လျော့၍ ဘုံ​ဗိ​မာန်​များ​ကို တည်​ဆောက်​တတ်၏။ ယု​ဒ​သည်​လည်း ခိုင်​ခံ့​သော​မြို့​တို့​ကို များ​ပြား​စေ​တတ်၏။ သို့​ရာ​တွင်၊ ငါ​သည် ထို​မြို့​များ​တို့​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​များ​တို့​ကို မီး​လောင်​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့ ဝမ်း​မြောက်​ရွှင်​မြူး​သော​စိတ်​ရှိ၍ မ​ခုန်​နှင့်။ ကိုယ်​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်၊ အ​ခြား​သော​ဘု​ရား​နှင့် မှား​ယွင်း​ပြီ။ ကောက်​နယ်​တ​လင်း​ရှိ​သ​မျှ​တို့၌ မှား​ယွင်း​ခ​ကို နှစ်​သက်​တတ်၏။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 2,
      "text": "ကောက်​နယ်​တ​လင်း​အား​ဖြင့် အ​သက်​မ​မွေး​ရ။ စ​ပျစ်​သီး​နယ်​ရာ ကျင်း​အား​ဖြင့်​လည်း အ​သက်​မ​မွေး​ရ။ စ​ပျစ်​ရည်​သစ်​လည်း သူ​တို့ မျှော်​လင့်​သည်​အ​တိုင်း မ​ထွက်​ရ။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 3,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​မြေ​တော်၌​မ​နေ​ရ​ဘဲ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား၍၊ အာ​ရှု​ရိ​ပြည်၌ မ​စင်​ကြယ်​သော​အ​စာ​ကို စား​ရ​ကြ​မည်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 4,
      "text": "စ​ပျစ်​ရည်​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား မ​ပြု​ရ​ကြ။ ပူ​ဇော်​သော​ယဇ်​တို့​ကို နှစ်​သက်​တော်​မ​မူ​ရ။ ထို​ယဇ်​အ​သား​သည် မ​သာ​လိုက်၍ ငို​ကြွေး​မြည်​တမ်း​သော သူ​တို့၏​အ​စာ​ကဲ့​သို့​ဖြစ်၍၊ စား​သော​သူ​အ​ပေါင်း​တို့​သည် ညစ်​ညူး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့​အ​စာ​ကို ကိုယ်​တိုင်​စား​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ မ​သွင်း​စေ​နှင့်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 5,
      "text": "ဓ​မ္မ​ပွဲ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဆောင်​သော ပွဲ​နေ့​တို့၌ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​နည်း။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 6,
      "text": "ပျက်​စီး​ရာ​ထဲ​က သူ​တို့​သည် ထွက်​သွား​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌​စု၍ မင်​ဖိ​မြို့၌ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ငွေ​တန်​ဆာ​ဆင်​သော နေ​ရာ​ဘုံ​ဗိ​မာန်​များ​ကို ဆူး​အ​မျိုး​မျိုး​တို့​သည် လွှမ်း​မိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 7,
      "text": "စစ်​ကြော​ရ​သော အ​ချိန်​ရောက်​လေ​ပြီ။ အ​ပြစ်​ပေး​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး သိ​ရ​လိမ့်​မည်။ ပ​ရော​ဖက်​သည် အ​မိုက်​ဖြစ်၏။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ခံ​သော​သူ​သည် အ​ရူး​ဖြစ်၏။ သင်၌ အ​ပြစ်​ကြီး​သည်​အ​တိုင်း ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 8,
      "text": "ဧ​ဖ​ရိမ်​ကင်း​စောင့်​သည် မိ​မိ​ဘု​ရား​ဘက်​မှာ နေ၏။ ပ​ရော​ဖက်​သည် ပြု​လေ​သ​မျှ​တို့၌ မု​ဆိုး​ကျော့​ကွင်း ဖြစ်၏။ သူ၏​ဘု​ရား​အိမ်​တွင် ဘေး​ပြု​သော​သူ ဖြစ်၏။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 9,
      "text": "ဂိ​ဗာ​မြို့ လက်​ထက်​ကဲ့​သို့ သူ​တို့​သည် ကိုယ်​ကို အ​လွန်​ညစ်​ညူး​စေ​ကြ​ပြီ။ သူ​တို့​အ​ပြစ်​ကို အောက်​မေ့၍ ဒု​စ​ရိုက်​များ​ကို စစ်​ကြော​တော်​မူ​မည်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 10,
      "text": "တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 11,
      "text": "ဧ​ဖ​ရိမ်၏​ဘုန်း​သည် ငှက်​ကဲ့​သို့ ပျံ​သွား​လိမ့်​မည်။ သား​ဖွား​ခြင်း၊ ကိုယ်​ဝန်​ဆောင်​ခြင်း၊ ပ​ဋိ​သ​န္ဓေ​ယူ​ခြင်း မ​ရှိ​ရ။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 12,
      "text": "သား​သ​မီး​တို့​ကို ကျွေး​မွေး​သော်​လည်း၊ တစ်​ယောက်​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ငါ​လု​ယူ​မည်။ အ​ကယ်၍ သူ​တို့​ကို ငါ​စွန့်​ပစ်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 13,
      "text": "ဧ​ဖ​ရိမ်​သည် တု​ရု​မြို့​ကဲ့​သို့ ငြိမ်​ဝပ်​ရာ​အ​ရပ်၌ တည်​ဟန်​ရှိ​သော်​လည်း၊ မိ​မိ​သား​သ​မီး​တို့​ကို လူ​သတ်​လက်​သို့ အပ်​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 14,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ပေး​သ​နား​တော်​မူ​ပါ။ အ​ဘယ်​သို့ ပေး​တော်​မူ​ရ​မည်​နည်း။ ကိုယ်​ဝန်​မ​ဆောင်​သော ဝမ်း၊ နို့​မ​ထွက်​သော သား​မြတ်​ကို ပေး​တော်​မူ​ပါ။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 15,
      "text": "ဂိ​လ​ဂါ​လ​မြို့၌ သူ​တို့​ပြု​သ​မျှ​သော​ဒု​စ​ရိုက်​ရှိ၍၊ ထို​အ​ရပ်၌ သူ​တို့​ကို ငါ​မုန်း၏။ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ငါ့​အိမ်​မှ ငါ​နှင်​ထုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို​မ​ချစ်။ သူ​တို့ မင်း​အ​ပေါင်း​တို့​သည် ပုန်​ကန်​တတ်​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 16,
      "text": "ဧ​ဖ​ရိမ်​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊ အ​မြစ်​သွေ့​ခြောက်​လျက်​ရှိ၍ အ​သီး​ကို မ​သီး​နိုင်​ရာ။ သား​ဖွား​သော်​လည်း၊ အ​ချစ်​ဆုံး​သော​သား​တို့​ကို ငါ​သတ်​မည်။"
    },
    {
      "book": 28,
      "chapter": 9,
      "verse": 17,
      "text": "ငါ့​ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့် စွန့်​ပစ်​တော်​မူ၍၊ သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​သို့ လှည့်​လည်​ရ​ကြ​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​သည် အ​သီး​များ​စွာ​သီး​သော စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ကိုယ်​အ​လို​အ​လျောက် သီး​တတ်၏။ အ​သီး​တိုး​ပွား​သည်​အ​တိုင်း အ​မျိုး​သား​တို့​သည် ယဇ်​ပ​လ္လင်​တို့​ကို များ​ပြား​စေ​ကြ၏။ သူ​တို့​ပြည်​ကောင်း​သည်​အ​တိုင်း ကောင်း​သော​ရုပ်​တု​ဆင်း​တု​တို့​ကို လုပ်​ကြ​သည်​တ​ကား။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 2,
      "text": "သူ​တို့၌ စိတ်​နှစ်​ခွ​ရှိ၏။ ချက်​ချင်း အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို ကိုယ်​တော်​တိုင်​ဖြို​ချ၍၊ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း ဖျက်​ဆီး​တော်​မူ​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 3,
      "text": "ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​သော​ကြောင့် ရှင်​ဘု​ရင်​မ​ရှိ။ ရှင်​ဘု​ရင်​ရှိ​သော်​လည်း၊ ငါ​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​မည်​နည်း​ဟု ချက်​ချင်း​ဆို​ရ​ကြ​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 4,
      "text": "သူ​တို့ ကျိန်​ဆို​သော​စ​ကား​သည် စ​ကား​သက်​သက်​ဖြစ်၍၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အ​ခါ မု​သား​စ​ကား​ကို​သာ ပြော​တတ်​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​အ​မှု​သည် လယ်​ကန်​ဆည်​ရိုး​ပေါ်​မှာ ဘင်း​ခါး​ပင်​ကဲ့​သို့ ပေါက်​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 5,
      "text": "ရှ​မာ​ရိ​မြို့​သား​တို့​သည် ဗေ​သ​ဝင်​နွား​သ​ငယ်​အ​ဖို့ ကြောက်​ကြ​လိမ့်​မည်။ ထို​နွား​သ​ငယ်၏ ဘုန်း​အ​တွက် သူ၏​တ​ကာ​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ရန်​သူ​တို့​သည် ထို​ဘုန်း​ကို လု​ယူ၍၊"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 6,
      "text": "နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 7,
      "text": "ရှ​မာ​ရိ​သည် ပျက်​ရ၏။ ရှ​မာ​ရိ​ရှင်​ဘု​ရင်​သည် ရေ​မြှုပ်​သက်​သက်​ဖြစ်၏။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 8,
      "text": "ဣ​သ​ရေ​လ​ပြစ်​မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့​သည် ပြို​ကျ၍၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို လွှမ်း​မိုး​ကြ​လိမ့်​မည်။ မြို့​သား​တို့​က​လည်း၊ အို တောင်​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​အ​ပေါ်၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 9,
      "text": "ဂိ​ဗာ​မြို့​လက်​ထက်၌ အ​ပြစ်​ကြီး​သည်​ထက် ဣ​သ​ရေ​လ​သည် အ​ပြစ်​သာ၍ ကြီး၏။ ထို​မြို့၌ ရပ်​နေ​ကြ၏။ ဂိ​ဗာ​မြို့၌ အ​ဓ​မ္မ​လူ​တို့​ကို စစ်​တိုက်​သော​အ​ခါ မ​ရှုံး​ကြ။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 10,
      "text": "ငါ​သည် ကိုယ်​အ​လို​အ​လျောက် သူ​တို့​ကို ဆုံး​မ​မည်။ သူ​တို့​အ​ပြစ်​နှစ်​ပါး​ကြောင့် ချည်​ထား​လျက်​ရှိ​သော​အ​ခါ၊ သူ​တို့​တစ်​ဖက်၌ လူ​များ စည်း​ဝေး​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 11,
      "text": "ဧ​ဖ​ရိမ်​သည် ယဉ်၍ စ​ပါး​ကို နင်း​ချင်​သော နွား​မ​ပျို​ဖြစ်​သော်​လည်း၊ ငါ​သည် ထမ်း​ပိုး​ကို ထမ်း​စေ​သ​ဖြင့်၊ ဧ​ဖ​ရိမ်​သည် က​ခြင်း​ကို​ခံ၍၊ ယု​ဒ​သည် ထွန်​လျက်၊ ယာ​ကုပ်​သည်​လည်း မြေ​စိုင်​ကို​ခွဲ​လျက် ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 12,
      "text": "ကိုယ်​အ​ဖို့ ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို​ကြဲ၍၊ က​ရု​ဏာ​တော် အ​သီး​အ​နှံ​ကို ရိတ်​ကြ​လော့။ မ​လုပ်​သေး​သော လယ်​ကို ထွန်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြွ​လာ၍၊ သင်​တို့​အ​ပေါ်​သို့ ဖြောင့်​မတ်​ခြင်း​မိုး​ကို ရွာ​စေ​တော်​မ​မူ​မီ တိုင်​အောင်၊ ကိုယ်​တော်​ကို ရှာ​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 13,
      "text": "သင်​တို့​သည် ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​လို၍ လယ်​ထွန်​သော​ကြောင့်၊ အ​ပြစ်​စ​ပါး​ကို ရိတ်​ရ​ကြ၏။ မု​သား​အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကြံ​စည် ပြု​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်၌ များ​စွာ​သော သူ​ရဲ​တို့​ကို​လည်း​ကောင်း ကိုး​စား​တတ်၏။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 14,
      "text": "ထို​ကြောင့်၊ သင်၏​လူ​တို့​သည် ရုန်း​ရင်း​ခတ်​ကြ​လိမ့်​မည်။ ရှာ​လ​မန်​မင်း​သည် ဗေ​သာ​ဗေ​လ​မြို့​ကို စစ်​တိုက်​သော​အ​ခါ ဖျက်​ဆီး​သ​ကဲ့​သို့၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ပျက်​စီး​ရ​ကြ​လိမ့်​မည်။ အ​မိ​သည် သား​တို့​နှင့်​အ​တူ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 10,
      "verse": 15,
      "text": "ထို​သို့ ဗေ​သ​လ​သည် သင်​တို့ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် သင်​တို့၌ ပြု​လိမ့်​မည်။ နံ​နက်​အ​ချိန်​သည် လွန်​တတ်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 1,
      "text": "ဣ​သ​ရေ​လ​သည် အ​သက်​ငယ်​သော​အ​ခါ ငါ​သည် ချစ်၍ ငါ့​သား​ကို အဲ​ဂု​တ္တု​ပြည်​မှ ခေါ်​ခဲ့​ပြီ။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 2,
      "text": "သူ​တို့​ကို ခေါ်​သော​သူ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ ဗာ​လ​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်၍ ရုပ်​တု​ဆင်း​တု​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ၏။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 3,
      "text": "ငါ​သည် သွား​တတ်​သော​အ​တတ်​ကို ဧ​ဖ​ရိမ်​အား လက်​ဆွဲ၍ သွန်​သင်၏။ သို့​သော်​လည်း၊ ငါ​စောင့်​မ​ခြင်း​ကျေး​ဇူး​ကို သူ​သည် မ​သိ​ဘဲ​နေ၏။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 4,
      "text": "လူ​ကို ဆွဲ​တတ်​သော ကြိုး​တည်း​ဟူ​သော မေ​တ္တာ​ကြိုး​နှင့် ငါ​ဆွဲ​ငင်၏။ ပါး​ရိုး​အ​နား​သို့ ထမ်း​ပိုး​ကို​ရွှေ့၍ ဖြည်း​ညင်း​စွာ ကျွေး၏။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 5,
      "text": "အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 6,
      "text": "ဓား​ဘေး​သည် သူ့​နေ​ရာ​မြို့​တို့​အ​ပေါ်​သို့ ရောက်၍ မင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ​တို့ ကြံ​စည်​ခြင်း​အား​ဖြင့်​ပင် သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 7,
      "text": "ငါ၏​လူ​တို့​သည် ငါ့​ထံ​မှ​လွှဲ​မြဲ​လွှဲ​ကြ၏။ အ​မြင့်​ဆုံး​သော ဘု​ရား​ထံ​သို့ ခေါ်​သော်​လည်း၊ ထို​ဘု​ရား​ကို အ​ဘယ်​သူ​မျှ မ​ချီး​မြှောက်​လို။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 8,
      "text": "အို ဧ​ဖ​ရိမ်၊ ငါ​သည် သင့်​ကို အ​ဘယ်​သို့ စွန့်​နိုင်​မည်​နည်း။ အို ဣ​သ​ရေ​လ၊ သင့်​ကို အ​ဘယ်​သို့ အပ်​နှံ​နိုင်​မည်​နည်း။ သင့်​ကို အာ​ဒ​မာ​မြို့​ကဲ့​သို့ အ​ဘယ်​သို့​ဖြစ်​စေ​နိုင်​မည်​နည်း။ ဇေ​ဘိုင်​မြို့​အ​ရာ၌ အ​ဘယ်​သို့ ခန့်​ထား​နိုင်​မည်​နည်း။ ငါ​သည် နှ​လုံး​ပြောင်း​လဲ၍ အ​လွန် ကြင်​နာ​သော​စိတ်​ရှိ၏။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 9,
      "text": "ပြင်း​စွာ အ​မျက်​ထွက်​သည်​အ​တိုင်း မ​ပြု​လို။ ဧ​ဖ​ရိမ်​ကို အ​ထပ်​ထပ် မ​ဖျက်​ဆီး​လို။ ငါ​သည် လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ဖြစ်၏။ မြို့​ထဲ​မှာ​နေ​သော မြို့​သား​မ​ဟုတ်​သော်​လည်း၊ သင်​တို့​တွင်​နေ၍ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 10,
      "text": "သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နောက်​တော်​သို့ လိုက်​ကြ​လိမ့်​မည်။ ခြင်္သေ့​ကဲ့​သို့ ဟောက်​တော်​မူ​မည်။ ဟောက်​တော်​မူ​သော​အ​ခါ သား​သ​မီး​တို့​သည် အ​နောက်​မျက်​နှာ​မှ အ​လျင်​အ​မြန် ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 11,
      "text": "စာ​ငှက်​ကဲ့​သို့ အဲ​ဂု​တ္တု​ပြည်​မှ​လည်း​ကောင်း၊ ချိုး​ကဲ့​သို့ အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း အ​လျင်​အ​မြန် ပြေး​ကြ၍၊ သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​နေ​ရာ​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 28,
      "chapter": 11,
      "verse": 12,
      "text": "ဧ​ဖ​ရိမ်​သည် မု​သား​စ​ကား​နှင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​သည် လှည့်​စား​ခြင်း​နှင့်​လည်း​ကောင်း ငါ့​ကို​နှောင့်​ယှက်​တတ်၏။ ယု​ဒ​သည်​လည်း ဘု​ရား​သ​ခင့်​ထံ၊ သန့်​ရှင်း၍ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​မှ​လွှဲ၍ လှည့်​လည်​တတ်၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 1,
      "text": "ဧ​ဖ​ရိမ်​သည် လေ​ကို ကျက်​စား​တတ်၏။ အ​ရှေ့​လေ​ကို လိုက်​တတ်၏။ နေ့​တိုင်း မု​သား​စ​ကား​နှင့် ပျက်​စီး​ခြင်း​အ​ကြောင်း​တို့​ကို များ​ပြား​စေ​တတ်၏။ အာ​ရှု​ရိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​နှင့်​ပင်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆီ​ကို ယူ​သွား​တတ်၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​အ​မျိုး​နှင့်​လည်း တ​ရား​တွေ့​မှု ရှိ​တော်​မူ၏။ ယာ​ကုပ်၏​အ​ကျင့်​တို့​ကို စစ်​ကြော၍ သူ​ပြု​မူ​သည်​နှင့်​အ​ညီ အ​ပြစ်​ပေး​တော်​မူ​မည်။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 3,
      "text": "ယာ​ကုပ်​သည် အ​မိ​ဝမ်း၌ အစ်​ကို၏​ဖ​နှောင့်​ကို ကိုင်၏။ ခွန်​အား​ကြီး၍ ဘု​ရား​သ​ခင်​နှင့် ပြိုင်​လေ၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 4,
      "text": "ကောင်း​ကင်​တ​မန်​နှင့် ပြိုင်၍ နိုင်​လေ၏။ ငို၍ တောင်း​ပန်​နှင့်​ပြီ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဗေ​သ​လ​မြို့​မှာ​ဖူး​တွေ့၍၊ ငါ​တို့​အ​ဖို့ ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​နာ​မ​သည် ထို​ဘု​ရား​သ​ခင်၏ ဘွဲ့​နာ​မ​တော်​ဖြစ်၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ သင်၏​ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြန်​လာ​လော့။ က​ရု​ဏာ​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​စောင့်​ရှောက်၍၊ သင်၏​ဘု​ရား​သ​ခင်​ကို အ​စဉ်​မ​ပြတ်​မျှော်​လင့်​လော့။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 7,
      "text": "သူ​သည် ကုန်​သည်​ဖြစ်၏။ စဉ်း​လဲ​သော ချိန်​ခွင်​ကို ကိုင်​တတ်၏။ သူ​တစ်​ပါး​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 8,
      "text": "သို့​ရာ​တွင်၊ ဧ​ဖ​ရိမ်​က၊ ငါ​သည် ရ​တတ်၏။ ဘ​ဏ္ဍာ​ကို သို​ထား​ပြီ။ ကြိုး​စား​သ​မျှ​တို့၌ အ​ပြစ်​ပါ​သော လွန်​ကျူး​ခြင်း​ကို ရှာ၍​မ​တွေ့​ရာ​ဟု ဆို​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 9,
      "text": "ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင် ဖြစ်၏။ ဓ​မ္မ​ပွဲ​ခံ​စဉ်​တွင် နေ​တတ်​သ​ကဲ့​သို့ တစ်​ဖန် တဲ​တို့၌ နေ​စေ​မည်။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 10,
      "text": "ငါ​သည် ပ​ရော​ဖက်​တို့၌ ဗျာ​ဒိတ်​ပေး​ပြီ။ များ​စွာ​သော ရူ​ပါ​ရုံ​တို့​ကို ပြ​ပြီ။ ပ​ရော​ဖက်​များ​အား​ဖြင့် ပုံ​ပ​မာ​တို့​ကို ထား​ပြီ။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 11,
      "text": "ဂိ​လဒ်​ပြည်၌ အ​ပြစ်​ရှိ၏။ ပြည်​သူ​ပြည်​သား​တို့​သည် အ​ကျိုး​နည်း ရှိ​ကြ​ပြီ။ ဂိ​လ​ဂါ​လ​မြို့၌ နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ ယဇ်​ပ​လ္လင်​တို့​သည် ထွန်​ကြောင်း​တွင် မြေ​အ​ပုံ​ပုံ ရှိ​သ​ကဲ့​သို့ များ​ကြ၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 12,
      "text": "ယာ​ကုပ်​သည် ရှု​ရိ​ပြည်​သို့ ပြေး၏။ ဣ​သ​ရေ​လ​သည် မ​ယား​ကို​ရ​ခြင်း​ငှာ အ​စေ​ကျွန်​ခံ၍ သိုး​စု​ကို ထိန်း​ရ​လေ၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 28,
      "chapter": 12,
      "verse": 14,
      "text": "ဧ​ဖ​ရိမ်​သည် အ​မျက်​တော်​ကို အ​လွန်​နှိုး​ဆော်​လေ​ပြီ။ ထို​ကြောင့်၊ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သူ၌ ရောက်​လိမ့်​မည်။ သူ​ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ၏​သ​ခင်​သည် ပြန်​ပေး​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 1,
      "text": "ဧ​ဖ​ရိမ်​သည် နှုတ်​မြွက်​သော​အ​ခါ သူ​တစ်​ပါး​ကြောက်​လန့်​တတ်၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ မြင့်​မြတ်၏။ နောက်​တစ်​ဖန် ဗာ​လ​ဘု​ရား​အား​ဖြင့် ပြစ်​မှား​သော​ကြောင့် သေ၏။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 2,
      "text": "ယ​ခု​မှာ အ​ထပ်​ထပ်​ပြစ်​မှား၍ ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် အ​ရည်​သွန်း​သော ငွေ​ရုပ်​တု၊ ဆ​ရာ​သ​မား လုပ်​တတ်​သော ရုပ်​တု​ဆင်း​တု​များ​ကို ကိုယ်​အ​ဖို့ လုပ်​ကြ၏။ လုပ်​ပြီး​မှ ယဇ်​ပူ​ဇော်​သော​သူ​သည် နွား​သ​ငယ်​ကို နမ်း​စေ​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 3,
      "text": "ထို​ကြောင့်၊ သူ​တို့​သည် နံ​နက်​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ စော​စော​ကွယ်​ပျောက်​တတ်​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ ကောက်​နယ်​တ​လင်း​မှ လေ​ပွေ​တိုက်​သွား​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ မီး​ဖို​ထဲ​က​ထွက်​သော မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 4,
      "text": "သို့​ရာ​တွင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​ကို သင်​မ​သိ​ပြီ။ ငါ​မှ​တစ်​ပါး ကယ်​တင်​နိုင်​သော သ​ခင်​မ​ရှိ။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 5,
      "text": "အ​လွန်​သွေ့​ခြောက်​သော အ​ရပ်​တည်း​ဟူ​သော တော၌​ပင် သင့်​ကို ငါ​သိ​ပြီ။ ကျက်​စား​ရာ​အ​ရပ်၌ ဝ​ပြော​စွာ စား​ရ​ကြ၏။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 6,
      "text": "ဝ​သော​အ​ခါ ဝါ​ကြွား​သော​စိတ်​ရှိ၍ ငါ့​ကို မေ့​လျော့​ကြ၏။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 7,
      "text": "ထို​ကြောင့်၊ သူ​တို့၌ ငါ​သည် ခြင်္သေ့​ကဲ့​သို့ ဖြစ်​မည်။ လမ်း​နား​မှာ ချောင်း​သော ကျား​သစ်​ကဲ့​သို့ သူ​တို့​ကို ချောင်း​မြောင်း​မည်။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 8,
      "text": "သား​ပျောက်​သော ဝံ​မ​ကဲ့​သို့ သူ​တို့​ကို ငါ​ဆီး​ကြို၍၊ သူ​တို့​နှ​လုံး၌ ဖုံး​သော​အ​မြှေး​ကို ဆုတ်​ဖဲ့​မည်။ ခြင်္သေ့​မ​ကဲ့​သို့ တွေ့​သော​အ​ရပ်၌​ပင် ငါ​ကိုက်​စား​မည်။ တော​သား​ရဲ​ဖြစ်၍ အ​ပိုင်း​ပိုင်း ဆွဲ​ဖြတ်​မည်။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 9,
      "text": "အို ဣ​သ​ရေ​လ၊ သင့်​ကို ကယ်​တင်​နိုင်​သော​အ​ရှင် ငါ့​ကို သင်​သည် ဆန့်​ကျင်​ဘက်​ပြု​သော​ကြောင့် အ​ကျိုး​နည်း​ရှိ၏။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 10,
      "text": "သင်၏ ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့၌ ကယ်​တင်​ပါ​စေ​သော။ သင်၏​တ​ရား​သူ​ကြီး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 11,
      "text": "ရှင်​ဘု​ရင်​နှင့် မင်း​များ​ကို ပေး​ပါ​ဟု သင်​တောင်း​သော​ကြောင့်၊ ငါ​အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပေး​ပြီ။ တစ်​ဖန်​ပြင်း​စွာ အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပယ်​ရှား​ပြီ။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 12,
      "text": "ဧ​ဖ​ရိမ်​ပြု​သော ဒု​စ​ရိုက်​ကို ငါ​ထုပ်​ထား၍ သူ၏​အ​ပြစ်​ကို သို​မှီး​ပြီ။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 13,
      "text": "သူ​သည် သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို ခံ​ရ​ချိန်​နီး​ပြီ။ မိုက်​သော​အ​မျိုး​သား​ဖြစ်၏။ သား​ဖွား​ရာ​ဝမ်း​ဝ၌ ကြာ​မြင့်​စွာ နေ​ပါ​သည်​တ​ကား။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 14,
      "text": "သူ​တို့​ကို မ​ရ​ဏနိုင်​ငံ​တန်​ခိုး​မှ ငါ​ကယ်​လွှတ်​မည်။ သေ​မင်း​လက်​မှ​လည်း ရွေး​မည်။ အို သေ​မင်း၊ သင့်​ကို ကာ​လ​နာ​စွဲ​စေ​မည်။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၌ ဖျက်​ဆီး​သော​ဘေး​ကို ရောက်​စေ​မည်။ နောင်​တ​ရ​မည်​အ​ကြောင်း​ကို ပ​မာ​ဏ​မ​ပြု။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 15,
      "text": "မိ​မိ​ညီ​အစ်​ကို​တို့​တွင် အ​သီး​များ​စွာ သီး​တတ်​သော်​လည်း၊ အ​ရှေ့​လေ​လာ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လေ​သည် တော​မှ​လာ၍ သူ၏​စမ်း​ရေ​တွင်း​ကို ခန်း​ခြောက်​စေ​သ​ဖြင့် ရေ​ပြတ်​လိမ့်​မည်။ ဘ​ဏ္ဍာ​တိုက်၌ ရှိ​သ​မျှ​သော တန်​ဆာ​အ​ကောင်း​အ​မြတ်​တို့​ကို ရန်​သူ လု​ယူ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 13,
      "verse": 16,
      "text": "ရှ​မာ​ရိ​မြို့​သည် မိ​မိ​ဘု​ရား​သ​ခင်​ကို ပုန်​ကန်​သော​ကြောင့် ပျက်​စီး​လိမ့်​မည်။ မြို့​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။ သူ​ငယ်​တို့​သည် မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​တို့​သည် ဝမ်း​ခွဲ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ၊ သင်​သည် ကိုယ်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် အ​ကျိုး​နည်း​ရှိ​သော​ကြောင့် သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လော့။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 2,
      "text": "ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 3,
      "text": "အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 4,
      "text": "ငါ​သည် အ​မျက်​ပြေ​သော​ကြောင့် သူ​တို့​ဖောက်​ပြန်​ခြင်း​ကို ပြု​ပြင်​မည်။ ကိုယ်​အ​လို​အ​လျောက် စုံ​မက်​မည်။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 5,
      "text": "ငါ​သည် နှင်း​ကဲ့​သို့ ဣ​သ​ရေ​လ​အ​ပေါ်​မှာ နေ​မည်။ သူ​သည် နှင်း​ပွင့်​ကဲ့​သို့ ပွင့်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ အ​မြစ်​စွဲ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 6,
      "text": "အ​ညွန့်​တို့​သည် ပြန့်​ပွား၍၊ သံ​လွင်​ပင်​ကဲ့​သို့ အ​သ​ရေ တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ မွှေး​ကြိုင်​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 7,
      "text": "ထို​အ​ပင်၏ အ​ရိပ်​အောက်၌​နေ​သော​သူ​တို့​သည် အ​သစ်​ပြု​ပြင်​ခြင်း​ရှိ၍ စ​ပါး​ကို ပြု​စု​ကြ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ တိုး​ပွား၍ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့ ကျော်​စော​ကြ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 8,
      "text": "ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 28,
      "chapter": 14,
      "verse": 9,
      "text": "အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 1,
      "text": "ပေ​သွေ​လ၏​သား ယော​လ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 2,
      "text": "အ​သက်​ကြီး​သော​သူ​တို့၊ ကြား​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ဤ​သို့​သော​အ​မှု​သည် သင်​တို့ လက်​ထက်၌ ဖြစ်​ဖူး​သ​လော။ ဘိုး​ဘေး​တို့​လက်​ထက်၌ ဖြစ်​ဖူး​သ​လော။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 3,
      "text": "ကိုယ်​သား​တို့​အား ပြော​ကြ​လော့။ သူ​တို့​သည် သူ​တို့​သား​တို့​အား ပြော​ကြ​စေ။ သူ​တို့​သား​တို့​သည်​လည်း ဆက်​နွယ်​သော အ​ခြား​သူ​တို့​အား ပြော​ကြ​စေ။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 4,
      "text": "ဂါ​ဇံ​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို အ​ရာ​ဘ​ကျိုင်း​စား၏။ အ​ရာ​ဘ​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို ယာ​လက်​ကျိုင်း​စား၏။ ယာ​လက်​ကျိုင်း ခြွင်း​ထား​သော​အ​ရာ​ကို ခါ​သိ​လ​ကျိုင်း စား၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 5,
      "text": "သေ​သောက်​ကြူး​တို့၊ နိုး၍ ငို​ကြွေး​ကြ​လော့။ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ​တို့၊ သင်​တို့​သောက်​ရန် ချို​သော​စ​ပျစ်​ရည် ပြတ်​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ အား​ကြီး၍ မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သော အ​မျိုး​သည် ငါ့​ပြည်​ပေါ်​သို့ တက်​လာ​ပြီ။ ထို​အ​မျိုး၏ သွား​သည် ခြင်္သေ့​သွား​ကဲ့​သို့​လည်း​ကောင်း၊ အံ​သွား​သည်​လည်း ခြင်္သေ့​မ အံ​သွား​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 7,
      "text": "ငါ့​စ​ပျစ်​နွယ်​ပင်​ကို ဖျက်​ဆီး၍ ငါ့​သင်္ဘော​သ​ဖန်း​ပင်​ကို ကျိုး​ပဲ့​စေ​ပြီ။ သုတ်​သင်​ပယ်​ရှင်း၍ ပစ်​လိုက်​လေ​ပြီ။ အ​ခက်​အ​လက်​တို့​သည် ဖြူ​ကြ၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 8,
      "text": "အ​သက်​ငယ်​စဉ် လက်​ထပ်​သော ခင်​ပွန်း​အ​တွက် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​သော သ​တို့​သ​မီး​ကဲ့​သို့ ငို​ကြွေး မြည်​တမ်း​လော့။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 9,
      "text": "ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ ပြတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​စောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 10,
      "text": "လယ်​သည် ပျက်၏။ မြေ​သည် ညှိုး​ငယ်၏။ စ​ပါး​လည်း ပျက်၏။ ချို​သော စ​ပျစ်​ရည် ကုန်​ပြီ။ ဆီ​လည်း လျော့​ပြီ။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 11,
      "text": "လယ်​လုပ်​သော​သူ​တို့၊ လယ်၌ ရိတ်​ရ​သော အ​သီး​အ​နှံ​ပျက်​သော​ကြောင့်၊ ဂျုံ​စ​ပါး​နှင့် မု​ယော​စ​ပါး​အ​တွက် ရှက်​ကြောက်​ခြင်း ရှိ​ကြ​လော့။ ဥ​ယျာဉ်​ကို ပြု​စု​သော​သူ​တို့၊ မြည်​တမ်း​ကြ​လော့။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 12,
      "text": "စ​ပျစ်​နွယ်​ပင်​သည် ညှိုး​နွမ်း၏။ သင်္ဘော​သ​ဖန်း​ပင်​လည်း သွေ့​ခြောက်၏။ သ​လဲ​ပင်၊ စွန်​ပ​လွံ​ပင်၊ ရှောက်​ချို​ပင်​မှ​စ၍ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​သည် ညှိုး​နွမ်း​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၌ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​သည် သွေ့​ခြောက်၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 13,
      "text": "အို ယဇ်​ပု​ရော​ဟိတ်​တို့၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ငို​ကြွေး​ကြ​လော့။ ယဇ်​ပ​လ္လင်​တော် အ​မှု​စောင့်​တို့၊ မြည်​တမ်း​ကြ​လော့။ ငါ၏ ဘု​ရား​သ​ခင့်​အ​မှု​တော်​စောင့်​တို့၊ လာ​ကြ။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် တစ်​ည​လုံး​အိပ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို သင်​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်၌ မ​ဆက်​ကပ်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 14,
      "text": "အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား​ကြ​လော့။ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။ အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စည်း​ဝေး၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​လော့။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 15,
      "text": "ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 16,
      "text": "ငါ​တို့​စား​စ​ရာ​သည် ငါ​တို့​မျက်​မှောက်၌ ပြတ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဘု​ရား​သ​ခင်၏​အိမ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ကြောင်း​လည်း ပြတ်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 17,
      "text": "မျိုး​စေ့​တို့​သည် မြေ​စိုင်​အောက်​မှာ ပုပ်​ကြ၏။ စ​ပါး​ပြတ်​သော​ကြောင့် စ​ပါး​ကျီ​တို့​သည် ပျက်​ကြ၏။ ဘ​ဏ္ဍာ​တိုက်​တို့​သည် ပြို​ကြ၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 18,
      "text": "တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​မြည်​တမ်း​ကြ၏။ နွား​စု​တို့​သည် ကျက်​စား​ရာ​အ​ရပ်​မ​ရှိ​သော​ကြောင့် ပင်​ပန်း​ကြ၏။ သိုး​စု​တို့​သည်​လည်း သေ​ကြ၏။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 19,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ဟစ်​ကြော်​ပါ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​ကို မီး​ရှို့​ပါ​ပြီ။ တော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို မီး​လျှံ​လောင်​ပါ​ပြီ။"
    },
    {
      "book": 29,
      "chapter": 1,
      "verse": 20,
      "text": "တော​သား​ရဲ​တို့​သည်​လည်း ကိုယ်​တော်​ကို ဟစ်​ကြော်​ကြ​ပါ၏။ မြစ်​ရေ ခန်း​ခြောက်​ပါ​ပြီ။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​ကို​လည်း မီး​လောင်​ပါ​ပြီ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 1,
      "text": "ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ သန့်​ရှင်း​သော ငါ​တောင်​ပေါ်​မှာ သ​တိ​ပေး​သော အ​သံ​ကို ပြု​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ၍ နီး​ပြီ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 2,
      "text": "မိုက်​မဲ​သော​နေ့၊ မိုး​အုံ့၍ မှောင်​မိုက်​ထူ​ထပ်​သော နေ့​ဖြစ်၏။ နေ​အ​ရုဏ်​သည် တောင်​ထိပ်​တို့​ကို နှံ့​ပြား​သ​ကဲ့​သို့၊ အ​များ​ဖြစ်၍ အား​ကြီး​သော​အ​မျိုး​သည် လာ၏။ ရှေး​ကာ​လ၌ ထို​သို့ မ​ဖြစ်​စ​ဖူး။ နောင်​ကာ​လ အ​စဉ်​အ​ဆက်၌​လည်း မ​ဖြစ်​ရ​လ​တ္တံ့။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 3,
      "text": "သူ​တို့​ရှေ့​မှာ မီး​လောင်၏။ နောက်၌​လည်း မီး​လျှံ​တောက်၏။ ရှေ့​တွင်​ရှိ​သော ပြည်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကဲ့​သို့ ဖြစ်၏။ နောက်၌​ကား၊ သုတ်​သင်​ပယ်​ရှင်း​သော လွင်​ပြင်​ဖြစ်၏။ အ​ကယ်​စင်​စစ် သူ​တို့​လက်​မှ အ​ဘယ်​အ​ရာ​မျှ မ​လွတ်​ရ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 4,
      "text": "သူ​တို့​သည် အ​ဆင်း​အား​ဖြင့် မြင်း​နှင့်​တူ၍၊ မြင်း​စီး​သူ​ရဲ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 5,
      "text": "ရ​ထား​မြည်​သံ ကဲ့​သို့​လည်း​ကောင်း၊ အ​မှိုက်​ကို လောင်​သော မီး​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း​အ​သံ​မြည်၍ တောင်​ထိပ်​တို့​အ​ပေါ်​မှာ ခုန်​ကြ​လိမ့်​မည်။ စစ်​တိုက်​ခြင်း​ငှာ ခင်း​ကျင်း၍ အား​ကြီး​သော​လူ အ​လုံး​အ​ရင်း​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 6,
      "text": "သူ​တို့​ရှေ့​မှာ လူ​တို့​သည် အ​လွန်​ပင်​ပန်း​သော​စိတ်​ရှိ၍၊ ခပ်​သိမ်း​သော သူ​တို့​သည် မျက်​နှာ​မည်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 7,
      "text": "သူ​တို့​သည် သူ​ရဲ​ကဲ့​သို့ ပြေး၍ စစ်​သူ​ရဲ​ကဲ့​သို့ မြို့​ရိုး​ကို တက်​ကြ​လိမ့်​မည်။ လမ်း​မ​လွှဲ​ဘဲ အ​သီး​အ​သီး မိ​မိ​တို့​လမ်း​သို့ တည့်​တည့်​လိုက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 8,
      "text": "တစ်​ဦး​ကို​တစ်​ဦး မ​တိုက်​ဘဲ မိ​မိ​လမ်း​သို့ မိ​မိ​လိုက်​ကြ​လိမ့်​မည်။ ဓား​သွား​ကို ထိ​သော်​လည်း ရှ​န​ခြင်း​ကို မ​ခံ​ရ​ကြ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 9,
      "text": "မြို့​ထဲ​မှာ တ​လည်​လည်​ပြေး​လျက်၊ မြို့​ရိုး​ကို​ကျော်​လျက်၊ အိမ်​ပေါ်​သို့ တက်​လျက်၊ သူ​ခိုး​ကဲ့​သို့ ပြတင်း​ပေါက်​ထဲ​သို့ ဝင်​လျက်​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 10,
      "text": "သူ​တို့​ရှေ့​မှာ မြေ​ကြီး​လှုပ်​လိမ့်​မည်။ မိုး​ကောင်း​ကင်​လည်း တုန်​ခိုက်​လိမ့်​မည်။ နေ​နှင့် လ​သည် မိုက်၍၊ ကြယ်​တို့​သည် မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း မိ​မိ​တပ်​တော်​ရှေ့​မှာ အ​သံ​ကို လွှင့်​တော်​မူ​မည်။ တပ်​တော်​သည်​အ​လွန်​ကြီး​မား၏။ စ​ကား​တော်​အ​တိုင်း စီ​ရင်​သော​သူ​သည် တန်​ခိုး​ကြီး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ကြီး၍ အ​လွန်​ကြောက်​မက်​ဖွယ်​သော နေ့​ရက်​ဖြစ်၏။ အ​ဘယ်​သူ ခံ​နိုင်​သ​နည်း။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 12,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 13,
      "text": "အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 14,
      "text": "သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရန် ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ဖန် ပြန်​လာ၍ နောင်​တ​ရ​ပြီး​လျှင်၊ ကောင်း​ကြီး​မင်္ဂ​လာ​ကို ထား​ရစ်​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 15,
      "text": "ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား၍ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 16,
      "text": "လူ​များ​တို့​ကို ခေါ်၍ စု​ဝေး​သော ပ​ရိ​သတ်​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ အ​သက်​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ငယ်​သော​သူ​နှင့် နို့​စို့​သော​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​စေ​ကြ​လော့။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ခန်း​ထဲ​က​လည်း​ကောင်း၊ မင်္ဂ​လာ ဆောင်​သ​တို့​သ​မီး​သည် မိ​မိ​ကွယ်၍​နေ​သော ကု​လား​ကာ​တွင်း​က​လည်း​ကောင်း ထွက်​စေ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​စောင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အိမ်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ ငို​ကြွေး​လျက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​များ​ကို သ​နား​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စိုး​ရ၍ အ​မွေ​တော်​လူ​တို့​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အပ်​နှံ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့ ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ​စေ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 18,
      "text": "သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို မ​စ​ချင်​သော စိတ်​အား​ကြီး၍ မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 19,
      "text": "အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မူ​လျက်၊ ငါ​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ကို ပေး​လိုက်၍ သင်​တို့​သည် ဝ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား ကဲ့​ရဲ့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​မ​ပြု။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 20,
      "text": "မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 21,
      "text": "အို ပြည်​တော်၊ မ​စိုး​ရိမ်​နှင့်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော​အ​မှု​တို့​ကို ပြု​တော်​မူ​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 22,
      "text": "အို တော​သား​ရဲ​တို့၊ မ​စိုး​ရိမ်​ကြ​နှင့်။ တော​မြက်​ပင် ပေါက်​လျက်၊ သစ်​ပင်​တို့​သည် အ​သီး​ကို​သီး​လျက်၊ သင်္ဘော​သ​ဖန်း​ပင်​နှင့် စ​ပျစ်​နွယ်​ပင်​တို့​လည်း အား​ထုတ်​လျက် ရှိ​ကြ၏။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 23,
      "text": "အို ဇိ​အုန်​မြို့​သား​တို့၊ ဝမ်း​မြောက်၍ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဓ​မ္မ​ဆ​ရာ​ကို ပေး​တော်​မူ၍ အ​စ​အ​ဦး၌​လည်း အ​ရင်​မိုး​နှင့် နောက်​မိုး​ကို သင်​တို့​အ​ပေါ်​မှာ ရွာ​စေ​တော်​မူ​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 24,
      "text": "ကောက်​နယ်​တ​လင်း​တို့​သည် စ​ပါး​နှင့်​ပြည့်၍၊ အ​သီး​နယ်​ရာ ကျင်း​တို့၌​လည်း စ​ပျစ်​ရည်​နှင့် ဆီ လျှံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 25,
      "text": "အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 26,
      "text": "သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 27,
      "text": "ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​လယ်၌ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား မ​ရှိ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 28,
      "text": "ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 29,
      "text": "ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 30,
      "text": "မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​ရာ​တည်း​ဟူ​သော သွေး၊ မီး​လျှံ၊ မီး​ခိုး​တိုင်​တို့​ကို ငါ​ပြ​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 31,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 2,
      "verse": 32,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဇိ​အုန်​တောင်၊ ယေ​ရု​ရှ​လင်​မြို့၌၊ ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သော​သူ အ​ကျန်​အ​ကြွင်း​တို့​အ​ဖို့ ကယ်​တင်​ခြင်း​အ​ခွင့် ရှိ​ရ​လ​တ္တံ့။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 1,
      "text": "ထို​နေ့​ရက်​ကာ​လ၌ အ​ထက်​က သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 2,
      "text": "ခပ်​သိမ်း​သော လူ​မျိုး​တ​ကာ​တို့​ကို ငါ​သည် စု​ဝေး​စေ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ ခေါ်​ခဲ့​မည်။ သူ​တို့​သည် ငါ့​ပြည်​ကို ဝေ​ဖန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကွဲ​ပြား​စေ​သော ငါ၏​အ​မွေ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ ငါ​သည် တ​ရား​စီ​ရင်​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 3,
      "text": "သူ​တို့​သည် ငါ၏​လူ​တို့​အ​ဖို့ စာ​ရေး​တံ​ချ​ကြ​ပြီ။ လူ​က​လေး​ကို ပြည်​တန်​ဆာ​နှင့်​လည်း​ကောင်း၊ မိန်း​မ​က​လေး​ကို မိ​မိ​သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​လည်း​ကောင်း ဖ​လှယ်​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 4,
      "text": "အို​တု​ရု​မြို့၊ ဇိ​ဒုန်​မြို့၊ ပါ​လေ​တ္တိ​န​ပြည်​နှင့် နီး​စပ်​သော​အ​ရပ်​ရှိ​သ​မျှ​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​မည်​လော။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​လျှင်၊ ထို​ရန်​ကို သင်​တို့​ခေါင်း​ပေါ်​သို့ အ​လျင်​အ​မြန် ငါ​ပြန်​ရောက်​စေ​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 5,
      "text": "သင်​တို့​သည် ငါ့​ရွှေ​ငွေ​ကို​ယူ၍၊ ငါ​နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​မြတ်​တို့​ကို သင်​တို့​ဘုံ​ဗိ​မာန်​ထဲ​သို့ သွင်း​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 6,
      "text": "ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​နေ​ရင်း​ပြည်​မှ အ​ဝေး​သို့ ပြောင်း​စေ​လို​သော​ငှာ၊ ဟေ​လ​သ​အ​မျိုး​သား​တို့​အား ရောင်း​လိုက်​သော​ကြောင့်​လည်း​ကောင်း၊"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 7,
      "text": "သင်​တို့ ရောင်း​လိုက်​ရာ​အ​ရပ်​မှ ငါ​သည်​ထ​မြောက်၍၊ သင်​တို့ ရန်​တုံ့​ပြု​ခြင်း​ကို သင်​တို့​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 8,
      "text": "သင်​တို့ သား​သ​မီး​များ​ကို​လည်း ယု​ဒ​အ​မျိုး​သား​တို့၌​ငါ​ရောင်း၍၊ သူ​တို့​သည် တစ်​ဖန်​ဝေး​သော​အ​မျိုး၊ ရှေ​ဘ​ပြည်​သား​တို့၌ ရောင်း​လိုက်​ကြ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 9,
      "text": "ဤ​အ​မှု​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ကြား​ပြော​ကြ​လော့။ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်၍ စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​ကြ​လော့။ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်၍ တက်​လာ​ကြ​စေ။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 10,
      "text": "သံ​ထွန်​သွား​များ​ကို ဓား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တံ​စဉ်​များ​ကို လှံ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လော့။ အား​နည်း​သော​သူ​က၊ ငါ​အား​ကြီး​သည်​ဟု ပြော​ဆို​စေ။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 11,
      "text": "ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၊ စု​ဝေး၍ လာ​ကြ​လော့။ သင်း​ဖွဲ့​ကြ​လော့။ စု​ဝေး​ရာ​အ​ရပ်၌ သင်​တို့​သူ​ရဲ​များ​ကို ထာ​ဝ​ရ​ဘု​ရား​နှိမ့်​ချ​တော်​မူ​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 12,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် ထ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ တက်​လာ​ကြ​စေ။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ထို​အ​ရပ်၌ ငါ​ထိုင်​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 13,
      "text": "ရိတ်​စ​ရာ​စ​ပါး မှည့်​သော​ကြောင့် တံ​စဉ်​ကို လွှတ်​ကြ​လော့။ စ​ပျစ်​သီး နယ်​ရာ​တန်​ဆာ​ပြည့်၍၊ စ​ပျစ်​ရည်​ကျင်း​တို့​သည် လျှံ​သော​ကြောင့် လာ​ကြ။ ဆင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ကြီး​လှ၏။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 14,
      "text": "ကွပ်​မျက်​ရာ​ချိုင့်၌ လူ​များ​စည်း​ဝေး​လျက်၊ လူ​များ​စည်း​ဝေး​လျက် ရှိ​ကြ၏။ ကွပ်​မျက်​ရာ​ချိုင့်၌ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​လု​နီး​ပြီ။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 15,
      "text": "နေ​နှင့် လ​သည် မိုက်​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း မ​ထွန်း​လင်း​ဘဲ နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 17,
      "text": "ငါ​သည်​လည်း ငါ၏​သန့်​ရှင်း​သော ဇိ​အုန်​တောင်​ပေါ်​မှာ နေ​သော သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း သန့်​ရှင်း​လိမ့်​မည်။ နောက်​တစ်​ဖန် ထို​မြို့​ကို တစ်​ပါး​အ​မျိုး​သား မ​နင်း​ရ။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 18,
      "text": "ထို​ကာ​လ၌ ချို​သော စ​ပျစ်​ရည်​သည် တောင်​တို့​မှ ယို​လိမ့်​မည်။ နို့​ရည်​သည် ကုန်း​တို့​မှ ထွက်​လိမ့်​မည်။ ယု​ဒ​မြစ်​ရှိ​သ​မျှ​တို့​သည် ရေ​စီး​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က စမ်း​ရေ​ထွက်၍ ရှိ​တ္တိမ်​ချိုင့်​ကို စို​စေ​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 19,
      "text": "ယု​ဒ​ပြည်၌ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို သတ်၍ ယု​ဒ​အ​မျိုး​သား​တို့​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သည် လူ​ဆိတ်​ညံ​လျက် ရှိ​လိမ့်​မည်။ ဧ​ဒုံ​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​သော တော​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 20,
      "text": "ယု​ဒ​ပြည်​မူ​ကား၊ ထာ​ဝ​ရ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ကာ​လ​အ​စဉ်​အ​ဆက်​တည်​သော မြို့​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 29,
      "chapter": 3,
      "verse": 21,
      "text": "ထို​မြို့​သား​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ပြစ်​ကြောင့်၊ ငါ​သည် မ​ပေး​သေး​သော​ဒဏ်​ကို တစ်​ဖန်​ပေး​ဦး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​သ​တည်း။ ပ​ရော​ဖက်​ယော​လ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ၏​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ မြေ​ကြီး​မ​လှုပ်​မီ နှစ်​နှစ်​အ​ထက်​က၊ သိုး​ထိန်း​စု​အ​ဝင်​ဖြစ်​သော တေ​ကော​ရွာ​သား အာ​မုတ်​သည် ဣ​သ​ရေ​လ​ပြည်​အ​တွက်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သော​ကြောင့်၊ သိုး​ထိန်း​နေ​ရာ​တို့​သည် ညှိုး​ငယ်၍၊ က​ရ​မေ​လ​တောင်​ထိပ်​သည် နွမ်း​ရိ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဒ​မာ​သက်​မြို့​သည် ဂိ​လဒ်​ပြည်​ကို စ​ပါး​နယ်​ရာ သံ​ယ​န္တ​ရား​စက်​တို့​နှင့် ကြိတ်​နယ်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 4,
      "text": "ဟာ​ဇေ​လ​မင်း​မျိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗင်္ဟာ​ဒဒ်​မင်း၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 5,
      "text": "ဒ​မာ​သက်​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​ကို ချိုး​မည်။ အာ​ဝင်​ချိုင့်​သား​တို့​ကို​လည်း​ကောင်း၊ ဗေ​သေ​ဒင်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ရှု​ရိ​ပြည်​သား​တို့​သည် ကိ​ရ​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 6,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဂါ​ဇ​မြို့​သည် ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌ အပ်​ခြင်း​ငှာ သိမ်း​သွား​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 7,
      "text": "ဂါ​ဇ​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို​လောင်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 8,
      "text": "အာ​ဇုတ်​မြို့​သား​တို့​ကို​လည်း​ကောင်း၊ အာ​ရှ​ကေ​လုန်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ဧ​ကြုန်​မြို့​ကို​လည်း​တိုက်၍ ကျန်​ကြွင်း​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ပျက်​စီး​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 9,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တု​ရု​မြို့​သည် ညီ​အစ်​ကို​ချင်း​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို မ​စောင့်၊ ချုပ်​ထား​သော သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌​အပ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 10,
      "text": "တု​ရု​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 11,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​သည် သ​နား​သော​စိတ်​ကို​ချုပ်​တည်း၍၊ ညီ​အစ်​ကို​ကို ဓား​နှင့်​လိုက်​သော​အ​ပြစ်၊ ဒေါ​သ​စိတ်​နှင့် အ​စဉ်​အ​မြဲ​ဆွဲ​ဖြတ်၍ အ​စဉ်​အ​မြဲ အ​ငြိုး​ထား​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 12,
      "text": "တေ​မန်​မြို့​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗော​ဇ​ရ​မြို့၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 13,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​ပြည်​သား​တို့​သည် မိ​မိ​တို့​နေ​ရာ​ကို ကျယ်​စေ​ခြင်း​ငှာ၊ ကိုယ်​ဝန်​ဆောင်​သော ဂိ​လဒ်​ပြည်​သူ​မိန်း​မ​တို့၏ ဝမ်း​ကို​ခွဲ​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 14,
      "text": "ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 1,
      "verse": 15,
      "text": "သူ​တို့​ရှင်​ဘု​ရင်​ကိုယ်​တိုင်​မှ​စ၍၊ မှူး​တော်​မတ်​တော်​များ​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 2,
      "text": "မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 3,
      "text": "မော​ဘ​ပြည်​အ​လယ်၌ တ​ရား​သူ​ကြီး​ကို ငါ​ပယ်​ဖြတ်၍၊ သူ​နှင့်​တ​ကွ မှူး​မတ်​အ​ပေါင်း​တို့​ကို ကွပ်​မျက်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 4,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ချက်​တို့​ကို​မ​စောင့်၊ ပ​ညတ်​တ​ရား​တော်​ကို စွန့်​ပစ်၍၊ ဘိုး​ဘေး​တို့ လိုက်​ဖူး​သော မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့် မှား​ယွင်း​သော​အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 5,
      "text": "ယု​ဒ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ယေ​ရု​ရှ​လင်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 6,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖြောင့်​မတ်​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ရောင်း​သော​အ​ပြစ်၊"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 7,
      "text": "ဆင်း​ရဲ​သော​သူ​တို့၏​ခေါင်း​ကို မြေ​မှုန့်​နှင့် ဖုံး​လွှမ်း​စေ​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး၍၊ နှိမ့်​ချ​သော​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​အ​ပြစ်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​ခြင်း​ငှာ အ​ဘ​နှင့်​သား​သည် တစ်​ဦး​တည်း​သော​မိန်း​မ​ကို ပေါင်း​ဖော်​သော​အ​ပြစ်၊"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 8,
      "text": "ပေါင်​ထား​သော​အ​ဝတ်​ကို ခပ်​သိမ်း​သော ယဇ်​ပ​လ္လင်​တို့​အ​နား၌ ခင်း၍​အိပ်​သော​အ​ပြစ်၊ လျော်​ပြစ်​ငွေ​နှ​င့် ဝယ်​သော​စ​ပျစ်​ရည်​ကို သူ​တို့​ဘု​ရား၏​အိမ်၌ သောက်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 9,
      "text": "အာ​ရဇ်​ပင်​အ​ရပ်​နှင့်​အ​မျှ​မြင့်၍ သ​ပိတ်​ပင်​ကဲ့​သို့ ခိုင်​မာ​သော အာ​မော​ရိ​အ​မျိုး​ကို သင်​တို့​ရှေ့​မှာ ငါ​ပယ်​ရှား၍၊ အ​ထက်၌ သူ၏​အ​သီး​ကို​လည်း​ကောင်း၊ အောက်၌ သူ၏​အ​မြစ်​ကို​လည်း​ကောင်း ငါ​ဖျက်​ဆီး​ပြီ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 10,
      "text": "သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ယူ၍ အာ​မော​ရိ​ပြည်​ကို ဝင်​စား​စေ​ခြင်း​ငှာ၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​ပြီ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 11,
      "text": "သင်​တို့​သား​အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၊ လု​လင်​အ​ချို့​ကို နာ​ဇ​ရိ​လူ​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​မှန်​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 12,
      "text": "သင်​တို့​မူ​ကား၊ နာ​ဇ​ရိ​လူ​သောက်​ဖို့​စ​ပျစ်​ရည်​ကို​ပေး​ကြ​ပြီ။ ပ​ရော​ဖက်​တို့​ကို​လည်း၊ ပ​ရော​ဖက်​ပြု၍ မ​ဟော​ကြ​နှင့်​ဟု မြစ်​တား​ကြ​ပြီ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 13,
      "text": "ထို​ကြောင့်၊ လှည်း​သည် အ​ပြည့်​တင်​သော​ကောက်​လှိုင်း၏ ဖိ​စီး​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့၊ သင်​တို့၏ နေ​ရာ​အ​ရပ်​ကို ငါ​ဖိ​စီး​မည်။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 14,
      "text": "အ​ပြေး​ကောင်း​သော​သူ​သည် ပြေး​သော​အ​ခွင့်​ကို မ​ရ။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား​ကို ထုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ရ။ သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 15,
      "text": "လေး​ကို​ကိုင်​သော​သူ​သည် မ​ရပ်​ရ။ လျင်​မြန်​သော ခြေ​သည်​သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။ မြင်း​စီး​သူ​ရဲ​သည်​လည်း ကိုယ်​ကို မ​ကယ်​လွှတ်​ရ။"
    },
    {
      "book": 30,
      "chapter": 2,
      "verse": 16,
      "text": "ရဲ​ရင့်​သော သူ​ရဲ​သည် ထို​နေ့၌ အ​ဝတ်​မ​ပါ​ဘဲ​ပြေး​သွား​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော အ​မျိုး​သား​အ​ပေါင်း​တို့၊ သင်​တို့​ကို ရည်​မှတ်၍ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 2,
      "text": "မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 3,
      "text": "လူ​နှစ်​ဦး​သည် သ​ဘော​မ​တူ​လျှင်၊ ပေါင်း​ဖော်၍ ခ​ရီး​သွား​နိုင်​သ​လော။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 4,
      "text": "ခြင်္သေ့​သည် ဖမ်း​စ​ရာ​မ​ရှိ​လျှင်၊ တော၌ ဟောက်​လိမ့်​မည်​လော။ ခြင်္သေ့​ပျို​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖမ်း​မိ​လျှင်၊ တွင်း​ထဲ​က အ​သံ​ပြု​လိမ့်​မည်​လော။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 5,
      "text": "မြေ​ပေါ်​မှာ ကျော့​ကွင်း​နှင့်​မ​ထောင်​လျှင်၊ ငှက်​ကို ကျော့​မိ​လိမ့်​မည်​လော။ ထောင်​ထား​သော​ကျော့​ကွင်း၌ အ​ဘယ်​အ​ရာ​ကို​မျှ​မ​ရ​မီ ထောင်​ထား​ရာ​အ​ရပ်​မှ နုတ်​သွား​လိမ့်​မည်​လော။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 6,
      "text": "မြို့​ထဲ​မှာ တံ​ပိုး​မှုတ်​လျှင်၊ မြို့​သား​တို့​သည် မ​ကြောက်​မ​လန့်​ဘဲ​နေ​ကြ​လိမ့်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မ​မူ​ဘဲ ဘေး​တစ်​စုံ​တစ်​ခု​သည် မြို့​ထဲ​မှာ ရောက်​လိမ့်​မည်​လော။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 7,
      "text": "အ​ကယ်​စင်​စစ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ စီ​ရင်​တော်​မ​မူ။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 8,
      "text": "ခြင်္သေ့​ဟောက်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​ကြောက်​မ​လန့်​ဘဲ​နေ​လိမ့်​မည်​နည်း။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် ပ​ရော​ဖက်​မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 9,
      "text": "အာ​ဇုတ်​မြို့ ဘုံ​ဗိ​မာန်​တို့​နှင့် အဲ​ဂု​တ္တု​ပြည်​ဘုံ​ဗိ​မာန်​တို့​တွင် သ​တင်း​ကြား​ပြော​ရ​မည်​မှာ၊ ရှ​မာ​ရိ​တောင်​တို့ အ​ပေါ်​မှာ​စု​ဝေး၍၊ ရှ​မာ​ရိ​မြို့​ထဲ​မှာ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ မြို့​ထဲ​မှာ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 10,
      "text": "မြို့​သား​တို့​သည် တ​ရား​သော​အ​မှု​ကို မ​ပြု​တတ်၊ အ​နိုင်​အ​ထက်​ပြု၍ လု​ယူ​သော​ဥ​စ္စာ​ကို ဘုံ​ဗိ​မာန်​တို့၌ သို​ထား​တတ်​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 11,
      "text": "ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို​ဝိုင်း​ပြီး​လျှင်၊ သင်၏​အ​စွမ်း​သ​တ္တိ​ကို နှိမ့်​ချ၍၊ ဗိ​မာန်​တို့​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​သည် ခြင်္သေ့​နှုတ်​ထဲ​က ခြေ​နှစ်​ခု၊ သို့​မ​ဟုတ်၊ နား​ရွက်​တစ်​ပိုင်း​ကို နုတ်​ယူ​သ​ကဲ့​သို့ ရှ​မာ​ရိ​မြို့၌ ခု​တင်​ထောင့်၊ ဒ​မာ​သက်​မွေ့​ရာ ဖုံ​ပေါ်​မှာ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ယူ​ရ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 13,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​ကို အ​စိုး​ပိုင်​သော ဘု​ရား​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​တို့​သည်​နား​ထောင်၍ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 14,
      "text": "အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​တို့​ကို စစ်​ကြော​သော​နေ့၌၊ ဗေ​သ​လ​ယဇ်​ပ​လ္လင်​တို့​ကို ငါ​စစ်​ကြော​လျက်၊ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ဖြတ်၍ မြေ​ပေါ်​သို့​ချ​မည်။"
    },
    {
      "book": 30,
      "chapter": 3,
      "verse": 15,
      "text": "ဆောင်း​ကာ​လ၌ စံ​သော​နန်း​တော်​နှင့် နွေ​ကာ​လ၌​စံ​သော နန်း​တော်​တို့​ကို ငါ​ထိ​ခိုက်၍၊ ဆင်​စွယ်​ဖြင့်​ပြီး​သော အိမ်​တို့​ကို ဖျက်​ဆီး​မည်။ ဘုံ​ဗိ​မာန်​တို့​သည်​လည်း ဆုံး​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 1,
      "text": "ဆင်း​ရဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​လျက်၊ ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​လျက်၊ မိ​မိ​သ​ခင်​တို့​အား ငါ​တို့​သောက်​ဖို့​ယူ​ခဲ့​ကြ​ဟု ဆို​တတ်​လျက်၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ​နေ​သော ဗာ​ရှန်​နွား​တို့၊ ဤ​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 2,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​ခြင်း ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​ကို ငါး​မျှား​နှင့်​လည်း​ကောင်း၊ သင်​တို့​သား​မြေး​တို့​ကို ပိုက်​ကွန်​နှင့်​လည်း​ကောင်း ဖမ်း​ဆီး​ယူ​သွား​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 3,
      "text": "သင်​တို့​သည် အ​သီး​အ​သီး​ကိုယ်​စီ​တွေ့​သော အ​ပေါက်​ဖြင့်​ထွက်၍ ရဲ​တိုက်​ထဲ​သို့ ချ​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 4,
      "text": "ဗေ​သ​လ​မြို့​သို့​သွား၍ ပြစ်​မှား​ကြ​လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း သွား၍ များ​စွာ​သော​ပြစ်​မှား​ခြင်း​ကို ပြု​ကြ​လော့။ နံ​နက်​တိုင်း ပူ​ဇော်​သော​ယဇ်​ကို​လည်း​ကောင်း၊ သုံး​နှစ်​တစ်​ခါ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 5,
      "text": "လု​ယူ​သော​ဥ​စ္စာ​ထဲ​က ကျေး​ဇူး​ချီး​မွမ်း​ရာ ပူ​ဇော်​သ​ကာ​ကို မီး​ရှို့​ကြ​လော့။ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကြား​ပြော၍ ကြော်​ငြာ​စေ​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ပြု​ရာ​တွင် သင်​တို့​သည် မွေ့​လျော်​တတ်​ကြ​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 6,
      "text": "ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 7,
      "text": "စ​ပါး​ရိတ်​ရာ​ကာ​လ မ​ရောက်​မီ သုံး​လ​အ​ထက်​က၊ မိုး​မ​ရွာ​စေ​ခြင်း​ငှာ မိုး​ကို​ငါ​ဆီး​တား​ပြီ။ မြို့​တစ်​မြို့​ပေါ်​မှာ ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​မြို့​ပေါ်​မှာ မ​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း​ပြု​လျက်၊ မြေ​တစ်​ကွက်​သည် မိုး​ရေ​ကို​ခံ​ရ၍ တစ်​ကွက်​သည် မ​ခံ​ရ၊ သွေ့​ခြောက်​လျက်​နေ​ရ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 8,
      "text": "ထို​သို့ မြို့​နှစ်​မြို့​သုံး​မြို့​သား​တို့​သည် ရေ​သောက်​ခြင်း​ငှာ မြို့​တစ်​မြို့​သို့​သွား​ရ၍ မ​ဝ​ရ​ကြ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 9,
      "text": "လေ​ထိ၍ အ​ပင်​သေ​ခြင်း၊ အ​ရည်​ယို၍​သေ​ခြင်း​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်​လေ​ပြီ။ သင်​တို့၌ များ​ပြား​သော​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ပင်၊ သံ​လွင်​ပင်​တို့​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 10,
      "text": "အဲ​ဂု​တ္တု​ပြည်​ခံ​ရ​သော ကာ​လ​နာ​ဘေး​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​လေ​ပြီ။ လု​လင်​တို့​ကို ဓား​ဖြင့် ကွပ်​မျက်​စေ​ပြီ။ မြင်း​တို့​ကို သိမ်း​သွား​စေ​ပြီ။ သင်​တို့​တပ်၌ ပုပ်​စပ်​သော​အ​နံ့​ကို သင်​တို့​နှာ​ခေါင်း၌ လှိုင်​စေ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 12,
      "text": "သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ အ​ထက်​က​ပြု​သ​ကဲ့​သို့ သင်​တို့၌ ငါ​ပြု​ဦး​မည်။ ထို​သို့​ပြု​မည် ဖြစ်​သော​ကြောင့်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင်​နှင့် တွေ့​ခြင်း​ငှာ ကိုယ်​ကို​ပြင်​ဆင်​လော့။"
    },
    {
      "book": 30,
      "chapter": 4,
      "verse": 13,
      "text": "တောင်​တို့​ကို လုပ်၍ လေ​ကို​ဖန်​ဆင်း​ထ​သော၊ လူ​စိတ်​အ​ကြံ​အ​စည်​ကို လူ​အား​ဖော်​ပြ​ထ​သော၊ နံ​နက်​အ​လင်း​ကို အ​မိုက်​ဖြစ်​စေ​ထ​သော၊ မြင့်​သော​မြေ​အ​ရပ်​တို့​ကို နင်း​သော​သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 1,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ ယ​ခု​သင်​တို့၌ ငါ​မြွက်​ဆို၍ မြည်​တမ်း​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 2,
      "text": "ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ​သည် လဲ​ပြီ။ နောက်​တစ်​ဖန် မ​ထ​ရ။ မိ​မိ​မြေ​ပေါ်​မှာ တုံး​လုံး​နေ၏။ ချီ​ကြွ​သော​သူ​မ​ရှိ။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 3,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု​ကို​ထမ်း​စေ​ဖို့ လူ​တစ်​ထောင်​ကို ပေး​နိုင်​သော​မြို့​သည် လူ​တစ်​ရာ၊ တစ်​ရာ​ကို​ပေး​နိုင်​သော​မြို့​သည် တစ်​ကျိပ်​ကို​သာ ပေး​နိုင်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 5,
      "text": "ဗေ​သ​လ​မြို့​ကို မ​ရှာ​ကြ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ဝင်​ကြ​နှင့်။ ဗေ​ရ​ရှေ​ဘ​မြို့​သို့ မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဂိ​လ​ဂါ​လ​မြို့​သည် ဆက်​ဆက် သိမ်း​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဗေ​သ​လ​မြို့​သည်​လည်း၊ အ​ကျိုး​နည်း ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင်၊ ယော​သပ်​အ​မျိုး​အ​ပေါ်​မှာ မီး​ကဲ့​သို့​တက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​ကို လောင်​စေ​တော်​မူ​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 7,
      "text": "တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 8,
      "text": "ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 9,
      "text": "ခွန်​အား​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ရဲ​တိုက်​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​သော ဘု​ရား​ကို ရှာ​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 10,
      "text": "မြို့​တံ​ခါး​ဝ​တွင် ဆုံး​မ​တတ်​သော​သူ​ကို မုန်း၍ ဖြောင့်​မတ်​စွာ ပြော​တတ်​သော​သူ​ကို ရွံ​ရှာ​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 11,
      "text": "သင်​တို့​သည် ဆင်း​ရဲ​သား​ကို​နှိပ်​စက်၍ ဂျုံ​စ​ပါး​ကို တောင်း​ခံ​တတ်​သော​ကြောင့်၊ ဆစ်​သော​ကျောက်​နှင့် တိုက်​ကို​တည်​သော်​လည်း ထို​တိုက်၌ မ​နေ​ရ​ကြ။ နှစ်​သက်​ဖွယ်​သော စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 12,
      "text": "သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 13,
      "text": "ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 14,
      "text": "အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို​ရှောင်၍ သု​စ​ရိုက်​ကို ရှာ​ကြ​လော့။ ထို​သို့​ပြု​လျှင်၊ သင်​တို့​ဆို​တတ်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 15,
      "text": "ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 16,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခပ်​သိမ်း​သော​လမ်း​တို့၌ မြည်​တမ်း​ခြင်း​ရှိ၍ သွား​လာ​သော​သူ​တို့​က၊ အ​လို​လေး၊ အ​လို​လေး​ဟု ဆို​ကြ​လိမ့်​မည်။ လယ်​လုပ်​သော​သူ​သည် ညည်း​တွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြည်​တမ်း​တတ်​သော​သူ​သည် ငို​ကြွေး​မြည်​တမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ခေါ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 17,
      "text": "ခပ်​သိမ်း​သော စ​ပျစ်​ဥ​ယျာဉ်​တို့၌​လည်း မြည်​တမ်း​ခြင်း​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​အ​လယ်၌ လျှောက်​သွား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​ကို တောင့်​တ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သင်​တို့​သည် အ​ဘယ် အ​ကျိုး​ရှိ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် သင်​တို့၌ လင်း​သည်​မ​ဟုတ်၊ အ​မိုက်​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 19,
      "text": "လူ​သည် ခြင်္သေ့​ရှိ​ရာ​မှ​ပြေး၍ ဝံ​ကို​တွေ့​သ​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​ထဲ​သို့​ဝင်၍ ထ​ရံ​ကို​မှီ​စဉ် မြွေ​ကိုက်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည်​မ​လင်း​ဘဲ မိုက်​လိမ့်​မည်။ ထွန်း​လင်း​ခြင်း အ​လျှင်း​မ​ရှိ၊ အ​မိုက်​သက်​သက် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 21,
      "text": "သင်​တို့​စောင့်​သော​ပွဲ​နေ့​တို့​ကို ငါ​မုန်း၏။ စက်​ဆုပ်​ရွံ​ရှာ၏။ ခြိုး​ခြံ​စွာ​ကျင့်​သော​နေ့​ရက်​တို့၌ ငါ​မ​မွေ့​လျော်။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 22,
      "text": "မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တို့​ကို ဆက်​ကပ်​သော်​လည်း ငါ​လက်​မ​ခံ။ ဆူ​ဝ​သော​တိ​ရ​စ္ဆာန်​တို့​ကို မိတ်​သ​ဟာ​ယ​ယဇ် ပူ​ဇော်​သော်​လည်း ငါ​သည် ပ​မာ​ဏ​မ​ပြု။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 23,
      "text": "သင်​တို့​သီ​ချင်း​ဆို​သံ​ကို ပယ်​ရှား​ကြ​လော့။ တ​ယော​ထိုး​သံ​ကို ငါ​နား​ငြီး​လှ၏။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 24,
      "text": "တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ရေ​ကဲ့​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို မ​ပြတ်​စီး​သော မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း စီး​စေ​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 25,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား​ပူ​ဇော်​ကြ​သ​လော။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 26,
      "text": "သင်​တို့​ဘု​ရား မော​လုပ်၏​တဲ​နှင့် သင်​တို့​ဘု​ရား ခိ​အုန်၏​ကြယ်​တည်း​ဟူ​သော ကိုယ်​အ​ဖို့​လုပ်​သော​ပုံ​တို့​ကို ဆောင်​ရွက်​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 30,
      "chapter": 5,
      "verse": 27,
      "text": "ထို​ကြောင့်၊ သင်​တို့​ကို ဒ​မာ​သက်​မြို့​တစ်​ဖက်​သို့ သိမ်း​သွား​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 1,
      "text": "ဇိ​အုန်​မြို့၌ ငြိမ်​ဝပ်​စွာ​နေ​သော​သူ၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​လျက်​နေ​သော​သူ၊ လူ​မျိုး​တို့​တွင် အထွတ်​အ​မြတ်​ဟူ၍ ခေါ်​ဝေါ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​ဆည်း​ကပ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ ရှိ​ကြ၏။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 2,
      "text": "ကာ​လ​နေ​မြို့​သို့ သွား၍ ကြည့်​ရှု​ကြ​လော့။ ထို​မြို့​မှ ဟာ​မတ်​ကြီး​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​နေ​သော ဂါ​သ​မြို့​သို့​လည်း​ကောင်း သွား​ကြ​လော့။ ထို​နိုင်​ငံ​တို့​သည် ဤ​နိုင်​ငံ​တို့​ထက် သာ၍ ကောင်း​သ​လော။ သူ​တို့​နယ်​အ​ပိုင်း​အ​ခြား​သည် သင်​တို့ နယ်​အ​ပိုင်း​အ​ခြား​ထက် သာ၍ ကျယ်​သ​လော။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 3,
      "text": "ဆိုး​ယုတ်​သော နေ့​ရက်​ကို ရွှေ့၍၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​ရာ​ပ​လ္လင်​ကို အ​နီး​မှာ​တည်​စေ​ခြင်း၊"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 4,
      "text": "ဆင်​စွယ်​ခု​တင်​ပေါ်​မှာ​အိပ်၍ မွေ့​ရာ​ပေါ်​မှာ​လျောင်း​ခြင်း၊ သိုး​စု​ထဲ​က သိုး​သ​ငယ်​တို့​ကို​လည်း​ကောင်း၊ နွား​တင်း​ကုပ်​ထဲ​က နွား​သ​ငယ်​တို့​ကို​လည်း​ကောင်း ယူ၍​စား​ခြင်း၊"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 5,
      "text": "တ​ယော​ထိုး​သံ​နှင့်​ပြိုင်​လျက် သီ​ချင်း​ဆို​ခြင်း၊ တီး​မှုတ်​ရာ တူ​ရိ​ယာ​မျိုး​အ​သစ်​ကို ဒါ​ဝိဒ်​မင်း​ရှာ၍ လုပ်​သ​ကဲ့​သို့ လုပ်​ခြင်း၊"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 6,
      "text": "စ​ပျစ်​ရည်​ကို ဖ​လား​နှင့်​သောက်၍၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ​နှင့် လိမ်း​ခြင်း​တို့​ကို​ပြု၍၊ ယော​သပ်​အ​မျိုး ဆင်း​ရဲ​ခံ​ရ​သည်​ကို စိတ်​မ​နာ​ကျင်​ဘဲ​နေ​သော၊"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 7,
      "text": "ထို​သူ​တို့​သည် အ​ဦး​ဆုံး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​နှင့်​အ​တူ ပါ​သွား​ကြ​လိမ့်​မည်။ လျောင်း၍​နေ​သော​သူ​တို့၏ ပွဲ​သည်​လည်း ကွယ်​ပျောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 8,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၏​မာ​န​ကို​ငါ​ရွံ​ရှာ၍ သူ၏​ဘုံ​ဗိ​မာန်​တို့​ကို မုန်း​သော​ကြောင့်၊ မြို့​တော်​နှင့် မြို့၌​ရှိ​သ​မျှ​ကို ငါ​စွန့်​ပစ်​မည်။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 9,
      "text": "အိမ်​တစ်​ဆောင်​တွင် လူ​တစ်​ကျိပ်​ကျန်​ကြွင်း​သော်​လည်း သေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 10,
      "text": "ပေါက်​ဖော်​တော်၍ မီး​ဖြင့် သင်္ဂြိုဟ်​ရ​သော​သူ​သည် အိမ်​ထဲ​က​အ​သေ​ကောင်​ကို​ထုတ်၍ ချီ​သွား​သော​အ​ခါ၊ အိမ်​အ​တွင်း​တွင်​ရှိ​သော သူ​ကို​ခေါ်၍၊ သင်၌ တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊ မ​ကျန်​ကြွင်း​ဟု ပြန်​ပြော​လိမ့်​မည်။ ထမ်း​သွား​သော​သူ​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ရ​သော အ​ခွင့်​မ​ရှိ​ဟု ပြော​ဆို​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သ​ဖြင့်၊ အိမ်​ကြီး​ကို​ဖြို၍ အိမ်​ငယ်​ကို​လည်း ကွဲ​စေ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 12,
      "text": "မြင်း​သည် ကျောက်​ပေါ်​မှာ ပြေး​တတ်​သ​လော။ လူ​သည် ကျောက်​ပေါ်​မှာ နွား​နှင့် ထွန်​တတ်​သ​လော။ သင်​တို့​သည်​တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ခါး​စွာ​သော သစ်​ရွက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို ဒေါ​န​ရွက် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ကြ​သည်​တ​ကား။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 13,
      "text": "အ​ချည်း​နှီး​သော​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်၍၊ ငါ​တို့​သည် ကိုယ်​အ​စွမ်း​သ​တ္တိ​အား​ဖြင့် အာ​ဏာ​ကို​သိမ်း​ယူ​ပြီ​မ​ဟုတ်​လော​ဟု ဆို​တတ်​ကြ​သည်​တ​ကား။"
    },
    {
      "book": 30,
      "chapter": 6,
      "verse": 14,
      "text": "အ​ကယ်​စင်​စစ်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​တစ်​ဖက်၌ လူ​တစ်​မျိုး​ကို ငါ​ထ​စေ၍၊ ထို​လူ​မျိုး​သည် ဟာ​မတ်​မြို့​လမ်း​ဝ​မှ​စ၍ တော၌​ရှိ​သော မြစ်​တိုင်​အောင် သင်​တို့​ကို ညှဉ်း​ဆဲ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 1,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ရှင်​ဘု​ရင်​ဆိုင်​သော မြက်​ပင်​ကို​ရိတ်​ပြီး​မှ၊ နောက်​မြက်​ပင် ပေါက်​စ​ကာ​လ၌ ကျိုင်း​ကောင်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 2,
      "text": "ထို​ကျိုင်း​ကောင်​တို့​သည် တစ်​ပြည်​လုံး၌​ရှိ​သော မြက်​ပင်​ကို​စား၍ ကုန်​ပြီး​မှ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ပြစ်​မှ လွှတ်​တော်​မူ​ပါ။ ယာ​ကုပ်​သည်​ငယ်​သော​ကြောင့်၊ အ​ဘယ်​သို့​ထ​ရ​ပါ​လိမ့်​မည်​နည်း​ဟု လျှောက်​သော်၊"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ၍၊ ဤ​သို့​မ​ဖြစ်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 4,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 5,
      "text": "ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဆိုင်း​တော်​မူ​ပါ။ ယာ​ကုပ်​သည် ငယ်​သော​ကြောင့် အ​ဘယ်​သို့ ထ​ရ​ပါ​လိမ့်​မည်​နည်း​ဟု လျှောက်​သော်၊"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 6,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ၍၊ ဤ​သို့ မ​ဖြစ်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 7,
      "text": "တစ်​ဖန်​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ချိန်​ကြိုး​ချ၍​လုပ်​သော ကျောက်​ရိုး​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ရပ်​လျက်၊ လက်​တော်၌ ချိန်​ကြိုး​ကို ကိုင်​လျက်၊"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 8,
      "text": "အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ချိန်​ကြိုး​ကို မြင်​ပါ​သည်​ဟု လျှောက်​သော်၊ ဘု​ရား​ရှင်​က၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး အ​လယ်၌ ချိန်​ကြိုး​ကို ငါ​ချ​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 9,
      "text": "ဣ​ဇာက်၏ မြင့်​ရာ​အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ဣ​သ​ရေ​လ၏ သန့်​ရှင်း​ရာ​အ​ရပ်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်​ရှိ​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​မင်း​မျိုး​ကို​လည်း ဓား​နှင့် ငါ​တိုက်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 10,
      "text": "ထို​အ​ခါ ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ် အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​ထံ​သို့​စေ​လွှတ်၍၊ အာ​မုတ်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​လယ်​တွင် ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ပါ​ပြီ။ သူ၏​စ​ကား​အ​လုံး​စုံ​တို့​ကို ပြည်​တော်​သည် မ​ခံ​နိုင်​ပါ။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 11,
      "text": "ယေ​ရော​ဗောင်​သည် ဓား​ဖြင့် သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မုတ်​ဆို​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 12,
      "text": "အာ​မုတ်​ကို​လည်း ခေါ်၍၊ အို ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သို့ ပြေး​သွား​လော့။ ထို​ပြည်​မှာ ပ​ရော​ဖက်​ပြု၍ အ​သက်​မွေး​လော့။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 13,
      "text": "နောက်​တစ်​ဖန် ဗေ​သ​လ​မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်။ ရှင်​ဘု​ရင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ နန်း​တော်​တည်​ရာ​မြို့​လည်း​ဖြစ်၏​ဟု ဆို​လျှင်၊"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 14,
      "text": "အာ​မုတ်​က၊ ငါ​သည် ပ​ရော​ဖက်​မ​ဟုတ်၊ ပ​ရော​ဖက်၏​သား​လည်း မ​ဟုတ်​ဘဲ၊ နွား​ကျောင်း​သော​သူ၊ သ​ဖန်း​သီး​ကို ဆွတ်​သော​သူ​ဖြစ်​စဉ်​အ​ခါ၊"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် နွား​ကျောင်း​ရာ​မှ ငါ့​ကို​နုတ်​ယူ၍၊ သင်​သွား​လော့။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် ပ​ရော​ဖက်​ပြု​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 16,
      "text": "သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်၊ ဣ​ဇာက်​အ​မျိုး​တစ်​ဖက်၌ မ​မြွက်​နှင့်​ဟု သင်​ဆို​သော်၊"
    },
    {
      "book": 30,
      "chapter": 7,
      "verse": 17,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်၏​မ​ယား​သည် ပြည့်​တန်​ဆာ​ဖြစ်​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​သည် ဓား​ဖြ​င့်​သေ​ကြ​လိ​မ့်​မည်။ သူ​တစ်​ပါး​တို့​သည် သင်၏​မြေ​ကို ကြိုး​တန်း​ချ၍ ဝေ​ဖန်​ကြ​လိမ့်​မည်။ သင်​သည် ညစ်​ညူး​သော​ပြည်၌ သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မ​ဇိ​အား ဆင့်​ဆို​လေ၏။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 1,
      "text": "တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ နွေ​ကာ​လ​အ​သီး​ပါ​သော တောင်း​သည် ထင်​ရှား၏။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 2,
      "text": "အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ နွေ​ကာ​လ အ​သီး​ပါ​သော​တောင်း​ကို မြင်​ပါ​သည်​ဟု ငါ​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​ဆုံး​ကာ​လ​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​လေ​ပြီ။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 3,
      "text": "ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 4,
      "text": "ငါ​တို့​သည် စ​ပါး​ကို ရောင်း​အံ့​သော​ငှာ လ​ဆန်း​နေ့​လွန်​ပါ​စေ၊ ဂျုံ​ကို ရောင်း​အံ့​သော​ငှာ ဥ​ပုသ်​နေ့ လွန်​ပါ​စေ​ဟု​ဆို​လျက်၊ ဧ​ဖာ​လေး​ကို ငယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျပ်​လေး​ကို ကြီး​စေ​ခြင်း​ငှာ​လည်း​ကောင်း လုပ်၍၊ စဉ်း​လဲ​သော ချိန်​ခွင်​ကို သုံး​လျက် ဆင်း​ရဲ​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ဝယ်၍၊ ညံ့​သော​ဂျုံ​ဆန်​ကို​ရောင်း​လျက်၊ ငတ်​မွတ်​သော သူ​တို့​ကို နှိပ်​နင်း၍ ဆင်း​ရဲ​သော ပြည်​သား​တို့​ကို ဖြတ်​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး​သော​သူ​တို့၊ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​ဘုန်း​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သူ​တို့​ကျင့်​ကြံ ပြု​မူ​သ​မျှ​တို့​ကို ငါ​သည် အ​စဉ်​မ​ပြတ် မ​မေ့​လျော့။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 8,
      "text": "ထို​အ​ပြစ်​ကြောင့် မြေ​တုန်​လှုပ်​လိမ့်​မည် မ​ဟုတ်​လော။ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည် မ​ဟုတ်​လော။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ ပါ​သွား၍ မြုပ်​လိမ့်​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 9,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ မွန်း​တည့်​အ​ချိန်၌ ငါ​သည် နေ​ကို​ဝင်​စေ​မည်။ ကြည်​လင်​သော​နေ့၌ မြေ​ကြီး​ကို မိုက်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 10,
      "text": "သင်​တို့​ပွဲ​ခံ​ခြင်း​ကို ညည်း​တွား​ခြင်း ဖြစ်​စေ​မည်။ သီ​ချင်း​ဆို​ခြင်း​ရှိ​သ​မျှ​ကို ငို​ကြွေး​ခြင်း​ဖြစ်​စေ​မည်။ လူ​အ​ပေါင်း​တို့​သည် လျှော်​တေ​အ​ဝတ်​နှင့် ခါး​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆံ​ပင်​ကို ရိတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​စီ​ရင်​မည်။ တစ်​ယောက်​တည်း​သော​သား သေ​သည်​အ​တွက် မြည်​တမ်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဆုံး၌ ခါး​စွာ​သော နေ့​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 11,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မွတ်​သိပ်​ခြင်း​ဘေး​ကို တစ်​ပြည်​လုံး၌ ငါ​ဖြစ်​စေ​သော​ကာ​လ ရောက်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး၍ မွတ်​သိပ်​ခြင်း​ဘေး မ​ဟုတ်၊ ရေ​ငတ်​ခြင်း​ဘေး​လည်း မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို မ​ကြား​ရ​သော မွတ်​သိပ်​ခြင်း​ဘေး ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 12,
      "text": "လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ရှာ​လျက်၊ ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး​တိုင်​အောင် လှည့်​လည်၍၊ တောင်​မြောက် ပြေး​သွား​သော်​လည်း မ​တွေ့​ရ​ကြ။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 13,
      "text": "ထို​ကာ​လ၌ အ​ဆင်း​လှ​သော သ​တို့​သ​မီး​က​ညာ​များ​နှင့် လု​လင်​များ​တို့​သည် ရေ​ငတ်၍ မော​ကြ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 8,
      "verse": 14,
      "text": "ရှ​မာ​ရိ​အ​ပြစ်​ကို​တိုင်​တည်၍ ကျိန်​ဆို​သော​သူ၊ အို ဒန်၊ သင်၏​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဟူ၍​လည်း​ကောင်း၊ ဗေ​ရ​ရှေ​ဘ ဘာ​သာ အ​သက်​တည်​သည်​အ​တိုင်း​ဟူ၍​လည်း​ကောင်း ဆို​သော​သူ​တို့​သည်၊ နောက်​တစ်​ဖန် မ​ထ​နိုင်​အောင်​လဲ၍ နေ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 1,
      "text": "တစ်​ဖန် ငါ​ကြည့်​ရှု၍ ဘု​ရား​ရှင်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ ရပ်​လျက် မိန့်​တော်​မူ​သည်​ကား၊ ရှိ​သ​မျှ​သော​သူ​တို့၏ ခေါင်း​ပေါ်​သို့ တံ​ခါး​တိုင်​လှုပ်၍ ပြို​ကျ​စေ​ခြင်း​ငှာ တံ​ခါး​ထုပ်​ကို ရိုက်​လော့။ သူ​တို့​သား​မြေး​များ​ကို​လည်း ဓား​နှင့် ငါ​ကွပ်​မျက်​မည်။ ပြေး​သော​သူ​သည် မ​လွတ်​ရ။ လွတ်​သော​သူ​သည်​လည်း ချမ်း​သာ​ကို မ​တွေ့​ရ။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 2,
      "text": "မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် တွင်း​တူး​သော်​လည်း ငါ​နုတ်​ယူ​မည်။ မိုး​ကောင်း​ကင်​သို့ တက်​သော်​လည်း ငါ​ချ​မည်။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 3,
      "text": "က​ရ​မေ​လ​တောင်​ထိပ်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​ရှာ၍ ထုတ်​မည်။ ငါ​နှင့်​လွတ်​အံ့​သော​ငှာ သ​မု​ဒ္ဒ​ရာ​အောက်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​သည် န​ဂါး​ကို​မှာ​လိုက်၍ ကိုက်​စေ​မည်။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 4,
      "text": "ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 5,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကို​ထိ​တော်​မူ​လျှင်၊ မြေ​သည် အ​ရည်​ဖြစ်၍ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ မြုပ်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 6,
      "text": "အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 7,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ၌ ကု​ရှ​အ​မျိုး​သား​ကဲ့​သို့ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ကဲ့​သို့၊ ဖိ​လိ​တ္တိ​လူ​တို့​ကို က​တ္တော​ရ​ပြည်​မှ​လည်း​ကောင်း၊ ရှု​ရိ​လူ​တို့​ကို ကိ​ရ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ဆောင်​ပြီ​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 8,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သော တိုင်း​နိုင်​ငံ​ကို ကြည့်​ရှု​လျက်၊ ထို​တိုင်း​နိုင်​ငံ​ကို မြေ​ကြီး​ပြင်​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သို့​သော်​လည်း၊ ယာ​ကုပ်​အ​မျိုး​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 9,
      "text": "တစ်​ဖန် ငါ​အ​မိန့်​တော်​ရှိ​သ​ဖြင့် ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​အ​မျိုး​တို့​တွင် ဆန်​ခါ​နှင့် ငါ​ချ​မည်။ ဆန်​တစ်​စေ့​မျှ မြေ​သို့​မ​ကျ​ရ။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 10,
      "text": "ဘေး​ဥ​ပဒ်​သည် ငါ​တို့​ကို မ​မီ​နိုင်၊ မ​ဆီး​တား​နိုင်​ဟု​ဆို​လျက်၊ အ​ပြစ်​များ​သော ငါ၏​လူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 11,
      "text": "ကျန်​ကြွင်း​ရစ်​သော ဧ​ဒုံ​အ​မျိုး​သား​မှ​စ၍ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သိမ်း​ယူ​စေ​ခြင်း​ငှာ၊"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 12,
      "text": "လဲ​လျက်​ရှိ​သော ဒါ​ဝိဒ်၏​တဲ​ကို ထို​ကာ​လ၌ ငါ​ဆောက်​တည်​ပြန်​မည်။ အက်​ကွဲ​ရာ​များ​ကို စေ့​စပ်​မည်။ ပြို​ပျက်​ရာ​များ​ကို​လည်း ပြု​ပြင်​ပြီး​လျှင်၊ ထို​တဲ​ကို ရှေး​ကာ​လ၌​ရှိ​သ​ကဲ့​သို့ မတ်​စေ​ပြန်​မည်​ဟု၊ ဤ​အ​မှု​အ​ရာ​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ၏။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လယ်​ထွန်​သော​သူ​သည် စ​ပါး​ရိတ်​သော သူ​ကို​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​သော​သူ​သည် မျိုး​စေ့​ကြဲ​သော သူ​ကို​လည်း​ကောင်း​မီ​လျက်၊ တောင်​တို့​မှ ချို​သော​စ​ပျစ်​ရည်​ယို၍၊ ကုန်း​ရှိ​သ​မျှ​တို့​လည်း အ​ရည်​ဖြစ်​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 14,
      "text": "သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် ပျက်​စီး​သော​မြို့​များ​ကို ပြု​ပြင်၍ နေ​ကြ​လိမ့်​မည်။ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်၍ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်။ လယ်​ယာ​များ​ကို ပြု​စု၍ အ​သီး​တို့​ကို စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 30,
      "chapter": 9,
      "verse": 15,
      "text": "သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​စိုက်​ထား​မည်။ ငါ​ပေး​သော​ပြည်​မှ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​နုတ်​ရ​ဟု၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 1,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား ကြွေး​ကြော်​တော်​မူ​သံ​ကို ငါ​တို့​သည် ကြား​ကြ၏။ သင်​တို့​ထ၍ ဧ​ဒုံ​ပြည်​ကို တိုက်​ခြင်း​ငှာ စစ်​ချီ​ကြ​လော့​ဟု၊ တစ်​ပါး​အ​မျိုး​သား​တို့​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်​တော်​မူ​ပြီ။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 2,
      "text": "သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် ယုတ်​မာ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​သ​ဖြင့်၊ သင်၏​အ​သ​ရေ​သည် အ​လွန်​ရှုတ်​ချ​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 3,
      "text": "ကျောက်​ကြား​တို့၌​နေ၍ မြင့်​သော​အ​ရပ်​ကို ခို​လှုံ​လျက်၊ ငါ့​ကို​မြေ​သို့ အ​ဘယ်​သူ​နှိမ့်​ချ​နိုင်​သ​နည်း​ဟု အောက်​မေ့​သော​သူ ဖြစ်​သော​ကြောင့်၊ သင်၏​မာ​န​သည် သင့်​ကို လှည့်​စား​ပြီ။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 4,
      "text": "သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ ကိုယ်​ကို​ချီး​မြှောက်၍၊ ကြယ်​တို့​တွင် အ​သိုက်​ကို​လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 5,
      "text": "ည​အ​ခါ သူ​ခိုး​ဓား​ပြ​တို့​သည် သင်​ရှိ​ရာ​သို့ လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ ခိုး​ယူ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ စ​ပျစ်​သီး​ကို ဆွတ်​သော​သူ​တို့​သည် လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 6,
      "text": "သင်​သည် အ​လွန်​ပျက်​စီး​ပြီ​တ​ကား။ ဧ​သော​သည် အ​လွန်​အ​စစ်​ခံ​ရ​ပြီ​တ​ကား။ သူ​ဝှက်​ထား​သော​ဥ​စ္စာ​ကို အ​လွန်​ရှာ​ဖွေ​ကြ​သည် တ​ကား။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 7,
      "text": "သင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော သူ​အ​ပေါင်း​တို့​သည် ပြည်​စွန်း​သို့ နှင်​ကြ​ပြီ။ အ​ဆွေ​လုပ်​သော သူ​တို့​သည် သင့်​ကို​လှည့်​စား၍ နိုင်​ကြ​ပြီ။ သင်​နှင့်​အ​တူ စား​သောက်​သော​သူ​တို့​သည် သင့်​အောက်၌ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပြီ။ သင်၏​ဉာဏ်​ပ​ညာ​ကုန်​ပြီ။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ဧ​ဒုံ​ပြည်​မှ ပ​ညာ​ရှိ​တို့​ကို​လည်း​ကောင်း၊ ဧ​သော၏​တောင်​မှ ဉာဏ်​ကောင်း​သော သူ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှား​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 9,
      "text": "အို တေ​မန်​မြို့၊ ဧ​သော၏​တောင်​မှ ခပ်​သိမ်း​သော သူ​တို့​ကို ပယ်​ဖြတ်​မည်​အ​ကြောင်း၊ သင်၏​သူ​ရဲ​တို့​သည် ကြောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 10,
      "text": "သင်​သည် ညီ​ယာ​ကုပ်​ကို အ​သေ​သတ်​ခြင်း၊ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​ပြစ်​ကြောင့် ကိုယ်​တိုင်​အ​ရှက်​ကွဲ၍၊ အ​ကုန်​အ​စင် ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 11,
      "text": "သင်​သည် တစ်​ဖက်၌​နေ​သော​နေ့၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ၏​အ​မှု​ထမ်း​များ​ကို သိမ်း​သွား​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သူ၏​မြို့​တံ​ခါး​ထဲ​သို့​ဝင်၍ ယေ​ရု​ရှ​လင်​မြို့​ကို စာ​ရေး​တံ​ချ​သော​နေ့၌ သင်​သည် လက်​ခံ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 12,
      "text": "သင်၏​ညီ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​နေ့၌ သူ၏​အ​မှု​ကို သင်​မ​ကြည့်​သင့်။ ယု​ဒ​အ​မျိုး​သား​တို့​သည် ပျက်​စီး​သော​နေ့၌ မ​ဝါ​ကြွား​သင့်။ ဒု​က္ခ​ခံ​ရ​သော​နေ့၌ စော်​ကား​သော​စ​ကား​ကို မ​ပြော​သင့်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 13,
      "text": "ငါ၏​လူ​တို့​သည် ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့​နေ​ရာ တံ​ခါး​အ​တွင်း​သို့ မ​ဝင်​သင့်။ ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့၏​ဆင်း​ရဲ​ဒု​က္ခ​ကို မ​ကြည့်​မ​ရှု​သင့်။ ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့​ဥ​စ္စာ​ကို မ​လု​မ​ယူ​သင့်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 14,
      "text": "လွတ်​သော​သူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ဖြတ်​လမ်း၌ မ​ရပ်​မ​နေ​သင့်။ အ​မှု​ရောက်​သော​နေ့၌ ကျန်​ကြွင်း​သော သူ​တို့​ကို မ​အပ်​သင့်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် နီး​ပြီ။ သင်​ပြု​သည်​အ​တိုင်း သင်၌ သူ​တစ်​ပါး​ပြု​လိမ့်​မည်။ သင်​ပြု​သော​အ​မှု​သည် သင့်​ခေါင်း​ပေါ်​သို့ ရောက်​ရ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 16,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​သော ငါ့​တောင်​ပေါ်​မှာ စား​သောက်​သ​ကဲ့​သို့၊ ပတ်​လည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် စား​သောက်​ရ​ကြ​လိမ့်​မည်။ စား​သောက်၍​မျို​သ​ဖြင့် မ​ရှိ​ဖူး​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 17,
      "text": "ဇိ​အုန်​တောင်​ပေါ်​မှာ ဘေး​လွတ်​သော​သူ​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သန့်​ရှင်း​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မိ​မိ​ပိုင်​ထိုက်​သော​မြေ​ကို ပိုင်​ရ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 18,
      "text": "ယာ​ကုပ်​အ​မျိုး​သည် မီး၊ ယော​သပ်​အ​မျိုး​သည် မီး​လျှံ၊ ဧ​သော​အ​မျိုး​သည် အ​မှိုက်​ဖြစ်​လျက် မီး​ညှိ၍ လောင်​သ​ဖြင့်၊ ဧ​သော​အ​မျိုး​သား မ​ကျန်​ကြွင်း​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 19,
      "text": "တောင်​မျက်​နှာ​သား​တို့​သည် ဧ​သော၏​တောင်​ကို​လည်း​ကောင်း၊ မြေ​ညီ​သော အ​ရပ်​သား​တို့​သည် ဖိ​လိ​တ္တိ​ပြည်​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​လယ်​ပြင်​နှင့် ရှ​မာ​ရိ​လယ်​ပြင်​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​အ​မျိုး​သည် ဂိ​လဒ်​ပြည်​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 20,
      "text": "သိမ်း​သွား​ခြင်း​ကို ခံ​ရ၍၊ ခါ​န​နိ​လူ​တို့​တွင်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​လုံး​အ​ရင်း​သည် ဇ​ရ​တ္တ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍ သေ​ဖ​ရဒ်​ပြည်၌​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တောင်​မျက်​နှာ မြို့​ရွာ​တို့​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 31,
      "chapter": 1,
      "verse": 21,
      "text": "ဧ​သော၏​တောင်​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကယ်​တင်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ဖြစ်​လိမ့်​သ​တည်း။ ပ​ရော​ဖက်​ဩ​ဗ​ဒိ၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ ပြီး၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 1,
      "text": "အ​မိ​တ္တဲ၏​သား ယော​န​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 2,
      "text": "သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​ပြီး​လျှင်၊ ခြိမ်း​ခြောက်​သော​စ​ကား​နှင့် ကြွေး​ကြော်​လော့။ ထို​မြို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ငါ့​ရှေ့​သို့ တက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 3,
      "text": "သို့​သော်​လည်း၊ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တာ​ရှု​မြို့​သို့ ပြေး​မည့်​အ​ကြံ​ရှိ​သည်​နှင့် ထ​လျက် ယု​ပ္ပေ​မြို့​သို့​သွား၍ ရောက်​သ​ဖြင့်၊ တာ​ရှု​မြို့​သို့​သွား​သော သင်္ဘော​ကို တွေ့​ကြုံ၍ သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ သင်္ဘော​သား​တို့​နှင့်​အ​တူ တာ​ရှု​မြို့​သို့​လိုက်​ခြင်း​ငှာ သင်္ဘော​ကို စီး​လေ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ပြင်း​စွာ​သော​လေ​ကို ပင်​လယ်​ပေါ်​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်၌ ကြီး​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ သင်္ဘော​သည် ပျက်​လု​သော​လ​က္ခ​ဏာ​ရှိ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 5,
      "text": "ထို​အ​ခါ သင်္ဘော​သား​တို့​သည် ကြောက်​ရွံ့၍ အ​သီး​အ​သီး မိ​မိ​တို့​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ သင်္ဘော​ပေါ့​စေ​ခြင်း​ငှာ ဝန်​များ​ကို​လည်း ပင်​လယ်​ထဲ​သို့ ပစ်​ချ​ကြ၏။ ယော​န​မူ​ကား၊ သင်္ဘော​ဝမ်း​ထဲ​သို့ ဆင်း၍ အိပ်​ပျော်​လျက်​နေ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 6,
      "text": "သင်္ဘော​သူ​ကြီး​သည် လာ၍၊ အို အိပ်​ပျော်​သော​သူ၊ အ​ဘယ်​သို့​နည်း။ ထ​လော့။ သင်၏​ဘု​ရား​ကို ဆု​တောင်း​လော့။ ငါ​တို့​အ​သက်​လွတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​သည် ငါ​တို့​ကို အောက်​မေ့​ကောင်း အောက်​မေ့​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 7,
      "text": "နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 8,
      "text": "တစ်​ဖန် သူ​တို့​က၊ အ​ဘယ်​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ပြော​ပါ​လော့။ သင်​ဆောင်​ရွက်​သော​အ​မှု​ကား၊ အ​ဘယ်​အ​မှု​နည်း။ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း။ အ​ဘယ်​ပြည်၊ အ​ဘယ်​အ​မျိုး​သား ဖြစ်​သ​နည်း​ဟု မေး​မြန်း​ကြ​သော်၊"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 9,
      "text": "ငါ​သည် ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်၏။ ရေ​မြေ​ကို ဖန်​ဆင်း​တော်​မူ​သော ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၏​ဟု​ဆို​လျှင်၊"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 10,
      "text": "ထို​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မေး​ကြ၏။ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မိ​မိ​ပြေး​ကြောင်း​ကို ဖော်​ပြ​သော​ကြောင့် သူ​တို့​သိ​ကြ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 11,
      "text": "ထို​အ​ခါ ပင်​လယ်၌ လှိုင်း​တံ​ပိုး​သည် တိုး၍​ထ​သော​ကြောင့် သူ​တို့​က၊ ငါ​တို့၌ လှိုင်း​တံ​ပိုး​ငြိမ်း​စေ​ခြင်း​ငှာ သင့်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု​မေး​ကြ​သော်၊"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 12,
      "text": "ငါ့​ကို​ချီ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ကြ​လော့။ သို့​ပြု​လျှင်၊ လှိုင်း​တံ​ပိုး​သည် သင်​တို့၌ ငြိမ်း​လိမ့်​မည်။ ဤ​ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​သည် ငါ့​ကြောင့်​သာ သင်​တို့​အ​ပေါ်​သို့ ရောက်​သည်​ကို ငါ​သိ၏​ဟု ပြန်​ပြော​သော်​လည်း၊"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 13,
      "text": "သင်္ဘော​သား​တို့​သည် ကမ်း​သို့​ရောက်​အံ့​သော​ငှာ ပင်​ပန်း​စွာ တက်​ခတ်​ကြ၏။ သို့​ရာ​တွင်၊ သူ​တို့​တစ်​ဖက်၌ လှိုင်း​တံ​ပိုး​တိုး၍ ထ​သော​ကြောင့်၊ သူ​တို့​သည် မ​တတ်​နိုင်​သော​အ​ခါ၊"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 14,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် တောင်း​ပန်​ပါ၏။ ဤ​သူ၏​အ​သက်​ကြောင့် အ​ကျွန်ုပ်​တို့​သည် အ​ကျိုး​နည်း​မ​ဖြစ်​ပါ​စေ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက် သတ်​သော​အ​ပြစ်​ကို အ​ကျွန်ုပ်​တို့၌ တင်​တော်​မ​မူ​ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လို​ရှိ​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​တောင်း​ပန်​ပြီး​မှ၊"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 15,
      "text": "ယော​န​ကို​ချီ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ကြ၏။ ထို​အ​ခါ ပင်​လယ်​လှိုင်း​တံ​ပိုး​သည် ငြိမ်း​လေ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 16,
      "text": "သင်္ဘော​သား​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို အ​လွန်​ကြောက်​ရွံ့​သ​ဖြင့် ယဇ်​ပူ​ဇော်၍ သ​စ္စာ​က​တိ​ထား​ကြ၏။"
    },
    {
      "book": 32,
      "chapter": 1,
      "verse": 17,
      "text": "ယော​န​ကို မျို​စေ​ခြင်း​ငှာ ငါး​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ယော​န​သည် ငါး၏​ဝမ်း​ထဲ​မှာ သုံး​ရက်​ပတ်​လုံး နေ​ရ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 1,
      "text": "ငါး၏​ဝမ်း​ထဲ​မှာ နေ​စဉ်​တွင်၊ ယော​န​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သော​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 2,
      "text": "ငါ​သည် ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ဟစ်​ခေါ်၍ ငါ့​စ​ကား​ကို ကြား​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၏​ဝမ်း​ထဲ​က ဟစ်​ခေါ်​သော စ​ကား​သံ​ကို နား​ထောင်​တော်​မူ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 3,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို နက်​နဲ​သော​အ​ရပ်၊ သ​မု​ဒ္ဒ​ရာ​အ​လယ်​ချက်​ထဲ​သို့ ချ​ပစ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​ရေ​သည် ဝိုင်း၍ လှိုင်း​တံ​ပိုး​တော်​ရှိ​သ​မျှ​တို့​သည် လွှမ်း​မွန်း​ကြ​ပါ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 4,
      "text": "ထို​သို့ မျက်​မှောက်​တော်​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း၊ သန့်​ရှင်း​သော​ဗိ​မာန်​တော်​ကို မျက်​မှောက်​ပြု​မြဲ ပြု​ပါ​မည်​ဟု အောက်​မေ့​လျက်​နေ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 5,
      "text": "ရေ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို သေ​စေ​ခြင်း​ငှာ ဝိုင်း​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ပင်​လယ်​အ​လယ်၌ အ​ချုပ်​ခံ​ရ​ပါ၏။ ပင်​လယ်​မြက်​ပင်​သည် အ​ကျွန်ုပ်​ခေါင်း​ကို ပေါင်း​စည်း​လျက် ရှိ​ပါ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 6,
      "text": "တောင်​ခြေ​ရင်း​အ​မြစ်​သို့ အ​ကျွန်ုပ်​ဆင်း၍၊ မြေ​ကန့်​လန့်​ကျင်​အ​တွင်း၌ အ​စဉ်​အ​မြဲ​ပိတ်​ထား​သော်​လည်း၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ကို ပျက်​စီး​ရာ​မှ ကယ်​ဆယ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် စိတ်​ပျက်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့၍၊ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် သန့်​ရှင်း​သော ဗိ​မာန်​တော်၌ ကိုယ်​တော်​ထံ​သို့ ဝင်​ပါ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 8,
      "text": "မု​သား​အ​န​တ္တ​ကို မှီ​ဝဲ​သော​သူ​တို့​သည် မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို စွန့်​ပစ်​ကြ​ပါ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 9,
      "text": "အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။"
    },
    {
      "book": 32,
      "chapter": 2,
      "verse": 10,
      "text": "ထို​အ​ခါ ငါး​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ခံ၍ ယော​န​ကို ကုန်း​ပေါ်​သို့ အန်​လေ၏။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 1,
      "text": "နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယော​န​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 2,
      "text": "သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​လော့။ ငါ​မှာ​ထား​သည်​အ​တိုင်း ကြွေး​ကြော်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 3,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း ယော​န​သည် ထ၍ နိ​နေ​ဝေ​မြို့​သို့ သွား၏။ နိ​နေ​ဝေ​မြို့​သည် အ​လွန်​ကြီး​သော​မြို့၊ သုံး​ရက်​ခ​ရီး ကျယ်​ဝန်း​သော​မြို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 4,
      "text": "ယော​န​သည် မြို့​ထဲ​သို့​ဝင်၍ တစ်​နေ့​ခ​ရီး​သွား​လျက်၊ အ​ရက်​လေး​ဆယ်​လွန်​သော်၊ နိ​နေ​ဝေ​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ကြွေး​ကြော်​လေ၏။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 5,
      "text": "နိ​နေ​ဝေ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကို​ယုံ၍၊ လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​သည် အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြော်​ငြာ၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၏။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 6,
      "text": "နိ​နေ​ဝေ​မင်း​ကြီး​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ နန်း​တော်​မှ​ဆင်း၍ မင်း​မြောက်​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ပြာ​ထဲ၌ ထိုင်​တော်​မူ၏။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 7,
      "text": "လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​သိုး​နွား​တို့​သည် အ​လျှင်း မ​မြည်​စေ​နှင့်။ အ​စာ​ကို မ​စား၊ ရေ​ကို​မ​သောက်​စေ​နှင့်။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 8,
      "text": "လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ​စေ။ ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​စေ။ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း၊ မိ​မိ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ရှောင်​ကြ​စေ။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 9,
      "text": "ငါ​တို့​သည် ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်​ပြောင်း​လဲ၍ နောင်​တ​ရ​သ​ဖြင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ကို ငြိမ်း​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း​ဟု မင်း​ကြီး​အာ​ဏာ၊ မှူး​မတ်​အာ​ဏာ​နှင့် နိ​နေ​ဝေ​တစ်​မြို့​လုံး​တွင် သ​တင်း​ကြား​ပြော၍ ကြော်​ငြာ​စေ​တော်​မူ၏။"
    },
    {
      "book": 32,
      "chapter": 3,
      "verse": 10,
      "text": "မြို့​သား​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်၍၊ ကျင့်​သော​အ​ကျင့်​များ​ကို ဘု​ရား​သ​ခင်​သည် မြင်​လျှင်၊ အ​ရင်​ခြိမ်း​သော ဘေး​ဒဏ်​ကို မ​ပေး​ဘဲ​နေ​တော်​မူ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 1,
      "text": "ယော​န​သည် အ​လွန်​စိတ်​ညစ်၍ အ​မျက်​ထွက်​သ​ဖြင့်၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ရှိ​စဉ်၊ ဤ​သို့​ပြော​ပါ​ပြီ​မ​ဟုတ်​လော။ ထို​ကြောင့်၊ ကိုယ်​တော်​ထံ​မှ တာ​ရှု​မြို့​သို့ ကြိုး​စား၍ ပြေး​ပါ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 2,
      "text": "ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​ဘု​ရား​ဖြစ်၍ စိတ်​ရှည်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ဒဏ်​ပေး​မည့်​အ​မှု​ကို နောင်​တ​ရ​တတ်​သော သ​ဘော​ရှိ​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 3,
      "text": "သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​မျက်​ထွက် ကောင်း​သ​လော​ဟု မေး​တော်​မူ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 5,
      "text": "ယော​န​သည် မြို့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သိ​မြင်​ခြင်း​ငှာ၊ မြို့​ပြင်​သို့​ထွက်၍ မြို့​အ​ရှေ့​မျက်​နှာ၌ တဲ​မိုး​ကို​လုပ်​ပြီး​လျှင်၊ အ​မိုး​အ​ရိပ်​တွင် ထိုင်၍​နေ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 6,
      "text": "အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ကြက်​ဆူ​ပင်​ကို ပြင်​ဆင်​ပြီး​လျှင်၊ ယော​န၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ သူ့​ခေါင်း​ပေါ်​မှာ​လွှမ်း၍ မိုး​စေ​တော်​မူ၏။ ထို​အ​ပင်​ကြောင့် ယော​န​သည် အ​လွန် အား​ရ​ဝမ်း​မြောက်၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 7,
      "text": "နက်​ဖြန်​မိုး​လင်း​သော​အ​ခါ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ပိုး​ကောင်​သည် ကြက်​ဆူ​ပင်​ကို​ကိုက်၍ ညှိုး​နွမ်း​စေ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 8,
      "text": "နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ကြက်​ဆူ​ပင်​အ​တွက် အ​မျက်​ထွက်​ကောင်း​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယော​န​က၊ အ​ကျွန်ုပ်​သည် အ​သက်​သေ​သည်​တိုင်​အောင် အ​မျက်​ထွက်​ကောင်း​ပါ​သည်​ဟု လျှောက်​ဆို၏။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ပင်​ပန်း​စွာ​မ​လုပ်၊ ကြီး​ပွား​စေ​ခြင်း​ငှာ​လည်း မ​ပြု​စု၊ တစ်​ည​ချင်း​တွင် ပေါက်၍ တစ်​ည​ချင်း​တွင် သေ​သော ကြက်​ဆူ​ပင်​ကို နှ​မြော​သည်​တ​ကား။"
    },
    {
      "book": 32,
      "chapter": 4,
      "verse": 11,
      "text": "ငါ​သည် များ​စွာ​သော တိ​ရ​စ္ဆာန်​တို့​ကို မ​ဆို၊ ကိုယ်​လက်​ယာ​လက်​နှင့် လက်​ဝဲ​လက်​ကို​မျှ ပိုင်း​ခြား၍ မ​သိ​သော သူ​တစ်​သိန်း​နှစ်​သောင်း​မ​က၊ လူ​များ​သော နိ​နေ​ဝေ​မြို့​ကြီး​ကို ငါ​နှ​မြော​သင့်​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ယော​န၏​ဝ​တ္ထု​ပြီး၏။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင် ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်၌ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ခံ​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 2,
      "text": "အို လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ အို ပြည်​နှင့် ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော သန့်​ရှင်း​သော​ဗိ​မာန်​တော်​ထဲ​က ဘု​ရား​ရှင်​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​က ထွက်​ကြွ​ဆင်း​သက်၍၊ မြင့်​သော မြေ​အ​ရပ်​တို့​ကို နင်း​တော်​မူ​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 4,
      "text": "မီး​ရှေ့​မှာ ဖ​ယောင်း​ကဲ့​သို့​လည်း​ကောင်း၊ ချောက်​ကြီး​မှ ဆင်း​သော​ရေ​ကဲ့​သို့​လည်း​ကောင်း ရှေ့​တော်၌ တောင်​တို့​သည် အ​ရည်​ဖြစ်၍၊ ချိုင့်​တို့​သည်​လည်း အက်​ကွဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 5,
      "text": "ထို​အ​မှု​သည် ယာ​ကုပ်​လွန်​ကျူး၍ ဣ​သ​ရေ​လ​အ​မျိုး​ပြစ်​မှား​သော​ကြောင့် ရောက်​သ​တည်း။ ယာ​ကုပ်​လွန်​ကျူး​ရာ​ကား အ​ဘယ်​သို့​နည်း။ ရှ​မာ​ရိ​မြို့​မ​ဟုတ်​လော။ ယု​ဒ၏​မြင့်​ရာ​အ​ရပ်​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 6,
      "text": "ထို​ကြောင့်၊ ရှ​မာ​ရိ​မြို့​ကို လယ်​ပြင်၌ မြေ​ပုံ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ် စိုက်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။ မြို့​ရိုး​ကျောက်​တို့​ကို ချိုင့်​ထဲ​သို့ သွန်​ပစ်၍၊ မြို့​ရိုး​အ​မြစ်​ကို လှန်​ပြ​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 7,
      "text": "ခပ်​သိမ်း​သော ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့​မည်။ သူ​ငှား​လုပ်၍ ရ​သ​မျှ​သော​အ​ခ​တို့​ကို မီး​ရှို့​မည်။ မှား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ပြည့်​တန်​ဆာ​လုပ်၍ ဥ​စ္စာ​ကို​ဆည်း​ပူး​သည်​ဖြစ်၍၊ ထို​ဥ​စ္စာ​သည် ပြည့်​တန်​ဆာ​လက်​သို့ တစ်​ဖန်​ရောက်​ရ​ဦး​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 8,
      "text": "ထို​အ​မှု​ကြောင့် ငါ​သည် ငို​ကြွေး​မြည်​တမ်း​မည်။ အ​ဝတ်​ကို​ချွတ်၍ အ​ချည်း​စည်း​လည်​သွား​မည်။ မြေ​ခွေး​ကဲ့​သို့ အူ​လျက်၊ ကု​လား​အုတ်​ငှက်​ကဲ့​သို့ မြည်​လျက်​နေ​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 9,
      "text": "သူ​ခံ​ရ​သော ဒဏ်​နာ​မ​ပျောက်​နိုင်။ ယု​ဒ​ပြည်​တိုင်​အောင်​ကူး​သ​ဖြင့်၊ ငါ၏​အ​မျိုး​သား​နေ​ရာ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 10,
      "text": "ဂါ​သ​မြို့၌ သ​တင်း​မ​ပြော​ကြ​နှင့်။ အ​လျှင်း​မ​ငို​ကြွေး​ကြ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​မှာ မြေ​မှုန့်၌ လူး​လဲ​လျက် နေ​ကြ​လော့။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 11,
      "text": "အို ရှ​ဖိ​ရ​မြို့​သ​မီး၊ အ​ဝတ်​ကို​ချွတ်၍ အ​ရှက်​ကွဲ​လျက် သွား​လော့။ ဇာ​နန်​မြို့​သ​မီး​သည် ငို​ကြွေး​ခြင်း​ကို​ပြု​လျက် မ​ထွက်​ရ။ ဗေ​သ​ဇေ​လ​မြို့​သည် သင်​တို့​တည်း​ခို​ရ​သော အ​ခွင့်​ကို မ​ပေး​ရ။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 12,
      "text": "မာ​ရုတ်​မြို့​သ​မီး​သည်​လည်း ကောင်း​သော​အ​ရာ​ကို တောင့်​တ၍ နာ​ကျင်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဘေး​ဒဏ်​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 13,
      "text": "အို လာ​ခိ​ရှ​မြို့​သ​မီး၊ လျင်​မြန်​သော​မြင်း​ကို ရ​ထား၌​က​လော့။ သင်​သည် ဣ​သ​ရေ​လ၏ လွန်​ကျူး​ခြင်း​ကို​လက်​ခံ၍၊ ဇိ​အုန်​သ​တို့​သ​မီး​အား အ​ပြစ်​လမ်း​ကို ပြ​သ​တည်း။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 14,
      "text": "ထို​ကြောင့် သင်​သည် ဂါ​သ​ပြည် မော​ရ​ရှက်​မြို့​သို့ လက်​ဆောင်​ကို ပေး​လိုက်​ရ​မည်။ အာ​ခ​ဇိပ်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​တို့​ကို လှည့်​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 15,
      "text": "အို မ​ရေ​ရှ​မြို့​သ​မီး၊ သင်၏​ဥ​စ္စာ​ကို အ​မွေ​ခံ​သော​သူ​ကို ငါ​ခေါ်​ခဲ့​မည်။ သူ​သည် ဣ​သ​ရေ​လ​ဘုန်း၊ အ​ဒု​လံ​မြို့​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 1,
      "verse": 16,
      "text": "ချစ်​ဖွယ်​သော သင်၏​သား​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ သူ​တို့​အ​တွက် သင်​သည် ခေါင်း​ပြောင်​အောင် ဆံ​ပင်​ကို​ရိတ်၍ နေ​လော့။ ရွှေ​လင်း​တ​ကဲ့​သို့ ကျယ်​စွာ​သော ခေါင်း​ပြောင်​ခြင်း​ကို ပြု​လော့။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 1,
      "text": "ဒု​စ​ရိုက်​ကို ပြု​ခြင်း​ငှာ အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ မိုး​လင်း​သော​အ​ခါ အ​ခွင့်​ရ​သည်​အ​တိုင်း ပြု​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 2,
      "text": "သူ​တစ်​ပါး၏​အိမ်​နှင့် လယ်​ယာ​တို့​ကို​တပ်​မက်၍ အ​နိုင်​အ​ထက် သိမ်း​ယူ​လျက်၊ လူ​နှင့် သူ၏​အိမ်​ကို​လည်း​ကောင်း၊ လူ​ကြီး​နှင့် သူ၏​အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း လု​ယက်၍ ညှဉ်း​ဆဲ​တတ်​ကြ၏။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 3,
      "text": "သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​လည်​ပင်း မ​လွတ်၊ ခေါင်း​မ​ကြွ​နိုင်​သော ဘေး​ဒဏ်​ကို ထို​သို့​သော အိမ်​ထောင်​တစ်​ဖက်၌ ငါ​ကြံ​စည်၏။ ဆိုး​သော​ကာ​လ​ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 4,
      "text": "ထို​ကာ​လ​တွင် သင်​တို့​တစ်​ဖက်၌ ပုံ​စ​ကား​ကို​သုံး၍၊ အ​လွန်​ပြင်း​စွာ မြည်​တမ်း​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့​သည် ရှင်း​ရှင်း ပျက်​စီး​ကြ​ပြီ။ ငါ့​အ​မျိုး​သား​ခံ​စား​ရ​သော အ​ဖို့​ကို​လဲ၍ ငါ့​လက်​မှ ရုပ်​တော်​မူ​ပြီ​တ​ကား။ ငါ​တို့ လယ်​ကွက်​များ​ကို ရုပ်​သိမ်း၍၊ သူ​တစ်​ပါး​တို့​အား ဝေ​ဖန်​တော်​မူ​ပြီ။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 5,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်​တွင်၊ သင်​တို့ ခံ​စား​ရ​သော​အ​ဖို့​ကို ကြိုး​တန်း​နှင့် တိုင်း​ထွာ​သော​သူ မ​ရှိ​ရ။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 6,
      "text": "ပ​ရော​ဖက်​ပြု​သော သူ​တို့၊ ပ​ရော​ဖက်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည် ရှက်​ကြောက်​မည်​အ​ကြောင်း ပ​ရော​ဖက် မ​ပြု​ရ​ကြ။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဆီး​တား​ခြင်း​ကို ခံ​ရ​သ​လော။ ဤ​အ​မှု​တို့​ကို ပြု​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​မေး​လျှင်၊ ဖြောင့်​မတ်​စွာ ကျင့်​သော​သူ​သည် ငါ့​စ​ကား​အား​ဖြင့် အ​ကျိုး​ကို ရ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 8,
      "text": "ရှေး​ကာ​လ၌​ပင် ငါ၏​လူ​တို့​သည် ရန်​ဘက်​ပြု၍ ထ​ကြ၏။ စစ်​တိုက်​ရာ​မှ ပြန်၍ ဘေး​ကို​မ​ကြောက်​ဘဲ၊ လျှောက်​သွား​သော​သူ​တို့၏ ပြင်​အ​ဝတ်​နှင့် အ​တွင်း​အ​ဝတ်​ကို လု​ယူ​တတ်​ကြ၏။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 9,
      "text": "ငါ့​လူ​တို့၏​မ​ယား​များ​ကို သူ​တို့​သာ​ယာ​သော နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ သူ​တို့​သား​များ​မှ ငါ၏​ဘုန်း​ကို အ​စဉ်​နုတ်​ယူ​ကြ​ပြီ။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 10,
      "text": "ထ၍ သွား​ကြ​လော့။ ဤ​ပြည်​သည် သင်​တို့​ငြိမ်​ဝပ်​ရာ​အ​ရပ် မ​ဟုတ်။ ဤ​အ​ရပ်​သည် ညစ်​ညူး​သော​ကြောင့် ကြီး​စွာ​သော ပျက်​စီး​ခြင်း​နှင့် ပျက်​စီး​ရ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 11,
      "text": "ကိုယ်​အ​လို​သို့​လိုက်၍ မု​သား​စ​ကား​ကို သုံး​သော​သူ​က၊ ငါ​သည်​ပ​ရော​ဖက်​ပြု၍ စ​ပျစ်​ရည်​တ​ရား​နှင့် သေ​ရည်​သေ​ရက်​တ​ရား​ကို ဟော​ပြော​မည်​ဟု​ဆို​လျှင်၊ ထို​သူ​သည် ဤ​လူ​တို့၏​ပ​ရော​ဖက် ဖြစ်​ရ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 12,
      "text": "အို ယာ​ကုပ်၊ ငါ​သည် သင်၏​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆက်​ဆက်​စု​ဝေး​စေ​မည်။ သိုး​ခြံ၌ သိုး​များ​ကဲ့​သို့​လည်း​ကောင်း၊ ကျက်​စား​ရာ​အ​ရပ်​ထဲ​မှာ သိုး​စု​ကဲ့​သို့​လည်း​ကောင်း သူ​တို့​ကို ငါ​စု၍​ထား​မည်။ လူ​များ​သော​ကြောင့် အ​သံ​ကြီး​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 2,
      "verse": 13,
      "text": "အ​နိုင်​အ​ထက် ဖွင့်​သော​သူ​သည် သူ​တို့​ရှေ့​မှာ​သွား၏။ သူ​တို့​သည်​လည်း အ​နိုင်​အ​ထက်​ဖွင့်၍ တံ​ခါး​ဝ​ဖြင့် လျှောက်​သွား​ကြ၏။ သူ​တို့ ရှင်​ဘု​ရင်​သည် သူ​တို့​ရှေ့​မှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် လမ်း​ပြ​တော်​မူ၏။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 1,
      "text": "ငါ​ဆို​သည်​ကား၊ အို ယာ​ကုပ်​အ​မျိုး​မင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သူ​ကြီး​တို့၊ နား​ထောင်​ကြ​ပါ​လော့။ သင်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​အ​မှု​ကို နား​လည်​အပ်​သည် မ​ဟုတ်​လော။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 2,
      "text": "သု​စ​ရိုက်​ကို​မုန်း၍ ဒု​စ​ရိုက်​ကို​နှစ်​သက်​လျက်၊ သူ​တစ်​ပါး​အ​ရေ​ကို​လည်း​ကောင်း၊ အ​ရိုး၌​ကပ်​သော အ​သား​ကို​လည်း​ကောင်း ဆွဲ​ယူ​လျက်၊"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 3,
      "text": "ငါ့​လူ​တို့၏​အ​သား​ကို​စား​လျက်၊ အ​ရေ​ကို​ခွာ​လျက်၊ အ​ရိုး​တို့​ကို ချိုး​လျက်၊ ဟင်း​အိုး၌ ချက်​သော သား​တစ်၊ အိုး​ကင်း၌​ပြုတ်​သော အ​မဲ​သား​ကို ပြု​သ​ကဲ့​သို့ အ​ရိုး​အ​သား​ကို စဉ်း​လျက်​နှင့်​ပင်၊"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 4,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ​သော်​လည်း နား​ထောင်​တော်​မ​မူ။ ဒု​စ​ရိုက်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ ထို​ကာ​လ၌ မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 5,
      "text": "ငါ၏​လူ​တို့​ကို​မှား​ယွင်း​စေ​လျက် ဝ​စွာ​စား​ရ​သော​အ​ခါ၊ ငြိမ်​ဝပ်​ခြင်း​အ​ကြောင်း​ရှိ​သည်​ဟု ကြွေး​ကြော်​လျက်၊ မ​လုပ်​ကျွေး​သော​သူ​ကို​ကား၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက်၊ ပ​ရော​ဖက်​ပြု​သော​သူ​တို့၊"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 6,
      "text": "သင်​တို့​သည် ရူ​ပါ​ရုံ​ကို မ​မြင်​နိုင်​မည်​အ​ကြောင်း၊ ည​အ​ချိန်​ရောက်​လိမ့်​မည်။ အ​နာ​ဂတ်​ကို မ​ဟော​နိုင်​မည်​အ​ကြောင်း၊ မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ ပ​ရော​ဖက်​တို့၌ နေ​ဝင်​လိမ့်​မည်။ နေ့​အ​ချိန်၌​ပင် မှောင်​မိုက်​ဖုံး​လွှမ်း​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 7,
      "text": "ထို​အ​ခါ ပ​ရော​ဖက်​တို့​သည် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​ကို ဟော​သော​သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ထူး​တော်​မ​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နှုတ်​ကို ဖုံး​ထား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 8,
      "text": "ငါ​မူ​ကား၊ ယာ​ကုပ်​အ​မျိုး လွန်​ကျူး​ခြင်း၊ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​ခြင်း​ကို သူ​တို့​အား ဖော်​ပြ​နိုင်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ရှိန်​တန်​ခိုး၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 9,
      "text": "ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ရွံ​ရှာ၍ ခပ်​သိမ်း​သော​တ​ရား​ကို ဖျက်​လျက်၊"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 10,
      "text": "လူ​အ​သက်​ကို သတ်​ခြင်း​အ​မှု​ဖြင့် ဇိ​အုန်​မြို့​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​အ​မှု​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း ပြု​စု​သော ယာ​ကုပ်​အ​မျိုး​မင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သူ​ကြီး​တို့၊ နား​ထောင်​ကြ​ပါ​လော့။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 11,
      "text": "မင်း​တို့​သည် လက်​ဆောင်​ကို ရ​ခြင်း​ငှာ​သာ တ​ရား​မှု​ကို စီ​ရင်​တတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ခ​ကို​ရ​ခြင်း​ငှာ​သာ သင်​ပေး​တတ်​ကြ၏။ ပ​ရော​ဖက်​တို့​သည် ငွေ​ကို​ရ​ခြင်း​ငှာ​သာ အ​နာ​ဂတ်​ကို ဟော​တတ်​ကြ၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​သည် မ​ဟုတ်​လော၊ ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်​ဟု ဆို​တတ်​ကြ​သည်​တ​ကား။"
    },
    {
      "book": 33,
      "chapter": 3,
      "verse": 12,
      "text": "ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 1,
      "text": "နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည်​သော တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏ ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော လူ​စု​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 2,
      "text": "များ​ပြား​သော လူ​မျိုး​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့ လိုက်​သွား​ကြ​မည်​ဟု၊ ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​သော လူ​တို့​တွင် တ​ရား​စီ​ရင်၍၊ ဝေး​စွာ​နေ​လျက် အား​ကြီး​သော လူ​မျိုး​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 4,
      "text": "လူ​အ​ပေါင်း​တို့​သည် ကိုယ်​ပိုင်​သော​စ​ပျစ်​ပင်၊ ကိုယ်​ပိုင်​သော သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ထိုင်​ကြ​လိမ့်​မည်။ ကြောက်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 5,
      "text": "လူ​မျိုး​အ​ပေါင်း​တို့​သည် ကိုယ်​ဆိုင်​သော ဘု​ရား၏​နာ​မ​ကို​ခို​လှုံ​လျက် ကျင့်​နေ​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ကိုယ်​ဆိုင်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ကာ​လ​အ​စဉ်​အ​မြဲ ခို​လှုံ​လျက် ကျင့်​နေ​ကြ​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ခြေ​ဆွံ့​သော​သူ​ကို ငါ​ခေါ်​မည်။ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ၊ ငါ​ညှဉ်း​ဆဲ​ဖူး​သော​သူ​တို့​ကို ငါ​စု​ဝေး​စေ​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 7,
      "text": "ခြေ​ဆွံ့​သော​သူ​ကို ငါ​ကျန်​ကြွင်း​စေ​မည်။ အ​ဝေး​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ​သည် ကြီး​မား​သော လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ သူ​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ အုပ်​ချုပ်​စိုး​စံ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 8,
      "text": "အို ဧ​ဒါ​လင့်​စင်၊ ဇိ​အုန်​သ​တို့​သ​မီး နေ​ရာ​ကုန်း၊ သင်​သည် အ​စိုး​ရ​လိမ့်​မည်။ အ​ရင်​တည်​သော အာ​ဏာ​တည်​ပြန်​လိမ့်​မည်။ နိုင်​ငံ​တော်​သည် ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​လက်​သို့ တစ်​ဖန်​ရောက်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 9,
      "text": "ယ​ခု​မှာ သင်​သည် အ​ဘယ်​ကြောင့် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သ​နည်း။ သင်၌ ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ အ​ကြံ​ပေး​သော​မှူး​မတ် ပျောက်​ပျက်​သ​လော။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ သင်​သည် ဝေ​ဒ​နာ​ကို ခံ​ရ​ပါ​သည်​တ​ကား။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 10,
      "text": "အို ဇိ​အုန်​သ​တို့​သ​မီး၊ သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ၍၊ သား​ကို​ဖွား​အံ့​သော​ငှာ အား​ထုတ်​လော့။ ယ​ခု​ပင် သင်​သည် မြို့​ထဲ​က​ထွက်၍ လယ်​ပြင်၌ နေ​ရ​မည်။ ဗာ​ဗု​လုန်​မြို့​တိုင်​အောင် သွား​ရ​မည်။ ထို​မြို့၌ လွတ်​လိမ့်​မည်။ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ရန်​သူ​တို့​လက်​မှ ရွေး​နုတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 11,
      "text": "ယ​ခု​မှာ လူ​မျိုး​များ​တို့​က၊ ဇိ​အုန်​မြို့​သည် ညစ်​ညူး​ပါ​စေ။ သူ၌ ငါ​တို့​အ​လို ပြည့်​စုံ​ပါ​စေ​ဟု၊ သင့်​တစ်​ဖက်၌ စု​ဝေး​လျက် ဆို​ကြ၏။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 12,
      "text": "သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​ကို မ​သိ၊ အ​ကြံ​အ​စည်​တော်​ကို နား​မ​လည်​ကြ။ ကောက်​လှိုင်း​တို့​ကို ကောက်​နယ်​တ​လင်း၌ စု​ထား​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို စု​ထား​တော်​မူ၏။"
    },
    {
      "book": 33,
      "chapter": 4,
      "verse": 13,
      "text": "အို ဇိ​အုန်​သ​တို့​သ​မီး၊ ထ၍ နယ်​လော့။ သင့်​ဦး​ချို​ကို သံ​ဖြင့်​လည်း​ကောင်း၊ သင့်​ခွာ​တို့​ကို ကြေး​ဝါ​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။ သင်​သည် လူ​မျိုး​များ​တို့​ကို ညက်​ညက်​ချေ​ရ​မည်။ သူ​တို့​တွင်​ရ​သ​မျှ​သော စည်း​စိမ်​ဥ​စ္စာ​ကို​ယူ၍၊ မြေ​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 1,
      "text": "ယ​ခု​မူ​ကား၊ အို ဗိုလ်​ခြေ​သ​တို့​သ​မီး၊ စည်း​ဝေး၍ ခင်း​ကျင်း​လော့။ ငါ​တို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ဣ​သ​ရေ​လ​မင်း၏​ပါး​ကို ကြိမ်​လုံး​နှင့် ရိုက်​ကြ​ပြီ​တ​ကား။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 2,
      "text": "အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 3,
      "text": "သို့​ဖြစ်၍၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​သည် မ​ဖွား​မီ​တိုင်​အောင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ ကျန်​ကြွင်း​သော ညီ​အစ်​ကို​တို့​သည် မ​ပြောင်း​လဲ​မီ တိုင်​အောင်​လည်း​ကောင်း၊ သူ​တို့​ကို စွန့်​ပစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 4,
      "text": "ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 5,
      "text": "အာ​ရှု​ရိ​လူ​သည် ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​များ​ကို​နင်း​သော​အ​ခါ၊ သိုး​ထိန်း​ခု​နစ်​ပါး​နှင့် လူ​ကြီး​ရှစ်​ပါး​တို့​သည် ငါ​တို့​တွင် ပေါ်​ထွန်း၍၊"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 6,
      "text": "ဓား​လက်​နက်​ဖြင့် အာ​ရှု​ရိ​ပြည်​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​ဝ​အ​တွင်း၌ နိမ်​ရော​ဓ​နိုင်​ငံ​ကို​လည်း​ကောင်း သုတ်​သင် ပယ်​ရှင်း​သော​အား​ဖြင့်၊ ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့​နယ်​အ​တွင်း​တွင် နင်း​သော အာ​ရှု​ရိ​လူ၏​လက်​မှ ငါ​တို့​ကို ကယ်​လွှတ်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 7,
      "text": "ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ လူ​ကို​မ​ငံ့​လင့်၊ လူ​သား​တို့၏ အ​လို​သို့​မ​လိုက်​သော မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 8,
      "text": "ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ တော​သား​ရဲ​တို့​တွင် ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​စု​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ခြင်္သေ့​ဝင်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ကယ်​နုတ်​နိုင်​အောင် နင်း၍ ကိုက်​စား​တတ်၏။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 9,
      "text": "သင်၏​ရန်​ဘက်၌ နေ​သော​သူ​တို့​ကို သင်​တိုက်၍၊ ရန်​သူ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်၏​မြင်း​တို့​ကို သင့်​အ​လယ်​က ငါ​ပယ်​ရှင်း၍၊ သင်၏ ရ​ထား​တို့​ကို​လည်း ဖျက်​ဆီး​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 11,
      "text": "သင်၏​ပြည်၌ မြို့​ရိုး​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​ကို ဖြို​ဖျက်​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 12,
      "text": "သင်၏​နယ်၌ စုန်း​လုပ်​သော​သူ​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၌ ဗေ​ဒင်​ဟော​သော​သူ​မ​ရှိ​ရ။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 13,
      "text": "ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို သင့်​အ​လယ်​က ငါ​ပယ်​ရှင်း၍၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​ကို နောက်​တစ်​ဖန် သင်​မ​ကိုး​ကွယ်​ရ။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 14,
      "text": "အာ​ရှ​ရ​ပင်​တို့​ကို​လည်း သင့်​အ​လယ်၌ ငါ​နုတ်၍၊ သင်၏​မြို့​တို့​ကို​လည်း ငါ​ဖျက်​ဆီး​မည်။"
    },
    {
      "book": 33,
      "chapter": 5,
      "verse": 15,
      "text": "ငါ့​စ​ကား​ကို နား​မ​ထောင်​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ပြင်း​စွာ​အ​မျက်​ထွက်၍ အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​မည်။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထ၍ တောင်​ကြီး​တို့​ရှေ့​မှာ တ​ရား​တွေ့​သ​ဖြင့်၊ တောင်​ငယ်​တို့​သည် သင့်​စ​ကား​ကို ကြား​ကြ​စေ။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 2,
      "text": "အို တောင်​တို့၊ ခိုင်​ခံ့​သော​မြေ​အ​မြစ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တွေ့​မှု​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် တ​ရား​တွေ့​စ​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဆွေး​နွေး​ငြင်း​ခုံ​တော်​မူ​မည်။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 3,
      "text": "အို ငါ၏​လူ​မျိုး၊ သင့်​ကို အ​ဘယ်​သို့ ငါ​ပြု​ဖူး​သ​နည်း။ အ​ဘယ်​သို့ ညှဉ်း​ဆဲ​ဖူး​သ​နည်း။ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​လော့။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 4,
      "text": "သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​ပြီ။ ကျွန်​ခံ​နေ​ရာ​အ​ရပ်​မှ ရွေး​နုတ်​ပြီ။ သင့်​ရှေ့​မှာ မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​ကို ငါ​စေ​လွှတ်​လေ​ပြီ။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 5,
      "text": "အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 6,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ အ​ဘယ်​ပူ​ဇော်​သ​ကာ​ပါ​လျက် ချဉ်း​ကပ်၍၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုး​ကွယ်​ရ​မည်​နည်း။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခါ​လည်​သော နွား​သ​ငယ်​တို့​ကို ဆောင်​လျက် ချဉ်း​ကပ်​ရ​မည်​လော။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သိုး​ထီး​တစ်​ထောင်၊ ဆီ​မြစ်​တစ်​သောင်း​ကို အား​ရ​နှစ်​သက် တော်​မူ​မည်​လော။ ငါ့​လွန်​ကျူး​ခြင်း​အ​တွက် ငါ၏​သား​ဦး​ကို​လည်း​ကောင်း၊ ငါ့​စိတ်​ဝိ​ညာဉ်၏ အ​ပြစ်​အ​တွက် ငါ၏​ရင်​သွေး​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်​လော၊"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 8,
      "text": "အ​ချင်း​လူ၊ ကောင်း​သော​လမ်း​ကို ပြ​တော်​မူ​ပြီ။ တ​ရား​သ​ဖြင့်​ပြု​ခြင်း၊ က​ရု​ဏာ​ကို နှစ်​သက်​ခြင်း၊ သင်၏ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နှိမ့်​ချ​သော​စိတ်​နှင့် ကျင့်​နေ​ခြင်း​မှ​တ​ပါး အ​ဘယ်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား တောင်း​တော်​မူ​သ​နည်း။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် မြို့​ကို ဟစ်​ခေါ်​တော်​မူ၏။ ပ​ညာ​ရှိ​သော​သူ​သည် နာ​မ​တော်​ကို ကြောက်​ရွံ့​ရ၏။ ဆုံး​မ​ခြင်း​ကို​လည်း​ကောင်း၊ စီ​ရင်​သော​သူ​သည် အ​ဘယ်​သူ ဖြစ်​သည်​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 10,
      "text": "မ​တ​ရား​သော​သူ​တို့၏​အိမ်၌ မ​တ​ရား​သ​ဖြင့် ဆည်း​ပူး​သော ဥ​စ္စာ​နှင့်၊ ရွံ​ရှာ​ဖွယ်​သော တင်း​တောင်း​ငယ် ရှိ​သေး​သ​လော။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 11,
      "text": "မ​တ​ရား​သော​ချိန်​ခွင်​နှင့် စဉ်း​လဲ​သော အ​လေး​အိတ်​ရှိ​သော မြို့​ကို သန့်​ရှင်း​သော​မြို့​ဟူ၍ ငါ​မှတ်​ရ​မည်​လော။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 12,
      "text": "မြို့​သား​သူ​ဌေး​တို့​သည် အ​နိုင်​အ​ထက်​ပြု၍ ရ​တတ်​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း မု​သား​ကို သုံး​တတ်​ကြ၏။ သူ​တို့​နှုတ်၌ ရှိ​သော​လျှာ​သည် မု​သား​ဖြစ်၏။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ သင်၏​အ​ပြစ်​ကြောင့် သင့်​ကို​ငါ​သုတ်​သင်​ပယ်​ရှင်း​ခြင်း အ​လို​ငှာ နာ​ကျင်​စွာ ဒဏ်​ခတ်​မည်။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 14,
      "text": "သင်​သည် စား​သော်​လည်း မ​ဝ​ရ။ မွတ်​သိပ်​ခြင်း​ကို ခံ​ရ​မည်။ သင်​သည် ချီ​သော်​လည်း ယူ၍​မ​သွား​ရ။ ယူ​သွား​သော​အ​ရာ​ကို​လည်း ဓား​ဘေး​သို့ ငါ​အပ်​မည်။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 15,
      "text": "မျိုး​စေ့​ကို​ကြဲ​သော်​လည်း၊ စ​ပါး​ကို မ​ရိတ်​ရ။ သံ​လွင်​သီး​ကို နယ်​သော်​လည်း၊ ဆီ​နှင့် ကိုယ်​ကို​မ​လိမ်း​ရ။ စ​ပျစ်​သီး​ကို နယ်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ။"
    },
    {
      "book": 33,
      "chapter": 6,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 1,
      "text": "ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ နွေ​ကာ​လ၌ ဆွတ်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့​လည်း​ကောင်း၊ လိုက်၍ ကောက်​သော စ​ပျစ်​သီး အ​ကျန်​အ​ကြွင်း​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။ စား​စ​ရာ​ဖို့ စ​ပျစ်​သီး​ပြွတ် မ​ရှိ။ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကို ငါ​တောင့်​တ​ရ၏။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 2,
      "text": "ကောင်း​သော​ပြည်​သား​အ​ပေါင်း​တို့​သည် ကွယ်​ပျောက်​ကြ​ပြီ။ ဖြောင့်​မတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခပ်​သိမ်း​သော​သူ​တို့​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ ချောင်း၍ ကြည့်​တတ်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ကျော့​ကွင်း​နှင့် ဖမ်း​တတ်​ကြ၏။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 3,
      "text": "ဒု​စ​ရိုက်​ကို ကြိုး​စား၍​ပြု​ခြင်း​ငှာ အ​သင့်​ရှိ​ကြ၏။ မင်း​သည် လက်​ဆောင်​ကို တောင်း​တတ်၏။ တ​ရား​သူ​ကြီး​သည် တံ​စိုး​ကို စား​တတ်၏။ သူ​တစ်​ပါး​ထက်​ကြီး​သော​သူ​သည် မ​တ​ရား​သော လော​ဘ​ကို ထင်​ရှား​စေ​တတ်၏။ ထို​သို့​အ​မှု​ကို ရှုပ်​စေ​ခြင်း​ငှာ ပြု​တတ်​ကြ၏။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 4,
      "text": "အ​ကောင်း​ဆုံး​သော သူ​သည် ဆူး​ပင်​ကဲ့​သို့ ဖြစ်၏။ အ​ဖြောင့်​ဆုံး​သော သူ​သည် ဆူး​ခြံ​ထက်​ခက်​လှ၏။ သင်၏​ကင်း​စောင့်​တို့​သည် သ​တိ​ပေး​သော​နေ့၊ သင်​စစ်​ကြော​ခြင်း​ကို ခံ​ရ​သော နေ့​ရက်​သည် ရောက်​လာ​ပြီ။ နှိပ်​စက်​နှောင့်​ယှက်​ရာ​ကာ​လ ဖြစ်၏။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 5,
      "text": "အ​ဆွေ​ခင်​ပွန်း​ကို မ​ယုံ​နှင့်။ လမ်း​ပြ​သော​သူ​ကို အ​မှီ​မ​ပြု​နှင့်။ သင့်​ရင်​ခွင်၌ အိပ်​သော​မ​ယား​ကို မ​ယုံ​မူ၍၊ သင့်​နှုတ်​တံ​ခါး​ကို ပိတ်​ထား​လော့။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ သား​သည် အ​ဘ၏​အ​သ​ရေ​ကို ဖျက်​လိမ့်​မည်။ သ​မီး​သည် အ​မိ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယော​က္ခ​မ​ကို​လည်း​ကောင်း ရန်​ဘက်​ပြု​လိမ့်​မည်။ ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ​ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 7,
      "text": "ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​မည်။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​ခို​လှုံ​မည်။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 8,
      "text": "အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 9,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ကို ခံ​ရ၏။ ငါ့​အ​မှု​ကို စစ်​ကြော၍ တ​ရား​ဆုံး​ဖြတ်​တော် မ​မူ​မီ​တိုင်​အောင် ငါ​ခံ​ရ၏။ ငါ့​ကို အ​လင်း​ထဲ​သို့​ထုတ်၍ နေ​ရာ​ပေး​တော်​မူ​သော​အား​ဖြင့် ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တော်​ကို ငါ​မြင်​ရ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 10,
      "text": "သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​သော ငါ့​ရန်​သူ​သည် ထို​အ​မှု​ကို မြင်၍ ရှက်​ကြောက်​လိမ့်​မည်။ သူ၌ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​သည် လမ်း​မှာ ရွှံ့​ကဲ့​သို့ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 11,
      "text": "သင်၏​မြို့​ရိုး​တည်​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ အ​မိန့်​တော်​အ​ရှိန် ကုန်​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 12,
      "text": "ထို​ကာ​လ၌ အာ​ရှု​ရိ​ပြည်​နှင့် အဲ​ဂု​တ္တု​မြို့​များ​မှ​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​နှင့် မြစ်​ကြီး​စပ်​ကြား အ​ရပ်​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​နား​အ​ရပ်​ရပ်၊ တောင်​ခြေ​ရင်း အ​ရပ်​ရပ်​တို့​မှ​လည်း​ကောင်း၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 13,
      "text": "ထို​သို့ မ​ဖြစ်​မီ ပြည်​သူ​ပြည်​သား​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ပြည်​တော်​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 14,
      "text": "ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 15,
      "text": "သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော​နေ့၌ မြင်​သည်​အ​တိုင်း၊ တစ်​ဖန် အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ငါ​ပြ​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 16,
      "text": "လူ​အ​မျိုး​မျိုး​တို့​သည် ငါ၏​လူ​တို့၌​ရှိ​သ​မျှ​သော တန်​ခိုး​ကို​မြင်၍ မိန်း​မော​တွေ​ဝေ​လျက်၊ မိ​မိ​တို့​နှုတ်​ကို လက်​နှင့်​ပိတ်၍ နား​ပင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 17,
      "text": "မြွေ​ကဲ့​သို့ မြေ​မှုန့်​ကို​လျက်၍၊ တီ​ကဲ့​သို့​တွင်း​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​လိမ့်​မည်။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင့်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 18,
      "text": "အ​ပြစ်​မှ လွှတ်​တော်​မူ​ထ​သော၊ ကျန်​ကြွင်း​သော အ​မွေ​တော်​လူ​တို့၏ လွန်​ကျူး​ခြင်း​များ​ကို သည်း​ခံ​တော်​မူ​ထ​သော၊ က​ရု​ဏာ၌ မွေ့​လျော်​သော​ကြောင့် အ​စဉ်​အ​မျက်​ထွက်​တော်​မ​မူ​သော ကိုယ်​တော်​ကဲ့​သို့ အ​ဘယ်​ဘု​ရား ရှိ​ပါ​သ​နည်း။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 19,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို တစ်​ဖန်​သ​နား၍၊ အ​ကျွန်ုပ်​တို့၏ ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​ကို ကျော်​နင်း​တော်​မူ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့၏ အ​ပြစ်​အ​လုံး​စုံ​တို့​ကို နက်​နဲ​သော ပင်​လယ်​ထဲ​သို့ ချ​ပစ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 33,
      "chapter": 7,
      "verse": 20,
      "text": "ရှေး​ကာ​လ​မှ​စ၍ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၌ သ​စ္စာ​စောင့်​ခြင်း၊ အာ​ဗြ​ဟံ​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​ခြင်း​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 1,
      "text": "ဧ​လ​ကော​ရှ​ရွာ​သား နာ​ဟုံ​ခံ​ရ၍၊ နိ​နေ​ဝေ​မြို့​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 2,
      "text": "အ​ပြစ်​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ယုံ​လွယ်၍ ဒဏ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး၍ အ​မျက် ပြင်း​ထန်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ပေး၍၊ ရန်​သူ​တို့​ကို အ​ငြိုး​ထား​တော်​မူ၏။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​ရှည်​တော်​မူ၏။ တန်​ခိုး​လည်း ကြီး​တော်​မူ၏။ သို့​ရာ​တွင်၊ အ​ပြစ်​တည်​သော သူ​တို့​ကို အ​ပြစ်​မှ လွှတ်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ပွေ၌​လည်း​ကောင်း၊ မိုး​သက်​မုန်​တိုင်း၌​လည်း​ကောင်း​ကြွ​တော်​မူ၍၊ မိုး​တိမ်​တို့​သည် စက်​တော်​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ၏။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 4,
      "text": "ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 5,
      "text": "ကိုယ်​တော်​ကြောင့် တောင်​တို့​သည် တုန်​လှုပ်​လျက်၊ ကုန်း​တို့​သည် အ​ရည်​ကျို​လျက်၊ ရှေ့​တော်၌ မြေ​ကြီး​နှင့် လော​က​ဓာတ်​မှ​စ၍ လော​က​သား​အ​ပေါင်း​တို့​သည် ရွေ့​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 6,
      "text": "အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 8,
      "text": "ရန်​သူ​နေ​ရာ​ကို လွှမ်း​မိုး​သော​မြစ်​ရေ​နှင့် ဆုံး​ရှုံး​စေ​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ကို မှောင်​မိုက်​လိုက်​လိမ့်​မည်။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ အ​ဘယ်​သို့ ကြံ​စည်​ကြ​သ​နည်း။ အ​ပြီး​ဆုံး​ရှုံး​စေ​တော်​မူ​မည်။ တစ်​ဖန် နှိပ်​နင်း​စ​ရာ အ​ကြောင်း​မ​ရှိ​ရ။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 10,
      "text": "သူ​တို့​သည် ဆူး​ပင်​ကဲ့​သို့ အ​ချင်း​ချင်း ညှိ​တွယ်​လျက်၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့​ဖြစ်​လျက်၊ သွေ့​ခြောက်​သော အ​မှိုက်​ကဲ့​သို့ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​ကောင်း​သော အ​ကြံ​ကို ကြံ​စည်​သော အ​ဓ​မ္မ​တိုင်​ပင်​အ​မတ်​သည် သင့်​အ​ထဲ​က ပေါ်​လာ​ပြီ။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် စုံ​လင်၍ အ​ရေ​အ​တွက်​အား​ဖြင့် များ​ပြား​သော်​လည်း၊ ဆုံး​ရှုံး၍ ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။ သင့်​ကို ငါ​ညှဉ်း​ဆဲ​ဖူး​သော်​လည်း နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 13,
      "text": "ယ​ခု​မှာ သင်၌ သူ​တင်​သော ထမ်း​ပိုး​ကို ငါ​ချိုး​ပယ်၍၊ ချည်​နှောင်​သော ကြိုး​တို့​ကို​လည်း ဖြတ်​မည်။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 14,
      "text": "သင်၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး မ​ဆက်​မ​နွယ်​ရ။ ထု​သော​ရုပ်​တု​နှင့် သွန်း​သော ရုပ်​တု​တို့​ကို သင်၏​ဘု​ရား​ကျောင်း​မှ ငါ​ပယ်​ရှင်း​မည်။ သင်​သည် ယုတ်​မာ​သော​ကြောင့် သင်၏​သင်္ချိုင်း​ကို ငါ​လုပ်​မည်။"
    },
    {
      "book": 34,
      "chapter": 1,
      "verse": 15,
      "text": "ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​စ​ကား​ကို ကြား​ပြော​သော​သူ၏ ခြေ​တို့​ကို တောင်​ပေါ်​မှာ ကြည့်​ကြ​လော့။ အို ယု​ဒ​အ​မျိုး၊ သင်၏​ဓ​မ္မ​ပွဲ​ကို​ခံ​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​လော့။ အ​ဓ​မ္မ​လူ​သည် ရှင်း​ရှင်း​ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​သော​ကြောင့် နောက်​တစ်​ဖန်​သင့်​ကို မ​ကျော်​မ​နင်း​ရ။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 1,
      "text": "ဖျက်​ဆီး​သော​သူ​သည် သင့်​ရှေ့​သို့ ရောက်​လာ​ပြီ။ သင်၏​ရဲ​တိုက်​ကို သ​တိ​ပြု​လော့။ လမ်း​ကို စောင့်​လော့။ ကိုယ်​ခါး​ကို ခိုင်​ခံ့​စေ​လော့။ ကျပ်​ကျပ် အား​ယူ​လော့။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ၏​ဘုန်း​ကဲ့​သို့ ယာ​ကုပ်၏​ဘုန်း​ကို ပြု​ပြင်​တော်​မူ၏။ သုတ်​သင်​သော​သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို သုတ်​သင်၍၊ သူ၏​အ​ခက်​အ​လက်​တို့​ကို ပယ်​ရှင်း​ကြ​ပြီ။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 3,
      "text": "သူ​ရဲ​တို့​သည် နီ​သော ဒိုင်း​လွှား​ကို​ဆောင်၍၊ နီ​သော​အ​ဝတ်​ကို ဝတ်​ကြ၏။ ခင်း​ကျင်း​သော​နေ့၌ ရ​ထား​တို့​သည် သံ​လက်​နက်​နှင့် တောက်​ပ၍၊ လှံ​တံ​တို့​သည် အ​လွန်​လှုပ်​ရှား​ကြ၏။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 4,
      "text": "ရ​ထား​တို့​သည် လမ်း၌​ဟုန်း​ဟုန်း​မြည်၍၊ လမ်း​မ​တို့၌ တောင်​မြောက်​ပြေး​ကြ၏။ မီး​ရှူး​အ​ဆင်း​အ​ရောင်​ရှိ၍၊ လျှပ်​စစ်​ကဲ့​သို့ ပြေး​ကြ၏။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 5,
      "text": "စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​တော်​မူ၏။ သူ​တို့​သည် ချီ​သွား​စဉ် သူ​တစ်​ပါး​ကို တွန်း​ချ​ကြ၏။ မြို့​ရိုး​သို့ အ​လျင်​အ​မြန်​သွား၍ ပြ​အိုး​တို့​ကို ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 6,
      "text": "မြစ်​တံ​ခါး​ပွင့်​လျှင်၊ နန်း​တော်​သည် ကွယ်​ပျောက်၏။ နိ​နေ​ဝေ​သ​တို့​သ​မီး​ကို အ​ဝတ်​ချွတ်၍ ထုတ်​ရ၏။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 7,
      "text": "အ​ပျို​တော်​တို့​သည် ချိုး​ကဲ့​သို့ ကူ၍ ရင်​ပတ်​ကို တီး​လျက် လိုက်​ရ​ကြ၏။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 8,
      "text": "ရှေး​ကာ​လ​မှ​စ၍ နိ​နေ​ဝေ​မြို့​သည် ရေ​ကန်​ကဲ့​သို့ ဖြစ်၏။ ယ​ခု​မူ​ကား၊ ရေ​တို့​သည် စီး​ထွက်​ကြ၏။ ရပ်​ကြ။ ရပ်​ကြ​ဟု ဟစ်​သော်​လည်း အ​ဘယ်​သူ​မျှ ပြန်၍​မ​ကြည့်။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 9,
      "text": "ငွေ​ကို လု​ယူ​ကြ။ ရွှေ​ကို​လည်း လု​ယူ​ကြ။ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ရွှေ​တိုက်​တော်​ထဲ​က ထုတ်၍ မ​ကုန်​နိုင်။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 10,
      "text": "မြို့​တော်​သည် ဟင်း​လင်း​နေ​ရ၏။ ဥ​စ္စာ​မ​ရှိ၊ လူ​ဆိတ်​ညံ​လျက် ဖြစ်၏။ မြို့​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်၊ ဒူး​ချင်း​ထိ​ခိုက်​လျက်၊ အ​လွန်​ခါး​ကိုက်​လျက်၊ မျက်​နှာ​မည်း​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 11,
      "text": "ခြင်္သေ့​နေ​ရာ​အ​ရပ်၊ ခြင်္သေ့​ပျို​စား​ရာ​အ​ရပ်၊ ခြင်္သေ့၊ ခြင်္သေ့​မ၊ ခြင်္သေ့​က​လေး​တို့​သည် အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ၊ ကျင်​လည်​ရာ​အ​ရပ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 12,
      "text": "ခြင်္သေ့​သည် သား​ငယ်​များ ဖို့​ကိုက်​ဖြတ်​လျက်၊ ခြင်္သေ့​မ​တို့ လည်​ပင်း​ကို ညှစ်​လျက်၊ လု​ယူ​ဖျက်​ဆီး​သော အ​ကောင်​များ​ကို​ဆောင်​ခဲ့၍ မိ​မိ​မှီ​ခို​ရာ​တွင်း​တို့​ကို ပြည့်​စေ​တတ်၏။"
    },
    {
      "book": 34,
      "chapter": 2,
      "verse": 13,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်၏​ရ​ထား​တို့​ကို မီး​ခိုး​ထဲ​မှာ မီး​ရှို့​မည်။ သင်၏​ခြင်္သေ့​ပျို​တို့​ကို ဓား​ဖြင့် ဖျက်​ဆီး​မည်။ သင်​လု​ယူ​သော​ဥ​စ္စာ​ကို မြေ​ကြီး​မှ ပယ်​ရှင်း​မည်။ သင်၏​သံ​တ​မန်​တို့ စ​ကား​သံ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​ကြား​ရ။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 1,
      "text": "လူ​အ​သက်​ကို သတ်​တတ်​သော မြို့၌ အ​မင်္ဂ​လာ​ဖြစ်​စေ​သော၊ လှည့်​စား​ခြင်း၊ အ​နိုင်​အ​ထက်​ပြု​ခြင်း​နှင့် ပြည့်​ဝ၏။ ဖမ်း​မိ​သော​အ​ရာ​ကို မ​လွှတ်​တတ်။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 2,
      "text": "နှင်​တံ​နှင့် ရိုက်​သံ၊ လှည်း​ဘီး​လိမ့်​သံ၊ မြင်း​ခုန်​သံ၊ ရ​ထား​ပြေး​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 3,
      "text": "မြင်း​စီး​သူ​ရဲ​သည် မီး​တောက်​သော​ဓား၊ လျှပ်​စစ်​ပြက်​သော လှံ​ကို​ချီ​လျက်၊ တိုက်​သော​သူ​ရဲ​အ​များ​နှင့် သေ​သော​သူ အ​ပုံ​ပုံ​ရှိ​ကြ၏။ အ​သေ​ကောင်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ လူ​သေ​ကောင်​များ​ကို ထိ​မိ၍ လဲ​တတ်​ကြ၏။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 4,
      "text": "အ​ဆင်း​လှ၍ ပြု​စား​တတ်​လျက်၊ မ​တ​ရား​သော မေ​ထုန်​အ​မှု​နှင့် စုန်း​မ​အ​တတ်​အား​ဖြင့်၊ လူ​အ​မျိုး​မျိုး အ​နွယ်​နွယ်​တို့​ကို ကုန်​သွယ်​လုပ်​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​ဖန်​များ​ပြား​သော​ကြောင့်၊"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 5,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ဝတ်​ကို သင်၏​မျက်​နှာ​ပေါ်​မှာ​လှန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​ရှေ့​မှာ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း၊ အ​ရှက်​ကွဲ​ခြင်း​ကို ငါ​ပြ​မည်။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 6,
      "text": "သင်၌ မ​စင်​ကို​ပစ်၍ ညစ်​ညူး​စေ​ပြီး​မှ၊ သူ​တစ်​ပါး​တို့​ကြည့်​စ​ရာ ထား​မည်။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 7,
      "text": "သင့်​ကို မြင်​သ​မျှ​သော သူ​တို့​က၊ နိ​နေ​ဝေ​မြို့ ပျက်​စီး​ပြီ။ အ​ဘယ်​သူ မြည်​တမ်း​မည်​နည်း​ဟု ဆို​လျက်၊ သင့်​ထံ​မှ ပြေး​ကြ​လိမ့်​မည်။ နှစ်​သိမ့်​စေ​သော​သူ​တို့​ကို သင့်​အ​ဖို့ အ​ဘယ်​မှာ ငါ​ရှာ၍ ရ​နိုင်​သ​နည်း။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 8,
      "text": "သင်​သည် မြစ်​ကြား​မှာ တည်​သော နော​မုန်​မြို့​ထက် ကြီး​မြတ်​သ​လော။ ထို​မြို့​ကို ရေ​ဝိုင်း​လျက်၊ ပင်​လယ်​သည် မြို့​ကျုံး​ဖြစ်၏။ မြို့​ရိုး​လည်း ပင်​လယ်​နှင့် စပ်​သ​တည်း။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 9,
      "text": "အဲ​သ​ယော​ပိ​ပြည် နှင့် အဲ​ဂု​တ္တု​ပြည်​သည် သူ၏​လက်​နက်​ဖြစ်၏။ ရေ​တွက်၍ မ​ကုန်​နိုင်။ ဖု​တ​ပြည်​နှင့် လိ​ဗု​ပြည်​လည်း သူ၏​လက်​နက်​အ​ဝင် ဖြစ်၏။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 10,
      "text": "သို့​သော်​လည်း၊ ထို​မြို့​ကို ရန်​သူ​တို့​သည် တိုက်၍ သိမ်း​သွား​ကြ​ပြီ။ မြို့​သား​ငယ်​တို့​ကို လမ်း​ဦး​ရှိ​သ​မျှ​တို့၌ ချိုး​ဖဲ့​လျက်၊ ဂုဏ်​အ​သ​ရေ​ရှိ​သော မြို့​သား​တို့​ကို စာ​ရေး​တံ​ချ​လျက်၊ အား​ကြီး​သော မြို့​သား​အ​ပေါင်း​တို့​ကို သံ​ကြိုး​ဖြင့် ချည်​နှောင်​လျက် ပြု​ကြ​ပြီ။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 11,
      "text": "သင်​သည်​လည်း မိန်း​မော​တွေ​ဝေ​လျက် ပုန်း​ရှောင်၍ နေ​ရ​လိမ့်​မည်။ ရန်​သူ၏​လက်​နှင့် လွတ်​အောင် ခိုင်​ခံ့​သော​အ​ရပ်​ကို ရှာ​ရ​လိမ့်​မည်။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 12,
      "text": "သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ရှေ့​ဦး​စွာ မှည့်​သော​အ​သီး​ကို သီး​သော သင်္ဘော​သ​ဖန်း​ပင်​နှင့် တူ​ကြ​လိမ့်​မည်။ လှုပ်​လျှင် စား​ချင်​သော​သူ၏ ပါး​စပ်​ထဲ​သို့ ကျ​လိမ့်​မည်။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 13,
      "text": "သင်၏​လူ​တို့​သည် သင့်​အ​လယ်၌ မိန်း​မ​ကဲ့​သို့​ဖြစ်၍၊ ပြည်​တံ​ခါး​တို့​သည် ရန်​သူ​တို့​အား ကျယ်​ကျယ်​ပွင့်​လျက်၊ ကန့်​လန့်​ကျင်​တို့​သည် မီး​လောင်​လိမ့်​မည်။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 14,
      "text": "ရန်​သူ​ဝိုင်း​ထား​သော ကာ​လ​ဖို့ ရေ​ကို ခပ်​ထား​လော့။ ရဲ​တိုက်​တို့​ကို ခိုင်​ခံ့​စေ​လော့။ ရွှံ့​ထဲ​သို့ ဝင်၍ အုတ်​မြေ​ကို နင်း​နယ်​လော့။ အုတ်​ဖို​ကို ပြင်​ဆင်​လော့။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 15,
      "text": "ထို​အ​ရပ်၌​ပင် သင့်​ကို မီး​လောင်​လိမ့်​မည်။ ဓား​နှင့် ခုတ်​ဖြတ်​လိမ့်​မည်။ ယာ​လက်​ကျိုင်း​ကိုက်​စား​သ​ကဲ့​သို့ ကိုက်​စား​လိမ့်​မည်။ ယာ​လက်​ကျိုင်း​နှင့် အ​ရာ​ဘ​ကျိုင်း​ကောင်​တို့​သည် များ​သ​ကဲ့​သို့ သင်၏​လူ​တို့​ကို များ​ပြား​စေ​ခြင်း​ငှာ ကြိုး​စား​လော့။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 16,
      "text": "မိုး​ကောင်း​ကင်​ကြယ်​များ​သည်​ထက်၊ သင်၏​ကုန်​သည်​တို့​ကို များ​ပြား​စေ​သော်​လည်း၊ ယာ​လက်​ကျိုင်း​တို့​သည် နှံ့​ပြား၍ ပျံ​သွား​တတ်​ကြ၏။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 17,
      "text": "သင်၏​မင်း​သား​တို့​သည် အ​ရာ​ဘ​ကျိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ဗိုလ်​တို့​သည် ဂေါ​ဘ​ကျိုင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၍၊ ချမ်း​သော​အ​ခါ စောင်​ရန်း​နား​မှာ ဝပ်​တတ်​ကြ၏။ နေ​ထွက်​သော​အ​ခါ ပျံ​သွား၍ အ​ဘယ်​အ​ရပ်​သို့ ရောက်​သည်​ကို မ​သိ​ရ။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 18,
      "text": "အို အာ​ရှု​ရိ​ရှင်​ဘု​ရင်၊ သင်၏​သိုး​ထိန်း​တို့​သည် အိပ်​ပျော်​လျက်၊ သင်၏​မှူး​မတ်​တို့​သည် ကျိန်း​ဝပ်​လျက်၊ သင်၏​လူ​အ​ပေါင်း​တို့​သည် တောင်​ရိုး​ပေါ်​မှာ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​ရှိ၍၊ အ​ဘယ်​သူ​မျှ မ​စု​ဝေး​စေ။"
    },
    {
      "book": 34,
      "chapter": 3,
      "verse": 19,
      "text": "သင်၏​အ​နာ​မ​ပျောက်​နိုင်။ ပြင်း​စွာ​ခံ​ရ၏။ သင်၏​သ​တင်း​ကို ကြား​သ​မျှ​သော သူ​တို့​သည် သင့်​အ​ပေါ်​မှာ လက်​ခုပ်​တီး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို​မ​ခံ​ဘဲ လွတ်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ပ​ရော​ဖက်​နာ​ဟုံ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 1,
      "text": "ပ​ရော​ဖက်​ဟ​ဗ​က္ကုတ်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား၊"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 2,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကြား​တော်​မ​မူ​ဘဲ၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​ကျွန်ုပ် အော်​ဟစ်​ရ​ပါ​မည်​နည်း။ ကယ်​တင်​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​သည် အ​ဓ​မ္မ​အ​မှု​ကို​ခံ၍၊ ရှေ့​တော်၌ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အော်​ဟစ်​ရ​ပါ​မည်​နည်း။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 3,
      "text": "မ​တ​ရား​သော​အ​မှု​ကို အ​ကျွန်ုပ်​အား အ​ဘယ်​ကြောင့် ပြ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​အ​မှု​ကို အ​ဘယ်​ကြောင့် မြင်​စေ​တော်​မူ​သ​နည်း။ လု​ယူ​ခြင်း၊ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​မှု​သည် အ​ကျွန်ုပ်​ရှေ့​မှာ အ​ဘယ်​ကြောင့် ရှိ​ရ​ပါ​သ​နည်း။ ငြင်း​ခုံ​ခြင်း၊ ရန်​တွေ့​ခြင်း​ကို​လည်း အ​ဘယ်​ကြောင့် လူ​ချင်း​ပြု​ရ​ပါ​သ​နည်း။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 4,
      "text": "သို့​ဖြစ်၍ တ​ရား​လျော့​ပါ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ခြင်း မ​ရှိ​ပါ။ မ​တ​ရား​သော​သူ​တို့​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ဝိုင်း​သော​ကြောင့်၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ကြ​ပါ၏။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 5,
      "text": "သ​စ္စာ​ပျက်​သော​သူ​တို့၊ ကြည့်​ရှု​ဆင်​ခြင်၍ အ​လွန်​မှိုင်​တွေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အား သူ​တစ်​ပါး​ပြ​ညွှန်​သော်​လည်း သင်​တို့ မ​ယုံ​သော​အ​မှု​ကို သင်​တို့​လက်​ထက်​ကာ​လ၌ ငါ​ပြု၏။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 6,
      "text": "ပြင်း​ထန်​လျင်​မြန်​သော ခါ​လ​ဒဲ​အ​မျိုး​ကို ငါ​နှိုး​ဆော်၏။ ကိုယ်​မ​ပိုင်​သော နေ​ရာ​အ​ရပ်​တို့​ကို သိမ်း​ယူ​ခြင်း​ငှာ မြေ​တစ်​ပြင်​လုံး၌ ချီ​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 7,
      "text": "အ​လွန်​ကြောက်​မက်​ဖွယ်​သော သူ​ဖြစ်၍ ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ၏။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 8,
      "text": "သူ​တို့၏​မြင်း​သည် ကျား​သစ်​ထက်​လျင်​မြန်၏။ ည၌ လည်​သော​တော​ခွေး​ထက် ကြမ်း​တမ်း၏။ မြင်း​စီး​သူ​ရဲ​တို့​သည် အ​ဝေး​က​လာ၍ ခုန်​ကြ​လိမ့်​မည်။ အ​ကောင်​ကို ကိုက်​စား​ခြင်း​ငှာ လျင်​မြန်​သော ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 9,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ငှာ လာ​ကြ၏။ ရှေ့​သို့​သာ မျက်​နှာ​ပြု​သော အ​လုံး​အ​ရင်း​ဖြစ်၍၊ ဖမ်း​မိ​သော​သူ​တို့​ကို သဲ​လုံး​နှင့်​အ​မျှ စု​ဝေး​စေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 10,
      "text": "ရှင်​ဘု​ရင်​တို့​ကို အား​မ​နာ၊ မင်း​များ​တို့​ကို ပြက်​ရယ် ပြု​ကြ​လိမ့်​မည်။ ရဲ​တိုက်​ရှိ​သ​မျှ​တို့​ကို ကဲ့​ရဲ့​လျက်၊ မြေ​မှုန့်​ကို​ပုံ​ထား၍ တိုက်​ယူ​ကြ​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 11,
      "text": "ထို​နောက် သူ​တို့​သည် သ​ဘော​ပြောင်း​လဲ​လျက် လွန်​ကျူး၍ အ​ပြစ်​ခံ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​တန်​ခိုး​သည် မိ​မိ​တို့​ဘု​ရား ဖြစ်​လေ​သည်​တ​ကား။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 12,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နိ​စ္စ​ထာ​ဝ​ရ တည်​တော်​မူ​သည်​မ ဟုတ်​လော။ သို့​ဟုတ်​လျှင်၊ အ​ကျွန်ုပ်​တို့​သည် သေ​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို စစ်​ကြော​စေ​ခြင်း​ငှာ သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ အို ကျောက်​ထ​ရံ၊ ဆုံး​မ​စေ​ခြင်း​ငှာ သူ​တို့​ကို နေ​ရာ​ချ​တော်​မူ​ပြီ။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 13,
      "text": "ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 14,
      "text": "လူ​သ​တ္တ​ဝါ​တို့​ကို​လည်း ပင်​လယ်​ငါး​ကဲ့​သို့​လည်း​ကောင်း၊ မင်း​မ​ရှိ​သော ပိုး​ကောင်​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​ကြောင့် ဖြစ်​စေ​တော်​မူ​သ​နည်း။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 15,
      "text": "ရန်​သူ​သည် ထို​သူ​အ​ပေါင်း​တို့​ကို ငါး​မျှား​နှင့် မျှား​လျက်၊ ကွန်​နှင့်​အုပ်​လျက်၊ ပိုက်​နှင့်​လှောင်​လျက် ဝမ်း​မြောက်​ရွှင်​လန်း​တတ်၏။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 16,
      "text": "မိ​မိ​ကျွန်​အား ယဇ်​ပူ​ဇော်၍၊ မိ​မိ​ပိုက်​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။ အ​ကြောင်း​မူ​ကား၊ ထို​တန်​ဆာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၍ ဝ​စွာ​စား​ရ၏။"
    },
    {
      "book": 35,
      "chapter": 1,
      "verse": 17,
      "text": "သို့​ဖြစ်၍၊ သူ​သည် ပိုက်​ကွန်​ထဲ​က ငါး​တို့​ကို သွန်း​လောင်း​ရ​ပါ​မည်​လော။ လူ​အ​မျိုး​မျိုး​တို့​ကို မ​နှ​မြော​ဘဲ အ​စဉ်​လုပ်​ကြံ​ရ​ပါ​မည်​လော။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 1,
      "text": "ငါ​သည် ငါ့​လင့်​စင်​ပေါ်​မှာ ရပ်​လျက်၊ ရဲ​တိုက်၌ အ​မြဲ​နေ​လျက်၊ ငါ့​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ အ​ပြစ်​တင်​လျှင် အ​ဘယ်​သို့ ပြန်​လျှောက်​ရ​မည်​ကို​လည်း​ကောင်း ငါ​စောင့်၍ နေ​စဉ်​တွင်၊"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဖတ်​သော​သူ​သည် ပြေး​လျက် ဖတ်​နိုင်​အောင်၊ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို သင်​ပုန်း​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရေး​မှတ်​လော့။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 3,
      "text": "ထို​ရူ​ပါ​ရုံ​သည် ချိန်း​ချက်​သော အ​ချိန်​နှင့်​ဆိုင်၍ အ​မှု​ကုန်​ရ​သော​ကာ​လ​ကို ဆို​လို၏။ မု​သား​နှင့် ကင်း​လွတ်၏။ ဆိုင်း​သော်​လည်း မျှော်​လင့်​လော့။ နောက်​မ​ကျ​ဘဲ ဧ​ကန်​အ​မှန်​ရောက်​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 4,
      "text": "စိတ်​မြင့်​သော​သူ​သည် သ​ဘော​မ​ဖြောင့်။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မိ​မိ​ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 5,
      "text": "ထို​မှ​တစ်​ပါး၊ စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​သော​သူ​သည် သ​စ္စာ​ပျက်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​သည် ကိုယ်​နေ​ရာ၌ မ​နေ​နိုင်​ဘဲ၊ မိ​မိ​လော​ဘ​ကို မ​ရ​ဏ​နိုင်​ငံ​ကဲ့​သို့ ကျယ်​စေ​လျက်၊ သေ​မင်း​ကဲ့​သို့ မ​ပြေ​နိုင်​သော စိတ်​ရှိ​လျက်၊ တိုင်း​သူ​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို မိ​မိ​ထံ​သို့​ဆွဲ​ငင်၍ စု​ဝေး​စေ၏။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 6,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် သူ​တစ်​ဖက်၌ ပုံ​စ​ကား​နှင့် ကဲ့​ရဲ့​သော နိ​မိတ်​စ​ကား​ကို သုံး​ဆောင်​လျက်၊ ကိုယ်​မ​ပိုင်​သော ဥ​စ္စာ​ကို ဆည်း​ပူး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​ပေါ်​မှာ ကြွေး​များ​ကို တင်​စေ​ပါ​လိမ့်​မည်​နည်း​ဟု မြွက်​ဆို​ကြ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 7,
      "text": "သင့်​ကို​ကိုက်​သော သူ​တို့​သည် ချက်​ချင်း​ထ​ကြ​မည် မ​ဟုတ်​လော။ နှောင့်​ယှက်​သော​သူ​တို့​သည် နိုး​ကြ​မည် မ​ဟုတ်​လော။ သင်​သည် သူ​တို့​လု​ယူ​ရာ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 8,
      "text": "သင်​သည် များ​စွာ​သော​လူ​မျိုး​တို့​ကို လု​ယူ​သော​ကြောင့်၊ ကျန်​ကြွင်း​သော လူ​မျိုး​အ​ပေါင်း​တို့​သည် သင့်​ကို လု​ယူ​ကြ​လိမ့်​မည်။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်၊ ပြည်​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ညှဉ်း​ဆဲ​သော​အ​ပြစ်​ကြောင့် ပြု​ကြ​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 9,
      "text": "မိ​မိ​အ​သိုက်​ကို မြင့်​သော အ​ရပ်၌​တင်၍ ဘေး​ဒဏ်​လက်​မှ မိ​မိ​လွတ်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ဓ​မ္မ​စီး​ပွား​ကို မိ​မိ​အ​မျိုး​အ​ဖို့ ရှာ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 10,
      "text": "သင်​သည် လူ​များ​တို့​ကို လုပ်​ကြံ​သော​အား​ဖြင့် ကိုယ်​အ​မျိုး​ကို အ​ရှက်​ကွဲ​စေ​ခြင်း​ငှာ ကြံ​စည်၍၊ ကိုယ်​အ​သက်​ကို ပြစ်​မှား​ပြီ။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 11,
      "text": "အ​ကယ်​စင်​စစ် ကျောက်​တစ်​လုံး​သည် ကျောက်​ထ​ရံ​ထဲ​က ဟစ်​ခေါ်၍၊ ထုပ်​တစ်​ချောင်း​သည် သစ်​သား​စု​ထဲ​က ထူး​လေ၏။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 12,
      "text": "လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​နှင့် ရွာ​ကို တည်​သော​သူ၊ အ​ဓ​မ္မ​အ​မှု​နှင့် မြို့​ကို ခိုင်​ခံ့​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 13,
      "text": "လူ​များ​တို့​သည် မီး​ထဲ​မှာ လုပ်​ဆောင်၍၊ အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​သော အ​မှု၌ ပင်​ပန်း​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ပြီ။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 15,
      "text": "မိ​မိ​အိမ်​နီး​ချင်း၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို မြင်​လို၍၊ သူ့​ကို​ယစ်​မူး​စေ​ခြင်း​ငှာ သေ​ရည်​သေ​ရက်​ကို လောင်း၍ သောက်​စေ​သော သူ​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 16,
      "text": "သင်​သည် အ​သ​ရေ​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​နှင့် ဝ​လိမ့်​မည်။ ကိုယ်​တိုင်​သောက်၍ အ​ဝတ်​ချွတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်၌​ရှိ​သော ဖ​လား​သည် သင့်​ဆီ​သို့​ရောက်၍၊ ရွံ​ရှာ​ဖွယ်​သော အော့​အန်​ခြင်း​သည် သင့်​အ​သ​ရေ​ကို လွှမ်း​မိုး​လိမ့်​မည်။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 17,
      "text": "လေ​ဗ​နုန်​တောင်​ကို အ​နိုင်​အ​ထက်​ပြု​သော အ​ပြစ်၊ တိ​ရ​စ္ဆာန်​များ​ကို ကြောက်​မက်​ဖွယ်​သော​အ​ခြင်း​အ​ရာ​နှင့် ဖျက်​ဆီး​သော​အ​ပြစ်​သည် သင့်​ကို လွှမ်း​မိုး​လိမ့်​မည်။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်၊ ပြည်​သူ​မြို့​သား အ​ပေါင်း​တို့​ကို ညှဉ်း​ဆဲ​သော အ​ပြစ်​ရှိ၏။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 18,
      "text": "ထု​လုပ်​သော ရုပ်​တု​သည် အ​ဘယ်​အ​ကျိုး​ကို ပေး၍၊ လက်​သ​မား​သည် ထု​လုပ်​ရ​သ​နည်း။ သွန်း​သော​ရုပ်​တု​နှင့် မိ​စ္ဆာ​ဆ​ရာ​သည် အ​ဘယ်​အ​ကျိုး​ကို​ပေး၍၊ လုပ်​သော​သူ​သည် မိ​မိ​အ​လုပ်​ကို မှီ​ခို​လျက်၊ စ​ကား​အ​သော ရုပ်​တု​တို့​ကို လုပ်​ရ​သ​နည်း။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 19,
      "text": "သစ်​သား​အား၊ နိုး​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း၊ စ​ကား​အ​သော ကျောက်​အား၊ ထ​တော်​မူ​ပါ ဟူ၍​လည်း​ကောင်း ဆို​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​အ​ရာ​သည် သွန်​သင်​လိမ့်​မည်​လော။ ရွှေ​ငွေ​နှင့် မွမ်း​မံ​လျက်​ရှိ၏။ အ​တွင်း၌ အ​သက်​အ​လျှင်း​မ​ရှိ​ပါ​တ​ကား။"
    },
    {
      "book": 35,
      "chapter": 2,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ သန့်​ရှင်း​သော​ဗိ​မာန်​တော်၌ ရှိ​တော်​မူ၏။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 1,
      "text": "ပ​ရော​ဖက်​ဟ​ဗ​က္ကုတ်၏ ပ​တ္ထ​နာ​စ​ကား​တည်း​ဟူ​သော ရှိ​ဂျော​နုတ်​သီ​ချင်း၊"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 2,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​သည် တေ​မန်​မြို့​မှ​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဘု​ရား​သည် ပါ​ရန်​တောင်​မှ​လည်း​ကောင်း ကြွ​တော်​မူ၏။ ဘုန်း​တော်​သည် မိုး​ကောင်း​ကင်​ကို ဖုံး​အုပ်​လျက်၊ မြေ​ကြီး​သည် ဂုဏ်​အ​သ​ရေ​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 4,
      "text": "အ​ဆင်း​အ​ရောင်​တော်​သည် နေ​ရောင်​ကဲ့​သို့ ဖြစ်၏။ လက်​တော်​မှ ရောင်​ခြည်​သည် ထွက်၍၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကွယ်​ကာ​လေ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 5,
      "text": "ရှေ့​တော်၌ ကာ​လ​နာ​ဘေး​သည်​သွား၍၊ ပူ​လောင်​ခြင်း​ဘေး​သည် ခြေ​တော်​ကို ခြံ​ရံ​လျက်​ရှိ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 6,
      "text": "ရပ်၍ မြေ​ကြီး​ကို​တိုင်း​တော်​မူ၏။ ကြည့်​ရှု၍ လူ​မျိုး​တို့​ကို တုန်​လှုပ်​စေ​တော်​မူ၏။ အ​စဉ်​အ​မြဲ​တည်​သော တောင်​တို့​သည် ကျိုး​ပဲ့၍၊ ထာ​ဝ​ရ​ကုန်း​ရိုး​တို့​သည် ညွတ်​ကြ၏။ ထာ​ဝ​ရ​လမ်း​တို့​ကို ကြွ​တော်​မူ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 7,
      "text": "ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 8,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကယ်​တင်​ရာ​မြင်း​ရ​ထား​တော်​ကို စီး​တော်​မူ​မည်​အ​ကြောင်း၊ မြစ်​တို့​ကို အ​မျက်​ထွက်​တော်​မူ​သ​လော။ မြစ်​များ​တစ်​ဖက်၌ စိတ်​ထ​တော်​မူ​သ​လော။ ပင်​လယ်​ကို ရန်​ငြိုး​ဖွဲ့​တော်​မူ​သ​လော။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 9,
      "text": "ကိုယ်​တော်​သည် အ​မျိုး​အ​နွယ်​တော်​တို့၌ ထား​တော်​မူ​သော သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း၊ လေး​လက်​နက်​တော်​ကို ထုတ်​ပြ​တော်​မူ၏။ မြေ​ကြီး၌ မြစ်​တို့​ကို ပေါက်​စေ​တော်​မူ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 10,
      "text": "တောင်​တို့​သည် ကိုယ်​တော်​ကို မြင်၍ တုန်​လှုပ်​ကြ​ပါ၏။ လျှံ​သော​ရေ​သည် လွှမ်း​မိုး​ပါ၏။ ပင်​လယ်​သည် အော်​ဟစ်၍ လက်​ကို ချီ​ပါ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 11,
      "text": "နေ​နှင့် လ​သည် မိ​မိ​တို့​နေ​ရာ၌ ရပ်၍ နေ​ပါ၏။ သူ​တို့ အ​လင်း၌ မြား​တော်​တို့​သည် သွား၍၊ သူ​တို့​ရောင်​ခြည်၌ လှံ​တော်​သည်​လည်း လျှပ်​စစ်​ပြက်​ပါ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 12,
      "text": "အ​မျက်​တော်​ထွက်​လျက် တစ်​ပြည်​လုံး ချီ​သွား၍၊ ဒေါ​သ​စိတ်​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို နင်း​နယ်​တော်​မူ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 13,
      "text": "ကိုယ်​တော်၏​လူ​တို့​ကို ကယ်​တင်​ခြင်း၊ ကိုယ်​တော်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ ထွက်​ကြွ​တော်​မူ၏။ အ​ဓ​မ္မ​လူ၏​အိမ်၌ ဦး​ခေါင်း​ကို နှိပ်​စက်၍၊ မူ​လ​အ​မြစ်​ကို လည်​ပင်း​တိုင်​အောင် ပယ်​ရှင်း​တော်​မူ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 14,
      "text": "ဗိုလ်​မင်း​တို့၏ ဦး​ခေါင်း​ကို မြား​တော်​တို့​နှင့် ထုတ်​ချင်း​ခပ် ထိုး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို လွင့်​စေ​ခြင်း​ငှာ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့ တိုက်​ကြ​ပါ၏။ ဆင်း​ရဲ​သား​တို့​ကို အ​မှတ်​တ​မဲ့ ကိုက်​စား​မည့်​အ​ကြံ​ရှိ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​ပါ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 15,
      "text": "ကိုယ်​တော်​သည် မြင်း​တော်​များ​ကို စီး၍၊ ရေ​ဟုန်း​ဟုန်း​မြည်​သော ပင်​လယ်​အ​လယ်​သို့ ချီ​သွား​တော်​မူ၏။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 16,
      "text": "ဗျာ​ဒိတ်​တော်​သံ​ကို ငါ​ကြား​သော​အ​ခါ ရင်၌ လှုပ်​ရှား​ခြင်း၊ မေး​ခိုင်​ခြင်း၊ အ​ရိုး​ဆွေး​မြေ့​ခြင်း၊ တစ်​ကိုယ်​လုံး တုန်​လှုပ်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​မှု​ရောက်​သော​နေ့၊ လုပ်​ကြံ​သော​သူ​သည် ငါ၏​လူ​မျိုး​ကို တိုက်​လာ​သော နေ့​တိုင်​အောင် ငါ​သည် နေ​ရစ်​ရ​မည်။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 17,
      "text": "သင်္ဘော​သ​ဖန်း​ပင် မ​ပွင့်​ရ၊ စ​ပျစ်​ပင် မ​သီး​ရ၊ သံ​လွင်​ပင်၏​ကျေး​ဇူး​ကို မျှော်​လင့်၍​မ​ခံ​ရ၊ လယ်​တို့​သည် အ​သီး​အ​နှံ​ကို မ​ပေး​ရ၊ သိုး​ခြံ၌ သိုး​ကုန်၍ တင်း​ကုပ်၌ နွား​မ​ရှိ​ရ။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 18,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။"
    },
    {
      "book": 35,
      "chapter": 3,
      "verse": 19,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ပ​ရော​ဖက်​ဟ​ဗ​က္ကုတ် စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 1,
      "text": "ယု​ဒ​ရှင်​ဘု​ရင်​အာ​မုန်​သား ယော​ရှိ​မင်း​လက်​ထက်၊ ဟိ​ဇ​ကိ၊ အာ​မ​ရိ၊ ဂေ​ဒ​လိ​တို့​မှ ဆင်း​သက်​သော ကု​ရှိ၏​သား ဇေ​ဖ​နိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 2,
      "text": "ပြည်​တစ်​ပြည်​လုံး၌ ရှိ​လေ​သ​မျှ​တို့​ကို အ​ကုန်​အ​စင် ငါ​သုတ်​သင်​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 3,
      "text": "လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ရှင်း​မည်။ မိုး​ကောင်း​ကင်​ငှက်​နှင့် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​တို့​နှင့်​တ​ကွ ပြစ်​မှား​စ​ရာ​အ​ကြောင်း​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။ မြေ​တစ်​ပြင်​လုံး၌​ရှိ​သော လူ​သ​တ္တ​ဝါ​တို့​ကို​လည်း ငါ​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 4,
      "text": "ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ကို ငါ​တိုက်၍၊ ဤ​အ​ရပ်၌ ကျန်​ကြွင်း​သော ဗာ​လ​ဘု​ရား၏​တ​ပည့်​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 5,
      "text": "ကောင်း​ကင်​တန်​ဆာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ကိုး​ကွယ်​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် မာ​လ​ခံ​ဘု​ရား​ကို​တိုင်​တည်​လျက် ကျိန်​ဆို​ကိုး​ကွယ်​သော သူ​တို့​ကို​လည်း​ကောင်း၊"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နောက်​တော်​သို့​မ​လိုက်၊ ဆုတ်​သွား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဖွေ၊ မ​မေး​မြန်း​သော သူ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 7,
      "text": "အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်၌ ငြိမ်​သက်​စွာ နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ယဇ်​ပွဲ​တော်​ကို ပြင်​ဆင်၍၊ ပွဲ​ဝင်​သော​သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား ပွဲ​ခံ​တော်​မူ​သော​နေ့၌ မင်း​များ၊ ဆွေ​တော်​မျိုး​တော်​များ​နှင့် ထူး​ခြား​စွာ​ဝတ်​သော​သူ​များ အ​ပေါင်း​တို့​ကို ငါ​စစ်​ကြော​မည်။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 9,
      "text": "သူ​တစ်​ပါး၏ အိမ်​တံ​ခါး​ခုံ​ကို ကျော်၍ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လှည့်​စား​ခြင်း​အား​ဖြင့်​ရ​သော ဥ​စ္စာ​နှင့် မိ​မိ​သ​ခင်၏ အိမ်​ကို ပြည့်​စေ​သော​သူ အ​ပေါင်း​တို့​ကို​လည်း ထို​နေ့၌ ငါ​စစ်​ကြော​မည်။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နေ့၌ ငါး​တံ​ခါး​ဝ​မှာ အော်​ဟစ်​သံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​မြို့၌ ငို​ကြွေး​မြည်​တမ်း​သံ​ကို​လည်း​ကောင်း၊ တောင်​ရိုး၌ ပြင်း​စွာ ချိုး​ဖျက်​သံ​ကို​လည်း​ကောင်း ကြား​ရ၏။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 11,
      "text": "မ​တ္တေ​ရှ​အ​ရပ်​သား​တို့၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ကုန်​သည်​အ​ပေါင်း​တို့​သည် ပြတ်​ကြ​ပြီ။ ငွေ​ကို​ဆောင်​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ကြ​ပြီ။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 12,
      "text": "ထို​ကာ​လ၌ ငါ​သည် မီး​ခွက်​ကို​ကိုင်၍ ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ကြော​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ကို​လည်း​မ​ပြု၊ အ​ပြစ်​ကို​လည်း မ​ပေး​ဟု အောက်​မေ့​လျက်၊ မိ​မိ​တို့ အ​နည်​အ​ဖတ်​ပေါ်၌ နေ​ရာ​ကျ​သော သူ​တို့​ကို ငါ​စစ်​ကြော​မည်။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 13,
      "text": "ထို​သူ​တို့၏​ဥ​စ္စာ​ကို သူ​တစ်​ပါး​လု​ယူ၍၊ သူ​တို့၏ နေ​ရာ​သည် လူ​ဆိတ်​ညံ​လျက် ရှိ​လိမ့်​မည်။ အိမ်​ကို​ဆောက်​သော်​လည်း မ​နေ​ရ​ကြ။ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နေ့​ကြီး​နီး​ပြီ။ နီး​ပြီ။ အ​လျင်​အ​မြန်​လာ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​သ​တင်း​သည် နား၌ ခါး၏။ ထို​နေ့၌ သူ​ရဲ​သည် အော်​ဟစ်​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 15,
      "text": "ထို​နေ့​သည် အ​မျက်​ထွက်​သော​နေ့၊ ဆင်း​ရဲ​ပူ​ပန်​ခြင်း​ကို ခံ​ရ​သော​နေ့၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ရာ​နေ့၊ အ​လင်း​ကွယ်၍ မှောင်​မိုက်​သော​နေ့၊ မိုး​အုံ့၍ ထူ​ထပ်​သော​မှောင်​မိုက်​ဖုံး​လွှမ်း​သော​နေ့၊"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 16,
      "text": "ခိုင်​ခံ့​သော​မြို့၊ မြင့်​သော​ရဲ​တိုက်​တို့​တစ်​ဖက်၌ တံ​ပိုး​မှုတ်၍ ကြွေး​ကြော်​ရာ​နေ့ ဖြစ်၏။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 17,
      "text": "သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ သူ​တို့​ကို ငါ​ညှဉ်း​ဆဲ​သ​ဖြင့် မျက်​စိ​မ​မြင်​သော သူ​ကဲ့​သို့ သွား​ကြ​လိမ့်​မည်။ သူ​တို့​အ​သွေး​ကို မြေ​မှုန့်​ကဲ့​သို့​သွန်း၍ အ​သား​ကို​လည်း မ​စင်​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 1,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 1,
      "text": "အ​ရှက်​မ​ရှိ​သော အ​မျိုး​သား​တို့၊ ကိုယ်​ကို စစ်​ကြော​ကြ​လော့။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 2,
      "text": "အ​မိန့်​တော်​အ​တိုင်း မ​စီ​ရင်၊ သင်​တို့ အ​ချိန်​သည် ဖွဲ​ကဲ့​သို့​မ​လွန်၊ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​သို့ မ​ရောက်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​နေ့​သည် သင်​တို့​အ​ပေါ်​သို့ မ​ရောက်​မီ ကိုယ်​ကို စစ်​ကြော​ကြ​လော့။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 3,
      "text": "တ​ရား​တော်​အ​တိုင်း​ကျင့်၍ စိတ်​နှိမ့်​ချ​သော ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ဖြောင့်​မတ်​ခြင်း​နှင့် စိတ်​နှိမ့်​ချ​ခြင်း​ကို​လည်း ရှာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သင်​တို့​သည် ပုန်း​ရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 4,
      "text": "အ​ကယ်​စင်​စစ် ဂါ​ဇ​မြို့​သည် စွန့်​ပစ်​ရာ၊ အာ​ရှ​ကေ​လုန်​မြို့​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လိမ့်​မည်။ အာ​ဇုတ်​မြို့​သား​တို့​ကို မွန်း​တည့်​အ​ချိန်၌ နှင်​ထုတ်၍၊ ဧ​ကြုန်​မြို့​ကို​လည်း ဖြို​ဖျက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 5,
      "text": "အို ပင်​လယ်​ကမ်း​နား​မှာ နေ​သော ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရှိ၏။ အို ဖိ​လိ​တ္တိ​လူ​နေ​ရာ ခါ​နာန်​ပြည်၊ သင်၌ အ​ဘယ်​သူ​မျှ မ​နေ​စေ​ခြင်း​ငှာ ငါ​သုတ်​သင်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 6,
      "text": "ပင်​လယ်​ကမ်း​နား အ​ရပ်​သည် ကျက်​စား​ရာ၊ သိုး​ထိန်း​မှီ​ခို​ရာ၊ သိုး​ခြံ​လုပ်​စ​ရာ​ဖို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 7,
      "text": "ပင်​လယ်​ကမ်း​သည်​လည်း ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့ အ​ဖို့​ဖြစ်၍၊ သူ​တို့​သည် ထို​အ​ရပ်၌ ကျက်​စား​ကြ​လိမ့်​မည်။ ည​အ​ချိန်၌​လည်း အာ​ရှ​ကေ​လုန်​မြို့​ရာ​အိမ်​တို့၌ အိပ်​ကြ​လိမ့်​မည်။ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ၍၊ သိမ်း​သွား​ခြင်း​ဘေး​ကို ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 8,
      "text": "မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ငါ၏​လူ​မျိုး​ကို ကဲ့​ရဲ့​အ​ပြစ်​တင်၍၊ ငါ၏​လူ​နေ​ရာ​တစ်​ဖက်၌ ဝါ​ကြွား​သော​စ​ကား​ကို ငါ​ကြား​ပြီ။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 10,
      "text": "ထို​သူ​တို့​သည် မာ​န​ကြီး​သော​သူ​ဖြစ်၍၊ ကဲ့​ရဲ့​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ လူ​မျိုး​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် ထို​သို့​သော အ​ပြစ်​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 11,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တစ်​ဖက်၌ ကြောက်​မက်​ဖွယ်​ဖြစ်၍၊ လော​ကီ​ဘု​ရား ရှိ​သ​မျှ​တို့​ကို အ​ငတ်​ထား​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ကျွန်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ်၌ ရှိ​ခိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 12,
      "text": "အို ကု​ရှ​ပြည်​သား​တို့၊ သင်​တို့​သည်​လည်း ငါ့​ဓား​ဖြင့် အ​သေ​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 13,
      "text": "မြောက်​မျက်​နှာ​ကို​လည်း​တိုက်၍ အာ​ရှု​ရိ​ပြည်​ကို ဖျက်​ဆီး​တော်​မူ​မည်။ နိ​နေ​ဝေ​မြို့​ကို လူ​ဆိတ်​ညံ​ရာ အ​ရပ်၊ လွင်​ပြင်​ကဲ့​သို့ သွေ့​ခြောက်​သော​အ​ရပ် ဖြစ်​စေ​တော်​မူ​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 14,
      "text": "မြို့​အ​လယ်၌ သိုး​စု​များ​နှင့် တစ်​ပါး​အ​မျိုး သား​ရဲ​အ​ပေါင်း​တို့​သည် အိပ်​ကြ​လိမ့်​မည်။ ဝံ​ပို​နှင့်​ဖြူ​တို့​သည် တံ​ခါး​ထုပ်၌ နေ​ရာ​ကျ၍ ပြ​တင်း​ပေါက်၌ မြည်​ကြ​လိမ့်​မည်။ တံ​ခါး​ခုံ​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ အာ​ရဇ်​သစ်​သား၌ အ​ပြောက်​ပယ်​ရှင်း​လျက် ရှိ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 2,
      "verse": 15,
      "text": "ထို​မြို့​က၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု ဆို​လျက် သော​က​နှင့် ကင်း​လွတ်၍ ဝမ်း​မြောက်​လျက် နေ​ဖူး​သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။ ယ​ခု​မှာ သုတ်​သင်​ပယ်​ရှင်း​ရာ၊ သား​ရဲ​အိပ်​ရာ​အ​ရပ် ဖြစ်​ပါ​သည်​တ​ကား။ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် ကဲ့​ရဲ့​သံ​ကို​ပြု၍ လက်​ဖျား​ခါ​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 1,
      "text": "ဆန့်​ကျင်​ဘက်​ပြု၍ ညစ်​ညူး​လျက် ညှဉ်း​ဆဲ​တတ်​သော မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 2,
      "text": "နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ ဆုံး​မ​တော်​မူ​ခြင်း​ကို​မ​ခံ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ခို​လှုံ၊ မိ​မိ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ မ​ချဉ်း​ကပ်၊"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 3,
      "text": "မြို့​အ​လယ်၌ မင်း​များ​တို့​သည် ဟောက်​သော​ခြင်္သေ့​ဖြစ်​ကြ၏။ တ​ရား​သူ​ကြီး​တို့​သည် နံ​နက်​တိုင်​အောင် အ​ဘယ်​အ​ရာ​ကို​မျှ မ​ချန်​မ​ထား၊ ည၌ လှည့်​လည်​တတ်​သော တော​ခွေး​ဖြစ်​ကြ၏။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 4,
      "text": "ပ​ရော​ဖက်​တို့​သည် လျှပ်​ပေါ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ​ဖြစ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ၍ တ​ရား​တော်​ကို​လည်း ရှုတ်​ချ​ကြ၏။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 5,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​အ​လယ်၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ၏။ မ​တ​ရား​သော အ​မှု​ကို ပြု​တော်​မ​မူ။ နံ​နက်​အ​စဉ်​အ​တိုင်း မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို မ​ချွတ်​မ​ယွင်း ဖော်​ပြ​တော်​မူ၏။ သို့​သော်​လည်း၊ အ​ဓ​မ္မ​လူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ကြ။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 6,
      "text": "လူ​အ​မျိုး​မျိုး​တို့​ကို ငါ​ပယ်​ဖြတ်၍ သူ​တို့​ရဲ​တိုက်​များ​ကို ဖျက်​ဆီး​လေ​ပြီ။ လမ်း​တို့၌ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ​စေ​ခြင်း​ငှာ လူ​ဆိတ်​ညံ​စေ​ပြီ။ မြို့​တို့​ကို​လည်း လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​နေ​စေ​ခြင်း​ငှာ ဖျက်​ဆီး​လေ​ပြီ။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 7,
      "text": "ထို​အ​ခါ ငါ​က၊ အ​ကယ်​စင်​စစ် ဤ​မျှ​လောက်​ငါ​ဆုံး​မ​ပြီး​မှ သင်​သည် ကိုယ်​နေ​ရာ​ကို မ​ပယ်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ့​ကို​ကြောက်​ရွံ့၍ နည်း​ခံ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ သူ​တို့​သည် ကြိုး​စား၍ မှား​ယွင်း​သော​အ​ကျင့်​ကို​သာ ကျင့်​ကြ၏။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 8,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဖမ်း​ဆီး​လု​ယက်​ခြင်း​ငှာ ငါ​မ​ထ​မီ​တိုင်​အောင် ငါ့​ကို ငံ့​လင့်​ကြ​လော့။ တိုင်း​နိုင်​ငံ ပြည်​သား​အ​မျိုး​မျိုး​တို့​ကို စု​ဝေး​စေ၍၊ ငါ့​အ​မျက်၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို အ​ကုန်​အ​စင် သွန်း​လောင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။ ငါ့​ဒေါ​သ​မီး​သည် မြေ​တစ်​ပြင်​လုံး​ကို လောင်​ရ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 9,
      "text": "အ​ကယ်​စင်​စစ် လူ​မျိုး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို တ​ညီ​တ​ညွတ်​တည်း ဆောင်​ရွက်​မည်​အ​ကြောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဘာ​သာ​စ​ကား​ကို သူ​တို့​အား ငါ​ပြန်​ပေး​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 10,
      "text": "ကု​ရှ​ပြည်၏​မြစ်​တို့​တစ်​ဖက်၊ အ​ရပ်​ရပ်၌ ကွဲ​ပြား​လျက်​နေ​သော ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ ငါ့​ကို တောင်း​ပန်​သော သူ​တို့​သည် ငါ့​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 11,
      "text": "ငါ့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကြောင့် ထို​အ​ခါ သင်​သည် အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ သင်၏​ဂုဏ်​အ​သ​ရေ​ကြောင့် ဝါ​ကြွား​သော သူ​တို့​ကို သင့်​အ​လယ်၌ ငါ​ပယ်​ရှား​မည်။ သင်​သည်​လည်း ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မှီ​ပြု၍ နောက်​တစ်​ဖန် မာ​န​မ​ထောင်​လွှား​ရ။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 12,
      "text": "နှိမ့်​ချ​ဆင်း​ရဲ​သော အ​မျိုး​ကို သင့်​အ​လယ်၌ ငါ​ချန်​ထား​မည်။ ထို​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ခို​လှုံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 13,
      "text": "ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မ​တ​ရား​သော​အ​မှု​ကို မ​ပြု​ရ​ကြ။ မု​သား​မ​ပြော​ရ​ကြ။ သူ​တို့ နှုတ်၌ လှည့်​စား​တတ်​သော လျှာ​မ​ရှိ​ရ။ အ​ဘယ်​သူ​မျှ မ​ကြောက်​စေ​ဘဲ စား​သောက်​လျက်၊ အိပ်​လျက် နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 14,
      "text": "အို ဇိ​အုန်​သ​တို့​သ​မီး၊ သီ​ချင်း​ဆို​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ကြွေး​ကြော်​လော့။ အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ဝမ်း​မြောက်​ရွှင်​လန်း​လော့။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပြစ်​ဒဏ်​တို့​ကို ပ​ပျောက်​စေ၍၊ သင်၏​ရန်​သူ​တို့​ကို ပယ်​ရှား​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌ ရှိ​တော်​မူ၏။ သင်​သည် နောက်​တစ်​ဖန် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​မ​ကြုံ​ရ။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 16,
      "text": "မ​စိုး​ရိမ်​ပါ​နှင့်​ဟု၊ ယေ​ရု​ရှ​လင်​မြို့​အား​လည်း​ကောင်း၊ လက်​အား မ​လျှော့​စေ​နှင့်​ဟု၊ ဇိ​အုန်​တောင်​အား​လည်း​ကောင်း ထို​အ​ခါ ဆို​ရ၏။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 17,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​လယ်၌​ရှိ၍၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သည် သင့်​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ သင်၌ အား​ရ၍ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။ ချစ်​ခြင်း​မေ​တ္တာ၌ ကျိန်း​ဝပ်၍၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ သင်၌ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 18,
      "text": "ကဲ့​ရဲ့​ခြင်း​ဝန်​ကို သင်​ထမ်း​ရာ​အ​ကြောင်း​တည်း​ဟူ​သော၊ သင်​နှင့်​ဝေး၍ ဓ​မ္မ​ပွဲ​ကို မ​ခံ​ရ​ဘဲ ညှိုး​ငယ်​လျက်​ရှိ​သော သူ​တို့​ကို ငါ​စု​ဝေး​စေ​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 19,
      "text": "သင့်​ကို ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့​ကို ထို​အ​ခါ ငါ​စီ​ရင်​မည်။ နာ​သော​သူ​ကို ချမ်း​သာ​ပေး​မည်။ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ​ကို သင်း​ဖွဲ့​စေ​မည်။ အ​ရှက်​ကွဲ​ခြင်း​ကို​ခံ​ရ​ရာ ပြည်​အ​ရပ်​ရပ်​တို့၌ ချီး​မွမ်း​ခြင်း ဂုဏ်​အ​သ​ရေ​ကို ပေး​မည်။"
    },
    {
      "book": 36,
      "chapter": 3,
      "verse": 20,
      "text": "ထို​ကာ​လ၌ သင်​တို့​ကို တစ်​ဖန် ငါ​ဆောင်​ခဲ့၍ စု​ဝေး​စေ​သ​ဖြင့်၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​ကို သင်​တို့​မျက်​မှောက်၌ တစ်​ဖန် ဆောင်​ခဲ့​ပြန်​သော​အ​ခါ၊ မြေ​ကြီး​သား​အ​မျိုး​မျိုး​တို့​တွင် ချီး​မွမ်း​ခြင်း​ဂုဏ်​အ​သ​ရေ​ကို သင်​တို့​အား​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဇေ​ဖ​နိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 1,
      "text": "ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု​ဆီ​သို့ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 2,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချိန်​မ​ရောက်​သေး၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​ဆောက်​ရ​သော အ​ချိန်​မ​ရောက်​သေး​ဟု၊ ဤ​လူ​များ​ပြော​ဆို​ကြ​သည်​မှာ၊"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 3,
      "text": "ပ​ရော​ဖက် ဟ​ဂ္ဂဲ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 4,
      "text": "အ​ချင်း​လူ​တို့၊ သင်​တို့​သည် အ​မိုး​နှစ်​ထပ်​နှင့် ပြည့်​စုံ​သော​အိမ်၌ နေ​ချိန်​ရှိ​လျက်​ပင်၊ အိမ်​တော်​ပျက်​လျက် နေ​ရ​မည်​လော။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 5,
      "text": "ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​ကျင့်​သော အ​ကျင့်​တို့​ကို​ဆင်​ခြင်​ကြ​လော့။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​သည် များ​စွာ​သော မျိုး​စေ့​ကို ကြဲ​သော်​လည်း အ​သီး​အ​နှံ​နည်း​ပါး​ရ၏။ စား​ရ​သော်​လည်း ဝ​စွာ​မ​စား​ရ​ကြ။ သောက်​သော်​လည်း ဝ​စွာ မ​သောက်​ရ​ကြ။ အ​ဝတ်​ကို​ဝတ်​ရ​သော်​လည်း နွေး​စွာ မ​ဝတ်​ရ​ကြ။ အ​လုပ်​လုပ်၍ အ​ခ​ကို​ခံ​ရ​သော်​လည်း မ​လုံ​သော​အိတ်​ထဲ​မှာ သို​ထား​ရ​ကြ၏။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 7,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အ​ကျင့်​တို့​ကို ဆင်​ခြင်​ကြ​လော့။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 8,
      "text": "တောင်​ပေါ်​သို့​တက်​သွား၍ သစ်​သား​ကို​ဆောင်​ခဲ့​ပြီး​လျှင် အိမ်​တော်​ကို ဆောက်​ကြ​လော့။ ငါ​သည်​လည်း​အား​ရ၍ ငါ၏​ဘုန်း​သည် ထင်​ရှား​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 9,
      "text": "သင်​တို့​သည် များ​စွာ​ရ​မည်​ဟု မျှော်​လင့်​သော်​လည်း ရ​သော​ဥ​စ္စာ​ခေါင်း​ပါး​ရ၏။ အိမ်​သို့ ရောက်​သော​အ​ခါ ငါ​မှုတ်​လိုက်၏။ အ​ဘယ်​ကြောင့်​နည်း​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ့​အိမ်​သည် ပျက်​လျက်​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့​ပြေး​သော​ကြောင့်​လည်း​ကောင်း ဖြစ်​သ​တည်း။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 10,
      "text": "ထို​ကြောင့် သင်​တို့​အ​ပေါ်​မှာ မိုး​ခေါင်​သ​ဖြင့် နှင်း​မ​ကျ​ရ။ မြေ​သည်​လည်း အ​သီး​အ​နှံ​ကို မ​ပေး​ရ။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 11,
      "text": "မြေ​ပေါ်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဆန်​စ​ပါး၊ ချို​သော​စ​ပျစ်​ရည်၊ ဆီ​အ​ပေါ်၌​လည်း​ကောင်း၊ မြေ​ထဲ​က​ထွက်​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန် အ​ပေါ်၌​လည်း​ကောင်း၊ လုပ်​ဆောင်​သ​မျှ​အ​ပေါ်၌​လည်း​ကောင်း၊ သွေ့​ခြောက်​ခြင်း​ဘေး​ကို ငါ​မှာ​လိုက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 12,
      "text": "ထို​အ​ခါ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော ပ​ရော​ဖက်​ဟ​ဂ္ဂဲ စ​ကား​ကို​လည်း​ကောင်း နား​ထောင်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြောက်​ရွံ့​ကြ၏။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 13,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​ဟ​ဂ္ဂဲ​က၊ ငါ​သည် သင်​တို့​နှင့် အ​တူ​ရှိ၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို လူ​များ​တို့​အား ဆင့်​ဆို​လေ၏။"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​ကို နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊"
    },
    {
      "book": 37,
      "chapter": 1,
      "verse": 15,
      "text": "ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ သူ​တို့​သည် လာ၍ မိ​မိ​တို့​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​လုပ်​လုပ်​ကြ၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 1,
      "text": "သ​တ္တ​မ​လ နှစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော် ရောက်​လာ​၍၊"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 2,
      "text": "သင်​သည် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 3,
      "text": "ဤ​အိမ်​တော်​သည် ရှေး​ဘုန်း​နှင့် ပြည့်​စုံ​သည်​ကို မြင်​ဖူး၍ သင်​တို့​တွင် ကျန်​ကြွင်း​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယ​ခု​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း။ နှိုင်း​ယှဉ်​လျှင် သင်​တို့​မျက်​မှောက်၌ အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 4,
      "text": "သို့​သော်​လည်း၊ အို ဇေ​ရု​ဗ​ဗေ​လ၊ အား​ယူ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ အို ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု၊ အား​ယူ​လော့။ အို ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့၊ အား​ယူ​ကြ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 5,
      "text": "အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သော​အ​ခါ သင်​တို့​နှင့် ငါ​ဖွဲ့​သော ပ​ဋိ​ညာဉ်​စ​ကား​နှင့်​အ​ညီ ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​၏။ ငါ​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​တွင် နေ​ရာ​ကျ၏။ မ​စိုး​ရိမ်​ကြ​နှင့်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 6,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်၊ ကုန်း​တို့​ကို တစ်​ဖန်​ငါ​လှုပ်​ဦး​မည်။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 7,
      "text": "လူ​မျိုး​အ​ပေါင်း​တို့​ကို​လည်း ငါ​လှုပ်​ဦး​မည်။ လူ​မျိုး​အ​ပေါင်း​တို့ နှစ်​သက်​ဖွယ်​သော​အ​ရာ​သည် ရောက်၍၊ ဤ​အိမ်​ကို​ဘုန်း​နှင့် ငါ​ပြည့်​စုံ​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 8,
      "text": "ရွှေ​နှင့် ငွေ​ကို ငါ​ပိုင်​သည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 9,
      "text": "နောက်​တည်​သော ဤ​အိမ်​တော်​သည် အ​ရင်​အိမ်​တော်​ထက် ဘုန်း​သာ၍ ကြီး​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဤ​အ​ရပ်၌​လည်း ငြိမ်​သက်​ခြင်း​ကို ငါ​ပေး​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 10,
      "text": "ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ န​ဝ​မ​လ​နှစ်​ဆယ် လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ရောက်​လာ​လျက်၊"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 11,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​တ​ရား​အ​မှု​ကို ယဇ်​ပု​ရော​ဟိတ်၌ မေး​မြန်း​ရ​မည်​မှာ၊"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 12,
      "text": "လူ​သည် သန့်​ရှင်း​သော​အ​မဲ​သား​ကို မိ​မိ​အ​ဝတ်​နှင့် ထုတ်၍ ဆောင်​ခဲ့​လျက်၊ မုန့်၊ ဟင်း၊ စ​ပျစ်​ရည်၊ ဆီ အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ထို​အ​ဝတ်​နှင့်​ထိ​လျှင်၊ ထို​စား​စ​ရာ​သည် သန့်​ရှင်း​လိမ့်​မည်​လော​ဟု မေး​မြန်း​သော်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ထို​စား​စ​ရာ​သည် မ​သန့်​ရှင်း​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 13,
      "text": "ဟ​ဂ္ဂဲ​က​လည်း၊ အ​သေ​ကောင်​အား​ဖြင့် မ​စင်​ကြယ်​သော သူ​သည် ထို​အ​ရာ တစ်​စုံ​တစ်​ခု​ကို​ထိ​လျှင် ညစ်​ညူး​ခြင်း​ရှိ​လိမ့်​မည်​လော​ဟု မေး​မြန်း​သော်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ညစ်​ညူး​ခြင်း​ရှိ​လိမ့်​မည်​ဟု ပြန်​ပြော​ကြ၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 14,
      "text": "ဟ​ဂ္ဂဲ​က​လည်း၊ ဤ​လူ​မျိုး၊ ဤ​ပြည်​သား​တို့​သည် ငါ့​မျက်​မှောက်၌ ထို​အ​တူ ဖြစ်​ကြ၏။ သူ​တို့​လုပ်​ဆောင်​သ​မျှ​သည်​လည်း ထို​အ​တူ​ဖြစ်၏။ ငါ့​ထံ​မှာ ပူ​ဇော်​သော​အ​ရာ​သည်​လည်း ညစ်​ညူး၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်၌ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​ကို မ​တင်​မီ၊ ယ​ခု​နေ့​မှ​စ၍ အ​ထက်​အ​မှု​ကို ပြန်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 16,
      "text": "ထို​ကာ​လ​တွင် ဆန်​အ​တင်း​နှစ်​ဆယ်​ထွက်​ရ​သော စ​ပါး​ပုံ​သို့ လူ​လာ​သော​အ​ခါ တစ်​ဆယ်​ကို​သာ​ရ​၏။ စ​ပျစ်​ရည်​အိုး​ငါး​ဆယ်​ကို ယူ​ခြင်း​ငှာ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​သို့ လာ​သော​အ​ခါ နှစ်​ဆယ်​ကို​သာ​ရ​၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 17,
      "text": "သင်​တို့ လုပ်​ဆောင်​သ​မျှ​တို့​တွင် လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ သေ​ဘေး၊ မိုး​သီး​ဘေး​ဖြင့် ငါ​သည် ဒဏ်​ခတ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ၍၊ န​ဝ​မ​လ နှစ်​ဆယ်​လေး​ရက်​နေ့၊ ယ​နေ့​မှ​စ၍ ရှေ့​သို့​မျှော်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။ ဆင်​ခြင်​ရ​မည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 19,
      "text": "စ​ပါး​ကျီ၌ စ​ပါး​ရှိ​သ​လော။ မ​ရှိ။ စ​ပျစ်​ပင်၊ သင်္ဘော​သ​ဖန်း​ပင်၊ သ​လဲ​ပင်၊ သံ​လွင်​ပင်​တို့​သည် အ​သီး​ကို မ​သီး​ကြ​သေး။ သို့​သော်​လည်း၊ ယ​နေ့​မှ​စ၍ သင်​တို့​ကို ငါ​ကောင်း​ချီး​ပေး​မည်​ဟု မိန့်​တော်​မူ​၏။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 20,
      "text": "ထို​လ​နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဟ​ဂ္ဂဲ​သို့​တစ်​ဖန်​ရောက်​လာ၍၊"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 21,
      "text": "သင်​သည် ယု​ဒ​မြို့​ဝန်၊ ဇေ​ရု​ဗ​ဗေ​လ​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​လှုပ်​မည်။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 22,
      "text": "တိုင်း​နိုင်​ငံ​တို့၏ ရာ​ဇ​ပ​လ္လင်​များ​ကို​မှောက်​လှန်၍၊ အ​မျိုး​မျိုး​သော တိုင်း​နိုင်​ငံ​တန်​ခိုး​ကို ဖျက်​ဆီး​မည်။ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​တို့​ကို​လည်း မှောက်​လှန်​မည်။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​တို့​သည် တစ်​ယောက်​ကို တစ်​ယောက်​ခုတ်၍ လဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 37,
      "chapter": 2,
      "verse": 23,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ရှာ​လ​သေ​လ​သား၊ ငါ့​ကျွန် ဇေ​ရု​ဗ​ဗေ​လ၊ ထို​အ​ခါ သင့်​ကို​ငါ​ယူ၍ တံ​ဆိပ်​လက်​စွပ်​ကဲ့​သို့ ခန့်​ထား​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင့်​ကို ငါ​ရွေး​ချယ်​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟ​ဂ္ဂဲ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 1,
      "text": "ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ အ​ဋ္ဌ​မ​လ​တွင်၊ ဣ​ဒေါ​သား ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ဘိုး​ဘေး​များ​ကို အ​လွန်​အ​မျက်​ထွက်​တော်​မူ​ပြီ။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 3,
      "text": "သို့​သော်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ့​ထံ​သို့ ပြန်၍​လာ​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည်​လည်း သင်​တို့​ရှိ​ရာ​သို့​ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​ထာ​ဝ​ရ​ဘု​ရား မိ​န့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 4,
      "text": "ရှေး​ပ​ရော​ဖက်​တို့​က၊ သင်​တို့ မ​ကောင်း​သော​လမ်း၊ မ​ကောင်း​သော အ​ကျင့်​များ​ကို ယ​ခု ကြဉ်​ရှောင်​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို ဆင့်​ဆို​လျက် ကြွေး​ကြော်​သော်​လည်း နား​မ​ကြား၊ ငါ့​စ​ကား​ကို​လည်း နား​မ​ထောင်​သော သင်​တို့ ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 5,
      "text": "ဘိုး​ဘေး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။ ပ​ရော​ဖက်​တို့​သည် အ​စဉ်​အ​မြဲ အ​သက်​ရှင်​တတ်​ကြ​သ​လော။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 6,
      "text": "ငါ၏ ကျွန်​ပ​ရော​ဖက်​တို့၌ ငါ​မှာ​ထား​သော ငါ၏​ပ​ညတ်​စ​ကား​တို့​သည် သင်​တို့ ဘိုး​ဘေး​များ​ကို​မီ​ကြ​ပြီ မ​ဟုတ်​လော။ သူ​တို့​သည် သ​တိ​ရ၍ ငါ​တို့​ကျင့်​ကြံ​ပြု​မူ​သည်​နှင့်​အ​လျောက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ စီ​ရင်​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 7,
      "text": "ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဧ​ကာ​ဒ​သ​မ​လ​တည်း​ဟူ​သော ရှေ​ဗတ်​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဣ​ဒေါ​သား​ဖြစ်​သော ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 8,
      "text": "ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 9,
      "text": "ငါ​က​လည်း၊ အို သ​ခင်၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို ငါ​ပြ​မည်​ဟု ဆို​ပြီး​မှ၊"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 10,
      "text": "မု​ရ​တု​တော၌ ရပ်​သော​လူ​က၊ ထို​သူ​တို့​သည် မြေ​ကြီး​အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​တော်​မူ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 11,
      "text": "ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် မြေ​ကြီး အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​ပါ​ပြီ။ မြေ​ကြီး​တစ်​လျှောက်​လုံး​သည် အ​မှု​မ​ရှိ။ ငြိမ်​ဝပ်​လျက်​ရှိ​ပါ၏​ဟု မု​ရ​တု​တော၌​ရပ်​သော ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​အား ပြန်​လျှောက်​ကြ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 12,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အို ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​မြို့​များ​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​သ​နား​ဘဲ နေ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ကောင်း​သော​စ​ကား၊ နှစ်​သိမ့်​စေ​သော​စ​ကား ပြန်​ပြော​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 14,
      "text": "ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​ကြင်​နာ​သော​စိတ်​အား​ကြီး၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 15,
      "text": "ငြိမ်​ဝပ်​စွာ​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​လွန်​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​နည်း​ငယ် အ​မျက်​ထွက်​သော​အ​ခါ သူ​တို့​သည် ဝိုင်း၍ ညှဉ်း​ဆဲ​ကြ​ပြီ။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 16,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျေး​ဇူး​ပြု​ချင်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​ပြန်​လာ​ပြီ။ ဤ​မြို့​တွင် ငါ့​အိမ်​ကို တည်​ဆောက်​ရ​မည်။ မြို့​ရာ​ကို​လည်း တိုင်း​ထွာ​ရ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 17,
      "text": "တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ၏​မြို့​ရွာ​တို့​သည် အ​ရပ်​ရပ်၌ နှံ့​ပြား၍ စည်​ပင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​သား​တို့​ကို နှစ်​သိမ့်​စေ​ဦး​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရွေး​ကောက်၍ ပြု​စု​ဦး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 18,
      "text": "တစ်​ဖန် ငါ​မျှော်​ကြည့်၍ ဦး​ချို​လေး​ချောင်း​ကို မြင်၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 19,
      "text": "ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား​လည်း၊ ထို​ဦး​ချို​တို့​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊ ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း လက်​သ​မား​လေး​ဦး​တို့​ကို ပြ​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 1,
      "verse": 21,
      "text": "ငါ​က​လည်း၊ ဤ​သူ​တို့​သည် အ​ဘယ်​အ​မှု​ကို ပြု​ခြင်း​ငှာ​လာ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ကောင်း​ကင်​တ​မန်​က၊ ထို​ဦး​ချို​တို့​သည် အ​ဘယ်​သူ​မျှ​မျှော်၍ မ​ကြည့်​ဝံ့​အောင်၊ ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​ကြ၏။ ဤ​လက်​သ​မား​တို့​သည် ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​ခြင်း​ငှာ တိုက်​လာ​သော​ထို​ဦး​ချို​တို့​ကို ခြိမ်း​မောင်း၍၊ တစ်​ပါး​အ​မျိုး၏​ဦး​ချို​တို့​ကို ရှုတ်​ချ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 1,
      "text": "တစ်​ဖန် ငါ​မျှော်​ကြည့်၍၊ တိုင်း​စ​ရာ​ကြိုး​ကို​ကိုင်​သော လူ​တစ်​ဦး​ကို​မြင်​လျှင်၊"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 2,
      "text": "အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု ထို​သူ​အား​မေး​သော်၊ ယေ​ရု​ရှ​လင်​မြို့ အ​လျား​အ​နံ​ကို​သိ​လို၍ မြို့​ကို တိုင်း​ခြင်း​ငှာ​သွား​သည်​ဟု ပြန်​ပြော၏။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 3,
      "text": "ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည်​ထွက်​သွား​သော်၊ အ​ခြား​သော​ကောင်း​ကင်​တ​မန်​သည် ကြို​ဆို​လျက်၊"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 4,
      "text": "သင်​သည်​ပြေး၍ ထို​လု​လင်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ယေ​ရု​ရှ​လင်​မြို့​သား လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​များ​သော​ကြောင့် ရွာ​တို့၌ နေ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 5,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြို့​ကို​ကာ​သော မီး​မြို့​ရိုး​ဖြစ်​မည်။ မြို့​အ​လယ်၌​လည်း ငါ​သည် မြို့၏​ဘုန်း​အ​သ​ရေ​ဖြစ်​မည်။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 6,
      "text": "အ​ချင်း​တို့၊ အ​ချင်း​တို့၊ မြောက်​မျက်​နှာ​အ​ရပ်​မှ ပြေး​လာ​ကြ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ မိုး​ကောင်း​ကင်​အောက် လေး​မျက်​နှာ​တို့၌ သင်​တို့​ကို ငါ​နှံ့​ပြား​စေ​ပြီ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 7,
      "text": "ဗာ​ဗု​လုန်​မြို့​သ​မီး​ထံ​မှာ​နေ​သော အ​ချင်း​ဇိ​အုန် သ​တို့​သ​မီး၊ အ​လွတ်​ပြေး​လော့။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 8,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ကို ဖျက်​ဆီး​သော​လူ​မျိုး​တို့​ရှိ​ရာ​သို့ ဘုန်း​ထင်​ရှား​ပြီး​မှ ငါ့​ကို စေ​လွှတ်​တော်​မူ၏။ သင်​တို့​ကို​ထိ​သော​သူ​သည် မျက်​ဆန်​တော်​ကို ထိ​သော​သူ​ဖြစ်၏။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 9,
      "text": "သူ​တို့​ကို ငါ​တိုက်၍ သူ​တို့၏​ကျွန်​များ​သည် လု​ယူ​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 10,
      "text": "အို ဇိ​အုန်​သ​တို့​သ​မီး၊ သီ​ချင်း​ဆို၍ ရွှင်​လန်း​လော့။ ငါ​လာ၍ သင့်​အ​လယ်၌ နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 11,
      "text": "ထို​ကာ​လ၌ လူ​မျိုး​အ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့​ဝင်​စား၍ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ သင့်​အ​လယ်၌ ငါ​နေ​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​ဆီ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​သိ​ရ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 12,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ပြည်၌ မိ​မိ​အ​ဖို့ ယု​ဒ​ပြည်​ကို အ​မွေ​ခံ၍ တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​ချယ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 2,
      "verse": 13,
      "text": "အို လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ သန့်​ရှင်း​သော ကျိန်း​ဝပ်​ရာ​ဌာ​န​တော်၌ ထ​တော်​မူ​ပြီ။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 1,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ရှေ့၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ စာ​တန် သည် ရန်​ဘက်​ပြု၍ သူ၏​လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း ငါ့​အား​ပြ​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​ချယ်​ပြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည် မီး​ထဲ​က နုတ်​သော​ထင်း​စ​ဖြစ်​သည် မ​ဟုတ်​လော​ဟု စာ​တန်​အား ဆို၏။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 3,
      "text": "ယော​ရှု​သည် ညစ်​ညူး​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ကောင်း​ကင်​တ​မန်​ရှေ့​မှာ ရပ်​နေ​သည်​ဖြစ်၍၊"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 4,
      "text": "ကောင်း​ကင်​တ​မန်​က၊ ညစ်​ညူး​သော​အ​ဝတ်​ကို ချွတ်​ပယ်​ကြ​လော့​ဟု မိ​မိ​ရှေ့​မှာ ရပ်​နေ​သော အ​ခြား​သူ​တို့​အား ဆို၏။ ယော​ရှု​အား​လည်း၊ သင့်​အ​ပြစ်​ကို ငါ​ဖြေ​ရှင်း​ပြီ။ တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​စေ​မည်​ဟု ဆို၏။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 5,
      "text": "ငါ​က​လည်း၊ စင်​ကြယ်​သော​ပေါင်း​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်​ကြ​စေ​ဟု ဆို​သည်​အ​တိုင်း၊ စင်​ကြယ်​သော​ပေါင်း​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်၍ အ​ဝတ်​ကို ဝတ်​စေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​လည်း အ​နား​မှာ ရပ်​နေ၏။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 6,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ယော​ရှု​အား ပ​ညတ်​ထား​သည်​ကား၊"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 7,
      "text": "သင်​သည် ငါ့​လမ်း​သို့​လိုက်၍ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​လျှင်၊ ငါ့​အိမ်​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ ငါ့ တံ​တိုင်း​တို့​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ရှေ့​တော်၌​ရပ်​နေ​သော သူ​အ​ချို့​တို့​ကို၊ သင့်​အား လမ်း​ပြ​ရ​သော​သူ ဖြစ်​မည်​အ​ကြောင်း ငါ​ခန့်​ထား​မည်။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 8,
      "text": "အို ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု၊ သင့်​ရှေ့​မှာ​နေ​သော သင့်​အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ နား​ထောင်​လော့။ သူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် ယှဉ်​သော​သူ ဖြစ်​ကြ၏။ ငါ၏​ကျွန်​တည်း​ဟူ​သော အ​ညွန့်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 9,
      "text": "ယော​ရှု​ရှေ့​မှာ ငါ​ထား​သော​ကျောက်​ကို ကြည့်​ရှု​လော့။ ထို​ကျောက်​တစ်​ခု​ကို မျက်​စိ​ခု​နစ်​လုံး​ကြည့်​ရှု​လျက်​ရှိ​လိမ့်​မည်။ ထို​ကျောက်​ကို​လည်း ငါ​ထု​လုပ်​မည်။ တစ်​နေ့​ချင်း​တွင် ဤ​ပြည်၏​အ​ပြစ်​ကို ငါ​ပယ်​ရှင်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 3,
      "verse": 10,
      "text": "ထို​နေ့၌ သင်​တို့​သည် မိ​မိ​တို့ အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် စ​ပျစ်​ပင်​အောက်၊ သင်္ဘော​သ​ဖန်း​ပင် အောက်​သို့ ခေါ်​ဖိတ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 1,
      "text": "ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည် ပြန်​လာ၍၊ အိပ်​ပျော်​သော​သူ​ကို နှိုး​သ​ကဲ့​သို့ ငါ့​ကို​နှိုး​လျက်၊"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 2,
      "text": "သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​သည် ကြည့်​ရှု၍ ရွှေ​အ​တိ​ပြီး​သော ဆီ​မီး​ခုံ​ကို မြင်​ပါ၏။ မီး​ခုံ​တိုင်​အ​ဖျား၌ ဆီ​အိုး​တစ်​လုံး၊ မီး​ခွက်​ခု​နစ်​လုံး၊ ဆီ​အိုး​နှင့် မီး​ခွက်​ခု​နစ်​လုံး ဆက်​သော ပြွန်​တံ​ခု​နစ်​တံ​ရှိ​ပါ၏။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 3,
      "text": "ဆီ​အိုး​လက်​ယာ​ဘက်၌ သံ​လွင်​ပင်​တစ်​ပင်၊ လက်​ဝဲ​ဘက်၌ တစ်​ပင်၊ မီး​ခုံ​ကို လွှမ်း​မိုး​သော သံ​လွင်​ပင်​နှစ်​ပင် ရှိ​ပါ​သည်​ဟု​ဆို​ပြီး​မှ၊"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 4,
      "text": "ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား၊ အ​ကျွန်ုပ်​သ​ခင်၊ ဤ​အ​ရာ​တို့​ကား အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း​ဟု မေး​သော်၊"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 5,
      "text": "ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က၊ ဤ​အ​ရာ​တို့​ကား၊ အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို နား​မ​လည်​သ​လော​ဟု မေး​လျှင်၊ အ​ကျွန်ုပ် နား​မ​လည်​ပါ​သ​ခင်​ဟု လျှောက်၏။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 6,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 7,
      "text": "အို တောင်​ကြီး၊ သင်​သည် အ​ဘယ်​သို့​နည်း။ ဇေ​ရု​ဗ​ဗေ​လ​ရှေ့​မှာ ညီ​သော​အ​ရပ် ဖြစ်​ရ​လိမ့်​မည်။ လူ​များ​တို့​က၊ ကျေး​ဇူး​တော် ရှိ​ပါ​စေ​သော။ ကျေး​ဇူး​တော်​ရှိ​ပါ​စေ​သော​ဟု ကြွေး​ကြော်​လျက်၊ ထို​မင်း​သည် တိုက်​ထောင့် အ​ထွတ်​ကျောက်​ကို တင်​ထား​ရ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 8,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 9,
      "text": "ဇေ​ရု​ဗ​ဗေ​လ​သည် ဤ​အိမ်​တော်​အ​မြစ်​ကို ချ​ထား​ပြီ။ သူ​သည်​လည်း လက်​စ​သတ်​ရ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 10,
      "text": "အ​မှု​ငယ်​ပြု​သော နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​ထီ​မဲ့​မြင် ပြု​ရ​သ​နည်း။ ချိန်​ကြိုး​သည် ဇေ​ရု​ဗ​ဗေ​လ​လက်၌ ရှိ​သည်​ကို ထို​ခု​နစ်​ပါး​တို့​သည် မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ထို​ခု​နစ်​ပါး​တို့​ကား၊ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် တောင်​မြောက်​ပြေး​တတ်​သော၊ ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​များ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 11,
      "text": "ငါ​က​လည်း၊ မီး​ခုံ​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၌​ရှိ​သော ထို​သံ​လွင်​ပင်​နှစ်​ပင်​ကား အ​ဘယ်​သို့​နည်း ဟူ၍​လည်း​ကောင်း၊"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 12,
      "text": "ဆီ​ညှစ်​ရာ ရွှေ​စက်​နှစ်​ခု​အား​ဖြင့်၊ မိ​မိ​တို့​ဆီ​ကို သွန်း​လောင်း​သော ထို​သံ​လွင်​ကိုင်း​နှစ်​ကိုင်း​ကား အ​ဘယ်​သို့​နည်း ဟူ၍​လည်း​ကောင်း မေး​လျှောက်​သော်၊"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 13,
      "text": "ကောင်း​ကင်​တ​မန်​က၊ ထို​အ​ကိုင်း​တို့​ကို နား​မ​လည်​သ​လော​ဟု မေး​လျှင်၊ အ​ကျွန်ုပ် နား​မ​လည်​ပါ​သ​ခင်​ဟု လျှောက်၏။"
    },
    {
      "book": 38,
      "chapter": 4,
      "verse": 14,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​အ​ကိုင်း​တို့​သည် မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏ ရှေ့​တော်၌​ရပ်​နေ​သော ဘိ​သိက်​ခံ​သူ​နှစ်​ပါး ဖြစ်​သည်​ဟု ဆို၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 1,
      "text": "တစ်​ဖန်​ငါ​မျှော်​ကြည့်၍၊ ပျံ​ဝဲ​လျက်​ရှိ​သော စာ​စောင်​ကို မြင်၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 2,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ပျံ​ဝဲ​လျက်​ရှိ​သော စာ​စောင်​ကို မြင်​ပါ၏။ အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ အ​တောင်​တစ်​ဆယ်​ရှိ​ပါ​သည်​ဟု လျှောက်၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 3,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​စာ​စောင်​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​သော​ကျိန်​ခြင်း​ဖြစ်၏။ ခိုး​တတ်​သော​သူ ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကျိန်​ရဲ​သော သူ​ရှိ​သ​မျှ​တို့​သည်၊ ထို​စာ​စောင်​တစ်​ဖက်၌ ပါ​သည်​အ​တိုင်း ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 4,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 5,
      "text": "တစ်​ဖန် ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ ယ​ခု​ထွက်​လာ​သော​အ​ရာ​ကို မျှော်​ကြည့်​လော့​ဟု ငါ့​အား​ဆို​လျှင်၊"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 6,
      "text": "ထို​အ​ရာ​ကား အ​ဘယ်​အ​ရာ​နည်း​ဟု ငါ​မေး​သော်၊ ထို​အ​ရာ​သည် ထွက်​သွား​သော ဧ​ဖာ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ ထို​အ​ရာ​သည် တစ်​ပြည်​လုံး၌ သူ​တို့၏​အ​ကြံ​အ​စည်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 7,
      "text": "ခဲ​အ​ခွက်​တစ်​ဆယ်​ကို​လည်း အ​ထက်​သို့ ချီ​မြှောက်၍ မိန်း​မ​တစ်​ယောက်​သည် ဧ​ဖာ​ထဲ၌ ထိုင်​သည်​ကို ငါ​မြင်၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 8,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​မိန်း​မ​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြစ်၏​ဟု ဆို​လျက်၊ သူ့​ကို ဧ​ဖာ​ထဲ​ကို​ချ​ထား၍ ဧ​ဖာ​အ​ဝ​ပေါ်​မှာ ခဲ​ပြား​ကို တင်​လေ၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 9,
      "text": "တစ်​ဖန် ငါ​မျှော်​ကြည့်၍၊ တော​ငန်း၏​အ​တောင်​ကဲ့​သို့၊ အ​တောင်​ရှိ​သော မိန်း​မ​နှစ်​ယောက်​တို့​သည်၊ အ​တောင်​တို့၌ ဝိ​ညာဉ်​ပါ​လျက် ထွက်​လာ၍၊ ထို​ဧ​ဖာ​ကို မြေ​ကြီး​နှင့် မိုး​ကောင်း​ကင်​စပ်​ကြား​သို့ ချီ​သွား​ကြ၏။"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 10,
      "text": "ထို​ဧ​ဖာ​ကို အ​ဘယ်​သို့ ချီ​သွား​ကြ​သ​နည်း​ဟု ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ငါ​မေး​သော်၊"
    },
    {
      "book": 38,
      "chapter": 5,
      "verse": 11,
      "text": "ရှိ​နာ​ပြည်၌ ဧ​ဖာ​အ​ဖို့ အိမ်​ဆောက်​ခြင်း​ငှာ ချီ​သွား​ကြ၏။ ထို​ပြည်၌ သူ၏​ခုံ​ပေါ်​မှာ တင်​ထား၍ နေ​ရာ​ချ​ကြ​လိမ့်​မည်​ဟု ဆို၏။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 1,
      "text": "တစ်​ဖန် ငါ​မျှော်​ကြည့်၍၊ ကြေး​ဝါ​ဖြင့် ပြီး​သော တောင်​နှစ်​လုံး​ကြား​မှ ရ​ထား​လေး​စီး​ထွက်​လာ၏။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 2,
      "text": "ပ​ထ​မ​ရ​ထား၌ မြင်း​နီ၊ ဒု​တိ​ယ​ရ​ထား၌ မြင်း​နက်၊"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 3,
      "text": "တ​တိ​ယ​ရ​ထား၌ မြင်း​ဖြူ၊ စ​တု​တ္ထ​ရ​ထား၌ ခွန်​အား​ကြီး​သော မြင်း​ကျား​တို့​သည် က​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 4,
      "text": "အ​ကျွန်ုပ်​သ​ခင်၊ ထို​ရ​ထား​တို့​ကား အ​ဘယ်​သို့​နည်း​ဟု ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ငါ​မေး​သော်၊"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 5,
      "text": "ကောင်း​ကင်​တ​မန်​က၊ ထို​ရ​ထား​တို့​သည်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏​ရှေ့​တော်၌ ရပ်​နေ​ရာ​မှ ထွက်​သွား​သော မိုး​ကောင်း​ကင်​လေ လေး​ပါး​ဖြစ်၏။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 6,
      "text": "က​သော မြင်း​နက်​တို့​သည် မြောက်​ပြည်​သို့ သွား​ကြ၏။ မြင်း​ဖြူ​တို့​သည် မြင်း​နက်​နောက်​သို့ လိုက်​ကြ၏။ မြင်း​ကျား​တို့​သည် တောင်​ပြည်​သို့ သွား​ကြ၏​ဟု ဆို၏။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 7,
      "text": "ခွန်​အား​ကြီး​သော မြင်း​တို့​သည် ထွက်၍၊ မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ခြင်း​ငှာ အား​ထုတ်​ကြ၏။ ကောင်း​ကင်​တ​မန်​က​လည်း၊ သွား၍ မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ကြ၏။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 8,
      "text": "ကောင်း​ကင်​တ​မန်​သည်​လည်း ငါ့​ကို​ခေါ်၍၊ ကြည့်​လော့။ မြောက်​ပြည်​သို့ သွား​သော မြင်း​တို့​သည် ငါ့​အ​မျက်​ကို မြောက်​ပြည်၌ တည်​စေ​ကြ​ပြီ​ဟု ဆို၏။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 9,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 10,
      "text": "အ​ရင်​သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍ ယ​ခု ဗာ​ဗု​လုန်​မြို့​မှ ပြန်​လာ​သော ဟေ​လ​ဒဲ​အ​မျိုး၊ တော​ဘိ​ယ​အ​မျိုး၊ ယေ​ဒါ​ယ​အ​မျိုး အ​ချို့​တို့​ကို ခေါ်၍၊ တစ်​နေ့​ချင်း​တွင် ဇေ​ဖ​နိ၏​သား ယော​ရှိ​အိမ်​သို့ သွား​ပြီး​သော်၊"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 11,
      "text": "ရွှေ​ငွေ​တို့​ကို​ယူ၍ သ​ရ​ဖူ​ကို လုပ်​ပြီး​လျှင် ယော​ဇ​ဒက်​သား ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ရှု၏ ခေါင်း​ပေါ်​မှာ တင်​လော့။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 12,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ထို​သူ​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ညွန့်​အ​မည်​ရှိ​သော သူ​ကို ကြည့်​ရှု​လော့။ မိ​မိ​ဒေ​သ​အ​ရပ်၌ ပေါက်၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ပြီး​လျှင်၊ ဘုန်း​ကြီး၍ မိ​မိ​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက် စိုး​စံ​လိမ့်​မည်။ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ယဇ်​ပု​ရော​ဟိတ်​လည်း​ဖြစ်၍၊ ထို​နှစ်​ပါး​တို့​သည် မိတ်​သ​ဟာ​ယ ပ​ဋိ​ညာဉ်​ကို ဖွဲ့​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 14,
      "text": "ထို​သ​ရ​ဖူ​သည် ဟေ​လင်၊ တော​ဘိ​ယ၊ ယေ​ဒါ​ယ၊ ဇေ​ဖ​နိ၏​သား ဟင်​တို့​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်၌ သက်​သေ​ဖြစ်​ရ​မည်။"
    },
    {
      "book": 38,
      "chapter": 6,
      "verse": 15,
      "text": "ဝေး​သော သူ​တို့​သည်​လည်း​လာ၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ တည်​ဆောက်​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို စေ့​စေ့​နား​ထောင်​လျှင်၊ ဤ​သို့ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 1,
      "text": "ဒါ​ရိ​မင်း​ကြီး နန်း​စံ​လေး​နှစ်၊ ခိ​သ​လု​မည်​သော န​ဝ​မ​လ လေး​ရက်​နေ့​တွင်၊"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 3,
      "text": "နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဥ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 4,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး သင်​တို့​သည် ပ​ဥ္စ​မ​လ​နှင့် သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်၍ ငို​ကြွေး​မြည်​တမ်း​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ငါ့​အ​လို​ရှိ​သည်​အ​တိုင်း ငါ့​အား အ​စာ​ရှောင်​ကြ​သ​လော။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 6,
      "text": "စား​သောက်​သော​အ​ခါ၌​လည်း ကိုယ်​အ​လို​အ​လျောက် စား​သောက်​ကြ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 7,
      "text": "ယေ​ရု​ရှ​လင်​မြို့​မ​ပျက်၊ စည်​ပင်၍ ပတ်​လည်၌​ရှိ​သော မြို့​ရွာ၊ တောင်​မျက်​နှာ​အ​ရပ်​နှင့် မြေ​ညီ​သော​အ​ရပ်၌ လူ​များ​သေး​သော​အ​ခါ၊ ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကြွေး​ကြော်​တော်​မူ​သော အ​မိန့်​တော်​ပြည့်​စုံ​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 8,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဇာ​ခ​ရိ​သို့ ရောက်​လာ​သည်​ကား၊"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 9,
      "text": "တ​ရား​အ​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ သ​နား​ခြင်း​က​ရု​ဏာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် ကျေး​ဇူး​ပြု​ကြ​လော့။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 10,
      "text": "မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဆင်း​ရဲ​သား​ကို မ​ညှဉ်း​ဆဲ​ကြ​နှင့်။ တစ်​ယောက်​ကို တစ်​ယောက် မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော်​လည်း၊"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 11,
      "text": "သူ​တို့​သည် နား​မ​ထောင်​ဘဲ လွတ်​အောင်​ရုန်း​ကြ၏။ မ​ကြား​စေ​ခြင်း​ငှာ နား​ကို ပိတ်​ကြ၏။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 12,
      "text": "တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှေး​ပ​ရော​ဖက်​တို့​ဖြင့် ထား​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း သူ​တို့​သည် မ​ကြား​စေ​ခြင်း​ငှာ၊ မိ​မိ​တို့​နှ​လုံး​ကို စိန်​ကျောက်​ကဲ့​သို့ မာ​စေ​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန် အ​မျက်​ထွက်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 13,
      "text": "ငါ​ဟစ်​ခေါ်၍ သူ​တို့​သည်​နား​မ​ထောင်​သ​ကဲ့​သို့၊ တစ်​ဖန် သူ​တို့​သည်​ဟစ်​ခေါ်၍ ငါ​လည်း နား​မ​ထောင်​ဘဲ​နေ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 7,
      "verse": 14,
      "text": "သူ​တို့​မ​သိ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် လေ​ပွေ​တိုက်၍ ငါ​လွှင့်​ပြီ။ ထို​ကြောင့်၊ သူ​တို့ ပြည်​သည် လူ​ဆိတ်​ညံ​လျက်​ရှိ၍ အ​ဘယ်​သူ​မျှ မ​သွား​မ​လာ။ သာ​ယာ​သော​ပြည်​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လေ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 1,
      "text": "တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 2,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​စိတ်​အား​ကြီး​ပြီ။ အ​လွန်​အ​မျက်​ထွက်၍ သူ့​အ​ဖို့ စိတ်​အား​ကြီး​ပြီ။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 3,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သို့ ငါ​ပြန်​လာ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ​နေ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို သ​မ္မာ​မြို့​ဟူ၍​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ကို သန့်​ရှင်း​သော​တောင် ဟူ၍​လည်း​ကောင်း သ​မုတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 4,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​သော ယောက်ျား​မိန်း​မ၊ အ​သက်​ကြီး၍ တောင်​ဝှေး​ကိုင်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​လမ်း​တို့၌ နေ​ကြ​လေ​ဦး​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 5,
      "text": "မြို့​လမ်း​တို့​သည်​လည်း က​စား​သော​သူ​ငယ် ယောက်ျား​မိန်း​မ​တို့​နှင့် အ​ပြည့်​ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 6,
      "text": "တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ထို​အ​မှု​သည် ယ​ခု​ကာ​လ​တွင် ကျန်​ကြွင်း​သော ဤ​လူ​တို့ မျက်​မှောက်၌ အံ့​ဩ​ဖွယ်​ဖြစ်​သော်​လည်း၊ ငါ့​မျက်​မှောက်၌ အံ့​ဩ​ဖွယ်​ဖြစ်​ရာ​သ​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 7,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို အ​ရှေ့​ပြည်​မှ​လည်း​ကောင်း၊ အ​နောက်​ပြည်​မှ​လည်း​ကောင်း ငါ​ကယ်​တင်၍၊"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 8,
      "text": "ဆောင်​ခဲ့​သ​ဖြင့် သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ နေ​ရ​ကြ​လိမ့်​မည်။ သ​စ္စာ​တ​ရား​နှင့် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်၊ သူ​တို့​သည် ငါ၏​လူ​ဖြစ်၍ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 9,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တိုက်​မြစ်​ကို ချ​သော​ကာ​လ၌​ရှိ​သော ပ​ရော​ဖက်​တို့ ဟော​ပြော​သော ဤ​စ​ကား​ကို ယ​ခု​ကာ​လ၌ ကြား​သော​သူ​တို့၊ သင်​တို့​လက်​ကို အား​ကြီး​စေ​ကြ​လော့။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 10,
      "text": "ထို​ကာ​လ​အ​ထက်၌ လူ​ခံ​ရ​သော အ​ကျိုး​မ​ရှိ။ တိ​ရ​စ္ဆာန်​ခံ​ရ​သော အ​ကျိုး​မ​ရှိ။ ထွက်​ဝင်​သော​သူ​တို့​သည် ရန်​သူ​ရှိ​သော​ကြောင့် ချမ်း​သာ​မ​ရ​ကြ။ ငါ​သည် လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​နှင့် တစ်​ယောက် ရန်​ဘက်​ဖြစ်​စေ၏။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 11,
      "text": "ယ​ခု​မူ​ကား၊ ကျန်​ကြွင်း​သော ဤ​လူ​တို့၌ ငါ​သည် အ​ရင်​ကဲ့​သို့​မ​ပြု​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 12,
      "text": "မျိုး​စေ့​ကို ငြိမ်​ဝပ်​စွာ ကြဲ​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​သည် အ​သီး​ကို​လည်း​ကောင်း၊ မြေ​သည် မိ​မိ​စီး​ပွား​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သည် နှင်း​ရည်​ကို​လည်း​ကောင်း ပေး​ရ​လိမ့်​မည်။ ကျန်​ကြွင်း​သော ဤ​လူ​တို့​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ရ​တတ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 13,
      "text": "အို ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​တို့၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​တို့​တွင် ကျိန်​ဆဲ​ရာ​ဖြစ်​ဖူး​သ​ကဲ့​သို့၊ ကောင်း​ချီး​ခံ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​ကယ်​တင်​မည်။ မ​စိုး​ရိမ်​ဘဲ လက်​အား​ကြီး​ကြ​လော့။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 14,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​သော​အ​ခါ အ​ပြစ်​ပြု​မည်​ဟု ငါ​သည် နောင်​တ​မ​ရ​ဘဲ ကြံ​သ​ကဲ့​သို့၊"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 15,
      "text": "တစ်​ဖန် ယ​ခု​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​အ​မျိုး​ကို ကျေး​ဇူး​ပြု​မည်​ဟု ငါ​ကြံ​ပြန်၏။ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 16,
      "text": "သင်​တို့ ကျင့်​ရ​မည်​အ​ကျင့်​ဟူ​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ​သည် တစ်​ယောက်​နှင့် တစ်​ယောက် မှန်​သော​စ​ကား​ကို ပြော​ကြ​လော့။ မြို့​တံ​ခါး​ဝ​မှာ ဖြောင့်​မတ်​စွာ စီ​ရင်၍၊ တ​ရား​တွေ့​သည်​အ​မှု​ကို ငြိမ်း​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​ကြ​လော့။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 17,
      "text": "တစ်​ယောက်​ကို​တစ်​ယောက် အ​ဘယ်​သူ​မျှ မ​ကောင်း​သော​အ​ကြံ​ကို မ​ကြံ​ကြ​နှင့်။ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​နှစ်​သက်​ကြ​နှင့်။ ထို​သို့​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို ငါ​မုန်း​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 18,
      "text": "တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 19,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဥ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 20,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ များ​စွာ​သော မြို့​သူ​ရွာ​သား၊ လူ​အ​မျိုး​မျိုး​တို့​သည် လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 21,
      "text": "မြို့​တစ်​မြို့၌ နေ​သော​သူ​သည် အ​ခြား​မြို့​တစ်​မြို့၌ နေ​သော​သူ​တို့​ဆီ​သို့ သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​လည်း​ကောင်း ဧ​ကန်​အ​မှန် သွား​ကြ​ကုန်​အံ့။ ငါ​လည်း​သွား​မည်​ဟု ခေါ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 22,
      "text": "ကြီး​သော တိုင်း​နိုင်​ငံ​သား၊ လူ​အ​မျိုး​မျိုး​တို့​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ယေ​ရု​ရှ​လင်​မြို့၌ ရှာ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 8,
      "verse": 23,
      "text": "ထို​ကာ​လ၌ ဘာ​သာ​အ​သီး​အ​သီး​ကို ပြော​တတ်​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​ကျိပ်​သော လူ​တို့​သည် ယု​ဒ​လူ​ဖြစ်​သော သူ၏​အ​ဝတ်​စွန်း​ကို​ကိုင်​လျက်၊ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​တို့​သည် ကြား​သိ၍၊ သင်​တို့​နှင့်​အ​တူ လိုက်​ပါ​မည်​ဟု ဆို​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​သည် ဟာ​ဒ​ရက်​ပြည်​နှင့် ဒ​မာ​သက်​မြို့၌ သင့်​ရောက်​ပေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 2,
      "text": "ထို​ပြည်​နှင့် နီး​စပ်​သော ဟာ​မတ်​ပြည်၌​လည်း​ကောင်း၊ တု​ရု​မြို့​သည် လိ​မ္မာ​သော​ကြောင့် ထို​မြို့​နှင့် ဇိ​ဒုန်​မြို့၌​လည်း​ကောင်း သင့်​ရောက်​ပေ၏။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 3,
      "text": "တု​ရု​မြို့​သည် မိ​မိ​အ​ဖို့ ရဲ​တိုက်​ကို​တည်​ဆောက်၍၊ ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​ကို လမ်း၌​ရှိ​သော ရွှံ့​ကဲ့​သို့​လည်း​ကောင်း စု​ပုံ​သော်​လည်း၊"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တစ်​ပါး​လက်​သို့​သူ့​ကို​အပ်၍၊ သူ့​ခွန်​အား​ကို ပင်​လယ်​ထဲ​သို့ ချ​တော်​မူ​သ​ဖြင့်၊ မြို့​သည် မီး​ဖြင့် ကျွမ်း​လောင်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 5,
      "text": "ထို​အ​မှု​ကို အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်၍ ကြောက်​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် မြင်၍ အ​လွန် တုန်​လှုပ်​လိမ့်​မည်။ ဧ​ကြုန်​မြို့​လည်း မျှော်​လင့်၍ အ​ရှက်​ကွဲ​သော​ကြောင့် ထို​အ​တူ​ဖြစ်​လိမ့်​မည်။ ဂါ​ဇ​မင်း​ကြီး​သည် ဆုံး​လိမ့်​မည်။ အာ​ရှ​ကေ​လုန်​မြို့​သည်​လည်း အ​စိုး​မ​ရ။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 6,
      "text": "အာ​ဇုတ်​မြို့၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် နေ​ကြ​လိမ့်​မည်။ ဖိ​လိ​တ္တိ​အ​မျိုး၏​မာ​န​ကို​လည်း ငါ​ချိုး​ဖဲ့​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 7,
      "text": "သူ​စား​သော​အ​သွေး​ကို သူ၏​ပါး​စပ်​ထဲ​မှ​လည်း​ကောင်း၊ သူ​ကိုက်​သော ရွံ​ရှာ​ဖွယ်​တို့​ကို သူ၏​သွား​ကြား​မှ​လည်း​ကောင်း ငါ​နုတ်​ပယ်​မည်။ ကျန်​ကြွင်း​သော​သူ​သည်​လည်း ငါ​တို့ ဘု​ရား​သ​ခင်​အ​ဖို့ ကျန်​ကြွင်း၍၊ ယု​ဒ​ပြည်၌ မင်း​ကဲ့​သို့ နေ​လိမ့်​မည်။ ဧ​ကြုန်​မြို့​သား​လည်း ယေ​ဗု​သိ​လူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 8,
      "text": "အ​ဘယ်​ရန်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ၊ ငါ့​အိမ်​တော်​ပတ်​လည်၌ တပ်​ချ​မည်။ ညှဉ်း​ဆဲ​သော​သူ​သည် ငါ့​လူ​တို့​ကို နောက်​တစ်​ဖန် မ​နှိပ်​နင်း​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယ​ခု​ကိုယ်​တိုင်​ကြည့်၍ မြင်​ပြီ။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 9,
      "text": "အို ဇိ​အုန်​သ​တို့​သ​မီး၊ အ​လွန်​ဝမ်း​မြောက်​လော့။ အို ယေ​ရု​ရှ​လင်​မြို့​သ​တို့​သ​မီး၊ ကြွေး​ကြော်​ကြ​လော့။ တ​ရား​သ​ဖြင့် စီ​ရင်၍ ကယ်​တင်​ခြင်း​သို့​ရောက်​သော သ​ခင်၊ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍ နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 10,
      "text": "ငါ​သည် ဧ​ဖ​ရိမ်​ပြည်၌ ရ​ထား​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌ မြင်း​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ စစ်​လေး​ကို​လည်း ပယ်​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် စစ်​ငြိမ်း​မည် အ​ကြောင်း​ကို ထို​အ​ရှင်​သည် မိန့်​တော်​မူ​မည်။ အာ​ဏာ​တော်​လည်း ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​လည်း​ကောင်း တည်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 11,
      "text": "သင်၏​အ​မှု​မူ​ကား၊ ချုပ်​ထား​လျက်​ရှိ​သော သင်၏​လူ​တို့​ကို၊ ရေ​မ​ရှိ​သော မြေ​တွင်း​ထဲ​က၊ သင်​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​အ​သွေး​ကြောင့် ငါ​ကယ်​လွှတ်​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 12,
      "text": "အ​ချုပ်​ခံ၍ မျှော်​လင့်​သော သူ​တို့၊ ရဲ​တိုက်​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည် နှစ်​ဆ​သော​ကျေး​ဇူး​ကို ပြု​ဦး​မည်​ဟု ယ​နေ့​ပင် ပြော​ထား၏။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 13,
      "text": "ယု​ဒ​လေး​ကို ငါ​တင်၍၊ ဧ​ဖ​ရိမ်​လေး​ကို ဆွဲ​ငင်​လျက်၊ ဇိ​အုန်​သား​တို့​ကို ဟေ​လ​သ​သား​တို့​တစ်​ဖက်၌ နှိုး​ဆော်၍၊ သင့်​ကို သူ​ရဲ၏​ဓား​ကဲ့​သို့ ဖြစ်​စေ​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 15,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ကွယ်​ကာ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုက်​စား၍ လက်​လွှဲ​ကျောက်​တို့​ကို ကျော်​နင်း​ကြ​လိမ့်​မည်။ သောက်​ပြီး​လျှင်၊ စ​ပျစ်​ရည်​နှင့် ဝ​သ​ကဲ့​သို့ ကြွေး​ကြော်​ကြ​လိမ့်​မည်။ အင်​တုံ​ကဲ့​သို့​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ထောင့်​ကဲ့​သို့​လည်း​ကောင်း ပြည့်​ဝ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 16,
      "text": "ထို​နေ့၌ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိုး​စု​ကဲ့​သို့ ကယ်​တင်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည် မြေ​တော်၌ ထင်​ရှား​သော သ​ရ​ဖူ​မျက်​မွန် ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 9,
      "verse": 17,
      "text": "ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​စွ​တ​ကား။ ဂုဏ်​အ​သ​ရေ​တော်​လည်း အ​လွန်​ကြီး​စွ​တ​ကား။ ဆန်​စ​ပါး​သည် လု​လင်​တို့​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​သစ်​သည် အ​ပျို​မ​တို့​ကို​လည်း​ကောင်း တိုး​ပွား​များ​ပြား​စေ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 1,
      "text": "နောက်​မိုး ရွာ​ရာ​ကာ​လ​တွင် မိုး​ရွာ​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျှပ်​စစ်​ကို​ပြင်​ဆင်၍ များ​စွာ​မိုး​ရွာ​စေ​သ​ဖြင့်၊ ခပ်​သိမ်း​သော​လူ​တို့​အ​ဖို့ လယ်​ပြင်၌ အ​ပင် ပေါက်​စေ​တော်​မူ​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 2,
      "text": "တေ​ရပ်​ရုပ်​တု​တို့​သည် အ​န​တ္တ​စ​ကား​ကို ပြော​ကြ၏။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​သည် မု​သား​ရူ​ပါ​ရုံ​ကို​မြင်၍၊ မ​မှန်​သော​အိပ်​မက်​ကို ဟော​ပြော​ကြ၏။ အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ၏။ ထို​ကြောင့်၊ သိုး​စု​ကဲ့​သို့ လည်​သွား၍ သိုး​ထိန်း​မ​ရှိ​သော​ကြောင့် ဆင်း​ရဲ​ခံ​ရ​ကြ၏။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 3,
      "text": "သိုး​ထိန်း​တို့​ကို ငါ​အ​မျက်​ထွက်၍၊ ဆိတ်​ထီး​တို့​ကို စစ်​ကြော​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သိုး​စု ယု​ဒ​အ​မျိုး​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ဘုန်း​တော်​ကို​ဆောင်​သော စစ်​တိုက်​မြင်း​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 4,
      "text": "ထို​အ​မျိုး​ထဲ​က တိုက်​ထောင့်​အ​မြစ်​ကျောက်၊ တံ​စို့၊ စစ်​တိုက်​လေး၊ မင်း​ဖြစ်​သော လူ​အ​ပေါင်း​တို့​သည် ထွက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 5,
      "text": "သူ​တို့​သည် စစ်​တိုက်​ရာ​တွင် လမ်း၌​ရှိ​သော​ရွှံ့​ကို​နင်း​သော စစ်​သူ​ရဲ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​ကြောင့်၊ စစ်​တိုက်၍ မြင်း​စီး​သူ​ရဲ​တို့​ကို အ​ရှက်​ခွဲ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 6,
      "text": "ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ခိုင်​ခံ့​စေ​မည်။ ယော​သပ်​အ​မျိုး​ကို​လည်း ငါ​ကယ်​တင်​မည်။ သူ​တို့​ကို သ​နား​စုံ​မက်​သော​ကြောင့် နေ​ရာ​ချ​မည်။ သူ​တို့​သည် နှင်​ထုတ်​ခြင်း​ကို မ​ခံ​ဖူး​သ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍ သူ​တို့​စ​ကား​ကို နား​ထောင်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 7,
      "text": "ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် သူ​ရဲ​ကဲ့​သို့ ဖြစ်၍၊ စ​ပျစ်​ရည်​နှင့်​ဝ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သား​မြေး​တို့​သည် မြင်​လျက် ဝမ်း​မြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 8,
      "text": "သူ​တို့​ကို ငါ​နှိုး​ဆော်၍ စု​ဝေး​စေ​မည်။ သူ​တို့​သည် ငါ၏​ရွေး​နုတ်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ အ​ရင်​များ​ပြား​သ​ကဲ့​သို့ တစ်​ဖန် များ​ပြား​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 9,
      "text": "သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် မျိုး​စေ့​ကဲ့​သို့ ငါ​ကြဲ​သ​ဖြင့်၊ ဝေး​သော​ပြည်၌ ငါ့​ကို​အောက်​မေ့၍၊ သား​မြေး​တို့​နှင့်​တ​ကွ အ​သက်​ရှင်​လျက် ပြန်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 10,
      "text": "သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ အာ​ရှု​ရိ​ပြည်​မှ​ခေါ်၍ စု​ဝေး​စေ​မည်။ ဂိ​လဒ်​ပြည်​နှင့် လေ​ဗ​နုန်​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့ နေ​စ​ရာ​ဖို့ မြေ​မ​လောက်​နိုင်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 11,
      "text": "ပင်​လယ်​အ​လယ်၌ လျှောက်​သွား၍ ညှဉ်း​ဆဲ​လျက်၊ ပင်​လယ်​တံ​ပိုး​များ​ကို ဒဏ်​ခတ်​တော်​မူ​မည်။ မြစ်၌ နက်​နဲ​သော​အ​ရပ်​ရှိ​သ​မျှ​တို့​လည်း ခန်း​ခြောက်​ကြ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၏​မာ​န​ကို နှိမ့်​ချ၍၊ အဲ​ဂု​တ္တု​မင်း၏​အာ​ဏာ​သည်​လည်း ကွယ်​ပျောက်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 10,
      "verse": 12,
      "text": "သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​ခိုင်​ခံ့​စေ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လှည့်​လည်၍ သွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 1,
      "text": "အို လေ​ဗ​နုန်​တောင်၊ သင်၏​အာ​ရဇ်​ပင်​တို့​ကို မီး​လောင်​စေ​ခြင်း​ငှာ သင်၏​တံ​ခါး​တို့​ကို ဖွင့်​လော့။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 2,
      "text": "အို ထင်း​ရှူး​ပင်၊ အာ​ရဇ်​ပင်​လဲ​သော​ကြောင့် မြည်​တမ်း​လော့။ မြတ်​သော​အ​ပင်​တို့​သည် ပျက်​စီး​ကြ​ပြီ။ အို ဗာ​ရှန်​သ​ပိတ်​ပင်​တို့၊ ခိုင်​ခံ့​သော​တော​ကို ခုတ်​လှဲ​သော​ကြောင့် မြည်​တမ်း​ကြ​လော့။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 3,
      "text": "သိုး​ထိန်း​တို့​သည် မိ​မိ​တို့​အ​သ​ရေ​ပျက်​သော​ကြောင့်၊ မြည်​တမ်း​သော​အ​သံ​ကို ပြု​ကြ၏။ ယော်​ဒန်​မြစ်၏ ဂုဏ်​အ​သ​ရေ​ပျက်​သော​ကြောင့်၊ ခြင်္သေ့​ပျို​ဟောက်​သော​အ​သံ​ကို ကြား​ရ၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 4,
      "text": "ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သတ်​ဖို့​ရာ​ထား​သော ဤ​သိုး​စု​ကို ကျွေး​မွေး​လော့။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 5,
      "text": "ပိုင်​သော​သူ​တို့​သည် သတ်၍ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို မ​သိ​ကြ။ ရောင်း​စား​သော သူ​တို့​က​လည်း၊ ငါ​ရ​တတ်​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း သ​နား​ခြင်း က​ရု​ဏာ​မ​ရှိ​ကြ။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ပြည်​သူ​ပြည်​သား​တို့​ကို နောက်​တစ်​ဖန်​မ​သ​နား၊ မ​နှ​မြော​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​ကို အိမ်​နီး​ချင်း​လက်​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​လက်​သို့​လည်း​ကောင်း အပ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ပြည်​လုံး​ကို နှိပ်​စက်​ကြ​လိမ့်​မည်။ သူ​တို့​လက်​မှ ငါ​မ​ကယ်​လွှတ်​ဘဲ​နေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 7,
      "text": "ထို​သို့ သတ်​ဖို့​ရာ​ထား​သော သိုး​စု​တည်း​ဟူ​သော၊ ဆင်း​ရဲ​သော​သိုး​တို့​ကို ငါ​ကျွေး​မွေး​ရ၏။ သိုး​ထိန်း တောင်​ဝှေး​နှစ်​စင်း​ကို​ယူ၍၊ တစ်​စင်း​ကို ကျေး​ဇူး​ဟူ၍​လည်း​ကောင်း၊ တစ်​စင်း​ကို အ​နှောင်​အ​ဖွဲ့​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​လျက်၊ သိုး​စု​ကို ကျွေး​မွေး၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 8,
      "text": "သိုး​ထိန်း​သုံး​ယောက်​ကို​လည်း တစ်​လ​တွင် ငါ​ပယ်​ဖြတ်၏။ သူ​တို့​ကြောင့် ငါ့​စိတ်​ငြီး​ငွေ့၏။ သူ​တို့​သည်​လည်း ငါ့​ကို ရွံ​ရှာ​ကြ၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 9,
      "text": "နောက်​တစ်​ဖန် သင်​တို့​ကို ငါ​မ​ကျွေး။ သေ​သော အ​ကောင်​သည် သေ​ပါ​လေ​စေ။ အ​သတ်​ခံ​ရ​သော အ​ကောင်​သည် ခံ​ရ​ပါ​လေ​စေ။ ကျန်​ကြွင်း​သော​အ​ကောင်​တို့​သည် တစ်​ကောင်​ကို​တစ်​ကောင် စား​ပါ​လေ​စေ​ဟု ငါ​ဆို​လျက်၊"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 10,
      "text": "ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် အ​ရင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​လို၍၊ ကျေး​ဇူး​အ​မည်​ရှိ​သော ငါ၏​တောင်​ဝှေး​ကို ယူ၍ ချိုး၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 11,
      "text": "ထို​ပ​ဋိ​ညာဉ်​သည် ထို​နေ့၌​ပျက်​သော​ကြောင့်၊ ငါ့​ကို​အ​မှီ​ပြု​သော သိုး​ဆင်း​ရဲ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​လည်​ကြ၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 12,
      "text": "တစ်​ဖန် ငါ​က၊ ငါ​ရ​ထိုက်​သော အ​ခ​ကို​ပေး​အံ့​သော​ငှာ၊ သင်​တို့​သည် အ​လို​ရှိ​လျှင် ပေး​ကြ​လော့။ အ​လို​မ​ရှိ​လျှင် မ​ပေး​ကြ​နှင့်​ဟု ဆို​သော်၊ သူ​တို့​သည် ငါ့​အား အ​ခ​ပေး​အံ့​သော​ငှာ ငွေ​သုံး​ဆယ်​ကို ချိန်​ကြ၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 13,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထို​ငွေ​ကို အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ​လော့။ ငါ့​ကို အ​ဖိုး​ဖြတ်၍ ငွေ​များ​လှ​သည်​တ​ကား​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ငွေ​သုံး​ဆယ်​ကို ငါ​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ အိုး​ထိန်း​သ​မား​ရှေ့​မှာ ပစ်​ချ၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 14,
      "text": "ထို​အ​ခါ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို ဖျက်​လို၍၊ အ​နှောင်​အ​ဖွဲ့​အ​မည်​ရှိ​သော အ​ခြား​တောင်​ဝှေး​ကို ငါ​ချိုး၏။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 15,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ မိုက်​သော သိုး​ထိန်း၏​တန်​ဆာ​တို့​ကို သိမ်း​ယူ​လော့။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ဤ​ပြည်၌ သိုး​ထိန်း​တစ်​ဦး​ကို ငါ​ပေါ်​ထွန်း​စေ​မည်။ သူ​သည် အ​သတ်​ခံ​ရ​သော အ​ကောင်​ကို မ​ကြည့်​မ​ရှု၊ လမ်း​လွဲ​သော​အ​ကောင်ကို မ​ရှာ၊ နာ​သော​အ​ကောင်​ကို အ​နာ​ပျောက်​စေ​ခြင်း​ငှာ မ​ပြု၊ ရပ်​နေ​သော အ​ကောင်​ကို မ​မ​စ၊ ဆူ​သော​အ​ကောင်​တို့​ကို စား​လိမ့်​မည်။ သူ​တို့ ခွာ​ကို​လည်း ချိုး​ဖဲ့​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 11,
      "verse": 17,
      "text": "သိုး​စု​ကို စွန့်​ပစ်​သော အ​ချည်း​နှီး​သိုး​ထိန်း​သည် အ​မင်္ဂ​လာ ရှိ​စေ​သ​တည်း။ သူ၏​လက်​ရုံး​နှင့် လက်​ယာ​မျက်​စိ၌ ဓား​ဘေး ရောက်​လိမ့်​မည်။ လက်​ရုံး​သည် အ​ကုန်​အ​စင် ခြောက်​ကပ်​လိမ့်​မည်။ လက်​ယာ​မျက်​စိ​သည် အ​ကုန်​အ​စင်​မိုက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊ မိုး​ကောင်း​ကင်​ကို ကြက်၍ မြေ​ကြီး​တိုက်​မြစ်​ကို ချ​တော်​မူ​ထ​သော၊ လူ​အ​ထဲ၌ လူ၏​ဝိ​ညာဉ်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 2,
      "text": "ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို ပတ်​လည်၌​ရှိ​သော လူ​မျိုး​အ​ပေါင်း​တို့​အား တုန်​လှုပ်​စေ​သော ဖ​လား​ဖြစ်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​စဉ်​တွင် ယု​ဒ​ပြည်​ကို​လည်း ထို​အ​တူ ဖြစ်​စေ​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 3,
      "text": "ထို​ကာ​လ​အ​ခါ၌​လည်း ထို​မြို့​ကို လူ​မျိုး​အ​ပေါင်း​တို့​အား လေး​သော​ကျောက်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို ချီ​သော​သူ​အ​ပေါင်း​တို့​သည် ကျိုး​ပဲ့​ကြေ​မွ ကြ​လိမ့်​မည်။ လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ စု​ဝေး​လျက် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 4,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ရှိ​သ​မျှ​သော မြင်း​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​ကို အ​ရူး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​သည် ဒဏ်​ခတ်​မည်။ ယု​ဒ​အ​မျိုး​ကို ငါ​ကြည့်​ရှု၍၊ တစ်​ပါး​အ​မျိုး​သား​တို့၌ ရှိ​သ​မျှ​သော မြင်း​တို့​ကို မျက်​စိ​ကန်း​စေ​ခြင်း​ငှာ ဒဏ်​ခတ်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 5,
      "text": "ယု​ဒ​မင်း​တို့​က​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် သူ​တို့​သည် ငါ့​ခွန်​အား​ဖြစ်​ကြ၏​ဟု စိတ်​ထဲ​မှာ ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 6,
      "text": "ထို​ကာ​လ၌ ငါ​သည် ယု​ဒ​မင်း​တို့​ကို ထင်း​ပုံ​တွင် မီး​ဖို​ကဲ့​သို့​လည်း​ကောင်း၊ ကောက်​လှိုင်း​တွင် မီး​စ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​သ​ဖြင့်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၊ ပတ်​လည်၌​ရှိ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို မီး​လောင်​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြို့​ရာ​ဟောင်း၌ တည်​မြဲ​တည်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 7,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တဲ​တို့​ကို ရှေ့​ဦး​စွာ ကယ်​တင်​တော်​မူ​မည်။ ထို​ကြောင့် ဒါ​ဝိဒ်​မင်း​မျိုး၏ ဘုန်း​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဘုန်း​သည် ယု​ဒ​ပြည်​တစ်​ဖက်၌ မ​ဝါ​ကြွား​ရ။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 8,
      "text": "ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ကွယ်​ကာ စောင့်​မ​တော်​မူ​သ​ဖြင့်၊ အား​နည်း​သော​သူ​သည် ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​လည်း​ကောင်း၊ ဒါ​ဝိဒ်​မင်း​မျိုး​သည် ဘု​ရား​သ​ခင် ကဲ့​သို့​လည်း​ကောင်း သူ​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန် ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 9,
      "text": "ထို​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ငါ​သည် အား​ထုတ်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 10,
      "text": "ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 11,
      "text": "မေ​ဂိ​ဒ္ဒေါ​ချိုင့်​တွင် ဟာ​ဒ​ဒြိ​မ္မုန်​မြို့​မှာ ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​ကာ​လ၌ ယေ​ရု​ရှ​လင်​မြို့​မှာ ကြီး​စွာ​သော ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 12,
      "text": "တစ်​ပြည်​လုံး အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း ကြ​လိမ့်​မည်။ ဒါ​ဝိဒ်​မင်း၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ နာ​သန်၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 13,
      "text": "လေ​ဝိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ ရှိ​မိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊"
    },
    {
      "book": 38,
      "chapter": 12,
      "verse": 14,
      "text": "ကျန်​ကြွင်း​သော အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် တစ်​မျိုး​တ​ခြား​စီ၊ သူ​တို့​မိန်း​မ​များ တစ်​စု​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 1,
      "text": "ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​မျိုး​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဒု​စ​ရိုက်​အ​ပြစ် အ​ညစ်​အ​ကြေး​ကို ဆေး​ကြော​စ​ရာ​ဖို့ စမ်း​ရေ​တွင်း​သည် ပွင့်​လျက်​ရှိ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 2,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပြည်​တော်​တွင် ရှိ​သော ရုပ်​တု​တို့၏​နာ​မ​များ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မှတ်​မိ​စေ​ခြင်း​ငှာ၊ ထို​ကာ​လ၌ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ညစ်​ညူး​သော ဝိ​ညာဉ်​ကို​လည်း​ကောင်း ပြည်​တော်​မှ နှင်​ထုတ်​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 3,
      "text": "လူ​တစ်​စုံ​တစ်​ယောက်​သည် ပ​ရော​ဖက်​ပြု​သေး​လျှင်၊ ဖွား​မြင်​သော မိ​ဘ​တို့​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​ကို​အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​သော​ကြောင့် အ​သေ​ခံ​ရ​မည်​ဟု ဆို​လျက်၊ ပ​ရော​ဖက်​ပြု​စဉ်​ပင် ကိုယ်​မိ​ဘ​တို့​သည် သူ့​ကို ထုတ်​ချင်း​ခပ် ထိုး​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 4,
      "text": "ထို​ကာ​လ၌ ပ​ရော​ဖက်​သည်​ဟော​ပြော​သော​အ​ခါ မိ​မိ​မြင်​သော ရူ​ပါ​ရုံ​ကြောင့် ရှက်​လိမ့်​မည်။ သူ​တစ်​ပါး​ကို လှည့်​စား​မည့်​အ​ကြံ​နှင့် ကြမ်း​တမ်း​သော အ​ဝတ်​ကို​လည်း မ​ဝတ်​ရ။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 5,
      "text": "အ​ကျွန်ုပ်​သည် ပ​ရော​ဖက်​မ​ဟုတ်၊ လယ်​လုပ်​သော​သူ​ဖြစ်​ပါ၏။ ငယ်​သော​အ​ရွယ်​မှ​စ၍ သူ​တစ်​ပါး၌ ကျွန်​ခံ​ရ​ပါ​ပြီ​ဟု ဝန်​ခံ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 6,
      "text": "သူ​တစ်​ပါး​က​လည်း၊ သင့်​လက်၌​ပေါ်​သော​ဒဏ်​ရာ​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင် ဤ​ဒဏ်​ရာ​ကား၊ ကျွန်ုပ်၏ အ​ဆွေ​ခင်​ပွန်း​အိမ်၌ ခံ​ရ​သော ဒဏ်​ရာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 7,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး သုံး​စု​တွင် နှစ်​စု​ကို ပယ်​ဖြတ်၍ အ​သေ​ခံ​ရ​သ​ဖြင့်၊ တစ်​စု​သာ​ကျန်​ကြွင်း​ရ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 13,
      "verse": 9,
      "text": "ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​သော​အ​ခါ၊ သူ​တစ်​ပါး​တို့​သည် သင်၏​ဥ​စ္စာ​ကို​လု​ယူ၍ သင့်​အ​လယ်၌ ဝေ​ဖန်​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 2,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို ငါ​စု​ဝေး​စေ​မည်။ မြို့​ကို​တိုက်​ယူ​ပြီး​လျှင်၊ အိမ်​တို့​ကို​လု​ယက်၍ မိန်း​မ​တို့​ကို အ​ဓ​မ္မ​ပြု​ကြ​လိမ့်​မည်။ မြို့​သား​တစ်​ဝက်​ကို​သိမ်း​သွား၍ တစ်​ဝက်​သာ မြို့၌​ကျန်​ကြွင်း​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 3,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည်​လည်း စစ်​တိုက်​ရာ​ကာ​လ၌ တိုက်​သ​ကဲ့​သို့၊ ထို​လူ​မျိုး​တို့​ကို တိုက်​သွား​တော်​မူ​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 4,
      "text": "ထို​နေ့​ရက်၌ ခြေ​တော်​သည် ယေ​ရု​ရှ​လင်​မြို့ အ​ရှေ့၊ သံ​လွင်​တောင်​ပေါ်​မှာ​ရပ်၍၊ သံ​လွင်​တောင်​သည် အ​ရှေ့​ဘက်​မှ အ​နောက်​ဘက်​တိုင်​အောင် အ​လယ်၌​ကွဲ​သ​ဖြင့်၊ အ​လွန်​ကြီး​သော​ချိုင့်​ဖြစ်​လိမ့်​မည်။ တောင်​တစ်​ဝက်​သည် မြောက်​ဘက်​သို့​လည်း​ကောင်း၊ တစ်​ဝက်​သည် တောင်​ဘက်​သို့​လည်း​ကောင်း ရွှေ့​ရ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 5,
      "text": "သင်​တို့​သည် ငါ့​တောင်​ကြား​ချိုင့်​လမ်း​ဖြင့် ပြေး​ကြ​လိမ့်​မည်။ ထို​ချိုင့်​သည် အာ​ဇ​လ​မြို့​တိုင်​အောင် မီ လိမ့်​မည်။ ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း​လက်​ထက်၊ မြေ​ကြီး​လှုပ်၍ သင်​တို့​သည် ပြေး​သ​ကဲ့​သို့ တစ်​ဖန် ပြေး​ကြ​လိမ့်​မည်။ ငါ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ၍၊ မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ပါ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 6,
      "text": "ထို​နေ့​ရက်၌ အ​လင်း​မ​ရှိ၊ မြတ်​သော​အ​ရာ​တို့​သည် ယုတ်​လျော့​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 7,
      "text": "နေ့​မ​ဟုတ်၊ ည​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား သိ​တော်​မူ​သော​နေ့​ရက်​တစ်​ရက်​ဖြစ်၍၊ ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ လင်း​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 8,
      "text": "ထို​နေ့​ရက်၌ အ​သက်​ရေ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်၍၊ နွေ​ကာ​လ​ဖြစ်​စေ၊ ဆောင်း​ကာ​လ​ဖြစ်​စေ၊ အ​ရှေ့​ပင်​လယ်​သို့ တစ်​ဝက်၊ အ​နောက်​ပင်​လယ်​သို့ တစ်​ဝက် စီး​သွား​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပြည်​လုံး​တွင် ရှင်​ဘု​ရင် ဖြစ်​တော်​မူ​မည်။ ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း၊ နာ​မ​တော်​တစ်​ပါး​တည်း ဖြစ်​တော်​မူ​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 10,
      "text": "ဂေ​ဘ​မြို့​မှ​သည် ယေ​ရု​ရှ​လင်​မြို့ တောင်​ဘက်၊ ရိ​မ္မုန်​မြို့​တိုင်​အောင် တစ်​ပြည်​လုံး​ကို ချိုင့်​ကဲ့​သို့ တ​ညီ​တည်း ဖြစ်​စေ​တော်​မူ​မည်။ မြို့​သည်​လည်း ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် အ​ရင်​တံ​ခါး​ရာ၊ မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​သည် စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​တော် တိုင်​အောင်​လည်း​ကောင်း ချီး​မြှောက်​ခြင်း​ကို​ခံ၍၊ မြို့​ဟောင်း​ရာ၌ တစ်​ဖန် တည်​ရ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 11,
      "text": "နောက်​တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့​သည် ကျိန်​ခြင်း​ဘေး​ကို​မ​ခံ၊ မြို့​သား​တို့​သည် နေ​ရာ​ကျ၍ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ နေ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 12,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့၌ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော ဘေး​ဒဏ်​ဟူ​မူ​ကား၊ ခြေ​ဖြင့်​ရပ်​လျက်​ပင် သူ​တို့​အ​သား​လျော့​ပျက်​လိမ့်​မည်။ မျက်​အိမ်၌ မျက်​လုံး လျော့​ပျက်​လိမ့်​မည်။ လျှာ​သည်​လည်း ခံ​တွင်း၌ လျော့​ပျက်​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 13,
      "text": "ထို​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့် သူ​တို့​သည် အ​လွန်​ရုန်း​ရင်း​ခတ်​မျှ​ပြု၍၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ချင်း​ရိုက်​သော်​လည်း၊ တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍ သတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 14,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​လည်း ယေ​ရု​ရှ​လင်​မြို့၌ တိုက်​ကြ​လိမ့်​မည်။ ပတ်​လည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့၏ ဥ​စ္စာ​စည်း​စိမ်​တည်း​ဟူ​သော၊ များ​စွာ​သော ရွှေ​ငွေ​အ​ဝတ်​တန်​ဆာ​စု​ပုံ​လျက် ရှိ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 15,
      "text": "မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​မှ​စ၍ ရန်​သူ​တပ်​တွင် ရှိ​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့၌​ပေး​သော​ဘေး​ဒဏ်​သည်၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ဘေး​ဒဏ်​နှင့် တူ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 16,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​လာ​သော လူ​မျိုး​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သ​မျှ​သော​သူ​တို့​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို ကိုး​ကွယ်၍၊ သ​ကေ​နေ​ပွဲ​ခံ​အံ့​သော​ငှာ မြို့​တော်​သို့ နှစ်​တိုင်း​အ​စဉ် တက်​လာ​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 17,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော ရှင်​ဘု​ရင်​ကို ကိုး​ကွယ်​အံ့​သော​ငှာ၊ မြို့​တော်​သို့​တက်၍ မ​လာ​သော​မြေ​ကြီး​သား အ​ဆွေ​အ​မျိုး​ရှိ​သ​မျှ​အ​ပေါ်​သို့ မိုး​မ​ရွာ​ရ။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 18,
      "text": "အဲ​ဂု​တ္တု​ပြည်​သား အ​ဆွေ​အ​မျိုး​သည် မ​တက်​မ​လာ​လျှင်၊ မိုး​မ​ရွာ​ဘဲ​နေ​သ​ဖြင့်၊ သ​ကေ​နေ​ပွဲ​ကို​ခံ​အံ့​သော​ငှာ​တက်၍ မ​လာ​သော​လူ​မျိုး​တို့၌၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဘေး​ဒဏ်​သည် ထို​သူ​တို့​ကို​လည်း ထိ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 19,
      "text": "ဤ​ရွေ့​ကား၊ သ​ကေ​နေ​ပွဲ​ကို​ခံ​အံ့​သော​ငှာ တက်၍​မ​လာ​သော အဲ​ဂု​တ္တု​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ခံ​ရ​သော အ​ပြစ်​ပေ​တည်း။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 20,
      "text": "ထို​နေ့​ရက်​ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ခြင်း​ဟု၊ မြင်း၌​ဆွဲ​သော ဆည်း​လည်း​အ​ပေါ်​မှာ​ပင် အ​က္ခ​ရာ​တင်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ အိုး​တို့​သည် ယဇ်​ပ​လ္လင်​ရှေ့​မှာ​ရှိ​သော ဖ​လား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 38,
      "chapter": 14,
      "verse": 21,
      "text": "ထို​မျှ​မ​က၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၌ ရှိ​သ​မျှ​သော​အိုး​တို့​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ကြ​လိမ့်​မည်။ ယဇ်​ပူ​ဇော်​သော​သူ​အ​ပေါင်း​တို့​သည် လာ၍၊ ထို​အိုး​တို့​ကို ယူ​ပြီး​လျှင် ချက်​ပြုတ်​ကြ​လိမ့်​မည်။ ထို​နေ့​မှ​စ၍ နောက်​တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ ခါ​န​နိ​လူ​မ​ရှိ​ရ။ ပ​ရော​ဖက်​ဇာ​ခ​ရိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 1,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် မာ​လ​ခိ​လက်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သို့ ပေး​လိုက်​တော်​မူ​သော ဗျာ​ဒိတ်​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော၊"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 2,
      "text": "ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊ သင်​တို့​ကို ငါ​ချစ်​လေ​ပြီ။ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​သို့ ချစ်​တော်​မူ​သ​နည်း​ဟု သင်​တို့​မေး​ကြ​လျှင်၊ ဧ​သော​သည် ယာ​ကုပ်၏​အစ်​ကို ဖြစ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ယာ​ကုပ်​ကို​ငါ​ချစ်၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 3,
      "text": "ဧ​သော​ကို ငါ​မုန်း၍ သူ​နေ​သော​တောင်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ပြီ။ သူ့​အ​မွေ​ခံ​ရာ​မြေ​ကို မြေ​ခွေး​တို့၌ အပ်​လေ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 4,
      "text": "ဧ​ဒုံ​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ပျက်​စီး​သော်​လည်း၊ ပျက်​စီး​သော​အ​ရပ်​တို့​ကို တစ်​ဖန် တည်​ဆောက်​ဦး​မည်​ဟု ဆို​ရာ​တွင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည်​တည်​ဆောက်​သော်​လည်း ငါ​ဖြို​ဖျက်​မည်။ သူ​တို့​ကို ဒု​စ​ရိုက်​ပြည်​သား၊ ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အ​မျက်​ထွက်​တော်​မူ​သော လူ​မျိုး​ဟူ၍ သ​မုတ်​ကြ​လိမ့်​မည်။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 5,
      "text": "ထို​အ​မှု​ကို သင်​တို့​သည် မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်၏​ပြင်​မှာ ဘုန်း​တန်​ခိုး​ကြီး​တော်​မူ​သည်​ဟု ဆို​ကြ​လိမ့်​မည်။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 6,
      "text": "သား​သည် အ​ဘ​ကို ရို​သေ​တတ်၏။ ကျွန်​သည် သ​ခင်​ကို ကြောက်​ရွံ့​တတ်၏။ ငါ​သည် အ​ဘ​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​သူ ရို​သေ​သ​နည်း။ သ​ခင်​မှန်​လျှင်၊ အ​ဘယ်​သူ​ကြောက်​ရွံ့​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား မေး​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် နာ​မ​တော်​ကို အ​ဘယ်​သို့ မ​ထီ​မဲ့​မြင်​ပြု​ပါ​သ​နည်း​ဟု သင်​တို့​မေး​ရာ​တွင်၊"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 7,
      "text": "ညစ်​ညူး​သော​အ​စာ​ကို ငါ့​ယဇ်​ပ​လ္လင်​သို့ ဆောင်​ခဲ့​ကြ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ရှုတ်​ချ​ပါ​သ​နည်း​ဟု မေး​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​သည် ယုတ်​မာ၏​ဟု​ဆို​သော​ကြောင့် ငါ့​ကို ရှုတ်​ချ​ကြ​ပြီ။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 8,
      "text": "မျက်​စိ​ကန်း​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ ခြေ​ဆွံ့​သော​အ​ကောင်​နှင့် နာ​သော​အ​ကောင်​ကို ယဇ်​ပူ​ဇော်​လျှင် အ​ပြစ်​ရှိ​သည် မ​ဟုတ်​လော။ မြို့​ဝန်​မင်း​အား ဆက်​ပါ​လော့။ မင်း၏​စိတ်​နှင့် တွေ့​လိမ့်​မည်​လော။ သင့်​မျက်​နှာ​ကို ထောက်​လိမ့်​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 9,
      "text": "ယ​ခု​မှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ကြ​ပါ​လော့။ သင်​တို့​လက်​ခံ​သော​ကြောင့် ဤ​သို့ ပြု​တတ်​ကြ၏။ သင်​တို့​မျက်​နှာ​ကို ထောက်​ရ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 10,
      "text": "သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 11,
      "text": "နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​စား​ပွဲ​တော်​သည် ညစ်​ညူး၏။ တင်​ထား​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​သည် ယုတ်​မာ၏​ဟု ဆို​သော​ကြောင့် စား​ပွဲ​တော်​ကို ရှုတ်​ချ​ကြ​ပြီ။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 13,
      "text": "တစ်​ဖန် သင်​တို့​က၊ အ​မှု​တော်​ကို ဆောင်​ရွက်၍ ပင်​ပန်း​စွ​တ​ကား​ဟု ဆို​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​တတ်​ကြ​သည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လု​ယူ​သော​အ​ကောင်၊ ခြေ​ဆွံ့​သော​အ​ကောင်၊ နာ​သော​အ​ကောင်​ကို ဆောင်​ခဲ့​ကြ​ပြီ။ ထို​သို့​သော ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​ပြီ​တ​ကား။ သင်​တို့​လက်​မှ ငါ​ခံ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 1,
      "verse": 14,
      "text": "သ​စ္စာ​က​တိ​ထား​ပြီး​မှ မိ​မိ​သိုး​စု၌ အ​ထီး​ရှိ​လျက်​ပင်​လှည့်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​အား ချို့​တဲ့​သော အ​ကောင်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ငါ​သည် ကြီး​မြတ်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ငါ၏​နာ​မ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​တွင် ကြောက်​မက်​ဖွယ်​ဖြစ်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 1,
      "text": "အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား မိန့်​တော်​မူ​သော ပ​ညတ်​စ​ကား​ဟူ​မူ​ကား၊"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 2,
      "text": "ငါ၏​နာ​မ​တော်​ကို ချီး​မွမ်း​လို​သော​ငှာ သင်​တို့​သည် နား​မ​ထောင်၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို သင်​တို့​အ​ပေါ်​သို့ ငါ​လွှတ်​လိုက်​မည်။ သင်​တို့၏​မင်္ဂ​လာ​ကို အ​မင်္ဂ​လာ​ဖြစ်​စေ​မည်။ ထို​မျှ​မ​က၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​သော​ကြောင့် ယ​ခု​ပင် အ​မင်္ဂ​လာ​ဖြစ်​စေ​ပြီ။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 3,
      "text": "သင်​တို့​မျိုး​စေ့​ကို ငါ​ဖျက်​မည်။ တိ​ရ​စ္ဆာန်​ချေး​တည်း​ဟူ​သော သင်​တို့​ဓ​မ္မ​ပွဲ၏​တိ​ရ​စ္ဆာန်​ချေး​ကို သင်​တို့ မျက်​နှာ​ပေါ်၌ ငါ​ကြဲ​မည်။ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ထို​တိ​ရ​စ္ဆာန်​ချေး​နှင့်​အ​တူ ယူ​သွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 4,
      "text": "ငါ၏​ပ​ဋိ​ညာဉ်​ကို လေ​ဝိ​အ​မျိုး၌​တည်​စေ​ခြင်း​ငှာ၊ ဤ​ပ​ညတ်​စ​ကား​ကို သင်​တို့​ဆီ​သို့ ငါ​ပေး​လိုက်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 5,
      "text": "ငါ​ဖွဲ့​သော​အ​သက်​ပ​ဋိ​ညာဉ်၊ ငြိမ်​ဝပ်​ခြင်း​ပ​ဋိ​ညာဉ်​သည် ထို​အ​မျိုး၌ ရှိ၏။ ငါ့​ကို​ကြောက်​ရွံ့၍ ငါ၏​နာ​မ​တော်​ရှေ့၌ ထိတ်​လန့်​သော​ကြောင့် ငါ​ဖွဲ့၍​ပေး၏။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 6,
      "text": "ထို​အ​မျိုး​သည် သ​စ္စာ​တ​ရား​စ​ကား​ကို ပြော​တတ်၏။ သူ့​နှုတ်၌ အ​ပြစ်​ကို ရှာ၍​မ​တွေ့။ ငြိမ်​ဝပ်​ခြင်း​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား အ​တိုင်း ငါ​နှင့်​အ​တူ​သွား​လာ၍၊ များ​စွာ​သော သူ​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​မှ​လွှဲ​ရှောင်​စေ​တတ်၏။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 7,
      "text": "ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 8,
      "text": "သင်​တို့​မူ​ကား၊ လမ်း​လွှဲ​ကြ​ပြီ။ လူ​များ​တို့​သည် တ​ရား​တော်​ကို​ထိ​မိ၍ လဲ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ လေ​ဝိ​အ​မျိုး​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 10,
      "text": "ခပ်​သိမ်း​သော​ငါ​တို့၌ တစ်​ပါး​တည်း​သော​အ​ဘ ရှိ​သည်​မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ရှုတ်​ချ၍၊ ငါ​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် သ​စ္စာ​ဖျက်​ကြ​သ​နည်း။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 11,
      "text": "ယု​ဒ​အ​မျိုး​သည် သ​စ္စာ​ပျက်၏။ ဣ​သ​ရေ​လ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ရွံ့​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ကြ၏။ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော သန့်​ရှင်း​ခြင်း​တ​ရား​တော်​ကို ရှုတ်​ချ၍၊ တစ်​ပါး​အ​မျိုး​ဘု​ရား၏​သ​မီး​နှင့် လက်​ထပ်​ပါ​သည်​တ​ကား။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 12,
      "text": "ထို​သို့​ပြု​သော ဆ​ရာ​နှင့် တ​ပည့်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​တဲ​တို့​မှ ပယ်​ဖြတ်​တော်​မူ​မည်။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 13,
      "text": "တစ်​ဖန် သင်​တို့​ပြု​သော အ​မှု​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို မျက်​ရည်​ကျ​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့် ဖုံး​အုပ်​ကြ​ပြီ။ ထို​ကြောင့်၊ ပူ​ဇော်​သ​ကာ​ကို​မှတ်​တော်​မ​မူ။ သင်​တို့​လက်​မှ နှစ်​သက်​သော​စိတ်​နှင့် ခံ​တော်​မ​မူ။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 14,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟု သင်​တို့​မေး​လျှင်၊ သင့်​အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်၍ နောက်​တစ်​ဖန် သ​စ္စာ​မ​စောင့်၊ ပြစ်​မှား​သော မ​ယား​တစ်​ဖက်​နှင့် သင့်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် သက်​သေ​ဖြစ်​တော်​မူ၏။ ထို​မ​ယား​သည် သင်၏​အ​ဆွေ​ခင်​ပွန်း၊ သင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​နှင့် ဆိုင်​သော​မ​ယား​ဖြစ်​သ​တည်း။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 15,
      "text": "တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 16,
      "text": "မ​ယား​ကို​စွန့်​ခြင်း​အ​မှု၊ မိ​မိ​ခင်​ပွန်း၌ ပြစ်​မှား​သော​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​အ​မှု​ကို ငါ​မုန်း​သည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ သ​စ္စာ​ကို မ​ဖျက်​ကြ​နှင့်။"
    },
    {
      "book": 39,
      "chapter": 2,
      "verse": 17,
      "text": "သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 1,
      "text": "ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 2,
      "text": "လာ​တော်​မူ​သော​နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​တိမ်း​မ​ရှောင်​ဘဲ နေ​လိမ့်​မည်​နည်း။ ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည် ခံ​ရပ်​လိမ့်​မည်​နည်း။ ထို​သ​ခင်​သည် ငွေ​စစ်​သော​သူ၏​မီး၊ ခ​ဝါ​သည်​သုံး​သော ဆပ်​ပြာ​ကဲ့​သို့ ဖြစ်​တော်​မူ​မည်။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 3,
      "text": "ငွေ​ကို​ချွတ်၍ သန့်​ရှင်း​စေ​သော​သူ​ကဲ့​သို့​ထိုင်​လျက် ရွှေ​ငွေ​ကို ချွတ်​သ​ကဲ့​သို့၊ လေ​ဝိ​သား​တို့​ကို​ချွတ်၍ သန့်​ရှင်း​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဖြစ်၍ ဖြောင့်​မတ်​ခြင်း​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ကြ​လိမ့်​မည်။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 4,
      "text": "ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ပူ​ဇော်​သ​ကာ​သည် ရှေး​လွန်​လေ​ပြီး​သော နှစ်၊ လ၊ နေ့​ရက်​ကာ​လ၌ ဖြစ်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 5,
      "text": "သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 6,
      "text": "ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ပြောင်း​လဲ​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ယာ​ကုပ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ကြ။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 7,
      "text": "ဘိုး​ဘေး​တို့ လက်​ထက်​မှ​စ၍ သင်​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်၊ တိမ်း​ရှောင်​ကြ​ပြီ။ ငါ​ထံ​သို့ ပြန်​လာ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​ဆီ​သို့ ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ ပြန်​လာ​ရ​ပါ​မည်​နည်း​ဟု သင်​တို့​မေး​ကြ​သည်​တ​ကား။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 8,
      "text": "လူ​သည် ဘု​ရား​သ​ခင်၏​ဥ​စ္စာ​တော်​ကို လု​ယူ​ရ​မည်​လော။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ လု​ယူ​ပါ​သ​နည်း​ဟု သင်​တို့​မေး​လျှင်၊ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ကောင်း လု​ယူ​ကြ​ပြီ။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 9,
      "text": "သင်​တို့​သည် ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 10,
      "text": "ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 11,
      "text": "ကိုက်​စား​တတ်​သော အ​ကောင်​ကို သင်​တို့​အ​တွက် ငါ​ဆုံး​မ၍၊ သင်​တို့၏ မြေ​အ​သီး​အ​နှံ​ကို မ​ဖျက်​ဆီး​ရ။ သင်​တို့၏​စ​ပျစ်​ဥ​ယျာဉ်​သည် အ​သီး​မ​သီး​ဘဲ မ​နေ​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 12,
      "text": "လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။ သင်​တို့ ပြည်​သည်​လည်း နှစ်​သက်​ဖွယ်​သော ပြည်​ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 13,
      "text": "သင်​တို့​သည် ငါ့​တစ်​ဖက်၌ ရဲ​ရင့်​စွာ ပြော​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သို့​ရာ​တွင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​တစ်​ဖက်၌ အ​ဘယ်​သို့​ပြော​မိ​ပါ​သ​နည်း​ဟု သင်​တို့ မေး​ကြ​သည်​တ​ကား။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 14,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​ကို​ဆောင်​ရွက်​သော်​လည်း အ​ကျိုး​မ​ရှိ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​ကို စောင့်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ညှိုး​ငယ်​စွာ​ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 15,
      "text": "မာ​န​ထောင်​လွှား​သော​သူ​တို့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ဝေါ်​ကြ၏။ အ​ကယ်​စင်​စစ် ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​သည် အောင်​တတ်​ကြ၏။ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​ကို​စုံ​စမ်း​သော်​လည်း ချမ်း​သာ​ရ​တတ်​ကြ၏​ဟု သင်​တို့​သည် ပြော​ကြ​ပြီ။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 16,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် နှုတ်​ဆက်၍ ပြော​ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း နား​ထောင်၍ ကြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ နာ​မ​တော်​ကို အောက်​မေ့​သော သူ​တို့​အ​ဖို့၊ ရှေ့​တော်​တွင် စာ​ရင်း၌ မှတ်​သား​လျက်​ရှိ၏။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 17,
      "text": "ထို​သူ​တို့​သည် ငါ​စီ​ရင်​သော​နေ့​ရက်၌ ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘ၏​အ​မှု​ကို ဆောင်​သော​သား​ကို အ​ဘ​နှ​မြော​သ​ကဲ့​သို့ ထို​သူ​တို့​ကို​ငါ​နှ​မြော​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 3,
      "verse": 18,
      "text": "တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 1,
      "text": "မီး​ဖို၌ မီး​လောင်​သ​ကဲ့​သို့ လောင်​သော​နေ့​ရက်​ကာ​လ​သည် ရောက်​လိမ့်​မည်။ မာ​န​ကြီး​သော​သူ​နှင့် ဒု​စ​ရိုက်​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​မှိုက်​ခြောက် ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ရင်း​အ​ဖျား​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ ထို​နေ့​ရက်​သည် လောင်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 2,
      "text": "ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 3,
      "text": "မ​တ​ရား​သော​သူ​တို့​ကို​လည်း နင်း​ကြ​လိမ့်​မည်။ ထို​သို့ ငါ​စီ​ရင်​သော နေ့​ရက်၌ သူ​တို့​သည် သင်​တို့ ခြေ​ဖ​ဝါး​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 4,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဟော​ရပ်​အ​ရပ်၌​ငါ​မှာ​ထား​သော၊ ငါ့​ကျွန်​မော​ရှေ၏​တ​ရား​တည်း​ဟူ​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို အောက်​မေ့​ကြ​လော့။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 5,
      "text": "ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော​နေ့​ရက်​ကြီး မ​ရောက်​မီ၊ ပ​ရော​ဖက်​ဧ​လိ​ယ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။"
    },
    {
      "book": 39,
      "chapter": 4,
      "verse": 6,
      "text": "ငါ​သည်​လာ၍ သင်​တို့၏​ပြည်​ကို ကျိန်​ခြင်း​ဘေး​နှင့် ဒဏ်​မ​ခတ်​မည်​အ​ကြောင်း၊ ထို​ပ​ရော​ဖက်​သည် သား​တို့​နှင့် အ​ဘ​တို့​ကို​လည်း​ကောင်း၊ အ​ဘ​တို့​နှင့် သား​တို့​ကို​လည်း​ကောင်း အ​သင့်​အ​တင့် ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။ ဓ​မ္မ​ဟောင်း​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း ပြီး၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 1,
      "text": "အာ​ဗြ​ဟံ​နှင့် ဒါ​ဝိဒ်​တို့​မှ​ဆင်း​သက်​တော်​မူ​သော ယေ​ရှု​ခ​ရစ်၏ ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ဟူ​မူ​ကား၊-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 2,
      "text": "အာ​ဗြ​ဟံ​သား ဣ​ဇာက်။ ဣ​ဇာက်​သား ယာ​ကုပ်။ ယာ​ကုပ်​သား ယု​ဒ​မှ​စ၍ ညီ​နောင်​တစ်​စု။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 3,
      "text": "ယု​ဒ​သည် မိ​မိ​ခင်​ပွန်း တာ​မာ​တွင်​မြင်​သော သား​ဖာ​ရက်​နှင့် ဇာ​ရ။ ဖာ​ရက်​သား ဟေ​ဇ​ရုံ။ ဟေ​ဇ​ရုံ​သား အာ​ရံ။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 4,
      "text": "အာ​ရံ​သား အ​မိ​န​ဒပ်။ အ​မိ​န​ဒပ်​သား နာ​ရှုန်။ နာ​ရှုန်​သား စာ​လ​မုန်။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 5,
      "text": "စာ​လ​မုန်​သည် မိ​မိ​ခင်​ပွန်း​ရာ​ခပ်​တွင် မြင်​သော​သား ဗော​ဇ။ ဗော​ဇ​သည် မိ​မိ​ခင်​ပွန်း​ရု​သ​တွင် မြင်​သော​သား ဩ​ဗက်။ ဩ​ဗက်​သား ယေ​ရှဲ။ ယေ​ရှဲ​သား ဒါ​ဝိဒ်​မင်း​ကြီး​တည်း။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 6,
      "text": "ဒါ​ဝိဒ်​မင်း​ကြီး​သည် ဥ​ရိ​ယ၏​ခင်​ပွန်း​ဖြစ်​ဖူး​သော မိန်း​မ​တွင် မြင်​သော​သား ရှော​လ​မုန်။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 7,
      "text": "ရှော​လ​မုန်​သား ရော​ဗောင်။ ရော​ဗောင်​သား အ​ဘိ​ယ။ အ​ဘိ​ယ​သား အာ​သ။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 8,
      "text": "အာ​သ​သား ယော​ရှ​ဖတ်။ ယော​ရှ​ဖတ်​သား ယ​ဟော​ရံ။ ယ​ဟော​ရံ​သား ဩ​ဇိ။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 9,
      "text": "ဩ​ဇိ​သား ယော​သံ။ ယော​သံ​သား အာ​ခတ်။ အာ​ခတ်​သား ဟေ​ဇ​ကိ။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 10,
      "text": "ဟေ​ဇ​ကိ​သား မ​နာ​ရှေ။ မ​နာ​ရှေ​သား အာ​မုန်။ အာ​မုန်​သား ယော​ရှိ။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 11,
      "text": "ယော​ရှိ​သား ယော​ယ​ကိမ်။ ယော​ယ​ကိမ်​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​ခါ​နီး​တွင်​မြင်​သော​သား ယေ​ခေါ​နိ​မှ​စ၍ ညီ​နောင်​တစ်​စု​တည်း။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 12,
      "text": "ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​နောက်၊ ယေ​ခေါ​နိ​သား ရှာ​လ​သေ​လ။ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 13,
      "text": "ဇေ​ရု​ဗ​ဗေ​လ​သား အ​ဗျုဒ်။ အ​ဗျုဒ်​သား ဧ​လျာ​ကိမ်။ ဧ​လျာ​ကိမ်​သား အာ​ဇော်။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 14,
      "text": "အာ​ဇော်​သား ဇာ​ဒုတ်။ ဇာ​ဒုတ်​သား အာ​ခိမ်။ အာ​ခိမ်​သား ဧ​လုဒ်။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 15,
      "text": "ဧ​လုဒ်​သား ဧ​လာ​ဇာ။ ဧ​လာ​ဇာ​သား မဿန်။ မဿန်​သား ယာ​ကုပ်။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 16,
      "text": "ယာ​ကုပ်​မြင်​သော​သား​ကား၊ မာ​ရိ၏​ခင်​ပွန်း​ယော​သပ်​တည်း။ ထို​မာ​ရိ​သည် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သ​မုတ်​သော ယေ​ရှု၏​မယ်​တော်​ဖြစ်၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 17,
      "text": "ဤ​သို့​လျှင်၊ မျိုး​စဉ်​နွယ်​ဆက်​ပေါင်း​ကား၊ အာ​ဗြ​ဟံ​မှ​သည် ဒါ​ဝိဒ်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဒါ​ဝိဒ်​မှ​သည် ဗာ​ဗု​လုန်​မြို့​သို့ နေ​ရာ​ပြောင်း​သည်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက်၊ ဗာ​ဗု​လုန်​မြို့​သို့ ပြောင်း​ပြီး​မှ​သည် ခ​ရစ်​တော်​တိုင်​အောင် တစ်​ဆယ်​လေး​ဆက် ဖြစ်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 18,
      "text": "ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 19,
      "text": "သူ၏​ခင်​ပွန်း​ယော​သပ်​သည် သူ​တော်​ကောင်း​ဖြစ်၍၊ မာ​ရိ​အ​သ​ရေ​ကို မ​ပျက်​စေ​ချင်​သော​ကြောင့် တိတ်​ဆိတ်​စွာ​စွန့်​ပယ်​မည်​ဟု အ​ကြံ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 20,
      "text": "ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 21,
      "text": "သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 22,
      "text": "ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​အ​တည်း။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 23,
      "text": "ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 24,
      "text": "ယော​သပ်​သည် အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် မှာ​ထား​သည်​အ​တိုင်း​ပြု၍ မိ​မိ​ခင်​ပွန်း​ကို ထိန်း​သိမ်း​လေ၏။-"
    },
    {
      "book": 40,
      "chapter": 1,
      "verse": 25,
      "text": "သို့​သော်​လည်း၊ သား​ဦး ကို မ​ဖွား​မီ​တိုင်​အောင် သံ​ဝါ​သ​မ​ပြု​ဘဲ​နေ၏။ ထို​သား​ကို​လည်း ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 1,
      "text": "ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 2,
      "text": "ယ​ခု ဖွား​မြင်​သော ယု​ဒ​ရှင်​ဘု​ရင်​သည်၊ အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ အ​ရှေ့​ပြည်၌ သူ၏​ကြယ်​ကို ငါ​တို့ မြင်​ရ​သည်​ဖြစ်၍ ဖူး​တွေ့​ပူ​ဇော်​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 3,
      "text": "ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 4,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် ကျမ်း​ပြု​ဆ​ရာ​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍ ခ​ရစ်​တော်​ကို အ​ဘယ်​အ​ရပ်​မှာ ဖွား​မြင်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 5,
      "text": "ထို​ဆ​ရာ​တို့​က​လည်း၊ ပ​ရော​ဖက်​တစ်​ဦး ရေး​ထား​သော​အ​ချက် ဟူ​မူ​ကား၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 6,
      "text": "အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊ အ​စိုး​ရ​သော​ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​စု ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော​သ​ခင်​သည် သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့​ဟု ကျမ်း​လာ​ရှိ​ပါ၏။ ထို​ကြောင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ခ​ရစ်​တော်​ကို ဖွား​မြင်​ရ​ပါ​မည်​ဟု မင်း​ကြီး​အား ပြန်​ကြား​လျှောက်​ထား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 7,
      "text": "ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည်၊ မာ​ဂု​ပ​ညာ​ရှိ​တို့​ကို မ​ထင်​မ​ရှား​ခေါ်၍ ကြယ်​ပေါ်​ထွန်း​သော အ​ချိန်​ကာ​လ​ကို စေ့​စေ့​မေး​မြန်း​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 8,
      "text": "သင်​တို့​သွား၍ ထို​သူ​ငယ်​ကို ကြိုး​စား​ရှာ​ကြ​ပါ။ တွေ့​လျှင် ငါ့​ထံ​သို့​ပြန်​လာ၍ ငါ​လည်း ထို​သူ​ငယ်​ကို ဖူး​တွေ့​ပူ​ဇော်​ရ​အောင် ကြား​ပြော​ကြ​ပါ​ဟု မှာ​ထား​တော်​မူ​လျက်၊ ဗက်​လင်​မြို့​သို့ စေ​လွှတ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 9,
      "text": "ထို​သူ​တို့​သည် မင်း​ကြီး​စ​ကား​ကို နာ​ခံ​ပြီး​လျှင်​ထွက်​သွား​ကြ၍ အ​ရှေ့​ပြည်၌​မြင်​ရ​သော ကြယ်​သည် သူ​တို့​ရှေ့​က​သွား​သ​ဖြင့် သူ​ငယ်​တော်​ရှိ​ရာ​အ​ရပ်​အ​ပေါ်​သို့ ရောက်၍ တည်​လျက်​နေ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 10,
      "text": "ထို​ကြယ်​ကို မြင်​ပြန်​သော​အ​ခါ အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 11,
      "text": "အိမ်​သို့​ဝင်​လေ​သော်၊ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို တွေ့​မြင်​လျှင် ပျပ်​ဝပ်​ကိုး​ကွယ်၍၊ မိ​မိ​တို့ ဘ​ဏ္ဍာ​ဥ​စ္စာ​တို့​ကို ဖွင့်​ပြီး​မှ လော​ဗန်​နှင့် မု​ရန် တည်း​ဟူ​သော နံ့​သာ​မျိုး​ကို​လည်း​ကောင်း၊ ရွှေ​ကို​လည်း​ကောင်း ဆက်​ကပ်​ပူ​ဇော်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 12,
      "text": "နောက်​မှ ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ မ​ပြန်​ရ​မည်​အ​ကြောင်း အိပ်​မက်​တွင် ဗျာ​ဒိတ်​တော်​ကို​ရ၍ မိ​မိ​တို့​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 13,
      "text": "ထို​သူ​တို့ သွား​ကြ​သည်​နောက်၊ ယော​သပ်​သည် အိပ်​မက်​ကို​မြင်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​ပြေး၍၊ တစ်​ဖန် ငါ​ပြော​ဆို​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လော့။ ဟေ​ရုဒ်​မင်း​ကြီး​သည် သူ​ငယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​လိမ့်​မည်​ဟု​ဆို​လေ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 14,
      "text": "ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့်​သူ​ငယ်​တော်​ကို ည​အ​ချိန်၌ ဆောင်​ယူ​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်​သို့ ထွက်​သွား၍၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 15,
      "text": "ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​တိုင်​အောင် ထို​ပြည်၌​နေ​လေ၏။ ဤ​အ​ကြောင်း​အ​ရာ​ကား၊ ငါ့​သား​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ခေါ်​ခဲ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော​ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​တည်း။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 16,
      "text": "ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 17,
      "text": "ပ​ရော​ဖက်​ယေ​ရ​မိ ဟော​ဖူး​သည်​ကား၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 18,
      "text": "ရာ​မ​အ​ရပ်၌ သည်း​စွာ​သော​ညည်း​တွား​ငို​ကြွေး မြည်​တမ်း​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့ မ​ရှိ​သော​ကြောင့် ငို၍​စိတ်​မ​ပြေ​နိုင် ဟူ​သော​စ​ကား​သည် ထို​အ​ခါ၌ အ​မှန်​ကျ​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 19,
      "text": "ဟေ​ရုဒ်​မင်း​ကြီး အ​နိ​စ္စ​ရောက်​သည်​နောက်၊ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌ အိပ်​မက်​ကို​မြင်​ပြန်​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 20,
      "text": "သင်​ထ​လော့။ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို​ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့ သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​အံ့​သော​ငှာ ရှာ​သော​သူ​တို့​သည် သေ​ကြ​ပြီ​ဟု​ဆို​လေ၏။-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 21,
      "text": "ထို​အ​ခါ ယော​သပ်​သည် ထ၍ မယ်​တော်​နှင့် သူ​ငယ်​တော်​ကို ဆောင်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​တိုင်း​သို့​သွား၍ ရောက်​သည်​ရှိ​သော်၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 22,
      "text": "ဟေ​ရုဒ်​မင်း​ကြီး၏​အ​ရာ၌ သား​တော်​အာ​ခေ​လ​သည် ယု​ဒ​ပြည်​တွင် မင်း​ပြု​ကြောင်း​ကို ကြား​ရ​လျှင်၊ ထို​ပြည်​သို့ မ​သွား​ဝံ့၍ အိပ်​မက်၌ ဗျာ​ဒိတ်​တော်​ကို​ရ​ပြန်​ပြီး​မှ ဂါ​လိ​လဲ​ပြည်​သို့​သွား၍၊-"
    },
    {
      "book": 40,
      "chapter": 2,
      "verse": 23,
      "text": "ခ​ရစ်​တော်​ကို နာ​ဇ​ရက်​လူ​ဟု ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟူ​သော ပ​ရော​ဖက်​တို့၏ နှုတ်​ထွက်​နှင့်​အ​ညီ၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော​မြို့​သို့ ရောက်၍ အ​မြဲ​နေ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 1,
      "text": "ထို​ကာ​လ​အ​ခါ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ပေါ်​ထွန်း​လျှင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ။-"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 2,
      "text": "ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 3,
      "text": "ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ တော၌​ဟစ်​ကျော်​သော​သူ၏ အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့ ဟူ​သော​အ​ချက်၌ ထို​ယော​ဟန်​ကို ဆို​လို​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 4,
      "text": "ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့်​ရက်​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ခါး၌​သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော ပျား​ရည်​ကို စား​လျက်​နေ၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 5,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​သူ​ပြည်​သား၊ ယော်​ဒန်​မြစ်​နား​မှာ နေ​သော​သူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့ ထွက်​သွား၍၊"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 6,
      "text": "မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 7,
      "text": "ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 8,
      "text": "နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 9,
      "text": "အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော်​ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 10,
      "text": "သစ်​ပင်​အ​မြစ်​နား​မှာ ပု​ဆိန်​ထား​လျက်​ရှိ​သည်​ဖြစ်၍၊ ကောင်း​သော​အ​သီး မ​သီး​သော​အ​ပင် ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​ရ၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 11,
      "text": "ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 12,
      "text": "လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 13,
      "text": "ထို​အ​ခါ ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​နား ယော​ဟန်​ထံ​သို့ ကြွ​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 14,
      "text": "ယော​ဟန်​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​မည် အ​ကြောင်း​ရှိ​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထံ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ယေ​ရှု​ကို​ဆီး​တား​လေ၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 15,
      "text": "ယေ​ရှု​က​လည်း အ​လုံး​စုံ​သော​တ​ရား​တို့​ကို အ​ကုန်​အ​စင် ကျင့်​သင့်​သည်​ဖြစ်၍ ယ​ခု​အ​ခွင့်​ပေး​ပါ​ဟု ပြန်​ပြော​တော်​မူ၏။ ထို​အ​ခါ ယော​ဟန်​သည် ဝန်​ခံ​လေ၏။"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 16,
      "text": "ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ကိုယ်​တော်​အ​ပေါ်၌ နား​တော်​မူ​သည်​ကို မြင်​ရ၍၊"
    },
    {
      "book": 40,
      "chapter": 3,
      "verse": 17,
      "text": "ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 1,
      "text": "ထို​အ​ခါ မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့​ပို့​ဆောင်​တော်​မူ၍၊-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 2,
      "text": "ယေ​ရှု​သည် အ​ရက်​လေး​ဆယ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို မ​သုံး​ဆောင်​ဘဲ​နေ​ပြီး​မှ မွတ်​သိပ်​ခြင်း​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 3,
      "text": "ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 4,
      "text": "ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 5,
      "text": "ထို​အ​ခါ မာရ်​နတ်​သည် ယေ​ရှု​ကို သန့်​ရှင်း​သော​မြို့​တော်​သို့ ဆောင်​သွား၍ ဗိ​မာန်​တော်၏​အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 6,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည် ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ သူ​တို့​သည်​သင့်​ကို လက်​နှင့် မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ကိုယ်​ကို အောက်​သို့​ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 7,
      "text": "ယေ​ရှု​က​လည်း သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​ပြန်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 8,
      "text": "တစ်​ဖန်​မာရ်​နတ်​သည် ယေ​ရှု​ကို အ​လွန်​မြင့်​လှ​စွာ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌ ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို​လည်း​ကောင်း၊ ထို​တိုင်း​နိုင်​ငံ​တို့၏ ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း ပြ​ညွှန်၍၊-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 9,
      "text": "ကိုယ်​တော်​သည် ငါ့​ကို ညွှတ်​ပျပ်​ကိုး​ကွယ်​လျှင် ယ​ခု​ပြ​လေ​သ​မျှ​တို့​ကို ငါ​ပေး​မည်​ဟု​ဆို​လေ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 10,
      "text": "ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 11,
      "text": "ထို​အ​ခါ မာရ်​နတ်​သည် အ​ထံ​တော်​မှ​ထွက်​သွား၍ ကောင်း​ကင်​တ​မန်​တို့​သည် ချဉ်း​ကပ်​လျက် လုပ်​ကျွေး​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 12,
      "text": "ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၍၊-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 13,
      "text": "နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 14,
      "text": "ဤ​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက်​ပြည့်​စုံ​မည် အ​ကြောင်း​တည်း။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 15,
      "text": "နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​တည်း​ဟူ​သော အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်၊-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 16,
      "text": "မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 17,
      "text": "ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 18,
      "text": "ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ပေ​တ​ရု​ဟူ၍​ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် အ​န္ဒြေ၊ ညီ​အစ်​ကို နှစ်​ယောက်​တို့​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 19,
      "text": "ထို​သူ​တို့​အား ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို မျှား​သော​တံ​ငါ ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​လေ​သော်၊"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 20,
      "text": "ထို​သူ​တို့​သည် ချက်​ချင်း ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 21,
      "text": "ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 22,
      "text": "ထို​သူ​တို့​သည်​လည်း ချက်​ချင်း အ​ဘ​နှင့် လှေ​ကို စွန့်​ပစ်၍ နောက်​တော်​သို့​လိုက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 23,
      "text": "ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 24,
      "text": "သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 4,
      "verse": 25,
      "text": "ဂါ​လိ​လဲ​ပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေ​ရှု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​သော လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 1,
      "text": "ထို​လူ​အ​ပေါင်း​တို့​ကို မြင်​လျှင်၊ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ရင်း​သို့ ချဉ်း​ကပ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 2,
      "text": "ထို​အ​ခါ နှုတ်​တော်​ကို​ဖွင့်၍ တ​ပည့်​တော်​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​မှာ၊-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 3,
      "text": "စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 4,
      "text": "စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 5,
      "text": "စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 6,
      "text": "ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 7,
      "text": "သ​နား​စုံ​မက်​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် သ​နား​စုံ​မက်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 8,
      "text": "စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 9,
      "text": "သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 10,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 11,
      "text": "ငါ့​ကြောင့် သင်​တို့​ကို ကဲ့​ရဲ့​ညှဉ်း​ဆဲ၍ မ​မှန်​ဘဲ​လျက် အ​ပြစ်​တ​ကာ တင်​ကြ​သော​အ​ခါ၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 12,
      "text": "ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 13,
      "text": "သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 14,
      "text": "သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 15,
      "text": "ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 16,
      "text": "ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 17,
      "text": "ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​များ​ကို ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ဖျက်​ပယ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 18,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ကောင်း​ကင်​နှင့် မြေ​ကြီး မ​ပျက်​စီး​မီ​တိုင်​အောင်၊ ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော စာ​လုံး​ဗိ​န္ဓု​တစ်​လုံး​မျှ ပြည့်​စုံ​ခြင်း​သို့ မ​ရောက်​မီ မ​ပျက်​စီး​ရ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 19,
      "text": "ထို​ကြောင့် အ​ကြင်​သူ​သည်၊ အ​ငယ်​ဆုံး​သော ပ​ညတ်​တစ်​ခု​ကို ကိုယ်​တိုင်​လွန်​ကျူး၍ သူ​တစ်​ပါး​တို့​အား​လည်း ထို​အ​တူ​သွန်​သင်၏။ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ငယ်​ဆုံး​သော​သူ ဖြစ်​လိမ့်​မည်။ အ​ကြင်​သူ​သည် ကိုယ်​တိုင်​ကျင့်၍ သူ​တစ်​ပါး​တို့​အား​လည်း သွန်​သင်၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 20,
      "text": "ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ ကြီး​သော​သူ ဖြစ်​လိမ့်​မည်။ သင်​တို့​ကျင့်​သော​အ​ကျင့်​သည် ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့ ကျင့်​သော​အ​ကျင့်​ထက် မ​လွန်​မ​သာ​လျှင်၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ကြ​ဟု ငါ​အ​မှန်​ဆို၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 21,
      "text": "လူ​အ​သက်​ကို မ​သတ်​ရ။ သတ်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 22,
      "text": "ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 23,
      "text": "ထို​ကြောင့် သင်​သည် ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​သို့​ဆောင်​ယူ​ခဲ့​လျက် သင်၏​ညီ​အစ်​ကို​သည် သင်၌ အ​ပြစ်​တင်​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​သည်​ဟု အောက်​မေ့​သ​တိ​ရ​လျှင်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ ပူ​ဇော်​သ​ကာ​ကို​ထား၍ သွား​လော့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 24,
      "text": "ညီ​အစ်​ကို​နှင့် သင့်​တင့်​ပြီး​မှ ပြန်၍ ပူ​ဇော်​သ​ကာ​ကို တင်​လော့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 25,
      "text": "တ​ရား​တွေ့​ဖက်​နှင့်​အ​တူ လမ်း၌​သွား​စဉ်​တွင်​ပင်၊ သူ၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး၌ အပ်​မည်။ တ​ရား​သူ​ကြီး​သည်​လည်း လု​လင်​ခေါင်း၌​အပ်၍ ထောင်​ထဲ၌ လှောင်​ထား​မည်။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 26,
      "text": "လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ​ဟု ငါ​အ​မှန်​ဆို၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 27,
      "text": "သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 28,
      "text": "ငါ​ပ​ညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မ​ယား​ကို​ကြည့်​ရှု​သော​သူ​သည် စိတ်​နှ​လုံး​ထဲ၌ ထို​မိန်း​မ​နှင့် ပြစ်​မှား​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 29,
      "text": "ထို​ကြောင့် လက်​ယာ​မျက်​စိ​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​ပျက်​သော် သာ၍​ကောင်း၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 30,
      "text": "ထို​နည်း​တူ လက်​ယာ​လက်​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​သာ ပျက်​သော်​သာ၍​ကောင်း၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 31,
      "text": "တစ်​ဖန်​တုံ၊ မ​ယား​နှင့်​ကွာ​လို​လျှင် ဖြတ်​စာ​ကို အပ်​ပေး​စေ​ဟူ​သော ပ​ညတ်​စ​ကား​ရှိ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 32,
      "text": "ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့် ကွာ​သော​သူ​သည် မိ​မိ​မ​ယား​ကို မှား​ယွင်း​စေ၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို ပြစ်​မှား၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 33,
      "text": "တစ်​ဖန်​တုံ၊ မ​ဟုတ်​မ​မှန်​ဘဲ​လျက် ကျိန်​ဆို​ခြင်း​ကို မ​ပြု​ရ။ ကျိန်​ဆို​ခြင်း​ကို ပြု​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌ တည်​စေ​လော့​ဟူ​သော ရှေး​ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 34,
      "text": "ငါ​ပ​ညတ်​သည်​ကား၊ ကျိန်​ဆို​ခြင်း​ကို အ​လျှင်း​မ​ပြု​ရ။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍​မ​ကျိန်​ရ။ ကောင်း​ကင်​ဘုံ​ကား ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ဖြစ်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 35,
      "text": "မြေ​ကြီး​ကို တိုင်​တည်၍​မ​ကျိန်​ရ။ မြေ​ကြီး​ကား ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ ဖြစ်​သ​တည်း။ ယေ​ရု​ရှ​လင်​မြို့​ကို တိုင်​တည်၍ မ​ကျိန်​ရ။ မ​ဟာ​မင်း​ကြီး၏​မြို့​တော် ဖြစ်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 36,
      "text": "ဆံ​ခြည်​တစ်​ပင်​ကို​မျှ ဖြူ​စေ​ခြင်း၊ မည်း​စေ​ခြင်း​ငှာ မ​တတ်​နိုင်​သော်၊ ကိုယ်​ဦး​ခေါင်း​ကို​တိုင်​တည်၍ မ​ကျိန်​ရ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 37,
      "text": "သင်၏​စ​ကား​မှာ ဟုတ်​သည်​ကို​အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​လော့။ ဤ​ထက်​လွန်​သော စ​ကား​သည် မ​ကောင်း​သော​အ​ရာ​နှင့် စပ်​ဆိုင်​ပေ၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 38,
      "text": "သူ့​မျက်​စိ​ကို ဖျက်​လျှင် ကိုယ်​မျက်​စိ​ဖျက်​ခြင်း​ကို ခံ​စေ။ သူ့​သွား​ကို​ချိုး​လျှင် ကိုယ်​သွား​ချိုး​ခြင်း​ကို ခံ​စေ​ဟူ​သော ပ​ညတ်​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 39,
      "text": "ငါ​ပ​ညတ်​သည်​ကား၊ နှောင့်​ယှက်​သော​သူ​ကို မ​ဆီး​မ​တား​နှင့်။ သင်၏ ပါး​တစ်​ဖက်​ကို သူ​တစ်​ပါး​ပုတ်​လျှင် ပါး​တစ်​ဖက်​ကို လှည့်၍​ပေး​ဦး​လော့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 40,
      "text": "သင့်​အင်္ကျီ​ကို ယူ​လို၍ တ​ရား​တွေ့​သော​သူ​အား သင့်​ဝတ်​လုံ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 41,
      "text": "အ​ကြင်​သူ​သည် သင့်​ကို အ​နိုင်​ပြု၍ ခ​ရီး​တစ်​တိုင်​သွား​စေ၏။ ထို​သူ​နှင့်​တ​ကွ နှစ်​တိုင်​သွား​ဦး​လော့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 42,
      "text": "တောင်း​သော​သူ​အား ပေး​လော့။ ချေး​ငှား​လို​သော​သူ​ကို​လည်း မ​ငြင်း​မ​ပယ်​နှင့်။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 43,
      "text": "ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ချစ်​လော့။ ရန်​သူ​ကို မုန်း​လော့​ဟူ​သော ပ​ညတ်​စ​ကား​ကို သင်​တို့ ကြား​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 44,
      "text": "ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 45,
      "text": "အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 46,
      "text": "သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 47,
      "text": "အ​ဆွေ​အ​မျိုး​တို့​အား​သာ လော​က​ဝတ်​ပြု​လျှင် အ​ဘယ်​သို့ ထူး​မြတ်​သ​နည်း။ သာ​သ​နာ​ပ​လူ တို့​ပင် ထို​အ​တူ ပြု​ကြ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 5,
      "verse": 48,
      "text": "ထို​ကြောင့် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် စုံ​လင်​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း စုံ​လင်​ခြင်း​ရှိ​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 1,
      "text": "လူ​များ​တို့ မြင်​စေ​ခြင်း​ငှာ ကိုယ်​သီ​လ​အ​ကျင့်​ကို သူ့​ရှေ့​မှောက်၌ မ​ကျင့်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ထံ​မှ အ​ကျိုး​ကို​မ​ခံ​မ​ရ​ကြ။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 2,
      "text": "ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 3,
      "text": "သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 4,
      "text": "မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 5,
      "text": "သင်​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မ​ပြု​နှင့်။ ထို​သူ​တို့​သည် လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ပွဲ​သ​ဘင် လမ်း​ဆုံ​လမ်း​ဝ​တို့၌ ရပ်​လျက်​ဆု​တောင်း​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို​ခံ​ရ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 6,
      "text": "သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 7,
      "text": "သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​နည်း​တူ အ​ချည်း​နှီး​သော​စ​ကား​ဖြင့် အ​ထပ်​ထပ် မ​မြွက်​ကြ​နှင့်။ ထို​သူ​တို့​သည် များ​စွာ​သော​စ​ကား​အား​ဖြင့် မိ​မိ​တို့​အ​လို ပြည့်​စုံ​မည်​ဟု ထင်​မှတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 8,
      "text": "ထို​သူ​တို့​နည်း​တူ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​ရှိ​သ​မျှ​တို့​ကို သင်​တို့​မ​တောင်း​မီ သင်​တို့ အ​ဘ​သိ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 9,
      "text": "ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 10,
      "text": "နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။ အ​လို​တော်​သည် ကောင်း​ကင်​ဘုံ၌ ပြည့်​စုံ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​မှာ ပြည့်​စုံ​ပါ​စေ​သော။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 11,
      "text": "အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 12,
      "text": "သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 13,
      "text": "အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 14,
      "text": "သင်​တို့​သည် သူ​တစ်​ပါး​တို့၏ အ​ပြစ်​ကို​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 15,
      "text": "သင်​တို့​သည် သူ​တစ်​ပါး​တို့၏​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 16,
      "text": "သင်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မျက်​နှာ​ညှိုး​ငယ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ မိ​မိ​တို့​မျက်​နှာ​ကို ဖျက်​တတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 17,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 18,
      "text": "သင်​သည်​အ​စာ​ရှောင်​သော​အ​ခါ အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ မ​ထင်​ရှား​စေ​ဘဲ၊ မ​ထင်​ရှား​သော အ​ရပ်၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ရှေ့​တော်၌​သာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ခေါင်း​ကို​လိမ်း​ကျံ​လော့။ မျက်​နှာ​ကို​လည်း သစ်​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်​တို့​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ​ပေး​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 19,
      "text": "သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 20,
      "text": "သံ​ချေး၊ ပိုး​ရွ မ​ဖျက်​ဆီး၍ သူ​ခိုး​မ​ထွင်း​မ​ဖောက်၊ မ​ခိုး​မ​ယူ​ရာ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ သင်​တို့၏​ဘ​ဏ္ဍာ​ရှိ၏။ ထို​အ​ရပ်​သို့ သင်​တို့၏ စိတ်​နှ​လုံး​ရောက်​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 22,
      "text": "မျက်​စိ​ကား ကိုယ်၏ ဆီ​မီး​ဖြစ်၏။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​လျှင် တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 23,
      "text": "မျက်​စိ​မြှေး​ယှက်​လျှင် တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။ သင်၏ အ​လင်း​သော်​ကား၊ မှောင်​မိုက်​ဖြစ်​လျှင် ထို​အ​မိုက်​သည် အ​လွန်​မိုက်​စွ​တ​ကား။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 24,
      "text": "အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 25,
      "text": "ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 26,
      "text": "မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ ကျီ၌​မ​စု​မ​သွင်း။ သို့​သော်​လည်း ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 27,
      "text": "အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 28,
      "text": "အ​ဝတ်​အ​ဖို့၌ အ​ဘယ်​ကြောင့် စိုး​ရိမ်​ရ​သ​နည်း။ တော​နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ဆင်​ခြင်​အောက်​မေ့​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 29,
      "text": "သို့​သော်​လည်း ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး၏ အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏ အ​ဝတ်​ကို​မ​မီ​ဟု ငါ​ဆို၏။"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 30,
      "text": "ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ ယ​နေ့ အ​သက်​ရှင်​လျက် နက်​ဖြန် မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 31,
      "text": "ထို​ကြောင့် အ​ဘယ်​သို့ စား​သောက်​ရ​အံ့​နည်း။ အ​ဘယ်​သို့ ဝတ်​ရ​အံ့​နည်း​ဟူ၍ မ​စိုး​ရိမ်​ကြ​နှင့်။ ထို​အ​ရာ​များ​ကို သာ​သ​နာ​ပ​လူ​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 32,
      "text": "ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သိ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 33,
      "text": "ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 6,
      "verse": 34,
      "text": "ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 1,
      "text": "သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ရ​မည်​အ​ကြောင်း သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 2,
      "text": "သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 3,
      "text": "ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 4,
      "text": "ကိုယ်​မျက်​စိ၌ တံ​ကျင်​ရှိ​လျက်​ပင် ညီ​အစ်​ကို​အား သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့​ဆို​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 5,
      "text": "လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေး​ဦး​စွာ ထုတ်​ပစ်​လော့။ နောက်​မှ ညီ​အစ်​ကို မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပစ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 6,
      "text": "ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 7,
      "text": "တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင်​ဖွင့်​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 8,
      "text": "တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို​ဖွင့်၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 9,
      "text": "သား​သည် မုန့်​ကို​တောင်း​လျှင် မိ​မိ​သား​အား ကျောက်​ကို​ပေး​မည်​သူ၊-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 10,
      "text": "ငါး​ကို တောင်း​လျှင် မြွေ​ကို​ပေး​မည်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 11,
      "text": "သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို​သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 12,
      "text": "သင်​တို့​သည် ကိုယ်၌ သူ​တစ်​ပါး​ပြု​စေ​လို​သ​မျှ​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။ ဤ​ပ​ညတ်​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့၏ အ​ချုပ်​အ​ချာ​ပင် ဖြစ်​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 13,
      "text": "ကျဉ်း​သော​တံ​ခါး​ကို ဝင်​ကြ​လော့။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် ကျယ်​ဝန်း​သည် ဖြစ်၍ ဝင်​သော​သူ​တို့​သည် များ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 14,
      "text": "အ​သက်​ရှင်​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် အ​လွန်​ကျဉ်း​မြောင်း​သည် ဖြစ်၍၊ တွေ့​ဝင်​သော​သူ​တို့​သည် နည်း​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 15,
      "text": "အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 16,
      "text": "ထို​သူ​တို့၏​အ​ကျင့်​ကို ထောက်၍ သူ​တို့၏​သ​ဘော​ကို သိ​ကြ​လိမ့်​မည်။ ဆူး​ပင်၌ စ​ပျစ်​သီး​ကို ဆွတ်​တတ်​သ​လော။ ဆူး​လေ​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို ဆွတ်​တတ်​သ​လော။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 17,
      "text": "ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး​ကို သီး​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 18,
      "text": "ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး​ကို မ​သီး​နိုင်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 19,
      "text": "ကောင်း​သော​အ​သီး မ​သီး​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 20,
      "text": "သို့​ဖြစ်​လျှင် ထို​ပ​ရော​ဖက်​တို့၏ အ​ကျင့်​ကို​ထောက်​သော် သူ​တို့၏ သ​ဘော​ကို သိ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 21,
      "text": "သ​ခင်၊ သ​ခင်​ဟု ငါ့​ကို​လျှောက်​သော​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်၏​အ​လို​ကို ဆောင်​သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 22,
      "text": "ထို​နေ့၌​ကား၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အ​ခွင့်​နှင့် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် များ​စွာ​သော တန်​ခိုး​တို့​ကို ပြ​ပါ​ပြီ​မ​ဟုတ်​လော​ဟု အ​များ​သော သူ​တို့​သည် လျှောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 23,
      "text": "ထို​သို့​လျှောက်​ကြ​သော​အ​ခါ သင်​တို့​ကို ငါ​အ​လျှင်း​မ​သိ၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​ကြ​ဟု ထို​သူ​တို့​အား အ​တည့်​အ​လင်း ငါ​ပြော​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 24,
      "text": "အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 25,
      "text": "မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သည်​ရှိ​သော်၊ ကျောက်​ပေါ်​မှာ တည်​သော​ကြောင့် မ​ပြို​မ​လဲ​နေ၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 26,
      "text": "အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို​ကြား၍ နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​သည် သဲ​ပေါ်​မှာ အိမ်​ဆောက်​သော လူ​မိုက်​နှင့်​တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 27,
      "text": "မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 28,
      "text": "ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​ဟော​တော်​မူ​သည် အ​ဆုံး၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​ခြင်း​ကို အ​လွန်​အံ့​ဩ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 7,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 1,
      "text": "ကိုယ်​တော်​သည် တောင်​ပေါ်​မှ​ဆင်း​ကြွ​တော်​မူ​လျှင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 2,
      "text": "ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 3,
      "text": "ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 4,
      "text": "ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 5,
      "text": "ထို​နောက်​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ​လျှင်၊ တပ်​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 6,
      "text": "သ​ခင်၊ ကျွန်​တော်၏ ငယ်​သား​တစ်​ယောက်​သည် လက်​ခြေ​သေ​သည်​အ​နာ​နှင့် ပြင်း​စွာ​ခံ​ရ၍ အိမ်​တွင် တုံး​လုံး​နေ​ပါ​သည်​ဟု တောင်း​ပန်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 7,
      "text": "ယေ​ရှု​က​လည်း ငါ​လာ၍ ချမ်း​သာ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 8,
      "text": "တပ်​မှူး​က၊ သ​ခင်၊ ကျွန်​တော်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ကျွန်​တော်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် ကျွန်​တော်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 9,
      "text": "ဥ​ပ​မာ​ကား၊ ကျွန်​တော်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို လာ​ခဲ့​ဟု​ဆို​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 10,
      "text": "ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 11,
      "text": "ငါ​ဆို​ပြန်​သည်​ကား၊ လူ​များ​တို့​သည်၊ အ​ရှေ့​အ​ရပ်၊ အ​နောက်​အ​ရပ်​မှ​လာ၍၊ ကောင်း​ကင်​နိုင်​ငံ​တော်၌ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​တ​ကွ လျောင်း​ရ​ကြ​လ​တ္တံ့၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 12,
      "text": "နိုင်​ငံ​တော်​သား​တို့​သည်​လည်း ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ချ​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု နောက်​တော်​သို့ လိုက်​သော​သူ​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 13,
      "text": "တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 14,
      "text": "ထို​နောက်​မှ ယေ​ရှု​သည် ပေ​တ​ရု​အိမ်​သို့​ကြွ၍ ပေ​တ​ရု၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ​လျက် တုံး​လုံး​နေ​သည်​ကို တွေ့​မြင်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 15,
      "text": "ထို​မိန်း​မ၏​လက်​ကို တို့​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ထ၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 16,
      "text": "ညဉ့်​ဦး​ယံ၌ နတ်​ဆိုး​စွဲ​သော​သူ​အ​များ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့​ကို နှင်​ထုတ်​တော်​မူ၏။ နာ​သော​သူ​ရှိ​သ​မျှ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 17,
      "text": "ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သူ​သည် အ​ကျွန်ုပ်​တို့ အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ​သည်​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 18,
      "text": "များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် နေ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ကမ်း​တစ်​ဖက်​သို့ ကူး​မည့်​အ​ကြောင်း အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 19,
      "text": "ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ယောက်​သည် လာ၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 20,
      "text": "ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 21,
      "text": "အ​ခြား​သော တ​ပည့်​တော်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 22,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​နောက်​သို့​လိုက်​လော့။ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 23,
      "text": "ထို​အ​ခါ လှေ​ထဲ​သို့ ဝင်​တော်​မူ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ၏။ အိုင်၌ လှိုင်း​တံ​ပိုး​ပြင်း​စွာ​ထ၍ လှေ​ကို လွှမ်း​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 24,
      "text": "ကိုယ်​တော်​သည် ကျိန်း​စက်၍ နေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 25,
      "text": "တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 26,
      "text": "ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 27,
      "text": "ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 28,
      "text": "ကမ်း​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​နှစ်​ယောက်​တို့​သည် ထို​လမ်း​ကို အ​ဘယ်​သူ​မျှ မ​သွား​နိုင်​အောင် အ​လွန်​ကြမ်း​ကြုတ်​စွာ​ပြု​လျက်၊ သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 30,
      "text": "ထို​သူ​တို့​နှင့် မ​နီး​မ​ဝေး​သော​အ​ရပ်၌ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 31,
      "text": "နတ်​ဆိုး​တို့​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​လျှင်၊ ထို​ဝက်​အ​စု​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 32,
      "text": "သွား​ကြ​ဟု မိန့်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​ရှိ​သ​မျှ​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ ရေ၌​သေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 33,
      "text": "ဝက်​ကျောင်း​သော သူ​တို့​သည်​လည်း ပြေး၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ နတ်​ဆိုး​စွဲ​သော​သူ​တို့၏ အ​ကြောင်း​မှ​စ၍ ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 8,
      "verse": 34,
      "text": "တစ်​မြို့​လုံး​လည်း ယေ​ရှု​ကို​တွေ့​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ ကိုယ်​တော်​ကို​တွေ့​မြင်​လျှင် မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 1,
      "text": "ထို​အ​ခါ ကိုယ်​တော်​သည် လှေ​စီး၍ ကူး​ပြန်​သ​ဖြင့်၊ မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 2,
      "text": "လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 3,
      "text": "ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သည်​ဟု ထင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 4,
      "text": "ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 5,
      "text": "အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 6,
      "text": "လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့ သွား​လော့​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 7,
      "text": "ထို​သူ​သည်​လည်း ထ၍ မိ​မိ​အိမ်​သို့ သွား​လေ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 8,
      "text": "လူ​အ​စု​အ​ဝေး​တို့​သည် မြင်​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​ကို အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 9,
      "text": "ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 10,
      "text": "ထို​နောက်​မှ အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌​လျောင်း​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 11,
      "text": "ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင် တ​ပည့်​တော်​တို့​အား၊ သင်​တို့​ဆ​ရာ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့် အ​တူ အ​ဘယ်​ကြောင့် စား​သ​နည်း​ဟု​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 12,
      "text": "ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့ သာ​လျှင် အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 13,
      "text": "ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 14,
      "text": "ထို​အ​ခါ ယော​ဟန်၏ တ​ပည့်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​ဖန်​တ​လဲ​လဲ အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 15,
      "text": "ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 16,
      "text": "အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် ဖာ​သော​အ​ထည်​သည် အ​ဝတ်​ဟောင်း​ကို စား၍ အ​ပေါက်​ကျယ်​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 17,
      "text": "၎င်း​နည်း ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင်၊ သား​ရေ​ဘူး​သည် စုတ်​ကွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​လေ့​ရှိ၏။ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 18,
      "text": "ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 19,
      "text": "ယေ​ရှု​သည် ထ၍ တ​ပည့်​တော်​နှင့်​အ​တူ ထို​သူ​နောက်​သို့ လိုက်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 20,
      "text": "ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 21,
      "text": "ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု စိတ်​ထင်​နှင့် နောက်​တော်​သို့​ချဉ်း​ကပ်၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို တို့​လေ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 22,
      "text": "ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 23,
      "text": "အ​ရာ​ရှိ​အိမ်​သို့ ရောက်​တော်​မူ၍ တီး​မှုတ်​သော သူ​တို့​နှင့် များ​စွာ​သော​လူ​တို့​သည် အုန်း​အုန်း​သဲ​သဲ ပြု​ကြ​သည်​ကို​မြင်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 24,
      "text": "ဖယ်​ရှား​ကြ​လော့။ မိန်း​မ​ငယ် သေ​သည်​မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊ ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 25,
      "text": "ထို​လူ​များ​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ အ​တွင်း​သို့​ဝင်၍၊ မိန်း​မ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​သည်​တွင် သူ​သည် ထ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 26,
      "text": "ထို​သ​တင်း​စ​ကား​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 27,
      "text": "ထို​အ​ရပ်​မှ ယေ​ရှု​သည် ကြွ​တော်​မူ​စဉ်၊ မျက်​စိ​ကန်း​သော​သူ နှစ်​ယောက်​တို့​သည် နောက်​တော်​သို့ လိုက်၍ ဒါ​ဝိဒ်၏​သား​တော်၊ ကျွန်​တော်​တို့​ကို သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 28,
      "text": "အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ မျက်​စိ​ကန်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ကိုယ်​တော်​က​လည်း၊ ဤ​အ​မှု​ကို ငါ​တတ်​နိုင်​သည်​ကို ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယုံ​ပါ၏​သ​ခင်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 29,
      "text": "ထို​အ​ခါ သူ​တို့၏​မျက်​စိ​ကို တို့​တော်​မူ၍၊ သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 30,
      "text": "သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​လေ၏။ ယေ​ရှု​က​လည်း၊ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့​ဟု မြစ်​တား​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 31,
      "text": "သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 32,
      "text": "ထို​သူ​တို့​သည် ထွက်​သွား​ကြ​သည်​နောက်၊ နတ်​ဆိုး​စွဲ​သော လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 33,
      "text": "နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​ပြီး​မှ ထို​အ​သော​သူ​သည် စ​ကား​ပြော၏။ လူ​အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​ကဲ့​သို့ မ​မြင်​ရ​စ​ဖူး​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 34,
      "text": "ဖာ​ရိ​ရှဲ​တို့​က​လည်း၊ နတ်​ဆိုး​အ​ကြီး​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 35,
      "text": "ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 36,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 37,
      "text": "ထို​အ​ခါ ကိုယ်​တော်​က၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 9,
      "verse": 38,
      "text": "ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ စ​ပါး​ရှင်​ကို ဆု​တောင်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 1,
      "text": "တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 2,
      "text": "တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့၏ အ​မည်​ကား၊ ပ​ထ​မ​မှာ၊ ပေ​တ​ရု​ဟူ၍ ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​န္ဒြေ၊-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 3,
      "text": "ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် သူ့​ညီ​ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊ သော​မ​နှင့် အ​ခွန်​ခံ​မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် သ​ဒ္ဒဲ​ဟု အ​မည်​သစ်​ကို​ရ​သော လေ​ဗဲ၊-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 4,
      "text": "ကာ​န​နိတ်​လူ​ရှိ​မုန်​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ် ပေ​တည်း။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 5,
      "text": "ထို​တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​ကို ယေ​ရှု​သည် စေ​လွှတ်​တော်​မူ၍၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ မ​သွား​ကြ​နှင့်။ ရှ​မာ​ရိ​မြို့​ရွာ​ထဲ​သို့ မ​ဝင်​ကြ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 6,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၊ ပျောက်​လွင့်​သော သိုး​များ​ရှိ​ရာ​သို့ အ​ရင်​သွား​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 7,
      "text": "သွား​စဉ်​တွင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ​ဟု သ​တင်း​ကြား​ပြော​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 8,
      "text": "နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 9,
      "text": "ရွှေ၊ ငွေ၊ ကြေး​တို့​ကို ခါး​ပန်း​ထဲ၌ မ​သို​မှီး​ကြ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 10,
      "text": "လမ်း​ခ​ရီး​ဖို့ လွယ်​အိတ်၊ အင်္ကျီ​နှစ်​ထည်၊ ခြေ​နင်း​တောင်​ဝှေး​ကို မ​သို​မှီး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် ကျွေး​မွေး​ခြင်း​ကို ခံ​ထိုက်​ပေ၏။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 11,
      "text": "မည်​သည်​မြို့ မည်​သည်​ရွာ​သို့ ဝင်​လျှင်၊ ထို​မြို့​ရွာ၌ အ​ဘယ်​မည်​သော​သူ​သည် ထိုက်​တန်​သ​နည်း​ဟု မေး​မြန်း၍၊ ထို​မြို့​ရွာ​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် ထို​သူ၏​အိမ်​တွင် နေ​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 12,
      "text": "အိမ်​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု နှုတ်​ဆက်​ခြင်း​ကို ပြု​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 13,
      "text": "ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​မြွက်​သော မင်္ဂ​လာ ရောက်​စေ​သ​တည်း။ မ​ထိုက်​တန်​လျှင် သင်​တို့​ထံ​သို့ ပြန်​လာ​စေ​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 14,
      "text": "အ​ကြင်​သူ​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​နေ​သော အိမ်​မှ​လည်း​ကောင်း၊ မြို့​မှ​လည်း​ကောင်း ထွက်​သွား​စဉ်၊ သင်​တို့၏ ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 15,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 16,
      "text": "တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 17,
      "text": "လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 18,
      "text": "ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 19,
      "text": "သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်။ သင်​တို့​အ​ဘ၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ဖြင့် ပြော​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 21,
      "text": "ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 22,
      "text": "လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 23,
      "text": "တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 24,
      "text": "တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည် သ​ခင်​ထက်​မ​သာ။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 25,
      "text": "တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 26,
      "text": "ထို​ကြောင့် သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ဖုံး​ထား​လျက်​ရှိ​သ​မျှ​သော အ​ရာ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 27,
      "text": "မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 28,
      "text": "တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 29,
      "text": "စာ​ငှက်​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ သင်​တို့​အ​ဘ အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​ငှက်​တစ်​ကောင်​မျှ မြေ​သို့​မ​ကျ​ရ။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 30,
      "text": "သင်​တို့​ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 31,
      "text": "ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍ မြတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 32,
      "text": "အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ဝန်​ခံ​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 33,
      "text": "အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 34,
      "text": "မြေ​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​ဟု မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဓား​ကို စေ​လွှတ်​အံ့​သော​ငှာ ငါ​လာ​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 35,
      "text": "အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ​အ​ချင်း​ချင်း ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 36,
      "text": "ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 37,
      "text": "အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 38,
      "text": "အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 39,
      "text": "မိ​မိ​အ​သက်​ကို တွေ့​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ ငါ့​ကြောင့် မိ​မိ​အ​သက်​ရှုံး​သော​သူ​မူ​ကား အ​သက်​ကို တွေ့​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 40,
      "text": "သင်​တို့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ၏။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 41,
      "text": "ပ​ရော​ဖက်၏ မျက်​နှာ​ကို​ထောက်၍၊ ပ​ရော​ဖက်​ကို လက်​ခံ​သော​သူ​သည် ပ​ရော​ဖက်၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့၊ ဖြောင့်​မတ်​သော​သူ၏ မျက်​နှာ​ကို​ထောက်၍၊ ဖြောင့်​မတ်​သော​သူ​ကို​လက်​ခံ​သော​သူ​သည် ဖြောင့်​မတ်​သော​သူ၏​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 10,
      "verse": 42,
      "text": "အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 1,
      "text": "ထို​သို့ တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို အ​ကုန်​အ​စင် မှာ​ထား​တော်​မူ​ပြီး​လျှင်၊ မြို့​ရွာ​များ​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တင်း​ကြား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​အ​ရပ်​မှ ကြွ​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 2,
      "text": "ခ​ရစ်​တော်​ပြု​တော်​မူ​သော အ​မှု​တို့​ကို ယော​ဟန်​သည် ထောင်​ထဲ​မှာ ကြား​သော​အ​ခါ၊ မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 3,
      "text": "သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 4,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကြား​ရ​သ​မျှ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 5,
      "text": "မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 6,
      "text": "ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 7,
      "text": "ထို​သူ​တို့​သည် သွား​ကြ​သည်​နောက် ယေ​ရှု​သည် ယော​ဟန်​ကို​အ​ကြောင်း​ပြု၍ ပ​ရိ​သတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 8,
      "text": "သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ နူး​ညံ့​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 9,
      "text": "ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 10,
      "text": "ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို​သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို ဆို​လို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 11,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 12,
      "text": "ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​လက်​ထက်​မှ​စ၍ ယ​ခု​တိုင်​အောင် ကောင်း​ကင်​နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ အ​နိုင်​အ​ထက်​ပြု​သော​သူ​တို့​သည်​လည်း လု​ယူ​ဝင်​စား​ရ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 13,
      "text": "ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း ရှိ​သ​မျှ​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 14,
      "text": "သင်​တို့​သည် ငါ့​စ​ကား​ကို နား​ခံ​နိုင်​လျှင်၊ ဤ​သူ​ကား လာ​လ​တ္တံ့​သော ဧ​လိ​ယ​ဖြစ်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 15,
      "text": "ကြား​စ​ရာ​နား ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 16,
      "text": "ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ ပွဲ​သ​ဘင်၌​ထိုင်​နေ​သော သူ​ငယ်​တို့​သည် မိ​မိ​သူ​ငယ်​ချင်း​တို့​အား အ​သံ​ကို​လွှင့်၍၊-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 17,
      "text": "ငါ​တို့​သည် သာ​ယာ​စွာ တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် မ​စား​မ​သောက်​ဘဲ လာ​သည်​ရှိ​သော်၊ သူ​တို့​က ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော​သူ ပါ​တ​ကား​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 19,
      "text": "လူ​သား​သည် စား​သောက်​လျက်​လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက် ကြူး​သော​သူ​ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။ သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်​သည် ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 20,
      "text": "ထို​အ​ခါ များ​စွာ​သော​တန်​ခိုး​တော်​ကို ပြ​တော်​မူ​သော မြို့​ရွာ​တို့​သည် နောင်​တ​မ​ရ​သော​ကြောင့်၊ ထို​မြို့​တို့​ကို ဤ​သို့ ကဲ့​ရဲ့​ပြစ်​တင်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 21,
      "text": "အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 22,
      "text": "ငါ​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ သင်​တို့​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​ထက် သာ၍ ခံ​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 23,
      "text": "အို က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ သင်၌​ပြ​သော​တန်​ခိုး​ကို သော​ဒုံ​မြို့၌ ပြု​ဖူး​လျှင်၊ ထို​မြို့​သည် ယ​ခု​တိုင်​အောင်​တည်​ရာ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 24,
      "text": "ငါ​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ သင်​သည် သော​ဒုံ​မြို့​ထက် သာ၍​ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 25,
      "text": "ထို​အ​ခါ ယေ​ရှု​က၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ် ချီး​မွမ်း​ပါ၏။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 26,
      "text": "ထို​သို့ အ​လို​တော်​ရှိ​သော​ကြောင့် မှန်​ပါ၏​အ​ဘ။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 27,
      "text": "ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 28,
      "text": "ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 29,
      "text": "ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 11,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ့​ထမ်း​ပိုး​သည် ထမ်း​လွယ်၏။ ငါ့​ဝန်​လည်း ပေါ့၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 1,
      "text": "ထို​ကာ​လ​အ​ခါ ယေ​ရှု​သည် ဥ​ပုသ်​နေ့၌ ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် ဆာ​မွတ်​သော​ကြောင့် စ​ပါး​အ​သီး​အ​နှံ​ကို ဆွတ်၍​စား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 2,
      "text": "ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 3,
      "text": "ကိုယ်​တော်​က ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ မိ​မိ​မ​စား​အပ်၊ မိ​မိ​အ​ဖော်​မ​စား​အပ်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သာ စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား​သည်​အ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ဗိ​မာန်​တော်​တွင် ဥ​ပုသ်​နေ့၌ ဥ​ပုသ်​ပျက်​သော်​လည်း၊ အ​ပြစ်​မ​သင့်​သည်​ကို ပ​ည​တ္တိ​ကျမ်း၌ မ​ဖတ်​ဖူး​သ​လော။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 6,
      "text": "ငါ​ဆို​သည်​ကား၊ ဤ​အ​ရပ်၌ ဗိ​မာန်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​အ​ရာ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 7,
      "text": "ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို သင်​တို့​သည် နား​လည်​လျှင်၊ အ​ပြစ်​ကင်း​သော​သူ​တို့​ကို အ​ပြစ်​မ​တင် မ​စီ​ရင်​ကြ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 8,
      "text": "လူ​သား​သည် ဥ​ပုသ်​နေ့​ကို အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 9,
      "text": "ထို​အ​ရပ်​မှ ကြွ၍ တ​ရား​ဇ​ရပ်​သို့ ဝင်​တော်​မူ၏။ လက်​တစ်​ဖက် သေ​သော​သူ​တစ်​ယောက် ရှိ​သည်​ဖြစ်၍၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 10,
      "text": "လူ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 11,
      "text": "ကိုယ်​တော်​က​လည်း၊ မိ​မိ၌ သိုး​တစ်​ကောင်​တည်း​ရှိ၍ ထို​သိုး​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင်၊ မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​တွင် ရှိ​သ​လော။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 12,
      "text": "လူ​သည် သိုး​ထက် အ​လွန်​မြတ်​ပေ၏။ ထို​ကြောင့်​ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သည်​ဟု ပြန်​ပြော​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 13,
      "text": "ထို​သူ​အား၊ သင်၏​လက်​ကို ဆန့်​လော့​ဟု မိန့်​တော်​မူ၍၊ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင် ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 14,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု တိုင်​ပင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 15,
      "text": "ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 16,
      "text": "ထို​သူ​တို့​သည် သ​တင်း​တော်​ကို မ​ဖွင့်​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 17,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။ နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 18,
      "text": "ငါ​ရွေး​ချယ်​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 19,
      "text": "ငြင်း​ခုံ​ခြင်း၊ ဟစ်​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 20,
      "text": "နင်း​နယ်​လျက်​ရှိ​သော ကျူ​ပင်​ကို​မ​ချိုး၊ မီး​ခိုး​များ​သော မီး​စာ​ကို​မ​သတ်။ တ​ရား​သည် အောင်​မြင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း စီ​ရင်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 21,
      "text": "သူ၏​နာ​မ​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်​ကိုး​စား​ကြ​လိမ့်​မည်​ဟု ဟော​ထား​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 22,
      "text": "ထို​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​ကန်း​လူ​အ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​လျှင်၊ ထို​လူ​ကန်း​လူ​အ​သည် မျက်​စိ​မြင်၍ စ​ကား​ပြော​နိုင်​အောင် ကယ်​မ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 23,
      "text": "လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည်​မိန်း​မော​တွေ​ဝေ၍ ဤ​သူ​သည် ဒါ​ဝိဒ်၏​သား​တော် ဖြစ်​လိမ့်​မည်​လော​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 24,
      "text": "ဖာ​ရိ​ရှဲ​တို့​သည် ကြား​လျှင်၊ ဤ​သူ​သည် နတ်​ဆိုး​မင်း​ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍​သာ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 25,
      "text": "ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ မြို့​ရွာ​ဖြစ်​စေ၊ အိမ်​ဖြစ်​စေ၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 26,
      "text": "စာ​တန်​သည်​လည်း စာ​တန်​ကို​နှင်​ထုတ်​သည်​မှန်​လျှင်၊ သူ​သည် မိ​မိ​နှင့် ကွဲ​ပြား၏။ သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့ တည်​နိုင်​မည်​နည်း။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 27,
      "text": "ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 28,
      "text": "ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 29,
      "text": "သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ အ​ဘယ်​သူ​သည် သူ​ရဲ​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို လု​ယူ​နိုင်​အံ့​နည်း။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 30,
      "text": "ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 31,
      "text": "ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ်၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် ရ​နိုင်​ကြ၏။ ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​အ​ပြစ်​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​တို့​သည် မ​ရ​နိုင်​ကြ။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 32,
      "text": "လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို​လည်း လွှတ်​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နှုတ်​ဖြင့် ပြစ်​မှား​သော​သူ၏​အ​ပြစ်​ကို ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ မ​လွှတ်​နိုင်။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 33,
      "text": "အ​သီး​အား​ဖြင့် အ​ပင်၏​သ​ဘော ထင်​ရှား​သည်​ဖြစ်၍၊ အ​သီး​ကောင်း​လျှင် အ​ပင်​ကောင်း​သည်​ဟု ဆို​ကြ​လော့။ အ​သီး​မ​ကောင်း​လျှင် အ​ပင်​မ​ကောင်း​ဟု ဆို​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 34,
      "text": "အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 35,
      "text": "ကောင်း​သော​သူ​သည် ကောင်း​သော​စိတ်​နှ​လုံး​ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 36,
      "text": "ငါ​ဆို​သည်​ကား၊ လူ​တို့​သည် အ​ကျိုး​မဲ့​သော​စ​ကား​ကို ပြော​သ​မျှ​အ​တွက်၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။ သင့်​စ​ကား​များ​အား​ဖြင့် သင်​သည် အ​ပြစ်​လွတ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 37,
      "text": "သို့​မ​ဟုတ် သင့်​စ​ကား​များ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 38,
      "text": "ထို​အ​ခါ အ​ချို့​သော​ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ တစ်​စုံ​တစ်​ခု​ကို မြင်​ချင်​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 39,
      "text": "ကိုယ်​တော်​က ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 40,
      "text": "ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 41,
      "text": "တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ၊ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မြို့​သား​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား၊ ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 42,
      "text": "တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 43,
      "text": "ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​က​ထွက်​လျှင်၊ ခြောက်​ကပ်​သော အ​ရပ်​တို့၌​လည်၍ ငြိမ်​ဝပ်​ခြင်း​ကို ရှာ​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 44,
      "text": "မ​တွေ့​လျှင် ငါ​သည် ထွက်​ခဲ့​သော နေ​မြဲ​အိမ်​သို့ ပြန်​ရ​ဦး​မည်​ဟု​ဆို၍၊ ရောက်​သော​အ​ခါ ထို​အိမ်​သည် လွတ်​လပ်၍ သုတ်​သင်​ပြင်​ဆင်​လျက် ရှိ​သည်​ကို တွေ့​သော်၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 45,
      "text": "မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍​နေ​ကြ၏။ ထို​လူ၏ နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက် သာ၍​ဆိုး၏။ ဆိုး​ညစ်​သော ဤ​လူ​မျိုး၌ ထို​နည်း​တူ​ဖြစ်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 46,
      "text": "ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 47,
      "text": "လူ​တစ်​ယောက်​က​လည်း၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​နှင့်​နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 48,
      "text": "ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 49,
      "text": "လက်​တော်​ကို​လည်း​ဆန့်၍ တ​ပည့်​တော်​တို့​ကို ညွှန်​လျက်၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။-"
    },
    {
      "book": 40,
      "chapter": 12,
      "verse": 50,
      "text": "ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 1,
      "text": "ထို​နေ့၌ ယေ​ရှု​သည် အိမ်​က​ထွက်၍ အိုင်​နား​မှာ ထိုင်​နေ​တော်​မူ​သည်​တွင်၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 2,
      "text": "များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ စု​ဝေး​လျက်​ရှိ​ကြ​သော​ကြောင့်၊ လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကုန်း​ပေါ်​မှာ ရပ်​နေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 3,
      "text": "ထို​အ​ခါ ဥ​ပ​မာ​စ​ကား​များ​တို့​ကို မြွက်​ဆို​တော်​မူ​သည်​မှာ၊ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 4,
      "text": "အ​စေ့​ကို​ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ငှက်​တို့​သည် လာ၍​ကောက်​စား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 5,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် မြေ​နည်း၍ ကျောက်​ပေါ​များ​သော အ​ရပ်၌​ကျ​သ​ဖြင့်၊ မြေ​တိမ်​သော​ကြောင့် ချက်​ချင်း အ​ပင်​ပေါက်​သော်​လည်း၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 6,
      "text": "နေ​ထွက်​သော​အ​ခါ ပူ​လောင်​သည်​ဖြစ်၍ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 7,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့်၊ ဆူး​ပင်​တို့​သည် ကြီး​ပွား၍ ညှဉ်း​ဆဲ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 8,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 9,
      "text": "ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 10,
      "text": "တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​လျက်၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဥ​ပ​မာ​ကို​ဆောင်၍ ဤ​လူ​တို့​အား ဟော​ပြော​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 11,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်၏ နက်​နဲ​သော အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ထို​သူ​တို့​မူ​ကား အ​ခွင့်​မ​ရှိ​ကြ၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 12,
      "text": "အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 13,
      "text": "ထို​ကြောင့် သူ​တို့​သည် မြင်​လျက်​မ​မြင်၊ ကြား​လျက်​မ​ကြား၊ အ​နက်​ကို​လည်း နား​မ​လည်​သော​ကြောင့် ဥ​ပ​မာ​ကို​ဆောင်၍ ငါ​ဟော​ပြော၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 14,
      "text": "ဟေ​ရှာ​ယ ဟော​ဖူး​သော အ​နာ​ဂတ်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 16,
      "text": "သင်​တို့​မျက်​စိ​သည် မြင်​သော​ကြောင့် မင်္ဂ​လာ​ရှိ၏။ သင်​တို့​နား​သည်​လည်း ကြား​သော​ကြောင့် မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 17,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့ မြင်​ရ​သော​အ​ရာ​တို့​ကို ပ​ရော​ဖက်​များ​နှင့် ဖြောင့်​မတ်​သော သူ​များ​တို့​သည် မြင်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​မြင်​ရ​ကြ။ သင်​တို့​ကြား​ရ​သော အ​ရာ​တို့​ကို ကြား​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​ကြား​ရ​ကြ။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 18,
      "text": "မျိုး​စေ့​ကြဲ​သော​သူ၏ ဥ​ပ​မာ​အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​ထောင်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 19,
      "text": "လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 20,
      "text": "ကျောက်​ပေါ​သော​အ​ရပ်၌ အ​စေ့​ကို​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း​ခံ​ယူ​သော်​လည်း၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 21,
      "text": "စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​တည်​သ​ဖြင့်၊ တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း​ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 22,
      "text": "ဆူး​ပင်​တို့​တွင် အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား တ​ရား​စ​ကား​ကို​ကြား၍ လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း​နှင့် စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 23,
      "text": "ကောင်း​သော​မြေ၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​သွင်း​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 24,
      "text": "အ​ခြား​သော ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​သော​သူ​နှင့် တူ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 25,
      "text": "လူ​တို့​သည် အိပ်​ပျော်​သော​အ​ခါ သူ၏​ရန်​သူ​သည်​လာ၍ ကောင်း​သော​စ​ပါး​နှင့် လ​က္ခ​ဏာ​တူ​သော တော​မျိုး​စေ့​ကို စ​ပါး​အ​ထဲ၌ ကြဲ၍​သွား​လေ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 26,
      "text": "အ​ပင်​ပေါက်၍ အ​သီး​အ​နှံ​ထွက်​သော​အ​ခါ၊ တော​ပင်​များ​လည်း ထင်​ရှား​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 27,
      "text": "ကျွန်​တို့​သည် အိမ်​ရှင်​ထံ​သို့​သွား၍ သ​ခင်၊ ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​တော်​မူ​သည် မ​ဟုတ်​လော။ တော​ပင်​တို့​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 28,
      "text": "အိမ်​ရှင်​က ဤ​အ​မှု​ကား ရန်​သူ​ပြု​သော​အ​မှု​တည်း​ဟု ဆို၏။ အ​ကျွန်ုပ်​တို့​သည် သွား၍ တော​ပင်​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သ​လော​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 29,
      "text": "အိမ်​ရှင်​က ထို​သို့ ငါ​အ​လို​မ​ရှိ။ တော​ပင်​တို့​ကို ရွေး​နုတ်​လျှင် စ​ပါး​ပင်​တို့​ကို​ရော​နှော၍ နုတ်​မိ​မည် စိုး​ရိမ်​စ​ရာ​အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 30,
      "text": "စ​ပါး​ရိတ်​သည်​ကာ​လ​တိုင်​အောင် အ​ပင်​နှစ်​မျိုး​တို့​သည် အ​တူ ကြီး​ပွား​ပါ​လေ​စေ။ စ​ပါး​ရိတ်​သည်​ကာ​လ ရောက်​လျှင်၊ တော​ပင်​တို့​ကို ရှေ့​ဦး​စွာ​ရွေး​နုတ်၍ မီး​ရှို့​ခြင်း​ငှာ စည်း​နှောင်​ကြ​လော့။ စ​ပါး​ကို​ကား ကျီ၌​စု​သိမ်း သွင်း​ထား​ကြ​လော့​ဟု ရိတ်​သော​သူ​တို့​အား ငါ​စီ​ရင်​မည်​ဟု အိမ်​ရှင်​ဆို​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 31,
      "text": "အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 32,
      "text": "မုန်​ညင်း​စေ့​သည် အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ ကြီး​ပွား​သော​အ​ခါ မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​သ​ဖြင့် မိုး​ကောင်း​ကင်​ငှက်​တို့​သည် လာ၍ အ​ကိုင်း​အ​ခက်​တို့၌ နား​နေ မှီ​ခို​လောက်​သော​အ​ပင် ဖြစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 33,
      "text": "အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ၏။ မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌​ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 34,
      "text": "ယေ​ရှု​သည် ဤ​ဥ​ပ​မာ​များ​တို့​ကို​ဆောင်၍ ပ​ရိသတ်​များ​တို့​အား ဟော​ပြော​တော်​မူ၏။ ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 35,
      "text": "ထို​သို့​သော​အား​ဖြင့် ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည်​နှုတ်​ကို​ဖွင့်၍ ဥ​ပ​မာ​များ​ကို​မြွက်​ဆို​အံ့။ က​မ္ဘာ​ဦး​မှ​စ၍ ထိမ်​ဝှက်​သော​အ​ရာ​တို့​ကို ဖော်​ပြ​ပေ​အံ့​ဟု ဟော​ဖူး​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 36,
      "text": "ထို​နောက်​မှ ယေ​ရှု​သည် လူ​အ​စု​အ​ဝေး​များ​ကို​လွှတ်၍ အိမ်​သို့​ဝင်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ လယ်၌​ကြဲ​သော တော​မျိုး​စေ့၏ ဥ​ပ​မာ​အ​နက်​အ​ဓိ​ပ္ပာယ်​ကို အ​ကျွန်ုပ်​တို့​အား ဖော်​ပြ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 37,
      "text": "ကိုယ်​တော်​က၊ ကောင်း​သော​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် လူ​သား​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 38,
      "text": "လယ်​ကား ဤ​လော​က​ဖြစ်၏။ ကောင်း​သော​အ​စေ့​ကား နိုင်​ငံ​တော်​သား​ဖြစ်၏။ တော​မျိုး​စေ့​ကား နတ်​ဆိုး​သား​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 39,
      "text": "တော​မျိုး​စေ့​ကို​ကြဲ​သော ရန်​သူ​ကား မာရ်​နတ်​ဖြစ်၏။ စ​ပါး​ရိတ်​သော​ကာ​လ​ကား ဤ​က​မ္ဘာ​ကုန်​သော​ကာ​လ ဖြစ်၏။ စ​ပါး​ရိတ်​သော​သူ​ကား ကောင်း​ကင်​တ​မန်​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 40,
      "text": "တော​ပင်​တို့​ကို​ရွေး​နုတ်၍ မီး​ရှို့​သ​ကဲ့​သို့ ဤ​က​မ္ဘာ​အ​ဆုံး၌ ဖြစ်​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 41,
      "text": "လူ​သား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​တို့​ကို စေ​လွှတ်​ပြီး​လျှင်၊ မှား​ယွင်း​စေ​သော​သူ​တို့​နှင့် မ​တ​ရား​သော အ​မှု​ကို​ပြု​သော​သူ ရှိ​သ​မျှ​တို့​ကို နိုင်​ငံ​တော်​ထဲ​က ရွေး​နုတ်၍၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 42,
      "text": "ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌​ချ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 43,
      "text": "ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် နေ​ထွန်း​လင်း​သ​ကဲ့​သို့ မိ​မိ​တို့​အ​ဘ၏ နိုင်​ငံ​တော်၌ ထွန်း​လင်း​ကြ​လ​တ္တံ့။ ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 44,
      "text": "တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​ဝှက်​ထား​သော​ဘ​ဏ္ဍာ​နှ​င့် တူ၏။ ထို​ဘ​ဏ္ဍာ​ကို​တွေ့​သော​သူ​သည် တစ်​ဖန်​ဖုံး​အုပ်၍၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သွား​ပြီး​လျှင်၊ ရ​တတ်​သ​မျှ​ကို ရောင်း၍ ထို​လယ်​ကို ဝယ်​တတ်၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 45,
      "text": "တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မြတ်​သော​ပု​လဲ​တို့​ကို ရှာ​သော ကုန်​သည်​နှင့် တူ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 46,
      "text": "ထို​ကုန်​သည်​သည် အ​လွန်​အ​ဖိုး​ထိုက်​သော ပု​လဲ​ကို တွေ့​သော​အ​ခါ၊ သွား၍ မိ​မိ၌​ရ​တတ်​သ​မျှ​ကို ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို ဝယ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 47,
      "text": "တစ်​နည်း​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ပင်​လယ်၌​ချ၍ အ​မျိုး​မျိုး​သော​ငါး​တို့​ကို အုပ်​မိ​သော ပိုက်​ကွန်​နှင့်​တူ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 48,
      "text": "ငါး​နှင့်​အ​ပြည့်​ရှိ​သော​အ​ခါ တံ​ငါ​တို့​သည် ကုန်း​ပေါ်​သို့​ဆွဲ​တင်၍ ထိုင်​လျက်၊ ကောင်း​သော​ငါး​ကို ခြင်း​ထဲ​သို့ ရွေး​ချယ်​ထည့်​ထား၍၊ မ​ကောင်း​သော​ငါး​ကို ပြင်​သို့​ပစ်​လိုက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 49,
      "text": "ထို​နည်း​တူ က​မ္ဘာ​အ​ဆုံး၌ ကောင်း​ကင်​တ​မန်​တို့​သည် ဆင်း​လာ​ပြီး​လျှင်၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ထဲ​မှ ဆိုး​သော​သူ​တို့​ကို နုတ်​ယူ​ခွဲ​ထား၍၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 50,
      "text": "ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌ ချ​ကြ​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 51,
      "text": "ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် နား​လည်​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ နား​လည်​ပါ​ပြီ​သ​ခင်​ဟု တ​ပည့်​တော်​တို့​သည် လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 52,
      "text": "ကိုယ်​တော်​က​လည်း၊ သို့​ဖြစ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၏ အ​ကြောင်း​အ​ရာ​ကို သင်​ပြီး​သော​ကျမ်း​ဆ​ရာ မည်​သည်​ကား၊ မိ​မိ​ဘ​ဏ္ဍာ​ထဲ​က အ​ထူး​ထူး​အ​ပြား​ပြား​သော အ​သစ်​အ​ဟောင်း​တို့​ကို ထုတ်​ဖော်​သော​အိမ်​ရှင်​နှင့် တူ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 53,
      "text": "ထို​ဥ​ပ​မာ​စ​ကား​များ​ကို အ​ကုန်​အ​စင်​မိန့်​မြွက်​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​မှ​ကြွ​သွား​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 54,
      "text": "ထို​နောက်​မှ မိ​မိ​မြို့​သို့​ရောက်​တော်​မူ၍ တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။ မြို့​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ​သ​ဖြင့်၊ ဤ​သူ​သည် ဤ​ပ​ညာ​ကို​လည်း​ကောင်း၊ ဤ​တန်​ခိုး​ကို​လည်း​ကောင်း အ​ဘယ်​မှာ​ရ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 55,
      "text": "သူ​သည် လက်​သ​မား​သား မ​ဟုတ်​လော။ သူ့​အ​မိ​ကား မာ​ရိ​အ​မည်​ရှိ​သည် မ​ဟုတ်​လော။ သူ့​ညီ​ကား၊ ယာ​ကုပ်၊ ယော​သေ၊ ရှိ​မုန်၊ ယု​ဒ​ဟု​ဆို​ကြ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 56,
      "text": "သူ့​နှ​မ​များ​တို့​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည် မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် ဤ​သူ​သည် ဤ​အ​ရာ​များ​ကို အ​ဘယ်​မှာ​ရ​သ​နည်း​ဟု ပြော​ဆို​လျက်၊-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 57,
      "text": "စေ​တ​နာ​စိတ် ပျက်​ကြ၏။ ယေ​ရှု​က​လည်း၊ ပ​ရော​ဖက်​သည် မိ​မိ​မြို့၊ မိ​မိ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​သ​ရေ​ရှိ​သည်​ဟု ထို​သူ​တို့​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 13,
      "verse": 58,
      "text": "မြို့​သား​များ​တို့​သည် မ​ယုံ​ကြည်​ကြ​သော​ကြောင့်၊ ထို​အ​ရပ်၌ များ​စွာ​သော​တန်​ခိုး​ကို ပြ​တော်​မ​မူ။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 1,
      "text": "ထို​အ​ခါ စော်​ဘွား​ဟေ​ရုဒ်​သည် ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 2,
      "text": "ဤ​သူ​ကား ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု မိ​မိ​ငယ်​သား​တို့​အား ဆို၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 3,
      "text": "အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က၊ အ​ရှင်​မင်း​ကြီး​သည် ထို​မိန်း​မ​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား​ဆို​လေ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 5,
      "text": "ယော​ဟန်​ကို​သတ်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း၊ လူ​အ​ပေါင်း​တို့၏​မျက်​နှာ​ကို ထောက်၍ မ​သတ်​ဝံ့​ဘဲ​နေ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 6,
      "text": "ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 7,
      "text": "ငါ​သည် သင်​တောင်း​သ​မျှ​ကို ပေး​မည်​ဟု ကျိန်​ဆို​လေ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 8,
      "text": "ထို​မိန်း​မ​ငယ်​သည် သူ၏​အ​မိ တိုက်​တွန်း​သည်​အ​တိုင်း၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ ပေး​တော်​မူ​ပါ​ဟု တောင်း​လျှောက်၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 9,
      "text": "မင်း​ကြီး​သည် ဝမ်း​နည်း​သော်​လည်း ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း ထောက်​သော​ကြောင့် ပေး​စေ​ဟု အ​မိန့်​တော်​ရှိ​လျက်၊-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 10,
      "text": "လူ​ကို​စေ​လွှတ်၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​စေ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 11,
      "text": "ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ၊ သူ​သည်​လည်း မိ​မိ​အ​မိ​ထံ​သို့ ယူ​သွား၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 12,
      "text": "ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း လာ၍ အ​လောင်း​ကို ဆောင်​သွား​သ​ဖြင့် သင်္ဂြိုဟ်​ပြီး​မှ၊ ယေ​ရှု​ထံ​တော်​သို့ သွား၍ ကြား​လျှောက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 13,
      "text": "ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ လှေ​ကို​စီး​လျက် တော၌​ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ကြား​သိ​ရ​လျှင်၊ မြို့​ရွာ​မှ​ထွက်၍ ကုန်း​ကြောင်း​လိုက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 14,
      "text": "ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 15,
      "text": "ညဉ့်​ဦး​ယံ၌ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။ လူ​အ​စု​အ​ဝေး​တို့​သည် မြို့​ရွာ​သို့​သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 16,
      "text": "ယေ​ရှု​က၊ သွား​ရ​သော​အ​ကြောင်း​မ​ရှိ။ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 17,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ထို​မုန့်​နှင့် ငါး​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 18,
      "text": "ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြက်​ပင်​ပေါ်​မှာ လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 19,
      "text": "မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 20,
      "text": "တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 21,
      "text": "စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ၊ ယောက်ျား​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 22,
      "text": "ယေ​ရှု​သည် စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက်​သို့ အ​ရင် ကူး​စေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 23,
      "text": "စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ ပြု​အံ့​သော​ငှာ တောင်​ပေါ်၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ တက်​ကြွ​သ​ဖြင့်၊ ည​အ​ချိန် ရောက်​သော​အ​ခါ၊ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 24,
      "text": "လှေ​မူ​ကား အိုင်​အ​လယ်၌​ရှိ၍ လေ​မ​သင့်​သော​ကြောင့် လှိုင်း​တံ​ပိုး​လှုပ်​ရှား​ခြင်း​ကို ပြင်း​စွာ​ခံ​ရ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 25,
      "text": "ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​လျက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ကြွ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 26,
      "text": "ထို​သို့ အိုင်​ပေါ်​မှာ​စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင် ထိတ်​လန့်၍၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု ကြောက်​သော​စိတ်​နှင့် အော်​ဟစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 27,
      "text": "ယေ​ရှု​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်။ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 28,
      "text": "ပေ​တ​ရု​က​လည်း၊ သ​ခင် ကိုယ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ လာ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 29,
      "text": "လာ​ခဲ့​လော့​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​သည် လှေ​ပေါ်​က​ဆင်း၍ ယေ​ရှု​ထံ​သို့​ရောက်​အံ့​သော​ငှာ ရေ​ပေါ်​မှာ လှမ်း​သွား၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 30,
      "text": "လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 31,
      "text": "ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 32,
      "text": "လှေ​ပေါ်​သို့​ရောက်​ကြ​လျှင် လေ​သည် ငြိမ်း​လေ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 33,
      "text": "လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 34,
      "text": "ကမ်း​တစ်​ဖက်​သို့​ကူး​လျှင် ဂင်္နေ​သ​ရက်​နယ်​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 35,
      "text": "ထို​အ​ရပ်​သား​တို့​သည် မျက်​နှာ​တော်​ကို မှတ်​မိ​လျှင်၊ ပတ်​ဝန်း​ကျင်​အ​ရပ် ရှိ​သ​မျှ​သို့ စေ​လွှတ်​သ​ဖြင့် လူ​နာ​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့၍၊-"
    },
    {
      "book": 40,
      "chapter": 14,
      "verse": 36,
      "text": "အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 1,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ချဉ်း​ကပ်​ပြီး​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 2,
      "text": "ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​ကို ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​ပါ​သ​နည်း။ သူ​တို့​သည် လက်​မ​ဆေး​ဘဲ အ​စာ​စား​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 3,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို အ​မှီ​ပြု၍ ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု​လာ​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 5,
      "text": "သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို၊ သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု ဖြစ်​စေ​ဟု​ဆို၏၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 6,
      "text": "ထို​သူ​သည် ကိုယ်​မိ​ဘ​ကို​ပင် ရို​သေ​စွာ​မ​ပြု​ရ​ဟု ဆို၏။ ထို​သို့​သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏​ပ​ညတ်​တော်​ကို ပယ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 7,
      "text": "လျှို့​ဝှက်​သော​သူ​တို့၊ ဟေ​ရှာ​ယ​သည် သင်​တို့​ကို​ရည်​မှတ်​လျက် ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍ နှုတ်​ခမ်း​နှင့် ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 8,
      "text": "လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​သ​ပေး​လျက်​ပင် ငါ့​ကို အ​ချည်း​နှီး​ကိုး​ကွယ်​ကြ၏​ဟု-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 9,
      "text": "နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 10,
      "text": "ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့ နား​ထောင် နား​လည်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 11,
      "text": "ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည် မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သော​အ​ရာ​သည် ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 12,
      "text": "တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ယ​ခု​မိန့်​တော်​မူ​သော စ​ကား​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​သော​အ​ခါ စေ​တ​နာ​စိတ်​ပျက်​ကြ​သည်​ကို သိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 13,
      "text": "ကိုယ်​တော်​က​လည်း၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော် စိုက်​တော်​မ​မူ​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို နှုတ်​ရ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 14,
      "text": "ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 15,
      "text": "ပေ​တ​ရု​က​လည်း၊ ထို​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား ဖွင့်​ပြ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 16,
      "text": "ယေ​ရှု​က၊ သင်​တို့​သည် ယ​ခု​တိုင်​အောင် ပ​ညာ​မဲ့​လျက် နေ​သေး​သ​လော။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 17,
      "text": "ခံ​တွင်း​သို့​ဝင်​သ​မျှ​သည် ဝမ်း​ထဲ​သို့​ဆင်း၍ ရေ​အိမ်​တွင် စွန့်​ပစ်​သည်​ကို နား​မ​လည်​ကြ​သေး​သ​လော။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 18,
      "text": "ခံ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ နှ​လုံး​ထဲ​က ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 19,
      "text": "မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 20,
      "text": "လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်​ကြ၏။ လက်​မ​ဆေး​ဘဲ​လျက် အ​စာ​ကို​စား​ခြင်း​မူ​ကား၊ လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 21,
      "text": "ယေ​ရှု​သည် ထို​အ​ရပ်​မှ​ထွက်၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 22,
      "text": "ခါ​နာန်​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​သည် ထို​နယ်​စပ်​မှ​ထွက်​လာ၍၊ ဒါ​ဝိဒ်၏​သား​တော်​ရှင်၊ ကျွန်​မ​ကို သ​နား​တော်​မူ​ပါ။ ကျွန်​မ၏​သ​မီး​သည် နတ်​ဆိုး​နှိပ်​စက်​ခြင်း​ကို ပြင်း​စွာ​ခံ​ရ​ပါ​သည်​ဟု ဟစ်​ကြော်​သော်​လည်း စ​ကား​တစ်​ခွန်း​မျှ ပြန်​တော်​မ​မူ။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 23,
      "text": "တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 24,
      "text": "ကိုယ်​တော်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဝင် ပျောက်​လွင့်​သော သိုး​များ​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​ရှိ​ရာ​သို့ ငါ့​ကို​မ​စေ​လွှတ်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 25,
      "text": "ထို​မိန်း​မ​သည် ချဉ်း​ကပ်၍ ပျပ်​ဝပ်​လျက် ကျွန်​မ​ကို ကယ်​တော်​မူ​ပါ​သ​ခင်​ဟု လျှောက်​ပြန်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 26,
      "text": "ကိုယ်​တော်​က၊ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု ပြန်​ပြော​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 27,
      "text": "မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်၊ ခွေး​မည်​သည်​ကား မိ​မိ​သ​ခင်၏ စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​မြဲ​ထုံး​စံ​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 28,
      "text": "အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 29,
      "text": "ယေ​ရှု​သည် ထို​အ​ရပ်​မှ​ကြွ၍ ဂါ​လိ​လဲ​အိုင်​နား​သို့ ရောက်​တော်​မူ​လျှင် တောင်​ပေါ်​သို့​တက်၍ ထိုင်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 30,
      "text": "များ​စွာ​သော​လူ အ​ပေါင်း​တို့​သည် ခြေ​မ​စွမ်း၊ မျက်​စိ​ကန်း၊ စ​ကား​အ၊ အင်္ဂါ​ချို့​တဲ့​သော​သူ​မှ​စ၍ အ​ခြား​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ​ကို ဆောင်​ခဲ့​လျက် အ​ထံ​တော်​သို့ ရောက်​လာ၍ ခြေ​တော်​ရင်း၌ ချ​ထား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 31,
      "text": "အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ​သ​ဖြင့်၊ အ​သော​သူ​သည် စ​ကား​ပြော​သည်​ကို​လည်း​ကောင်း၊ ချို့​တဲ့​သော​သူ​သည် ပ​က​တိ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သော​သူ​သည် လှမ်း​သွား​သည်​ကို​လည်း​ကောင်း၊ မျက်​စိ​ကန်း​သော​သူ​သည် မြင်​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​စု​အ​ဝေး​တို့​သည်​မြင်​လျှင် အံ့​ဩ​ခြင်း​သို့​ရောက်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 32,
      "text": "ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍၊ ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ အ​လျှင်း​မ​ရှိ။ လမ်း​ခ​ရီး၌ မော​မည်​ကို​စိုး​ရိမ်​သော​ကြောင့် အ​စာ​မ​စား​မီ သူ​တို့​ကို​လွှတ်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 33,
      "text": "တ​ပည့်​တော်​တို့​က ဤ​မျှ​လောက်​များ​သော​လူ​စု​တို့​သည် ဝ​စွာ​စား​လောက်​သော​အ​စာ​ကို ဤ​တော​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ရ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 34,
      "text": "ယေ​ရှု​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​နှင့် အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး ရှိ​ပါ​သည်​ဟု ပြန်​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 35,
      "text": "ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 36,
      "text": "မုန့်​ခု​နစ်​လုံး​နှင့် ငါး​တို့​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ မုန့်​နှင့်​ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ တ​ပည့်​တော်​တို့​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 37,
      "text": "လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ၊ ကြွင်း​ရစ်​သော အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 38,
      "text": "စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ ယောက်ျား​လေး​ထောင် ရှိ​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 15,
      "verse": 39,
      "text": "ထို​လူ​များ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊ လှေ​စီး၍ မာ​ဂ​ဒါ​လ​ကျေး​လက်​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 1,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ ချဉ်း​ကပ်၍၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 2,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ညဉ့်​ဦး​ယံ၌ ပြော​ဆို​တတ်​သည်​ကား၊ ယ​ခု မိုး​တိမ်​နီ​သည်​ဖြစ်၍ မိုး​ကြည်​လင်​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 3,
      "text": "နံ​နက်​ယံ၌​ကား၊ ယ​ခု မိုး​အုံ့​လျက်​ရှိ၏။ နီ​မောင်း​သော​အ​ဆင်း​လည်း ရှိ၏။ ယ​နေ့ မိုး​သက်​မုန်​တိုင်း လာ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ကပ်​ကာ​လ၏ နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 4,
      "text": "ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား မ​ပြ​ရာ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ထို​သူ​တို့​ရှိ​ရာ​မှ ထွက်၍ ကြွ​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 5,
      "text": "တ​ပည့်​တော်​တို့​သည် ကမ်း​တစ်​ဖက်​သို့ သွား​ကြ​သော​အ​ခါ မုန့်​ကို​ယူ​ခြင်း​ငှာ မေ့​လျော့​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 6,
      "text": "ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 7,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ ငါ​တို့၌ မုန့်​မ​ပါ​သော​ကြောင့် ဤ​စ​ကား​ကို​မိန့်​တော်​မူ​သည်​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 8,
      "text": "ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ သင်​တို့၌​မုန့်​မ​ပါ​သည်​ကို ထောက်၍ အ​ဘယ်​ကြောင့် အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 9,
      "text": "မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​စား၍ စား​ကြွင်း ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သည်​ကို​လည်း​ကောင်း၊ မု​န့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​စား၍ စား​ကြွင်း ဘယ်​နှစ်​တောင်း​ကောက်​သိမ်း​သည်​ကို လည်း​ကောင်း၊-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 10,
      "text": "သင်​တို့​သည် နှ​လုံး​မ​သွင်း မ​အောက်​မေ့​ဘဲ နေ​ကြ​သေး​သ​လော။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 11,
      "text": "ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ တ​ဆေး​ကို ကြဉ်​ရှောင်​ကြ ဟူ​သော​စ​ကား​ကို ငါ​ပြော​သည်​တွင်၊ မုန့်​ကို​အ​မှတ်​ပြု၍ ငါ​မ​ပြော​သည်​ကို သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့​နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 12,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မုန့်၏​တ​ဆေး​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မ​မူ။ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ ဩ​ဝါ​ဒ​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ​သည်​ကို နား​လည်​ကြ​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 13,
      "text": "ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် လူ​သား​ဖြစ်​သော ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 14,
      "text": "လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 15,
      "text": "သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 16,
      "text": "ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 17,
      "text": "ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 18,
      "text": "ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 19,
      "text": "ကောင်း​ကင်​နိုင်​ငံ​တော်၏ သော့​တို့​ကို​လည်း သင့်​အား ငါ​ပေး​မည်။ သင်​သည် မြေ​ကြီး​ပေါ်​မှာ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 20,
      "text": "ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 21,
      "text": "ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 22,
      "text": "ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 23,
      "text": "ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 24,
      "text": "ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 25,
      "text": "အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့် အ​သက်​ရှုံး၏၊ ထို​သူ​သည် အ​သက်​ကို တွေ့​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 26,
      "text": "လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 27,
      "text": "လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 16,
      "verse": 28,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 1,
      "text": "ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 2,
      "text": "သူ​တို့​ရှေ့၌ ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ မျက်​နှာ​တော်​သည် နေ​ကဲ့​သို့ ထွန်း​တောက်​လျက်၊ အ​ဝတ်​တော်​သည် အ​လင်း​ကဲ့​သို့ ဖြူ​လျက်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 3,
      "text": "မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ကိုယ်​တော်​နှင့်​အ​တူ စ​ကား​ပြော​လျက် နေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 4,
      "text": "ထို​အ​ခါ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​တို့​သည် ဆောက်​လုပ်​ပါ​မည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 5,
      "text": "ထို​သို့​လျှောက်​စဉ်​တွင်၊ ထွန်း​လင်း​သော​မိုး​တိမ်​သည် ထို​သူ​တို့​ကို လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ​နှစ်​သက် မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 6,
      "text": "တ​ပည့်​တော်​တို့​သည် ကြား​ရ​လျှင်၊ ပျပ်​ဝပ်၍ အ​လွန်​ကြောက်​လန့်​ခြင်း ရှိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 7,
      "text": "ယေ​ရှု​သည်​လာ၍ သူ​တို့​ကို လက်​နှင့် တို့​တော်​မူ​လျက်၊ ထ​ကြ၊ မ​ကြောက်​ကြ​နှင့်​ဟု မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 8,
      "text": "သူ​တို့​သည် ကြည့်​မျှော်​သ​ဖြင့်၊ ယေ​ရှု​တစ်​ယောက်​တည်း မှ​တစ်​ပါး၊ အ​ဘယ်​သူ​ကို​မျှ မ​မြင်​ကြ။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 9,
      "text": "တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ယေ​ရှု​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင်၊ သင်​တို့ ယ​ခု​မြင်​သော ရူ​ပါ​ရုံ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 10,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ​ရ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 11,
      "text": "ယေ​ရှု​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 12,
      "text": "ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ ရောက်​လာ​ပြီ။ လူ​များ​သည် သူ့​ကို​မ​သိ​သ​ဖြင့် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ။ ထို​နည်း​တူ လူ​သား​သည်​လည်း ထို​လူ​များ​လက်၌ ခံ​ရ​မည်​ဟု မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 13,
      "text": "ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကို အ​မှတ်​ပြု၍ မိန့်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် နား​လည်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 14,
      "text": "လူ​အ​စု​အ​ဝေး​ရှိ​ရာ​သို့ ရောက်​ကြ​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍ ဒူး​ထောက်​လျက်၊ သ​ခင်၊-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 15,
      "text": "အ​ကျွန်ုပ်၏​သား​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ ဝက်​ရူး​နာ​စွဲ၍ ပြင်း​စွာ​ခံ​စား​ရ​ပါ၏။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​တတ်​ပါ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 16,
      "text": "တ​ပည့်​တော်​တို့​ထံ​သို့ ဆောင်​ခဲ့၍ သူ​တို့​သည် ချမ်း​သာ​မ​ပေး​နိုင်​ကြ​ပါ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 17,
      "text": "ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 18,
      "text": "ယေ​ရှု​သည် သူ့​ကို​ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် သူ​မှ​ထွက်​သွား​သ​ဖြင့်၊ ထို​ခ​ဏ​မှ​စ၍ သူ​ငယ်​သည် ကျန်း​မာ​ပ​က​တိ ဖြစ်​လေ၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 19,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ယေ​ရှု​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 20,
      "text": "သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 21,
      "text": "သို့​သော်​လည်း ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့်၊ ထို​အ​မျိုး​သည် မ​ထွက်​တတ်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 22,
      "text": "ဂါ​လိ​လဲ​ပြည်၌ နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် နီး​ပြီ။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 23,
      "text": "သူ​တို့​သည် သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ သူ​တို့​သည်​လည်း အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​ကြ၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 24,
      "text": "က​ပေ​ရ​နောင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဗိ​မာန်​တော်​အ​ခွန်​တည်း​ဟူ​သော ဒိ​ဒြ​မ္မ​ကို ခံ​သော​သူ​တို့​သည် ပေ​တ​ရု​ဆီ​သို့​လာ၍ သင်၏​ဆ​ရာ​သည် ဒိ​ဒြ​မ္မ​ကို မ​ပေး​သ​လော​ဟု မေး​မြန်း​လျှင်၊ ပေး​ပါ​သည်​ဟု ပေ​တ​ရု​ဆို၏။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 25,
      "text": "ပေ​တ​ရု​သည် အိမ်​သို့​ဝင်​သော​အ​ခါ၊ ယေ​ရှု​သည် တင်​ကူး၍၊ အ​ချင်း​ရှိ​မုန်၊ သင်​သည်​အ​ဘယ်​သို့ ထင်​သ​နည်း။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် အ​ဘယ်​သူ​မှာ အ​ခွန်​ကို​ခံ​ကြ​သ​နည်း။ မိ​မိ​သား​မှာ ခံ​ကြ​သ​လော။ သူ​တစ်​ပါး​မှာ ခံ​ကြ​သ​လော၊ ဟု​မေး​တော်​မူ​လျှင်၊"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 26,
      "text": "ပေ​တ​ရု​က၊ သူ​တစ်​ပါး​မှာ​ခံ​ကြ​ပါ​သည်​ဟု လျှောက်​သော်၊ ယေ​ရှု​က​လည်း သို့​ဖြစ်​လျှင် သား​မူ​ကား လွတ်​ရ၏။ သို့​သော်​လည်း ထို​သူ​တို့​သည် ငါ​တို့​ကြောင့် မ​မှား​ယွင်း​မည်​အ​ကြောင်း၊ အိုင်​သို့​သွား၍ ငါး​မျှား​ကို​ချ​လော့။"
    },
    {
      "book": 40,
      "chapter": 17,
      "verse": 27,
      "text": "ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 1,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ် ပါ​အံ့​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 2,
      "text": "သူ​ငယ်​တစ်​ယောက်​ကို ခေါ်​တော်​မူ၍၊ တ​ပည့်​တော်​တို့​အ​လယ်၌ ထား​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 3,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 4,
      "text": "ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 5,
      "text": "အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 6,
      "text": "ငါ့​ကို​ယုံ​ကြည်​သော ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို အ​ကြင်​သူ​သည် မှား​ယွင်း​စေ၏၊ ထို​သူ​သည် လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို ဆွဲ၍ နက်​နဲ​သော​ပင်​လယ်၌ နှစ်​မြှုပ်​ခြင်း​ကို ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 7,
      "text": "မှား​ယွင်း​စ​ရာ​အ​ကြောင်း​များ ရှိ​သော​ကြောင့် လော​ကီ​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 8,
      "text": "သင်၏​လက်​ခြေ​သည် သင့်​ကို မှား​ယွင်း​စေ​လျှင် လက်​ခြေ​ကို ဖြတ်​ပစ်​လော့။ လက်​ခြေ​အ​စုံ​နှင့် ထာ​ဝ​ရ​မီး​ထဲ​သို့ ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 9,
      "text": "သင်၏​မျက်​စိ​သည်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင်၊ မျက်​စိ​ကို ထုတ်​ပစ်​လော့။ မျက်​စိ​နှစ်​ဖက်​စုံ​နှင့် င​ရဲ​မီး​ထဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် မျက်​စိ​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 10,
      "text": "သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 11,
      "text": "ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 12,
      "text": "အ​ဘယ်​သို့ ထင်​ကြ​သ​နည်း။ သိုး​တစ်​ရာ​ရှိ​သော​သူ၌ သိုး​တစ်​ကောင်​သည် လမ်း​လွဲ၍​ပျောက်​လျှင်၊ ထို​သူ​သည် ကိုး​ဆယ်​ကိုး​ကောင်​သော သိုး​တို့​ကို တောင်​ပေါ်​မှာ​ထား​ခဲ့​ပြီး​မှ၊ လမ်း​လွဲ၍​ပျောက်​သော သိုး​တစ်​ကောင်​ကို သွား၍​ရှာ​တတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 13,
      "text": "တွေ့​ပြီး​လျှင်၊ လမ်း​မ​လွဲ မ​ပျောက်​သော​သိုး ကိုး​ဆယ်​ကိုး​ကောင်၌ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ ထို​သိုး​တစ်​ကောင်၌ သာ၍ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ဟု ငါ​အ​မှန်​ဆို၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 14,
      "text": "ထို​နည်း​တူ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဤ​သူ​ငယ်​တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 15,
      "text": "ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 16,
      "text": "သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 17,
      "text": "ထို​သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင် အ​သင်း​တော်​အား ကြား​ပြော​လော့။ အ​သင်း​တော်၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ သာ​သ​နာ​ပ​လူ ကဲ့​သို့​လည်း​ကောင်း၊ အ​ခွန်​ခံ ကဲ့​သို့​လည်း​ကောင်း ထို​သူ​ကို​မှတ်​လော့။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 18,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 19,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့​တွင် နှစ်​ယောက်​တို့​သည် သ​ဘော​ချင်း​တူ၍ ဆု​တောင်း​လျှင်၊ တောင်း​သ​မျှ​သော​ဆု​တို့​ကို ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော်​သည် ပေး​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ လူ​နှစ်​ဦး​သုံး​ဦး​သုံး​ဦး​တို့​သည် ငါ၏​နာ​မ​ကို​ထောက်၍ စည်း​ဝေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​အ​လယ်​မှာ င်​ရှိ​သည်​ဟု​မိ​န့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 21,
      "text": "ထို​အ​ခါ ပေ​တ​ရု​သည် ချဉ်း​ကပ်၍၊ သ​ခင်၊ ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား၍ အ​ကျွန်ုပ်​သည် သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် လွှတ်​ရ​ပါ​အံ့​နည်း။ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​ပါ​အံ့​လော​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​မည် ငါ​မ​ဆို။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 22,
      "text": "အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​မြောက်​အောင် လွှတ်​ရ​မည် ငါ​ဆို၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 23,
      "text": "ထို​ကြောင့် ကောင်း​ကင်​နိုင်​ငံ​တော်​သည်၊ မိ​မိ​ကျွန်​များ​တို့​ကို စာ​ရင်း​ယူ​ခြင်း​ငှာ အ​လို​ရှိ​သော​မင်း​ကြီး တစ်​ဦး​နှင့် တူ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 24,
      "text": "စာ​ရင်း​ယူ​စဉ်​တွင်၊ ငွေ​အ​ခွက်​တစ်​သိန်း​ကြွေး​တင်​သော​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ဆောင်​ခဲ့​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 25,
      "text": "ထို​သူ​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကိုယ်​မှ​စ၍ သား​မ​ယား​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို​ရောင်း၍ ကြွေး​ကို​ဆပ်​စေ​ဟု သူ၏​သ​ခင်​စီ​ရင်၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 26,
      "text": "ထို​ကျွန်​သည် ညွတ်​ပျပ်​ဝပ်​တွား​လျက်၊ သ​ခင်၊ ကျွန်​တော်​ကို သည်း​ခံ​တော်​မူ​ပါ။ ကြွေး​ရှိ​သ​မျှ​ကို ဆပ်​ပါ​မည်​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 27,
      "text": "သူ၏​သ​ခင်​သည် သ​နား​ခြင်း​ရှိ​သ​ဖြင့် ကြွေး​ရှိ​သ​မျှ​ကို​လွှတ်၍ ချမ်း​သာ​ပေး​လေ၏။"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 28,
      "text": "ထို​ကျွန်​သည် ထွက်​သွား​ရာ​တွင် မိ​မိ​ငွေ​ဒေ​နာ​ရိ​တစ်​ရာ ကြွေး​တင်​သော ကျွန်​ချင်း​တစ်​ယောက်​ကို တွေ့​လျှင်၊ လည်​ပင်း​ကို​ကိုင်​ညှစ်၍ ငါ့​ငွေ​ကို​ဆပ်​ပေး​လော့​ဟု ဆို၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 29,
      "text": "ထို​ကျွန်​ချင်း​သည် ကျွေး​ရှင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​လျက် ကျွန်​တော်​ကို သည်း​ခံ​တော်​မူ​ပါ။ ကြွေး​ရှိ​သ​မျှ​ကို ဆပ်​ပါ​မည်​ဟု တောင်း​ပန်​သော်​လည်း၊-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 30,
      "text": "ငွေ​ရှင်​သည် နား​မ​ထောင်​ဘဲ​သွား၍ ကြွေး​ကို​မ​ဆပ်​မီ​တိုင်​အောင် သူ့​ကို​ထောင်​ထဲ​မှာ လှောင်​ထား၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 31,
      "text": "ထို​အ​မှု​အ​ရာ​ကို အ​ခြား​သော​ကျွန်​ချင်း​တို့​သည် မြင်​လျှင် အ​လွန်​နာ​ကြည်း​သော​စိတ်​နှင့် သွား၍၊ ပြု​လေ​သ​မျှ​တို့​ကို မိ​မိ​တို့​သ​ခင်၌ ကြား​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 32,
      "text": "ထို​အ​ခါ သ​ခင်​သည် ထို​ကျွန်​ကို​ခေါ်၍၊ ဟယ် ဆိုး​ညစ်​သော​ကျွန်၊ သင်​သည် ငါ့​ကို​တောင်း​ပန်​သော​ကြောင့် သင်၌​တင်​သ​မျှ​သော​ကြွေး​ကို ငါ​ရှင်း​လင်း​စေ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 33,
      "text": "ငါ​သည် သင့်​ကို​သ​နား​သ​ကဲ့​သို့ သင်​သည်​လည်း ကျွန်​ချင်း​ကို မ​သ​နား​အပ်​သ​လော​ဟု ဆို​လျက်၊-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 34,
      "text": "အ​မျက်​ထွက်၍ ကြွေး​ရှိ​သ​မျှ​ကို မ​ဆပ်​မီ​တိုင်​အောင် အာ​ဏာ​သား​တို့​လက်​ကို အပ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 18,
      "verse": 35,
      "text": "သင်​တို့​သည်​လည်း ညီ​အစ်​ကို​အ​ချင်း​ချင်း​တို့​ကို စိတ်​နှ​လုံး​ပါ​လျက် အ​ပြစ်​မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​အ​ဘ​သည် ထို​နည်း​တူ သင်​တို့​ကို စီ​ရင်​တော်​မူ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 1,
      "text": "ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည်​အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ ဂါ​လိ​လဲ​ပြည်​မှ​ပြောင်း၍ ယု​ဒ​ပြည်​စွန်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကြွ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 2,
      "text": "လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သည်​ဖြစ်၍၊ ထို​အ​ရပ်၌ အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 3,
      "text": "ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍ လူ​သည် ခပ်​သိမ်း​သော​အ​ပြစ်​ကြောင့် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 4,
      "text": "ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 5,
      "text": "ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​ဆို​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​သ​လော။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 6,
      "text": "ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်၏။ ဘု​ရား​သ​ခင်​ဖက်​စပ်၍ ထမ်း​ပိုး​တင် တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 7,
      "text": "ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ထို​သို့​မှန်​လျှင် ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့်​ကွာ​စေ​ခြင်း​ငှာ မော​ရှေ​သည် အ​ဘယ်​ကြောင့် စီ​ရင်​သ​နည်း​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 8,
      "text": "ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 9,
      "text": "ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 10,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ လင်​မ​ယား​အ​မှု​သည် ဤ​သို့​ဖြစ်​လျှင် စုံ​ဖက်​ခြင်း​ကို မ​ပြု​ကောင်း​ပါ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 11,
      "text": "ကိုယ်​တော်​က​လည်း၊ ထို​စ​ကား​ကို လူ​တိုင်း​မ​ခံ​မ​ယူ​နိုင်။ အ​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 12,
      "text": "လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 13,
      "text": "ထို​အ​ခါ သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ မေ​တ္တာ​ပို့​တော်​မူ​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍ တ​ပည့်​တော်​တို့​သည် အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 14,
      "text": "ယေ​ရှု​က​လည်း၊ ထို​သူ​ငယ်​တို့​ကို ရှိ​စေ​တော့။ ငါ့​ထံ​သို့​လာ​သည်​ကို မ​ဆီး​တား​ကြ​နှင့်။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၍၊-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 15,
      "text": "သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပြီး​လျှင်၊ ထို​အ​ရပ်​မှ ကြွ​သွား​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 16,
      "text": "ထို​နောက်​လူ​တစ်​ယောက်​သည် ချဉ်း​ကပ်၍၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​ကောင်း​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 17,
      "text": "ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 18,
      "text": "အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 19,
      "text": "မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 20,
      "text": "ထို​လု​လင်​က​လည်း၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍​စောင့်​ရှောက်​ပါ​ပြီ။ အ​ဘယ်​အ​ကျင့် လို​သေး​သ​နည်း​ဟု လျှောက်​ပြန်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 21,
      "text": "ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 22,
      "text": "ထို​လု​လင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​လှ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 24,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 25,
      "text": "ထို​သူ​တို့​သည်​ကြား​လျှင် အ​လွန်​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 26,
      "text": "ယေ​ရှု​သည်​လည်း သူ​တို့​ကို​ကြည့်​ရှု၍ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 27,
      "text": "ထို​အ​ခါ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ။ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​ပါ​မည်​နည်း​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 28,
      "text": "ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 29,
      "text": "အ​ကြင်​သူ​သည် ငါ၏​နာ​မ​ကြောင့် အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။ ထို​သူ​သည် အ​ဆ​တစ်​ရာ သော​အ​ကျိုး​ကို ရ၍ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 19,
      "verse": 30,
      "text": "နောက်​ကျ​သော​သူ အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 1,
      "text": "ဥ​ပ​မာ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် စ​ပျစ်​ဥ​ယျာဉ်​ကို လုပ်​ဆောင်​သော​သူ​တို့​ကို ငှား​ခြင်း​ငှာ နံ​နက်​စော​စော ထွက်​သွား​သော အိမ်​ရှင်​နှင့်​တူ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 2,
      "text": "ထို​သူ​သည် တစ်​နေ့​လျှင် ဒေ​နာ​ရိ​တစ်​ပြား​စီ​ပေး​မည်​ဟူ၍ လုပ်​ဆောင်​သော​သူ​တို့​နှင့် ဝန်​ခံ​ပြီး​မှ စ​ပျစ်​ဥ​ယျာဉ်​သို့ စေ​လွှတ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 3,
      "text": "နံ​နက်​တစ်​ချက်​တီး​အ​ချိန်၌ ထွက်​ပြန်​လျှင်၊ အ​ခြား​သော​သူ​တို့​သည် အ​လုပ်​ကို​မ​လုပ်၊ ဈေး၌​ရပ်​နေ​သည်​ကို မြင်၍၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 4,
      "text": "သင်​တို့​လည်း ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ။ တော်​လျော်​စွာ ငါ​ပေး​မည်​ဟု​ဆို​လျှင် ထို​သူ​တို့​သည် သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 5,
      "text": "တစ်​ဖန် နှစ်​ချက်​တီး​အ​ချိန်၊ တစ်​ဖန် သုံး​ချက်​တီး​အ​ချိန်၌ ထွက်၌​ရှေ့​နည်း​အ​တူ ပြု​လေ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 6,
      "text": "ဆယ်​တစ်​နာ​ရီ​အ​ချိန်၌​လည်း ထွက်​ပြန်​လျှင် အ​ခြား​သော​သူ​တို့​သည် အ​လုပ်​ကို​မ​လုပ်၊ ရပ်​နေ​သည်​ကို တွေ့၍၊ သင်​တို့​သည် တစ်​နေ့​လုံး​အ​လုပ်​ကို​မ​လုပ်​ဘဲ ဤ​အ​ရပ်၌ အ​ဘယ်​ကြောင့် နေ​ကြ​သ​နည်း​ဟု​မေး​သော်၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 7,
      "text": "ထို​သူ​တို့​က၊ ကျွန်​တော်​တို့​ကို အ​ဘယ်​သူ​မျှ မ​ငှား​ပါ​ဟု ပြော​ဆို​ကြ​လျှင်၊ သင်​တို့​လည်း ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ။ တော်​လျော်​စွာ ရ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 8,
      "text": "ည​အ​ချိန် ရောက်​သော​အ​ခါ စ​ပျစ်​ဥ​ယျာဉ်​ရှင်​က လုပ်​ဆောင်​သော သူ​တို့​ကို ခေါ်​ခဲ့​လော့။ နောက်​ဝင်​သော သူ​မှ​စ၍ အ​ရင်​အ​ဦး​ဝင်​သော သူ​တိုင်​အောင် အ​ခ​ကို​ပေး​လော့​ဟု မိ​မိ​စာ​ရေး​ကို မှာ​လိုက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 9,
      "text": "ထို​ကြောင့် ဆယ်​တစ်​နာ​ရီ​အ​ချိန်၌ ဝင်​သော​သူ​တို့​သည် လာ၍ ဒေ​နာ​ရိ​တစ်​ပြား​စီ ခံ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 10,
      "text": "အ​ရင်​ဝင်​သော​သူ​တို့​သည် လာ​ကြ​သော​အ​ခါ ငါ​တို့​သည် သာ၍​ရ​မည်​ဟု စိတ်​ထဲ​မှာ​ထင်​မှတ်​သော်​လည်း ဒေ​နာ​ရိ​တစ်​ပြား​စီ ခံ​ရ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 11,
      "text": "ထို​သို့​ခံ​ပြီး​လျှင် အိမ်​ရှင်​ကို ကဲ့​ရဲ့​ပြစ်​တင်၍၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 12,
      "text": "နောက်​ဝင်​သော​သူ​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ​သာ လုပ်​ဆောင်​သော်​လည်း၊ တစ်​နေ့​လုံး​အ​မှု​ဝန်​ကို ထမ်း​ရွက်၍ နေ​ပူ​ဆင်း​ရဲ​ခံ​ရ​သော အ​ကျွန်ုပ်​တို့​နှင့် အ​ညီ​အ​မျှ ကိုယ်​တော်​စီ​ရင်​ပါ​ပြီ​တ​ကား​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 13,
      "text": "အိမ်​ရှင်​က​လည်း အ​ဆွေ၊ သင်၌ မ​တ​ရား​သော​အ​မှု​ကို ငါ​မ​ပြု။ ဒေ​နာ​ရိ​တစ်​ပြား​ကို အ​မှတ်​ပြု၍ သင်​သည် ငါ​နှင့်​ဝန်​ခံ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 14,
      "text": "သင်၏​ဥ​စ္စာ​ကို ယူ၍​သွား​လော့။ နောက်​ဝင်​သော​သူ​တို့​အား သင်​နှင့် အ​ညီ​အ​မျှ​ပေး​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 15,
      "text": "ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 16,
      "text": "ထို​နည်း​တူ နောက်​ကျ​သော​သူ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​တို့​သည် နောက်​ကျ ကြ​လိမ့်​မည်။ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 17,
      "text": "ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ တက်​ကြွ​တော်​မူ​စဉ်၊ လမ်း​ခ​ရီး၌ တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ခေါ်၍၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 18,
      "text": "ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 19,
      "text": "လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 20,
      "text": "ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား​တို့​အ​မိ​သည် သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း၍ ပျပ်​ဝပ်​လျက် ဆု​ကျေး​ဇူး​ကို တောင်း​ပန်​လေ၏။ ကိုယ်​တော်​က သင်​သည် အ​ဘယ်​ဆု​ကျေး​ဇူး​ကို အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ​သော်၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 21,
      "text": "ကိုယ်​တော်၏​နိုင်​ငံ​တွင် ကျွန်​မ၌ ဤ​သား​နှစ်​ယောက်​တို့​သည် လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 22,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​အံ့​သော ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 23,
      "text": "ငါ၏​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း ငါ၏​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့ အ​ဖို့​အ​လို့​ငှာ ငါ့​ခ​မည်း​တော်​သည် ပြင်​ဆင်၏။ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 24,
      "text": "အ​ခြား​သော တ​ပည့်​တော်​တစ်​ကျိပ်​တို့​သည် ကြား​သိ​လျှင်၊ ထို​ညီ​အစ်​ကို​နှစ်​ယောက်​တို့​ကို အ​မျက်​ထွက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 25,
      "text": "ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့ သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ ပြု​တတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 26,
      "text": "အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 27,
      "text": "သင်​တို့​မူ​ကား ထို​သို့​မ​ပြု​ကြ​နှင့်။ လူ​သား​သည် သူ​တစ်​ပါး​ကို​စေ​စား​ခြင်း​ငှာ မ​လာ၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 28,
      "text": "သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 29,
      "text": "ယေ​ရိ​ခေါ​မြို့​မှ ထွက်​သွား​ကြ​စဉ်​တွင် လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 30,
      "text": "ယေ​ရှု​သည် ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း​နား​မှာ​ထိုင်​နေ​သော လူ​ကန်း​နှစ်​ယောက်​တို့​သည် ကြား​ရ​လျှင် ဒါ​ဝိဒ်၏​သား​တော်​အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 31,
      "text": "ထို​သူ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​စု​အ​ဝေး​တို့​သည် ငေါက်၍ ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏ သား​တော်​အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 32,
      "text": "ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက် ထို​သူ​တို့​ကို​ခေါ်၍ သင်​တို့၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 33,
      "text": "သ​ခင်၊ အ​ကျွန်ုပ်​တို့ မျက်​စိ​ကို ပွင့်​လင်း​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 20,
      "verse": 34,
      "text": "ယေ​ရှု​သည် သ​နား​ခြင်း​စိတ်​တော်​ရှိ၍ သူ​တို့​မျက်​စိ​ကို လက်​နှင့် တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​တို့​သည် မျက်​စိ​မြင်၍ နောက်​တော်​သို့ လိုက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 1,
      "text": "ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ချဉ်း၍ သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​သို့ ရောက်​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 2,
      "text": "သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ၌ ချည်​နှောင်​လျက်​ရှိ​သော မြည်း​မ​နှင့် မြည်း​က​လေး​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 3,
      "text": "သူ​တစ်​ပါး​သည် သင်​တို့​အား တစ်​စုံ​တစ်​ခု​ကို​ဆို​လျှင် သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့ ပြော​လျှင် ထို​သူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 4,
      "text": "ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သင်၏ အ​ရှင်​မင်း​ကြီး​သည် မြည်း​မ​နှင့် မြည်း​က​လေး​ကို စီး၍၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 5,
      "text": "နူး​ညံ့​သိမ်​မွေ့​သော​စိတ်​နှင့် သင်​ရှိ​ရာ​သို့ ကြွ​လာ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ဇိ​အုန်​သ​တို့​သ​မီး​အား ပြော​ကြ​လော့​ဟူ​သော ပ​ရော​ဖက်၏​နှုတ်​ထွက် ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 6,
      "text": "တ​ပည့်​တော်​တို့​သည် သွား၍ အ​မိန့်​တော်​အ​တိုင်း ပြု​သ​ဖြင့်၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 7,
      "text": "မြည်း​မ​နှင့် မြည်း​က​လေး​ကို ဆောင်​ခဲ့၍ မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 8,
      "text": "အ​တိုင်း​မ​သိ များ​စွာ​သော​လူ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 9,
      "text": "ရှေ့​နောက်​လိုက်​သွား​သော အ​ခြံ​အ​ရံ​များ​တို့​က ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 10,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​သော​အ​ခါ တစ်​မြို့​လုံး အုတ်​အုတ်​သဲ​သဲ​ဖြစ်၍၊ ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 11,
      "text": "လူ​အ​စု​အ​ဝေး​တို့​က၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ပေါ်​ထွန်း​သော ပ​ရော​ဖက်​ယေ​ရှု​ပေ​တည်း​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 12,
      "text": "ယေ​ရှု​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌​ရောင်း​ဝယ်​သော​သူ အ​ပေါင်း​တို့​ကို နှင်​ထုတ်၍၊ ငွေ​လဲ​သော​သူ​တို့၏ ခုံ​များ​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​နေ​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ​လျက်၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 13,
      "text": "ငါ့​အိမ်​ကို ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 14,
      "text": "ထို​အ​ခါ ဗိ​မာန်​တော်၌ မျက်​စိ​ကန်း​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ထံ​တော်​သို့​လာ၍ သူ​တို့ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 15,
      "text": "ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ သူ​ငယ်​တို့​က​လည်း၊ ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ဗိ​မာန်​တော်၌ ကြွေး​ကြော်​ကြ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကြား​မြင်​လျှင် အ​မျက်​ထွက်​ကြ၍၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 16,
      "text": "ဤ​သူ​တို့​သည် အ​ဘယ်​သို့​ပြော​ဆို​သည်​ကို ကြား​သ​လော​ဟု ယေ​ရှု​အား မေး​ကြ​လေ​သော်၊ ငါ​ကြား၏။ နို့​စို့​သူ​ငယ်​တို့ နှုတ်​ထဲ​မှ ကိုယ်​တော်​သည် ချီး​မွမ်း​ခြင်း​ကို ပြင်​ဆင်​တော်​မူ​သည်​ဟူ​သော စ​ကား​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 17,
      "text": "ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 18,
      "text": "နံ​နက်​အ​ချိန်၌ မြို့​သို့ ပြန်​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 19,
      "text": "လမ်း​နား​မှာ သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​လျှင်၊ ထို​အ​ပင်​သို့​ကြွ​သွား၍ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊ ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၌​အ​သီး​မ​သီး​စေ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ ထို​အ​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 20,
      "text": "တ​ပည့်​တော်​တို့​သည် မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်​သည် ချက်​ချင်း သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု အံ့​ဩ၍ ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 21,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 22,
      "text": "ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 23,
      "text": "ဗိ​မာန်​တော်​သို့ ဝင်​ပြန်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ပြု​သ​နည်း။ ထို​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 24,
      "text": "ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့​ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 25,
      "text": "ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် အ​ဘယ်​က​ဖြစ်​သ​နည်း။ ဘု​ရား​က ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 26,
      "text": "လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင် လူ​များ​ကို​ကြောက်​ရ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 27,
      "text": "အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ကိုယ်​တော်​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 28,
      "text": "သင်​တို့​သည် အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။ သား​အ​ကြီး ဆီ​သို့​သွား၍ ငါ့​သား၊ ယ​နေ့ ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား၍ လုပ်​ဆောင်​လော့​ဟု ဆို​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 29,
      "text": "သား​က ငါ​မ​သွား​ဘူး​ဟု ပြန်​ပြော​သော်​လည်း၊ နောက်​မှ နောင်​တ​ရ၍ သွား​လေ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 30,
      "text": "အ​ဘ​သည် အ​ခြား​သော​သား​ဆီ​သို့​သွား၍ ရှေ့​နည်း​အ​တူ​ဆို​လျှင်၊ သား​က​သွား​ပါ​မည် အ​ဘ​သ​ခင်​ဟု ဆို​သော်​လည်း မ​သွား​ဘဲ​နေ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 31,
      "text": "ထို​သား​နှစ်​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် အ​ဘ၏​အ​လို​ကို ဆောင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သား​အ​ကြီး​ဆောင်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​သည် သင်​တို့​အ​ရင် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​တတ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 32,
      "text": "အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်၍ သင်​တို့​ဆီ​သို့ လာ​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​မူ​ကား ယုံ​ကြည်​ကြ၏။ ထို​အ​ကြောင်း​ကို သင်​တို့​သည် မြင်​သော်​လည်း​ယုံ​ကြည်​မည်​အ​ကြောင်း နောက်​တစ်​ဖန် နောင်​တ​မ​ရ​ကြ။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 33,
      "text": "အ​ခြား​သော ဥ​ပ​မာ​ကို​နား​ထောင်​ကြ​လော့။ အိမ်​ရှင်​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ​လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 34,
      "text": "အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 35,
      "text": "ထို​သူ​တို့​သည် ငယ်​သား​များ​ကို ဖမ်း​ပြီး​လျှင် တစ်​ဦး​ကို​ရိုက်၍၊ တစ်​ဦး​ကို​သတ်၍၊ တစ်​ဦး​ကို ခဲ​နှင့် ပစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 36,
      "text": "နောက်​တစ်​ဖန် အ​ရင်​ထက်​များ​သော အ​ခြား​ငယ်​သား​တို့​ကို စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် ရှေ့​နည်း​အ​တူ​ပြု​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 37,
      "text": "နောက်​ဆုံး၌ ဥ​ယျာဉ်​ရှင်​က၊ ထို​သူ​တို့​သည် ငါ့​သား​ကို အား​နာ​ကြ​လိမ့်​မည်​ဟု​ဆို၍ မိ​မိ​သား​ကို စေ​လွှတ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 38,
      "text": "ဥ​ယျာဉ်​စောင့်​တို့​သည် သား​ကို​မြင်​လျှင် ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ၊ သူ့​ကို​သတ်၍ သူ၏​အ​မွေ​ဥ​စ္စာ​ကို ယူ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်၍၊-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 39,
      "text": "ဥ​ယျာဉ်​ရှင်၏​သား​ကို ဖမ်း​ယူ​ပြီး​မှ ဥ​ယျာဉ်​ပြင်​သို့​ထုတ်၍ သတ်​ပစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 40,
      "text": "သို့​ဖြစ်​လျှင် ဥ​ယျာဉ်​ရှင်​သည် လာ​သော​အ​ခါ၊ ဥ​ယျာဉ်​စောင့်​တို့​ကို အ​ဘယ်​သို့ ပြု​မည်​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 41,
      "text": "ပ​ရိ​သတ်​တို့​က​လည်း ထို​လူ​ဆိုး​တို့​အား ဆိုး​သော​ဖျက်​ဆီး​ခြင်း​ကို စီ​ရင်​ပါ​လိမ့်​မည်။ အ​သီး​သီး​ချိန်​တွင် အ​သီး​ကို​ဆက်​အံ့​သော အ​ခြား​လူ​တို့​အား ထို​ဥ​ယျာဉ်​ကို ငှား​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 42,
      "text": "ယေ​ရှု​က​လည်း၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။ ငါ​တို့ မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 43,
      "text": "ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သင်​တို့​မှ​နုတ်၍ နိုင်​ငံ​တော်၏​အ​သီး​ကို သီး​အံ့​သော​လူ​မျိုး​အား ပေး​ရ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 44,
      "text": "အ​ကြင်​သူ​သည် ထို​ကျောက်​အ​ပေါ်​သို့ ကျ၏။ ထို​သူ​သည် ကျိုး​လ​တ္တံ့၊ အ​ကြင်​သူ၏​အ​ပေါ်​သို့ ထို​ကျောက်​သည် ကျ၏၊ ထို​သူ​သည် ညက်​ညက်​ကြေ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 45,
      "text": "ထို​ဥ​ပ​မာ​စ​ကား​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကြား​ရ​လျှင်၊ မိ​မိ​တို့​ကို​ရည်​ဆောင်၍ ဟော​ပြော​တော်​မူ​သည်​ကို သိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 21,
      "verse": 46,
      "text": "ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​သော်​လည်း စု​ဝေး​သော​သူ​များ​ကို ကြောက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ပ​ရော​ဖက်​ကဲ့​သို့ ထင်​မှတ်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 1,
      "text": "တစ်​ဖန် ယေ​ရှု​သည် ဥ​ပ​မာ​ကို​ဆောင်၍ ပ​ရိ​သတ်​တို့​အား မိန့်​မြွက်​တော်​မူ​သည်​ကား၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 2,
      "text": "ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​သား​အ​ဖို့ ထိမ်း​မြား​မင်္ဂ​လာ​ဆောင်​ပွဲ​ကို စီ​ရင်​သော မင်း​ကြီး​နှင့် တူ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 3,
      "text": "ထို​မင်း​ကြီး​သည် ဖိတ်​ပြီး​သော​သူ​တို့​ကို ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို စေ​လွှတ်​သော​အ​ခါ ထို​သူ​တို့​သည် မ​လာ​ဘဲ​နေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 4,
      "text": "တစ်​ဖန် အ​ခြား​သော​လု​လင်​တို့​ကို စေ​လွှတ်၍ ငါ့​ပွဲ​ကို ငါ​ပြင်​ဆင်​ပြီ။ နွား​မှ​စ​သော ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​များ​ကို သတ်၍​ပြီး​ပြီ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ လာ​ကြ​ပါ​ဟု ဖိတ်​ပြီး​သော​သူ​တို့​အား ပြော​ကြ​ဟု မှာ​လိုက်​ပြန်၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 5,
      "text": "သို့​သော်​လည်း ထို​သူ​တို့​သည် နား​မ​ထောင်​ဘဲ အ​ချို့​တို့​သည် မိ​မိ​လယ်​သို့ သွား​ကြ၏။ အ​ချို့​တို့​သည် ကုန်​သွယ်​ရာ​သို့ သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 6,
      "text": "ကြွင်း​သော​သူ​တို့​သည်​လည်း လု​လင်​တို့​ကို​ဖမ်း​ဆီး၍ ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 7,
      "text": "ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 8,
      "text": "ထို​နောက်​မှ မင်း​ကြီး​သည်​လု​လင်​တို့​ကို​ခေါ်၍ ငါ၏ မင်္ဂ​လာ​ဆောင်​ပွဲ​သည် အ​သင့်​ရှိ၏။ ခေါ်​ဖိတ်​သော​သူ​တို့​သည် မ​ထိုက်​မ​တန်​သော​ကြောင့်၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 9,
      "text": "လမ်း​မ​လမ်း​ကြား​သို့​သွား၍ တွေ့​သ​မျှ​သော​သူ​တို့​ကို ပွဲ​သို့​ခေါ်​ဖိတ်​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 10,
      "text": "လု​လင်​တို့​သည် လမ်း​များ​သို့​ထွက်​သွား၍ ကောင်း​မ​ကောင်း တွေ့​သ​မျှ​သော လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ပွဲ​တော်၌ အ​ပြည့်​ရှိ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 11,
      "text": "မင်း​ကြီး​သည် ပွဲ၌​လျောင်း​သော​သူ​တို့​ကို ကြည့်​ရှု​ခြင်း​ငှာ ဝင်​တော်​မူ​သော​အ​ခါ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​ကို​မ​ဝတ်​သော သူ​တစ်​ယောက်​ကို​မြင်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 12,
      "text": "အ​ဆွေ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​မ​ရှိ​ဘဲ အ​ဘယ်​ကြောင့် ဝင်​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို ထို​သူ​သည် မ​ပြော​နိုင်​ဘဲ​နေ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 13,
      "text": "ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 14,
      "text": "ထို​သို့ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 15,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​ပြီး​လျှင်၊ ငါ​တို့​သည် သူ၏​စ​ကား​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း​ဟု မေး​မြန်း​တိုင်​ပင်​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 16,
      "text": "မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 17,
      "text": "သို့​ဖြစ်၍ ကိုယ်​တော်​သည် အ​ဘယ်​သို့ ထင်​တော်​မူ​သ​နည်း။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ​ဟု မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 18,
      "text": "ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 19,
      "text": "အ​ခွန်​ငွေ​တစ်​ပြား​ကို ပြ​ပါ​ဟု မိန့်​တော်​မူ၍၊ ဒေ​နာ​ရိ​တစ်​ပြား​ကို ယူ​ခဲ့​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 20,
      "text": "ဤ​ပုံ ဤ​လိပ်​စာ​ကား၊ အ​ဘယ်​သူ၏​ပုံ အ​ဘယ်​သူ၏​လိပ်​စာ ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 21,
      "text": "ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏ ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 22,
      "text": "ထို​သူ​တို့​သည် ကြား​ရ​လျှင် အံ့​ဩ၍ အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 23,
      "text": "ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည် ထို​နေ့၌ အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 24,
      "text": "အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​မ​ယား​ကို သူ့​ညီ​သိမ်း​ယူ၍ အစ်​ကို​အ​မျိုး မ​ပြတ်​ဆက်​နွယ်​စေ​ဟု မော​ရှေ​စီ​ရင်​ပါ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 25,
      "text": "အ​ကျွန်ုပ်​တို့​တွင် ညီ​အစ်​ကို​ခု​နစ်​ယောက် ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​သ​ဖြင့် မိ​မိ​မ​ယား​ကို မိ​မိ​ညီ​နှင့် ကျန်​ရစ်​စေ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 26,
      "text": "ထို​အ​တူ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ပြီး​မှ သေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 27,
      "text": "နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 28,
      "text": "သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ ထို​မိန်း​မ​သည် ခု​နစ်​ယောက်​သော​ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ၏​မ​ယား ဖြစ်​ရ​ပါ​မည်​နည်း။ ထို​သူ​အ​ပေါင်း​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​ကြ​ပြီ​ဟု မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 29,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကျမ်း​စာ​ကို​နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 30,
      "text": "ထ​မြောက်​ရာ​ကာ​လ၌ စုံ​ဖက်​ခြင်း​ကို မ​ပြု၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 31,
      "text": "ကောင်း​ကင်​သား​ဘု​ရား​သ​ခင်၏ တ​မန်​တော်​ကဲ့​သို့ ဖြစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 32,
      "text": "ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က၊ ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟု သင်​တို့​အား​မိန့်​မြွက်​တော်​မူ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။ ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏ ဘု​ရား​မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏ ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 33,
      "text": "ပ​ရိ​သတ်​များ​တို့​သည် ကြား​ရ​လျှင် ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 34,
      "text": "ဇ​ဒ္ဒု​ကဲ​တို့၏ စ​ကား​ကို ချေ​တော်​မူ​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင် စု​ဝေး​ကြ၍၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 35,
      "text": "သူ​တို့​အ​ဝင်​အ​ပါ​ဖြစ်​သော ကျမ်း​တတ်​တစ်​ယောက်​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 36,
      "text": "အ​ရှင်​ဘု​ရား၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​မည်​သော ပ​ညတ်​သည် သာ၍​ကြီး​သ​နည်း​ဟု မေး​လျှောက်​သော်၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 37,
      "text": "ယေ​ရှု​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 38,
      "text": "ဟူ​သော ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​ဖြစ်၏။ ကြီး​မြတ်​သော ပ​ညတ်​လည်း​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 39,
      "text": "ထို​မှ​တစ်​ပါး ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ဒု​တိ​ယ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​နှင့် သ​ဘော​တူ၏။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 40,
      "text": "ဤ​ပ​ညတ်​နှစ်​ပါး​တို့​ကား ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း ရှိ​သ​မျှ​တို့၏ အ​ချုပ်​အ​ခြာ​ပင်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 41,
      "text": "ဖာ​ရိ​ရှဲ​တို့​သည် စု​ဝေး၍​နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ သင်​တို့​သည် ခ​ရစ်​တော်​ကို အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 42,
      "text": "အ​ဘယ်​သူ၏ သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 43,
      "text": "သို့​ဖြစ်​လျှင် ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 44,
      "text": "ဒါ​ဝိဒ်၏​စ​ကား​မှာ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု ဒါ​ဝိဒ်​ဆို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 45,
      "text": "ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍​ခေါ်​လျှင်၊ အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​သည်​ရှိ​သော်၊-"
    },
    {
      "book": 40,
      "chapter": 22,
      "verse": 46,
      "text": "အ​ဘယ်​သူ​မျှ စ​ကား​တစ်​ခွန်း​ကို ပြန်​လျှောက်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ။ ထို​နေ့​မှ​စ၍ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 1,
      "text": "ထို​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​တော်​မူ​သည်​ကား၊-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 2,
      "text": "ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့​သည် မော​ရှေ၏​ထိုင်​ရာ ပ​လ္လင်​ပေါ်​မှာ ထိုင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 3,
      "text": "ထို​ကြောင့် သူ​တို့​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍ ပြု​ကြ​လော့။ သူ​တို့၏ အ​ကျင့်​အ​တိုင်း မ​ကျင့်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် စီ​ရင်​ထုံး​ဖွဲ့​သော်​လည်း ကိုယ်​တိုင်​မ​ကျင့်​ကြ။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 4,
      "text": "အ​လွန်​လေး၍ ထမ်း​ခဲ​သော ဝန်​တို့​ကို ပြင်​ဆင်၍ သူ​တစ်​ပါး​ပ​ခုံး​ပေါ်​မှာ တင်​တတ်​ကြ၏။ မိ​မိ​တို့​မူ​ကား လက်​ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 5,
      "text": "သူ​တို့​သည် ပြု​သ​မျှ​သော​အ​ကျင့်​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ ပြု​ကြ၏။ ကျယ်​သော လက်​ဖွဲ့​တို့​ကို​လည်း​ကောင်း၊ ကြီး​သော ပန်း​ပွား​တို့​ကို​လည်း​ကောင်း ဝတ်​လေ့​ရှိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 6,
      "text": "ပွဲ​သ​ဘင်၊ တ​ရား​ဇ​ရပ်​တို့၌ မြင့်​မြတ်​သော​နေ​ရာ ထိုင်​ရာ​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 7,
      "text": "ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 8,
      "text": "သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 9,
      "text": "မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​သူ​ကို​မျှ အ​ဘ​ဟူ၍ မ​ခေါ်​ဝေါ်​ကြ​နှင့်။ ကောင်း​ကင်​ဘုံ၌ သင်​တို့​အ​ဘ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 10,
      "text": "ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 11,
      "text": "သင်​တို့​တွင် အ​ကြီး​ဖြစ်​သော​သူ​သည် သင်​တို့​အ​စေ​ခံ​ဖြစ်​ရ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 12,
      "text": "အ​ကြင်​သူ​သည် မိ​မိ​ကို​ချီး​မြှောက်​အံ့၊ ထို​သူ​သည် နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ အ​ကြင်​သူ​သည် မိ​မိ​ကို​နှိမ့်​ချ​အံ့၊ ထို​သူ​သည် ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 13,
      "text": "လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 14,
      "text": "လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍၊ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ ထို​ကြောင့် သာ၍​ကြီး​စွာ​သော ဒဏ်​ကို​ခံ​ရ​ကြ​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 15,
      "text": "လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​ကို​ပင် ဘာ​သာ​သွင်း​ခြင်း​ငှာ ကုန်း​ကြောင်း​ရေ​ကြောင်း ပတ်​ပတ်​လှည့်​လည်၍ ဘာ​သာ​သွင်း​ပြီး​သော​သူ​ကို​လည်း၊ မိ​မိ​တို့​ထက် နှစ်​ဆ​သော​င​ရဲ​သား ဖြစ်​စေ​ကြ၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 16,
      "text": "လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ဗိ​မာန်​တော်​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လျှင် မ​တည်။ ဗိ​မာန်​တော်၏ ရွှေ​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် တည်​သည်​ဟု သင်​တို့​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 17,
      "text": "လူ​မိုက်​လူ​ကန်း​တို့၊ အ​ဘယ်​အ​ရာ​သည် သာ၍ မြတ်​သ​နည်း။ ထို​ရွှေ​ကား မြတ်​သ​လော။ ထို​ရွှေ​ကို သန့်​ရှင်း​စေ​သော ဗိ​မာန်​တော်​ကား မြတ်​သ​လော။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 18,
      "text": "တစ်​နည်း​ကား၊ ယဇ်​ပ​လ္လင်​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် မ​တည်။ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော ပူ​ဇော်​သ​ကာ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လျှင် တည်​သည်​ဟု သင်​တို့​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 19,
      "text": "လူ​မိုက်​လူ​ကန်း​တို့၊ အ​ဘယ်​အ​ရာ​သည်​သာ၍ မြတ်​သ​နည်း။ ထို​ပူ​ဇော်​သ​ကာ​ကား မြတ်​သ​လော။ ထို​ပူ​ဇော်​သ​ကာ​ကို သန့်​ရှင်း​စေ​သော ယဇ်​ပ​လ္လင်​ကား မြတ်​သ​လော။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 20,
      "text": "ထို​ကြောင့် ယဇ်​ပ​လ္လင်​ကို​တိုင်​တည်၍ ကျိန်​ဆို​လျှင်၊ ယဇ်​ပ​လ္လင်​မှ​စ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ ရှိ​သ​မျှ​ကို တိုင်​တည်၍ ကျိန်​ဆို​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 21,
      "text": "ဗိ​မာန်​တော်​ကို​တိုင်​တည်၍ ကျိန်​ဆို​လျှင်၊ ဗိ​မာန်​တော်​မှ​စ၍ ဗိ​မာန်​တော်၌ ကျိန်း​ဝပ်​တော်​မူ​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 22,
      "text": "ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ ကျိန်​ဆို​လျှင်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ကို​လည်း​ကောင်း၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​ကို​လည်း​ကောင်း တိုင်​တည်၍​ကျိန်​ဆို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 23,
      "text": "လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း၊ စ​မွှတ်၊ ဇီ​ယာ၊ အ​သီး​အ​ရွက်​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင် တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ သူ​တစ်​ပါး​ကို သ​နား​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​တည်း​ဟူ​သော ပ​ညတ်​တ​ရား​တွင် လေး​သော​အ​ရာ​တို့​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 24,
      "text": "လမ်း​ပြ​သော​လူ​ကန်း​တို့၊ သင်​တို့​သည် ခြင်​တစ်​ကောင်​ကို​မျှ မ​ပါ​စေ​ခြင်း​ငှာ ရေ​ကို​စစ်​လျက်​နှင့် ကု​လား​အုတ်​ကို မျို​ကြ၏။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 25,
      "text": "လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌ ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 26,
      "text": "မျက်​စိ​ကန်း​သော ဖာ​ရိ​ရှဲ၊ ဖ​လား၊ လင်​ပန်း​ကို အ​တွင်း၌ ရှေ့​ဦး​စွာ ဆေး​ကြော​လော့။ သို့​ပြု​လျှင် အ​ပြင်​ကား သန့်​ရှင်း​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 27,
      "text": "လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 28,
      "text": "ထို​အ​တူ သင်​တို့​သည်​အ​ပြင်၌ လူ​တို့​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ရှိ၏။ အ​တွင်း၌​ကား လျှို့​ဝှက်​ခြင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​ခြင်း​နှင့် ပြည့်​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 29,
      "text": "လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​မှ​စ၍ ဖြောင့်​မတ်​သော​သူ​တို့၏ သင်္ချိုင်း​တွင်း​နှင့် အ​ရိုး​အိုး​တို့​ကို တည်​လုပ်၍ တန်​ဆာ​ဆင်​သ​ဖြင့်၊-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 30,
      "text": "ငါ​တို့​သည် ဘိုး​ဘေး​တို့​လက်​ထက်၌​ရှိ​လျှင်၊ ပ​ရော​ဖက်​တို့​ကို သတ်​သည်​အ​မှု​ကို လက်​မ​ခံ​ပြီ​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 31,
      "text": "ထို​သို့​ဆို​သော်၊ သင်​တို့​သည် ပ​ရော​ဖက်​တို့​ကို သတ်​သော​သူ​တို့၏ အ​မျိုး​အ​နွယ်​ဖြစ်​သည်​ကို ကိုယ်​အ​ဖို့ ကိုယ်​သက်​သေ​ခံ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 32,
      "text": "သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ အ​ကျင့်​ပ​မာ​ဏ​ကို မီ​အောင် ကျင့်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 33,
      "text": "မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် အ​ပြစ်​င​ရဲ​မှ အ​ဘယ်​သို့ လွတ်​နိုင်​ကြ​မည်​နည်း။"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 34,
      "text": "ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 35,
      "text": "ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 36,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရာ​များ​တို့​သည် ယ​ခု​ဖြစ်​သော​လူ​များ​အ​ပေါ်​သို့ ရောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 37,
      "text": "အို​ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ​ပြီ။ သင်​မူ​ကား အ​လို​မ​ရှိ။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 38,
      "text": "သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။-"
    },
    {
      "book": 40,
      "chapter": 23,
      "verse": 39,
      "text": "ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 1,
      "text": "ယေ​ရှု​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သည်​ရှိ​သော်၊ တ​ပည့်​တော်​တို့​သည် ဗိ​မာန်​တော်၏ တိုက်​ဆောင်​များ​ကို ပြ​ခြင်း​ငှာ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 2,
      "text": "ယေ​ရှု​က​လည်း၊ ဤ​အ​ရာ​အ​လုံး​စုံ​ကို သင်​တို့​သည် မြင်​ကြ​သည်​မ​ဟုတ်​လော။ ငါ​အ​မှန်​ဆို​သည်​ကား၊ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ​မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 3,
      "text": "ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ထိုင်​တော်​မူ​စဉ်၊ တ​ပည့်​တော်​တို့​သည် အ​ခြား​သူ​မ​ပါ​ဘဲ ချဉ်း​ကပ်၍၊ ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ကြွ​လာ၍ ဤ​ကပ်​က​မ္ဘာ​ကုန်​သော ပု​ပ္ပ​နိ​မိတ်​သည် အ​ဘယ်​နိ​မိတ် ဖြစ်​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 4,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 5,
      "text": "အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 6,
      "text": "သင်​တို့​သည် စစ်​တိုက်​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ ထို​အ​မှု​အ​ရာ​များ​သည် ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည်​မ​ဖြစ်​သေး။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 7,
      "text": "လူ​တစ်​မျိုး​နှင့် တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 8,
      "text": "ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 9,
      "text": "ထို​ကာ​လ၌ လူ​များ​တို့​သည် သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​ကြောင့်​လည်း ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 10,
      "text": "ထို​ကာ​လ၌ အ​များ​သော​သူ​တို့​သည် ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် အပ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 11,
      "text": "အ​ချင်း​ချင်း မုန်း​ကြ​လိမ့်​မည်။ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ပေါ်​လာ၍ လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 12,
      "text": "မ​တ​ရား​သော​အ​မှု​တို့​သည် များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 13,
      "text": "အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 14,
      "text": "လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​တို့၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အ​ဆုံး​သည်​ဖြစ်​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 15,
      "text": "ထို​ကြောင့် ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရပ်​ဌာ​န၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို​ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 16,
      "text": "ထို​သို့ မြင်​ရ​လျှင်၊ ယု​ဒ​ပြည်၌ ရှိ​သော​သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 17,
      "text": "အိမ်​မိုး​ပေါ်​မှာ ရှိ​သော​သူ​သည် အိမ်​ထဲ​က ဥ​စ္စာ​ကို​ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 18,
      "text": "လယ်၌​ရှိ​သော​သူ​လည်း မိ​မိ​အ​ဝတ်​ကို ယူ​ခြင်း​ငှာ နောက်​သို့ မ​ပြန်​စေ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 19,
      "text": "ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 20,
      "text": "သင်​တို့ ပြေး​ရ​သော​အ​ချိန်​သည် ဆောင်း​ကာ​လ၌​မ​ကျ၊ ဥ​ပုသ်​နေ့၌​လည်း မ​ကျ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ကြီး​စွာ​သော ဒု​က္ခ​သည် ထို​ကာ​လ၌ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 22,
      "text": "ထို​ကာ​လ​တာ​ရှည်​လျှင် အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​သော​သူ​တို့​အ​ဖို့​အ​လို့​ငှာ ထို​ကာ​လ​သည် တို​လိမ့်​မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 23,
      "text": "ထို​အ​ခါ သူ​တစ်​ပါး​က ဤ​အ​ရပ်၌ ခ​ရစ်​တော်​ရှိ​သည်၊ ထို​အ​ရပ်၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏​အ​ယောင်​ကို ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍ ရွေး​ချယ်​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​နိုင်​လျှင် လှည့်​ဖြား​လောက်​အောင် ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 25,
      "text": "ထို​အ​ကြောင်း​အ​ရာ​တို့​ကို ငါ​ပြော​နှင့်​ပြီ။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 26,
      "text": "ထို​ကြောင့် သူ​တို့​က ခ​ရစ်​တော်​သည် တော၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ထွက်​မ​သွား​ကြ​နှင့်။ တိုက်​ခန်း၌ ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 27,
      "text": "လျှပ်​စစ်​သည် အ​ရှေ့​မှ​ပြက်၍ အ​နောက်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် ကြွ​လာ​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 28,
      "text": "အ​သေ​ကောင်​ရှိ​ရာ၌ ရွှေ​လင်း​တ​တို့​သည် စု​ဝေး​ကြ​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 29,
      "text": "ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက် ရုတ်​ခ​နဲ နေ​သည်​မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​ကို​မ​ပေး။ ကြယ်​တို့​သည် ကောင်း​ကင်​မှ ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 30,
      "text": "ထို​အ​ခါ လူ​သား၏​နိ​မိတ်​လ​က္ခ​ဏာ​သည် ကောင်း​ကင်၌ ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၍၊ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 31,
      "text": "လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 32,
      "text": "သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 33,
      "text": "ထို​နည်း​တူ၊ ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မြင်​ရ​လျှင် လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 34,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 35,
      "text": "ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 36,
      "text": "ထို​အ​ချိန်​နာ​ရီ​ကို​ကား အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​တ​မန် မ​သိ။ ငါ့​ခ​မည်း​တော်​တစ်​ပါး​တည်း​သာ သိ​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 37,
      "text": "လူ​သား​သည် ကြွ​လာ​သော​အ​ခါ နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 38,
      "text": "ရေ​လွှမ်း​မိုး​ခြင်း မ​ဖြစ်​မီ​ကာ​လ၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ၍၊-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 39,
      "text": "ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 40,
      "text": "ထို​အ​ခါ လယ်၌​ရှိ​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 41,
      "text": "ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 42,
      "text": "သင်​တို့​အ​ရှင်​သည် အ​ဘယ်​အ​ချိန်​နာ​ရီ၌ ရောက်​လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 43,
      "text": "သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို အိမ်​ရှင်​သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ၊ စောင့်​နေ​လိမ့်​မည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 44,
      "text": "ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့ မ​ထင်​မ​မှတ်​သော အ​ချိန်​နာ​ရီ၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 45,
      "text": "အ​ရှင်​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍၊ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 46,
      "text": "အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 47,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 48,
      "text": "သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​ဆိုး​က ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့်၊-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 49,
      "text": "ကျွန်​ချင်း​တို့​ကို ရိုက်​ပုတ်​လျက် သေ​သောက်​ကြူး​သော သူ​တို့​နှင့်​တ​ကွ စား​သောက်​လျက်​နေ၏။-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 50,
      "text": "ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 24,
      "verse": 51,
      "text": "ထို​ကျွန်​ကို ပြင်း​ပြ​စွာ ကွပ်​မျက်​ဆုံး​မ၍၊ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ​အ​ရပ်၌ လျှို့​ဝှက်​သော သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 1,
      "text": "ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 2,
      "text": "ထို​သ​တို့​သ​မီး​တို့​တွင် ငါး​ယောက်​သည် ပ​ညာ​သ​တိ​ရှိ​ကြ၏။ ငါး​ယောက်​မူ​ကား အ​မိုက်​ဖြစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 3,
      "text": "မိုက်​သော​သူ​တို့​သည် မီး​ခွက်​တို့​ကို​သာ​ယူ၍ ဆီ​ကို မ​ယူ​ကြ။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 4,
      "text": "ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​မူ​ကား၊ မီး​ခွက်​နှင့်​တ​ကွ ဘူး၌​ပါ​သော​ဆီ​ကို​လည်း ယူ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 5,
      "text": "မင်္ဂ​လာ​ဆောင်​လု​လင်​သည် မ​လာ​ဘဲ​နေ​စဉ်၊ ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ငိုက်၍ အိပ်​ပျော်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 6,
      "text": "သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 7,
      "text": "ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ထ၍​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 8,
      "text": "မိုက်​သော​သူ​တို့​က ငါ​တို့​ဆီ​မီး သေ​ပါ​ပြီ။ သင်​တို့​ဆီ​ကို အ​နည်း​ငယ်​ပေး​ပါ​ဟု ပ​ညာ​ရှိ​သော​သူ​တို့​အား တောင်း​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 9,
      "text": "ပ​ညာ​ရှိ​သော​သူ​တို့​က​လည်း သင်​တို့​အ​ဖို့​နှင့် ငါ​တို့​အ​ဖို့ ဆီ​မ​လောက်။ ထို​ကြောင့် ဆီ​ရောင်း​သော​သူ ရှိ​ရာ​သို့ သွား၍ ကိုယ်​သုံး​ဖို့​ဝယ်​လျှင် သာ၍​ကောင်း​သည်​ဟု ပြန်​ပြော​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 10,
      "text": "ထို​သူ​တို့​သည် ဆီ​ဝယ်​သွား​သည်​အ​ခိုက်​တွင် မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ၍၊ အ​သင့်​ရှိ​သော သ​တို့​သ​မီး​တို့​သည် လု​လင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​ကြ​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​ထား၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 11,
      "text": "ထို​နောက် ကြွင်း​သော​သ​တို့​သ​မီး​တို့​သည် လာ၍ အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့​အား တံ​ခါး​ကို​ဖွင့်​ပါ​ဟု တောင်း​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 12,
      "text": "အ​ရှင်​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လေ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 13,
      "text": "သို့​ဖြစ်၍ လူ​သား​သည် ကြွ​လာ​အံ့​သော​နေ့​ရက်၊ အ​ချိန်​နာ​ရီ​ကို သင်​တို့​သည် မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 14,
      "text": "ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ​လျက်၊ မိ​မိ​ငယ်​သား​တို့​ကို​ခေါ်၍ မိ​မိ​ဥ​စ္စာ​များ​ကို အပ်​ပေး၏။ သူ​တို့​သည် အ​သီး​အ​သီး အ​စွမ်း​သ​တ္တိ​ရှိ​သည်​အ​တိုင်း၊ တစ်​ဦး၌ ငွေ​အ​ခွက်​ငါး​ဆယ်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 15,
      "text": "တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 16,
      "text": "အ​ခွက်​ငါး​ဆယ်​ကို​ခံ​သော​သူ​သည် သွား၍​ကုန်​သွယ်​ခြင်း​ကို ပြု​သ​ဖြင့် အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​မြတ်​ရ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 17,
      "text": "ထို​နည်း​တူ အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း၊ အ​ခြား​သော အ​ခွက်​နှစ်​ဆယ်​ကို အ​မြတ်​ရ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 18,
      "text": "အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​မူ​ကား၊ သွား၍ မြေ၌​တွင်း​တူး​ပြီး​လျှင် အ​ရှင်၏​ငွေ​ကို ဝှက်​ထား​လေ၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 19,
      "text": "ကာ​လ​ကြာ​မြင့်​ပြီး​မှ ထို​ငယ်​သား​တို့၏ အ​ရှင်​သည် လာ၍ သူ​တို့​ကို စာ​ရင်း​ယူ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 20,
      "text": "အ​ခွက်​ငါး​ဆယ်​ကို ခံ​သော​သူ​သည် ချဉ်း​ကပ်၍ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို ဆက်​လျက်၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​ငါး​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​ကျွန်ုပ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 21,
      "text": "အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 22,
      "text": "အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​နှစ်​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​နှစ်​ဆယ်​ကို အ​ကျွန်ုပ်​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 23,
      "text": "အ​ရှင်​က၊ သာ​ဓု သ​စ္စာ​ရှိ​သော​ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို​ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 24,
      "text": "အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း ချဉ်း​ကပ်၍ သ​ခင်၊ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​တတ်​သည်​ကို အ​ကျွန်ုပ်​သိ၍၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 25,
      "text": "ကြောက်​သော​ကြောင့်၊ အ​ခြား​သို့​သွား၍ ကိုယ်​တော်၏ ငွေ​အ​ခွက်​တစ်​ဆယ်​ကို မြေ၌​ဝှက်​ထား​ပါ​ပြီ။ ယ​ခု ကိုယ်​တော်၏ ဥ​စ္စာ​ရှိ​ပါ​သည်​ဟု လျှောက်၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 26,
      "text": "အ​ရှင်​က​လည်း၊ ဆိုး​ညစ်​ပျင်း​ရိ​သော​ငယ်​သား၊ ငါ​သည် ကိုယ်​မ​စိုက်​မ​ပျိုး​သော​အ​ရပ်၌ ရိတ်၍၊ ကိုယ်​မ​ဖြန့်​မ​ကြဲ​သော​အ​ရပ်၌ စု​သိမ်း​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 27,
      "text": "ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့​အပ်​ရ​မည်။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို ရ​နိုင်၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 28,
      "text": "ထို​ကြောင့် အ​ခွက်​တစ်​ဆယ်​ကို ထို​သူ၏ လက်​မှ​နုတ်​ကြ။ အ​ခွက်​တစ်​ရာ​ရှိ​သော​သူ​ကို ပေး​ကြ။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 30,
      "text": "အ​သုံး​မ​ရ​သော ထို​ငယ်​သား​ကို ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ထုတ်​ချ​လိုက်​ကြ​ဟု စီ​ရင်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 31,
      "text": "လူ​သား​သည် မိ​မိ​ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​များ အ​ခြံ​အ​ရံ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သော​အ​ခါ ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်၍၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 32,
      "text": "ရှေ့​တော်၌ လူ​မျိုး​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​သ​ဖြင့်၊ သိုး​ထိန်း​သည် သိုး​နှင့် ဆိတ်​တို့​ကို တ​ခြား​စီ​ခွဲ​ထား​သ​ကဲ့​သို့၊ လူ​အ​ပေါင်း​တို့​ကို အ​သီး​အ​ခြား​ခွဲ၍၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 33,
      "text": "သိုး​တို့​ကို လက်​ယာ​တော်​ဘက်၊ ဆိတ်​တို့​ကို လက်​ဝဲ​တော်​ဘက်၌ ထား​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 34,
      "text": "ထို​အ​ခါ လက်​ယာ​တော်​ဘက်၌​ရှိ​သော သူ​တို့​အား မင်း​ကြီး​က၊ ငါ့​ခ​မည်း​တော်​ထံ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​သော​သူ​တို့၊ က​မ္ဘာ​ဦး​က​ပင် သင်​တို့​အ​ဖို့ ပြင်​ဆင်​သော​နိုင်​ငံ​ကို လာ၍ အ​မွေ​ခံ​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 35,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည် ကျွေး​ကြ၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​ပေး​ကြ၏။ ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 36,
      "text": "ငါ​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့် ဖုံး​လွှမ်း​ကြ၏။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ သင်​တို့​သည် ကြည့်​ရှု​ပြု​စု​ကြ၏။ ငါ​သည် ထောင်​ထဲ​မှာ​နေ​ရ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ၏​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 37,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို လုပ်​ကျွေး​ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ ကိုယ်​တော်​ကို သောက်​ဖို့ ပေး​ပါ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 38,
      "text": "ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ဧည့်​သည်​ဝတ်​ကို ကိုယ်​တော်​အား ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ရှိ​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ပါ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 39,
      "text": "အ​နာ​စွဲ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ အ​ထံ​တော်​သို့ ရောက်​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 40,
      "text": "မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 41,
      "text": "ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 42,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည်​မ​ကျွေး၊ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​မ​ပေး။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 43,
      "text": "ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို​မ​ပြု။ ငါ​သည် အ​ဝတ်​အ​ချည်း​စည်း ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့်​မ​ဖုံး​မ​လွှမ်း။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ၌​လည်း​ကောင်း၊ ထောင်​ထဲ​မှာ​နေ​ရ​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​သည် မ​ကြည့်​ရှု​မ​ပြု​စု​ကြ​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 44,
      "text": "ထို​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည်​ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း ရှိ​တော်​မူ​ခြင်း၊ အ​နာ​စွဲ​တော်​မူ​ခြင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​ခြင်း​တို့​ကို အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ခါ၌​မြင်၍ ကိုယ်​တော်​ကို မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ နေ​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 45,
      "text": "မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 40,
      "chapter": 25,
      "verse": 46,
      "text": "ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 1,
      "text": "ထို​ဒေ​သ​နာ​တော်​ရှိ​သ​မျှ​တို့​ကို ယေ​ရှု​သည် အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​အား၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 2,
      "text": "နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 3,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည်၊ က​ယာ​ဖ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး၌ စည်း​ဝေး​ကြ​ပြီး​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 4,
      "text": "ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 5,
      "text": "သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင်​မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 6,
      "text": "ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ဖြစ်၍၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 7,
      "text": "မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော ဆီ​မွှေး​ကျောက်​ဖြူ​ခွက် တစ်​လုံး​ကို အ​ထံ​တော်​သို့ ယူ​ခဲ့၍၊ စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​သော ကိုယ်​တော်၏​ခေါင်း​ပေါ်၌ သွန်း​လောင်း​လေ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 8,
      "text": "တ​ပည့်​တော်​တို့​သည် မြင်​လျှင် ဒေါ​သ​စိတ်​ရှိ​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 9,
      "text": "ထို​ဆီ​မွှေး​ကို အ​ဖိုး​များ​စွာ​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 10,
      "text": "ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ထို​မိန်း​မ​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို​ပြု​ပြီ။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 11,
      "text": "ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား သင်​တို့၌​အ​စဉ် ရှိ​သည်​မ​ဟုတ်။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 12,
      "text": "ဤ​ဆီ​မွှေး​ကို ငါ့​ကိုယ်​အ​ပေါ်၌ သွန်း​လောင်း​သည်​မှာ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ ပြု​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 13,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 14,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ သွား၍၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 15,
      "text": "အ​ကျွန်ုပ်​သည် ယေ​ရှု​ကို ကိုယ်​တော်​တို့​လက်​သို့​အပ်​လျှင် အ​ဘယ်​မျှ​လောက် ပေး​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ထို​သူ​တို့​က ငွေ​အ​ကျပ်​သုံး​ဆယ် ပေး​မည်​ဟု ဝန်​ခံ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 16,
      "text": "ထို​အ​ခါ​မှ​စ၍ ကိုယ်​တော်​ကို​အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 17,
      "text": "အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 18,
      "text": "ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 19,
      "text": "တ​ပည့်​တော်​တို့​သည် စီ​ရင်​တော်​မူ​သည်​အ​တိုင်း​ပြု၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 20,
      "text": "ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့် အ​တူ စား​ပွဲ၌​လျောင်း​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 21,
      "text": "စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 22,
      "text": "တ​ပည့်​တော်​တို့​သည် အ​လွန်​ဝမ်း​နည်း၍ သ​ခင်၊ အ​ကျွန်ုပ်​လော​ဟု အ​သီး​အ​သီး​မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 23,
      "text": "ကိုယ်​တော်​က​လည်း ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 24,
      "text": "ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို​အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို​မ​ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 25,
      "text": "ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ ယု​ဒ​ရှ​ကာ​ရုတ်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​လော​ဟု မေး​လျှောက်​လျှင်၊ သင်​ဆို​သည်​အ​တိုင်း မှန်​သည်​ဟု ပြန်​ပြော​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 26,
      "text": "ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 27,
      "text": "ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား​ပေး​တော်​မူ၍ သင်​တို့​ရှိ​သ​မျှ​သည် သောက်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 28,
      "text": "ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 29,
      "text": "ငါ​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ငါ့​ခ​မည်း​တော်၏​နိုင်​ငံ၌ သင်​တို့​နှင့်​အ​တူ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 30,
      "text": "ထို​နောက် သီ​ချင်း​ဆို​ကြ​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 31,
      "text": "ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို​ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 32,
      "text": "သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ သွား​မည်​ဟု မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 33,
      "text": "ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 34,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင် ကြက်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 35,
      "text": "ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ကို မ​ငြင်း​မ​ပယ်​ပါ​ဟု လျှောက်​ပြန်၏။ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 36,
      "text": "ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ ငါ​သည် ဟို​အ​ရပ်​သို့ သွား၍ ဆု​တောင်း​စဉ်​တွင် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 37,
      "text": "ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား၍၊ နှ​လုံး​မ​သာ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 38,
      "text": "ထို​အ​ခါ ယေ​ရှု​က၊ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ ငါ​နှင့်​အ​တူ​စောင့်၍ နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 39,
      "text": "ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 40,
      "text": "တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်၍ သူ​တို့​သည် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊ သင်​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ ငါ​နှင့်​အ​တူ​စောင့်၍​နေ​ခြင်း​ငှာ ဤ​သို့​မ​စွမ်း​နိုင်​သ​လော။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 41,
      "text": "စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 42,
      "text": "တစ်​ဖန်​သွား၍ အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​ကို အ​ကျွန်ုပ်​မ​သောက်​ဘဲ လွန်၍​မ​သွား​ရ​လျှင် ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​ပြန်၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 43,
      "text": "ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ လာ၍ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 44,
      "text": "သူ​တို့​ကို​ထား​ခဲ့၍ တစ်​ဖန်​သွား​ပြီး​လျှင် ရှေ့​မြွက်​ဆို​သည်​နည်း​တူ သုံး​ကြိမ်​မြောက်​အောင် ဆု​တောင်း​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 45,
      "text": "ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 46,
      "text": "ထ​ကြ၊ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 47,
      "text": "ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​လာ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ စေ​လွှတ်​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို ကိုင်​လျက်​ပါ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 48,
      "text": "ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 49,
      "text": "ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 50,
      "text": "ယေ​ရှု​က​လည်း၊ အ​ဆွေ၊ အ​ဘယ်​အ​ခင်း​ရှိ၍ လာ​သ​နည်း​ဟု မေး​တော်​မူ​ပြီး​မှ၊ ထို​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​ကို ဆွဲ​ကိုင်​ဖမ်း​ဆီး​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 51,
      "text": "ထို​အ​ခါ ယေ​ရှု​နှင့် ပါ​သော​သူ​တစ်​ယောက်​သည် လက်​ကို​ဆန့်၍ ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 52,
      "text": "ယေ​ရှု​က​လည်း သင့်​ဓား​ကို သူ့​နေ​ရာ၌​ပြန်​ထား​လော့။ ဓား​ကို​ကိုင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 53,
      "text": "ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 54,
      "text": "သို့​ဖြစ်​လျှင် ဤ​သို့​သော အ​မှု​အ​ရာ​တို့​သည် ဖြစ်​ရ​မည်​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ပြည့်​စုံ​အံ့​နည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 55,
      "text": "ထို​အ​ခါ ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။ ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက် သင်​တို့​အ​လယ်၌ ထိုင်​နေ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​ဆီး​ကြ။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 56,
      "text": "ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 57,
      "text": "ကိုယ်​တော်​ကို ဖမ်း​ဆီး​သော​သူ​တို့​သည် ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စည်း​ဝေး​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ဆောင်​သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 58,
      "text": "ပေ​တ​ရု​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်၍ အ​တွင်း​သို့ ဝင်​ပြီး​လျှင်၊ ထို​အ​မှု၏ အ​ဆုံး​ကို​သိ​မြင်​ခြင်း​ငှာ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်​နေ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 59,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 60,
      "text": "မ​မှန်​သော​သက်​သေ​ခံ​အ​များ လာ​သော်​လည်း သက်​သေ​ကို မ​တွေ့​ကြ။ နောက်​ဆုံး၌ မ​မှန်​သော သက်​သေ​ခံ​နှစ်​ယောက်​တို့​သည် လာ၍၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 61,
      "text": "ဤ​သူ​က ငါ​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​နိုင်​သည်​ဟု ပြော​ပါ​သည်​ဟု သက်​သေ​ခံ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 62,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ထ၍၊ သင်​သည် တစ်​ခွန်း​မျှ ပြန်၍​မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့ သက်​သေ​ခံ​သ​နည်း​ဟု ဆို​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 63,
      "text": "ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 64,
      "text": "ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 65,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 66,
      "text": "အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 67,
      "text": "ထို​အ​ခါ မျက်​နှာ​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ လက်​သီး​နှင့် ထိုး​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 68,
      "text": "အ​ချို့​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်၍၊ အ​ချင်း​ခ​ရစ်​တော်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 69,
      "text": "ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 70,
      "text": "ပေ​တ​ရု​က သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု လူ​အ​ပေါင်း​တို့​ရှေ့၌ ငြင်း​ခုံ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 71,
      "text": "ထို​နောက် ပေ​တ​ရု​သည် အိမ်​ဦး​ရှေ့​သို့ ထွက်​ပြီး​မှ အ​ခြား​သော​မိန်း​မ​သည် သူ့​ကို​မြင်၍ ထို​အ​ရပ်၌​ရှိ​သော သူ​တို့​အား၊ ဤ​သူ​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ ဖြစ်​သည်​ဟု ဆို​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 72,
      "text": "ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ကျိန်​ဆို​လျက် တစ်​ဖန် ငြင်း​ခုံ​ပြန်၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 73,
      "text": "ထို​နောက် များ​မ​ကြာ ထို​အ​ရပ်၌​ရပ်​နေ​သော သူ​တို့​သည် ပေ​တ​ရု​အ​နီး​သို့ လာ၍၊ အ​ကယ်​စင်​စစ် သင်​သည်​လည်း ထို​သူ​တို့​အ​ဝင် ဖြစ်၏။ သင့်​စ​ကား​သည် သင့်​အ​ကြောင်း​ကို ထင်​ရှား​စေ၏​ဟု ဆို​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 74,
      "text": "ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 26,
      "verse": 75,
      "text": "ယေ​ရှု​က၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ပြင်​သို့​ထွက်၍ ပြင်း​စွာ ငို​ကြွေး​လေ၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 1,
      "text": "နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​အံ့​သော​ငှာ တိုင်​ပင်၍၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 2,
      "text": "ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 3,
      "text": "ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ကိုယ်​တော်၌ သေ​ပြစ်​ကို စီ​ရင်​ကြ​သည်​ကို သိ​မြင်​လျှင်၊ နောင်​တ​ရ၍ ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ​တို့၌ ပြန်​ပေး၍၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 4,
      "text": "အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သွေး​ကို အပ်​မိ​ပါ​ပြီ​ဟု ဆို၏။ ထို​သူ​တို့​က​လည်း ငါ​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ကိုယ်​အ​မှု​ကို ကိုယ်​ကြည့်​လော့​ဟု ဆို​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 5,
      "text": "သူ​သည် ထို​ငွေ​ကို ဗိ​မာန်​တော်၌ ပစ်​ချ​ခဲ့၍ အ​ခြား​သို့​သွား​ပြီး​လျှင် လည်​ကြိုး​တပ်၍ သေ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​ငွေ​ကို​ယူ၍ အ​သွေး၏​အ​ဖိုး​ဖြစ်၏။ ဘ​ဏ္ဍာ​တော်၌ မ​သွင်း​အပ်​ဟု ပြော​ဆို၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 7,
      "text": "တိုင်​ပင်​ပြီး​မှ၊ အိုး​ထိန်း​သ​မား၏ မြေ​အ​ကွက်​ကို တစ်​ပါး​အ​မျိုး​သား​တို့၏ သင်္ချိုင်း​ဖြစ်​စေ​ဖို့​ရာ ထို​ငွေ​နှင့် ဝယ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 8,
      "text": "ထို​အ​ကြောင်း​ကို အ​စွဲ​ပြု၍ ယ​ခု​တိုင်​အောင် ထို​မြေ​အ​ကွက်​ကို သွေး​မြေ​ဟု ခေါ်​တွင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 9,
      "text": "ပ​ရော​ဖက်​ယေ​ရ​မိ ဟော​သည်​ကား၊ ဣ​သ​ရေ​လ​လူ​တို့​သည် အ​ဖိုး​ဖြတ်​သော​သူ၏ ကိုယ်​ဖိုး​ငွေ​သုံး​ဆယ်​ကို သူ​တို့​သည်​ယူ၍ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 10,
      "text": "အိုး​ထိန်း​သ​မား၏ မြေ​အ​ကွက်​ကို ဝယ်​ကြ၏​ဟူ​သော စ​ကား​သည် ထို​အ​ခါ ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 11,
      "text": "ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 12,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ပြစ်​တင်​ကြ​သော် တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 13,
      "text": "ပိ​လတ်​မင်း​က​လည်း၊ သင့်​တစ်​ဖက်၌ အ​ဘယ်​မျှ​လောက် သက်​သေ​ခံ​ကြ​သည်​ကို သင်​မ​ကြား​သ​လော​ဟု ပြော​ဆို​သော်​လည်း၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 14,
      "text": "စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ​သည်​ကို မြို့​ဝန်​မင်း​သည် အ​လွန်​အံ့​ဩ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 15,
      "text": "ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တို့ အ​လို​ရှိ​သော​သူ တစ်​ယောက်​ယောက်​ကို လွှတ်​မြဲ​ထုံး​စံ​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 16,
      "text": "ထို​အ​ခါ အ​ကျဉ်း​ထား​သော​သူ​တို့​တွင် ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော ကျော်​စော​သော​သူ တစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 17,
      "text": "လူ​များ​စည်း​ဝေး​ကြ​သည်​ရှိ​သော်၊ ပိ​လတ်​မင်း​က၊ သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း။ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​သ​လော။ ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို လွှတ်​စေ​ချင်​သ​လော​ဟု လူ​များ​တို့​အား မေး​လေ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 18,
      "text": "အ​ဘယ်​ကြောင့် ဤ​သို့ မေး​သ​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို ပိ​လတ်​မင်း​သိ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 20,
      "text": "လူ​အ​စု​အ​ဝေး​တို့​သည် ဗာ​ရ​ဗ္ဗ​ကို​တောင်း၍ ယေ​ရှု​ကို​သတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် လူ​များ​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 21,
      "text": "ထို​ကြောင့် မြို့​ဝန်​မင်း​သည်၊ ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း​ဟု လူ​များ​ကို တစ်​ဖန် မေး​သော​အ​ခါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 22,
      "text": "ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ ထို​သူ​အ​ပေါင်း​တို့​က၊ သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 23,
      "text": "မြို့​ဝန်​မင်း​က​လည်း အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု လူ​များ​တို့​သည် သာ၍​ဟစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 24,
      "text": "ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 25,
      "text": "ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 26,
      "text": "ပိ​လတ်​မင်း​သည်​လည်း ဗာ​ရ​ဗ္ဗ​ကို လူ​များ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 27,
      "text": "ထို​အ​ခါ မြို့​ဝန်​မင်း၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို အိမ်​တော်​ဦး​သို့ ဆောင်​သွား၍ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို အ​ထံ​တော်၌ စု​ရုံး​စေ​ပြီး​မှ၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 28,
      "text": "အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 29,
      "text": "ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 30,
      "text": "ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ ကျူ​လုံး​ကို​ယူ၍ ခေါင်း​တော်​ကို ရိုက်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 31,
      "text": "ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ မင်း​ဝတ်​လုံ​ကို​ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 32,
      "text": "သွား​ကြ​စဉ်​တွင် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ ပြည်​သား​တစ်​ယောက်​ကို တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 33,
      "text": "ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 34,
      "text": "ဆေး​ခါး​နှင့် ရော​သော​ပုံး​ရည်​ကို ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင်၊ မြည်း​စမ်း​တော်​မူ၍ မ​သောက်​ချင်​ဘဲ နေ​လေ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 35,
      "text": "ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 36,
      "text": "ထို​အ​ရပ်၌​လည်း ထိုင်​လျက် စောင့်​နေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 37,
      "text": "အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 38,
      "text": "ထို​အ​ခါ ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 39,
      "text": "လမ်း​မှာ သွား​လာ​သော​သူ​တို့​က​လည်း၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊ ကိုယ်​ကို​ကိုယ်​ကယ်​တင်​လော့။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 40,
      "text": "ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့်​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 41,
      "text": "ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 42,
      "text": "ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 43,
      "text": "သူ​သည် ဘု​ရား​သ​ခင်​ကို ကိုး​စား​ပြီ။ ငါ​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်၏​ဟု ဆို​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် သူ၌ အ​လို​တော်​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 44,
      "text": "ထို​နည်း​တူ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​ဓား​ပြ​တို့​သည်​လည်း ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 45,
      "text": "မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 46,
      "text": "သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မာ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 47,
      "text": "ထို​အ​ရပ်၌ ရပ်​နေ​သော​သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 48,
      "text": "လူ​တစ်​ယောက်​သည် ချက်​ချင်း​ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လေ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 49,
      "text": "ကြွင်း​သော​သူ​တို့​က၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ကယ်​တင်​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 50,
      "text": "ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် တစ်​ဖန် ကြွေး​ကြော်​ပြီး​လျှင် အ​သက်​တော်​ကို လွှတ်​တော်​မူ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 51,
      "text": "ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ​အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။ မြေ​ကြီး လှုပ်​လေ၏။ ကျောက်​များ​တို့​သည်​ကွဲ​ပြား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 52,
      "text": "သင်္ချိုင်း​တွင်း​တို့​သည် ပွင့်​လစ်​သ​ဖြင့် ကျိန်း​စက်​လျက်​ရှိ​သော သန့်​ရှင်း​သူ​တို့၏ အ​လောင်း​များ​စွာ​တို့​သည် ထ​ကြ၍၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 53,
      "text": "ကိုယ်​တော် ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သူ​တို့​သည် သင်္ချိုင်း​တွင်း​မှ​ထွက်၍ သန့်​ရှင်း​သော​မြို့​ထဲ​သို့ ဝင်​ပြီး​လျှင်၊ လူ​များ​စွာ​တို့​အား ထင်​ရှား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 54,
      "text": "ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 55,
      "text": "ဂါ​လိ​လဲ​ပြည်​က ယေ​ရှု​နောက်​တော်၌ အ​လုပ်​အ​ကျွေး လိုက်​လာ​သော မိန်း​မ​အ​များ​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 56,
      "text": "ထို​မိန်း​မ​တို့​တွင် မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​နှင့် ယော​သေ​တို့၏ အ​မိ​ဖြစ်​သော​မာ​ရိ​နှင့် ဇေ​ဗေ​ဒဲ၏​သား​တို့၏​အ​မိ ပါ​ကြ​သ​တည်း။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 57,
      "text": "ည​အ​ချိန်​ရောက်​မှ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော သူ​ဌေး​သည် ယေ​ရှု၏​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 58,
      "text": "ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။ ပိ​လတ်​မင်း​သည် အ​လောင်း​တော်​ကို ပေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သော်၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 59,
      "text": "ယော​သပ်​သည် အ​လောင်း​တော်​ကို​ယူ၍ ဖြူ​စင်​သော​ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 60,
      "text": "ကျောက်၌ ထွင်း​သော မိ​မိ​သင်္ချိုင်း​တွင်း​သစ်​ထဲ​မှာ ထား​လေ၏။ ကြီး​စွာ​သော ကျောက်​ကို​လည်း တွင်း​ဝ၌ လှိမ့်​ထား​ပြီး​မှ သွား၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 61,
      "text": "မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော​မာ​ရိ​သည် ထို​အ​ရပ်၌ သင်္ချိုင်း​တော်​ရှေ့​မှာ ထိုင်​လျက်​နေ​ရစ်​ကြ၏။"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 62,
      "text": "အ​ဖိတ်​နေ့​လွန်၍ နက်​ဖြန်​နေ့​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ပိ​လတ်​မင်း​ထံ၌ စု​ဝေး၍၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 63,
      "text": "ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 64,
      "text": "ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 65,
      "text": "ပိ​လတ်​မင်း​က၊ သင်​တို့၌ လူ​စောင့်​တစ်​တပ်​ရှိ၏။ သွား​ကြ၊ တတ်​နိုင်​သ​မျှ​အ​တိုင်း လုံ​ခြုံ​စွာ​စောင့်​စေ​ကြ​ဟု ဆို​လေ၏။-"
    },
    {
      "book": 40,
      "chapter": 27,
      "verse": 66,
      "text": "ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 1,
      "text": "ဥ​ပုသ်​နေ့​လွန်၍ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် မိုး​လင်း​အံ့​ဆဲ​ဆဲ​အ​ချိန်၌၊ မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော မာ​ရိ​သည် သင်္ချိုင်း​တော်​ကို အ​ကြည့်​အ​ရှု​သွား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 2,
      "text": "ထို​အ​ခါ မြေ​ကြီး​သည် ပြင်း​စွာ​လှုပ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ဘုံ​မှ ဆင်း​လာ၍၊ တွင်း​ဝ၌​ပိတ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ထို​ကျောက်​ပေါ်​မှာ ထိုင်​နေ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 3,
      "text": "သူ၏​မျက်​နှာ​သည် လျှပ်​စစ်​ကဲ့​သို့​ထင်၏။ အ​ဝတ်​သည်​လည်း မိုး​ပွင့်​ကဲ့​သို့ ဖြူ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 4,
      "text": "လူ​စောင့်​တို့​သည် ကောင်း​ကင်​တ​မန်​ကို ကြောက်​ရွံ့​သ​ဖြင့် တုန်​လှုပ်၍ သေ​မ​တတ်​ဖြစ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 5,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 6,
      "text": "ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 7,
      "text": "အ​လျင်​အ​မြန်​ပြန်​သွား၍ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​အား ပြော​ကြ​လော့။ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​မည်။ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်၊ ငါ​ပြော​ပြီ​ဟု ထို​မိန်း​မ​တို့​အား ကောင်း​ကင်​တ​မန်​ဆို၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 8,
      "text": "ထို​မိန်း​မ​တို့​သည်​လည်း ကြောက်​ရွံ့​သ​ဖြင့်​လည်း​ကောင်း၊ အ​လွန်​ဝမ်း​မြောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​သွား၍ တ​ပည့်​တော်​တို့​အား ထို​သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း​ငှာ ပြေး​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 9,
      "text": "လမ်း​မှာ​သွား​ကြ​စဉ် ယေ​ရှု​သည် ကြို​ဆို​တော်​မူ၍၊ သင်​တို့​အား မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​တို့​သည် ချဉ်း​ကပ်၍ ခြေ​တော်​ကို​ဖက်​ယမ်း​လျက် ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 10,
      "text": "ယေ​ရှု​က​လည်း ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​ကြ​လော့။ ငါ့​ညီ​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား​စေ​ခြင်း​ငှာ ဤ​သ​တင်း​စ​ကား​ကို ကြား​ပြော​ကြ​လော့။ ထို​ပြည်၌ သူ​တို့​သည် ငါ့​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 11,
      "text": "ထို​မိန်း​မ​တို့​သည် သွား​ကြ​စဉ်​အ​ခါ လူ​စောင့်​အ​ချို့​တို့​သည် မြို့​ထဲ​သို့​ဝင်၍ ဖြစ်​လေ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​အား ပြန်​ကြား​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 12,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် စု​ဝေး၍ တိုင်​ပင်​ပြီး​မှ စစ်​သူ​ရဲ​တို့​အား ငွေ​အ​များ​ကို ပေး၍၊-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 13,
      "text": "ည​အ​ခါ ငါ​တို့​အိပ်​ပျော်​စဉ်​တွင် ထို​သူ၏ တ​ပည့်​တို့​သည်​လာ၍ အ​လောင်း​ကို ခိုး​သွား​ကြ​သည်​ဟု သင်​တို့​ပြော​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 14,
      "text": "ထို​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ကြား​ပြန်​လျှင်၊ ငါ​တို့​သည် သူ့​ကို​ဖျောင်း​ဖျ၍ သင်​တို့၌ အ​မှု​မ​ရှိ​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု၊-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 15,
      "text": "သွန်​သင်​သည်​နှင့်​အ​ညီ စစ်​သူ​ရဲ​တို့​သည် ငွေ​ကို​ယူ၍​ပြု​ကြ၏။ ထို​စ​ကား​ကို ယ​ခု​တိုင်​အောင် ယု​ဒ​လူ​တို့​သည် အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 16,
      "text": "တစ်​ကျိပ်​တစ်​ပါး​သော တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား၍ ယေ​ရှု​မှာ​ထား​တော်​မူ​သော တောင်​ပေါ်​သို့ တက်​ကြ​လျှင်၊ ကိုယ်​တော်​ကို​တွေ့​မြင်၍ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 17,
      "text": "အ​ချို့​တို့​သည် ယုံ​မှား​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 18,
      "text": "ယေ​ရှု​သည် အ​နီး​အ​ပါး​သို့ ချဉ်း​တော်​မူ​ပြီး​လျှင်၊ ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 19,
      "text": "သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-"
    },
    {
      "book": 40,
      "chapter": 28,
      "verse": 20,
      "text": "ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​သား​တော်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​စ​ကို ဆို​ပေ​အံ့။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 2,
      "text": "အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌ လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 3,
      "text": "တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု လာ​သည်​နှင့် အ​ညီ၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 4,
      "text": "ယော​ဟန်​သည် တော၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်၊ အ​ပြစ်​လွှတ်​ခြင်း​အ​ဖို့​အ​လို​ငှာ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​လျက် ပေါ်​ထွန်း၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 5,
      "text": "ယေ​ရု​ရှ​လင်​မြို့​သား​များ​မှ​စ၍ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့ ထွက်​သွား၍ မိ​မိ​တို့ အ​ပြစ်​များ​ကို​ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 6,
      "text": "ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 7,
      "text": "ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 8,
      "text": "ငါ​သည် သင်​တို့​အား ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်​ဟု ဟော​သ​တည်း။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 9,
      "text": "ထို​အ​ခါ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​နာ​ဇ​ရက်​မြို့​မှ ကြွ​လာ၍ ယော​ဟန်​လက်​ဖြင့် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 10,
      "text": "ရေ​မှ​ပေါ်​ထ​စဉ်​တွင် ကောင်း​ကင်​ကွဲ၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ​သည်​ကို မြင်​ရ၍၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 11,
      "text": "သင်​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 12,
      "text": "ထို​ခ​ဏ​ချင်း​တွင် ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့ သွား​စေ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 13,
      "text": "အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​တော၌​နေ၍ စာ​တန်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ သား​ရဲ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​သည်​လည်း လုပ်​ကျွေး​ကြ၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 14,
      "text": "ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 15,
      "text": "အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 16,
      "text": "ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ရှိ​မုန်​နှင့် အ​န္ဒြေ ညီ​အစ်​ကို​နှစ်​ယောက်​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 17,
      "text": "ထို​သူ​တို့​အား ငါ့​နောက်​သို့ လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို​မျှား​သော​တံ​ငါ​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​သော်၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 18,
      "text": "ထို​သူ​တို့​သည် ချက်​ချင်း​ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 19,
      "text": "ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 20,
      "text": "ထို​သူ​တို့​သည်​လည်း လှေ​ပေါ်​မှာ​ရှိ​သော သူ​ငှား​တို့​နှင့်​တ​ကွ အ​ဘ​ဇေ​ဗေ​ဒဲ​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 21,
      "text": "က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 22,
      "text": "ပ​ရိ​သတ်​တို့​သည်​လည်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အ​လွန်​အံ့​ဩ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော​သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 23,
      "text": "ထို​သူ​တို့၏​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ် စွဲ​သော​သူ​ရှိ၍၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 24,
      "text": "ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 25,
      "text": "ယေ​ရှု​က​လည်း တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 26,
      "text": "ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို တောင့်​မာ​စေ​ပြီး​မှ၊ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ ထွက်​သွား၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 27,
      "text": "လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​နည်း။ ဤ​ဆုံး​မ​ခြင်း​အ​သစ်​သည် အ​ဘယ်​သို့​နည်း။ ညစ်​ညူး​သော​နတ်​တို့​ကို​ပင် အာ​ဏာ​နှင့်​မှာ​ထား၍၊ သူ​တို့​သည် နား​ထောင်​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း မေး​မြန်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 28,
      "text": "သ​တင်း​တော်​သည်​လည်း ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ်​တို့၌ ချက်​ချင်း နှံ့​ပြား​ကျော်​စော​လေ၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 29,
      "text": "တ​ရား​ဇ​ရပ်​မှ ထွက်​ကြ​လျှင်၊ ရှိ​မုန်၊ အ​န္ဒြေ​တို့​အိမ်​သို့ ယာ​ကုပ်၊ ယော​ဟန်​နှင့်​တ​ကွ ချက်​ချင်း​သွား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 30,
      "text": "ရှိ​မုန်၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ၍ တုံး​လုံး​နေ​သည်​အ​ကြောင်း​ကို အ​လျင်​အ​မြန် လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 31,
      "text": "ကိုယ်​တော်​သည်​လာ၍ ထို​မိန်း​မ၏​လက်​ကို ကိုင်​လျက် ချီ​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင် သူ​သည် အ​ဖျား​ပျောက်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 32,
      "text": "နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 33,
      "text": "တစ်​မြို့​လုံး​သည် တံ​ခါး​နား​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 34,
      "text": "အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​စွဲ​သော​သူ​များ​တို့​ကို သက်​သာ​စေ​တော်​မူ၏။ နတ်​ဆိုး​များ​တို့​ကို​လည်း နှင်​ထုတ်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို သိ​ကြ​သော​ကြောင့်၊ စ​ကား​တစ်​ခွန်း​ကို​မျှ ပြော​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 35,
      "text": "နံ​နက်​အ​ချိန်၊ မိုး​မ​လင်း​မီ ကိုယ်​တော်​သည် ထ​ပြီး​လျှင် တော​အ​ရပ်​သို့​ထွက်​ကြွ၍ ဆု​တောင်း​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 36,
      "text": "ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လိုက်၍​ရှာ​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 37,
      "text": "ကိုယ်​တော်​ကို​တွေ့​လျှင် လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ရှာ​ကြ​ပါ​သည်​ဟု လျှောက်​ဆို၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 38,
      "text": "ကိုယ်​တော်​က​လည်း ငါ​သည် နီး​စပ်​သော​မြို့​ရွာ​တို့၌ တ​ရား​ဟော​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့။ ထို​သို့​အ​လို့​ငှာ ငါ​ကြွ​လာ​ပြီ​ဟု မိန့်​တော်​မူ၍၊-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 39,
      "text": "ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 40,
      "text": "နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 41,
      "text": "ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 42,
      "text": "ထို​သို့ မိန့်​တော်​မူ​သည် ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့ ရောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 43,
      "text": "ယေ​ရှု​က​လည်း၊ သင်​သ​တိ​ပြု။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 44,
      "text": "အ​ဘယ်​သူ​အား စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက်၊ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မြစ်​တား၍ ချက်​ချင်း လွှတ်​လိုက်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 1,
      "verse": 45,
      "text": "ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 1,
      "text": "နောက်​တစ်​နေ့​သ၌ ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့ ဝင်​ပြန်၍ အိမ်၌​ရှိ​တော်​မူ​သည်​ကို ကြား​ကြ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 2,
      "text": "တံ​ခါး​ပြင်​နား​မှာ နေ​စ​ရာ​မ​ရှိ​နိုင်​အောင် လူ​များ​တို့​သည် အ​လျင်​အ​မြန် စု​ဝေး​ကြ​သည်​ဖြစ်၍ သူ​တို့​အား တ​ရား​ဟော​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 3,
      "text": "ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို လူ​လေး​ယောက်​တို့​သည် ထမ်း၍ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 4,
      "text": "လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​သ​ဖြင့်၊ ကိုယ်​တော်​ရှိ​ရာ​အ​ပေါ်​မှာ အ​မိုး​ကို ဖောက်​ထွင်း​ပြီး​မှ လူ​နာ​နှင့်​တ​ကွ အိပ်​ရာ​ခု​တင်​ကို လျှော့​ချ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 5,
      "text": "ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 6,
      "text": "ထို​အ​ရပ်၌​ထိုင်​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 7,
      "text": "ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ရ​သ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု စိတ်​ထဲ​မှာ ထင်​မှတ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 8,
      "text": "သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 9,
      "text": "လက်​ခြေ​သေ​သော​သူ​အား အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 10,
      "text": "လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 11,
      "text": "ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော့​ဟု သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 12,
      "text": "ထို​သူ​သည်​လည်း ချက်​ချင်း​ထ၍ အိပ်​ရာ​ကို​ဆောင်​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထွက်​သွား၏။ ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ဤ​ကဲ့​သို့ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး​ဟု ပြော​ဆို၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 13,
      "text": "နောက်​တစ်​ဖန် အိုင်​နား​သို့ ကြွ​တော်​မူ၍၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​လျှင်၊ သူ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 14,
      "text": "လမ်း၌​ကြွ​တော်​မူ​စဉ်၊ အာ​လ​ဖဲ၏​သား လေ​ဝိ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 15,
      "text": "ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။ ထို​နောက်​မှ သူ၏​အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။ ထို​သူ​အ​များ​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 16,
      "text": "ထို​သို့ အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ စား​တော်​မှု​သည်​ကို ကျမ်း​ပြု​ဆ​ရာ​ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ဤ​သူ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​သ​နည်း​ဟု တ​ပည့်​တော်​တို့​အား ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 17,
      "text": "ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့​ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 18,
      "text": "အ​စာ​ရှောင်​တတ်​သော ယော​ဟန်၏​တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် လာ၍၊ ယော​ဟန်၏​တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 19,
      "text": "ယေ​ရှု​က​လည်း၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​တတ်​ကြ​သ​လော။ ရှိ​စဉ်​ကာ​လ​ပတ်​လုံး အ​စာ​မ​ရှောင်​တတ်​ကြ။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 20,
      "text": "မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့်​ခွာ၍ ယူ​သွား​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 21,
      "text": "အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​ကို စား၍ အ​ပေါက်​ကျယ်​တတ်၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 22,
      "text": "၎င်း​နည်း​ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့် စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 23,
      "text": "ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် စ​ပါး​အ​သီး​အ​နှံ​ကို ဆွတ်​လျက် ခ​ရီး​သွား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 24,
      "text": "ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သူ​တို့​သည် ပြု​ကြ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 25,
      "text": "ကိုယ်​တော်​က၊ ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဗျာ​သာ​လက်​ထက်၌ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ ဆာ​မွတ်၍ မ​တတ်​နိုင်​သော​အ​ခါ၊-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 26,
      "text": "ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား၍ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 27,
      "text": "ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​သည် လူ​အ​ဖို့​ဖြစ်၏။ လူ​သည် ဥ​ပုသ်​နေ့​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။-"
    },
    {
      "book": 41,
      "chapter": 2,
      "verse": 28,
      "text": "သို့​ဖြစ်၍ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 1,
      "text": "တ​ရား​ဇ​ရပ်​သို့ တစ်​ဖန် ဝင်​တော်​မူ၍၊ ထို​ဇ​ရပ်၌ လက်​တစ်​ဖက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 2,
      "text": "ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 3,
      "text": "ကိုယ်​တော်​က​လည်း၊ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု လက်​တစ်​ဖက်​သေ​သော​သူ​အား မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 4,
      "text": "ဥ​ပုသ်​နေ့၌ ကျေး​ဇူး​ပြု​အပ်​သ​လော၊ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော၊ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိ​သတ်​တို့​အား မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 5,
      "text": "ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 6,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည်​ထွက်၍ ကိုယ်​တော်​ကို အ​ဘယ်​သို့ ဖျက်​ဆီး​ရ​အံ့​နည်း​ဟု ဟေ​ရုဒ်​တ​ပည့်​တို့​နှင့် ချက်​ချင်း တိုင်​ပင်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 7,
      "text": "ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ အိုင်​နား​သို့ ပြောင်း​ကြွ​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 8,
      "text": "ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဣ​ဒု​မဲ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​နှင့် တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​မှ လာ​ကြ​သော လူ​များ​အ​ပေါင်း​တို့​သည် ပြု​တော်​မူ​သ​မျှ​ကို ကြား​လျှင် အ​ထံ​တော်​သို့ လာ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 9,
      "text": "လူ​များ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ မ​ထိ​ခိုက်​စေ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ အ​နီး​အ​ပါး​တွင် လှေ​တစ်​စင်း​ကို အ​မြဲ​ရှိ​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 11,
      "text": "ညစ်​ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်​တော်​ကို မြင်​သော​အ​ခါ ပျပ်​ဝပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ဟု ဟစ်​ကြော်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 12,
      "text": "သ​တင်း​တော်​ကို မ​ပွင့်​စေ​မည်​အ​ကြောင်း သူ​တို့​အား ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 13,
      "text": "ထို​အ​ခါ ကိုယ်​တော်​သည် တောင်​ပေါ်​သို့​တက်၍ အ​လို​တော်​ရှိ​သော​သူ​တို့​ကို ခေါ်​တော်​မူ​လျှင်၊ အ​ထံ​တော်​သို့ လာ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 14,
      "text": "ကိုယ်​တော်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တ​ရား​ဟော​သော​အ​ခွင့်၊ အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ၍၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 15,
      "text": "နတ်​ဆိုး​တို့​ကို နှင်​ထုတ်​နိုင်​သော​အ​ခွင့်​နှင့် စေ​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တည်း​ဟူ​သော၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 16,
      "text": "ပေ​တ​ရု​အ​မည်​သစ်​ကို ပေး​တော်​မူ​သော​ရှိ​မုန်၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 17,
      "text": "မိုး​ကြိုး​သား​ဟု ဆို​လို​သော ဗော​နေ​ရ​ဂက် အ​မည်​သစ်​ကို ပေး​တော်​မူ​သော ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့် ယော​ဟန်၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 18,
      "text": "အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ ဗာ​သော​လ​မဲ၊ မဿဲ၊ သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ သ​ဒ္ဒဲ၊ ကာ​န​နိတ်​လူ​ရှိ​မုန်၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 19,
      "text": "ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​တို့​ကို ခန့်​ထား​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 20,
      "text": "ထို​သူ​တို့​သည် အိမ်​သို့​ဝင်​ကြ​လျှင်၊ အ​စာ​ကို မ​စား​နိုင်​သည်​တိုင်​အောင် လူ​များ​တို့​သည် တစ်​ဖန် စု​ဝေး​ကြ​ပြန်၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 21,
      "text": "ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 22,
      "text": "ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း၊ သူ​သည် ဗေ​လ​ဇေ​ဗု​လ စွဲ​သော​သူ​ဖြစ်၏။ နတ်​ဆိုး​မင်း​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 23,
      "text": "ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 24,
      "text": "တိုင်း​နိုင်​ငံ​သည် မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 25,
      "text": "အိမ်​သည်​လည်း မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 26,
      "text": "စာ​တန်​သည် မိ​မိ​တစ်​ဖက်၌ ထ၍ မိ​မိ​နှင့် မ​သင့်​မ​တင့်​ကွဲ​ပြား​လျှင် မ​တည်​နိုင်​ဘဲ ဆုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 27,
      "text": "သူ​ရဲ​ကို ရှေ့​ဦး​စွာ မ​ချည်​မ​နှောင်​လျှင်၊ သူ၏​အိမ်​သို့​ဝင်၍ သူ၏​ဥ​စ္စာ​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ​နိုင်။ သူ​ရဲ​ကို ချည်​နှောင်​ပြီး​မှ သူ၏​အိမ်​ကို လု​ယူ​နိုင်၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 28,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​သား​တို့​သည် ရ​နိုင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 29,
      "text": "သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 30,
      "text": "အ​ဘယ်​ကြောင့် ဤ​သို့ မိန့်​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ညစ်​ညူး​သောနတ်​စွဲ​သော​သူ ဖြစ်​သည်​ဟု ဆို​ကြ​သ​တည်း။"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 31,
      "text": "ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ ပြင်​မှာ​ရပ်​နေ​လျက်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်၍ ခေါ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 32,
      "text": "ခြံ​ရံ​လျက် ထိုင်​သော​သူ​များ​တို့​က၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​ရှာ​လျက် ပြင်​မှာ​ရှိ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 33,
      "text": "ကိုယ်​တော်​က၊ ငါ့​အ​မိ၊ ငါ့​ညီ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​တော်​မူ၍၊-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 34,
      "text": "ခြံ​ရံ​လျက်​ထိုင်​သော​သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍၊ ဤ​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ပေ​တည်း။-"
    },
    {
      "book": 41,
      "chapter": 3,
      "verse": 35,
      "text": "ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 1,
      "text": "နောက်​တစ်​ဖန် အိုင်​နား​မှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ​သော​ကြောင့်၊ အိုင်​တွင် လှေ​ထဲ​သို့​ဝင်၍ ထိုင်​တော်​မူ၏။ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အိုင်​နား ကုန်း​ပေါ်​မှာ နေ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 2,
      "text": "ထို​အ​ခါ ဥ​ပ​မာ​စ​ကား​အား​ဖြင့် များ​စွာ​သော​ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး၍ မြွက်​ဆို​တော်​မူ​သည်​မှာ၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 3,
      "text": "နား​ထောင်​ကြ​လော့။ မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 4,
      "text": "အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် လာ၍ ကောက်​စား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 5,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် မြေ​နည်း၍ ကျောက်​ပေါ​များ​သော​အ​ရပ်၌ ကျ​သ​ဖြင့်၊ မြေ​တိမ်​သော​ကြောင့် ချက်​ချင်း အ​ပင်​ပေါက်​သော်​လည်း၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 6,
      "text": "နေ​ထွက်​သော​အ​ခါ ပူ​လောင်​သည်​ဖြစ်၍ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 7,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့်၊ ဆူး​ပင်​တို့​သည် ကြီး​ပွား၍ ညှဉ်း​ဆဲ​သော​ကြောင့် အ​သီး​မ​သီး​ကြ။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 8,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့်၊ အ​ပင်​ပေါက်၍ ကြီး​ပွား​လျက် အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 9,
      "text": "ကြား​စ​ရာ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 10,
      "text": "ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ရှိ​တော်​မူ​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​နှင့် အ​ခြံ​အ​ရံ​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 11,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 12,
      "text": "ပြင်၌​ရှိ​သော ထို​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​သ​ဖြင့်၊ သူ​တို့​အ​ကျင့် မ​ပြောင်း​လဲ၊ အ​ပြစ်​မ​လွှတ်​ရ​သည်​တိုင်​အောင် သူ​တို့​အား ဟော​သ​မျှ​ကို ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 13,
      "text": "သင်​တို့​သည် ဤ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​လျှင်၊ ဥ​ပ​မာ​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သို့ နား​လည်​ကြ​မည်​နည်း။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 14,
      "text": "မျိုး​စေ့​ကြဲ​သော​သူ​သည် တ​ရား​စ​ကား​ကို ကြဲ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 15,
      "text": "တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 16,
      "text": "ကျောက်​ပေါ​သော​အ​ရပ်၌ ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ချက်​ချင်း ခံ​ယူ​သော်​လည်း၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 17,
      "text": "စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ ခ​ဏ​သာ​တည်​သ​ဖြင့် တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 18,
      "text": "ဆူး​ပင်​တို့​တွင် ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား၍၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 19,
      "text": "လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း၊ ကြွင်း​သော​အ​ရာ​ကို တပ်​မက်​ခြင်း​စိတ်​တို့​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 20,
      "text": "ကောင်း​သော​မြေ၌ ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား၍​ခံ​ယူ​သ​ဖြင့်၊ အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​တတ်​သည်​ဟု ဆို​လို​သ​တည်း။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 21,
      "text": "ထို​မှ​တစ်​ပါး ဆီ​မီး​ကို ဆီ​မီး​ခုံ​ပေါ်​မှာ​မ​တင်၊ တောင်း​ဇ​လား​အောက်၊ ခု​တင်​အောက်၌ ဖုံး​ထား​ခြင်း​ငှာ ယူ​ခဲ့​သ​လော။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 22,
      "text": "ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည် ထင်​ရှား​လိမ့်​မည်။ ဝှက်​ထား​လျက်​ရှိ​သ​မျှ​တို့​သည်​လည်း ပွင့်​လင်း​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 23,
      "text": "ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 24,
      "text": "ထို​မှ​တစ်​ပါး သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​တိုင်​ခံ​ရ​ကြ​မည်။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 25,
      "text": "အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ရှိ​သ​မျှ​ကို​ပင်​နုတ်​လိမ့်​မည်။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 27,
      "text": "ည၊ နေ့၊ အိပ်​လျက်၊ နိုး​လျက်​နေ​သော်​လည်း အ​ပင်​ပေါက်၍ ကြီး​ပွား​သည်​နှင့် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် တူ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 28,
      "text": "မြေ​ကြီး​သည် မိ​မိ​အ​လို​အ​လျောက် အ​သီး​ကို​သီး​စေ၍ ရှေ့​ဦး​စွာ အ​ညှောက်၊ ထို​နောက်​အ​နှံ၊ ထို​နောက် အ​နှံ​ထဲ​မှာ အောင်​မာ​သော​အ​ဆန်​ကို ဖြစ်​စေ​တတ်၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 29,
      "text": "အ​သီး​မှည့်၍ ရိတ်​ချိန်​ရောက်​သော​အ​ခါ၊ လယ်​ရှင်​သည် မ​ဆိုင်း​မ​လင့်၊ တံ​စဉ်​နှင့် ရိတ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 30,
      "text": "ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 31,
      "text": "မုန်​ညင်း​စေ့​နှင့် တူ၏။ မုန်​ညင်း​စေ့​သည် မြေ၌​စိုက်​သော​အ​ခါ မြေ၌​ရှိ​သော အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ စိုက်​ပြီး​မှ အ​ပင်​ပေါက်၍၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 32,
      "text": "မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​ပွား​သ​ဖြင့်၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အ​ရိပ်​ခို၍ နား​နေ​လောက်​သော အ​ကိုင်း​အ​ခက်​ကြီး​တို့​ကို ဖြစ်​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 33,
      "text": "ထို​သို့​သော ဥ​ပ​မာ​စ​ကား​များ​အား​ဖြင့် ကိုယ်​တော်​သည် ပ​ရိ​သတ်​များ နား​ထောင်​နိုင်​သည်​အ​တိုင်း တ​ရား​ဟော​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 34,
      "text": "ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ။ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ တ​ပည့်​တော်​တို့​အား ဖွင့်​ပြ​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 35,
      "text": "ထို​နေ့​ည​အ​ချိန်၌ ကိုယ်​တော်​က၊ ကမ်း​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 36,
      "text": "တ​ပည့်​တော်​တို့​သည် လူ​စု​ဝေး​ရာ​မှ​ထွက်၍ လှေ​ပေါ်၌​ရှိ​နှင့်​သော ကိုယ်​တော်​ပါ​လျက် သွား​ကြ၏။ အ​ခြား​လှေ​တို့​လည်း ပါ​သေး၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 37,
      "text": "ထို​အ​ခါ ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍ လှိုင်း​တံ​ပိုး​ခတ်​သော​ကြောင့် လှေ​သည် ရေ​နှင့် ပြည့်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 38,
      "text": "ကိုယ်​တော်​သည် ပဲ့၌ ခေါင်း​အုံး​ပေါ်​မှာ ကျိန်း​စက်၍ နေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို နှိုး​ပြီး​မှ၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ သ​လော​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 39,
      "text": "ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 40,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​မျှ​လောက် ကြောက်​တတ်​သ​နည်း။ အ​ဘယ်​ကြောင့် ယုံ​ကြည်​ခြင်း​စိတ်​နှင့် ကင်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 4,
      "verse": 41,
      "text": "သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 1,
      "text": "အိုင်​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 2,
      "text": "ယေ​ရှု​သည် လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင်၊ ညစ်​ညူး​သော​နတ်​စွဲ​သော​သူ​သည် သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​လေ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 3,
      "text": "ထို​သူ​သည် သင်္ချိုင်း​တ​စ​ပြင်၌ နေ​တတ်၏။ သူ့​ကို သံ​ကြိုး​နှင့်​ပင် အ​ဘယ်​သူ​မျှ ချည်၍​မ​နိုင်။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 4,
      "text": "ခြေ​ချင်း၊ သံ​ကြိုး​နှင့် အ​ဖန်​များ​စွာ ချည်​စမ်း​သော်​လည်း၊ သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ ခြေ​ချင်း​ကို ဖြဲ​တတ်၏။ သူ့​ကို​ယဉ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ မ​တတ်​နိုင်။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 5,
      "text": "နေ့​ည​မ​ပြတ် သင်္ချိုင်း​တ​စ​ပြင်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဟစ်​ကြော်​လျက်၊ ကျောက်​ဇောင်း​နှင့် ကိုယ်​ကို​ရှ​စေ​လျက် နေ​တတ်၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 6,
      "text": "ယေ​ရှု​ကို အ​ဝေး​က​မြင်​လျှင်၊ အ​ထံ​တော်​သို့ ပြေး​လာ၍ ပျပ်​ဝပ်​လျက်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 7,
      "text": "အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 8,
      "text": "လျှောက်​သည်​အ​ကြောင်း​ကား၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ​ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 9,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည် ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​အ​မည်​ကား၊ လေ​ဂေါင်​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အ​များ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 10,
      "text": "ထို​ပြည်​ထဲ​က အ​ခြား​သို့ မ​နှင်​ပါ​မည်​အ​ကြောင်း များ​စွာ​တောင်း​ပန်​လေ၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 11,
      "text": "ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 12,
      "text": "နတ်​ဆိုး​အ​ပေါင်း​တို့​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပြန်​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 13,
      "text": "ယေ​ရှု​သည် ချက်​ချင်း​အ​ခွင့်​ပေး​တော်​မူ၏။ ညစ်​ညူး​သော​နတ်​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ အိုင်၌​အ​သက်​ဆုံး​ကြ၏။ အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ထောင်​လောက်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 14,
      "text": "ဝက်​ကျောင်း​သော​သူ​တို့​သည် ပြေး၍​မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​လျှင်၊ လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​တို့​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 15,
      "text": "အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ၊ နတ်​ဆိုး လေ​ဂေါင်​စွဲ​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 16,
      "text": "နတ်​ဆိုး​စွဲ​သော​သူ၌​လည်း​ကောင်း၊ ဝက်​တို့၌​လည်း​ကောင်း၊ အ​ဘယ်​သို့​ဖြစ်​သည်​ကို သိ​မြင်​သော​သူ​တို့​သည် နောက်​လာ​သော​သူ​တို့​အား ပြန်​ကြား​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 17,
      "text": "မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 18,
      "text": "လှေ​ထဲ​သို့ ဝင်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​စွဲ​ဖူး​သော​သူ​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 19,
      "text": "ကိုယ်​တော်​သည် အ​ခွင့်​မ​ပေး။ သင်​သည် ကိုယ်​အိမ်​သို့​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​စိတ်​တော်​နှင့် သင်၌ အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အား ပြန်​ကြား​လော့​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 20,
      "text": "ထို​သူ​သည် သွား၍၊ ယေ​ရှု​သည် အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို၊ ဒေ​ကာ​ပေါ​လိ​ပြည်​တွင် သ​တင်း​ကြား​ပြော​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​သူ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 21,
      "text": "ယေ​ရှု​သည် ကမ်း​တစ်​ဖက်​သို့​ကူး​ပြန်၍ အိုင်​နား​မှာ ရှိ​တော်​မူ​စဉ်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်၌ စု​ဝေး​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 22,
      "text": "ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ကိုယ်​တော်​ကို​မြင်​လျှင်၊ ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏ သ​မီး​ငယ်​သေ​လု​ပါ​ပြီ။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 23,
      "text": "သို့​သော်​လည်း ကိုယ်​တော်​သည်​ကြွ၍ သူ့​ကို ကယ်​တင်​ခြင်း​ငှာ သူ၏​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု များ​စွာ​တောင်း​ပန်၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 24,
      "text": "ကိုယ်​တော်​သည် သူ​နှင့်​အ​တူ​သွား၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ခြံ​ရံ​လျက် ထိ​ခိုက်​တိုက်​မိ​ကြ၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 25,
      "text": "ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ စွဲ​သော​ကြောင့်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 26,
      "text": "များ​စွာ​သော ဆေး​သ​မား​တို့​လက်၌ အ​လွန်​ခံ​ရ၍၊ ဥ​စ္စာ​ရှိ​သ​မျှ ကုန်​သော်​လည်း သက်​သာ​မ​ရ​သည်​သာ​မ​က၊ အ​နာ​တိုး​သော မိန်း​မ​တစ်​ယောက်​သည်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 27,
      "text": "ယေ​ရှု၏​သ​တင်း​တော်​ကို ကြား​သည်​ရှိ​သော်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 28,
      "text": "ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု ဆို​သည်​နှင့်၊ လူ​အ​စု​အ​ဝေး​ထဲ၌ နောက်​တော်​သို့ လာ၍ အ​ဝတ်​တော်​ကို တို့​လေ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 29,
      "text": "ထို​ခ​ဏ​ချင်း​တွင် အ​သွေး​စု​ဝေး​ရာ ခန်း​ခြ‌ောက်​သည်​ဖြစ်၍၊ ထို​ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​ပြီ​ဟု မိ​မိ​ကိုယ်၌​သိ​လေ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 30,
      "text": "ယေ​ရှု​သည် မိ​မိ​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ချက်​ချင်း​သိ​တော်​မူ​လျှင် လူ​အ​စု​အ​ဝေး၌ နောက်​သို့​လှည့်၍၊ ငါ့​အ​ဝတ်​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 31,
      "text": "တ​ပည့်​တော်​တို့​က၊ လူ​အ​စု​အ​ဝေး​သည် ကိုယ်​တော်​အား ထိ​ခိုက်​ကြ​သည်​ကို မြင်​လျက်​ပင်၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်​လည်း၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 32,
      "text": "ကိုယ်​တော်​သည် ထို​သို့​ပြု​သော​သူ​ကို မြင်​ခြင်း​ငှာ ပတ်​လည်​သို့ ကြည့်​ရှု​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 33,
      "text": "ထို​မိန်း​မ​သည် ကိုယ်၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို သိ​သော​ကြောင့် ကြောက်​ရွံ့​တုန်​လှုပ်​လျက် အ​ထံ​တော်​သို့ လာ​ပြီး​လျှင်၊ ပျပ်​ဝပ်၍ ထို​အ​ကြောင်း​ရှိ​သ​မျှ​ကို အ​ဟုတ်​အ​မှန် ကြား​လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 34,
      "text": "ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 35,
      "text": "ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏​သ​မီး သေ​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​ကို နှောင့်​ယှက်​သေး​သ​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 36,
      "text": "ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့​ဟု တ​ရား​ဇ​ရပ်​မှူး​အား ချက်​ချင်း​မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 37,
      "text": "ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်၏​ညီ​ယော​ဟန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​လိုက်​စေ​ဘဲ၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 38,
      "text": "တ​ရား​ဇ​ရပ်​မှူး​အိမ်​သို့​ရောက်၍ အုန်း​အုန်း သဲ​သဲ​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ အ​လွန်​ငို​ကြွေး​မြည်​တမ်း​သော သူ​တို့​ကို​လည်း​ကောင်း မြင်​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 39,
      "text": "အ​တွင်း​သို့​ဝင်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် အုန်း​အုန်း​သဲ​သဲ​ပြု၍ ငို​ကြွေး​ကြ​သ​နည်း။ သူ​ငယ်​သေ​သည်​မ​ဟုတ် အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 40,
      "text": "ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့ ထွက်​စေ​ပြီး​မှ သူ​ငယ်၏ မိ​ဘ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​ပါ​သော သူ​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊ သူ​ငယ် လျောင်း​ရာ​အ​ရပ်​သို့ ဝင်၍၊-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 41,
      "text": "သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ တ​လိ​သ​ကု​မိ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ မိန်း​မ​ငယ်​ထ​လော့ ငါ​ဆို၏​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 42,
      "text": "ထို​ခ​ဏ​ချင်း​တွင် မိန်း​မ​ငယ်​သည် ထ၍​လှမ်း​သွား၏။ သူ​သည် တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ် ရှိ၏။ ထို​သူ​တို့​သည် အ​လွန် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 5,
      "verse": 43,
      "text": "ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​မည်​အ​ကြောင်း၊ ထို​သူ​တို့​ကို ကျပ်​တည်း​စွာ ပ​ညတ်​တော်​မူ၍၊ သူ့​အား စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 1,
      "text": "ထို​အ​ရပ်​မှ​ကြွ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ​သ​ဖြင့် မိ​မိ​မြို့​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 2,
      "text": "ဥ​ပုသ်​နေ့​ရောက်​လျှင် တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ လူ​များ​တို့​သည် ကြား​နာ​ရ​လျှင် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်၍၊ ဤ​သူ​သည် ဤ​အ​ရာ​တို့​ကို အ​ဘယ်​မှာ​ရ​သ​နည်း။ သူ​ရ​သော ပ​ညာ​ကား အ​ဘယ်​ပ​ညာ​နည်း။ ဤ​မျှ​လောက်​သော တန်​ခိုး​များ​ကို အ​ဘယ်​သို့ ပြ​နိုင်​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 3,
      "text": "သူ​သည် လက်​သ​မား​မ​ဟုတ်​လော။ မာ​ရိ၏​သား မ​ဟုတ်​လော။ ယာ​ကုပ်၊ ယော​သေ၊ ယု​ဒ၊ ရှိ​မုန်​တို့၏ အစ်​ကို​မ​ဟုတ်​လော။ သူ့​နှ​မ​များ​သည်​လည်း ငါ​တို့​နှင့် အ​နီး​အ​ပါး​နေ​ကြ​သည်​မ​ဟုတ်​လော​ဟု ပြော​ဆို​လျက် စေ​တ​နာ​စိတ် ပျက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 4,
      "text": "ယေ​ရှု​က​လည်း၊ ပ​ရော​ဖက်​သည် မိ​မိ​မြို့၊ မိ​မိ​အ​ဆွေ​နေ​ရာ၊ မိ​မိ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​သ​ရေ​ရှိ​သည်​ဟု ထို​သူ​တို့​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 5,
      "text": "မ​ကျန်း​မ​မာ​သော​သူ​အ​ချို့​တို့ အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ အ​နာ​ကို​ငြိမ်း​စေ​ခြင်း​မှ​တစ်​ပါး အ​ဘယ်​တန်​ခိုး​တော်​ကို​မျှ ထို​အ​ရပ်၌ ပြ​တော်​မ​မူ​နိုင်။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 6,
      "text": "ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 7,
      "text": "တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​လျက်၊ နှစ်​ယောက်​စီ​နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၍၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 8,
      "text": "သင်​တို့​သည် တောင်​ဝှေး​တစ်​ခု​မှ​တစ်​ပါး လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ လွယ်​အိတ်​နှင့် မုန့်​မှ​စ၍ ခါး​ပန်း၌ ကြေး​ငွေ​ကို မ​ယူ​ကြ​နှင့်။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 9,
      "text": "ခြေ​နင်း​ကို စီး​ကြ​လော့။ အင်္ကျီ​နှစ်​ထပ် မ​ဝတ်​ကြ​နှင့်​ဟု မှာ​ထား​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 10,
      "text": "ထို​မှ​တစ်​ပါး သင်​တို့​သည် မည်​သည်​အိမ်​သို့​ဝင်​လျှင်၊ ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 11,
      "text": "အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 12,
      "text": "တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ နောင်​တ​တ​ရား​ကို ဟော​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 13,
      "text": "နတ်​ဆိုး​များ​ကို နှင်​ထုတ်​ကြ၏။ မ​ကျန်း​မ​မာ​သော သူ​များ​တို့​ကို ဆီ​နှင့်​လူး၍ အ​နာ​ကို ငြိမ်း​စေ​ကြ၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 14,
      "text": "ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 15,
      "text": "လူ​အ​ချို့​က၊ ဤ​သူ​သည် ဧ​လိ​ယ​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က၊ ရှေး​ပ​ရော​ဖက်​ကဲ့​သို့ ပ​ရော​ဖက်​ဖြစ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 16,
      "text": "ဟေ​ရုဒ်​သည် ကြား​လျှင်၊ ဤ​သူ​ကား ငါ၏​အ​မိန့်​နှင့် လည်​ပင်း​ကို​ဖြတ်​သော ယော​ဟန်​ဖြစ်၏။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ​ဟု ဆို​လေ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 17,
      "text": "အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ ဖိ​လိ​ပ္ပု၏ ခင်​ပွန်း​ဟေ​ရော​ဒိ​ကို သိမ်း​ယူ​သ​ဖြင့်၊ ထို​မိန်း​မ​အ​ကြောင်း​ကြောင့် စေ​လွှတ်၍ ယော​ဟန်​ကို ဖမ်း​ဆီး​ပြီး​လျှင် ထောင်​ထဲ​မှာ ချုပ်​နှောင်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က အ​ရှင်​မင်း​ကြီး​သည် ညီ​တော်၏​ခင်​ပွန်း​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား ဆို​လေ​ပြီ။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 19,
      "text": "ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 20,
      "text": "သို့​သော်​လည်း ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သော​သူ​ဖြစ်​ကြောင်း​ကို ဟေ​ရုဒ်​သည် သိ၍ သူ့​ကို ကြောက်​ရွံ့​ရို​သေ၏။ သူ့​ကို​လည်း စောင့်​မ၏။ အ​မှု​အ​ရာ​များ​တို့၌ သူ၏​စ​ကား​ကို နား​ထောင်၍ ဝမ်း​မြောက်​သော​စိတ်​နှင့်​လည်း နား​ထောင်​တတ်​သည်​ဖြစ်​သော​ကြောင့် ထို​မိန်း​မ​သည် အ​ခွင့်​မ​ရ​နိုင်။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 21,
      "text": "ထို​နောက်​မှ အ​ဆင်​သင့်​သော​အ​ခါ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ မှူး​မတ်၊ စစ်​သူ​ကြီး၊ ဂါ​လိ​လဲ​ပြည်၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​ကို ကျွေး​တော်​မူ​စဉ်​တွင်၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 22,
      "text": "ဟေ​ရော​ဒိ၏​သ​မီး​သည် ဝင်၍ က​သ​ဖြင့်၊ ဟေ​ရုဒ်​မှ​စ၍ အ​ပေါင်း​အ​ဖော်​တို့​အား နူး​ညွတ်​သော​စိတ်​ကို ဖြစ်​စေ၏။ ထို​အ​ခါ မင်း​ကြီး​က၊ သင်​သည် အ​လို​ရှိ​သ​မျှ​ကို တောင်း​လော့၊ ငါ​ပေး​မည်​ဟု ထို​မိန်း​မ​ငယ်​အား ဆို​လေ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 23,
      "text": "တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 24,
      "text": "ထို​မိန်း​မ​ငယ်​သည် ထွက်၍ အ​ဘယ်​အ​ရာ​ကို တောင်း​ရ​မည်​နည်း​ဟု သူ၏​အ​မိ​ကို​မေး​လျှင် အ​မိ​က၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို တောင်း​လော့​ဟု ပြန်​ဆို​သော်၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 25,
      "text": "ချက်​ချင်း မိန်း​မ​ငယ်​သည် မင်း​ကြီး​ထံ​သို့ အ​လျင်​တ​ဆော​ဝင်၍၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ အ​လျင်​အ​မြန်​ပေး​တော်​မူ​စေ​ခြင်း​ငှာ ကျွန်​မ အ​လို​ရှိ​ပါ​သည်​ဟု တောင်း​လျှောက်၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 26,
      "text": "မင်း​ကြီး​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း၊ ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ထောက်​သော​ကြောင့်၊ ထို​မိန်း​မ​ငယ်​ကို မ​ငြင်း​မ​ပယ်​လို၍၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 27,
      "text": "ဦး​ခေါင်း​ကို ယူ​ခဲ့​ဟု အ​မိန့်​တော်​ရှိ​လျက် လူ​စောင့်​တစ်​ယောက်​ကို ချက်​ချင်း​စေ​လွှတ်​လျှင်၊ လူ​စောင့်​သည်​သွား၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 28,
      "text": "ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ မိန်း​မ​ငယ်​သည်​လည်း သူ့​အ​မိ​ကို ပေး​လေ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 29,
      "text": "ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း ကြား​သော​အ​ခါ လာ၍​အ​လောင်း​ကို ဆောင်​သွား​ပြီး​လျှင် သင်္ချိုင်း​တွင်း၌ ထား​ကြ၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 30,
      "text": "တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 31,
      "text": "ကိုယ်​တော်​က​လည်း၊ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ လာ​ကြ။ ခ​ဏ​အား​ဖြည့်၍ ငြိမ်​သက်​စွာ နေ​ကြ​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ လူ​များ သွား​လာ​ကြ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် အ​စာ​စား​ခြင်း​ငှာ​မျှ မ​အား​နိုင်​ကြ။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 32,
      "text": "ထို​ကြောင့်၊ လှေ​စီး၍ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 33,
      "text": "သွား​ကြ​သည်​ကို လူ​များ​တို့​သည်​မြင်၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​လျှင်၊ အ​မြို့​မြို့​အ​ရွာ​ရွာ​တို့​မှ ထွက်၍ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ပြေး​သွား​သ​ဖြင့်၊ တ​မန်​တော်​တို့​အ​ရင်​ရောက်၍ အ​ထံ​တော်၌ စု​ဝေး​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 34,
      "text": "ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 35,
      "text": "မိုး​ချုပ်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 36,
      "text": "လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့ သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ သူ​တို့၌ စား​စ​ရာ​မ​ရှိ​ပါ​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 37,
      "text": "ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု ပြန်​ပြော​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် သွား၍ ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​နှင့် မုန့်​ကို​ဝယ်​ပြီး​လျှင် သူ​တို့​အား စား​စ​ရာ​ဖို့ ပေး​ရ​ပါ​အံ့​လော​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 38,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​တို့၌ မုန့်​ဘယ်​နှစ်​လုံး​ရှိ​သ​နည်း။ သွား၍ ကြည့်​ရှု​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် သိ​ပြီး​မှ၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင် ရှိ​ပါ​သည်​ဟု လျှောက်​ပြန်၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 39,
      "text": "ထို​အ​ခါ လူ​အ​ပေါင်း​တို့​ကို မြက်​စိမ်း​ပေါ်​မှာ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 40,
      "text": "သူ​တို့​သည် တစ်​ရာ​တစ်​စု၊ ငါး​ဆယ်​တစ်​စု၊ အ​စု​စု​လျောင်း​ကြ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 41,
      "text": "ကိုယ်​တော်​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍၊ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌​ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အ​ပေါင်း​တို့​အား ဝေ​ငှ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 42,
      "text": "လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 43,
      "text": "မုန့်​နှင့် ငါး​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း၊ အ​ပြည့်​ရ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 44,
      "text": "မုန့်​ကို​စား​သော​သူ ယောက်ျား​အ​ရေ​အ​တွက်​ကား၊ လူ​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 45,
      "text": "စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင် တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက် ဗက်​ဇဲ​ဒ​မြို့​သို့ အ​ရင်​ကူး​စေ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 46,
      "text": "စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ တောင်​ပေါ်​သို့ ကြွ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 47,
      "text": "ည​အ​ချိန်​ရောက်​သော​အ​ခါ လှေ​သည် အိုင်​အ​လယ်၌​ရှိ၏။ ကိုယ်​တော်​သည် ကုန်း​ပေါ်မှာ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 48,
      "text": "လေ​မ​သင့်​သော​ကြောင့် တ​ပည့်​တော်​တို့​သည် တက်​ခတ်၍ ပင်​ပန်း​ကြ​သည်​ကို မြင်​တော်​မူ၏။ ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ အိုင်​ပေါ်​မှ စက်​တော်​ဖြန့်​လျက်၊ သူ​တို့​ရှိ​ရာ​သို့​ကြွ၍ အ​နား​မှာ လျှောက်​သွား​မည် ပြု​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 49,
      "text": "ထို​သို့ အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင်၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့် အော်​ဟစ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 50,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 51,
      "text": "လှေ​ပေါ်၌ သူ​တို့​ရှိ​ရာ​သို့ တက်​တော်​မူ​လျှင် လေ​သည်​ငြိမ်​လေ၏။ ထို​သူ​တို့​သည် အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​အံ့​ဩ​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 52,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 53,
      "text": "ကမ်း​တစ်​ဖက်​သို့​ကူး​လျှင် ဂင်္နေ​သ​ရက်​နယ်​သို့​ရောက်၍ လှေ​ကို ဆိုက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 54,
      "text": "လှေ​မှ​ဆင်း​သော​အ​ခါ လူ​များ​တို့​သည် မျက်​နှာ​တော်​ကို ချက်​ချင်း​မှတ်​မိ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 55,
      "text": "ပတ်​ဝန်း​ကျင်​အ​ရပ်၌ ရှိ​သ​မျှ​သို့ ပြေး​သွား၍ မည်​သည်​အ​ရပ်၌ ရှိ​တော်​မူ​သည်​ဟု ကြား​လျှင်၊ ထို​အ​ရပ်​သို့ လူ​နာ​များ​ကို အိပ်​ရာ​နှင့် ဆောင်​ခဲ့​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 6,
      "verse": 56,
      "text": "မြို့​ရွာ​ဇ​န​ပုဒ်​သို့ ရောက်​တော်​မူ​ရာ၌ မ​ကျန်း​မ​မာ​သော​သူ​တို့​ကို လမ်း​နား​မှာ​ထား၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 1,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည် အ​ထံ​တော်၌ စု​ဝေး၍၊-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 2,
      "text": "တ​ပည့်​တော်​အ​ချို့​တို့​သည် ညစ်​ညူး​သော​လက်​တည်း​ဟူ​သော ရေ​မ​ဆေး​သော​လက်​နှင့် အ​စာ​စား​သည်​ကို​မြင်​လျှင် အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ဆံ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ယူ​သော ဖာ​ရိ​ရှဲ​မှ​စ၍ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် လက်​ဆုပ်​မ​ဆေး​ဘဲ အ​စာ​ကို စား​လေ့​မ​ရှိ။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 4,
      "text": "ဈေး​မှ ပြန်​လာ​သော​အ​ခါ၌​လည်း ဆေး​ခြင်း​မ​ပြု​ဘဲ စား​လေ့​မ​ရှိ။ ထို​မှ​တစ်​ပါး၊ ခွက်၊ ဖ​လား၊ ကြေး​ဝါ​ပန်း​ကန်၊ ခု​တင်​တို့ ဆေး​ခြင်း​မှ​စ၍ အ​ခြား​သော​ထုံး​တမ်း​များ​ကို ခံ​ယူ၍ ကျင့်​လေ့​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 5,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကိုယ်​တော်၏ တ​ပည့်​တို့​သည် မ​ကျင့်​ဘဲ​လျက် အ​ဘယ်​ကြောင့် ညစ်​ညူး​သော​လက်​နှင့် အ​စာ​စား​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း၊-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 6,
      "text": "ဟေ​ရှာ​ယ​သည် လျှို့​ဝှက်​သော​သင်​တို့​ကို ရည်​မှတ်​လျက်၊ ဤ​လူ​မျိုး​သည် နှုတ်​ခမ်း​နှင့်​ငါ့​ကို ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့်​ဝေး​လှ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 7,
      "text": "လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​ပေး​လျက်​ပင်၊ ငါ့​ကို အ​ချည်း​နှီး ကိုး​ကွယ်​ကြ၏​ဟု၊ နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 8,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို ပယ်၍ ခွက်​ဖ​လား​ဆေး​ခြင်း​တည်း​ဟူ​သော လူ​တို့​မှ ဆက်​ခံ​သော​နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ယူ​လျက်၊ ထို​သို့​သော အ​ခြား အ​ကျင့်​အ​လေ့​များ​တို့​ကို ကျင့်​လေ့​ရှိ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 9,
      "text": "သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကျင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို လျောက်​ပတ်​စွာ ပယ်​ကြ​သည်​တ​ကား။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 10,
      "text": "မော​ရှေ၏ ပ​ညတ်​ကား၊ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ အ​ကြင်​သူ​သည် မိ​ဘ​ကို နှုတ်​ဖြင့်​ပြစ်​မှား၏၊ ထို​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ဟု လာ​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 11,
      "text": "သင်​တို့​မူ​ကား၊ အ​ကြင်​သူ​သည် ကိုယ်​မိ​ဘ​ကို သင်​တို့​အ​သုံး​ရ​နိုင်​သ​မျှ​သော ငါ၏​ဥ​စ္စာ​သည် အ​လှူ​ဝ​တ္ထု​တည်း​ဟူ​သော ကော်​ဘန်​ဖြစ်​စေ​ဟု ဆို၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 12,
      "text": "ထို​သူ​သည် မိ​ဘ​ဝတ်​ကို အ​လျှင်း​မ​ပြု​ရ​ဟု မြစ်​တား၍၊-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 13,
      "text": "မိ​မိ​တို့ အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ၏။ ထို​သို့​သော အ​ကျင့်​အ​လေ့​များ​တို့​ကို သင်​တို့​သည် ကျင့်​လေ့​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 14,
      "text": "ထို​အ​ခါ လူ​အ​စု​အ​ဝေး​အ​ပေါင်း​ကို အ​ထံ​တော်​သို့​ခေါ်၍၊ သင်​တို့​ရှိ​သ​မျှ​သည် နား​ထောင်​နား​လည်​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 15,
      "text": "လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့​ဝင်​လျက်၊ လူ​ကို ညစ်​ညူး​စေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ လူ​အ​တွင်း​မှ ထွက်​သော​အ​ရာ​သည် လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 16,
      "text": "ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 17,
      "text": "လူ​အ​စု​အ​ဝေး​ရှိ​ရာ​မှ ကြွ၍ အိမ်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​သည် ထို​ဥ​ပ​မာ​ကို မေး​မြန်း​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 18,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ဤ​မျှ​လောက် ပ​ညာ​မဲ့​လျက် နေ​သ​လော။ လူ​ပြင်​မှ​လာ၍ လူ​အ​တွင်း​သို့ ဝင်​သ​မျှ​သည် နှ​လုံး​ထဲ​သို့​မ​ဝင်။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 19,
      "text": "ဝမ်း​ထဲ​သို့​ဝင်၍ အ​စာ​ရှိ​သ​မျှ​ကို သန့်​ရှင်း​စေ​သ​ဖြင့် ရေ​အိမ်​တွင် ဆင်း​သွား​သော​ကြောင့်၊ လူ​ကို မ​ညစ်​ညူး​စေ​နိုင်​သည်​ကို နား​မ​လည်​ကြ​သ​လော။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 20,
      "text": "လူ​အ​တွင်း​မှ​ထွက်​သော အ​ရာ​မူ​ကား၊ လူ​ကို ညစ်​ညူး​စေ​သော​အ​ရာ ဖြစ်၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 21,
      "text": "လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 22,
      "text": "သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 23,
      "text": "ဤ​ဆိုး​ညစ်​သော အ​ရာ​များ​တို့​သည် အ​တွင်း​မှ​ထွက်​လာ၍ လူ​ကို ညစ်​ညူး​စေ​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 24,
      "text": "ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထ၍ တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​ပြီး​လျှင် အိမ်​သို့​ဝင်၍ အ​ဘယ်​သူ​မျှ မ​သိ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သော်​လည်း ပုန်း​ရှောင်၍ နေ​တော်​မ​မူ​နိုင်။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 25,
      "text": "အ​ကြောင်း​မူ​ကား၊ ညစ်​ညူး​သော​နတ်​စွဲ​သော မိန်း​မ​ငယ်၏ အ​မိ​သည် သ​တင်း​တော်​ကို ကြား​သ​ဖြင့်၊ လာ၍​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 26,
      "text": "မိ​မိ​သ​မီး​ထဲ​က နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။ ထို​မိန်း​မ​ကား၊ ဟေ​လ​သ​အ​မျိုး၊ ရှု​ရိ​ဖိ​နိတ်​ပြည်​သူ ဖြစ်​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 27,
      "text": "ယေ​ရှု​က​လည်း၊ ရှေ့​ဦး​စွာ သား​များ​ကို ဝ​စွာ​ကျွေး​ပါ​ရ​စေ။ သား၏​အ​စာ​ကို​ယူ၍ ခွေး​အား​မ​ပေး​မ​ချ​အပ်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 28,
      "text": "မိန်း​မ​က​လည်း မှန်​ပါ၏​သ​ခင်။ ခွေး​မည်​သည်​ကား၊ သား​တို့၏ စား​နုပ်​စား​ပေါက်​ကို စား​ပွဲ​အောက်၌ စား​မြဲ​ထုံး​စံ​ရှိ​ပါ​သည်​ဟု ပြန်၍ လျှောက်​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 29,
      "text": "ကိုယ်​တော်​က၊ ထို​စ​ကား​ကြောင့် သင်​သွား​လော့။ နတ်​ဆိုး​သည် သင်၏​သ​မီး​ထဲ​မှ ထွက်​သွား​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 30,
      "text": "ထို​မိန်း​မ​သည် မိ​မိ​အိမ်​သို့​ပြန်၍ နတ်​ဆိုး ထွက်​သွား​သည်​ကို​လည်း​ကောင်း၊ သ​မီး​သည် အိပ်​ရာ၌ အိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့၏။"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 31,
      "text": "တစ်​ဖန် ကိုယ်​တော်​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့၏ ကျေး​လက်​မှ​ထွက်၍ ဒေ​ကာ​ပေါ​လိ​ပြည်​နယ်​ကို လျှောက်​သွား​သ​ဖြင့်၊ ဂါ​လိ​လဲ​အိုင်​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 32,
      "text": "ထို​အ​ခါ နား​ပင်း၍ စ​ကား​အ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊ သူ့​အ​ပေါ်​မှာ လက်​တော်​ကို တင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 33,
      "text": "ကိုယ်​တော်​သည် ထို​သူ​ကို လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍၊ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ လက်​ညှိုး​တော်​ကို သူ၏​နား​ပေါက်၌ သွင်း​တော်​မူ၏။ တံ​တွေး​နှင့် ထွေး၍ သူ၏​လျှာ​ကို​လည်း တို့​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 34,
      "text": "ထို​နောက် ကောင်း​ကင်​သို့ ကြည့်​မျှော်၍ ညည်း​တွား​သံ​ကို​ပြု​လျက်၊ ဧ​ဖ​သ​ဟု မိန့်​တော်​မူ၏။ အ​နက်​ကား၊ ပွင့်​စေ​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 35,
      "text": "ထို​ခ​ဏ​ချင်း​တွင် သူ​သည် နား​ပွင့်​ခြင်း၊ လျှာ​ကြော​လွတ်​ခြင်း​ရှိ​သ​ဖြင့် စ​ကား​ပြီ​ပြီ​ပြော​နိုင်၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 36,
      "text": "ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 7,
      "verse": 37,
      "text": "အ​တိုင်း​ထက်​အ​လွန် မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ သူ​သည် အ​လုံး​စုံ​တို့​ကို လျောက်​ပတ်​စွာ ပြု​တော်​မူ​ပြီ။ နား​ပင်း​သော​သူ​တို့​ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စ​ကား​ပြော​စေ​တော်​မူ​ပြီ​ဟု ဆို​ကြ၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 1,
      "text": "ထို​အ​ခါ စု​ဝေး​သော​သူ​အ​လွန်​များ၍ စား​စ​ရာ​မ​ရှိ​လျှင်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ကို ခေါ်၍၊-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 2,
      "text": "ဤ​လူ​များ​ကို ငါ​သ​နား၏။ သုံး​ရက်​ပတ်​လုံး ငါ​နှင့်​အ​တူ ရှိ​ကြ​ပြီ။ စား​စ​ရာ​အ​လျှင်း မ​ရှိ။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 3,
      "text": "အ​ချို့​တို့​သည် အ​ဝေး​က​လာ​သည်​ဖြစ်၍၊ အ​စာ​မ​စား​မီ သူ​တို့​အိမ်​သို့ ငါ​လွှတ်​လျှင် လမ်း​ခ​ရီး၌ မော​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 4,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ ဤ​တော​အ​ရပ်၌ ဤ​သူ​တို့​ကို အ​ဘယ်​သို့ ဝ​စွာ​ကျွေး​နိုင်​ပါမည်​နည်း​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 5,
      "text": "ကိုယ်​တော်​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 6,
      "text": "ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။ မုန့်​ခု​နစ်​လုံး​ကို​လည်း ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် ထည့်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 7,
      "text": "အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး​လည်း ရှိ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 8,
      "text": "ထို​သူ​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ ခု​နစ်​တောင်း​အ​ပြည့် ရ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 9,
      "text": "စား​သော​သူ အ​ရေ​အ​တွက်​ကား၊ လူ​လေး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ ထို​သူ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 10,
      "text": "တ​ပည့်​တော်​တို့​နှင့်​တ​ကွ လှေ​ထဲ​သို့ ချက်​ချင်း​ဝင်၍၊ ဒါ​လ​မ​နု​သ​ကျေး​လက်​သို့ ရောက်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 11,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​လာ၍ ကိုယ်​တော်​နှင့် ဆွေး​နွေး​ငြင်း​ခုံ​သည်​တွင် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 12,
      "text": "ကိုယ်​တော်​သည် စိတ်​နှ​လုံး​ညည်း​တွား​သံ​ကို ပြု​တော်​မူ​လျက်၊ ဤ​လူ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမ​ပြ​ရ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 13,
      "text": "ထို​သူ​တို့ ရှိ​ရာ​မှ​ထွက်၍ တစ်​ဖန် လှေ​ထဲ​သို့ ဝင်​ပြီး​လျှင် ကမ်း​တစ်​ဖက်​သို့ ပြန်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 14,
      "text": "တ​ပည့်​တော်​တို့​သည် မုန့်​ကို​ယူ​ခြင်း​ငှာ မေ့​လျော့​ကြ​သ​ဖြင့်၊ လှေ​ပေါ်​မှာ သူ​တို့၌ မုန့်​တစ်​လုံး​တည်း​သာ ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 15,
      "text": "ကိုယ်​တော်​က​လည်း၊ ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို​လည်း​ကောင်း၊ ဟေ​ရုဒ်၏ တ​ဆေး​ကို​လည်း​ကောင်း၊ သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု ပ​ညတ်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 16,
      "text": "တ​ပည့်​တော်​တို့​ကို​လည်း၊ ငါ​တို့၌ မုန့်​မ​ပါ​သော​ကြောင့် ဤ​စ​ကား​ကို မိန့်​တော်​မူ​သည်​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 17,
      "text": "ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ သင်​တို့၌ မုန့်​မ​ပါ​သည်​ကို ထောက်၍ အ​ဘယ်​ကြောင့်​အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ​သ​နည်း။ ယ​ခု​တိုင်​အောင် နှ​လုံး​မ​သွင်း၊ နား​မ​လည်​ကြ​သ​လော။ သင်​တို့ စိတ်​နှ​လုံး မိုက်​သေး​သ​လော။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 18,
      "text": "မျက်​စိ​ရှိ​လျက်​ပင် မ​မြင်၊ နား​ရှိ​လျက်​ပင် မ​ကြား၊ စိတ်​မ​အောက်​မေ့​ဘဲ နေ​ကြ​သ​လော။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 19,
      "text": "မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​အား ငါ​ဖဲ့​သော​အ​ခါ အ​ကျိုး​အ​ပဲ့​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ တစ်​ဆယ်​နှစ်​တောင်း ကောက်​သိမ်း​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 20,
      "text": "မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​အား ငါ​ဖဲ့​သော​အ​ခါ အ​ကျိုး​အ​ပဲ့ ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ခု​နစ်​တောင်း ကောက်​သိမ်း​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 21,
      "text": "သို့​ဖြစ်​လျှင်၊ သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့ နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 22,
      "text": "ဗက်​ဇဲ​ဒ​မြို့​သို့ ရောက်​တော်​မူ​လျှင်၊ လူ​ကန်း​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ထို​သူ​ကို တို့​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 23,
      "text": "ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 24,
      "text": "ထို​သူ​သည် ကြည့်​မျှော်​လျှင်၊ လူ​တို့​သည် သစ်​ပင်​ကဲ့​သို့​ဖြစ်၍ လှမ်း​သွား​သည်​ကို အ​ကျွန်ုပ် မြင်​ပါ​သည်​ဟု လျှောက်၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 25,
      "text": "နောက်​တစ်​ဖန် သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ​လျှင်၊ သူ​သည် ပ​က​တိ​အ​ဖြစ်​သို့ ရောက်၍ အ​လုံး​စုံ​တို့​ကို ရှင်း​လင်း​စွာ​မြင်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 26,
      "text": "ကိုယ်​တော်​က​လည်း၊ မြို့​ထဲ​သို့​မ​ဝင်​နှင့်။ မြို့၌ အ​ဘယ်​သူ​ကို​မျှ မ​ပြော​နှင့်​ဟု မိန့်​တော်​မူ၍ သူ့​ကို မိ​မိ​နေ​ရာ​သို့ လွှတ်​လိုက်​လေ၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 27,
      "text": "ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ တ​ပည့်​တော်​တို့​နှင့်​တ​ကွ ကြွ​တော်​မူ​စဉ်၊ လမ်း​ခ​ရီး၌ လူ​များ​တို့​သည် ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည်​ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 28,
      "text": "လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ပ​ရော​ဖက်​တစ်​ပါး​ပါး ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 29,
      "text": "သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 30,
      "text": "ကိုယ်​တော်၏​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 31,
      "text": "ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​စ​ပြု​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 32,
      "text": "ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 33,
      "text": "ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​လျက်၊ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟူ၍ ပေ​တ​ရု​ကို ဆုံး​မ​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 34,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​နှင့် ပ​ရိသတ်​များ​ကို ခေါ်​တော်​မူ​ပြီး​လျှင်၊ အ​ကြင်​သူ​သည် ငါ၌​ဆည်း​ကပ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 35,
      "text": "အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 36,
      "text": "လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 37,
      "text": "မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 8,
      "verse": 38,
      "text": "မျောက်​မ​ထား​သော ဤ​လူ​မျိုး​ဆိုး​တွင် အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​သော​အ​ခါ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 1,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် တန်​ခိုး​နှင့်​တ​ကွ တည်​ကြောင်း​ကို ဤ​အ​ရပ်၌ ရှိ​သော​သူ အ​ချို့​တို့​သည် မ​မြင်​မီ​သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 2,
      "text": "ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို ခေါ်၍၊ အ​ခြား​သူ​မ​ပါ​ဘဲ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။ သူ​တို့​ရှေ့၌ ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 3,
      "text": "အ​ဝတ်​တော်​လည်း ပြောင်​လက်​လျက်၊ ဤ​မြေ​ပေါ်၌ အ​ဘယ်​ခ​ဝါ​သည်​မျှ မ​တတ်​နိုင်​အောင် မိုး​ပွင့်​ကဲ့​သို့ အ​လွန်​ဖြူ​လျက်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 4,
      "text": "မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ယေ​ရှု​နှင့်​အ​တူ စ​ကား​ပြော​လျက်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 5,
      "text": "ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 6,
      "text": "တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 7,
      "text": "ထို​အ​ခါ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 8,
      "text": "ထို​ခ​ဏ​ချင်း​တွင် တ​ပည့်​တော်​တို့​သည် ပတ်​လည်​သို့​ကြည့်​ရှု​လျှင်၊ မိ​မိ​တို့​နှင့်​အ​တူ ယေ​ရှု​တစ်​ယောက်​တည်း​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​ကြ။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 9,
      "text": "တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင် သင်​တို့ ယ​ခု​မြင်​သော​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 10,
      "text": "တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို မှတ်​မိ၍ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​မေး​မြန်း​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 11,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 12,
      "text": "ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 13,
      "text": "ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ​သည် ရောက်​လေ​ပြီ။ သူ၏​အ​ကြောင်း​ကို ကျမ်း​စာ၌​ရေး​ထား​သည်​အ​တိုင်း လူ​များ​သည် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 14,
      "text": "တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ရောက်​တော်​မူ​သော​အ​ခါ များ​စွာ​သော လူ​အ​စု​အ​ဝေး​သည် သူ​တို့​ကို​ဝိုင်း​လျက်၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​ကြ​သည်​ကို မြင်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 15,
      "text": "စု​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း အံ့​ဩ​မိန်း​မော​ခြင်း​ရှိ​လျက် အ​ထံ​တော်​သို့ ပြေး၍ နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 16,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် သူ​တို့​နှင့် အ​ဘယ်​သို့ ဆွေး​နွေး​မေး​မြန်း​ကြ​သ​နည်း​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​ကို မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 17,
      "text": "လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 18,
      "text": "နတ်​သည် ဖမ်း​စား​လေ​ရာ​ရာ၌ သူ့​ကို​မြေ​ပေါ်​မှာ လှဲ၍၊ သူ​သည်​လည်း ခံ​တွင်း​မှ အ​မြှုပ်​ထွက်​လျက်၊ အံ​သွား​ခဲ​ကြိတ်​လျက်၊ ပိန်​ခြောက်​လျက် နေ​ရ​ပါ၏။ ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​လျှောက်၍ သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု လျှောက်​သော်၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 19,
      "text": "ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 20,
      "text": "ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 21,
      "text": "ကိုယ်​တော်​က​လည်း၊ ဤ​သို့​ဖြစ်​သည်​ကား၊ အ​ဘယ်​မျှ​လောက် ကြာ​ပြီ​နည်း​ဟု သူ​ငယ်၏​အ​ဘ​အား မေး​တော်​မူ​လျှင်၊ အ​ဘ​က၊ ငယ်​သော အ​ရွယ်​က​ပင် ဖြစ်​ပါ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 22,
      "text": "သူ​ငယ်​ကို သေ​စေ​ခြင်း​ငှာ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း အ​ကြိမ်​ကြိမ် လဲ​စေ​တတ်၏။ သို့​သော်​လည်း ကိုယ်​တော်​သည် တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​ကို သ​နား၍ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 24,
      "text": "သူ​ငယ်၏​အ​ဘ​သည် ချက်​ချင်း​ဟစ်​ကြော်၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏ သ​ခင်။ မ​ယုံ​ကြည်​သည်​ကို မ​စ​တော်​မူ​ပါ​ဟု မျက်​ရည်​နှင့် လျှောက်​ပြန်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 25,
      "text": "ထို​အ​ခါ လူ​များ​တို့​သည် စု​ဝေး​လျက် ပြေး​လာ​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​လျှင်၊ နား​ပင်း၍ စ​ကား​အ​သော​နတ်၊ သူ​ငယ်​မှ​ထွက်​လော့၊ နောက်​တစ်​ဖန်​မ​ဝင်​နှင့် ငါ​အ​မိန့်​ရှိ၏​ဟု ထို​ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ မိန့်​တော်​မူ​သ​ဖြင့်၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 26,
      "text": "နတ်​သည် အော်​ဟစ်၍ အ​လွန်​တောင့်​မာ​စေ​ပြီး​မှ ထွက်​သွား၏။ သူ​ငယ်​သည် သေ​သ​ကဲ့​သို့​ဖြစ်၏။ သေ​ပြီ​ဟု လူ​များ​ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 27,
      "text": "ယေ​ရှု​သည် သူ၏​လက်​ကို​ကိုင်၍ ချီ​ကြွ​တော်​မူ​သ​ဖြင့် သူ​သည်​ထ​လေ၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 28,
      "text": "အိမ်​သို့ ဝင်​တော်​မူ​ပြီး​မှ တ​ပည့်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု တိတ်​ဆိတ်​စွာ မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 29,
      "text": "ကိုယ်​တော်​က၊ ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့် ထို​နတ်​မျိုး​သည် မ​ထွက်​နိုင်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 30,
      "text": "ထို​အ​ရပ်​မှ​ထွက်၍ ဂါ​လိ​လဲ​ပြည်​အ​လယ်၌ လျှောက်​သွား​ကြ​စဉ်​တွင် အ​ဘယ်​သူ​မျှ သိ​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 31,
      "text": "အ​ကြောင်း​မူ​ကား၊ လူ​သား​သည် လူ​တို့​လက်​သို့ အပ်​နှံ​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 32,
      "text": "ခံ​ပြီး​မှ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​အ​ကြောင်း​များ​ကို သူ​တို့​သည် နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို မ​မေး​မ​လျှောက်​ဝံ့​ကြ။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 33,
      "text": "က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ အိမ်၌​ရှိ​တော်​မူ​လျှင်၊ သင်​တို့​သည် လမ်း၌ အ​ဘယ်​အ​မှု​ကို အ​ချင်း​ချင်း ငြင်း​ခုံ​ကြ​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 34,
      "text": "သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘယ်​သူ​သည် သာ၍ ကြီး​မြတ်​အံ့​နည်း​ဟု လမ်း၌ အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 35,
      "text": "ထို​အ​ခါ ကိုယ်​တော်​သည် ထိုင်​လျက် တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ၍၊ အ​ရင်​အ​ဦး​ဖြစ်​လို​သော​သူ မည်​သည်​ကား နောက်​ဆုံး​ဖြစ်​ရ​မည်။ အ​လုံး​စုံ​တို့၏ အ​စေ​ခံ​လည်း ဖြစ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 36,
      "text": "သူ​ငယ်​တစ်​ယောက်​ကို​လည်း​ယူ၍ သူ​တို့​အ​လယ်၌ ထား​ပြီး​မှ လက်​တော်​နှင့် ချီ​ပိုက်​လျက်၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 37,
      "text": "အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏။ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။ ငါ့​ကို​လက်​ခံ​သော သူ​သည်​လည်း ငါ့​ကို​သာ လက်​ခံ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို​ပင် လက်​ခံ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 38,
      "text": "ယော​ဟန်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​ဘဲ​လျက် ကိုယ်​တော်၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သော​သူ​တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ၏။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​သော​ကြောင့် အ​ကျွန်ုပ်​တို့​သည် မြစ်​တား​ကြ​ပါ​သည်​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 39,
      "text": "ယေ​ရှု​က၊ ထို​သူ​ကို မ​မြစ်​တား​ကြ​နှင့်။ ငါ့​နာ​မ​ကို အ​မှီ​ပြု​လျက် တန်​ခိုး​ကို​ပြ၍ ငါ့​ကို​အ​လွယ်​တ​ကူ ကဲ့​ရဲ့​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 40,
      "text": "သင်​တို့၏​ရန်​သူ​ဘက်၌ မ​ရှိ​သော​သူ​သည် သင်​တို့​ဘက်၌ ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 41,
      "text": "သင်​တို့​သည် ခ​ရစ်​တော်​နှင့် ဆိုင်​သည်​ဟု ငါ့​မျက်​နှာ​ကို​ထောက်၍ အ​ကြင်​သူ​သည် သင်​တို့​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို၏။"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 42,
      "text": "ငါ့​ကို​ယုံ​ကြည်​သော ဤ​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို အ​ကြင်​သူ​သည် မှား​ယွင်း​စေ၏။ ထို​သူ​သည် လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို ဆွဲ၍ ပင်​လယ်၌​ချ​ခြင်း​ကို​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 43,
      "text": "သင်၏​လက်​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် လက်​ကို​ဖြတ်​လော့။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 44,
      "text": "ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​အ​တွင်း​မ​ငြိမ်း​နိုင်​သော မီး​ထဲ​သို့ လက်​နှစ်​ဖက်​စုံ​နှင့် ဝင်​ရ​သည်​ထက်၊ လက်​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့​ဝင်​စား​သော် သာ၍​ကောင်း၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 45,
      "text": "သင်၏​ခြေ​သည် သင့်​ကို​မှား​ယွင်း​စေ​လျှင် ခြေ​ကို​ဖြတ်​လော့။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 46,
      "text": "ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​အ​တွင်း မ​ငြိမ်း​နိုင်​သော​မီး​ထဲ​သို့ ခြေ​နှစ်​ဖက်​စုံ​နှင့်​ချ​ခြင်း​ကို ခံ​ရ​သည်​ထက်၊ ခြေ​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 47,
      "text": "သင်၏​မျက်​စိ​သည်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် မျက်​စိ​ကို​ထုတ်​လော့။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 48,
      "text": "ပိုး​မ​သေ၊ မီး​မ​ငြိမ်း​ရာ၊ င​ရဲ​မီး​ထဲ​သို့ မျက်​စိ​နှစ်​ဖက်​စုံ​နှင့်​ချ​ခြင်း​ကို ခံ​ရ​သည်​ထက်၊ မျက်​စိ​တစ်​ဖက်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 49,
      "text": "ယဇ်​ကောင်​ရှိ​သ​မျှ​တို့၌ ဆား​ခတ်​ရ​သ​ကဲ့​သို့ ခပ်​သိမ်း​သော​သူ​တို့​သည် မီး​ဆား​ခတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။-"
    },
    {
      "book": 41,
      "chapter": 9,
      "verse": 50,
      "text": "ဆား​သည်​ကောင်း၏။ သို့​သော်​လည်း အ​ငန်​ကင်း​ပျောက်​လျှင်၊ ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ သင်​တို့၌ ဆား​ရှိ​စေ​ကြ​လော့။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 1,
      "text": "ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 2,
      "text": "ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ လူ​သည် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 3,
      "text": "ယေ​ရှု​က၊ မော​ရှေ​သည် သင်​တို့​အား အ​ဘယ်​သို့ စီ​ရင်​သ​နည်း​ဟု လှန်၍ မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 4,
      "text": "သူ​တို့​က၊ ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့် ကွာ​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 5,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မော​ရှေ​သည် ထို​ပ​ညတ်​ကို ရေး​ထား​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​စ​က ယောက်ျား​နှင့် မိန်း​မ နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 7,
      "text": "ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 8,
      "text": "ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ် တစ်​ဦး​တည်း​ဖြစ်၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 9,
      "text": "ဘု​ရား​သ​ခင် တွဲ​ဖက်၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 10,
      "text": "နောက်​တစ်​ဖန် တ​ပည့်​တော်​တို့​သည် အိမ်၌​ရှိ​စဉ်၊ ထို​အ​ကြောင်း​ကို မေး​လျှောက်​ပြန်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 11,
      "text": "ကိုယ်​တော်​က​လည်း၊ အ​ကြင်​သူ​သည် မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြ၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 12,
      "text": "မိန်း​မ​သည်​လည်း မိ​မိ​လင်​နှင့်​ကွာ၍ အ​ခြား​သော​ယောက်ျား​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျှင် မှား​ယွင်း​ခြင်း​သို့ ရောက်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 13,
      "text": "ထို​အ​ခါ သူ​ငယ်​တို့​ကို လက်​တော်​နှင့် တို့​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍၊ တ​ပည့်​တော်​တို့​သည် ဆောင်​ခဲ့​သော​သူ​တို့​ကို အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 14,
      "text": "ယေ​ရှု​သည် မြင်​တော်​မူ​လျှင် အ​မျက်​တော်​ထွက်၍၊ ထို​သူ​ငယ်​တို့​ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 15,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 16,
      "text": "သူ​ငယ်​တို့​ကို ချီ​ပိုက်၍ သူ​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက် ကောင်း​ချီး​ပေး​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 17,
      "text": "လမ်း​မှာ​ကြွ​တော်​မူ​စဉ်​တွင် လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ပြေး၍ ဒူး​ထောက်​လျက်၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 18,
      "text": "ယေ​ရှု​က၊ ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့် ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 19,
      "text": "သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ သူ့​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့် မ​သိမ်း​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 20,
      "text": "အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 21,
      "text": "ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 22,
      "text": "ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် မျက်​နှာ​ပျက်၍ စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏​ဟု ပတ်​လည်​သို့​ကြည့်​ရှု၍ တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 24,
      "text": "တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သား​တို့၊ မိ​မိ​ဥ​စ္စာ​ကို မှီ​ခို​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 25,
      "text": "ကု​လား​အုတ်​သည် အပ်​န​ဖား​ကို​လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 26,
      "text": "ထို​သူ​တို့​သည် သာ၍​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 27,
      "text": "ယေ​ရှု​က​လည်း၊ သူ​တို့​ကို​ကြည့်​ရှု၍၊ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်​သော်​လည်း၊ ဘု​ရား​သ​ခင် မ​တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 28,
      "text": "ထို​အ​ခါ၊ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 29,
      "text": "ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 30,
      "text": "ထို​သူ​သည် အ​ဆ​တ​ရာ​သော အ​ကျိုး​တည်း​ဟူ​သော ယ​ခု​ကာ​လ၌ ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ အ​မိ၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 31,
      "text": "နောက်​ကျ​သော​သူ​အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 32,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား​ကြ​ရာ၊ လမ်း​မှာ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ရှေ့၌ ကြွ​တော်​မူ​စဉ်၊ သူ​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​သော​စိတ်​နှင့် လိုက်​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​တို့​ကို တစ်​ဖန်​ခေါ်၍၊ ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 33,
      "text": "လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 34,
      "text": "သူ​တို့​သည်​လည်း လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ၍ မိ​မိ​ကိုယ်၌​ရောက်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 35,
      "text": "ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​တောင်း​သော ဆု​ကျေး​ဇူး​ကို ပြု​တော်​မူ​စေ​ချင်​ပါ​သည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 36,
      "text": "ကိုယ်​တော်​က၊ ငါ​သည်​သင်​တို့​ကို အ​ဘယ်​သို့ ပြု​စေ​ချင်​သ​နည်း​ဟု မေ​တော်​မူ​သော်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 37,
      "text": "ကိုယ်​တော်​သည် ဘုန်း​ပွင့်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​သည် လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 38,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​သော​ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 39,
      "text": "အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က၊ ငါ​သောက်​သော​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 40,
      "text": "သို့​သော်​လည်း ငါ့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်၏၊ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 41,
      "text": "အ​ခြား​သော တ​ပည့်​တော်​တစ်​ကျိပ်​တို့​သည် ကြား​သိ​လျှင်၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို အ​မျက်​ထွက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 42,
      "text": "ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့​သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 43,
      "text": "သင်​တို့​မူ​ကား၊ ထို​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​သည် သင်​တို့​အ​စေ​ခံ ဖြစ်​ရ​မည်။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 44,
      "text": "သင်​တို့​တွင် အ​ထွဋ်​အ​မြတ်​လုပ်​ချင်​သော​သူ​သည်​လည်း အ​လုံး​စုံ​တို့၏​စေ​ခိုင်း​ရာ ကျွန်​ဖြစ်​ရ​မည်။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 45,
      "text": "အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 46,
      "text": "ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​လျှင်၊ တ​ပည့်​တော်​တို့​မှ​စ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထို​မြို့​မှ ထွက်​ကြွ​တော်​မူ​စဉ်​တွင်၊ တိ​မဲ၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော လူ​ကန်း​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 47,
      "text": "နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 48,
      "text": "ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​များ​တို့​သည် ငေါက်၍​ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​လေ​သော်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 49,
      "text": "ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 50,
      "text": "ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို ပစ်​ချ​ထား​ပြီး​လျှင်၊ ထ၍ ယေ​ရှု​ထံ​တော်​သို့​သွား၏။-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 51,
      "text": "ယေ​ရှု​က​လည်း၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 10,
      "verse": 52,
      "text": "အ​ရှင်​ဘု​ရား အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လူ​ကန်း​လျှောက်​လေ​သော်၊ ယေ​ရှု​က၊ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ လမ်း၌​နောက်​တော်​သို့ လိုက်​လေ၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 1,
      "text": "ယေ​ရု​ရှ​လင်​မြို့​နှင့် အ​နီး​သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှ​င့် ဗေ​သ​နိ​ရွာ​သို့ ရောက်​ကြ​သေ​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 2,
      "text": "သင်​တို့​ရှေ့၌ ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့​ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို ဖြည်၍ ဆောင်​ခဲ့​ကြ။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 3,
      "text": "သူ​တစ်​ပါး​က၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သင်​တို့​အား​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ထိုသူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 4,
      "text": "တ​ပည့်​တော်​တို့​သည် သွား၍ လမ်း၌​တံ​ခါး​ပြင်​မှာ ချည်​ထား​သော မြည်း​က​လေး​ကို တွေ့​ပြီး​လျှင် မြည်း​ကြိုး​ကို ဖြည်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 5,
      "text": "ထို​အ​ရပ်၌ ရပ်​နေ​သောသူ​အ​ချို့​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြည်​သ​နည်း​ဟု ဆို​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 6,
      "text": "ယေ​ရှု​မှာ​ထား​တော်​မူ​သည်​အ​တိုင်း တ​ပည့်​တော်​တို့​သည် ပြန်​ပြော​ပြီး​မှ ထို​သူ​တို့​သည် အ​ခွင့်​ပေး​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 7,
      "text": "ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို​ဆောင်​ခဲ့၍ မိ​မိ​တို့​အ​ဝတ်​ကို မြည်း​ကျော​ပေါ်​မှာ တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 8,
      "text": "လူ​များ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌ ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 9,
      "text": "ရှေ့​နောက် လိုက်​သွား​သော​သူ​တို့​က၊ ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 10,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ယ​ခု​တည်​လု​သော ငါ​တို့​အ​ဘ​ဒါ​ဝိဒ်၏ နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 11,
      "text": "ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဗိ​မာန်​တော်​သို့​လည်း​ကောင်း ဝင်၍ အ​ရာ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​ပြီး​လျှင် မိုး​ချုပ်​သော​ကြောင့် တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​နှင့်​တ​ကွ ဗေ​သ​နိ​ရွာ​သို့ ထွက်​ကြွ​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 12,
      "text": "နက်​ဖြန်​နေ့၌ ဗေ​သ​နိ​ရွာ​မှ ပြန်​ကြ​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 13,
      "text": "အ​ရွက်​နှင့်​ပြည့်​စုံ​သော သင်္ဘော​သ​ဖန်း​ပင်​ကို အ​ဝေး​က​မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​သီး ဆွတ်​သော​အ​ချိန်​ကာ​လ မ​ရောက်​သေး​သော​ကြောင့်၊ ထို​အ​ပင်၌ အ​သီး​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ကြွ​သွား၍ ရောက်​သော​အ​ခါ၊ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 14,
      "text": "ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၏​အ​သီး​ကို အ​ဘယ်​သူ​မျှ​မ​စား​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ကြား​ကြ၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 15,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ကြသော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်၍ ပွဲ​စား​ခုံ​တို့​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ၍၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 16,
      "text": "ဗိ​မာန်​တော်​အထဲ၌ အ​ဆောက်​အ​ဦး​ကို အ​ဘယ်​သူ​မျှ မ​ဆောင်​မ​ရွက်​ရ​မည်​အ​ကြောင်း မြစ်​တား​တော်​မူ​လျက်၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 17,
      "text": "ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 18,
      "text": "ကျမ်း​ပြု​ဆ​ရာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ကြား​လျှင်၊ ကိုယ်​တော်​ကို သတ်​ရ​သော​အ​ခွင့်​ကို ရှာ​ကြံ​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အံ့​ဩ​မိန်း​မော​သော​ကြောင့်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 19,
      "text": "ည​အ​ချိန်​ရောက်​သော​အ​ခါ မြို့​ပြင်​သို့​ထွက်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 20,
      "text": "နံ​နက်​အ​ချိန်​တွင် လမ်း၌​သွား​ကြ​စဉ်၊ သင်္ဘော​သ​ဖန်း​ပင်​သည် အ​မြစ်​မှ​စ၍ သွေ့​ခြောက်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 21,
      "text": "ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 22,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 23,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 24,
      "text": "ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 25,
      "text": "သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 26,
      "text": "သင်​တို့​သည် သူ့​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 27,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့ တစ်​ဖန်​ရောက်​ကြ​ပြီး​မှ ဗိ​မာန်​တော်​တွင် စင်္ကြံ​သွား​တော်​မူ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 28,
      "text": "ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့်​ပြု​သ​နည်း။ ဤ​သို့​ပြုရ​သော​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 29,
      "text": "ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့ ဖြေ​ကြ​လော့။ ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 30,
      "text": "ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် ဘု​ရား​က​ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော။ ဤ​အ​မေး​ကို ဖြေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 31,
      "text": "ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်​ကြ၍၊ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည်​ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 32,
      "text": "လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ လူ​များ​ကို​ကြောက်​ရ၏။ ယော​ဟန်​သည် ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် အ​ယူ​ရှိ​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 11,
      "verse": 33,
      "text": "အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ယေ​ရှု​အား ပြန်​ပြော​ကြ၏။ ယေ​ရှု​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​မ​ပြော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 1,
      "text": "ထို​အ​ခါ ဥ​ပ​မာ​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး၍၊ စောင်​ရန်း​ကို လုပ်​ပြီး​မှ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို တူး​လေ၏။ မှီ​ခို​ရာ လင့်​စင်​ကို​လည်း ဆောက်​လေ၏။ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍၊ အ​ခြား​သော​ပြည်​သို့ သွား​လေ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 2,
      "text": "ကာ​လ​အ​ချိန်​တန်​လျှင်၊ လုပ်​ဆောင်​သော​သူ​တို့ လက်​မှ စ​ပျစ်​သီး​ကို​ခံ​စေ​ခြင်း​ငှာ သူ​တို့​ရှိ​ရာ​သို့ ငယ်​သား​ကို စေ​လွှတ်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 3,
      "text": "ထို​သူ​တို့​သည် ငယ်​သား​ကို​ဖမ်း​ဆီး၍ ရိုက်​ပြီး​မှ လက်​ချည်း လွှတ်​လိုက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 4,
      "text": "နောက်​တစ်​ဖန် အ​ခြား​သော ငယ်​သား​ကို သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် ခဲ​နှင့်​ပစ်​သ​ဖြင့်၊ သူ၏​ခေါင်း​ကို​မှန်၍ အ​ရှက်​ခွဲ​ပြီး​မှ လွှတ်​လိုက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 5,
      "text": "အ​ခြား​သော​ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ သူ့​ကို​သတ်​ကြ၏။ အ​ခြား​သော​ငယ်​သား​များ​တို့​တွင် အ​ချို့​တို့​ကို ရိုက်​ကြ၏။ အ​ချို့​တို့​ကို သတ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 6,
      "text": "ထို​ကြောင့် ဥ​ယျာဉ်​ရှင်​သည် မိ​မိ၌​ချစ်​သား​တစ်​ယောက်​တည်း ရှိ​သေး​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ငါ့​သား​ကို အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၍ မိ​မိ​သား​ကို နောက်​ဆုံး၌ စေ​လွှတ်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 7,
      "text": "ဥ​ယျာဉ်​စောင့်​တို့​က​လည်း၊ ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ၊ သူ့​ကို​သတ်​ကြ​ကုန်​အံ့။ ထို​သို့ သူ၏ အ​မွေ​ဥ​စ္စာ​ကို ငါ​တို့​ရ​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​တိုင်​ပင်၍၊-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 8,
      "text": "ဥ​ယျာဉ်​ရှင်၏​သား​ကို ဖမ်း​ယူ​ပြီး​မှ သတ်၍ ဥ​ယျာဉ်​ပြင်​သို့ ထုတ်​ပစ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 9,
      "text": "သို့​ဖြစ်​လျှင်၊ ဥ​ယျာဉ်​ရှင်​သည် အ​ဘယ်​သို့​ပြု​မည်​နည်း၊ သူ​သည်​လာ၍ ဥ​ယျာဉ်​စောင့်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 10,
      "text": "တိုက်​ကို တည်​လုပ်​သော​သူ​များ ပယ်​ထား​သော​ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွဋ်​ဖျား​သို့ ရောက်​ပြန်၏။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သော​အ​မှု ဖြစ်၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 11,
      "text": "ငါ​တို့​မျက်​မှောက်၌​လည်း၊ အံ့​ဩ​ဖွယ်​ဖြစ်၏ ဟူ​သော​စ​ကား​ကို ကျမ်း​စာ၌ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 12,
      "text": "ထို​သူ​တို့​သည် မိ​မိ​တို့​ကို​ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို သိ​သော​ကြောင့်၊ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း စု​ဝေး​သော​သူ​တို့​ကို ကြောက်​သော​ကြောင့် အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 13,
      "text": "တစ်​ဖန် စ​ကား​တော်​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို​ရ​ခြင်း​ငှာ ဖာ​ရိ​ရှဲ​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​အ​ချို့​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 14,
      "text": "ထို​သူ​တို့​သည် ချဥ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ​ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 15,
      "text": "အ​ကျွန်ုပ်​တို့​သည် ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည်​လော​ဟု မေး​လျှောက်​ကြ၏။ ကိုယ်​တော်​သည် ထို​သူ​တို့၏​လျှို့​ဝှက်​ခြင်း​ကို သိ​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို​အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက် ကြ​သ​နည်း။ ဒေ​နာ​ရိ​တစ်​ပြား​ကို ငါ​ကြည့်​ဖို့ ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၍၊-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 16,
      "text": "သူ​တို့​သည် ယူ​ခဲ့​ကြ၏။ ဤ​ပုံ၊ ဤ​လိပ်​စာ​ကား အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 17,
      "text": "ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား၊ ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို သူ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 18,
      "text": "ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟူ၍ အ​ယူ​ရှိ​သော ဇ​ဒ္ဒု​ကဲ​တို့​သည်​လည်း အ​ထံ​တော်​သို့ ချည်း​ကပ်၍၊-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 19,
      "text": "အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ သေ​သွား၍ မ​ယား​ကျန်​ရစ်​လျှင်၊ သူ့​ညီ​သည် ထို​မိန်း​မ​ကို သိမ်း​ယူ၍ အစ်​ကို​အ​မျိုး​မ​ပြတ် ဆက်​နွယ်​စေ​ဟု အ​ကျွန်ုပ်​တို့​အား မော​ရှေ​စီ​ရင်​ရေး​ထား​ပါ​ပြီ။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 20,
      "text": "ညီ​အစ်​ကို​ခု​နစ်​ယောက် ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 21,
      "text": "သူ၏​မ​ယား​ကို သူ့​ညီ​အ​ကြီး​သိမ်း​ယူ၍ သား​မ​ရှိ​ဘဲ သေ​ပြန်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 22,
      "text": "ထို​အ​တူ တ​တိ​ယ​သူ​မှ​စ၍ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​ကို​သိမ်း​ယူ၍ သား​ကို မ​ကျန်​ရစ်​စေ​ကြ။ နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 23,
      "text": "သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ သူ​တို့​သည် ထ​မြောက်​ကြ​သော​အ​ခါ ထို​မိန်း​မ​သည် အ​ဘယ်​သူ၏ မ​ယား​ဖြစ်​ပါ​မည်​နည်း။ ထိုသူ​ခု​နစ်​ယောက်​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​ကြ​ပြီ​ဟု မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 24,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ကျမ်း​စာ​ကို နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 25,
      "text": "သေ​ခြင်း​မှ ထ​မြောက်​ကြ​သော​အ​ခါ စုံ​ဖက်​ခြင်း​ကို​မ​ပြု၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု၊ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ရာ​မှာ၊ ဘု​ရား​သ​ခင်​က ငါ​သည် အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား ဖြစ်​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​ကြောင်း​ကို မော​ရှေ​၏​ကျမ်း၊ ချုံ​ခဏ်း​၌ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 27,
      "text": "ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏​ဘု​ရား မ​ဟုတ်၊ အ​သက်​ရှင်​သော​သူ​တို့၏​ဘု​ရား ဖြစ်​တော်​မူ၏။ ထို​ကြောင့် သင်​တို့​သည် အ​လွန်​မှား​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 28,
      "text": "ထို​သို့ ဆွေး​နွေး​ငြင်း​ခုံ​ကြ​သည်​ကို ကျမ်း​ပြု​ဆ​ရာ​တစ်​ယောက်​သည် ကြား၍၊ ကိုယ်​တော်​သည် လျောက်​ပတ်​စွာ ပြန်​ပြော​တော်​မူ​သည်​ကို သိ​မြင်​လျှင် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ပ​ညတ်​တ​ကာ​တို့​တွင် အ​ဘယ်​မည်​သော​ပ​ညတ်​သည် သာ၍​မြတ်​သ​နည်း​ဟု မေး​လျှောက်​သော်၊-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 29,
      "text": "ယေ​ရှု​က၊ ပ​ညတ်​တ​ကာ​တို့​တွင် အ​မြတ်​ဆုံး​သော​ပ​ညတ် ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပါး​တည်း​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 30,
      "text": "သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ဤ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​ဖြစ်၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 31,
      "text": "ထို​မှ​တစ်​ပါး ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့ ဟူ​သော ဒု​တိ​ယ​ပ​ညတ်​သည် ပ​ထ​မ​ပ​ညတ်​နှင့် သ​ဘော​တူ၏။ ဤ​ပ​ညတ်​တို့​ထက် သာ၍​ကြီး​မြတ်​သော ပ​ညတ်​မ​ရှိ​ဟု ပြန်၍​မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 32,
      "text": "ကျမ်း​ပြု​ဆ​ရာ​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် လျောက်​ပတ်​စွာ မိန့်​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း ရှိ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 33,
      "text": "ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင် မ​ရှိ။ ထို​ဘု​ရား​သ​ခင်​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ​ကို​လည်း၊ ကိုယ်​နှင့်​အ​မျှ ချစ်​ခြင်း​အ​ကျင့်​သည် မီး​ရှို့​သော​ယဇ်​ကောင်​မှ​စ၍ ယဇ်​အ​မျိုး​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သာ၍ မြတ်​ပါ​သည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 34,
      "text": "ထို​သို့ ပ​ညာ​သ​တိ​နှင့် ပြန်​လျှောက်​သည်​ကို ယေ​ရှု​သည်​သိ​မြင်​လျှင်၊ သင်​သည်​ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​မ​ဝေး​ဟု မိန့်​တော်​မူ၏။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 35,
      "text": "ထို​အ​ခါ​ယေ​ရှု​သည် ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ခ​ရစ်​တော်​သည် ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 36,
      "text": "ဒါ​ဝိဒ်၏​စ​ကား​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏ ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ၏​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဒါ​ဝိဒ်​ဆို​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 37,
      "text": "ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍ ခေါ်​လျှင် အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ၏။ လူ​များ​အ​ပေါင်း​တို့​သည် အား​ရ​ဝမ်း​မြောက်​သော​စိတ်​နှင့် စ​ကား​တော်​ကို နား​ထောင်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 38,
      "text": "ထို​သို့ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင် တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို ရှောင်​ကြ​လော့။ သူ​တို့​သည် ရှည်​သော​အင်္ကျီ​ကို​ဝတ်​လျက် လည်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 39,
      "text": "ပွဲ​သ​ဘင်၊ တ​ရား​ဇ​ရပ်​တို့၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 40,
      "text": "သူ​တို့​သည် မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ သူ​တို့​သည် သာ၍​ကြီး​စွာ​သော​ဒဏ်​ကို ခံ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 41,
      "text": "ထို​နောက်​ယေ​ရှု​သည် ဘ​ဏ္ဍာ​တိုက်​ရှေ့​မှာ ထိုင်​တော်​မူ​စဉ်​တွင်၊ လူ​များ​တို့​သည် ကြေး​ငွေ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို ကြည့်​ရှု​တော်​မူ၏။ ငွေ​ရ​တတ်​သော​သူ​အ​များ​တို့​သည် များ​စွာ​သွင်း​ချ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 42,
      "text": "ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည် လာ၍ တစ်​ပဲ​လောက်​တန်​သော ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား​ကို သွင်း​ချ၏။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 43,
      "text": "ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍ ငါ​အ​မှန်​ဆို​သည်​ကား၊ ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သော​သူ အ​ပေါင်း​တို့​ထက် ထို​ဆင်း​ရဲ​သား​မု​ဆိုး​မ​သည် သာ၍ သွင်း​ချ​ခဲ့​ပြီ။-"
    },
    {
      "book": 41,
      "chapter": 12,
      "verse": 44,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား အ​လွန်​ဆင်း​ရဲ​လျက်​ပင်၊ မိ​မိ​အ​သက် မွေး​စ​ရာ​ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 1,
      "text": "ကိုယ်​တော်​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သော်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား ကြည့်​ရှု​တော်​မူ​ပါ။ ဧ​ရာ​ကျောက်​ကြီး​တ​ကား၊ ဧ​ရာ​တိုက်​ဆောင်​ကြီး​တ​ကား​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 2,
      "text": "ယေ​ရှု​က၊ ဤ​ကြီး​စွာ​သော တိုက်​ဆောင်​တို့​ကို သင်​သည် ယ​ခု​မြင်​ရ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 3,
      "text": "ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ဗိ​မာန်​တော်​ရှေ့​ရှု ထိုင်​တော်​မူ​စဉ်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ​တို့​က၊-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 4,
      "text": "ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု အ​ခြား​သူ​မ​ပါ​ဘဲ လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 5,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 6,
      "text": "အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့်၊ လူ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 7,
      "text": "သင်​တို့​သည် စစ်​တိုက်​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်၊ ထို​သို့​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် မ​ဖြစ်​သေး။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 8,
      "text": "လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ မြေ​ကြီး​လှုပ်​ခြင်း ဖြစ်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​နှင့် မ​ငြိမ်​မ​သက်​ခြင်း​တို့​သည်​လည်း ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး ဖြစ်​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 9,
      "text": "သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 10,
      "text": "ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ရှေ့​ဦး​စွာ လူ​မျိုး​အ​ပေါင်း​တို့​အား ဟော​ရ​လိမ့်​မည်။ သင်​တို့​ကို အပ်​နှံ​ခြင်း​ငှာ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 11,
      "text": "ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ကြ​နှင့်။ ထို​ခ​ဏ​ချင်း​တွင် သင်​တို့​ရ​သော​စ​ကား​ကို​သာ​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 12,
      "text": "ထို​ကာ​လ၌ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို​ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 13,
      "text": "လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 14,
      "text": "ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 15,
      "text": "အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် အိမ်​ထဲ​သို့ မ​ဆင်း​စေ​နှင့်။ အိမ်​ထဲ​က တစ်​စုံ​တစ်​ခု​ကို ယူ​ခြင်း​ငှာ မ​ဝင်​စေ​နှင့်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 16,
      "text": "လယ်၌​ရှိ​သော​သူ​လည်း မိ​မိ​အ​ဝတ်​ကို​ယူ​ခြင်း​ငှာ နောက်​သို့​မ​ပြန်​စေ​နှင့်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 17,
      "text": "ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 18,
      "text": "သင်​တို့ ပြေး​ရ​သော​အ​ချိန်​သည် ဆောင်း​ကာ​လ၌ မ​ကျ​ရ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ဒု​က္ခ​သည် ထို​နေ့​ရက်​ကာ​လ၌ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 20,
      "text": "ထို​ကာ​လ​ကို ဘု​ရား​သ​ခင်​သည် တာ​ရှည်​စေ​လျှင်၊ အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​တော်​မူ​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ထို​ကာ​လ​ကို တို​စေ​တော်​မူ​မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 21,
      "text": "ထို​အ​ခါ သူ​တစ်​ပါး​က၊ ဤ​အ​ရပ်၌ ခ​ရစ်​တော်​ရှိ​သည်၊ ထို​အ​ရပ်၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ အ​ယောင်​ကို​ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍၊ ရွေး​ချယ်​သော​သူ​တို့​ကိုပင် လှ​ည့်​ဖြား​နိုင်​လျှင် လှ​ည့်​ဖြား​လောက်​အောင်​နိ​မိတ်​လ​က္ခ​ဏာ အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 23,
      "text": "သင်​တို့​သည် သ​တိ​ပြု​ကြ​လော့။ ထို​အ​ကြောင်း​အ​ရာ ရှိ​သ​မျှ​ကို ငါ​ပြော​နှင့်​ပြီ။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 24,
      "text": "ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက်​မှ နေ​သည် မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​မ​ပေး။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 25,
      "text": "ကောင်း​ကင်​ကြယ်​တို့​သည် ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 26,
      "text": "ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 27,
      "text": "ထို​အ​ခါ လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို စေ​လွှတ်​သ​ဖြင့် မိ​မိ​ရွေး​ချယ်​သော​သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ ကောင်း​ကင်​အောက် ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍ စု​ရုံး​စေ​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 28,
      "text": "သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ၊ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 29,
      "text": "ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 30,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော လူ​များ​မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 31,
      "text": "ကောင်း​ကင်​နှင့် မြေ​ကြီး မ​တည်​သော်​လည်း ငါ့​စ​ကား​တည်​လိမ့်​မည်။"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 32,
      "text": "ထို​အ​ချိန်​နာ​ရီ​ကို​ကား၊ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ။ ကောင်း​ကင်​တ​မန်​များ မ​သိ။ သား​တော်​လည်း မ​သိ။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 33,
      "text": "ထို​အ​ချိန်​ကာ​လ​သည် အ​ဘယ်​အ​ခါ၌ ရောက်​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​ပြု၍ ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 34,
      "text": "ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 35,
      "text": "အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 36,
      "text": "သို့​မ​ဟုတ် အ​မှတ်​တ​မဲ့​လာ၍ သင်​တို့​အိပ်​ပျော်​သည်​ကို တွေ့​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 13,
      "verse": 37,
      "text": "စောင့်​နေ​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​သည်​အ​တိုင်း၊ ခပ်​သိမ်း​သော​သူ​တို့​အား ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 1,
      "text": "ထို​နောက် နှစ်​ရက်​လွန်​လျှင် ပ​သ​ခါ​အ​ဇု​မ​ပွဲ ရှိ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 2,
      "text": "သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင် မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 3,
      "text": "ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ကိုယ်​တော် ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ်​နှင့်​ပြည့်​သော ကျောက်​ဖြူ​ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍ ကိုယ်​တော်​သည် စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​စဉ်၊ ကျောက်​ဖြူ​ခွက်​ကို​ခွဲ​ပြီး​မှ ခေါင်း​တော်​ပေါ်၌ သွန်း​လောင်း​လေ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 4,
      "text": "အ​ချို့​တို့​သည် ဒေါ​သ​စိတ်​ရှိ​သည် ဖြစ်၍၊ ထို​ဆီ​မွှေး​ကို အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 5,
      "text": "ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​မ​က​သော အ​ဖိုး​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို၍ ထို​မိန်း​မ​ကို အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 6,
      "text": "ယေ​ရှု​က​လည်း ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 7,
      "text": "ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏ သင်​တို့​အ​လို​ရှိ​သည်​အ​တိုင်း သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်၏။ ငါ​မူ​ကား သင်​တို့၌ အ​စဉ်​ရှိ​သည်​မ​ဟုတ်။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 8,
      "text": "ဤ​မိန်း​မ​သည် တတ်​နိုင်​သ​မျှ​ပြု​ပြီ။ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကိုယ်​ကို ဆီ​မွှေး​နှင့် လူး​နှင့်​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 9,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 10,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ကိုယ်​တော်​ကို​အပ်​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ သွား​လေ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 11,
      "text": "ထို​သူ​တို့​သည် ကြား​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။ ထို​နောက် အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို အ​ဘယ်​သို့​အပ်​ရ​မည်​နည်း​ဟု ရှာ​ကြံ​လျက်​နေ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 12,
      "text": "ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် သွား၍ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 13,
      "text": "ကိုယ်​တော်​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊ သင်​တို့​သည် မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 14,
      "text": "သူ​ဝင်​သော အိမ်​သို့​ဝင်​ပြီး​မှ၊ ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 15,
      "text": "ထို​သူ​သည် အ​သင့်​ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ငါ​တို့​ဖို့ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 16,
      "text": "တ​ပည့်​တော်​တို့​သည် သွား၍ မြို့​ထဲ​သို့​ဝင်​လျှင်၊ စ​ကား​တော်​အ​တိုင်း​တွေ့၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 17,
      "text": "ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 18,
      "text": "စား​ပွဲ၌​လျောင်း၍ စား​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ စား​သော​သူ တစ်​စုံ​တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 19,
      "text": "တ​ပည့်​တော်​တို့​သည် ဝမ်း​နည်း၍၊ အ​ကျွန်ုပ်​လော၊ အ​ကျွန်ုပ်​လော​ဟု တစ်​ယောက်​နောက်​တစ်​ယောက် အ​သီး​အ​သီး မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 20,
      "text": "ကိုယ်​တော်​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 21,
      "text": "ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို မ​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 22,
      "text": "ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင် ယေ​ရှု​သည်​မုန့်​ကို​ယူ၍၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက် တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 23,
      "text": "ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား ပေး​တော်​မူ​လျှင်၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် သောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 24,
      "text": "ကိုယ်​တော်​က​လည်း၊ ဤ​ခွက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့် ဆိုင်၍၊ လူ​များ​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 25,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန်​ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 26,
      "text": "ထို​နောက် သီ​ချင်း​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 27,
      "text": "ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့် အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 28,
      "text": "သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့၊ ဂါ​လိ​လဲ​ပြည်​သို့​သွား​မည်​ဟု မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 29,
      "text": "ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် စိတ်​ပျက်​ကြ​သော်​လည်း အ​ကျွန်ုပ်​သည် စိတ်​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 30,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင်​ပင် ကြက်​သည်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 31,
      "text": "ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​မ​ငြင်း​မ​ပယ်​ပါ​ဟု သာ၍ ခိုင်​ခံ့​သော​စ​ကား​နှင့် လျှောက်​ပြန်၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 32,
      "text": "ထို​အ​ခါ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့​ရောက်​ကြ​လျှင် ကိုယ်​တော်​က၊ ငါ​ဆု​တောင်း​စဉ်​တွင် သင်​တို့​သည် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 33,
      "text": "ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 34,
      "text": "ထို​အ​ခါ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ စောင့်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 35,
      "text": "ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်၍ အို အ​ဘ​ခ​မည်း​တော်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 36,
      "text": "ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 37,
      "text": "ပြန်​လာ၍ တ​ပည့်​တော်​တို့​သည် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင်၊ ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​သ​လော။ တစ်​နာ​ရီ​ခန့်​မျှ စောင့်​နေ​ခြင်း​ငှာ မ​စွမ်း​နိုင်​သ​လော။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 38,
      "text": "စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 39,
      "text": "တစ်​ဖန်​သွား၍ ရှေ့​မြွက်​ဆို​သည်​နည်း​တူ ဆု​တောင်း​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 40,
      "text": "ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့​ပြန်၍၊ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ၏။ သူ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို မ​သိ​ကြ။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 41,
      "text": "သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 42,
      "text": "ထ​ကြ။ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 43,
      "text": "ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စေ​လွှတ်​သော​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို​ကိုင်​လျက် ချက်​ချင်း​လာ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 44,
      "text": "ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း၍ လုံ​ခြုံ​စွာ ဆောင်​သွား​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 45,
      "text": "သူ​သည် ရောက်​လျှင် ကိုယ်​တော်​ရင်း​သို့​ချက်​ချင်း ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ အ​ရှင်​ဘု​ရား​ဟု​ဆို​လျက် နမ်း​လေ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 46,
      "text": "ထို​သူ​တို့​သည် လာ၍ ကိုယ်​တော်​ကို​ဆွဲ​ကိုင် ဖမ်း​ဆီး​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 47,
      "text": "အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​သည် ဓား​ကို ဆွဲ​ထုတ်​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 48,
      "text": "ယေ​ရှု​က​လည်း သင်​တို့​သည် ဓား​ပြ​ကို ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 49,
      "text": "ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ သင်​တို့​အ​လယ်၌ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ ဤ​အ​ကြောင်း​အ​ရာ​ကား၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 50,
      "text": "ကျမ်း​စာ​ပြည့်​စုံ​မည် အ​ကြောင်း​တည်း​ဟု ထို​လူ​များ​ကို မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 51,
      "text": "ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်၍ ပြေး​ကြ၏။ လု​လင်​တစ်​ယောက်​သည် စောင်​တစ်​ထည်​ကို​သာ ဝတ်​လျက် နောက်​တော်​သို့​လိုက်​သည်​ဖြစ်၍၊ မင်း​လု​လင်​တို့​သည် ထိုသူ​ကို ဖမ်း​ဆီး​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 52,
      "text": "သူ​သည်​လည်း စောင်​ကို​စွန့်​ပစ်၍ အ​ဝတ်​မ​ရှိ​ဘဲ လု​လင်​တို့​လက်​မှ ထွက်​ပြေး​လေ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 53,
      "text": "ထို​သူ​တို့​သည် ယေ​ရှု​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ၏။ ထို​မင်း​ထံ၌ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 54,
      "text": "ပေ​တ​ရု​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​အ​တွင်း​သို့​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်​ပြီး​လျှင်၊ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်၍​မီး​လှုံ​လေ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 55,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​ရ​မည်​အ​ကြောင်း သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 56,
      "text": "လူ​များ​တို့​သည် မ​မှန်​သော​သက်​သေ​ကို ခံ​ကြ​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည်​မ​ညီ။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 57,
      "text": "အ​ချို့​တို့​သည်​ထ၍၊ ဤ​သူ​က၊ လူ​တို့​လက်​ဖြင့် လုပ်​သော၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 58,
      "text": "ဤ​ဗိ​မာန်​တော်​ကို ငါ​ဖြို​ဖျက်၍ လူ​တို့​လက်​ဖြင့် မ​လုပ်​သော ဗိ​မာန်​တော်​တစ်​ဆူ​ကို တည်​ဆောက်​မည်​ဟု ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 59,
      "text": "သို့​သော်​လည်း သူ​တို့၏ သက်​သေ​ခံ​ချက်​သည် မ​ညီ။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 60,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​လယ်၌ မတ်​တတ်​ထ၍၊ သင်​သည် တစ်​ခွန်း​မျှ​ပြန်၍ မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့​သက်​သေ​ခံ​သ​နည်း​ဟု ယေ​ရှု​ကို​မေး​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 61,
      "text": "ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 62,
      "text": "ယေ​ရှု​က၊ မှန်၏။ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏​လက်​ယာ​ဘက်၌ ထိုင်​လျက်၊ မိုး​တိမ်​ကို စီး၍ ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 63,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက် အ​ဘယ်​သက်​သေ​ကို လို​သေး​သ​နည်း။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 64,
      "text": "ဘု​ရား​ကို လွန်​ကျူး၍​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ပြီ။ အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​ထိုက်​ကြောင်း​ကို ထို​သူ​အ​ပေါင်း​တို့​သည် စီ​ရင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 65,
      "text": "ထို​အ​ခါ အ​ချို့​တို့​သည် ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​သီး​နှင့် ထိုး​လျက်၊ ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။ မင်း​လု​လင်​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 66,
      "text": "ပေ​တ​ရု​သည် အောက်​မှာ အိမ်​ဦး၌​ရှိ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် လာ၍၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 67,
      "text": "ပေ​တ​ရု​သည် မီး​လှုံ​လျက်​နေ​သည်​ကို မြင်​သော​အ​ခါ သူ့​ကို​စေ့​စေ့​ကြည့်၍၊ သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 68,
      "text": "ပေ​တ​ရု​က၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ၊ နား​မ​လည်​ဟု ငြင်း​ခုံ​ပြီး​မှ အိမ်​ဦး​ရှေ့​သို့​ထွက်​သော် ကြက်​တွန်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 69,
      "text": "နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 70,
      "text": "ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ခုံ​ပြန်၏၊ ထို​နောက် များ​မ​ကြာ​အ​နား၌ ရပ်​နေ​သော​သူ​တို့​က၊ အ​ကယ်​စင်​စစ် သင်​သည် ထို​သူ​တို့​အ​ဝင်​ဖြစ်၏။ သင်​သည် ဂါ​လိ​လဲ​လူ​ဖြစ်၏။ သင့်​စ​ကား​လည်း​တူ၏​ဟု ပေ​တ​ရု​ကို​ဆို​ကြ​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 71,
      "text": "ပေ​တ​ရု​က၊ သင်​တို့​ပြော​သော​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို​သည်​နောက်၊-"
    },
    {
      "book": 41,
      "chapter": 14,
      "verse": 72,
      "text": "တစ်​ဖန် ကြက်​တွန်​လေ၏။ ယေ​ရှု​က၊ ကြက်​သည် နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊ ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ခေါင်း​ကို​ခြုံ၍ ငို​ကြွေး​လေ၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 1,
      "text": "နံ​နက်​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​ဆိုင်း​မ​လင့်​ဘဲ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ခြင်း​ကို​ပြု၍၊ ယေ​ရှု​ကို​ချည်​နှောင်​ပြီး​လျှင်၊ ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 2,
      "text": "ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု ကိုယ်​တော်​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 3,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် များ​စွာ​သော​အ​ပြစ်​ကို တင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 4,
      "text": "တစ်​ဖန် ပိ​လတ်​မင်း​က၊ သင်​သည် တစ်​ခွန်း​ကို​မျှ​ပြန်၍ မ​ပြော​သ​လော။ သင့်​တစ်​ဖက်၌ အ​ဘယ်​မျှ​လောက် သက်​သေ​ခံ​ကြ​သည်​ကို ကြည့်​ပါ​ဟု မေး​မြန်း​ပြော​ဆို​သော်​လည်း၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 5,
      "text": "စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​တော်​မ​မူ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​လေ၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 6,
      "text": "ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တောင်း​သော သူ​တစ်​ယောက်​ယောက်​ကို လွှတ်​တတ်၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 7,
      "text": "ထို​အ​ခါ ပုန်​ကန်၍ လူ​အ​သက်​ကို​သတ်​သော အ​ပြစ်​သင့်​သော ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ပုန်​ကန်​သော အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ အ​ကျဉ်း​ခံ​လျက်​ရှိ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 8,
      "text": "လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အား ပြု​မြဲ​ပြု​ပါ​မည်​အ​ကြောင်း အော်​ဟစ်၍ တောင်း​ပန်​သော​အ​ခါ၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 9,
      "text": "ပိ​လတ်​မင်း​က၊ သင်​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ကို လွှတ်​စေ​ချင်​သ​လော​ဟု ပြန်၍​မေး၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 10,
      "text": "အ​ဘယ်​ကြောင့် ဤ​သို့​မေး​သ​နည်း ဟူ​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို သိ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 11,
      "text": "ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​မ​လွှတ်၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် လူ​အ​စု​အ​ဝေး​ကို နှိုး​ဆော်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 12,
      "text": "တစ်​ဖန်​ပိ​လတ်​မင်း​က၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု သင်​တို့​ခေါ်​ဝေါ်​သော​သူ​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 13,
      "text": "ထို​သူ​အ​ပေါင်း​တို့​က၊ သူ့​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု ဟစ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 14,
      "text": "ပိ​လတ်​မင်း​က​လည်း၊ အ​ဘယ်​ကြောင့်​နည်း၊ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​တို့​သည် သာ၍ ဟစ်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 15,
      "text": "ပိ​လတ်​မင်း​သည်​လည်း လူ​များ​တို့၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လို​ရှိ၍၊ ဗာ​ရ​ဗ္ဗ​ကို သူ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား၊ ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 16,
      "text": "ထို​အ​ခါ စစ်​သူ​ရဲ​တို့​သည် ကိုယ်​တော်​ကို ပြဲ​တော​ရိ​ရုံး​တည်း​ဟူ​သော အိမ်​တော်​ဦး​အ​တွင်း​သို့ ဆောင်​သွား၍၊ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို စု​ရုံး​စေ​ပြီး​မှ၊ ကိုယ်​တော်​အား နီ​မောင်း​သော​အ​ဝတ်​ကို ဝတ်​စေ၍၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 17,
      "text": "ဆူး​ပင်​နှင့် ရက်​သော ဦး​ရစ်​ကို တင်​ပြီး​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 18,
      "text": "ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကောင်း​ချီး​စ​ကား​ကို ပြော​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 19,
      "text": "ခေါင်း​တော်​ကို ကျူ​လုံး​နှင့် ရိုက်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း၊ ရှေ့​တော်​မှာ ဒူး​ထောက်၍ ပျပ်​ဝပ်​ခြင်း​ကို​လည်း ပြု​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 20,
      "text": "ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ နီ​မောင်း​သော​အ​ဝတ်​ကို ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 21,
      "text": "အာ​လေ​ဇ​န္ဒြု​နှင့် ရု​ဖု၏​အ​ဘ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည်၊ တော​ရွာ​မှ လာ၍ လမ်း၌​သွား​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 22,
      "text": "ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 23,
      "text": "မု​ရန်​နှင့် ရော​သော စ​ပျစ်​ရည်​ကို၊ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင် မ​ခံ​ဘဲ​နေ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 24,
      "text": "လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင်၊ အ​ဝတ်​တော်​ကို စာ​ရေး​တံ​ချ၍ အ​သီး​အ​သီး​တို့​အား ဝေ​ဖန်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 25,
      "text": "ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ကြ​သော​အ​ချိန်​ကား၊ နံ​နက်​တစ်​ချက်​တီး​အ​ချိန် ဖြစ်​သ​တည်း။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 26,
      "text": "အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက် ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု ရေး​ထား​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 27,
      "text": "ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 28,
      "text": "ထို​သို့ မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်​သည်​ဟု​ဆို​သော ကျမ်း​စာ​ချက်​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 29,
      "text": "လမ်း​မှာ​သွားလာ​သော သူ​တို့​က​လည်း၊ ဟဲ့၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 30,
      "text": "ကိုယ်​ကို​ကိုယ် ကယ်​တင်​လော့။ လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့် ပြော​ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 31,
      "text": "ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 32,
      "text": "ငါ​တို့​မြင်၍ ယုံ​ကြည်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်း​ဟူ​သော ခ​ရစ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ​ဟု အ​ချင်း​ချင်း​ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​တို့​သည်​လည်း ကဲ့​ရဲ့​ပြစ်​တင်​ကြ၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 33,
      "text": "မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 34,
      "text": "သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 35,
      "text": "အ​နား၌​ရပ်​နေ​သော သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည်​ဧ​လိ​ယ​ကို ခေါ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 36,
      "text": "လူ​တစ်​ယောက်​သည် ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျက်၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ချ​ယူ​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 37,
      "text": "ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 38,
      "text": "ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 39,
      "text": "ထို​သို့ ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ​ကြောင်း​ကို ရှေ့​တော်၌​ရပ်​နေ​သော တပ်​မှူး​သည် မြင်​လျှင်၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပေ၏​ဟု ဆို၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 40,
      "text": "မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 41,
      "text": "ထို​မိန်း​မ​တို့​တွင် ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​မှာ ရှိ​တော်​မူ​စဉ်၊ နောက်​တော်​သို့ အ​လုပ်​အ​ကျွေး​လိုက်​သော မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​မှ​စ၍ နောက်​တော်၌ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​လာ​သော အ​ခြား​မိန်း​မ​များ​လည်း ပါ​ကြ​သ​တည်း။"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 42,
      "text": "ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့် ည​အ​ချိန်​ရောက်​မှ၊-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 43,
      "text": "အ​သ​ရေ​ရှိ​သော လွှတ်​အ​ရာ​ရှိ၊ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​သည်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော​သူ ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 44,
      "text": "ယေ​ရှု​သည် ယ​ခု​ပင်​သေ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​ခြင်း​ရှိ​သ​ဖြင့် တပ်​မှူး​ကို​ခေါ်၍၊ သေ​သည်​ကား ကြာ​ပြီ​လော​ဟု မေး၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 45,
      "text": "သေ​ကြောင်း​ကို တပ်​မှူး​စ​ကား​ဖြင့်​သိ​လျှင်၊ အ​လောင်း​တော်​ကို ယော​သပ်​အား အပ်​ပေး၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 46,
      "text": "ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။-"
    },
    {
      "book": 41,
      "chapter": 15,
      "verse": 47,
      "text": "မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​တို့​သည် အ​လောင်း​တော်​ထား​ရာ​အ​ရပ်​သို့ ကြည့်​ရှု​ကြ၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 1,
      "text": "ဥ​ပုသ်​နေ့​လွန်​မှ မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​သည် သွား၍၊ အ​လောင်း​တော်​ကို လိမ်း​ခြင်း​ငှာ နံ့​သာ​မျိုး​ကို​ဝယ်​ပြီး​လျှင်၊-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 2,
      "text": "ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် နံ​နက်​စော​စော၊ နေ​ထွက်​သော​အ​ချိန်၌ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 3,
      "text": "ထို​မိန်း​မ​တို့​က၊ တွင်း​ဝ၌ ပိတ်​သော​ကျောက်​ကို အ​ဘယ်​သူ​လှိမ့်​လှန်၍ ပေး​မည်​နည်း​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​မှ ကြည့်​ရှု​လျှင်၊ ထို​ကျောက်​သည် လှိမ့်​လှန်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 4,
      "text": "ထို​ကျောက်​ကား အ​လွန်​ကြီး​သော​ကျောက် ဖြစ်​သ​တည်း။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 5,
      "text": "မိန်း​မ​တို့​သည် တွင်း​ထဲ​သို့​ဝင်​ကြ​ပြီး​လျှင်၊ လု​လင်​တစ်​ယောက်​သည် ဖြူ​စင်​ရှည်​လျား​သော​အင်္ကျီ​ကို ဝတ်​လျက် လက်​ယာ​ဘက်၌ ထိုင်​သည်​ကို​မြင်၍ ထိတ်​လန့် မိန်း​မော​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 6,
      "text": "ထို​သူ​က​လည်း၊ ထိတ်​လန့်​မိန်း​မော​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ သတ်​သော​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို သင်​တို့​ရှာ​ကြ၏။ ထို​သူ​သည် ထ​မြောက်​တော်​မူ​ပြီ။ ဤ​အ​ရပ်၌ မ​ရှိ။ အ​လောင်း​တော်​ထား​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 7,
      "text": "သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​ကြောင်း​ကို၊ ပေ​တ​ရု​မှ​စ၍ တ​ပည့်​တော်​တို့​အား သွား၍​ပြော​ကြ​လော့။ အ​ထက်​က မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 8,
      "text": "ထို​မိန်း​မ​တို့​သည်​လည်း၊ သင်္ချိုင်း​တော်​မှ​ထွက်၍ တုန်​လှုပ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် ပြေး​ကြ၏၊ ကြောက်​လန့်​သော​ကြောင့် အ​ဘယ်​သူတို့​မျှ မ​ပြော​မ​ဆို​ကြ။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 9,
      "text": "ကိုယ်​တော်​သည် ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် စော​စော​အ​ချိန်၌ ထ​မြောက်​ပြီး​မှ၊ အ​ထက်​က နတ်​ဆိုး​ခု​နစ်​ယောက်​ကို နှင်​ထုတ်​တော်​မူ​သော မာ​ဂ​ဒ​လ​မာ​ရိ​အား ရှေ့​ဦး​စွာ ကိုယ်​ကို​ပြ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 10,
      "text": "မာ​ရိ​လည်း​သွား၍ ကိုယ်​တော်​နှင့် ပေါင်း​ဖော်​သော​သူ​တို့​သည် ညည်း​တွား​ငို​ကြွေး​လျက် နေ​ကြ​စဉ်​တွင်၊ သူ​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​လေ၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 11,
      "text": "ကိုယ်​တော်​သည် အ​သက် ရှင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မာ​ရိ​သည် ကိုယ်​တော်​ကို မြင်​ရ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ကြား​လျှင် မ​ယုံ​ကြ။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 12,
      "text": "ထို​နောက် တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် တော​ရွာ​သို့​သွား​စဉ်​တွင် ကိုယ်​တော်​သည် ခြား​နား​သော အ​ရောင်​ကို​ဆောင်​လျက် ကိုယ်​ကို​ပြ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 13,
      "text": "သူ​တို့​သည်​ပြန်​လာ၍ အ​ခြား​သော​တ​ပည့်​တော်​တို့​အား ထို​သ​တင်း​ကို ကြား​ပြော​သော်​လည်း မ​ယုံ​ဘဲ နေ​ကြ၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 14,
      "text": "ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 15,
      "text": "သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 16,
      "text": "ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 17,
      "text": "ယုံ​ကြည်​သော​သူ​တို့၌ ဖြစ်​အံ့​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ကြ​လ​တ္တံ့။ ထူး​ခြား​သော ဘာ​သာ​စ​ကား​မျိုး​တို့​ကို ပြော​ကြ​လ​တ္တံ့။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 18,
      "text": "မြွေ​တို့​ကို ဖမ်း​ကိုင်​ကြ​လ​တ္တံ့။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​ကို သောက်​စား​လျှင် ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​ကြ​လ​တ္တံ့။ မ​ကျန်း​မ​မာ​သော သူ​တို့​အ​ပေါ်​မှာ လက်​ကို​တင်၍ ချမ်း​သာ​ပေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 19,
      "text": "ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။-"
    },
    {
      "book": 41,
      "chapter": 16,
      "verse": 20,
      "text": "တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား၍၊ သ​ခင်​ဘု​ရား​သည် မ​စ​တော်​မူ​သည်​နှင့်​လည်း​ကောင်း၊ သူ​တို့၌​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​အား​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို တည်​စေ​တော်​မူ​သည်​နှင့်​လည်း​ကောင်း ခပ်​သိမ်း​သော​အ​ရပ်​တို့၌ တ​ရား​ဟော​ကြ၏။ ရှင်​မာ​ကု​ခ​ရစ်​ဝင်​ပြီး၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 1,
      "text": "ရှေ့​ဦး​စွာ​မှ​စ၍ ကိုယ်​တိုင်​မြင်​သော သက်​သေ​ဖြစ်​လျက်၊ နှုတ်​က​ပတ်​တော်​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​တွင် ထင်​ရှား​စွာ​ဖြစ်​လေ​ပြီး​သော အ​တ္ထု​ပ္ပ​တ္တိ​များ​ကို ငါ​တို့​အား​ကြား​ပြော​သည် အ​စဉ်​အ​တိုင်း မှတ်​သား​သော​စာ​ကို စီ​ရင်​ရေး​ထား​သော​သူ အ​များ​ရှိ​ကြ​သည် ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 3,
      "text": "ငါ​သည်​လည်း ထို​အ​တ္ထု​ပ္ပ​တ္တိ​အ​လုံး​စုံ​တို့​ကို ရှေ့​ဦး​စွာ​မှ​စ၍၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 4,
      "text": "စေ့​စေ့​ဖွေ​ရှာ လိုက်​စစ်​ပြီး​လျှင်၊ ကိုယ်​တော်​သင်​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​သည် ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ အ​စဉ်​အ​တိုင်း​ရေး​ထား၍ ကြား​လိုက်​မည်​အ​ကြံ​ရှိ​ပါ၏၊ အ​လွန်​မြတ်​သော​သော်​ဖိ​လု။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 5,
      "text": "ယု​ဒ​ပြည်​ကို​အ​စိုး​ရ​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ အ​ဘိ​ယ​အ​သင်း​အ​ဝင် ဖြစ်၍၊ ဇာ​ခ​ရိ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ၏။ သူ၏​ခင်​ပွန်း​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ဖြစ်၏။ သူ့​အ​မည်​ကား ဧ​လိ​ရှ​ဗက်​တည်း။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 6,
      "text": "ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 7,
      "text": "ဧ​လိ​ရှ​ဗက်​သည် မြုံ​သော​ကြောင့် သူ​တို့​သည် သား​မ​ရှိ။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သက်​အ​ရွယ် ကြီး​ရင့်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 8,
      "text": "ဇာ​ခ​ရိ​သည် မိ​မိ​အ​သင်း​နှင့် တ​ကွ အ​လှည့်​သင့်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​သည်​တွင်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 9,
      "text": "ယဇ်​ပု​ရော​ဟိတ်​ထုံး​စံ​အ​တိုင်း စာ​ရေး​တံ​ချ​သ​ဖြင့်၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​အ​တွင်း​သို့ ဝင်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့ရ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 10,
      "text": "ထို​သို့​နံ့​သာ​ပေါင်း​ကို မီး​ရှို့​သည်​အ​ချိန်​တွင်၊ လူ​အ​များ​အ​ပေါင်း​တို့​သည် ပြင်၌​ဆု​တောင်း​လျက် နေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 11,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ နံ့​သာ​ပေါင်း​ကို​ရှို့​သော ယဇ်​ပ​လ္လင် လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 12,
      "text": "ဇာ​ခ​ရိ​သည် မြင်​လျှင်၊ စိတ်​နှ​လုံး​မ​ငြိမ်​မ​ဝပ် ထိတ်​လန့်​ခြင်း​သို့ ရောက်၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 13,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ဇာ​ခ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​ပြု​သော​ပ​တ္ထ​နာ​ကို နား​ခံ​တော်​မူ​ပြီ။ သင်၏​ခင်​ပွန်း​ဧ​လိ​ရှ​ဗက်​သည် သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 14,
      "text": "သင်​သည် ဝမ်း​သာ​ရွှင်​မြူး​ခြင်း ရှိ​လိမ့်​မည်။ ထို​သား​ကို​ဖွား​မြင်​သော​ကြောင့် လူ​အ​များ​တို့​သည်​လည်း ဝမ်း​မြောက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 16,
      "text": "ဣ​သ​ရေ​လ​အ​မျိုး​သား အ​များ​တို့​ကို သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​စေ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 17,
      "text": "အ​ဘ​တို့​နှင့် သား​တို့​ကို အ​သင့်​အ​တင့် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ဆန်​သော​သူ​တို့​ကို သူ​တော်​ကောင်း​တို့၏ သ​တိ​ပ​ညာ​လမ်း​သို့ ပြောင်း​လဲ​စေ​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်​သော​လူ​မျိုး ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​သည်​ဧ​လိ​ယ၏ စိတ်​ဝိ​ညာဉ်​တန်​ခိုး​နှင့်​ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်​သို့ သွား​လိမ့်​မည်​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 18,
      "text": "ဇာ​ခ​ရိ​က​လည်း၊ ထို​သို့​ဖြစ်​လိမ့်​မည်​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သိ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် လူ​အို​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​မ​ယား​သည်​လည်း အ​သက်​အ​ရွယ်​ကြီး​ရင့်​ပါ​ပြီ​ဟု ကောင်း​ကင်​တ​မန်​အား ပြော​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 19,
      "text": "ကောင်း​ကင်​တ​မန်​က၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ခ​စား​သော ဂါ​ဗြေ​လ​ဖြစ်၏။ သင့်​ကို နှုတ်​ဆက်၍ ဤ​ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 20,
      "text": "သင်​သည် ငါ့​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ မ​ဖြစ်​မီ​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ၊ အ​လျက်​နေ​လိမ့်​မည်။ ငါ့​စ​ကား​သည်​ကား၊ အ​ချိန်​တန်​လျှင် ပြည့်​စုံ​လိမ့်​မည်​ဟု ပြော​ဆို၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 21,
      "text": "လူ​များ​တို့​သည် ဇာ​ခ​ရိ​ကို ငံ့​လင့်၍၊ ဗိ​မာန်​တော်​အ​တွင်း၌ ကြာ​မြင့်​စွာ​နေ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 22,
      "text": "သူ​သည်​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​သည် ဖြစ်၍၊ ဗိ​မာန်​တော်၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ပြီ​ဟု ရိပ်​မိ​ကြ၏။ ဇာ​ခ​ရိ​သည်​သူ​တို့​အား အ​ရိပ်​အ​မှတ်​ကို​သာ​ပေး၍ စ​ကား​အ​လျက် နေ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 23,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ချိန်​ကာ​လ ကုန်​သော​အ​ခါ၊ ဇာ​ခ​ရိ​သည် မိ​မိ​အိမ်​သို့ သွား​လေ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 24,
      "text": "ထို​နောက် သူ၏​ခင်​ပွန်း ဧ​လိ​ရှ​ဗက်​သည် ပ​ဋိ​သ​န္ဓေ​စွဲ၍၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 25,
      "text": "ငါ​သည် လူ​တို့​တွင်​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း​ခြင်း​ငှာ ငါ့​ကို ကြည့်​ရှု​တော်​မူ​စဉ်​တွင်၊ ဤ​ကျေး​ဇူး​တော်​ကို ပြု​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ငါး​လ​ပတ်​လုံး အိမ်​တွင်း၌​အောင်း၍ နေ​လေ၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 26,
      "text": "ငါး​လ​လွန်​သော​အ​ခါ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ဒါ​ဝိဒ်​အ​မျိုး​သား၊ ယော​သပ်​အ​မည်​ရှိ​သော​လူ​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 27,
      "text": "မ​ယှက်​တင်​သေး​သော သ​တို့​သ​မီး​က​ညာ​ဆီ​သို့ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​ကို စေ​လွှတ်​တော်​မူ၏။ သ​တို့​သ​မီး​က​ညာ​ကား၊ မာ​ရိ​အ​မည်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 28,
      "text": "ကောင်း​ကင်​တ​မန်​သည် ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​ကို​ခံ​ရ​သော မိန်း​မ၊ သင့်​အား​မင်္ဂ​လာ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် အ​တူ​ရှိ​တော်​မူ၏။ သင်​သည် မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု ပြော​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 29,
      "text": "မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​လျှင် စိတ်​နှ​လုံး မ​ငြိမ်​မ​ဝပ်​ရှိ၍၊ ဤ​နှုတ်​ဆက်​ခြင်း​ကား အ​ဘယ်​သို့​သော နှုတ်​ဆက်​ခြင်း​ဖြစ်​လိမ့်​မည်​နည်း​ဟု တွေး​တော​ဆင်​ခြင်၍​နေ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 30,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မျက်​နှာ​ရ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 31,
      "text": "သင်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယေ​ရှု​အ​မည်​ဖြင့် မှည့်​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 32,
      "text": "ထို​သား​သည်​ကား၊ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ အ​မြင့်​ဆုံး​သော ဘု​ရား၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​အ​ဘ​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား​ပေး​တော်​မူ​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 33,
      "text": "ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 34,
      "text": "မာ​ရိ​က​လည်း၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း။ အ​ကျွန်ုပ်​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​ပါ​ဟု ကောင်း​ကင်​တ​မန်​အား ပြန်​ပြော၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 35,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 36,
      "text": "ထို​မှ​တစ်​ပါး၊ အ​မြုံ​မ​ဟူ၍​ခေါ်​ဝေါ်​သော​သင်၏ အ​ဆွေ​အ​မျိုး​ဧ​လိ​ရှ​ဗက်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ ယ​ခု ခြောက်​လ​အ​ဝင်​ရှိ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 37,
      "text": "ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မ​မူ​သော​အ​မှု မ​ရှိ​ဟု ပြော​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 38,
      "text": "မာ​ရိ​က၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​မ​ဖြစ်​ပါ၏၊ ကိုယ်​တော်၏​စ​ကား​အ​တိုင်း အ​ကျွန်ုပ်၌ ဖြစ်​ပါ​စေ​သော​ဟု ဝန်​ခံ​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​သွား​လေ၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 39,
      "text": "ထို​အ​ခါ မာ​ရိ​သည်​ထ၍၊ တောင်​ကြား​အ​ရပ်၌​ရှိ​သော ယု​ဒ​မြို့​တစ်​မြို့​သို့ အ​လျင်​အ​မြန် သွား​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 40,
      "text": "ဇာ​ခ​ရိ​အိမ်​သို့​ဝင်၍ ဧ​လိ​ရှ​ဗက်​ကို နှုတ်​ဆက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 41,
      "text": "ထို​နှုတ်​ဆက်​ခြင်း​စ​ကား​ကို ဧ​လိ​ရှ​ဗက်​သည် ကြား​စဉ်​တွင် မိ​မိ​ဝမ်း၌​ရှိ​သော​သူ​ငယ်​သည် ခုန်၍၊ မိ​မိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လျက်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 42,
      "text": "သင်​သည် မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော​မင်္ဂ​လာ ရှိ၏။ သင်၏​ဝမ်း၌​ရှိ​သော သူ​ငယ်​သည်​လည်း မြတ်​စွာ​သော​မင်္ဂ​လာ ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 43,
      "text": "အ​ကျွန်ုပ်​သ​ခင်၏​မယ်​တော်​သည် အ​ကျွန်ုပ်​ဆီ​သို့ ကြွ​လာ​သော​ကျေး​ဇူး​ကို အ​ဘယ်​အ​ကြောင်း​ကြောင့် အ​ကျွန်ုပ်​ခံ​ရ​ပါ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 44,
      "text": "သင်၏​နှုတ်​ဆက်​ခြင်း​စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​စဉ်​တွင်၊ အ​ကျွန်ုပ်​ဝမ်း​ထဲ၌ သူ​ငယ်​သည် ရွှင်​မြူး​သော​စိတ်​နှင့် ခုန်၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 45,
      "text": "ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မိန်း​မ​အား ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​သည် ပြည့်​စုံ​လိမ့်​မည်​ဟု ကြီး​သော​အ​သံ​နှင့် မြွက်​ဆို၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 46,
      "text": "မာ​ရိ​က​လည်း၊ ငါ့​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 47,
      "text": "ငါ့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင် ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​ခြင်း​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 48,
      "text": "အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​မ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို ကြည့်​ရှု​တော်​မူ​ပြီ။ နောင်​ကာ​လ၌ ခပ်​သိမ်း​သော​လူ အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ကို မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 49,
      "text": "တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သည် အံ့​ဖွယ်​သော​ကျေး​ဇူး​တော်​ကို ငါ့​အား​ပြု​တော်​မူ​ပြီ၊ ထို​ဘု​ရား၏ နာ​မ​တော်​သည် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 50,
      "text": "ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​ကို အ​စဉ်​မ​ပြတ်​ခံ​စား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 51,
      "text": "လက်​ရုံး​တော်​အား​ဖြင့် တန်​ခိုး​ကို​ပြ​တော်​မူ​ပြီ။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 52,
      "text": "ဘု​ရင်​တို့​ကို ရာ​ဇ​ပ​လ္လင်​ပေါ်​မှ​ချ၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 53,
      "text": "ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 54,
      "text": "ငါ​တို့​ဘိုး​ဘေး​များ​တို့​အား ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် အ​ညီ၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 55,
      "text": "အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​အား သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ပြု​ခြင်း​ငှာ သ​တိ​ထား၍ မိ​မိ​ကျွန် ဣ​သ​ရေ​လ​ကို မ​စ​တော်​မူ​ပြီ​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 56,
      "text": "မာ​ရိ​သည်​လည်း ဧ​လိ​ရှ​ဗက်​ထံ​မှာ သုံး​လ​ခန့်​နေ​ပြီး​မှ မိ​မိ​အိမ်​သို့​ပြန်​လေ၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 57,
      "text": "ဧ​လိ​ရှ​ဗက်​သည် ဖွား​အံ့​သော​နေ့​လ စေ့​သော​အ​ခါ သား​ယောက်ျား​ကို ဖွား​မြင်၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 58,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​သ​နား​ခြင်း ကျေး​ဇူး​တော်​ကို ဧ​လိ​ရှ​ဗက်​အား ပြု​တော်​မူ​သည်​ကို၊ အိမ်​နီး​ချင်း အ​ဆွေ​အ​မျိုး​တို့​သည် ကြား​လတ်​သော်၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 59,
      "text": "ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ​ငယ်​အား​ပေး​အံ့​သော​ငှာ လာ​ကြ၍၊ အ​ဘ၏​အ​မည်​ဖြစ်​သော ဇာ​ခ​ရိ​အ​မည်​ဖြင့် မှည့်​သော​အ​ခါ အ​မိ​က၊ ထို​သို့​မ​မှည့်​ရ။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 60,
      "text": "ယော​ဟန်​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု​ဆို​လျှင်၊ သူ​တို့​က၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 61,
      "text": "ယော​ဟန်​အ​မည်​ဖြင့် သင်၏​အ​ဆွေ​အ​မျိုး​တွင် တစ်​ယောက်​ကို​မျှ မ​မှည့်​ဟု​ဆို၍၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 62,
      "text": "အ​ဘ​သည် အ​ဘယ်​သို့​မှည့်​စေ​လို​သ​နည်း​ဟု အ​မှတ်​အား​ဖြင့် မေး​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 63,
      "text": "အ​ဘ​သည်​လည်း သင်​ပုန်း​ကို​တောင်း၍၊ သူ၏​အ​မည်​ကား ယော​ဟန်​ဖြစ်၏​ဟု ရေး​လေ​သော်၊ ထို​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 64,
      "text": "ထို​ခ​ဏ​ချင်း​တွင် ဇာ​ခ​ရိ​သည် နှုတ်​ဖွင့်​ခြင်း၊ လျှာ​လွတ်​ခြင်း​ရှိ​သည်​ဖြစ်၍၊ စ​ကား​အား​ဖြင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 65,
      "text": "အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည် ကြောက်​ရွံ့​ခြင်း​ရှိ​ကြ၍ ထို​အ​မှု​အ​ရာ​များ​သည် ယု​ဒ​ပြည်​တောင်​ကြား​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 66,
      "text": "ကြား​သော​သူ​အ​ပေါင်း​တို့​သည် နှ​လုံး​ထဲ၌​မှတ်​သား၍၊ ဤ​သူ​ငယ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​လိမ့်​မည်​နည်း​ဟု ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည်​လည်း သူ​ငယ်​နှင့်​အ​တူ ရှိ​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 67,
      "text": "သူ၏​အ​ဘ ဇာ​ခ​ရိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လျက်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 68,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ပေါ်​ထွန်း​သော မိ​မိ​သန့်​ရှင်း​သော ပ​ရော​ဖက်​တို့​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ရန်​သူ​ဘေး​နှင့် ကင်း​လွတ်၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​သက်​လုံး သန့်​ရှင်း​ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​ဝတ်​ကို ရဲ​ရင့်​စွာ​ပြု​ရ​သော​အ​ခွင့်​ကို ပေး​မည်​ဟု ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​အား ကျိန်​ဆို​ခြင်း​က​တိ​တော်​တည်း​ဟူ​သော သန့်​ရှင်း​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို အောက်​မေ့​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​တို့ ဘိုး​ဘေး​များ​နှင့် ဝန်​ခံ​တော်​မူ​သော သ​နား​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​လျက် ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ကို​ပြု​တော်​မူ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ​လည်း​ကောင်း၊ မုန်း​သော​သူ​ရှိ​သ​မျှ​တို့ လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​မည်​အ​ကြောင်း၊ ကယ်​လွှတ်​ခြင်း​ဦး​ချို​ကို မိ​မိ​ကျွန်​ဒါ​ဝိဒ်​အ​မျိုး​ထဲ၌ ငါ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 76,
      "text": "အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား၏ ပ​ရော​ဖက်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 77,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့် အ​ပြစ်​ဖြေ၍ ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ကြောင်း​ကို ဘု​ရား​သ​ခင်၏​လူ​မျိုး​အား ဖော်​ပြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ပြင်​ဆင်​ခြင်း​ငှာ သင်​သည် ရှေ့​တော်၌​သွား​ရ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 78,
      "text": "ထို​သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့်၊ ကောင်း​ကင်​မှ နေ​အ​ရုဏ်​သည် ငါ​တို့​အ​ပေါ်​သို့ တက်​သ​ဖြင့်၊-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 79,
      "text": "မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-"
    },
    {
      "book": 42,
      "chapter": 1,
      "verse": 80,
      "text": "ထို​သူ​ငယ်​သည်​ကား၊ ကြီး​ပွား၍ ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ဣ​သ​ရေ​လ​လူ​တို့​အား မ​ထင်​ရှား​မီ​တိုင်​အောင် တော​အ​ရပ်၌ နေ​လေ၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 1,
      "text": "ထို​အ​ခါ တစ်​နိုင်​ငံ​လုံး​ကို စာ​ရင်း​ယူ​စေ​ခြင်း​ငှာ ကဲ​သာ​ဘု​ရင် ဩ​ဂု​တ္တု​သည် အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 2,
      "text": "ကု​ရေ​နိ​သည် ရှု​ရိ​ပြည်၌ မြို့​ဝန်​ဖြစ်​စဉ်​တွင်၊ ဤ​ပ​ထ​မ​စာ​ရင်း​ယူ​ခြင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 3,
      "text": "လူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်​ခြင်း​ငှာ အ​သီး​အ​သီး မိ​မိ​တို့​မြို့​ရွာ​သို့ သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 4,
      "text": "ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​ဖြစ်၍၊ ထိမ်း​မြား​ဆောင်​နှင်း​သော မ​ယား​မာ​ရိ​နှင့်​အ​တူ စာ​ရင်း​ဝင်​ခြင်း​ငှာ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ ယု​ဒ​ပြည်​တွင် ဗက်​လင်​အ​မည်​ရှိ​သော ဒါ​ဝိဒ်၏​မြို့​သို့ သွား၏။ ထို​အ​ခါ မာ​ရိ​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 6,
      "text": "ဗက်​လင်​မြို့၌​ရှိ​နေ​စဉ်၊ ဖွား​အံ့​သော နေ့​လ​စေ့​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 7,
      "text": "သား​ဦး​ကို​ဖွား​မြင်၍ အ​ဝတ်​နှင့်​ပတ်​ရစ်​ပြီး​မှ၊ ဧည့်​သည်​တည်း​ရာ​ဇ​ရပ်၌ သူ​တို့​နေ​စ​ရာ​မ​ရှိ​သော​ကြောင့်၊ သူ​ငယ်​ကို နွား​စား​ခွက်၌ သိပ်​ထား​လေ၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 8,
      "text": "ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 9,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 10,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 11,
      "text": "ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 12,
      "text": "သင်​တို့​သည် အ​ဘယ်​နိ​မိတ်​ဖြင့် သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​ငယ်​သည် အ​ဝတ်​နှင့်​ပတ်​ရစ်၍ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည်​ကို တွေ့​ကြ​လိမ့်​မည်​ဟု ဆို​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 13,
      "text": "ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 14,
      "text": "ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 15,
      "text": "ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​သို့ ပြန်​ကြ​ပြီး​မှ သိုး​ထိန်း​တို့​က၊ ငါ​တို့​သည် ဗက်​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖော်​ပြ​တော်​မူ​သော ဤ​အ​မှု​အ​ရာ​ကို ကြည့်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 16,
      "text": "အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 17,
      "text": "တွေ့​မြင်​ပြီး​မှ မိ​မိ​တို့​ကြား​သော ထို​သူ​ငယ်၏ အ​ကြောင်း​စ​ကား​ကို အ​နှံ့​အ​ပြား​ပြော​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 18,
      "text": "သိုး​ထိန်း​တို့​ပြော​သော​စ​ကား​ကို ကြား​သော​သူ ရှိ​သ​မျှ​တို့​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 19,
      "text": "မာ​ရိ​သည် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မှတ်​ကျုံး၍ စဉ်း​စား​ဆင်​ခြင်​လျက် နေ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 20,
      "text": "သိုး​ထိန်း​တို့​သည်​လည်း မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 21,
      "text": "ထို​သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​သော​နေ့​တည်း​ဟူ​သော ရှစ်​ရက်​မြောက်​သော​နေ့ ရောက်​လျှင်၊ ပ​ဋိ​သ​န္ဓေ​စွဲ​တော်​မ​မူ​မီ ကောင်း​ကင်​တ​မန်​မှည့်​သော ယေ​ရှု​အ​မည်​ဖြင့် မှည့်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 22,
      "text": "ထို​နောက် မော​ရှေ၏ ပ​ညတ်​တ​ရား​အ​တိုင်း စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​သော​အ​ခါ၊ မိ​ဘ​တို့​သည် သူ​ငယ်​ကို ယေ​ရှု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 23,
      "text": "သား​ဦး ယောက်ျား​အ​ပေါင်း​တို့​သည် ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 24,
      "text": "ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပူ​ဇော်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း လာ​ပြန်​သည်​နှင့်​အ​ညီ ယဇ်​ပူ​ဇော်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 25,
      "text": "ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 26,
      "text": "သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ခ​ရစ်​တော်​ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 27,
      "text": "ထို​အ​ခါ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား၍၊ မိ​ဘ​တို့​သည် သူ​ငယ်​ယေ​ရှု​ကို ပ​ညတ်​တ​ရား​ထုံး​တမ်း​အ​တိုင်း ပြု​ခြင်း​ငှာ ဆောင်​သွား​စဉ်​တွင်၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 28,
      "text": "ရှု​မောင်​သည် ယေ​ရှု​ကို လက်​နှင့်​ချီ​ပိုက်၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 30,
      "text": "ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 33,
      "text": "ထို​စ​ကား​များ​ကို ယော​သပ်​နှင့်​မယ်​တော်​သည် ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 34,
      "text": "ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 35,
      "text": "ထို​မှ​တစ်​ပါး သန်​လျက်​သည် သင်၏​စိတ်​နှ​လုံး​ကို ခွင်း​လိမ့်​မည်​ဟု မြွက်​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 36,
      "text": "အာ​ရှာ​အ​မျိုး​ဖြစ်​သော ဖ​နွေ​လ၏​သ​မီး၊ အ​န္န​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​တစ်​ယောက်​ရှိ၏။ သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ ခု​နစ်​နှစ်​သာ​လင်​နှင့် နေ​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 37,
      "text": "အ​သက်​ကြီး​ရင့်၍ အ​နှစ်​ရှစ်​ဆယ်​လေး​နှစ်​ခန့်​မျှ တိုင်​တိုင် မု​ဆိုး​မ​ဖြစ်​လျက်၊ ဆု​တောင်း​ခြင်း​နှင့် အ​စာ​ရှောင်​ခြင်း​အား​ဖြင့် နေ့​ည​မ​ပြတ် ဘု​ရား​ဝတ်​ကို​ပြု၍ ဗိ​မာန်​တော်​နှင့် မ​ခွာ​ဘဲ​နေ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 38,
      "text": "သူ​သည်​လည်း ထို​ခ​ဏ​ချင်း​တွင်​ဝင်၍ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ယေ​ရု​ရှ​လင်​မြို့၌ ရွေး​နုတ်​ခြင်း​အ​ရာ​ကို မျှော်​လင့်​သော​သူ​အ​ပေါင်း​တို့​အား ထို​သူ​ငယ်၏ အ​ကြောင်း​ကို ပြော​လေ၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 39,
      "text": "မိ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သ​မျှ​တို့​ကို အ​ကုန်​အ​စင်​ပြု​ပြီး​မှ၊ ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော မိ​မိ​တို့​မြို့​သို့ ပြန်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 40,
      "text": "သူ​ငယ်​သည်​လည်း ကြီး​ပွား၍ ပ​ညာ​ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည်​လည်း သူ့​အ​ပေါ်၌​တည်၏။"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 41,
      "text": "မိ​ဘ​တို့​သည် နှစ်​တိုင်း​အ​စဉ် ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 42,
      "text": "ယေ​ရှု​သည် တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော​အ​ခါ ပ​သ​ခါ​ပွဲ​ထုံး​စံ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​သို့ တက်​ကြ၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 43,
      "text": "ပွဲ​နေ့​ရက်​လွန်​ပြီး​မှ မိ​ဘ​တို့​သည်​ပြန်​ကြ​လျှင်၊ သူ​ငယ်​ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​လေ၏။ ယော​သပ်​နှင့် မယ်​တော်​သည် ထို​အ​ကြောင်း​ကို မ​သိ၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 44,
      "text": "အ​ပေါင်း​အ​ဖော်​စု​ထဲ​မှာ သူ​ငယ်​ပါ​သည်​ဟု စိတ်​ထင်​နှင့် တစ်​နေ့​ခ​ရီး​သွား​မိ​လျှင်၊ အ​ဆွေ​အ​မျိုး အ​သိ​အ​ကျွမ်း​တို့​တွင် ရှာ၍၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 45,
      "text": "မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍​ရှာ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 46,
      "text": "သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 47,
      "text": "သူ၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် သူ၏​ပ​ညာ​ကို​လည်း​ကောင်း၊ စ​ကား​အ​ဖြေ​ကို​လည်း​ကောင်း အံ့​ဩ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 48,
      "text": "မိ​ဘ​တို့​သည် သား​ကို​မြင်​လျှင် မိန်း​မော​တွေ​ဝေ၍ မယ်​တော်​က၊ ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့ ပြု​သ​နည်း။ ညှိုး​ငယ်​ကြောင့်​ကြ​သော​စိတ်​နှင့် မိ​ဘ​တို့​သည် မောင်​ကို​ရှာ​ကြ​ပြီ​ဟု ဆို​သော်၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 49,
      "text": "ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 50,
      "text": "သူ​တို့​သည် ထို​စ​ကား​ကို နား​မ​လည်​ကြ။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 51,
      "text": "ထို​နောက် ယေ​ရှု​သည် မိ​ဘ​တို့​နှင့်​အ​တူ​သွား​သ​ဖြင့် နာ​ဇ​ရက်​မြို့​သို့​ရောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​လျက် နေ​လေ၏။ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မယ်​တော်​သည် နှ​လုံး​ထဲ၌ မှတ်​ကျုံး​လေ၏။-"
    },
    {
      "book": 42,
      "chapter": 2,
      "verse": 52,
      "text": "ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 1,
      "text": "ကဲ​သာ​ဘု​ရင် တိ​ဗေ​ရိ​နန်း​စံ တစ်​ဆယ်​ငါး​နှစ်​တွင်၊ ယု​ဒ​ပြည်၌ ပု​န္တိ​ပိ​လတ်​သည် မြို့​ဝန်​အ​ရာ၊ ဂါ​လိ​လဲ​ပြည်၌ ဟေ​ရုဒ်​သည် စော်​ဘွား​အ​ရာ၊ ဣ​တု​ရဲ​ပြည်​နှင့် တ​ရာ​ခေါ​နိတ်​ပြည်၌ ဟေ​ရုဒ်​ညီ​ဖိ​လိ​ပ္ပု​သည် စော်​ဘွား​အ​ရာ၊ အ​ဘိ​လင်​ပြည်၌ လု​သာ​နိ​သည် စော်​ဘွား​အ​ရာ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 2,
      "text": "အ​န္န​နှင့် က​ယာ​ဖ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ၊ အ​သီး​အ​သီး ရှိ​ကြ​သော​အ​ခါ၊ တော၌​ရှိ​သော ဇာ​ခ​ရိ၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ခံ​ရ၏။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 3,
      "text": "ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌​လာ​သည်​ကား၊ တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 4,
      "text": "လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့။ ချိုင့်​ဝှမ်း​ရာ​ရှိ​သ​မျှ​တို့​ကို ဖို့​ရ​မည်။ တောင်​ကြီး​တောင်​ငယ် ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​စေ​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 5,
      "text": "ကြမ်း​တမ်း​သော​လမ်း​များ​ကို​လည်း သုတ်​သင်​ပြင်​ဆင်​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 6,
      "text": "လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မြင်​ရ​ကြ​လ​တ္တံ့​ဟု လာ​သည်​နှင့်​အ​ညီ၊ ယော​ဟန်​သည် ယော်​ဒန်​မြစ်​နား၌ အ​နှံ့​အ​ပြား​လှည့်​လည်၍ အ​ပြစ်​လွှတ်​ခြင်း​အ​ဖို့​အ​လို​ငှာ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​လေ၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 7,
      "text": "ထို​အ​ခါ၊ ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သော လူ​အ​စု​အ​ဝေး​တို့​အား ယော​ဟန်​ဟော​ပြော​သည်​ကား၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 8,
      "text": "နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 9,
      "text": "သစ်​ပင်​အ​မြစ်​နား​မှာ ပု​ဆိန်​ထား​လျက်​ရှိ​သည် ဖြစ်၍၊ ကောင်း​သော​အ​သီး မ​သီး​သော​အ​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​ရ​သည်​ဟု ဟော​ပြော​လေ၏။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 10,
      "text": "လူ​အ​စု​အ​ဝေး​က​လည်း၊ သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 11,
      "text": "ယော​ဟန်​က၊ အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် အင်္ကျီ​မ​ရှိ​သော​သူ​အား မျှ​စေ။ စား​စ​ရာ​ရှိ​သော​သူ​သည်​လည်း ထို​နည်း​တူ​ပြု​စေ​ဟု ပြန်​ပြော၏။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 12,
      "text": "အ​ခွန်​ခံ​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လာ၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 13,
      "text": "သင်​တို့​သ​ခင်​သည် ခွဲ​ဝေ​စီ​မံ​သည်​ထက်​သာ၍ မ​ခွဲ​မ​ခံ​ကြ​နှင့်​ဟု ပြန်​ပြော၏။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 14,
      "text": "စစ်​သူ​ရဲ​တို့​က​လည်း အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​ကို​မျှ အ​နိုင်​အ​ထက် မ​ပြု​ကြ​နှင့်။ အ​ဘယ်​သူ​ကို​မျှ မ​လျှပ်​ကြ​နှင့်။ ကိုယ်​ရ​သော​အ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့​ဟု ပြန်​ပြော၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 15,
      "text": "လူ​များ​တို့​သည် မျှော်​လင့်၍၊ ယော​ဟန်​သည် ခ​ရစ်​တော်​မှန်​သည် မ​မှန်​သည်​ကို နှ​လုံး​ထဲ​မှာ တွေး​တော​ဆင်​ခြင်​ကြ​စဉ်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 16,
      "text": "ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 17,
      "text": "လက်​တော်​တွင် ဆန်​ကော​ပါ​လျက် မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ ဂျုံ​စ​ပါး​ကို​ကား ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ပြော​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 18,
      "text": "အ​ခြား​သော​စ​ကား​များ​နှင့် ဆုံး​မ​သွေး​ဆောင်၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော​လေ၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 19,
      "text": "ထို​နောက် စော်​ဘွား​ဟေ​ရုဒ်​သည် မိ​မိ​ညီ၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​မှ​စ၍၊ မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ယော​ဟန်​သည် ဖော်​ပြ​ဆုံး​မ​သော​ကြောင့်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 20,
      "text": "ဟေ​ရုဒ်​သည် အ​ရင်​အ​ပြစ်​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ အ​ပြစ်​သစ်​ကို​ထပ်​လောင်း၍ ယော​ဟန်​ကို ထောင်​ထဲ​မှာ လှောင်​ထား၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 21,
      "text": "လူ​အ​ပေါင်း​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သော​အ​ခါ၊ ယေ​ရှု​သည်​လည်း ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ၍ ဆု​တောင်း​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 22,
      "text": "သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​ထင်​ရှား​လျက် ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ၍၊ သင်​ကား၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 23,
      "text": "ထို​အ​ခါ ယေ​ရှု​သည် အ​နှစ်​သုံး​ဆယ်​ခန့်​မျှ ရှိ​တော်​မူ၏။ လူ​များ​အ​ထင်​အ​မှတ်​အား​ဖြင့် ကိုယ်​တော်၏​အ​ဘ​ကား ယော​သပ်​တည်း။ ယော​သပ်​အ​ဘ ဧ​လိ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 24,
      "text": "ဧ​လိ​အ​ဘ မဿတ်၊ မဿတ်​အ​ဘ လေ​ဝိ။ လေ​ဝိ​အ​ဘ မေ​လ​ခိ၊ မေ​လ​ခိ​အ​ဘ ယ​န္န၊ ယ​န္န​အ​ဘ ယော​သပ်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 25,
      "text": "ယော​သပ်​အ​ဘ မ​တ္တ​သိ၊ မ​တ္တ​သိ​အ​ဘ အာ​မုတ်၊ အာ​မုတ်​အ​ဘ နာ​ဟုံ၊ နာ​ဟုံ​အ​ဘ ဧ​သ​လိ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 26,
      "text": "ဧ​သ​လိ​အ​ဘ န​ဂ္ဂဲ၊ န​ဂ္ဂဲ​အ​ဘ မာ​အတ်၊ မာ​အတ်​အ​ဘ မ​တ္တ​သိ၊ မ​တ္တ​သိ​အ​ဘ ရှေ​မိ၊ ရှေ​မိ​အ​ဘ ယော​သပ်၊ ယော​သပ်​အ​ဘ ယု​ဒ၊ ယု​ဒ​အ​ဘ ယော​ဟ​န္န၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 27,
      "text": "ယော​ဟ​န္န​အ​ဘ ရေ​သ၊ ရေ​သ​အ​ဘ ဇေ​ရု​ဗ​ဗေ​လ၊ ဇေ​ရု​ဗ​ဗေ​လ​အ​ဘ ရှာ​လ​သေ​လ၊ ရှာ​လ​သေ​လ​အ​ဘ နေ​ရိ၊ နေ​ရိ​အ​ဘ မေ​လ​ခိ၊ မေ​လ​ခိ​အ​ဘ အ​ဒ္ဒိ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 28,
      "text": "အ​ဒ္ဒိ​အ​ဘ ကော​သံ၊ ကော​သံ​အ​ဘ ဧ​လ​မော​ဒံ၊ ဧ​လ​မော​ဒံ​အ​ဘ ဧ​ရ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 29,
      "text": "ဧ​ရ​အ​ဘ ယော​သေ၊ ယော​သေ​အ​ဘ ဧ​လျေ​ဇာ၊ ဧ​လျေ​ဇာ​အ​ဘ ယော​ရိမ်၊ ယော​ရိမ်​အ​ဘ မဿတ်၊ မဿတ်​အ​ဘ လေ​ဝိ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 30,
      "text": "လေ​ဝိ​အ​ဘ ရှိ​မောင်၊ ရှိ​မောင်​အ​ဘ ယု​ဒ၊ ယု​ဒ​အ​ဘ ယော​သပ်၊ ယော​သပ် အ​ဘ​ယော​နန်၊ ယော​နန်​အ​ဘ ဧ​လျာ​ကိမ်၊ ဧ​လျာ​ကိမ် အ​ဘ​မေ​လေ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 31,
      "text": "မေ​လေ​အ​ဘ မဲ​နန်၊ မဲ​နန်​အ​ဘ မ​တ္တ​သ၊ မ​တ္တ​သ​အ​ဘ နာ​သန်၊ နာ​သန်​အ​ဘ ဒါ​ဝိဒ်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 32,
      "text": "ဒါ​ဝိဒ်​အ​ဘ ယေ​ရှဲ၊ ယေ​ရှဲ​အ​ဘ ဩ​ဗက်၊ ဩ​ဗက်​အာ​ဘ ဗော​ဇ၊ ဗော​ဇ​အ​ဘ စာ​လ​မုန်၊ စာ​လ​မုန်​အ​ဘ နာ​ရှုန်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 33,
      "text": "နာ​ရှုန်​အ​ဘ အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​အ​ဘ အာ​ရံ၊ အာ​ရံ​အ​ဘ ဟေ​ဇ​ရုံ၊ ဟေ​ဇ​ရုံ​အ​ဘ ဖာ​ရက်၊ ဖာ​ရက်​အ​ဘ ယု​ဒ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 34,
      "text": "ယု​ဒ​အ​ဘ ယာ​ကုပ်၊ ယာ​ကုပ်​အ​ဘ ဣ​ဇာက်၊ ဣ​ဇာက်​အ​ဘ အာ​ဗြ​ဟံ၊ အာ​ဗြ​ဟံ​အ​ဘ တေ​ရ၊ တေ​ရ​အ​ဘ နာ​ခေါ်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 35,
      "text": "နာ​ခေါ်​အ​ဘ စေ​ရောက်၊ စေ​ရောက်​အ​ဘ ရာ​ဂေါ၊ ရာ​ဂေါ​အ​ဘ ဖာ​လက်၊ ဖာ​လက်​အ​ဘ ဟေ​ဗာ၊ ဟေ​ဗာ​အ​ဘ ရှာ​လ၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 36,
      "text": "ရှာ​လ​အ​ဘ ကာ​ဣ​နန်၊ ကာ​ဣ​နန်​အ​ဘ အာ​ဖာ​ဇဒ်၊ အာ​ဖာ​ဇဒ်​အ​ဘ ရှေ​မ၊ ရှေ​မ​အ​ဘ နော​ဧ၊ နော​ဧ​အ​ဘ လာ​မက်၊-"
    },
    {
      "book": 42,
      "chapter": 3,
      "verse": 37,
      "text": "လာ​မက်​အ​ဘ မ​သု​ရှ​လ၊ မ​သု​ရှ​လ​အ​ဘ ဧ​နောက်၊ ဧ​နောက်​အ​ဘ ယာ​ရက်၊ ယာ​ရက်​အ​ဘ မ​ဟာ​လေ​လေ​လ၊ မ​ဟာ​လေ​လေ​လ​အ​ဘ ကာ​ဣ​နန်၊ ကာ​ဣ​နန်​အ​ဘ ဧ​နုတ်၊ ဧ​နုတ်​အ​ဘ ရှေ​သ၊ ရှေ​သ​အ​ဘ အာ​ဒံ၊ အာ​ဒံ​အ​ဘ ဘု​ရား​သ​ခင်​ပေ​တည်း။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 1,
      "text": "ယေ​ရှု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ ယော်​ဒန်​မြစ်​နား​မှ ပြန်​စဉ်​တွင် ဝိ​ညာဉ်​တော်​သည် တော​သို့ ပို့​ဆောင်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 2,
      "text": "အ​ရက်​လေး​ဆယ်​ပတ်​လုံး မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ ထို​ကာ​လ​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​တော်​မ​မူ။ ထို​ကာ​လ​လွန်​ပြီး​မှ မွတ်​သိပ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 3,
      "text": "မာရ်​နတ်​က​လည်း၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် ဤ​ကျောက်​ခဲ​ကို မုန့်​ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 4,
      "text": "ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို မွေး​ရ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ၌​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 5,
      "text": "တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 6,
      "text": "ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 7,
      "text": "ငါ့​ကို​ကိုး​ကွယ်​လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 8,
      "text": "ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 9,
      "text": "တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်၏ အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 10,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ သင့်​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 11,
      "text": "သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ဤ​အ​ထွတ်​မှ ကိုယ်​ကို အောက်​သို့ ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 12,
      "text": "ယေ​ရှု​က​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စ​ကား​ရှိ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 13,
      "text": "ထို​သို့​မာရ်​နတ်​သည် စုံ​စမ်း​သွေး​ဆောင်​ခြင်း​အ​မှု အ​လုံး​စုံ​ကို အ​ကုန်​အ​စင်​ပြု​ပြီး​လျှင်၊ အ​ထံ​တော်​မှ ထွက်​သွား၍ ကာ​လ​အ​တန်​အ​ရာ နေ​လေ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 14,
      "text": "ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့် ဂါ​လိ​လဲ​ပြည်​သို့​ပြန်၍၊ သ​တင်း​တော်​သည် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၍၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 15,
      "text": "လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 16,
      "text": "ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 17,
      "text": "ဇ​ရပ်​စောင့်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ပေး​သည်​ဖြစ်၍၊ ကျမ်း​စာ​ကို​ဖွင့်​တော်​မူ​လျှင် တွေ့​သော​အ​ချက်​စ​ကား ဟူ​မူ​ကား၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 18,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို ဘိ​သိက်​ပေး​တော်​မူ​ပြီ။ ကြေ​မွ​သော​သူ​တို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့် မျက်​စိ​ကန်း​သော​သူ​တို့​အား မျက်​စိ​မြင်​ပြန်​ခြင်း အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို ကယ်​မ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ မင်္ဂ​လာ​နှစ်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ​ဟု လာ​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 20,
      "text": "ကျမ်း​စာ​ကို​လိပ်၍ ဇ​ရပ်​စောင့်​အား​ပေး​ပြီး​မှ ထိုင်​တော်​မူ၏။ ဇ​ရပ်၌​ရှိ​သော သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စေ့​စေ့​ကြည့်​လျက်​နေ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 21,
      "text": "ယေ​ရှု​က​လည်း၊ ယ​နေ့​ပင် ဤ​ကျမ်း​စာ​ချက်​သည် သင်​တို့​ကြား​သည်​အ​တိုင်း ပြည့်​စုံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 22,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်​ခံ၍၊ တင့်​တယ်​လျောက်​ပတ်​သော နှုတ်​ထွက်​စ​ကား​ကို အံ့​ဩ​ချီး​မွမ်း​လျက်၊ ဤ​သူ​သည် ယော​သပ်၏​သား မ​ဟုတ်​တုံ​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ အ​ကယ်၍ သင်​တို့​သည် ပုံ​ပ​မာ​ကို​ဆောင်​လျက်၊ အ​ချင်း​ဆေး​သ​မား၊ ကိုယ်​အ​နာ​ကို ငြိမ်း​စေ​လော့။ ငါ​တို့​သည် သ​တင်း​ကြား​သည်​အ​တိုင်း၊ သင်​သည် က​ပေ​ရ​နောင်​မြို့၌ ပြု​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​နေ​ရင်း​မြို့၌​လည်း ပြု​ပါ​ဟူ၍ ငါ့​အား ပြော​ဆို​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 24,
      "text": "အ​ဘယ်​ပ​ရော​ဖက်​မျှ မိ​မိ​နေ​ရင်း​မြို့၌ မျက်​နှာ​မ​ရ​တတ်။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 25,
      "text": "ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 26,
      "text": "သို့​သော်​လည်း၊ ထို​မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့​မျှ ဧ​လိ​ယ​ကို စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုန်​ပြည် ဇ​ရ​တ္တ​မြို့​သူ​ဖြစ်​သော မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 27,
      "text": "ပ​ရော​ဖက်​ဧ​လိ​ရှဲ လက်​ထက်​တွင်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ နူ​နာ​စွဲ​သော​သူ အ​များ​ရှိ​ကြ၏။ သို့​သော်​လည်း၊ နေ​မန်​အ​မည်​ရှိ​သော ရှု​ရိ​လူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သန့်​ရှင်း​ခြင်း​သို့​မ​ရောက်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 28,
      "text": "တ​ရား​ဇ​ရပ်၌​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ထို​စ​ကား​တော်​ကို ကြား​သော​အ​ခါ ပြင်း​စွာ အ​မျက်​ထွက်​သည်​နှင့်၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 29,
      "text": "ထ၍ ကိုယ်​တော်​ကို​မြို့​ပြင်​သို့ နှင်​ထုတ်​ပြီး​လျှင်၊ ထို​မြို့​တည်​ရာ တောင်​ထိပ်​စွန်း​အ​ငူ​မှ ဇောက်​ထိုး​တွန်း​ချ​ခြင်း​ငှာ ဆောင်​သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 30,
      "text": "ကိုယ်​တော်​သည် သူ​တို့​အ​လယ်၌ လျှောက်၍ ကြွ​သွား​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 31,
      "text": "ဂါ​လိ​လဲ​ပြည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 32,
      "text": "အာ​ဏာ​နှင့် ဟော​တော်​မူ​သော​ကြောင့် ပ​ရိသတ်​တို့​သည် ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 33,
      "text": "ထို​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ်​ဆိုး စွဲ​သော​သူ​တစ်​ယောက် ရှိ၍၊-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 34,
      "text": "ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်​ကြော်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 35,
      "text": "ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 36,
      "text": "လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​စ​ကား​သည် အ​ဘယ်​သို့​သော​စ​ကား​နည်း၊ ညစ်​ညူး​သော​နတ်​တို့​ကို အာ​ဏာ​တန်​ခိုး​နှင့် မှာ​ထား၍ သူ​တို့​သည် ထွက်​သွား​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 37,
      "text": "သ​တင်း​တော်​သည်​လည်း၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ နှံ့​ပြား​ကျော်​စော​လေ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 38,
      "text": "တ​ရား​ဇ​ရပ်​မှ ထွက်​ပြီး​လျှင် ရှိ​မုန်​အိမ်​သို့​ကြွ​တော်​မူ၏။ ရှိ​မုန်၏ ယော​က္ခ​မ​သည် ပြင်း​စွာ​သော ဖျား​နာ​စွဲ​သည်​ဖြစ်၍ သူ့​အ​တွက် ကိုယ်​တော်​ကို တောင်း​လျှောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 39,
      "text": "ကိုယ်​တော်​သည် ထို​မိန်း​မ၏ အ​နား​မှာ​ရပ်၍ ဖျား​နာ​ကို ဆုံး​မ​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ၍ ဧည့်​သည်​ဝတ်​ကို​ပြု​လေ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 40,
      "text": "နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 41,
      "text": "နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 42,
      "text": "မိုး​လင်း​သော​အ​ခါ တော​အ​ရပ်​သို့ ထွက်​ကြွ​တော်​မူ၍၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို​ရှာ​ကြ၏၊ အ​ထံ​တော်​သို့​ရောက်​လျှင်၊ မိ​မိ​တို့​နေ​ရာ​မှ ထွက်​ကြွ​တော်​မ​မူ​မည်​အ​ကြောင်း ဆီး​တား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 43,
      "text": "ကိုယ်​တော်​က​လည်း၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​ခြား​သော​မြို့​ရွာ​တို့၌ ငါ​ဟော​ပြော​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 4,
      "verse": 44,
      "text": "ထို​သို့​အ​လို့​ငှာ ငါ့​ကို​စေ​လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်​မှာ တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​ပြော​လျက် နေ​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 1,
      "text": "တစ်​ရံ​ရော​အ​ခါ ဂင်္နေ​သ​ရက်​အိုင်​နား​မှာ ရပ်​တော်​မူ၍၊ လူ​များ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို နား​ထောင်​ခြင်း​ငှာ ကိုယ်​တော်​အ​နီး​သို့ တိုး​ဝင်​ကြ​စဉ်​တွင်၊ ကမ်း​နား​မှာ​ဆိုက်​သော လှေ​နှစ်​စင်း​ကို မြင်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 2,
      "text": "တံ​ငါ​တို့​သည် လှေ​ထဲ​က​ထွက်၍​ပိုက်​ကွန်​တို့​ကို ဆေး​လျှော်​လျက် နေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 3,
      "text": "ထို​လှေ​တို့​တွင် ရှိ​မုန်၏ လှေ​ထဲ​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ လှေ​ကို​ကမ်း​နား​မှာ အ​နည်း​ငယ်​ခွာ​ဖွင့်​စေ​ခြင်း​ငှာ ရှိ​မုန်​ကို အ​ခွင့်​တောင်း​တော်​မူ၏။ ထို​လှေ​ပေါ်​မှာ ထိုင်​လျက် လူ​များ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 4,
      "text": "စ​ကား​တော်​ပြတ်​သော​အ​ခါ၊ ရေ​နက်​ရာ​အ​ရပ်​သို့ ရွေ့​ဦး​လော့။ ပိုက်​ကွန်​ကို​ချ၍ ငါး​ကို​အုပ်​စမ်း​လော့​ဟု ရှိ​မုန်​အား​မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 5,
      "text": "ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 6,
      "text": "ထို​သို့​ချ​ကြ​ပြီး​လျှင်၊ အ​လွန်​များ​စွာ​သော ငါး​တို့​ကို အုပ်​မိ​သ​ဖြင့် ပိုက်​ကွန်​သည် စုတ်​ပြတ်​စ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 7,
      "text": "အ​ခြား​သော လှေ​တစ်​စင်း၌​ရှိ​သော အ​ပေါင်း​အ​ဖော်​တို့​သည် လာ၍​ကူ​ညီ​စေ​ခြင်း​ငှာ သူ​တို့​ကို အ​မှတ်​ပေး​သ​ဖြင့်၊ သူ​တို့​သည်​လာ၍ လှေ​နှစ်​စင်း နစ်​လု​မ​တတ် ငါး​နှင့် ပြည့်​စေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 8,
      "text": "ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 9,
      "text": "အ​ဘယ်​ကြောင့် ဤ​သို့ လျှောက်​သ​နည်း ဟူ​မူ​ကား၊ အုပ်​မိ​သော​ငါး​များ​ကို ထောက်​သ​ဖြင့်၊ ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​မှ​စ၍ ရှိ​မုန်​နှင့် ပါ​သ​မျှ​သော​သူ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 10,
      "text": "ယေ​ရှု​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​နှင့်။ သင်​သည်​ယ​ခု​မှ​စ၍ လူ​တို့​ကို​ဖမ်း​မိ​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 11,
      "text": "ကမ်း​နား​မှာ​လှေ​ကို ဆိုက်​ပြီး​လျှင်၊ ထို​သူ​တို့​သည် ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 12,
      "text": "ကိုယ်​တော်​သည် မြို့​တစ်​မြို့၌​ရှိ​တော်​မူ​စဉ်၊ တစ်​ကိုယ်​လုံး​နူ​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ကိုယ်​တော်​ကို မြင်​လျှင် ပျပ်​ဝပ်၍၊ သ​ခင်၊ အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 13,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက်၊ လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 14,
      "text": "ယေ​ရှု​က​လည်း၊ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက် မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 15,
      "text": "သို့​သော်​လည်း သ​တင်း​တော်​သည် သာ၍ ကျော်​စော​သ​ဖြင့်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် တ​ရား​နာ​လို​သော​ငှာ​လည်း​ကောင်း၊ အ​နာ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​တော်​ကို ခံ​လို​သော​ငှာ​လည်း​ကောင်း၊ စု​ဝေး​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 16,
      "text": "ကိုယ်​တော်​သည် တော​အ​ရပ်​သို့​ကြွ၍ ဆု​တောင်း​လေ့​ရှိ​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 17,
      "text": "တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 18,
      "text": "ထို​အ​ခါ လက်​ခြေ​သေ​သော​သူ​တစ်​ယောက်​ကို အိပ်​ရာ​နှင့်​တ​ကွ အ​ထံ​တော်သို့​ဆောင်​ခဲ့၍၊ ရှေ့​တော်​၌ သွင်း​ထား​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 19,
      "text": "လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ဝင်​စ​ရာ​လမ်း​ကို မ​တွေ့​သ​ဖြင့်၊ အိမ်​မိုး​ပေါ်​သို့​တက်၍ အုတ်​မိုး​ကို ဖောက်​ပြီး​မှ လူ​နာ​ကို အိပ်​ရာနှင့်​တ​ကွ လူ​များ​အ​လည် ယေ​ရှု၏​ရှေ့​တော်​သို့ လျှော့​ချ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 20,
      "text": "ကိုယ်​တော်​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင်၊ လူ​နာ​အား၊ အ​ချင်း​လူ၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 21,
      "text": "ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 22,
      "text": "ယေ​ရှု​သည် ထို​သူ​တို့၏ ထင်​မှတ်​ခြင်း​ကို​သိ​တော်​မူ​လျှင်၊ သင်​တို့​စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 23,
      "text": "အ​ဘယ်​စ​ကား​ကို​သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 24,
      "text": "လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 25,
      "text": "ထို​သူ​သည်​လည်း လူ​အ​များ​ရှေ့​မှာ ချက်​ချင်း​ထ၍ အိပ်​ရာကို​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​သွား​လေ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 26,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​အား​ကြီး​သည်​နှင့်၊ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​အ​ရာ​ကို ယ​နေ့​မြင်​ခဲ့​ပြီ​ဟု​ပြော​ဆို၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 27,
      "text": "ထို​နောက်​ကိုယ်​တော်​သည် ထွက်​ကြွ၍ လေ​ဝိ​အ​မည်​ရှိ​သော အ​ခွန်​ခံ​သူ​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို​မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 28,
      "text": "ထို​သူ​သည်​လည်း ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်​လျက် ထ၍ နောက်​တော်​သို့​လိုက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 29,
      "text": "ထို​နောက်​မှ​လေ​ဝိ​သည် ကိုယ်​တော်​အ​ဖို့​အ​လို့​ငှာ မိ​မိ​အိမ်၌ ကြီး​စွာ​သော​ပွဲ​ကို​ခံ၍၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌ လျောင်း​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 30,
      "text": "ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 31,
      "text": "ယေ​ရှု​က​လည်း၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့​သာ​လျှင် အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 32,
      "text": "ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို​ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 33,
      "text": "လူ​အ​ချို့​တို့​က၊ ယော​ဟန်၏ တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ခြင်း​နှင့် ဆု​တောင်း​ခြင်း​တို့​ကို အ​ဖန်​တ​လဲ​လဲ ပြု​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် စား​သောက်​လျက် နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 34,
      "text": "ကိုယ်​တော်​က​လည်း၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​ကို အ​စာ​ရှောင်​စေ​နိုင်​သ​လော။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 35,
      "text": "မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 36,
      "text": "ဥ​ပ​မာ​ကား၊ အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် အ​ထည်​သစ်​သည် ဆွဲ​ဆုတ်​တတ်၏။ ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​နှင့် မ​သင့်​မ​တင့်​တတ်။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 37,
      "text": "၎င်း​နည်း၊ ဟောင်း​သော​သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင် အ​သစ်​သော​စ​ပျစ်​ရည်​သည် သား​ရေ​ဘူး​ကို ဆုတ်​ခွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည်​ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 38,
      "text": "အ​သစ်​သော​စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​ရ​သည်၊ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး။-"
    },
    {
      "book": 42,
      "chapter": 5,
      "verse": 39,
      "text": "ဟောင်း​သော​စ​ပျစ်​ရည်​ကို သောက်​ပြီး​သော သူ​သည်​လည်း အ​သစ်​သော​စ​ပျစ်​ရည်​ကို ချက်​ချင်း အ​လို​မ​ရှိ​တတ်။ ဟောင်း​သော​စ​ပျစ်​ရည် သာ၍​ကောင်း​သည်​ကို သိ၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 1,
      "text": "ဒု​တိ​ယ​ဧ​က​ဒက်​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် စ​ပါး​အ​သီး​အ​နှံ​ကို​ဆွတ်၍ လက်​နှင့် ပွတ်​နယ်​စား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 2,
      "text": "ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သင်​တို့​သည် အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း​ဟု ဆို​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 3,
      "text": "ယေ​ရှု​က၊ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို ယူ​စား၍၊ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို​မျှ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 5,
      "text": "ထို​မှ​တစ်​ပါး၊ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 6,
      "text": "အ​ခြား​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သည်​တွင်၊ ထို​ဇ​ရပ်၌ လက်​ယာ​လက်​သေ​သော​သူ တစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 7,
      "text": "ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 8,
      "text": "ကိုယ်​တော်​သည် သူ​တို့​အ​ကြံ​အ​စည်​ကို​သိ​လျှင်၊ လက်​သေ​သော​သူ​အား၊ ထ​လော့။ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း ထို​သူ​သည်​ထ၍ မတ်​တတ်​နေ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 9,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​ကို ငါ​မေး​မည်။ ဥ​ပုသ်​နေ့၌ အ​ဘယ်​သို့​ပြု​အပ်​သ​နည်း။ ကျေး​ဇူး​ပြု​အပ်​သ​လော။ သူ့​အ​ကျိုး​ကို ဖျက်​ဆီး​အပ်​သ​လော။ အ​သက်​ကို ကယ်​အပ်​သ​လော၊ သတ်​အပ်​သ​လော​ဟု ပ​ရိသတ်​တို့​အား မေး​တော်​မူ​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 10,
      "text": "ထို​သူ​အ​ပေါင်း​တို့​ကို ပတ်​လည်​ကြည့်​ရှု​လျက်၊ သင်၏​လက်​ကို ဆန့်​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 11,
      "text": "ထို​သူ​များ​တို့​သည် ဒေါ​သ​စိတ်​နှင့်​ယစ်​မူး၍ ယေ​ရှု​အား အ​ဘယ်​သို့​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ကြ၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 12,
      "text": "ထို​နေ့​ရက်​ကာ​လ၌ ကိုယ်​တော်​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ တောင်​ပေါ်​သို့​ကြွ၍ ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် တစ်​ည​လုံး​နေ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 13,
      "text": "မိုး​လင်း​သော​အ​ခါ တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ၍၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 14,
      "text": "ပေ​တ​ရု​အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​န္ဒြေ၊ ယာ​ကုပ်​နှင့် ယော​ဟန်၊ ဖိ​လိ​ပ္ပု​နှင့် ဗာ​သော​လ​မဲ၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 15,
      "text": "မဿဲ​နှင့် သော​မ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်​နှင့် ဇေ​လုပ်​ဟု​ခေါ်​ဝေါ်​သော ရှိ​မုန်၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 16,
      "text": "ယာ​ကုပ်၏​ညီ​ယု​ဒ​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​တည်း​ဟူ​သော တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ရွေး​ကောက်၍ တ​မန်​တော်​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 17,
      "text": "ထို​သူ​တို့​နှင့်​တ​ကွ ကိုယ်​တော်​သည် တောင်​ပေါ်​က​ဆင်း​ကြွ၍ မြေ​ညီ​ရာ​အ​ရပ်၌ ရပ်​တော်​မူ၏။ တ​ရား​နာ​ခြင်း​ငှာ​လည်း​ကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်၊ ပင်​လယ်​ကမ်း​နား၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့ အ​ရပ်​ရပ်​တို့​က လာ​ကြ​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​နှင့် တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 18,
      "text": "ညစ်​ညူး​သော​နတ် ညှဉ်း​ဆဲ​သော​သူ​တို့​သည်​လည်း လာ၍ ချမ်း​သာ​ရ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 19,
      "text": "ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိသတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 20,
      "text": "ထို​အ​ခါ ကိုယ်​တော်​သည်​မျှော်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​တော်​မူ​လျှင်၊ ဆင်း​ရဲ​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​နိုင်​ငံ​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 21,
      "text": "ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 22,
      "text": "ပယ်​ရှား​နှင်​ထုတ်၍ ကဲ့​ရဲ့​ခြင်း၊ အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ပြု​သော​အ​ခါ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 23,
      "text": "ထို​ကာ​လ၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ ရွှင်​မြူး​သော​စိတ်​နှင့် ခုန်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သူ​တို့၏​ဘိုး​ဘေး​များ​သည် ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 24,
      "text": "တစ်​နည်း​ကား၊ ငွေ​ရ​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​မိ​သက်​သာ​ခြင်း​ကို ယ​ခု​ခံ​ရ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 25,
      "text": "ဝ​စွာ​စား​ရ​သော သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငတ်​မွတ်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ ယ​ခု ရယ်​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ညည်း​တွား​ငို​ကြွေး​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 26,
      "text": "လူ​တို့​သည် သင်​တို့​ကို ချီး​မွမ်း​သော​အ​ခါ၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့၏ ဘိုး​ဘေး​များ​သည် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို ထို​သို့​ပင်​ပြု​ကြ​ပြီ။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 27,
      "text": "ငါ့​စ​ကား​ကို​ကြား​ရ​သော သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့၏ ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 28,
      "text": "သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 29,
      "text": "သင်၏ ပါး​တစ်​ဖက်​ကို ပုတ်​သော​သူ​အား ပါး​တစ်​ဖက်​ကို ပေး​ဦး​လော့။ သင့်​ဝတ်​လုံ​ကို သိမ်း​ယူ​သော သူ​အား သင့်​အင်္ကျီ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 30,
      "text": "အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 31,
      "text": "သင်​တို့​သည် ကိုယ်၌​သူ​တစ်​ပါး ပြု​စေ​လို​သည်​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 32,
      "text": "သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကိုယ်​ကို​ချစ်​သော​သူ​တို့​အား ချစ်​တုံ့​ပြု​ကြ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 33,
      "text": "သင်​တို့​ကို ကျေး​ဇူး​ပြု​သော​သူ​တို့​အား​သာ ကျေး​ဇူး​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော သူ​တို့​သည် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော့။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 34,
      "text": "သူ​တစ်​ပါး​အား ဥ​စ္စာ​ချေး​ငှား​သော​အ​ခါ ဆပ်​ပေး​လိမ့်​မည်​ဟု မျှော်​လင့်​လျက် ချေး​ငှား​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကျေး​ဇူး​ဆပ်​ခြင်း​ကို ခံ​လို၍ ဆိုး​သော​သူ​ချင်း​တို့​အား ချေး​ငှား​တတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 35,
      "text": "သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 36,
      "text": "ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 37,
      "text": "သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 38,
      "text": "သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 39,
      "text": "ဥ​ပ​မာ​ကား၊ လူ​ကန်း​သည် လူ​ကန်း​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​လိမ့်​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 40,
      "text": "တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ အ​ပြီး​သင်​ပြီး​သော တ​ပည့်​တိုင်း မိ​မိ​ဆ​ရာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 41,
      "text": "ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ၊ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 42,
      "text": "ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 43,
      "text": "မ​ကောင်း​သော​အ​သီး​ကို သီး​သော​အ​ပင်​ကား၊ ကောင်း​သော​အ​ပင် မ​ဟုတ်။ ကောင်း​သော​အ​သီး​ကို သီး​သော အ​ပင်​ကား၊ မ​ကောင်း​သော​အ​ပင် မ​ဟုတ်။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 44,
      "text": "အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 45,
      "text": "ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 46,
      "text": "ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​လျက်၊ ငါ့​ကို​သ​ခင်၊ သ​ခင်​ဟု အ​ဘယ်​ကြောင့်​ခေါ်​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 47,
      "text": "ငါ့​ထံ​သို့​လာ၍ ငါ့​စ​ကား​ကို​ကြား​သည်​အ​တိုင်း နား​ထောင်​သော​သူ​သည် အ​ဘယ်​သူ​နှင့်​တူ​သ​နည်း​ဟူ​မူ​ကား၊-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 48,
      "text": "တိုက်​ကို​တည်​သော​အ​ခါ နက်​စွာ​တူး၍ ကျောက်​ပေါ်​မှာ တိုက်​မြစ်​ချ​သော​သူ​နှင့်​တူ၏။ မြစ်​ရေ​ထ​သ​ဖြင့် ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ ကျောက်​ပေါ်​မှာ တည်​လျက်​ရှိ​သော​ကြောင့် မ​လှုပ်​နိုင်​ရာ။-"
    },
    {
      "book": 42,
      "chapter": 6,
      "verse": 49,
      "text": "ငါ့​စ​ကား​ကို​ကြား၍ နား​မ​ထောင်​သော​သူ​မူ​ကား၊ အ​ခု​အ​ခံ​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ တိုက်​ကို​တည်​သော​သူ​နှင့် တူ၏။ ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ၊ ချက်​ချင်း​လဲ၍ အ​ကုန်​အ​စင်​ပြို​ပျက်​လေ​သည်​ဟု ဟော​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 1,
      "text": "ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည် ပ​ရိသတ်​တို့​အား အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 2,
      "text": "ထို​မြို့၌ တပ်​မှူး၏​ကျွန်​တစ်​ယောက်​သည် နာ၍ သေ​ခါ​နီး​ရှိ၏။ သူ၏​သ​ခင်​သည် သူ့​ကို​ချစ်၍၊-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 3,
      "text": "ယေ​ရှု၏ သ​တင်း​တော်​ကို​ကြား​လျှင်၊ ယု​ဒ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​သ​ဖြ​င့်၊ ကိုယ်​တော်​သည်​ကြွ၍ ထို​ကျွန်​ကို ချမ်း​သာ​ပေး​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 4,
      "text": "ထို​သူ​တို့​သည် ယေ​ရှု​ထံ​တော်​သို့​ရောက်​လျှင်၊ ကျေး​ဇူး​တော်​ကို ခံ​မည့်​သူ​သည် ခံ​ထိုက်​သော​သူ​ဖြစ်​ပါ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 5,
      "text": "သူ​သည် အ​ကျွန်ုပ်​တို့​အ​မျိုး​ကို နှစ်​သက်၍ အ​ကျွန်ုပ်​တို့​အ​ဖို့ တ​ရား​ဇ​ရပ်​ကို ဆောက်​ပါ​ပြီ​ဟူ၍ ကျပ်​ကျပ်​တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 6,
      "text": "ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။ တပ်​မှူး​အိမ်​နှင့် မ​နီး​မ​ဝေး​ရောက်​တော်​မူ​သော​အ​ခါ၊ တပ်​မှူး​သည် မိ​မိ​အ​ဆွေ​တို့​ကို စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​ကို ပင်​ပန်း​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 7,
      "text": "ထို​အ​တူ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရောက်​ထိုက်​သော​သူ မ​ဟုတ်​သည်​ကို အ​ကျွန်ုပ်​ထင်​ပါ​ပြီ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် အ​ကျွန်ုပ်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 8,
      "text": "ဥ​ပ​မာ​ကား၊ အ​ကျွန်ုပ်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို​လာ​ခဲ့​ဟု ခေါ်​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို​လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​စေ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 9,
      "text": "ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​တော်​မူ​လျှင် အံ့​ဩ​ခြင်း​ရှိ၍ နောက်​တော်​သို့​လိုက်​သော​သူ​များ​ကို လှည့်​ကြည့်​လျက်၊ ငါ​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 10,
      "text": "တပ်​မှူး​စေ​လွှတ်​သော သူ​တို့​သည် အိမ်​သို့ ပြန်​ရောက်​လျှင်၊ အ​နာ​ရာ​ဂါ​စွဲ​သော ကျွန်​သည် ကျန်း​မာ​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 11,
      "text": "နက်​ဖြန်​နေ့၌ နာ​ဣ​န​မြို့​သို့ ကြွ​တော်​မူ၍၊ တ​ပည့်​တော်​များ​နှင့် လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 12,
      "text": "မြို့​တံ​ခါး​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မု​ဆိုး​မ၌ တစ်​ယောက်​တည်း​သော သား​အ​သေ​ကောင်​ကို သင်္ဂြိုဟ်​ခြင်း​ငှာ ထုတ်​သွား၍၊ မြို့​သူ​မြို့​သား​များ​တို့​သည် လိုက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 13,
      "text": "သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 14,
      "text": "ကိုယ်​တော်​က​လည်း၊ အ​ချင်း​လု​လင်၊ ထ​လော့၊ သင့်​အား ငါ​အ​မိန့်​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 15,
      "text": "သေ​သော​သူ​သည် ထိုင်၍​စ​ကား​ပြော၏၊ ကိုယ်​တော်​သည်​လည်း ထို​သူ​ကို မိ​ခင်​အား အပ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 16,
      "text": "လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 17,
      "text": "ထို​သ​တင်း​တော်​သည် ယု​ဒ​ပြည်​မှ​စ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 18,
      "text": "ယော​ဟန်၏ တ​ပည့်​တို့​သည် ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​ကို မိ​မိ​ဆ​ရာ​အား ကြား​ပြော​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 19,
      "text": "ထို​အ​ခါ ယော​ဟန်​သည် မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ယေ​ရှု​ထံ​တော်​သို့​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 20,
      "text": "ထို​သူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ​မှန်​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​ကို မျှော်​လင့်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​စေ​ခြင်း​ငှာ၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​ပါ​ပြီ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 21,
      "text": "ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 22,
      "text": "ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 23,
      "text": "ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ကြား​ရ​ကြ၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 24,
      "text": "ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 25,
      "text": "သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​ဆင်၍ ကောင်း​မွန်​စွာ စား​သောက်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 26,
      "text": "ပ​ရော​ဖက်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ မှန်​ပေ၏။ ပ​ရော​ဖက်​ထက် ကြီး​မြတ်​သော​သူ​လည်း ဖြစ်​သည်​ဟု ငါ​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 27,
      "text": "ကျမ်း​စာ၌​လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏​ဟု ဆို​ရာ၌ ထို​သူ​ကို​ဆို​လို​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 28,
      "text": "ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 29,
      "text": "အ​ခွန်​ခံ​သူ​မှ​စ၍ လူ​အ​ပေါင်း​တို့​သည် ယော​ဟန်၏​စ​ကား​ကို ကြား​နာ​ရ​လျှင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍ ယော​ဟန်​ပေး​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 30,
      "text": "ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 31,
      "text": "ထို​ကြောင့် ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 32,
      "text": "ပွဲ​သ​ဘင်၌ ထိုင်​နေ​သော​သူ​ငယ်​ချင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် အ​သံ​လွှင့်​ကြ၍၊ ငါ​တို့​သည် သာ​ယာ​စွာ​တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 33,
      "text": "အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 34,
      "text": "လူ​သား​သည် စား​သောက်​လျက် လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက်​ကြူး​သော​သူ ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 35,
      "text": "သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​ရှိ​သ​မျှ​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 36,
      "text": "ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ ထို​ဖာ​ရိ​ရှဲ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌​လျောင်း​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 37,
      "text": "ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 38,
      "text": "နောက်​တော်၌ ခြေ​တော်​အ​နီး​မှာ​ရပ်​လျက် ငို​ကြွေး၍ ခြေ​တော်​ပေါ်​သို့ မျက်​ရည်​ကျ​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​လေ၏။ ခြေ​တော်​ကို​လည်း နမ်း၍ ဆီ​မွှေး​နှင့် လိမ်း​လျက်​နေ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 39,
      "text": "ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 40,
      "text": "ယေ​ရှု​က​လည်း၊ အ​ချင်း​ရှိ​မုန်၊ သင့်​အား ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​သည်​ဟု မိန့်​တော်​မူ​လျှင်၊ အ​ရှင်​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 41,
      "text": "ယေ​ရှု​က၊ ဥ​စ္စာ​ရှင်​တစ်​ဦး၌ ကြွေး​စား​နှစ်​ဦး​ရှိ၏။ တစ်​ယောက်၌​ကား ဒေ​နာ​ရိ​အ​ပြား​ငါး​ရာ၊ တစ်​ယောက်၌​ကား ငါး​ဆယ်​ကြွေး​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 42,
      "text": "သူ​တို့​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကြွေး​ရှင်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို အ​ချည်း​နှီး​လွှတ်၏။ သို့​ဖြစ်​လျှင် ထို​သူ​နှစ်​ယောက်​တွင် အ​ဘယ်​သူ​သည် ကြွေး​ရှင်​ကို သာ၍ ချစ်​လိမ့်​မည်​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 43,
      "text": "ရှိ​မုန်​က​လည်း၊ သာ၍ ကျေး​ဇူး​ကို​ခံ​ရ​သော​သူ​သည် သာ၍​ချစ်​လိမ့်​မည် အ​ကျွန်ုပ်​ထင်​ပါ၏​ဟု လျှောက်​လျှင်၊ ယေ​ရှု​က၊ သင်​ထင်​သည်​အ​တိုင်း မှန်​ပေ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 44,
      "text": "ထို​မိန်း​မ​ကို​လှည့်၍ ရှိ​မုန်​အား​လည်း၊ သင်​သည် ဤ​မိန်း​မ​ကို မြင်​သ​လော။ သင်၏​အိမ်​သို့ ငါ​ဝင်​သော် သင်​သည် ခြေ​ဆေး​ရေ​ကို​မ​ပေး။ ဤ​မိန်း​မ​မူ​ကား၊ ငါ့​ခြေ​ပေါ်​သို့ မျက်​ရည်​ကျ၍ မိ​မိ​ဆံ​ပင်​နှင့် သုတ်​လေ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 45,
      "text": "သင်​သည် ငါ့​ကို​မ​နမ်း၊ သူ​မူ​ကား၊ အိမ်​သို့​ဝင်​သော အ​ချိန်​မှ​စ၍ ငါ့​ခြေ​ကို နမ်း​လျက်​မ​စဲ​ဘဲ​နေ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 46,
      "text": "သင်​သည် ငါ့​ခေါင်း​ကို ဆီ​နှင့်​မ​လိမ်း။ သူ​မူ​ကား၊ ငါ့​ခြေ​ကို ဆီ​မွှေး​နှင့် လိမ်း​လေ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 47,
      "text": "ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သူ​သည် များ​စွာ​သော​အ​ပြစ်​တို့​နှင့် လွတ်​သည်​ဖြစ်၍ အ​လွန်​ချစ်​တတ်၏။ အ​နည်း​ငယ်​သော​အ​ပြစ် လွတ်​သော​သူ​သည် အ​နည်း​ငယ်​မျှ​သာ ချစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 48,
      "text": "ထို​မိန်း​မ​အား​လည်း၊ သင်​သည် အ​ပြစ်​တို့​နှင့် လွတ်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 49,
      "text": "စား​ပွဲ၌ လျောင်း​သော​သူ​တို့​က၊ အ​ပြစ်​ကို​လွှတ်​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု အောက်​မေ့​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 7,
      "verse": 50,
      "text": "ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 1,
      "text": "ထို​နောက်​မှ ကိုယ်​တော်​သည် မြို့​ရွာ​အ​စဉ်​အ​တိုင်း ဒေ​သ​စာ​ရီ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 2,
      "text": "တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။ နတ်​ဆိုး​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ​သော မိန်း​မ​အ​ချို့​သည်​လည်း လိုက်​ကြ၏။ ထို​မိန်း​မ​တို့​တွင် နတ်​ဆိုး​ခု​နစ်​ယောက် ထွက်​သော မာ​ဂ​ဒ​လ​ဟု​ခေါ်​ဝေါ်​သော မာ​ရိ၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 3,
      "text": "ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 4,
      "text": "များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် မြို့​ရွာ​အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့​လာ၍ စု​ဝေး​လျက်​ရှိ​ကြ​သော​အ​ခါ၊ ဥ​ပ​မာ​စ​ကား​အား​ဖြင့် မြွက်​ဆို​တော်​မူ​သည်​မှာ၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 5,
      "text": "မျိုး​စေ့​ကြဲ​သော​သူ​သည် မျိုး​စေ့​ကို​ကြဲ​ခြင်း​ငှာ ထွက်​သွား၏။ အ​စေ့​ကို ကြဲ​သည်​တွင် အ​ချို့​သော​အ​စေ့​တို့​သည် လမ်း၌​ကျ​သ​ဖြင့် ကျော်​နင်း​ခြင်း​ကို ခံ​ရ၍ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ကောက်​စား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 6,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် ကျောက်​ပေါ်၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်​သော​အ​ခါ မြေ​ဩ​ဇာ​မ​ရှိ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 7,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် ဆူး​ပင်​တို့​တွင် ကျ​သ​ဖြင့် ဆူး​ပင်​တို့​သည် အ​တူ​ပေါက်၍ ညှဉ်း​ဆဲ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 8,
      "text": "အ​ချို့​သော​အ​စေ့​တို့​သည် ကောင်း​သော​မြေ၌ ကျ​သ​ဖြင့် အ​ပင်​ပေါက်၍ အ​ဆ​တစ်​ရာ​ပွား​များ၍ အ​သီး​သီး​ကြ၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု ကြွေး​ကြော်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 9,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ ထို​ဥ​ပ​မာ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား အ​ဘယ်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 10,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 11,
      "text": "ထို​ဥ​ပ​မာ အ​နက်​အ​ဓိ​ပ္ပာယ်​ကား မျိုး​စေ့​သည် ဘု​ရား​သ​ခင်၏​တ​ရား​စ​ကား ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 12,
      "text": "လမ်း၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ ယုံ​ကြည်​ခြင်း၊ ကယ်​တင်​ခြင်း​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ မာရ်​နတ်​သည် လာ၍ တ​ရား​စ​ကား​ကို နှ​လုံး​ထဲ​မှ နုတ်​ယူ​သော​သူ​ကို ဆို​လို​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 13,
      "text": "ကျောက်​ပေါ်၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ခံ​ယူ​သော်​လည်း စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​ယုံ​ကြည်​သ​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ဖောက်​ပြန်​သော​သူ​ကို ဆို​လို​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 14,
      "text": "ဆူး​ပင်​တို့​တွင် ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ လော​ကီ​စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ကြွယ်​ဝ​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​တို့​သည် နှိပ်​စက်၍ အ​သီး​မ​သီး​သော​သူ​ကို ဆို​လို​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 15,
      "text": "ကောင်း​သော​မြေ၌ ရှိ​သော​သူ​ကား၊ ဖြောင့်​မတ်​စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ စွဲ​လမ်း​သော​အား​ဖြင့် မြဲ​မြံ​စွာ အ​သီး​သီး​သော​သူ​ကို ဆို​လို​သ​တည်း။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 16,
      "text": "ဆီ​မီး​ထွန်း​ပြီး​လျှင် အိုး​မှောက်၍ ဖုံး​ထား​လေ့​မ​ရှိ။ ခု​တင်​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​သော​သူ​သည် အ​လင်း​ကို​မြင်​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 17,
      "text": "ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည် ထင်​ရှား​လိမ့်​မည်။ ဝှက်​ထား​လျက် ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​စွာ ပွင့်​လင်း​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 18,
      "text": "ထို​ကြောင့်​သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ့​အား​ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ဥ​စ္စာ​ရှိ​ဟန်​ဆောင်​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 19,
      "text": "ထို​အ​ခါ မယ်​တော်​နှင့် ညီ​တော်​တို့​သည် လာ၍ စည်း​ဝေး​သော​သူ​များ​သော​ကြောင့်၊ ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​ဘဲ နေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 20,
      "text": "လူ​အ​ချို့​က​လည်း၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် ကိုယ်​တော်​ကို​တွေ့​လို၍ ပြင်​မှာ​ရပ်​နေ​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 21,
      "text": "ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား၍ နား​ထောင်​သော​သူ​တို့​သည် ငါ့​အ​မိ၊ ငါ့​ညီ​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 22,
      "text": "တစ်​နေ့​သ၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ထဲ​သို့​ဝင်၍၊ အိုင်​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​ပြီး​လျှင် လွှင့်​သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 23,
      "text": "အိုင်​ကို​ကူး​သော​အ​ခါ ယေ​ရှု​သည် ကျိန်း​စက်​တော်​မူ၏။ အိုင်၌​မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ လှေ​သည် ရေ​နှင့် ပြည့်​သော​ကြောင့် ဘေး​ရောက်​လု၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 24,
      "text": "တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 25,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 26,
      "text": "ဂါ​လိ​လဲ​ပြည်​နှင့် အိုင်​တစ်​ဖက်​ဖြစ်​သော ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 27,
      "text": "ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 28,
      "text": "ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 29,
      "text": "လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 30,
      "text": "ယေ​ရှု​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည်​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​လူ​ကို နတ်​ဆိုး​အ​များ စွဲ​သော​ကြောင့် အ​ကျွန်ုပ်​အ​မည်​ကား လေ​ဂေါင်​ဖြစ်​ပါ​သည်​ဟု လျှောက်​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 31,
      "text": "အ​နက်​ဆုံး​သော အ​ရပ်​သို့​သွား​စေ​ခြင်း​ငှာ မ​နှင်​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 32,
      "text": "ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော​ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။ ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု နတ်​ဆိုး​တို့​သည် တောင်း​ပန်​ပြန်​လျှင် အ​ခွင့်​ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 33,
      "text": "နတ်​ဆိုး​တို့​သည် လူ​မှ​ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့်၊ ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း ပြေး​ဆင်း၍ အ​သက်​ဆုံး​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 34,
      "text": "ဝက်​ကျောင်း​သော​သူ​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို မြင်​လျှင်​ပြေး၍ မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 35,
      "text": "လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 36,
      "text": "နတ်​ဆိုး​စွဲ​သော​သူ​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကျန်း​မာ​ပ​က​တိ​ရှိ​သည်​ကို သိ​မြင်​သော​သူ​တို့​သည် နောက်​လာ​သော​သူ​တို့​အား ပြန်​ကြား​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 37,
      "text": "ဂါ​ဒ​ရ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​သော​စိတ်​စွဲ၍၊ မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ​လျှင်၊ ကိုယ်​တော်​သည် လှေ​ထဲ​သို့ ဝင်၍​ပြန်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 38,
      "text": "နတ်​ဆိုး​ထွက်​သွား​သော​သူ​သည် ကိုယ်​တော်​နှင့် အ​တူ​ရှိ​ပါ​မည်​အ​ကြောင်း တောင်း​ပန်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 39,
      "text": "ယေ​ရှု​က၊ သင်​သည် ကိုယ်​အိမ်​သို့​ပြန်​သွား​လော့။ ဘု​ရား​သ​ခင်​သည် သင်၌​အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို ကြား​ပြော​လော့​ဟူ၍ လွှတ်​လိုက်​တော်​မူ​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု​သည် အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို တစ်​မြို့​လုံး​တွင် အ​နှံ့​အ​ပြား သ​တင်း​ကြား​ပြော​လေ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 40,
      "text": "ယေ​ရှု​သည် ပြန်​တော်​မူ​လျှင်၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​လင့်​လျက် နေ​ကြ​သော​ကြောင့် ဝမ်း​မြောက်​စွာ​လက်​ခံ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 41,
      "text": "ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ယေ​ရှု၏​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 42,
      "text": "တစ်​ဆယ်​နှစ်​နှစ်​အ​ရွယ်​ရှိ​သော မိ​မိ၌ တစ်​ယောက်​တည်း​သော​သ​မီး​သည် သေ​ဆဲ​ရှိ​သော​ကြောင့်၊ မိ​မိ​အိမ်​သို့ ကြွ​တော်​မူ​မည်​အ​ကြောင်း ကိုယ်​တော်​ကို​တောင်း​ပန်၍ ကြွ​တော်​မူ​စဉ်​တွင် လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို ထိ​ခိုက်​တိုက်​မိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 43,
      "text": "ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော​ကြောင့်၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆေး​သ​မား​တို့​အား​ပေး၍ ကုန်​သော်​လည်း၊ အ​ဘယ်​ဆေး​သ​မား​လက်၌​မျှ ချမ်း​သာ​မ​ရ​နိုင်​သော မိန်း​မ​တစ်​ယောက်​သည်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 44,
      "text": "နောက်​တော်​သို့ ချဉ်း​ကပ်၍ အ​ဝတ်​တော်၏​ပန်း​ပွား​ကို တို့​သ​ဖြင့်၊ ထို​ခ​ဏ​ချင်း​တွင် သွေး​သွန်​အ​နာ​ပျောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 45,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ငြင်း​လတ်​သော်၊ ပေ​တ​ရု​မှ​စ၍ သူ၏​အ​ပေါင်း​အ​ဖော်​တို့​က၊ သ​ခင်၊ လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​အား ထိ​ခိုက်​တိုက်​မိ​ကြ​သည် ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ​ပါ​သည်​တ​ကား​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 46,
      "text": "ယေ​ရှု​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​တို့​လေ​ပြီ။ ငါ့​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ငါ​သိ၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 47,
      "text": "ထို​မိန်း​မ​သည် မိ​မိ​ပုန်း​ရှောင်၍ မ​နေ​နိုင်​သည်​ကို​သိ​လျှင် တုန်​လှုပ်​လျက်​လာ၍၊ အ​ဘယ်​အ​ကြောင်း​ကြောင့် တို့​သည်​ကို​လည်း​ကောင်း၊ ချက်​ချင်း ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက် ကြား​လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 48,
      "text": "ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 49,
      "text": "ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏ သ​မီး​သေ​ပါ​ပြီ။ ဆ​ရာ​ကို မ​နှောင့်​ယှက်​ပါ​နှင့်​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 50,
      "text": "ယေ​ရှု​သည်​ကြား​လျှင်၊ မ​ကြောက်​ကြ​နှင့်။ ယုံ​ကြည်​ခြင်း​စိတ်​တစ်​ခု​သာ ရှိ​စေ​လော့။ ထို​သို့​ရှိ​လျှင် သူ​သည် ဘေး​နှင့် လွတ်​လိမ့်​မည်​ဟု တ​ရား​ဇ​ရပ်​မှူး​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 51,
      "text": "အိမ်​သို့​ရောက်​လျှင်၊ ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​နှင့် မိန်း​မ​ငယ်၏​မိ​ဘ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ အ​ထဲ​သို့​မ​ဝင်​စေ​ခြင်း​ငှာ ဆီး​တား​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 52,
      "text": "လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ​သည်​ကို ကိုယ်​တော်​က၊ မ​ငို​ကြ​နှင့်။ သူ​ငယ်​သေ​သည် မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 53,
      "text": "သူ​ငယ်​သေ​ကြောင်း​ကို ထို​သူ​တို့​သည်​သိ​သ​ဖြင့် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 54,
      "text": "ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့​ထွက်​စေ​ပြီး​မှ သူ​ငယ်၏​လက်​ကို ကိုင်​တော်​မူ​လျက်၊ သူ​ငယ်​ထ​လော့​ဟု ခေါ်​တော်​မူ​သည်​တွင်၊-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 55,
      "text": "စိတ်​ဝိ​ညာဉ်​ပြန်​လာ၍ မိန်း​မ​ငယ်​သည် ချက်​ချင်း​ထ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 8,
      "verse": 56,
      "text": "သူ့​အား​စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။ မိ​ဘ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်​ကြ၏။ ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ရ​မည်​အ​ကြောင်း ပ​ညတ်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 1,
      "text": "တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​မှ၊ နတ်​ဆိုး​အ​ပေါင်း​တို့​ကို နိုင်​သော​တန်​ခိုး​နှင့် အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ အ​ခွင့်​တန်​ခိုး​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​နာ​တို့​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း စေ​လွှတ်​တော်​မူ၍၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 3,
      "text": "သင်​တို့​သည် လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ မုန့်၊ ငွေ​ကို မ​ယူ​ကြ​နှင့်။ အင်္ကျီ​နှစ်​ထည်​ကို​လည်း မ​ပါ​စေ​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 4,
      "text": "မည်​သည့် အိမ်​သို့​ဝင်​လျှင် ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။ အ​ကြင်​သူ​တို့​သည် သင်​တို့​အား ဧည့်​သည်​ဝတ်​ကို မ​ပြု​ဘဲ​နေ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 5,
      "text": "ထို​သူ​တို့​နေ​ရာ​မြို့​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 6,
      "text": "တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​တို့​တွင် ဒေ​သ​စာ​ရီ လှည့်​လည်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 7,
      "text": "ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို စော်​ဘွား​ဟေ​ရုဒ်​သည် ကြား​လျှင် တွေး​တော​သော​စိတ်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​က၊ ယော​ဟန်​သည် သေ​ခြင်း​မှ​ထ​မြောက်​လေ​ပြီ​ဟု ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 8,
      "text": "အ​ချို့​က ဧ​လိ​ယ​ပေါ်​ထွန်း​ပြီ​ဟု ဆို​ကြ၏။ အ​ချို့​က ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး ထ​ပြန်​ပြီ​ဟု ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 9,
      "text": "ဟေ​ရုဒ်​မင်း​က​လည်း၊ ယော​ဟန်၏​လည်​ပင်း​ကို ငါ​ဖြတ်​လေ​ပြီ။ ဤ​မျှ​လောက်​သော​သ​တင်း​ကို ငါ​ကြား​ရ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက် ယေ​ရှု​ကို​မြင်​ခြင်း​ငှာ အ​လို​ရှိ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 10,
      "text": "တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 11,
      "text": "ထို​လူ​များ​ကို လက်​ခံ​တော်​မူ​လျက်၊ ဘု​ရား​သ​ခင့် နိုင်​ငံ​တော်၏​အ​ကြောင်း​ကို ဟော​ပြော၍၊ နာ​သော​သူ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 12,
      "text": "မိုး​ချုပ်​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​သည် ချဉ်း​ကပ်​လျက်၊ လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့​သွား၍၊ အိပ်​ရာ၊ စား​စ​ရာ​ကို ရှာ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 13,
      "text": "ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သွား၍ ဤ​လူ​အ​ပေါင်း​တို့ စား​စ​ရာ​ဖို့​မ​ဝယ်​လျှင်၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌ မ​ရှိ​ပါ​ဟု​လျှောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 14,
      "text": "ထို​သို့ လျှောက်​သည်​အ​ကြောင်း​ကား၊ လူ​ငါး​ထောင်​ခန့်​မျှ ရှိ​သ​တည်း။ ထို​အ​ခါ​လူ​များ​တို့​ကို တစ်​စု​လျှင် ငါး​ဆယ်​စီ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 15,
      "text": "တ​ပည့်​တော်​တို့​သည် အ​မိန့်​တော်​အ​တိုင်း​ပြု၍၊ လူ​အ​ပေါင်း​တို့​ကို လျောင်း​စေ​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 16,
      "text": "ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 17,
      "text": "လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 18,
      "text": "တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 19,
      "text": "လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 20,
      "text": "သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 21,
      "text": "ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 22,
      "text": "ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 23,
      "text": "ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 24,
      "text": "အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​အ​သက်​ရှုံး၏၊ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 25,
      "text": "ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ ကိုယ်​ကို​ကိုယ် ဆုံး​ရှုံး​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 26,
      "text": "အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏၊ လူ​သား​သည် မိ​မိ​ဘုန်း၊ မိ​မိ​အ​ဘ​ခ​မည်း​တော်၏​ဘုန်း၊ သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​တို့၏ ဘုန်း​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ၊ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 27,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 28,
      "text": "ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 29,
      "text": "ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 30,
      "text": "မော​ရှေ​နှင့် ဧ​လိ​ယ​တည်း​ဟူ​သော လူ​နှစ်​ယောက်​တို့​သည် ဘုန်း​အ​သ​ရေ​နှင့် ထင်​ရှား၍၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 31,
      "text": "ကိုယ်​တော်​နှင့်​အ​တူ ဆွေး​နွေး​လျက် ယေ​ရု​ရှ​လင်​မြို့၌ စု​တေတော်​မူ​မည် အ​ကြောင်း​အ​ရာ​ကို ပြော​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 32,
      "text": "ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 33,
      "text": "ထို​သူ​တို့​သည် အ​ထံ​တော်​မှ​သွား​ကြ​စဉ်၊ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု ယောင်​ယမ်း၍ လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 34,
      "text": "ထို​သို့​လျှောက်​ပြီး​မှ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ မော​ရှေ​နှင့် ဧ​လိ​ယ​သည် တိမ်​ထဲ​သို့​ဝင်​သည်​ကို တ​ပည့်​တော်​တို့​သည် ကြောက်​ခြင်း​ရှိ​ကြ​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 35,
      "text": "ဤ​သူ​ကား ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 36,
      "text": "ထို​အ​သံ​တော်​ဖြစ်​သည် ခ​ဏ​ချင်း​တွင်၊ ယေ​ရှု​သည် တစ်​ယောက်​တည်း​ရှိ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​မြင်​သော​အ​ရာ​ကို ဝှက်​ထား၍၊ ထို​ကာ​လ၌ အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 37,
      "text": "နက်​ဖြန်​နေ့၌ တောင်​ပေါ်​က​ဆင်း​ကြ​ပြီး​လျှင်၊ များ​စွာ​သော​လူ​အ​စု​အ​ဝေး​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 38,
      "text": "လူ​အ​စု​အ​ဝေး၌ ပါ​သော​သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်၏​သား​ကို ကြည့်​ရှု​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်၌ သား​တစ်​ယောက်​တည်း ရှိ​ပါ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 39,
      "text": "နတ်​ဖမ်း​စား​သ​ဖြင့် သူ​သည်​ရုတ်​ခ​နဲ​အော်​ဟစ်၍၊ အ​မြှုပ်​ထွက်​လျက် တောင့်​မာ​ခြင်း​သို့ ရောက်​တတ်​ပါ၏။ ထို​သို့ နာ​ကျင်​စွာ​နှိပ်​စက်​ပြီး​မှ နတ်​သည်​အ​လွန် သွား​ခဲ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 40,
      "text": "ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​တောင်း​ပန်​သော်​လည်း သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု အော်​ဟစ်​လျက် လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 41,
      "text": "ယေ​ရှု​က​လည်း၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သင်၏​သား​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 42,
      "text": "သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 43,
      "text": "လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 44,
      "text": "ထို​သို့ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​ကို လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ချီး​မွမ်း​ကြ​စဉ် တ​ပည့်​တော်​တို့​အား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်​မှတ်​မိ​ကြ​လော့။ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန်​နီး​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 45,
      "text": "ထို​စ​ကား​တော်၏ အ​နက်​မ​ထင်​ရှား​သ​ဖြင့် တ​ပည့်​တော်​တို့​သည် နား​မ​လည် မ​ရိပ်​မိ​ဘဲ​နေ​ကြ၏။ အ​နက်​ကို​လည်း မ​မေး​မ​လျှောက်​ဝံ့​ကြ။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 46,
      "text": "ထို​အ​ခါ အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​အံ့​နည်း​ဟု တ​ပည့်​တော်​တို့​သည် အ​ချင်း​ချင်း​ငြင်း​ခုံ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 47,
      "text": "ယေ​ရှု​သည် သူ​တို့​အ​ကြံ​အ​စည်​ကို သိ​မြင်​လျှင်၊ သူ​ငယ်​တစ်​ယောက်​ကို​ယူ၍ မိ​မိ​အ​နား၌​ထား​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 48,
      "text": "အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ်​ကို​လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင်​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ကို​ပင်​လက်​ခံ၏။ သင်​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​သည် သာ၍​ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 49,
      "text": "ယော​ဟန်​က​လည်း၊ သ​ခင်၊ ကိုယ်​တော်၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သော သူ​တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ၏။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​သော​ကြောင့် အ​ကျွန်ုပ်​တို့ မြစ်​တား​ကြ​ပါ၏​ဟု လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 50,
      "text": "ယေ​ရှု​က၊ ထို​သူ​ကို​မ​မြစ်​တား​ကြ​နှင့်။ သင်​တို့ ရန်​သူ​ဘက်၌​မ​ရှိ​သော​သူ​သည် သင်​တို့​ဘက်၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 51,
      "text": "ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော​အ​ချိန် ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​သို့ တူ​ရူ​ကြွ​အံ့​သော​ငှာ သ​ဘော​ထား​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 52,
      "text": "ရှေ့​တော်​သို့ တ​မန်​တော်​တို့​ကို စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုယ်​တော်၏​အ​ဖို့​ကို ပြင်​ဆင်​ခြင်း​ငှာ သွား၍ ရှ​မာ​ရိ​ရွာ​တစ်​ရွာ​သို့ ဝင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 53,
      "text": "ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ထို​ရွာ​သား​တို့​သည်​ထောက်၍ လက်​မ​ခံ​ကြ။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 54,
      "text": "ထို​အ​ကြောင်း​ကို တ​ပည့်​တော်​ယာ​ကုပ်၊ ယော​ဟန်​တို့​သည်​မြင်​လျှင်၊ သ​ခင်၊ ဧ​လိ​ယ​ပြု​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​စေ၍ ထို​သူ​တို့​ကို လောင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ​သော်၊"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 55,
      "text": "ယေ​ရှု​သည် လှည့်​ကြည့်၍၊ သင်​တို့​သည် ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ကြ၊ လူ​သား​သည်​လူ​တို့၏ အ​သက်​ကို သတ်​အံ့​သော​ငှာ ကြွ​လာ​သည်​မ​ဟုတ်။ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သည်​ဟု ဆုံး​မ​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 56,
      "text": "အ​ခြား​သော​ရွာ​သို့ ကြွ​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 57,
      "text": "လမ်း၌​သွား​ကြ​စဉ် လူ​တစ်​ဦး​က၊ သ​ခင် ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 58,
      "text": "ယေ​ရှု​က​လည်း၊ မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား ခေါင်း​ချ​ရာ​မျှ​မ​ရှိ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 59,
      "text": "အ​ခြား​သော​သူ​ကို၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​က၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 60,
      "text": "ယေ​ရှု​က၊ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ။ သင်​မူ​ကား​သွား၍ ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ အ​ကြောင်း​ကို ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 61,
      "text": "အ​ခြား​သော​သူ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​နောက်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်။ သို့​သော်​လည်း အ​ကျွန်ုပ်​အိမ်၌ ရှိ​ရစ်​သော​သူ​တို့​ကို အ​ရင်​သွား၍ အ​ခွင့်​ပန်​ပါ​ရ​စေ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 9,
      "verse": 62,
      "text": "ယေ​ရှု​က၊ ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်၍ ကြည့်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် မ​ထိုက်​မ​တန်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 1,
      "text": "ထို​နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခြား​သော​တ​ပည့်​တော် ခု​နစ်​ကျိပ်​တို့​ကို ခန့်​ထား​တော်​မူ၍၊ ကိုယ်​တိုင်​ကြွ​လေ​အံ့​သော မြို့​ရွာ​အ​ရပ်​ရပ်​တို့​သို့ ရှေ့​တော်၌ နှစ်​ယောက်​စီ နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 2,
      "text": "သူ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။ ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စ​ပါး​ရှင် စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 3,
      "text": "သင်​တို့​သွား​လေ​သည်​အ​ရာ​မှာ၊ တော​ခွေး​စု​ထဲ​သို့ သိုး​သ​ငယ်​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 4,
      "text": "ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​တို့​ကို မ​ဆောင်​ကြ​နှင့်။ လမ်း၌​သွား​စဉ်​တွင် အ​ဘယ်​သူ​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 5,
      "text": "မည်​သည့်​အိမ်​သို့ ဝင်​သော​အ​ခါ၊ ဤ​အိမ်၌ မင်္ဂ​လာ​ဖြစ်​ပါ​စေ​သော​ဟု ရှေ့​ဦး​စွာ​ပြော​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 6,
      "text": "ထို​အိမ်၌ မင်္ဂ​လာ​သား​ရှိ​လျှင်၊ သင်​တို့​မြွက်​သော မင်္ဂ​လာ​သည် တည်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 7,
      "text": "သို့​မ​ဟုတ် သင်​တို့​ထံ​သို့ ပြန်​လာ​လိမ့်​မည်။ ထို​အိမ်၌​နေ၍ အ​စား​အ​သောက်​စီ​ရင်​ရာ​ကို စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို​ခံ​ထိုက်​ပေ၏။ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လှည့်​လည်၍ မ​သွား​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 8,
      "text": "အ​ကြင်​မြို့​သို့​သင်​တို့​ဝင်၍ မြို့​သား​တို့​သည်​လက်​ခံ၏။ ထို​မြို့၌ သင်​တို့​ရှေ့​မှာ​ထည့်​သ​မျှ​ကို စား​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 9,
      "text": "လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 10,
      "text": "အ​ကြင်​မြို့​သို့​ဝင်၍ မြို့​သား​တို့​သည် လက်​မ​ခံ​အံ့၊ ထို​မြို့၏​လမ်း​သို့ ထွက်​ပြီး​လျှင်၊ ငါ​တို့၌​ကပ်​သော သင်​တို့​မြို့၏ မြေ​မှုန့်​ကို ငါ​တို့​ခါ​လိုက်၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 11,
      "text": "သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၏​အ​နီး​သို့​ရောက်​ကြောင်း​ကို သိ​မှတ်​ကြ​ဟု သူ​တို့​အား​ပြော​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 12,
      "text": "ငါ​ဆို​သည်​ကား၊ နောက်​ဆုံး​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​ထက် သာ၍​ခံ​ရ​လ​တ္တံ့။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 13,
      "text": "အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ပြ​သော​တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင် ပြ​ဖူး​လျှင်၊ ထိုမြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​ထဲ​မှ​ထိုင်​လျက် နောင်​တ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 14,
      "text": "တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ သင်​တို့​သည် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​ထက် သာ၍​ခံ​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 15,
      "text": "အို​က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 16,
      "text": "သင်​တို့၏​စ​ကား​ကို နား​ထောင်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်၏။ သင်​တို့​ကို ပယ်​သော​သူ​သည် ငါ့​ကို​ပယ်၏။ ငါ့​ကို​ပယ်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ပယ်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 17,
      "text": "ထို​ခု​နစ်​ကျိပ်​သော တ​ပည့်​တော်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ပြန်​လာ၍၊ သ​ခင်၊ ကိုယ်​တော်၏ နာ​မ​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် နတ်​ဆိုး​ကို​ပင် နိုင်​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 18,
      "text": "ယေ​ရှု​က​လည်း၊ စာ​တန်​သည် လျှပ်​စစ်​ကဲ့​သို့ ကောင်း​ကင်​မှ​ကျ​သည်​ကို ငါ​မြင်​ပြီ။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 19,
      "text": "သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 20,
      "text": "သို့​သော်​လည်း နတ်​ဆိုး​ကို နိုင်​ရ​သော​ကြောင့်​သာ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ကြ​နှင့်၊ သင်​တို့၏ နာ​မည်​များ​သည် ကောင်း​ကင်​စာ​ရင်း၌ ဝင်​သည်​ကို ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 21,
      "text": "ထို​အ​ခါ​ယေ​ရှု​သည် ဝမ်း​မြောက်​တော်​မူ​ခြင်း စိတ်​ရှိ​သ​ဖြင့်၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ၏။ ထို​သို့​အ​လို​တော်​ရှိ​သော​ကြောင့် မှန်​ပါ၏။ အ​ဘ။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 22,
      "text": "ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​တော်​မူ​ပြီ။ သား​တော်​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။ ခ​မည်း​တော်​ကား အ​ဘယ်​သူ​ဖြစ်​တော်​မူ​သည်​ကို၊ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 23,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​ကို လှည့်​ကြည့်၍၊ ယ​ခု​မြင်​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​မြင်​သော​ကြောင့် သင်​တို့​မျက်​စိ​သည် မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 24,
      "text": "ငါ​ဆို​သည်​ကား၊ သင်​တို့​မြင်​ရ​သော​အ​ရာ​တို့​ကို ပ​ရော​ဖက်​များ​နှင့် ရှင်​ဘု​ရင်​များ​တို့​သည် မြင်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​မြင်​ရ​ကြ။ သင်​တို့ ကြား​ရ​သော​အ​ရာ​တို့​ကို ကြား​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​ကြား​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား​သာ မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 25,
      "text": "တစ်​ရံ​ရော​အ​ခါ ကျမ်း​တတ်​တစ်​ယောက်​သည် ထ၍၊ အ​ရှင်​ဘု​ရား၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 26,
      "text": "ကိုယ်​တော်​က၊ ပ​ည​တ္တိ​ကျမ်း၌ အ​ဘယ်​သို့​လာ​သ​နည်း။ သင်​သည်​အ​ဘယ်​သို့ ဖတ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 27,
      "text": "ထို​သူ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ၊ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟု ပြန်​လျှောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 28,
      "text": "ကိုယ်​တော်​က​လည်း၊ သင်၏​စ​ကား​သည် မှန်​ပေ၏။ ထို​သို့​ပြု​လျှင် အ​သက်​ကို​ရ​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 29,
      "text": "ထို​သူ​က​လည်၊ အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​ပါ​သ​နည်း​ဟု မိ​မိ​အ​ပြစ်​မ​ရှိ​ဟန် ပြု​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​လျှောက်​ပြန်​သော်။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 30,
      "text": "ယေ​ရှု​က၊ လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ ယေ​ရိ​ခေါ​မြို့​သို့​သွား​ရာ​တွင် ဓား​ပြ​နှင့် တွေ့​ကြုံ​လေ၏။ ဓား​ပြ​တို့​သည် ထို​သူ၏​အ​ဝတ်​ကို​ချွတ်၍ နာ​ကျင်​စွာ ရိုက်​နှက်​ပြီး​မှ သေ​လု​မ​တတ်​ရှိ​သော​အ​ခါ ပစ်​ထား၍ သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 31,
      "text": "ထို​လမ်း​သို့ ယဇ်​ပု​ရော​ဟိတ်​တစ်​ယောက်​သည် အ​မှတ်​တ​မဲ့​သွား၍ ထို​လူ​နာ​ကို​မြင်​လျှင် လွှဲ​ရှောင်၍ သွား​လေ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 32,
      "text": "ထို​နည်း​တူ လေ​ဝိ​လူ​တစ်​ယောက်​သည် ထို​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ လာ၍​ကြည့်​မြင်​လျှင် လွှဲ​ရှောင်၍ သွား​လေ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 33,
      "text": "ရှ​မာ​ရိ လူ​တစ်​ယောက်​သည် ခ​ရီး​သွား​ရာ​တွင် ထို​လူ​နာ​ရှိ​ရာ​သို့​ရောက်၍ မြင်​သော​အ​ခါ၊ က​ရု​ဏာ​စိတ်​ရှိ​သည်​နှင့်၊-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 34,
      "text": "ချဉ်း​ကပ်၍ သူ၏​အ​နာ​များ​ကို ဆီ​နှင့် စ​ပျစ်​ရည်​ထည့်​လျက် အ​ဝတ်​နှင့်​စည်း​ပြီး​လျှင်၊ မိ​မိ​တိ​ရ​စ္ဆာန်​ပေါ်​မှာ တင်၍ ဇ​ရပ်​တစ်​ခု​သို့ ဆောင်​သွား​ပြု​စု​လေ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 35,
      "text": "နက်​ဖြန်​နေ့၌ ထွက်​သွား​သော​အ​ခါ၊ ဒေ​နာ​ရိ​နှစ်​ပြား​ကို​ထုတ်၍ ဇ​ရပ်​ရှင်​အား​ပေး​လျက်၊ ဤ​သူ​ကို ကြည့်​ရှု​ပြု​စု​ပါ။ ကုန်​သ​မျှ​ကို ငါ​ပြန်​လာ​သော​အ​ခါ ဆပ်​ပေး​မည်​ဟု​ဆို၏။ သင်​သည် အ​ဘယ်​သို့​ထင်​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 36,
      "text": "ထို​သူ​သုံး​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် ဓား​ပြ​လက်​သို့​ရောက်​သော​သူ​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​သ​နည်း​ဟု ပြန်၍​မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 37,
      "text": "ကျမ်း​တတ်​က​လည်၊ လူ​နာ​ကို​သ​နား​သော​သူ​သည် စပ်​ဆိုင်​သော​သူ​ဖြစ်​ပါ၏​ဟု လျှောက်​သော် ယေ​ရှု​က၊ သင်​သည်​သွား၍ ထို​နည်း​တူ​ပြု​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 38,
      "text": "ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့် ခ​ရီး​သွား​ကြ​စဉ် ရွာ​တစ်​ရွာ​သို့​ဝင်​သော်၊ မာ​သ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ဦး​သည် မိ​မိ​အိမ်၌ ကိုယ်​တော်​ကို​ဧည့်​ခံ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 39,
      "text": "ထို​မိန်း​မ၌ မာ​ရိ​အ​မည်​ရှိ​သော ညီ​မ​တစ်​ယောက်​ရှိ၏။ ထို​မာ​ရိ​သည် ယေ​ရှု၏​ခြေ​တော်​ရင်း၌ ထိုင်၍ စ​ကား​တော်​ကို နား​ထောင်​လျက်​နေ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 40,
      "text": "မာ​သ​မူ​ကား၊ လုပ်​ကျွေး​ခြင်း​အ​မှု​များ၌ စိတ်​ပူ​ပန်​ခြင်း​ရှိ​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ သ​ခင်၊ ကျွန်​မ၏​ညီ​မ​သည်၊ ကျွန်​မ​တစ်​ယောက်​တည်း လုပ်​ကျွေး​စေ​ခြင်း​ငှာ ကျွန်​မ​ကို ပစ်​ထား​သည်​အ​ရာ​ကို လျစ်​လျူ​သော​စိတ် ရှိ​တော်​မူ​သ​လော။ သူ​သည် ကျွန်​မ​ကို ကူ​ညီ​မည့်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 41,
      "text": "ယေ​ရှု​က၊ မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့၌ စိုး​ရိမ်၍ နှောင့်​ယှက်​ခြင်း​ကို ခံ​ရ၏။ လို​သော​အ​ရာ​တစ်​ခု​တည်း ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 10,
      "verse": 42,
      "text": "မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 1,
      "text": "တစ်​ရံ​ရော​အ​ခါ ကိုယ်​တော်​သည် တစ်​စုံ​တစ်​ခု​သော​အ​ရပ်​တွင် ဆု​တောင်း​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ သ​ခင်၊ ဆု​တောင်း​စေ​ခြင်း​ငှာ ယော​ဟန်​သည်​မိ​မိ​တ​ပည့်​တို့​အား နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား နည်း​ပေး​တော်​မူ​ပါ​ဟု လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 2,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည်​ဆု​တောင်း​လျှင် မြွက်​ဆို​ရ​မည်​မှာ၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော အ​ကျွန်ုပ်​တို့​အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။ နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 3,
      "text": "အ​လို​တော်​သည် ကောင်း​ကင်​ဘုံ၌ ပြည့်​စုံ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​မှာ ပြည့်​စုံ​ပါ​စေ​သော။ အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား နေ့​ရက် အ​စဉ်​အ​တိုင်း ပေး​သ​နား​တော်​မူ​ပါ။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 4,
      "text": "အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​သူ​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​သည်​လွှတ်​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။ အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 5,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ၌ အ​ဆွေ​ခင်​ပွန်း​ရှိ​သည်​ဖြစ်၍၊ သန်း​ခေါင်​အ​ချိန်​တွင် ထို​အ​ဆွေ​ခင်​ပွန်း၏ အိမ်​သို့​သွား​ပြီး​လျှင်၊ အ​ဆွေ၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 6,
      "text": "အ​ကျွန်ုပ် အဆွေခင်ပွန်း​တစ်​ယောက်​သည် ခ​ရီး​မှ​လာ၍ အ​ကျွန်ုပ်​ထံ​သို့​ရောက်​ပါ​ပြီ။ သူ့​ကို ကျွေး​စ​ရာ​မ​ရှိ​သော​ကြောင့် မုန့်​သုံး​လုံး​ချေး​နှင့်​ပါ​ဟု ဆို​သော်၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 7,
      "text": "အိမ်​ရှင်​က​လည်း၊ ငါ့​ကို​မ​နှောင့်​ယှက်​နှင့်။ တံ​ခါး​ပိတ်​လျက်​ရှိ၏။ ငါ့​သား​သ​မီး​တို့​သည် ငါ​နှင့် အိပ်​လျက်​ရှိ​ကြ၏။ ငါ​ထ၍ သင့်​အား​မ​ပေး​နိုင်​ဟု အိမ်​ထဲ​က ပြန်​ပြော​သည်​အ​ရာ​မှာ၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 8,
      "text": "ငါ​ဆို​သည်​ကား၊ အ​ဆွေ​ခင်​ပွန်း​ဖြစ်​သည်​ကို​ထောက်၍ မ​ထ၊ မ​ပေး​သော်​လည်း၊ အား​မ​လျော့​ဘဲ တောင်း၍​နေ​သော​ကြောင့် ထ၍​လို​ချင်​သ​မျှ​ကို ပေး​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 9,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့၊ ခေါက်​လျှင်​ဖွင့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 10,
      "text": "တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို ဖွင့်၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 11,
      "text": "သင်​တို့​တွင် အ​ဘ​ဖြစ်​သော​သူ၌ သား​သည် မုန့်​ကို​တောင်း​လျှင် အ​ဘ​သည် ကျောက်​ကို​ပေး​မည်​လော့။ ငါး​ကို​တောင်း​လျှင် ငါး​အ​စား၌ မြွေ​ကို​ပေး​မည်​လော့။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 12,
      "text": "ဥ​ကို​တောင်း​လျှင် ကင်း​မြီး​ကောက်​ကို ပေး​မည်​လော။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 13,
      "text": "သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 14,
      "text": "တစ်​ရံ​ရော​အ​ခါ စ​ကား​အ​သော​နတ်​ဆိုး​ကို နှင်​ထုတ်​တော်​မူ၍၊ နတ်​ဆိုး​ထွက်​သည်​နောက် အ​သော​သူ​သည် စ​ကား​ပြော၏။ အ​စု​အ​ဝေး​တို့​သည်​လည်း အံ့​ဩ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 15,
      "text": "အ​ချို့​တို့​က ဤ​သူ​သည် နတ်​ဆိုး​မင်း ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 16,
      "text": "အ​ချို့​တို့​သည်​လည်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 17,
      "text": "ထို​သူ​တို့၏​စိတ်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ တိုင်း​နိုင်​ငံ​မည်​သည်​ကား၊ မိ​မိ​နှင့်​မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်၊ အိမ်​မည်​သည်​ကား၊ မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် လဲ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 18,
      "text": "ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဟု သင်​တို့​ဆို​သည်​အ​တိုင်း၊ စာ​တန်​သည် မိ​မိ​နှင့် မ​သင်​မ​တင့်​ကွဲ​ပြား​လျှင် သူ၏​နိုင်​ငံ​သည် အ​ဘယ်​သို့​တည်​နိုင်​မည်​နည်း။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 19,
      "text": "ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ သင်​တို့၏​သား​တို့​သည် အ​ဘယ်​သူ​ကို​အ​မှီ​ပြု၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို​ကြောင့် သူ​တို့​သည် သင်​တို့​အား တ​ရား​စီ​ရင်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 20,
      "text": "ငါ​သည် ဘု​ရား​သ​ခင်၏ လက်​ညှိုး​တော်​အား​ဖြင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 21,
      "text": "သူ​ရဲ​သည် လက်​နက်​စုံ​နှင့် မိ​မိ​အိမ်​ဦး၌ စောင့်​နေ​စဉ်​အ​ခါ သူ၏​ဥ​စ္စာ​သည် လုံ​ခြုံ​စွာ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 22,
      "text": "သူ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် လာ၍ သူ့​ကို​အောင်​ပြီး​မှ၊ သူ​ကိုး​စား​သော လက်​နက်​စုံ​ကို​သိမ်း​ယူ၍ ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို ခွဲ​ဝေ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 23,
      "text": "ငါ့​ဘက်၌ မ​နေ​သော​သူ​သည် ငါ့​ရန်​ဘက်​ဖြစ်၏။ ငါ​နှင့်​အ​တူ မ​စု​မ​သိမ်း​သော​သူ​သည် ကြဲ​ဖြန့်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 24,
      "text": "ညစ်​ညူး​သော​နတ်​သည် လူ​ထဲ​က​ထွက်​လျှင်၊ ခြောက်​ကပ်​သော​အ​ရပ်​တို့၌ လည်၍ ငြိမ်​သက်​ခြင်း​ကို ရှာ​တတ်၏။ မ​တွေ့​လျှင်၊ ငါ​သည်​ထွက်​ခဲ့​သော နေ​မြဲ​အိမ်​သို့​ပြန်​ရ​ဦး​မည်​ဟု ဆို၍၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 25,
      "text": "ရောက်​သော​အ​ခါ၊ ထို​အိမ်​သည် သုတ်​သင်​ပြင်​ဆင်​လျက်​ရှိ​သည်​ကို တွေ့​သော်၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 26,
      "text": "မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော​နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍ နေ​ကြ၏၊ ထို​လူ၏​နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက်​သာ၍ ဆိုး​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 27,
      "text": "ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် မိန်း​မ​တစ်​ယောက်​သည် လူ​အ​စု​အ​ဝေး​ထဲ​က​ခေါ်၍ ကိုယ်​တော်​ကို လွယ်​သော​ဝမ်း​နှင့် စို့​တော်​မူ​သော​သား​မြတ်​သည် မင်္ဂ​လာ​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 28,
      "text": "ကိုယ်​တော်​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ၍ ကျင့်​စောင့်​သော​သူ​သည် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 29,
      "text": "လူ​အ​စု​အ​ဝေး​တို့​သည် ထူ​ထပ်​လျက်​ရှိ​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ ဤ​လူ​မျိုး​သည် ဆိုး​ညစ်​သော​အ​မျိုး​ဖြစ်၏။ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 30,
      "text": "ယော​န​သည် နိ​နေ​ဝေ​မြို့​သား​တို့​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့ လူ​သား​သည် ဤ​လူ​မျိုး​အား ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 31,
      "text": "တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား။ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 32,
      "text": "တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ နိ​နေ​ဝေ​မြို့​သား​တို့​သည် ဤ​လူ​မျိုး​တစ်​ဖက်၌​ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယော​န​ဟော​ပြော​သော စ​ကား​ကြောင့် နောင်​တ​ရ​ကြ၏။ ဤ​အ​ရပ်၌​ကား ယော​န​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 33,
      "text": "ဆီ​မီး​ထွန်း၍ ကွယ်​ရာ၌​ဖုံး​ထား​လေ့​မ​ရှိ။ တောင်း​ဇ​လား​အောက်၌​လည်း ထား​လေ့​မ​ရှိ။ ဝင်​လာ​သော​သူ​သည် အ​လင်း​ကို​ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​အ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 34,
      "text": "ကိုယ်၏​ဆီ​မီး​ကား၊ မျက်​စိ​တည်း။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​သော​အ​ခါ တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။ မျက်​စိ​မြှေး​ယှက်​သော​အ​ခါ တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 35,
      "text": "ကိုယ်၌​ရှိ​သော​အ​လင်း​ကို မှောင်​မိုက်​မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​လော့။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 36,
      "text": "အင်္ဂါ​တစ်​ခု​မျှ​မ​မိုက်​ဘဲ တစ်​ကိုယ်​လုံး​လင်း​လျှင်၊ ဆီ​မီး၏​အ​ရောင်​နှင့် လင်း​စေ​သ​ကဲ့​သို့ လုံး​လုံး​လင်း​လျက်​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 37,
      "text": "ထို​သို့​မိန့်​တော်​မူ​စဉ်​တွင် ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် အ​စာ​ကို​သုံး​ဆောင်​တော်​မူ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ခေါ်​ပင့်​လျှင်၊ သူ၏​အိမ်​သို့​ကြွ၍ စား​ပွဲ၌ လျောင်း​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 38,
      "text": "အ​စာ​ကို​မ​စား​မီ ဆေး​ခြင်း​ကို ပြု​တော်​မ​မူ​သည်​ကို ဖာ​ရိ​ရှဲ​သည်​မြင်​လျှင် အံ့​ဩ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 39,
      "text": "သ​ခင်​ဘု​ရား​က​လည်း၊ ဖာ​ရိ​ရှဲ​ဖြစ်​သော သင်​တို့​သည် ဖ​လား၊ လင်​ပန်း​ကို အ​ပြင်၌​ဆေး​ကြော​ကြ၏။ အ​တွင်း၌​ကား လု​ယူ​ခြင်း၊ ဆိုး​ညစ်​ခြင်း​နှင့် ပြည့်​လျက်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 40,
      "text": "လူ​မိုက်​တို့၊ အ​ပြင်​ကို ဖန်​ဆင်း​သော​သူ​သည် အ​တွင်း​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 41,
      "text": "သာ၍​ကောင်း​သော​နည်း​မူ​ကား၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အား​သန့်​ရှင်း​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 42,
      "text": "ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပင်​စိမ်း​ရွက်၊ လျူ​ရွက်​မျိုး​မှ​စ၍ မြက်​ပင်​အ​မျိုး​မျိုး​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ကြ​သည်​တွင်၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​အ​မှု​ကို​ကား လှပ်၍​ထား​ကြ၏။ အ​ရင်​ဆို​သော​အ​ရာ​တို့​ကို မ​လှပ်​မ​ထား၊ နောက်​ဆို​သော​အ​ရာ​တို့​ကို ကျင့်​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 43,
      "text": "ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ တ​ရား​ဇ​ရပ်၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ ဈေး၌​ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 44,
      "text": "သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ မ​ထင်​ရှား​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​အ​ပေါ်​မှာ သွား​လာ​သော​သူ​တို့​သည် သင်္ချိုင်း​တွင်း​ရှိ​မှန်း​ကို​မျှ မ​သိ​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 45,
      "text": "ကျမ်း​တတ်​တစ်​ယောက်​က​လည်း၊ အ​ရှင်​ဘု​ရား ထို​သို့​ဆို​လျှင် အ​ကျွန်ုပ်​တို့​ကို​ပင် ကဲ့​ရဲ့​အ​ပြစ်​တင်​တော်​မူ၏​ဟု လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 46,
      "text": "ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထမ်း​ခဲ​သော​ဝန်​ကို သူ​တစ်​ပါး​အ​ပေါ်​မှာ တင်​တတ်၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 47,
      "text": "ကိုယ်​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​တို့၏ သင်္ချိုင်း​များ​ကို​တည်​လုပ်၍၊ သင်​တို့၏ ဘိုး​ဘေး​များ​သည် သူ​တို့​ကို​သတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 48,
      "text": "အ​ကယ်​စင်​စစ် သင်​တို့​သည် ဘိုး​ဘေး​တို့၏ အ​ပြု​အ​မူ​ကို လက်​ခံ​ကြ၏။ ဘိုး​ဘေး​တို့​သည် ပ​ရော​ဖက်​များ​ကို သတ်​ကြ​ပြီ။ သင်​တို့​မူ​ကား၊ သင်္ချိုင်း​တို့​ကို တည်​လုပ်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 49,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဉာဏ်​စီ​ရင်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်၊ တ​မန်​တော်​တို့​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် ထို​ပ​ရာ​ဖက်၊ တ​မန်​တော်​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို သတ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 50,
      "text": "ထို​ကြောင့်၊ အာ​ဗေ​လ၏ အ​သွေး​မှ​စ၍၊ ယဇ်​ပ​လ္လင်​နှင့် အိမ်​တော်၏​အ​ကြား၌ သတ်​ခဲ့​ပြီး​သော ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် က​မ္ဘာ​ဦး​မှ​စ၍ သွန်း​ပြီး​သော ပ​ရော​ဖက်​အ​ပေါင်း​တို့၏ အ​သွေး​ကြောင့် ယ​ခု​ဖြစ်​သော လူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 51,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​တို့​သည် ထို​စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 52,
      "text": "ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ဖွင့်​သော​သော့​ကို သိမ်း​ထား​ကြ​ပြီ။ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 53,
      "text": "ထို​သို့ ပ​ရိသတ်​တို့​အား မိန့်​တော်​မူ​စဉ်​တွင် ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရ​မည်​အ​ကြောင်း၊-"
    },
    {
      "book": 42,
      "chapter": 11,
      "verse": 54,
      "text": "ချောင်း​မြောင်း​လျက် စ​ကား​တော်​ကို​ဖမ်း​ခြင်း​ငှာ ရှာ​ကြံ​လျက်၊ ကျပ်​ကျပ်​တိုက်​တွန်း၍ အ​ရာ​ရာ​တို့၌ မေး​စစ်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 1,
      "text": "ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 2,
      "text": "ဖုံး​ထား​လျက်​ရှိ​သ​မျှ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 3,
      "text": "မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 4,
      "text": "ငါ့​အ​ဆွေ​တို့၊ သင်​တို့​အား ငါ​ဆို​သည်​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်၍ နောက်​တစ်​ဖန် အ​လျှင်း​မ​ပြု​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 5,
      "text": "အ​ဘယ်​သူ​ကို ကြောက်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်​ပြီး​မှ င​ရဲ​ထဲ​သို့ ချ​နိုင်​သော​သူ​ကို ကြောက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​ကို ကြောက်​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 6,
      "text": "စာ​ငှက်​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ ထို​စာ​ငှက်​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင် မေ့​လျော့​တော်​မ​မူ။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 7,
      "text": "သင်​တို့ ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။ ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍​မြတ်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 8,
      "text": "ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ လူ​သား​သည် ထို​သူ​ကို​ဝန်​ခံ​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 9,
      "text": "အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 10,
      "text": "လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို ရ​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို မ​ရ​နိုင်​ရာ။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 11,
      "text": "သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​ခ​ဏ​ချင်း​တွင် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် အ​ကြံ​ပေး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 13,
      "text": "လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အစ်​ကို​သည် အ​မွေ​ဥ​စ္စာ​ကို အ​ကျွန်ုပ်​အား ဝေ​ပေး​ပါ​မည်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 14,
      "text": "ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 15,
      "text": "ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 16,
      "text": "တစ်​ဖန် ဥ​ပ​မာ​စ​ကား​ကို မိန့်​တော်​မူ​သည်​ကား၊ သူ​ဌေး​တစ်​ဦး၌ မြေ​ကောင်း၍ အ​သီး​အ​နှံ​များ​လှ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 17,
      "text": "ထို​သူ​ဌေး​က၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ အ​သီး​အ​နှံ​များ​ကို သို​ထား​စ​ရာ​အ​ရပ်​မ​ရှိ။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 18,
      "text": "ပြု​မည်​အ​ကြံ​မူ​ကား၊ ငါ့​တိုက်​များ​ကို​ဖျက်၍ ကျယ်​သော​တိုက်​တို့​ကို တည်​ပြီး​မှ၊ ငါ၏​အ​သီး​အ​နှံ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို သို​ထား​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 19,
      "text": "ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 20,
      "text": "ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 21,
      "text": "ထို​အ​တူ ကိုယ်​အ​ဖို့ ဘ​ဏ္ဍာ​များ​ကို​ဆည်း​ပူး၍၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ ဆင်း​ရဲ​သော​သူ မည်​သည်​ကား၊ ထို​သူ​ဌေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 22,
      "text": "တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့ စား​ရ​မည်​ဟူ၍ အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟူ၍ ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ငါ​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 23,
      "text": "အ​စာ​ထက် အ​သက်​မြတ်​သည်​မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 24,
      "text": "ကျီး​ကန်း​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ စ​ပါး​ကျီ​မ​ရှိ၊ ဘ​ဏ္ဍာ​တိုက်​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 25,
      "text": "အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 26,
      "text": "ထို​သို့ အ​ငယ်​ဆုံး​သော​အ​မှု​ကို​မျှ မ​တတ်​နိုင်​လျှင် ကြွင်း​သော​အ​မှု​ကို အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 27,
      "text": "နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။ သို့​သော်​လည်း ဘုန်း​ကြီး​သော​ရှော​လ​မုန်​မင်း​ကြီး အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏​အ​ဝတ်​ကို မ​မီ​ဟု ငါ​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 28,
      "text": "ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ ယ​နေ့​အ​သက်​ရှင်​လျက်၊ နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 29,
      "text": "ထို​ကြောင့် အ​ဘယ်​သို့ စား​ရ​အံ့​နည်း။ အ​ဘယ်​သို့ သောက်​ရ​အံ့​နည်း​ဟူ၍ မ​ရှာ​ဖွေ​ကြ​နှင့်။ သော​က​မွှေ​နှောက်​ခြင်း​လည်း မ​ရှိ​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 30,
      "text": "ထို​အ​ရာ​များ​ကို လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။ ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို သင်​တို့​အ​ဘ သိ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 31,
      "text": "သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 32,
      "text": "သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 33,
      "text": "သင်​တို့​ဥ​စ္စာ​များ​ကို ရောင်း၍ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​ဟောင်း​တတ်​သော အိတ်​တို့​ကို ကိုယ်​သုံး​ဖို့ လုပ်​ကြ​လော့။ သူ​ခိုး​မ​ရောက်၊ ပိုး​များ​မ​ဖျက်​ဆီး​ရာ​အ​ရပ်၊ ကောင်း​ကင်​ဘုံ၌ မ​ကုန်​မ​ဆုံး​နိုင်​သော​ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 34,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ သင်​တို့၏​ဘ​ဏ္ဍာ​ရှိ၏။ ထို​အ​ရပ်​သို့ သင်​တို့​စိတ်​နှ​လုံး ရောက်​တတ်၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 35,
      "text": "သင်​တို့​သည် ခါး​ပန်း​စည်း​လျက်၊ ဆီ​မီး​ထွန်း​လျက်​နေ​သ​ဖြင့်၊-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 36,
      "text": "သ​ခင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​မှ ပြန်​လာ၍ တံ​ခါး​ကို​ခေါက်​သော​အ​ခါ ချက်​ချင်း​ဖွင့်​ခြင်း​ငှာ သ​ခင်​လာ​မည်​ကို​မျှော်​လ​င့်၍​နေ​သော ကျွန်​ကဲ့​သို့ ရှိ​နေ​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 37,
      "text": "အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 38,
      "text": "နှစ်​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သုံး​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သ​ခင်​သည်​လာ၍ ထို​သို့​တွေ့​လျှင်၊ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 39,
      "text": "အိမ်​ရှင်​သည် သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ စောင့်​နေ​လိမ့်​မည်ကို သင်တို့သိကြ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 40,
      "text": "ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 41,
      "text": "ပေ​တ​ရု​က​လည်း၊ သ​ခင်၊ ဤ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​သာ မိန့်​တော်​မူ​သ​လော။ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သ​လော​ဟု မေး​လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 42,
      "text": "သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 43,
      "text": "အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 44,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 45,
      "text": "သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 46,
      "text": "ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော​အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊ ထို​ကျွန်​ကို ပြင်း​စွာ ဆုံး​မ​ကွပ်​မျက်၍ သ​စ္စာ​မ​ရှိ​သော​သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 47,
      "text": "အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 48,
      "text": "သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 49,
      "text": "မြေ​ပေါ်၌ မီး​လောင်​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။ ထို​မီး​မ​ညှိ​မီ​တိုင်​အောင် ငါ၏​အ​လို​မ​ပြည့်​စုံ။ ဗ​တ္တိ​ဇံ​တစ်​ခု​ကို​လည်း ငါ​ခံ​စ​ရာ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 50,
      "text": "ထို​ဗ​တ္တိ​ဇံ​ကို မ​ခံ​မီ​တိုင်​အောင် ငါ​သည် အ​လွန်​ငြီး​ငွေ့​သော​စိတ်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 51,
      "text": "မြေ​ပေါ်၌ ငြိမ်​သက်​ခြင်း​ကို ပေး​အံ့​သော​ငှာ ငါ​လာ​သည်​ဟု ထင်​ကြ​သ​လော။ ထို​သို့​သော​အ​လို​ငှာ ငါ​လာ​သည်​မ​ဟုတ်။ အ​ချင်း​ချင်း​ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သည်​ဟု ငါ​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 52,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ အိမ်​တစ်​အိမ်၌​နေ​သော လူ​ငါး​ယောက်​တို့​သည် နှစ်​ယောက်​တစ်​စု သုံး​ယောက်​တစ်​စု အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 53,
      "text": "အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 54,
      "text": "တစ်​ဖန် လူ​အ​စု​အ​ဝေး​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​နောက်​မျက်​နှာ၌ မိုး​ရိပ်​တက်​သည်​ကို မြင်​သော​အ​ခါ မိုး​ရွာ​မည်​ဟု ချက်​ချင်း​ဆို​တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 55,
      "text": "တောင်​လေ​လာ​သည်​ကို မြင်​သော​အ​ခါ နေ​ပူ​မည်​ဟု ဆို​တတ်၏။ ဆို​သည်​အ​တိုင်း​လည်း ဖြစ်​တတ်၏။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 56,
      "text": "လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး၏​မျက်​နှာ​နှင့် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ယ​ခု​ကပ်​ကာ​လ​ကို အ​ဘယ်​ကြောင့်​ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ​သ​နည်း။"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 57,
      "text": "ထို​မှ​တစ်​ပါး ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​ဘယ်​ကြောင့် အ​လို​အ​လျောက်​ပိုင်း​ခြား၍ မ​သိ​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 58,
      "text": "သင်​သည် တ​ရား​တွေ့​ဖက်​နှင့်​အ​တူ မင်း​ထံ​သို့​သွား​သော​အ​ခါ အ​မှု​ပြေ​စေ​ခြင်း​ငှာ လမ်း၌​ကြိုး​စား​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး​ရှေ့​သို့ ဆွဲ​မည်။ တ​ရား​သူ​ကြီး​သည် လု​လင်​ခေါင်း​၌​အပ်၍၊ လု​လင်​ခေါင်း​သည် ထောင်​ထဲ၌ လှောင်​ထား​မည်။-"
    },
    {
      "book": 42,
      "chapter": 12,
      "verse": 59,
      "text": "လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 1,
      "text": "ထို​အ​ခါ လူ​အ​ချို့​တို့​သည်​လာ၍၊ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​လူ​အ​ချို့​တို့၏ အ​သွေး​ကို မိ​မိ​တို့​ပူ​ဇော်​သော ယဇ်​ကောင်​တို့​နှင့် ရော​နှော​ကြောင်း​ကို လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 2,
      "text": "ယေ​ရှု​က၊ ထို​ဂါ​လိ​လဲ​လူ​တို့​သည် ထို​သို့​ခံ​ရ​သော​ကြောင့်၊ အ​ခြား​သော ဂါ​လိ​လဲ​လူ​အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 3,
      "text": "သာ၍ အ​ပြစ်​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 4,
      "text": "ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 5,
      "text": "သာ၍​အ​ပြစ်​ရှိ​သည် မ​ဟုတ်။ သင်​တို့ ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 6,
      "text": "တစ်​ဖန် ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ယောက်​သည် ဥ​ယျာဉ်၌​စိုက်​သော သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင် ရှိ၏။ ထို​အ​ပင်​သို့ လာ၍ အ​သီး​ကို​ရှာ​သော်​လည်း မ​တွေ့။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 7,
      "text": "ထို​အ​ခါ ဥ​ယျာဉ်​စောင့်​အား​လည်း၊ သုံး​နှစ်​ပတ်​လုံး ဤ​သင်္ဘော​သ​ဖန်း​ပင်​သို့ ငါ​လာ၍ အ​သီး​ကို ရှာ​သော်​လည်း မ​တွေ့​မ​ရ။ ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို နှောင့်​ယှက်​ရ​သ​နည်း​ဟု အ​မိန့်​ရှိ​သော်၊ ဥ​ယျာဉ်​စောင့်​က၊ သ​ခင်၊ ယ​ခု​နှစ်​ရှိ​ပါ​စေ​ဦး။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 8,
      "text": "အ​ကျွန်ုပ်​သည် အ​ပင်​နား​ပတ်​လည်​ကို တူး​ဆွ၍ နောက်​ချေး​ကို ဖို့​ပါ​မည်။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 9,
      "text": "အ​သီး​သီး​ကောင်း သီး​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် နောက်​မှ ခုတ်​ပစ်​တော်​မူ​ပါ​ဟု လျှောက်​လေ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 10,
      "text": "တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တွင် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သော​အ​ခါ၊"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 11,
      "text": "တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 12,
      "text": "ယေ​ရှု​သည် ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင် အ​ထံ​တော်​သို့​ခေါ်၍၊ အ​ချင်း​မိန်း​မ၊ သင်​သည် အ​နာ​ရော​ဂါ​နှင့် လွတ်၏​ဟု မိန့်​တော်​မူ​လျက်၊-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 13,
      "text": "သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 14,
      "text": "ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 15,
      "text": "သ​ခင်​ဘု​ရား​က​လည်း၊ လျှို့​ဝှက်​သော​သူ၊ သင်​တို့​ရှိ​သ​မျှ​သည် ဥ​ပုသ်​နေ့၌ မြင်း၊ နွား​ကို တင်း​ကုပ်​မှ လွှတ်၍ ရေ​တိုက်​ခြင်း​ငှာ ဆောင်​သွား​တတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 16,
      "text": "တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး စာ​တန်​ချည်​နှောင်​သော အာ​ဗြ​ဟံ၏​သ​မီး​ဖြစ်​သော ဤ​မိန်း​မ​ကို ဤ​ချည်​နှောင်​ခြင်း​မှ ဥ​ပုသ်​နေ့၌ မ​လွှတ်​ရ​သ​လော​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 17,
      "text": "ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ရန်​ဘက်​နေ​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်​ခြင်း​ရှိ​၍၊ ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​များ​တို့​ကို လူအပေါင်းတို့သည်နှစ်​သက်​ဝမ်း​မြောက်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 18,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​အ​ရာ​နှင့် တူ​သ​နည်း။ အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 19,
      "text": "လူ​သည် ယူ၍ ဥ​ယျာဉ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။ ထို​အ​စေ့​သည် ကြီး​ပွား၍ အ​ပင်​ကြီး​ဖြစ်၏။ မိုး​ကောင်း​ကင်​ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​တို့၌ နား​နေ​မှီ​ခို​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 20,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​ဘယ်​သို့​ပုံ​ပြ​ရ​အံ့​နည်း။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 21,
      "text": "မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌ ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သော တ​ဆေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 22,
      "text": "ထို​အ​ခါ ယေ​ရှု​သည် မြို့​ရွာ​တို့​ကို ဒေ​သ​စာ​ရီ​လှည့်​လည်​လျက်၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 23,
      "text": "လူ​တစ်​ဦး​က​လည်း၊ သ​ခင်၊ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် များ​သ​လော၊ နည်း​သ​လော​ဟု မေး​လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 24,
      "text": "ကျဉ်း​မြောင်း​သော​တံ​ခါး​ဝ​ကို ဝင်​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​များ​သော​သူ​တို့​သည် ဝင်​ခြင်း​ငှာ​အ​လို​ရှိ​သော်​လည်း မ​စွမ်း​နိုင်​ကြ​ဟု ငါ​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 25,
      "text": "အိမ်​ရှင်​သည် တစ်​ခါ​ထ၍ တံ​ခါး​ကို ပိတ်​ပြီး​မှ၊ သင်​တို့​သည် ပြင်၌​ရပ်၍ တံ​ခါး​ကို​ခေါက်​လျက်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​ဖွင့်​ပါ​ဟု တောင်း​လျှောက်​သော်​လည်း၊ သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 26,
      "text": "ထို​အ​ခါ သင်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ထံ​တော်၌ စား​သောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​နေ​သော မြို့​ရွာ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ပြီ​ဟု လျှောက်​ပြန်​သော်​လည်း၊-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 27,
      "text": "သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ငါ​ဆို​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ​ဟု ပြော​လိမ့်​မည်၊"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 28,
      "text": "ထို​အ​ခါ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​သော ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​သို့ ဝင်၍၊ သင်​တို့​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း ရှိ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 29,
      "text": "ထို​အ​ခါ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​က​လာ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​တွင် လျောင်း​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 30,
      "text": "နောက်​ကျ​သော​သူ အ​ချို့​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ အ​ချို့​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 31,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ဤ​အ​ရပ်​မှ ထွက်​သွား​ပါ။ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို​သတ်​မည် အ​ကြံ​ရှိ​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ သင်​တို့​သွား​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 32,
      "text": "ယ​ခု​နေ့​နှင့် နက်​ဖြန်​နေ့၌ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၏။ သုံး​ရက်​မြောက်​သော​နေ့၌ စုံ​လင်​ခြင်း​သို့ ရောက်​မည်​အ​ရာ​ကို ထို​မြေ​ခွေး​အား ပြော​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 33,
      "text": "သို့​သော်​လည်း ယ​ခု​နေ့၊ နက်​ဖြန်​နေ့၊ သန်​ဘက်​နေ့၌ ငါ​သွား​ရ​သေး၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင် မြို့​မှ​တစ်​ပါး အ​ခြား​သော​အ​ရပ်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ဆုံး​ရာ။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 34,
      "text": "အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော​သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ၏။ သင်​မူ​ကား အ​လို​မ​ရှိ။-"
    },
    {
      "book": 42,
      "chapter": 13,
      "verse": 35,
      "text": "သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။ ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 1,
      "text": "တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် အ​စာ​ကို​သုံး​ဆောင်​ခြင်း​ငှာ အ​ရာ​ရှိ​ဖြစ်​သော ဖာ​ရိ​ရှဲ​တစ်​ယောက်၏​အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ချောင်း​ကြည့်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 2,
      "text": "ရေ​ဖျဉ်း​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ရှေ့​တော်၌​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 3,
      "text": "ဥ​ပုသ်​နေ့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​ကို မေး​တော်​မူ​စေ​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 4,
      "text": "သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရှု​သည် ထို​သူ​ကို​ယူ၍ အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​စေ​ပြီး​မှ၊ လွှတ်​လိုက်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 5,
      "text": "ပ​ရိ​သတ်​တို့​ကို​လည်း၊ မိ​မိ​မြည်း၊ နွား​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင် ချက်​ချင်း​မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 6,
      "text": "ထို​သူ​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြန်​နိုင်​ကြ။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 7,
      "text": "ထို​အ​ခါ ခေါ်​ဖိတ်​သော​သူ​တို့​သည် မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို ရွေး​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ သူ​တို့​အား ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 8,
      "text": "သူ​တစ်​ပါး​သည် မင်္ဂ​လာ​ဆောင်​ပွဲ​သို့ သင့်​ကို​ခေါ်​ဖိတ်​သော​အ​ခါ၊ မြင့်​မြတ်​သော​နေ​ရာ၌ မ​လျောင်း​နှင့်။ ထို​သို့​လျောင်း​လျှင် သင့်​ထက်​သာ၍ မြတ်​သော​သူ​သည် ပွဲ​သို့​လာ​သည်​ရှိ​သော်၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 9,
      "text": "သင်​တို့​နှစ်​ယောက်​ကို ခေါ်​ဖိတ်​သော​သူ​က၊ ဤ​သူ​အား နေ​ရာ​ကို​ပေး​လော့​ဟု​လာ၍ ပြော​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ရှက်​ကြောက်​ခြင်း​နှင့် နိမ့်​သော​နေ​ရာ​သို့ ဆင်း​ရ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 10,
      "text": "သူ​တစ်​ပါး​တို့​သည် သင့်​ကို ခေါ်​ဖိတ်​သော​အ​ခါ၊ သွား၍ နိမ့်​သော​နေ​ရာ၌ လျောင်း​လော့။ ထို​သို့​လျောင်း​လျှင် သင့်​ကို​ခေါ်​ဖိတ်​သော​သူ လာ​သည်​ရှိ​သော်၊ အ​ဆွေ၊ တက်​ပါ​ဟု သင့်​ကို​ဆို​လိမ့်​မည်။ ထို​အ​ခါ သင်​နှင့်​အ​တူ လျောင်း​သော​သူ​တို့​ရှေ့​မှာ သင်၏​အ​သ​ရေ ထင်​ရှား​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 11,
      "text": "ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​သော​သူ မည်​သည်​ကား ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 12,
      "text": "ကိုယ်​တော်​ကို ခေါ်​ပင့်​သော​သူ​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​သည် နံ​နက်​စာ၊ ည​စာ လုပ်​ကျွေး​သော​အ​ခါ၊ အ​ဆွေ​ခင်​ပွန်း၊ ညီ​အစ်​ကို​အ​မျိုး​သား​ချင်း၊ ငွေ​ရ​တတ်​သော အိမ်​နီး​ချင်း​များ​ကို မ​ခေါ်​မ​ဖိတ်​နှင့်။ ထို​သို့ ခေါ်​ဖိတ်​လျှင်၊ သူ​တို့​သည် နောက်​တစ်​ဖန် သင့်​ကို​ခေါ်​ဖိတ်၍ ကျေး​ဇူး​ဆပ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 13,
      "text": "သင်​သည် ပွဲ​ခံ​သော​အ​ခါ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​ဖိတ်​လော့။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 14,
      "text": "ထို​သို့​ခေါ်​ဖိတ်​လျှင် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကျေး​ဇူး​မ​ဆပ်​နိုင်​သည် ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ထ​မြောက်​သည်​ကာ​လ၌ သင်​သည် ကျေး​ဇူး​ဆပ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 15,
      "text": "စား​ပွဲ၌ လျောင်း​သော​သူ​တစ်​ယောက်​သည် ထို​စ​ကား​တော်​ကို ကြား​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ပွဲ​ဝင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 16,
      "text": "ကိုယ်​တော်​က၊ လူ​တစ်​ဦး​သည် ကြီး​စွာ​သော​ပွဲ​ကို စီ​ရင်၍၊ လူ​များ​တို့​ကို ခေါ်​ဖိတ်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 17,
      "text": "ပွဲ​ခံ​ချိန်​ရောက်​သော​အ​ခါ၊ ခေါ်​ဖိတ်​သော​သူ​တို့​ကို၊ လာ​ကြ​ပါ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ​ဟု မှာ၍ အ​စေ​အ​ပါ​ကို စေ​လွှတ်၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 18,
      "text": "ခေါ်​အပ်​သော သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပ​ရိ​ယာယ်​ပြု​ကြ၏။ တစ်​ယောက်​က၊ အ​ကျွန်ုပ်​သည် မြေ​ရာ​ကို ဝယ်​ပါ​ပြီ။ သွား၍ ကြည့်​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို လွှတ်​ပါ​ဦး​လော့​ဟု တောင်း​ပန်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 19,
      "text": "တစ်​ယောက်​က အ​ကျွန်ုပ်​သည် နွား​ငါး​ရှဉ်း​ကို ဝယ်​ပါ​ပြီ။ သွား၍ စမ်း​ရ​ပါ​မည်။ အ​ကျွန်ုပ်​ကို လွှတ်​ပါ​ဦး​လော့​ဟု တောင်း​ပန်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 20,
      "text": "တစ်​ယောက်​က၊ အ​ကျွန်ုပ်​သည် မ​ယား​နှင့် လက်​ထပ်​ပါ​ပြီ။ ထို​ကြောင့် အ​ကျွန်ုပ်​မ​လာ​နိုင်​ပါ​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 21,
      "text": "အ​စေ​အ​ပါ​သည် သ​ခင့်​ထံ​သို့​ပြန်​လာ၍ ထို​အ​ကြောင်း​များ​ကို လျှောက်​လေ၏။ ထို​အ​ခါ အိမ်​ရှင်​သည် အ​မျက်​ထွက်၍၊ မြို့​လမ်း​မ​လမ်း​ကြား​သို့ အ​သော့​သွား​ချေ။ ဆင်း​ရဲ​သော​သူ၊ အင်္ဂါ​ချို့​တဲ့​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ၊ မျက်​စိ​ကန်း​သော​သူ​များ​ကို ခေါ်​သွင်း​ချေ​ဟု အ​စေ​အ​ပါ​ကို ဆို၏။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 22,
      "text": "အ​စေ​အ​ပါ​က​လည်း၊ သ​ခင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း ပြု​ပါ​ပြီ။ သို့​သော်​လည်း၊ လပ်​သော​နေ​ရာ​ထိုင်​ရာ ရှိ​ပါ​သေး​သည်​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 23,
      "text": "သ​ခင်​က၊ မြို့​ပြင်၊ လမ်း​မ၊ ခြံ​နား​သို့ သွား​ဦး​လော့။ ငါ့​အိမ်​ကို ပြည့်​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် ခေါ်​သွင်း​လော့။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 24,
      "text": "အ​ထက်​က ခေါ်​ဖိတ်​သော​သူ​တစ်​ယောက်​မျှ ငါ့​ပွဲ​သို့ မ​ဝင်​ရ၊ ငါ​အ​မိန့်​ရှိ​ပြီ​ဟု အ​စေ​အ​ပါ​ကို ဆို​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 25,
      "text": "လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သည်​ကို ယေ​ရှု​သည်​လှည့်၍ ကြည့်​တော်​မူ​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 26,
      "text": "အ​ကြင်​သူ​သည် ငါ့​ထံ​သို့​လာ၍ မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို၊ နှ​မ​တို့​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က မိ​မိ​အ​သက်​ကို​လည်း​ကောင်း မ​မုန်း၊ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 27,
      "text": "အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ့​တ​ပည့် မ​ဖြစ်​နိုင်​ရာ။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 28,
      "text": "သင်​တို့​တွင် တစ်​ယောက်​သော​သူ​သည် တိုက်​ကို တည်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ ထို​တိုက်​ပြီး​အောင် ငွေ​လောက်​မည် မ​လောက်​မည်​ကို သိ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ ထိုင်၍ ကုန်​စ​ရိတ်​ကို မ​ချင့်​တွက်​ဘဲ နေ​မည်​လော။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 29,
      "text": "သို့​မ​ဟုတ် တိုက်​မြစ်​ကို​တည်၍ တိုက်​ကို မ​ပြီး​နိုင်​လျှင်၊ သိ​မြင်​သော​သူ အ​ပေါင်း​တို့​က၊-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 30,
      "text": "ဤ​သူ​သည် တည်​စ​ပြု၍ အ​စ​မ​သတ်​နိုင်​ဟု ကဲ့​ရဲ့​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 31,
      "text": "တ​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော ရှင်​ဘု​ရင်​သည် အ​ခြား​သော​ရှင်​ဘု​ရင်​နှင့် စစ်​ပြိုင်​မည်​ဟု အ​ကြံ​ရှိ​လျှင်၊ လူ​နှစ်​သောင်း​နှင့် ချီ​လာ​သော ရှင်​ဘု​ရင်​ကို လူ​တစ်​သောင်း​နှင့် ခံ​နိုင်​မည် မ​ခံ​နိုင်​မည်​ကို ရှေ့​ဦး​စွာ​ထိုင်၍ မ​ဆင်​ခြင်​ဘဲ နေ​မည်​လော။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 32,
      "text": "မ​ခံ​နိုင်​သည် မှန်​လျှင်၊ အ​ခြား​သော ရှင်​ဘု​ရင် ဝေး​သေး​သော​အ​ခါ သံ​တ​မန်​ကို စေ​လွှတ်၍ စစ်​ငြိမ်း​မည်​အ​ကြောင်း တောင်း​ပန်​တတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 33,
      "text": "ထို​နည်း​တူ၊ သင်​တို့​တွင် အ​ကြင်​သူ​သည် မိ​မိ၌​ရှိ​သ​မျှ​ကို မ​စွန့်​ဘဲ​နေ၏။ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 34,
      "text": "ဆား​မူ​ကား ကောင်း၏။ သို့​သော်​လည်း အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။-"
    },
    {
      "book": 42,
      "chapter": 14,
      "verse": 35,
      "text": "မြေ​ဖို့​မ​ကောင်း၊ အ​မှိုက်​ပုံ​ဖို့​မ​ကောင်း၊ ထို​ဆား​ကို ပြင်​သို့​ပစ်​လိုက်​တတ်၏။ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 1,
      "text": "အ​ခွန်​ခံ​သော​သူ​တို့​နှင့် ဆိုး​သော​သူ​အ​ပေါင်း​တို့​သည် နား​ထောင်​ခြင်း​ငှာ အ​ထံ​တော်​သို့ ချဉ်း​ကပ်​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 2,
      "text": "ဖာ​ရိ​ရှဲ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် ဆိုး​သော​သူ​တို့​ကို​လက်​ခံ၍ သူ​တို့​နှင့်​အ​တူ စား​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 3,
      "text": "ထို​အ​ခါ ဥ​ပ​မာ​စ​ကား​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ၌ သိုး​တစ်​ရာ​ရှိ၍၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 4,
      "text": "သိုး​တစ်​ကောင်​ပျောက်​လျှင်၊ ကိုး​ဆယ်​ကိုး​ကောင်​သော​သိုး​တို့​ကို တော​တွင်​ထား​ခဲ့​ပြီး​မှ၊ ပျောက်​သော သိုး​တစ်​ကောင်​ကို မ​တွေ့​မီ​တိုင်​အောင် သွား၍ မ​ရှာ​ဘဲ​နေ​မည်​လော။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 5,
      "text": "တွေ့​ပြီး​လျှင် ဝမ်း​မြောက်​သော​စိတ်​နှင့် ပ​ခုံး​ပေါ်​မှာ တင်​ထမ်း၍၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 6,
      "text": "မိ​မိ​အိမ်​သို့​ရောက်​သော​အ​ခါ အ​ဆွေ​ခင်​ပွန်း အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​သိုး​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 7,
      "text": "ထို​နည်း​တူ ဖြောင့်​မတ်၍ နောင်​တ​ရ​စ​ရာ​အ​ကြောင်း မ​ရှိ​သော​သူ ကိုး​ဆယ်​ကိုး​ယောက်​တို့၌ ကောင်း​ကင်​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ နောင်​တ​ရ​သော​လူ​ဆိုး​တစ်​ယောက်၌ သာ၍​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​သည်​ဟု ငါ​ဆို၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 8,
      "text": "တစ်​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော​မိန်း​မ၌ ငွေ​ဆယ်​ပြား​ရှိ၍ တစ်​ပြား​ပျောက်​လျှင်၊ ဆီ​မီး​ကို​ထွန်း၍ မ​တွေ့​မီ​တိုင်​အောင် တစ်​အိမ်​လုံး​ကို​လှည်း၍ စေ့​စေ့​မ​ရှာ​ဘဲ နေ​မည်​လော။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 9,
      "text": "တွေ့​ပြီး​လျှင် အ​ဆွေ​ခင်​ပွန်း​အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​ငွေ​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 10,
      "text": "ထို​နည်း​တူ ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် နောင်​တ​ရ​သော လူ​ဆိုး​တစ်​ယောက်၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 11,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ၌ သား​နှစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 12,
      "text": "သား​အ​ငယ်​သည် အ​ဘ​ထံ​သို့ သွား၍၊ အ​ဘ၊ အ​ကျွန်ုပ်​ရ​ထိုက်​သော အ​မွေ​ဥ​စ္စာ​ကို​ဝေ၍ ပေး​ပါ​ဟု တောင်း​ပန်​လျှင်၊ အ​ဘ​သည် ဥ​စ္စာ​များ​ကို​ဝေ၍ သား​တို့​အား ပေး​လေ၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 13,
      "text": "ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 14,
      "text": "ရှိ​သ​မျှ​ကုန်​သော​အ​ခါ၊ ထို​ပြည်၌ ကြီး​စွာ​သော အ​စာ​ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ သူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 15,
      "text": "ထို​အ​ခါ ပြည်​သား​တစ်​ယောက်​ထံ​သို့​သွား၍ အ​စေ​ခံ​လျှင်၊ ဝက်​တို့​ကို ကျောင်း​စေ​ခြင်း​ငှာ သူ့​သ​ခင်​သည် တော​သို့ စေ​လွှတ်​သ​ဖြင့်၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 16,
      "text": "သူ​သည် ဝက်​စား​တတ်​သော ပဲ​တောင့်​ကို​ပင် စား​ချင်​မ​တတ် ငတ်​မွတ်​လျက်​နေ​ရ၏။ အ​ဘယ်​သူ​မျှ အ​စာ​ကို​မ​ကျွေး။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 17,
      "text": "ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 18,
      "text": "ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 19,
      "text": "ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို​မ​ခံ​ထိုက်​ပါ။ သူ​ငှား​အ​ရာ၌ အ​ကျွန်ုပ်​ကို ထား​တော်​မူ​ပါ​ဟု ငါ​ပြော​မည်​ဟူ၍ အ​ကြံ​ရှိ​သည်​နှင့်၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 20,
      "text": "ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 21,
      "text": "သား​က​လည်း၊ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။ ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို မ​ခံ​ထိုက်​ပါ​ဟု​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 22,
      "text": "အ​ဘ​က၊ မြတ်​သော​ဝတ်​လုံ​ကို ယူ​ခဲ့၍ သူ့​ကို​ခြုံ​ကြ၊ သူ၏​လက်၌ လက်​စွပ်​တန်​ဆာ​ကို ဆင်​ကြ။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 23,
      "text": "ခြေ​နင်း​ကို​လည်း စီး​စေ​ကြ။ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို ယူ၍​သတ်​ကြ။ သို့​ပြီး​မှ ငါ​တို့​သည် စား​ကြ​ကုန်​အံ့။ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​ကုန်​အံ့။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 24,
      "text": "ငါ့​သား​သည် အ​ထက်​က​သေ၏။ ယ​ခု ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​ပြန်​တွေ့၏​ဟု အ​စေ​အ​ပါ​တို့​ကို ဆို​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​သည် ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 25,
      "text": "သား​အ​ကြီး​သည် တောင်​ယာ​က​လာ၍ အိမ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ က​ခြင်း၊ တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 26,
      "text": "ငယ်​သား​တစ်​ယောက်​ကို​ခေါ်၍ အ​ဘယ်​သို့​သော အ​ခြင်း​အ​ရာ​နည်း​ဟု မေး၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 27,
      "text": "ငယ်​သား​က၊ သ​ခင်၏​ညီ​သည် ရောက်​လာ​ပါ​ပြီ။ ဘေး​နှင့်​ကင်း​လွတ်​လျက်​ရှိ​သည်​ကို အ​ဘ​တွေ့​သော​ကြောင့်၊ ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို​သတ်​ပါ​ပြီ​ဟု ပြော​ဆို၏။ သား​အ​ကြီး​သည် အ​မျက်​ထွက်၍ အိမ်​သို့ မ​ဝင်​ဘဲ​နေ၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 28,
      "text": "အ​ဘ​သည် သူ့​ဆီ​သို့​သွား၍ ချော့​မော့​ရ၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 29,
      "text": "သား​အ​ကြီး​က​လည်း၊ အ​ကျွန်ုပ်​သည် ကာ​လ​တာ​ရှည်​စွာ အ​ဘ၏​အ​စေ​ကို ခံ​ပါ​ပြီ။ အ​ဘ၏​အ​လို​ကို တစ်​ခါ​မျှ မ​လွန်​ကျူး​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​သည် အ​ဆွေ​တို့​နှင့်​အ​တူ​ပျော်​မွေ့​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ၊ အ​ဘ​သည် ဆိတ်​က​လေး​တစ်​ကောင်​ကို တစ်​ခါ​မျှ မ​ပေး။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 30,
      "text": "ပြည့်​တန်​ဆာ​မိန်း​မ​တို့​နှင့် ပေါင်း​ဖော်၍ မိ​မိ​ဥ​စ္စာ​ကို​ဖြုန်း​သော ဤ​သား​ငယ် ရောက်​လာ​သော​အ​ခါ​မူ​ကား၊ အ​ဘ​သည် ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို သတ်​လေ​ပြီ​တ​ကား​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 31,
      "text": "အ​ဘ​က​လည်း၊ ငါ့​သား၊ သင်​သည် ငါ့​ထံ​မှာ အ​စဉ်​နေ၏။ ငါ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် သင်၏​ဥ​စ္စာ​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 15,
      "verse": 32,
      "text": "သင်၏​ညီ​မူ​ကား အ​ထက်​က​သေ၏။ ယ​ခု​ရှင်​ပြန်၏။ အ​ထက်​က​ပျောက်၏။ ယ​ခု​တွေ့​ပြန်၏။ ထို​ကြောင့် ပျော်​မွေ့​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း ရှိ၏၊ အ​ဘ​ဆို​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 1,
      "text": "တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​တစ်​ယောက်၌ ဘ​ဏ္ဍာ​စိုး​ရှိ၏။ ထို​ဘ​ဏ္ဍာ​စိုး​သည် သ​ခင်၏​ဥ​စ္စာ​များ​ကို ဖျက်​ဆီး​သည်​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​သည် သ​ခင်​ရှေ့၌ အ​ပြစ်​တင်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 2,
      "text": "သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​ကို ခေါ်၍၊ သင်၏​အ​မူ​အ​ရာ၌ ငါ​ကြား​ရ​သော​စ​ကား​ကား အ​ဘယ်​သို့​နည်း။ ဘ​ဏ္ဍာ​စိုး​အ​ရာ၌ မှတ်​သား​သော စာ​ရင်း​ကို ပေး​လော့။ ယ​ခု​မှ​စ၍ ဘ​ဏ္ဍာ​စိုး​မ​လုပ်​ရ​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 3,
      "text": "ထို​အ​ခါ ဘ​ဏ္ဍာ​စိုး​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​အ​ရာ​ကို နုတ်​လေ​ပြီ။ လယ်​လုပ်​ခြင်း​ငှာ မ​စွမ်း​နိုင်။ သူ​တောင်း​စား လုပ်​ခြင်း​ငှာ ရှက်​ကြောက်၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 4,
      "text": "ဘ​ဏ္ဍာ​စိုး​အ​ရာ​မှ ကျ​သည်​နောက် သူ​တစ်​ပါး​တို့​သည် မိ​မိ​တို့​အိမ်၌ ငါ့​ကို​လက်​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​ကို ငါ​သိ၏​ဟူ၍ စိတ်​ထဲ၌​ကြံ​စည်​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 5,
      "text": "သ​ခင်၏​ငွေ​ရှိ​သော​သူ အ​ပေါင်း​တို့​ကို ခေါ်၍၊ ငါ၏​သ​ခင်​ကို ဆပ်​ပေး​ရန် သင်၌​အ​ဘယ်​မျှ​လောက် ရှိ​သ​နည်း​ဟု တစ်​ယောက်​ကို​မေး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 6,
      "text": "ထို​သူ​က၊ ဆီ​အ​ခွက်​တစ်​ထောင်​ပေး​ရန် ရှိ​ပါ​သည်​ဟု​ဆို၏။ ဘ​ဏ္ဍာ​စိုး​က​လည်း၊ သင်၏ စာ​ရင်း​ကို​ယူ၍ အ​သော့​ထိုင်​ပြီး​လျှင်၊ အ​ခွက်​ငါး​ရာ​ကို ရေး​မှတ်​လော့​ဟု​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 7,
      "text": "ထို​နောက် အ​ခြား​သော​သူ​ကို​ခေါ်၍၊ ငါ၏​သ​ခင်​ကို​ဆပ်​ပေး​ရန် သင်၌ အ​ဘယ်​မျှ​လောက်​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က၊ ဂျုံ​စ​ပါး အ​တင်း​တစ်​ထောင် ပေး​ရန်​ရှိ​ပါ​သည်​ဟု ဆို၏။ ဘ​ဏ္ဍာ​စိုး​က​လည်း၊ သင်၏ စာ​ရင်း​ကို​ယူ၍ အ​တင်း​ရှစ်​ရာ​ကို ရေး​မှတ်​လော့​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 8,
      "text": "မ​တ​ရား​သော ထို​ဘ​ဏ္ဍာ​စိုး​သည် လိ​မ္မာ​စွာ​ပြု​သည်​ကို သ​ခင်​သည် ချီး​မွမ်း​လေ၏။ အ​ကြောင်း​မူ​ကား၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ရာ​တွင်၊ အ​လင်း​သို့​ရောက်​သော​သူ​တို့​ထက် သာ၍ လိ​မ္မာ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 9,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် စု​တေ​သော​အ​ခါ၊ အ​စဉ်​အ​မြဲ​တည်​သော ဗိ​မာန်၌ သင်​တို့​ကို လက်​ခံ​လ​တ္တံ့​သော အ​ဆွေ​ရှိ​စေ​ခြင်း​ငှာ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ဆောင်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 10,
      "text": "အ​နည်း​ငယ်​သော အ​မှု၌ သ​စ္စာ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​ရှိ​လိမ့်​မည်။ အ​နည်း​ငယ်​သော​အ​မှု၌ သ​စ္စာ​မ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​မ​ရှိ။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 11,
      "text": "သို့​ဖြစ်၍ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ရာ​တွင် သင်​တို့​သည် သ​စ္စာ​မ​ရှိ​လျှင်၊ မှန်​သော​စည်း​စိမ်​ကို သင်​တို့၌ အ​ဘယ်​သူ​အပ်​မည်​နည်း။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 12,
      "text": "သူ​တစ်​ပါး​အ​မှု၌ သင်​တို့​သည် သ​စ္စာ​မ​ရှိ​လျှင်၊ အ​ဘယ်​သူ​သည် အ​ပိုင်​ပေး​မည်​နည်း။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 13,
      "text": "အ​ဘယ်​အ​စေ​ခံ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 14,
      "text": "ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 15,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 16,
      "text": "ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​ရှိ၏။ ယော​ဟန်​လက်​ထက်​မှ​စ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်​ရှိ၏။ လူ​များ​တို့​သည်​လည်း နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ဝင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 17,
      "text": "ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော ဗိ​န္ဓု​တစ်​လုံး​ပျက်​စီး​လွယ်​သည်​ထက်၊ ကောင်း​ကင်​နှင့် မြေ​ကြီး ပျက်​စီး​လွယ်၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 18,
      "text": "အ​ကြင်​သူ​သည် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။ လင်​ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 19,
      "text": "တစ်​ဖန်​တုံ၊ သူ​ဌေး​တစ်​ယောက်​သည် နီ​မောင်း​သော က​မ္ဗ​လာ​နှင့်​ပိတ်​ချော​ကို ဝတ်​ဆင်၍၊ ကာ​မ​ဂုဏ်​စည်း​စိမ်၌ နေ့​တိုင်း ပျော်​မွေ့​လျက်​နေ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 20,
      "text": "လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​ဆင်း​ရဲ​တစ်​ယောက်​သည် တစ်​ကိုယ်​လုံး၌ အ​နာ​စိမ်း​ပေါက်၍၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 21,
      "text": "သူ​ဌေး၏​စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​ကို စား​ပါ​ရ​စေ​ဟု တောင့်​တ​သော​စိတ်​နှင့် သူ​ဌေး​အိမ် တံ​ခါး​နား​မှာ တုံး​လုံး​နေ၏။ ခွေး​တို့​သည်​လာ၍ အ​နာ​စိမ်း​များ​ကို လျက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 22,
      "text": "တစ်​နေ့​သ၌ ထို​ဆင်း​ရဲ​သား​သည် သေ​လွန်၍၊ ကောင်း​ကင်​တ​မန်​တို့​သည် အာ​ဗြ​ဟံ၏​ရင်​ခွင်​သို့ ပို့​ဆောင်​ကြ၏။ သူ​ဌေး​သည်​လည်း သေ​လွန်၍ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 23,
      "text": "မ​ရ​ဏ​နိုင်​ငံ၌ ပြင်း​ပြ​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​လျက် မျှော်​ကြည့်၍၊ အာ​ဗြ​ဟံ​ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ၏ ရင်​ခွင်၌ လာ​ဇ​ရု​ကို​လည်း​ကောင်း အ​ဝေး​က​မြင်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 24,
      "text": "အို အ​ဘ​အာ​ဗြ​ဟံ၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဤ​မီး​လျှံ၌ ပြင်း​စွာ​ခံ​ရ​သော​ကြောင့်၊ လာ​ဇ​ရု​သည် မိ​မိ​လက်​ဖျား​ကို ရေ၌​နှစ်၍ အ​ကျွန်ုပ်​လျှာ​ကို အေး​စေ​ခြင်း​ငှာ သူ့​ကို အ​ကျွန်ုပ်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 25,
      "text": "အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​တို့​နှင့် သင်​တို့​စပ်​ကြား၌ အ​လွန်​နက်​လှ​သော ချောက်​ကြီး တည်​လျက်​ရှိ၏။ ထို​ကြောင့် ဤ​အ​ရပ်​မှ​သင်​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ မ​ကူး​နိုင်။ ထို​အ​ရပ်​မှ ငါ​တို့​ရှိ​ရာ​သို့ ကူး​ချင်​သော​သူ​လည်း မ​ကူး​နိုင်​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 27,
      "text": "သူ​ဌေး​က​လည်၊ အို အ​ဘ၊ ထို​သို့​မှန်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 28,
      "text": "အ​ကျွန်ုပ်၌ ညီ​ငါး​ယောက်​ရှိ​ပါ​သည် ဖြစ်၍၊ သူ​တို့​သည် ဤ​ပြင်း​ပြ​စွာ ခံ​ရာ​အ​ရပ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သူ​တို့​အား သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ လာ​ဇ​ရု​ကို အ​ကျွန်ုပ်​အ​ဘ၏​အိမ်​သို့ စေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ပြော​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 29,
      "text": "အာ​ဗြ​ဟံ​က၊ သင်၏​ညီ​တို့၌ မော​ရှေ​မှ​စ၍ ပ​ရော​ဖက်​များ ရှိ​ကြ၏။ ပ​ရော​ဖက်​တို့၏ စ​ကား​ကို နား​ထောင်​ကြ​စေ​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 30,
      "text": "သူ​ဌေး​က​လည်း၊ မ​ဟုတ်​ပါ အ​ဘ​အာ​ဗြ​ဟံ။ သေ​သော​လူ​စု​ထဲ​က တစ်​ယောက်​သော​သူ​သည် ထ​မြောက်၍ သူ​တို့​ရှိ​ရာ​သို့ သွား​လျှင်၊ သူ​တို့​သည် နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်​ဟု ဆို​သော်၊-"
    },
    {
      "book": 42,
      "chapter": 16,
      "verse": 31,
      "text": "အာ​ဗြ​ဟံ​က၊ သူ​တို့​သည် မော​ရှေ၏​စ​ကား၊ ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ တစ်​ယောက်​သော​သူ​သည် သေ​ခြင်း​မှ ထ​မြောက်​သော်​လည်း မ​ယုံ​ကြည်​နိုင်​ကြ​ဟု အာ​ဗြ​ဟံ​ဆို​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 1,
      "text": "တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 2,
      "text": "ဤ​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို မှား​ယွင်း​စေ​သည်​ထက်၊ လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို​ဆွဲ၍ ပင်​လယ်၌ ချ​ခြင်း​ကို ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း၏။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 3,
      "text": "သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင် သူ့​ကို ဆုံး​မ​လော့။ သူ​သည် နောင်​တ​ရ​လျှင် သူ၏​အ​ပြစ်​ကို​လွှတ်​လော့။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 4,
      "text": "တစ်​နေ့​ချင်း​တွင် ခု​နစ်​ကြိမ်​မြောက်​အောင် သင့်​ကို​ပြစ်​မှား၍၊ ခု​နစ်​ကြိမ်​မြောက်​အောင် သင့်​ထံ​သို့ လှည့်၍ နောင်​တ​ရ​ပါ၏​ဟု​ဆို​လျှင်၊ သူ၏​အ​ပြစ်​ကို လွှတ်​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 5,
      "text": "တ​မန်​တော်​တို့​က၊ အ​ကျွန်ုပ်​တို့ ယုံ​ကြည်​ခြင်း​စိတ်​ကို တိုး​ပွား​စေ​တော်​မူ​ပါ​ဟု သ​ခင်​ဘု​ရား​ကို တောင်း​ပန်​ကြ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 6,
      "text": "သ​ခင်​ဘု​ရား​က၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင် ထို​သ​ဖန်း​ပင်​ကို၊ အ​ချင်း​အ​ပင်၊ သင်​သည် အ​မြစ်​နှင့်​တ​ကွ​နုတ်၍ ပင်​လယ်၌ စိုက်​လျက်​နေ​လော့​ဟု ဆို​ကြ​သော် သင်​တို့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 7,
      "text": "အ​စေ​အ​ပါ​သည် လယ်​ထွန်​သော်​လည်း​ကောင်း၊ သိုး၊ နွား ကျောင်း​သော်​လည်း​ကောင်း၊ လယ်​ပြင်​မှ​လာ၍ အိမ်​သို့​ဝင်​သော​အ​ခါ၊ ထို​အ​စေ​အ​ပါ​ကို၊ အ​သော့​လာ၍ စား​ပွဲ၌ လျောင်း​လော့​ဟု သင်​တို့​တွင် အ​ဘယ်​သူ​ပြော​မည်​နည်း။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 8,
      "text": "ထို​အ​စေ​အ​ပါ​ကို၊ ငါ​စား​စ​ရာ​ဖို့ ပြင်​လော့။ ငါ​စား​သောက်​စဉ်​တွင် ခါး​ကို​စည်း၍ ငါ့​ကို လုပ်​ကျွေး​လော့။ ထို​နောက်​မှ သင်​သည် စား​သောက်​ရ​မည်​ဟု ပြော​မည်​မ​ဟုတ်​လော။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 9,
      "text": "ထို​အ​စေ​အ​ပါ​သည် သ​ခင်​စီ​ရင်​သည်​အ​တိုင်း ပြု​သော​ကြောင့်၊ သ​ခင်၌ ကျေး​ဇူး​တင်​သ​လော။ ကျေး​ဇူး​မ​တင်။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 10,
      "text": "ထို​နည်း​တူ မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို သင်​တို့​သည် ကျင့်​ပြီး​မှ၊ ငါ​တို့​သည် သ​ခင်၌ ကျေး​ဇူး​ပြု​သော အ​စေ​အ​ပါ ဖြစ်​သည်​မ​ဟုတ်။ ဝတ်​ပြေ​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဝန်​ခံ​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 11,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​စဉ်၊ ရှ​မာ​ရိ​ပြည်​နှင့် ဂါ​လိ​လဲ​ပြည်​စပ်​ကြား၌ လျှောက်​သွား​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 12,
      "text": "ရွာ​တစ်​ရွာ​သို့ ဝင်​တော်​မူ​သည်​တွင်၊ နူ​နာ​စွဲ​သော​သူ​တစ်​ကျိပ်​တို့​သည် ခ​ရီး​ဦး​ကြို​ပြု၍ အ​ဝေး​က​ရပ်​လျက်၊-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 13,
      "text": "သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​တို့​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 14,
      "text": "ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 15,
      "text": "ထို​သူ​တို့​တွင် တစ်​ယောက်​သော​သူ​သည် အ​နာ​ရော​ဂါ​ကင်း​လွတ်​သည်​ကို သိ​မြင်​လျှင်၊ ပြန်​လာ၍ ကြီး​သော​အ​သံ​နှင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 16,
      "text": "ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 17,
      "text": "ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​သော​သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ​သည်​မ​ဟုတ်​လော။ ကိုး​ယောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 18,
      "text": "ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 19,
      "text": "သင်​ထ၍ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင်၏​အ​နာ​ကို​ငြိမ်း​စေ​ပြီ​ဟု ထို​သူ​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 20,
      "text": "ဖာ​ရိ​ရှဲ​တို့​သည် လာ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​ကာ​လ​မှ တည်​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ယေ​ရှု​က၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် မျက်​မြင်​သော​အ​ရာ၌ မ​တည်။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 21,
      "text": "ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု ပြော​စ​ရာ​အ​ခွင့်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​အ​ထဲ၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 22,
      "text": "တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် လူ​သား၏​နေ့​ရက်​တစ်​ရက်​ကို​မျှ တွေ့​မြင်​လို၍၊ မ​တွေ့​မ​မြင်​ရ​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 23,
      "text": "ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု သင်​တို့​အား​ပြော​ဆို​သော်​လည်း မ​လိုက်​မ​သွား​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 24,
      "text": "ကောင်း​ကင်​တစ်​ဖက်​မှ ပြက်​သော​လျှပ်​စစ်​သည် ကောင်း​ကင်​အ​နှံ့​အ​ပြား ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် မိ​မိ​နေ့​ရက်၌ ဖြစ်​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 25,
      "text": "ထို​သို့​မ​ဖြစ်​မီ သူ​သည် များ​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ကို​လည်း​ကောင်း၊ ယ​ခု​လူ​မျိုး၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 26,
      "text": "နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ လူ​သား​လက်​ထက်၌ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 27,
      "text": "နော​ဧ​သည် သင်္ဘော​ထဲ​သို့​ဝင်၍၊ ရေ​လွှမ်း​မိုး​ခြင်း​ဖြစ်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် နေ့​တိုင်​အောင် လူ​များ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက် နေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 28,
      "text": "ထို​နည်း​တူ၊ လော​တ​လက်​ထက်၌ လူ​များ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်၊ စိုက်​ပျိုး​လျက်၊ အိမ်​ဆောက်​လျက် နေ​သ​ကဲ့​သို့​လည်း​ကောင်း၊-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 29,
      "text": "လော​တ​သည် သော​ဒုံ​မြို့​မှ​ထွက်​သော​နေ့၌ ကောင်း​ကင်​မှ ကန့်​နှင့်​ရော​သော​မီး​မိုး​ရွာ၍ ထို​လူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သ​ကဲ့​သို့​လည်း​ကောင်း၊-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 30,
      "text": "လူ​သား​ပေါ်​ထွန်း​သော​နေ့၌ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 31,
      "text": "ထို​နေ့​ရက်၌ အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် မိ​မိ အိမ်​ထဲ​မှာ​ရှိ​သော​ဥ​စ္စာ​ကို ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။ ထို​အ​တူ၊ လယ်၌​ရှိ​သော​သူ​သည် နောက်​သို့​လှည့်၍ မ​ပြန်​လာ​စေ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 32,
      "text": "လော​တ၏​မ​ယား​ကို အောက်​မေ့​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 33,
      "text": "အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ ရှာ​ကြံ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 34,
      "text": "ငါ​ဆို​သည်​ကား၊ ထို​နေ့​ည​တွင် အိပ်​ရာ​တစ်​ခု၌ ရှိ​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 35,
      "text": "ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 36,
      "text": "လယ်၌​ရှိ​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ​လျှင်၊"
    },
    {
      "book": 42,
      "chapter": 17,
      "verse": 37,
      "text": "သ​ခင်၊ အ​ဘယ်​အ​ရပ်၌ ထို​သို့​ဖြစ်​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​သော်၊ အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ ရွှေ​လင်း​တ​တို့​သည် စု​ဝေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 1,
      "text": "လူ​တို့​သည် အား​မ​လျော့​ဘဲ​ကြိုး​စား၍ ဆု​တောင်း​ရ​မည်​အ​ကြောင်း​ကို ဥ​ပ​မာ​စ​ကား​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 2,
      "text": "မြို့​တစ်​မြို့၌ ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော တ​ရား​သူ​ကြီး​တစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 3,
      "text": "ထို​မြို့၌​နေ​သော မု​ဆိုး​မ​တစ်​ယောက်​သည် တ​ရား​သူ​ကြီး​ထံ​သို့​သွား၍၊ ကျွန်​မ​ရန်​ဘက်​ကို လက်​စား​ချေ​လောက်​အောင် အ​ပြစ်​အ​လျောက်​ဒဏ် စီ​ရင်​ပါ​ဟု တောင်း​ပန်​သော်​လည်း၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 4,
      "text": "တ​ရား​မ​စီ​ရင်​ဘဲ ကြာ​မြင့်​စွာ​နေ၏။ ထို​နောက် တ​ရား​သူ​ကြီး​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့၊ လူ​ကို အား​မ​နာ​တတ်​သော​သူ ဖြစ်​သော်​လည်း၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 5,
      "text": "ဤ​မု​ဆိုး​မ​သည် ငါ့​ကို​နှောင့်​ယှက်​သော​ကြောင့် သူ့​ဘက်၌ တ​ရား​စီ​ရင်​မည်။ သို့​မ​ဟုတ် အ​စဉ်​လာ၍ ငါ့​ကို ပင်​ပန်း​စေ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 6,
      "text": "မ​တ​ရား​သော ထို​တ​ရား​သူ​ကြီး၏ အ​ကြံ​ကို မှတ်​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 7,
      "text": "ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည် ည​နေ့​မ​ပြတ် အော်​ဟစ်၍ တောင်း​လျှောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ဘက်၌ တ​ရား​မ​စီ​ရင်​ဘဲ နေ​တော်​မူ​မည်​လော။ ကြာ​မြင့်​စွာ သည်း​ခံ​တော်​မူ​မည်​လော။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 8,
      "text": "ငါ​ဆို​သည်​ကား၊ သူ​တို့​ဘက်၌ အ​လျင်​အ​မြန် တ​ရား​စီ​ရင်​တော်​မူ​မည်။ သို့​သော်​လည်း လူ​သား​သည် ကြွ​လာ​သော​အ​ခါ ယုံ​ကြည်​ခြင်း​ကို မြေ​ကြီး​ပေါ်​မှာ တွေ့​မည်​လော​ဟု သ​ခင်​ဘု​ရား​သည် မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 9,
      "text": "ကိုယ်​ကု​သိုလ်​ကို အ​မှီ​ပြု၍ သူ​တစ်​ပါး​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ အ​ချို့​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 10,
      "text": "လူ​နှစ်​ယောက်​တို့​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​ငှာ ဗိ​မာန်​တော်​ပေါ်​သို့ တက်​ကြ၏။ တစ်​ယောက်​ကား ဖာ​ရိ​ရှဲ​ဖြစ်၏။ တစ်​ယောက်​ကား အ​ခွန်​ခံ​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 11,
      "text": "ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 12,
      "text": "အ​ကျွန်ုပ်​သည် ခု​နစ်​ရက်​တွင် နှစ်​ရက်​အ​စာ​ရှောင်​ပါ၏။ ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ လှူ​ပါ၏​ဟူ၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 13,
      "text": "အ​ခွန်​ခံ​မူ​ကား၊ အ​ဝေး​က​ရပ်၍ ကောင်း​ကင်​သို့ မ​မျှော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ပတ်​ကို​ခတ်​လျက်၊ အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော အ​ကျွန်ုပ်​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ် ရှိ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 14,
      "text": "ငါ​ဆို​သည်​ကား၊ ထို​သူ​သည် အ​ပြစ်​ပြေ​လျက် မိ​မိ​အိမ်​သို့ ပြန်​သွား၏။ ဖာ​ရိ​ရှဲ​မူ​ကား အ​ပြစ်​မ​ပြေ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား၊ နှိမ့်​ချ​ခြင်း​သို့ ရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​သော​သူ​မည်​သည်​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 15,
      "text": "ထို​အ​ခါ သူ​ငယ်​တို့​ကို လက်​တော်​နှင့်​တို့​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ကို တ​ပည့်​တော်​တို့​သည် မြင်​လျှင် အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 16,
      "text": "ယေ​ရှု​သည် ထို​သူ​ငယ်​တို့​ကို ခေါ်​တော်​မူ၍ ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 17,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့ မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 18,
      "text": "အ​ရာ​ရှိ​တစ်​ယောက်​က၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 19,
      "text": "ယေ​ရှု​က၊ ငါ့​ကို ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့် ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 20,
      "text": "သင်​သည် ပ​ညတ်​တော်​တို့​ကို သိ​သည်​မ​ဟုတ်​လော။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 21,
      "text": "အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​သည်​ကို ယေ​ရှု​သည်​ကြား​လျှင် သင်​သည် တစ်​ခု​လို​သေး၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 22,
      "text": "ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 23,
      "text": "ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 24,
      "text": "ထို​သို့ စိတ်​မ​သာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ အ​လွန်​ဝင်​ခဲ​လှ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 25,
      "text": "ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 26,
      "text": "ကြား​သော​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 27,
      "text": "ကိုယ်​တော်​က​လည်း၊ လူ​မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 28,
      "text": "ထို​အ​ခါ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 29,
      "text": "ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကြောင့်၊ အိမ်​ရာ၊ မိ​ဘ၊ ညီ​အစ်​ကို၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို စွန့်၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 30,
      "text": "ထို​သူ​သည် ယ​ခု​ကာ​လ၌ အ​ဆ​များ​စွာ​သော အ​ကျိုး​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 31,
      "text": "ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 32,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ ပြက်​ရယ်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း၊ တံ​တွေး​နှင့် ထွေး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 33,
      "text": "သူ​တို့​သည် လူ​သား​ကို​ရိုက်​ပုတ်၍ သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 34,
      "text": "ထို​စ​ကား​တော်​တစ်​ခွန်း​ကို​မျှ တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ။ ထို​အ​ကြောင်း​အ​ရာ​သည် ဝှက်​ထား​လျက်​ရှိ​သည်​ဖြစ်၍ မိန့်​တော်​မူ​ချက်​အ​နက်​ကို မ​ရိပ်​မိ​ကြ။"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 35,
      "text": "ယေ​ရိ​ခေါ​မြို့​အ​နီး၌ ရှိ​တော်​မူ​စဉ်​တွင်၊ လူ​ကန်း​တစ်​ယောက်​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 36,
      "text": "ထို​လူ​ကန်း​သည် လမ်း၌ လူ​များ​သွား​သံ​ကို ကြား​လျှင် အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု​မေး၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 37,
      "text": "နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကြွ​သွား​ကြောင်း​ကို သူ​တစ်​ပါး​ပြော​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 38,
      "text": "ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 39,
      "text": "ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ ရှေ့​တော်၌ သွား​သော​သူ​တို့​သည် ငေါက်၍ ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​ကြ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 40,
      "text": "ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ လူ​ကန်း​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပြီး​မှ၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 41,
      "text": "သ​ခင်၊ အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 42,
      "text": "ယေ​ရှု​က၊ မျက်​စိ​မြင်​စေ။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 18,
      "verse": 43,
      "text": "ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် နောက်​တော်​သို့ လိုက်​လေ၏။ လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 1,
      "text": "ယေ​ရှု​သည် ယေ​ရိ​ခေါ​မြို့​သို့ ဝင်၍ လျှောက်​သွား​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 2,
      "text": "ထို​အ​ခါ ဇ​က္ခဲ​အ​မည်​ရှိ​သော အ​ခွန်​ခေါင်း​တစ်​ယောက် ရှိ၏။ ထို​သူ​သည် ငွေ​ရ​တတ်​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 3,
      "text": "ယေ​ရှု​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို ထို​သူ​သည် ကြည့်​လို၍၊ လူ​အ​စု​အ​ဝေး​များ​သော​ကြောင့်၊ မိ​မိ​အ​ရပ်​လည်း နိမ့်​သည်​ဖြစ်၍ မ​မြင်​နိုင်။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 4,
      "text": "ထို​ကြောင့် ကြွ​တော်​မူ​မည့်​လမ်း​တွင် ရှေ့​သို့​ပြေး၍ ကိုယ်​တော်​ကို မြင်​အံ့​သော​ငှာ သ​ဖန်း​ပင်​တစ်​ပင်​ကို တက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 5,
      "text": "ထို​အ​ရပ်​သို့ ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ မျှော်​ကြည့်၍ ထို​သူ​ကို မြင်​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 6,
      "text": "ဇ​က္ခဲ၊ မြန်​မြန်​ဆင်း​လော့။ သင်၏​အိမ်၌ ယ​နေ့ ငါ​တည်း​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဇ​က္ခဲ​သည် အ​လျင်​အ​မြန်​ဆင်း၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ကိုယ်​တော်​ကို မိ​မိ​အိမ်၌ ဧည့်​ခံ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 7,
      "text": "ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 8,
      "text": "ဇ​က္ခဲ​သည်​လည်း ရပ်​နေ၍၊ သ​ခင်၊ အ​ကျွန်ုပ်၏ ဥ​စ္စာ​တစ်​ဝက်​ကို ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ပါ၏။ တစ်​စုံ​တစ်​ယောက်​သော​သူ၏ ဥ​စ္စာ​အ​နည်း​ငယ်​ကို အ​ကျွန်ုပ်​ယူ​မိ​လျှင်၊ လေး​ဆ​ပြန်၍​ပေး​ပါ၏​ဟု သ​ခင်​ဘု​ရား​ကို လျှောက်​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 9,
      "text": "ယေ​ရှု​က​လည်း၊ ဤ​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​နှင့်​အ​လျောက်၊ ယ​နေ့​ပင် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဤ​အိမ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 10,
      "text": "လူ​သား​သည် ပျောက်​သော​သူ​တို့​ကို​ရှာ၍ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း​ဟု ဇ​က္ခဲ​ကို မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 11,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​မည်​ဟု လူ​များ​ထင်​မှတ်​သော​ကြောင့်၊ ပ​ရိသတ်​အ​လယ်၌ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 12,
      "text": "အ​မတ်​တစ်​ယောက်​သည် မင်း​ကြီး​အ​ရာ​ကို ခံ​လို၍ မိ​မိ​ပြည်​သို့ ပြန်​လာ​မည်​ဟု အ​ကြံ​ရှိ​လျက် ဝေး​သော​ပြည်​သို့ သွား၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 13,
      "text": "မ​သွား​မီ မိ​မိ​ငယ်​သား​တစ်​ကျိပ်​ကို ခေါ်၍၊ ငွေ​တစ်​ပိဿာ စီ​အပ်​ပေး​လျက် ငါ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ကုန်​သွယ်​ခြင်း​အ​မှု​ကို ပြု​ကြ​လော့​ဟု မှာ​ထား​လေ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 14,
      "text": "ပြည်​သား​အ​ချို့​သည် ထို​အ​မတ်​ကို မ​နာ​လို၍၊ ထို​သူ၏ အ​အုပ်​အ​ချုပ်​ကို ငါ​တို့​မ​ခံ​လို​ပါ​ဟု တ​မန်​ကို သူ့​နောက်​သို့ စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 15,
      "text": "ထို​အ​မတ်​သည် မင်း​ကြီး​အ​ရာ​ကို​ခံ၍ ပြန်​လာ​တော်​မူ​သော​အ​ခါ၊ ငွေ​ခံ​သော​ငယ်​သား​တို့​သည် အ​သီး​အ​သီး အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို သိ​ခြင်း​ငှာ သူ​တို့​ကို​ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 16,
      "text": "ပ​ထ​မ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် အ​ခွက်​တစ်​ဆယ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 17,
      "text": "သ​ခင်​က၊ သာ​ဓု၊ ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ မြို့​ဆယ်​မြို့​ကို အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 18,
      "text": "ဒု​တိ​ယ​သူ​သည် လာ၍၊ သ​ခင်၊ ကိုယ်​တော်​ပေး​သော ငွေ​တစ်​ပိဿာ​အား​ဖြင့် ငါး​ပိဿာ​အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 19,
      "text": "သ​ခင်​က၊ သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​စိုး​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 20,
      "text": "အ​ခြား​သော​သူ​သည် လာ၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ပ​ဝါ၌​ထုပ်​ထား​သော ကိုယ်​တော်၏ ငွေ​တစ်​ပိဿာ​ရှိ​ပါ၏။ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 21,
      "text": "ကိုယ်​မ​သို​မ​ထား​သော ဥ​စ္စာ​ကို​သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော လယ်၌ ရိတ်​တတ်​သည်​ကို အ​ကျွန်ုပ်​ထောက်၍ ကိုယ်​တော်​ကို ကြောက်​ပါ​သည်​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 22,
      "text": "သ​ခင်​က၊ ဆိုး​ညစ်​သော​ငယ်​သား၊ သင်၏ စ​ကား​ကို​သာ​လိုက်၍ သင်၏​အ​မှု​ကို ငါ​စီ​ရင်​မည်။ ငါ​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​လျက် ကိုယ်​မ​သို​မ​ထား​သော​ဥ​စ္စာ​ကို သိမ်း​ယူ၍၊ ကိုယ်​မ​စိုက်​မ​ပျိုး​သော​လယ်၌ ရိတ်​သည်​ကို သင်​သိ​သည်​မှန်​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 23,
      "text": "ငါ့​ငွေ​ကို ပွဲ​စား​လက်​သို့ အ​ဘယ်​ကြောင့်​မ​အပ်​သ​နည်း။ ထို​သို့​အပ်​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငွေ​ရင်း​နှင့် အ​တိုး​ကို​ရ​နိုင်​သည်​ဟု မိန့်​တော်​မူ​ပြီး​သော်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 24,
      "text": "အ​ခြွေ​အ​ရံ​တို့​အား၊ ငွေ​တစ်​ပိဿာ​ကို သူ့​လက်​မှ နုတ်​ကြ။ အ​ခွက်​တစ်​ဆယ်​ရှိ​သော​သူ​အား ပေး​ကြ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 25,
      "text": "အ​ခြွေ​အ​ရံ​တို့​က​လည်း၊ သ​ခင်၊ ထို​သူ၌ အ​ခွက်​တစ်​ဆယ်​ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 26,
      "text": "ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ​အား ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 27,
      "text": "ထို​မှ​တစ်​ပါး ငါ၏​အ​အုပ်​အ​ချုပ်​ကို မ​ခံ​လို​သော ငါ့​ရန်​သူ​တို့​ကို ခေါ်​ခဲ့​ကြ။ ငါ့​ရှေ့​မှာ​သတ်​ကြ​ဟု စီ​ရင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 28,
      "text": "ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့ ရှေ့၌​ကြွ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 29,
      "text": "သံ​လွင်​အ​မည်​ရှိ​သော တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှင့် ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 30,
      "text": "သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့ ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော​မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ဆောင်​ခဲ့​ကြ။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 31,
      "text": "သူ​တစ်​ပါး​က အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု သင်​တို့​ကို​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 32,
      "text": "ထို​သို့ စေ​လွှတ်​သော​သူ​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 33,
      "text": "မြည်း​ကြိုး​ကို ဖြည်​စဉ်​တွင် မြည်း​ရှင်​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 34,
      "text": "သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ၏။ ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို ဆောင်​ခဲ့၍၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 35,
      "text": "မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ပြီး​လျှင် ကိုယ်​တော်​ကို စီး​စေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 36,
      "text": "ခ​ရီး​သွား​တော်​မူ​စဉ်​တွင် လူ​များ​တို့​သည် မိ​မိ​တို့ အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 37,
      "text": "သံ​လွင်​တောင်​ပေါ်​က ဆင်း​ရာ​အ​ရပ်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မြင်​ခဲ့​ပြီး​သော တန်​ခိုး​တော်​များ​ကို​ထောက်၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု၍၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 38,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့်​ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘ​ဝဂ်​ဝယ် ဘုန်း​ကြီး​ပါ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 39,
      "text": "လူ​အ​စု​အ​ဝေး၌​ပါ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​တ​ပည့်​တို့​ကို ဆုံး​မ​ပါ​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 40,
      "text": "ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 41,
      "text": "ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 42,
      "text": "အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 43,
      "text": "အ​ကြောင်း​မူ​ကား၊ သင့်​ကို ကြည့်​ရှု​ပြု​စု​တော်​မူ​သော ကျေး​ဇူး​ကို သင်​သည် မ​သိ​မ​မှတ်​သော​ကြောင့်၊ သင်၏​ရန်​သူ​တို့​သည် သင့်​ပတ်​လည်​တွင် တပ်​တည်၍ လေး​မျက်​နှာ၌ ဝိုင်း​ရံ​လျက် ချုပ်​ထား​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 44,
      "text": "သင်၏​ကိုယ်​မှ​စ၍ သင်၏ သား​သ​မီး​တို့​ကို မြေ​နှင့်​တ​ညီ​တည်း ညှိ​သ​ဖြင့်၊ သင်၏​ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ ထပ်​ဆင့်၍ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ ပြု​ကြ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 45,
      "text": "ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်​လျက်၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 46,
      "text": "ငါ့​အိမ်​သည် ဆု​တောင်း​ရာ​အိမ်​ဖြစ်၏​ဟု ကျမ်း​စာ၌ လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 47,
      "text": "ကိုယ်​တော်​သည် နေ့​တိုင်း​ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ ရှာ​ကြ​သော်​လည်း၊-"
    },
    {
      "book": 42,
      "chapter": 19,
      "verse": 48,
      "text": "လူ​အ​ပေါင်း​တို့​သည် ဒေ​သ​နာ​တော်​ကို စေ့​စေ့​နား​ထောင်​သော​ကြောင့် သတ်​နိုင်​သော​အ​ခွင့်​ကို မ​တွေ့​မ​ရ​ကြ။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 1,
      "text": "တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဗိ​မာန်​တော်​တွင် လူ​များ​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​သည် လာ၍၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 2,
      "text": "ကိုယ်​တော်​သည် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ပြု​သည်​ကို​လည်း​ကောင်း၊ ထို​အ​ခွင့်​ကို အ​ဘယ်​သူ​ပေး​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အား ပြော​ပါ​ဟု ဆို​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 3,
      "text": "ကိုယ်​တော်​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့ ဖြေ​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 4,
      "text": "ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် ဘု​ရား​က​ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 5,
      "text": "ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍၊ ဘု​ရား​က ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။ လူ​က ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 6,
      "text": "ယော​ဟန်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် ယုံ​သ​ဖြင့် ငါ​တို့​ကို ကျောက်​ခဲ​နှင့် ပစ်​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 7,
      "text": "အ​ဘယ်​က​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့ မ​သိ​ပါ​ဟု ပြန်​ပြော​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 8,
      "text": "ယေ​ရှု​က​လည်း၊ ထို​အ​တူ ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို​ငါ​မ​ပြော​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 9,
      "text": "ထို​အ​ခါ ပ​ရိ​သတ်​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​မှ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ ကြာ​မြင့်​စွာ သွား​နေ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 10,
      "text": "ကာ​လ​အ​ချိန်​တန်​လျှင်၊ လုပ်​ဆောင်​သော​သူ​တို့​သည် စ​ပျစ်​သီး​အ​ချို့​ကို ပေး​စေ​ခြင်း​ငှာ ဥ​ယျာဉ်​ရှင်​သည် ငယ်​သား​ကို စေ​လွှတ်​လေ၏။ ဥ​ယျာဉ်​စောင့်​တို့​သည် ငယ်​သား​ကို​ရိုက်၍ လက်​ချည်း​လွှတ်​လိုက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 11,
      "text": "နောက်​တစ်​ဖန် အ​ခြား​သော ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ ဥ​ယျာဉ်​စောင့်​တို့​သည် သူ့​ကို​ရိုက်၍ အ​ရှက်​ခွဲ​ပြီး​မှ လက်​ချည်း​လွှတ်​လိုက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 12,
      "text": "နောက်​တစ်​ဖန် အ​ခြား​သော​ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ သူ့​ကို​ဒဏ်​ရာ​ပေါ်​အောင် နာ​ကျင်​စွာ​ရိုက်၍ နှင်​ထုတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 13,
      "text": "ထို​အ​ခါ ဥ​ယျာဉ်​ရှင်​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​ချစ်​သား​ကို ငါ​စေ​လွှတ်​မည်။ ထို​သူ​တို့​သည် ငါ့​သား​ကို​မြင်​လျှင် အား​နာ​ကောင်း​အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 14,
      "text": "ဥ​ယျာဉ်​စောင့်​တို့​သည် သား​ကို​မြင်​လျှင်၊ ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ။ သူ့​ကို သတ်​ကြ​ကုန်​အံ့။ ထို​သို့​သူ၏ အ​မွေ​ဥ​စ္စာ​ကို ငါ​တို့​ရ​ကြ​လိမ့်​မည်​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 15,
      "text": "ဥ​ယျာဉ်​ရှင်၏​သား​ကို ဥ​ယျာဉ်​ပြင်​သို့ ထုတ်၍ သတ်​ပစ်​ကြ၏။ သို့​ဖြစ်​လျှင် ဥ​ယျာဉ်​ရှင်​သည် ဥ​ယျာဉ်​စောင့်​တို့​ကို အ​ဘယ်​သို့ ပြု​မည်​နည်း။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 16,
      "text": "ဥ​ယျာဉ်​ရှင်​သည် လာ၍ ထို​သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရိ​သတ်​တို့​သည် ကြား​လျှင် ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 17,
      "text": "ကိုယ်​တော်​သည် ထို​သူ​တို့​ကို ကြည့်​ရှု၍၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန်​တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ဆို​လို​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 18,
      "text": "အ​ကြင်​သူ​သည် ထို​ကျောက်​အ​ပေါ်​သို့ ကျ၏။ ထို​သူ​သည် ကျိုး​လ​တ္တံ့။ အ​ကြင်​သူ၏​အ​ပေါ်​သို့ ထို​ကျောက်​သည် ကျ၏။ ထို​သူ​သည် ညက်​ညက်​ကြေ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 19,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် မိ​မိ​တို့​ကို ရည်​ဆောင်၍ ထို​ဥ​ပ​မာ​စ​ကား​ကို ဟော​ပြော​တော်​မူ​သည်​ကို​သိ​သော​ကြောင့် ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။ သို့​သော်​လည်း လူ​များ​ကို​ကြောက်၍ နေ​ရ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 20,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို ချောင်း​မြောင်း​လျက်၊ စ​ကား​တော်၌ အ​ပြစ်​ကို​ရှာ၍ မြို့​ဝန်​မင်း​လက်​သို့ အပ်​နှံ​သော​အ​ခွင့်​ကို​ရ​ခြင်း​ငှာ သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 21,
      "text": "ထို​သူ​လျှို​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျက်​နှာ​ကို မ​ထောက်​ဘဲ ဖြောင့်​မတ်​စွာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 22,
      "text": "အ​ကျွန်ုပ်​တို့​သည် ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော​ဟု မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 23,
      "text": "ကိုယ်​တော်​သည် ထို​သူ​တို့၏ ပ​ရိ​ယာယ်​ကို သိ​မှတ်​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 24,
      "text": "ဒေ​နာ​ရိ တစ်​ပြား​ကို​ပြ​ပါ။ အ​ဘယ်​သူ၏​ပုံ၊ အ​ဘယ်​သူ၏​လိပ်​စာ ပါ​ပါ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ပါ​ပါ​သည်​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 25,
      "text": "ကိုယ်​တော်​က၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 26,
      "text": "ထို​သူ​တို့​သည် လူ​များ​ရှေ့​တွင် စ​ကား​တော်၌ အ​ပြစ်​မ​တွေ့​နိုင်​သ​ဖြင့် ပြန်​ပြော​တော်​မူ​သော စ​ကား​ကို အံ့​ဩ၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 27,
      "text": "ထ​မြောက်​ရှင်​ပြန်​ခြင်း​မ​ရှိ​ဟု ငြင်း​ခုံ​တတ်​သော ဇ​ဒ္ဒု​ကဲ​အ​ချို့​သည်​လည်း အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 28,
      "text": "အ​ရှင်​ဘု​ရား၊ မ​ယား​ရှိ​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​မ​ယား​ကို သူ့​ညီ​သိမ်း​ယူ၍ အစ်​ကို အ​မျိုး​မ​ပြတ်​ဆက်​နွယ်​စေ​ဟု အ​ကျွန်ုပ်​တို့​အား မော​ရှေ​စီ​ရင်​ပါ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 29,
      "text": "ညီ​အစ်​ကို ခု​နစ်​ယောက်​ရှိ​ပါ၏။ အစ်​ကို​အ​ကြီး​သည် မိန်း​မ​နှင့်​စုံ​ဖက်၍ သား​မ​ရှိ​ဘဲ​သေ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 30,
      "text": "သူ၏​မ​ယား​ကို သူ့​ညီ​အ​ကြီး​သိမ်း​ယူ၍ သား​မ​ရှိ​ဘဲ သေ​ပြန်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 31,
      "text": "ထို​အ​တူ တ​တိ​ယ​သူ​မှ​စ၍ တစ်​ယောက်​နောက်​တစ်​ယောက် ခု​နစ်​ယောက်​သော ညီ​အစ်​ကို​တို့​သည် ထို​မိန်း​မ​ကို သိမ်း​ယူ၍ သား​ကို မ​ကျန်​ရစ်​စေ​ဘဲ သေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 32,
      "text": "နောက်​ဆုံး၌ မိန်း​မ​သည်​လည်း သေ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 33,
      "text": "သို့​ဖြစ်၍ ထ​မြောက်​ရာ​ကာ​လ၌ ထို​မိန်း​မ​သည် အ​ဘယ်​သူ၏​မ​ယား ဖြစ်​ရ​ပါ​မည်​နည်း။ ထို​သူ​ခု​နစ်​ယောက်​တို့​သည် ထို​မိန်း​မ​နှင့် စုံ​ဖက်​ကြ​ပြီ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 34,
      "text": "ယေ​ရှု​က​လည်း၊ ယ​ခု ဘ​ဝ​သား​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို ပြု​တတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 35,
      "text": "နောင်​ဘ​ဝ​ကို​လည်း​ကောင်း၊ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​ကို​လည်း​ကောင်း ရ​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် စုံ​ဖက်​ခြင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု​တတ်​ကြ။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 36,
      "text": "သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်၍ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​သည်​သာ​မ​က၊ ထ​မြောက်​ခြင်း၏​သား ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 37,
      "text": "ထို​မှ​တစ်​ပါး၊ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဟု ချုံ​ခဏ်း​၌ ခေါ်​ဝေါ်​သော​အ​ခါ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ကြောင်း​ကို ဖော်​ပြ​ခဲ့​ပြီ။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 38,
      "text": "ဘု​ရား​သ​ခင်​သည် သေ​နေ​သော​သူ​တို့၏​ဘု​ရား မ​ဟုတ်။ အ​သက်​ရှင်​သော​သူ​တို့၏​ဘု​ရား ဖြစ်​တော်​မူ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၌ အ​သက်​ရှင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 39,
      "text": "ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​စ​ကား​သည် လျောက်​ပတ်​ပါ၏​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 40,
      "text": "နောက်​တစ်​ဖန် အ​လျှင်း​မ​မေး​မ​လျှောက်​ဝံ့​ကြ။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 41,
      "text": "ယေ​ရှု​က​လည်း၊ ခ​ရစ်​တော်​သည် ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 42,
      "text": "ဒါ​ဝိဒ်၏​စ​ကား​မှာ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 43,
      "text": "ငါ့​သ​ခင်​အား မိန့်​တော်​မူ​သည်​ဟု ဆာ​လံ​ကျမ်း​စာ၌ ဒါ​ဝိဒ်​ဆို​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 44,
      "text": "ထို​သို့ ဒါ​ဝိဒ်​သည် ခ​ရစ်​တော်​ကို သ​ခင်​ဟူ၍​ခေါ်​လျှင် အ​ဘယ်​သို့ သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 45,
      "text": "ပ​ရိ​သတ်​များ နား​ထောင်​စဉ်​တွင် တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 46,
      "text": "ကျမ်း​ပြု​ဆ​ရာ​တို့​ကို ရှောင်​ကြ​လော့။ သူ​တို့​သည် ရှည်​သော​အင်္ကျီ​ကို ဝတ်​လျက်​လည်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ဈေး၌​ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ ပွဲ​သ​ဘင်၊ တ​ရား​ဇ​ရပ်​တို့၌ မြင့်​မြတ်​သော နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 20,
      "verse": 47,
      "text": "သူ​တို့​သည် မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ ထို​သူ​တို့​သည် သာ၍ ကြီး​စွာ​သော​ဒဏ်​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 1,
      "text": "ထို​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်၍၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် အ​လှူ​ဒါ​န​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို မြင်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 2,
      "text": "ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား သွင်း​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 3,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​ဆင်း​ရဲ​သော မု​ဆိုး​မ​သည် အ​ခြား​သော​သူ​အ​ပေါင်း​တို့​ထက် သာ၍ သွင်း​ချ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ ဘု​ရား​သ​ခင်၏ အ​လှူ​တော်​စု​ထဲ​သို့ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ​လျက်​ပင် မိ​မိ​အ​သက်​မွေး​စ​ရာ ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 5,
      "text": "လူ​အ​ချို့​တို့​သည် လာ၍ ဗိ​မာန်​တော်​သည် တင့်​တယ်​သော ကျောက်​ပြား​နှင့်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​များ​နှင့်​လည်း​ကောင်း ဆင်​ပြင်​လျက် ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 6,
      "text": "ကိုယ်​တော်​က၊ ဤ​အ​ရာ​များ​ကို သင်​တို့​သည် ယ​ခု​မြင်​ရ​ကြ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 7,
      "text": "သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 8,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 9,
      "text": "သင်​တို့​သည် စစ်​တိုက်​ခြင်း​အ​ကြောင်း၊ ပုန်​ကန်​ခြင်း​အ​ကြောင်း​ကို သ​တင်း​ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည် အ​ရင်​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် အ​လျင်​အ​မြန်​မ​ဖြစ်​သေး။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 10,
      "text": "ထို​မှ​တစ်​ပါး၊ လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 11,
      "text": "အ​ရပ်​ရပ်​တို့၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်၌​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​နှင့် ကြီး​စွာ​သော​ပု​ပ္ပ​နိ​မိတ်​တို့​သည် ပေါ်​ထွန်း​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 12,
      "text": "ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 13,
      "text": "ထို​သို့​သော​အား​ဖြင့် သင်​တို့​သည် သက်​သေ​ခံ​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 14,
      "text": "ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့​ပြန်​ပြော​ရ​မည်​ကို ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ခြင်း​ငှာ သ​တိ​ထား​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ရန်​သူ​အ​ပေါင်း​တို့​သည် မ​ငြင်း​ခုံ​မ​ဟန့်​တား​နိုင်​သော နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​ကို ငါ​ပေး​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 16,
      "text": "သင်​တို့​မိ​ဘ၊ ညီ​အစ်​ကို၊ ပေါက်​ဖော်၊ အ​ဆွေ​ခင်​ပွန်း​တို့​သည် သင်​တို့​ကို အပ်​နှံ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို​လည်း သတ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 17,
      "text": "လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 18,
      "text": "သို့​သော်​လည်း သင်​တို့ ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 19,
      "text": "သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 20,
      "text": "ယေ​ရု​ရှ​လင်​မြို့​ကို ဗိုလ်​ခြေ​များ ဝန်း​ရံ​လျက်​ရှိ​သည်​ကို သင်​တို့​မြင်​သော​အ​ခါ၊ ထို​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လု​သည်​ကို သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 21,
      "text": "ထို​အ​ခါ ယု​ဒ​ပြည်၌​ရှိ​သော​သူ​တို့​သည် တောင်​ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ၌​ရှိ​သော​သူ​တို့​သည် မြို့​ပြင်​သို့ ထွက်​ကြ​စေ။ တော​ရွာ​မှာ ရှိ​သော​သူ​တို့​သည် မြို့​ထဲ​သို့ မ​ဝင်​ကြ​စေ​နှင့်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​နေ့​ရက်​ကာ​လ​သည် ကျမ်း​စာ​ချက်​များ ပြည့်​စုံ​ရ​သော ဒဏ်​စီ​ရင်​ခြင်း​နေ့​ရက်​ကာ​လ ဖြစ်​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 23,
      "text": "ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော​မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​ပြည်၌ ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဖြစ်၍ ယု​ဒ​အ​မျိုး​အ​ပေါ်၌ အ​မျက်​ဒေါ​သ သင့်​ရောက်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 24,
      "text": "သူ​တို့​သည် ဓား​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ခြား​သော​ပြည်​အ​ရပ်​ရပ်​သို့ ဖမ်း​သွား​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မိ​မိ​တို့ အ​ချိန်​ကာ​လ မ​ပြည့်​စုံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို ခြေ​နှင့် နင်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 25,
      "text": "ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 26,
      "text": "မြေ​ကြီး​ပေါ်​မှာ ဖြစ်​လ​တ္တံ့​သော ဘေး​များ​ကို​မျှော်၍ ကြောက်​လန့်​သ​ဖြင့်၊ လူ​များ​တို့၏ အ​သက်​ဆုံး​ခြင်း အ​မှု​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 27,
      "text": "ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 28,
      "text": "ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​စ​ရှိ​သော​အ​ခါ၊ သင်​တို့​ကို ရွေး​နုတ်​သော​အ​ချိန်​ကာ​လ ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ မျှော်​ကြည့်၍ ခေါင်း​ကို​ကြွ​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 29,
      "text": "တစ်​ဖန် ထပ်၍ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ သင်္ဘော​သ​ဖန်း​ပင်​မှ​စ၍ သစ်​ပင်​များ​တို့​ကို မှတ်​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 30,
      "text": "အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သည် အ​လို​အ​လျောက်​သိ​မြင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 31,
      "text": "ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​လု​နီး​သည်​ကို သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 32,
      "text": "ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 33,
      "text": "ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 34,
      "text": "သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 35,
      "text": "ထို​နေ့​ရက်​သည် ပိုက်​ကွန်​ကဲ့​သို မြေ​တစ်​ပြင်​လုံး၌​နေ​သော လူ​အ​ပေါင်း​တို့​ကို အုပ်​မိ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 36,
      "text": "ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 37,
      "text": "ထို​သို့ ကိုယ်​တော်​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ည​အ​ချိန်​ရောက်​လျှင် သံ​လွင်​အ​မည်​ရှိ​သော​တောင်​သို့ သွား၍ ည​ကို လွန်​စေ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 21,
      "verse": 38,
      "text": "နံ​နက်​စော​စော လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​သို့​သွား၍ အ​ထံ​တော်၌ ဒေ​သ​နာ​တော်​ကို နား​ထောင်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 1,
      "text": "ပ​သ​ခါ​အ​မည်​ရှိ​သော အ​ဇု​မ​ပွဲ​ခံ​ခါ​နီး​တွင်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 2,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့​သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။ အ​ဘယ်​ကြောင့်​ရှာ​ကြံ​ရ​ကြ​သ​နည်း​ဟူ​မူ​ကား၊ လူ​များ​တို့​ကို ကြောက်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 3,
      "text": "ထို​အ​ခါ စာ​တန်​သည် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​အ​ထဲ​သို့ ဝင်​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 4,
      "text": "ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ၊ ဗိ​မာန်​တော်​မှူး​များ​တို့​ထံ​သို့ သွား​ပြီး​လျှင်၊ ယေ​ရှု​ကို အ​ဘယ်​သို့ အပ်​ရ​မည်​နည်း​ဟူ၍ တိုင်​ပင်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 5,
      "text": "ထို​သူ​တို့​သည် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 6,
      "text": "ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ဝန်​ခံ​ပြီး​မှ လူ​များ​မ​ရှိ​စဉ်​တွင် ကိုယ်​တော်​ကို အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 7,
      "text": "ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ရ​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​နေ့ ရောက်​သော​အ​ခါ၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 8,
      "text": "ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 9,
      "text": "သူ​တို့​က​လည်း၊ အ​ဘယ်​အ​ရပ်၌ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 10,
      "text": "ကိုယ်​တော်​က၊ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​သော​အ​ခါ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍ သူ​ဝင်​သော​အိမ်​သို့​ဝင်​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 11,
      "text": "ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို​စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 12,
      "text": "ထို​သူ​သည် ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 13,
      "text": "တ​ပည့်​တော်​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​လျှင်၊ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 14,
      "text": "အ​ချိန်​ရောက်​မှ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့်​အ​တူ စား​ပွဲ၌ လျောင်း​တော်​မူ၍၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 15,
      "text": "ငါ​သည် အ​သေ​မ​ခံ​မီ ဤ​ပ​သ​ခါ​ပွဲ​ကို သင်​တို့​နှင့်​အ​တူ စား​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​လေ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 16,
      "text": "ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်၌ ပ​သ​ခါ​ပွဲ​မ​ပြည့်​စုံ​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ ဤ​ပွဲ​ကို တစ်​ဖန် ငါ​မ​စား​ရ​ဟု မိန့်​တော်​မူ​လျက်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 17,
      "text": "ခွက်​ဖ​လား​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ ဤ​ခွက်​ကို​ယူ၍ အ​ချင်း​ချင်း​ဝေ​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 18,
      "text": "ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် မ​တည်​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ စ​ပျစ်​ရည်​ကို​တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 19,
      "text": "ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 20,
      "text": "ထို​နည်း​တူ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏ အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 21,
      "text": "သို့​သော်​လည်း ငါ့​ကို အပ်​နှံ​သော​သူ၏​လက်​သည် ဤ​စား​ပွဲ​ပေါ်​မှာ ငါ့​လက်​နှင့်​အ​တူ​ရှိ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 22,
      "text": "ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 23,
      "text": "တ​ပည့်​တော်​တို့​သည်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 24,
      "text": "ထို​မှ​တစ်​ပါး တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​ရှိ​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 25,
      "text": "ကိုယ်​တော်​က၊ လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အာ​ဏာ​ထား​သော​သူ​တို့​ကို​လည်း ကျေး​ဇူး​ရှင်​ဟူ၍ ခေါ်​ဝေါ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 26,
      "text": "သင်​တို့​မူ​ကား ထို​သို့​မ​ပြု​ကြ​နှင့်၊ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​သော​သူ​ကို ငယ်​သား​ကဲ့​သို့​ဖြစ်​စေ။ အုပ်​စိုး​သော​သူ​ကို​လည်း အ​စေ​ခံ​ကဲ့​သို့​ဖြစ်​စေ။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 27,
      "text": "အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​သ​နည်း။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သ​လော။ လုပ်​ကျွေး​သော​သူ​သည် ကြီး​မြတ်​သ​လော။ စား​ပွဲ၌ လျောင်း​သော​သူ​သည် ကြီး​မြတ်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ငါ​သည် သင်​တို့​တွင် လုပ်​ကျွေး​သော​သူ​ကဲ့​သို့​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 28,
      "text": "ငါ​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​စဉ်​တွင် သင်​တို့​သည် ငါ၌​မှီ​ဝဲ​သော​သူ​ဖြစ်​ရာ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 29,
      "text": "ငါ့​ခ​မည်း​တော်​သည် ငါ့​အား နိုင်​ငံ​ကို ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 30,
      "text": "သင်​တို့​သည် ငါ၏​နိုင်​ငံ​တွင် ငါ့​စား​ပွဲ၌ စား​သောက်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍ ဣ​သ​ရေ​လ​လူ​တစ်​ဆယ်​နှစ်​မျိုး​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့​အား ပေး​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 31,
      "text": "တစ်​ဖန် သ​ခင်​ဘု​ရား​က၊ ရှိ​မုန်၊ ရှိ​မုန်၊ ဂျုံ​ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့ စာ​တန်​သည် သင်​တို့​ကို ချ​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​သည်​ဖြစ်၍၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 32,
      "text": "သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 33,
      "text": "ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ ထောင်​ထဲ​သို့​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​သို့​လည်း​ကောင်း လိုက်​ခြင်း​ငှာ အ​သင့်​ရှိ​ပါ၏​ဟု လျှောက်​လေ​သော်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 34,
      "text": "သ​ခင်​ဘု​ရား​က၊ ပေ​တ​ရု၊ ငါ​ဆို​သည်​ကား၊ ယ​နေ့​တွင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို​မ​သိ​ဟု သုံး​ကြိမ်​မြောက်​အောင် ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 35,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​က ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​မ​ပါ​ဘဲ သွား​ကြ​လော့​ဟု သင်​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ တစ်​စုံ​တစ်​ခု​လို​သ​လော​ဟု မေး​လျှင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု လျှောက်​ကြ​သော်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 36,
      "text": "ယ​ခု​မူ​ကား ငွေ​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ လွယ်​အိတ်​ရှိ​သော​သူ​သည် ယူ​စေ။ ဓား​မ​ရှိ​သော​သူ​သည် အ​ဝတ်​ကို​ရောင်း၍ ဓား​ကို​ဝယ်​စေ။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 37,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 38,
      "text": "ထို​သူ​တို့​က​လည်း၊ သ​ခင်၊ ဓား​နှစ်​စင်း​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊ တန်​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 39,
      "text": "ထို​နောက် အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​သို့ ထွက်​ကြွ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 40,
      "text": "ထို​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 41,
      "text": "တ​ပည့်​တော်​တို့​နှင့် ကျောက်​ခဲ​တစ်​ပစ်​လောက် ခွာ​သွား၍ ဒူး​ထောက်​လျက်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 42,
      "text": "အို အ​ဘ၊ အ​လို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 43,
      "text": "ထို​အ​ခါ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား​လာ၍ ကိုယ်​တော်​ကို အား​ပေး​ရ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 44,
      "text": "ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​လျက် အ​ထူး​သ​ဖြင့်​ကြိုး​စား၍ ဆု​တောင်း​တော်​မူ၏။ ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေ​ပေါ်၌​ကျ​သော သွေး​စက်​ခဲ​ကဲ့​သို့ ဖြစ်​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 45,
      "text": "ထို​သို့ ဆု​တောင်း​ပြီး​မှ၊ ယေ​ရှု​သည်​ထ၍ တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​သော​အ​ခါ၊ သူ​တို့​သည် ဝမ်း​နည်း​သော​စိတ်​ရှိ​သည်​နှင့် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 46,
      "text": "သင်​တို့​သည် အ​ဘယ်​ကြောင့် အိပ်​ပျော်​ကြ​သ​နည်း။ ထ​ကြ။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 47,
      "text": "ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် လူ​အ​ပေါင်း​တို့​ကို လမ်း​ပြ​လျက်​လာ၍၊ ယေ​ရှု​ကို​နမ်း​ခြင်း​ငှာ ချဉ်း​ကပ်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 48,
      "text": "ယေ​ရှု​က​လည်း၊ ယု​ဒ သင်​သည် နမ်း​ခြင်း​ကို ပြု​လျက် လူ​သား​ကို​အပ်​သ​လော​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 49,
      "text": "ယေ​ရှု​နှင့်​အ​တူ​ပါ​သော သူ​တို့​သည် ဖြစ်​အံ့​သော​အ​မှု​ကို မြင်​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဓား​နှင့် ခုတ်​ရ​ပါ​မည်​လော​ဟု မေး​လျှောက်​ပြီး​မှ၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 50,
      "text": "တစ်​ယောက်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 51,
      "text": "ယေ​ရှု​က​လည်း၊ တန်​စေ​ဟု မိန့်​တော်​မူ၍ နား​ရွက်​ကို လက်​တော်​နှင့်​တို့​သ​ဖြင့် အ​နာ​ကို ပျောက်​စေ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 52,
      "text": "ထို​အ​ခါ အ​ထံ​တော်​သို့​ရောက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဗိ​မာန်​တော်​မှူး၊ လူ​အ​ကြီး​အ​ကဲ​တို့​အား ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 53,
      "text": "ငါ​သည် ဗိ​မာန်​တော်၌ သင်​တို့​နှင့်​အ​တူ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ သို့​သော်​လည်း ယ​ခု​အ​ချိန်​ကား သင်​တို့​အ​ချိန်​ဖြစ်၏။ မှောင်​မိုက်​တန်​ခိုး​လည်း​ဖြစ်၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 54,
      "text": "ထို​သူ​တို့​သည် ကိုယ်​တော်​ကို ဖမ်း​ဆီး၍ ယဇ်​ပု​ရော​ဟိတ်​မင်း၏​အိမ်​သို့ ဆောင်​သွား​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့် ဝေး​စွာ​လိုက်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 55,
      "text": "အိမ်​ဦး​အ​လယ်၌ မီး​မွေး​ပြီး​မှ၊ လူ​များ​တို့​သည် စု​ဝေး၍ ထိုင်​ကြ​လျှင်၊ ပေ​တ​ရု​သည်​လည်း သူ​တို့​အ​ထဲ၌ ထိုင်​နေ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 56,
      "text": "ထို​သို့ ပေ​တ​ရု​သည် မီး​အ​နား​မှာ ထိုင်​နေ​သည်​ကို အ​စေ​အ​ပါ​မိန်း​မ​တစ်​ယောက်​သည် မြင်​လျှင်၊ သူ့​ကို စေ့​စေ့​ကြည့်၍၊ ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​သော်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 57,
      "text": "ပေ​တ​ရု​က၊ အ​ချင်း​မိန်း​မ၊ ထို​သူ​ကို ငါ​မ​သိ​ဟု ငြင်း​လေ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 58,
      "text": "ထို​နောက် များ​မ​ကြာ အ​ခြား​သော​သူ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ သင်​သည်​လည်း ထို​သူ​တို့​အ​ဝင်​ဖြစ်​သည်​ဟု​ဆို​သော်၊ ပေ​တ​ရု​က၊ အ​ချင်း​လူ၊ ငါ​သည် သူ​တို့ အ​ဝင်​မ​ဟုတ်​ဟု ဆို၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 59,
      "text": "တစ်​ဖန် တစ်​နာ​ရီ​လောက်​ကြာ​ပြီး​မှ အ​ခြား​သော​သူ​က၊ အ​ကယ်​စင်​စစ် ဤ​သူ​သည် ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်၏။ ဂါ​လိ​လဲ​လူ​လည်း ဖြစ်၏​ဟု ခိုင်​မာ​စွာ​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 60,
      "text": "ပေ​တ​ရု​က၊ အ​ချင်း​လူ၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု​ဆို၏။ ထို​စ​ကား​ကို​ပြော​သော ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 61,
      "text": "ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 62,
      "text": "ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 63,
      "text": "ယေ​ရှု​ကို ကိုင်​ဆွဲ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ပြက်​ရယ်​ပြု၍ ရိုက်​ပုတ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 64,
      "text": "မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​နှင့်​ပုတ်​လျက်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု​ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 65,
      "text": "အ​ခြား​သော​စ​ကား​များ​ဖြင့်​လည်း ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ပြော​ဆို​ကြ​သေး၏။"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 66,
      "text": "မိုး​လင်း​သော​အ​ခါ လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် စည်း​ဝေး၍ ကိုယ်​တော်​ကို လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 67,
      "text": "သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ငါ​တို့​အား ပြော​လော့​ဟု​ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​ပြော​လျှင် သင်​တို့​သည် မ​ယုံ။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 68,
      "text": "ငါ​မေး​လျှင်​လည်း သင်​တို့​သည် မ​ဖြေ​ဘဲ၊ ငါ့​ကို မ​လွှတ်​ဘဲ​နေ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 69,
      "text": "နောက်၌ လူ​သား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​လက်​ယာ​ဘက်၌ ထိုင်​တော်​မူ​လ​တ္တံ့​ဟု မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 70,
      "text": "ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 22,
      "verse": 71,
      "text": "ထို​သူ​တို့​က​လည်း၊ အ​ဘယ်​သက်​သေ လို​သေး​သ​နည်း။ သူ၏​စ​ကား​ကို ငါ​တို့​ကိုယ်​တိုင် ကြား​ရ​ပြီ​ဟု ဆို​ကြ၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 1,
      "text": "ထို​အ​ခါ မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ထ၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 2,
      "text": "ဤ​သူ​သည် ပြည်​သူ​ပြည်​သား​များ​ကို လှည့်​ဖြား၍၊ မိ​မိ​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​ကြောင်း​ကို​ဆို​လျက်၊ ကဲ​သာ​ဘု​ရင်​ကို အ​ခွန်​မ​ဆက်​နှင့်​ဟု မြစ်​တား​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ​ပြီ​ဟု အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 3,
      "text": "ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 4,
      "text": "ပိ​လတ်​မင်း​က၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ဟု ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 5,
      "text": "ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 6,
      "text": "ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​သည် ဂါ​လိ​လဲ​လူ​ဖြစ်​သ​လော​ဟု မေး​မြန်း၍၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 7,
      "text": "ဟေ​ရုဒ်​မင်း​ပိုင်​သော သူ​ဖြစ်​သည်​ကို သိ​သော​အ​ခါ ထို​မင်း​ထံ​သို့ ပို့​စေ၏။ ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​သ​တည်း။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 8,
      "text": "ထို​မင်း​သည် ယေ​ရှု​ကို​မြင်​လျှင် အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က သ​တင်း​တော်​များ​ကို​ကြား၍၊ ကိုယ်​တော်​ကို​မြင်​ခြင်း​ငှာ ကြာ​မြင့်​စွာ အ​လို​ရှိ​သည်​ဖြစ်၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တစ်​စုံ​တစ်​ခု​ကို မြင်​ရ​မည်​ဟု မျှော်​လင့်​လျက်​နေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 9,
      "text": "ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို များ​စွာ​မေး​မြန်း​သော်​လည်း အ​ဘယ်​စ​ကား​ကို​မျှ ပြန်​တော်​မ​မူ။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 10,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ၍ ပြင်း​ထန်​စွာ အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 11,
      "text": "ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 12,
      "text": "ထို​နေ့၌ ပိ​လတ်​မင်း​နှင့် ဟေ​ရုဒ်​မင်း​တို့​သည် အ​ချင်း​ချင်း​အ​ဆွေ​ဖွဲ့​ကြ၏။ အ​ထက်​က ရန်​ဘက်​ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 13,
      "text": "တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 14,
      "text": "ပြည်​သူ​ပြည်​သား​များ​ကို ပုန်​ကန်​စေ​သော​သူ​ကဲ့​သို့ ဤ​လူ​ကို သင်​တို့​သည် ငါ့​ထံ​သို့ ပို့​ဆောင်​ကြ​သည်​ဖြစ်၍၊ သင်​တို့​ရှေ့​မှာ ငါ​စစ်​ကြော​သော်​လည်း၊ သင်​တို့ တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ သူ၌​ငါ​မ​တွေ့။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 15,
      "text": "ဟေ​ရုဒ်​မင်း​သည်​လည်း မ​တွေ့။ ထို​မင်း​ထံ​သို့ ငါ​ပို့​စေ​ပြီ။ ဤ​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ထိုက်​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 16,
      "text": "ထို​ကြောင့် သူ့​ကို ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု ဆို​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 17,
      "text": "ထို​ပွဲ၌ လူ​များ​တို့​အား တစ်​စုံ​တစ်​ယောက်​သော​သူ​ကို မ​လွှတ်​ဘဲ​မ​နေ​ရ​သ​တည်း။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 18,
      "text": "လူ​အ​ပေါင်း​တို့​က၊ ထို​သူ​ကို ထုတ်​ပါ​လော့။ အ​ကျွန်ုပ်​တို့​အား ဗာ​ရ​ဗ္ဗ​ကို လွှတ်​ပါ​လော့​ဟု တ​ညီ​တ​ညွတ်​တည်း ဟစ်​ကြော်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 19,
      "text": "ထို​ဗာ​ရ​ဗ္ဗ​ကား၊ မြို့၌ ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ၌ လှောင်​ထား​သော​သူ ဖြစ်​သ​တည်း။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 20,
      "text": "ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လွှတ်​ချင်​သော​ကြောင့် သူ​တို့​အား တစ်​ဖန်​ပြော​ဆို​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 21,
      "text": "သူ​တို့​က​လည်း၊ ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ။ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 22,
      "text": "ပိ​လတ်​မင်း​က၊ ထို​သူ​သည် အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း။ သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ သူ၌​ငါ​မ​တွေ့။ ထို​ကြောင့် သူ့​ကို​ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု သုံး​ကြိမ်​မြောက်​အောင်​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 23,
      "text": "လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 24,
      "text": "ပိ​လတ်​မင်း​သည်​လည်း သူ​တို့​တောင်း​သည်​အ​တိုင်း ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်၍၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 25,
      "text": "ပုန်​ကန်​ခြင်း​အ​ပြစ်၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ်​ကြောင့် ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​ကို လူ​များ​တောင်း​သည်​အ​တိုင်း လွှတ်​ပြီး​မှ၊ ယေ​ရှု​ကို သူ​တို့ အ​လို​သို့ အပ်​လိုက်​လေ၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 26,
      "text": "ကိုယ်​တော်​ကို ထုတ်​သွား​ကြ​စဉ်၊ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည် တော​ရွာ​မှ လာ​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ ဖမ်း​ဆီး၍ ယေ​ရှု​နောက်​တော်၌ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 27,
      "text": "နောက်​တော်၌ လိုက်​သော​လူ​များ​အ​ပေါင်း​တို့​တွင်၊ ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​သော မိန်း​မ​အ​ချို့​ပါ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 28,
      "text": "ထို​သူ​တို့​ကို ယေ​ရှု​သည် လှည့်​ကြည့်၍၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ့​ကြောင့် မ​ငို​ကြွေး​ကြ​နှင့်။ မိ​မိ​တို့​နှင့် မိ​မိ​တို့​သား​များ​ကြောင့် ငို​ကြွေး​ကြ​လော့။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ မြုံ​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ၏။ ပ​ဋိ​သ​န္ဓေ​မ​ယူ​ဖူး​သော​ဝမ်း​နှင့် သူ​ငယ်​မ​စို့​ဖူး​သော သား​မြတ်​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ရ​သော​နေ့​ရက်​ကာ​လ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 30,
      "text": "ထို​အ​ခါ သူ​တို့​က၊ အို တောင်​များ​တို့၊ ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 31,
      "text": "အ​ကြောင်း​မူ​ကား၊ စိမ်း​သော​အ​ပင်​ကို ဤ​သို့​ပြု​ကြ​လျှင်၊ ခြောက်​သော​အ​ပင်၌ အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 32,
      "text": "ထို​အ​ခါ ကိုယ်​တော်​နှင့်​အ​တူ လူ​ဆိုး​နှစ်​ယောက်​တို့​ကို​လည်း သတ်​အံ့​သော​ငှာ ထုတ်​သွား​ကြ၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 33,
      "text": "က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 34,
      "text": "ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 35,
      "text": "လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 36,
      "text": "စစ်​သူ​ရဲ​တို့​သည်​လည်း လာ၍ ပုံး​ရည်​ကို ကပ်​ပေး​လျက်၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 37,
      "text": "သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​လျှင် ကိုယ်​ကို ကယ်​တင်​လော့​ဟူ၍ ပြက်​ရယ်​ပြု​လျက် ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 38,
      "text": "ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 39,
      "text": "ဆွဲ​ထား​သော လူ​ဆိုး​နှစ်​ယောက်​တွင် တစ်​ယောက်​က၊ သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ကိုယ်​ကို​လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း၊ ကယ်​တင်​လော့​ဟု ကိုယ်​တော်​ကို ကဲ့​ရဲ့၍ ဆို​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 40,
      "text": "တစ်​ယောက်​မူ​ကား၊ မိ​မိ​အ​ဖော်​ကို​ဆုံး​မ၍၊ သင်​သည် ဤ​သူ​နည်း​တူ အ​ပြစ်​ဒဏ်​ခံ​လျက်​ပင် ဘု​ရား​သ​ခင်​ကို မ​ကြောက်​သ​လော။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 41,
      "text": "ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 42,
      "text": "သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 43,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 44,
      "text": "ထို​အ​ချိန်​သည် မွန်း​တည့်​အ​ချိန်​လောက်​ဖြစ်၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ​ဖြစ်​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 45,
      "text": "နေ​အ​ရောင် ကွယ်​ပျောက်​လေ၏။ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် နှစ်​ဖြာ​ကွဲ​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 46,
      "text": "ယေ​ရှု​သည်​လည်း ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ​ပြီး​လျှင်၊ အို အ​ဘ၊ အ​ကျွန်ုပ်​စိတ်​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အ​ကျွန်ုပ်​အပ်​ပါ၏​ဟု မိန့်​တော်​မူ​လျက် အ​သက်​ချုပ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 47,
      "text": "ထို​အ​ခြင်း​အ​ရာ​တို့​ကို တပ်​မှူး​သည်​မြင်​လျှင်၊ စင်​စစ်​ဤ​သူ​သည် ဖြောင့်​မတ်​သော​သူ​မှန်​ပေ၏​ဟု​ဆို၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 48,
      "text": "ထို​အ​မှု​ကို အ​ကြည့်​အ​ရှု​လာ​သော​သူ အ​ပေါင်း​တို့​သည် ထို​အ​ခြင်း​အ​ရာ​များ​ကို​မြင်​လျှင်၊ ရင်​ပတ်​ကို​ခတ်၍ ပြန်​သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 49,
      "text": "ဂါ​လိ​လဲ​ပြည်​မှ နောက်​တော်​သို့​လိုက်​လာ​သော မိန်း​မ​တို့​နှင့် ကိုယ်​တော်​ကို သိ​ကျွမ်း​သော​သူ အ​ပေါင်း​တို့​သည်​လည်း အ​ဝေး​က​ကြည့်​ရှု၍ ရပ်​နေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 50,
      "text": "ထို​အ​ခါ ယု​ဒ​ပြည်​အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော လွှတ်​အ​ရာ​ရှိ​တစ်​ယောက်​သည်၊ အ​ခြား​သော လွှတ်​အ​ရာ​ရှိ​တို့၏ တိုင်​ပင်​စီ​ရင်​ခြင်း​ကို ဝန်​ခံ​သော​သူ​မ​ဟုတ်၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 51,
      "text": "ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော သူ​တော်​ကောင်း​သူ​တော်​မြတ်​ဖြစ်​သည်​နှင့် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 52,
      "text": "ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 53,
      "text": "အ​လောင်း​တော်​ကို ချ၍ ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော ကျောက်​သင်္ချိုင်း​တွင်း၌ ထား​လေ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 54,
      "text": "ထို​နေ့​ကား အ​ဖိတ်​နေ့​ဖြစ်၍ ဥ​ပုသ်​နေ့​အ​ချိန် နီး​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 55,
      "text": "ဂါ​လိ​လဲ​ပြည်​က ကိုယ်​တော်​နှင့်​အ​တူ​လာ​သော မိန်း​မ​များ​သည် သင်္ချိုင်း​တော်​ကို​လည်း​ကောင်း၊ အ​လောင်း​တော်​ကို အ​ဘယ်​သို့ ထား​သည်​ကို​လည်း​ကောင်း အ​ကြည့်​အ​ရှု လိုက်​လာ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 23,
      "verse": 56,
      "text": "ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 1,
      "text": "ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် အ​ရုဏ်​တက်​သော​အ​ချိန်၌၊ ထို​မိန်း​မ​တို့​သည် အ​ခြား​သော​မိန်း​မ​တို့​နှင့်​တ​ကွ မိ​မိ​တို့ ပြင်​ဆင်​သော​နံ့​သာ​မျိုး​ကို ဆောင်​လျက် သင်္ချိုင်း​တော်​သို့ သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 2,
      "text": "ရောက်​သော​အ​ခါ တွင်း​ဝ၌ ပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို တွေ့​မြင်၍ အ​တွင်း​သို့​ဝင်​သော်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 3,
      "text": "သ​ခင်​ယေ​ရှု၏​အ​လောင်း​တော်​ကို မ​တွေ့​ကြ။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 4,
      "text": "ထို​အ​ကြောင်း​ကြောင့် သူ​တို့​သည် တွေး​တော​သော​စိတ်​ရှိ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ပြိုး​ပြိုး​ပြက်​ပြက်​သော အ​ဝတ်​ကို ဝတ်​ဆင်​လျက် ပေါ်​လာ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 5,
      "text": "ထို​မိန်း​မ​တို့​သည် ကြောက်​လန့်​သော​စိတ်​နှင့် ငုံ့၍​နေ​စဉ်​တွင်၊ ထို​သူ​တို့​က၊ သင်​တို့​သည် အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့် ရှာ​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 6,
      "text": "ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 7,
      "text": "လူ​သား​သည် ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု ဂါ​လိ​လဲ​ပြည်၌​ရှိ​တော်​မူ​စဉ် သင်​တို့​အား မိန့်​တော်​မူ​သော​စ​ကား​ကို အောက်​မေ့​ကြ​ဦး​ဟု ဆို​ကြ​သည်​ရှိ​သော်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 8,
      "text": "ထို​မိန်း​မ​တို့​သည် စ​ကား​တော်​ကို သ​တိ​ရ၍၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 9,
      "text": "သင်္ချိုင်း​တော်​က ပြန်​လျှင် ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို တစ်​ကျိပ်​တစ်​ပါး​သော​သူ​မှ​စ၍ ကြွင်း​သော တ​ပည့်​တော်​အ​ပေါင်း​တို့​အား ပြန်​ကြား​ကြ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 10,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို တ​မန်​တော်​တို့​အား ပြော​သော​သူ​ကား၊ မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟ​န္န၊ ယာ​ကုပ်၏ အ​မိ​ဖြစ်​သော​မာ​ရိ​မှ​စ၍ အ​ခြား​သော​မိန်း​မ​များ ဖြစ်​သ​တည်း။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 11,
      "text": "သူ​တို့၏​စ​ကား​ကို ဒ​ဏ္ဍာ​ရီ​စ​ကား​ကဲ့​သို့ ထင်​မှတ်၍ တ​မန်​တော်​တို့​သည် မ​ယုံ​ကြ။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 12,
      "text": "သို့​သော်​လည်း ပေ​တ​ရု​သည်​ထ၍ သင်္ချိုင်း​တော်​သို့ ပြေး​လေ၏။ ရောက်​သော​အ​ခါ ငုံ့​ကြည့်၍ ပိတ်​ပု​ဆိုး​သာ​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ ထို​အ​ကြောင်း​အ​ရာ​ကို အံ့​ဩ၍ မိ​မိ​အိမ်​သို့ ပြန်​သွား၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 13,
      "text": "ထို​မှ​တစ်​ပါး၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ခ​ရီး​လေး​တိုင်​ကွာ​သော ဧ​မောက်​အ​မည်​ရှိ​သော​ရွာ​သို့ ထို​နေ့၌ သွား​ကြ​စဉ်​တွင်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 14,
      "text": "ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 15,
      "text": "ထို​သို့ ဆွေး​နွေး​ပြော​ဆို​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် ချဉ်း​ကပ်၍ သူ​တို့​နှင့်​အ​တူ ကြွ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 16,
      "text": "ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 17,
      "text": "ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ခ​ရီး​သွား​လျက် အ​ချင်း​ချင်း ဆွေး​နွေး​သော​စ​ကား​ကား၊ အ​ဘယ်​သို့​သော​စ​ကား​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 18,
      "text": "သူ​တို့​တွင် က​လော​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ဧည့်​သည်​ဖြစ်​လျက်​သာ ယ​ခု​အ​ခါ ထို​မြို့၌ ဖြစ်​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​ကို မ​သိ​သ​လော​ဟု ပြော​ဆို၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 19,
      "text": "ကိုယ်​တော်​က​လည်း၊ အ​ဘယ်​အ​ကြောင်း​အ​ရာ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​သူ​တို့​က၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၏ အ​ကြောင်း​အ​ရာ​ပေ​တည်း။ ထို​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​နှင့် ပြည့်​စုံ​သော ပ​ရော​ဖက်​ဖြစ်၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 20,
      "text": "ထို​သူ​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ငါ​တို့​မင်း​များ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အပ်​နှံ၍ လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ကြ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 21,
      "text": "ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​အံ့​သော​သူ ဖြစ်​သည်​ဟု ငါ​တို့​သည် အ​ထက်​က​မျှော်​လင့်​ကြ​ပြီ။ ထို​မျှ​မ​က ဤ​အ​ကြောင်း​အ​ရာ​ဖြစ်၍ ယ​ခု​သုံး​ရက်​ရှိ​ပြီ။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 22,
      "text": "ငါ​တို့၏​အ​ပေါင်း​အ​ဖော် မိန်း​မ​အ​ချို့​တို့​သည်​လည်း သင်္ချိုင်း​တော်​သို့ စော​စော​သွား၍၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 23,
      "text": "အ​လောင်း​တော်​ကို မ​တွေ့​လျှင်၊ သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​သည်​ဟု ပြော​သော ကောင်း​ကင်​တ​မန် ထင်​ရှား​ရာ ရူ​ပါ​ရုံ​ကို မိ​မိ​တို့​မြင်​ကြောင်း​ကို ပြန်​လာ၍ ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 24,
      "text": "ထို​အ​ခါ ငါ​တို့​တွင် အ​ချို့​သော​သူ​တို့​သည် သင်္ချိုင်း​တော်​သို့​သွား၍ မိန်း​မ​တို့​ပြော​ဆို​သည်​အ​တိုင်း တွေ့​သော်​လည်း၊ ကိုယ်​တော်​ကို မ​မြင်​ရ​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 25,
      "text": "ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 26,
      "text": "ခ​ရစ်​တော်​သည် ဤ​သို့​ပင် အ​သေ​ခံ၍ မိ​မိ​ဘုန်း​စည်း​စိမ်​တော်​ကို ဝင်​စား​ရ​မည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 27,
      "text": "ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 28,
      "text": "ထို​တ​ပည့်​တော်​တို့​သည် သွား​သော​ရွာ​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​တော်​သည် ထို​ရွာ​ကို​လွန်၍ သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ပြ​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 29,
      "text": "ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 30,
      "text": "စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 31,
      "text": "သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 32,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 33,
      "text": "ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ချက်​ချင်း​ထ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ပြီး​မှ၊ တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် အ​ပေါင်း​အ​ဖော်​တို့​နှင့်​အ​တူ စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 34,
      "text": "စု​ဝေး​သော​သူ​တို့​က​လည်း၊ သ​ခင်​ဘု​ရား​သည် အ​မှန်​ထ​မြောက်​တော်​မူ​ပြီ။ ရှိ​မုန်​အား ကိုယ်​ကို​ပြ​တော်​မူ​ပြီ​ဟု ပြော​ဆို​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 35,
      "text": "ထို​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် လမ်း၌ ဖြစ်​သော အ​ကြောင်း​အ​ရာ​ကို​လည်း​ကောင်း၊ မုန့်​ကို​ဖဲ့​စဉ်​တွင် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ပြန်​ကြား​ကြ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 36,
      "text": "ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 37,
      "text": "တ​ပည့်​တော်​တို့​သည် တ​စ္ဆေ​ကို​မြင်​သည်​ဟု စိတ်​ထင်​နှင့် ထိတ်​လန့်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 38,
      "text": "ကိုယ်​တော်​က​လည်း၊ အ​ဘယ်​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် အ​ထူး​ထူး​အ​ထွေ​ထွေ​သော​စိတ် ရှိ​ကြ​သ​နည်း။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 39,
      "text": "ငါ့​လက်​ကို ကြည့်​ကြ​လော့။ ငါ့​ခြေ​ကို​လည်း ကြည့်​ကြ​လော့။ ငါ့​ကိုယ်​ပင်​ဖြစ်၏။ ငါ့​ကို ကြည့်​ရှု​စမ်း​သပ်​ကြ​လော့။ ငါ​သည် သင်​တို့​မြင်​သည်​အ​တိုင်း အ​ရိုး​အ​သား​နှင့် ပြည့်​စုံ၏။ တ​စ္ဆေ​မည်​သည်​ကား ဤ​ကဲ့​သို့ မ​ပြည့်​စုံ​ဟု မိန့်​တော်​မူ​လျက်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 40,
      "text": "လက်​တော်​ခြေ​တော်​တို့​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 41,
      "text": "ထို​သူ​တို့​သည် အံ့​ဩ၍ ဝမ်း​မြောက်​သော​အား​ဖြင့် မ​ယုံ​နိုင်​ဘဲ​နေ​သေး​သော​အ​ခါ၊ သင်​တို့၌ စား​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 42,
      "text": "ငါး​ကင်​တစ်​ပိုင်း​နှင့် ပျား​လ​ပို့​ကို ကပ်​ပေး​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 43,
      "text": "ကိုယ်​တော်​သည် ယူ၍ သူ​တို့​ရှေ့​မှာ စား​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 44,
      "text": "တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 45,
      "text": "ထို​အ​ခါ ကျမ်း​စာ​ကို နား​လည်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့၏ ဉာဏ်​ကို ဖွင့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 46,
      "text": "ဤ​သို့ ကျမ်း​စာ​လာ၏။ ဤ​သို့ ခ​ရစ်​တော်​သည် အ​သေ​ခံ၍ သုံး​ရက်​မြောက်​သော​နေ့၌ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 47,
      "text": "ခ​ရစ်​တော်၏ အ​ခွင့်​အား​ဖြင့် နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော လူ​မျိုး​တ​ကာ​တို့​အား ဟော​ပြော​ရ​မည်။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 48,
      "text": "သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 49,
      "text": "ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 50,
      "text": "ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 51,
      "text": "ထို​သို့ ကောင်း​ကြီး​ပေး​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၏။"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 52,
      "text": "တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ပြီး​မှ အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။-"
    },
    {
      "book": 42,
      "chapter": 24,
      "verse": 53,
      "text": "ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ဗိ​မာန်​တော်​သို့ ရောက်​မြဲ​ရောက်​ကြ၏။ ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 1,
      "text": "အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။ နှုတ်​က​ပတ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 2,
      "text": "ထို​နှုတ်​က​ပတ်​တော်​သည် အ​စ​အ​ဦး၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 3,
      "text": "နှုတ်​က​ပတ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ဖန်​ဆင်း​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​လျက်​ဖြစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 4,
      "text": "ထို​နှုတ်​က​ပတ်​တော်၌ အ​သက်​ရှိ၏။ ထို​အ​သက်​သည်​လည်း လူ​တို့၏​အ​လင်း​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 5,
      "text": "ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 6,
      "text": "ယော​ဟန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ကို ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 7,
      "text": "ထို​သူ​ကို​လူ​အ​ပေါင်း​တို့​သည် အ​မှီ​ပြု၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ထို​သူ​သည် သက်​သေ​ခံ​ဖြစ်၍၊ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​လာ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 8,
      "text": "ထို​သူ​သည် အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​သာ​လာ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 9,
      "text": "ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 10,
      "text": "ထို​သူ​သည် ဤ​လော​က၌​ရှိ​တော်​မူ​ပြီ။ ဤ​လော​က​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ သို့​သော်​လည်း ဤ​လော​က​သည် ထို​သူ​ကို​မ​သိ။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 11,
      "text": "သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 12,
      "text": "ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 13,
      "text": "ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 14,
      "text": "နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 15,
      "text": "ယော​ဟန်​သည် ထို​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ၍ ကြွေး​ကြော်​သည်​ကား၊ ငါ့​နောက်​ကြွ​လာ​သော​သူ​သည် ငါ​မ​ရှိ​မီ ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို​သည်​ဟု သက်​သေ​ခံ​လေ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 16,
      "text": "ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 18,
      "text": "ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 19,
      "text": "ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 20,
      "text": "ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ထိမ်​ဝှက်​ခြင်း​မ​ရှိ။ အ​တည့်​အ​လင်း ပြော​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 21,
      "text": "ထို​သူ​တို့​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​သူ​နည်း။ ဧ​လိ​ယ​ဖြစ်​သ​လော​ဟု မေး​မြန်း​ပြန်၏။ ယော​ဟန်​က၊ ငါ​သည် ဧ​လိ​ယ​မ​ဟုတ်​ဟု ဆို၏။ ဤ​မည်​သော ပ​ရော​ဖက်​ဖြစ်​သ​လော​ဟု မေး​ပြန်​လျှင်၊ မ​ဟုတ်​ဟု ဆို​ပြန်၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 22,
      "text": "ထို​သူ​တို့​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​လျှောက်​စ​ရာ ရှိ​စေ​ခြင်း​ငှာ၊ သင်​သည်​ကိုယ်​ကို အ​ဘယ်​သို့​ဆို​သ​နည်း​ဟု မေး​ပြန်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 23,
      "text": "ယော​ဟန်​က​လည်း၊ ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ပြော​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​ဖြစ်​သည်​ဟု ဆို၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 24,
      "text": "အ​စေ​ခံ​သော​သူ​တို့​ကား၊ ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 25,
      "text": "ထို​သူ​တို့​က​လည်း၊ သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​မ​ဟုတ်၊ ဤ​မည်​သော ပ​ရော​ဖက်​မ​ဟုတ်​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို​ပေး​သ​နည်း​ဟု မေး​ပြန်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 26,
      "text": "ယော​ဟန်​က​လည်း၊ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​အ​လယ်၌ သင်​တို့​မ​သိ​သော သူ​တစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 27,
      "text": "ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 28,
      "text": "ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက် ဗေ​သ​နိ​ရွာ၌ ဤ​အ​မှု​အ​ရာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 29,
      "text": "နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 30,
      "text": "ငါ​မ​ရှိ​မီ​ရှိ​နှင့်​သည်​ဖြစ်၍၊ ငါ့​ထက်​သာ၍ ကြီး​မြတ်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ​သည်​ဟု ငါ​ဆို​ရာ၌၊ ထို​သူ​ကို​ဆို​လို၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 31,
      "text": "အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ သို့​သော်​လည်း ထို​သူ​ကို ဣ​သ​ရေ​လ​လူ​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​လာ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 32,
      "text": "ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​သည်​ကောင်း​ကင်​မှ ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ထို​သူ၏​အ​ပေါ်၌ နား​တော်​မူ​သည်​ကို ငါ​မြင်​ရ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 33,
      "text": "အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 34,
      "text": "ငါ​သည်​မြင်၍ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​သည်​ဟု ယော​ဟန်​ဆို​လေ၏။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 35,
      "text": "တစ်​ဖန် ယော​ဟန်​သည် နက်​ဖြန်​နေ့၌ တ​ပည့်​နှစ်​ယောက်​တို့​နှင့် အ​တူ​ရပ်​နေ၍၊-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 36,
      "text": "ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​လျှင်၊ ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို ကြည့်​လော့​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 37,
      "text": "တ​ပည့်​နှစ်​ယောက်​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 38,
      "text": "ယေ​ရှု​သည်​လှည့်၍ ထို​သူ​တို့ လိုက်​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​က၊ ရ​ဗ္ဗိ၊ ကိုယ်​တော်​သည် အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။ ရ​ဗ္ဗိ၊ အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 39,
      "text": "ယေ​ရှု​က​လည်း လာ၍​ကြည့်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​သည်​သွား၍ နေ​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ၏။ ထို​အ​ချိန်​သည် ဆယ်​နာ​ရီ​အ​ချိန်​ဖြစ်၍ မိုး​ချုပ်​သည်​တိုင်​အောင် အ​ထံ​တော်၌​နေ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 40,
      "text": "ယော​ဟန်၏​စ​ကား​ကို​ကြား၍ နောက်​တော်​သို့ လိုက်​သော​သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကား ရှိ​မုန်​ပေ​တ​ရု​ညီ အ​န္ဒြေ​ပေ​တည်း။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 41,
      "text": "ထို​သူ​သည် မိ​မိ​အစ်​ကို​ရှိ​မုန်​ကို ရှေ့​ဦး​စွာ​တွေ့​လျှင်၊ ငါ​တို့​သည် မေ​ရှိ​ယ​ကို​တွေ့​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 42,
      "text": "သူ့​ကို ယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား ခ​ရစ်​တော်​ဟု​ဆို​လို​သ​တည်း။ ယေ​ရှု​သည် ထို​သူ​ကို​ကြည့်​ရှု၍၊ သင်​သည် ယော​န၏​သား​ရှိ​မုန်​ဖြစ်၏။ ကေ​ဖ​အ​မည်​သစ်​ကို ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏၊ ကေ​ဖ​အ​နက်​ကား ပေ​တ​ရု​ဟု ဆို​လို​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 43,
      "text": "နက်​ဖြန်​နေ့၌ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် ဖိ​လိ​ပ္ပု​ကို​တွေ့၍၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 44,
      "text": "ဖိ​လိ​ပ္ပု​ကား၊ အ​န္ဒြေ​နှင့်​ပေ​တ​ရု​မွေး​ဖွား​ရာ ဗက်​ဇဲ​ဒ​မြို့​မှ လာ​သော​သူ​ဖြစ်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 45,
      "text": "ဖိ​လိ​ပ္ပု​သည် နာ​သ​နေ​လ​ကို​တွေ့​လျှင်၊ မော​ရှေ​သည် ပ​ည​တ္တိ​ကျမ်း၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့​သည် သူ​တို့​ကျမ်း၌​လည်း​ကောင်း အ​ကြောင်း​ပြု၍ ရေး​ထား​သော​သူ၊ နာ​ဇ​ရက်​မြို့​သား​ဖြစ်​သော ယော​သပ်၏​သား​ယေ​ရှု​ကို ငါ​တို့​သည် တွေ့​ကြ​ပြီ​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 46,
      "text": "နာ​သ​နေ​လ​က​လည်း၊ နာ​ဇ​ရက်​မြို့​ထဲ​က ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ ထွက်​နိုင်​သ​လော​ဟု​မေး​လျှင်၊ ဖိ​လိ​ပ္ပု​က၊ လာ၍​ကြည့်​ပါ​ဟု ဆို၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 47,
      "text": "နာ​သ​နေ​လ​လာ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ လှည့်​စား​ခြင်း​အ​ပြစ်​နှင့် ကင်း​လွတ်​သော ဣ​သ​ရေ​လ​လူ​စစ်​ကို ကြည့်​လော့​ဟု ထို​သူ​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 48,
      "text": "နာ​သ​နေ​လ​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​ကို သိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ဖိ​လိ​ပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ၊ သင်​သည် သင်္ဘော​သ​ဖန်း​ပင်​အောက်၌ ရှိ​သည်​ကို ငါ​မြင်​သည်​ဟု ပြန်၍​မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 49,
      "text": "အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 50,
      "text": "တစ်​ဖန် ယေ​ရှု​က၊ သင်္ဘော​သ​ဖန်း​ပင်​အောက်၌ သင့်​ကို​ငါ​မြင်​သည်​ဟု​ဆို​သော​ကြောင့် ယုံ​သ​လော။ ထို​မျှ​မ​က သင်​သည် သာ၍​ကြီး​စွာ​သော အ​ကြောင်း​အ​ရာ​ကို မြင်​လ​တ္တံ့။-"
    },
    {
      "book": 43,
      "chapter": 1,
      "verse": 51,
      "text": "သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ နောင်​ကာ​လ၌ ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် လူ​သား၏​အ​ပေါ်၌ ဆင်း​လျက်​တက်​လျက် ရှိ​နေ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 1,
      "text": "သုံး​ရက်​မြောက်​သော​နေ့၌ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​တွင် မင်္ဂ​လာ​ဆောင်​ပွဲ​ကို​ခံ​ကြ​စဉ်၊ ထို​ပွဲ၌ ယေ​ရှု၏​မယ်​တော်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 2,
      "text": "ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 3,
      "text": "စ​ပျစ်​ရည်​ကုန်​သော​အ​ခါ၊ ယေ​ရှု၏​မယ်​တော်​က၊ စ​ပျစ်​ရည်​မ​ရှိ​ဟု​ကြား​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 4,
      "text": "ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 5,
      "text": "မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 6,
      "text": "ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 7,
      "text": "ယေ​ရှု​က​လည်း၊ ဤ​ရေ​အိုး​တို့​ကို​ရေ​ဖြည့်​ကြ​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် လျှံ​မ​တတ်​ဖြည့်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 8,
      "text": "ယ​ခု​ခပ်၍ ပွဲ​အုပ်​ထံ​သို့​သွင်း​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သွင်း​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 9,
      "text": "ပွဲ​အုပ်​သည် စ​ပျစ်​ရည်​ဖြစ်​စေ​သော​ရေ​ကို မြည်း​စမ်း၍၊ ထို​ရေ​ကို ခပ်​သော​အ​စေ​ခံ​တို့​သည် စ​ပျစ်​ရည်​ကို အ​ဘယ်​မှာ​ရ​သည်​ကို​သိ​သော်​လည်း၊ ပွဲ​အုပ်​သည် မ​သိ​သော​ကြောင့်၊ မင်္ဂ​လာ​ဆောင်​လု​လင်​အား အ​သံ​ကို​လွှင့်၍၊-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 10,
      "text": "အ​ခြား​သော​သူ​မည်​သည်​ကား၊ ရှေ့​ဦး​စွာ ကောင်း​သော​စ​ပျစ်​ရည်​ကို ထည့်၍ ဝ​စွာ​သောက်​ကြ​ပြီး​မှ ညံ့​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​ရှိ၏။ သင်​မူ​ကား၊ ကောင်း​သော​စ​ပျစ်​ရည်​ကို ယ​ခု​တိုင်​အောင် သို​ထား​ပြီ​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 11,
      "text": "ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 12,
      "text": "ထို​နောက် မယ်​တော်​မှ​စ၍​ညီ​တော်၊ တ​ပည့်​တော်​တို့​နှင့်​တ​ကွ၊ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​တော်​မူ၏။ ထို​မြို့​မှာ ကြာ​မြင့်​စွာ​မ​နေ​ဘဲ၊"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 13,
      "text": "ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ချိန် နီး​သည်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 14,
      "text": "ဗိ​မာန်​တော်၌ သိုး၊ နွား၊ ချိုး​ငှက် ရောင်း​သော သူ​တို့​ကို​လည်း​ကောင်း၊ ပွဲ​စား​များ ထိုင်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 15,
      "text": "ရိုက်​စ​ရာ​ဖို့ ကြိုး​သေး​များ​ကို ပြု​ပြင်​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား​များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​မှ​နှင်​ထုတ်​တော်​မူ၍၊ ပွဲ​စား​တို့၏ ငွေ​တင်​ခုံ​များ​ကို တွန်း​ပစ်​မှောက်​ထား​တော်​မူ၏၊-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 16,
      "text": "ချိုး​ငှက်​ရောင်း​သော သူ​တို့​အား​လည်း၊ ဤ​ဥ​စ္စာ​ကို ယူ​သွား​ကြ။ ငါ့​အ​ဘ၏​အိမ်​တော်​ကို ပွဲ​တဲ​မ​လုပ်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 17,
      "text": "ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏​ဟူ၍ ကျမ်း​စာ​လာ​သည်​ကို၊ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 18,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ဤ​သို့​ပြု​လျှင် အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ငါ​တို့​အား ပြ​မည်​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 19,
      "text": "ယေ​ရှု​က​လည်း၊ ဤ​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လော့။ သုံး​ရက်​အ​တွင်း​တွင် ငါ​တည်​ဆောက်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 20,
      "text": "ယု​ဒ​လူ​တို့​က၊ အ​နှစ်​လေး​ဆယ်​ခြောက်​နှစ်​ပတ်​လုံး ဤ​ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ​ကြ၏။ သင်​မူ​ကား၊ သုံး​ရက်​တည်း​နှင့် တည်​ဆောက်​မည်​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 21,
      "text": "ထို​သို့​မိန့်​တော်​မူ​ရာ၌ မိ​မိ​ကိုယ်​တည်း​ဟူ​သော ဗိ​မာန်​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 22,
      "text": "ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 23,
      "text": "ပ​သ​ခါ​ပွဲ​အ​တွင်း​တွင် ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို များ​စွာ​သော​သူ​တို့​သည် မြင်​ရ​သ​ဖြင့် ကိုယ်​တော်​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 24,
      "text": "သို့​သော်​လည်း​ယေ​ရှု​သည် ထို​သူ​တို့၌ ကိုယ်​ကို​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​ကို သိ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 2,
      "verse": 25,
      "text": "လူ၏​အ​ထဲ၌​ရှိ​သ​မျှ​ကို သိ​တော်​မူ​သော​ကြောင့်၊ လူ၏​အ​ကြောင်း​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​ကို​မျှ အ​လို​တော်​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 1,
      "text": "ယု​ဒ​လူ​တို့​တွင် အ​ရာ​ရှိ​ဖြစ်​သော နိ​ကော​ဒင်​အ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်၊-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 2,
      "text": "ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 3,
      "text": "ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 4,
      "text": "နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တစ်​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 5,
      "text": "ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 6,
      "text": "ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 7,
      "text": "ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 8,
      "text": "လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 9,
      "text": "နိ​ကော​ဒင်​က​လည်း၊ ဤ​အ​မူ​အ​ရာ​သည် အ​ဘယ်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ပြန်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 10,
      "text": "တစ်​ဖန်​ယေ​ရှု​က၊ သင်​သည် ဣ​သ​ရေ​လ​လူ​တို့​တွင် ဓ​မ္မ​ဆ​ရာ​ဖြစ်​လျက်​ပင် ဤ​အ​မှု​အ​ရာ​ကို မ​သိ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 11,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 12,
      "text": "မြေ​ကြီး​အ​ရာ​ကို ငါ​ပြော၍ သင်​တို့​သည် မ​ယုံ​လျှင်၊ ကောင်း​ကင်​အ​ရာ​ကို ငါ​ပြော​သော​အ​ခါ အ​ဘယ်​သို့ ယုံ​ကြ​လိမ့်​မည်​နည်း။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 13,
      "text": "ကောင်း​ကင်​ဘုံ​က​ဆင်း​သက်၍ ကောင်း​ကင်​ဘုံ၌​ရှိ​နေ​သော လူ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကောင်း​ကင်​ဘုံ​သို့ မ​တက်​ပြီ။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 14,
      "text": "မော​ရှေ​သည်​တော၌ မြွေ​ကို မြှောက်​ထား​သ​ကဲ့​သို့ လူ​သား​သည် မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 17,
      "text": "လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 18,
      "text": "သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်၌ တစ်​ပါး​တည်း​သော​သား​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ယ​ခု​ပင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 19,
      "text": "အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြောင်း​ကား၊ အ​လင်း​သည် ဤ​လော​က​သို့​ဝင်၍၊ လူ​တို့​သည် မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​ကြောင့်၊ အ​လင်း​ထက် မှောင်​မိုက်​ကို သာ၍​နှစ်​သက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 20,
      "text": "ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​အ​ပေါင်း​တို့​သည် အ​လင်း​ကို​မြင်​ပြင်း၍ မိ​မိ​တို့​အ​ကျင့်၌ အ​ပြစ်​ပါ​သည်​ကို​မ​ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့ မ​ချဉ်း​ကပ်​ကြ။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 21,
      "text": "သ​မ္မာ​တ​ရား​ကို ကျင့်​သော​သူ​မူ​ကား၊ မိ​မိ​အ​ကျင့်​တို့​သည် ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့် ညီ​သည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့​ချဉ်း​ကပ်​သည်​ဟု ဟော​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 22,
      "text": "ထို​နောက်​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ယု​ဒ​ပြည်၏​ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊ ထို​အ​ရပ်၌ တ​ပည့်​တော်​တို့​နှင့်​တ​ကွ နေ​တော်​မူ၍ ဗ​တ္တိ​ဇံ​ကို ပေး​လေ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 23,
      "text": "ယော​ဟန်​သည်​လည်း၊ ရှာ​လိမ်​မြို့​နှင့်​အ​နီး အဲ​နုန်​အ​ရပ်၌ ရေ​များ​သော​ကြောင့်၊ ဗ​တ္တိ​ဇံ​ကို​ပေး၍ နေ​သ​ဖြင့်၊ လူ​များ​တို့​သည်​လာ၍ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 24,
      "text": "ယော​ဟန်​သည် ထောင်​ထဲ​သို့​မ​ရောက်​သေး။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 25,
      "text": "ထို​အ​ခါ ယော​ဟန်၏​တ​ပည့်​တို့​သည် စင်​ကြယ်​ခြင်း​ကို အ​ကြောင်း​ပြု၍ ယု​ဒ​လူ​နှင့် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း​ရှိ​ကြ​သ​ဖြင့်၊-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 26,
      "text": "ယော​ဟန်​ထံ​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ကိုယ်​တော်​နှင့်​တ​ကွ​ရှိ၍၊ ကိုယ်​တော် သက်​သေ​ပေး​သော​သူ​သည် ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​နေ၏။ ထို​သူ​ထံ​သို့ လူ​အ​ပေါင်း​တို့​သည် ရောက်​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 27,
      "text": "ယော​ဟန်​က၊ ကောင်း​ကင်​ဘုံ​မှ ပေး​တော်​မ​မူ​လျှင် လူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ခံ​နိုင်​ရာ။ ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 28,
      "text": "ခ​ရစ်​တော်​ရှေ့၌ စေ​လွှတ်​သော​သူ​ဖြစ်​သည်​ဟု ငါ​ဆို​သည်​ကို သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 29,
      "text": "မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ရ​သော​သူ​သည် မင်္ဂ​လာ​ဆောင်​လု​လင်​ဖြစ်၏။ မင်္ဂ​လာ​ဆောင်​လု​လင်၏ အ​နား​မှာ​နေ၍ သူ၏​စ​ကား​ကို​ကြား​ရ​သော အ​ဆွေ​ခင်​ပွန်း​သည် ထို​စ​ကား​သံ​ကို​ကြား​သော​အား​ဖြင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​နည်း​တူ ငါ၏​ဝမ်း​မြောက်​ခြင်း ပြည့်​စုံ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 30,
      "text": "ထို​သ​ခင်​သည် တိုး​ပွား​ခြင်း​ရှိ​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ခြင်း​ရှိ​ရ​မည်။"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 31,
      "text": "အ​ထက်​မှ​လာ​သော​သူ​သည် အ​လုံး​စုံ​တို့၏ အ​ထွတ်​ဖြစ်၏။ မြေ​ကြီး​မှ​ဖြစ်​သော​သူ​သည် မြေ​ကြီး​နှင့် စပ်​ဆိုင်၍ မြေ​ကြီး​အ​ရာ​ကို​ပြော​တတ်၏။ ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​သော​သူ​သည် အ​လုံး​စုံ​တို့၏​အ​ထွတ်ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 32,
      "text": "မြင်​သ​မျှ​ကြား​သ​မျှ​တို့​ကို​လည်း သက်​သေ​ခံ​တော်​မူ၏။ ထို​သက်​သေ​ခံ​ချက်​ကို အ​ဘယ်​သူ​မျှ​မ​ခံ​မ​ယူ၊-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 33,
      "text": "သက်​သေ​ခံ​တော်​မူ​ချက်​ကို ခံ​ယူ​သော​သူ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် သ​စ္စာ​စောင့်​တော်​မူ​သည်​ဟု တံ​ဆိပ်​ခတ်၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 34,
      "text": "ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 35,
      "text": "ခ​မည်း​တော်​သည် သား​တော်​ကို ချစ်​တော်​မူ၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​ပြီ။ -"
    },
    {
      "book": 43,
      "chapter": 3,
      "verse": 36,
      "text": "သား​တော်​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ သား​တော်​ကို ပယ်​သော​သူ​မူ​ကား အ​သက်​ကို မ​တွေ့​ရ။ ထို​သူ၏​အ​ပေါ်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်​နေ​သည်​ဟု ယော​ဟန်​ဟော​လေ၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 1,
      "text": "ယေ​ရှု​သည် ကိုယ်​တိုင်​ဗ​တ္တိ​ဇံ​ကို ပေး​တော်​မ​မူ။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 2,
      "text": "တ​ပည့်​တော်​တို့​သာ​လျှင် ပေး​ကြ​သော်​လည်း၊ ယေ​ရှု​သည် ယော​ဟန်​ထက် သာ၍​များ​သော သူ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ၍၊ ဗ​တ္တိ​ဇံ​ကို​ပေး​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည် ကြား​ပြီ​ဟု သ​ခင်​ဘု​ရား​သိ​တော်​မူ​သော​အ​ခါ၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 3,
      "text": "ယု​ဒ​ပြည်​မှ ထွက်​သွား၍ ဂါ​လိ​လဲ​ပြည်​သို့ တစ်​ဖန် ကြွ​တော်​မူ​စဉ်​တွင်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 4,
      "text": "ရှ​မာ​ရိ​ပြည်​အ​လယ်၌ လျှောက်​သွား​ရ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 5,
      "text": "ယာ​ကုပ်​သည် မိ​မိ​သား​ယော​သပ်​အား ပေး​သော မြေ​အ​ကွက်​နှင့်​အ​နီး၊ ရှ​မာ​ရိ​နယ်၊ ရှု​ခါ​အ​မည်​ရှိ​သော မြို့​သို့ ရောက်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 6,
      "text": "ထို​အ​ရပ်၌ ယာ​ကုပ်၏​ရေ​တွင်း​ရှိ၏။ ယေ​ရှု​သည် ခ​ရီး​သွား၍ ပင်​ပန်း​သော​ကြောင့် ရေ​တွင်း​နား​မှာ ထိုင်​တော်​မူ၏။ ထို​အ​ချိန်​သည် ခြောက်​နာ​ရီ​အ​ချိန်​ဖြစ်၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 7,
      "text": "ရှ​မာ​ရိ​မိန်း​မ​တစ်​ယောက်​သည် ရေ​ခပ်​ခြင်း​ငှာ လာ၍၊ ယေ​ရှု​က၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ထို​မိန်း​မ​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 8,
      "text": "အ​ကြောင်း​မူ​ကား၊ တ​ပည့်​တော်​တို့​သည် စား​စ​ရာ​ကို​ဝယ်​ခြင်း​ငှာ မြို့​ထဲ​သို့​သွား​ကြ​သည်​အ​ခိုက် ဖြစ်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 9,
      "text": "ထို​မိန်း​မ​က​လည်း၊ သင်​သည်​ယု​ဒ​လူ​ဖြစ်​လျက်​ပင်၊ ရှ​မာ​ရိ​မိန်း​မ​ဖြစ်​သော​အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် သောက်​ဖို့​တောင်း​သ​နည်း​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ယု​ဒ​လူ​တို့​သည် ရှ​မာ​ရိ​လူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​မ​ရှိ။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 10,
      "text": "ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 11,
      "text": "မိန်း​မ​က၊ သ​ခင်၌ ရေ​ခပ်​စ​ရာ​မ​ရှိ၊ ရေ​တွင်း​လည်း နက်​သည်​ဖြစ်၍၊ အ​သက်​ရေ​ကို အ​ဘယ်​သို့​ရ​ပါ​မည်​နည်း။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 12,
      "text": "ဤ​ရေ​တွင်း​ကို ငါ​တို့​အ​ဘ​ယာ​ကုပ်​သည် ငါ​တို့​အား ပေး၏။ သူ့​ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ဤ​တွင်း​ရေ​ကို သောက်​ကြ​ပြီ။ သ​ခင်​သည် ထို​သူ​ထက် ကြီး​မြတ်​သ​လော​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 13,
      "text": "ယေ​ရှု​က​လည်း၊ ဤ​ရေ​ကို​သောက်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​ဦး​မည်။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 14,
      "text": "ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 15,
      "text": "မိန်း​မ​က​လည်း၊ သ​ခင်၊ ကျွန်ုပ်​သည် ရေ​ငတ်​ခြင်း​နှင့်​လည်း​ကောင်း၊ သည်​ကို​လာ၍ ရေ​ခပ်​ခြင်း​နှင့်​လည်း​ကောင်း ကင်း​လွတ်​မည်​အ​ကြောင်း ထို​ရေ​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 16,
      "text": "ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 17,
      "text": "မိန်း​မ​က​လည်း၊ အ​ကျွန်ုပ်၌ လင်​မ​ရှိ​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ လင်​မ​ရှိ​ဟူ​သော​စ​ကား​သည် မှန်၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ သင်၌ လင်​ငါး​ယောက်​ရှိ​ဖူး​ပြီ။ ယ​ခု​သင်​နှင့်​နေ​သော​သူ​သည် သင်၏​လင်​မ​ဟုတ်။ ဤ​အ​ရာ၌ သင်​သည်​မှန်​သော စ​ကား​ကို​ပြော​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 19,
      "text": "ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 20,
      "text": "အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်၌ ကိုး​ကွယ်​လေ့​ရှိ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု သင်​တို့​သည် ဆို​တတ်​ကြ၏​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 21,
      "text": "ယေ​ရှု​က၊ အ​ချင်း​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​သို့ မ​လာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​မ​သွား​ဘဲ ခ​မည်း​တော်​ကို​ကိုး​ကွယ်​ရ​မည် အ​ချိန်​ကာ​လ ရောက်​ဆဲ​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 22,
      "text": "သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 23,
      "text": "ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 24,
      "text": "ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 25,
      "text": "မိန်း​မ​က​လည်း၊ မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ ရောက်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​အား အ​လုံး​စုံ​တို့​ကို ဖော်​ပြ​တော်​မူ​မည်​ဟု လျှောက်​ပြန်၏။ မေ​ရှိ​ယ​အ​နက်​ကား၊ ခ​ရစ်​တော်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 26,
      "text": "ယေ​ရှု​က​လည်း၊ သင်​နှင့်​စ​ကား​ပြော​သော​ငါ​သည် မေ​ရှိ​ယ​ပင်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 27,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ရောက်​လာ၍၊ ထို​မိန်း​မ​နှင့် စ​ကား​ပြော​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏၊ သို့​သော်​လည်း၊ အ​ဘယ်​အ​လို​တော်​ရှိ​သ​နည်း၊ ထို​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် စ​ကား​ပြော​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ​မ​လျှောက်​ကြ။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 28,
      "text": "ထို​မိန်း​မ​သည်​လည်း ရေ​အိုး​ကို​ထား​ခဲ့၍ မြို့​ထဲ​သို့ သွား​ပြီး​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 29,
      "text": "အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ထုတ်​ဖော်​သော​သူ​ကို လာ၍​ကြည့်​ကြ​ပါ။ ထို​သူ​သည် ခ​ရစ်​တော်​မှန်​လိမ့်​မည်​လော​ဟု လူ​များ​တို့​အား ပြော​ဆို​သော်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 30,
      "text": "သူ​တို့​သည် မြို့​ထဲ​မှ​ထွက်၍ အ​ထံ​တော်​သို့ သွား​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 31,
      "text": "မ​ရောက်​မီ​တွင် တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​စာ​ကို​သုံး​ဆောင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 32,
      "text": "သင်​တို့​မ​သိ​သော စား​စ​ရာ​သည် ငါ့၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 33,
      "text": "ထို​ကြောင့်​တ​ပည့်​တော်​တို့​က၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် စား​စ​ရာ​ကို ပို့​ပြီ​လော​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 34,
      "text": "ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 35,
      "text": "ယ​ခု​မှ​စ၍ လေး​လ​လွန်​လျှင်၊ စ​ပါး​ရိတ်​ရာ​ကာ​လ ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​သည် မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား၊ စ​ပါး​ရိတ်​ခြင်း​အ​လို​ငှာ လယ်​ပြင်​တို့​သည် ယ​ခု​ပင်​ဝင်း​ဝင်း​ရှိ​သည်​ကို မျှော်၍​ကြည့်​ကြ​လော့။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 36,
      "text": "စ​ပါး​ရိတ်​သော​သူ​သည် အ​ခ​ကို​ခံ​ရ၍ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ အ​သီး​အ​နှံ​ကို စု​သိမ်း၏။ သို့​ဖြစ်​လျှင် ပျိုး​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​သည် အ​တူ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 37,
      "text": "တစ်​ဦး​ကား ပျိုး​ကြဲ၏။ တစ်​ဦး​ကား​စ​ပါး​ရိတ်၏​ဟူ​သော စ​ကား​သည် ဤ​အ​ရာ၌​အ​မှန်​ကျ​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 38,
      "text": "သင်​တို့​သည် လယ်​မ​လုပ်​သော​အ​ရပ်၌ စ​ပါး​ရိတ်​စေ​ခြင်း​ငှာ သင်​တို့​ကို​ငါ​စေ​လွှတ်၏။ အ​ခြား​သော သူ​တို့​သည် လယ်​လုပ်​ကြ၍၊ သင်​တို့​သည် ထို​သူ​တို့၏ အ​လုပ်​ထဲ​သို့ ဝင်​ရ​ကြ၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 39,
      "text": "ရှ​မာ​ရိ​မိန်း​မ​က၊ အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သူ​သည်​ထုတ်​ဖော်​ပြီ​ဟု သက်​သေ​ခံ​သော စ​ကား​ကြောင့်၊ ထို​မြို့၌​နေ​သော ရှ​မာ​ရိ​လူ​အ​များ​တို့​သည် ယေ​ရှု​ကို​ယုံ​ကြည်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 40,
      "text": "ထို​ကြောင့်၊ ရှ​မာ​ရိ​လူ​တို့​သည် အ​ထံ​တော်​သို့​ရောက်​လျှင်၊ မိ​မိ​တို့​အ​ရပ်၌ နေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်၏။ ထို​အ​ရပ်၌ နှစ်​ရက်​နေ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 41,
      "text": "အ​ခြား​သော​သူ​အ​များ​တို့​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် ယုံ​ကြည်၍၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 42,
      "text": "ထို​မိန်း​မ​အား၊ ယ​ခု​ဖြစ်​လျှင် ငါ​တို့​သည် သင်၏​စ​ကား​ကြောင့်​သာ ယုံ​ကြည်​သည်​မ​ဟုတ်။ စ​ကား​တော်​ကို ကိုယ်​တိုင်​ကြား​နာ​ရ၍၊ ဤ​သူ​သည် လော​ကီ​သား​တို့​ကို ကယ်​တင်​တော်​မူ​သော သ​ခင်​တည်း​ဟူ​သော ခ​ရစ်​တော် အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​ကြောင်း​ကို သိ​သည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 43,
      "text": "နှစ်​ရက်​လွန်​ပြီး​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ နာ​ဇ​ရက်​မြို့​ကို ရှောင်​လျက်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 44,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​သည် မိ​မိ​နေ​ရင်း​ပြည်၌ အ​သ​ရေ​မ​ရှိ​ဟု ယေ​ရှု​သည် ကိုယ်​တိုင်​သက်​သေ​ခံ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 45,
      "text": "ဂါ​လိ​လဲ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ ဂါ​လိ​လဲ​လူ​တို့​သည် ကိုယ်​တော်​ကို​လက်​ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ခံ​သော​ပွဲ​သို့​သွား​တတ်​သ​ဖြင့်၊ ထို​ပွဲ​အ​တွင်း​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို မြင်​ခဲ့​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 46,
      "text": "ရေ​ကို စ​ပျစ်​ရည်​ဖြစ်​စေ​သော​အ​ရပ်၊ ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ၏။ က​ပေ​ရ​နောင်​မြို့၌ အ​မတ်​တစ်​ယောက်၏​သား​သည် အ​နာ​ရော​ဂါ​စွဲ​လျက်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 47,
      "text": "ယေ​ရှု​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့ ရောက်​တော်​မူ​သည်​ကို ထို​အ​မတ်​သည်​ကြား​လျှင်၊ အ​ထံ​တော်​သို့ သွား၍ သေ​ခါ​နီး​ဖြစ်​သော မိ​မိ​သား​ဆီ​သို့​ကြွ၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 48,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 49,
      "text": "သ​ခင်၊ အ​ကျွန်ုပ်​သား​မ​သေ​မီ​ကြွ​တော်​မူ​ပါ​ဟု အ​မတ်​လျှောက်​ပြန်၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 50,
      "text": "ယေ​ရှု​က​လည်း၊ သွား​လော့။ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​အ​မတ်​သည် ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို ယုံ၍​သွား​လေ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 51,
      "text": "လမ်း၌​သွား​စဉ်​တွင် မိ​မိ​ငယ်​သား​တို့​သည် ခ​ရီး​ဦး​ကြို​လာ၍၊ ကိုယ်​တော်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပါ​ပြီ​ဟု ကြား​လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 52,
      "text": "အ​ဘယ်​အ​ချိန်၌ သက်​သာ​ခြင်း​သို့ ရောက်​သ​နည်း​ဟု မေး​လျှင်၊ မ​နေ့​ခု​နစ်​နာ​ရီ​အ​ချိန်၌ ဖျား​နာ​ပျောက်​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 53,
      "text": "ထို​အ​ချိန်​ကား၊ သင်၏​သား​သည် အ​သက်​ချမ်း​သာ​ရ​ပြီ​ဟု ယေ​ရှု​မိန့်​တော်​မူ​သော အ​ချိန်​ဖြစ်​သည်​ကို အ​ဘ​သိ၍၊ ကိုယ်​တိုင်​မှ​စ​သော မိ​မိ၏​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 4,
      "verse": 54,
      "text": "ဤ​နိ​မိတ်​လ​က္ခ​ဏာ​တော်​ကား၊ ယေ​ရှု​သည် ယု​ဒ​ပြည်​မှ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​သည်​နောက်၊ ပြ​တော်​မူ​သော ဒု​တိ​ယ​နိ​မိတ်​လ​က္ခ​ဏာ ဖြစ်​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 1,
      "text": "ထို​နောက်​မှ ယု​ဒ​ပွဲ​ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 2,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 3,
      "text": "ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 5,
      "text": "ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 6,
      "text": "ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 7,
      "text": "နာ​သော​သူ​က​လည်း၊ သ​ခင်၊ ရေ​လှုပ်​ရှား​သော​အ​ခါ ရေ​ကန်​ထဲ​သို့ အ​ကျွန်ုပ်​ကို သွင်း​ထား​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​သွား​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ရှေ့​မှာ ဝင်​တတ်​ပါ​သည်​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 8,
      "text": "ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 9,
      "text": "ခ​ဏ​ချင်း​တွင် ထို​သူ​သည် ပ​က​တိ​အ​ဖြစ်​သို့​ရောက်၍၊ မိ​မိ​အိပ်​ရာ​ကို​ဆောင်​လျက် လှမ်း​သွား၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 10,
      "text": "ထို​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​ကြောင့် ယု​ဒ​လူ​တို့​က၊ ဥ​ပုသ်​နေ့​ဖြစ်၏။ အိပ်​ရာ​ကို မ​ဆောင်​အပ်​ဟု ရော​ဂါ​ကင်း​သော သူ​အား​ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 11,
      "text": "သူ​က​လည်း၊ အ​ကျွန်ုပ်​ကို ကျန်း​မာ​စေ​သော​သူ​က၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဆို​သည်​ဟု ပြန်​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 12,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု သင့်​အား​ဆို​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 13,
      "text": "ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 14,
      "text": "ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 15,
      "text": "ထို​သူ​သည်​သွား၍ မိ​မိ​ကို​ကျန်း​မာ​စေ​သော​သူ​သည် ယေ​ရှု​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​အား​ကြား​ပြော​လေ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 16,
      "text": "ထို​အ​မှု​ကို ဥ​ပုသ်​နေ့၌​ပြု​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ယေ​ရှု​ကို​ညှဉ်း​ဆဲ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 17,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လည်း လုပ်၏​ဟု ပြန်​ပြော​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 18,
      "text": "သို့​ဖြစ်၍ ဥ​ပုသ်​နေ့​ကို ဖျက်​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို မိ​မိ​အ​ဘ​ဟု​ခေါ်၍ မိ​မိ​ကို​ဘု​ရား​သ​ခင်​နှင့် ပြိုင်​နှိုင်း​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ သာ၍​ရှာ​ကြံ​ကြ၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 19,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 20,
      "text": "ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 21,
      "text": "ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​ရှင်​ပြန်​စေ​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ သား​တော်​သည်​လည်း အ​လို​ရှိ​သ​မျှ​သော သူ​တို့​ကို ရှင်​စေ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 22,
      "text": "လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို ရို​သေ​သည်​နည်း​တူ၊-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 23,
      "text": "သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 24,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 25,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 27,
      "text": "သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 28,
      "text": "ဤ​အ​မှု​အ​ရာ​ကို အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိ​သော သူ​အ​ပေါင်း​တို့​သည် သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 29,
      "text": "ထွက်​ရ​မည့်​အ​ချိန်​ကာ​လ ရောက်​လ​တ္တံ့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​သက်​ရှင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း ထွက်​ရ​ကြ​လ​တ္တံ့။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 30,
      "text": "ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 31,
      "text": "ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​လျှင် ငါ့​သက်​သေ​မ​တည်။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 32,
      "text": "ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 33,
      "text": "သင်​တို့​သည် ယော​ဟန်​ထံ​သို့​စေ​လွှတ်​ကြ၏။ သူ​သည် သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 34,
      "text": "သို့​သော်​လည်း လူ​ပေး​သော​သက်​သေ​ကို ငါ​သည်​ပ​မာ​ဏ​မ​ပြု။ သင်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ဤ​စ​ကား​ကို ငါ​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 35,
      "text": "ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 36,
      "text": "ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 37,
      "text": "ခ​မည်း​တော်​သည်​လည်း ငါ့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။ ခ​မည်း​တော်၏​စ​ကား​သံ​တော်​ကို သင်​တို့​သည် မ​ကြား၊ သ​ဏ္ဌာန်​တော်​ကို မ​မြင်၊-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 38,
      "text": "နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့၌​မ​တည်။ အ​ကြောင်း​မူ​ကား၊ စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ယုံ​ကြည်​ဘဲ​နေ​ကြ၏။"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 39,
      "text": "ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 40,
      "text": "သင်​တို့​သည် အ​သက်​ကို​ရ​အောင် ငါ့​ထံ​သို့ လာ​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ၊-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 41,
      "text": "လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 42,
      "text": "သို့​သော်​လည်း ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​သည် သင်​တို့၌ မ​ရှိ​သည်​ကို ငါ​သိ၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 43,
      "text": "ငါ​သည်​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ရောက်​လာ​သော်​လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အ​ခြား​သော​သူ​သည် မိ​မိ​အ​ခွင့်​နှင့်​ရောက်​လာ​လျှင် ထို​သူ​ကို လက်​ခံ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 44,
      "text": "အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 45,
      "text": "ခ​မည်း​တော်​ရှေ့၌ ငါ​သည် သင်​တို့​ကို​အ​ပြစ်​တင်​မည်​ဟု မ​ထင်​ကြ​နှင့်။ သင်​တို့​ကို အ​ပြစ်​တင်​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ​ကား သင်​တို့​ကိုး​စား​သော မော​ရှေ​ပေ​တည်း။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 46,
      "text": "သင်​တို့​သည် မော​ရှေ၏​စ​ကား​ကို ယုံ​လျှင် ငါ့​စ​ကား​ကို မ​ယုံ​ဘဲ​မ​နေ​နိုင်​ကြ။ အ​ကြောင်း​မူ​ကား၊ မော​ရှေ​သည် ငါ့​အ​ကြောင်း​ကို ရေး​ထား၏။-"
    },
    {
      "book": 43,
      "chapter": 5,
      "verse": 47,
      "text": "သူ​ရေး​ထား​သော​စာ​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ငါ့​စ​ကား​ကို အ​ဘယ်​သို့​ယုံ​နိုင်​မည်​နည်း​ဟု ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 1,
      "text": "ထို​နောက်​မှ ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​တည်း​ဟူ​သော ဂါ​လိ​လဲ​အိုင်​ကို ကူး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 2,
      "text": "အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 3,
      "text": "ယေ​ရှု​သည်​တောင်​ပေါ်​သို့ တက်​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထိုင်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 4,
      "text": "ထို​အ​ခါ ယု​ဒ​လူ​တို့၏​ပ​သ​ခါ​ပွဲ​ခံ​ချိန် ရောက်​လု​နီး​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 5,
      "text": "ယေ​ရှု​သည် မျှော်​ကြည့်၍ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ဖိ​လိ​ပ္ပု​အား၊ ဤ​သူ​တို့​စား​စ​ရာ​မုန့်​ကို အ​ဘယ်​မှာ ဝယ်​မည်​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 6,
      "text": "ထို​သို့​မေး​တော်​မူ​သော်၊ မိ​မိ​အ​ဘယ်​သို့ ပြု​မည်​ကို​သိ​တော်​မူ​လျက်​ပင် ဖိ​လိ​ပ္ပု​ကို​စုံ​စမ်း​ခြင်း​ငှာ​သာ မေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 7,
      "text": "ဖိ​လိ​ပ္ပု​က​လည်း၊ ဤ​သူ​တို့​သည် မုန့်​တစ်​ဖဲ့​စီ​စေ့​အောင် ဒေ​နာ​ရိ​အ​ပြား​နှစ်​ရာ​အ​ဖိုး​ထိုက်​သော​မုန့် မ​လောက်​ပါ​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 8,
      "text": "ရှိ​မုန်​ပေ​တ​ရု၏​ညီ အ​န္ဒြေ​အ​မည်​ရှိ​သော တ​ပည့်​တော်​က၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 9,
      "text": "မု​ယော​မုန့်​ငါး​လုံး​နှင့် ငါး​က​လေး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သို့​သော်​လည်း ဤ​မျှ​လောက် များ​စွာ​သော​သူ​တို့​သည် ရှိ​ကြ​သည်​ဖြစ်၍၊ ထို​မုန့်​နှင့် ငါး​နှစ်​ကောင်​တို့​ကို အ​ဘယ်​ပြော​စ​ရာ​ရှိ​ပါ​သ​နည်း ဟု​လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 10,
      "text": "ယေ​ရှု​က​လည်း၊ လူ​များ​တို့​ကို လျောင်း​ကြ​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ မြက်​ပင်​ထူ​ပြော​လျက်​ရှိ​သည် ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် ငါး​ထောင်​မျှ​လောက်​သော​လူ​တို့​သည် လျောင်း​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 11,
      "text": "ယေ​ရှု​သည်​မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ တ​ပည့်​တော်​တို့​အား ဝေ​ငှ​တော်​မူ၍၊ တ​ပည့်​တော်​တို့​သည် လျောင်း​သော​သူ​တို့​အား ဝေ​ငှ​ပြန်၏။ ထို​နည်း​တူ ငါး​နှစ်​ကောင်​ကို လူ​များ​လို​ချင်​သ​မျှ ဝေ​ငှ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 12,
      "text": "ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 13,
      "text": "စား​သော​သူ​တို့၌ ကျန်​ကြွင်း​သော မု​ယော​မုန့်​ငါး​လုံး၏ အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 14,
      "text": "ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 15,
      "text": "ထို​သူ​တို့​သည် ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ​လာ၍ အ​နိုင်​အ​ထက်​ပြု​ကြ​မည်​အ​ကြောင်း​ကို ယေ​ရှု​သည်​သိ​တော်​မူ​လျှင်၊ တောင်​ပေါ်​သို့ တစ်​ယောက်​တည်း​ကြွ​တော်​မူ​ပြန်၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 16,
      "text": "ည​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် အိုင်​သို့​သွား၍ လှေ​ထဲ​သို့​ဝင်​ပြီး​လျှင်၊ က​ပေ​ရ​နောင်​မြို့​သို့ ရောက်​အံ့​သော​ငှာ အိုင်​ကို​ကူး​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 17,
      "text": "ထို​အ​ခါ​မှောင်​မိုက်​ဖြစ်၍ ယေ​ရှု​သည် သူ​တို့ ရှိ​ရာ​သို့​မ​ရောက်​သေး။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 18,
      "text": "လေ​ပြင်း​မုန်​တိုင်း​လာ၍ လှိုင်း​တံ​ပိုး​ထ​လေ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 19,
      "text": "ခ​ရီး​တစ်​တိုင်​ခွဲ​နှစ်​တိုင်​လောက် တက်​ခတ်၍ ရောက်​သော​အ​ခါ၊ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​၍ လှေ​အ​နီး​သို့​ချဉ်း​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်၍ ကြောက်​လန့်​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 20,
      "text": "ကိုယ်​တော်​က​လည်း၊ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ​လျှင်၊ လှေ​ထဲ​သို့ ကိုယ်​တော်​ကို ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 21,
      "text": "လှေ​သည်​လည်း ရောက်​လို​သော​အ​ရပ်​သို့ တစ်​ခ​ဏ​ချင်း​တွင် ဆိုက်​လေ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 22,
      "text": "အိုင်​တစ်​ဖက်၌​နေ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 23,
      "text": "အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 24,
      "text": "ထို​အ​ရပ်၌ ယေ​ရှု​မှ​စ​သော တ​ပည့်​တော်​တို့​မ​ရှိ​သည်​ကို သိ​ကြ​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ လှေ​စီး၍ ယေ​ရှု​ကို​ရှာ​ခြင်း​ငှာ က​ပေ​ရ​နောင်​မြို့​သို့ သွား​ကြ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 25,
      "text": "အိုင်​တစ်​ဖက်၌​တွေ့​လျှင်၊ အ​ရှင်​ဘု​ရား၊ အ​ဘယ်​သော​အ​ခါ ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 26,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 27,
      "text": "မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 28,
      "text": "ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော အ​ကျင့်​ကို​ကျင့်​ခြင်း​ငှာ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 29,
      "text": "ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 30,
      "text": "ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 31,
      "text": "ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 32,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 33,
      "text": "ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 34,
      "text": "သ​ခင်၊ ထို​မုန့်​ကို​အ​ကျွန်ုပ်​တို့​အား အ​စဉ်​မ​ပြတ်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 35,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 36,
      "text": "သို့​သော်​လည်း​သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 37,
      "text": "ခ​မည်း​တော်​သည် ငါ့​အား ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​သည် ငါ​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ လာ​သော​သူ​ကို ငါ​သည်​အ​လျှင်း​မ​ပယ်။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 38,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 39,
      "text": "ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်၏ အ​လို​တော်​ကား၊ ငါ့​အား​ပေး​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​ပျောက်​စေ​ရ​ဘဲ၊ နောက်​ဆုံး​သော​နေ့၌ ထို​သူ​အ​ပေါင်း​တို့​ကို ထ​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 40,
      "text": "သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 41,
      "text": "ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​ကို ယု​ဒ​လူ​တို့​က၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 42,
      "text": "ဤ​သူ​သည် ယော​သပ်၏​သား​ယေ​ရှု​ဖြစ်​သည် မ​ဟုတ်​လော။ သူ၏​မိ​ဘ​ကို ငါ​တို့​သိ​သည်​မ​ဟုတ်​လော။ ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်၏​ဟု သူ​သည်​အ​ဘယ်​သို့​ဆို​ရ​သ​နည်း​ဟု ကဲ့​ရဲ့​ပြစ်​တင်​လျက် ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 43,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​ကို​အ​ချင်း​ချင်း​ကဲ့​ရဲ့၍ အ​ပြစ်​မ​တင်​ကြ​နှင့်။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 44,
      "text": "ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 45,
      "text": "အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ​လိမ့်​မည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ခ​မည်း​တော်​ထံ၌​နား​ထောင်၍ နည်း​ခံ​သော​သူ​မှန်​သ​မျှ​တို့​သည် ငါ့​ထံ​သို့ လာ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 46,
      "text": "ထို​သို့​ငါ​ဆို​သော်၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကြွ​လာ​သော​သူ​မှ​တစ်​ပါး တစ်​စုံ​တစ်​ယောက်​သော သူ​သည် ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု မ​ဆို​လို။ ကြွ​လာ​သော​သူ​မူ​ကား၊ ခ​မည်း​တော်​ကို မြင်​ခဲ့​ပြီ။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 47,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 48,
      "text": "ငါ​သည် အ​သက်​မုန့်​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 49,
      "text": "သင်​တို့​ဘိုး​ဘေး​များ​သည် တော၌​မ​န္န​ကို​စား​လျက် သေ​ရ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 50,
      "text": "ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 51,
      "text": "ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 52,
      "text": "ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 53,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ လူ​သား၏​အ​သား​ကို​မ​စား၊ အ​သွေး​ကို​မ​သောက်​လျှင် သင်​တို့၌ အ​သက်​မ​ရှိ။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 54,
      "text": "ငါ၏​အ​သား​ကို​စား၍ ငါ၏​အ​သွေး​ကို​လည်း သောက်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ ထို​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 55,
      "text": "ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 56,
      "text": "ငါ၏​အ​သား​အ​သွေး​ကို သောက်​စား​သော​သူ​သည် ငါ၌​တည်၏။ ထို​သူ၌​လည်း ငါ​တည်၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 57,
      "text": "အ​သက်​ရှင်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၍၊ ငါ​သည်​ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သည်​နည်း​တူ၊ ငါ့​ကို​စား​သော​သူ​သည် ငါ့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 58,
      "text": "ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 59,
      "text": "က​ပေ​ရ​နောင်​မြို့​တ​ရား​ဇ​ရပ်၌ ဩ​ဝါ​ဒ​ပေး​စဉ်​တွင် မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 60,
      "text": "တ​ပည့်​တော်​အ​များ​တို့​သည် ကြား​လျှင်၊ ထို​စ​ကား​သည် အ​လွန်​ခက်​လှ၏။ အ​ဘယ်​သူ​နား​ခံ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 61,
      "text": "ထို​သို့ တ​ပည့်​တော်​တို့ ကဲ့​ရဲ့​ပြစ်​တင်​သည်​ကို ယေ​ရှု​သည် အ​လို​အ​လျောက်​သိ​တော်​မူ​လျှင်၊ ဤ​တ​ရား​စ​ကား​ကြောင့် သင်​တို့​သည် စိတ်​ပျက်​ကြ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 62,
      "text": "လူ​သား​သည် အ​ရင်​နေ​ရာ​အ​ရပ်​သို့ တစ်​ဖန် ကြွ​တက်​သည်​ကို​မြင်​ရ​လျှင် အ​ဘယ်​သို့ ထင်​မှတ်​ကြ​မည်​နည်း။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 63,
      "text": "ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 64,
      "text": "သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 65,
      "text": "ထို​ကြောင့် ငါ၏​ခ​မည်း​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ​ထံ​သို့​မ​လာ​နိုင်​ဟု အ​ထက်​က ငါ​ဆို​ခဲ့​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို​မိန့်​တော်​မူ​သည် အ​ကြောင်း​ဟူ​မူ​ကား၊ အ​ဘယ်​သူ​မ​ယုံ​ကြည်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ကိုယ်​တော်​ကို အပ်​နှံ​မည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် အ​စ​အ​ဦး၌ သိ​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 66,
      "text": "ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​အ​များ​တို့​သည် ကိုယ်​တော်​နှင့် မ​ပေါင်း​ဖော်​ဘဲ ဆုတ်​သွား​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 67,
      "text": "ထို​ကြောင့် ယေ​ရှု​သည် တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​အား၊ သင်​တို့​သည်​လည်း ထွက်​သွား​ခြင်း​ငှာ အ​လို​ရှိ​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 68,
      "text": "ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ထံ​သို့ သွား​ရ​မည်​နည်း။ ထာ​ဝ​ရ​အ​သက်​နှင့် ယှဉ်​သော​စ​ကား​သည် ကိုယ်​တော်၌ တည်​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 69,
      "text": "ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ ယုံ​ကြည်​သိ​မှတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 70,
      "text": "ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​တွင် ရန်​သူ​တစ်​ယောက်​ပါ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 6,
      "verse": 71,
      "text": "ထို​သို့​မိန့်​တော်​မူ​သော်၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​ကို ဆို​လို​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 1,
      "text": "ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 2,
      "text": "ယု​ဒ​လူ​တို့၏ သ​ကေ​နေ​ပွဲ​ခံ​ခါ​နီး​တွင်၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 3,
      "text": "ညီ​တော်​တို့​က၊ သင်​ပြု​သော​အ​မှု​တို့​ကို တ​ပည့်​များ​တို့​သည် မြင်​စေ​ခြင်း​ငှာ ဤ​အ​ရပ်​မှ​ထွက်၍ ယု​ဒ​ပြည်​သို့​ကြွ​ပါ။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 4,
      "text": "ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 5,
      "text": "မ​ယုံ​ကြည်​သော​ကြောင့် ယေ​ရှု​အား​ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 6,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​ဖို့ ခပ်​သိမ်း​သော​အ​ချိန် သင့်​လျက်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 7,
      "text": "လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မုန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့၏​အ​ကျင့်​ဆိုး​ညစ်​ကြောင်း​ကို သက်​သေ​ခံ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 8,
      "text": "ထို​ပွဲ​သို့ သင်​တို့​သွား​ကြ​လော့။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 9,
      "text": "ငါ​မ​သွား​သေး။ ငါ့​အ​ချိန်​မ​ပြည်​စုံ​သေး​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ဂါ​လိ​လဲ​ပြည်​မှာ နေ​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 10,
      "text": "ညီ​တော်​တို့​သွား​ပြီး​မှ ကိုယ်​တော်​သည် ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 11,
      "text": "ထို​ပွဲ၌​ယု​ဒ​လူ​တို့​က၊ ယေ​ရှု​သည်​အ​ဘယ်​မှာ ရှိ​သ​နည်း​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 12,
      "text": "လူ​အ​စု​အ​ဝေး​တို့​သည် ကိုယ်​တော်​ကို​အ​ကြောင်း​ပြု၍ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ၏။ အ​ချို့​တို့​က၊ သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​တို့​က၊ သူ​တော်​ကောင်း​မ​ဟုတ်၊ လူ​များ​ကို​လှည့်​ဖြား​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 13,
      "text": "သို့​သော်​လည်း ယု​ဒ​လူ​တို့​ကို​ကြောက်​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​တည့်​အ​လင်း​မ​ပြော​ဝံ့​ကြ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 14,
      "text": "ထို​ပွဲ​ကို ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 15,
      "text": "ယု​ဒ​လူ​တို့​သည် အံ့​ဩ၍၊ ဤ​သူ​သည် စာ​မ​သင်​ဘဲ​လျက် အ​ဘယ်​သို့ တတ်​ဘိ​သ​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 16,
      "text": "ယေ​ရှု​က​လည်း၊ ငါ​ဟော​သော​ဒေ​သ​နာ​သည် ငါ၏​ဒေ​သ​နာ​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ၏​ဒေ​သ​နာ​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 17,
      "text": "ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 18,
      "text": "ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 19,
      "text": "မော​ရှေ​သည် ပ​ညတ်​တ​ရား​ကို သင်​တို့​အား ပေး​သည်​မ​ဟုတ်​လော။ ထို​တ​ရား​ကို သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျင့်။ ငါ့​ကို​သတ်​အံ့​သော​ငှာ အ​ဘယ်​ကြောင့် ရှာ​ကြံ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 20,
      "text": "လူ​အ​စု​အ​ဝေး​က​လည်း၊ သင်​သည် နတ်​ဆိုး​စွဲ​သော​သူ​ဖြစ်၏။ သင့်​ကို သတ်​အံ့​သော​ငှာ အ​ဘယ်​သူ​ရှာ​ကြံ​သ​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 21,
      "text": "ယေ​ရှု​က​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု​ကို သင်​တို့​ရှိ​သ​မျှ​သည် အံ့​ဩ​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 22,
      "text": "မော​ရှေ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို သင်​တို့​အား​ပေး၏။ ထို​သို့​ဆို​သော် မော​ရှေ​မှ အ​စ​စွာ​ခံ​ရ​သည်​ဟု မ​ဆို​လို။ ဘိုး​ဘေး​များ​မှ ဆက်​ခံ​ရ​သ​တည်း၊ ထို​ကြောင့် ဥ​ပုသ်​နေ့၌ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 23,
      "text": "မော​ရှေ၏​တ​ရား​မ​ပျက်​စေ​ခြင်း​ငှာ လူ​သည်​ဥ​ပုသ်​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ရ​လျှင်၊ ငါ​သည် ဥ​ပုသ်​နေ့၌ လူ​တစ်​ကိုယ်​လုံး​ကို ကျန်း​မာ​စေ​သော​ကြောင့်၊ သင်​တို့​သည် ငါ့​ကို အ​မျက်​ထွက်​ရာ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 24,
      "text": "မျက်​နှာ​ကို​သာ​ကြည့်၍ မ​စီ​ရင်​ကြ​နှင့်။ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 25,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​က​လည်း၊ ဤ​သူ​ကို​သတ်​အံ့​သော​ငှာ ရှာ​ကြ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 26,
      "text": "ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော၍ အ​ဘယ်​မြစ်​တား​ခြင်း​ကို​မျှ မ​ပြု​ကြ​ပါ​တ​ကား၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို မင်း​များ​တို့​သည် အ​မှန်​သိ​ကြ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 27,
      "text": "သို့​သော်​လည်း ဤ​သူ​သည် အ​ဘယ်​က​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ဘယ်​က​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ရ​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 28,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​သိ​ကြ၏။ ငါ​သည် အ​ဘယ်​က ဖြစ်​သည်​ကို​လည်း သိ​ကြ၏။ သို့​သော်​လည်း ငါ​သည် ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။ ထို​သူ​ကို သင်​တို့​မ​သိ​ကြ။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 29,
      "text": "ငါ​မူ​ကား​သိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ၏​အ​ထံ​တော်​မှ ငါ​လာ၏။ သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ၏​ဟု ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင် ကြွေး​ကြော်၍ မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 30,
      "text": "ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 31,
      "text": "လူ​အ​စု​အ​ဝေး​ထဲ၌ ပါ​သော​လူ​အ​များ​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ဤ​သူ​ပြ​သော နိ​မိတ်​လ​က္ခ​ဏာ​ထက် သာ၍​များ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပြ​တော်​မူ​မည်​လော​ဟု ဆို​ကြ၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 32,
      "text": "ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 33,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 34,
      "text": "ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 35,
      "text": "ယု​ဒ​လူ​တို့​က၊ ငါ​တို့​ကို​မ​တွေ့​စေ​ခြင်း​ငှာ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​လိမ့်​မည်​နည်း။ ဟေ​လ​သ​လူ​တို့​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​နေ​သော သူ​တို့​ရှိ​ရာ​သို့​သွား၍ ဟေ​လ​သ​လူ​တို့​အား တ​ရား​ဟော​လိမ့်​မည်​လော။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 36,
      "text": "သင်​တို့​သည် ငါ့​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ ဟူ​သော​စ​ကား​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 37,
      "text": "ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 38,
      "text": "ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း အ​သက်​ရေ​ထွက်​ရာ စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 39,
      "text": "ထို​သို့​မိန့်​တော်​မူ​သော်၊ ယုံ​ကြည်​သော​သူ​တို့​သည် ခံ​ရ​လ​တ္တံ့​သော​ဝိ​ညာဉ်​တော်​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဘုန်း​ပွင့်​တော်​မ​မူ​သေး​သော​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မ​မူ​သေး။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 40,
      "text": "စ​ကား​တော်​ကို ကြား​သော​လူ​အ​များ​တို့​က၊ ဤ​သူ​သည် လာ​လ​တ္တံ့​သော​ပ​ရော​ဖက် အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 41,
      "text": "အ​ချို့​က​လည်း၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​ပြည်​သား ဖြစ်​ရ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 42,
      "text": "ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​နေ​ရာ​ဌာ​န၊ ဗက်​လင်​ရွာ​သား​ဖြစ်​ရ​မည်​ဟု ကျမ်း​စာ​လာ​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 43,
      "text": "ထို​သို့​လူ​များ​တို့​သည် ကွဲ​ပြား​ကြ​သည်​ဖြစ်၍၊ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 44,
      "text": "သို့​သော်​လည်း အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 45,
      "text": "ထို​အ​ခါ မင်း​လု​လင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ဖာ​ရိ​ရှဲ​ထံ​သို့​ပြန်၍၊ ထို​မင်း​တို့​က၊ အ​ဘယ်​ကြောင့် သူ့​ကို​မ​ဆောင်​ခဲ့​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 46,
      "text": "မင်း​လု​လင်​တို့​က၊ ထို​သူ​ဟော​ပြော​သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ မ​ဟော​စ​ဖူး​ပါ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 47,
      "text": "ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​တို့​ကို​ပင် လှည့်​ဖြား​ပြီ​လော။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 48,
      "text": "မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 49,
      "text": "တ​ရား​ကို​မ​သိ​သော ဤ​လူ​များ​တို့​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 50,
      "text": "အ​ထက်​က ည​အ​ခါ၌ အ​ထံ​တော်​သို့​လာ​သော သူ​တည်း​ဟူ​သော ထို​မင်း​များ​အ​ဝင်​ဖြစ်​သော နိ​ကော​ဒင်​က​လည်း၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 51,
      "text": "ငါ​တို့​တ​ရား​သည် လူ​ကို​မ​စစ်၊ သူ့​အ​မှု​ကို မ​သိ​မီ​က​ပင် ရှေ့​မ​ဆွ​က ဆုံး​ဖြတ်​တတ်​သ​လော​ဟု ဆို​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 52,
      "text": "သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊-"
    },
    {
      "book": 43,
      "chapter": 7,
      "verse": 53,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​အိမ်​သို့​သွား​ကြ၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 1,
      "text": "ယေ​ရှု​သည်​လည်း သံ​လွင်​တောင်​သို့ ကြွ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 2,
      "text": "နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 3,
      "text": "မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​လျက်​နေ​သော မိန်း​မ​တစ်​ယောက်​ကို​တွေ့​လျှင်၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​ခေါ်​ခဲ့၍ အ​လယ်၌​ထား​ပြီး​မှ၊-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 4,
      "text": "အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ​သည် မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​စဉ်​တွင်​ပင် တွေ့​မိ​ပါ​သည်။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 5,
      "text": "ထို​သို့​သော​မိန်း​မ​ကို ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်​ဟု မော​ရှေ​သည်​အ​ကျွန်ုပ်​တို့​အား ပ​ညတ်​တ​ရား၌ စီ​ရင်​ထုံး​ဖွဲ့​ပါ​ပြီ။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​မည်​နည်း​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 6,
      "text": "ထို​သို့​လျှောက်​ကြ​သော်၊ ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ စုံ​စမ်း​နှောင့်​ယှက်​သော​အား​ဖြင့် လျှောက်​ကြ၏။ ယေ​ရှု​သည် အောက်​သို့​ငုံ့​လျက် လက်​ညှိုး​တော်​နှင့် မြေ၌​ရေး​သား၍​နေ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 7,
      "text": "ထို​သူ​တို့​သည် အ​ထပ်​ထပ်​မေး​လျှောက်​ကြ​သော​အ​ခါ ကိုယ်​ကို​လှန်​တော်​မူ၍၊ သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် ရှေ့​ဦး​စွာ ကျောက်​ခဲ​နှင့်​ပစ်​စေ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 8,
      "text": "တစ်​ဖန်​အောက်​သို့​ငုံ့၍ မြေ၌ ရေး​သား​တော်​မူ​ပြန်၏၊"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 9,
      "text": "ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 10,
      "text": "ထို​အ​ခါ​ယေ​ရှု​သည် ကိုယ်​ကို​လှန်​တော်​မူ​ပြန်၍၊ ထို​မိန်း​မ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​လျှင်၊ အ​ချင်း မိန်း​မ၊ သင့်​ကို အ​ပြစ်​တင်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သင်၏​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​စီ​ရင်​လော ဟု​မေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 11,
      "text": "ထို​မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​မျှ မ​စီ​ရင်​ပါ​သ​ခင်​ဟု လျှောက်၏။ ငါ​သည်​လည်း သင်၏​အ​မှု​ကို မ​စီ​ရင်။ သွား​လော့။ နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 12,
      "text": "တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 13,
      "text": "ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​သည် ကိုယ်​အ​ကြောင်း​ကို​သက်​သေ​ခံ၏၊ သင်၏​သက်​သေ​မ​တည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 14,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း၊ ငါ့​သက်​သေ​တည်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​ဘယ်​အ​ရပ်​က လာ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သင်​တို့​မူ​ကား မ​သိ​ကြ။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 15,
      "text": "သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း စီ​ရင်​တတ်​ကြ၏။ ငါ​မူ​ကား အ​ဘယ်​သူ​ကို​မျှ​မ​စီ​ရင်။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 16,
      "text": "ငါ​သည်​စီ​ရင်​သော်​လည်း ငါ၏​စီ​ရင်​ခြင်း​သည် တည်၏။ အ​ကြောင်း​မူ​ကား။ ငါ​သည် တစ်​ယောက်​တည်း နေ​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ဘက်၌​နေ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 17,
      "text": "သက်​သေ​ခံ​နှစ်​ဦး​တို့၏ စ​ကား​သည် တည်​ရ၏​ဟု သင်​တို့ ပ​ည​တ္တိ​ကျမ်း​စာ၌​လာ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 18,
      "text": "ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ​ဖြစ်၏။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 19,
      "text": "ထို​သူ​တို့​က​လည်း၊ သင်၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ ငါ့​ခ​မည်း​တော်​ကို​လည်း မ​သိ​ကြ။ ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 20,
      "text": "ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ဤ​စ​ကား​တော်​ကို ဘ​ဏ္ဍာ​တိုက်​မှာ မိ​န့်​မြွက်​တော်​မူ၏။ ကိုယ်​တော်၏​အ​ချိန် မ​စေ့​မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 21,
      "text": "တစ်​ဖန်​ယေ​ရှု​က၊ ငါ​သည်​သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ကိုယ်​အ​ပြစ်၌​လည်း သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 22,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ ငါ​သွား​ရာ​အ​ရပ်​သို့​သင်​တို့ မ​ရောက်​နိုင်​ကြ​ဟု သူ​သည်​ဆို​သော်၊ ကိုယ်​အ​သက်​ကို သတ်​မည်​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် အောက်​သား​ဖြစ်​ကြ၏။ ငါ​မူ​ကား အ​ထက်​သား​ဖြစ်​ကြ၏။ သင်​တို့​သည် လော​ကီ​သား ဖြစ်​ကြ၏။ ငါ​မူ​ကား လော​ကီ​သား​မ​ဟုတ်။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 24,
      "text": "ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 25,
      "text": "ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 26,
      "text": "သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 27,
      "text": "ခ​မည်း​တော်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကို ထို​သူ​တို့​သည် မ​ရိပ်​မိ​ကြ။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 28,
      "text": "ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 29,
      "text": "ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ နှစ်​သက်​တော်​မူ​သော​အ​မှု​ကို အ​စဉ်​မ​ပြတ်​ငါ​ပြု​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 30,
      "text": "ထို​စ​ကား​တော်​ကို မိန့်​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 31,
      "text": "ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည် ငါ၏​ဒေ​သ​နာ၌ တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 32,
      "text": "သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​ဟု၊ ယုံ​ကြည်​သော ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 33,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 34,
      "text": "ဒု​စ​ရိုက်​ကို ပြု​သ​မျှ​သော​သူ​တို့​သည် ဒု​စ​ရိုက်​၏​ကျွန်​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 35,
      "text": "ကျွန်​သည်​ကား အိမ်၌ အ​စဉ်​အ​မြဲ​နေ​သည်​မ​ဟုတ်။ သား​မူ​ကား အ​စဉ်​အ​မြဲ​နေ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 36,
      "text": "ထို​ကြောင့် သား​သည် သင်​တို့​ကို​လွှတ်​လျှင်၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 37,
      "text": "သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 38,
      "text": "ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 39,
      "text": "ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 40,
      "text": "ဘု​ရား​သ​ခင့် အ​ထံ​တော်၌ ကြား​ရ​သော​သ​စ္စာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​သူ​တည်း​ဟူ​သော ငါ့​ကို​သတ်​အံ့​သော​ငှာ သင်​တို့​သည် ယ​ခု​ရှာ​ကြံ​ကြ၏။ အာ​ဗြ​ဟံ​သည် ထို​နည်း​တူ​ကျင့်​သည်​မ​ဟုတ်။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 41,
      "text": "သင်​တို့​သည် သင်​တို့​အ​ဘ၏​အ​ကျင့်​ကို ကျင့်​ကြ၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း၊ ငါ​တို့​သည် မျောက်​မ​ထား​သော​အ​မျိုး မ​ဟုတ်။ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့​အ​ဘ​တစ်​ပါး​တည်း​ရှိ​တော်​မူ​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 42,
      "text": "ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 43,
      "text": "အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 44,
      "text": "သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 45,
      "text": "ငါ​သည်​သ​စ္စာ​စ​ကား​ကို ပြော​သော​ကြောင့် သင်​တို့​မ​ယုံ​ကြ။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 46,
      "text": "ငါ၌ အ​ပြစ်​ရှိ​ကြောင်း​ကို သင်​တို့​တွင် အ​ဘယ်​သူ​ဖော်​ပြ​သ​နည်း။ သ​စ္စာ​စ​ကား​ကို​ငါ​ပြော​သည်​မှန်​လျှင် အ​ဘယ်​ကြောင့်​သင်​တို့ မ​ယုံ​ကြ​သ​နည်း။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 47,
      "text": "ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​တတ်၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​ကြောင့် နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 48,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ရှ​မာ​ရိ​လူ​ဖြစ်၏။ နတ်​ဆိုး​စွဲ​သော​သူ​လည်း​ဖြစ်၏​ဟု ငါ​တို့​ပြော​သော​စ​ကား​သည် လျောက်​ပတ်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 49,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည်​နတ်​ဆိုး​စွဲ​သော​သူ မ​ဟုတ်။ ငါ့​ခ​မည်း​တော်​ကို ချီး​မြှောက်၏။ သင်​တို့​သည် ငါ့​ကို ရှုတ်​ချ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 50,
      "text": "ငါ​သည် ကိုယ်​ဘုန်း​အ​သ​ရေ​ကို​မ​ရှာ။ ငါ၏​ဘုန်း​အ​သ​ရေ​ကို​ရှာ၍ စီ​ရင်​တော်​မူ​သော​သူ ရှိ​သေး၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 51,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 52,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ သင်၌​နတ်​ဆိုး​စွဲ​သည်​ကို ယ​ခု​ငါ​တို့​သိ​ကြ၏။ အာ​ဗြ​ဟံ​မှ​စ၍ ပ​ရော​ဖက်​တို့​သည် သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 53,
      "text": "ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​ထက် သင်​သည် သာ၍​ကြီး​မြတ်​သ​လော။ သူ​သည်​သေ​ပြီ။ ပ​ရော​ဖက်​တို့​လည်း သေ​ကြ​ပြီ။ သင်​သည်​အ​ဘယ်​သို့​သော​သူ၏​အ​ယောင်​ကို ဆောင်​သ​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 54,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​ဂုဏ်​ကို​ပြ​လျှင်၊ ငါ့​ဂုဏ်​သည် အ​ချည်း​နှီး​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​ဂုဏ်​ကို ထင်​ရှား​စေ​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့၏​ဘု​ရား​ဟူ၍ သင်​တို့​ခေါ်​ဝေါ်​တတ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 55,
      "text": "သို့​သော်​လည်း ထို​ဘု​ရား​သ​ခင်​ကို သင်​တို့​မ​သိ​ကြ။ ငါ​မူ​ကား​သိ၏။ ငါ​မ​သိ​ဟု​ငါ​ဆို​လျှင် သင်​တို့​ကဲ့​သို့ မု​သား​သုံး​သော​သူ​ဖြစ်​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်​ကို ငါ​သိ၏။ ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို​လည်း နား​ထောင်၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 56,
      "text": "သင်​တို့​အ​ဘ အာ​ဗြ​ဟံ​သည် ငါ​ကြွ​လာ​မည့်​အ​ချိန်​ကာ​လ​ကို မြော်​မြင်​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ၏။ မြင်​ရ​သော​အ​ခါ ဝမ်း​မြောက်​ခြင်း​သို့ ရောက်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 57,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ သင်၏​အ​သက်​သည် အ​နှစ်​ငါး​ဆယ်​မျှ​မ​ရှိ​ဘဲ​လျက် သင်​သည် အာ​ဗြ​ဟံ​ကို မြင်​လေ​ပြီ​တ​ကား​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 58,
      "text": "ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ အာ​ဗြ​ဟံ​မ​ဖြစ်​မီ ငါ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 8,
      "verse": 59,
      "text": "ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 1,
      "text": "လမ်း၌​သွား​တော်​မူ​စဉ်၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​တစ်​ယောက်​ကို တွေ့​မြင်​သော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 2,
      "text": "တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 3,
      "text": "ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 4,
      "text": "ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 5,
      "text": "ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 6,
      "text": "မြေ​ပေါ်​မှာ ထွေး၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​မှ၊ ကန်း​သော​သူ၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး၍၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 7,
      "text": "သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 8,
      "text": "သူ​သည် သူ​တောင်း​စား​ဖြစ်​သည်​ကို အိမ်​နီး​ချင်း​မှ​စ၍ မြင်​ဖူး​သော​သူ​တို့​က၊ ဤ​သူ​သည် ထိုင်၍ တောင်း​သော​သူ မ​ဟုတ်​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 9,
      "text": "လူ​အ​ချို့​က၊ ဟုတ်​ကဲ့​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း၊ ထို​သူ​နှင့်​တူ​သည်​ဟု ဆို​ကြ၏။ ထို​သူ​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​သူ​ပင်​ဖြစ်​သည်​ဟု ဆို၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 10,
      "text": "သူ​တို့​က​လည်း၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​ပွင့်​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 11,
      "text": "ထို​သူ​က၊ ယေ​ရှု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ရွှံ့​လုပ်၍ ကျွန်ုပ်​မျက်​စိ​ကို​လူး​ပြီး​မှ၊ ရှိ​လောင်​ရေ​ကန်​သို့​သွား၍ မျက်​စိ​ကို​ဆေး​လော့​ဟု ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​သွား၍​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 12,
      "text": "လူ​များ​က​လည်း၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ဟု​ဆို၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 13,
      "text": "လူ​များ​သည် မျက်​စိ​ကန်း​ဖူး​သော ထို​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပို့​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 14,
      "text": "ယေ​ရှု​သည် ရွှံ့​လုပ်၍ သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သော​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 15,
      "text": "တစ်​ဖန်​ဖာ​ရိ​ရှဲ​တို့​က၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ပြန်​လျှင်၊ အ​ကျွန်ုပ်​မျက်​စိ၌ သူ​သည် ရွှံ့​ကို​ထည့်၍ အ​ကျွန်ုပ်​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 16,
      "text": "ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 17,
      "text": "တစ်​ဖန် မျက်​စိ​ကန်း​ဖူး​သော​သူ​အား၊ သင်၏​မျက်​စိ​ကို ဖွင့်​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု မေး​ကြ​လျှင်၊ ပ​ရော​ဖက်​ဖြစ်​သည်​ဟု​ဆို၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 18,
      "text": "ထို​သူ​သည် အ​ထက်​က​မျက်​စိ​မ​မြင်၊ နောက်​မှ​မျက်​စိ​မြင်​သည်​ကို ယု​ဒ​လူ​တို့​သည် မ​ယုံ​ကြ​သ​ဖြင့် သူ၏​မိ​ဘ​ကို​ခေါ်၍၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 19,
      "text": "ဤ​သူ​သည် သင်​တို့​ဆို​သည်​အ​တိုင်း အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော သင်​တို့၏​သား​မှန်​သ​လော။ သို့​မှန်​လျှင် အ​ဘယ်​သို့ ယ​ခု​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 20,
      "text": "မိ​ဘ​တို့​က​လည်း၊ ဤ​သူ​သည် အ​ကျွန်ုပ်​တို့၏ သား​မှန်​သည်​ကို​လည်း​ကောင်း၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 21,
      "text": "အ​ဘယ်​ကြောင့် ယ​ခု​မျက်​စိ​မြင်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် သူ၏​မျက်​စိ​ကို​ဖွင့်​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ မ​သိ​ကြ​ပါ။ သူ​သည် အ​သက်​အ​ရွယ်​နှင့်​ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် ကိုယ်​အ​ကြောင်း​ကို ကိုယ်​တိုင်​ပြော​ပါ​လိမ့်​မည်​ဟု ပြန်​ပြော​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 22,
      "text": "ဤ​သို့​ပြော​သည်​အ​ကြောင်း​ကား၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဝန်​ခံ​သော​သူ​မည်​သည်​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​ရ​မည်​ဟု ယု​ဒ​လူ​တို့​သည် တိုင်​ပင်​စီ​ရင်​နှင့်​ကြ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 23,
      "text": "ထို​ကြောင့် မိ​ဘ​တို့​က၊ သူ​သည် အ​သက်​အ​ရွယ်​နှင့် ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့​ဟု ယု​ဒ​လူ​တို့​ကို ကြောက်၍ ပြော​ကြ၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 24,
      "text": "ထို​ကြောင့်၊ မျက်​စိ​ကန်း​ဖူး​သော​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ ထို​သူ​သည် လူ​ဆိုး​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ၏​ဟု​ဆို​ကြ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 25,
      "text": "လူ​ဆိုး​ဖြစ်​သည် မ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ။ အ​ကျွန်ုပ်​သည် အ​ထက်​က​မျက်​စိ​ကန်း၍ ယ​ခု​မျက်​စိ​မြင်​သည် အ​ကြောင်း​တစ်​ခု​ကို အ​ကျွန်ုပ်​သိ​သည်​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 26,
      "text": "တစ်​ဖန်​ထို​သူ​တို့​က၊ သူ​သည်​သင်၌ အ​ဘယ်​သို့​ပြု​သ​နည်း။ သင်၏​မျက်​စိ​ကို အ​ဘယ်​သို့​ဖွင့်​သ​နည်း​ဟု မေး​ကြ​လျှင်၊ အ​ကျွန်ုပ်​တစ်​ခါ​ပြော​ပြီ၊ သင်​တို့​နား​မ​ကြား​ကြ။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 27,
      "text": "အ​ဘယ်​ကြောင့် တစ်​ဖန်​ကြား​ချင်​သ​နည်း။ သူ့​တ​ပည့် ဖြစ်​ချင်​သ​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 28,
      "text": "ထို​သူ​တို့​က​လည်း၊ သင်​သည် သူ့​တ​ပည့်​ဖြစ်၏။ ငါ​တို့​မူ​ကား မော​ရှေ၏​တ​ပည့်​ဖြစ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်​သည် မော​ရှေ၌ ဗျာ​ဒိတ်​ထား​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ၏။ ထို​သူ​သည် အ​ဘယ်​က ဖြစ်​သည်​ကို မ​သိ​ဟု​ကဲ့​ရဲ့၍ ပြော​ဆို​ကြ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 30,
      "text": "သူ​သည် အ​ကျွန်ုပ်​မျက်​စိ​ကို​ဖွင့်​သော်​လည်း အ​ဘယ်​က​ဖြစ်​သည်​ဟု သင်​တို့​မ​သိ​ကြ​သည်​ကို အံ့​ဩ​ဖွယ်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 31,
      "text": "ဘု​ရား​သ​ခင်​သည် လူ​ဆိုး​တို့​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင်​ကို ရို​သေ​လေး​မြတ်၍ အ​လို​တော်​ကို လိုက်​သော​သူ​ဖြစ်​လျှင် ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 32,
      "text": "အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​ကို မျက်​စိ​မြင်​စေ​ခြင်း​ငှာ တတ်​နိုင်​သည်​ကို က​မ္ဘာ​ဦး​မှ​စ၍ မ​ကြား​စ​ဖူး။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 33,
      "text": "ထို​သူ​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ဟု ပြော​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 34,
      "text": "ထို​သူ​တို့​က​လည်း၊ သင်​သည် မွေး​စ​က​ပင် တစ်​ကိုယ်​လုံး၌ ဒု​စ​ရိုက်​အ​ပြစ်​စွဲ​သော​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို ဆုံး​မ​ပါ​သည်​တ​ကား​ဟု ပြော​ဆို​ကြ​ပြီး​လျှင်၊ ထို​သူ​ကို တ​ရား​ဇ​ရပ်​မှ​နှင်​ထုတ်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 35,
      "text": "နှင်​ထုတ်​သည်​အ​ကြောင်း​ကို ယေ​ရှု​သည်​ကြား​ပြီး​မှ ထို​သူ​ကို​တွေ့​တော်​မူ​လျှင်၊ သင်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သ​လော​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 36,
      "text": "သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်၏​သား​တော်​ကား အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်​သော်၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 37,
      "text": "ယေ​ရှု​က၊ သင်​သည် ထို​သူ​ကို​မြင်​ခဲ့​ပြီး​သည်​သာ​မ​က၊ သင်​နှင့် ယ​ခု စ​ကား​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 38,
      "text": "သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏​ဟု လျှောက်၍ ညွှတ်​ပျပ်​ကိုး​ကွယ်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 39,
      "text": "ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 40,
      "text": "အ​ထံ​တော်၌​ရှိ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​သည် မျက်​စိ​ကန်း​သ​လော​ဟု မေး​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 9,
      "verse": 41,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် မျက်​စိ​ကန်း​သည်​မှန်​လျှင် အ​ပြစ်​မ​ရှိ၊ ငါ​တို့​မျက်​စိ​မြင်​သည်​ဟု ယ​ခု ဆို​ကြ၏။ ထို​ကြောင့် သင်​တို့၌​အ​ပြစ်​တည်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 1,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 2,
      "text": "သိုး​ထိန်း​မူ​ကား၊ တံ​ခါး​ဝ​ဖြင့်​ဝင်​တတ်၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 3,
      "text": "ထို​သူ​အား တံ​ခါး​စောင့်​လည်း​ဖွင့်​တတ်၏။ သူ၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​ထောင်​တတ်​ကြ၏။ သူ​သည် မိ​မိ​သိုး​တို့​ကို နာ​မည်​ဖြင့်​ခေါ်၍ ပြင်​သို့ ထုတ်​ဆောင်​တတ်၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 4,
      "text": "သိုး​များ​ကို​ထုတ်​သော​အ​ခါ သိုး​တို့​ရှေ့​မှာ​သွား၍ သိုး​များ​သည် သူ၏​စ​ကား​သံ​ကို ကျွမ်း​သော​ကြောင့် လိုက်​တတ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 5,
      "text": "မ​ဆိုင်​သော​သူ​တို့၏​စ​ကား​သံ​ကို မ​ကျွမ်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​နောက်​သို့​မ​လိုက်​ဘဲ ပြေး​တတ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 6,
      "text": "ထို​ဥ​ပ​မာ​ပုံ​ကို ယေ​ရှု​ဟော​တော်​မူ​သည်​တွင်၊ ပ​ရိ​သတ်​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တော်၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​မ​လည်​ကြ။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 7,
      "text": "ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 8,
      "text": "ငါ​ရှေ့၌ ပေါ်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​ဓား​ပြ​ဖြစ်​ကြ၏။ ထို​သူ​တို့၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​မ​ထောင်​ကြ။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 9,
      "text": "ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 10,
      "text": "သူ​ခိုး​သည်​ခိုး​ခြင်း၊ သတ်​ခြင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​သာ လာ​တတ်၏။ ငါ​မူ​ကား၊ သိုး​တို့​သည် အ​သက်​လွတ်​ရုံ​မျှ​မ​က အ​ထူး​သ​ဖြင့် အ​သက်​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ လာ​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 11,
      "text": "ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 12,
      "text": "သိုး​များ​ကို​ပိုင်​သော သိုး​ထိန်း​မ​ဟုတ်၊ သူ​ငှား​ဖြစ်​သော​သူ​မူ​ကား၊ တော​ခွေး​လာ​သည်​ကို​မြင်​လျှင်၊ သိုး​တို့​ကို ပစ်​ထား၍ ထွက်​ပြေး​တတ်၏။ တော​ခွေး​သည်​လည်း၊ သိုး​တို့​ကို လု​ယက်၍ ကွဲ​လွင့်​စေ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 13,
      "text": "သူ​ငှား​သည် သူ​ငှား​ဖြစ်၍ သိုး​တို့၏​အ​ကျိုး​ကို မ​မှတ်​သော​ကြောင့် ထွက်​ပြေး​တတ်၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 14,
      "text": "ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 15,
      "text": "ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 16,
      "text": "ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 17,
      "text": "ငါ​သည် ကိုယ်​အ​သက်​ကို​စွန့်၍ နောက်​တစ်​ဖန် ယူ​ဦး​မည်​ဖြစ်​သော​ကြောင့်၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ကို ချစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 18,
      "text": "ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တစ်​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။ ထို​အ​ခွင့်​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 19,
      "text": "ထို​စ​ကား​တော်​ကြောင့် ယု​ဒ​လူ​တို့​သည် တစ်​ဖန် ကွဲ​ပြား​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 20,
      "text": "လူ​များ​တို့​က၊ သူ​သည် နတ်​ဆိုး​စွဲ၍​အ​ရူး​ဖြစ်၏။ သူ့​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​ထောင်​သ​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 21,
      "text": "အ​ချို့​တို့​က၊ သူ့​စ​ကား​သည် နတ်​ဆိုး​စွဲ​သော​သူ၏​စ​ကား မ​ဟုတ်။ နတ်​ဆိုး​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​ခြင်း​ငှာ တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 22,
      "text": "ဆောင်း​ကာ​လ​ဖြစ်၍ အင်္ကဲ​နိ​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ခံ​ကြ​သော​အ​ခါ၊-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 23,
      "text": "ယေ​ရှု​သည် ဗိ​မာန်​တော်​နား​မှာ ရှော​လ​မုန်​က​နား​ပြင်၌ စင်္ကြံ​သွား​တော်​မူ​စဉ်​တွင်၊-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 24,
      "text": "ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 25,
      "text": "ယေ​ရှု​က​လည်း၊ ငါ​ပြော​ပြီ။ သင်​တို့​သည် မ​ယုံ​ကြ။ ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ငါ​ပြု​သော​အ​မှု​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 26,
      "text": "သို့​သော်​လည်း သင်​တို့​သည် မ​ယုံ​ကြ။ အ​ဘယ်​ကြောင့် မ​ယုံ​ကြ​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ငါ့​သိုး​တို့ အ​ဝင်​မ​ဟုတ်။ အ​ထက်​က ငါ​ပြော​သည်​အ​တိုင်း၊-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 27,
      "text": "ငါ့​သိုး​တို့​သည် ငါ့​စ​ကား​သံ​ကို​နား​ထောင်၍ ငါ့​နောက်​သို့​လိုက်​ကြ၏။ ထို​သိုး​တို့​ကို ငါ​သိ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 28,
      "text": "ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 29,
      "text": "ထို​သိုး​တို့​ကို ငါ​၌​အပ်​ပေး​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​ခ​မည်း​တော်၏​လက်​မှ မ​နုတ်​မ​ယူ​နိုင်​ရာ။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 30,
      "text": "ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 31,
      "text": "ထို​အ​ခါ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ တစ်​ဖန် ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 32,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည် ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ကောင်း​သော​အ​မှု​အ​များ​တို့​ကို သင်​တို့​အား​ပြ​ပြီ။ ထို​အ​မှု​တို့​တွင် အ​ဘယ်​မည်​သော​အ​မှု​ကြောင့် ငါ့​ကို ခဲ​နှင့် ပစ်​ကြ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 33,
      "text": "ယု​ဒ​လူ​တို့​က၊ ကောင်း​သော​အ​မှု​ကြောင့် ခဲ​နှင့် ပစ်​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်​ဖြစ်​ယောင်​ဆောင်၍ ဘု​ရား​သ​ခင်​ကို လွန်​ကျူး​သော​စ​ကား​ကြောင့် ခဲ​နှင့်​ပစ်​မည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 34,
      "text": "ယေ​ရှု​က​လည်း၊ သင်​တို့​သည် ဘု​ရား​ဖြစ်​ကြ၏၊ ငါ​ဆို​သည်​ဟု သင်​တို့၏ ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 35,
      "text": "ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​တို့​ကို ဘု​ရား​ဟူ၍ ခေါ်​ရ​လျှင်​လည်း​ကောင်း၊ ကျမ်း​စ​ကား​ကို မ​ပယ်​ရ​လျှင်​လည်း​ကောင်း၊-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 36,
      "text": "ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ၍၊ ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​သူ​က၊ ငါ​သည်​ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ဟု​ဆို​သော​ကြောင့်၊ သင်​သည် ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​ပြော​သည်​ဟု ထို​သူ​အား​ဆို​ရာ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 37,
      "text": "ငါ​သည် ငါ့​ခ​မည်း​တော်၏​အ​မှု​တို့​ကို မ​ပြု​လျှင် ငါ့​ကို​မ​ယုံ​ကြ​နှင့်။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 38,
      "text": "ပြု​လျှင်​ငါ့​ကို​မ​ယုံ​သော်​လည်း ထို​အ​မှု​တို့​ကို ယုံ​ကြ​လော့။ ထို​သို့​ယုံ​လျှင် ခ​မည်း​တော်​သည် ငါ၌ ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ငါ​သည်​ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း ယုံ၍ သိ​မှတ်​ကြ​လိမ့်​မည်ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 39,
      "text": "ထို​အ​ခါ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ တစ်​ဖန် ရှာ​ကြ​ပြန်​လျှင်၊ ထို​သူ​တို့၏​လက်​မှ ထွက်​ကြွ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 40,
      "text": "ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို ရှေ့​ဦး​စွာ​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ တစ်​ဖန်​ကြွ၍ ထို​အ​ရပ်၌ နေ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 41,
      "text": "လူ​အ​များ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​လျှင်၊ ယော​ဟန်​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို​မ​ပြ။ သို့​သော်​လည်း ဤ​သူ၏​အ​ကြောင်း​ကို ယော​ဟန်​ပြော​သ​မျှ မှန်​ပေ၏​ဟု ဆို​ကြ​သ​ဖြင့်၊-"
    },
    {
      "book": 43,
      "chapter": 10,
      "verse": 42,
      "text": "ထို​အ​ရပ်၌ လူ​များ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 1,
      "text": "ညီ​အစ်​မ မာ​ရိ​နှင့် မာ​သ​တို့​နေ​သော ဗေ​သ​နိ​ရွာ​သား၊ လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် နာ​လျက်​နေ​လေ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 2,
      "text": "နာ​လျက်​နေ​သော လာ​ဇ​ရု၏​နှ​မ​မာ​ရိ​ကား၊ သ​ခင်​ဘု​ရား​ကို ဆီ​မွှေး​နှင့်​လိမ်း၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သော မာ​ရိ ဖြစ်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 3,
      "text": "ညီ​အစ်​မ​တို့​သည် အ​ထံ​တော်​သို့​စေ​လွှတ်၍၊ သ​ခင်၊ ကိုယ်​တော်​ချစ်​တော်​မူ​သော​သူ​သည် နာ​လျက်​နေ​ပါ​သည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 4,
      "text": "ထို​စ​ကား​ကို ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​နာ​သည် သေ​နာ​မ​ဟုတ်။ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​သော​အ​နာ ဖြစ်၏။ ထို​အ​နာ​ကြောင့် ဘု​ရား​သ​ခင်၏​သား​တော်​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 5,
      "text": "ယေ​ရှု​သည် မာ​သ​ကို​လည်း​ကောင်း၊ သူ၏​ညီ​မ​နှင့် လာ​ဇ​ရု​ကို​လည်း​ကောင်း ချစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 6,
      "text": "လာ​ဇ​ရု နာ​သည်​ကို​ကြား​တော်​မူ​လျှင်၊ ကြွ​တော်​မ​မူ​ဘဲ ထို​အ​ရပ်၌ နှစ်​ရက်​နေ​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 7,
      "text": "ထို​နောက်​မှ တ​ပည့်​တော်​တို့​အား၊ ယု​ဒ​ပြည်​သို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 8,
      "text": "တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ယု​ဒ​လူ​တို့​သည် ယ​ခု​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာ​ကြံ​လျက်​ပင် ထို​အ​ရပ်​သို့ တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 9,
      "text": "ယေ​ရှု​က​လည်း၊ တစ်​နေ့​တွင် တစ်​ဆယ့်​နှစ်​နာ​ရီ ရှိ​သည်​မ​ဟုတ်​လော။ လူ​သည် နေ့​အ​ချိန်၌​သာ သွား​လာ​လျှင်၊ နေ​ရောင်​အ​လင်း​ကို မြင်​ရ​သော​ကြောင့် ထိ​မိ၍ မ​လဲ​တတ်။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 10,
      "text": "ည​အ​ချိန်၌ သွား​လာ​လျှင်​မူ​ကား၊ အ​လင်း​မ​ရှိ​သော​ကြောင့် ထိ​မိ၍​လဲ​တတ်၏​ဟု မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 11,
      "text": "ငါ​တို့​အ​ဆွေ လာ​ဇ​ရု​သည် အိပ်​ပျော်၏။ သူ့​ကို​နှိုး​ခြင်း​အ​လို​ငှာ ငါ​သွား​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 12,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ သ​ခင်၊ သူ​သည် အိပ်​ပျော်​လျှင် သက်​သာ​ရ​လိမ့်​မည်​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 13,
      "text": "ယေ​ရှု​သည် လာ​ဇ​ရု​သေ​ကြောင်း​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သော်​လည်း၊ ပ​က​တိ​အိပ်​ပျော်​ကြောင်း​ကို မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​သည် ထင်​မှတ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 14,
      "text": "ထို​ကြောင့်​ယေ​ရှု​က၊ လာ​ဇ​ရု​သေ​ပြီ။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 15,
      "text": "ထို​အ​ရပ်၌ ငါ​မ​ရှိ​သည်​ကို​ထောက်၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သူ့​ဆီ​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့​ဟု အ​တည့်​အ​လင်း မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 16,
      "text": "ဒိ​ဒု​မု​အ​မည်​ရှိ​သော သော​မ​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်၍ သ​ခင်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကုန်​အံ့​ဟု တ​ပည့်​တော်​ချင်း​တို့​အား ပြော​ဆို၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 17,
      "text": "ယေ​ရှု​သည် ရောက်​တော်​မူ​သော​အ​ခါ၊ လာ​ဇ​ရု​ကို သင်္ဂြိုဟ်၍ သင်္ချိုင်း​တွင်း၌ လေး​ရက်​လွန်​လေ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 18,
      "text": "ဗေ​သ​နိ​ရွာ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် တစ်​တိုင်​လောက်​သာ ကွာ​ဝေး​သည်​ဖြစ်၍၊-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 19,
      "text": "မာ​သ​နှင့် မာ​ရိ​တို့၏​မောင်​သေ​သော​ကြောင့်၊ သူ​တို့​ကို နှစ်​သိမ့်​စေ​လို​သော​ငှာ ယု​ဒ​လူ​များ​တို့​သည် လာ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 20,
      "text": "ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို မာ​သ​သည်​ကြား​လျှင်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ သွား၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 21,
      "text": "မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 22,
      "text": "ယ​ခု သေ​လျက်​ရှိ​သော်​လည်း ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​တော်​မူ​သ​မျှ​အ​တိုင်း ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ သင်၏​မောင်​သည် ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 24,
      "text": "မာ​သ​က​လည်း၊ နောက်​ဆုံး​သော​နေ့​တည်း​ဟူ​သော ထ​မြောက်​ရာ​ကာ​လ၌ သူ​သည် ထ​မြောက်​လိမ့်​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 25,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 26,
      "text": "ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 27,
      "text": "ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဤ​လော​က​သို့​ကြွ​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​သည်​ဟု လျှောက်၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 28,
      "text": "ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 29,
      "text": "မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လျင်​တ​ဆော​ထ၍ အ​ထံ​တော်​သို့ သွား​လေ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 30,
      "text": "ထို​အ​ခါ ယေ​ရှု​သည် ရွာ​ထဲ​သို့​မ​ဝင်​သေး။ မာ​သ​ခ​ရီး​ဦး​ကြို​ပြု​သော​အ​ရပ်၌ ရှိ​တော်​မူ​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 31,
      "text": "ထို​ကြောင့် နှစ်​သိမ့်​သော​စ​ကား​ကို​ပြော​လျက် မာ​ရိ​နှင့်​အ​တူ အိမ်၌​ရှိ​သော ယု​ဒ​လူ​တို့​သည် မာ​ရိ​အ​လျင် တ​ဆော​ထ၍​ထွက်​သွား​သည်​ကို မြင်​ကြ​လျှင်၊ ငို​ကြွေး​ခြင်း​ငှာ သင်္ချိုင်း​သို့​သွား​ပြီ​ဟု​ဆို၍ သူ့​နောက်​သို့​လိုက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 32,
      "text": "မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 33,
      "text": "မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 34,
      "text": "အ​လောင်း​ကို အ​ဘယ်​မှာ​ထား​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သ​ခင်​ကြွ၍ ကြည့်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 35,
      "text": "ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 36,
      "text": "ယု​ဒ​လူ​တို့​က၊ ကြည့်​ပါ၊ လာ​ဇ​ရု​ကို အ​လွန်​ချစ်​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 37,
      "text": "အ​ချို့​တို့​က၊ မျက်​စိ​ကန်း​သော​သူ​ကို မြင်​စေ​တော်​မူ​သော ဤ​သ​ခင်​သည်၊ လာ​ဇ​ရု​ကို မ​သေ​စေ​ခြင်း​ငှာ မ​တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 38,
      "text": "တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 39,
      "text": "ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 40,
      "text": "ယေ​ရှု​က​လည်း၊ သင်​သည်​ယုံ​လျှင် ဘု​ရား​သ​ခင်၏​ဘုန်း​အာ​နု​ဘော်​တော်​ကို မြင်​ရ​လိမ့်​မည်၊ ငါ​ပြော​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 41,
      "text": "ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 42,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 43,
      "text": "လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 44,
      "text": "ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 45,
      "text": "ထို​အ​ခါ မာ​ရိ​ဆီ​သို့​လာ​သော ယု​ဒ​လူ​အ​များ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို မြင်​လျှင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 46,
      "text": "အ​ချို့​မူ​ကား၊ ဖာ​ရိ​ရှဲ​တို့​ထံ​သို့​သွား၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို ကြား​ပြော​ကြ၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 47,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 48,
      "text": "သူ့​ကို ဤ​သို့​အ​လွတ်​ထား​လျှင် လူ​ခပ်​သိမ်း​တို့​သည် ယုံ​ကြည်​ကြ​လိမ့်​မည်။ ရော​မ​လူ​တို့​သည်​လည်း လာ၍ ငါ​တို့​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ငါ​တို့​အ​မျိုး​ကို​လည်း​ကောင်း သုတ်​သင်​ပယ်​ရှင်း​ကြ​လိမ့်​မည်​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 49,
      "text": "ထို​သူ​တို့​အ​ဝင် ထို​နှစ်​တွင် ယဇ်​ပု​ရာ​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​တို့​အ​လျှင်း မ​သိ​ကြ။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 50,
      "text": "ယု​ဒ​လူ​မျိုး​အ​ကုန်​အ​စင် ပျက်​စီး​သည်​ထက်၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက်​သေ​သော် သာ၍​ကောင်း​သည်​ကို သင်​တို့​သည် မ​ဆင်​ခြင်​ပါ​တ​ကား​ဟု ပြော​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 51,
      "text": "ထို​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ပြော​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​လျက်၊ ယေ​ရှု​သည် ထို​အ​မျိုး​အ​တွက် သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 52,
      "text": "ထို​အ​မျိုး​အ​တွက်​သာ​မ​က အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏​သား​များ​ကို အ​တူ​စု​ဝေး​စေ​ခြင်း​ငှာ သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 53,
      "text": "ထို​နေ့​မှ​စ၍ ကိုယ်​တော်၏​အ​သက်​ကို​သတ်​ခြင်း​ငှာ တိုင်​ပင်​ကြံ​စည်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 54,
      "text": "ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 55,
      "text": "ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ခါ​နီး​တွင် လူ​များ​တို့​သည် မိ​မိ​တို့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ ပွဲ​မ​ခံ​မီ အ​ရပ်​ရပ်​တို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 56,
      "text": "ထို​သူ​တို့​သည် ယေ​ရှု​ကို​ရှာ​ဖွေ၍၊ အ​ချင်း​တို့၊ အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ သူ​သည် ပွဲ​သို့​မ​လာ​သ​လော​ဟု ဗိ​မာန်​တော်၌​ရပ်​လျက် အ​ချင်း​ချင်း​မေး​မြန်း​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 11,
      "verse": 57,
      "text": "ထို​အ​ခါ အ​ဘယ်​သူ​သည် ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ပြ​ညွှန်​ရ​မည်​ဟု ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မှာ​ခဲ့​ကြ​ပြီ။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 1,
      "text": "ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 2,
      "text": "ထို​ကြောင့် ထို​သူ​တို့​သည်​ပွဲ​လုပ်​ကြ​သ​ဖြင့် မာ​သ​သည် လုပ်​ကျွေး​မှု​ကို​ဆောင်၍၊ လာ​ဇ​ရု​သည် ကိုယ်​တော်​နှင့်​အ​တူ လျောင်း​သော​သူ​တို့ အ​ဝင်​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 3,
      "text": "ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 4,
      "text": "တ​ပည့်​တော်​တို့ အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်​က၊-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 5,
      "text": "ထို​ဆီ​မွှေး​ကို ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​အ​ဖိုး​နှင့် ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား အ​ဘယ်​ကြောင့် မ​ပေး​သ​နည်း​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 6,
      "text": "ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 7,
      "text": "ယေ​ရှု​သည်​လည်း၊ ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ ငါ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ ပြင်​ဆင်​သော​နေ့​တိုင်​အောင် သူ​သည် ဤ​ဆီ​မွှေး​ကို သို​ထား​ပြီ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 8,
      "text": "ဆင်း​ရဲ​သော​သူ​တို့​ကား သင်​တို့၌​အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား၊ အ​စဉ်​ရှိ​သည်​မ​ဟုတ်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 9,
      "text": "ထို​အ​ရပ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ကို ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် သိ​လျှင်၊ ကိုယ်​တော်​ကြောင့်​သာ လာ​သည်​မ​ဟုတ်။ သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​မြင်​ခြင်း​ငှာ လာ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 10,
      "text": "ထို​သို့ ယု​ဒ​လူ​များ​တို့​သည် လာ​ဇ​ရု​ကို​အ​ကြောင်း​ပြု​သ​ဖြင့် ထွက်​သွား၍၊-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 11,
      "text": "ယေ​ရှု​ကို ယုံ​ကြည်​သော​ကြောင့်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် လာ​ဇ​ရု​ကို​လည်း သတ်​ခြင်း​ငှာ တိုင်​ပင်​စီ​ရင်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 12,
      "text": "နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 13,
      "text": "စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 14,
      "text": "ကျမ်း​စာ၌​လာ​သည်​ကား၊-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 15,
      "text": "အို ဇိ​အုန်​သ​တို့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​က​လေး​ကို​စီး၍ သင်​ရှိ​ရာ​သို့ ကြွ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည်​မြည်း​က​လေး​ကို​တွေ့၍ စီး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 16,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 17,
      "text": "နောက်​တော်​သို့​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊ လာ​ဇ​ရု​ကို သင်္ချိုင်း​တွင်း​မှ​ခေါ်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 18,
      "text": "ထို​နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ​တော်​မူ​သည်​ဟု လူ​များ​တို့​သည် သ​တင်း​ကြား​သော​ကြောင့်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 19,
      "text": "ဖာ​ရိ​ရှဲ​အ​ချင်း​ချင်း​တို့​လည်း၊ သင်​တို့​သည် အ​လျှင်း​မ​တတ်​နိုင်။ ဤ​လော​က​သည် ထို​သူ​နောက်​သို့ လိုက်​သွား​ပါ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 20,
      "text": "ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 21,
      "text": "ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 22,
      "text": "ဖိ​လိ​ပ္ပု​သည်​သွား၍ အ​န္ဒြေ​ကို ကြား​ပြော​ပြီး​မှ၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရှု​ကို​လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 24,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 25,
      "text": "မိ​မိ​အ​သက်​ကို နှ​မြော​သော​သူ​သည် အ​သက်​ဆုံး​လိမ့်​မည်။ ဤ​လော​က၌ မိ​မိ​အ​သက်​ကို မုန်း​သော​သူ​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို စောင့်​ရှောက်​လျက်​နေ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 26,
      "text": "ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 27,
      "text": "ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 28,
      "text": "အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 29,
      "text": "ဝန်း​ရံ​လျက်​ရှိ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကြား​လျှင် မိုး​ချုန်း​သည်​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​မြွက်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 30,
      "text": "ယေ​ရှု​က၊ ထို​စ​ကား​သံ​သည် ငါ့​အ​ဖို့​အ​လို​ငှာ လာ​သည်​မ​ဟုတ်၊ သင်​တို့​အ​ဖို့​အ​လို​ငှာ​လာ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 31,
      "text": "ယ​ခု​တွင် ဤ​လော​က​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယ​ခု​တွင် ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 32,
      "text": "ငါ​သည်​လည်း မြေ​ကြီး​နှင့်​ခွာ၍ မြှောက်​ထား​ခြင်း​ကို ခံ​ရ​လျှင် လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​သို့ ငါ​ဆွဲ​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 33,
      "text": "ထို​သို့ မိန့်​တော်​မူ​သော်၊ မိ​မိ​သည် အ​ဘယ်​သို့​သေ​ရ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 34,
      "text": "လူ​များ​တို့​က​လည်း၊ ခ​ရစ်​တော်​သည် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ပ​ည​တ္တိ​ကျမ်း၌​လာ​ကြောင်း​ကို အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​လျှင် လူ​သား​သည် မြှောက်​ထား​ခြင်း​ကို​ခံ​ရ​မည်​ဟု သင်​သည် အ​ဘယ်​သို့​ဆို​သ​နည်း။ ထို​လူ​သား​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 35,
      "text": "ယေ​ရှု​က​လည်း၊ အ​လင်း​သည် သင်​တို့​တွင်​ခ​ဏ​သာ​ရှိ၏။ အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ သို့​မ​ဟုတ်​လျှင် မှောင်​မိုက်​သည် သင်​တို့​ကို​မီ​လိမ့်​မည်။ မှောင်​မိုက်၌​သွား​သော​သူ​သည် အ​ဘယ်​ဆီ​သို့​မိ​မိ​သွား​သည်​ကို မိ​မိ​မ​သိ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 36,
      "text": "အ​လင်း​ရှိ​စဉ်​အ​ခါ အ​လင်း၏​သား​ဖြစ်​အံ့​သော​ငှာ အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည်​ထွက်​ကြွ၍ ထို​သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 37,
      "text": "ထို​မျှ​လောက်​ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို သူ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​သော်​လည်း သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​ကြ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 38,
      "text": "ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း ဟူ​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 39,
      "text": "တစ်​ဖန် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြန်​သည်​ကား၊-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 40,
      "text": "သူ​တို့​မျက်​စိ​မ​မြင်၊ စိတ်​နှ​လုံး​နား​မ​လည်၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​သည်​တိုင်​အောင် သူ​တို့​မျက်​စိ​ကို ကွယ်​စေ​တော်​မူ၏။ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​တော်​မူ၏ ဟူ​သော​စ​ကား​ကြောင့် ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 41,
      "text": "ဟေ​ရှာ​ယ​သည် ဘုန်း​အာ​နု​ဘော်​တော်​ကို​မြင်၍ ဗျာ​ဒိတ်​တော်​ကို​ပြန်​စဉ်​တွင် ထို​စ​ကား​ကို ဟော​ပြော​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 42,
      "text": "သို့​သော်​လည်း အ​ရာ​ရှိ​အ​များ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ၏။ တ​ရား​ဇ​ရပ်​မှ​ဖာ​ရိ​ရှဲ​တို့​သည် နှင်​ထုတ်​မည်​ကို စိုး​ရိမ်​သော​ကြောင့် ထင်​ရှား​စွာ​ဝန်​မ​ခံ​ကြ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 43,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 44,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​သာ ယုံ​ကြည်​သည်​မ​ဟုတ်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 45,
      "text": "ငါ့​ကို ကြည့်​မြင်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ကြည့်​မြင်၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 46,
      "text": "ငါ့​ကို ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် မှောင်​မိုက်၌​မ​နေ​စေ​ခြင်း​ငှာ ငါ​သည်​အ​လင်း​ဖြစ်​လျက် ဤ​လော​က​သို့ ကြွ​လာ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 47,
      "text": "ငါ့​စ​ကား​ကို​ကြား​သော​သူ​သည် မ​ယုံ​ကြည်​ဘဲ​နေ​လျှင် ထို​သူ​ကို ငါ​သည်​အ​ပြစ်​မ​စီ​ရင်။ လော​ကီ​သား​တို့​ကို အ​ပြစ်​စီ​ရင်​အံ့​သော​ငှာ ငါ​လာ​သည်​မ​ဟုတ်၊ လော​ကီ​သား​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ငါ​လာ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 48,
      "text": "ငါ့​ကို​ပယ်၍ ငါ့​စ​ကား​ကို နား​မ​ခံ​သော​သူ​အား အ​ပြစ်​စီ​ရင်​သော​သူ​ရှိ​သေး၏။ ငါ​ဟော​ပြော​သော​စ​ကား​ပင် နောက်​ဆုံး​သော​နေ့၌ ထို​သူ​အား​အ​ပြစ်​စီ​ရင်​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 49,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သည်​မ​ဟုတ်၊ ငါ့​ကို စေ​လွှတ်​သော​ခ​မည်း​တော်​သည် အ​ဘယ်​သို့ ငါ​ဆုံး​မ​ဟော​ပြော​ရ​မည်​ကို ပ​ညတ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်၏​ပ​ညတ်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​သည်​ကို ငါ​သိ၏။-"
    },
    {
      "book": 43,
      "chapter": 12,
      "verse": 50,
      "text": "ထို​ကြောင့် ဟော​ပြော​သ​မျှ​တို့​ကို ခ​မည်း​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ဟု ကြွေး​ကြော်၍​မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 1,
      "text": "ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 2,
      "text": "ကိုယ်​တော်​ကို အပ်​နှံ​မည်​အ​ကြောင်း မာရ်​နတ်​သည် ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်၏ စိတ်​နှ​လုံး၌ အ​ကြံ​ပေး​သွင်း​နှင့်​သ​တည်း။ ထို​အ​ခါ ည​စာ​ကို​စား​ကြ​စဉ်၊-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 3,
      "text": "ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 4,
      "text": "စား​ပွဲ​မှ​ထ၍ ဝတ်​လုံ​တော်​ကို​ချွတ်​ပြီး​လျှင်၊ ပ​ဝါ​ကို​ယူ၍ ခါး​ကို​စည်း​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 5,
      "text": "ထို​နောက်​မှ ရေ​ကို​အင်​တုံ၌​လောင်း၍ တ​ပည့်​တော်​တို့၏ ခြေ​ကို​ဆေး​ပြီး​မှ ခါး၌​စည်း​ထား​သော​ပ​ဝါ​နှင့် သုတ်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 6,
      "text": "ရှိ​မုန်​ပေ​တ​ရု​ဆီ​သို့ ရောက်​တော်​မူ​သော​အ​ခါ ထို​တ​ပည့်​တော်​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ခြေ​ကို​ဆေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 7,
      "text": "ယေ​ရှု​က​လည်း၊ သင်​သည် ငါ​ပြု​သော​အ​မှု​ကို ယ​ခု​နား​မ​လည်​သေး။ နောက်​မှ​သိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 8,
      "text": "ပေ​တ​ရု​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ခြေ​ကို အ​လျှင်း​ဆေး​တော်​မ​မူ​ရ​ဟု လျှောက်၏။ ယေ​ရှု​က​လည်း၊ သင့်​ကို ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မ​ဆက်​ဆံ​ရ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 9,
      "text": "ရှိ​မုန်​ပေ​တ​ရု​က​လည်း၊ အ​ကျွန်ုပ်၏​ခြေ​ကို​သာ မ​ဆေး​ပါ​နှင့်။ လက်​ကို​လည်း​ကောင်း၊ ဦး​ခေါင်း​ကို​လည်း​ကောင်း ဆေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 10,
      "text": "ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 11,
      "text": "ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ​ကို သိ​တော်​မူ​သော​ကြောင့်၊ သင်​တို့​တွင် တ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 12,
      "text": "ထို​သို့​သူ​တို့၏ ခြေ​ကို​ဆေး​တော်​မူ​ပြီး​မှ တစ်​ဖန်​ဝတ်​လုံ​ကို​ဝတ်၍ လျောင်း​တော်​မူ​လျက်၊ သင်​တို့၌ ငါ​ပြု​ခဲ့​သော​အ​မှု​ကို နား​လည်​ကြ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 13,
      "text": "သင်​တို့​သည် ငါ့​ကို အ​ရှင်​ဘု​ရား​ဟူ၍​လည်း​ကောင်း၊ သ​ခင်​ဟူ၍​လည်း​ကောင်း ခေါ်​တတ်​ကြ၏။ ထို​စ​ကား​သည်​လည်း ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ခေါ်​ကြ​သည်​အ​တိုင်း ငါ​မှန်၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 14,
      "text": "ငါ​သည် သ​ခင်​ဖြစ်​လျက်၊ အ​ရှင်​ဘု​ရား​လည်း​ဖြစ်​လျက်​နှင့် သင်​တို့၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည် အ​ချင်း​ချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 15,
      "text": "ငါ​သည် သင်​တို့၌​ပြု​သ​ကဲ့​သို့ သင်​တို့​သည်​ပြု​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို ပြ​ခဲ့​ပြီ။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 16,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 17,
      "text": "ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 18,
      "text": "သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 19,
      "text": "ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 20,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 21,
      "text": "ထို​သို့​ယေ​ရှု​သည် မိန့်​တော်​မူ​ပြီး​မှ စိတ်​နှ​လုံး​တော်​ပူ​ပန်​ခြင်း​ရှိ၍၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 22,
      "text": "အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် တွေး​တော​ခြင်း​ရှိ​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 23,
      "text": "ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 24,
      "text": "အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သ​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ရှိ​မုန်​ပေ​တ​ရု​သည် ထို​တ​ပည့်​တော်​ကို အ​မှတ်​ပေး၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 25,
      "text": "ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊ အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 26,
      "text": "ယေ​ရှု​က​လည်း၊ ဤ​မုန့်​တစ်​လုပ်​စာ​ကို ငါ​နှစ်၍​ပေး​သော​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မုန့်​တစ်​လုပ်​စာ​ကို နှစ်​ပြီး​မှ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 27,
      "text": "ထို​သူ​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ၊ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ၏။ ယေ​ရှု​က​လည်း၊ သင်​ပြု​ရ​သော​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 28,
      "text": "အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ၌​လျောင်း​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​မ​သိ။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 29,
      "text": "အ​ချို့​တို့​က၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် ငွေ​အိတ်​ကို ဆောင်​သော​ကြောင့်၊ ဤ​ပွဲ၌ ငါ​တို့​သုံး​စ​ရာ​အ​ဖို့​ကို ဝယ်​လော့​ဟူ၍​လည်း​ကောင်း၊ သို့​မ​ဟုတ် ဆင်း​ရဲ​သော​သူ​တို့​အား တစ်​စုံ​တစ်​ခု​ကို ပေး​လော့​ဟူ၍​လည်း​ကောင်း၊ ယေ​ရှု​မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 30,
      "text": "ယု​ဒ​ရှ​ကာ​ရုတ်​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ ချက်​ချင်း​ထွက်​သွား၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 31,
      "text": "ထို​သူ​သွား​သည်​နောက်၊ ယေ​ရှု​က၊ ယ​ခု​တွင်​လူ​သား​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည်​လည်း လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 32,
      "text": "ဘု​ရား​သ​ခင်​သည် လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​အား​ဖြင့် သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြ​င့်​မီ သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိ​မ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 33,
      "text": "ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 34,
      "text": "သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 35,
      "text": "သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 36,
      "text": "ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 37,
      "text": "ပေ​တ​ရု​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် ယ​ခု​မ​လိုက်​နိုင်​သ​နည်း။ ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်၏​အ​သက်​ကို စွန့်​ပါ​မည်​ဟု​လျှောက်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 13,
      "verse": 38,
      "text": "ယေ​ရှု​က၊ ငါ့​အ​ဖို့ သင့်​အ​သက်​ကို​စွန့်​မည်​လော။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 1,
      "text": "တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 2,
      "text": "ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 3,
      "text": "ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 4,
      "text": "ငါ​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး​ကို​လည်း​ကောင်း၊ သင်​တို့​သိ​ကြ၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 5,
      "text": "သော​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ သွား​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ မ​သိ​သည်​ဖြစ်၍၊ လမ်း​ခ​ရီး​ကို​အ​ဘယ်​သို့ သိ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 6,
      "text": "ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 7,
      "text": "သင်​တို့​သည် ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို မ​သိ​ဘဲ​မ​နေ​ကြ။ ယ​ခု​မှ​စ၍ ခ​မည်း​တော်​ကို​သိ​မြင်​ကြ၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 8,
      "text": "ဖိ​လိ​ပ္ပု​က​လည်း၊ သ​ခင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ။ ထို​သို့​ပြ​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့ အ​လို​ပြည့်​စုံ​ပါ​မည်​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 9,
      "text": "ယေ​ရှု​က၊ ဖိ​လိ​ပ္ပု၊ ဤ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီး​မှ သင်​သည် ငါ့​ကို မ​သိ​သေး​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်၏။ သို့​ဖြစ်​လျှင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ​ဟု သင်​သည်​အ​ဘယ်​သို့ ဆို​ရ​သ​နည်း။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 10,
      "text": "ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​လော။ ငါ​ဟော​ပြော​သော​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ငါ​ဟော​ပြော​သည်​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​ကို​ကား၊ ငါ၌ တည်​နေ​တော်​မူ​သော ခ​မည်း​တော်​သည် ပြု​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 11,
      "text": "ငါ​သည် ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည် ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း ယုံ​ကြ​လော။ ငါ့​စ​ကား​ကို မ​ယုံ​လျှင်၊ ငါ့​အ​မှု​တို့​ကို​ထောက်၍ ယုံ​ကြ​လော့။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 12,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 13,
      "text": "သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 14,
      "text": "သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ တစ်​စုံ​တစ်​ခု​သော​ဆု​ကို​တောင်း​လျှင်၊ တောင်း​သည်​အ​တိုင်း ငါ​ပြု​မည်။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 15,
      "text": "ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 16,
      "text": "ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 17,
      "text": "ထို​ဝိ​ညာဉ်​တော်​ကို လော​ကီ​သား​တို့​သည် မ​သိ​မ​မြင်​သော​ကြောင့် မ​ခံ​မ​ယူ​နိုင်​ကြ။ ထို​ဝိ​ညာဉ်​တော်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ၍၊ သင်​တို့၌ ရှိ​တော်​မူ​သော​ကြောင့် သင်​တို့​သိ​ရ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 18,
      "text": "ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​ဖြစ်​စေ​ခြင်း​ငှာ စွန့်​ပစ်​မည်​မ​ဟုတ်။ သင်​တို့​ဆီ​သို့ လာ​ဦး​မည်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 19,
      "text": "ခ​ဏ​ကြာ​ပြီး​မှ လော​ကီ​သား​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ သင်​တို့​မူ​ကား မြင်​ရ​ကြ​လိမ့်​မည်။ ငါ​သည် အ​သက်​ရှင်​သော​ကြောင့် သင်​တို့​သည်​လည်း အ​သက်​ရှင်​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 20,
      "text": "ငါ​သည် ခ​မည်း​တော်၌​ရှိ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် ငါ၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​နေ့၌ သင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 21,
      "text": "ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 22,
      "text": "ယု​ဒ​ရှ​ကာ​ရုတ်​မ​ဟုတ်၊ အ​ခြား​သော​ယု​ဒ​က၊ သ​ခင်၊ ကိုယ်​တော်​သည် လော​ကီ​သား​တို့​အား မ​ထင်​ရှား​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့ ထင်​ရှား​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 24,
      "text": "ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်​တို့​ကြား​သော​စ​ကား​သည် ငါ့​စ​ကား​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​စ​ကား​တော်​ဖြစ်၏။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 25,
      "text": "ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​တွင် ဤ​စ​ကား​ကို​ပြော​ခဲ့​ပြီ။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 26,
      "text": "ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 27,
      "text": "ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 28,
      "text": "ငါ​သည် ယ​ခု​သွား​သော်​လည်း သင်​တို့​ဆီ​သို့ လာ​ဦး​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​မည်​ကို ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ထက်​သာ၍ ကြီး​မြတ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 29,
      "text": "ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ သင်​တို့​သည်​ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင်​သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 30,
      "text": "ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​နှင့် များ​စွာ​မ​ပြော​ရ။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် လာ​ဆဲ​ဖြစ်၏။ လာ​သော်​လည်း ငါ၌​အ​ဘယ်​အ​ခွင့်​အ​ရာ​ကို​မျှ မ​တွေ့​ရ။-"
    },
    {
      "book": 43,
      "chapter": 14,
      "verse": 31,
      "text": "ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 1,
      "text": "ငါ​သည် မှန်​သော​စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည်​လည်း ဥ​ယျာဉ်​စောင့်​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 2,
      "text": "ငါ၌​အ​သီး​မ​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို ခုတ်​ပစ်​တော်​မူ၏။ အ​သီး​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို သာ၍ သီး​စေ​ခြင်း​ငှာ သုတ်​သင်​ရှင်း​လင်း​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 3,
      "text": "သင်​တို့​သည် ငါ​ဟော​ပြော​သော​စ​ကား​အား​ဖြင့် ယ​ခု​ပင် ရှင်း​လင်း​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 4,
      "text": "ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 5,
      "text": "ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 6,
      "text": "ငါ၌ မ​တည်​သော​သူ​သည် သွေ့​ခြောက်​သော​အ​ခက်​ကဲ့​သို့ ပြင်​သို့​ပစ်​လိုက်​ခြင်း​ကို​ခံ​ရ၏။ ထို​သို့​သော အ​ခက်​များ​ကို လူ​တို့​သည်​စု​သိမ်း၍ မီး​ထဲ​သို့ ချ​လိုက်​ကြ​သ​ဖြင့် မီး​လောင်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 7,
      "text": "သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 8,
      "text": "သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 9,
      "text": "ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​ချစ်၏။ ငါ၏​ချစ်​ခြင်း​မေ​တ္တာ၌ တည်​နေ​ကြ​လော့။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 10,
      "text": "ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 11,
      "text": "သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 12,
      "text": "ငါ့​ပ​ညတ်​ဟူ​မူ​ကား၊ ငါ​သည် သင်​တို့​ကို​ချစ်​သည်​နည်း​တူ၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လော့။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 13,
      "text": "ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 14,
      "text": "သင်​တို့​သည် ငါ​ပ​ညတ်​သ​မျှ​တို့​ကို ကျင့်​ဆောင်​လျှင် ငါ၏​အ​ဆွေ​ဖြစ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 15,
      "text": "ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 16,
      "text": "သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 17,
      "text": "သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ ဤ​ပ​ညတ်​တို့​ကို ငါ​ပေး၏။"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 18,
      "text": "လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​လျှင်၊ သင်​တို့​ကို မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 19,
      "text": "သင်​တို့​သည် လော​ကီ​နှင့်​ဆက်​ဆံ​လျှင်၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆက်​ဆံ​သော သင်​တို့​ကို ချစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် လော​ကီ​နှင့် မ​ဆက်​ဆံ၊ လော​ကီ​ထဲ​က ငါ​ရွေး​ကောက်​သော​သူ​ဖြစ်​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 20,
      "text": "ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 21,
      "text": "ထို​သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​သိ​သည်​ဖြစ်၍၊ ငါ၏​နာ​မ​ကြောင့် သင်​တို့​အား ထို​အ​မှု​ရှိ​သ​မျှ​တို့​ကို ပြု​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 22,
      "text": "ငါ​သည် လာ၍ ထို​သူ​တို့​အား မ​ဟော​မ​ပြော​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ မိ​မိ​တို့​အ​ပြစ်​ကို ဝှက်၍ မ​ထား​နိုင်​ကြ။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 23,
      "text": "ငါ့​ကို မုန်း​သော​သူ​သည် ငါ့​ခ​မည်း​တော်​ကို​မုန်း၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 24,
      "text": "ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 25,
      "text": "သို့​ဖြစ်​လျှင်၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​မုန်း​ကြ၏​ဟု သူ​တို့၏​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 26,
      "text": "ခ​မည်း​တော်​ထံ​မှ​ထွက်​လာ၍ သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​လ​တ္တံ့​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​သော​အ​ခါ၊ ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 15,
      "verse": 27,
      "text": "သင်​တို့​သည်​လည်း ရှေ့​ဦး​စွာ​မှ​စ၍ ငါ​နှင့်​အ​တူ​ရှိ​နေ​သော​ကြောင့် သက်​သေ​ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 1,
      "text": "သင်​တို့​သည် စိတ်​မ​ပျက်​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ဟော​ပြော၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 2,
      "text": "လော​ကီ​သား​တို့​သည် သင်​တို့​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​လိမ့်​မည်။ သင်​တို့​ကို သတ်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​ဝတ်​ကို ငါ​ပြု​ပြီ​ဟု မိ​မိ​ထင်​မှတ်​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 3,
      "text": "ခ​မည်း​တော်​ကို​မ​သိ၊ ငါ့​ကို​လည်း မ​သိ​သော​ကြောင့် ထို​သို့​ပြု​ကြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 4,
      "text": "ထို​အ​ချိန်​ကာ​လ​ရောက်​သော​အ​ခါ၊ ငါ​သည်​အ​ထက်​က ဤ​သို့​ပြော​ပြီး​သည်​ကို သင်​တို့​အောက်​မေ့​စေ​ခြင်း​ငှာ ယ​ခု​ပင် ငါ​ဟော​ပြော၏။ အ​စ​အ​ဦး၌ သင်​တို့​နှင့်​အ​တူ ငါ​ရှိ​သော​ကြောင့် ဤ​သို့​မ​ပြော​ဖူး​သေး။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 5,
      "text": "ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ထံ​သို့ ယ​ခု ငါ​သွား​ရ​မည်​ဖြစ်၍၊ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု သင်​တို့​မ​မေး​ကြ။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 6,
      "text": "ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ငါ​ဟော​ပြော​သော​ကြောင့် သင်​တို့​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 7,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 8,
      "text": "ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 9,
      "text": "ငါ့​ကို မ​ယုံ​ကြည်​ကြ​သော​ကြောင့် ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 10,
      "text": "ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဖြစ်၍၊ သင်​တို့​သည် နောက်​တစ်​ဖန် ငါ့​ကို​မ​တွေ့​မ​မြင်​ရ​သော​ကြောင့်၊ အ​ပြစ်​ကင်း​ခြင်း​ကို ဖော်​ပြ​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 11,
      "text": "ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ဖော်​ပြ​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 12,
      "text": "သင်​တို့​အား ငါ​ပြော​စ​ရာ​စ​ကား အ​များ​ရှိ​သော်​လည်း၊ သင်​တို့​သည် ယ​ခု​မ​ခံ​နိုင်​ကြ။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 13,
      "text": "သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​သလိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 14,
      "text": "ထို​သူ​သည် ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 15,
      "text": "ခ​မည်း​တော်​နှင့်​စပ်​ဆိုင်​သ​မျှ​သည် ငါ​နှင့်​စပ်​ဆိုင်၏။ ထို​ကြောင့် ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား​ဖော်​ပြ​လိမ့်​မည်​ဟု ငါ​ပြော၏။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 16,
      "text": "ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 17,
      "text": "တ​ပည့်​တော်​အ​ချို့​က​လည်း၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည်​ငါ့​ကို မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို မြင်​ပြန်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟူ၍​လည်း​ကောင်း၊ မိန့်​တော်​မူ​သော​စ​ကား​သည် အ​ဘယ်​သို့​နည်း။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 18,
      "text": "ခ​ဏ​ဟူ၍​မိန့်​တော်​မူ​သော် အ​ဘယ်​သို့​ဆို​လို​သ​နည်း။ မိန့်​တော်​မူ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​လည်​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 19,
      "text": "တ​ပည့်​တော်​တို့​သည် မေး​လျှောက်​လို​သည်​ကို ယေ​ရှု​သိ​မြင်​တော်​မူ​လျှင်၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​သည် အ​ချင်း​ချင်း ဆင်​ခြင်​ကြ​သ​လော။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 20,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လိမ့်​မည်။ လော​ကီ​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း ထို​ဝမ်း​နည်း​ခြင်း​သည် တစ်​ဖန် ဝမ်း​မြောက်​ခြင်း ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 21,
      "text": "မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 22,
      "text": "ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 23,
      "text": "ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 24,
      "text": "ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 25,
      "text": "ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 26,
      "text": "ထို​ကာ​လ၌ သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ ဆု​တောင်း​ကြ​လိမ့်​မည်။ သင်​တို့​အ​ဖို့​အ​လို​ငှာ ငါ​သည် ခ​မည်း​တော်​ကို တောင်း​မည်​ဟု​မ​ဆို။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ၍၊ ငါ​သည် ဘု​ရား​သ​ခင်​အ​ထံ​တော်​မှ ကြွ​လာ​သည်​ကို ယုံ​ကြည်​သော​ကြောင့် ခ​မည်း​တော်​သည် ကိုယ်​တော်​တိုင် သင်​တို့​ကို​ချစ်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 28,
      "text": "ငါ​သည် ခ​မည်း​တော်​ထံ​မှ​ထွက်၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ တစ်​ဖန် ဤ​လော​က​မှ​ထွက်၍ ခ​မည်း​တော်​ထံ​သို့ သွား​ဦး​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 29,
      "text": "တ​ပည့်​တော်​တို့​က​လည်း၊ ကိုယ်​တော်​သည် ယ​ခု​တွင်​ပုံ​ဥ​ပ​မာ​ကို​မ​ဆောင်​ဘဲ အ​တည့်​အ​လင်း ဟော​ပြော​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 30,
      "text": "အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ကို မေး​မြန်း​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယ​ခု​တွင် အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ဤ​အ​ကြောင်း​ကို​ထောက်၍ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​တော်​မူ​သည်​ကို ယုံ​ပါ​သည်​ဟု လျှောက်​ကြ၏-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 31,
      "text": "ယေ​ရှု​က​လည်း၊ ယ​ခု​တွင်​ယုံ​ကြ​ပြီ​လော။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 32,
      "text": "သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 16,
      "verse": 33,
      "text": "သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 1,
      "text": "ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် ကောင်း​ကင်​သို့​ကြည့်​မျှော်၍၊ အို အ​ဘ၊ အ​ကျွန်ုပ်​အ​ချိန်​ရောက်​ပါ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 2,
      "text": "ကိုယ်​တော်​သည် သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော​အ​ခွင့်​တန်​ခိုး​ကို သား​တော်​အား ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ သား​တော်​သည် ကိုယ်​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​ပါ​မည်​အ​ကြောင်း သား​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​ပါ။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 3,
      "text": "ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 4,
      "text": "အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 5,
      "text": "အို အ​ဘ၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ထံ​တော်၌ အ​ကျွန်ုပ်​ခံ​စား​သော ဘုန်း​အ​သ​ရေ​နှင့် ယ​ခု​တွင်​လည်း အ​ကျွန်ုပ်​ကို​အ​ထံ​တော်၌ ချီး​မြှောက်​တော်​မူ​ပါ။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 6,
      "text": "ဤ​လော​က​ထဲ​မှ​ယူ၍ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ နာ​မ​ကို​ပြ​ပါ​ပြီ။ ထို​သူ​တို့​ကို ကိုယ်​တော်​သည်​ပိုင်​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​အား ပေး​တော်​မူ၏။ ကိုယ်​တော်၏ နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​သည်​စောင့်​ကြ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 7,
      "text": "အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​တို့​သည် ကိုယ်​တော်​မှ​ဖြစ်​ကြောင်း​ကို သူ​တို့​သည် ယ​ခု​သိ​ကြ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 8,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 9,
      "text": "သူ​တို့​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ လော​ကီ​သား​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​သည်​မ​ဟုတ်​ပါ၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​ဖြစ်​သော​ကြောင့်၊ ထို​သူ​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 10,
      "text": "အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​နှင့် စပ်​ဆိုင်​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း၊ အ​ကျွန်ုပ်​နှင့်​စပ်​ဆိုင်၍ ထို​အ​ရာ​တို့​အား​ဖြင့် အ​ကျွန်ုပ်​သည် ဘုန်း​ထင်​ရှား​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 11,
      "text": "ယ​ခု​မှ​စ၍​အ​ကျွန်ုပ်​သည် ဤ​လော​က၌​မ​ရှိ​ပါ၊ ဤ​သူ​တို့​မူ​ကား၊ ဤ​လော​က၌ ရှိ​ရစ်​ရ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ သွား​ရ​ပါ​မည်။ သန့်​ရှင်း​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော ဤ​သူ​တို့​သည် ဖြစ်​ရ​ပါ​မည်​အ​ကြောင်း၊ သူ​တို့​ကို ကိုယ်​တော်၏ နာ​မ၌​တည်​စေ​တော်​မူ​ပါ။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 12,
      "text": "အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 13,
      "text": "ယ​ခု​တွင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှီ​ပြု​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့် ပြည်​စုံ​မည်​အ​ကြောင်း၊ ဤ​စ​ကား​ကို ဤ​လော​က၌ အ​ကျွန်ုပ်​ပြော​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 14,
      "text": "ကိုယ်​တော်၏​နှုတ်​က​ပတ်​တ​ရား​ကို ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပေး​ပါ​ပြီ။ အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် ဤ​သူ​တို့​ကို မုန်း​ကြ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 15,
      "text": "ဤ​သူ​တို့​ကို ဤ​လော​က​မှ နုတ်​ယူ​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​သည် မ​ဟုတ်​ပါ။ မ​ကောင်း​သော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​မည်​အ​ကြောင်း​ကို​သာ တောင်း​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 16,
      "text": "အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့် မ​ဆက်​ဆံ​သ​ကဲ့​သို့ ဤ​သူ​တို့​သည် မ​ဆက်​ဆံ​ကြ​ပါ။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 17,
      "text": "ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 18,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ အ​ကျွန်ုပ်​သည် ဤ​သူ​တို့​ကို စေ​လွှတ်​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 19,
      "text": "သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ပါ၏။"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 20,
      "text": "ထို​သူ​တို့​အ​ဖို့​ကို​သာ အ​ကျွန်ုပ်​ဆု​တောင်း​သည် မ​ဟုတ်​ပါ၊ သူ​တို့ ဟော​ပြော​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​ကို ယုံ​ကြည်​သော​သူ​တို့​အ​ဖို့​ကို​လည်း ဆု​တောင်း​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 21,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​သည်​ကို လော​ကီ​သား​တို့​သည် ယုံ​ကြ​မည်​အ​ကြောင်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌​ရှိ​တော်​မူ၍ အ​ကျွန်ုပ်​သည်​လည်း ကိုယ်​တော်၌​ရှိ​သ​ကဲ့​သို့၊ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ဆု​တောင်း​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 22,
      "text": "ငါ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် သူ​တို့၌​ရှိ၍၊-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 23,
      "text": "ကိုယ်​တော်​သည်​လည်း၊ အ​ကျွန်ုပ်၌ ရှိ​တော်​မူ​သော​အား​ဖြင့် သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ တစ်​လုံး​တစ်​ဝ​တည်း၌ စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့ သူ​တို့​ကို​လည်း ချစ်​တော်​မူ​ကြောင်း​ကို လော​ကီ​သား​တို့​သည် သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား ပေး​ပါ​ပြီ။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 24,
      "text": "အို အ​ဘ၊ ကိုယ်​တော်​သည် ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ အ​ကျွန်ုပ်​ကို​ချစ်၍ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​ဘုန်း​တော်​ကို အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်၌ အ​ကျွန်ုပ်​နှင့်​အ​တူ ရှိ​နေ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​အ​လို​ရှိ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 25,
      "text": "တ​ရား​တော်​မူ​သော​အ​ဘ၊ လော​ကီ​သား​တို့​သည် ကိုယ်​တော်​ကို​မ​သိ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​ကြ​ပါ၏။-"
    },
    {
      "book": 43,
      "chapter": 17,
      "verse": 26,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​တော်​မူ​သော​မေ​တ္တာ​သည် သူ​တို့၌​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့၌ ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်၏​နာ​မ​ကို အ​ကျွန်ုပ်​သည် သူ​တို့​အား ပြ​ညွှန်​ပါ​ပြီ​ဖြစ်၍ အ​စဉ်​ပြ​ညွှန်​ပါ​မည်​ဟု မိန့်​မြွက်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 1,
      "text": "ထို​သို့ မိန့်​မြွက်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ကေ​ဒြုန်​ချောင်း​တစ်​ဖက်​သို့​ကြွ၍၊ ထို​အ​ရပ်၌​ရှိ​သော ဥ​ယျာဉ်​သို့​ဝင်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 2,
      "text": "ထို​အ​ရပ်​သို့​ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ သွား​မြဲ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ထို​အ​ရပ်​ကို​သိ​သည်​ဖြစ်၍၊-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 3,
      "text": "စစ်​သူ​ရဲ​တစ်​တပ်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​စေ​လွှတ်​သော မင်း​လု​လင်​တို့​ကို​လည်း​ကောင်း ခေါ်​ခဲ့၍၊ မီး​အိမ်၊ မီး​ရှူး၊ လက်​နက်​တို့​ကို လက်​စွဲ​လျက်​လာ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 4,
      "text": "ယေ​ရှု​သည် ကိုယ်၌​ဖြစ်​လ​တ္တံ့​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သိ​တော်​မူ​လျက်၊ လာ​သော​သူ​တို့​ဆီ​သို့ သွား၍ အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 5,
      "text": "နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို​ရှာ​ကြ​သည်​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ ရပ်​နေ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 6,
      "text": "ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် နောက်​သို့​လှန်၍ မြေ​ပေါ်၌​လဲ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 7,
      "text": "အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု တစ်​ဖန်​မေး​တော်​မူ​လျှင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို ရှာ​ကြ​သည်​ဟု ထို​သူ​တို့​သည် ဆို​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 8,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည်​ထို​သူ​ဖြစ်၏​ဟု ငါ​ပြော​ပြီ။ သို့​ဖြစ်၍ ငါ့​ကို​ရှာ​လျှင် ဤ​သူ​တို့​သည် သွား​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 9,
      "text": "ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 10,
      "text": "ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​သည် မိ​မိ၌​ပါ​သော​ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် လက်​ယာ​နား​ရွက်​ပြတ်​လေ၏။ ထို​ကျွန်၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 11,
      "text": "ယေ​ရှု​က​လည်း ဓား​ကို အိမ်၌​သွင်း​ထား​လော့။ ခ​မည်း​တော်​သည် ငါ့​အား​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သ​လော​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 12,
      "text": "ထို​အ​ခါ​တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​နှင့် ယု​ဒ​မင်း​လု​လင်​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး၍ ချည်​နှောင်​ပြီး​လျှင် အ​န္နတ်​မင်း​ထံ​သို့ ရှေ့​ဦး​စွာ ယူ​သွား​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 13,
      "text": "အ​န္နတ်​မင်း​ကား၊ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ၏​ယော​က္ခ​မ ဖြစ်​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 14,
      "text": "ထို​က​ယာ​ဖ​ကား၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက် ပျက်​စီး​သော် သာ၍​ကောင်း​သည်​ဟု ယု​ဒ​လူ​တို့​နှင့် တိုင်​ပင်​ပြော​ဆို​သော​သူ​ပေ​တည်း။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 15,
      "text": "ရှိ​မုန်​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​တစ်​ယောက်​သည် ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။ ထို​တ​ပည့်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​သိ​အ​ကျွမ်း​ဖြစ်၍၊ ယေ​ရှု​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​ထဲ​သို့ ဝင်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 16,
      "text": "ပေ​တ​ရု​မူ​ကား​ပြင်၌ တံ​ခါး​နား​မှာ​ရပ်​နေ၏။ ထို​ကြောင့် ယဇ်​ပု​ရာ​ဟိတ်​မင်း​နှင့် အ​ကျွမ်း​ဝင်​သော တ​ပည့်​တော်​သည်​ထွက်၍ တံ​ခါး​စောင့်​မိန်း​မ​အား​ပြော​ပြီး​မှ ပေ​တ​ရု​ကို​သွင်း​လေ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 17,
      "text": "တံ​ခါး​စောင့်​မိန်း​မ​က ပေ​တ​ရု​အား၊ သင်​သည် ထို​သူ၏​တ​ပည့်​တို့​အ​ဝင်​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 18,
      "text": "ထို​ကာ​လ၌ ချမ်း​သော​ကြောင့် ကျွန်​များ​နှင့် မင်း​လု​လင်​များ​တို့​သည် မီး​ခဲ​ပုံ​ကို​ထည့်၍ မီး​လှုံ​လျက်​နေ​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့်​တ​ကွ​ရပ်၍ မီး​လှုံ​လျက်​နေ၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 19,
      "text": "ထို​အ​ခါ ယဇ်​ပု​ရာ​ဟိတ်​မင်း​သည် တ​ပည့်​တော်​တို့​ကို​လည်း​ကောင်း၊ ဒေ​သ​နာ​တော်​ကို​လည်း​ကောင်း အ​ကြောင်း​ပြု၍ ယေ​ရှု​ကို မေး​မြန်း​စစ်​ကြော၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 20,
      "text": "ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 21,
      "text": "အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း၊ ငါ​သည် အ​ဘယ်​သို့ ဟော​ပြော​သည်​ကို ကြား​နာ​သော​သူ​တို့​ကို မေး​မြန်း​လော့။ ငါ​ပြော​သော​စ​ကား​ကို ထို​သူ​တို့​သည် သိ​ကြ၏​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 22,
      "text": "ထို​သို့​မိန့်​တော်​မူ​လျှင်၊ အ​နီး​အ​ပါး၌​ရပ်​နေ​သော မင်း​လု​လင်​တစ်​ယောက်​က၊ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရာ​သ​လော​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 23,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​စ​ကား​မ​မှန်​လျှင် မ​မှန်​ကြောင်း​ကို​ပြ​ပါ။ မှန်​လျှင် ငါ့​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 24,
      "text": "အ​န္နတ်​မင်း​သည် ကိုယ်​တော်​ကို​ချည်​နှောင်​လျက် ရှိ​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ပို့​စေ​ခဲ့​ပြီ။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 25,
      "text": "ရှိ​မုန်​ပေ​တ​ရု​သည် ရပ်၍ မီး​လှုံ​လျက်​နေ​သည်​တွင် အ​ချို့​သော​သူ​တို့​က၊ သင်​သည် သူ၏​တ​ပည့်​တို့​အ​ဝင် ဖြစ်​သည်​မ​ဟုတ်​လော​ဟု မေး​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 26,
      "text": "ပေ​တ​ရု​ခုတ်၍ နား​ရွက်​ပြတ်​သော​သူ​နှင့် ပေါက်​ဖော်​တော်​သော ယဇ်​ပု​ရာ​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​က၊ သင်​သည် ဥ​ယျာဉ်၌ ယေ​ရှု​နှင့်​အ​တူ​ရှိ​သည်​ကို ငါ​မြင်​ခဲ့​ပြီ​မ​ဟုတ်​လော​ဟု ဆို​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 27,
      "text": "ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ပြန်​လေ၏၊ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်၏။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 28,
      "text": "နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 29,
      "text": "ထို​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​သို့​ထွက်၍ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို တင်​ကြ​သ​နည်း​ဟု မေး​သော်၊-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 30,
      "text": "ဤ​သူ​သည် လူ​ဆိုး​မ​ဟုတ်​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၌​မ​အပ်​ပါ​ဟု လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 31,
      "text": "ပိ​လတ်​မင်း​က​လည်း၊ သူ့​ကို​ယူ၍ သင်​တို့ ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ကြ​ဟု​ဆို၏။ ယု​ဒ​လူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​သတ်​ပိုင်​ပါ​ဟု​လျှောက်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 32,
      "text": "ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 33,
      "text": "ပိ​လတ်​မင်း​သည် အိမ်​တော်​ဦး​ထဲ​သို့ တစ်​ဖန်​ဝင်၍​ယေ​ရှု​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု​မေး၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 34,
      "text": "ယေ​ရှု​က​လည်း၊ မင်း​ကြီး​သည် ကိုယ်​အ​လို​အ​လျောက် ဤ​သို့​မေး​သ​လော၊ သို့​မ​ဟုတ် သူ​တစ်​ပါး​တို့​သည် ငါ၏​အ​ကြောင်း​ကို လျှောက်​ကြ​ပြီ​လော​ဟု မေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 35,
      "text": "ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 36,
      "text": "ယေ​ရှု​က၊ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ၏​နိုင်​ငံ​သည် ဤ​လော​က​နှင့် စပ်​ဆိုင်​လျှင်၊ ငါ​သည် ယု​ဒ​လူ​တို့​လက်​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​လူ​တို့​သည် တိုက်​လှန်​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား ငါ၏​နိုင်​ငံ​သည် ဤ​ဒေ​သ​အ​ရပ်​နှင့် မ​စပ်​ဆိုင်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 37,
      "text": "ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 38,
      "text": "ပိ​လတ်​မင်း​က​လည်း၊ သ​မ္မာ​တ​ရား​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​ပြီး​မှ တစ်​ဖန် ယု​ဒ​လူ​တို့​ရှိ​ရာ​သို့​ထွက်၍၊ ဤ​သူ၌​အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့။"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 39,
      "text": "ပ​သ​ခါ​ပွဲ၌ လူ​တစ်​ယောက်​ကို သင်​တို့​အား ငါ​လွှတ်​မြဲ​ထုံး​စံ​ရှိ​သည်​ဖြစ်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ကို လွှတ်​စေ​ချင်​သ​လော​ဟု မေး​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 18,
      "verse": 40,
      "text": "တစ်​ဖန် လူ​အ​ပေါင်း​တို့​က၊ ဤ​သူ​ကို မ​လွှတ်​စေ​ချင်​ပါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု အော်​ဟစ်၍ လျှောက်​ဆို​ကြ၏။ ထို​ဗာ​ရ​ဗ္ဗ​ကား ဓား​ပြ​ဖြစ်​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 1,
      "text": "ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ယူ၍​ရိုက်​ပြီး​မှ၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 2,
      "text": "စစ်​သူ​ရဲ​တို့​သည် ဆူး​ပင်​နှင့် ရက်​သော ဦး​ရစ်​ကို ခေါင်း​တော်၌​တင်၍၊ နီ​မောင်း​သော​ဝတ်​လုံ​နှင့် ခြုံ​စေ​ပြီး​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 3,
      "text": "ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု​ဆို၍ ရိုက်​ပုတ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 4,
      "text": "ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 5,
      "text": "ထို​အ​ခါ ယေ​ရှု​သည် ဆူး​ပင်​ဦး​ရစ်​နှင့် နီး​မောင်း​သော​ဝတ်​လုံ​တို့​ကို ဝတ်​လျက် ပြင်​သို့​ထွက်​ကြွ​တော်​မူ၏။ ပိ​လတ်​မင်း​က​လည်း သူ့​ကို​ကြည့်​ကြ​လော့​ဟု ဆို၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လု​လင်​များ​တို့​က၊ ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ၊ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့​သည် သူ့​ကို​ယူ၍ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ။ ငါ​သည် သူ၌​အ​ပြစ်​ကို မ​တွေ့​ဟု​ဆို​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 7,
      "text": "ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​ယောင်​ဆောင်​သော​ကြောင့် အ​ကျွန်ုပ်​တို့၌​ရှိ​သော ဓ​မ္မ​သတ်​အ​တိုင်း သေ​ထိုက်​ပါ​သည်​ဟု​လျှောက်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 8,
      "text": "ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည်​သာ၍ ကြောက်​သ​ဖြင့်၊ အိမ်​တော်​ဦး​ထဲ​သို့ ဝင်​ပြန်၍၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 9,
      "text": "ယေ​ရှု​အား၊ သင်​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 10,
      "text": "ပိ​လတ်​မင်း​က​လည်း၊ ငါ​နှင့်​စ​ကား​မ​ပြော​သ​လော။ ငါ​သည် သင့်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပိုင်​သည်​ကို​လည်း​ကောင်း၊ လွှတ်​ပိုင်​သည်​ကို​လည်း​ကောင်း၊ သင်​မ​သိ​လော​ဟု​ဆို​သော်၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 11,
      "text": "အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 12,
      "text": "ထို​အ​ခါ​မှ​စ၍ ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွှတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ ယု​ဒ​လူ​တို့​က​လည်း၊ ထို​သူ​ကို​လွှတ်​လျှင် ကိုယ်​တော်​သည် ကဲ​သာ​ဘု​ရင်၏​အ​ဆွေ မ​ဟုတ်​ပါ။ ရှင်​ဘု​ရင်​လုပ်​သော​သူ​မည်​သည်​ကား၊ ကဲ​သာ​ဘု​ရင်၏​ရန်​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 13,
      "text": "ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 14,
      "text": "ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 15,
      "text": "ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 16,
      "text": "ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ထို​သူ​တို့​လက်​သို့ အပ်​သ​ဖြင့်၊ သူ​တို့​သည် ကိုယ်​တော်​ကို​ယူ၍ ထုတ်​သွား​ကြ၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 17,
      "text": "ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 18,
      "text": "ထို​အ​ရပ်၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ယောက်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ ထို​သူ​နှစ်​ယောက်​အ​လယ်​မှာ ယေ​ရှု​သည် နေ​ရာ​ကျ​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 19,
      "text": "ပိ​လတ်​မင်း​သည်​လည်း က​မ္ပည်း​လိပ်​စာ​ကို​ရေး၍ လက်​ဝါး​ကပ်​တိုင်​တော်၌ တပ်​လေ၏။ လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဟု ရေး​ထား​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 20,
      "text": "ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 21,
      "text": "ထို​ကြောင့် ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု မ​ရေး​ပါ​နှင့်။ ငါ​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု သူ​ဆို​ကြောင်း​ကို ရေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 22,
      "text": "ပိ​လတ်​မင်း​က၊ ငါ​ရေး​ပြီး​သော​အ​ရာ​ကို ငါ​ရေး​ပြီ​ဟု ပြန်​ဆို၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 23,
      "text": "စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်၌ ရိုက်​ထား​ပြီး​မှ၊ အ​ဝတ်​တော်​တို့​ကို လေး​ပိုင်း​ပိုင်း၍ တစ်​ယောက်​တစ်​ပိုင်း​စီ ယူ​ကြ​လေ၏။ အ​တွင်း​အင်္ကျီ​တော်​ကား၊ မ​ချုပ်​ဘဲ​လျက် အ​ထက်​စွန်း​မှ​သည် အောက်​စွန်း​တိုင်​အောင် ရက်​သော​အင်္ကျီ​ဖြစ်​သော​ကြောင့်၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 24,
      "text": "ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 25,
      "text": "ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 26,
      "text": "ထို​အ​ခါ မယ်​တော်​နှင့် ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် အ​နား​မှာ​ရပ်​နေ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ မယ်​တော်​အား၊ အ​ချင်း​မိန်း​မ၊ သင်၏​သား​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 27,
      "text": "တ​ပည့်​တော်​အား​လည်း၊ သင်၏​အ​မိ​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ ထို​အ​ခါ​မှ​စ၍ ထို​တ​ပည့်​တော်​သည် မယ်​တော်​ကို မိ​မိ​အိမ်၌ သိမ်း​ထား၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 28,
      "text": "ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 29,
      "text": "ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 30,
      "text": "ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 31,
      "text": "ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 32,
      "text": "ထို​အ​ခါ​စစ်​သူ​ရဲ​တို့​သည် သွား၍ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​နှစ်​ယောက်​တို့၏ ခြေ​ကို​ချိုး​လေ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 33,
      "text": "ယေ​ရှု​ထံ​သို့​ရောက်၍ အ​သက်​မ​ရှိ​ကြောင်း​ကို​မြင်​လျှင် ခြေ​ကို​မ​ချိုး​ဘဲ၊-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 34,
      "text": "စစ်​သူ​ရဲ​တစ်​ယောက်​သည် နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ဖောက်၍ သွေး​နှင့် ရေ​သည် ချက်​ချင်း​ထွက်​လာ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 35,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ၏။ သူ၏​သက်​သေ​ခံ​ချက်​သည်​လည်း မှန်​ပေ၏။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊ သူ​ပြော​သော​စ​ကား​မှန်​သည်​ကို သူ​သိ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 36,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကား၊ သူ၏​အ​ရိုး​ကို မ​ချိုး​ရ​ဟု ကျမ်း​စာ​လာ​ချက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 37,
      "text": "တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော​သူ​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်​ဟု လာ၏။"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 38,
      "text": "ထို​နောက်​မှ အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည် ယု​ဒ​လူ​တို့​ကို​ကြောက်၍ မ​ထင်​မ​ရှား​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​သွား​မည်​အ​ကြောင်း အ​ခွင့်​တောင်း၏။ ပိ​လတ်​မင်း​အ​ခွင့်​ပေး​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​လေ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 39,
      "text": "အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 40,
      "text": "ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 41,
      "text": "လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​တွင် ဥ​ယျာဉ်​ရှိ၏။ ထို​ဥ​ယျာဉ်၌ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော သင်္ချိုင်း​တွင်း​သစ်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 19,
      "verse": 42,
      "text": "ယု​ဒ​လူ​တို့၏ အ​ဖိတ်​နေ့​ဖြစ်​သော​ကြောင့်၊ အ​နီး​အ​ပါး​တွင်​ရှိ​သော ထို​သင်္ချိုင်း​တွင်း၌ အ​လောင်း​တော်​ကို​ထား​ကြ၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 1,
      "text": "ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 2,
      "text": "ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ဆီ​သို့ ပြေး​သွား၍၊ သင်္ချိုင်း​တော်​မှ သ​ခင်​ကို​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ဟု​ပြော​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 3,
      "text": "ထို​အ​ခါ​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​သည်​ထွက်၍ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 4,
      "text": "ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​ပြေး​သည်​တွင် အ​ခြား​သော​တ​ပည့်​တော်​သည် ပေ​တ​ရု​ကို​လွန်၍ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သည်​ရှိ​သော်၊ ငုံ့၍​ကြည့်​သ​ဖြင့်၊-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 5,
      "text": "ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ မ​ဝင်​ဘဲ​နေ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 6,
      "text": "ရှိ​မုန်​ပေတ​ရု​သည်​နောက်​သို့​လိုက်၍ ရောက်​သော​အ​ခါ တွင်း​ထဲ​သို့​ဝင်​လျှင်၊ ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 7,
      "text": "ခေါင်း​တော်၌​ရှိ​သော​ပ​ဝါ​သည် ပိတ်​ပု​ဆိုး​နှင့်​အ​တူ​မ​ရှိ​ဘဲ တ​ခြား​စီ လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 8,
      "text": "ထို​အ​ခါ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည် ဝင်၍​မြင်​သ​ဖြင့် ယုံ​လေ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 9,
      "text": "ကိုယ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​ရ​မည်​ဟူ​သော ကျမ်း​စ​ကား​ကို တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ​သေး။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 10,
      "text": "နောက်​မှ ထို​သူ​နှစ်​ယောက်​တို့​သည် မိ​မိ​တို့​အ​ပေါင်း​အ​သင်း​ရှိ​ရာ​သို့ ပြန်​သွား​ကြ၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 11,
      "text": "မာ​ရိ​သည် သင်္ချိုင်း​တော်​အ​နား​မှာ ငို​ကြွေး​လျက်​ရပ်​နေ၏။ ငို​ကြွေး​စဉ် ငုံ့၍​တွင်း​ထဲ​သို့​ကြည့်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 12,
      "text": "ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို​ဝတ်​ဆင်​လျက်၊ ယေ​ရှု၏​အ​လောင်း​တော် လျောင်း​ရာ​အ​ရပ်၊ ခေါင်း​ရင်း၌​တစ်​ပါး၊ ခြေ​ရင်း၌​တစ်​ပါး ထိုင်​ကြ​သည်​ကို​မြင်​လေ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 13,
      "text": "ထို​သူ​တို့​က၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ၏​သ​ခင်​ကို ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ​ဟု​ပြော​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 14,
      "text": "ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​လျှင်၊ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို မ​သိ။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 15,
      "text": "ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ အ​ဘယ်​သူ​ကို ရှာ​သ​နည်း​ဟု မေး​တော်​မူ၏။ မာ​ရိ​က၊ သင်​သည်​သူ့​ကို ဆောင်​သွား​သည်​မှန်​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ ကျွန်​မ ယူ​သွား​ပါ​မည်​အ​ရှင်​ဟု၊ ထို​သူ​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 16,
      "text": "ယေ​ရှု​က​လည်း၊ မာ​ရိ​ဟု​ခေါ်​တော်​မူ​လျှင်၊ မာ​ရိ​သည်​လှည့်၍ ရ​ဗ္ဗု​နိ​ဟု ထူး​လေ၏။ ရ​ဗ္ဗု​နိ​အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 17,
      "text": "ယေ​ရှု​က​လည်း၊ ငါ့​ကို​မ​ဖက်​နှင့်​ဦး။ ငါ​သည် ငါ့​ခ​မည်း​တော်​ထံ​သို့ မ​တက်​ရ​သေး။ ငါ့​ညီ​တို့​ရှိ​ရာ​သို့ သွား​လော့။ ငါ၏​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့၏​ခ​မည်း​တော်၊ ငါ၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့၏ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ငါ​တက်​ရ​မည်​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 18,
      "text": "မာ​ဂ​ဒ​လ​မာ​ရိ​သည် သွား၍​မိ​မိ​သည် သ​ခင်​ကို​တွေ့​မြင်​သည်​ကို​လည်း​ကောင်း၊ ထို​သို့​မိန့်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​အား ကြား​ပြော​လေ၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 19,
      "text": "ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 20,
      "text": "ထို​သို့​မိန့်​တော်​မူ​ပြီး​မှ လက်​တော်​နှင့် နံ​ဘေး​တော်​ကို ပြ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ကို​မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 21,
      "text": "တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 22,
      "text": "ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​လော့။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 23,
      "text": "အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​လွှတ်​လျှင်၊ ထို​သူ​သည် အ​ပြစ်​လွတ်​လျက်​ရှိ၏။ အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​တည်​စေ​လျှင်၊ ထို​သူ​သည် အ​ပြစ်​တည်​လျက်​ရှိ၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 24,
      "text": "ထို​သို့ ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​သော​အ​ခါ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်၊ ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ​သည် ထို​တ​ပည့်​တော်​တို့​နှင့်​အ​တူ​မ​ရှိ။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 25,
      "text": "ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 26,
      "text": "ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 27,
      "text": "ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 28,
      "text": "သော​မ​က​လည်း၊ အ​ကျွန်ုပ်၏​အ​ရှင်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ပါ​တ​ကား​ဟု ပြန်၍​လျှောက်၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 29,
      "text": "ယေ​ရှု​က​လည်း၊ သင်​သည်​ငါ့​ကို​မြင်​သော​ကြောင့် ယုံ​ခြင်း​ရှိ၏။ ငါ့​ကို​မ​မြင်​ဘဲ​ယုံ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 30,
      "text": "ဤ​ကျမ်း​စာ၌ ရေး၍​မ​ထား​သော အ​ခြား​နိ​မိတ်​လ​က္ခ​ဏာ​အ​များ​တို့​ကို​လည်း ယေ​ရှု​သည် တ​ပည့်​တော်​တို့​မျက်​မှောက်၌ ပြ​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 20,
      "verse": 31,
      "text": "ယေ​ရှု​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 1,
      "text": "တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 2,
      "text": "ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 3,
      "text": "ရှိ​မုန်​ပေ​တ​ရု​က၊ ကျွန်ုပ်​သည် ငါး​ဖမ်း​သွား​မည်​ဟု​ဆို​လျှင်၊ ထို​သူ​တို့​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်​မည်​ဟု ပြော​ဆို​သည်​နှင့် ထွက်​သွား​ကြ၏။ ချက်​ချင်း​လှေ​ထဲ​သို့​ဝင်၍ ထို​ည​တွင် တစ်​ကောင်​ကို​မျှ​မ​ရ​ကြ။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 4,
      "text": "နံ​နက်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​နား​မှာ​ရပ်​တော်​မူ၏။ သို့​ရာ​တွင် ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် မ​သိ​ကြ။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 5,
      "text": "ယေ​ရှု​က​လည်း၊ ချစ်​သား​တို့၊ စား​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မ​ရှိ​ပါ​ဟု​ပြန်​ပြော​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 6,
      "text": "တစ်​ဖန်​ယေ​ရှု​က၊ လှေ​လက်​ယာ​ဘက်၌ ပိုက်​ကွန်​ကို​ပစ်​ချ​လော့။ ထို​သို့​ပြု​လျှင် ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပစ်​ချ၍​များ​စွာ​သော​ငါး​တို့​ကို အုပ်​မိ​သော​ကြောင့်၊ ပိုက်​ကွန်​ကို​ဆွဲ၍​မ​ရ​နိုင်။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 7,
      "text": "ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 8,
      "text": "အ​ခြား​သော တ​ပည့်​တော်​တို့​သည် ကမ်း​နှင့် မ​နီး​မ​ဝေး အ​လံ​ငါး​ဆယ်​လောက်​ကွာ​သည်​ဖြစ်၍၊ ငါး​များ​နှင့် ပိုက်​ကွန်​ကို ဆွဲ​ငင်​လျက် လှေ​စီး၍ လာ​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 9,
      "text": "ကုန်း​ပေါ်​သို့​ရောက်​သော​အ​ခါ မီး​ခဲ​ပုံ​ကို​လည်း​ကောင်း၊ ကင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 10,
      "text": "ယေ​ရှု​က​လည်း၊ ယ​ခု​ရ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 11,
      "text": "ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်၍၊ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ်​သုံး​ကောင်​နှင့် ပြည့်​လျက်​ရှိ​သော ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့ ဆွဲ​တင်​လေ၏။ ထို​မျှ​လောက် များ​သော်​လည်း ပိုက်​ကွန်​သည် မ​စုတ်​မ​ပြတ်​ရှိ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 12,
      "text": "ယေ​ရှု​က​လည်း၊ လာ၍​နံ​နက်​စာ​ကို​စား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟူ၍ တစ်​စုံ​တစ်​ယောက်​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 13,
      "text": "ယေ​ရှု​သည် လာ၍​မုန့်​နှင့် ငါး​ကို​ယူ​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 14,
      "text": "ထို​ပြ​တော်​မူ​ခြင်း​ကား၊ ယေ​ရှု​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ တ​ပည့်​တော်​တို့​အား ကိုယ်​ကို သုံး​ကြိမ်​မြောက်​သော ပြ​တော်​မူ​ခြင်း​ဖြစ်​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 15,
      "text": "နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 16,
      "text": "တစ်​ဖန်​ယေ​ရှု​က၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​တို့​ကို ထိန်း​လော့​ဟု​မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 17,
      "text": "ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 18,
      "text": "ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 19,
      "text": "ထို​သို့​မိန့်​တော်​မူ​သော်၊ အ​ဘယ်​သို့​သော​သေ​ခြင်း​အား​ဖြင့် ပေ​တ​ရု​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု ပေ​တ​ရု​အား မိန့်​တော်​ပြန်၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 20,
      "text": "ယေ​ရှု​ချစ်​တော်​မူ၍ အ​ထက်​က ည​စာ​စား​သော​အ​ခါ၌ ရင်​တော်​ကို​မှီ၍​လျောင်း​လျက်၊ သ​ခင်၊ ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော​တ​ပည့်​တော်​သည်​လည်း နောက်​တော်​သို့ လိုက်​သည်​ကို ပေ​တ​ရု​သည်​လှည့်၍​မြင်​လျှင်၊-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 21,
      "text": "သ​ခင်၊ ဤ​သူ၌ အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု မေး​လျှောက်​သော်၊-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 22,
      "text": "ယေ​ရှု​က၊ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 23,
      "text": "ထို​စ​ကား​တော်​ကို​ထောက်​လျှင်၊ ညီ​အစ်​ကို​တို့​က၊ ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။ သို့​သော်​လည်း ထို​သူ​သည်​မ​သေ​ရ​ဟု ယေ​ရှု​မိန့်​တော်​မူ​သည် မ​ဟုတ်။ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု မိန့်​တော်​မူ​သ​တည်း။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 24,
      "text": "ထို​တ​ပည့်​တော်​ကား၊ ဤ​အ​ကြောင်း​အ​ရာ​တို့​ကို သက်​သေ​ခံ၍ ရေး​ထား​သော​သူ​ဖြစ်၏။"
    },
    {
      "book": 43,
      "chapter": 21,
      "verse": 25,
      "text": "သူ၏​သက်​သေ​ခံ​ချက် မှန်​သည်​ကို ငါ​တို့​သိ​ကြ၏။ ယေ​ရှု​ပြု​တော်​မူ​သော အ​ခြား​အ​မှု​အ​ရာ​အ​များ ရှိ​သေး၏။ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို အ​သီး​အ​ခြား​ရေး​ထား​လျှင်၊ မြေ​ကြီး​မ​ဆံ့​နိုင်​အောင် ကျမ်း​စာ​များ​ပြား​လိမ့်​မည်​ဟု ထင်​မှတ်​ခြင်း​ရှိ၏။ ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 1,
      "text": "အို သော်​ဖိ​လု၊ ယေ​ရှု​သည် ရွေး​ကောက်​တော်​မူ​သော တ​မန်​တော်​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် မှာ​ထား​ပြီး​မှ၊-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 2,
      "text": "အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူသောနေ့မရောက်မီကာလတွင်၊ ပြုမူသွန်သင်တော်မူသ​မျှ​တို့​ကို ထုတ်​ဖော်၍၊ အ​ထက်​ကျမ်း​စာ​ကို ငါ​စီ​ရင်​ရေး​ထား​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 3,
      "text": "အ​သေ​ခံ​တော်​မူ​ပြီး​လျှင်၊ တ​မန်​တော်​တို့​အား အ​ရက်​လေး​ဆယ်​ပတ်​လုံး ကိုယ်​ကို​ပြ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​ကို မိန့်​မြွက်​တော်​မူ​လျက်၊ မိ​မိ​အ​သက်​ရှင်​သည်​အ​ကြောင်း​ကို ခိုင်​ခံ့​သော သက်​သေ​အ​များ​အား​ဖြင့် ပြ​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 4,
      "text": "ထို​တ​မန်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​မ​သွား​ဘဲ ခ​မည်း​တော်၏ က​တိ​ကို​ငံ့​နေ​မည်​အ​ကြောင်း မှာ​တော်​မူ၍၊ ထို​က​တိ​တော်​ကို ငါ​ဟော​ပြော​သ​ဖြင့် သင်​တို့​သည်​ကြား​သိ​ရ​ကြ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 5,
      "text": "က​တိ​တော်​အ​ချက် ဟူ​မူ​ကား၊ ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် မ​ကြာ​မ​မြင့်​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 6,
      "text": "ထို​တ​မန်​တော်​တို့​သည်​လည်း စု​ဝေး၍၊ သ​ခင်​ဘု​ရား၊ ယ​ခု​အ​ခါ​ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိုင်​ငံ​ကို​ပြန်​ပေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ကြ​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 7,
      "text": "သ​ခင်​ဘု​ရား​က၊ ခ​မည်း​တော်၏​တန်​ခိုး​အား​ဖြင့် စီ​ရင်​တော်​မူ​သော​အ​ချိန်​ကာ​လ​ကို သိ​ရ​သော​အ​ခွင့်​သည် သင်​တို့၌​မ​ရှိ။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 8,
      "text": "ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 9,
      "text": "တ​မန်​တော်​တို့​သည် ကြည့်​ရှု​လျက်​နေ​ကြ​စဉ်၊ သ​ခင်​ဘု​ရား​သည် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ မိုး​တိမ်​သည် ကိုယ်​တော်​ကို မျက်​ကွယ်​အောင် ခံ​ယူ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 10,
      "text": "ထို​သို့​ကြွ​တော်​မူ​သည်​ကို တ​မန်​တော်​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်​လျက် နေ​ကြ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ဖြူ​စင်​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက် တ​မန်​တော်​တို့​အ​နား​မှာ ပေါ်​လာ၍၊-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 11,
      "text": "အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 12,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​နှင့် ဥ​ပုသ်​နေ့​တစ်​နေ့​ခ​ရီး​သာ​ကွာ၍ သံ​လွင်​အ​မည်​ရှိ​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တ​မန်​တော်​တို့​သည် ပြန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 13,
      "text": "ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 14,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 15,
      "text": "ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 16,
      "text": "ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​သော​ယု​ဒ​ရှ​ကာ​ရုတ်​ကို ရည်​မှတ်၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​မင်း၏​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​နှင့်​သော ကျမ်း​စာ​ချက်​အ​တိုင်း မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 17,
      "text": "ထို​သူ​သည် ငါ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​ရာ​ကို ခံ​ရ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 18,
      "text": "ထို​သူ​သည် မ​တ​ရား​သော​အ​မှု​အ​တွက်​ဖြင့် ရ​သော​အ​ခ​နှင့် မြေ​တစ်​ကွက်​ကို​ဝယ်​ပြီး​မှ၊ မှောက်​လျက်​ကျ​လဲ၍ ဝမ်း​ကွဲ​သ​ဖြင့် အ​အူ​များ​ပေါက်​လေ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 19,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည်​သိ၍ မိ​မိ​တို့​ဘာ​သာ​အား​ဖြင့် ထို​မြေ​ကို အ​ကေ​လ​ဒ​မ​ဟု ခေါ်​တွင်​ကြ၏။ အ​နက်​ကား သွေး​မြေ​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 20,
      "text": "ဆာ​လံ​ကျမ်း​စာ၌​လာ​သည်​ကား၊ သူ၏​နေ​ရာ​အ​ရပ်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ပါ​စေ။ နေ​သော​သူ မ​ရှိ​ပါ​စေ​နှင့်။ သူ၏​အ​ရာ​ကို​လည်း အ​ခြား​သူ​ရ​ပါ​စေ​ဟု ရေး​မှတ်​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 21,
      "text": "ထို​ကြောင့် ယောဟန်​သည် ဗ​တ္တိ​ဇံ​ကို ပေး​သည်​ကာ​လ​မှ​စ၍၊"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 22,
      "text": "သ​ခင်​ယေ​ရှု​သည် ငါ​တို့​နှင့်​ခွာ၍ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သည်​နေ့​ရက်​တိုင်​အောင်၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထွက်​ဝင်​သွား​လာ​တော်​မူ​သော ကာ​လ​ပတ်​လုံး ငါ​တို့​နှင့်​ပေါင်း​ဖော်၍​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​သည်၊ ထို​သ​ခင်​ထ​မြောက်​တော်​မူ​သည် အ​ကြောင်း​ကို ဟော​ပြော၍ ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​ဖြစ်​ရ​မည်​ဟု ပေ​တ​ရု​ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 23,
      "text": "ဗာ​ရှ​ဗ​ဟု ခေါ်​ဝေါ်၍ ယု​တ္တု​အ​မည်​သစ်​ကို​ရ​သော ယော​သပ်​နှင့် မဿိ​ကို ခန့်​ထား၍၊-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 24,
      "text": "ဤ​သို့​ဆု​တောင်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 25,
      "text": "လူ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော သ​ခင်​ဘု​ရား၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် မိ​မိ​နေ​ရာ​အ​ရပ်​သို့ သွား​အံ့​သော​ငှာ ဓ​မ္မ​ဆ​ရာ၏​အ​ရာ၊ တ​မန်​တော်၏​အ​ရာ​မှ ရွေ့​လျော့​ဖောက်​ပြန်​သည်​ဖြစ်၍၊ ထို​အ​ရာ​ကို​ခံ​စေ​ခြင်း​ငှာ ဤ​သူ​နှစ်​ယောက်​တို့​တွင် ရွေး​ကောက်​တော်​မူ​သော​သူ​ကို ပြ​ညွှန်​တော်​မူ​ပါ​ဟု ဆု​တောင်း​ပြီး​မှ၊-"
    },
    {
      "book": 44,
      "chapter": 1,
      "verse": 26,
      "text": "စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 1,
      "text": "ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး၍​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 2,
      "text": "ထို​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​သော​အ​သံ​သည် တစ်​ခ​ဏ​ချင်း​တွင် ကောင်း​ကင်​မှ​လာ၍၊ ထို​သူ​တို့ နေ​ထိုင်​သော​အိမ်​ကို ဖြည့်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 3,
      "text": "ထို​ခ​ဏ​ချင်း​တွင် ကွဲ​ပြား​သော​လျှာ​တို့​သည် မီး​လျှာ​ကဲ့​သို့​ထင်​ရှား၍၊ ထို​သူ​အ​သီး​အ​သီး​တို့​အ​ပေါ်၌ တည်​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 4,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 5,
      "text": "ထို​ကာ​လ​အ​ခါ၊ ကောင်း​ကင်​အောက်​တွင် ရှိ​လေ​သ​မျှ​သော​လူ​မျိုး​ထဲ​က ဘု​ရား​ကို​ရို​သေ​သော ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ တည်း​နေ​ကြ​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 6,
      "text": "ထို​အ​သံ​ကို​ကြား​ရ​သော​အ​ခါ၊ လူ​များ​တို့​သည်​စု​ဝေး​လာ​ကြ​လျှင်၊ အ​သီး​သီး​အ​ခြား​ခြား​သော မိ​မိ​တို့ ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ဟော​ပြော​သည်​ကို ကြား​ရ၍ မှိုင်​တွေ​လျက်​ရှိ​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 7,
      "text": "ထို​လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ ယ​ခု​ဟော​ပြော​သော​သူ​အ​ပေါင်း​တို့​သည် ဂါ​လိ​လဲ​လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 8,
      "text": "သို့​ဟုတ်​လျှင် ငါ​တို့​သည် အ​သီး​အ​သီး​မွေး​ဖွား​ရာ​ဌာ​န၏ ဘာ​သာ​စ​ကား​များ​ကို ကြား​ရ​သည်​ကား အ​ဘယ်​သို့​နည်း။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 9,
      "text": "ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 10,
      "text": "ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော​သူ၊ ကု​ရေ​နေ​မြို့​နှင့်​စပ်​သော လိ​ဗု​ကျေး​လက်၌ နေ​သော​သူ၊ ရော​မ​မြို့​မှ​လာ​သော ဧည့်​သည်​များ၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဘာ​သာ​ဝင်​ဖြစ်​စေ၊-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 11,
      "text": "က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 12,
      "text": "ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေး​တော​သော​စိတ် ရှိ​သည်​နှင့်၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့​သော အ​မှု​အ​ရာ​ဖြစ်​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 13,
      "text": "လူ​အ​ချို့​တို့​က၊ ဤ​သူ​တို့​သည် ချို​သော​စ​ပျစ်​ရည်​နှင့် ပြည့်​ဝ​သည်​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 14,
      "text": "ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 15,
      "text": "ယ​ခု​အ​ချိန်​ကား နံ​နက်​တစ်​ချက်​တီး​အ​ချိန်​သာ ရှိ​သည်​ဖြစ်၍၊ သင်​တို့​ထင်​သည်​အ​တိုင်း ဤ​သူ​တို့​သည် ယစ်​မူး​ကြ​သည်​မ​ဟုတ်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 16,
      "text": "ဤ​အ​ရာ​ကား ပ​ရော​ဖက်​ယော​လ​ဟော​ဖူး​သော​အ​ရာ ဖြစ်​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 17,
      "text": "ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 18,
      "text": "ထို​ကာ​လ၌​လည်း ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 19,
      "text": "အ​ထက်​မိုး​ကောင်း​ကင်၌ အံ့​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌ သွေး၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ပု​ပ္ပ​နိ​မိတ်​တို့​ကို​လည်း​ကောင်း ငါ​ပြ​မည်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 20,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ ထူး​မြတ်​သော​နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 21,
      "text": "ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့​ဟု ဘု​ရား​ဗျာ​ဒိတ်​တော်​ရှိ၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 22,
      "text": "ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍၊-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 23,
      "text": "ဘု​ရား​သ​ခင်​ပြ​ဌာန်း​တော်​မူ​သော အ​လို​တော်​အား​ဖြင့်​လည်း​ကောင်း၊ အ​နာ​ဂ​တံ​သ ဉာဏ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ အပ်​နှံ​ခြင်း​ကို​ခံ​သော ထို​ယေ​ရှု​ကို သင်​တို့​သည် ဖမ်း​ဆီး၍ မ​တ​ရား​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်၌ ရိုက်၍ ကွပ်​မျက်​ကြ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 24,
      "text": "ထို​သူ​ကို သေ​ခြင်း​ဝေ​ဒ​နာ​သည် အ​စဉ်​ချည်​နှောင်​ချုပ်​ကိုင်၍ မ​ဖြစ်​နိုင်​သည်​နှင့်၊ ထို​ဝေ​ဒ​နာ​ကို ဘု​ရား​သ​ခင်​သည် ချွတ်​ပယ်၍ ထ​မြောက်​စေ​တော်​မူ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 25,
      "text": "ထို​သူ​ကို​အ​ကြောင်း​ပြု​လျက် ဒါ​ဝိဒ်​မင်း​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား ငါ့​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 26,
      "text": "ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည် သာ​ယာ​ခြင်း၊ ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌​ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊ အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 28,
      "text": "မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သော​အား​ဖြင့် ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ကျွန်ုပ်​ကို ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​ဆို​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 29,
      "text": "ညီ​အစ်​ကို​တို့၊ အ​မျိုး၏​အ​ဘ​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား အ​တည့်​အ​လင်း ပြော​ပါ​ရ​စေ။ ထို​ဒါ​ဝိဒ်​သည် သေ၍ သင်္ဂြိုဟ်​သော​တွင်း​သည် ယ​ခု​တိုင်​အောင် ငါ​တို့၌​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 30,
      "text": "ထို​သူ​သည် မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​က လူ​ဇာ​တိ​အား​ဖြင့် ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ၍ မိ​မိ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​မည်​အ​ကြောင်း ဓိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​သည်​ကို ပ​ရော​ဖက်​ဉာဏ်​အား​ဖြင့်​သိ၍၊-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 31,
      "text": "ခ​ရစ်​တော်၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ရည်​မှတ်​လျက်၊ ထို​ခ​ရစ်​တော်၏​စိတ်​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ အ​သား​သည်​လည်း ပုပ်​စပ်​ခြင်း​သို့​မ​ရောက်​ဟု အ​နာ​ဂ​တံ​သ​ဉာဏ်​နှင့် ဟော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 32,
      "text": "ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 33,
      "text": "ထို​သို့​ဘု​ရား​သ​ခင်​သည် လက်​ယာ​လက်​တော်​နှင့် ချီး​မြှောက်​တော်​မူ​သ​ဖြင့်၊ ထို​သ​ခင်​သည် က​တိ​တော်​နှင့် ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ၌ ခံ​ပြီ​ဖြစ်၍ သင်​တို့​သိ​မြင်​ကြား​ရ​သော​အ​ရာ​ကို ညွှန်း​လောင်း​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 34,
      "text": "ဒါ​ဝိဒ်​သည် ကောင်း​ကင်​သို့​မ​တက်​သေး၊-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 35,
      "text": "သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ့​သ​ခင်​အား​မိန့်​တော်​မူ​သည်​ဟု ဒါ​ဝိဒ်​စ​ကား​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 36,
      "text": "ထို​ကြောင့် သင်​တို့​သည်​လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​သော​ယေ​ရှု​ကို ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သည်​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ အ​တပ်​အ​မှန် သိ​မှတ်​ကြ​လော့​ဟု ပေ​တ​ရု​ဟော​လေ၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 37,
      "text": "ထို​သူ​တို့​သည်​ကြား​ရ​လျှင် စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၍၊ ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု ပေ​တ​ရု​မှ​စ၍ အ​ခြား​သော​တ​မန်​တော်​တို့​အား မေး​မြန်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 38,
      "text": "ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 39,
      "text": "အ​ကြောင်း​မူ​ကား၊ က​တိ​တော်​သည် သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း၊ ဝေး​သော​သူ​တို့​တွင် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သ​မျှ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆိုင်​သည်​ဟု ဟော၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 40,
      "text": "ထို​မှ​တစ်​ပါး သ​ဘော​မ​ဖြောင့်​သော ဤ​အ​မျိုး​မှ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့​ဟူ၍ အ​ထူး​ထူး အ​ပြား​ပြား​သော​စ​ကား​နှင့် သက်​သေ​ခံ၍ တိုက်​တွန်း​သွေး​ဆောင်​လေ၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 41,
      "text": "ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 42,
      "text": "ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 43,
      "text": "လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ခြင်း​ရှိ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် များ​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 44,
      "text": "ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​သည် တ​စ်စု​တစ်​ဝေး​တည်း​နေ​ကြ​သ​ဖြင့်၊ မိ​မိ​တို့၌​ရှိ​သ​မျှ​ကို ဆက်​ဆံ၍ သုံး​ဆောင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 45,
      "text": "မိ​မိ​တို့​ဥ​စ္စာ​ပ​စ္စည်း​များ​ကို ရောင်း​ပြီး​လျှင်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ခြင်း​ကို ပြု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 46,
      "text": "ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 2,
      "verse": 47,
      "text": "ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 1,
      "text": "ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 2,
      "text": "အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 3,
      "text": "ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​ဝင်​မည် လာ​ကြ​သည်​ကို ထို​သူ​သည်​မြင်​လျှင် စွန့်​ကြဲ​ပါ​ဟု တောင်း​လေ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 4,
      "text": "ထို​အ​ခါ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ငါ​တို့​အား မျှော်​ကြည့်​လော့​ဟု​ဆို​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 5,
      "text": "ထို​သူ​သည်​တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု​စိတ်​ထင်​နှင့် တ​မန်​တော်​တို့​ကို မျှော်​ကြည့်​လျက်​နေ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 6,
      "text": "ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 7,
      "text": "သူ၏​လက်​ယာ​လက်​ကို ကိုင်​ဆွဲ​ချီ​ကြွ​လေ​သော ခ​ဏ​ချင်း​တွင်၊ ခြေ​နှစ်​ဖက်​ဖ​မျက်​စိ​တို့​သည် စွမ်း​အား​ကို​ရ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 8,
      "text": "ရုတ်​တ​ရက်​ထ၍ မတ်​တပ်​ရပ်​ပြီး​လျှင် လှမ်း​သွား​လေ၏။ သွား​လျက်၊ ခုန်​လျက်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လျက်၊ တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​သို့​ဝင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 9,
      "text": "ထို​သို့​လှမ်း​သွား၍ ဘု​ရား​သ​ခင်​အား ချီး​မွမ်း​သည်​ကို လူ​အ​ပေါင်း​တို့​သည် မြင်​သော​အ​ခါ၊-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 10,
      "text": "ထို​သူ​သည် ဗိ​မာန်​တော်၏​တင့်​တယ်​တံ​ခါး​နား​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ၍ ထိုင်​နေ​သော​သူ​ဖြစ်​သည်​ကို သိ​ကြ​သော​ကြောင့်၊ သူ၌​ဖြစ်​သည် အ​မှု​ကို အံ့​ဩ​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 11,
      "text": "ထို​သူ​သည် ပေ​တ​ရု​နှင့် ယော​ဟန်​ကို အ​မှီ​ပြု​လျက်​ရှိ​ရာ​အ​ရပ်၊ ရှော​လ​မုန်​က​နား​ပြင်​အ​မည်​ရှိ​သော က​နား​ပြင်​သို့​ပြေး​ဝင်၍ စု​ဝေး​ကြ၏။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 12,
      "text": "ပေ​တ​ရု​သည် မြင်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့ အ​ဘယ်​ကြောင့် ဤ​အ​မှု​ကို အံ့​ဩ​ကြ​သ​နည်း။ ဤ​သူ​သည် လှမ်း​သွား​နိုင်​သော​အ​ခွင့်​ကို ငါ​တို့​သည် ကိုယ်​တန်​ခိုး၊ ကိုယ်​သီ​လ​အား​ဖြင့်​ပေး​ဘိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ငါ​တို့​ကို စေ့​စေ့​ကြည့်​ရှု​ကြ​သ​နည်း။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 13,
      "text": "အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏​ဘု​ရား​သ​ခင်၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏ ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​ပြီ။ ထို​သ​ခင်​ကို သင်​တို့​သည် ပိ​လတ်​မင်း​လက်​သို့​အပ်​နှံ၍၊ ထို​မင်း​သည် လွှတ်​မည်​အ​ကြံ​ရှိ​သော်​လည်း သင်​တို့​သည် ထို​သ​ခင်​ကို​ငြင်း​ပယ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 14,
      "text": "သန့်​ရှင်း​ဖြောင့်​မတ်​တော်​မူ​သော သ​ခင်​ကို​ငြင်း​ပယ်၍၊ လူ​အ​သက်​ကို သတ်​ခြင်း​အ​ပြစ် ရှိ​သော​သူ​တစ်​ယောက်​ကို ရ​မည်​အ​ကြောင်း တောင်း​ပန်​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 15,
      "text": "အ​သက်​ရှင်​ခြင်း​သို့ ပို့​ဆောင်​တော်​မူ​သော​အ​ရှင်​ကို ကွပ်​မျက်​ကြ​ပြီ​တ​ကား၊ ထို​အ​ရှင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 16,
      "text": "ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ထို​သ​ခင်၏​နာ​မ​တော်​သည် သင်​တို့​သိ​မြင်​သော ဤ​သူ​အား အ​စွမ်း​ကို ပေး​တော်​မူ​ပြီ။ ထို​သ​ခင်​ကြောင့်​ရ​သော ယုံ​ကြည်​ခြင်း​သည် သင်​တို့​မျက်​မှောက်​တွင် ဤ​သူ၌​စေ့​စုံ​ခြင်း အ​ခွင့်​ကို​ပေး၍​ရှိ​လေ​ပြီ။"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 17,
      "text": "ယ​ခု​လည်း ညီ​အစ်​ကို​တို့၊ သင်​တို့​မှ​စ၍ အ​စိုး​ရ​သော​သူ​တို့​သည် မ​သိ​ဘဲ​လျက် ထို​သို့​ပြု​ကြ​သည်​ကို ငါ​သိ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 18,
      "text": "ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဟော​ပြော၍၊ ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​နှင့်​သော​အ​မှု​ကို ထို​သို့​အား​ဖြင့် ပြီး​စီး​တော်​မူ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 19,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 20,
      "text": "သင်​တို့​အ​ဖို့​အ​လို​ငှာ ခန့်​ထား​တော်​မူ​နှင့်​သော ယေ​ရှု​ခ​ရစ်​ကို စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ သင်​တို့ အ​ပြစ်​များ​ကို ပြေ​စေ​ခြင်း​ငှာ နောင်​တ​ရ၍ စိတ်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 21,
      "text": "က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 22,
      "text": "ငါ​တို့​ဘိုး​ဘေး​များ​တို့​အား​လည်း မော​ရှေ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့​ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက် ဟော​ပြော​သော​အ​ရာ​တို့​ကို သင်​တို့​သည် နား​ထောင်​ရ​ကြ​မည်။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 23,
      "text": "အ​ကြင်​သူ​သည် ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​သည် မိ​မိ​အ​မျိုး​ထဲ​က ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်​ဟု​ဟော၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 24,
      "text": "ပ​ရော​ဖက်​ရှ​မွေ​လ​မှ​စ၍ နောက်​ဟော​သော ပ​ရော​ဖက်​ရှိ​သ​မျှ​တို့​သည် ဤ​သည်​နေ့​ရက်​ကာ​လ​ကို ဟော​ပြော​ပြ​ညွှန်​ကြ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 25,
      "text": "သင်​တို့​သည် ပ​ရော​ဖက်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​ကို၊ သင်၏ အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၍၊ ငါ​တို့ ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သင်​တို့​သည်​ဆိုင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 3,
      "verse": 26,
      "text": "သင်​တို့​တွင် မိ​မိ​ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​ပယ်​ရှား​သော​သူ ရှိ​သ​မျှ​တို့​အား ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင်၊ သင်​တို့​ရှိ​ရာ​သို့ ရှေး​ဦး​စွာ​စေ​လွှတ်​တော်​မူ​သည်​ဟု လူ​များ​တို့​အား ပေ​တ​ရု​ဟော​ပြော၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 1,
      "text": "ထို​သို့ တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဟော​ပြော​စဉ်​တွင်၊ ဗိ​မာန်​တော်​မှူး​မှ​စ​သော ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဇ​ဒ္ဒု​ကဲ​များ​တို့​သည် လာ​ကြ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 2,
      "text": "တ​မန်​တော်​တို့​သည် လူ​များ​တို့​အား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​ခြင်း​မှ ထ​မြောက်​ခြင်း​တ​ရား​ကို ဟော​သော​ကြောင့်၊ ထို​မင်း​များ​တို့​သည် စိတ်​ပူ​ပန်​ခြင်း​ရှိ​သည်​နှင့်၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 3,
      "text": "တ​မန်​တော်​တို့​ကို ဖမ်း​ဆီး​ပြီး​မှ၊ ည​အ​ချိန်​ဖြစ်​သော​ကြောင့် နက်​ဖြန်​နေ့​တိုင်​အောင် နှောင်​အိမ်၌ ချုပ်​ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 4,
      "text": "တ​ရား​နာ​သော​သူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ငါး​ထောင်​မျှ​လောက် ရှိ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 5,
      "text": "နက်​ဖြန်​နေ့​ရောက်​သော် မင်း​အ​ရာ​ရှိ၊ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့်၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 6,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​အ​န္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အာ​လေ​ဇ​န္ဒြု​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး ရှိ​မျှ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​ကြ​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 7,
      "text": "တ​မန်​တော်​တို့​ကို အ​လယ်၌​ထား၍၊ သင်​တို့​သည် အ​ဘယ်​သို့​သော​တန်​ခိုး၊ အ​ဘယ်​သူ၏​နာ​မ​အား​ဖြင့် ဤ​အ​မှု​ကို​ပြု​သ​နည်း​ဟု မေး​မြန်း​ကြ၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 8,
      "text": "ထို​အ​ခါ​ပေ​တ​ရု​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ လူ​များ​ကို အ​စိုး​ရ​သော​မင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့၊"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 9,
      "text": "အင်္ဂါ​ချို့​တဲ့​သော​သူ​ကို ကျေး​ဇူး​ပြု၍၊ သူ​သည် အ​နာ​ရော​ဂါ​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​သ​နည်း​ဟု ငါ​တို့​သည် ယ​နေ့​အ​စစ်​ခံ​ရ​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 10,
      "text": "သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​မှာ​ကွပ်​မျက်၍၊ ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​မျက်​မှောက်၌ ကျန်း​မာ​လျက်​ရှိ​သည်​ကို သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့ သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 11,
      "text": "ထို​သ​ခင်​ကား၊ သင်​တို့​သည် တိုက်​ကို တည်​လုပ်​သော​အ​ခါ ပယ်​ထား၍၊ နောက်​တစ်​ဖန် တိုက်​ထောင့် အ​ထွတ်​ဖျား​သို့​ရောက်​ပြန်​သော ကျောက်​ဖြစ်​တော်​မူ၏။ ထို​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကယ်​တင်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 12,
      "text": "ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 13,
      "text": "ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 14,
      "text": "အ​နာ​ကင်း​လွတ်​သော​သူ​သည် ထို​သူ​တို့​နှင့်​အ​တူ ရှိ​နေ​သည်​ကို မြင်၍​လည်း​ကောင်း၊ ငြင်း​ခုံ​ဆို​ဖွယ်​ရာ မ​ရှိ​မ​တွေ့​ကြ။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 15,
      "text": "တ​မန်​တော်​တို့​ကို လွှတ်​တော်​မှ ထွက်​သွား​စေ​ပြီး​လျှင်၊ ဤ​သူ​တို့​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 16,
      "text": "သူ​တို့​သည် ထင်​ရှား​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​ပြီး​သည်​ကို၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သိ​မြင်​ကြ၏။ ငါ​တို့​သည်​လည်း ငြင်း​ခုံ​ခြင်း​ငှာ မ​တတ်​နိုင်​ပြီ။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 17,
      "text": "သို့​သော်​လည်း လူ​များ​အ​ထဲ၌ သာ၍ မ​နှံ့​မ​ပြား​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ထို​နာ​မ​ကို အ​မှီ​ပြု​လျက် အ​ဘယ်​သူ​ကို​မျှ မ​ဟော​မ​ပြော​နှင့်​ဟူ၍ သူ​တို့​ကို ကျပ်​တည်း​စွာ ခြိမ်း​ခြောက်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 18,
      "text": "တ​မန်​တော်​တို့​ကို​ခေါ်၍၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် ဟော​ပြော​သွန်​သင်​ခြင်း​ကို အ​လျှင်း​မ​ပြု​နှင့်​ဟု အ​မိန့်​ရှိ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 19,
      "text": "ပေ​တ​ရု​နှင့် ယော​ဟန်​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက် သင်​တို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 20,
      "text": "ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 21,
      "text": "ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ အ​နာ​ကင်း​ခြင်း နိ​မိတ်​လ​က္ခ​ဏာ​ကို ခံ​ရ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​သည်​ဖြစ်၍ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​ထောက်​လျက် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 23,
      "text": "တ​မန်​တော်​တို့​သည် လွတ်​သော​အ​ခါ၊ မိ​မိ​တို့ အ​ပေါင်း​အ​သင်း ရှိ​ရာ​သို့​သွား၍၊ မိ​မိ​တို့​အား ယဇ်​ပု​ရော​ဟိတ် အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့ ပြော​ဆို​သ​မျှ​ကို ပြန်​ကြား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 24,
      "text": "ထို​သူ​များ​တို့​သည်​ကြား​ရ​လျှင်၊ တ​ညီ​တ​ညွတ်​တည်း ဘု​ရား​သ​ခင့်​ထံ​သို့​အ​သံ​ကို​လွှင့်​လျက်၊ အ​စိုး​ရ​တော်​မူ​သေ​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍ ထို​အ​ရပ်​တို့၌ ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 25,
      "text": "ကိုယ်​တော်​က​လည်း၊ လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ်​ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 26,
      "text": "လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို ရန်​ဘက်​ပြု​လျက် စည်း​ဝေး​ကြ၏​ဟု ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏ နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 27,
      "text": "ဟေ​ရုဒ်​မင်း၊ ပု​န္တိ​ပိ​လတ်​မင်း​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည်၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 28,
      "text": "ကိုယ်​တော်၏ အ​လို​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က လက်​တော်​ဖြင့် ခွဲ​ခန့်​မှတ်​သား​တော်​မူ​နှင့်​သ​မျှ​တို့​ကို ပြု​ခြင်း​ငှာ ဘိ​သိက်​ပေး​တော်​မူ​သော သား​တော်​မြတ်​ယေ​ရှု​ကို ဤ​မြို့၌​ရန်​ဘက်​ပြု၍ စည်း​ဝေး​ကြ​ပြီ၊ အ​မှန်​ဖြစ်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 29,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ ထို​သူ​တို့၏ ခြိမ်း​ခြောက်​ခြင်း​ကို မှတ်​တော်​မူ​ပါ။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 30,
      "text": "အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၍၊ သန့်​ရှင်း​သော သား​တော်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ဖြစ်​စေ​တော်​မူ​စဉ်​တွင်၊ ကိုယ်​တော်၏​ကျွန်​တို့​သည် နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ ဟော​ပြော​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 31,
      "text": "ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 32,
      "text": "ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 33,
      "text": "သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 34,
      "text": "ထို​သူ​တို့​တွင် ဆင်း​ရဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ အိမ်၊ မြေ​ကွက်​ကို ပိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ရောင်း​ပြီး​လျှင်၊ ရ​သော​အ​ဖိုး​ကို​ယူ​ဆောင်​ခဲ့၍၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 35,
      "text": "တ​မန်​တော်​တို့၏ ခြေ​ရင်း၌​ထား​ကြ​သ​ဖြင့်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ပေး​ကမ်း​ကြ၏။"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 36,
      "text": "ယော​သေ​အ​မည်​ရှိ၍ သက်​သာ​စေ​ခြင်း၏ သား​ဟု​ဆို​လို​သော ဗာ​န​ဗ​အ​မည်​သစ်​ကို တ​မန်​တော်​တို့ သ​မုတ်​ခြင်း​အား​ဖြင့်​ရ​သော ကု​ပ​ရု​ပြည်​သား လေ​ဝိ​လူ​တစ်​ယောက်​သည်၊-"
    },
    {
      "book": 44,
      "chapter": 4,
      "verse": 37,
      "text": "မိ​မိ​ပိုင်​သော မြေ​ကို​ရောင်း​ပြီး​လျှင်၊ ရ​သော​ငွေ​ကို​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 1,
      "text": "သို့​ရာ​တွင် အာ​န​နိ​နှင့် ရှ​ဖိ​ရေ​အ​မည်​ရှိ​သော လင်​မ​ယား​နှစ်​ယောက်​တို့​မူ​ကား၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ရောင်း​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 2,
      "text": "ထို​သူ​သည် မိ​မိ​ခင်​ပွန်း​နှင့်​သ​ဘော​တူ​လျက်၊ အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​သ​ဖြင့်၊ တစ်​ဖို့​ကို​သာ​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 3,
      "text": "ပေ​တ​ရု​က​လည်း၊ အာ​န​နိ၊ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 4,
      "text": "ထို​မြေ​ရှိ​စဉ်​တွင် ကိုယ်​ပိုင်​သည် မ​ဟုတ်​လော။ ရောင်း၍​ရ​သော အ​ဖိုး​သည် ကိုယ်​ဥ​စ္စာ​ဖြစ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် ဤ​သို့​ကြံ​စည်​သ​နည်း။ လူ​ကို​သာ မု​သား​ပြော​ပြီ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​လည်း မု​သား​ပြော​ပြီ​ဟု ပေ​တ​ရု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 5,
      "text": "ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 6,
      "text": "လု​လင်​တို့​သည်​လည်း​ထ၍ အ​လောင်း​ကောင်​ကို အ​ဝတ်​နှင့် ပတ်​ရစ်​ပြီး​လျှင် ဆောင်​သွား၍ သင်္ဂြိုဟ်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 7,
      "text": "ထို​နောက် သုံး​နာ​ရီ​ခန့်​လောက်​ကြာ​လျှင်၊ သူ၏​ခင်​ပွန်း​သည် ဖြစ်​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​လျက် ဝင်​လာ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 8,
      "text": "ပေ​တ​ရု​က​လည်း၊ ဤ​မျှ​လောက်​နှင့် မြေ​ကို​ရောင်း​သ​လော၊ ငါ့​အား​ပြော​လော့​ဟု​မေး​လျှင်၊ ထို​မိန်း​မ​က၊ ဟုတ်​ပါ၏။ ဤ​မျှ​လောက်​နှင့်​ပင် ရောင်း​ပါ​သည်​ဟု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 9,
      "text": "ပေ​တ​ရု​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​ကို စုံ​စမ်း​မည်​ဟု သ​ဘော​တူ​နှင့် အ​ဘယ်​ကြောင့် ကြံ​စည်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​သော သူ​တို့၏​ခြေ​သည် တံ​ခါး​နား​မှာ​ရှိ​သည်​ဖြစ်၍၊ သင့်​ကို​လည်း ဆောင်​သွား​လေ​ဦး​မည်​ဟု ဆို​သော​ခ​ဏ​ချင်း​တွင်၊-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 10,
      "text": "ထို​မိန်း​မ​သည် ပေ​တ​ရု၏​ခြေ​ရင်း၌ လဲ၍​သေ​လေ၏။ လု​လင်​တို့​သည်​လည်း ဝင်၍ ထို​မိန်း​မ​သေ​သည်​ကို​တွေ့​လျှင်၊ ဆောင်​သွား၍​သူ၏ ခင်​ပွန်း​အ​နား​မှာ သင်္ဂြိုဟ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 11,
      "text": "သင်း​ဝင်​သူ​အ​ပေါင်း​မှ​စ၍ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 12,
      "text": "တ​မန်​တော်​တို့​သည်​လည်း လူ​များ​ရှေ့​မှာ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အ​ရာ​များ​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​က​နား​ပြင်၌ တ​ညီ​တ​ညွတ်​တည်း နေ​ကြ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 13,
      "text": "ကြွင်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပေါင်း​ဖော်​ဝံ့​သော်​လည်း၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 14,
      "text": "သ​ခင်​ဘု​ရား၌​ယုံ​ကြည်​သော ယောက်ျား၊ မိန်း​မ၊ အ​ပေါင်း​တို့​သည် သင်း​ဝင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 15,
      "text": "ပေ​တ​ရု​သည် လမ်း၌​လျှောက်​သွား​စဉ်၊ အ​နာ​စွဲ​သော​သူ​တို့​တွင် တစ်​ယောက်​ယောက်​ကို သူ၏​အ​ရိပ်​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ လူ​နာ​တို့​ကို လမ်း​နား​သို့​ထုတ်၍ ခု​တင်​မွေ့​ရာ​ပေါ်​မှာ ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 16,
      "text": "ပတ်​လည်​ဝန်း​ကျင်၌​ရှိ​သော မြို့​သူ​ရွာ​သား အ​ပေါင်း​တို့​သည် အ​နာ​စွဲ​သော​သူ၊ နတ်​ဆိုး​ညှဉ်း​ဆဲ​သော​သူ​တို့​ကို ဆောင်​ခဲ့​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့ စု​ဝေး​လာ​ကြ၍၊ ထို​လူ​နာ​အ​ပေါင်း​တို့​သည် အ​နာ​ကင်း​လွတ်​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 17,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဇ​ဒ္ဒု​ကဲ​ဖြစ်​သော ထို​မင်း၏ အ​ပေါင်း​အ​ဖော်​ရှိ​သ​မျှ​တို့​သည် ထ၍ ဒေါ​သ​အ​မျက်​နှင့် ပြည့်​ကြ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 18,
      "text": "တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး၍ ထောင်​ထဲ၌ လှောင်​ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 19,
      "text": "ည​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​ကို​ဖွင့်​ပြီး​လျှင်၊ ထို​သူ​တို့​ကို​နုတ်၍၊ သင်​တို့​သွား​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 20,
      "text": "ဗိ​မာန်​တော်၌ ရပ်၍ အ​သက်​ရှင်​ခြင်း တ​ရား​စ​ကား​အ​လုံး​စုံ​ကို လူ​များ​တို့​အား ဟော​ပြော​ကြ​လော့​ဟု မှာ​ထား၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ နံ​နက်​စော​စော ဗိ​မာန်​တော်​သို့​ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 21,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လာ​ကြ​သ​ဖြင့်၊ လွှတ်​အ​ရာ​ရှိ​မှ​စ၍ ဣ​သ​ရေလ​လူ​တို့​တွင် အ​သက်​ကြီး​သော သူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ တ​မန်​တော်​တို့​ကို​ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို ထောင်​သို့ စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 22,
      "text": "မင်း​လု​လင်​တို့​သည် ထောင်​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​ကို ထောင်​ထဲ​မှာ မ​တွေ့​သည်​ရှိ​သော် ပြန်​ကြ၍၊-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 23,
      "text": "ထောင်​တံ​ခါး​လည်း အ​ထူး​သ​ဖြင့် လုံ​ခြုံ​စွာ​ပိတ်​လျက်၊ ထောင်​ကို​စောင့်​သော​သူ​တို့​လည်း တံ​ခါး​ပြင်​မှာ ရပ်​လျက်​ရှိ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သည်​တွေ့​ပါ၏။ ဖွင့်​ပြီး​မှ အ​ထဲ၌ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့​ပါ​ဟု ကြား​လျှောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 24,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် ဗိ​မာန်​တော်​မှူး​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​စ​ကား​ကို ကြား​လျှင်၊ ထို​အ​မှု​သည် အ​ဘယ်​သို့​သော​အ​မှု ဖြစ်​လိမ့်​မည်​နည်း​ဟူ၍ တွေး​တော​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 25,
      "text": "ထို​အ​ခါ လူ​တစ်​ယောက်​သည်​လာ၍ ထောင်​ထဲ​မှာ လှောင်​ထား​သော​သူ​တို့​သည် ဗိ​မာန်​တော်၌​ရပ်​လျက်၊ လူ​များ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 26,
      "text": "ထို​အ​ခါ ဗိ​မာန်​တော်​မှူး​သည် မင်း​လု​လင်​တို့​နှင့်​အ​တူ သွား​ပြန်​လျှင်၊ မိ​မိ​တို့​ကို လူ​များ​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​မည်​ကို စိုး​ရိမ်​သော​ကြောင့်၊ တ​မန်​တော်​တို့​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ခေါ်​ဆောင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 27,
      "text": "ထို​သို့ ခေါ်​ဆောင်​ပြီး​လျှင်၊ လွှတ်​အ​ရာ​ရှိ​တို့ ရှေ့​မှာ​ထား၍ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 28,
      "text": "ထို​နာ​မ​ကို​အ​မှီ​ပြု၍ မ​ဆုံး​မ မ​သွန်​သင်​မည်​အ​ကြောင်း ငါ​တို့​သည်​သင်​တို့​အား၊ ကျပ်​တည်း​စွာ စီ​ရင်​မှာ​ထား​သည် မ​ဟုတ်​လော။ ယ​ခု ကြည့်​ကြ။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​တို့​အ​ယူ​ဝါ​ဒ​နှင့် ပြည့်​စေ​သည်​ဖြစ်၍၊ ငါ​တို့​အ​ပေါ်​သို့ ထို​သူ၏​အ​သွေး​ကို ရောက်​စေ​ခြင်း​ငှာ သင်​တို့ ကြံ​စည်​ပါ​သည်​တ​ကား​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 29,
      "text": "ပေ​တ​ရု​နှင့် အ​ခြား​သော တ​မန်​တော်​တို့​က​လည်း၊ လူ၏​စ​ကား​ထက် ဘု​ရား​သ​ခင်၏​စ​ကား​တော်ကို နား​ထောင်​သင့်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 30,
      "text": "သင်​တို့​သည် သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​သော​ယေ​ရှု​ကို ငါ​တို့ ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 31,
      "text": "ဣ​သ​ရေ​လ​လူ​တို့​အား နောင်​တ​တ​ရား​နှင့် အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို ပေး​စေ​ခြင်း​ငှာ၊ ထို​သူ​ကို အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း၊ ကယ်​တင်​သော သ​ခင်​အ​ရာ၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား၍ မိ​မိ​လက်​ယာ​လက်​တော်​နှင့် ချီး​မြှင့်​တော်​မူ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 32,
      "text": "ထို​အ​ကြောင်း​အ​ရာ​တို့​သည် အ​မှန်​ဖြစ်​ကြောင်း​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​ထောင်​သော သူ​တို့​အား ပေး​သ​နား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​လည်း သက်​သေ​ခံ​ဖြစ်​တော်​မူ​သည်​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 33,
      "text": "ထို​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​တို့​နှ​လုံး​သည် ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ တ​မန်​တော်​တို့​ကို ကွပ်​မျက်​ခြင်း​ငှာ အ​ချင်း​ချင်း တိုင်​ပင်​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 34,
      "text": "ထို​အ​ခါ လူ​အ​ပေါင်း​တို့ ရို​သေ​သော​သူ၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော နိဿ​ရည်း​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည် လွှတ်​တော်​ပေါ်၌​ထ၍၊ တ​မန်​တော်​တို့​ကို ပြင်​သို့​ခ​ဏ​ထွက်​စေ​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 35,
      "text": "ဣ​သ​ရေ​လ​လူ​တို့၊ ဤ​သူ​တို့​အား အ​ဘယ်​သို့​ပြု​မည်​အ​ရာ​ကို သ​တိ​နှင့်​ဆင်​ခြင်​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 36,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ထက်​က သု​ဒ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ထ​သ​ဖြင့်၊ ငါ​သည် လူ​သာ​မ​ည​မ​ဟုတ်​ဟု ဆို​သည်​ဖြစ်၍၊ သူ၌ လူ​လေး​ရာ​မျှ​လောက် ဆည်း​ကပ်​ကြ၏။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍ သူ့​ကို​ယုံ​ကြည်​သ​မျှ​သော သူ​တို့​သည် ကွဲ​ပြား ပျောက်​ပျက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 37,
      "text": "ထို​သူ​နောက် ငွေ​တော်​ခွဲ​စဉ်​ကာ​လ၊ ယု​ဒ​အ​မည်​ရှိ​သော ဂါ​လိ​လဲ​လူ​တစ်​ယောက်​သည်​လည်း ထ၍၊ မိ​မိ​နောက်​သို့ လူ​များ​ကို​သွေး​ဆောင်​လေ၏။ ထို​သူ​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်၍၊ သူ့​ကို​ယုံ​ကြည်​သ​မျှ​သော​သူ​တို့​သည် ပျောက်​လွင့်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 38,
      "text": "ယ​ခု​လည်း ဤ​သူ​တို့​ကို ရှောင်​ရှား၍ အ​လို​အ​လျောက်​ရှိ​ကြ​ပါ​စေ​ဟု ငါ​ဆို၏။ ဤ​အ​ကြံ ဤ​အ​မှု​သည် လူ၏​အ​ကြံ လူ၏​အ​မှု​ဖြစ်​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 39,
      "text": "ဘု​ရား​သ​ခင်၏​အ​ကြံ​အ​မှု​ဖြစ်​လျှင် သင်​တို့​သည် မ​ဖျက်​ဆီး​နိုင်​ကြ။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​မ​ဖြစ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့​ဟု ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 40,
      "text": "ထို​စ​ကား​ကို နား​ထောင်​ကြ​သ​ဖြင့်၊ တ​မန်​တော်​တို့​ကို​ခေါ်၍ ရိုက်​နှက်​ပြီး​မှ၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် မ​ဟော​မ​ပြော​မည်​အ​ကြောင်း မြစ်​တား၍ လွှတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 41,
      "text": "တ​မန်​တော်​တို့​သည်​လည်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် မိ​မိ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ လွှတ်​တော်​မှ​ထွက်​သွား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 5,
      "verse": 42,
      "text": "ဗိ​မာန်​တော်၌​လည်း​ကောင်း၊ အိမ်၌​လည်း​ကောင်း နေ့​တိုင်း​အ​စဉ် ဆုံး​မ​သွန်​သင်​လျက်၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်၏​ဟူ၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​ပြတ်​ဟော​ပြော​လျက်​နေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 1,
      "text": "ထို​ကာ​လ၌ တ​ပည့်​တော်​တို့​သည် များ​ပြား​သည်​ရှိ​သော်၊ နေ့​ရက် အ​စဉ်​အ​တိုင်း လုပ်​ကျွေး​သော​အ​ခါ၊ ဟေ​လေ​နစ်​အ​မျိုး မု​ဆိုး​မ​တို့​ကို မ​လုပ်​မ​ကျွေး​ဟု ထို​အ​မျိုး​သား​တို့​သည် မြည်​တမ်း၍ ဟေ​ဗြဲ​လူ​တို့​ကို အ​ပြစ်​တင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 2,
      "text": "ထို​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို​ထား၍ စား​ပွဲ၌​လုပ်​ကျွေး​မှု​ကို မ​ဆောင်​သင့်။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 3,
      "text": "ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည် ခန့်​ထား​ကြ​မည်။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 4,
      "text": "ငါ​တို့​မူ​ကား၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ခြင်း​အ​မှု​တို့​ကို အ​မြဲ​ပြု၍ နေ​မည်​ဟု​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 5,
      "text": "ထို​စ​ကား​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော သ​တေ​ဖန်​မှ​စ၍ ဖိ​လိ​ပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န၊ ယု​ဒ​ဘာ​သာ​ဝင်​သော အ​န္တိ​အုတ်​မြို့​သား နိ​ကော​လ​တို့​ကို ရွေး​ကောက်၍၊-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 6,
      "text": "တ​မန်​တော်​တို့​ရှေ့၌ ထား​ကြ၏။ တ​မန်​တော်​တို့​သည်​လည်း ဆု​တောင်း​ပြီး​လျှင် ထို​သူ​တို့၏ ခေါင်း​ပေါ်၌ လက်​ကို​တင်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့၌ တ​ပည့်​တော်​တို့​သည် အ​လွန်​ပွား​များ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ကို နား​ထောင်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 8,
      "text": "သ​တေ​ဖန်​သည် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ​ပြု​လေ၏။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 9,
      "text": "ထို​အ​ခါ လိ​ဗေ​ရ​တိန် အ​ပေါင်း​အ​သင်း​ဝင်​သော သူ​မှ​စ၍၊ ကု​ရေ​နေ​ပြည်​သား၊ အာ​လေ​ဇ​န္ဒြိ​ပြည်​သား၊ ကိ​လိ​ကိ​ပြည်​သား၊ အာ​ရှိ​ပြည်​သား အ​ချို့​တို့​သည် ထ၍ သ​တေ​ဖန်​နှင့်​ငြင်း​ခုံ​ခြင်း​ကို ပြု​စဉ်​တွင်၊-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 10,
      "text": "သူ​ဟော​ပြော၍ သုံး​စွဲ​သော​ပ​ညာ​နှင့် ဝိ​ညာဉ်​တော်​ကို မ​ခံ​မ​ဆီး​နိုင်​ကြ။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 11,
      "text": "ထို​အ​ခါ ဤ​သူ​သည် မော​ရှေ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း လွန်​ကျူး၍ ပြော​သည်​ကို ငါ​တို့​ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​မည့်​သူ​တို့​ကို တိတ်​ဆိတ်​စွာ​ခေါ်၍ ထား​ကြ​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 12,
      "text": "လူ​များ​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို​လည်း​ကောင်း နှိုး​ဆော်၍၊ သ​တေ​ဖန်​ထံ​သို့​လာ​သ​ဖြင့် ဖမ်း​ဆီး၍ လွှတ်​တော်​သို့​ပို့​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 13,
      "text": "မ​မှန်​သော သက်​သေ​ခံ​တို့​ကို​ခေါ်၍၊ ဤ​သူ​သည် သန့်​ရှင်း​သော​အ​ရပ် ဌာ​န​တော်​နှင့် ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး၍ အ​စဉ်​မ​ပြတ် ပြော​ဆို​လျက်​နေ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 14,
      "text": "ထို​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို ဖျက်​ဆီး၍၊ ငါ​တို့​အား မော​ရှေ​အပ်​ပေး​သော ထုံး​နည်း​ဥ​ပ​ဒေ​ကို ပြောင်း​လဲ​စေ​မည်​ဟု ဤ​သူ​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 6,
      "verse": 15,
      "text": "လွှတ်​တော်၌ ထိုင်​လျက်​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​စေ့​စေ့​ကြည့်​ရှု​လျှင်၊ သူ၏​မျက်​နှာ​သည် ကောင်း​ကင်​တ​မန်၏​မျက်​နှာ​ကဲ့​သို့ ဖြစ်​သည်​ဟု ထင်​မှတ်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 1,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ ဤ​စ​ကား​မှန်​သ​လော​ဟု မေး​သည်​ရှိ​သော်၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 2,
      "text": "သ​တေ​ဖန်​က၊ ညီ​အစ်​ကို အ​ဘ​တို့ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ ခါ​ရန်​မြို့၌​မ​နေ​မီ၊ မေ​သော​ပေါ​တာ​မိတိုင်း၌ ရှိ​စဉ်​အ​ခါ၊ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထင်​ရှား​တော်​မူ၍၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 3,
      "text": "သင်​နေ​သော​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း များ​ထဲ​က​ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့​ဟု အာ​ဗြ​ဟံ​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 4,
      "text": "ထို​အ​ခါ အာ​ဗြ​ဟံ​သည် ခါ​လ​ဒဲ​ပြည်​မှ​ထွက်၍ ခါ​ရန်​မြို့၌​နေ၏။ သူ၏​အ​ဘ သေ​လွန်​သည်​ရှိ​သော်၊ ယ​ခု​သင်​တို့​နေ​သော ဤ​ပြည်​သို့ ထို​မြို့​မှ ပြောင်း​စေ​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 5,
      "text": "ဤ​ပြည်၌ ခြေ​နင်း​ရာ​ကို​မျှ အ​မွေ​ပေး​တော်​မ​မူ​သော်​လည်း၊ သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​မည်​ဟု သား​တစ်​ယောက်​မျှ​မ​ရှိ​မီ က​တိ​ထား​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 6,
      "text": "သင်၏​အ​မျိုး​အ​နွယ်​သည် သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌ ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး ခံ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 7,
      "text": "သူ​တို့​ကို စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ သူ​တို့​သည်​ထွက်၍ ဤ​အ​ရပ်၌ ငါ့​အား ဝတ်​ပြု​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​နှင့် ဆိုင်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အာ​ဗြ​ဟံ​အား ပေး​တော်​မူ၏။ ထို​သို့ ဣ​ဇာက်​ကို ဖွား​မြင်၍ ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပေး​လေ၏။ ဣ​ဇာက်​သား ယာ​ကုပ်၊ ယာ​ကုပ်​သား​များ​ကား၊ အ​မျိုး၏ အ​ဘ တစ်​ကျိပ်​နှစ်​ပါး​တည်း။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 9,
      "text": "အ​မျိုး၏​အ​ဘ​တို့​သည်​လည်း ငြူ​စူ​သော​စိတ်​ရှိ၍၊ ယော​သပ်​ကို အဲ​ဂု​တ္တု​ပြည်​သို့ ရောင်း​လိုက်​ကြ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို​စောင့်​မ​တော်​မူ​လျက်၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 10,
      "text": "အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 11,
      "text": "ခါ​နာန်​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ရှိ၍ ငါ​တို့​အ​ဘ​များ၌ စား​စ​ရာ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​မှာ ဆန်​စ​ပါး​ရှိ​သည်​ဟု ယာ​ကုပ်​သည်​ကြား​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 12,
      "text": "ငါ​တို့​အ​ဘ​များ​ကို ပ​ထ​မ​အ​ကြိမ်​တွင် စေ​လွှတ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 13,
      "text": "ဒု​တိ​ယ​အ​ကြိမ်​တွင် ယော​သပ်​သည် မိ​မိ​ညီ​အစ်​ကို​တို့​အား မိ​မိ​အ​ကြောင်း​ကို ဖော်​ပြ၍၊ ဖာ​ရော​ဘု​ရင်​သည် ယော​သပ်၏​အ​မျိုး​ကို သိ​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 14,
      "text": "ထို​အ​ခါ ယော​သပ်​သည် စေ​လွှတ်၍ မိ​မိ​အ​ဘ​ယာ​ကုပ်​နှင့်​တ​ကွ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​ကျိပ်​ငါး​ယောက်​သော မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို ခေါ်​ပင့်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 15,
      "text": "ယာ​ကုပ်​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ကိုယ်​တိုင်​မှ​စ​သော ငါ​တို့​အ​ဘ​များ​သည် သေ​လွန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 16,
      "text": "ထို​သူ​တို့​ကို​လည်း ရှေ​ခင်​မြို့​သို့ ပို့​ဆောင်​သ​ဖြင့်၊ ရှေ​ခင်၏​အ​ဘ​ဖြစ်​သော ဟာ​မော်၏​သား​တို့​အား အ​ဖိုး​ငွေ​ကို​ပေး၍​ဝယ်​ပြီ​ဖြစ်​သော သင်္ချိုင်း​တွင်း၌ ထား​ကြ၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 17,
      "text": "အာ​ဗြ​ဟံ​အား ဘု​ရား​သ​ခင် ဓိ​ဋ္ဌာန်​တော်​မူ​သော က​တိ​တော်၏ အ​ချိန်​ရောက်​လု​သော​အ​ခါ၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 18,
      "text": "ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်၌ တိုး​ပွား၍၊ ယော​သပ်​ကို မ​သိ​မ​ကျွမ်း​သော မင်း​ကြီး​တစ်​ပါး​ပေါ်​လာ​သည်​တိုင်​အောင် များ​ပြား​ကြ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 19,
      "text": "ထို​မင်း​ကြီး​သည် ငါ​တို့​အ​ဆွေ​အ​မျိုး​ကို ပ​ရိ​ယာယ်​ပြု​သ​ဖြင့်၊ သူ​ငယ်​များ​ကို အ​သက်​မ​ရှင်​စေ​ခြင်း​ငှာ ပစ်​ထား​ရ​မည်​အ​ကြောင်း ငါ​တို့ အ​ဘ​များ​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 20,
      "text": "ထို​အ​ခါ အ​လွန်​အ​ဆင်း​လှ​သော မော​ရှေ​ကို ဖွား​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး အ​ဘ၏​အိမ်​တွင် ကျွေး​မွေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 21,
      "text": "နောက်​မှ​ပစ်​ထား​သည်​ရှိ​သော်၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ကောက်​ယူ၍ မိ​မိ​သား​အ​ရာ၌ မွေး​စား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 22,
      "text": "မော​ရှေ​သည်​လည် အဲ​ဂု​တ္တု အ​တတ်​ပ​ညာ အ​လုံး​စုံ​တို့​ကို​သင်၍၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 23,
      "text": "အ​သက်​လေး​ဆယ်​စေ့​သော​အ​ခါ ဣ​လ​ရေ​လ အ​မျိုး​သား​ဖြစ်​သော မိ​မိ​ညီ​အစ်​ကို​တို့​ကို အ​ကြည့်​အ​ရှု​သွား​မည်​ဟု အ​ကြံ​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 24,
      "text": "အ​မျိုး​သား​ချင်း​တစ်​ယောက်​သည် ညှဉ်း​ဆဲ​ခံ​ရ​သည်​ကို မြင်​လျှင် သူ့​ဘက်​က​နေ၍ အဲ​ဂု​တ္တု​လူ​ကို ကွပ်​မျက်​သ​ဖြင့်၊ ထို​ညှဉ်း​ဆဲ​ခံ​ရ​သော သူ​အား အ​နိုင်​ပေး​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 25,
      "text": "ဘု​ရား​သ​ခင်​သည် ဤ​သူ​လက်​ဖြင့် ငါ​တို့​ကို ကယ်​နုတ်​တော်​မူ​မည်​အ​ရာ​ကို ညီ​အစ်​ကို​တို့​သည် နား​လည်​လိမ့်​မည်​ဟု ထင်​မှတ်​သော်​လည်း၊ ထို​သူ​တို့​သည် နား​မ​လည်​ဘဲ​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 26,
      "text": "နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 27,
      "text": "အိမ်​နီး​ချင်း​ကို ညှဉ်း​ဆဲ​သော​သူ​က၊ အ​ဘယ်​သူ​သည် သင့်​ကို ငါ​တို့​အ​ပေါ်​မှာ​အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 28,
      "text": "မ​နေ့​က အဲ​ဂု​တ္တု​လူ​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​လို​သ​လော​ဟု ဆို​လျက် မော​ရှေ​ကို​ပယ်၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 29,
      "text": "ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 30,
      "text": "အ​နှစ်​လေး​ဆယ်​လွန်​သော​အ​ခါ၊ သိ​နာ​တောင် ခြေ​ရင်း​တော​တွင်၊ မီး​လောင်​သော​ချုံ​၌ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် ထင်​ရှား၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 31,
      "text": "ထို​ရူ​ပါ​ရုံ​ကို မြင်​သော​အ​ခါ မော​ရှေ​သည် အံ့​ဩ၍ စေ့​စေ့​ကြည့်​ရှု​ခြင်း​ငှာ အ​နား​သို့​ချဉ်း​ကပ်​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 32,
      "text": "ငါ​ကား သင့်​ဘိုး​ဘေး​တို့၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​သံ ထွက်​တော်​မူ၏။ ထို​အ​ခါ မော​ရှေ​သည် တုန်​လှုပ်​လျက် စေ့​စေ့​မ​ကြည့်​ဝံ့။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 33,
      "text": "ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ခြေ​နင်း​ကို ချွတ်​လော့။ သင်​နင်း​သော​အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 34,
      "text": "အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ငါ၏​လူ​တို့​သည် ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ညည်း​တွား​မြည်​တမ်း​သော အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ငါ​စေ​လွှတ်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 35,
      "text": "အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 36,
      "text": "ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ဆောင်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်၌​လည်း​ကောင်း၊ တော၌​လည်း​ကောင်း၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လေ၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 37,
      "text": "သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏ စ​ကား​ကို နား​ထောင်​ရ​ကြ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ဆို​သော​သူ​ကား အ​ခြား​သူ​မ​ဟုတ်၊ ထို​မော​ရှေ​ပင်​ဖြစ်​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 38,
      "text": "ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 39,
      "text": "ထို​သူ၏​စ​ကား​ကို ငါ​တို့​အ​ဘ​များ​သည် နား​မ​ထောင်​လို​ဘဲ​လျက် ပယ်၍၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 40,
      "text": "ငါ​တို့​ရှေ့​မှာ သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ၌ အ​ဘယ်​သို့ ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ဟု အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ချင်​သော​စိတ်​နှင့် အာ​ရုန်​ကို ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 41,
      "text": "ထို​နေ့​ရက်​ကာ​လ၌ နွား​သ​ငယ်​ကို လုပ်၍ ထို​ရုပ်​တု​အား ယဇ်​ပူ​ဇော်​သ​ဖြင့် မိ​မိ​တို့​လက်​နှင့် လုပ်​သော​အ​ရာ၌​ပင် ပျော်​မွေ့​ကြ၏။ အ​နာ​ဂ​တ္တိ​ကျမ်း၌ လာ​သည်​ကား၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 42,
      "text": "အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် စီ​ရင်​သော တိ​ရ​စ္ဆာန်​နှင့် ယဇ်​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား ပူ​ဇော်​ကြ​သ​လော။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 43,
      "text": "သင်​တို့​သည် မော​လုပ်၏​တဲ​နှင့် သင်​တို့​ဘု​ရား ရင်​ဖန်၏​ကြယ်​တည်း​ဟူ​သော ကိုး​ကွယ်​ဖို့​ရာ မိ​မိ​တို့​လုပ်​သော​ပုံ​တို့​ကို ဆောင်​ရွက်​ကြ​ပြီ တ​ကား။ ထို​ကြောင့် ငါ​သည် သင်​တို့​ကို ဗာ​ဗု​လုန်​မြို့ တစ်​ဖက်​သို့ ဆောင်​သွား​မည်​ဟု ကျမ်း​လာ​ရှိ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် မျက်​နှာ​တော်​ကို​လွှဲ၍၊ ကောင်း​ကင်​တန်​ဆာ​များ​တို့​အား ဝတ်​ပြု​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို စွန့်​ပစ်​ထား​တော်​မူ၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 44,
      "text": "မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 45,
      "text": "နောက်​ကျ​သော ငါ​တို့​အ​ဘ​များ​သည် ထို​တဲ​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့ ပိုင်​သော မြေ​ထဲ​သို့ ယော​ရှု​နှင့်​အ​တူ ဆောင်​သွင်း​ကြ၏။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင်​အောင် ငါ​တို့​အ​ဘ​များ​ထံ​မှ နှင်​ထုတ်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 46,
      "text": "ထို​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ဖို့​ရာ​အ​ရပ်​ကို တွေ့​ခြင်း​ငှာ တောင့်​တ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 47,
      "text": "ရှော​လ​မုန်​သည်​လည်း ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 48,
      "text": "သို့​သော်​လည်း ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 49,
      "text": "မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ​ဖြစ်၏။ အ​ဘယ်​သို့​သော​ဗိ​မာန်​ကို ငါ့​အ​ဖို့ တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ့​ကျိန်း​ဝပ်​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။- ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ပ​ရော​ဖက်​ပြန်​ကြား​သည်​နှင့်​အ​ညီ၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ​တို့​လက်​ဖြင့်​လုပ်​သော ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 51,
      "text": "လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 52,
      "text": "သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 53,
      "text": "သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ ခင်း​ကျင်း​သော​အား​ဖြင့် ပ​ညတ်​တ​ရား​တော်​ကို ခံ​ရ​သော်​လည်း မ​စောင့်​မ​ရှောက်​ကြ​ဟု သ​တေ​ဖန် မြွက်​ဆို၏။"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 54,
      "text": "ထို​စ​ကား​ကို​ကြား​လျှင် နှ​လုံး​ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ သ​တေ​ဖန်၌ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​ကြ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 55,
      "text": "သူ​သည်​လည်း သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်၍ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ယေ​ရှု​ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 56,
      "text": "ကြည့်​ပါ။ ကောင်း​ကင် ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်၏​လက်​ယာ​တော်​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ ငါ​မြင်​သည်​ဟု ဆို၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 57,
      "text": "ထို​သူ​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်၍ နား​ကို​ပိတ်​ဆို့​လျက် သူ့​ဆီ​သို့​ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး၍၊-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 58,
      "text": "မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 59,
      "text": "ကျောက်​ခဲ​နှင့်​ပစ်​ကြ​စဉ် သ​တေ​ဖန်​သည် ပ​တ္ထ​နာ​ပြု​လျက်၊ သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 7,
      "verse": 60,
      "text": "ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 1,
      "text": "ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 2,
      "text": "တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 3,
      "text": "ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 4,
      "text": "ထို​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သော သူ​တို့​သည် လှည့်​လည်၍ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 5,
      "text": "ဖိ​လိ​ပ္ပု​သည်​လည်း၊ ရှ​မာ​ရိ​မြို့​သို့​သွား၍ ခ​ရစ်​တော်၏ အ​ကြောင်း​ကို​ဟော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 6,
      "text": "လူ​အ​စု​အ​ဝေး​တို့​သည်​ကြား၍ ဖိ​လိ​ပ္ပု​ပြု​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​အ​ခါ၊ သူ၏​စ​ကား​ကို တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 8,
      "text": "ထို​မြို့​သူ​မြို့​သား​တို့​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 9,
      "text": "ရှိ​မုန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ထို​မြို့၌ နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်​ပြု​ပြင်၍၊ ငါ​သည် ထူး​ဆန်း​သော​သူ​ဖြစ်​သည်​ဟု​ဆို​လျက်၊ ရှ​မာ​ရိ​အ​မျိုး​သား​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ပြု၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 10,
      "text": "လူ​ကြီး​လူ​ငယ် ရှိ​သ​မျှ​တို့​က​လည်း၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ဖြစ်​သည်​ဟု ဆို​လျက် ထို​သူ၌ ဆည်း​ကပ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 11,
      "text": "ဆည်း​ကပ်​သည်​အ​ကြောင်း​ကား၊ သူ​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ထို​သူ​သည် နတ်​ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ကြာ​မြင့်​စွာ​ပြု​လျက်​နေ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 12,
      "text": "ဖိ​လိ​ပ္ပု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်နှင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ ထို​သူ​တို့​သည် ယုံ​ကြည်​သော​အ​ခါ၊ ယောက်ျား​မိန်း​မ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 13,
      "text": "ရှိ​မုန်​သည်​လည်း ကိုယ်​တိုင်​ယုံ​ကြည်​သည်​ဖြစ်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ ဖိ​လိ​ပ္ပု​ထံ၌​မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့်၊ ထူး​ဆန်း​သော တန်​ခိုး​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ​များ​ကို မြင်၍ မိန်း​မော​တွေ​ဝေ​လျက် ရှိ​လေ၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 14,
      "text": "ရှ​မာ​ရိ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​သည် သ​တင်း​ကြား​လျှင်၊ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​ကို စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 15,
      "text": "ထို​မြို့​သူ​မြို့​သား​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ရုံ​မျှ​သာ​ရှိ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 16,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​အ​ပေါ်၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မ​မူ​သေး​သည်​ဖြစ်၍၊ တ​မန်​တော်​တို့​သည် ရောက်​ကြ​လျှင်၊ ဝိ​ညာဉ်​တော်​ကို​ခံ​ရ​မည်​အ​ကြောင်း ထို​မြို့​သူ​မြို့​သား​တို့​အ​ဖို့ ဆု​တောင်း၍၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 17,
      "text": "ထို​သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​သော​အား​ဖြင့် သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 18,
      "text": "တ​မန်​တော်​တို့ လက်​ကို​တင်​သော​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သက်​ရောက်​သည်​ကို ရှိ​မုန်​မြင်​လျှင်၊ ငွေ​ကို​ယူ​ဆောင်​ခဲ့၍၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 19,
      "text": "အ​ကျွန်ုပ်၏ လက်​တင်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​စေ​မည်​အ​ကြောင်း အ​ကျွန်ုပ်​အား အ​ခွင့်​ပေး​ပါ​ဟု တောင်း​သော်၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 20,
      "text": "ပေ​တ​ရု​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ငွေ​နှင့်​ဝယ်​ယူ​မည်​ဟု အ​ကြံ​ရှိ​သော​ကြောင့်၊ သင်​နှင့်​တ​ကွ သင်၏​ငွေ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 21,
      "text": "သင်​သည် ဤ​အ​မှု​အ​ရာ​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​မ​ရှိ။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 22,
      "text": "ထို​ကြောင့် သင်၌ ယ​ခု​ဆိုး​ညစ်​သော​အ​မှု​ကို နောင်​တ​ရ​လော့။ သင်၏​စိတ်​နှ​လုံး၌ ကြံ​စည်​ခြင်း​အ​ပြစ်​ကို လွှတ်​ကောင်း​လွှတ်​လိမ့်​မည် ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို တောင်း​ပန်​လော့။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 23,
      "text": "သင်​သည် ခါး​စွာ​သော​သည်း​ခြေ​စွဲ​သည်​ဖြစ်၍၊ ဒု​စ​ရိုက်​အ​နှောင်​အ​ဖွဲ့​နှင့် မ​လွတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဟု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 24,
      "text": "ရှိ​မုန်​က​လည်း၊ မိန့်​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​သို့ မ​ရောက်​ပါ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​တော်​မူ​ကြ​ပါ​ဟု ပြန်​ပြော၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 25,
      "text": "တ​မန်​တော်​တို့​သည် သက်​သေ​ခံ၍ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ရာ၊ ရှ​မာ​ရိ​ရွာ​များ​တို့၌​လည်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 26,
      "text": "တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဖိ​လိ​ပ္ပု​အား၊ သင်​ထ၍ ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​ဇ​မြို့​သို့​သွား​ရာ တော​လမ်း​တွင် တောင်​မျက်​နှာ​သို့ သွား​လော့​ဟု ဆို​သည်​အ​တိုင်း၊ ဖိ​လိ​ပ္ပု​သည် ထ၍​သွား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 27,
      "text": "ထို​အ​ခါ အဲ​သ​ယော​ပိ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​က​န္ဒက်​ထံ၌ ဘုန်း​ကြီး​သော​အ​မတ်​ဖြစ်၍၊ ဘ​ဏ္ဍာ​တော်​ရှိ​သ​မျှ​ကို အုပ်​စိုး​ရ​သော အဲ​သ​ယော​ပိ ပြည်​သား​တစ်​ယောက်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 28,
      "text": "ပြန်​စဉ်​တွင် မိ​မိ​ရ​ထား​ပေါ်၌​ထိုင်​လျက် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ဖတ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 29,
      "text": "ဝိ​ညာဉ်​တော်​က​လည်း၊ ထို​ရ​ထား​သို့ ချဉ်း​ကပ်၍ မှီ​ဝဲ​လော့​ဟု ဖိ​လိ​ပ္ပု​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 30,
      "text": "ဖိ​လိ​ပ္ပု​သည် ရ​ထား​သို့​ပြေး၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌ ဖတ်​သည်​ကို​ကြား​လျှင်၊ ဖတ်​သော​အ​ရာ​ကို နား​လည်​ပါ၏​လော​ဟု မေး​မြန်း၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 31,
      "text": "ထို​အ​မတ်​က​လည်း၊ သွန်​သင်​ပဲ့​ပြင်​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ နား​လည်​နိုင်​မည်​နည်း​ဟု​ဆို​ပြီး​မှ မိ​မိ​နှင့်​အ​တူ ဖိ​လိ​ပ္ပု​တက်၍ ထိုင်​နေ​ပါ​မည်​အ​ကြောင်း တောင်း​ပန်၏။"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 32,
      "text": "ကျမ်း​စာ၌ ဖတ်​သော​အ​ချက်​ဟူ​မူ​ကား၊ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ နေ​သ​ကဲ့​သို့ သူ​သည်​နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 33,
      "text": "နှိမ့်​ချ​ခြင်း​ကို​ခံ​စဉ်​တွင် သူ​တစ်​ပါး​တို့​သည် ထို​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ၏။ ထို​သူ၏​အ​သက်​ကို မြေ​ကြီး​က သိမ်း​ရုပ်​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ​ပြ​ညွှန်​မည်​နည်း​ဟု ကျမ်း​စာ​လာ​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 34,
      "text": "ထို​အ​မတ်​က​လည်း၊ ပ​ရော​ဖက်​သည် အ​ဘယ်​သူ​ကို ရည်​မှတ်၍ ဤ​သို့​ဆို​ပါ​သ​နည်း။ ကိုယ်​ကို​တည်း ဆို​လို​သ​လော။ သူ​တစ်​ပါး​ကို​တည်း ဆို​လို​သ​လော​ဟု တောင်း​ပန်​လျက်၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 35,
      "text": "ဖိ​လိ​ပ္ပု​အား မေး​မြန်း​လျှင်၊ ဖိ​လိ​ပ္ပု​သည် မိ​မိ​နှုတ်​ကို​ဖွင့်၍ ထို​ကျမ်း​စာ​ချက်​ကို အ​စွဲ​ပြု​လျက်၊ ယေ​ရှု၏​အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 36,
      "text": "ထို​သို့​လမ်း၌​သွား​ကြ​စဉ် ရေ​ရှိ​ရာ​သို့​ရောက်၍၊ အ​မတ်​က​လည်း ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို ဗ​တ္တိ​ဇံ​မ​ခံ​စေ​ခြင်း​ငှာ မည်​သည့်​အ​ကြောင်း ဆီး​တား​ပါ​သ​နည်း​ဟု ပြော​ဆို​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 37,
      "text": "ဖိ​လိ​ပ္ပု​က၊ သင်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​လျှင် ခံ​ရ​သည်​ဟု​ဆို​လေ၏။ အ​မတ်​က​လည်း၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်​ဟု ဝန်​ခံ၍၊-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 38,
      "text": "ရ​ထား​ကို​ရပ်​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​မှ၊ ဖိ​လိ​ပ္ပု​သည် ထို​အ​မတ်​နှင့်​တ​ကွ ရေ​ထဲ​သို့​ဆင်း၍ ဗ​တ္တိ​ဇံ​ကို​ပေး၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 39,
      "text": "ရေ​ထဲ​က​တက်​ကြ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဖိ​လိ​ပ္ပု​ကို​ဆောင်​ယူ​တော်​မူ၍၊ အ​မတ်​သည် ဖိ​လိ​ပ္ပု​ကို နောက်​တစ်​ဖန် မ​တွေ့​မ​မြင်​ရ။ ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် မိ​မိ သွား​ရ​သော​လမ်း​ကို သွား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 8,
      "verse": 40,
      "text": "ဖိ​လိ​ပ္ပု​သည်​လည်း အာ​ဇုတ်​မြို့၌ ပေါ်​လာ၍၊ ထို​မြို့​မှ ကဲ​သ​ရိ​မြို့​တိုင်​အောင် မြို့​ရွာ​အ​စဉ်​အ​တိုင်း​လျှောက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 1,
      "text": "ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 2,
      "text": "ထို​ဘာ​သာ​ဝင်​သော ယောက်ျား​မိန်း​မ​တို့​ကို တွေ့​လျှင်၊ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ဆောင်​ရ​မည်​အ​ကြောင်း၊ ဒ​မာ​သက်​မြို့၌ ရှိ​သော တ​ရား​ဇ​ရပ်​မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ၌ ဝင်၍ တောင်း​ပြီး​မှ၊-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 3,
      "text": "သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကောင်း​ကင်​ထဲ​က အ​လင်း​သည် သူ့​ပတ်​လည်၍ ရုတ်​ခ​နဲ ထွန်း​တောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 4,
      "text": "ရှော​လု​သည် မြေ​ပေါ်​မှာ​လဲ၍​နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း​ဟု မိ​မိ​အား ပြော​သော​စ​ကား​သံ​ကို ကြား​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 5,
      "text": "သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်၏။ သ​ခင်​ဘု​ရား​က​လည်း၊ ငါ​ကား သင်​ညှဉ်း​ဆဲ​သော ယေ​ရှု​ဖြစ်​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 6,
      "text": "သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 7,
      "text": "ရှော​လု​နှင့်​အ​တူ သွား​သော​သူ​တို့​သည် အ​သံ​ကို​ကြား​ရုံ​မျှ​သာ​ရှိ၍၊ အ​ဘယ်​သူ​ကို​မျှ​မ​မြင်​ဘဲ မိန်း​မော​တွေ​ဝေ​လျက် ရပ်​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 8,
      "text": "ရှော​လု​သည်​လည်း မြေ​မှ​ထ၍ မျက်​စိ​ကို ဖွင့်​သော်​လည်း အ​ဘယ်​သူ​ကို​မျှ မ​မြင်​နိုင်​သည်​ဖြစ်၍၊ သူ၏​လက်​ကို​ဆွဲ​လျက် ဒ​မာ​သက် မြို့​သို့​ပို့​ဆောင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 9,
      "text": "သုံး​ရက်​ပတ်​လုံး မျက်​စိ​မ​မြင်၊ မ​စား​မ​သောက်​ဘဲ နေ​လေ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 10,
      "text": "ထို​အ​ခါ အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက်​သည် ဒ​မာ​သက်​မြို့၌​ရှိ၏။ ထို​သူ​ကို သ​ခင်​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ အာ​န​နိ​ဟူ၍ ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က၊ သ​ခင်​ဘု​ရား အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 11,
      "text": "သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 12,
      "text": "မိ​မိ​မျက်​စိ​ကို မြင်​ပြန်​စေ​ခြင်း​ငှာ အာ​န​နိ​အ​မည်​ရှိ​သော​သူ​သည် ဝင်၍၊ မိ​မိ​အ​ပေါ်၌ လက်​တင်​သည်​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် မြင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 13,
      "text": "အာ​န​နိ​က​လည်း၊ သ​ခင်​ဘု​ရား၊ ထို​သူ​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​ကို အ​ဘယ်​မျှ​လောက်​ပင် ညှဉ်း​ဆဲ​သည်​ကို လူ​များ​ပြော၍ အ​ကျွန်ုပ်​ကြား​ရ​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 14,
      "text": "ဤ​အ​ရပ်၌​လည်း ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​ရှိ​သ​မျှ​တို့​ကို ချည်​နှောင်​ရ​မည်​အ​ခွင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ ရ​ပါ​သည်​ဟု ပြန်​လျှောက်၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 15,
      "text": "သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ငါ၏​နာ​မ​ကြောင့် အ​ဘယ်​မျှ​လောက်​ပင် ဆင်း​ရဲ​ခံ​ရ​မည်​ကို ငါ​သည် သူ့​အား​ပြ​မည်။ ထို​ကြောင့် သင်​သွား​လော့​ဟု အာ​န​နိ​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 17,
      "text": "အာ​န​နိ​သည်​လည်း သွား၍ အိမ်​သို့​ရောက်​လျှင်၊ ရှော​လု​အ​ပေါ်၌ မိ​မိ​လက်​ကို​တင်၍၊ ညီ​ရှော​လု၊ သင်​လာ​သော​လမ်း၌ သင့်​အား ထင်​ရှား​တော်​မူ​သော သ​ခင်​ယေ​ရှု​သည် သင်၏​မျက်​စိ မြင်​ပြန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ကို​စေ​ခန့်​တော်​မူ​သည်​ဟု ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 18,
      "text": "ထို​ခ​ဏ၌ ရှော​လု၏ မျက်​စိ​မှ ငါး​ကြေး​ကွာ​ကျ​သ​ကဲ့​သို့ ဖြစ်၍၊ မျက်​စိ​မြင်​ပြန်​သ​ဖြင့် ထ၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​လျှင်၊ အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်၍ အား​ဖြည့်​လေ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 19,
      "text": "ထို​နောက် ရှော​လု​သည် ဒ​မာ​သက်​မြို့၌​ရှိ​သော တ​ပည့်​တော်​တို့​နှင့်​အ​တူ ကာ​လ​အ​တန်​အ​ရာ​နေ၍၊-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 20,
      "text": "ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​ကြောင်း​ကို တ​ရား​ဇ​ရပ်​တို့၌ မ​ဆိုင်း​မ​လင့် ဟော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 21,
      "text": "ကြား​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ဤ​သူ​ကား၊ ထို​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ ဖျက်​ဆီး​သည် သာ​မ​က၊ ထို​သူ​များ​ကို​ချည်​နှောင်၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ ပို့​ဆောင်​ခြင်း​ငှာ ဤ​အ​ရပ်​သို့ လာ​သော​သူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 22,
      "text": "ရှော​လု​သည်​လည်း အား​တိုး​ပွား​သ​ဖြင့် ဒ​မာ​သက်​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည် ပြော​သ​မျှ​သော စ​ကား​ကို​ချေ၍၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ထင်​ရှား​စွာ​ပြ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 23,
      "text": "ကာ​လ​ကြာ​မြင့်​ပြီး​မှ၊ ရှော​လု​ကို​သတ်​အံ့​သော​ငှာ၊ ယု​ဒ​လူ​တို့​သည် အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 24,
      "text": "ထို​အ​ကြံ​အ​စည်​ကို ရှော​လု​သည်​သိ၏။ သူ့​ကို​သတ်​အံ့​သော​ငှာ မြို့​တံ​ခါး​တို့​ကို နေ့​ည​မ​ပြတ် စောင့်​ကြ​သော​ကြောင့်၊-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 25,
      "text": "သူ​၏​တ​ပည့်​တို့​သည် ည​အ​ခါ​သူ့​ကို​ယူ၍ တောင်း၌ ထည့်​ပြီး​လျှင် မြို့​ရိုး​ပေါ်​က လျှော့​ချ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 26,
      "text": "ယေ​ရု​ရှင်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တ​ပည့်​တော်​တို့​နှင့် ပေါင်း​ဖော်​မည်​ပြု​သော်၊ သူ​သည် တ​ပည့်​တော်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့​သည် မ​ယုံ​သ​ဖြင့် သူ့​ကို​ကြောက်​ရွံ့​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 27,
      "text": "ထို​အ​ခါ ဗာ​န​ဗ​သည် သူ့​ကို​ခေါ်၍ တ​မန်​တော်​များ​ထံ​သို့ ပို့​ဆောင်​ပြီး​လျှင်၊ အ​ထက်​က​ရှော​လု​သည် လမ်း​ခ​ရီး၌ သ​ခင်​ဘု​ရား​ကို မြင်​သည်​ဟူ၍​လည်း​ကောင်း၊ သူ့​အား​မိန့်​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒ​မာ​သက်​မြို့၌ ယေ​ရှု၏​နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ ရဲ​ရင့်​စွာ ဟော​သည်​ဟူ၍​လည်း​ကောင်း ပြော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 28,
      "text": "ထို​နောက်​မှ ရှော​လု​သည် ယေ​ရု​ရှ​လင်​မြို့၌ တ​မန်​တော်​တို့​နှင့် ပေါင်း​ဖော်၍၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရဲ​ရင့်​စွာ ဟော​လျက်​နေ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 29,
      "text": "ဟေ​လေ​နစ်​လူ​တို့​နှင့် နှီး​နှော​ပြော​ဆို​သ​ဖြင့်၊ ထို​သူ​တို့​သည် ရှော​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 30,
      "text": "ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 31,
      "text": "ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 32,
      "text": "ပေ​တ​ရု​သည် အ​ရပ်​ရပ်​တို့​ကို လှည့်​လည်​သည်​တွင် သန့်​ရှင်း​သူ​တို့​ရှိ​ရာ လု​ဒ္ဒ​မြို့​သို့​ရောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 33,
      "text": "ထို​အ​ရပ်၌ အဲ​နေ​အ​မည်​ရှိ​သော လက်​ခြေ​သေ​၍​ရှစ်​နှစ်​ပတ်​လုံး အိပ်ရာ၌တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို တွေ့​လျှင်၊ အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​အား​ချမ်း​သာ​ပေး​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 34,
      "text": "ထ၍​အိပ်​ရာ​ကို​သိမ်း​လော့​ဟု ပေ​တ​ရု​ဆို​သော်၊ ထို​သူ​သည် ချက်​ချင်း​ထ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 35,
      "text": "လု​ဒ္ဒ​မြို့​နှင့် ရှာ​ရုန်​အ​ရပ်၌ နေ​သော​သူ အ​ပေါင်း​တို့​သည် ထို​သူ​ကို​မြင်၍ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 36,
      "text": "ယု​ပ္ပေ​မြို့၌ ဒေါ်​ကာ​ဟု​ဆို​လို​သော တ​ဗိ​သ အ​မည်​ရှိ​သော တ​ပည့်​တော်​မ တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကောင်း​သော​အ​ကျင့်၊ စွန့်​ကြဲ​ခြင်း အ​ကျင့်​နှင့် ပြည့်​စုံ​လျက်၊-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 37,
      "text": "ထို​အ​ခါ၌ နာ၍​သေ​လေ၏။ အ​လောင်း​ကို ရေ​ချိုး​ပြီး​လျှင် အ​ထက်​ခန်း၌​တင်​ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 38,
      "text": "လု​ဒ္ဒ​မြို့​သည် ယု​ပ္ပေ​မြို့​နှင့် နီး​သည်​ဖြစ်၍ ထို​မြို့၌ ပေ​တ​ရု​ရှိ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည်​ကြား​လျှင်၊ ပေ​တ​ရု​သည် အ​လျင်​အ​မြန် ကြွ​လာ​ပါ​မည်​အ​ကြောင်း လူ​နှစ်​ယောက်​ကို စေ​လွှတ်၍ တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 39,
      "text": "ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 40,
      "text": "ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 41,
      "text": "ပေ​တ​ရု​သည် မိ​မိ​လက်​ကို သူ့​အား​ပေး၍ ချီ​ကြွ​ပြီး​မှ၊ သန့်​ရှင်း​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို​ခေါ်၍ အ​သက်​ရှင်​လျက်​ရှိ​သော ထို​မိန်း​မ​ကို ပြ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 42,
      "text": "ထို​အ​ကြောင်း​ကို ယု​ပ္ပေ​မြို့၌ အ​နှံ့​အ​ပြား သိ​ကြ၍၊ လူ​များ​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 9,
      "verse": 43,
      "text": "ပေ​တ​ရု​သည် ယု​ပ္ပေ​မြို့၌ ရှိ​မုန်​အ​မည်​ရှိ​သော သား​ရေ​လုပ်​သ​မား​နှင့်​အ​တူ ကြာ​မြင့်​စွာ​နေ၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 1,
      "text": "ကဲ​သ​ရိ​မြို့၌ ဣ​တ​လိ​တပ်​ဟု ခေါ်​ဝေါ်​သော​တပ်​တွင် လူ​တစ်​ရာ​ကို​အုပ်​ချုပ်​သော တပ်​မှူး​ကော်​နေ​လိ အ​မည်​တွင်​သော သူ​တစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 2,
      "text": "ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 3,
      "text": "တစ်​နေ့​သ၌ နေ​သုံး​ချက်​တီး​အ​ချိန်​တွင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည်၊ ကော်​နေ​လိ​ဟု ခေါ်​လျက် ရောက်​လာ​သည်​ကို ထို​သူ​သည် ထင်​ရှား​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်​ရ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 4,
      "text": "ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 5,
      "text": "ထို​ကြောင့် ယ​ခု​ပင်​ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍၊ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို​ခေါ်​ပင့်​လော့။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 6,
      "text": "ထို​သူ​သည် သား​ရေ​လုပ်​သ​မား​ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​အိမ်​သည် ပင်​လယ်​နား​မှာ​ရှိ​သည်​ဟု ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 7,
      "text": "ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 8,
      "text": "ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ကြား​ပြော​ပြီး​မှ ယု​ပ္ပေ​မြို့​သို့ စေ​လွှတ်၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 9,
      "text": "နက်​ဖြန်​နေ့၌ ထို​သူ​တို့​သည် သွား၍ ယု​ပ္ပေ​မြို့​အ​နီး​သို့ ရောက်​ကြ​သော​အ​ခါ၊ နှစ်​ချက်​တီး​အ​ချိန်​တွင် ပေ​တ​ရု​သည် ဆု​တောင်း​ခြင်း​ငှာ အိမ်​မိုး​ပေါ်​သို့ တက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 10,
      "text": "ဆာ​မွတ်၍ အ​စာ​အာ​ဟာ​ရ​ကို အ​လို​ရှိ​လျှင် သူ​တစ်​ပါး​တို့​သည် အ​စာ​အာ​ဟာ​ရ​ကို ပြင်​ဆင်​ကြ​စဉ်​အ​ခါ ပေ​တ​ရု​သည် ဘ​ဝင်​ဖြစ်​၍​နေ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 11,
      "text": "ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ခြုံ​ထည်​ကဲ့​သို့ လေး​ထောင့်​ချုပ်၍ မြေ​သို့​ချ​လွှတ်​သော တန်​ဆာ​သည် မိ​မိ​ဆီ​သို့ ဆင်း​သက်​လာ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 12,
      "text": "ထို​တန်​ဆာ​ထဲ၌ သား​ရဲ​မှ​စ၍ မြေ၌​ကျင်​လည် သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​သည် ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 13,
      "text": "စ​ကား​အ​သံ​သည်​လည်း၊ ပေ​တ​ရု​ထ၍ သတ်​စား​လော့​ဟု လာ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 14,
      "text": "ပေ​တ​ရု​က​လည်း၊ မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​သည် တစ်​ရံ​တစ်​ခါ​မျှ မ​စား​ဖူး​ပါ​ဟု ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 15,
      "text": "နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော်​မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု လာ​ပြန်၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 16,
      "text": "ထို​သို့ သုံး​ကြိမ်​မြောက်​အောင်​လာ​ပြီး​လျှင်၊ ထို​တန်​ဆာ​ကို ကောင်း​ကင်​ထဲ​သို့ သိမ်း​ရုပ်​ပြန်​လေ၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 17,
      "text": "ပေ​တ​ရု​သည် မိ​မိ​မြင်​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကား၊ အ​ဘယ်​သို့ ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်၍ နေ​စဉ်​တွင်၊ ကော်​နေ​လိ​စေ​လွှတ်​သော​သူ​တို့​သည် ရှိ​မုန်​အိမ်​ကို မေး​မြန်း​ရှာ​ဖွေ၍ တံ​ခါး​ရှေ့​မှာ​ရပ်​လျက်၊"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 18,
      "text": "ပေ​တ​ရု​အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​သည် ဤ​မှာ​တည်း​နေ​ပါ သ​လော​ဟု မေး​မြန်း​ဟစ်​ခေါ်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 19,
      "text": "ပေ​တ​ရု​သည် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ဆင်​ခြင်၍​နေ​စဉ်​တွင် ဝိ​ညာဉ်​တော်​က၊ လူ​သုံး​ယောက်​တို့​သည် သင့်​ကို​ရှာ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 20,
      "text": "ထ၍​ဆင်း​လော့။ တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ လိုက်​သွား​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ငါ​စေ​လွှတ်​သော သူ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 21,
      "text": "ပေ​တ​ရု​သည်​ဆင်း၍၊ ငါ​ကား၊ သင်​တို့​ရှာ​သော​သူ ဖြစ်၏။ အ​ဘယ်​အ​ကြောင်း​ရှိ၍ လာ​ကြ​သ​နည်း​ဟု ထို​သူ​တို့​အား​မေး၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 22,
      "text": "ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 23,
      "text": "ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို အိမ်​ထဲ​သို့​ခေါ်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။ နက်​ဖြန်​နေ့၌​ထ၍ ထို​သူ​တို့​နှင့်​အ​တူ သွား​သ​ဖြင့်၊ ယု​ပ္ပေ​မြို့​သား​ဖြစ်​သော ညီ​အစ်​ကို အ​ချို့​တို့​သည် လိုက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 24,
      "text": "ထို​နောက်​တစ်​နေ့၌ ကဲ​သ​ရိ​မြို့​သို့​ဝင်​ကြ၍၊ ကော်​နေ​လိ​သည် မိ​မိ​အ​ဆွေ​အ​မျိုး မိတ်​ဆွေ​ခင်​ပွန်း​များ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ထို​သူ​တို့​ကို​မျှော်​လင့်​လျက်​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 25,
      "text": "ပေ​တ​ရု​ရောက်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​ပြု၍၊ ပေ​တ​ရု၏​ခြေ​ရင်း၌ ပျပ်​ဝပ်​လျက် ကိုး​ကွယ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 26,
      "text": "ပေ​တ​ရု​သည် သူ့​ကို​ချီ​ပင့်​လျက်၊ ထ​လော့။ ငါ​ကိုယ်​တိုင် လူ​ဖြစ်​သည်​ဟု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 27,
      "text": "ထို​သို့​နှုတ်​ဆက်၍ ဝင်​လေ​သော် စု​ဝေး​လျက်​ရှိ​ကြ​သော လူ​များ​ကို​တွေ့​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 28,
      "text": "ပေ​တ​ရု​က၊ ယု​ဒ​လူ​ဖြစ်​သော​သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဖော် မ​ချည်း​ကပ်​အပ်​သည်​ကို သင်​တို့​သိ​ကြ၏။ သို့​သော်​လည်း ညစ်​ညူး​သည် မ​စင်​ကြယ်​ဟု အ​ဘယ်​သူ​ကို​မျှ မ​ခေါ်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်၊ ငါ့​အား ဆုံး​မ​ပြ​သ​တော်​မူ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 29,
      "text": "ထို​ကြောင့် ငါ့​ကို​ခေါ်​ကြ​သော​အ​ခါ ငါ​သည် မ​ငြင်း​မ​ခုံ​ဘဲ​လျက် လာ၏။ သို့​ဖြစ်၍ အ​ဘယ်​အ​ကြောင်း​ကြောင့် ငါ့​ကို​ခေါ်​ကြ​သ​နည်း၊ ငါ​မေး​လို​သည်​ဟု ထို​သူ​တို့ အား​ပြော​ဆို၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 30,
      "text": "ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 31,
      "text": "ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 32,
      "text": "ထို​ကြောင့် ယု​ပ္ပေ​မြို့​သို့​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။ ထို​သူ​သည် ပင်​လယ်​နား​မှာ သား​ရေ​လုပ်​သ​မား ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​သူ​သည်​ရောက်​လာ​လျှင် သင့်​အား ဟော​ပြော​လိမ့်​မည်​ဟု ပြော​ဆို​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 33,
      "text": "ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 34,
      "text": "ထို​အ​ခါ​ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 35,
      "text": "လူ​အ​မျိုး​မျိုး​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ တ​ရား​သ​ဖြင့် ကျင့်​ဆောင်​သော​သူ​သည် အ​ထံ​တော်၌ မျက်​နှာ​ရ​သည်​ကို ငါ​သိ​မြင်၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 36,
      "text": "အ​လုံး​စုံ​တို့​ကို အ​စိုး​ရ​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​လျက်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ပေး​လိုက်​တော်​မူ​သော တ​ရား​တော်​နှင့်​အ​ညီ၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 37,
      "text": "ယော​ဟန်​သည် ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​သည်​နောက် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​သည် သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 38,
      "text": "ထို​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း၊ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို ဘိ​သိက်​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏​အ​ခွင့်​တော်​နှင့် ကျေး​ဇူး​ပြု​လျက်၊ မာရ်​နတ်​ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​အား ချမ်း​သာ​ကို​ပေး​လျက် လှည့်​လည်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 39,
      "text": "ငါ​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​တွင်​ပြု​တော်​မူ​သော အ​မှု​များ​တို့၏ သက်​သေ​ခံ​ဖြစ်​ကြ၏။ ထို​သူ​ကို သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​ကြ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 40,
      "text": "သုံး​ရက်​မြောက်​သော​နေ့၌ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ၍၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 41,
      "text": "လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မ​မူ၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​နှင့်​သော သက်​သေ​ခံ​တည်း​ဟူ​သော ငါ​တို့​အား ထင်​ရှား​စွာ ပြ​တော်​မူ၏။ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စား​သောက်​ရ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 42,
      "text": "ထို​သ​ခင်​သည်​လည်း အ​သက်​ရှင်​သော​သူ​တို့​နှင့် သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ခန့်​ထား​တော် မူ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ကြ​လော့။ သက်​သေ​ခံ​ကြ​လော့​ဟု ငါ​တို့​အား ပ​ညတ်​ထား​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 43,
      "text": "ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် နာ​မ​တော်​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟူ၍ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ထို​သ​ခင်၏ သက်​သေ​ခံ​ဖြစ်​ကြ​သည်​ဟု ပေ​တ​ရု​မြွက်​ဆို၏။"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 44,
      "text": "ထို​စ​ကား​ကို မြွက်​ဆို​စဉ်၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​ရ​သော သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 45,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 46,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​အား​ဖြင့်​ပြော၍၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သည်​ကို ကြား​ကြ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 47,
      "text": "ထို​အ​ခါ ပေ​တ​ရု​က၊ ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ရ​သော ဤ​သူ​တို့​ကို ဗ​တ္တိ​ဇံ​မ​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် ရေ​ကို မြစ်​တား​နိုင်​သ​နည်း ဟု​ဆို​လျက်၊-"
    },
    {
      "book": 44,
      "chapter": 10,
      "verse": 48,
      "text": "သ​ခင်​ဘု​ရား၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​စေ​မည်​အ​ကြောင်း စီ​ရင်​လေ၏။ ထို​နောက်​မှ ပေ​တ​ရု​သည် ကာ​လ​အ​တန်​အ​ရာ နေ​ပါ​မည်​အ​ကြောင်း​ကို ထို​သူ​တို့​သည် တောင်း​ပန်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 1,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​သည်​ဟု ယု​ဒ​ပြည်၌​ရှိ​သော တ​မန်​တော်​တို့​နှင့် ညီ​အစ်​ကို​များ​တို့​သည် ကြား​သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 2,
      "text": "ပေ​တ​ရု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ တက်​လာ​သော​အ​ခါ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့​က၊-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 3,
      "text": "သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့် ပေါင်း​ဖော်၍ စား​သောက်​ပါ​သည်​တ​ကား​ဟု ဆန့်​ကျင်​ဘက်​ပြု၍​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 4,
      "text": "ပေ​တ​ရု​သည်​လည်း၊ ထို​အ​ကြောင်း​အ​ရာ​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင် ဖော်​ပြ​သည်​ကား၊-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 5,
      "text": "ငါ​သည်​ယု​ပ္ပေ​မြို့၌ ဆု​တောင်း​စဉ် ဘ​ဝင်​ဖြစ်၍၊ ကောင်း​ကင်​မှ လေး​ထောင့်​ဖြင့် ချ​လွှတ်​သော​ခြုံ​ထည်​ကဲ့​သို့​သော တန်​ဆာ​သည် ဆင်း​သက်၍၊ ငါ့​ထံ​သို့ ရောက်​လာ​သည်​ကို ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 6,
      "text": "ထို​တန်​ဆာ​ကို စေ့​စေ့​ကြည့်​ရှု​ဆင်​ခြင်​လျှင်၊ သား​ရဲ​မှ​စ၍ မြေ၌ ကျင်​လည်​သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​ကို​မြင်၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 7,
      "text": "ထို​အ​ခါ၊ ပေ​တ​ရု၊ ထ၍ သတ်​စား​လော့​ဟု ငါ့​အား​ပြော​သော စ​ကား​သံ​ကို​လည်း ငါ​ကြား၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 8,
      "text": "ငါ​က​လည်း မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​ခံ​တွင်း​ထဲ​သို့ တစ်​ရံ​တစ်​ခါ​မျှ​မ​ဝင်​ဖူး​ပါ ဟု​ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 9,
      "text": "နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော် မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု ကောင်း​ကင်​ထဲ​က လာ​ပြန်၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 10,
      "text": "ထို​သို့ သုံး​ကြိမ်​မြောက်​အောင် ဖြစ်​ပြီး​လျှင်၊ ထို​အ​ရာ​ရှိ​သ​မျှ​တို့​ကို ကောင်း​ကင်​ထဲ​သို့​ဆွဲ​ယူ​ပြန်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 11,
      "text": "ထို​ခ​ဏ​ချင်း​တွင် ကဲ​သ​ရိ​မြို့​မှ ငါ့​ထံ​သို့​စေ​လွှတ်​သော လူ​သုံး​ယောက်​တို့​သည် ငါ​ရှိ​သော​အိမ်​အ​နား​မှာ ရပ်​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 12,
      "text": "ငါ​သည်​တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ သွား​ရ​မည်​အ​ကြောင်း ဝိ​ညာဉ်​တော်​သည် မိန့်​တော်​မူ၏။ ဤ​ညီ​အစ်​ကို ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့် အ​တူ​သွား၍ ထို​သူ၏​အိမ်​သို့ ဝင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 13,
      "text": "ကောင်း​ကင်​တ​မန်​သည် သူ၏​အိမ်၌ ထင်​ရှား​စွာ​ရပ်​လျက်၊ သင်​သည် ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 14,
      "text": "ထို​ပေ​တ​ရု​သည် သင်​မှ​စ၍ သင်၏​အိမ်၌ ရှိ​သ​မျှ​သော သူ​တို့​ကို ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​စ​ကား​ကို သင့်​အား​ဟော​ပြော​လိမ့်​မည်​ဟု မြွက်​ဆို​ခဲ့​သော အ​ကြောင်း​အ​ရာ​ကို ထို​သူ​သည် ငါ​တို့​အား​ပြန်​ကြား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 15,
      "text": "ငါ​သည်​ဟော​ပြော​စ​ပြု​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ရှေ့​ဦး​စွာ ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့ အ​ပေါ်​သို့​လည်း သက်​ရောက်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 16,
      "text": "ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား မိန့်​တော်​မူ​သော စ​ကား​ကို ထို​အ​ခါ ငါ​အောက်​မေ့၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 17,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​ငါ​တို့​အား ဘု​ရား​သ​ခင်​သည် ဆု​ကျေး​ဇူး​ကို ပေး​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​တို့​အား​လည်း ပေး​တော်​မူ​သည်​ဖြစ်​သော​ကြောင့်၊ ငါ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်​ကို ဆီး​တား​နိုင်​သ​နည်း​ဟု ပေ​တ​ရု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 18,
      "text": "ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ထို​သူ​တို့​သည် ကြား​ရ​လျှင် မ​ငြင်း​ဘဲ​နေ၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​ခြင်း​အ​လို​ငှာ၊ နောင်​တ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း ပေး​တော်​မူ​ပြီ​ဟု ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 20,
      "text": "နောက်​မှ ထို​သူ​အ​ချို့​တို့​သည် ကု​ပ​ရု​ပြည်​သား၊ ကု​ရေ​နေ​ပြည်​သား​ဖြစ်၍ အ​န္တိ​အုတ်​သို့​သွား​ပြီး​လျှင်၊ သ​ခင်​ယေ​ရှု၏ အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟေ​လေ​နစ်​လူ​တို့​အား ဟော​ပြော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 21,
      "text": "သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 22,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ကြား​လျှင်၊ အ​န္တိ​အုတ်​မြို့​တိုင်​အောင် သွား​စေ​မည်​အ​ကြောင်း ဗာ​န​ဗ​ကို​စေ​လွှတ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 23,
      "text": "ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 24,
      "text": "ထို​သူ​သည် သူ​တော်​ကောင်း​ဖြစ်၍၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော​အား​ဖြင့်၊ လူ​များ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ဝင်​စား​ကြ၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 25,
      "text": "ဗာ​န​ဗ​သည်​လည်း ရှော​လု​ကို ရှာ​လျက် တာ​ရှု​မြို့​သို့​သွား၏။ တွေ့​လျှင်​အ​န္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 26,
      "text": "ထို​သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး ထို​အ​သင်း​တော်​နှင့်​အ​တူ စည်း​ဝေး၍၊ လူ​များ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။ တ​ပည့်​တော်​တို့​သည်​လည်း ခ​ရစ်​ယာန်​ဟူ​သော ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို အ​န္တိ​အုတ်​မြို့၌ အ​ဦး​ခံ​ရ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 27,
      "text": "ထို​အ​ခါ၌ ပ​ရော​ဖက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ အ​န္တိ​အုတ်​မြို့​သို့​လာ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 28,
      "text": "ထို​သူ​တို့​အ​ဝင်၊ အာ​ဂ​ဗု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်​ထ၍၊ မြေ​တစ်​ပြင်​လုံး၌ အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း​ဖြစ်​လ​တ္တံ့​ဟု ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ၏။ ထို​ခေါင်း​ပါး​ခြင်း​သည် ကဲ​သာ​ဘု​ရင် က​လော​ဒိ​လက်​ထက်၌ ဖြစ်​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 29,
      "text": "ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊-"
    },
    {
      "book": 44,
      "chapter": 11,
      "verse": 30,
      "text": "စီ​ရင်​ကြ​သည်​နှင့်​အ​ညီ ဗာ​န​ဗ​နှင့် ရှော​လု​တို့​တွင် သင်း​အုပ်​တို့​ထံ​သို့ ပေး​လိုက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 1,
      "text": "ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် သင်း​ဝင်​သူ​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ​စီ​ရင်၍၊-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 2,
      "text": "ယော​ဟန်၏​အစ်​ကို​ဖြစ်​သော ယာ​ကုပ်​ကို ဓား​နှင့် ကွပ်​မျက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 3,
      "text": "ယု​ဒ​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​ခြင်း ရှိ​သည်​ကို​မြင်​လျှင်၊ အ​ဇု​မ​ပွဲ​နေ့​ရက်​တို့၌ တစ်​ဖန်​ထပ်၍၊-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 4,
      "text": "ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 5,
      "text": "ပေ​တ​ရု​သည် ထောင်​ထဲ၌ အ​ကျဉ်း​နေ​ရ​စဉ်၊ သင်း​ဝင်​သူ​တို့​သည် သူ့​အ​ဖို့​ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 6,
      "text": "ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 7,
      "text": "ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ပေါ်​လာ​လျှင် ထောင်​အိမ်၌ အ​လင်း​ထွန်း​တောက်​လေ၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု၏ နံ​ဘေး​ကို​ပုတ်​ခတ်၍၊ အ​လျင်​အ​မြန်​ထ​လော့​ဟု ဆို​လျက်​ထ​စေ၏။ သံ​ကြိုး​သည်​လည်း ပေ​တ​ရု​လက်​မှ ကျွတ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 8,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏ ခါး​ပန်း​ကို​စည်း​လော့။ ခြေ​နင်း​ကို​လည်း​စည်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ပေ​တ​ရု​ပြု၏။ ဝတ်​လုံ​ကို​ခြုံ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု ဆို​ပြန်၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 9,
      "text": "ပေ​တ​ရု​သည် ထွက်၍​လိုက်​သော်​လည်း၊ ကောင်း​ကင်​တ​မန် ပြု​သ​မျှ​တို့​သည် မှန်​သော​အ​မှု​အ​ရာ​ဖြစ်​သည်​ဟု မ​သိ​မ​မှတ်​ဘဲ၊ မိ​မိ​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​သည်​ဟု​ထင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 10,
      "text": "လူ​စောင့်​နှစ်​တန်​ကို လွန်​သွား၍ မြို့​ထဲ​သို့ ဝင်​သော​သံ​တံ​ခါး​သို့ ရောက်​လျှင်၊ ထို​တံ​ခါး​သည် အ​လို​လို​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်၍ လမ်း​တစ်​ကြောင်း၌​လျှောက်​သွား​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​သည် ချက်​ချင်း ပေ​တ​ရု​မှ ခွာ၍ သွား​လေ၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 11,
      "text": "ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ ယ​ခု​ပင် သ​ခင်​ဘု​ရား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ဟေ​ရုဒ်​မင်း​လက်​မှ​လည်း​ကောင်း၊ ယု​ဒ​လူ​တို့၏ မျှော်​လင့်​ခြင်း​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​နုတ်​တော်​မူ​သည်​ကို ငါ​အ​မှန်​သိ၏​ဟု အောက်​မေ့​စဉ်၊-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 12,
      "text": "လူ​များ​စု​ဝေး၍ ဆု​တောင်း​ရာ၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်၏​အ​မိ​ဖြစ်​သော မာ​ရိ၏​အိမ်​သို့​ရောက်၍၊-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 13,
      "text": "အိမ်​ဦး​တံ​ခါး​ကို​ခေါက်​လေ​သော်၊ ရော​ဒေ​အ​မည်​ရှိ​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် နား​ထောင်​ခြင်း​ငှာ​လာ၍၊-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 14,
      "text": "ပေ​တ​ရု၏​စ​ကား​သံ​ကို သိ​လျှင်၊ ဝမ်း​မြောက်​သော​အား​ဖြင့် တံ​ခါး​ကို​မ​ဖွင့်​ဘဲ အ​ထဲ​သို့​ပြေး​ဝင်၍၊ ပေ​တ​ရု​သည် တံ​ခါး​ရှေ့​မှာ​ရပ်​နေ​သည်​ဟု ကြား​ပြော၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 15,
      "text": "ထို​သူ​တို့​က၊ သင်​သည်​အ​ရူး​ဖြစ်၏​ဟု ထို​မိန်း​မ​ငယ်​အား​ဆို​ကြ​သော်​လည်း၊ ပေ​တ​ရု​အ​မှန်​ရှိ​သည်​ဟု သူ​သည်​ခိုင်​မာ​စွာ​ဆို​လျှင်၊ ပေ​တ​ရု၏ ကောင်း​ကင်​တ​မန်​ဖြစ်​လိမ့်​မည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 16,
      "text": "ပေ​တ​ရု​သည် ခေါက်၍​နေ​သော်၊ တံ​ခါး​ကို​ဖွင့်​ကြ၍ သူ့​ကို​မြင်​သ​ဖြင့် အ​လွန်​တ​ရာ​အံ့​ဩ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 17,
      "text": "ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 18,
      "text": "မိုး​လင်း​သော​အ​ခါ စစ်​သူ​ရဲ​တို့​သည် ပေ​တ​ရု၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 19,
      "text": "ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ရှာ၍ မ​တွေ့​သည်​ရှိ​သော်၊ စောင့်​ရှောက်​သော​သူ​တို့​ကို စစ်​ကြော​ပြီး​မှ သတ်​မည်​အ​ကြောင်း​ကို စီ​ရင်​လေ၏။"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 20,
      "text": "ထို​နောက်၊ ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ ကဲ​သ​ရိ​မြို့​သို့​သွား၍ နေ​သည်​ရှိ​သော်၊ တု​ရု​မြို့​သား​နှင့် ဇိ​ဒုန်​မြို့​သား​တို့​ကို အ​မျက်​ထွက်​လေ၏။ ထို​သူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း​လာ​ကြ၍၊ ဗ​လ​တ္တု​အ​မည်​ရှိ​သော အ​တွင်း​ဝန်​ကို ဖျောင်း​ဖျ​ပြီး​မှ၊ အ​မျက်​တော်​ပြေ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြည်​သည် ပြည်​တော်​ကို​မှီ၍ ကျွေး​မွေး​ခြင်း​ကို​ခံ​ရ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 21,
      "text": "ဟေ​ရုဒ်​မင်း​သည်​လည်း ချိန်း​ချက်​သော​နေ့၌ မင်း​မြောက် တန်​ဆာ​ကို​ဝတ်​ဆင်၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ထို​သူ​တို့​အား မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 22,
      "text": "လူ​များ​တို့​က၊ ဤ​အ​သံ​သည် လူ၏​အ​သံ​မ​ဟုတ်။ ဘု​ရား​သ​ခင်၏ အ​သံ​ဖြစ်၏​ဟု ကြွေး​ကြော်​ကြ​သည်​ရှိ​သော်၊-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 23,
      "text": "ထို​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို မ​ထောက်​ထား​သော​ကြောင့်၊ ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒဏ်​ခတ်၍၊ ကိုယ်​တွင်း၌ ပိုး​များ​ကိုက်​သ​ဖြင့် အ​နိ​စ္စ​ရောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 24,
      "text": "ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​များ​ပြား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 12,
      "verse": 25,
      "text": "ဗာ​န​ဗ​နှင့် ရှော​လု​တို့​သည် လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ပြီး​လျှင်၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်​ကို​လည်း ခေါ်​ခဲ့၍ ယေ​ရု​ရှ​လင်​မြို့​မှ​ပြန်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 1,
      "text": "အ​န္တိ​အုတ်​မြို့​တွင်​ရှိ​သော အ​သင်း​တော်၌ ဗာ​န​ဗ​မှ​စ၍ နိ​ဂါ​ဟု​ခေါ်​ဝေါ်​သော ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လု​ကိ၊ စော်​ဘွား​ဟေ​ရုဒ်၏ သူ​ငယ်​ချင်း​အ​ရင်း​ဖြစ်​သော မာ​နင်​နှင့် ရှော​လု​တည်း​ဟူ​သော ပ​ရော​ဖက်​ပြု​သူ၊ ဆ​ရာ​ပြု​သူ​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 2,
      "text": "ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 3,
      "text": "အ​စာ​ရှောင်၍ ပ​တ္ထ​နာ​ပြု​လျက်၊ ထို​သူ​တို့​ခေါင်း​ပေါ်​မှာ လက်​ကို​တင်၍ လွှတ်​လိုက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 4,
      "text": "ထို​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော် စေ​လွှတ်​တော်​မူ​သော​အား​ဖြင့်၊ ထို​သူ​တို့​သည် သေ​လု​ကိ​မြို့​သို့​သွား၍ ထို​မြို့​မှ သင်္ဘော​နှင့်​လွှင့်​သ​ဖြင့်၊ ကု​ပ​ရု​ကျွန်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 5,
      "text": "ရှာ​လ​မိ​မြို့၌​ရှိ​နေ​စဉ်၊ ယု​ဒ​တ​ရား​ဇ​ရပ်​များ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။ ယော​ဟန်​သည်​လည်း ထို​သူ​တို့၏​လက်​ထောက် ဖြစ်​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 6,
      "text": "တစ်​ကျွန်း​လုံး​ကို​လျှောက်၍ ပါ​ဖု​မြို့​သို့​ရောက်​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 7,
      "text": "ဗာ​ယေ​ရှု​အ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား မိ​စ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို မြို့​ဝန်​မင်း​သေ​ရ​ဂိ​ပေါ​လု​ထံ၌ တွေ့​ကြ၏။ ထို​မြို့​ဝန်​သည် ပ​ညာ​သ​တိ​ရှိ​သ​ဖြင့်၊ ဗာ​န​ဗ​နှင့် ရှော​လု​တို့​ကို​ခေါ်​ပင့်၍ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ​လို​သော​စိတ်​ရှိ​သော်၊-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 8,
      "text": "အ​နက်​အား​ဖြင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ဟု ဆို​လို​သော ဧ​လု​မ အ​မည်​ရှိ​သော​ထို​သူ​သည် မြို့​ဝန်​ကို ယုံ​ကြည်​ခြင်း​မှ လွှဲ​အံ့​သော​ငှာ တ​မန်​တော်​တို့​ကို ဟန့်​တား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 9,
      "text": "ထို​အ​ခါ​ပေါ​လု​ဟု အ​မည်​တွင်​သော ရှော​လု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ထို​နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို စေ့​စေ့​ကြည့်​ရှု​လျက်၊-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 10,
      "text": "လှည့်​ဖြား​ခြင်း၊ အ​ကျိုး​ကို​ဖျက်​ခြင်း အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော မာရ်​နတ်၏​သား၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဖြောင့်​မတ်​သော​လမ်း​ခ​ရီး​တို့​ကို မ​ဖျက်​ဆီး​ဘဲ​မ​နေ​နိုင်​သ​လော။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 11,
      "text": "ယ​ခု​ပင် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် သင့်​အ​ပေါ်​သို့​ရောက်၍၊ နေ​ကို​မျှ​မ​မြင်​နိုင်​အောင် အင်​တန်​ကာ​လ​ပတ်​လုံး သင်၏ မျက်​စိ​ကွယ်​လိမ့်​မည်​ဟု ပေါ​လု​ဆို​သော ခ​ဏ​ချင်း​တွင် မျက်​စိ​မြှေး​ယှက်၍ မှောင်​မိုက်​အ​တိ​ဖြစ်​သ​ဖြင့်၊ လက်​ဆွဲ​ပေး​သော သူ​တို့​ကို​ရှာ​လျက် တ​လည်​လည်​ရှိ၍​နေ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 12,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို မြင်​လျှင်၊ မြို့​ဝန်​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်၍၊ သ​ခင်​ဘု​ရား၏ ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 13,
      "text": "ပေါ​လု​နှင့် ပါ​သော​သူ​တို့​သည် ပါ​ဖု​မြို့​မှ​လွှင့်၍ ပမ်​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​လျှင်၊ ယော​ဟန်​သည် သူ​တို့​ထံ​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 14,
      "text": "ပေ​ရ​ဂေ​မြို့​မှ​ထွက်​သွား​ပြန်၍ ပိ​သိ​ဒိ​ပြည်၊ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ထိုင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 15,
      "text": "ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​ကို ဖတ်​ရွတ်​ပြီး​မှ၊ တ​ရား​ဇ​ရပ်​မှူး​တို့​သည်၊ ညီ​အစ်​ကို​တို့၊ လူ​များ​အား ဆုံး​မ​စ​ရာ​စ​ကား​ရှိ​လျှင် ဟော​ပြော ကြ​ပါ​ဟု လူ​ကို​စေ​လွှတ်၍ ကြား​ပြော​စေ၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 16,
      "text": "ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 17,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘိုး​ဘေး​များ​ကို ရွေး​ကောက်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​သော ထို​လူ​မျိုး​ကို ချီး​မြှောက်​သ​ဖြင့်၊ ထင်​ရှား​သော လက်​တော်​နှင့် ထို​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 18,
      "text": "အ​နှစ်​လေး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး တော၌ ကျွေး​မွေး​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 19,
      "text": "ခါ​နာန်​ပြည်၌ လူ​ခု​နစ်​မျိုး​တို့​ကို ပယ်​ရှား​ပြီး​လျှင်၊ ထို​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ပေး​ကမ်း ဝေ​ငှ​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 20,
      "text": "ထို​နောက်​မှ ပ​ရော​ဖက်​ရှ​မွေ​လ​မ​ပေါ်​မ​ရှိ​မီ အ​နှစ်​လေး​ရာ​ငါး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး၊ တ​ရား​သူ​ကြီး​တို့​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 21,
      "text": "နောက်​တစ်​ဖန် ရှင်​ဘု​ရင်​ကို တောင်း​ကြ​သော​အ​ခါ ရှော​လု​အ​မည်​ရှိ​သော ကိ​ရှ၏​သား၊ ဗင်္ယာ​မိန် အ​မျိုး​ဖြစ်​သော​သူ​ကို အ​နှစ်​လေး​ဆယ်​ပတ်​လုံး ပေး​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 22,
      "text": "နောက်​မှ​ထို​သူ​ကို​ပယ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဒါ​ဝိဒ်​ကို ချီး​မြှောက်​တော်​မူ၏။ ထို​သူ​အား သက်​သေ​ခံ​တော်​မူ​လျက်၊ စိတ်​နှ​လုံး၌ ညီ​ညွတ်​သည်​ဖြစ်၍ ငါ့​အ​လို​ကို​ပြည့်​စုံ​စေ​မည့်​သူ၊ ယေ​ရှဲ၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ရ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 23,
      "text": "ထို​သူ၏​အ​မျိုး​အ​နွယ်​ထဲ၌ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အ​တိုင်း ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ကို ဣ​သ​ရေ​လ​လူ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 24,
      "text": "ထို​သ​ခင်​ကြွ​လာ​တော်​မ​မူ​မီ ယော​ဟန်​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား နောင်​တ​နှင့် စပ်​ဆိုင်​သော​ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​ပြော​နှင့်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 25,
      "text": "ယော​ဟန်​သည် မိ​မိ​ဆောင်​ရွက်​ရ​သော အ​မှု​ကို​ပြု၍ နေ​စဉ်​တွင်၊ ငါ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို သင်​တို့ ထင်​မှတ်​ကြ​သ​နည်း။ ငါ​သည် ထို​သူ​ဖြစ်​သည်​မ​ဟုတ်။ ငါ့​နောက်​ကြွ​လာ​သော​သူ​တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကို ငါ​မ​ချွတ်​ထိုက်​ဟု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 26,
      "text": "အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 27,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​သူ​တို့​နှင့်​တ​ကွ မင်း​များ​တို့​သည် ထို​သ​ခင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​အ​စဉ်​ဖတ်​ရွတ်​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို​လည်း​ကောင်း၊ မ​သိ​နား​မ​လည်​သော​ကြောင့်၊ ထို​သ​ခင်​ကို​စီ​ရင်​သော​အား​ဖြင့်၊ ထို​ပ​ရော​ဖက်​တို့၏ စ​ကား​ကို​ပြည့်​စုံ​စေ​ကြ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 28,
      "text": "ကိုယ်​တော်၌​သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သော်​လည်း၊ ကွပ်​မျက်​စေ​မည်​အ​ကြောင်း ပိ​လတ်​မင်း​ထံ၌ တောင်း​လျှောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 29,
      "text": "ထို​သ​ခင်​ကို​ရည်​မှတ်၍ ကျမ်း​စာ၌ ရေး​ထား​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ပြီး​လျှင်၊ အ​လောင်း​တော်​ကို သစ်​တိုင်​မှ​ချ၍ သင်္ချိုင်း​တွင်း၌ ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 30,
      "text": "ဘု​ရား​သ​ခင်​သည်လည်း သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 31,
      "text": "ဂါ​လိ​လဲ​ပြည်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​နောက်​တော်၌ လိုက်​သော​သူ​တို့​အား နေ့​ရက်​များ​စွာ ကိုယ်​ကို ထင်​ရှား​ပြ​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 32,
      "text": "ထို​သူ​တို့​သည် လူ​များ​တို့​အား သက်​သေ​ခံ ဖြစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 33,
      "text": "ဆာ​လံ​ကျမ်း​ဒု​တိ​ယ​ခန်း၌ လာ​သည်​ကား၊ သင်​သည်​ငါ့​သား ဖြစ်၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 34,
      "text": "ယ​နေ့​ပင် သင့်​ကို​ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ ငါ​တို့​ဘိုး​ဘေး များ၌​ရှိ​သော က​တိ​တော်​ကို ထို​သူ​တို့၏ သား​ဖြစ်​သော​ငါ​တို့​အား​ပြည့်​စုံ​စေ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒါ​ဝိဒ်၌​မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား ငါ​ပေး​မည်​ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ၍၊ နောက်​တစ်​ဖန် ပုပ်​စပ်​ခြင်း​သို့ မ​ပြန်​ဘဲ အ​စဉ်​ကင်း​လွတ်​ရ​မည်​အ​ခွင့်​ကို ပေး​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ​သ​တင်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 35,
      "text": "ထို​ကြောင့် ဆာ​လံ​ကျမ်း​တစ်​ခန်း၌ လာ​သည်​ကား၊ ကိုယ်​တော်၏​သန့်​ရှင်း​သော​သူ​အား ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဟု လာ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 36,
      "text": "ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 37,
      "text": "ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သူ​မူ​ကား၊ ပုပ်​စပ်​ခြင်း​သို့ မ​ရောက်။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 38,
      "text": "ထို​ကြောင့် ညီ​အစ်​တို့၊ ထို​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ကြား​သည်​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 39,
      "text": "ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ ရှိ​သ​မျှ​တို့​သည် မော​ရှေ၏ တ​ရား​အ​တိုင်း မ​လွတ်​နိုင်​သော အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် လွတ်​ရ​ကြ​သည်​ကို​လည်း​ကောင်း သိ​မှတ် ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 40,
      "text": "အ​နာ​ဂ​တ္တိ​ကျမ်း၌​လာ​သည်​ကား၊ မ​ထီ​မဲ့​မြင် ပြု​တတ်​သော​သူ​တို့၊ ကြည့်​ရှု​အံ့​ဩ၍ ပြယ်​ပျောက်​ခြင်း​သို့ ရောက်​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 41,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​အား သူ​တစ်​ပါး ပြ​ညွှန်​သော်​လည်း၊ သင်​တို့​မ​ယုံ​သော အ​မှု​ကို သင်​တို့​လက်​ထက်​ကာ​လ၌ ငါ​ပြု​သည်​ဟု ကျမ်း​စာ၌ ပါ​သော​အ​ရာ​ကို သင်​တို့​အ​ပေါ်​သို့ မ​ရောက်​စေ​မည်​အ​ကြောင်း၊ သ​တိ​ပြု​ကြ​လော့​ဟု ပေါ​လု​ဟော​ပြော​လေ၏။"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 42,
      "text": "လူ​များ​တို့​သည် တ​ရား​ဇ​ရပ်​မှ ထွက်​သွား​ကြ​စဉ်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို မိ​မိ​တို့​အား နောက်​ဥ​ပုသ်​နေ့၌ ဟော​ပြော​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 43,
      "text": "အ​စည်း​အ​ဝေး​ပြီး၍ ပြန်​ကြ​သော​အ​ခါ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော ဘာ​သာ​ဝင်​သူ​များ​တို့​သည် ပေါ​လု​နှင့် ဗာ​န​ဗ​နောက်​သို့ လိုက်​ကြ​သည်​ဖြစ်၍ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်၌ တည်​ကြည်​မည်​အ​ကြောင်း၊ တ​မန်​တော်​တို့​သည် ဖြား​ယောင်း၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 44,
      "text": "နောက်​ဥ​ပုသ်​နေ့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​ထောင်​အံ့​သော​ငှာ တစ်​မြို့​လုံး ကုန်​မ​တတ်​စည်း​ဝေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 45,
      "text": "ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 46,
      "text": "ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို သင်​တို့​အား ရှေ့​ဦး​စွာ ဟော​ပြော​ရ၏။ သို့​သော်​လည်း သင်​တို့​သည်​ပယ်၍ ထာ​ဝ​ရ​အ​သက်​ကို မိ​မိ​တို့ မ​ခံ​ထိုက်​သည်​ဟု မိ​မိ​တို့​စီ​ရင်​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မှာ​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည်​မျက်​နှာ​ကို​လွှဲ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ လှည့်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 47,
      "text": "မှာ​တော်​မူ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ကား၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သားတို့​လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား၏​ဟု ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ရဲ​ရင့်​စွာ ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 48,
      "text": "ထို​စ​ကား​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြား​လျှင် ဝမ်း​မြောက်၍ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ကြ၏။ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော သူ​ရှိ​သ​မျှ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 49,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​သာ​သ​နာ​တော်​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 50,
      "text": "ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 51,
      "text": "တ​မန်​တော်​တို့​သည် မိ​မိ​တို့​ခြေ​ဖ​ဝါး၌​ကပ်​သော မြေ​မှုန့်​ကို ထို​သူ​တို့​အား ခါ​လိုက်​ပြီး​မှ၊ ဣ​ကော​နိ​မြို့​သို့ သွား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 13,
      "verse": 52,
      "text": "တ​ပည့်​တော်​များ​တို့​သည် ဝမ်း​မြောက်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 1,
      "text": "ဣ​ကော​နိ​မြို့​သို့​ရောက်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည် ယု​ဒ​တ​ရား​ဇ​ရပ်​သို့​ဝင်၍ ဟော​ပြော​သ​ဖြင့်၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​များ အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 2,
      "text": "မ​ယုံ​ကြည်​သော ယု​ဒ​လူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိုး​ဆော်၍၊ ညီ​အစ်​ကို​တို့​အား မ​နာ​လို​သော စိတ်​ရှိ​စေ​ခြင်း​ငှာ ချော​စား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 3,
      "text": "ထို​ကြောင့် ကြာ​မြင့်​စွာ​နေ၍ သ​ခင်​ဘု​ရား၏ တ​ရား​တော်​ကို မ​ဆုတ်​မ​ဆိုင်း ဟော​ပြော​လေ၏။ သ​ခင်​ဘု​ရား​သည်​လည်း ကျေး​ဇူး​တ​ရား​တော်​ဘက်၌ သက်​သေ​ခံ​တော်​မူ​လျက်၊ တ​မန်​တော်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 4,
      "text": "ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် ကွဲ​ပြား​ခြင်း​ရှိ၍၊ အ​ချို့​တို့​သည် ယု​ဒ​လူ​တို့​ဘက်၌​လည်း​ကောင်း၊ အ​ချို့​တို့​သည် တ​မန်​တော်​တို့​ဘက်၌​လည်း​ကောင်း နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 5,
      "text": "မင်း​အ​ရာ​ရှိ​တို့​နှင့် ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် တ​မန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ကျောက်​ခဲ​နှင့်​ပစ်​မည်​ဟု တစ်​ဟုန်​တည်း ပြေး​လာ​ကြ​သည်​အ​ကြောင်း​ကို၊-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 6,
      "text": "တ​မန်​တော်​တို့​သည်​သိ​လျှင်၊ လု​ကော​နိ​ပြည်၌ လု​တ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​မှ​စ၍ ကျေး​လက်​များ​သို့ ထွက်​ပြေး၍၊-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 7,
      "text": "ထို​အ​ရပ်​တို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 8,
      "text": "အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သ​ဖြင့်၊ တစ်​ခါ​မျှ မ​သွား​ဖူး​သော လူ​တစ်​ယောက်​သည် လု​တ္တ​ရ​မြို့၌ ထိုင်​လျက်၊-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 9,
      "text": "ပေါ​လု​ဟော​ပြော​သည်​ကို ကြား​လေ၏။ ပေါ​လု​သည်​လည်း ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ရော​ဂါ​ကင်း​မည်​အ​ကြောင်း သူ၌​ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 10,
      "text": "ထ၍​မတ်​တတ်​ရပ်​လော့​ဟု ကြီး​သော​အ​သံ​နှင့် ဆို​သ​ဖြင့်၊ ထို​သူ​သည် ရုတ်​တ​ရက်​ထ၍ လှမ်း​သွား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 11,
      "text": "ပေါ​လု​ပြု​သော​အ​မှု​ကို​မြင်​သော လူ​အ​စု​အ​ဝေး​တို့​က၊ နတ်​ဘု​ရား​တို့​သည် လူ​အ​ယောင်​ကို​ဆောင်၍ ငါ​တို့​ရှိ​ရာ​သို့ ဆင်း​သက်​ပါ​သည်​တ​ကား​ဟု လု​ကော​နိ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​သံ​ကို​လွှင့်၍ ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 12,
      "text": "ပေါ​လု​သည်​သာ၍ ဟော​ပြော​သော​ကြောင့် သူ့​ကို ဟေ​ရ​မေ​ဟူ၍​လည်း​ကောင်း၊ ဗာ​န​ဗ​ကို ဇု​သ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 13,
      "text": "ထို​မြို့​ရှေ့၌​ရှိ​သော ဇု​သ၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား​နှင့် ပန်း​ကုံး​ကို မြို့​တံ​ခါး​နား​သို့​ယူ​ခဲ့၍၊ လူ​အ​စု​အ​ဝေး​တို့​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​မည်​ပြု​သည်​ကို၊-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 14,
      "text": "တ​မန်​တော်​ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် သ​တင်း​ကြား​လျှင်၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍ လူ​စု​ထဲ​သို့ ပြေး​ဝင်​လျက်၊-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 15,
      "text": "အ​ချင်း​လူ​တို့၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည် သင်​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ​ဖြစ်​ပါ၏။ သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​တို့​ကို ပယ်​ကြ၍၊ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​ရ​ကြ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 16,
      "text": "ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တို့၌၊ လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့​အ​လို​အ​လျောက် ကျင့်​ကြ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် အ​လွတ်​ထား​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 17,
      "text": "သို့​သော်​လည်း၊ သင်​တို့​အား ကျေး​ဇူး​ပြု​လျက်၊ အ​စာ​အာ​ဟာ​ရ​နှင့် ဝ​ပြော၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မှ မိုး​ရွာ​စေ​တော်​မူ၍၊ အ​သီး​အ​နှံ​တို့​ကို သီး​စေ​တတ်​သော ဥ​တု​ကို​ပေး​တော်​မူ​သော​အား​ဖြင့်၊ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို သက်​သေ​မ​ခံ​ဘဲ နေ​တော်​မ​မူ​ဟု ပေါ​လု​နှင့် ဗာ​န​ဗ​သည် ကြွေး​ကြော်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 18,
      "text": "ထို​သို့​ကြွေး​ကြော်​သ​ဖြင့် လူ​အ​စု​အ​ဝေး​တို့​သည် ယဇ်​ပူ​ဇော်​ခြင်း​ကို မ​ပြု​ရ​မည်​အ​ကြောင်း မြစ်​တား​ခဲ​သော​အ​မှု​ကို မြစ်​တား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 19,
      "text": "ထို​အ​ခါ ယု​ဒ​လူ​တို့​သည် အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​မှ​လာ​ကြ၍ လူ​အ​စု​အ​ဝေး​တို့​ကို ညှိ​ညွတ်​တိုင်​ပင်​ပြီး​လျှင်၊ ပေါ​လု​ကို ကျောက်​ခဲ​နှင့်​ပစ်၍ သေ​ပြီ​ဟု စိတ်​ထင်​နှင့် မြို့​ပြင်​သို့ ဆွဲ​ငင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 20,
      "text": "တ​ပည့်​တော်​တို့​သည် ဝန်း​ရံ၍​နေ​ကြ​စဉ်၊ ပေါ​လု​သည်​ထ၍ မြို့​ထဲ​သို့​ဝင်​ပြန်၏။ နက်​ဖြန်​နေ့၌ ဗာ​န​ဗ​နှင့်​တ​ကွ ဒေ​ရ​ဗေ​မြို့​သို့ ထွက်​သွား​လေ၏။"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 21,
      "text": "ထို​မြို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ လူ​များ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ပြီး​မှ၊ လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၊ အ​န္တိ​အုတ်​မြို့​တို့​ကို အ​စဉ်​အ​တိုင်း လှည့်​လည်၍​ပြန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 22,
      "text": "ထို​သို့​ပြန်​ကြ​စဉ်၊ တ​ပည့်​တော်​များ၏​စိတ်​နှ​လုံး​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မည်​အ​ကြောင်း နှိုး​ဆော်​ချီ​ပင့်၍၊ ငါ​တို့​သည် များ​ပြား​သော​ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ရ​ကြ​မည်​ဟု ဟော​ပြော​ပြ​ညွှန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 23,
      "text": "အ​သင်း​တော်​များ​တို့၌ သင်း​အုပ်​တို့​ကို ခန့်​ထား၍၊ အ​စာ​ရှောင်​လျက်​ဆု​တောင်း​ပ​တ္ထ​နာ ပြု​ပြီး​လျှင်၊ သင်း​ဝင်​သူ​တို့​ယုံ​ကြည်​သော သ​ခင်​ဘု​ရား၏​လက်​တော်​သို့ ထို​အ​သင်း​တော်​တို့​ကို အပ်​နှံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 24,
      "text": "ပိ​သိ​ဒိ​ပြည်​တစ်​ပြည်​လုံး​ကို​လျှောက်​သွား၍ ပမ်​ဖု​လိ​ပြည်​သို့ ရောက်​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 25,
      "text": "ပေ​ရ​ဂေ​မြို့၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော၍ အ​တ္တ​လိ​မြို့​သို့​သွား​ကြ​ပြန်၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 26,
      "text": "ထို​မြို့​မှ သင်္ဘော​စီး၍​လွှင့်​သ​ဖြင့်၊ မိ​မိ​တို့ ဆောင်​ရွက်​ခဲ့​ပြီး​သော အ​မှု​အ​လို​ငှာ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့​အပ်​နှံ၍ စေ​လွှတ်​သော အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 27,
      "text": "ထို​မြို့​သို့​ရောက်​ပြီး​လျှင် သင်း​ဝင်​သူ​တို့​ကို စု​ဝေး​စေ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​သည် ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တံ​ခါး​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဖွင့်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ပြန်​ကြား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 14,
      "verse": 28,
      "text": "ထို​မြို့၌​လည်း၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ကြာ​မြင့်​စွာ နေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 1,
      "text": "ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 2,
      "text": "ထို​သူ​တို့​နှင့် ပေါ​လု၊ ဗာ​န​ဗ​တို့​သည် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း များ​သော​အ​ခါ၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် အ​ခြား​သော​တ​ပည့်​တော်​အ​ချို့ တို့​နှင့်​တ​ကွ၊ ထို​ပြဿ​နာ၏ အ​ကြောင်း​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​ထံ​သို့​သွား​ရ​မည်​အ​ကြောင်း​ကို စီ​ရင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 3,
      "text": "အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 4,
      "text": "ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ​များ​တို့​တွင် လက်​ခံ​ခြင်း​ကျေး​ဇူး​ကို​ခံ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြန်​ကြား​ကြ၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 5,
      "text": "ဖာ​ရိ​ရှဲ​စု​ထဲ​က ယုံ​ကြည်​သော​သူ​အ​ချို့​တို့​သည် ထ​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​မည်။ မော​ရှေ၏​တ​ရား​ကို ကျင့်​စေ​ခြင်း​ငှာ ဆုံး​မ​ရ​မည်​ဟု​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 6,
      "text": "ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် ထို​အ​မှု​ကို​ကြည့်​ရှု​ဆင်​ခြင်​ခြင်း​ငှာ စည်း​ဝေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 7,
      "text": "များ​စွာ​သော​ဆွေး​နွေး​ငြင်း​ခုံ​ခြင်း ရှိ​သော​အ​ခါ ပေ​တ​ရု​သည် ထ​လျက်၊ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​ငါ​တို့​တွင် ရွေး​ကောက်​တော်​မူ၍၊ ငါ​ဟော​ပြော​သော​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ကြား​နာ၍ ယုံ​ကြည်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 8,
      "text": "စိတ်​နှ​လုံး​ကို သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​သည်​နည်း​တူ သူ​တို့​အား​ပေး​သ​ဖြင့်၊ သူ​တို့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 9,
      "text": "ယုံ​ကြည်​ခြင်း​အား​ဖြင့်​လည်း သူ​တို့၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​စေ၍ ငါ​တို့​ကို ခြား​နား​စေ​တော်​မ​မူ။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 10,
      "text": "သို့​ဖြစ်​လျှင်၊ ငါ​တို့​နှင့် ငါ​တို့​ဘိုး​ဘေး​များ မ​ထမ်း​နိုင်​သော ထမ်း​ပိုး​ကို တ​ပည့်​တော်​တို့၏ လည်​ပင်း​ပေါ်၌ တင်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ​သ​နည်း။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 11,
      "text": "သ​ခင်​ယေ​ရှု၏ ကျေး​ဇူး​တော်​အား​ဖြင့်​သာ ထို​သူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း ရောက်​ရ​မည်​ကို ငါ​တို့​သည်​ယုံ​ကြ၏​ဟု ပေ​တ​ရု​ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 12,
      "text": "ထို​အ​ခါ ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် မိ​မိ​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ကြား​ပြော​သည်​ကို စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​စွာ​နေ၍ နား​ထောင်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 13,
      "text": "ထို​သူ​တို့​သည် အ​ကုန်​အ​စင်​ပြော​ဆို​ပြီး​မှ၊ ယာ​ကုပ်​က၊ ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​နာ​မ​အ​ဖို့၊ တစ်​ပါး​အ​မျိုး​သား​တို့ အ​ထဲ​က အ​ချို့​သော​သူ​တို့​ကို နုတ်​ယူ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ကို ရှိ​မုန်​သည် ဟော​ပြော​ခဲ့​ပြီ။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 15,
      "text": "ထို​အ​ကြောင်း​အ​ရာ​သည်​လည်း ပ​ရော​ဖက်​တို့၏​စ​ကား​နှင့် ညီ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 16,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တည်း​ဟူ​သော ကျန်​ကြွင်း​ရစ်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​စေ​ခြင်း​ငှာ နောက်​မှ​ငါ​ပြန်​လာ​မည်။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 17,
      "text": "လဲ​လျက်​ရှိ​သော ဒါ​ဝိဒ်၏​တဲ​ကို ဆောက်​တည်​ပြန်​မည်။ ပြို​ပျက်​ရာ​များ​ကို​လည်း ပြု​ပြင်​ပြီး​လျှင်၊ ထို​တဲ​ကို မတ်​စေ​ပြန်​မည်​ဟု၊ -"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 18,
      "text": "ဤ​အ​မှု​အ​ရာ​တို့​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရှိ၏ ဟု​လာ​သ​တည်း။ ဘု​ရား​သ​ခင်​သည် က​မ္ဘာ​ဦး​မှ​စ၍ မိ​မိ​စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​သိ​တော်​မူ​သည်။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 19,
      "text": "ထို​ကြောင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​သော သူ​တို့​ကို မ​နှောင့်​ယှက်​ဘဲ​လျက်၊-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 20,
      "text": "ရုပ်​တု​တို့၏ ညစ်​ညူး​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း ကြဉ်​ရှောင်​စေ​ခြင်း​ငှာ သူ​တို့​ကို မှာ​လိုက်​သင့်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​ကို တ​ရား​ဇ​ရပ်၌ ဥ​ပုသ်​နေ့​တိုင်း ဖတ်​ရွတ်​သ​ဖြင့်၊ မော​ရှေ၏​တ​ရား​ကို ရှေး​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​မြို့​တို့၌ ဟော​ပြော​လေ့​ရှိ​သည်​ဟု ယာ​ကုပ်​ပြော​ဆို၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 22,
      "text": "ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​အ​ထဲ၌ ရွေး​ကောက်၍ ညီ​အစ်​ကို​တို့​တွင် ထင်​ရှား​သော​သူ​တည်း​ဟူ​သော ဗာ​ရှ​ဗ​အ​မည်​သစ်​ကို​ရ​သော ယု​ဒ​နှင့် သိ​လ​တို့​ကို၊ အ​န္တိ​အုတ်​မြို့​သို့ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့်​တ​ကွ စေ​လွှတ်​မည် အ​ကြောင်း သ​ဘော​ညီ​ညွတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 23,
      "text": "သူ​တို့​လက်​ဖြင့် ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊ တ​မန်​တော်၊ သင်း​အုပ်၊ ညီ​အစ်​ကို​များ​တို့​သည်၊ အ​န္တိ​အုတ်​မြို့​မှ​စ၍ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ ပြည်​တို့၌​ရှိ​နေ၍ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော ညီ​အစ်​ကို​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 24,
      "text": "လူ​အ​ချို့​တို့​သည် ငါ​တို့​အ​ခွင့်​မ​ရှိ​ဘဲ ငါ​တို့​ထံ​မှ​ထွက်​သွား၍၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ​မည်၊ ပ​ညတ်​တ​ရား​ကို​ကျင့်​ရ​မည်​ဟူ​သော​စ​ကား​ဖြင့်၊ သင်​တို့၏ စိတ်​နှ​လုံး​ကို နှောင့်​ယှက်​ဖျက်​ဆီး​သည်​ကို ငါ​တို့​ကြား​ရ​သည်​ဖြစ်၍၊-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 25,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကြောင့် မိ​မိ​အ​သက်​ကို စွန့်​စား​သော​သူ​တည်း​ဟူ​သော၊-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 26,
      "text": "ငါ​တို့​ချစ်​သော​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​တ​ကွ ရွေး​ကောက်​သော​သူ​တို့​ကို သင်​တို့​ဆီ​သို့​စေ​လွှတ်​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း စီ​ရင်​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 27,
      "text": "ဤ​အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား နှုတ်​ဖြင့် ကြား​စေ​ခြင်း​ငှာ ယု​ဒ​နှင့် သိ​လ​တို့​ကို စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 28,
      "text": "ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 29,
      "text": "လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း ကြဉ်​ရှောင်​ရ​မည်​ဟူ​သော ပ​ညတ်​မှ​တ​ပါး အ​ခြား​သော​ဝန် သင်​တို့၏​အ​ပေါ်၌ တင်​ခြင်း​ငှာ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ငါ​တို့​သည် အ​လို​မ​ရှိ။ ထို​အ​ရာ​များ​ကို ကြဉ်​ရှောင်​အပ်၏။ ကျန်း​မာ​ကြ​ပါ​စေ​သော​ဟု ရေး၍ ပေး​လိုက်​သ​တည်း။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 30,
      "text": "ထို​သူ​တို့​သည် သွား​ရ​သော အ​ခွင့်​ရှိ​သ​ဖြင့်၊ အ​န္တိ​အုတ်​မြို့​သို့ သွား၍၊ လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင် မှာ​စာ​ကို​အပ်​ပေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 31,
      "text": "မှာ​စာ​ကို ဖတ်​ရွတ်​သော​အ​ခါ ထို​သက်​သာ​ခြင်း၏ အ​ကြောင်း​ကြောင့် ဝမ်း​မြောက်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 32,
      "text": "ယု​ဒ​နှင့် သိ​လ​တို့​သည် ပ​ရော​ဖက်​ဖြစ်​သော​ကြောင့် များ​စွာ​သော​စ​ကား​နှင့် ညီ​အစ်​ကို​တို့​ကို ဆုံး​မ၍ မြဲ​မြံ​ခိုင်​ခံ့​စေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 33,
      "text": "ထို​သူ​တို့​သည် အ​တန်​အ​ရာ​နေ​ပြီး​မှ၊ တ​မန်​တော်​တို့​ထံ​သို့ ငြိမ်​သက်​စွာ​ပြန်​စေ​ခြင်း​ငှာ ညီ​အစ်​ကို​တို့​သည် အ​ခွင့်​ပေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 34,
      "text": "သို့​သော်​လည်း၊ သိ​လ​သည် အ​လို​အ​လျောက် နေ​ရစ်၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 35,
      "text": "ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည်​လည်း အ​န္တိ​အုတ်​မြို့၌ နေ​လျက်၊ အ​ခြား​သော​သူ​များ​တို့​နှင့်​တ​ကွ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 36,
      "text": "အင်​တန်​ကာ​လ​ကြာ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​တို့​သည် သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ဖူး​သော မြို့​များ​တို့၌ ရှိ​သော ညီ​အစ်​ကို​တို့​သည် အ​ဘယ်​သို့​ရှိ​နေ​သည်​ကို ကြည့်​ရှု၍ ပြန်​သွား​ကြ​ကုန်​အံ့​ဟု ဗာ​န​ဗ​အား​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 37,
      "text": "ဗာ​န​ဗ​သည် မာ​ကု​အ​မည်​ရှိ​သော ယော​ဟန်​ကို​ခေါ်​မည်​ဟု အ​ကြံ​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 38,
      "text": "ပေါ​လု​က၊ ပမ်​ဖု​လိ​ပြည်၌ သူ​တို့​နှင့်​ခွာ၍ အ​မှု​ထမ်း​ရာ​သို့​မ​လိုက် မ​သွား​သော​ထို​သူ​ကို မ​ခေါ်​သင့်​ဟု သ​ဘော​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 39,
      "text": "ထို​အ​ကြောင်း​နှင့် အ​ချင်း​ချင်း မ​သင့်​သ​ဖြင့် တ​ခြား​စီ​သွား၍၊ ဗာ​န​ဗ​သည် မာ​ကု​ကို ခေါ်​ပြီး​လျှင် ကု​ပ​ရု​ကျွန်း​သို့​လွှင့်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 40,
      "text": "ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့ အပ်​နှံ​ကြ​သ​ဖြင့်၊ သူ​သည်​သိ​လ​ကို ရွေး​ချယ်​ပြီး​လျှင် ထွက်၍၊-"
    },
    {
      "book": 44,
      "chapter": 15,
      "verse": 41,
      "text": "အ​သင်း​တော်​များ​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​လျက်၊ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​တို့​ကို လျှောက်​သွား​လေ၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 1,
      "text": "ထို​နောက်​မှ ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​နှင့် လု​တ္တ​ရ​မြို့​သို့ ရောက်​လေ၏။ လု​တ္တ​ရ​မြို့၌ တိ​မော​သေ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မိ​ကား၊ ယုံ​ကြည်​သော ယု​ဒ​မိန်း​မ​ဖြစ်၏။ အ​ဘ​ကား၊ ဟေ​လ​သ​လူ​ဖြစ်၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 2,
      "text": "ထို​သူ​သည်​လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 3,
      "text": "ပေါ​လု​သည် ထို​သူ​ကို​ခေါ်​ခြင်း​ငှာ အ​လို​ရှိ၍၊ သူ၏​အ​ဘ​သည် ဟေ​လ​သ​လူ​ဖြစ်​သည်​ကို ထို​အ​ရပ်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ့​အား​ပေး​လေ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 4,
      "text": "သူ​တို့​သည် မြို့​များ​ကို​လျှောက်​သွား​စဉ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် စီ​ရင်​သော​ပ​ညတ်​တို့​ကို အ​သင်း​များ​ကျင့်​စောင်​ဖို့​ရာ အပ်​ပေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 5,
      "text": "ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 6,
      "text": "ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 7,
      "text": "မု​သိ​ပြည်​သို့​ရောက်၍၊ ဗိ​သု​နိ​ပြည်​သို့ သွား​မည်​ပြု​ကြ​စဉ်၊ ဝိ​ညာဉ်​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​သော​ကြောင့်၊-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 8,
      "text": "မု​သိ​ပြည်​အ​နား​မှာ​လျှောက်၍ တ​ရော​မြို့​သို့ ရောက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 9,
      "text": "ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 10,
      "text": "ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 11,
      "text": "ထို​ကြောင့်၊ တ​ရော​မြို့​မှ သင်္ဘော​လွှင့်၍ သာ​မော​သ​ရက်​ကျွန်း​သို့ တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ နာ​ပေါ​လိ​မြို့​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 12,
      "text": "ထို​မြို့​မှ​ထွက်​ပြန်​လျှင် မင်း​မှု​လွတ်​သော​မြို့​တည်း​ဟူ​သော မာ​ကေ​ဒေါ​နိ​ပြည်​တစ်​ပိုင်း​ကို အ​စိုး​ရ​သော ဖိ​လိ​ပ္ပိ​မြို့​သို့​ရောက်၍ ကာ​လ​အ​တန်​အ​ရာ နေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 13,
      "text": "ဥ​ပုသ်​နေ့၌ ငါ​တို့​သည် မြို့​ပြင်​သို့​ထွက်​လျှင်၊ ပ​တ္ထ​နာ​ဇ​ရပ်​ရှိ​တတ်​ရာ မြစ်​နား​သို့​သွား၍ ထိုင်​ပြီး​မှ၊ ထို​အ​ရပ်၌​စည်း​ဝေး​သော မိန်း​မ​တို့​အား ဟော​ပြော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 14,
      "text": "ထို​အ​ခါ နီ​မောင်း​သော​အ​ထည်​အ​လိပ်​ကို ရောင်း​သော သွာ​တိ​ရဲ​မြို့​သူ လု​ဒိ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၍၊ တ​ရား​နာ​စဉ်​တွင် ပေါ​လု​ဟော​ပြော​သော​အ​ရာ​ကို မှီ​ဝဲ​ဆည်း​ကပ်​စေ​ခြင်း​ငှာ သူ၏​စိတ်​နှ​လုံး​ကို သ​ခင်​ဘု​ရား ဖွင့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 15,
      "text": "ထို​မိန်း​မ​သည် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ၊ ကျွန်​မ​သည် သ​ခင်​ဘု​ရား၌ အ​မှန်​ယုံ​ကြည်​သည်​ကို သင်​တို့​သည် ထင်​မှတ်​လျှင်၊ ကျွန်​မ​အိမ်​သို့ ဝင်၍​နေ​ကြ​ပါ​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို အ​နိုင်​သွေး​ဆောင်​လေ၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 16,
      "text": "ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 17,
      "text": "ထို​မိန်း​မ​ငယ်​သည် ပေါ​လု​နှင့် ငါ​တို့​နောက်​သို့​လိုက်၍၊ ဤ​သူ​တို့​ကား အ​ကျွတ်​တ​ရား​လမ်း​ကို ငါ​တို့​အား ဟော​ပြော​ပြ​သ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​ကြ၏​ဟု ဟစ်​ကြော်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 18,
      "text": "ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 19,
      "text": "သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 20,
      "text": "စစ်​ကဲ​မင်း​ထံ​သို့​ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ယု​ဒ​လူ​ဖြစ်​လျက် ငါ​တို့​မြို့​ကို နှောင့်​ယှက်​တတ်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 21,
      "text": "ရော​မ​လူ​ဖြစ်​သော​ငါ​တို့​သည် မ​ခံ​မ​ယူ မ​ကျင့်​အပ်​သော ဘာ​သာ​ထုံး​တမ်း​များ​ကို ဟော​ပြော​သွန်​သင်​တတ်​ပါ၏​ဟု လျှောက်​ဆို​ကြ​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 22,
      "text": "စု​ဝေး​သော​လူ​တို့​သည် သူ​တို့​တစ်​ဖက်၌ တစ်​ပြိုင်​နက်​ထ​ကြ၏။ စစ်​ကဲ​မင်း​တို့​လည်း သူ​တို့၏ အ​ဝတ်​ကို​ချွတ်၍ ကြိမ်​လုံး​နှင့်​ရိုက်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 23,
      "text": "ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 24,
      "text": "ထို​သို့​မှာ​လိုက်​သည်​အ​တိုင်း ထောင်​မှူး​သည် အ​တွင်း​ထောင်​ထဲ​မှာ လှောင်၍ ထိတ်​ခတ်​လျက်​ထား၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 25,
      "text": "သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 26,
      "text": "ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 27,
      "text": "ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 28,
      "text": "ပေါ​လု​က​လည်း၊ ကိုယ်​ကို​အ​ပြစ်​မ​ပြု​နှင့်။ ငါ​တို့​အ​ပေါင်း​သည် ရှိ​ကြ၏​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်၍​ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 29,
      "text": "ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 30,
      "text": "သူ​တို့​ကို ပြင်​သို့​ထုတ်​ပြီး​လျှင်​လည်း၊ သ​ခင်​တို့၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 31,
      "text": "ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 32,
      "text": "ထို​သူ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သ​မျှ​သော သူ​တို့​အား သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 33,
      "text": "ထို​ည၊ ထို​အ​ချိန်​နာ​ရီ၌​ပင်၊ ထောင်​မှူး​သည် ပေါ​လု​နှင့် သိ​လ​တို့​ကို​ယူ၍ ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပြီး​လျှင်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို ချက်​ချင်းခံ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 34,
      "text": "တစ်​ဖန် ပေါ​လု​နှင့် သိ​လ​တို့​ကို မိ​မိ​အိမ်​သို့ ခေါ်​ပင့်​ပြီး​မှ သူ​တို့​ကို လုပ်​ကျွေး၍၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​လျက် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 35,
      "text": "နံ​နက်​ရောက်​သော​အ​ခါ စစ်​ကဲ​တို့​သည် ရုံး​လု​လင်​တို့​ကို စေ​လွှတ်၍၊ ထို​လူ​တို့​ကို လွှတ်​စေ​ဟု မှာ​လိုက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 36,
      "text": "ထို​စ​ကား​ကို​ထောင်​မှူး​သည် ပေါ​လု​အား ကြား​ပြော၍၊ ကိုယ်​တော်​တို့​ကို လွှတ်​စေ​ခြင်း​ငှာ စစ်​ကဲ​တို့​သည် စေ​လွှတ်​ကြ​ပါ​ပြီ။ ထို​ကြောင့်​ယ​ခု​ထွက်၍ ငြိမ်​ဝပ်​စွာ ကြွ​သွား​တော်​မူ​ကြ​ပါ​ဟု လျှောက်​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 37,
      "text": "ပေါ​လု​က၊ ရော​မ​လူ​ဖြစ်​သော ငါ​တို့​ကို ဓ​မ္မ​သတ်​အ​တိုင်း မ​စီ​ရင်​ဘဲ​လျက်၊ စစ်​ကဲ​တို့​သည် ထင်​ရှား​စွာ​ရိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ပြီး​မှ၊ တိတ်​ဆိတ်​စွာ​နှင့် ထုတ်​ကြ​မည်​လော။ ထို​သို့​မ​ပြု​သင့်။ ကိုယ်​တိုင်​လာ၍ ငါ​တို့​ကို နုတ်​ယူ​ကြ​စေ​ဟု ရုံး​လု​လင်​တို့​အား ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 38,
      "text": "ထို​စ​ကား​ကို​ရုံး​လု​လင်​တို့​သည် စစ်​ကဲ​တို့​အား ကြား​လျှောက်၍၊ ပေါ​လု​နှင့် သိ​လ​တို့​သည် ရော​မ​လူ​ဖြစ်​ကြောင်း​ကို စစ်​ကဲ​တို့​သည် ကြား​သိ​သော​အ​ခါ ကြောက်​ခြင်း​သို့​ရောက်၍၊-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 39,
      "text": "ကိုယ်​တိုင်​လာ​ပြီး​လျှင် ချော့​မော့​သော​စ​ကား​နှင့် သူ​တို့​ကို နုတ်​ယူ၍၊ ထို​မြို့​မှ ထွက်​သွား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 16,
      "verse": 40,
      "text": "ထို​အ​ခါ ပေါ​လု​နှင့် သိ​လ​တို့​သည် ထောင်​မှ​ထွက်၍ လု​ဒိ​အိမ်​သို့​ဝင်​သ​ဖြင့်၊ ညီ​အစ်​ကို​များ​ကို တွေ့​မြင်၍ သက်​သာ​စေ​ပြီး​မှ ထွက်​သွား​ကြ၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 1,
      "text": "ထို​နောက်၊ အံ​ဖိ​ပေါ​လိ​မြို့၊ အာ​ပေါ​လော​နိ​မြို့​ကို​လျှောက်​သွား၍ သက်​သာ​လော​နိတ်​မြို့​သို့ ရောက်​ကြ၏။ ထို​မြို့​မှာ​ယု​ဒ​တ​ရား​ဇ​ရပ်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 2,
      "text": "ပေါ​လု​သည် မိ​မိ​ထုံး​စံ​ရှိ​သည်​အ​တိုင်း ထို​ဇ​ရပ်​သို့ ဝင်၍၊ ဥ​ပုသ်​နေ့​သုံး​ရက်​တွင် ကျမ်း​စာ​ကို​အ​မှီ​ပြု၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 3,
      "text": "ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်။ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။ ငါ​ဟော​ပြော​သော​ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​အ​ကြောင်း အ​ရာ​တို့​ကို ရှင်း​လင်း​စွာ​ဖွင့်​ပြ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 4,
      "text": "ထို​သူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်၍၊ ပေါ​လု၊ သိ​လ​တို့​နှင့် ပေါင်း​ဖော်​ကြ၏။ ဘု​ရား​ကို ကိုး​ကွယ်​သော ဟေ​လ​သ​လူ အ​ပေါင်း​တို့​နှင့် ထင်​ရှား​သော မိန်း​မ​များ​တို့​လည်း ယုံ​ကြည်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 5,
      "text": "ယု​ဒ​လူ​တို့​သည် ဆိုး​ယုတ်​လျှပ်​ပေါ်​သော သူ​အ​ချို့​တို့​ကို​ခေါ်၍ လူ​များ​ကို စု​ဝေး​စေ​ပြီး​လျှင်၊ မြို့၌ အုတ်​အုတ်​သဲ​သဲ ပြု​ကြ၏။ ယာ​သုန်၏ အိမ်​ကို​ဝိုင်း၍ သူ​တို့​ကို လူ​များ​ရှေ့​သို့​ဆွဲ​ထုတ်​ခြင်း​ငှာ ရှာ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 6,
      "text": "မ​တွေ့​လျှင်၊ ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို မင်း​အ​ရာ​ရှိ​တို့​ထံ​သို့​ဆွဲ​ငင်၍၊ လော​ကီ​နိုင်​ငံ​ကို မှောက်​လှန်​သော ဤ​သူ​တို့​သည် ဤ​အ​ရပ်​တိုင်​အောင် ရောက်​ကြ​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 7,
      "text": "ယာ​သုန်​သည်​လည်း သူ​တို့​ကို လက်​ခံ​ပါ​ပြီ။ ထို​သူ​အ​ပေါင်း​တို့​သည် ကဲ​သာ​ဘု​ရင်၏ အ​မိန့်​တော်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ယေ​ရှု​အ​မည်​ရှိ​သော ရှင်​ဘု​ရင်​တစ်​ပါး​ရှိ​သည် ဆို​တတ်​ပါ၏​ဟု ဟစ်​ကြော်​လျက်၊-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 8,
      "text": "မင်း​အ​ရာ​ရှိ​မှ​စ၍ စု​ဝေး​သော​သူ​တို့၏​စိတ်​ကို ထို​သို့​သော စ​ကား​အား​ဖြင့် နှောင့်​ယှက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 9,
      "text": "ထို​အ​ခါ ယာ​သုန်​မှ​စ၍ ကြွင်း​သော​သူ​တို့​ကို အာ​မ​ခံ​ပေး​စေ​ပြီး​မှ လွှတ်​လိုက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 10,
      "text": "ည​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့် သိ​လ​ကို ဗေ​ရိ​မြို့​သို့ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ ထို​မြို့​သို့ ရောက်​လျှင် ယု​ဒ​တ​ရား​ဇ​ရပ်​သို့ ဝင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 11,
      "text": "ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 12,
      "text": "ထို​ကြောင့်၊ ယု​ဒ​လူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်​ကြ၏။ အ​သ​ရေ​ထင်​ရှား​သော ဟေ​လ​သ​မိန်း​မ​တို့​နှင့် ယောက်ျား​အ​များ​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 13,
      "text": "ပေါ​လု​သည် ဗေ​ရိ​မြို့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သည်​ကို၊ သက်​သာ​လော​နိတ်​မြို့​သား​ဖြစ်​သော ယု​ဒ​လူ​တို့​သည် ကြား​သိ​ရ​လျှင်၊ ဗေ​ရိ​မြို့​သို့​လာ​ပြန်၍ လူ​များ​တို့​ကို တိုက်​တွန်း နှိုး​ဆော်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 14,
      "text": "ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ပင်​လယ်​လမ်း​ဖြင့် သွား​စေ​ခြင်း​ငှာ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ သိ​လ​နှင့် တိ​မော​သေ​တို့​သည် နေ​ရစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 15,
      "text": "ပေါ​လု​ကို​ပို့​သော​သူ​တို့​သည် အာ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​မှ၊ သိ​လ​နှင့် တိ​မော​သေ​တို့​ကို အ​လျင်​အ​မြန်​လာ​စေ​ခြင်း​ငှာ မှာ​စာ​ကို​ခံ၍ ပြန်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 16,
      "text": "ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 17,
      "text": "ထို​ကြောင့် တ​ရား​ဇ​ရပ်၌ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော သူ​တို့​နှင့်​လည်း​ကောင်း၊ လူ​များ​စု​ဝေး​ရာ​အ​ရပ်၌ နေ့​တိုင်း​တွေ့​ကြုံ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆွေး​နွေး​နှီး​နှော​ခြင်း​ကို ပြု၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 18,
      "text": "ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 19,
      "text": "ထို​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို​ခေါ်၍ အာ​ရေ​တောင်​သို့ ဆောင်​သွား​ပြီး​လျှင်၊ သင်​သည် ဟော​ပြော​သော ဤ​အ​ယူ​ဝါ​ဒ​သစ်​ကို ငါ​တို့ သိ​အပ်​သ​လော။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 20,
      "text": "ငါ​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော​အ​ရာ​တို့​ကို သင်​သည် ကြား​ပြော၏။ ထို​အ​ရာ​များ​ကား အ​ဘယ်​သို့ ဆို​လို​သည်​ကို ငါ​တို့​သိ​ချင်​ပါ​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 21,
      "text": "အာ​သင်​မြို့​သူ မြို့​သား​အ​ပေါင်း​တို့​နှင့် ဧည့်​သည်​များ​တို့​သည် သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း၊ နား​ထောင်​ခြင်း အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​ဖြင့် ကာ​လ​ကို မ​လွန်​စေ​တတ်​ကြ။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 22,
      "text": "ထို​အ​ခါ ပေါ​လု​သည် အာ​ရေ​တောင်​ပေါ်၌ ရပ်​လျက်၊ အ​ချင်း အာ​သင်​လူ​တို့၊ သင်​တို့​သည် ခပ်​သိမ်း​သော​အ​ရာ​တို့၌ နတ်​ဘု​ရား​တို့​ကို အ​လွန်​ရို​သေ​တတ်​ကြ​သည်​ကို ငါ​မြင်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 23,
      "text": "လမ်း၌​သွား၍​သင်​တို့၏ ဘု​ရား​များ​ကို ကြည့်​ရှု​သည်​တွင်၊ ငါ​တို့​မ​သိ​သော ဘု​ရား​သ​ခင်​အ​ဖို့​ဟူ၍ အ​က္ခ​ရာ​တင်​သော ယဇ်​ပ​လ္လင်​တစ်​ခု​ကို တွေ့​ပါ၏။ သင်​တို့​သည် မ​သိ​ဘဲ​လျက် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို ငါ​ဟော​ပြော၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 24,
      "text": "လော​က​ဓာတ်​မှ​စ၍ လော​က​ဓာတ်၌ ရှိ​လေ​သ​မျှ​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်၍၊ လူ​တို့​လက်​ဖြင့် လုပ်​သော​ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 25,
      "text": "ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သူ​တို့​အား ဇီ​ဝ​အ​သက်​နှင့် တ​ကွ ထွက်​သက်​ဝင်​သက်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်၍၊ တစ်​စုံ​တစ်​ခု​ကို အ​လို​တော်​ရှိ​သ​ကဲ့​သို့ လူ​တို့​လက်​ဖြင့် ကျွေး​မွေး​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 26,
      "text": "ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို ရှာ​စမ်း​သ​ဖြင့် တွေ့​ကောင်း​တွေ့​ကြ​လိမ့်​မည် အ​ကြောင်း​တည်း။ သို့​ဆို​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် အ​ဘယ်​သူ​နှင့်​မျှ ဝေး​တော်​မူ​သည်​မ​ဟုတ်။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 28,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 29,
      "text": "ထို​သို့​ငါ​တို့​သည် ဘု​ရား​သ​ခင်၏ အ​မျိုး​အ​နွယ်​ဖြစ်​လျက်​နှင့် လူ​တို့​အ​တတ်​အ​ကြံ​အ​စည်​အား​ဖြင့် ထု​လုပ်​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက်​ရုပ်​တု​နှင့် ဘု​ရား​သ​ခင်​တူ​တော်​မူ​သည်​ဟု မ​ထင်​မ​မှတ်​အပ်။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 30,
      "text": "ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 31,
      "text": "အ​ကြောင်း​မူ​ကား၊ ခန့်​ထား​တော်​မူ​သော သူ​အား​ဖြင့် လော​ကီ​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ညီ​လျော်​စွာ စစ်​ကြော​စီ​ရင် မည့်​နေ့​ရက်​ကို ချိန်း​ချက်​တော်​မူ​ပြီ။ ထို​သူ​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့် ခပ်​သိမ်း​သော​လူ​တို့​အား ယုံ​လောက်​သော သက်​သေ​ကို​ပြ​တော်​မူ​ပြီ​ဟု ပေါ​လု​ဟော​ပြော၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 32,
      "text": "သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ရ​လျှင်၊ အ​ချို့​တို့​သည် ကဲ့​ရဲ့​ကြ၏။ အ​ချို့​တို့​က၊ ဤ​အ​မှု​မှာ သင်၏​စ​ကား​ကို ငါ​တို့​သည် နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 33,
      "text": "ထို​သို့​ဆို​ကြ​သော​အ​ခါ ပေါ​လု​သည် ထို​သူ​တို့ အ​ထဲ​မှ ထွက်​သွား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 17,
      "verse": 34,
      "text": "လူ​အ​ချို့​တို့​သည် ပေါ​လု၌ မှီ​ဝဲ​ဆည်း​ကပ်၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။ ထို​သူ​တို့​အ​ဝင် ဒ​ယော​နု​သိ အ​မည်​ရှိ​သော အာ​ရေ​တောင် မင်း​တစ်​ယောက်၊ ဒ​မာ​ရိ အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​မှ​စ၍ အ​ခြား​သော​သူ​ရှိ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 1,
      "text": "ထို​နောက် ပေါ​လု​သည် အာ​သင်​မြို့​မှ ထွက်​သွား၍ ကော​ရိ​န္သု​မြို့​သို့ ရောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 2,
      "text": "ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ရော​မ​မြို့​မှ ထွက်​သွား​ရ​မည်​အ​ကြောင်း၊ က​လော​ဒိ​မင်း အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ပု​န္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​သည် ဣ​တ​လိ​ပြည်​မှ​လာ၍၊ မိ​မိ​မ​ယား ပြစ်​ကိ​လ​နှင့်​တ​ကွ မ​ကြာ​မ​မြင့်​မီ ရောက်​လာ​သည်​ကို ပေါ​လု​တွေ့​လျှင် သူ​တို့​ဆီ​သို့​ဝင်၍၊-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 3,
      "text": "အ​လုပ်​ချင်း​တူ​သော​ကြောင့်၊ သူ​တို့​နှင့်​နေ၍ အ​လုပ်​လုပ်​လေ၏။ ထို​သူ​တို့​သည် တဲ​ရှင်​ကို​ချုပ်​တတ်​သော အ​ချုပ်​သ​မား​ဖြစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 4,
      "text": "ပေါ​လု​သည်​လည်း ဥ​ပုသ်​နေ့​မ​ပြတ် တ​ရား​ဇ​ရပ်၌ ဆွေး​နွေး​ဟော​ပြော၍၊ ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 5,
      "text": "သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 6,
      "text": "ယု​ဒ​လူ​တို့​သည် ငြင်း​ခုံ​ဆဲ​ရေး​ခြင်း​ကို ပြု​သည်​ရှိ​သော်၊ ပေါ​လု​သည် မိ​မိ​အ​ဝတ်​ကို​ခါ​လိုက်​လျက်၊ သင်​တို့၏ အ​သွေး​သည် သင်​တို့၏ ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူ​ကား ကင်း​လွတ်၏။ ယ​ခု​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​ဟု ဆို​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 7,
      "text": "ထို​အ​ရပ်​မှ​ထွက်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော ယု​တ္တု အ​မည်​ရှိ​သော​သူ၏ အိမ်​သို့​သွား၏။ ထို​အိမ်​သည် တ​ရား​ဇ​ရပ်​နှင့် စပ်​လျက်​ရှိ​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 8,
      "text": "က​ရိ​ပ္ပု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် မိ​မိ​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​နှင့်​တ​ကွ သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​လေ၏။ ကော​ရိ​န္သု​ပြည်​သား အ​များ​တို့​သည်​လည်း ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 9,
      "text": "ည​အ​ခါ သ​ခင်​ဘု​ရား​သည် ပေါ​လု​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​ပြ၍၊ သင်​သည်​မ​ကြောက်​နှင့်။ တိတ်​ဆိတ်​စွာ မ​နေ​နှင့်။ ဟော​ပြော​လော့။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 10,
      "text": "ငါ​သည် သင်​နှင့်​အ​တူ​ရှိ၏။ သင့်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ အ​နိုင်​အ​ထက်​မ​ပြု​ရ။ ဤ​မြို့၌ ငါ၏​လူ​အ​များ​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 11,
      "text": "ပေါ​လု​သည် ထို​မြို့​သူ​မြို့​သား​တို့​အား ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သွန်​သင်၍ တစ်​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး နေ​လေ၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 12,
      "text": "အ​ခါ​ယ​ပြည်​ကို ဂါ​လျုန်​မင်း​သည် ဝန်​အ​ရာ​နှင့် အုပ်​စိုး​သော​အ​ခါ ယု​ဒ​လူ​များ​သည် တ​ညီ​တ​ညွတ်​တည်း ပေါ​လု​ကို အ​နိုင်​အ​ထက်​ပြု၍ တ​ရား​ပ​လ္လင်​ရှေ့​သို့ ယူ​သွား​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 13,
      "text": "လူ​တို့​သည် ဘု​ရား​ကို​မ​တ​ရား​သ​ဖြင့် ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ ဤ​သူ​သည် ဖြား​ယောင်း​တတ်​ပါ​သည် ဟု​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 14,
      "text": "ပေါ​လု​သည် နှုတ်​ကို​ဖွင့်​မည်​ပြု​သော်၊ ဂါ​လျုန်​မင်း​က၊ အ​ချင်း ယု​ဒ​လူ​တို့၊ မ​တ​ရား​သော​အ​မှု၊ ဆိုး​ယုတ်​ညစ်​ညူး​သော​အ​မှု​ဖြစ်​လျှင်၊ ငါ​သည်​သင်​တို့​ကို အ​ကြောင်း​ရှိ​သည်​အ​တိုင်း သည်း​ခံ​ရ​မည်။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 15,
      "text": "သို့​မ​ဟုတ် စ​ကား​သော်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​ခြင်း​သော်​လည်း​ကောင်း၊ သင်​တို့၏ ဘာ​သာ​တ​ရား​သော်​လည်း​ကောင်း၊ သင်​တို့​သည်​အ​စီ​ရင်​ခံ​လျှင် ကိုယ်​အ​မှု​ကို စောင့်​ကြ​လော့။ ထို​သို့​သော အ​မှု​ကို​စီ​ရင်​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ​ဟု​ဆို​လျက်၊-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 16,
      "text": "ယု​ဒ​လူ​တို့​ကို တ​ရား​ပ​လ္လင်​မှ ပယ်​ရှား​စေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 17,
      "text": "ထို​အ​ခါ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် တ​ရား​ဇ​ရပ်​မှူး သုဿင်​ကို​ယူ၍ တ​ရား​ပ​လ္လင်​ရှေ့​မှာ ရိုက်​ကြ၏။ ထို​အ​မှု​ကို​လည်း ဂါ​လျုန်​မင်း​သည် အ​မှု​မ​ထား​ဘဲ​နေ၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 18,
      "text": "ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 19,
      "text": "ဧ​ဖက်​မြို့​သို့​ရောက်​လျှင်၊ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ယု​ဒ​လူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 20,
      "text": "ထို​သူ​တို့​သည် မိ​မိ​တို့​နှင့် အ​တူ ပေါ​လု​နေ​ပါ​ဦး​မည်​အ​ကြောင်း တောင်း​ပန်​သော​အ​ခါ၊ ပေါ​လု​သည် ဝန်​မ​ခံ​ဘဲ​လျက်၊-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 21,
      "text": "ယ​ခု​ရောက်​လု​နီး​သော​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ငါ​အ​မှန်​ခံ​ရ​မည်။ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်၊ နောက်​တစ်​ဖန် သင်​တို့​ရှိ​ရာ​သို့ ငါ​ပြန်​ဦး​မည်​ဟူ၍ အ​ခွင့်​တောင်း​ပြီး​မှ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ဧ​ဖက်​မြို့၌​ထား၍ သင်္ဘော​နှင့် လွှင့်​ပြန်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 22,
      "text": "ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့ တက်၍ အ​သင်း​တော်​နှင့် နှုတ်​ဆက်​ပြီး​မှ အ​န္တိ​အုတ်​မြို့​သို့ သွား​ပြန်၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 23,
      "text": "ထို​မြို့၌ အ​တန်​အ​ရာ​နေ​ပြီး​လျှင်၊ ထွက်​ပြန်၍ ဂ​လာ​တိ​ပြည်၊ ဖြူ​ဂိ​ပြည်​ကို အ​စဉ်​အ​တိုင်း လျှောက်​သွား​သ​ဖြင့်၊ တ​ပည့်​တော်​အ​ပေါင်း တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ၏။"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 24,
      "text": "အာ​ပေါ​လု​အ​မည်​ရှိ​သော အာ​လေ​ဇ​န္ဒြိ​မြို့​သား၊ ယု​ဒ​လူ တစ်​ယောက်​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ၏။ ထို​သူ​သည် နှုတ်​သ​တ္တိ​နှင့် ပြည့်​စုံ၍ ကျမ်း​စာ၌ အား​ကြီး​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 25,
      "text": "သ​ခင်​ဘု​ရား၏​ဘာ​သာ၌​လေ့​ကျက်၍ စိတ်​အား​ကြီး​သ​ဖြင့်၊ သ​ခင်​ဘု​ရား၏​အ​ကြောင်း​များ​ကို စေ့​စေ့​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၏။ သို့​သော်​လည်း၊ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို​သာ​သိ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 26,
      "text": "ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 27,
      "text": "ထို​သူ​သည် အ​ခါ​ယ​ပြည်​သို့​သွား​ခြင်း​ငှာ အ​လို​ရှိ​သည်​ဖြစ်၍၊ တ​ပည့်​တော်​ချင်း​တို့​သည် သူ့​ကို​လက်​ခံ​မည်​အ​ကြောင်း ညီ​အစ်​ကို​တို့​သည် မှာ​စာ​ကို​ပေး​လိုက်​ကြ၏။ သူ​သည်​ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို အ​လွန်​ထောက်​မ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 18,
      "verse": 28,
      "text": "ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို ကျမ်း​စာ​အား​ဖြင့် ထင်​ရှား​စွာ​ပြ၍၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ယု​ဒ​လူ​တို့၏​စ​ကား​ကို အား​ကြီး​စွာ ပယ်​ဖျက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 1,
      "text": "အာ​ပေါ​လု​သည် ကော​ရိ​န္သု​မြို့၌​နေ​စဉ်၊ ပေါ​လု​သည် အ​ထက်​အ​ရပ်​များ​ကို လျှောက်​သွား​ပြီး​မှ ဧ​ဖက်​မြို့​သို့​ရောက်၍၊ တ​ပည့်​တော် အ​ချို့​တို့​ကို​တွေ့​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 2,
      "text": "သင်​တို့​သည် ယုံ​ကြည်​သည်​နောက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​ပြီ​လော​ဟု မေး​သည်​ရှိ​သော်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 3,
      "text": "ပေါ​လု​က​လည်း၊ သို့​ဖြစ်​လျှင်၊ သင်​တို့​သည် အ​ဘယ်​မည်​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယော​ဟန်၏​ဗ​တ္တိ​ဇံ​ကို​ခံ​ပါ​သည်​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 4,
      "text": "ပေါ​လု​က​လည်း၊ ယော​ဟန်​က၊ ငါ့​နောက်​ကြွ​လာ​သော​သူ​ကို ယုံ​ကြည်​ရ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လျက်၊ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သို့​ဆို​ရာ၌ ယေ​ရှု​ခ​ရစ်​ကို ဆို​လို​သည်၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 5,
      "text": "ဟူ​သော​စ​ကား​ကို ကြား​လျှင်၊ ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 6,
      "text": "ပေါ​လု​သည်​လည်း၊ သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​လျှင်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဆင်း​သက်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော၍ ပ​ရော​ဖက်​ပြု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 7,
      "text": "ထို​သူ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ကျိပ်​နှစ်​ယောက်​မျှ​လောက် ရှိ​သ​တည်း။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 8,
      "text": "ထို​နောက်​မှ ပေါ​လု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်၍ သုံး​လ​ပတ်​လုံး ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​များ​ကို ဆွေး​နွေး​နှီး​နှော၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့် ရဲ​ရင့်​စွာ ဟော​ပြော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 9,
      "text": "အ​ချို့​သော​သူ​တို့​သည် ခိုင်​မာ​သော​စိတ်​ရှိ၍ မ​ယုံ​ကြည်​ဘဲ​နေ​လျက်၊ လူ​များ​ရှေ့​မှာ ထို​ဘာ​သာ​ကို ကဲ့​ရဲ့​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​အ​ထဲ​မှ​ထွက်​သွား၍ တ​ပည့်​တော်​တို့​ကို အ​သီး​အ​ခြား ခွဲ​ထား​ပြီး​မှ၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 10,
      "text": "တု​ရ​န္နု​အ​မည်​ရှိ​သော​သူ၏ စာ​သင်​ဇ​ရပ်၌ နှစ်​နှစ်​ပတ်​လုံး နေ့​တိုင်း ဟော​ပြော​သော​အား​ဖြင့်၊ အာ​ရှိ​ပြည်​သား​ဖြစ်​သော ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​ရ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် ပေါ​လု​လက်​ဖြင့် အ​လွန်​တ​ရာ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို ပြ​တော်​မူ​သည်​ဖြစ်၍၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 12,
      "text": "ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 13,
      "text": "ထို​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်၍ ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး​တတ်​သော ယု​ဒ​လူ​အ​ချို့​တို့​က၊ ပေါ​လု​ဟော​ပြော​သော ယေ​ရှု​ကို ငါ​တိုင်​တည်၍ သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏​ဟု ဆို​လျက်၊ နတ်​ဆိုး​စွဲ​သော သူ​တို့၏​အ​ပေါ်၌ သ​ခင်​ယေ​ရှု၏​နာ​မ​တော်​ကို မြွက်​စမ်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 14,
      "text": "သ​ကေ​ဝ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ သား​ခု​နစ်​ယောက်​တို့​သည် ထို​သို့​ပြု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 15,
      "text": "နတ်​ဆိုး​က​လည်း၊ ယေ​ရှု​ကို​ငါ​သိ၏။ ပေါ​လု​ကို​လည်း ငါ​သိ၏။ သင်​တို့​ကား၊ အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 16,
      "text": "နတ်​ဆိုး​စွဲ​သော​သူ​သည် ထို​သူ​တို့​အ​ပေါ်​သို့ ခုန်​တက်၍​နိုင်​သ​ဖြင့် လု​ယက်​နှိပ်​စက်​သော​ကြောင့်၊ ထို​အိမ်​မှ အ​ဝတ်​မ​ပါ​ဘဲ​အ​နာ​များ​နှင့် ထွက်​ပြေး​စေ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 17,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို ဧ​ဖက်​မြို့၌​နေ​သော ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 18,
      "text": "ယုံ​ကြည်​သော​သူ​အ​များ​တို့​သည်​လည်း လာ၍ မိ​မိ​တို့​အ​ကျင့်​ကို ဖော်​ပြ​လျက်​တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 19,
      "text": "နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို​သုံး​ဆောင်​သော သူ​အ​များ​တို့​သည်​လည်း မိ​မိ​တို့​စာ​စောင်​ကို​ယူ​ခဲ့၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မီး​ရှို့​ကြ၏။ စာ​စောင်​အ​ဖိုး​ကို ချင့်​တွက်​သော်၊ ငွေ​အ​သ​ပြာ ငါး​သောင်း​ထိုက်​သည်​ကို သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 20,
      "text": "ထို​သို့ သ​ခင်​ဘု​ရား၏​သာ​သ​နာ​တော်​သည် တန်​ခိုး​နှင့်​တိုး​ပွား၍ အောင်​မြင်​လေ၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 21,
      "text": "ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 22,
      "text": "မိ​မိ​အား​လုပ်​ကျွေး​သော သူ​နှစ်​ယောက်၊ တိ​မော​သေ​နှင့် ဧ​ရ​တ္တု​တို့​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့ စေ​လွှတ်​ပြီး​မှ မိ​မိ​သည် အာ​ရှိ​ပြည်၌ ခ​ဏ​နေ​သေး၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 23,
      "text": "ထို​အ​ခါ ဘာ​သာ​တ​ရား​ကြောင့် ရောက်​သော အ​မှု​ကြီး​ဟူ​မူ​ကား၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 24,
      "text": "ဒေ​မေ​တ​ရိ​အ​မည်​ရှိ​သော ပန်း​ထိမ်​သ​မား​တစ်​ယောက်​သည် အာ​တေ​မိ​နတ်​သ​မီး၏ ငွေ​ဗိ​မာန်​ငယ်​တို့​ကို လုပ်​သ​ဖြင့်၊ ပန်း​ထိမ်​သ​မား​တို့​အား စီး​ပွား​များ​ကို ပြု​တတ်၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 25,
      "text": "ထို​သူ​သည် ပန်း​ထိမ်​သ​မား​တို့​နှင့် ထို​သို့​သော အ​တတ်​သ​မား​များ​ကို စု​ရုံး​စေ​ပြီး​လျှင်၊ အ​ချင်း​လူ​တို့၊ ဤ​အ​တတ်​ကို​အ​မှီ​ပြု၍ ငါ​တို့​၌အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 26,
      "text": "ယ​ခု​တွင် ထို​ပေါ​လု​က၊ လူ​လက်​ဖြင့် လုပ်​သ​မျှ​တို့​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​သ​ဖြင့်၊ ဧ​ဖက်​မြို့​မှ​စ၍ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး ကုန်​မ​တတ်၊ လူ​အ​ပေါင်း​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​သည်​ကို သင်​တို့​သည် မြင်​လျက်၊ ကြား​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 27,
      "text": "ထို​သို့​လူ​များ​တို့​သည် ငါ​တို့၏​အ​တတ်​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကြီး​မြတ်​သော နတ်​သ​မီး​အာ​တေ​မိ၏ ဗိ​မာန်​တော်​ကို ပ​မာ​ဏ​မ​ပြု​သ​ဖြင့်၊ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး​မှ​စ၍ လော​ကီ​နိုင်​ငံ​သား​တို့ ကိုး​ကွယ်​သော ဘုန်း​အ​သ​ရေ​တော်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​ပါ​သည်​ဟု ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 28,
      "text": "ထို​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​တို့​သည် ဒေါ​သ​အ​မျက်​နှင့် ပြည့်​သ​ဖြင့်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု အော်​ဟစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 29,
      "text": "တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 30,
      "text": "ပေါ​လု​သည် လူ​စု​ထဲ​သို့​ဝင်​ခြင်း​ငှာ အ​လို​ရှိ​လျှင် တ​ပည့်​တော်​တို့​သည် မြစ်​တား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 31,
      "text": "ပေါ​လု၏​အ​ဆွေ​ဖြစ်​သော အာ​ရှိ​ပွဲ​မင်း​အ​ချို့ က​လည်း၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ကိုယ်​ကို​မ​အပ်​ပါ​နှင့်​ဟု သူ့​ထံ​သို့​စေ​လွှတ်၍ တောင်း​ပန်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 32,
      "text": "စု​ဝေး​သော​လူ​တို့​သည် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ တစ်​ယောက်​တ​ခြား​စီ အော်​ဟစ်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် မိ​မိ​တို့​စု​ဝေး​ရ​သည် အ​ကြောင်း​ကို​ပင် မိ​မိ​တို့​မ​သိ​ကြ။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 33,
      "text": "ယု​ဒ​လူ​တို့​သည် အာ​လေ​ဇ​န္ဒြု​ကို အ​ခွင့်​ပေး၍ သူ​တစ်​ပါး​တို့​သည် လူ​စု​ရှေ့​သို့ သွား​စေ​သ​ဖြင့်၊ သူ​သည် လက်​နှင့်​အ​မှတ်​ပေး၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လူ​များ​တို့​အား ပြော​ခြင်း​ငှာ အ​လို​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 34,
      "text": "သူ​သည် ယု​ဒ​လူ​ဖြစ်​သည်​ကို သိ​ကြ​လျှင်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု နှစ်​နာ​ရီ​ခန့်​မျှ​လောက် လူ​အ​ပေါင်း​တို့​သည် တစ်​သံ​တည်း​နှင့် ဟစ်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 35,
      "text": "မြို့​စာ​ရေး​သည် လူ​များ​ကို​တိတ်​စေ​ပြီး​လျှင်၊ ဧ​ဖက်​လူ​တို့၊ ဧ​ဖက်​မြို့​သည် ဇု​သ​ဘု​ရား​ထံ​မှ​ကျ​သော ရုပ်​တု​တော်​တည်း​ဟူ​သော ကြီး​မြတ်​တော်​မူ​သော အာ​တေ​မိ​ကို လုပ်​ကျွေး​သော ဘု​ရား​ကျွန်​ဖြစ်​သည်​ကို မ​သိ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 36,
      "text": "ဤ​အ​ရာ​များ​တို့​သည် ငြင်း​ခုံ​ဖွယ်​မ​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် တိတ်​ဆိတ်​စွာ နေ​သင့်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 37,
      "text": "သ​တိ​နှင့်​မ​ဆင်​ခြင်​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​သင့်​ကြ၊ ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​ခြင်း​မ​ရှိ၊ သင်​တို့၏​ဘု​ရား​ကို မ​ကဲ့​ရဲ့​သော ဤ​လူ​တို့​ကို သင်​တို့​သည် ဆောင်​ယူ​ခဲ့​ကြ​ပြီ​တ​ကား။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 38,
      "text": "ဒေ​မေ​တ​ရိ​မှ​စ၍ သူ​နှင့်​အ​တူ​ရှိ​သော ပန်း​ထိမ်​သ​မား​တို့​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၌ အ​မှု​ရှိ​လျှင် ရုံး​တော်​ရှိ၏။ မြို့​ဝန်​မင်း​လည်း ရှိ၏။ အ​မှု​သည်​ချင်း တ​ရား​တွေ့​ကြ​စေ။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 39,
      "text": "သို့​မ​ဟုတ် သင်​တို့​သည် အ​ခြား​အ​မှု​ကို အ​စီ​ရင်​ခံ​လို​လျှင်၊ တ​ရား​သော​အ​စည်း​အ​ဝေး၌ စီ​ရင်​ရ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 40,
      "text": "ယ​နေ့ ရုန်း​ရင်း​ခတ်​ခြင်း​ကို ပြု​သော​ကြောင့် အ​မှု​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ဤ​မ​တ​ရား​သော စည်း​ဝေး​ခြင်း အ​ကြောင်း​ကို ပြော​စ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု၊-"
    },
    {
      "book": 44,
      "chapter": 19,
      "verse": 41,
      "text": "ဆို​ပြီး​လျှင် အ​စည်း​အ​ဝေး​ကို​ဖျက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 1,
      "text": "ထို​ရုန်း​ရင်း​ခတ်​သော အ​မှု​ငြိမ်း​သော​အ​ခါ ပေါ​လု​သည်၊ တ​ပည့်​တော်​တို့​ကို​ခေါ်၍ နှုတ်​ဆက်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 2,
      "text": "ထို​အ​ရပ်​များ​ကို​လျှောက်​သွား၍ တ​ပည့်​တော်​တို့​ကို စ​ကား​များ​နှင့် ဆုံး​မ​ပြီး​မှ ဟေ​လ​သ​ပြည်​သို့ ရောက်​လာ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 3,
      "text": "သုံး​လ​နေ​ပြီး​လျှင် ပင်​လယ်​ကို​ကူး၍ ရှု​ရိ​ပြည်​သို့ သွား​မည်​ပြု​သော်၊ ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​ကြောင့်၊ မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ဖြင့် ပြန်​မည်​ဟု အ​ကြံ​ရှိ​ပြန်၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 4,
      "text": "ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 5,
      "text": "ဤ​သူ​တို့​သည် ငါ​တို့​အ​ရင်​သွား၍ တ​ရော​မြို့၌ ငံ့​လင့်​လျက် နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 6,
      "text": "အ​ဇု​မ​ပွဲ​နေ့​ရက်​လွန်​ပြီး​မှ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့​မှ သင်္ဘော​နှင့်​လွှင့်၍ ငါး​ရက်​အ​တွင်း​တွင် သူ​တို့​ရှိ​ရာ တ​ရော​မြို့​သို့​ရောက်၍ ခု​နစ်​ရက် နေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 7,
      "text": "ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ မုန့်​ကို​ဖဲ့​ခြင်း​ငှာ စည်း​ဝေး​ကြ​သော​အ​ခါ၊ ပေါ​လု​သည် နက်​ဖြန်​နေ့၌ ထွက်​သွား​မည်​ဖြစ်၍၊ သန်း​ခေါင်​တိုင်​အောင် ဟော​ပြော​လျက် နေ​လေ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 8,
      "text": "စည်း​ဝေး​ရာ​အ​ထက်​ခန်း၌ မီး​ခွက်​များ​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 9,
      "text": "ဥ​တု​ခု​အ​မည်​ရှိ​သော လု​လင်​တစ်​ယောက်​သည် ပြတင်း​ပေါက် နား​မှာ​ထိုင်၍ အိပ်​ပျော်​ကျူး​လွန်​လျက် နေ၏။ ပေါ​လု​သည် ကြာ​မြင့်​စွာ ဟော​ပြော​သည်​တွင်၊ ထို​သူ​သည် အိပ်​ပျော်​လျက် အိမ်​သုံး​ဆင့်​အ​ထက်​မှ အောက်​သို့​လျော့​ကျ၍ သေ​သည်​ကို သူ​တို့​သည် ချီ​ကြွ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 10,
      "text": "ပေါ​လု​သည်​လည်း အောက်​သို့​ဆင်း၍ သူ၏​အ​ပေါ်​သို့ ကိုယ်​ကို​လှဲ​လျက် ဖက်​ယမ်း​ပြီး​မှ၊ အုတ်​အုတ်​သဲ​သဲ မ​ပြု​ကြ​နှင့်။ သူ​သည် အ​သက်​ရှိ၏​ဟု​ဆို၍ တက်​ပြန်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 11,
      "text": "မုန့်​ကို​ဖဲ့၍​စား​ကြ​သည်​နှင့် မိုး​လင်း​သည်​တိုင်​အောင် ကြာ​မြင့်​စွာ စ​ကား​ပြော​ပြီး​မှ ထွက်​သွား၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 12,
      "text": "အ​သက်​ရှင်​လျက်​ရှိ​သော ထို​လု​လင်​ကို ဆောင်​ယူ​ခဲ့၍၊ အ​လွန်​သက်​သာ​ခြင်း ရှိ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 13,
      "text": "ငါ​တို့​သည် ပေါ​လု​အ​ရင် သင်္ဘော​သို့​သွား၍၊ အဿု​မြို့၌ သူ့​ကို​ခံ​ယူ​မည်​အ​ကြံ​နှင့် ထို​မြို့​သို့ လွှင့်​ကြ၏။ ပေါ​လု​သည်​ထို​မြို့​သို့ ကုန်း​ကြောင်း​သွား​မည်​အ​ကြံ​ရှိ၍ ထို​သို့​စီ​ရင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 14,
      "text": "အဿု​မြို့၌ သူ​သည် ငါ​တို့​နှင့်​တွေ့​မိ​လျှင်၊ သူ့​ကို​ခံ​ယူ၍ မိ​တု​လင်​မြို့​သို့​သွား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 15,
      "text": "ထို​မြို့​မှ​လွှင့်​ပြန်​လျှင် နက်​ဖြန်​နေ့၌ ခိ​အု​ကျွန်း​နား​မှာ လျှောက်​သွား၍ နောက်​တစ်​နေ့၌ သာ​မု​ကျွန်း​သို့ ရောက်​သ​ဖြင့်၊ တ​ရော​ဂု​လိ​အ​ငူ​စွန်း၌ နေ​ကြ၏။ နောက်​တစ်​နေ့၌​လည်း မိ​လက်​မြို့​သို့​ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 16,
      "text": "ပေါ​လု​သည် ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​မ​လွန်​မီ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​နိုင်​လျှင်​ရောက်​ခြင်း​ငှာ ကြိုး​စား​သည်​ဖြစ်၍ အာ​ရှိ​ပြည်၌ တာ​ရှည်​စွာ​မ​နေ​လို​သ​ဖြင့် ဧ​ဖက်​မြို့​မှာ မ​ဆိုက်​ဘဲ လွှင့်​သွား​မည်​ဟု စိတ်​ပြဋ္ဌာန်း​လျက်​ရှိ​နှင့်​သ​တည်း။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 17,
      "text": "မိ​လက်​မြို့​သို့​ရောက်​မှ ပေါ​လု​သည် ဧ​ဖက်​မြို့​သို့ စေ​လွှတ်၍ သင်း​အုပ်​များ​ကို ခေါ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 18,
      "text": "သူ​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​သည် အာ​ရှိ​ပြည်​သို့​ရောက်​သော နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သင်​တို့​ရှေ့​မှာ အ​ဘယ်​သို့ ကျင့်​နေ​သည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 19,
      "text": "အ​လွန်​နှိမ့်​ချ​သော​စိတ်​ရှိ​လျက်၊ မျက်​ရည်​ကျ​လျက်၊ ယု​ဒ​လူ​တို့၏ မ​ကောင်း​သော​အ​ကြံ​အား​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ငါ​ဆောင်​ရွက်​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 20,
      "text": "သင်​တို့​အ​ကျိုးပြုစုရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ထိမ်​မ​ဝှက်။ လူ​စု​ဝေး​ရာ၌​လည်း​ကောင်း၊ အိမ်​များ၌​လည်း​ကောင်း၊ သင်​တို့​အား​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 21,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 22,
      "text": "ယ​ခု​မှာ​ငါ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ၏။ ထို​မြို့၌ အ​ဘယ်​အ​မှု​ရောက်​မည်​ကို မ​သိ။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 23,
      "text": "သို့​သော်​လည်း ချည်​နှောင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​အ​မှု​တို့​သည် ငါ့​ကို​ဆိုင်း​လင့်​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ခပ်​သိမ်း​သော​မြို့​တို့၌ ငါ့​အား သက်​သေ​ခံ​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 24,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 25,
      "text": "ယ​ခု​မူ​ကား၊ ငါ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​ရာ၊ သင်​တို့​ရှိ​သ​မျှ​သည် နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု​ငါ​သိ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 26,
      "text": "ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့၏​အ​သွေး​နှင့် ငါ​ကင်း​လွတ်​သည်​ဟု ယ​နေ့၌ သင်​တို့​အား ငါ​သက်​သေ​ခံ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 27,
      "text": "ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင် ဟော​ပြော​ပြ​သ​ခြင်း​အ​မှု​ကို ငါ​သည်​မ​လွှဲ​မ​ရှောင်​ဘဲ ပြု​ခဲ့​ပြီ။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 28,
      "text": "ထို​ကြောင့် သင်​တို့​သည် ကိုယ်​ကို သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​သွေး​နှင့် ဝယ်​တော်​မူ​သော​အ​သင်း​တော်​ကို လုပ်​ကျွေး​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို အ​အုပ်​အ​ချုပ် ခန့်​ထား​တော်​မူ​သော သိုး​စု​တစ်​စု​လုံး​ကို​လည်း သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​မ​ရှိ​သည်​နောက်၊ ကြမ်း​တမ်း​သော တော​ခွေး​တို့​သည် သိုး​များ​ကို မ​သ​နား​ဘဲ သင်​တို့​အ​ထဲ​သို့​ဝင်​မည်​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 30,
      "text": "တ​ပည့်​တော်​များ​ကို​သွေး​ဆောင်​ခြင်း​ငှာ၊ မှား​သော​စ​ကား​ကို ပြော​တတ်​သော​လူ​တို့​သည် သင်​တို့​အ​ထဲ၌​လည်း ပေါ်​လာ​မည်​ကို​လည်း​ကောင်း ငါ​သိ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 31,
      "text": "ထို​ကြောင့် စောင့်​ရှောက်၍​နေ​ကြ​လော့။ ငါ​သည်​သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ်​လူ​အ​ပေါင်း​တို့​ကို မျက်​ရည်​နှင့်​တ​ကွ ဆုံး​မ၍ နေ​ကြောင်း​ကို အောက်​မေ့​ကြ​လော့။"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 32,
      "text": "ညီ​အစ်​ကို​တို့၊ ယ​ခု​ငါ​သည်​သင်​တို့​ကို ဘု​ရား​သ​ခင်၌ အပ်​နှံ၏။ သင်​တို့​ကို တည်​ဆောက်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​နှင့် အ​တူ သင်​တို့​အား အ​မွေ​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​တ​ရား၌​လည်း သင်​တို့​ကို​ငါ​အပ်​နှံ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 33,
      "text": "သူ့​ရွှေ​ငွေ အ​ဝတ်​တန်​ဆာ​တို့​ကို ငါ​သည်​တပ်​မက်​ခြင်း​မ​ရှိ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 34,
      "text": "ဤ​လက်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​အ​ပေါင်း​အ​ဖော်​တို့​ကို​လည်း​ကောင်း၊ လုပ်​ကျွေး​ပြီ​ဟု သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 35,
      "text": "ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 36,
      "text": "ပေါ​လု​ဆို​ပြီး​လျှင်၊ ဒူး​ထောက်၍ ထို​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဆု​တောင်း​လေ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 37,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ငို​ကြွေး၍၊ ပေါ​လု၏​လည်​ပင်း​ကို ဖက်​ယမ်း​လျက် သူ့​ကို​နမ်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 20,
      "verse": 38,
      "text": "နောက်​တစ်​ဖန် သူ၏​မျက်​နှာ​ကို မ​မြင်​ရ​ဟူ​သော စ​ကား​ကြောင့် သာ၍​ကြေ​ကွဲ​သော​စိတ်​နှင့် ပေါ​လု​ကို သင်္ဘော​သို့ ပို့​လိုက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 1,
      "text": "ထို​သူ​များ​နှင့် ငါ​တို့​သည် ခွာ​သွား၍ သင်္ဘော​လွှင့်​မှ ကော​သ​ကျွန်း​သို့​တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ ရော​ဒု​ကျွန်း​သို့​လည်း​ကောင်း၊ ထို​ကျွန်း​မှ ပါ​တ​ရ​မြို့ သို့​လည်း​ကောင်း ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 2,
      "text": "ဖိ​နိတ်​ပြည်​သို့​ကူး​သော သင်္ဘော​ကို​တွေ့​လျှင်၊ ထို​သင်္ဘော​ကို​စီး၍ လွှင့်​ပြန်၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 3,
      "text": "ကု​ပ​ရု​ကျွန်း​ကို​မြင်​လျှင် လက်​ယာ​ဘက်၌ လျှောက်​သွား​သ​ဖြင့်၊ ရှု​ရိ​ပြည်​သို့​ကူး၍ တု​ရု​မြို့၌ ဆိုက်​လေ၏။ ထို​မြို့​မှာ သင်္ဘော၌​ပါ​သော ဝန်​ကို​ချ​ရ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 4,
      "text": "တ​ပည့်​တော်​တို့​ကို​တွေ့၍ ငါ​တို့​သည် ခု​နစ်​ရက်​နေ​ကြ၏။ ပေါ​လု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ မ​တက်​ရ​မည် အ​ကြောင်း၊ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 5,
      "text": "ခု​နစ်​ရက်​စေ့​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် သား​မ​ယား​နှင့်​တ​ကွ မြို့​ပြင်​သို့ ငါ​တို့​ကို ပို့​လိုက်​ကြ၍ ငါ​တို့​သည်​ထွက်​သွား​ပြီး​လျှင်၊ ပင်​လယ်​ကမ်း​ပေါ်၌ ဒူး​ထောက်​လျက် ဆု​တောင်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 6,
      "text": "အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​မှ ငါ​တို့​သည် သင်္ဘော​ပေါ်​သို့​တက်၍ သူ​တို့​သည် မိ​မိ​အိမ်​သို့​ပြန်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 7,
      "text": "တု​ရု​မြို့​မှ ပ​တော​လင်​မြို့​သို့​ရောက်​လျှင်၊ ပင်​လယ်​ကူး​ခြင်း​နှင့် လွတ်​ကြ၏။ ပ​တော​လင်​မြို့၌ ညီ​အစ်​ကို​တို့​နှင့် နှုတ်​ဆက်၍ တစ်​ရက်​နေ​ပြီး​မှ၊-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 8,
      "text": "နက်​ဖြန်​နေ့၌ ထွက်​သွား​ပြန်၍ ကဲ​သ​ရိ​မြို့​သို့ ရောက်​လျှင်၊ ဆ​ရာ​ခု​နစ်​ပါး​အ​ဝင် သာ​သ​နာ​ပြု​ဆ​ရာ ဖိ​လိ​ပ္ပု၏ အိမ်​သို့​ဝင်၍​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 9,
      "text": "ထို​သူ၌ ပ​ရော​ဖက်​ပြု​သော သ​မီး​က​ညာ လေး​ယောက်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 10,
      "text": "ထို​အိမ်၌ တာ​ရှည်​စွာ​နေ​ကြ​ပြီး​မှ အာ​ဂ​ဗု​အ​မည်​ရှိ​သော ပ​ရော​ဖက်​တစ်​ယောက်​သည် ယု​ဒ​ပြည်​မှ​လာ၍၊-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 11,
      "text": "ငါ​တို့​ရှိ​ရာ​သို့​ဝင်​သ​ဖြင့်၊ ပေါ​လု၏​ခါး​ပန်း​ကို​ယူ၍ မိ​မိ​ခြေ​လက်​ကို​ချည်​နှောင်​ပြီး​လျှင်၊ ဤ​ခါး​ပန်း​ရှင်​ကို ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​သည်​ဟု ဆို၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 12,
      "text": "ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​နှင့် ထို​အ​ရပ်၌ ရှိ​သော​သူ​တို့​က၊ ယေ​ရု​ရှ​လင်​မြို့​သို့ မ​သွား​ပါ​နှင့်​ဟု ပေါ​လု​ကို​တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 13,
      "text": "ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 14,
      "text": "ထို​သို့​သွေး​ဆောင်​ခြင်း​သို့ မ​လိုက်​သော​အ​ခါ ငါ​တို့​သည် မ​သွေး​ဆောင်​ဘဲ​နေ၍၊ သ​ခင်​ဘု​ရား အ​လို​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​ဟု ဆို​ကြ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 15,
      "text": "ထို​နောက်​မှ ငါ​တို့​သည် အ​သုံး​အ​ဆောင်​များ​ကို ပြင်​ဆင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 16,
      "text": "ကဲ​သ​ရိ​မြို့​သား​တ​ပည့်​တော်​အ​ချို့​တို့​သည် ငါ​တို့​နှင့်​အ​တူ​လိုက်​ကြ၍၊ ငါ​တို့​ကို​ဧည့်​ခံ​မည့်​သူ မ​နာ​သုန် အ​မည်​ရှိ​သော ကု​ပ​ရု​ကျွန်း​သား အ​သက်​ကြီး​သော တ​ပည့်​တော်​ဆီ​သို့ ပို့​ဆောင်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 17,
      "text": "ယေ​ရု​ရှင်​လင်​မြို့​သို့​ရောက်​သော​အ​ခါ၊ ညီ​အစ်​ကို​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ငါ​တို့​ကို လက်​ခံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 18,
      "text": "နက်​ဖြန်​နေ့၌ ပေါ​လု​သည် ငါ​တို့​နှင့်​တ​ကွ ယာ​ကုပ်​ထံ​သို့​ဝင်​လျှင် သင်း​အုပ်​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 19,
      "text": "ပေါ​လု​သည် ထို​သူ​များ​ကို နှုတ်​ဆက်​ပြီး​လျှင်၊ မိ​မိ​သည် ဓ​မ္မ​ဆ​ရာ​အ​မှု​ကို ဆောင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို သေ​ချာ​စွာ ထုတ်​ဖော်​ပြ​သ​လေ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 20,
      "text": "ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 21,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​တွင် နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သူ​ငယ်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ပေး​ရ​ကြ။ ရှေး​ထုံး​တမ်း​အ​တိုင်း မ​ကျင့်​ရ​ကြ​ဟု သင်​သည် ဆို​လျက်၊ သူ​တို့​သည် မော​ရှေ​တ​ရား​ကို​စွန့်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တတ်​သည်​ကို ဤ​လူ​တို့​သည် သ​တင်း​ကြား​ကြ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 22,
      "text": "သို့​ဖြစ်၍ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ လူ​အ​ပေါင်း​တို့​သည် မ​စု​ဝေး​ဘဲ​မ​နေ​နိုင်​ရာ။ သင်​ရောက်​ကြောင်း​ကို ကြား​သိ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 23,
      "text": "ထို​ကြောင့် အ​ကျွန်ုပ်​တို့​ဆို​သည်​အ​တိုင်း ပြု​ပါ​လော့။ သ​စ္စာ​က​တိ​ပြု​ပြီး​သော လူ​လေး​ယောက်​သည် အ​ကျွန်ုပ်​တို့​တွင်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 24,
      "text": "ထို​သူ​တို့​ကို ယူ၍ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်၊ သူ​တို့​ခေါင်း​ရိတ်​ခြင်း​စ​ရိတ်​ကို ပေး​ပါ​လော့။ ထို​သို့​ပြု​လျှင် လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြား​သော သ​တင်း​စ​ကား​မ​မှန်​သည်​ကို​လည်း​ကောင်း၊ သင်​သည် ကိုယ်​တိုင် ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်၍ ကျင့်​နေ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 25,
      "text": "ယုံ​ကြည်​ခြင်း​သို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား​တို့​မူ​ကား၊ ထို​သို့​သော​တ​ရား​ကို​မ​ကျင့်​မ​စောင့်​ဘဲ​လျက်၊ ရုပ်​တု​ရှေ့​မှာ​ပူ​ဇော်​သော ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ ရှောင်​စေ​ခြင်း​ငှာ​သာ ငါ​တို့​သည် စီ​ရင်၍ ကြား​လိုက်​ခဲ့​ပြီ​ဟု​ဆို​ကြ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 26,
      "text": "ထို​အ​ခါ​ပေါ​လု​သည် ထို​သူ​တို့​ကို​ခေါ်၍ နက်​ဖြန်​နေ့၌ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​ပြီး​မှ၊ ဗိ​မာန်​တော်​သို့​ဝင်၍ သူ​တို့​အ​တွက် အ​သီး​အ​ခြား ပူ​ဇော်​သ​ကာ​ပြု​ရ​သော အ​ချိန်​တည်း​ဟူ​သော စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​မည့်​အ​ချိန်​ကို ကြား​ပြော​လေ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 27,
      "text": "ထို​ခု​နစ်​ရက်​စေ့​လု​သော​အ​ခါ၊ အာ​ရှိ​ပြည်​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ ပေါ​လု​ကို​မြင်​လျှင် စု​ဝေး​သော​လူ​အ​ပေါင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်၍၊ ဣ​သ​ရေ​လ​လူ​တို့၊ ကူ​မ​ကြ​ပါ။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 28,
      "text": "ဤ​သူ​ကား၊ ငါ​တို့​အ​မျိုး​နှင့် ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း ဤ​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ ဆန့်​ကျင်​ဘက်​ပြု၍၊ လူ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​သော​သူ​ဖြစ်​ပါ၏။ ထို​မျှ​မ​က၊ ဟေ​လ​သ​လူ​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း၍၊ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​ပြီ​တ​ကား​ဟု ဟစ်​ကြော်၍၊ ပေါ​လု​ကို ဖမ်း​ဆီး​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 29,
      "text": "အ​ထက်​က​မြို့​ထဲ၌ ပေါ​လု​နှင့်​အ​တူ တ​ရော​ဖိမ်​အ​မည်​ရှိ​သော ဧ​ဖက်​မြို့​သား​တစ်​ယောက်​ကို မြင်​ကြ​သည်​ဖြစ်၍၊ ထို​သူ​ကို ပေါ​လု​သည် ဗိ​မာန်​တော်​ထဲ​သို့ သွင်း​သည်​ဟု ထင်​မှတ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 30,
      "text": "တစ်​မြို့​လုံး​ရုန်း​ရင်း​ခတ်​မျှ ဖြစ်​လျှင်၊ လူ​များ​တို့​သည် ပြေး​လာ၍ စု​ဝေး​ကြ​လျက်၊ ပေါ​လု​ကို​ကိုင်​ယူ၍ ဗိ​မာန်​တော်​ပြင်​သို့ ဆွဲ​ငင်​ပြီး​မှ တစ်​ခ​ဏ​ချင်း​တံ​ခါး​များ​တို့​ကို ပိတ်​ထား​ကြ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 31,
      "text": "ပေါ​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး မ​ငြိမ်​မ​သက် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​သည်​ဟု လူ​တစ်​ထောင်​ကို အုပ်​ချုပ်​သော စစ်​သူ​ကြီး​သည် သ​တင်း​ကြား​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 32,
      "text": "စစ်​သူ​ရဲ​များ​နှင့် တပ်​မှူး​တို့​ကို အ​လျင်​အ​မြန်​ခေါ်၍ ထို​သူ​တို့​ရှိ​ရာ​သို့​ဆင်း​ပြေး၏။ ထို​သူ​တို့​သည် စစ်​သူ​ကြီး​နှင့် စစ်​သူ​ရဲ​တို့​ကို မြင်​လျှင်၊ ပေါ​လု​ကို မ​ရိုက်​ဘဲ​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 33,
      "text": "ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 34,
      "text": "လူ​အ​စု​အ​ဝေး​ထဲ၌ အ​သီး​သီး​အ​ခြား​ခြား​ဟစ်​ကြော်၍ အ​သံ​များ​သော​ကြောင့်၊ စစ်​သူ​ကြီး​သည် အ​မှန်​ကို​မ​သိ​နိုင်​သ​ဖြင့်၊ ပေါ​လု​ကို​ရဲ​တိုက်​ထဲ​သို့ ဆောင်​သွား​စေ​ခြင်း​ငှာ စီ​ရင်​ပြန်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 35,
      "text": "လူ​များ​တို့​သည် ပြင်း​ထန်​သော​ကြောင့်၊ လှေ​ကား​ပေါ်​သို့ ရောက်​သော​အ​ခါ၊ စစ်​သူ​ရဲ​တို့​သည် ပေါ​လု​ကို ချီ​ပွေ့၍ ဆောင်​ရ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 36,
      "text": "သူ့​ကို​ထုတ်​လော့​ဟု လူ​များ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​လျက်​လိုက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 37,
      "text": "ပေါ​လု​သည် ရဲ​တိုက်​ထဲ​သို့​ဝင်​လု​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် စ​ကား​ပြော​ရ​ပါ​မည်​လော​ဟု စစ်​သူ​ကြီး​အား​မေး​လျှင် စစ်​သူ​ကြီး​က သင်​သည် ဟေ​လ​သ​စ​ကား​ကို ပြော​တတ်​သ​လော။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 38,
      "text": "သင်​သည်​အ​ထက်​က​ပုန်​ကန်၍ ဓား​ပြ​လေး​ထောင်​တို့​ကို တော​သို့​ခေါ်​သွား​သော အဲ​ဂု​တ္တု​လူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု မေး၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 39,
      "text": "ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​နေ​သော​မြို့​ကား၊ သာ​မ​ည မြို့​မ​ဟုတ်။ ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပြော​ရ​သော အ​ခွင့်​ကို​ပေး​ပါ။ အ​ကျွန်ုပ်​ပန်​ကြား​ပါ​သည်​ဟု ဆို၏။-"
    },
    {
      "book": 44,
      "chapter": 21,
      "verse": 40,
      "text": "စစ်​သူ​ကြီး​သည် အ​ခွင့်​ပေး​သ​ဖြင့်၊ ပေါ​လု​သည် လှေ​ကား​ပေါ်​မှာ​ရပ်၍ ထို​လူ​တို့​အား မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လေ၏။ သူ​တို့​သည် အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ​သော​အ​ခါ၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့်​မြွက်​ဆို​လျက်၊"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 1,
      "text": "ညီ​အစ်​ကို၊ အ​ဘ​တို့၊ အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို သင်​တို့​ရှေ့​မှာ ယ​ခု​ပြော​စဉ်​တွင် နား​ထောင်​ကြ​ပါ​ဟု ဆို​လေ​သော်၊-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 2,
      "text": "ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သည်​ကို ထို​သူ​တို့​သည် ကြား​လျှင် သာ၍ အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 3,
      "text": "ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ ဤ​မြို့​မှာ​လည်း၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဆ​ရာ၏​ခြေ​ရင်း၌ ကျွေး​မွေး​ခြင်း​ကို​ခံ၍ မိ​စဉ်​ဘ​ဆက်​ကျင့်​သော တ​ရား​ကို သေ​ချာ​စွာ​သိ​နား​လည်​ခြင်း​ငှာ နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ပါ​ပြီ။ သင်​တို့ ရှိ​သ​မျှ​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း စိတ်​အား​ကြီး​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 4,
      "text": "ယောက်ျား​မိန်း​မ​တို့​ကို ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား​လျက် အ​သေ​သတ်​ခြင်း​သို့ တိုင်​အောင်၊ ထို​ဘာ​သာ​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 5,
      "text": "ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 6,
      "text": "လမ်း၌​သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မွန်း​တည့်​အ​ချိန်​တွင် ကောင်း​ကင်​ထဲ​က ကြီး​သော​အ​လင်း​သည် အ​ကျွန်ုပ် ပတ်​လည်၌ ရုတ်​ခ​နဲ ထွန်း​တောက်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် မြေ​ပေါ်​မှာ​လဲ၍ နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့်​ငါ့​ကို ညှဉ်း​ဆဲ​သ​နည်း​ဟု အ​ကျွန်ုပ်​အား ပြော​သော​စ​ကား​သံ​ကို​ကြား​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 8,
      "text": "သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​ပြန်၍ မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဥ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ် သ​တည်း​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 9,
      "text": "အ​ကျွန်ုပ်​နှင့်​ပါ​သော​သူ​တို့​သည် ထို​အ​လင်း​ကို​မြင်၍ ကြောက်​ရွံ့​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​ကျွန်ုပ်​အား​ပြော​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​မ​သိ​ရ​ကြ။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 10,
      "text": "ထို​အ​ခါ အ​ကျွန်ုပ်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု လျှောက်​လျှင်၊ သ​ခင်​ဘု​ရား​က၊ ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင်​ဆောင်​ရွက်​စ​ရာ​ဖို့ ခွဲ​ခန့်​စီ​မံ​သ​မျှ​တို့​ကို ထို​မြို့၌ ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 11,
      "text": "ထို​အ​လင်း၏​ရောင်​ခြည်​အ​ရှိန်​အား​ဖြင့် အ​ကျွန်ုပ်​သည် မျက်​စိ​ကန်း​သော​ကြောင့်၊ အ​ကျွန်ုပ်​နှင့် ပါ​သော​သူ​တို့၏ လက်​ဆွဲ​ခြင်း​ကို​ခံ​ရ၍ ဒ​မာ​သက်​မြို့​သို့ ရောက်​ပါ၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 12,
      "text": "ထို​အ​ခါ ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​ဝတ်၌​မွေ့​လျော်​သော​သူ​ဖြစ်၍၊ ထို​မြို့​မှာ​နေ​သော​ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ အာ​န​နိ​သည်၊-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 13,
      "text": "အ​ကျွန်ုပ်​ဆီ​သို့​လာ၍ အ​နား၌​ရပ်​လျက်၊ ညီ​ရှော​လု၊ တစ်​ဖန်​မျက်​စိ​မြင်​ခြင်း​သို့ ရောက်​လော့​ဟု​ဆို၏။ ထို​ခ​ဏ၌ အ​ကျွန်ုပ်​သည် သူ့​ကို​ကြည့်​ရှု၍​မြင်​ရ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 14,
      "text": "သူ​က​လည်း၊ သင်​သည်​မြင်​လေ​သ​မျှ၊ ကြား​လေ​သ​မျှ​တို့​ကို လူ​အ​ပေါင်း​တို့​အား​ပြော၍ သ​ခင်​ဘု​ရား၏ သက်​သေ​ခံ​ဖြစ်​ရ​မည် အ​ကြောင်း၊-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 15,
      "text": "သင်​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​ကို​မြင်၍ နှုတ်​တော်​ထွက်​ကို ကြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် သင့်​ကို ခန့်​ထား​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 16,
      "text": "ယ​ခု​လည်း သင်​သည် အ​ဘယ်​ကြောင့် ဆိုင်း​လင့်၍ နေ​သ​နည်း။ ထ​လော့။ သ​ခင်​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​လျက် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ သင်၏​အ​ပြစ်​များ​ကို ဆေး​ကြော​လော့​ဟု ဆို​ပါ၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 17,
      "text": "ထို​နောက်​မှ အ​ကျွန်ုပ်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍၊ ဗိ​မာန်​တော်၌ ဆု​တောင်း​စဉ် ဘ​ဝင်​ကျ​၍"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 18,
      "text": "သ​ခင်​ဘု​ရား​က၊ သင်​သည်​ကြိုး​စား၍ ယေ​ရု​ရှ​လင်​မြို့​မှ အ​လျင်​အ​မြန် ထွက်​သွား​လော့။ ငါ၏​အ​ကြောင်း​ကို သင်​သည်​ပြော၍ သက်​သေ​ခံ​သော စ​ကား​ကို ဤ​လူ​တို့​သည် မ​ခံ​ဘဲ​နေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်​ရှိ​သည်​ကို အ​ကျွန်ုပ်​မြင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 19,
      "text": "အ​ကျွန်ုပ်​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​ကို အ​ကျွန်ုပ်​ထောင်​ထဲ၌ လှောင်​ထား၍၊ တ​ရား​ဇ​ရပ်​များ၌ ရိုက်​သည်​အ​ကြောင်း​ကို သူ​တို့​သိ​ကြ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 20,
      "text": "ကိုယ်​တော်၏ သက်​သေ​ခံ​ဖြစ်​သော သ​တေ​ဖန်၏ အ​သွေး​ကို သွန်း​သော​အ​ခါ အ​ကျွန်ုပ်​သည် အ​နား၌​နေ​လျက်၊ ကွပ်​မျက်​ခြင်း​အ​မှု​ကို ဝန်​ခံ၍၊ ကွပ်​မျက်​သော သူ​တို့၏​အ​ဝတ်​ကို စောင့်​နေ​ပါ၏​ဟု၊-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 21,
      "text": "လျှောက်​ဆို​လျှင်၊ သ​ခင်​ဘု​ရား​က၊ သွား​လော့။ ငါ​သည်​တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို​ဝေး​လှ​စွာ စေ​လွှတ်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်​ဟု ပေါ​လု မြွက်​ဆို၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 22,
      "text": "ထို​မျှ​တိုင်​အောင် ပေါ​လု၏​စ​ကား​ကို နား​ထောင်​ပြီး​လျှင်၊ ထို​သူ​တို့​သည်​အော်​ဟစ်၍၊ ထို​သို့​သော​သူ​ကို မြေ​ကြီး​ပြင်​မှ သုတ်​သင်​ပယ်​ရှင်း​လော့။ သူ​သည် အ​သက်​မ​ရှင်​သင့်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 23,
      "text": "ထို​သို့​အော်​ဟစ်​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ချွတ်​ခြင်း၊ မြေ​မှုန့်​ကို မိုး​ကောင်း​ကင်​သို့ ပစ်​လိုက်​ခြင်း​ကို ပြု​ကြ​စဉ်​တွင်၊-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 24,
      "text": "ပေါ​လု​ကို အ​ဘယ်​ကြောင့် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် သိ​လို၍၊ ပေါ​လု​ကို ရဲ​တိုက်​ထဲ​သို့​သွင်း​စေ။ ရိုက်၍ စစ်​ကြော​စေ​ဟု စီ​ရင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 25,
      "text": "သား​ရေ​ကြိုး​နှင့် ဆွဲ​တင်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ရော​မ​လူ​ဖြစ်​သော​သူ​ကို ဓ​မ္မ​သတ်​အ​တိုင်း မ​စီ​ရင်​ဘဲ​လျက်၊ သင်​တို့​သည် ရိုက်​ရ​သ​လော​ဟု အ​နား၌​ရပ်​နေ​သော တပ်​မှူး​အား​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 26,
      "text": "တပ်​မှူး​သည်​ကြား​လျှင် စစ်​သူ​ကြီး​ထံ​သို့​သွား၍၊ အ​ဘယ်​သို့​ပြု​မည်​ကို သ​တိ​ထား​ပါ​လော့။ ဤ​သူ​သည် ရော​မ​လူ​ဖြစ်​ပါ​သည်​ဟု ကြား​လျှောက်၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 27,
      "text": "စစ်​သူ​ကြီး​သည်​လည်း၊ ပေါ​လု​ထံ​သို့​လာ၍၊ သင်​သည်​ရော​မ​လူ​မှန်​သ​လော၊ ငါ့​အား ပြော​လော့​ဟု​ဆို​လျှင်၊ မှန်​ပါ​သည်​ဟု ပေါ​လုပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 28,
      "text": "စစ်​သူ​ကြီး​က​လည်း၊ အ​ကျွန်ုပ်​သည် ငွေ​အ​များ​ကို​ပေး၍ ရော​မ​လူ၏ အ​ရိပ်​အ​ရာ​ကို​ရ​သည်​ဟု​ဆို​လျှင်၊ ပေါ​လု​က၊ အ​ကျွန်ုပ်​သည် ဇာ​တိ​အား​ဖြင့် ရ​ပါ​သည်​ဟု ဆို၏။-"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 29,
      "text": "ထို​အ​ခါ စစ်​ကြော​မည်​ပြု​သော​သူ​တို့​သည် ပေါ​လု​ထံ​မှ​ချက်​ချင်း​သွား၍၊ သူ​သည်​ရော​မ​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ ရော​မ​လူ​ကို ချည်​နှောင်​မိ​သည်​ကို​လည်း​ကောင်း၊ စစ်​သူ​ကြီး​သိ​လျှင် ကြောက်​ခြင်း​သို့​ရောက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 22,
      "verse": 30,
      "text": "နက်​ဖြန်​နေ့​တွင် အ​ဘယ်​အ​ပြစ်​ကို ယု​ဒ​လူ​တို့​သည် ပေါ​လု၌ တင်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် အ​မှန်​သိ​လို​သော​ကြောင့်၊ ပေါ​လု၌ ချည်​နှောင်​သော​သံ​ကြိုး​ကို ချွတ်၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ သူ​တို့​ရှေ့၌​ထား​လေ၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 1,
      "text": "ပေါ​လု​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စေ့​စေ့​ကြည့်​ရှု၍၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​ဝတ်​ကို ပြု​ခြင်း​အ​မှု​မှာ၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက် ပြု​ပါ​သည်​ဟု ပြော​ဆို​သော်၊-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 2,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​က၊ သူ၏​နှုတ်​ကို​ရိုက်​လော့​ဟု အ​နား၌ ရပ်​နေ​သော​သူ​တို့​အား အ​မိန့်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 3,
      "text": "ထို​အ​ခါ​ပေါ​လု​က၊ အ​ဖြူ​သုတ်​သော​အုတ်​ရိုး၊ ဘု​ရား​သ​ခင်​သည် သင့်​ကို​ရိုက်​တော်​မူ​မည်။ သင်​သည် အ​ကျွန်ုပ်​ကို တ​ရား​နှင့်​အ​ညီ စီ​ရင်​ခြင်း​ငှာ ထိုင်​နေ​လျက်​ပင်၊ သူ့​ကို​ရိုက်​လော့​ဟု မ​တ​ရား​သ​ဖြင့် စီ​ရင်​ရ​မည်​လော ဟု​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 4,
      "text": "အ​နား၌​ရပ်​နေ​သော​သူ​တို့​က​လည်း၊ သင်​သည် ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဆဲ​သ​လော​ဟု မေး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 5,
      "text": "ပေါ​လု​က၊ ညီ​အစ်​ကို​တို့၊ သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ။ သင်၏​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​ကို သင်​သည် မ​ကဲ့​ရဲ့​ရ​ဟု ကျမ်း​စာ၌ လာ​သည်​ဟု​ဆို၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 6,
      "text": "ထို​အ​ရာ​ရှိ​တို့​တွင် အ​ချို့​တို့​သည် ဇ​ဒ္ဒု​ကဲ​ဖြစ်​ကြ​သည်၊ အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သည်​ကို ပေါ​လု​သိ​မြင်​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ဖာ​ရိ​ရှဲ​ဖြစ်၏။ ဖာ​ရိ​ရှဲ၏​သား​လည်း​ဖြစ်၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​မည်​ဟု မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ၏​ဟု လွှတ်​တော်​ပေါ်​မှာ ကြွေး​ကြော်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 7,
      "text": "ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် အ​ချင်း​ချင်း​ငြင်း​ခုံ၍ အ​စု​အ​ဝေး​သည် ကွဲ​ပြား​ခြင်း​သို့ ရောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 8,
      "text": "ကွဲ​ပြား​သည်​အ​ကြောင်း​ကား၊ ဇ​ဒ္ဒု​ကဲ​တို့​က၊ ထ​မြောက်​ခြင်း​မ​ရှိ၊ ကောင်း​ကင်​တ​မန် မ​ရှိ၊ နာမ်​ဝိ​ညာဉ် မ​ရှိ​ဟု​ယူ​ကြ၏။ ဖာ​ရိ​ရှဲ​တို့​က၊ နှစ်​ပါး​စ​လုံး​ရှိ​သည်​ဟု ဝန်​ခံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 9,
      "text": "အော်​ဟစ်​သံ​များ၍၊ ဖာ​ရိ​ရှဲ​တို့​ဘက်၌​နေ​သော ကျမ်း​ဆ​ရာ​တို့​သည် ထ​လျက် ပြင်း​စွာ​ငြင်း​ခုံ၍၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ နာမ်​ဝိ​ညာဉ်​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​သော်​လည်း​ကောင်း သူ့​ကို​ပြော​လျှင်၊ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို မ​ဆန်​ကြ​နှင့်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 10,
      "text": "အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​များ​သော​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို ဆွဲ​ငင်၍ အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို စစ်​သူ​ကြီး စိုး​ရိမ်​သော​ကြောင့်၊ စစ်​သူ​ရဲ​များ၊ ဆင်း​ကြ၊ ပေါ​လု​ကို အ​ရာ​ရှိ​မင်း​တို့​အ​ထဲ​မှ အ​နိုင်​အ​ထက်​ယူ၍ ရဲ​တိုက်​ထဲ​သို့ ပို့​ဆောင်​ကြ​ဟု အ​မိန့်​ရှိ၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 11,
      "text": "နက်​ဖြန့်​နေ့​ည​တွင် သ​ခင်​ဘု​ရား​သည် ပေါ​လု​အ​နား၌ ပေါ်​လာ​တော်​မူ​လျက်၊ ပေါ​လု မ​စိုး​ရိမ်​နှင့်။ ငါ၏​အ​ကြောင်း​အ​ရာ​ကို သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ သက်​သေ​ခံ​ပြီး​သည်​နည်း​တူ၊ ရော​မ​မြို့၌​လည်း ခံ​ရ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 12,
      "text": "မိုး​လင်း​သော​အ​ခါ ယု​ဒ​လူ​တို့​သည် သင်း​ဖွဲ့၍၊ ငါ​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 13,
      "text": "ထို​သို့​သင်း​ဖွဲ့​သော သူ​တို့​သည် လေး​ကျိပ်​မ​က ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 14,
      "text": "ထို​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား၍၊ အ​ကျွန်ုပ်​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 15,
      "text": "ထို​ကြောင့်၊ နက်​ဖြန်​နေ့၌ စစ်​သူ​ကြီး​သည် ပေါ​လု​ကို ကိုယ်​တော်​တို့​ထံ​သို့ ပို့​ဆောင်​စေ​ခြင်း​ငှာ၊ သူ့​ကို​သာ၍ စေ့​စေ့​စစ်​ကြော​မည် အ​ဟန်​ပြု၍၊ လွှတ်​အ​ရာ​ရှိ​များ​နှင့်​အ​တူ ကိုယ်​တော်​တို့​သည် စစ်​သူ​ကြီး​ကို လျှောက်​ကြ​ပါ​လော့။ ပေါ​လု​သည် ကိုယ်​တော်​တို့​ထံ​သို့ မ​ရောက်​မီ​အ​ကြား​တွင် အ​ကျွန်ုပ်​တို့​သည် သူ့​ကို​သတ်​ခြင်း​ငှာ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 16,
      "text": "ထို​သို့​လမ်း​နား၌ ချောင်း၍​နေ​ကြ​သည်​အ​မှု​ကို ပေါ​လု၏ တူ​သည်​ကြား​လျှင်၊ ရဲ​တိုက်​ထဲ​သို့​ဝင်၍ ပေါ​လု​အား ကြား​ပြော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 17,
      "text": "ပေါ​လု​သည် တပ်​မှူး​တစ်​ယောက်​ကို ခေါ်၍၊ ဤ​လု​လင်​ကို စစ်​သူ​ကြီး​ထံ​သို့​ပို့​ပါ။ လျှောက်​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သည်​ဟု​ဆို​သော်၊-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 18,
      "text": "တပ်​မှူး​သည် လု​လင်​ကို စစ်​သူ​ကြီး​ထံ​သို့ ပို့​ပြီး​လျှင်၊ အ​ကျဉ်း​ခံ​ရ​သော ပေါ​လု​သည် အ​ကျွန်ုပ်​ကို ခေါ်၍၊ ကိုယ်​တော်​အား​လျှောက်​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သော ဤ​လု​လင်​ကို ကိုယ်​တော်​ထံ​သို့ ပို့​စေ​ခြင်း​ငှာ တောင်း​ပန်​ပါ​သည်​ဟု​လျှောက်၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 19,
      "text": "စစ်​သူ​ကြီး​သည် လု​လင်​ကို​လက်​ဆွဲ၍ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ သင်​သည်​အ​ဘယ်​အ​ကြောင်း​ကို ငါ့​အား​လျှောက်​ချင်​သ​နည်း​ဟု မေး​မြန်း​လေ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 20,
      "text": "လု​လင်​က​လည်း၊ ကိုယ်​တော်​သည် နက်​ဖြန်​နေ့၌ ပေါ​လု​ကို လွှတ်​တော်​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ယု​ဒ​လူ​တို့​သည် သူ့​ကို​သာ၍ စေ့​စေ့​မေး​မြန်း​မည်​အ​ဟန်​ပြု၍၊ ကိုယ်​တော်​ကို တောင်း​လျှောက်​မည်​ဟု တိုင်​ပင် ညှိ​ညွှတ်​ကြ​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 21,
      "text": "သို့​ရာ​တွင် သူ​တို့၏ အ​လို​သို့​မ​လိုက်​ပါ​နှင့်။ ပေါ​လု​ကို​မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​သော ယု​ဒ​လူ​လေး​ကျိပ်​မ​က၊ လမ်း​နား၌ ပေါ​လု​ကို​ချောင်း၍ နေ​ကြ​ပါ၏။ ယ​ခု​ပင် ကိုယ်​တော်​ဝန်​ခံ​မည့်​စ​ကား​ကို ထို​သူ​တို့​သည် ဆိုင်း​လင့်၍ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 22,
      "text": "စစ်​သူ​ကြီး​က​လည်း၊ သင်​သည်​ငါ့​အား ဤ​သို့​ကြား​လျှောက်​သည်​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်​ဟု ထို​လု​လင်​ကို​မှာ​ထား၍ လွှတ်​လိုက်​ပြီး​လျှင်၊"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 23,
      "text": "တပ်​မှူး​နှစ်​ယောက်​တို့​ကို​ခေါ်၍၊ ယ​နေ့​ည သုံး​ချက်​တီး​အ​ချိန်၌ ကဲ​သ​ရိ​မြို့​သို့​သွား​စေ​ခြင်း​ငှာ စစ်​သူ​ရဲ​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ကျိပ်၊ လှံ​ကိုင်​သူ​ရဲ​နှစ်​ရာ​တို့​ကို ပြင်​ဆင်​ကြ။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 24,
      "text": "ပေါ​လု​စီး​စ​ရာ​ဖို့ တိ​ရ​စ္ဆာန်​တို့​ကို​ပြင်၍ ပေး​ကြ။ သူ့​ကို ဖေ​လဇ်​မင်း​ထံ​သို့​ကြပ်​မ၍ ပို့​ကြ​ဟု​အ​မိန့်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 25,
      "text": "စစ်​သူ​ကြီး​သည် ရေး၍​ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 26,
      "text": "က​လော​ဒိ​လု​သိ​က၊ မြတ်​တော်​မူ​သော မြို့​ဝန်​မင်း​ဖေ​လဇ်​ကို မေ​တ္တာ​နှင့် ကြား​လျှောက်​လိုက်​ပါ​သည်။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 27,
      "text": "ယု​ဒ​လူ​တို့​သည် ဤ​သူ​ကို​ဖမ်း​ဆီး၍ သတ်​မည်​ပြု​ကြ​စဉ်၊ သူ​သည် ရော​မ​လူ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​သည် ကြား​သိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ သွား၍​သူ့​ကို နုတ်​ပါ​သည်။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 28,
      "text": "ယု​ဒ​လူ​တို့​သည် အ​ဘယ်​အ​ပြစ်​ကြောင့် သူ​နှင့် အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​လို​သော​ကြောင့်၊ သူ့​ကို​ယူ၍ လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 29,
      "text": "အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း​ကို ခံ​ထိုက်​သော အ​ပြစ်​ကြောင့် အ​မှု​လုပ်​ကြ​သည်​မ​ဟုတ်​ဘဲ၊ သူ​တို့​တ​ရား​နှင့် စပ်​ဆိုင်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍​သာ အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​မြင်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 30,
      "text": "ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​နှင့် သူ့​ကို​လုပ်​ကြံ​မည်​ဟု အ​ကျွန်ုပ်​ရိပ်​မိ​လျှင်၊ သူ့​ကို ကိုယ်​တော်​ထံ​သို့ ချက်​ချင်း​စေ​လွှတ်၍ အ​မှု​လုပ်​သော​သူ​တို့​ကို ရှေ့​တော်၌ လျှောက်​ထား​စေ​ခြင်း​ငှာ စီ​ရင်​ပါ၏။ ကိုယ်​တော် ကျန်း​မာ​ပါ​စေ​သော​ဟု ရေး၍​ပေး​လိုက်​သ​တည်း။"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 31,
      "text": "စစ်​သူ​ကြီး​မှာ​ထား​သည်​အ​တိုင်း စစ်​သူ​ရဲ​တို့​သည် ပေါ​လု​ကို​ယူ၍၊ ည​အ​ခါ အ​န္တိ​ပ​တ​ရိ​မြို့​သို့ ပို့​လိုက်​ပြီး​မှ၊-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 32,
      "text": "နက်​ဖြန်​နေ့၌ မြင်း​စီး​သူ​ရဲ​တို့​ကို ပေါ​လု​နှင့်​တ​ကွ သွား​စေ​ခြင်း​ငှာ လွှတ်​လိုက်၍ မိ​မိ​တို့​သည် ရဲ​တိုက်​သို့ ပြန်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 33,
      "text": "မြင်း​စီး​သူ​ရဲ​တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်၊ စစ်​သူ​ကြီး၏​စာ​ကို မြို့​ဝန်​မင်း​လက်​သို့​အပ်​ပေး၍၊ ပေါ​လု​ကို​လည်း ရှေ့​တော်၌ သွင်း​ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 34,
      "text": "မြို့​ဝန်​မင်း​သည် စာ​ကို​ဖတ်​ပြီး​မှ၊ အ​ဘယ်​မြို့​နှင့် ဆိုင်​သ​နည်း​ဟု မေး၍၊ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​သည်​ကို ကြား​သိ​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 23,
      "verse": 35,
      "text": "သင့်​ကို​အ​မှု​လုပ်​သော​သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ငါ​နား​ထောင်​မည်​ဟု ဆို၍၊ ပေါ​လု​သည် ဟေ​ရုဒ်​မင်း၏​အိမ်​တော်၌ အ​ချုပ်​ခံ​လျက်​နေ​စေ​ဟု စီ​ရင်​လေ၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 1,
      "text": "ထို​နောက် ငါး​ရက်​လွန်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​သည် တေ​ရ​တု​လု​အ​မည်​ရှိ​သော ရှေ့​နေ​မှ​စ၍၊ လူ​အ​ကြီး​အ​ကဲ​တို့​နှင့်​တ​ကွ ကဲ​သ​ရိ​မြို့​သို့ သွား​ကြ​သ​ဖြင့်၊ ပေါ​လု၏​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ထံ၌ လျှောက်​ထား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 2,
      "text": "ပေါ​လု​ကို​ခေါ်​ပြီး​မှ၊ တေ​ရ​တု​လု​သည် အ​ပြစ်​တင်​သော စ​ကား​ကို​လျှောက်​ဆို​သည်​မှာ၊ မြတ်​တော်​မူ​သော​ဖေ​လဇ်​မင်း၊ အ​ကျွန်ုပ်​တို့​သည် ဘုန်း​တော်​ကို ခို​လှုံ၍ အ​လွန်​ငြိမ်​သက်​စွာ နေ​ရ​သ​ဖြင့်၊ ကိုယ်​တော် ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ဤ​လူ​မျိုး​သည် ခံ​ရ​ပါ​သည်​ဖြစ်၍၊-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 3,
      "text": "အ​ရပ်​ရပ်​တို့၌ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို အ​လွန်​သိ​တတ်​သော စိတ်​နှင့်​ခံ​ရ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 4,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ကြာ​မြင့်​စွာ နှောင့်​ယှက်​ခြင်း​အ​ပြစ်​နှင့်​လွတ်​ခြင်း​ငှာ၊ အ​ကျဉ်း​အား​ဖြင့် လျှောက်​သော​စ​ကား​ကို ဖြည်း​ညင်း​သော​စိတ်​တော်​နှင့် နား​ထောင်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 5,
      "text": "နာ​ဇ​ရက်​ဘာ​သာ​ဝင်​သူ​တို့​တွင် အ​ကြီး​လုပ်၍ အ​ရပ်​ရပ်​တို့၌ ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ထ​စေ​ခြင်း​ငှာ နှိုး​ဆော်​သော ဤ​လူ​ဆိုး​ကို အ​ကျွန်ုပ်​တို့​သည် တွေ့​ကြ​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 6,
      "text": "သူ​သည် ဗိ​မာန်​တော်​ကို ရှုတ်​ချ​ခြင်း​ငှာ​ပြု​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် သူ့​ကို​ဖမ်း​ဆီး၍၊ အ​ကျွန်ုပ်​တို့ တ​ရား​အ​တိုင်း​စီ​ရင်​ခြင်း​ငှာ အ​လို​ရှိ​ကြ​သည်​တွင်၊-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 7,
      "text": "စစ်​သူ​ကြီး​လု​သိ​သည် စစ်​သူ​ရဲ​များ​နှင့်​လာ၍ အ​ကျွန်ုပ်​တို့ လက်​မှ​နုတ်​ပြီး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 8,
      "text": "အ​မှု​လုပ်​သော​သူ​တို့​ကို ကိုယ်​တော်​ထံ​သို့ သွား​စေ​မည်​အ​ကြောင်း စီ​ရင်​ပါ၏။ ဤ​သူ​ကို ကိုယ်​တော်​တိုင် စစ်​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အ​ပြစ်​တင်​သော အ​ကြောင်း​အ​ရာ​များ​ကို သေ​ချာ​စွာ သိ​နိုင်​တော်​မူ​မည်​ဟု လျှောက်​ထား၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 9,
      "text": "ယု​ဒ​လူ​တို့​က​လည်း၊ ဤ​စ​ကား​မှန်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 10,
      "text": "မြို့​ဝန်​မင်း​သည် အ​မှတ်​ပေး၍၊ ပေါ​လု​သည် လျှောက်​ရ​သော အ​ခွင့်​ကို​ရ​လျှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို တာ​ရှည်​စွာ​အုပ်​စိုး​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ၍၊ သာ​ယာ​သော​စိတ်​နှင့် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို လျှောက်​ဝံ့​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 11,
      "text": "အ​ကျွန်ုပ်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား၍၊ ယ​ခု တစ်​ဆယ်​နှစ်​ရက်​သာ​ရှိ​သည်​ကို ကိုယ်​တော်​သိ​နိုင်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 12,
      "text": "ဗိ​မာန်​တော်၌ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့် အ​ကျွန်ုပ် ဆွေး​နွေး​ငြင်း​ခုံ​သည်​ကို သူ​တို့​မ​တွေ့​ကြ​ပါ။ တ​ရား​ဇ​ရပ်​တို့၌​လည်း​ကောင်း၊ မြို့​ထဲ၌​လည်း​ကောင်း၊ လူ​များ​ကို မ​ငြိမ်​မ​သက်​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​နှိုး​ဆော်​သည်​ကို သူ​တို့​မ​တွေ့​ကြ​ပါ။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 13,
      "text": "ယ​ခု​တွင် အ​ကျွန်ုပ်​ကို အ​ပြစ်​တင်​သော​အ​မှု၌ သက်​သေ​မ​ပြ​နိုင်​ကြ​ပါ။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 14,
      "text": "သို့​သော်​လည်း ဒိ​ဌိ​အ​ယူ​ဟူ၍ သူ​တို့​ခေါ်​တတ်​သော ဘာ​သာ​အ​တိုင်း အ​ကျွန်ုပ်​သည် မိ​စဉ်​ဘ​ဆက်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သည်​ဟု ရှေ့​တော်၌ အ​ကျွန်ုပ်​ဝန်​ခံ​ပါ၏။ ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​တို့၌ စီ​ရင်​ရေး​ထား​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ယုံ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 15,
      "text": "ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ​ရှိ​သ​မျှ​တို့​သည် သေ​ခြင်း​မှ ထ​မြောက်​ကြ​လိမ့်​မည်​ဟူ၍၊ သူ​တို့​မျှော်​လင့်​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ မျှော်​လင့်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 16,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြီ၊ လူ​တို့​ကို ပြစ်​မှား​ပြီ​ဟု ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် အ​စဉ်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ကျွန်ုပ်​သည် ကြိုး​စား​အား​ထုတ်​ပါ၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 17,
      "text": "နှစ်​ပေါင်း​များ​စွာ​လွန်​သော​အ​ခါ၊ အ​မျိုး​သား​ချင်း​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​မှု၊ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​အ​မှု​နှင့် အ​ကျွန်ုပ်​ရောက်​လာ​သည်​တွင်၊-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 18,
      "text": "ဗိ​မာန်​တော်၌ လူ​အ​စု​အ​ဝေး​မ​ရှိ၊ ရုန်း​ရင်း​ခတ်​မျှ​မ​ပြု​ဘဲ၊ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်​ရှိ​သည်​ကို၊ အာ​ရှိ​ပြည်​က​လာ​သော ယု​ဒ​လူ အ​ချို့​တို့​သည် တွေ့​ကြ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 19,
      "text": "ထို​သူ​တို့​သည် အ​ကျွန်ုပ်၌​အ​ပြစ်​တင်​စ​ရာ​ရှိ​လျှင်၊ အ​ထံ​တော်​သို့​ကိုယ်​တိုင်​လာ၍ အ​ပြစ်​တင်​အပ်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 20,
      "text": "သို့​မ​ဟုတ် အ​ကျွန်ုပ်​သည် လွှတ်​အ​ရာ​ရှိ​တို့​ရှေ့​မှာ ရှိ​သော​အ​ခါ၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်၊-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 21,
      "text": "အ​ကျွန်ုပ်​သည် သင်​တို့​ရှေ့၌ ယ​နေ့​စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ၏​ဟု ကြွေး​ကြော်​သော စ​ကား​သံ​တစ်​ခွန်း​ကို​ထား​လျှင်၊ အ​ကျွန်ုပ်၌ အ​ဘယ်​အ​ပြစ်​ကို တွေ့​ကြ​သည်​ကို ယ​ခု​ရှိ​သော ဤ​သူ​တို့​သည် ပြော​ကြ​ပါ​စေ​ဟု ပေါ​လု လျှောက်၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 22,
      "text": "ဖေ​လဇ်​မင်း​က​လည်း၊ စစ်​သူ​ကြီး​လု​သိ ရောက်​လာ​သော​အ​ခါ၊ သင်​တို့​အ​မှု​ကို ငါ​စစ်​ဦး​မည်​ဟု ထို​ဘာ​သာ​ကို​သာ၍ နား​လည်​သော​သူ​ဖြစ်​လျက်၊ မ​စီ​ရင်​ဘဲ သူ​တို့​ကို လွှတ်​လိုက်၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 23,
      "text": "ပေါ​လု​ကို အ​ကျဉ်း​မ​ထား​ဘဲ စောင့်၍​နေ​စေ။ သူ၏​အ​ဆွေ​အ​မျိုး​တို့​သည် သူ့​ထံ​သို့​လာ၍ လုပ်​ကျွေး​ကြ​စေ​ဟု တပ်​မှူး​ကို​မှာ​ထား၏။"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 24,
      "text": "ထို​နောက်​များ​မ​ကြာ၊ ဖေ​လဇ်​မင်း​သည် ယု​ဒ​အ​မျိုး​ဖြစ်​သော မိ​မိ​ခင်​ပွန်း​ဒြု​သိ​လေ​နှင့်​တ​ကွ လာ​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော​စ​ကား​ကို နား​ထောင်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 25,
      "text": "ပေါ​လု​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း တ​ရား​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော စစ်​ကြော​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း ဟော​ပြော​လျှင်၊ ဖေ​လဇ်​မင်း​သည် ကြောက်​လန့်​ခြင်း​သို့ ရောက်၍၊ ယ​ခု​သွား​ဦး​လော့။ နောက်​မှ​အ​ဆင်​သင့်​သော​အ​ခါ ငါ​ခေါ်​ဦး​မည်​ဟု ဆို၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 26,
      "text": "ပေါ​လု​သည် မိ​မိ​လွတ်​ရ​အောင် ငွေ​ပေး​မည်​ဟု ထို​မင်း​သည်​ထင်​မှတ်​လျက်၊ မ​ကြာ​မ​ကြာ ပေါ​လု​ကို​ခေါ်၍ သူ​နှင့် စ​ကား​ပြော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 24,
      "verse": 27,
      "text": "နှစ်​နှစ်​စေ့​သော​အ​ခါ ပေါ​ကိ​ဖေ​တ္တု​သည် ဖေ​လဇ်​မင်း၏​အ​ရာ​ကို ရ​သ​ဖြင့်၊ ဖေ​လဇ်​မင်း​သည် ယု​ဒ​လူ​တို့​အား ကျေး​ဇူး​ပြု​လို​သော​စိတ်​နှင့် ပေါ​လု​ကို အ​ကျဉ်း​ထား​ရစ်​စေ၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 1,
      "text": "ဖေ​တ္တု​မင်း​သည် ထို​ပြည်​သို့​ရောက်၍ သုံး​ရက်​ရှိ​သော​အ​ခါ၊ ကဲ​သ​ရိ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 2,
      "text": "ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​သည်၊-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 3,
      "text": "ပေါ​လု​ကို သတ်​ခြင်း​ငှာ လမ်း​နား၌ ချောင်း၍ နေ​မည်​ဟု​အ​ကြံ​ရှိ​သည်​နှင့်၊ ပေါ​လု၏​အ​ကြောင်း​ကို ကြား​လျှောက်​တောင်း​ပန်၍၊ သူ့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 4,
      "text": "ဖေ​တ္တု​မင်း​က​လည်း၊ ပေါ​လု​သည် ကဲ​သ​ရိ​မြို့၌ အ​ချုပ်​ခံ​လျက်​နေ​ရ၏။ ထို​မြို့​သို့​များ​မ​ကြာ ငါ့​ကိုယ်​တိုင် သွား​မည်။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 5,
      "text": "သင်​တို့​သည် တတ်​နိုင်​သော​သူ​တို့​သည် ငါ​နှင့် အ​တူ​လိုက်၍၊ ထို​သူ၌​အ​ပြစ်​ရှိ​လျှင် အ​ပြစ်​တင်​ကြ​စေ​ဟု ပြော​ဆို၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 6,
      "text": "ထို​နောက် ဆယ်​ရက်​လောက်​နေ​ပြီး​မှ ကဲ​သ​ရိ​မြို့​သို့ သွား၍၊ နက်​ဖြန်​နေ့၌​တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ပေါ​လု​ကို​ခေါ်​ချေ​ဟု အ​မိန့်​ရှိ၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 7,
      "text": "ပေါ​လု​ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဝန်း​ရံ​လျက်၊ သက်​သေ​မ​ပြ​နိုင်​ဘဲ လေး​စွာ​သော​အ​ပြစ်​များ​တို့​ကို ပေါ​လု​အ​ပေါ်၌​တင်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 8,
      "text": "ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​တ​ရား​ကို မ​ပြစ်​မှား​ပါ။ ဗိ​မာန်​တော်​ကို မ​ပြစ်​မှား​ပါ။ ကဲ​သာ​ဘု​ရင်​ကို မ​ပြစ်​မှား​ပါ​ဟူ၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​လေ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 9,
      "text": "သို့​သော်​လည်း၊ ဖေ​တ္တု​မင်း​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊ ငါ့​ရှေ့​မှာ ဤ​အ​မှု​စီ​ရင်​ခြင်း​ကို ခံ​မည်​လော​ဟု ယု​ဒ​လူ​တို့​ကို ကျေး​ဇူး​ပြု​လို​သော စိတ်​ရှိ​လျက် ပေါ​လု​အား​မေး၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 10,
      "text": "ပေါ​လု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏ တ​ရား​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​ရပ်​ပါ၏။ ထို​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​အပ်​ပါ၏။ ကိုယ်​တော်​သည် အ​မှန်​သိ​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​တို့​ကို အ​လျှင်း​မ​ပြစ်​မှား​ပါ။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 11,
      "text": "အ​ကျွန်ုပ်​ပြစ်​မှား၍ သေ​ထိုက်​သော​အ​ပြစ်​ကို ပြု​မိ​သည်​မှန်​လျှင်၊ သေ​ဘေး​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။ ထို​သူ​တို့​တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ မ​မှန်​လျှင်၊ သူ​တို့​လက်​သို့ အ​ကျွန်ုပ်​ကို အ​ဘယ်​သူ​မျှ မ​စွန့်​မ​အပ်​ရ​ပါ။ ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို​ခံ​ပါ​မည်​ဟု လျှောက်​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 12,
      "text": "ထို​အ​ခါ ဖေ​တ္တု​မင်း​သည် တိုင်​ပင်​ဘက်​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊ သင်​သည် ကဲ​သာ​ဘု​ရင်၏​အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​ဆို​သ​လော။ ကဲ​သာ​ဘု​ရင်​ထံ​တော်​သို့ သွား​ရ​မည်​ဟု​ဆို၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 13,
      "text": "ထို​နောက်​များ​မ​ကြာ၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​သည် မိ​မိ​ခင်​ပွန်း​ဗေ​ရ​နိတ်​နှင့်​တ​ကွ ဖေ​တ္တု​မင်း​ကို​နှုတ်​ဆက်​ခြင်း​ငှာ ကဲ​သ​ရိ​မြို့​သို့ ရောက်​လာ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 14,
      "text": "အင်​တန်​ကာ​လ​နေ​ပြီး​မှ ဖေ​တ္တု​မင်း​သည် ပေါ​လု၏​အ​ကြောင်း​ကို မင်း​ကြီး​အား ကြား​ပြော​သည်​မှာ၊ ဖေ​လဇ်​မင်း​သည် အ​ကျဉ်း​ထား​ရစ်​စေ​သော လူ​တစ်​ယောက်​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 15,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ အ​ကျွန်ုပ်​ရှိ​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ယု​ဒ​အ​မျိုး​အ​ကြီး​အ​ကဲ​တို့​သည်၊ ထို​သူ၏​အ​ကြောင်း​ကို ကြား​လျှောက်၍ အ​ပြစ်​အ​လျောက် စီ​ရင်​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 16,
      "text": "ကျွန်ုပ်​က​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို ခံ​သော​သူ​သည် အ​ပြစ်​တင်​သော သူ​တို့​နှင့် မျက်​မှောက်​တွေ့၍၊ မိ​မိ၌​တင်​သော​အ​ပြစ်​ကို​ဖြေ​ရ​သော အ​ခွင့်​မ​ရှိ​မီ၊ အ​ဘယ်​သူ​ကို​မျှ အ​သေ​ခံ​စေ​ခြင်း​ငှာ မ​စွန့်​မ​အပ်​ရ​ဟု ရော​မ​ထုံး​စံ​ရှိ​ကြောင်း​ကို ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 17,
      "text": "ထို​သူ​တို့​သည် ဤ​မြို့​သို့​ရောက်​လာ​သော​အ​ခါ၊ ကျွန်ုပ်​သည် မ​ဆိုင်း​မ​လင့်​ဘဲ နက်​ဖြန်​နေ့၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ ထို​သူ​ကို​ခေါ်​စေ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 18,
      "text": "သူ့​ကို အ​မှု​လုပ်​သော သူ​တို့​သည် လာ​ကြ​လျှင်၊ ကျွန်ုပ်​အ​ထက်​က ထင်​မှတ်​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တင်​ဘဲ​လျက်၊ မိ​မိ​ဘာ​သာ​နှင့်​လည်း​ကောင်း၊ ယေ​ရှု​အ​မည်​ရှိ​သော၊-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 19,
      "text": "သေ​ပြီး​သော သူ​တစ်​ယောက်​နှင့်​လည်း​ကောင်း ယှဉ်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍ အ​ပြစ်​တင်​ကြ၏။ ထို​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ဆို​တတ်၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 20,
      "text": "ထို​ပု​စ္ဆာ​အ​မေး​ကို ကျွန်ုပ်​သည် မ​ကျွမ်း​သော​ကြောင့်၊ ပေါ​လု​အား​လည်း၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ဤ​အ​မှု​စီ​ရင်​ခြင်း​ကို ခံ​မည်​လော​ဟု​မေး​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 21,
      "text": "ပေါ​လု​သည် ဘုန်း​ကြီး​တော်​မူ​သော ဘု​ရင်၏​အ​ယူ​တော်​ကို ခံ​လို၍ မိ​မိ​ကို​ချုပ်​ထား​စေ​ခြင်း​ငှာ တောင်း​ပန်​သော​ကြောင့်၊ သူ့​ကို​ကဲ​သာ​ဘု​ရင်​ထံ​တော်​သို့ မ​စေ​လွှတ်​မီ​တိုင်​အောင် ချုပ်​ထား​စေ​ခြင်း​ငှာ ကျွန်ုပ်​စီ​ရင်​သည်​ဟု ဖေ​တ္တု​မင်း​သည် ပြော​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 22,
      "text": "အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ ထို​သူ၏​စ​ကား​ကို ကျွန်ုပ်​သည် ကိုယ်​တိုင်​နား​ထောင်​ချင်​ဖွယ်​ဖြစ်​သည်​ဟု ဆို​လျှင်၊ ဖေ​တ္တု​မင်း​က၊ နက်​ဖြန်​နေ့၌ သူ၏​စ​ကား​ကို နား​ထောင်​ပါ​လော့​ဟု ဆို၏။"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 23,
      "text": "နက်​ဖြန်​နေ့၌ အ​ဂြိ​ပ္ပ​မင်း​နှင့် ဗေ​ရ​နိတ်​တို့​သည် များ​စွာ​သော ဂုဏ်​အ​သ​ရေ​ကို ဆောင်​လျက်၊ စစ်​သူ​ကြီး​တို့​မှ​စ၍ ထို​မြို့၌​ထင်​ရှား​သော သူ​များ​တို့​နှင့်​တ​ကွ အိမ်​တော်​ဦး​သို့ ဝင်​ကြ​လျှင်၊ ဖေ​တ္တု​မင်း​သည်​ပေါ​လု​ကို ဆောင်​ခဲ့​စေ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 24,
      "text": "ဖေ​တ္တု​မင်း​က​လည်း၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​မှ​စ၍ ယ​ခု​ရှိ​သော​သူ အ​ပေါင်း​တို့၊ ဤ​သူ​ကို​ကြည့်​ကြ​ပါ​လော့။ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ဤ​မြို့၌​လည်း​ကောင်း ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် ဤ​သူ၏​အ​ကြောင်း​ကို ကျွန်ုပ်​အား​လျှောက်၍၊ သူ​သည် ခ​ဏ​မျှ​အ​သက်​မ​ရှင်​ထိုက်​ပါ​ဟု ဟစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 25,
      "text": "သူ​သည် သေ​ထိုက်​သော အ​ပြစ်​မ​ပြု​ကြောင်း​ကို ကျွန်ုပ်​သိ​မြင်၍​လည်း​ကောင်း၊ သူ​သည်​ဘုန်း​ကြီး​တော်​မူ​သော ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​ဆို၍​လည်း​ကောင်း၊ သူ့​ကို​အ​ထံ​တော်​သို့ စေ​လွှတ်​စေ​ခြင်း​ငှာ ကျွန်ုပ်​စီ​ရင်၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 26,
      "text": "သူ၏​အ​ကြောင်း​ကို ရေး​ထား၍၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပေး​လိုက်​စ​ရာ​ဖို့၊ သေ​ချာ​သော​အ​ကြောင်း တစ်​စုံ​တစ်​ခု​မျှ ကျွန်ုပ်၌​မ​ရှိ။ ထို​ကြောင့် သင်​တို့​သည် သူ့​ကို စစ်​ကြော​ပြီး​မှ၊ ကျွန်ုပ်​ရေး၍​ပေး​လိုက်​စ​ရာ အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့၌​လည်း​ကောင်း၊ အ​ဂြိ​ပ္ပ​မင်း​ကြီး၊ အ​ထူး​သ​ဖြင့် ကိုယ်​တော်​ရှေ့၌​လည်း​ကောင်း၊ သူ့​ကို​ကျွန်ုပ်​ထုတ်၍​ပြ၏။-"
    },
    {
      "book": 44,
      "chapter": 25,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ကျဉ်း​ခံ​သော​သူ​ကို အ​ပြစ်​မ​ပြ​ဘဲ စေ​လွှတ်​သော် မ​လျော်​မ​သင့်​ဖြစ်​မည်​ထင်​ပါ​သည် ဟု​ဆို၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 1,
      "text": "ထို​အ​ခါ အ​ဂြိ​ပ္ပ​မင်း​က၊ သင်​သည်​ကိုယ်​အ​ဖို့​အ​လို​ငှာ ပြော​ရ​သော​အ​ခွင့်​ရှိ​သည်​ဟု ပေါ​လု​အား​ဆို​လျှင်၊ ပေါ​လု​သည် လက်​ကို​ဆန့်၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ဤ​သို့​ပြော၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 2,
      "text": "အ​ဂြိ​ပ္ပ​မင်း​ကြီး၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 3,
      "text": "ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​သ​မျှ​သော​အ​ရာ​မှာ၊ ရှေ့​တော်၌ အ​ပြစ်​ဖြေ​စ​ရာ​စ​ကား​ကို ယ​နေ့​ပြော​ရ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က ကိုယ်​တော်​သည် ယု​ဒ​ထုံး​တမ်း၊ ပု​စ္ဆာ​အ​မေး​များ​ကို လေ့​ကျက်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​ထောက်၍ ကိုယ်၌​မင်္ဂ​လာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​မှတ်​ပါ၏။ ထို​ကြောင့် သည်း​ခံ​သော စိတ်​တော်​နှင့် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပါ၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 4,
      "text": "ယေ​ရု​ရှ​လင်​မြို့​တွင် ကိုယ်​အ​မျိုး​သား​ချင်း​တို့၏​အ​ထဲ၌ အ​ကျွန်ုပ်​နေ​သ​ဖြင့်၊ ငယ်​သော​အ​သက်​အ​ရွယ်​မှ​စ၍၊ အ​ကျွန်ုပ်၏​အ​နေ အ​ထိုင်​အ​ပြု​အ​မူ​များ​ကို ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​ကြ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 5,
      "text": "အ​ကျွန်ုပ်​သည် ယု​ဒ​ဘာ​သာ၌ အ​လွန်​ကျပ်​တည်း​စွာ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ၍၊ ဖာ​ရိ​ရှဲ​ဖြစ်​သည်​ကို ထို​သူ​တို့​သည် သက်​သေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင် ရှေ့​ဦး​စွာ​က​ပင် သိ​ကြ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​သည် ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​ကို​ထောက်၍ မျှော်​လင့်​ခြင်း တ​ရား​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် ယ​ခု​တွင် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 7,
      "text": "ယု​ဒ​လူ​တစ်​ဆယ်​နှစ်​မျိုး​တို့​သည် နေ့​ည​မ​ပြတ် ကြိုး​စား၍ ဘု​ရား​ဝတ်ကို​ပြု​သ​ဖြင့်၊ ထို​က​တိ​တော်​အ​တိုင်း ခံ​ရ​မည်​ဟု မျှော်​လင့်​ခြင်း​ရှိ​ကြ၏။ အို​အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ထို​မျှော်​လင့်​ခြင်း​တ​ရား​ကို အ​ကြောင်း​ပြု၍ ယု​ဒ​လူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှု​လုပ်​ကြ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 8,
      "text": "သေ​လွန်​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​မည်​ဟူ​သော အ​ယူ​ကို​မ​ယူ​အပ်​ဟု သင်​တို့​သည် အ​ဘယ်​ကြောင့် ထင်​ကြ​ပါ​သ​နည်း။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 9,
      "text": "နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 10,
      "text": "ယေ​ရု​ရှ​လင်​မြို့၌ ထို​အ​မှု​ကို ပြု​မိ​ပါ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ အ​ခွင့်​ရ​ပြီး​လျှင်၊ သန့်​ရှင်း​သူ​အ​များ​တို့​ကို ထောင်​ထဲ​မှာ လှောင်​ထား​ပါ၏။ သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သော​အ​ခါ အ​ကျွန်ုပ်​သည် ဝန်​ခံ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 11,
      "text": "ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို နှုတ်​ဖြင့် ပြစ်​မှား​စေ​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် အ​နိုင်​အ​ထက်​ပြု၍၊ ခပ်​သိမ်း​သော​တ​ရား​ဇ​ရပ်​တို့၌ ကြိမ်​ဖန်​များ​စွာ ဒဏ်​ပေး​ပါ၏။ ပြင်း​စွာ​သော အ​မျက်​ဒေါ​သ​နှင့် ယစ်​မူး​သ​ဖြင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​တိုင်​အောင် သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ပါ၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 12,
      "text": "ထို​သို့​ပြု၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ပေး​သော အ​ခွင့်​အ​ရာ​နှင့် အ​ကျွန်ုပ်​သည် ဒ​မာ​သက်​မြို့​သို့ သွား​စဉ်​တွင်၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 13,
      "text": "နေ၏​အ​ရောင်​ထက်​မ​က​သော အ​လင်း​သည် အ​ကျွန်ုပ်​မှ​စ၍ အ​ကျွန်ုပ်​နှင့်​အ​တူ သွား​သော​သူ​များ ပတ်​လည်၌ ကောင်း​ကင်​ထဲ​က ထွန်း​တောက်​သည်​ကို၊ မွန်း​တည့်​အ​ချိန်​တွင် လမ်း​ထဲ​မှာ အ​ကျွန်ုပ်​မြင်​ရ​ပါ​သည်။ အ​ရှင်​မင်း​ကြီး။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 14,
      "text": "အ​ကျွန်ုပ်​နှင့် ထို​သူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်​မှာ လဲ၍​နေ​ကြ​စဉ်၊ ရှော​လု၊ ရှော​လု၊ ငါ့​ကို​အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို ခြေ​နှင့် ကျောက်​လျှင် ခက်​လှ​သည်​ဟု ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သော စ​ကား​သံ​ကို အ​ကျွန်ုပ်​ကြား​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 15,
      "text": "သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ဖြစ်​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 16,
      "text": "သို့​သော်​လည်း၊ ထ၍​မတ်​တတ်​နေ​လော့။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 17,
      "text": "ငါ​သည်​ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​မှ သင့်​ကို​ကယ်​လွှတ်၍၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 18,
      "text": "သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 19,
      "text": "အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကောင်း​ကင်​က​ဖြစ်​သော ထို​ဗျာ​ဒိတ်​တော်​ကို အ​ကျွန်ုပ်​သည် နား​မ​ထောင်​ဘဲ မ​နေ​ရ​ပါ။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 20,
      "text": "လူ​တို့​သည် နောင်​တ​ရ​ရ​မည်။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော အ​ကျင့်​ကို ကျင့်​ရ​မည်။ ဘု​ရား​သ​ခင် အ​ထံ​တော်​သို့ ပြောင်း​လဲ​ရ​မည်​ဟူ၍ ဒ​မာ​သက်​မြို့၌ ရှေ့​ဦး​စွာ ဟော​ပြော​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်၌​နေ​သော သူ​တို့​အား​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 21,
      "text": "ထို​အ​ကြောင်း​များ​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ အ​ကျွန်ုပ်​ကို​ဖမ်း​ဆီး၍ ကွပ်​မျက်​ခြင်း​ငှာ အား​ထုတ်​ကြ​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 22,
      "text": "သို့​ရာ​တွင် ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ခံ​ရ၍၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 23,
      "text": "ယ​ခု​တိုင်​အောင် ရှိ​နေ​ရ​ပါ၏။ ခ​ရစ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ သေ​ခြင်း​မှ အ​ဦး​ဆုံး​ထ​မြောက်၍ ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​လင်း​ကို​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​မှ​စ​သော ပ​ရော​ဖက်​များ​တို့ ဟော​ပြော​သော​စ​ကား​ထက် အ​ကျွန်ုပ်​သည် မ​လွန်​ဘဲ၊ လူ​အ​ကြီး​အ​ငယ်​တို့​အား သက်​သေ​ခံ၍ နေ​ပါ​သည်​ဟု လျှောက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 24,
      "text": "ထို​သို့​ပေါ​လု​သည် အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လျှောက်​သော​အ​ခါ၊ ဖေ​တ္တု​မင်း​က၊ ပေါ​လု၊ သင်​သည် သူ​ရူး​ဖြစ်၏။ သိ​ပ္ပံ​အ​တတ်​များ​ကို​သင်၍ သူ​ရူး​အ​ဖြစ်​သို့​ရောက်​ခဲ့​ပြီ​ဟု ကြီး​သော အ​သံ​နှင့်​ဆို၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 25,
      "text": "ပေါ​လု​က​လည်း၊ မြတ်​တော်​မူ​သော​ဖေ​တ္တု​မင်း၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ သ​မ္မာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကောင်း​သော​စိတ်​နှင့်​လည်း​ကောင်း၊ ယှဉ်​သော​စ​ကား​ကို ပြော​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 26,
      "text": "ဤ​အ​ရာ​များ​ကို အ​ဂြိ​ပ္ပ​မင်း​ကြီး သိ​တော်​မူ၏။ ထို​မင်း​ရှေ့​တော်၌ အ​ကျွန်ုပ်​အ​တည့်​အ​လင်း လျှောက်​ဝံ့​ပါ၏။ ဤ​အ​မှုအ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မင်း​ကြီး​မ​သိ​ဘဲ နေ​တော်​မ​မူ​ဟု အ​ကျွန်ုပ်​ထင်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဤ​အ​မှု​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ပြု​သော​အ​မှု မ​ဟုတ်​ပါ။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 27,
      "text": "အို အ​ဂြိ​ပ္ပ​မင်း​ကြီး၊ ကိုယ်​တော်​သည် အ​နာ​ဂ​တ္တိ​ကျမ်း​စာ​ကို ယုံ​တော်​မူ​သ​လော။ ယုံ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ​သည်​ဟု လျှောက်၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 28,
      "text": "အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ သင်​သည် ဖြား​ယောင်း​သွေး​ဆောင်​သော​အား​ဖြင့်၊ ငါ​သည်​ခ​ရစ်​ယာန်​ဖြစ်​လု​ပြီ​ဟု ပေါ​လု​အား ပြော​ဆို​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 29,
      "text": "ပေါ​လု​က၊ ကိုယ်​တော်​မှ​စ၍ ယ​နေ့​တွင် အ​ကျွန်ုပ်၏​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်၊ ဤ​သံ​ကြိုး​ကို​ထား၍ အ​ကျွန်ုပ်​ကဲ့​သို့​သော​သူ ဖြစ်​လု​သည်​သာ​မ​က လုံး​လုံး​ဖြစ်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ် ဆု​တောင်း​ပါ​သည်​ဟု လျှောက်​လေ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 30,
      "text": "ထို​အ​ခါ မင်း​ကြီး​နှင့် ဗေ​ရ​နိတ်​သည် ထ၍ မြို့​ဝန်​မင်း​မှ​စ​သော အ​ပေါင်း​အ​ဖော်​များ​တို့​နှင့်​တ​ကွ၊-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 31,
      "text": "အ​ခြား​သို့​သွား​ပြီ​လျှင်၊ ဤ​သူ​သည် အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း ခံ​ထိုက်​သော​အ​မှု​ကို မ​ပြု​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 26,
      "verse": 32,
      "text": "အ​ဂြိ​ပ္ပ​မင်း​က​လည်း၊ ဤ​သူ​သည် ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​မ​ဆို​မိ​လျှင် လွှတ်​သင့်​သည်​ဟု ဖေ​တ္တု​မင်း​အား​ဆို၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 1,
      "text": "ထို​အ​ခါ​ငါ​တို့​သည် ဣ​တ​လိ​ပြည်​သို့​သင်္ဘော​နှင့် ကူး​ရ​မည့်​အ​ကြောင်း​ကို စီ​ရင်​ပြီး​မှ၊ ယု​လိ​အ​မည်​ရှိ​သော ဩ​ဂု​တ္တု​တပ်​နှင့်​ဆိုင်​သော တပ်​မှူး၌ ပေါ​လု​မှ​စ၍ အ​ကျဉ်း​ခံ​သော​အ​ခြား​သူ​တို့​ကို အပ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 2,
      "text": "အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 3,
      "text": "နက်​ဖြန်​နေ့​တွင် ဇိ​ဒုန်​မြို့၌​ဆိုက်​ကြ​ပြီး​လျှင်၊ ပေါ​လု​သည် မိ​မိ​အ​ဆွေ​ခင်​ပွန်း​တို့​ထံ​သို့​သွား၍ သူ​တို့၏​လုပ်​ကျွေး​ပြု​စု​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယု​လိ​သည် ကျေး​ဇူး​ပြု၍ အ​ခွင့်​ပေး​လေ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 4,
      "text": "ထို​မြို့​မှ​ထွက်၍ လေ​မ​သင့်​သော​ကြောင့်၊ ကု​ပ​ရု​ကျွန်း​မြောက်​ဘက်​နား​သို့​လျှောက်​သွား​သ​ဖြင့် ကိ​လိ​ကိ​ပြည်၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 5,
      "text": "ပမ်​ဖု​လိ​ပြည်​နှင့် စပ်​သော​ပင်​လယ်​ကို​ကူး၍၊ လု​ကိ​ပြည်၊ မု​ရ​မြို့​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 6,
      "text": "ထို​မြို့၌ ဣ​တ​လိ​ပြည်​သို့ ကူး​သော အာ​လေ​ဇ​န္ဒြိ သင်္ဘော​ကို တပ်​မှူး​သည်​တွေ့၍၊ ထို​သင်္ဘော​ထဲ​သို့ ငါ​တို့​ကို သွင်း​ထား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 7,
      "text": "နှေး​နှေး​သာ​သွား၍ နေ့​ရက်​ကာ​လ​ကြာ​သော​အ​ခါ၊ ပင်​ပန်း​စွာ ကြိုး​စား၍ က​နိဒ်​မြို့​နှင့်​တည့်​တည့်​ရောက်​ပြီး​မှ၊ လေ​မ​သင့်​သော​ကြောင့် က​ရေ​တေ​ကျွန်း အ​ရှေ့​ဘက်၊ သာ​လ​မုန်​အ​ငူ​နှင့်​တည့်​တည့်​သို့ ပင်​ပန်း​စွာ လျှောက်​သွား၍၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 8,
      "text": "လာ​သဲ​မြို့​နှင့်​အ​နီး၊ ကာ​လု​လိ​မင်း​အ​မည်​ရှိ​သော အ​ရပ်​သို့ ရောက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 9,
      "text": "ကာ​လ​ကြာ​သည်​ရှိ​သော်၊ ကြီး​စွာ​သော​ဥ​ပုသ်​နေ့​လွန်၍ ပင်​လယ်​မ​ကူး​သင့်​သော လ​ဥ​တု​အ​ချိန်​ဖြစ်​သည်​ကို ပေါ​လု​သည် ထောက်၍၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 10,
      "text": "အ​ချင်း​လူ​တို့၊ ယ​ခု​မှာ​ပင်​လယ်​ကူး​လျှင် သင်္ဘော​နှင့်​ကုန်​များ​တို့​သည် ဆုံး​ရှုံး​သည်​သာ​မ​က၊ ငါ​တို့ အ​သက်​ပျက်​စီး​ရာ​သော ဘေး​အ​န္တ​ရာယ်​ရောက်​မည်​ကို ငါ​ထင်​မြင်​သည်​ဟု သ​တိ​ပေး၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 11,
      "text": "သို့​သော်​လည်း၊ တပ်​မှူး​သည် ပေါ​လု​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ တက်​မ​ကိုင်​စ​ကား​နှင့် သင်္ဘော​သူ​ကြီး စ​ကား​ကို နား​ထောင်၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 12,
      "text": "ထို​မြို့​ဆိပ်၌ ဆောင်း​ကာ​လ​ပတ်​လုံး မ​နေ​သင့်​သော​ကြောင့် တစ်​ဖန်​လွှတ်​ပြန်၍ ဖိ​နိတ်​မြို့​ဆိပ်​သို့​မီ​နိုင်​လျှင်၊ ထို​ဆိပ်၌ ဆောင်း​ကာ​လ​ကို လွန်​စေ​သော် သာ၍​ကောင်း​မည်​ဟု လူ​အ​များ​တို့​သည် ဆို​ကြ၏။ ဖိ​နိတ်​ဆိပ်​ကား က​ရေ​တေ​ကျွန်း၌ ရှိ၏။ အ​နောက်​မြောက်​သို့​လည်း​ကောင်း၊ အ​နောက်​တောင်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 13,
      "text": "တောင်​လေ​သည် ဖြည်း​ညင်း​စွာ​လာ​သော​အ​ခါ၊ ယ​ခု​မီ​နိုင်​သည်​ဟု စိတ်​ထင်​နှင့်​လွှင့်၍၊ က​ရေ​တေ​ကျွန်း​နား​သို့ လျှောက်​သွား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 14,
      "text": "ကာ​လ​မ​ကြာ​မ​မြင့်​မီ ဥ​ရု​က​လု​ဒုန် အ​မည်​ရှိ​သော လေ​ပြင်း​မုန်​တိုင်း​သည် သင်္ဘော​ကို တိုက်၍၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 15,
      "text": "တစ်​ဟုန်​တည်း ဆောင်​သွား​သ​ဖြင့်၊ သင်္ဘော​သည် ထို​လေ​ကို​မ​ခံ​နိုင်​သော​ကြောင့်၊ ငါ​တို့​သည် အား​လျော့၍ လေ​တိုက်​ရာ​သို့ ပါ​လွင့်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 16,
      "text": "က​လော​ဒေ​ကျွန်း​နား​မှာ ပြေး​စဉ်​တွင်၊ သ​မ္ဗန်​ကို မ​ပျက်​စေ​ခြင်း​ငှာ ပင်​ပန်း​စွာ ကြိုး​စား၍၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 17,
      "text": "သင်္ဘော​ပေါ်​သို့ တင်​ပြီး​လျှင်၊ သင်္ဘော​ကို​ခိုင်​ခံ့​စေ​ခြင်း​ငှာ ကြိုး​နှင့်​ပတ်​စည်း​ကြ၏။ သောင်​ပေါ်​မှာ တင်​မည်​ကို​လည်း စိုး​ရိမ်​သော​ကြောင့် ရွက်​ကို​သိမ်း​သ​ဖြင့် လေ​တိုက်​ရာ​သို့​ပါ​လွင့်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 18,
      "text": "လှိုင်း​ထ​အား​ကြီး​သော​ကြောင့် အ​လွန်​တုန်​လှုပ်၍၊ နက်​ဖြန်​နေ့၌ ဝန်​ကို​ထုတ်​ပစ်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 19,
      "text": "သုံး​ရက်​မြောက်​သော​နေ့၌ သင်္ဘော​တန်​ဆာ​များ​ကို ကိုယ်​လက်​နှင့် ကိုင်​ယူ၍ ပစ်​လိုက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 20,
      "text": "နေ၊ လ၊ ကြယ်​န​က္ခတ်​တို့​ကို တာ​ရှည်​စွာ မ​မြင်​ရ၍ မိုး​သက်​မုန်​တိုင်း အား​ကြီး​သေး​သ​ဖြင့်၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​စ​ရာ​အ​ခွင့် အ​လျှင်း​မ​ရှိ။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 21,
      "text": "အ​စာ​ကို​မ​စား​ဘဲ ကြာ​မြင့်​စွာ နေ​ကြ​ပြီး​မှ၊ ပေါ​လု​သည် ထို​သူ​တို့၏ အ​လယ်၌​ထ၍၊ အ​ချင်း​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်၍ က​ရေ​တေ​ကျွန်း​မှ မ​လွှင့်​ဘဲ​နေ​လျှင် ဤ​ပျက်​စီး​ဆုံး​ရှုံး​ခြင်း​နှင့် ကင်း​လွတ်​ရ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 22,
      "text": "ယ​ခု​တွင် စိတ်​သက်​သာ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်္ဘော​ဆုံး​ခြင်း​မှ​တစ်​ပါး သင်​တို့​တွင် အ​ဘယ်​သူ​မျှ အ​သက်​မ​ဆုံး​ရ၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 23,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ့​ကို​ပိုင်​တော်​မူ၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ယ​နေ့​ည​တွင် ငါ့​အ​နား​မှာ ပေါ်​လာ​လျက်၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 24,
      "text": "ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 25,
      "text": "ထို​ကြောင့် အ​ချင်း​လူ​တို့ သက်​သာ​ခြင်း ရှိ​ကြ​လော့။ ငါ့​အား မိန့်​တော်​မူ​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်​ဟု ငါ​သည်​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ယုံ​ခြင်း​ရှိ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 26,
      "text": "သို့​သော်​လည်း တစ်​စုံ​တစ်​ခု​သော​ကျွန်း​ပေါ်​မှာ သင်္ဘော​တင်၍ ပျက်​ရ​မည်​ဟု ပေါ​လု​ဆို၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 27,
      "text": "တစ်​ဆယ်​လေး​ရက်​မြောက်​သော​နေ့ ည​ရောက်​သော​အ​ခါ၊ ငါ​တို့​သည် အာ​ဒြိ​ပင်​လယ်​တွင် အ​ရပ်​လေး​မျက်​နှာ​သို့ လူး​လာ​သွား​ကြ​စဉ်၊ သန်း​ခေါင်​အ​ချိန်၌ တစ်​စုံ​တစ်​ခု​သော ကမ်း​အ​နီး​သို့ ရောက်​လု​သည်​ဟု သင်္ဘော​သား​တို့​သည် ထင်​မှတ်​သ​ဖြင့်၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 28,
      "text": "ရေ​ကို​စမ်း​လျှင် အ​လံ​နှစ်​ဆယ်​ရှိ​သည်​ကို တွေ့​ကြ၏။ ထို​မှ စိုး​စည်း​လွန်​ပြန်​လျှင်၊ တစ်​ဖန်​ရေ​ကို​စမ်း၍ တစ်​ဆယ်​ငါး​လံ​ရှိ​သည်​ကို တွေ့​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 29,
      "text": "ကျောက်​ကို တိုက်​မိ​မည်​စိုး​ရိမ်​သော​ကြောင့် သင်္ဘော​ပဲ့​မှ ကျောက်​ဆူး​လေး​လက်​ကို​ချ၍ မိုး​လင်း​ပါ​စေ​ဟု ဆု​တောင်း​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 30,
      "text": "သင်္ဘော​သား​တို့​သည် သင်္ဘော​ကို စွန့်​သွား​မည်​ဟု အ​ကြံ​ရှိ​သည်​နှင့် သင်္ဘော​ဦး​သို့​သွား၍ ကျောက်​ဆူး ချ​ဟန်​ပြု​လျက် သ​မ္ဗန်​ကို​လျှော့​စဉ်​တွင်၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 31,
      "text": "ပေါ​လု​က၊ ဤ​သူ​တို့​သည် သင်္ဘော​ပေါ်၌ မ​နေ​လျှင် သင်​တို့​သည် ချမ်း​သာ​မ​ရ​နိုင်​ကြ​ဟု တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​အား ဆို၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 32,
      "text": "ထို​အ​ခါ စစ်​သူ​ရဲ​တို့​သည် သ​မ္ဗန်​ကြိုး​ကို ခုတ်​ဖြတ်၍ ချ​လိုက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 33,
      "text": "မိုး​လင်း​လု​သော​အ​ခါ အ​စာ​ကို​စား​စေ​ခြင်း​ငှာ ပေါ​လု​သည် လူ​အ​ပေါင်း​တို့​ကို​တိုက်​တွန်း​လျက်၊ သင်​တို့​သည် တစ်​ဆယ်​လေး​ရက်​ပတ်​လုံး မျှော်​လင့်၍ ယ​နေ့​တိုင်​အောင် အ​စာ​မ​စား​ဘဲ ငတ်​မွတ်​လျက်​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 34,
      "text": "ထို​ကြောင့် အ​စာ​စား​ကြ​လော့။ စား​လျှင် ချမ်း​သာ​ရ​ခြင်း​အ​ကြောင်း ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 35,
      "text": "သင်​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ​ဟု​ဆို​ပြီး​လျှင်၊ ပေါ​လု​သည် မုန့်​ကို​ယူ၍ ထို​သူ​များ​ရှေ့၌ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ စား​လေ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 36,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည်​လည်း စိတ်​သက်​သာ​ခြင်း​ရှိ၍ အ​စာ​ကို စား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 37,
      "text": "ထို​သင်္ဘော၌ ပါ​သော​သူ​များ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ရာ​ခု​နစ်​ကျိပ်​ခြောက်​ယောက် ရှိ​သ​တည်း။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 38,
      "text": "ဝ​စွာ​စား​ပြီး​မှ ဆန်​စ​ပါး​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ၍ သင်္ဘော​ကို ပေါ့​စေ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 39,
      "text": "မိုး​လင်း​သော​အ​ခါ ထို​အ​ရပ်​ကို မ​သိ​သော်​လည်း၊ ထောင့်​ကွေ့​တစ်​ခု၌ သင်္ဘော​ဆိပ်​ရှိ​သည်​ကို မြင်​သော​ကြောင့်၊ သင်္ဘော​ကို အ​ထဲ​သို့​သွင်း​နိုင်​လျှင် သွင်း​မည်​ဟု အ​ကြံ​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 40,
      "text": "ကျောက်​ဆူး​တို့​ကို လွှတ်၍ ပင်​လယ်​ထဲ​သို့ ချ​လိုက်​ပြီး​မှ တက်​မ​တို့​ကို ဆိုင်း​သော​ကြိုး​များ​ကို ဖြည်၍၊ ရွက်​ကို​လေ၌ ဖြန့်​ဖွင့်​လျက် ကမ်း​နား​သို့ တိုက်​သွား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 41,
      "text": "ရေ​ဆိုင်​ရာ​သို့​ရောက်​လျှင်၊ သင်္ဘော​ကို သောင်​ပေါ်​မှာ တင်​စေ၍ ဦး​မ​လှုပ်​ဘဲ​နေ​သ​ဖြင့် ပဲ့​ကို​လှိုင်း​တံ​ပိုး ရိုက်​သော​ကြောင့် ကျိုး၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 42,
      "text": "ထို​အ​ခါ အ​ကျဉ်း​ခံ​သော​သူ​တို့​သည် ကုန်း​သို့​ကူး၍ ပြေး​မည်​ကို စိုး​ရိမ်​သော​ကြောင့် စစ်​သူ​ရဲ​တို့​သည် သတ်​မည်​ဟု​အ​ကြံ​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 43,
      "text": "တပ်​မှူး​သည်​ပေါ​လု​ကို ချမ်း​သာ​စေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့၏​အ​ကြံ​ကို​မြစ်​တား၍၊ ကူး​နိုင်​သော သူ​တို့​သည် အ​ရင်​ဆင်း၍ ကုန်း​သို့ သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 44,
      "chapter": 27,
      "verse": 44,
      "text": "ကြွင်း​သော​သူ​တို့​သည် ပျဉ်​ပြား​မှ​စ၍ သင်္ဘော​တန်​ဆာ​များ​ကို စီး​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​လေ၏။ ထို​သို့ လူ​အ​ပေါင်း​တို့​သည် ဘေး​နှင့် လွတ်၍ ကုန်း​ပေါ်​သို့ ရောက်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 1,
      "text": "ကုန်း​ပေါ်​သို့ ရောက်​သော​အ​ခါ၊ ထို​ကျွန်း​ကား မေ​လိ​တေ​ကျွန်း​ဖြစ်​သည်​ကို သိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 2,
      "text": "မိုး​ရွာ၍ ချမ်း​သော​ကြောင့် လူ​ရိုင်း​တို့​သည် မီးမွှေး​ပြီး​လျှင်၊ ငါ​တို့​အ​ပေါင်း​ကို လက်​ခံ၍ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 3,
      "text": "ပေါ​လု​သည် ထင်း​ကို​စု​သိမ်း၍ မီး​ပေါ်​မှာ ထည့်​စဉ်​တွင်၊ မြွေ​ဆိုး​သည် မီး​ငွေ့​ထဲ​က​ထွက်၍ ပေါ​လု၏​လက်​ကို တွယ်​လျက်​နေ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 4,
      "text": "ထို​လူ​ရိုင်း​တို့​သည် မြင်​လျှင်၊ ဤ​လူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ အ​မှန်​ဖြစ်၏။ ပင်​လယ်​ဘေး​မှ လွတ်​သော်​လည်း၊ အ​သက်​ရှင်​စေ​ခြင်း​ငှာ တ​ရား​သည် အ​ခွင့်​မ​ပေး​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 5,
      "text": "ပေါ​လု​သည်​မြွေ​ကို မီး​ထဲ​သို့​ခါ​ချ၍ အ​ဘယ် ဘေး​မျှ​မ​သင့်။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 6,
      "text": "သူ​သည် တစ်​ကိုယ်​လုံး​ရောင်​မည်၊ တစ်​ခ​ဏ​ချင်း​တွင် လဲ၍​သေ​မည်​ဟု ထို​သူ​တို့​သည်​ကြာ​မြင့်​စွာ ငံ့​လင့်​သော်​လည်း၊ သူ၌​မ​ကောင်း​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​မြင်​လျှင် သ​ဘော​ပြောင်း​လဲ၍ ဤ​သူ​ကား နတ်​ဘု​ရား​ဖြစ်​သည်​ဟု ဆို​ကြ၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 7,
      "text": "ထို​အ​ရပ်​နှင့် မ​နီး​မ​ဝေး ပု​ဗ​လိ​အ​မည်​ရှိ​သော ကျွန်း​သူ​ကြီး၏ နေ​ရာ​ရှိ၏။ ထို​သူ​ကြီး​သည် ငါ​တို့​ကို​လက်​ခံ၍၊ သုံး​ရက်​ပတ်​လုံး ကောင်း​မွန်​စွာ လုပ်​ကျွေး​ပြု​စု​လေ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 8,
      "text": "ပု​ဗ​လိ​မင်း၏​အ​ဘ​သည် ဖျား​နာ​နှင့် ဝမ်း​ကျ​သွေး​သွန်​နာ​စွဲ၍၊ တုံး​လုံး​နေ​သည်​ကို ပေါ​လု​ဝင်၍ ဆု​တောင်း​ပြီး​မှ၊ သူ့​အ​ပေါ်၌ လက်​တင်၍ အ​နာ​ကို​ငြိမ်း​စေ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 9,
      "text": "ဤ​သို့​ပြု​သော​ကြောင့်၊ ထို​ကျွန်း၌ အ​နာ​ရော​ဂါ​စွဲ​သော အ​ခြား​သူ​ရှိ​သ​မျှ​တို့​သည် လာ၍ ချမ်း​သာ​ခြင်း​ကို ရ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 10,
      "text": "ထို​သူ​တို့​သည် များ​စွာ​သော လက်​ဆောင်​တို့​ကို ပေး၍၊ ငါ​တို့​သည် လွှင့်​ပြန်​သော​အ​ခါ၊ ရိ​က္ခာ​များ​ကို​လည်း သင်္ဘော​ပေါ်​သို့ တင်​ကြ၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 11,
      "text": "သုံး​လ​လွန်​လျှင်၊ နတ်​သား​အ​မြွှာ​တို့၏ ရုပ်​တု​ပါ​သော ထို​ကျွန်း၌ ဆောင်း​ကာ​လ​ပတ်​လုံး​နေ​ခဲ့​ဖူး​သော အာ​လေ​ဇ​န္ဒြိ​သင်္ဘော​ကို ငါ​တို့​သည် စီး​ပြန်၍၊-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 12,
      "text": "သု​ရ​ကုတ်​မြို့​သို့​ဆိုက်​လျှင် သုံး​ရက်​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 13,
      "text": "ထို​မြို့​မှ​လွှင့်​ပြန်၍ ဝိုက်​သွား​သ​ဖြင့်၊ ရေ​ဂျုန်​မြို့ သို့​ရောက်၍ တစ်​ရက်​နေ​ပြီး​မှ တောင်​လေ​လာ​သော​ကြောင့်၊ နှစ်​ရက်​တွင်​ပေါ​တ​ယော​လိ​မြို့​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 14,
      "text": "ထို​မြို့၌ ညီ​အစ်​ကို​အ​ချို့​တို့​ကို​တွေ့၍ ခု​နစ်​ရက်​နေ​ကြ​ပါ​ဟု သူ​တို့​သည်​တောင်း​ပန်​သည်​အ​တိုင်း နေ​ပြီး​မှ၊ ရော​မ​မြို့​သို့ ခ​ရီး​သွား​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 15,
      "text": "ရော​မ​မြို့​သား​ညီ​အစ်​ကို​တို့​သည် ငါ​တို့​လာ​ကြောင်း​ကို ကြား​သိ​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ အ​ချို့​တို့​သည် အ​ပ္ပိ​ဈေး​တိုင်​အောင်​လည်း​ကောင်း၊ အ​ချို့​တို့​သည် သုံး​ဇ​ရပ်​တိုင်​အောင်​လည်း​ကောင်း လာ​ကြ၏။ ပေါ​လု​သည် ထို​သူ​တို့​ကို မြင်​လျှင်၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ စိတ်​သက်​သာ​ခြင်း​သို့ ရောက်​လေ၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 16,
      "text": "ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ တပ်​မှူး​သည် အ​ကျဉ်း​ခံ​သော​သူ​တို့​ကို ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ​သော်၊ ပေါ​လု​သည် မိ​မိ​ကို​စောင့်​သော စစ်​သူ​ရဲ​တစ်​ယောက်​နှင့်​အ​တူ မိ​မိ​အ​လို​အ​လျောက်​နေ​ရ​သော အ​ခွင့်​ကို​ရ၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 17,
      "text": "သုံး​ရက်​လွန်​သော​အ​ခါ၊ ပေါ​လု​သည် ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​ကို ခေါ်၍​စု​ဝေး​စေ​ပြီး​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​မျိုး​ကို မ​ပြစ်​မှား၊ မိ​စဉ်​ဘ​ဆက် ကျင့်​သော​ထုံး​တမ်း​ကို မ​ပယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို အ​ကျဉ်း​ထား၍ ရော​မ​လူ​တို့​လက်​သို့ အပ်​လိုက်​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 18,
      "text": "ရော​မ​လူ​တို့​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော​ပြီး​မှ၊ သေ​ထိုက်​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သ​ဖြင့် လွှတ်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 19,
      "text": "ထို​အ​လို​ကို ယု​ဒ​လူ​တို့​သည် ဆီး​တား​သော​အ​ခါ၊ ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ခံ​ပါ​မည်​ဟု အ​ကျွန်ုပ်​ဆို​ရ၏။ ထို​သို့​ဆို​သော် အ​မျိုး​သား​ချင်း​တို့​ကို အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သော​ကြောင့် ဆို​သည်​မ​ဟုတ်။ ထို​ကြောင့် သင်​တို့​ကို​မြင်၍ နှုတ်​ဆက်​ခြင်း​ငှာ အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 20,
      "text": "ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 21,
      "text": "ထို​သူ​တို့​က၊ သင်၏​အ​ကြောင်း​ကို ကြား​လိုက်​သော​စာ​ကို ယု​ဒ​ပြည်​မှ အ​ကျွန်ုပ်​တို့​မ​ရ​ကြ။ ထို​ပြည်​မှ​လာ​သော ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ​မျှ သင်၌ အ​ပြစ်​ရှိ​ကြောင်း​ကို မ​ကြား​မ​ပြော​ပါ။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 22,
      "text": "သို့​သော်​လည်း ဤ​ဘာ​သာ​သည် အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​အ​ပြစ်​တင်​ခြင်း​ကို​ခံ​ရ​သော ဘာ​သာ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​သည်​ဖြစ်၍ သင်၏​အ​ယူ​ဝါ​ဒ​ကို သင်​သည် ကိုယ်​တိုင်​ဖော်​ပြ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​ထောင်​သင့်​သည်​ထင်​ပါ၏​ဟု ဆို​ကြ​လျှင်၊-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 23,
      "text": "နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 24,
      "text": "အ​ချို့​တို့​သည် ပေါ​လု၏​စ​ကား​ကို ယုံ​ကြ၏။ အ​ချို့​တို့​သည် မ​ယုံ​ဘဲ​နေ​ကြ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 25,
      "text": "ထို​သို့ အ​ချင်း​ချင်း​သ​ဘော​ကွဲ​ပြား၍ သွား​ကြ၏။ သွား​ကြ​စဉ်​တွင် ပေါ​လု​သည် စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​သည်​မှာ၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက် ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 26,
      "text": "သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား၍​ပြော​လော့။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 27,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင် သူ​တို့၏ စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏​ဟု ငါ​တို့​ဘိုး​ဘေး​များ​အား လျောက်​ပတ်​စွာ မိန့်​တော်​မူ၏။-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 28,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ပေး​လိုက်​သည်​ဖြစ်၍၊ သူ​တို့​သည်​နား​ထောင်​မည်​အ​ရာ​ကို သင်​တို့ သိ​မှတ်​ကြ​လော့​ဟု၊-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 29,
      "text": "ပေါ​လု​ပြော​ဆို​ပြီး​မှ၊ ယု​ဒ​လူ​တို့​သည် သွား၍ အ​ချင်း​ချင်း​များ​စွာ​သော ဆွေး​နွေး​နှီး​နှော​ခြင်း ရှိ​ကြ၏။"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 30,
      "text": "ထို​နောက်​မှ ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​သော အိမ်၌​နေ​သ​ဖြင့်၊ မိ​မိ​ထံ​သို့​လာ​သော သူ​အ​ပေါင်း​တို့​ကို ဧည့်​ခံ၍၊-"
    },
    {
      "book": 44,
      "chapter": 28,
      "verse": 31,
      "text": "အ​ဘယ်​သူ​မျှ​မ​မြစ်​တား​ဘဲ၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို အ​တည့်​အ​လင်း​ဟော​ပြော၍၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ကြောင်း​များ​ကို သွန်​သင်​ပြ​သ​လျက်​နေ၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​ထား​သော​တ​မန်​တော်​ဝ​တ္ထု​ပြီး၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 1,
      "text": "လူ​ဇာ​တိ​အား​ဖြင့် ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​တော်​မူ​ထ​သော၊-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 2,
      "text": "သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​အား​ဖြင့်၊-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 4,
      "text": "တန်​ခိုး​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​သား​တော် ထင်​ရှား​ဖြစ်​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော မိ​မိ​သား​တော်​ကို အ​ကြောင်း​ပြု၍ ဘု​ရား​သ​ခင်​သည် ရှေး​က​မိ​မိ​ပ​ရော​ဖက်​များ​အား​ဖြင့်၊ သန့်​ရှင်း​သော​ကျမ်း​စာ၌ က​တိ​ထား​တော်​မူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​ခွဲ​ထား၍ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ပေါ​လု​သည်၊-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 7,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 8,
      "text": "သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​ရာ​သည် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ငါ၏​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို ရှေ့​ဦး​စွာ ငါ​ချီး​မွမ်း၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 9,
      "text": "ငါ​သည်​သင်​တို့​ကို မ​ခြား​မ​လပ်​အောက်​မေ့၍ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သည်​ဟု သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ အ​မှု​တော်​ကို စိတ်​ဝိ​ညာဉ်​နှင့်​တ​ကွ ငါ​ဆောင်​ရွက်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​သက်​သေ​ခံ​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 10,
      "text": "မ​ကြာ​မ​မြင့်​မီ ဘု​ရား​သ​ခင်​အ​လို​တော်​အား​ဖြင့် အ​ဆင်​သင့်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 11,
      "text": "သင်​တို့​သည် မြဲ​မြံ​ခိုင်​ခံ့​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့၌ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​ကို အပ်​ပေး​ခြင်း​ငှာ၊ သင်​တို့​ကို အ​လွန်​တွေ့​မြင်​ချင်​ပါ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 12,
      "text": "ထို​သို့​ဆို​သော်၊ ငါ​နှင့်​သင်​တို့​သည် ယုံ​ကြည်​သော​အား​ဖြင့် အ​ချင်း​ချင်း အား​ရ​သက်​သာ​ခြင်း​သို့ ရောက်​ကြ​မည်​အ​ကြောင်း​ကို ဆို​လို​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 13,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​သည်​အ​ခြား​သော တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျိုး​ကို​ရ​သ​ကဲ့​သို့ သင်​တို့​တွင်​လည်း အ​ကျိုး​တစ်​စုံ​တစ်​ခု​ကို​ရ​ခြင်း​ငှာ၊ သင်​တို့​ရှိ​ရာ​သို့​သွား​မည်​ဟု အ​ဖန်​ဖန်​အ​ကြံ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊ ထို​သို့​အ​ကြံ​ရှိ​သော်​လည်း၊ ယ​ခု​တိုင်​အောင် မြစ်​တား​သော အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 14,
      "text": "ဟေ​လ​သ​လူ​ဖြစ်​စေ၊ လူ​ရိုင်း​ဖြစ်​စေ၊ ပ​ညာ​ရှိ​ဖြစ်​စေ၊ ပ​ညာ​မဲ့​ဖြစ်​စေ၊ လူ​အ​မျိုး​မျိုး​တို့၏​ကြွေး​သည် ငါ၌​တင်​လျက်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 15,
      "text": "သို့​ဖြစ်​လျှင်၊ ငါ​တတ်​နိုင်​သ​မျှ​အ​တိုင်း ရော​မ​မြို့​သား​ဖြစ်​သော သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 16,
      "text": "ငါ​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်၊ ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​သည် ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌ ဟေ​လ​သ​လူ၊ ယုံ​ကြည်​သ​မျှ​သော​သူ​အ​ပေါင်း​တို့​ကို ကယ်​တင်​စေ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 17,
      "text": "အ​ဘယ်​သို့​ဖြစ်​သ​နည်း ဟူ​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း၌​တည်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည်၊ ယုံ​ကြည်​ခြင်း​အ​ဖို့​အ​လို​ငှာ ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 18,
      "text": "သ​မ္မာ​တ​ရား​ကို​အ​ဓ​မ္မ​ဖြင့် ဆီး​တား​နှိပ်​စက်​သော​သူ​တို့ ပြု​တတ်​သော ဘု​ရား​မဲ့​နေ​ခြင်း​အ​မှု၊ တ​ရား​ကို လွန်​ကျူး​ခြင်း အ​မှု​အ​မျိုး​မျိုး​တို့ တစ်​ဖက်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ကောင်း​ကင်​မှ ထင်​ရှား​လျက်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 19,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သိ​အပ်​သော ဘု​ရား​သ​ခင်၏ အ​ကြောင်း​အ​ရာ​တို့​သည် သူ​တို့​တွင် ထင်​ရှား​လျက်​ရှိ၏။ ဘု​ရား​သ​ခင်​သည် သူ​တို့​အား ပြ​တော်​မူ​ပြီ။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 20,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို ထောက်​ရှု​သ​ဖြင့်၊ ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ထာ​ဝ​ရ​အ​ဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏​အ​ရာ​တို့​သည် က​မ္ဘာ​တည်​သည်​ကာ​လ​မှ​စ၍ ထင်​ရှား​လျက်​ရှိ​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 22,
      "text": "ပ​ညာ​ရှိ​ယောင်​ဆောင်​လျက်​နှင့် လူ​မိုက်​အ​ရာ၌ တည်​ကြ​သည်​ဖြစ်၍၊-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 23,
      "text": "မ​ဖောက်​ပြန်​မ​ပျက်​စီး​နိုင်​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ပယ်​လျက်၊ ဖောက်​ပြန်​ပျက်​စီး​တတ်​သော လူ၏​ရုပ်​တု၊ သား​ငှက်​အ​စ​ရှိ​သော တွား​တတ်​သော တိ​ရ​စ္ဆာန်၏​ရုပ်​တု​ကို ဘု​ရား​သ​ခင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 24,
      "text": "ထို​ကြောင့်​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကာ​ယ၏ အ​သ​ရေ​ကို အ​ချင်း​ချင်း​ရှုတ်​ချ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို သူ​တို့၏ ကိ​လေ​သာ​စိတ်​ညစ်​ညူး​ခြင်း​လက်​သို့ အပ်​လိုက်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 25,
      "text": "သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 26,
      "text": "ထို​သို့​ပြု​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ကြောက်​ဖွယ်​သော ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ မိန်း​မ​တို့​သည် ပ​က​တိ​ထုံး​စံ​ကို​စွန့်၍၊ ပ​က​တိ​နှင့် ဆန့်​ကျင်​ဘက်​ထုံး​စံ​ကို လိုက်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 27,
      "text": "ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 28,
      "text": "ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 29,
      "text": "သူ​တို့​သည်​အ​လုံး​စုံ​သော အ​ဓ​မ္မ​ကျင့်​ခြင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ ရန်​တွေ့​ခြင်း၊ လှည့်​ဖြား​ခြင်း၊ သူ​တစ်​ပါး​ကို မြင်​ပြင်း​ခြင်း​တို့​နှင့် ပြည့်​စုံ​သော​သူ၊ ချော​စား​သော​သူ၊-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 30,
      "text": "ဆဲ​ရေး​သော​သူ၊ ဘု​ရား​သ​ခင်​ကို​မုန်း​သော​သူ၊ ကြမ်း​တမ်း​သော​သူ၊ မာ​န​ထောင်​လွှား​သော​သူ၊ ဝါ​ကြွား​သော​သူ၊ မ​တတ်​ကောင်း​သော အ​တတ်​ကို​စီ​ရင်​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ သ​တိ​မ​ရှိ​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ၊-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 31,
      "text": "မိ​ဘ သား​မ​ယား​စ​သည်​တို့​ကို မ​ချစ်​သော​သူ၊ ရန်​ငြိုး​ထား​သော​သူ၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​မ​ရှိ​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 1,
      "verse": 32,
      "text": "ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 1,
      "text": "သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်​သည် ထို​သို့​ပြု​သော​သူ​တို့​ကို စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​သည် သ​မ္မာ​တ​ရား​နှင့် ညီ​သည်​ကို ငါ​တို့​သိ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 3,
      "text": "ထို​သို့​သော​အ​မှု​ကို ကိုယ်​တိုင်​ပြု​လျက်​ပင်၊ သူ​တစ်​ပါး​ပြု​သည်​ကို စစ်​ကြော​စီ​ရင်​သော​သူ၊ သင်​သည် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​နှင့် လွတ်​မည်​ဟု ထင်​မှတ်​သ​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 5,
      "text": "ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 7,
      "text": "ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 8,
      "text": "ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 9,
      "text": "ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 10,
      "text": "ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဘုန်း​အ​သ​ရေ​ချမ်း​သာ​ကို ခံ​စား​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မှတ်​တော်​မ​မူ။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 12,
      "text": "ပ​ညတ်​တ​ရား​ကို မ​သိ​ဘဲ​ပြစ်​မှား​သော သူ​တို့​သည် ပ​ညတ်​တ​ရား​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပ​ညတ်​တ​ရား​ကို သိ​လျက်​ပင် ပြစ်​မှား​သော​သူ​တို့​သည် ပ​ညတ်​တ​ရား၏​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ တ​ရား​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​ရှေ့၌ ဖြောင့်​မတ်​သည်​မ​ဟုတ်။ တ​ရား​ကို ကျင့်​သော​သူ​သာ​လျှင် ဖြောင့်​မတ်​ရာ​သို့ ရောက်​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 14,
      "text": "သာ​သ​နာ​ပ​လူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​အ​လို​အ​လျောက် တ​ရား​တော်​ကို ကျင့်​သော​အ​ခါ၊ သူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​ကျင့်​တ​ရား​ကို အ​မှီ​ပြု​သ​ဖြင့်​လည်း​ကောင်း၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 15,
      "text": "ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​နှ​လုံး​သည် သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း ဆွေး​နွေး​ဆင်​ခြင်၍ အ​ပြစ်​တင်​လျက်၊ လွှတ်​လျက်​နေ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ၌ မှတ်​သား​သော တ​ရား၏​အ​ကျိုး​ကို ထင်​ရှား​စွာ ပြ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 16,
      "text": "ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် လူ​တို့၏ မ​ထင်​ရှား​သော အ​မှု​အ​ရာ​တို့​ကို စစ်​ကြော စီ​ရင်​တော်​မူ​သော​နေ့၌ ထို​သို့​စီ​ရင်​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 17,
      "text": "သင်​သည် ယု​ဒ​လူ​ဟု​သ​မုတ်​ခြင်း​ကို ခံ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို ကိုး​စား​သော​သူ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ဝါ​ကြွား​သော​သူ၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 18,
      "text": "အ​လို​တော်​ကို​သိ​သော​သူ၊ ပ​ညတ်​တ​ရား​တော်​ကို လေ့​ကျက်​သ​ဖြင့် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​သော​သူ​ဖြစ်​သည်​နှင့်၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 19,
      "text": "လူ​ကန်း​တို့​အား လမ်း​ပြ​သော​သူ၊ မှောင်​မိုက်၌ နေ​သော​သူ​တို့​ကို လင်း​စေ​သော​သူ၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 20,
      "text": "လူ​မိုက်​တို့​ကို ဆုံး​မ​တတ်​သော​သူ၊ သူ​ငယ်​တို့​ကို နည်း​ပေး​သော​သူ၊ ပ​ညတ်​တ​ရား​တော်​အား​ဖြင့် ပ​ညာ​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း ရိပ်​မိ​သော​သူ​ဖြစ်​သည်​ဟူ၍၊ ကိုယ်​ကို ထင်​မှတ်​တတ်​သည်​မှန်​လျှင်၊-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 21,
      "text": "သူ​တစ်​ပါး​ကို​ဆုံး​မ​လျက်​ပင် ကိုယ်​ကို မ​ဆုံး​မ​သ​လော။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်​ဟု တ​ရား​ဟော​လျက်​ပင် ကိုယ်​တိုင်​ခိုး​သ​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 22,
      "text": "သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်​ဟု​ဆို​လျက်​ပင် ကိုယ်​တိုင်​ပြစ်​မှား​သ​လော။ ရုပ်​တု​ကို​စက်​ဆုပ်​ရွံ​ရှာ​လျက်​ပင် ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​သ​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 23,
      "text": "ပ​ညတ်​တ​ရား​တော်​ကို​အ​မှီ​ပြု၍ ဝါ​ကြွား​လျက်​ပင် ထို​တ​ရား​ကို လွန်​ကျူး၍ ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို ရှုတ်​ချ​သ​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ ကျမ်း​စာ၌ လာ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​တို့​အ​ကျင့်​ကို ထောက်၍ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ကဲ့​ရဲ့​တတ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 25,
      "text": "သင်​သည် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​ရှိ၏။ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​လျှင်၊ သင်၏​အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​မ​လှီး​ဘဲ ဖြစ်​ပြန်၏။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည် တ​ရား၌​ပါ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ၏ အ​ရေ​ဖျား​မ​လှီး​ဘဲ​အ​ဖြစ်​ကို အ​ရေ​ဖျား​လှီး​ခြင်း​အ​ဖြစ်​ကဲ့​သို့ မှတ်​ရ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 27,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ကိုယ်​အ​လို​အ​လျောက် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ ကျမ်း​စာ​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ရှိ​လျက်​ပင် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သင်​ကို တ​ရား​တွေ့၍ အ​ရှုံး​ခံ​စေ​မည်​မ​ဟုတ်​လော။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 28,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ပြင်​အား​ဖြင့်​သာ ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်​မ​ဟုတ်။ အ​ပြင်​အား​ဖြင့်​သာ ကိုယ်​အ​သား၌ အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​လှီး​ခြင်း အ​မှန်​မ​ဟုတ်။-"
    },
    {
      "book": 45,
      "chapter": 2,
      "verse": 29,
      "text": "အ​တွင်း​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​သူ​သည် ယု​ဒ​လူ​မှန်၏။ အ​ရေ​ဖျား​လှီး​ခြင်း​လည်း ကျမ်း​ဟောင်း​တ​ရား​အား​ဖြင့် မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​အား​ဖြင့် စိတ်​နှ​လုံး​နှင့် စပ်​ဆိုင်၏။ ထို​သို့​အ​ရေး​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၏​အ​ချီး​အ​မွမ်း​သည် လူ​အ​လို​နှင့် မ​ဆိုင်၊ ဘု​ရား​သ​ခင့်​အ​လို​တော်​နှင့် ဆိုင်​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 1,
      "text": "ထို​သို့​ဖြစ်​လျှင်၊ ယု​ဒ​လူ​သည် အ​ဘယ်​သို့​သာ​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 2,
      "text": "အ​ထွေ​ထွေ​သော အ​ကျိုး​များ​စွာ​ရှိ၏။ ထူး​မြတ်​သော အ​ကျိုး​ဟူ​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော ယု​ဒ​တို့​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​များ​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 3,
      "text": "သူ​တို့​တွင် အ​ချို့​မ​ယုံ​သော်​လည်း၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​မ​ယုံ​ဘဲ​နေ​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်၏​သ​စ္စာ​တော်​ကို ဖျက်​နိုင်​သ​လော။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 4,
      "text": "မ​ဖျက်​နိုင်​ရာ။ သို့​ဖြစ်၍​မိန့်​တော်​မူ​ချက်​သည် ဖြောင့်​ပါ၏။ တ​ရား​စီ​ရင်​သော​အ​ခါ အောင်​မြင်​တော်​မူ၏​ဟု ကျမ်း​စာ၌​လာ​သည်​နှင့်​အ​ညီ၊ လူ​ခပ်​သိမ်း​တို့​သည် သ​စ္စာ​ပျက်​သော်​လည်း၊ ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​သည် တည်​စေ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 5,
      "text": "ငါ​တို့၏ မ​တ​ရား​သော​အ​မှု​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​လျှင်၊ အ​ဘယ်​သို့​ဆို​ရ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ဒဏ်​ပေး​တော်​မူ​လျှင်၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​ဆို​သော် လူ​သ​ဘော​အ​တိုင်း ငါ​ဆို​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 6,
      "text": "ထို​သို့​မ​ဟုတ်​ရာ။ ဟုတ်​လျှင် လော​က​သား​တို့​ကို အ​ဘယ်​သို့ စစ်​ကြော​စီ​ရင်​တော်​မူ​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 7,
      "text": "ထို​မှ​တစ်​ပါး ငါ​သည် သ​စ္စာ​ပျက်​သော​အား​ဖြင့် ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​သည် ဂုဏ်​အ​သ​ရေ​တော်​ကို တိုး​ပွား​စေ​လျှင်၊ ငါ့​ကို အ​ပြစ်​ရှိ​သော​သူ​ကဲ့​သို့ အ​ဘယ်​ကြောင့် စီ​ရင်​သေး​သ​နည်း​ဟူ၍ မေး​ပြန်​လျှင်၊-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 8,
      "text": "ကောင်း​သော​အ​ကျိုး​ရှိ​စေ​ခြင်း​ငှာ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့​ဟု လူ​အ​ချို့​တို့​သည် ငါ​တို့​ကို ကဲ့​ရဲ့​လျက်၊ ငါ​တို့​စ​ကား​ကို ပြန်​ပြော​သည်​အ​တိုင်း ဆို​ဦး​မည်​လော။ ထို​သို့​ဆို​သော​သူ​တို့​သည် ကိုယ်​အ​ပြစ်​ဒဏ်​ကို ခံ​ထိုက်​ကြ၏။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 9,
      "text": "ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် မြတ်​သ​လော​ဟု မေး​ပြန်​သော်၊ အ​လျှင်း​မ​မြတ်။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြောင်း​ကို အ​ထက်က​ပြ​ခဲ့​ပြီ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 10,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 11,
      "text": "နား​လည်​သော​သူ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​မ​ရှိ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 12,
      "text": "လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း အ​သုံး​မ​ရ​သော​သူ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 13,
      "text": "သူ​တို့၏​လည်​ချောင်း​သည် ဖွင့်​ထား​သော သင်္ချိုင်း​တွင်း​ဖြစ်၏။ သူ​တို့​သည် လျှာ​နှင့် လှည့်​စား​တတ်​ကြ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 14,
      "text": "သူ​တို့​နှုတ်​သည် ကျိန်​ဆဲ​သော​စ​ကား၊ ကြမ်း​တမ်း​သော​စ​ကား​နှင့် ပြည့်​ဝ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 15,
      "text": "သူ​တို့​ခြေ​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ လျင်​မြန်၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 16,
      "text": "သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 17,
      "text": "ချမ်း​သာ​လမ်း​ကို သူ​တို့​မ​သိ​ကြ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 18,
      "text": "ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​သော​အ​ကြောင်း​သည် သူ​တို့​မျက်​စိ၌​မ​ထင်​ဟု ကျမ်း​စာ​လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 19,
      "text": "ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 20,
      "text": "ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 21,
      "text": "ယ​ခု​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​သည် သက်​သေ​ခံ​သည်​နှင့်​အ​ညီ၊ ပ​ညတ်​တ​ရား​နှင့် မ​စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော၊-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 22,
      "text": "ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​ရောက်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထင်​ရှား​ခဲ့​ပြီ။ ခြား​နား​ခြင်း အ​လျှင်း​မ​ရှိ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 23,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 24,
      "text": "ယေ​ရှု​ခ​ရစ်​ရွေး​နုတ်​တော်​မူ​သော​အား​ဖြင့် အ​ဖိုး​ကို မ​ပေး​ဘဲ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 25,
      "text": "ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ၍၊-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 26,
      "text": "လွန်​ခဲ့​ပြီး​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ​ရာ​တွင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​ခု​ကာ​လ၌ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ၍၊ ယေ​ရှု​ကို​ယုံ​ကြည်​သော သူ​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သော်​လည်း၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​ခြင်း​ငှာ​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏​အ​သွေး​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ထို​ခ​ရစ်​တော်​ကို အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 27,
      "text": "သို့​ဖြစ်​လျှင် ဝါ​ကြွား​စ​ရာ အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း​ဟု မေး​သော်၊ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ကို​ပယ်​ပြီ။ အ​ဘယ်​တ​ရား​အား​ဖြင့် ပယ်​သ​နည်း။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သ​လော။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း​တ​ရား​အား​ဖြင့် ပယ်​ပြီ။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 28,
      "text": "ထို​ကြောင့် လူ​မည်​သည်​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​တတ်​သည်​ဟု​ယူ​ရ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်​သည် ယု​ဒ​လူ​တို့၏​ဘု​ရား​သာ ဖြစ်​တော်​မူ​သ​လော။ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား ဖြစ်​တော်​မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ၏။ တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​လည်း ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​နှင့် မ​ခံ​သော​သူ​နှစ်​ဦး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ၌​တည်​စေ​တော်​မူ​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 3,
      "verse": 31,
      "text": "သို့​ဖြစ်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​ကို ပယ်​ကြ​သ​လော။ အ​လျှင်း​မ​ပယ်၊ သာ၍ တည်​စေ​ကြ၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 1,
      "text": "ထို​သို့​ဖြစ်​လျှင်၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 2,
      "text": "အာ​ဗြ​ဟံ​သည် အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မှန်​လျှင် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ၏။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထို​သို့​မ​ဟုတ်။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 3,
      "text": "ကျမ်း​စာ၌ အ​ဘယ်​သို့​လာ​သ​နည်း။ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 4,
      "text": "အ​ကျင့်​ရှိ​သော​သူ​မည်​သည်​ကား၊ ကျေး​ဇူး​အား​ဖြင့် အ​ကျိုး​ကို ခံ​ရ​သည်​မ​ဟုတ်။ ခံ​ထိုက်​သော​အား​ဖြင့် ခံ​ရ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 5,
      "text": "အ​ကျင့်​မ​ရှိ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​သူ၏​အ​ပြစ်​ကို ဖြေ​သော​သူ​ကို ယုံ​ကြည်​လျှင်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​လျက်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 6,
      "text": "ထို​အ​တူ၊ ဘု​ရား​သ​ခင်​သည် အ​ကျင့်​ကို မ​ထောက်​ဘဲ​လျက် ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ရ​သော​သူ၏​မင်္ဂ​လာ​ကို ဒါ​ဝိဒ်​သည်​ရည်​မှတ်၍ ဆို​သည်​ကား၊-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 7,
      "text": "အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 8,
      "text": "ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 9,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​သာ​လျှင် ထို​မင်္ဂ​လာ​ကို ရ​ကြ​သ​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​သည်​လည်း ရ​ကြ​သ​လော။ အ​ဘယ်​ကြောင့် မေး​သ​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​ကို အာ​ဗြ​ဟံ၌ ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​သည်​ဟု ဆို​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 10,
      "text": "ထို​သို့​ဆို​သော် အ​ဘယ်​သို့ မှတ်​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ပြီး​မှ မှတ်​သ​လော။ မ​ခံ​မီ မှတ်​သ​လော။ ခံ​ပြီး​မှ​မှတ်​သည် မ​ဟုတ်။ မ​ခံ​မီ မှတ်​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 11,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​ဘဲ ယုံ​ကြည်​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​ရှိ​သည်​ဟု မှတ်​စ​ရာ​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 12,
      "text": "ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ထို​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သည်​သာ​မ​က၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​မီ ရှိ​သော ယုံ​ကြည်​ခြင်း​လမ်း​သို့​လိုက်​သော သူ​တို့၏​အ​ဘ ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​မီ​ရှိ​သော ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း တံ​ဆိပ်​တည်း​ဟူ​သော အ​ရေ​ဖျား​လှီး​ခြင်း၏ လ​က္ခ​ဏာ​ကို ခံ​ရ​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 13,
      "text": "ထို​မှ​တစ်​ပါး၊ ဤ​လော​က​ကို အ​မွေ​ခံ​စေ​မည်​ဟု က​တိ​တော်​ကို အာ​ဗြ​ဟံ​မှ​စ​သော သူ၏​အ​မျိုး​အ​နွယ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့် ရ​ကြ​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​ဖြစ်​သည်​မှန်​လျှင်၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​ပယ်​ပြီ။ က​တိ​တော်​လည်း အ​ချည်း​နှီး​ဖြစ်၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 15,
      "text": "ပ​ညတ်​တ​ရား​သည်​ကား အ​မျက်​ဒေါ​သ​နှင့် စပ်​ဆိုင်၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ လွန်​ကျူး​ခြင်း အ​ပြစ်​မ​ရှိ။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 16,
      "text": "ထို​ကြောင့်၊ က​တိ​တော်​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​မျိုး​အ​နွယ်​တို့၌ ပြည့်​စုံ​သည်​သာ​မ​က၊ အာ​ဗြ​ဟံ၏ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် ဆိုင်​သော​သူ​တို့၌ ပြည့်​စုံ​လျက်၊ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ ပြည့်​စုံ​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့​ရောက်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​သာ အ​မှီ​ပြု၍ ရောက်​နိုင်၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 17,
      "text": "ငါ​သည် သင့်​ကို လူ​မျိုး​အ​များ​တို့၏​အ​ဘ ဖြစ်​စေ၏​ဟု ကျမ်း​စာ၌​လာ​သည်​နှင့်​အ​ညီ၊ ထို​အာ​ဗြ​ဟံ​သည်​ကား၊ သေ​လွန်​သော​သူ​တို့​ကို ရှင်​စေ​တော်​မူ​ထ​သော၊ မ​ဖြစ်​သေး​သော​အ​ရာ​တို့​ကို ဖြစ်​သော​အ​ရာ​ကဲ့​သို့ မှာ​ထား​တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ကိုယ်​တိုင်​ယုံ​ကြည်​သော ဘု​ရား​ရှေ့​တော်၌ ခပ်​သိမ်း​သော​ငါ​တို့၏​အ​ဘ ဖြစ်​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 18,
      "text": "သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​အ​တိုင်း၊ မိ​မိ​သည် လူ​မျိုး​အ​များ​တို့၏ အ​ဘ​ဖြစ်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ​လျက် ယုံ​ကြည်၍ မျှော်​လင့်​လေ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 19,
      "text": "ယုံ​ကြည်​အား​ကြီး​သည်​ဖြစ်၍ မိ​မိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​လောက်​ရှိ​သ​ဖြင့်၊ မိ​မိ​ကိုယ်​သည် အ​သေ​ကဲ့​သို့ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​ခင်​ပွန်း စာ​ရာ၏​ဝမ်း​သည် သေ​ကြောင်း​ကို​လည်း​ကောင်း မ​အောက်​မေ့၊-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 20,
      "text": "ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ ဘု​ရား​သ​ခင်၏ က​တိ​တော်​ကို တွေး​တော​ခြင်း​မ​ရှိ၊ ယုံ​ကြည်​အား​ကြီး​သ​ဖြင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍၊-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 21,
      "text": "က​တိ​ထား​တော်​မူ​သော​သူ​သည် က​တိ​တော်​အ​တိုင်း တတ်​နိုင်​တော်​မူ​သည်​ကို စိတ်​စွဲ​လမ်း​လေ၏။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 22,
      "text": "ထို​ကြောင့်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို သူ၏​ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 23,
      "text": "ထို​သို့​မှတ်​တော်​မူ​သည်​ဟု အာ​ဗြ​ဟံ​အ​ကျိုး​အ​လို​ငှာ​သာ ကျမ်း​စာ၌ ရေး​ထား​သည်​မ​ဟုတ်။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 24,
      "text": "ငါ​တို့​အ​ကျိုး​အ​လို​ငှာ ရေး​ထား​သ​တည်း။ ငါ​တို့ သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​သူ​ကို ငါ​တို့​သည် ယုံ​ကြည်​လျှင်၊ ထို​ယုံ​ကြည်​ခြင်း​ကို ငါ​တို့၏​ဖြောင့်​မတ်​ခြင်း​ဟု မှတ်​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 45,
      "chapter": 4,
      "verse": 25,
      "text": "ထို​သ​ခင်​ယေ​ရှု​သည် ငါ​တို့​အ​ပြစ်​ကြောင့် အပ်​နှံ​ခြင်း​ကို ခံ​တော်​မူ၏။ ငါ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း ထ​မြောက်​တော်​မူ၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 1,
      "text": "ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 2,
      "text": "ထို​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​သည်​အ​ကြောင်း​မှာ ယုံ​ကြည်​ခြင်း​ရှိ၍၊ ထို​သ​ခင်​အား​ဖြင့်​သာ ခံ​စား​သော​အ​ခွင့်​ကို ရ​ကြ၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို မျှော်​လင့်၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 3,
      "text": "ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 4,
      "text": "သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 5,
      "text": "ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 6,
      "text": "ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ ခ​ရစ်​တော်​သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 7,
      "text": "ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 8,
      "text": "ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 9,
      "text": "သို့​ဖြစ်၍ ယ​ခု​တွင် အ​သွေး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ပြီး​မှ၊ ထို​သ​ခင်​အား​ဖြင့် အ​ပြစ်​င​ရဲ​မှ ကယ်​ချွတ်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု​သာ၍ မျှော်​လင့်​စ​ရာ​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 11,
      "text": "ထို​မျှ​မ​က၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရာ ကျေး​ဇူး​ကို ယ​ခု​ခံ​ပြီး​လျှင်၊ ထို​သ​ခင်​အား​ဖြင့် ဘု​ရား​သ​ခင်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 12,
      "text": "ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 13,
      "text": "ပ​ညတ်​တ​ရား​ကို မ​ထား​မီ​တိုင်​အောင် ဤ​လော​က၌ အ​ပြစ်​ရှိ၏။ အ​ဘယ်​ပ​ညတ်​တ​ရား​မျှ မ​ရှိ​လျှင်၊ အ​ပြစ်​ရှိ​သည်​ဟု မှတ်​စ​ရာ​မ​ရှိ၊-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 14,
      "text": "သို့​သော်​လည်း အာ​ဒံ​လက်​ထက်​မှ​စ၍ မော​ရှေ​လက်​ထက်​တိုင်​အောင် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ အာ​ဒံ​ပြစ်​မှား​သည်​နည်း​တူ မ​ပြစ်​မှား​သော သူ​တို့​ကို​ပင် အ​စိုး​ရ၏။ ထို​အာ​ဒံ​သည် နောက်​လာ​လ​တ္တံ့​သော​သူ၏ ပုံ​ပ​မာ​ဖြစ်​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 15,
      "text": "သို့​သော်​လည်း၊ ပြစ်​မှား​ခြင်း​သ​ဘော​နှင့် ကျေး​ဇူး​တော်​သ​ဘော မ​တူ။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​အား​ဖြင့်၊ လူ​များ​တို့​သည် သေ​ခြင်း​သို့ ရောက်​ကြ၏။ တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့် ကျေး​ဇူး​တော်၏​အ​ကျိုး​သည် လူ​များ​တို့၌​သာ၍ ကြွယ်​ဝ​ပြည့်​စုံ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 16,
      "text": "ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​ပြစ်​မှား​သော​အ​ရာ​နှင့် ကျေး​ဇူး​တော်​အ​ရာ မ​တူ။ အ​ကြောင်း​မူ​ကား၊ တ​ရား​စီ​ရင်​သော​အ​ရာ​မှာ၊ အ​ပြစ်​တစ်​ခု​ကြောင့် ဒဏ်​ခံ​စေ​ဟု စီ​ရင်၏။ ကျေး​ဇူး​တော်​အ​ရာ​မှာ၊ အ​ပြစ်​များ​လျက်​ပင် လွှတ်​စေ​ဟု​စီ​ရင်၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 17,
      "text": "ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​ကြောင့်၊ ထို​တစ်​ယောက်​သော သူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ ကျေး​ဇူး​တော်၏ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​သို့ သွင်း​ပေး​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​လျက် သာ၍​စိုး​စံ​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 18,
      "text": "ထို​ကြောင့်၊ တစ်​ယောက်​သော​သူ၏ ပြစ်​မှား​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ၏ ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​အ​ခွင့်​ကို ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် အ​ပြစ်​ရောက်​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ​သည် နား​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 20,
      "text": "ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် တစ်​ဖန်​ဝင်​သ​ဖြင့် ပြစ်​မှား​သော​အ​ပြစ် ပွား​များ၏။ သို့​သော်​လည်း အ​ပြစ်​ပွား​များ​သည်​အ​ရာ​မှာ ကျေး​ဇူး​တော်​သာ၍ ကြွယ်​ဝ၏။-"
    },
    {
      "book": 45,
      "chapter": 5,
      "verse": 21,
      "text": "ထို​သို့​ဖြစ်​လျှင်၊ အ​ပြစ်​တ​ရား​သည် သေ​ခြင်း​အား​ဖြင့် အ​စိုး​ရ​သည်​နည်း​တူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ပြု​စု​တော်​မူ၍ ကျေး​ဇူး​တ​ရား​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ သွင်း​ခြင်း​အား​ဖြင့် အ​စိုး​ရ​လေ​အံ့​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 1,
      "text": "ထို​သို့​မှန်​လျှင်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ကျေး​ဇူး​တော်​ပွား​များ​စေ​ခြင်း​ငှာ အ​ပြစ်​တ​ရား​ကို ကျင့်၍ နေ​ရ​မည်​လော။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 2,
      "text": "ထို​သို့​မ​နေ​ရ။ အ​ပြစ်​တ​ရား​မှ စု​တေသော​သူ​တို့​သည် ထို​တ​ရား၌ အ​ဘယ်​သို့ ရှင်​ရ​ဦး​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 3,
      "text": "ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 4,
      "text": "ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အ​သက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 5,
      "text": "တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 6,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​တို့၏​လူ​ဟောင်း​သည် ထို​သ​ခင်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​သတ်​ခြင်း​ကို​ခံ​ပြီ​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် နောက်​မှ အ​ပြစ်​တ​ရား၏​အ​စေ​ကို မ​ခံ​စေ​ခြင်း​ငှာ၊ အ​ပြစ်​တ​ရား၏​ကိုယ်​ကို ဖျက်​ဆီး​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 7,
      "text": "သေ​သော​သူ​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​လျက်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 8,
      "text": "ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​သော​အ​ခါ၊ သေ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 9,
      "text": "သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 10,
      "text": "ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​ရာ​မှာ၊ အ​ပြစ်​တ​ရား​ကြောင့် တစ်​ကြိမ်​သာ​ခံ​တော်​မူ၏။ အ​သက်​ရှင်​တော်​မူ​ရာ​မှာ၊ ဘု​ရား​သ​ခင့်​အ​ဖို့ ရှင်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 11,
      "text": "ထို​နည်း​တူ သင်​တို့​သည် အ​ပြစ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌​ကား၊ အ​သေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော အ​ရာ၌​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​သည်​ဟူ၍​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် ထင်​မှတ်​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 12,
      "text": "ထို​ကြောင့်၊ သင်​တို့၏​သေ​တတ်​သော ကိုယ်​ခ​န္ဓာ၏ တပ်​မက်​ခြင်း​အ​လို​သို့ လိုက်​ရ​သည်​တိုင်​အောင်၊ အ​ပြစ်​တ​ရား​သည် ထို​ကိုယ်​ခ​န္ဓာ၌ အ​စိုး​မ​ရ​စေ​နှင့်။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 13,
      "text": "သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 14,
      "text": "ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 15,
      "text": "ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 16,
      "text": "အ​ကြင်​သူ၏​အ​ထံ၌ အ​စေ​ခံ​ကျွန်​ဖြစ်​ခြင်း​ငှာ သင်​တို့​ဝင်၍ အ​စေ​ခံ၏၊ ထို​သူ​သည် သေ​ခြင်း​နှင့်​ယှဉ်​သော အ​ပြစ်​တ​ရား​ဖြစ်​စေ၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​နှင့်​ယှဉ်​သော နား​ထောင်​ခြင်း တ​ရား​ဖြစ်​စေ၊ သင်​တို့၏​သ​ခင်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 17,
      "text": "သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 18,
      "text": "သင်​တို့​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​ကြ​ပြီ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏ ကျွန်​ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 19,
      "text": "ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ဉာဏ်​နည်း​သော​ကြောင့်၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ဆို​သ​တည်း။ သင်​တို့​သည် မိ​မိ​တို့ ကိုယ်​အင်္ဂါ​များ​ကို အ​ဓ​မ္မ​အ​လို​ငှာ ညစ်​ညူး​ခြင်း​တ​ရား၊ အ​ဓ​မ္မ​တ​ရား၌သွင်း၍ ကျွန်​ခံ​စေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 20,
      "text": "သင်​တို့​သည် အ​ပြစ်​တ​ရား၏​ကျွန် ဖြစ်​စဉ်​ကာ​လ၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​လက်​မှ လွတ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 21,
      "text": "ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 22,
      "text": "ယ​ခု​မူ​ကား၊ သင်​တို့​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လွတ်၍၊ ဘု​ရား​သ​ခင်၏​ကျွန် ဖြစ်​ကြ​သည်​နှင့် အ​ညီ၊ သန့်​ရှင်း​ခြင်း​အ​ကျိုး​ကို ရ​ကြ၏။ အ​ဆုံး၌​လည်း ထာ​ဝ​ရ​အ​သက်​ကို ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 6,
      "verse": 23,
      "text": "အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 1,
      "text": "ပ​ညတ်​တ​ရား​ကို သိ​သော​ညီ​အစ်​ကို​တို့၊ ပ​ညတ်​တ​ရား​သည် လူ​ကို အ​သက်​ထက်​ဆုံး​မျှ​သာ ပိုင်​သည်​ကို မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 2,
      "text": "ဥ​ပ​မာ​ကား၊ လင်​ရှိ​သော​မိန်း​မ​သည် လင်​မ​သေ​မီ​တိုင်​အောင်၊ ပ​ညတ်​တ​ရား​အား​ဖြင့် လင်၌ ချည်​နှောင်​လျက်​ရှိ၏။ လင်​သေ​လျှင်​မူ​ကား လင်​ဝတ်​နှင့်​လွတ်၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 3,
      "text": "ထို​ကြောင့်၊ မိ​မိ​လင်​မ​သေ​မီ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​လျှင်၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​ထိုက်၏။ လင်​သေ​လျှင်​မူ​ကား၊ ထို​တ​ရား​နှင့်​လွတ်​သည်​ဖြစ်၍၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​သော်​လည်း၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​စ​ရာ​အ​ကြောင်း​မ​ရှိ။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 4,
      "text": "ထို​နည်း​တူ၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ခြား​သော သူ​တည်း​ဟူ​သော၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သော သူ၏​မ​ယား​ဖြစ်၍၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​ကိုယ်​ခ​န္ဓာ​အား​ဖြင့်​သေ၍ ပ​ညတ်​တ​ရား​နှင့် ကွာ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 5,
      "text": "ငါ​တို့​သည် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော​အ​ခါ၊ အ​ပြစ်​နှင့်​စပ်​ဆိုင်​သော စိတ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့်​ပေါက်၍ သေ​ခြင်း​တ​ရား၏​အ​လို​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ငါ​တို့၏​ကိုယ်​အင်္ဂါ​များ၌ ပြု​ပြင်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 6,
      "text": "ယ​ခု​မူ​ကား၊ ကျမ်း​စာ၌​ပါ​သော တ​ရား​ဟောင်း​ကို မ​မှီ​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​သစ်​ကို​မှီ၍ အ​မှု​ဆောင်​ရွက်​ခြင်း​အ​လို​ငှာ၊ ငါ​တို့​သည်​သေ​သ​ဖြင့် အုပ်​ချုပ်​သော​ပ​ညတ်​တ​ရား၏​လက်​မှ လွတ်​ခြင်း​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 7,
      "text": "သို့​ဖြစ်၍ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ပ​ညတ်​တ​ရား၌ အ​ပြစ်​ရှိ​သ​လော။ အ​ပြစ်​မ​ရှိ​နိုင်​ရာ။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​အား​ဖြင့်​သာ အ​ပြစ်​သ​ဘော​ကို ငါ​သိ​ရ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လော​ဘ​စိတ်​မ​ရှိ​စေ​နှင့်​ဟု ပ​ညတ်​တ​ရား​မ​ဆို​လျှင်၊ လော​ဘ​သ​ဘော​ကို ငါ​မ​သိ။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 8,
      "text": "အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ၍၊ ငါ၌ အ​မျိုး​မျိုး​သော လော​ဘ​တို့​ကို ဖြစ်​စေ၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ အ​ပြစ်​တ​ရား​သေ၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 9,
      "text": "အ​ထက်​က ပ​ညတ်​တ​ရား​မ​ရှိ​သ​ဖြင့်၊ ငါ​သည် အ​သက်​ရှင်၏။ ပ​ညတ်​တ​ရား​ပေါ်​သော​အ​ခါ အ​ပြစ်​တ​ရား​သည် ရှင်​ပြန်၏။ ငါ​လည်း သေ၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 10,
      "text": "အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​တ​ရား​သည် သေ​ခြင်း​နှင့် ဆိုင်​သည်​ကို ငါ​တွေ့၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 11,
      "text": "အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ​လျှင်၊ ငါ့​ကို​လှည့်​ဖြား၍ ထို​တ​ရား​အား​ဖြင့် ငါ့​ကို​သတ်​လေ၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 12,
      "text": "ထို​ကြောင့်၊ တ​ရား​တော်​သည် သန့်​ရှင်း​ခြင်း​ရှိ၏။ ပ​ညတ်​တ​ရား​လည်း သန့်​ရှင်း​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ကောင်း​မြတ်​ခြင်း​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 13,
      "text": "သို့​ဖြစ်​လျှင် ကောင်း​မြတ်​သော​အ​ရာ​သည် ငါ၌​သေ​ခြင်း​အ​ကြောင်း ဖြစ်​သ​လော။ မ​ဖြစ်​နိုင်​ရာ။ အ​ပြစ်​တ​ရား​သည် မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ​ခြင်း​ငှာ ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ၌​သေ​ခြင်း​ကို​ပြု၍ သေ​ခြင်း​အ​ကြောင်း​ဖြစ်၏။ ထို​သို့​ဖြစ်​သော​ကြောင့် အ​ပြစ်​တ​ရား​သည် ပ​ညတ်​တော်​အား​ဖြင့် အ​လွန်​အ​ပြစ်​နှင့် ပြည့်​စုံ​ခြင်း​ရှိ​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့​သိ​ကြ၏။ ငါ​မူ​ကား ဇာ​တိ​ပ​က​တိ​ရှိ၏။ အ​ပြစ်​တ​ရား​လက်၌ ကျေး​ကျွန်​ဖြစ်၏။"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​ကို မ​နှစ်​သက်။ ကျင့်​ချင်​သော​အ​ကျင့်​ကို မ​ကျင့်၊ ရွံ​ရှာ​သော အ​ကျင့်​ကို ကျင့်၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 16,
      "text": "ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ဖြောင့်​သည်​ဟု ငါ​ဝန်​ခံ၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 17,
      "text": "သို့​ဖြစ်​လျှင်၊ ထို​မ​ကောင်း​သော​အ​ကျင့်​ကို ငါ့​ကိုယ်​တိုင်​ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 18,
      "text": "ငါ့​အ​ထဲ​မှာ ငါ့​ဇာ​တိ​ပ​က​တိ၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​တည်​သည်​ကို ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကျင့်​ချင်​သော စိတ်​ရှိ​သော်​လည်း၊ ကောင်း​စွာ​ကျင့်​တတ်​သော​အ​ခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 19,
      "text": "ငါ​သည် ကျင့်​ချင်​သော အ​ကျင့်​ကောင်း​ကို မ​ကျင့်။ မ​ကျင့်​ချင်​သော အ​ကျင့်​ဆိုး​ကို ကျင့်၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 20,
      "text": "ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ငါ​ကိုယ်​တိုင် ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 21,
      "text": "ထို​သို့ ကောင်း​သော​အ​ကျင့်​ကို ငါ​ကျင့်​ချင်​သော​အ​ခါ၊ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော တ​ရား​ကို ငါ​တွေ့၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 22,
      "text": "ငါ​သည် အ​တွင်း​လူ​အား​ဖြင့် ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​တော်​ကို နှစ်​သက်၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 23,
      "text": "သို့​သော်​လည်း ငါ့​ကိုယ်​အင်္ဂါ​များ၌ ရှိ​သော တ​ရား​တစ်​ပါး​သည် စိတ်​ဝိ​ညာဉ်​တ​ရား​ကို ဆိုင်​ပြိုင် တိုက်​လှန်​သ​ဖြင့်၊ ငါ့​ကိုယ်​အင်္ဂါ​များ၌​ရှိ​သော အ​ပြစ်​တ​ရား​လက်​သို့ ငါ့​ကို ဖမ်း​သွား​အပ်​နှံ​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 24,
      "text": "ငါ​သည် ငြို​ငြင်​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ ဤ​အ​သေ​ကောင်​မှ ငါ့​ကို အ​ဘယ်​သူ ကယ်​လွှတ်​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 7,
      "verse": 25,
      "text": "ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။ ထို​သို့ စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ပြစ်​တ​ရား​အ​လို​သို့​လည်း​ကောင်း၊ ငါ​လိုက်​တတ်၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 1,
      "text": "ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 2,
      "text": "ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 3,
      "text": "ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​ငါ​တို့​သည်၊ တ​ရား၌​ပါ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 5,
      "text": "ဇာ​တိ​ပ​က​တိ​ရှိ​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။ ဝိ​ညာဉ်​ပ​က​တိ​ရှိ​သော သူ​တို့​မူ​ကား၊ ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 6,
      "text": "ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 7,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဇာ​တိ​ပ​က​တိ စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၏။ ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့ မ​လိုက်​တတ်။ ထို​မျှ​မ​က မ​လိုက်​နိုင်။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 8,
      "text": "ထို​ကြောင့် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် မ​တွေ့​နိုင်​ကြ။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 9,
      "text": "သို့​သော်​လည်း ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​ဘက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​ပ​က​တိ​ဘက်၌ ရှိ​ကြ၏။ ခ​ရစ်​တော်၏​ဝိ​ညာဉ်​ကို မ​ရ​သော​သူ​မည်​သည်​ကား ခ​ရစ်​တော်​နှင့်​မ​ဆိုင်။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 10,
      "text": "ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌​ရှိ​တော်​မူ​လျှင်၊ ကိုယ်​ကာ​ယ​သည် အ​ပြစ်​ကြောင့် အ​သေ​ဖြစ်​သော်​လည်း ဝိ​ညာဉ်​မူ​ကား ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 11,
      "text": "ထို​မျှ​မ​က၊ ယေ​ရှု​ကို​သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​သော မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ သေ​တတ်​သော သင်​တို့၏ ကိုယ်​ကာ​ယ​ကို​ပင် ရှင်​စေ​တော်​မူ​မည်။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 12,
      "text": "သို့​ဖြစ်၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ကျင့်​ရ​မည်​အ​ကြောင်း၊ ဇာ​တိ​ပ​က​တိ၏​ကျွန် ဖြစ်​ကြ​သည်​မ​ဟုတ်။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 13,
      "text": "သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ကာ​ယ၏​အ​ကျင့်​တို့​ကို သေ​စေ​လျှင် အ​သက်​ရှင်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​သ​မျှ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 16,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 17,
      "text": "သား​မှန်​လျှင် အ​မွေ​ခံ၊ ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​ဖြစ်​ကြ၏။ ခ​ရစ်​တော်​နှင့်​အ​တူ ဘုန်း​ဝင်​စား​မည်​အ​ကြောင်း၊ ထို​သ​ခင်​နှင့်​အ​တူ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ​လျှင်၊ ထို​သ​ခင်​နှင့်​ဆက်​ဆံ​သော အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 18,
      "text": "ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 19,
      "text": "ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 20,
      "text": "ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 21,
      "text": "ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 22,
      "text": "ဤ​လော​က​တစ်​နိုင်​ငံ​လုံး​သည် ယ​ခု​တိုင်​အောင် တ​ညီ​တ​ညွတ်​တည်း​ညည်း​တွား၍ ဆင်း​ရဲ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သည်​ဟု ငါ​တို့​သိ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 23,
      "text": "ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 24,
      "text": "ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 25,
      "text": "ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 26,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 27,
      "text": "စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 28,
      "text": "ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 30,
      "text": "ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 31,
      "text": "သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 32,
      "text": "မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 33,
      "text": "ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော သူ​တို့​ကို အ​ဘယ်​သူ​သည် အ​ပြစ်​တင်​မည်​နည်း။ ဖြောင့်​မတ်​ရာ၌ တည်​စေ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 34,
      "text": "အ​ပြစ်​စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​သေ​ခံ၍​ခံ​သည်​သာ​မ​က၊ သေ​ခြင်း​မှ​ထ​မြောက်၍ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​သော​သူ​ကား ခ​ရစ်​တော်​ပေ​တည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 35,
      "text": "ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 36,
      "text": "အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 37,
      "text": "မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 38,
      "text": "အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊-"
    },
    {
      "book": 45,
      "chapter": 8,
      "verse": 39,
      "text": "အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 1,
      "text": "ငါ့​ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​တ​ကွ ငါ့​ဘက်၌ သက်​သေ​ခံ​လျက်၊ ငါ​သည် မု​သား​မ​ပါ၊ ခ​ရစ်​တော်​ရှေ့၌ မှန်​ကန်​စွာ ပြော​သည်​ကား၊-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 2,
      "text": "ငါ​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ၏။ စိတ်​နှ​လုံး​ထဲ၌ မ​ခြား​မ​လပ် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ဇာ​တိ​အား​ဖြင့် ငါ့​အ​မျိုး​သား​ချင်း​ဖြစ်​သော ငါ့​ညီ​အစ်​ကို​တို့​အ​တွက်၊ ငါ​သည် ကိုယ်​တိုင် ခ​ရစ်​တော်​နှင့်​ခွာ၍ ကျိန်​ခြင်း​ကို ခံ​ချင်​လောက်​အောင် စိတ်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 4,
      "text": "ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​ဖြစ်၍၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​နှင့်​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​နှင့်​လည်း​ကောင်း၊ ပ​ဋိ​ညာဉ်​တ​ရား​တို့​နှင့်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ထား​ခြင်း​နှင့်​လည်း​ကောင်း၊ ဝတ်​ပြု​ခြင်း​နှင့်​လည်း​ကောင်း၊ က​တိ​တော်​တို့​နှင့်​လည်း​ကောင်း၊ ဆိုင်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 5,
      "text": "ဘိုး​ဘေး​များ​တို့​နှင့် ဆက်​နွယ်​သော​သူ​လည်း ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ထို​သူ​တို့၏​အ​မျိုး ဖြစ်​တော်​မူ၏။ ထို​ခ​ရစ်​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို အ​စိုး​ရ​တော်​မူ၍ ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ အာ​မင်။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 6,
      "text": "ထို​သို့​ဆို​သော် ဘု​ရား​သ​ခင်၏ က​တိ​တော်​မ​တည်​ဟု ငါ​မ​ဆို​လို။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​နှင့် ဆက်​နွယ်​သော သူ​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​လူ​မှန် မ​ဟုတ်။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 7,
      "text": "ထို​နည်း​တူ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန် မ​ဟုတ်။ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး တည်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 8,
      "text": "ထို​ကြောင့်၊ ဇာ​တိ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​သား​မှန် မ​ဟုတ်။ က​တိ​တော်​နှင့်​ဆိုင်​သော သား​တို့​သည် အ​မျိုး​အ​နွယ်​မှန်​သည်​ဟု မှတ်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 9,
      "text": "က​တိ​တော်​အ​ချက်​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ ငါ​လာ၍ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 10,
      "text": "ထို​မျှ​မ​က၊ ရေ​ဗ​က္က​သည် ငါ​တို့​အ​ဘ​ဣ​ဇာက်​နှင့် စုံ​ဖက်၍ ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​သော​အ​ခါ၊-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 11,
      "text": "ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​ခြင်း​နှင့် ယှဉ်​သော​အ​ကြံ​တော်​သည် အ​ကျင့်​အား​ဖြင့် မ​တည်၊ ခေါ်​တော်​မူ​သော​သူ၏ အ​လို​တော်​အား​ဖြင့် တည်​မည်​အ​ကြောင်း၊ သား​မ​ဖွား​မီ၊ ထို​သား​တို့​သည် ကောင်း​သော​အ​ကျင့်၊ မ​ကောင်း​သော​အ​ကျင့်​ကို မ​ကျင့်​မီ၊-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 12,
      "text": "သား​အ​ကြီး​သည် သား​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု ထို​မိန်း​မ​အား ဗျာ​ဒိတ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 13,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ယာ​ကုပ်​ကို​ငါ​ချစ်၏။ ဧ​သော​ကို​မုန်း၏​ဟု ကျမ်း​စာ​လာ​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 14,
      "text": "သို့​ဖြစ်၍၊ အ​ဘယ်​သို့ ပြော​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​မ​ပြော​ရ။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 15,
      "text": "ဘု​ရား​သ​ခင်​က၊ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်​ဟု မော​ရှေ​ကို မိန့်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 16,
      "text": "ထို​ကြောင့်၊ လို​ချင်​သော​သူ​သည် တတ်​နိုင်​သည် မ​ဟုတ်။ ပြေး​သော​သူ​သည်​လည်း တတ်​နိုင်​သည်​မ​ဟုတ်။ ကျေး​ဇူး​ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 17,
      "text": "ကျမ်း​စာ၌ ဖာ​ရော​ဘု​ရင်​ကို​ဆို​သည်​ကား၊ ငါ့​တန်​ခိုး​ကို သင်၌ ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို ချီး​မြှောက်​ခဲ့​ပြီ​ဟု ဆို​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 18,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ခိုင်​မာ​စေ​လို​သော သူ​ကို​လည်း ခိုင်​မာ​စေ​တော်​မူ၏။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 19,
      "text": "သို့​ဖြစ်​လျှင်၊ ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကြောင့် အ​ပြစ်​တင်​တော်​မူ​သေး​သ​နည်း။ အ​ဘယ်​သူ​သည် အ​လို​တော်​ကို ဆီး​တား​ဖူး​သ​နည်း​ဟု ဆို​မည်​လော။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 20,
      "text": "ဘု​ရား​သ​ခင်​ကို ငြင်း​ဆန်​သော အ​ချင်း​လူ၊ သင်​သည်​ကား အ​ဘယ်​သူ​နည်း။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​အား၊ အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​လုပ်​သ​နည်း​ဟု ဆို​ရ​မည်​လော။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 21,
      "text": "အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို ပိုင်​သည် မ​ဟုတ်​လော။ အိုး​မြေ​တစ်​ပုံ​တည်း​နှင့် အိုး​မြတ်၊ အိုး​ယုတ်​ကို လုပ်​ပိုင်​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 22,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မျက်​တော်​ကို​ပြ၍၊ တန်​ခိုး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျက်၊ ပျက်​စီး​ခြင်း​အ​ဖို့ ပြင်​ဆင်​သော အ​မျက်​ခံ​ရာ​အိုး​များ​တို့​ကို အ​လွန်​သည်း​ခံ​ခြင်း​ခ​န္တီ​နှင့် သည်း​ခံ​တော်​မူ​သည် မှန်​လျှင် အ​ဘယ်​ပြော​ဖွယ်​ရှိ​အံ့​နည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 23,
      "text": "ချီး​မြှောက်​ခြင်း​အ​ဖို့ ပြင်​ဆင်​တော်​မူ​နှင့်​သော က​ရု​ဏာ​ခံ​ရာ အိုး​များ​တည်း​ဟူ​သော၊-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 24,
      "text": "ယု​ဒ​အ​မျိုး​သား​တို့​အ​ထဲ​မှ​သာ​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​မှ ပ​ရော​ဖက်​ဟော​ရှေ​ဆို​သည်​အ​တိုင်း ခေါ်​တော်​မူ​သော ငါ​တို့၌ ဘုန်း​အာ​နု​ဘော်​တော် ကြွယ်​ဝ​ခြင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ ပြု​တော်​မူ​သည် မှန်​လျှင်၊ အ​ဘယ်​ပြော​ဖွယ်​ရှိ​အံ့​နည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 25,
      "text": "ဟော​ရှေ၏​ကျမ်း​စာ၌ လာ​သည်​ကား၊ ငါ၏ လူ​မ​ဟုတ်​သော​သူ​ကို ငါ၏​လူ​ဟူ၍ ငါ​ခေါ်​မည်။ မ​ချစ်​သော သ​တို့​သ​မီး​ကို​လည်း အ​ချစ်​ဟူ၍ ငါ​ခေါ်​မည်။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 26,
      "text": "သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်​ဟု ပြော​ဆို​ရာ​အ​ရပ်၌ နေ​သော​သူ​တို့​သည်၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 27,
      "text": "ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 28,
      "text": "အ​မှု​တော်​ကို တ​ရား​သ​ဖြင့် ပြီး​စီး​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု​ကို ပြု​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 29,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ဟေ​ရှာ​ယ​သည် အ​ထက်​က ဆို​ပြန်​သည်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ မျိုး​စေ့​ကို ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 30,
      "text": "ထို​ကြောင့်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း ဟူ​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​ကို မီ​အောင်​မ​လိုက်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ဖြောင့်​မတ်​ခြင်း​ကို မီ​ကြ၏။ ထို​သို့​ဆို​သော်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မီ​သော ဖြောင့်​မတ်​ခြင်း​ကို ဆို​လို​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 31,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မီ​အောင်​လိုက်​သော ဣ​သ​ရေ​လ​လူ​တို့​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​မီ​ကြ။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 32,
      "text": "အ​ဘယ်​ကြောင့် မ​မီ​ကြ​သ​နည်း။ ယုံ​ကြည်​ခြင်း​အား​ဖြင့် မ​လိုက်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့်​သာ လိုက်​ကြ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 9,
      "verse": 33,
      "text": "ကျမ်း​စာ၌​လာ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​နိုင်​ရာ​ဟု​လာ​သည်​နှင့် အ​ညီ၊ ထို​ကျောက်​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ထိ​မိ၍ လဲ​ကြ၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 2,
      "text": "ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 3,
      "text": "ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 4,
      "text": "ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​အား​ဖြင့် စုံ​လင်​ခြင်း​ရှိ၏။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 5,
      "text": "မော​ရှေ​က​လည်း၊ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ပ​ညတ်​တ​ရား​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ရည်​မှတ်၍ ရေး​ထား​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 6,
      "text": "ယုံ​ကြည်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား ဆို​သည်​ကား၊-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 7,
      "text": "ကောင်း​ကင်​သို့ အ​ဘယ်​သူ​တက်​လိမ့်​မည်​နည်း။ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဆင်း​လိမ့်​မည်​နည်း​ဟု စိတ်​ထဲ​မှာ မ​အောက်​မေ့​နှင့်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ခ​ရစ်​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကောင်း​ကင်​သို့ အ​ဘယ်​သူ တက်​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ ဆင်း​လိမ့်​မည်​နည်း​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 8,
      "text": "တစ်​ဖန်​ဆို​သည်​ကား၊ တ​ရား​တော်​သည် သင်​နှင့်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း ရှိ​သည်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ငါ​တို့​ဟော​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ဆို​လို​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 9,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 10,
      "text": "ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 11,
      "text": "ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ နှုတ်​ဖြင့်​ဝန်​ခံ​ရ၏။ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကျောက်​ကို အ​မှီ​ပြု​သော သူ​မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 12,
      "text": "ယု​ဒ​အ​မျိုး၊ ဟေ​လ​သ​အ​မျိုး​ကို​မ​ရွေး၊ လူ​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော အ​ရှင်​တစ်​ပါး​တည်း​ရှိ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 14,
      "text": "သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 15,
      "text": "လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 16,
      "text": "သို့​သော်​လည်း၊ လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို နား​ထောင်​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စ​ကား​ဟူ​မူ​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း​ဟု ဆို၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 17,
      "text": "သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 18,
      "text": "သို့​ရာ​တွင် လူ​အ​ပေါင်း​တို့​သည် မ​ကြား​ရ​ကြ​ပြီ​လော။ အ​မှန်​ကြား​ရ​ကြ​ပြီ။ သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ​ပြီ​ဟု ငါ​ဆို၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 19,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဤ​အ​မှု​ကို မ​သိ​ကြ​သ​လော။ မော​ရှေ​က၊ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ပြု​မည်​ဟု ရှေ့​ဦး​စွာ​ဆို၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 20,
      "text": "ဟေ​ရှာ​ယ​သည် သာ၍ ရဲ​ရင့်​စွာ​ဆို​သည်​ကား၊ ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရ​ကြ၏။ ငါ၏​အ​ကြောင်း​ကို မ​မေး​မြန်း​သော​သူ​တို့၌ ငါ​ထင်​ရှား​သည်​ဟု ဆို၏။-"
    },
    {
      "book": 45,
      "chapter": 10,
      "verse": 21,
      "text": "ဣ​သ​ရေ​လ​လူ​တို့​ကို ရည်​မှတ်၍ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နား​မ​ထောင် ငြင်း​ဆန်​တတ်​သော လူ​မျိုး​သို့ တစ်​နေ​လုံး​ငါ​သည် လက်​ဝါး​ကို ဖြန့်​ရ​ပြီ​ဟု ဆို​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 1,
      "text": "သို့​ဖြစ်​လျှင်၊ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို ပယ်​တော်​မူ​ပြီ​လော​ဟု မေး​သော်၊ ပယ်​တော်​မ​မူ​ဟု ဆို​ရ၏။ ငါ​ပင် ဣ​သ​ရေ​လ​လူ​ဖြစ်၏။ အာ​ဗြ​ဟံ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်​သည် အ​ထက်​က သိ​မှတ်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ပယ်​တော်​မ​မူ။ ပ​ရော​ဖက်​ဧ​လိ​ယ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 3,
      "text": "သူ​တို့​သည် ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို သတ်​ကြ​ပါ​ပြီ။ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ် အ​သက်​ကို​ပင် ရှာ​ကြ​ပါ၏​ဟု ဘု​ရား​သ​ခင့်​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ လျှောက်​ထား​သည်​ဟု ကျမ်း​စာ၌ ပါ​သော​အ​ကြောင်း​ကို သင်​တို့​သည် မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 4,
      "text": "ထို​သို့​လျှောက်​သော​အ​ခါ၊ အ​ဘယ်​သို့ ဗျာ​ဒိတ်​ထား​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဗာ​လ​ရှေ့၌ ဒူး​မ​ထောက်​သော လူ​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 5,
      "text": "ထို​နည်း​တူ၊ ယ​ခု​ကာ​လ​တွင်​ပင် ကျေး​ဇူး​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော အ​ကြွင်း​အ​ကျန်​ရှိ​သေး၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 6,
      "text": "ကျေး​ဇူး​တော်​အား​ဖြင့်​ရှိ​လျှင်၊ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကျေး​ဇူး​သည် ကျေး​ဇူး​မ​ဟုတ်။ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် ရှိ​လျှင်၊ ကျေး​ဇူး​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကိုယ်​ကျင့်​သော​အ​ကျင့်​သည် အ​ကျင့်​မ​ဟုတ်။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 7,
      "text": "သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှာ​သော​အ​ရာ​ကို မ​တွေ့​မ​ရ​ကြ။ ရွေး​ကောက်​တော်​မူ​သော သူ​တို့​သာ တွေ့​ရ​ကြ၏။ ကြွင်း​သော​သူ​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 8,
      "text": "ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် အိပ်​ချင်​သော​သ​ဘော​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်​သော မျက်​စိ​ကို​လည်း​ကောင်း၊ မ​ကြား​နိုင်​သော နား​ကို​လည်း​ကောင်း၊ ထို​သူ​တို့​အား ပေး​တော်​မူ​ပြီ​ဟု​လာ၏။ ထို​ကျမ်း​စာ​ချက်​သည် ယ​နေ့​တိုင်​အောင် ပြည့်​စုံ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 9,
      "text": "ဒါ​ဝိဒ်၏​စ​ကား ဟူ​မူ​ကား၊ သူ​တို့​စား​ပွဲ​သည် သူ​တို့၌ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ဂျမ်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော အ​ပြစ်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 10,
      "text": "သူ​တို့​သည် မ​မြင်​နိုင်​အောင် မျက်​စိ​ကွယ်​ပါ​စေ။ သူ​တို့​ကျော​သည်​လည်း အ​စဉ်​ကုန်း​ပါ​စေ​ဟု လာ​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 11,
      "text": "သို့​ဖြစ်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့​သည် လဲ၍ နေ​ရ​သည်​တိုင်​အောင် ထိ​မိ​ကြ​ပြီ​လော​ဟု မေး​သော်၊ လဲ၍​မ​နေ​ရ​ကြ။ သူ​တို့၏​စိတ်​ကို နှိုး​ဆော်​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ၊ သူ​တို့၏​လဲ​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​လေ၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 12,
      "text": "သူ​တို့၏​လဲ​ခြင်း​အ​ရာ​သည် လော​ကီ​သား​တို့၏ စီး​ပွား​ကို​လည်း​ကောင်း၊ သူ​တို့၏​ရှုံး​ခြင်း​အ​ရာ​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ စီး​ပွား​ကို​လည်း​ကောင်း ပြု​စု​လျှင်၊ သူ​တို့၏ ပြည့်​စုံ​ခြင်း​အ​ရာ​သည် သာ၍ ပြု​စု​မည်​မ​ဟုတ်​လော။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 13,
      "text": "ထို​သို့​ဆို​သော်၊ ငါ​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည်​နှင့် အ​ညီ၊ ထို​တ​မန်​တော်၏​အ​ရာ​ကို ချီး​မွမ်း​လျက်၊ ငါ့​အ​မျိုး​သား​ချင်း​တို့၏​စိတ်​ကို တစ်​ခု​ခု​အား​ဖြင့် နှိုး​ဆော်၍၊ အ​ချို့​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော သင်​တို့​အား​ဆို​ရ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 15,
      "text": "ထို​သူ​တို့​ကို ပယ်​တော်​မူ​ခြင်း​အ​ရာ​သည် လော​ကီ​သား​တို့၏ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အ​ကြောင်း​ဖြစ်​လျှင်၊ သူ​တို့​ကို သိမ်း​ဆည်း​တော်​မူ​ခြင်း​အ​ရာ​သည် သေ​ခြင်း​မှ ထ​မြောက်​ရှင်​ပြန်​ခြင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 16,
      "text": "အ​ဦး​နယ်​သော မုန့်​စိမ်း​သည် သန့်​ရှင်း​လျှင်၊ တစ်​ပုံ​လုံး သန့်​ရှင်း​လိမ့်​မည်။ အ​မြစ်​သန့်​ရှင်း​လျှင်၊ အ​ခက်​အ​လက်​များ​လည်း သန့်​ရှင်း​ကြ​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 17,
      "text": "အ​ချို့​သော​အ​ခက်​တို့​ကို ချိုး​ဖဲ့​ပြီး​မှ၊ ရိုင်း​သော သံ​လွင့်​ပင်​တည်း​ဟူ​သော သင်​ကို အ​ထက်​ငုတ်၌ ဆက်၍ စိုက်​သ​ဖြင့်၊ အ​ခက်​များ​နှင့်​အ​တူ သံ​လွင်​ပင်​အ​မြစ်​ကို​လည်း​ကောင်း၊ အ​ဆီ​ဩ​ဇာ​ကို​လည်း​ကောင်း ဆက်​ဆံ​လျှင်၊ ချိုး​ဖဲ့​သော အ​ခက်​တို့​ကို ကဲ့​ရဲ့​ဝါ​ကြွား​ခြင်း​မ​ရှိ​နှင့်။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 18,
      "text": "ဝါ​ကြွား​လျှင်​မူ​ကား၊ သင်​သည်​အ​မြစ်​ကို မ​ဆောင်၊ အ​မြစ်​သည် သင့်​ကို​ဆောင်၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 19,
      "text": "ငါ့​ကို​ဆက်၍​စိုက်​ခြင်း​ငှာ ထို​အ​ခက်​တို့​ကို ချိုး​ဖဲ့​ပြီ​ဟု သင်​ဆို​ပြန်​လျှင်၊ မှန်​စေ​တော့။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 20,
      "text": "မ​ယုံ​ကြည်​သော​စိတ်​ရှိ​သော​ကြောင့် သူ​တို့​ကို ချိုး​ဖဲ့​သည်​ဖြစ်၍၊ သင်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ တည်၏။ မာ​န​စိတ် မ​ရှိ​စေ​နှင့်။ ကြောက်​ခြင်း​စိတ် ရှိ​စေ​လော့။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ပ​က​တိ​အ​ခက်​များ​ကို နှ​မြော​တော်​မ​မူ​လျှင်၊ သင်​တို့​ကို နှ​မြော​တော်​မူ​မည်​လော။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 22,
      "text": "သို့​ဖြစ်၍၊ လဲ​သော​သူ​တို့၌ ပြင်း​စွာ စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်၌​သင်​သည် တည်​နေ​လျှင်၊ သင်၌​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ဤ​နှစ်​ပါး​ကို အောက်​မေ့​လော့။ ကျေး​ဇူး​တော်၌ မ​တည်​မ​နေ​လျှင်၊ သင်​သည်​လည်း ခုတ်​ပစ်​ခြင်း​ကို ခံ​ရ​မည်။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 23,
      "text": "သူ​တို့​သည် မ​ယုံ​ကြည်​သော​စိတ်​ပျောက်​လျှင်၊ အ​ပင်၌​တစ်​ဖန် ဆက်၍​စိုက်​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို တစ်​ဖန်​ဆက်၍ စိုက်​ခြင်း​ငှာ ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 24,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​က​တိ​ရိုင်း​သော သံ​လွင်​ပင်​မှ သင့်​ကို​ခုတ်​ယူ၍၊ ကောင်း​သော သံ​လွင်​ပင်၌ ပ​က​တိ​ကို မ​လိုက်​ဘဲ ဆက်၍​စိုက်​သည် မှန်​လျှင်၊ ပ​က​တိ​အ​ခက်​ဖြစ်​သော ထို​သူ​တို့​သည် မိ​မိ​တို့​သံ​လွင်​ပင်၌ ဆက်၍​စိုက်​သော​အ​ခွင့်​ကို သာ၍​ရ​ကြ​မည် မ​ဟုတ်​လော။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 25,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 26,
      "text": "ထို​သို့ ကျမ်း​စာ​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ကျမ်း​စာ​ချက်​ဟူ​မူ​ကား၊ ကယ်​လွှတ်​သော​သ​ခင်​သည် ဇိ​အုန်​တောင်၌ ပေါ်​ထွန်း၍၊ မ​တ​ရား​သော​အ​မှု​ကို ယာ​ကုပ်​အ​မျိုး​သား​တို့​မှ လွှဲ​တော်​မူ​လ​တ္တံ့၊-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 27,
      "text": "သူ​တို့​အ​ပြစ်​များ​ကို ငါ​ပယ်​ရှင်း​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​သည် ထို​သို့​သော​တ​ရား​ဖြစ်၏​ဟု လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 28,
      "text": "သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့်​မူ​ကား သင်​တို့​အ​ကြောင်း​ကြောင့် ရန်​သူ​ဖြစ်​ကြ၏။ ရွေး​ကောက်​တော်​မူ​ခြင်း​အား​ဖြင့်​မူ​ကား၊ ဘိုး​ဘေး​များ​အ​ကြောင်း​ကြောင့် ချစ်​သူ​ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 29,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ခြင်း၊ ခေါ်​ထား​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​မ​ရှိ၊-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 30,
      "text": "သင်​တို့​သည် အ​ထက်​က၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​သော်​လည်း၊ ယ​ခု​တွင် သူ​တို့ နား​မ​ထောင်​ခြင်း​အ​မှု​အား​ဖြင့်၊ သ​နား​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 31,
      "text": "ထို​နည်း​တူ၊ သင်​တို့​ခံ​ရ​သော သ​နား​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့​လည်း သ​နား​တော်​မူ​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယ​ခု​တွင် သူ​တို့​သည် နား​မ​ထောင်​ဘဲ နေ​ရ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 32,
      "text": "ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​ကို သ​နား​တော်​မူ​ခြင်း အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လူ​အ​ပေါင်း​တို့​ကို နား​မ​ထောင်​ခြင်း​အ​ဖြစ်၌ ချုပ်​ထား​တော်​မူ၏။"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 33,
      "text": "ဘု​ရား​သ​ခင်၏​ပ​ညာ​နှင့် ဉာဏ် တော်​သည် အ​လွန် ကျယ်​ဝန်း​နက်​နဲ​စွ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ဘယ်​သူ​မျှ စစ်၍​မ​ကုန်​နိုင်။ ကြွ​တော်​မူ​ရာ​လမ်း​တို့​ကို လိုက်၍​ရှာ​သော်​လည်း မ​တွေ့​မ​မီ​နိုင်။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 34,
      "text": "ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​ကို အ​ဘယ်​သူ​သိ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​သည် တိုင်​ပင်​ဘက်​ပြု​သ​နည်း။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 35,
      "text": "ကျေး​ဇူး​ဆပ်​တော်​မူ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၌ အ​ဘယ်​သူ​သည် ကျေး​ဇူး​ပြု​ဖူး​သ​နည်း။-"
    },
    {
      "book": 45,
      "chapter": 11,
      "verse": 36,
      "text": "ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 2,
      "text": "သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 3,
      "text": "သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 4,
      "text": "ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍၊ ထို​အင်္ဂါ​အ​များ​သည် ဆောင်​ရွက်​စ​ရာ​အ​မှု တစ်​ခု​တည်း​မ​ရှိ​သ​ကဲ့​သို့၊-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 5,
      "text": "ထို​အ​တူ၊ အ​များ​ဖြစ်​သော​ငါ​တို့​သည် ခ​ရစ်​တော်၌ တစ်​ကိုယ်​တည်း​ဖြစ်၍၊ အ​သီး​အ​သီး​အင်္ဂါ​ချင်း ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 6,
      "text": "ထို​သို့​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း ငါ​တို့​သည် အ​သီး​သီး​အ​ပြား​ပြား​သော ဆု​များ​ကို​ခံ​ရ​သည်​ဖြစ်၍၊ ပ​ရော​ဖက်​အ​ရာ​ရှိ​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​မာ​ဏ​ကို ရ​သည်​အ​တိုင်း ပ​ရော​ဖက်​ပြု​ကြ​ကုန်​အံ့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 7,
      "text": "ဓ​မ္မ​ဆ​ရာ​အ​ရာ​ရှိ​လျှင်၊ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ဆောင်​ရွက်​ကြ​ကုန်​အံ့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​သူ​သည် ထို​အ​မှု​ကို​ဆောင်​ရွက်​စေ။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 8,
      "text": "နှိုး​ဆော်​သွေး​ဆောင်​သော​သူ​သည် ထို​အ​မှု​ကို ဆောင်​ရွက်​စေ။ အ​စွန့်​အ​ကြဲ​ဝေ​ငှ​သော​သူ​သည် လျစ်​လျူ​သော​စိတ်​နှင့် ဝေ​ငှ​စေ။ အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝိ​ရိ​ယ​နှင့် အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း အ​မှု​ကို​ပြု​သော​သူ​သည် စေ​တ​နာ​စိတ်​နှင့်​ပြု​စေ။"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 9,
      "text": "မေ​တ္တာ​စိတ်​သည် လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စေ​လော့။ ဆိုး​ညစ်​သော​အ​မှု​ကို စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။ ကောင်း​မွန်​သော​အ​မှု၌ မှီ​ဝဲ​ဆည်း​ကပ်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 10,
      "text": "ညီ​အစ်​ကို​ချစ်​ခြင်း​အ​ရာ​မှာ၊ ပ​က​တိ​ပေါက်​ဖော်​ကဲ့​သို့ တစ်​ယောက်​ကို​တစ်​ယောက် စုံ​မက်​ကြ​လော့။ ချီး​မွမ်း​ခြင်း​အ​ရာ​မှာ၊ သူ​တစ်​ပါး​ကို ကိုယ်​ထက် ချီး​မြှောက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 11,
      "text": "အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 12,
      "text": "မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 13,
      "text": "သန့်​ရှင်း​သူ​တို့​သည် ဆင်း​ရဲ​သော​အ​ခါ ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။ အာ​ဂ​န္တု​တို့​အား ဧည့်​သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 14,
      "text": "သင်​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အ​ဖို့ မေ​တ္တာ​ပို့​ကြ​လော့။ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု၊ မေ​တ္တာ​ပို့​ခြင်း​ကို​သာ ပြု​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 15,
      "text": "ဝမ်း​မြောက်​သော​သူ​တို့​နှင့်​အ​တူ၊ ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ငို​ကြွေး​သော​သူ​တို့​နှင့်​အ​တူ ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း ပြု​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 16,
      "text": "အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 17,
      "text": "အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 18,
      "text": "သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 19,
      "text": "ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 20,
      "text": "ထို​ကြောင့် သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။ ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 12,
      "verse": 21,
      "text": "အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 1,
      "text": "အ​စိုး​ရ​သော မင်း​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​ခွင့်​မ​ရှိ​လျှင်၊ မင်း​အာ​ဏာ​စက် မ​ရှိ။ အာ​ဏာ​စက်​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​ရာ ဖြစ်​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 2,
      "text": "ထို​ကြောင့်၊ မင်း​အာ​ဏာ​ကို ဆန်​သော​သူ​သည် ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို ဆန်​သော​သူ​ဖြစ်၏။ ထို​သို့​ဆန်​သော​သူ​သည် ရာ​ဇ​ဝတ်​ကို ခံ​ရ​မည်။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 3,
      "text": "မင်း​မူ​ကား၊ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကြောက်​ဖို့​ဖြစ်​သည်​မ​ဟုတ်။ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​သော​သူ ကြောက်​ဖို့၏။ မင်း​အာ​ဏာ​ကို မ​ကြောက်​ဘဲ နေ​ချင်​သ​လော။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ကျင့်​လျှင် မင်း​အာ​ဏာ​ကြောင့် ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 4,
      "text": "မင်း​သည်​ကား၊ သင်၏​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ကြောက်​ခြင်း ရှိ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ မင်း​သည်​အ​ချည်း​နှီး ဓား​ကို​ဆောင်​သည်​မ​ဟုတ်။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​ကို အ​ပြစ်​တ​ရား​စီ​ရင်၍ ရာ​ဇ​ဝတ်​ပေး​ပိုင်​သော သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 5,
      "text": "ထို​ကြောင့်၊ ရာ​ဇ​ဝတ်​ကို​ကြောက်​သော​ကြောင့်​သာ မင်း​အာ​ဏာ​စက်၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​မည် မ​ဟုတ်။ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို ထောက်၍ ဝန်​ခံ​ရ​မည်။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 6,
      "text": "ထို​အ​ကြောင်း​ကြောင့် အ​ခွန်​အ​တုတ်​ကို ပေး​ကြ​လော့။ မင်း​တို့​သည် ဘု​ရား​သ​ခင်၏ အ​မှု​စောင့်​ဖြစ်၍၊ အ​မှု​တော်​ကို အ​မြဲ​ထမ်း​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 7,
      "text": "ထို​ကြောင့်၊ လူ​အ​သီး​အ​သီး ခံ​ထိုက်​သည်​အ​တိုင်း ပေး​ကြ​လော့။ အ​ခွန်​ကို​ခံ​ထိုက်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ကို ခံ​ထိုက်​သော​သူ​အား အ​ကောက်​ကို လည်း​ကောင်း ပေး​ကြ​လော့။ ကြောက်​ထိုက်​သော​သူ​ကို ကြောက်​ကြ​လော့။ ရို​သေ​ထိုက်​သော​သူ​ကို ရို​သေ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 8,
      "text": "အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 10,
      "text": "ချစ်​ခြင်း​မေ​တ္တာ​ရှိ​သော​သူ​သည် ကိုယ်​နှင့် စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို မ​ဖျက်​ဆီး​တတ်။ ထို​ကြောင့်၊ ချစ်​ခြင်း​မေ​တ္တာ​သည် အ​ကျင့်​တ​ရား​ပြည့်​စုံ​ရာ ဖြစ်​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 11,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​တို့​ကို ကယ်​တင်​သော ကျေး​ဇူး​တော်​သည် ငါ​တို့ ယုံ​ကြည်​သော နေ့​ရက်၌​နီး​သည်​ထက် ယ​ခု​သာ၍ နီး​သော​ကြောင့်​လည်း​ကောင်း၊-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 12,
      "text": "ည​အ​ချိန်​ကုန်​လု၍ နေ့​အ​ချိန် ရောက်​လု​သော​ကြောင့်​လည်း​ကောင်း၊ ယ​ခု​အ​ခါ အိပ်​ပျော်​ရာ​မှ နိုး​ရ​သော​အ​ချိန် ရောက်​ခဲ့​ပြီ​ဟု ငါ​တို့​သည်​သိ၍ ကာ​လ​အ​ချိန်​ကို ထောက်​လျက်၊ မှောင်​မိုက်၏​အ​ကျင့်​ကို ပယ်​ရှား၍၊ အ​လင်း၏ လက်​နက်​စုံ​ကို ဝတ်​ဆင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 13,
      "text": "ပွဲ​လုပ်​ခြင်း၊ ယစ်​မျိုး​သောက်​ကြူး​ခြင်း၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း​အ​မှု​တို့​ကို ကြဉ်​ရှောင်၍၊ နေ့​အ​ချိန်၌​ကဲ့​သို့ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​ဆောင် ပြု​မူ​ကြ​ကုန်​အံ့။-"
    },
    {
      "book": 45,
      "chapter": 13,
      "verse": 14,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 1,
      "text": "ယုံ​ကြည်​အား​နည်း​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။ သို့​ရာ​တွင် ယုံ​မှား​ဖွယ်​သော ပြဿ​နာ​တို့​ကို ထို​သူ​နှင့် မ​ဆွေး​နွေး​ကြ​နှင့်။ အ​စာ​အ​မျိုး​မျိုး​ကို စား​အပ်​သည်​ဟု လူ​အ​ချို့​ယုံ၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 2,
      "text": "အား​နည်း​သော​သူ​မူ​ကား၊ ဟင်း​သီး​ဟင်း​ရွက်​ကို​သာ စား၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 3,
      "text": "အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 4,
      "text": "သူ​တစ်​ပါး​ပိုင်​သော လူ​ကို စစ်​ကြော​စီ​ရင်​သော သင်​သည် အ​ဘယ်​သူ​နည်း။ သူ​သည် မိ​မိ​သ​ခင်​စီ​ရင်​သော​အား​ဖြင့်​သာ အ​ပြစ်​လွတ်​ခြင်း၊ အ​ပြစ်​ခံ​ခြင်း​သို့ ရောက်​ရ၏။ သူ​သည် အ​ပြစ်​လွတ်​ခြင်း​သို့ ရောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 5,
      "text": "နေ့​ရက်​တစ်​ရက်​ထက်​တစ်​ရက် သာ၍​မြတ်​သည်​ဟု လူ​အ​ချို့​ထင်​တတ်၏။ လူ​အ​ချို့​မ​ထင်။ လူ​တိုင်း မိ​မိ​စိတ်​သ​ဘော​ကျ​ပါ​စေ။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 6,
      "text": "နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 7,
      "text": "ငါ​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ အ​သက်​မ​ရှင်။ အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ မ​သေ။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 8,
      "text": "အ​သက်​ရှင်​လျှင်၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ ရှင်၏။ သေ​လျှင်​လည်း၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ သေ၏။ ထို​ကြောင့် အ​သင်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား​ဆိုင်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည်၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ရှင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ အ​စိုး​ရ​သော​အ​ရှင် ဖြစ်​လို​သော​ငှာ အ​သေ​ခံ၍၊ ခံ​ပြီး​မှ အ​သက်​ရှင်​ပြန်​တော်​မူ၏။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 10,
      "text": "သင်​သည် ညီ​အစ်​ကို​ချင်း​ကို အ​ဘယ်​ကြောင့် စစ်​ကြော​စီ​ရင်​သ​နည်း။ ညီ​အစ်​ကို​ချင်း​ကို အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​သ​နည်း။ ငါ​တို့​ရှိ​သ​မျှ​သည် ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​တော်​ရှေ့​သို့ ရောက်​ရ​ကြ​မည်။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 11,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ ငါ​အ​သက်​ရှင်​တော်​မူ​သည် ဖြစ်၍၊ ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်။ ဘု​ရား​သ​ခင်​အား လူ​တိုင်း​မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 12,
      "text": "သို့​ဖြစ်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် စစ်​ကြော​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​မည်။"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 13,
      "text": "ထို​ကြောင့်၊ ငါ​တို့​သည် ယ​ခု​မှ​စ၍ အ​ချင်း​ချင်း မ​စစ်​ကြော​မ​စီ​ရင်​ဘဲ နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း ထိ​မိ၍ လဲ​စ​ရာ​အ​ခွင့်၊ မှား​ယွင်း​စ​ရာ​အ​ခွင့် မ​ရှိ​စေ​မည်​အ​ကြောင်း သာ၍ စီ​ရင်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 14,
      "text": "အ​ဘယ်​အ​စာ​မျှ ပ​က​တိ​အ​တိုင်း မ​ညစ်​ညူး​ကြောင်း​ကို၊ ငါ​သည် သ​ခင်​ယေ​ရှု​ကို အ​မှီ​ပြု​လျက် သ​ဘော​ကျ၍ အ​မှန်​သိ၏။ သို့​သော်​လည်း၊ ညစ်​ညူး​သည်​ဟု အ​ကြင်​သူ​သည် ထင်၏။ ထို​သူ၌ ညစ်​ညူး၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 15,
      "text": "သင်၏​ညီ​အစ်​ကို​သည် သင်​စား​သော အ​စာ​ကြောင့် စိတ်​နာ​ရ​လျှင်၊ သင်​သည် မေ​တ္တာ​တ​ရား​ကို မ​ကျင့်။ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ခံ​သော​သူ​ကို သင်၏​အ​စာ​အား​ဖြင့် အ​ကျိုး​မ​နည်း​စေ​နှင့်။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 16,
      "text": "သင်​တို့​သည် အ​ခွင့်​ရ​သည်​အ​မှု​မှာ ကဲ့​ရဲ့​စ​ရာ အ​ကြောင်း​မ​ရှိ​စေ​နှင့်။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 18,
      "text": "ထို​သို့​ကျင့်၍ ခ​ရစ်​တော်၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ နှစ်​သက်​ဖွယ်၊ လူ​တို့​တွင် ချီး​မွမ်း​ဖွယ်​ဖြစ်၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 19,
      "text": "ထို​ကြောင့်၊ ငြိမ်​သက်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း တည်​ဆောက်​ခြင်း​နှင့်​လည်း​ကောင်း ယှဉ်​သော​အ​ရာ​တို့​ကို မီ​အောင်​လိုက်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 20,
      "text": "ဘု​ရား​သ​ခင်၏ အ​မှု​တော်​ကို သင်၏​အ​စာ​အ​လို​ငှာ မ​ဖျက်​ဆီး​နှင့်။ အ​စာ​အ​မျိုး​မျိုး​တို့​သည် စင်​ကြယ်၏။ သို့​သော်​လည်း သူ​တစ်​ပါး​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​နှင့် စား​သော​သူ​သည် အ​ပြစ်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 21,
      "text": "အ​မဲ​သား​ကို​စား​ခြင်း၊ စ​ပျစ်​ရည်​ကို​သောက်​ခြင်း​ကိ​စ္စ​မှ​စ၍၊ ညီ​အစ်​ကို​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း၊ အား​နည်း​စ​ရာ​အ​ကြောင်း​များ​ကို ရှောင်​အပ်၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 22,
      "text": "သင်​သည် ယုံ​ခြင်း​ရှိ​လျှင် ကိုယ်​အ​လို​အ​လျောက် ဘု​ရား​သ​ခင့်​ရှေ့၌ ရှိ​စေ​လော့။ ကိုယ်​လက်​ခံ​သော​အ​မှု​မှာ ကိုယ်​ကို​မ​စစ်​ကြော မ​စီ​ရင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 14,
      "verse": 23,
      "text": "ယုံ​မှား​သော​သူ​သည် စား​လျှင်၊ ယုံ​သော​စိတ်​မ​ရှိ​ဘဲ စား​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယုံ​သော​စိတ်​မ​ရှိ​ဘဲ ကျင့်​သ​မျှ​သော အ​ကျင့်​တို့​သည် အ​ပြစ်​ရှိ​ကြ၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 1,
      "text": "သို့​ဖြစ်၍၊ အား​ရှိ​သော​ငါ​တို့​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ အား​နည်း​သော​သူ​တို့၏ အား​နည်း​ခြင်း​ကို သည်း​ခံ​ရ​ကြ​မည်။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 2,
      "text": "ထို​သို့​ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို ထောက်၍၊ သူ့​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သူ၏​အ​လို​သို့ လိုက်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကိုယ်​အ​လို​သို့ မ​လိုက်။ ကျမ်း​စာ​လာ​သည်​အ​တိုင်း ကဲ့​ရဲ့​ခြင်း​ကို ခံ​တော်​မူ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော​သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏​ဟု ကျမ်း​စာ​လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 4,
      "text": "ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 5,
      "text": "သင်​တို့​သည် ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို တ​ညီ​တ​ညွတ်​တည်း နှုတ်​မြွက်၍ ချီး​မွမ်း​စေ​ခြင်း​ငှာ၊-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 6,
      "text": "ယေ​ရှု​ခ​ရစ်၏​အ​လို​တော်​အ​တိုင်း အ​ချင်း​ချင်း စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 7,
      "text": "ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​လျက်၊ သင်​တို့​ကို လက်​ခံ​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လက်​ခံ​ကြ​လော့။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 8,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​ကို​ထောက်၍၊ ဘိုး​ဘေး​များ​ခံ​ရ​သော က​တိ​တော်​တို့​ကို တည်​စေ​ခြင်း​ငှာ၊-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 9,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည်​လည်း၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​လိမ့်​မည်။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကြောင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း၍၊ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ပါ​မည်​ဟု လာ​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 10,
      "text": "တစ်​ဖန်​လာ​သည်​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏​လူ​မျိုး​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့​ဟု​လာ၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 11,
      "text": "တစ်​ဖန်​ကား၊ လူ​မျိုး​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ လူ​အ​နွယ်​အ​ပေါင်း​တို့၊ အ​လွန်​ချီး​မွမ်း​ကြ​လော့​ဟု​လာ၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 12,
      "text": "တစ်​ဖန် ဟေ​ရှာ​ယ​ဆို​သည်​ကား၊ ယေ​ရှဲ၏​အ​မြစ်​ပေါက်၍ တစ်​ပါး​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ခြင်း​ငှာ ပေါ်​ထွန်း​သော​သူ ဖြစ်​လိမ့်​မည်။ ထို​သူ​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုး​စား​ကြ​လိမ့်​မည်​ဟု ဆို​သ​တည်း။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 13,
      "text": "သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 14,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကောင်း​သော​ပ​က​တိ​သ​ဘော​နှင့် ပြည့်​စုံ၍ အ​ရာ​ရာ​တို့​ကို သိ​နား​လည်​သ​ဖြင့်၊ အ​ချင်း​ချင်း​ဆုံး​မ​ခြင်း​ငှာ တတ်​နိုင်​သည်​ကို ငါ​သ​ဘော​ကျ​လျက်​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 15,
      "text": "သို့​သော်​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​စေ​တော်​မူ​သော နှစ်​သက်​ဖွယ်​ရာ ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော တစ်​ပါး​အ​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​ငှာ ငါ​သည် ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု​ကို ဆောင်​ရွက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ယေ​ရှု​ခ​ရစ်၏ အ​မှု​ဆောင်​ဖြစ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အပ်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​အ​မှီ​ပြု၍၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ကို သ​တိ​ပေး​လျက် သာ၍​ရဲ​ရင့်​စွာ ရေး​လိုက်​ပါ၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 17,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ ငါ​သည် ယေ​ရှု​ခ​ရစ်​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 18,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် စ​ကား​အား​ဖြင့်​လည်း​ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း၊ နား​ထောင်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​များ၌ ပါ​သော​တန်​ခိုး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏​တန်​ခိုး​ကို ပြ၍၊ ငါ့​အား​ဖြင့် ပြု​တော်​မူ​သ​မျှ​တို့​ကို​သာ ငါ​ပြော​ဝံ့၏။ ထို​ကျေး​ဇူး​တော်​ကို အ​မှီ​ပြု​လျက်၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​ကုန်​အ​စင် ဟော​ပြော​ခဲ့​ပြီ။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 20,
      "text": "ထို​သို့ အ​ခြား​သူ​တည်​သော တိုက်​မြစ်​အ​ပေါ်​မှာ ငါ​ထပ်၍ မ​တည်​မ​ဆောက်။ ခ​ရစ်​တော်၏​နာ​မ​ကို မ​ကြား​ဖူး​သော​အ​ရပ်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ဟော​ခြင်း​ငှာ စေ​တ​နာ​စိတ်​နှင့် ငါ​ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 21,
      "text": "ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ၏​အ​ကြောင်း​ကို အ​ဘယ်​သူ​မျှ​မ​ပြ​ဖူး​သော်​လည်း၊ သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​သူ​တို့​သည် နား​လည်​ကြ​လိမ့်​မည်​ဟု လာ​သ​တည်း။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 22,
      "text": "ထို​ကြောင့် သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် မ​ရှိ။ အ​ဆီး​အ​တား များ​လှ​ပြီ။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 23,
      "text": "ယ​ခု​မူ​ကား၊ ဤ​အ​ရပ်​တို့၌ အ​ခွင့်​မ​ရ​သည်​ဖြစ်၍၊ သင်​တို့​ရှိ​ရာ​သို့​သွား​ခြင်း​ငှာ တာ​ရှည်​စွာ ကာ​လ​ပတ်​လုံး အ​လို​ရှိ​သော​ကြောင့်၊-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 24,
      "text": "စ​ပါ​နိ​ပြည်​သို့​ငါ​သွား​သော​အ​ခါ၊ လမ်း​ခ​ရီး၌ သင်​တို့​ကို တွေ့​မြင်၍ သင်​တို့​နှင့်​အ​တူ​ပေါင်း​ဖော်​လျက် အ​တန်​အ​ရာ အ​လို​ပြည့်​စုံ​ပြီး​မှ၊ ထို​ပြည်​သို့ သင်​တို့ ပို့​ဆောင်​ခြင်း​ကျေး​ဇူး​ကို​ခံ​မည်​ဟု မျှော်​လင့်၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 25,
      "text": "ယ​ခု​အ​ခါ သန့်​ရှင်း​သူ​တို့​ကို​လုပ်​ကျွေး၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​သွား​ရ​မည်။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆင်း​ရဲ​သော သန့်​ရှင်း​သူ​တို့​အား ဥ​စ္စာ​ကို​ဝေ​မျှ၍ စေ​တ​နာ​စိတ်​နှင့် လှူ​ကြ​ပြီ။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 27,
      "text": "စေ​တ​နာ​စိတ်​ရှိ​သည်​ဟု ဆို​သော်၊ ထို​သူ​တို့​သည် ကျေး​ဇူး​တင်​သော​သူ ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဓ​မ္မ​ဥ​စ္စာ​ကို ယု​ဒ​အ​မျိုး​သား​တို့​နှင့် ဆက်​ဆံ၍​ခံ​ရ​သည်​မှန်​လျှင်၊ လော​ကီ​ဥ​စ္စာ​ကို လှူ၍ လုပ်​ကျွေး​အပ်၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 28,
      "text": "ထို​ကြောင့်၊ ဤ​အ​မှု​ကို ငါ​ဆောင်​ရွက်၍ ဤ​အ​လှူ​လက်​ဆောင်​ကို လုံ​ခြုံ​စေ​ပြီး​လျှင်၊ သင်​တို့​အ​နား​မှာ လျှောက်၍ စ​ပါ​နိ​ပြည်​သို့​သွား​မည်။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 29,
      "text": "သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​သော​အ​ခါ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၌​ပါ​သော ကောင်း​ချီး​မင်္ဂ​လာ​ပြည့်​စုံ​ခြင်း​နှင့် ရောက်​လာ​မည်​ကို ငါ​သိ၏။"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 30,
      "text": "ငါ​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​ရာ​သို့ ရောက်၍ သင်​တို့​နှင့်​အ​တူ သက်​သာ​ခြင်း​ကို ခံ​စား​လို​သော​ငှာ၊ ယု​ဒ​ပြည်၌ ငြင်း​ဆန်​သော​သူ​တို့​လက်​မှ ငါ​လွတ်​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​အား ငါ​လုပ်​ကျွေး​ခြင်း​အ​မှု​ကို သန့်​ရှင်း​သူ​တို့​သည် နှစ်​သက်​မည်​အ​ကြောင်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​တူ ကြိုး​စား​အား​ထုတ်၍ ငါ့​အ​ဖို့​အ​လို​ငှာ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဝိ​ညာဉ်​တော်၏ မေ​တ္တာ​က​ရု​ဏာ​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-"
    },
    {
      "book": 45,
      "chapter": 15,
      "verse": 32,
      "text": "ငြိမ်​သက်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ တည်​နေ​တော်​မူ​ပါ​စေ​သော။ အာ​မင်။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 1,
      "text": "ကင်​ခြေ​မြို့​အ​သင်း​တော်၌ သင်း​ထောက်​မိန်း​မ​ဖြစ်​သော ငါ​တို့​နှ​မ​ဖိ​ဗေ​ကို သင်​တို့​ထံ​သို့ ငါ​သွင်း​ပေး၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 2,
      "text": "သန့်​ရှင်း​သူ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ ထို​သူ​ကို​လက်​ခံ​ကြ​လော့။ သူ​သည် အ​ကူ​အ​မ​လို​သ​မျှ​သော အ​မှု​တို့၌ သူ့​ကို​ကူ​မ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​သည် များ​စွာ​သော သူ​တို့​ကို​လည်း​ကောင်း၊ ငါ့​ကို​လည်း​ကောင်း၊ မ​စ​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 3,
      "text": "ငါ​နှင့်​အ​တူ ယေ​ရှု​ခ​ရစ်၏ အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 4,
      "text": "ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 5,
      "text": "သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ကြ​လော့။ အာ​ရှိ​ပြည်​တွင် ခ​ရစ်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်​သော ငါ့​ချစ်​သား​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 6,
      "text": "ငါ​တို့​အ​မှု​ကို ကြိုး​စား၍ ဆောင်​ရွက်​သော မာ​ရိ​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 7,
      "text": "ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ၊ ငါ​အ​မျိုး​သား​ချင်း အ​န္ဒြော​နိတ်​နှင့် ယု​နိ​ကို နှုတ်​ဆက်​ကြ​လော့။ ထို​သူ​တို့​သည် တ​မန်​တော်​များ​တွင် အ​သ​ရေ​ထင်​ရှား​သော​သူ ဖြစ်​ကြ၏။ ငါ့​အ​ရင် တ​ပည့်​တော်​အ​ဖြစ်​သို့ ရောက်​သော​သူ​လည်း ဖြစ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 8,
      "text": "သ​ခင်​ဘု​ရား၌ ငါ့​ချစ်​သား​အ​မ္ပ​လိ​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 9,
      "text": "ငါ​တို့​နှင့်​အ​တူ ခ​ရစ်​တော်၏​အ​မှု​ကို​ဆောင်​ရွက်​သော ဥ​ရ​ဗန်​နှင့် ငါ့​ချစ်​သား​သ​တာ​ခု​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 10,
      "text": "တ​ပည့်​တော်​စစ်​ဖြစ်​သော အ​ပေ​လေ​နှင့် အာ​ရိ​တ္တော​ဗု​လု၏ အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 11,
      "text": "ငါ၏​အ​ဆွေ​အ​မျိုး ဟေ​ရော​ဒျုန်​နှင့် တ​ပည့်​တော်​ဖြစ်​သော နာ​ကိ​သု၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 12,
      "text": "သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ကြိုး​စား​သော​မိန်း​မ၊ တ​ရု​ဖဲ​န​နှင့် တ​ရု​ဖော​သ​ကို​လည်း​ကောင်း၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို အ​လွန်​ကြိုး​စား၍ ချစ်​အပ်​သော​မိန်း​မ ပေ​ရ​သိ​ကို​လည်း​ကောင်း နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 13,
      "text": "မြတ်​သော​တ​ပည့်​တော်​ရု​ဖု​နှင့် သူ၏​အ​မိ​တည်း​ဟူ​သော ငါ၏​အ​မိ​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 14,
      "text": "အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ၍ သူ​တို့​နှင့်​အ​တူ​နေ​သော ညီ​အစ်​ကို​တို့​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 15,
      "text": "ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​နှ​မ​နှင့် ဩ​လု​မ္ပ​မှ​စ၍ သူ​တို့​နှင့်​အ​တူ​နေ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 16,
      "text": "အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်၏ အ​သင်း​တော်​အ​ပေါင်း​တို့​သည် သင်​တို့​နှင့် နှုတ်​ဆက်​ကြ၏။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 17,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 19,
      "text": "သင်​တို့ ယုံ​ကြည်​နား​ထောင်​ခြင်း အ​ကြောင်း​အ​ရာ​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်၍၊ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ကောင်း​သော​အ​မှု၌​ကား၊ ပ​ညာ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​အ​မှု၌​ကား၊ အ​ပြစ်​ကင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 20,
      "text": "ငြိမ်​သက်​ခြင်း​အ​ရှင် ဘု​ရား​သ​ခင်​သည် မ​ကြာ​မ​မြင့်​မီ စာ​တန်​ကို သင်​တို့​ခြေ​အောက်၌ နှိပ်​စက်​တော်​မူ​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 21,
      "text": "ငါနှင့်​အ​တူ အ​မှု​တော်​ကို ဆောင်​ရွက်​သော တိမောသေမှစ၍ ငါ၏​အ​ဆွေ​အ​မျိုး​လု​ကိ၊ ယာ​သုန်၊ သော​သိ​ပ​တ​ရု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 22,
      "text": "ဤ​စာ​ကို​ရေး​သော ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို နှုတ်​ဆက်​ပါ၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 23,
      "text": "ငါ့​ကို​လည်း​ကောင်း၊ သင်း​ဝင်​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း လက်​ခံ၍ ဧည့်​သည်​ဝတ်​ပြု​တတ်​သော ဂါ​ယု၊ မြို့​စာ​ရေး ဧ​ရ​တ္တု၊ သင်​တို့​ညီ ကွာ​တု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 24,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 25,
      "text": "ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 26,
      "text": "လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊-"
    },
    {
      "book": 45,
      "chapter": 16,
      "verse": 27,
      "text": "တစ်​ဆူ​တည်း​သာ​လျှင် ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရော​မ​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​သုဿင်​သည်၊-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 2,
      "text": "ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​ပြစ်​နှင့်​ကင်း​စင်၍ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော​သူ​တည်း​ဟူ​သော၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရပ်၌ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 3,
      "text": "ထို​သ​ခင်​သည် ငါ​တို့၏​သ​ခင်​သာ​မ​ဟုတ်၊ သင်​တို့၏​သ​ခင်​လည်း ဖြစ်​တော်​မူ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 4,
      "text": "အ​ထက်​က ခ​ရစ်​တော်၏​သက်​သေ​ကို သင်​တို့​တွင် တည်​စေ​သည်​ရှိ​သော်၊ သင်​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့်၊ အ​ရာ​ရာ၌ နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​အ​ပေါင်း​နှင့် ကြွယ်​ဝ​ပြည့်​စုံ​ကြ​သည်​ဖြစ်၍၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့​အား​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကို ငါ​ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ငါ့​ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 7,
      "text": "ထို​ကြောင့်​သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို မျှော်​လ​င့်၍​နေ​စဉ်၊ ဆု​တော် တစ်​စုံ​တစ်​ခု​မျှ မ​လျော့​ဘဲ စုံ​လင်​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 8,
      "text": "သင်​တို့​သည် ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ နေ့​ရက်၌ အ​ပြစ်​တင်​စ​ရာ​အ​ခွင့်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​ကို အ​ဆုံး​တိုင်​အောင် ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 9,
      "text": "ငါ​တို့​သ​ခင်​တည်း​ဟူ​သော သား​တော်​မြတ် သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဆက်​ဆံ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 10,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​ရှိ​သ​မျှ​သည် စ​ကား​တ​ညီ​တ​ညွတ်​တည်း​ဖြစ်၍ အ​ချင်း​ချင်း​မ​ကွဲ​ပြား​ဘဲ စိတ်​သ​ဘော​တစ်​သံ တစ်​သ​မတ်​တည်း ရှိ​သည်​နှင့် စေ့​စပ်​စုံ​လင်​ကြ​မည်​အ​ကြောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ သင်​တို့​ကို ငါ​နှိုး​ဆော်​တောင်း​ပန်​ပါ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ချင်း​ချင်း​မ​သင့်၊ ရန်​တွေ့​ခြင်း​ရှိ​သည်​ကို၊ ခ​လော​ဣ အိမ်​သား​အ​ချို့​တို့​သည် ပြော​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏။ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏။ ငါ​သည် ကေ​ဖ​တ​ပည့်​ဖြစ်၏။ ငါ​သည် ခ​ရစ်​တော်​တ​ပည့်​ဖြစ်၏​ဟု အ​သီး​အ​သီး ပြော​ကြ​သော​ကြောင့် ငါ​ဆို​ရ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 13,
      "text": "ခ​ရစ်​တော်​သည် ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ​လော။ သို့​မ​ဟုတ် သင်​တို့​သည် ပေါ​လု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ​ပြီ​လော။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 14,
      "text": "က​ရိ​ပ္ပု​နှင့် ဂါ​ယု​မှ​တစ်​ပါး၊ သင်​တို့​တွင် အ​ဘယ်​သူ​အား​မျှ ဗ​တ္တိ​ဇံ​ကို ငါ​မ​ပေး​သည်​ဖြစ်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ရှိ​ပါ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 15,
      "text": "သို့​ဖြစ်၍ ပေါ​လု​သည် မိ​မိ​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ပေး​သည်​ဟု အ​ဘယ်​သူ​မျှ ဆို​စ​ရာ​အ​ကြောင်း​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 16,
      "text": "သ​တေ​ဖန်၏ အိမ်​သူ​အိမ်​သား​တို့​အား​လည်း ဗ​တ္တိ​ဇံ​ကို ပေး​ပြီ။ ထို​မှ​တစ်​ပါး အ​ခြား​သော​သူ​အား ဗ​တ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 17,
      "text": "ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ၏။ သို့​သော်​လည်း၊ ခ​ရစ်​တော်၏​လက်​ဝါး​ကပ်​တိုင်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ နှုတ်​ပ​ညာ​ကို အ​ခွင့်​မ​ပေး​ဘဲ နေ​တော်​မူ၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 19,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ ပ​ညာ​ရှိ​တို့၏ ပ​ညာ​ကို ငါ​ဖျက်​ဆီး​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​ကို​လည်း ငါ​ပယ်​မည်​ဟု လာ​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 20,
      "text": "ပ​ညာ​ရှိ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ကျမ်း​ပြု​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ပြဿ​နာ၌ လေ့​ကျက်​သော​ဆ​ရာ​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ လော​ကီ​ပ​ညာ​ကို ဘု​ရား​သ​ခင်​သည် မိုက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 21,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ ပ​ညာ​တော်​စီ​ရင်​သည်​နှင့်​အ​ညီ၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို မ​သိ​ဘဲ​နေ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သော​သူ​တို့​ကို ဒေ​သ​နာ​တော် မိုက်​မဲ​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ငှာ စေ​တ​နာ​ရှိ​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 22,
      "text": "ယု​ဒ​လူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​တတ်​ကြ၏။ ဟေ​လ​သ​လူ​တို့​သည် ပ​ညာ​ကို ရှာ​တတ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 23,
      "text": "ငါ​တို့​မူ​ကား၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ခ​ရစ်​တော်၏ အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​သည်​ကား၊ ယု​ဒ​အ​မျိုး​သား ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ဖြစ်၏။ တစ်​ပါး​အ​မျိုး​သား၌​ကား၊ မိုက်​မဲ​ခြင်း​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 24,
      "text": "သို့​သော်​လည်း၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ခေါ်​တော်​မူ​သော​သူ​တို့၌ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်၏​ပ​ညာ​တော်​တည်း​ဟူ​သော ခ​ရစ်​တော်၏ တ​ရား​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 25,
      "text": "ဘု​ရား​သ​ခင်၏ မိုက်​မဲ​ခြင်း​အ​ရာ​သည် လူ​တို့၏ ပ​ညာ​ထက်​သာ၍ ပ​ညာ​ရှိ၏။ ဘု​ရား​သ​ခင်၏ အား​နည်း​ခြင်း​အ​ရာ​သည် လူ​တို့၏ အ​စွမ်း​ထက်​သာ၍ အ​စွမ်း​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 26,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း အ​ကြောင်း​အ​ရာ​ကို ဆင်​ခြင်​ကြ​လော့။ ခေါ်​တော်​မူ​သော​သူ​တို့​တွင် လော​ကီ​ပ​ညာ​ရှိ အ​များ​မ​ပါ။ ထင်​ရှား​သော လူ​ကြီး​အ​များ​မ​ပါ။ မင်း​အ​မျိုး​အ​နွယ်​ဖြစ်​သော​သူ အ​များ​မ​ပါ။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 27,
      "text": "ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 28,
      "text": "မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 29,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ရှေ့၌ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 30,
      "text": "ထို​ဘု​ရား​သ​ခင်​အား​ဖြင့် သင်​တို့​သည် ယေ​ရှု​ခ​ရစ်၌ တည်​နေ​ကြ၏။ ထို​သ​ခင်​မူ​ကား၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့၌ ပ​ညာ​မှ​စ၍ ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း၊ ရွေး​နုတ်​ခြင်း​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 1,
      "verse": 31,
      "text": "သို့​ဖြစ်၍၊ ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဝါ​ကြွား​သော​သူ​မည်​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​သာ ဝါ​ကြွား​စေ။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ သက်​သေ​ခံ​ချက်​ကို ထူး​မြတ်​သော​စ​ကား​နှင့် ထူး​မြတ်​သော​ပ​ညာ​အား​ဖြင့် သင်​တို့​အား ပြ​သ၍ ရောက်​လာ​သည်​မ​ဟုတ်။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော သ​ခင်​မှ​တစ်​ပါး၊ အ​ဘယ်​အ​ရာ​ကို​မျှ သင်​တို့​တွင် ငါ​မ​သိ​မ​မှတ်​ဟု ငါ​စိတ်​ပြ​ဋ္ဌာန်း​ခြင်း​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 3,
      "text": "သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​သော​အ​ခါ၊ အား​နည်း​ခြင်း၊ အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​နှင့်​တ​ကွ ငါ​ရှိ​နေ၏။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 4,
      "text": "သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 6,
      "text": "သို့​သော်​လည်း၊ စုံ​လင်​သော​သူ​တို့​အား ငါ​တို့​သည် ပ​ညာ​စ​ကား​ကို ဟော​ပြော၏။ ထို​သို့​ဆို​သော်၊ လော​ကီ​ပ​ညာ​ကို မ​ဆို​လို။ ပြယ်​ပျောက်​တတ်​သော လော​ကီ​မင်း​တို့၏ ပ​ညာ​ကို​မ​ဆို​လို။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 7,
      "text": "ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ၊ ငါ​တို့၏ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော ပ​ညာ၊ နက်​နဲ​သော​အ​ရာ၌ ဝှက်​ထား​သော ဘု​ရား​သ​ခင်၏​ပ​ညာ​ကို ငါ​တို့​သည် ပြ​သ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 8,
      "text": "ထို​ပ​ညာ​ကို လော​ကီ​မင်း​တစ်​စုံ​တစ်​ယောက်​မျှ မ​သိ။ သိ​လျှင်၊ ဘုန်း​ကြီး​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ မ​ကွပ်​မျက်​ကြ​ပြီ။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 9,
      "text": "ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​ပြင်​ဆင်​တော်​မူ​သော အ​ရာ​တို့​ကို လူ​မျက်​စိ​ဖြင့်​မ​မြင်၊ နား​ဖြင့်​မ​ကြား၊ စိတ်​နှ​လုံး​ဖြင့် မ​ကြံ​စည်​သေး။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 10,
      "text": "ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ၏။ ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏ နက်​နဲ​သော အ​ရာ​တိုင်​အောင် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စစ်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 11,
      "text": "လူ၏​နက်​နဲ​သော​အ​ရာ​ကို လူ၌​ရှိ​သော မိ​မိ​စိတ်​ဝိ​ညာဉ်​မှ တစ်​ပါး အ​ဘယ်​သူ​သိ​သ​နည်း။ ထို​နည်း​တူ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​ကို ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 12,
      "text": "ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို မ​ခံ​ရ​ကြ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို သိ​ခြင်း​အ​လို​ငှာ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော ဝိ​ညာဉ်​ကို​ခံ​ရ​ကြ​ပြီ။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို ငါ​တို့​သည် လူ​ပ​ညာ​ကို​အ​မှီ​ပြု၍ နား​လည်​သော​စ​ကား​နှင့် မ​ဟော။ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဝိ​ညာဉ်​နှင့် စပ်​ဆိုင်​သော​အ​ရာ​ကို ဝိ​ညာဉ်​စ​ကား​အား​ဖြင့် ဖွင့်​ပြ၍ ပဲ့​ပြင်​တော်​မူ​သော​စ​ကား​နှင့် ငါ​တို့​သည် ဟော​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 14,
      "text": "ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 15,
      "text": "ဝိ​ညာဉ်​လူ​မူ​ကား၊ ထို​အ​ရာ​အ​လုံး​စုံ​တို့​ကို ပိုင်း​ခြား၍ နား​လည်​တတ်၏။ သို့​သော်​လည်း ထို​လူ​ကို အ​ဘယ်​သူ​မျှ ပိုင်း​ခြား၍ မ​သိ​နိုင်။-"
    },
    {
      "book": 46,
      "chapter": 2,
      "verse": 16,
      "text": "ထို​လူ​ကို သွန်​သင်​နိုင်​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ စိတ်​တော်​ကို သိ​သ​နည်း။ ငါ​တို့​မူ​ကား ခ​ရစ်​တော်၏​စိတ်​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ အ​ထက်​က ငါ​သည် ဝိ​ညာဉ်​လူ​တို့​အား ဟော​ပြော​သ​ကဲ့​သို့ သင်​တို့​အား ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ဘဲ၊ ဇာ​တိ​ပ​က​တိ လူ​တို့​အား​လည်း​ကောင်း၊ ခ​ရစ်​တော်၌ သူ​ငယ်​က​လေး​တို့​အား​လည်း​ကောင်း၊ ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ရ၏။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 2,
      "text": "ယ​ခု​တိုင်​အောင် သင်​တို့​သည် ခဲ​ဖွယ်​စား​ဖွယ်​ကို မ​ကြေ​နိုင်​သော​ကြောင့် ငါ​မ​ကျွေး​ရ၊ နို့​ကို​သာ တိုက်​ရ၏။ ယ​ခု​ပင်​လည်း၊ သင်​တို့​သည် မ​ကြေ​နိုင်​ကြ​သေး။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 3,
      "text": "ယ​ခု​ပင်​လည်း၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သေး၏။ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ လော​ကီ​ထုံး​စံ​အ​တိုင်း ကျင့်​ဆောင်​ကြ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 4,
      "text": "တစ်​ယောက်​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တစ်​ယောက်​က၊ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ အ​သီး​အ​သီး​ပြော​ကြ​လျှင်၊ ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 5,
      "text": "ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 6,
      "text": "ငါ​သည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာ​ပေါ​လု​သည် ရေ​လောင်း​သော​သူ​ဖြစ်၏။ အ​ပင်​ကို​ကြီး​ပွား​စေ​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 7,
      "text": "စိုက်​ပျိုး​သော​သူ မ​တတ်​နိုင်။ ရေ​လောင်း​သော​သူ​လည်း မ​တတ်​နိုင်။ ကြီး​ပွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 8,
      "text": "သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 9,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ငါ​ခံ​ရ​သည်​နှင့်​အ​ညီ၊ လိ​မ္မာ​သော ဗိ​သု​ကာ​ကဲ့​သို့ တိုက်​မြစ်​ကို​ချ​ပြီ။ အ​ခြား​သော​သူ​သည် ထပ်​ဆင့်၍ တည်​ဆောက်​လေ၏။ သို့​ရာ​တွင်၊ အ​ဘယ်​သို့ ထပ်​ဆင့်၍ တည်​ဆောက်​သည်​ကို လူ​တိုင်း​သ​တိ​ပြု​ပါ​စေ။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော၊ ချ​လျက်​ရှိ​သော တိုက်​မြစ်​မှ​တစ်​ပါး အ​ခြား​သော​တိုက်​မြစ်​ကို အ​ဘယ်​သူ​မျှ မ​ချ​နိုင်။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 12,
      "text": "ထို​တိုက်​မြစ်​အ​ပေါ်၌ ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ သစ်​သား၊ မြက်​ပင်၊ ကောက်​ရိုး​များ​ကို ထပ်​ဆင့်၍ တည်​ဆောက်​သော​သူ​ရှိ​သ​မျှ၊-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 13,
      "text": "အ​သီး​အ​သီး​လုပ်​သော အ​လုပ်​သည် ထင်​ရှား​လိမ့်​မည်။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖော်​ပြ​ချိန်​နေ့​ရက်​သည် မီး​အား​ဖြင့် ထင်​ရှား​စေ​လိမ့်​မည်။ လူ​တိုင်း​လုပ်​သော​အ​လုပ်​သည် အ​ဘယ်​သို့​သော အ​လုပ်​ဖြစ်​သည်​ကို မီး​သည် စစ်​ကြော​စုံ​စမ်း​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 14,
      "text": "ထို​တိုက်​မြစ်​အ​ပေါ်၌ ထပ်​ဆင့်၍ တည်​ဆောက်​သော အ​ကြင်​သူ၏ အ​လုပ်​သည်​မြဲ၏။ ထို​သူ​သည် အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 15,
      "text": "အ​ကြင်​သူ၏​အ​လုပ်​သည် ကျွမ်း​လောင်၏၊ ထို​သူ​သည် အ​ရှုံး​ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ မီး​နှင့်​လွတ်​သ​ကဲ့​သို့ သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 16,
      "text": "သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော် ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​သည်​ကို​လည်း​ကောင်း မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 17,
      "text": "အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​ကို ဖျက်​ဆီး၏။ ထို​သူ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​သည် သန့်​ရှင်း​ရ၏။ သင်​တို့​သည်​လည်း၊ ထို​ဗိ​မာန်​တော် ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 18,
      "text": "အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 20,
      "text": "တစ်​ဖန်​တုံ၊ ပ​ညာ​ရှိ​တို့၏ အ​ကြံ​အ​စည်​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ၏​ဟု လာ​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 21,
      "text": "ထို​သို့​ဖြစ်​လျှင်၊ အ​ဘယ်​သူ​မျှ လူ​တို့၌ ဝါ​ကြွား​ခြင်း​မ​ရှိ​စေ​နှင့်။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 22,
      "text": "ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောက်​လာ​လ​တ္တံ့​သော အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 3,
      "verse": 23,
      "text": "သင်​တို့​သည်​လည်း၊ ခ​ရစ်​တော်​အ​ဖို့ ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 1,
      "text": "ခ​ရစ်​တော်၏ အ​စေ​အ​ပါ ကဲ့​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​တို့​ကို စောင့်​သော ဘ​ဏ္ဍာ​စိုး ကဲ့​သို့​လည်း​ကောင်း၊ သူ​တစ်​ပါး​သည် ငါ​တို့​ကို​မှတ်​ပါ​စေ။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 2,
      "text": "ထို​မှ​တစ်​ပါး၊ ဘ​ဏ္ဍာ​စိုး​မည်​သည်​ကား၊ သ​စ္စာ​ရှိ​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 3,
      "text": "သင်​တို့​မှ​စ၍ အ​ခြား​သော​လူ​များ​တို့​သည် ငါ့​ကို သ​စ္စာ​မ​ရှိ​ဟု စီ​ရင်​သော်​လည်း၊ ငါ​သည်​အ​မှု​မ​ထား။ ငါ့​ကိုယ်​ကို ငါ​မ​စီ​ရင်။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​သည် ကိုယ်​ကို အ​ပြစ်​မ​တင်။ သို့​သော်​လည်း၊ ထို​အ​ကြောင်း​ဖြင့် ငါ​သည် အ​ပြစ်​လွတ်​သည်​မ​ဟုတ်။ ငါ့​ကို​စီ​ရင်​သော​သူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 5,
      "text": "ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 6,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကျမ်း​စာ​ကို​လွန်၍ သူ​တစ်​ပါး​ကို မ​ရို​သေ​အပ်​ဟု ငါ​တို့​ကို​ထောက်၍ နား​လည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မာ​န​စိတ်​ထောင်​လွှား​သည်​နှင့် တစ်​ယောက်​ကို​မှီ​ဝဲ၍ တစ်​ယောက်​ကို​ငြင်း​ဆန်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ဆို​ခဲ့​ပြီး​သော​အ​ချက်၌ သင်​တို့၏​အ​ကျိုး​ကို​ထောက်၍ ငါ​နှင့် အာ​ပေါ​လု​ကို ပုံ​ဆောင်​လျက် ဆို​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 7,
      "text": "ထို​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် သင့်​ကို ထူး​ခြား​စေ​သ​နည်း။ သူ​တစ်​ပါး​လက်​မှ မ​ခံ​မ​ယူ​ဘဲ အ​လို​အ​လျောက်​ရ​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ သင်၌​ရှိ​သ​လော။ သူ​တစ်​ပါး​လက်​မှ ခံ​ယူ​သည်​မှန်​လျှင်၊ မ​ခံ​မ​ယူ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 8,
      "text": "ယ​ခု​တွင် သင်​တို့​သည် ကြွယ်​ဝ​ကြ၏။ ငွေ​ရ​တတ်​ကြ၏။ ငါ​တို့ မ​ရှိ​စဉ်​တွင်​စိုး​စံ​ကြ၏။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ စိုး​စံ​ရ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ သင်​တို့​ကို အ​မှန်​စိုး​စံ​စေ​ခြင်း​ငှာ အ​လို​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 9,
      "text": "သတ်​ဖို့​ရာ​ထား​သော​သူ​ကဲ့​သို့ အ​ခြား​သော​သူ​များ​နောက်၌ တ​မန်​တော်​တည်း​ဟူ​သော ငါ​တို့​ကို ဘု​ရား​သ​ခင်​ထုတ်​ပြ​တော်​မူ​သည်​ဟု ငါ​ထင်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် လော​ကီ​သား​များ​နှင့် ကောင်း​ကင်​တ​မန်​များ​မျက်​မှောက်၌ ပွဲ​ဝင်​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 10,
      "text": "ငါ​တို့​သည် ခ​ရစ်​တော်၏ အ​ကြောင်း​ကြောင့် လူ​မိုက်​ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ ခ​ရစ်​တော်၌ ပ​ညာ​ရှိ ဖြစ်​ကြ၏။ ငါ​တို့​သည် အား​နည်း​သော​သူ ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​သူ၊ အ​သ​ရေ​ရှိ​သော​သူ ဖြစ်​ကြ၏။ ငါ​တို့​သည် အ​ရှက်​အ​ကြောက် ခံ​ရ​သော​သူ​ဖြစ်၍၊-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 11,
      "text": "ယ​ခု​တိုင်​အောင် အ​စား​အ​သောက်​ငတ်​မွတ်​ခြင်း၊ အ​ဝတ်​နွမ်း​ပါး​ခြင်း၊ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ၏။ နေ​ရာ​မ​ကျ​သော​သူ၊-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 12,
      "text": "ကိုယ်​လက်​နှင့် ပင်​ပန်း​စွာ လုပ်​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ မေ​တ္တာ​ပို့​ကြ၏။ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ သည်း​ခံ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 13,
      "text": "အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​အ​ခါ တောင်း​ပန်​ကြ၏။ ဤ​လော​က၏ အ​ညစ်​အ​ကြေး​ကဲ့​သို့​လည်း​ကောင်း၊ အ​ရပ်​ရပ်​ထဲ​က လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ယ​ခု​တိုင်​အောင်​ဖြစ်​ကြ၏။"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 14,
      "text": "သင်​တို့​သည် ရှက်​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး​သည် မ​ဟုတ်။ သင်​တို့​ကို ချစ်​သား​ကဲ့​သို့​မှတ်၍ သ​တိ​ပေး၏။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 15,
      "text": "သင်​တို့​တွင် ခ​ရစ်​တော်၏​အ​ကြောင်း​ကို သင်​ပေး​သော ဆ​ရာ​တစ်​သောင်း​ရှိ​ငြား​သော်​လည်း၊ အ​ဘ​အ​များ မ​ရှိ။ ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ငါ​သည် သင်​တို့​ကို ယေ​ရှု​ခ​ရစ်၌ ဖြစ်​ပွား​စေ​ပြီ။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 16,
      "text": "သို့​ဖြစ်၍၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် ကျင့်​ကြ​မည်​အ​ကြောင်း ငါ​နှိုး​ဆော် တောင်း​ပန်၏။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 17,
      "text": "ထို​အ​ကြောင်း​ကြောင့် သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော ငါ၏​ချစ်​သား​တိ​မော​သေ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ငါ​သွန်​သင်​သည်​နှင့်​အ​ညီ၊ ငါ​သည် ခ​ရစ်​တော်၌​ကျင့်​သော အ​ကျင့်​ဓ​လေ့​များ​ကို သင်​တို့​သည် မှတ်​မိ​စေ​ခြင်း​ငှာ သူ​သည် ပြ​သ​တိုက်​တွန်း​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 18,
      "text": "ငါ​သည် သင်​တို့​ဆီ​သို့ ကိုယ်​တိုင်​မ​လာ​ဟု အ​ချို့​သော သူ​တို့​သည် ထင်​မှတ်​သည်​နှင့်၊ မာ​န​ထောင်​လွှား​ခြင်း ရှိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 19,
      "text": "သို့​သော်​လည်း သ​ခင်​ဘု​ရား​သည် အ​လို​တော်​ရှိ​လျှင် ငါ​သည် မြန်​မြန်​လာ​မည်။ လာ​သော​အ​ခါ မာ​န​ထောင်​လွှား​သော​သူ​တို့၏ စ​ကား​ကို သိ​မှတ်​မည်​မ​ဟုတ်။ သူ​တို့၏​တန်​ခိုး​ကို သိ​မှတ်​မည်။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် စ​ကား၌ တည်​သည်​မ​ဟုတ်၊ တန်​ခိုး၌ တည်၏။-"
    },
    {
      "book": 46,
      "chapter": 4,
      "verse": 21,
      "text": "သင်​တို့​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ ငါ​သည်​နှင်​တံ​နှင့် သင်​တို့​ဆီ​သို့​လာ​ရ​မည်​လော။ သို့​မ​ဟုတ် မေ​တ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့်​လည်း​ကောင်း၊ လာ​ရ​မည်​လော။"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 1,
      "text": "မ​တ​ရား​သော​မေ​ထုန် သာ​မ​ည​မ​ဟုတ်၊ အ​ဘ၏​မ​ယား​ကို သိမ်း​ယူ​ခြင်း​တည်း​ဟူ​သော သာ​သ​နာ​ပ​လူ​တို့​တွင်​ပင် မ​ကြား​ရ​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ​သည် သင်​တို့​တွင် ရှိ​ကြောင်း​ကို အ​နှံ့​အ​ပြား​ကျော်​စော​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 2,
      "text": "ထို​သို့​ပြု​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​မည်​အ​ကြောင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို​မ​ပြု၊ မာ​န​ထောင်​လွှား​လျက် နေ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 3,
      "text": "ထို​ကြောင့် ငါ​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် သင်​တို့​နှင့် ကွာ​လျက်​ရှိ​သော်​လည်း၊ ဝိ​ညာဉ်​အား​ဖြင့် မ​ကွာ၊ ကိုယ်​တိုင် သင်​တို့​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ထို​သို့​ကျင့်​သော​သူ​ကို ယ​ခု​ပင်​ငါ​စီ​ရင်​ပြီ။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 4,
      "text": "စီ​ရင်​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ခွင့်​အား​ဖြင့် သင်​တို့​သည် ငါ့​ဝိ​ညာဉ်​နှင့်​အ​တူ စည်း​ဝေး​ပြီး​မှ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို အ​မှီ​ပြု၍၊-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 5,
      "text": "ထို​သူ၏​ဝိ​ညာဉ်​သည် ယေ​ရှု​ခ​ရစ်၏​နေ့​ရက်၌ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ သူ၏​ကိုယ်​ခ​န္ဓာ​ပျက်​စီး​ဖို့​ရာ သူ့​ကို​စာ​တန်​လက်​သို့ အပ်​နှံ​ကြ​စေ​ဟု ငါ​စီ​ရင်၏။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 6,
      "text": "သင်​တို့၏ ဝါ​ကြွား​ခြင်း​သည် မ​ကောင်း​မ​သင့် ဖြစ်၏။ အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ကို မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 7,
      "text": "သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 8,
      "text": "ထို​ကြောင့်၊ ဟောင်း​သော​တ​ဆေး၊ ဆိုး​ညစ် မိုက်​မဲ​ခြင်း​တ​ဆေး​တို့​ကို ပယ်​ပစ်၍၊ တ​ဆေး​မဲ့​မုန့်​တည်း​ဟူ​သော ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ပွဲ​ခံ​ကြ​ကုန်​အံ့။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 9,
      "text": "သင်​တို့​သည် မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ​တို့​နှင့် မ​ပေါင်း​ဖော်​မည်​အ​ကြောင်း၊ အ​ထက်​ဩ​ဝါ​ဒ​စာ၌ ငါ​ရေး​ထား​ခဲ့​ပြီ။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 10,
      "text": "ထို​သို့​ရေး​ထား​သော်၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​အ​မှု​ကို ပြု​သော လော​ကီ​သား​တို့​နှင့် အ​လျှင်း​မ​ပေါင်း​ဖော်​ရ​ဟု မ​ဆို​လို။ ထို​သို့​ဆို​လျှင်၊ သင်​တို့​သည် လော​ကီ​မှ ထွက်​သွား​ရ​ကြ​မည်။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 11,
      "text": "ယ​ခု​မူ​ကား ညီ​အစ်​ကို​ဟု ခေါ်​ဝေါ်​သော​သူ​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ ရုပ်​တု​ကိုး​ကွယ်​ခြင်း၊ ဆဲ​ရေး​ကဲ့​ရဲ့​ခြင်း၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​ခြင်း၊ အ​နိုင်​အ​ထက်​လု​ယူ​ခြင်း​မှ​စ၍၊ ထို​သို့​သော​အ​မှု​ကို ပြု​သော​သူ​နှင့် မ​ပေါင်း​ဖော်​ရ​သည်​သာ​မ​က၊ ထို​သူ​နှင့်​အ​တူ စား​သောက်​ခြင်း​ကိ​စ္စ​ကို​မျှ​မ​ပြု​ရ​ဟု ငါ​ရေး​ထား၍ ပ​ညတ်၏။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 12,
      "text": "ပြင်​လူ​တို့​ကို စီ​ရင်​ခြင်း​အ​မှု​နှင့် ငါ​သည် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​တွင်း​လူ​တို့​ကို သင်​တို့​စီ​ရင်​ရ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 5,
      "verse": 13,
      "text": "ပြင်​လူ​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထို​ဆိုး​ညစ်​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 1,
      "text": "သင်​တို့​သည် အ​ချင်း​ချင်း​အ​မှု​ရှိ​လျှင်၊ သန့်​ရှင်း​သူ​တို့​ရှေ့၌ တ​ရား​စီ​ရင်​ခြင်း​ကို မ​ခံ​ဘဲ သာ​သ​နာ​ပ​လူ​တို့​ရှေ့၌ ခံ​ဝံ့​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 2,
      "text": "သန့်​ရှင်း​သူ​တို့​သည် လော​ကီ​နိုင်​ငံ​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သင်​တို့​သည် လော​ကီ​နိုင်​ငံ​ကို စီ​ရင်​ရ​သည်​မှန်​လျှင်၊ အ​ငယ်​ဆုံး​သော အ​မှု​များ​ကို မ​စီ​ရင်​ထိုက်​သ​လော။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 3,
      "text": "ငါ​တို့​သည် ကောင်း​ကင်​တ​မန်​တို့​ကို တ​ရား​စီ​ရင်​မည်​ဟု မ​သိ​ကြ​သ​လော။ သို့​ဖြစ်၍ လော​ကီ​အ​မှု​ကို စီ​ရင်​ထိုက်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 4,
      "text": "ထို​ကြောင့် သင်​တို့​သည် လော​ကီ​အ​မှု​ကို စီ​ရင်​စ​ရာ​ရှိ​လျှင်၊ အ​သင်း​တော်၌ အ​သ​ရေ​နည်း​သော​သူ​တို့​ကို တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 5,
      "text": "ထို​သို့​ဆို​သော်၊ သင်​တို့​ရှက်​စေ​ခြင်း​ငှာ ပြော​ဆို၏။ သင်​တို့​တွင် ပ​ညာ​ရှိ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ ညီ​အစ်​ကို​ချင်း​တို့၏ အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​နိုင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 6,
      "text": "ညီ​အစ်​ကို​ချင်း​တို့​သည် တ​ရား​တွေ့​သည် သာ​မ​က၊ မ​ယုံ​ကြည်​သော သူ​တို့​ရှေ့၌​ပင် တ​ရား​တွေ့​ပါ​သည်​တ​ကား။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 7,
      "text": "ထို​သို့​သင်​တို့​သည် အ​ချင်း​ချင်း တ​ရား​တွေ့​သည်​အ​မှု​မှာ အ​လွန်​ကြီး​စွာ​သော အ​ပြစ်​ရှိ​ကြ၏။ တ​ရား​မ​တွေ့​ဘဲ ညှဉ်း​ဆဲ​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 8,
      "text": "ကိုယ်​ဥ​စ္စာ​ရှုံး​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။ ထို​သို့ သင်​တို့​သည် မ​ခံ​ဘဲ၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ညှဥ်း​ဆဲ၍၊ ညီ​အစ်​ကို​ချင်း​တို့၏ ဥ​စ္စာ​ကို သိမ်း​ယူ​ကြ​သည်​တ​ကား။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 9,
      "text": "မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 10,
      "text": "သူ့​ဥ​စ္စာ​ကို​ခိုး​သော​သူ၊ လော​ဘ​လွန်​ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ၊ ဆဲ​ရေး​ကဲ့​ရဲ့​သော​သူ၊ အ​နိုင်​အ​ထက်​လု​ယူ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 11,
      "text": "အ​ထက်​က​သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​ဖြစ်​ကြ​သော်​လည်း၊ ယ​ခု​တွင် သ​ခင်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 12,
      "text": "ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ​လျက် ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ အ​ဘယ်​အ​မှု​အ​ရာ၌​မျှ ငါ​သည်​ကျွန်​မ​ခံ။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 13,
      "text": "အ​စား​အ​သောက်​တို့​သည် ဝမ်း​အ​ဖို့၊ ဝမ်း​သည်​လည်း အ​စား​အ​သောက်​တို့​အ​ဖို့ ဖြစ်​သည်​မှန်​စေ​တော့။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ထို​နှစ်​ပါး​ကို ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ကိုယ်​ခ​န္ဓာ​သည် မ​တ​ရား​သော မေ​ထုန်​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား​အ​ဖို့ ဖြစ်၏။ သ​ခင်​ဘု​ရား​သည်​လည်း ကိုယ်​ခ​န္ဓာ​အ​ဖို့ ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 14,
      "text": "ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​အား​ဖြင့် သ​ခင်​ဘု​ရား​ကို ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​ကို​လည်း ထ​မြောက်​စေ​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 15,
      "text": "သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ခ​ရစ်​တော်၏ အင်္ဂါ​ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ သို့​ဖြစ်​လျှင်၊ ခ​ရစ်​တော်၏​အင်္ဂါ​ကို ယူ၍ ပြည့်​တန်​ဆာ၏​အင်္ဂါ ဖြစ်​စေ​အပ်​သ​လော။ မ​ဖြစ်​စေ​အပ်။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 16,
      "text": "အ​ဘယ်​သို့​နည်း။ ပြည့်တန်​ဆာ၌ မှီ​ဝဲ​သော​သူ​သည် ထို​ပြည့်​တန်​ဆာ​နှင့် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြောင်း​ကို မ​သိ​ကြ​သ​လော။ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​စာ​လာ၏။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 17,
      "text": "သ​ခင်​ဘု​ရား၌ မှီ​ဝဲ​သော​သူ​သည် ထို​သ​ခင်​နှင့် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 18,
      "text": "မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အ​ခြား​ဒု​စ​ရိုက်​ရှိ​သ​မျှ​တို့​သည် ကိုယ်​ပြင်၌​ရှိ၏။ မ​တ​ရား​သော​မေ​ထုန်​ကို ပြု​သော​သူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို​ပင် ပြစ်​မှား၏။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 19,
      "text": "အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 6,
      "verse": 20,
      "text": "သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 1,
      "text": "သင်​တို့​သည် ငါ့​ထံ​သို့​ပေး​လိုက်​သော​စာ၌ ပါ​သော​အ​ရာ​မှာ၊ ယောက်ျား​သည် မိန်း​မ​နှင့်​မ​ဆက်​ဆံ​ဘဲ​နေ​လျှင်၊-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 2,
      "text": "ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 3,
      "text": "ယောက်ျား​သည် ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​မ​ယား​အား ပြု​စေ​လော့။ ထို​နည်း​တူ၊ မိန်း​မ​သည်​လည်း ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​လင်​အား ပြု​စေ​လော့။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 4,
      "text": "မိန်း​မ​သည် မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ လင်​သည်​ပိုင်၏။ ထို​နည်း​တူ ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ မ​ယား​သည်​ပိုင်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 5,
      "text": "အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 6,
      "text": "သို့​ရာ​တွင် ပ​ညတ်​မ​ထား​ဘဲ အ​ခွင့်​ပေး​ခြင်း​အား​ဖြင့်​သာ ငါ​ဆို၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 7,
      "text": "လူ​အ​ပေါင်း​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ သို့​သော်​လည်း၊ လူ​အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သည်​အ​တိုင်း အ​သီး​အ​သီး​သော ဆု​ကျေး​ဇူး​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 8,
      "text": "ထို​ကြောင့် မ​ယား​မ​ရှိ​သော​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို ငါ​ဆို​သည်​ကား၊ ထို​သူ​တို့​သည် ငါ​ကဲ့​သို့​နေ​လျှင် ကောင်း၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 9,
      "text": "သို့​သော်​လည်း၊ ကာ​မ​ဂုဏ်​ကို မ​ချုပ်​တည်း​နိုင်​လျှင် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို ပြု​ကြ​စေ။ ကိ​လေ​သာ​စိတ် ပူ​ပန်​ခြင်း​ရှိ​သည်​ထက် ထိမ်း​မြား​စုံ​ဖက်​ခြင်း ပြု​သော် သာ၍​ကောင်း၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 10,
      "text": "ခင်​ပွန်း​ရှိ​သော သူ​တို့​ကို​လည်း၊ ငါ​ပ​ညတ်​သည် သာ​မ​က၊ သ​ခင်​ဘု​ရား ပ​ညတ်​တော်​မူ​သည်​ကား၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း​ကို မ​စွန့်​ပစ်​စေ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 11,
      "text": "စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 12,
      "text": "ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 13,
      "text": "ထို​နည်း​တူ မိန်း​မ​သည်​လည်း၊ မ​ယုံ​ကြည်​သော ခင်​ပွန်း​ရှိ၍၊ ထို​ခင်​ပွန်း​သည် မိ​မိ​မ​ယား​နှင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ မ​ယုံ​ကြည်​သော​လင်​သည် မိ​မိ​မ​ယား​အ​ဖို့ စင်​ကြယ်၏။ မ​ယုံ​ကြည်​သော မ​ယား​သည်​လည်း မိ​မိ​လင်​အ​ဖို့ စင်​ကြယ်၏။ သို့​မ​ဟုတ်​လျှင် သင်​တို့၏ သား​သ​မီး​သည် မ​စင်​ကြယ်။ ယ​ခု​တွင် စင်​ကြယ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 15,
      "text": "သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 16,
      "text": "အ​ချင်း​မိန်း​မ၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်၊ မ​ကယ်​တင်​မည်​ကို အ​ဘယ်​သို့ သိ​သ​နည်း။ အ​ချင်း​ယောက်ျား၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်။ မ​ကယ်​တည်​မည်​ကို အ​ဘယ်​သို့​သိ​သ​နည်း။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 17,
      "text": "သ​ခင်​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား ဝေ​ငှ​တော်​မူ၍၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​ကို ခေါ်​တော်​မူ​သည်​နှင့်​လျော်​စွာ လူ​တိုင်း​ကျင့်​နေ​စေ။ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ထို​သို့​ငါ​ပ​ညတ်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 18,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​သည် ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​စွန့်​စေ​နှင့်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 19,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​အား​ဖြင့်​လည်း အ​ကျိုး​မ​ရှိ။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း​အား​ဖြင့်​သာ အ​ကျိုး​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 20,
      "text": "ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​သည် အ​ကြင်​အ​မှု​ကို လုပ်​နေ၏။ ထို​သို့ လူ​တိုင်း​လုပ်​နေ​စေ။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 21,
      "text": "အ​စေ​ခံ​ကျွန်​ဖြစ်၍ ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင် စိုး​ရိမ်​ခြင်း​မ​ရှိ​နှင့်။ သို့​သော်​လည်း လွတ်​ခြင်း​သို့ ရောက်​နိုင်​လျှင် လွတ်​ရ​သော​အ​ခွင့်​ကို သာ၍ သုံး​ဆောင်​လော့။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား ကျွန်​ဖြစ်​စဉ်၊ သ​ခင်​ဘု​ရား ခေါ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် သ​ခင်​ဘု​ရား၏ လူ​လွတ်​ဖြစ်၏။ ထို​နည်း​တူ လူ​လွတ်​ဖြစ်​စဉ်၊ ခေါ်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ခ​ရစ်​တော်၏​ကျွန်​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 23,
      "text": "သင်​တို့​သည် အ​ဖိုး​နှင့်​ဝယ်​တော်​မူ​သော​သူ ဖြစ်၍၊ လူ​ထံ၌ အ​လို​အ​လျောက်​ကျွန်​မ​ခံ​ကြ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 24,
      "text": "ညီ​အစ်​ကို​တို့၊ ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​သည် အ​ကြင်​အ​မှု​ကို လုပ်​နေ၏။ ထို​သို့ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​တိုင်း​လုပ်​နေ​စေ။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 25,
      "text": "ခင်​ပွန်း​မ​ရှိ​သော​သူ​တို့၏ အ​မှု​မှာ၊ သ​ခင်​ဘု​ရား၏​ပ​ညတ်​တော်​သည် ငါ၌​မ​ရှိ​သော်​လည်း၊ ငါ​သည် သ​စ္စာ​ရှိ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​သူ​ကဲ့​သို့ စီ​ရင်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 26,
      "text": "စီ​ရင်​ချက်​ဟူ​မူ​ကား၊ ယ​ခု ညှဉ်း​ဆဲ​ခြင်း အ​ကြောင်း​ကြောင့် ခင်​ပွန်း​မ​ရှိ​လျှင် ကောင်း၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 27,
      "text": "သင်​သည်​မ​ယား​ရှိ​လျှင် လွတ်​စေ​ခြင်း​ငှာ မ​ကြံ​စည်​နှင့်။ မ​ယား​နှင့်​လွတ်​လျှင် အ​ခြား​သော​မ​ယား​ကို မ​ရှာ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 28,
      "text": "သို့​သော်​လည်း သင်​သည် မ​ယား​နေ​လျှင် အ​ပြစ်​မ​ရှိ။ လင်​မ​နေ​ဖူး​သော မိန်း​မ​သည်​လည်း လင်​နေ​လျှင် အ​ပြစ်​မ​ရှိ။ သို့​သော်​လည်း၊ ထို​သို့​ပြု​သော​သူ​တို့​သည် လော​က​ညှဉ်း​ဆဲ​ခြင်း​ဒု​က္ခ​ကို ခံ​ရ​ကြ​မည်။ ဤ​အ​မှု​အ​ရာ၌ ကျပ်​တည်း​စွာ​သော ပ​ညတ်​ကို ငါ​မ​ထား​လို။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 29,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ ကျန်​ကြွင်း​သော ကာ​လ​သည် ကျဉ်း​ကျပ်​သည်​ဖြစ်၍၊ မ​ယား​ရှိ​သော​သူ​သည် မ​ယား​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 30,
      "text": "ငို​ကြွေး​သော​သူ​သည် မ​ငို​ကြွေး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဝမ်း​မြောက်​သော​သူ​သည် ဝမ်း​မ​မြောက်​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဥ​စ္စာ​ဝယ်​သော​သူ​သည် အ​လျှင်း​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 31,
      "text": "ဤ​လော​က​ကို သုံး​သော​သူ​သည် မ​သုံး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က၏​အ​ဆင်း​သ​ဏ္ဌာန်​သည် ရွေ့​သွား ကွယ်​ပျောက်​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 32,
      "text": "သင်​တို့​သည် စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော​သူ​သည် သ​ခင်​ဘု​ရား၏ စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 33,
      "text": "ခင်​ပွန်း​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​မ​ယား၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 34,
      "text": "ထို​နည်း​တူ၊ ခင်​ပွန်း​မ​ရှိ​သော​မိန်း​မ​နှင့် ခင်​ပွန်း​ရှိ​သော မိန်း​မ​သည် ခြား​နား​ခြင်း​ရှိ၏။ ခင်​ပွန်း​မ​ရှိ​သော မိန်း​မ​သည် ကိုယ်​ခ​န္ဓာ​စိတ်​ဝိ​ညာဉ်​နှစ်​ပါး​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏​အ​မှု​ကို​သာ သ​တိ​ထား​တတ်၏။ ခင်​ပွန်း​ရှိ​သော​မိန်း​မ​မူ​ကား၊ မိ​မိ​ခင်​ပွန်း၏​စိတ်​နှင့် တွေ့​စေ​ခြင်း​ငှာ လော​ကီ​အ​မှု​ကို သ​တိ​ထား​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 35,
      "text": "ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​အ​ကျိုး​ကို​သာ ထောက်၍​ဆို၏။ သင်​တို့​ကို နှောင့်​ယှက်​ချင်​သော​စိတ်​နှင့် ဆို​သည်​မ​ဟုတ်။ သင်​တို့​သည် လျောက်​ပတ်​စွာ​ကျင့်၍ စိတ်​ရှုပ်​ထွေး​ခြင်း​မ​ရှိ​ဘဲ၊ သ​ခင်​ဘု​ရား၏​ဝတ်​ကို အ​မြဲ​ပြု​စေ​ခြင်း​ငှာ​သာ ဤ​သို့​ဆို၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 36,
      "text": "အ​ပျို​က​ညာ​သည် ခင်​ပွန်း​မ​ရှိ​ဘဲ အ​သက်​အ​ရွယ်​လွန်​လျှင် မ​လျောက်​ပတ်​ဟု ထို​အ​ပျို​က​ညာ​ကို ပိုင်​သော​သူ​သည် ထင်​မှတ်၍ ထိမ်း​မြား​စ​ရာ​အ​ကြောင်း​လည်း​ရှိ​လျှင်၊ ထို​သူ​သည် အ​လို​အ​လျောက်​ပြု​စေ။ အ​ပြစ်​မ​ရှိ ထိမ်း​မြား​ကြ​စေ။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 37,
      "text": "သို့​သော်​လည်း မိ​မိ​စိတ်​နှ​လုံး​တည်​ကြည်​ခြင်း​ရှိ၍၊ ပြု​လို​သည်​အ​တိုင်း ပြု​နိုင်​သော​အ​ခွင့်​နှင့် ကိုယ်​စိတ်​အ​လို​ကို ချုပ်​တည်း​နိုင်​သော​အ​ခွင့် ရှိ​သော​ကြောင့်၊ မ​ထိမ်း​မြား​ဘဲ​နေ​မည်​ဟု ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ စီ​ရင်​ဆုံး​ဖြတ်​သော​သူ​သည် ကောင်း​စွာ​ပြု၏။-"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 38,
      "text": "သို့​ရာ​တွင် မင်္ဂ​လာ​ဆောင်​သော​သူ​သည် ကောင်း​စွာ​ပြု၏။ မ​ဆောင်​သော​သူ​မူ​ကား၊ သာ၍ ကောင်း​စွာ​ပြု၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 39,
      "text": "မိန်း​မ​သည် မိ​မိ​ခင်​ပွန်း​မ​သေ​မီ ကာ​လ​ပတ်​လုံး တ​ရား​အား​ဖြင့် ချည်​နှောင်​လျက်​ရှိ၏။ ခင်​ပွန်း​သေ​လျှင်​မူ​ကား၊ မိ​မိ​အ​လို​အ​တိုင်း သ​ခင်​ဘု​ရား၌​သာ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ခြင်း​ငှာ အ​ခွင့်​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 7,
      "verse": 40,
      "text": "အ​ခွင့်​ရှိ​သော်​လည်း၊ အ​ခြား​သော​သူ၏ မ​ယား မ​ဖြစ်​ဘဲ​နေ​လျှင်၊ သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​သ​ဘော​ရှိ၏။ ငါ၌​လည်း ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​ရှိ​တော်​မူ​သည်​ဟု ငါ​စွဲ​လမ်း​ခြင်း​စိတ်​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 1,
      "text": "ရုပ်​တု​ရှေ့၌​ပူ​ဇော်​သော ယဇ်​ကောင်​အ​ရာ​မှာ၊ ငါ​တို့​ရှိ​သ​မျှ​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဉာဏ်​သည် ထောင်​လွှား​စေ​တတ်၏။ မေ​တ္တာ​မူ​ကား တည်​ဆောက်​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 2,
      "text": "အ​ကြင်​သူ​သည်၊ ငါ​ကား​ပ​ညာ​ရှိ​ဖြစ်​သည်​ဟူ၍ စိတ်​ထင်၏။ ထို​သူ​သည် သိ​အပ်​သည်​အ​တိုင်း အ​လျှင်း​မ​သိ​သေး။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် သိ​စေ​တော်​မူ​သော​သူ ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 4,
      "text": "ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ခြင်း​အ​ရာ​မှာ၊ ရုပ်​တု​သည် ဤ​လော​က၌ အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ကို​လည်း​ကောင်း၊ တစ်​ဆူ​တည်း​သော ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့​သိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 5,
      "text": "ဘု​ရား​များ၊ အ​ရှင်​များ​ဟု​ဆို​သည်​အ​တိုင်း ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​သ​မုတ်​သော သူ​အ​များ​ရှိ​သော်​လည်း၊-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 6,
      "text": "အ​ကြင်​ဘု​ရား​သ​ခင်​အ​ထဲ​က ခပ်​သိမ်း​သော အ​ရာ​ဖြစ်၍၊ အ​ကြင်​ဘု​ရား​သ​ခင်​အ​ဖို့ အ​လို​ငှာ ငါ​တို့​သည် ဖြစ်​ကြ၏။ ထို​ခ​မည်း​တော်​ဘု​ရား​သ​ခင် တစ်​ပါး​တည်း​သာ ငါ​တို့၌ ရှိ​တော်​မူ၏။ အ​ကြင်​သ​ခင်​အား​ဖြင့် ငါ​တို့​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်​ကြ၏။ ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​တစ်​ပါး​တည်း​သာ ငါ​တို့၌​ရှိ​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 7,
      "text": "သို့​သော်​လည်း ထို​ဉာဏ်​ကို လူ​တိုင်း​မ​ရ။ အ​ချို့​သော​သူ​တို့​သည် ယ​ခု​တိုင်​အောင် ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကို​စား​သော်၊ ရုပ်​တု​ကို ထောက်​သော​စိတ်​နှင့် စား​ကြ​သည်​ဖြစ်၍၊ သူ​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် အား​နည်း​သော​ကြောင့် ညစ်​ညူး​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 8,
      "text": "အ​စား​အ​သောက်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​မှာ မျက်​နှာ​ရ​သည်​မ​ဟုတ်။ အ​စား​ကို​သုံး​ကာ​မျှ​ဖြင့် မြတ်​သည် မ​ဟုတ်။ ရှောင်​ကာ​မျှ​ဖြင့် ယုတ်​သည်​မ​ဟုတ်။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 9,
      "text": "သို့​သော်​လည်း၊ သင်​တို့​အ​ခွင့်​ကို အား​နည်း​သော​သူ​တို့၌ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​လျက်​ပင်၊ ရုပ်​တု​စင်​ထဲ၌ စား​ပွဲ​နား​မှာ လျောင်း​သည်​ကို သူ​တစ်​ပါး​မြင်​လျှင်၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် အား​နည်း​သော​သူ​သည်၊ ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​ခြင်း​ငှာ ရဲ​မည်​မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 11,
      "text": "ထို​သို့​ဖြစ်​လျှင်၊ အ​ကြင်​ညီ​အစ်​ကို​အ​ဖို့ အ​လို​ငှာ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ၏။ အား​နည်း​သော ထို​ညီ​အစ်​ကို​သည် သင်၏​ဉာဏ်​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ပါ​သည်​တ​ကား၊-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 12,
      "text": "သင်​တို့​သည်၊ ညီ​အစ်​ကို​တို့​ကို ထို​သို့​ပြစ်​မှား၍ သူ​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော အား​နည်း​သော​စိတ်​ကို ထိ​ခိုက်​သော​အ​ခါ၊ ခ​ရစ်​တော်​ကို​လည်း ပြစ်​မှား​ရာ​သို့ ရောက်၏။-"
    },
    {
      "book": 46,
      "chapter": 8,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 1,
      "text": "ငါ​ပေါ​လု​သည် ကျွန်​မ​ဟုတ်၊ လူ​လွတ်​ဖြစ်​သည် မ​ဟုတ်​လော။ တ​မန်​တော်​ဖြစ်​သည် မ​ဟုတ်​လော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မြင်​ရ​ပြီ မ​ဟုတ်​လော။ သင်​တို့​သည် သ​ခင်​ဘု​ရား၌ ငါ​လုပ်​သော အ​လုပ်​ဖြစ်​ကြ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 2,
      "text": "ငါ​သည် အ​ခြား​သော​သူ​တို့​အား တ​မန်​တော် မ​ဖြစ်​သော်​လည်း၊ သင်​တို့​အား တ​မန်​တော်​အ​မှန်​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တ​မန်​တော်​မှန်​သည်​ဟု သင်​တို့​သည် တ​ပည့်​တော်​ဖြစ်​သော​အား​ဖြင့် ငါ့​ကို တံ​ဆိပ်​ခတ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 3,
      "text": "ငါ့​ကို စစ်​ဆေး​မေး​မြန်း​သော သူ​တို့​အား ငါ​အ​ပြစ်​ဖြေ​ရာ​စ​ကား ဟူ​မူ​ကား၊-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 4,
      "text": "ငါ​တို့​သည် စား​သောက်​ခြင်း​အ​ခွင့် မ​ရှိ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 5,
      "text": "ကေ​ဖ​နှင့် သ​ခင်​ဘု​ရား၏​ညီ​များ​မှ​စ၍ ကြွင်း​သော တ​မန်​တော်​များ​ကဲ့​သို့၊ ငါ​တို့​သည် ဒေ​သ​စာ​ရီ လှည့်​လည်​သည်​တွင် နှ​မ​ဖြစ်​သော​မ​ယား ပါ​စေ​ခြင်း​ငှာ အ​ခွင့်​မ​ရှိ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 6,
      "text": "ငါ​နှင့် ဗာ​န​ဗ​သာ အ​လုပ်​မ​လုပ်​ဘဲ နေ​ရ​သော​အ​ခွင့်​မ​ရှိ​ဟု ဆို​ရ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 7,
      "text": "အ​ဘယ်​သူ​သည် ကိုယ်​စ​ရိတ်​ကို​သုံး၍ စစ်​မှု​ကို ထမ်း​ရ​သ​နည်း။ အ​ဘယ်​သူ​သည် ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍ အ​သီး​ကို​မ​စား​ဘဲ နေ​ရ​သ​နည်း။ အ​ဘယ်​သူ​သည် သိုး​ထိန်း​လုပ်၍ သိုး​နို့​ကို​မ​သုံး​ဘဲ နေ​ရ​သ​နည်း။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 8,
      "text": "လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့်​သာ ဤ​သို့ ငါ​ဆို​သ​လော။ ပ​ညတ်​တ​ရား​သည်​လည်း ဤ​သို့​ပင်​ဆို​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 9,
      "text": "မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ စ​ပါး​နင်း​နယ်​သော နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ​ဟု လာ၏။ ဘု​ရား​သ​ခင်​သည် နွား​ကို​သာ ပ​မာ​ဏ​ပြု​တော်​မူ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 10,
      "text": "သို့​မ​ဟုတ် ငါ​တို့​ကြောင့်​သာ ဤ​သို့​ပ​ညတ်​တော်​မူ​သ​လော။ လယ်​ထွန်​သော​သူ​သည် မျှော်​လ​င့်​လျက် ထွန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မျှော်​လ​င့်​လျက် စ​ပါး​နင်း​နယ်​သော​သူ​သည် မျှော်​လ​င့်​သည်​အ​တိုင်း ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကြောင့်​သာ ဤ​သို့ ကျမ်း​စာ​လာ၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 11,
      "text": "ငါ​တို့​သည် သင်​တို့၌ ဓ​မ္မ​မျိုး​စေ့​ကို စိုက်​ပြီး​မှ သင်​တို့၏​လော​ကီ​အ​သီး​ကို သုံး​ဆောင်​လျှင် ကျေး​ဇူး​ကြီး​မည်​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 12,
      "text": "အ​ခြား​သော​သူ​တို့​သည် သင်​တို့​ထံ​မှာ ထို​အ​ခွင့်​ကို​ရ​လျှင် ငါ​တို့​သည် သာ၍ ရ​ထိုက်​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း ထို​အ​ခွင့်​ကို ငါ​တို့​သည်​မ​သုံး​ဘဲ၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆီး​တား​ခြင်း​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ အ​ရာ​ရာ၌ သည်း​ခံ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 13,
      "text": "ဓ​မ္မ​ကိ​စ္စ​အ​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည် ဗိ​မာန်​တော်​ကို အ​မှီ​ပြု၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 14,
      "text": "ထို​နည်း​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သော​သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​မှီ​ပြု၍ အ​သက်​မွေး​ရ​မည်​အ​ကြောင်း၊ သ​ခင်​ဘု​ရား၏ ပ​ညတ်​တော်​မူ​ချက်​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 15,
      "text": "သို့​သော်​လည်း ထို​အ​ခွင့်​ကို ငါ​သည် အ​လျှင်း​မ​သုံး။ သင်​တို့​သည် ငါ့​အား ထို​သို့​ပြု​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို ငါ​ရေး​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​ဝါ​ကြွား​ခြင်း​အ​ခွင့်​ကို သူ​တစ်​ပါး​ဖျက်​ဆီး​သည်​ထက် ငါ​သေ​သော် သာ၍​ကောင်း၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 16,
      "text": "ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရုံ​ပြု​လျှင် ဝါ​ကြွား​ခြင်း အ​ကြောင်း​မ​ရှိ​သေး။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မ​ဟော​ဘဲ​မ​နေ​နိုင်။ မ​ဟော​ဘဲ​နေ​လျှင် အ​မင်္ဂ​လာ​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 17,
      "text": "သို့​ဖြစ်၍ အ​မှု​တော်​ကို အ​လို​အ​လျောက် ဆောင်​ရွက်​လျှင် အ​ကျိုး​ရှိ၏။ ကိုယ်​အ​လို​ကို​ငြင်း​ဆန်၍ ဆောင်​ရွက်​လျှင် အ​ရာ​တော်၌ ခန့်​ထား​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 18,
      "text": "သို့​ဖြစ်၍ ငါ၏​အ​ကျိုး အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သော​အ​ခါ၊ ဟော​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ခွင့်​ကို မ​သုံး​ဘဲ​လျက်၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို နာ​သော​သူ​တို့​သည် အ​ဘယ်​စ​ရိတ်​ကို​မျှ မ​ကုန်​ဘဲ​နေ​စေ​ခြင်း​ငှာ​ပြု​လျှင် ငါ၌​အ​ကျိုး​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 19,
      "text": "ငါ​သည် အ​ဘယ်​သူ၏​ကျွန် မ​ဖြစ်​သော်​လည်း သာ၍​များ​သော သူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ လူ​တ​ကာ​တို့၏ ကျွန်​ခံ​ရ၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 20,
      "text": "ယု​ဒ​လူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ ယု​ဒ​လူ​တို့၌ ယု​ဒ​လူ​ကဲ့​သို့​ဖြစ်၏။ ပ​ညတ်​တ​ရား​ကို ကိုယ်​တိုင် မ​ဆည်း​ကပ်​သော်​လည်း၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့၌ ပ​ညတ်​တ​ရား​ကို ကျင့်​သော​သူ​ကဲ့​သို့​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 21,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တ​ရား​မဲ့​မ​နေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​သော​သူ​ဖြစ်​သော်​လည်း၊ ပ​ညတ်​တ​ရား​မဲ့​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ ပ​ညတ်​တ​ရား​မဲ့​သော​သူ​တို့၌ ပ​ညတ်​တ​ရား​မဲ့​သော​သူ​ကဲ့​သို့ ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 22,
      "text": "အား​နည်း​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ အား​နည်း​သော​သူ​တို့၌ အား​နည်း​သော​သူ​ကဲ့​သို့ ဖြစ်၏။ အ​ချို့​သော​သူ​တို့​ကို တစ်​စုံ​တစ်​ခု​သော အ​မှု​အ​ရာ​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ၊ ခပ်​သိမ်း​သော​သူ​တို့၌ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 23,
      "text": "သင်​တို့​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ​ခြင်း​အ​လို​ငှာ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ထို​သို့​ငါ​ပြု​လေ့​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 24,
      "text": "မြေ​တ​လင်း၌​ပြိုင်၍ ပြေး​ကြ​သော​သူ​အ​ပေါင်း​တို့​သည် ပြိုင်၍ ပြေး​ကြ​သော်​လည်း၊ တစ်​ယောက်​တည်း​သာ​လျှင် ဆု​ကို​ရ​သည်​ဟု သင်​တို့​မ​သိ​ကြ​သ​လော။ ဆု​ကို​ရ​မည်​အ​ကြောင်း ပြေး​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 25,
      "text": "ပွဲ၌​ပြိုင်၍ အ​ချင်း​ချင်း​တိုက်​သော သူ​မည်​သည်​ကား၊ အ​ရာ​ရာ၌ တပ်​မက်​ခြင်း​ကို ချုပ်​တည်း​တတ်၏။ ထို​သူ​တို့​သည် ညှိုး​နွမ်း​ပျက်​စီး​တတ်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ​ပြု​ကြ၏။ ငါ​တို့​မူ​ကား မ​ညှိုး​နွမ်း မ​ပျက်​စီး​နိုင်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ ပြု​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 26,
      "text": "ထို​ကြောင့် ငါ​ပြေး​သော​အ​ခါ၊ အ​မှတ်​တ​မဲ့ ပြေး​သည်​မ​ဟုတ်၊ လက်​ပွေ့​သတ်​သော​အ​ခါ အာ​ကာ​သ ကောင်း​ကင်​ကို​သာ ထိုး၍ သတ်​သည်​မ​ဟုတ်။-"
    },
    {
      "book": 46,
      "chapter": 9,
      "verse": 27,
      "text": "သူ​တစ်​ပါး​ကို ဆုံး​မ​ပြီး​မှ ကိုယ်​တိုင်​ရှုံး​သော​သူ မ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​ကို​ထိုး၍ နှိပ်​စက်​လေ့​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​ဘိုး​ဘေး​အ​ပေါင်း​တို့​သည် မိုး​တိမ်​အောက်​မှာ​ရှိ၍၊ ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 2,
      "text": "မိုး​တိမ်​နှင့် ပင်​လယ်​ထဲ​မှာ မော​ရှေ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သည် ဟူ၍​လည်း​ကောင်း၊-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 3,
      "text": "ဓ​မ္မ​အ​စာ​ကို​အ​တူ​စား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ဓ​မ္မ​ရေ​ကို အ​တူ​သောက်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့ မ​သိ​မ​မှတ် ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 4,
      "text": "ထို​သူ​တို့​နောက်၌ လိုက်​သော​ဓ​မ္မ​ကျောက်​မှ ထွက်​သော​ရေ​ကို သောက်​ကြ၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 5,
      "text": "သို့​သော်​လည်း ထို​သူ​တို့​တွင် များ​စွာ​သော သူ​တို့​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မ​မူ။ သူ​တို့​သည် တော၌​သေ​ကြေ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 6,
      "text": "ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ရာ​တို့​ကို တပ်​မက်​သ​ကဲ့​သို့ ငါ​တို့​သည် မ​တပ်​မက်​စေ​ခြင်း​ငှာ၊ ထို​အ​ကြောင်း​အ​ရာ​တို့​သည် ငါ​တို့​အ​ဖို့ ပုံ​သက်​သေ ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 7,
      "text": "လူ​တို့​သည် စား​သောက်​လျက် ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏​ဟု ကျမ်း​စာ​လာ​သည်​အ​တိုင်း၊-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 8,
      "text": "ထို​သူ​အ​ချို့​တို့​သည် ရုပ်​တု​ကို ကိုး​ကွယ်​သ​ကဲ့​သို့ မ​ကိုး​ကွယ်​ကြ​နှင့်။ ထို​သူ​အ​ချို့​တို့​သည် မ​တ​ရား​သော မေ​ထုန်​အ​မှု​ကို​ပြု၍ တစ်​နေ့​ချင်း​တွင် လူ​နှစ်​သောင်း သုံး​ထောင်​လဲ၍​သေ​သ​ကဲ့​သို့ မ​ပြု​ဘဲ၊ မ​တ​ရား​သော မေ​ထုန်​ကို​ရှောင်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 9,
      "text": "ထို​သူ​အ​ချို့​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ပြု၍၊ မြွေ​ဖြင့် ပျက်​စီး​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု၊ ခ​ရစ်​တော်​ကို မ​စုံ​စမ်း​မ​နှောင့်​ယှက်​ဘဲ​နေ​ကြ​ကုန်​အံ့။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 10,
      "text": "ထို​သူ​အ​ချို့​တို့​သည် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ ဖျက်​ဆီး​သော​သူ၏ လက်​ဖြင့် ပျက်​စီး​သ​ကဲ့​သို့​မ​ဟုတ်၊ မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 11,
      "text": "ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 12,
      "text": "ထို​ကြောင့် အ​ကြင်​သူ​သည် မိ​မိ​တည်​ကြည်​လျက်​နေ​သည်​ဟု မိ​မိ​ထင်​မှတ်၏။ ထို​သူ​သည် မ​လဲ​ခြင်း​ငှာ သ​တိ​ပြု​စေ။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 13,
      "text": "လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 14,
      "text": "ထို​ကြောင့် ငါ့​ချစ်​သူ​တို့၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​အ​မှု​ကို ကြဉ်​ရှောင်​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 15,
      "text": "သင်​တို့​ကို ပ​ညာ​ရှိ​ကဲ့​သို့​မှတ်၍ ပြော​မည်။ ငါ့​စ​ကား​ကို ဆင်​ခြင်​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 16,
      "text": "ငါ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​ဖ​လား​မူ​ကား၊ ခ​ရစ်​တော်၏​အ​သွေး​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​မူ​ကား၊ ခ​ရစ်​တော်၏ ကိုယ်​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 17,
      "text": "မုန့်​တစ်​လုံး​တည်း​ရှိ​သည်​ဖြစ်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​လုံး​တည်း ဖြစ်​သော​ထို​မုန့်​ကို ဆက်​ဆံ​လျက် ခံ​ယူ​ကြ​သော​ကြောင့်၊ အ​များ​ဖြစ်​သော ငါ​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း​ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 18,
      "text": "ဇာ​တိ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သူ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ယဇ်​ကောင်​ကို​စား​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 19,
      "text": "ထို​သို့​ဆို​သော် အ​ဘယ်​သို့ ငါ​ဆို​လို​သ​နည်း။ ရုပ်​တု​ကား မှတ်​စ​ရာ​ရှိ​သည်၊ ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကား မှတ်​စ​ရာ​ရှိ​သည်​ဟု ဆို​လို​သ​လော။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 20,
      "text": "ထို​သို့​မ​ဆို​လို။ သာ​သ​နာ​ပ​လူ​တို့​သည် ပူ​ဇော်​သော​ယဇ်​ကို ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​သည်​မ​ဟုတ်။ နတ်​ဆိုး​တို့​အား ပူ​ဇော်​ကြ၏။ သင်​တို့​သည် နတ်​ဆိုး​တို့​နှင့် ဆက်​ဆံ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 21,
      "text": "သ​ခင်​ဘု​ရား၏ ခွက်​ဖ​လား၊ နတ်​ဆိုး​တို့၏ ခွက်​ဖ​လား​နှစ်​ပါး​ကို သင်​တို့​မ​သောက်​နိုင်​ကြ။ သ​ခင်​ဘု​ရား၏ စား​ပွဲ၊ နတ်​ဆိုး​တို့၏​စား​ပွဲ​နှစ်​ပါး​ကို သင်​တို့​ဝင်၍ မ​စား​နိုင်​ကြ။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 22,
      "text": "သ​ခင်​ဘု​ရား အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ ငါ​တို့ ပြု​ရ​ကြ​သ​လော။ ငါ​တို့​သည် သ​ခင်​ဘု​ရား​ထက်​သာ၍ တန်​ခိုး​ကြီး​ကြ​သ​လော။"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 23,
      "text": "ငါ​သည် အ​ပြစ်​မ​သင့်​ဘဲ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​ကို ပြု​သင့်​သည်​မ​ဟုတ်။ အ​ပြစ်​မ​သင့်​ဘဲ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​ကို ပြု​နိုင်​သည် မှန်​စေ​တော့။ ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​သည် သူ​တစ်​ပါး​ကို တည်​ဆောက်​တတ်​သည်​မ​ဟုတ်။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 24,
      "text": "ကိုယ်​အ​ကျိုး​ကို အ​ဘယ်​သူ​မျှ​မ​ရှာ​စေ​နှင့်။ သူ့​အ​ကျိုး​ကို လူ​တိုင်း​ရှာ​စေ။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 25,
      "text": "ဩ​တ္တ​ပ္ပ​စိတ်​ကို ထောက်​ရ​သော​ကြောင့်၊ ဈေး၌ ရောင်း​သ​မျှ​ကို မ​စစ်​ကြော မ​မေး​မြန်း​ဘဲ စား​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို ပိုင်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 27,
      "text": "မ​ယုံ​ကြည်​သော​သူ​သည် သင်​တို့​ကို​ခေါ်​ဖိတ်၍ သင်​တို့​သည် သွား​လို​လျှင်၊ ဩ​တ္တ​ပ္ပ​စိတ်​ကို ထောက်​ရ​သော​ကြောင့်၊ သင်​တို့​ရှေ့၌ ထည့်​သ​မျှ​ကို မ​စစ်​ကြော​မ​မေး​မြန်း​ဘဲ စား​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 28,
      "text": "သို့​သော်​လည်း ဤ​မည်​သော​အ​ရာ​သည် ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ဖြစ်၏​ဟု တစ်​စုံ​တစ်​ယောက် သော​သူ​ဆို​လျှင်၊ ထို​သို့​ဆို​သော​သူ၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ဩ​တ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း၊ ထောက်၍ မ​စား​ကြ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 29,
      "text": "ဩ​တ္တ​ပ္ပ​စိတ်​ဟု​ဆို​သော် ကိုယ်​စိတ်​ကို​မ​ဆို​လို၊ သူ့​စိတ်​ကို ဆို​လို၏။ အ​ခြား​သော​သူ၏​စိတ်​သည် ငါ၏​အ​ခွင့်​ကို အ​ဘယ်​ကြောင့် စစ်​ကြော​စီ​ရင်​ရ​မည်​နည်း။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 30,
      "text": "ကျေး​ဇူး​တော်​အား​ဖြင့် ငါ​သုံး​ဆောင်​ရ​လျှင်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ သုံး​ဆောင်​သည်​တွင် အ​ဘယ်​ကြောင့် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ခံ​ရ​မည်​နည်း​ဟု ဆို​လျှင်​မူ​ကား၊-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 31,
      "text": "သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 32,
      "text": "လူ​များ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ငါ​သည် ကိုယ်​အ​ကျိုး​ကို​မ​ရှာ​ဘဲ သူ့​အ​ကျိုး​ကို ရှာ၍၊-"
    },
    {
      "book": 46,
      "chapter": 10,
      "verse": 33,
      "text": "ခပ်​သိမ်း​သော​လူ​တို့၏ အ​လို​သို့ အ​ရာ​ရာ၌ လိုက်​သည်​နည်း​တူ၊ သင်​တို့​သည်​လည်း ယု​ဒ​လူ၊ ဟေ​လ​သ​လူ၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ဝင်​သူ​တို့၌ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​ကို မ​ပြု​ဘဲ၊"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 1,
      "text": "ငါ​သည်​ခ​ရစ်​တော်၏ နည်း​တူ​ကျင့်​သ​ကဲ့​သို့ သင်​တို့​လည်း ငါ့​နည်း​တူ ကျင့်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 2,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ရာ​ရာ၌ ငါ့​ကို အောက်​မေ့၍၊ ငါ​အပ်​ပေး​သော​နည်း​ဥ​ပ​ဒေ​သ​တို့​ကို စွဲ​လမ်း​ကြ​သည်​ဖြစ်၍ သင်​တို့​ကို ငါ​ချီး​မွမ်း၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 3,
      "text": "ယောက်ျား၏​ခေါင်း​ကား ခ​ရစ်​တော်​ဖြစ်​သည်​ကို​လည်း​ကောင်း၊ မိန်း​မ၏​ခေါင်း​ကား ယောက်ျား​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၏​ခေါင်း​ကား ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ သိ​မှတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 4,
      "text": "ယောက်ျား​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို ဖုံး​လျက် ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း အ​သ​ရေ​ကို ရှုတ်​ချ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 5,
      "text": "မိန်း​မ​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို မ​ဖုံး​ဘဲ ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း​အ​သ​ရေ​ကို ရှုတ်​ချ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 6,
      "text": "ထို​သို့​ပြု​လျှင် ဆံ​ပင်​ရိတ်​သည်​နှင့်​တူ၏။ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​စေ။ ဆံ​ပင် ဖြတ်​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​အ​ရာ​သည် ရှက်​စ​ရာ​ရှိ​လျှင် ခေါင်း​ကို​ဖုံး​စေ။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 7,
      "text": "ယောက်ျား​သည် ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်၊ ဘုန်း​အ​သ​ရေ​တော်​ဖြစ်​သော​ကြောင့် မိ​မိ​ခေါင်း​ကို မ​ဖုံး​ရ။ မိန်း​မ​မူ​ကား ယောက်ျား၏​ဘုန်း​အ​သ​ရေ​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 8,
      "text": "ယောက်ျား​သည် မိန်း​မ​ကြောင့်​ဖြစ်​သည် မ​ဟုတ်။ မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 9,
      "text": "ယောက်ျား​ကို မိန်း​မ​ဖို့​ဖန်​ဆင်း​သည်​မ​ဟုတ်။ မိန်း​မ​ကို ယောက်ျား​ဖို့ ဖန်​ဆင်း၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 10,
      "text": "ထို​ကြောင့်၊ ကောင်း​ကင်​တ​မန်​များ​ကို ထောက်၍၊ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို ဖုံး​ရ​မည်။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 11,
      "text": "သို့​သော်​လည်း သ​ခင်​ဘု​ရား၌ ယောက်ျား​မ​ပါ​ဘဲ မိန်း​မ​ဖြစ်​သည်​မ​ဟုတ်။ မိန်း​မ မ​ပါ​ဘဲ ယောက်ျား​ဖြစ်​သည် မ​ဟုတ်။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 12,
      "text": "မိန်း​မ​သည် ယောက်ျား​ကြောင့်​ဖြစ်​သ​ကဲ့​သို့ ယောက်ျား​သည်​လည်း မိန်း​မ​အား​ဖြင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကြောင့် ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 13,
      "text": "မိန်း​မ​သည် ခေါင်း​ကို​မ​ဖုံး​ဘဲ​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လျှင်၊ လျောက်​ပတ်​သည် မ​လျောက်​ပတ်​သည်​ကို သင်​တို့ အ​လို​အ​လျောက် ဆင်​ခြင်​စီ​ရင်​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 14,
      "text": "ယောက်ျား​သည် ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ ရှက်​ဖွယ်​သော အ​ကြောင်း​ဖြစ်​သည်​ကို သင်​တို့​အား ပ​က​တိ​တ​ရား​ပင် ဆုံး​မ​သွန်​သင်​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 15,
      "text": "မိန်း​မ​မူ​ကား၊ ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ သူ၏​ဘုန်း​အ​သ​ရေ ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ မိန်း​မ​ဆံ​ပင်​သည် မိ​မိ​ခြုံ​စ​ရာ​ဖို့ ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 16,
      "text": "သို့​သော်​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငြင်း​ခုံ​လျှင်၊ ငါ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်၌ လည်း​ကောင်း၊ ထို​သို့​သော ထုံး​စံ​မ​ရှိ။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 17,
      "text": "တစ်​ဖန်​တုံ၊ သင်​တို့​သည် အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​မ​ဟုတ်။ အ​ကျိုး​ကို နည်း​စေ​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ဖြစ်၍၊ ငါ​သည် ပ​ညတ်​ထား​စဉ်​တွင် သင်​တို့​ကို မ​ချီး​မွမ်း​ရ။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 18,
      "text": "ပ​ထ​မ အ​ကြောင်း​ဟူ​မူ​ကား၊ သင်​တို့​သည် အ​သင်း​တော်၌ စည်း​ဝေး​ကြ​သော​အ​ခါ၊ အ​ချင်း​ချင်း ကွဲ​ပြား​ခြင်း​ရှိ​သည်​ကို ငါ​ကြား​ရ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 19,
      "text": "ကြား​ရ​သည်​အ​တိုင်း မှန်​ကောင်း​မှန်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင် ကောင်း​မွန်​သော သူ​တို့​ကို ထင်​ရှား​စိမ့်​သော​ငှာ သင်း​ခွဲ​ခြင်း​ရှိ​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 20,
      "text": "သင်​တို့​သည် အ​တူ​စည်း​ဝေး​ကြ​သော​အ​ခါ၊ သ​ခင်​ဘု​ရား၏ ပွဲ​တော်​ကို စား​အံ့​သော​ငှာ စည်း​ဝေး​ကြ​သည်​မ​ဟုတ်။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် စား​ကြ​သည်​တွင် ကိုယ်​စီ​ကိုယ်​စီ မိ​မိ​အ​စာ​ကို​အ​ရင်​ယူ၍၊ တ​ချို့​ကား ဆာ​မွတ်​လျက်၊ တ​ချို့​ကား စား​သောက်​ကြူး​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 22,
      "text": "သင်​တို့​သည် စား​သောက်​ရာ​ဖို့ ကိုယ်​အိမ်​မ​ရှိ​သ​လော။ သို့​မ​ဟုတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ဆင်း​ရဲ​သော​သူ​တို့​ကို ရှက်​ကြောက် စေ​သ​လော။ အ​ဘယ်​သို့ ငါ​ဆို​ရ​မည်​နည်း။ ဤ​အ​မှု​မှာ သင်​တို့​ကို ချီး​မွမ်း​ရ​မည်​လော။ မ​ချီး​မွမ်း​ရ။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့၌ ငါ​အပ်​ပေး​သော အ​ရာ​ကို သ​ခင်​ဘု​ရား​ထံ၌ ငါ​ခံ​ရ​ပြီ။ ခံ​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် ရန်​သူ​လက်​သို့ အပ်​နှံ​ခြင်း​ကို​ခံ​သော နေ့​ည​မှာ မုန့်​ကို​ယူ၍၊-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 24,
      "text": "ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား၊ သင်​တို့​အ​ဖို့​အ​လို​ငှာ ချိုး​ဖဲ့​သော​ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့။ ငါ့​ကို​အောက်​မေ့​ဖို့​ရာ ဤ​သို့ ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 25,
      "text": "ထို​နည်း​တူ၊ ည​စာ​စား​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား ငါ၏​အ​သွေး၌​တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။ ဤ​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ ငါ့​ကို​အောက်​မေ့​ဖို့​ရာ သောက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​မုန့်​ကို​စား၍ ထို​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ သ​ခင်​ဘု​ရား​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ကြွ​လာ​တော် မ​မူ​မီ​တိုင်​အောင် ပြ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 27,
      "text": "ထို​ကြောင့် သ​ခင်​ဘု​ရား၏​မုန့်​နှင့် ခွက်​ကို မ​ထိုက်​မ​တန်​ဘဲ စား​သောက်​သော​သူ​မည်​သည်​ကား၊ သ​ခင်​ဘု​ရား၏ ကိုယ်​တော်​နှင့် အ​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 28,
      "text": "သို့​ဖြစ်၍ လူ​တိုင်း​ကိုယ်​ကို​ကိုယ်​စစ်​ကြော​ပြီး​မှ မုန့်​ကို​စား​စေ။ ထို​နည်း​တူ ခွက်​ကို​လည်း​သောက်​စေ။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ မ​ထိုက်​မ​တန်​ဘဲ စား​သောက်​သော​သူ​သည် သ​ခင်​ဘု​ရား၏​ကိုယ်​တော်​ကို ပိုင်း​ခြား၍ မ​သိ​သော​ကြောင့်၊ မိ​မိ​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ စား​သောက်​သော​သူ​ဖြစ်၏။"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 30,
      "text": "ထို​အ​ကြောင်း​ကြောင့်၊ သင်​တို့​တွင် အား​နည်း​သော​သူ၊ မ​ကျန်း​မ​မာ​သော​သူ အ​များ​ရှိ​ကြ၏။ သေ​သော​သူ​အ​များ​လည်း ရှိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 31,
      "text": "ငါ​တို့​သည် ကိုယ်​ကို​ကိုယ် စစ်​ကြော​စီ​ရင်​လျှင်၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 32,
      "text": "စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ၊ လော​ကီ​သား​တို့​နှင့်​အ​တူ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 33,
      "text": "ထို​ကြောင့် ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် စား​အံ့​သော​ငှာ စည်း​ဝေး​သော​အ​ခါ၊ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ငံ့​လင့်​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 11,
      "verse": 34,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဆာ​မွတ်​လျှင်၊ သင်​တို့​သည် အ​ပြစ်​ခံ​လျက် မ​စည်း​ဝေး​စေ​ခြင်း​ငှာ ထို​သူ​သည် မိ​မိ​အိမ်၌ စား​စေ။ ကြွင်း​သော​အ​မှု​များ​ကို ငါ​လာ​သော​အ​ခါ စီ​ရင်​မည်။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး အ​ကြောင်း​များ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 2,
      "text": "သင်​တို့​သည် အ​ထက်​က​သာ​သ​နာ​ပ​လူ​ဖြစ်၍၊ သူ​တစ်​ပါး သွေး​ဆောင်​သ​ဖြင့်၊ စ​ကား​မ​ပြော​နိုင်​သော ရုပ်​တု​ရှိ​ရာ​သို့ ပါ​သွား​သော​သူ ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 3,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့် ဟော​ပြော၍ အ​ဘယ်​သူ​မျှ ယေ​ရှု​ကို မ​ကျိန်​ဆဲ​နိုင်​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် သ​ခင်​ဘု​ရား ဖြစ်​တော်​မူ၏​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​မှီ​မ​ပြု​လျှင်၊ အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် သိ​နား​လည်​စေ​ခြင်း​ငှာ ငါ​သ​တိ​ပေး၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 4,
      "text": "ဆု​ကျေး​ဇူး​တော် အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 5,
      "text": "ဓ​မ္မ​ဆ​ရာ​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ​ရှိ​ငြား​သော်​လည်း သ​ခင်​တစ်​ပါး​တည်း​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 6,
      "text": "ပြု​ပြင်​ခြင်း​အ​မှု အ​ထူး​ထူး​အ​ထွေ​ထွေ ရှိ​ငြား​သော်​လည်း၊ ခပ်​သိမ်း​သော သူ​တို့၌ ပြု​ပြင်​သ​မျှ​ကို ပြု​ပြင်​တော်​မူ​သော ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 7,
      "text": "ကောင်း​သော​အ​ကျိုး​အ​လို​ငှာ​သာ ဝိ​ညာဉ်​တော်​ကို လူ​အ​သီး​အ​သီး​တို့​အား ထင်​ရှား​စွာ ပေး​တော်​မူ​လျက်​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 8,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ပ​ညာ​တ​ရား​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ထိုး​ထွင်း​ခြင်း​တ​ရား​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 9,
      "text": "ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ယုံ​ကြည်​ခြင်း​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 10,
      "text": "တစ်​ယောက်​သော​သူ​အား၊ တန်​ခိုး​ကို​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ပ​ရော​ဖက်​ပြု​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား စိတ်​ဝိ​ညာဉ်​တို့​ကို ပိုင်း​ခြား၍​သိ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ တစ်​ယောက်​သော​သူ​အား ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​သော အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 11,
      "text": "ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 12,
      "text": "ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု​တည်း၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍ ထို​တစ်​ခု​တည်း​သော ကိုယ်​အင်္ဂါ​အ​ပေါင်း​တို့​သည် များ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့၊ ထို​နည်း​တူ ခ​ရစ်​တော်​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 14,
      "text": "ကိုယ်​သည် အင်္ဂါ​တစ်​ခု​တည်း​ရှိ​သည်​မ​ဟုတ်၊ အ​များ​ရှိ​သည်​ဖြစ်၍၊-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 15,
      "text": "ခြေ​က၊ ငါ​သည်​လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 16,
      "text": "နား​က​လည်း၊ ငါ​သည် မျက်​စိ​မ​ဟုတ်​သော​ကြောင့် ကိုယ်​နှင့်​မ​စပ်​ဆိုင်​ဟု ဆို​လျှင်၊ ထို​သို့​ဆို​သော​ကြောင့် မ​စပ်​ဆိုင်​သည် မှန်​သ​လော။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 17,
      "text": "တစ်​ကိုယ်​လုံး​သည် မျက်​စိ​ဖြစ်​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။ တစ်​ကိုယ်​လုံး​သည် နား​ဖြစ်​လျှင် အ​ဘယ်​သို့ နမ်း​နိုင်​မည်​နည်း။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 18,
      "text": "ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း အင်္ဂါ​များ​အ​သီး​အ​သီး​တို့​ကို ကိုယ်၌ စီ​ရင်​ခန့်​ထား​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အင်္ဂါ​တစ်​ခု​တည်း​ဖြစ်​လျှင် ကိုယ်​သည်​အ​ဘယ်​မှာ ရှိ​လိမ့်​မည်​နည်း။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 20,
      "text": "ယ​ခု​တွင် အင်္ဂါ​အ​များ​ရှိ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 21,
      "text": "မျက်​စိ​က၊ သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု လက်​ကို မ​ဆို​ရ။ ထို​နည်း​တူ၊ ဦး​ခေါင်း​က၊ သင်​တို့​ကို​ငါ​အ​လို​မ​ရှိ​ဟု ခြေ​တို့​ကို မ​ဆို​ရ။ ထို​မျှ​မ​က အား​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​အ​သုံး​ဝင်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 22,
      "text": "အ​သ​ရေ​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​အား​လည်း၊ သာ၍​ကြီး​သော အ​သ​ရေ​ကို ပေး​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 23,
      "text": "တင့်​တယ်​ခြင်း​မ​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​ကြီး​သော တင့်​တယ်​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 24,
      "text": "တင့်​တယ်​လျက်​ရှိ​သော အင်္ဂါ​တို့​သည် အ​ခြား​သော တင့်​တယ်​ခြင်း​ကို မ​လို​ကြ။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 25,
      "text": "ကိုယ်​ခ​န္ဓာ၌ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း​မ​ရှိ​ဘဲ၊ အင်္ဂါ​များ​တို့​သည် အ​ချင်း​ချင်း သူ့​ကို​ကိုယ်​နှင့်​အ​မျှ သ​တိ​ပြု​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ​ကို​မျှ​စေ၍၊ ယုတ်​သော​အင်္ဂါ​အား သာ၍​များ​သော အ​သ​ရေ​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 26,
      "text": "သို့​ဖြစ်၍၊ အင်္ဂါ​တစ်​ခု​တည်း ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ခံ​ရ​ကြ၏။ အင်္ဂါ​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ကို ခံ​ရ​လျှင်၊ အင်္ဂါ​အ​ပေါင်း​တို့​သည် အ​တူ​ဝမ်း​မြောက်​ရ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 27,
      "text": "သင်​တို့​သည် ခ​ရစ်​တော်၏​ကိုယ်​ဖြစ်​ကြ၏။ အ​သီး​အ​သီး အင်္ဂါ​တော်​ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 28,
      "text": "ဘု​ရား​သ​ခင်​သည် ပ​ထ​မ​အ​ရာ၌ တ​မန်​တော်​တို့​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​ရာ၌ ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း၊ တ​တိ​ယ​အ​ရာ၌ ဆ​ရာ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် တန်​ခိုး​ပြ​သော သူ​တို့​ကို​လည်း​ကောင်း၊ ထို​နောက် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ သင်း​ထောက်​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော​နိုင်​သော သူ​တို့​ကို​လည်း​ကောင်း၊ အ​သင်း​တော်၌ ခန့်​ထား​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 29,
      "text": "သင်း​ဝင်​သူ ရှိ​သ​မျှ​တို့​သည် တ​မန်​တော် ဖြစ်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ပ​ရော​ဖက်​ဖြစ် ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ဆ​ရာ​ဖြစ်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် တန်​ခိုး​ကို ပြ​နိုင်​ကြ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 30,
      "text": "ရှိ​သ​မျှ​တို့​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​ကြ​သ​လော။-"
    },
    {
      "book": 46,
      "chapter": 12,
      "verse": 31,
      "text": "သင်​တို့​သည် အ​မြတ်​ဆုံး​သော ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ သာ၍​မြတ်​သော လမ်း​ကို ငါ​ပြ​ဦး​မည်။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 1,
      "text": "ငါ​သည် လူ​ဘာ​သာ​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန် ဘာ​သာ​စ​ကား​ကို​လည်း​ကောင်း ပြော​နိုင်​သော်​လည်း မေ​တ္တာ​မ​ရှိ​လျှင် အ​သံ​မြည်​သော တံ​ပိုး​ခ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ တီး​သံ​ကို​သာ ပေး​တတ်​သော လင်း​ကွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 2,
      "text": "ပ​ရော​ဖက်​ဉာဏ်​ကို ငါ​ရ၍၊ နက်​နဲ​သော အ​ရာ​ရှိ​သ​မျှ​တို့​နှင့် သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​သော်​လည်း​ကောင်း၊ တောင်​များ​ကို​ရွှေ့​နိုင်​သော ယုံ​ကြည်​ခြင်း​အ​မျိုး​မျိုး​နှင့် ပြည့်​စုံ​သော်​လည်း​ကောင်း၊ မေ​တ္တာ​မ​ရှိ​လျှင် အ​ချည်း​နှီး​သက်​သက် ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 3,
      "text": "သူ​တစ်​ပါး​ကို ငါ​ကျွေး​မွေး၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို စွန့်​ကြဲ​သည်​သာ​မ​က၊ ကိုယ်​ခ​န္ဓာ​ကို မီး​ရှို့​စေ​ခြင်း​ငှာ အပ်​သော်​လည်း၊ မေ​တ္တာ​မ​ရှိ​လျှင်၊ ငါ၌​အ​ကျိုး​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 4,
      "text": "မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 5,
      "text": "မ​လျောက်​ပတ်​စွာ မ​ကျင့်​တတ်၊ ကိုယ်​အ​ကျိုး​ကို မ​ရှာ​တတ်၊ ဒေါ​သ​အ​မျက် မ​ထွက်​တတ်၊ အ​ပြစ်​ရှိ​သည်​ဟု မ​ထင်​တတ်၊-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 6,
      "text": "မ​တ​ရား​သော​အ​မှု၌ ဝမ်း​မြောက်​ခြင်း မ​ရှိ​တတ်၊ သ​မ္မာ​တ​ရား၌ ဝမ်း​မြောက်​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 7,
      "text": "ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 8,
      "text": "မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏။ ပ​ရော​ဖက်​ဉာဏ်​သော်​လည်း​ကောင်း၊ အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​သော​အ​ခွင့်​သော်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​သော်​လည်း​ကောင်း၊ ကွယ်​ပျောက်​လိမ့်​မည်။"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 9,
      "text": "ယ​ခု​မူ​ကား၊ ငါ​တို့​သည် မ​စုံ​မ​လင် သိ​တတ်​ကြ၏။ ပ​ရော​ဖက်​ဉာဏ်​နှင့် မ​စုံ​မ​လင် ဟော​တတ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 10,
      "text": "စုံ​လင်​ခြင်း​သို့ ရောက်​သော​အ​ခါ​မူ​ကား၊ မ​စုံ​လင်​သ​မျှ​တို့​သည် ကွယ်​ပျောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 11,
      "text": "ငါ​သည် သူ​ငယ်​ဖြစ်​စဉ်​အ​ခါ၊ သူ​ငယ်​လို စ​ကား​ပြော၏။ သူ​ငယ်​လို စိတ်​ထင်၏။ သူ​ငယ်​လို ကြံ​စည်၏။ အ​သက်​ကြီး​သော​အ​ခါ​မူ​ကား၊ သူ​ငယ်၏​အ​ရာ​များ​ကို ငါ​ပယ်​ရှား၏။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 12,
      "text": "ယ​ခု​တွင် ငါ​တို့​သည် မှန်​အား​ဖြင့် ရိပ်​မိ​လျက်​သာ နေ​ကြ၏။ ထို​အ​ခါ​မူ​ကား၊ မျက်​မှောက်​ထင်​ထင် မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု​တွင် ငါ​အ​သိ​အ​မြင် မ​စုံ​မ​လင်​ဖြစ်၏။ ထို​အ​ခါ​မူ​ကား၊ သူ​တစ်​ပါး​သည် ငါ့​ကို​သိ​သ​ကဲ့​သို့ ငါ​သိ​ရ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 13,
      "verse": 13,
      "text": "ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 1,
      "text": "ချစ်​ခြင်း​မေ​တ္တာ​ကို မီ​အောင်​လိုက်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တို့​ကို အ​လွန်​အ​လို​ရှိ​သည်​တွင်၊ ပ​ရော​ဖက်​ပြု​ရ​သော အ​ခွင့်​ကို သာ၍ လို​ချင်​သော​စိတ် ရှိ​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ခြား​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ပြော​သော​သူ​သည် လူ​တို့​အား​မ​ပြော၊ ဘု​ရား​သ​ခင်​အား​ပြော၏။ သူ၏​စ​ကား​ကို အ​ဘယ်​သူ​မျှ နား​မ​လည်။ နက်​နဲ​သော​အ​ရာ​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 3,
      "text": "ပ​ရော​ဖက်​ပြု​သော​သူ​မူ​ကား၊ တည်​ဆောက်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ သက်​သာ​ခြင်း​အ​လို​ငှာ လူ​တို့​အား​ဟော​ပြော၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 4,
      "text": "အ​ခြား​သော ဘာ​သာ​စ​ကား​အား​ဖြင့် ပြော​သော​သူ​သည် ကိုယ်​ကို​သာ တည်​ဆောက်၏။ ပ​ရော​ဖက် ပြု​သော​သူ​မူ​ကား၊ အ​သင်း​တော်​ကို တည်​ဆောက်၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 5,
      "text": "သင်​တို့​ရှိ​သ​မျှ​သည် အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ပြော​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ပ​ရော​ဖက်​ပြု​စေ​ခြင်း​ငှာ သာ၍​အ​လို​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ပြော​သော​သူ​သည်၊ အ​သင်း​တော်​ကို တည်​ဆောက်​ခြင်း​ငှာ အ​နက်​ကို မ​ဖော်​မ​ပြ​လျှင်၊ သူ့​ထက် ပ​ရော​ဖက်​ပြု​သော​သူ​သည် သာ၍​မြတ်​သ​တည်း။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 6,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ရှိ​ရာ​သို့​လာ၍ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော်​လည်း၊ ဗျာ​ဒိတ်​တော်​ကို​ပြန်​ခြင်း၊ ပ​ညာ​အ​တတ်​ကို​သင်​ခြင်း၊ ပ​ရော​ဖက်​ပြု​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​တစ်​ခု​ခု​ကို မ​ပြု​ဘဲ​လျက်၊ သင်​တို့​အား​ပြော​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​အံ့​နည်း။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 7,
      "text": "ထို​နည်း​တူ၊ အ​သံ​မြည်​တတ်​သော အ​ဝိ​ညာ​ဏ​က​စောင်း၊ ပု​လွေ​တို့​သည် သေ​ချာ​သော​အ​သံ​နှင့် မ​မြည်​လျှင်၊ စောင်း​သံ၊ ပု​လွေ​သံ​တို့​ကို အ​ဘယ်​သို့ သိ​နိုင်​မည်​နည်း။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 8,
      "text": "တံ​ပိုး​ခ​ရာ​သည်​လည်း၊ မ​မှန်​သော​အ​သံ​နှင့် မြည်​လျှင်၊ အ​ဘယ်​သူ​သည် စစ်​တိုက်​ခြင်း​ငှာ မိ​မိ​ကိုယ်​ကို ပြင်​ဆင်​မည်​နည်း။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 9,
      "text": "ထို​နည်း​တူ၊ သင်​တို့​သည် နား​လည်​လွယ်​သော စ​ကား​ကို နှုတ်​ဖြင့်​မ​မြွက်​လျှင်၊ မြွက်​သော​စ​ကား​ကို အ​ဘယ်​သို့​သိ​နိုင်​မည်​နည်း။ အာ​ကာ​သ​ကောင်း​ကင်​ကို ပြော​သော​သူ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 10,
      "text": "လူ​ပြည်၌ ဘာ​သာ​စ​ကား​မျိုး​တို့​သည် ဤ​မျှ​လောက်​များ၍၊ ရှိ​သ​မျှ​တို့​သည် အ​နက်​နှင့်​ပြည့်​စုံ​သည် မှန်​စေ​တော့။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 11,
      "text": "ဘာ​သာ​စ​ကား၏​အ​နက်​ကို ငါ​နား​မ​လည်​လျှင်၊ ပြော​သော​သူ​အား ငါ​သည် လူ​ရိုင်း​ဖြစ်​လိမ့်​မည်။ ပြော​သော​သူ​သည်​လည်း၊ ငါ့​အား လူ​ရိုင်း​ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 12,
      "text": "သို့​ဖြစ်၍ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ အ​သင်း​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း ကြိုး​စား​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 13,
      "text": "ထို​ကြောင့် အ​ခြား​သော ဘာ​သာ​စ​ကား​ကို ပြန်​ပြော​သော​သူ​သည်၊ အ​နက်​ကို​လည်း ဖော်​ပြ​နိုင်​မည်​အ​ကြောင်း ဆု​တောင်း​စေ။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 14,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ငါ​ဆု​တောင်း​လျှင်၊ ငါ့​စိတ်​နှ​လုံး ဆု​တောင်း​သော်​လည်း၊ ငါ့​ဉာဏ်​သည် အ​ကျိုး​ကို​မ​ပေး။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 15,
      "text": "သို့​ဖြစ်​လျှင်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း၊ ဆု​တောင်း​ရ​မည်။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း သီ​ချင်း​ဆို​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 16,
      "text": "သို့​မ​ဟုတ် သင်​သည် စိတ်​နှ​လုံး​နှင့် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​အ​ခါ၊ မ​တတ်​သော လူ​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်၏​စ​ကား​ကို နား​မ​လည်​သော​ကြောင့်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​သို့​လိုက်၍၊ အာ​မင်​ဟု အ​ဘယ်​သို့ ဝန်​ခံ​နိုင်​မည်​နည်း။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 17,
      "text": "သင်​သည် ကျေး​ဇူး​တော်​ကို ကောင်း​မွန်​စွာ​ချီး​မွမ်း​သည် မှန်​စေ​တော့။ အ​ခြား​သော​သူ​မူ​ကား၊ တည်​ဆောက်​ခြင်း​အ​ကျိုး​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 18,
      "text": "ငါ​သည် သင်​တို့​ရှိ​သ​မျှ​ထက်၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 19,
      "text": "သို့​သော်​လည်း၊ အ​သင်း​တော်၌ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် စ​ကား​တစ်​သောင်း​ကို ပြော​နိုင်​သည်​ထက်၊ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ စ​ကား​ငါး​ခွန်း​ကို ဉာဏ်​နှင့်​တ​ကွ ပြော​နိုင်​သော​အ​ခွင့်​ကို သာ၍​အ​လို​ရှိ၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 20,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဉာဏ်​အ​ရာ၌ သူ​ငယ်​မ​ဖြစ်​ကြ​နှင့်။ မ​တ​ရား​သော​အ​မှု​အ​ရာ၌ နို့​စို့​သူ​ငယ်​ဖြစ်​ကြ​လော့။ ဉာဏ်​အ​ရာ၌ အ​သက်​ကြီး​သော​သူ ဖြစ်​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 21,
      "text": "ပ​ည​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ အ​ခြား​တစ်​ပါး​သော​လျှာ၊ အ​ခြား​တစ်​ပါး​သော​နှုတ်​နှင့် ဤ​လူ​မျိုး​ကို ငါ​ပြော​မည်။ သို့​သော်​လည်း သူ​တို့​သည် နား​မ​ထောင်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 22,
      "text": "သို့​ဖြစ်၍ အ​ခြား​သော ဘာ​သာ​စ​ကား​တို့​သည် ယုံ​ကြည်​သော​သူ​တို့​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​သည် မ​ဟုတ်။ မ​ယုံ​ကြည်​သော​သူ​တို့​အား နိ​မိတ်​လ​က္ခ​ဏာ ဖြစ်​သ​တည်း။ ပ​ရော​ဖက်​ပြု​ခြင်း အ​မှု​မူ​ကား၊ မ​ယုံ​ကြည်​သော သူ​တို့​အ​ဖို့​မ​ဟုတ်၊ ယုံ​ကြည်​သော သူ​တို့​အ​ဖို့ ဖြစ်​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 23,
      "text": "ထို​ကြောင့် သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍ အ​ခြား​သော​ဘာ​သာ​ဖြင့် ဟော​ပြော​လျက် နေ​ကြ​စဉ်​တွင် မ​ယုံ​ကြည်​သော​သူ၊ မ​တတ်​သော​သူ​သည် ဝင်​လာ​လျှင်၊ သင်​တို့​ကို သူ​ရူး​ဖြစ်​ကြ​သည်​ဟု ပြော​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 24,
      "text": "သို့​မ​ဟုတ် သင်း​ဝင်​သူ အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ပြု၍ နေ​ကြ​စဉ်​တွင်၊ မ​ယုံ​ကြည်​သော​သူ၊ မ​တတ်​သော​သူ​သည် ဝင်​လာ​လျှင်၊ သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် သူ၏​အ​ပြစ်​ကို ဖော်​ပြ၍ သူ့​ကို စစ်​ကြော​စီ​ရင်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 25,
      "text": "ထို​သို့​သူ၏ စိတ်​နှ​လုံး၌ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် ထင်​ရှား​ပြန်၍ သူ​သည် ပျပ်​ဝပ်​လျက်၊ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​တွင် အ​မှန်​ရှိ​တော်​မူ​သည်​ဟု သက်​သေ​ခံ​လိမ့်​မည်။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 26,
      "text": "ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​နည်း။ သင်​တို့ စည်း​ဝေး​ကြ​သော​အ​ခါ၊ ဆာ​လံ​သီ​ချင်း​ကို ရ​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ စ​ကား​ကို ရ​သော​သူ၊ အ​ခြား​သော ဘာ​သာ​စ​ကား​ကို ရ​သော​သူ၊ ဗျာ​ဒိတ်​တော်​ကို ရ​သော​သူ၊ အ​နက်​ဖော်​ပြ​ရာ​ကို ရ​သော​သူ၊ အ​သီး​အ​သီး​ရှိ​ကြ​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ စီ​ရင်​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 27,
      "text": "အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော သူ​ရှိ​လျှင်၊ နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​ဆို​သော် သုံး​ယောက်​ဖြစ်​စေ၊ တစ်​ယောက်​နောက် တစ်​ယောက်​ပြော၍ တစ်​ယောက်​သော​သူ​သည် အ​နက်​ကို​ဖော်​ပြ​စေ။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 28,
      "text": "စ​ကား​ပြန်​မ​ရှိ​လျှင်၊ ဟော​ပြော​သော​သူ​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ​နေ၍ မိ​မိ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား​လည်း​ကောင်း ပြော​စေ။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 29,
      "text": "ပ​ရော​ဖက်​နှစ်​ယောက် ဖြစ်​စေ၊ သုံး​ယောက် ဖြစ်​စေ၊ ဟော​ပြော၍ အ​ခြား​သော​သူ​တို့​သည် စစ်​ကြော ဆင်​ခြင်​ကြ​စေ။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 30,
      "text": "ထိုင်​လျက်​နေ​သော​သူ​အား တစ်​စုံ​တစ်​ခု​ကို ဖွင့်​ပြ​တော်​မူ​လျှင်၊ အ​ရင်​ဟော​ပြော​သော​သူ​သည် တိတ်​ဆိတ်​စွာ​နေ​စေ။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 31,
      "text": "အ​ကြောင်း​မူ​ကား၊ ရှိ​သ​မျှ​တို့​သည် သင်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှိ​သ​မျှ​တို့​သည် သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ အ​သီး​အ​သီး တစ်​ယောက်​နောက်​တစ်​ယောက် ပ​ရော​ဖက် ပြု​ရ​သော အ​ခွင့်​ရှိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 32,
      "text": "ပ​ရော​ဖက်​တို့​သည်​လည်း၊ မိ​မိ​တို့​စိတ်​ဝိ​ညာဉ်​ကို ချုပ်​တည်း​နိုင်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 33,
      "text": "ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ခတ်​သော​အ​မှု​ကို ပြု​စု​တော်​မ​မူ။ သန့်​ရှင်း​သူ​တို့၏ အ​သင်း​တော်​အ​ပေါင်း​တို့၌ ဖြစ်​သ​ကဲ့​သို့ အ​သင့်​အ​တင့် ငြိမ်​ဝပ်​ခြင်း​ကို ပြု​စု​တော်​မူ၏။"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 34,
      "text": "သင်​တို့၏ မိန်း​မ​တို့​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ နေ​ကြ​စေ။ သူ​တို့​သည် ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ကြ။ ပ​ညတ်​တ​ရား​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ယောက်ျား၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​ကြ​မည်။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 35,
      "text": "မိန်း​မ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​သင်​လို​လျှင်၊ အိမ်၌ မိ​မိ​ခင်​ပွန်း​တို့​ကို မေး​မြန်း​ကြ​စေ။ မိန်း​မ​သည် အ​သင်း​တော်၌ ဟော​ပြော​လျှင် ရှက်​ဖွယ်​သော​အ​ကြောင်း ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 36,
      "text": "ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် သင်​တို့​မှ ထွက်​သ​လော။ သို့​မ​ဟုတ် သင်​တို့​သို့​သာ ရောက်​သ​လော။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 37,
      "text": "ငါ​သည်​သင်​တို့​အား ရေး၍​ပေး​လိုက်​သော စ​ကား​တို့​သည် သ​ခင်​ဘု​ရား၏ ပ​ညတ်​တော်​ဖြစ်​ကြောင်း​ကို၊ ပ​ရော​ဖက်​ဖြစ်​သော​သူ၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​မည်​သည်​ကား ဝန်​ခံ​ပါ​စေ။ တစ်​စုံ​တစ်​ယောက် သော​သူ​သည် မ​သိ​လျှင် မ​သိ​ဘဲ​နေ​စေ။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 38,
      "text": "အ​ချုပ်​အ​ခြာ​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ပ​ရော​ဖက်​ပြု​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 39,
      "text": "အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ခြင်း​အ​မှု​တို့​ကို​လည်း မ​မြစ်​တား​ကြ​နှင့်။-"
    },
    {
      "book": 46,
      "chapter": 14,
      "verse": 40,
      "text": "ခပ်​သိမ်း​သော​အ​မှု​ကို တင့်​တယ်​လျောက်​ပတ်​စွာ အ​စဉ်​အ​တိုင်း စီ​ရင်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​အား ဟော​ပြော​ဖူး​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် ခံ​ယူ၍ မှီ​ဝဲ​ဆည်း​ကပ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား တစ်​ဖန်​ငါ​ကြား​လိုက်၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 2,
      "text": "အ​ထက်​က​ငါ​ဟော​ပြော​သည် အ​ကြောင်း​များ​ကို သင်​တို့​သည် အ​ကျိုး​မဲ့​မ​ယုံ​ဘဲ စိတ်​စွဲ​လမ်း​လျှင်၊ ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 3,
      "text": "ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 4,
      "text": "သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 5,
      "text": "ကေ​ဖ​သည်​ကိုယ်​တော်​ကို မြင်​ပြီး​မှ၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​သည် မြင်​ရ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 6,
      "text": "ထို​နောက် ညီ​အစ်​ကို​ငါး​ရာ​မ​က၊ တစ်​ပြိုင်​နက် မြင်​ရ​ကြ၏။ ထို​သူ​တို့​တွင် အ​များ​သော​သူ​တို့​သည် ယ​ခု​တိုင်​အောင် အ​သက်​ရှင်​ကြ​သေး၏။ အ​ချို့​တို့​သည် အိပ်​ပျော်​ကြ​ပြီ။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 7,
      "text": "ထို​နောက် ယာ​ကုပ်​မြင်​ရ၏။ ထို​နောက် တ​မန်​တော်​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 8,
      "text": "နောက်​ဆုံး၌ အ​ချိန်​မ​တော်​မ​တန် ဖွား​သော​သူ​ကဲ့​သို့​ဖြစ်​သော ငါ​ပင်​မြင်​ရ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 9,
      "text": "ငါ​သည် အ​ထက်​က ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အ​ညံ့​ဆုံး​သော တ​မန်​တော်​ဖြစ်၏။ တ​မန်​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ထိုက်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 10,
      "text": "သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 11,
      "text": "ထို​ကြောင့်၊ ငါ​ဖြစ်​စေ၊ သူ​တို့​ဖြစ်​စေ၊ ဤ​သို့ ငါ​တို့​သည် ဟော​ပြော​ကြ၏။ ဤ​သို့​လည်း သင်​တို့​သည် ယုံ​ကြည်​ကြ၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 12,
      "text": "ယ​ခု​မှာ၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို ဟော​ပြော​ရ​သည်​ဖြစ်၍၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​ဟု သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​သ​နည်း။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 13,
      "text": "သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 14,
      "text": "ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 15,
      "text": "ထို​မျှ​မ​က၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မှု​မှာ မ​မှန်​သော သက်​သေ​ခံ​ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မ​မူ၊ ယ​ခု​မှာ၊ ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 17,
      "text": "ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 18,
      "text": "ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်​ကို ယုံ​ကြည်၍ အိပ်​ပျော်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​ရောက်​ကြ​ပြီ။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 19,
      "text": "ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 20,
      "text": "ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 21,
      "text": "သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 22,
      "text": "လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 23,
      "text": "သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 24,
      "text": "ထို​အ​ခါ ခ​ရစ်​တော်​သည် အ​ထွတ်​အ​မြတ် အာ​ဏာ​တန်​ခိုး​အ​မျိုး​မျိုး​ကို ပယ်​ရှင်း၍၊ မိ​မိ​နိုင်​ငံ​ကို ဘု​ရား​သ​ခင်​တည်း​ဟူ​သော ခ​မည်း​တော်၌ အပ်​ပြန်​တော်​မူ​ပြီး​မှ က​မ္ဘာ​ကုန်​ရ​လ​တ္တံ့။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 25,
      "text": "ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 26,
      "text": "နောက်​ဆုံး​သော ရန်​သူ​တည်း​ဟူ​သော သေ​မင်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လ​တ္တံ့။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 27,
      "text": "ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​သည်​ဟု ကျမ်း​စာ​လာ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​ကြောင်း​ကို ဆို​သော်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား​အောက်၌ ချ​ထား​တော်​မူ​သော​သူ​သည် ကြွင်း​တော်​မူ​ကြောင်း ထင်​ရှား​သ​တည်း။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 28,
      "text": "ခပ်​သိမ်း​သော အ​ရာ​တို့​သည် လူ​သား​အောက်၌ ချ​ထား​လျက် ရှိ​သော​အ​ခါ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ့​အောက်၌ ချ​ထား​တော်​မူ​သော သူ၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို သား​တော်​သည် ကိုယ်​တိုင်​ဝန်​ခံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ ဖြစ်​တော်​မူ​မည် အ​ကြောင်း​တည်း။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 29,
      "text": "သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း အ​လျှင်း​မ​ရှိ​လျှင်၊ သေ​လွန်​သော သူ​တို့၏ ကိုယ်​စား ဗ​တ္တိ​ဇံ​ကို​ခံ​သော သူ​တို့​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သေ​လွန်​သော သူ​တို့၏​ကိုယ်​စား အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​သ​နည်း။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 30,
      "text": "ငါ​တို့​သည်​လည်း ဘေး​ရောက်​အံ့​သော အ​ခြင်း​အ​ရာ​နှင့် အ​ဘယ်​ကြောင့် တွေ့​ရ​ကြ​သ​နည်း။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 31,
      "text": "ငါ​သည် နေ့​တိုင်း​အ​သေ​ခံ​ရ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၌ သင်​တို့​အ​ကြောင်း​ကြောင့် ငါ​ဝါ​ကြွား ဝမ်း​မြောက်​ခြင်း​ကို တိုင်​တည်၍ ငါ​ဆို​ဝံ့၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 32,
      "text": "သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း မ​ရှိ​လျှင်၊ ဧ​ဖက်​မြို့၌ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့်၊ အ​ထက်​က ငါ​သည်​သား​ရဲ​တို့​နှင့် တိုက်​သော်​လည်း၊ အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ စား​ကြ​ကုန်​အံ့၊ သောက်​ကြ​ကုန်​အံ့၊ နက်​ဖြန်​သေ​ရ​ကြ​မည်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 33,
      "text": "အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 34,
      "text": "တ​ရား​သ​ဖြင့် နိုး​ကြ​လော့။ ဒု​စ​ရိုက်​ကို​မ​ပြု​ကြ​နှင့်။ အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ထို​သို့​ဆို​သော်၊ သင်​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ ငါ​ဆို၏။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 35,
      "text": "သေ​လွန်​သော​သူ​တို့​သည် အ​ဘယ်​သို့ ထ​မြောက်​ကြ​မည်​နည်း။ အ​ဘယ်​သို့​သော ကိုယ်​နှင့် ပေါ်​လာ​ကြ​မည်​နည်း​ဟု တစ်​စုံ​တစ်​ယောက်​သော​သူ မေး​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 36,
      "text": "အ​ချင်း​လူ​မိုက်၊ သင်​စိုက်​သော​မျိုး​စေ့​မ​ပျက်​လျှင် မ​ရှင်​တတ်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 37,
      "text": "ထို​မှ​တစ်​ပါး မျိုး​စေ့​ကို စိုက်​သော​အ​ခါ၊ နောက်​ဖြစ်​လ​တ္တံ့​သော ကိုယ်​ကို မ​စိုက်၊ ဂျုံ​စ​ပါး​ဖြစ်​စေ၊ အ​ခြား​သော​စ​ပါး​ဖြစ်​စေ၊ အ​စေ့​သက်​သက်​ကို စိုက်​တတ်၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 38,
      "text": "ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း ကိုယ်​ကို ပေး​တော်​မူ၏။ မျိုး​စေ့​အ​သီး​အ​သီး​တို့​အား​လည်း၊ မိ​မိ​တို့​မျိုး​အ​တိုင်း ကိုယ်​ကို​ပေး​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 39,
      "text": "အ​သား​ရှိ​သ​မျှ​တို့​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​သား​တစ်​မျိုး၊ အ​မဲ​သား​တစ်​မျိုး၊ ငါး​သား​တစ်​မျိုး၊ ငှက်​သား​တစ်​မျိုး၊ အ​သီး​အ​သီး​ရှိ​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 40,
      "text": "ကောင်း​ကင် အ​ကောင်​အ​ထည်​လည်း​ရှိ၏။ မြေ​ကြီး အ​ကောင်​အ​ထည်​လည်း ရှိ၏။ ကောင်း​ကင် အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း​တစ်​မျိုး၊ မြေ​ကြီး အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း တစ်​မျိုး​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 41,
      "text": "နေ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ လ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​တစ်​မျိုး အ​သီး​အ​သီး ရှိ​ကြ၏။ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​သည်​လည်း အ​သီး​သီး အ​ခြား​ခြား ဖြစ်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 42,
      "text": "ထို​နည်း​တူ၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း အ​ကြောင်း​အ​ရာ​ဖြစ်၏။ ကိုယ်​သည် စိုက်​သော​အ​ခါ၊ ပုပ်​တတ်​သော​သ​ဘော​ရှိ၏။ ထ​မြောက်​သော​အ​ခါ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 43,
      "text": "စိုက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ပျက်၏။ ထ​မြောက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ရှိ။ ထ​မြောက်​သော​အ​ခါ အ​စွမ်း​နှင့် ပြည့်​စုံ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 44,
      "text": "စိုက်​သော​အ​ခါ ဇာ​တိ​ပ​က​တိ ကိုယ်​ဖြစ်၏။ ထ​မြောက်​သော​အ​ခါ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။ ဇာ​တိ​ပ​က​တိ ကိုယ်​တစ်​မျိုး၊ ဝိ​ညာ​ဏ​ကိုယ်​တစ်​မျိုး​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 45,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 46,
      "text": "ဝိ​ညာ​ဏ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်၊ ဇာ​တိ​ပ​က​တိ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်၏။ နောက်​မှ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 47,
      "text": "ရှေ့​ဦး​စွာ​သော လူ​သည် မြေ​ကြီး​က​ဖြစ်​သော​ကြောင့် မြေ​သား​ဖြစ်၏။ ဒု​တိ​ယ​လူ​မူ​ကား၊ ကောင်း​ကင်​ဘုံ​က ဖြစ်​တော်​မူ​သော သ​ခင်​ပေ​တည်း။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 48,
      "text": "မြေ​သား​တို့​သည် ထို​မြေ​သား​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​သား​တို့​သည် ထို​ကောင်း​ကင်​သား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 49,
      "text": "ငါ​တို့​သည် မြေ​သား၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့၊ ကောင်း​ကင်​သား၏​ပုံ​သ​ဏ္ဌာန်​ကို ဆောင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 50,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ လူ​အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​နိုင်၊ ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​ကို အ​မွေ​မ​ခံ​နိုင်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 51,
      "text": "နက်​နဲ​သော အ​ရာ​တစ်​ခု​ကို ငါ​ပြ​ဦး​မည်။ ငါ​တို့​ရှိ​သ​မျှ​သည် အိပ်​ပျော်​ရ​ကြ​မည်​မ​ဟုတ်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 52,
      "text": "သို့​သော်​လည်း၊ နောက်​ဆုံး​သော တံ​ပိုး​မှုတ်​သော​အ​ခါ၊ တစ်​ခ​ဏ​ချင်း​တွင် မျက်​စိ​တစ်​မှိတ်၌ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထို​တံ​ပိုး​မှုတ်​ချိန် ရောက်​သော​အ​ခါ၊ သေ​လွန်​သော​သူ​တို့​သည်၊ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်​လျက် ထ​မြောက်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 53,
      "text": "ယ​ခု​မျက်​မှောက် ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။ ယ​ခု​မျက်​မှောက် သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 54,
      "text": "ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 55,
      "text": "အို သေ​မင်း၊ သင်၏​လက်​နက်​သည်၊ အ​ဘယ်​မှာ ရှိ​သ​နည်း။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၏​အောင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 56,
      "text": "သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 57,
      "text": "ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။-"
    },
    {
      "book": 46,
      "chapter": 15,
      "verse": 58,
      "text": "ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 1,
      "text": "သန့်​ရှင်း​သူ​တို့​အ​ဖို့ လှူ​ဒါန်း၍ စု​ထား​ခြင်း​အ​မှု​မှာ ဂ​လာ​တိ​ပြည်၌ အ​သင်း​တော်​များ​ကို ငါ​မှာ​ထား​သည်​အ​တိုင်း သင်​တို့​ပြု​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 2,
      "text": "ငါ​ရောက်​လာ​သော​အ​ခါ လှူ​ဒါန်း၍ စု​ထား​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ အ​သီး​အ​သီး ကောင်း​စား​သည်​အ​တိုင်း၊ မိ​မိ​တို့​ဥ​စ္စာ​တစ်​ဖို့​ကို ထုတ်၍ စု​ထား​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 3,
      "text": "ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​အ​လို​ရှိ​သော သူ​တို့​ကို ငါ​သည် လက်​မှတ်​စာ​ပေး၍၊ သင်​တို့​လှူ​သော အ​လှူ​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​စိမ့်​သော​ငှာ စေ​လွှတ်​မည်။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 4,
      "text": "သို့​မ​ဟုတ် ငါ့​ကိုယ်​တိုင်​သွား​သင့်​လျှင်၊ သူ​တို့​သည် ငါ​နှင့်​အ​တူ လိုက်​ရ​ကြ​မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 5,
      "text": "မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ကို ငါ​သွား​မည်​ဖြစ်၍၊ ထို​ပြည်​မှ ထွက်​ပြီး​လျှင် သင်​တို့​ရှိ​ရာ​သို့​လာ​မည်။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 6,
      "text": "နောက်​မှ အ​ခြား​သို့ ငါ​သွား​သော​အ​ခါ၊ သင်​တို့​ပို့​သော​ကျေး​ဇူး​ကို ခံ​ခြင်း​ငှာ၊ သင်​တို့​ဆီ​မှာ ငါ​တည်း​ခို၍ ဆောင်း​ကာ​လ​ပတ်​လုံး နေ​ကောင်း နေ​လိမ့်​မည်။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 7,
      "text": "ယ​ခု​သွား​စဉ်​တွင် သင်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ​သာ အ​လို​မ​ရှိ၊ နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မူ​လျှင်၊ သင်​တို့​နှင့်​အ​တူ ကြာ​မြင့်​စွာ​နေ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 8,
      "text": "ပင်​တေ​ကု​တ္တေ ပွဲ​နေ့​တိုင်​အောင် ဧ​ဖက်​မြို့၌ ငါ​နေ​ရ​မည်။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ အ​လွန်​ကြီး​စွာ​သော တံ​ခါး​သည် အ​ဆင်​သင့်၍ ငါ့​အား​ဖွင့်​လျက်​ရှိ၏။ ဆီး​တား​သော သူ​အ​များ​လည်း ရှိ​ကြ၏။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 10,
      "text": "တိ​မော​သေ​သည် သင်​တို့​ဆီ​သို့ ရောက်​လျှင်၊ သူ​သည် စိုး​ရိမ်​ခြင်း အ​ကြောင်း​မ​ရှိ​ဘဲ၊ သင်​တို့​နှင့်​အ​တူ နေ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ သူ​သည် ငါ​ကဲ့​သို့​ပင် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ ဖြစ်၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 11,
      "text": "ထို​ကြောင့် အ​ဘယ်​သူ​မျှ သူ့​ကို မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။ သူ​သည် ငါ့​ထံ​သို့​ငြိမ်​ဝပ်​စွာ ပြန်​ရ​မည်​အ​ကြောင်း ပို့​ဆောင်​ခြင်း ကျေး​ဇူး​ကို ပြု​ကြ​လော့။ သူ​သည် အ​ခြား​သော ညီ​အစ်​ကို​တို့​နှင့်​အ​တူ လာ​လိမ့်​မည်​ဟု ငါ​မျှော်​လ​င့်​လျက်​နေ၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 12,
      "text": "ငါ့​ညီ​အာ​ပေါ​လု၏ အ​ကြောင်း​မှာ၊ ညီ​အစ်​ကို​တို့​နှင့်​အ​တူ သင်​တို့ ဆီ​သို့​သွား​မည်​အ​ကြောင်း ငါ​သည် များ​စွာ ချော့​မော့၍ တောင်း​ပန်​သော်​လည်း၊ သူ​သည် ယ​ခု​တွင်​သွား​ခြင်း​ငှာ အ​လျှင်း​အ​လို​မ​ရှိ၊ နောက်​မှ အ​ဆင်​သင့်​လျှင် သွား​လိမ့်​မည်။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 13,
      "text": "သင်​တို့​သည် သ​တိ​နှင့် စောင့်​နေ​ကြ​လော့။ ယုံ​ကြည်​ခြင်း၌ တည်​ကြ​လော့။ ယောက်ျား အ​စွမ်း​သ​တ္တိ​နှင့်​တ​ကွ ခွန်​အား​စုံ​လင်​လျက် နေ​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 14,
      "text": "သင်​တို့​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ်​နှင့် ဆောင်​ရွက်​ကြ​လော့။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 15,
      "text": "ညီ​အစ်​ကို​တို့၊ သ​တေ​ဖန်၏​အိမ်​သူ​အိမ်​သား​တို့​သည် အ​ခါ​ယ​ပြည်​တွင် အ​ဦး​သီး​သော အ​သီး​ဖြစ်၍၊ သန့်​ရှင်း​သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် အပ်​ကြောင်း​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 16,
      "text": "ထို​သို့​သော သူ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​နှင့် အ​တူ​လုပ်​ကိုင်၍ အ​မှု​ဆောင်​သော​သူ​ရှိ​သ​မျှ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဝန်​ခံ​ကြ​မည်​အ​ကြောင်း ငါ​တောင်း​ပန်၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 17,
      "text": "သ​တေ​ဖန်၊ ဖော်​တု​နတ်၊ အ​ခါ​ယ​ကု​တို့​သည် ရောက်​လာ​သော​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ပြု​စု၍ မ​ပြည့်​စုံ​သ​မျှ​ကို သူ​တို့​သည် ထပ်၍​ပြည့်​စုံ​စေ​သ​ဖြင့်၊ ငါ့​စိတ်​နှင့် သင်​တို့​စိတ်​ကို သက်​သာ​စေ​ကြ​ပြီ။ ထို​သို့​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 19,
      "text": "အာ​ရှိ​ပြည်၌ အ​သင်း​တော်​များ​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​နှင့်​တ​ကွ၊ သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို များ​စွာ​နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 20,
      "text": "ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 21,
      "text": "ငါ​ပေါ​လု​သည် နှုတ်​ဆက်​ခြင်း​အ​ချက်​ကို ကိုယ်​လက်​နှင့် ရေး​ထား၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 22,
      "text": "အ​ကြင်​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မ​ချစ်၊ ထို​သူ​သည် အ​န​သေ​မာ​ဖြစ်​စေ​သ​တည်း။ သ​ခင်​ဘု​ရား​သည် ကြွ​လာ​တော်​မူ၏။-"
    },
    {
      "book": 46,
      "chapter": 16,
      "verse": 23,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌​ရှိ​စေ​သ​တည်း။ ယေ​ရှု​ခ​ရစ်၏ တ​ပည့်​တော်​ဖြစ်​သ​မျှ​သော သင်​တို့၌ ငါ၏​ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။ အာ​မင်။ ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍၊ အ​ခါ​ယ​ပြည် အ​ရပ်​ရပ်​တို့၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 2,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 3,
      "text": "သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 4,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 5,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 6,
      "text": "သို့​ဖြစ်၍ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း​ကောင်း၊ သက်​သာ​ခြင်း​သို့ ရောက်​သော်​လည်း​ကောင်း၊ သင်​တို့၏ သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း အ​ကျိုး​အ​လို​ငှာ​ဖြစ်၏။ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့ သင်​တို့​သည် သည်း​ခံ​သော​စိတ်​နှင့် ခံ​ရ​သော​အား​ဖြင့်၊ ထို​သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း​သည် ပြည့်​စုံ​တတ်၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 7,
      "text": "သင်​တို့​အ​တွက်​ကြောင့် ငါ​တို့​သည် မ​ရွေ့​နိုင်​သော မျှော်​လ​င့်​ခြင်း​ရှိ၏။ သင်​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ဆက်​ဆံ​သ​ကဲ့​သို့၊ ထို​နည်း​တူ သက်​သာ​ခြင်း​ကို ဆက်​ဆံ​ကြ၏​ဟု ငါ​တို့​သည်​သိ​ကြ၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 8,
      "text": "ညီ​အစ်​ကို​တို့၊ အာ​ရှိ​ပြည်၌​ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​တည်း​ဟူ​သော အ​သက်​မ​လွတ်​နိုင်​ဟု ထင်​ရ၍၊ မ​ခံ​နိုင်​အောင် အ​တိုင်း​ထက် အ​လွန်​လေး​သော ဆင်း​ရဲ​ခံ​ရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​တို့ အ​လို​မ​ရှိ။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 9,
      "text": "ငါ​တို့​သည် မိ​မိ​ကိုယ်​ကို အ​စဉ်​မ​ကိုး​စား​ဘဲ၊ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​မည်​အ​ကြောင်း သေ​စေ​ဟု​စီ​ရင်​ခြင်း​ကို ကိုယ်​တိုင်​ခံ​ရ​သ​ကဲ့​သို့ ဖြစ်၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 10,
      "text": "ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 11,
      "text": "သင်​တို့​သည်​ကူ​ညီ၍ ငါ​တို့​အ​ဖို့ ဆု​တောင်း​လျှင်၊ နောက်၌​လည်း ကယ်​လွှတ်​တော်​မူ​လ​တ္တံ့​ဟု ငါ​တို့​သည် ယုံ​ကြည်​မျှော်​လင့်​ခြင်း​ရှိ၏၊ ထို​သို့​ဖြစ်​လျှင် အ​များ​သော​သူ​တို့​သည် ကူ​ညီ​သော​အား​ဖြင့် ငါ​တို့၌ ရောက်​သော ကျေး​ဇူး​ကို အ​များ​သော​သူ​တို့​သည်​ထောက်၍ ငါ​တို့​အ​တွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 12,
      "text": "ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 13,
      "text": "သင်​တို့​သည်​ဖတ်၍ ဝန်​ခံ​သော​အ​ရာ​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ရာ​ကို ငါ​တို့​သည် ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်။ သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်၏​နေ့၌ ငါ​တို့၏ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း ဖြစ်​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့၏ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဖြစ်​သည်​ဟု သင်​တို့​သည် ငါ​တို့​ကို အ​နည်း​ငယ်​အား​ဖြင့် ဝန်​ခံ​သည်​အ​တိုင်း အ​စဉ်​ဝန်​ခံ​ကြ​လိမ့်​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 15,
      "text": "အ​စဉ်​ဝန်​ခံ​မည်​ဟု ငါ​သ​ဘော​ကျ​လျက်​ရှိ၍၊ သင်​တို့​သည်​တစ်​ဖန် ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​စေ​ခြင်း​ငှာ ငါ​သည် သင်​တို့​ဆီ​သို့ အ​ရင်​လာ​မည်​ဟု အ​ကြံ​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 16,
      "text": "သင်​တို့​အ​နား​မှာ​လျှောက်၍ မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​ပြီး​လျှင်၊ တစ်​ဖန် မာ​ကေ​ဒေါ​နိ​ပြည်​မှ သင်​တို့ နေ​ရာ​သို့​လာ၍၊ ယု​ဒ​ပြည်​တိုင်​အောင် သင်​တို့​ပို့​ခြင်း​ကျေး​ဇူး​ကို ခံ​မည်​ဟု​အ​ကြံ​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 17,
      "text": "ထို​သို့​အ​ကြံ​ရှိ​သော​အ​ခါ လျှပ်​ပေါ်​သော စိတ်​ရှိ​သ​လော။ သို့​မ​ဟုတ် ငါ့​စ​ကား​မှာ ဟုတ်​မှန်၏၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန်၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ ဖြစ်​စေ​ခြင်း​ငှာ ငါ​ကြံ​စည်​သော​အ​ရာ​ကို ဇာ​တိ​ပ​က​တိ​အ​တိုင်း ကြံ​စည်​သ​လော။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 18,
      "text": "ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဆီ​သို့ ငါ​တို့​ပေး​လိုက်​သော စ​ကား​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ မ​ဆို​လို။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 19,
      "text": "ငါ​မှ​စ၍ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​သည် သင်​တို့​အား​ဟော​ပြော​သော ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း မ​ဆို​လို​ဘဲ၊ ကိုယ်​တော်​မှာ ဟုတ်​မှန်၏ ဟူ၍​သာ​ဆို​လို​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 20,
      "text": "ထို​သ​ခင်​မှာ ဘု​ရား​သ​ခင်၏ က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ငါ​တို့​အား​ဖြင့် ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​အ​လို​ငှာ၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ အာ​မင်​ဟူ၍ လည်း​ကောင်း​ဖြစ်​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 21,
      "text": "သင်​တို့​နှင့် ငါ​တို့​ကို ခ​ရစ်​တော်၌​တည်​စေ၍ ဘိ​သိက်​ပေး​သော သူ​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 22,
      "text": "ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​တံ​ဆိပ်​ခတ်၍ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို သွင်း​ပေး​တော်​မူ၏။"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 23,
      "text": "ငါ​သည် သင်​တို့​ကို သ​နား​သော​ကြောင့်​သာ ယ​ခု​တိုင်​အောင် ကော​ရိ​န္သု​မြို့​သို့​မ​လာ​ဟု ငါ့​စိတ်​ဝိ​ညာဉ်​ဘက်၌ ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၏။-"
    },
    {
      "book": 47,
      "chapter": 1,
      "verse": 24,
      "text": "ထို​သို့​ဆို​သော်​လည်း၊ ငါ​တို့​သည် သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို အ​စိုး​ရ​သည်​မ​ဟုတ်။ သင်​တို့၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ကို ကူ​မ၍​သာ​ပြု​ကြ၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် သင်​တို့​သည် တည်​နိုင်​ကြ၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 1,
      "text": "ထို​မှ​တစ်​ပါး၊ ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ သင်​တို့​ဆီ​သို့ နောက်​တစ်​ဖန် ငါ​လာ​မည်​ဟု ငါ​စိတ်​ပြ​ဋ္ဌာန်း​ခဲ့​ပြီ။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို ဝမ်း​နည်း​စေ​လျှင်၊ ထို​သို့ ဝမ်း​နည်း​စေ​သော​သူ​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​သည် ငါ့​ကို​ဝမ်း​မြောက်​စေ​မည်​နည်း။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 3,
      "text": "ငါ​ဝမ်း​မြောက်​ခြင်း၏ အ​ကြောင်း​သည် သင်​တို့​ရှိ​သ​မျှ၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်​သည်​ကို ငါ​သ​ဘော​ကျ​သည်​ဖြစ်၍၊ ငါ​ရောက်​သော​အ​ခါ ငါ့​ကို ဝမ်း​မြောက်​စေ​အပ်​သော​သူ​တို့​သည် ဝမ်း​နည်း​ခြင်း အ​ကြောင်း​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ထက်​စာ​ကို ငါ​ရေး၍ ပေး​လိုက်၏။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 4,
      "text": "အ​လွန်​ညှိုး​ငယ်​ပူ​ပန်​သော​စိတ်​နှင့် မျက်​ရည်​အ​များ​ကျ​လျက်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သင်​တို့​ကို စိတ်​နာ​စေ​ခြင်း​ငှာ ငါ​ရေး​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​အား အ​လွန်​ချစ်​သော​မေ​တ္တာ​စိတ်​ကို သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​ရေး၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 5,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ပြု​သည်​မှန်​လျှင်၊ သင်​တို့​တွင် အ​ချို့​သော သူ​တို့​အား​ဖြင့်​သာ ငါ့​ကို ဝမ်း​နည်း​စေ၏။ သင်​တို့​ရှိ​သ​မျှ​ကို ကျပ်​တည်း​စွာ မ​စီ​ရင်​လို။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 6,
      "text": "အ​များ​သော​သူ​တို့​စီ​ရင်​သော ဒဏ်​သည် ထို​သူ၏​အ​ပြစ်​နှင့် တန်​ပြီ။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 7,
      "text": "သို့​ဖြစ်၍ ထို​သို့​သော​သူ​သည် ဝမ်း​နည်း​ခြင်း အား​ကြီး​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ခြား​နား​သော​အား​ဖြင့် သူ၏​အ​ပြစ်​ကို လွှတ်၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သင့်၏။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 8,
      "text": "ထို​ကြောင့် သင်​တို့​သည် သူ့​ကို အ​မှန်​ချစ်​ကြ​သည်​ကို ထင်​ရှား​စွာ​ပြ​မည်​အ​ကြောင်း ငါ​တောင်း​ပန်၏။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 9,
      "text": "ထို​မှ​တစ်​ပါး၊ သင်​တို့​သည် အ​ရာ​ရာ၌​နား​ထောင်​သည်၊ နား​မ​ထောင်​သည်​ကို ငါ​သိ​လို၍၊ သင်​တို့​ကို စုံ​စမ်း​သော​အား​ဖြင့် အ​ထက်​က ရေး၏။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 10,
      "text": "အ​ကြင်​သူ၏​အ​ပြစ်​ကို သင်​တို့​သည် လွှတ်၏၊ ထို​သူ၏​အ​ပြစ်​ကို ငါ​သည်​လည်း လွှတ်၏၊၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၏ အ​ပြစ်​ကို လွှတ်​ဖူး​လျှင်၊ သင်​တို့​ကို​ထောက်၍ ခ​ရစ်​တော်၏​အ​ခွင့်​နှင့် လွှတ်​ဖူး၏။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 11,
      "text": "သို့​မ​ဟုတ်​လျှင်၊ စာ​တန်​သည် ငါ​တို့​ကို​နိုင်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သူ၏​အ​ကြံ​အ​စည်​များ​ကို ငါ​တို့​သိ​ကြ၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 12,
      "text": "ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ခြင်း​ငှာ တ​ရော​မြို့​သို့ ငါ​ရောက်၍၊ သ​ခင်​ဘု​ရား​သည် ငါ့​အား​တံ​ခါး​ကို ဖွင့်​တော်​မူ​သော​အ​ခါ၊-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 13,
      "text": "ငါ့​ညီ​တိ​တု​ကို ငါ​မ​တွေ့​သော​ကြောင့် စိတ်​မ​သက်​သာ​သ​ဖြင့်၊ ထို​သူ​တို့​ကို အ​ခွင့်​ပန်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ထွက်​သွား​လေ၏။"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 14,
      "text": "ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 15,
      "text": "အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​တို့​သည် ကယ်​တင်​သော သူ​တို့၌​လည်း​ကောင်း၊ ဆုံး​ရှုံး​သော သူ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား ခ​ရစ်​တော်၏ အ​မွှေး​အ​ကြိုင်​ဖြစ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 16,
      "text": "ဆုံး​ရှုံး​သော​သူ​တို့၌​ကား၊ သေ​ခြင်း​တိုင်​အောင် သေ​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ ကယ်​တင်​သော သူ​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တိုင်​အောင် အ​သက်​ရှင်​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ သို့​ဖြစ်၍ ဤ​အ​မှု​အ​ရာ​တို့​နှင့် အ​ဘယ်​သူ ထိုက်​တန်​သ​နည်း။-"
    },
    {
      "book": 47,
      "chapter": 2,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို မှောက်​လှန်​သော​သူ​များ​တို့​နှင့် ငါ​တို့​သည်​မ​တူ​ဘဲ ကြည်​ဖြူ​သော​စိတ်​ရှိ၍ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 1,
      "text": "ငါ​တို့​သည် တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သ​လော။ သို့​မ​ဟုတ် ချီး​မွမ်း​သော​စာ​ကို သင်​တို့​ထံ​သို့ သူ​တစ်​ပါး ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် သူ​တစ်​ပါး​ထံ​သို့ ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​သည် အ​ချို့​သော​သူ​ကဲ့​သို့ အ​လို​ရှိ​ကြ​သ​လော။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 2,
      "text": "သင်​တို့​သည် ငါ​တို့​စိတ်​နှ​လုံး​ပေါ်၌ ရေး​ထား​သော​စာ၊ လူ​အ​ပေါင်း​တို့​သိ၍ ဖတ်​တတ်​သော ငါ​တို့​စာ​ပင် ဖြစ်​ကြ​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 3,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် မင်​နှင့် ရေး​ထား​သော စာ​မ​ဟုတ်။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ရေး၍​လည်း​ကောင်း၊ ကျောက်​ပြား​ပေါ်၌​မ​ရေး​ဘဲ အ​သား​နှင့် ပြည့်​စုံ​သော နှ​လုံး​ပြား​ပေါ်၌ ရေး၍​လည်း​ကောင်း၊ ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်၏​စာ ထင်​ရှား​စွာ​ဖြစ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 4,
      "text": "ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင့် ရှေ့​တော်၌ ထို​သို့​သော ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 5,
      "text": "သို့​ရာ​တွင် ငါ​တို့​သည် ကိုယ်​တန်​ခိုး​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် တစ်​စုံ​တစ်​ခု​ကို​ကြံ​စည်​ခြင်း​ငှာ တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍​သာ တတ်​နိုင်​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 6,
      "text": "ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ ဆ​ရာ​ဖြစ်​နိုင်​သော အ​စွမ်း​သ​တ္တိ​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ပေး​တော်​မူ၏။ ထို​သို့​ဆို​သော် ကျမ်း​ဟောင်း​တ​ရား​ကို မ​ဆို​လို၊ ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို၏။ ကျမ်း​ဟောင်း​တ​ရား​သည် အ​သက်​ကို သတ်​တတ်၏။ ဝိ​ညာဉ်​တော်​တ​ရား​မူ​ကား ရှင်​စေ​တတ်၏။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 7,
      "text": "ထို​မှ​တစ်​ပါး ပျောက်​တတ်​သော ရောင်​ခြည်​တည်း​ဟူ​သော မော​ရှေ၏​မျက်​နှာ​မှ ထွက်​သော ရောင်​ခြည်​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ၏​မျက်​နှာ​ကို စေ့​စေ့​မ​ကြည့်​ရှု​နိုင်​သည်​တိုင်​အောင်၊ ကျောက်​ပြား​ပေါ်၌ အ​က္ခ​ရာ​တင်၍ ရေး​ထား​သော သေ​ခြင်း၏​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​သည်​မှန်​လျှင်၊-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 8,
      "text": "ထို​မျှ​မ​က ဝိ​ညာဉ်​တော်​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် အ​လွန်​ပြည့်​စုံ​ရ​လိမ့်​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 9,
      "text": "အ​ပြစ်​စီ​ရင်​တတ်​သော တ​ရား​သည် ဘုန်း​အာ​နု​ဘော်​ရှိ​လျှင်၊ ထို​မျှ​မ​က ဖြောင့်​မတ်​စေ​တတ်​သော တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် သာ၍ ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 10,
      "text": "နောက်​ဖြစ်​သော ဘုန်း​သည် အ​လွန်​မြတ်​သော​ကြောင့်၊ ဘုန်း​ရှိ​ဖူး​သော အ​ရာ​သည် ဘုန်း​ကွယ်​လျက် ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 11,
      "text": "ပယ်​ရှင်း​ရ​သော​အ​ရာ​သည် ဘုန်း​ရှိ​လျှင်၊ တည်​နေ​သော​အ​ရာ​သည်​သာ၍ ဘုန်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 12,
      "text": "ထို​သို့​သော ယုံ​ကြည်​မျှော်​လ​င့်​ခြင်း​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် ထိမ်​ဝှက်​ခြင်း အ​လျှင်း​မ​ရှိ။ အ​တည့်​အ​လင်း ဟော​ပြော​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 13,
      "text": "ပယ်​ရှင်း​သော​အ​ရာ၏ အ​ဆုံး​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စေ့​စေ့​မ​ကြည့်​ရှု​စေ​ခြင်း​ငှာ မော​ရှေ​သည် မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု​ကြ။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 14,
      "text": "သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​မဲ​လျက်​ရှိ၍၊ ယ​ခု​တိုင်​အောင် ဓ​မ္မ​ဟောင်း​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ အ​နက်​အ​ဓိ​ပ္ပာယ်​သည် ဖုံး​အုပ်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​ဖုံး​အုပ်​ခြင်း အ​ကြောင်း​ကို ပယ်​ရှင်း​ရ၏။"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 15,
      "text": "ယ​ခု​တိုင်​အောင်​လည်း၊ မော​ရှေ၏​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ၊ သူ​တို့​စိတ်​နှ​လုံး​သည် ဖုံး​အုပ်​လျက် ရှိ​သေး၏။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 16,
      "text": "သို့​သော်​လည်း သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​သော​အ​ခါ၊ ထို​ဖုံး​အုပ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​လိမ့်​မည်။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 17,
      "text": "သ​ခင်​ဘု​ရား​ဟု​ဆို​သော် ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို​သ​တည်း။ သ​ခင်​ဘု​ရား၏ ဝိ​ညာဉ်​တော်​တ​ရား​သည် လွှတ်​ခြင်း​ချမ်း​သာ​ကို ပေး​တတ်၏။-"
    },
    {
      "book": 47,
      "chapter": 3,
      "verse": 18,
      "text": "ငါ​တို့​ရှိ​သ​မျှ​သည် မျက်​နှာ​ဖုံး​ကို​ဖွင့်​လျက် မှန်​ကို ကြည့်​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ကြည့်​မြင်၍၊ ဝိ​ညာဉ်​တော်​တ​ရား၏ အ​ရှင်​သည် ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည် ဘုန်း​အ​သ​ရေ တိုး​ပွား၍ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ပြောင်း​လဲ​ခြင်း ရှိ​ရ​ကြ၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 1,
      "text": "ထို​ကြောင့်​ငါ​တို့​သည် ထို​သို့​သော​တ​ရား၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 2,
      "text": "ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 3,
      "text": "ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဖုံး​အုပ်​လျက်​ရှိ​လျှင်၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော သူ​တို့​အား​သာ ဖုံး​အုပ်​လျက်​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 4,
      "text": "ထို​သို့ မ​ယုံ​ကြည်​သော​သူ​တို့​ကား၊ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော် တည်း​ဟူ​သော ခ​ရစ်​တော်၏ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​ရောင်​သည် အ​လင်း​ကို​မ​ပေး​စေ​ခြင်း​ငှာ၊ ဤ​လော​က​ကို အ​စိုး​ရ​သော​ဘု​ရား​သည် သူ​တို့၏ ဉာဏ်​မျက်​စိ​ကို ကွယ်​စေ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 5,
      "text": "ငါ​တို့​သည် ကိုယ်​အ​ကြောင်း​ကို ဟော​ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ ငါ​တို့​သည် ယေ​ရှု​အ​တွက် သင်​တို့၏​ကျွန် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 6,
      "text": "မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 7,
      "text": "သို့​သော်​လည်း တန်​ခိုး​တော်၏ ဂုဏ်​အ​သ​ရေ​သည် ငါ​တို့​နှင့်​မ​ဆိုင်၊ ဘု​ရား​သ​ခင်​နှင့် ဆိုင်​မည်​အ​ကြောင်း၊ ထို​ဘ​ဏ္ဍာ​သည်​မြေ​အိုး​ထဲ​မှာ ထည့်​ထား​လျက် ငါ​တို့၌​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 8,
      "text": "ငါ​တို့​သည် အ​မျိုး​မျိုး​သော နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မ​ကြံ​စည်​နိုင်​အောင်​ရှိ​သော်​လည်း စိတ်​မ​ပျက်။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 9,
      "text": "ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​မ​ရှိ။ အောက်​သို့ လှဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 10,
      "text": "သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို ငါ​တို့​ကိုယ်​ခ​န္ဓာ၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယေ​ရှု၏​သေ​တော်​မူ​ခြင်း​ကို အ​စဉ်​မ​ပြတ် ငါ​တို့၏​ကိုယ်​ခ​န္ဓာ၌ ဆောင်​ရ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 11,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို၊ ငါ​တို့၏​သေ​တတ်​သော ခ​န္ဓာ​ကိုယ်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​သက်​ရှင်​စဉ်​တွင် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​အပ်​နှံ​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 12,
      "text": "သို့​ဖြစ်၍ သေ​ခြင်း​တ​ရား​သည် ငါ​တို့၌​ပြု​ပြင်​တတ်၏။ သင်​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တ​ရား​သည် ပြု​ပြင်​တတ်၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 13,
      "text": "ထို​သို့​သော ယုံ​ကြည်​ခြင်း​စိတ် ရှိ​သည်​ဖြစ်၍၊ ငါ​သည်​ယုံ​ကြည်​သော​ကြောင့် မြွက်​ဆို၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​စိတ်​ရှိ​သော​ကြောင့် မြွက်​ဆို​ဟော​ပြော​ကြ၏။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 14,
      "text": "သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​သူ​သည် ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို​လည်း ထ​မြောက်​စေ၍၊ သင်​တို့​နှင့်​အ​တူ​အ​ထံ​တော်၌ သွင်း​တော်​မူ​မည်​ဟု ငါ​တို့​သိ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 15,
      "text": "အ​များ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည်​နှင့်၊ ထို​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​မည် အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖြစ်​သ​တည်း။"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 16,
      "text": "ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။-"
    },
    {
      "book": 47,
      "chapter": 4,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 1,
      "text": "ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​မြေ​အိမ်​သည် ပျက်​လျှင်၊ ကောင်း​ကင်​ဘုံ၌ လူ​လက်​ဖြင့်​မ​လုပ်​ဘဲ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော နိ​စ္စ​ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့ သိ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 2,
      "text": "ငါ​တို့​သည် မြေ​အိမ်၌​ရှိ​စဉ်​တွင်၊ ကောင်း​ကင်​အိမ်​ထဲ​သို့​ဝင်​စား​ခြင်း​ငှာ အ​လွန်​တောင့်​တ​လို​ချင်​သော စိတ်​ရှိ၍၊ ညည်း​တွား​မြည်​တမ်း​လျက်၊ နေ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 3,
      "text": "ထို​သို့​ဝင်​စား​လျှင် နေ​ရာ​မဲ့​ဖြစ်​မည်​မ​ဟုတ်။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 4,
      "text": "ဤ​တဲ၌​နေ​သော ငါ​တို့​သည် လေး​သော​ဝန်​ကို ထမ်း၍ ညည်း​တွား​မြည်​တမ်း​ကြ၏။ နေ​ရာ​ထဲ​က ထွက်​ချင်​သော​ကြောင့် ညည်း​တွား​သည် မ​ဟုတ်။ သေ​တတ်​သော​အ​ရာ​ကို အ​သက်​ရှင်​ခြင်း၌ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ မြဲ​သော​နေ​ရာ​ထဲ​သို့ ဝင်​စား​ချင်​သော​ကြောင့် ညည်း​တွား​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 5,
      "text": "ထို​သို့​သော​အ​ကျိုး​ကို ခံ​စေ​ခြင်း​ငှာ ငါ​တို့​ကို ပြင်​ဆင်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။ ထို​ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို ငါ​တို့​အား ပေး​တော်​မူ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 6,
      "text": "ထို​ကြောင့် ငါ​တို့​သည် ကိုယ်​ခ​န္ဓာ၌ နေ​မြဲ​နေ​စဉ်​ကာ​လ၊ သ​ခင်​ဘု​ရား​နှင့် ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ကို ငါ​တို့​သည်​သိ​လျက်၊-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 7,
      "text": "အ​စဉ် ရဲ​ရင့်​သော​စိတ် ရှိ​ကြ၏။ မျက်​မှောက်​မ​မြင်​ဘဲ ယုံ​ကြည်​မျှော်​လင့်​ခြင်း ရှိ​သည်​အ​တိုင်း၊ ငါ​တို့​သည် ကျင့်​ဆောင်​ပြု​မူ​သည်​ဖြစ်၍၊-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 8,
      "text": "ကိုယ်​ခ​န္ဓာ​နှင့် ကွာ​ဝေး​ရာ​အ​ရပ်​သို့ သွား၍၊ သ​ခင်​ဘု​ရား​ထံ​တော်၌ နေ​မြဲ​နေ​ခြင်း​ငှာ အ​လို​ရှိ​လျက်၊ ရဲ​ရင့်​သော​စိတ်​နှင့်​ပြည့်​စုံ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 9,
      "text": "ထို​ကြောင့် ငါ​တို့​သည် နေ​မြဲ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ ကွာ​ဝေး​ရာ​အ​ရပ်၌ နေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော သူ​ဖြစ်​ခြင်း​ငှာ စေ​တ​နာ​စိတ်​ရှိ၍ ကြိုး​စား​အား​ထုတ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​ခ​န္ဓာ၌​ကျင့်​သော​အ​ကျင့်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို အ​သီး​အ​သီး​ခံ​ခြင်း​ငှာ၊ ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​ရှေ့၌ ပေါ်​လာ​ရ​ကြ​မည်။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 11,
      "text": "သို့​ဖြစ်၍ သ​ခင်​ဘု​ရား​နှင့်​ဆိုင်​သော ကြောက်​မက်​ဖွယ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ငါ​တို့​သည် သိ​လျှင်၊ လူ​များ​ကို နှိုး​ဆော်​သွေး​ဆောင်​ရ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထင်​ရှား​ကြ၏။ သင်​တို့၏​စိတ်​ရှေ့၌​လည်း ထင်​ရှား​ကြ​သည်​ဟု ငါ​ထင်​မှတ်၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 12,
      "text": "ငါ​တို့​သည် သင်​တို့​ရှေ့၌ တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သည် မ​ဟုတ်။ စိတ်​သ​ဘော​ကို​မ​ထောက်၊ အ​သွေး​အ​ဆင်း​ကို​ထောက်၍ ဝါ​ကြွား​သော​သူ​တို့၏ စ​ကား​ကို သင်​တို့​သည် ချေ​နိုင်​မည်​အ​ကြောင်း၊ ငါ​တို့​ကြောင့် ဝါ​ကြွား​ခြင်း​အ​ခွင့်​ကို​သာ ပေး​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 13,
      "text": "ငါ​တို့​သည် သူ​ရူး​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​ကြ၏။ စိတ်​ကောင်း​သော​သူ​ဖြစ်​လျှင် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​သည်​မှန်​လျှင်၊-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 15,
      "text": "လူ​အ​ပေါင်း​တို့​သည် သေ​လျက်​နေ​ကြ​သည် ဟူ၍​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​တို့​သည် တစ်​ဖန် ကိုယ်​အ​လို​သို့​လိုက်၍ မ​ရှင်၊ သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ပြီး​မှ ထ​မြောက်​တော်​မူ​သော သူ​တို့၏​အ​လို​သို့ လိုက်၍ ရှင်​စေ​မည်​အ​ကြောင်း၊ လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သ​ဘော​ထား​လျက်၊ ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​သည် ငါ​တို့​ကို အ​နိုင်​အ​ထက် သွေး​ဆောင်၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 16,
      "text": "သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 17,
      "text": "လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 18,
      "text": "ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 19,
      "text": "ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 20,
      "text": "ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 5,
      "verse": 21,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 1,
      "text": "သင်​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ကျိုး​မဲ့​မ​ခံ​ကြ​နှင့်​ဟု ငါ​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ​ချင်း​ဖြစ်၍ သင်​တို့​ကို နှိုး​ဆော်​သွေး​ဆောင်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 2,
      "text": "ဗျာ​ဒိတ်​တော် အ​ချက်​ဟူ​မူ​ကား၊ နှစ်​သက်​ဖွယ်​သော​အ​ချိန်၌ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ကယ်​တင်​ရာ​နေ့​ရက်​ကာ​လ၌ သင့်​ကို ငါ​မ​စ​ပြီ​ဟု လာ​သည်​နှင့်​အ​ညီ ယ​ခု​ပင် နှစ်​သက်​ဖွယ်​သော​အ​ချိန်​ရှိ၏။ ယ​ခု​ပင် ကယ်​တင်​ရာ နေ့​ရက်​ကာ​လ​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 3,
      "text": "တ​ရား​ဟော​ခြင်း​အ​ခွင့်​အ​ရာ​ကို အ​ပြစ်​တင်​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 4,
      "text": "ညှဥ်း​ဆဲ​ခံ​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မ​လွတ်​နိုင်​သော ဘေး​ဥ​ပဒ်​နှင့်​တွေ့​ခြင်း၊-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 5,
      "text": "အ​ရိုက်​အ​ပုတ်​ခံ​ခြင်း၊ ထောင်​ထဲ၌​နေ​ခြင်း၊ သူ​တစ်​ပါး ရုန်း​ရင်း​ခတ်​ပြု​ခြင်း၊ အ​မှု​ကို​လုပ်​ဆောင်​ခြင်း၊ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း​ကို အ​လွန်​သည်း​ခံ​လျက်၊-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 6,
      "text": "စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း၊ ပ​ညာ​ရှိ​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ခြင်း၊ ချစ်​ယောင်​မ​ဆောင် အ​မှန်​ချစ်​ခြင်း၊-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 7,
      "text": "သ​မ္မာ​တ​ရား​ကို​ဟော​ခြင်း၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ကို​ပြ​ခြင်း၊ ဖြောင့်​မတ်​သော​အ​ကျင့်​တည်း​ဟူ​သော လက်​နက်​များ​ကို လက်​ယာ​ဘက် လက်​ဝဲ​ဘက်၌ ဝတ်​ဆောင်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 8,
      "text": "အ​သ​ရေ​ထင်​ရှား​ခြင်း​နှင့် ရှုတ်​ချ​ခြင်း၊ ချီး​မွမ်း​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​ကို ခံ​သ​ဖြင့်​လည်း​ကောင်း၊ လှည့်​စား​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ဟုတ်​မှန်​သော​သူ၊-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 9,
      "text": "အ​ဘယ်​သူ​မျှ​မ​သိ​သော သူ​ကဲ့​သို့​ဖြစ်​သော်​လည်း ကျော်​စော​သော​သူ၊ အ​သေ​ခံ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​သက်​ရှင်​သော​သူ၊ ဆုံး​မ​ခြင်း​ကို​ခံ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​သေ​သတ်​ခြင်း​နှင့် ကင်း​လွတ်​သော​သူ၊-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 10,
      "text": "ဝမ်း​နည်း​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​စဉ်​ဝမ်း​မြောက်​သော​သူ၊ ဆင်း​ရဲ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ လူ​အ​များ​ကို ရ​တတ်​စေ​သော​သူ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပိုင်​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​လုံး​စုံ​တို့​ကို​ပိုင်​သော​သူ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ဓ​မ္မ​ဆ​ရာ​မှန်​ကြောင်း​ကို အ​ရာ​ရာ၌ ထင်​ရှား​စွာ​ပြ၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 11,
      "text": "အ​ချင်း​ကော​ရိ​န္သု​လူ​တို့၊ ငါ​တို့​နှုတ်​သည် သင်​တို့​အား ဖွင့်​လျက်​ရှိ၏။ စိတ်​နှ​လုံး​သည်​လည်း ကျယ်​ဝန်း၏။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 12,
      "text": "ငါ​တို့၌​သင်​တို့​သည် ကျဉ်း​မြောင်း​သည် မ​ဟုတ်။ ကိုယ်​မေ​တ္တာ က​ရု​ဏာ၌​သာ ကျဉ်း​မြောင်း​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 13,
      "text": "ငါ​တို့​ကျေး​ဇူး​ကို ဆပ်​ခြင်း​အ​လို့​ငှာ ကျယ်​ဝန်း​သော​စိတ် ရှိ​ကြ​လော့။ ထို​သို့​ဆို​သော် ကိုယ်​သား​တို့​ကို ဆို​သ​ကဲ့​သို့ ငါ​ဆို၏။"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 14,
      "text": "မ​ယုံ​ကြည်​သော​သူ​တို့​နှင့်​တွဲ​ဖက်၍ ဆန့်​ကျင်​ဘက်​ဖြစ်​သော ထမ်း​ပိုး​ကို မ​ထမ်း​ကြ​နှင့်။ တ​ရား​သော​အ​မှု​သည် မ​တ​ရား​သော​အ​မှု​ကို အ​ဘယ်​သို့ လက်​ခံ​နိုင်​မည်​နည်း။ အ​လင်း​သည်​မှောင်​မိုက်​နှင့် အ​ဘယ်​သို့ ဆက်​ဆံ​နိုင်​မည်​နည်း။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 15,
      "text": "ခ​ရစ်​တော်​သည် ဗေ​လျာ​လ နှင့် အ​ဘယ်​သို့ သင့်​တင့်​နိုင်​မည်​နည်း။ ယုံ​ကြည်​သော​သူ​သည် မ​ယုံ​ကြည်​သော​သူ​နှင့်​အ​တူ အ​ဘယ် အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​မည်​နည်း။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 17,
      "text": "ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​တို့​သည် ထို​သူ​တို့​အ​ထဲ​မှ​ထွက်၍ အ​သီး​အ​ခြား နေ​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​ကို ငါ​သည် လက်​ခံ​မည်။-"
    },
    {
      "book": 47,
      "chapter": 6,
      "verse": 18,
      "text": "သင်​တို့၏​အ​ဘ ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​သား​သ​မီး ဖြစ်​ကြ​လိမ့်​မည်​ဟု အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 1,
      "text": "ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 2,
      "text": "ငါ​တို့​ကို လက်​ခံ​ကြ​လော့။ ငါ​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား။ အ​ဘယ်​သူ​ကို​မျှ မ​ယို​ယွင်း​စေ၊ အ​ဘယ်​သူ၏​ဥ​စ္စာ​ကို​မျှ ပ​ရိ​ယာယ်​အား​ဖြင့် မ​ယူ။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 3,
      "text": "သင်​တို့​ကို အ​ပြစ်​တင်၍ ဤ​သို့​ငါ​ဆို​သည်​မ​ဟုတ်။ သင်​တို့​နှင့်​အ​တူ အ​သက်​ရှင်​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​ရှိ​သည်​တိုင်​အောင်၊ ငါ​တို့​သည် သင်​တို့​ကို​ချစ်​ကြ၏​ဟု အ​ထက်​က​ငါ​ပြော​ခဲ့​ပြီ။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 4,
      "text": "သင်​တို့​ကြောင့် အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ၏။ သင်​တို့​ကြောင့် အ​လွန်​ကြွား​ဝါ​ခြင်း ရှိ​ရ၏။ သက်​သာ​ခြင်း​နှင့် ပြည့်​စုံ၏။ ညှဉ်း​ဆဲ​ခြင်း​ကို ခံ​လေ​ရာ​ရာ၌ အ​တိုင်း​ထက်​အ​လွန် ဝမ်း​မြောက်​ခြင်း​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 5,
      "text": "ငါ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​သို့ ရောက်​သော​အ​ခါ၊ ကိုယ်​ကာ​ယ​ငြိမ်​ဝပ်​ခြင်း အ​လျှင်း​မ​ရှိ၊ အ​ရာ​ရာ၌ ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​၏။ ပြင်၌​ကား တိုက်​လှန်​ခြင်း ရှိ၏။ အ​တွင်း၌​ကား စိုး​ရိမ်​ခြင်း​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 6,
      "text": "သို့​သော်​လည်း နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို သက်​သာ​စေ​တော်​မူ​တတ်​သော ဘု​ရား​သ​ခင်​သည်၊ တိ​တု​ရောက်​လာ​သော​အား​ဖြင့် ငါ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 7,
      "text": "တိ​တု​ရောက်​လာ​ခြင်း​အား​ဖြင့်​သာ သက်​သာ​စေ​တော်​မူ​သည် မ​ဟုတ်။ တိ​တု​သည် သင်​တို့​ဆီ​မှာ​ရ​သော သက်​သာ​ခြင်း​အား​ဖြင့်​လည်း သက်​သာ​စေ​တော်​မူ၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့၏​တောင့်​တ​ခြင်း၊ ညည်း​တွား​ခြင်း၊ ငါ၏​အ​ကျိုး​အ​လို​ငှာ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​များ​ကို သူ​သည် ငါ​တို့​အား ကြား​ပြော၏။ ထို​ကြောင့် ငါ​သည်​သာ၍ ဝမ်း​မြောက်​ခြင်း​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 8,
      "text": "အ​ထက်​က​ပေး​လိုက်​သော စာ​အား​ဖြင့် သင်​တို့​ကို ဝမ်း​နည်း​စေ​သော​ကြောင့်၊ ငါ​သည် ယ​ခင်​အ​ခါ၌ နောင်​တ​ရှိ​သော်​လည်း ယ​ခု​အ​ခါ၌ မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​စာ​သည် သင်​တို့​ကို ခ​ဏ​သာ​ဝမ်း​နည်း​စေ​သည်​ကို ငါ​မြင်၏။"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 9,
      "text": "သင်​တို့​ကို ဝမ်း​နည်း​စေ​သော​ကြောင့် ငါ​ဝမ်း​မြောက်​သည် မ​ဟုတ်။ ဝမ်း​နည်း​စေ၍ နောင်​တ​ရ​သော​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ငါ​တို့​အား​ဖြင့် သင်​တို့၏​အ​ကျိုး အ​လျှင်း​မ​ပျက်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ဝမ်း​နည်း​စေ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 10,
      "text": "အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော ဝမ်း​နည်း​ခြင်း​သည် ကယ်​တင်​ခြင်း​နှင့်​ယှဉ်​သော နောင်​တ​စိတ် တည်း​ဟူ​သော၊ မ​ပြောင်း​လဲ​နိုင်​သော နောင်​တ​စိတ်​ကို ပြု​ပြင်​တတ်၏။ လော​ကီ ဝမ်း​နည်း​ခြင်း​မူ​ကား၊ သေ​ခြင်း​ကို​ပြု​ပြင်​တတ်၏။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​ညီ​သော သင်​တို့၏​ဝမ်း​နည်း​ခြင်း​သည် သင်​တို့၌ အ​ဘယ်​သို့​သော သ​တိ​ပြု​ခြင်း၊ ကိုယ်​အ​ပြစ်​ကို​ဖြေ​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြောက်​ရွံ့​ခြင်း၊ အ​လွန်​တောင့်​တ​ခြင်း၊ ငါ၏​အ​ကျိုး​အ​လို​ငှာ စိတ်​အား​ကြီး​ခြင်း၊ တ​ရား​သ​ဖြင့် ဒဏ်​စီ​ရင်​ခြင်း​တို့​ကို ပြု​ပြင်​သည်​ကို ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ဤ​အ​မှု၌ အ​ပြစ်​ကင်း​သည်​ကို အ​ရာ​ရာ​အား​ဖြင့် ထင်​ရှား​ပြ​ကြ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 12,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ငါ​သည်​သင်​တို့​အား ရေး၍​ပေး​လိုက်​သော​အ​ခါ၊ ပြစ်​မှား​သော​သူ​နှင့် ပြစ်​မှား​ခြင်း ခံ​ရ​သော​သူ​ကို​သာ ထောက်၍ ရေး​သည်​မ​ဟုတ်။ သင်​တို့​အ​ကျိုး​ကို ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြောင်း​ကို သင်​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ ရေး​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 13,
      "text": "ထို​ကြောင့် သင်​တို့၏ သက်​သာ​ခြင်း​အ​ကြောင်း​အား​ဖြင့်၊ ငါ​တို့​သည်​လည်း သက်​သာ​ခြင်း​သို့​ရောက်​သည် သာ​မ​က၊ တိ​တု၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​အား​ဖြင့် သာ၍ အ​လွန်​ဝမ်း​မြောက်​ကြ၏။ သင်​တို့​ရှိ​သ​မျှ​သည် ထို​သူ၏​စိတ်​နှ​လုံး​ကို သက်​သာ​ဝမ်း​မြောက်​စေ​ကြ​သည် ဖြစ်၍၊-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 14,
      "text": "အ​ထက်​က ငါ​သည် သင်​တို့​ကို​အ​ကြောင်း​ပြု၍ ဝါ​ကြွား​သော စ​ကား​ကို ထို​သူ​အား​ပြော​ပြီး​လျှင်၊ ယ​ခု ရှက်​ကြောက်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​ရာ​ရာ၌ သင်​တို့​အား ဟုတ်​မှန်​စွာ​ပြော​သည်​နည်း​တူ၊ တိ​တု​ရှေ့၌ ငါ​ဝါ​ကြွား​သော​စ​ကား​သည်​လည်း မှန်​သော​စ​ကား​ဖြစ်​ကြောင်း ထင်​ရှား၏။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 15,
      "text": "သင်​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​နှင့် သူ့​ကို​လက်​ခံ၍ နား​ထောင်​ကြ​သည်​ကို သူ​သည် အောက်​မေ့​သ​ဖြင့်၊ သင်​တို့​ကို ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​စိတ်​နှင့် အ​လွန်​ပြည့်​စုံ၏။-"
    },
    {
      "book": 47,
      "chapter": 7,
      "verse": 16,
      "text": "ငါ​သည် အ​ရာ​ရာ၌ သင်​တို့​ကို ယုံ​နိုင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် မာ​ကေ​ဒေါ​နိ​ပြည်၌ ရှိ​သော အ​သင်း​တော်​များ​တို့​အား ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 2,
      "text": "ထို​အ​သင်း​တော်​တို့​သည် ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် များ​စွာ​သော စုံ​စမ်း​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​လွန်​ကြီး​သော ဝမ်း​မြောက်​ခြင်း​နှင့်၊ ဥ​စ္စာ​ပြုန်း​တီး​သော ဆင်း​ရဲ​ခြင်း​အ​ကြောင်း​သည်၊ သူ​တို့၏ စွန့်​ကြဲ​ပေး​ကမ်း​ခြင်း စည်း​စိမ်​ကို ဖြစ်​စေ၍ ကြွယ်​ဝ​ပြည့်​စုံ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် တတ်​နိုင်​သ​မျှ ထက်​မ​က၊ အ​လို​အ​လျောက် စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​သည်​သက်​သေ​ခံ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 4,
      "text": "သူ​တို့​အ​လှူ​ဒါ​န​ကို ငါ​တို့​သည်​ယူ၍ သူ​တို့​နှင့် ကူ​ညီ​လျက်၊ သန့်​ရှင်း​သူ​တို့​အား လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​သော စ​ကား​များ​အား​ဖြင့် ငါ​တို့​ကို တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 5,
      "text": "ထို​သို့​ပြု​ကြ​သော်၊ ငါ​တို့​မျှော်​လ​င့်​သည်​အ​တိုင်း​ထက်​မ​က ပြု၍၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ရှေ့​ဦး​စွာ သ​ခင်​ဘု​ရား၌​လည်း​ကောင်း၊ ငါ​တို့၌​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ လှူ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 6,
      "text": "ထို​ကြောင့် တိ​တု​သည် သင်​တို့၌ အ​ဦး​ပြု​နှင့်​သ​ကဲ့​သို့ ထို​အ​လှူ​ကျေး​ဇူး​ကို ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် သူ့​ကို​တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 7,
      "text": "ထို​သို့​နှင့်​အ​ညီ သင်​တို့​သည် ယုံ​ကြည်​ခြင်း၊ တ​ရာ​ဟော​ခြင်း၊ ဉာဏ်​ရှိ​ခြင်း၊ အ​မျိုး​မျိုး​သော​သ​တိ​နှင့် ပြည့်​စုံ​ခြင်း၊ ငါ​တို့​ကို​ချစ်​ခြင်း​မှ စ​သော အ​လုံး​စုံ​တို့​နှင့် ကြွယ်​ဝ​ပြည့်​စုံ​သည်​ဖြစ်၍ ထို​ကျေး​ဇူး​နှင့်​လည်း ကြွယ်​ဝ​ပြည်​စုံ​ခြင်း ဖြစ်​စေ​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 8,
      "text": "ထို​သို့​ဆို​သော်၊ ပ​ညတ်​အား​ဖြင့် ငါ​ဆို​သည် မ​ဟုတ်။ အ​ခြား​သော​သူ​တို့၏ ကြိုး​စား​အား​ထုတ်​ခြင်း​ကို အ​စွဲ​ပြု၍၊ သင်​တို့၏​မေ​တ္တာ​သည် မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း​သော​အား​ဖြင့် ဆို​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 10,
      "text": "ဤ​အ​မှု၌ ငါ​သည် ကိုယ်​သ​ဘော​ကို​ပြ၏။ မ​နှစ်​က​ပင် အ​ဦး​ပြု​သည်​သာ​မ​က၊ စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​သော​သင်​တို့​သည် ဤ​အ​မှု​ကို​ပြီး​စေ​လျှင် သာ၍ ကောင်း​လိမ့်​မည်။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 11,
      "text": "သို့​ဖြစ်၍၊ အ​ထက်​က စေ​တ​နာ​ရှိ​သည်​နှင့်​အ​ညီ၊ ယ​ခု​တွင်​သင်​တို့​သည် တတ်​နိုင်​သည်​အ​တိုင်း​ပြု၍ ဤ​အ​မှု​ကို ပြီး​စီး​စေ​ကြ​လော့။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 13,
      "text": "ဤ​အ​မှု​အ​ရာ၌ အ​ခြား​သော​သူ​တို့​သည် ချမ်း​သာ​ရ၍ သင်​တို့​သည် ဆင်း​ရဲ​စေ​ခြင်း​ငှာ ငါ​အ​ကြံ​ရှိ​သည် မ​ဟုတ်။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 14,
      "text": "များ​များ​ရ​သော​သူ မ​ပို။ နည်း​နည်း​ရ​သော​သူ မ​လို​ဟူ​သော ကျမ်း​စ​ကား​နှင့်​အ​ညီ၊ မျှ​ခြင်း​တ​ရား​ကို​ထောက်၍၊ ယ​ခု၌ သင်​တို့၏ စည်း​စိမ်​သည် သူ​တို့၏​ဆင်း​ရဲ​ကို မ​စ​သ​ဖြင့်​လည်း​ကောင်း၊ နောင်၌ သူ​တို့၏​စည်း​စိမ်​သည် သင်​တို့၏​ဆင်း​ရဲ​ကို မ​စ​သ​ဖြင့်​လည်း​ကောင်း၊ အ​ညီ​အ​မျှ​ဖြစ်​စေ​ခြင်း​ငှာ ငါ​အ​ကြံ​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 16,
      "text": "ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 17,
      "text": "ထို​သူ​သည် ငါ​တိုက်​တွန်း​သော​စ​ကား​ကို နား​ထောင်​သည်​သာ​မ​က၊ အ​လွန်​စေ​တ​နာ​စိတ် အား​ကြီး၍ သင်​တို့​ဆီ​သို့ အ​လို​အ​လျောက်​သွား၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 18,
      "text": "ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ အ​သင်း​တော်​အ​ပေါင်း​တို့၌ ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​သော ညီ​ကို​လည်း တိ​တု​နှင့်​အ​တူ ငါ​တို့​စေ​လွှတ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 19,
      "text": "ထို​ညီ​မူ​ကား၊ သ​ခင်​ဘု​ရား၏ ဂုဏ်​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​စေ​တ​နာ​စိတ်​ကို​လည်း​ကောင်း၊ ငါ​တို့​သည် ထင်​ရှား​စေ၍၊ အ​သင်း​တော်​များ၏ အ​လှူ​ကျေး​ဇူး​ကို ပြု​စု​သည်​အ​မှု​မှာ ငါ​တို့​နှင့်​အ​တူ သွား​စေ​ခြင်း​ငှာ၊ အ​သင်း​တော်​တို့​သည် ရွေး​ကောက်၍ ခန့်​ထား​သော​သူ ဖြစ်​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 20,
      "text": "ငါ​တို့​သည် ထို​များ​စွာ​သော အ​လှူ​ကျေး​ဇူး​ကို ပြု​စု​ရာ​တွင် အ​ပြစ်​တင်​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 21,
      "text": "သ​ခင်​ဘု​ရား​ရှေ့​တော်၌​သာ​မ​က၊ လူ​တို့​ရှေ့၌ တင့်​တယ်​လျှောက်​ပတ်​သော အ​ကျင့်​ကို ကြံ​စည်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 22,
      "text": "ထို​သူ​နှစ်​ယောက်​နှင့်​အ​တူ အ​ခြား​သော​ညီ​ကို​လည်း စေ​လွှတ်​ကြ၏။ ထို​ညီ​မူ​ကား၊ ငါ​တို့​သည်​အ​ရာ​ရာ၌ အ​ဖန်​ဖန်​စုံ​စမ်း၍ သိ​သည့်​အ​တိုင်း လုံ့​လ​ပြု​သော​သူ​ဖြစ်၏။ ယ​ခု၌ သင်​တို့​ကို အ​လွန်​ယုံ​သော​ကြောင့် သာ၍​လုံ့​လ​ပြု၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 23,
      "text": "တိ​တု​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု တစ်​စုံ​တစ်​ယောက်​မေး​လျှင် ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်၏။ သင်​တို့​အ​မှု​ကို ငါ​နှင့်​အ​တူ ဆောင်​ရွက်​သော​သူ​လည်း ဖြစ်၏။ အ​ခြား​သော ညီ​အစ်​ကို​တို့​မူ​ကား၊ အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊ အ​သင်း​တော်​များ၏ တ​မန်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​ဘုန်း​အ​သ​ရေ​လည်း ဖြစ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 8,
      "verse": 24,
      "text": "ထို​ကြောင့်၊ သင်​တို့၏ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ ငါ​တို့​သည် သင်​တို့​ကြောင့် ကြွား​ဝါ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​သင်း​တော်​များ​မျက်​မှောက်၌ ထို​သူ​တို့​အား ထင်​ရှား​စွာ​ပြ​ကြ​လော့။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 1,
      "text": "သန့်​ရှင်း​သူ​တို့​ကို လုပ်​ကျွေး​ခြင်၏ အ​မှု​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ကြား​လိုက်​သော် အ​ကျိုး​မ​ရှိ။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့၏ စေ​တ​နာ​စိတ်​ကို ငါ​သိ၏။ သင်​တို့၌​ရှိ​သော ထို​စေ​တ​နာ​စိတ်​ကို ငါ​ဝါ​ကြွား၍ အ​ခါ​ယ​ပြည်​သူ​ပြည်​သား​တို့​သည် မ​နှစ်​က​ပင် အ​သင့်​ရှိ​ကြ​ပြီ​ဟု မာ​ကေ​ဒေါ​နိ​လူ​တို့​အား ငါ​ဆို​တတ်၏။ ထို​သို့ သင်​တို့ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​သည် အ​များ​သော​သူ​တို့​ကို နှိုး​ဆော် တိုက်​တွန်း​လေ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 3,
      "text": "သို့​သော်​လည်း ငါ​တို့​သည် သင်​တို့​ကို ဝါ​ကြွား​သော​စ​ကား​သည် ဤ​အ​မှု၌ အ​ချည်း​နှီး​မ​ဖြစ်​စေ​ဘဲ၊ ထို​စ​ကား​နှင့်​အ​ညီ သင်​တို့​သည် အ​သင့်​ရှိ​စေ​ခြင်း​ငှာ ညီ​အစ်​ကို​အ​ချို့​ကို ငါ​စေ​လွှတ်၏။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 4,
      "text": "သို့​မ​ဟုတ် မာ​ကေ​ဒေါ​နိ​လူ​တို့​သည် ငါ​နှင့်​အ​တူ​လာ၍ သင်​တို့​သည် အ​သင့်​မ​ရှိ​ကြ​သည်​ကို​တွေ့​လျှင်၊ သင်​တို့​ရှက်​ကြ​လိမ့်​မည်​ဟု မ​ဆို​ဘဲ၊ ငါ​တို့​သည် ရဲ​ရင့်​စွာ ဝါ​ကြွား​ခဲ့​ပြီး​သည်​ကို အ​ရှက်​ခံ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 5,
      "text": "ထို​ကြောင့် အ​ထက်​က ကြား​ပြော​သော သင်​တို့၏ အ​လှူ​ကျေး​ဇူး​သည် အ​နိုင်​အ​ထက်​လှူ​ရ​သော ဥ​စ္စာ​ကဲ့​သို့​မ​ဟုတ်။ အ​လှူ​ကျေး​ဇူး​ကဲ့​သို့ အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ ညီ​အစ်​ကို​တို့​သည် သင်​တို့​ဆီ​သို့ အ​ရင်​သွား​စေ၍ ထို​အ​လှူ​ကျေး​ဇူး​ကို အ​ရင်​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် မ​တိုက်​တွန်း​ဘဲ မ​နေ​ကောင်း​ဟု သ​ဘော​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 6,
      "text": "အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။ များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 7,
      "text": "လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 8,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 9,
      "text": "သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 10,
      "text": "မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 11,
      "text": "ထို​သို့​သင်​တို့​သည် စေ​တ​နာ​စိတ်​နှင့် အ​မျိုး​မျိုး​သော စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​လို​ငှာ အ​ရာ​ရာ၌​ကြွယ်​ဝ​ခြင်း ရှိ​သည်​ဖြစ်၍၊ ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း ရှိ​လိမ့်​မည်။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 12,
      "text": "အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့၏ ဆင်း​ရဲ​ခြင်း​ကို မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း အ​များ​နှင့် ပြည့်​စုံ​လျက်​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 13,
      "text": "သင်​တို့​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား အ​လို​သို့ ထင်​ရှား​စွာ​လိုက်​ခြင်း အ​လို​ကို​လည်း​ကောင်း၊ ထို​သန့်​ရှင်း​သူ​တို့​မှ​စ​သော လူ​အ​ပေါင်း​တို့​အား ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​သည် အောက်​မေ့​သော​အ​ခါ၊ ဤ​လုပ်​ကျွေး​ခြင်း​အ​မှု၏ လ​က္ခ​ဏာ သက်​သေ​ကို​ထောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​တတ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 14,
      "text": "သင်​တို့၌ ထူး​မြတ်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​လည်း သူ​တို့​သည်​ထောက်​လျှင်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း၍၊ အ​လွန်​ချစ်​ခင်​မြတ်​နိုး​ခြင်း​စိတ် ရှိ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 9,
      "verse": 15,
      "text": "ပြော၍​မ​ကုန်​နိုင်​သော ဘု​ရား​သ​ခင်၏ ဆု​ကျေး​ဇူး​တော်​ကို အောက်​မေ့၍ ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 1,
      "text": "သင်​တို့၏​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း၊ မျက်​ကွယ်၌ သင်​တို့​အ​မှု​ကို​စီ​ရင်၍ ရဲ​ရင့်​ခြင်း​ရှိ​သော ငါ​ပေါ​လု​သည်၊ ခ​ရစ်​တော်၏ နူး​ညံ့​သိမ်​မွေ့​ဖြည်း​ညင်း​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို​တောင်း​ပန်​ပါ၏။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 2,
      "text": "ငါ​တို့​သည် ဇာ​တိ​ပ​က​တိ​အ​လို​သို့​လိုက်၍ ကျင့်​သော​သူ ဖြစ်​ကြ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​အား၊ ငါ​ကြံ​စည်​သော ရဲ​ရင့်​ခြင်း​အ​တိုင်း သင်​တို့​ဆီ​သို့ ရောက်​လာ​သော​အ​ခါ၊ ထို​မျှ​လောက်​ရဲ​ရင့်​ခြင်း မ​ရှိ​မည်​အ​ကြောင်း ငါ​တောင်း​ပန်​ပါ၏။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 3,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် လူ​ဇာ​တိ၌ ကျင်​လည်​သော်​လည်း၊ ဇာ​တိ​ပ​က​တိ အ​လို​သို့​လိုက်၍ စစ်​တိုက်​ကြ​သည်​မ​ဟုတ်။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 4,
      "text": "ငါ​တို့​စစ်​တိုက်၍ သုံး​စွဲ​သော လက်​နက်​သည် ဇာ​တိ​ပ​က​တိ​လက်​နက် မ​ဟုတ်။ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် မြို့​ရိုး​မြို့​ပြ​တို့​ကို ဖြို​ဖျက်​နိုင်​သော​လက်​နက် ဖြစ်၏။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 5,
      "text": "ထို​လက်​နက်​အား​ဖြင့် လူ​တို့၏ အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော​ပ​ညာ​ကို တား​ဆီး​သော မာန်​မာ​န ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နှိမ့်​ချ​မှောက်​လှန်၍၊ ခပ်​သိမ်း​သော​စိတ်​တို့​ကို ဖမ်း​သွား​ချုပ်​ထား​လျက်၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​စေ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 6,
      "text": "သင်​တို့၏ နား​ထောင်​ခြင်း​အ​မှု​သည် ပြည့်​စုံ​ပြီး​မှ၊ နား​မ​ထောင်​ဘဲ​နေ​သော သူ​အ​ပေါင်း​တို့​ကို ဒဏ်​ပေး​ခြင်း​ငှာ ငါ​တို့​သည် အ​သင့်​ရှိ​ကြ၏။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 7,
      "text": "မျက်​နှာ​ကို​သာ ကြည့်​မှတ်​ကြ​သ​လော။ အ​ကြင်​သူ​က၊ ငါ​သည်​ခ​ရစ်​တော်၏​လူ ဖြစ်​သည်​ဟု မိ​မိ၌ စွဲ​လမ်း​ခြင်း​ရှိ၏၊ ထို​သူ​သည် ခ​ရစ်​တော်၏​လူ​ဖြစ်​သ​ကဲ့​သို့၊ ငါ​တို့​လည်း ခ​ရစ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို တစ်​ဖန် အ​လို​အ​လျောက် ဆင်​ခြင်​သိ​မှတ်​စေ။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 8,
      "text": "သင်​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်။ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ​တို့၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ကို ငါ​သည်​သာ၍ ဝါ​ကြွား​သော်​လည်း၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း မ​ရှိ၊-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 9,
      "text": "ငါ​ရေး၍​ပေး​လိုက်​သော စာ​အား​ဖြင့်​သာ သင်​တို့​ကို ခြိမ်း​ခြောက်​သ​ကဲ့​သို့ ငါ​မ​ပြု​လို။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ၏​စာ​သည် လေး​လံ​သော​စာ၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော​စာ ဖြစ်၏။ ကိုယ်​တိုင်​ရှိ​လျှင်​မူ​ကား၊ သ​တ္တိ​မ​ရှိ​သော​သူ၊ အ​ချည်း​နှီး​သော​စ​ကား​ကို ပြော​သော​သူ​ဖြစ်​သည်​ဟု ဆို​တတ်​သော​သူ​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 11,
      "text": "ငါ​တို့​သည် ကိုယ်​တိုင်​မ​ရှိ၍ စာ၌​ပါ​သော စ​ကား​အား​ဖြင့် ဖြစ်​သ​ကဲ့​သို့၊ ကိုယ်​တိုင်​မျက်​မှောက် ရှိ​သော​အ​ခါ အ​မှု​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ထို​သူ​သည် ဆင်​ခြင်​သိ​မှတ်​စေ။"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 12,
      "text": "ကိုယ်​ကို​ကိုယ်​ချီး​မွမ်း​သော သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​ကို​လည်း​ကောင်း၊ ပြိုင်​နှိုင်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​မ​ပြု​ဝံ့။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​နှင့် တစ်​ယောက် ခိုင်း​နှိုင်း​ခြင်း၊ ပြိုင်​နှိုင်း​ခြင်း​တို့​ကို​ပြု၍ ပ​ညာ​မဲ့​ဖြစ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 13,
      "text": "ထို​မှ​တစ်​ပါး၊ ကိုယ်​ငန်း​ကိုယ်​တာ​ကို လွန်​ကျူး၍ ပြု​သော​အ​မှု​အ​ရာ​ကို ငါ​တို့​ကြွား​ဝါ​ခြင်း​မ​ရှိ​ဝံ့၊ ဘု​ရား​သ​ခင် ဝေ​ငှ​တော်​မူ​သော​အ​ငန်း​အ​တာ၏ အ​တိုင်း​အ​ရှည်​အ​တွင်း​တွင် ပြု​သော​အ​ရာ​ကို​သာ ဝါ​ကြွား​ခြင်း​ရှိ​ဝံ့၏။ ထို​အ​တိုင်း​အ​ရှည်​သည် သင်​တို့​တိုင်​အောင်​ပင် မီ​သ​တည်း။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 14,
      "text": "သင်​တို့​တိုင်​အောင်​မ​မီ​လျှင်၊ ငါ​တို့​သည် လွန်​ကျူး၍ ပြု​ကြ​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ သင်​တို့​ရှိ​ရာ​သို့ တိုင်​အောင် ရောက်​ကြ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 15,
      "text": "ငါ​တို့​သည် ကိုယ်​ငန်း​ကိုယ်​တာ​ကို​လွန်​ကျူး၍၊ သူ​တစ်​ပါး​အ​လုပ်​ထဲ​သို့ ဝင်​ခြင်း​ကြောင့် ဝါ​ကြွား​လေ့​ရှိ​ကြ​သည်​မ​ဟုတ်။ ထို​သို့ သူ့​ငန်း​သူ့​တာ​အ​တွင်း​တွင် ပြင်​ဆင်​ပြီး​သော အ​မှု​အ​ရာ​ကို ဝါ​ကြွား​ခြင်း​မ​ရှိ​ဘဲ၊ သင်​တို့ ပြည်​တစ်​ဖက်​သို့​ကူး၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ ရင့်​ပြီး​မှ၊ ငါ​တို့၏​အ​ငန်း​အ​တာ​သည် အ​လွန်​ကျယ်​ဝန်း​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 17,
      "text": "သို့​ဖြစ်၍ ဝါ​ကြွား​သော​သူ​မည်​သည်​ကား၊ သ​ခင်​ဘု​ရား၌​သာ ဝါ​ကြွား​စေ။-"
    },
    {
      "book": 47,
      "chapter": 10,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ် ချီး​မွမ်း​သော​သူ​သည် ဝန်​ခံ​တော်​မူ​သော သူ​ဖြစ်​သည်​မ​ဟုတ်။ သ​ခင်​ဘု​ရား ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သာ​လျှင် ဝန်​ခံ​တော်​မူ​သော​သူ​ဖြစ်​သ​တည်း။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 1,
      "text": "ငါ​မိုက်​မဲ​သော​အ​ပြစ်​ကို သင်​တို့​သည် ခ​ဏ​သည်း​ခံ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ခ​ဏ သည်း​ခံ​ကြ​ပါ​လော့။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 2,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို သီ​လ​နှင့်​ပြည့်​စုံ​သော သ​တို့​သ​မီး​က​ညာ​ကဲ့​သို့ ခ​ရစ်​တော်​အား ဆက်​အံ့​သော​ငှာ၊ သင်​တို့​ကို လင်​တစ်​ဦး​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​သော​ကြောင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း စိုး​ရိမ်​သော​စိတ်​နှင့် သင်​တို့​ကို စောင့်​ရှောက်​လျက် နေ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 3,
      "text": "မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 4,
      "text": "သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​သူ​သည် ငါ​တို့ မ​ဟော​မ​ပြော​သေး​သော ယေ​ရှု​တစ်​ပါး​ကို ဟော​ပြော​သော်​လည်း​ကောင်း၊ သင်​တို့​သည် မ​ခံ​ရ​သေး​သော ဝိ​ညာဉ်​တော်​တစ်​ပါး​ကို ခံ​ရ​သော်​လည်း​ကောင်း၊ နား​မ​ထောင်​သေး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​စ​ကား​ကို နား​ထောင်​သော်​လည်း​ကောင်း၊ ထို​သူ​ကို သည်း​ခံ​ကောင်း၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 5,
      "text": "ငါ​သည် အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​သည်​ကို ငါ​သ​ဘော​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 6,
      "text": "စ​ကား​အား​ဖြင့် လူ​ရိုင်း​ဟုတ်​သော်​လည်း၊ ပ​ညာ​အား​ဖြင့် လူ​ရိုင်း​မ​ဟုတ်။ သင်​တို့​တွင် အ​ရာ​ရာ၌ ငါ​တို့​သည်​အ​စဉ် ကိုယ်​ကို​ကိုယ်​ထင်​ရှား​စွာ ပြ​ကြ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 7,
      "text": "သင်​တို့​ကို ချီး​မြှောက်​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​လျက်၊ ကျေး​ဇူး​ဆပ်​ခြင်း​ကို မ​ခံ​ဘဲ၊ သင်​တို့​အား ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သည်​အ​ရာ​မှာ ငါ​သည် အ​ပြစ်​ရှိ​သ​လော။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 8,
      "text": "သင်​တို့​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ခြား​သော​အ​သင်း​တော်​များ ပေး​သော​စ​ရိတ်​ကို ငါ​ခံ၍၊ သူ​တို့​ကို လု​ယူ​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 9,
      "text": "သင်​တို့​နှင့်​အ​တူ​ရှိ​နေ၍ တစ်​စုံ​တစ်​ခု​ကို​လို​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ ငါ​မ​နှောင့်​ယှက်။ အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​က​လာ​သော ညီ​အစ်​ကို​တို့​သည် ငါ​လို​သ​မျှ​ကို​ပေး​ကြ၏။ သင်​တို့​ကို အ​လျှင်း​မ​နှောင့်​ယှက်​ဘဲ သ​တိ​နှင့်​နေ​ခဲ့​ပြီ။ နောင်၌​လည်း သ​တိ​နှင့်​နေ​ဦး​မည်။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 10,
      "text": "ခ​ရစ်​တော်၏​သ​စ္စာ​တ​ရား​သည် ငါ၌ ရှိ​သည်​ဖြစ်၍၊ အ​ခါ​ယ​ပြည်​များ​တို့၌ ဤ​သို့ ငါ​ဝါ​ကြွား​သည်​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​ရ။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 11,
      "text": "အ​ဘယ်​ကြောင့်​နည်း၊ သင်​တို့​ကို​ငါ​မ​ချစ်​သ​လော။ ဘု​ရား​သ​ခင် သိ​တော်​မူ၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 12,
      "text": "အ​ခွင့်​ရ​လို​သော​သူ​တို့​သည် အ​ခွင့်​မ​ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဝါ​ကြွား​ခြင်း​အ​ရာ၌ သူ​တို့​သည် ငါ​ကဲ့​သို့ ထင်​ရှား​စွာ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း အ​စဉ်​ပြု​ဦး​မည်။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် မိ​စ္ဆာ​တ​မန်​တော်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​တ​မန် ဖြစ်​ယောင်​ဆောင်၍ လှည့်​ဖြား​တတ်​သော အ​မှု​စောင့်​ဖြစ်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 14,
      "text": "ဤ​အ​မှု​သည် အံ့​ဩ​ဖွယ်​ဖြစ်​သည်​မ​ဟုတ်။ စာ​တန်​ပင်​လျှင် လင်း​သော​ကောင်း​ကင်​တ​မန် ဖြစ်​ယောင်​ဆောင်​တတ်၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 15,
      "text": "သို့​ဖြစ်၍ သူ၏​ဆ​ရာ​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော​သော​ဆ​ရာ ဖြစ်​ယောင်​ဆောင်​လျှင်၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​အ​တိုင်း နောက်​ဆုံး၌​အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​ကြ​လ​တ္တံ့။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 16,
      "text": "တစ်​ဖန် ငါ​ဆို​သည်​ကား၊ ငါ့​ကို​သူ​ရူး​ဖြစ်​သည်​ဟု အ​ဘယ်​သူ​မျှ မ​ထင်​စေ​နှင့်။ သို့​မ​ဟုတ် ငါ​ဝါ​ကြွား​စ​ရာ အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ခြင်း​ငှာ ငါ့​ကို​သူ​ရူး​ကဲ့​သို့ မှတ်၍ သည်း​ခံ​ကြ​လော့။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 17,
      "text": "ဤ​သို့​ငါ​ပြော​သော​စ​ကား​မှာ သ​ခင်​ဘု​ရား၏​နည်း​တူ ငါ​ပြော​သည်​မ​ဟုတ်။ သူ​ရူး​ကဲ့​သို့ ရဲ​ရင့်​စွာ ဝါ​ကြွား​လျက်​ပြော​ဆို၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 18,
      "text": "လူ​များ​တို့​သည် လော​ကီ​အ​ခြင်း​အ​ရာ၌ ဝါ​ကြွား​သော​ကြောင့် ငါ​သည်​လည်း​ဝါ​ကြွား​ရ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 19,
      "text": "သင်​တို့​သည်​လိ​မ္မာ​သော​သူ​ဖြစ်​သော​ကြောင့်၊ သူ​ရူး​တို့​ကို စေ​တ​နာ​စိတ်​နှင့် သည်း​ခံ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 20,
      "text": "သူ​တစ်​ပါး​သည် သင်​တို့​ကို ကျွန်​ခံ​စေ​ခြင်း၊ ရောင်း၍​စား​ခြင်း၊ ဥ​စ္စာ​ကို​လု​ယူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ ပါး​ပုတ်​ခြင်း​ကို​ပြု​လျှင် သင်​တို့​သည် သည်း​ခံ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 21,
      "text": "ငါ​တို့​သည်​အ​စွမ်း​သ​တ္တိ​မ​ရှိ​ဟု ကဲ့​ရဲ့​ခြင်း​ကို အ​မှတ်​ပြု၍ ငါ​ပြော၏။ အ​ကြင်​အ​ရာ​ကို သူ​တစ်​ပါး မှီ​ဝဲ၍ ရဲ​ရင့်၏။ ထို​အ​ရာ​ကို​ငါ​မှီ​ဝဲ၍ ရဲ​ရင့်​ခြင်း​ရှိ၏​ဟု သူ​ရူး​ကဲ့​သို့​ငါ​ဆို၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 22,
      "text": "သူ​တို့​သည် ဟေ​ဗြဲ​လူ​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် ဣ​သ​ရေ​လ​လူ ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 23,
      "text": "သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 24,
      "text": "ငါး​ကြိမ်​မြောက်​အောင် ယု​ဒ​လူ​တို့​လက်​တွင် ဒဏ်​ချက် လေး​ဆယ်​တစ်​ခု​ယုတ် ငါ​ခံ​ခဲ့​ရ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 25,
      "text": "သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 26,
      "text": "အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 27,
      "text": "ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 28,
      "text": "ထို​အ​မှု​မှ​တစ်​ပါး၊ အ​သင်း​တော်​အ​ပေါင်း​တို့​ကို စိုး​ရိမ်​သော​စိတ်​နှင့် ကြည့်​ရှု​ပြု​စု၍ နေ့​တိုင်း​အ​စဉ် နှောင့်​ယှက်​ခြင်း​ကို ငါ​ခံ​ခဲ့​ရ၏။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 29,
      "text": "ငါ​မ​နွမ်း​ရိ​ဘဲ အ​ဘယ်​သူ နွမ်း​ရိ​သ​နည်း။ ငါ​သည် စိတ်​မ​ပူ​ပန်​ဘဲ အ​ဘယ်​သူ ဖောက်​ပြန်​သ​နည်း။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 30,
      "text": "ငါ​သည် မ​ဝါ​ကြွား​ဘဲ မ​နေ​ရ​သည်​မှန်​လျှင်၊ ကိုယ်​နွမ်း​ရိ​သော​အ​ဖြစ်​ကို​သာ အ​ကြောင်း​ပြု၍ ဝါ​ကြွား​မည်။-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 31,
      "text": "ငါ​သည် မု​သား​မ​ပြော​သည်​ကို ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင် သိ​တော်​မူ၏။"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 32,
      "text": "ဒ​မာ​သက်​မြို့၌ အ​ရေ​တ​မင်း​ကြီး​ခန့်​ထား​သော မြို့​ဝန်​သည် ငါ့​ကို ဖမ်း​ဆီး​ခြင်း​ငှာ​အ​လို​ရှိ၍၊ ဒ​မာ​သက်​မြို့​ကို​စောင့်​စဉ်​တွင်၊-"
    },
    {
      "book": 47,
      "chapter": 11,
      "verse": 33,
      "text": "တ​ပည့်​တော်​တို့​သည် ငါ့​ကို​တောင်း၌ ထည့်​ပြီး​လျှင်၊ ပြတင်း​ပေါက်​မှ​ထုတ်၍ မြို့​ရိုး​ပေါ်​က လျှော့​ချ​သ​ဖြင့် ထို​မြို့​ဝန်​လက်​မှ ငါ​ပြေး၍​လွတ်​ရ၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 1,
      "text": "ငါ​သည် ဝါ​ကြွား​ခြင်း​ကို​မ​ပြု​သင့်​လျှင်၊ သ​ခင်​ဘု​ရား​ပြ​တော်​မူ​သော ထူး​ဆန်း​သော​ရူ​ပါ​ရုံ​နှင့် ဗျာ​ဒိတ်​တော်​များ​ကို တစ်​ဖန် ပြော​ဦး​မည်။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 2,
      "text": "တစ်​ဆယ်​လေး​နှစ်​အ​ထက်​က၊ ခ​ရစ်​တော်၏ တ​ပည့်​ဖြစ်​သော လူ​တစ်​ယောက်​ကို တ​တိ​ယ​ကောင်း​ကင်​သို့​တိုင်​အောင် ချီ​ဆောင်​သည်​အ​ကြောင်း​ကို ငါ​သိ၏။ ထို​အ​ခါ​သူ၌ ကိုယ်​ခ​န္ဓာ​ပါ​သည် မ​ပါ​သည်​ကို ငါ​မ​သိ။ ဘု​ရား​သ​ခင် သိ​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 3,
      "text": "ထို​သူ​သည် ပ​ရ​ဒိ​သု​ဘုံ​သို့ ချီ​ဆောင်​ခြင်း​ကို​ခံ​ရ၍၊ လူ​မ​ပြော​အပ် မ​ပြော​နိုင်​သော​စ​ကား​ကို ကြား​သည် အ​ကြောင်း​ကို​ငါ​သိ၏။ ထို​အ​ခါ ကိုယ်​ခ​န္ဓာ​ပါ​သည် မ​ပါ​သည်​ကို ငါ​မ​သိ၊ ဘု​ရား​သ​ခင် သိ​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 5,
      "text": "ထို​သို့​သော​သူ​ကို ဝါ​ကြွား​မည်။ နွမ်း​ရိ​အား​နည်း​ခြင်း​မှ​တစ်​ပါး ကိုယ်​ဂုဏ်​ကို မ​ဝါ​ကြွား။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 6,
      "text": "ဝါ​ကြွား​ခြင်း​ငှာ အ​လို​ရှိ​လျှင်​လည်း၊ သူ​ရူး​ဖြစ်​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဟုတ်​မှန်​စွာ ပြော​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​မြင်​သည်​ထက်၊ ငါ့​သ​တင်း​ကို ကြား​သည်​ထက်၊ ငါ့​ကို သာ၍ မ​ထင်​စေ​ခြင်း​ငှာ ငါ​မ​ပြော​ဘဲ​နေ၏။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 7,
      "text": "ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 8,
      "text": "ထို​ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သုံး​ကြိမ်​မြောက်​အောင် သ​ခင်​ဘု​ရား​ကို ငါ​ဆု​တောင်း၍ အ​သ​နား​တော်​ခံ​ပြီး​လျှင်၊-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 9,
      "text": "ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 10,
      "text": "သို့​ဖြစ်၍ ခ​ရစ်​တော်​ကြောင့်​ခံ​ရ​သော အား​နည်း​ခြင်း၊ ကဲ့​ရဲ့​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ကျပ်​တည်း​စွာ​သော ဒု​က္ခ​ဝေ​ဒ​နာ​ခံ​ခြင်း​တို့​ကို ငါ​နှစ်​သက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အား​နည်း​သော​အ​ခါ တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 11,
      "text": "ငါ​သည် ဝါ​ကြွား​တတ်​သော သူ​ရူး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​နိုင်​အ​ထက်​ဖြစ်​စေ​ကြ​ပြီ။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​ချီး​မွမ်း​ခြင်း​ကို ငါ​ခံ​သင့်၏။ ငါ​သည် ဘာ​မျှ​မ​ဟုတ်​သော်​လည်း၊ အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​မ​ညံ့။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 12,
      "text": "အ​ကယ်​စင်​စစ် သည်း​ခံ​ခြင်း​နှင့်​တ​ကွ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု၊ ထူး​ဆန်း​သော တန်​ခိုး​များ​အား​ဖြင့် တ​မန်​တော်၏​လ​က္ခ​ဏာ​တို့​ကို သင်​တို့​တွင် ထင်​ရှား​စွာ​ပြ​ပြီ။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 13,
      "text": "ငါ​သည်​သင်​တို့​ကို မ​နှောင့်​ယှက်​သော အ​ရာ​တစ်​ခု​ကို ထား​လျှင်၊ သင်​တို့​သည် အ​ခြား​သော အ​သင်း​တော်​ထက် အ​ဘယ်​သို့​ယုတ်​ညံ့​သ​နည်း။ ထို​သို့ ငါ​ပြစ်​မှား​သော​အ​ပြစ်​ကို သည်း​ခံ​ကြ​လော့။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 14,
      "text": "ဤ​တ​တိ​ယ​အ​ကြိမ် သင်​တို့​ဆီ​သို့​သွား​ခြင်း​ငှာ ငါ​သည်​အ​သင့်​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​မည်​ဟု အ​ကြံ​မ​ရှိ။ သင်​တို့​ဥ​စ္စာ​ကို ငါ​ရှာ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ ရှာ၏။ သား​သ​မီး​တို့​သည် မိ​ဘ​အ​တွက် ဥ​စ္စာ​ကို ဆည်း​ပူး​ရ​သည်​မ​ဟုတ်။ မိ​ဘ​တို့​သည် သား​သ​မီး​တို့​အ​တွက် ဆည်း​ပူး​ရ၏။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 15,
      "text": "ငါ​သည်​သင်​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ် တိုး​ပွား​သည်​အ​တိုင်း သင်​တို့​သည် ငါ့​ကို​ချစ်​ခြင်း​မေ​တ္တာ​စိတ် ဆုတ်​ယုတ်​သော်​လည်း၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ ငါ​သည် ကိုယ်​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း၊ ကုန်​စေ​ခြင်း​ငှာ အ​လွန်​စေ​တ​နာ​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 16,
      "text": "သင်​တို့​ကို ငါ​မ​နှောင့်​ယှက်​သည် မှန်​စေ​တော့။ သို့​သော်​လည်း၊ လိ​မ္မာ​သော​သူ​ဖြစ်၍ ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို​ဖမ်း​ဆီး​ပြီ​ဟု​ဆို​လျှင်၊-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 17,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​ကို သင်​တို့​ဆီ​သို့ စေ​လွှတ်၍၊ သင်​တို့၏​ဥ​စ္စာ​ကို ပ​ရိ​ယာယ်​အား​ဖြင့် ငါ​ယူ​သ​လော။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 18,
      "text": "တိ​တု​သည် သင်​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း ငါ​တောင်း​ပန်၍၊ သူ​နှင့်​တ​ကွ အ​ခြား​သော ညီ​တစ်​ယောက်​ကို စေ​လွှတ်၏။ တိ​တု​သည် ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့၏​ဥ​စ္စာ​ကို ယူ​သ​လော။ ငါ​တို့​သည် စိတ်​သ​ဘော​ချင်း​တူ၍ ကျင့်​ကြ​သည် မ​ဟုတ်​လော။ တစ်​လမ်း​တည်း လိုက်​ကြ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 19,
      "text": "တစ်​ဖန်​တုံ၊ ငါ​တို့​သည် သင်​တို့​ရှေ့၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​သည်​ဟု ထင်​ကြ​သ​လော။ ခ​ရစ်​တော်​ကို​ထောက်၍ ဘု​ရား​သ​ခင်​ရှေ့၌ ငါ​တို့ ပြော​ကြ၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ​မှာ သင်​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ ပြု​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 20,
      "text": "ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊-"
    },
    {
      "book": 47,
      "chapter": 12,
      "verse": 21,
      "text": "အ​ထက်​က​ပြစ်​မှား၍ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို ပြု​မိ၍၊ ယ​ခု​တိုင်​အောင် နောင်​တ​မ​ရ​သော​သူ​အ​များ​ကြောင့် ငါ​စိတ်​မ​သာ ညည်း​တွား​ရ​သ​ဖြင့်၊ သင်​တို့​ရှေ့၌ ဘု​ရား​သ​ခင်​သည် ငါ့​ကို​နှိမ့်​ချ​တော်​မူ​မည် ဟူ၍​လည်း​ကောင်း စိုး​ရိမ်​ခြင်း​ရှိ၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 1,
      "text": "ဤ​တ​တိ​ယ​အ​ကြိမ်​တွင် သင်​တို့​ဆီ​သို့ ငါ​လာ​မည်​ဖြစ်၍၊ သက်​သေ​ခံ နှစ်​ဦး​သုံး​ဦး​အား​ဖြင့် စ​ကား​ရှိ​သ​မျှ​တို့​သည် တည်​ရ​လိမ့်​မည်။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 2,
      "text": "တစ်​ဖန် ငါ​ရောက်​လာ​လျှင် သင်​တို့​ကို​မ​သ​နား​ရ​ဟု ပြစ်​မှား​သော​သူ​မှ​စ၍ ကြွင်း​သော​သူ​အ​ပေါင်း​တို့​အား အ​ထက်​က ငါ​ပြော​သည်​သာ​မ​က၊ ယ​ခု​ပင်​သင်​တို့​နှင့်​အ​တူ မ​ရှိ​သော်​လည်း၊ တစ်​ဖန် ရှိ​ဘိ​သ​ကဲ့​သို့ ငါ​ပြော​နှင့်၏။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 3,
      "text": "သင်​တို့​တွင် အား​နည်း​တော်​မ​မူ၊ အား​ကြီး​တော်​မူ​သော ခ​ရစ်​တော်​သည် ငါ၌​ဗျာ​ဒိတ်​ပြ​တော်​မူ​ခြင်း သက်​သေ​ကို သင်​တို့​သည် ရှာ​သော​ကြောင့်၊ ငါ​ရောက်​လာ​သော​အ​ခါ မ​သ​နား​ရ။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​ခ​ရစ်​တော်​သည် အား​နည်း​ခြင်း​နှင့် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​သော်​လည်း၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​နှင့် အ​သက်​ရှင်​တော်​မူ၏။ ငါ​တို့​သည်​လည်း ခ​ရစ်​တော်၏​နည်း​တူ အား​နည်း​သော်​လည်း၊ သင်​တို့​တွင်​ပြ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​ခြင်း ရှိ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 5,
      "text": "သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​သ​လော၊ မ​တည်​လော​ဟု ကိုယ်​ကို​ကိုယ် စစ်​ကြော​ကြ​လော့။ ကိုယ်​ကို​ကိုယ် စုံ​စမ်း​ကြ​လော့။ အ​စစ်​မ​ခံ​နိုင်​သော သူ​မ​မှန်​လျှင်၊ ယေ​ရှု​ခ​ရစ်​သည် သင်​တို့၌ တည်​တော်​မူ​သည်​ဟု ကိုယ်​အ​ကြောင်း​ကို ကိုယ်​မ​သိ​ကြ​သ​လော။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 6,
      "text": "ငါ​တို့​သည် အ​စစ်​ခံ​နိုင်​သော​သူ​ဖြစ်​သည်​ကို သင်​တို့ သိ​ကြ​လိမ့်​မည်​ဟု ငါ​ထင်​မှတ်​မျှော်​လ​င့်​ခြင်း​ရှိ၏။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 7,
      "text": "ငါ​တို့​သည် အ​စစ်​ခံ​နိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​သည်​မ​ဟုတ်။ အ​စစ်​မ​ခံ​နိုင်​သော သူ​ကဲ့​သို့​ထင်​သော်​လည်း၊ သင်​တို့​သည် ကောင်း​မွန်​စွာ ကျင့်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ကျင့် တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​မည်​အ​ကြောင်း၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 8,
      "text": "ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ဆီး​တား​ခြင်း​ငှာ အ​လျှင်း​မ​တတ်​နိုင်​ကြ။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 9,
      "text": "သ​မ္မာ​တ​ရား​ဘက်၌​နေ၍​သာ တတ်​နိုင်​ကြ၏။ ငါ​တို့​သည် အား​နည်း၍ သင်​တို့​သည် အား​ကြီး​သော​အ​ခါ၊ ငါ​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။ သင်​တို့​သည် စုံ​လင်​မည်​အ​ကြောင်း​ကို​သာ အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 10,
      "text": "ထို​ကြောင့် ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်၊ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ရှိ​သည်​အ​တိုင်း ငါ​သည် ရောက်​လာ​သော​အ​ခါ ပြင်း​စွာ​သော​ဒဏ်​ကို မ​ပေး​လို၍၊ ယ​ခု​သင်​တို့​နှင့် ကွာ​ဝေး​သေး​သည်​ကာ​လ ဤ​သို့ ငါ​ရေး​လိုက်၏။"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 11,
      "text": "ကြွင်း​သေး​သော​စ​ကား ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ စုံ​လင်​ခြင်း၊ သက်​သာ​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ စိတ်​တ​ညီ​တ​ညွတ်​တည်း ဖြစ်၍၊ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ သို့​ဖြစ်၍ မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​သင့်​အ​တင့်​နေ​ခြင်း ချမ်း​သာ​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လ​တ္တံ့။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 12,
      "text": "အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 13,
      "text": "သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 47,
      "chapter": 13,
      "verse": 14,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ မိတ်​သ​ဟာ​ယ​တော်​လည်း​ကောင်း၊ သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 1,
      "text": "လူ​နှင့်​မ​စပ်​ဆိုင်၊ လူ၏​အ​ခွင့်​မ​ရှိ​ဘဲ​လျက်၊ ယေ​ရှု​ခ​ရစ်၏​အ​ခွင့်​နှင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​ခွင့်​နှင့် လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​မှ​စ၍၊-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 2,
      "text": "ငါ့​ထံ​မှာ​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် ဂ​လာ​တိ​ပြည်၌​ရှိ​သော အ​သင်း​တော်​များ​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 3,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 4,
      "text": "ထို​သ​ခင်​သည် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ဆိုး​ညစ်​သော ဤ​ပ​စ္စု​ပ္ပန်​ဘ​ဝ​မှ ငါ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ၊ ငါ​တို့​အ​ပြစ်​ကြောင့် ကိုယ်​ကို​ကိုယ် အပ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 5,
      "text": "ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 6,
      "text": "ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် သင်​တို့​ကို ခေါ်​တော်​မူ​သော​သူ​နှင့် ဤ​မျှ​လောက်​မြန်​မြန်​ခွာ၍ သင်​တို့​သည် အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ခံ​ယူ​ကြ​သော​ကြောင့် ငါ​သည်​အံ့​ဩ​ခြင်း​ရှိ၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 7,
      "text": "ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 8,
      "text": "သို့​သော်​လည်း၊ သင်​တို့​အား​ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် ဟော​ပြော​သော်​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​မှ​လာ​သော ကောင်း​ကင်​တ​မန် ဟော​ပြော​သော်​လည်း​ကောင်း၊ ဟော​ပြော​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 9,
      "text": "တစ်​ဖန်​တုံ၊ သင်​တို့​ခံ​ယူ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ ဟော​ပြော​လျှင်၊ ထို​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​ဟု ငါ​တို့​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ငါ​ထပ်၍​ဆို​သေး၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ယ​ခု​တွင် ငါ​သည် လူ​တို့၏ အ​လို​သို့​လိုက်​သ​လော။ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို လိုက်​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြ​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြံ​သေး​လျှင်၊ ခ​ရစ်​တော်၏ အ​စေ​ခံ​ကျွန်​မ​ဟုတ်​ပြီ။"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 11,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် လူ​တို့၏​တ​ရား​မ​ဟုတ်။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 12,
      "text": "လူ​ထံ​မှာ ငါ​ခံ​ရ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်၏ ဗျာ​ဒိတ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဥ​ပ​ဒေ​သ​ကို ငါ​မ​ခံ သည်​အ​ကြောင်း​ကို သင်​တို့​အား ငါ​ကြား​လိုက်၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 13,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ အ​ထက်​က ယု​ဒ​ဘာ​သာ၌​နေ၍ ငါ​ကျင့်​သော​အ​ကျင့်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန် ညှဉ်း​ဆဲ​ဖျက်​ဆီး ကြောင်း​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 14,
      "text": "ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 15,
      "text": "သို့​သော်​လည်း၊ ငါ့​ကို အ​မိ​ဝမ်း​ထဲ​က​ပင် ရွေး​ချယ်​ခွဲ​ထား၍ ကျေး​ဇူး​တော်​အား​ဖြင့် ခေါ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 16,
      "text": "သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့၌ ဟော​ပြော​စေ​မည်​အ​ကြောင်း၊ မိ​မိ​အ​လို​တော် နှင့်​အ​ညီ သား​တော်​ကို ငါ့​အား ပြ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​အ​သွေး​အ​သား​နှင့် တိုင်​ပင်​ခြင်း​ကို​မ​ပြု။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 17,
      "text": "ငါ့​အ​ရင် တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​မ​သွား၊ အာ​ရပ်​ပြည်​သို့ ချက်​ချင်း​သွား၍ တစ်​ဖန် ဒ​မာ​သက်​မြို့​သို့ ပြန်​လေ၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 18,
      "text": "ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 19,
      "text": "သူ​နှင့် သ​ခင်​ဘု​ရား၏​ညီ​တော် ယာ​ကုပ်​မှ​တစ်​ပါး အ​ခြား​သော တ​မန်​တော်​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​မ​မြင်။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 20,
      "text": "ဤ​သို့ သင်​တို့​အား ငါ​ရေး၍ ကြား​လိုက်​သည်​တွင် မု​သား​စ​ကား​ကို ငါ​မ​ပြော​မ​သုံး​ဟု ဘု​ရား​သ​ခင်​ရှေ့ တော်၌​ငါ​ဆို၏။-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 21,
      "text": "ထို​နောက်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​သို့ ငါ​သွား၍၊-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 22,
      "text": "ယု​ဒ​ပြည်၌ ခ​ရစ်​တော်၏​ဘာ​သာ​ကို ခံ​ယူ​သော သင်း​ဝင်​သူ​တို့​သည် ငါ့​မျက်​နှာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၍၊-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 23,
      "text": "ငါ​တို့​ကို ညှ​ဥ်း​ဆဲ​ဖူး​သော​သူ​သည် အ​ထက်​က မိ​မိ​ဖျက်​ဆီး​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ယ​ခု မိ​မိ ဟော​ပြော​သည်​ဟု သူ​တို့​ကြား​ရုံ​ရှိ​ကာ​မျှ​နှင့်၊-"
    },
    {
      "book": 48,
      "chapter": 1,
      "verse": 24,
      "text": "ငါ့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 1,
      "text": "ထို​နောက် တစ်​ဆယ်​လေး​နှစ်​လွန်​ပြီး​မှ၊ ငါ​သည် တိ​တု​ကို​ခေါ်၍ ဗာ​န​ဗ​နှင့်​အ​တူ ယေ​ရု​ရှင်​မြို့​သို့ တစ်​ဖန် သွား​လေ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 2,
      "text": "ဗျာ​ဒိတ်​တော်​အ​တိုင်း​ပင် သွား​သည်​ဖြစ်၍၊ တစ်​ပါး​အ​မျိုး​တို့၌ ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ကြား​ပြော​လေ၏။ ထို​သို့​ဆို​သော် ငါ​ဆောင်​ရွက် ခဲ့​ပြီး​သော​အ​မှု​နှင့် နောက်၌ ဆောင်​ရွက် လ​တ္တံ့​သော​အ​မှု​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သ​ရေ ထင်​ရှား​သော သူ​တို့​အား​သာ တိတ်​ဆိတ်​စွာ​ကြား​ပြော၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 3,
      "text": "သို့​သော်​လည်း ငါ​နှင့်​အ​တူ​ပါ​သော ဟေ​လ​သ​အ​မျိုး​တိ​တု​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​ကြ။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 4,
      "text": "ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 5,
      "text": "မှန်​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် သင်​တို့၌ တည်​နေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ထို​သူ​တို့​စီ​ရင်​ခြင်း​ကို ခ​ဏ​မျှ ဝန်​မ​ခံ​ကြ။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 6,
      "text": "အ​သ​ရေ​ထင်​ရှား​သော​သူ​တို့​သည် အ​ထက်​က အ​ဘယ်​သို့​သော​သူ ဖြစ်​ကြ​သည်​ကို​ငါ​မ​ဆိုင်။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။ ထို​သူ​တို့နှင့် ငါ​သည် ပေါင်း​ဖော်၍ ထူး​ခြား​သော​အ​ရာ​ကို မ​ခံ​ရ​သည်​သာ​မ​က၊-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 7,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​တွင် ပေ​တ​ရု​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ၊ ပေ​တ​ရု၌ ပြု​ပြင်​တော်​မူ​သော​သူ​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ့​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ ငါ၌​လည်း ပြု​ပြင်​တော်​မူ​သည်​ဖြစ်၍၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ပေ​တ​ရု၌ အပ်​တော်​မူ​သည်​နည်း​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် မ​စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ၌ အပ်​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​မြင်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 9,
      "text": "အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 10,
      "text": "ငါ​တို့​သည် ဆင်း​ရဲ​သော​သူ​များ​ကို အောက်​မေ့​စေ​ခြင်း​ငှာ သူ​တို့​အ​လို​တစ်​ခု​တည်း ရှိ၏။ ထို​အ​မှု​ကို ငါ​သည် အ​လို​အ​လျောက် ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 11,
      "text": "ထို​နောက်​ပေ​တ​ရု​သည် အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ သူ၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​ရှိ​သော​ကြောင့် သူ့​ကိုယ်​တိုင်​ကို ငါ​ငြင်း၍​ဆီး​တား​ရ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​သည် ယာ​ကုပ်​ထံ​မှ မ​ရောက်​မ​လာ​မီ၊ ပေ​တ​ရု​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် အ​တူ​စား၏။ သူ​တို့​ရောက်​လာ​သော​နောက်၊ ပေ​တ​ရု​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့၏​မျက်​နှာ​ကို ထောက်၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဝံ့။ တစ်​ယောက်​တ​ခြား​စီ နေ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 13,
      "text": "ကြွင်း​သော​ယု​ဒ​လူ​တို့​သည် ပေ​တ​ရု​နှင့်​အ​တူ လျှို့​ဝှက်၍၊ သူ​တို့ လျှို့​ဝှက်​ခြင်း​အား​ဖြင့် ဗာ​န​ဗ​သည်​လည်း သူ​တို့​ဘက်​သို့​ပါ​သွား၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 14,
      "text": "သူ​တို့​သည် မှန်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​အ​ညီ ဖြောင့်​မတ်​စွာ မကျင့်​ကြောင်း​ကို ငါ​သည်​မြင်​လျှင်၊ ထို​သူ​အ​ပေါင်း​တို့​ရှေ့​မှာ ပေ​တ​ရု​အား ငါ​ဆို​သည်​ကား၊ သင်​သည် ယု​ဒ​လူ​ဖြစ်​လျက်​ပင် ယု​ဒ​ထုံး​စံ​အ​တိုင်း​မ​ကျင့်​ဘဲ၊ တစ်​ပါး​အ​မျိုး၏​ထုံး​စံ​အ​တိုင်း ကျင့်​လျှင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ယု​ဒ​ထုံး​စံ​အ​တိုင်း ကျင့်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် သူ​တို့​ကို အ​နိုင်​အ​ထက်​ပြု​သ​နည်း။"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 15,
      "text": "လူ​တို့​သည် ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ မ​ရောက်၊-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 16,
      "text": "ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​သည်​ကို၊ အ​ပြစ်​ထင်​ရှား​သော တစ်​ပါး အ​မျိုး​သား​မ​ဟုတ်​ဘဲ၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​ငါ​တို့​သည် အ​မှန်​သိ​သည်​နှင့်​အ​ညီ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​မ​ရောက်၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ၊ ငါ​တို့​ပင် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ရာ။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 17,
      "text": "ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ ငါ​တို့​သည် ကြိုး​စား​လျက်​ပင်၊ အ​ပြစ် ထင်​ရှား​သော​သူ ဖြစ်​သေး​သည်​မှန်​လျှင်၊ ခ​ရစ်​တော်​သည် အ​ပြစ်​တ​ရား​ကို ပြု​စု​သော​သူ​ဖြစ်​သ​လော။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 18,
      "text": "ထို​သို့​မ​ဖြစ်​နိုင်​ရာ။ အ​ထက်​က ငါ​ဖြို​ဖျက်​သော အ​ရာ​ကို နောက်​တစ်​ဖန် ငါ​တည်​ဆောက်​ပြန်​လျှင်၊ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို ကိုယ်ထင်​ရှား​စွာ​ပြ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​သည် ဘု​ရား​သ​ခင်​နှင့် ဆိုင်​သော​အ​ရာ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌ ပ​ညတ်​တ​ရား​အား​ဖြင့် သေ​လျက်​နေ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 20,
      "text": "ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-"
    },
    {
      "book": 48,
      "chapter": 2,
      "verse": 21,
      "text": "ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 1,
      "text": "ပ​ညာ​မဲ့​သော ဂ​လာ​တိ​လူ​တို့၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို သင်​တို့ မျက်​မှောက်၌ ထင်​ရှား​စွာ​ပြ​ပြီး​သည်​ဖြစ်၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ သင်​တို့​ကို အ​ဘယ်​သူ​ပြု​စား​သ​နည်း။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 2,
      "text": "ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဝိ​ညာဉ်​တော်​ကို ခံ​ရ​ကြ​သ​လော။ သို့​မ​ဟုတ် ယုံ​ကြည်​ခြင်း​တ​ရား​ကို ကြား​နာ​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​သ​လော​ဟူ​သော အ​ရာ​တစ်​ခု​ကို​သာ သင်​တို့၌​ငါ​သိ​လို၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 3,
      "text": "ဤ​မျှ​လောက် ပ​ညာ​မဲ့​ကြ​သ​လော။ ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု၍ လုပ်​စ​ရှိ​ပြီး​မှ၊ ဇာ​တိ​ကို​အ​မှီ​ပြု၍ ပြီး​စေ​ကြ​သ​လော။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 4,
      "text": "ဤ​မျှ​လောက်​သော​ဆင်း​ရဲ​ခြင်း​ကို အ​ချည်း​နှီး​ခံ​ကြ​ပြီ​လော။ အ​ချည်း​နှီး သက်​သက် ဖြစ်​ရ​မည်​လော။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 5,
      "text": "ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​ကို သင်​တို့​အား ပေး၍၊ သင်​တို့၌ တန်​ခိုး​များ​ကို​ပြ​သော​သူ​သည် ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ပြ​သ​လော။ ယုံ​ကြည်​ခြင်း​တ​ရား​ကို နာ​ခြင်း​အား​ဖြင့် ပြ​သ​လော။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 6,
      "text": "ထို​နည်း​တူ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 7,
      "text": "ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​ဟု အ​မှန်​သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​ခြင်း​ကို​ထောက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ​မည်​ဟု ကျမ်း​စာ​သည်​မြော်​မြင်​လျက်၊ အာ​ဗြ​ဟံ​အား အ​မိန့်​ရှိ၍၊ သင့်​အား​ဖြင့် လူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​နှင့်​လေ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 9,
      "text": "သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 10,
      "text": "ပ​ညတ်​တ​ရား၏​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ကျိန်​နှင့် စပ်​ဆိုင်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​သော စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​တိုင်း ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​သ​တည်း​ဟု ကျမ်း​စာ​လာ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 11,
      "text": "တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 12,
      "text": "ပ​ညတ်​တ​ရား​မူ​ကား၊ ယုံ​ကြည်​ခြင်း​နှင့် မ​စပ်​ဆိုင်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည်၊ ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ဆို​သ​တည်း။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 13,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​ဖြစ်၍၊ ငါ​တို့​သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 15,
      "text": "ညီ​အစ်​ကို​တို့၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ငါ​ပြော​မည်။ လူ​သော်​လည်း ဝန်​ခံ​စာ​ကို​ချုပ်​ပြီး​မှ အ​ဘယ် သူ​မျှ​မ​ပယ်​ရ။ ထပ်​ဆင့်၍​စ​ကား​ကို မ​သွင်း​ရ။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 16,
      "text": "က​တိ​တော်​တို့​ကို အာ​ဗြ​ဟံ​နှင့် သူ၏​အ​မျိုး​အ​နွယ်၌ ထား​တော်​မူ၏။ အ​မျိုး​အ​နွယ်​တို့​ဟု အ​များ​သော​သူ တို့​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​မ​ဟုတ်။ သင်၏ အ​မျိုး​အ​နွယ်​ဟု တစ်​ယောက်​သော​သူ​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ထို​တစ်​ယောက်​သော​သူ​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 17,
      "text": "ငါ​ဆို​သည်​ကား၊ ခ​ရစ်​တော်​ကို​ရည်​မှတ်၍ ဘု​ရား​သ​ခင် တည်​စေ​တော်​မူ​နှင့်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​နှစ်​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ နောက်​ဖြစ်​သော ပ​ညတ်​တ​ရား​သည် မ​ပယ်​နိုင်။ က​တိ​တော်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​နိုင်။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 18,
      "text": "ထို​မှ​တစ်​ပါး၊ အ​မွေ​တော်​သည် ပ​ညတ်​တ​ရား​နှင့် စပ်​ဆိုင်​လျှင် က​တိ​တော်​နှင့်​မ​စပ်​ဆိုင်။ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အား​ဖြင့် အာ​ဗြ​ဟံ​အား ထို​အ​မွေ​တော်​ကို သ​နား​တော်​မူ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 19,
      "text": "သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း ဟူ​မူ​ကား၊ က​တိ​တော်​ကို​ခံ​သော အ​မျိုး​အ​နွယ် မ​ဖြစ်​မီ​တိုင်​အောင်၊ ဒု​စ​ရိုက်​များ​ကြောင့် ထို​တ​ရား​ကို ထပ်၍ ပေး​တော်​မူ၏။ ထို​တ​ရား​ကို ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် အာ​မ​ခံ၏ လက်၌​ထား​တော်​မူ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 20,
      "text": "အာ​မ​ခံ​မည်​သည်​ကား၊ တစ်​ဖက်​နှင့်​သာ ဆိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​မူ​ကား တစ်​ဖက်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 21,
      "text": "သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်၏ က​တိ​တော်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​လော။ ထို​သို့ မ​ဖြစ်​နိုင်​ရာ။ အ​သက်​ရှင်​စေ​နိုင်​သော ပ​ညတ်​တ​ရား​ကို ပေး​တော်​မူ​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် ထို​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​ကို​ရ​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 22,
      "text": "ယ​ခု​မူ​ကား၊ ယုံ​ကြည်​သော​သူ​တို့​သည် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​နှင့် စပ်​ဆိုင်​သော က​တိ​တော်​ကို ရ​မည်​အ​ကြောင်း ကျမ်း​စာ​သည် လူ​အ​ပေါင်း​တို့​ကို အ​ပြစ်၌​ချုပ်​ထား၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 23,
      "text": "ယုံ​ကြည်​ခြင်း​တ​ရား​မ​ရောက်​မီ ပ​ညတ်​တ​ရား​သည် စောင့်​နေ​သည်​ဖြစ်၍၊ ထို​အ​ခါ​ငါ​တို့​သည် နောက်၌ ထင်​ရှား​လ​တ္တံ့​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို မျှော်​လ​င့်၍ ချုပ်​ထား​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 24,
      "text": "ထို​ကြောင့် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​စေ​ခြင်း​ငှာ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​ထံ​သို့ ငါ​တို့​ကို​ပို့​ဆောင်၍ ငါ​တို့၏ အ​ထိန်း​ဖြစ်​သ​တည်း။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 25,
      "text": "ယုံ​ကြည်​ခြင်း​တ​ရား​သည် ရောက်​လာ​သော​အ​ခါ၊ ငါ​တို့​သည် ထို​အ​ထိန်း​လက်​မှ လွတ်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 26,
      "text": "အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 27,
      "text": "ခ​ရစ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 28,
      "text": "ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 3,
      "verse": 29,
      "text": "ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 1,
      "text": "တစ်​ဖန်​တုံ၊ အ​မွေ​ခံ​မည်​သည်​ကား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ပိုင်​ထိုက်​သော​သူ ဖြစ်​သော်​လည်း၊ အ​ရွယ်​မ​ရောက်​မီ ကာ​လ​ပတ်​လုံး အ​စေ​အ​ပါ​ကျွန်​နှင့် တူ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 2,
      "text": "အ​ဘ​စီ​ရင်​နှင့်​သော အ​ချိန်​ကာ​လ မ​ရောက်​မီ​တိုင်​အောင် အ​စောင့်​အ​ထိန်း အ​အုပ်​အ​ချုပ်​တို့ လက်၌ ရှိ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 3,
      "text": "ထို​နည်း​တူ​ငါ​တို့​သည် အ​ရွယ်​မ​ရောက်​မီ လော​ကီ​တ​ရား​နု​လက်၌ ကျွန်​ခံ​ရ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 4,
      "text": "အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 5,
      "text": "ပ​ညတ်​တ​ရား​လက်၌​ရှိ​သော ငါ​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ၊ မိန်း​မ​ဝမ်း၌ ပ​ဋိ​သ​န္ဓေ​ယူ၍ ပ​ညတ်​တ​ရား​အောက်၌ ဖွား​မြင်​ရ​သော သား​တော်​ကို ဘု​ရား​သ​ခင်​သည် စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 6,
      "text": "ထို​သို့​သင်​တို့​သည် သား​ဖြစ်​သော​ကြောင့် အ​ဗ္ဗ​အ​ဘ​ဟု ခေါ်​တတ်​သော သား​တော်၏​ဝိ​ညာဉ်​တော်​ကို သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 7,
      "text": "သို့​ဖြစ်၍ သင်​တို့​သည် နောက်​တစ်​ဖန် အ​စေ​အ​ပါ​ကျွန် မ​ဖြစ်၊ သား​ပင် ဖြစ်​ကြ၏။ သား​ဖြစ်​လျှင် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 8,
      "text": "သို့​သော်​လည်း အ​ထက်​က သင်​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​အ​ခါ၊ ဇာ​တိ​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 9,
      "text": "ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 10,
      "text": "နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​ကာ​လ​များ​ကို စောင့်​ကြ​ပြီ​တ​ကား။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 11,
      "text": "ငါ​သည်​သင်​တို့​ဆီ​မှာ အ​ချည်း​နှီး ကြိုး​စား​အား​ထုတ်​သည်​ဟု သင်​တို့၏​အ​ကြောင်း​ကြောင့် စိုး​ရိမ် လျက်​ရှိ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 12,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​ကဲ့​သို့​ငါ​ဖြစ်၏။ ငါ​ကဲ့​သို့ သင်​တို့​ဖြစ်​ကြ​လော့​ဟု ငါ​တောင်း​ပန်၏။ သင်​တို့​သည် ငါ့​ကို အ​လျှင်း​မ​ပြစ်​မှား​ကြ။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 13,
      "text": "ငါ​သည် ကိုယ်​နာ​ခြင်း​ရော​ဂါ​နှင့်​တ​ကွ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား အ​ထက်​က ဟော​ပြော​ကြောင်း​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 14,
      "text": "ကိုယ်​ကာ​ယ၌​ငါ​ခံ​ရ​သော စုံ​စမ်း​ခြင်း​ကို သင်​တို့​သည် မ​ထီ​မဲ့​မြင်​မ​ပြု၊ ငါ့​ကို​မ​ပယ်၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန် ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ကဲ့​သို့​လည်း​ကောင်း၊ လက်​ခံ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 15,
      "text": "သို့​ဖြစ်​လျှင် သင်​တို့​ခံ​ရ​သော​မင်္ဂ​လာ​ကား အ​ဘယ်​မင်္ဂ​လာ​နည်း။ အ​ထက်​က ကိုယ်​မျက်​စိ​ကို​ထုတ်၍ ငါ့​အား ပေး​နိုင်​လျှင်၊ ပေး​ခြင်း​ငှာ သင်​တို့​အ​လို​ရှိ​သည်​ဟု ငါ​သက်​သေ​ခံ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 16,
      "text": "ယ​ခု​မူ​ကား၊ ငါ​သည် သ​မ္မာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​ကြောင့် သင်​တို့၏​ရန်​သူ ဖြစ်​သ​လော။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 17,
      "text": "သူ​တ​ထူး​တို့​သည် သင်​တို့​ကို အ​လွန်​ချစ်​ကြ​သည် မှန်​စေ​တော့။ လျောက်​ပတ်​စွာ ချစ်​ကြ​သည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တို့​ကို အ​လွန်​ချစ်​မည်​အ​ကြောင်း၊ သူ​တို့​သည် သင်​တို့​ကို ပယ်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 18,
      "text": "သို့​သော်​လည်း သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​စဉ်​တွင်​သာ ကောင်း​သော​အ​ရာ​ကို အ​လွန်​ချစ်​အပ်​သည် မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​လွန်​ချစ်​အပ်၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 19,
      "text": "ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌ တည်​လျက် ရှိ​တော်​မူ​သည်​တိုင်​အောင် သင်​တို့​အ​ဖို့ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​ခံ​ရ​သော ငါ့​ချစ်​သား​တို့၊-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 20,
      "text": "သင်​တို့​ကို ငါ​ယုံ​မှား​ခြင်း​ရှိ​သော​ကြောင့်၊ ယ​ခု သင်​တို့​ကို ကိုယ်​တိုင်​တွေ့၍ ထူး​ခြား​သော​စ​ကား​ကို ပြော​ခြင်း​ငှာ အ​လို​ရှိ၏။"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 21,
      "text": "ပ​ညတ်​တ​ရား​အောက်၌ နေ​ချင်​သော​သူ​တို့၊ သင်​တို့​သည် ပ​ညတ်​တ​ရား​ကို နား​မ​လည်​ကြ​သ​လော။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 22,
      "text": "ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​ကား၊ အာ​ဗြ​ဟံ၌ သား​နှစ်​ယောက်​ရှိ၏။ သား​တစ်​ယောက်​ကား၊ ကျွန်​မ၏​သား​ဖြစ်၏။ တစ်​ယောက်​ကား ကျွန်​မ​မ​ဟုတ်​သော မိန်း​မ၏​သား​ဖြစ်၏​ဟု လာ​သ​တည်း။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 23,
      "text": "ကျွန်​မ၏​သား​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။ ကျွန်​မ​ဟုတ်​သော မိန်း​မ၏​သား​သည် က​တိ​တော်​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 24,
      "text": "ထို​အ​ကြောင်း​အ​ရာ​ကို ပုံ​ပ​မာ​အား​ဖြင့်​ဆို​သော်၊ ထို​မိန်း​မ​နှစ်​ယောက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​နှစ်​ပါး​ကို ဆို​လို​သ​တည်း။ ဟာ​ဂ​ရ​အ​မည်​ရှိ​သော မိန်း​မ​တည်း​ဟူ​သော ပ​ဋိ​ညာဉ်​တ​ရား​တစ်​ပါး​သည် သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်၍၊ ကျွန်​များ​ကို ဖွား​တတ်​သော​တ​ရား​ဖြစ်၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 25,
      "text": "အ​ကြောင်း​မူ​ကား၊ ဟာ​ဂ​ရ​သည် အာ​ရပ်​ပြည်၌​ရှိ​သော သိ​နာ​တောင်​ဖြစ်၏။ ယ​ခု​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် တူ၏၊ မိ​မိ​သား​များ​နှင့်​တ​ကွ ကျွန်​ခံ​ရ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 26,
      "text": "အ​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ခပ်​သိမ်း​သော ငါ​တို့၏ အ​မိ​တည်း​ဟူ​သော ကျွန်​မ မ​ဟုတ်​သော မိန်း​မ​ဖြစ်​သ​တည်း။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 27,
      "text": "ကျမ်း​စာ​လာ​သည်​ကား၊ သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော​မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော မိန်း​မ​ထက် သာ၍​များ​သော သား​တို့​ကို ဖွား​မြင်​ပြီ​ဟု လာ​သ​တည်း။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 28,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဣ​ဇာက်​ကဲ့​သို့ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော သား​ဖြစ်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 29,
      "text": "ထို​အ​ခါ ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွား​သော​သား​ကို ညှ​ဥ်း​ဆဲ​သ​ကဲ့​သို့၊ ထို​နည်း​တူ ယ​ခု​ပင်​ဖြစ်၏။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 30,
      "text": "သို့​သော်​လည်း အ​ဘယ်​သို့ ကျမ်း​စာ​လာ​သ​နည်း ဟူ​မူ​ကား၊ ကျွန်​မ​နှင့်​သူ၏​သား​ကို နှင်​ထုတ်​လော့။ ကျွန်​မ၏​သား​သည် ကျွန်​မ မ​ဟုတ်​သော မိန်း​မ၏​သား​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု​လာ​သ​တည်း။-"
    },
    {
      "book": 48,
      "chapter": 4,
      "verse": 31,
      "text": "ယ​ခု​တွင် ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ကျွန်​မ၏ သား​မ​ဟုတ်၊ ကျွန်​မ မ​ဟုတ်​သော မိန်း​မ၏​သား ဖြစ်​ကြ၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 1,
      "text": "ထို​ကြောင့် ခ​ရစ်​တော်​သည် ငါ​တို့​ကို လွှတ်​တော်​မူ​သော လွှတ်​ခြင်း​အ​ခွင့်၌ တည်​နေ​သ​ဖြင့်၊ ကျွန်​ခံ​ရာ ထမ်း​ပိုး​ကို​ထမ်း၍ ချည်​နှောင်​ခြင်း​ကို တစ်​ဖန် မ​ခံ​ကြ​နှင့်။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 2,
      "text": "ငါ​ပေါ​လု​ဆို​သည်​ကား၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​လျှင်၊ ခ​ရစ်​တော်​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ရ​နိုင်​ကြ။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 3,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​လူ​အ​ပေါင်း​တို့​အား ငါ​တစ်​ဖန် သက်​သေ​ခံ​သည်​ကား၊ ထို​သို့​သော​သူ​သည် ပ​ညတ်​တ​ရား​ကို အ​ကြွင်း​မဲ့​ကျင့်​အံ့​သော​ငှာ ကြွေး​တင်​သော​သူ ဖြစ်၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 4,
      "text": "ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သ​မျှ​သော သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ကွာ၍ ကျေး​ဇူး​တ​ရား၌​မ​တည်၊ ရွေ့​လျော့​ကြ​ပြီ။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 5,
      "text": "ငါ​တို့​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​ဟု မျှော်​လ​င့်​သော​ကျေး​ဇူး​တော်​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငံ့​လင့်၍​နေ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 6,
      "text": "ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ၊ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ မေ​တ္တာ​အား​ဖြင့် ပြု​ပြင်​တတ်​သော ယုံ​ကြည်​ခြင်း​သာ အ​ကျိုး​ရှိ၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 7,
      "text": "အ​ထက်​က​သင်​တို့​သည် ကောင်း​မွန်​စွာ ပြေး​ကြ၏။ သို့​ဖြစ်၍ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ ဆီး​တား​သ​နည်း။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 8,
      "text": "ယ​ခု​ယူ​သော​အ​ယူ​ကား၊ သင်​တို့​ကို ခေါ်​တော်​မူ​သော သူ၏​ဩ​ဝါ​ဒ​ကို အ​မှီ​ပြု၍ ယူ​သော​အ​ယူ​မ​ဟုတ်။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 9,
      "text": "အ​နည်း​ငယ်​သော​တ​ဆေး​သည် မုန့်​စိမ်း​တစ်​ပုံ​လုံး​ကို ဖောင်း​ကြွ​စေ​တတ်၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 10,
      "text": "သင်​တို့​သည် ကွဲ​ပြား​သော​အ​ယူ​ရှိ​သ​မျှ​ကို ပယ်​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို ငါ​အ​မှီ​ပြု၍ စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​သော သူ​မည်​သည်​ကား၊ မိ​မိ အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 11,
      "text": "တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​သေး​သည်​မှန်​လျှင်၊ အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သေး​သ​နည်း။ ထို​သို့ဟောပြော​လျှင်၊ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ပယ်​ရှင်း​လျက်​ရှိ၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 12,
      "text": "သင်​တို့​ကို မှောက်​မှား​စေ​သော​သူ​တို့​ကို ပယ်​ရှား​နှင်​ထုတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 13,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 15,
      "text": "သို့​မ​ဟုတ် အ​ချင်း​ချင်း​ကိုက်​စား​လျှင် အ​ချင်း​ချင်း ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်၍ သ​တိ​ရှိ​ကြ​လော့။"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 16,
      "text": "ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 18,
      "text": "သို့​သော်​လည်း ဝိ​ညာဉ်​ပ​က​တိ​အ​လို​သို့ လိုက်​လျှင် ပ​ညတ်​တ​ရား​နှင့် လွတ်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 19,
      "text": "ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 20,
      "text": "ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 21,
      "text": "သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 22,
      "text": "ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 23,
      "text": "နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 24,
      "text": "ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 25,
      "text": "သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 48,
      "chapter": 5,
      "verse": 26,
      "text": "အ​ချည်း​နှီး​သော ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​ခြင်း၊ အ​ချင်း​ချင်း ချုပ်​ချယ်​နှောင့်​ယှက်​ခြင်း၊ အ​ချင်း​ချင်း ငြူ​စူ​ခြင်း​တို့​ကို ရှောင်၍​နေ​ကြ​ကုန်​အံ့။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 2,
      "text": "ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 3,
      "text": "အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 4,
      "text": "လူ​တိုင်း ကိုယ်​တိုင်​ပြု​သော​အ​မှု​ကို စစ်​ကြော​စေ။ သို့​ပြု​လျှင် သူ​တစ်​ပါး၌​မ​ဆို​ဘဲ ကိုယ်၌​သာ ဝါ​ကြွား ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ရှိ​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 5,
      "text": "အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 6,
      "text": "နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 7,
      "text": "အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 8,
      "text": "မိ​မိ​ဇာ​တိ​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ပုပ်​ပျက်​ခြင်း​အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိ​ညာဉ်​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဝိ​ညာဉ်​ပ​က​တိ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 9,
      "text": "ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 10,
      "text": "ထို​ကြောင့်​ငါ​တို့​သည် အ​ဆင်​သင့်​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၏ အိမ်​သူ​အိမ်​သား​တို့၌ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​လျက်၊ ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​ကုန်​အံ့။"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 11,
      "text": "အ​ဘယ်​မျှ​လောက်​ကြီး​သော​စာ​ကို ကိုယ်​လက်​နှင့် သင်​တို့​အား ငါ​ရေး​လိုက်​သည်​ကို သင်​တို့​မြင်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 12,
      "text": "မိ​မိ​တို့​အ​သွေး​အ​ဆင်း တင့်​တယ်​စေ​ချင်​သော သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကြောင့် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​နှင့် မိ​မိ​တို့​ကင်း​လွတ်​လို၍၊ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် သွေး​ဆောင်​တတ်​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 13,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည် ပ​ညတ်​တ​ရား​ကို ကိုယ်​တိုင်​မ​ကျင့်​သည်​ဖြစ်၍၊ သင်​တို့၏ အ​သွေး​အ​ဆင်း​ကို အ​မှီ​ပြု​လျက်​ဝါ​ကြွား​လို၍ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 14,
      "text": "ငါ​ဖြစ်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ၌​မျှ ဝါ​ကြွား​ခြင်း​မ​ရှိ ပါ​စေ​နှင့်။ ထို​လက်​ဝါး​ကပ်​တိုင်​တော်​မှာ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ရှိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက်​ရှိ၏။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ သ​တ္တ​ဝါ​သစ်​ဖြစ်​ခြင်း​သာ အ​ကျိုး​ရှိ၏။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 16,
      "text": "ဤ​နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း ကျင့်​သော​သူ​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါ်၌​လည်း​ကောင်း၊ ငြိမ်​သက်​ခြင်း​နှင့် သ​နား​တော်​မူ​ခြင်း သက်​ရောက်​ပါ​စေ​သော။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 17,
      "text": "ယ​ခု​မှ​စ၍ အ​ဘယ်​သူ​မျှ ငါ့​ကို မ​နှောင့်​ယှက်​စေ​နှင့်။ ငါ့​ကိုယ်၌ သ​ခင်​ယေ​ရှု၏​ဒဏ်​ချက်​ရာ​ကို ငါ​ဆောင်၏။-"
    },
    {
      "book": 48,
      "chapter": 6,
      "verse": 18,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု၏ ကျေး​ဇူး​တော်​သည် သင်​တို့၏​စိတ်​နှ​လုံး၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ဧ​ဖက်​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​သူ​တို့​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 2,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 4,
      "text": "ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 5,
      "text": "ထို​ဘု​ရား​သ​ခင်​သည် ချစ်​တော်​မူ​သော သား​တော်​ကြောင့်၊ ငါ​တို့​အား ပေး​တော်​မူ​သော ကျေး​ဇူး​တော်၏ ဘုန်း​အ​သ​ရေ​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သား​အ​ရာ​ကို ရ​မည်​အ​ကြောင်း၊ အ​လို​တော်​ရှိ​သော စေ​တ​နာ​အ​တိုင်း ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 7,
      "text": "ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​သည် နှ​လုံး​သွင်း​တော်​မူ​သော စေ​တ​နာ​တော်​နှင့် လျော်​သော အ​လို​တော်၏ နက်​နဲ​သော​အ​ရာ​ကို ငါ​တို့​အား ပြ​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 10,
      "text": "ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 11,
      "text": "မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​ကို မျှော်​လင့်​နှင့်​သော ငါ​တို့​အား​ဖြင့် ဘုန်း​တော်​ကို ချီး​မွမ်း​စေ​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 13,
      "text": "သင်​တို့​သည်​လည်း ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 14,
      "text": "ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 15,
      "text": "ထို​ကြောင့် သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ခြင်း​အ​ကြောင်း​ကို ငါ​သည်​ကြား​ပြီး​လျှင်၊-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 16,
      "text": "သင်​တို့​ကို​အ​ကြောင်း​ပြု၍ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 17,
      "text": "ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 18,
      "text": "ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 19,
      "text": "ယုံ​ကြည်​သော​ငါ​တို့၌ ပြ​တော်​မူ​သော အ​လွန်​ကြီး​လှ​စွာ​သော တန်​ခိုး​တော်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​သိ​စေ​ခြင်း​ငှာ၊ သင်​တို့၏ ဉာဏ်​မျက်​စိ​ကို လင်း​စေ​ပါ​မည်​အ​ကြောင်း ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 20,
      "text": "ထို​တန်​ခိုး​တော်​ကား၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ၍ ခ​ရစ်​တော်၌​ပြု​ပြင်​သော မ​ဟာ​တန်​ခိုး အာ​နု​ဘော်​အ​ရှိန်​ကဲ့​သို့​ဖြစ်၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 21,
      "text": "ခပ်​သိမ်း​သော အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်၊ တန်​ခိုး၊ အ​စိုး​ရ​ခြင်း​မှ​စ၍ ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ ခေါ်​ဝေါ်​သ​မုတ်​သော ဘွဲ့​နာ​မ​အ​လုံး​စုံ​တို့​အ​ထက်၊ ကောင်း​ကင်​အ​ရပ်၌ မိ​မိ​လက်​ယာ​တော်​ဘက်​မှာ အ​လွန်​မြင့်​မြတ်​သော​နေ​ရာ​ကို ခ​ရစ်​တော်​အား ပေး​တော်​မူ၍၊-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 22,
      "text": "ခြေ​ဖ​ဝါး​တော်​အောက်​သို့ အ​လုံး​စုံ​တို့​ကို ချ​ထား​သ​ဖြင့်၊ အ​သင်း​တော်​အ​ဖို့​အ​လို​ငှာ၊ သူ့​ကို​အ​လုံး​စုံ​တို့၏ အ​ချုပ်​အ​ခြာ ဦး​ခေါင်း​ဖြစ်​စေ​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 1,
      "verse": 23,
      "text": "ထို​အ​သင်း​တော်​ကား၊ အ​လုံး​စုံ​တို့​ကို အ​လုံး​စုံ​တို့​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​သူ၏ ပြည့်​စုံ​ခြင်း​တည်း​ဟူ​သော ခ​ရစ်​တော်၏​ကိုယ် ဖြစ်​သ​တည်း။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 1,
      "text": "သင်​တို့​သည် အ​ထက်​က လော​ကီ​တ​ရား​သို့​လိုက်၍ အာ​ကာ​သ​ကောင်း​ကင်၏ တန်​ခိုး​ကို အ​စိုး​ရ​သော မင်း​တည်း​ဟူ​သော ငြင်း​ဆန်​သော သူ​တို့၌ ပြု​ပြင်​သော ဝိ​ညာဉ်၏​အ​လို​နှင့်​အ​ညီ၊ ဒု​စ​ရိုက်​အ​ပြစ်​တို့၌ ကျင်​လည်​ကြ၍၊ ထို​ဒု​စ​ရိုက်​အ​ပြစ်၌ သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို​ပင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​တော်​မူ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 3,
      "text": "ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 4,
      "text": "သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 5,
      "text": "ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 6,
      "text": "ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ကို ထ​မြောက်​စေ၍ ကောင်း​ကင်​အ​ရပ်၌ နေ​ရာ​ပေး​တော်​မူ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​အား​ဖြင့် ငါ​တို့၌ ကျေး​ဇူး​ပြု၍၊ ကျေး​ဇူး​တော်၏ အ​လွန်​ကြွယ်​ဝ​ခြင်း​ကို နောင်​ကပ်​ကာ​လ​တို့၌ ထင်​ရှား​စေ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 8,
      "text": "ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 9,
      "text": "ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 10,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 11,
      "text": "ထို​ကြောင့်၊ လက်​ဖြင့် ကိုယ်​ကာ​ယ၌​ပြု​သော ဝေါ​ဟာ​ရ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့ ခေါ်​ဝေါ် သော​အား​ဖြင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သော သာ​သ​နာ​ပ​လူ​တို့​အ​ထဲ၌ သင်​တို့​သည် အ​ထက်​က ပ​က​တိ​အ​တိုင်း ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 12,
      "text": "ထို​အ​ခါ သင်​တို့​သည် ခ​ရစ်​တော်​ကို​မ​သိ၊ ဣ​သ​ရေ​လ​အ​ပေါင်း၌ မ​ဝင်၊ က​တိ​တော်​ပါ​သော ပ​ဋိ​ညာဉ် တ​ရား​တို့​နှင့်​မ​ဆိုင်၊ မျှော်​လ​င့်​ခြင်း​မ​ရှိ၊ လော​က၌ ဘု​ရား​မဲ့ နေ​ကြ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 13,
      "text": "သင်​တို့​သည် အ​ထက်​က ဝေး​လျက်​ရှိ​သော်​လည်း၊ ယ​ခု​မှာ ယေ​ရှု​ခ​ရစ်၌​ဖြစ်၍ အ​သွေး​တော်​အား​ဖြင့် အ​နီး​သို့ ရောက်​ကြ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 14,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 15,
      "text": "ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျက်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ရန်​ကို ငြိမ်း​စေ​ပြီး​လျှင်၊-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 16,
      "text": "ကိုယ်​တော်၌ ထို​လူ​နှစ်​စု​တို့​ကို လူ​သစ်​တစ်​ဦး တစ်​ကိုယ်​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပြင်​ဆင်၍၊ တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပြီး​သော ထို​လူ​နှစ်​စု​တို့​ကို၊ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် ရန်​ကို သတ်​ဖြတ်​လျက်၊ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 17,
      "text": "ထို​ခ​ရစ်​တော်​သည်​လည်း ကြွ​လာ၍၊ ဝေး​လျက်​ရှိ​သော သင်​တို့​အား​လည်း​ကောင်း၊ နီး​လျက်​ရှိ​သော ငါ​တို့​အား​လည်း​ကောင်း၊ ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 18,
      "text": "ထို​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​နှစ်​ဦး​သည် စိတ်​ဝိ​ညာဉ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ ခ​မည်း​တော်​ထံ​သို့ တိုး​ဝင်​ရ​မည်​အ​ခွင့်​ကို ရ​ကြ​ပြီ။"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 19,
      "text": "ထို​ကြောင့်၊ သင်​တို့​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား မ​ဟုတ်၊ ဧည့်​သည်​လည်း မ​ဟုတ်၊ သန့်​ရှင်း​သူ​တို့၏ အ​မျိုး​သား​ချင်း ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​အိမ်​တော်​သား​လည်း ဖြစ်​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 20,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ တ​မန်​တော်​တို့​မှ​စ၍ ပ​ရော​ဖက်​များ​တည်း​ဟူ​သော တိုက်​မြစ်​အ​ပေါ်၌ သင်​တို့​သည် ထပ်​ဆင့်၍ တည်​ဆောက်​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 21,
      "text": "ထို​တိုက်​ထောင့်​အ​မြစ်​ကျောက်​ကား၊ ယေ​ရှု​ခ​ရစ်​ဖြစ်​သ​တည်း။ ထို​ကျောက်​နှင့် တစ်​တိုက်​လုံး​သည် စေ့​စပ်၍ ကြီး​ပွား​သ​ဖြင့်၊ သ​ခင်​ဘု​ရား​အ​ဖို့ အ​လို​ငှာ သန့်​ရှင်း​သော ဗိ​မာန်​တော်​ဖြစ်၏။-"
    },
    {
      "book": 49,
      "chapter": 2,
      "verse": 22,
      "text": "ထို​ဗိ​မာန်​တော်၌​လည်း၊ ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ကျိန်း​ဝပ်​တော်​မူ​ခြင်း​အ​လို​ငှာ၊ သင်​တို့​သည် ငါ​တို့​နှင့်​အ​တူ တည်​ဆောက်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 1,
      "text": "ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 2,
      "text": "သင်​တို့​အ​ကျိုး​ကို ထောက်၍ ငါ့​အား​အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သာ​သ​နာ​ကို သင်​တို့ ကြား​သိ​ရ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​ဖြစ်​သော သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ၏။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 3,
      "text": "ကျေး​ဇူး​တော်​သာ​သ​နာ​ကို အပ်​ပေး​သည် အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​သည်​အ​ထက်​က အ​နည်း​ငယ် ရေး​ထား​ခဲ့​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရာ​ကို ငါ့​အား​ပြ​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 4,
      "text": "ထို​စ​ကား​ကို​ဖတ်​ရွတ်​လျှင်၊ ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ၌ ငါ​လေ့​ကျက်​သည်​ကို သင်​တို့​သည် သိ​ရ​ကြ​မည်။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 5,
      "text": "ထို​နက်​နဲ​သော​အ​ရာ​ကို သန့်​ရှင်း​သော တ​မန်​တော်​တို့​နှင့် ပ​ရော​ဖက်​တို့​အား၊ ယ​ခု​ကာ​လ၌ ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွင့်​လှစ်​တော်​မူ​သည်​နည်း​တူ၊ အ​ခြား​သော​ကာ​လ​တို့၌ လူ​မျိုး​တို့​အား ပြ​တော်​မ​မူ။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 6,
      "text": "ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ယု​ဒ​လူ​မျိုး​တို့​နှင့်​အ​တူ အ​မွေ​ခံ၍၊ တစ်​လုံး​တစ်​ဝ တစ်​ကိုယ်​တည်း​ဖြစ်​လျက်၊ ခ​ရစ်​တော်​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ဆက်​ဆံ​ရ​ကြ​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 7,
      "text": "တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့် ငါ့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ထို​တ​ရား​ကို ဟော​ပြော​သော ဆ​ရာ၏​အ​ဖြစ်​သို့ ငါ​ရောက်​ရ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 8,
      "text": "စစ်၍​မ​ကုန်​နိုင်​သော ခ​ရစ်​တော်၏ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုံး​စုံ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၌ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော ထို​နက်​နဲ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော သာ​သ​နာ​သည် အ​ဘယ်​သို့ ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော ငါ​အား ထို​ကျေး​ဇူး​တော်​ကို ပေး​တော်​မူ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 10,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို အ​ကြောင်း​ပြု၍ ထာ​ဝ​ရ​အ​ကြံ​တော် ရှိ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​အ​ရပ်​တို့၌ အ​ထွဋ်​အ​မြတ် အာ​ဏာ​စက်​တို့​သည်၊ ဘု​ရား​သ​ခင်၏ ထူး​ဆန်း​သော ပ​ညတ်​တော်​ကို အ​သင်း​တော်​အား​ဖြင့် ယ​ခု​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 12,
      "text": "ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့်​တိုး​ဝင်၍ အ​သ​နား​တော်​ခံ​ရ​သော အ​ခွင့်​ကို​ရ​ကြ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 13,
      "text": "ထို​ကြောင့် သင်​တို့၏​အ​သ​ရေ​ကို ပြု​စု၍ သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​မြင်​လျှင်၊ ရွေ့​လျော့​သော စိတ်​မ​ရှိ​ကြ​ပါ​စေ​နှင့်။"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 14,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​ကြောင့်၊ ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တစ်​အိမ်​ထောင်​လုံး တည်း​ဟူ​သော သား​တော်​အ​ပေါင်း​တို့၏ အ​ချုပ်​အ​ခြာ​ဖြစ်​တော်​မူ​သော၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ရှေ့​မှာ ငါ​သည် ဒူး​ထောက်၍ ဆု​တောင်း​လေ့​ရှိ၏။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 16,
      "text": "ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 17,
      "text": "ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 18,
      "text": "သင်​တို့​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ နည်း​တူ၊ အ​နံ​အ​လျား အ​နက်​အ​မြင့်​တို့​ကို ပိုင်း​ခြား၍ သိ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 19,
      "text": "ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 20,
      "text": "ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-"
    },
    {
      "book": 49,
      "chapter": 3,
      "verse": 21,
      "text": "ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သင်း​တော်၌ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 1,
      "text": "ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​သည် ခံ​ရ​သည်​နှင့် အ​ထိုက်​အ​လျောက် ကျင့်​ဆောင်​မည် အ​ကြောင်း၊ သ​ခင်​ဘု​ရား​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော ငါ​သည် သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 2,
      "text": "အ​ရာ​ရာ၌ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ မေ​တ္တာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် သည်း​ခံ​ခြင်း​ရှိ​ကြ၍၊-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 3,
      "text": "အ​သင့်​အ​တင့် ပေါင်း​ဖော်​ခြင်း အ​ဖွဲ့​အ​စည်း​အား​ဖြင့်၊ သင်​တို့​သည် အ​ချင်း​ချင်း စိတ်​သ​ဘော မ​ခြား​မ​နား တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 4,
      "text": "သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​တစ်​ပါး​ထဲ​သို့ ခေါ်​သွင်း​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​တစ်​ကိုယ်၊ ဝိ​ညာဉ်​တစ်​ဝိ​ညာဉ်​တည်း​ရှိ၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 5,
      "text": "သ​ခင်​တစ်​ပါး၊ ယုံ​ကြည်​ခြင်း​တစ်​ပါး၊ ဗ​တ္တိ​ဇံ​တစ်​ပါး၊-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 6,
      "text": "ခပ်​သိမ်း​သော ငါ​တို့၏​အ​ဘ​ဖြစ်​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပေါ်​မှာ​ရှိ​တော်​မူ၏။ ခပ်​သိမ်း​သော ငါ​တို့​ကို နှံ့​ပြား​တော်​မူ၏။ ခပ်​သိမ်း​သော ငါ​တို့၏​အ​ထဲ၌​လည်း ရှိ​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 7,
      "text": "သို့​သော်​လည်း ခ​ရစ်​တော်​သည် ဆု​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည် ကျေး​ဇူး​တော်​ကို အ​သီး​အ​သီး ကိုယ်​စီ​ခံ​ရ​ကြ​ပြီ။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 8,
      "text": "ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ၌​လာ​သည်​ကား၊ မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို ဖမ်း​သွား​တော်​မူ၍၊ လူ​တို့​အား ဆု​လာဘ်​များ​ကို ပေး​တော်​မူ​သည်​ဟု လာ​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 9,
      "text": "တက်​ကြွ​တော်​မူ​သည်​ဟု ဆို​သော်၊ အ​စ​စွာ မြေ​ကြီး​အောက်​အ​ရပ်​သို့ ဆင်း​သက်​တော်​မူ​ကြောင်း​ကို ရည်​မှတ်၍​ဆို​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 10,
      "text": "ဆင်း​သက်​တော်​မူ​သော​သူ​သည် အ​ခြား​သော​သူ မ​ဟုတ်၊ အ​လုံး​စုံ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ခပ်​သိမ်း​သော ကောင်း​ကင်​တို့၏အ​ထွတ်​ကို လွန်၍ တက်​ကြွ​တော်​မူ​သော သူ​ဖြစ်​သ​တည်း။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 11,
      "text": "ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 12,
      "text": "သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 13,
      "text": "ငါ​တို့​ရှိ​သ​မျှ​သည် ယုံ​ကြည်​ခြင်း​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​သား​တော်​ကို သိ​ကျွမ်း​ခြင်း​သို့​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း​ရောက်၍ ခ​ရစ်​တော်၏ ပြည့်​စုံ​ခြင်း​ပ​မာ​ဏ အ​ရပ်​တည်း​ဟူ​သော ကြီး​ရင့်​သော လူ​တို့၏​အ​ဖြစ်​သို့ ရောက်​ကြ​သည်​တိုင်​အောင် ဖြစ်​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တစ်​ပါး​တို့​သည် လူ​ပ​ရိ​ယာယ်​နှင့်​အ​ပြစ်​သို့ သွေး​ဆောင်​ခြင်း​ငှာ လှည့်​ဖြား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် နောက်​တစ်​ဖန် ခပ်​သိမ်း​သော ဩ​ဝါ​ဒ လေ​တိုက်၍ ဖ​ရို​ဖ​ရဲ​လွင့်​သွား​သော သူ​ငယ်​မ​ဖြစ်​ဘဲ​လျက်၊-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 15,
      "text": "မေ​တ္တာ​စိတ်​နှင့်​သ​မ္မာ​တ​ရား​ကို ဟော​ပြော​သ​ဖြင့်၊ ဦး​ခေါင်း​တည်း​ဟူ​သော ခ​ရစ်​တော်​မှာ အ​ရာ​ရာ​တို့၌ ကြီး​ပွား​ကြ​မည် အ​ကြောင်း​တည်း။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 16,
      "text": "ထို​ဦး​ခေါင်း​မှ၊ အ​ဆစ်​အ​ပိုင်း​များ​တို့​သည် အား​ဖြည့်​သ​ဖြင့်၊ တစ်​ကိုယ်​လုံး​သည် စေ့​စပ်​ထုံး​ဖွဲ့​လျက်၊ အ​သီး​အ​သီး​အင်္ဂါ​များ ကိုယ်​ငန်း​ကိုယ်​တာ​အ​တိုင်း ပြု​ပြင်​သည်​နှင့်​အ​ညီ၊ မိ​မိ​ကိုယ်​ကို မေ​တ္တာ၌ တည်​ဆောက် ခြင်း​ငှာ ကြီး​ပွား​စေ​တတ်၏။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 17,
      "text": "ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 18,
      "text": "ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 19,
      "text": "ထို​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ၊ တပ်​မက်​ခြင်း အ​လွန်​ပြင်း​သည်​နှင့် ညစ်​ညူး​သော​အ​ကျင့် အ​မျိုး​မျိုး​ကို ကြိုး​စား၍ ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​ကို ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 20,
      "text": "ထို​သို့​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​သည် ခ​ရစ်​တော်​တ​ရား​ကို သင်​ကြ​ပြီ​မ​ဟုတ်​ဘဲ၊-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 21,
      "text": "အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 25,
      "text": "ထို​ကြောင့် မု​သား​စ​ကား​ကို​ပယ်​ရှား၍၊ မှန်​သော​စ​ကား​ကို​သာ အ​ချင်း​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​ချင်း​ချင်း အင်္ဂါ​ချင်း​ဖြစ်​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 26,
      "text": "အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 27,
      "text": "အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​နှင့်။ မာရ်​နတ်​ကို အ​ခွင့်​မ​ပေး​ကြ​နှင့်။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 28,
      "text": "ခိုး​တတ်​သော​သူ​သည် နောက်​တစ်​ဖန် မ​ခိုး​ဘဲ၊ ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန် ရှိ​စေ​ခြင်း​ငှာ၊ မိ​မိ​လက်​နှင့် ကောင်း​သော​အ​လုပ်​ကို လုပ်​ဆောင်​အား​ထုတ်​စေ။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 29,
      "text": "ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 30,
      "text": "ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 31,
      "text": "ခပ်​သိမ်း​သော စိတ်​တို​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငေါ်​ခြင်း၊ သူ့​အ​သ​ရေ ပျက်​အောင်​ပြော​ဆို​ခြင်း တို့​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော မ​နာ​လို​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​မှ ပယ်​ရှား​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 4,
      "verse": 32,
      "text": "အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 1,
      "text": "ထို​သို့​သင်​တို့​သည် ဘု​ရား​သ​ခင်၏ ချစ်​သား​ဖြစ်​ကြ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ကျင့်​တော်​မူ​သည် နည်း​တူ ကျင့်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 2,
      "text": "ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 3,
      "text": "မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ အ​မျိုး​မျိုး​သော ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း အ​မှု​တို့​ကို သန့်​ရှင်း​သူ​တို့​သည် ရှောင်​သင့်​သည်​အ​တိုင်း၊ စ​ကား​ဖြင့်​မျှ မ​ဆက်​ဆံ​ကြ​နှင့်။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 4,
      "text": "မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 5,
      "text": "မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ညစ်​ညူး​စွာ ပြု​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ၌ အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့ သိ​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 6,
      "text": "လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 7,
      "text": "ထို​ကြောင့် သူ​တို့​နှင့် ဆက်​ဆံ၍ မ​ကျင့်​ကြ​နှင့်။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 8,
      "text": "အ​ထက်​ကာ​လ၌ သင်​တို့​သည် မှောင်​မိုက်​အ​တိ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သ​ခင်​ဘု​ရား၌ အ​လင်း​ဖြစ်​ကြ၏။ သို့​ဖြစ်၍ အ​လင်း၏​သား​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 9,
      "text": "အ​လင်း​တော်၏ အ​ကျိုး​မူ​ကား၊ အ​လုံး​စုံ​သော ကောင်း​မွန်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 10,
      "text": "သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 11,
      "text": "အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 13,
      "text": "အ​ပြစ်​ထင်​ရှား​သော​အ​ရာ ရှိ​သ​မျှ​တို့​သည် အ​လင်း​ဖြင့် ထင်​ရှား​ကြ၏။ ထင်​ရှား​စေ​တတ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း အ​လင်း​ဖြစ်၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 14,
      "text": "ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 15,
      "text": "ထို​ကြောင့် ပ​ညာ​မဲ့​ကဲ့​သို့​မ​ဟုတ်၊ ပ​ညာ​ရှိ​ကဲ့​သို့ စေ့​စေ့​မြေ့​မြေ့ ကျင့်​ဆောင်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 16,
      "text": "ယ​ခု နေ့​ရက်​ကာ​လ​တို့​သည် ဆိုး​ယုတ်​သော​ကြောင့် ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 17,
      "text": "ထို​ကြောင့် သ​တိ​မ​ရှိ​သော​သူ​မ​ဖြစ်၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​ရှိ​ရာ​ကို ပိုင်း​ခြား၍ သိ​သော​သူ ဖြစ်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 18,
      "text": "လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 19,
      "text": "ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 20,
      "text": "ခပ်​သိမ်း​သော​အ​ရာ​တို့၌ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို ထောက်၍၊ ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်​ခံ​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 21,
      "text": "ခ​ရစ်​တော်​ကို ခန့်​ညား​သော​အား​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် ကိုယ်​ကို နှိမ့်​ချ​လျက် နေ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 22,
      "text": "အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 23,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 24,
      "text": "အ​သင်း​တော်​သည် ခ​ရစ်​တော်၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ မိန်း​မ​တို့​လည်း ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို အ​ရာ​ရာ၌ ဝန်​ခံ​ရ​ကြ​မည်။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 25,
      "text": "အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 26,
      "text": "ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 28,
      "text": "ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 29,
      "text": "ကိုယ်​အ​သား​ကို မုန်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ သ​ကဲ့​သို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​အ​သား​ကို ကျွေး​မွေး​ပြု​စု​တတ်​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 30,
      "text": "အ​ကယ်​စင်​စစ် ငါ​တို့​သည် သ​ခင်​ဘု​ရား၏ အ​သား​တော်၊ အ​ရိုး​တော်​တို့​အ​ဝင်​ဖြစ်၍၊ ကိုယ်​တော်​မြတ်၏ အင်္ဂါ​ဖြစ်​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 31,
      "text": "ထို​အ​ကြောင်း အ​ကြောင့်​ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက် တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 32,
      "text": "ဤ​အ​ရာ​သည် အ​လွန်​နက်​နဲ​သော​အ​ရာ ဖြစ်​ပေ၏။ ထို​သို့​ငါ​ဆို​သော်၊ ခ​ရစ်​တော်​နှင့် အ​သင်း​တော်​ကို ရည်​မှတ်၍​ဆို​သ​တည်း။-"
    },
    {
      "book": 49,
      "chapter": 5,
      "verse": 33,
      "text": "သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 1,
      "text": "သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 2,
      "text": "မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 4,
      "text": "အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 5,
      "text": "အ​စေ​ခံ​ကျွန်​တို့၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့ ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ လော​ကီ​သ​ခင်၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 6,
      "text": "လူ​တို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ ခ​ရစ်​တော်၏ ကျွန်​ကဲ့​သို့ စေ​တ​နာ​စိတ်​နှင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို စောင့်၍၊-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 7,
      "text": "လူ၏​အ​စေ​ကို​သာ ခံ​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​စေ​ကို​ခံ​သ​ကဲ့​သို့ ကြည်​ညို​သော သ​ဘော​နှင့် အ​စေ​ကို​ခံ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 8,
      "text": "ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား၏ လက်​တော်​မှ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 9,
      "text": "သ​ခင်​တို့၊ ခြိမ်း​ခြောက်​ခြင်း​ကို ချုပ်​တည်း၍၊ ကိုယ်​ကျွန်​တို့​ကို ထို​နည်း​တူ​ပြု​ကြ​လော့။ သင်​တို့၏ သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​သ​ခင်​သည် အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ​သည်​ကို​လည်း​ကောင်း၊ သိ​မှတ်​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 10,
      "text": "ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 11,
      "text": "မာရ်​နတ်၏ ပ​ရိ​ယာယ်​တို့​ကို တား​ဆီး​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ဝတ်​ဆောင်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 13,
      "text": "ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 14,
      "text": "သ​စ္စာ​တည်း​ဟူ​သော ခါး​ပန်း​ကို​စည်း​လျက်၊ ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 15,
      "text": "ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 16,
      "text": "မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 17,
      "text": "ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​လည်း​ကောင်း ယူ​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 18,
      "text": "ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 19,
      "text": "ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​လျက်၊ သံ​တ​မန်​အ​မှု​ကို ပြု​ရ​သည်​ဖြစ်၍၊ ထို​တ​ရား၏ နက်​နဲ​သော​အ​ရာ​ကို ဖော်​ပြ​ခြင်း​ငှာ ငါ​သည်​နှုတ်​ကို ရဲ​ရင့်​စွာ ဖွင့်​လှစ်​ခြင်း​အ​ခွင့် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​တ​ရား​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ၊ ရဲ​ရင့်​စွာ​ဟော ပြော​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 21,
      "text": "သင်​တို့​သည် ငါ၌​ဖြစ်​သော အ​ကြောင်း​အ​ရာ​များ​ကို သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​ချစ်​သော​ညီ တု​ခိတ်​သည် အ​လုံး​စုံ​တို့​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 22,
      "text": "သင်​တို့​သည် ငါ​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ​မည်​အ​ကြောင်း​နှင့်၊ ထို​သူ​သည် သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​မည်​အ​ကြောင်း၊ ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 23,
      "text": "ညီ​အစ်​ကို​တို့၌ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။ ခ​မည်း​တော်​ဘု​ရား​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ် ပေး​တော်​မူ​သော ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေ​တ္တာ​ရှိ​ပါ​စေ​သော။-"
    },
    {
      "book": 49,
      "chapter": 6,
      "verse": 24,
      "text": "ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို အ​မှန်​ချစ်​သော​သူ အ​ပေါင်း​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ဧ​ဖက်​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 1,
      "text": "ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော​ပေါ​လု​နှင့် တိ​မော​သေ​သည်၊ ဖိ​လိ​ပ္ပိ​မြို့၌​ရှိ​သော သင်း​အုပ်​တို့​နှင့် သင်း​ထောက်​တို့​မှ​စ၍ ယေ​ရှု​ခ​ရစ်၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 2,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 3,
      "text": "ငါ​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော အ​ခါ​ခါ၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ရှိ​သ​မျှ​အ​ဖို့​ကို အ​စဉ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်၊ သင်​တို့​ကို အောက်​မေ့​သော​အ​ခါ​ခါ၊ သင်​တို့​သည် ရှေ့​ဦး​စွာ​သော​နေ့​ရက်​မှ​စ၍ ယ​ခု​တိုင်​အောင် ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဆက်​ဆံ၍ ခံ​စား​ကြောင်း​ကို ငါ​ထောက်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 7,
      "text": "ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 8,
      "text": "ငါ​သည် သင်​တို့​အ​ပေါင်း​ကို ယေ​ရှု​ခ​ရစ်၏ မေ​တ္တာ​က​ရု​ဏာ​နှင့် အ​ဘယ်​မျှ​လောက် လွမ်း​သည်​ဟု ဘု​ရား​သ​ခင်​သည် ငါ့​သက်​သေ​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 9,
      "text": "ငါ​သည် အ​ဘယ်​သို့ ဆု​တောင်း​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ခြား​နား​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ ဉာဏ်​ပ​ညာ​အ​မျိုး​မျိုး​ရှိ​လျက်၊-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 10,
      "text": "မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 11,
      "text": "ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တတ်​သော ဖြောင့်​မတ်​ခြင်း အ​ကျင့်​နှင့် သင်​တို့​သည် ပြည့်​စုံ၍ ခ​ရစ်​တော်၏ နေ့​ရက်​တိုင်​အောင် စိတ်​ကြည်​ဖြူ​လျက်၊ တိမ်း​လဲ​ခြင်း​အ​မှု​နှင့် ကင်း​လွတ်​လျက် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 12,
      "text": "ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 13,
      "text": "ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 14,
      "text": "သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 15,
      "text": "လူ​အ​ချို့​တို့​သည် ငြူ​စူ​ရန်​တွေ့​ချင်​သော​သ​ဘော​နှင့် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။ အ​ချို့​တို့​သည် စေ​တ​နာ​စိတ်​နှင့် ဟော​ပြော​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 16,
      "text": "ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထောက်​မ​ဖို့​ရာ ခန့်​ထား​သော​သူ​ဖြစ်​ကြောင်း​ကို ဤ​သူ​တို့​သည်​သိ၍ ခ​ရစ်​တော်၏​တ​ရား​ကို မေ​တ္တာ​စိတ်​နှင့် ဟော​ပြော​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 17,
      "text": "ထို​သူ​တို့​သည် ကြည်​ဖြူ​သော​စိတ်​မ​ရှိ၊ ချည်​နှောင်​ခြင်း​ကို ငါ​ခံ​ရ​သည်​တွင် သာ၍ ဆင်း​ရဲ​စေ​မည်​ဟု အ​ကြံ​ရှိ၍၊ ရန်​တွေ့​ချင်​သော​စိတ်​နှင့် ဟော​ပြော​ကြ၏။"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 18,
      "text": "သို့​ဖြစ်၍ အ​ဘယ်​သို့​နည်း၊ လျှို့​ဝှက်၍ ဟော​ပြော​သည်​ဖြစ်​စေ၊ သ​စ္စာ​ရှိ၍ ဟော​ပြော​သည်​ဖြစ်​စေ၊ အ​ဘယ်​သို့​သော​အား​ဖြင့် ဟော​ပြော​သည်​ဖြစ်​စေ၊ ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ၏။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဝမ်း​မြောက်၏။ နောင်၌​လည်း ဝမ်း​မြောက်​လိမ့်​မည်။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 19,
      "text": "အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 21,
      "text": "ငါ​အ​သက်​ရှင်​သည်​အ​ရာ​မှာ ခ​ရစ်​တော်​ဖြစ်၏။ သေ​လျှင်​မူ​ကား၊ သာ၍​အ​ကျိုး​ရှိ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 22,
      "text": "ဤ​ကိုယ်​ခ​န္ဓာ၌ ငါ​သည်​အ​သက်​ရှင်​လျှင်၊ ငါ​ပြု​သော​အ​မှု၏ အ​ကျိုး​ကား ထို​သို့​သော​အ​ကျိုး ဖြစ်၏။ သို့​သော်​လည်း အ​ဘယ်​အ​ကျိုး​ကို ရွေး​ယူ​ရ​မည်​ဟု ငါ​မ​သိ။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 23,
      "text": "ထို​အ​ကျိုး​နှစ်​ပါး၏​အ​ကြား၌ ငါ​သည်​ယ​ခု ကျဉ်း​မြောင်း​စွာ နေ​ရ၏။ စု​တေ၍ ခ​ရစ်​တော်​နှင့်​အ​တူ နေ​ခြင်း​ငှာ တောင့်​တ​လို​ချင်​သော​စိတ် ရှိ၏။ သာ၍ အ​လွန် ထူး​မြတ်​သော​အ​ကျိုး​ဖြစ်၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 24,
      "text": "သို့​သော်​လည်း ကိုယ်​ခ​န္ဓာ၌ နေ​ရ​လျှင် သင်​တို့၌ သာ၍ အ​ကျိုး​ရှိ​လိမ့်​မည်။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 25,
      "text": "ထို​သို့​ရှိ​လိမ့်​မည်​ဟု ယုံ​မှား​ခြင်း​နှင့် ကင်း​လွတ်​သည်​ဖြစ်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​တစ်​ဖန် ရောက်​လာ​သော​အား​ဖြင့်၊ သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​အ​မှီ​ပြု၍ ငါ့​အ​တွက်​ကြောင့် သာ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တိုး​ပွား​ဝမ်း​မြောက်​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​ခ​န္ဓာ၌​နေ၍ သင်​တို့​ရှိ​သ​မျှ​နှင့် ပေါင်း​ဖော်​ရ​မည်​ဟု ငါ​သိ၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 27,
      "text": "သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 28,
      "text": "ထို​သို့​ရန်​သူ​များ​ကြောင့် အ​လျှင်း​မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​သော အ​ကြောင်း​အ​ရာ​သည်၊ သူ​တို့၌ ပျက်​စီး​ခြင်း၏ နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။-"
    },
    {
      "book": 50,
      "chapter": 1,
      "verse": 29,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​ထက်​က​မြင်​သည်​အ​တိုင်း၊ ယ​ခု​လည်း ကြား​သည်​အ​တိုင်း ငါ​ခံ​ရ​သော တိုက်​လှန်​ခြင်း​ကို ခံ​ရ​သည်​နည်း​တူ၊ သင်​တို့​သည် ခံ​ရ​ကြ​သည်​ဖြစ်၍၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ခွင့်​မှ​တစ်​ပါး၊ ခ​ရစ်​တော်​အ​တွက်​ကြောင့် ဆင်း​ရဲ​ခံ​ရ​ခြင်း​အ​ခွင့်​ကို ကျေး​ဇူး​တော်​အား​ဖြင့် ရ​ကြ၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 1,
      "text": "ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 3,
      "text": "ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 4,
      "text": "ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 5,
      "text": "ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 6,
      "text": "ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 7,
      "text": "မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 8,
      "text": "ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 9,
      "text": "ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော ဘွဲ့​နာ​မ​ကို ပေး​သ​နား​တော်​မူ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 11,
      "text": "ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ၏​ဟု နှုတ်​နှင့်​ဝန်​ခံ​သ​ဖြင့်၊ ခ​မည်း​တော်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ကြ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 12,
      "text": "သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 14,
      "text": "သင်​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မြည်​တမ်း​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ ပြု​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 15,
      "text": "သို့​ပြု​လျှင် အ​ပြစ်​တင်​ခွင့်​မ​ရှိ၊ အ​ဘယ်​သူ​ကို​မျှ မ​ပြစ်​မှား​ဘဲ​နေ၍၊ မ​ဖြောင့်​မ​မှန် ဖောက်​ပြန်​သော​လူ​မျိုး​အ​ထဲ၌ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​သော ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ​လိမ့်​မည်။ အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြ​သ၍၊ စ​ကြ​ဝ​ဠာ၌ နေ၊ လ၊ ကြယ် န​က္ခတ်​ကဲ့​သို့ ထို​လူ​မျိုး​အ​ထဲ၌ ထွန်း​လင်း​ကြ၏။ သို့​ပြု​လျှင် ငါ​သည် အ​ကျိုး​မ​ရှိ​ဘဲ​လျက် ပြေး​သည်​မ​ဟုတ်၊ အ​ကျိုး​မ​ရှိ​ဘဲ​လျက် ကြိုး​စား​အား​ထုတ်​သည် မ​ဟုတ်​ကြောင်း​ကို ငါ​ထောက်၍ ခ​ရစ်​တော်၏​နေ့​ရက်၌ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​ရှိ​လိမ့်​မည်။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 17,
      "text": "ထို​မျှ​မ​က၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို တင်​လှူ ပူ​ဇော်​သော ယဇ်​အ​ပေါ်​မှာ ငါ့​ကို​လောင်း​သော်​လည်း ဝမ်း​မြောက်​ခြင်း​ရှိ၏။ သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 18,
      "text": "ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 19,
      "text": "သင်​တို့​အ​ကြောင်း​အ​ရာ​များ​ကို ငါ​သိ၍ စိတ်​သက်​သာ​ခြင်း​ငှာ၊ တိ​မော​သေ​ကို သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ စေ​လွှတ်​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်၌ ငါ​မှီ​ဝဲ​ခြင်း​ရှိ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် သင်​တို့​အ​ကျိုး​ကို ကြည့်​ရှု​ချင်​သော စေ​တ​နာ​စိတ်​ရှိ​သ​ကဲ့​သို့ စိတ်​သ​ဘော​တူ​သော သူ​တစ်​ယောက်​မျှ ငါ​တို့၌​မ​ရှိ။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 21,
      "text": "လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 22,
      "text": "သို့​သော်​လည်း သား​သည်​အ​ဘ​နှင့်​အ​တူ ဆောင်​ရွက်​သ​ကဲ့​သို့၊ သူ​သည်​ငါ​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​အ​မှု​ကို အ​မှန်​ဆောင်​ရွက်​သည်​ဟု သူ​ပြ​သော​သက်​သေ​ကို သင်​တို့ သိ​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 23,
      "text": "ထို​ကြောင့် ငါ၌​အ​ဘယ်​သို့​ဖြစ်​မည်​ဟု ငါ​သိ​သော​အ​ခါ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ချက်​ချင်း​စေ​လွှတ်​မည်​ဟု ကြံ​စည်​မျှော်​လင့်​လျက် ငါ​နေ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 24,
      "text": "ထို​မျှ​မ​က၊ ငါ့​ကိုယ်​တိုင် သင်​တို့​ရှိ​ရာ​သို့ များ​မ​ကြာ​လာ​မည်​ဟု သ​ခင်​ဘု​ရား​အား​ဖြင့် ယုံ​မှတ်​စွဲ​လမ်း​သော စိတ်​ရှိ၏။"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 25,
      "text": "သို့​သော်​လည်း ဆောင်​ရွက်​ခြင်း၊ စစ်​တိုက်​ခြင်း​အ​မှု၌ ငါ၏​အ​ပေါင်း​အ​ဖော်၊ ငါ့​ကို​ပြု​စု​သော သူ​တည်း​ဟူ​သော သင်​တို့​တ​မန်၊ ငါ့​ညီ ဧ​ပ​ဖြော​ဒိတ်​ကို သင်​တို့​ရှိ​ရာ​သို့ ယ​ခု​စေ​လွှတ်​သင့်​သည်​ဟု ငါ​ထင်​မှတ်၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​သည် နာ​ကြောင်း​ကို သင်​တို့​ကြား​သိ​သော​ကြောင့်၊ သူ​သည် သင်​တို့​အ​ပေါင်း​ကို လွမ်း​ဆွတ်၍ စိတ်​မ​သာ​လျက်​နေ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 27,
      "text": "သူ​သည် သေ​လု​အောင် နာ​သည်​မှန်၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သူ့​ကို သ​နား​တော်​မူ၏။ သူ့​ကို​သာ သ​နား​တော်​မူ​သည်​မ​ဟုတ်။ ငါ၌ ဝမ်း​နည်း​ခြင်း​အ​ဆင့်​ဆင့် အ​ထပ်​ထပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​လည်း သ​နား​တော်​မူ၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 28,
      "text": "ထို​ကြောင့် သင်​တို့​သည် သူ့​ကို​တစ်​ဖန် တွေ့​မြင်၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည်​လည်း သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ့​ကို သာ၍​ကြိုး​စား​သည်​နှင့် ငါ​စေ​လွှတ်၏။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 29,
      "text": "သို့​ဖြစ်၍ သ​ခင်​ဘု​ရား​ကို ထောက်​လျက်၊ ဝမ်း​မြောက်​သော​စိတ်​နှင့် သူ့​ကို​လက်​ခံ​ကြ​လော့။ ထို​သို့​သော​သူ​တို့​ကို ရို​သေ​လေး​မြတ်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 2,
      "verse": 30,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ့​ကို​ပြု​စု၍ မ​ပြည့်​စုံ​သေး​သော​ဝတ်​ကို သူ​သည် ပြည့်​စုံ​စေခြင်း​ငှာ၊ ကိုယ်​အ​သက်​ကို စွန့်​စား၍ ခ​ရစ်​တော်၏​အ​မှု​ကြောင့် သေ​ခြင်း​သို့ ရောက်​လု​နီး​ပြီ။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 1,
      "text": "ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ အ​ထပ်​ထပ် ငါ​ရေး​လိုက်​သော်​လည်း ပင်​ပန်း​ခြင်း​မ​ရှိ။ သင်​တို့​မူ​ကား လုံ​ခြုံ​ခြင်း ရှိ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 2,
      "text": "ခွေး​တို့​ကို ရှောင်​ကြ​လော့။ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​ကို ရှောင်​ကြ​လော့။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ယောင်​ဆောင်​သော သူ​တို့​ကို ရှောင်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 3,
      "text": "ငါ​တို့​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်၍၊ ဇာ​တိ၌​ကိုး​စား​ခြင်း​မ​ရှိ​ဘဲ၊ ယေ​ရှု​ခ​ရစ်၌​သာ ဝါ​ကြွား​ဝမ်း​မြောက်​သော​သူ​ဖြစ်၍၊ မှန်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​ဖြစ်​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 4,
      "text": "သို့​သော်​လည်း ငါ​ဖြစ်​လျှင် ဇာ​တိ၌ ကိုး​စား​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ခြား​သူ​မည်​သည်​ကား၊ ဇာ​တိ၌ ကိုး​စား​စ​ရာ အ​ကြောင်း​ရှိ​သည်​ဟု ထင်​လျှင်၊ ငါ​မူ​ကား သာ၍​ရှိ၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 5,
      "text": "ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ၏။ ဣ​သ​ရေ​လ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။ ဟေ​ဗြဲ​လူ​မှ​ဆင်း​သက်​သော ဟေ​ဗြဲ​လူ​စစ် ဖြစ်၏။ တ​ရား​အား​ဖြင့် ဖာ​ရိ​ရှဲ​ဖြစ်၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 6,
      "text": "စိတ်​အား​ကြီး​ခြင်း​ကို မေး​သော်၊ ငါ​သည် အ​သင်း​တော်​ကို ညှဥ်း​ဆဲ​သော​သူ​ဖြစ်၏။ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ဖြောင့်​မတ်​ခြင်း​ကို မေး​ပြန်​သော်၊ ငါ​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ​ဖြစ်၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 7,
      "text": "သို့​သော်​လည်း ငါ၏ အ​ကျိုး​စီး​ပွား​ကို ပြု​စု​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ခ​ရစ်​တော်​ကြောင့် ငါ​ထင်​မှတ်၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 8,
      "text": "ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 11,
      "text": "ထို​သ​ခင်​ကြောင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို အ​ရှုံး​ခံ​ရ​ပြီ။ သေ​ခြင်း​မှ ထ​မြောက်​သော​အ​ခွင့်​ကို ငါ​ရ​နိုင်​ကောင်း​လျှင်၊ ကိုယ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည်​နည်း​တူ၊ ငါ​သည်​လည်း အ​သေ​ခံ၍ ထို​သ​ခင်​ကို​လည်း​ကောင်း၊ ထ​မြောက်​တော်​မူ​ခြင်း၏ တန်​ဖိုး​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​တော်​မူ​ခြင်း​ကို ဆက်​ဆံ၍ ခံ​ခြင်း​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​ငှာ၊ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​သော ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို မ​ကိုး​စား​ဘဲ၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ရ​သော ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း​အ​တွက်​ကြောင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား​သ​ဖြင့်၊ ခ​ရစ်​တော်​ကို အ​မြတ်​ရ၍ ထို​သ​ခင်၌ တည်​ပါ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စင်​ကဲ့​သို့ ငါ​ထင်​မှတ်၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 12,
      "text": "ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 13,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်​ကို​ကိုယ် မ​ထင်​သော်​လည်း၊ ငါ​ပြု​သော​အ​မှု​တစ်​ခု ဟူ​မူ​ကား၊ နောက် ကျ​သော​အ​ရာ​တို့​ကို မ​မှတ်​ဘဲ၊ ရှေ့၌ ရှိ​သော​အ​ရာ​တို့​ကို လှမ်း​ကမ်း၍၊-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 14,
      "text": "ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ထက်​အ​ရပ်​မှ ခေါ်​တော်​မူ​ခြင်း​နှင့် ဆိုင်​သော​ဆု​ကို ရ​ခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့ ငါ​လိုက်​ပြေး၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 15,
      "text": "ထို​ကြောင့် စုံ​လင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဤ​သို့​သော​သ​ဘော​ကို စွဲ​လမ်း​ရ​ကြ​မည်။ သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​အ​ရာ၌ သ​ဘော​ခြား​နား​လျှင်၊ ထို​အ​ရာ​ကို​ပင် ဘု​ရား​သ​ခင် ဖော်​ပြ​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 16,
      "text": "သို့​မ​ဟုတ်​သော်​လည်း၊ ယ​ခု​မီ​သ​မျှ​အ​တိုင်း တစ်​နည်း​တည်း​ကျင့်၍ တစ်​သ​ဘော​တည်း ရှိ​ရ​ကြ​မည်။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 17,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြ​လော့။ ငါ​တို့​ပေး​သော ပုံ​သက်​သေ​နှင့်​အ​ညီ ကျင့်​သော​သူ​တို့​ကို​လည်း ရှု​မှတ်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ထက်​အ​ဖန်​ဖန် ငါ​ပြော၍၊ ယ​ခု​ပင် မျက်​ရည်​ကျ​လျက်​နှင့် ပြော​သည်​အ​တိုင်း၊ ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကို ရန်​ဘက်​ပြု၍ ကျင့်​သော​သူ​အ​များ​ရှိ​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 19,
      "text": "ထို​သူ​တို့​သည် ပျက်​စီး​ခြင်း၌ လမ်း​ဆုံး​တတ်​ကြ၏။ သူ​တို့၏ ဘု​ရား​မူ​ကား၊ မိ​မိ​တို့​ဝမ်း​ပေ​တည်း။ မိ​မိ​တို့ ရှက်​ကြောက်​ဖွယ်​သော အ​ကျင့်၌​သာ မိ​မိ​တို့​ဝါ​ကြွား​ကြ၏။ လော​ကီ​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 20,
      "text": "ငါ​တို့​ကျင့်​သော အ​ကျင့်​မူ​ကား၊ ကောင်း​ကင်​ဘုံ​နှင့် စပ်​ဆိုင်​လျက်​ရှိ၏။ ကယ်​တင်​တော်​မူ​သော​အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 3,
      "verse": 21,
      "text": "ထို​သ​ခင်​သည် ခပ်​သိမ်း​သော​အ​ရာ​ကို​ပင် မိ​မိ​အောက်၌ နှိမ့်​ချ​နိုင်​တော်​မူ​သော ပြု​ပြင်​အား​ထုတ်​ခြင်း​အား​ဖြင့် ယုတ်​ညံ့​သော ငါ​တို့၏ ကိုယ်​ခ​န္ဓာ​ကို​ပင်၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ကိုယ်​ခ​န္ဓာ​တော်၏​နည်း​တူ ဖြစ်​စေ​ခြင်း​ငှာ အ​သစ် ပြင်​ဆင်​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 1,
      "text": "ထို​ကြောင့် ငါ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ ငါ့​ဦး​ရစ်​သ​ရ​ဖူ​တည်း​ဟူ​သော၊ ငါ​ချစ်၍ အ​လွန်​လွမ်း​သော ညီ​အစ်​ကို​တို့၊ ငါ​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း သ​ခင်​ဘု​ရား၌ တည်​နေ​ကြ​လော့၊ ငါ့​ချစ်​သူ​တို့။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 2,
      "text": "ဧ​ဝေါ​ဒိ​နှင့်​သု​န္တုတ်​တို့​သည် သ​ခင်​ဘု​ရား၌ သ​ဘော တ​ညီ​တ​ညွတ်​တည်း ဖြစ်​ရ​ကြ​မည်​အ​ကြောင်း​ကို ငါ​တောင်း​ပန် သွေး​ဆောင်​ပါ၏။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 3,
      "text": "အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 4,
      "text": "သ​ခင်​ဘု​ရား၌ အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 5,
      "text": "လူ​အ​ပေါင်း​တို့​ရှေ့၌ သင် တို့၏ ဖြည်း​ညင်း​ခြင်း သ​ဘော​ကို ထင်​ရှား​စေ​ကြ​လော့။ သ​ခင်​ဘု​ရား​သည် အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 6,
      "text": "အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 7,
      "text": "ထို​သို့​ပြု​လျှင် အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 8,
      "text": "ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 9,
      "text": "သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 10,
      "text": "ယ​ခု၌​လည်း သင်​တို့​သည် ငါ့​ကို ကြည့်​ရှု​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​ပြန်​သည်​ဖြစ်၍၊ ငါ​သည် သ​ခင်​ဘု​ရား၌ အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​စေ​တ​နာ​စိတ်​သည် အ​ထက်​က​ရှိ​သော်​လည်း ပြု​စု​ရ​သော​အ​ခွင့် မ​ရှိ​ပြီ။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 11,
      "text": "ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 12,
      "text": "ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 13,
      "text": "ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 14,
      "text": "သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 15,
      "text": "အ​ချင်း​ဖိ​လိ​ပ္ပိ​မြို့​သား​တို့၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စ​ပြု၍၊ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​ဆဲ​ရှိ​သော​အ​ခါ အ​လှူ​လှူ​ခြင်း၊ အ​လှူ​ခံ​ခြင်း​အ​မှု၌၊ သင်​တို့​မှ​တစ်​ပါး အ​ဘယ်​အ​သင်း​တော်​မျှ ငါ​နှင့်​မ​ဆက်​ဆံ​ကြ။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 16,
      "text": "သက်​သာ​လော​နိတ်​မြို့၌ ငါ​ရှိ​စဉ်​ပင်၊ ငါ​လို​သော​အ​ရာ​ကို သင်​တို့​သည် နှစ်​ကြိမ်​တိုင်​အောင် ပေး​လိုက်​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 17,
      "text": "ထို​သို့​ငါ​ဆို​သော်၊ အ​လှူ​ကို ရှာ​သည်​မ​ဟုတ်၊ သင်​တို့၌ ကြွယ်​ဝ​သော​အ​ကျိုး​ကို ရှာ၏။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 18,
      "text": "ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 19,
      "text": "ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 20,
      "text": "ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 21,
      "text": "ယေ​ရှု​ခ​ရစ်၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 22,
      "text": "ငါ​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​မှ​စ၍ သန့်​ရှင်း​သော သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ ကဲ​သာ​ဘု​ရင်၏ နန်း​တော်၌​နေ​သော သန့်​ရှင်း​သူ​တို့​သည် အ​ထူး​သ​ဖြင့် နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 50,
      "chapter": 4,
      "verse": 23,
      "text": "ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ဖိ​လိ​ပ္ပိ​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 2,
      "text": "ကော​လော​သဲ​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​သော​ညီ​အစ်​ကို​တို့​ကို ကြား​လိုက်​ပါ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 3,
      "text": "သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်၍၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ကြ​သည်​ဟု ငါ​တို့​သည် ကြား​သ​ဖြင့်​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​သည် အ​ထက်​က ကြား​သိ​ကြ​သည်​အ​တိုင်း၊ သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​သော မျှော်​လ​င့်​ရာ​ကို ထောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း၍၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 6,
      "text": "ထို​တ​ရား​သည် လော​ကီ​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​သည်​နှင့်​အ​ညီ၊ သင်​တို့​ရှိ​ရာ​သို့ ရောက်​ခဲ့​ပြီ။ သင်​တို့၌ အ​သီး​သီး​ခြင်း၊ တိုး​ပွား​ခြင်း​ကို ပြု​သည်​နည်း​တူ အ​ရပ်​ရပ်၌​ပင် ပြု​တတ်၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 7,
      "text": "သင်​တို့​အ​မှု​ကို စောင့်၍၊ ခ​ရစ်​တော်​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​တို့​ချစ်​သော ကျွန်​ချင်း ဧ​ပ​ဖြ​သည် သင်​တို့​ကို သွန်​သင်​သည်​အ​တိုင်း သင်​တို့​သည် ကြား၍၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မှန်​ကန်​စွာ ဝန်​ခံ​သော​နေ့​မှ​စ၍ ထို​သို့​သော​အ​ကျိုး​ရှိ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 8,
      "text": "သင်​တို့၌​ရှိ​သော ဝိ​ညာဉ်​ပ​က​တိ​မေ​တ္တာ​ကို ဧ​ပ​ဖြ​သည် ငါ​တို့​အား​ပြ​ခဲ့​ပြီ။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 9,
      "text": "ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 12,
      "text": "အ​လင်း၌​နေ​သော သန့်​ရှင်း​သူ​တို့၏​အ​မွေ​ကို ငါ​တို့​သည် ဆက်​ဆံ​ဝင်​စား​ထိုက်​မည်​အ​ကြောင်း ကျေး​ဇူး​ပြု​တော်​မူ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 13,
      "text": "မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 14,
      "text": "ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 15,
      "text": "ထို​သား​တော်​သည် မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​ဖြစ်၏။ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​တွင်​လည်း သား​ဦး​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​သည် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရူ​ပ​အ​ရာ၊ အ​ရူ​ပ​အ​ရာ၊ ရာ​ဇ​ပ​လ္လင်​ဖြစ်​စေ၊ အ​စိုး​ရ​ခြင်း​တန်​ခိုး​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​စက်​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ဖန်​ဆင်း​လျက်​ဖြစ်​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 17,
      "text": "သား​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ မ​ဖြစ်​မီ ဖြစ်​တော်​မူ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​အား​ဖြင့်​သာ တည်​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 18,
      "text": "အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်၏​ဦး​ခေါင်း ဖြစ်​တော်​မူ၏။ အ​ရာ​ရာ၌ ထူး​မြတ်​ခြင်း​ငှာ မူ​လ​အ​ရင်း​ဖြစ်၍၊ သေ​သော​သူ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်၌ ကျိန်း​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 20,
      "text": "လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 21,
      "text": "အ​ထက်​က ဘု​ရား​သ​ခင်​နှင့်​ကွာ​ရှင်း၍၊ ဆိုး​ညစ်​သော​အ​ကျင့်​ကို ကျင့်​သ​ဖြင့် စိတ်​နှ​လုံး၌ ရန်​သူ​ဖြစ်​သော သင်​တို့​ကို၊ ကိုယ်​ခ​န္ဓာ​တော်၌ အ​သေ​ခံ​တော်​မူ​သော အား​ဖြင့်၊ ယ​ခု မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 22,
      "text": "အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အား ဟော​ပြော​သ​ဖြင့်၊ သင်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ မျှော်​လ​င့်​ခြင်း​မှ မ​ရွေ့​လျော့​ဘဲ၊ တိုက်​မြစ်​ကျ​ခြင်း၊ တည်​ကြည်​ခြင်း​နှင့်​တ​ကွ မြဲ​မြံ​စွာ​ယုံ​ကြည်​ကြ​လျှင်၊ သန့်​ရှင်း​စင်​ကြယ်​လျက် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​ရှိ​သော သင်​တို့​ကို ရှေ့​တော်၌ ဆက်​သ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 24,
      "text": "ငါ​ပေါ​လု​သည် ထို​တ​ရား​ကို ဟော​သော​ဆ​ရာ​ဖြစ်​သည်​နှင့် သင်​တို့​အ​ဖို့​အ​လို​ငှာ ဆင်း​ရဲ​ခံ​ခြင်း၌ ယ​ခု​ဝမ်း​မြောက်၍၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​အ​ကြွင်း​အ​ကျန်​ကို အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ ငါ့​ကိုယ်​ခ​န္ဓာ၌ ပြည့်​စုံ​စေ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 25,
      "text": "ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော်​လည်း၊ ယ​ခု​တွင် သန့်​ရှင်း​သူ​တို့​အား ဖော်​ပြ​သော နက်​နဲ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ကျိုး​ကို ထောက်၍၊ ငါ့​အား အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​နှင့်​အ​ညီ၊ ငါ​သည် အ​သင်း​တော်၌ ဓ​မ္မ​ဆ​ရာ၏ အ​ဖြစ်​သို့​ရောက်​ရ​ပြီ။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 27,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 28,
      "text": "ခ​ရစ်​တော်​အား​ဖြင့် လူ​တိုင်း​စုံ​လင်​ခြင်း​သို့ ရောက်၍ လူ​ခပ်​သိမ်း​တို့​ကို ဆက်​သ​အံ့​သော​ငှာ၊ ငါ​တို့​သည် လူ​ခပ်​သိမ်း​တို့​ကို သ​တိ​ပေး၍ ပ​ညာ​အ​မျိုး​မျိုး​နှင့် ဆုံး​မ​သွန်​သင်​လျက် ခ​ရစ်​တော်၏​တ​ရား​ကို ဟော​ပြော​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 1,
      "verse": 29,
      "text": "ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 1,
      "text": "သင်​တို့​နှင့် လော​ဒိ​ကိ​မြို့​သူ​မြို့​သား​တို့​မှ​စ၍၊ ငါ့​မျက်​နှာ​ကို မ​မြင်​ဖူး​သော​သူ ရှိ​သ​မျှ​တို့​သည်၊-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 2,
      "text": "မေ​တ္တာ​ချင်း​ထုံး​ဖွဲ့၍၊ ခ​မည်း​တော်​ဘု​ရား​နှင့် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကို​နား​လည်​နိုင်​သော ဝိ​စိ​ကိ​စ္ဆာ​နှင့် ကင်း​စင်​သော ဉာဏ်၏ စည်း​စိမ်​အ​ပေါင်း​နှင့် ပြည့်​စုံ၍၊ စိတ်​နှ​လုံး​သက်​သာ​စေ​မည်​အ​ကြောင်း အ​ဘယ်​မျှ​လောက်​ကြီး​သော တိုက်​လှန်​ခြင်း​ကို ငါ​ခံ​ရ​သည်​ဟု သင်​တို့​သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 3,
      "text": "ထို​နက်​နဲ​သော​အ​ရာ၌ ပ​ညာ​ဘ​ဏ္ဍာ၊ ဉာဏ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​သည် ဝှက်​ထား​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 4,
      "text": "အ​ဘယ်​မည်​သော​သူ​မျှ ဖြား​ယောင်း​သော စ​ကား​အား​ဖြင့် သင်​တို့​ကို မ​လှည့်​ဖြား​စေ​ခြင်း​ငှာ၊ ဤ​စ​ကား​ကို ငါ​ပြော​ဆို၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 5,
      "text": "ငါ​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် သင်​တို့​နှင့် ကွာ၍ နေ​သော်​လည်း၊ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် လျောက်​ပတ်​စွာ စီ​ရင်​ပြု​ပြင်​တတ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၌ ခိုင်​ခံ့​စွာ ယုံ​ကြည်​သည်​ကို​လည်း​ကောင်း မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 6,
      "text": "ထို​ကြောင့် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ခံ​ယူ​ပြီး​သည်​ဖြစ်၍၊ ထို​သ​ခင်၌ စိုက်​ပျိုး​ခြင်း၊ တည်​ဆောက်​ခြင်း ရှိ​လျက်၊ နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ပြီး​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၌ မြဲ​မြံ​စွာ​စွဲ​လမ်း​လျက်၊-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 7,
      "text": "ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း တိုး​ပွား​ပြည့်​စုံ​လျက်၊ ထို​သ​ခင်၌ ကျင်​လည်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 8,
      "text": "ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 9,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဇာ​တိ​အ​ဖြစ်​တော်၏ ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်၌ ကိုယ်​ထင်​ရှား၍ ကျိန်း​ဝပ်​တော်​မူ၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 10,
      "text": "အ​ထွတ်​အ​မြတ် အာ​ဏာ​စက်​ရှိ​သ​မျှ​ကို အုပ်​စိုး​တော်​မူ​သော ထို​သ​ခင်၌ သင်​တို့​သည် စုံ​လင်​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 11,
      "text": "ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 12,
      "text": "ဗ​တ္တိ​ဇံ​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပြု​ပြင်​အား​ထုတ်​တော်​မူ​ခြင်း​ကို ယုံ​ကြည်​သော​အား​ဖြင့်၊ ဗ​တ္တိ​ဇံ​ကို​ခံ၍ ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 13,
      "text": "ဒု​စ​ရိုက်​အ​ပြစ်၌​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ၏ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​ဖြစ်၌​လည်း​ကောင်း သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ၍၊ သင်​တို့ အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 14,
      "text": "ငါ​တို့​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့် စပ်​ဆိုင်​သော​လက်​မှတ်​ကို ချေ၍၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​လျက်၊ ငါ​တို့​စပ်​ကြား​ထဲ​က ပယ်​ရှင်း​တော်​မူ​ပြီ။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 15,
      "text": "အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်​များ​ကို လု​ယူ​လျှင်၊ ထင်​ရှား​စွာ ထုတ်​ပြ၍ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် အောင်​ပွဲ​ကို ခံ​တော်​မူ​ပြီ။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 16,
      "text": "ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 17,
      "text": "ထို​အ​ရာ​တို့​သည် နောက်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့၏ အ​ရိပ်​ဖြစ်​ကြ၏။ ကိုယ်​မူ​ကား ခ​ရစ်​တော်၏​ကိုယ်​ဖြစ်၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 18,
      "text": "ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 19,
      "text": "ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 20,
      "text": "သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ၍၊ လော​ကီ​တ​ရား​နု​မှ စု​တေ​ကြ​သည်​မှန်​လျှင်၊-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 21,
      "text": "မ​တို့​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူ​သော ပ​ညတ်​စ​ကား​ကို လော​ကီ​အ​သက်​ရှင်​သေး​သ​ကဲ့​သို့၊ အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 22,
      "text": "လူ​တို့၏ ပ​ညတ်​ဩ​ဝါ​ဒ​အ​တိုင်း စောင့်​ရှောက်​သော ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​သည် ပုပ်​ပျက်​စေ​ခြင်း​အ​ကြောင်း ဖြစ်​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 2,
      "verse": 23,
      "text": "ထို​သို့​သော ပ​ညတ်​တို့​သည် ကိုယ်​အ​သား​ကို ဝ​ပြော​စွာ ကျွေး​မွေး​ခြင်း​နှင့်​မ​ဆိုင်၊ ကိုယ်​အ​လို​အ​လျောက် ကိုး​ကွယ်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ ကိုယ်​ကာ​ယ​ကို နှိပ်​စက်​ခြင်း​နှင့်​ဆိုင်၍၊ ပ​ညာ​ရှိ​ယောင်​ဆောင်​ကြ၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 1,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ ထ​မြောက်​ကြ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်​မှာ ခ​ရစ်​တော်​သည် ထိုင်​နေ​တော်​မူ​ရာ​အ​ရပ်၌​ရှိ​သော အ​ထက်​အ​ရာ​တို့​ကို ရှာ​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 2,
      "text": "မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သေ​သော​သူ​ဖြစ်၍ သင်​တို့​အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ ဘု​ရား​သ​ခင်၌ ဝှက်​ထား​လျက်​ရှိ၏။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 4,
      "text": "ငါ​တို့​အ​သက်​တည်း​ဟူ​သော ခ​ရစ်​တော်​သည် ထင်​ရှား​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည်​လည်း ထို​သ​ခင်​နှင့်​အ​တူ ဘုန်း​ကြီး၍ ထင်​ရှား​ကြ​လ​တ္တံ့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 5,
      "text": "ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 6,
      "text": "ထို​အ​မှု​များ​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​သော သူ​တို့​အ​ပေါ်၌ သင့်​ရောက်​ပေ၏။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 7,
      "text": "ထို​သူ​တို့​နှင့် သင်​တို့​သည်​လည်း အ​ထက်​က ပေါင်း​ဖော်​သော​အ​ခါ၊ ထို​အ​မှု​များ၌ ကျင်​လည်​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 8,
      "text": "ယ​ခု​မူ​ကား၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​ဆို​ခြင်း၊ ညစ်​ညူး​သော စ​ကား​ကို သုံး​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှုတ်​မှ ပယ်​ရှင်း​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 9,
      "text": "အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 10,
      "text": "ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 11,
      "text": "ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 12,
      "text": "ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 13,
      "text": "တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 14,
      "text": "စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 15,
      "text": "သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 16,
      "text": "ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 17,
      "text": "စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 18,
      "text": "အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၌ လျောက်​ပတ်​သည်​အ​တိုင်း၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 19,
      "text": "အ​ချင်း​ယောက်ျား​တို့၊ ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။ ကြမ်း​တမ်း​စွာ မ​ပြု​ကြ​နှင့်။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 20,
      "text": "သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 21,
      "text": "အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ ထို​သို့​ပြု​လျှင်၊ သူ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 22,
      "text": "အ​စေ​ခံ​ကျွန်​တို့၊ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​လျက်၊ လူတို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့၊ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ၊ လော​ကီ​သ​ခင်၏​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 23,
      "text": "လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 24,
      "text": "သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်၏ အ​စေ​ကို ခံ​ကြ​သည်​ဖြစ်၍၊ အ​မွေ​တော်​တည်း​ဟူ​သော အ​ကျိုး​ကို၊ ထို​သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 3,
      "verse": 25,
      "text": "မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​မည်​သည်​ကား၊ မိ​မိ​ပြု​သော​အ​မှု၏ အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 1,
      "text": "သ​ခင်​တို့၊ သင်​တို့၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သည်​ကို သိ​မှတ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၊ မျှ​ခြင်း​တ​ရား​နှင့်​အ​ညီ ကိုယ်​ကျွန်​တို့​ကို ပြု​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 2,
      "text": "ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် စောင့်​ရှောက်​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 3,
      "text": "ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 4,
      "text": "ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တ​ရား​ဟော​ရာ​တံ​ခါး​ကို ငါ​တို့​အား ဖွင့်​တော်​မူ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​ဖော်​ပြ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​တို့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 5,
      "text": "ပြင်​ပ​လူ​တို့၏ မျက်​နှာ​ကို​ထောက်​လျက်၊ ပ​ညာ​နှင့် ကျင့်​ဆောင်၍ ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 6,
      "text": "လူ​အ​သီး​အ​သီး​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို သိ​နိုင်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​သည် ဆား​အား​ဖြင့် ငန်​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​လျက်၊ အ​စဉ်​မ​ပြတ် တင့်​တယ်​လျောက်​ပတ်​ပါ​စေ။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 7,
      "text": "သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော​ဆ​ရာ၊ ငါ​တို့​ကျွန် ချင်း​တည်း​ဟူ​သော၊ ငါ​ချစ်​သော​ညီ တု​ခိတ်​သည် ငါ၏ အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 8,
      "text": "သူ​သည် သင်​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ၍၊ သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ခြင်း​ငှာ၊ ထို​သူ ကို​လည်း​ကောင်း၊ သင်​တို့​အ​ထဲ​က​ဖြစ်၍ သ​စ္စာ​ရှိ​သော ငါ​ချစ်​သော​ညီ ဩ​နေ​သိမ်​ကို​လည်း​ကောင်း၊ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ သူ​တို့​သည် ဤ​မြို့၌​ဖြစ်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား ဖော်​ပြ​ကြ​လိမ့်​မည်။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 10,
      "text": "ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 11,
      "text": "အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​တွင် ဤ​သူ​တို့​သာ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​ဖို့ ငါ​နှင့်​အ​တူ အ​မှု​ဆောင်​သော​သူ​ဖြစ်၍၊ ငါ့​စိတ်​ကို သက်​သာ​စေ​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 12,
      "text": "သင်​တို့​အ​ထဲ​က​ဖြစ်​သော ခ​ရစ်​တော်၏​ကျွန် ဧ​ပ​ဖြ​သည် သင်​တို့​ကို နှုတ်​ဆက်၏။ သင်​တို့​သည် စုံ​လင်​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို အ​ကုန်​အ​စင် လေ့​ကျက်​လျက် တည်​ကြည်​မည်​အ​ကြောင်း သူ​သည် သင်​တို့​အ​ဖို့ ကာ​လ​အ​စဉ်​ကြိုး​စား၍ ဆု​တောင်း​တတ်၏။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 13,
      "text": "သင်​တို့​မှ​စ၍ လော​ဒိ​ကိ​မြို့​နှင့် ဟေ​ရ​ပေါ​လိ​မြို့၌ ရှိ​သော သူ​တို့​အ​ဖို့ သူ​သည် အ​လွန်​စေ​တ​နာ​စိတ် အား​ကြီး​သည်​ဟု ငါ​သည် သူ၏​သက်​သေ​ဖြစ်၏။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 14,
      "text": "ငါ​ချစ်​သော ဆေး​သ​မား​လု​ကာ​နှင့် ဒေ​မ​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 15,
      "text": "လော​ဒိ​ကိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​ကို​လည်း​ကောင်း၊ နုံ​ဖ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း​ကောင်း နှုတ်​ဆက်​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 16,
      "text": "ဤ​စာ​ကို သင်​တို့​သည် ဖတ်​ပြီး​မှ လော​ဒိ​ကိ​မြို့ အ​သင်း​တော်​ကို ဖတ်​စေ​ကြ​လော့။ ထို​မြို့​မှ​ရ​သော စာ​ကို​လည်း သင်​တို့​ဖတ်​ကြ​လော့။-"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 17,
      "text": "အာ​ခိ​ပ္ပု​ကို​လည်း၊ သင်​သည် သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​ပြီး​သော ဓ​မ္မ​ဆ​ရာ၏​အ​မှု​အ​ရာ​ကို ပြည့်​စုံ​ခြင်း​ငှာ သ​တိ​ပြု​ပါ​ဟု ပြော​ကြ​လော့။"
    },
    {
      "book": 51,
      "chapter": 4,
      "verse": 18,
      "text": "ငါ​ပေါ​လု​သည် သင်​တို့​အား နှုတ်​ဆက်​သော​အ​ချက်​ကို ကိုယ်​လက်​ဖြင့် ရေး​ထား၏။ ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကို အောက်​မေ့​ကြ​လော့။ သင်​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း ။ အာ​မင်။ ကော​လော​သဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 1,
      "text": "ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည် ခ​မည်း​တော်​ဘု​ရား​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌ တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌၊ သင်​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် အ​ကျင့်​ကို​ကျင့်​ခြင်း၊ ချစ်​သော​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​ခြင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မျှော်​လ​င့်​သော​စိတ်​နှင့် တည်​ကြည်​ခြင်း​တို့​ကို ငါ​တို့​သည် အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်၊ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ရွေး​ကောက်​တော်​မူ​ခြင်း​ကို သိ​လျက်၊ သင်​တို့​အ​ပေါင်း​ကို အ​ကြောင်း​ပြု​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကာ​လ​အ​စဉ်​ချီး​မွမ်း၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 5,
      "text": "ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​နေ​သော​အ​ခါ သင်​တို့​အ​တွက် အ​ဘယ်​သို့​သော​သူ ဖြစ်​သည်​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည်၊ သင်​တို့၌ စ​ကား​သက်​သက်​ဖြစ်​သည် မ​ဟုတ်။ တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် လည်း​ကောင်း၊ ဝိ​စိ​ကိ​စ္ဆာ​မ​ရှိ​ဘဲ အ​မှန်​သိ​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​တ​ရား​ဖြစ်၏။-"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 6,
      "text": "သင်​တို့​သည် ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော ဝမ်း​မြောက်​ခြင်း​နှင့်​တ​ကွ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍၊ ငါ​တို့​ကဲ့​သို့​သော​သူ၊ သ​ခင်​ဘု​ရား​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 7,
      "text": "သို့​ဖြစ်၍၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အာ​ခါ​ယ​ပြည်၌ ယုံ​ကြည်​သော​သူ အ​ပေါင်း​တို့​အား သင်​တို့​သည် ပုံ​သက်​သေ​ပေး​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 8,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​ထံ​က၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​အ​သံ​သည်၊ မာ​ကေ​ဒေါ​နိ​ပြည်၊ အ​ခါ​ယ​ပြည်၌ ကျော်​စော​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို သင်​တို့ ယုံ​ကြည်​ခြင်း၏ သ​တင်း​သည် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​လေ၏။ သို့​ဖြစ်၍ ငါ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။-"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 9,
      "text": "ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ အ​ဘယ်​သို့ ဝင်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို သူ​တို့​သည် ကိုယ်​တိုင်​ကြား​ပြော​ကြ၏။ အ​သက်​နှင့် ပြည့်​စုံ​လျက် မှန်​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သင်​တို့​သည် ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 52,
      "chapter": 1,
      "verse": 10,
      "text": "ရောက်​လ​တ္တံ့​သော ဘေး​ဒဏ်​မှ ငါ​တို့​ကို ကယ်​နုတ်​သော သ​ခင်​ယေ​ရှု​တည်း​ဟူ​သော သေ​ခြင်း​မှ ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သား​တော်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​အ​ရာ​ကို ငံ့​လင့်​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ဆင်း​တု​တို့​ကို ပစ်​ပယ်၍၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို​လည်း ကြား​ပြော​ကြ၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ ဝင်​ခြင်း​အ​မှု​သည် အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​ကို သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 2,
      "text": "သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့၌ ဆင်း​ရဲ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကြီး​စွာ​သော တိုက်​လှန်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 3,
      "text": "ငါ​တို့​သည် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း၊ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ​သည် မ​ဟုတ်။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 4,
      "text": "ဧ​ဝံ​ဂေ​လိ​တ​ရား​ကို စောင့်​ထိုက်​သော​သူ​ဟု ငါ​တို့​ကို ဘု​ရား​သ​ခင် လက်​ခံ​တော်​မူ​သည်​နှင့်​အ​ညီ၊ လူ​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ မ​ဟုတ်၊ ငါ​တို့​စိတ်​နှ​လုံး​ကို စစ်​ကြော​စုံ​စမ်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ ဟော​ပြော​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 5,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 6,
      "text": "ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏​တ​မန်​တော်​ဖြစ်၍၊ လေး​သော​ဝန်​ကို တင်​ပိုင်​သော်​လည်း၊ လူ​ပေး​သော ဘုန်း​အ​သ​ရေ​ကို သင်​တို့​တွင်​မ​ရှာ၊ အ​ခြား​သူ​တို့​တွင်​လည်း မ​ရှာ​ဘဲ၊-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 7,
      "text": "သင်​တို့​တွင် ဖြည်း​ညင်း​စွာ​ပြု​ကြ၏။ သင်​တို့​ကို ချစ်​သော​ကြောင့် နို့​ထိန်း​သည် မိ​မိ​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့​ကို နှ​မြော​စုံ​မက်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​မျှ​မ​က၊ ကိုယ်​အ​သက်​ကို​ပင် ပေး​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 9,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ပင်​ပန်း​စွာ လုပ်​ဆောင်၍ ကြိုး​စား​အား​ထုတ်​ကြောင်း​ကို သင်​တို့​မှတ်​မိ​ကြ၏။ သင်​တို့​တွင် တစ်​ယောက်​ကို​မျှ မ​နှောင့်​ယှက်​ခြင်း​ငှာ၊ ငါ​တို့​သည် နေ့​ည​လုပ်​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 10,
      "text": "မိ​မိ​နိုင်​ငံ​တော်​နှင့် ဘုန်း​တော်​ထဲ​သို့၊ သင်​တို့​ကို ခေါ်​သွင်း​တော်​မူ​သော ဘု​ရား​သ​ခင်​နှင့် အ​ထိုက်​အ​လျောက် သင်​တို့​သည် ကျင့်​ဆောင်​စေ​ခြင်း​ငှာ၊ အ​ဘ​သည် မိ​မိ​သား​တို့​ကို ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​ရှိ​သ​မျှ​ကို အ​ဘယ်​သို့ တိုက်​တွန်း​သွေး​ဆောင်၍ မှာ​ထား​သည်​ကို သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​တွင် ငါ​တို့​သည် အ​ဘယ်​သို့ သန့်​ရှင်း​ဖြောင့်​မတ်​လျက်၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​နေ​ကြ​သည်​ကို သင်​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 13,
      "text": "ငါ​တို့​ဟော​ပြော​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို သင်​တို့​သည် ခံ​ယူ​ကြ​သော​အ​ခါ၊ လူ၏​နှုတ်​ထွက်​စ​ကား​ကို မ​ခံ​မ​ယူ​ဘဲ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော် အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​အ​ထဲ၌ ပြု​ပြင်​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​ကို ခံ​ယူ​ကြ​သည် အ​ကြောင်း​အ​ရာ​ကို ငါ​တို့​သည်ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 14,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယု​ဒ​ပြည်၌ ယေ​ရှု​ခ​ရစ်၏​ဘာ​သာ​ကို ခံ​ယူ​သော ဘု​ရား​သ​ခင်၏ သင်း​ဝင်​သူ​တို့​သည် ယု​ဒ​လူ​တို့​လက်​မှ ဆင်း​ရဲ​ခံ​ရ​သ​ကဲ့​သို့၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့ အ​မျိုး​သား​ချင်း​တို့ လက်​မှ ထို​နည်း​တူ​ခံ​ရ​သော​အား​ဖြင့်၊ ယု​ဒ​ပြည်၌​ရှိ​သော တ​ပည့်​တော်​ကဲ့​သို့​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 15,
      "text": "ယု​ဒ​လူ​တို့​သည် သ​ခင်​ယေ​ရှု​မှ​စ၍ ပ​ရော​ဖက်​များ​ကို အ​သေ​သတ်​ကြ​ပြီ။ ငါ​တို့​ကို​လည်း ညှဉ်း​ဆဲ​ကြ​ပြီ။ ဘု​ရား​သ​ခင်၏ အ​လို​တော်​သို့ မ​လိုက်၊ ခပ်​သိမ်း​သော လူ​တို့​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 16,
      "text": "တစ်​ပါး​အ​မျိုး​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ ငါ​တို့​သည် ဟော​ပြော​ကြ​သည်​ကို သူ​တို့​သည် ဆီး​တား၍၊ မိ​မိ​တို့​အ​ပြစ်​ကို အ​စဉ်​ပြည့်​စုံ​စေ​ကြ၏။ သူ​တို့​အ​ပေါ်၌ အ​မျက်​တော်​သည် အ​ကုန်​အ​စင် ရောက်​ရ၏။"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 17,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် စိတ်​နှ​လုံး​အား​ဖြင့် မ​ဟုတ်၊ ကိုယ်​အား​ဖြင့်​သာ သင်​တို့​နှင့် ခ​ဏ​ကွာ​သည်​ရှိ​သော်၊ သင်​တို့​မျက်​နှာ​ကို မြင်​ခြင်း​ငှာ၊ အ​လွန်​လွမ်း​သော စိတ်​နှင့် သာ၍ ကြိုး​စား​အား​ထုတ်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 18,
      "text": "ထို​ကြောင့်၊ ငါ​ပေါ​လု​သည် သင်​တို့​ရှိ​ရာ​သို့ လာ​ခြင်း​ငှာ၊ နှစ်​ကြိမ်​မြောက်​အောင် အ​လို​ရှိ​သော်​လည်း၊ စာ​တန်​သည် ဆီး​တား​လေ၏။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 19,
      "text": "ငါ​တို့​မျှော်​လ​င့်​ခြင်း​အ​ကြောင်း၊ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ ဝါ​ကြွား​ခြင်း၏ ဦး​ရစ်​သ​ရ​ဖူ​ကား၊ အ​ဘယ်​သို့​သော​အ​ကြောင်း​အ​ရာ​နည်း။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ရှေ့​တော်၌ သင်​တို့​သည် ထို​သို့​သော အ​ကြောင်း​အ​ရာ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 52,
      "chapter": 2,
      "verse": 20,
      "text": "သင်​တို့​သည် ငါ​တို့၏​ဘုန်း​အ​သ​ရေ၊ ငါ​တို့၏​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း ဖြစ်​ကြ​သ​တည်း။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 1,
      "text": "ထို​ကြောင့် ငါ​သည် တစ်​ဖန် မ​အောင့်​နိုင်​သော​အ​ခါ၊ အာ​သင်​မြို့၌ တစ်​ယောက်​တည်း​ကျန်​ရစ်၍ နေ​ခြင်း​ငှာ အ​လို​ရှိ၏။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 2,
      "text": "ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို လုပ်​ဖော်​ဆောင်​ဖက် ဖြစ်​သော ငါ့​ညီ​တိ​မော​သေ​ကို လွှတ်​လိုက်၏။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 3,
      "text": "ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကြောင့် အ​ဘယ်​သူ​မျှ မ​ရွေ့​လျော့​မည်​အ​ကြောင်း၊ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ ယုံ​ကြည်​ခြင်း​အ​ရာ၌ သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​စေ​ခြင်း​ငှာ သူ့​ကို ငါ​လွှတ်​လိုက်၏။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 4,
      "text": "ထို​ဆင်း​ရဲ​ခြင်း​ကို ခံ​စေ​မည်​အ​ကြောင်း၊ ငါ​တို့​ကို ခန့်​ထား​တော်​မူ​သည်​ဟု သင်​တို့​ကိုယ်​တိုင် သိ​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်​ဟု သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ ငါ​တို့​ပြော​နှင့် ကြ​ပြီ။ ထို​သို့​ပြော​သည်​အ​တိုင်း ဖြစ်​သည်​ကို သင်​တို့​လည်း သိ​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 5,
      "text": "စုံ​စမ်း​သွေး​ဆောင်​တတ်​သော​သူ​သည် သင်​တို့​ကို စုံ​စမ်း​သွေး​ဆောင်​သ​ဖြင့်၊ ငါ​တို့​ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း​အ​မှု​သည် အ​ချည်း​နှီး​ဖြစ်​မည်​ဟု စိုး​ရိမ်၍ မ​အောင့်​နိုင်​သော​အ​ခါ သင်​တို့၏ ယုံ​ကြည်​ခြင်း​ကို သိ​လို​သော​ငှာ ငါ​စေ​လွှတ်၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 6,
      "text": "ယ​ခု​မူ​ကား၊ တိ​မော​သေ​သည် သင်​တို့​ထံ​က ပြန်​လာ၍၊ သင်​တို့၏ ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း တည်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သင်​တို့​ကို လွမ်း​သ​ကဲ့​သို့ သင်​တို့​သည် ငါ​တို့​ကို​လွမ်း၍၊ အ​စဉ်​မ​ပြတ် ကောင်း​မွန်​စွာ အောက်​မေ့​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သည်​ရှိ​သော်၊-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 7,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် အ​ရာ​ရာ၌​ဆင်း​ရဲ၍ ခက်​ခဲ​စွာ​ခံ​ရ​သည်​တွင်၊ သင်​တို့၏ ယုံ​ကြည်​ခြင်း​အား​ဖြင့် သက်​သာ​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 8,
      "text": "ယ​ခု​မှာ သင်​တို့​သည် သ​ခင်​ဘု​ရား၌ တည်​ကြည်​လျှင်၊ ငါ​တို့​သည် အ​သက်​ရှင်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 9,
      "text": "ငါ​တို့၏ ဘု​ရား​သ​ခင်​ရှေ့၌ သင်​တို့၏​အ​ကြောင်း​ကြောင့် ငါ​တို့​ခံ​ရ​သော ဝမ်း​မြောက်​ခြင်း​အ​ပေါင်း​ကို ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ဘယ်​သို့ ဆပ်​နိုင်​သ​နည်း။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 10,
      "text": "သင်​တို့​မျက်​နှာ​ကို​မြင်၍၊ သင်​တို့​ယုံ​ကြည်​ခြင်း လို​သေး​သ​မျှ​ကို စုံ​လင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် နေ့​ည​မ​ပြတ် အ​လွန်​တ​ရာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ နေ​ကြ၏။"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 11,
      "text": "သင်​တို့​ရှိ​ရာ​သို့ ငါ​တို့​သွား​ရာ​လမ်း​ကို ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။-"
    },
    {
      "book": 52,
      "chapter": 3,
      "verse": 12,
      "text": "ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​သော​အ​ခါ။ ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော သင်​တို့၏ စိတ်​နှ​လုံး​ကို ကိုယ်​တော်​သည် သန့်​ရှင်း​ခြင်း​ပါ​ရ​မီ၌ မြဲ​မြံ​ခိုင်​ခံ့​စိမ့်​သော​ငှာ ငါ​တို့​သည် သင်​တို့​ကို ချစ်​သ​ကဲ့​သို့ သင်​တို့​သည် အ​ချင်း​ချင်း​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ချစ်၍၊ ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​ထူး​သ​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း သ​ခင်​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 1,
      "text": "ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ဘယ်​သို့ ကျင့်​ရ​မည်၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​နှစ်​သက်​စေ​ရ​မည်​ကို ငါ​တို့​ထံ၌ နည်း​ခံ​ကြ​သည်​နှင့်​အ​ညီ တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ကို​အ​မှီ​ပြု​လျက်၊ ငါ​တို့​သည် တောင်း​ပန်၍ တိုက်​တွန်း​သွေး​ဆောင်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 2,
      "text": "အ​ဘယ်​သို့​သော ပ​ညတ်​တို့​ကို သ​ခင်​ယေ​ရှု၏​အ​ခွင့်​တော်​နှင့် ငါ​တို့​သည် အပ်​ပေး​သည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်၏ အ​လို​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်၍ သန့်​ရှင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 5,
      "text": "သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 6,
      "text": "ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် ညစ်​ညူး​စေ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ခေါ်​တော်​မူ၏။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 8,
      "text": "ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 9,
      "text": "ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​အ​ရာ​ကို သင်​တို့​အား ရေး၍​ပေး​လိုက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့် နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 10,
      "text": "ထို​မျှ​မ​က၊ မာ​ကေ​ဒေါ​နိ​ပြည်​တွင် အ​ရပ်​ရပ်၌​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို ထို​သို့​ပြု​ကြ၏။ သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း​နှင့်၊-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 11,
      "text": "ပြင်​ပ​လူ​တို့​ရှေ့၌ လျောက်​ပတ်​စွာ​ကျင့်၍ အ​ဘယ်​မျှ မ​လို​ရ​အောင်၊ ငါ​တို့​သည် အ​ထက်​က မှာ​ထား​သည်​နှင့်​အ​ညီ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​အ​မှု​ကို ဆောင်​ရွက်​လျက်၊ ကိုယ်​လက်​နှင့် လုပ်​ဆောင်​ခြင်း​ငှာ စေ​တ​နာ​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​ကြ၏။"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 13,
      "text": "ညီ​အစ်​ကို​တို့၊ မျှော်​လ​င့်​ခြင်း​မ​ရှိ​သော အ​ခြား​သူ​တို့​သည် ဝမ်း​နည်း​သ​ကဲ့​သို့၊ သင်​တို့​သည် ဝမ်း​မ​နည်း​မည်​အ​ကြောင်း၊ အိပ်​ပျော်​သော သူ​တို့၏ အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​တို့​အ​လို​မ​ရှိ၊-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 14,
      "text": "ယေ​ရှု​သည် သေ​ပြီး​မှ တစ်​ဖန် ထ​မြောက်​တော်​မူ​သည်​ကို ငါ​တို့​သည် ယုံ​လျှင်၊ ထို​နည်း​တူ ယေ​ရှု၌ အိပ်​ပျော်​သော​သူ​တို့​ကို​လည်း၊ ထို​သ​ခင်​နှင့်​အ​တူ ဘု​ရား​သ​ခင် ပို့​ဆောင်​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 15,
      "text": "သ​ခင်​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အား​ဖြင့် တစ်​ဖန် ငါ​တို့​ဆို​သည်​ကား၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော ငါ​တို့​သည် အိပ်​ပျော်​ပြီး​သော​သူ​တို့၏ အ​ရင်​အ​ဦး နေ​ရာ​ကျ​ရ​ကြ​မည်​မ​ဟုတ်။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 16,
      "text": "သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 17,
      "text": "ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 52,
      "chapter": 4,
      "verse": 18,
      "text": "သို့​ဖြစ်၍၊ ဤ​စ​ကား​များ​အား​ဖြင့် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သက်​သာ​စေ​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ကပ်​ကာ​လ​အ​ချိန်​များ​ကို သင်​တို့​အား​ရေး၍ ပေး​လိုက်​စ​ရာ​အ​ကြောင်း မ​ရှိ။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 2,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏​နေ့​ရက်​သည် လာ​လိမ့်​မည်​ကို သင်​တို့​သည် သေ​ချာ​စွာ​သိ​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 3,
      "text": "ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 4,
      "text": "သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ ထို​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​အ​ပေါ်​သို့ ရောက်​လာ​မည်​အ​ကြောင်း၊ သင်​တို့​သည် မှောင်​မိုက်၌ နေ​ကြ​သည်​မ​ဟုတ်။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 5,
      "text": "သင်​တို့​အ​ပေါင်း​သည် အ​လင်း၏​သား၊ နေ့၏​သား​ဖြစ်​ကြ၏။ ည၏​သား၊ မှောင်​မိုက်၏​သား မ​ဟုတ်။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 6,
      "text": "သို့​ဖြစ်၍၊ အ​ခြား​သော​သူ​တို့​သည် အိပ်​ပျော်​သ​ကဲ့​သို့၊ ငါ​တို့​သည် အိပ်​မ​ပျော်​ဘဲ သ​မ္မာ​သ​တိ​ရှိ၍ စောင့်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ အိပ်​ပျော်​တတ်​ကြ၏။ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ ယစ်​မူး​တတ်​ကြ၏။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 8,
      "text": "နေ့၏​သား​ဖြစ်​သော ငါ​တို့​မူ​ကား၊ သ​မ္မာ​သ​တိ​ရှိ​ကြ​ကုန်​အံ့။ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သို့ ရောက်​မည်​ဟု မျှော်​လင့်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဝတ်​ဆောင်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 9,
      "text": "အ​မျက်​တော်​ကို​ခံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ခန့်​ထား​တော်​မူ​သည်​မ​ဟုတ်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​ကို ပိုင်​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 10,
      "text": "ငါ​တို့​သည် နိုး​လျက်​ရှိ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​သည်​ဖြစ်​စေ၊ ထို​သ​ခင်​နှင့်​အ​တူ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ အ​သေ​ခံ​တော်​မူ​ပြီ။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 11,
      "text": "ထို​ကြောင့်၊ သင်​တို့​သည် ယ​ခု​ပင်​ပြု​သည်​နည်း​တူ၊ အ​ချင်း​ချင်း​တိုက်​တွန်း၍ တစ်​ယောက်​ကို​တစ်​ယောက် တည်​ဆောက်​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 12,
      "text": "ထို​မှ​တစ်​ပါး၊ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် အုပ်​စိုး​ခြင်း၊ သ​တိ​ပေး​ခြင်း အ​မှု​ကို​ပြု​သော​သူ​တို့​ကို သိ​မှတ်၍၊-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 13,
      "text": "သူ​တို့​ပြု​သော​အ​မှု​ကြောင့် မေ​တ္တာ​စိတ်​နှင့် အ​လွန်​ချစ်​ခင်​လေး​မြတ်​မည်​အ​ကြောင်း၊ ငါ​တို့​သည် တောင်း​ပန်​ကြ၏။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 14,
      "text": "တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 15,
      "text": "သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 16,
      "text": "အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 17,
      "text": "မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 18,
      "text": "အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 19,
      "text": "ဝိ​ညာဉ်​တော်၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 20,
      "text": "ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 21,
      "text": "ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 22,
      "text": "မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 23,
      "text": "ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​လည်း၊ သင်​တို့​ကို အ​ကုန်​အ​စင် သန့်​ရှင်း​စေ​တော်​မူ ပါ​စေ​သော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ သင်​တို့၏ ကိုယ်​ခ​န္ဓာ၊ စိတ်၊ ဝိ​ညာဉ်​အ​ပေါင်း​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​ပါ​စေ​သော။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 24,
      "text": "သင်​တို့​ကို​ခေါ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 25,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 26,
      "text": "ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 27,
      "text": "ဤ​စာ​ကို သန့်​ရှင်း​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​အား ဖတ်​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ကို တိုင်​တည်၍ ငါ​သည် သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏။-"
    },
    {
      "book": 52,
      "chapter": 5,
      "verse": 28,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​စေ​သ​တည်း။ အာ​မင်။ သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 1,
      "text": "ပေါ​လု၊ သိ​လွာ​နု၊ တိ​မော​သေ​တို့​သည်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်၌​တည်​ရှိ​သော သက်​သာ​လော​နိတ်​မြို့​သား အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 2,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 3,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 4,
      "text": "သို့​ဖြစ်၍၊ သင်​တို့​သည် ညှဉ်း​ဆဲ​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သ​မျှ​တို့၌ သည်း​ခံ၍ ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို ငါ​တို့​သည် ထောက်၍၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​များ​တွင် သင်​တို့​ကြောင့် ဝါ​ကြွား​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​တွက် ဆင်း​ရဲ​ခံ​ရ၍၊ ထို​နိုင်​ငံ​တော်​ကို ဝင်​စား​ထိုက်​သည်​ဟု မှတ်​တော်​မူ​ခြင်း​ကို ခံ​ရ​စေ ခြင်း​ငှာ၊ တ​ရား​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​အ​မှု​သည် ထို​သို့​သော​အား​ဖြင့် ထင်​ရှား​လျက်​ရှိ၏။-"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 6,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ရှိ​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​အ​တူ၊ ကောင်း​ကင်​ဘုံ​က ပေါ်​ထွန်း​တော်​မူ၍၊ ဘု​ရား​သ​ခင်​ကို မ​သိ​သော​သူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို နား​မ​ထောင်​သော​သူ​တို့​ကို မီး​လျှံ​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​အ​ခါ၊ သင်​တို့​ကို ဆင်း​ရဲ​စေ​ဖူး​သော သူ​တို့၌ ဆင်း​ရဲ​ခြင်း​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ရ​ဖူး​သော သင်​တို့၌ ငါ​တို့​နှင့်​အ​တူ ချမ်း​သာ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ဆပ်​ပေး၍ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 9,
      "text": "ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တော် ထင်​ရှား​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သက်​သေ​ကို သင်​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​အား​ဖြင့် အံ့​ဩ​ချီး​မွမ်း​ခြင်း​ကို​လည်း​ကောင်း၊ ခံ​အံ့​သော​ငှာ ကြွ​လာ​တော်​မူ​သော​နေ့​ရက်၌၊ ထို​သူ​တို့​သည် သ​ခင်​ဘု​ရား၏ မျက်​နှာ​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​ရှိ​သော ဘုန်း​တော်​နှင့်​လည်း​ကောင်း ကွာ၍ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​တည်း​ဟူ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လ​တ္တံ့၊"
    },
    {
      "book": 53,
      "chapter": 1,
      "verse": 11,
      "text": "ထို​ကြောင့် ငါ​တို့​ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​အ​တိုင်း၊ ထို​သ​ခင်၏​နာ​မ​တော်​ကို သင်​တို့​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ကို​လည်း ထို​သ​ခင်​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ခေါ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ၍၊ ကောင်း​မြတ်​တော်​မူ​ခြင်း၏ စေ​တ​နာ​အ​ပေါင်း​နှင့် သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​မှု​ကို တန်​ခိုး​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း၊ ငါ​တို့​သည် သင်​တို့​အ​ဖို့ အ​စဉ်​ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ၏။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 1,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ၍၊ ငါ​တို့​သည် အ​ထံ​တော်၌ စည်း​ဝေး​ခြင်း​အ​ရာ​မှာ၊ သ​ခင်​ဘု​ရား၏​နေ့​ရက် သည် ချက်​ချင်း​ရောက်​မည်​ဟူ၍ စိတ်​ဝိ​ညာဉ်​အား​ဖြင့်​ဖြစ်​စေ၊ နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ ငါ​တို့​စာ​ကဲ့​သို့​သော စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် စိတ်​ရွေ့​လျော့​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း၊ အ​လျင်​တ​ဆော မ​ရှိ​မည်​အ​ကြောင်း ငါ​တို့​သည် တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 3,
      "text": "အ​ဘယ်​သူ​မျှ သင်​တို့​ကို အ​ဘယ်​သို့​သော​အား​ဖြင့် မ​လှည့်​ဖြား​စေ​နှင့်၊ ထို​နေ့​ရက်​မ​ရောက်​မီ ဖောက်​ပြန်​သင်း​ခွဲ​ခြင်း​သည် အ​ရင်​ဖြစ်၍၊ ဒု​စ​ရိုက်​လူ​တည်း​ဟူ​သော ပျက်​စီး​ခြင်း၏​သား​သည် ပေါ်​လာ​ရ​လိမ့်​မည်။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 4,
      "text": "ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 5,
      "text": "ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ၊ ထို​အ​ကြောင်း​အ​ရာ​များ​ကို ပြော​ပြီ​ဟု သင်​တို့​သည် သ​တိ​မ​ရ​ကြ​သ​လော။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 6,
      "text": "ထို​သူ​သည် မိ​မိ​ကာ​လ​အ​ချိန်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယ​ခု ဆီး​တား​သော​အ​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 7,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝှက်​ထား​လျက်​ရှိ​သော ထို​အ​ဓ​မ္မ​အ​ရာ​သည် ယ​ခု​ပင် ပြု​ပြင်​ဆဲ​ရှိ၏။ သို့​သော်​လည်း ဆီး​တား​သော​သူ​သည် ပယ်​ရှင်း​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဆီး​တား​လိမ့်​မည်။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 8,
      "text": "ပယ်​ရှင်း​ခြင်း​သို့​ရောက်​သော​အ​ခါ၊ ထို​အ​ဓ​မ္မ​လူ​သည် ထင်​ရှား​လိမ့်​မည်။ ထို​အ​ဓ​မ္မ​လူ​ကို သ​ခင်​ယေ​ရှု​သည် နှုတ်​ထွက်​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖျက်​ဆီး၍၊ ကြွ​လာ​တော်​မူ​ခြင်း၏ ရောင်​ခြည်​အား​ဖြင့် ပယ်​ရှား​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 9,
      "text": "ထို​အ​ဓ​မ္မ​လူ၏ လာ​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ စာ​တန်​ပြု​ပြင်​သော​အား​ဖြင့် မု​သား​နှင့် စပ်​ဆိုင်​သော ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း၊-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 10,
      "text": "ပျက်​စီး​ခြင်း​သို့​ရောက်​သော သူ​တို့​တွင်၊ မ​တ​ရား​သော လှည့်​ဖြား​ခြင်း အ​မျိုး​မျိုး​နှင့်​လည်း​ကောင်း လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ သ​မ္မာ​တ​ရား၌ မွေ့​လျော်​သော​စိတ်​ကို မ​ခံ​မ​ယူ​ကြ။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 11,
      "text": "ထို​ကြောင့်၊ သ​မ္မာ​တ​ရား​ကို မ​ယုံ​ဘဲ၊ မ​တ​ရား​သော​အ​မှု၌ မွေ့​လျော်​သော​သူ​အ​ပေါင်း​တို့​သည်၊-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 12,
      "text": "တ​ရား​ရှုံး​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ မု​သား​စ​ကား​ကို ယုံ​စိမ့်​သော​ငှာ၊ မိ​စ္ဆာ​ဒိ​ဌိ​ပြု​ပြင် အား​ထုတ်​ခြင်း​အ​ခွင့်​ကို သူ​တို့၌ ဘု​ရား​သ​ခင် လွှတ်​တော်​မူ​လိမ့်​မည်။"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 13,
      "text": "သို့​သော်​လည်း၊ သ​ခင်​ဘု​ရား ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​သည် စိတ်​သန့်​ရှင်း​ခြင်း၊ သ​မ္မာ​တ​ရား​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကို ရွေး​ကောက်​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​သည် သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း​ရ​ကြ​မည်။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 14,
      "text": "ထို​သို့​အ​လို​ငှာ ငါ​တို့​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဘုန်း​ကို ပိုင်​ရ​မည် အ​ကြောင်း​တည်း။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 15,
      "text": "ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် သင်​ခဲ့​ပြီး​သော နည်း​ဥ​ပ​ဒေ​သ​များ​ကို တည်​ကြည်​လျက် ကိုင်​ယူ​စွဲ​လမ်း​ကြ​လော့။-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 16,
      "text": "ငါ​တို့​ကို​ချစ်​တော်​မူ၍၊ ထာ​ဝ​ရ​သက်​သာ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်​အား​ဖြင့် ကောင်း​သော မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​သည် ကိုယ်​တော်​တိုင်၊-"
    },
    {
      "book": 53,
      "chapter": 2,
      "verse": 17,
      "text": "သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ၍၊ ကောင်း​သော​စ​ကား၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး၌ သင်​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 1,
      "text": "ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​သည် သင်​တို့​တွင် နှံ့​ပြား၍ ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သကဲ့​သို့၊ အ​ရပ်​ရပ်​တို့၌ ထင်​ရှား​မည်​အ​ကြောင်း​နှင့်၊-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 2,
      "text": "အ​ကျိုး​အ​ကြောင်း​ကို မ​သိ​မ​မှတ်၊ ဆိုး​ညစ်​သော သူ​တို့​လက်​မှ​ငါ​တို့​ကို ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ လူ​တိုင်း သ​စ္စာ​ရှိ​သည်​မ​ဟုတ်။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 3,
      "text": "သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ မ​ကောင်းသော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 4,
      "text": "ငါ​တို့ ပ​ညတ်​သည်​အ​တိုင်း သင်​တို့​သည် ယ​ခု​ကျင့်​ကြ၏။ နောက်၌​လည်း ကျင့်​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို အ​မှီ​ပြု၍ ငါ​တို့​သည် ယုံ​မှား​ခြင်း​မ​ရှိ။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​ကို ချစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခ​ရစ်​တော်၏​နည်း​တူ သည်း​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​သည် သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 6,
      "text": "တစ်​နည်း​ကား၊ ညီ​အစ်​ကို​တို့၊ ငါ​တို့​ထံ၌​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း မ​ကျင့်​ဘဲ၊ မ​တ​ရား​စွာ​ပြု​သော ညီ​အစ်​ကို​ရှိ​သ​မျှ​တို့​ကို ရှောင်​ကြ​လော့​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​ပေး​သော ပုံ​သက်​သေ​ကို​လိုက်၍ သင်​တို့​သည် အ​ဘယ်​သို့​ကျင့်​ရ​မည်​ဟု သင်​တို့ ကိုယ်​တိုင်​သိ​ကြ၏။ ငါ​တို့​သည် သင်​တို့​တွင် မ​တ​ရား​စွာ ပြု​ကြ​သည်​မ​ဟုတ်။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 8,
      "text": "အ​ဘယ်​သူ၏ အ​စာ​ကို​မျှ အ​လို​အ​လျောက်​မ​စား။ သင်​တို့​တွင် တစ်​ယောက်​ကို​မျှ မ​နှောင့်​ယှက်​ခြင်း​ငှာ၊ ပင်​ပန်း​စွာ ကြိုး​စား​အား​ထုတ်၍ နေ့​ည​မ​ပြတ်​လုပ်​ဆောင်​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 9,
      "text": "ထို​သို့​ပြု​သော်​လည်း၊ မ​ခံ​မ​ယူ​ပိုင်​သော​ကြောင့် ပြု​သည်​မ​ဟုတ်။ သင်​တို့​လိုက်​စ​ရာ​ဖို့ ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ​ပြု​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 10,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ်​အ​ခါ၊ အ​လုပ်​မ​လုပ်​ချင်​သော​သူ​မည်​သည်​ကား၊ အ​စာ​ကို​လည်း မ​စား​စေ​နှင့်​ဟု ပ​ညတ်​ထား​ကြ​ပြီ။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 11,
      "text": "မ​တ​ရား​စွာ​ပြု၍ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ဘဲ၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ အ​ချို့​တို့​သည် သင်​တို့​တွင်​ရှိ​ကြောင်း​ကို ငါ​တို့​ကြား​ရ​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 12,
      "text": "ထို​သို့​သော​သူ​တို့​သည် ငြိမ်​ဝပ်​စွာ လုပ်​ဆောင်၍၊ ကိုယ်​အ​စာ​ကို စား​မည်​အ​ကြောင်း၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​ထား၍၊ တိုက်​တွန်း သွေး​ဆောင်​ကြ၏။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 13,
      "text": "ညီ​အစ်​ကို​တို့ အား​လျော့​စိတ်​ပျက်​ခြင်း​မ​ရှိ​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 14,
      "text": "ဤ​စာ၌ ငါ​တို့​ရေး​ထား​သော ပ​ညတ်​စ​ကား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ ထို​သူ​ကို မှတ်​ကြ​လော့။ ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ အ​ပေါင်း​အ​ဖော် မ​လုပ်​ကြ​နှင့်။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 15,
      "text": "သို့​သော်​လည်း၊ ရန်​သူ​ကဲ့​သို့​မ​မှတ်၊ ညီ​အစ်​ကို​ကဲ့​သို့​မှတ်၍ သ​တိ​ပေး​ကြ​လော့။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 16,
      "text": "ငြိမ်​သက်​ခြင်း၏ သ​ခင်​သည် ကိုယ်​တော်​တိုင် သင်​တို့၌ အ​စဉ်​မ​ပြတ်​ခပ်​သိမ်း​သော အ​မှု​အ​ရာ​အား​ဖြင့် ငြိမ်​သက်​ခြင်း​ကို ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သ​ခင်​ဘု​ရား​သည် သင်​တို့​အ​ပေါင်း​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 17,
      "text": "ငါ​ပေါ​လု​သည် သင်​တို့​ကို နှုတ်​ဆက်​ခြင်း အ​ချက်​ကို ကိုယ်​လက်​နှင့် ရေး​ထား၏။ ဤ​သို့ ရေး​ထား​လေ့​ရှိ၍၊ ငါ​ရေး​သ​မျှ​သော ဩ​ဝါ​ဒ၏ လက္ခ​ဏာ​ဖြစ်၏။-"
    },
    {
      "book": 53,
      "chapter": 3,
      "verse": 18,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 1,
      "text": "ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ဖြစ်​သော ယေ​ရှု​ခ​ရစ်၏ ပ​ညတ်​တော်​အား​ဖြင့်၊ ထို​သ​ခင်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 2,
      "text": "ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 3,
      "text": "ခြား​နား​သော အ​ယူ​ဝါ​ဒ​သစ်​ကို မ​သွန်​သင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ဒ​ဏ္ဍာ​ရီ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း၌​တည်​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​ကို ပြု​စု​သည်​ထက်၊ အ​ချင်း​ချင်း​ငြင်း​ခုံ​ခြင်း​ကို​သာ၍ ပြု​စု​တတ်​သော၊ ပြင်​ဆင်၍ မ​ကုန်​နိုင်​သော ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့် ဟူ၍​လည်း​ကောင်း၊ သင်​သည် အ​ချို့​သော သူ​တို့​ကို ပ​ညတ်​ထား၍၊ ဧ​ဖက်​မြို့၌ နေ​ရစ်​စေ​ခြင်း​ငှာ၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​သော​အ​ခါ၊ တောင်း​ပန်​သည်​အ​တိုင်း နေ​ရစ်​လော့။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 5,
      "text": "ထို​သို့ ပ​ညတ်​ထား​ခြင်း၏ အ​ချုပ်​အ​ခြာ​မူ​ကား၊ စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​ခြင်း​နှင့်​လည်း​ကောင်း၊ မှန်​သော ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ စပ်​ဆိုင်​သော ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​သ​တည်း။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 6,
      "text": "ထို​သို့​သော​အ​ကျင့်​ကို လူ​အ​ချို့​တို့​သည် အ​မြဲ​မ​ကျင့်၊ အ​ချည်း​နှီး​သော​စ​ကား​ပြော​ခြင်း​သို့ လွှဲ​သွား​ကြ​ပြီ။ ထို​သူ​တို့​သည် မိ​မိ​တို့​ပြော​သော​အ​ရာ​ကို နား​မ​လည်။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 7,
      "text": "အ​ဘယ်​သို့​သော​တ​ရား​ဘက်၌ မိ​မိ​တို့​ခိုင်​မာ​စွာ နေ​သည်​ကို မ​သိ​ဘဲ​လျက်၊ နိဿ​ရည်း​ဆ​ရာ​လုပ်​ချင်​ကြ သည်​တ​ကား။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 8,
      "text": "ပ​ညတ်​တ​ရား​ကို တ​ရား​သ​ဖြင့် ကျင့်​သော​သူ​အ​ဖို့ မ​ထား၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ၊ မ​သန့်​ရှင်း​သော​သူ၊ ဘု​ရား​တ​ရား​ကို မ​ရို​မ​သေ​ပြု​သော​သူ၊ မိ​ဘ​ကို​ညှဉ်း​ဆဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ လူ​ကို ခိုး​သွား​သော​သူ၊ မု​သား​စ​ကား​ကို သုံး​သော​သူ၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော​သူ​မှ​စ၍၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​မျှ​တို့​အ​ဖို့ ပ​ညတ်​တ​ရား​ကို ထား​သည်​ဟု သိ​မှတ်၍၊ ထို​တ​ရား​ကို တ​ရား​သ​ဖြင့်​သုံး​သော​သူ၌ ပ​ညတ်​တ​ရား​သည် အ​ကျိုး​ကို​ပေး​တတ်​သည်​ဟု ငါ​တို့ သိ​ကြ၏။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 11,
      "text": "ထို​သို့​ဆို​သော်၊ မင်္ဂ​လာ​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဘုန်း​ကြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ညီ​သ​တည်း။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 12,
      "text": "ထို​တ​ရား​ကို ငါ၌​အပ်​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 13,
      "text": "ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 14,
      "text": "ငါ​တို့​သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​သည်​လည်း ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ၊ အ​တိုင်း​ထက်​အ​လွန် ကြွယ်​ဝ​ပြီ။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 15,
      "text": "ယေ​ရှု​ခ​ရစ်​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ ဤ​လော​က​သို့ ကြွ​လာ​တော်​မူ​သည်​ဟူ​သော​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့ ခံ​ယူ​အပ်​သော​စ​ကား​လည်း​ဖြစ်၏။ အ​ပြစ်​ရှိ​သော သူ​တို့​တွင် ငါ​သည် အ​ကြီး​ဆုံး​ဖြစ်၏။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 16,
      "text": "သို့​သော်​လည်း၊ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ ယုံ​ကြည်​လ​တ္တံ့​သော​သူ​တို့ လိုက်​စ​ရာ​ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ၊ အ​ကြီး​ဆုံး​သော​အ​ပြစ်​ရှိ​သော ငါ၌၊ ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ခ​န္တီ​တော်​ကို ပြ​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​ကို​သ​နား​တော်​မူ​ပြီ။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 17,
      "text": "လော​က​ဓာတ်​တို့၏ ဘု​ရင်​တည်း​ဟူ​သော၊ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ထ​သော၊ မျက်​မြင်​မ​ရ၊ အ​ရူ​ပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 18,
      "text": "ငါ့​သား​တိ​မော​သေ၊ သင့်​ကို​ရည်​မှတ်၍ ဟော​ပြော​ခဲ့​ပြီး​သော အ​နာ​ဂ​တ္တိ​စ​ကား​ကို သင်​သည်​အ​မှီ​ပြု၍၊ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကြည်​လင်​ခြင်း​ကို​လည်း​ကောင်း စွဲ​လမ်း၍ ကောင်း​သော​စစ်​ကို တိုက်​စေ​ခြင်း​ငှာ၊ ထား​ခဲ့​ပြီး​သော ထို​အ​နာ​ဂ​တ္တိ​စ​ကား​နှင့်​အ​ညီ၊ အ​ထက် ငါ​ဆို​ခဲ့​ပြီး​သော ပ​ညတ်​ထား​ခြင်း​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး၏။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 19,
      "text": "ထို​ယုံ​ကြည်​ခြင်း​မှ စ​သည်​တို့​ကို အ​ချို့​သော​သူ​တို့​သည် ပယ်​ပြီး​လျှင်၊ ယုံ​ကြည်​ခြင်း​သင်္ဘော​ပျက်၍ ဆုံး​ရှုံး​ကြ​ပြီ။-"
    },
    {
      "book": 54,
      "chapter": 1,
      "verse": 20,
      "text": "ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့် အာ​လေ​ဇ​န္ဒြု ပါ​သ​တည်း။ ထို​သူ​တို့​သည် ကဲ့​ရဲ့​သော​စ​ကား​ကို ကြဉ်​ရှောင်​ခြင်း​ငှာ သင်​ရ​မည်​အ​ကြောင်း၊ စာ​တန်၏​လက်​သို့ ငါ​အပ်​လိုက်​ခဲ့​ပြီ။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 1,
      "text": "ငါ​တို့​သည် ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ လျောက်​ပတ်​စွာ ကျင့်​ခြင်း​အ​မျိုး​မျိုး​ကို​ပြု၍၊ ငြိမ်​ဝပ်​ဆိတ်​ညံ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ရှင်​ဘု​ရင်​မှ​စ၍ မင်း​အာ​ဏာ​ရှိ​သော သူ​အ​ပေါင်း​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ မေ​တ္တာ​ပို့​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ကို ရှေ့​ဦး​စွ​ပြု​စေ​ခြင်း​ငှာ ငါ​တိုက်​တွန်း သွေး​ဆောင်၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သို့​သော အ​မှု​သည် ကောင်း​သော​အ​မှု​ဖြစ်၏။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု​လည်း ဖြစ်၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 4,
      "text": "လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍ သ​မ္မာ​တ​ရား​ကို သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 5,
      "text": "ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​နှင့် လူ​တို့၏ စပ်​ကြား​မှာ၊ လူ​ဖြစ်​သော ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော အာ​မ​ခံ​တစ်​ဦး​တည်း​ရှိ၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 6,
      "text": "ထို​အာ​မ​ခံ​သည် လူ​အ​ပေါင်း​တို့​ကို ရွေး​အံ့​သော​ငှာ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ​ပြီ။ ကာ​လ​အ​ချိန်​တန်​မှ သက်​သေ​ခံ​ခြင်း​ရှိ၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 7,
      "text": "ငါ​သည် ထို​သက်​သေ​ခံ​သော​သူ အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော် အ​ရာ၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် သ​မ္မာ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​သော​ဆ​ရာ အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​သည်​ဟု ငါ​ဆို​သော်၊ မု​သား​စ​ကား​ကို​မ​ဆို၊ မှန်​သော​စ​ကား​ကို​ဆို၏။"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 8,
      "text": "သို့​ဖြစ်၍၊ အ​ရပ်​ရပ်​တို့၌ ယောက်ျား​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ သန့်​ရှင်း​သော​လက်​ကို​ချီ၍ ဆု​တောင်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 9,
      "text": "ထို​နည်း​တူ၊ မိန်း​မ​တို့​သည် ကျစ်​သော​ဆံ​ပင်၊ ရွှေ​တန်​ဆာ၊ ကျောက်​ပု​လဲ​အ​ဖိုး​ထိုက်​သော​အ​ဝတ်​နှင့် ကိုယ်​ကို မ​ဆင်​ဘဲ၊ ရှက်​ကြောက်​ခြင်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​အား​ဖြင့်၊ လျောက်​ပတ်​သော အ​ဝတ်​နှင့်​လည်း​ကောင်း၊-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်​အား ရို​သေ​လေး​မြတ်​ခြင်း​ကို ဝန်​ခံ​ပြု​စု​သော မိန်း​မ​ဆင်​သင့်​သည်​အ​တိုင်း ကောင်း​သော အ​ကျင့်​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို တန်​ဆာ​ဆင်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 11,
      "text": "မိန်း​မ​သည် အုပ်​စိုး​ခြင်း​ကို အ​စဉ်​ဝန်​ခံ၍ တိတ်​ဆိတ်​စွာ​သင်​စေ။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 12,
      "text": "မိန်း​မ​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း၊ ယောက်ျား​ကို အ​စိုး​တ​ရ​ပြု​စေ​ခြင်း အ​ခွင့်​ကို​ငါ​မ​ပေး။ သူ​သည် တိတ်​ဆိတ်​စွာ နေ​အပ်၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ အာ​ဒံ​ကို ရှေ့​ဦး​စွာ ဖန်​ဆင်း​တော်​မူ၍၊ နောက်​မှ ဧ​ဝ​ကို​ဖန်​ဆင်း​တော်​မူ၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 14,
      "text": "ထို​မှ​တစ်​ပါး၊ အာ​ဒံ​သည် လှည့်​ဖြား​ခြင်း​ကို​မ​ခံ၊ မိန်း​မ​သည် လှည့်​ဖြား​ခြင်း​ကို​ခံ၍ လွန်​ကျူး၏။-"
    },
    {
      "book": 54,
      "chapter": 2,
      "verse": 15,
      "text": "သို့​သော်​လည်း၊ ဣ​န္ဒြေ​စောင့်​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သန့်​ရှင်း​ခြင်း၌ တည်​လျှင်၊ သား​ဖွား​ခြင်း​အ​မှု၌ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 1,
      "text": "သင်း​အုပ်​အ​ရာ​ကို တောင့်​တ​သော​သူ​သည် ကောင်း​သော အ​မှု​အ​ရာ​ကို တောင့်​တ​သည်​ဟူ​သော စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်၏။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 2,
      "text": "ထို​ကြောင့်၊ သင်း​အုပ်​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ၊ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ ကျင့်​သော​သူ၊ ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တတ်​သော​သူ ဖြစ်​ရ​မည်။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 3,
      "text": "စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​ခြင်း၊ သူ​တစ်​ပါး​ကို​ရိုက်​ပုတ်​ခြင်း၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​ခြင်း​မ​ရှိ၊ စိတ်​ဖြည်း​ညင်း​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို မ​တပ်​မက်​သော​သူ​ဖြစ်​ရ​မည်။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 4,
      "text": "မိ​မိ​အိမ်​ကို ကောင်း​မွန်​စွာ အုပ်​စိုး၍ သ​မ္မာ​သ​မာ​ဓိ​ရှိ​သည်​နှင့်၊ မိ​မိ​သား​သ​မီး​ကို ဆုံး​မ​နိုင်​သော​သူ ဖြစ်​ရ​မည်။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 5,
      "text": "မိ​မိ​အိမ်​ကို မ​အုပ်​စိုး​တတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို အ​ဘယ်​သို့​ပြု​စု​လိမ့်​မည်​နည်း။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 6,
      "text": "မာ​န​နှင့်​ယစ်​မူး​လျက်၊ မာရ်​နတ်၏ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၍၊ ဘာ​သာ​ဝင်​လူ​သစ် မ​ဖြစ်​ရ။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 7,
      "text": "ကဲ့​ရဲ့​ပြစ်​တင်​ခြင်း၊ မာရ်​နတ်​ဖမ်း​မိ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ပြင်​ပ​လူ​တို့​တွင် အ​သ​ရေ​ရှိ သော​သူ ဖြစ်​ရ​မည်။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 8,
      "text": "ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 9,
      "text": "ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် စင်​ကြယ်​သည်​နှင့်၊ ယုံ​ကြည်​ခြင်း၏ နက်​နဲ​သော​အ​ရာ​ကို စွဲ​လမ်း​သော​သူ ဖြစ်​ရ​ကြ​မည်။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 10,
      "text": "သူ​တို့​သည်​လည်း ရှေ့​မ​ဆွ​က စုံ​စမ်း​ခြင်း​ကို ခံ​ကြ​စေ။ နောက်​မှ အ​ပြစ်​တင်​ခွင့်​နှင့်​ကင်း​လွတ်​လျှင်၊ သင်း​ထောက်​လုပ်​ကြ​စေ။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 11,
      "text": "ထို​နည်း​တူ၊ မိန်း​မ​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​မည်။ ချော​စား​တတ်​သော​သူ မ​ဟုတ်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ အ​ရာ​ရာ၌ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ရ​ကြ​မည်။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 12,
      "text": "သင်း​ထောက်​သည် မ​ယား​တစ်​ယောက်​တည်း​ရှိ​ရ​မည်။ မိ​မိ​သား​သ​မီး​နှင့် အိမ်​သူ​အိမ်​သား​တို့​ကို ကောင်း​မွန်​စွာ အုပ်​ချုပ်​သော​သူ​ဖြစ်​ရ​မည်။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ သင်း​ထောက်​အ​မှု​ကို ကောင်း​စွာ​ရွက်​ဆောင်​သော သူ​တို့​သည် မိ​မိ​တို့​အ​ဖို့ ကောင်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ယုံ​ကြည်​ခြင်း၌ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို​လည်း​ကောင်း အ​မြတ်​ရ​ကြ၏။"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 14,
      "text": "သင်​ရှိ​ရာ​သို့ ငါ​မြန်​မြန်​လာ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ​သော်​လည်း တာ​ရှည်​စွာ​နေ​လျှင်၊ သင်​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်၌ အ​ဘယ်​သို့​ကျင့်​ကြံ​ပြု​မူ​ရ​မည်​ကို သိ​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး၍ ပေး​လိုက်၏။ ထို​အိမ်​တော်​ကား၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ဖြစ်၏။ ထို​အ​သင်း​တော်​ကား၊ သ​မ္မာ​တ​ရား၏ အ​မှီ​တံ​ကဲ​ဖြစ်၏။ သ​မ္မာ​တ​ရား၏ တည်​ရာ​လည်း​ဖြစ်၏။-"
    },
    {
      "book": 54,
      "chapter": 3,
      "verse": 16,
      "text": "မှန်​သော​ကိုး​ကွယ်​ခြင်း၏ နက်​နဲ​သော​အ​ရာ​သည် ကြီး​စွာ​သော​အ​ရာ​ဖြစ်​သည်​ဟု ငြင်း​ခုံ​ရန်​မ​ရှိ။ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ၌ ပေါ်​ထွန်း​တော်​မူ​ပြီ။ ဟုတ်​မှန်​တော်​မူ​ခြင်း​အ​ကြောင်း​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ထင်​ရှား​ပြီ။ ကောင်း​ကင်​တ​မန်​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သ​တင်း​တော်​ကို ကြား​ရ​ကြ​ပြီ။ လော​ကီ​သား​တို့​သည် ယုံ​ကြည်​ရ​ကြ​ပြီ။ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 1,
      "text": "ဝိ​ညာဉ်​တော်​သည် အ​တည့်​အ​လင်း ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ နောင်​ကာ​လ၌ ဩ​တ္တ​ပ္ပ​စိတ်​တွင် သံ​ပူ​နှင့်​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ မု​သား​စ​ကား​ကို ပြော​တတ်​သော သူ​တို့၏ လျှို့​ဝှက်​ခြင်း​အား​ဖြင့်၊ လူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​ကို စွန့်​ပယ်၍၊ လှည့်​ဖြား​တတ်​သော စိတ်​ဝိ​ညာဉ်​တို့၌​လည်း​ကောင်း၊ နတ်​ဘု​ရား​တို့​နှင့်​စပ်​ဆိုင်​သော ဩ​ဝါ​ဒ​တို့၌​လည်း​ကောင်း မှီ​ဝဲ​ဆည်း​ကပ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 3,
      "text": "မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို မ​ပြု​ရ​ဟူ၍​လည်း​ကောင်း၊ ယုံ​ကြည်၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​တ​ကွ သုံး​ဖို့​ရာ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော အ​စာ​မျိုး​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း ပ​ညတ်​ထား​ကြ​လိမ့်​မည်။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သည် သုံး​စ​ရာ​ကောင်း၏။ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​ခံ​ယူ​လျှင်၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​ပယ်​မ​ရှောင်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ အ​ရာ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 6,
      "text": "ဤ​စ​ကား​များ​ကို သင်​သည် ညီ​အစ်​ကို​တို့​အား ကြား​ပြော​လျှင်၊ ယုံ​ကြည်​ချက်​စ​ကား၊ ကိုယ်​တိုင် ရှာ​ဖွေ​လေ့​ကျက်​သော သ​မ္မာ​ဩ​ဝါ​ဒ​စ​ကား​နှင့် မွေး​မြူ​ခြင်း​ကို ခံ​သော ယေ​ရှု​ခ​ရစ်၏ ဓ​မ္မ​ဆ​ရာ​ကောင်း​ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 7,
      "text": "မိန်း​မ​အို​ပြော​တတ်​သော တ​ရား​မဲ့​ဖြစ်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို ပယ်​ရှား၍ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ဆုံး​မ​လော့။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 8,
      "text": "ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 9,
      "text": "အ​ရာ​ရာ၌ အ​ကျိုး​ကို​ပေး​တတ်​သည်​ဟူ​သော စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့​ခံ​ယူ​အပ်​သော စ​ကား​လည်း​ဖြစ်၏။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 10,
      "text": "ထို​ကြောင့်၊ အ​သက်​ရှင်​တော်​မူ​ထ​သော၊ လူ​အ​ပေါင်း​တို့​ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အ​ထူး​သ​ဖြင့် ကယ်​မ​တော်​မူ​သော ဘု​ရား​သ​ခင်၌ ငါ​တို့​သည်​ကိုး​စား​သည်​နှင့်​အ​ညီ၊ ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 11,
      "text": "ယ​ခု​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း ပ​ညတ်​ထား​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​ကို ပြု​လော့။"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 12,
      "text": "သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 13,
      "text": "ငါ​မ​လာ​မီ​တိုင်​အောင်၊ ကျမ်း​စာ​ကို​ဖတ်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​ကို ကြိုး​စား၍ ပြု​လော့။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 14,
      "text": "ဗျာ​ဒိတ်​တော်​ကို ခံ၍၊ သင်း​အုပ်​များ​တို့​သည် လက်​တင်​ခြင်း​နှင့်​တ​ကွ၊ သင်၌​အပ်​ပေး​သော ဆု​ကျေး​ဇူး​ကို မ​ပြု​စု​ဘဲ​မ​နေ​နှင့်။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 15,
      "text": "သင်၏​တိုး​ပွား​ခြင်း​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို စိတ်​စွဲ​လမ်း၍ ကြိုး​စား​အား​ထုတ်​လော့။-"
    },
    {
      "book": 54,
      "chapter": 4,
      "verse": 16,
      "text": "ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ်​ဆုံး​မ​ဩ​ဝါ​ဒ​ကို​လည်း​ကောင်း သ​တိ​ပြု၍ အ​မြဲ​တည်​နေ​လော့။ ထို​သို့​ပြု​လျှင်၊ ကိုယ်​ကို​လည်း​ကောင်း၊ နား​ထောင်​သော သူ​တို့​ကို​လည်း​ကောင်း ကယ်​တင်​လိမ့်​မည်။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 1,
      "text": "အ​သက်​ကြီး​သော​သူ​ကို ကျပ်​တည်း​စွာ မ​ဆုံး​မ​နှင့်။ အ​ဘ​ကဲ့​သို့ မှတ်၍ တောင်း​ပန်​လော့။ လူ​ပျို​တို့​ကို ညီ​အစ်​ကို​ကဲ့​သို့​လည်း​ကောင်း၊-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 2,
      "text": "အ​သက်​ကြီး​သော​မိန်း​မ​တို့​ကို အ​မိ​ကဲ့​သို့​လည်း​ကောင်း၊ မိန်း​မ​ပျို​တို့​ကို အ​လွန်​စင်​ကြယ်​သော အ​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ နှ​မ​ကဲ့​သို့​လည်း​ကောင်း မှတ်၍ ကျင့်​လော့။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 3,
      "text": "မု​ဆိုး​မ​အ​မှန်​ဖြစ်​သော မိန်း​မ​တို့​ကို မ​စ​လုပ်​ကျွေး​လော့။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 4,
      "text": "သား​မြေး​ရှိ​သော မု​ဆိုး​မ​ဖြစ်​လျှင်၊ ထို​သား​မြေး​တို့​သည် ရှေ့​ဦး​စွာ ဘု​ရား​ဝတ်​ကို ရည်​မှတ်​လျက်၊ မိ​မိ​အိမ်​ကို ပြု​စု၍ မိ​ဘ​ဘိုး​ဘွား၌ ကျေး​ဇူး​ဆပ်​ခြင်း​ငှာ သင်​ကြ​စေ။ ထို​အ​မှု​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်၏။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 5,
      "text": "မု​ဆိုး​မ​အ​မှန်​ဖြစ်၍ တစ်​ယောက်​တည်း​ကျန်​ရစ်​သော မိန်း​မ​သည်၊ ဘု​ရား​သ​ခင်​ကို ကိုး​စား၍ ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း၌ နေ့​ည​မ​ပြတ် တည်​နေ​တတ်၏။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 6,
      "text": "ကာ​မ​ဂုဏ်​စည်း​စိမ်၌​ပျော်​မွေ့​သော မု​ဆိုး​မ​မူ​ကား၊ အ​သက်​ရှိ​လျက်​ပင် အ​သေ​ဖြစ်၏။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 7,
      "text": "ထို​သူ​တို့​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ဤ​သို့ ပ​ညတ်​ထား​လော့။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 8,
      "text": "မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 9,
      "text": "မု​ဆိုး​မ​သည် အ​သက်​ခြောက်​ဆယ်​မ​ပြည့်​လျှင်၊ စာ​ရင်း​အင်း မ​ဝင်​စေ​နှင့်။ လင်​တစ်​ယောက်​တည်း ရှိ​ဖူး​သော​သူ၊-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 10,
      "text": "ကောင်း​သော​အ​ကျင့်​ကို​ကျင့်၍ အ​သ​ရေ​ရှိ​သော​သူ၊ သူ​ငယ်​တို့​ကို ကျွေး​မွေး​ခြင်း၊ ဧည့်​သည်​ဝတ်​ပြု​ခြင်း၊ သန့်​ရှင်း​သူ​တို့၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို လုပ်​ကျွေး​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့၌ ကြိုး​စား အား​ထုတ်​ခြင်း​ကို ပြု​ဖူး​သော​သူ​ဖြစ်​လျှင်၊ စာ​ရင်း​အင်း ဝင်​စေ။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 11,
      "text": "အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​ကို ပယ်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ခ​ရစ်​တော်၏ ဆုံး​မ​ခြင်း​ကို သည်း​မ​ခံ။ အိမ်​သင့်​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 12,
      "text": "အ​ရင်​သ​စ္စာ​ကို ဖျက်​သော​ကြောင့် အ​ပြစ်​သင့်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 13,
      "text": "ထို​မှ​တစ်​ပါး၊ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လည်၍ ပျင်း​ရိ​တတ်​ကြ၏။ ပျင်း​ရိ​သည်​သာ​မ​က၊ စ​ကား​များ၍ မ​ပြော​အပ်​သော​အ​ရာ​ကို ပြော​သ​ဖြင့်၊ ကိုယ်​နှင့်​မ​ဆိုင်​သော​အ​မှု၌ ရော​နှော​သော​သူ ဖြစ်​တတ်​ကြ၏။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 14,
      "text": "ထို​ကြောင့်၊ အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​သည် အိမ်​သင့်​ခြင်း၊ သား​ဖွား​ခြင်း၊ အိမ်​မှု​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကို ရန်​သူ​အား မ​ပေး​ဘဲ​နေ​ခြင်း အ​မှု​များ​ကို ပြု​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ ယ​ခု​ပင်​အ​ချို့​တို့​သည် လမ်း​လွဲ၍ စာ​တန်​နောက်​သို့ လိုက်​သွား​ကြ​ပြီ။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 16,
      "text": "ယုံ​ကြည်​သော ယောက်ျား​မိန်း​မ၌ မု​ဆိုး​မ​ရှိ​လျှင်၊ ကိုယ်​တိုင်​လုပ်​ကျွေး​စေ။ သို့​ပြု​လျှင်၊ အ​မှန်​ဖြစ်​သော မု​ဆိုး​မ​တို့​ကို အ​သင်း​တော်​သည် အ​နှောင့်​အ​ယှက်​မ​ရှိ​စေ​ဘဲ လုပ်​ကျွေး​နိုင်​လိမ့်​မည်။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 17,
      "text": "ကောင်း​မွန်​စွာ​အုပ်​သော သင်း​အုပ်​တို့​သည် အ​လှူ​နှစ်​ဆ​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ တ​ရား​ဟော​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု​ကို ကြိုး​စား​အား​ထုတ်​သော​သူ​တို့​သည်၊ အ​လှူ​နှစ်​ဆ​ကို အ​ထူး​သ​ဖြင့် ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း မှတ်​ရ​မည်။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ စ​ပါး​နင်း​နယ်​သော​နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ​ဟု ကျမ်း​စာ​လာ၏။ တစ်​ချက်​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို ခံ​ထိုက်​ပေး​သည်​ဟု လာ​ပြန်၏။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 19,
      "text": "သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး မ​ရှိ​လျှင်၊ သင်း​အုပ်၌ အ​ပြစ်​တင်​သော စ​ကား​ကို နား​မ​ထောင်​နှင့်။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 20,
      "text": "ကြွင်း​သော​သူ​တို့​သည် ကြောက်​စေ​ခြင်း​ငှာ အ​ပြစ်​ရှိ​သော သူ​တို့​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ အ​ပြစ်​တင်၍ ဆုံး​မ​လော့။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 21,
      "text": "ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 22,
      "text": "အ​ဘယ်​သူ၏​အ​ပေါ်၌ လက်​ကို အ​လျင်​တ​ဆော​မ​တင်​နှင့်။ သူ​တစ်​ပါး​အ​ပြစ်၌ မ​ဆက်​ဆံ​နှင့်။ ကိုယ်​ကို​ကိုယ် စင်​ကြယ်​စေ​လော့။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 23,
      "text": "သင်၏​ရင်​ထဲ၌ အ​ကျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​ကြာ​မ​ကြာ​ခံ​ရ​သော ရော​ဂါ​ကြောင့်​လည်း​ကောင်း၊ ယ​ခု​မှ​စ၍ ရေ​ကို​သာ မ​သောက်​ဘဲ၊ စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို သုံး​လော့။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 24,
      "text": "အ​ချို့​သော​သူ​တို့၏ ဒု​စ​ရိုက်​သည် ရှေ့​မ​ဆွ​က​ထင်​ရှား၍၊ အ​ပြစ်​စီ​ရင်​ခြင်း​သို့ အ​ရင်​အ​ဦး​သွား​တတ်၏။ အ​ချို့​သော​သူ​တို့၏ ဒု​စ​ရိုက်​သည် နောက်​သို့​လိုက်​တတ်၏။-"
    },
    {
      "book": 54,
      "chapter": 5,
      "verse": 25,
      "text": "ထို​နည်း​တူ၊ အ​ချို့​သော​သူ​တို့၏ သု​စ​ရိုက်​သည် ထင်​ရှား​နှင့်​တတ်၏။ မ​ထင်​ရှား​သေး​သော သု​စ​ရိုက်​ကို​လည်း ဝှက်၍​မ​ထား​နိုင်။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏ နာ​မ​တော်​နှင့်​တ​ရား​တော်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စေ​ခံ​ကျွန် မည်​သည်​ကား၊ မိ​မိ​သ​ခင်​ကို အ​လွန်​ရို​သေ​ထိုက်​သော​သူ ဟူ၍ မှတ်​စေ။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 2,
      "text": "သ​ခင်​သည် ယုံ​ကြည်​သော​သူ​ဖြစ်​လျှင်၊ ညီ​အစ်​ကို​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့်၊ မ​ခန့်​မ​ညား​မ​ပြု​စေ​နှင့်။ အ​စေ​ခံ​ခြင်း၏​အ​ကျိုး​ကို ခံ​ရ​သော​သူ​သည် ယုံ​ကြည်​သော​သူ၊ ချစ်​အပ်​သော​သူ​ဖြစ်​သော​ကြောင့် သာ၍ အ​စေ​ခံ​စေ။ ဤ​သို့​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 3,
      "text": "ခြား​နား​သော​ဩ​ဝါ​ဒ​ကို သင်​ပေး၍၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​စ​ကား​တည်း​ဟူ​သော စင်​ကြယ်​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​အ​ညီ ဖြစ်​သော ဩ​ဝါ​ဒ​ကို​လည်း​ကောင်း ဝန်​မ​ခံ​သော​သူ​မည်​သည်​ကား၊-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 4,
      "text": "မာ​န​နှင့်​ယစ်​မူး၍ အ​လျှင်း​နား​မ​လည်​ဘဲ၊ ပု​စ္ဆာ​အ​မေး​ကို ဆွေး​နွေး၍ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​သော​အား​ဖြင့် စိတ်​ပေါ့​သော​သူ​ဖြစ်၏။ ထို​သို့​ပြု​လျှင်၊ ငြူ​စူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ မ​နာ​လို​သော ကြံ​စည်​ခြင်း၊-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 5,
      "text": "စိတ်​နှ​လုံး​ယို​ယွင်း၍၊ သ​မ္မာ​တ​ရား​နှင့်​ကင်း​သော သူ​တို့၏ အ​ချည်း​နှီး​ဆွေး​နွေး​ခြင်း ဖြစ်​တတ်၏။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ဟု သူ​တို့​သည် စိတ်​ထင်​ကြ၏။ ထို​သို့​သော​သူ​တို့​ကို ရှောင်​လော့။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 6,
      "text": "ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်၏။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ လာ​သည်​ဖြစ်၍၊ ထွက်​သွား​လျှင်​လည်း၊ အ​ဘယ်​အ​ရာ​ကို​မျှ ယူ၍ မ​သွား​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 8,
      "text": "သို့​ဖြစ်၍၊ စား​ရန်၊ ဝတ်​ရန်​ရှိ​သ​မျှ​နှင့် ရောင့်​ရဲ​လျက်​နေ​ကြ​ကုန်​အံ့။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 9,
      "text": "ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 11,
      "text": "သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 12,
      "text": "ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 13,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 14,
      "text": "အ​လုံး​စုံ​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ​လည်း​ကောင်း၊ ပု​န္တိ​ပိ​လတ်​မင်း​ထံ ကောင်း​သော​ဝန်​ခံ​ခြင်း​ဘက်၌ သက်​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ပ​ညတ်​ထား၏။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 15,
      "text": "မ​ရ​ဏ​နှင့်​ကင်း​လွတ်​သော​သူ တစ်​ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော၊ အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သော အ​လင်း​ထဲ၌​နေ​တော်​မူ​ထ​သော အ​ဘယ်​သူ​မျှ မ​မြင်​ဖူး​ရာ၊ မ​မြင်​နိုင်​ရာ ဖြစ်​တော်​မူ​ထ​သော၊ မင်္ဂ​လာ​ရှိ​သော တစ်​ပါး​တည်း​သော အ​ရှင်​ဖြစ်​တော်​မူ​ထ​သော၊ ဘု​ရင်​တ​ကာ​တို့၏ ဘု​ရင်၊ သ​ခင်​တ​ကာ​တို့၏​သ​ခင်​သည်၊ ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို ပြ​တော်​မူ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်​သည် ထာ​ဝ​ရ​ဂုဏ်​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 17,
      "text": "ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 18,
      "text": "သူ​တစ်​ပါး​အား​ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​သော​အ​ကျင့်၌ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၊ စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ခြင်း၊ အ​ချင်း​ချင်း ဆက်​ဆံ​ခြင်း၊-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 19,
      "text": "မှန်​သော​အ​သက်​ကို ဝင်​စား​လို​သော​ငှာ၊ နောင်​ဘ​ဝ၌ ကောင်း​သော​ဘ​ဏ္ဍာ​ကို မိ​မိ​တို့​အ​ဖို့ ဆည်း​ပူးခြင်း​တို့​ကို ပြု​ရ​မည်​အ​ကြောင်း ပ​ညတ်​ထား​လော့။"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 20,
      "text": "အို တိ​မော​သေ၊ သင်၌​အပ်​ထား​သော အ​ရာ​ကို စောင့်​ရှောက်​လော့။ တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး စ​ကား​ပြော​ခြင်း​ကို​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော သိ​ပ္ပံ​အ​တတ် ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို​လည်း​ကောင်း ရှောင်​လော့။-"
    },
    {
      "book": 54,
      "chapter": 6,
      "verse": 21,
      "text": "ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 1,
      "text": "ယေ​ရှု​ခ​ရစ်၌​တည်​သော အ​သက်​ကို​ပေး​မည်​ဟု က​တိ​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ငါ့​ချစ်​သား​တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ ပါ​စေ​သော။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 3,
      "text": "သင်၏​မျက်​ရည်​ကို ငါ​အောက်​မေ့​သော​အ​ခါ၊ ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​စုံ​မည်​အ​ကြောင်း၊ သင့်​ကို တွေ့​မြင်​ခြင်း​ငှာ အ​လွန်​လွမ်း​သော​စိတ် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ သင်၏​အ​ဖွား​လော​ဣ၊ အ​မိ​ဥ​နိတ်၌ အ​ရင်​တည်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော၊ ငါ​သ​ဘော​ကျ​သည်​အ​တိုင်း၊ သင်၌​လည်း​တည်​သော ယုံ​ကြည်​ခြင်း​စစ်​ကို မှတ်​မိ​သ​ဖြင့်​လည်း​ကောင်း၊ နေ့​ည​မ​ပြတ်​ဆု​တောင်း ပ​တ္ထ​နာ​ပြု​သည်​တွင်၊ သင့်​ကို မ​ခြား​မ​လပ် အောက်​မေ့​သည်​ဖြစ်၍၊ ငါ့​ဘိုး​ဘေး​ကိုး​ကွယ်​သည်​အ​တိုင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ် စင်​ကြယ်​ခြင်း​နှင့်​တ​ကွ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 6,
      "text": "ထို​သို့​ဖြစ်၍၊ ငါ​လက်​တင်​သော​အား​ဖြင့်၊ သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကို နှိုး​ဆော်​မည်​အ​ကြောင်း၊ ငါ​သည် သင့်​ကို​သ​တိ​ပေး၏။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 8,
      "text": "ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 10,
      "text": "ထို​ကျေး​ဇူး​တော်​ကား၊ ငါ​တို့​ကို​ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​သည်​အ​ရာ​မှာ ယ​ခု​ထင်​ရှား​လျက်​ရှိ၏။ ထို​သ​ခင်​သည် သေ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား၍၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် မ​ဖောက်​ပြန်​ခြင်း​အ​ကြောင်း​ကို ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​စေ​တော်​မူ​ပြီ။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 11,
      "text": "ထို​တ​ရား​ကို ဟော​ပြော​သော​သူ​အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း ငါ့​ကို​ခန့်​ထား​တော်​မူ​ပြီ၊-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 12,
      "text": "ထို​အ​ကြောင်း​ကြောင့် ဤ​ဆင်း​ရဲ​ဒု​က္ခ​ကို ငါ​ခံ​ရ၏။ သို့​သော်​လည်း ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ဘယ်​သူ​ကို ငါ​ယုံ​ကြည်​သည်​ဟု ငါ​သိ၏။ သူ၌ ငါ​အပ်​ထား​သော​အ​ရာ​ကို​လည်း၊ ထို​နေ့​ရက်​တိုင်​အောင် စောင့်​နိုင်​တော်​မူ​သည်​ဟု ငါ​သ​ဘော​ကျ၏။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 13,
      "text": "ငါ့​ထံ၌ ကြား​ရ​ပြီး​သော၊ စင်​ကြယ်​သော​တ​ရား စ​ကား​အ​ချုပ်​အ​ခြာ​ကို၊ ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ စွဲ​လမ်း​လော့။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 14,
      "text": "သင်၌​အပ်​ထား​သော အ​ရာ​မြတ်​ကို ငါ​တို့၌ ကျိန်း​ဝပ်​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 15,
      "text": "အာ​ရှိ​ပြည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ပယ်​ကြ​ပြီ​ဟု၊ သင်​သည် ကြား​သိ၏။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့် ဟေ​ရ​မော​ဂင်​ပါ​သ​တည်း။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 16,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် ဩ​နေ​သိ​ဖော်၏​အိမ်၌ သက်​ရောက်​ပါ​စေ​သော။ သူ​သည်​ငါ့​ကို အ​ဖန်​ဖန်​သက်​သာ​စေ​ပြီ။ ငါ၌​သံ​ကြိုး​ချည်​နှောင်​လျက် ရှိ​သော်​လည်း၊ သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ၊-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 17,
      "text": "ရော​မ​မြို့​သို့​ရောက်​သော​အ​ခါ သာ၍​ကြိုး​စား​လျက် ငါ့​ကို​ရှာ၍​တွေ့၏။-"
    },
    {
      "book": 55,
      "chapter": 1,
      "verse": 18,
      "text": "သူ​သည် ထို​နေ့​ရက်၌ သ​ခင်​ဘု​ရား၏​လက်​မှ က​ရု​ဏာ​တော်​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သူ​သည် ဧ​ဖက်​မြို့၌​လည်း ငါ့​ကို အ​ဘယ်​မျှ​လောက် ပြု​စု​သည်​ကို သင်​သည် အ​မှန်​သိ၏။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 1,
      "text": "ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 2,
      "text": "သက်​သေ​ခံ​အ​များ​ရှိ​သည်​နှင့် ငါ့​ထံ၌​ကြား​ရ​ပြီး​သော အ​ရာ​တို့​ကို၊ သ​စ္စာ​နှင့်​ပြည့်​စုံ၍ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​တို့၌ အပ်​ပေး​လော့။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 3,
      "text": "ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 4,
      "text": "စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 5,
      "text": "ပွဲ၌ လူ​ချင်း​တိုက်​သော​သူ မည်​သည်​ကား၊ ထုံး​တမ်း​အ​တိုင်း​မ​တိုက်​လျှင် ပန်း​ဦး​ရစ်​ကို​မ​ရ။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 6,
      "text": "လယ်​လုပ်​သော​သူ​သည်​လည်း အ​ရင်​လုပ်​ပြီး​မှ အ​သီး​အ​နှံ​ကို​ခံ​ရ​မည်။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 7,
      "text": "ငါ့​စ​ကား​ကို ဆင်​ခြင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရာ​ရာ​တို့၌ ဉာဏ်​ကို သင့်​အား ပေး​သ​နား​တော်​မူ​ပါ​စေ​သော။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 8,
      "text": "ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​သော ယေ​ရှု​ခ​ရစ်​သည်၊ ငါ​ဟော​သော ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​ဟု အောက်​မေ့​လော့။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 9,
      "text": "ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 10,
      "text": "ထို​ကြောင့် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည်၊ ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​စိမ့်​သော​ငှာ၊ သူ​တို့​အ​ဖို့ အ​ရာ​ရာ​ကို ငါ​သည်း​ခံ​ရ၏။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 11,
      "text": "သ​စ္စာ​စ​ကား​ဟူ​ကား၊ ထို​သ​ခင်​နှင့်​အ​တူ​သေ​လျှင်၊ အ​တူ​ရှင်​လိမ့်​မည်။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 12,
      "text": "သည်း​ခံ​လျှင်၊ ထို​သ​ခင်​နှင့်​အ​တူ စိုး​စံ​လိမ့်​မည်။ ထို​သ​ခင်​ကို ငါ​တို့​သည် ငြင်း​ပယ်​လျှင်၊ ငါ​တို့​ကို ငြင်း​ပယ်​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 13,
      "text": "ငါ​တို့​သည် မ​ယုံ​ကြည်​သော်​လည်း၊ ထို​သ​ခင်​သည် သ​စ္စာ​တည်​သ​ဖြင့် ကိုယ်​ကို ငြင်း​ပယ်​တော်​မ​မူ​နိုင်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 14,
      "text": "ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​အား သ​တိ​ပေး​လော့။ အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ပြု​စု၊ ကြား​နာ​သော​သူ​တို့၏ စိတ်​ကို​မှောက်​လှန်​လို​သော​ငှာ၊ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​ခြင်း​ကို မ​ပြု​မည်​အ​ကြောင်း၊ သ​ခင်​ဘု​ရား​ရှေ့၌ သ​စ္စာ​ပေး​လော့။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 15,
      "text": "သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 16,
      "text": "တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး​စ​ကား​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​စ​ကား​သည် မ​တ​ရား​သော အ​မှု​တို့​ကို ပွား​များ​စေ​လိမ့်​မည်။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 17,
      "text": "သူ​တို့၏​စ​ကား​သည် ခူ​နာ​ကဲ့​သို့ စား​လိမ့်​မည်။ ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက် ပါ​သ​တည်း။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 18,
      "text": "သူ​တို့​က သေ​လွန်​သော သူ​တို့​သည် ထ​မြောက်​ကြ​ပြီ​ဟု ပြော​လျက်၊ သ​မ္မာ​တ​ရား​လမ်း​မှ လွဲ​သွား၍ အ​ချို့​သော​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မှောက်​လှန်​တတ်​ကြ၏။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 19,
      "text": "သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 20,
      "text": "ကြီး​စွာ​သော​အိမ်၌ ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​သာ ရှိ​သည်​မ​ဟုတ်၊ သစ်​သား​တန်​ဆာ၊ မြေ​တန်​ဆာ​ရှိ၏။ အ​သ​ရေ​ရှိ​သော​တန်​ဆာ၊ အ​သ​ရေ​မ​ရှိ​သော တန်​ဆာ​ရှိ၏။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 21,
      "text": "သို့​ဖြစ်၍၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​အ​ကျင့်​တို့​ကို ပယ်၍၊ မိ​မိ​ကို စင်​ကြယ်​စေ​သော​သူ မည်​သည်​ကား၊ အ​သ​ရေ​ရှိ​သော​တန်​ဆာ၊ သန့်​ရှင်း၍ အိမ်​ရှင်​သုံး​စ​ရာ ကောင်း​သော​တန်​ဆာ၊ ကောင်း​သော​အ​မှု​များ​အ​ဖို့ အ​လို​ငှာ ပြင်​ဆင်​သော​တန်​ဆာ ဖြစ်​လိမ့်​မည်။"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 22,
      "text": "လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 23,
      "text": "မိုက်​မဲ၍ ပ​ညာ​ကင်း​သော ပု​စ္ဆာ​အ​မေး​တို့​သည် ရန်​ပွား​စေ​တတ်​သည်​ဟု သိ​မှတ်၍​ပယ်​ရှား​လော့။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 24,
      "text": "သ​ခင်​ဘု​ရား၏ ကျွန်​သည် ရန်​မ​တွေ့​ရ။ ခပ်​သိမ်း​သော သူ​တို့​အား ဖြည်း​ညင်း​စွာ ပြု​သော​သူ၊ ဆုံး​မ ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု၌ လိ​မ္မာ​သော​သူ၊ သည်း​ခံ​နိုင်​သော​သူ ဖြစ်​ရ​မည်။-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 25,
      "text": "ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊-"
    },
    {
      "book": 55,
      "chapter": 2,
      "verse": 26,
      "text": "မာရ်​နတ်၏ အ​လို​အ​တိုင်း ဖမ်း​မိ​သော​ထို​သူ​တို့​သည် သ​တိ​ရ၍၊ ထို​ဖမ်း​မိ​ရာ​မှ လွတ်​ခြင်း​သို့ ရောက်​ကောင်း ရောက်​ကြ​လိမ့်​မည်။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 1,
      "text": "နောင်​ကာ​လ​သည် ခဲ​ယဉ်း​သော ကာ​လ​ဖြစ်​မည်​ဟု သိ​မှတ်​လော့။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 2,
      "text": "လူ​တို့​သည် ကိုယ်​ကိုယ်​ကို​ချစ်​သော​သူ၊ ငွေ​ကို​တပ်​မက်​သော​သူ၊ ဝါ​ကြွား​သော​သူ၊ ထောင်​လွှား​စော်​ကား​သော​သူ၊ သူ့​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ ကျေး​ဇူး​မ​ရှိ​သော​သူ၊ သန့်​ရှင်း​ခြင်း မ​ရှိ​သော​သူ၊-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 3,
      "text": "ပ​က​တိ ကြင်​နာ​စုံ​မက်​ခြင်း​နှင့် ကင်း​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ချော​စား​တတ်​သော​သူ၊ ကိုယ်​ဣ​န္ဒြေ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ ပြင်း​ထန်​သူ၊ သူ​တော်​ကောင်း​ကို မုန်း​သော​သူ၊-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 4,
      "text": "သ​စ္စာ​ကို​ဖျက်​တတ်​သော​သူ၊ သ​တိ​ပေး​ခြင်း​ကို မ​ခံ​သော​သူ၊ မာန်​မ​န​နှင့်​ယစ်​မူး​သော​သူ၊ ဘု​ရား​သ​ခင်​ကို နှစ်​သက်​သည်​ထက် ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​ကို​သာ၍ နှစ်​သက်​သော​သူ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ယောင်​ဆောင်၍၊-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 5,
      "text": "မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 6,
      "text": "ဒု​စ​ရိုက်​အ​ပြစ်​ဝန်​ကို ထမ်း​ရွက်၍၊ အ​ထူး​ထူး​အ​ပြား​ပြား​သော လော​ဘ​ကိ​လေ​သာ သွေး​ဆောင်​ရာ​သို့​လိုက်၍၊ အ​စဉ်​သင်​သော်​လည်း၊ သ​မ္မာ​တ​ရား​ကို လေ့​ကျက်​ခြင်း​သို့ အ​လျှင်း​မ​ရောက်​နိုင်​သော မိန်း​မ​မိုက်​တို့​ကို၊ အိမ်​ထဲ​သို့​ဝင်၍ ဖမ်း​သွား​သော​သူ​တို့​သည် ထို​သူ​တို့​အ​ဝင် ဖြစ်​ကြ၏။-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 8,
      "text": "ယ​န္နေ​နှင့်​ယံ​ဗြေ​သည် မော​ရှေ​ကို​ဆီး​တား​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သ​မ္မာ​တ​ရား​ကို​ဆီး​တား​ကြ၏။ စိတ်​နှ​လုံး​ယို​ယွင်း၍ ယုံ​ကြည်​ယောင်​ဆောင်​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 9,
      "text": "ထို​သူ​နှစ်​ယောက်​တို့၏ မိုက်​မဲ​ခြင်း​သည် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထင်​ရှား​သ​ကဲ့​သို့၊ ဤ​သူ​တို့၏ မိုက်​မဲ ခြင်း​သည်​လည်း ထင်​ရှား​လိမ့်​မည်။ သို့​ဖြစ်၍ သူ​တို့​သည် တိုး၍ မ​လွန်​မ​သွား​ရ​ကြ။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 10,
      "text": "ငါ​ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ကျင့်​ကျင့်​ခြင်း၊ ကြံ​စည်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း​တို့​ကို​လည်း​ကောင်း၊ အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့၊ လု​တ္တ​ရ​မြို့​တို့၌ ငါ​ခံ​ရ​သ​ကဲ့​သို့၊ အ​ရပ်​ရပ်​တို့၌ ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​သည် ရှာ​ဖွေ​နား​လည်​ရ​ပြီ။ ထို​သို့​သော အ​မှု​တို့​ကို ငါ​တွေ့​ရ​သော်​လည်း၊ တွေ့​သ​မျှ​တို့​မှ သ​ခင်​ဘု​ရား​သည် ငါ့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 12,
      "text": "ယေ​ရှု​ခ​ရစ်၏ တ​ရား​တော်​နှင့်​အ​ညီ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ နေ​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 13,
      "text": "ဆိုး​ညစ်​သော​သူ၊ လှည့်​ဖြား​သော​သူ​တို့​မူ​ကား၊ သူ​တစ်​ပါး​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း လှည့်​ဖြား၍ ဆိုး​ညစ်​ခြင်း၌ တ​ရွေ့​ရွေ့ တိုး​ပွား​ကြ​လိမ့်​မည်။"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 14,
      "text": "သင်​သည်​အ​ဘယ်​သူ​ထံ၌ နည်း​ခံ​ခဲ့​ပြီး​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​ပေး​နိုင်​သော ဓ​မ္မ​ကျမ်း​စာ​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ လေ့​ကျက်​သည်​ကို​လည်း​ကောင်း သိ​မှတ်​သည်​နှင့်၊ အ​ထက်​က​သင်၍ နှ​လုံး​သွင်း​မိ​သော အ​ယူ​ဝါ​ဒ၌ တည်​နေ​လော့။-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 16,
      "text": "ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊-"
    },
    {
      "book": 55,
      "chapter": 3,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 1,
      "text": "ကိုယ်​တော်​တိုင်​ပေါ်​ထွန်း၍ နိုင်​ငံ​တော်​ထင်​ရှား​သော​ကာ​လ၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး​သည်​ကား၊-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 2,
      "text": "နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ နောင်​ကာ​လ၌ လူ​တို့​သည် စင်​ကြယ်​သော​ဩ​ဝါ​ဒ​ကို နား​မ​ခံ​နိုင်​ဘဲ၊ ယား​တတ်​သော နား​ရှိ​လျှင်၊ မိ​မိ​တပ်​မက်​ခြင်း​အ​တိုင်း များ​ပြား​သော ဆ​ရာ​တို့​နောက်​သို့ လိုက်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 4,
      "text": "သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ၊ ဒ​ဏ္ဏာ​ရီ​စ​ကား​ကို နား​ထောင်၍ လွဲ​သွား​ကြ​လိမ့်​မည်။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 5,
      "text": "သင်​မူ​ကား၊ အ​ရာ​ရာ၌ သ​မ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့။ သာ​သ​နာ​ပြု​ဆ​ရာ ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​လော့။ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား၍ ပြု​ရ​သော​ဝတ်​များ​ကို အ​ကုန်​အ​စင်​ပြု​လော့။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 6,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ့​ကို​ယဇ်​ပေါ်​မှာ လောင်း​ရ​သော အ​ချိန်​ရှိ​ပြီ။ စု​တေရ​သော​အ​ချိန် ရောက်​လေ​ပြီ။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 7,
      "text": "ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 8,
      "text": "ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 9,
      "text": "ငါ့​ထံ​သို့ မြန်​မြန်​လာ​ခြင်း​ငှာ ကြိုး​စား​လော့။ အ​ကြောင်း​မူ​ကား၊ ဒေ​မ​သည် ယ​ခု​ဘ​ဝ​ကို နှစ်​သက်​သော စိတ်​ရှိ​သည်​နှင့် ငါ့​ကို​စွန့်​ပစ်၍၊ သက်​သာ​လော​နိတ်​မြို့​သို့ သွား​ပြီ။ က​ရ​က္ကေ​သည် ဂ​လာ​တိ​ပြည်​သို့​လည်း​ကောင်း၊ တိ​တု​သည် ဒါ​လ​မာ​တိ​ပြည်​သို့​လည်း​ကောင်း သွား​ပြီ။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 11,
      "text": "လု​ကာ​တစ်​ယောက်​တည်း​သာ ငါ့​ထံ​မှာ​ရှိ၏။ မာ​ကု​ကို သင်​နှင့်​အ​တူ​ခေါ်​ခဲ့​လော့။ သူ​သည် ဆ​ရာ​အ​မှု​ကို​ပြု​ရာ​မှာ ငါ​အ​ကျိုး​ရှိ၏။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 12,
      "text": "တု​ခိတ်​ကို​လည်း ဧ​ဖက်​မြို့​သို့ ငါ​စေ​လွှတ်​ပြီ။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 13,
      "text": "တ​ရော​မြို့​တွင် ကာ​ပု​လက်၌ ငါ​ထား​ခဲ့​သော ဝတ်​လုံ​ကို​လည်း​ကောင်း၊ စာ​စောင်​ကို​လည်း​ကောင်း၊ အ​ထူး​သ​ဖြင့် သား​ရေ​စာ​ကို​လည်း​ကောင်း၊ သင်​သည်​လာ​သော​အ​ခါ ယူ​ခဲ့​လော့။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 14,
      "text": "ပန်း​တဉ်း​သ​မား​အာ​လေ​ဇ​န္ဒြု​သည် ငါ၌ မ​ကောင်း​သော အ​မှု​အ​များ​ကို ပြု​လေ​ပြီ။ ထို​သူ​ကျင့်​သော အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သ​ခင်​ဘု​ရား ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 15,
      "text": "သူ့​ကို​သ​တိ​ပြု​လော့။ ငါ​တို့​စ​ကား​ကို အ​လွန်​ငြင်း​ပယ်​လေ​ပြီ။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 16,
      "text": "ပ​ထ​မ​အ​ချိန်၌ အ​ပြစ်​တင်​ခွင့်​ကို​ဖြေ၍ ငါ​သည် အ​စီ​ရင်​ခံ​ရ​သော​အ​ခါ၊ ငါ့​ဘက်၌ အ​ဘယ်​သူ​မျှ​မ​နေ။ လူ​အ​ပေါင်း​တို့​သည် ငါ့​ကို စွန့်​ပစ်​ကြ၏။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 17,
      "text": "သူ​တို့၌ အ​ပြစ်​တင်​တော်​မ​မူ​ပါ​စေ​နှင့်။ လူ​အ​ပေါင်း​တို့​သည် စွန့်​ပစ်​ကြ​သော်​လည်း၊ ဒေ​သ​နာ​တော်​ကို အ​ကုန်​အ​စင်​ဟော​ပြော၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ကြား​သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​သည် ငါ့​ဘက်၌​နေ၍ ငါ့​ကို ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​ကြောင့်၊ ခြင်္သေ့​ခံ​တွင်း​မှ ကယ်​နုတ်​ခြင်း​ချမ်း​သာ​ကို ငါ​ရ၏။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 18,
      "text": "ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 19,
      "text": "ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ၍ ဩ​နေ​သိ​ဖော်၏ အိမ်​သူ​အိမ်​သား​များ​ကို နှုတ်​ဆက်​လော့။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 20,
      "text": "ဧ​ရ​က္ကု​သည် ကော​ရိ​န္သု​မြို့၌​နေ၏။ တ​ရော​ဖိမ်​သည် နာ၍ မိ​လက်​မြို့၌​ငါ​ထား​ခဲ့၏။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 21,
      "text": "ဆောင်း​ကာ​လ​မ​ရောက်​မီ ကြိုး​စား၍ လာ​ခဲ့​လော့။ ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ၍ ညီ​အစ်​ကို အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 55,
      "chapter": 4,
      "verse": 22,
      "text": "သ​ခင်​ယေ​ရှု​ခ​ရစ်​သည် သင်၏​စိတ်​ဝိ​ညာဉ်​နှင့် အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ သင်၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 1,
      "text": "မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ က​တိ​ထား​တော်​မူ၍၊ ငါ​တို့​ကို​ကယ်​တင်​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း၊ ငါ၌​အပ်​ထား​သော တ​ရား​ဟော​ခြင်း အ​ခွင့်​အား​ဖြင့် တော်​လျော်​သော​အ​ချိန်၌၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​ဖြစ်၍၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​ဆိုင်​သော သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့၏ ယုံ​ကြည်​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကျွန်​တည်း​ဟူ​သော၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 4,
      "text": "ဆက်​ဆံ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​တု​ကို ကြား​လိုက်​ပါ၏။ ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော် ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 5,
      "text": "ငါ​သည် သင့်​ကို မှာ​ထား​ခဲ့​နှင့်​သည်​အ​တိုင်း၊ က​ရေ​တေ​ကျွန်း၌ မ​စုံ​လင်​သ​မျှ​တို့​ကို ပြင်​ဆင်၍၊ မြို့​ရွာ​များ၌ သင်း​အုပ်​တို့​ကို ခန့်​ထား​စေ​ခြင်း​ငှာ၊ ထို​ကျွန်း၌ သင့်​ကို ငါ​ထား​ခဲ့​သ​တည်း။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 6,
      "text": "အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ ဖြစ်​လျှင်​လည်း​ကောင်း၊ သူ၏​သား​သ​မီး​တို့​သည် ကာ​မ​ဂုဏ်၌ လွန်​ကျူး​သည်​ဟု အ​ပြစ်​တင်​ခြင်း၊ နား​မ​ထောင်​ခြင်း​နှင့်​လွတ်၍ ယုံ​ကြည်​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​သူ​ကို ခန့်​ထား​အပ်၏။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ သင်း​အုပ်​သည် ဘု​ရား​သ​ခင်၏ ဘ​ဏ္ဍာ​စိုး​ကဲ့​သို့၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ ဖြစ်​ရ​မည်။ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ၊ စိတ်​တို​သော​သူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူ​တစ်​ပါး​ကို ရိုက်​ပုတ်​သော​သူ၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ဘဲ၊-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 8,
      "text": "ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ သူ​တော်​ကောင်း​နှင့် အ​ဆွေ​ဖွဲ့​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ ဖြောင့်​မတ်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ကာ​မ​ဂုဏ်​ကို ချုပ်​တည်း​သော​သူ​ဖြစ်​ရ​မည်။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 9,
      "text": "စင်​ကြယ်​သော ဩ​ဝါ​ဒ​အား​ဖြင့် တိုက်​တွန်း​သွေး​ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ခုံ​သော​သူ​တို့၏ စ​ကား​ကို ချေ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​တိုင်​သင်​ပြီး​သော သ​စ္စာ​စ​ကား​တော်​ကို အ​မြဲ​စွဲ​လမ်း​သော​သူ ဖြစ်​ရ​မည်။"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ နား​မ​ထောင်​ဘဲ အ​ချည်း​နှီး​သော စ​ကား​ကို​ပြော၍၊ လှည့်​ဖြား​တတ်​သော​သူ​အ​များ ရှိ​ကြ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့​တွင်​လည်း အ​ထူး​သ​ဖြင့်​ရှိ​ကြ၏။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 11,
      "text": "ထို​သူ​တို့၏​နှုတ်​ကို ပိတ်​ရ​မည်။ သူ​တို့​သည် မ​စင်​ကြယ်​သော စီး​ပွား​ကို​တပ်​မက်​လျက်၊ မ​ပေး​အပ်​သော ဩ​ဝါ​ဒ​ကို​ပေး၍၊ တစ်​အိမ်​ထောင်​လုံး​ကို မှောက်​လှန်​တတ်​ကြ၏။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 12,
      "text": "သူ​တို့​အ​ပါ​အ​ဝင်၊ အ​မျိုး​သား​ချင်း​ပ​ရော​ဖက် ဆ​ရာ​တစ်​ယောက်​က၊ က​ရက်​သား​မြဲ၊ မု​သား​စွဲ​လမ်း၊ သား​ရဲ​ကြမ်း​ကြုတ်၊ စား​ကြူး​တုတ်​တုတ်၊ လူ​ယုတ်​ပေ​ဟု စပ်​ဆို​သ​တည်း။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 13,
      "text": "ဤ​သက်​သေ မှန်၏။ ထို​ကြောင့်၊ သူ​တို့​သည် ယု​ဒ​ဒ​ဏ္ဏာ​ရီ​စ​ကား​ကို​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​ကို​စွန့်​သော လူ​တို့၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ အ​မှု​မ​ထား​ဘဲ ယုံ​ကြည်​ခြင်း​အ​မှု၌ စင်​ကြယ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကျပ်​တည်း​စွာ ဆုံး​မ​ပြစ်​တင်​လော့။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 15,
      "text": "စင်​ကြယ်​သော​သူ​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။ မ​စင်​ကြယ်၊ မ​ယုံ​ကြည်​သော​သူ​တို့​အား အ​ဘယ်​အ​ရာ​မျှ မ​စင်​ကြယ်။ သူ​တို့၏ နှ​လုံး​လည်း မ​စင်​ကြယ်။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် လည်း​မ​စင်​ကြယ်။-"
    },
    {
      "book": 56,
      "chapter": 1,
      "verse": 16,
      "text": "သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ယောင်​ဆောင်​သော်​လည်း၊ အ​ကျင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ကြ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ကောင်း​သော​အ​မှု​တစ်​ခု​ကို​မျှ ပြု​တတ်​သော​ဉာဏ် မ​ရှိ​သော​သူ​ဖြစ်​ကြ၏။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 1,
      "text": "သင်​မူ​ကား၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ထိုက်​တန်​သ​မျှ​တို့​ကို ဟော​ပြော​လော့။-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 2,
      "text": "အ​သက်​ကြီး​ရင့်​သော ယောက်ျား​တို့​သည် သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ တည်​ကြည်​သော​သူ၊ ဣ​န္ဒြေ​စောင့် သော​သူ၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၌ စိတ်​သန်​သော​သူ ဖြစ်​ရ​ကြ​မည်​အ​ကြောင်း၊-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 3,
      "text": "ထို​နည်း​တူ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ကျင့်​ကြံ​ပြု​မူ​ရာ​မှာ ဓ​မ္မ​အ​မှု​နှင့် ထိုက်​တန်​သော​သူ၊ မ​ချော​စား​တတ်​သော​သူ၊ စ​ပျစ်​ရည်၌ မ​လွန်​ကြူး​တတ်​သော​သူ၊ ကောင်း​သော​အ​တတ်​ကို သင်​ပေး​တတ်​သော​သူ ကိုယ်​တိုင်​ဖြစ်၍၊-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​စိမ့်​သော​ငှာ၊ အ​သက်​ပျို​သော မိန်း​မ​တို့​သည် ကိုယ်​ခင်​ပွန်း​ကို ချစ်​သော​သူ၊ သား​သ​မီး​ကို ချစ်​သော​သူ၊-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 5,
      "text": "ဣ​န္ဒြေ​စောင့်​သော​သူ၊ စင်​ကြယ်​သော​သူ၊ မိ​မိ​အိမ်​ကို​ပြု​စု​သော​သူ၊ ကောင်း​မွန်​သော​သူ၊ ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​သော​သူ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ဆုံး​မ​ပေး​ရ​ကြ​မည်​အ​ကြောင်း၊-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 6,
      "text": "ထို​နည်း​တူ၊ အ​သက်​ပျို​သော​ယောက်ျား​တို့​သည်​လည်း၊ ဣ​န္ဒြေ​စောင့်​ရ​ကြ​မည်​အ​ကြောင်း တိုက်​တွန်း သွေး​ဆောင်​လော့။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 7,
      "text": "အ​ရာ​ရာ၌ ကောင်း​သော​အ​ကျင့်​တို့၏ ပုံ​သက်​သေ​ကို ကိုယ်​တိုင်​ပြ​လော့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​အ​ခါ၊ မိ​စ္ဆာ​ဒိ​ဋ္ဌိ​နှင့်​ကင်း​ခြင်း၊ တည်​ကြည်​ခြင်း၊-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 8,
      "text": "အ​ပြစ်​တင်​ဖွယ်​မ​ရှိ၊ စင်​ကြယ်​သော​တ​ရား​စ​ကား​ကို ဟော​ပြော​ခြင်း​တို့​ကို ပြု​လော့။ သို့​ဖြစ်၍၊ တစ်​ဖက်၌ နေ​သော​သူ​သည်၊ ငါ​တို့​ကို ကဲ့​ရဲ့​စ​ရာ​အ​ခွင့် မ​ရ​နိုင်​သော​ကြောင့်၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 9,
      "text": "အ​စေ​ခံ​ကျွန်​တို့​သည်၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ဩ​ဝါ​ဒ​ကို အ​ရာ​ရာ၌ တန်​ဆာ​ဆင်​ခြင်း​ငှာ၊ မိ​မိ​တို့​သ​ခင်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ၍၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ အ​ရာ​ရာ၌ သ​ခင်၏​အ​လို​သို့ လိုက်​မည်​အ​ကြောင်း​နှင့်၊-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 10,
      "text": "တိတ်​ဆိတ်​စွာ ခိုး​ယူ​ခြင်း​ကို​မ​ပြု​ဘဲ၊ ခပ်​သိမ်း​သော သ​စ္စာ​ကို ထင်​ရှား​စွာ​ပြ​မည်​အ​ကြောင်း တိုက်​တွန်း သွေး​ဆောင်​လော့။"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ရှိ​သော မျှော်​လ​င့်​ရာ​ကို​လည်း​ကောင်း၊ ကြီး​မြတ်​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘုန်း​အ​သ​ရေ​တော် ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သည် မျှော်​လ​င့်​လျက်၊ ဘု​ရား​မဲ့ တ​ရား​မဲ့​နေ​ခြင်း၊ လော​ကီ​တပ်​မက်​ခြင်း​ကို ပယ်​ရှား​လျက်၊ ယ​ခု​ဘ​ဝ၌ ဣ​န္ဒြေ​စောင့်​ခြင်း၊ တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌​မွေ့​လျော်​ခြင်း​တို့​ကို ပြု​နေ​ရ​မည်​အ​ကြောင်း၊ ငါ​တို့​ကို ဆုံး​မ​သွန်​သင်၍၊ လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​သည် ထင်​ရှား ပေါ်​ထွန်း​လျက်​ရှိ၏။-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 14,
      "text": "ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ဒု​စ​ရိုက်​မှ ငါ​တို့​ကို ရွေး​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော အ​ကျင့်​ဘက်၌ စိတ်​အား​ကြီး၍၊ ပိုင်​ထိုက်​တော်​မူ​သော အ​မျိုး​ကို မိ​မိ​အ​ဖို့ စင်​ကြယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် စွန့်​ကြဲ​တော်​မူ​ပြီ။-"
    },
    {
      "book": 56,
      "chapter": 2,
      "verse": 15,
      "text": "ဤ​တ​ရား​စ​ကား​ကို​ဟော​ပြော​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ပြစ်​တင်​ခြင်း​တို့​ကို ခပ်​သိမ်း​သော အာ​ဏာ​နှင့်​တ​ကွ​ပြု​လော့။ အ​ဘယ်​သူ​မျှ သင့်​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 1,
      "text": "လူ​တို့​သည် အ​ထွတ်​အ​မြတ်​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း၏​စ​ကား​ကို နား​ထောင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု၍ အ​သင့်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 2,
      "text": "အ​ဘယ်​သူ​ကို​မျှ​မ​ကဲ့​ရဲ့၊ ရန်​တွေ့​ခြင်း​ကို​မ​ပြု၊ ဖြည်း​ညင်း​သော သ​ဘော​ရှိ၍၊ ခပ်​သိမ်း​သော သူ​တို့၌ အ​လွန်​နူး​ညံ့​သိမ်​မွေ့​စွာ ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း သ​တိ​ပေး​လော့။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 4,
      "text": "ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ စေ​တ​နာ​တော်​နှင့် လူ​တို့​ကို​ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ပေါ်​ထွန်း​သော​အ​ခါ၊-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 5,
      "text": "ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 6,
      "text": "ငါ​တို့​ကို ကယ်​တင်​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ပေါ်​သို့ ထို​ဝိ​ညာဉ်​တော်​ကို ကြွယ်​ဝ​စွာ သွန်း​လောင်း​တော်​မူ၏။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​နှင့်​အ​ညီ အ​မွေ​ခံ​ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 8,
      "text": "ဤ​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော​သူ​တို့​သည် ကောင်း​သော​အ​ကျင့် တို့​ကို အ​မြဲ​ကျင့်​အံ့​သော​ငှာ သ​တိ​ပြု​ရ​ကြ​မည်​အ​ကြောင်း၊ သင်​သည် ဤ​အ​ရာ​များ​ကို ကြိုး​စား၍ ဟော​ပြော​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ထို​အ​ကျင့်​တို့​သည် ကောင်း​သည်​သာ​မ​က၊ လူ​တို့၏​အ​ကျိုး​ကို ပြု​စု​တတ်​သော အ​ကျင့်​ဖြစ်​ကြ၏။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 9,
      "text": "မိုက်​မဲ​သော ပု​စ္ဆာ​အ​မေး​တို့​ကို​လည်း​ကောင်း၊ ဆွေ​စဉ်​မျိုး​ဆက် စာ​ရင်း​တို့​ကို​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ကြောင့် ရန်​တွေ့​ခြင်း၊ တိုက်​လှန်​ခြင်း​တို့​ကို​လည်း​ကောင်း ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရာ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး သက်​သက်​ဖြစ်​ကြ၏။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 10,
      "text": "သင်း​ခွဲ​သော​သူ​ကို နှစ်​ကြိမ်​မြောက်​အောင်​ဆုံး​မ​ပြီး​မှ ပယ်​ရှား​နှင်​ထုတ်​လော့။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 11,
      "text": "ထို​သို့​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို သိ​လျက်​ပင် အ​ပြစ်​ပြု၍ မှောက်​လှန်​သော စိတ်​ရှိ​သော​သူ ဖြစ်​သ​တည်း။"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 12,
      "text": "အာ​တေ​မ​သော်​လည်း​ကောင်း၊ တု​ခိတ်​သော်​လည်း​ကောင်း၊ သင့်​ဆီ​သို့ ငါ​စေ​လွှတ်​သော​အ​ခါ နိ​ကော​ပ​လိ​မြို့​တိုင်​အောင် ငါ့​ထံ​သို့​လာ​ခြင်း​ငှာ ကြိုး​စား​လော့။ ဆောင်း​ကာ​လ​ပတ်​လုံး ထို​မြို့၌ ငါ​နေ​မည်​ဟု​အ​ကြံ​ရှိ၏။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 13,
      "text": "ကျမ်း​ဆ​ရာ​ဇေ​န​နှင့်​အာ​ပေါ​လု၌ အ​ဘယ်​အ​ရာ​မျှ​မ​လို​စေ​ခြင်း​ငှာ ကြိုး​စား၍​လမ်း၌​ပို့​လော့။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 14,
      "text": "ငါ​တို့၏​လူ​များ​သည်​လည်း အ​သီး​မဲ့​သော​သူ​မ​ဖြစ်၊ ကိုယ်​သုံး​စ​ရာ​ဖို့​ရှိ​ရ​မည်​အ​ကြောင်း၊ ကောင်း​သော အ​ကျင့်​တို့​ကို အ​မြဲ​ကျင့်​အံ့​သော​ငှာ သင်​ကြ​စေ။-"
    },
    {
      "book": 56,
      "chapter": 3,
      "verse": 15,
      "text": "ငါ့​ထံ​မှာ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။ ယုံ​ကြည်​ခြင်း​နှင့်​တ​ကွ ငါ​တို့​ကို ချစ်​သော​သူ​များ​ကို နှုတ်​ဆက်​လော့။ သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​တု​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 1,
      "text": "ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊ ငါ​တို့​ချစ်​သော လုပ်​ဖော်​ဆောင်​ဖက်​ချင်း ဖိ​လေ​မုန်၊-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 2,
      "text": "ငါ​တို့​ချစ်​သော​နှ​မ အ​ပ္ပိ၊ ငါ​တို့​စစ်​သူ​ရဲ​ချင်း အာ​ခိ​ပ္ပု​မှ​စ၍ သင်၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 4,
      "text": "သင်​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်၍ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​သည်​ဟု ငါ​သည်​ကြား​လျှင်၊ ငါ၏​ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း၍၊ သင့်​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 6,
      "text": "ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ကို ဆက်​ဆံ​သော အ​ရှိန်​ကြီး၍၊ သူ​တစ်​ပါး​တို့​သည် ယေ​ရှု​ခ​ရစ်​အ​ဖို့​အ​လို​ငှာ ငါ​တို့၌ ကောင်း​သော​အ​ရာ ရှိ​သ​မျှ တို့​ကို ဝန်​ခံ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 7,
      "text": "အ​ချင်း​ငါ့​ညီ၊ သင်​သည် သန့်​ရှင်း​သူ​တို့၏ စိတ်​နှ​လုံး​ကို သက်​သာ​စေ​သော​ကြောင့်၊ သင်၏​မေ​တ္တာ​ကို ထောက်၍ ငါ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ချမ်း​သာ​ခြင်း ရှိ၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 8,
      "text": "ထို​ကြောင့်၊ သင်​သည် ပြု​သင့်​သော​အ​မှု​အ​ရာ​ကို ပ​ညတ်​ထား​ခြင်း​ငှာ၊ ငါ​သည် ခ​ရစ်​တော်​အား​ဖြင့် အ​လွန်​ရဲ​ရင့်​စ​ရာ အ​ခွင့်​ရှိ​သော်​လည်း၊-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 9,
      "text": "အ​သက်​ကြီး​သော ပေါ​လု​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ ဖြစ်​လျက်​ပင်၊ မေ​တ္တာ​အား​ဖြင့်​သာ သင့်​ကို တောင်း​ပန်​ပါ၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 10,
      "text": "ချည်​နှောင်​ခြင်း​ကို​ခံ​စဉ်​တွင် ငါ​ဖြစ်​ဖွား​စေ​သော သား​တည်း​ဟူ​သော၊-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 11,
      "text": "သင်​သည် အ​ထက်​က​အ​သုံး​မ​ရ​သော​သူ၊ ယ​ခု​တွင် ငါ​နှင့်​သင်​သည် အ​သုံး​ရ​သော​သူ ဩ​နေ​သိမ်​အ​ဖို့ ငါ​တောင်း​ပန်​ပါ၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 12,
      "text": "ထို​သူ​ကို သင့်​ထံ​သို့ ငါ​ပြန်​စေ​သည်​ဖြစ်၍၊ သူ့​ကို ငါ့​ရင်​သွေး​ကဲ့​သို့​မှတ်​လျက် လက်​ခံ​လော့။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 13,
      "text": "ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 14,
      "text": "သင်​သည် ငါ၌ ကျေး​ဇူး​ပြု​ရာ​တွင် အ​နိုင်​ပြု​ရ​သ​ကဲ့​သို့​မ​ဟုတ်၊ အ​လို​အ​လျောက်​ပြု​စေ​ချင်​သော စိတ်​ရှိ​သည်​ဖြစ်၍၊ သင်၏​အ​ခွင့် မ​ရှိ​လျှင် အ​လျှင်း​မ​ပြု​လို။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 15,
      "text": "ထို​မှ​တစ်​ပါး၊ သင်​သည် သူ့​ကို အ​စဉ်​ရ​စေ​ခြင်း​ငှာ၊ သူ​သည် သင်​နှင့်​ခ​ဏ​ကွာ​သွား​သည်​ဟု ဆို​စ​ရာ​ရှိ၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 16,
      "text": "ထို​သို့​ဆို​သော်၊ အ​စေ​ခံ​ကျွန်​ကဲ့​သို့​ရ​မည်​ဟု မ​ဆို​လို၊ ငါ၌ အ​ထူး​သ​ဖြင့် ချစ်​သော​ညီ၊ သင်၌​ကား၊ ဇာ​တိ​အား​ဖြင့်​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ သာ၍​ချစ်​သော ညီ​ကဲ့​သို့​ရ​မည်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 17,
      "text": "သို့​ဖြစ်၍ သင်​သည် ငါ့​ကို အ​ပေါင်း​အ​ဖော်​ကဲ့​သို့ မှတ်​လျှင်၊ သူ့​ကို​ငါ​ကဲ့​သို့​ပင် လက်​ခံ​လော့။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 18,
      "text": "သူ​သည် သင်၌​ပြစ်​မှား​ခြင်း၊ ကြွေး​တင်​ခြင်း တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ ငါ့​အ​တွက်​အ​တာ မှတ်​လော့။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 19,
      "text": "ဆပ်​ပေး​မည်​ဟု ငါ​ပေါ​လု​သည် ကိုယ်​လက်​နှင့် ရေး​ထား၏။ သို့​ရာ​တွင် သင်၏​ကိုယ်​တည်း​ဟူ​သော ကြွေး​ကို​ပင် ငါ့​အား​ဆပ်​ပေး​ရ​သော​အ​ကြောင်း​ရှိ​သည်​ဟု ငါ​မ​ဆို။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 20,
      "text": "အ​ချင်း​ငါ့​ညီ၊ သ​ခင်​ဘု​ရား၌ ငါ့​ကို ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ်​တော်၌ ငါ့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ပါ​လော့။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 21,
      "text": "သင်​သည်​နား​ထောင်​မည်​ဟု ယုံ​မှား​ခြင်း​မ​ရှိ​သည် သာ​မ​က၊ ငါ​ပြော​သည်​ထက် သာ၍​ပြု​မည်​ဟု အ​မှန်​သိ​လျက် ငါ​ရေး​လိုက်​ပါ၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 22,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​တည်း​ခို​စ​ရာ​အ​ရပ်​ကို​လည်း ပြင်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဆု​တောင်း ပ​တ္ထ​နာ​ပြု​သော​အား​ဖြင့် သင်​တို့​ရှိ​ရာ​သို့ ငါ​ရောက်​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 23,
      "text": "ယေ​ရှု​ခ​ရစ်​ကြောင့် ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော ဧ​ပ​ဖြ​မှ စ၍၊-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 24,
      "text": "ငါ၏ လုပ်​ဖော်​ဆောင်​ဖက် မာ​ကု၊ အာ​ရိ​တ္တာ​ခု၊ ဒေ​မ၊ လု​ကာ​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 57,
      "chapter": 1,
      "verse": 25,
      "text": "ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၏ စိတ်​ဝိ​ညာဉ်​နှင့်​အ​တူ ရှိ​ပါ​စေ​သ​တည်း။ အာ​မင်။ ဖိ​လေ​မုန်​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 1,
      "text": "ရှေး​လွန်​လေ​ပြီး​သော​အ​ခါ ပ​ရော​ဖက်​များ​အား​ဖြင့် ဘိုး​ဘေး​တို့​အား အ​ထပ်​ထပ်​အ​နည်း​နည်း ဗျာ​ဒိတ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ဤ​နောက်​ဆုံး​ကာ​လ​အ​ခါ မိ​မိ​သား​တော်​အား​ဖြင့် ငါ​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြီ။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 2,
      "text": "ထို​သား​တော်​ကို အ​လုံး​စုံ​တို့၏ အ​မွေ​ခံ​သ​ခင်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ သား​တော်​အား​ဖြင့်​လည်း လော​က​ဓာတ်​တို့​ကို တည်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 3,
      "text": "ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 4,
      "text": "ကောင်း​ကင်​တ​မန်​တို့​ရ​သော ဘွဲ့​နာ​မ​ထက် ထူး​မြတ်​သော ဘွဲ့​နာ​မ​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​တ​မန်​တို့​ထက် ကြီး​မြတ်​သော​သူ ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 5,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟူ၍​လည်း​ကောင်း၊ ငါ​သည်​သူ၏ အ​ဘ​ဖြစ်​မည်၊ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​မည်​သော ကောင်း​ကင်​တ​မန်​ကို တစ်​ခါ​မျှ မိန့်​တော်​မူ​သ​နည်း။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 6,
      "text": "တစ်​နည်း​ကား၊ သား​ဦး​ကို ဤ​လော​က​သို့ သွင်း​တော်​မူ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင် တ​မန်​အ​ပေါင်း​တို့​သည် ထို​သူ​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​စေ​ဟု လာ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 7,
      "text": "တစ်​နည်း​ကား၊ မိ​မိ​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​အ​စေ​အ​ပါ​တို့​ကို မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​စေ​တော်​မူ​ထ​သော​ဟု ကောင်း​ကင်​တ​မန်​တို့​ကို ရည်​ဆောင်၍ ဆို​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 8,
      "text": "သား​တော်​ကို​ကား၊ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ပ​လ္လင်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​လ္လင် ဖြစ်​ပါ၏။ ကိုယ်​တော်၏ နိုင်​ငံ​သည် တ​ရား​သ​ဖြင့် စီ​ရင်​သော​နိုင်​ငံ​ဖြစ်​ပါ၏။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 9,
      "text": "ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍၊ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက် ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ​ဟု လာ​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 10,
      "text": "တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ ဖြစ်​ပါ၏။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 11,
      "text": "ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်​၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို လိပ်​သ​ကဲ့​သို့ လိပ်​တော်​မူ​သ​ဖြင့် ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 12,
      "text": "ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​လည်း မ​ကုန်​မ​ဆုံး​ရ​ပါ​ဟု လာ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 13,
      "text": "ထို​မှ​တစ်​ပါး၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု၊ အ​ဘယ်​မည်​သော ကောင်း​ကင်​တ​မန်​ကို တစ်​ခါ​မျှ မိန့်​တော်​မူ​ဖူး​သ​နည်း။-"
    },
    {
      "book": 58,
      "chapter": 1,
      "verse": 14,
      "text": "ကောင်း​ကင်​တ​မန်​များ​တို့​ကား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မွေ​ခံ​လ​တ္တံ့​သော သူ​တို့​ကို ပြု​စု​စေ​ခြင်း​ငှာ၊ စေ​လွှတ်​တော်​မူ​သော အ​စေ​ခံ​နာမ်​ဝိ​ညာဉ် ဖြစ်​ကြ​သည် မ​ဟုတ်​လော။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 1,
      "text": "ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သော ဒေ​သ​နာ​တော်​ကို မ​မေ့​မ​လျော့​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး၌​သာ၍​မှတ်​မိ​စွဲ​လမ်း​ခြင်း ရှိ​ရ​ကြ​မည်။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 2,
      "text": "ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော်​သည်​တည်၍ ပြစ်​မှား​လွန်​ကျူး​ခြင်း​အ​မှု အ​မျိုး​မျိုး​တို့​သည် ခံ​ထိုက်​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​သည်​မှန်​လျှင်၊-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 3,
      "text": "အ​စ​အ​ဦး၌ သ​ခင်​ဘု​ရား​ဟော​တော်​မူ၍ ဒေ​သ​နာ​စ​ကား​တော်​ကို ကြား​ရ​သော​သူ​တို့​သည်၊ ယုံ​လောက်​သော သက်​သေ​အား​ဖြင့် ငါ​တို့​အား​ဆင့်​ဆို၍ ဟော​ပြော​သော၊ ဤ​မျှ​လောက် ကြီး​စွာ​သော ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ အ​ပြစ်​ဒဏ်​နှင့် အ​ဘယ်​သို့ လွတ်​ကြ​လိမ့်​မည်​နည်း။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 4,
      "text": "ထို​သက်​သေ​ခံ​သော​သူ​တို့​နှင့်​အ​တူ ဘု​ရား​သ​ခင်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အား​ဖြင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး အ​ထူး​ထူး အ​ပြား​ပြား​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း ဝေ​ငှ​သော ဆု​ကျေး​ဇူး​အား​ဖြင့်​လည်း​ကောင်း သက်​သေ​ခံ​တော်​မူ​ပြီ။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 5,
      "text": "ငါ​တို့​ပြော​ဆို​သော နောင်​ကပ်​က​မ္ဘာ​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ကောင်း​ကင်​တ​မန်​တို့၌ အပ်​ပေး​တော်​မူ​သည်​မ​ဟုတ်၊-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 6,
      "text": "ကျမ်း​စာ​တစ်​ချက်၌ တစ်​ယောက်​သော​သူ​က၊ လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ကိုယ်​တော်​သည် အောက်​မေ့​တော်​မူ​ရ​သ​နည်း။ လူ​သား​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ရ​သ​နည်း။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 7,
      "text": "သူ့​ကို ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ် နှိမ့်​တော်​မူ​ပြီ။ သူ၏​ခေါင်း​ကို ဘုန်း​အ​သ​ရေ​နှင့် ပတ်​ရစ်​တော်​မူ​ပြီ။ ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​များ​ကို အုပ်​စိုး​စေ၍၊-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 8,
      "text": "ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​ပြီ​ဟု သက်​သေ​ခံ​သ​တည်း။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို ချ​ထား​တော်​မူ၏​ဟု​ဆို​သော်၊ မ​ချ​မ​ထား​ဘဲ ကျန်​ရစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။ ယ​ခု​မူ​ကား၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့ မ​မြင်​ရ​ကြ​သေး။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 9,
      "text": "ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​ပြီး​မှ၊ အ​သေ​ခံ​ရ​သော​ကြောင့် ခေါင်း​တော်၌ ဘုန်း​အ​သ​ရေ ပတ်​ရစ်​လျက်​ရှိ​သည်​ကို ငါ​တို့​မြင်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ များ​စွာ​သော သား​တို့​ကို​ကယ်​တင်၍၊ ဘုန်း​စည်း​စိမ်​စံ​စား​ရာ​သို့ ပို့​ဆောင်​သော​အ​ရှင်​သည်၊ ဒု​က္ခ​ဝေ​ဒ​နာ​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​ရ​မည်​အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း၍ အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သည် စီ​ရင်​တော်​မူ​အပ်၏။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 11,
      "text": "သန့်​ရှင်း​စေ​တတ်​သော​သူ​နှင့် သန့်​ရှင်း​စေ​အပ်​သော​သူ​များ​တို့​သည် တစ်​ပါး​တည်း​သော ပ​က​တိ​ရှိ​ကြ၏။ ထို​ကြောင့်၊ သန့်​ရှင်း​စေ​တတ်​သော​သူ​သည် သန့်​ရှင်း​စေ​အပ်​သော​သူ​တို့​ကို ညီ​အစ်​ကို​ဟူ၍ ခေါ်​ခြင်း​ငှာ ရှက်​ကြောက်​တော်​မ​မူ။ ထို​သို့​ခေါ်​သော​အ​ချက် ဟူ​မူ​ကား၊-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 12,
      "text": "သ​တင်း​တော်​ကို အ​ကျွန်ုပ်​ညီ​အစ်​ကို​တို့​အား အ​ကျွန်ုပ်​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍ သီ​ချင်း​ဆို​ပါ​မည်​ဟု လာ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 13,
      "text": "တစ်​ချက်​ကား၊ ငါ​သည်​ဘု​ရား​သ​ခင်​ကို ကိုး​စား​မည်​ဟု လာ​သ​တည်း။ တစ်​ဖန်​ကား၊ ငါ​မှ​စ၍ ငါ့​အား ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​သူ​ငယ်​တို့​သည် ရှိ​ကြ၏​ဟု လာ​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 14,
      "text": "ထို​သူ​ငယ်​တို့​သည် အ​သွေး​အ​သား​နှင့် ဆက်​ဆံ​ကြ​သော​ကြောင့်၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကောင်း​ကင်​တ​မန်​တို့​ကို မ​စ​တော်​မူ​သည်​မ​ဟုတ်၊ အာ​ဗြ​ဟံ​အ​မျိုး​ကို မ​စ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 17,
      "text": "ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 2,
      "verse": 18,
      "text": "ထို​သို့ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ကိုယ်​တော်​တိုင်​ခံ၍ ဒု​က္ခ​ဆင်း​ရဲ​ခြင်း၌ ကျင်​လည်​သော​ကြောင့်၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မှု​နှင့် တွေ့​ကြုံ​သော​သူ​တို့​ကို မ​စ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 1,
      "text": "ထို​သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ​နှင့်​စပ်​ဆိုင်​သော ခေါ်​ဖိတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ၊ သန့်​ရှင်း​သော ညီ​အစ်​ကို​တို့၊ ငါ​တို့​ဝန်​ခံ​သော တ​မန်​တော်​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု၏​အ​ကြောင်း​ကို စေ့​စေ့​ဆင်​ခြင်​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 2,
      "text": "မော​ရှေ​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သ​ကဲ့​သို့၊ ယေ​ရှု​သည် မိ​မိ​ကို ခန့်​ထား​တော်​မူ​သော​သူ၏ အ​မှု​တော်၌ သ​စ္စာ​စောင့်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 3,
      "text": "အိမ်​ကို​ဆောက်​သော​သူ​သည် အိမ်​ထက်​သာ၍ ကြီး​သော အ​သ​ရေ​ရှိ​သ​ကဲ့​သို့၊ ယေ​ရှု​သည် မော​ရှေ​ထက် သာ၍​ကြီး​သော အ​သ​ရေ​ကို​ခံ​ထိုက်​သော​သူ ဖြစ်​သည်​ဟု ထင်​မှတ်​စ​ရာ​အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 4,
      "text": "အိမ်​မည်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ ဆောက်​သော​ကြောင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​ကို တည်​ဆောက်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 5,
      "text": "မော​ရှေ​သည်၊ နောက်​ဟော​ပြော​လ​တ္တံ့​သော အ​ရာ​တို့​ကို သက်​သေ​ခံ​ခြင်း​အ​လို​ငှာ၊ အ​စေ​ခံ​ကဲ့​သို့ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်၏။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 6,
      "text": "ခ​ရစ်​တော်​မူ​ကား၊ သား​ကဲ့​သို့ အိမ်​တော်​ကို အုပ်​စိုး၍ သ​စ္စာ​စောင့်​တော်​မူ၏။ ငါ​တို့​သည်​ကား၊ ရဲ​ရင့်​ခြင်း၌​လည်း​ကောင်း၊ မျှော်​လ​င့်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း၌​လည်း​ကောင်း၊ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ထို​အိမ်​တော်​ဖြစ်​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 7,
      "text": "ထို​ကြောင့်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် မိန့်​တော်​မူ​သည်​ကား၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 8,
      "text": "ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။ သင်​တို့​အ​ဘ​များ​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​ကို အ​နည်း​နည်း​စုံ​စမ်း၍၊ ငါ၏​အ​မှု​တို့​ကို မြင်​ရ​သော​တော​တွင် ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု၍ စုံ​စမ်း​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့ မ​ရှိ​စေ​ကြ​နှင့်။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 10,
      "text": "ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​စဉ်​စိတ်​သ​ဘော မှား​ယွင်း​တတ်​ကြ၏။ ငါ၏ အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 11,
      "text": "ထို​ကြောင့်၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု မိန့်​တော်​မူ​ချက်​ရှိ​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 12,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​သွား​သော​အား​ဖြင့် မ​ယုံ​ကြည်​တတ်၊ ဆိုး​ညစ်​သော စိတ်​နှ​လုံး​မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 13,
      "text": "ဒု​စ​ရိုက်၏ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့ စိတ်​နှ​လုံး မ​ခိုင်​မာ​စေ​ခြင်း​ငှာ၊ ယ​နေ့​ဟူ၍ ခေါ်​ဝေါ်​သော​အ​ချိန်၊ နေ့​တိုင်း​အ​စဉ် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 14,
      "text": "ငါ​တို့​သည် စိတ်​စွဲ​လမ်း​ခြင်း​ကို အ​စ​ပြု​သ​ကဲ့​သို့ အ​ဆုံး​တိုင်​အောင် တည်​ကြည်​လျှင်၊ ခ​ရစ်​တော်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 15,
      "text": "ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက် ရှိ​သည်​ဖြစ်၍၊ ဆန့်​ကျင်​ဘက်​ပြု​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ကျမ်း​စာ​လာ​သည်​အ​ရာ​မှာ၊-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 16,
      "text": "ကြား​ပြီး​မှ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ မော​ရှေ​နောက်​သို့​လိုက်၍ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပြု​ကြ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 17,
      "text": "အ​နှစ်​လေး​ဆယ်​ပတ်​လုံး နှစ်​သက်​တော်​မ​မူ​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ ဒု​စ​ရိုက်​အ​ပြစ်​ကို ပြု​သော​ကြောင့် တော၌​လဲ၍ သေ​သော​သူ​ပင် မ​ဟုတ်​လော။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 18,
      "text": "သင်​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ​သော သူ​တို့​ကား၊ မ​ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​နည်း။-"
    },
    {
      "book": 58,
      "chapter": 3,
      "verse": 19,
      "text": "သို့​ဖြစ်၍၊ သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့်​သာ မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိ​မြင်​ကြ၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 1,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 2,
      "text": "ငါ​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ထို​သူ​တို့​ကဲ့​သို့ ကြား​ရ​ကြ​ပြီ။ သို့​ရာ​တွင် သူ​တို့​ကြား​ရ​သော တ​ရား​စ​ကား​သည်၊ ကြား​ရ​သော​သူ​တို့​အ​ထဲ၌ ယုံ​ကြည်​ခြင်း​နှင့် မ​ရော​နှော​သော​ကြောင့် အ​ကျိုး​ကို​မ​ပေး။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 3,
      "text": "ငါ​တို့​မူ​ကား၊ ယုံ​ကြည်​သော​သူ​ဖြစ်၍ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​၏။ ထို​သို့​နှင့်​အ​ညီ ဗျာ​ဒိတ်​တော်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို​သည်​ဟု လာ၏။ ချမ်း​သာ​ဟု​ဆို​သော်၊ က​မ္ဘာ​ဦး​က​ပင် အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​တော်​မူ​ရာ ချမ်း​သာ​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 4,
      "text": "ခု​နစ်​ရက်​မြောက်​သော​နေ့​ကို အ​ကြောင်း​ပြု၍ ကျမ်း​စာ​တစ်​ချက်၌ လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​အ​လုံး စုံ​တို့​ကို ပြီး​စီး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏​ဟု လာ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 5,
      "text": "ထို​ကျမ်း​စာ၌ တစ်​ဖန် လာ​သည်​ကား၊ သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု​လာ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 6,
      "text": "ထို​ကြောင့်၊ အ​ချို့​တို့​သည် ဝင်​ရ​ကြ၏။ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ရှေ့​ဦး​စွာ ကြား​ရ​သော သူ​တို့​သည် မ​ယုံ​ကြည်​သော​ကြောင့် မ​ဝင်​ရ​ကြ​ပြီ။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 7,
      "text": "တစ်​ဖန်​တုံ၊ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို ကြား​လျက်​ရှိ​သည်​ဖြစ်၍ ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်​ဟု ဆို​သည်​ဖြစ်၍၊ ဤ​မျှ​လောက် ကာ​လ​ကြာ​ပြီး​မှ၊ ယ​နေ့​ဟု ဒါ​ဝိဒ်​ကျမ်း​စာ၌ လာ​သော​အ​ခါ၊ တစ်​စုံ​တစ်​ခု​သော နေ့​ရက်​ကို သေ​ချာ​စွာ​မှတ်​သား​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 8,
      "text": "ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 9,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ နေ​တော်​မူ​သည်​နည်း​တူ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​သူ​သည်​လည်း မိ​မိ​အ​မှု​အ​ရာ​တို့​ကို ပြီး​စီး၍ ငြိမ်​ဝပ်​စွာ​နေ​ရ၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 11,
      "text": "ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 13,
      "text": "ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 14,
      "text": "ယ​ခု​မူ​ကား၊ ကောင်း​ကင်​ဘုံ​ထဲ​သို့ ကြွ​ဝင်​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ကြီး​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု​သည် ငါ​တို့၌ ယဇ်​ပု​ရော​ဟိတ်​မင်း ဖြစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဝန်​ခံ​ခဲ့​ပြီး​သော​အ​ရာ၌ တည်​ကြည်​ကြ​ကုန်​အံ့၊-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 15,
      "text": "ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 4,
      "verse": 16,
      "text": "ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချည်း​ကပ်​ကြ​ကုန်​အံ့။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 1,
      "text": "လူ​တို့​တွင်​ရွေး​ကောက်​သော ယဇ်​ပု​ရော​ဟိတ်​မင်း မည်​သည်​ကား၊ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်၍၊ လူ​တို့​အ​တွက် ဘု​ရား​ဝတ်​ပြု​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​သူ ဖြစ်၏။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 2,
      "text": "သူ​သည် ကိုယ်​တိုင်​နွမ်း​ရိ​အား​နည်း​ခြင်း​ရှိ​သည်​ဖြစ်၍၊ မိုက်​သော​သူ၊ မှား​ယွင်း​သော​သူ​တို့​ကို သည်း​ခံ​ခြင်း​ငှာ တတ်​နိုင်၏။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 3,
      "text": "ထို​အ​ကြောင်း​ကြောင့်​လည်း၊ လူ​များ​အ​ပြစ်​နှင့် မိ​မိ​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ပူ​ဇော်​ရ၏။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​သည် အာ​ရုန်​ကို​ခေါ်​တော်​မူ​သ​ကဲ့​သို့ ခေါ်​တော်​မူ​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​အ​ရာ​မြတ်​ကို မ​သိမ်း​မ​ယူ​ရ။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 5,
      "text": "ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ၌ မိ​မိ​ကို မိ​မိ​ချီး​မြှောက်​သည်​မ​ဟုတ်။ သင်​သည် ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု မိန့်​တော်​မူ​သော​သူ​သည် ခ​ရစ်​တော်​ကို ချီး​မြှောက်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 6,
      "text": "ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​တစ်​ချက်​လာ​သည်​ကား၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု လာ​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 7,
      "text": "ထို​ခ​ရစ်​တော်​သည် လူ​ဇာ​တိ​အ​ဖြစ်၌ နေ​စဉ်​ကာ​လ၊ သေ​ခြင်း​မှ ကယ်​လွှတ်​နိုင်​တော်​မူ​သော​သူ​ကို၊ ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သ​ဖြင့်၊ ကြောက်​ရွံ့​ရာ​အ​မှု၌ ချမ်း​သာ​ရ​သည်​ဖြစ်၍၊-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သော်​လည်း၊ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​သော​အား​ဖြင့် နား​ထောင်​ခြင်း အ​ကျိုး​အ​ကြောင်း​ကို သင်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 9,
      "text": "ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 10,
      "text": "မေ​လ​ခိ​ဇေ​ဒက်​ကဲ့​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု ဘု​ရား​သ​ခင်​သ​မုတ်​တော်​မူ​ခြင်း​ကို ခံ​ရ၏။"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 11,
      "text": "ထို​မေ​လ​ခိ​ဇေ​ဒက်၏​အ​ကြောင်း​ကို ငါ​တို့ ပြော​စ​ရာ​စ​ကား​အ​များ​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ဉာဏ်​နုံ့​သော​ကြောင့် အ​ပြော​ခက်​လှ၏။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 12,
      "text": "သင်​တို့​သည် ကာ​လ​ကြာ​သော​ကြောင့် ဆ​ရာ​အ​ဖြစ်​သို့ ရောက်​သင့်​သော်​လည်း၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်၌ ရှေ့​ဦး​စွာ သင်​ရ​သော​တ​ရား​နု​တို့​ကို သူ​တစ်​ပါး​ထံ၌ တစ်​ဖန် သင်​ရ​သော အ​ကြောင်း​ရှိ​သည်​ဖြစ်၍၊ ကြေ​ခဲ​သော​အ​စာ​ကို မ​သုံး​ဆောင်၊ နို့​ကို​သာ သုံး​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 13,
      "text": "နို့​ကို​သာ သုံး​ဆောင်​သော​သူ​မည်​သည်​ကား၊ သူ​ငယ်​ဖြစ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​တ​ရား၌ လေ့​လာ​ခြင်း​မ​ရှိ။-"
    },
    {
      "book": 58,
      "chapter": 5,
      "verse": 14,
      "text": "ကောင်း​ကျိုး​မ​ကောင်း​ကျိုး​ကို ပိုင်း​ခြား၍ သိ​နိုင်​သော​ဉာဏ်​ပေး​တတ်​သော၊ အ​ကြား​အ​မြင် အ​တွေ့​အ​စမ်း​များ​သော သူ​တည်း​ဟူ​သော၊ စုံ​လင်​သော အ​ရွယ်​ရှိ​သော သူ​တို့​မူ​ကား၊ ကြေ​ခဲ​သော အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ရ​ကြ၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 1,
      "text": "ထို​ကြောင့်၊ သေ​ခြင်း​နှင့်​စပ်​ဆိုင်​သော အ​ကျင့်​ကို နောင်​တ​ရ​ခြင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း၊ ဗ​တ္တိ​ဇံ တ​ရား​ကို​သွန်​သင်​ခြင်း၊ လက်​ကို​တင်​ခြင်း၊ သေ​လွန်​သော သူ​တို့၏​ထ​မြောက်​ခြင်း၊ ထာ​ဝ​ရ​စီ​ရင် ဆုံး​ဖြတ်​ခြင်း​တည်း​ဟူ​သော မူ​လ​အ​မြစ်​ကို ငါ​တို့​သည် ပြန်၍​မ​တည်​ဘဲ၊ ခ​ရစ်​တော်၏​ဘာ​သာ၌ အ​စ​အ​ဦး​ဖြစ်​သော အ​ကြောင်း​အ​ရာ​တို့​ကို ထား၍၊ စုံ​လင်​သော​အ​ဖြစ်​သို့ တက်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 3,
      "text": "ဘု​ရား​သ​ခင်​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ငါ​တို့​သည် ထို​သို့​ပြု​ကြ​မည်။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 4,
      "text": "အ​လင်း​သို့ တစ်​ခါ​ရောက်၍ ကောင်း​ကင်​ဆု​ကျေး​ဇူး​ကို မြည်း​စမ်း​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ခြင်း၊-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်၏ ကောင်း​မြတ်​သော တ​ရား​စ​ကား​ကို​လည်း​ကောင်း၊ နောင်​ကပ်​ကာ​လ၏ တန်​ခိုး​များ​ကို​လည်း​ကောင်း၊ မြည်း​စမ်း​ခြင်း​ရှိ​ပြီး​မှ၊-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 6,
      "text": "ရွေ့​လျော့​ဖောက်​ပြန်​သော​သူ​တို့​သည်၊ မိ​မိ​တို့​တွင် ဘု​ရား​သ​ခင်၏​သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်၍ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော​သူ​ဖြစ်​သော​ကြောင့်၊ နောက်​တစ်​ဖန် နောင်​တ​ရ​အံ့​သော​ငှာ အ​သစ်​ပြု​ပြင်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 7,
      "text": "ဥ​ပ​မာ​ကား၊ အ​ကြင်​မြေ​သည် မိ​မိ​အ​ပေါ်​သို့ အ​ဖန်​ဖန်​ကျ​သော မိုး​ရေ​ကို​သောက်၍၊ လုပ်​သော​သူ​သုံး​ဖို့ ဟင်း​သီး​ဟင်း​ရွက်​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ဘု​ရား​သ​ခင်၏ ကောင်း​ကြီး​မင်္ဂ​လာ​ကို ခံ​တတ်၏။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 8,
      "text": "အ​ကြင်​မြေ​သည် ဆူး​ပင်​အ​မျိုး​မျိုး​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ပြု​စု​ခြင်း​ကို​မ​ခံ​ထိုက်။ ကျိန်​ခြင်း​ကို ခံ​ရ​သော အ​ချိန်​နီး​သည် ဖြစ်၍၊ နောက်​ဆုံး၌ မီး​ရှို့​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 9,
      "text": "ထို​သို့​ပြော​သော်​လည်း၊ ချစ်​သူ​တို့၊ သင်​တို့​သည် ကယ်​တင်​ခြင်း​နှင့် ယှဉ်​သော​အ​ရာ၊ သာ၍ ကောင်း​သော​အ​ရာ​တို့​နှင့် ဆိုင်​သည်​ကို၊ ငါ​တို့​သည် သ​ဘော​ကျ​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သန့်​ရှင်း​သူ​တို့​ကို အ​ထက်​က လုပ်​ကျွေး​သည်​သာ​မ​က၊ ယ​ခု​ပင် လုပ်​ကျွေး​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ ထို​သို့​ပြု​သော​အား​ဖြင့် နာ​မ​တော်​ကို​ထောက်၍ ပြ​သော​မေ​တ္တာ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​သည်​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို ပြု​တော်​မူ​သည်​မ​ဟုတ်။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 11,
      "text": "သင်​တို့​ရှိ​သ​မျှ​သည် ပျင်း​ရိ​ခြင်း​နှင့် ကင်း​လွတ်၍၊ ယုံ​ကြည်​ခြင်း​နှင့် သည်း​ခံ​ခြင်း​အား​ဖြင့် က​တိ​တော်​တို့​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​နည်း​တူ ကျင့်​နိုင်​မည်​အ​ကြောင်း၊ ထို​သို့​သော လုံ့​လ​ဝိ​ရိ​ယ​ကို ထုတ်၍၊ အ​ဆုံး​တိုင်​အောင် ယုံ​မှား​ခြင်း​နှင့် ကင်း​သော မျှော်​လ​င့်​ခြင်း​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​တို့​သည် အ​လို​ရှိ​ကြ၏။"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ၌ က​တိ​ထား​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ရန် မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို တိုင်​တည်၍၊-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 14,
      "text": "ငါ​သည်​သင့်​အား အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်​ဟု ကျိန်​ဆို​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 15,
      "text": "ထို​သို့​နှင့်​အ​ညီ အာ​ဗြ​ဟံ​သည် သည်း​ခံ​လျက် စောင့်​နေ​ပြီး​မှ၊ က​တိ​တော်​ကို​ဝင်​စား​လေ၏။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 16,
      "text": "လူ​တို့​သည် မိ​မိ​ထက်​ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​လေ့​ရှိ​ကြ၏။ မြဲ​မြံ​စေ​တတ်​သော အ​ကျိန်​သည် ငြင်း​ခုံ​ခြင်း​ရှိ​သ​မျှ​ကို ဖြေ​တတ်၏။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 17,
      "text": "ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 19,
      "text": "ထို​မျှော်​လ​င့်​ခြင်း​မူ​ကား၊ ကု​လား​ကာ​အ​တွင်း၌​ချ၍ မြဲ​မြံ​ခိုင်​ခံ့​သော စိတ်​နှ​လုံး၏ ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့၌​ရှိ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 6,
      "verse": 20,
      "text": "မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ယေ​ရှု​သည်၊ ငါ​တို့​အ​တွက်၊ ထို​အ​တွင်း​အ​ရပ်​ထဲ​သို့ ရှေ့​ဆောင်၍​ဝင်​သော​သူ ဖြစ်​တော်​မူ၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 1,
      "text": "မင်း​ကြီး​များ​ကို လုပ်​ကြံ​ရာ​မှ ပြန်​လာ​သော အာ​ဗြ​ဟံ​ကို ခ​ရီး​ဦး​ကြို​ပြု၍ ကောင်း​ချီး​ပေး​ပြီး​လျှင်၊-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 2,
      "text": "အာ​ဗြ​ဟံ​လှူ​သော လက်​ရ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ဆယ်​ဖို့​တစ်​ဖို့​ခံ​ယူ​သော ထို​ရှာ​လင်​မင်း​ကြီး​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ် မေ​လ​ခိ​ဇေ​ဒက်​သည်၊ နာ​မ​ရင်း​အ​နက်​အား​ဖြင့် တ​ရား​မင်း၊ ထို​မှ​တစ်​ပါး၊ ငြိမ်​သက်​ခြင်း​မင်း​ဟု​ဆို​လို​သော ရှာ​လင်​မင်း ဖြစ်​လျက်၊-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 3,
      "text": "အ​ဘ​မ​ရှိ၊ အ​မိ​မ​ရှိ၊ ရှေး​မျိုး​စဉ်​မ​ရှိ၊ အ​သက် အ​ပိုင်း​အ​ခြား​မ​ရှိ​ဘဲ၊ ဘု​ရား​သ​ခင်၏ သား​တော်​နှင့်​တူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ အ​စဉ်​အ​မြဲ​တည်၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 4,
      "text": "အ​မျိုး၏ အ​ဘ​အာ​ဗြ​ဟံ​သည်၊ လက်​ရ​ဥ​စ္စာ​များ​ကို ဆယ်​ဖို့​တစ်​ဖို့​လှူ၍ အ​လှူ​ခံ​သော​ထို​မင်း​သည် အ​ဘယ်​မျှ​လောက် ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 5,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ခံ​သော လေ​ဝိ​သား​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော သူ​တည်း​ဟူ​သော၊ မိ​မိ​တို့ ညီ​အစ်​ကို​များ​လက်​မှ ပ​ညတ်​တ​ရား​အ​တိုင်း ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 6,
      "text": "သူ​တို့​အ​မျိုး​မ​ဟုတ်​သော ထို​မင်း​မူ​ကား၊ အာ​ဗြ​ဟံ၏​လက်​မှ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ၏။ က​တိ​တော်​တို့​ကို​ခံ​ရ​သော သူ​ကို​လည်း ကောင်း​ချီး​ပေး​လေ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 7,
      "text": "ကြီး​သော​သူ​သည် ငယ်​သော​သူ​ကို ကောင်း​ချီး​ပေး​တတ်​သည်​ကို ငြင်း​ခုံ​ဖွယ်​မ​ရှိ။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 8,
      "text": "ထို​မှ​တစ်​ပါး၊ သေ​တတ်​သော​သူ​တို့​သည် ယ​ခု​အ​ခါ ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​လေ့​ရှိ၏။ ထို​အ​ခါ​မူ​ကား အ​သက်​ရှင်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​သော​သူ​သည် ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​ရ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 9,
      "text": "ထို​မှ​တစ်​ပါး၊ ဆယ်​ဖို့​တစ်​ဖို့​ကို​ခံ​တတ်​သော လေ​ဝိ​သည် အာ​ဗြ​ဟံ​အား​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​ကို​ပေး​ပြီ​ဟု ဆို​စ​ရာ အ​ခွင့်​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ မေ​လ​ခိ​ဇေ​ဒက်​သည် အာ​ဗြ​ဟံ​ကို​တွေ့​သော​အ​ခါ၊ လေ​ဝိ​သည် မိ​မိ​အ​ဘ၏​ကိုယ်၌ ရှိ​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 11,
      "text": "တစ်​နည်း​ကား၊ လေ​ဝိ​မှ​ဆင်း​သက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​နှင့် စပ်​ဆိုင်​လျက်​လူ​များ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို ခံ​ကြ​သော​ကြောင့်၊ ထို​အ​မျိုး​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​နိုင်​သည်​မှန်​လျှင်၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ အာ​ရုန်​နည်း​တူ မ​ခေါ်​ဝေါ်​ဘဲ၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ပေါ်​ထွန်း​စ​ရာ​အ​ကြောင်း အ​ဘယ်​သို့​ရှိ​သေး​သ​နည်း။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 12,
      "text": "ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သည် ပြောင်း​လဲ​လျှင်၊ ပ​ညတ်​တ​ရား​သည် မ​ပြောင်း​လဲ​ဘဲ မ​နေ​နိုင်​ရာ။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 13,
      "text": "ထို​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​သည်၊ ယဇ်​ပ​လ္လင်​ဝတ်​ကို တစ်​ယောက်​မျှ​မ​ပြု​ရ​သော​အ​မျိုး​နှင့် စပ်​ဆိုင်​ပေ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 15,
      "text": "ထို​မှ​တစ်​ပါး၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည် ပေါ်​ထွန်း​သည်​မှန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​မျိုး ပြောင်း​လဲ​ပြီ​ဟု သာ၍​ထင်​ရှား၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 16,
      "text": "ထို​ယဇ်​ပု​ရော​ဟိတ်​သည် ကိုယ်​ခ​န္ဓာ​နှင့် စပ်​ဆိုင်​သော တ​ရား​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သည် မ​ဟုတ်။ ထာ​ဝ​ရ​အ​သက်၏ တန်​ခိုး​အာ​နု​ဘော်​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ၊ ထာ​ဝ​ရ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 18,
      "text": "ပ​ညတ်​တ​ရား​သည် အ​ဘယ်​သူ​ကို​မျှ စုံ​လင်​ခြင်း​သို့ မ​ပို့​နိုင်​သည်​ဖြစ်၍၊-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 19,
      "text": "ရှေး​ပ​ညတ်​တ​ရား​ဟောင်း​သည်၊ အား​မ​ရှိ၊ အ​ကျိုး​ကို မ​ပေး​နိုင်​သော​ကြောင့်၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ၏။ သို့​သော်​လည်း၊ သာ၍​မြတ်​သော မျှော်​လ​င့်​ခြင်း​အ​ခွင့်​သည် နေ​ရာ​ကျ၏။ ထို​မျှော်​လ​င့်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 20,
      "text": "ထို​သူ​တို့​သည် အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 21,
      "text": "ယေ​ရှု​မူ​ကား၊ အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ရ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော် မ​မူ​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည် အ​ကျိန်​တော်​ကို​ခံ၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​သည်​အ​တိုင်း၊-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 22,
      "text": "သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 23,
      "text": "ထို​သူ​တို့​သည်​လည်း သေ​ရ​သော​ကြောင့် အ​စဉ်​မ​တည်​နိုင်​သည်​ဖြစ်၍ အ​များ​ရှိ​ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 24,
      "text": "ယေ​ရှု​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​သော​ကြောင့် မ​ပြောင်း​မ​လဲ​သော ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လျက်​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 25,
      "text": "ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 26,
      "text": "ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 27,
      "text": "အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။-"
    },
    {
      "book": 58,
      "chapter": 7,
      "verse": 28,
      "text": "ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 1,
      "text": "ယ​ခု​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​အ​ရာ​တို့၏ အ​ချုပ်​အ​ခြာ​ဟူ​မူ​ကား၊ ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့၌​ရှိ၏။ ကောင်း​ကင်​ဘုံ၌ တန်​ခိုး​အာ​နု​ဘော်​တော်၏ ပ​လ္လင်​လက်​ယာ​ဘက်​မှာ ထိုင်​နေ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 2,
      "text": "လူ​မ​ဆောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား ဆောက်​တော်​မူ​သော တဲ​တော်​စစ်​တည်း​ဟူ​သော၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဘု​ရား​ဝတ်​ကို​ပြု​သော​သူ ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 3,
      "text": "ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ကား၊ ပူ​ဇော်​သ​ကာ​နှင့် ယဇ်​ကို​ပူ​ဇော်​စေ​ခြင်း​ငှာ ခန့်​ထား​လျက်​ရှိ​သည်​ဖြစ်၍၊ ငါ​တို့ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လည်း ပူ​ဇော်​စ​ရာ​ယဇ်​တစ်​စုံ​တစ်​ခု ရှိ​ရ၏။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 4,
      "text": "ပ​ညတ်​တ​ရား​အ​တိုင်း ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​များ ရှိ​ကြ​သည်​ဖြစ်၍၊ ထို​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​လျှင် ယဇ်​ပု​ရော​ဟိတ်​မ​လုပ်​ရ။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 5,
      "text": "မော​ရှေ​သည် တဲ​တော်​ကို ဆောက်​လုပ်​အံ့​သော​အ​ခါ၊ တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ အ​လုံး​စုံ​တို့​ကို​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်​ဟု ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သည်​ဖြစ်၍၊ ထို​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကောင်း​ကင်​အ​ရာ​တို့၏ ပုံ​ပ​မာ​အ​ရိပ်​နှင့်​သာ​ဆိုင်​လျက် ဝတ်​ကို​ပြု​နေ​ကြ၏။"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 6,
      "text": "ထို​မှ​တစ်​ပါး၊ ယေ​ရှု​သည် သာ၍​မြတ်​သော က​တိ​တော်​တို့၌​တည်​သော၊ သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်​သည်​နှင့်​အ​ညီ၊ သာ၍​မြတ်​သော ဝတ်​ပြု​ခြင်း​အ​ခွင့်​အ​ရာ​ကို ရ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 7,
      "text": "ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည်၊ အ​ပြစ်​တင်​ခွင့်​မ​ရှိ​သည် မှန်​လျှင်၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တ​ရား တည်​ရ​သော​အ​ခွင့်​ကို အ​ဘယ်​ကြောင့်​ရှာ​ရ​သ​နည်း။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 8,
      "text": "ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​တင်၍ မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ အ​ရင် ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား၌ သူ​တို့​သည် မ​တည်​ကြ၊ ငါ​သည်​လည်း သူ​တို့​ကို မ​ကြည့်​ရှု​မ​ပြု​စု​ဘဲ​နေ၏။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 10,
      "text": "နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​စိတ်​ဝိ​ညာဉ်​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 11,
      "text": "ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင် ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 12,
      "text": "ထို​အ​ခါ​ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 8,
      "verse": 13,
      "text": "ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဟူ၍ မိန့်​တော်​မူ​သည်​တွင် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ဟောင်း​စေ​တော်​မူ၏။ ရွေ့​လျော့၍ ဟောင်း​သော​အ​ရာ​မည်​သည်​ကား၊ ကွယ်​ပျောက်​ခြင်း​သို့ ရောက်​လု​နီး​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 1,
      "text": "တစ်​နည်း​ကား၊ ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည် ဝတ်​ပြု​ရာ​စီ​ရင်​ချက်​နှင့်​လည်း​ကောင်း၊ လော​ကီ​သန့်​ရှင်း​ရာ ဌာ​န​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 2,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဟ​ဂျာ​ဟု​ခေါ်​ဝေါ်​သော ပ​ထ​မ​တဲ​တော်​သည်၊ ဆီ​မီး​ခုံ၊ စား​ပွဲ၊ ရှေ့​တော်​မုန့်​နှင့် ပြင်​ဆင်​လျက်​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 3,
      "text": "ဒု​တိ​ယ​ကု​လား​ကာ​အ​တွင်း၌၊ ဟ​ဂျာ​ဟ​ဂျုန်​ဟု ခေါ်​ဝေါ်​သော တဲ​တော်​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 4,
      "text": "ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 5,
      "text": "ထို​သေ​တ္တာ​ပေါ်​မှာ ဘုန်း​ကြီး​သော ခေ​ရု​ဗိမ်​တို့​သည် အ​ပြစ်​ဖြေ​ရာ​ပ​လ္လင်​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ထို​အ​ရာ​များ​ကို ယ​ခု သေ​ချာ​စွာ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 6,
      "text": "ထို​သို့ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ပြင်​ဆင်​လျက်​ရှိ​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝတ်​ပြု၍ ပ​ထ​မ​တဲ​တော်​အ​တွင်း​သို့ အ​စဉ်​ဝင်​ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 7,
      "text": "ဒု​တိ​ယ​တဲ​တော်​အ​တွင်း​သို့ ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ မိ​မိ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပူ​ဇော်​သော​အ​သွေး​ကို​ဆောင်၍ တစ်​နှစ်​လျှင် တစ်​ခါ​တည်း သာ​ဝင်​ရ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 8,
      "text": "ပ​ထ​မ​တဲ​တော် မ​ပျက်​မီ​တိုင်​အောင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ သွား​သော​လမ်း မ​ဖွင့်​သေး​သော အ​ကြောင်း​ကို ထို​အ​မှု​အ​ရာ​အား​ဖြင့် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် အ​ရိပ်​ပေး​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 9,
      "text": "ထို​တဲ​တော်​ကား၊ ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​ကို ပူ​ဇော်​သော ကာ​လ​တည်း​ဟူ​သော မျက်​မှောက်​ကာ​လ​ပတ်​လုံး ပုံ​ပ​မာ​ဖြစ်၏။ ထို​ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​တို့​သည် ကိုယ်​ကို​ကိုယ် သိ​သော​စိတ်​ကို​ထောက်​လျှင်​လည်း၊ ဝတ်​ပြု​သော​သူ​အား စုံ​လင်​ခြင်း​အ​ကျိုး​ကို မ​ပေး​နိုင်​သည်​ဖြစ်၍၊-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 10,
      "text": "စား​စ​ရာ၊ သောက်​စ​ရာ၊ အ​မျိုး​မျိုး​သော နှစ်​စ​ရာ​တည်း​ဟူ​သော၊ ကိုယ်​ခ​န္ဓာ​နှင့်​ဆိုင်​သော အ​ထုံး​အ​ဖွဲ့​များ​နှင့်​တ​ကွ အ​သစ်​ပြု​ပြင်​ခြင်း ကာ​လ​တိုင်​ရုံ​မျှ​သာ တည်​ရ​ကြ၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 11,
      "text": "ယ​ခု​မှာ လူ​လက်​ဖြင့်​မ​လုပ်၊ ဤ​လော​က​ဓာတ်​နှင့် မ​စပ်​ဆိုင်၊ သာ၍​ကြီး​မြတ်​စုံ​လင်​သော တဲ​တော်၌၊ နောက်​မင်္ဂ​လာ​အ​ကျိုး​တို့၏ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ခ​ရစ်​တော်​သည်၊-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 12,
      "text": "ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 13,
      "text": "အ​ကြောင်း​မူ​ကား၊ အ​ညစ်​အ​ကြေး​ရှိ​သော သူ​တို့​အ​ပေါ်၌ ဖျန်း​သော​နွား​အ​သွေး၊ ဆိတ်​အ​သွေး၊ နွား​မက​လေး၏​ပြာ​သည်၊ သူ​တို့​ကိုယ်​ခ​န္ဓာ၌ စင်​ကြယ်​ခြင်း​ကို ပြု​နိုင်​သည်​မှန်​လျှင်၊-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 14,
      "text": "ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 15,
      "text": "ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 16,
      "text": "အ​မွေ​ခံ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး၍ စာ​ချုပ်​သည်​အ​မှု​မှာ​လည်း စာ​ချုပ်​တည်​လျှင် စာ​ချုပ်​သော​သူ​သည် ဧ​ကန်​သေ​ရ​မည်​မှန်​ပြီ။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 17,
      "text": "အ​ကယ်၍ မ​သေ​လျှင်၊ ထို​စာ​ချုပ်​သည်​မ​တည်၊ သေ​မှ​သာ​တည်၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 18,
      "text": "ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို စီ​ရင်​သော​အ​ခါ၊ အ​သွေး​နှင့်​ကင်း၍ မ​စီ​ရင်။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 19,
      "text": "တ​ရား​တော်၌ ပါ​သ​မျှ​သော ပ​ညတ်​တို့​ကို မော​ရှေ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ပြီး​မှ၊ ရေ​နှင့်​ရော​နှော​သော​နွား၊ ဆိတ်၏​အ​သွေး​ကို​ယူ၍၊ အ​နီ​ဆိုး​သော သိုး​မွေး​တပ်​သော ဟုဿုပ်​ပင်​ညွန့်​နှင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျန်း​လျက်၊-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 20,
      "text": "ဤ​အ​သွေး​ကား၊ သင်၌​ဘု​ရား​သ​ခင် ဝန်​ခံ​တော်​မူ​သော ပ​ဋိ​ညာဉ်၏ အ​သွေး​ဖြစ်​သည်​ဟု ပြော​ဆို၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 21,
      "text": "တဲ​တော်​နှင့် ဝတ်​ပြု​သော တန်​ဆာ​များ​ကို​လည်း ထို​နည်း​တူ အ​သွေး​နှင့်​ဖျန်း​ရ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 22,
      "text": "ပ​ညတ်​တ​ရား​အ​တိုင်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကုန်​မ​တတ် အ​သွေး​အား​ဖြင့် စင်​ကြယ်​စေ​တတ်၏။ အ​သွေး​မ​သွန်း​လောင်း​ဘဲ အ​ပြစ်​လွှတ်​ခြင်း​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 23,
      "text": "ထို​ကြောင့် ကောင်း​ကင်​ဘုံ၌​ရှိ​သော အ​ရာ​တို့၏ ပုံ​များ​ကို ထို​သို့​သော​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ​သည်​ဖြစ်၍၊ ကောင်း​ကင်​အ​ရာ​တို့​ကို သာ၍​မြတ်​သော ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ၏။"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 24,
      "text": "ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 25,
      "text": "သို့​သော်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သူ​တစ်​ပါး​အ​သွေး​နှင့် နှစ်​တိုင်း အ​စဉ်​ဝင်​ရ​သ​ကဲ့​သို့ ခ​ရစ်​တော်​သည် အ​ဖန်​များ​စွာ ကိုယ်​ကို ပူ​ဇော်​ရ​သည်​မ​ဟုတ်။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 26,
      "text": "ထို​သို့​ပူ​ဇော်​ရ​သည်​မှန်​လျှင်၊ က​မ္ဘာ​ဦး​မှ​စ၍ အ​ဖန်​များ​စွာ အ​သေ​ခံ​တော်​မူ​ရ၏။ ယ​ခု​မူ​ကား၊ ဤ​ကပ်​ကာ​လ​အ​ဆုံး၌ တစ်​ခါ​တည်း ကိုယ်​ကို ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ပေါ်​ထွန်း​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 27,
      "text": "လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-"
    },
    {
      "book": 58,
      "chapter": 9,
      "verse": 28,
      "text": "ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 1,
      "text": "တစ်​နည်း​ကား၊ ပ​ညတ်​တ​ရား​သည် နောက်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​အ​ကျိုး​တို့၏ သေ​ချာ​သော ပုံ​သ​ဏ္ဌာန်​ကို​မ​ပြ၊ အ​ရိပ်​ကို​သာ​ပြ​သည်​ဖြစ်၍၊ နှစ်​စဉ်​မ​ပြတ် ပူ​ဇော်​သော​ယဇ်​အား​ဖြင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​တို့​ကို စုံ​လင်​ခြင်း​အ​ဖြစ်၌ မ​တည်​စေ​နိုင်​ရာ။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 2,
      "text": "တည်​စေ​နိုင်​လျှင်၊ ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့ ရောက်​ပြီး​မှ၊ နောက်​တစ်​ဖန် သံ​ဝေ​ဂ​တ​ရား​ရ​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ​သည်​ဖြစ်​သော​ကြောင့်၊ ထို​ယဇ်​တို့​ကို တစ်​ခါ​တည်း​သာ​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မ​ပူ​ဇော်​ဘဲ​နေ​ရ​ကြ​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 3,
      "text": "ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ နွား၊ ဆိတ်၏​အ​သွေး​သည် အ​ပြစ်​ကို မ​ပယ်​နိုင်​ရာ။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 5,
      "text": "ထို​ကြောင့်၊ ခ​ရစ်​တော်​သည် ဤ​လော​က​သို့ ကြွ​လာ​သော​အ​ခါ၊ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အ​ဖို့ ကိုယ်​ခ​န္ဓာ​ကို ပြင်​ဆင်​တော်​မူ​ပြီ။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 6,
      "text": "မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ ယဇ်​များ​ကို အား​ရ​နှစ်​သက်​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 7,
      "text": "အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု လျှောက်​ဆို၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 8,
      "text": "ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သော​ဝတ်​ကို ရည်​ဆောင်​လျက် ခ​ရစ်​တော်​က၊ မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​တို့​ကို ကိုယ်​တော်​သည် အ​လို​တော်​မ​ရှိ၊ အား​ရ​နှစ်​သက်​တော်​မ​မူ​ဟု အ​ထက်​က ဆို​နှင့်​ပြီး​မှ၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 9,
      "text": "တစ်​ဖန်​တုံ၊ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု ဆို​သည်​တွင်၊ ဒု​တိ​ယ​ဝတ်​ကို တည်​စေ​ခြင်း​ငှာ ပ​ထ​မ​ဝတ်​ကို ပယ်၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 10,
      "text": "ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 11,
      "text": "ယဇ်​ပု​ရော​ဟိတ် မည်​သည်​ကား၊ နေ့​တိုင်း​ဝတ်​ပြု​လျက်၊ အ​ပြစ်​ကို မ​ဖြေ​နိုင်​သော​ယဇ်​ကို အ​ထပ်​ထပ် အ​ဖန်​ဖန် ပူ​ဇော်​လျက်​ရပ်​နေ​ရ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 12,
      "text": "ထို​သ​ခင်​မူ​ကား၊ အ​ပြစ်​ကို​ဖြေ​ခြင်း​ငှာ ယဇ်​တစ်​ခု​တည်း​ကို ပူ​ဇော်​ပြီး​မှ​စ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ အ​စဉ်​အ​မြဲ​ထိုင်၍၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 13,
      "text": "မိ​မိ​ရန်​သူ​တို့​ကို မိ​မိ​ခြေ​တင်​ရာ မ​ချ​မ​ထား​မီ​တိုင်​အောင် မျှော်​လ​င့်​လျက် နေ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 15,
      "text": "ထို​သို့​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ငါ​တို့​အား သက်​သေ​ပေး​တော်​မူ​သည်​မှာ၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 16,
      "text": "နောင်​ကာ​လ​အ​ခါ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​နှ​လုံး​ထဲ​မှာ ပေး​သွင်း​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်၏ အ​ပေါ်​မှာ ရေး​ထား​မည်​ဟု အ​ထက်​က​မိန့်​တော်​မူ​ပြီး​မှ၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 17,
      "text": "တစ်​ဖန်​တုံ၊ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း အ​မျိုး​မျိုး​ကို ငါ​မ​အောက်​မေ့​ဘဲ နေ​မည်​ဟု လာ​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 18,
      "text": "ထို​အ​ပြစ်​တို့​ကို လွှတ်​ပြီး​လျှင် နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ရာ​အ​ကြောင်း​မ​ရှိ။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 19,
      "text": "ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ယေ​ရှု၏ ကိုယ်​ခ​န္ဓာ​တော်​တည်း​ဟူ​သော ကု​လား​ကာ​အား​ဖြင့် ထို​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​သက်​လမ်း​သစ်​တွင်၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 21,
      "text": "ငါ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့၊ အ​သွေး​တော်​ကို အ​မှီ​ပြု၍ အ​ဆီး​အ​တား​မ​ရှိ၊ ဝင်​ရ​သော​အ​ခွင့် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို အုပ်​စိုး​သော ယဇ်​ပု​ရော​ဟိတ်​မင်း ရှိ​သ​ဖြင့်​လည်း​ကောင်း၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 22,
      "text": "ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 23,
      "text": "မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ကို ဝန်​ခံ၍ မ​တိမ်း​ယိမ်း​မ​ရွေ့​လျော့​ဘဲ တည်​ကြည်​ကြ​ကုန်​အံ့။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 24,
      "text": "ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 25,
      "text": "လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 26,
      "text": "အ​ကြောင်း​မူ​ကား၊ သ​မ္မာ​တ​ရား​ကို သိ​ပြီး​မှ ကိုယ်​အ​လို​သို့​လိုက်၍ ပြစ်​မှား​ပြန်​လျှင်၊ နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ရာ​အ​ခွင့် မ​ရှိ​ဘဲ၊-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 27,
      "text": "ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်​ဟု ကြောက်​မက်​ဖွယ်​သော မျှော်​လ​င့်​ရ​သော​အ​ကြောင်း၊ ငြင်း​ဆန်​သော သူ​တို့​ကို ဖျက်​ဆီး​ဖို့​ရာ အ​မျက်​တော် မီး​လောင်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 28,
      "text": "မော​ရှေ၏​တ​ရား​ကို ပယ်​သော​သူ​မည်​သည်​ကား၊ သက်​သေ​ခံ နှစ်​ဦး​သုံး​ဦး​ရှိ​လျှင်၊ သ​နား​ခြင်း​ကို မ​ခံ​ရ​ဘဲ သေ​ရ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 29,
      "text": "ထို​မျှ​မ​က၊ ဘု​ရား​သ​ခင်၏ သား​တော်​ကို ခြေ​ဖြင့်​ကျော်​နင်း​လျက်၊ မိ​မိ​ကို​စင်​ကြယ်​စေ​သော ပ​ဋိ​ညာဉ်​တ​ရား၏ သွေး​ကို အ​ပြစ်​တင်​လျက်၊ ဆု​ကျေး​ဇူး​ကို​ပေး​သော ဝိ​ညာဉ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​လျက်​ရှိ​သော​သူ​သည်၊ အ​ဘယ်​မျှ​လောက် ကြီး​စွာ​သော​ဒဏ်​ဖြင့် ခံ​ထိုက်​သည်​ကို သင်​တို့ ထင်​ကြ​သ​နည်း။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 30,
      "text": "ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​မည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ​သော​သူ​ကို ငါ​တို့​သည် အ​မှန်​သိ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 31,
      "text": "အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​လက်​တော်​သို့ ကျ​ရောက်​ခြင်း​အ​မှု​သည် ကြောက်​မက်​ဖွယ်​သော​အ​မှု ဖြစ်​သ​တည်း။"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 32,
      "text": "သင်​တို့​သည် အ​လင်း​သို့​ရောက်​ပြီး​သည်​နောက်၊ လူ​များ​ရှေ့​မှာ ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သို့​ခံ​ရ​သော​သူ​တို့​နှင့် ဆက်​ဆံ​သော အ​ပေါင်း​အ​ဖော် ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​များ​ကို ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​နှင့် တွေ့​ကြုံ​သော အ​ထက်​ကာ​လ​အ​ချိန်​ကို အောက်​မေ့​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 34,
      "text": "ထို​အ​ခါ သင်​တို့​သည် အ​ကျဉ်း​ခံ​ရ​သော သူ​တို့​အ​တွက်​ကြောင့် ကြင်​နာ​သော​စိတ် ရှိ​ရ​သည်​သာ​မ​က၊ ကိုယ်​ပ​စ္စည်း​ဥ​စ္စာ​များ​ကို သူ​တစ်​ပါး​လု​ယူ​ဖျက်​ဆီး​သော်​လည်း၊ ကိုယ်​သုံး​စ​ရာ​ဖို့ ကောင်း​ကင်​ဘုံ၌ သာ၍​မြတ်​သော အ​မြဲ​တည်​သော ဘ​ဏ္ဍာ​ရှိ​သည်​ကို​သိ၍၊ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝန်​ခံ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 35,
      "text": "ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 36,
      "text": "ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​ပြီး​မှ၊ က​တိ​တော်​အ​တိုင်း အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း သည်း​ခံ​ခြင်း​စိတ်​ရှိ​ရ​မည်။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 37,
      "text": "အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ကြွ​လာ​လ​တ္တံ့​သော​သူ​သည် မ​ဆိုင်း​မ​လင့်​ဘဲ၊ မ​ကြာ​မ​မြင့်​မီ ရောက်​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 38,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။ သို့​သော်​လည်း၊ ရွေ့​လျော့​လျှင်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် ထို​သူ​ကို အား​ရ​နှစ်​သက်​ခြင်း​မ​ရှိ​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 10,
      "verse": 39,
      "text": "ငါ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ရွေ့​လျော့​သော​သူ မ​ဟုတ်။ စိတ်​ဝိ​ညာဉ်​သည် ကယ်​တင်​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ယုံ​ကြည်​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 1,
      "text": "ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 2,
      "text": "ထို​ပါ​ရ​မီ​ကြောင့်၊ ရှေး​လူ​ဟောင်း​တို့​သည် ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 3,
      "text": "ယ​ခု​မြင်​ရ​သော​အ​ရာ​တို့​သည်၊ အ​ရင်​ထင်​ရှား​သော အ​ရာ​ထဲ​က မ​ဖြစ်​ဘဲ၊ လော​က​ဓာတ်​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကြောင့်​သာ တည်​သည်​ကို ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သိ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 4,
      "text": "အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 5,
      "text": "ဧ​နောက်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သေ​ခြင်း​နှင့်​လွတ်၍ ဘ​ဝ​ပြောင်း​ရ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့်၊ သူ​သည် နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​လေ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 6,
      "text": "ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 7,
      "text": "နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 8,
      "text": "အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 9,
      "text": "သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် တည်​ထောင်​ပြု​စု​တော်​မူ​သော၊ ခိုင်​ခံ့​မြဲ​မြံ​သော​မြို့​ကို မျှော်​လ​င့်​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 11,
      "text": "သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 12,
      "text": "သို့​ဖြစ်၍၊ ထို​အ​မှု​အ​ရာ၌ လူ​သေ​နှင့်​တူ​သော သူ​တစ်​ယောက်​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​ကမ်း​နား၌ မ​ရေ​တွက်​နိုင်​သော သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ များ​စွာ​သော​သူ​တို့၏​အ​ဘ ဖြစ်​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 13,
      "text": "ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 14,
      "text": "ထို​သို့ ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​အ​ဘ​ပြည်​ကို ရှာ​ကြ​သည်​ဟု အ​တည့်​အ​လင်း​ပြော​ဆို​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 15,
      "text": "ထို​သူ​တို့​သည် အ​ထက်​က​ထွက်​သွား​သော ပြည်​ကို အောက်​မေ့​သည်​မှန်​လျှင်၊ ထို​ပြည်​သို့ ပြန်​ရ​သော​အ​ခွင့် ရှိ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 16,
      "text": "ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 17,
      "text": "အာ​ဗြ​ဟံ​သည် စုံ​စမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇာက်​ကို​ပူ​ဇော်၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 18,
      "text": "ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​မှ​စ၍ က​တိ​တော်​များ​ကို ခံ​ရ​သော​သူ​သည်၊ မိ​မိ၌ တစ်​ယောက်​တည်း​သော ထို​သား​ကို ပူ​ဇော်၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 19,
      "text": "ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 20,
      "text": "ဣ​ဇာက်​သည်​လည်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​နာ​ဂတ်​အ​ရာ​တို့​ကို အ​မှတ်​ပြု၍ ယာ​ကုပ်​နှင့် ဧ​သော​ကို ကောင်း​ချီး​ပေး၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 21,
      "text": "ယာ​ကုပ်​သည်​လည်း၊ သေ​ချိန်​နီး​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်၏ သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး၍၊ တောင်​ဝှေး​ထိပ်​အ​ပေါ်​မှာ ကိုး​ကွယ်​လေ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 22,
      "text": "ယော​သပ်​သည် သေ​ဆဲ​ရှိ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ထွက်​မြောက်​ခြင်း​အ​ရာ​ကို ပြ၍၊ မိ​မိ​အ​ရိုး​တို့၏ အ​ကြောင်း​ကို မှာ​ထား​လေ၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 23,
      "text": "မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 24,
      "text": "မော​ရှေ​သည် အ​သက်​အ​ရွယ်​ကြီး​သော​အ​ခါ အ​ပြစ်​ရှိ​သော ကာ​မ​ဂုဏ်​ကို ခ​ဏ​ခံ​စား​ခြင်း​ထက်၊ ဘု​ရား​သ​ခင်၏​လူ​တို့​နှင့် အ​တူ​ညှဉ်း​ဆဲ​ခံ​ရ​ခြင်း​ကို သာ၍ အ​လို​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၏ စည်း​စိမ်​ထက် ခ​ရစ်​တော်​ကြောင့် ကဲ့​ရဲ့​ခြင်း​ဒု​က္ခ​သည် သာ၍​မြတ်​သော စည်း​စိမ်​ဖြစ်​သည်​ကို စိတ်​ထင်​သ​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​စိတ်​ရှိ၍ ဖာ​ရော​ဘု​ရင်​သ​မီး၏​သား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ပယ်၏။ အ​ကြောင်း​မူ​ကား၊ နောက်​ရ​လ​တ္တံ့​သော​အ​ကျိုး​ကို ထောက်​စာ​မျှော်​လ​င့်​လျက်​နေ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 27,
      "text": "ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မျက်​ကို မ​ကြောက်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​ကို စွန့်​သွား၏။ အ​ကြောင်း​မူ​ကား၊ မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်​ကို မြင်​ရ​ဘိ​သ​ကဲ့​သို့ တည်​ကြည်​ခြင်း​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 28,
      "text": "သား​ဦး​များ​ကို ဖျက်​ဆီး​သော​သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို ဒဏ်​မ​ခတ်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​သွေး​ဖျန်း​ဆွတ်​ခြင်း​ကို​လည်း​ကောင်း စောင့်​လေ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 29,
      "text": "ဣ​သ​ရေ​လ​လူ​တို့​သည် ကုန်း​ကြောင်း​သွား​သ​ကဲ့​သို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​ဒုံ​ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ရ​ကြ၏။ ထို​သူ​တို့​နည်း​တူ အဲ​ဂု​တ္တု​လူ​တို့​သည် သွား​မည်​အား​ထုတ်​သော​အ​ခါ နစ်​မြုပ်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 30,
      "text": "ယေ​ရိ​ခေါ​မြို့​ကို ခု​နစ်​ရက်​ပတ်​လုံး​ဝိုင်း၍ လှည့်​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မြို့​ရိုး​သည် ပြို​လဲ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 31,
      "text": "ပြည်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 32,
      "text": "ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 33,
      "text": "ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ခြား​သော​တိုင်း​နိုင်​ငံ​ကို အောင်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ က​တိ​တော်​ကို ဝင်​စား​ခြင်း၊ ခြင်္သေ့​နှုတ်​ကို ပိတ်​ခြင်း၊-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 34,
      "text": "မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 35,
      "text": "မိန်း​မ​တို့​သည်​လည်း၊ သေ​ခြင်း​မှ ထ​မြောက်​သော မိ​မိ​တို့​သား​ကို ရ​ပြန်​ကြ၏။ အ​ချို့​သော​သူ​တို့​သည်၊ သာ၍​မြတ်​သော ထ​မြောက်​ခြင်း​သို့ ရောက်​လို​သော​ငှာ၊ လွှတ်​ခြင်း​ကို​မ​ခံ​မ​ယူ​ဘဲ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 36,
      "text": "အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ရိုက်​ပုတ်​ခြင်း၊ ချည်​နှောင်​ခြင်း​ကို​ခံ၍ ထောင်​ထဲ​မှာ​နေ​ရ​သ​ဖြင့်၊ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 37,
      "text": "ကျောက်​ခဲ​နှင့် ပစ်​ခြင်း၊ လွှ​နှင့် အ​ပိုင်း​ပိုင်း​တိုက်​ဖြတ်​ခြင်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း၊ ဓား​လက်​နက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ အ​လွန်​ဆင်း​ရဲ​လျက် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​လျက်၊ သိုး​ရေ၊ ဆိတ်​ရေ​ကို​ဝတ်၍ လှည့်​လည်​ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 38,
      "text": "ဤ​လော​က​သည် ထို​သူ​တို့​နှင့် မ​ထိုက်​မ​တန်။ သူ​တို့​သည် တော​ကြို​တောင်​ကြား၊ ဥ​မင်​မြေ​တွင်း​ထဲ​မှာ အ​ပြောင်း​ပြောင်း အ​လည်​လည် နေ​ရ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 39,
      "text": "ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ချီး​မွမ်း​ခြင်း​သို့ ရောက်​သော်​လည်း၊ က​တိ​တော်​အ​တိုင်း အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ကြ။-"
    },
    {
      "book": 58,
      "chapter": 11,
      "verse": 40,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံ​လင်​ခြင်း​သို့ မ​ရောက်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​ဖို့ အ​လို​ငှာ သာ၍​မြတ်​သော ကျေး​ဇူး​ကို ကြံ​စည်​တော်​မူ၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 1,
      "text": "ထို​ကြောင့်၊ ဤ​မျှ​လောက် များ​စွာ​သော သက်​သေ​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ဝိုင်း​ရံ​လျက်​ရှိ​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ခပ်​သိမ်း​သော ဝန်​တို့​ကို​လည်း​ကောင်း၊ နှောင့်​ယှက်​တတ်​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း ပယ်​ရှား၍၊ ငါ​တို့​မျက်​မှောက်၌ ထား​သော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ ပြေး​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 2,
      "text": "ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 3,
      "text": "အ​ပြစ်​ရှိ​သော​သူ​တို့​လက်​တွင်၊ ထို​မျှ​လောက်​ကြီး​စွာ​သော ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို ခံ​တော်​မူ​သော​သ​ခင်​ကို ထောက်​ရှု​ဆင်​ခြင်​သော​အား​ဖြင့်၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​အံ့​သော​ငှာ ကြိုး​စား​ကြ​လော့။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 4,
      "text": "သင်​တို့​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ဆိုင်​ပြိုင်​တိုက်​လှန်၍ ကိုယ်​အ​သွေး ထွက်​သည်​တိုင်​အောင် မ​ခံ​ရ​ကြ​သေး။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 5,
      "text": "ထို​မှ​တစ်​ပါး၊ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​နှင့်။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 6,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ လက်​ခံ​တော်​မူ​သ​မျှ​သော သား​တို့​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏​ဟု သူ​ငယ်​တို့​ကို ဆို​သ​ကဲ့​သို့၊ သင်​တို့​ကို ပြော​ဆို​သော ဩ​ဝါ​ဒ​စ​ကား​ကို မေ့​လျော့​ကြ​သ​လော။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 7,
      "text": "သင်​တို့​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​လျှင်၊ သား​တို့​ကို​ပြု​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ပြု​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ အ​ဘ​မ​ဆုံး​မ​သော​သား တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 8,
      "text": "သား​အ​ပေါင်း​တို့​သည် ခံ​တတ်​သော​ဆုံး​မ​ခြင်း​ကို သင်​တို့​သည် မ​ခံ​ဘဲ​နေ​လျှင်၊ သား​ရင်း​မ​ဟုတ်၊ မင်း​ဦး မင်း​လွင်​ရ​သော သား​ဖြစ်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 9,
      "text": "တစ်​နည်း​ကား၊ ကိုယ်​ကာ​ယ​နှင့်​စပ်​ဆိုင်​သော အ​ဘ​တို့​လက်​ဖြင့် ငါ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ရို​သေ​ကြ၏။ ထို​မျှ​မ​က၊ စိတ်​ဝိ​ညာဉ်​တို့၏ အ​ဘ​အ​လို​သို့​လိုက်၍၊ အ​သက်​ချမ်း​သာ​ရ​ကြ​မည် မ​ဟုတ်​လော။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 10,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​အ​ဘ​တို့​သည် မိ​မိ​အ​လို​သို့​လိုက်၍ တစ်​ခ​ဏ​သာ ဆုံး​မ​ပေး​ကြ၏။ ကိုယ်​တော်​မူ​ကား၊ မိ​မိ​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို ငါ​တို့​သည် ဆက်​ဆံ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ကျိုး​ကို​ထောက်၍​သာ ဆုံး​မ​ပေး​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 11,
      "text": "ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 12,
      "text": "ထို​ကြောင့်၊ တွဲ​လွဲ​နေ​သော​လက်​တို့​နှင့် အား​မ​ရှိ​သော​ဒူး​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 13,
      "text": "ခြေ​မ​စွမ်း​သော​သူ​တို့​သည် အ​ဆစ်​မ​ပြုတ်​သည် သာ​မ​က၊ ချမ်း​သာ​ရ​စေ​ခြင်း​ငှာ၊ သင်​တို့​သွား​ဖို့​ရာ ဖြောင့်​သော​လမ်း​တို့​ကို ပြင်​ဆင်​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 14,
      "text": "လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 15,
      "text": "သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 16,
      "text": "မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​နပ်​စာ​အ​ဖိုး​နှင့် သား​ဦး​အ​ရာ​ကို ရောင်း​သော ဧ​သော​ကဲ့​သို့ ဘု​ရား​တ​ရား​ကို မ​ရို မ​သေ​ပြု​သော​သူ မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 17,
      "text": "သင်​တို့​သိ​သည်​အ​တိုင်း၊ ဧ​သော​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​သော​အ​ခါ၊ ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ၏။ မျက်​ရည်​ကျ၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လွန်​ရှာ​သော်​လည်း၊ မိ​မိ​အ​ဘ၏ စိတ်​ပြောင်း​လဲ​ခြင်း အ​ခွင့်​ကို မ​တွေ့​မ​ရ။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 18,
      "text": "ထို​မှ​တစ်​ပါး၊ သင်​တို့​သည် လက်​နှင့်​တွေ့​နိုင်​သော တောင်​သို့​လည်း​ကောင်း၊ လောင်​သော​မီး​သို့​လည်း​ကောင်း၊ မည်း​သော​တိမ်​တိုက်၊ မှောင်​မိုက်၊ မိုး​သက်​မုန်​တိုင်း​သို့ လည်း​ကောင်း၊-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 19,
      "text": "တံ​ပိုး​မှုတ်​ခြင်း အ​သံ​သို့​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် အ​သံ​သို့​လည်း​ကောင်း၊ ရောက်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို ကြား​သော​သူ​တို့​သည်၊ ထပ်၍ မိန့်​တော်​မ​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 20,
      "text": "အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သော်​လည်း ထို​တောင်​ကို ထိ​မိ​လျှင်၊ ကျောက်​ခဲ​နှင့် ပစ်၍ သေ​စေ​ဟု ပ​ညတ်​တော်​မူ​သံ​ကို လူ​တို့​သည် နား​မ​ခံ​နိုင်​ကြ။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 21,
      "text": "ထို​သို့ ထင်​ရှား​သော​အ​ရာ​သည် အ​လွန် ကြောက်​မက်​ဖွယ်​ဖြစ်၍၊ မော​ရှေ​က၊ ငါ​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​ရှိ​သည်​ဟု ဆို၏။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 22,
      "text": "သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ မြို့​တော်​တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ စည်း​ဝေး​ခြင်း​သို့​လည်း​ကောင်း၊-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 23,
      "text": "ကောင်း​ကင်​စာ​ရင်း၌​ဝင်​သော သား​ဦး​တို့၏ အ​သင်း​တော်​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင် အ​ထံ​တော်​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သော သူ​တော်​ကောင်း​တို့၏ စိတ်​ဝိ​ညာဉ်​တို့ ထံ​သို့​လည်း​ကောင်း၊-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 24,
      "text": "ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 25,
      "text": "သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 26,
      "text": "အ​ထက်​က ဗျာ​ဒိတ်​တော်​အ​သံ​သည် မြေ​ကြီး​ကို​လှုပ်​သည် ဖြစ်၍၊ ယ​ခု​တစ်​ဖန် ငါ​သည် မြေ​ကြီး​နှင့် ကောင်း​ကင်​ကို လှုပ်​ဦး​မည်​ဟု က​တိ​တော်​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 27,
      "text": "တစ်​ဖန် ဟူ​သော​စ​ကား၏​အ​ဓိ​ပ္ပာယ်​ကား၊ မ​လှုပ်​သော​အ​ရာ​တို့​ကို တည်​စေ​ခြင်း​ငှာ၊ လှုပ်​သော​အ​ရာ​တို့​ကို လော​ကီ​အ​ရာ​ကဲ့​သို့ ပယ်​ဖျက်​လိမ့်​မည်​ဟု ဆို​လို​သ​တည်း။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 28,
      "text": "ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 12,
      "verse": 29,
      "text": "ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 1,
      "text": "ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​မေ​တ္တာ၌ တည်​ကြ​လော့။ ဧည့်​သည်​ဝတ်​ပြု​ခြင်း​အ​မှု​ကို မ​မေ့​မ​လျော့​ကြ​နှင့်။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 2,
      "text": "အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 3,
      "text": "အ​ကျဉ်း​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ ကိုယ်​ခံ​ရ​သ​ကဲ့​သို့ မှတ်၍၊ သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သင်​တို့​သည် ကိုယ်​ခ​န္ဓာ​နှင့် မ​ကင်း​လွတ်​သော​သူ​ဖြစ်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 4,
      "text": "ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 5,
      "text": "သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 6,
      "text": "ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဟော​ပြော၍၊ သင်​တို့​ကို​အုပ်​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် အ​ဘယ်​သို့​ကျင့်​ကြံ​ပြု​မူ၍ စု​တေသည်​ကို စေ့​စေ့​ဆင်​ခြင်​လျက်၊ သူ​တို့၏​ယုံ​ကြည်​ခြင်း​ကို မီ​အောင်​လိုက်​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 8,
      "text": "ယေ​ရှု​ခ​ရစ်​သည် မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ မ​ပြောင်း​မ​လဲ နေ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 9,
      "text": "အ​ထူး​ထူး​အ​ပြား​ပြား​သော အ​ယူ​ဝါ​ဒ​သစ်​ကို​လိုက်၍ မ​ဖောက်​ပြန်​ကြ​နှင့်။ အ​စာ​များ​အား​ဖြင့် စိတ်​ခိုင်​ခံ့ မြဲ​မြံ​ခြင်း​မ​ရှိ​ဘဲ၊ ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​မြဲ​မြံ​လျှင် အ​ကျိုး​ရှိ၏။ အ​စာ​များ​ကို အ​မှု​ထား​သော သူ​တို့​သည် အ​ကျိုး​ကို​ရ​ကြ​ပြီ မ​ဟုတ်။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 10,
      "text": "တဲ​တော်၌ ဝတ်​ပြု​သော​သူ​တို့ စား​ရ​သော အ​ခွင့်​မ​ရှိ​သော​ယဇ်​ပ​လ္လင်​သည် ငါ​တို့၌​ရှိ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 11,
      "text": "အ​ကြောင်း​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​ပြစ်​ဖြေ​သော ယဇ်​ကောင်၏​အ​သွေး​ကို သန့်​ရှင်း​ရာ ဌာ​န​ထဲ​သို့ သွင်း​ပြီး​မှ၊ ယဇ်​အ​သေ​ကောင်​တို့​ကို တပ်​ပြင်၌ မီး​ရှို့​ရ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 12,
      "text": "ထို​သို့​နှင့်​အ​ညီ၊ ယေ​ရှု​သည် မိ​မိ​အ​သွေး​အား​ဖြင့် လူ​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ မြို့​တံ​ခါး​အ​ပြင်၌ အ​သေ​ခံ​တော်​မူ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ ငါ​တို့​သည် ထို​သ​ခင်​နှင့်​အ​တူ ကဲ့​ရဲ့​ခြင်း​ကို​ခံ၍၊ တပ်​ပြင်၊ အ​ထံ​တော်​သို့ ထွက်​သွား​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 14,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​ဘ​ဝ၌ အ​မြဲ​တည်​သော​မြို့ မ​ရှိ၊ နောက်​ဖြစ်​လ​တ္တံ့​သော​မြို့​ကို ရှာ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 15,
      "text": "ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 16,
      "text": "ကျေး​ဇူး​ပြု​ခြင်း၊ ဥ​စ္စာ​ဝေ​မျှ​ခြင်း​အ​မှု​တို့​ကို မ​မေ့​မ​လျော့​ကြ​နှင့်။ ထို​သို့​သော​ယဇ်​ကို ဘု​ရား​သ​ခင်​သည် အား​ရ​နှစ်​သက်​တော်​မူ၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 17,
      "text": "သင်​တို့​ကို အုပ်​သော​သူ​တို့၏ စ​ကား​ကို နား​ထောင်၍ နှိမ့်​ချ​လျက်​နေ​ကြ​လော့၊ သူ​တို့​သည် ကိုယ်​တိုင် စစ်​ကြော​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ စောင့်​နေ​ကြ​၏။ သင်​တို့​အ​ကျိုး​ကို မ​ဖြစ်​စေ​တတ်​သော ဝမ်း​နည်း​ခြင်း​မ​ရှိ၊ ဝမ်း​မြောက်​ခြင်း​ရှိ၍၊ သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း သ​တိ​ပြု​လျက်​နေ​ကြ​လော့။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 18,
      "text": "ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ ငါ​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက်၊ အ​ရာ​ရာ​တို့၌ ကောင်း​မွန်​စွာ​ကျင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​ဖြစ်​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 19,
      "text": "ငါ​သည် သင်​တို့​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​ပြန်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​မည်​အ​ကြောင်း ငါ​သည်​သာ၍ နှိုး​ဆော်​တောင်း​ပန်၏။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 20,
      "text": "ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တ​ရား၏ အ​သွေး​တော်​အား​ဖြင့်၊ သိုး​များ​ကို​ထိန်း​သော သိုး​ထိန်း​ကြီး​ဖြစ်​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​ခြင်း​မှ နုတ်​ဆောင်​တော်​မူ​သော၊ ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင်​သည်၊-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 21,
      "text": "မိ​မိ​နှစ်​သက်​တော်​မူ​သော အ​မှု​အ​ရာ​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၌​ပြု​တော်​မူ၍၊ သင်​တို့​သည် အ​လို​တော်​သို့ လိုက်​မည်​အ​ကြောင်း၊ ကောင်း​သော​အ​ကျင့် အ​မျိုး​မျိုး၌ သင်​တို့​ကို ပြု​ပြင်​တော်​မူ​ပါ​စေ​သော။ ထို​သ​ခင် ယေ​ရှု​ခ​ရစ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 22,
      "text": "ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ကျဉ်း​အား​ဖြင့် ရေး​ထား၍ ကြား​လိုက်​သော ဤ​ဆုံး​မ​ခြင်း​ဩ​ဝါ​ဒ​စ​ကား​ကို သည်း​ခံ​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့​ကို နှိုး​ဆော်​တောင်း​ပန်၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 23,
      "text": "ငါ​တို့​ညီ​တိ​မော​သေ​ကို အ​ခြား​သို့ လွှတ်​လိုက်​သည်​အ​ရာ​ကို သိ​မှတ်​ကြ​လော့။ သူ​သည် မ​ကြာ​မ​မြင့်​မီ ရောက်​လျှင်၊ ငါ​သည် သူ​နှင့်​အ​တူ​လာ၍ သင်​တို့​ကို တွေ့​မြင်​လိမ့်​မည်။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 24,
      "text": "သင်​တို့​ကို အုပ်​သော​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ နှုတ်​ဆက်​ကြ​လော့။ ဣ​တ​လိ​ပြည်​သူ​ပြည်​သား​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 58,
      "chapter": 13,
      "verse": 25,
      "text": "သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ယာ​ကုပ်​သည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော တစ်​ဆယ်​နှစ်​ပါး​သော အ​မျိုး​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 2,
      "text": "ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊ အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု မှတ်​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 4,
      "text": "သင်​တို့​သည် အ​လျှင်း​မ​ချို့​တဲ့​ဘဲ စေ့​စပ်​စုံ​လင်​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း​စိတ်​သည် အ​ကုန်​အ​စင် ပြု​ပြင်​ပါ​စေ။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 5,
      "text": "သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 6,
      "text": "သို့​ရာ​တွင် တွေး​တော​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​ရ​မည်။ တွေး​တော​ခြင်း​ရှိ​သော သူ​သည်​ကား၊ လေ​ခတ်၍​လှုပ်​ရှား​တတ်​သော လှိုင်း​တံ​ပိုး​နှင့်​တူ၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 7,
      "text": "ထို​သို့​သော​သူ​သည် စိတ်​နှစ်​ခွ​ရှိ​သော​သူ၊ ပြု​လေ​သ​မျှ​တို့၌ မ​တည်​ကြည်​သော​သူ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​မှ တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု မ​ထင်​မ​မှတ်​စေ​နှင့်။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 9,
      "text": "အောက်​လျှိုး​နှိမ့်​ချ​သော ညီ​အစ်​ကို​သည် မိ​မိ​ချီး​မြှောက်​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 10,
      "text": "ငွေ​ရ​တတ်​သော ညီ​အစ်​ကို​သည် မိ​မိ​နှိမ့်​ချ​ဆင်း​ရဲ​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။ အ​ကြောင်း​မူ​ကား၊ သူ​သည် မြက်​ပွင့်​ကဲ့​သို့ ဖောက်​ပြန်​ခြင်း​သ​ဘော ရှိ၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 11,
      "text": "နေ​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်​သော​အ​ခါ၊ မြက်​ပင်​သည် သွေ့​ခြောက်​ခြင်း​သို့​ရောက်၍ အ​ပွင့်​လည်း ကြွေ​တတ်၏။ တင့်​တယ်​သော အ​သွေး​အ​ဆင်း​လည်း ပျောက်​ပျက်​တတ်၏။ ထို​နည်း​တူ၊ ငွေ​ရ​တတ်​သော​သူ​သည် မိ​မိ​အ​မှု​အ​ရာ​တို့၌ ညှိုး​နွမ်း​ပျောက်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 12,
      "text": "စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 13,
      "text": "အ​ပြစ်​သွေး​ဆောင်​ခြင်း​ကို ခံ​ရ​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို​သွေး​ဆောင်​တော်​မူ​သည်​ဟု မ​ပြော​စေ​နှင့်။ မ​ကောင်း​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို မ​သွေး​ဆောင်​နိုင်​ရာ။ ကိုယ်​တော်​သည်​လည်း အ​ဘယ်​သူ​ကို​မျှ အ​ပြစ်​သို့ သွေး​ဆောင်​တော်​မ​မူ။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 14,
      "text": "မိ​မိ​တပ်​မက်​သော​စိတ် ဆွဲ​ငင်​ဖြား​ယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​သွေး​ဆောင်​ခြင်း​သို့ ရောက်​တတ်၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 15,
      "text": "တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 16,
      "text": "ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​လွဲ​မ​ယူ​ကြ​နှင့်။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 17,
      "text": "ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 18,
      "text": "နိ​မ္မိ​တ​သ​တ္တ​ဝါ​တို့​တွင် ငါ​တို့​သည် အ​ဦး​သီး​သော​အ​သီး​ကဲ့​သို့ ဖြစ်​စေ​ခြင်း​ငှာ၊ သ​မ္မာ​တ​ရား​စ​ကား​အား​ဖြင့် မိ​မိ​အ​လို​တော်​အ​တိုင်း ငါ​တို့​ကို ဖြစ်​ဖွား​စေ​တော်​မူ၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 19,
      "text": "သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 20,
      "text": "လူ၏​ဒေါ​သ​အ​မျက်​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ပြု​စု​တတ်။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 21,
      "text": "ထို​ကြောင့်၊ ခပ်​သိမ်း​သော​ညစ်​ညူး​ခြင်း၊ မ​နာ​လို​သော​စိတ် လွန်​ကျူး​ခြင်း​ကို ပယ်​ရှား၍၊ သင်​တို့​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​သော၊ အ​ထဲ၌ စိုက်​ပျိုး​သော​နှုတ်​က​ပတ်​တ​ရား​ကို နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့် ခံ​ယူ​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 22,
      "text": "ကိုယ်​ကို​ကိုယ်​လှည့်​ဖြား၍၊ နှုတ်​က​ပတ်​တ​ရား​ကို နာ​ရုံ​မျှ​သာ​ပြု​သော​သူ မ​ဟုတ်၊ တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 23,
      "text": "တ​ရား​ကို​မ​ကျင့်​ဘဲ နာ​ရုံ​မျှ​သာ ပြု​သော​သူ​မည်​သည်​ကား၊ မှန်၌ မိ​မိ​ပ​က​တိ​မျက်​နှာ​ကို ကြည့်​သော​သူ​နှင့်​တူ၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 24,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ်​ကြည့်​ပြီး​မှ၊ အ​ခြား​သို့​သွား၍ မိ​မိ​အ​ဆင်း​သ​ဏ္ဌာန်​ကို ချက်​ချင်း မေ့​လျော့​တတ်၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 25,
      "text": "လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံ​လင်​သော​တ​ရား၌ စေ့​စေ့​ကြည့်​ရှု၍ တည်​ကြည်​သော​သူ​မူ​ကား၊ တ​ရား​နာ၍ မေ့​လျော့​သော​သူ မ​ဟုတ်၊ အ​ကျင့်​ကျင့်​သော​သူ​ဖြစ်​သ​ဖြင့်၊ မိ​မိ​ကျင့်​သော​အ​ကျင့်၌ မင်္ဂ​လာ​ရှိ​သော​သူ ဖြစ်၏။"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 26,
      "text": "သင်​တို့​တွင် အ​ကြင်​သူ​သည် သီ​လ​ဆောက်​တည် ဟန်​ပြု​သော်​လည်း၊ မိ​မိ​နှုတ်​ကို မ​ချုပ်​တည်း၊ မိ​မိ​နှ​လုံး​ကို လှည့်​ဖြား၏။ ထို​သူ၏ သီ​လ​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 1,
      "verse": 27,
      "text": "ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 1,
      "text": "ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 2,
      "text": "ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 3,
      "text": "တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 4,
      "text": "တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 5,
      "text": "ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 6,
      "text": "သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 7,
      "text": "သင်​တို့​ကို​သ​မုတ်​သော နာ​မ​တော်​မြတ်​ကို သူ​တို့​သည် ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 8,
      "text": "ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု ကျမ်း​စာ၌​ပါ​သော ရွှေ​ပ​ညတ်​တော်​ကို သင်​တို့​သည် စောင့်​ရှောက်​လျှင်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ရာ​သို့​ရောက်​ကြ၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 9,
      "text": "သို့​မ​ဟုတ် လူ​မျက်​နှာ​ကို​ထောက်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ တ​ရား​ကို လွန်​ကျူး​သော​သူ​ဟု ပ​ညတ်​တော်​အား​ဖြင့် ထင်​ရှား​စွာ​ဖြစ်​ကြ၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 10,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို စောင့်​ရှောက်​သည်​တွင် တစ်​စုံ​တစ်​ခု၌​မှား​မိ​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​အ​ပြစ်​ရှိ၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 11,
      "text": "သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 12,
      "text": "လွှတ်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့​သော​သူ​ကဲ့​သို့၊ စ​ကား​ပြော​ခြင်း၊ အ​မှု​ပြု​ခြင်း​ကို စီ​ရင်​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 13,
      "text": "က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 14,
      "text": "ငါ့​ညီ​အစ်​ကို​တို့၊ တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ယုံ​ကြည်​ခြင်း​ရှိ၏​ဟု ပြော​လျက်၊ အ​ကျင့်​ကို မ​ကျင့်​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ ထို​ယုံ​ကြည်​ခြင်း​သည် ထို​သူ​ကို ကယ်​တင်​နိုင်​သ​လော။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 15,
      "text": "ညီ​အစ်​ကို​နှ​မ​တို့​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ နေ့​တိုင်း စား​ရ​သော​အ​စာ​မ​ရှိ​သော​အ​ခါ၊-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 16,
      "text": "သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ နွေး​ကြ​လော့။ ဝ​ကြ​လော့​ဟု ပြော​လျက်၊ သူ​တို့​ကိုယ်​နှင့်​တော်​လျော်​သော အ​သုံး​အ​ဆောင်​ကို မ​ပေး​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 17,
      "text": "ထို​နည်း​တူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် တစ်​ပါး​တည်း​ရှိ​သော​ကြောင့် အ​သေ​ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 18,
      "text": "တစ်​နည်း​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ရှိ၏။ ငါ​သည် အ​ကျင့်​ရှိ၏။ သို့​ဖြစ်၍ သင်​သည်​အ​ကျင့်​မ​ရှိ​ဘဲ သင်၏​ယုံ​ကြည်​ခြင်း​ကို ပြ​လော့။ ငါ​မူ​ကား၊ အ​ကျင့်​အား​ဖြင့် ငါ၏​ယုံ​ကြည်​ခြင်း​ကို ပြ​မည်​ဟု ပြော​စ​ရာ​ရှိ၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 19,
      "text": "ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​သည်​ဟု သင်​သည်​ယုံ၏။ ကောင်း​ပေ၏။ နတ်​ဆိုး​တို့​သည် ယုံ၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ၏။"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 20,
      "text": "လျှပ်​ပေါ်​သော​လူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်​သည်​ကို သိ​ချင်​သ​လော။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 21,
      "text": "ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ မိ​မိ​သား​ဣ​ဇာက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ တင်​လှူ​ပူ​ဇော်​သော​အ​ခါ၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 22,
      "text": "ယုံ​ကြည်​ခြင်း​သည် အ​ကျင့်​နှင့်​အ​တူ​ပြု​ပြင်၍၊ အ​ကျင့်​အား​ဖြင့် စုံ​လင်​သည်​ကို သိ​မြင်​ရ၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 23,
      "text": "အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏ ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏​ဟူ​သော ကျမ်း​စ​ကား ပြည့်​စုံ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ဆွေ​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 24,
      "text": "လူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်။ အ​ကျင့်​အား​ဖြင့် ရောက်​သည်​ကို သင်​တို့​သိ​မြင်​ရ​ကြ၏။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 25,
      "text": "ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 59,
      "chapter": 2,
      "verse": 26,
      "text": "ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်၏။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 1,
      "text": "ငါ့​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သာ၍ ကျပ်​တည်း​သော စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်​ဟု သင်​တို့​သိ၍ အ​များ​သော​ဆ​ရာ မ​ဖြစ်​ကြ​နှင့်။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 2,
      "text": "ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 3,
      "text": "မြင်း​ကို​နိုင်​ခြင်း​ငှာ ပါး​စပ်​ကို​ဇက်​ခွံ့​တတ်၏။ သို့​ပြု၍ မြင်း​ကိုယ်​တစ်​ကိုယ်​လုံး​ကို လှည့်​စေ​တတ်၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 4,
      "text": "ထို​မှ​တစ်​ပါး၊ အ​လွန်​ကြီး​သော​သင်္ဘော​သည် ပြင်း​စွာ​သော​လေ​ဟုန်​နှင့် လွင့်​သွား​သော်​လည်း၊ တက်​မ​ကိုင် အ​လို​ရှိ​သည်​အ​တိုင်း၊ ငယ်​သော​တက်​မ​ဖြင့် လှည့်​တတ်၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 5,
      "text": "ထို​နည်း​တူ၊ လျှာ​သည် ငယ်​သော​အင်္ဂါ​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်၏။ အ​ဘယ်​မျှ​လောက် များ​စွာ​သော​ထင်း​ကို အ​နည်း​ငယ်​သော​မီး​သည် ညှိ​နိုင်​သည်​ကို ကြည့်​ပါ​လော့။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 6,
      "text": "လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 7,
      "text": "သား​ရဲ​မျိုး၊ ငှက်​မျိုး၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​မျိုး၊ ငါး​မျိုး​တို့​ကို လူ​မျိုး​သည် အောင်​တတ်​သည်​အ​တိုင်း အောင်​ခဲ့​ပြီ။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 8,
      "text": "လျှာ​ကို​ကား၊ အ​ဘယ်​လူ​မျှ​မ​အောင်​နိုင်၊ မ​ဆုံး​မ​နိုင်​သော အ​ဆိုး​အ​ညစ်​ဖြစ်၏။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​နှင့် ပြည့်​စုံ၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 9,
      "text": "ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​သော​လူ​တို့​ကို လျှာ​ဖြင့် ကျိန်​ဆဲ​တတ်​ကြ၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 10,
      "text": "နှုတ်​တစ်​ပါး​တည်း​အ​ထဲ​က၊ ထော​မ​နာ​ချီး​မွမ်း​ခြင်း​နှင့် ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ ထို​သို့​မ​ဖြစ်​ကောင်း​ရာ။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 11,
      "text": "စမ်း​ရေ​ပေါက် တစ်​ပေါက်​တည်း​အ​ထဲ​က ချို​သော​ရေ​နှင့် ခါး​သော​ရေ ထွက်​တတ်​သ​လော။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 12,
      "text": "ငါ့​ညီ​အစ်​ကို​တို့၊ သင်္ဘော​သ​ဖန်း​ပင်​သည် သံ​လွင်​သီး​ကို သီး​နိုင်​သ​လော။ စ​ပျစ်​ပင်​သည် သင်္ဘော​သ​ဖန်း​သီး​ကို သီး​နိုင်​သ​လော။ ထို​အ​တူ၊ ငန်​သော​ရေ​သည် ချို​သော​ရေ​ကို မ​ဖြစ်​စေ​နိုင်။"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 13,
      "text": "သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 14,
      "text": "သို့​မ​ဟုတ် သင်​တို့​စိတ်​ထဲ​မှာ ခါး​စွာ​သော ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ သ​မ္မာ​တ​ရား​ကို မု​သား​ဖြင့်​ဆန်၍ မ​ဝါ​ကြွား​ကြ​နှင့်။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 15,
      "text": "ထို​သို့​သော​ပ​ညာ​သည် အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မ​ဟုတ်။ မြေ​ကြီး​ပ​ညာ၊ ဇာ​တိ​ပ​က​တိ​ပ​ညာ၊ နတ်​ဆိုး​ပ​ညာ​ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ခတ်​ခြင်း၊ ဆိုး​ညစ်​စွာ ပြု​မူ​ခြင်း အ​မျိုး​မျိုး​ရှိ​တတ်၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 17,
      "text": "အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-"
    },
    {
      "book": 59,
      "chapter": 3,
      "verse": 18,
      "text": "အ​သင့်​အ​တင့်​နေ​ခြင်း​ငှာ​ပြု​စု​တတ်​သော သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၏ မျိုး​စေ့​ကို ငြိမ်​သက်​စွာ ကြဲ​တတ်​ကြ၏။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 1,
      "text": "သင်​တို့​တွင် စစ်​တိုက်​ခြင်း၊ ရန်​တွေ့​ခြင်း​သည် အ​ဘယ်​အ​ကြောင်း​ကြောင့် ဖြစ်​သ​နည်း။ သင်​တို့​အင်္ဂါ​များ၌ စစ်​ပြိုင်​သော ကိ​လေ​သာ​ကာ​မ​စိတ်​ကြောင့် ဖြစ်​သည်​မ​ဟုတ်​လော။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 2,
      "text": "သင်​တို့​သည် တပ်​မက်၍​မ​ရ​ကြ။ လူ​အ​သက်​ကို သတ်၍​လည်း​ကောင်း၊ အ​လွန်​လို​ချင်​သော လော​ဘ​စိတ်​ရှိ၍​လည်း​ကောင်း၊ အ​လို​မ​ပြည့်​စုံ​နိုင်​ကြ။ ရန်​တွေ့​ခြင်း၊ စစ်​တိုက်​ခြင်း​ကို​လည်း ပြု၍​မ​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ဆု​မ​တောင်း​ဘဲ နေ​ကြ၏။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 3,
      "text": "ဆု​တောင်း​လျှင်​လည်း ကာ​မ​ဂုဏ်​ခံ​စား​စ​ရာ​ဖို့ ရှိ​စေ​ခြင်း​ငှာ၊ အ​လွဲ​တောင်း​သော​ကြောင့် မ​ရ​ကြ။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 4,
      "text": "မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 5,
      "text": "ကျမ်း​စာ​ချက် အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့၌ တည်​နေ​သော ဝိ​ညာဉ်​တော်​သည် ငြူ​စူ​စေ​ချင်​သော သ​ဘော​ရှိ​သည် ဟူ၍​လည်း​ကောင်း၊ ထင်​ကြ​သ​လော။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 6,
      "text": "ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 7,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​သို့ လိုက်​ကြ​လော့။ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ သို့​ပြု​လျှင်၊ သူ​သည် သင်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 9,
      "text": "ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လော့။ သင်​တို့​ရယ်​ခြင်း​ကို စိတ်​မ​သာ​ညည်း​တွား​ခြင်း ဖြစ်​စေ​ကြ​လော့။ ဝမ်း​မြောက်​ခြင်း​ကို​လည်း ဝမ်း​နည်း​ခြင်း​ဖြစ်​စေ​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 10,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့​ကို ချီး​မြှောက်​တော် မူ​လိမ့်​မည်။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 11,
      "text": "ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကဲ့​ရဲ့​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ချင်း​ကို ကဲ့​ရဲ့၍၊ သူ၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​သော​သူ​သည် တ​ရား​ကို ကဲ့​ရဲ့၏။ တ​ရား၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်၏။ ထို​သို့​ပြု​လျှင်၊ သင်​သည် တ​ရား​ကို ကျင့်​သော​သူ​မ​ဟုတ်၊ တ​ရား​ကို စစ်​ကြော​စီ​ရင်​သော​သူ ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 12,
      "text": "ပ​ညတ်​တ​ရား​ကို ထား​ပိုင်​သော​သူ၊ စစ်​ကြော​စီ​ရင်​ပိုင်​သော​သူ တစ်​ပါး​တည်း​ရှိ​တော်​မူ၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​တော်​မူ၏။ သူ​တစ် ပါး​ကို စစ်​ကြော​စီ​ရင်​သော​သင်​သည်​ကား အ​ဘယ်​သူ​နည်း။"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 13,
      "text": "ယ​နေ့ နက်​ဖြန် ဤ​မည်​သော​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထို​မြို့၌ တစ်​နှစ်​ပတ်​လုံး​နေ၍ ကုန်​သွယ်​သ​ဖြင့် အ​မြတ်​ရ​အောင် ပြု​ကြ​ကုန်​အံ့​ဟု ဆို​တတ်​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 14,
      "text": "နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 15,
      "text": "ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ၍၊ ငါ​တို့​သည်​လည်း အ​သက်​ရှင်​လျှင်၊ ဤ​သို့​ပြု​ကြ​ကုန်​အံ့၊ ထို​သို့​ပြု​ကြ​ကုန်​အံ့​ဟု သင်​တို့​ဆို​သင့်​ရာ​ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 16,
      "text": "ယ​ခု​သင်​တို့​သည် မိ​မိ​ထောင်​လွှား​ခြင်း၌ ဝါ​ကြွား​ကြ​သေး၏။ ထို​သို့​သော ဝါ​ကြွား​ခြင်း​ရှိ​သ​မျှ​သည် မ​ကောင်း​မ​သင့်​ဖြစ်၏။-"
    },
    {
      "book": 59,
      "chapter": 4,
      "verse": 17,
      "text": "ထို​ကြောင့်၊ ကောင်း​သော​အ​ကျင့်​ကို သိ​လျက် မ​ကျင့်​ဘဲ​နေ​သော​သူ​သည် အ​ပြစ်​ရှိ၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 1,
      "text": "အ​ချင်း​သူ​ဌေး၊ သူ​ကြွယ်​တို့၊ ယ​ခု​လာ​ကြ၊ သင်​တို့​အ​ပေါ်၌ ရောက်​လ​တ္တံ့​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကြောင့် ငို​ကြွေး​အော်​ဟစ်​ကြ။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 2,
      "text": "သင်​တို့​ဥ​စ္စာ​ပ​စ္စည်း​သည် ပုပ်​စပ်​လျက်​ရှိ၏။ အ​ဝတ်​ကို​လည်း ပိုး​ကိုက်​စား​လေ​ပြီ။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 3,
      "text": "ရွှေ​ငွေ​လည်း အ​ချေး​တက်၍ ပျက်​ကုန်​ပြီ။ ထို​အ​ချေး​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်၍၊ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို စား​လိမ့်​မည်။ နောက်​ဆုံး​သော နေ့​ရက်​ကာ​လ​အ​ဖို့ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​ပြီ​တ​ကား၊-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 4,
      "text": "နား​ထောင်​ကြ။ သင်​တို့​လယ်​ကွက်၌ ရိတ်​သော​သူ​တို့​ကို လှည့်​စား၍၊ အ​ခ​မ​ပေး​ဘဲ​နေ​သော​ကြောင့်၊ ထို​အ​ခ​သည် ကြွေး​ကြော်​လေ၏။ ရိတ်​သော​သူ​တို့၏ အော်​ဟစ်​ခြင်း​အ​သံ​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နား​တော်​ထဲ​သို့​ဝင်​လေ​ပြီ။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 5,
      "text": "သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ ကာ​မ​ဂုဏ်​ခံ​စား၍ အ​လွန်​ပျော်​မွေ့​ကြ​ပြီ။ သတ်​ရ​သော​နေ့၌​ကဲ့​သို့၊ မိ​မိ​တို့​နှ​လုံး​ကို မွေး​မြူ​ကြ​ပြီ။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 6,
      "text": "ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​စီ​ရင်၍ ကွပ်​မျက်​ကြ​ပြီ။ သူ​သည်​လည်း သင်​တို့​ကို မ​ဆီး​တား။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 7,
      "text": "ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 8,
      "text": "သင်​တို့​သည်​လည်း သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို မြဲ​မြံ​စေ​ကြ​လော့။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ချိန် ရောက်​လု​နီး​ပြီ။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 9,
      "text": "ညီ​အစ်​ကို​တို့၊ စစ်​ကြော​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း ငြင်း​ခုံ​ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ တ​ရား​စီ​ရင် ပိုင်​သော​သူ​သည် တံ​ခါး​နား​မှာ ရှိ​တော်​မူ၏။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 10,
      "text": "ငါ့​ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဆင်း​ရဲ​ဒု​က္ခ​တွေ့​ခြင်း၊ သည်း​ခံ​ခြင်း၏ ပုံ​သက်​သေ​ကို ပြ​ကြ​ပြီ​ဟု မှတ်​ကြ​လော့။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 11,
      "text": "သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 12,
      "text": "ငါ့​ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​တွင် ကျိန်​ဆို​ခြင်း​ကို သာ၍​ရှောင်​ကြ​လော့။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ မြေ​ကြီး​ကို​တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ ထို​မှ​တစ်​ပါး၊ အ​ဘယ်​အ​ကျိန်​အား​ဖြင့်​မျှ မ​ကျိန်​ကြ​နှင့်။ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​မှာ၊ ဟုတ်​သည်​ကို အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​ကြ​လော့။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 13,
      "text": "သင်​တို့​တွင် ဆင်း​ရဲ​ခံ​ရ​သော​သူ​ရှိ​လျှင် ဆု​တောင်း​စေ။ ရွှင်​လန်း​သော​သူ​ရှိ​လျှင် ဆာ​လံ​သီ​ချင်း​ကို​ဆို​စေ။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 14,
      "text": "နာ​သော​သူ​ရှိ​လျှင်၊ သင်း​အုပ်​ကို​ခေါ်၍ သူ​တို့​သည် သ​ခင်​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ လူ​နာ​ကို​ဆီ​နှင့်​လူး၍ သူ့​အ​ပေါ်​မှာ ဆု​တောင်း​ကြ​စေ။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 15,
      "text": "ထို​သို့​ပြု​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​တ္ထ​နာ​သည် လူ​နာ​ကို ကယ်​ဆယ်၍၊ သ​ခင်​ဘု​ရား​သည် သူ့​ကို​ထ​မြောက်​စေ​တော်​မူ​မည်။ သူ​သည် အ​ပြစ်​ပြု​မိ​သော်​လည်း ထို​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 16,
      "text": "အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 17,
      "text": "ဧ​လိ​ယ​သည် ငါ​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ ဖြစ်​သော်​လည်း၊ မိုး​မ​ရွာ​မည်​အ​ကြောင်း အ​ထူး​သ​ဖြင့် ဆု​တောင်း​သော​အ​ခါ၊ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မြေ​ပေါ်​သို့ မိုး​မ​ရွာ​ဘဲ​နေ၏။-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 18,
      "text": "တစ်​ဖန် ဆု​တောင်း​သော​အ​ခါ၊ မိုး​ကောင်း​ကင်​သည် မိုး​ရွာ​စေ၏။ မြေ​ကြီး​သည်​လည်း မိ​မိ​အ​သီး​ကို​သီး​လေ၏။"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 19,
      "text": "ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သ​မ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား၍ သူ​တစ်​ပါး​သည် ထို​သူ​ကို ပြန်​စေ​လျှင်​မူ​ကား၊-"
    },
    {
      "book": 59,
      "chapter": 5,
      "verse": 20,
      "text": "အ​ပြစ်​ရှိ​သော​သူ​ကို မှား​ယွင်း​သော​လမ်း​မှ ပြန်​စေ​သော​သူ​သည်၊ ဝိ​ညာဉ်​ကို သေ​ခြင်း​မှ​ကယ်​တင်၍ များ​စွာ​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်​သည်​ဟု ထို​သူ​သည် သိ​မှတ်​စေ။ ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 1,
      "text": "ယေ​ရှု​ခ​ရစ်၏​တ​မန်​တော် ငါ​ပေ​တ​ရု​သည်၊ နား​ထောင်​ခြင်း​ကျေး​ဇူး၊ ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​နှင့် ဖျန်း​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့​ရောက်၍၊ ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​နာ​ဂ​တံ​သ​ဉာဏ်​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော သူ​တည်း​ဟူ​သော၊ ပု​န္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှိ​ပြည်၊ ဗိ​သု​နိ​ပြည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို ကြား​လိုက်​ပါ၏။ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​များ​ပြား​ပါ​စေ​သော။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 3,
      "text": "အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 4,
      "text": "ထို​အ​မွေ​တော်​သည်​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​စေ​ခြင်း​ငှာ ပြင်​ဆင်​သော ကယ်​တင်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​သည် စောင့်​ရှောက်​တော်​မူ​သော သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​လျက်​ရှိ​သော အ​မွေ​တည်း။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 6,
      "text": "အ​ရည်​ကျို၍ စုံ​စမ်း​ခြင်း​ကို​ခံ​နိုင်​သော်​လည်း၊ ပျက်​စီး​တတ်​သော ရွှေ​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​ထက်၊ သင်​တို့​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သာ၍ မြတ်​သည်​နှင့်၊ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော် မူ​သော​အ​ခါ အ​ချီး​အ​မွမ်း၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော် အ​လို​ငှာ​ဖြစ်​မည်​အ​ကြောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ​လျှင်၊ သင်​တို့​သည် ယ​ခု​ခ​ဏ​ခံ​ရ၍ ဝမ်း​နည်း​သော်​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျေး​ဇူး​တော်​ကို​ထောက်၍ ရွှင်​လန်း​သော​စိတ် ရှိ​ကြ၏။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 8,
      "text": "ထို​သ​ခင်​ကို သင်​တို့​သည် မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ၏။ ယ​ခု​မှာ​လည်း မ​မြင်​ဘဲ​လျက်၊ ယုံ​ကြည်​သော​အား​ဖြင့် ဘုန်း​အ​သ​ရေ​နှင့် စပ်​ဆိုင်​သော၊ ပြော၍​မ​မီ​နိုင်​သော ရွှင်​လန်း​ခြင်း​စိတ်​နှင့် ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 9,
      "text": "စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​ခြင်း​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၏​အ​ကျိုး​ကို ခံ​ရ​ကြ၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 10,
      "text": "ထို​ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို ပ​ရော​ဖက်​တို့​သည် စေ့​စေ့ စစ်​ကြော​မေး​မြန်း​ရှာ​ဖွေ၍၊ သင်​တို့ ခံ​ရ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​ပြီ။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 11,
      "text": "ခ​ရစ်​တော်​ခံ​တော်​မူ​ရ​သော ဆင်း​ရဲ​ကို​လည်း​ကောင်း၊ ဆင်း​ရဲ​ခံ​ပြီး​မှ ဝင်​စား​တော်​မူ​ရ​သော ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း၊ သူ​တို့​အ​ထဲ၌​ရှိ​သော ခ​ရစ်​တော်၏​ဝိ​ညာဉ်​သည် သက်​သေ​ခံ​နှင့်​သော​အ​ခါ၊ အ​ဘယ်​မည်​သော သူ​ကို​လည်း​ကောင်း၊ အ​ဘယ်​သို့​သော အ​ချိန်​ကာ​လ​ကို​လည်း​ကောင်း ဆို​လို​တော်​မူ​သည်​ဟု မေး​မြန်း​ရှာ​ဖွေ​ကြ၏။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 12,
      "text": "ကိုယ်​ဟော​ပြော​ပြု​စု​သော အ​ရာ​များ​တို့​သည်၊ ကိုယ်​အ​ဖို့ မ​ဟုတ်၊ သင်​တို့​အ​ဖို့ ဖြစ်​သည်​ဟု ထို​သူ​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ကောင်း​ကင်​ဘုံ​မှ စေ​လွှတ်​တော်​မူ​သော သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ပါ​လျက်၊ သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​သူ​တို့​သည်၊ ထို​အ​ရာ​များ​ကို သင်​တို့​အား ယ​ခု​ကြား​ပြော​ကြ​ပြီ။ ထို​အ​ရာ​တို့​ကို ကောင်း​ကင်​တ​မန်​တို့​သည် စေ့​စေ့​ကြည့်​ရှု စဉ်း​စား​ချင်​သော စေ​တ​နာ​စိတ် ရှိ​ကြ၏။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 13,
      "text": "သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 14,
      "text": "အ​ထက်​က သင်​တို့​သည် မှောင်​မိုက်​ထဲ​မှာ​ကျင့်​သော တပ်​မက်​ခြင်း​တ​ရား​ကို ယ​ခု​မ​လိုက်​မ​ကျင့်​ဘဲ၊ နား​ထောင်​တတ်​သော သူ​ငယ်​ကဲ့​သို့ ဖြစ်၍၊-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 15,
      "text": "သင်​တို့​ကို​ခေါ်​တော်​မူ​သော သူ​သည် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကျင့်​ကြံ​ပြု​မူ​သ​မျှ​တို့၌ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 16,
      "text": "အ​ကြောင်း​မူ​ကား၊ ငါ​သည် သန့်​ရှင်း​တော်​မူ​သော​ကြောင့်၊ သင်​တို့​သည်​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့​ဟု ကျမ်း​စာ​လာ​သ​တည်း။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 17,
      "text": "လူ​မျက်​နှာ​ကို​မ​ငဲ့၊ ခပ်​သိမ်း​သော​သူ​တို့၏ အ​ကျင့်​အ​တိုင်း စီ​ရင်​တော်​မူ​သော​ခ​မည်း​တော်​ကို သင်​တို့​သည် ဆု​တောင်း​ကိုး​ကွယ်​လျှင်၊ ဧည့်​သည်​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​သော​စိတ်​နှင့် ကျင့်​နေ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 18,
      "text": "မိ​စဉ်​ဘ​ဆက် ကျင်​လည်​သော အ​ချည်း​နှီး​ကျင့်​ကြံ​ပြု​မူ​ခြင်း​မှ၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဖောက်​ပြန် ပျက်​စီး​တတ်​သော ဥ​စ္စာ​နှင့် သင်​တို့​ကို ရွေး​တော်​မူ​သည်​မ​ဟုတ်။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 19,
      "text": "အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 20,
      "text": "ထို​ခ​ရစ်​တော်​ကား၊ ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ခန့်​ထား​တော်​မူ​ခြင်း​ကို ခံ​နှင့်​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော သင်​တို့​အ​ဖို့၊ ဤ​နောက်​ဆုံး​သော​ကာ​လ၌ ထင်​ရှား​တော်​မူ​ပြီ။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 21,
      "text": "သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ထောက်​လျက် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း​ရှိ​စေ​ခြင်း​ငှာ၊ ထို​သ​ခင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ၍ ဘုန်း​အ​သ​ရေ​ကို ပေး​သ​နား​တော်​မူ​ပြီ။"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 22,
      "text": "သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 23,
      "text": "မ​ဖောက်​ပြန်​မ​ပျက်​စီး​တတ်​သော မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်၍ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​ဖွား​သော​ကြောင့်၊ ညီ​အစ်​ကို​များ​ကို ချစ်​ယောင်​မ​ဆောင်၊ အ​မှန်​ချစ်​ခြင်း​အ​လို​ငှာ စိတ်​ထဲ​မှာ​သ​မ္မာ​တ​ရား​ကို နား​ထောင်​လျက်၊ ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီး​သည်​နှင့် အ​ညီ၊ စင်​ကြယ်​သော​စိတ်​နှင့် အ​ချင်း​ချင်း အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 24,
      "text": "လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​မျိုး၏ ဘုန်း​ရှိ​သ​မျှ​သည်​လည်း မြက်​ပွင့်​ကဲ့​သို့​ဖြစ်၏။ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။-"
    },
    {
      "book": 60,
      "chapter": 1,
      "verse": 25,
      "text": "ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​မြဲ တည်၏။ ထို​နှုတ်​က​ပတ်​တော်​သည်၊ သင်​တို့​အား ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ဖြစ်​သ​တည်း။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 1,
      "text": "ထို​ကြောင့်၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို မြည်း​စမ်း​ကြ​သည်​ဖြစ်၍၊ အ​မျိုး​မျိုး​သော မ​နာ​လို​ခြင်း၊ လှည့်​ဖြား​ခြင်း၊ လျှို့​ဝှက်​ခြင်း၊ ငြူ​စူ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ရှိ​သ​မျှ​ကို ပယ်​ရှား၍၊ ကယ်​တင်​ခြင်း​အ​လို​ငှာ နှုတ်​က​ပတ်​တ​ရား၏ နို့​စစ်​အား​ဖြင့် ကြီး​ပွား​မည်​အ​ကြောင်း၊ ဖွား​စ​သော​သူ​ငယ်​ကဲ့​သို့၊ ထို​တ​ရား​နို့​ကို အ​လွန် လို​ချင်​သော စိတ်​ရှိ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 4,
      "text": "လူ​တို့​ပယ်​ထား၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သော အ​သက်​ကျောက်​မြတ်​တည်း​ဟူ​သော ထို​သ​ခင်​ထံ​သို့ သင်​တို့​သည်​ရောက်၍၊-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 5,
      "text": "အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 6,
      "text": "ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ရွေး​ချယ်​သော တိုက်​ထောင့်​အ​မြစ်​ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 7,
      "text": "သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 8,
      "text": "နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 9,
      "text": "သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 10,
      "text": "အ​ထက်​က အ​ပေါင်း​အ​သင်း​မ​ဟုတ်၊ ယ​ခု​တွင် ဘု​ရား​သ​ခင်၏ အ​ပေါင်း​အ​သင်း​ဖြစ်​ကြ၏။ က​ရု​ဏာ ကျေး​ဇူး​တော်​ကို အ​ထက်​က​မ​ခံ​ရ​သော်​လည်း ယ​ခု​တွင် ခံ​ရ​ကြ၏။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 11,
      "text": "ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့်​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 12,
      "text": "သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 13,
      "text": "သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 14,
      "text": "ရှင်​ဘု​ရင်​ခန့်​ထား​သော ဝန်​မင်း​ဖြစ်​စေ၊ လူ​တို့​တွင် စီ​ရင်​ခန့်​ထား​သ​မျှ​သော မင်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 15,
      "text": "အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​အား​ဖြင့် လူ​မိုက်​တို့၏ မိုက်​မဲ​သော​စ​ကား​ကို ချေ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သို့​သော အ​လို​တော်​ရှိ၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 16,
      "text": "လူ​လွတ်​ဖြစ်​သော်​လည်း၊ လွတ်​ခြင်း​အ​ကြောင်း​ဖြင့် မ​ကောင်း​သော​အ​မှု​တို့​ကို ဖုံး​အုပ်​သော​သူ​ကဲ့​သို့ မ​ကျင့်၊ ဘု​ရား​သ​ခင်၏ ကျွန်​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 17,
      "text": "ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 18,
      "text": "အ​စေ​ခံ​ငယ်​သား​တို့၊ အ​လွန်​ကြောက်​ရွံ့​ခြင်း​နှင့်​တ​ကွ ကိုယ်​သ​ခင်​တို့၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။ သ​ခင်​သည် စိတ်​ကောင်း၍ ဖြည်း​ညင်း​သော​သ​ဘော ရှိ​သည်​ဖြစ်​စေ၊ ကြမ်း​တမ်း​သော​သ​ဘော ရှိ​သည်​ဖြစ်​စေ ဝန်​ခံ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ထောက်၍၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကို နာ​ကျင်​စွာ​ခံ​ရ​လျှင် ကျေး​ဇူး​ရှိ၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 20,
      "text": "ကိုယ်​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ အ​ဘယ်​ချီး​မွမ်း​စ​ရာ​ရှိ​သ​နည်း။ ကောင်း​မွန်​စွာ​ပြု၍ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကျေး​ဇူး​ရှိ၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သို့​အ​လို​ငှာ သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​ဖြစ်၍၊ ခြေ​တော်​ရာ​ကို လျှောက်​လိုက်​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို​ထား​တော်​မူ​ပြီ။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 22,
      "text": "ထို​သ​ခင်​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ နှုတ်​တော်၌​လည်း မု​သား​ကို​ရှာ​မ​တွေ့၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ ပြန်၍​မ​ကဲ့​ရဲ့။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 23,
      "text": "အ​သေ​ခံ​ရ​သော​အ​ခါ ခြိမ်း​ခြောက်​ခြင်း​ကို မ​ပြု။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​သူ၌ ကိုယ်​ကို​ကိုယ် အပ်​နှံ​တော်​မူ၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 24,
      "text": "ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-"
    },
    {
      "book": 60,
      "chapter": 2,
      "verse": 25,
      "text": "သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 1,
      "text": "အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 2,
      "text": "သို့​ပြု၍၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​မ​ထောင်​သော ယောက်ျား​အ​ချို့​ရှိ​လျှင်၊ ထို​သူ​တို့​သည် တ​ရား​မ​နာ​သော်​လည်း၊ သင်​တို့၏ ကြောက်​ရွံ့​ခြင်း​နှင့် စင်​ကြယ်​သော​အ​ကျင့်​တို့​ကို ထောက်​ရှု၍၊ မိ​မိ​မ​ယား၏​အ​ကျင့်​အား​ဖြင့် သွေး​ဆောင်​လျက် အ​တူ​ပါ​မည် အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 3,
      "text": "သင်​တို့၌ တန်​ဆာ​ဆင်​ခြင်း​မှု​ကား၊ ဆံ​ပင်​ကျစ်​ခြင်း၊ ရွှေ​ဆင်​ခြင်း၊ အ​ဝတ်​ဝတ်​ခြင်း​တည်း​ဟူ​သော အ​ပြင်​တန်​ဆာ ဆင်​ခြင်း​မ​ဖြစ်​စေ​ဘဲ၊-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 4,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ဖိုး​များ​စွာ​ထိုက်​သော နူး​ညံ့​ငြိမ်​သက်​ခြင်း​သ​ဘော​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပျက်​စီး​တတ်​သော တန်​ဆာ​ဆင်​ခြင်း​ရှိ​သော စိတ်​နှ​လုံး၏ အ​တွင်း​လူ​ဖြစ်​စေ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 5,
      "text": "ဘု​ရား​သ​ခင်​ကို ကိုး​စား၍ သန့်​ရှင်း​သော မိန်း​မ​တို့​သည် ရှေး​က ထို​သို့ ကိုယ်​ကို​တန်​ဆာ​ဆင်​လျက်၊ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​ဝေါ်၍ သူ၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ၏။ သင်​တို့​သည် ကောင်း​မွန်​စွာ​ကျင့်၍၊ ကြောက်​ရွံ့ တုန်​လှုပ်​ခြင်း အ​လျှင်း​မ​ရှိ​ဘဲ​နေ​လျှင် စာ​ရာ၏​သ​မီး​ဖြစ်​ကြ၏။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 7,
      "text": "ထို​နည်း​တူ၊ ယောက်ျား​တို့၊ ဆု​တောင်း​ခြင်း​အ​မှု၌ အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​သက်​ရှင်​ခြင်း​ကျေး​ဇူး​တော်​ကို ဆက်​ဆံ၍ အ​မွေ​ခံ​ရ​သော​သူ​ချင်း​ကဲ့​သို့၊ သ​တိ​ပ​ညာ​နှင့် လျော်​စွာ ကိုယ်​ခင်​ပွန်း​နှင့်​အ​တူ​နေ၍၊ အား​နည်း​သော​သူ​ကို ပြု​သင့်​သည်​အ​တိုင်း သူ့​ကို စောင့်​မ​ပြု​စု​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 8,
      "text": "အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ စိတ်​ကြင်​နာ​ခြင်း၊ ညီ​အစ်​ကို​ချင်း​ကဲ့​သို့ ချစ်​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း ရှိ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 9,
      "text": "သင်​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​စေ​ခြင်း​အ​လို​ငှာ ခေါ်​တော်​မူ​သော​သူ ဖြစ်​သည်​ဟု သိ​မှတ်၍၊ အ​ချင်း​ချင်း ရန်​တုံ့​မ​မူ၊ ပြန်၍ မ​ကဲ့​ရဲ့၊ မေ​တ္တာ​ပို့​ခြင်း​ကို ပြု​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 10,
      "text": "အ​သက်​ကို မွေ့​လျော်​စေ၍၊ ကောင်း​မွန်​သော နေ့​ရက်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​သည်၊ မိ​မိ​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 11,
      "text": "ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​စေ။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​စေ။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 12,
      "text": "အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့ ဆု​တောင်း​ခြင်း​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ပြု​သော သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ၏။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 13,
      "text": "သင်​တို့​သည် ကောင်း​သော​တ​ရား​ကို ကျင့်​သော​သူ​ဖြစ်​လျှင်၊ အ​ဘယ်​သူ​ညှဉ်း​ဆဲ​မည်​နည်း။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 14,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ဆင်း​ရဲ​ခံ​ရ​လျှင်​မူ​ကား၊ မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ခြိမ်း​ခြောက်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်၊ မ​ထိတ်​လန့်​ကြ​နှင့်။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 15,
      "text": "စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 16,
      "text": "ခ​ရစ်​တော်၌ သင်​တို့​ကျင့်​သော အ​ကျင့်​ကောင်း​ကို ရှုတ်​ချ​သော​သူ​တို့​သည် ကဲ့​ရဲ့​ပြစ်​တင်​သော​အ​ခါ၊ ကိုယ်​တိုင် ရှက်​ကြောက်​ခြင်း​မ​ရှိ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက် နေ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 17,
      "text": "ဘု​ရား​သ​ခင့် အ​လို​တော်​ရှိ​လျှင်၊ သု​စ​ရိုက်​ကို​ပြု၍ ဆင်း​ရဲ​ခံ​ခြင်း​သည်၊ ဒု​စ​ရိုက်​ကို​ပြု၍ ခံ​ခြင်း​ထက် သာ၍​ကောင်း၏။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 18,
      "text": "ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​သေ​သတ်​ခြင်း​ကို​ခံ၍၊ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​တော်​မူ​သည်​ဖြစ်၍ ငါ​တို့​ကို ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ပို့​ဆောင်​ခြင်း​ငှာ၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​သည်၊ မ​ဖြောင့်​မတ်​သော သူ​တို့​အ​တွက်၊ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် တစ်​ခါ​ခံ​တော်​မူ၏။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 19,
      "text": "ထို​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း ကြွ​သွား​တော်​မူ၍၊ ယ​ခု​ထောင်​ထဲ​မှာ လှောင်​ထား​သော ဝိ​ညာဉ်​တို့​အား တ​ရား​ဟော​တော်​မူ၏။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 20,
      "text": "ထို​ဝိ​ညာဉ်​တို့​မူ​ကား ရှေး​ကာ​လ၊ နော​ဧ​လက်​ထက်၌၊ နည်း​သော​သူ​တည်း​ဟူ​သော လူ​ရှစ်​ယောက်​တို့​ကို ရေ​အား​ဖြင့် ကယ်​ဆယ်​သော​သင်္ဘော​ကို တည်​လုပ်​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ခ​န္တီ​တော်​သည် ဆိုင်း​လင့်​တော်​မူ​သော်​လည်း၊ နား​မ​ထောင်​သော​ဝိ​ညာဉ် ဖြစ်​သ​တည်း။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 21,
      "text": "ထို​သို့​သော ဥ​ပ​မာ​အ​တိုင်း၊ ယ​ခု​တွင် ဗ​တ္တိ​ဇံ​သည် ယေ​ရှု​ခ​ရစ် ထ​မြောက်​တော်​မူ​သော​အား​ဖြင့်၊ ငါ​တို့​ကို ကယ်​တင်​တတ်၏။ ဗ​တ္တိ​ဇံ​ဟု​ဆို​သော်၊ ကိုယ်​ကာ​ယ၏ အ​ညစ်​အ​ကြေး ဆေး​ကြော​ခြင်း​ကို မ​ဆို​လို။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်၍၊ ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ခြင်း​ကို ဆို​လို​သ​တည်း။-"
    },
    {
      "book": 60,
      "chapter": 3,
      "verse": 22,
      "text": "ထို​သ​ခင်​သည် ကောင်း​ကင်​ဘုံ​သို့ ကြွ​တော်​မူ​သည်​ဖြစ်၍၊ ကောင်း​ကင်​တ​မန်​အ​စ​ရှိ​သော အာ​ဏာ​စက် တန်​ခိုး​များ​တို့​ကို အုပ်​စိုး​လျက်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ရှိ​တော်​မူ၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 1,
      "text": "ထို​သို့​ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​တော်၌ ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​မှန်​သော​ကြောင့်၊ သင်​တို့​လည်း ထို​သို့​သော​သ​ဘော​ကို လက်​နက်​ပြု၍ သုံး​စွဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ၌​ခံ​သော​သူ​သည် ဒု​စ​ရိုက်​တို့​နှင့် လွတ်​ငြိမ်း​သည်​ဖြစ်၍၊-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 2,
      "text": "နောက်​တစ်​ဖန် သူ​တို့၏ တပ်​မက်​ခြင်း​တ​ရား​ကို မ​ကျင့်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း​ကျင့်​လျက်၊ ကိုယ်​ခ​န္ဓာ​အ​သက်​အ​ပိုင်း​အ​ခြား ကျန်​ရစ်​သော​ကာ​လ​ကို လွန်​စေ​တတ်၏။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 3,
      "text": "သာ​သ​နာ​ပ​လူ​တို့၏ အ​လို​သို့​လိုက်၍၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ကာ​မ​တပ်​မက်​ခြင်း၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း၊ ပွဲ​လုပ်​ခြင်း၊ သောက်​ကြူး​ခြင်း၊ အ​ဓ​မ္မ​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း၌ ကျင်​လည်၍၊ ငါ​တို့​လွန်​စေ​ပြီး​သော အ​သက်​ကာ​လ​သည် ငါ​တို့​အား လောက်​ပေ၏။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 4,
      "text": "ယ​ခု​မှာ သင်​တို့​သည် သူ​တို့​နှင့်​အ​တူ မ​ဆက်​ဆံ၊ ကာ​မ​ဂုဏ်၌ လွန်​ကျူး​ညစ်​ညူး​စွာ မ​ပြု​သည်​အ​ရာ​ကို သူ​တို့​သည်​အံ့​ဩ၍ ကဲ့​ရဲ့​တတ်​ကြ၏။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 5,
      "text": "သို့​ဖြစ်၍၊ အ​သက်​ရှင်​သော သူ​တို့​ကို​လည်း​ကောင်း၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ခြင်း​ငှာ အ​သင့်​ရှိ​တော်​မူ​သော​သူ ရှေ့၌၊ ထို​သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 6,
      "text": "ထို​အ​ကြောင်း​ကြောင့် လူ​တို့​ရှေ့၌ ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စိတ်​ဝိ​ညာဉ်​အား​ဖြင့် အ​သက်​ရှင်​မည်​အ​ကြောင်း၊ သေ​သော​သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ကြား​ရ​ကြ၏။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 7,
      "text": "ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် အ​ဆုံး​သို့​ရောက်​လု​သည် ဖြစ်​သော​ကြောင့်၊ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ဆု​တောင်း​ခြင်း​အ​လို​ငှာ စောင့်​နေ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 8,
      "text": "အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 9,
      "text": "မြည်​တမ်း​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း ဧည့်​သည်​ဝတ်​ကို ပြု​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 10,
      "text": "သင်​တို့​သည် ဆု​ကျေး​ဇူး​တော်​ကို အ​သီး​အ​သီး​ခံ​ရ​ကြ​သည်​နှင့် အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​ထူး​ထူး အ​ပြား​ပြား​သော ကျေး​ဇူး​တော်​ဘ​ဏ္ဍာ​စိုး​ကောင်း​ကဲ့​သို့၊ အ​ချင်း​ချင်း ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 11,
      "text": "ဘု​ရား​သ​ခင်​သည် အ​ရာ​ရာ၌ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​စေ​မည်​အ​ကြောင်း၊ ဟော​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဟော​ပြော​စေ။ အ​ခြား​သော​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည်၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​စွမ်း​သ​တ္တိ​အ​တိုင်း ဆောင်​ရွက်​စေ။ ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 12,
      "text": "ချစ်​သူ​တို့၊ သင်​တို့​ကို စုံ​စမ်း​စ​ရာ​ဖို့ ယ​ခု​ခံ​ရ​သော မီး​စစ်​ခြင်း​အ​ရာ​ကို​ကား၊ သင်​တို့၌ အံ့​ဩ​ဖွယ်​သော​အ​ရာ ဖြစ်​သည်​ဟု ထင်​မှတ်၍၊ အံ့​ဩ​ခြင်း မ​ရှိ​ကြ​နှင့်။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 13,
      "text": "သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 14,
      "text": "ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 15,
      "text": "လူ​အ​သက်​ကို​သတ်​သော အ​ပြစ်၊ သူ့​ဥ​စ္စာ​ကို​ခိုး​သော အ​ပြစ်၊ ဒု​စ​ရိုက်​ကို​ပြု​သော အ​ပြစ်၊ သူ​တစ်​ပါး​အ​မှု၌ ရော​နှော​သော​အ​ပြစ် ရှိ၍၊ သင်​တို့​တွင် အ​ဘယ်​သူ​မျှ မ​ခံ​စေ​နှင့်။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 16,
      "text": "ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့် ခံ​ရ​လျှင်​မူ​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​စေ​နှင့်။ ထို​အ​မှု​ကြောင့်​ခံ​ရ​လျှင် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​စေ။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 17,
      "text": "ဘု​ရား​သ​ခင်၏​အိမ်​တော်​သား​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​ရ​သော အ​ချိန်​ရှိ​ပြီ။ ငါ​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​လျှင်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂ​လိ​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​တို့၏ အ​မှု​သည် အ​ဘယ်​သို့ ပြီး​လိမ့်​မည်​နည်း။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 18,
      "text": "ဖြောင့်​မတ်​သော​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ခဲ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ​သည် အ​ဘယ်​မှာ ပေါ်​လိမ့်​မည်​နည်း။-"
    },
    {
      "book": 60,
      "chapter": 4,
      "verse": 19,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​အ​တိုင်း ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ကို သ​စ္စာ​ရှိ​သော အ​သက်​သ​ခင်​ကဲ့​သို့ မှတ်​လျက်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​နေ၍၊ ကိုယ်​တော်၌ မိ​မိ​တို့ အ​သက်​ဝိ​ညာဉ်​ကို အပ်​နှံ​ကြ​စေ။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 1,
      "text": "သင်း​အုပ်​အ​ရာ၌​လည်း​ကောင်း၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို သိ​မြင်​သော သက်​သေ​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​သော​သူ၊ ထင်​ရှား​စေ​တော်​မူ​လ​တ္တံ့​သော ဘုန်း​အ​သ​ရေ​တော်​ကို ဆက်​ဆံ​သော​သူ​ဖြစ်​သော ငါ​ပေ​တ​ရု​သည်၊ သင်​တို့​တွင်​ရှိ​သော သင်း​အုပ်​ချင်း​တို့​ကို တောင်း​ပန်​ပါ၏။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 2,
      "text": "သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 3,
      "text": "အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 4,
      "text": "သို့​ဖြစ်​လျှင်၊ သိုး​ထိန်း​အ​ကြီး ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် မ​ညှိုး​မ​နွမ်း​တတ်​သော၊ ဘုန်း​ကြီး​သော ပန်း​ဦး​ရစ်​သ​ရ​ဖူ​ကို ခံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 5,
      "text": "ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 6,
      "text": "ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 7,
      "text": "သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 8,
      "text": "သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 9,
      "text": "သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 10,
      "text": "ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 11,
      "text": "ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 12,
      "text": "ငါ​သည် သင်​တို့​ကို တိုက်​တွန်း​သွေး​ဆောင်​လျက်၊ သင်​တို့​မှီ​ဝဲ​ဆည်း​ကပ်​သော ဤ​အ​ရာ​များ​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အ​မှန် ဖြစ်​သည်​ဟု သက်​သေ​ခံ​လျက်၊ ဤ​စာ​ကို အ​ကျဉ်း​အား​ဖြင့်​ရေး​ပြီး​မှ၊ ငါ​စိတ်​ထင်​သည်​အ​တိုင်း သင်​တို့​အ​မှု၌ သ​စ္စာ​ရှိ​သော​ညီ​အစ်​ကို သိ​လွာ​နု​လက်​ဖြင့် ယ​ခု​ပေး​လိုက်၏။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 13,
      "text": "ငါ့​သား​မာ​ကု​မှ​စ၍ ဗာ​ဗု​လုန်​မြို့၌​ရှိ​သော သင်​တို့​နှင့်​အ​တူ ရွေး​ချယ်​တော်​မူ​သော အ​သင်း​တော်​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-"
    },
    {
      "book": 60,
      "chapter": 5,
      "verse": 14,
      "text": "အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မေ​တ္တာ​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​နှင့်​ဆိုင်​သော သင်​တို့​အ​ပေါင်း၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 1,
      "text": "ယေ​ရှု​ခ​ရစ်၏​ကျွန် တ​မန်​တော် ငါ​ရှိ​မုန်​ပေ​တ​ရု​သည် ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​တို့ ဘု​ရား​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ငါ​တို့​ယုံ​ကြည်​သည်​နည်း​တူ၊ မြတ်​စွာ​သော ယုံ​ကြည်​ခြင်း​ကို ရ​သော​သူ​တို့​အား ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ကို​လည်း​ကောင်း၊ သိ​သော​ဉာဏ်​အား​ဖြင့်၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ များ​ပြား​ပါ​စေ​သော။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 3,
      "text": "ထို​သို့​နှင့်​အ​ညီ ငါ​တို့​ကို ဘုန်း​တန်​ခိုး​တော်​နှင့် ခေါ်​တော်​မူ​သော​ဘု​ရား​ကို သိ​သော​ဉာဏ်​အား​ဖြင့်၊ ငါ​တို့​အား အ​သက်​ရှင်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့် စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ဘု​ရား​တန်​ခိုး​တော်​သည် ပေး​သ​နား​တော်​မူ​ပြီ။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 4,
      "text": "ထို​သို့​သော​အား​ဖြင့်​လည်း အ​လွန်​ကြီး​မြတ်၍ အ​ဖိုး​ထိုက်​သော က​တိ​များ​ကို ငါ​တို့၌ အပ်​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထို​က​တိ​တော်​များ​ကို အ​မှီ​ပြု၍ သင်​တို့​သည် လော​ကီ​တပ်​မက်​ခြင်း အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဘု​ရား​ပ​က​တိ​ကို ဆက်​ဆံ​ရ​သော​သူ ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 5,
      "text": "ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 6,
      "text": "ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 7,
      "text": "ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 8,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​ပါ​ရ​မီ​တို့​သည် သင်​တို့၌​ရှိ၍ ကြွယ်​ဝ​လျှင်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌ မ​ပျင်း​ရိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျိုး​မဲ့ မ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြင်​တတ်​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 9,
      "text": "ထို​ပါ​ရ​မီ​နှင့် ကင်း​သော​သူ​မူ​ကား၊ မျက်​စိ​ကန်း၏။ ကိုယ်​မျက်​စိ​ကို ကိုယ်​ပိတ်၏။ မိ​မိ​အ​ပြစ်​ဟောင်း ဆေး​ကြော​ကြောင်း​ကို မေ့​လျော့၏။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 10,
      "text": "ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ခေါ်​တော်​မူ​ခြင်း​နှင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို တည်​မြဲ​စေ​ခြင်း​ငှာ သာ၍ ကြိုး​စား​အား​ထုတ်​ကြ​လော့။ သို့​ပြု​လျှင်၊ ရွေ့​လျော့​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​သည်​ဖြစ်၍၊-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 11,
      "text": "ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ခြင်း​အ​ခွင့်​ကို သင်​တို့​အား ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လ​တ္တံ့။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 12,
      "text": "ထို​ကြောင့်၊ ယ​ခု​ဟော​ပြော​သော သ​မ္မာ​တ​ရား​ကို သင်​တို့​သည် နား​လည်၍ တည်​ကြည်​ခြင်း​ရှိ​သော်​လည်း၊ ဤ​သို့​သော စ​ကား​များ​နှင့် သင်​တို့​အား အ​စဉ်​မ​ပြတ် သ​တိ​ပေး​မည်​အ​မှု​ကို ငါ​မ​မေ့​မ​လျော့။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 13,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​အ​တိုင်း၊ ငါ​တည်း​ခို​ရာ​တဲ​ကို မ​ကြာ​မ​မြင့်​မီ ငါ​ပစ်​သွား​ရ​မည်​အ​ရာ​ကို ငါ​သိ​မှတ်၍၊ ဤ​တဲ၌ ရှိ​နေ​စဉ် ကာ​လ​ပတ်​လုံး၊ သင်​တို့​ကို သ​တိ​ပေး၍ နှိုး​ဆော်​အပ်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 15,
      "text": "ထို​မှ​တစ်​ပါး၊ ငါ​စု​တေ့​သည်​နောက်၊ သင်​တို့​သည် ဤ​အ​ရာ​များ​ကို အ​စဉ်​မှတ်​မိ​စေ​ခြင်း​ငှာ ငါ​ကြိုး​စား အား​ထုတ်​မည်။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 16,
      "text": "ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ကြွ​လာ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား ကြား​ပြော​သော​အ​ခါ၊ ငါ​တို့​သည် ပ​ရိ​ယာယ်​နှင့် ပြင်​ဆင်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို မ​လိုက်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကိုယ်​တိုင်​မြင်​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 17,
      "text": "အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဤ​သူ​သည် ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟူ​သော အ​သံ​တော်​သည်၊ ထူး​မြတ်​သော အ​ရောင်​အ​ဝါ​တော်​ထဲ​က၊ ထို​သ​ခင်​သို့ ရောက်​သော​အ​ခါ၊ ခ​မည်း​တော်​ဘု​ရား​သ​ခင့် အ​ထံ​တော်​မှ ဂုဏ်​အ​သ​ရေ ဘုန်း​အာ​နု​ဘော်​ကို ခံ​ရ​တော်​မူ၏။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 18,
      "text": "ကောင်း​ကင်​က ရောက်​လာ​သော ထို​အ​သံ​တော်​ကို ငါ​တို့​သည် သန့်​ရှင်း​သော​တောင်​ပေါ်​မှာ သ​ခင်​ဘု​ရား​နှင့် အ​တူ​ရှိ​သော​အ​ခါ ကြား​ရ​ကြ၏။"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 19,
      "text": "ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 20,
      "text": "ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။-"
    },
    {
      "book": 61,
      "chapter": 1,
      "verse": 21,
      "text": "အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 1,
      "text": "သို့​သော်​လည်း၊ ယု​ဒ​လူ​တို့​တွင် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ကြ၏။ ထို​နည်း​တူ ဖျက်​ဆီး​တတ်​သော မိ​စ္ဆာ​ဒိ​ဋ္ဌိ​အ​ယူ​များ​ကို ပ​ရိ​ယာယ်​အား​ဖြင့် သွင်း၍၊ မိ​မိ​တို့​ကို ဝယ်​တော်​မူ​သော အ​ရှင်​ကို​ငြင်း​ပယ်​လျက်၊ မိ​မိ​အ​ပေါ်​သို့ လျင်​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို ရောက်​စေ​သော မိ​စ္ဆာ​ဆ​ရာ​တို့​သည် သင်​တို့​တွင် ရှိ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 2,
      "text": "သူ​တို့​ညစ်​ညူး​သော အ​ကျင့်​ဓ​လေ့​တို့​ကို အ​များ​သော​သူ​တို့​သည် လိုက်​သော​အား​ဖြင့် သ​မ္မာ​တ​ရား​လမ်း အ​သ​ရေ​သည် ပျက်​စီး​လိမ့်​မည်။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 3,
      "text": "သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 4,
      "text": "အ​ကြောင်း​မူ​ကား၊ ပြစ်​မှား​သော ကောင်း​ကင်​တ​မန်​တို့​ကို ဘု​ရား​သ​ခင်​သည် နှ​မြော​တော်​မ​မူ၊ င​ရဲ​ထဲ​သို့ ချ​လိုက်​ပြီး​မှ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို့​ငှာ ချုပ်​ထား၍၊ မှောင်​မိုက်​သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 5,
      "text": "ရှေး​လော​က​ဓာတ်​ကို​လည်း နှ​မြော​တော်​မ​မူ။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​သော နော​ဧ​နှင့် လူ​ခု​နစ်​ယောက်​တို့​ကို စောင့်​မ​တော်​မူ၍၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော လော​ကီ​သား​အ​ပေါင်း​တို့​ကို ရေ​လွှမ်း​မိုး​စေ​တော်​မူ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 6,
      "text": "သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 7,
      "text": "ထို​အ​ခါ မ​တ​ရား​သော​သူ​တို့၏ ညစ်​ညူး​သော အ​ကျင့်​အား​ဖြင့် နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​သူ၊ ဖြောင့်​မတ်​သော လော​တ​ကို ကယ်​နုတ်​တော်​မူ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 8,
      "text": "ထို​ဖြောင့်​မတ်​သော​သူ​သည် မ​တ​ရား​သော သူ​တို့​တွင် နေ​စဉ်​အ​ခါ၊ သူ​တို့၏ မ​တ​ရား​သော​အ​မှု​များ​ကို နေ့​တိုင်း​မ​ပြတ် မျက်​စိ​မြင်​လျက်၊ နား​ကြား​လျက်​ရှိ​သ​ဖြင့်၊ မိ​မိ​ဖြောင့်​မတ်​သော စိတ်​နှ​လုံး​ကို ပြင်း​စွာ​ညှဉ်း​ဆဲ​ရ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 9,
      "text": "ဘု​ရား​ဝတ်၌ မွေ့​လျော်​သော သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ထဲ​က ကယ်​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​ကို ဒဏ်​ခံ​စေ​မည် အ​ကြောင်း၊ ညစ်​ညူး​သော တပ်​မက်​ခြင်း ကိ​လေ​သာ​နှင့်​တ​ကွ၊ ကာ​မ​ဂုဏ်​အ​လို​သို့​လိုက်၍၊ အာ​ဏာ​စက်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို အ​ထူး​သ​ဖြင့် ဒဏ်​ခံ​စေ​မည်​အ​ကြောင်း၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့​အ​ဖို့ ချုပ်​ထား​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တတ်​နိုင်​တော်​မူ၏။ ထို​သူ​တို့​သည် ရဲ​ရင့်​သော​သူ၊ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ​ဖြစ်၍၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​ဝံ့​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 11,
      "text": "ကောင်း​ကင်​တ​မန်​တို့​မူ​ကား၊ သူ​တို့​ထက် ခွန်​အား​တန်​ခိုး​ကြီး​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အား​ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 12,
      "text": "သူ​တို့​မူ​ကား၊ ဖမ်း၍​ဖျက်​ဆီး​ဖို့​ရာ ဖန်​ဆင်း​သော တိ​ရ​စ္ဆာန်​သက်​သက်​ကဲ့​သို့၊ မိ​မိ​တို့​နား​မ​လည်​သော အ​ရာ​ကို ကဲ့​ရဲ့​လျက်၊ မိ​မိ​တို့​ပုပ်​ပျက်​သော​အား​ဖြင့် အ​ကုန်​အ​စင် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ မ​တ​ရား​သော​အ​မှု၏ အ​ပြစ်​ကို ခံ​ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 13,
      "text": "နေ့​အ​ချိန်၌​ပင် လွန်​ကျူး​စွာ ကာ​မ​ဂုဏ် ခံ​စား​ခြင်း​အ​မှု​သည် ပျော်​မွေ့​ရာ​ဖြစ်​သည်​ဟု သူ​တို့​သ​ဘော​ရှိ၏။ သင်​တို့​နှင့်​အ​တူ စား​သောက် ပွဲ​လုပ်​သော​အ​ခါ မိ​မိ​တို့​မှား​ယွင်း​သော​သ​ဘော​နှင့် လွန်​ကျူး​စွာ ကာ​မ​ဂုဏ်​ခံ​စား၍၊ သင်​တို့၌ အ​ညစ်​အ​ကြေး အ​စွန်း​အ​ကွက် ဖြစ်​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 14,
      "text": "သူ​တို့​သည် သူ့​မ​ယား​ကို​ပြစ်​မှား​သော ကိ​လေ​သာ​နှင့် ပြည့်​စုံ​သော​မျက်​စိ​ရှိ၍၊ ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ မ​နေ​နိုင်​ကြ။ စိတ်​နှ​လုံး​မ​တည်​ကြည်​သော သူ​တို့​ကို အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။ လော​ဘ​လွန်​ကျူး​ခြင်း၌ ကျင်​လည်၍၊ ကျိန်​တော်​မူ​ခြင်း၏​သား ဖြစ်​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 15,
      "text": "ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 16,
      "text": "ထို​ဗာ​လမ်​သည် မ​တ​ရား​သော အ​မှု၏​အ​ခ​ကို တပ်​မက်၍၊ မိ​မိ​ဒု​စ​ရိုက်​အ​တွက်​ကြောင့် ဆုံး​မ​ခြင်း​ကို​ခံ​ရ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ စ​ကား​မ​ပြော​နိုင်​သော မြည်း​သည် လူ​ဘာ​သာ​အား​ဖြင့်​မြွက်၍၊ ထို​ပ​ရော​ဖက်၏ မိုက်​မဲ​ခြင်း​ကို မြစ်​တား​လေ၏။"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 17,
      "text": "ထို​သူ​တို့​သည် ရေ​မ​ရှိ​သော ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍ လွင့်​သော​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ သူ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 18,
      "text": "အ​ကြောင်း​မူ​ကား၊ မှား​ယွင်း​ခြင်း၌ ကျင်​လည်​သော သူ​တို့​အ​ထဲ​က ပြေး​ထွက်​လု​သော​သူ​တို့​ကို၊ ထောင်​လွှား​သော အ​ချည်း​နှီး​စ​ကား ပြော​သည်​နှင့်၊ ဇာ​တိ​ပ​က​တိ တပ်​မက်​ခြင်း၊ ကိ​လေ​သာ​လွန်​ကျူး​ခြင်း​အား​ဖြင့် အ​ပြစ်​သို့ သွေး​ဆောင်​တတ်​ကြ၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 19,
      "text": "လွှတ်​ခြင်း​အ​ခွင့်​ရှိ​သည်​ဟု ဝန်​ခံ​လျက်​ပင်၊ ကိုယ်​တိုင် ပုပ်​ပျက်​ခြင်း၏​ကျွန် ဖြစ်​ကြ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ လူ​ကို နိုင်​သော​အ​ရာ​သည် လူ၏​သ​ခင် ဖြစ်၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 20,
      "text": "ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ လော​ကီ​ညစ်​ညူး​ခြင်း​နှင့် ကင်း​လွတ်​ပြီး​မှ၊ တစ်​ဖန် ကျော့​မိ၍ ရှုံး​လျှင်၊ နောက်​ဖြစ်​ဟန်​သည် ရှေး​ဖြစ်​ဟန်​ထက်​သာ၍​ဆိုး၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 21,
      "text": "ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ကို​သိ၍၊ မိ​မိ​ခံ​ခဲ့​ပြီး​သော သန့်​ရှင်း​သော​ပ​ညတ်​ကို တစ်​ဖန် စွန့်​ပစ်​သည်​ထက်၊ ထို​လမ်း​ကို​မ​သိ​ဘဲ​နေ​သော် သာ၍​ကောင်း၏။-"
    },
    {
      "book": 61,
      "chapter": 2,
      "verse": 22,
      "text": "ခွေး​သည် မိ​မိ​အန်​ဖတ်​ကို ပြန်၍​စား၏။ ဝက်​သည်​လည်း ဆေး​ပြီး​မှ ရွှံ့​တွင်​လူး​ပြန်၏​ဟု မှန်​သော စ​ကား​ပုံ​သည် ထို​သူ​တို့၌ ပြည့်​စုံ​သ​တည်း။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 1,
      "text": "ချစ်​သူ​တို့၊ ဤ​ဒု​တိ​ယ​ဩ​ဝါ​ဒ​စာ​ကို သင်​တို့​အား ယ​ခု ငါ​ရေး၍ ပေး​လိုက်၏။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 2,
      "text": "သန့်​ရှင်း​သော ပ​ရော​ဖက်​တို့​သည်၊ အ​ထက်​က ဟော​ပြော​သော စ​ကား​များ​ကို​လည်း​ကောင်း၊ ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ဘု​ရား၏ တ​မန်​တော်​ဖြစ်​သော ငါ​တို့၏​ပ​ညတ်​ကို​လည်း​ကောင်း၊ သင်​တို့​သည် အောက်​မေ့​စေ​ခြင်း​ငှာ၊ ဤ​စာ​နှစ်​စောင်၌ သင်​တို့၏ ကြည်​ဖြူ​သော စိတ်​ဝိ​ညာဉ်​တို့​ကို ငါ​သ​တိ​ပေး၍ နှိုး​ဆော်၏။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 3,
      "text": "ရှေ့​ဦး​စွာ သိ​မှတ်​အပ်​သော​အ​ရာ ဟူ​မူ​ကား၊ နောက်​ဆုံး​သော​ကာ​လ၌ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည်၊ မိ​မိ​တို့​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 4,
      "text": "သ​ခင်​ဘု​ရား ကြွ​လာ​မည်​ဟူ​သော က​တိ​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဘိုး​ဘေး​များ အိပ်​ပျော်​သည်​နောက်၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် ဖန်​ဆင်း​စ​က ဖြစ်​သ​ကဲ့​သို့၊ ဖြစ်​မြဲ​ဖြစ်​ကြ၏​ဟု​ဆို​လျက်၊ ကဲ့​ရဲ့​ခြင်း​နှ​င့်​တ​ကွ ပေါ်​လာ​ကြ​လိ​မ့်​မည်။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 5,
      "text": "ရှေး​ကာ​လ၌ မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော မြေ​ကြီး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ဖြစ်​စေ​တော်​မူ​ကြောင်း​နှင့်၊-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 6,
      "text": "ဖြစ်​ဖူး​သော​လော​က​ဓာတ်​ကို ထို​သို့​အား​ဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်၍ ဖျက်​ဆီး​ကြောင်း​ကို ထို​သူ​တို့​သည် မှတ်​မိ​ချင်​သော​စိတ် မ​ရှိ​ကြ။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 7,
      "text": "ယ​ခု​ရှိ​သော မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​မူ​ကား၊ တ​ရား​ဆုံး​ဖြတ်၍ အ​ဓ​မ္မ​လူ​တို့​ကို ဖျက်​ဆီး​သော နေ့​ရက်​တိုင်​အောင်၊ ထို​နှုတ်​က​ပတ် တော်​အား​ဖြင့် သို​ထား​လျက်​ရှိ၍၊ မီး​ရှို့​ခြင်း​အ​ဖို့​အ​လို​ငှာ နေ​ရစ်​သ​တည်း။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 8,
      "text": "ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 9,
      "text": "လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 10,
      "text": "သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 11,
      "text": "သို့​ဖြစ်၍၊ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ကုန်​စင်​မည်​မှန်​သော​ကြောင့်၊ မိုး​ကောင်း​ကင်​သည် မီး​နှင့် ပျက်၍ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး​လျက်၊ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သော နေ့​တည်း​ဟူ​သော၊ ဘု​ရား​သ​ခင်၏​နေ့ ရောက်​လိမ့်​မည်​ဟု သင်​တို့​သည် မျှော်​လ​င့်​တောင့်​တ​လျက်၊ သန့်​ရှင်း​သော​အ​ကျင့်​ကို​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့်၊ အ​ဘယ်​သို့​သော​သူ ဖြစ်​အပ်​ကြ​သ​နည်း။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 13,
      "text": "ယ​ခု​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျက်​ရ​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်​နေ​ရာ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​တို့​သည် က​တိ​တော်​နှင့်​အ​ညီ မျှော်​လ​င့်​ကြ၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 14,
      "text": "ထို​သို့ မျှော်​လ​င့်​ခြင်း​ရှိ​သော​ကြောင့်၊ ချစ်​သူ​တို့၊ သင်​တို့​သည် အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​ဘဲ၊ ရှေ့​တော်​သို့ ငြိမ်​ဝပ်​စွာ ရောက်​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​လော့။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 15,
      "text": "ငါ​တို့​ချစ်​သော ညီ​ပေါ​လု​သည်၊ မိ​မိ​ခံ​ရ​သော ဉာဏ်​ပ​ညာ​အ​တိုင်း သင်​တို့​အား ရေး၍​ပေး​လိုက်​သော စာ၌​လည်း​ကောင်း၊ သူ​သည် ဤ​အ​ရာ​များ​ကို ပြော၍ စီ​ရင်​သော ဩ​ဝါ​ဒ​စာ​ရှိ​သ​မျှ​တို့၌​လည်း​ကောင်း ပါ​သည်​နှင့်​အ​ညီ၊ ငါ​တို့ သ​ခင်​ဘု​ရား သည်း​ခံ​တော်​မူ​ခြင်း​သည် ကယ်​တင်​မည်​အ​ကြောင်း ဖြစ်​သည်​ဟု မှတ်​ကြ​လော့။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 16,
      "text": "ထို​စာ​တို့၌ ခက်​ခဲ​သော အ​ရာ​အ​ချို့​ရှိ၏။ မ​တတ်​သော​သူ၊ တည်​ကြည်​ခြင်း​မ​ရှိ​သော သူ​တို့​သည်၊ ထို​အ​ရာ​မှ​စ၍ ကြွင်း​သော​ကျမ်း​စာ၏ အ​နက်​ကို မှောက်​လှန်၍၊ ကိုယ်​ကို​ကိုယ် ဖျက်​ဆီး​တတ်​ကြ၏။"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 17,
      "text": "သို့​ဖြစ်၍၊ ချစ်​သူ​တို့၊ မ​တ​ရား​သော​သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့်၊ သင်​တို့​သည်​လည်း သွေး​ဆောင်​ရာ​သို့ လိုက်၍၊ သင်​တို့​တည်​ကြည်​ခြင်း​မှ မ​ရွေ့​လျော့​မည် အ​ကြောင်း၊ ဤ​အ​ရာ​များ​ကို သိ​နှင့်​ပြီ​ဖြစ်၍၊ ကိုယ်​ကို​ကိုယ် စောင့်​ရှောက်​ကြ​လော့။-"
    },
    {
      "book": 61,
      "chapter": 3,
      "verse": 18,
      "text": "ကျေး​ဇူး​တော်၌​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌​လည်း​ကောင်း ကြီး​ပွား​ကြ​လော့။ ထို​သ​ခင်​သည် ယ​ခု​မှ​စ၍ ထာ​ဝ​ရ နေ့​ရက်​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 1,
      "text": "ရှေ့​ဦး​စွာ​က​ပင်​ဖြစ်၍၊ ငါ​တို့​သည် ကိုယ်​တိုင်​ကြား​လျက်၊ ကိုယ်​မျက်​စိ​နှင့်​မြင်​လျက်၊ စေ့​စေ့​ကြည့်​ရှု၍ လက်​နှင့် စမ်း​သပ်​ခဲ့​ပြီး​သော အ​ရာ​တည်း​ဟူ​သော အ​သက်​ရှင်​သော နှုတ်​က​ပတ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​ကို သင်​တို့​အား ပြ​သ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 2,
      "text": "ထို​အ​သက်​သည် ထင်​ရှား​ခဲ့​ပြီ။ ငါ​တို့​လည်း မြင်​ရ​ကြ​ပြီ။ ခ​မည်း​တော်​နှင့် အ​တူ​ရှိ​ဖူး၍၊ ငါ​တို့​အား ထင်​ရှား​ခဲ့​ပြီး​သော ထို​ထာ​ဝ​ရ​အ​သက်​ကို၊ ငါ​တို့​သည် သင်​တို့​အား သက်​သေ​ခံ၍ ပြ​သ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 3,
      "text": "ငါ​တို့​သည် ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ၊ ငါ​တို့​ကြား​မြင်​ရ​သော​အ​ရာ​ကို သင်​တို့​အား​ပြ​သ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 4,
      "text": "သင်​တို့၏ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း၊ ဤ​အ​ရာ​များ​ကို ငါ​တို့​သည် ရေး​လိုက်​ကြ၏။"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 5,
      "text": "ထို​နှုတ်​က​ပတ်​တော်​ထံ၌ ငါ​တို့​သည်​ကြား​ရ၍၊ သင်​တို့​အား ပြ​သ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၌ မှောင်​မိုက်​အ​လျှင်း​မ​ရှိ။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 6,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီ​ဟု ဆို​လျက်​ပင်၊ မှောင်​မိုက်၌​ကျင်​လည်​လျှင်၊ သ​စ္စာ​တ​ရား​ကို​မ​ကျင့်။ မု​သား​ကို​သုံး​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 8,
      "text": "ကိုယ်​အ​ပြစ်​မ​ရှိ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ကိုယ်​ကို​ကိုယ် လှည့်​ဖြား​ကြ၏။ ငါ​တို့၌ သ​စ္စာ​တ​ရား​မ​ရှိ။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 9,
      "text": "ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 1,
      "verse": 10,
      "text": "ဒု​စ​ရိုက်​ကို​မ​ပြု​ပြီ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်​ကြ၏။ နှုတ်​က​ပတ်​တော်​လည်း ငါ​တို့၌​မ​ရှိ။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 1,
      "text": "ချစ်​သား​တို့၊ သင်​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​စေ​ခြင်း​ငှာ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော ငါ​တို့​အ​မှု​ဆောင်​သ​ခင်​သည် ခ​မည်း​တော်​ထံ၌ ရှိ​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 2,
      "text": "ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 3,
      "text": "ထို​သ​ခင်​ကို ကိုယ်​တိုင်​သိ​ကျွမ်း​သည်​ကို အ​ဘယ်​သို့ သိ​ရ​သ​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လျှင် သိ​ရ​သ​တည်း။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 4,
      "text": "ထို​သ​ခင်​ကို ငါ​သိ၏​ဟု ပ​ညတ်​တော်​တို့​ကို မ​စောင့်​ဘဲ​လျက် ဆို​သော​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၍ ထို​သူ၌ သ​စ္စာ​မ​ရှိ။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 5,
      "text": "ထို​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​မှန်​ပြည့်​စုံ၏။ ငါ​တို့​သည် ထို​သ​ခင်၌​ရှိ​ကြောင်း​ကို ထို​သို့​အား​ဖြင့်​သိ​ရ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 6,
      "text": "ထို​သ​ခင်၌​ငါ​တည်၏​ဟု​ဆို​သော​သူ​သည်၊ ထို​သ​ခင်​ကျင့်​တော်​မူ​သည်​နည်း​တူ ကျင့်​ရ​မည်။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 7,
      "text": "ချစ်​သူ​တို့၊ သင်​တို့​အား ငါ​ရေး​ထား​သော ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ ရှေ့​ဦး​စွာ​က​ပင် သင်​တို့၌​ရှိ​သော ပ​ညတ်​ဟောင်း​ဖြစ်၏။ ပ​ညတ်​ဟောင်း​ကား၊ ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကြား​ရ​သော ဒေ​သ​နာ​တော်​ဖြစ်၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 8,
      "text": "တစ်​ဖန်​တုံ၊ ပ​ညတ်​သစ်​ကို သင်​တို့​အား ငါ​ရေး​ထား၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အား​ဖြင့်​လည်း​ကောင်း၊ အ​သစ်​မှန်​ပေ၏။ အ​ကြောင်း​မူ​ကား၊ မှောင်​မိုက်​ပျောက်​လွင့်၍ မှန်​သော​အ​လင်း​သည် ထွန်း​တောက်​လျက်​ရှိ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 9,
      "text": "မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျက်​ပင်၊ ငါ​သည် အ​လင်း၌​ရှိ၏​ဟု ဆို​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်၌ ရှိ​သေး၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 10,
      "text": "မိ​မိ​ညီ​အစ်​ကို​ကို ချစ်​သော​သူ​သည် အ​လင်း၌ တည်​နေ၏။ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​သည် ထို​သူ၌​မ​ရှိ။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 11,
      "text": "မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​သည် မှောင်​မိုက်၌​ရှိ၏။ မှောင်​မိုက်၌​လည်း ကျင်​လည်​သွား​လာ၏။ မှောင်​မိုက်​ကြောင့် သူ၏​မျက်​စိ မ​မြင်​နိုင်​သ​ဖြင့်၊ အ​ဘယ်​အ​ရပ်​သို့ ကိုယ်​သွား​သည်​ကို ကိုယ်​မ​သိ။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 12,
      "text": "ချစ်​သား​တို့၊ သင်​တို့​သည် ထို​သ​ခင်၏ နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​နှင့် ကင်း​လွတ်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 13,
      "text": "အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား​ငါ​ရေး၍ ပေး​လိုက်၏။ လူ​ပျို​တို့၊ သင်​တို့​သည် မာရ်​နတ်​ကို​အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သူ​ငယ်​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 14,
      "text": "အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 15,
      "text": "လော​က​ကို​လည်း​ကောင်း၊ လော​က၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း၊ မ​ချစ်​ကြ​နှင့်။ လော​က​ကို ချစ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို ချစ်​ခြင်း​မေ​တ္တာ​မ​ရှိ။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 16,
      "text": "လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 17,
      "text": "လော​က​နှင့် လော​ကီ​တပ်​မက်​ခြင်း​သည် ရွေ့​သွား​ကွယ်​ပျောက်​တတ်၏။ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကျင့်​သော​သူ​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်၏။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 18,
      "text": "ချစ်​သား​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်၏။ ခ​ရစ်​တော်၏ ရန်​သူ​တည်း​ဟူ​သော အ​န္တိ​ခ​ရစ် ပေါ်​လာ​ကြောင်း​ကို သင်​တို့​ကြား​ရ​သည်​အ​တိုင်း၊ ယ​ခု​ပင် အ​န္တိ​ခ​ရစ်​အ​များ​ရှိ​ကြ၏။ ထို​ကြောင့်၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို သိ​ရ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 19,
      "text": "ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 20,
      "text": "သင်​တို့​သည် သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ ဘိ​သိက်​ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ခပ်​သိမ်း​သော အ​ရာ​တို့​ကို သိ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 21,
      "text": "သ​မ္မာ​တ​ရား​ကို သင်​တို့​မ​သိ​သော​ကြောင့်၊ ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်။ သင်​တို့​သည် သ​မ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​ရှိ​သ​မျှ​တို့​သည် သ​မ္မာ​တ​ရား​နှင့် မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ သိ​သော​ကြောင့် ငါ​ရေး၍​ပေး​လိုက်၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 22,
      "text": "မု​သား​ကို​သုံး​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ငြင်း​ပယ်​သော​သူ ဖြစ်​သ​တည်း။ ခ​မည်း​တော်​နှင့် သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် အ​န္တိ​ခ​ရစ်​ဖြစ်၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 23,
      "text": "သား​တော်​ကို ငြင်း​ပယ်​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​မ​သိ။ သား​တော်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ခ​မည်း​တော်​ကို​သိ၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 24,
      "text": "ထို​ကြောင့်၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော ဒေ​သ​နာ​ကို သင်​တို့၌ တည်​စေ​ကြ​လော့။ ထို​ဒေ​သ​နာ​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည် သား​တော်၌​လည်း​ကောင်း၊ ခ​မည်း​တော်၌​လည်း​ကောင်း၊ တည်​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 25,
      "text": "ငါ​တို့​အား ပေး​တော်​မူ​သော က​တိ​တော်​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို ဝန်​ခံ​တော်​မူ​သော က​တိ​တော်​ပေ​တည်း။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 26,
      "text": "သင်​တို့​ကို လှည့်​ဖြား​သော​သူ​တို့၏​အ​ကြောင်း​ကို ဤ​သို့ သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 27,
      "text": "သို့​သော်​လည်း သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ သင်​တို့​ခံ​ရ​သော ဘိ​သိက်​ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ သင်​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စ​ရာ အ​ကြောင်း​မ​ရှိ။ ထို​ဘိ​သိက် ကျေး​ဇူး​တော်​သည် ဖြစ်​ယောင်​ဆောင်​သည် မ​ဟုတ်၊ အ​မှန်​ဖြစ်​လျက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သင်​တို့​အား သွန်​သင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သား​တော်၌ တည်​နေ​ကြ​လော့။-"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 28,
      "text": "ချစ်​သား​တို့၊ သား​တော်​သည်​ထင်​ရှား ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သား​တော်၌ တည်​နေ​ကြ​လော့။"
    },
    {
      "book": 62,
      "chapter": 2,
      "verse": 29,
      "text": "ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​သည်​ကို သင်​တို့​သည်​သိ​လျှင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သည်​ကို သိ​ရ​ကြ၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 1,
      "text": "ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 2,
      "text": "ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 3,
      "text": "ထို​သို့ မျှော်​လ​င့်​သော​သူ​မည်​သည်​ကား၊ ကိုယ်​တော် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​တတ်၏။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 4,
      "text": "ဒု​စ​ရိုက်​ကို ပြု​သော​သူ​မည်​သည်​ကား၊ ပ​ညတ်​တော်​ကို လွန်​ကျူး၏။ ဒု​စ​ရိုက်​သည်​ကား ပ​ညတ်​တော်​ကို လွန်​ကျူး​ခြင်း​ဖြစ်​သ​တည်း။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 5,
      "text": "ကိုယ်​တော်​သည် ငါ​တို့၏​အ​ပြစ်​များ​ကို ဆောင်​သွား​ခြင်း​ငှာ ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​ကို သင်​တို့ သိ​ကြ၏။ ကိုယ်​တော်၌​လည်း အ​ပြစ်​မ​ရှိ။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 6,
      "text": "ကိုယ်​တော်၌​တည်​နေ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို မ​ပြု​တတ်၊ ဒု​စ​ရိုက်​ကို ပြု​တတ်​သော​သူ မည်​သည်​ကား၊ ကိုယ်​တော်​ကို​မ​သိ မ​မြင်​ရ​သေး။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 7,
      "text": "ချစ်​သား​တို့၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြင်​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကျင့်၏။ ကိုယ်​တော် ဖြောင့်​မတ်​တော်​မူ​သည်​နည်း​တူ၊ ထို​သူ​သည် ဖြောင့်​မတ်​ခြင်း​ရှိ၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 8,
      "text": "မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 9,
      "text": "ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို​မ​ပြု​တတ်။ အ​ကြောင်း​မူ​ကား၊ ထို​သူ၌ မျိုး​စေ့​တော်​တည်​လျက်​ရှိ၏။ ထို​သူ​သည် ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့် ဒု​စ​ရိုက်​ကို​မ​ပြု​နိုင်။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 10,
      "text": "ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 11,
      "text": "သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ကြား​ရ​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ မာရ်​နတ်​နှင့်​ဆိုင်၍ မိ​မိ​ညီ​ကို​သတ်​သော ကာ​ဣ​န​ကဲ့​သို့​မ​ဟုတ်၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်​ဟု​လာ​သ​တည်း။ ကာ​ဣ​န​သည် မိ​မိ​ညီ​ကို အ​ဘယ်​ကြောင့် သတ်​သ​နည်း ဟူ​မူ​ကား၊ မိ​မိ​အ​ကျင့်​သည် ဆိုး​ယုတ်၍၊ ညီ၏​အ​ကျင့်​သည် ဖြောင့်​မတ်​သ​တည်း။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 13,
      "text": "ညီ​အစ်​ကို​တို့၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို မုန်း​သော်​လည်း အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 14,
      "text": "ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 15,
      "text": "မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 16,
      "text": "ခ​ရစ်​တော်​သည် ငါ​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​တော်​ကို စွန့်​တော်​မူ​သည်​အ​ရာ​ကို ငါ​တို့​သည် ထောက်၍၊ မေ​တ္တာ​တော်​ကို သိ​ရ​ကြ​ပြီ။ ငါ​တို့​သည်​လည်း ညီ​အစ်​ကို​ချင်း​တို့​အ​ဖို့​အ​လို​ငှာ အ​သက်​ကို​စွန့်​ရ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 17,
      "text": "အ​ကြင်​သူ​သည် လော​ကီ​စည်း​စိမ်​ဥ​စ္စာ ရှိ​လျက်​ပင်၊ မိ​မိ​ညီ​အစ်​ကို​ဆင်း​ရဲ​ခြင်း​ကို မြင်၍၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​ကို ချုပ်​တည်း၏။ ထို​သူ၌ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​သည် အ​ဘယ်​သို့ တည်​မည်​နည်း။"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 18,
      "text": "ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 19,
      "text": "ထို​သို့​ချစ်​လျှင်၊ ကိုယ်​တိုင်​သ​မ္မာ​တ​ရား​နှင့် ဆိုင်​သည်​ကို ကိုယ်​သိ​ရ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 20,
      "text": "အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​တင်​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၏ စိတ်​နှ​လုံး​ထက်​သာ၍ ကြီး​မြတ်​သည်​ဖြစ်၍၊ အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 21,
      "text": "ချစ်​သူ​တို့၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို အ​ပြစ်​မ​တင်​လျှင်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 22,
      "text": "ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 23,
      "text": "ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။-"
    },
    {
      "book": 62,
      "chapter": 3,
      "verse": 24,
      "text": "ပ​ညတ်​တော်​တို့​ကို စောင့်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ထို​သူ၌​လည်း ဘု​ရား​သ​ခင် တည်​တော်​မူ၏။ ငါ​တို့​အား​ပေး​တော်​မူ​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​သည်​အ​မှီ​ပြု၍၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့၌ တည်​တော်​မူ​သည်​ကို သိ​ရ​ကြ၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 1,
      "text": "ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 2,
      "text": "ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​ဘယ်​သို့ သိ​နိုင်​သ​နည်း​ဟူ​မူ​ကား၊ လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​ခံ​သော ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 3,
      "text": "လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​မ​ခံ​သော​ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်။ ထို​သို့​သော​ဝိ​ညာဉ်​ကား၊ သင်​တို့​သည် ကြား​ခဲ့​ပြီး​သည်​အ​တိုင်း ဤ​လော​က​သို့​လာ​မည်​ဖြစ်၍၊ ယ​ခု​ပင် လာ​လျက်​ရှိ​သော အ​န္တိ​ခ​ရစ်၏ ဝိ​ညာဉ်​ဖြစ်၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 4,
      "text": "ချစ်​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ထို​သူ​တို့​ကို​လည်း အောင်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ဘက်၌​ရှိ​သော​သူ​သည် လော​က​ဘက်၌​ရှိ​သော​သူ​ထက် သာ၍​ကြီး​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 5,
      "text": "ထို​သူ​တို့​သည် လော​က​နှင့်​စပ်​ဆိုင်​သော​ကြောင့်၊ လော​ကီ​အ​ကြောင်း​အ​ရာ​ကို ပြော​တတ်​ကြ၏။ လော​ကီ​သား​တို့​သည်​လည်း သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 6,
      "text": "ငါ​တို့​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​ကြ၏။ ဘု​ရား​သ​ခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​ထောင်​တတ်၏။ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်​သော​သူ​သည် ငါ​တို့​စ​ကား​ကို နား​မ​ထောင်​တတ်။ ထို​အ​ရာ​ကို ငါ​တို့​သည်​ထောက်၍၊ သ​မ္မာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ မိ​စ္ဆာ​ဝိ​ညာဉ်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 7,
      "text": "ချစ်​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ ချစ်​ချင်း​မေ​တ္တာ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ ချစ်​တတ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို သိ​သော​သူ​လည်း ဖြစ်၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 8,
      "text": "ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 9,
      "text": "သား​တော်​အား​ဖြင့် ငါ​တို့​သည် အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​သော သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​အ​ရာ၌၊ ငါ​တို့​ကို ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ထင်​ရှား​လျက်​ရှိ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 10,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 11,
      "text": "ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို ငါ​တို့​အား ပေး​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ တည်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 14,
      "text": "လော​ကီ​သား​တို့​ကို ကယ်​တင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ခ​မည်း​တော်​သည် သား​တော်​ကို စေ​လွှတ်​တော်​မူ​သည်​ဟု ငါ​တို့​သည် သိ​မြင်၍ သက်​သေ​ခံ​ကြ၏။"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 15,
      "text": "ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၌ တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌​တည်​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 17,
      "text": "ထို​သို့​ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​သော​အား​ဖြင့်၊ တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​နေ့၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ကိုယ်​တော်၏​နည်း​တူ ဤ​လော​က၌​ဖြစ်​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 18,
      "text": "ချစ်​ခြင်း​မေ​တ္တာ​သည် ကြောက်​ခြင်း​သံ​ဝေ​ဂ​နှင့် မ​ပေါင်း​နိုင်​ရာ။ သံ​ဝေ​ဂ​သည် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ကို ဖြစ်​စေ​သော​ကြောင့်၊ စုံ​လင်​သော​မေ​တ္တာ​သည် သံ​ဝေ​ဂ​ကို ပယ်​ရှား​တတ်၏။ သံ​ဝေ​ဂ​ရှိ​သော​သူ​သည် မေ​တ္တာ​နှင့် မ​ပြည့်​စုံ​သေး။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 19,
      "text": "ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ ချစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 20,
      "text": "တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။-"
    },
    {
      "book": 62,
      "chapter": 4,
      "verse": 21,
      "text": "ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ကို ငါ​တို့​သည် ခ​ရစ်​တော်​ထံ၌ ခံ​ရ​ကြ​ပြီ။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 1,
      "text": "ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ကို ယုံ​ကြည်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ အ​ဘ​ကို​ချစ်​သော​သူ​သည် သား​ကို​လည်း ချစ်​တတ်​သည်​နှင့်​အ​ညီ၊-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 2,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ကြ​လျှင်၊ ဘု​ရား​သ​ခင်၏​သား​တို့​ကို ချစ်​ကြ​သည်​ကို ငါ​တို့​သိ​ရ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 3,
      "text": "ပ​ညတ်​တော်​တို့​ကို စောင့်​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို ချစ်​ရာ​ရောက်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ခဲ​သည်​မ​ဟုတ်။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်၏​သား​ဖြစ်​သော​သူ မည်​သည်​ကား၊ လော​က​ကို အောင်​တတ်၏။ လော​က​ကို အောင်​ခြင်း​အ​ကြောင်း​မူ​ကား၊ ငါ​တို့၏ ယုံ​ကြည်​ခြင်း​ပေ​တည်း။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 5,
      "text": "ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ကို ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် လော​က​ကို အောင်​နိုင်​သ​နည်း။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 6,
      "text": "ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 7,
      "text": "သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ခ​မည်း​တော်​တစ်​ပါး၊ နှုတ်​က​ပတ်​တော်​တစ်​ပါး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 8,
      "text": "မြေ​ကြီး​ပေါ်၌​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး၊ ရေ​တစ်​ပါး၊ အ​သွေး​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဖြစ်၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 9,
      "text": "လူ၏​သက်​သေ​ကို ယုံ​ရ​လျှင်၊ ဘု​ရား​သ​ခင်၏ သက်​သေ​တော်​ကို သာ၍ ယုံ​ဖွယ်​ရာ​အ​ကြောင်း​ရှိ၏။ ယ​ခု​ဆို​ခဲ့​ပြီး​သော သက်​သေ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​ချက် ဖြစ်​သ​တည်း။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 10,
      "text": "ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​သည်၊ မိ​မိ​အ​ထဲ၌ ထို​သက်​သေ​ကို​ရ၏။ ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​မှာ သက်​သေ​ခံ​တော်​မူ​သော​စ​ကား​တော်​ကို ထို​သူ​သည် မ​ယုံ​ဘဲ​နေ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 11,
      "text": "သက်​သေ​ခံ​တော်​မူ​ချက် ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ၍၊ ထို​အ​သက်​သည်​လည်း သား​တော်၌​ပါ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 12,
      "text": "သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 13,
      "text": "ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ကိုယ်​တိုင်​ရ​သည်​ဟု သိ​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 14,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 15,
      "text": "ဆု​တောင်း​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်​တော်​မူ​သည်​ကို ငါ​တို့​သိ​လျှင်၊ အ​ထံ​တော်၌ တောင်း​သော​ဆု​တို့​ကို ရ​မည်​ဟု​သိ​ရ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 16,
      "text": "ညီ​အစ်​ကို​ချင်း​သည် သေ​ပြစ်​မ​သင့်​သော​ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မြင်​လျှင်၊ ထို​သူ​သည် ဆု​တောင်း​ရ​မည်။ သေ​ပြစ်​ကို မ​ပြု​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သူ​အား အ​သက်​ကို​ပေး​တော်​မူ​မည်။ သေ​ပြစ်​သင့်​သော ဒု​စ​ရိုက်​ရှိ၏။ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို လွှတ်​စေ​ခြင်း​ငှာ ဆု​တောင်း​ရ​မည်​ဟု ငါ​မ​ဆို။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 17,
      "text": "မ​တ​ရား​သော​အ​မှု​မည်​သည်​ကား ဒု​စ​ရိုက်​ဖြစ်၏။ သို့​သော်​လည်း သေ​ပြစ်​မ​သင့်​သော ဒု​စ​ရိုက်​ရှိ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 18,
      "text": "ဘု​ရား​သ​ခင်၏​သား​ဖြစ်​သ​မျှ​သော သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​တတ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​သည်၊ မိ​မိ​ကို​မိ​မိ စောင့်​ရှောက်​သ​ဖြင့်၊ မာရ်​နတ်​သည် ထို​သူ​ကို မ​ထိ​မ​ခိုက်​နိုင်​ရာ။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 19,
      "text": "ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် မာရ်​နတ်၏​လက်၌ ရှိ​ကြ​သည်​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ၏။-"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 20,
      "text": "ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။"
    },
    {
      "book": 62,
      "chapter": 5,
      "verse": 21,
      "text": "ချစ်​သား​တို့၊ ရုပ်​တု​ဆင်း​တု​ကို ကြဉ်​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 1,
      "text": "အ​သက်​ကြီး​သူ​သည် မြတ်​သော သ​ခင်​မ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ကြား​လိုက်​ပါ၏။ ငါ​တို့၌​တည်၍ ငါ​တို့​တွင် အ​စဉ်​မ​ပြတ်​ရှိ​လ​တ္တံ့​သော သ​မ္မာ​တ​ရား​ကြောင့်၊ ငါ​မှ​စ၍ သ​မ္မာ​တ​ရား​ကို သိ​သော​သူ​အ​ပေါင်း​တို့​သည်၊ သ​ခင်​မ​နှင့် သား​သ​မီး​တို့၌ မှန်​ကန်​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ပါ၏။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 3,
      "text": "ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က​လည်း​ကောင်း၊ ခ​မည်း​တော်၏ သား​တော်​ယေ​ရှု​ခ​ရစ် အ​ထံ​က​လည်း​ကောင်း၊ သ​မ္မာ​တ​ရား၊ မေ​တ္တာ​တ​ရား​နှင့်​တ​ကွ၊ ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 4,
      "text": "ငါ​တို့​သည် ခ​မည်း​တော်​ဘု​ရား​ထံ၌ ပ​ညတ်​တော်​ကို ခံ​ရ​သည်​အ​တိုင်း၊ သင်၏​သား​သ​မီး​အ​ချို့​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်၍ နေ​သည်​ကို ငါ​တွေ့​သော​အ​ခါ၊ အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ၏။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 5,
      "text": "ယ​ခု​တွင် ပ​ညတ်​တော်​သစ်​ကို မ​ရေး​ဘဲ​လျက်၊ ငါ​တို့၌ ရှေ့​ဦး​စွာ​က​ပင်​ရှိ​သော ပ​ညတ်​တော်​ကို​ရေး​ထား၍၊ သ​ခင်​မ၊ အ​ချင်း​ချင်း​ချစ်​ခြင်း မေ​တ္တာ​ရှိ​ကြ​ကုန်​အံ့​ဟု ငါ​တောင်း​ပန်၏။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 6,
      "text": "ပ​ညတ်​တော်​တို့​အ​တိုင်း ကျင့်​စောင့်​ခြင်း​အ​ရာ​သည် ချစ်​ရာ​ရောက်၏။ သင်​တို့​သည် ပ​ညတ်​တော်​နှင့် အ​ညီ​ကျင့်​မည်​အ​ကြောင်း၊ ရှေ့​ဦး​စွာ​က​ပင် သင်​တို့ ကြား​ရ​သည်​အ​တိုင်း၊ ပ​ညတ်​တော်​သည် ထို​သို့​သော သ​ဘော​ရှိ၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 7,
      "text": "လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ လှည့်​ဖြား​သော​သူ​အ​များ​တို့​သည် လော​က​ထဲ​သို့​ဝင်​ကြ​ပြီ။ ထို​သို့​သော​သူ​သည် လှည့်​ဖြား​သော​သူ ဖြစ်၏။ အ​န္တိ​ခ​ရစ်​လည်း ဖြစ်၏။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 8,
      "text": "ငါ​တို့​သည် ကိုယ်​ပြု​စု​သော​အ​ရာ မ​ပျောက်​မ​ပျက်၊ စုံ​လင်​သော​အ​ကျိုး​ကို ရ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သ​တိ​ပြု၍ စောင့်​ရှောက်​ကြ​လော့။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 9,
      "text": "ခ​ရစ်​တော်၏​ဒေ​သ​နာ၌ မ​တည်​ဘဲ လွန်​ကျူး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို​မ​သိ။ ခ​ရစ်​တော်၏​ဒေ​သ​နာ၌ တည်​သော​သူ​သည် ခ​မည်း​တော်​နှင့် သား​တော်​ကို​သိ၏။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 10,
      "text": "ထို​ဒေ​သ​နာ​တော် မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင်၊ သူ့​ကို သင့်​အိမ်၌ လက်​မ​ခံ​နှင့်။ မင်္ဂ​လာ​ရှိ​စေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 11,
      "text": "မင်္ဂ​လာ​ရှိ​စေ​သော​ဟု ထို​သူ​ကို​နှုတ်​ဆက်​လျှင်၊ သူ၏​ဆိုး​ယုတ်​သော​အ​ကျင့်​တို့​နှင့် ဆက်​ဆံ​ရာ​သို့ ရောက်၏။"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 12,
      "text": "သင်​တို့​အား ငါ​ရေး​စ​ရာ​အ​ကြောင်း အ​များ​ရှိ​သော်​လည်း၊ စ​က္ကူ​ပေါ်၌ မင်​နှင့်​ရေး​ခြင်း​ငှာ အ​လို​မ​ရှိ၊ သင်​တို့​ဆီ​သို့ ငါ​လာ၍၊ အ​ချင်း​ချင်း အား​ရ​ဝမ်း​မြောက်​ခြင်း စုံ​လင်​မည်​အ​ကြောင်း၊ သင်​တို့​နှင့် နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။-"
    },
    {
      "book": 63,
      "chapter": 1,
      "verse": 13,
      "text": "သင်၏​မြတ်​သော​ညီ​မ၏ သား​သ​မီး​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 1,
      "text": "အ​သက်​ကြီး​သူ​သည် ချစ်​အပ်​သော​ဂါ​ယု​ကို ကြား​လိုက်​ပါ​၏။ ငါ​သည် သင်၌ မှန်​ကန်​သော​ချစ်​ခြင်း မေ​တ္တာ​ရှိ၏။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 2,
      "text": "အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 3,
      "text": "သင်​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​အ​တိုင်း သင်၌​ရှိ​သော သ​မ္မာ​တ​ရား၏​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် လာ၍ သက်​သေ​ခံ​ကြ​သော​အ​ခါ၊ ငါ​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ၏။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 4,
      "text": "ငါ၏​သား​သ​မီး​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​ကို ငါ​ကြား၍ ဝမ်း​မြောက်​ခြင်း​ထက် သာ၍ ဝမ်း​မြောက်​ခြင်း​မ​ရှိ။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 5,
      "text": "အ​ချင်း​ချစ်​သူ၊ သင်​သည် ညီ​အစ်​ကို​တို့​အား​လည်း​ကောင်း၊ အာ​ဂ​န္တု​တို့​အား​လည်း​ကောင်း ပြု​သ​မျှ​သော​ဝတ်​တို့​ကို သ​စ္စာ​နှင့်​အ​ညီ ပြု​တတ်၏။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 6,
      "text": "ထို​သူ​တို့​သည် သင်၏​ချစ်​ခြင်း​မေ​တ္တာ​အ​ကြောင်း​ကို အ​သင်း​တော်​ရှေ့၌ သက်​သေ​ခံ​ကြ၏။ သင်​သည် ထို​သူ​တို့​ကို ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ပို့​လိုက်​ပြန်​လျှင်၊ ကောင်း​သော​အ​မှု​ကို ပြု​လိမ့်​မည်။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 7,
      "text": "အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် နာ​မ​တော်​ကို​ထောက်၍၊ သာ​သ​နာ​ပ​လူ​တို့​တွင် အ​လှူ​မ​ခံ​ဘဲ​သွား​ကြ၏။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 8,
      "text": "ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ကူ​မ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ ထို​သို့​သော​သူ​တို့​အား ဧည့်​သည်​ဝတ်​ကို ပြု​အပ်​ကြ၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 9,
      "text": "အ​သင်း​တော်​ထံ​သို့ မှာ​စာ​ကို ငါ​ရေး၍ ပေး​လိုက်​လေ​ပြီ။ သို့​သော်​လည်း၊ အ​ကဲ​အ​မှူး​လုပ်​ချင်​သော ဒ​ယော​တ​ရပ်​သည် ငါ​တို့​အား အ​ခွင့်​မ​ပေး။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 10,
      "text": "ထို​ကြောင့်၊ ငါ​လာ​သော​အ​ခါ သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မိ​မိ​သ​တိ​ရ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူ​သည်၊ ငြူ​စူ​သော​စ​ကား​နှင့် ငါ​တို့​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကဲ့​ရဲ့​ခြင်း​နှင့် စိတ်​မ​ပြေ​ဘဲ​လျက်၊ ညီ​အစ်​ကို​တို့​ကို ကိုယ်​တိုင်​လက်​မ​ခံ၊ လက်​ခံ​ချင်​သော​သူ​တို့​ကို​လည်း မြစ်​တား၍၊ အ​သင်း​တော်​ထဲ​က နှင်​ထုတ်​တတ်၏။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 11,
      "text": "အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 12,
      "text": "လူ​အ​ပေါင်း​တို့​သည် ဒေ​မေ​တ​ရိ၏ သက်​သေ​ဖြစ်​ကြ၏။ သ​မ္မာ​တ​ရား​သည်​လည်း သူ၏​သက်​သေ​ဖြစ်၏။ ငါ​တို့​သည်​လည်း ထို​သူ​ဘက်၌ သက်​သေ​ခံ​ကြ၏။ ငါ​တို့၏ သက်​သေ​ခံ​ခြင်း​သည် ဟုတ်​မှန်​သည်​ကို သင်​တို့ သိ​ကြ၏။"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 13,
      "text": "ငါ​ရေး​စ​ရာ​အ​ကြောင်း အ​များ​ရှိ​သော်​လည်း၊ မင်​နှင့် မင်​တံ​ဖြင့် ရေး​ခြင်း​ငှာ အ​လို​မ​ရှိ၊-"
    },
    {
      "book": 64,
      "chapter": 1,
      "verse": 14,
      "text": "မ​ကြာ​မ​မြင့်​မီ သင့်​ကို ငါ​တွေ့​မြင်​လျှင် အ​ချင်း​ချင်း​နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။ သင်၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။ အ​ဆွေ​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ၏။ သင်၌​ရှိ​သော အ​ဆွေ​တို့၏​နာ​မည်​ကို ထုတ်၍ နှုတ်​ဆက်​လော့။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​တ​တိ​ယ​စောင်​ပြီး၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 1,
      "text": "ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော ယာ​ကုပ်​ညီ ငါ​ယု​ဒ​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင် သန့်​ရှင်း​စေ​တော်​မူ၍၊ ယေ​ရှု​ခ​ရစ် ခေါ်​ထား​စောင့်​မ​တော်​မူ​သော သူ​တို့​ကို ကြား​လိုက်​ပါ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 2,
      "text": "သင်​တို့၌ က​ရု​ဏာ​ရှိ​ပါ​စေ​သော။ ငြိမ်​သက်​ခြင်း​နှင့် ချစ်​ခြင်း များ​ပြား​ပါ​စေ​သော။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 3,
      "text": "ချစ်​သူ​တို့၊ အ​ညီ​အ​မျှ​ဆက်​ဆံ​သော ကယ်​တင်​ခြင်း​အ​ကြောင်း​အ​ရာ​ကို သင်​တို့​ထံ​သို့​ရေး၍ ပေး​လိုက်​ခြင်း​ငှာ ငါ​သည် အ​လွန်​ကြိုး​စား​သည်​တွင်၊ သန့်​ရှင်း​သူ​တို့၌ အ​ထက်​က​အပ်​ပေး​ခဲ့​ပြီး​သော ယုံ​ကြည်​ခြင်း တ​ရား​ဘက်​မှာ သင်​တို့​သည် ကြိုး​စား၍​တိုက်​လှန်​စေ​ခြင်း​ငှာ နှိုး​ဆော်​သွေး​ဆောင်၍ ရေး​လိုက်​ရ​သော​အ​ကြောင်း ရှိ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 4,
      "text": "အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကိ​လေ​သာ၏ ညစ်​ညူး​ခြင်း​အ​လို​ငှာ မှောက်​လှန်​လျက်၊ တစ်​ပါး​တည်း အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ အ​ပြစ်​ခံ​စေ​ခြင်း​ငှာ ရှေး​က စီ​ရင်​မှတ်​သား​နှင့်​သော အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် ပ​ရိ​ယာယ်​နှင့် အ​မှတ်​တ​မဲ့​ဝင်​ကြ​ပြီ။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 5,
      "text": "ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 6,
      "text": "ထို​မှ​တစ်​ပါး၊ မိ​မိ​တို့​အ​ခွင့်​အ​ရာ​ကို မ​စောင့်၊ မိ​မိ​တို့ နေ​ရာ​အ​ရပ်​ကို စွန့်​ပစ်​သော ကောင်း​ကင်​တ​မန်​တို့​ကို၊ ကြီး​စွာ​သော​နေ့၌ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ချည်​နှောင်​ခြင်း​အား​ဖြင့် မှောင်​မိုက်​ထဲ​မှာ ချုပ်​ထား​တော်​မူ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 7,
      "text": "ထို​နည်း​တူ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ ပတ်​ဝန်း​ကျင်၌​ရှိ​သော မြို့​တို့​သည်၊ အ​ထက်​က ဆို​ခဲ့​ပြီး​သော လူ​ဆိုး​ကဲ့​သို့ မ​တ​ရား​သော မေ​ထုန်​ကို​အ​လွန်​ပြု၍ ကိုယ်​ခင်​ပွန်း​မ​ဟုတ်​သော သူ​တို့​နှင့် မှား​ယွင်း​ခြင်း​အ​မှု၌ ကျင်​လည်​သော​ကြောင့်၊ ထာ​ဝ​ရ​မီး​နှင့် ကျွမ်း​လောင်​ခြင်း​ဒဏ်​ကို ခံ​ရ၍ ပုံ​သက်​သေ​ထင်​ရှား​လျက် ရှိ​ကြ၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 8,
      "text": "ယ​ခု ယောင်​ယမ်း​သော​အ​ဓ​မ္မ​လူ​တို့​သည်၊ ရှေး​နည်း​တူ မိ​မိ​တို့​ကိုယ်​ကို ညစ်​ညူး​စေ၍၊ အာ​ဏာ​စက်​ကို​ပယ်​လျက်၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 9,
      "text": "ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 10,
      "text": "ထို​သူ​တို့​မူ​ကား၊ မိ​မိ​တို့​နား​မ​လည်​သော အ​ရာ​များ​ကို ကဲ့​ရဲ့​တတ်​ကြ၏။ တိ​ရ​စ္ဆာန်​ကဲ့​သို့ ပ​က​တိ​အ​တိုင်း မိ​မိ​တို့​နား​လည်​သော အ​ရာ​များ​ဖြင့် မိ​မိ​တို့​ကို ပုပ်​ပျက်​စေ​တတ်​ကြ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 11,
      "text": "သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 12,
      "text": "မေ​တ္တာ​ပွဲ​လုပ်၍ သင်​တို့​နှင့်​အ​တူ စား​သောက်​သော​အ​ခါ အား​မ​နာ​ဘဲ၊ မိ​မိ​တို့​ကို​ဝ​စွာ​ကျွေး၍ ပွဲ၌ အ​စွန်း​အ​ကွက်​ဖြစ်​ကြ၏။ ရေ​မ​ရှိ၊ လေ​တိုက်၍​လွင့်​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​နွမ်း၍ အ​သီး​မ​တင်၊ နှစ်​ကြိမ်​သေ၍ နုတ်​ပစ်​သော သစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 13,
      "text": "မိ​မိ​ရှက်​ခြင်း​အ​ကြောင်း​ကို ပွက်​စေ​တတ်​သော လှိုင်း​တံ​ပိုး​ရိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြယ်​ပျံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြယ်​ပျံ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 14,
      "text": "အာ​ဒံ​မှ​ဆင်း​သက်၍ ခု​နစ်​ဆက်​မြောက်​သော​သူ ဧ​နောက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၍၊ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု​သော အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​လူ​ဆိုး​တို့​သည် ဘု​ရား​သ​ခင်​ကို ပြစ်​မှား၍​ပြော​သော ကြမ်း​တမ်း​သော စ​ကား​ရှိ​သ​မျှ​တို့၏ အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​ခြင်း​ငှာ၊ အ​တိုင်း​မ​သိ များ​စွာ​သော မိ​မိ​သန့်​ရှင်း​သူ​တို့​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​လိမ့်​မည်​ဟု ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လေ၏။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 16,
      "text": "ထို​သူ​တို့​သည် မြည်​တမ်း၍ အ​ပြစ်​တင်​တတ်​သော​သူ၊ ကိုယ်​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​တတ်​သော​သူ၊ ထောင်​လွှား​သော စ​ကား​ကို ပြော​တတ်​သော​သူ၊ ကိုယ်​အ​ကျိုး​စီး​ပွား​ကြောင့် သူ့​မျက်​နှာ​ကို ထောက်​ထား ခန့်​ညား​တတ်​သော​သူ ဖြစ်​ကြ၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 17,
      "text": "ချစ်​သူ​တို့၊ နောက်​ဆုံး​သော​ကာ​လ၌၊ မိ​မိ​တို့​မ​တ​ရား​သော တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​နေ၍၊ ပြက်​ရယ်​ပြု​တတ်​သော သူ​တို့​သည် ပေါ်​ကြ​လိမ့်​မည်​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​တို့​သည် ဟော​ပြော​နှင့်​သော စ​ကား​များ​ကို အောက်​မေ့​ကြ​လော့။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 19,
      "text": "ထို​သူ​တို့​သည် သင်း​ခွဲ​သော​သူ၊ ဝိ​ညာဉ်​တော်​နှင့် ကင်း​သော ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ၏။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 20,
      "text": "ချစ်​သူ​တို့၊ သင်​တို့​သည် မိ​မိ​တို့​အ​လွန်​သန့်​ရှင်း​သော ယုံ​ကြည်​ခြင်း​အ​ပေါ်​မှာ မိ​မိ​တို့​ကို တည်​ဆောက်​လျက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆု​တောင်း ပ​တ္ထ​နာ​ပြု​လျက်၊-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 21,
      "text": "ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ၌ ကိုယ်​ကို​ကိုယ်​စောင့်​ရှောက်၍ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ က​ရု​ဏာ​တော်​ကို မျှော်​လ​င့်၍ နေ​ကြ​လော့။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 22,
      "text": "ပိုင်း​ခြား၍​သိ​တတ်​သော ဉာဏ်​ရှိ၍ အ​ချို့​တို့​ကို သ​နား​ကြ​လော့။-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 23,
      "text": "ကိုယ်​ကာ​ယ​နှင့် ညစ်​ညူး​စွန်း​ကွက်​သော အ​ဝတ်​ကို​ပင် စက်​ဆုပ်​ရွံ​ရှာ၍ ကြောက်​ရွံ့​ခြင်း​နှင့်​တ​ကွ၊ အ​ချို့​တို့​ကို မီး​ထဲ​မှ ဆယ်​နုတ်​ကယ်​တင်​ကြ​လော့။"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 24,
      "text": "ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​အ​ကြောင်း သင်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ပြစ်​မ​ရှိ​ဘဲ ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​လျက်​ရှိ​သော သင်​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ရှေ့၌ ဆက်​သ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ​သော သူ​တည်း​ဟူ​သော၊-"
    },
    {
      "book": 65,
      "chapter": 1,
      "verse": 25,
      "text": "ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ယ​ခု​မှ​စ၍ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် အ​စွမ်း​သ​တ္တိ​အာ​ဏာ​စက် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ​ပြီး၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 1,
      "text": "ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 2,
      "text": "ယော​ဟန်​သည်​လည်း ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို မြင်​သ​မျှ​အ​တိုင်း သက်​သေ​ခံ၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 3,
      "text": "ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 4,
      "text": "ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 5,
      "text": "သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 6,
      "text": "မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 7,
      "text": "ကြည့်​ရှု​လော့။ မိုး​တိမ်​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ထိုး​ဖောက်​သော သူ​တို့​နှင့် ရှိ​သ​မျှ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​သား​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ မှန်​ပေ၏။ အာ​မင်။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 8,
      "text": "ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 9,
      "text": "ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 10,
      "text": "သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 11,
      "text": "မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 12,
      "text": "ထို​သို့ ငါ​နှင့်​စ​ကား​ပြော၍ အ​သံ​မြည်​သော သူ​ကို​မြင်​ခြင်း​ငှာ ငါ​သည်​လှည့်​ကြည့်​လျှင်၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 13,
      "text": "ထို​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ လူ​သား​တော်​နှင့် တူ​သော သူ​တစ်​ဦး​ကို​လည်း​ကောင်း မြင်၏။ ထို​သူ​သည်​ခြေ​သို့ တိုင်​အောင်​ဝတ်​ခြုံ​လျက်၊ ရင်​တော်၌ ရွှေ​ခါး​ပန်း​ကို စည်း​လျက်​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 14,
      "text": "ခေါင်း​တော်​နှင့် ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွှေး​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ၏။ မျက်​စိ​တော်​သည်​လည်း မီး​လျှံ​ကဲ့​သို့ ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 15,
      "text": "ခြေ​တော်​သည်​လည်း မီး၌​ချွတ်​ပြီး​သော ကြေး​ဝါ​စစ်​နှင့်​တူ၏။ အ​သံ​တော်​သည်​လည်း သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 16,
      "text": "လက်​ယာ​လက်​တော်​သည်​လည်း ကြယ်​ခု​နစ်​လုံး​ကို ကိုင်၏။ ခံ​တွင်း​တော်​ထဲ​က​လည်း ထက်​သော​သန်​လျက် ထွက်၏။ မျက်​နှာ​တော်​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွန်း​တောက်​သော​နေ​ကဲ့​သို့ ဖြစ်၏။"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 17,
      "text": "ထို​သူ​ကို​ငါ​မြင်​သော​အ​ခါ၊ သေ​မ​တတ်​ဖြစ်၍ ခြေ​တော်​ရင်း၌ လဲ​လျက်​နေ၏။ ထို​သူ​သည် လက်​ယာလက်​တော်​ကို ငါ့​အ​ပေါ်​သို့ တင်​လျက်၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 18,
      "text": "အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 19,
      "text": "ထို​ကြောင့်၊ သင်​သည် မြင်​ပြီး​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ယ​ခု​ရှိ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ နောင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို​လည်း​ကောင်း ရေး​ထား​လော့။-"
    },
    {
      "book": 66,
      "chapter": 1,
      "verse": 20,
      "text": "ငါ့​လက်​ယာ​လက်၌ ထင်​ရှား​သော ကြယ်​ခု​နစ်​လုံး​နှင့် ရွှေ​မီး​ခွက်​ခု​နစ်​လုံး၏ နက်​နဲ​ခြင်း​အ​ရာ​ဟူ​မူ​ကား၊ မီး​ခွက်​ခု​နစ်​လုံး​သည် အ​သင်း​တော်​ခု​နစ်​ပါး​ဖြစ်၏။ ကြယ်​ခု​နစ်​လုံး​သည်​လည်း ထို​ခု​နစ်​ပါး​သော အ​သင်း​တော်​တို့​ကို အုပ်​သော​တ​မန်​ဖြစ်​ကြ၏။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 1,
      "text": "ဧ​ဖက်​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍​မှာ လိုက်​လော့။ လက်​ယာ​လက်၌ ကြယ်​ခု​နစ်​လုံး​ကို​ကိုင်၍၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ သွား​လာ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်​အ​ကျင့်​ကျင့်​ခြင်း၊ ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း၊ သည်း​ခံ​ခြင်း​ကို ငါ​သိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 2,
      "text": "သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 3,
      "text": "ခ​န္တီ​နှင့်​ပြည့်​စုံ၍၊ ငါ၏​နာ​မ​ကြောင့် ဆင်း​ရဲ​ခံ၍ အား​မ​လျော့​ကြောင်း​ကို​လည်း​ကောင်း ငါ​သိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 4,
      "text": "သို့​သော်​လည်း၊ သင်​သည် ရှေ့​ဦး​စွာ​သော ချစ်​ခြင်း​မေ​တ္တာ​လျော့​ပြီ​ဟု သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 5,
      "text": "ထို​ကြောင့်၊ သင်​သည်​မ​ရွေ့​လျော့​မီ၊ အ​ရင်​နေ​ရာ အ​ရပ်​ကို အောက်​မေ့​လော့၊ နောင်​တ​ရ​လော့။ ရှေ့​ဦး​စွာ​သော အ​ကျင့်​ကို ကျင့်​လော့၊ သို့​မ​ဟုတ် သင်​ရှိ​ရာ​သို့ ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ နောင်​တ​မ​ရ​လျှင်၊ သင်၏​မီး​ခွက်​ကို နေ​ရာ​မှ​ရွှေ့​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 6,
      "text": "သို့​သော်​လည်း ငါ​မုန်း​သော​နိ​ကော​လ တ​ပည့်​တို့၏ အ​ကျင့်​ကို သင်​လည်း​မုန်း​သည်​ဟု ပြော​စ​ရာ​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 7,
      "text": "ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 8,
      "text": "စ​မု​ရ​န​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော သူ​တည်း​ဟူ​သော၊ အ​ရင်​သေ၍ အ​သက်​ရှင်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 9,
      "text": "သင်​အ​ကျင့်​ကျင့်​ခြင်း၊ ဒု​က္ခ​ခံ​ခြင်း၊ ဆင်း​ရဲ​ခြင်း​ကို ငါ​သိ၏။ သို့​သော်​လည်း၊ သင်​သည် ကြွယ်​ဝ​ပြည့်​စုံ​ခြင်း ရှိ၏။ ယု​ဒ​လူ​ဖြစ်​ယောင်​ဆောင်၍ ယု​ဒ​လူ​မှန်​မ​ဟုတ်၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဖြစ်​သော သူ​တို့၏ ကဲ့​ရဲ့​ခြင်း​ကို​လည်း ငါ​သိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 10,
      "text": "သင်​သည် ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကြောက်​နှင့်။ သင်​တို့​သည် စုံ​စမ်း​ခြင်း​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မာရ်​နတ်​သည် သင်​တို့​တွင် အ​ချို့​ကို ထောင်​ထဲ၌ လှောင်​ထား၍၊ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သေ​သည်​တိုင်​အောင် သ​စ္စာ​စောင့်​လော့။ သို့​ဖြစ်​လျှင်၊ အ​သက်​သ​ရ​ဖူ​ကို ငါ​ပေး​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 11,
      "text": "ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​ကို ဒု​တိ​ယ​သေ​ခြင်း​သည် မ​ညှဉ်း​ဆဲ​ရ။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 12,
      "text": "ပေ​ရ​ဂံ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ထက်​သော​သန်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 13,
      "text": "သင်​အ​ကျင့်​ကျင့်​ခြင်း​ကို​လည်း​ကောင်း၊ စာ​တန်၏ ရာ​ဇ​ပ​လ္လင်​ရှိ​ရာ အ​ရပ်​တည်း​ဟူ​သော သင်၏​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း ငါ​သိ၏။ စာ​တန်၏ နေ​ရာ​အ​ရပ်၌ သင်​တို့​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော အ​န္တိ​ပ​သည် သ​စ္စာ​ရှိ၍ ငါ့​ဘက်၌​သက်​သေ​ခံ​ရ​သော နေ့​ရက်​ကာ​လ​တွင်​ပင်၊ သင်​သည် ငါ၏​နာ​မ​ကို စွဲ​ကိုင်၏။ ငါ၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို မ​စွန့်​မ​ပယ်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 14,
      "text": "သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 15,
      "text": "ထို​အ​ယူ​နှင့်​သ​ဘော​တူ​သော နိ​ကော​လ​တ​ပည့်​တို့၏ အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် ထို​နည်း​တူ သင်၌​ရှိ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 16,
      "text": "ထို​ကြောင့် နောင်​တ​ရ​လော့။ မ​ရ​လျှင် သင်​ရှိ​ရာ​သို့​ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ထို​သူ​တို့​ကို ငါ့​ခံ​တွင်း၏​သန်​လျက်​နှင့် စစ်​တိုက်​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 17,
      "text": "ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 18,
      "text": "သွာ​တိ​ရ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ မီး​လျှံ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြေး​ဝါ​စစ်​နှင့်​တူ​သော ခြေ​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော ဘု​ရား​သ​ခင့်​သား​တော်၏ အ​မိန့်​တော်​ကား၊-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 19,
      "text": "သင်​အ​ကျင့်​ကျင့်​ခြင်း၊ ချစ်​ခြင်း၊ အ​မှု​ဆောင်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း နောက်​ကျင့်​သော​အ​ကျင့်​တို့​သည် အ​ရင်​ကျင့်​သော​အ​ကျင့်​ထက် သာ၍ များ​ကြောင်း​ကို​လည်း​ကောင်း ငါ​သိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 20,
      "text": "သို့​သော်​လည်း၊ ငါ၏​အ​စေ​ခံ​ကျွန်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရော​ဖက်​မ​ဟူ၍ ကိုယ်​ကို​ခေါ်​ဝေါ်​သော သင်၏​ခင်​ပွန်း ယေ​ဇ​ဗေ​လ​သည် သွန်​သင်၍ မှား​ယွင်း​စေ​ရ​သော​အ​ခွင့်​ကို သင်​သည်​ပေး​သော​ကြောင့်၊ သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 21,
      "text": "နောင်​တ​ရ​သင့်​သော​ကာ​လ​ကို ငါ​ပေး​သော်​လည်း၊ သူ​သည် မိ​မိ​မ​တ​ရား​သော​မေ​ထုန်​ကို နောင်​တ​ရ​ချင်​သော စိတ်​မ​ရှိ။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 22,
      "text": "ထို​ကြောင့်၊ သူ့​ကို အိပ်​ရာ၌​ငါ​ချ​ထား​မည်။ သူ​နှင့်​အ​တူ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍၊ ထို​သို့​သော အ​ကျင့်​ကို နောင်​တ​မ​ရ​သော​သူ​တို့​ကို​လည်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​စေ​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 23,
      "text": "သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 24,
      "text": "ထို​မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို ယူ​သော​သူ​တို့ ခေါ်​ဝေါ်​သည်​နှင့်​အ​ညီ၊ စာ​တန်၏ နက်​နဲ​သော​အ​ရာ​ဟု ခေါ်​ဝေါ်​သော​အ​ရာ​တို့​ကို မ​ကျွမ်း၊ ထို​မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို မ​ယူ၊ ကြွင်း​သော​သွာ​တိ​ရ​မြို့​သား​တို့​ကို ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ရ​သ​မျှ​ကို ငါ​လာ​သည်​တိုင်​အောင် စွဲ​ကိုင်​ကြ​လော့။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 25,
      "text": "ထို​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို သင်​တို့​အ​ပေါ်၌ ငါ​မ​တင်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 26,
      "text": "အ​ကြင်​သူ​သည် အောင်​မြင်၍ အ​ဆုံး​တိုင်​အောင် ငါ့​အ​ကျင့်​ကို​ကျင့်၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​အား အ​ခွင့် ပေး​တော်​မူ​သ​ကဲ့​သို့၊ လူ​မျိုး​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ထို​သူ​အား ငါ​သည် အ​ခွင့်​ပေး​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 27,
      "text": "ထို​သူ​သည် သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို​ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 28,
      "text": "မိုး​သောက်​ကြယ်​ကို​လည်း ထို​သူ​အား ငါ​ပေး​မည်။-"
    },
    {
      "book": 66,
      "chapter": 2,
      "verse": 29,
      "text": "ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 1,
      "text": "သာ​ဒိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​နှင့် ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​သက်​ရှင်​ဟန်​ရှိ​သော်​လည်း သေ​လျက်​နေ​သည်​ကို ငါ​သိ၏။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 2,
      "text": "မ​အိပ်​ဘဲ စောင့်၍​နေ​လော့။ ကျန်​ရစ်၍ သေ​လု​သော​အ​ရာ​တို့​ကို ပြု​စု​လော့။ သင်၏​အ​ကျင့်​သည် ငါ၏​ဘု​ရား​သ​ခင်​ရှေ့၌ မ​စုံ​မ​လင်​ရှိ​သည်​ကို ငါ​တွေ့​ပြီ။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 3,
      "text": "ထို​ကြောင့်၊ သင်​သည်​ခံ​ယူ၍ နား​ထောင်​ပြီး​သည်​အ​ရာ​ကို အောက်​မေ့၍ စောင့်​ရှောက်​လော့။ နောင်​တ​ရ​လော့။ စောင့်၍ မ​နေ​လျှင် သူ​ခိုး​ကဲ့​သို့ သင်​ရှိ​ရာ​သို့ ငါ​လာ​မည်။ လာ​မည့်​အ​ချိန်​နာ​ရီ​ကို​လည်း သင်​မ​သိ​ရ။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 4,
      "text": "သို့​သော်​လည်း၊ သာ​ဒိ​မြို့၌​ပင် သင်​တို့​တွင် ကိုယ်​အ​ဝတ်​ကို မ​ညစ်​ညူး​စေ​သော​သူ နည်း​နည်း​ရှိ​သေး၏။ ထို​သူ​တို့​သည် ထိုက်​တန်​သော​သူ​ဖြစ်၍၊ အ​ဖြူ​ဝတ်​လျက် ငါ​နှင့်​အ​တူ သွား​လာ​ကြ​လိမ့်​မည်။ အောင်​မြင်​သော​သူ​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 5,
      "text": "ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 6,
      "text": "ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 7,
      "text": "ဖိ​လ​ဒေ​လ​ဖိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ သန့်​ရှင်း​သော​သူ၊ ဟုတ်​မှန်​သော​သူ၊ ဒါ​ဝိဒ်​မင်း၏​တံ​ခါး​သော့​ကို ကိုင်​သော​သူ၊ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​အောင် ဖွင့်၍၊ အ​ဘယ်​သူ​မျှ မ​ဖွင့်​နိုင်​အောင် ပိတ်​သော​သူ၏ အ​မိန့်​တော်​ကား။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 8,
      "text": "သင်၏​အ​ကျင့်​ကို ငါ​သိ၏။ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​သော​တံ​ခါး​ကို သင့်​ရှေ့၌​ငါ​ဖွင့်​ထား​ပြီ၊ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​နည်း​ငယ်​သော​ခွန်​အား​ရှိ​သည်​နှင့်၊ ငါ၏​နှုတ်​က​ပတ်​ကို စောင့်​ရှောက်​ခဲ့​ပြီ။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 9,
      "text": "ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 10,
      "text": "သင်​သည် ငါ၏​သည်း​ခံ​ခြင်း​နှင့်​စပ်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​ကို စောင့်​ရှောက်​သော​ကြောင့်၊ မြေ​ကြီး​အ​ပေါ်၌ နေ​သော​သူ​တို့​ကို စုံ​စမ်း​စေ​ခြင်း​ငှာ၊ လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ်​တို့​ကို နှံ့​ပြား​လ​တ္တံ့​သော စုံ​စမ်း​ရာ ကာ​လ​တွင်၊ သင့်​ကို ငါ​စောင့်​ရှောက်​မည်။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 11,
      "text": "ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ သင်၏ သ​ရ​ဖူ​ကို အ​ဘယ်​သူ​မျှ​မ​ယူ​စေ​ခြင်း​ငှာ၊ ရ​ခဲ့​ပြီး​သော​အ​ရာ​ကို စွဲ​ကိုင်​လော့။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 12,
      "text": "အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​ကို ငါ​သည် ငါ၏​ဘု​ရား​သ​ခင့်​ဗိ​မာန်​တော်၌ တိုင်​ဖြစ်​စေ​မည်။ နောက်​တစ်​ဖန် သူ​သည် ပြင်​သို့​မ​ရွေ့​ရ။ ငါ၏ ဘု​ရား​သ​ခင့် နာ​မ​တော်​ကို​လည်း​ကောင်း၊ ငါ၏​ဘု​ရား​သ​ခင့်​အ​ထံ​တော် မှ​ထွက်၍၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော ယေ​ရှု​ရှ​လင်​မြို့​သစ်​တည်း​ဟူ​သော၊ ငါ၏​ဘု​ရား​သ​ခင့်​မြို့​တော်၏ နာ​မ​ကို​လည်း​ကောင်း၊ ငါ၏ နာ​မ​သစ်​ကို​လည်း​ကောင်း၊ ထို​သူ​အ​ပေါ်၌ ငါ​သည် အ​က္ခ​ရာ​တင်​မည်။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 13,
      "text": "ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 14,
      "text": "လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍ မှာ​လိုက်​လော့။ ဘု​ရား​သ​ခင်၏ ဝေ​နေ​ယျ​သ​တ္တ​ဝါ​တို့​အ​ထွတ်၊ သ​စ္စာ​ရှိ၍ ဟုတ်​မှန်​သော သက်​သေ​ခံ၊ အာ​မင်၏ အ​မိန့်​တော်​ကား၊-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 15,
      "text": "သင်၏​အ​ကျင့်​ကို ငါ​သိ၏။ သင်​သည် အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်​သည်​ကို ငါ​သိ၏။ ဧ​ခြင်း​ဖြစ်​စေ၊ ပူ​ခြင်း​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ငါ​အ​လို​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 16,
      "text": "ထို​သို့ အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်၊ နွေး​ရုံ​ရှိ​သော​ကြောင့် ငါ၏​ခံ​တွင်း​သည် သင့်​ကို​ထွေး​လု​ပြီ။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 17,
      "text": "သင်​က​လည်း၊ ငါ​သည် ဥ​စ္စာ​ရ​တတ်၏။ ဘ​ဏ္ဍာ​များ​ကို ဆည်း​ပူး​ပြီ။ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​လို​ဟု​ပြော​ဆို၍ ကိုယ်​တိုင်​ပင်​ပန်း​ခြင်း၊ သ​နား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မျက်​စိ​ကန်း​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း ဖြစ်​သည်​ကို မ​သိ​ပါ​တ​ကား။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 18,
      "text": "သင်​သည် ဥ​စ္စာ​ရ​တတ်​ခြင်း​ငှာ၊ မီး​နှင့်​ချွတ်​ပြီး​သော ရွှေ​ကို​လည်း​ကောင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ သူ​တစ်​ပါး ရှေ့​တွင် မ​ရှက်​စေ​ခြင်း​ငှာ ခြုံ​စ​ရာ​ဖို့၊ ဖြူ​သော​အ​ဝတ်​ကို​လည်း​ကောင်း ငါ့​ထံ​မှာ​ဝယ်​လော့။ သင်၏​မျက်​စိ​မြင်​စေ​ခြင်း​ငှာ၊ မျက်​စိ၌ မျက်​စဉ်း​ခတ်​လော့​ဟု သင့်​အား​ငါ​သည် အ​ကြံ​ပေး၏။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 19,
      "text": "ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 20,
      "text": "ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 21,
      "text": "ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-"
    },
    {
      "book": 66,
      "chapter": 3,
      "verse": 22,
      "text": "ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 1,
      "text": "ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ ကောင်း​ကင်၌ တံ​ခါး​ဖွင့်​ထား​လျက်​ရှိ၏။ ရှေ့​ဦး​စွာ​ကြား​ရ​သော အ​သံ​ဟူ​မူ​ကား၊ ဤ​အ​ရပ်​သို့ တက်​လော့။ နောင်​ကာ​လ၌ ဖြစ်​ရ​မည်​အ​ရာ​တို့​ကို ငါ​ပြ​မည်​ဟု ငါ​နှင့်​ပြော​လျက်​ရှိ​သော တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ မြည်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 2,
      "text": "ထို​အ​ခါ ဝိ​ညာဉ်​တော်​ကို ငါ​သည်​ချက်​ချင်း​ခံ​ရ၍၊ ကောင်း​ကင်​ဘုံ၌ ပ​လ္လင်​တစ်​ခု​တည်​လျက်​ရှိ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော​သူ​လည်း​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 3,
      "text": "ထို​သူ၏ အ​ဆင်း​အ​ရောင်​သည် န​ဂါး​သွဲ့​ကျောက်၊ ပ​တ္တ​မြား​ကျောက်​နှင့် တူ၏။ ပ​လ္လင်၏​ပတ်​ဝန်း​ကျင်၌​ကား၊ မြ​ကျောက် အ​ဆင်း​အ​ရောင်​နှင့်​တူ​သော သက်​တံ​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 4,
      "text": "ထို​ပ​လ္လင်၏ ပတ်​ဝန်း​ကျင်၌ အ​ခြား​သော​ပ​လ္လင် နှစ်​ဆယ်​လေး​ပ​လ္လင်​ရှိ၏။ ထို​ပ​လ္လင်​တို့​အ​ပေါ်၌ အ​သက်​ကြီး​သူ​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက်၊ ခေါင်း​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက် ထိုင်​နေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 5,
      "text": "ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 6,
      "text": "ပ​လ္လင်​တော်​ရှေ့၌​လည်း၊ ကျောက်​သ​လင်း​နှင့် တူ​သော ဖန်​ရေ​ကန်​ရှိ၏။ ပ​လ္လင်​တော်၏ အ​တွင်း၌​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​လည်း​ကောင်း၊ မျက်​စိ​နှင့် တစ်​ကိုယ်​လုံး​ပြည့်​သော သ​တ္တ​ဝါ​လေး​ပါး​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 7,
      "text": "ပ​ထ​မ​သ​တ္တ​ဝါ​သည် ခြင်္သေ့​နှင့်​တူ၏။ ဒု​တိ​ယ သ​တ္တ​ဝါ​သည် နွား​သ​ငယ်​နှင့်​တူ၏။ တ​တိ​ယ​သ​တ္တ​ဝါ​သည် လူ​မျက်​နှာ​ရှိ၏။ စ​တု​တ္ထ​သ​တ္တ​ဝါ​သည် ပျံ​လျက်​ရှိ​သော ရွှေ​လင်း​တ​နှင့်​တူ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 8,
      "text": "ထို​သ​တ္တ​ဝါ​လေး​ပါး​တို့၏ ကိုယ်​ပတ်​ဝန်း​ကျင်၌၊ တစ်​ပါး​တစ်​ပါး​လျှင် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တွင်း၌ မျက်​စိ​နှင့်​ပြည့်​ကြ၏။ သူ​တို့​က​လည်း၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏​ဟု နေ့​ည​မ​ပြတ် ငြိမ်၍​မ​နေ​ဘဲ ပြော​ဆို​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 9,
      "text": "ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ထို​သ​တ္တ​ဝါ​တို့​သည် ချီး​မွမ်း​ကြ​သော​အ​ခါ၊-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 10,
      "text": "အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ရှေ့၌ ပျပ်​ဝပ်​လျက်၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို ကိုး​ကွယ်​လျက်၊-"
    },
    {
      "book": 66,
      "chapter": 4,
      "verse": 11,
      "text": "အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​သည် အ​လို​တော်​ကြောင့်​ဖြစ်၍ ဖန်​ဆင်း​လျက်​ရှိ​ကြ​ပါ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် ဘုန်း​အ​သ​ရေ တန်​ခိုး​တော်​ကို ခံ​စား​ထိုက်​တော်​မူ၏​ဟု လျှောက်​ဆို၍၊ ပ​လ္လင်​တော်​ရှေ့၌ မိ​မိ​တို့​သ​ရ​ဖူ​များ​ကို ချ​ထား​ကြ၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 1,
      "text": "ထို​အ​ခါ တစ်​ဖက်​တစ်​ချက်၌ အ​က္ခ​ရာ​တင်၍ တံ​ဆိပ်​ခု​နစ်​ချက်​ခတ်​သော စာ​စောင်​ကို ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ လက်​ယာ​လက်၌ ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 2,
      "text": "အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊ ထို​စာ​စောင်​ကို​ဖွင့်၍ တံ​ဆိပ်​တို့​ကို​ခွာ​ခြင်း​ငှာ အ​ဘယ်​သူ​ထိုက် သ​နည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 3,
      "text": "ထို​စာ​စောင်​ကို ဖွင့်၍​ကြည့်​ခြင်း​ငှာ ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၌ အ​ဘယ်​သူ​မျှ​မ​တတ်​နိုင်။ ထို​စာ​စောင်​ကို​ဖွင့်၍ ကြည့်​ထိုက်​သော​သူ တစ်​ယောက်​ကို​မျှ ရှာ၍​မ​တွေ့​သော​ကြောင့်၊ ငါ​သည် များ​စွာ​ငို​ကြွေး​လေ၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 4,
      "text": "ထို​အ​ခါ​အ​သက်​ကြီး​သော​သူ​တစ်​ပါး​က၊ မ​ငို​ကြွေး​နှင့်၊ ယု​ဒ​အ​မျိုး ခြင်္သေ့​တည်း​ဟူ​သော ဒါ​ဝိဒ်၏​အ​မြစ်​သည် ထို​စာ​စောင်​ကို​လည်း​ကောင်း၊-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 5,
      "text": "တံ​ဆိပ် ခု​နစ်​ချက်​တို့​ကို​လည်း​ကောင်း၊ ဖွင့်​ခြင်း​ငှာ အောင်​မြင်​လေ​ပြီ​ဟု ငါ့​ကို​ပြော​ဆို၏။"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 6,
      "text": "ထို​အ​ခါ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး သူ​တို့​အ​လယ်၌၊ အ​သေ​သတ်​ပြီး​သ​ကဲ့​သို့​သော သိုး​သ​ငယ်​သည် ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။ ထို​သိုး​သ​ငယ်​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ လွှတ်​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မျက်​စိ​ခု​နစ်​လုံး​နှင့် ချို​ခု​နစ်​ချောင်း​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 7,
      "text": "သူ​သည်​လာ၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ၏ လက်​ယာ​လက်​မှ​စာ​စောင်​ကို ခံ​ယူ​လေ၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 8,
      "text": "ထို​စာ​စောင်​ကို ခံ​ယူ​သော​အ​ခါ၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည်၊ သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​တည်း​ဟူ​သော မီး​ရှို့​ရာ နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဖ​လား​တို့​ကို​လည်း​ကောင်း၊ စောင်း​တို့​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး​ကိုင်၍ သိုး​သ​ငယ်​ရှေ့၌ ပျပ်​ဝပ်​လျက်၊-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 9,
      "text": "ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 11,
      "text": "ထို​အ​ခါ ငါ​ကြည့်၍ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​တို့​နှင့် အ​သက်​ကြီး​သူ​တို့၏ ပတ်​ဝန်း​ကျင်၌ ကု​ဋေ​သင်္ချေ​မ​က အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ အ​သံ​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 12,
      "text": "ထို​သူ​တို့​က​လည်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ပြီး​သော သိုး​သ​ငယ်​သည်၊ တန်​ခိုး၊ စည်း​စိမ်၊ ပ​ညာ၊ အ​စွမ်း​သ​တ္တိ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ထိုက်​တော်​မူ၏​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 13,
      "text": "ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၊ သ​မု​ဒ္ဒ​ရာ​အ​ထဲ၊ အ​ရပ်​ရပ်​တို့၌ ရှိ​ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​က၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​နှင့် သိုး​သ​ငယ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား​လေ၏။-"
    },
    {
      "book": 66,
      "chapter": 5,
      "verse": 14,
      "text": "သ​တ္တ​ဝါ​လေး​ပါး​တို့​က​လည်း အာ​မင်​ဟု ခေါ်​ဝေါ်​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 1,
      "text": "သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 2,
      "text": "ထို​အ​ခါ ငါ​ကြည့်​လျှင်၊ မြင်း​ဖြူ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် လေး​ကို​ကိုင်၏။ သူ၌​သ​ရ​ဖူ​ကို ပေး​တော်​မူ၏။ အောင်​မြင်​လျက်​လည်း​ကောင်း၊ အောင်​မြင်​ခြင်း​ငှာ​လည်း​ကောင်း ထွက်​သွား၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 3,
      "text": "ဒု​တိ​ယ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဒု​တိ​ယ သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 4,
      "text": "ထို​အ​ခါ မြင်း​နီ​တစ်​စီး​ထွက်၍၊ စီး​သော​သူ​သည် ငြိမ်​ဝပ်​ခြင်း​ကို မြေ​ကြီး​က​ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့​ကို အ​ချင်း​ချင်း အ​သေ​သတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ရ၏။ သူ၌​ဓား​ကြီး​ကို ပေး​တော်​မူ၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 5,
      "text": "တ​တိ​ယ​တံ​ဆိပ်​ကို​ည​ဖွင့်​သော​အ​ခါ၊ တ​တိ​ယ​သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။ ထို​အ​ခါ ငါ​ကြည့်​လျှင် မြင်း​နက်​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် ချိန်​ခွင်​ကို​ကိုင်၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 6,
      "text": "သ​တ္တ​ဝါ​လေး​ပါး​အ​လယ်၌ ပြော​သံ​ဟူ​မူ​ကား၊ ဒေ​နာ​ရိ​တစ်​ပြား​နှင့် ဂျုံ​ဆန်​တစ်​ခွက်​ကို​ရ၏။ မု​ယော​ဆန် သုံး​ခွက်​ကို​ရ၏။ ဆီ​နှင့်​စ​ပျစ်​ရည်​ကို မ​ပျက်​စေ​နှင့်​ဟု ဆို​သည်​ကို​ငါ​ကြား၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 7,
      "text": "စ​တု​တ္ထ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ စ​တု​တ္ထ​သ​တ္တ​ဝါ​က၊ လာ၍ ကြည့်​လော့ ဟု​ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 8,
      "text": "ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 9,
      "text": "ပ​ဥ္စ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်​လည်း​ကောင်း၊ မိ​မိ​တို့ သက်​သေ​ခံ​ချက်​ကြောင့်​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ယဇ်​ပ​လ္လင်​အောက်၌ ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 10,
      "text": "သူ​တို့​က​လည်း၊ သန့်​ရှင်း​ဟုတ်​မှန်၍ အ​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ မြေ​ပေါ်​မှာ​နေ​သော သူ​တို့​သည် ငါ​တို့​အ​သွေး​ကို သွန်း​ကြ​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​မ​ပေး​ဘဲ အ​ဘယ်​မျှ​လောက်​ကာ​လ​ပတ်​လုံး နေ​တော်​မူ​မည်​နည်း​ဟု ကြီး​မား​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 11,
      "text": "ထို​သူ​တို့၌ ဖြူ​သော​ဝတ်​လုံ​ကို ပေး​တော်​မူ၏။ သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​လ​တ္တံ့​သော မိ​မိ လုပ်​ဖော်​ဆောင်​ဖက် ညီ​အစ်​ကို​တို့​သည် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ၊ ခ​ဏ​ငြိမ်​သက်​စွာ နေ​ရ​ကြ​ဦး​မည်​ဟု သူ​တို့​အား​မိန့်​တော်​မူ၏။"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 12,
      "text": "ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 13,
      "text": "သင်္ဘော​သ​ဖန်း​ပင်​ကို ပြင်း​စွာ​သော လေ​တိုက်​လျှင်၊ အ​ချိန်​မ​တန်​သော အ​သီး​ကြွေ​သ​ကဲ့​သို့၊ ကောင်း​ကင်​ကြယ်​တို့​သည် မြေ​ပေါ်​သို့ ကျ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 14,
      "text": "မိုး​ကောင်း​ကင်​သည် စာ​စောင်​လိပ်​သ​ကဲ့​သို့ လွင့်​သွား၏။ တောင်​များ၊ ကျွန်း​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ ရွေ့​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 15,
      "text": "လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 16,
      "text": "ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ မျက်​နှာ​နှင့် သိုး​သ​ငယ်၏ အ​မျက်​တော်​ကို ကွယ်​ကာ၍၊ ငါ​တို့​ကို​ဖုံး​အုပ်​ကြ​ပါ။-"
    },
    {
      "book": 66,
      "chapter": 6,
      "verse": 17,
      "text": "အ​မျက်​တော် ထင်​ရှား​သော​နေ့​ကြီး ရောက်​ပါ​ပြီ​တ​ကား။ အ​ဘယ်​သူ​သည် ခံ​ရပ်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 1,
      "text": "ထို​နောက်​မှ မြေ​ကြီး၊ ပင်​လယ်၊ သစ်​ပင်​များ​တို့၌ လေ​မ​လာ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် မြေ၏ လေး​မျက်​နှာ​လေ​တို့​ကို ကိုင်၍၊ မြေ​လေး​မျက်​နှာ၌ ရပ်​နေ​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 2,
      "text": "အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ပါ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် အ​ရှေ့​မျက်​နှာ​က တက်​လာ​သည်​ကို ငါ​မြင်၏။ သူ​သည်​လည်း မြေ​နှင့်​ပင်​လယ်​ကို ညှဥ်း​ဆဲ​ရ​သော​အ​ခွင့်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို အ​သံ​လွှင့်၍၊-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 3,
      "text": "ငါ​တို့​ဘု​ရား​သ​ခင်၏ ကျွန်​တို့​ကို န​ဖူး၌ တံ​ဆိပ်​မ​ခတ်​မီ​တိုင်​အောင်၊ မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့​ကို မ​ညှဥ်း​ဆဲ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 4,
      "text": "တံ​ဆိပ်​ခတ်​ခြင်း​ကို​ခံ​ရ​သော​သူ အ​ရေ​အ​တွက်​ကို ငါ​ကြား၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​သီး​အ​သီး​သော အ​မျိုး​အ​နွယ်​ထဲ​က လူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် တို့​သည် တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 5,
      "text": "ယု​ဒ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ရု​ဗင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဂဒ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 6,
      "text": "အာ​ရှာ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ နဿ​လိ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ မ​နာ​ရှေ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 7,
      "text": "ရှိ​မောင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ လေ​ဝိ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဣ​သ​ခါ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 8,
      "text": "ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ယော​သပ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဗင်္ယာ​မိန် အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ် ခြင်း​ကို​ခံ​ရ​ကြ၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 9,
      "text": "ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 10,
      "text": "သူ​တို့​က​လည်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော ငါ​တို့၏ ဘု​ရား​သ​ခင်​နှင့်​သိုး​သ​ငယ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ချမ်း​သာ ရှိ​တော်​မူ​စေ​သ​တည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 11,
      "text": "ပ​လ္လင်​တော်​မှ​စ​သော အ​သက်​ကြီး​သူ​တို့​နှင့် သ​တ္တ​ဝါ​လေး​ပါး၏ ပတ်​ဝန်း​ကျင်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်၊ ပ​လ္လင်​တော်​ရှေ့​မှာ ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 12,
      "text": "အာ​မင်။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဘုန်း၊ ပ​ညာ​နှင့်​တ​ကွ ကျေး​ဇူး​ချီး​မွမ်း​ခြင်း၊ ဂုဏ်​အ​သ​ရေ၊ တန်​ခိုး​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​ဟု ပြော​ဆို​ကြ၏။"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 13,
      "text": "အ​သက်​ကြီး​သူ​တစ်​ပါး​က​လည်း၊ ဖြူ​သော ဝတ်​လုံ​ကို ဝတ်​ဆင်​သော ဤ​သူ​တို့​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု ငါ့​အား​မေး​မြန်း​လျှင်၊-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 14,
      "text": "ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 15,
      "text": "ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ရှေ့​မှာ နေ​ရာ​ကို​ရ၍၊ ဗိ​မာန်​တော်၌​ဘု​ရား​ဝတ်​ကို​နေ့​ည​မ​ပြတ် ပြု​ရ​ကြ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​သည် သူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 16,
      "text": "သူ​တို့​သည် နောက်​တစ်​ဖန် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ​ကြ။ နေ​ရောင်​ခြည် အ​လျှင်း​မ​ထိ​ရ။ အ​ဘယ်​အ​ပူ​ကို​မျှ မ​ခံ​ရ​ကြ။-"
    },
    {
      "book": 66,
      "chapter": 7,
      "verse": 17,
      "text": "အ​ကြောင်း​မူ​ကား၊ ပ​လ္လင်​တော်​အ​တွင်း၌ ရှိ​သော သိုး​သ​ငယ်​သည် သူ​တို့​ကို​လုပ်​ကျွေး၍၊ အ​သက်​စမ်း​ရေ​တွင်း​သို့ လမ်း​ပြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော် မူ​မည်​ဟု ဆို​လေ၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 1,
      "text": "သ​တ္တ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ နာ​ရီ​ဝက်​မျှ တိတ်​ဆိတ်​စွာ နေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 2,
      "text": "ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ကို ငါ​မြင်၏။ သူ​တို့၌ တံ​ပိုး​ခု​နစ်​လုံး​ကို ပေး၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 3,
      "text": "ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် လာ၍ ရွှေ​လင်​ပန်း​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​နား​မှာ ရပ်​နေ၏။ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ပ​တ္ထ​နာ​နှင့်​အ​တူ ဆက်​ကပ်​ခြင်း​ငှာ၊ မီး​ရှို့​သော နံ့​သာ​ပေါင်း​အ​များ​ကို ထို​သူ၌​ပေး၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 4,
      "text": "မီး​ရှို့​သော နံ့​သာ​ပေါင်း၏ အ​ခိုး​အ​ငွေ့​သည် သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​များ​နှင့်​အ​တူ ကောင်း​ကင်​တ​မန်၏ လက်​ထဲ​က ဘု​ရား​သ​ခင့်​ရှေ့​တော်​သို့ တက်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 5,
      "text": "ကောင်း​ကင်​တ​မန်​သည် လင်​ပန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၏ မီး​နှင့်​ပြည့်​စေ​ပြီး​မှ၊ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်​သည်​ဖြစ်၍၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ လျှပ်​စစ်​ပြက်​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ဖြစ်​ကြ၏။"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 6,
      "text": "တံ​ပိုး​ခု​နစ်​လုံး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် မှုတ်​အံ့​သော​ငှာ မိ​မိ​တို့​ကို ပြင်​ဆင်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 7,
      "text": "ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 8,
      "text": "ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​လောင်​သော တောင်​ကြီး​ကို ပင်​လယ်​ထဲ​သို့ ချ​လိုက်​သ​ကဲ့​သို့ ဖြစ်၍၊ ပင်​လယ်​သုံး​စု​တစ်​စု​သည် အ​သွေး​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 9,
      "text": "ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​သုံး​စု​တစ်​စု​လည်း သေ၏။ သင်္ဘော​သုံး​စု​တစ်​စု​လည်း ပျက်၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 10,
      "text": "တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​ခွက်​ကဲ့​သို့ ထွန်း​တောက်​သော ကြယ်​ကြီး​သည် ကောင်း​ကင်​က​ကျ၍၊ မြစ်​သုံး​စု​တစ်​စု​သို့​လည်း​ကောင်း၊ စမ်း​ရေ​တွင်း​သို့​လည်း​ကောင်း ရောက်၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 11,
      "text": "ထို​ကြယ်​သည် ဒေါ​န​ရွက်​ဟူ​သော​အ​မည် ရှိ၏။ ရေ​သုံး​စု​တစ်​စု​သည် ဒေါ​န​ရွက်​ဖြစ်၍ ရေ​ခါး​သော​ကြောင့်၊ လူ​အ​များ​တို့​သည် သေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 12,
      "text": "စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-"
    },
    {
      "book": 66,
      "chapter": 8,
      "verse": 13,
      "text": "ထို​အ​ခါ ငါ​ကြည့်​လျှင်၊ ရွှေ​လင်း​တ​တစ်​ကောင်​က၊ ကြွင်း​သေး​သော ကောင်း​ကင်​တ​မန်​သုံး​ပါး မှုတ်​လု​လ​တ္တံ့​သော တံ​ပိုး​သံ​ကြောင့် မြေ​ကြီး​သား​တို့​သည် အ​မင်္ဂ​လာ၊ အ​မင်္ဂ​လာ၊ အ​မင်္ဂ​လာ​ရှိ​ကြ၏​ဟု ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ၍ ကြီး​သော​အ​သံ​နှင့် ဆို​သည်​ကို ငါ​ကြား၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 1,
      "text": "ပ​ဥ္စ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကြယ်​တစ်​လုံး​သည် ကောင်း​ကင်​က မြေ​ကြီး​ပေါ်​သို့ ကျ​သည်​ကို ငါ​မြင်၏။ သူ၌ အ​နက်​ဆုံး​သော​တွင်း၏ သော့​ကို အပ်​ပေး​သည်​ဖြစ်၍၊-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 2,
      "text": "သူ​သည် အ​နက်​ဆုံး​သော​တွင်း​ကို ဖွင့်​လျှင်၊ ကြီး​စွာ​သော မီး​ဖို၏​အ​ခိုး​ကဲ့​သို့​သော အ​ခိုး​သည် တွင်း​ထဲ​က တက်​လေ၏။ ထို​တွင်း၏ မီး​ခိုး​ကြောင့်၊ နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည် မှောင်​မိုက်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 3,
      "text": "ကျိုင်း​ကောင်​တို့​သည် မီး​ခိုး​အ​ထဲ​က မြေ​ကြီး​အ​ပေါ်​သို့​ထွက်၍ မြေ​ကင်း​မြီး​ကောက် တန်​ခိုး​ကဲ့​သို့​သော တန်​ခိုး​ကို ရ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 4,
      "text": "မြေ၏​မြက်​ပင်​မှ​စ၍ စိမ်း​သော​အ​ရာ​များ၊ သစ်​ပင်​များ​အ​ပေါင်း​တို့​ကို ထား၍၊ န​ဖူး၌​ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို မ​ခံ​သော​လူ​တို့​ကိုသာ ညှဉ်း​ဆဲ​မည်​အ​ကြောင်း သူ​တို့​အား ပ​ညတ်​ထား၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 5,
      "text": "တံ​ဆိပ်​ခတ်​ခြင်း​ကို မ​ခံ​သော​သူ​တို့​ကို​ကား သတ်​ရ​သော​အ​ခွင့်​မ​ရှိ။ ငါး​လ​ပတ်​လုံး ပြင်း​စွာ​သော​ဝေ​ဒ​နာ ဖြစ်​စေ​သော​အ​ခွင့် ရှိ၏။ ထို​ကျိုင်း​ကောင် ဖြစ်​စေ​သော ဝေ​ဒ​နာ​သည်​ကား၊ ကင်း​မြီး​ကောက်​သည် လူ​ကို​ထိုး​သော ဝေ​ဒ​နာ​ကဲ့​သို့ ဖြစ်​သ​တည်း။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 6,
      "text": "ထို​နေ့​ရက်​ကာ​လ၌ လူ​တို့​သည် သေ​ခြင်း​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ အ​လွန် သေ​ချင်​သော်​လည်း သေ​မင်း​သည် သူ​တို့​ထံ​မှ ပြေး​သွား​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 7,
      "text": "ထို​ကျိုင်း​ကောင်​တို့၏ အ​ဆင်း​သ​ဏ္ဌာန်​သည် စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​သော​မြင်း၏ အ​ဆင်း​သ​ဏ္ဌာန်​နှင့် တူ၏။ ခေါင်း​ပေါ်​မှ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​ဟန်​ရှိ၏။ မျက်​နှာ​သည် လူ​မျက်​နှာ​ကဲ့​သို့​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 8,
      "text": "ဆံ​ပင်​သည် မိန်း​မ​ဆံ​ပင်​ကဲ့​သို့ ဖြစ်၏။ သွား​သည်​လည်း ခြင်္သေ့​သွား​ကဲ့​သို့ ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 9,
      "text": "ရင်​အုပ်​တန်​ဆာ​သည် သံ​ရင်​အုပ်​တန်​ဆာ​ကဲ့​သို့ ဖြစ်၏။ အ​တောင်​ခတ်​သော အ​သံ​သည် စစ်​တိုက်၍ ပြေး​လာ​သော မြင်း​ရ​ထား​အ​များ၏ အ​သံ​ကဲ့​သို့​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 10,
      "text": "အ​မြီး​သည် ကင်း​မြီး​ကောက်​နှင့် တူ၏။ အ​မြီး၌​လည်း ဆူး​ရှိ၏။ လူ​တို့​ကို ငါး​လ​ပတ်​လုံး ညှဉ်း​ဆဲ​ရ​သော အ​ခွင့်​တန်​ခိုး​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 11,
      "text": "သူ​တို့၏ ရှင်​ဘု​ရင်​မူ​ကား၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အ​ဗ​ဒ္ဒုန်​ဟူ၍​လည်း​ကောင်း၊ ဟေ​လ​သ​ဘာ​သာ​အား​ဖြင့် အ​ပေါ​လျုန်​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​သော အ​နက်​ဆုံး​သော​တွင်း​တ​မန် ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 12,
      "text": "အ​မင်္ဂ​လာ​တစ်​ပါး လွန်​ပြီ။ ထို​နောက်​မှ အ​မင်္ဂ​လာ နှစ်​ပါး လာ​လေ​ဦး​မည်။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 13,
      "text": "ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်၏ ချို​လေး​ချောင်း​ထဲ​က ထွက်​သော​အ​သံ​ကား၊-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 14,
      "text": "ဥ​ဖ​ရတ်​မြစ်​ကြီး​နား​မှာ ချည်​နှောင်​လျက်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို လွှတ်​လော့​ဟု တံ​ပိုး​ရှိ​သော ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 15,
      "text": "ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 16,
      "text": "မြင်း​စီး​သူ​ရဲ​တို့၏ အ​ရေ​အ​တွက်​ကား၊ နှစ်​သင်္ချေ ဖြစ်၏။ ထို​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ၏။"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 17,
      "text": "ထို​အ​တူ ဗျာ​ဒိတ်​ရူ​ပါ​ရုံ၌ ထင်​ရှား​သော မြင်း​တို့​ကို​လည်း​ကောင်း၊ ကန့်၊ မီး၊ ဝှါ​ကိ​န္သု​ကျောက်​နှင့်​ပြီး​သော ရင်​အုပ်​တန်​ဆာ​ရှိ​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ငါ​မြင်​ရ၏။ မြင်း​တို့၏ ခေါင်း​သည် ခြင်္သေ့​ခေါင်း​ကဲ့​သို့ ဖြစ်၏။ သူ​တို့၏ ခံ​တွင်း​ထဲ​က​လည်း ကန့်၊ မီး​လျှံ၊ မီး​ခိုး​ထွက်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 18,
      "text": "သူ​တို့၏​ခံ​တွင်း​ထဲ​က ထွက်​သော ကန့်၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ဘေး​သုံး​ပါး​ကြောင့်၊ လူ​သုံး​စု​တစ်​စု သေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 19,
      "text": "အ​ကြောင်း​မူ​ကား၊ သူ​တို့​တန်​ခိုး​သည် ခံ​တွင်း၌​လည်း​ကောင်း၊ အ​မြီး၌​လည်း​ကောင်း တည်၏။ အ​မြီး​သည် ခေါင်း​နှင့်​ပြည့်​စုံ၍ မြွေ​နှင့်​တူ၏။ အ​မြီး​အား​ဖြင့် ညှဥ်း​ဆဲ​တတ်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 20,
      "text": "ထို​ဘေး​ဒဏ်​ကြောင့် မ​သေ​ဘဲ ကြွင်း​သော​လူ​တို့​သည် နတ်​တို့​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ မ​သွား​လာ​နိုင်​သော ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကြေး​နီ​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​တို့​ကို​လည်း​ကောင်း မ​ကိုး​ကွယ်​ဘဲ နေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့် လုပ်​သော အ​ရာ​များ​ကို နောင်​တ​မ​ရ​ဘဲ​နေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 9,
      "verse": 21,
      "text": "ကိုယ်​ကျင့်​သော အ​ကျင့်​တည်း​ဟူ​သော လူ​အ​သက်​ကို သတ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ အ​မှု​များ​ကို​လည်း နောင်​တ​မ​ရ​ဘဲ နေ​ကြ၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 1,
      "text": "ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မိုး​တိမ်​ကို​ဝတ်​လျက်၊ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏​ခေါင်း​ပေါ်၌ သက်​တံ​ရှိ၏။ သူ၏ မျက်​နှာ​သည် နေ​ကဲ့​သို့​ဖြစ်၏။ သူ၏ ခြေ​သည်​လည်း မီး​ခဲ​တိုင်​ကဲ့​သို့​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 2,
      "text": "ဖွင့်​ထား​သော စာ​စောင်​ငယ်​ကို ကိုင်​လျက်​ရှိ၏။ လက်​ယာ​ခြေ​သည် ပင်​လယ်​ပေါ်​မှာ​လည်း​ကောင်း၊ လက်​ဝဲ​ခြေ​သည် မြေ​ကြီး​ပေါ်​မှာ​လည်း​ကောင်း နင်း၍၊-"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 3,
      "text": "ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။ ကြွေး​ကြော်​ပြီး​မှ မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 4,
      "text": "မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​ပြီး​မှ ငါ​သည်​ရေး​မှတ်​မည်​ဟု အား​ထုတ်​သော်၊ ကောင်း​ကင်​မှ ထွက်​သော​အ​သံ​ကား၊ မိုး​ကြိုး​သံ​ခု​နစ်​ချက် မြည်​သော​အ​ရာ​ကို တံ​ဆိပ်​ခတ်​လော့။ မ​ရေး​မ​မှတ်​နှင့်​ဟု ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 5,
      "text": "ထို​အ​ခါ ငါ​မြင်၍ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​သည်၊ လက်​ယာ​လက်​ကို ကောင်း​ကင်​သို့​ချီ​ပြီး​လျှင်၊-"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်၏ ကျွန်​တော်​မျိုး​ပ​ရော​ဖက်​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​သည်၊ ကာ​လ​မ​နှေး​ဘဲ သ​တ္တ​မ​ကောင်း​ကင်​တ​မန် တံ​ပိုး​မှုတ်​ခြင်း အ​သံ​မြည်​သော နေ့​ရက်​ကာ​လ၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​မည်​ဟု ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​ကို​လည်း​ကောင်း၊ အ​ရပ်​ရပ်၌ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဖန်​ဆင်း၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 8,
      "text": "ငါ​ကြား​ရ​သော ကောင်း​ကင်​အ​သံ​သည် တစ်​ဖန် ငါ့​အား​ပြော​သည်​ကား၊ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်၏ လက်၌ ဖွင့်​ထား​လျက်​ရှိ​သော စာ​စောင်​ငယ်​ကို သွား၍ ယူ​လော့​ဟု​ဆို​လျှင်၊-"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 9,
      "text": "ငါ​သည် ကောင်း​ကင်​တ​မန်​ထံ​သို့​သွား၍ စာ​စောင်​ငယ်​ကို ပေး​ပါ​ဟု တောင်း၏။ သူ​က​လည်း ယူ၍​စား​လော့။ ဝမ်း​ကို ခါး​စေ​လိမ့်​မည်။ သို့​သော်​လည်း ပါး​စပ်၌ ပျား​ရည်​ကဲ့​သို့ ချို​လိမ့်​မည်​ဟု​ဆို​လျှင်၊"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 10,
      "text": "ငါသည် စာ​စောင်​ကို ကောင်း​ကင်​တ​မန်၏​လက်​မှ ယူ၍​စား၏။ ပါး​စပ်၌ ပျား​ရည်​ကဲ့​သို့​ချို၏။ စား​ပြီး​မှ ဝမ်း၌​ခါး၏။-"
    },
    {
      "book": 66,
      "chapter": 10,
      "verse": 11,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့၌​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့၌​လည်း​ကောင်း၊ တစ်​ဖန် ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​ဟု ဆို​လေ၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 1,
      "text": "တစ်​ဖန် လှံ​တံ​နှင့်​တူ​သော ကျူ​ပင်​တစ်​လုံး​ကို ငါ့​အား​ပေး၍ ငါ့​ကို ပြော​ဆို​သည်​ကား၊ ထ​လော့။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​နှင့်​ယဇ်​ပ​လ္လင်​ကို တိုင်း​လော့။ ဗိ​မာန်​တော်၌ ကိုး​ကွယ်​သော သူ​တို့​ကို​လည်း ရေ​တွက်​လော့။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 2,
      "text": "ဗိ​မာန်​တော်​တံ​တိုင်း​ကို မ​တိုင်း​နှင့်၊ ပယ်​ထား​လော့။ တစ်​ပါး​အ​မျိုး​သား​တို့၌ အပ်​ပေး​ပြီ။ သူ​တို့​သည် သန့်​ရှင်း​သော မြို့​တော်​ကို၊ လ လေး​ဆယ်​နှစ်​လ​ပတ်​လုံး နင်း​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 3,
      "text": "ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 4,
      "text": "ထို​သူ​တို့​သည်​ကား၊ မြေ​ကြီး​အ​ရှင်၏ ရှေ့​တော်၌ စိုက်​ထား​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် မီး​ခွက်​နှစ်​လုံး ဖြစ်​သ​တည်း။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 5,
      "text": "တစ်​စုံ​တစ်​ယောက်​သော သူ​သည် သူ​တို့​ကို ညှဥ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သူ​တို့၏ ခံ​တွင်း​ထဲ​က​မီး​ထွက်၍ ရန်​သူ​တို့​ကို မျို​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ထို​သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ ထို​သို့​အ​သေ သတ်​ခြင်း​ကို ခံ​ရ​မည်။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 6,
      "text": "ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 7,
      "text": "သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 8,
      "text": "သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 9,
      "text": "အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​တို့​သည် သုံး​ရက်​ခွဲ​ပတ်​လုံး အ​လောင်း​ကောင်​တို့​ကို မြင်​ရ၍၊ သင်္ဂြိုဟ်​ခြင်း​ကို မြစ်​တား​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 10,
      "text": "မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 11,
      "text": "ထို​နောက် သုံး​ရက်​ခွဲ​လွန်​ပြီး​လျှင်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​က အ​သက်​ဝိ​ညာဉ်​သည် သူ​တို့၌​ဝင်​သ​ဖြင့်၊ သူ​တို့​သည် မတ်​တတ်​ထ၍ မြင်​သ​မျှ​သော​သူ​တို့​သည် အ​လွန် ကြောက်​ရွံ့​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 12,
      "text": "ကောင်း​ကင်​က​ထွက်​သော အ​သံ​ကြီး​ကား၊ ဤ​အ​ရပ်​သို့ တက်​ကြ​လော့​ဟု မိ​မိ​တို့​အား ပြော​ဆို​သည်​ကို သူ​တို့​သည်​ကြား​လျှင်၊ မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့ တက်၍ ရန်​သူ​တို့​သည် မြင်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 13,
      "text": "ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 14,
      "text": "ဒု​တိ​ယ​အ​မင်္ဂ​လာ လွန်​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည် အ​လျင်​အ​မြန် လာ​လိမ့်​မည်။"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 15,
      "text": "သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 16,
      "text": "ဘု​ရား​သ​ခင်​ရှေ့​တော်၌ မိ​မိ​တို့​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 17,
      "text": "အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ မ​ဟာ​တန်​ခိုး​တော်​ကို ယူ​ဆောင်၍ စိုး​စံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​တို့​သည် ချီး​မွမ်း​ပါ၏။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 18,
      "text": "လူ​မျိုး​တို့​သည် အ​မျက်​ထွက်​ကြ​သည် ဖြစ်၍၊ အ​မျက်​တော်​သည်​လည်း ရောက်​ပါ​ပြီ။ သေ​လွန်​သော သူ​တို့​ကို တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ ကိုယ်​တော်၏ ကျွန်​တည်း​ဟူ​သော ပ​ရော​ဖက်​တို့​အား လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့ အား​လည်း​ကောင်း၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​သော​သူ အ​ကြီး​အ​ငယ်​တို့​အား​လည်း​ကောင်း၊ ဆု​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ၍ မြေ​ကြီး​ကို ဖျက်​ဆီး​သော သူ​တို့​ကို ဖျက်​ဆီး​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 11,
      "verse": 19,
      "text": "တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 1,
      "text": "ကောင်း​ကင်၌ ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ မိန်း​မ​တစ်​ဦး​သည် နေ​ကို​ဝတ်​လျက်၊ လ​ကို ခြေ​ဖြင့်​နင်း​လျက်၊ မိ​မိ​ခေါင်း​ပေါ်၌ ကြယ်​ဆယ်​နှစ်​လုံး​ဖြင့်​ပြီး​သော သ​ရ​ဖူ​ကို ဆောင်း​လျက်​ပေါ်​လာ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 2,
      "text": "ထို​မိန်း​မ​သည် ကိုယ်​ဝန်​ဆောင်၍ ဖွား​အံ့​သော ဝေ​ဒ​နာ ပြင်း​သော​ကြောင့် အော်​ဟစ်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 3,
      "text": "ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 4,
      "text": "သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 5,
      "text": "ထို​မိန်း​မ​သည် လူ​မျိုး​တ​ကာ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​လ​တ္တံ့​သော သား​ယောက်ျား​ကို ဖွား​မြင်၏။ ထို​သား​ကို ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း၊ ပ​လ္လင်​တော်​သို့​လည်း​ကောင်း ချီ​ယူ​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 6,
      "text": "မိန်း​မ​သည် အ​ရက်​တစ်​ထောင်​နှစ်​ရာ​ခြောက် ဆယ်​ပတ်​လုံး တော၌ ကျွေး​မွေး​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​ရပ်​သို့ ပြေး​လေ၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 7,
      "text": "ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 8,
      "text": "ထို​အ​ခါ ဤ​လော​က​တစ်​နိုင်​ငံ​လုံး​ကို လှည့်​ဖြား၍ မာရ်​နတ်​စာ​တန် အ​မည်​ရှိ​သော ရှေး​မြွေ​ဟောင်း​တည်း ဟူ​သော န​ဂါး​ကြီး​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ သူ၏​တ​မန်​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​သို့ ချ​လိုက်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 10,
      "text": "ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 11,
      "text": "သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 12,
      "text": "ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 13,
      "text": "ထို​န​ဂါး​သည် မြေ​ကြီး​သို့ ကိုယ်​ကျ​သည်​ကို သိ​မြင်​လေ​သော်၊ သား​ယောက်ျား​ကို ဖွား​မြင်​သော မိန်း​မ​ကို ညှဉ်း​ဆဲ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 14,
      "text": "မိန်း​မ​သည် ထို​မြွေ​နှင့်​လွတ်၍၊ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ကျွေး​မွေး​ခြင်း​ကို ခံ​ရာ အ​ရပ်​တည်း​ဟူ​သော တော​အ​ရပ်​သို့ ပျံ​နိုင်​မည့်​အ​ကြောင်း၊ ရွှေ​လင်း​တ​ကြီး၏ အ​တောင်​နှစ်​ဖက်​ကို ရ​လေ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 15,
      "text": "ထို​အ​ခါ၊ မိန်း​မ​ကို ရေ​အ​ဟုန်​ဖြင့် မျော​သွား​စေ​ခြင်း​ငှာ၊ န​ဂါး​သည် မိ​မိ​ခံ​တွင်း​ထဲ​က​မြစ်​ရေ​စီး​သ​ကဲ့​သို့ ရေ​ကို မိန်း​မ​နောက်၌ ထုတ်​ပစ်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 16,
      "text": "မြေ​ကြီး​သည် မိန်း​မ​ကို မ​စ၍ မိ​မိ​ခံ​တွင်း​ကို ဖွင့်​ပြီး​လျှင်၊ န​ဂါး၏ ခံ​တွင်း​ထဲ​က ထုတ်​ပစ်​သော​မြစ်​ရေ​ကို မျို​လေ၏။-"
    },
    {
      "book": 66,
      "chapter": 12,
      "verse": 17,
      "text": "န​ဂါး​သည် မိန်း​မ​ကို အ​ငြိုး​ထား၏။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို စွဲ​လမ်း​သော​သူ​တည်း​ဟူ​သော ထို​မိန်း​မ၌ ကြွင်း​သော အ​မျိုး​အ​နွယ်​ကို စစ်​တိုက်​ခြင်း​ငှာ သွား၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 1,
      "text": "ပင်​လယ်​နား၌ သဲ​ပေါ်​မှာ ငါ​ရပ်၍၊ သား​ရဲ တစ်​ကောင်​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ချို​ပေါ်၌ သ​ရ​ဖူ​ဆယ်​ဆူ​ကို ဆောင်း​လျက်၊ ခေါင်း​ပေါ်၌​လည်း ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​ရှိ​လျက်၊ ပင်​လယ်​ထဲ​က​တက်​သည်​ကို မြင်၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 2,
      "text": "ထို​သို့ ငါ​မြင်​သော​သား​ရဲ​သည် ကျား​သစ်​နှင့် တူ၏။ သူ၏​ခြေ​သည် ဝံ​ခြေ​ကဲ့​သို့​ဖြစ်၏။ သူ၏​နှုတ်​သည်​လည်း ခြင်္သေ့​နှုတ်​ကဲ့​သို့​ဖြစ်၏။ န​ဂါး​သည် မိ​မိ​တန်​ခိုး​နှင့် မိ​မိ​ပ​လ္လင်​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော အာ​ဏာ​စက်​ကို​လည်း​ကောင်း သား​ရဲ၌ အပ်​ပေး၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 3,
      "text": "သား​ရဲ၏ ခေါင်း​တစ်​လုံး​သည် သေ​အောင် ကွပ်​မျက်​ပြီး​သ​ကဲ့​သို့ ဖြစ်၍၊ သေ​စေ​သော​ဒဏ်​ချက်​သည် ပျောက်​လျက်​ရှိ၏။ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သား​ရဲ​နောက်​သို့ လိုက်၍ အံ့​ဩ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 4,
      "text": "ထို​သား​ရဲ၌ အာ​ဏာ​စက်​ကို အပ်​ပေး​သော န​ဂါး​ကို ကိုး​ကွယ်​ကြ၏။ သား​ရဲ​ကို​လည်း ကိုး​ကွယ်၍၊ အ​ဘယ်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ အ​ဘယ်​သူ​သည် သူ့​ကို​စစ်​ပြိုင်​နိုင်​သ​နည်း​ဟု ပြော​ဆို​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 5,
      "text": "ထို​သား​ရဲ​သည်​လည်း ကြီး​စွာ​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော စ​ကား​ကို​လည်း​ကောင်း၊ ပြော​တတ်​သော​နှုတ်​နှင့် ပြည့်​စုံ၍၊ လ​လေး​ဆယ်​နှစ်​လ​ပတ်​လုံး စီ​ရင်​ရ​သော​အ​ခွင့်​ကို​ရ၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 6,
      "text": "ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​စ​ကား​အား​ဖြင့် နာ​မ​တော်​နှင့် တဲ​တော်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​သား​တို့​ကို​လည်း​ကောင်း၊ ပြစ်​မှား​ခြင်း​ငှာ နှုတ်​ကို​ဖွင့်​ထား၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 7,
      "text": "သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​ရ​သော​အ​ခွင့် ကို​ရ၏။ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 8,
      "text": "ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 9,
      "text": "နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 10,
      "text": "သူ​တစ်​ပါး​ကို ဖမ်း​ဆီး​ယူ​သွား​သော​သူ​သည် ကိုယ်​တိုင်​ဖမ်း​ဆီး​ယူ​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဓား​ဖြင့် သတ်​တတ်​သော သူ​သည်​လည်း ကိုယ်​တိုင် ဓား​ဖြင့်​သေ​ရ​မည်။ ဤ​အ​ရာ၌ သန့်​ရှင်း​သူ​တို့​လည်း သည်း​ခံ​စ​ရာ​အ​ကြောင်း၊ ယုံ​ကြည်​စ​ရာ​အ​ကြောင်း​ရှိ၏။"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 11,
      "text": "အ​ခြား​သော သား​ရဲ​တစ်​ကောင်​သည်၊ သိုး​သ​ငယ်၏ ချို​နှင့်​တူ​သော ချို​နှစ်​ချောင်း​ရှိ၍၊ န​ဂါး​ကဲ့​သို့ စ​ကား​ပြော​လျက်၊ မြေ​ကြီး​ထဲ​က ထွက်​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 12,
      "text": "ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 13,
      "text": "ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​လည်း ပြ၏။ လူ​တို့​မျက်​မှောက်၌ ကောင်း​ကင်​က မြေ​ကြီး​အ​ပေါ်​သို့ မီး​ကို ဆင်း​စေ၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 14,
      "text": "ပ​ထ​မ​သား​ရဲ​ရှေ့၌ ပြ​ပိုင်​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​အား​ဖြင့် မြေ​ကြီး​သား​တို့​ကို လှည့်​ဖြား၏။ ဓား​နှင့် ခုတ်​သော​ဒဏ်​ချက်​ကို ခံ​ရ၍ အ​သက်​ရှင်​သေး​သော သား​ရဲ၏ ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ မြေ​ကြီး​သား​တို့​ကို မှာ​ထား၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 15,
      "text": "သား​ရဲ၏ ရုပ်​တု​သည် စ​ကား​ပြော​နိုင်​မည် အ​ကြောင်း​နှင့်၊ မိ​မိ​ကို မ​ကိုး​ကွယ်​သော​သူ ရှိ​သ​မျှ​တို့​ကို သတ်​ခြင်း​ငှာ ပြု​နိုင်​မည်​အ​ကြောင်း၊ ရုပ်​တု၌ အ​သက်​ကို သွင်း​ပေး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 16,
      "text": "ငွေ​ရ​တတ်​သော​သူ၊ ဆင်း​ရဲ​သော​သူ၊ ကျွန်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ၊ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​သည် လက်​ယာ​လက်၌​ဖြစ်​စေ၊ န​ဖူး၌​ဖြစ်​စေ၊ တံ​ဆိပ်​လက်​မှတ်​ကို ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 17,
      "text": "ထို​တံ​ဆိပ်​လက်​မှတ်​တည်း​ဟူ​သော သား​ရဲ၏ နာ​မ​ဖြစ်​စေ၊ နာ​မ၏ အ​ရေ​အ​တွက်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို မ​ခံ​သော​သူ​တစ်​ယောက်​မျှ မ​ရောင်း​မ​ဝယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်၏။-"
    },
    {
      "book": 66,
      "chapter": 13,
      "verse": 18,
      "text": "ဤ​အ​ရာ၌ ပ​ညာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ၏​အ​ရေ​အ​တွက်​ကို ရေ​တွက်​စေ။ လူ၏ အ​ရေ​အ​တွက်​ဖြစ်၏။ ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​လည်း ဖြစ်၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 1,
      "text": "ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ သိုး​သ​ငယ်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ရပ်​နေ၏။ သူ၏​နာ​မ​နှင့် ခ​မည်း​တော်၏​နာ​မ​ကို န​ဖူး၌ အ​က္ခ​ရာ​တင်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​လည်း သူ​နှင့်​အ​တူ ရှိ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 2,
      "text": "သ​မု​ဒ္ဒ​ရာ​ရေ​သံ၊ ကြီး​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ကောင်း​ကင်​က အ​သံ​ကို ငါ​ကြား၏။ ထို​သို့ ငါ​ကြား​သော အ​သံ​သည် စောင်း​သ​မား​များ စောင်း​တီး​သော အ​သံ​ကဲ့​သို့​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 3,
      "text": "ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 4,
      "text": "ထို​သူ​တို့​သည် က​ညာ​ဖြစ်၍ မေ​ထုန်​အ​မှု​နှင့် မ​ညစ်​ညူး​သော​သူ ဖြစ်​ကြ၏။ သိုး​သ​ငယ် သွား​လေ​ရာ​ရာ​အ​ရပ်​သို့ နောက်​တော်၌ လိုက်​သော​သူ ဖြစ်​ကြ၏။ လူ​တို့​အ​ထဲ​က ရွေး​နုတ်၍ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​အ​ဖို့ အ​ဦး​သီး​သော​အ​သီး ဖြစ်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 5,
      "text": "အ​ပြစ်​နှင့် ကင်း​လွတ်​ကြ​သည်​ဖြစ်၍ သူ​တို့​နှုတ်၌ မု​သား​မ​ရှိ။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 6,
      "text": "မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တည်း​ဟူ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အား ထာ​ဝ​ရ​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 7,
      "text": "ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ချီး​မွမ်း​ကြ​လော့။ တ​ရား​စီ​ရင်​တော်​မူ​သော အ​ချိန်​ရောက်​လာ​ပြီ။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့် စမ်း​ရေ​တွင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို၍ ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ​လျက် ရှိ​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 8,
      "text": "ကောင်း​ကင်​တ​မန်​တစ်​ပါး​က​လည်း၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက်​တည်း​ဟူ​သော စ​ပျစ်​ရည်​ကို လူ​မျိုး​အ​ပေါင်း​တို့​အား တိုက်​လေ​ပြီး​သော ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ​ဟု လိုက်၍​ပြော​ဆို၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 9,
      "text": "ထို​မှ​တစ်​ပါး၊ တ​တိ​ယ​ကောင်း​ကင်​တ​မန်​က၊ အ​ကြင်​သူ​သည် သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏​တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌ ခံ​သည်​ဖြစ်​စေ၊ လက်၌ ခံ​သည်​ဖြစ်​စေ၊-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 10,
      "text": "ထို​သူ​သည် ဘု​ရား​သ​ခင်၏ ဒေါ​သ​ဖ​လား၌ လောင်း​သော အ​မျက်​တော် စ​ပျစ်​ရည်​စစ်​ကို သောက်​ရ​လိမ့်​မည်။ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​ရှေ့၊ သိုး​သ​ငယ်​ရှေ့​တွင်၊ ကန့်​နှင့်​ရော​သော မီး​ထဲ​မှာ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 11,
      "text": "ထို​ညှဉ်း​ဆဲ​ခြင်း၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​လျက်​ရှိ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏ နာ​မ​တံ​ဆိပ်​လက်​မှတ်​ကို ခံ​သော​သူ​တို့​သည် နေ့​ည​မ​ပြတ် သက်​သာ​မ​ရ​ကြ​ဟု၊ လိုက်၍ ကြီး​သော​အ​သံ​နှင့် ပြော​ဆို၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 12,
      "text": "ဘု​ရား​သ​ခင်၏ ပ​ညတ်​တို့​ကို​လည်း​ကောင်း၊ ယေ​ရှု၏ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ စောင့်​ရှောက်​သော သန့်​ရှင်း​သူ​တို့​သည် ဤ​အ​ရာ၌ သည်း​ခံ​စ​ရာ​အ​ကြောင်း​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 13,
      "text": "တစ်​ဖန်​တုံ၊ ကောင်း​ကင်​အ​သံ​ကား၊ ယ​ခု​မှ​စ၍ သ​ခင်​ဘု​ရား၌ သေ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။ ဝိ​ညာဉ်​တော်​က​လည်း၊ ထို​သို့​မှန်​ပေ၏။ ထို​သူ​တို့​သည် ပင်​ပန်း​ခြင်း ငြိမ်း​မည်​အ​ကြောင်း​ရှိ၍၊ သူ​တို့၏ အ​ကျင့်​တို့​သည်​လည်း သူ​တို့​နှင့်​အ​တူ လိုက်​ကြ၏​ဟု မိန့်​တော်​မူ၏။"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 14,
      "text": "တစ်​ဖန် ငါ​ကြည့်​လျှင်၊ ဖြူ​သော​မိုး​တိမ်​ရှိ၏။ လူ​သား​တော်​နှင့် တူ​သော​သူ​သည် ခေါင်း​တော်​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ထက်​သော တံ​စဉ်​ကို ကိုင်​လျက်၊ မိုး​တိမ်​ပေါ်​မှာ ထိုင်​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 15,
      "text": "ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​က ထွက်၍၊ ကိုယ်​တော်၏​တံ​စဉ်​ကို​လွှတ်၍ စ​ပါး​ကို ရိတ်​တော်​မူ​ပါ။ ရိတ်​ရ​သော​အ​ချိန် ရောက်​ပါ​ပြီ။ မြေ​ကြီး၌ ရိတ်​စ​ရာ​စ​ပါး မှည့်​ပါ​ပြီ​ဟု မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​ကို ကြီး​သော​အ​သံ​နှင့် ဟစ်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 16,
      "text": "မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​သည် မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပါး​ကို ရိတ်​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 17,
      "text": "ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ၌​ရှိ​သော ဗိ​မာန်​တော်​ထဲ​က ထွက်၍ သူ၌​လည်း ထက်​သော​တံ​စဉ်​ပါ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 18,
      "text": "မီး​ကို​အ​စိုး​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ထဲ​က​ထွက်၍ ထက်​သော တံ​စဉ်​ပါ​သော သူ​ကို ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း​နှင့် ခေါ်​လျက်၊ သင်၏ ထက်​သော​တံ​စဉ်​ကို လွှတ်၍ မြေ​ကြီး၏ စ​ပျစ်​သီး​ပြွတ်​တို့​ကို ရိတ်​လော့။ အ​သီး​မှည့်​ပြီ​ဟု ပြော​ဆို၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 19,
      "text": "ကောင်း​ကင်​တ​မန်​သည်​လည်း မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပျစ်​သီး​ကို ရိတ်​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်း​ဟူ​သော နယ်​ရာ​တန်​ဆာ ကြီး​ထဲ​သို့ ချ​လေ၏။-"
    },
    {
      "book": 66,
      "chapter": 14,
      "verse": 20,
      "text": "မြို့​ပြင်၌ နယ်​ရာ​တန်​ဆာ​ကို ဖိ​နင်း၍ အ​သွေး​သည် တစ်​ဆယ်​ခြောက်​ယူ​ဇ​နာ​ခ​ရီး တစ်​လျှောက်​လုံး၌ မြင်း​ဇက်​ကြိုး​ကို မီ​သည်​တိုင်​အောင် နယ်​ရာ​တန်​ဆာ​ထဲ​က ထွက်​လေ၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 1,
      "text": "တစ်​ဖန်​တုံ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ပြီး​စီး​စေ​သော နောက်​ဆုံး​ဘေး​ဒဏ် ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး တည်း​ဟူ​သော၊ ကောင်း​ကင်၌ အံ့​ဖွယ်​သော​နိ​မိတ်​ကြီး အ​ခြား​တစ်​ပါး​ကို ငါ​မြင်​ရ၏။-"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 2,
      "text": "မီး​နှင့်​ရော​သော ဖန်​ရေ​ကန်​ကဲ့​သို့ ရှိ​သည်​ကို​လည်း မြင်​ရ၏။ သား​ရဲ​နှင့်​လည်း​ကောင်း၊ သူ၏ ရုပ်​တု​နှင့်​လည်း​ကောင်း၊ သူ၏​နာ​မ အ​ရေ​အ​တွက်​နှင့်​လည်း​ကောင်း၊ လွတ်၍ အောင်​မြင်​သော သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ စောင်း​တော်​တို့​ကို ကိုင်​လျက်၊ ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​သည်​ကို မြင်​ရ၏။-"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 3,
      "text": "ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 4,
      "text": "အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 5,
      "text": "ထို​နောက် ငါ​ကြည့်​လျှင်၊ ကောင်း​ကင်​ဘုံ၌ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ တဲ​တော်​ရှိ​သော ဗိ​မာန်​တော်​ကို ဖွင့်​ထား​ပြီ။-"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 6,
      "text": "ဘေး​ဒဏ်​ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် စင်​ကြယ်​ပြောင်​လက်​သော ပိုက်​ဆန်​အ​ဝတ်​ကို ဝတ်​လျက်၊ ရင်၌ ရွှေ​ရင်​စည်း​ကို စည်း​လျက် ဗိ​မာန်​တော်​ထဲ​က ထွက်​လာ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 7,
      "text": "သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​သည် က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ အ​မျက်​တော်​နှင့် ပြည့်​သော ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ပေး၏။-"
    },
    {
      "book": 66,
      "chapter": 15,
      "verse": 8,
      "text": "ဘု​ရား​သ​ခင်၏ ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကြောင့်၊ ဗိ​မာန်​တော်​သည် မီး​ခိုး​နှင့်​ပြည့်၍ ကောင်း​ကင်​တ​မန် ခု​နစ်​ပါး၏ ဘေး​ဒဏ်​ခု​နစ်​ပါး မ​ကုန်​မီ​တိုင်​အောင် ဗိ​မာန်​တော်​ထဲ​သို့ အ​ဘယ်​သူ​မျှ မ​ဝင်​နိုင်။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 1,
      "text": "ဗိ​မာန်​တော်​ထဲ​က ကြီး​သော​အ​သံ​ကား၊ သွား​ကြ​လော့။ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​ကြ​လော့​ဟု ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား ပြော​ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 2,
      "text": "ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 3,
      "text": "ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပင်​လယ်​သည် လူ​သေ၏ အ​သွေး​ကဲ့​သို့​သော အ​သွေး​ဖြစ်၏။ ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် သေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 4,
      "text": "တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို မြစ်​ပေါ်​သို့​လည်း​ကောင်း၊ စမ်း​ရေ​တွင်း ပေါ်​သို့​လည်း​ကောင်း သွန်း​လောင်း​လျှင် ထို​အ​ရာ​တို့​သည် အ​သွေး​ဖြစ်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 5,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော အ​ရှင်၊ ကိုယ်​တော်​သည် ဤ​သို့ တ​ရား​စီ​ရင်​တော်​မူ​သည် အ​မှု​မှာ ဖြောင့်​မတ်​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 6,
      "text": "ထို​သူ​တို့​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ပ​ရော​ဖက်​တို့၏ အ​သွေး​ကို သွန်း​လောင်း​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား အ​သွေး​ကို တိုက်​တော်​မူ​ပြီ။ သူ​တို့​လည်း ခံ​ထိုက်​ကြ​ပါ၏​ဟု လျှောက်​ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 7,
      "text": "ယဇ်​ပ​လ္လင်​က​လည်း၊ မှန်​ပါ၏။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​ခြင်း အ​ရာ​တို့​သည် ဟုတ်​မှန်​ဖြောင့်​မတ် ကြ​ပါ၏​ဟု လျှောက်​ဆို​သော​အ​သံ​ကို ငါ​ကြား၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 8,
      "text": "စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို နေ​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ နေ​သည် လူ​တို့​ကို မီး​လောင်​ရ​သော အ​ခွင့်​ကို​ရ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 9,
      "text": "ပူ​အား​ကြီး​သော​အ​ရှိန်​ဖြင့် လူ​တို့​သည် လောင်​ခြင်း​ကို​ခံ​ရ၍၊ ထို​ဘေး​ဒဏ်​တို့​ကို အ​စိုး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နာ​မ​တော်​ကို ကျိန်​ဆဲ​ကြ၏။ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ခြင်း​အ​လို​ငှာ နောင်​တ​မ​ရ​ကြ။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 10,
      "text": "ပ​ဥ္စ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို သား​ရဲ၏ ပ​လ္လင်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သူ၏​နိုင်​ငံ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။ နိုင်​ငံ​သား​တို့​သည် ပင်​ပန်း​အား​ကြီး​သည်​နှင့် မိ​မိ​တို့​လျှာ​ကို ကိုက်​ခဲ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 11,
      "text": "မိ​မိ​တို့​ခံ​ရ​သော ဝေ​ဒ​နာ​နှင့် အ​နာ​စိမ်း​များ​ကြောင့် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။ မိ​မိ​တို့​အ​ကျင့်​ကို​လည်း နောင်​တ​မ​ရ​ကြ။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 12,
      "text": "ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ အ​ရှေ့ မျက်​နှာ​ဘု​ရင်​တို့ သွား​ရာ​လမ်း​ကို ပြင်​ဆင်​စေ​ခြင်း​အ​လို​ငှာ ထို​မြစ်​ရေ​သည် ခန်း​ခြောက်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 13,
      "text": "ထို​အ​ခါ၊ န​ဂါး၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ သား​ရဲ၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ မိ​စ္ဆာ​ပ​ရော​ဖက်၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ ဖား​ကောင်​ကဲ့​သို့ ညစ်​ညူး​သော ဝိ​ညာဉ်​သုံး​ပါး​ထွက်​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 14,
      "text": "နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​ပြ​သော နတ်​ဆိုး၏​ဝိ​ညာဉ် ဖြစ်​သ​တည်း။ ထို​ဝိ​ညာဉ်​တို့​သည် လော​ကီ​တစ်​နိုင်​ငံ လုံး​တွင်​ရှိ​သော ရှင်​ဘု​ရင်​တို့​ထံ​သို့ ထွက်​သွား၍ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်၏ နေ့​ကြီး၌ စစ်​တိုက်​ခြင်း​အ​လို​ငှာ စု​ဝေး​စေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 15,
      "text": "ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန် အ​မည်​ရှိ​သော အ​ရပ်၌ စု​ဝေး​စေ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 16,
      "text": "အ​သံ​တော်​ကား၊ သူ​ခိုး​ကဲ့​သို့ ငါ​လာ၏။ အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ၍ သူ​တစ်​ပါး​ရှေ့၌ ရှက်​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ နိုး​လျက်​နေ၍၊ ကိုယ်​အ​ဝတ်​ကို စောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 17,
      "text": "သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို အာ​က​သ​ကောင်း​ကင်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပြီး​ပြီ​ဟု ကြီး​သော​အ​သံ​သည် ကောင်း​ကင်​ဗိ​မာန်​တော်၌ ရှိ​သော ပ​လ္လင်​တော်​ထဲ​က ထွက်၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 18,
      "text": "လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်​ကြ၏။ မြေ​ကြီး​အ​ပေါ်​မှာ လူ​တို့​ဖြစ်​သည့် ကာ​လ​မှ​စ၍ ထို​သို့​သော လ​က္ခ​ဏာ​နှင့် ထို​မျှ​လောက် ပြင်း​ထန်​စွာ​သော မြေ​လှုပ်​ခြင်း​သည် မ​ဖြစ်​စ​ဖူး။"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 19,
      "text": "မြို့​ကြီး​သည် သုံး​ဖြာ​ကွဲ​ပြား၍ လူ​အ​မျိုး​မျိုး​နေ​သော မြို့​တို့​သည် ပြို​လဲ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​ရည်​ဖ​လား​ကို တိုက်​ခြင်း​ငှာ ဗာ​ဗု​လုန်​မြို့​ကြီး​ကို အောက်​မေ့​တော်​မူ၏။ ကျွန်း​ရှိ​သ​မျှ​တို့​သည် လွင့်​ပြေး​ကြ၏။ တောင်​များ​တို့​သည် ကွယ်​ပျောက်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 20,
      "text": "အ​ချိန် အ​ခွက်​တစ်​ဆယ်​ရှိ​သော မိုး​သီး​သည် ကောင်း​ကင်​က လူ​တို့​အ​ပေါ်​သို့ ကျ​လေ၏။-"
    },
    {
      "book": 66,
      "chapter": 16,
      "verse": 21,
      "text": "ထို​မိုး​သီး​ဘေး​ဒဏ် အ​လွန်​ကြီး​သည်​ဖြစ်၍၊ လူ​တို့​သည် မိုး​သီး​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 1,
      "text": "ဖ​လား​ခု​နစ်​လုံး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​တွင် တစ်​ပါး​သည်​လာ​ပြီး​လျှင်၊ ငါ့​ကို​နှုတ်​ဆက်၍၊ လာ​ခဲ့​ပါ။ ရေ​အ​ပေါ်​မှာ ထိုင်​သော ပြည့်​တန်​ဆာ​ကြီး၌ စီ​ရင်​ခြင်း​အ​မှု​ကို ငါ​ပြ​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 2,
      "text": "လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ မြေ​ကြီး​သား​တို့​သည် သူ၏ မ​တ​ရား​သော​မေ​ထုန်၏ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 3,
      "text": "ငါ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် တော​သို့​ဆောင်​သွား​လေ၏။ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍၊ ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​တို့​နှင့်​အ​ပြည့်​ရှိ​သော သား​ရဲ​နီ​အ​ပေါ်​မှာ ထိုင်​လျက်​ရှိ​သော မိန်း​မ​တစ်​ဦး​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 4,
      "text": "ထို​မိန်း​မ​သည် အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်​လျက်၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​လျက်​ရှိ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​နှင့်​လည်း​ကောင်း၊ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ ညစ်​ညူး​ခြင်း နှင့်​လည်း​ကောင်း ပြည့်​သော​ရွှေ​ဖ​လား​ကို ကိုင်​လျက်​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 5,
      "text": "န​ဖူး၌ အ​က္ခ​ရာ​တင်​သော ဘွဲ့​မူ​ကား၊ နက်​နဲ​သော​အ​ရာ၊ ဗာ​ဗု​လုန်​မြို့​ကြီး၊ ပြည့်​တန်​ဆာ​တို့၏ အ​မိ၊ မြေ၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့၏​အ​မိ ပေ​တည်း။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 6,
      "text": "ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 7,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ အ​ဘယ်​ကြောင့် အံ့​ဩ​သ​နည်း။ ထို​မိန်း​မ၏ နက်​နဲ​သော အ​ရာ​ကို​လည်း​ကောင်း၊ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍ ထို​မိန်း​မ​ကို ဆောင်​သော သား​ရဲ၏ နက်​နဲ​သော​အ​ရာ​ကို​လည်း​ကောင်း၊ ငါ​ပြော​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 8,
      "text": "ယ​ခု​မြင်​သော သား​ရဲ​သည် ဖြစ်​ဖူး​ပြီ၊ ဖြစ်​ဆဲ​မ​ရှိ၊ အ​နက်​ဆုံး​သော တွင်း​ထဲ​က​တက်၍ ဖျက်​ဆီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ က​မ္ဘာ​ဦး​က​ပင် အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား​တို့​သည် ဖြစ်​ဖူး၍၊ ဖြစ်​ဆဲ​မ​ရှိ၊ ဖြစ်​လ​တ္တံ့​သော​သား​ရဲ​ကို မြင်​ရ​သော​အ​ခါ၊ အံ့​ဩ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 9,
      "text": "ဤ​အ​ရာ၌ ပ​ညာ​နှင့်​ပြည့်​စုံ​သော ဉာဏ်​ရှိ၏။ ခေါင်း​ခု​နစ်​လုံး​ကား၊ မိန်း​မ​ထိုင်​သော တောင်​ခု​နစ်​လုံး ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 10,
      "text": "ရှင်​ဘု​ရင်​ခု​နစ်​ပါး​လည်း ဖြစ်၏။ ငါး​ပါး​ကျ​ပြီး၊ တစ်​ပါး​ရှိ​သေး၏။ တစ်​ပါး ဖြစ်​လေ​ဦး​မည်။ ဖြစ်​သော​အ​ခါ တစ်​ခ​ဏ​သာ​တည်​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 11,
      "text": "ဖြစ်​ဖူး၍ ဖြစ်​ဆဲ​မ​ရှိ​သော သား​ရဲ​သည် ရှစ်​ပါး​မြောက်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ခု​နစ်​ပါး​အ​ဝင်​လည်း ဖြစ်၏။ ဖျက်​ဆီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 12,
      "text": "ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​ကား၊ မင်း​အာ​ဏာ​စက်​ကို မ​ရ​သေး​သော ရှင်​ဘု​ရင်​ဆယ်​ပါး ဖြစ်၏။ ရှင်​ဘု​ရင်၏ အာ​ဏာ​စက်​ကို သား​ရဲ​နှင့်​အ​တူ တစ်​ချက်​တည်း ရ​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 13,
      "text": "ထို​သူ​တို့​သည် သ​ဘော​တူ၍ မိ​မိ​တို့​တန်​ခိုး အာ​ဏာ​စက်​ကို သား​ရဲ၌ အပ်​ပေး​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 14,
      "text": "သူ​တို့​သည် သိုး​သ​ငယ်​ကို စစ်​တိုက်၍ သိုး​သ​ငယ်​သည် နိုင်​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်​သည် သ​ခင်​တို့၏​သ​ခင်၊ ဘု​ရင်​တို့၏​ဘု​ရင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​နှင့် အ​တူ​ရှိ​သော သူ​တို့​သည်​လည်း ခေါ်​တော်​မူ​သော​သူ၊ ရွေး​ချယ်​တော်​မူ​သော​သူ၊ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 15,
      "text": "ယ​ခု​မြင်၍ ပြည့်​တန်​ဆာ​ထိုင်​သော ရေ​ကား၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​အ​စု​စု ဖြစ်​သ​တည်း။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 16,
      "text": "ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 17,
      "text": "သူ၏​ကိုယ်​ကို​လည်း မီး​ရှို့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် မ​ပြည့်​စုံ​မီ​တိုင်​အောင် သ​ဘော​တူ၍ မိ​မိ​တို့​နိုင်​ငံ​များ​ကို သား​ရဲ၌ အပ်​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့၌ အ​ကြံ​ပေး​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 17,
      "verse": 18,
      "text": "ယ​ခု​မြင်​သော မိန်း​မ​သည်​လည်း၊ လော​ကီ​ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​သော မြို့​ကြီး​ဖြစ်​သ​တည်း​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 1,
      "text": "ထို​နောက်​မှ ကောင်း​ကင်​တ​မန် တစ်​ပါး​သည် ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ၍ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏ ရောင်​ခြည်​အား​ဖြင့် မြေ​ကြီး​ထွန်း​လင်း​လျက်​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 2,
      "text": "သူ​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ ပြို​လဲ​ပြီ။ နတ်​ဆိုး​နေ​ရာ ဖြစ်​လေ​ပြီ။ ညစ်​ညူး​သော ဝိ​ညာဉ်​မျိုး၏​တွင်း ဖြစ်​လေ​ပြီ။ ညစ်​ညူး၍ စက်​ဆုပ်​ဖွယ်​သော ငှက်​မျိုး၏ မှီ​ခို​ရာ​ဖြစ်​လေ​ပြီ။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 3,
      "text": "အ​ကြောင်း​မူ​ကား၊ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ၏ မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက် တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ လော​ကီ​ကုန်​သည်​တို့​သည် သူ၏ ကာ​မ​ဂုဏ်​စည်း​စိမ် ကြွယ်​ဝ​ခြင်း​အား​ဖြင့် ဥ​စ္စာ​ရ​တတ်​ကြ​ပြီ​ဟု ပြော​ဆို၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 4,
      "text": "အ​ခြား​သော ကောင်း​ကင်​အ​သံ​ကား၊ ငါ၏​လူ​မျိုး​တို့၊ သူ၏ အ​ပြစ်​တို့​ကို ဆက်​ဆံ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ၏ ဘေး​ဒဏ်​များ​ကို ခံ​ခြင်း​နှင့်​လည်း​ကောင်း၊ ကင်း​လွတ်​အံ့​သော​ငှာ၊ သူ၏​အ​ထဲ​က ထွက်​ကြ​လော့။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 5,
      "text": "သူ၏​အ​ပြစ်​တို့​သည် ကောင်း​ကင်​ဘုံ​တိုင်​အောင် မီ​ကြ​သည်​ဖြစ်၍၊ သူ၏​မ​တ​ရား​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင် သ​တိ​ရ​တော်​မူ​ပြီ။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 6,
      "text": "သူ​သည် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​သည်​နည်း​တူ သူ၌ ဆပ်​ပေး​ကြ​လော့။ သူ၏​အ​ကျင့်​အ​တိုင်း နှစ်​ဆ​ထပ်၍ စီ​ရင်​ကြ​လော့။ သူ​လောင်း​သော ဖ​လား၌ သူ့​အ​ဖို့ နှစ်​ဆ​တိုး၍ လောင်း​ကြ​လော့။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 7,
      "text": "သူ​သည် ကိုယ်​ကို ချီး​မြှောက်၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သည်​အ​တိုင်း သူ၌ ပြင်း​စွာ​သော​ဆုံး​မ​ခြင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို ဖြစ်​စေ​ကြ​လော့။ ငါ​ကား မိ​ဖု​ရား​ဖြစ်၏။ မု​ဆိုး​မ မ​ဟုတ်။ စိတ်​မ​သာ​ညည်း တွား​ခြင်း​ကို မ​သိ​ရ​ဟု သူ​သည် အောက်​မေ့​တတ်၏။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 8,
      "text": "ထို​ကြောင့်၊ သူ​ခံ​ရ​သော​သေ​ခြင်း​ဘေး၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း​ဘေး၊ မွတ်​သိပ်​ခြင်း ဘေး​ဒဏ်​များ​တို့​နှင့် တစ်​နေ့​ချင်း​တွင်​တွေ့၍၊ မီး​ဖြင့်​လည်း ကျွမ်း​လောင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​သည် ခွန်​အား​ဗ​လ ကြီး​တော်​မူ၏။"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 9,
      "text": "မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 10,
      "text": "သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊ ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ဗာ​ဗု​လုန်​မြို့​ကြီး၊ မြို့​စွမ်း၊ သင်​သည် တစ်​နာ​ရီ​ချင်း​တွင် အ​ပြစ်​စီ​ရင်​ခြင်း​သို့ ရောက်​ပါ​ပြီ​တ​ကား​ဟူ၍ သူ့​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 11,
      "text": "လော​ကီ​ကုန်​သည်​တို့​သည် ထို​အ​တူ ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့ ကုန်​သွယ်​ဥ​စ္စာ​တည်း ဟူ​သော၊-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 12,
      "text": "ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ ပု​လဲ၊ ပိတ်​ချော၊ က​တ္တီ​ပါ၊ ဖဲ၊ ပု​ဆိုး​နီ၊ အ​မျိုး​မျိုး​သော သွိန်​သစ်​သား၊ အ​မျိုး​မျိုး​သော ဆင်​စွယ်​တန်​ဆာ၊ အ​မျိုး​မျိုး​သော သစ်​ကောင်း​တန်​ဆာ၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ၊ ကျောက်​ဖြူ တန်​ဆာ၊-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 13,
      "text": "သစ်​ကြံ​ပိုး၊ အ​မေ​မုန်၊ နံ့​သာ​ပေါင်း၊ ဆီ​မွှေး၊ လော​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ မုန့်​ညက်၊ ဂျုံ​ဆန်၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ အ​စေ​ခံ​ကျွန်၊ လူ​ဝိ​ညာဉ်​တို့​ကို အ​ဘယ်​သူ​မျှ နောက်​တစ်​ဖန် မ​ဝယ်​ရ။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 14,
      "text": "သင်​သည် အ​လွန်​တပ်​မတ်​သော သစ်​သီး​မျိုး​လည်း ပျောက်​ကုန်​ပြီ။ ဆူ​ဖြိုး​သော​အ​ရာ၊ တင့်​တယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​လည်း ပျောက်​ကုန်​ပြီ။ နောက်​တစ်​ဖန် မ​တွေ့​ရ။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 15,
      "text": "သူ့​ကို​အ​မှီ​ပြု၍ ထို​အ​ရာ​များ​ကို ရောင်း​ဝယ်​သ​ဖြင့်၊ ငွေ​ရ​တတ်​သော ကုန်​သည်​တို့​သည် သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 16,
      "text": "ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပိတ်​ချော၊ အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်၍၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​သော​မြို့​ကြီး၊-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 17,
      "text": "ဤ​မျှ​လောက်​ကြီး​စွာ​သော စည်း​စိမ်​သည် တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ​တ​ကား​ဟု ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။ ခပ်​သိမ်း​သော သင်္ဘော​သူ​ကြီး၊ အ​ရပ်​ရပ်​သို့ လွှင့်​ကူး​တတ်​သော သူ​အ​ပေါင်း​တို့​နှင့် သင်္ဘော​သား၊ ပင်​လယ်​ကုန်​သည် ရှိ​သ​မျှ​တို့​သည် အ​ဝေး​က​ရပ်၍-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 18,
      "text": "သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို​မြင်​လျှင်၊ ထို​မြို့​နှင့် အ​ဘယ်​မြို့ တူ​သ​နည်း​ဟူ၍​လည်း​ကောင်း၊-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 19,
      "text": "ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပင်​လယ်​ကူး​သော သင်္ဘော​ကို​ပိုင်​သော သူ​အ​ပေါင်း​တို့​အား ကိုယ်​စည်း​စိမ်​ကို​ပေး၍ ငွေ​ရ​တတ်​စေ​သော မြို့​ကြီး၊ တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ တ​ကား​ဟူ၍​လည်း​ကောင်း အော်​ဟစ်​လျက်၊ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်​လျက် ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 20,
      "text": "ကောင်း​ကင်​မှ​စ၍ သန့်​ရှင်း​သူ​တ​မန်​တော်၊ ပ​ရော​ဖက်​တို့၊ သူ့​ကို ကြည့်​ရှု၍ ဝမ်း​မြောက်​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သင်​တို့​ဘက်၌​နေ၍၊ သူ့​ကို တ​ရား​စီ​ရင်တော်​မူ​ပြီ​ဟု ပြော​ဆို​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 21,
      "text": "ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​စွာ​သော ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့​သော ကျောက်​ကို ချီ​ယူ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ပြီး​လျှင် ထို​နည်း​တူ၊ ဗာ​ဗု​လုန်​မြို့​ကြီး​ကို ပြင်း​ထန်​စွာ ချ​ပစ်၍ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 22,
      "text": "စောင်း​သ​မား၊ အ​ငြိမ့်​သ​မား၊ ပု​လွေ​သ​မား၊ တံ​ပိုး​သ​မား​များ တီး​မှုတ်​သော​အ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။ အ​မျိုး​မျိုး​သော လက်​တတ်​သ​မား​တို့​တွင် တစ်​ယောက်​မျှ သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။ ကြိတ်​ဆုံ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 23,
      "text": "ဆီ​မီး​အ​လင်း​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ထွန်း​မ​လင်း​ရ။ မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး အ​သံ​ကို​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ကြား​ရ။ အ​ကြောင်း​မူ​ကား၊ လော​ကီ​မှူး​မတ်​တို့​သည် သင်၏ ကုန်​သည်​ဖြစ်​ကြ​ပြီ။ လူ​အ​မျိုး​မျိုး​တို့​သည် သင်၏ ပြု​စား​ခြင်း ပ​ရိ​ယာယ်​အား​ဖြင့် လှည့်​ဖြား​ခြင်း​ကို ခံ​ရ​ကြ​ပြီ​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-"
    },
    {
      "book": 66,
      "chapter": 18,
      "verse": 24,
      "text": "ပ​ရော​ဖက်​တို့၏ အ​သွေး၊ သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ မြေ​ကြီး​ပေါ်​မှာ ကွပ်​မျက်​သော​သူ အ​ပေါင်း​တို့၏ အ​သွေး​ကို ထို​မြို့၌​တွေ့၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 1,
      "text": "ထို​နောက်​မှ ကောင်း​ကင်​ဘုံ၌ စည်း​ဝေး​သော သူ​အ​များ​တို့၏ အ​သံ​ကြီး​ကား၊ ဟာ​လေ​လု​ယ၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ချမ်း​သာ၊ ဘုန်း​အ​သ​ရေ​တန်​ခိုး​တော်​ပေ​တည်း။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 2,
      "text": "စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 3,
      "text": "တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ​ဟူ၍​လည်း​ကောင်း၊ သူ၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​သည် ဟူ၍​လည်း​ကောင်း ပြော​ဆို​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 4,
      "text": "အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​နှင့် သ​တ္တ​ဝါ လေး​ပါး​တို့​သည် ပျပ်​ဝပ်၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊ အာ​မင်၊ ဟာ​လေ​လု​ယ​ဟု လျှောက်​ဆို​ကြ၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 5,
      "text": "ပ​လ္လင်​တော်​ပေါ်​က ထွက်​သော​အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ ကျွန်​အ​ပေါင်း​တို့​နှင့် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့​ဟု ဆို​သ​တည်း။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 6,
      "text": "တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် စိုး​စံ​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 7,
      "text": "ငါ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​ကုန်​အံ့၊ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်၏ မင်္ဂ​လာ​ဆောင်​ပွဲ​ကို ခံ​ချိန်​ရှိ​ပြီ။ သူ၏​မိန်း​မ​သည် ကိုယ်​ကို တန်​ဆာ​ဆင်​ပြီ​ဟု စည်း​ဝေး​သော သူ​အ​များ​တို့၏​အ​သံ၊ သ​မု​ဒ္ဒ​ရာ​သံ၊ ပြင်း​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ငါ​ကြား၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 8,
      "text": "ထို​မိန်း​မ​သည် စင်​ကြယ်​ပြောင်​လက်​သော ပိတ်​ချော​ကို ဝတ်​ဆင်​ရ​သော​အ​ခွင့်​ကို ရ၏။ ထို​ပိတ်​ချော​မူ​ကား၊ သန့်​ရှင်း​သူ​တို့၏ ဖြောင့်​မတ်​ခြင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 9,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ သိုး​သ​ငယ်၏ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ခေါ်​ဖိတ်​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏​ဟု ရေး​ထား​လော့​ဟူ၍​လည်း​ကောင်း၊ ဤ​စ​ကား​သည် ဘု​ရား​သ​ခင်၏ နှုတ်​တော်​ထွက်​စင်​စစ်​ဖြစ်၏ ဟူ၍​လည်း​ကောင်း ငါ့​အား​ပြော​ဆို၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 10,
      "text": "ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 11,
      "text": "ထို​အ​ခါ ကောင်း​ကင်​ဘုံ ဖွင့်​လှစ်​လျက်​ရှိ​သည်​ကို ငါ​မြင်​လျှင်၊ မြင်း​ဖြူ​ရှိ၏။ မြင်း​စီး​သော သူ​သည် သ​စ္စာ​ဟူ​သော​အ​မည်၊ သ​မ္မာ​ဟူ​သော​အ​မည်​ရှိ သ​တည်း။ ထို​သူ​သည် တ​ရား​သ​ဖြင့် စီ​ရင်​တတ်၏။ တ​ရား​သ​ဖြင့် စစ်​တိုက်​တတ်၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 12,
      "text": "မျက်​စိ​တော်​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်၏။ ခေါင်း​တော်​ပေါ်၌ သ​ရ​ဖူ​များ​ကို ဆောင်း၏။ ကိုယ်​တိုင်​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​သိ​သော နာ​မ​တော်​သည် ရေး​ထား​လျက် ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 13,
      "text": "အ​သွေး၌ နှစ်​ပြီး​သော​အ​ဝတ်​ကို ဝတ်၏။ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ဟူ​သော အ​မည်​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 14,
      "text": "ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည် မြင်း​ဖြူ​ကို​စီး​လျက်၊ စင်​ကြယ်​သော ပိတ်​ချော​ဖြူ​ကို ဝတ်​လျက်၊ နောက်​တော်​သို့ လိုက်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 15,
      "text": "လူ​မျိုး​တို့​ကို ဒဏ်​ခတ်​စ​ရာ​ဖို့၊ ထက်​သော သန်​လျက်​သည် ခံ​တွင်း​တော်​ထဲ​က ထွက်၏။ သူ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​တော်​မူ​မည်။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော် မူ​သော ဘု​ရား​သ​ခင်၏ ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​ကို ဖိ​နင်း​တော်​မူ​မည်။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 16,
      "text": "ဘု​ရင်​တို့၏​ဘု​ရင်၊ သ​ခင်​တို့၏​သ​ခင်​ဟု ဘွဲ့​နာ​မ​တော်​သည် အ​ဝတ်​တော်၌​လည်း​ကောင်း၊ ပေါင်​တော်၌​လည်း​ကောင်း ရေး​ထား​လျက်​ရှိ၏။"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 17,
      "text": "ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် နေ​ထဲ​မှာ ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 18,
      "text": "သူ​သည် မိုး​ကောင်း​ကင်​အ​လယ်၌ ပျံ​တတ်​သော ငှက်​အ​ပေါင်း​တို့​ကို ကြီး​သော​အ​သံ​နှင့်​ခေါ်၍၊ လာ​ကြ​လော့။ ရှင်​ဘု​ရင်​အ​သား၊ စစ်​သူ​ကြီး​အ​သား၊ သူ​ရဲ​အ​သား၊ မြင်း​အ​သား၊ မြင်း​စီး​သော​သူ အ​သား၊ အ​စေ​ခံ​ကျွန်၊ လူ​လွှတ်၊ အ​ကြီး​အ​ငယ် အ​မျိုး​မျိုး​သော လူ​တို့၏ အ​သား​ကို စား​အံ့​သော​ငှာ၊ ကြီး​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပွဲ​တော်​သို့ စည်း​ဝေး​ကြ​လော့​ဟု ဟစ်​ကြော်၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 19,
      "text": "သား​ရဲ​မှ​စ၍ လော​ကီ​ရှင်​ဘု​ရင်​တို့​နှင့် သူ​တို့၏ ဗိုလ်​ခြေ​များ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော​သူ​နှင့် ဗိုလ်​ခြေ​တော်​ကို စစ်​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 20,
      "text": "သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 19,
      "verse": 21,
      "text": "ကြွင်း​သော​သူ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော သူ၏ ခံ​တွင်း​တော်​ထဲ​က ထွက်​သော သန်​လျက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ သူ​တို့၏ အ​သား​ကို ငှက်​အ​ပေါင်း​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 1,
      "text": "တစ်​ဖန် ကောင်း​ကင်​တ​မန်​သည် အ​နက်​ဆုံး​သော​တွင်း၏ သော့​နှင့် သံ​ကြိုး​ကြီး​ကို​ကိုင်​လျက် ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 2,
      "text": "ရှေး​မြွေ​ဟောင်း၊ မာရ်​နတ်​စာ​တန်​တည်း​ဟူ​သော န​ဂါး​ကို ကိုင်​ဖမ်း၍၊ အ​နှစ်​တစ်​ထောင်​ဖို့ ချည်​နှောင်​လေ၏။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 3,
      "text": "အ​နှစ်​တစ်​ထောင် မ​ကုန်​မီ​တိုင်​အောင်၊ လူ​အ​မျိုး​မျိုး​တို့​ကို မ​လှည့်​ဖြား​ရ​မည်​အ​ကြောင်း၊ အ​နက်​ဆုံး​သော တွင်း​ထဲ​သို့ ချ​ပစ်​လှောင်​ထား၍ တံ​ဆိပ်​ခတ်​လေ၏။ အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ တစ်​ဖန် ခ​ဏ​လွှတ်​ရ​ဦး​မည်။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 4,
      "text": "ပ​လ္လင်​များ​ကို​လည်း ငါ​မြင်၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော သူ​တို့​သည် တ​ရား​စီ​ရင်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို မ​ကိုး​ကွယ်၊ သူ၏ တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌​မ​ခံ၊ လက်၌​မ​ခံ​ဘဲ​နေ၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​နှင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်၊ လည်​ပင်း​ဖြတ်​ခြင်း​ကို ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ငါ​မြင်၏။ သူ​တို့​သည် အ​သက်​ရှင်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 5,
      "text": "ကြွင်း​သော လူ​သေ​တို့​သည် ထို​အ​နှစ်​တစ်​ထောင် မ​ကုန်​မီ အ​သက်​မ​ရှင်​ရ​ကြ။ ဤ​ထ​မြောက်​ခြင်း​ကား၊ ပ​ထ​မထ​မြောက်​ခြင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 6,
      "text": "ပ​ထ​မထ​မြောက်​ခြင်း​ကို ဝင်​စား​သော သူ​သည် မင်္ဂ​လာ​ရှိ​သော​သူ၊ သန့်​ရှင်း​သော​သူ ဖြစ်၏။ ထို​သို့​သော​သူ​သည် ဒု​တိ​ယ​သေ​ခြင်း၏ လက်​နှင့် ကင်း​လွတ်​လျက်၊ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်၊ ခ​ရစ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​ဖြစ်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ​လိမ့်​မည်။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 7,
      "text": "ထို​အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ၊ စာ​တန်​သည် ထောင်​ထဲ​က လွှတ်​သော​အ​ခွင့်​ကို ရ၍၊-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 8,
      "text": "အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော​ဂေါ​ဂ၊ မာ​ဂေါ​ဂ​တည်း​ဟူ​သော မြေ​ကြီး လေး​မျက်​နှာ​ပေါ်​မှာ​နေ​သော လူ​အ​မျိုး​မျိုး​တို့​ကို လှည့်​ဖြား​အံ့​သော​ငှာ​လည်း​ကောင်း၊ စစ်​တိုက်​ဖို့ စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း တက်​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 9,
      "text": "ထို​သူ​များ​တို့​သည် မြေ​ကြီး​မျက်​နှာ​ပေါ်​သို့ တက်၍၊ သန့်​ရှင်း​သူ​တို့၏ တပ်​ကို​လည်း​ကောင်း၊ ချစ်​ဖွယ်​သော မြို့​တော်​ကို​လည်း​ကောင်း၊ ဝိုင်း​ကြ၏။ ထို​အ​ခါ ဘု​ရား​သ​ခင့်​အ​ထံ​တော်၊ ကောင်း​ကင်​မှ မီး​ကျ၍ သူ​တို့​ကို​မျို​လေ၏။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 10,
      "text": "သူ​တို့​ကို​လှည့်​ဖြား​သော မာရ်​နတ်​ကို​လည်း၊ သား​ရဲ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ရာ၊ ကန့်​နှင့်​ရော​နှော​သော မီး​အိုင်​ထဲ​သို့ ချ​ပစ်​လျှင်၊ သူ​တို့​သည် နေ့​ည​မ​ပြတ် က​မ္ဘာ​အ​ဆက်​ဆက် ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့။"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 11,
      "text": "တစ်​ဖန်​တုံ၊ ဖြူ​သော​ပ​လ္လင်​ကြီး​ကို​လည်း​ကောင်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ကို​လည်း​ကောင်း ငါ​မြင်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် မျက်​နှာ​တော်​ရှေ့​မှ ပြေး​လွင့်၍ သူ​တို့ နေ​စ​ရာ​အ​ရပ်​မ​ရှိ။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 12,
      "text": "သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 13,
      "text": "သ​မု​ဒ္ဒ​ရာ​သည် မိ​မိ၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​သည်​လည်း မိ​မိ​တို့၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး​ကြ၏။ လူ​အ​သီး​အ​သီး တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 14,
      "text": "ထို​အ​ခါ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။ ထို​သေ​ခြင်း​ကား ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း။-"
    },
    {
      "book": 66,
      "chapter": 20,
      "verse": 15,
      "text": "အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 1,
      "text": "ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို​လည်း ငါ​မြင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ရှေး​ကောင်း​ကင်​နှင့် ရှေး​မြေ​ကြီး​သည် ရွေ့​သွား​ကြ​ပြီ။ ထို​အ​ခါ​မှ​စ၍ သ​မု​ဒ္ဒ​ရာ​မ​ရှိ။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 2,
      "text": "သန့်​ရှင်း​သော​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့ သစ်​သည် မိ​မိ​ခင်​ပွန်း​ဖို့ တန်​ဆာ​ဆင်​သော မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်၊ ဘု​ရား​သ​ခင် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ​မြင်၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 3,
      "text": "ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 4,
      "text": "ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 5,
      "text": "ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​က​လည်း၊ ငါ​သည် ခပ်​သိမ်း​သော အ​ရာ​တို့​ကို အ​သစ် ဖန်​ဆင်း​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရေး​ထား​လော့။ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 6,
      "text": "အ​မှု​ပြီး​ပြီ။ ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ဖိုး​မ​ယူ​ဘဲ ငါ​ပေး​မည်။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 7,
      "text": "အောင်​မြင်​သော​သူ​သည် ဤ​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ငါ​သည် သူ၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 8,
      "text": "ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 9,
      "text": "နောက်​ဆုံး​သော ဘေး​ဒဏ်​ခု​နစ်​ပါး​နှင့် ပြည့်​သော ဖ​လား​ခု​နစ်​လုံး​ကို ဆောင်​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တွင် တစ်​ပါး​သည် လာ​ပြီး​လျှင် ငါ့​ကို​နှုတ်​ဆက်၍၊ လာ​ခဲ့​ပါ။ သိုး​သ​ငယ်၏ ခင်​ပွန်း​တည်း​ဟူ​သော မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ငါ​ပြ​မည်​ဟု ပြော​ဆို​လျက်၊-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 10,
      "text": "ကြီး​မြင့်​သော​တောင်​သို့ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို ဆောင်​သွား၍ သန့်​ရှင်း​သော ယေ​ရု​ရှ​လင်​မြို့​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​နှင့် ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ့​အား​ပြ​လေ၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 11,
      "text": "ထို​မြို့၏ အ​ရောင်​အ​ဝါ​သည်၊ ကျောက်​သ​လင်း န​ဂါး​သွဲ့​ကဲ့​သို့၊ အ​မြတ်​ဆုံး​သော ကျောက်​မျက်​မွန်​နှင့် တူ၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 12,
      "text": "ကြီး​မြင့်​သော မြို့​ရိုး​လည်း​ရှိ၏။ အ​ရှေ့​ဘက်၌ တံ​ခါး​သုံး​ပေါက်၊ မြောက်​ဘက်၌ သုံး​ပေါက်၊ တောင်​ဘက်၌​သုံး​ပေါက်၊ အ​နောက်​ဘက်၌ သုံး​ပေါက်၊ တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်​ရှိ၏။ ထို​တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်၌ ကောင်း​ကင်​တ​မန် တစ်​ဆယ်​နှစ်​ပါး ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး၏ နာ​မ​တို့​သည် ထို​တံ​ခါး​ပေါ်၌ ရေး​ထား​လျက်​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 14,
      "text": "မြို့​ရိုး​အ​မြစ်​သည် တစ်​ဆယ်​နှစ်​ထပ်​ရှိ၏။ သိုး​သ​ငယ်၏​တ​မန်​တော် တစ်​ဆယ်​နှစ်​ပါး၏ နာ​မ​တို့​သည် မြို့​ရိုး​အ​မြစ်​ပေါ်၌ ရေး​ထား​လျက်​ရှိ​ကြ၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 15,
      "text": "ငါ​နှင့်​စ​ကား​ပြော​သော​သူ​သည်၊ မြို့​ကို​လည်း​ကောင်း၊ တံ​ခါး​တို့​ကို​လည်း​ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း တိုင်း​ခြင်း​ငှာ၊ တိုင်း​စ​ရာ ရွှေ​ကျူ​လုံး​ပါ၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 16,
      "text": "မြို့​သည် စ​တု​ရန်း လေး​ထောင့်​ဖြစ်၏။ ထို​သူ​သည် ကျူ​လုံး​နှင့် မြို့​ကို​တိုင်း၍ မြို့၏ အ​နံ၊ အ​လျား၊ အ​မြင့်၊ ယူ​ဇ​နာ​တ​ရာ​နှစ်​ဆယ်​စီ ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 17,
      "text": "မြို့​ရိုး​ဒု​ကို တိုင်း၍၊ လူ​အ​တောင်​ကဲ့​သို့​သော ကောင်း​ကင်​တ​မန် အ​တောင်​အား​ဖြင့်၊ တစ်​ရာ​လေး​ဆယ် လေး​တောင်​ရှိ၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 18,
      "text": "မြို့​ရိုး​ကိုယ်​သည် န​ဂါး​သွဲ့​ကျောက်​ဖြစ်၏။ မြို့​သည်​လည်း ကြည်​လင်​သော​ဖန်​နှင့် တူ​သော ရွှေ​စင်​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 19,
      "text": "မြို့​ရိုး​အ​မြစ်​တို့​သည် ကျောက်​မြတ်​အ​မျိုး​မျိုး​နှင့် ပြည့်​စုံ​ကြ၏။ ပ​ထ​မ​အ​မြစ်​ကား န​ဂါး​သွဲ့​ဖြစ်၏။ ဒု​တိ​ယ အ​မြစ်​ကား နီ​လာ၊ တ​တိ​ယ​အ​မြစ်​ကား မ​ဟူ​ရာ၊ စ​တု​တ္ထ​အ​မြစ်​ကား မြ၊-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 20,
      "text": "ပ​ဥ္စ​မ​အ​မြစ်​ကား ကြောင်၊ ဆ​ဋ္ဌ​မ​အ​မြစ်​ကား ကျောက်​နီ၊ သ​တ္တ​မ​အ​မြစ်​ကား ခ​ရု​သု​လိတ်၊ အ​ဋ္ဌ​မ အ​မြစ်​ကား မျက်​ရွဲ၊ န​ဝ​မ​အ​မြစ်​ကား ဥဿ​ဖ​ရား၊ ဒ​သ​မ​အ​မြစ်​ကား ခ​ရု​သု​ပြတ်၊ ဧ​က​ဒ​သ​မ အ​မြစ်​ကား ဝှါ​ကိ​န္သု၊ ဒွါ​ဒ​သ​မ​အ​မြစ်​ကား ဂေါ်​မိတ်​ဖြစ်​သ​တည်း။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 21,
      "text": "တံ​ခါး​ရွက် တစ်​ဆယ်​နှစ်​ရွက် အ​သီး​အ​သီး​တို့​သည် ပု​လဲ​တစ်​ပြား​စီ​ဖြင့်​ပြီး၍ ပု​လဲ​တစ်​ဆယ်​နှစ်​ပြား ဖြစ်​ကြ၏။ မြို့​လမ်း​မ​သည် ကြည်​လင်​သော ဖန်​ကဲ့​သို့​သော ရွှေ​စင်​ဖြစ်၏။"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 22,
      "text": "မြို့​ထဲ၌ ဗိ​မာန်​တော်​ကို​ငါ​မ​မြင်၊ အ​ကြောင်း​မူ​ကား၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​သည် ထို​မြို့၏ ဗိ​မာန်​ဖြစ်​တော်​မူ၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 23,
      "text": "ထို​မြို့​သည် နေ၏​အ​ရောင်၊ လ၏​အ​ရောင်​ကို အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​သည် ထို​မြို့​ကို လင်း​စေ၏။ သိုး​သ​ငယ်​သည်​လည်း ထို​မြို့၏ ဆီ​မီး​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 24,
      "text": "လူ​အ​မျိုး​မျိုး​တို့​သည် ထို​မြို့၏​အ​လင်း​ကို အ​မှီ​ပြု၍ သွား​လာ​ကြ​လိမ့်​မည်။ လော​ကီ​ရှင်​ဘု​ရင် တို့​သည်​လည်း မိ​မိ​တို့​ဘုန်း​အ​သ​ရေ​ကို ထို​မြို့​ထဲ​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 25,
      "text": "မြို့​တံ​ခါး​တို့​ကို နေ့​အ​ချိန်၌ အ​လျှင်း​မ​ပိတ်​တတ်။ ည​မူ​ကား မ​ရှိ။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 26,
      "text": "လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့ ဘုန်း​အ​သ​ရေ​ကို ထို​မြို့​ထဲ​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 21,
      "verse": 27,
      "text": "ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 1,
      "text": "တစ်​ဖန်၊ ကျောက်​သ​လင်း​ကဲ့​သို့ ကြည်​လင်၍၊ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ထဲ​က ထွက်​သော၊ အ​သက်​ရေ​စီး​ရာ​မြစ်​ကို ကောင်း​ကင်​တ​မန်​သည် ငါ့​အား​ပြ​လေ၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 2,
      "text": "မြို့​လမ်း​မ​အ​လယ်၌​လည်း​ကောင်း၊ ထို​မြစ်​နှစ်​ဖက်၌​လည်း​ကောင်း၊ အ​သက်​ပင်​ရှိ၏။ ထို​အ​သက်​ပင်​သည် အ​သီး​တစ်​ဆယ်​နှစ်​မျိုး​ကို သီး​တတ်၏။ မိ​မိ​အ​သီး​ကို​လည်း လ​တိုင်း​ပေး​တတ်၏။ အ​ရွက်​သည်​လည်း လူ​အ​မျိုး​မျိုး​တို့၏ အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 3,
      "text": "နောက်​တစ်​ဖန် ကျိန်​ခြင်း​ဘေး တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထို​မြို့၌ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ရှိ၍ ဘု​ရား​သ​ခင်၏ ကျွန်​တို့​သည် ဘု​ရား​ဝတ်​ကို ပြု​ကြ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 4,
      "text": "မျက်​နှာ​တော်​ကို​မြင်​ရ၍ သူ​တို့​န​ဖူး၌​လည်း နာ​မ​တော် ရေး​ထား​လျက်​ရှိ​လိမ့်​မည်။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 5,
      "text": "ထို​မြို့၌ ည​မ​ရှိ​ရ၊ ဆီ​မီး​ကို အ​လို​မ​ရှိ။ နေ၏​အ​ရောင်​ကို​လည်း အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် သူ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၍ သူ​တို့​သည် က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​ရ ကြ​လ​တ္တံ့။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 6,
      "text": "ကောင်း​ကင်​တ​မန်​က​လည်း၊ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်၏။ ပ​ရော​ဖက်​တို့၏ ဝိ​ညာဉ်​ကို အ​စိုး​ရ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည့် အ​မှု​အ​ရာ​များ​ကို မိ​မိ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တော်​ကို စေ​လွှတ်​တော်​မူ​ပြီ။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 7,
      "text": "ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ဤ​စာ​စောင်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို စောင့်​ရှောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 8,
      "text": "ငါ​ယော​ဟန်​သည် ဤ​အ​ရာ​များ​ကို ကြား​မြင်၏။ ကြား​မြင်​ပြီး​လျှင်၊ ထို​အ​ရာ​များ​ကို ပြ​သော ကောင်း​ကင်​တ​မန်၏ ခြေ​ရင်း၌ ကိုး​ကွယ်​အံ့​သော​ငှာ ပျပ်​ဝပ်၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 9,
      "text": "သူ​က​လည်း၊ မ​ပြု​ပါ​နှင့်။ ငါ​ကား၊ သင်၏ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်၏။ သင်၏​အစ်​ကို ပ​ရော​ဖက်​တို့​နှင့် ဤ​စာ​စောင်၏​စ​ကား​ကို စောင့်​ရှောက်​သော​သူ​တို့၏ လုပ်​ဘော်​ဆောင်​ဘက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့​ဟု ပြော​ဆို၏။"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 10,
      "text": "တစ်​ဖန်​တုံ၊ ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ဤ​စာ​စောင်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို တံ​ဆိပ်​မ​ခတ်​နှင့်။ အ​ကြောင်း​မူ​ကား၊ ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 11,
      "text": "မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စေ​ဦး။ ညစ်​ညူး​သော​သူ​သည် ညစ်​ညူး​စေ​ဦး။ ဖြောင့်​မတ် သော​သူ​သည် ဖြောင့်​မတ်​စေ​ဦး။ သန့်​ရှင်း​သော​သူ​သည် သန့်​ရှင်း​စေ​ဦး။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 12,
      "text": "ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ငါ​သည် အ​ကျိုး​အ​ပြစ်​ကို ဆောင်​ခဲ့​သည်​ဖြစ်၍၊ လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း ဆပ်​ပေး​မည်။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 13,
      "text": "ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်၏။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 14,
      "text": "အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 15,
      "text": "ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 16,
      "text": "ငါ​ယေ​ရှု​သည် အ​သင်း​တော်​တို့​အ​ဖို့ ဤ​အ​ရာ​များ​ကို သင်​တို့​အား​သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ ငါ၏​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၏။ ငါ​သည်​ကား၊ ဒါ​ဝိဒ်၏​အ​မြစ်​ဖြစ်၏။ အ​နွယ်​လည်း​ဖြစ်၏။ ထွန်း​တောက်​သော မိုး​သောက်​ကြယ်​လည်း​ဖြစ်၏။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 17,
      "text": "ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 18,
      "text": "ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​အား ငါ​သက်​သေ​ခံ​သည်​ကား၊ အ​ကြင်​သူ​သည် ဤ​အ​ရာ​တို့၌​ထပ်၍ အ​သစ်​သွင်း၏။ ဤ​စာ​စောင်၌​ရေး​ထား​သော​ဘေး​ဒဏ်​တို့​ကို ထို​သူ​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​သက်​ရောက်​စေ​တော်​မူ​မည်။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 19,
      "text": "အ​ကြင်​သူ​သည် ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား အ​ချို့​ကို​နုတ်​ပယ်၏။ ဤ​စာ​စောင်၌​ရေး​ထား​သော အ​သက်​ပင်​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​မြို့​တော်​နှင့်​လည်း​ကောင်း၊ ထို​သူ​စပ်​ဆိုင်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​နုတ်​ပယ်​တော်​မူ​မည်။-"
    },
    {
      "book": 66,
      "chapter": 22,
      "verse": 20,
      "text": "ငါ​သည် အ​လျင်​အ​မြန်​လာ​မည်​မှန်​ပေ၏​ဟု၊ ဤ​အ​ရာ​များ​ကို သက်​သေ​ခံ​သော​သူ​မိန့်​တော်​မူ၏ အာ​မင်။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၌ ရှိ​စေ​သ​တည်း။ ဓ​မ္မ​သစ်​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော ရှင်​ယော​ဟန် စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ်​ကျမ်း​ပြီး၏။"
    }
  ]
}